← Chapters

အခန်း (၂၅-၂၈)

Vol. 2 Ch. 25-28

အခန်း (၂၅-၂၈)

Vol. 2 Ch. 25-28

အခန်း ၂၅ ခရမ်းရောင်သွေးလျှပ်စီးကြွက်

မာကျန်းတစ်ယောက် သူ၏အဖိုးတန်ကြွက်ကလေး အိုးထဲပစ်ထည့်ခံလိုက်ရသည်ကို မြင်လိုက်ရတော့ သတိလစ်လုမတတ် လန့်ဖြန့်သွားခဲ့သည်။ မင်းအသားဟင်းချက်ဖို့ လုပ်နေတာတော့မဟုတ်ပါဘူးနော်? ရှိသမျှပစ္စည်းတွေအကုန် မင်းပစ်ထည့်နေတော့တာပဲ!

ချက်ချင်းပင် အပြေးအလွှားသွားကာ ကောင်းဖန်၏ ကော်လံစကို ဆွဲကိုင်လိုက်ပေမည့် ကောင်းဖန်ကတော့ အေးဆေးတည်ငြိမ်စွာဖြင့်သာ သူ့ကိုပြန်ကြည့်ရင်း ပြောလာခဲ့သည်။ “အနံ့လေးက ဘယ်လိုနေလဲ။ ကြွက်စွပ်ပြုတ်အရသာလေးမြည်းချင်သေးလား? ဒါက ယင်စွမ်းအင်ကို ပြည့်ဝပြီး ယန်စွမ်းအင်ကိုလဲ ပြန်ဖြည့်ပေးတယ်။”

“ဘာ?!”

“နောက်တာပါ။ စိတ်ကိုပေါ့ပေါ့ပါးပါးသာထား။” နေ့တစ်ဝက်ကြာခဲ့ပြီဖြစ်တာကြောင့် ကောင်းဖန် အစပိုင်းကလိုမျိုး စိတ်လှုပ်ရှားပူပန်ခြင်းများမရှိတော့ဘဲ အလုပ်သစ်နှင့်စတင် ကျွမ်းဝင်လာတော့သည်။

မာကျန်းသူ့လုပ်ရပ်ကို ရပ်တန့်လိုက်ပေမည့် လက်များကတော့ တုန်ရီလို့နေသည်။ သူအရမ်းငိုချင်နေသော်လည်း မျက်ရည်ကတော့ ထွက်မလာခဲ့ပေ။ “မင်းတကယ်ပဲ ငါ့ကြွက်ကို စားဖို့ချက်နေတာတော့မဟုတ်ပါဘူးနော်?”

“စိတ်လျှော့ပါ။” ကောင်းဖန်ပြောရင်းဖြင့် အိုးအဖုံးကို ဖွင့်လိုက်သည်။ တူတစ်စုံကိုသုံးကာ အိုးကို မွှေလိုက်ရင်း ခရမ်းရောင်လျှပ်စီးကြွက်ကို တွေ့လိုက်ရလျှင် တစ်ဖက်ပင် လှန်,လှန်ပေးလိုက်သေးသည်။

ခရမ်းရောင်လျှပ်စီးကြွက်၏အဖြူရောင်ဗိုက်သားလေးမှာ အလှန်ခံလိုက်ရတာကြောင့် ပေါ်ထွက်လာခဲ့သည်။ သူ၏ဗိုက်မှာလုံးဝန်းနေပြီး ပါးစပ်မှလဲ ပူပေါင်းများထွက်လာသလို အသံများထွက်နေသည်။

“မွှေတောင်မွှေနေရတာပဲ။” ကောင်းဖန် သူ့ဘာသာရေရွတ်ညည်းညူလိုက်သည်။ “စိတ်အေးအေးထားပါ၊ ငါက ဆေးတွေသေချာနှံ့နှံ့စပ်စပ်ရောအောင် လုပ်တာပါ။ ဒါမှ ပိုပြီးထိထိရောက်ရောက် စုပ်ယူနိုင်မှာလေ။”

မာကျန်းသည်တော့ ကောင်းဖန်ကို စိုက်ကြည့်နေကာ သူ၏အကြမ်းဖက်လိုစိတ်များကိုသာ ဖိနှိပ်ဖို့ရန် ကြိုးစားနေရသည်။ ငါစိတ်အေးအေးထားရမယ်၊ ငါစိတ်အေးအေးထားရမယ်။

ကောင်းဖန်ကတော့ သူ၏သားရဲပျိုးထောင်ခြင်းနည်းစနစ်များကို မာကျန်း တိတ်တဆိတ်သင်ယူနေမည်ကို မစိုးရိမ်မိပေ။ သွေးကျောက်စိမ်းလင်ဇီးမှိုကို ခရမ်းရောင်လျှပ်စီးကြွက် စုပ်ယူခဲ့ပြီး မူကွဲပြောင်းလဲမှုဖြစ်သွားခြင်းမှာ အတော်ဖြစ်ခဲသည့် အခြေအနေမျိုးဖြစ်သည်။ အခြေအနေအများစုတွင် သားရဲသည် သူ၏ခန္ဓာကိုယ်တွင်း စွမ်းအင်များဖောက်ပြန်ခဲ့ပါက ရိုးရိုးလေးသေသွားမည်သာဖြစ်ပြီး ကုသမှုခံယူဖို့အထိ ခံလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ခရမ်းရောင်လျှပ်စီးကြွက်တိုင်းတွင် မတူညီမှုများရှိကာ သူ့အတွက်လိုအပ်သည့် ပစ္စည်းပမာဏသည်လဲ ကွဲပြားပေမည်။ ဤခရမ်းရောင်လျှပ်စီးကြွက်သည် အရိပ်သစ်သီး ၅ခုလိုအပ်ပေမည့် ဤအခြေအနေမျိုးတွင်ပဲ ရှိနေသည့် အခြားသော ခရမ်းရောင်လျှင်စီးကြွက်တစ်ကောင်သာဆိုလျှင် အရိပ်သစ်သီး ၆ခုလိုအပ်ပေလိမ့်မည်။

နာရီဝက်ကြာပြီးနောက် မာကြောက် တုန်လှုပ်ခြောက်ခြားစွာမေးလိုက်သည်။ “အခုထိ မပြီးသေးဘူးလား?” အိုးထဲက ခရမ်းရောင်လျှပ်စီးကြွက်ကိုလဲ ခက်ခဲခဲကြည့်နေသေးသည်။ ၎င်းမှာ အိုးထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့တာကြောင့် အရိုးများတောင် ကျက်သွားပေလောက်ပြီ။

မာကျန်း၏မျက်လုံးထဲမှ မျက်ရည်များစတင်စီးကျလို့လာရတော့သည်။

ကောင်းဖန်၏အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်အေးဆေးလို့နေပေမည့် တကယ်တမ်း စိတ်ထဲတွင်တော့ ကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်သည်။ တကယ်ပဲ သူလုပ်နေတာက ကြွက်စွပ်ပြုတ်ဖြစ်သွားမှာများလား?

“အဆင်ပြေပါတယ်။ ကြည့်ရတာ ကောင်းကင်ဘုံက ဒီကွက်ထဲမှာ ရုံးခန်းကြီးတစ်ခုတောင် ဖွင့်မလိုနဲ့တူတယ်။ နဲနဲလောက် ပိုပြုတ်မှရမယ်။” ကောင်းဖန် အေးအေးဆေးဆေးပင် မာကျန်း၏ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

ချီ..ချီ…

တစ်ချိန်လုံးအိုးထဲတွင် လှဲနေခဲ့သည့် ခရမ်းရောင်လျှပ်စီးကြွက်သည် ရုတ်တရက်ကြီး မျက်လုံးများပြူးပြူးကျယ်ကျယ်ဖွင့်လာပြီး ရူးရူးမူးမူးအော်ဟစ်နေတော့သည်။ ၎င်းက သူ့ပါးစပ်ထဲမှ အနက်ရောင်ဆေးရည်များကို အန်ထုတ်ကာ ရူးသွပ်သလိုတုန်ခါနေတော့သည်။

ဘွန်း!

ဒီသေးငယ်လှသည့် ခရမ်းရောင်လျှပ်စီးကြွက်လေးတွင် မပိုင်ဆိုင်လောက်ဟု အားလုံးထင်မှတ်ထားသည့် ခွန်အားဖြင့် ထိုကောင်လေးက သူ၏အမြီးကို လှုပ်ရှားကာ အိုးအဖုံးကို လွင့်ထွက်သွားစေခဲ့သည်။

ထို့နောက် ၎င်းက အခန်းအတွင်းမှာ ခရမ်းရောင်လျှပ်စီးကြောင်း တစ်ခုနှယ် ရူးရူးသွပ်သွပ် ခုန်ပျံပြေးလွှားနေတော့သည်။

“ငါ့ရုံးခန်းရဲ့ပျက်စီးမှုတွေအတွက်လဲ မင်းပေးရမယ်နော်။” ကောင်းဖန် မာကျန်းကို လေးနက်စွာပြောလိုက်သည်။

မာကျန်း၏အာရုံမှန်သမျှမှာ ကြွက်အပေါ်တွင်သာ တစိုက်မတ်မတ်ရှိနေတာကြောင့် ကောင်းဖန်စကားကို မြန်မြန်ဆန်ဆန်ပဲ သဘောတူလိုက်သည်။ “ကိစ္စမရှိဘူး။”

သူ၏ခရမ်းရောင်လျှပ်စီးကြွက်လေးကို ကြည့်ရင်း နောက်ဆုံးတော့ သူ့ရင်ထဲမှ စိုးရိမ်စိတ်များမှာ ပျောက်ကင်းသွားတော့သည်။

ထိုခရမ်းရောင်လျှပ်စီးကြွက် မောပန်းကာ နောက်ဆုံး စားပွဲပေါ်တွင် ပြန်လာရပ်ဖို့အတွက် မိနစ်ပိုင်းလောက် စောင့်လိုက်ရသည်။ ၎င်း၏ရှည်လျားပိန်သေးသည့် ခပ်ဖျော့ဖျော့ ခရမ်းရောင်အမြီးသည် နူးနူးညံ့ညံ့ပင် ယိမ်းနွဲ့နေပြီး ၎င်း၏ ပတ္တမြားနီရောင်မျက်လုံးများသည်တော့ တောက်ပလင်းလက်လို့နေသည်။

[မကောင်းဆိုးဝါး နာမည်] : ခရမ်းရောင်သွေးလျှပ်စီးကြွက်

[မကောင်းဆိုးဝါး အဆင့်] : ၂၀ (ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း] : ပြီးပြည့်စုံခြင်းအဆင့်

[မကောင်းဆိုးဝါး စွမ်းရည်] : လျှပ်စီး/သွေး

“မင်းတော့ ဂျက်ပေါ့ထိသွားတာပဲ။ ပြီးပြည့်စုံခြင်းအဆင့်၊ စွမ်းရည်နှစ်မျိုးနဲ့ မင်းသူ့ကို နည်းနည်းပါးပါးထပ်လေ့ကျင့်ပေးလိုက်ရင် အုပ်ချုပ်သူအဆင့်သားရဲထိ အတန်းအဆင့်မြင့်သွားနိုင်တယ်။” ကောင်းဖန် သမ်းဝေရင်းပြောလိုက်သည်။ ထို့နောက် လက်တန်းသဘောဖြင့်ပင် သူ့လက်ထဲမှ စာအုပ်လေးတစ်အုပ်ကို မာကျန်းထံသို့ပေးလိုက်ရင်း၊ “ဒီထဲကစာရင်းက ငါ့ရုံးခန်းထဲက အပျက်အစီးတွေအတွက်နဲ့ ငါ့ရဲ့တိုင်ပင်ဆွေးနွေးခနှုန်းပဲ။ မင်းကြည့်,ကြည့်ပြီး ပြောစရာရှိရင်ပြောပေါ့။”

“မလိုတော့ပါဘူး။ အဆင်ပြေတယ်။” မာကျန်း ဤအခိုက်အတန့်လေးတွင် ထိုကိစ္စများအတွက် စိတ်မရှုပ်မိတော့ပေ။ သူ၏ကျွမ်းဝင်ကောင်သားရဲမှာ လုံးဝပြောင်းလဲသွားခဲ့ပြီမဟုတ်ပါလား။

သာမာန်အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူတစ်ဦးဆိုလျှင် တိုင်ပင်ဆွေးနွေးခအနေဖြင့် ထိပ်တန်းအဆင့်သားရဲသို့ မြှင့်တင်ပေးလျှင် မဟာမိတ်ခရက်ဒစ်အခု၄၀ကျသင့်မည်ဖြစ်သည်။ ထို့ကြောင့် တွက်ကြည့်လိုက်လျှင် မဟာမိတ်ဒေါ်လာ ၄သိန်းပေးရပေမည်။

အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူတစ်ဦးအတွက် အခြေခံတိုင်ပင်ခမှာ မဟာမိတ်ခရက်ဒစ်၁၀ခုဖြစ်သည်။ အဆင့်တစ်ဆင့်မြှင့်တင်တိုင်း စုစုပေါင်းအဖိုးအခ၏နှစ်ဆဖြစ်သွားကာ အဆင့်အတန်းပါတိုးသွားမည်ဆိုပါက နောက်ထပ် ထိုတန်ဖိုးကို နှစ်ဆတင်မည်ဖြစ်သည်။

အုပ်ချုပ်သူအဆင့်နှင့်ပြီးပြည့်စုံအဆင့်သားရဲများအတွက်တော့ဖြင့် လုံးဝမတူညီသည့် အဖိုးအခကိုပေးရပေမည်။

ယနေ့အတွက် အပေးအယူတစ်ခုပြီးသွားသည်နှင့် ကောင်းဖန် မဟာမိတ်ခရက်ဒစ်၄၀၀ရသွားခဲ့သည်။ ရုံးခန်း၏အပျက်အစီးများအတွက် လျော်ကြေးကိုတော့ ကောင်းဖန်အိတ်ကပ်ထဲ တစ်ကျပ်ပင်ထည့်မည်မဟုတ်ဘဲ အားလုံးကို ပြင်ဆင်ရေးလုပ်ငန်းအတွက်သာ သုံးမည်ဖြစ်သည်။

သူယူရမည့်ဟာဆိုလျှင်တော့ ယူမည်ဖြစ်ပေမည့် သူနှင့်မသက်ဆိုင်သည့် မယူရမည့်အရာအတွက်ကိုတော့ တစ်ကျပ်မျှပင် ယူမည်မဟုတ်ပေ။

“ ကျေးဇူးပြုပြီး နောက်ထပ်လဲလာပါဦး။” ကောင်းဖန်ပြုံးကာပြောလိုက်သည်၊ ထိုကဲ့သို့ပွင့်လင်းတဲ့ ဧည့်သည်မျိုးတွေက သူအကြိုက်ဆုံးဖြစ်သည်၊

“ဟုတ်ပြီ ငါမနက်ဖြန်ပြန်လာခဲ့မယ်, ငါ့မှာမင်းရဲ့စောင့်ရှောက်မှုအောက်ထားချင်တဲ့ အခြား ကိုယ်ပိုင်သားရဲရှိသေးတယ်။” ဒီနောက်မှာဘဲ မာကျန်း ကောင်းဖန်ဆီကို ပေးလိုက်ရတယ်၊ ဒီကောင်လေးက တကယ်ကို တကယ့်ကို အပေးအယူသမားဘဲ။

“အင်း” ကောင်းဖန် ထိုစာလုံးကိုဘဲယဉ်ကျေးစွာပြောလိုက်သည်၊ သူမနက်ဖြန် ကျောင်း သွားရမယ်, နောက်တစ်ကြိမ် မာကျန်းနဲ့ထပ်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ “ဒီတစ်ပတ် အတွင်းကိုဘဲရက်ချိန်းသတ်မှတ်ကြရအောင်လား? မနက်ဖြန်ကျနော် အတန်းတက် ဖို့ရှိသေးတယ်။”

မာကျန်း ကြက်သေသေသွားသည်၊ သူသိချင်တာသူ့နားတွေရောကောင်းသေးလားပေါ့၊ “ဘာအတန်းကို တက်နေတာလဲ၊ သားရဲပျိုးထောင်သူ လေ့ကျင့်ရေးသင်တန်းလား။”

“ပုံမှန်အထက်တန်းကျောင်း တတိယနှစ်အတန်း၊ ဒါတွေအကုန်ပြီးရင်အလုပ်ကနေပြန်ပြီး ကျနော့်အိမ်စာတွေအပြီးသတ်ရဦးမယ်” ကောင်းဖန် တည်ငြိမ်စွာနဲ့လက်ကိုယမ်းပြ လိုက်ကာ မာကျန်းကို နှုတ်ဆက်လိုက်တယ်။

“အကယ်၍ ခရမ်းရောင်လျှပ်စီးကြွက်နဲ့ပတ်သတ်ပြီးမေးချင်ရင်တော့ ကျနော့်ကိုဖုန်း ခေါ်ပြီးလာရှာလို့ရတယ်၊ ကျနော့်ဖုန်းကို ဧည့်ခန်းမှာ သွားယူပြီးရေးထားလိုက်၊ ခင်ဗျား ခဏအနားယူချင်တယ်ဆိုလည်း ကျနော်တို့စတူဒီယိုမှာလုပ်လို့ရတယ်၊ ကျနော်တို့ဆီမှာ သာမန်ဖျော်ဖြေတဲ့နေရာလည်းရှိတယ်၊ ကောင်းမွန်တဲ့နေ့လည်ခင်းလေးဖြစ်ပါစေ”

ဒါနဲ့ဘဲ ကောင်းဖန်က မာကျန်းရဲ့ကြက်သေသေနေမှုအောက်မှာ တံခါးကိုတွန်းဖွင့်ကာ ထွက်သွားတော့သည်၊

ဒီခေတ်အထက်တန်းကျောင်းသားတွေအကုန်လုံးက ဒီလောက်တောင်ကြောက်ဖို့ ကောင်းလား?

စတူဒီယိုကနေ ထွက်လာပြီးတဲ့နောက် ကောင်းဖန်ကုန်တိုက်တစ်ခုကိုဦးတည်လိုက် ပြီး တာ့ဇီရဲ့တိုးတက်မှအတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ဖို့သွားလိုက်သည်၊ ပြီးတော့ အရိုးခွံဖုတ်ကောင်အတွက်လိုအပ်တဲ့ ပစ္စည်းတွေရောဘဲ။

ပထမဆုံးသူ ရိုးခွံဖုတ်ကောင်လူဝံကို မြင့်တင်ပြီးတဲ့နောက် သူ၎င်းကို ထပ်ပြီးတိုးတက် အောင်လုပ်နိုင်မယ်လို့ထင်ခဲ့သည်၊ ကံမကောင်းစွာနဲ့ သူကအခြားပြောင်းလဲမှုဖြစ်စဉ်က ချက်ချင်းပြောင်းလဲမတိုးတက်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်၊ ၎င်းကရေကန်လေး တစ်ခုကို ရေများပိုဆံ့အောင်တိုးနိုင်သော်လည်း ရေရဲ့ပမာဏမှာမပြောင်းလဲဘဲရှိနေ သလိုပင်ဖြစ်သည်၊ သူရေကိုထပ်မံဖြည့်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

သူအရင်က အလုပ်လုပ်ဖူးတဲ့သားရဲများလိုပင် အချိန်ပိုသည်နှင့်အမျှ အဆင့်အများ ကြီးကိုစုဆောင်းနိုင်လာရမည်ဖြစ်သောကြောင့် သူတို့ချက်ချင်းတိုးတက်နိုင်အောင် လုပ်ရမည်ဖြစ်သည်။

ကောင်းဖန်သည် ပစ္စည်းများအတွက် မဟာမိတ်ခရက်ဒစ်၁၅ခုထက်နည်းသောငွေကြေး ကိုအသုံးပြုခဲ့သည်။

ငွေအများအပြားကိုကောင်းဖန်သုံးခြင်းကြောင့် ဆိုင်မှ စီစဉ်ပေးသည့်အခမဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကိုပေးခဲ့သည်၊ ကောင်းဖန် ဤအခွင့် အရေးဖြင့် အိမ်သို့အခမဲ့စီးနင်းနိုင်ရန်အတွက် အသုံးပြုလိုက်သည်။

ကောင်းဖန်အိမ်ပြန်ရောက်တဲ့အခါမှာတော့ တာ့ဇီရဲ့အရွယ်အစားက မဆိုသလောက် ပိန်ကျသွားသည်။ သူတာ့ဇီရဲ့ အချက်အလက်ပြဇယားကိုဖွင့်ကြည့်ကာ မျက်မှောင် ကြုတ်လိုက်သည်။

[မကောင်းဆိုးဝါးအမည်] : ခရမ်းရောင်ကျောခွံနှင့်အဝါရောင်ခြေချောင်းရှိသော ကင်းခြေများ

[မကောင်းဆိုးဝါး အဆင့်အတန်း] : သာမန်အဆင့်

[မကောင်းဆိုးဝါး အဆင့်] : အဆင့်၈

(ကြီးမားသော မိုးကြိုးကင်းခြေများ၏သလင်းအမြုတေကို အများအပြားသုံးခြင်း, ကြီးမားသော မိုးကြိုးကင်းခြေများ၏ အသားကိုအများအပြားသုံးခြင်း။ ကင်းခြေများ အမျိုးအစားသားရဲ၏ ပစ္စည်းများနှင့် ခရမ်းရောင်ကျောခွံနှင့် အဝါရောင်ခြေချောင်းရှိ ကင်းခြေများ၏ ဆင့်ကဲပြောင်းလဲမှုနှင့်တွေ့ဆုံသည်၊ လက်ရှိတိုးတက်မှုအခြေအနေ…)

ဒီမှာဘာတွေဖြစ်နေတာလဲ?

တိုးတက်မှု ဇယားမှာအခြား ဆင့်ကဲပြောင်းလဲခြင်းနည်းလမ်းမရှိဘူး၊ အဲ့ဒီမှာအကြံပြု ထားတာက သူ့ရဲ့အမြင်နဲ့ ထင်မြင်ချက်တွေအတိုင်းလုပ်ထားတယ်၊ ဒါထက်ပိုပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေရဲ့နာမည်တွေကလည်း ကောင်းဖန်နားလည်ပြီး သဘောပေါက် ထားတဲ့အရာတွေဖြစ်သည်။

သားရဲကြီးထွားမှုကိုအလျင်အမြန်နှင့်အဆင်ပြေပြေဖြစ်စေသောနည်းလမ်းမှာ ၎င်းနှင့် မျိုးတူဖြစ်ပြီး ပို၍အားကောင်းသောသားရဲ၏အသားနှင့် သလင်းအမြုတေကိုကျွေးခြင်း ဖြစ်သည်။

ကောင်းဖန်ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လောက်ဘဲတွေးနေပါစေ, ဒါကဦးလေးလျိုနဲ့ တစ်စုံတစ်ခု ဆက်စပ်မှုရှိသည်ဟုသူခံစားနေရသည်၊ ဘယ်သူသိမှာလဲ တာ့ဇီကို ထိုရက်တွေအတွင်း သူဘာတွေကျွေးတာလဲဆိုတာကို။…

……

ထိုကိစ္စများမဖြစ်ခင် လွန်ခဲ့သောတစ်နာရီက

အန်ကယ်လျိုက သက်ပြင်းချလိုက်ပြီး အိမ်သို့ပြန်လာပြီးနောက် အနားယူလိုက်သည်၊ ရှောင်ဖန်က မကြာခင်အိမ်ကိုပြန်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ၊ အကဲဖြတ်ပွဲက တစ်ပတ်ကြာမှာမဟုတ်ဘူးလား၊ ဘာကိုအတွက်မှားသွားတာလဲ၊ သူဒီကင်းခြေများ လေးကို ပိုပြီးအရေးကြီးတဲ့ဟာလေးတွေကျွေးဖို့အချိန်မရလိုက်ဘူး။

ကြီးမားတဲ့ပုတ်သင်ညိုက ဦးလေးလျိုရဲ့တံခါးနှင့်ကောင်းဖန်အိမ်ရဲ့ ပြတင်းပေါက် အစွန်းနား အဆက်မပြတ်ဖျစ်ညစ်ကာ အရောင်ပြောင်းနေတဲ့အပြုအမူကိုပြုလုပ် နေသည်၊

တာ့ဇီက တစ်စုံတစ်ခုလွဲမှားစွာခံစားနေရသောကြောင့် စိတ်ဆိုးမာန်ဆိုးပြုမူလိုက်ပြီး ထိုနေရာတွင် သုတ်သီးသုတ်ပြာပြေးနေသည်။

ထိုပုတ်သင်ညိုက ၎င်း၏ပတ်ဝန်းကျင်နှင့်အတူ လိုက်လျောညီထွေအောင်ပြီးပြည့်စုံစွာ ရောနှောနေသည်၊ ပတ်ဝန်းကျင်တစ်ခုလုံးတွင်ထိုမျှကြီးမားလှသောသားရဲတစ်ကောင် ကပ်နေသည်ကို မည်သူမျှသတိမထားမိချေ။

အထိအခိုက်မခံနိုင်သော တုံ့ပြန်မှုရှိတတ်သည့်သားရဲများသာလျှင် ထိုဧရိယာအတွင်း တစ်ခုခုကိုခံစားတတ်ခြင်းနှင့်အတူ သူတို့၏ပူပန်မှုကိုပြသပြီး (သို့မဟုတ်) သူတို့တုန် လှုပ်နေချိန်တွင်တိတ်ဆိတ်စွာလှဲနေခြင်းတို့ လုပ်တတ်သည်။

ပျောက်နေသော ပုတ်သင်ညိုက အခန်းထဲရှိတာ့ဇီကို စောင်းငဲ့ကာကြည့်နေသည်၊ ၎င်းကပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပြီး မမြင်ရသောလျှာနှင့် တစ်ဝက်ပွင့်နေတဲ့ အခန်းထဲက တံခါးဆီကို ပို့လွှတ်လိုက်သည်၊

မမြင်ရသောပုတ်သင်ညိုက ဦးလေးလျိုရဲ့အိမ်ထဲသို့တဖြည်းဖြည်းချင်းပြန်ရောက်သွား သည်။

ကောင်းဖန်၏အိမ်က ပြန်ပြီးငြိမ်သက်သွားပြန်သည်၊ ဧည့်ခန်းထဲတွင် ခရမ်းရောင် သားရဲတစ်ကောင်၏သလင်းအမြုတေက တလျှပ်လျှပ်လင်းလက်တောက်ပနေခြင်းနှင့် အတူ အရိပ်အယောင်နှင့်တူသောအလင်းတစ်ခုက ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေ သည်၊ တာ့ဇီတစ်ခုခုကိုခံစားမိပုံရသည်၊ သူ၏ ဦးမျှင်အစုံကလှုပ်ရှားလာပြီး သူက ဆိုဖာ အောက်မှ ဂရုတစိုက်နှင့်တွားသွားထွက်လာသည်။

***

အခန်း ၂၆ ခရမ်းရောင်ကျောပြင် မိုးကြိုးကင်းခြေများအဖြစ် အဆင့်တက်ခြင်း

ဤတစ်ခေါက် အဆင့်မြှင့်တင်ခြင်းတွင် ဘာအမှားမှမပြုလုပ်မိခဲ့ပေ။ ကောင်းဖန်သည်လဲ အချိန်ပြည့်စောင့်ကြည့်နေခဲ့သည်။

ဦးလေးလျိုသည်တော့ ကောင်းဖန်၏ခွင့်ပြုချက်ကိုပင် တောင်းမနေတော့ဘဲ တာ့ဇီကို အထောက်အကူပြုပစ္စည်းများ ပေးတော့သည်။ ကောင်းဖန် ထိုအကိစ္စနှင့်ပတ်သတ်၍ စိတ်ရှုပ်သော်လည်း သေချာပြန်စဉ်းစားကြည့်ပြီးနောက် ရယ်ရသည်ဟုလဲ သိလိုက်ရတော့သည်။

ဒါက မင်းအိမ်မှာ ထမင်းစားနေတုန်း မင်းအတွက် အခြားတစ်ယောက်ကနေပြီး မင်းဘယ်လောက်ပဲ ဗိုက်ပြည့်နေပါပြီဆိုသည့် အချက်ကို လျစ်လျူရှုရင်း စားစရာများ ထပ်ခါထပ်ခါ ယူလာပို့ပေးနေသည်နှင့်တူသည်။

ဦးလေးလျို၏ရည်ရွယ်ချက်က ကောင်းတာကြောင့် ကောင်းဖန်လဲ သိပ်မတွေးတော့ပေ။

သူတို့က ကြင်နာတတ်သူဖြစ်ပေမည့် မသိနားမလည်သူတစ်ယောက်ဖြစ်နေရင်တောင် ကိုယ့်ဘက်က ဘယ်လိုမျိုး သူတို့ကို အပြစ်တင်နိုင်တော့မလဲ။

ဒါကြောင့်ပဲ…..

ကောင်းဖန် ခေါင်းငုံ့လိုက်ပြီး တာ့ဇီ၏ခေါင်းကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်ကာ၊ “စားချင်နေတယ်ပေါ့! မင်းတွေ့သမျှ အကုန်လျှောက်စားမနေနဲ့! နားလည်လား?”

ဘာလို့အိတ်ကိုယူသွားရတာလဲ?

တာ့ဇီ ထိတ်လန့်သွားကာ အလွန်အံ့အားသင့်နေသည့် အမူအရာဖြင့် သူ့ပိုင်ရှင်ကို မော့ကြည့်လိုက်ပုံက အပြစ်တင်ချင်နေဟန်ပေါ်ပေသည်။ မင်းကဘယ်လိုတောင် တစ်ဖက်သတ်တွေးတဲ့ပိုင်ရှင်လဲ ဒါငါနဲ့မဆိုင်ဘူးဆိုတာ မင်းမသိဘူးလား။

သို့ပေမည့် တာ့ဇီမှာဆက်လက်အဆင့်တက်နေစဲဖြစ်သည်။ မကြာခင်တွင်ပဲ သူလဲ မောပန်းလာကာ ကြမ်းပြင်ပေါ် အားလျော့စွာ လဲလျောင်းနေတော့သည်။

တာ့ဇီ၏အဆင့်တက်မှုသည် ည၁၁နာရီမှသာ ရပ်တန့်သွားကာ အလျားက နောက်ထပ် ၁၂စင်တီမီတာမကရှည်လာပြီး အချိုးကျကျနှင့်ကြည့်လို့ပိုကောင်းလာသည်။

အပြင်ဘက်အရိုးအဆစ်များသည် ခရမ်းရောင်တောက်တောက်မှနေပြီး ခရမ်းရင့်ရောင်သို့ပြောင်းလဲသွားသည်။ သေချာအနီးကပ်ကြည့်လိုက်လျှင်တော့ အရိုးအဆစ်များ၏အစွန်းနားတွင် သေးငယ်သည့်မိုးကြိုးသဏ္ဍာန်ပုံစံလေးတွေရှိနေသည်ကို မြင်ရပေမည်။ တာ့ဇီ၏ဦးမျှင်အစုံသည်တော့ အောက်သို့တွဲလွဲကျနေခဲ့သည်။

[မကောင်းဆိုးဝါးအမည်] : ခရမ်းရောင်ကျောပြင် မိုးကြိုးကင်းခြေများ

[မကောင်းဆိုးဝါး အဆင့်] : အဆင့် ၉

[မကောင်းဆိုးဝါး အဆင့်အတန်း] : အထူးအဆင့်

[မကောင်းဆိုးဝါး အရည်အချင်း] : လျှပ်စီး/အဆိပ်

[အထူးအဆင့်မှ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ] : ငွေသစ်ရွက်ကိုကို အမှုန့်ကြိတ်ကာ ရေနှင့်ဖျော်၊ တစ်ပတ်လောက်သောက်ပေး။ အုပ်ချုပ်သူအဆင့်မိုးကြိုးသားရဲ၏ အမြုတေ။

ဒါက အထူးအဆင့်သို့မြင့်တက်သွားရုံတင်မကဘဲ မျိုးစိတ်ပါပြောင်းသွားတာပဲ။ အရည်အချင်းမှာ ယင်/အဆိပ် ကနေပြီး လျှပ်စီး/အဆိပ်သို့ ပြောင်းလဲသွားပေသည်။

နောက်ဆုံးတော့ အားလုံးလုပ်ပြီးသွားပေပြီ။ ကောင်းဖန် တာ့ဇီကို တစ်ချက်ကြည့်လိုက်သည်။ တာ့ဇီကတော့ ကြမ်းပြင်ပေါ်တွင် ပျင်းပျင်းရိရိလဲလျောင်းနေကာ သူ့အနားတွင် အဖြူရောင်အခိုးအငွေ့များရစ်ပတ်နေသည်။ အင်းစက်များသည် ချွေးမထွက်တာကြောင့် သူတို့ဆီမှ အခိုးအငွေ့များထွက်လာစေရန် မွေးညှင်းပေါက်လေးများကို ဖွင့်ပေးထားရသည်။

တာ့ဇီ ကြမ်းပေါ်တွင် လဲလျောင်းနေပုံက အေးသွားစေရန် အပေါက်မှန်သမျှကနေပြီး အငွေ့များထုတ်လွှတ်နေသည့် အပူလွန်ကဲနေသော အင်ဂျင်တစ်လုံးနှင့်တူပေသည်။

တာ့ဇီကို ပြုစုဂရုစိုက်ပေးပြီးနောက် ကလေးထိန်းဖို့စောင့်နေသည့် တုံးအလှသောလူဝံတစ်ကောင်ကျန်နေပေသေးသည်။

ကောင်းဖန် သူအိမ်ပြန်သယ်လာသည့် အနက်ရောင်အိတ်ကို ဖွင့်လိုက်သည်။ အိတ်ထဲတွင်တော့ အဖြူရောင်ရေခဲတုန်းများစွာရှိနေပြီး အချို့ဆိုလျှင် အရည်ပျော်နေကာ အိတ်အောက်ခြေတွင် စုနေပြီဖြစ်သည်။

ရေခဲတုံးများ၏အပေါ်တွင် ထိုးအပ်များစုပုံလို့ထားသည်။

ထိုးအပ်များသည် ငွေရောင်ရှိကာ တစ်ချောင်းကို မှင်တံတစ်ချောင်းလောက်တူပြီး ၁၀စင်တီမီတာခန့်ရှည်ကာ ငွေရောင်တောက်ပကာ တစ်လက်လက်ဖြစ်နေသည်။

ထိုအရာကတော့ ကပ်ဘေးမတိုင်မီကရှိခဲ့သည့် သစ်ကတိုးပင်မှ ကူးပြောင်းလာခဲ့သည့် သစ်ကတိုးယင်ဓါတ်ပင် ဖြစ်သည်။ ဤသစ်ကတိုးပင်သည် ယင်နှင့် အအေးဓါတ်အခြေအနေရှိတာကြောင့် ဟွာရှားဒေသတွင် ကောင်းစွာကြီးထားကြသည်။ ထိုသစ်ပင်သည် ဟိမဝန္တာတောထဲ၌သာရှိခဲ့သည်။ နောက်ပိုင်းတွင်တော့ သစ်ကတိုးယင်ဓါတ်ပင်များ နိုင်ငံအနှံ့တွင် တွင်တွင်ကျယ်ကျယ်ကြီးထားလာနိုင်ကြကာ ထပ်ပြီးရှားပါးခြင်းမရှိတော့ပေ။

ကပ်ဘေးကြီးပြီးသည့်နောက်တွင် သစ်ကတိုးပင်များသည် အမျိုးမျိုး အသွင်ကူးပြောင်းကုန်ကြထဲ ထိုထဲမှ အဖိုးအတန်ဆုံးကတော့ သစ်ကတိုးယင်ဓါတ်ပင်ဖြစ်သည်။ ၎င်း၏ထိုးအပ်သည် ရေခဲ၊ ယင်၊ ဖုတ်ကောင် နှင့်အမှောင်သားရဲများအတွက် အလွန်အာဟာရပြည့်ဝသည့်အရာဖြစ်သည်။

ကောင်းဖန် ဒမ်ဘီအတွက် တစ်လစာအစားအစာအဖြစ် သစ်ကတိုးယင်ဓါတ်ထိုးအပ် ၁၆ပေါင်ဝယ်လာခဲ့သည်။

ဒမ်ဘီသည် လောလောဆယ်ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိနေကာ ထပ်ပြီး အဆင့်တက်ပါက ဒဏ္ဍာရီလာ ထင်ရှားအဆင့်သို့ရောက်သွားမည်ဖြစ်သည်။ ကောင်းဖန်သည်တော့ ထင်ရှားအဆင့်သားရဲကို တစ်ခါမှမတွေ့ဖူးသေးဘဲ တီဗီနှင့်စာအုပ်များထဲတွင်သာ ဖတ်ဖူးကြားဖူးထားသည်။

သို့ပေမည့် ဒမ်ဘီကတော့ အခုမှ အဆင့်တက်ပြီးခါစဖြစ်၍ နောက်တစ်ဆင့်မတက်ခင် သေချာအာဟာရပြည့်ဝနေဖို့ လိုအပ်ပေသည်။

ကောင်းဖန် ဒမ်ဘီအတွက် အိတ်ထဲမှ သစ်ကတိုးယင်ဓါတ်ပင် ပေါင်ဝက်ကို ထုတ်ယူကာ အရင်တာ့ဇီသုံးခဲ့သည့် စတီးပန်းကန်ထဲသို့ထည့်လိုက်သည်။ ဒမ်ဘီခွက်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူ၏အပြာရောင်မီးတောက်မျက်လုံးများမှာ စက္ကန့်ပိုင်းမျှ လှုပ်ရှားလာခဲ့သည်။ ထို့နောက် ဒမ်ဘီ သူ့ခေါင်းကို ငုံ့ကာ သစ်ကတိုးယင်ဓါတ်ပင်ကို ကြည့်ဖို့လုပ်လိုက်ပေမည့် ခဏလောက်တော့ တုန့်ဆိုင်းနေခဲ့သည်။ ပြီးကာမှ ထိုအရာများမှ ပါးလွှာလှသည့်သစ်ရွက်လေးများသာဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ထို့နောက် သူ့လက်ချောင်းကြီးများဖြင့် ပန်းကန်ထဲမှ သစ်ကတိုးယင်ဓါတ်ရွက်များကို နှိုက်ယူလိုက်ကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။

၎င်း၏ချွန်ထက်လှသည့်သွားများက သစ်ရွက်များကို ဝါးလိုက်သည်နှင့် ငွေရောင်နှင့်အနက်ရောင် ရောယှက်နေသည့် အခိုးအငွေ့များထွက်လာကာ အရိုးခွံခေါင်းကြီးထဲတွင် လွင့်မျောသည်။ ၎င်းမှာ ဆေးလိပ်သောက်နေသည့် အရိုးစုကြီးနှင့်တူလှသည်။

မြူခိုးငွေ့များသည် ဝိညာဉ်မီးတောက် စုပ်ယူခြင်းကို အကုန်အစင်ခံလိုက်ရပြီး မီးတောက်သည်လဲ အလွန်တရာစိတ်လှုပ်ရှားနေဟန်ဖြင့် ပို၍ပို၍ ပြင်းပြင်းထန်ထန်တောက်လောင်လာတော့သည်။

ဒမ်ဘီဝါးလိုက်သည့် သစ်ကတိုးယင်ဓါတ်ပင်များမှာ ခြောက်သွေ့ပျက်စီးသွားပြီး ဒမ်ဘီ၏အောက်မေးရိုးမှနေပြီး အောက်သို့ကျလာခဲ့သည်။

ဒမ်ဘီက ဆက်လက်ပြီး ထိုနည်းအတိုင်းပင် ထပ်ခါထပ်ခါ စားသောက်နေခဲ့သည်။

“နေဦး။” ကောင်းဖန် မိနစ်ဝက်မျှ စူးစမ်းကြည့်ပြီးနောက် ဒမ်ဘီကိုရပ်ခိုင်းလိုက်သည်။ ဒမ်ဘီ မှင်တက်သွားခဲ့ကာ လှည့်လာပြီး ကောင်းဖန်ကို ကြည့်လေသည်။ ကောင်းဖန် အရင်ဆုံး အမှိုက်များကို သန့်ရှင်းလိုက်ပြီးနောက် ဒမ်ဘီ၏မေးရိုးအောက်တွင် အမှိုက်ပုံးတစ်ခု ချပေးလိုက်သည်။

“ရပြီ၊ ဆက်စားတော့။”

ကောင်းဖန်၏ညွှန်ကြားချက်အတိုင်း ဒမ်ဘီအားလုံးလိုက်နာကာ သစ်ကတိုးယင်ဓါတ်ပင်ကို ဆက်စားနေသလို သူ့မေးရိုးမှလဲ ခြောက်သွေ့သွားသည့် အမှိုက်များ ဆက်ကျနေခဲ့သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ထိုအမှိုက်များသည် ကြမ်းပြင်ပေါ်မကျတော့ဘဲ အမှိုက်ပုံးထဲ တန်းရောက်သွားပေပြီ။

“တော်လိုက်တဲ့ ငါလေး!” ကောင်းဖန် သူ့ကိုယ်သူ လက်မအကြီးကြီးထောင်ပေးလိုက်မိသည်။

နံရံပေါ်မှ နာရီကို သူတစ်ချက်ကြည့်လိုက်ချိန်တွင်တော့ ည၁၂နာရီထိုးသွားပေပြီ။

ထို့ကြောင့် ကောင်းဖန် အကြောဆန့်လိုက်သည်။ အချိန်က နည်းနည်းစောနေသေးတာကြောင့် မအိပ်ခင် စာနည်းနည်းဖတ်လို့ရသေးပေသည်။

ညနက်လာသည်နှင့်အမျှ ကောင်းကင်ယံတွင် ကြယ်များလင်းလက်တောက်ပလို့လာခဲ့သည်။ ဆိုဖာပေါ်တွင်တော့ ကောင်လေးတစ်ယောက်မှာ စာအုပ်တစ်အုပ်ကို ပိုက်ရင်းအိပ်ပျော်နေခဲ့သည်။ ကြယ်ရောင်များ၏ အောက်တွင် ထိုကောင်လေး၏မျက်နှာသွင်ပြင်မှာ နူးညံ့သိမ်မွေ့လို့နေသည်။

တာ့ဇီ ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ကာ ထရပ်လိုက်ပြီး အိပ်ခန်းထဲသို့ဝင်သွားခဲ့သည်။ မကြာခင်တွင်ပဲ တာ့ဇီ စောင်တစ်ထည်နှင့်ပြန်ရောက်လာကာ ကောင်းဖန်ပေါ်သို့တင်ပေးလေသည်။

ထို့နောက် ၎င်းကကောင်းဖန်ရဲ့နောက် ကြမ်းပြင်ပေါ်တွင်ပျင်းရိစွာ လဲလျောင်းနေပြီး နောက်ထပ်၍မလှုပ်တော့ပေ။

ဒမ်ဘီသည် သစ်ကတိုးယင်ဓာတ်ပင်နှင့် စားပြီးပြီဖြစ်၍ သူ့ရဲ့လက်များက စတီးပန်းကန်လုံး၏အောက်ခြေကိုပွတ်သတ်နေပြီး ပန်းကန်ကအသံကို အဆက်မပြတ်ထွက်စေသည်။သူ့ရဲ့ခေါင်းကို ကိုင်းညွှတ်လိုက်ပြီး ပန်းကန်လုံးကိုစိုက်ကြည့်နေကာ ဘာလို့ ဒီပန်းကန်လုံးက ဘာမှမရှိတာလဲဆိုတာသိချင်နေသည်။သူ့ရဲ့ခေါင်းက တစ်ဖက်သို့ တိမ်းစောင်းနေပြီး သူ့၏မျက်လုံးထဲရှိမီးတောက်များက တဖြည်းဖြည်းငြိမ်သက်သွားသည်၊ နောက်ဆုံးမှာတော့ သေးငယ်သည့် အပြာနုရောင် အစက်အပြောက်ကလေးများ သည်သူ့မျက်လုံးထဲတွင်နက်ရှိုင်းစွာ မြောနေကြသည်၊ ဒမ်ဘီ အိပ်ပျော်သွားတော့သည်၊

နောက်တစ်နေ့မနက်မှာတော့ ကောင်းဖန်ကျောင်းကိုလမ်းလျှောက်သွားခဲ့သည်။

လမ်းပေါ်တွင်တော့ ကိုယ်ပိုင်သားရဲများကို နေရာတိုင်းတွင် မြင်နေရပေမည့် ကျောင်းတွင်တော့ လုံးဝမရှိပေ။ ကျောင်းကို ကိုယ်ပိုင်သားရဲများ ခေါ်ဆောင်လာခွင့် မပြုထားခြင်းဖြစ်သည်။

“ငါသဘောမတူဘူး, ငါဘယ်တော့မှ yesလို့ပြောမှာမဟုတ်ဘူး!! ဒီကျောင်းက ကလေး တွေအတွက်အငြိမ်းချမ်းဆုံးမြေနေရာဘဲ, ဘယ်လိုလုပ်ပြီး သားရဲတွေကို ဝင်ခွင့်ပြုရမှာ လဲ။” ကျောင်းအုပ်ကြီးရုံးခန်းထဲတွင် မီးခိုးရောင်တရုတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ကျောင်းအုပ်က ပြင်းပြင်းထန်ထန် ငြင်းဆန်နေတယ်။

သူ့ရဲ့ ခုံရှေ့မှာ ချန်အန်းမြို့ရဲ့ပညာရေးအစိုးရဌာနမှ ဒါရိုက်တာက ရပ်နေသည်။

ဒါရိုက်တာက ရှုပ်ထွေးတဲ့စကားတွေပြောနေတဲ့ ဥက္ကဌကိုခါးသီးစွာပြုံးရင်းကြည့်လိုက်သည်၊ “ကျောင်းအုပ်ကြီး , ဒါကျွန်တော်ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ အထက်အဆင့်က ကျနော်တို့ကို ဒီအမိန့်ကို ရက်ပိုင်းလေးကမှပေးလိုက်တာ, ကမ္ဘာတစ်ဝန်းလုံးကကျောင်းတွေအကုန်လုံး ဒီစည်းမျဉ်းကိုလိုက်ကိုလိုက်နာရမယ်။”

အမှတ်၃အလယ်တန်းကျောင်းအုပ်ကြီးက သူ့ရဲ့ကျောင်းအုပ်ဖြစ်ခဲ့ပြီး သူ့ရဲ့စောင့်ရှောက်မှုအောက်မှာနေခဲ့ရသည်၊ ဒါကြောင့် ကျောင်းအုပ်ကြီးကို သူကိုယ်တိုင်လာပြီးဆွယ်နေတာဖြစ်သည်။

ကျောင်းအုပ်ကြီးက ဒါရိုက်တာရဲ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်နေသည်၊ ခဏကြာတော့ သူရှည်လျားတဲ့သက်ပြင်းကိုချလိုက်ပြီး ထိုအချိန်မှာ သူအရင်ကထက်၁၀နှစ် ကြီးသွားသလိုပင်ထင်ရသည်၊

“ငါက ခေတ်နောက်ပြန်ဆွဲနေတဲ့သူတော့မဟုတ်ဘူး, ငါ့မိန်းမမှာလည်း ကိုယ်ပိုင်သားရဲ ရှိတယ်၊ အဲ့တာက အိမ်မွေးတိရိစ္ဆာန်လိုဘဲ, ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်တွေထက်ပိုပြီး အန္တရာယ်ရှိတယ်၊ ဒီကိစ္စဆုံးဖြတ်တဲ့သူတွေက ဒီလိုခြိမ်းခြောက်မှု အလားအလာတွေကို သူတို့စဉ်းစားဖူးလား?”

“သူတို့ဒီပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းကိုပြောခဲ့တယ်၊ သူတို့က ဂျူနီယာ အထက်တန်းကျောင်းတွေနဲ့ စီနီယာအထက်တန်း ကျောင်းတွေကို ခွဲထုတ်ကြလိမ့်မယ်၊ မြို့ထဲက သတင်းအချက်အလက်အစိုးရဌာနတွေက ဒီနေ့မနက်မှာ အစည်းအဝေးလုပ်ဖို့ရှိပြီး အမှတ်၇နဲ့ အမှတ်၃ စီနီယာ အထက်တန်းကျောင်းတွေကို တစ်ခုတည်းအဖြစ်ပေါင်းထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် သူတို့ရဲ့ဂျူနီယာ အထက်တန်းကျောင်းများအဖြစ်လည်းလုပ်လိုက်ကြမယ်။ အမှတ်၃ ကျောင်းက စီနီယာ အထက်တန်းကျောင်းဆက်လက်သင်ကြားမှု ဧရိယာဖြစ်ပြီး အမှတ်၇က ဂျူနီယာ အထက်တန်းဧရိယာဖြစ်တယ်၊ ဒါ့ကြောင့် စီနီယာတန်းကျောင်းသားသစ်တွေက အမှတ်၇ အလယ်တန်းကျောင်းကို ပြောင်းရ လိမ့်မယ်။ အခြေခံအားဖြင့် ကျောင်းသားတွေက သူတို့၁၈နှစ် မပြည့်သေးဘူး ဆိုရင် ဒုတိယနှစ်ကျောင်းသားတွေဖြစ်လိမ့်မယ်၊

“စကားမစပ်, ဒီနည်းလမ်းကစောစောဖျက်သိမ်းနိုင်လောက်တယ်။” ဒါရိုက်တာက ခက်ခဲတဲ့ ဟာသတစ်ခုကိုပြောလိုက်တယ်။

“အင်း…ကောင်းပြီ, ပုံစံကြည့်ရတာတော့ သဘောတူချင်စရာပါဘဲ။” ကျောင်းအုပ်ကြီး ကပင်ပန်းနေတဲ့ပုံနဲ့ စိုးရိမ်မှုတွေပြည့်နေတယ်၊ ဒါပေမယ့် နောက်ဆုံးသူလက်ခံလိုက်တယ်။

“အမ်း..နောက်ပြီး စစ်တပ်ဘက်ကသင်တန်းနည်းပြတွေကလည်း သင်တန်းအသစ်တွေ ကို ဂရုတစိုက်လုပ်ပေးပါလိမ့်မယ်။”

ကျောင်းအုပ်ကြီးကရှောခ့်ရသွားပြီး သူ့ရဲ့မျက်ခုံးတွေကို ကြုံလိုက်သည်၊ သူတစ်ခုခု ထူးခြားနေတယ်လို့ အနံ့ရနေတယ်၊ “ ခုဒီအခြေအနေက တင်းမာနေတဲ့အနေအထား မှာရှိနေတာလား။”

“ကျွန်တော်တို့လူသားတွေက နည်းစနစ်တိုးတက်မှုတွေ,ပျိုးထောင်ပေးတဲ့ သားရဲပျိုး ထောင်သူတွေကို ဖော်ထုတ်နိုင်ခဲ့ကြပေမယ့် ခုထိအရှိန်ကနှေးနေတုန်းဘဲ၊” ဒါရိုက်တာ ရဲ့အသံက အရမ်းကိုနှိမ့်ချနေသည်၊ “တကယ့်ရိုင်းတဲ့ သားရဲတော်တော်များများက မျိုးပွားမှုနဲ့ သတ်တာတွေမှာ ရူးသွပ်နဲ့နည်းလမ်းတွေရှိတယ်၊ သူတို့ရဲ့ဆင့်ကဲပြောင်းလဲ မှုအရှိန်က မြို့မှာရှိတဲ့ ကိုယ်ပိုင်သားရဲတွေထက်ပိုမြန်တယ်၊ အချိန်ကြာလာတာနဲ့အမျှ တစ်နေ့မှာ ကျွန်တော်တို့နည်းလမ်းတွေက သူ့တို့ကိုကြာကြာမလှည့်စားနိုင်တော့တာ နောက်ကျသွားမှာစိုးရတယ်၊ ကျွန်တော်တို့ကျောင်းသားတွေက ငြိမ်းချမ်းတဲ့ကာလတွေ အတွင်းမှာ ကလေးတွေဖြစ်ပေမယ့် ရှေးစစ်ပွဲခေတ်တွေမှာတော့ သူတို့ကအရွယ် ရောက်သူတွေဖြစ်ပြီး စစ်တပ်ထဲကိုဝင်နိုင်နေပြီ။”

“ကျနော်တို့နိုင်ငံကို ကာကွယ်စောင့်ရှောက်တာက အချည်းနှီးသက်သက်မဟုတ်ဘူး၊ ဒါရိုက်တာကလေးနက်စွာနဲ့ပြောပြီးနောက် ပြုံးလိုက်ကာ “ ဒါပေမယ့် ဒီအရာတွေကို ကလေးတွေကိုမပြောကြဘူး၊ လက်ရှိရှေ့တန်းမှာတော့အခြေအနေကအဆင်ပြေတယ်၊ ကျွန်တော့်သမီးငယ်က သတင်းကြားတော့ အရမ်းကိုပျော်နေပြီး သူမကသူ့ရဲ့သားရဲကို ကျောင်းကိုအပျော်အနေနဲ့ ယူလာဖို့တောင်တွေးနေတာ။”

“ကောင်းပြီ, ဆရာတွေကိုနောက်မှ ပြောလိုက်မယ်၊” ကျောင်းအုပ်ကြီးက ခေါင်းငြိမ့် ကာပြောသည်။

….

အထက်တန်းကျောင်းရဲ့သင်ခန်းစာတွေက လွယ်ပါတယ်၊ ကောင်းဖန်က စီနီယာ အဆင့်မြင့်သင်ခန်းစာတွေကိုကိုယ်တိုင် စာလေ့လာပြီး ကောလိပ်ကျောင်းသင်ခန်းစာ များကိုလည်းကိုယ်တိုင်လေ့လာခဲ့သည်၊ တစ်ခါတစ်ရံ အချိန်ပိုရှိတဲ့အခါမှာ သင်ရိုးညွှန်း တန်းစာအုပ်တွေပါ ဖတ်တတ်သည်။

ဒါကြောင့်ဘဲ မုရုန်ချိုးယဲ့က ကောင်းဖန်ကို အလွယ်တကူ ခွင့်ပေးခဲ့ခြင်းဖြစ်သည်၊ အရိုးသားဆုံးပြောရလျှင် အကယ်၍ကောင်းဖန်အတွက်ကောလိပ်ဝင်ခွင့်စာမေးပွဲကို ယခုပင်ပြုလုပ်ပါကလည်း ဘာမှကိစ္စမရှိပေ။

ကောင်းဖန်ရဲ့ နံပါတ်၁ ဖြစ်ရမည့်အစား အဆင့်လေး၄ဖြစ်ရခြင်းသည် သူ၏PEစာမေးပွဲ ကိုဖြတ်ကျော်နေရခြင်းကြောင့်ဖြစ်သည်။

PE စမ်းသပ်မှု၏ စုစုပေါင်းအဆင့်မှာ ၁၀၀မှတ်ဖြစ်သည်၊ ခေတ်သစ်တွင် PEအဆင့် သည်တိုးလာသည်၊ ကမ္ဘာညွှန့်ပေါင်းအစိုးရသည် ယခုခေတ်ကလေးများ၏ ပညာရေး ဆိုင်ရာအခြေအနေများတွင်သာမက ရုပ်ပိုင်းဆိုင်ရာအခြေအနေများကိုပါဖွံဖြိုးတိုး တက်စေရန် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို ပြုလုပ်သင့်ကြောင်း ကမ္ဘာ့ညွန့်ပေါင်း အစိုးရမှတောင်းဆိုခဲ့သည်။

သူအတန်းထဲကိုဝင်လိုက်တော့ ကောင်းဖန်ကရုတ်တရက် အားလုံးရဲ့အာရုံစိုက်မှုကို ရသွားတော့သည်၊ သူအရမ်းသက်တောင့်သက်သာဖြစ်တယ်လို့မခံစားရဘူး ပြီးတော့ သူ့ခုံသူတည့်တည့်လျှောက်သွားလိုက်ပြီး သူ့လွယ်အိတ်ကိုချလိုက်သည်။

ခဏကြာတော့ မုရုန်ချိုးယဲ့က ကျောင်းသားများရဲ့မနက်ခင်းလေ့လာ မှုတွေကို ပြုလုပ် ခြင်းကိုစောင့်ကြည့်စစ်ဆေးသည်၊ သို့သော်လည်း အလုပ်လုပ်နေစဉ်အလယ်ပိုင်း လောက်မှာဘဲ မစ္စမုရုန်ကို ကျောင်းအုပ်ကြီးက အစည်းအဝေးတက်ဖို့‌ခေါ်လိုက်သည်။

မစ္စမုရုန်က အတန်းကိုချန်ကာ အမြန်သွားရတော့သည်၊ ဆရာထွက်သွားတာကို တွေ့တော့ တိတ်ဆိတ်နေတဲ့အခန်းက ရုတ်တရက်ဆူညံလာပြီး ပြောင်းလဲသွားတော့ သည်။

ကျောင်းသားတွေက ကစားဖို့ဆွေးနွေးတိုင်ပင်နေကြတယ်။

“ကောင်းဖန်” ထန်ချန်ကျင်းက ကောင်းဖန်ရဲ့အရှေ့ဘက်မှာထိုင်လိုက်တယ်၊ သူကလှည့်လိုက်ကာ သူရဲ့လက်မောင်းတစ်ဖက်ကို ကောင်းဖန်ရဲ့ခုံပေါ်ကိုတင်ပြီး ပြောလိုက်သည် “မင်း အလယ်အလတ်သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ကို ရခဲ့ တယ်လို့ကြားတယ်။”

“အာ” ကောင်းဖန်အံ့ဩသွားတယ်၊ သူတို့ဘယ်လိုလုပ်သိတာလဲဟ။

“မင်းမသိဘူးလား? မင်းကအခုသတင်းစာထဲမှာ ချန်အန်းမြို့ရဲ့ အငယ်ဆုံးအလယ် အလတ်သားရဲ ပျိုးထောင်သူနဲ့ ချန်အန်းမြို့သားရဲပျိုးထောင်သူအဖွဲ့အစည်းရဲ့ပြောပုံအရ မင်းကအငယ်ဆုံးသားရဲပျိုးထောင်သူတွေရဲ့စံချိန်ကို ဖြတ်ကျော်ခဲ့တယ်တဲ့၊ ထန်ချင်ကျင်းက လေးစားမှုတို့နဲ့ပြောတယ်၊ “ဒါ့အပြင် လီကျီကုန်းကပြောတယ်, သူ့အမေလည်းပါတာကြောင့် သူ့ကိုသူမက အကြောင်းစုံပြောပြပြီး သူကမင်းလို မတော်လို့နောင်တတွေရနေတယ်၊ အမေဖြစ်သူက သူ့ကိုသားရဲပျိုးထောင်တဲ့စာအုပ် တွေကိုဖတ်ဖို့တွန်းအားပေးနေတယ်လေ၊ သူအဲ့အချိန်ကစပြီး တော်တော်ဒုက္ခခံနေရ တယ်။”

***

အခန်း ၂၇ ငွေလရောင် ဝံပုလွေ

“အိုး…ငါစိတ်မကောင်းပါဘူး” ကောင်းဖန်သူ့ခေါင်းကိုခါလိုက်တယ်။ လီကျီကုန်းဟာ သူ့ကြောင့် ဒီလောက်ပြဿနာကြီးဖြစ်မိမယ်လို့မထင်ခဲ့ဘူး။

“အင်း…ကောင်းဖန် ငါ့မှာရဲရဲတင်းတင်းနဲ့မင်းကိုမေးဖို့တောင်းဆိုထားတာရှိတယ်၊” ထန်ချင်ကျင်း ကို့ယို့ကားယားဖြစ်လာသည်။

“ဒါဆို မင်းမပြောတာအကောင်းဆုံးဘဲ၊” ကောင်းဖန်သူ့ကိုငြင်းဆိုရန် ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့သည်။

“…..” ထန်ချင်ကျင်း သူ့ရဲ့စကားတွေကိုပိတ်ဆို့လိုက်သည်။

“မင်းက ရဲတင်းတဲ့တောင်းဆိုမှုလို့ပြောတာကြောင့် မပြောတာကောင်းတယ်, ဒါမှမဟုတ်ရင် မင်းနဲ့ငါနဲ့ကြားထဲမှာ မသက်မသာဖြစ်စေနိုင်တယ်၊” ကောင်းဖန် သူ့ခေါင်းကိုငုံ့လိုက်ပြီး သူ့ရဲ့စာအုပ်ကိုလှန်လှောနေလိုက်တယ်။

“ကောင်းပြီ” ထန်ချင်ကျင်း သူ့မျက်လုံးကိုလှိမ့်လိုက်ပြီး ကောင်းဖန်ကိုနောက်ကျော ပေးလိုက်သည်။

…

“အဟမ်း ..အဟမ်း” အရပ်ရှည်ရှည်နဲ့ ထွားတဲ့ပုံရှိသည့် ပုံရိပ်တစ်ခုက တံခါးဆီမှ လျှောက်လာပြီး စင်မြင့်မှာရပ်လိုက်သည်။

ပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောနေတဲ့ သူတွေအကုန်လုံး ရုတ်တရက် တိတ်ဆိတ်သွား တာကြောင့် ဆူညံနေတဲ့အသံတွေလာတဲ့ နေရာက ရုတ်တရက်ရပ်ကြီး ရပ်တန့်သွားကြသည်။

“အခုဘဲ ကျောင်းအုပ်ကြီးက အရေးပေါ်အခြေအနေအစည်းအဝေးခေါ်ခဲ့တယ်၊ မနက်ဖြန်ကစပြီးတော့ကမ္ဘာတစ်ဝန်းလုံးက ကျောင်းတွေအကုန်လုံး အရေးတစ်ကြီးပြု ပြင်ပြောင်းလဲမှုကို ပြုလုပ်လိမ့်မယ်၊” မုရုန်ချိုးယဲ့က သူမရှေ့မှာရှိနေတဲ့ မျက်နှာတွေကို ကြည့်လိုက်တယ်၊ သူတို့ကိုသတင်းပြောပြဖို့အတွက် ခက်ခဲနေတယ်။

“ငါတို့ကျောင်း ဂျူနီယာအထက်တန်းကျောင်း အပိုင်း, စီနီယာအထက်တန်းဂျူနီယာတွေက ချန်အန်းမြို့ရဲ့ အမှတ်၇ အထက်တန်းကျောင်းကိုအဆောက်အအုံကိုပြောင်းရလိမ့်မယ်၊ တစ်ဖက်မှာလည်း အမှတ်၇ စီနီယာအထက်တန်းကျောင်းသား ဒုတိယနှစ် တွေနဲ့ စီနီယာတန်းတွေက ငါ့တို့ရဲ့အဆောက်အအုံဆီကို ပြောင်းလာကြလိမ့်မယ်၊ သေချာတာပေါ့ အတန်းကတော့မပြောင်းပါဘူး, မင်းတို့အားလုံး မင်းတို့ရဲ့မူလအတန်း မှာဘဲရှိလိမ့်မယ်၊”

“ဒီနေ့ကနေစပြီး စီနီယာအထက်တန်းဒုတိယနှစ်တွေက နောက်ထပ်ကျွမ်းဝင်မှုအတန်းတစ်ခုကို ထပ်တက်ရမယ်။ သားရဲလေ့ကျင့်သူ အရာရှိအထူးဝင်ခွင့်အမျိုးအစားတစ်ခုလည်းရှိဦးမယ်၊ အကယ်၍ သူတို့ထဲကတစ်ယောက်ဖြစ်ချင်ရင်တော့, အတန်းပြီးရင် ငါ့ဆီကိုစာရင်းလာပေးလှည့်ပါ၊ ဒီဆုံးဖြတ်ချက်ကိုမဟာမိတ်ပညာရေးဌာနနှင့် မဟာမိတ်စစ်တပ်လက်နက်ကိုင်အဖွဲ့က ပူးတွဲအတည်ပြုထားတာဖြစ်တယ်၊ ထူးခြားတဲ့ရလဒ်ရှိတဲ့ အရာရှိလောင်းတွေကို ထိပ်တန်းကောလိပ် ဒါမှမဟုတ် စစ်တပ် ကောလိပ်ကျောင်းတွေကိုတိုက်ရိုက်ဝင်ခွင့်ပြုလိမ့်မယ်၊”

အစပိုင်းတိတ်ဆိတ်နေပေမယ့် နောက်ပိုင်းအတန်းက ရေတွေရုတ်တရက်ဆူပွက်လာ သလိုမျိုး ဆူလာကြတော့တယ်၊ ဆင်းရဲတဲ့ကျောင်းသားတွေရဲ့ရလဒ်ကတော့ အထူးသဖြင့်စိတ်လှုပ်ရှားနေကြသည်၊ ဒါက သူတို့ရဲ့တစ်ကျော့ပြန် အခွင့်အရေးဖြစ်သည်၊

တိုက်ခိုက်ရေးသားရဲလေ့ကျင့်သူတွေဖြစ်ဖို့ကို အစီအစဉ်ရှိပြီးသားကျောင်းသားများ ကလည်း စိတ်လှုပ်ရှားနေကြသည်၊ အချိန်တစ်ခုကြာတော့ ဘေးအခန်းကနေပျော်ရွှင် တဲ့အသံတွေထွက်ပေါ်လာတော့သည်။

မုရုန်ချိုးယဲ့က သူမကျောင်းသားတွေဆူညံပြီး ဆင်နွှဲနေတာကို အချိန်ခဏပေးလိုက် သည်၊ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ နောက်ဆုံးသူမ စားပွဲခုံကိုရိုက်လိုက် တယ်။

“တိတ်တိတ်နေကြစမ်း”

အတန်းကပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်။

“မင်းတို့ အရာရှိလောင်းဖြစ်လာခဲ့ရင် ဘာသာစကားတွေ, သင်္ချာနဲ့နိုင်ငံရေးတွေကို မလေ့လာရတော့ဘူးလို့ထင်နေကြတာလား? မင်းတို့စာသင်နေတာက အမှားနဲ့အမှန် ကိုသင်ခန်းစာရယူဖို့ဘဲ,ဒါကြောင့် မှန်ကန်တဲ့နည်းလမ်းတွေကို သင်ယူပြီးတော့ ရိုးရိုး တန်းတန်းနဲ့ လူအုပ်ကြီးနောက်ကိုလိုက်မသွားနဲ့။ မင်းတို့တွေ သင်ယူထားတဲ့အရာ အကုန်လုံးကို လေ့လာဖို့ရှိနေသေးတယ်။ မင်းတို့ အရာရှိလောင်းဖြစ်လာပြီးတဲ့နောက် မင်းတို့ရဲ့လေ့လာမှုတွေကို လွယ်လွယ်နဲ့လျစ်လျူရှုမပြစ်ကြနဲ့။” သူမ အတန်းထဲက ကျောင်းသားတွေကိုကြည့်ပြီး သူတို့ထဲကအများစုက သူမပြောတဲ့အတိုင်းမလိုက်နာ ဘူးဆိုတာကိုသိသည်။ မုရုန်ချိုးယဲ့ သူမရဲ့နှုတ်ထွက်မှုအတွက်ပြုံးလိုက်သည်။

“ကောင်းပြီ, အကယ်၍မင်းတို့အားလုံး ခုချက်ချင်းစာလေ့လာကြမယ်ဆိုရင်တော့ မင်းတို့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ငါထင်တယ်။ မင်းတို့အကုန်လုံး အခုအနားယူနိုင် တယ်၊ ဒါပေမယ့်အသံတော့ အရမ်းမထွက်ကြနဲ့၊ အကယ်၍မင်းတို့တခြားအတန်းကို အနှောက်အယှက်ပေးမယ်ဆိုရင်မင်းတို့အကုန်လုံးစာပြန်လုပ်ဖို့အတွက်ပြန်လာခဲ့မယ်”

“ကောင်းဖန်, ငါ့ရုံးခန်းထဲကိုခဏလောက်လာခဲ့ပေးပါဦး” မုရုန်ချိုးယဲ့ကပြောပြီး အတန်းထဲမှထွက်သွားတော့တယ်။

“မစ္စမုရုန်” ကောင်းဖန်တွေ့ဖို့အတွက် ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ လက်ရှိမှာ မုရုန်ချိုးယဲ့ကလွဲလို့ရုံးခန်းထဲတွင်ဘယ်သူမှမရှိပေ။

“အမ်” မုရုန်ချိုးယဲ့က သူမစားပွဲပေါ်ကမျက်မှန်ဘူးကိုဖွင့်ပြီး မျက်မှန်တပ်လိုက်သည်။

“မင်းဒီတစ်ခေါက်လုပ်တာ အရမ်းတော်တယ်၊ မင်းက အလယ်အလတ်အဆင့် သားရဲပျိုးထောင်သူတရားဝင်လက်မှတ်တောင်မှရအောင် စီစဉ်ပြီးသွားပြီ။ ကျောင်းအုပ်က မင်းရဲ့နာမည်ကို ပြောပြီး မင်းရဲ့စွမ်းဆောင်ရည်တွေကိုချီးကျူးခဲ့တယ်၊” မုရုန်ချိုးယဲ့က ကောင်းဖန်နှင့်မျက်နှာချင်းဆိုင်ကာကြည့်လိုက်တယ်။

“မနက်ဖြန်မနက် အမှတ်၇ကကျောင်းက အထက်တန်းကျောင်းသားတွေ ရောက်လာတဲ့အခါမှာ ကျောင်းရဲ့ကိုယ်စားပြုအနေနဲ့ ကျောင်းသားသစ်တွေရဲ့ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့မျှော်လင့်ပါတယ်။” မစ္စမုရုန်က ကောင်းဖန်နှင့်စတင်ဆွေးနွေးတော့သည်။

ကောင်းဖန်ကြက်သေသေသွားသည်၊ သူတို့က သူ့ကို ကျောင်းသားကိုယ်စားပြုဖြစ်စေ ချင်ကြတယ်ပေါ့။

“ဟင့်အင်း, ဟင့်အင်း” ကောင်းဖန်သူ့ခေါင်းကို အရမ်းခါပြလိုက်တယ်။

ကောင်းဖန်က ထိုအရာတွေက သူ့အတွက်အရမ်းမြင့်လွန်းတယ်လို့ထင်တယ်၊ သူက နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရတာ ကိုမကြိုက်ဘူး။

မုရုန်ချိုးယဲ့က ကောင်းဖန်တကယ်ကြီးငြင်းဆန်မယ်လို့ မမျှော်လင့်ခဲ့ပါ၊ ဒါတကယ်ကြီး ကိုမျှော်လင့်မထားတာဘဲ။ ဒီအသက်အရွယ်ကောင်လေးတွေက အာရုံစူးစိုက်မှုတွေရဲ့ အလယ်မှာရှိရတာကို ကြိုက်ကြတာမဟုတ်ဘူးလား?

မမျှော်လင့်ထားတဲ့ ငြင်းပယ်မှုကသူမကို ကို့ရို့ကားယားဖြစ်စေပြီး သူမအနေနဲ့ ကောင်းဖန်ကို တခြားတစ်မျိုးနဲ့သိမ်းသွင်းစည်းရုံးဖို့ ဘယ်လိုဆက်လုပ်ရမလဲ မသိဖြစ်သွားတော့သည်။

နောက်ဆုံးမှာတော့ ကောင်းဖန်ကို အနည်းငယ်တိုက်တွန်းပြီးနောက် သူ့ကိုအတန်းထဲ ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကောင်းဖန်က ချက်ချင်းထွက်မသွားဘူး၊ သူကခဏလောက်တုံ့ဆိုင်းနေပြီးနောက် ပြောလာခဲ့သည်။ “မစ္စမုရုန်, ကျွန်တော်သားရဲလေ့ကျင့်သူအရာရှိလောင်း လျှောက်ချင်လို့”

မုရုန်ချိုးယဲ့ သူမခေါင်းကို သံပါတ်ပေးထားသလိုပင် မော့လိုက်သည်၊ “ မင်းက သားရဲလေ့ကျင့်သူအရာရှိလောင်းလျှောက်ချင်လို့?!”

သူမရဲ့မျက်ခုံးတွေက ကြုံ့သွားပြီး “ငါ့အထင် မင်းဒီအချက်ကိုသေချာစဉ်းစားသင့်တယ် သားရဲလေ့ကျင့်သူဖြစ်ဖို့က သင့်တင့်လျောက်ပတ်တဲ့ လမ်းကြောင်းပေမယ့် အထူးသဖြင့် မင်းနဲ့တော့အကျိုးမပြုလောက်ဘူး။”

“မင်းရဲ့အဆင့်တွေက ထူးခြားပါတယ်၊ မင်းရဲ့ သားရဲပျိုးထောင်သူလက်မှတ်နဲ့ ကောင်း ကောင်းဆက်လုပ်နိုင်မယ်ဆိုရင် ဟွားရှားမှာရှိတဲ့ ဘယ်ထိပ်တန်းကောလိပ် ကိုမဆိုဝင် ခွင့်ရမှာက ခက်တဲ့ကိစ္စမဟုတ်ပါဘူး။ နိုင်ငံခြားကကောလိပ်တောင်မှ မင်းအတွက်ပြဿနာမရှိလောက်ဘူး”

သူမက ရပ်လိုက်တယ်၊ “အကယ်၍ မင်းတိုက်ခိုက်ရေးသားရဲလေ့ကျင့်သူဖြစ်ဖို့ ရည်ရွယ်ထားရင် မင်းရဲ့စာပေ စာမေးပွဲကရလဒ်နဲ့ စစ်တပ်ကျောင်းမှာဝင်ပြီး မင်းစိတ် ဝင်စားတဲ့နယ်ပယ်မှာလျှောက်လို့ရတယ်၊ ရလဒ်ကတော့ အတူတူဘဲ။”

“မစ္စမုရုန်, ကျွန်တော့်အထင် ဆရာမအထင်မှားနေတာနဲ့တူတယ်၊ ကျွန်တော်စာပေ စာမေးပွဲကို လက်လျော့လိုက်တာမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်များများ စီနီယာ သင်ရိုးညွှန်းတန်းတွေထဲက အရာတော်တော်များများကို သင်ယူနိုင်ပါတယ်၊ ကျွန်တော် သားရဲလေ့ကျင့်သူအရာရှိလောင်းအဖြစ်လျှောက်တာက ကိုယ်စိတ်ဝင်စားတဲ့အရာ တွေကို ပိုပြီးလေ့လာသင်ယူနိုင်ဖို့ မျှော်လင့်ထားလို့ပါ” ဟုကောင်းဖန်က တောင်း တောင်းပန်ပန်နဲ့ပြောလိုက်တယ်။

မုရုန်ချိုးယဲ့ အံ့ဩသွားသည်၊ အဆုံးမှာတော့ သူမက ခေါင်းကိုခါရမ်းလိုက်ပြီး ရယ်လိုက်သည်၊

ကောင်းဖန်ရဲ့ထူးခြားတဲ့ရလဒ်တွေက ထင်ရှားပေါ်လွင်သည်။ အကယ်၍ သူမကျောင်းသားတွေက သူတို့ကိုယ်ပိုင်ရည်မှန်းချက်တွေရှိခဲ့ရင် သူမကဘယ်နည်းနဲ့ရပ်တန့်နိုင်မှာ လဲ၊ “မင်းဒါကို စဉ်းစားပြီးပြီဆိုရင်တော့ ငါဒါကိုမတားတော့ပါဘူး၊”

“ကျေးဇူးတင်ပါတယ် မစ္စ,မုရုန်၊” ကောင်းဖန်ဦးညွှတ်လိုက်ပြီး ရုံးခန်းထဲမှထွက်ခဲ့တော့ သည်။

နောက်တစ်ခန်းကဆရာမက စာရွက်တွေစီနေတုန်း သူကောင်းဖန်ထွက်သွားတာကို တွေ့လိုက်တယ်၊ “အဲ့တာ ရှင့်အတန်းထဲက ကောင်းဖန်မလား?” ဆရာမက သက်ပြင်းချလိုက်သည်၊ “ငါ့အိမ်က ငရှုပ်ထက်တော့ အများကြီးသာတယ်! ဒီလောက်ငယ်ငယ်လေးနဲ့ အလယ်အလတ်သားရဲပျိုးထောင်သူတရားဝင်လက်မှတ်ကိုရခဲ့တယ်”

ထိုနေ့ နေ့ခင်းမှာဘဲကျောင်းကို များပြားတဲ့ထရပ်ကားများရောက်ရှိလာခြင်းကြောင့် စာသင်ခန်းအပြင်ဘက်မှာ ကျယ်လောင်တဲ့ဆူညံသံတွေကြားနေရတယ်၊ ထို့နောက် ကျောင်းအားကစားကွင်းရှိ ခြံစည်းရိုးကို ဖြိုချကြသည်၊ ထိုမှကျော်လျှင်ကြီးမားသော မြေကွက်လပ်ကြီးဖြစ်သည်၊၊ မြေယာဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျယ်ပြန့်သော သုံးဆင့်အထိအမြင့်ကို ကပ်ဘေးမဖြစ်ပွားမီကပင် ချဲ့ထွင်ရန်စီစဉ်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့်နှောင့်နှေးခဲ့သည်။

များပြားသော စစ်သားအင်အားစုများသည် ထရပ်ကားပေါ်မှ တစ်ယောက်ချင်းဆင်း လာကြသည်၊ အလွန်လျင်မြန်စွာပင် သူတို့က မြေကွက်လပ်ပေါ်ကို ဘိလပ်မြေများ လောင်းခဲ့သည်၊ လေးလံသော စက်ပစ္စည်းများမှ ကျယ်လောင်သော အသံများသည် ကျောင်းဝန်းတစ်ခုလုံးကို ပြည့်နေတော့သည်။ ကျောင်းသားအများစုက စာသင်ခန်းတွင် အာရုံစူးစိုက်မှုပျောက်ဆုံးသွားကြပြီး ဆရာများကလည်းထိုအခြေအနေနှင့်ပတ်သတ်၍ အကူအညီမဲ့နေသည်ဟု ခံစားနေရသည်၊

ကျောင်းဆင်းတော့ ကောင်းဖန် ကျောင်းမှထွက်ချိန် ဆောက်လုပ်ရေးလုပ်ငန်းကိုကြည့် လိုက်သည်၊ ကြီးမားသော လယ်ကွင်းဟင်းလင်းပြင်တွင် မြေပြင်ပုံသဏ္ဌာန်က စတင်ပေါ်လာပြီဖြစ်သည်၊ ဟွာရှားရဲ့ဆောက်လုပ်ရေးသည် ကမ္ဘာပေါ်တွင်အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြစ်ကြောင်းသူအရင်ကတည်းကကြားဖူးသည်၊ သူတို့က ထိုအမည်နှင့် အညီ နေထိုင်ကြသည်၊

နောက်နေ့မနက် ကောင်းဖန်ကျောင်းကိုရောက်တဲ့အခါမှာတော့ အုတ်မြစ်များဆောက် လုပ်ပြီးနေသည်ကိုမြင်လိုက်ရသည်၊ ထိုအရာက ကြီးမားပြီး ပြားချပ်နေသည့် ကွန်ကရစ်မျက်နှာပြင်ဖြစ်သည်၊ အခြောက်မခံရသေးဘဲပြင်ဆင်ဖာထေးမှုများပင် ရှိသည်၊

ဒီနေ့ကျောင်းမှာ ကျောင်းသားနည်းသည်၊ ဒါပေမယ့်မျက်နှာသစ်တွေများလာသည်။

သူတို့တွေက အမှတ်၇ အထက်တန်းကျောင်းကလူတွေဘဲဖြစ်လောက်သည်၊

သင်္ချာအဆောက်အအုံရဲ့အောက်မှာ စစ်သားယူနီဖောင်းတွေနှင့် အတန်းသုံးတန်းရှိ သည်၊ သူတို့မျက်နှာတွေက ခွန်အားပြည့်ဝနေပြီး တည်ကြည်လေးနက်တဲ့လေထုကို ပေးစွမ်းနေသည်၊

သို့သော် ထိုစစ်သားများ၏နောက်ကွယ်တွင်ရပ်နေသော ကြီးမားသော ငွေရောင် ဝံပုလွေသုံးတန်းသည် ပို၍အာရုံစူးစိုက်မှုကိုရရှိနေသည်၊ သူတို့၏သားမွှေးများသည် ငွေရောင်အမွှေးများဖြစ်ပြီး အလင်းရောင်အောက်တွင်တောက်ပနေကြသည်၊ တစ်ကောင်ချင်းစီသည် ရှေ့သို့တန်းတန်းမတ်မတ်ကြည့်နေပြီး သူတို့ရဲ့ခြေတံလက်တံ များသည် ဝင်ရိုးစွန်းတစ်ဖက်စီကို တည့်မတ်စွာဦးတည်နေသည်၊ ဝံပုလွေတစ်ကောင် ချင်းစီသည် ထိပ်တန်းအဆင့်တွင်သာရှိပြီး သိပ်ပြီးအစွမ်းထက်ပုံမပေါ်ပါ။ ဒါပေမယ့် များပြားတဲ့အရေအတွက်နှင့် အတူတကွစုစည်းထားခြင်းကြောင့် အုပ်ချုပ်သူအဆင့် သားရဲပင်လျှင် ယာယီဆုတ်ခွာရန် အတင်းအကျပ် တွန်းအားပေးခံရလိမ့်ပေမည်။

ဒီလိုခမ်းနားကြီးကျယ်သည့်ကြီးမားသောဝံပုလွေများသည် ဖြောင့်တန်းစွာနှင့်စီတန်း နေကြသည်မှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်၊ ကျောင်းသားအများစုက ရှင်းရှင်း လင်းလင်းပင် ရပ်နေကြကာ ထိုကြီးမားသောဝံပုလွေများကို ကြည့်ရှု့နေကြသည်။

ကောင်းဖန်လည်း သူကိုယ်တိုင်တောင် အကူအညီမဲ့စွာနှင့် နည်းနည်းလောက်ထပ် ကြည့်လိုက်သည်၊

[မကောင်းဆိုးဝါးအမည်] : ငွေလရောင် ဝံပုလွေ

[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၉ (ထိပ်တန်းအဆင့်)

ဝံပုလွေတစ်ကောင်ချင်းစီတိုင်းက အဆင့်ကွာခြားကြပြီး တစ်ကောင်ချင်းစီသည် အဆင့်၁၈မှ ၂၀အတွင်း ရှိကြသည်။

***

အခန်း ၂၈ အဖွဲ့,ဖွဲ့ခြင်း

ကောင်းဖန် တစ်ချက်သာ အမြန်ကြည့်လိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားခဲ့သည်။ စစ်တပ်က ဒီလိုကိုယ်ပိုင်သားရဲများကို ကျောင်းသို့ ယူဆောင်လာသည်ဆိုမှတော့ သေချာပေါက် လမ်းလျှောက်ထွက်လာခြင်းတော့ မဖြစ်နိုင်ပေ။ နောက်ပိုင်းမှာ တခြားအခွင့်အလမ်းတွေရှိလာပေလိမ့်မည်။

ပထမဆုံးအတန်းသင်နေချိန်အတွင်း မုရုန်ချိုးယဲ့ဝင်လာခဲ့သည်။ သူမက ဆရာကျန်းကို အပြုံးလေးဖြင့် တောင်းပန်လိုက်ပြီးနောက် တံခါးကိုခေါက်လိုက်ကာ၊ “သားရဲလေ့ကျင့်သူလုပ်မယ့် ကျောင်းသားတွေအားလုံး ထွက်လာခဲ့ကြ။”

ချက်ချင်းပင် ထိုင်ခုံများ ဆူဆူညံညံဖြင့် ရွှေ့သွားကာ အတန်းတစ်ဝက်လောက်နီးပါးပင် မတ်တပ်ထရပ်လိုက်ကြသည်။

စာသင်ခန်းရှေ့မှ စင်ပေါ်တွင်ရပ်နေသည့် ဆရာကျန်းမှနေပြီး စနောက်လိုက်သည်။ “ကြည့်ရတာ ကျောင်းသားတော်တော်များများက သားရဲလေ့ကျင့်သူဖြစ်ချင်နေကြပုံပဲ။ ဟုတ်ပါတယ်လေ၊ ဒီအလုပ်သစ်မှာ တောက်ပတဲ့အနာဂါတ်တွေရှိနေတာဆိုတော့ မင်းတို့လဲ အိပ်မက်တွေနောက်လိုက်ကြပေါ့။”

ကျောင်းသားများကတော့ ရယ်မောလိုက်ကြသည်။

“နေပါဦး၊ ကောင်းဖန်၊ မင်းလိုထူးချွန်ကျောင်းသားက ဘယ်တုန်းက သားရဲလေ့ကျင့်သူဖြစ်ဖို့ စာရင်းသွင်းလိုက်တာလဲ?” ထန်ချင်ကျင်း အံဩသွားရသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ကောင်းဖန်ကို မေးလိုက်သည်။ “မင်းက သားရဲပျိုးထောင်သူမဟုတ်ဘူးလား? ပြီးတော့ အဆင့်ကလဲကောင်းတယ်လေ။”

“မင်းလဲအဆင့်ကောင်းတာပဲ။ ဘာလို့စာရင်းသွင်းထားလဲ?” ကောင်းဖန် အမေးကို အမေးဖြင့်သာ ခွန်းတုန့်ပြန်လိုက်သည်။

“ဟေ့၊ ဒါကငါ့ကလေးဘဝအိပ်မက်ပဲ၊ သိရဲ့လား။ ငါက အိမ်မွေးတိရိစ္ဆာန်တွေကို အရမ်းသဘောကျတာ။ ငါငယ်ငယ်လေးကတည်းက အိမ်မှာလဲ ခွေးတွေကြောင်တွေမွေးတယ်၊ ပြီးတော့ ငါ့ကလေးတုန်းက အကြိုက်ဆုံးကာတွန်းကလဲ ပိုကီမွန်ကားပဲ၊ သားရဲတွေက အရမ်းမိုက်လွန်းတယ်!” ထန်ချင်ကျင်း အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံစရာလား။ ပြီးတော့ ငါကအသန်မာဆုံး သားရဲလေ့ကျင့်သူတစ်ယောက်ဖြစ်လာဖို့အထိ ရည်ရွယ်ထားတာ။” ထန်ချင်ကျင်း၏စကားများကို ကြားရတော့ ကောင်းဖန် အလိုလိုနေရင်းပြုံးမိသွားရသည်။

ဘယ်သူကများ ဆယ့်လေးနှစ်အရွယ်စိတ်ကူးရင်မှုမရှိလို့လဲ?

ဘယ်သူကများ တောက်ပနေတဲ့ ကြောင်တောင်တောင် အိပ်မက်တွေမမက်ဖူးလို့လဲ?

ဘယ်သူ့မှာများ သူရဲကောင်းတစ်ယောက်ချင်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမရှိဖူးလို့လဲ?

ထန်ချင်ကျင်း၏စကားများမှာ များစွာသောလေ့ကျင့်သူဖြစ်ချင်သည့် ကျောင်းသားများ၏အတွေးများနှင့် တူညီလောက်သည်ဟု ကောင်းဖန် ယုံကြည်ပေသည်။ ဤအသက်အရွယ်တွင် ငယ်ရွယ်ကာ သွေးပူနေကြတာကြောင့် လူတိုင်းတွင် အိပ်မက်ကြီးကြီးမားမား တစ်ခုစီတော့ရှိတတ်ကြသည်။

“မင်းက ယောက်ျားကြီးတစ်ယောက်ဖြစ်ချင်နေပြီပေါ့၊ ငယ်နေသေးတယ်။” ကောင်းဖန် နောက်ပြောင်လိုက်သည်။

ထန်ချင်ကျင်း မှင်သက်သွားပြီး ချက်ချင်းပင်နားလည်သွားကာ၊ “ဟမ့်၊ ငါက အသန်မာဆုံးသားရဲလေ့ကျင့်သူတစ်ယောက်ဖြစ်ချင်တယ်ပဲပြောတာ။ ငါ့စကားကို အထအနမကောင်စမ်းပါနဲ့!”

တစ်ယောက်နှင့်တစ်ယောက် စနောက်နေကြရင်းဖြင့်ပင် သူတို့ အောက်ထပ်သို့ရောက်လာခဲ့ကြသည်။ အောက်ထပ်တွင် လူပေါင်းရာနှင့်ချီရောက်ရှိနေကြကာ ဆက်ပြီးလဲ တိုးများလာနေစဲပင်။

ကျောင်းသားအားလုံးအတူစုရပ်လိုက်ကြကာ ကြီးမားလှသည့်လူစူလူဝေးကြီးဖြစ်သွားသည်။

မုရုန်ချိုးယဲ့မှ ကျောင်းသားများဘက်လှည့်လာကာ၊ “မင်းတို့အရင်ဆုံး လူအုပ်ထဲဝင်သွားကြ၊ ပြီးရင် နည်းပြပြောတဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ကြ။”

ကောင်းဖန်နှင့်အခြားကျောင်းသားများ ခေါင်းညိတ်လိုက်ကာ လူအုပ်ကြီးထဲသို့ဝင်ရောလိုက်သည်။ ပင်လယ်ပြင်ထဲသို့ကျဆင်းသွားသည့် ရေစက်ရေပေါက်တစ်ခုလိုပင် သူတို့အဖွဲ့ဝင်သွားသည်က ဘာလှိုင်းဂယင်မှ မထသွားခဲ့ပေ။

ကျောင်းသားများအားလုံး အောက်ထပ်တွင် လူစီပြီးသွားသည့်နောက် စစ်သားအုပ်စုဘက်မှ စစ်ဦးထုပ်ဆောင်းထားသည့် ကာနယ်တစ်ဦးထွက်လာကာ လူအုပ်ကြီးကို ကြည့်လိုက်ပြီး၊ “ငါက မင်းတို့ရဲ့ နည်းပြခေါင်းဆောင်ပဲ၊ ငါ့မျိုးရိုးက ချန်း၊ မင်းတို့ငါ့ကို နည်းပြချန်းလို့ခေါ်ကြပေါ့။”

လူအုပ်ထဲမှ ပြန်ဖြေသံတစ်သံလောက်သာ ကြားလိုက်ရသည်။

နည်းပြချန်း၏အနက်ရောင်မျက်ခုံးများ တွန့်ချိုးသွားပုံက အနက်ရောင်တိမ်တိုက်များ နိမ့်ဆင်းလာသလိုပင်။ နည်းပြချန်းက အမိန့်ပေးလာသည်။ “ကျယ်ကျယ်ပြောကြစမ်း၊ နားလည်လား? ဖြေကြ!”

နည်းပြချန်း၏အသံမှာ မိုးခြိမ်းလိုက်သကဲ့သို့ပင်။ အချို့ကြောက်တတ်သည့်ကျောင်းသားများဆိုလျှင် တုန်ရီလာကာ သူတို့ခေါင်းများကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မော့လာကြသည်။

“မင်းတို့ကို မင်းတို့ပြန်ကြည့်လိုက်ဦး၊ အရှုံးသမားတွေ! မင်းတို့ဘယ်လုပ်များ သားရဲလေ့ကျင့်သူဖြစ်လာနိုင်မှာလဲ? မင်းတို့အမေတွေဆီသာ ပြန်သွားကြတော့!” နည်းပြအော်ဟစ်လိုက်ပုံမှာ သူ့နယ်မြေကို စစ်ဆေးနေသည့် ကျားတစ်ကောင် ဟိန်းဟောက်လိုက်သလိုပင်။

“သားရဲလေ့ကျင့်သူဆိုတာ ဘာမှန်း မင်းတို့သိကြရဲ့လား? သွေးစာချုပ်ရှိတာနဲ့ မင်းတို့သားရဲလေ့ကျင့်သူဖြစ်လာမယ်လို့များ ထင်နေတာလား? အဓိပ္ပါယ်မရှိလိုက်တာ!” နည်းပြချန်းက အသံနှိမ့်ကာ ထပ်ပြီးကြိမ်းမောင်းလိုက်သည်။ “ယုံကြည်မှုမခိုင်မာရင် သန်မာလာမှာမဟုတ်ဘူး။ ငှက်သားရဲတစ်ကောင်ရောက်လာရင်တောင် မင်းတို့ဘောင်းဘီထဲ သေးပေါက်ချကုန်လိမ့်မယ်! မင်းတို့ခြေထောက်တွေက ခေါက်ဆွဲဖက်တွေလို ပျော့ခွေနေလို့ ပြေးတောင်ပြေးနိုင်မှာမဟုတ်ဘူး! မင်းတို့လို့ကောင်တွေက သားရဲလေ့ကျင့်သူဖြစ်မှာမဟုတ်ဘူး။ ကြက်ပေါက်စလေးတွေပဲဖြစ်မှာ!”

သူကစာနာမှုအချို့ကိုတောင်မပြဘူး၊ သူကဖြောင့်မတ်ပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူတွေကြောင့်ကျောင်းသားအများစုနှင့် လူအုပ်ထဲကတစ်ချို့ကညည်းငြူကြ သည်။

“မင်း ထွက်လာခဲ့” နည်းပြချန်းက ရုတ်တရက်ကျောင်းသားတစ်ယောက်ကိုညွှန်ပြ လိုက်သည်။

“အမ်?” ကျောင်းသားက အလွန်အံ့ဩသွားသည်။

“ဘာ ‘အမ်’ လဲ?, ခုချက်ချင်းထွက်ခဲ့စမ်း၊ မင်းဘာပြောလိုက်တာလဲ?”

“မဟုတ်ပါဘူး, ဘာမှမပြောပါဘူး” ကျောင်းသားက အရပ်သိပ်မရှည်ဘူး, ၅ပေ၅ပတ် လည်လောက်ရှိတယ်၊ ဖျူဖျော့နေတဲ့အသားအရေနဲ့ အမည်းရောင်မျက်မှန်တစ်စုံရှိ သည်။ သူကသာမာန်အထက်တန်းကျောင်းသားတစ်‌ယောက်လိုဘဲ။

“မင်းငါ့ကိုနားကန်းနေတယ်များမှတ်နေလား? မင်းသာ ငါ့ဆီကလူဆိုရင်မင်း ဖင်*ကို ဆောင့်ကန်ပြစ်ပြီ!” နည်းပြချန်းက သူ့ရဲ့မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်သည်၊ “မင်းတို့ သူရဲဘောကြောင်တဲ့သူတွေ ပြန်သွားကြတော့”

လူအုပ်ထဲက ဆွဲထုတ်ခံရတဲ့နောက် သနားစရာ ကောင်လေးရဲ့သတ္တိတွေက တစ်ဝက် လောက် ပျောက်ကွယ်သွားပြီး အခုသူပြန်ပြီးငြင်းခုန်ဖို့ (ဒါမှမဟုတ်) သူ့ရဲ့အတု အယောင်သတ္တိကိုပြဖို့ အင်အားကုန်ဆုံးသွားပြီဖြစ်သည်။

“မင်းတို့အားလုံး လေးထောင့်ပုံစံရပ်ကြ, မင်းတို့ရှေ့ကလူရဲ့နောက်ကိုလိုက်၊ မြန်မြန် လုပ်ကြစမ်း၊” နည်းပြချန်းကအမိန့်ပေးသည်။

မကြာခင်မှာဘဲ သူတို့အားလုံးကိုလူစုလိုက်ပြီး သူတို့အားလုံးထဲက စုပေါင်းပမာဏကို စစ်ဆေးခဲ့ကြသည်၊ လူပေါင်း၂၃၁၆ယောက်ရှိသည်။

“မင်းတို့ထွက်သွားဖို့နောက်ဆုံးအခွင့်အရေးဘဲ, အကယ်၍ မင်းတို့ဒီအခွင့်အရေးကိုလွဲ ချော်သွားခဲ့ပြီး နောက်မှထွက်ချင်လို့မရတော့ဘူး။” နည်းပြချန်းက ရှင်းလင်းစွာပြောသည်။

လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး တုံ့ဆိုင်းနေကြသည်၊

ခဏကြာတော့, ကျောင်းသားတစ်ယောက်က အဖွဲ့ထဲမှ ရှက်ရွံ့စွာနဲ့ လျှောက်လာတော့သည်။

သူ့နောက်ကနေ တခြားကျောင်းသားတစ်ယောက်လိုက်ထွက်လာသည်၊

အနည်းဆုံး, ၃၆ယောက်လောက် ထွက်ရပ်နေကြသည်။

နည်းပြချန်းက ဆိုးရွားတဲ့ဟာတစ်ခုမှမပြောဘဲ အရေးလည်းမစိုက်ပါ။ သူကတိတ် ဆိတ်စွာနဲ့ခေါင်းညိတ်ပြီး အရှေ့ကိုလျှောက်လာကာကျောင်းသားတစ်ယောက်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး ပြောလိုက်သည် “ကျောင်းသားကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပါ၊ မင်းအနာဂါတ်အတွက်ပညာသင်ယူပြီး အမြော်အမြင်ရှိတဲ့ရွေးချယ်မှုဖြစ်ပါစေ”

ကျောင်သားက အံ့ဩသွားသည်၊ သူကဒီလို ဆိုးတဲ့နည်းပြဆီကချိုသာတဲ့စကားကြားရ လိမ့်မည်ဟုမမျှော်လင့်ခဲ့ပါ။

“ကောင်းပြီ,ဒီကနေ ထွက်သွားကြတော့၊” နည်းပြချန်းက ပြောပြီးနောက်လူအုပ်ကြီး ဘက်သို့လှည့်လိုက်သည်၊ “သူတို့က စွန့်ခွာသွားကြတဲ့လူတွေမဟုတ်ဘူး, သူတို့က သူတို့ ထွက်သွားဖို့ နောက်ဆုံးရွေးချယ်ခဲ့ကြပြီး မင်းတို့ကတော့နေခဲ့ဖို့ရွေးချယ်ခဲ့ကြတယ်၊ ခုချိန်ကစပြီးတော့,အကယ်၍ မင်းတို့လေ့ကျင့်နေချိန်မှာ အရှုံးပေးခဲ့ရင် အဲ့တာ မင်းတို့ကမှ တကယ့်တပ်ပြေးတွေဘဲ! မင်းတို့ရဲ့နာမည်တွေကိုမကြားစေနဲ့၊” နည်းပြချန်းက အေးစက်တဲ့မျက်နှာထားနဲ့ရှိနေသည်၊ “ပထမတန်းကစမယ်၊ ၃၈ယောက်ကိုတစ်ဖွဲ့, အားလုံးပေါင်းအဖွဲ့၆၀။ မင်းတို့ကို ၁၀မိနစ်ပေးမယ်။”

ကောင်းဖန်က အဖွဲ့၁၀ဖြစ်သည်။

သူ့အဖွဲ့ရဲ့နည်းပြက အခြားနည်းပြဖြစ်ပြီး, အသားညို,အရပ်ရှည်ပြီး,ပိန်ပါးတဲ့ တပ်ကြပ်ကြီးဖြစ်ပြီး ကြွက်သားများတဲ့လူလိုမဟုတ်ဘဲ လှပတဲ့မိန်းမကဲ့သို့ပင်။

“အာရုံစိုက်ကြ!ဒါကစစ်တပ်လေ့ကျင့်ရေးမဟုတ်ဘူး, ဒါပေမယ့်မင်းတို့ရဲ့ သဘောထားတွေကိုသိချင်တယ်! မင်းတို့ရဲ့အဖွဲ့ရဲ့နံပါတ်ကိုမှတ်ထား, မနက်ဖြန် မမှားစေနဲ့” တပ်ကြပ်ကြီးရဲ့မိသားစုမျိုးရိုးနာမည်ကျန့်ဖြစ်ပြီး သာမန်မိသားစုနာမည်ဖြစ်သည်။ သူ့ရဲ့နာမည်အပြည့်အစုံက ကျန့်ရန်ပိုင်ဖြစ်ပြီး, စစ်တပ်ထဲမှာငါးနှစ်ရှိပြီဖြစ်သည်။ သူကကပ်ဆိုးကြီး မဖြစ်ခင်ကတည်းက စစ်တပ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်သည်။

ထို့နောက်သူက ၁၀မိနစ်လောက် ညွှန်ကြားခဲ့ပြီးအဖွဲ့ကို အကြမ်းဖျင်းအားဖြင့် အချက်အလက်တွေနှင့်, အချိန်ဇယား, လုပ်ထုံးလုပ်နည်းများကို ပေးခဲ့သည်၊ ထို့နောက် အဖွဲ့ကိုသွားခွင့်ပြုလိုက်သည်။

အချိန်တိုတိုနှင့်အကျိုးသက်ရောက်မှုရှိပြီး အထင်ကြီးစရာကောင်းသည်။

တစ်နေ့တာ သင်ခန်းစာများမပြီးမချင်း ကျောင်းသားများအတန်းပြန်တက်ကြသည်။

ကောင်းဖန်က ကျောင်းတွင် ညကျောင်းတက်စရာမလိုပေ၊ ဒီဟာကရိုးရှင်းတဲ့A အဆင့် ကျောင်းသားဖြစ်ရခြင်း၏ အထူးအခွင့်အရေးများဖြစ်ပြီး, သူက အိမ်တွင်လေ့လာရန် ခွင့်ပြုချက်ရခဲ့သည်။

သူအိမ်ပြန်လမ်းတွင်ကောင်းဖန် နည်းပြချန်း၏ သတင်းဆိုးလို့ပြောတာ ကို စဉ်းစားခဲ့သည်၊ “ကျောင်းသားတွေက ကျွန်တော်တို့ထင်တာထက် ပိုပြီးစိတ်အားထက်သန်ကြ တယ်၊ ဒါကကောင်းတဲ့အရာဖြစ်သလို ဆိုးတဲ့အရာလည်းဖြစ်တယ်၊”

“ကျွန်တော်တို့ရဲ့ သားရဲလေ့ကျင့်သူကျောင်းသား အများစုပမာဏက ၁၂၀၀ရှိပါတယ်, ဆိုလိုတာကတော့ တစ်လအတွင်းမှာ အဲ့ဒီ၁၂၀၀သာလျှင် နောင်လေ့ကျင့်ရေးအတွက် ခွင့်ပြုချက်ရမှာဖြစ်တယ်၊ စံသတ်မှတ်နှုန်းနဲ့ မကိုက်ညီတော့တဲ့ကျောင်းသားတွေကတော့ မင်းတို့ရဲ့ဖတ်စာအုပ်တွေဆီကိုဘဲပြန်သွားရမှာဖြစ်တယ်၊ အကယ်၍မင်းတို့ဒီမှာ ဆက်နေချင်ရင်မင်းတို့ရဲ့စွမ်းဆောင်ရည်တွေ, ယုံကြည်မှုတွေကိုငါ့ကိုပြ။ မင်းတို့ရဲ့ *င်တွေကို သက်တောင့်သက်သာရှိတဲ့နေရာမှာထားပြီး တိုက်ခိုက်ကြစမ်း။”

***

All Chapters