← Chapters

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

အပိုင်း ၄၅ မရဘူး၊ မင်းမလုပ်ရဘူး

မွှေးပြောင်သွေးနီခွေးရိုင်းက ငြိမ်သက်စွာနဲ့မြေပြင်ပေါ်တွင်လှဲနေသည်၊ ၎င်း၏ ဘယ်ဘက်ခြေထောက်ထောင့်တွင် ကြီးမားသော ထိုးဖောက်ခံထားရသည့် ဒဏ်ရာရှိသည်။ ဒါက အရိုးထိမြင်နိုင်အောင်ပင်အတော်နက်သည်။

ထိုဆိုးရွားတဲ့ခြေထောက်အနာနဲ့ကြောင့် တချို့ကတော့ မွှေးပြောင်သွေးနီခွေးရိုင်းသည် နူးညံ့သောတရုတ်တည်သီးနှင့်တောင်တူသည်ဟု ရိုးရိုးတန်းတန်းသာမြင်ကြသည်။ တစ်ယောက်ကတော့ ထိုနူးညံ့သောတည်သီးလေးကိုရွေးလိုက်သည်၊

ဒါပေမယ့်ကောင်းဖန်ကတော့ခြားနားစွာမြင်သည်။ ပြောကြသည့်စကားများအတိုင်း ဟောင်သောခွေးသည်မကိုက်တတ်။

ထိုသွေးနီခွေးရိုင်းသည် ပြင်းထန်သည့်ဒဏ်ရာရနေသော်လည်း ၎င်းကဘာသံမှပင် မပြုလုပ်ပေ၊ အတွင်းပိုင်းတွင် မည်မျှပင်ရက်စက်ပြီးကြမ်းတမ်းသည့်အကြောင်း ဘယ်သူမှမပြောနိုင်ပေ။ ထို့အပြင် ၎င်းက ထင်ရှားခြင်းအဆင့်လည်းဖြစ်သည်။ အကယ်၍ ၎င်းကသူ့ရဲ့ သက်ရှိလမ်းကြောင်းပေါ်တွင် တိုက်ခိုက်ပါက စတီးချွန် တောဝက်ထက်ပင်အားမနည်းနိုင်ပေ။

ပိုပြီးအရေးကြီးတာက, မွှေးပြောင်သွေးနီခွေးရိုင်းသည် အဆိပ်ခုခံနိုင်ခြင်းအဆင့်တစ်ခုလောက်အထိပိုင်ဆိုင်သည်။

“ဒါဆိုကျွန်တော်အရင်ဆုံးပထမဆုံးစိန်ခေါ်မှုလုပ်ပါမယ်၊” ကောင်းဖန် ရှေ့ကိုလျှောက်သွားလိုက်ပြီးပြောလိုက်သည်၊ သူကတကယ်တော့ နည်းပြဆရာက သူတို့ကို ထိုမွှေးပြောင်သွေးနီခွေးရိုင်းနှင့်စိန်ခေါ်မှု လက်ခံလိုက်မည်ကိုကြောက်မိသည်၊

စတီးလှောင်အိမ်သည်ဂျိုင်းခနဲအသံနှင့်အတူပွင့်သွားသည်၊ စတီးချွန်တောဝက်က အမွှေးတွေထောင်နေပြီး ထပ်ကာထပ်ကာစတီးဝိုင်ယာများကိုတိုက်နေမှုမှ ရုတ်တရက်ရပ်သွားတော့သည်၊ သူ့ရဲ့အသက်ရှူနှုန်းကကြမ်းလာပြီး သူ့ရဲ့သေးငယ်တဲ့သွေးနီရောင်မျက်လုံးတွေက ပွင့်သွားတဲ့လှောင်အိမ်တံခါးကို စိုက်ကြည့်နေပြီးတာ့ဇီကတော့ လှောင်အိမ်ထဲသို့ ဝင်သွားတော့သည်။

အမွှေးထောင်နေသောစတီးတောဝက်က လူတွေဖမ်းဆီးရမိကတည်းက ထိတ်လန့်တုန်လှုပ် ဖွယ်အခြေအနေတွင်ရှိနေပြီးဖြစ်သည်။ အခုတွင် သူတို့ကဒီလိုသေးငယ်တဲ့ လှောင်အိမ်ထဲတွင် သေစေနိုင်လောက်တဲ့သားရဲနဲ့တောင်မှ မိတ်ဆက်ပေးလိုက်သေးသည်။ ဒါကသူ့ရဲ့အာရုံအလုံးစုံကို နိုးနိုးကြားကြားဖြစ်သွားစေပြီး နောက်ဆုံးမှာတော့ ကြမ်းတမ်းသည့်အခြေအနေကို အစပျိုးပေးလိုက်ပြီဖြစ်သည်၊

“ဟွန်း..အော်ဟစ်သံ!” ၎င်းကကျယ်လောင်ပြီးနက်ရှိုင်းသည့်အသံကို သူ၏လည်ချောင်းမှ ထုတ်လွှတ်လိုက်သည်၊ ၎င်း၏ခြေလေးချောင်းကမြေပြင်ကို နင်းထားပြီး သူ့ရဲ့ အားအင်အပြည့်နှင့်တာ့ဇီဆီကို ရူးနှမ်းစွာနှင့်အပြေးအလွှားသွားတော့သည်။

၎င်းကကြီးမားတဲ့အသားတင့်ကားကြီးလိုဘဲ, ချွန်ထက်သည့်အမွှေးတွေက ထိုးထောင်ထွက်နေမှုမှာ နှစ်ဘီးတပ်စစ်ရထားပေါ်က လွှသွားများနှင့်တောင်တူသည်။

သူ့ရဲ့အမြန်နှုန်းကအတော်အသင့်မြန်သည်၊ သူ့ရဲ့ခွန်အားနှင့် ပြင်းထန်သောလေထုကို ဖန်တီးလိုက်ပြီး, သန်မာပြီးဆိုးဝါးတဲ့အနံ့ဆိုးကို လေထုထဲသို့ထုတ်လွှတ်နေသည်။

၎င်းကတာ့ဇီ၏ကျောပေါ်ကို နင်းတော့မည့်အချိန်တွင် တာ့ဇီက ရုတ်တရက်သူ့ကိုယ်သူ နောက်သို့ပြန်ဆုတ်လိုက်ပြီး လေးမြှားတစ်ခုလိုခုံးလိုက်ကာ သူ့ဆီလာနေသောအကောင်ထံမှ မီလီမီတာအကွာလောက်တွင် ရှောင်လိုက်သည်။

တာ့ဇီရဲ့များပြားတဲ့ခြေလက်များက အတွင်းသို့ကွေးလိုက်ကာ ရုတ်တရက်ထိုးထွက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာတွင် ၁၀လက်မမြင့်လိုက်သည်၊ တာ့ဇီက စတီးမွှေးချွန်တောဝက်ရဲ့နောက်ကျောပေါ်ကို ဆင်းလိုက်ပြီးနက်ရှိုင်းစွာနှင့် ချွန်ထက်သည့်ခြေများက ချိတ်ဖြင့်ချိတ်ထားသလို စတီးမွှေးချွန်တောဝက်၏အဆီတွေထဲသို့ နစ်ဝင်နေသည်။

စတီးမွှေးချွန်သားရဲက ဘယ်လိုဘဲ ကြိုးစားကာရုန်းကန်နေပါစေ တာ့ဇီကိုလှုပ်ကာ ဖယ်မချနိုင်ပေ။

တာ့ဇီက ပိုပြီးနက်သထက်နက်အောင်ဆွဲထားသည်၊ သူ့ရဲ့ဦးမျှင်အစုံက ယိမ်းထိုးနေပြီး သူတို့မတော်တဆထိမိလိုက်သည့်အခါတွင် တောက်ပသောမီးဖွားများပင်ဖြစ်ပေါ်လာတော့သည်။

“ရှုးရှုး” တာ့ဇီက စတီးမွှေးချွန်တောဝက်၏အနောက်ဘက်ခေါင်းဧရိယာတစ်ဝိုက်ကို ပြင်းထန်စွာကိုက်ထားသည်၊ တာ့ဇီ၏ချွန်ထက်သောခြေချောင်းများက တောဝက်၏ နောက်ကျောဘက်မှ အသားပေါ်ကိုထိုးဖောက်ထားပြီး ၎င်း၏အသားထဲသို့နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ သူ့ရဲ့အစွယ်များမှတစ်ဆင့်အဆိပ်ကို တောဝက်၏အတွင်းထဲသို့ ထိုးသွင်းလိုက်သည်။

အော်ညည်းသံ-နှာမှုတ်သံ!

စတီးမွှေးချွန်တောဝက်က အန္တရာယ်ရှိသောအခြေအနေတွင်ရှိကြောင်းသတိပြုမိပြီး ထိပ်ထိပ်ပျာပျာနှင့်ခုန်ထလာသည်၊ ၎င်းအတွက်ကံကောင်းထောက်မစွာနှင့် သူ့ရဲ့နောက်ကျောကို စတီးဝိုင်ယာကြိုးများနှင့်တာ့ဇီနောက်ကျောကို ထပ်ပြီးအရှိန်ပြင်းစွာနှင့် တိုက်ချရန်ဆုံးဖြတ်လိုက်သည်။

အကြိမ်အနည်းငယ်လောက်တိုက်ချပြီးနောက်တွင်, တာ့ဇီကမူးဝေလာပြီး စတီးမွှေးချွန်တောဝက်၏နောက်ကျောမှလွတ်ရန် အခွင့်အရေးယူလိုက်သည်။ တာ့ဇီကသွက်လက်စွာနှင့် စတီးဝိုင်ယာများပေါ်သို့တက်လိုက်ကာ စတီးမွှေးချွန်ဝက်၏တိုက်ခိုက်မှုမရောက်နိုင်သည့်နေရာထိတက်လိုက်သည်။

ကောင်းဖန်၏အမြင်တွင် စတီးမွှေးချွန်ဝက်၏အချက်အလက်ပြဇယားသည် “မပြင်းထန်သည့်ဒဏ်ရာ”မှ “ဖျော့တော့သောဒဏ်ရာ” ထိုမှ “အလယ်အလတ်ဒဏ်ရာ” ထို့နောက်တွင် “ပြင်းထန်သောဒဏ်ရာ…”

အဆုံးမှာတော့, ထိုအချက်အလက်များသည် “ပြင်းထန်သောဒဏ်ရာ”သို့ရောက်သည့်အခါတွင်ရပ်သွားကာ ပြောင်းလဲသွားသည်၊ တစ်ချိန်ထဲမှာပင် ၎င်း၏အမည်ဘေးရှိ “အဆိပ်”သည် ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်, စတီးမွှေးချွန်တောဝက်သည် သူ့၏စွမ်းအင်အားလုံးကို အသုံးပြု ပြီးနောက် အိုနေသည့်လူလိုမျိုးဖြစ်ကာ မောပန်းနေသည်၊ သူကမြေပြင်ပေါ်တွင်လှဲပြီး ၎င်း၏လျှာကထွက်လာကာ, မျက်လုံးများကကြည့်ရသည်မှာ သူ့ဘဝကိုအရှုံး ပေးလိုက်သည့်ပုံပင်ဖြစ်နေသည်။

တာ့ဇီကနောက်ဆုံးတွင် သူ၏သားကောင်သည်ပြန်လည်တိုက်ခိုက်ရန်စွမ်းအင်များ ဆုံးရှုံးသွားတာကိုတွေ့ပြီး စတီးဝိုင်ယာကြိုးပေါ်မှနှေးကွေးစွာနှင့် ဆင်းလာတော့သည်၊ သူ့ရဲ့များပြားတဲ့ခြေထောက်တွေက သမံသလင်းပေါ်တွင် တစ်ကြွပ်ကြွပ်အသံကို ပြုလုပ်နေသည်၊

သူကတင်းမာပြီးကောက်ရိတ်သိမ်းသည့်လူပုံစံနှင့်၎င်း၏ သားကောင်ဝိဉာဉ်ကိုရိတ် သိမ်းထားသလို အရှေ့သို့လျှောက်လာသည်၊

“ကောင်းပြီ, မင်းဒီနေ့လေ့ကျင့်မှုကို ဖြတ်ကျော်နိုင်သွားပြီ”, နည်းပြ ကျန်းပိုင်ရန်က ပြောလိုက်သည်။ သူကဘာပြောရမှန်းမသိတော့ဘူး။ ဒီသားရဲကကျောင်းသားငါး‌ယောက်သုံးဖို့အတွက်လျာထားပေမယ့်, သူကတစ်ပွဲနဲ့တင်မစွမ်းဆောင်နိုင်တော့ဘူး။

အကယ်၍ဒီလိုအခြေအနေမျိုးဆိုရင်တောင်သူက မတတ်သာဘဲချီးမွမ်းမှုတစ်ချို့ ပေါင်းထည့်လိုက်သည်၊ “ မင်းရဲ့ဒီကင်းခြေများမှာ စွမ်းအားပြည့်ဝတဲ့အဆိပ်ရှိတယ်၊ ဒါကတော့ တိုက်ပွဲအတွက်မဆိုးလှပါဘူး၊”

“အကယ်၍မင်းကမင်းရဲ့သားရဲကို တိုက်ခိုက်မှုအမျိုးအစားနဲ့လေ့ကျင့်ဖို့စဉ်းစားထားရင် လေ့ကျင့်နေတုန်းမှာ မင်းသားရဲရဲ့အဆိပ်အသုံးပြုတာကို ကန့်သတ်ထားတာအကောင်းဆုံးဘဲ၊ အကယ်၍မမျှော်လင့်ဘဲ မင်းကအဆိပ်ခုခံနိုင်တဲ့သားရဲနဲ့တွေ့ခဲ့ရင် သူ့တိုက်ခိုက်မှုအင်အားရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကိုလည်း ဆုံးရှုံးစေလိမ့်မယ်၊” ကျန်းပိုင်ရန်က ကောင်းဖန်ကိုကြင်နာစွာနဲ့သတိပေးလိုက်တယ်။

ကောင်းဖန်နှိမ့်ချစွာနဲ့ခေါင်းညိတ်လိုက်ကာ, သူပြောတာကိုသဘောပေါက်တဲ့ အကြောင်းပြလိုက်တယ်။

ကျန်တဲ့ကျောင်းသားလေးယောက်ရဲ့ပါးစပ်တွေက ဟသွားတော့တယ်၊လှောင်အိမ်ထဲ မင်းဆိုးမင်းညစ်လို လှည့်ပတ်နေတဲ့စတီးမွှေးချွန်တောဝက်ကို အဲ့လိုမျိုးဖြိုချလိုက်တာလား?

အခုတော့လှောင်အိမ်ထဲတွင်ရှိသော စတီးမွှေးချွန်တောဝက်သည် အလွန်အားနည်းနေသည်၊ ပါးစပ်ထောင့်မှလည်း အဖြူရောင်အမြှုပ်များပင်ထွက်လာသည်။

ပုံကြည့်ရတာ ဒုက္ခရောက်နေတဲ့ဝက်ကိုသူတို့ထပ်ရိုက်ရမှာလား?

သူတို့အဖွဲ့သည်စိတ်လှုပ်ရှားနေတာကာကြည့်နေသည့်ပုံကို သူတို့မျက်နှာပေါ်တွင် တပ်ဆင်ထားကြသည်။

“နောက်ထပ်ကျွန်တော်သွားမယ်, ကျွန်တော့်သားရဲက နောက်ဒုတိယပွဲမှာကိုင်တွယ်နိုင်မယ်လို့ကျနော်ထင်တယ်” အဝါရောင်အမြှီးကင်းမြီးကောက်ပိုင်ရှင်က ပြောလိုက်သည်။

“ဟမ်, မင်းကဒုက္ခရောက်နေတဲ့ဝက်ကို ရိုက်ဖို့ဘဲကျန်တာ ဘာလုပ်ဦးမှာတုန်း”

“မှန်တယ်၊ ငါတော့မင်းရဲ့မွေးပွခွေးကလည်းဘယ်လိုရိုက်မလဲဆိုတာသိချင်ပ။”

သူတို့နှစ်ဦးသည်တစ်ဦးနှင့်တစ်ဦးအငြင်းပွားနေပြီး ရန်ဖြစ်နေတာကိုမရပ်နိုင်ကြပေ၊

လှောင်အိမ်က နောက်ထပ်ပွင့်လာသည်၊ အဝါရောင်အမြှီးကင်းမြီးကောက်သည် လှောင်အိမ်ထဲကို သတိကြီးစွာဝင်လိုက်သည်၊ စတီးမွှေးချွန်ဝက်ကိုစမ်းသပ်ကြည့်လိုက် ရာတုံ့ပြန်မှုမရှိကြောင်းတွေ့လိုက်သည်။ သူ့ရဲ့အမြှီးအဆုံးတွင်ချွန်ထက်နေသည့် ကိုက်သောအရာရှိပြီး လှုပ်ယမ်းကာသူစိတ်မအေးခင် စမ်းသပ်သည့်အနေဖြင့် တောဝက်ကိုအကြိမ်အနည်းငယ်လောက်ပုတ်၍ရန်စနေပြီး တောဝက်သည် သူ့ကိုဘာခြိမ်းခြောက်မှုမှမရှိတော့ပေ။

၎င်းက သူ၏ကြီးမားသောခြေထောက်များဖြင့်စတင်တိုက်ခိုက်တော့သည်။

စကားအရ “သူတောင်းစားကိုမြင်းပေါ်တင်ပေးလိုက်ရင် သူကလူဆိုးတစ်ယောက်လို မထီမဲ့မြင်ပြုလိမ့်မယ်” မမှန်နိုင်ဘူးလား၊

အဆုံးမှာတော့,စတီးမွှေးချွန်တောဝက်သည်အဝါရောင်အမြှီးကင်းမြီးကောက်၏ အဆိပ်ကြောင့်သေဆုံးသွားသည်၊

အဝါရောင်ကင်းမြီးကောက်သည်ရှေ့သို့သွားလိုက်ပြီး ဝက်၏အသားကိုရက်စက်စွာ စုတ်ဖြဲပစ်ကာအစာစားလိုက်သည်၊

ပြီးနောက်

၎င်းကအဆိပ်ဖြစ်လာသည်။

ထိုနေရာတွင်တာ့ဇီ၏အဆိပ်တစ်စွန်းတစ်စသည် စတီးမွှေးချွန်ဝက်ခန္ဓာကိုယ် ထဲတွင် ကျန်ရှိနေသေးသည်။

ထိုအသားနှင့်တာ့ဇီ၏အဆိပ်နှင့် သူကိုယ်တိုင်၏အဆိပ်ရောနေသည်၊ တစ်ကိုက်ကိုက်ပြီးတဲ့နောက် အဝါရောင်အမြှီးကင်းမြီးကောက်သည်မူးဝေလာပြီး ထိုက်ချီကို လေ့ကျင့်နေသလိုမျိုး အဝိုင်းပုံစံလှည့်ပတ်နေတော့သည်။

ပိုင်ရှင်ကရှက်ရွံ့မှုကြောင့်သူ့မျက်နှာကို ဝှက်ထားလိုက်သည်။

မြှီးဝါကင်းမြီးကောက်၏ အမြှီးသည်လှောင်အိမ်ကြားထဲတွင် ထိုးထည့်ထားသည်၊ သူ၏ ကြီးမားသောလက်ချောင်းများဖြင့် သူ၏ခေါင်းကိုဖုံးထားကာ ကလေးတစ်ယောက်က ရှုံးနိမ့်မှုကိုလက်မခံနိုင်သည့်ပုံစံဖြင့် ကျယ်လောင်စွာမြည်တမ်းနေသည်။

“ဟားဟားဟား, ဒီကောင်ငါ့ကိုသတ်နေတာဘဲ” အမြီးသုံးချောင်းမွှေးပွခွေးပိုင်ရှင်က သူ့ဗိုက်ကိုကိုင်ကာအော်ရယ်နေသည်၊ “မင်းရဲ့အဝါရောင်အမြီးရှိတဲ့ကင်းမြီးကောက်က အသားတစ်ဖဲ့စားပြီး အဆိပ်သင့်နေတာကို ကြည့်လိုက်ပါဦး”

သူ့သခင်ရဲ့ရယ်သံကိုနားထောင်ရင်း အမြီးသုံးချောင်းမွှေးပွခွေးက သူ့ခေါင်းကိုမော့ လိုက်ကာ သူ့သခင်ကိုကြည့်လိုက်သည်၊ ထို့နောက်စတီးမွှေးချွန်တောဝက်အသေ ကောင်ဆီကို လှည့်ကြည့်လိုက်ပြီးနောက်သူ့မျက်လုံးတွေက တောက်ပသွားတော့သည်

“ခဏလေး, အိုး..ချီး*!မင်းဘာတွေလုပ်တာလဲ” အမြီးသုံးချောင်းမွှေးပွခွေးသခင်က အံ့အားသင့်ကာ ဒေါသထွက်စွာနှင့်အော်လိုက်သည်။

“မရဘူး၊ မင်းမလုပ်ရဘူး, အဲ့တာကိုမလုပ်ရဘူး!မင်းအဲ့တာကိုတကယ်စားမရဘူး!”

ကျန်းပိုင်ရန်က ရုတ်တရက် အနည်းငယ်ပင်ပန်းလာသလို ခံစားလိုက်ရသည်၊ သူတခြား အဖွဲ့နည်းပြတွေကိုကြည့်လိုက်ပြီးနောက် သူ့ကိုယ်ပိုင်အဖွဲ့ကို ပြန်ကြည့်လိုက်သည်။

ဒီလိုအပြုသဘောမျိုးဆောင်တဲ့အခြေအနေဖန်တီးရန်နှင့်ထိန်းသိမ်းရန်အတွက် ယနေ့ကဲ့သို့သောအခြေအနေများကို ကိုင်တွယ်ရန် ကျန်းပိုင်ရန်သည်မျက်စိကိုမှိတ်ကာ အတွေးတစ်ခုကိုစဉ်းစားလိုက်သည်။

***

အပိုင်း ၄၆ ကျွန်တော်တို့ကို ရေလေးတိုက်လို့ရမလား?

ကျောင်းဆင်းပြီးနောက် ကောင်းဖန် အိမ်သို့ပြန်လာကာ ညစာချက်ပြုတ်သည်။ ညစာစားပြီးနောက်တွင်တော့ သားရဲအမဲလိုက်အဖွဲ့အစည်းမှနေပြီး ဖုန်းဝင်လာခဲ့ကာ နံပါတ်ကတော့ 010101နှင့်ပင်။

ကောင်းဖန် ဖုန်းကိုင်လိုက်သည်နှင့်။ “ချစ်လှစွာသော သုံးစွဲသူ။ သားရဲအမဲလိုက်အဖွဲ့အစည်းမှ သင်၏မစ်ရှင်နံပါတ် ၀၀၁၃၄၈၇၂၁သည် ပြီးမြောက်သွားသွားပါပြီ။ ကျေးဇူးပြုပြီး လက်မခံခင် သားရဲအမဲလိုက်အဖွဲ့အစည်းတွင် သင့်၏ဆုလာဒ်ကို စစ်ဆေးပေးပါ။” ဖုန်းတစ်ဖက်မှ အမျိုးသမီးလိုစက်သံထွက်လာကာ သုံးကြိမ်တိုင်တိုင် ပြောခဲ့ပြီးနောက် အလိုအလျောက်ဖုန်းပြန်ချသွားခဲ့သည်။

နောက်ဆုံးတော့ တစ်ယောက်ယောက်က မစ်ရှင်ကို ပြီးမြောက်စေခဲ့ပြီပေါ့၊ ကောင်းဖန် စိတ်အေးသွားတော့သည်။ မစ်ရှင်သာ မပြီးမြောက်ဘဲ ကျန်ရှိနေပါက သူလဲ တာ့ဇီကို အဆင့်မြှင့်ပေးမည့် နည်းလမ်းကိုပြောင်းလိုက်ရပေလိမ့်မည်။

သားရဲအမဲလိုက်သူအတွက် မစ်ရှင်ဆုကြေးကတော့ ခရက်ဒစ်ပုံစံဖြင့်ဖြစ်ကာ သားရဲအမဲလိုက်အဖွဲ့အစည်းကို ကြိုတင်ပေးထားရသည်။ ထို့နောက် ကြေးစားသားရဲအမဲလိုက်သူက မစ်ရှင်ကို ပြီးဆုံးသွားလျှင် လိုအပ်သည့်ပစ္စည်းများကို သားရဲအမဲလိုက်အဖွဲ့အစည်းသို့တန်းပေးလိုက်မည်ဖြစ်ပြီး အဖွဲ့အစည်းမှ ကြေးစားထံသို့ ကော်မရှင်ခပြန်ပေးမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်အတွင်း အမဲလိုက်သားရဲအဖွဲ့အစည်းသည် ကြားနေကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ကောင်းဖန် အိမ်မှမထွက်ခင် ဧည့်ခန်းထဲရှိ ရေခဲသေတ္တာရှေ့တွင် ရပ်နေစဲဖြစ်သည့် ဒမ်ဘီကိုတစ်ချက်ကြည့်လိုက်သည်။ ၎င်းက ရေခဲသေတ္တာတံခါးကို တုံးတုံးအအနှင့်ဖွင့်ကာ စားစရာရှာနေပြီး အထဲမှာဘာမှမရှိကြောင်း ပြန်သတိရကာမှ တံခါးကိုပြန်ပိတ်လိုက်သည်။ ခဏလောက်နေပြီးလျှင်တော့ ထိုအတိုင်းပဲ ထပ်ကာလုပ်ပြန်သည်….

ဒီလိုသာ ထပ်ကာထပ်ကာလုပ်နေရင် အစားအသောက်တွေကပဲ မှော်ဆန်ဆန်ခုန်ထွက်လာတော့မလိုပင်။ ဒမ်ဘီက တကယ်ကို တုံးတုံးအအနဲ့ချစ်စရာလဲကောင်းလှသည်။

ကောင်းဖန် အောက်ထပ်သို့ဆင်းကာ သူ့ဆုလာဒ်အတွက် သားရဲအမဲလိုက်အဖွဲ့အစည်းသို့ ဦးတည်ခဲ့သည်။

ကောင်းဖန် သတိမထားလိုက်မိသည်က လမ်းတစ်ဖက်မှ မီတာ၅၀၀အကွာတွင် လူသုံးယောက်က သားရဲအမဲလိုက်အဖွဲ့အစည်းထဲမှ ထွက်လာသူမှန်သမျှကို စောင့်ကြည့်နေခြင်းကိုပင်။ သူတို့ထဲမှ ရွှေအိုရောင်ဒက်ရှန်းခွေးပုသည် မျက်လုံးများကို မှေးကျဉ်းကာ တစ်စုံတစ်ခုကို အနံ့ခံနေခဲ့သည်။

အဖွဲ့ထဲမှအငယ်ဆုံးကောင်လေးက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။ “အစ်ကို၊ ငါတို့အဖမ်းခံရလောက်လား?”

အကြီးဆုံးလူရွယ်၏မျက်လုံးထဲတွင် အကြောက်တရားဖြတ်ပြေးသွားသည်။ သို့ပေမည့် သူက ချက်ချင်းပင် တစ်စုံတစ်ရာကိုတွေးလိုက်ကာ အံကိုတင်းတင်းကြိတ်ရင်း၊ “အဖေ့ရဲ့ရှားပါးရောဂါကို သွေးစုပ်မျှော့တစ်မျိုးတည်းကပဲ ကုသနိုင်တာ။ ငါတို့သာ သားရဲအမဲလိုက်အဖွဲ့အစည်းရဲ့ကြေးစားပဲ ဆက်လုပ်နေရင် သွေးစုပ်မျှော့တစ်ကောင်ကိုဝယ်နိုင်ဖို့ ဘယ်လောက်တောင် ကြာမလဲ? မင်းက အဖေ့ကိုပြန်မကောင်းလာစေချင်ဘူးလား?”

သူတို့ဘေးမှ ဆံပင်အစိမ်းရောင်နှင့်ကောင်လေးက နှာမှုတ်လိုက်ကာ၊ “စိတ်မပူပါနဲ့၊ ငါးကြီးက ငါးသေးတွေကိုစားတာ သဘာဝပဲ။ ငါတို့သာ ဂရုတစိုက်နဲ့ ဘာသက်သေမှမကျန်အောင် လုပ်ရင် အဆင်ပြေသွားလိမ့်မယ်။ ငါ့ညီ၊ မင်းကအရမ်းကြောက်တတ်တာပဲ။”

“ဒါပေါ့၊ ငါလဲအဖေ့ကိုပြန်ကောင်းလာစေချင်တာပဲ၊ ဒါပေမယ့် အစ်ကို၊ မင်းလဲသိသားပဲ၊ သာမာန်မိသားစုတွေက ယင်ဓါတ်သစ်ကတိုးပင်ကို မတတ်နိုင်ကြဘူး။ ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ?” အငယ်ကောင်လေးက သူ့လက်တွေကို စိုးရိမ်တကြီးပွတ်တိုက်နေသည်။

“မင်းအရူးပဲ။ ငါတို့ ဒါကို အခုချက်ချင်းကြီးလုပ်စရာမလိုပါဘူး။ ငါတို့ပစ္စည်းကိုသွားသိမ်းရုံပဲ၊ ဟုတ်ပြီလား? ငါတို့ မယူနိုင်ဘူးဆိုရင် ငါတို့ရည်မှန်းချက်ကလဲ ပြည့်မှာမဟုတ်ဘူး။” လူငယ်က သားရဲအမဲလိုက်အဖွဲ့အစည်းထဲသို့ ဝင်ထွက်နေသည့် လူများကို တုန်လှုပ်နေသည့်ခံစားချက်များဖြင့် ငေးကြည့်နေသည်။ သူလဲ အရမ်းစိတ်လှုပ်ရှားနေတာပေါ့။ ကပ်ဘေးကာလမတိုင်ခင်တုန်းက ၂နှစ်လောက် ထောင်ကျခဲ့ဖူးရင်တောင် ခိုးမှုလောက်ဖြင့် ထောင်ကျခဲ့ခြင်းဖြစ်သည်။ ဖောက်ထွင်းမှုဆိုတာက ခိုးမှုထက် ပိုပြီး သိသာထင်ရှားလှသည်။

“အိုကေ၊ ဟေ့၊ ရွှေအိုရောင်လေးလှုပ်ရှားနေပြီ။” ရွှေအိုရောင်ဒက်ရှန်းခွေးပုက ငြိမ်ငြိမ်လေးဝပ်နေရာမှ ရုတ်တရက် ခုန်ထလိုက်ပြီး တောက်ပသည့်မျက်လုံးများဖြင့် တစ်နေရာကို စူးစိုက်ကြည့်ကာ ဟောင်ဖို့ပြင်လိုက်သည်။

လူငယ်က ချက်ချင်းပင် ရွှေအိုရောင်လေး၏ပါးစပ်ကို လှမ်းပိတ်လိုက်ကာ မဟောင်ရန်ချော့မြူလိုက်သည်။

တစ်ချိန်တည်းမှာပဲ ရွှေအိုရောင်ဒက်ရှန်းခွေးပုကို အနံ့အတိုင်းလိုက်စေကာ သူတို့လဲ တိုးတိုးတိတ်တိတ်လိုက်သွားကြသည်။

သူတို့က ကောင်းဖန်နောက်မှနေပြီး ရပ်ကွက်တစ်ခုသို့တိုင်အောင် လိုက်သွားခဲ့သည်။ ခေတ်ဟောင်းအဆောက်အဦးများကိုတွေ့လိုက်ရတော့ သုံးယောက်သား အံ့သွားကြတော့သည်။ ဒါက ‘ထူးခြားတဲ့’ ရပ်ကွက်များလား….

သူတို့နေတဲ့နေရာထက် ပိုသာတဲ့အနေအထားတောင်မရှိဘူး!

ဒီနေရာမှာနေတဲ့လူက ယင်ဓါတ်သစ်ကတိုးပင်လို့ ဈေးကြီးတဲ့ပါဝင်ပစ္စည်းကို ဝယ်နိုင်တယ်တဲ့လား? သူတို့မှာ နေ့တိုင်းအဆင့်မြင့်အနောက်တိုင်းစားသောက်ဆိုင်မှာ စားတဲ့လူက အုပ်တစ်ထပ်တိုက်အိမ်လေးမှာနေတာကို တွေ့လိုက်ရသလိုမျိုး မယုံနိုင်လောက်အောင် ခံစားသွားရသည်။

ယင်ဓါတ်သစ်ကတိုးပင်ကို ဈေးကွက်ပေါ်တင်ပြီးရောင်းရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ယင်ဓါတ်သစ်ကတိုးပင်သည် တချို့သော အထူးသားရဲများအတွက် အာဟာရဓါတ်ပြည့်ဝသည့် အစားအစာတစ်ခုဖြစ်ခြင်းကြောင့်သာဖြစ်သည်။ ဒါကြောင့်ပဲ ထိုပါဝင်ပစ္စည်းကို ဝယ်သူများသည် ချမ်းသာလျှင်ချမ်းသာ မဟုတ်လို့ကတော့ ရာထူးဂုဏ်ကြီးသူများသာဖြစ်သည်။ ဒီပါဝင်ပစ္စည်းက အာဟာရဓါတ်ဖြည့်တင်းပေးတာကလွဲပြီး တခြားဘာမှမှမလုပ်နိုင်ဘဲ။

“အစ်ကို?” ဆံပင်အစိမ်းရောင်နှင့်ကောင်လေးက သူ့အစ်ကိုကြီးကို သူတို့ဆက်ပြီး လှုပ်ရှားသင့်လား မလှုပ်ရှားသင့်ဘူးလား မေးလိုသည့်ပုံဖြင့် ခေါ်လိုက်သည်။

ထိုလူငယ်က ခဏလောက်တိတ်တဆိတ်တွေးတောနေပြီးနောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ “ခဏလေး, ညအထိစောင့်ကြတာပေါ့၊”

“အမ်,အစ်ကို, ငါတို့တကယ်ပဲလား..” အငယ်ကောင်လေးကစိုးရိမ်နေပြီးတွန့်ဆုတ်နေသည်၊ ဒါက သူ့အတွက်ပထမဆုံးလုပ်တာဘဲ၊ မယုံနိုင်လောက်အောင်ပင် သူကစိတ်လှုပ်ရှားနေသည်၊

“အဲ့ကောင်လေးကထီပေါက်သလိုမျိုး တစ်ခုခုနိုင်လာတာရှိလိမ့်မယ်၊ စိတ်ငြိမ်ငြိမ်ထား” ကြီးတဲ့တစ်ယောက်က ယုတ်မာတဲ့မျက်နှာကိုပြုလုပ်လိုက်တယ်။

“လာစမ်းပါ, ဒါကအဆင်ပြေပါတယ်၊ ဒါနဲ့ဘဲလုပ်ဖို့ကိုနောက်တွန့်နေတော့မလို့လား၊ ငါ့ကိုစိတ်ပျက်အောင်မလုပ်စမ်းပါနဲ့၊” ဆံပင်အစိမ်းရောင်နှင့်ကောင်လေးက သူ့ညာဘက်လက်မောင်းကို အငယ်ကောင်လေးရဲ့ပုခုံးပေါ်မှာတင်လိုက်သည်။

ညသန်းခေါင်တွင် လူသုံးယောက်နှင့်အတူ ကိုယ်ပိုင်သားရဲသုံးကောင်တို့က စတင်၍ လှေကားအုံပေါ်ကိုသတိကြီးစွာနှင့်တက်လာကြသည်၊

မှောင်မည်းနေသောလှေကားထစ်တွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားတဲ့ သားရဲတစ်ကောင်က နောက်စက္ကန့်အနည်းငယ်လောက်တွင် သူ့ရဲ့ကြီးမားတဲ့ပါးစပ်ကို ဖွင့်ကာအကုန်လုံးကိုမျိုချလိုက်ပုံနှင့်တောင်တူသည်၊

“ရှုး”၊ လူငယ်လေးက သံဝိုင်ယာကြိုးနှစ်ခုကိုထုတ်လိုက်ပြီး ကြတ်ခြေခတ်ပုံစံလုပ်လိုက်ပြီးနောက် သော့အပေါက်ထဲသို့ဖြတ်ကာထည့်လိုက်သည်၊

အခန်းထဲမှာတော့,တာ့ဇီကရုတ်တရက်အိမ်မက်ထဲမှနိုးလာပြီး သူ့ရဲ့ဦးမျှင်တွေကို မြင့်,မြင့် မြှင့်လိုက်သည်။

ဒမ်ဘီကတော့ ဧည့်ခန်းထဲတွင်ထိုင်လျက်အိပ်ပျော်နေပြီး အခုတော့၎င်း၏မျက်လုံးများက ဝိဉာဉ်မီးတောက်များကထပ်မံတောက်ပလာပြီး တိတ်ဆိတ်နေတော့သည်၊ သူက တံခါးဘက်ကိုလှည့်လိုက်သည်…

ကလစ်! သော့ဖွင့်သောအသံက တိတ်ဆိတ်သောလှေကားတစ်လျှောက်မှအသံထွက် လာသည်။

“ဟေး အစ်ကို တော်လှချည်လား! မင်းက ပါ့ချောင်ဒေသရဲ့သော့ဘုရင်ဆိုတာ ဘယ်သူမှ မသိဘူး” ဆံပင်အစိမ်းနဲ့တစ်ယောက်က ချီးကျူးလိုက်တယ်၊

အကြီးဆုံးတစ်ယောက်ကအေးခဲသွားတော့သည်၊ သူ့နှဖူးပေါ်သို့ချွေးများစီးကျလာ တော့သည် “မဟုတ်ဘူး, ငါမဟုတ်ဘူး ငါခုထိတံခါးကိုသော့မဖွင့်ရသေးဘူး”

ဒါဆိုဘယ်ကနေအသံထွက်လာတာလဲ?

“မင်းတို့တွေ, ဒါအိပ်ချိန်ရောက်နေပြီ, ဒီမှာဘာလုပ်နေကြတာလဲ?” ဦးလေးလျိုက သူ၏ ညအိပ်ဝတ်စုံဖြင့်ပင် သူ့တို့နောက်ကတံခါးမှထွက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေကိုပွတ်သတ်နေသည်၊

ဘာလဲ? ဘာလို့လဲ? ဘယ်လိုလုပ်ဖြစ်သွားတာလဲ? အငယ်ဆုံးတစ်ယောက်က ထိုနေရာမှာတင် ကြက်သေ,သေနေပြီး တကယ့်ကိုကြောင်နေတော့သည်။

အစိမ်းရောင်ဆံပင်နှင့်တစ်ယောက်မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်ဖျော့ဖျော့ ရှိသည့် အလင်းတစ်ချက်လက်သွားသည်။ သူကတိတ်တဆိတ်နဲ့ဝမ်းဗိုက်ထဲသို့ ထည့်ထားသည့်ညာလက်ကို ဆန့်ထုတ်ကာကုတ်ထဲတွင် ဓားမြှောင်တစ်လက်ကို ဝှက်ထားသည်၊

လူငယ်လေးကသူ့၏အပြုအမူကို တည်ငြိမ်လိုက်ပြီး သူ့လည်ချောင်းကိုရှင်းကာ ရှက်နေသည့်လေသံဖြင့်ပြန်ပြောလိုက်သည်၊ “ ဦးလေးကိုနှောက်ယှက်မိတာ တောင်းပန်ပါတယ်, ကျွန်တော်တို့တိုက်ခန်းမှားသွားတာကို အခုမှပဲ သတိရတော့တယ်။”

“အဲ့လိုကိုး, မင်းတို့ကနေရာမှားလာကြတာဘဲ,” ဦးလေးလျိုကခေါင်းကိုညိတ်လိုက်ပြီး တံခါးပိတ်လိုက်သည်၊

ရုတ်တရက်အမှောင်ထဲကလက်တစ်ဖက်က တံခါးပိတ်တာကိုရပ်လိုက်သည်။

ထူးဆန်းတဲ့အကြည့်က ထိုလူငယ်ရဲ့မျက်နှာပေါ်မှာပေါ်လာသည်၊ သူကအသံနိမ့်နိမ့်နဲ့ မေးလိုက်သည် “ဦးလေး,ကျွန်တော်တို့ရေဆာလို့ ဖြစ်နိုင်ရင်သောက်စရာတစ်ခုခုပေးလို့ ရမလားမသိဘူး?”

“ရတာပေါ့, ဝင်ခဲ့လေ” ဦးလေးလျိုက ထိုသုံးယောက်ကိုနက်ရှိုင်းစွာကြည့်လိုက်ပြီး သူတို့နဲ့သားရဲတွေကို သူ့အခန်းထဲသို့ခေါ်လိုက်သည်။

ဆံပင်အစိမ်းနှင့်တစ်ယောက်က နောက်ဆုံးဝင်လာတဲ့သူဖြစ်သည်၊ သူကတံခါးကိုပိတ်လိုက်ပြီးလော့ချလိုက်သည်။

“လူငယ်လေး, ဘာလို့လော့ချလိုက်တာလဲ?” ဦးလေးလျိုက ရှုပ်ထွေးသွားသည်။

“ဟ-ဟ” ဆံပင်အစိမ်းနှင့်တစ်ယောက်ကကောက်ကျစ်တဲ့အပြုံးကိုပြလိုက်သည်၊ “ကျွန်တော်တို့ကဘယ်အိမ်နီးချင်းကိုမှ အနှောက်အယှက်မပေးချင်လို့ပါ”

“အဆင်ပြေပါတယ်, စိတ်ပူစရာမလိုပါဘူး၊ ငါ့နံရံတွေက လျှပ်စစ်မစီးတဲ့ခိုင်ခံ့တဲ့ဟာနဲ့လုပ်ထားတာ၊ ငါအိမ်မှာ ဒစ်စကိုအကကနေရင်တောင်မှ သူတို့ကိုအနှောက်အယှက်မဖြစ်ဘူး”

“အိုး, ဟုတ်လား?” ဆံပင်အစိမ်းနှင့်တစ်ယောက်ရဲ့မျက်နှာက ပြောင်းလဲသွားပြီး ရက်စက်တဲ့အကြည့်နဲ့ကြည့်လိုက်သည်၊ “ဒါဆိုကောင်းတာပေါ့”

အကြီးဆုံးတစ်ယောက်က တစ်စုံတစ်ခုထူးခြားနေတာကို ခံစားနေရတယ်၊ သူကတစ်ခုခုပြောချင်ပေမယ့် အရမ်းနောက်ကျသွားပြီ။

သူတို့နောက်တွင်ရှိသောနံရံမှ ဖောက်မြင်ရတဲ့လျှာတစ်ပိုင်းကလှိမ့်ချလိုက်သည်၊ ရွှေအိုရောင်ဒက်ရှန်းခွေးပုကို တစ်ခါတည်းရှင်းပစ်လိုက်သည်။

***

အပိုင်း ၄၇ ဒေါသထွက်နေတဲ့ ကြာစေ့လေး

‘ဝါးနေသံ!’

ပုတ်သင်ညိုက ကျွတ်ရွကာ အရသာရှိသည့် ဟင်းသီးဟင်းရွက်များကို ဝါးနေသလိုမျိုး ဖြည်းဖြည်းချင်းဝါးနေခဲ့သည်။

ဆယ်ကျော်သက်လေးကတော့ ညည်းတွားနေတော့သည်။ သူ့ကိုယ်ပိုင်သားရဲက အခုပဲ အစားခံလိုက်ရတာကြောင့် သူ့ဝိညာဉ်ကိုလဲ ပျက်စီးမှုဖြစ်စေပေသည်။

နံရံပေါ်တွင်တော့ ကြီးမားသည့် တစ်ဝက်ဖောက်ထွင်းမြင်နေရသော ပုတ်သင်ညိုတစ်ကောင်ပေါ်လာခဲ့သည်။ ၎င်းက အပေါ်မှနေပြီး ရှေ့၊ နောက်၊ ဘယ်၊ ညာကို လှည့်ပတ်ကြည့်နေခဲ့သည်။

ထိုအခိုက်မှာပင် ဆံပင်စိမ်းနှင့်ကောင်လေးက မဆိုင်းမတွဘဲ သူ့ရဲ့ဘယ်ခြေကို ကြမ်းပေါ်တွင် မြဲမြဲမြံမြံရပ်လိုက်ကာ လက်ထဲမှ ဓါးမြှောင်ကို ကိုင်လှည့်လိုက်ပြီး ဦးလေးလျိုထံသို့ အရှိန်ဖြင့် ထိုးလိုက်သည်။

ဦးလေးလျိုကတော့ အေးအေးဆေးဆေးပင် ခြေတစ်လှမ်းဆုတ်ကာ သူ့ဘယ်ခြေကို နောက်သို့လျှောချလိုက်သည်။ ထို့နောက် သူ၏သားကောင်ကို စပါးအုံးမြွေတစ်ကောင်ကဲ့သို့ သူ့ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ဆံပင်အစိမ်းနှင့်ကောင်လေးမှာ သူ့ကို စပါးအုံးမြွေတစ်ကောင်က ရစ်ပတ်သွားသလိုခံစားလိုက်ရပြီး သူ့ညာလက်မောင်းကလဲ တင်းကျပ်လာကာ ကျိုးသွားတာကြောင့် နာနာကျင်ကျင် အော်ဟစ်မိကာ လက်ထဲမှဓါးပြုတ်ကျသွားသလို သူလဲ ဒူးထောက်ကျသွားတော့သည်။

တစ်ချိန်တည်းတွင်ပဲ ပုတ်သင်ညို၏လျှာက ထွက်မံရှည်ထွက်လာပြန်သည်။ ဒီတစ်ခေါက်တော့ ဖြူကောင်နှင့်တူသည့် ကိုယ်ပိုင်သားရဲတစ်ကောင် ဝါးမျိုခံလိုက်ရသည်။ တတိယမြောက်ညီငယ်မှာ သူ့ကိုယ်ပိုင်သားရဲ သေဆုံးခြင်းမှ သူပါနာကျင်သွားရတာကြောင့် ငိုကြွေးတော့သည်။

“ကျည်ကြွက်၊ သူ့ကိုသတ်!” အစိမ်းရောင်ဆံပင်နှင့်လူငယ်က မျက်လုံးကနေကော နှာခေါင်းကနေပါ မျက်ရည်များ နှာရည်များစီးကျရက်ဖြင့် ရက်စက်စွာအော်ဟစ်လိုက်သည်။

သူတို့အနားရှိ ကြမ်းပေါ်တွင်တော့ ဘောလုံးအရွယ်မီးခိုးရောင်ကြွက်တစ်ကောင် ရှိနေခဲ့သည်။ အော်သံကိုကြားလိုက်သည်နှင့် ၎င်း၏မျက်လုံးများက အနီရောင်ပျောင်းသွားကာ ကျောပေါ်မှာလဲ သိပ်သည်းသည့် ကြွက်မွေးများက ဆေးထိုးအပ်များလို ချွန်ထက်ထိုးထောင်လာတော့သည်။

ဇန့်~~~!

အခန်းထဲတွင်တော့ ကြွက်၏ကျောပြင်မှ အမွေးချွန်များက ပျံသန်းထွက်လာကာ မှုန်ဝါးဝါးမီးခိုးရောင်အရိပ်များကဲ့သို့ ပြေးဝင်လာသည်ကိုသာ တွေ့နိုင်သည်။ ထိုမီးခိုးရောင်ကြွက်မွေးအပ်များသည် ဦးလေးလျို၏ပုခုံးပေါ်သို့ စိုက်ရောက်သွားကာ ဦးလေးလျို၏ရှပ်အင်္ကျီကိုပင် အပေါက်များဖြစ်သွားစေသည်။

နံရံပေါ်တွင် တိတ်ဆိတ်စွာတည်ရှိနေသည့် ပုတ်သင်ညို၏ကျောဘက်တွင် သေးငယ်သည့်လှိုင်းဂယက်ငယ်တစ်ခု ဖြစ်ပေါ်လာကာ ၎င်း၏အရေပြားပေါ်တွင် ချိုင့်ခွက်တစ်ခုဖြစ်သွားခဲ့သည်။ သို့ပေမည့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အရေပြားက ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်သွားခဲ့သည်။

ဦးလေးလျိုက သူ့ပုခုံးကို လှုပ်ခါလိုက်တာကြောင့် ကြွက်မွေးအပ်အနည်းငယ်က အောက်သို့ခါချခံလိုက်ရသည်။

“မင်းရဲ့မွေးပြောင်ကြွက် တော်တော်လေး ခိုးကြောင်ခိုးဝှက်နိုင်တာပဲ။” ဦးလေးလျိုက ခေါင်းရမ်းရင်းရယ်လိုက်သည်။

ကျည်ကြွ၏ကျောတွင်တော့ အမွေးကွက်နေသည့်ရောများရှိနေသည်။ ထိုစွမ်းရည်ကို ထုတ်ဖော်ခြင်းက သူ့အမွှေးများအပေါ် သက်ရောက်မှုရှိသည်မှာ ထင်ရှားလှသည်။ ၎င်းအမွေးများကို ဗီဇပြောင်းကာ အမြန်ပြောင်းလဲသော်လည်း တိုက်ပွဲတစ်ခု၏အရှိန်နှင့် အမှီပြန်လည်ပေါက်လာနိုင်ခြင်းမရှိပေ။

“ခင်ဗျားဘယ်လိုလုပ် ဒဏ်ရာမရသွားတာလဲ?” ဆံပင်အစိမ်းရောင်နှင့်ကောင်လေးမှာ ဦးလေးလျို ပုခုံးတွန့်ကာ ခါချလိုက်သည့် ကြွက်မွေးအပ်များကိုကြည့်ပြီး သူမျက်လုံးများကိုပင် မယုံနိုင်ဖြစ်လို့နေသည်။

သူ ဒီစွမ်းရည်ကို အရင်ကစမ်းသပ်ခဲ့ဖူးကာ ကြွက်မွေးများသည် ၁စင်တီမီတာထူသည့် သစ်သားထုကိုပင် ဖောက်ထွက်နိုင်ပေသည်။ ဒီလူရဲ့အရေပြားကတော့ သစ်သားထက်ပိုပြီး မာနိုင်စရာအကြောင်းမရှိဘူး!

သူ့မှာ ကျည်ကာအင်္ကျီများဝတ်ထားလို့လား?

ရူးတာပဲ! ဘယ်သူကများ ညလယ်ခေါင်ကြီး ကျည်ကာအင်္ကျီကို ဝတ်မှာတဲ့လဲ?!

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” ဦးလေးလျိုက သူ့လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။ “မင်းငရဲကိုသွားပြီးရင် ဒါကို ငါ့အတွက် ဆက်ပြီးလျှို့ဝှက်ထားပေးနော်။ ငါ မင်းတို့ကိုသတ်လိုက်တာကို မင်းတို့ ဘယ်သူ့ကိုမှပြန်မပြောရဘူး၊ ဟုတ်ပြီလား?”

ဦးလေးလျိုစကားဆုံးသွားသည်နှင့် နံရံပေါ်တွင် တိတ်ဆိတ်ကာမလှုပ်မယှက်နေ,နေသည့် ပုတ်သင်ညိုက တောအုပ်ထဲမှ ရက်စက်လှသည့် နဂါးစိမ်းတစ်ကောင်လို ရုတ်တရက်ခုန်ထွက်လာတော့သည်။

……….

ယမန်နေ့ညက၊

ကောင်းဖန် ယင်ဓါတ်သစ်ကတိုးပင်များကို သယ်လာပြီးနောက် ဒမ်ဘီ သတိမထားမိအောင် တိတ်တိတ်လေး ရေခဲသေတ္တာထဲမှ အံထဲထည့်လိုက်သည်။

ဒမ်ဘီကတော့ အကျင့်အတိုင်း ရေခဲသေတ္တာအံကိုဖွင့်လိုက်သည်။ ဒမ်ဘီဖွင့်လိုက်သည်နှင့် အထဲတွင် ယင်ဓါတ်သစ်ကတိုးပင်ထုပ်များ အစီအရီထည့်ထားသည်ကို တွေ့သွားတော့သည်။

ရေခဲသေတ္တာက တကယ်ပဲ စားစရာတွေထုတ်လုပ်နိုင်တာပေါ့!

ဒမ်ဘီ အလွန်စိတ်လှုပ်ရှားသွားတော့သည်။

၎င်းက ယင်ဓါတ်သစ်ကတိုးပင်များကို စတီးခွက်ထဲ ထည့်ကာ သူ့မေးရိုးအောက်မှာလဲ အမှိုက်ပုံးကိုသေချာခံလိုက်ပြီးနောက် ပျော်ရွှင်စွာဝါးနေတော့သည်။ ဒမ်ဘီ၏မေးရိုးမှတစ်ဆင့်ပြန်ထွက်လာသည့် အမှိုက်များကတော့ သူကြိုခံထားသည့် အမှိုက်ပုံးထဲ အဆင်ချောစွာ ကျသွားခဲ့သည်။

နေ့လည်ပိုင်း လက်တွေ့လေ့ကျင့်ရေးများလုပ်နေစဉ်အတွင်း နည်းပြကျန်းပိုင်ရန်က လှောင်အိမ်ထဲမှ အရာလေးတစ်ခုကို တည်ငြိမ်စွာဖြင့် ညွှန်ပြလိုက်သည်။ “ဒါက မင်းတို့ဒီနေ့စိန်ခေါ်ရမယ့် သားရဲပဲ။”

[မကောင်းဆိုးဝါး အမည်] : သန္ဓေပြောင်းရေဝက်ဝံ

[မကောင်းဆိုးဝါး အဆင့်] : ၁၂ (ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါး အဆင့်အတန်း] : သာမာန်

[မကောင်းဆိုးဝါး အခြေအနေ] : ကျန်းမာ (ပျင်းရိ)

[အထူး ထူးခြားသော ပင်ကိုလက္ခဏာများ] : ခရစ်တိုဘိုင်းအိုးတစ် (ခရစ်တိုဘိုင်းအိုးတစ်သို့ဝင်ရောက်ပြီးသည်နှင့် သန္ဓေပြောင်းရေဝက်ဝံ၏အဆင့်သည် အလွန်နိမ့်သည့်အဆင့်ထိ နိမ့်ကျသွားကာ လှုပ်ရှားမှုကင်းမဲ့သွားမည်။ တစ်ပြိုင်နက်တည်းမှာပဲ အသက်ခွန်အားကတော့ များစွာ မြင့်တက်လာလိမ့်မည်။)

[မကောင်းဆိုးဝါး အားနည်းချက်] : ၁၊ မီး ၂၊ ရေဓါတ်ခမ်းခြောက်ကာ သေဆုံးစေနိုင်သည့် ရေအလျင်အမြန်ဆုံးရှုံးမှု ၃၊ အပိုင်းပိုင်းဖြတ်ခံရရင် သေနိုင်တယ်။

လှောင်အိမ်ထဲမှာ တိတ်တိတ်လေးလှဲနေသည့် ပြာလဲ့လဲအညိုရောင်သားရဲသည် အလွန်ထူးဆန်းလှသည်။ ၎င်းကို သားရဲကိုယ်ထည်ဖြင့် ဖုံးအုပ်ထားတာကြောင့် သူ့ခေါင်းမှာ မျက်လုံးများရှိမနေဘဲ ရှည်လျား ပါးလျသည့် ပါးစပ်ပေါက်သာရှိသည်။ ၎င်းက လှောင်အိမ်အလယ်တွင် ပျော်ပျော်ကြီးလူးလှိမ့်လို့နေသည်။

ကောင်းဖန်က “အထူး ထူးခြားသည့်ပင်ကိုလက္ခဏာ” အခြေအနေရှိသည့် သားရဲမျိုးကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

ကြည့်ရသည်မှာသက်ရှိသတ္တဝါအားလုံးတွင် ထူးခြားသည့်ပင်ကိုယ်လက္ခဏာမရှိနိုင်ဘဲ, ရှားပါးပြီး, ထူးခြားသည့်သားရဲများသာလျှင် ပိုင်ဆိုင်တာဖြစ်သည်၊

ကောင်းဖန် ရေဝက်ဝံများအကြောင်းကို အရင်ကတည်းက ကြားဖူးသည်၊ သူတို့က ကပ်ဆိုးကြီးမတိုင်ခင်ကတည်းက ရှိပြီးသားဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒဏ်ခံနိုင်မှု အရှိဆုံး အသက်ပုံစံရှိကြောင်းသိသည်၊ ပိုးဟပ်၏အသင်ခွန်အားပင်လျှင် ရေဝက်ဝံနှင့် နှိုင်းယှဉ်မရနိုင်ပေ။

အဆုံးတွင်တော့, ရေဝက်ဝံတွေက အလွန်ကို ဒဏ်ခံနိုင်ကြပြီး ပြင်ပလောက, ရေဒီယို သတ္ထုကြွခြင်း, ၂၀၀ဒီကရီဆဲလ်ဆီးယပ်စ်အောက်နိမ့်သောအပူချိန်, လျှပ်စစ်လှိုင်းနှင့် အခြားပုံစံတူထူးကဲသော အခြေအနေများတွင်လည်း ရှင်သန်နိုင်သေးသည်။

ကပ်ဆိုးကြီးပြီးနောက်, သူတို့အသက်ခွန်အားဒဏ်ခံနိုင်မှုသည် အခြားအဆင့်တစ်ခုထိ မြင့်တက်ခဲ့သည်။

သန္ဓေပြောင်းရေဝက်ဝံ၏အသက်ခွန်အားက ကောင်းဖန်ကို အနည်းငယ်ယိမ်းယိုင် သွားစေသည်။ ၎င်းကအလွန်မြင့်မားသည့်ခုခံမှုများမှ ရှားပါးသောအမျိုးမျိုးခုခံမှုများကို ပင်ပိုင်ဆိုင်ထားသည်။

ဒါပေမယ့်ဒီလိုထူးခြားတဲ့ဗီဇလက္ခဏာသည် ကြီးမားသည့်အားနည်းချက်လည်းရှိသည်, ဘာကြောင့်လည်းဆိုတော့ ၎င်း၏ခရစ်တိုဘိုင်းအိုးတစ်ကရှင်သန်လာသည့်အခါတွင် မရွေ့လျားနိုင်ဖြစ်လာသည်။ ထိုအရာကရန်သူများအလွယ်တကူအသုံးချနိုင်သည့် အရာဖြစ်သည်။

လေ့ကျင့်မှုကာလအတွင်း ကိုယ်ပိုင်သားရဲငါးကောင်က သန္ဓေပြောင်းရေဝက်ဝံကို တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်၊ ဒါပေမယ့် ဘယ်လိုဘဲသူတို့လုပ်နေပါစေ, ၎င်းကအနာတရမရှိဘဲ ကျန်ရှိနေဆဲဖြစ်သည်၊ ၎င်းက တာ့ဇီ၏အဆိပ်ကိုပင်စင်စစ်ခံနိုင်ရည်ရှိပြီး ထိုကောင်၏ထူထဲပြီး,လေးလံသော

ခန္ဓာကိုယ်က ဘယ်ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုမျိုးကိုမဆို မြင့်မားစွာဒဏ်ခံနိုင်စွမ်းရှိသည်၊

ကောင်းဖန်က သူသန္ဓေပြောင်းရေဝက်ဝံနှင့် စာချုပ်ချုပ်ဆိုရန်ကြိုးစားသင့်လားဆိုတာကို သိချင်နေသည်။

ဒါပေမယ့်အနည်းငယ်လောက်တွေးပြီးနောက်, ၎င်းကိုမထောက်ခံဖို့ဆုံးဖြတ်ချက်ချ လိုက်သည်၊ အကယ်၍သန္ဓေပြောင်းရေဝက်ဝံသည် ၎င်း၏အားနည်းချက်နှင့်ပတ်သတ်သည့် တိုက်ခိုက်မှုပုံစံတစ်ခုနှင့် ကြုံတွေ့ရပါက ၎င်းကရုတ်တရက်အလွန်အားနည်းသွားပေလိမ့်မည်၊ ကောင်းဖန်ကဝမ်းနည်းစွာနှင့် သန္ဓေပြောင်းရဝက်ဝံနှင့် သွေးစာချုပ်ချုပ်မည့်အယူအဆကို ပယ်ချလိုက်သည်။

ကောင်းဖန်တွင်သူ့ရဲ့တတိယကိုယ်ပိုင်သားရဲအတွက် သူလိုချင်တာကို အကြမ်းဖျင်း စိတ်ကူးပြီးသားဖြစ်သည်၊ သူကလက်ရှိအဖွဲ့ထဲမှာမရှိသေးသည့် ဝေးကွာသော အကွာအဝေးတိုက်ခိုက်မှုအတွက်, မြင့်မားသည့်ခုခံနိုင်စွမ်းရှိသည့်သားရဲ, ဒါမှမဟုတ် ပျံသန်းနိုင်တဲ့သားရဲမျိုးကိုရွေးချယ်ချင်သည်။ အကယ်၍သူက သင့်တော်သည့်ကုစားနိုင်စွမ်းရှိသောသားရဲမျိုးရှာနိုင်လျှင်လည်း ဆိုးရွားတဲ့ရွေးချယ်မှုတစ်ခုတော့မဟုတ်ပေ။

နောက်ရက်အနည်းငယ်လောက်တွင်, နည်းပြက သူတို့အတွက် အမျိုးအစားမတူတဲ့သားရဲများကို တိုက်ခိုက်ရန်အတွက်ရှာတွေ့ခဲ့သည်, ဒါပေမယ့်၎င်းတို့အားလုံးတွင်တူညီသောအရာတစ်ခုမှာ အဆိပ်ခုခံနိုင်စွမ်းမြင့်ခြင်းပင်ဖြစ်သည်။

ကောင်းဖန်ဘာပြောရမှန်းမသိအောင်ပင်ဖြစ်သွားသည်၊ ခင်ဗျားကကျွန်တော့် တာ့ဇီအတွက် အနီးကပ်တိုက်ခိုက်နိုင်စွမ်းကို လေ့ကျင့်ဖို့ အရမ်းကိုကြိုးစားအားထုတ် ပေးနေတာဘဲ…

နေ့ခင်းလေ့ကျင့်ရေးအချိန်တိုင်းတွင် လေ့ကျင့်သည့်လေ့ကျင့်မှုများသည် သူတို့ကိုယ်ပိုင်လေ့ကျင့်ခြင်းထက် များစွာပို၍တိုးတက်စေသည်၊ ဘာကြောင့်လဲဆိုတော့ နည်းပြနှင့်သူအမြဲတမ်းခေါ်လာသည့် ငွေလရောင်ဝံပုလွေက လုပ်ငန်းစဉ်တစ်ခုလုံးကို နိုးနိုးကြားကြားနှင့်စောင့်ကြည့်သောကြောင့် သေစေနိုင်သောထိခိုက်ဒဏ်ရာရရှိမှုလုံးဝမရှိပေ။

ထိုနေ့က, တာ့ဇီရဲ့လေ့ကျင့်မှုပြီးဆုံးပြီးနောက် ဒေါသထွက်နေသောဟိန်းသံတိုးတိုး သည် လေ့ကျင့်ရေးကွင်းကိုဖြတ်ပြီးနောက် ထိုအသံဝင်ရောက်လာသည်၊ ထိုဟိန်းသံက မကြုံစဖူးဒေါသအပြည့်ဖြင့်ဖြစ်နေသည်။

အသံက ကြာစေ့လေးအသံနှင့်ပင်တူသည်။

ကောင်းဖန်ထရပ်လိုက်ပြီး လိုက်ကြည့်လိုက်သည်၊ ထိုဦးတည်ရာဘက်မှလာသော အံ့ဩနေသောကျောင်းသားများ၏ကြောက်လန့်တကြားအော်သံများဖြစ်နေသည်။

လူများက ကြည့်ရှုရန်စုရုန်းနေကြသည်။

ဟိန်းဟောက်သံ-

ဟိန်းဟောက်သံ-

သတ္ထုလှောင်အိမ်က နာကျင်သောဟိန်းဟောက်သံကိုလွှင့်နေပြီး ထိခိုက်မှုအားလုံး ကြောင့်တုန်ခါနေပုံပေါက်သည်။

ခြောက်ပေခွဲလောက်ရှည်သော မွှေးပြောင်သွေးနီခွေးရိုင်းသည် လှောင်အိမ်၏အစွန်း ထိပ်ပိုင်းတွင် ကြာစေ့လေး၏ထိုးထားခြင်းကိုခံနေရသည်၊ ၎င်း၏တစ်ခုသော ချွန်ထက်နေသည့်ဦးချိုက ရှည်လျားသောလှံတစ်ချောင်းလိုပင်ဖြစ်နေပြီး ခွေးရိုင်း၏ အတွင်းထိထိုးဖောက်နေသည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း

မွှေးပြောင်သွေးနီခွေးရိုင်း၏အရိုးများသည် လက်တွေ့ကျကျကို ချိုးဖဲ့ခြင်းခံထားရ သည်၊

၎င်း၏အသားများသည်ခွာထုတ်ပစ်လိုက်သည်၊ သွေးများနှင့်အသားအပိုင်းအစများ သည် လွှင့်စင်ကုန်သည်၊

ကြာစေ့လေး၏မျက်နှာပေါ်ကိုအသည်းအသန်ကိုက်ခဲထားပြီး သွေးကုတ်ခြစ်ရာ ဒဏ်ရာများကိုချန်ထားသည်၊

ကြာစေ့လေး၏အော်သံသည် ပိုပြီးကျယ်လောင်လာကာ ရိုင်းစိုင်းလာသည်။

လှောင်အိမ်၏တစ်ဖက်ခြမ်းကိုခွန်အားအပြည့်နှင့်ထုရိုက်ကာ ဆောင့်ချလိုက်သောအခါ ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။

ကြာစေ့လေးက သူ့ခေါင်းကိုအထက်သို့လွှင့်တင်သလို မြင့်လိုက်ပြီးမွှေးပြောင်သွေးနီ ခွေးရိုင်းကိုလေထဲသို့အရုပ်တစ်ခုကို လွှင့်ပစ်လိုက်သည်။

ကြာစေ့လေးက တိုင်လုံးနှစ်ခုလိုမျိုးနှင့်တူသည့် သူ့၏ဂျိုနှစ်ချောင်းကိုမြှင့်လိုက်ပြီး အားစိုက်ကာဖြိုခွဲလိုက်သည်။

၎င်းကမြေပြိုသွားခြင်းနှင့်တောင်တူသည်။

ဒုန်း!

မွှေးပြောင်သွေးနီခွေးရိုင်းက နင်းခံလိုက်ရပြီးအပိုင်းပိုင်းပေါက်ထွက်သွားသည်။

လေ့ကျင့်ရေးကွင်းအတွင်းတွင်, အကုန်လုံးကြားနေရသည်က ကြာစေ့လေး၏လေးလံ စွာအသက်ရှုနေသံဖြစ်သည်၊ ၎င်းကအားကောင်းသော အင်ဂျင်ကရပ်သွားပြီး အပူလှိုင်း များကိုထုတ်လွှတ်သကဲ့သို့ဖြစ်နေသည်။

***

အပိုင်း ၄၈ စာရင်းသွင်းခြင်း

ကောင်းဖန် အံ့ဩသွားရသည်။ ကြာစေ့လေး ဘာကြောင့် ဒီလောက်တောင် ဒေါသထွက်နေရလဲ သူစဉ်းစားမရပေ။

သူ့အတွေ့အကြုံအရဆိုလျှင် ကြာစေ့လေးသည် ယဉ်ပါးကောင်းမွန်သည့်ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။

မွေးပြောင်သွေးနီခွေးရိုင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် နေရာအနှံ့သို့ ပျံ့နှံ့နေကာ သွေးနီနီများကလဲ ဘိလပ်ကြမ်းပြင်တစ်ယောက် စီးဝင်သွားပြီး ကြမ်းပြင်ပေါ်တွင်တော့ မီးခိုးပန်းရောင်လိုမျိုးကြီးများသည့် အကွက်ကြီးကျန်ရစ်ခဲ့သည်။

ကြာစေ့လေးကတော့ နောက်ပြန်လျှောက်လာကာ အလွန်စိုးရိမ်နေပုံပင်။ မျက်နှာပေါ်တွင်လဲ တိုက်ခိုက်ရင်းမှရသည့် ခြစ်ရာများစွာရှိနေသည်။

ကြည့်ရှုနေသူများစွာလဲ နောက်ဆုတ်သွားကြသည်။ အခုလေးတင်ဖြစ်ပျက်သွားသည့်အရာက ခြိမ်းခြောက်နိုင်စွမ်းကြီးမားလွန်းပြီး ထိုကောင်ကြီး၏ ရက်စက်ကြမ်းကြုတ်လှသည့် လုပ်ဆောင်ချက်များက သူတို့ကို ကြေက်လန့်စေသည်။

မတော်တဆများ ထိခိုက်မိသွားရင် တော်တော်လေးဆိုးမှာပဲ၊ ကြာစေ့လေး၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက လူအုပ်ကြီး၏အမြင်တွင် ကြောက်စရာကောင်းလွန်းနေသည်။

“ကြာစေ့လေး။” မုထျယ်ယင်း စိုးရိမ်စွာဖြင့် အနားသို့တိုးလာခဲ့သည်။

သူတို့ဘေးမှ နည်းပြက သူမကို သတိပေးဖို့လုပ်နေပေမည့် မုထျယ်ယင်းက အပြုံးလေးဖြင့် လက်ယမ်းပြကာ သူမကိုစိုးရိမ်စရာမလိုကြောင်း အချက်ပြလိုက်သည်။

သခင်ရောက်လာသည်နှင့် ကြာစေ့လေးမှာ ချက်ချင်းပင် မုထျယ်ယင်းအနားသို့သွားကာ သူ့ခေါင်းကြီးကို သူမထံသို့ညင်သာစွာ တိုးဝှေ့ပြီး ချစ်စရာကောင်းအောင် အော်ပြလိုက်သည်။

“ဟုတ်ပြီ၊ မစိုးရိမ်နဲ့တော့။” မုထျယ်ယင်းက ကြာစေ့လေး၏ခေါင်းကို ပုတ်ပေးရင်း သူမသားရဲလေးအတွက် စိတ်မကောင်းဖြစ်လို့နေသည်။

ထိုအချိန်တွင်ပဲ ကောင်းဖန်လဲ အနားသို့တိုးလာခဲ့သည်။ သူစိမ်းတစ်ယောက် အနားကပ်လာသည်ကို မြင်လိုက်သည်နှင့် ကြာစေ့လေးက ထိုလူကို ချက်ချင်း သတိထားကြည့်လိုက်ပြီးနောက် ကောင်းဖန်မှန်း မှတ်မိသွားပုံပေါ်ကာ သတိတကြီးပုံရိပ်ကို အနည်းငယ်ဖြေလျှော့လိုက်ပြီး နှစ်ချက်လောက် နှာရှုံလိုက်ကာ ကောင်းဖန်ကို လျစ်လျူရှုထားတော့သည်။

“မင်း တိရိစ္ဆာန်ဆေးကုဆရာဝန်နဲ့ဆက်သွယ်ပေးစေချင်လား? ငါပုဂ္ဂလိကတိရိစ္ဆာန်ဆေးကုဆရာဝန်ကောင်းတချို့ သိထားတယ်။” ကောင်းဖန် ပြောရင်းဖြင့် ကြာစေ့လေးကို တစ်ချက်ကြည့်လိုက်သည်။ ကြာစေ့လေးအပေါ်တွင် အမာရွတ်ကြီးကြီးမားမားမတွေ့တာကြောင့် ဘာကများ ၎င်းကို ဒေါသထွက်သွားစေလဲ မသိတော့ပေ။

ကောင်းဖန်သည် အတော်လေးဉာဏ်ကောင်းသူဖြစ်တာကြောင့် ကြာစေ့လေး ဒဏ်ရာရသည့်နေရာအတိအကျကို ထုတ်မမေးပေ။ ဘာပဲဖြစ်ဖြစ် ပြင်းထန်တဲ့ဒဏ်ရာဖြစ်ပေလိမ့်မည်။ မဟုတ်လို့ကတော့ ဒီလိုယဉ်ပါးကာ လိမ်မာသည့်သားရဲမျိုးက ဘယ်လိုလုပ် အရူးလိုမျိုးဖြစ်သွားမလဲ။

“မဟုတ်တာ၊ ကျေးဇူးပဲ၊ ငါ့ဆွေမျိုး တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက် ရှိတယ်။” မုထျယ်ယင်းက ခေါင်းယမ်းက ကောင်းဖန်ကို ကျေးဇူးတင်လိုက်သည်။ သူမမိသားစုသည် အဆင့်အတန်းမြင့်တာကြောင့် အချို့သောပုဂ္ဂလိကဆရာဝန်များနှင့်သိပေသည်။ မဟုတ်ရင် ကြာစေ့လေးလို အစားကြီးလေးကို ဘယ်လိုလုပ်များ ကျွေးထားနိုင်ပါ့မလဲ။

“ကောင်းပြီလေ၊” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ သူ့စတူဒီယိုကြောင့် ပုဂ္ဂလိက ဆရာဝန်အချို့နှင့်လဲ စီးပွားရေးလုပ်ရကာ အကြိမ်ပေါင်းများစွာ ပူးပေါင်းမှုများရှိခဲ့တာကြောင့် ရင်းနှီးမှုရှိပေသည်။

သွေးကွက်နားတွင် ဝိုင်းကြည့်နေသူအနည်းငယ်ကျန်နေသေးတာကြောင့် နည်းပြက အော်ဟစ်တော့သည်။ “မင်းတို့ကောင်တွေ ဘာတွေကြည့်နေဦးမှာလဲ! ဒီနေ့အတွက် မင်းတို့လေ့ကျင့်ရေးနဲ့ သားရဲစိန်ခေါ်မှုတွေ အကုန်လုပ်ပြီးကုန်ပြီလား? ကိစ္စတိုင်း လိုက်စပ်စုမနေဘဲ မြန်မြန်လေးပြန်လာကြ! လေ့ကျင့်ရေးပြန်လုပ်တော့!”

နေ့လည်ပိုင်းတွင်တော့ လေ့ကျင့်ရေးပြီးဆုံးသွားကာ သားရဲလေ့ကျင့်သူဗိုလ်လောင်းအများစုက အိမ်ပြန်ခဲ့ကြသည်။ အပိုလေ့ကျင့်မှုအတွက် လေ့ကျင့်ရေးကွင်းတွင် လူနည်းငယ်သာကျန်ရစ်ခဲ့သည်။

ကိုယ်ပိုင်သားရဲများကို သူတို့သခင်များက ဦးဆောင်ကာ ကျောင်းဂိတ်မှနေပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခဲ့ကြသည်။ ကျောင်းသားတိုင်းနောက်မှ ကိုယ်ပိုင်သားရဲတစ်ကောင်ဆီ လိုက်ပါသွားသည့်မြင်ကွင်းမှာ တကယ်ကိုအံ့မခန်းပင်။ ထိုသားရဲများသည် အသွင်သဏ္ဍာန်မျိုးစုံလှပေမည့် တိတ်ဆိတ်စွာလျှောက်လှမ်းနေကြသည်။ ပြောရလျှင်တော့ တစ်နေ့ခင်းပိုင်းလဲ လေ့ကျင့်ခဲ့ရတာကြောင့် အခုချိန်မှာ မောပန်းနွမ်းနယ်လို့နေကြပေပြီ….

တံခါးစောင့်အိုကြီးကတော့ ဤမြင်ကွင်းနှင့်အသားကျနေပြီဖြစ်သည်။ သူ့အနားသို့ ကိုယ်ပိုင်သားရဲဘယ်နှကောင်ပဲဖြတ်ဖြတ် သူမတုန်လှုပ်တော့ပေ။

ဒီကိုယ်ပိုင်သားရဲတွေ တံခါးနားက ဖြတ်နေကြတာကို တံခါးစောင့်အိုကြီးလဲ အခေါက်ပေါင်းမနည်း မြင်ခဲ့ဖူးပြီးဖြစ်သည်။

တုန်ခါနေသည့်ဝက်ဖြူကြီတစ်ကောင်သည်လဲ တံခါးစောင့်အိုကြီးနားက ဖြတ်လာသည်။ အစောင့်ခန်းကို ဖြတ်သည့်အချိန်တွင်ပဲ အဖြူရောင်ဝက်ကြီးက သူ့ရဲ့ကြီးမားသည့် လျှာကြီးကို ထုတ်ကာ လူအိုကြီး၏မျက်နှာပေါ် ကြမ်းတမ်းစွာရက်လိုက်သည်။ လျှာနှင့်ရက်လိုက်သည့်အသံမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ထိုကြီးမားသည့်အနီရောင်လျှာကြီးက လူအိုကြီး၏မျက်နှာထက်သို့ ဖြတ်ပြေးသွားကာ စေးကပ်ကပ် အရည်ကြည်များ ကျန်ရစ်ခဲ့တော့သည်။

အဖြူရောင်ဝက်ကြီးက သူ့လျှာကိုပြန်သိမ်းယူလိုက်ပြီးနောက် တုန်ခါနေသည့်သူ့တင်ပါးများနှင့်အတူ ကျောင်းတံခါးမှထွက်သွားတော့သည်။

တံခါးစောင့်အိုကြီးကတော့ ဘာမှမပြောဘဲ သူ၏အစောင့်ခန်းဆီသို့သာပြန်လာကာ ထို ‘ဘာမှန်းမသိသည့်’အရည်များကို သုတ်လိုက်ပြီးနောက် တံခါးနှင့်ပြတင်းပေါက်ကိုပိတ်ကာ အစောင့်ခန်းထဲတွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နှင့်အခါးရည်သောက်နေတော့သည်။

ကျောင်းတစ်ဖက်ခြမ်းတွင်တော့ ကောင်းဖန်သည် တာ့ဇီကို စာသင်ခန်းများဘက်သို့ခေါ်သွားကာ အဆောက်အဦးဘေးမှ သစ်ပင်တစ်ပင်တွင် ချည်ခဲ့လိုက်သည်။

စာသင်နေချိန်ဖြစ်တာကြောင့် လျှောက်လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေကာ အနားရှိစာသင်ခန်းများမှာ အသံအချို့သာ ကြားရသည်။

“ငါဒါကို ဘယ်နှကြိမ်တောင် ရှင်းပြပြီးပြီလဲ? ဘယ်နှကြိမ်တောင်မှလဲ? ဘာလို့ အမှားလုပ်တဲ့လူက ရှိနေသေးတာတုန်း! မင်းတို့ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ၊ တို့ဟူးတုံးတွေလား?”

“မင်းတို့ရဲ့လေ့ကျင့်ခန်းစာအုပ်တွေကိုပိတ်လိုက်ပြီး သတ်ပုံခေါ်ပေးတဲ့စာအုပ်တွေကို ထုတ်လိုက်၊ မသမာတဲ့နည်းမသုံးနဲ့! မင်းတို့ကငါ့ကိုလိမ်နေတာမဟုတ်ဘူး, မင်းတို့ကိုမင်းတို့လိမ်နေတာ! ကောလိပ်ဝင်ခွင့်စာမေးပွဲမှာဆိုရင်, မင်းတို့စောင့်ကြည့်တဲ့ လူတွေကို လိမ်လို့မရဘူး…”

ရင်းနှီးနေတဲ့အသံတွေကကောင်းဖန်ရဲ့နားထဲကိုဝင်ရောက်လာသည်၊

ဒေါက် ဒေါက် ဒေါက်

“ဝင်လာခဲ့”

မုရုန်ချိုးယဲ့က ကျောင်းသားတွေရဲ့အိမ်စာတွေကိုစစ်ဆေးနေသည်၊ သူမကခေါင်းကိုမြင့်လိုက်တော့ သူမရှေ့မှကောင်းဖန်ကို အံ့အားသင့်စွာတွေ့လိုက်ရသည်၊ “မင်းရဲ့နေ့လည် ခင်းလေ့ကျင့်ရေးပြီးသွားပြီပေါ့,ဟုတ်လား?”

“ဟုတ်ကဲ့, ကျွန်တော်လေ့ကျင့်ရေးပြီးတော့ ဒီဘက်ကိုတစ်ခါတည်းလာလိုက်တာ,” ကောင်းဖန်ပြုံးလိုက်သည်။

“ကောင်းပြီ, ဒီကိုဘာကိစ္စနဲ့လာခဲ့တာလဲ?” မုရုန်ချိုးယဲ့က ကောင်းဖန်အကြောင်း ကောင်းကောင်းသိသည်၊ အကယ်၍သူကအရေးမကြီးရင် သူမဆီကိုမလာဘူး။

“မစ္စမုရုန်, ကျွန်တော်ဒီနှစ်အတွက ်ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်လျှောက်ချင်လို့”၊ ကောင်းဖန်က အဓိကအချက်ကိုဘဲ တည့်ပြောလိုက်သည်။

မုရုန်ချိုးယဲ့ကမျက်မှောင်ကြုတ်လိုက်သည်၊ “မင်းအခုလာနောက်နေတာမလား!”

သူမက ကောင်းဖန်နောက်နေသည်ဟုပင် ပထမဆုံးတွေးမိလိုက်သည်။

ကောင်းဖန်က တောင်းပန်တဲ့အကြည့်နဲ့ကြည့်လိုက်သည်၊ “မစ္စမုရုန်, ကျွန်တော်ကဒုတိယနှစ်စီနီယာတန်း၊ ကျွန်တော်ဒီစာမေးပွဲကို အလေ့အကျင့်ဖြစ်အောင်နွှေးပြီးတော့ ဒီစာမေးပွဲမတိုင်ခင်ကြိုပြီးသိချင်တယ်၊ အကယ်၍ ကျွန်တော်အဆင့်ကောင်းကောင်းရရင် ဒီနှစ်အောင်လိမ့်မယ်, ဒါပေမယ့်မဟုတ်ခဲ့ဘူးဆိုရင်တော့ ဒီမှာ နောက်တစ်နှစ်ထပ်နေရမယ်ဆိုတာကခက်ခဲတယ်”

မုရုန်ချိုးယဲ့ကတိတ်ဆိတ်စွာနဲ့စဉ်းစားနေသည်၊ သူမကအိုနေတဲ့ခေတ်နောက်ကျနေတဲ့ သူလည်းမဟုတ်ပါဘူး, ဒါပေမယ့်သူမရဲ့သင်ကြားမှုအတွေ့အကြုံအရ, ကျောင်းသား အနည်းငယ်လောက်သာ ဒီဒုတိယနှစ်စီနီယာတန်းကောလိပ်ဝင်ခွင့်ကို ပါဝင်ခဲ့ကြပြီး ထိုကျောင်းသားတွေကလည်းအထူးသဖြင့် တတိယနှစ်စီနီယာတန်းကိုခုန်တက်ကြမဲ့ ပထမနှစ်ကျောင်းသားတွေဖြစ်သည်၊

ဒါပေမယ့်ကောင်းဖန်ကတော့ထူးခြားသည်၊ သူ့မှာတကယ်ကောင်းတဲ့အဆင့်တွေရှိ သည်၊ သူပူပန်ဖို့လိုတာတစ်ခုကတော့ ဒီနှစ်ရဲ့သားရဲလေ့ကျင့်သူအရာရှိအကဲဖြတ်ပွဲ ဖြစ်သည်၊

ထို့နောက်မုရုန်ချိုးယဲ့က သားရဲလေ့ကျင့်သူအရာရှိအကဲဖြတ်ပွဲသည် အသစ်ထွက်ပေါ်လာသည့် မူဝါဒတစ်ခုဖြစ်သည်နှင့် ဒီနှစ်မှာဘဲချမှတ်လိုက်သည်ကိုသိသည်၊ အရင်တုန်း ကဒီလိုတူညီတဲ့မူဝါဒများမရှိခဲ့ဘူး၊ ဒါ့ကြောင့် တကယ်တော့ဒုတိယနှစ်အကြီးတန်း အရာရှိနဲ့တတိယနှစ်အကြီးတန်းအရာရှိတွေက သိပ်ပြီးကြီးကြီးမားမားကွာခြားမှုမရှိပါ ဘူး။

ပြီးတော့, ကောင်းဖန်ကပြောတဲ့ အကယ်၍သူသာဒီစာမေးပွဲကိုမအောင်ရင်, သူက နောက်တစ်နှစ်ထပ်နေရမှာဖြစ်တယ်၊

အချိန်တိုအတွင်းမှာ သူ့အတန်းမှူးရဲ့ခေါင်းထဲမှာဘယ်လိုအတွေးတွေ ဖြတ်ပြေးသွားပြီလည်းဆိုတာကို ကောင်းဖန်ဘယ်တော့မှသိမှာမဟုတ်ဘူး၊ သူ့မျက်လုံး ထဲမှာတော့ သူမကစားပွဲခုံရဲ့ဘေးမှာတိတ်ဆိတ်စွာနဲ့ထိုင်နေတာဘဲ….

“မင်းသေချာလား?” မုရုန်ချိုးယဲ့က သူမခေါင်းကိုမော့လိုက်ပြီး လေးနက်စွာနဲ့မေးလိုက် သည်၊

“ဟုတ်ကဲ့, ကျွန်တော်တကယ်သေချာပါတယ်၊” ကောင်းဖန်ခေါင်းညိတ်လိုက်သည်၊

အထက်တန်းကျောင်းမှာ ထိုက်ထိုက်တန်တန်သင်ရတာဘာမှမရှိဘူး၊ ပြီးတော့, သူ့မှာ သူငယ်ချင်းအနည်းငယ်ဘဲရှိတယ်၊ သူ့အတွက်နောက်တစ်နှစ်ထပ်နေဖို့ဆိုတာခက်ခဲ တယ်။

မိဘတွေဆုံးရှုံးပြီးနောက်မှာ ကောင်းဖန်ကသူ့ရွယ်တူတွေထက်ပိုပြီးရင့်ကျက် တယ်၊ ဒါကကောင်းပေမယ့် ဆိုးလည်းဆိုးတယ်။

ကောလိပ်မှာဒီလိုအခြေအနေနဲ့ အထက်တန်းကျောင်းဘဝကလည်းသိပ်တော့မသာပေ၊ ဒါပေမယ့်ကပ်ဆိုးကြီးပြီး သုံးနှစ်သာကုန်လွန်ခဲ့သောကြောင့် လူများကလည်း ထွက်ပေါက်ရှာနေကြဆဲဖြစ်သည်၊ မပြည့်စုံတဲ့စနစ်က အခြေမကျသေးဘူး။ ဒါတွေက ကျောင်းသားတွေရဲ့ကိုယ်ပိုင်သားရဲတွေကိုရှာဖွေဖို့အတွက် ဆရာတွေ ထက်ပိုပြီးသန်မာတယ်ဆိုတာဖြစ်နိုင်တယ်၊

ဒါပေမယ့်ကောင်းဖန်ကို တကယ်ဆွဲဆောင်နေတာကတော့ ကောလိပ်အတွင်းမှာရှိတဲ့ လွတ်လပ်တဲ့လေထုကိုဖြစ်သည်။

နောက်ဆုံးတော့ အထက်တန်းကျောင်းသားတစ်ဦးအတွက်, ကောလိပ်ဘဝက ပိုတောက်ပပြီးပျော်စရာကောင်းသည်။

မုရုန်ချိုးယဲ့ကကောင်းဖန်ကိုတစ်ကြိမ်ထဲနှင့်မတုံ့ပြန်ပေ၊ သူမကအချိန်အတန်ကြာ စဉ်းစားပြီးနောက်မှဖြေးညှင်းစွာနဲ့ခေါင်းညိတ်လိုက်သည်၊ ငါ ဒါရိုက်တာအဆင့်ကို အစီရင်ခံစာတင်လိုက်မယ်၊ “ငါတို့ တိကျအောင်ဆောင်ရွက်ဖို့အတွက် ကျောင်းကို အစီရင်ခံစာတင်ဖို့လိုအပ်တယ်, ဒါပေမယ့် သိပ်ပြီးတော့ပြဿနာကြီးကြီးမားမားမရှိ လောက်ပါဘူး”

“အရမ်းကျေးဇူးတင်ပါတယ်,မစ္စမုရုန်” ကောင်းဖန်သူမအကူအညီကြောင့် ဝမ်းသာနေ သည်။

“ကောင်းပြီ,မင်းအရင်ပြန်နှင့်လိုက်ရင်ရော, အတန်းကမကြာခင်ပြီးတော့မှာဆိုတော့ တခြားကျောင်းသားတွေက ိုမနှောက်ယှက်နဲ့တော့၊ သူတို့မှာညပိုင်းလေ့ကျင့်ဖို့ရှိသေး တယ်၊” မုရုန်ချိုးယဲ့ကသူမလက်တွေကိုယမ်းပြပြီး ဖြစ်နိုင်ရင်ကောင်းဖန်ကိုမြန်မြန် ထွက်သွားဖို့ပြောလိုက်သည်။

All Chapters