← Chapters

အခန်း (၁၇-၂၀)

Vol. 2 Ch. 17-20

အခန်း (၁၇-၂၀)

Vol. 2 Ch. 17-20

အခန်း ၁၇ ယင်ဓါတ်လူဝံ

စင်မြင့်ပေါ်တွင်တော့ ပရိုဂျက်တာမှနေပြီး ရုပ်ပုံများ တစ်ပုံပြီးတစ်ပုံပြသလို့နေခဲ့သည်။

“အမ်? ဒီလောက်မြန်မြန်ကြီးစနေပြီလား?” အချို့လူများမှာ တုန့်ပြန်ဖို့ရန်ပင် အချိန်မမှီဖြစ်နေကာ အရမ်းမြန်မြန်စလိုက်သည်ဟု ထင်နေကြသည်။

ပုံရိပ်များတွင် စိမ်းပြာရောင်လှိုင်းများကိုပြသနေကာ မျက်စိတစ်ဆုံးမြင်ကျယ်ပြောလှသည့် တည်ငြိမ်လှသည့် သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။ ရုတ်တရက် လေပြင်းတစ်ချက်တိုက်သွားသည့်အခါတွင်တော့ လှိုင်းလုံးကြီးတစ်လုံးဖြစ်ပေါ်လာတော့သည်။

နှင်းဖြူရောင်ကျောပြင်ရှိသည့် သက်ရှိတစ်ကောင်က သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် ခဏခဏပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့သည်။

ထို့နောက်တွင်တော့ မြင်ကွင်းက ရေအောက်ရှိသတ္တဝါများဆီသို့ လိုက်သွားတော့သည်။ ရေထဲတွင် ကြီးမားလှသည့် ခန္ဓာကိုယ်ရှိကြီးတစ်ခုက ကြမ်းကြမ်းတမ်းတမ်း လှည့်ပတ်ကူးခတ်နေသည်ကို မြင်လိုက်ရသည်။

ထိုပုံရိပ်က ကင်မရာရှိနေသည်ကို သတိထားမိသွားကာ စူးစမ်းလိုဟန်ဖြင့် ကင်မရာနားသို့ လှည့်ပတ်ကူးခတ်ကြည့်နေတော့သည်။

ကင်မရာကို လှည့်ပတ်နေစဉ်မှာပဲ ထိုရေသတ္တဝါ၏အသွင်အပြင်မှာ ရှင်းလင်းလာခဲ့သည်။ ၎င်းသည် လင်းပိုင်နှင့်ဆင်တူပေသည်။ ရေထဲတွင် ၎င်းဘယ်လောက်ကြီးကြောင်း ရည်ညွှန်းဖော်ပြရန်အသုံးပြုသည့်အရာမရှိတာကြောင့် ခန့်မှန်းရုံသာခန့်မှန်းနိုင်မည်။ သို့သော် ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ၁၀-၂၀မီတာအထိ ရှည်လျားကြောင်းကိုတော့ အလွယ်တကူသိနိုင်ပေသည်။

နောက်ဆုံးတွင် ၎င်း၏ခေါင်းကို ကင်မရာဘက် မတိုးလာမီ ‘ချွီ~ချွီ’ဟူသည့် အသံများအဆတ်မပြတ်ထုတ်လွှတ်လို့နေသည်။ ၎င်းတွင် ရှည်လျား၊ ချွန်ထက်သည့် နှုတ်သီးရှိကာ ဝန်ထမ်းဘက်သို့ တွန်းထိုးနေဟန်ပေါ်သည်။ ထို့နောက် အသံတစ်ခုနှင့်အတူ ပရိုဂျက်တာ မျက်နှာပြင်က အနက်ရောင်သို့ပြန်ပြောင်းသွားခဲ့သည်။

စာမေးပွဲခန်းစောင့်က ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြန်လည်စကားပြောလာခဲ့သည်။

“ကောင်းပြီ၊ ဒါကတော့ ပထမဆုံးဗီဒီယိုပဲ။ မင်းတို့အားလုံးအတွက် စဉ်းစားဖို့နဲ့ အဖြေကို ချရေးဖို့ ၁၅မိနစ်အချိန်ရတယ်။ ဗီဒီယိုထဲမှာတွေ့ခဲ့ရတဲ့ သားရဲနဲ့ပတ်သတ်တဲ့ ထူးခြားတဲ့ဝိသေသလက္ခဏာတွေ သွင်ပြင်တွေအကြောင်း မင်းတို့လေ့လာတွေ့ရှိသလောက် ချရေးပါ။”

အောက်ဘက်ရှိ ဖြေဆိုသူအားလုံးကတော့ အံ့ဩတကြီးဖြစ်နေသည့် အမူအရာမျာဖြင့် ကြောင်ကြည့်နေကြတော့သည်။ ဒါဘာလဲ? ဒီသားရဲက ဘယ်ကဟာကြီးလဲ? မျိုးစိတ်အသစ်ကြီးမဟုတ်လား? ဒါကနေ ငါတို့က ဘာတွေလေ့လာတွေ့ရှိရမှာလဲ?!

သို့ပေမည့် ကောင်းဖန်အတွက်ကတော့ သူ့မျက်စိရှေ့တွင် ကွဲပြားခြားနားသည့် ပုံရိတစ်ခု ထွက်ပေါ်နေခဲ့ပေသည်။

[မကောင်းဆိုးဝါးအမည်] : လေမုန်တိုင်းလင်းပိုင်

[မကောင်းဆိုးဝါး၏ကြိုက်နှစ်သက်မှု] : ၁၊ အေးအေးဆေးဆေး ပေါ့ပါးသည့်တေးဂီတမျိုးနားထောင်ရခြင်းကို နှစ်သက်သည်။ ၂၊ နေပူဆာလှုံခြင်းကို နှစ်သက်သည်။ ၃၊ ကင်းမွန်နှင့်ပုစွန်အမျိုးမျိုးစားရခြင်းကို နှစ်သက်သည်။

[မကောင်းဆိုးဝါးအားနည်းချက်] : ၁၊ အမှောင်တိုက်ခိုက်မှုပုံစံကို ကြောက်ရွံ့ခြင်း။ ၂၊ အသံလှိုင်းထုတ်လွှင့်မှုကို မုန်းတီးခြင်း။(သားရဲကို အနှောက်အယှက်ဖြစ်နေစေနိုင်သည်။)

အကြောင်းအရာများမှာ ပုံမှန်အခြေအနေများနှင့် ကွဲပြားခြားနားပေသည်။ ကြည့်ရတာ အချက်အလက်များသည် မြင်ရသည့်ပုံစံအတိအကျရှိခြင်းမရှိခြင်းအပေါ် မူတည်ပုံရပေသည်။

ကောင်းဖန် သူ့အားသာချက်နှင့်ပတ်သတ်၍ စိတ်မကောင်းဖြစ်စရာအကြောင်း မတွေ့ရှိခဲ့ပေ။ ပြီးနောက် သူ၏ထူးခြားလှပါသည့် ကိုယ်ပိုင်စွမ်းရည်ဖြင့် အဖြေများကို အပြစ်ရှိစိတ်လုံးဝမခံစားရပါဘဲနှင့် ချရေးတော့သည်။ ဒါကခိုးချတယ်လို့ ထင်ရပေမည့် ပြင်ပမှ မည်သည့်အကူအညီကိုမှ အားကိုးထားခြင်းမရှိတာကြောင့် စိတ်မကောင်းဖြစ်စရာအကြောင်းမရှိပေ။

ထို့နောက်တွင်တော့ နောက်ထပ်ဗီဒီယိုအတိုလေး၄ပုဒ်ပြသလာခဲ့ကာ အားလုံးတွင် အရင်တုန်းက ဘယ်သူမှ မမြင်တွေ့ခဲ့ဖူးသည့် မျိုးစိတ်အသစ်များပါဝင်ပေသည်။ အားလုံးသည် အခုလောလောလတ်လတ်လေးတင်မှ သိပ္ပံသုတေသနအဖွဲ့များက ရှာဖွေ့တွေ့ရှိထားခဲ့သည့် မျိုးစိတ်အသစ်များပင်ဖြစ်သည်။

ဤစာမေးပွဲမေးခွန်းများသည် အရမ်းခက်ခဲပုံရပေမည့် တကယ်တမ်း သားရဲများ၏ အမူအကျင့်နှင့် ဝိသေသလက္ခဏာများကို နက်နက်ရှိုင်းရှိုင်းသဘောပေါက် နားလည်ထားပါက ဆင်တူသည့် သားရဲများ၏အမူအကျင့်များမှနေပြီး ဝိသေသလက္ခဏာအချို့ကို ထုတ်နှုတ်နိုင်ပေမည်။

ဥပမာအားဖြင့် လူဝံကဲ့သို့သော သားရဲများသည် တူညီသည့် ဝိသေသလက္ခဏများ ရှိကြပေသည်။ အမျိုးအစားမတူသည့် ပင့်ကူများပင်လျှင် သူတို့၏အမူအကျင့်များတွင် တူညီသည့်အချက်များရှိကြသည်။

တစ်နာရီခွဲကြာသည့် ရေးဖြေစာမေးပွဲသည် မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့ကာ အဖြေလွှာများကို ကောက်ယူတော့သည်။

အဖြေလွှာအားလုံးကို ဖတ်ဖို့ရန် အချိန်အတန်ပေးရမည်ဖြစ်ကာ နာရီဝက်ကြာပြီးနောက်တွင်တော့ အဖြေလွှာ၅၀၀လုံးကို ဖတ်ကာ အမှတ်ပေးပြီးသွားပေပြီ။

“အခု ဒုတိယအဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားနိုင်တဲ့ နာမည်တွေကို ကြေညာပါမယ်။” စာမေးပွဲအခန်းစောင့်က နာမည်စာရင်းကို ကြည့်လိုက်ရင်း၊ “ချန်ရွှယ်ချင်၊ ကျန်းစန်းလင်၊ ကောင်းဖန်၊….”

အောင်မြင်သူ စာရင်းအပြည့်အစုံကို အချိန်တိုအတွင်းတွင်ပဲ ကြေညာပြီးခဲ့သည်။ ကောင်းဖန်၏ညာဘက်တွင် ထိုင်သည့် စာမေးပွဲဘယ်လောက်ခက်ကြောင်းနှင့် သူဘယ်လိုမှမအောင်နိုင်ကြောင်း ညည်းညူနေခဲ့သည့် ခပ်ဝဝနှင့်လူသည်တော့ စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ၊

“ဟူး၊ တစ်နည်းနည်းနဲ့တော့ အောင်သွားပြီပဲ။”

သူက သူ့ဘယ်ဘက်ရှိ ကောင်းဖန်ဘက်သို့ လှည့်လာရင်း၊ “ကောင်လေး၊ ဒီတစ်ခေါက် စာမေးပွဲက တကယ်ကိုအရမ်းခက်တယ်။ ငါကတော့ ပထမအဆင့်ကို ကံကောင်းပြီးအောင်သွားပြီ။ ဘယ်သူသိနိုင်မှာလဲ ဒုတိယအဆင့်ကျရင် ငါချက်ချင်းအထုတ်ခံရလိုက်နိုင်တာပဲ။”

“အမ်၊” ကောင်းဖန် ခေါင်းညိတ်လိုက်ကာ၊ “ကျွန်တော်လဲ ကံကောင်းပြီး အောင်သွားခဲ့တယ်။”

“ဟမ်?” ထိုဖက်တီးအလွန်အံ့အားသင့်သွားခဲ့သည်။ ဒီကလေး တော်တော်ကံကောင်းတာပဲ၊ သူပြောချင်နေတဲ့ နှစ်သိမ့်စကားတွေအားလုံး ချက်ချင်းပင် ခါးခါးသီးသီးနှင့် ပြန်ရုတ်သိမ်းလိုက်ကာ သူ့ကိုယ်သူသာ နှစ်သိမ့်ဖို့တွေးလိုက်တော့သည်။

စာမေးပွဲစောင့်နောက်မှလိုက်ကာ ဒုတိယအဆင့်စာမေးပွဲဖြေဆိုရန်နေရာသို့ လိုက်လာခဲ့စဉ်တွင် မစ္စစ်လီသည်လဲ ပထမအဆင့်ကို အောင်မြင်ခဲ့ကြောင်း ကောင်းဖန်တွေ့လိုက်ရသည်။ ကောင်းပြီလေ၊ သူမက သုံးကြိမ်တောင် ဖြေခဲ့တဲ့သူပဲ။ အခုတော့ အတွေ့အကြုံဝါရင့်နေပြီဖြစ်တာကြောင့်ဟု ကောင်းဖန်တွေးလိုက်မိသည်။

သူမသိလိုက်သည်က မစ္စစ်လီ၏စိတ်ထဲတွင် အလွန်ထိတ်လန့်အံ့အားသင့်နေသည်ကိုပင်။ ဒီကောင်လေးက သူမသမီး၏အတန်းဖော်ဖြစ်ပြီး အခုမှအရွယ်ရောက်ရုံလေးလေ။ သူမလို လူကြီးတစ်ယောက်ပင် ဒီစာမေးပွဲကြောင့် ချွေးအေးများထွက်ခဲ့ရသည်မဟုတ်လား။ ကြည့်ရတာ ထိုကောင်လေးကို သဘောကျသည့် တစ်ယောက်ယောက်က ပထမအဆင့်ကို အအောင်ပေးလိုက်ခြင်းဖြစ်လောက်ပေမည်။

စာအေးပွဲစောင့်နှင့်အတူ ခြံဝန်းကြီးတစ်ခုထဲသို့ ဝင်လာခဲ့ကာ ရုတ်တရက်ဆိုသလို တောက်ပကာ ကျယ်ဝန်းသည့်နေရာသို့ ရောက်လာခဲ့သည်။ သူတို့၏အပေါ်တွင်တော့ သတ္တုအုတ်ခဲတန်းများက ကြီးမားသည့်သတ္တုအရိုးစုနှင့်တူပြီး ၎င်း၏အောက်တွင်တော့ ကြမ်းတမ်းကာ ရွှံ့ထူသည့် မြေကြီးရှိနေသည်။ စာမေးပွဲခန်းမကြီး၏ လေးဘက်လေးတန်တွင်တော့ အမျိုးမျိုးသော အပင်များကို စိုက်ပျိုးထားပေသည်။

ခန်းမ၏အလယ်တွင်တော့ လှောင်အိမ်များစွာရှိနေကာ တစ်ခုချင်းစီတွင် အမျိုးအစားမတူညီသည့် သားရဲများရှိနေသည်။

ဒီသားရဲတွေက တော်တော်ကိုထူးခြားရှားပါးတဲ့သားရဲတွေဘဲ။ အများစုက သေချာ သလောက် အတိုက်အခိုက်စွမ်းရည်နိမ့်ပေမယ့် သေချာပေါက်သာမန်တော့မဟုတ်ကြဘူး။ အချို့သားရဲတွေရဲ့ မူရင်းဒေသက တောင်ပိုင်းကဖြစ်ကြသည်၊ ချန်အန်းက တရုတ်ပြည်ရဲ့ မြောက်ပိုင်းတွင်တည်ရှိသည်။

စစ်‌ဆေးမှုရဲ့အရက်စက်ဆုံး အပိုင်းကတော့ ဒီသားရဲတွေကို ဖြေဆိုသူတွေအတွက်ကျပန်း သတ်မှတ်သည်၊ ဘယ်သူကမှ သူတို့ဘယ်လိုအကောင်ရမယ်ဆိုတာကို ကြိုမသိကြဘူး။

အင်တာနက်မှာ သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ကိုရယူဖို့ဆိုသည်မှာ အလွန်ပင် ခက်ခဲလှသည် ဟုပြောသည်။ ကောင်းဖန် နောက်ဆုံးတော့ဘာကြောင့်လဲဆိုတာကို နားလည်သွားပြီ၊ အလွန်ခက်ခဲတဲ့စာမေးပွဲက ထိပ်ဆုံးကနေထွက်ပေါ်လာနိုင်မှ တစ်ဦးက ကျိန်းသေ လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။

“ကောင်းဖန် နံပါတ်၅၀။” စာမေးပွဲခန်းစောင့်က ခဏရပ်တန့်သွားပြီး ကိုယ်စားကဒ်ကို ကောင်းဖန်ဆီပေးလိုက်သည်၊ သူကကောင်းဖန်ကို တုံ့ဆိုင်းစွာနဲ့ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ အောင့်မထားနိုင်ဘဲ “ မင်းပြောင်းလဲဖို့တောင်းဆိုချင်တယ်ဆိုရင် မင်းလျှောက်လွှာကိုအခမဲ့ဖြည့်လို့ရအောင် ငါကူညီပေးလို့ရတယ်၊အဲ့နောက် မင်းနောက်လ မှဒုတိရအကြိမ်စာမေးပွဲကို ပြန်လာနိုင်တယ်။”

ကောင်းဖန် စာမေးပွဲစောင့်ကို မသင်္ကာဖွယ်ကြည့်လိုက်သည်၊

စာမေးပွဲစောင့်ကသူ့ပုခုံးတွန့်ပြကာ“အကဲဖြတ်မှုအတွက်သုံးတဲ့သားရဲတွေကသားရဲပျိုး ထောင်သူအဖွဲ့အစည်းကနေ ငါတို့ကိုယ်တိုင် ပျိုးထောင်ထားတဲ့သားရဲတွေ ဆိုတော့ သားရဲတွေက အခြေခံအားဖြင့်သူတို့ရန်မူတာကို မပြတတ်ပါဘူး။ နံပါတ်၅၀ကိုထုတ်ပယ် ပစ်ခံရဖို့ထင်တယ်၊ ဒါပေမယ့်ခုတော့ အဖွဲ့အစည်းမှာ မင်းပျိုးထောင်ဖို့ အပိုသားရဲမရှိ တော့ဘူး။”

အတန်းရဲ့နောက်ကျောမှာရှိတဲ့လှောင်အိမ်တွေထဲက လှောင်အိမ်တစ်ခုက အပြင်ဘက် ရောက်နေသည်၊အထဲကကြီးမားတဲ့အကောင်က ပုံပန်းမကျတဲ့ပုံနှင့် ၎င်းကအလျင်အမြန် လှဲလျောင်းလိုက်သည်။ သူ့ခေါင်းက မြေပြင်ပေါ်မှာလှဲနေပြီးဖျော့တော့စွာ အသက်ရှုနေ သည်၊ သူ့ကရေတိုင်ကီနှစ်ခုလို ထူထဲပြီးသန်မာတဲ့လက်မောင်းတွေရှိပေမယ့် ၎င်းကမျက် နှာကိုအောက်ချထားကာ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးထားသလိုပုံစံမျိုးနှင့် တကယ့်ကို တိတ်ဆိတ်ငြိမ်သက်နေသည်၊

“ဒါက…..မြစ်နီလူဝံ?” ကောင်းဖန်သူ့ရဲ့အပြောကို ဘာမှပြန်မပြောဘဲ ၎င်းက မည်သူ မည်ဝါဖြစ်ကြောင်း စူးစမ်းလေ့လာကာ ကောက်ချက်ချလိုက်သည်။

“ဟုတ်တယ်၊”စာမေးပွဲစောင့်က ခေါင်းကိုညိတ်ကာ သက်ပျင်းချလိုက်သည်၊ သူက မြစ်နီလူဝံကို ရှုပ်ထွေးနေတဲ့ ခံစားချက်မျက်လုံးတွေနဲ့ကြည့်နေသည်။

နောက်ဆုံးတော့ စာမေးပွဲစောင့်ကလဲလူတစ်ယောက်ပါဘဲ၊ ဒီမြစ်နီလူဝံက သူ့ကိုဖမ်းမိက တည်းက အမြဲတမ်းစမ်းသပ်နေဆဲဖြစ်ပြီး ဒီအဖွဲ့အစည်းကဝယ်လာခဲ့တာဖြစ်သည်။

ဒီမြစ်နီလူဝံက ကံကောင်းတာလား ဆိုးတာလား ပြောဖို့ခက်သည်၊ ဒီသားရဲမှာ အလွန်ဒဏ် ခံနိုင်တဲ့ အသက်အင်အားရှိပြီး အဲ့တာကလက်တွေ့စမ်းသပ်ချက်မှာ အသက်ရှင်ကျန်ရစ်ဖို့ တောင့်ခံနိုင်အောင်ပြုလုပ်ပေးသည်။ ဒါပေမယ့် ကံဆိုးချင်တော့ ဖြေဆိုသူတိုင်းက ဒီမြစ်နီ လူဝံကိုစီစဉ်ဖို့ကျတဲ့အခါမှာ သူတို့ကဘာလုပ်ရမှန်းမသိကြတော့ဘူး။

ခြောက်လတိ ကြာပြီးနောက်မှာ ဒီမြစ်နီလူဝံက လက်တွေ့စမ်းသပ်မှုခြောက်ခုကိုကျခဲ့ တယ်၊ အဲ့အချိန်မှာဘဲ တခြားဘယ်သားရဲဖြစ်စေ တစ်ခုခုမှာအောင်မြင်လာကြပြီးတော့ အဆင့် တက်တာ(သို့) တကယ်အသုံးမဝင်တဲ့သားရဲတွေဖြစ်လာလိမ့်မည်။ ဒီဟုန်းရွှယ် လူဝံကတော့ ဒဏ်ခံမှုကမပြီးပြတ်သေးဘဲဖြစ်သည်။

“ဘာကြောင့်လဲဆိုတော့ လက်တွေ့စမ်းသပ်တဲ့ အကြိမ်ရေကများနေပြီး မလိုချင်တာတွေ များကာ ကွဲလွဲနေတဲ့စွမ်းအင်တွေက သူရဲ့ခန္ဓာကိုယ်ထဲတွင်စုပုံလာတော့တယ်၊ ထုံးစံ အတိုင်းခက်ခဲတဲ့အဆင့်တွေကို ကျော်လွန်ဖို့ဝေးပြီး သူ့အဆင့်ကိုပြုစုပျိုးထောင်ဖို့အတွက် အလားအလာက ရိုးရှင်းပြီးအရမ်းနိမ့်တယ်၊ အခုထိတိုင် အလွန်ကောင်းမွန်သန်မာတဲ့ စိတ်စွမ်းအင်ကို အခြေခံပြီး သူ့ရဲ့ဒဏ်ခံနိုင်မှုကိုသာစီမံနိုင်တယ်။” စာမေးပွဲစောင့်က ရှင်းပြ လာသည်။

“ ဦးလေးရဲ့စာနာထောက်ထားမှုအတွက်ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဒီကောင်ကိုသုံးဖို့ဆုံးဖြတ်ပြီးပြီ” ကောင်းဖန်နောက်လှည့်လိုက်ကာလှောင်အိမ်အတန်း လိုက်ကိုဖြတ်ကာ ဟုန်းရွှယ်လူဝံကိုစူးစိုက်ကြည့်လိုက်သည်။

သူ့အတွက်နောက်တစ်လထပ်စောင့်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး၊

သားရဲပျိုးထောင်သူ တရားဝင်လက်မှတ်က မကြာခင်မှာရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်က မကြာခင်အလုပ်ရတော့မယ်ဆိုတာကိုဆိုလိုခြင်းဖြစ်သည်၊ အချိန်တိုင်းစက္ကန့်တိုင်းက ငွေ ကြေးကုန်ကျနိုင်သည်။ ဒါပေမယ့် ပိုအရေးကြီးဆုံးက သူ့ရဲ့သားရဲပျိုး ထောင်သူအကဲဖြတ် အတွက်အန်ကယ်လျိုနဲ့ ဖောင်ကူညီဖြည့်ပေးတဲ့ဆရာမကိုပြောခဲ့သည်။ ရလဒ်ကိုလက်ဗလာနဲ့ပြန်သွားဖို့က ကောင်းဖန်အတွက်လက်ခံရန်ခက်ခဲသည်။

“ကောင်းပြီ” စာမေးပွဲစောင့်က သူ့ရဲ့တာဝန်အတိုင်း ကောင်းဖန်ရဲ့ အချက်အလက်တွေ ကိုပြုလုပ်ပေးနေသည်။ ဒီကောင်လေးကိုကြည့်ရတာ သူ့ရဲ့ရည်ရွယ်ချက်ကိုလက်ခံဖို့ ဆန္ဒ မရှိဘူး၊ သူဒီထက်ဖိအားပေးဖို့အကြောင်းအရင်းလည်းမရှိဘူး။

ဟောခန်းမကြီးပတ်ပတ်လည်မှာ နံပါတ်နှင့်အခန်းတွေရှိသည်။ လူတစ်ယောက်စီတိုင်းက အခန်းရွေးချယ်ကာ ဝင်သွား နိုင်သည်။ အခန်းတစ်ခုချင်းစီတိုင်းတွင် ခုတင်နှင့် မွေ့ယာ စသောပစ္စည်းများပါဝင်သည်။ စစ်ဆေးမှုအတွက် အချိန်အကန့်အသတ်က တစ်ပတ်ဖြစ် သည်။ သားရဲတွေရဲ့ အဆင့်ကိုတစ်ပတ်အတွင်းမြှင့်တင်ပေးနိုင်လျှင် ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

သားရဲလှောင်အိမ်တွေရဲ့အောက်မှာဘီးတွေပါပြီး အလွယ်တကူအခန်းထဲသို့တွန်းသွားနိုင် သည်။

ထိုလှောင်အိမ်လည်းတွန်းသွားခံရတော့ မြစ်နီလူဝံက ကောင်းဖန်ကိုကြည့်လာသည်။

နောက်ဆုံးတော့ဒီလိုနီးကပ်တဲ့အကွာအဝေးမှာ ကောင်းဖန်က ဟုန်းရွှယ်လူဝံကို ဂရု တစိုက် လေ့လာလိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်က သာမန်မြစ်နီလူဝံရဲ့ နှစ်ဆလောက်ရှိသည်။ ပုံမှန်အားဖြင့် မြစ်နီလူဝံ တွေက တစ်မီတာနဲ့ နှစ်မီတာခွဲကြားလောက်ရှည်ပြီး သေးငယ်တဲ့အရွယ်အစားလူဝံသားရဲ အမျိုးအစားဖြစ်သည်။

ဒီလှောင်အိမ်ထဲက တစ်ကောင်က ဘယ်လိုဘဲကြည့်ကြည့် အနည်းဆုံး နှစ်မီတာခွဲ လောက်ရှည်သည်။

သူ့ရဲ့ဖောင်းကားနေတဲ့လက်မောင်းတွေကြည့်ရတာ အနည်းငယ်လိမ်ရစ်နေကာ ပုံပျက်နေပြီး သူ့ခန္ဓာကိုယ်က ရွံစေးကိုနယ်ထားတဲ့ရုပ်ထုလိုဖြစ်နေသည်။ ၎င်းရဲ့ ရင်ဘတ်ပိုင်းက ဖောယောင်နေတဲ့လက္ခဏာမျိုးဖြစ်ပြီး သူကခဲယဉ်းစွာအသက်ရှုနေကာခြေကုန်လက်ပန်း ကျကာအော်ညည်းနေသောအသံဖြစ်နေသည်။

[မကောင်းဆိုးဝါးအမည်]- မြစ်နီလူဝံ

( ရောဂါနှင့်ပတ်သတ်သောပြောင်းလဲမှု-ယင်(အမ)ဓာတ်ရောဂါ)

ဒါက ပထမဆုံးအချက်အလက်ဖြစ်ပြီးကောင်းဖန်ရဲ့မျက်လုံးထဲမှာပျောက်သွားပြန်သည်၊ ကြည့်လိုက်တာနဲ့တင် တစ်ယောက်လောက်က ဒီမြစ်နီလူဝံကဆိုးဝါးတဲ့ပုံသဏ္ဍာန်ရှိတယ် ဆိုတာပြောနိုင်သည်။

***

အခန်း ၁၈ အရိုးခွံဖုတ်ကောင်လူဝံ

[မကောင်းဆိုးဝါးအမည်] : မြစ်နီလူဝံ(ဆန့်ကျင်ဘက်ရောဂါဗေဒအပြောင်းအလဲများ)

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၀

[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်

[မကောင်းဆိုးဝါးစွမ်းအင်] : မြေကြီး

[မကောင်းဆိုးဝါးအခြေအနေ] : မကျန်းမာခြင်း( အကျင့်ပျက်နေခြင်း)

[မကောင်းဆိုးဝါးအားနည်းချက်] : ယင်(အမ)ဓာတ်

[အထူးအဆင့်မြှင့်တင်ရန်လိုအပ်ချက်များ] : ၁၊ သာမန်ဆင့်ကဲဖြစ်စဉ်; ထိုမသန့်စင်သော ယင်ဓာတ်ကိုဖယ်ရှားပစ်ပြီးနောက် မြစ်နီလူဝံကိုအထူးအဆင့်သို့ပြောင်းလဲပေးရန် ၂၊ ရောဂါဗေဒပြောင်းလဲခြင်းနှင့်အတူပုံပျက်နေသောဆင့်ကဲဖြစ်စဉ်; ယင်(အမ)ဓာတ်ကိုစုပ် ယူ၍ ယင်ဓာတ်အားနည်းမှုကိုဖယ်ရှားပစ်ရန်ဖြစ်သည်။ အမြင့်ဆုံးဖြစ်နိုင်ခြေကတော့ အမျိုးအစားအသစ်မျိုးစိတ်များဖြစ်ပေါ်လာ၍ သားရဲအဆင့်အထူးအဆင့်အထက် (အထူးအဆင့်အပါအဝင်)။

ဘာ??

ဒါကောင်းဖန်အတွက်အဆင့်တိုးမြှင့်ဖို့အခွင့်အရေးနှစ်ခုရှိတာကို ပထမဆုံးတွေ့တာဖြစ် သည်၊ တစ်လမ်းတည်းသာဖြစ်ရမည်လေ။

ဒါဘာလဲ?? ကောင်းဖန်စတင်တွေးတောတော့သည်။

သူရုတ်တရက်စာမေးပွဲစောင့်အရင်ပြောခဲ့သည့်စကားများကိုပြန်စဉ်းစားမိလိုက်သည်၊ “….အကြောင်းအရင်းကတော့ သူ့ရဲ့ထူးခြားနေတဲ့စိတ်စွမ်းအင်ကြောင့်သာ ခုထိတောင့်ခံ နိုင်တာဖြစ်တယ်”

“ထူးခြားတဲ့စိတ်စွမ်းအင်” ကောင်းဖန်ရေရွတ်နေလိုက်ပြီး ပထမဆုံးအကြိမ်အတွက် လှောင်အိမ် ကိုဖြတ်ကာမြစ်နီလူဝံဂရုတစိုက်နဲ့ကြည့်လိုက်သည်။

လှောင်အိမ်ထဲမှာလှဲနေရင်း မြစ်နီလူဝံကအားနည်းစွာနဲ့သူ့ခေါင်းကိုမြှင့်ကာ သူ့ရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေနဲ့ကောင်းဖန်ကိုကြည့်နေသည်။

ထိုနက်ရှိုင်းပြီးစူးစိုက်ကြည့်နေမှုထဲတွင် စိတ်အားထက်သန်မှုတွေနဲ့ မျှော်ကိုးနေမှုတွေပုန်း ကွယ်နေသည်။

“မင်းဘာကို……တောင်းဆိုနေခဲ့တာလဲ?” ကောင်းဖန်မြစ်နီလူဝံကိုမေးလိုက်ပြီးနောက်သူ့ ကိုသူရီလိုက်သည်၊ “သူကဘယ်လိုလုပ်နားလည်နိုင်မှာလဲ၊ ဒါကသာမန်သားရဲဘဲရှိသေးတာကို”

ရုတ်တရက်မြစ်နီလူဝံက သူ့ခွန်အားအကုန်လုံးကိုအားစိုက်၍ထလိုက်ကာ သူ့ခေါင်းကို လှောင်အိမ်ရဲ့အဖျားနားမှာနေရာချလိုက်ပြီး သူ့ရဲ့မျက်လုံးနက်နက်တွေကစိတ်အားထက် သန်မှုတို့နဲ့အတူကောင်းဖန်ကိုကြည့်လိုက်သည်။ ၎င်းကလက်တွေကိုကာကွယ်ခြင်း အပြည့်နဲ့ တင်းတင်းဆုပ်ထားကာ သူ့ရဲ့ကျန်ရှိတဲ့အားအကုန်လုံးနဲ့ ရူးမိုက်စွာအော်လိုက် သည် “ ဝူး!!!”

“ဝူး”

“ဝူး”

…..

အခန်းကအခြားလူများမဝင်အောင်တားမြစ်ထားသောနေရာဖြစ်သည်။ မြစ်နီလူဝံက သူ့ရဲ့ အော်ဟစ်နေတဲ့အသံကိုအခန်းထဲမှာဆက်လုပ်နေပြီး တဖြည်းဖြည်းနဲ့အသံက တိုးသွား တော့သည်။

အော်သံက လူဝံ၏ အင်အားများကို စုပ်ယူလိုက်ဟန်တူသည်။ သူ့ရဲ့အားအင်တွေ ကုန်ခမ်းသွားကာ ကြမ်းပြင်ပေါ်သို့ကျသွားသော်လည်း သူ့ရဲ့မျက်လုံးတွေက ခိုင်မာသော စိတ်ခံစားမှုတွေနှင့်ကောင်းဖန်ကို ဆက်ကြည့်နေသည်။

ကောင်းဖန်ဘာမှမတုန့်ပြန်တာကိုတွေ့တော့ သူ့ရဲ့မက်မောနေတဲ့အကြည့်တို့က တဖြည်း ဖြည်းမတောက်ပတော့ဘဲ တိမ်မြုပ်သွားသည်….

“ဟုတ်ပြီ ငါမင်းပြောင်းလဲဖို့ကူညီပေးမယ်, ငါကတိပေးတယ်” ကောင်းဖန်ခိုင်မာစွာနဲ့ ပြောလိုက်တယ်၊ သူဘာလို့ညို့သလိုသရုပ်ဆောင်မိသလဲဆိုတာကိုမသိတော့ဘူး၊ သူတစ်ခါမှ ဒီလောက်ခိုင်မာတဲ့စိတ်တွေပြည့်နေတဲ့မျက်လုံးအစုံကိုမမြင်ဖူးလို့ဖြစ်ကောင်း ဖြစ်နိုင်သလို သူကရည်မှန်းချက်ကြီးလို့လည်းဖြစ်ကောင်းဖြစ်နိုင်သည်၊ ဖြစ်နိုင်တာ….ဖြစ် နိုင်တာက သူဒီမျက်လုံးတွေကို ညွတ်ကျမသွားစေချင်တာဘဲဖြစ်သည်။

မြစ်နီလူဝံကသူ့ကိုနားလည်သည် မလည်သည်ကို စစ်ဆေးမနေတော့ဘဲ ကောင်းဖန်သူ့ ပင်ပန်းစွာနဲ့သူ့မျက်လုံးတွေကိုပိတ်လိုက်သည်၊

အဲ့ဒီနောက် သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ကိုရရန် သူမြစ်နီလူဝံ၏အဆင့်ကိုမြှင့် တင်ပေးရန်လိုအပ်သည်၊ ဒီအရာနှစ်ခုကြားထဲမှာဘယ်ဟာကမှကွဲလွဲနေတာမရှိဘူး။

ပြောင်းလဲပေးရန် ရွေးချယ်နိုင်သည့်နှစ်မျိုးကို ထပ်မံစစ်ဆေးပြီးနောက် နောက်ဆုံးတော့ ကောင်းဖန် နောက်ပိုင်းနည်းလမ်းကိုရွေးရန်ဆုံးဖြတ်လိုက်သည်။

စာလုံးတွေက ‘မှန်ထဲက လ’ လိုမှေးမှိန်နေကာ နောက်ထပ်စာလုံးများပါသည့်စာတန်းများ ဆက်လက်ပေါ်လာပြန်သည်။

[ရောဂါဗေဒအရပြောင်းလဲမှုနှင့်အတူ ပုံပန်းပျက်ပြောင်းလဲတိုးတက်မှု]; ဖယောင်းနက်မြက်ပင် ၂၅၀ဂရမ်အစာနှင့်အတူသုံးရက်အတွက်သုံးကြိမ်။ ထိပ်တန်းအဆင့် ဖုတ်ကောင်သားရဲသလင်းအမြုတေကိုမြစ်နီလူဝံအတွက်ယူ၍ လူဝံကို ဆာလဖြူရစ် အက်စစ်ပျော်ဝင်နေသောရေထဲတွင်စိမ်ရန်ဖြစ်သည်။ ဆာလဖြူရစ်အက်စစ်ပျော်ရည်သည် တိကျသောအချိုးနှင့် ပြင်းသောဆာလဖြူရစ်အက်စစ်ရည်နှင့် ရေကိုအထူးပြုလုပ်ထားပြီး အနုမြူမှုန့်၁၅၀ဂရမ်၊ မှိုခေါင်းပိုင်း၅၀ဂရမ်၊ ညိုးခြောက်မြက်ပင်၁၅ဂရမ်….

ဒီမြစ်နီလူဝံ ပြောင်းလဲဖို့အတွက်ရော?? ကောင်းဖန် ဆိုးရွားတာတစ်ခုဖြစ်လာတော့မည် ကို စိတ်ထင့်နေသည်။

ဒီပစ္စည်းတွေကိုကြည့်ရတာသိပ်ကောင်းပုံမပေါ်ဘူး။ ဒါ့အပြင် ဖုတ်ကောင်သားရဲသလင်း အမြုတေ, ဒါတွေကမုန့်တွေမှမဟုတ်တာ။ ကျန်းမာနေတဲ့ သားရဲတစ်ကောင်တောင်

ရုတ်တရက် ဖုတ်ကောင်သားရဲသလင်းအမြုတေကြောင့် အလွန်နာမကျန်းဖြစ်တာ(သို့) ပိုပြီးဆိုးရွားလာနိုင်သည်။

ကောင်းဖန် နောက်ကတစ်ခုကိုယူဖို့ရွေးချယ်ဖို့မရည်ရွယ်ပေ၊ ဒါပေမယ့် သူငွေကြေးချို့တဲ့ နေသည်။

ပထမနည်းလမ်းအတွက်ပစ္စည်းတွေကလည်း တန်ဖိုးကြီးပြီး သူ့ရဲ့အကဲဖြတ်မှုအတွက် ကုန်ကျမှုက အကန့်အသတ်ထက်လိုတာထက်ပိုနေသည်။

ဘယ်ဟာကပိုလွယ်နိုင်မလဲ, မင်စွန်းထင်ပြီးသားပိတ်သားပေါ်မှာ ဆက်ပဲရေးဆွဲလိုက်ရမ လား ဒါမှမဟုတ် ပိတ်ထူပေါ်မှာမဆွဲခင် အစွန်းချွတ်လိုက်ရမလား? နှိုင်းယှဉ်ပြောရရင် တော့ ပထမတစ်ခုက လွယ်သလိုဘဲ။

နှိုင်းယဉ်ကြည့်လျှင် ဒုတိယပြောင်းလဲခြင်းနည်းလမ်းက ဈေးကြီးတဲ့ပစ္စည်းတွေလိုနေတုန်း ဘဲ, အကုန်လုံးပေါင်းလိုက်လို့ ကုန်ကျငွေက အဖွဲ့အစည်းရဲ့အခမဲ့ငွေထောက်ပံ့မှု အကန့် အသတ်လောက်ထိထိန်းနိုင်လောက်ပါသည်။

ဒါကပိုအလုပ်ဖြစ်တယ်, အကယ်၍ ငါကျခဲ့ရင် ဒါကကြီးမားတဲ့အကြွေးဖြစ်သွားလိမ့်မယ်။

ကောင်းဖန်လိုအပ်သည့် ပစ္စည်းစာရင်းကိုကြားပြီးနောက် ပစ္စည်းပေးဝေသူက ကောင်းဖန် ကိုထူးဆန်းတဲ့အကြည့်တို့နဲ့ ကြည့်လိုက်သည်။ ဒီကောင်လေးက မြစ်နီလူဝံကိုသတ်တော့ မှာလား??

ကောင်းဖန် တခြားသူရဲ့သိချင်စိတ်တို့ကို လျစ်လျူရှုလိုက်သည်၊ သူလိုချင်တဲ့ပစ္စည်းတွေ ကိုတစ်စုတစ်စည်းတည်းရပြီးနောက် သူပြန်လာခဲ့ပြီး သူကိုယ်သူနဲ့မြစ်နီလူဝံကို အခန်းထဲ တွင်လော့ချထားလိုက်တော့သည်။

နောက်ထပ်ရက်အနည်းငယ်အကြာထိ ကောင်းဖန်အပြင်မထွက်ပါ၊ အခန်းမှာ ရေချိုးခန်းနဲ့ အစားအစာတွေကိုတော့သေးငယ်တဲ့ပြတင်းပေါက်ကနေလာပို့သည်၊ ဒါကြောင့် အပြင်ထွက်ဖို့ မလိုအပ်ပေ။

မျက်တောင်တစ်ခပ်အတွင်း သုံးရက်အချိန်ကျော်လွန်သွားပြီဖြစ်သည်၊ ဖယောင်းနက်မြက် ကိုသုံးရက်အဆက်မပြတ်ဒုက္ခခံကျွေးပြီးတဲ့နောက် မြစ်နီလူဝံကခွန်အားပြည့်ဝလာပြီဖြစ်သည်။ ၎င်းရဲ့မျက်လုံးတွေကတောက်ပနေပြီး အမွှေးအရောင်ကတောက်ပလာကာ ရောင်ယမ်း နေခြင်းလည်းလျော့သွားပြီဖြစ်သည်။

ဖယောင်းနက်မြက်က တက်ကြွစေရန်လုပ်ပေးပြီး သုံးရက်လောက်အပင်ပန်းခံပြီးတဲ့ နောက် မြစ်နီလူဝံ၏ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေများသည်သေချာသ လောက်ယာယီ ထိပ်ပိုင်းသို့ရောက်လာပြီဖြစ်သည်။

အသက်ပြင်းပြင်းရှုပြီးတဲ့နောက် ကောင်းဖန် လှောင်အိမ်ကိုဖွင့်လိုက်သည်၊ အရိုးသားဆုံး ပြောရလျှင် ဒီသားရဲ၏အပြုအမူများသည် အတော်အန္တရာယ်ရှိသည်။ မအောင်မြင်တဲ့ အတွေ့အကြုံများ၏ ညှဉ်းပန်းမှုများဖြစ်ကတည်းက လူဝံက ကြင်နာပြီး နူးညံ့သော်လည်း ၎င်းက နာခံပြီး စရိုက်ပုံပန်းပျက်မှုမပါဝင်ဘဲကျန်ရှိသည်ဆိုသည်မှာ အာမခံချက်မရှိပေ။ အကယ်၍ အကုန်လုံးဆိုးရွားတာများဖြစ်ခဲ့လျှင် ဒီပိတ်ထားတဲ့အခန်းထဲမှာ ကောင်းဖန် လွတ်မြောက်ရန်ဘယ်နေရာမှမရှိပါ။

မြစ်နီလူဝံက လှောင်အိမ်ဖွင့်တာကို သူ၏မျက်လုံးနက်တွေနှင့်စိုက်ကြည့်နေပြီးနောက် အပြင်ဘက်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သတိထား၍သူ့ရဲ့ညာဘက် ခြေထောက်ကိုဆန့်လိုက်ပြီး လှောင်အိမ်အပြင်ဘက်သို့ထုတ်၍ ကြမ်းပြင်နှင့်ထိလိုက်ကာ ကောင်းဖန်၏ရည်ရွယ်ချက်ကိုအသံပြုလိုက်သည်။ ထိုအရာကိုမြင်သောအခါ ကောင်းဖန် စိတ်မဆိုးပေ, ဒါပေမယ့် ၎င်းထွက်လာရန်အားပေးအားမြှောက်ပြုတော့ စိတ်လှုပ်ရှားပြီး လူဝံကပြုံး လာသည်။ သူကလှောင်အိမ်ထဲကနေ ရွှင်လန်းစွာထွက်လာပြီး ကောင်းဖန်ကို သူ့လက်မောင်းထဲတွင်သန်မာတဲ့ပွေ့ဖက်ခြင်းနှင့်အတူစုရုံးလိုက်သည်။

၎င်း၏ကြီးမားတဲ့လက်များက ကောင်းဖန်နောက်ကျောကိုပုတ်လိုက်ပြီးနောက် မြစ်နီလူဝံ ကလက်ကိုလျှော့ပေးလိုက်ပြီး ကောင်းဖန်ရဲ့ရှေ့တွင် ကျိုးနွံစွာနှင့်ထိုင်လိုက်သည်။

ကောင်းဖန် သူ့တို့ဘေးကဖောက်ထွင်းပြီးတောင်မြင်ရတဲ့ အပြာရင့်ရောင်အရည်တွေနဲ့ ပြည့်နေတဲ့ရေချိုးကန်ကိုညွှန်ပြလိုက်ပြီး “ အဲ့မှာသွားလှဲနေချည်” လို့ပြောလိုက်သည်၊

မြစ်နီလူဝံက အကြံအဖန်အပြည့်နှင့် အမွှေးအနည်းငယ်ကိုနှုတ်လိုက်ပြီးနောက် ရေချိုးကန်ဘက် တင်ပါးဆုံကိုလှည့်လိုက်ပြီး အရည်ထဲသို့အမွှေးတွေကိုပစ်ထည့်လိုက် သည်၊

အနီရင့်ရောင်အမွှေးတွေက အရည်ထဲတွင် ပေါလောပေါ်နေ,ရစ်နေပြီးကျုံ့သွားသည်၊ နောက်ဆုံးတော့ ကွယ်ပျောက်သွားတော့သည်။

မြစ်နီလူဝံက သူ့ပါးစပ်များကိုလူတွေလို အကျယ်ကြီးဖွင့်ထားကာ အလွန်အံ့အားသင့်နေ သည်။

သူကအရည်တွေကိုကြည့်လိုက်ပြီးနောက် ကောင်းဖန်ကိုလှည့်ကြည့်လိုက်သည်။

ထို့နောက်ကောင်းဖန်ထံကိုတွားသွား သွားလိုက်ပြီးထိုင်လိုက်ကာ ကောင်းဖန်ကို ရိုးသား သောပုံနှင့်ကြည့်နေတော့သည်။

ကောင်းဖန် ရယ်ရမလား ငိုရမလားပင်မသေချာတော့။

မနေ့ကအရည်တွေကိုရောစပ်တော့ ဆာလဖြူရစ်အက်စစ်က ပွတ်တိုက်စားခြင်းကို စမ်းသပ်သည့်နည်းလမ်းသည် ဒီလူဝံဖြင့်ကြည့်ရှုလေ့လာမည်ကိုသိကောင်းသိမည်။

ဘယ်သူပြောလဲ ဒီသားရဲကတုံးတယ်လို့၊

ကောင်းဖန်စကားမပြောနိုင်ဖြစ်သွားပေမယ့် သူ့ရဲ့လက်တွေ့စမ်းသပ်မှုကိုဆက်လုပ်ရန် အတွက်ဒီမြစ်နီလူဝံကို ရေချိုးရန်လိမ်ပြီးပြောရမည်။

“ကောင်ငယ်လေး” ကောင်းဖန်လူဝံရဲ့နှဖူးပေါ်ကိုလက်တင်လိုက်ကာပြောလိုက်သည်။

“ဟိုး…ဟိုးးး”မြစ်နီလူဝံက သိချင်စိတ်တို့နှင့်သူ့နှဖူးပေါ်ကလက်ကိုစောင်းငဲ့ကာကြည့် လိုက်သည်။

“ငါမင်းကို စွမ်းအင်တွေရအောင်ကူညီပေးနိုင်တယ်, ဒါပေမယ့် မင်းကမင်းရဲ့သတ္တိရှိတာကို ဘဲပြဖို့လိုတာ” ကောင်းဖန်ကယုတ္တိမရှိစွာပြောလိုက်သည်။

အခန်းထဲမှာဘယ်သူမှမရှိတဲ့အတွက် သူဆယ်ကျော်သက်အရွယ်စိတ်ထင်ယောင်ထင်မှား နည်းနည်းဖြစ်မိသည်။

အလိုလေး, ဒီလူဝံက ဒီလိုစကားကြီးစကားကျယ်တွေကိုနားလည်နိုင်ပါ့မလား?

ကောင်းဖန် အတွက်ကတော့ ၎င်းကအတွေးအခေါ်ရှိ မရှိဆိုတာမသေချာဘူး၊ မြစ်နီလူဝံက ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ကောင်းဖန်လက်နဲ့ အဝေးကိုနူးညံ့စွာနဲ့လှုပ်ရှားလိုက်သည်၊ သူကမတ်တပ်ရပ်လိုက်ပြီး ရေချိုးကန်ဘက်လှည့်လိုက်သည်။

မြစ်နီလူဝံက လှည့်လိုက်ကာကောင်းဖန်ကို ပြုံးပြကာဖျတ်ကနဲကြည့်လိုက်ပြီးနောက် ရေထဲသို့ လွင့်ထုတ်၍ဝင်လိုက်သောကြောင့် များပြားသောရေများ ဖိတ်စင်ကုန်သည်။

ဒီရေချိုးကန်က အထူးပြုလုပ်ထားသည်; နှစ်မီတာမြင့်ပြီး သုံးမီတာရှည်ကာ နှစ်မီတာ ကျယ်ဝန်းသည်၊

ကောင်းဖန် ချက်ချင်းရှေ့သို့ရွေ့လိုက်သည်၊ ရေချိုးကန်က အကုန်ဖောက်မြင်ရပြီး အကုန်ရှင်းလင်းနေသည်ကာ စောင့်ကြည့်ရန်လွယ်ကူသည်။

မြစ်နီလူဝံက သူကိုယ်သူရေအောက်ထိလုံးလုံးနစ်မြုပ်လိုက်ပြီး အတွေ့အကြုံရှိပြီးသား သားရဲတစ်ကောင်လိုပင် ပြုလုပ်လိုက်သည်။

ဒီဘာသာရပ်ကိုစစ်ဆေးရာတွင် သူ့မှာများပြားတဲ့အတွေ့အကြုံရှိပြီး သူ့ဆန္ဒအလျောက် ရေထဲသို့ခုန်ဆင်းသည်, ဒါကဝမ်းနည်းစရာကောင်းပေမယ့်ရီလည်းရီရသည်။

ကောင်းဖန်ရယ်ချင်နေပေမယ့် သူမရယ်နိုင်ဘူး၊ သူ့စိတ်ထဲမှာခဲတစ်လုံးဆွဲထားသလိုလေး နေသည်။

သူပြန်လှည့်ရန်ကြိုးစားကြည့်ပေမယ့် ကျရှုံးခဲ့သည်၊ သူ့ရဲ့ခြေထောက်တွေက သေသွားပြီး နောက်ကိုပြန်ဆုတ်ရန်တောင် လှုပ်မရပေ။

သူထိုနေရာမှာဘဲရပ်နေပြီး ထုံထိုင်းစွာနဲ့ကြည့်နေသည်။

မြစ်နီလူဝံသားမွှေးတွေကအမွှေးဖွာနေသောဘောလုံးတစ်လုံးလိုအတွင်းသို့ကြုံ့သွားသည်

နောက်တော့ များပြားတဲ့ပမာဏရှိတဲ့အနက်ရောင်အရည်တွေက ထိုအမွှေးများထဲမှ ပန်းထွက်လာကာ မျက်နှာပြင်ပေါ်သို့မြင့်တက်သွားတော့သည်။ အဲ့ဒီနောက် သိပ်သည်းတဲ့ ညော်သောမြူခိုးငွေ့အဖြစ်ပြောင်းသွားပြီး လေထဲသို့လွင့်ထွက်သွားတော့သည်။

မီးသတိပေးသည့်အချက်ပေးစက်က ရုတ်တရက်နားကိုစူးအောင်အထိမြည်လာပြီး အနီ ရောင်မီးက အခန်းထဲတွင်အရောင်လက်လာသည်။

၁၀စက္ကန့်ကြပြီးနောက် တံခါးကရုတ်တရက်ဆွဲဖွင့်ခံလိုက်ရသည်၊ အဖွဲ့လိုက်လူများက အခန်းအပြင်ဘက်တွင် အတူရှိနေကြပြီး မီးသတ်သမားနှစ်ယောက်က မီးသတ်ဆေးဘူး များကိုင်ကာ အရှေ့တွင်ရပ်နေကြသည်။

သူတို့ကရေချိုးကန်မှ လေထဲသို့အဆက်မပြတ်ပန်းထွက်နေသော အနက်ရောင်မီးခိုး များကို ငေးစိုက်ကြည့်နေကြပြီး အရည်ထဲတွင်အနက်ရောင်ရစ်နေသည့်အရာများကို လည်းကြည့်နေကြသည်။

ဘယ်မလဲမီး!!!

“အာ……ခင်ဗျားတို့ကိုအနှောက်အယှက်ပေးမိလို့တောင်းပန်ပါတယ်၊”

“ဟား…ဟား, ဒီမှာမီးအချက်ပေးတဲ့ဟာက တစ်ခုခုမှားနေတာဘဲဖြစ်မှာပါ” တခြားဝန် ထမ်းတစ်ဦးကနောက်လိုက်သည်။

ထိုအချိန်မှာဘဲ သားရဲပျိုးထောင်သူအဖွဲ့အစည်း၏ ထိပ်တန်းမန်နေဂျာရောက်လာသည်၊ အခန်းအပြင်ဘက်ကလူစုလူဝေးနှင့် ကြီးမားသောမီးခိုးလုံးကြီးကိုကြည့်လိုက်ကာ မျက်မှောင်ကျုံ့ကာမေးလိုက်သည် “ ဒီမှာဘာတွေဖြစ်နေတာလဲ”

တစ်ယောက်က အခြေအနေကိုရှင်းပြသည်၊ ဇာတ်လမ်းတစ်ပုဒ်လုံးကိုကြားပြီးနောက် မန်နေဂျာရဲ့မျက်နှာက အံ့ဩမှုတွေနဲ့ပြည့်နေသည် “မင်းဆိုလိုတာက ဒီအကြောင်းက တစ်ယောက်ယောက်သားရဲကိုပျိုးထောင်နေရင်းနဲ့ဖြစ်တာလား??”

လူအုပ်ကြီးက မန်နေဂျာသွားရန်လမ်းရှင်းပေးသည်၊ လူကြီးကအနီးဆုံးအထိလျှောက်သွား ပြီး နောက်ဆုံးတော့ အခန်းထဲတွင်ဘာဖြစ်နေသည်ဆိုတာကို မြင်သွားတော့သည်။

အခန်းရဲ့အလယ်မှာ ရေချိုးကန်ရှိပြီး ထိုထဲတွင်နက်ပြာရောင်အရည်တို့ဖြင့်ပြည့်နေသည်။ ရစ်ပတ်နေသည့်မှုန်ဝါးဝါးပုံကို အရည်တွေရဲ့အလယ်တွင်မရှင်းမလင်းမြင်နေရသည်။ ထိုအရာကအခုထိလဲလျောင်းနေတုန်းဖြစ်သည်။

ကြီးမားပြီးနက်မှောင်တဲ့မီးခိုးလုံးကြီးက ရေကန်ထဲမှထွက်လာသည်၊

ထို့နောက် မီးခိုးထွက်တာလျော့သွားတော့သည်၊ ရေချိုးကန်ထဲတွင်ရှိသော နက်ပြာရောင် အရည်များက တစ်ဖြည်းဖြည်း လုံးလုံးအမဲအဖြစ်သို့ပြောင်းသွားတော့သည်၊ ရေချိုးကန် ထဲတွင်ငြိမ်သွားပြီးကြည့်ရတာ အကုန်ပြီးသွားပြီထင်သည်၊

“စမ်းသတ်မှုကျရှုံးတာလား??” တခြား ဖြေဆိုသူတစ်ဦးက ထိတ်လန့်သွားသည်။ သူတို့က‌ တံခါးအပြင်ဘက်တွင်ရပ်နေကြကာ ကောင်းဖန်ကိုစနောက်နေကြသည်။

“အမလေး, ဒီကောင်ငယ်လေးက ပြဿနာလုပ်တာမှာအရမ်းတော်တာဘဲ!!” ကောင်းဖန် ဘေးမှာထိုင်တဲ့ ဝတဲ့လူကြီးကသက်ပြင်းချကာ ဝိုးတိုးဝါးတားပြောလေသည်။ ကောင်လေးက သေချာပေါက်သာမန်ကောင်လေးမဟုတ်ဘူး။ သာမန်လူတွေအတွက်က တော့ ကြီးမားတဲ့ကမောက်ကမအခြေအနေကိုလုပ်တာရှားသည်။

ရုတ်တရက် ရေရဲ့မျက်နှာပြင်ပေါ်သို့ အလွန်ကောင်းတဲ့လှိုင်းလုံးများထလာသည်။ ရေတွေ ကကန်ထဲမှလျှံထွက်လာသည်၊ ကြည့်ရတာ ကြောက်စရာကောင်းတဲ့သားရဲကြီးတစ် ကောင်ကနက်မှောင်နေတဲ့ရေအောက်ထဲမှာ ပုန်းနေသလိုမျိုးပင်ဖြစ်နေသည်။

များပြားတဲ့ရေများလျှံကျပြီးနောက် အနက်ရောင်လှိုင်းမှတစ်ဆင့် အနက်ရောင်အစိတ် အပိုင်းတစ်ခု, ကြောက်မက်ဖွယ်ကောင်းတဲ့အရိုးများက ရေပေါ်သို့တက်လာသည်။

“ဘာ….ဘာကြီးလဲဒါက” တစ်စုံတစ်ယောက်ကစူးစူးဝါးဝါးအော်လိုက်ကာ နောက်သို့ ဆုတ်လိုက်သည်၊ တခြားတစ်ယောက်ကလည်း ကြောက်လန့်စိတ်ကိုမထိန်းနိုင်ပေမယ့် ဒီဖြစ်ရပ်ကိုအထိတ်တလန့်ကြည့်နေသည်။

အနက်ရောင်ဦးခေါင်းခွံကအရင်ထွက်လာပြီး တစ္ဆေမီးတောက်မီးလျှံများက ရေထဲတွင် နစ်မြုပ်နေသော အလယ်ကမျက်လုံးအခေါင်းထဲမှပေါ်လာသည်၊ ဆိုးဝါးသောအစွယ်များ

က အပြင်ဘက်တွင် လှစ်ပြထားပြီး သူ့မှာကြောက်မက်ဖွယ်ကောင်းလောက်အောင်ကိုက် နိုင်တဲ့ခွန်အားက ယုံမှားဖွယ်ရာမရှိပေ။

သားရဲကသူ့ရဲ့လက်တွေကို ရေချိုးကန် အစွန်း၌တင်လိုက်ပြီး သူကိုယ်သူရေထဲမှဆွဲထုတ် တော့သည်။

ဘန်း!!

၎င်းကပြင်းထန်စွာနဲ့ကြမ်းပြင်ပေါ်သို့ကျသွားကာ အခန်းကလှုပ်သွားတော့သည်။

လူတွေကနောက်ဆုံးတော့ ထိုသားရဲအကောင်လိုက်ကိုမြင်တွေ့လိုက်သည်။

ဒါကနှစ်မီတာခွဲလောက်ရှည်လျားပြီး အနက်ရောင်ပြောင်တောက်နေသည့် အရိုးများဖြင့် ဖွဲ့စည်းထားသည်၊ ၎င်း၏သားမွှေးအသားနှင့်အူတွေက ပျက်စီးကာသန့်ရှင်းနေသည်၊ သိပ်သည်းသော စေးကပ်သည့်အနီရောင်ကြိုးများကအဆစ်များကိုအတူဆက်သွယ်ထား ပြီး စတီးနန်းကြိုးကမော်တာတိုင်ကို ဆွဲထားသလိုဖြစ်နေသည်။ ၎င်းရဲ့ ဗလာမျက်လုံးထဲ မှာတော့အပြာရောင်မီးတောက်များက လက်နေသည်၊ မျက်လုံးများက အေးစက်နေပြီး ကြမ်းတမ်းမှုတွေနှင့်ပြည့်နေသည်။

အခြားဖြေဆိုသူများက ကြက်သေသေနေကြသည်၊ ဒါကဘာလဲ ငါတို့စမ်းသပ်စာမေးပွဲက တူရောတူလား??

ဒေတာအချက်အလက်များကကောင်းဖန်၏မျက်လုံးထဲတွင်ပေါ်လာပြီး; ဆင့်ကဲပြောင်းလဲခြင်းပြီးဆုံး-- ပုံပန်းပျက်နေသောပြောင်းလဲမှု( အရိုးခွံဖုတ်ကောင်လူဝံ)။

***

အခန်း ၁၉ အလယ် အလတ်အဆင့်သားရဲပျိုးထောင်သူတရားဝင်လက်မှတ်

အဆိုပါ အရိုးခွံဖုတ်ကောင်လူဝံသည် ၎င်း၏အသားမရှိသောလက်များကို ငုံ့ကြည့်နေခဲ့သည်။ ယင်း၏စိတ်ခံစားမှုအခြေအနေကိုတော့ ၎င်း၏ မျက်လုံးအခေါင်းပေါက်မှနေတော့ ဘာမှမခွဲခြားနိုင်ပေ။

ထို့နောက် ၎င်းက ခေါင်းကိုမော့လိုက်ပြန်ကာ ထိုနေရာတွင်ပဲ ရပ်နေပြီး ဗလာအကြည့်များဖြင့် ကောင်းဖန်ကို ကြည့်နေခဲ့သည်။

[မကောင်းဆိုးဝါးအမည်] : အရိုးခွံဖုန်ကောင်လူဝံ

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၁ (ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း] : ပြီးပြည့်စုံခြင်း

[မကောင်းဆိုးဝါးအရည်အချင်း] : ဖုတ်ကောင်

[မကောင်းဆိုးဝါးအခြေအနေ] : အားနည်း (စိတ်လှုပ်ရှား)

[မကောင်းဆိုးဝါးအားနည်းချက်] : အလင်း

[ထင်ရှားခြင်းအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ] :

ပြီးပြည့်စုံခြင်းအဆင့်သားရဲ၊ အဆင့်၂၀အထိအောင်မြင်အောင် အဆင့်တက်နိုင်တာနဲ့ ချက်ချင်း အုပ်ချုပ်သူအဆင့်သို့မြှင့်လိုက်နိုင်သည်။

ပြောရမည်ဆိုလျှင် ဒီသားရဲကသေချာပေါက်ကို အုပ်ချုပ်သူအဆင့်သားရဲဖြစ်လာမည်ပင်။ ၎င်းမှာ တစ်မြို့လုံးစာအဖိုးတန်ဟု ချဲ့ကားပြောဆိုခြင်းဖြစ်သော်လည်း သိပ်တော့ မဝေးလှတော့သည့်အနေအထားပင်။ အုပ်ချုပ်သူအဆင့်သို့သာရောက်သွားပါက များစွာအဖိုးတန်ပေမည်။ ၎င်းအဆင့်မှာ ရှားပါးကာ ဒါတင်မက ဖုတ်ကောင်ပုံစံသားရဲအမျိုးအစားဆိုလျှင် အရှားပါးဆုံးနံပါတ်တစ်နေရာတွင်ပင် ရှိနေသည်။ အကယ်၍များ ဖုတ်ကောင်အမျိုးအစားသဘောကျနှစ်သက်သူများသာ မြင်သွားခဲ့ပါလျှင် ၎င်းကိုဝယ်ရန် များစွာကုန်ကြခံကြပေလိမ့်မည်။

ဒါပေမယ့် ဒါတွေအားလုံးက ကောင်းဖန်နဲ့တော့မဆိုင်ပါဘူး။ ဤသားရဲကို သားရဲပျိုးထောင်သူအဖွဲ့အစည်းမှ ချပေးထားခြင်းသာဖြစ်သည်။ အခန်းနေရာနှင့်အသုံးပြုခဲ့သည့်ပစ္စည်းများပင်လျှင် သားရဲပျိုးထောင်သူအဖွဲ့အစည်းမှ ထောက်ပံ့ပေးထားသည်များသာဖြစ်သည်။ ဒါကြောင့် ကောင်းဖန်အနေဖြင့် အရိုးခွံဖုတ်ကောင်လူဝံကို ပိုဆိုခွင့်ရရန် မျှော်လင့်နေစရာအကြောင်းကိုမရှိပေ။

ဒါက သူ၏စွမ်းရည်အနည်းငယ်ကို ထုတ်ဖော်ပြသရုံသာဖြစ်သည်။ သူ၏စွမ်းရည်နှင့်ဆိုလျှင် လုံလောက်သည့်အဆင့်မြှင့်ဖို့လိုအပ်သော ပစ္စည်းများရှိနေသ၍ သားရဲများ၏အဆင့်ကိုအောင်အောင်မြင်မြင်ဖြင့် အဆင့်မြှင့်တင်နိုင်မည်သာ။

သူထွက်သွားဖို့လုပ်လိုက်သည့်အချိန်တွင် အရိုးခွံဖုတ်ကောင်လူဝံက ရုတ်တရက်ဆိုသလို သူ့လက်ကို ဆန့်တန်းကာ ကောင်းဖန်၏အင်္ကျီအစွန်းကို လှမ်းဆုပ်ကိုင်ကာ တိုးတိုးလေးအသံပြုလာသည်။

“မင်းရဲ့အဆင့်က တက်သွားပြီလေ၊ မင်းမကျေနပ်တာတစ်ခုခုရှိနေလို့လား?” ကောင်းဖန်ပြုံးလိုက်ရင်း သူ့အင်္ကျီကိုဆွဲထားသည့် အရိုးခွံဖုတ်ကောင်လူဝံ၏လက်ကို ဖြေလျှော့လိုက်သည်။

အရိုးခွံဖုတ်ကောင်လူဝံသည် အစောကအတိုင်း ဗလာအကြည့်များဖြင့် ကောင်းဖန်ကို ထပ်ကြည့်လာပြန်ကာ ၎င်း၏ပုံစံမှာ စွန့်ပစ်ခံရသည့်ကလေးတစ်ဦးအတိုင်းပင်။ ၎င်း၏မျက်လုံးတွင်းထဲမှ မီးတောက်များသည်ပင် မှေးမှိန်လို့လာခဲ့သည်။

“ဒီလိုသားရဲမျိုးစိတ်အသစ်မျိုးကို အရင်ကတစ်ခါမှမမြင်ဖူးခဲ့ဘူး။” အဖွဲ့အစည်း၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက သူ့ရင်ဘက်သူ ဆုပ်ကိုင်ရင်း အလွန်ရှားပါးကာ အဖိုးတန်သည့်အလှတရားတစ်ခုကို မြင်နေရသလိုဟန်ဖြင့် ပြောလာခဲ့သည်။

ထို့နောက် သူ၏စိတ်အားထက်သန်နေသည့်အကြည့်များက ကောင်းဖန်ဆီသို့ကျရောက်သွားသည်။ မဟုတ်သေးဘူး။ တကယ့်ရတနာအစစ်က သားရဲမျိုးစိတ်အသစ်မဟုတ်ဘူး။ ဒီသားရဲအသစ်ကို ဖန်တီးခဲ့တဲ့လူပဲ။

ကောင်းဖန်၏ငယ်ရွယ်လှသည့်အသက်က သူ့ကိုထိတ်လန့်လို့သွားစေသည်။ ထူးခြားလှတဲ့အရည်အချင်းပဲ! ပါရမီရှင်တစ်ဦးပဲ!

သူ့ခေါင်းထဲတွင် ထိုကလေးကိုချီးမွမ်းပြောဆိုဖို့ရန်အတွက် တုန့်ဆိုင်းသွားခြင်းမျိုးမရှိခဲ့ပေ။

“ဟ-ဟ၊ ဒီသားရဲက မင်းနဲ့တော်တော်ရင်းနှီးနေပုံရတယ်။” အဖွဲ့အစည်း၏အကြီးတန်းအဖွဲ့ဝင်က ကျယ်လောင်စွာရယ်မောရင်းပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းဒီသားရဲကိုယူလိုက်ပေါ့။”

“ဒါပေမယ့် ဒါရိုက်တာကြီး၊” ဝန်ထမ်းတစ်ဦးက မနေနိုင်တော့ဘဲ လှမ်းသတိပေးလိုက်ရတော့သည်။ သူ့အနေနှင့် ဒီသားရဲကို မပေးလိုက်ချင်ပုံပင်။

အခြားသောဝန်ထမ်းများ၏မျက်နှာများတွင်လဲ ရှုပ်ထွေးသည့်အမူအရာများ ရှိနေကြသည်။

ဒီလိုအောင်အောင်မြင်မြင်အဆင့်မြှင့်နိုင်ခဲ့သည့်သားရဲများကို ပုံမှန်အားဖြင့် အကောင်းဆုံးလုပ်ငန်းခွင်ကျင့်ဝတ်ရှိသည့် ဝန်ထမ်းများထဲမှ တစ်ဦးကို ဆုချီးမြှင့်သည့်အနေဖြင့် ပေးအပ်လေ့ရှိသည်။ ၎င်းကတော့ သားရဲပျိုးထောင်ခြင်းအဖွဲ့အစည်း၏ လူမှုရေးထောက်ပံ့မှုလုပ်ငန်းစဉ်တစ်မျိုးပင်ဖြစ်သည်။

ဒါကြောင့် ရုတ်တရက်ကြီး ဆုလာဒ်ဖြစ်လာနိုင်သည့်တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရခြင်းက အချို့အတွက်တော့ ခါးသီးမှုကိုခံစားရသည်က သဘာဝပင်။

ကောင်းဖန်သည်လဲ ထိတ်လန့်စွာဖြင့် သူ့ရှေ့ရှိ သားရဲပျိုးထောင်သူအဖွဲ့အစည်းမှ ဒါရိုက်တာဟု ထင်ရသော အသက်၃၀ ဝန်းကျင်လူကြီးကို ကြည့်လိုက်မိသည်။

“ဒီမြစ်နီလူဝံကို ဘယ်နှစ်ကြိမ်တောင်စမ်းသပ်ထားတာလဲ၊ ဟမ်? မင်းတို့က ငါတကယ်ဘာမှမသိဘူးလို့ ထင်နေကြတာလား? အဖွဲ့အစည်းရဲ့စည်းမျဉ်းအရ သားရဲကို မဖယ်ရှားခင် ဘယ်နှကြိမ်အထိဘဲ စမ်းသပ်ခွင့်ပြုထားလဲ?” ဒါရိုက်တာ၏အမူအရာမှ အေးစက်သွားလာခဲ့သည်။

“ဒီကလေးမှာပါရမီရှိနေတာကံကောင်းလို့ပေါ့။ တခြားလူသာဆို သေချာပေါက် စစ်ဆေးမှုကို ကျရှုံးသွားကြမှာ။ ချန်အန်းသားရဲပျိုးထောင်ခြင်းအဖွဲ့အစည်းက ကျန်းမာသန်စွမ်းတဲ့သားရဲလေးတစ်ကောင်တောင် စစ်ဆေးမှုမှာပေးဖို့ မတတ်နိုင်ကြဘူးဆိုတဲ့ သတင်းတောင်မှ ပျံ့သွားနိုင်တယ်။ ငါအခုဒီကိုရောက်နေတာ မင်းတို့အလုပ်ကိုကောင်းကောင်းမလုပ်ကြတဲ့အတွက်!”

ထိုအခါတွင်တော့ ဝန်ထမ်းများ သူတို့ခေါင်းများကိုငုံ့သွားကြကာ ဘာစကားမှ ထပ်ပြောမလာတော့ပေ။

ဤနေရာနားသို့ရောက်နေကြသည့် ပြိုင်ပွဲဝင်များပင်လျှင် နေရခက်ကုန်ကြသည်။ ဒါရိုက်တာ၏စကားမှုအမှန်တရားဆိုလျှင်ပင် ဒီလောက်ထိ ရှင်းရှင်းကြီးထုတ်ဖော်ပြောဖို့ မလိုဘူးမဟုတ်လား။

သို့ပေမည့် ဒါရိုက်တာကတော့ ထိုဝန်ထမ်းများသည် သူ၏ဝန်ထမ်းများဖြစ်သည်။ သူ့တွင် မလိုအပ်ဆုံးကတော့ ဝန်ထမ်းများပင်ဖြစ်သည်။ ချန်အန်းတစ်မြို့လုံးကို သူလှည့်ရှာလိုက်ပါက ဒီနေရာတွင် အလုပ်လုပ်နိုင်ရန် လျှောက်ထားသူများမှာ မြင့်မားခိုင်မာလှသည့် ဘုရားတစ်ဆူကို တည်ဖို့ရန်ပင် လုံလောက်လှသည်။ သူ့အနေဖြင့် ဝန်ထမ်းများကို အစားထို့ဖို့ရန်က လွယ်လွယ်လေးပင်။

သို့ပေမည့် ကောင်းဖန်ကတော့ မတူညီပေ။ ကောင်းဖန်လိုမျိုးပါရမီပြည့်ဝသည့် တစ်စုံတစ်ယောက်ကို သူတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

သားရဲပျိုးထောင်သူပါရမီရှင်များရှိသည်ကို သူကြားဖူးထားခဲ့ပေမည့် ကိုယ်တွေ့တွေ့ဆုံဖို့ရန်ကတော့ တစ်ခါမှကံမကောင်းခဲ့ပေ။ ဒီနေ့လိုမျိုး လူကိုယ်တိုင်တွေ့ခွင့်ရမည့် အခွင့်အရေးမျိုးရှိလာလိမ့်မည်ဟုလဲ သူတစ်ခါမှမတွေးမိခဲ့ဖူးပေ။

သူသည် ကံကောင်းခြင်းကို မယုံကြည်သူဖြစ်သည်။ သားရဲပျိုးထောင်သူများအသုံးပြုရသည့် ပစ္စည်းများအားလုံးနှင့် အသုံးပြုပုံများသည် အလွန်တိကျလွန်းလှသည်။ အသုံးပြုသည့် ပစ္စည်းကအတိအကျတူလျှင်တောင်မှ မှန်ကန်သည့် ပမာဏနှင့် အချိုးအစားပေါင်းစပ်မှုမှာ မှားယွင်းခဲ့ပါက ကျရှုံးသွားပေလိမ့်မည်။

“လူငယ်လေး၊ မင်းစိတ်မရှိဘူးဆိုရင် ဒီလူကြီးချန်းကို နည်းနည်းပါးပါးသင်ယူနိုင်အောင်လို့ မင်းလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပေးလို့ရမလား?” ဒါရိုက်တာကြီးက ရယ်မောကာပြောလိုက်သည်။

ဒီတောင်းဆိုမှုက ကောင်းဖန်ကိုထွက်ခွင့်ပြုတဲ့အကြောင်း ပြောပြလိုက်တဲ့နည်းလမ်းပင်ဖြစ်သည်။

စာမေးပွဲခန်းမထဲမှ လူမြောက်များစွာသည်လဲ ရုတ်တရက် နားဆွံ့ကုန်ကြသည်။

ကောင်းဖန် ခဏလောက်တွန့်ဆုတ်နေကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသိုသိုသိပ်သိပ်မနေနိုင်တော့မှတော့ ဆန့်ကျင်ဘက်အနေနှင့် အကောင်းဆုံးလုပ်ပြရတော့တာပေါ့။

ဒါ့အပြင် ယနေ့အစီအစဉ်ပြီးသည့်နောက်မှာ သူ့အနေနှင့် သိုသိုသိပ်သိပ်နေဖို့ရန် မဖြစ်နိုင်တော့ပေ။

ကောင်းဖန်၏ပုံမှန်သမားရိုးကျအမူအရာမှနေပြီး လေးနက်သည့်အနေအထားသို့ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မှန်ကန်တဲ့ခံစားချက်မျိုးရရှိစေရန် ခဏလောက် တိတ်ဆိတ်ငြိမ်သက်စွာ နေလိုက်သည်။

“အရင် မြစ်နီလူဝံကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ ဖြေဆိုသူတွေက သူတို့ဘာလုပ်လို့လုပ်မှန်းတောင် မသိကြဘူးလို့ ကျွန်တော်ထင်တယ်။” ကောင်းဖန် အေးစက်စက်အနေအထားဖြင့်စပြောလိုက်သည်။ သူ၏စကားထဲတွင် ဘာအဖွဲ့အနွဲ့မှ မပါဝင်ပေ။

မြစ်နီလူဝံရဲ့နာမည်ထဲမှ ‘မြစ်’ဆိုတဲ့ စကားလုံးပါဝင်ပေမယ့် ၎င်းရဲ့အရည်အချင်းကတော့ ရေနဲ့နည်းနည်းလေးမှ မသက်ဆိုင်ပါဘူး။ သူ့ရဲ့ မြစ်နီလူဝံဆိုတဲ့နာမည်ဆိုတာက ဒီလူဝံတွေကို တွေ့ရှိခဲ့တဲ့ နေရာဒေသကိုလိုက်ပြီး ခေါ်ကြခြင်းဖြစ်သည်။

“တချို့အရူးတွေကတွေးကြတယ်၊ သူ့ရဲ့နာမည်မှာ “ မြစ်” ဆိုတဲ့စကားလုံးပါတဲ့အတွက် မြစ်နီလူဝံကိုအစာကျွေးဖို့ ရေပမာဏများပြားစွာပါတဲ့ အရာတွေနဲ့ ယင်ဓာတ်အမျိုးအစား အရောအနှောတွေကိုကျွေးရမယ်လို့ထင်ကြတယ်၊ အကယ်၍ရေအမျိုးအစား အရောအနှောတွေကို သုံးမယ်ဆိုရင် ဒါကကောင်းပါတယ်။ ဒါပေမယ့်မြစ်နီလူဝံရဲ့အားနည်းချက်က တကယ်တော့ ယင်စွမ်းရည်ဘဲဖြစ်တယ်၊” ကောင်းဖန်ဆက်မပြောခင် ရပ်လိုက်သည်၊ “ဒီလိုတွေးခေါ်ပုံမျိုးနဲ့တော့ အဲ့လူကို ရူးနေတယ်လို့ မဆိုလိုပါဘူး။ ဆိုးရွားတဲ့လက်တွေ့စမ်းသပ်မှုတစ်ခုနှစ်ခုလောက်က ဒီမြစ်နီလူဝံကို ခုအခြေအနေလောက် ထိရောက်ဖို့ အကြောင်းတရားမလုံလောက်ဘူး။”

“အိုး၊ မင်းပြောနေတာမြစ်နီလူဝံရဲ့ ယင်စွမ်းရည်အားနည်းချက်ကိုပြောနေတာလား?” ဒါရိုက်တာချန်းကနည်းနည်းအံ့ဩသွားတယ်၊ “သစ်သားအမျိုးအစားဖြစ်သင့်တာမဟုတ် ဘူးလား?”

“ဒြပ်စင်ငါးခုအကြားအပြန်အလှန်ဆက်သွယ်မှုအရ သစ်သားကမြေကြီးရဲ့တစ်စိတ်တစ် ပိုင်းဖြစ်သင့်သလား?”တစ်စုံတစ်ယောက်ကနားထောင်နေရင်းသူ့ရဲ့ဒွိဟဖြစ်နေမှုကြောင့် အသံထွက်လာတော့သည်၊

“ရိုးရှင်းတဲ့ကိစ္စတွေမှာ ကျနော်တို့အတွက်ရှာဖွေဖို့ရိုးရှင်းတဲ့စမ်းသပ်မှုကလုံလောက်နေပြီ။ ဟုန်းရွယ်လူဝံ အရေအတွက်ကများများစားစားမရှိပေမယ့် သူတို့ကိုဖမ်းဖို့ကြတော့လည်း မခက်ပြန်ဘူး, ဟုတ်တယ်မလား?”ကောင်းဖန်ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“သားရဲတွေရဲ့ပင်ကိုအရည်အချင်းတွေက ဒြပ်စင်ငါးခုရဲ့တုန့်ပြန်မှုအတိုင်းအချိန်တိုင်း လိုက်မနေနိုင်ဘူး၊ ဒါကသူတို့အများစုကလုပ်ပေးရုံလောက်ဘဲ၊ အဲ့ဒီ စံသတ်မှတ်ချက်က နေသွေဖယ်သွားတဲ့ တစ်ချို့ရှားပါး နမူနာသားရဲတွေတောင်ရှိနေသေးတယ်၊” ကောင်းဖန် ဆက်ပြောလိုက်သည်၊ ဒါကလည်း ဒါရိုက်တာချန်းကိုယ်တိုင်သိတဲ့အချက်ဘဲ ဖြစ်သည် ။ “ရေစွမ်းအင်နဲ့ ယင်စွမ်းအင်ရဲ့ခွန်အားက မြစ်နီလူဝံရဲ့ခန္ဓာကိုယ်ထဲမှာ အစကတည်းက နက်နက်ရှိုင်းရှိုင်းနဲ့စီးဆင်းနေပြီး သား, အဲ့တာတွေက ရိုးတွင်းခြင်ဆီတွေထဲ ထိစိမ့်ဝင် သွားတယ်၊ အဲ့တာတွေကိုခန္ဓာကိုယ်ထဲက ဖယ်ထုတ်ဖို့အတွက်က အချိန်နဲ့စွမ်းအားကို အရမ်းဖြုန်းသလိုဖြစ်သွားနိုင်တဲ့အတွက် ကြောင့် ပုံမှန်လုပ်နည်းနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဟာကိုကျနော်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဘဲ။”

“လွန်ခဲ့တဲ့သုံးရက်က ကျနော်သူ့ရဲ့ ဝိဉာဉ်ခိုင်မာစေဖို့နဲ့ စွမ်းအင်ခိုင်မာအောင် ဖယောင်း နက်မြက်ပင်ပေးခဲ့တယ်၊ အဲ့ဒီနောက် ယင်စွမ်းအင်ဓာတ်ကိုအခြေခံအဖြစ်သုံးပြီး မသေမျိုး အမျိုးအစားနဲ့ ဖုတ်ကောင်အမျိုးအစားပစ္စည်းတွေအပါအဝင် ဖုတ်ကောင်သားရဲသလင်း အမြုတေကို သူ့ရဲ့ဆင့်ကဲဖြစ်စဉ် နှိုးကြွလာစေဖို့ပေးခဲ့တယ်၊” ကောင်းဖန်ဒီအပိုင်းကို လိုရင်းတိုရှင်းဘဲပြောလိုက်တယ်၊သူသုံးတဲ့ပစ္စည်းတွေက မည်သူမဆိုအလွယ်တကူရှာဖွေ နိုင်တဲ့ပစ္စည်းတွေမလို့ ဒါတွေနဲ့ပတ်သတ်ပြီးဖုံးကွယ်ထားစရာမရှိပေ။

ဤနည်းလမ်းတွေရဲ့ အခရာကျတဲ့အချက်ကတော့ချမှတ်ထားတဲ့ပမာဏအတိုင်းနှင့်ပစ္စည်း အစဉ်လိုက်ကိုသုံးသောကြောင့်ဖြစ်သည်။

ကောင်းဖန်က အရူးမဟုတ်ပါ၊ သူလိုအပ်တဲ့ ပစ္စည်းတွေရဲ့အတိအကျပမာဏကို မတောင်း ဆိုခဲ့ပါ။ ပစ္စည်းအားလုံးအတွက် သူကလိုအပ်တာထက်နည်းနည်းပိုတောင်းခဲ့သည်။

အကယ်၍တစ်စုံတစ်ယောက်က ဒီလိုတူညီတဲ့စမ်းသပ်မှုမျိုးနှင့်သူသုံးတဲ့အစဉ်လိုက် ပမာဏဆိုလျှင် ထိုစမ်းသပ်မှုကကျရှုံးမှာဖြစ်သည်။

အကယ်၍တစ်စုံတစ်ယောက်က ကျိုးကြောင်းဆင်ခြင်၍ လိုအပ်တဲ့တိကျတဲ့အချိုးနဲ့ ပမာဏကိုသုံးလျှင်တောင်မှ စွမ်းအင်ပမာဏနှင့် သုံးစွဲရမည့်ပစ္စည်းအင်အားမှာ ကိန်းဂဏန်းအလွန်ကြီးမားသည်။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့လူငယ်ဘဲ” ဒါရိုက်တာချန်းကသူ့ခေါင်းကိုညိတ်ရင်း ပြောသည်၊ “အများဆုံး ကျုပ်ခွင့်ပြုချက်နဲ့ဘဲ ကန့်သတ်ပြီးပေးနိုင်တာကတော့ အလယ် အလတ်အဆင့်သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ဘဲ၊ မင်း ယန်ကျင်းဌာနချုပ်ကို သွားပြီး အကဲဖြတ်အဆင့်ကိုကျော်ဖြတ်နိုင်ရင် သူတို့ခွင့်ပြုချက်နဲ့ အဆင့်မြင့်သားရဲပျိုး ထောင်သူတရားဝင်လက်မှတ်ကိုရလိမ့်မယ်၊ မင်းရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် သာမန်

သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ကိုဘဲရတာက မင်းအတွက်မတရားသလိုဖြစ်နေ လိမ့်မယ်၊”

“ကျနော်က ကံကောင်းသွားရုံပါ”, ကောင်းဖန်နှိမ့်ချစွာနဲ့ပြောလိုက်သည်။

“ဒါကသေချာပေါက်ကို သာမန်မဟုတ်တဲ့ ကံကောင်းမှုဘဲ” ဒါရိုက်တာချန်းကရယ်သည်။

လူအုပ်အတွင်းရှိလူများကတော့သေချာပေါက်ကိုစိမ်းဖန့်နေကာ မနာလိုအားကျ ဖြစ်နေ တော့သည်။ သူတို့မှာတော့ သာမန်သားရဲပျိုးထောင်သူတရားဝင်လက်မှတ်လေးရဖို့ကို သူတို့သွေးတွေ,ချွေးတွေ,မျက်ရည်တွေနဲ့အားစိုက်ထုတ်ကြရသည်၊ဒီမှာတော့ဒီကောင် လေးက ချက်ချင်းကိုဘဲ အလယ်အလတ်အဆင့်တရားဝင်လက်မှတ်ကိုရသွားပြီဖြစ်သည်။

သို့သော်သူတို့မနာလိုအားကျမှုများဖြစ်နေသော်လည်း သူ့တို့ကိုယ်ပိုင်အရည်အချင်းကို ကောင်းကောင်းသိ၍ ကြေးများမှုတစ်ခုကြောင့်ကန်ချမှုကိုတော့ ရူးရူးမိုက်မိုက်ခုန်ချမည် မဟုတ်ပေ။ အကယ်၍ သူတို့မှာအချိန်နှင့် ခွန်အားအပြည့်ရှိပါက သူတို့ သာမန်လက်မှတ် ရရန်အတွက် သေချာအာရုံစိုက်ကြမည်ကိုသိသည်။

ပွဲကြည့်ပရိတ်သတ်ဖြေဆိုသူများက အလျင်အမြန်ပင်ပျောက်သွားကြတော့သည်၊ ဒီနေ့ပွဲ ကသူတို့အတွက်ကြီးမားတဲ့လှုံဆော်မှုကိုပေးခဲ့သည်။

ဒါရိုက်တာချန်းရဲ့လက်ထောက်က အချိန်မဆွဲဘဲ ရိုးခွံဖုတ်ကောင်လူဝံရဲ့ သက်သေခံ ကတ်ပြားကိုပြုလုပ်လိုက်သည်၊ ရင်းနှီးမှုရှိသောသားရဲတိုင်း အစိုးရနှင့်မှတ်ပုံတင်ရမည်၊ ဒါကဥပဒေအရမဖြစ်မနေလုပ်ရမည့်အရာဖြစ်သည်။

သက်သေခံကတ်ပြားမရှိပါက အပိုင်သားရဲသည် တရားမဝင်နေထိုင်သူအဖြစ်ယူဆမည် ဖြစ်သည်။ ကတ်ဖြင့်သာ ပိုင်ဆိုင်သောသားရဲများကို ပြိုင်ပွဲများအတွက်လေ့ကျင့်ပေးရန် နှင့် ပြိုင်ပွဲများအတွက် သုံးနိုင်မည်ဖြစ်သည်။

သို့သော် ဒါတွေအားလုံးက ကောင်းဖန်အတွက် လုံးဝဥဿုံပြီးဆုံးခြင်းမဟုတ်ပါ၊ အဆုံး တွင်ဒါရိုက်တာချန်းက တောင်းဆိုချက်ကိုတင်ပြခဲ့သည်၊ ကောင်းဖန်သည်လာမည့်နှစ် ကမ္ဘာမြေသားရဲပျိုးထောင်သူပြိုင်ပွဲတွင်ချန်အန်းကိုယ်စားပြုအဖြစ်မျှော်မှန်းထားသည်။

ဒါရိုက်တာချန်သည် ကောင်းဖန်ကိုသူနှင့်ပါဝင်စည်းရုံးခြင်းမှရရှိသော အကျိုးအမြတ်အ တွက်မှီခိုရန်မကြိုးစားသည့်အစား စိတ်ရင်းမှန်နှင့်ပင်တောင်းဆိုခဲ့သည်။

“ ချန်အန်းမှာ သားရဲပျိုးထောင်သူပါရမီရှင်မျိုးဆက်က အနည်းငယ်ဘဲရှိတယ်၊ မင်းကငါတွေ့ဖူးသမျှထဲ မှာအရည်အချင်းအရှိဆုံးတစ်ယောက်ဘဲ, ဒါကြောင့်ကမ္ဘာမြေသားရဲပျိုးထောင်သူပြိုင်ပွဲ မှာချန်အန်းရဲ့ကိုယ်စားပြုအဖြစ်ပါဝင်ပေးဖို့ ငါစိတ်ရင်းနဲ့မျှော်လင့်ပါတယ်။”

ကမ္ဘာမြေသားရဲပျိုးထောင်သူပြိုင်ပွဲမှာ အသက်ကန့်သတ်မထားဘူး၊ လူကြီးပိုင်း,လူလတ် ပိုင်း,လူငယ်ပိုင်း အားလုံးက ကပ်ဆိုးကြီးဖြစ်ပြီးနောက်သုံးနှစ်အကြာမှာဘဲ လူတိုင်းက အခြေခံအားဖြင့် သားရဲပျိုးထောင်သူဖြစ်ရန် လမ်းကြောင်းတစ်ခုတည်းတွင် အတူတူ ရပ်နေကြသည်။

အစပိုင်းမှာတော့ ကောင်းဖန်သိပ်ပြီးစိတ်မဝင်စားပါ၊ ဒီကိစ္စက သူ့အတွက်စိတ်သောက ရောက်စေပြီး သူကထင်ရှားမှုမှာလည်း အရသာတွေ့တတ်တဲ့လူမျိုးမဟုတ်ပေ။

ဒါပေမယ့်ဒါရိုက်တာချန်းကထပ်ပြောလိုက်တယ် “ မင်းကထောင်ပေါင်းများစွာထဲမှာ ထိပ်ဆုံးဖြစ်နေရင် မင်းပါဝင်နေသမျှကာလပတ်လုံး ဆုရလိမ့်မယ်၊ မင်းရဲ့အနေအထား ပိုကောင်းလာလေ ဆုကောင်းတာရလေဘဲ၊ မင်း ထိပ်ဆုံးဆယ်ယောက်ထဲမှာပါအောင် လုပ်နိုင်ရင် မင်းအနည်းဆုံး မဟာမိတ်ခရက်ဒစ်၁၀,၀၀၀ရလိမ့်မယ်။

“ကြီးမားတဲ့စွမ်းအားနဲ့အတူ ကြီးမားတဲ့တာဝန်တွေလည်းလာလိမ့်မယ်၊ ကျွန်တော်လုပ်မယ် ဒါရိုက်တာချန်း; ခင်ဗျားထပ်ပြောစရာမလိုတော့ပါဘူး” ကောင်းဖန်တည်ငြိမ်စွာနဲ့ပြော လိုက်သည်။

သားရဲပျိုးထောင်သူအဖွဲ့အစည်းကနေထွက်ခွာပြီးနောက် ကောင်းဖန်သူ့ဘေးမှာရပ်နေတဲ့ ရိုးခွံဖုတ်ကောင်လူဝံကိုကြည့်လိုက်သည်၊ အကဲဖြတ်မှုကိုသွားပြီး နောက်ထပ် ရင်းနှီးသူ သားရဲတစ်ကောင်နဲ့ အဆုံးသတ်ရခြင်းသည် တစ်နည်းနည်းနဲ့မယုံနိုင်စရာကောင်းအောင် ခံစားရသည်။

ဟုတ်တာပေါ့, ကောင်းဖန်ဝိဉာဉ်ရဲ့စွမ်းအားက မလုံလောက်ဘူး; သူရိုးခွံဖုတ်ကောင်လူဝံနဲ့ အခြေကျတဲ့သွေးစာချုပ်ကို ချုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ မလွဲတမ်းပြောရရင် ၎င်းကသူ့ရဲ့ ကိုယ်ပိုင်သားရဲလည်းခုထိမဖြစ်သေးဘူး။

ဒါပေမယ့် ခြားနားချက်ကတော့သိပ်မကြီးမားပါဘူး၊ သူ့သွေးစာချုပ်ကပျောက်နေတယ်၊

အတိအကျဆိုရင် သွေးစာချုပ်မှာ လူနဲ့သားရဲကြား သဘောတူညီမှုလိုအပ်တယ်ဆိုတော့ တခြားလူကဒီမိုက်မဲတဲ့လူဝံကိုသူ့ဆီကနေအဝေးကိုခေါ်သွားဖို့ဆိုတာကို ကောင်းဖန် ကြောက်မနေဘူး။

ဘုရားမပေလို့ဘဲ, ဒါဖုတ်ကောင်အမျိုးအစားသားရဲဖြစ်ပြီး အစာစားစရာမလိုလို့, အဲ့လိုမှ မဟုတ်ရင်အစားအတွက်အသုံးစရိတ်ကသူ့အိမ်ထောင်စုအတွက် ပိုတိုးလာပြန်ဦးမယ်။ စိတ်ထဲတွင် ကျေးဇူးတင်ဖို့ကောင်းတဲ့အတွေးတွေနဲ့ ကောင်းဖန်သားရဲပျိုးထောင်သူအဖွဲ့ အစည်းကဝင်ပေါက်ကနေသူ့ရဲ့ ရိုးခွံဖုတ်ကောင်လူဝံနဲ့ထွက်လာတော့ ၁၀၀%သောလူ တွေရဲ့ခေါင်းတွေကလှည့်လာကြသည်။

***

အခန်း ၂၀ လွန်ကဲစွာ အာဟာရဓာတ်ပြည့်ဝနေခြင်း

အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူလက်မှတ်ကို အိတ်ထဲတွင်ထည့်ရင်း ကောင်းဖန်၏စိတ်နှလုံးနွေးထွေးလာခဲ့ရသည်။

လူတွေကတော့ ဒီလက်မှတ်ရှိရင် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အပိုအမှတ်၃၀ထည့်ပေါင်းပေးတယ်လို့ ပြောကြတာပဲ။ ကောင်းဖန်တွေးလိုက်မိသည်။

ရင်ပြင်ကြီးသည် အေးစိမ့်ကာ အားပေးမှုများ ကင်းမဲ့လို့နေသည်။ ဒီနေရာမှာ ဘယ်သူမှ စောင့်မနေခဲ့ကြပေ။ သူငယ်ချင်းများနှင့်မိသားစုများသည်လဲ အိမ်သို့ပြန်သွားကြပြီဖြစ်သည်။ ပြီးတော့ လက်တွေ့စစ်ဆေးမှုကလဲ တစ်ပတ်လုံးကြာခဲ့ပြီဖြစ်သည်။

ဘက်စ်ကားဂိတ်တွင် ကောင်းဖန်ဘေး၌ အရိုးခွံဖုတ်ကောင်လူဝံက ထိုင်နေခဲ့ကာ နှစ်ယောက်လုံး စကားမပြောတာကြောင့် တိတ်ဆိတ်လို့နေသည်။ ၎င်းသည် တစ်နေ့ကုန် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေနိုင်သလို နာကျင်မှု သို့မဟုတ် ထိတွေ့မှုကိုလဲ အာရုံမခံနိုင်ပေ။

မကြာခင်တွင်ပဲ ဘက်စ်ကားက မှတ်တိုင်သို့ရောက်ရှိလာခဲ့သည်။ ယာဉ်မောင်းသူက ကောင်းဖန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင် ရှေ့သို့ပြန်လှည့်သွားခဲ့သည်။ ထို့နောက်တွင်မှ ရုတ်တရက် မျက်လုံးပြူးမျက်စံပြူးဖြင့် တစ်ဖန်လှည့်ကြည့်လာခဲ့ပြန်သည်။ အရိုးခွံဖုတ်ကောင်လူဝံ! ယာဉ်မောင်း၏အတွေးပင်ဖြစ်သည်။

တစ်ခုခုတော့ မှားနေပြီ။

ယာဉ်မောင်းဦးလေးကြီးက နောက်တစ်ဖန် အရိုးခွံဖုတ်ကောင်လူဝံကို စိုက်ကြည့်လိုက်ပြန်သည်။

“ဆာရ်၊ ဒီသားရဲမှာ သက်သေခံကတ်ပြားရှိပါတယ်။ ကြည့်ပါ၊ ဒါသူ့ရဲ့သက်သေခံကတ်ပြားပါ။” ကောင်းဖန် သက်သေခံကတ်ပြားကို ယာဉ်မောင်းအား ပြလိုက်သည်။ ထိုကတ်သည် ဒါရိုက်တာချန်း၏အကူအညီဖြင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းလဲ သက်သေခံကတ်ကိုယူကာ စစ်ဆေးကြည့်လိုက်ပြီးနောက် အရိုးခွံဖုတ်ကောင်လူဝံကို ကြည့်လိုက်ပြန်သည်။ သက်သေခံကတ်ပြားထဲတွင် အရိုးခွံဖုတ်ကောင်လူဝံသည် မိုက်မဲသည့်မျက်နှာထားဖြင့် ကင်မရာကို စိုက်ကြည့်နေခဲ့သည်။

“ဒါအတွက် သုံးယောက်စာစီးနင်းခကျမှာပါ။” ယာဉ်မောင်းက ကောင်းဖန်ကို ပြန်ပြောလိုက်သည်။

သားရဲများသည်လဲ ဘက်စ်ကားခပေးရပေသည်။ သားရဲ၏ပုံစံအရွယ်အစားအလိုက် ဘက်စ်ကားခလဲ အမျိုးမျိုးရှိသည်။

ဘက်စ်ကားထဲဝင်ပြီးနောက် လျှောက်လမ်းအတိုင်းကောင်းဖန်နောက်မှနေပြီး အရိုးခွံဖုတ်ကောင်လူဝံလိုက်သွားခဲ့သည်။ သူတို့နှစ်ဦး၏ထူးခြားလှသည့်အသွင်အပြင်က လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ဟေ့လူ၊ ခင်ဗျားအဲ့ဒီသားရဲကို ဘယ်ကရခဲ့တာလဲ။ အရမ်းမိုက်တာပဲ!” ဆံပင်အဝါရောင်ဆိုးထားသည့် လူငယ်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

ကောင်းဖန်ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်ပေမည့် ဘာမှတော့ပြန်မဖြေခဲ့ပေ။ သူဘာများပြန်ဖြေနိုင်မှာလဲ? ဒါက သူစမ်းသပ်ဖန်တီးထားတဲ့ သားရဲလို့လား?

ကောင်းဖန် သူ့ကိုလျစ်လျူရှုလိုက်သည်ကို တွေ့လိုက်ရတော့ ဆံပင်အဝါနှင့်လူငယ် မပျော်မရွှင်ဖြစ်သွားကာ မျက်နှာထက်တွင်လဲ ရက်စက်သည့်အမူအရာများ ပေါ်ထွက်လာသည်။

ရုတ်တရက်ဆိုသလို အလွန်တိတ်ဆိတ်နေသည့် အရိုးခွံဖုတ်ကောင်လူဝံက ရှေ့သို့တက်လာကာ ၎င်း၏ခြေအိတ်မရှိသည့် ခြေထောက်များတွင်ပင် မီးတောက်လို့လာပြီး ဟိန်းဟောက်လိုက်သည်။

ဆံပင်အဝါနှင့်လူငယ်သည်တော့ တုန်လှုပ်ချောက်ချားသွားကာ နောက်သို့ပင် နှစ်လှမ်းဆုတ်လိုက်မိပြီး အတင်းဖျစ်ညှစ်ပြုံးလိုက်ပြီး၊ “ဟေ့လူ၊ စိတ်အေးအေးထားပါ၊ ငါက အန္တရာယ်ပြုချင်လို့မဟုတ်ပါဘူး။ ဒီရင်းနှီးကောင်က အရမ်းမိုက်လို့ ငါလဲ ဝယ်ချင်ရုံပါ။ မင်းမပြောပြချင်လဲ ကိစ္စမရှိပါဘူး။ ငါတို့က လူယဉ်ကျေးတွေပဲ တိုက်ခိုက်စရာမလိုက်ပါဘူး။”

“ဒမ်ဘီ၊” ကောင်းဖန် ခေါ်ဆိုရင်း အရိုးခွံဖုတ်ကောင်လူဝံကို ကြည့်ကာ ဆူလိုက်သည်။

ဒမ်ဘီ : ဒါကတော့ အရိုးခွံဖုတ်ကောင်လူဝံကို ကောင်းဖန်ပေးထားတဲ့နာမည်ပါ။ ၎င်းက တစ်ကောင်တည်းရှိနေချိန်ဆို အမြဲတမ်း တိတ်ဆိတ်ကာ စကားပြောလေ့မရှိတာကြောင့်ဖြစ်သည်။

အရိုးခွံဖုတ်ကောင်လူဝံလဲ လှည့်လာကာ သူ့ပိုင်ရှင်ကို ကြည့်လိုက်သည်။ ဒမ်ဘီက သူ့ခေါင်းကို ငုံ့လိုက်ကာ နောက်ပြန်ဆုတ်ပြီး ကောင်းဖန်နောက်တွင် ဝင်ရပ်လိုက်သည်။

အခြေအနေပုံမှန်ပြန်ဖြစ်သွားသည့်နောက် ကောင်းဖန်တစ်ယောက် ကြယ်တစ်ပွင့်ထပ်ဖြစ်လာခဲ့ပြန်သည်။ သူဘယ်ကိုပဲသွားသွား လူတွေရဲ့အာရုံစိုက်ခြင်းကို ခံနေရတာပဲ။ ကလေးဆိုးတစ်အုပ်ကြီးသည် ကောင်းဖန်နောက်သို့လိုက်ကာ အရိုးခွံဖုတ်ကောင်လူဝံကို ခေါင်းစခြေဆုံး စိတ်ဝင်တစားကြည့်နေကြသည်။ အချို့ရဲသည့်ကလေးများဆိုလျှင် လူဝံကို ကျောက်ခဲများဖြင့်ပင် ပစ်လာခဲသည်။

“ဟေ့၊ ဒီမကောင်းဆိုးဝါးသားရဲကြီးကို ပစ်ပေါက်ကြရအောင်!”

ကောင်းဖန် ကူကယ်ရာမဲ့နေတော့သည်။ ‘ငါ ဒမ်ဘီအတွက် ခြုံထည်အမဲတစ်ခုလောက် လုပ်ပေးလိုက်ရင်ပိုကောင်းမယ်။’ မဟုတ်ရင် အရမ်းကို မျက်စိထဲ ထင်းခနဲဖြစ်နေတယ်။

ဖုတ်ကောင်ရင်းနှီးကောင်များသည် ချန်အန်းနယ်မြေတွင် ရှားပါးကြသည်။ သူတို့အတွက် သင့်တော်သည့်နေရာလဲမရှိတာကြောင့် ဖုတ်ကောင်ရင်းနှီးကောင်တစ်ကောင်ကို မြင်ဖူးသည့်လူမှာ အနည်းစုသာရှိသည်။ ဒါကြောင့်လဲ အခုလိုမျိုးဖြစ်ရပ်တွေဖြစ်နေရတာပေါ့။

သို့သော်လည်း ရှန်းရှီတွင်တော့ ဖုတ်ကောင် နှင့်မသေမျိုးရင်းနှီးကောင်များ စုရုံနေထိုင်ကြသည်ဟု လူအများကဆိုကြသည်။

အပေါ်ထပ်သို့တက်လာချိန်တွင် အားလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အနည်းငယ်သော စိတ်ရှုပ်စရာကောင်းလှသည့် အိမ်နီးချင်းသားရဲများသည်လဲ ဒီကနေ့ တိတ်ဆိတ်နေကြသည်။ ထိုသို့ စိတ်ဝင်စားစရာကောင်းစရာဖြစ်နေသည့် အကြောင်းကို ကောင်းဖန်သိလိုက်ကာ သူ့နောက်တွင်ရှိနေသည့် ဒမ်ဘီကို လှည့်ကြည့်လိုက်သည်။

“အန်ကယ်လျို၊ ကျွန်တော်ပြန်ရောက်ပြီ။” ကောင်းဖန် ဦးလေးလျို၏အိမ်တံခါးကို ခေါက်ရင်း ပြောလိုက်သည်။

တံခါးမဖွင့်ခင်မှာပဲ တာ့ဇီကစိတ်လှုပ်ရှားကာ တရှူးရှူးတရှဲရှဲလုပ်နေတော့သည်၊ ဦးလေးလျိုရဲ့စိတ်တိုတဲ့အသံကနောက်ကလိုက်လာတော့သည်၊ “မင်း ကျေးဇူးမသိတတ်တဲ့ အဆိုးပေလေး,ငါမင်းအတွက်နေ့တိုင်း ပြုစုပေးရတာ, မင်းကိုကောင်းတဲ့အစာနဲ့သောက်စရာပေးတယ်, ခုကြည့်စမ်း ငါ့ကိုဘယ်လိုကျေးဇူးဆပ်လိုက်လဲဆိုတာ!! မင်းသခင်ပြန်လာ တာစက္ကန့်ပိုင်းလောက်ရှိသေးတယ် ကြည့်စမ်းမင်းဘယ်လောက်တောက်စိတ်လှုပ်ရှားနေ လဲဆိုတာ။”

တာ့ဇီ အဆက်မပြတ်တောင်းဆိုပြီးနောက်မှာ ကောင်းဖန်နောက်ဆုံးမှာတော့ တံခါးကြား ထဲက မတရားဖျစ်ညစ်ပြီးရုန်းကန်လှုပ်ရှားနေတဲ့ ဝတုတ်နေတဲ့ ခရမ်းရောင်ပုံရိပ်ကို မြင်လိုက်ရသည်။

ကောင်းဖန် ခေါင်းကိုငုံကာ တံခါးကြားထဲညှပ်နေတဲ့တာ့ဇီကို အံ့ဩစွာနဲ့ကြည့်နေတော့ သည်၊

သောက်ကျိုးနည်း ဒီလောက်ကြီးမားနေတဲ့အကောင်က ဘယ်ကလဲလို့ ကောင်းဖန်တွေးမိ လိုက်၏၊

အကယ်၍ အချက်အလက်ပြဇယားမှာ တာ့ဇီရဲ့ကျန်းမာရေးအကြောင်းကိုပြသခြင်းမရှိပါ က သူ့တာ့ဇီက ဒီရက်တွေအတွင်း ဒမ်ဘီထက်တောင်မှ ပြင်းထန်သည့်နှိပ်စက်ညှင်းပန်းမှုများခံခဲ့ရတယ်လို့ သင်္ကာမကင်းဖြစ်မိလိမ့်မည်။

သူ့ရဲ့တောက်ပနေတဲ့ခရမ်းရောင်ကျောခွံက ဆီသုတ်ထားသလိုတောက်ပြောင်နေပြီး သူ့ရဲ့ ရှည်လျားချွန်ထက်တဲ့ ခြေချောင်းတွေက အဝါရောင်ပုတိုတိုတြိဂံပုံပိရမစ်လိုဖြစ်နေသည်။

တာ့ဇီရဲ့အရင်ပုံစံက ရှည်လျားတဲ့ ဝါးတူတွေလိုဖြစ်ပြီး ယခုကတော့ကို့ယို့ကားယားနိုင်တဲ့ ခရမ်းရောင်စကိတ်ဘုတ်နဲ့တူနေသည်။

ကောင်းဖန်ရဲ့ အပြုံးက နှုတ်ခမ်းထောင့်စွန်းတွင်တွန့်သွားတော့သည်၊

“အန်ကယ်လျို ရိုးရိုး သားသားပြောပါ, သူ့ကိုဘာတွေကျွေးထားတာလဲ”

ဦးလေးလျိုကသူ့ရဲ့အနီးမှုန်မျက်မှန်ကို အနောက်သို့တွန်းလိုက်ပြီး ဖြေးညှင်းစွာနဲ့ရှင်းပြ လိုက်သည်။

“မင်းရဲ့တာ့ဇီက နည်းနည်းလေးဘဲစားတာ,ဒါကြောင့်ဒီလိုပိန်ချောက်ချောက် ဖြစ်နေတာပေါ့၊ ငါသူ့ကို အာဟာရပြည့်ဝတဲ့အစာတစ်ချို့ကျွေးတယ်၊ အစာများများစား လေကြီးလာလေဖြစ်မှာလေ၊ သန်မာတဲ့ခွန်အားဆိုတာကလည်း စွမ်းအားဘဲလေ။”

သန်မာတယ်??

ဦးလေးလျိုရဲ့စကားများက အဓိပ္ပါယ်ရှိသော်လည်း သူ့ကိုယ်သူတော့လက်ခံနိုင်ဖို့ဆိုတာ မဖြစ်ဘူး၊ ကောင်းဖန် ယခုအခြေအနေမှာ ဒီလိုသန်မာလှတဲ့သားရဲနဲ့ ဆက်သွယ်မှုတစ်ချို့ မတည်ဆောက်နိုင်သေးဘူး။

“သူကိုယ်အလေးချိန်ကိုထိန်းဖို့လိုတယ်,ဒါမှ သူ့ရဲ့ကြွက်သားတွေဖွံ့ဖြိုးလာပြီး သန်မာလာမှာလေ၊ ပြည့်ဖောင်းမနေရင်ဘယ်လိုလုပ် သန်မာနိုင်တော့မှာလဲ၊ မဝရင်မသန်မာဘူး ဘဲ!!” အန်ကယ်လျိုရဲ့မိန့်ခွန်းပြီးတဲ့နောက် ကောင်းဖန်နောက်မှာတိတ်တဆိတ်ရပ်နေတဲ့ ဒမ်ဘီ ကိုတွေ့လိုက်တယ်။

ဦးလေးလျိုက လည်ချောင်းရှင်းပြီးတဲ့နောက် ထို ဒမ်ဘီကို မမြင်ချင် ယောင်ဆောင်ကာ တခြားနေရာသို့ရွှေ့လိုက်သည်။

ကောင်းဖန်ရဲ့ဒေတာဘေစ့် ဇယားမှာတော့ အပိုစာလုံးနှစ်လုံးကိုပါ ပြင်ဆင်လိုက်သည်၊ *လွန်ကဲစွာ အာဟာရဓာတ်ပြည့်ဝနေခြင်း*

ကောင်းပြီ, ဦးလေးလျို၏ ဆိုလိုရင်းကကောင်းပါတယ်၊ ဒါပေမယ့် ဦးလေးလျိုကသေချာပေါက် “အာဟာရဖြစ်တဲ့အစာအချို့” ဆိုတာကိုပိုပြီးကျွေးခဲ့မယ်ဆိုတာ ယုံကြည်နေတယ်။

“ဦးလေးကို ဒီရက်တွေအတွင်း အနှောက်အယှက်ပေးရတာအတွက် တောင်းပန်ပါတယ်၊ ဦးလေးရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်။” ကောင်းဖန်ပြုံးလိုက်ကာ ခဏလောက် ရပ်လိုက်သည်၊ “ကျနော် သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ရခဲ့တယ်”

“တကယ်?” အန်ကယ်လျိုအံ့ဩသွားပေမယ့် ပျော်ရွှင်သွားသည်။

“တော်တယ်၊ တကယ်ကိုတော်တယ် ငါ့ကောင်လေး” အန်ကယ်လျိုကခေါင်းညိတ်ကာ ကျေနပ်နေတော့သည်၊ “မင်းကခုမှ၁၈ဘဲရှိသေးတယ်, ဟုတ်တယ်မလား? မင်းအသက် အရွယ်မှာ ဒီသားရဲပျိုးထောင်သူသားရဲတရားဝင်လက်မှတ်ကို မင်းအရွယ်နဲ့ရတာ တကယ် မိုက်တယ်။”

ကောင်းဖန်က ဦးလေးလျိုကို သူတကယ်ရတာ အလယ်အလတ်သားရဲတရားဝင်လက် မှတ်ဖြစ်ကြောင်းပြောမလို့ပေမယ့်သူ့နောက်က တာ့ဇီရဲ့ ဒေါသထွက်ပြီးငိုတဲ့အသံကို ကြားလိုက်သည်။

သူနောက်ကိုလှည့်ကြည့်လိုက်တော့ တာ့ဇီကသူနဲ့ ဒမ်ဘီကြားထဲမှာလဲလျောင်းနေပြီး သူ့ကိုကာကွယ်ပေးဖို့ သူ့ခြေထောက်ပတ်ပတ်လည်မှာ စက်ဝိုင်းခြမ်းပုံစံခြစ်ထားသည်၊ ဒမ်ဘီကတာ့ဇီကို ရွေ့တောင်မရွေ့ဘဲကြည့်နေချိန် တာ့ဇီကစူးစူးဝါးဝါးကြည့်နေပြီး ဟောက်နေသည်။

“ ကောင်းပြီ,ကောင်းပြီ,ဒါဘာလဲ?” အန်ကယ်လျိုက ဒမ်ဘီကိုပထမဆုံးသတိထားမိပြီး အံ့ဩဟန်ဆောင်ကာ ပြောသည်။

“ဒါက ဒမ်ဘီ”ကောင်းဖန် သားရဲပျိုးထောင်သူအဖွဲ့အစည်းက ဇာတ်ကြောင်းအားလုံးကို ဦးလေးလျိုအားအတိုချုပ်ရှင်းပြခဲ့သည်။

ဦးလေးလျိုက ကောင်းဖန်ကို ထူးခြားစွာကြည့်လိုက်သည်။

သူက ကောင်းဖန်မှာ သားရဲတွေကိုပျိုးထောင်တဲ့အရည်အချင်းအချို့ရှိတယ်လို့ သူစဉ်းစားဖူးတယ်, ဒါပေမယ့် အခုအခြေအနေအရ သိပ်မရိုးရှင်းလှဘူး။

ဦးလေးလျိုကျေနပ်သွားသည်။

ဒါပေမယ့်အရည်အချင်းကို မြင်သာအောင် စောစောထုတ်မပြသင့်ပေ။ တောအုပ်ထဲရှိအမြင့်ဆုံးသစ်ပင်က လေ၏တိုက်ခိုက်မှုကို အစောဆုံးခံရတတ်သည်၊ အထူးသဖြင့် ကမ္ဘာအသစ်၏အထားအသိုများ ဖြည့်တင်းနေချိန်တွင် ညစ်ညမ်းသောအပေးအယူကိစ္စများမှာ သံသယဖြစ်စရာမရှိဘဲဖြစ်နေသည်။

ခဏအတန်ကြာတိတ်ဆိတ်နေပြီးနောက် ဦးလေးလျိုကပြောလာသည်, “ရှောင်ဖန်, ဘာကြောင့်သားရဲလေ့ကျင့်သူတွေက မြင့်မားတဲ့အဆင့်ရှိနေလဲသိလား? ငါတို့လို ပိုင်ဆိုင်တဲ့သားရဲရှိသူတွေက ဘယ်လောက်ဘဲသန်မာနေပါစေ သူတို့က အတ္တကြီးတဲ့သူတွေချည်းဘဲ၊ စနိုက်ပါသေနတ်ကိုင်တဲ့ကောင်တွေက ငါတို့ကို အလွယ်လေးခြိမ်းခြောက်နိုင်တယ်။”

***

All Chapters