← Chapters

အခန်း (၃၇-၄၀)

Vol. 3 Ch. 37-40

အခန်း (၃၇-၄၀)

Vol. 3 Ch. 37-40

အခန်း ၃၇ မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူ

တူဖြင့်ခေါက်လိုက်သည့်အသံကြောင့် တာ့ဇီခေါင်းထောင်လာကာ အသံလာရာကို စူးစမ်းပြီးသည်နှင့် တွားသွားလာခဲ့တော့သည်။ တာ့ဇီ အိုးထဲရှိ အနက်ရောင်အကျိအချွဲများကို ငုံ့ကြည့်လိုက်ကာ ၎င်း၏ဦးမျှင်များနှင့် အင်တင်တင် လှည့်ပတ်ထိုးကြည့်လိုက်ပေမည့် စားတော့မစားသေးပေ။

ထို့နောက် အိုးထဲသို့ တရှုံ့ရှုံနှင့်အနံ့ခံကြည့်လိုက်ပြီးနောက် အိုးအစွန်းကနေ တွန်းဖယ်လိုက်ကာ အလွန်စိတ်ပျက်နေသည့်အကြည့်ဖြင့် ကြည့်ရင်းလှည့်ထွက်သွားတော့သည်။ “အဆိပ်ပြင်းလွန်းတယ်၊ အရမ်းအဆိပ်ပြင်းတာပဲ…”

တာ့ဇီ၏အပြောကြောင့် ကောင်းဖန် ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။ ဒါပေါ့ ဒီတစ်အိုးလုံးကို အဆိပ်ရှိတဲ့ပါဝင်ပစ္စည်းတွေနဲ့လုပ်ထားမှတော့ သေချာပေါက် အဆိပ်ပြင်းတာပေါ့။ ဒါပေမယ့် မင်းကအဆိပ်ကိုကြောက်တယ်တဲ့လား? မင်းက အဆိပ်ထုတ်လွှတ်နိုင်တဲ့ သားရဲမျိုးစိပ်တွေအားလုံးကို အရှက်ရစေတာပဲ။

“ပြန်လာပြီး အကုန်စားလိုက်။ မင်းအဆင့်တက်လာဖို့ ဒါကို စားကိုစားရမယ်။ မင်းမစားရင် မင်းဘယ်လိုလုပ်သန်မာလာပါတော့မလဲ?” ကောင်းဖန် ငြင်းဆန်ခွင့်မပေးသည့် လေသံဖြင့်ပြောလိုက်ရသည်။

အိုးထဲတစ်စက်လေးတောင်မကျန်သည်အထိ တာ့ဇီစားပြီးသွားချိန်တွင်တော့ ကောင်းဖန် စိတ်သက်သက်သာသာဖြင့်ပြုံးလိုက်နိုင်တော့သည်။ တာ့ဇီမှာတော့ အနည်းငယ်နှေးကွေးလေးလံသွားပုံပေါ်ကာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အိမ်ထောင့်တစ်နေရာသို့ တွားသွားကွာ ဘောလုံးတစ်လုံးလိုမျိုးကွေးနေတော့သည်။

………

မီးကျီနက်သစ်တောသည် တိတ်ဆိတ်ငြိမ်သက်လှသည့် ချိုင့်ဝှမ်းတစ်ခုပင်။ ထိုနေရာရှိ မဲမှောင်နေသည့်လှိုင်ဂူတစ်ခုထဲတွင်တော့ မီးခိုးရောင်ရှိသောဧရာမပင့်ကူအနည်းငယ်သည် လှိုဏ်ဂူအနက်ရှိုင်းဆုံးနေရာမှနေပြီး ဖြည်းညှင်းစွာတွားသွားထွက်လာကြသည်။ သူတို့၏မျက်လုံးများသည်တော့ သွေးနီရောင်တောက်ပလို့နေကာ ပတ်ဝန်းကျင်လေထုကို အနံ့ခံနေကြသည်။

ထူထပ်သောသစ်တောအုပ်အနီးနားတွင်တော့ ရွှေရောင်သင်းခွေချပ်တစ်ကောင်ရှိနေကာ သူ၏အပေါ်ခွံများသည်တော့ နေရောင်အောက်တွင် တောက်လဲ့လို့နေသည်။ ထိုအချိန်တွင်ပဲ ပင့်ကူတစ်ကောင်က သူ့ပါးစပ်ထဲမှနေပြီး ဖြူပျစ်ပျစ်အရည်များကို ပစ်လွှတ်လိုက်ကာ ထိုအရည်များက အနားရှိသစ်ရွက်၊ သစ်ကိုင်းနှင့် မြက်ခင်းများအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုဖြူပျစ်ပျစ်အရည်များသည် လေနှင့်ထိတွေ့လိုက်သည်နှင့် မြန်မြန်ဆန်ဆန်ပင် ခဲတောင့်သွားကာ ၎င်း၏နဂိုမူလစေးကပ်နေမှုများမရှိတော့ဘဲ မာကျောလာခဲ့သည်။ ရွှေရောင်သင်းခွေချပ်မှာ ထိုမာကျောလာသည့် ဖြူပျစ်ပျစ်အရည်များ၏ ပီကေလို ရုန်းမထွက်နိုင်အောင် ချုပ်နှောင်ထားမှုမှ လွတ်ထွက်အောင် ရုန်းကန်နေခဲ့သည်။

ရွှေရောင်သင်းခွေချပ်သည် အလန့်တကြားအော်ညည်းလိုက်ကာ ၎င်း၏ရွှေရောင်အကြေးခွံများသည်လဲ မရေမတွက်နိုင်သည့် ဓါးချွန်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို ကွေးကောက်ကာ ဘောလုံးတစ်လုံးလိုမျိုးပြောင်းလဲလိုက်သည်။

ခန္ဓာကိုယ်ကိုကွေးကာ လုံးလိုက်ပြီး ကိုယ်ကိုလှိမ့်ကာသွားရင်းဖြင့် သူ၏အကြေးခွံမှ ဓါးသွားများသည်လဲ ဆူးချွန်လုံးလိုမျိုး လည်နေတော့သည်။

ပင့်ကူပိုးမျှင်များသည် ခံနိုင်ရည်အားကောင်းလှသော်လည်း ချွန်ထက်သည့်ဓါးသွားများနှင့် ရင်ဆိုင်ရချိန်တွင်တော့ အားပျော့ကာ မကြာမီတွင်ပဲ ပြတ်တောက်သွားပြီး ရွှေရောင်သင်းခွေချပ်လဲ လွတ်မြောက်သွားတော့သည်။ သို့ပေမည့် ရွှေရောင်သင်းခွေချပ်လွတ်မြောက်လျှင် လွတ်မြောက်ချင်းတွင်ပဲ နောက်ထပ်သော ပင့်ကူပိုးမျှင်လှိုင်းလုံးကြီးက ကောင်းကင်မှနေပြီး ထပ်မံပြေးဝင်လာသည်။

စေးကပ်ကပ်ပင့်ကူပိုးမျှင်များက တဖြည်းဖြည်းပိုလို့ပင်တိုးလာကာ မကြာခင်တွင်ပဲ ရွှေရောင်သင်းခွေချပ်ကို ဖုံးအုပ်သွားတော့သည်။ ထိုအခါမှ ပင့်ကူအုပ်လိုက်ကြီးက သားကောင်ကိုချောင်းသည့် လူမိုက်အုပ်ကြီးလိုမျိုး ရွှေရောင်သင်းခွေချပ်နားသို့ ဝိုင်းအုံကာ ထပ်ပြီးပင့်ကူပိုးမျှင်များကို ပစ်ထုတ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ရွှေရောင်သင်းခွေချပ်မှသည် ကြီးမားသည့် ပိုးဖြူအိမ်လုံးကြီးသို့ ပြောင်းလဲသွားတောသည်။

အထဲမှ ရွှေရောင်သင်းခွေချပ် မည်မျှပင် ရုန်းကန်နေပါစေ မဆုံးနိုင်သော ပင့်ကူပိုးမျှင်ထပ်ကြီးကြောင့် ဘယ်လိုမှ အဆုံးထိမထိုးဖောက်နိုင်ပေ။ ၎င်း၏တစ်ကိုယ်လုံးသည်လဲ မြေပြင်ထပ်တွင် ခိုင်မြဲစွာကပ်တွယ်နေပြီး အဆုံးသတ်တွင်တော့ သူ့ခွန်အားများလုံးဝကုန်ဆုံးကာ မလှုပ်မယှက်ဖြစ်သွားခဲ့ပြီး ပင့်ကူအုပ်ကြီးသည်လဲ သူ့အနားသို့ တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။

လှိုင်ဂူထဲမှနေပြီး နောက်ထပ်မရေမတွက်နိုင်သော ပင့်ကူများထပ်ထွက်လာကြပြန်ကာ ထိုနေရာက သူတို့အတွက်အသိုက်ဖြစ်ဟန်တူပေသည်။

…….

“လောင်ချန်၊ ငါ့ကို အရင်အတိုင်းပဲ ယင်ဓါတ်သစ်ကတိုးပင် ပေါင်၃၀လောက်ပေးပါဦဂ။” ကောင်းဖန် စတိုးဆိုင်ထဲသို့ ဝင်လာသည်နှင့် ပစ္စည်းမှာလိုက်သည်။ ယနေ့က စနေနေ့ဖြစ်တာကြောင့် စတူဒီယိုမှ စောစောထွက်လာခြင်းဖြစ်သည်။ တခြားလူတွေကို သူ့အိမ်တိုင်ရာရောက် ပစ္စည်းပို့ခိုင်းဖို့ကိုပင် ဒုက္ခမပေးချင်တာကြောင့် အိမ်ပြန်ရင်း စတိုးဆိုင်ဘက်သို့တစ်ခါတည်း လှည့်ကာ လိုအပ်သည်များဝယ်ရန် စိတ်ကူးခဲ့ခြင်းဖြစ်သည်။

“ပေါင်၃၀လား?” ကောင်းဖန် လောင်ချန်ဟုခေါ်ခဲ့သည့် လူကြီးက ပြန်မေးလိုက်သည်။ ထိုလူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အသားညိုသည့် လူရွယ်တစ်ယောက်ဖြစ်သော်လည်း သူ့ပုံစံက ရှိရင်းစွဲအသက်ထပ် ပိုကြီးနေဟန်ပေါ်တာကြောင့် ဆိုင်သို့လာနေကြဖောက်သည်များက သူ့ကို လောင်ချန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

“စိတ်မကောင်းလိုက်တာ မစ္စတာကောင်းရေ, ဒီနေ့တော့ ငါတို့ဆိုင်မှာ ယင်ဓါတ်သစ်ကတိုးပင် ၁၀ပေါင်ပဲကျန်တော့တယ်။” လောင်ချန်က တောင်းပန်စကားဆိုလိုက်သည်။ “ဒီမှာ မင်းမြင်တဲ့အတိုင်းပဲ…”

ကောင်းဖန် အံ့ဩသွားပေမည့် လက်ကိုဝှေ့ယမ်းကာပြန်ဖြေလိုက်သည်။ “၁၀ပေါင်ဆိုတော့လဲ ၁၀ပေါင်ပေါ့၊ ငါ့အကုန်လုံးယူလိုက်မယ်။”

ကောင်းဖန် ယင်ဓါတ်သစ်ကတိုးပင်ကို ရှာဖို့ အနီးရှိ နောက်ထပ်စတိုင်းဆိုင်တော်တော်များများသို့ ထပ်သွားခဲ့သော်လည်း ထိုဆိုင်တော့ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ပစ္စည်းပြတ်နေခဲ့သည်။ သူမှတ်မိသလောက်တော့ ယင်ဓါတ်သစ်ကတိုးပင်က သိပ်မပေါများလှသော်လည်း ရှားတော့မရှားပါဘူး။

ဒီလို မြို့လယ်ခေါင် ပစ္စည်းအပေါဆုံးဆိုင်များမှာတောင် ပစ္စည်းပြတ်နေတယ်ဆိုမှတော့ ချန်အန်းမှာ ယင်ဓါတ်သစ်ကတိုးပင် ရဖို့ခက်သွားပြီဆိုတဲ့ သဘောဖြစ်နိုင်တယ်။

ကောင်းဖန်ရဲ့စတူဒီယိုက အနီးနားမှာပဲဖြစ်တာကြောင့် ဆိုင်တော်တော်များများနှင့် သူရင်းနှီးနေပြီဖြစ်သည်။

ထိုထဲမှ စတိုးဆိုင်တစ်ခုရဲ့ပိုင်ရှင်က ကြင်နာစွာနဲ့, “ ဒါက ယင်ဓာတ်သစ်ကတိုးတင်မဟုတ်ဘူး, တချို့ပစ္စည်းတွေလဲ ဒီတစ်လော ပစ္စည်းပြတ်နေတယ်။”

“အိုး, ဘာဖြစ်သွားတာလဲ?” ကောင်းဖန်စပ်စုလိုက်သည်၊၊

ဒမ်ဘီကိုထင်ရှားခြင်းအဆင့်သို့မြှင့်တင်ရန် နည်းလမ်းတစ်ခုထက်ပိုသော်လည်း သူက ယင်ဓာတ်သစ်ကတိုးကို ပေါင်၂၀၀ကျော်စားပြီးဖြစ်သည်၊ တခြားကွဲပြားတဲ့နည်းကို‌ ပြောင်းခြင်းသည်ခက်ခဲသည်၊

“ငါတို့စတိုးက ယင်ဓာတ်သစ်ကတိုးနှင့်အခြားပစ္စည်းတွေကို ချန်အန်းမြို့ဆင်ခြေဖုံးအနီးက ပုဂ္ဂလိကပိုင်မြေကရတယ်၊ ဘာကြောင့်လဲဆိုတော့ ကုန်ပစ္စည်းတွေကဈေးပေါ ပြီး ပေါပေါများများရှိတာကြောင့် ချန်အန်းမြို့ရဲ့ဈေးဆိုင်တော်တော်များများက အဲ့မြေကွက်ကနေ ပစ္စည်းတွေကိုရတယ်၊”

စတိုးဆိုင်ပိုင်ရှင်က ဆေးလိပ်တစ်ရှိုက်သောက်ဖို့ခဏရပ်လိုက်ပြီးနောက် သူ့ရဲ့ဒုက္ခတွေကို မျှဝေကာဆက်ပြောတော့သည်၊ “ ဧရိယာအသစ်က ပိတ်ထားပြီးတော့မတိုးချဲ့ရသေးဘူး, ဒါပေမယ့် အဲ့ဒီမြေကွက်လပ်က မီးကျီနက်သစ်တောနားမှာရှိတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပင့်ကူဆိုးအဖွဲ့လိုက်ကြီးကဘယ်နေရာကနေထွက်လာပြီးတော့လည်းမသိဘူး, မြေကွက်ထဲက ယင်ဓာတ်စွမ်းအင်အပင်တွေကိုတင်မကဘူး, သစ်တော ရဲ့ပတ်လည်မှာရှိတဲ့တခြားသားရဲတွေကိုလည်းစားသွားခဲ့တယ်၊ ပိုင်ရှင်ရဲ့ပြောစကား အရကတော့ သူတို့မိသားစုသာထိုနေရာကမလွတ်မြောက်ခဲ့ရင် သူ့တို့တစ်မိသားစုလုံး ပင့်ကူဆိုး တွေအတွက်အစာဖြစ်သွားတော့မှာလို့ပြောတယ်၊ မြေကွက်လပ်ဝန်းကျင်ကို စစ်တပ်က ပိတ်လိုက်ပြီ၊ မင်းတော့ ဒီတစ်လော ယင်ဓာတ်သစ်ကတိုးတွေကို မဝယ်နိုင်လောက်တော့မှာ စိုးရတယ်။”

“ပင့်ကူဆိုး” ကောင်းဖန်သူ့ခေါင်းထဲကိုစဉ်းစားရန်အလုပ်ပေးကာ ပင့်ကူဆိုးလို့ခေါ်တဲ့ သားရဲကိုပြန်စဉ်းစားနေသည်။

“ပင့်ကူဆိုးတွေဆိုတာက ငါတို့သုံးတဲ့နာမည်ပြောင်ပဲ။ အထက်က သူတို့ရဲ့ကိုယ်ပိုင်နာမည်ကို သိပ္ပံနည်းကျပေးထားတယ်၊ သူတို့ကို မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူလို့ ခေါ်တယ်၊” စတိုးဆိုင်ပိုင်ရှင်က စီးကရက်တစ်ဖွာကို ပြင်းပြင်းရှုသွင်းကာ မှုတ်ထုတ်လိုက်ပြီး စီးကရက်ဖင်ပိုင်းကို နင်းခြေကာ ဆေးလိပ်သောက်ခြင်းကိုအဆုံးသတ်လိုက်သည်၊ နောက်ထပ် ဝယ်သူအသစ်နည်းနည်းစတိုးဆိုင်ထဲကိုဝင်မလာတာကြောင့် သွားရောက်ကူညီပေးရမည်ဖြစ်၍ စတိုးဆိုင်ပိုင်ရှင်က အားနာတဲ့အပြုံးကိုပြုံးပြကာ “ လိုအပ်တဲ့ပစ္စည်းတွေရှိရင် စတိုးဆိုင်ပတ်ပတ်လည် ကိုဝင်ကြည့်နိုင်တယ်နော်။”

ကောင်းဖန်က ဝယ်သူတွေကို ပစ္စည်းများနှင့်မိတ်ဆက်ပေးနေသော စတိုးဆိုင်ပိုင်ရှင်ကို ကြည့်ပြီးနောက် လူအုပ်ကြီးရှိနေသည့်လမ်းဘက်ကိုလှည့်လိုက်သည်၊ ဒါကအလုပ် ဆင်းကြတဲ့အချိန်ဘဲ၊ ယာဉ်ကြောပိတ်နေပြီး ကားမောင်းသူများက သူတို့မရွှေ့ခင် သူတို့ရဲ့ကိုယ်ပိုင်သားရဲတွေနဲ့ကစားနေတာကို တွေ့ရသည်၊

ကားတံခါးတွေထဲမှ ရွှင်လန်းနေတဲ့အသံများထွက်လာသည်၊ ဒီကွန်ကရစ်တွေခင်းထား တဲ့တောကြီးထဲမှာ လူတွေနဲ့သားရဲတွေကအတူရှိနေကြပြီး သဟဇာတဖြစ်နေမှုကို ဖော်ပြထားသည့် ပန်းချီကားတစ်ချပ်နှင့်တောင်တူသည်။

ကောင်းဖန်အသက်ရှုထုတ်လိုက်ပြီး သူ့ရဲ့ဈေးဝယ်အိတ်ကိုကိုင်ကာ ဆိုင်ထဲမှထွက်ခဲ့ တော့သည်၊ သူမြန်မြန်ဆန်ဆန်နဲ့ သူ့အလုပ်တွေကိုလက်စသတ်ရန်လိုအပ်ပြီး အိမ်ပြန်ကာ တာ့ဇီရဲ့အဆင့်မြှင့်မှုက ပြီးဆုံးပြီလားဆိုတာကို စစ်ရန်လိုအပ်သည်၊

ယင်ဓာတ်သစ်ကတိုးများသည် ဝယ်လိုအားမြင့်ခြင်းမှာ ယင်ဓာတ်ပင်ကိုစွမ်းရည်ရှိ သောအဆင့်မြင့်သားရဲများကိုကျွေးခြင်းကြောင့်ဖြစ်သည်။ ကောင်းဖန်ထိုသတင်းကို ကြားတဲ့အခါမှာ အနားယူဖို့အတွက်မနေရဲတော့ဘဲ ကျန်နေသေးသည့် ယင်ဓာတ်သစ် ကတိုးများကိုဝယ်ရန်အချိန်ရှိသေးသောကြောင့် မြို့တွင်းရှိအခြားဆိုင်များမှဝယ်ရန် အလျင်အမြန်သွားခဲ့သည်၊ နောက်ဆုံးတော့သူ ယင်ဓာတ်သစ်ကတိုးများကိုပေါင်၁၀၀ ကျော်ဝယ်ယူခဲ့သည်၊ ဒါပမယ့် ထိုအရာကမြို့အတွင်းထဲမှာ ကျန်ရှိဖို့ဆိုတာအလွန်ခက်ခဲ သွားပြီဖြစ်သည်။

ထို့နောက်သူက ယင်ဓာတ်သစ်ကတိုးပေါင်၃၀၀အတွက် ကာလတိုတာဝန်ယူမှုတောင်းခံရန် သားရဲရှာဖွေသူအဖွဲ့အစည်းကို သွားခဲ့ပြီး ၎င်းအတွက်၁ပေါင်လျှင် မဟာမိတ်ဒေါ် လာ၁,၁၀၀ဖြင့်ပေးချေခဲ့ရသည်။

ယင်ဓာတ်သစ်ကတိုးများသည်ကန္တာရအတွင်းတွင်ရှိပေမယ့် ၎င်းတို့ကမညီမညာနှင့် ရှားပါးလှသည်၊ ၎င်းတို့ကိုအတူစုနိုင်ဖို့အတွက် အချိန်နှင့်စွမ်းအားအများကြီးကုန်သည်။

ဒါပေမယ့် အကယ်၍သူဒီလိုကိစ္စတွေကိုငွေဖြင့်ပြီးအောင်လုပ်နိုင်ပါက ထိုအန္တရာယ် ရှိသည့်ကန္တာရသို့ သွားစရာမလိုတော့ပေ။

အိမ်ပြန်ရောက်တော့,ကောင်းဖန် အင်တာနက်ကနေ “မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူ” နှင့်ပတ်သတ်သည့်သတင်းများကိုရှာလိုက်သည်။

ထိုစာလုံးလေးလုံးကိုရိုက်ရှာလိုက်တာနှင့် ၎င်းနှင့်ပတ်သတ်သည့်သတင်းခေါင်းစဉ်နှင့် ဆောင်းပါးတို့ကျလာသည်။

“ထိတ်လန့်ဖွယ်ရာ!ရက်စက်ကြမ်းကြုတ်တဲ့ ကြီးမားတဲ့ကြောက်မက်ဖွယ်ပင့်ကူတွေက တကယ်တော့….”

“မြို့နေထိုင်သူ မစ္စတာကျန်း၏အသေးစိတ်ပြောပြချက်, ကြောက်စရာအကောင်းဆုံးညတစ်ညမှာ ကျနော်ပင့်ကူအစာဖြစ်ခဲ့တော့မလို့”

“ပင့်ကူမျိုးစိတ်သစ်တွေက ချန်အန်းမြို့ရဲ့မီးကျီနက်သစ်တောထဲကပေါ်လာပြီး အခုတော့ ထိုနေရာကိုကန့်သတ်လိုက်ပြီဖြစ်သည်! အစိုးရက မီးကျီနက်သစ်တောထဲ ကိုဝင်ရောက်ခြင်းမပြုရန် နိုင်ငံသားများကိုပြင်းပြင်းထန်ထန်သတိပေးခဲ့သည်။”

***

အခန်း ၃၈ သုံးရက်ပဲလိုတယ်

ကောင်းဖန် ထိုခေါင်းစဉ်များကို ကျော်ကာ တတိယမြောက်လင့်ခ်ကို နှိပ်လိုက်သည်။

ထိုသတင်းကတော့ ချန်အန်းမြို့သတင်းဌာနမှတင်ထားခြင်းဖြစ်ကာ တရားဝင်အချက်အလက်များနှင့် ရေးသားထားခြင်းဖြစ်သည်။ ဒါပေမယ့်လဲ ဒီလိုသတင်းမျိုးကတော့ ပုဂ္ဂိုလ်ရေးဆန်ဆန်အကြောင်းအရာများ မပါပေ။

ကောင်းဖန် သတင်းကိုအသေအချာ ဖတ်ကြည့်လိုက်သည်။ ယေဘုယျအနေဖြင့်ပြောရလျှင်တော့ ဤသတင်းက မီးကျီနက်သစ်တောတွင် အန္တရာယ်များသည့်ကြောက်စရာကောင်းသောမျိုးစိတ်တစ်မျိုးပေါ်လာကြောင်း၊ ထိုမျိုးစိတ်သည် အဖျက်စွမ်းအားကြီးမားလှကာ အစားအသောက် သိုလှောင်ရသည်ကိုလဲ နှစ်သက်ကြောင်း ဖော်ပြထားသည်။

စားသောက်ပြီးသည်နှင့် ထွက်ခွာသွားတတ်သည့် မြွေဟောက်များနှင့်မတူစွာ မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူများသည်တော့ တစ်ခါအမဲလိုက်တိုင်း အရေအတွက်များစွာနှင့် ဆောင်ရွက်တတ်ကာ သူတို့၏သားကောင်ကို ပိုးမျှင်များနှင့်ချည်နှောင်ပြီး အသိုက်သို့ပြန်ခေါ်သွားတတ်သည်။ ဒါကြောင့်ပဲ တခြားသောသားရဲများထက် ပိုလို့အန္တရာယ်များနေခြင်းဖြစ်သည်။ ကံကောင်းစွာနှင့် အစိုးရက သစ်တောဘေးပတ်ဝန်းကျင်မှ နေထိုင်သူများကို အချိန်မီကယ်ထုတ်လိုက်နိုင်တာကြောင့် ထိုမျိုးစိတ်သည် လူသားများကို ထိခိုက်အောင် မပြုလုပ်နိုင်လိုက်….

သတင်းတွင် မီးခိုးရောင်နတ်ဆိုးညစ်ပင့်သူများသည် ပိုင်ဆိုင်မှုများစွာကို ဆုံးရှုံးစေသည့် အရေးပေါ်အခြေအနေမျိုးဖြစ်ပွားစေခဲ့ကြောင်း ဖော်ပြထားသည်။ ယခုအချိန်တွင်တော့ ချန်အန်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းရန်အတွက် မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူတို့၏ နေထိုင်ရာပတ်ဝန်းကျင်များနှင့် သူတို့၏အလေ့အထများကို စုံစမ်းထောက်လှမ်းနေပြီဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ အစိုးရဘက်မှနေပြီး နိုင်ငံသားများကို မီးကျီသစ်တောနှင့်ဝေးဝေးနေပြီး ညွှန်ကြားချက်များကို စောင့်ဆိုင်းရန်ထုတ်ပြန်ထားသည်။

နောက်ဆုံးတွင် ခြိမ်းခြောက်နိုင်သည့်အဆင့်ကို အကဲဖြတ်ထားကာ ကြယ်သုံးပွင့်အဆင့်ရှိပေသည်။

ဒါက အဆင့်နိမ့်လှသည်တော့မဟုတ်ပေ။ ပြီးခဲ့သည့်နှစ်က ချန်အန်းမြို့လယ်ခေါင်သို့ ချဉ်းကပ်လာခဲ့သည့် အုပ်ချုပ်သူအဆင့်သားရဲပင်လျှင် ခြိမ်း‌ခြောက်နိုင်သည့်အဆင့်မှာ ကြယ်လေးပွင့်ဖြစ်သည်။

ဒီတော့ လောလောဆယ်အချိန်အတွင်း မြို့ထဲမှာ သူယင်ဓါတ်သစ်ကတိုးပင်တွေ မဝယ်နိုင်သေးဘူးပေါ့။ ဒီကိစ္စကြောင့်ပဲ ကောင်းဖန် စိတ်ထဲမှတ်စရာတစ်ခုရှိသွားတော့သည်။ နောင်တစ်ချိန် သူပစ္စည်းများဝယ်လိုလျှင် တစ်ခါတည်းအပြီးဝယ်ထားရပေမည်။ မဟုတ်ရင် မတော်တဆတစ်ခုခုဖြစ်ခဲ့ပါက သူဒုက္ခတွေသွားနိုင်သည်။

မကြာသေးခင်ကတော့ တစ်ခါတည်းနှင့် ယင်ဓါတ်သစ်ကတိုးပင်များစွာ ဝယ်ထားလိုက်ဖို့ ကောင်းဖန်တွေးမိဖူးပေမည့် ပစ္စည်းတွေကို လတ်ဆတ်အောင်ထားဖို့ကတော့ ခက်ပေသည်။ သူ့ရေခဲသေတ္တာက သေးတာကြောင့် ဆယ်ပေါင်ကျော်လောက်အထိတော့ သေချာထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ပေါင်ချိန်ရာကျော်အတွက်တော့ မလုံလောက်ပေ။

ကောင်းဖန် သူ့အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲတွင်တော့ ဒမ်ဘီကထင်းရှူးအပ်များကို ကြိုးစားပမ်းစားလုပ်ဆောင်နေစဲဖြစ်သည်။ သူ့မှာသာ ဓါတ်ပုံရိုက်ပြီး ယှဉ်လို့ရနိုင်ခဲ့လျှင် လွန်ခဲ့တဲ့နှစ်ပတ်တုန်းကထက် ပိုကြီးလာကြောင်း သိရပေလိမ့်မည်။ ၎င်း၏မီးခိုးရောင်အရိုးများမှာ အခုဆိုလျှင် ငွေညစ်ရောင်တောက်လာကာ ပိုလို့လဲ မာကြောလာပေပြီ။

တာ့ဇီသည်တော့ အခုထိ အခန်းထောင့်တွင် ခေါင်းစိုက်နေစဲပင်။ ကောင်းဖန် သူ့ကိုခဏမျှကြည့်ရှုကာ အဆင်ပြေနေကြောင်း အတည်ပြုလိုက်ပြီးနောက် မီးဖိုခန်းဘက်သို့ ထွက်လာလိုက်သည်။

“ဒီညရေညှိနံရိုးစွပ်ပြုတ်စားကြရအောင်!” ကောင်းဖန် သူ့ကိုယ်သူဂုဏ်တင်ရန်လုပ်ဆောင်လိုက်သည်၊ ဤစွပ်ပြုတ်ကတော့ သူအကျွမ်းကျင်ဆုံးလက်ရာပင်ဖြစ်သည်။

မကြာခင်တွင်ပဲ မီးဖိုခန်းထဲတွင် မွှေးပျံ့သည့်စားချင်စဖွယ်ရနံ့များ ပြည့်နှက်သွားကာ ဧည့်ခန်းသို့တိုင် ပျံ့လွင့်သွားသည်။

လဲလျောင်းနေသည့်တာ့ဇီ၏ ဦးမျှင်များမှာ ရုတ်တရက် တုန်ခါသွားသည်။ သူ့မျက်လုံးများကတော့ မှေးမှိတ်နေတုန်းဆိုပေမည့် အလိုအလျောက်ပင် မီးဖိုခန်းရှိရာသို့ တွားသွားလို့နေသည်။

ဘန်း…

တာ့ဇီက မျက်လုံးမှိတ်ကာ လျှောက်လာခြင်းဖြစ်တာကြောင့် စားပွဲခုံခြေထောက်နှင့် တိုက်မိသွားခဲ့သည်။ ဒီတော့မှာ သူ့ရဲ့အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးများလဲ ဖွင့်လာကာ စားပွဲကို ပတ်ရှောင်ပြီး မီးဖိုခန်းသို့ဆက်လက်ဦးတည်လာလိုက်သည်။

၎င်း၏ထူထဲထဲခြေချောင်းများက တုန်ရီနေသည့်ခန္ဓာကိုယ်ကြီးကို မီးဖိုခန်းထဲထိသယ်ဆောင်သွားပေးခဲ့သည်။ နောက်တော့ သူ့ခေါင်းကိုထောင်လိုက်ကာ ဟင်းချက်ရင်းအလုပ်ရှုပ်နေသည့် သခင်ဖြစ်သူကို မော့ကြည့်လိုက်သည်။

ဟစ်! “ဗိုက်ဆာပြီ!”

ကောင်းဖန်၏ဦးဏှောက်ထဲ မတူညီသည့်အသံနှစ်မျိုးက ပဲ့တင်ထွက်လာသည်။

“ခဏလေးစောင့်ပေးဦး။” ကောင်းဖန် ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။ နောက်မှ ရုတ်တရက်ဆိုသလို အသိပြန်ဝင်သွားကာ၊ ဒီကောင် အဆင့်မြှင့်လို့ပြီးသွားပြီလား?

သူလှည့်ကြည့်လိုက်သည်နှင့် တာ့ဇီ၏အချက်အလက်ဇယားက ပေါ်လာကာ အထူးအဆင့်မှသည် ပြီးပြည့်စုံအဆင့်သို့ပြောင်းသွားကြောင်း ပြသနေသည်ကို တွေ့လိုက်ရသည်။

ဒါပေမယ့် တာ့ဇီရဲ့ပုံပန်းသွင်ပြင်ကတော့ များများစားစားမပြောင်းလဲသွားပေ။ ကောင်းဖန် အနီးကပ်ကြည့်လိုက်ပေမည့် တာ့ဇီ၏ဦးမျှင်များပေါ်တွင် နောက်ထပ်ရွှေရောင်အနားကွပ်လေးပေါ်လာသည်ကလွဲ၍ ဘာပြောင်းလဲမှုကိုမှ မတွေ့ရပေ။

ညစာစားပြီးနောက် ကောင်းဖန်ဆီသို့ ဒိုင်းပြာလုံခြုံရေးကုမ္ပဏီမှ မန်နေဂျာ လျှိုစန်းလင်းထံမှ ဖုန်းဝင်လာခဲ့သည်။ “ညဉ့်နက်မှ နှောက်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်၊ မစ္စတာကောင်း။” ဖုန်းကိုင်လိုက်သည်နှင့် လျှိုစန်းလင်းက အရင်ဦးစွာ တောင်းပန်လိုက်သည်။

“ရပါတယ်၊ ကျွန်တော်လဲအိပ်ရာမဝင်သေးပါဘူး။ စိတ်ထဲမထားပါနဲ့၊” ကောင်းဖန် တီဗီအသံကိုပိတ်ကာ ပြန်မေးလိုက်သည်။ “မန်နေဂျာလျှို အရေးကြီးကိစ္စများရှိလို့လား?”

“ရှိတယ်၊ မစ္စတာကောင်း ဒီညအချိန်ရလောက်တယ်မဟုတ်လား။” လျှိုစန်းလင်းက သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ကာပြောနေပေမည့် ကောင်းဖန်ကတော့ ထိုလူ၏စိုးရိမ်ပူပန်မှုကို ခံစားနေမိစဲပင်။

ကောင်းဖန် ခေါင်းမော့ကာ နံရံပေါ်မှ နာရီကိုကြည့်လိုက်တော့ ည၈နာရီသာရှိနေသေးသည်။ “ရပါတယ်။” သူတို့ဆီမှ ငွေယူထားပြီးမှတော့ သူတို့ပြဿနာကို ကူညီဖြေရှင်းပေးရမည်၊ ဒါမှသာ တရားမျှတမှာပေါ့။

“အရမ်းကောင်းလိုက်တာ။ ကျေးဇူးအများကြီးတင်ပါတယ်။” ထိုအခါမှ လျှိုစန်းလင်၏အသံက စိတ်ပေါ့သွားပုံပင်။

ကောင်းဖန်က လုပ်ငန်းသုံးအနက်ရောင်ကားတစ်စီး သူ့ကို လာမခေါ်ခင် သိပ်ကြာကြာမစောင့်လိုက်ရသလို၊ ကားထဲမှာလဲ လျိုစန်းလင်းရှိသည်။

“အာ? မန်နေဂျာလျို ဘာကြောင့်ဒီလောက်မြန်ရတာလဲ?” ကောင်းဖန်ရှပ်ထွေးစွာနှင့် မေးလိုက်သည်၊

“မစ္စတာကောင်း, မင်းအခု အသစ်တွေ့ရှိတဲ့ မီးကျီနက်သစ်တောဘက်က မီးခိုးရောင် နတ်ဆိုးညစ်ပင့်ကူတွေအကြောင်းကြားလား?”

“အင်း, ကျနော်အဲ့တာတွေနဲ့ပတ်သတ်ပြီး နည်းနည်းကြားတယ်၊” ကောင်းဖန်ခေါင်း ညိတ်ပြလိုက်သည်။

“ဒါဆိုငါ အဲ့ဒီဇာတ်ကြောင်းကိုတော့ရှင်းပြမနေတော့ဘူး၊ အစိုးရကမီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူရဲ့အလေ့အကျင့်တွေနဲ့ အားနည်းချက်တွေကိုရှာဖို့ ကာကွယ်ရေးကုမ္မဏီတွေ အကုန်နဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကို ခေါ်ခဲ့တယ်၊ ငါတို့ကုမ္မဏီက ဒီနေ့မနက်စစ်ဆေးမှုလုပ်ဖို့အတွက်လက်ခံရရှိခဲ့တယ်, ပြီးတော့ငါတို့သုံးရက်အတွင်းထွက်ခွာရမယ်၊ ဒါကြောင့်ငါတို့ရဲ့နတ်ဆိုးရှိခိုးကောင်တွေကို ကြိုတင်ပြီးဂရုစိုက်ပေးဖို့အတွက် ပြောချင်ပါတယ်၊ တချို့နတ်ဆိုးရှိခိုးကောင်တွေကို ငါတို့မစ်ရှင်မစခင်မှာအဆင့်မြှင့်ထားရင်ပိုကောင်းလိမ့်မယ်၊ ပိုပြီးသန်မာတဲ့ နတ်ဆိုးရှိခိုးကောင်တွေကငါတို့ရဲ့အနိုင်ရမှုကို မြှင့်တင်ပေးနိုင်တယ်၊ သူတို့အဆင့်မတက်နိုင်လည်း ရပါတယ်၊ ဘယ်လိုရလဒ်ဘဲထွက် လာပါစေ, ငါတို့ကိုကူညီပေးပါ,” လျိုစန်းလင်းက စိတ်အားထက်သန်စွာနဲ့ပြောလိုက် သည်၊၊

“အကယ်၍ကျနော်မှန်းတာမှန်မယ်ဆိုရင်, အစိုးရကပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ ကာကွယ်ရေးကုမ္မဏီတွေကို အရင်ဒီလိုမစ်ရှင်မျိုးတွေနဲ့ ထိတွေ့ဖို့ခွင့်မပြုခဲ့ဘူးလားလို့” ကောင်းဖန်ကအံ့ဩသွားသည်၊ အစိုးရကမစ်ရှင်များကို လျို့ဝှက်လုပ်ဆောင်ပြီး အဖွဲ့ အစည်းတွေနဲ့ ကာကွယ်ရေးကုမ္မဏီတွေကို လူမှုရေးနှင့်ပတ်သတ်သည့်လုံခြုံရေး အကြောင်းပြချက်တွေအတွက်ကြောင့်ဝင်ရောက်စွက်ဖက်ခွင့်မပြုဘူး၊ ထိုမစ်ရှင်များကို စစ်တပ်နဲ့အစိုးရပိုင်တဲ့ဓာတ်ခွဲခန်းတွေကဘဲအပြီးသတ်လုပ်ဆောင်တာဖြစ်သည်၊

“အစိုးရယာယီညွှန့်ပေါင်းအဖွဲ့အစည်းက ရက်အနည်းငယ်အကြာတုန်းက အစည်း အဝေးလုပ်တယ်၊ သူတို့ကတချို့ပြုပြင်ရေးတွေနဲ့ဖျက်သိမ်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်၊” လျိုစန်းလင်းကသက်ပြင်းချလိုက်သည်၊ “အခုကစပြီး ညွှန့်ပေါင်းအဖွဲ့အစည်းက မတူညီတဲ့အပိုင်းဘက်ကနေ သွားတော့မှာ၊ ဒါကအဖွဲ့အစည်းတွေနဲ့ကုမ္မဏီတွေ, တရားမဝင်တပ်ဖွဲ့တွေကို ထိန်းချုပ်မှုတွေသုံးလိမ့်မယ်၊ ဒါပေမယ့် မကြာသေးခင်က နှစ်တွေအတွင်းမှာ လျင်မြန်တဲ့သားရဲတစ်ကောင်ရဲ့ဆင့်ကဲဖြစ်စဉ်က အစိုးရကိုအရမ်း စိတ်အနှောက်အယှက်ပေးခဲ့ပြီးတော့ သူတို့နောက်ဆုံးသူတို့တစ်ကိုယ်တည်းတိုက်လို့ မရဘူးဆိုတာကို သတိထားမိလိုက်တယ်လေ၊ ဒါကြောင့်, ဒီအချိန်မှာသူတို့က များပြားတဲ့ မူဝါဒတွေကို ဖွင့်ဟလိုက်တယ်လေ။”

ကာကွယ်ရေးကုမ္မဏီရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ လျိုစန်းလင်းကထိုအဖြစ်အပျက်တွေအတွက် ငြင်းပယ်ဖို့မဖြစ်နိုင်တာကိုတွေ့ရသည်၊

ကားက အဆောက်အဦးရဲ့အရှေ့မှာရပ်လိုက်သည်၊ သူတို့ကားပေါ်ကဆင်းလာပြီး အဆောက်အဦးထဲသို့ဝင်လာသည်၊ တံခါးနှစ်ဖက်လုံးတွင်အပြာရောင်ယူနီဖောင်းနှင့် လုံခြုံရေးအစောင့်နှစ်ယောက်က နိုးနိုးကြားကြားနှင့်စောင့်ကြပ်နေကြသည်၊ သူတို့‌ နောက်မှာ နတ်ဆိုးရှိခိုးကောင်နှစ်ကောင်က ပန်းပုရုပ်ထုနှစ်ခုအတိုင်းရပ်နေကြသည်၊

အဆောက်အဦးကြီးရဲ့နောက်က လေးထောင့်ပုံမြေကွက်လပ်သည် ကာကွယ်မှုအောက်တွင်ရှိသည်၊ ရှည်လျားတဲ့နံရံသုံးခုက ထိုလေးထောင့်ကွက်ဘေးပတ်လည်တွင်ရှိပြီး ၎င်းတို့ကလျှပ်စီးဝိုင်ယာကွန်ယက်ဖြင့်ကာထားသည်။

ကောင်းဖန် ထိုအရာကိုကျော်ကြည့်လိုက်တော့, ရာကျော်လောက်ရှိတဲ့နတ်ဆိုးရှိခိုး ကောင်များကထိုလေးထောင့်ကွက်လပ်တွင် စုဝေးနေကြသည်၊ လေထုက တင်းမာ နေသည်။

“ ဒါတွေက ငါတို့ဆီမှာရှိတဲ့နတ်ဆိုးသားရဲတွေဘဲ၊” လျိုစန်းလင်းခေါင်းညိတ်ကာပြောလိုက်သည်၊

ကောင်းဖန်အရှေ့ကိုလျှောက်သွားလိုက်သည်၊သူက ရှိခိုးကောင်တွေကိုကြည့်တော့ သိပ်သည်းနေတဲ့ဒေတာအချက်အလက်ဖောင်တွေကိုတွေ့လိုက်ရသည်၊ သူနောက်ဆုံး တော့နတ်ဆိုးရှစ်ခိုးကောင်၁၀ကောင်ကိုရွေးလိုက်သည်။

“ဒီရှိခိုးကောင်၁၀ကောင်နဲ့ကြိုးစားကြည့်လိုက်ရအောင်”

“ကောင်းမွန်တဲ့ရွေးချယ်မှုဘဲ,မစ္စတာကောင်း!”လျိုစန်းလင်းက‌ ကောင်းမွန်စွာပြော လိုက်သည်။ ဒီနတ်ဆိုးရှိခိုးကောင်၁၀ကောင်က ကုမ္မဏီမှာရှိတဲ့အကောင်းဆုံး အကောင်တွေဘဲ၊

“ကျနော်လိုအပ်တဲ့ပစ္စည်းတွေကို စာရွက်ပိုင်းတစ်ခုထဲမှာချရေးလိုက်မယ်, ခင်ဗျား ဖြစ်နိုင်ရင်မြန်မြန်သွားရှာလိုက်၊ အကယ်၍အကုန်လုံးကောင်းကောင်းမွန်မွန် အဆင်‌ ပြေရင် သုံးရက်နဲ့တင်လောက်တယ်၊” ကောင်းဖန်စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည်၊

“ငါနားလည်ပြီ”

အချိန်ခဏလေးအတွင်းမှာတင် ကောင်းဖန်က လျိုစန်းလင်းကိုလိုအပ်တဲ့ပစ္စည်းများ မှတ်စုစာရွက်တွင် ချရေးပေးလိုက်သည်။ လျိုစန်းလင်းက မှတ်စုစာရွက်ကိုကြည့်လိုက်ပြီး အချိန်ဖြုန်းဖို့တောင်မဝံ့ရဲတော့ဘဲ ချက်ချင်းလူလွှတ်ကာဝယ်ယူစေသည်၊ သူက ငွေဘယ်လောက်ဘဲကုန်ကျပါစေ အကုန်လုံးကိုတစ်နာရီအတွင်းအပြီးအစီးလုပ်ထားရန် သူတို့ကိုအမိန့်ပေးလိုက်သည်။

ချန်အန်းမြို့တွင်အချိန်အကြာကြီးရှိနေပြီးသည့်နောက်, လျိုစန်းလင်းကသူ့ရဲ့ကိုယ်ပိုင် ဆက်သွယ်မှုတွေကို တည်ဆောက်နိုင်ခဲ့သည်၊ လူတိုင်းကို ရှာရန်စေလွှတ်လိုက်တာကြောင့် ပစ္စည်းအားလုံးကို စုဆောင်းရန် အချိန်ကြာကြာမယူခဲ့ရပေ။

“မစ္စတာကောင်း, ပစ္စည်းတွေအကုန်အဆင်သင့်ဖြစ်ပြီ,” လျိုစန်းလင်းလဲ ချွေးတွေရွှဲရွှဲစိုနေကာ စိတ်ဆန္ဒစောပြီး စိုးရိမ်နေသည်၊

ကောင်းဖန်ပြန်လှည့်ကြည့်မနေတော့ဘဲ သူဂရုတစိုက်နဲ့လက်အိတ်နဲ့မျက်နှာဖုံးကို တပ်လိုက်သည်။

သူ့ရှေ့မှာ ဆူပွက်နေတဲ့အိုးရှိနေပြီး, သူမျက်နှာကို အပူရှိန်တွေရိုက်လာသည်။

***

အပိုင်း ၃၉ အတောင်လေးခုနဲ့မြစိမ်းရောင်နတ်ဆိုးရှိခိုးကောင်

မာကျန်းသာ ဤနေရာတွင်ရှိနေခဲ့လျှင် လက်ရှိမြင်ကွင်းမျိုးနှင့် လွန်စွာရင်းနှီးကျွမ်းဝင်နေပေလိမ့်မည်။

ထိုနေရာတွင် ရေပွက်ပွက်ဆူနေသည့်အိုးတစ်လုံးနှင့် စားပွဲပေါ်တွင်တော့ လှီးဖြတ်ထားသည့် ပါဝင်ပစ္စည်းများရှိနေကာ ဟင်းချက်တော့မလိုပင် ထင်ရသည်။

ရေဓါတ်က သစ်သားကို အာဟာရဖြည့်ပေးနိုင်ပေသည်။ စားပွဲပေါ်တွင်ရှိနေသည့် ပါဝင်ပစ္စည်းအများစုမှာ သစ်သစ်အမျိုးအစားပစ္စည်းများဖြစ်ကာ ရေအမျိုးအစားပါဝင်ပစ္စည်းများလဲ ရောနှောလို့နေသည်။ နတ်ဆိုးရှိခိုးကောင်များသည် သစ်သားအမျိုးအစားစွမ်းရည်ကိုပိုင်ဆိုင်ကြပေသည်။

ကောင်းဖန်က ငါး၏လေအိတ်ဟုထင်ရသည့်အရာတစ်မျိုးကို ကောက်ယူလိုက်သည်။ ၎င်းသည် လက်သီးတစ်ဆုပ်ခန့်အရွယ်အစားမျိုးရှိကာ ဖောက်ထွင်းမြင်နေရသည်။ ထိုလေအိတ်ထဲတွင်တော့ ဖြူညစ်ညစ်အရည်အနည်းငယ်ရှိနေသည်။

ကောင်းဖန် ငွေအပ်တစ်ချောင်းကိုလဲ ထုတ်လိုက်ကာ လေအိတ်ထဲသို့ အပ်ကို ဂရုတစ်စိုက်ထိုးသွင်းရင်း အပေါက်ငယ်တစ်ခုဖန်တီးလိုက်သည်။ ထို့နောက်တွင်တော့ အထဲမှအရည်များကို အကုန်စစ်ထုတ်ကာ နောက်ဆုံးအစေ့လေးတစ်စေ့လဲ ထွက်လာခဲ့သည်။

၎င်းပစ္စည်းကတော့ သစ်ပင်များမှနေပြီး ပေါက်လာသည့် ငါးလေပူဖောင်းဖြစ်သည်။ ၎င်းမှာ ခံနိုင်ရည်အားမြင့်မားကာ မြင့်မားလွန်းသည့်အပူချိန်ကိုခံနိုင်သလို ရေစိုလဲခံသည်။

ကောင်းဖန် အခြားသောလှီးဖြတ်ထားသည့် ပါဝင်ပစ္စည်းများကို ရောကာ ထိုငါးလေပူဖောင်းထဲသို့ ထည့်လိုက်သည်။ ငါးပူဖောင်းကို ဖြည်းဖြည်းချင်းလှလှန်လိုက်သည်နှင့် ၎င်းက အိတ်ငယ်လေးတစ်ခုပမာ ပါဝင်ပစ္စည်းအားလုံးကို ထုပ်ပိုးထားသလိုဖြစ်သွားသည်။ ငါးလေပူဖောင်းကို အသေချည်နှောင်လိုက်ပြီးသည်နှင့် ပါဝင်ပစ္စည်းအားလုံးသည် ငါးလေပူဖောင်းထဲတွင် စနစ်တကျ တည်ရှိနေတော့သည်။

ကောင်းဖန်က ရေပွက်ပွက်ဆူကို အသုံးမချခင် ထိုအဆင့်များအတိုင်းပင် ငါးလေပူဖောင်း၁၀ခုခန့်ပြင်ဆင်လိုက်သည်။

လက်ရှိရောက်လာသည့်အဆင့်ကတော် တကယ်ကိုဒုက္ခပေးသည့်အဆင့်ပင်ဖြစ်သည်။ ကောင်းဖန်အနေနှင့် ပါဝင်ပစ္စည်းများကို ရေပွက်ပွက်ဆူထဲထည့်ကာ ချက်ပြုတ်ရမည့်အပြင် တစ်ချိန်တည်းတွင်ပဲ ပါဝင်ပစ္စည်းများ ရေနွေးငွေ့ညစ်ညမ်းသွားသည့်အခြေအနေ သို့မဟုတ် သစ်သားဓါတ်ပါဝင်ပစ္စည်း၏ ဆေးဖက်ဝင်သည့်အရည်အသွေးများထိခိုက်သွားမည်ကိုလဲ ကာကွယ်ပေးရဦးမည်။

၁၀မိနစ်ကြာပြီးနောက်တွင်တော့ ကောင်းဖန် ငါးလေပူဖောင်းအားလုံးကို ပြန်ဆယ်ကာ သစ်သားဗန်းတစ်ခုပေါ်တွင်ပဲ တင်လိုက်သည်။ သတ္ထုသည် သစ်သားဓါတ်ကို လွှမ်းမိုးသွားနိုင်တာကြောင့် ဆေးဖက်ဝင်ပစ္စည်းများကို သတ္ထုသို့မဟုတ် အခြားသော ဓါတ်ပြယ်နိုင်သည့်ပစ္စည်းများနှင့် ထိတွေ့အောင်ထားခွင့်မရှိပေ။

ကောင်းဖန် ဆက်ပြီး ဖန်ဓါးတစ်ချောင်းကိုပဲ အသုံးပြုကာ ငါးလေပူဖောင်းများကို ဖြည်းဖြည်းချင်း လှီးဖွင့်လိုက်သည်။ ပွင့်သွားသည်နှင့် အထဲမှဆေးဖက်ဝင်ပစ္စည်းများမှ အပြင်သို့ထွက်ကြလာကာ အားလုံးအနေသင့်ရောနှောပြီး ကျက်နေပြီဖြစ်သည်။ ကောင်းဖန် ထိုပစ္စည်းများအား နတ်ဆိုးရှိခိုးကောင်များကို မကျွေးခင် အရင်ဆုံးလုံးလိုက်သေးသည်။

ဆေးလုံးများကို စားပြီးသည်နှင့် နတ်ဆိုးရှိခိုးကောင်များမှာ တုန်ရီကာ ပြိုလဲကျသွားကြသည်။ သူတို့၏အတောင်ပံများကပင် တဆတ်ဆတ်တွန့်နေကာ ကြမ်းပေါ်သို့ လဲကျနေကြခြင်းဖြစ်သည်။

ပထမအဆင့်က ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ နောက်ထပ်နှစ်ဆင့်ထပ်လုပ်ဖို့လိုပေသေးသည်။ ကောင်းဖန် ရပ်နားခြင်းမရှိဘဲ နောက်တစ်ဆင့်အတွက် လိုအပ်သည့်ဆေးဝါးပစ္စည်းများကို ပြင်ဆင်တော့သည်။

ညဘက်တွင်တော့ ဓါတ်ခွဲခန်းမှမီးများမှာ ဆက်လက်ထိန်လင်းနေခဲ့သည်။

ကောင်းဖန်တစ်ယောက်သာ ဓါတ်ခွဲခန်းထဲတွင်ရှိနေတာကြောင့် သူတစ်ယောက်တည်းနဲ့ပဲ အဆင့်တိုင်းကိုပြီးဆုံးအောင် လုပ်ရပေမည်။ ပါဝင်ပစ္စည်းအားလုံးကို အထူးအဆင့်မြင့်တိကျသေချာသည့် လျှပ်စစ်ချိန်ခွင်ဖြင့် ၀.၀၁ဂရမ်အတိအကျဖြင့်အောင် ချိန်တွယ်ရသည်။

စမ်းသပ်မှုများမှာ နောက်တစ်နေ့မနက်ရောက်မှသာ အားလုံးပြီးစီးသွားခဲ့သည်။ ဓါတ်ခွဲခန်းထဲမှ နတ်ဆိုးရှိခိုးကောင်၁၀ကောင်ကတော့ သတိလစ်ကာလဲကျနေစဲပင်။

ကောင်းဖန် ပိုလျှံနေသည့်ပါဝင်ပစ္စည်းအားလုံးကို ချည်နှောင်ကာ ဆာလ်ဖျူရစ်အက်စစ်ထဲသို့ထည့်လိုက်ပြီးကာမှ သူ့မျက်နှာဖုံးနှင့်လက်အိတ်ကို ချွတ်လိုက်သည်။

ကောင်းဖန် ဓါတ်ခွဲခန်းတံခါးကိုဖွင့်လိုက်ချိန်တွင်တော့ အပြင်ဘက်တွင် တစ်ညလုံးစောင့်နေခဲ့သည့် လျှိုစန်းလင်လဲ နိုးနိုးကြားကြားဖြစ်သွားသည်။ သူက ချက်ချင်းပင် ခုံမှထက်ကာ ကောင်းဖန်ထံသို့ အလျင်စလို ချဉ်းကပ်သွားလိုက်သည်။ “မစ္စတာကောင်း၊ စမ်းသပ်မှုရလဒ်က….”

“အောင်မြင်ပါတယ်၊ သူတို့နေ့လည်ပိုင်းလောက်ကျရင် ပြန်နိုးလာကြလိမ့်မယ်။” ကောင်းဖန် တစ်ညလုံးအလုပ်လုပ်ထားရတာကြောင့် ပင်ပန်းနွမ်းနယ်နေကာ အခုချိန်မှာ ကောင်းကောင်းအနားယူပစ်ချင်စိတ်သာရှိနေသည်။

“အရမ်းကောင်းတာပဲ။ ကျေးဇူးပါ၊ မစ္စတာကောင်း။” လျှိုစန်းလင် ခေါင်းတစ်ညိတ်ညိတ်နှင့် ထိုစကားကိုသာ ထပ်ခါထပ်ခါပြောနေသည်။ “ငါတို့ကုမ္ပဏီက အခန်းတစ်ခန်းပြင်ထားတာရှိတယ်။ မစ္စတာကောင်းလိုရင် အဲ့ဒီအခန်းမှာ သွားအနားယူနိုင်ပါတယ်။ မင်းအိမ်ကိုပဲ ပြန်ချင်တယ်ဆိုလဲ မင်းအိမ်ကိုပြန်ပို့ဖို့ ငါကားတစ်စီးသေချာစီစဉ်ပေးပါ့မယ်။”

ကောင်းဖန် ခဏလောက်ပြန်တွေးကြည့်လိုက်ကာ၊ “ကျွန်တော့်ကို စတူဒီယိုဆီကိုပဲ တစ်ခါတည်းလိုက်ပို့ပေးလိုက်ပါတော့၊ အလုပ်များစေမိပြီ။”

ကောင်းဖန် စတူဒီယိုထဲဝင်လာကာ သူ့ထိုင်ခုံနောက်မှီကို နှိမ့်လိုက်ပြီး အိပ်လို့အဆင်ပြေမယ့်အနေအထားဖြစ်အောင် ချိန်ညှိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဆီသို့လာသည့် ဖောက်သည်ကအနည်းငယ်သာရှိတာကြောင့် စိတ်အေးလက်အေးအိပ်နိုင်ပေသည်။

ကောင်းဖန် နေ့လည်အထိ အိပ်ပျော်သွားကာ သူ့ဘာသူပဲပြန်နိုးလာခဲ့သည်။ ထင်ထားသည့်အတိုင်းပဲ တစ်မနက်လုံး ဖောက်သည်တစ်ယောက်တောင် ရောက်မလာခဲ့ပေ။

ကောင်းဖန် နိုးလာချိန်တွင် လျှိုစန်းလင်ပို့ထားသည့် ကျေးဇူးတင်ကြောင်းစာကို တွေ့လိုက်ရသည်။ စာထဲတွင်တော့ တချို့သော နတ်ဆိုးရှိခိုးကောင်များသည် အဆင့်တက်ဖို့အရိပ်အယောင်ပါပြနေကြောင်း ပြောထားသည်။ ကောင်းဖန်ကကတော့ ထိုဖြစ်ရပ်အတွက် မအံ့ဩမိပေ။ သူကိုယ်တိုင်က အစကတည်းက အဆင့်တက်ဖို့သင့်တော်မည့် အကောင်းဆုံးသော နတ်ဆိုးရှိခိုးကောင်များကို သေချာရွေးထားခဲ့ခြင်းဖြစ်သည်။ တစ်ကောင်စီတိုင်းက အဆင့်၂၀သို့ရောက်နေပြီဖြစ်သည်။ လိုအပ်တာလေးဖြည့်ပေးလိုက်ရုံဖြင့် တစ်ခါတည်းအဆင့်တက်သွားလိမ့်မည်သာ။ ထိုကောင်တွေ အဆင့်မတက်သွားဘူးဆိုမှသာ အံ့ဩစရာဖြစ်နေမည်။

တစ်ဖက်တွင်တော့ လျှိုစန်းလင်၏နှလုံးမှာ ပြင်းထန်စွာခုန်လှုပ်လို့နေသည်။ နတ်ဆိုးရှိခိုးကောင်တစ်ကောင်က သူ့မျက်စိရှေ့တွင်ပဲ စတင်ကာ အဆင့်တက်နေပြီဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း ပိုလို့ရှည်လျားလာခဲ့သည်။ ၎င်း၏ကျောပြင်မှ အတော်ပံများကလဲ ပိုမြင့်မားလာခဲ့သည်။ အရေပြားအသစ်ဖြစ်တည်သည့်အနေဖြင့် အသံတစ်သံထွက်လာကာ ထိုအရေပြားအောက်မှနေပြီး သန်မာပုံရသည့်တောင်ပံတစ်စုံက ထွက်ပေါ်လာခဲ့သည်။

ဝှစ်ရှ်-

ညင်သာတဲ့လှုပ်ရှားမှုနှင့်အတူ တောင်ပံပေါ်တွင်ကပ်နေသောအရည်များကို ဖယ်ရှား လိုက်သည်၊

၎င်း၏တောင်ပံများကိုခတ်ရုံလောက်သာခတ်ပြီး မြေပြင်ပေါ်ရှိဖုန်ကိုတဖျတ်ဖျတ် ပျံသန်းကာခါလိုက်ပြီး လျိုစန်းလင်း၏ခေါင်းပေါ်ကိုရှုပ်ပွအောင်လုပ်လိုက်သည်၊

သူ့ခန္ဓာကိုယ်ကိုအရှေ့သို့ကွေးလိုက်ပြီး ၎င်း၏ဓားကဲ့သို့လက်တံများက သမံတလင်း ထဲသို့ နစ်ဝင်သွားသည်။

မှုန်ဝါးနေသောအလင်းရောင်ရှိသည့် အလင်းဘောလုံးများက နတ်ဆိုးရှိခိုးကောင်၏ ပတ်လည်တွင်ရှိပြီး ၎င်း၏ခန္ဓာကိုယ်ထဲသို့တစ်ခုချင်းစီတဟုန်ထိုးသွားနေကြသည်၊ အလင်းဘောလုံးတစ်ခုချင်းစီနှင့် ၎င်း၏ခန္ဓာကိုယ်အရွယ်အစားက ကြီးလာသည်၊

ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုသည် အပြီးသတ်ဖို့၁၅မိနစ်ပတ်လည်လောက်ရှိသည်။

နတ်ဆိုးရှိခိုးကောင်က လုံးဝကိုပြောင်းလဲသွားသည်၊ သူ့ရဲ့အမြင့်ကမူလအရွယ်၏ တစ်ဆခွဲလောက်ဖြစ်လာပြီး, သူ့ရဲ့ခန္ဓာကိုယ်သည်မူလထက်သုံးဆလောက်ဖောင်းလာ ကာထွားလာသည်၊

သူ့ရဲ့နောက်ကျောကအတောင်ပံအရေအတွက်ကလည်း နှစ်ဆတိုးလာပြီး, ယခုဆိုရင် နှစ်စုံရှိနေပြီဖြစ်သည်၊ ၎င်း၏မြစိမ်းရောင်ပြောင်လက်တောက်ပနေသောခြေဆံ လက်ဆံများက ဘိလပ်မြေခင်းထားသောကြမ်းပြင်ထဲသို့ထိုးသွင်းထားပြီး, ၎င်းက တို့ဖူးတုံးကိုဖြတ်တောက်သလိုအလွယ်တကူဖြတ်တောက်နိုင်သည်၊

သားရဲသည် ကျောက်စိမ်းရောင်အဖြစ်ပြောင်းသွားပြီး အရည်အသွေးကကျောက်စိမ်း နှင့်ထွင်းထုထားသလိုဖြစ်နေသည်။

ဘေးပတ်လည်တွင်ရှိနေသောနတ်ဆိုးသားရဲများက ထိုနတ်ဆိုးသားရဲကိုတစ်ချက် ကြည့်လိုက်ကြပြီး ၎င်းကိုသတိကြီးစွာထားကာနောက်ဆုတ်လိုက်ကြသည်၊ ရှိခိုးကောင်များသည် လူမှုရေးကောင်းတဲ့ အကောင်တွေမဟုတ်၊ သူတို့နဲ့မျိုးစိတ်တူ

ပေမယ့် အနေစိမ်းတဲ့အဖွဲ့ဝင်တစ်ကောင်နှင့်ရင်ဆိုင်ရလျှင် သူ့ကိုတင်ပြမည်မဟုတ်ဘဲ အဲ့ဒီအစားသူတို့ကိုယ်သူတို့ ပြေးတာ ဒါမှမဟုတ် ဖွက်တာတွေလုပ်လိမ့်မည်၊

“အုပ်ချုပ်သူအဆင့်..အတောင်လေးခုနဲ့မြစိမ်းရောင်နတ်ဆိုးရှိခိုးကောင်” လျိုစန်းလင်း က သူ့မျက်မှန်ကိုတွန်းလိုက်ကာတီးတိုးရေရွတ်လိုက်သည်၊ သူကထူးခြားတဲ့အနုပညာလက်ရာကို ကြည့်နေရသလိုမျိုးခံစားနေရသည်။

ဒီနတ်ဆိုးရှိခိုးကောင်၏ဆင့်ကဲပြောင်းလဲမှုမတိုင်မှီ သူ့ရဲ့ကုမ္မဏီတစ်ခုလုံးမှာ အားလုံးပေါင်းအုပ်ချုပ်သူအဆင့်နတ်ဆိုးရှိခိုးကောင်လေးကောင်သာရှိသည်။ ဒီတစ်ကောင်နှင့် ဆိုလျှင် ငါးကောင်ဖြစ်သွားပြီဖြစ်သည်၊ ၎င်း၏တိုးတက်မှုနှင့်ဆိုလျှင် ပြီးပြည့်စုံခြင်းအဆင့်ကိုလည်း အောင်မြင်စွာတိုးမြှင့်နိုင်ခဲ့ကြောင်းလည်း သက်သေပြနေသည်၊

အရင်ကလျိုစန်းလင်းသည် အခြားသောအလယ်အလတ်အဆင့်သားရဲပျိုးထောင်သူများထံကိုချဉ်းကပ်ခဲ့ဖူးသည်၊ သို့သော် နတ်ဆိုးသားရဲတွေက အတော်အသင့်သာ ဆက်ဆံမှုပြေပြစ်သည့် သားရဲများဖြစ်သောကြောင့် အနည်းငယ်သာအဆင့်တိုးမြှင့်နိုင်မှုကို‌တွေ့ရှိခဲ့ရသည်။ သူ့၏တစ်ခုတည်းသောအခြားနည်းလမ်းမှာ သူနတ်ဆိုးသားရဲများ ကိုဝယ်ယူခဲ့သော တောင်ပိုင်းကောင်းကင်အဖွဲ့၏စမ်းသပ်မှုဌာနခွဲကို ချဉ်းကပ်ရန်သာဖြစ်ပြီး ထိုနတ်ဆိုးသားရဲများကို စမ်းသပ်မှုဌာနခွဲများမှ ကိုယ်တိုင်ဖန်တီးထားခြင်းများဖြစ်သည်၊ အရင်က နတ်ဆိုးသားရဲများကို အောင်မြင်စွာတိုးမြှင့်ပေးခြင်းသည် ငွေအများ အပြားကုန်ကျလိုက်သည်။

ကောင်းဖန်က သူ့အတွက်ကံကောင်းမှုတွေယူဆောင်လာတဲ့ကြယ်လေးဖြစ်သည်။

ကောင်းဖန်ကိုစဉ်းစားမိသောအခါ လျိုစန်းလင်းကသူ့နှလုံးထဲမှလောင်ကျွမ်းနေမှုများ သက်သာသွားသည်ဟုပင်ခံစားလိုက်ရသည်၊ ကောင်းဖန်ကို သားရဲပျိုးထောင်သူအတိုင် ပင်အဖြစ်ငှားလိုက်ခြင်းသည် သူလုပ်ဖူးသမျှထဲတွင် အမြော်အမြင်အရှိဆုံးအလုပ်ဖြစ် သည်၊

ထိုစဉ်က သူ့ဦးလေး၏တောင်းဆိုမှုဖြင့်သာ ကောင်းဖန်နှင့်စာချုပ်ချုပ်ရန်သဘောတူခဲ့တာဖြစ်သည်၊ သို့သော်ယခုတွင်သူသည် ထိုလူငယ်လေးကိုစိတ်နှလုံးထဲမှပင်လေးစားနေပြီဖြစ်သည်။

ကောင်းဖန်ရဲ့ကိုယ်ပိုင်စရိုက်လက္ခဏာများကို သေချာမသိပေမယ့် သူ့ဦးလေးက သူ့ကို ကောင်းဖန်အပေါ်အရမ်းမတင်းကြပ်ရန်နှင့် စိတ်မကျေမနပ်မဖြစ်စေရန် သေသေချာချာသတိပေးထားသည်၊

သို့သော်ကောင်းဖန်၏နားလည်ရခက်သော စရိုက်ဝိသေသကို ဘေးဖယ်ထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်နှင့်ပင်လျှင် အာရုံစိုက်ပေးမှုနှင့်တင် ပေးချေရတာတန်နေပြီဖြစ်သည်။

…

သုံးရက်ကြာပြီးနောက်, မီးကျီနက်သစ်တော၏ပတ်ဝန်းကျင်တစ်လျှောက်တွင် စစ်သား အများမပြားသည် တောအတွင်း၏ဧရိယာတစ်လျှောက်ကိုပိတ်ဆို့ထားပြီး အပြင်ဘက်ဧရိယာအကျယ်ကိုရှင်းလင်းထားပြီးဖြစ်သည်။

အနောက်ဘက်တွင် များစွာသောအမြောက်တပ်ယာဉ်များက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အေးခဲနေသောသတ္ထုသားကောင်ကြီးတွေလိုဖြစ်နေသည်၊ သစ်တော၏အစွန်ဖျားပိုင်းတွင် အမြှောက်ဆံများ၏အပိုင်းအစများကိုတွေ့ရသည်၊

“မင်းတို့အားလုံးဒီမှာရှိနေတာ ငါဝမ်းသာတယ်၊” စစ်တပ်ရဲ့ကိုယ်စားလှယ်က သူ့ရဲ့ များပြားတဲ့လူအစုအဝေးကိုပြောလိုက်သည်။

သူ့ရှေ့တွင်အဖွဲ့အနည်းငယ်လောက်ရှိပြီး တစ်စုချင်းစီရှင်းလင်းစွာသီးခြားခွဲထွက်နေပြီး သူ့ကိုယ်ပိုင်အဖွဲ့နှင့်သူစုနေကြသည်။

ထိုအဖွဲ့အတွင်းတွင်ရှိသည့်လူများထဲတွင် ဒိုင်းပြာလုံခြုံရေးအဖွဲ့ကုမ္မဏီသည် မျက်စိအစားဆုံးအဖွဲ့ဖြစ်သည်။

သူတို့ရဲ့အဆင့်နဲ့ ဘေးပတ်လည်ရှိ ရှိခိုးကောင်တွေထက်ကြီးမားသည့်မြစိမ်းရောင် ရှိခိုးကောင်တွေရှိသည်၊ သူတို့ကဘေးပတ်လည်အဖွဲ့တွေရဲ့အာရုံစိုက်မှုအများအပြားကို ခံနေရသည်၊

ပုံမှန်ရှိခိုးကောင်တွေက နှစ်မီတာလောက်ဘဲရှည်လျားပေမယ့် ဒီအကောင်တွေက အတောင်လေးခုနှင့်မြစိမ်းရောင်နတ်ဆိုးရှိခိုးကောင်များဖြစ်ကာ အမြင့်ကသုံးမီတာထိ ရောက်လုနီးပါးဖြစ်သည်။ သူတို့ရှိနေခြင်းကပတ်ဝန်းကျင်ရှိလူများကိုကြီးမားတဲ့ဖိအား ပေးနေသလိုခံစားနေရသည်။

အုပ်ချုပ်သူအဆင့်ရှိတဲ့ သားရဲရှစ်ကောင်!

ဘေးပတ်လည်ကအဖွဲ့အစည်းတစ်ခုချင်းစီတိုင်းသည် အုပ်ချုပ်သူအဆင့်သားရဲ သုံးကောင်လေးကောင်လောက်သာပို့သည်၊ နောက်ဆုံးမှာတော့ သူတို့က ဒီမစ်ရှင်လေး တစ်ခုအတွက်နဲ့ သူတို့ရဲ့ပြည့်ဝတဲ့ခွန်အားကိုမပေးနိုင်ကြဘူး၊

“စမ်းသပ်ချက်တွေအရ လက်တွေ့စမ်းသပ်မှုနမူနာအနည်းငယ်ကို ဆောင်ရွက်ကြည့်တော့ ငါတို့ဖမ်းဆီးခဲ့တဲ့ မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူတွေရဲ့အားနည်းချက်က မီးဖြစ်နေတာကို တွေ့လိုက်ရတယ်၊ သူတို့ကရှင်းရှင်းလင်းလင်းဘဲ မီးလျှံရှိတာကို အကြောက်အကန်တုံ့ပြန်ကြတယ်။”

***

အပိုင်း ၄၀ မီးကျီနက်သစ်တောသခင်

မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူများသည် မီးကိုကြောက်ရွံ့ကြသည့်အကြောင်း သိလိုက်ရသည်နှင့် နေရာမှလူများစွာက အနောက်ဖက်မှအဖွဲ့တစ်ဖွဲ့ကို တပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။

ထိုအဖွဲ့သည် အမျိုးသမီးများအဖွဲ့ဖြစ်ကာ အဖွဲ့ဝင်တိုင်းက အဖြူရောင်တိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆံပင်များကို မြှောက်စည်းကာ သို့မဟုတ် ထုံးဖွဲ့ကာ ထားကြသည်။ သူတို့အဖွဲ့ကိုတော့ အရပ်ရှည်ရှည်နှင့်အမျိုးသမီးတစ်ဦးက ဦးဆောင်ထားပေသည်။

အမျိုးသမီးအဖွဲ့ဝင်များ၏ဘေးတွင်တော့ သူတို့၏မီးသားရဲများက တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။

ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအပြင် အချို့သော ပြင်ပတိုက်ခိုက်ရေးအဖွဲ့များလဲ ဤတစ်ခေါက်အမဲလိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြသည်။ ပြင်ပတိုက်ခိုက်ရေးအဖွဲ့များသည် အများအားဖြင့် သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အချို့အဖွဲ့များတွင် အမျိုးမျိုးသော သားရဲများဖြင့်ဖွဲ့စည်းထားကာ အချို့အဖွဲ့များသည်တော့ ကိုယ်ပိုင်သားရဲအမျိုးအစားတစ်မျိုးတည်းကိုသာ သုံးကြသည်။

လွန်ခဲ့သည့်တစ်နှစ်တုန်းက သားရဲအမဲလိုက်မဟာမိတ်အဖွဲ့အစည်းကို တရားဝင်ဖွဲ့စည်းထားခဲ့ပြီးဖြစ်သည်။ ထိုအဖွဲ့တွင် တစ်ဦးချင်းမှတ်ပုံတင်သည်သာမက အဖွဲ့တစ်ခုအဖြစ်လဲ မှတ်ပုံတင်ထားနိုင်သည်။

ထိုအဖွဲ့အစည်းသည် ပြင်ပတိုက်ခိုက်ရေးအဖွဲ့များကို တရားဝင်ဖြစ်သွားစေခြင်းခဲ့ခြင်းဖြစ်သည်။

လူအများကတော့ ဟွာရှားအရှေ့တောင်ပိုင်းတွင်ဆိုလျှင် လူရာနှင့်ချီသည့်ပြင်ပတိုက်ခိုက်ရေးအဖွဲ့များတောင် ရှိနေပြီဟု ပြောကြသည်။

“ကြည့်ရတာ ဒီတစ်ခေါက်တော့ ခေါင်းဆောင်စုန့်ပဲ နိုင်လောက်မယ်။” လျှိုစန်းလင်က ပြုံးလိုက်ပြီး နှိမ့်ချကာပြောလိုက်သည်။

“မြှောက်နေပြန်ပါပြီ။ ရှင့်ရဲ့ နတ်ဆိုးရှိခိုးကောင်တွေကမှ သစ်တောသတ်ဖြတ်သူတွေလို့တောင် ခေါ်ကြတာမဟုတ်လား။ ဒီတစ်ခေါက် မစ်ရှင်ကို ရှင်ပဲ အရင်ဆုံးပြီးမြောက်လောက်ပါတယ်။”

“မနေ့ကတည်းက ခင်ဗျားတို့အားလုံး အချက်အလက်တွေကို ဖတ်ထားပြီးလောက်ပါပြီ။ မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူတွေက သူတို့သားကောင်ကို အုပ်စုဖွဲ့အမဲလိုက်ပြီး နောက်မှပြန်လည်ခွဲဝေဖို့အတွက်နဲ့ သူတို့ရဲ့အသိုက်ရှိရာကို ပြန်သယ်သွားလေ့ရှိတယ်။ သူတို့လိုအပ်တဲ့အစာပမာဏလုံလောက်သွားပြီဆိုရင်တော့ ပင့်ကူပေါင်းများစွာကို မျိုးပွားကြလိမ့်မယ်။” အစိုးရအရာရှိဘက်က ကြားဖြတ်ပြောလိုက်သည်။

“ဒါက အရေးကြီးတဲ့မစ်ရှင်တစ်ခုပဲ။ လူတိုင်း အကောင်းဆုံးကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မျှော်လင့်တယ်။ မစ်ရှင်က အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားသ၍ ခင်ဗျားတို့ ဆုကြေးကိုရမှာပါ။” အရာရှိက ထိုလူများ လက်ခံယုံကြည်နိုင်အောင် ပြောပေးနေသည်။ မစ်ရှင်ဆုကြေးအတွက် အဖွဲ့အစည်းအချင်းချင်း အပြိုင်တိုက်ခိုက်နေကြမည်မျိုး ဖြစ်လာမည်ကို ကြောက်မိသည်။ မစ်ရှင်မပြီးဆုံးခင်မှာပဲ ဒီအဖွဲ့တွေက အချင်းချင်းတိုက်ခိုက်ပြီး အင်အားကုန်ဆုံးနေမည်ကိုမျိုးကို သူတို့မမြင်လိုပေ။

မီးကျီနက်သစ်တောက အစွန်အဖျားတွင်တော့ သစ်ပင်များကြားက နေရာလွတ်များမှတစ်ဆင့် မီးခိုးရောင်ပင့်ကူခြေထောက်များ တွယ်တက်လာနေပေသည်။ သို့သော်လည်း ထိုပင့်ကူများ အတိအကျဘယ်နှကောင်ရှိနေသည်ကိုတော့ မပြောနိုင်ပေ။

စစ်တပ်၏နောက်ပိုင်းပစ်ခတ်မှုကို သစ်တောဘက်သို့ ဦးတည်ချက်ပြောင်းလိုက်တော့သည်။

စစ်ဦးထုပ်ဆောင်းထားသည့် ဦးစီးအရာရှိတစ်ဦးက “မင်းတို့အားလုံးကံကောင်းပါစေလို့။” ဟုလေးနက်စွာဖြင့် ပြောကြားလိုက်သည်။

ထို့နောက်တွင်တော့ သူက သစ်တောဘက်သို့လှည့်သွားကာ အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။ “ပစ်!”

အမြှောက်များမှ မီးတောက်လုံးကြီးများမှာ တစ်ပြိုင်နက်တည်းပင် ထိုးထွက်လာတော့သည်။

ဗုံး ဗုံး ဗုံး!

ဗုံးများမှာ နေရာတိုင်းသို့ပျံ့နှံ့သွားပြီး ဒေါသတကြီးပေါက်ကွဲတောက်လောင်ကြတော့သည်။ ၎င်းတို့မှာ သစ်တောဘက်သို့ဦးတည်ပျံ့သန်းနေကြပြီး နောက်ဘက်၌ အရိပ်ကိုသာ မြင်ရပေသည်။

မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူများ၏ သတိလက်လွတ်အောင်ဟစ်သံများက ပျံ့နှံ့သွားကာ ပြန်လည်တုံ့ပြန်ဖို့လဲ အချိန်မမှီတော့ပေ။

ဗုံးများ မြေပြင်ပေါ်သို့ကျသည်နှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လှိုင်းများနှင့် မီးတောက်များက သစ်တောအုပ်ကြီးကို လောက်ကျွမ်းကုန်သည်။ သစ်တောထဲတွင်တော့ ပူပြင်းတောက်လောင်နေသည့် လေနှင့် အဆက်မပြတ်ပေါက်ကွဲမှုများသည်သာ ပြည့်လို့နေသည်။ မီးခိုးရောင်နတ်ဆိုးညစ်ပင့်ကူများ၏ အော်ဟစ်သံများက ဆူညံနေသလို ထိုကောင်များသည် ပြာဖြစ်သည်အထိတောက်လောင်ခံနေကြရသည်။

မီးဖြင့်တိုက်ခိုက်မှုတစ်ချီပြီးသွားသည်နှင့် မီးကျီနက်သစ်တောကြီးမှာ သားရဲကောင်ကြီးတစ်ကောင် ဝင်ရောက်သောင်းကျန်းသွားသလို ပျက်စီးနေတော့သည်။

မီးကျွင်းမီးကျန်များမှာလဲ သစ်ပင်များကို လောင်ကျွမ်းနေကာ မြေပေါ်တွင်လဲ မည်းနက်နေသည့်အသေကောင်များဖြင့် ဖုံးလွှမ်းနေသည်။ သစ်တော၏မိုင်ပေါင်းများစွာမှာ ဖျက်ဆီးခံလိုက်ရပြီး ဘာမှမကျန်ရှိတော့ဘဲ အသက်ရှင်ကျန်ရစ်နေသေးသည့် ပင့်ကူအနည်းငယ်ကသာ ကြောက်လန့်တကြားအော်ဟစ်နေကြသည်။

ဒါကတော့ ကမ္ဘာမြေကို အုပ်စိုးနေသည့်လူသားများ၏ အင်အားဖြစ်သည့် ခေတ်မီလက်နက်များ၏စွမ်းအားပင်ဖြစ်သည်။

“ဂါး!!” ဒေါသတကြီးအော်ဟစ်သံတစ်သံက မိုးခြိမ်းလိုက်သလိုပင်။ သစ်တောနက်ထဲမှ သစ်ပင်များမှာ စတင်လှုပ်ရမ်းလာပြီး တစ်ပင်ပြီးတစ်ပင် ကျိုးပဲ့ကုန်ကာ အမှောင်ထဲမှ အနက်ရောင်အမွှေးများကို ဝိုးတဝါးမြင်လာရသည်။

ဆူညံသံက မြန်မြန်ဆန်ဆန်ပင် ပိုလို့ နီးကပ်လို့လာကာ မမြင်နိုင်သည့်ဖိအားတစ်ခုကလဲ လူတိုင်းအပေါ် ခြိမ်းခြောက်ဖိနှိပ်လာခဲ့ပြီး လေထုကပင်လျှင် အေးခဲသွားသလို!

ကားတစ်စီးအရွက်လက်သီးဆုပ်တစ်ခုက ရုတ်တရက်ဆိုသလို သစ်တော၏အစွန်ဘက်မှနေပြီး ကြမ်းတမ်းစွာဖြင့် ရိပ်ခနဲ တိုးထွက်လာသည်။

ဘွန်း!!

ပထမလက်သီးချက်က မြေပေါ်သို့ကျသွားကာ ကမ္ဘာမြေကြီးလှုပ်ခါသွားသည်ကို လူတိုင်းခံစားလိုက်ရသည်။

လေးထပ်တိုက်မျှမြင့်မားသည့် အနက်ရောင်ကင်းကောင်ကြီးတစ်ကောင်က သစ်တောထဲမှ တိုးထွက်လာခဲ့သည်။ သူ့ရဲ့ခြေချောင်းများမှနေပြီး ရွေရောင်ကွန်ကရစ်လိုမျိုးအရာများ ပျံ့ထွက်လို့လာခဲ့သည်။

ရုတ်တရက်ဆိုသလို လူတိုင်းသေလောက်အောင် တိတ်ဆိတ်လို့သွားခဲ့သည်။

လက်ရှိရှိနေသည့် အုပ်ချုပ်သူအဆင့်အောက်မှသားရဲများသည် သူတို့ကိုယ်တိုင်မြေပြင် ပေါ်သို့လှဲချလိုက်ကြပြီးတုန်လှုပ်နေကြကာ လူအုပ်ကြီးကလည်းသေးထွက်မတတ် ကြောက်လန့်နေကြသည်။ အုပ်ချုပ်သူအဆင့်သားရဲများကတော့ ကြည့်ရတာတော့ အနည်းငယ်တည်ငြိမ်နေပုံပေါ်သည်၊ သူတို့ကရပ်နေရုံမျှသာရပ်နေပြီး ဆူဆူညံညံတော့မလုပ်ရဲကြပေ။

“ဒါကမီးကျီနက်သစ်တောရဲ့ သခင်ဘဲ၊” လျိုစန်းလင်းက ခါးသီးတဲ့အရသာကို ခံစားလိုက်ရသည်၊ သူတို့အနေနဲ့ မီးကျီနက်သစ်တောရဲ့သခင်ကိုဘယ်လိုလုပ် နှောက်ယှက်ရဲမည်နည်း?

ဘန်း, ဘန်း…..

သန်မာတဲ့လက်မောင်းတွေက ၎င်းကို‌ မြေကြီးပေါ်တွင်ထောက်ကန်ပေးထားပြီး ထိုသားရဲက သူတို့နားကို ဖြေးညင်းစွာချဉ်းကပ်လာကာ ၎င်း၏ခြေလှမ်းတိုင်းက ကြီးမား တဲ့ဖိအားကိုပေးနေသည်၊

သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်က ရှေးဟောင်းခေတ်ကသားရဲတစ်ကောင်နဲ့တူပြီး သူ့ရဲ့ မျက်နှာက ဒယ်အိုးအောက်ခြေဖင်ကဲ့သို့မှဲမှောင်နေပြီး တင်းတင်းကြပ်ကြပ်ကို မျက်မှောင်ကြုတ်ထားသည်။

ဒါကသူတို့လူတွေအကုန်လုံး မီးကျီနက်ရဲ့ဒီလိုဒဏ္ဍာရီလာသားရဲမျိုးကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။

ဒီမီးကျီနက်သခင်က နက်ရှိုင်းတဲ့တောနက်ထဲက ထွက်လာလိမ့်မယ်လို့ဘယ်သူမှ မမျှော်လင့်ထားဘူး၊ ဆိုလိုသည်က ထိုသခင်ကရှားရှားပါးပါးသူ့ပိုင်နက်ထဲကနေ ထွက်လာခြင်းဖြစ်သည်။

အချို့လူများက ထွက်ပေါက်လမ်းကြောင်းကိုစဉ်းစားလာကြသည်။ သားရဲသခင်နှင့် မျက်နှာချင်းဆိုင်နေရသောအခါ သူတို့မှာပြန်တိုက်ဖို့အခွင့်အရေးမရှိပါ။ သူတို့မှာ အုပ်ချုပ်သူသားရဲဒါဇင်လိုက်များ,သေနတ်တွေ,အမြှောက်တွေရှိရင်တောင် သူတို့ နိုင်နိုင်ဖို့အတွက်အနည်းငယ်လေးလောက်တောင်ဖြစ်နိုင်ခြေမရှိပေ။ အမြှောက်များက သားရဲသခင်ကိုအလုံးစုံခြိမ်းခြောက်၍မရနိုင်ပါ။

ခီး….

ငှက်တစ်ကောင်၏စူးစူးဝါးဝါးအော်မြည်သံသည် သူ့တို့ခေါင်းပေါ်မှထွက်ပေါ်လာသည်၊ ရုတ်တရက် နေရောင်ခြည်ကို အလွန်ကြီးမားတဲ့အရိပ်ဖုံးအုပ်သွားခဲ့သည်၊ တစ်ယောက်က သူတို့အပေါ်ကကောင်းကင်ကိုမော့ကြည့်လိုက်ကာ ကြီးမားသည့်ရွှေ ရောင်ဝင်းလက်နေသည့် လင်းယုန်ငှက်ကြီးကိုကောင်းကင်ပေါ်တွင်တွေ့လိုက်ရသည်၊

“အဲ့ဒါ ရွှေရောင်နတ်ဘုရားလား!” လူတွေက စိတ်လှုပ်ရှားနေကြသည်၊ သူတို့ကယ်ခံရတော့မယ်၊

ထိုအရာက ဟွားရှား ချန်အန်းမြို့ရဲ့စစ်တပ်နယ်မြေပိုင်အသန်မာဆုံး ရွှေရောင်နတ်ဘုရားဖြစ်သည်။

ချန်အန်းမြို့ကိုအကောင်းဆုံးအကာအကွယ်ပေးနိုင်သည့်အကြောင်းအရင်းမှာ ရွှေရောင်နတ်ဘုရားကြောင့်ဖြစ်သည်။ ထိုရွှေရောင်နတ်ဘုရားသည် မျိုးရိုးဗီဇပြောင်းလဲ သွားသောရွှေရောင်လင်းယုန်ကြီးတစ်ကောင်ဖြစ်ပြီး ၎င်းကကောင်းမွန်သော ဂရုစိုက်မှုနှင့် မွေးမြူမှုကြားတွင်မြှင့်တင်ပေးခံခဲ့ရသောလင်းယုန်ဖြစ်သည်၊ ကပ်ဆိုးကြီးပြီး နောက်တွင်၎င်းကရှေ့တန်းတွင်တိုက်ခိုက်ပြီး သန္ဓေပြောင်းသားရဲများကိုလည်း ကာကွယ်ခဲ့သည်။

ထိုရွှေရောင်နတ်ဘုရားထွက်ပေါ်လာမှုသည် မီးကျီနက်သခင်ကို ကြီးမားသောခြိမ်းခြောက်မှုကြီးဖြစ်စေခဲ့သည်၊ အနက်ရောင်ကင်းကောင်ကြီးကနောက်ကို ဆုတ်လိုက် ပြီး ဒေါသထွက်စွာနှင့် ဟိန်းဟောက်နေကာ ရှုပ်ထွေးသောသစ်တောဘက်သို့ ဦးတည်ကာ ၎င်းကမေးခွန်းတစ်ခုကိုဟိန်းဟောက်ကာမေးနေသလိုမျိုးပြုလုပ်နေသည်။

ရွှေရောင်နတ်ဘုရားက လေထဲသို့တဟုန်ထိုးတက်သွားကာ အေးစက်စွာနှင့်အော်လိုက် သည်၊

မီးကျီနက်သခင်က ကြည့်ရတာသင့်မြတ်ဖို့လိုလိုလားလားမရှိပေ၊ ၎င်းက မတ်တပ်ရပ်လိုက်ပြီး သူ့ရင်ဘတ်ကိုလက်သီးဖြင့်ထုကာ ကျယ်လောင်သောဆူညံမှုကိုပြုလုပ်နေ သည်။

ရွှေရောင်နတ်ဘုရားက ၎င်းကိုအထင်အမြင်သေးစွာနှင့်ကြည့်လိုက်ပြီး အော်ဟစ်ကာ အဝေးသို့ထွက်သွားသည်။

မီးကျီနက်သခင်က အသက်ကိုလေးလံစွာရှုလိုက်ရသည်၊ ၎င်းကလူများကိုမုန်းတီးစွာနှင့်စိမ်းစိမ်းဝါးဝါးကြည့်ကာ ခြေကိုစောင့်၍ဒေါသကြီးစွာနှင့်ဟစ်အော်တော့သည်၊ နောက်ဆုံး ၎င်းကမီးကျီနက်သစ်တောထဲသို့ဦးတည်ကာ လှည့်လိုက်ပြီးနောက် သစ်ပင် များအကြားတွင်ပျောက်သွားတော့သည်၊

“ဒီမှာ ကျွန်တော်တို့မကူညီနိုင်တာတစ်ခုရှိတယ်၊ ခင်ဗျားတို့မြန်မြန်လုပ်ရလိမ့်မယ်, ပြီးတော့ မှတ်ထားပါ, သစ်တောကိုအလွန်အကျွံမဖျက်စီးမိစေနဲ့၊ တစ်နည်းနည်းနဲ့ ပြောရမယ်ဆိုရင်တော့ အကယ်၍မီးကျီနက်သခင်ကို နောက်ထပ်ယိတိယားတား သွားလုပ်ရင်တော့ ခင်ဗျားတို့အကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်။” စစ်တပ်ကြေးဝါ ဦးထုပ်ဆောင်းထားသူက သူ၏မျက်လုံးများကိုကျဉ်းမြောင်းကာ ထိုသခင်ထွက်သွား ခြင်းကိုကြည့်နေသည်။

အထူးသဖြင့်စစ်တပ်မှလွဲ၍ရှိနေသူများသည် ချန်အန်းတွင်အထူးကျွမ်းကျင်သူများ ဖြစ်သည်၊ သူတို့က ယုံကြည်ချက်များ, ဂုဏ်ယူခြင်းအပြည့်နှင့်လာခြင်းဖြစ်သည်။

ဒါပေမယ့် သူတို့ပထမဆုံးမီးကျီသခင်ကိုဖြတ်ပြီးနောက် သူတို့ရွှေရောင်နတ်ဘုရားနှင့် တွေ့ကြသည်၊ သူတို့ထဲကတစ်ယောက်ပင်လျှင် ဒီလူစုကို တစ်ချက်တည်းနဲ့ အလွယ်တကူချေမှုန်းလိုရပေသည်။ ထိုအတွေ့အကြုံက သူတို့မာနကြီးနေခြင်းကို မျက်ရည်တောင်ကျစေနိုင်သည်။

ကမ္ဘာထိပ်ဆုံးလူများကိုအမှီလိုက်နိုင်ရန် သူတို့လျှောက်မည့်လမ်းကအဝေးကြီးလိုသေး သည်၊

ထိုလူများ၏နောက်ကျောကိုကြည့်ရင်း စစ်တပ်ဦးထုပ်နှင့်လူကမျက်မှောက်ကြုတ်ကာ “ ကျွန်တော်တို့ကိုယ်တိုင်ဒါကိုဖြေရှင်းနိုင်တယ်, ဘာလို့သူတို့ကိုလုပ်ခိုင်းတာလဲ?”

အစိုးရအရာရှိကသူ့ခေါင်းကိုယမ်းလိုက်သည်၊ “လွန်ခဲ့တဲ့နှစ်တွေက ကမ္ဘာ့နိုင်ငံပေါင်းများစွာက လာမယ့်ကမ္ဘာ့အပြောင်းအလဲတွေကို သတိပြုမိခဲ့ကြလို့ကြိုတင်ပြင်ဆင်ထားကြတယ်၊ ဒါပေမယ့်ကမ္ဘာကြီးက မမျှော်လင့်ဘဲနဲ့ အရမ်းကိုပြောင်းလဲသွားခဲ့တယ်၊ ငါတို့ကသူတို့ရှေ့ကို ခြေတစ်လှမ်းဦးနေရုံပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အစိုးရ နဲ့ အစိုးရအဖွဲ့မဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကွာဟချက်က ပိုပြီး နည်းသထက်နည်းလာတယ်၊ ငါတို့အခုလုပ်ဖို့လိုအပ်နေတာက ငါတို့အနာဂါတ်အတွက်ပြင်ဆင်မှုဘဲ၊”

All Chapters