← Chapters

အခန်း (၃၃-၃၆)

Vol. 3 Ch. 33-36

အခန်း (၃၃-၃၆)

Vol. 3 Ch. 33-36

အခန်း ၃၃ သားရဲပျိုးထောင်သူအတိုင်ပင်ခံ

ဤရက်ပိုင်းအတွင်း အလွန်ပင်ပန်းခဲ့ရတာကြောင့် ကောင်းကောင်းအနားယူ ကောင်းဖန် ဆုံးဖြတ်လိုက်သည်။ သူက အိပ်ရာပေါ်သို့တက်ကာ စောင်နှင့် ကိုယ့်ကိုကိုယ်လုံးထွေးလိုက်ပြီး အမွေးပွဘောလုံးကြီးလိုပင်ဖြစ်သည်။

မနက်စောစောတွင်တော့ ပြတင်းပေါက်မှတစ်ဆင့် တွန်းလှည်းဈေးသည်များ၏ ရောင်းချသံများက ချဉ်းနင်းဝင်ရောက်လို့လာသည်။

ထိုဈေးသည်တော်တော်များများ သူတို့၏တစ်နေ့တာ လုပ်ငန်းတာဝန်များကို စတင်ထမ်းရွက်နေကြပြီဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ကမ္ဘာကြီးကို စတင်လှုပ်ရှားလာစေသည်။

ဒင် ဒင် ဒေါင် ဒေါင်…. ခေါင်းဦးဘေးမှ နှိုးစက်သံက ဆူဆူညံညံထွက်ပေါ်လာကာ အသံ၏တုန်ခါမှုကြောင့် ခေါင်းဦးကိုပင် ထိုတုန်ခါမှကူးစက်လာသလိုခံစားရသည်။

ထိုအချိန်တွင်ပဲ စောင်ပုံအောက်ထဲမှ လက်တစ်ဖက်ထွက်ပြူလာကာ ဖုန်းကို ဆွဲယူလိုက်ပြီးနောက် နှိုးစက်ကို ပိတ်လိုက်တော့သည်။

ထို့နောက် မိနစ်ပိုင်းလောက်ပြန်ငြိမ်သက်သွားပြီးကာမှ ကောင်းဖန် စောင်အောက်မှ ထွက်လာခဲ့သည်။ အိပ်ရာပေါ်ထထိုင်လိုက်ပြီးနောက် တစ်ချက်သမ်းလိုက်ရင်း သူ့ရဲ့ငှက်သိုက်လို ရှုပ်ထွေးနေသည့် ဆံပင်များကို လက်ဖြင့် တစ်ချက်သပ်လိုက်သည်။

“မဖြစ်သေးပါဘူး။ ငါသာအလုပ်မလုပ်ရင် ဒီအစားကြီးတဲ့နှစ်ကောင်ကို ဘယ်လိုလုပ်ကျွေးထားနိုင်တော့မလဲ။” ကောင်းဖန် သူ၏အိပ်ချင်နေသည့်မျက်လုံးများကို ခပ်ကြမ်းကြမ်းဖိကာ ပွတ်သပ်လိုက်သည်။

ထို့နောက် ကုတင်ပေါ်မှထလာကာ အဝတ်အစားလဲလိုက်ပြီး ရေချိုးသန့်စင်ကာ မနက်စာစားဖို့ပြင်ဆင်လိုက်သည်။

ကလန်~ကလန်~ကလန်~~

ဧည့်ခန်းဘက်မှနေပြီး စည်းချက်ကျလှသည့် တီးခေါက်သံများထွက်ပေါ်လို့လာသည်။

ကောင်းဖန် ကြက်ဥကြော်ရင်းတန်းလန်းနှင့် လှည့်ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းစွန်းများ အလိုလိုကော့တက်သွားရတော့သည်။

ဧည့်ခန်းထဲတွင် တာ့ဇီက သူ့အစာခွက်နားတွင်ခေါင်းစိုက်ကာ ကောင်းဖန်ကို မျှော်လင့်တကြီးလှမ်းကြည့်လို့နေသည်။ သူ့၏အစွယ်နှစ်ချောင်းက တူတစ်စုံနှင့်ဆင်တူနေကာ အစာခွက်၏အစွန်းကို တီးခေါက်နေတာကြောင့် အသံများထွက်ပေါ်လာရခြင်းဖြစ်သည်။

အစာခွက်ထဲမှာတော့ ဘာမှမရှိနေပေ။

“ခဏလေးစောင့်ဦး။” ကောင်းဖန် တာ့ဇီကိုငြိမ်ငြိမ်နေရန် ပြောကြားလိုက်သည်။

ဒယ်ပြားကို တစ်ချက်လှန်လိုက်သည်နှင့် ကြက်ဥကကျက်သွားပြီဖြစ်ကာ သွားရေကျလောက်သည့် မွှေးပျံ့သည့်အနံ့က ပေါ်ထွက်လာခဲ့သည်။

မြန်မြန်ဆန်ဆန်ပဲ ကောင်းဖန် နောက်မီးဖိုးတစ်ခုတွင်ရှိနေသည့် အိုးမှအဖုံးကို ဖွင့်လိုက်သည်။ ထိုအိုးထဲတွင်တော့ မုန်လာဥနှင့်နံရိုးပါရှိသည့် စွပ်ပြုတ်ကာ ဆူပွက်လို့နေပေပြီ။ ကောင်းဖန် ချက်ချင်းပဲ မီးဖိုခလုတ်ကို ပိတ်လိုက်ကာ အိုးထဲသို့ ပါးပါးလှီးထားသည့် ကြက်သွန်မြိတ်တစ်ချို့ထည့်လိုက်သည်။

ကြက်သွန်မြိတ်၏ရနံ့နှင့် အသားရနံ့တို့က လိုက်ဖက်ညီစွာ ရောယှက်သွားတော့သည်။ ကောင်းဖန်လဲ တာ့ဇီကိုလက်ရက်ကာ ခေါ်လိုက်သည်။ “ဒီလာခဲ့။”

တာ့ဇီလဲ နည်းနည်းခွာလိုက်ကာ သူ့သခင်ဖြစ်သူက သူ့အစာခွက်ထဲသို့ မုန်လာဥနံရိုးစွပ်ပြုတ်များ အပြည့်ထည့်လိုက်သည်ကို ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ကောင်းဖန် အိုးထဲတွင်ကျန်နေသည့် စွပ်ပြုတ်ရည်များကို ကြည့်လိုက်ပြီး ဝက်နံရိုးစွပ်ပြုတ်ပြုလုပ်ရန် ဆက်လက်ပြင်ဆင်လိုက်သည်။

……….

“ဘော့စ်၊” ကောင်းဖန် ရောက်သည့်အချိန်တွင် ရွှမ်ချွမ်ချွမ်က ဧည့်ကြိုစားပွဲ၌ ကြိုတင်ရောက်ရှိလို့နေပြီဖြစ်သည်။

ကောင်းဖန် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ သူ၏ရုံးခန်းဆီသို့ ဆက်လက်ဦးတည်လိုက်သည်။

၁၀နာရီကျော်ကျော်တွင်တော့ ကောင်းဖန်ထံသို့ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။

“ဟဲလို?” ကောင်းဖန် သံသယအနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။ သူ့ဖုန်းနံပါတ်ကို သိထားလူအနည်းငယ်မျှသာ ရှိပေသည်။

“သူဌေးလေး၊ ငါ မာကျန်းပါ။”

ကောင်းဖန် ဒီတော့မှ သူ့ကိုခေါ်ဆိုသူက လူချမ်းသာလေးမာကျန်းဖြစ်ကြောင်း သိသွားတော့သည်။

ပြီးခဲ့သည့်တစ်ခေါက် မာကျန်းက သူ့ငွေများကို ပြတ်ပြတ်သားသားနှင့် ပေးခဲ့သည့်အပေါ် ကောင်းဖန်အလွန်ထင်ကြီးခဲ့ပြီးဖြစ်သည်။ မာကျန်းသည် ပုံမှန်အခကြေးငွေ၏ဆယ်ဆပေးရသည့်အပေါ် နှစ်ခါပြန်တောင်စဉ်းစားခြင်းမပြုခဲ့ပေ။

“သူဌေးလေး၊ မင်းကူညီပေးဖို့ ငါ့မှာနောက်ထပ်သားရဲတစ်ကောင်ရှိသေးတယ်လို့ ပြောခဲ့တယ်မလား? မင်းဒီနေ့ ငါ့အတွက် အချိန်ရှိလား?”

“အွန်း၊ ငါအားပါတယ်။ လာခဲ့လေ။” ကောင်းဖန်ပြောရင်းဖြင့် ဖုန်းတစ်ဖက်ကနေ ခေါင်းတွေညိတ်ပြလို့နေသည်။

“ကောင်းပြီ!” မာကျန်းပျော်ရွှင်ကာ ဖုန်းချသွားတော့သည်။

ဖုန်းချပြီးနောက် မာကျန်း၏ဖုန်းနံပါတ်ကို ကောင်းဖန်မှတ်ထားလိုက်သည်။ မှတ်ထားသည့်နာမည်ကတော့: ငွေရှင်ကြီးမာ!

ကောင်းဖန်၏ရုံးခန်းသည် အတော်လေးကြီးမားလှသည်။ သူ၏ရုံးစားပွဲသည် ကြမ်းပြင်မှအမိုးထိမှန်အပြည့်ကာထားသည့် ပြတင်းပေါက်ကို ကျောပေးကာ နေရာချထားတာကြောင့် နေရောင်ခြည်က စားပွဲပေါ်သို့ဖြာကျနေကာ ကောင်းဖန်၏အရိပ်ကိုလဲ ပေါ်လွင်နေစေသည်။

ဒေါက်၊ ဒေါက်၊ ဒေါက်…. ထိုအချိန်တွင်ပဲ ရုံးခန်းအပြင်ဘက်မှ တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။

မြန်လှချည်လား၊ ကောင်းဖန် အံ့ဩသွားသည်။ သူဖုန်းချလိုက်တာ ၁၀မိနစ်တောင်မရှိသေးဘူးလေ။ ဒီလူမြို့လယ်ခေါင်မှာများနေတာလား?

“ဝင်ခဲ့ပါ။” ကောင်းဖန် ပြောလိုက်သည်။

“ဟဲလို။” ရိုးရှင်းသည့်မီးခိုးရောင်ဝတ်စုံနှင့် ရွှေကိုင်းမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းတစ်ဦးက ကောင်းဖန်၏ရုံးခန်းထဲသို့ဝင်လာခဲ့သည်။

သက်လတ်ပိုင်းလူကြီးမှာ ကောင်းဖန် အလွန်ငယ်ရွယ်နေသည်ကို မြင်လိုက်ရတာကြောင့် အံ့ဩသွားခဲ့သည်။ သို့သော်လည်း တစ်ခဏလောက်သာဖြစ်ပြီး သူ့ရဲ့ဟန်ဆောင်ကောင်းမှုမျက်နှာဖုံးက ချက်ချင်းပင် သူ့ရဲ့မသင့်တော်လှသည့်အပြုအမူကို ဖုံးကွယ်ပေးသွားခဲ့သည်။

“မင်းက မစ္စတာကောင်းပဲဖြစ်ရမယ်? ငါက ဒိုင်းပြာလုံခြုံရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ လျှိုစန်းလင်းပါ။”

“တွေ့ရတာဝမ်းသာပါတယ်။ မစ္စတာလျှို။” ကောင်းဖန် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။

“မင်းရဲ့ကျော်ကြားမှုကို ငါတိုကြားထားပါတယ် မစ္စတာကောင်း။ မင်းက ချန်အန်းမြို့ရဲ့ အငယ်ဆုံးသားရဲပျိုးထောင်သူဖြစ်ပြီး ငါတို့ရဲ့ ဂုဏ်ယူရတဲ့ အငယ်ဆုံးအလယ်အလတ်အဆင့်သားရဲပျိုးထောင်သူလဲဖြစ်သေးတယ်။ ဒါကြောင့် မင်းကို ငါတို့ကုမ္ပဏီရဲ့ သားရဲပျိုးထောင်သူအတိုင်ပင်ခံအဖြစ် ဖိတ်ကြားချင်ပါတယ်။” လျှိုစန်းလင်းက သမားရိုးကျဆန်သည့်အပြုံးမျိုးဖြင့် ကောင်းဖန်ကို ပြုံးပြလိုက်သည်။

“သားရဲပျိုးထောင်သူအတိုင်ပင်ခံ? အဲ့ဒါဘာများလဲ?” ကောင်းဖန် ချက်ချင်းကြီး သဘောတူလိုက်ခြင်းမျိုးမပြုလုပ်ပေ။

“ဟုတ်သားပဲ၊ ငါရှင်းပြဖို့မေ့သွားတယ်။” လျှိုစန်းလင်းက ချက်ချင်းပင်ပြန်တောင်းပန်လိုက်သည်။

“ငါတို့ကုမ္ပဏီက အဓိကအနေနဲ့ ငါတို့အမှုသည်တွေအတွက် လုံခြုံရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးတာပါ။ ဒါကြောင့်ပဲ မြန်ဆန်ပြီး သေစေနိုင်စွမ်းမြင့်တဲ့ သားရဲတွေက ငါတို့အတွက်အကောင်းဆုံးရွေးချယ်မှုတွေပဲ။ ငါတို့ရဲ့သားရဲတွေအတွက်တော့ တောင်ဘက်ကောင်းကင်အဖွဲ့စည်းရဲ့ နတ်ဆိုးရှိခိုးကောင်တွေကို ကုမ္ပဏီဘက်က ရွေးချယ်ထားတယ်။”

‘တောင်ဘက်ကောင်းကင်အဖွဲ့အစည်း’ဆိုသည့်နာမည်ကို ကောင်းဖန်ကြားလိုက်ရတော့ ခဏလောက်အံ့ဩမှင်တက်သွားခဲ့သည်။ သူ့မိခင်ဘက်ကအဖိုးသည် တစ်ချိန်က ‘တောင်ဘက်ကောင်းကင်အဖွဲ့အစည်း’၏ ပဲ့ကိုင်သူတစ်ယောက်ဖြစ်ခဲ့ပေမည့် ကပ်ဆိုက်ကာလတွင် ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့သည်။ သူ့အဖိုး၏ပျောက်ဆုံးမှုကြောင့် အထက်ပိုင်းအကြီးအကဲများကြား ကမောက်ကမဖြစ်ခဲ့ရပြီး လွန်ခဲ့သည့်နှစ်နှစ်အတွင်းကမှသာ တစ်ဖြည်းဖြည်းပြန်လည် တည်ငြိမ်လာခဲ့ခြင်းဖြစ်သည်။

“အခုတော့ ငါတို့ကုမ္ပဏီရဲ့ နတ်ဆိုးရှိခိုးကောင်ပထမအသုတ်က အဆင့်တက်ခါနီးမှာ ပိုပိုပြီးနှေးကွေးလာတယ်။ ဒါကြောင့် သားရဲပျိုးထောင်သူအတိုင်ပင်ခံတစ်ယောက်ငှားရမ်းဖို့ စိတ်ကူးနေတာ။ ဒီသားရဲပျိုးထောင်သူအတိုင်ပင်ခံက ငါတို့ကုမ္ပဏီရဲ့ အထူးသားရဲပျိုးထောင်သူဖြစ်လာမဲ့အပြင် ငါတို့ရဲ့နတ်ဆိုးရှိခိုးကောင်တွေ အဆင့်တက်ဖို့ကိုလဲ တာဝန်ယူရမယ်။”

“ဒီရာထူးက မင်းရဲ့လက်ရှိအလုပ်အပေါ် သက်ရောက်မှုမရှိပါဘူး။ ငါတို့ကုမ္ပဏီကသားရဲတွေ အဆင့်တက်ဖို့အကူအညီလိုနေတဲ့အချိန်မှသာ မင်းကိုဒုက္ခပေးရမှာ။” လျှိုစန်းလင်း နောက်ဆုံးအနေနှင့် ထပ်ပေါင်းပြောလိုက်သည်။

ကောင်းဖန်၏မျက်ခုံးများ ပင့်တက်မိသွားကာ၊ “ဘာလို့ ကျွန်တော်ကိုရှာတာလဲ? ချန်အန်းမှာ တခြားအလယ်အလတ်အဆင့်သားရဲပျိုးထောင်သူတွေရှိသားပဲ။ ပြီးတော့ ကျွန်တော်မှတ်မိသလောက်ဆိုရင် အဆင့်မြင့်သားရဲပျိုးထောင်သူအနည်းအကျဉ်းတောင်ရှိသေးလားလို့ပါ။ သူတို့ရဲ့အဆင့်အတန်းဆို ကျွန်တော့်ထက်ပိုပြီးတောင် မြင့်သေးတယ်မလား။”

လျိုစန်းလင်း ခေါင်းကိုခါလိုက်သည်၊ “မစ္စတာကောင်း, ငယ်ရွယ်တဲ့အသက်အရွယ်မှာတင် အလယ်အလတ်အဆင့်ဖြစ်ပြီးတဲ့ မင်းမှာ အထင်ကြီးလောက်စရာစွမ်းရည်အချို့ကို ပိုင်ဆိုင်ထားတယ်လို့ ငါတို့ယုံကြည်တယ်၊ ဒါ့အပြင်မင်းကသတိမပြုမိပေမယ့် ချန်အန်းမှာ အဆင့်မြင့်သားရဲပျိုးထောင်သူနှစ်ယောက်ရှိတယ်, ငါတို့ကရိုးရိုးတန်းတန်းပုံစံနဲ့ သူတို့ရဲ့ဝန်ဆောင်မှုကိုအခပေးပြီးမငှားရမ်းနိုင်ဘူး၊” လျိုစန်းလင်းက ခါးသီးစွာပြုံးလိုက်သည်၊ “သူတို့ထဲတစ်ယောက်က ချန်အန်းကသားရဲပျိုးထောင်သူအဖွဲ့အစည်းရဲ့ ဒါရိုက်တာလေ၊ သူ့လက်တွေက အသင်းတစ်ခုလည်ပတ်နေရတာနဲ့တင်ပြည့်နေတာ, ငါတို့လိုသေးငယ်တဲ့ကုမ္ပဏီလိုမျိုး အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့သူကဘယ်နားကအချိန်ကို ပေးနိုင်မှာလဲ။

“နောက်တစ်ယောက်က ကုရှင်းလင်,” လျိုစန်းလင်းက လေးစားတဲ့အရိပ်အမြွက်အသံ နဲ့ပြောလိုက်သည်။ “မစ္စတာကုရှင်းလင်က ချန်အန်းမှာနံပါတ်တစ် သားရဲပျိုးထောင်သူ ဆိုတဲ့နာမည်ကိုပိုင်ဆိုင်ထားပြီး အချိန်ပြည့်သားရဲပျိုးထောင်သူတိုင်ပင်သူအနေနဲ့ အစိုးရအဖွဲ့မှာ ရှိတယ်၊ ငါကသူ့ရဲ့ ဝန်ဆောင်မှုကိုတောင်းခံနိုင်စွမ်းမရှိဘူး။”

“တခြားအလယ်အလတ်အဆင့်ရှိတဲ့သားရဲပျိုးထောင်သူတွေအနေနဲ့ ရိုးရိုးသားသား ပြောရရင် မစ္စတာကောင်းကိုယ်တိုင်နဲ့ အခြားအလယ်အလတ်သားရဲပျိုးထောင်သူတွေ ကြားမှာ ဘယ်လောက်တောင်ကြီးမားတဲ့ကွာခြားမှုရှိလဲဆိုတာသိလား? အဲ့တာထက် ငါက အဲ့ဒီသားရဲပျိုးထောင်သူတွေထက် ငါရဲ့ယုံကြည်မှုတော်တော်များများ ကိုငယ်ရွယ်ပြီး ကတိတည်တဲ့ မစ္စတာကောင်းဆီမှာဘဲ ထားတယ်။”

လျိုစန်းလင်းရဲ့စကားတွေက ကောင်းဖန်ကို မျက်နှာချိုသွေးသည်ဖြစ်စေ မသွေးသည် ဖြစ်စေ ဒါကိုကြားတဲ့အခါမှာတော့ ပျော်သလိုခံစားလိုက်ရသည်၊

သူက ဆယ်ကျော်သက်အရွယ်တစ်ချိန်လုံး အတွေ့အကြုံနဲ့ ရင့်ကျက်တဲ့နေရာမှာ ချို့တဲ့ခဲ့သည်၊

ဒါပေမယ့် ချီးမွမ်းသံကိုကြားတဲ့အခါမှာတော့ ပျော်ရွှင်ခြင်းကတစ်ဂဏ္ဍဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်မူကို လိုက်နာခြင်းမှာနောက်တစ်ခုဖြစ်သည်၊ “အခကြေးငွေအနေနဲ့တော့ နောက်မှဆွေးနွေးပြီး ပထမဆုံးတော့အခြေအနေကိုတော့ ပြောချင်ပါတယ်”

“ပထမဆုံး ကျွန်တော်ကကျောင်းကို အရေးပေါ်အခြေအနေကလွဲလို့ တနင်္လာနေ့ကနေ သောကြာနေ့အထိတက်ရတယ်၊ ကျေးဇူးပြုပြီး အဲ့အချိန်တွေမှာကျနော့်ကိုမနှောက်ယှက်ပါနဲ့၊ ဒုတိယတစ်ခုက,ကျွန်တော်က သားရဲပျိုးထောင်သူအတိုင်ပင်ခံအဖြစ်အဆင်ပြေပေမယ့် အချိန်ပြည့်တော့ သားရဲပျိုးထောင်သူအတိုင်ပင်ခံကို ခင်ဗျားကုမ္ပဏီမှာလုပ်နိုင်မှာမဟုတ်ဘူး၊ ခင်ဗျားရဲ့ပြိုင်ဘက်တွေဘက်မှာ အလုပ်မလုပ်ဘူးဆိုတာတော့ ကျနော် ကတိပေးနိုင်တယ်၊အကယ်၍ ဒီအခြေအနေတွေကိုသဘောတူတယ်ဆိုရင် ကျွန်တော်တို့ ဆက်ပြီးဆွေးနွေးနိုင်တယ်၊ မဟုတ်ရင်လဲ ဒါကကျွန်တော်တို့အလုပ်လုပ်တဲ့ ဆက်ဆံရေးအပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့တော့ မျှော်လင့်ပါတယ်။” အဲ့ဒါကိုပြောပြီးကောင်းဖန်ထိုင်ခုံပေါ်ကိုထိုင်လိုက်ပြီးသူ့ရဲ့လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်သည်၊ သူကငြင်းပယ်ဖို့ပြင်ဆင်ပြီးသားဖြစ်သည်။ ရိုးရိုးသားသား ပြောရရင်တော့ သူရဲ့နေထိုင်စရိတ်အတွက်ဒီမှာဝင်ငွေအချို့ရဖို့အလုပ်လုပ်တာဖြစ် သည်၊ အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ အမှန်တကယ်ကြီးလုပ်ဖို့ကို သူအစီအစဉ်မရှိခဲ့ဘူး။

“သားရဲပျိုးထောင်သူအတိုင်ပင်ခံ” ပုံစံကြည့်ရတာတော့ကြီးကျယ်ပြီး အရေးကြီးတယ်လို့ ထင်ရပေမယ့် ဒါကအဆုံးမှာတော့အလုပ်တစ်ခုသာဖြစ်သည်၊ ကောင်းဖန်က ဒီလိုအဆို ပြုချက်မျိုးကိုလက်ခံဖို့ အလွန်ပျင်းလှသည်၊

လျိုစန်းလင်းအကူအညီမဲ့စွာနဲ့ မျက်မှောင်ကြုံလိုက်သည်၊ သူ့နှုတ်ခမ်းများကိုစုလိုက်ကာ တစ်စုံတစ်ခုကိုပြောချင်နေသော်လည်း အဆုံးမှာတော့ ထိုစကားများကထွက်မလာခဲ့ပါ။

သူကကောင်းဖန်ကိုတည့်တည့်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည် “ကောင်းပြီ၊ ငါလက်ခံတယ်။”

“အမ်?” ကောင်းဖန်အံ့ဩသွားသည်၊ ခင်ဗျားက ဒီအခြေအနေတောင်မှ သဘောတူနိုင် တယ်ပေါ့။

သဘောတူတဲ့မျက်နှာထားမျိုးပြပြီးတဲ့နောက် လျိုစန်းလင်း သူ့ရဲ့ရုံးလက်ဆွဲအိတ်ထဲမှ စာချုပ်ကိုထုတ်ယူလိုက်သည်၊ သူကစာချုပ်မိတ္တူကိုကောင်းဖန်ဆီလွှဲပေးလိုက်တယ်၊

ကောင်းဖန်က သူ့လက်နဲ့စာချုပ်ကိုယူလိုက်ပြီး မြန်မြန်ဖတ်လိုက်တယ်၊ ထိုထဲတွင် ပါဝင်သောအကြောင်းအရာများမှာ ရိုးရှင်းသော်လည်းလုံခြုံမှုရှိစေရန်အတွက် သူ့ရဲ့ ဝန်ထမ်းတွေထဲကတစ်ယောက်ကို ထိုထဲမှအကြောင်းအရာများကိုစစ်ဆေးပေးရန် တောင်းဆိုလိုက်သည်။

“ဒီမှာ ဘာပြဿနာမှမရှိဘူး”။ ဒီစာချုပ်ကမရှုပ်ထွေးဘဲ စာကြောင်းတွေကရှင်းလင်းပြီး ရိုးရှင်းတယ်၊ ဝန်ထမ်းကစာချုပ်ကိုအတည်ပြု၍အဆင်ပြေကြောင်းကို သေချာစွာ သူ့ခေါင်းကိုညိတ်လိုက်သည်။

ဒါပေမယ့်ကောင်းဖန်သည် အနည်းငယ်သံသယရှိနေသေးသည်၊ဒီလိုကုမ္ပဏီတွေနဲ့ အလုပ်လုပ်တာက သိပ်ပြီးကိုက်ညီမှုမရှိဘူး၊ ဒီလိုရိုးရှင်းတဲ့စာချုပ်က ကြည့်ရတာတော့ သူ့ဆီကိုအကျိုးကျေးဇူးတွေသယ်ဆောင်လာသလိုဘဲ။

ဒီမှာ ဘာဥပဒေလိုအပ်ချက်မှမရှိဘူး,ပြီးတော့ နှစ်စဉ်လစာသည် မဟာမိတ်ခရက်ဒစ် ၅၀၀ထဲကိုဝန်ဆောင်ခပါ ထပ်ပေါင်းထည့်ထားသည်။

ကောင်းဖန်တဖြည်းဖြည်းတိုးတက်ပြောင်းလဲမှုကို စီမံခန့်ခွဲကြည့်ရာတွင် ကုမ္ပဏီက နတ်ဆိုးရှိခိုးကောင်အားလုံးကို ကော်မရှင်ကြေးမဟာမိတ်ခရက်ဒစ်၅၀ဖြစ်သည်၊

ဒီဒိုင်းပြာလုံခြုံရေးကုမ္ပဏီက …ကုမ္ပဏီက အဲ့သူဌေးကိုယ်တိုင်ဖွင့်ခဲ့တာလား?

ကောင်းဖန်သည် ဈေးကွက်ပေါက်ဈေးနှင့်အကျွမ်းတဝင်မရှိသော်လည်း ကမ်းလှမ်းမှု ကသေချာပေါက်နည်းသည်ဟုခံစားရပြီး, တစ်နှစ်မှမဟာမိတ်ခရက်ဒစ်၅၀၀သာဖြစ် ကာ ကော်မရှင်ခရက်ဒစ်၅၀သာဖြစ်သည်၊ ရက်အနည်းအကြာတုန်းက သူသားရဲ တစ်ကောင်ကိုအဆင့်တိုးမြှင့်ပေးမှုကြောင့် ခရက်ဒစ်၄၀၀အခကြေးငွေရခဲ့သည်၊ မာကျန်းက ချမ်းသာသောအပိုင်းတွင်ပါဝင်သော်လည်း ကောင်းဖန်က “ပုံမှန်” နှုန်း သည် ခရက်ဒစ်၁၂၀ဖြစ်ပြီးသားဖြစ်သည်။

ဈေးကွက်ထဲတွင်ပိုမိုမြင့်သော အတိုင်ပင်ခံသားရဲပျိုးထောင်သူအလုပ်များရှိသော်လည်း အများအားဖြင့်ထိုလူတို့သည် အချိန်ပြည့်အလုပ်လုပ်ပေးသည့်အတိုင်ပင်ခံများအတွက် လိုအပ်သည့် အပေးအယူစာချုပ်များဖြစ်သည်၊ ဆိုလိုသည်မှာ စာချုပ်တွင်လက်မှတ် ထိုးပြီးတဲ့နောက်, ထိုသားရဲပျိုးထောင်သူများသည်အခြားကုမ္ပဏီများတွင် အတိုင်ပင်ခံ အဖြစ်လုပ်ကိုင်ခွင့်မပြုတော့ဘဲ အများဆုံးပုဂ္ဂလိကလုပ်ငန်းတွင်သာ လုပ်ကိုင်ခွင့်ရှိ သည်။

စာချုပ်တွင်လက်မှတ်ထိုးပြီးတဲ့နောက် လျိုစန်းလင်းကမတ်တပ်ရပ်လိုက်ပြီး သမားရိုး ကျဆန်တဲ့ ယဉ်ကျေးတဲ့အပြုံးကိုထပ်မံပြုံးပြလိုက်သည်၊ “မင်းရဲ့အပင်ပန်းခံပေးမှု အတွက်ကျေးဇူးတင်ပါတယ်”။

သူဓာတ်လှေကားကိုဆင်းသွားပြီးနောက် လျိုစန်းလင်းက သူ့ဖုန်းကိုထုတ်လိုက်သည်၊ သူကဖုန်းခေါ်ဆိုမှုမပြုမီခဏလောက်တုံ့ဆိုင်းနေသည်။

“အန်ကယ်….စာချုပ်ကလက်မှတ်ထိုးပြီးပြီ, ဟုတ်ကဲ့,မစ္စတာကောင်းက အချိန်ပြည့် မဟုတ်တာကိုရွေးလိုက်တယ်၊ အန်ကယ် ချန်အန်းမှာအလယ်အလတ်သားရဲပျိုးထောင် သူတွေအများကြီးဘဲကို ဘာကြောင့်ကျွန်တော်တို့က….”။ ထို့နောက် ဖုန်း၏အခြားတစ် ဖက်မှတစ်ယောက်က တစ်ခုခုကိုပြောလိုက်သည်၊ လျိုစန်းလင်း၏မျက်နှာပေါ်တွင် ရှုပ်ထွေးပြီးရင်းရှုပ်ထွေးနေသော အမူအရာရှိနေသည်၊ အဆုံးမှာတော့, သူသက်ပျင်းချ ကာလက်လျော့လိုက်သည်။

ပထမထပ်တွင် ဓာတ်လှေကားပွင့်လာသည့်အခါ မာကျန်းက ပန်းအိုးတစ်လုံးကိုသယ်လာပြီး နောက်ဓာတ်လှေကားလာမယ့်အချိန်ကိုစောင့်နေသည်၊

သူကလူလတ်ပိုင်းအရွယ်တစ်ယောက်ဓာတ်လှေကားထဲကထွက်လာသည်ကိုမြင်တဲ့အခါ မျက်မှောင်ကြုတ်လိုက်သည်၊ ဒီလူက တစ်နည်းနည်းနဲ့ ရင်းနှီးဖူးသလိုဘဲ။

သူကတတိယထပ်ဓာတ်လှေကားကနေ ရောက်လာပုံရသည်, ဆိုလိုတာကတော့ သူလည်း မစ္စတာကောင်းကို ရှာဖို့ရောက်လာတာနဲ့တူတယ်၊

သူဘာကြောင့် မစ္စတာကောင်းကိုရှာနေတာလဲ? မာကျန်းကသူ့ခေါင်းတွေနာခါနီးအထိ စဉ်းစားနေသည်၊ သူဒါကိုထပ်ပြီး မစဉ်းစားတော့ဖို့ဆုံးဖြတ်လိုက်သည်၊ မာကျန်းက ပျော်ရွှင်စွာနဲ့ သူ့ပန်းအိုးကိုကိုင်ကာဓာတ်လှေကားထဲဝင်လိုက်သည်၊ အကယ်၍ထိုလူ ကမစ္စတာကောင်းကိုရှာတယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး၊ ဘာဘဲဖြစ်နေနေ ဒီတစ်ခါတော့ ချန်အန်းရဲ့ပန်းဘုရင်အကြောင်းအသေအချာပြောဖို့ဆုံးဖြတ်ချက်ချထားသည်။

***

အခန်း ၃၄ မှင်စာပင်

“မစ္စတာကောင်း, မစ္စတာကောင်း, ငါပြန်လာပြီ၊” မာကျန်းက ပန်းအိုးနဲ့အတူအထဲကို ဝင်လာသည်၊

ဒီနေ့တော့ မာကျန်းကပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်၊ သူ့လက်ထဲကပန်းအိုးက ဘတ်စကတ်ဘောတစ်လုံးစာလောက်ကြီးမားပြီး ဆွဲဆောင်မှုရှိကာ အရောင်တောက် ပနေသော ပန်းဖြစ်သည်၊

ပန်းအိုးကို စားပွဲပေါ်သို့တင်လိုက်သည်၊ အပင်က လှသည်, ဖြောင့်တန်းသည်,သန်စွမ်း သည်, အမွှေးမပါသောပင်စည်, ကြည့်ရတာတောက်ပနေပြီး သန့်ရှင်းကာ၊ လွှသွားပုံစံ သစ်ရွက်များက အချိုးမညီဘဲအနီမှိုင်းမှိုင်း ပုံစံဖော်ထားပြီးရနံ့ဖျော့ဖျော့ကို ထုတ်လွှတ် နေသည်၊

ပန်းနုရောင်နှင့်အနီရောင်ပွင့်ဖတ်များက လေတိုက်မနေဘဲ ကခုန်နေကြသည်၊ ရနံ့ပျပျ လေးကို လေထုထဲတွင်နည်းနည်း ထုတ်လွှတ်နေသည်၊ကောင်းဖန်က သူ့ကိုသူ နှိုးဆွနေသည်ဟု ခံစားလိုက်ရသည်၊

သူကမျက်မှောင်ကြုတ်ကာ, နောက်ကိုခြေလှမ်းဆုတ်လိုက်ပြီး ချက်ချင်းပင်လေပေါက် ကိုဖွင့်လိုက်သည်၊

အပင်ရဲ့ဇစ်မြစ်က ကပ်ဆိုးကြီးမတိုင်ခင် ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ့်စ်အပင်ဖြစ် သည်၊ သူ့ရှေ့မှာမြင်နေရတဲ့အပင်က မျိုးရိုးဗီဇပြောင်းလဲ၍ ဖြစ်ပေါ်ထားသော အပင် ဖြစ်သည်၊

သူ့ရဲ့မျက်လုံးထဲမှာ အမျိုးအမည်ပြဇယားတစ်ခုက ရုတ်တရက်ပေါ်လာသည်၊

[မကောင်းဆိုးဝါးအမည်]-ဘီဂိုနီးယား ဆမ်ပါဖလော့်ရမ့်စ့် မှင်စာပင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်

[မကောင်းဆိုးဝါးစွမ်းအင်]-သစ်သား

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ( ပျော်ရွှင်)

[မကောင်းဆိုးဝါးအားနည်းချက်]-မီး/ လျှပ်စီး

[အထူးအဆင့်သို့တိုးမြှင့်ရန် လိုအပ်ချက်များ]-နှစ်တစ်ရာသစ်သားအဆီအနှစ်, ပန်း နှင်းစက်ရဲ့ အစက်၁၀၀။

“ဒါက ဒေသရင်း အကျွမ်းတဝင်အပင်လား?” ကောင်းဖန် အံ့ဩစွာနဲ့မေးလိုက်တယ်၊

ဒေသရင်းကိုယ်ပိုင်အပင်တွေက မြင်ရတာရှားသည်၊ ကပ်ဆိုးကြီးကျရောက်ခြင်းသည် ကမ္ဘာတစ်ဝှမ်းဒေသရင်းအပင်,သစ်ပင်ပန်းပင်များနှင့် တိရိစ္ဆာန်များအပေါ်မျိုးရိုးဗီဇ ပြောင်းလဲစေခဲ့သော်လည်း အပင်အနည်းငယ်သာ အသိဉာဏ်ရှိသည့်အကျွမ်းတဝင် ဒေသရင်းအပင်များဖြစ်လာသည်၊

ဒီအမျိုးအစားက ဖုတ်ကောင်သားရဲတွေလိုရှားပါးသည်၊

ဒါပေမယ့် ဒေသရင်းပင်များသည် ဖုတ်ကောင်သားရဲတွေထက်ပိုပြီးကျော်ကြားကာ ဒေသရင်းသားရဲအများစုသည် ပံ့ပိုးပေးသူများဖြစ်ပြီး သူတို့ထဲကတော်တော်များများ သည် ကောင်းစွာကုစားမှုများပြုလုပ်နိုင်ကြသည်၊

၎င်းကရှားပါးသောကြောင့် တန်ဖိုးထားခံရသည်၊ ရှားပါးသောကြောင့်၎င်းကပိုပြီး ရေပန်းစားလေဖြစ်လာသည်၊

“မင်းက ဒီမှင်စာပင်ကိုအဆင့် တိုးမြှင့်ချင်တာလား။?” ကောင်းဖန်မေးလိုက်သည်၊

“ဟုတ်တယ်၊ နောက်လဝက်လောက်နေရင် ပန်းဘုရင်ယှဉ်ပြိုင်ပွဲရှိတယ်၊ ငါ သရဖူ အတွက်သွားပြီးတိုက်ခိုက်မလို့၊” မာကျန်းက အလေးအနက်ထားကာပြောလိုက်သည်၊

“ပန်းဘုရင်..”ကောင်းဖန် ကြက်သေသေသွားသည်၊ ဒါက မင်းအတွက်အဆင်ရောပြေ ရဲ့လား, ယောင်္ကျားလေးတစ်ယောက်, ပန်းဘုရင် ပြိုင်ပွဲမှာယှဉ်ပြိုင်မယ်။

“ငါ့ကိုယ်ငါယုံတယ်၊” မာကျန်းက ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ်စ့်မှင်စာပင်ကို စေ့စေ့ စပ်စပ်ကြည့်လိုက်သည်၊ ထိုအချိန်မှာပင် ကောင်းဖန်က သူ့ရဲ့မျက်နှာတွင်ရှားပါးသော စိတ်အားထက်သန်မှုနေသည်ကို တွေ့လိုက်ရသည်၊

“ဒါက ငါ့ရဲ့ဒုတိယ ကိုယ်ပိုင်သားရဲ, ကောင်းမွန်တဲ့စတင်ခြင်းကိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ မာကျန်းက အကိုင်းပေါ်ကပန်းပွင့်ကိုသူ့လက်ဖြင့် ဆွဲလိုက်သည်၊ ၎င်းကသိမ်မွေ့စွာနဲ့ အရွက်တွေက ပြန့်လာကာ မာကျန်း၏လက်သန်းဖြင့် မိန်းကလေး လက်ချောင်းတစ်ချောင်းလို ချိတ်ဆက်နေသည်၊

ပန်းပွင့်က ညင်ညင်သာသာနှင့်သူ့ခေါင်းကိုနှိမ့်လိုက်ပြီး သူ့ရဲ့လက်ဖဝါးပေါ်ကို မှီလိုက် သည်၊

ရွှေရောင်သန်းနေသောနေရောင်ခြည်က ပြတင်းပေါက်မှကျရောက်လာပြီး လက်ဖဝါးနဲ့ ပွင့်ဖတ်များပေါ်တွင်ရွှေရောင်သန်းနေပြီး သဟဇာတဖြစ်လို့နေသည်၊

“ငါမင်းရဲ့စည်းမျဉ်းတွေကို သိပါတယ်၊ အဖိုးအခသုံးဆ, ဒီမှာခရက်ဒစ်၃၀၊”မာကျန်းက ချက်ချင်းပင် ကဒ်ဖြင့်ပေးချေသည်။

“နှစ်ပေါင်းနှစ်ရာရှိတဲ့အပင်ရဲ့ သစ်သားအဆီအနှစ်, ပန်းနှင်းစက်အစက်၁၅၀, အံ့ဖွယ်ပန်းပွင့်က အရွက်တစ်ရွက်,တရုတ်ဘယ်ရီသီး၅ဂရမ်,သင်္ဘောစေ့၅၀၀ဂရမ် , အနက်ရောင်လေ မြက်တစ်ရွက်”။နှစ်တစ်ရာအပင်၏အဆီအနှစ်နှင့် ပန်းနှင်းစက် မှလွဲ၍ ဒီပစ္စည်းတွေက ဈေးမကြီးပေ၊ တစ်ချို့ကကျတော့ စီမံချက်များနှင့်အတူ လူတွေကိုရှုပ်ထွေးအောင်လုပ်သည်၊

ယခင် ခရမ်းရောင်လျှပ်စီးကြွက်နဲ့မတူဘဲ ဘီဂိုးနီးယားဆမ်ပါဖလော့်ရမ့်စ့်မှင်စာပင် သည်သာမန်အဆင့်သာဖြစ်ပြီး ဆိုလိုသည်မှာ ဒီမျိုးစိတ်ကမရှားပါးပေ။ သာမန်အဆင့် သားရဲသည်ဆင့်ကဲပြောင်းလဲမှုနည်းလမ်းတွင် အခြားအရာများထပ်ပိုပြီးတန်ဖိုးရှိသော ကြောင့်လျင်မြန်စွာပျံ့နှံ့နိုင်သည်။

အံ့ဖွယ်ပန်းပွင့်ကအရွက်တစ်ရွက်,တရုတ်ဘယ်ရီသီး,သင်္ဘောစေ့,အနက်ရောင်လေမြက် တစ်ရွက်,ဒါတွေက ပါဝင်သည့်အရောအနှောပစ္စည်းများဖြစ်သည်၊ အာဟာရပြည့်ဝ သောချက်ပြုတ်နည်းနဲ့ အိုနေသောဘဲမကိုဝယ်ဖို့စီစဉ်ကာ ကျန်းမာသောဘဲစွတ်ပြုတ် ကိုပြုလုပ်ရန်ဟူသော စကားကိုကောင်းဖန်ကြားဖူးသည်။

ပစ္စည်းတွေအကုန်ရောက်တော့, ကောင်းဖန်က မာကျန်းကိုအပြင်မှာစောင့်ဖို့ပြောလိုက် သည်၊ မာကျန်းက သဘောတူကြောင်းခေါင်းညိတ်ပြသည်။ ဒါကသားရဲပျိုးထောင်သူ တွေကြားရေးသားထားသော စည်းမျဉ်းများဖြစ်သည်၊ သူအရင်ကသူ့ကြွက်ကို အရမ်းစိုး ရိမ်တာကြောင့် သူလိုက်နာရန်မေ့သွားခဲ့သည်။

တံခါးပိတ်သွားသည်အထိ စောင့်နေသောကောင်းဖန်သည် သူ့နောက်ကထိုအပင်ဘက် ကိုလှည့်လိုက်ပြီး သူ့အပိုင်းရဲ့လံကြုတ်ဇာတ်လမ်းစတော့သည်၊

သူသည်နှစ်ပေါင်းတစ်ရာရှိသောအပင်၏အဆီအနှစ်ကိုထုတ်ယူရန် လမ်းစဉ်များကို လိုက်နာပြီးနောက်ပန်းနှင်းစက်နှင့်ရောစပ်လိုက်သည်၊

ထို့နောက်ကျန်ပစ္စည်းများကို ပလတ်စတစ်အိတ်ထဲသို့ထည့်လိုက်ပြီးနောက် အံ့ဆွဲထဲ သို့ထည့်ပိတ်လိုက်သည်။

သူပန်းပင်ကိုထိုးသည့် အင်ဂျက်တာဆေးထိုးအပ်ကို ကိုင်ထားသည်, သူပန်းပင်နားကို နီးကပ်လာသည်နှင့်အမျှထိုပန်းပင်က တုန်ယင်လာသည်၊ပင်စည်က နှစ်လက်မ လောက်ရှိပြီး ၎င်း၏အရွက်များက ပန်းများကို သံချပ်ကာများကဲ့သို့ဖုံးအုပ်ထားသည်၊

“စိတ်အေးအေးထား, တစ်ခါဘဲစူးမှာ, ငါမင်းကိုနာကျင်အောင်မလုပ်ပါဘူး၊” ကောင်းဖန်ညင်ညင်သာသာနှင့်ဖျောင်းဖျသည်။

မှင်စာပင်က အခိုင်အမာမယုံကြည်သေးပေ၊ ၎င်းရဲ့အရွက်တွေကချုပ်ရိုးကြောင်း အရွယ်လောက်ဟလာပြီး ကောင်းဖန်ကိုနိုးနိုးကြားကြားနှင့်တိုင်းတာနေသည်။

“လိမ္မာတဲ့ မိန်းကလေး, မင်းရဲ့အရွက်တွေကိုဖွင့်လိုက်ပါ, ဒါကမင်းကိုမနာကျင်စေဘူး, ငါကတိပေးတယ်၊” ကောင်းဖန်သည်မှင်စာပင်အား သူ့ကိုယ်သူဖုံးကွယ်မထားရန် စည်းရုံးသည်။

ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ မှင်စာပင်ကိုထိုးသွင်းဖို့မလွယ်ကူပါ၊ ဒီမှင်စာပန်းသည် နူးညံ့သိမ်မွေ့ပြီး ထိခိုက်လွယ်သော်လည်း အမှန်တကယ်တွင် ၎င်း၏ခုခံစွမ်းအားက အတော်လေးကောင်းလွန်းလှသည်။၎င်း၏ ပါးလွှာသောပွင့်ချပ်များနှင့်အရွက်များသည် ခိုင်မာသောကတ်ထူပြားကဲ့သို့ဖြစ်နေပြီး သာမန်အပ်ဆိုလျှင်၎င်းကိုမထိုးသွင်းနိုင်ပါ။

ထို့နောက်အရွက်များ၏အလွှာအစွန်းများတွင် လွှကဲ့သို့ချွန်နေသောလွှသွားပုံစံရှိသည်၊ အကယ်၍သူသေချာအာရုံမစိုက်နိုင်ဘူးဆိုလျှင် သူ့အသားကိုစုတ်ပြဲသွားအောင်ဖြတ် နိုင်ပြီး သွေးများထွက်နိုင်သည်၊

နောက်ဆုံးမှာတော့ ၁၀မိနစ်ကြာပြီးတဲ့အထိ ဖျောင်းဖျပြီးတဲ့နောက် မှင်စာပန်းပင်က အင်တင်တင်နှင့်သူဖုံးအုပ်ထားသည်ကိုဖြေပေးလိုက်ပြီး နူးညံ့တဲ့ပင်စည်ကိုပြလိုက် သည်၊

ကောင်းဖန် အာရုံစိုက်မှုကိုမလျော့ဘဲ သူ၏လက်များကိုဖြတ်တောက်ခံရခြင်းမှ ကာကွယ်သည့်အနေနှင့် လက်အိတ်များကိုဝတ်ဆင်လိုက်သည်၊

အင်ဂျက်တာအပ်က ပင်စည်ကိုထိုးသွင်းလိုက်တော့ မှင်စာပန်းပင်ကစက္ကန့်အနည်း ငယ်လောက်တုန်လှုပ်သွားသည်၊ ဒါပေမယ့်တောက်ပသည့်အစိမ်းရောင်အရည်များ ပင်စည်ထဲသို့ဝင်သွားပြီးနောက် မှင်စာပင်ကတည်ငြိမ်သွားတော့သည်။

အရည်တွေအကုန်လုံး ပင်စည်ထဲသို့ဝင်သွားပြီးနောက် ထိုဘီဂိုးနီးယားမှင်စာပင်သည် အတူတူကျုံဝင်သွားပြီး အစိမ်းရောင်ပိုးမျှင်များထွက်လာကာ ၎င်းကိုပိုးဘောလုံးတစ် လုံးလိုမျိုးဖုံးအုပ်ထားသည်၊

ကောင်းဖန်တံခါးကိုဖွင့်လိုက်တော့ မာကျန်းကစိတ်လှုပ်ရှားစွာနဲ့မေးသည်၊ “မစ္စတာကောင်း အလုပ်ဖြစ်ရဲ့လား”

“အင်း, အလုပ်ဖြစ်တယ်,ခင်ဗျားရဲ့သားရဲကအခု အဆင့်တိုးမြှင့်နေတယ်,သတိထား, သူ့ကိုမနှောက်ယှက်နဲ့၊” သူဒါကိုပြောပြီးတဲ့နောက်သူ၏ ပလတ်စတစ်လက်အိတ်များ ကိုချွတ်လိုက်သည်၊

မာကျန်းက ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ့်စ့်မှင်စာအပင်ရဲ့ဘေးနားမှာနေပြီး နာရီဝက်လောက် စိတ်လှုပ်ရှားစွာနှင့်‌စောင့်နေသည်၊ နောက်ဆုံးတော့ တစ်စုံတစ်ခုဖြစ် လာခဲ့ပြီ၊

အစိမ်းရောင်ပိုးဘောလုံးက ပွင့်လာပြီး တောက်ပသောအစိမ်းရောင်ရိုးတံက မြင့်လာ သည်၊ ၎င်း၏အပေါ်မှာ အဖူးကပေါ်လာကာ, ကြီးသထက်ကြီးလာပြီး ပွင့်လာသည်၊ အပင်က ပန်းဆီရောင်သန်းလာသည်မှာ မကြာလိုက်, ဒါပေမယ့်အဲ့ဒီအစား တောက်ပ သောအနီရောင်ပန်းပွင့်လာသည်၊

ကြည့်ရသည်မှာ မှင်စာပန်းပင်၏ဆင့်ကဲပြောင်းလဲမှုသည် တက်ကြွသောမိန်းကလေး ပုံစံမှ အရွယ်ရောက်လာသော မော်ဒယ်အမျိုးသမီးတစ်ယောက်နှင့်တူလာသည်။

[မကောင်းဆိုးဝါးအမည်]-ဘီဂိုးနီးယား ဆမ်ပါဖလော့်ရမ့်စ့်မှင်စာပန်းပင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းအင်]-သစ်သား

[မကောင်းဆိုးဝါးအားနည်းချက်]-မီး/လျှပ်စီး

[အထူးအဆင့်သို့တိုးမြှင့်ရန်လိုအပ်ချက်များ]-…..

နာမည်ကတော့မပြောင်းလဲပါ, သားရဲ၏အမျိုးအစားမှာ မပြောင်းလဲကြောင်းညွှန်ပြသော်လည်း ၎င်း၏အဆင့်သာ ပြောင်းလဲသွားခဲ့သည်၊

သူ့ရဲ့သားရဲကအခု လုံးဝကိုမတူကွဲပြားခြားနားသော်လည်း အရည်အသွေးကပိုပြီးမြင့် မားလာသည်ဟုခံစားရသည်၊ မာကျန်းသည်အလွန်စိတ်လှုပ်ရှားလာသည်၊ သူကကောင်းဖန်ရဲ့လက်ကိုတင်းကြပ်စွာကိုင်လိုက်ကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် မစ္စတာကောင်း, အရမ်းကျေးဇူးတင်ပါတယ်၊ ငါခုကစပြီးဆုံးဖြတ် ချက်ချလိုက်ပြီ၊ ခုကစပြီးငါ့ရဲ့ကိုယ်ပိုင်သားရဲတွေအကုန်လုံး မင်းရဲ့စောင့်ရှောက်မှု အောက်မှာဘဲရှိလိမ့်မယ်၊ ငါ့သားရဲတွေတင်မဟုတ်ဘူး,ငါ့သူငယ်ချင်း,ငါ့ဆွေမျိုးအကုန် လုံးရဲ့ကိုယ်ပိုင်သားရဲတွေရောဘဲ၊ ငါမင်းဆီကိုဘဲညွှန်းမယ်၊”

ဒေသရင်းပင်တွေက ပုံစံများနှင့်နမူနာများသည် ရှားပါးလှသည်၊ထို့ကြောင့် ဒေသရင်း သားရဲတွေရဲ့အပေါ်အလယ်အလတ်အဆင့်သားရဲအထူးပျိုးထောင်သူများသည် အတော်အတန်သင့်တော်မှုရှားသည်၊

မာကျန်းကမစ္စတာကောင်းအား ကံစမ်းကြည့်ဖို့ကြိုးစားသော်လည်း မစ္စတာကောင်းက ဒေသရင်းသားရဲများအကြောင်းပင်သိနေသေးသည်၊ သူကတကယ်ကိုနက်ရှိုင်းတဲ့ အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ဘဲ။

အခုမာကျန်းကလုံးဝကို ယုံကြည်သွားပြီဖြစ်သည်၊ မြင့်မားတဲ့အောင်မြင်မှုနှုန်းရှိသည့် ကောင်းဖန်၏အရည်အချင်းများသည် တိုင်းတာ၍ပင်မရနိုင်တော့ပါ။

***

အခန်း ၃၅ သံမဏိကြံ့

နောက်နှစ်ရက်မှာလဲ ကောင်းဖန် ရုံးခန်းတွင်ပင် ဆက်နေခဲ့ပေမည့် လာရောက်သည့်တိုင်ပင်သူကတော့ ရှားပါးလှသည်။ ကြည့်ရတာ သူ့ရဲ့ မတန်တဆကြေးများကောက်ခံမှုက ကျော်ကြားသွားပုံရသည်။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီနှစ်ရက်အတွင်း သူအလုပ်တစ်ခုကိုတော့ ပြီးစီးနိုင်ခဲ့ပြီးပြီဖြစ်သည်။ ၎င်းကတော့ ဖောက်သည်တစ်ဦး၏ အဆင့်၇ အကြီးစားသားရဲကြွက်ကို အထူးအဆင့်မှနေပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ မြှင့်ပေးရခြင်းဖြစ်သည်။ ကောင်းဖန် ထိုအကြီးစားသားရဲကြွက် အဆင့်မြှင့်တင်ခြင်းအောင်မြင်ဖို့ရန် နှစ်ရက်လုံးအချိန်ပေးလိုက်ရပေသည်။

ဘယ်သူကမှ ပညာတတ်ကာ ဉာဏ်ကောင်းလွန်းပြီး မွေးလာတာမဟုတ်ပေ။ ထိုသို့သောလူမျိုးများကတော့ ရှေးပုံပြင်များနှင့် နတ်သမီးပုံပြင်များတွင်သာ ရှိပေသည်။ ကောင်းဖန်ကတော့ သာမာန်လူတစ်ဦးသာဖြစ်သည်။ သူ့ကို တခြားသူတွေနှင့်ခြားနားစေသွားသည့်အချက်ကတော့ သူကအလုပ်အင်မတန်ကြိုးစားလုပ်ကိုင်ခြင်းသာဖြစ်သည်။ အချိန်တိုင်း သူက ပိုမိုတွေးတောဆင်ခြင်ကာ တစ်ခုမဟုတ်တစ်ခုကို ကြိုးစားလုပ်ဆောင်နေလေ့ရှိသည်။ ဒီတစ်ခေါက်အလုပ်ကိုလဲ ၂နာရီလောက်တည်းနှင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ပေမည့် သူ့အရည်အချင်းကို သိုဝှက်ထားရန်အလို့ငှာ တမင်အချိန်ဆွဲထားလိုက်ခြင်းသာဖြစ်သည်။

သူ့ဖောက်သည်ကလဲ ကိစ္စအောင်မြင်သွားသည့်အတွက် ကျေနပ်နေစဲဖြစ်ကာ ကောင်းဖန်ကိုပေးရသည့် အတိုင်ပင်ခံကြေးလေးကပင် သူ့ကိုနာကျင်စေတာဖြစ်သည်။

၂ရက်ကုန်ဆုံးပြီးနောက် ပုံမှန်ကျောင်းတက်ရက်များပြန်လည်ရောက်ရှိလာသည်။ ပြီးခဲ့သည့်အပတ်က လေ့ကျင့်ပေးခဲ့မှုကြောင့် တာ့ဇီသည် ပိုလို့သန်မာလာပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကလဲ ၉ပေအထိရှည်လာပြီဖြစ်ကာ လုံးပတ်ကလဲ ပိုကြီးလာသည်။ နေ့တိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရတာကြောင့် တာ့ဇီ၏စားချင်သောက်ချင်စိတ်ကလဲ သိသိသာသာပင် တိုးပွားလာသည်။ တာ့ဇီ၏ကျောခွံအရောင်သည်လဲ ပိုတောက်လာကာ ခုခံကာကွယ်နိုင်စွမ်းလဲမြင့်မားလာပြီး ခြေထောက်များသည်လဲ ပိုမိုထူထဲကာ သန်မာလာခဲ့သည်။

များပြားလှသည့်အတန်းချိန်တွေကတော့ ကျောင်းသားများ၏အချိန်အားလုံးကို အပြည့်အဝယူထားပေသည်။ ကျောင်းဆင်သွားလျှင်တောင်မှ လက်ရှိသင်နေစဲသင်ခန်းစာများကို လိုက်မီရန်အလို့ငှာ အချိန်ပိုလေ့ကျင့်ရေးအတန်းများတောင် တက်နေရသေးသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၁၇-၁၈နှစ်အရွယ် ဆယ်ကျော်သက်ကလေးများသည် သူတို့၏ကိုယ်ပိုင်သားရဲများကို ခေါ်ဆောင်ကာ လူမြင်ကွင်းအချို့နေရာများတွင် လေ့ကျင့်ပေးနေသည်ကို ချန်အန်းမြို့သူမြို့သားများလဲ သတိပြုမိနေကြပေပြီ။

“ပြောစမ်းပါဦး၊ ငါတို့ခေါင်းတွေကို ဘာကြောင့် ဒီလောက်အလုပ်ပေးနေရတာလဲ? စာမေးပွဲအောင်,အောင်ဖြေနိုင်ရင်တောင်မှ ဘာပဲဖြစ်ဖြစ် ထိပ်တန်းကျောင်းကိုတော့ တက်နိုင်မှာမဟုတ်ဘူးလေ။ ငါတို့ဘွဲ့ရသွားရင်လဲ အားလုံး ဟိုဟိုဒီဒီအလုပ်တစ်မျိုးမျိုးနဲ့ ဂိတ်ဆုံးသွားကြမှာပဲ၊ တကယ်တော့ ငါတို့က သားရဲလေ့ကျင့်သူဖြစ်ဖို့မပြောနဲ့ဦး ပုံမှန်အလုပ်လေးတစ်ခုတောင် ရနိုင်ပါ့မလားဆိုတာ ဘယ်သူကအတိအကျပြောနိုင်လို့လဲ။” တစ်စုံတစ်ယောက်က လေ့ကျင့်ရေးလုပ်နေချိန်အတွင်း သူ့ဘေးမှတစ်ဦးကို တိုးတိုးတိတ်တိတ်ပြောနေခြင်းဖြစ်သည်။

တစ်ဖက်လူကလဲ သူ့စကားကို လက်ခံပေသည်။ “မင်းမှန်တယ်။ ငါတို့ နည်းပြကို ထွက်လို့ရမလားသွားမေးကြရင်ကော?”

“…နည်းပြအရင်ကပြောထားတာ မင်းမမှတ်မိတော့ဘူးလား? အခုချိန်မှ ငါတို့ထွက်မယ်ဆိုရင် သူက ငါတို့ကို စစ်ပြေးတွေလို ဆက်ဆံမှာတဲ့လေ။ ငါတို့ဒီလတော့ အချောင်ခိုပြီးတက်လိုက်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့က အားလုံးပေါင်း လူ၁၂၀၀ပဲ ရွေးမှာပဲကို။ တစ်လပြီးသွားရင် ငါတို့အတန်းကိုပြန်ပြီး ပုံမှန်စာမေးပွဲအတွက်ပဲ ပြန်လေ့ကျင့်ကြတာပေါ့။ ဒီတစ်လကိုတော့ အားလပ်ရက်ရထားတယ်ပဲ သဘောထားလိုက်ကြရအောင်။” ပထမလူက ပြုံးပြုံး၊ပြုံးပြုံးဖြင့် ပြန်ပြောလာသည်။

“အမ်း… မင်းပြောတာ အဓိပ္ပါယ်တော့ ရှိသားပဲ။”

ကျောင်းသားတွေထဲမှာ ဒီလိုပဲတွေးနေကြတဲ့လူတွေအများကြီးပင်။ ပြီးခဲ့သည့်ရက်ပိုင်းလေးမှာ အလွန်ပြင်းရိဖွယ်ကောင်းသည့် လေ့ကျင့်ရေးကိုသာ ထပ်ခါတလဲလဲလုပ်နေရတာကြောင့် တော်တော်များများက ထွက်ချင်နေကြပြီဖြစ်သည်။

ဒါကပုံမှန်ပါပဲ ပျင်းရိခြင်းဆိုတာ လူသားတွေရဲ့သဘာဝမှာကိုပါဝင်နေတာဖြစ်သည်။

သားရဲလေ့ကျင့်သူအရာရှိလောင်းအတန်းများသည် သူတို့တွေးသလို လွယ်ကူမနေဘဲ သူတို့တွေးသလိုလဲ ပျော်စရာကောင်းသည့်အရာမဟုတ်ပေ။ ကျောင်းသားတော်တော်များများကတော့ စတင်ပြီးလက်လျှော့လာကြပေပြီ။ ဒါတင်မကသေး ပုံမှန်အတန်းစာမေးပွဲကလဲ ရှိနေသေးသည်။ ထိုစာမေးပွဲအတွက် သူတို့အရမ်းကြိုးပမ်းနေဖို့လဲ မလိုသလို နေ့တိုင်းပင်ပင်ပန်းပန်းကျက်မှတ်နေဖို့လဲ မလိုပေ။

ဆိုရိုးစကားအတိုင်းဆိုပါက ကောင်းကင်ကြီးပြိုကျလာရင်တောင်မှ မင်းထက်အရပ်ပိုရှည်တဲ့လူက အရင်ဆုံးအဖိခံရမည်သာ။ တိုက်ခိုက်ရေးသားရဲလေ့ကျင့်သူတစ်ဦးဖြစ်လာခြင်းဆိုသည်မှာ တောတွင်းသူရဲကောင်းတစ်ဦးဖြစ်လာသလိုပင်။ သို့သော်လည်း ထိုတောထဲတွင် ဆိုးဆိုးရွားရွားသေဆုံးသွားနိုင်သည့်အချက်ကတော့ ပြောရခက်ပေသည်။

တစ်စုံတစ်ယောက်ကသာ ဆက်လက်ကြိုးစားဖို့ လက်လျှော့ဖို့ရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် ထိုသို့လက်လျှော့ချင်ရခြင်း၏ အကြောင်းအရင်းထောင်ပေါင်းများစွာ ထွက်ပေါ်လာပေမည်။

ကျောင်းသားများ၏ ထိုသို့သောအပြုအမူတွေအားလုံးကိုတော့ နည်းပြက ရှင်းရှင်းလင်းလင်းသိမြင်နေပေမည့် သတိပေးဖို့ရည်ရွယ်ချက်မရှိပေ။ နည်းပြက ဘေးတွင်သာ အသာလေးရပ်ကာ ကျောင်းသားများလေ့ကျင့်နေမှုကို အကြံပေးခြင်းလဲမရှိသလို ဝင်ရောက်စွက်ဖက်ခြင်းလဲမရှိဘဲ အေးအေးဆေးဆေးကြည့်နေသည်။ ကျောင်းသားများကိုယ်တိုင် သူ့ကိုလာရောက်မေးမြန်းသည့်အချိန်ကလွဲလျှင် ဘာမှမပြောခဲ့ပေ။

ထောင့်နားမှာ အချောင်ခိုကာ ပုန်းနေသည့်ကျောင်းသားများရှိနေတာတောင်မှ မမြင်သလိုသာ နေနေသည်။

ကောင်းဖန်သည်တော့ ကြိုးစားလေ့ကျင့်နေကာ ဒီခက်ခဲလှသည့်လေ့ကျင့်ရေးကို ပျော်မွေ့လို့နေသည်။ လေ့ကျင့်ရေးက ပုံမှန်ဆိုလျှင် ပျင်းစရာကောင်းလှပေမည့် သူ့မှာသာ ဆက်လုပ်ဖို့ ရည်ရွယ်ချက်တစ်ခုရှိနေသ၍ ပျင်းရိစရာအကောင်းဆုံးသောလေ့ကျင့်ရေးပင်လျှင် စိတ်လှုပ်ရှားစရာအကောင်းဆုံးလေ့ကျင့်ရေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ကောင်းဖန် ဘယ်ဘက်လက်ထဲတွင် အချိန်မှတ်သည့်စက်တစ်လုံးကို ကိုင်ထားသည်။ သူ့ရှေ့တွင်တော့ တာ့ဇီသည် လျင်မြန်သွက်လက်စွာဖြင့် ကျောက်တန်းကြီးကို ဖြတ်ကျော်နေသည်။ တာ့ဇီ ကျောက်တန်းအားလုံးကို ဖြတ်ကျော်ပြီးသွားသည်နှင့် ကောင်းဖန် လက်ထဲမှ အချိန်မှတ်စက်ခလုတ်ကို ရပ်လိုက်ကာ၊ “၇.၄၇စက္ကန့်၊ အရင်တစ်ခေါက်ထက် ၀.၄စက္ကန့်ပိုမြန်လာတယ်။” ပြောပြီးသည်နှင့် ကောင်းဖန် သူ့မျက်ခုံးပေါ်တွင်သီးနေသည့် ချွေးစက်များကို သုတ်လိုက်သည်။ ဒီရက်ပိုင်းအတွင်း အပူချိန်အရမ်းမြင့်တက်လာတာကြောင့် နေရောင်အောက်အကြာကြီးရပ်နေရသည်က အလွန်ပူပြင်းလှပေသည်။

ဒုန်းစိုင်းပြေးပြီးနောက် တာ့ဇီ အနားပေးသည့်အနေဖြင့် သူ့ခြေချောင်းလေးများကို ချက်ချင်းလှဲချလိုက်သည်။ ကောင်းဖန်လဲ တာ့ဇီ၏ခေါင်းလေးကို ပုတ်ပေးကာ အနားရှိဘူးထဲမှ ကြီးမားသည့်ပိုးတောင်မာအနည်းငယ်ကို ထုတ်ကာကျွေးလိုက်သည်။

ထိုပိုးတောင်မာအကြီးစားများသည် တာ့ဇီအတွက် ခေါက်ဆွဲခြောက်များနှင့်တူကာ သားရေများကျသည်အထိ အငမ်းမရကိုစားနေတော့သည်။

တာ့ဇီ၏အေးစက်စက်ခေါင်းလေးကို ပုတ်ပေးရင်းဖြင့် ကောင်းဖန်၏စိတ်လဲ တဖြည်းဖြည်းအေးမြလာခဲ့သည်။

ပိုးတောင်မာများသည် တာ့ဇီ၏အကြိုက်ဆုံးအစာဖြစ်ကာ အာဟာရဓါတ်နှင့် ပရိုတင်းဓါတ်အပြည့်အဝပါဝင်ပေသည်။

အထူးသဖြင့်ကြီးမားသော ပိုးတောင်မာများသည်ကပ်ဆိုးကြီးပြီးနောက် သန္ဓေပြောင်း လဲခဲ့သည်၊ သူတို့က တူတစ်ချောင်းလောက်ရှည်လျားပြီး သူတို့ခန္ဓာကိုယ်များသည် အာဟာရများဖြင့်ပြည့်ဝနေသည်၊သူတို့က အဆီများပြီးအရည်ရွှမ်းကာ အရသာရှိ အောင်ပြုလုပ်ထားသည်၊

“ကောင်းဖန်,မင်းကမင်းရဲ့ကိုယ်ပိုင်သားရဲကိုသေချာလေ့ကျင့်ထားပုံရတယ်” စည်သံ ကဲ့သို့ သောအသံနှင့်ပြောလာသည်၊

ဟုတ်ပါတယ်,အသံကယောင်္ကျားဆန်ပြီး အားကောင်းသည်။ စည်နှင့်သူ့ကိုဖော်ပြသည်မှာ မှန်ကန်လှသည်၊

ကောင်းဖန် လှည့်လိုက်တဲ့အခါ သူကောင်းကင်က ရုတ်တရက်မှောင်မဲသွားသလိုမျိုး အမှောင်ကိုမြင်လိုက်ရသည်၊

သူက ပုံကိုပိုပြီးမြင်ရဖို့ နောက်ကိုနှစ်လှမ်းဆုတ်လိုက်သည်၊ သူ့ရှေ့မှာရပ်နေတဲ့ ဆံပင်ကိုမြင်းမြီးကဲ့သို့အောက်နားတွင်စုချည်ထားပြီး နှစ်မီတာလောက်ထိရှည်ကာ အနက်ရောင်အစင်း အားကစား အင်္ကျီကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ဖြစ်သည်၊ သူမကချွန်နေသော နှာခေါင်း, ကျယ်သောမျက်လုံးနှင့်ထူသော မျက်ခုံးတို့ ရှိသည်၊အကယ်၍ ဒီအင်္ဂါရပ်အား လုံးသည်ယောင်္ကျားလေးတစ်ယောက်တွင်ရှိပါက ထိုလူကသေချာပေါက်ကိုယောင်္ကျား ပီသပေလိမ့်မည်။

ထိုကဲ့သို့အရပ်ရှည်သော ကိုယ်ထည်နှင့်အတူ, တစ်ဦးတည်းထိုနေရာတွင်ရပ်နေခြင်း သည်သူ့ပတ်ဝန်းကျင်ရှိမည်သူမဆို ကြီးမားသည့်ဖိအားကိုခံစားရသည်၊

“မင်းရဲ့ချီးမွမ်းမှုအတွက်ကျေးဇူးတင်ပါတယ်” ကောင်းဖန်ခေါင်းညိတ်ပြလိုက်သည်၊ သူ့ဘေးမှ တာ့ဇီက သူစိမ်းတစ်ယောက်ကသူ့သခင်ကိုစကားပြောနေတာကို သတိပြုမိသွားသောကြောင့် နာခံစွာနဲ့မြေပြင်ပေါ်တွင်မလှုပ်မယှက်လှဲလျောင်းနေသည်၊

မိန်းကလေး၏သိသာထင်ရှားစွာပေါ်လာသော်လည်း ကောင်းဖန်အတွက်တော့ သူမ အကြောင်းကိုအရင်ကဘာမှကြားဖူးမည်မဟုတ်ပေ။

သူမက မုထျယ်ယင်းဖြစ်သည်၊ သူမ၏ရလဒ်များသည် အမြဲထိပ်ဆုံးကျောင်းသားသုံး ယောက်ထဲတွင်ပါဝင်သည်၊ ကျောင်းနှစ်ခုပေါင်းစည်းပြီးနောက်သူသည် သားရဲလေ့ကျင့် ပေးသူဖြစ်ရန်ရည်ရွယ်ခဲ့သည်။

များစွာသောလူများ၏အမြင်တွင် သူမသည်လည်းကောင်းဖန်ကဲ့သို့ တစ်ယောက်ထဲ ထူးဆန်းသည့်လူဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေအားလုံးထဲမှာကျောင်းနှစ်ကျောင်းထဲက သူမနှင့်ကောင်းဖန်၏ရလဒ်ကောင်းကြသော်လည်း သားရဲလေ့ကျင့်သူအရာရှိအဖြစ် လျှောက်ထားရန် ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူတို့ရဲ့ရလဒ်တွေနဲ့ တောက်ပတဲ့အနာဂါတ်တွေက ရှိနေပြီးဖြစ်သော်လည်းအဲ့ဒီအစား သူတို့က မသေချာမရေရာတဲ့ လမ်းကြောင်းကိုသာရွေးချယ်ခဲ့ကြသည်။

များစွာသောလူများကသူတို့ရဲ့လုပ်ရပ်တွေကို နားမလည်ကြချေ၊ သားရဲလေ့ကျင့်သူ မလုပ်ခင်မှာ ကောင်းမွန်တဲ့ကောလိပ်ကို တက်ဖို့ရနိုင်တယ်မဟုတ်ဘူးလား? ဘာကြောင့်သားရဲလေ့ကျင့်သူအရာရှိဖြစ်ဖို့ ရွေးချယ်ခဲ့ကြတာလဲ။?

“ငါ ,မင်းနဲ့အတူအုပ်စုတစ်ခုတည်းဖွဲ့ချင်လို့ ဒီကိုလာခဲ့တာ၊” မုထျယ်ယင်းတည့်တိုး ပင်ပြောဆိုလိုက်သည်။

“အုပ်စုတစ်ခုတည်းဖွဲ့ဖို့” ကောင်းဖန် နည်းနည်းအံ့ဩသွားသည်၊ ဒါပေမယ့်နည်းပြဆရာ ကအရင်ကအဲ့အကြောင်းပြောဖူးတာကို ပြန်တွေးမိလိုက်သည်၊ ကျောင်းသား၁၂၀၀ကို ရွေးပြီးတဲ့နောက်, သူတို့ကအဖွဲ့ဝင်နှစ်ဦးစီရှိသည့်အဖွဲ့ကို ဖွဲ့လိမ့်မည်။ အဖွဲ့ဝင်တစ် ယောက်ချင်းစီတိုင်းက ပူးပေါင်းဆောင်ရွက်ကာသူတို့ရဲ့အမိန့်ကို နာခံနိုင်ရန်မတူညီသော ကိုယ်ပိုင်သားရဲပုံစံများရှိရန်လိုအပ်သည်။

လေ့ကျင့်ရေးအစီအစဉ်ပြီးဆုံးပြီးနောက်တွင် ထိုသေးငယ်သောအဖွဲ့များအကြား ပြိုင်ပွဲ ပြုလုပ်လိမ့်မည်၊ သူတို့၏ရလဒ်များကိုလည်း အဖွဲ့၏စွမ်းဆောင်ရည်ကိုကြည့်ကာ အမှတ်ပေးလိမ့်မည်၊

“ဘာကြောင့်ငါ့ကိုရှာတာလဲ?” ကောင်းဖန်အနည်းငယ်ရှုပ်ထွေးသွားသည်၊ နောက်ဆုံးတွင်တော့ သူကသူမကိုလုံးဝမသိပါ။

“ဘာလို့လဲဆိုတော့သူတို့တွေအကုန်လုံးက စာလေ့လာတာကလွဲရင်ကျန်တာတွေမှာ အကုန်အောက်ကဘဲ၊ သူတို့နဲ့ငါ့ကြားထဲမှာတူညီတဲ့ စိတ်သဘောထားတွေမရှိကြဘူး၊” မုထျယ်ယင်းက အသည်းမာမာနှင့်ရိုးရိုးသားသားပြောလိုက်သည်၊

ဒါကမုထျယ်ယင်းဘဲ….စကားလုံးတွေနဲ့နည်းလမ်းတွေလည်းတကယ်ရှိပါ့လား, ကောင်းဖန်သက်ပြင်းချလိုက်သည်၊

“မင်းရဲ့ကိုယ်ပိုင်သားရဲဘယ်မှာလဲ?” ကောင်းဖန်က မုထျယ်ယင်းသူမသားရဲမပါဘဲ တစ်ယောက်တည်း ရပ်နေတာကိုတွေ့တာကြောင့်သိချင်စိတ်နဲ့မေးလိုက်တယ်၊

“ကြာစေ့လေး!” မုထျယ်ယင်းက ဘေးပတ်လည်ကိုလှည့်လိုက်ပြီး လေချွန်လိုက်သည်၊

အဝေးတစ်နေရာက သေးငယ်တဲ့တောင်ကုန်းတစ်ခုက တိတ်ဆိတ်စွာရပ်နေပြီး ရုတ်တရက် အသက်ပြန်ရှင်လာသလိုမျိုးဖြစ်သွားသည်၊ တောက်ပသောမျက်လုံးများ ကသူတို့ဆီကိုဦးတည်ကြည့်ကာ သေးငယ်တဲ့နားရွက်နှစ်ခုကဆတ်ကနဲပေါ်လာသည်၊ ထို့နောက်သူ့ရဲ့ထူပြီး ခိုင်ခံ့တဲ့ခြေလက်များနှင့်အတူ ကမူးရှုးတိုးပြေးလာသည်၊ ဘိလပ်မြေခင်းထားသောမြေပြင်သည် သူ့ရဲ့လှုပ်ရှားမှုကြောင့်လှုပ်ယမ်းသွားပြီး ထိုမြေပြင်ကိုဖြတ်၍ တင့်ကားစီးသွားသကဲ့သို့ပင်ထင်ရသည်၊

ထိုအကောင်ရဲ့ဘေးမှာရှိနေတဲ့ မုထျယ်ယင်းက သေးငယ်တယ်လို့ထင်ရတယ်၊

နှာမှုတ်သံ-

၎င်းကကျယ်လောင်သော နှာမှုတ်သံကိုပြုလုပ်လိုက်သည်၊

မုထျယ်ယင်းက နူးညံ့စွာနဲ့သံမဏိကြံ့ရဲ့ဦးခေါင်းကိုပွတ်ပေးလိုက်သည်၊ ထိုကြီးမားတဲ့ အကောင်က ပွတ်သတ်နေတာကိုပျော်ရွှင်နေပုံရသည်၊ သူက ညင်ညင်သာသာနှင့် မျက်လုံးများကိုပိတ်လိုက်ကာ သူ့ခေါင်းကိုမုထျယ်ယင်းခန္ဓာကိုယ်နှင့်ပွတ်လိုက်သည်၊

[မကောင်းဆိုးဝါးအမည်]-သံမဏိကြံ့

[မကောင်းဆိုးဝါးအဆင့်]-၁၂(ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်

[မကောင်းဆိုးဝါးစွမ်းအင်]-သတ္ထု

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ပျော်ရွှင်)

***

အခန်း ၃၆ အကောင်ကြီးပြီး နူးညံ့နေတယ်

“မင်းရဲ့ သံမဏိကြံက အရွယ်မရောက်သေးဘူးမဟုတ်လား?” ကောင်းဖန် သံမဏိကြံကို အထက်အောက်စုံဆန်ကြည့်ကာပြောလိုက်သည်။ ဒီကြီးမားလှသည့်သားရဲကြီးသည် သူ၏ကြီးထွားနေစဲကာလသာဖြစ်သင့်သေးသည်၊ ဒီလိုမှမဟုတ်ရင်တော့ အရွယ်ရောက်နေသည့်သံမဏိကြံက ဒီလောက်အထိပဲ ကြီးလိမ့်မည်မဟုတ်ပေ။

အရွယ်ရောက်သံမဏိကြံများသည် အုပ်ချုပ်သူအဆင့်သားရဲများကြားတွင် အသန်မာဆုံးသားရဲတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

၎င်း၏အရေပြားမှာ သံပြားတစ်ပြားလို မာကျောထူထဲကာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးဖြင့်ပင် ရန်သူတိုင်းကို ဝင်တိုက်ကာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပြုလုပ်ပစ်နိုင်ပြီး သူ၏ဦးခေါင်းထက်ရှိကြောက်စရာဦးချိုကြီးလဲ အလှဆင်ထားရုံသာမဟုတ်သည်မှာ သေချာပေသည်။

“ဟုတ်တယ်၊ ကြာစေ့လေးက အသက်တစ်နှစ်ပဲရှိသေးတယ်။ ကပ်ဘေးဖြစ်ပြီးတြ့နောက် အရွယ်ရောက်တဲ့သားရဲကိုတွေ့ဖို့က ခက်နေပြီလေ။ ဒါပေမယ့် တခြားသားရဲတွေနဲ့ယှဉ်ရင်တော့ သူက လူသားတွေရဲ့အသက်၁၂နှစ်အရွယ်နဲ့ညီပါသေးတယ်။” မုထျယ်ယင်းက ပြောရင်းဖြင့်ပင် သံမဏိကြံ၏ကိုယ်ကိုပွတ်သပ်ပေးနေသည်။

“တစ်နှစ်ပေါ့၊” ကောင်းဖန် ခေါင်းတစ်ညိတ်ညိတ်ဖြစ်သွားသည်။

တာ့ဇီလဲ ထိုစကားဝိုင်းကြားနေတာကြောင့် ချက်ချင်းပင် မတ်တပ်ထကာ ကောင်းဖန်၏ပုခုံးကိုမှီပြီးရပ်လိုက်ရင်း စိတ်ထဲကနေစကားလှမ်းပြောလိုက်သည်။ “ငါက သုံးနှစ်! ငါကသုံးနှစ်!”

တာ့ဇီ၏စကားကြောင့် ကောင်းဖန်ပြုံးမိသွားကာ တာ့ဇီ၏ခေါင်းလေးကိုပွတ်ပေးပြီး၊ “ဟုတ်ပါပြီ၊ မင်းသုံးနှစ်ဖြစ်နေပြီမှန်း ငါသိပါတယ်။”

တာ့ဇီကတော့ သူ့သခင်၏ပုခုံးကိုဆက်လက်မှီတွယ်နေရင်း သံမဏိကြံကြီးကို စပ်စပ်စုစုဖြင့် ကြည့်နေသည်။ ဒီသံမဏိကြံကြီး၏အရွယ်အစားကပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ကောင်းဖန်တောင်မှ တာ့ဇီကြောက်လန့်နေသည်ကို ခံစားမိကာ ၎င်း၏ဦးမျှင်လေးများကို ညင်ညင်သာသာဖိကိုင်းပြီး စိတ်ဖြေလျှော့ပေးနေသည်။

ကောင်းဖန်လဲ သံမဏိကြံကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ဒီကောင်ကြီးက တိုက်ခိုက်သူအဖြစ်ကော ခုခံသူအဖြစ်ပါ သတ်မှတ်လို့ရတာပဲ။ မုထျယ်ယင်းဘယ်လိုလေ့ကျင့်ပေးမလဲဆိုတဲ့အပေါ်ပဲ မူတည်တယ်၊ ဒါမှမဟုတ် သူမနှစ်မျိုးလုံးလေ့ကျင့်ပေးလိုက်လဲရတာပဲ။

“မင်း သူ့ကိုဘယ်လိုအမျိုးအစားဖြစ်လာဖို့ ရည်မှန်းထားလဲ?”

“ခုခံကာကွယ်သူလို့တော့ တွေးထားတယ်။” မုထျယ်ယင်း သံမဏိကြံ၏ဦးချိုကို ညင်ညင်သာသာလေးပုတ်ပေးလိုက်သည်။ “ကြာစေ့လေးက ရှက်ကြောက်တတ်တယ်။ သူ့ထက်အဆပေါင်းများစွာ သေးတဲ့သားရဲတွေကိုတောင်မှ အမြဲကြောက်နေတာ။”

ဒီကောင်က အရမ်းကြောက်တတ်တယ်လား။ ကောင်းဖန် သံမဏိကြံ၏အရွယ်အစားကို ပြန်မကြည့်မိဘဲ မနေနိုင်ပေ။ တကယ်ကိုပဲ ကြံတွေကို သူတို့ရဲ့ပုံစံအရွယ်အစားကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူးပဲ။

ကောင်းဖန်၏ မရိုးသားသည့်အတွေးများဖြင့် တိုင်းတာကြည့်နေသည့် အကြည့်များကြောင့် သံမဏိကြံက ရှက်လာကာ ခေါင်းငုံလိုက်ပြီး မုထျယ်ယင်းကို ဖွဖွလေးတွန်းလိုက်သည်။

“ဒါကတော့ ငါ့လက်ရှိအခြေအနေပဲ၊ နင်မဖြစ်နိုင်ဘူးထင်ရင်လဲ ဒီအကြောင်း မေ့လိုက်ကြတာပေါ့။”

ကောင်းဖန် ခဏလောင်ပြန်တွေးကြည့်နေလိုက်ပြီးနောက်၊ “ဒီကောင်ကအခုတော့ သိမ်မွေ့နေတယ်ဆိုပေမယ့် သူဒေါသထွက်လာရင်ကော? မင်းသူဒေါသထွက်အောင် စမ်းကြည့်ဖူးလား?”

မုထျယ်ယင်း မှင်သက်သွားကာ ပြန်တွေးကြည့်နေသည်။ ထို့နောက် အားနာသည့်အပြုံးလေးဖြင့်၊ “တောင်းပန်ပါတယ်၊ ငါရောငါ့မိသားစုရောက သူ့ကိုချစ်ကြတော့ သူလဲ တစ်ခါမှအနာတရဆိုတာ မဖြစ်ဖူးဘူး။ ဒါကြောင့် သူဒေါသထွက်တဲ့အချိန် ကြမ်းတမ်းလောက်လားဆိုတာ ငါလဲ သေချာမပြောတတ်ဘူး။”

“ဒါပေမယ့် သူကခုခံကာကွယ်သူအနေနဲ့ကတော့ အဆင်ပြေနေပါပြီ၊ သူ့ရဲ့နာကျင်မှုကို ခံစားနိုင်စွမ်းက နှေးကွေးတာကြောင့် ပြင်းထန်တဲ့နာကျင်မှုဆိုရင်တောင် ခံနိုင်ရည်ရှိတယ်။” မုထျယ်ယင်း၏ ယုံကြည်ချက်များပျောက်ဆုံးနေခဆဲ့ပြီဖြစ်သည်။ တခြားလူများ သူမသားရဲကိုတွေ့သည်နှင့် ဒီသားရဲ၊ ဘယ်လောက်တောင် “ကြီးပြီးသန်မာတယ်”ဆိုတာကိုသာ တန်းတွေးကြသည်။ ဒါပေမယ့် သူမတစ်ယောက်တည်းသိသည့်အချက်ကတော့ ကြာစေ့လေးသည် တိုက်ခိုက်သူအဖြစ်လေ့ကျင့်ဖို့ရန် မသင့်တော်ခြင်းပင်။ ဒါက ကောင်းဖန်အတွက် မတရားသလိုဖြစ်တာကြောင့် မုထျယ်ယင်း သက်ပြင်းချကာ ပြန်သွားဖို့သာ တွေးလိုက်တော့သည်။

သူမဘေးတွင်ရပ်နေသည့် ကြာစေ့လေးကလဲ သခင်ဖြစ်သူစိတ်ဓါတ်ကျနေမှုကို ခံစားသိရှိနေပုံပင်။ သူက ညင်ညင်သာသာလေးနှာရှုံ့နေကာ သူမသခင်ကို နှစ်သိမ့်ပေးချင်နေပေမည့် ဘယ်လိုမျိုးနှစ်သိမ့်ပေးရမလဲကိုတော့ မသိပေ။ ဒါကြောင့် သူ့ခေါင်းကိုသာ သခင်ဆီသို့ တိုးဝင်ပွတ်သပ်နေလိုက်တော့သည်။

မုထျယ်ယင်းသည်လဲ သူမသားရဲဖြစ်သည့် ကြာစေ့လေး၏ မိုက်မဲကာချစ်ဖို့ကောင်းသည့် အပြုအမူကြောင့် ရယ်ချင်မိသွားပြီး ကြာစေ့လေး၏ခေါင်းကို တွန်းဖယ်လိုက်ကာ၊ “သွား၊ ကိုယ့်ဘာသာ သွားကစားနေဦး။”

“မင်းက ငါ့ရဲ့အသင်းဖော်ဖြစ်ချင်တယ်လို့ ပြောတယ်မလား? ကောင်းပြီလေ၊ ငါလဲ အပျင်းထူတဲ့ကောင်တွေနဲ့ ပြောဆိုဆက်ဆံရတာ ပင်ပန်းလွန်းလို့ သဘောတူလိုက်မယ်။” မုထျယ်ယင်းနောက်လှည့်သွားချိန်တွင် ကောင်းဖန်ပြောလိုက်သည်။

“ဘာ?” မုထျယ်ယင်း အံ့ဩသွားတော့သည်။ ဒီလိုအဖြေမျိုးရလာလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။ သူမပြန်လှည့်လာကာ ကောင်းဖန်ကိုကြည့်လိုက်တော့ ကောင်းဖန်က ပုခုံးပြန်တွန့်ပြလာသည်။ “သိမ်မွေ့နူးညံ့နေလဲ အဆင်ပြေပါတယ်။ ကျွမ်းကျင်မှုဆိုတာ လေ့ကျင့်ရင်းကပဲ ဖြစ်ပေါ်လာတာ။” ဒီလိုမွေးရာပါအရည်အချင်းရှိတဲ့သားရဲများက ရှာတွေ့ဖို့ ခက်ခဲလှသည်ဟု ကောင်းဖန် စိတ်ထဲမှာတွေးနေမိသည်။

ဒီနေရာတွင် သားရဲအနည်းငယ်မျှသာရှိကာ ထိုထဲမှ၉၉ရာခိုင်နှုန်းလောက်သည် သာမာန်သားရဲများသာဖြစ်ကြသည်။

ထိုထဲမှ အထူးအဆင့်သို့ရောက်နေသည့်ကိုယ်ပိုင်သားရဲက ဆယ်ဂဏန်းကျော်ရုံသာရှိပြီး ပြီးပြည့်စုံသည့်အဆင့်ကတော့ ၂ကောင်သာပါဝင်ပေသည်။ တစ်ကောင်ကတော့ ကောင်းဖန်၏အတန်းဖော် ချန်းဟန်ချောင်၏ လင်းလက်လျှပ်စီးဝက်ဝံဖြစ်ကာ ကျန်တစ်ကောင်ကတော့ သံမဏိကြံပင်ဖြစ်သည်။

ကိုယ်ပိုင်သားရဲများ၏ အဆင့်ကိုသိရှိနိုင်ဖို့က ခက်ခဲလှသည်၊ ပထမဆုံးအနေနှင့်, လေ့ကျင့်သူတွေက ဒီလိုနမူနာအကျွမ်းတဝင်သားရဲတွေအများအပြားလိုအပ်ပြီး ထို့နောက် ၎င်း၏အချက်အလက်များကို မျိုးတူသားရဲနမူနာများနှင့်ယှဉ်ကြည့်ရန် လိုအပ်သည်၊ ကောင်းဖန်ကဒါကို ရိုးရိုးတန်းတန်းရှာတွေ့ခဲ့ပြီး သူကသားရဲကိုကြည့်ပေးရန်သာလိုအပ်သည်။

ဒါကြောင့်, များပြားသောမျိုးစိတ်အသစ်တွေရဲ့အဆင့်များကို မသတ်မှတ်နိုင်သေးပါ၊ အစပိုင်း ဒမ်ဘီကိုမွေးတော့, ဒါရိုက်တာချန်းက သေချာပေါက်ရိုးရိုးအထူးအဆင့်သားရဲ အဖြစ်သတ်မှတ်လိုက်သည်၊

လူတို့က သားရဲပျိုးထောင်သူများသည် ရှားပါးပြီး အဆင့်မြင့်သောသားရဲများနှင့်သာ အမြဲတမ်း ဆက်ဆံသည်ဟုထင်ကြပေမယ့် ထိုအရာမှာအမှန်မဟုတ်ပါ။ ထိုသားရဲများ သသည်သာမန်မဟုတ်ကြဘဲ, သူတို့၏အထူးစွမ်းရည်များကြောင့်သာ ပျိုးထောင်သူများနှင့် ဆက်ဆံရာတွင်လွယ်ကူနေခြင်းဖြစ်သည်၊

“မင်းရဲ့သားရဲက အရည်အချင်းရှိတယ်၊ မင်းသူနဲ့အကောင်းဆုံးကြိုးစားအလုပ်လုပ်သင့် တယ်၊ သူ့ရဲ့အရည်အချင်းတွေကို အချည်းနှီးမဖြစ်စေနဲ့၊” ကောင်းဖန်သံမဏိကြံ့ကို ကြည့်ကာ အနီးသို့လျှောက်သွားလိုက်သည်၊

သူစိမ်းတစ်ယောက်က နီးကပ်လာသည်ကိုတွေ့သောအခါ, ကြာစေ့လေးက စိုးရိမ် တကြီးဖြင့်သူ့ခေါင်းကိုခါလိုက်သည်၊

ကောင်းဖန်ကရပ်လိုက်ပြီး ကြာစေ့လေးနှင့်ခြေနှစ်လှမ်းအကွာတွင်နေနေသည်။ ကြာစေ့လေးက အနည်းငယ်ထိတ်လန့်နေသည်၊ ထို့နောက်သူ့မျက်လုံးတွေကိုဖွင့်လိုက် ကာ ကောင်းဖန်ကိုမဝံ့မရဲနှင့် စူးစမ်းကြည့်နေသည်၊

“ဟေး! ဘော်ဒါကြီး,” ကောင်းဖန်က ကြာစေ့လေးနှင့်နှုတ်ဆက်လိုက်သည်၊

“ဟူး” ကြာစေ့လေးက ရှက်ရွံ့စွာနဲ့နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်၊ သူက ကျယ်လောင်တဲ့အသံနှင့် ကလေးဆိုးတစ်ယောက်လိုပုံစံကဲ့သို့ပြုမူနေသည်၊ ၎င်းကကောင်းဖန်ကိုကြည့်လိုက်ပြီးနောက် ရုတ်တရက်လှည့်လိုက်ကာ ထွက်ပြေးသွားတော့သည်၊

“သူက အရမ်းကြောက်တတ်တယ်, မင်းသူ့ကိုများများလေ့ကျင့်ပေးဖို့လိုတယ်၊ မင်းသူ ကြီးလာတာကိုကြည့်နေကတည်း မင်းကဘယ်ကြိုးစားအားထုတ်မှုကိုမှမြင်ဖို့လိုလို လားလားမရှိခဲ့ဘူး၊ ဒါပေမယ့်မင်းတကယ်ဘဲ သူ့ကိုခုခံကာကွယ်သူဖြစ်စေချင်ပေမယ့် သူကသူ့နဲ့မင်းရဲ့အနာဂါတ်ကိုပါဖျက်စီးမိလိမ့်မယ်၊” ကောင်းဖန်သူ့ခေါင်းကို ယမ်းလိုက် တယ်၊ နောက်ဆုံးတော့လည်း ဒါကသူ့ရဲ့သားရဲမဟုတ်ခဲ့ဘူး, ဒီတော့သူတခြားသူရဲ့လေ့ကျင့်ရေးမှာဝင်ပြီး မစွက်ဖက်သင့်ဘူး၊ သူကသူ့အကြံဉာဏ်ကိုပေးရုံသာဖြစ်သည်၊ သူတို့တစ်ဖွဲ့တည်းသားတွေဖြစ်သွားကတည်းက သူကသူ့ရဲ့ကိုယ်ပိုင်တာဝန်ကိုယူရ သည်။

….

ကောင်းဖန် ကျောင်းကနေအိမ်ကိုပြန်လာတော့ ပစ္စည်းအချို့ဝယ်ရန်ဈေးကိုသွား လိုက်သည်၊ ပစ္စည်းတိုင်းကို မတူညီတဲ့ဆိုင်များတွင်ရောင်းချသည်၊ ထို့ကြောင့် အရာရာ တိုင်းက သူ့ကိုအဆင်သင့်ဖြစ်စေပြီး သူ့အိမ်ကိုအမြန်ပြန်နိုင်ခဲ့သည်၊

သူပြန်ရောက်တော့ ပထမဆုံးအပိုပစ္စည်းများကိုဘေးဖယ်ထားလိုက်ပြီး ကျန်တဲ့အရာ များကိုအစဉ်အတိုင်း မျိုးတူစုလိုက်သည်၊

တာ့ဇီလည်း ပြီးပြည့်စုံခြင်းအဆင့်သို့မြှင့်တင်ရမည်၊ သူကလွန်ခဲ့တဲ့နှစ်ပတ်လောက်က သူ့ရဲ့တိုးမြှင့်မှုသည် အထူးအဆင့်သို့ရောက်ခဲ့သည်၊

တာ့ဇီအတွက်, ပြီးပြည့်စုံခြင်းအဆင့်သို့မြှင့်တင်ခြင်းသည် အုပ်ချုပ်သူအဆင့်သည် ခက်ခဲတဲ့အလုပ်မဟုတ်ကြောင်းဆိုလိုခြင်းဖြစ်သည်၊ ဒါကလွယ်ကူတဲ့လေ့ကျင့်နည်း နောက်ကိုဘဲလိုက်နာဖို့လိုအပ်တာပါ၊

ကောင်းဖန်သည် ပစ္စည်းများကိုကိုင်တွယ်ရာတွင် အလွန်ဂရုစိုက်သည်၊ အလွန်အမင်း အဆိပ်အတောက်ဖြစ်နိုင်သော ပစ္စည်းများရှိပြီး, အကယ်၍သူသည် စက္ကန့်တိုင်းအာရုံ မစိုက်ပါက သူဒုက္ခအကြီးအကျယ်ရောက်နိုင်သည်၊

သူအဖြူရောင်ပိုးသတ်ဆေးဝတ်စုံကိုဝတ်ဆင်ရန် အိပ်ခန်းထဲသို့သွားလိုက်သည်၊ တာ့ဇီက ပိုင်ရှင်ရဲ့ဝတ်စုံက ရယ်ရသည်ဟုတွေးနေပြီး သူကခဏလောက် ကောင်းဖန် ရဲ့ပတ်လည်မှာစက်ဝိုင်းပုံစံပတ်နေကာ သူ့အပေါ်ကိုခုန်အုပ်တော့မည့်အတိုင်းပြုလုပ် နေသည်၊ ကောင်းဖန်ကလျင်မြန်စွာနဲ့ရပ်လိုက်သည် “ရပ်လိုက် ငညစ်ကောင်လေး၊ မင်းထပ်ပြီး အဆင့်မတက်ချင်တော့ဘူးလား?”

ကောင်းဖန်က ပစ္စည်းတစ်ခုချင်းစီတိုင်းကို သီးခြားစွာခွဲကိုင်ပြီးနောက် မီးပြင်းပြင်းနှင့် ၎င်းတို့ကိုနှစ်နာရီကြာပြုတ်လိုက်သည်၊

နောက်ဆုံးတော့ သူအိုးအဖုံးကိုဖယ်ရှားလိုက်သည်၊ အနက်ရောင်မီးခိုးများက အိုးထဲမှ မြင့်တက်လာပြီးနောက် လေသာပေါက်ထဲသို့ဝင်သွားသည်၊

ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်၊ ဒီအနက်ရောင် အငွေ့တွေကသိပ်ပြီး အဆိပ် မရှိလို့ လေထဲတွင်ပျောက်ကွယ်သွားဖို့အချိန်ကြာကြာမလိုအပ်ပေ၊ ဒါပေမဲ့ ခဏကြာ ပြီးနောက် သူပိုများတဲ့အဆိပ်အတောက်များကိုခွဲလိုက်ကာ ရောစပ်လိုက်ချိန်တွင် နောက်သူဒါနဲ့ပတ်သတ်ပြီး သာမန်ကာလျှံကာမနေသင့်တော့ပေ၊ ဒါကိုကြည့်ရတာ သူ့အတွက် အထူးစမ်းသပ်ခန်းလိုနေပြီဖြစ်သည်၊ သူခဏလောက် ခေါင်းကိုက်လာ သလိုပင်ခံစားလိုက်ရသည်၊

အိုးက ခြောက်သွေ့သွားပြီး , တစ်ဝက်လောက်နူးညံ့သောအနက်ရောင်အမှုန့်လေးများ ကိုသာ အောက်ခြေတွင်ချန်ခဲ့သည်၊

ပစ္စည်းများကို ဆူပွက်အောင်လုပ်ပြီးခြောက်အောင်ထားပြီးသည့်နောက် ဒီအိုးက ယုံကြည်စိတ်ချရမှုမရှိဘဲ ထပ်မသုံးတော့ပါ၊ ကောင်းဖန်အိုးကိုကြမ်းပြင်ပေါ်သို့ ရွှေ့လိုက်ပြီးနောက် ကောင်းဖန်က၎င်း၏အစွန်းကို တူဖြင့်ရိုက်လိုက်သည်၊

“ညစာစားချိန်ရောက်ပြီ၊”

All Chapters