အခန်း (၄၉-၅၂)
Vol. 4 Ch. 49-52
အပိုင်း ၄၉ ဒင်္ဂါးကြောင်
“မစ္စတာကောင်း၊ မင်းဒီနေ့အားလား?” ကောင်းဖန် ကျောင်းမှပြန်ထွက်လာချိန်တွင် လျိုစန်းလင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
“ဘာကိစ္စများရှိလို့လဲ?” ကောင်းဖန် ရပ်ကာပြန်မေးလိုက်သည်။
“မင်းကို ညစာဖိတ်ကျွေးချင်လို့ပါ။ တခြားငါ့သူငယ်ချင်းနည်းနည်းပါးပါးလဲ လာကြမှာ။ မင်းလဲ ငါတို့နဲ့အတူပါဝင်ပြီး သူတို့ကိုမိတ်ဆက်ခွင့်ပြုပေးဖို့ မျှော်လင့်တယ်။” လျိုစန်းလင်၏စကားအဆုံးတွင် မြှောက်ပင့်လိုဟန်ပါသောအရိပ်အမြွက်အနည်းငယ်ပါ ကြားလိုက်နိုင်သည်။
သို့ပေမည့် ဒါက အပြစ်တင်လို့ခက်လှသည်။ ဘာပဲဖြစ်ဖြစ် သူ့ကုမ္ပဏီရှင်သန်ရေးက ကောင်းဖန်လက်ထဲမှရှိနေတာမဟုတ်လား။
ကောင်းဖန် ခဏလောက်တွေးကြည့်လိုက်သည်။ ရေခဲသေတ္တာထဲမှာ စားစရာနည်းနည်းပါးပါးကျန်နေသေးတာကြောင့် အိမ်မှာ ဒမ်ဘီဗိုက်ဆာနေမှာကို စိတ်ပူစရာမလိုပေ။
“ကောင်းပြီလေ၊ ကျွန်တော် ဒီနေ့အားတယ်၊ လာခဲ့…” ကောင်းဖန်စကားမဆုံးသေးခင်တွင်ပဲ အနက်ရောင်ဆလွန်းကားတစ်စီးက သူတို့ကျောင်းတံခါးကိုကျော်ကြား သူ့ရှေ့သို့ ဖြည်းဖြည်းချင်းမောင်းလာခဲ့သည်။
ကားမှန်ပြတင်းကို ချလိုက်သည်နှင့် အထဲတွင်ထိုင်နေသည့် လျိုစန်းလင်က ပြုံးပြလာသည်။
“ခင်ဗျားကို ဒုက္ခများစေပြီ။” ကောင်းဖန် ကားအနောက်ဘက်ထဲသို့ တာ့ဇီကိုထည့်လိုက်ပြီး ရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။ ကားနောက်ခုံတွင် ၁၇-၁၈အရွယ် မိန်းကလေးတစ်ယောက်လဲ ရှိနေသည်ကို သူသတိထားမိလိုက်သည်။ သူက သေသေသပ်သပ်ဝတ်စားထားကာ ပုခုံးကျော်ကျော်ဆုံပင်လေးနှင့်ပင်။
“ဒုက္ခမများပါဘူး။ လမ်းသင့်နေတာပဲကို။” လျိုစန်းလင်က ရယ်ရင်းပြန်ပြောလိုက်သည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့သမီးကလဲ မင်းတို့ကျောင်းမှာပဲ တက်နေတာလေ။ ဒီနေ့တော့ သူ့ကိုလာကြိုလိုက်တာ။”
“ဒါက ဒီနှစ်အတွင်း သမီးကျောင်းကို အဖေလာတဲ့ ဒုတိယမြောက်အကြိမ်ပဲ၊ ပထမအကြိမ်ကတော့ ကျောင်းစတက်တဲ့နေတုန်းက။” ကားနောက်ခုံမှ လျိုကျောက်ယွီက တိုးတိုးတိတ်တိတ်ညည်းညူလိုက်သည်။
လျိုစန်းလင်သည်တော့ နှုတ်ဆိတ်လို့နေသည်။
မောင်~ ထိုအချိန်တွင်ပဲ အနောက်ဘက်မှ ကြောင်တစ်ကောင်အော်သံထွက်ပေါ်လာခဲ့သည်။
ထိုကြောင်၏အော်သံက အနည်းငယ်မူမမှန်ပေ။ ပုံမှန်အော်နေကျ ‘မြောင်’ အစား ‘မောင်’ လို့အသံထွက်နေသည်။
လျိုကျောက်ယွီက သူမပေါင်ပေါ်မှာထိုင်နေသည့် အဖြူရောင်မြီးရှည်ကြောင်၏ မေးစေ့ကို ညင်ညင်သာသာပွတ်ပေးလိုက်သည်။ ကြောင်၏မျက်လုံးများက ပျော်ရွှင်စွာ ကွေးညွတ်လို့သွားကာ သူ့ပိုင်ရှင်၏ပေါင်ပေါ်တွင် ပျင်းရိစွာလဲလျောင်းနေခဲ့သည်။ သူက ရှေ့ခန်းမှာထိုင်နေသည့် ကောင်းဖန်ကိုလဲ စပ်စပ်စုစုကြည့်နေသေးသည်။
ထိုလူက သူမနှင့်တစ်ကျောင်းတည်း အသက်ကလဲ ရွယ်တူဖြစ်ပုံရပေမည့် သူမအဖေကို ကိုယ်တိုင်ကားမောင်းကာ ကျောင်းအထိလာကြိုအောင် လုပ်နိုင်နေသည်။
ကောင်းဖန် သူထိုင်ခုံကို မှီပြီး စတင်ကာ ခေါင်းညိတ်နှုတ်ဆက်ပြလိုက်ပေမည့် ရုတ်တရက်ဆိုသလို ယာဉ်မောင်းထိုင်ခုံမှ လျိုစန်းလင်က စကားထပြောလာသည်။ “မစ္စတာကောင်း၊ မင်းအချိန်ရရင် ကျောက်ယွီကိုကူပြီး သူ့ကိုယ်ပိုင်သားရဲကို ကြည့်ပေးလို့ရမလား?”
လျိုကျောက်ယွီ အံ့ဩသွားရသည်။ ဘယ်လိုလုပ် သူမက ရုတ်တရက်ကြီး ဒီကိစ္စထဲ ပါသွားတာလဲ?
“ဒီစနေနဲ့တနင်္ဂနွေ ကျွန်တော်စတူဒီယိုမှာရှိမယ်။ ပိတ်ရက်ကျရင် သူကျွန်တော့်ကို စတူဒီယိုမှာ လာရှာလို့ရပါတယ်။”
“အမ်၊” ထို့နောက် လျိုစန်းလင် ပြန်လည်တိတ်ဆိတ်သွားကာ ကားကိုသာ အာရုံစိုက်မောင်းနေတာကြောင့် ကားအတွင်းမှလေထုမှာ တိတ်ဆိတ်လို့သွားတော့သည်။
ခဏအကြာတွင်တော့ ဆလွန်းကားက ရပ်ကွက်တစ်ခု၏ဝင်ပေါက်တွင် ရပ်သွားကာ လျိုစန်းလင်က နောက်သို့လှည့်ပြီး လျိုကျောက်ယွီကို ပြောလိုက်သည်။ “သွား၊ အိမ်အရင်ပြန်နဲ့၊ ဟုတ်ပြီလား? အဖေ မစ္စတာကောင်းနဲ့ လုပ်စရာရှိသေးတယ်။”
ကားပြတင်းပေါက်မှတဆင့် ကောင်းဖန် လျိုကျောက်ယွီလက်ပွေ့ထားသည့် ကိုယ်ပိုင်သားရဲကို ကြည့်လိုက်သည်။ ၎င်း၏ ကြီးမားကာ အမြီးရှည်သည့် အဖြူရောင်ကြောင်တစ်ကောင်ဖြစ်ပြီး တစ်ပေခွဲခန့်ရှည်လျားသည်။ ၎င်း၏မျက်လုံးများက ယခင်အတိုင်းမှေးဆင်းနေပေမည့် အစိမ်းရောင်ပယင်းကျောက်လေးလို ကြည်လင်လှသည်။
[မကောင်းဆိုးဝါး အမည်] : ဒင်္ဂါးကြောင်
[မကောင်းဆိုးဝါး အဆင့်] : ၁၂
[မကောင်းဆိုးဝါး အဆင့်အတန်း] : သာမာန်
[မကောင်းဆိုးဝါး၏ စွမ်းရည်] : သစ်သား
[မကောင်းဆိုးဝါး၏ အားနည်းချက်များ] : ရေ
[အထူးအဆင့်သို့ မြှင့်တင်ရန် လိုအပ်ချက်များ] : …..
ကြောင်သားရဲ၊ ဒါမျိုးက ရှားရှားပါးပါးမြင်ရတာပဲ။
ကပ်ဘေးကြီးပြီးနောက် ကြောင်မျိုးစိတ်များစွာသည် သန္ဓေပြောင်းသွားကြပေမည့် အများစုကတော့ ထိန်းမရသိမ်းမရဖြစ်ကုန်ကြသည်။
ကြောင်များကို ရူးနေတဲ့တိရိစ္ဆာန်တွေလို့တောင် သိကြကာ သူတို့စိတ်ထဲ ဘာတွေတွေးနေလဲကို သိရှိဖို့မဖြစ်နိုင်ပေ။ အထူးသဖြင့် သူတို့သန္ဓေပြောင်းပြီးနောက် အသိဉာဏ်ပိုတိုးလာချိန်တွင် သူတို့က ပိုလို့တောင် ရူးသွပ်လာကြတော့သည်။
ကပ်ဘေးကြီးပြီးနောက် ကြောင်သားရဲများစွာက လူသားများနေထိုင်ရာမြို့များမှ ထွက်ပြေးကုန်ကြတာကြောင့် ကြောင်သားရဲသည် မြင်ရရှားကုန်ခဲ့သည်။
ဆလွန်းကားလေးက ရပ်ကွက်မှထွက်လာပြီးနောက် မြို့စွန့်ဘက်သို့ ဦးတည်လာခဲ့သည်။
“ခင်ဗျားရဲသူငယ်ချင်းတွေက ဘယ်သူများလဲ?” ကောင်းဖန် သိချင်စွာမေးကြည့်လိုက်သည်။
“ရောက်တော့ သိမှာပေါ့၊ မစ္စတာကောင်းရယ်။” လျိုစန်းလင်က ပြုံးကာခေါင်းညိတ်ပြပြီး အဖြေကိုတော့မပြောပေ။
နောက်ဆုံးမှာတော့ ရှေးခေတ်ပုံစံတရုတ်ရိုးရာအိမ်တော်တစ်ခုရှေ့တွင် ကားရပ်လိုက်ကြသည်။
ထို့နောက် ကားပေါ်မှဆင်းကာ အိမ်တော်ထဲသို့ဝင်ခဲ့သည်။ နောက်တော့မှ ဒီနေရာက တောင်တန်းဗီလာတစ်ခုကနေ အဆင့်မြင့်စားသောက်ဆိုင်အဖြစ်ပြောင်းလဲထားသည့်နေရာဖြစ်ကြောင်း ကောင်းဖန်သိရှိသွားသည်။ ဤနေရာတွင် ရှုခင်းဥယျာဉ်လေးတစ်ခုပါ ထည့်သွင်းကာ ပြန်လည်ပြင်ဆင်ထားကြသည်။ နောက်ပြီး ကျန်းနန်အငွေ့အသက်များခံစားရစေသည့် လူကူးတံတားနှင့် စီးဆင်းနေသည့်ရေများလဲရှိသည်။
ဤနေရာသည် တောင်နှင့်မြောက် ဂန္ထဝင်တရုတ်ဥယျာဉ်ဒီဇိုင်းနှစ်ခုလုံး ပါဝင်နေတာကြောင့် ကျွမ်းကျင်ဒီဇိုင်းနာတစ်ဦး၏လက်ရာသာ ဖြစ်လောက်မည်။
ခြံဝန်းကိုဖြတ်ပြီးနောက် ပထမတန်းစားသောက်ဝိုင်းထဲသို့ဝင်လိုက်ကြသည်။ ထိုနေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း လူ၁၂ယောက်လောက်ရောက်နှင့်နေပြီဖြစ်သည်။ ကောင်းဖန်ကို မြင်လိုက်သည်နှင့် သူတို့အားလုံးက သူ့ကိုအရွယ်အစားတိုင်းတာနေသလားဟု ထင်မှတ်ရအောင် ကြည့်နေကြသည်။ သူ့ကိုအထင်သေးသလိုပုံမပြသော်လည်း စေ့စေ့စပ်စပ်လေ့လာနေကြစဲပင်။
ကောင်းဖန် သူ့မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။ ဒီလိုမျိုး စိုက်ကြည့်ခံနေရတာက သူ့အတွက် နေရတာ အလွန်သက်သောင့်သက်သာမရှိပေ။ လျိုစန်းလင်ကြောင့်သာမဟုတ်လျှင် ချက်ချင်းပင် လှည့်ထွက်သွားပြီးလောက်ပြီ။
ကောင်းဖန် ဘာမှမမေးရသေးခင်တွင်ပဲ လျိုစန်းလင်က စိတ်ပါလက်ပါကို မိတ်ဆက်ပေးလာသည်။ “ဒါက ပိုးစုန်းကြူးအမဲလိုက်သူအဖွဲ့က ခေါင်းဆောင်စုန့်ရှီ၊ ဒါကတော့ ကြယ်ကောင်းကင်အမဲလိုက်သူအဖွဲ့က ခေါင်းဆောင်ကျန်းကူ၊…..”
အသက်တစ်ရှိုက်အတွင်းမှာပဲ ထိုင်နေကြသည့်လူအားလုံးကို ကောင်းဖန်နှင့်မိတ်ဆက်ပေးခဲ့သည်။
အမဲလိုက်သူအဖွဲ့သည် သားရဲအမဲလိုက်သူမဟာမိတ်အဖွဲ့အစည်းကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်သည်။
ကောင်းဖန်မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်၊ လျိုစန်းလင်က သူ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ပြောတုန်းက သူရဲ့နေ့စဉ်ဘဝမှ လျိုစန်းလင်၏ရင်းနှီးသောသူငယ်ချင်းတွေနဲ့ တွေ့ဆုံရမယ်လို့သာရိုးရိုးထင်ခဲ့သည်။ ဒါပေမယ့် အခုတော့ ထိုင်ခုံမှာထိုင်နေတဲ့သူတွေအားလုံးက သားရဲအမဲလိုက်အဖွဲ့များမှ ကိုယ်စားလှယ်များဖြစ်နေသည်၊ ဒါက သေချာပေါက်တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။
အကယ်၍ သူတို့က သူတို့ရဲ့ကိုယ်ပိုင်သားရဲတစ်ချို့ကိုမြှင့်ဖို့ သူ့ကိုလိုချင်တယ်ဆိုရင် ကောင်းဖန်သူတို့ကိုသေချာပေါက်မငြင်းပါဘူး၊ ထို့အပြင် သူတို့ထဲကဘယ်သူဘဲဖြစ်ဖြစ် သူနဲ့အတူအလုပ်လုပ်ဖို့ရွေးချယ်သည်ဖြစ်စေ, ဒါကစီးပွားရေးပိုလုပ်ဖို့ကိုဆိုလိုသည်။
အကယ်၍ သူတို့ကလျိုစန်းလင်းကိုဖြတ်ပြီး သူ့ရဲ့ဝန်ဆောင်မှုကိုလိုချင်ရင်တော့ ဒါက ဝိနည်းနဲ့မညီတော့ဘူး၊ လျိုစန်းလင်းက ကောင်းဖန်နဲ့ကောင်းမွန်တဲ့အဆက်အသွယ်ရှိတာကြောင့် ထိုလူတွေထံမှတချို့သောအကျိုးအမြတ်များကိုရနိုင်ပြီး ထိုအတွေးက ကောင်းဖန်ကိုမပျော်မရွှင်ဖြစ်စေသည်၊
ကောင်းဖန်က စီးပွားရေးနဲ့ တခြားရှုပ်ထွေးတဲ့ကိစ္စတွေမှာ သူ့ရဲ့တခြားသူတွေနဲ့ခင်မင်မှု မှာပါဝင်တာကိုမကြိုက်ဘူး၊
သူကတကယ်တော့ ထိုအမှုအရာတွေနဲ့ပတ်သတ်ပြီးအပိုင်ကြံချင်ရင် သူနဲ့လျိုစန်းလင်း ရဲ့ဆက်ဆံရေးက အလုပ်ပါတနာသက်သက်သာဖြစ်သင့်သည်၊ ထိုဆက်ဆံရေးတွင် အခြားနည်းလမ်းများနှင့်ဆိုရင် လျိုစန်းလင်းကသူ့ကိုအကြွေးတင်နေသည်၊ အုပ်ချုပ်သူအဆင့်သားရဲအများအပြားကို လျိုစန်းလင်းအတွက်သူမြှင့်တင်ပေးခဲ့ခြင်းသည် သေချာပေါက်သူရရှိသောလစာထက်များစွာပိုတန်သည်၊
ကောင်းဖန်က ရိုးရိုးတန်းတန်းခေါင်းညိတ်ပြကာ လျိုစန်းလင်းကိုတုံ့ပြန်လိုက်ပြီး သူ့မျက်နှာကအေးဆေးတည်ငြိမ်သောအမူအရာဖြင့်ထိုင်လိုက်သည်၊
အိမ်ရှေ့ရှိဟင်းလင်းပြင်အလယ်တွင် သေးငယ်သောရေပန်းရှိသည်၊ ၎င်း၏ပတ်ပတ် လည်တွင် လက်စွပ်ပုံစံရှိသည့်ကျောက်စားပွဲရှိပြီး၊ ထိုလက်စွပ်ပုံစံစားပွဲဝိုင်းသည် အနုစိတ်သောစက်ယန္တရားတချို့ပါရှိကာ ထိုအရာကစားပွဲကိုလှည့်ရန်အတွက်ထောက်ပံ့ပေးသည်။
စားပွဲထိုးက ရှေ့သို့ထွက်လာပြီး အမျိုးမျိုးသောစားကောင်းသောက်ဖွယ်များကို ကျောက်စားပွဲပေါ်တွင်နေရာချလိုက်သည်၊ ဟင်းပွဲအားလုံးသည် အရောင်အဆင်း,အနံ့ နှင့်အရသာတို့ပြည့်စုံနေသည်၊ သူတို့ကအလွန်ကိုစားချင်စဖွယ်ရှိသည်၊
သူတို့စားသောက်နေစဉ်, ကောင်းဖန်ကို သားရဲပျိုးထောင်ခြင်းအကြောင်းမကြာခဏမေးခံရသည်၊၊ သူတို့ရဲ့အသံအနေအထားအရ ကောင်းဖန်သည်သူ့ကိုစမ်းသပ်နေတာ, ဒါမှမဟုတ်သူတို့တွေးထားတဲ့ သူ့၏စွမ်းရည်အကြောင်းတွေကိုစောင်းပါးရိပ်ခြည်ပြော နေသည်ကို သူပြောနိုင်သည်။
ခေါင်းဆောင်တစ်ဦးဆိုလျှင် သူ၏စကားပြောဆိုဟန်၌တကယ့်ကိုရန်မူနေခဲ့သည်၊ “လေ့ကျင့်မှုနည်းလမ်းက မှန်ကန်တယ်လို့ မင်းဘာလို့ဒီလောက်သေချာနေရတာလဲ? ငါအရင်က မစ္စတာကျန်းနဲ့တိုင်ပင်ခဲ့ဖူးတယ်, မစ္စတာကျန်းကအတွေ့အကြုံရှိတဲ့ အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူတစ်ယောက်ဘဲ၊ ငါ့ရဲ့ကိုယ်ပိုင်သားရဲက ရွှေဖရုံသီးနဲ့ဒူးရင်းသီးကိုစားလို့မရဘူးလို့ပြောတယ်၊” ဒါကကောင်းဖန်ရရှိလိုက်တဲ့ ဥပမာမေးခွန်းဘဲဖြစ်သည်၊
ကောင်းဖန်က သူကိုယ်သူထိန်းလိုက်ကာ ထိုမေးခွန်းတွေအားလုံးကိုယဉ်ကျေးစွာနဲ့ ဖြေပေးလိုက်တယ်၊ ထိုအချိန်အခြားအကြောင်းအရာတစ်ခုခုကိုပြောလိုက်တော့ သူကထိုအခွင့်အရေးကိုယူလိုက်ပြီး တခြားခေါင်းစဉ်တစ်ခုကိုပြောင်းဖို့ ကြိုးစားလိုက် တယ်။
သူက အင်အားကြီးမားတဲ့ဝတ္ထုဇာတ်ကောင်တွေလိုမျိုးပြုလုပ်မနေခဲ့ပါ။ သူကစားပွဲမှာ ထိုင်နေစဉ်အတွင်းသူစိတ်ပျော်မနေချိန်တွင် ဒေါသကပျံထွက်သွားလိုက် စားပွဲကိုတတောက်တောက်လုပ်လိုက်နှင့်နေသည်။ ထိုသို့လုပ်ရတာက စိတ်အဆင်ပြေသွားတာ သေချာပေမယ့် တစ်ခဏလောက်သာပင်၊ ထိုအပြုအမူအတွက်လည်းသေချာပေါက် တော်တော် ဂရက်ရိုက်တာလည်းရှိသည်။
တကယ့်ကမ္ဘာတွင်, မင်းကိုနှစ်သုံးဆယ်သန်မာဖို့ဆိုတာ ဘယ်သူမှမပေးနိုင်ဘူး၊ သူတို့က သာမန်စွမ်းရည်တစ်ခုဆိုလျှင်တိုးတက်နေစဉ်အတွင်းအနှောက်အယှက်ပေး ပြီးအညွှန့်ချိုးလိမ့်မည်။
ကောင်းဖန်က ထိုလူတွေကို သူ့မှာပြောစရာစကားမရှိတော့ဘူးဆိုပြီး ပြောလိုက်နိုင်ဖို့ ဆုတောင်းမိတယ်။ ဒါပေမယ့်သူတို့ကို ဒီလိုလုပ်နိုင်စွမ်းမရှိဘူး။ အခုတော့ သူက သူတို့ရဲ့စည်းမျဉ်းတွေအတိုင်းလိုက်နာပြီး ကစားပေးဖို့ဘဲရှိတယ်။
စားသောက်ပြီးနောက် ကောင်းဖန်ကသက်ပြင်းချလိုက်ပြီးပြောလိုက်သည် “ ကျွန်တော်အားနာပါတယ်, ကျွန်တော်ကဒီနယ်ပယ်မှာအသစ်ဖြစ်ပြီး ကျွန်တော့်စွမ်းရည်တွေက သာမညောင်ညအဆင့်လောက်ပါဘဲ။ ပြီးတော့, ဒီမှာရှိတဲ့ခင်ဗျားတို့အားလုံးက သားရဲအမဲလိုက်အဖွဲ့တွေထဲမှာ ထိပ်တန်းအဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေပါ, ဒီလိုအရေးကြီးတဲ့နေရာက ကျွန်တော်လိုအထက်တန်းကျောင်းသားအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်၊ ကျွန်တော် မတော်တစ်ဆတစ်ခုဖြစ်ခဲ့ရင်တောင် ဘယ်လိုတုံ့ပြန်ရမလဲမသိပါဘူး၊” ဒါနဲ့ဘဲ ကောင်းဖန်,လျိုစန်းလင်းကအိမ်ကိုကားနဲ့ပြန်လိုက်ပို့မှုကို ငြင်းပယ်ကာ ကျေးဇူးတင်လိုက်ပြီး, တက္ကစီခေါ်ပြီးအိမ်သို့သာဦးတည်လိုက်သည်။
“ဒီကလေးက သူ့အတွက်ဘာကောင်းလဲဆိုတာမသိဘူး,ဟင်း,” ကြယ်ကောင်းကင် အမဲလိုက်အဖွဲ့ခေါင်းဆောင်ကျန့်ကုကအေးစက်စွာနဲ့ပြောလိုက်သည်၊ သူကအနည်း ငယ်စိတ်ပျက်နေသည်၊ သူ့မျက်လုံးထဲမှာ,ကောင်းဖန်ကသူ့ရဲ့ကိုယ်ပိုင်သားရဲကို ပျိုးထောင်ရခြင်းအဖို့ဂုဏ်ယူသင့်သည်၊ ထို့အပြင် သူက, ချန်အန်းမှာနာမည်ကြီးသည်၊ သူနဲ့အတူအလုပ်လုပ်လျှင် ကောင်းဖန်ကအလွယ်တကူအကျိုးကျေးဇူးများရနိုင်ပြီး ကောင်းမွန်တဲ့ပုံစံလည်းရရှိနိုင်သည်၊
ခေါင်းဆောင်အားလုံးက သူတို့နယ်ပယ်များတွင် များစွာသောအတွေ့အကြုံများစွာရှိသည်၊ ကောင်းဖန်ကစိတ်မပျော်ဖြစ်နေပြီး စိတ်ဝင်စားမှုမရှိကြောင်းသူတို့အလွယ်တကူပြောနိုင်သည်၊
သူတို့မျက်လုံးထဲတွင်, ထိုကလေးက ခေါင်းမာနေခြင်းဖြစ်သည်။
“မေ့လိုက်ပါ, သူက ကလေးတစ်ယောက်ဘဲကို၊ ခေါင်းဆောင်ကျန့်, မင်းဒီကလေးကို ဆန့်ကျင်မှာတော့မဟုတ်ဘူးမလား?” စုန့်ရှီကနူးညံ့စွာနဲ့ပြုံးပြလိုက်သည်၊ သူမရဲ့နှလုံး ထဲမှာကောင်းဖန်ရဲ့ကလေးဆန်မှုကို ဗွေမယူခဲ့ပါဘူး။
“ဟမ်, သေချာတာပေါ့ ငါက ကလေးတစ်ယောက်နဲ့တော့ လိုက်ပြီးတွက်ကပ်မနေပါဘူး။” ကျန့်ကုကတူနဲ့အမဲသားတုံးကိုယူလိုက်ပြီးပြောလိုက်သည်။
“ဟုတ်ပြီ,ဟုတ်ပြီ, ဒါဆိုဆက်စားကြတာပေါ့၊ ဒါကဘာမှမဟုတ်ပါဘူး, ကိစ္စအသေး လေးပါ၊ မန်နေဂျာလျိုက ငါတို့ကိုဒီနေရာကိုဖိတ်ထားတာဘဲကို” ခေါင်းဆောင်တစ်ယောက်က အလျင်အမြန်ပြောလိုက်သည်။
သေးငယ်တဲ့ကိစ္စတစ်ခုကြောင့်စားသောက်မှုက ဒီလိုဘဲအဆုံးသတ်သွားတော့သည်၊
အမဲလိုက်အဖွဲ့ခေါင်းဆောင်များက ထိုကိစ္စကိုသိပ်ပြီးတွေးမနေပါဘူး၊ ထို့နောက် ကောင်းဖန်ကသူတို့ကိုမကောင်းတဲ့စွဲချက်တွေနဲ့ချန်ခဲ့ပေမယ့် သူ့ကို ဘယ်သူကမှ ထွက်သွားလို့မရအောင် နှောက်ယှက်တာမျိုး မလုပ်ခဲ့ကြပေ။ နောက်ဆုံးတော့ ဒီနေရာမှာရှိတဲ့လူတွေက အရွယ်ရောက်သူတွေဖြစ်ပြီး, သူတို့မှာကိုယ်ပိုင်အလုပ်ကိုယ်စီ ရှိတဲ့သူတွေကြည့်ပါဘဲ။
အကုန်လုံးထွက်သွားပြီးနောက်, လျိုစန်းလင်းကသက်ပြင်းချလိုက်သည်၊ ဒီတစ်ကြိမ်တော့ သူကနှစ်ဖက်စလုံးကို ကောင်းမွန်တဲ့ဆက်ဆံရေးကိုလုပ်နိုင်ဖို့ပျက်ကွက်ခဲ့ပြီး အဲ့ဒီအစားနှစ်ဖက်လုံးကိုလည်းစိတ်ကွက်စေမိသည်။
***
အပိုင်း ၅၀ ခွေးဘုရင်အရည်အချင်းပြပြိုင်ပွဲ
လျှိုစန်းလင် ဘေးကျပ်နံကျပ်ဖြစ်နေပုံကြောင့် စားပွဲသို့လာရောက်ကြသည့်လူများက သူ့ကိုနှစ်သိမ့်ပေးကြသည်။
ထို့နောက် လူအုပ်ကြီးက စကားဝိုင်းဖွဲ့ရင်း ပြန်ထိုင်လိုက်ကြသည်။ တကယ်တော့၊ “သန်မာတဲ့အမဲလိုက်သူများ”ဆိုတာ တခြားလူများ၏မျက်လုံးထဲတွင်တော့ ခက်ထန်ကာအေးစက်ကြသော်လည်း သူတို့သည်လဲ သာမာန်လူများလို ခံစားချက်ရှိကြသူများသာဖြစ်သည်။ ခြားနားချက်ကတော့ သူတို့သည် အချို့သော “ကြီးမားသည့် စိန်ခေါ်မှုများ”ကို စားရင်းသောက်ရင်း စကားပြောရင်းဖြင့် ဖြေရှင်းတတ်ကြရုံသာဖြစ်သည်။
တွေ့ဆုံပွဲအဆုံးသတ်ခါနီးတွင်တော့ အချို့လူများက လုပ်စရာရှိသေးတာကြောင့် စောစောပြန်သွားကြသည်။
အချို့အမျိုးသမီးအမဲလိုက်သူများကတော့ ဗီလာမှထွက်ရင်းတစ်ခုခု ဆက်ဆွေးနွေးရန်အတူရှိနေကြသည်။
အဆုံးမှာတော့ လျှိုစန်းလင်နှင့် ကြယ်ကောင်းကင်အမဲလိုက်သူအဖွဲ့ခေါင်းဆောင် ကျန်းကူတို့သာ ကျန်ခဲ့တော့သည်။
စားသောက်နေစဉ်အတွင်း ထင်မြင်ချက်များစွာကို ချပြခဲ့သူလဲဖြစ်သည်။
“သူက ကလေးတစ်ယောက်ပဲကို၊ ဘာတွေစိတ်ရှုပ်ခံနေတာလဲ?” ကျန်းကူနားမလည်နိုင်ပေ။ သူက လျှိုစန်းလင်အပေါ် အကြွေးတင်ခဲ့တာကြောင့် ယခုတစ်ခေါက် လျှိုစန်းလင်အား ကျေးဇူးပြန်ဆပ်ခဲ့ခြင်းဖြစ်သည်။ လျှိုစန်းလင်က ကောင်းဖန်အတွက် ပိုကောင်းစေရန်ဆိုကာ သူ့ကို ကောင်းဖန်အားအနည်းငယ်အကန်ပြောစေခဲ့ခြင်းဖြစ်သည်။
လျှိုစန်းလင် ပြုံးရုံပြုံးလိုက်ကာ၊ “ကဲပါ၊ နောက်တစ်ခေါက်ဆိုရင်တော့ ငါတို့ညစာအတူစားရင်း သူနဲ့လဲစကားကောင်းကောင်းပြောကြတာပေါ့။ မင်းလဲ သူ့ကို မင်းသားရဲတွေကို ကြည့်ပေးဖို့ ပြောလို့ရတယ်။”
ကျန်းကူမျက်မှောင်ကြုတ်လိုက်ကာ နောက်သို့ဆုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့်၊ “တော်ပါပြီ၊ စိတ်ရှုပ်ခံမနေနဲ့။ ငါက မင်းမျက်နှာထောက်ပြီး ပြောလိုက်ရုံပဲ။ စိတ်မပူပါနဲ့၊ ဒီနေ့ကိစ္စ ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး။ မင်း ငါ့ကို တစ်ကြိမ်ကူညီထားလို့ ပြန်လုပ်ပေးရုံပဲ။ အခု ငါတို့ ကျေသွားပြီ။ ဘိုင့်။”
ပြောပြီးသည်နှင့် ကျန်းကူချက်ချင်းပင် လှည့်ထွက်သွားသည်။ ဒီလိုမြေခွေးအိုကြီးမျိုးနဲ့ သူစကားဆက်မပြောချင်ပေ။
လျှိုစန်းလင်အကြံအတိုင်း သူလိုက်မလုပ်ပေးချင်ခဲ့ပေ။ လျှိုစန်းလင်လိုလူမျိုးနှင့် ဆက်ဆံရသည်က ပင်ပန်းစရာကောင်းလှသည်။ ကျန်းကူထွက်သွားသည်ကို ကြည့်ပြီး လျှိုစန်းလင်ပြုံးလိုက်သည်။
ကုန်ကျစားရိတ်ကို ပေးချေပြီးနောက် သူလဲ ဥယျာဉ်ကလပ်မှထွက်လာခဲ့သည်။
ကားထဲဝင်ပြီးသည်နှင့် သူ့ဖုန်းကိုထုတ်ကာ ကောင်းဖန်ထံသို့ ဆက်လိုက်သည်။
ထိုအချိန်တွင် ကောင်းဖန်မှာ အိမ်ရောက်ရုံရှိသေးသည်။ တာ့ဇီကလဲ အိမ်ပြန်ရောက်၍ စိတ်လှုပ်ရှားနေပြီး အိမ်အနှံ့တွားသွားနေကာ တစ်ခါတစ်လေ သူ့ဦးမျှင်အစုံကို ဘယ်ညာယိမ်းခါနေပြီး အရာရာတိုင်းကို ဆန်းသစ်သလို လိုက်ကြည့်နေသည်။
တစ်ချိန်တည်းတွင်ပဲ ဖုန်းကမြည်လာခဲ့သည်။ ကောင်းဖန် ဖုန်းကို ထုတ်လိုက်သည်နှင့် ဖုန်းစခရင်ပေါ်၌ လျှိုစန်းလင်၏နာမည်ပေါ်လာခဲ့သည်။
ကောင်းဖန် ဖုန်းမဖြေချင်တာကြောင့် မကြားသလိုဟန်ဆောင်လိုက်သည်။
သို့သော်လည်း ခဏလောက်တွေးပြီးနောက် ဖုန်းမကိုင်ပါက သူကလေးဆန်ရာကျသွားမည်ဟု ခံစားရတာကြောင့် နောက်ဆုံးမှာတော့ ဖုန်းပြန်ဖြေလိုက်တော့သည်။
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ လျှိုစန်းလင်က တောင်းပန်လာခဲ့သည်။ “ငါ စိတ်မကောင်းပါဘူး။ မစ္စတာကောင်း၊ ဒီနေ့ဖြစ်သွားတာတွေအားလုံးက ငါ့ကြောင့်ပါ၊ ငါအစကတည်းက သူတို့ဘယ်သူဆိုတာ ကြိုပြောခဲ့သင့်တာ။ သူတို့ ဒီနေ့မှ ရိုင်းရိုင်းစိုင်းစိုင်း လုပ်လိမ့်မယ်လို့ ငါမထင်လိုက်ဘူး။”
“စိတ်မပူပါနဲ့၊ ကျွန်တော် ဒေါသမထွက်ပါဘူး။” ကောင်းဖန် မထူးခြားသလိုသာပြန်ဖြေလိုက်သည်။
“ငါ့ကိုယုံလိုက်ပါ မစ္စတာကောင်း၊ သူတို့ မင်းကို စော်ကားရဲတယ်ဆိုတာ ငါ့ကိုစော်ကြားလိုက်တာပဲ။ အခုကစပြီး ငါ….”
“ဒူ…ဒူ…ဒူ……” ဖုန်းမအားတော့သည့်အသံကသာ လျှိုစန်းလင်နားထဲ တိုးဝင်လာခဲ့သည်။ သူလဲ ဖုန်းကိုချလိုက်ရင်း စိတ်ရှုပ်စွာကြည့်လိုက်ပြီး ကောင်းဖန် ကလေးဆန်လွန်းတယ်လို့ ခံစားမိလိုက်သည်။
သရဲတွေက ကြောက်စရာကောင်းမှန်း လူသားတွေသိကြသလို၊ သရဲတွေကလဲ လူသားတွေ ရက်စက်လွန်းမှန်းသိကြတယ်…. ကောင်းဖန် နက်ရှိုင်းသည့်အကြည့်များဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကလဲ ခပ်ဖွဖွကွေးညွတ်လို့သွားသည်။
သူ့ရဲ့အချက်အလက်ပြဇယားထဲတွင် သားရဲများ၏အချက်အလက်များသာမက လူသားများ၏အချက်အလက်များကိုပါ မြင်နိုင်သည်။ လူသားများအချက်အလက်တွေကလဲ ဆင်တူပေမယ့် ဖော်ပြဖို့တော့ မသင့်တော်ဘူး။
တခြားလူများ ကောင်းဖန်ကို ပြစ်တင်နေကြသည့်အချိန်က လျှိုစန်းလင်၏ အချက်အလက်မှာ ကျန်းမာ(လျှို့ဝှက်စွာကျေနပ်)နေကြောင်း သတိပြုမိခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် အဆိုးဆုံးမှာတော့ ကျန်းကူ၏အချက်အလက်မှာ ကျန်းမာ(အပြစ်ရှိသလိုခံစားရ)လို့ ပြနေခဲ့သည်။
လျှိုစန်းလင်က ဘာတွေများကျေနပ်နေတာလဲ? ကျန်းကူကရော ဘာအတွက် အပြစ်ရှိသလိုခံစားနေရတာလဲ?
ကောင်းဖန် ခပ်ဖွဖွပြုံးလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူလူတွေရဲ့အချက်အလက်ပြဇယားတွေကို မကြည့်ချင်ပေ။
သူများများပိုဖတ်လေ သူသာပိုပင်ပန်းရလေဖြစ်သည်။
ဒါပေမယ့် တစ်ခါတလေတော့ အချက်အလက်ဇယားကိုဖတ်ရသည်မှာ ပျော်စရာကောင်းသည်။ အကြောင်းကတော့ သားရဲများဆိုလျှင် ရိုးရှင်းသည့်ခစားချက်များရှိပေမည့် လူသားတွေကသာ မျိုးစုံတဲ့ခံစားချက်များရှိတာကြောင့်ပင်။
သူဖုန်းချလိုက်ပြီးနောက် လက်ဖက်ရည်သောက်စားပွဲပေါ်သို့ တင်ထားလိုက်သည်။
ဒါက “အဖြူ”လည်းလုံးဝမဟုတ်သလို “အမဲ” လည်းလုံးဝမဟုတ်ဘူး၊
ပိုပြီးအသင့်တော်ဆုံးတစ်ခုကတော့ “ခဲရောင်”, ပေါင်းစပ်ခြင်းဘဲ။
ကောင်းဖန် သူကိုယ်သူကွေးထားကာ ခေါင်းအုံးကိုပွေ့ထားရင်း, တီဗွီကိုဖွင့်လိုက်သည်၊
ခုညနေ၈နာရီဖြစ်ပြီး အများစုသောရုပ်သံလိုင်းများသည် ယာယီညွှန့်ပေါင်းအဖွဲ့၏ သတင်းကိုပြသနေခြင်းဖြစ်သည်၊
သတင်းထဲတွင်ယာယီညွှန့်ပေါင်းအဖွဲ့နှင့်သက်ဆိုင်သော ကြီးမားသည့် အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်၊
“ နဂါးစည်းလုံးရေးအဖွဲ့ အပြာရောင်မှော်သားရဲ၏ မျိုးရိုးဗီဇတိုးမြှင့်ခြင်းသွေး ရည်ကြည်က ကြီးမားသောဘေးထွက်ဆိုးကျိုးကိုဖြစ်စေခဲ့ပါတယ်၊ အပြာရောင်မှော် သားရဲဗီဇတိုးမြှင့်ခြင်းသွေးရည်ကြည်ကိုလက်ခံပြီးနောက်များစွာ အန္တရာယ်ရှိသည့် သန္ဓေပြောင်းလဲမှုများသည် ဂျပန်နိုင်ငံတွင်ရှာတွေ့ခဲ့ပါတယ်၊ နဂါးစည်းလုံးရေးအဖွဲ့က ကမ္ဘာတစ်ဝန်းမှ အပြာရောင်မှော်သားရဲဗီဇတိုးမြှင့်ခြင်းသွေးရည်ကြည်ကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်၊ ခုချိန်တောအတွင်းမှာ, ပစ္စည်းတွေကို ဝယ်ယူထားသူတွေက နဂါးစည်းလုံးရေးလုပ်ငန်းလုပ်ပိုင်ခွင့်ရှိတဲ့အိမ်မှာပြန်လှဲနိုင်ပြီး ဝန်ဆောင်ခမပါဝင်ဘဲနဲ့ ငွေပြန်အမ်းမည်ဖြစ်ကြောင်းပြောပါတယ်၊”
“ယခုလက်ရှိနိုင်ငံအများအပြားမှာရှိတဲ့သိပ္ပံပညာရှင်များက ထိုမျိုးရိုးဗီဇတိုးမြှင့်ခြင်းကို မထိန်းချုပ်နိုင်ကြောင်းကြေငြာပါတယ်၊ ယာယီညွှန့်ပေါင်းအဖွဲ့မှ သတင်းတင်ပြခြင်း ဖြစ်ပါတယ်”
တီဗွီမှန်ပြင်ထဲတွင်, ၁၀မီတာရှည်လျားတဲ့ မီးခိုးညိုရောင်ကျောက်စပါးအုံးမြွေက မြေပြင်တွင်လှူးလှိမ့်နေပြီး သွေးများပန်းထွက်နေကာ အသစ်အသစ်သောဒဏ်ရာများကလည်း ဟိုတစ်စဒီတစ်စပေါ်လာသည်၊
၎င်းကတဖြည်းဖြည်းနှေးသွားပြီး နောက်ဆုံးတော့တိတ်ဆိတ်စွာနှင့်လဲနေတော့သည်၊
ကောင်းဖန်ရဲ့မျက်လုံးထဲမှာ, ၎င်းရဲ့အချက်အလက်ဇယားက အလယ်အလတ်ဒဏ်ရာ (သွေးထွက် အခြေအနေဆိုးလာ)ဟူ၍ပြောင်းလဲသွားသည်။
အဆိုပါပုံမှ အခြားသတင်းသို့ပြောင်းလဲသွားတော့သည်၊
“ပထမဆုံးယန်ချန်းမြို့ ခွေးဘုရင်အရည်အချင်းပြပြိုင်ပွဲ ပြိုင်ဆိုင်မှုသည်မနေ့က အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါတယ်၊ ထိုပြိုင်ပွဲမှာပါဝင်သူတွေက ယန်ချန်း,ရုန်ချန်းနဲ့ ဖုန်ချန်းကနေလာကြတာဖြစ်ပါတယ်၊ နှစ်ဆယ့်တစ်နှစ်အရွယ် သားရဲပျိုးထောင်သူ ပညာရှင်ဟန်းနင်က ယန်ချန်းခွေးဘုရင်ချန်ပီယံရှစ်ပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်၊ တင်ပြ ချက်အရ, ဟန်းနင်ဟာကောလိပ်ကျောင်းသားဘဲရှိသေးပြီး, လောလောဆယ် ယန်ချန်းနည်းပညာ၏လူမှုရေး ဂျူနီယာကျောင်းသား….”
မှန်ပြင်ပေါ်ရှိအဖြူနှင့်အနက်ကျားအရာရှိဝတ်စုံနှင့် လူငယ်တစ်ယောက်ကအေးစက်တဲ့ မျက်နှာနှင့် စင်မြင့်ပေါ်တွင်မတ်တပ်ရပ်နေသည်၊ သူ့နောက်တွင်တော့ ၃၂ပေရှည်ပြီး ၁၆ပေမြင့်တဲ့ ငွေရောင်ရှိပြီးကြီးမားတဲ့ခွေးတစ်ကောင်ဖြစ်ကာ ၎င်း၏တဖိတ်ဖိတ်တောက်နေသော အမွှေးများက ငွေရောင်ရေတံခွန်နှင့်တူပြီး သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်က ကြီးမားတဲ့ဖိအားကိုဖြစ်စေသည်၊
[မကောင်းဆိုးဝါးအမည်]-ကြယ်ကြွေခွေး
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၉ (အုပ်ချုပ်သူ)
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်
…
သူက၂၁နှစ်သာရှိသေးပြီးတော့ ဆိုလိုသည်ကသူဟာသွေးစာချုပ်ကိုကိုချုပ်ဆိုခဲ့တဲ့ ပထမဆုံးသားရဲလေ့ကျင့်သူပေါ့၊
ထိုသုံးနှစ်အတွင်းသူကကိုယ်ပိုင်သားရဲကို အုပ်ချုပ်သူအဆင့်ထိရောက်အောင်လေ့ ကျင့်ပေးပြီးတော့ ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင်လည်းကျင့်ပေးထားတယ်၊ သူကထိပ်တန်းသားရဲလေ့ကျင့်သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နိုင်သည်၊
ကောင်းဖန်က အောင်ပွဲခံထားသည့်ကြယ်ကြွေခွေးကိုကြည့်လိုက်ပြီးနောက် သူ့ရဲ့ တာ့ဇီနဲ့ ဒမ်ဘီကိုကြည့်လိုက်သည်။
သူအတွက် ထိုအထိသွားဖို့အရှည်ကြီးကျန်သေးတယ်၊ ဒါပေမယ့် အဲ့ဒီအတွက် အကြာကြီးမယူဘူး။
ကောင်းဖန်ရဲ့စိတ်နှလုံးထဲမှာနက်ရှိုင်းစွာနဲ့ စိတ်လှုပ်ရှားနေပြီး ရေပွက်ပွက်ဆူသကဲ့သို့ စိတ်အားထက်သန်မှုများမြင့်တက်နေသည်၊ အားလပ်ရက်နှစ်ရက်, စတူဒီယို, ပျိုးထောင်ခြင်းအခန်း။ ထိုနေ့ကဒမ်ဘီ ထူးခြားအဆင့်ကိုတိုးမြှင့်ဖို့အကောင်းဆုံးနေ့ဖြစ် သည်။
ကောင်းဖန်က အနက်ရောင်ထိပ်တန်းအဆင့်ဖုတ်ကောင်ကျောက်သလင်းကို လက်ထဲတွင်ကိုင်ထားသည်၊ ဒမ်ဘီကသူ့ရှေ့တွင်ရပ်နေပြီး, သူ့မျက်လုံးထဲရှိမီးတောက်က အားပြင်းစွာနှင့်တောက်လောင်နေသည်၊ ဒီသားရဲကျောက်သလင်းကိုစားရန်အတွက် စိတ်အားထက်သန်နေသည်၊ ဒါပေမယ့်သခင်ရဲ့အမိန့်မပါဘဲစားလို့မရတာကြောင့် ရှေ့ကိုခြေလှမ်းဖို့မဝံ့မရဲဖြစ်နေသည်၊ ဒါကြောင့်သူက မတ်မတ်ရပ်နေပြီး သူ့မျက်လုံးထဲ ရှိမီးတောက်ကလည်း ပိုပြီးလေးနက်ပြင်းထန်စွာနှင့်တောက်လောင်နေတော့သည်။
၎င်းကသူ့သခင်က သားရဲကျောက်သလင်းကို ကြိတ်လိုက်ပြီးနောက် အဆင်သင့်ပြင်ဆင်ထားသော ဆေးရည်ထဲသို့ရောထည့်လိုက်သည်ကို ကြည့်နေသည်၊
ဂရု-ဂရု
မြေအောက်အနက်ရောင်ကျောက်သလင်းကဆေးရည်ထဲသို့ဝင်သွားသည်နှင့်အမျှ ပူဖောင်းများသည်မျက်နှာပြင်ပေါ်သို့တက်လာသည်၊
စတူဒီယို၏အပြင်ဘက်တွင် ဓာတ်လှေကားက ပွင့်သွားပြီးသူအများအပြားကထွက်လာကြသည်၊ အရှေ့တွင်လျှောက်နေသူများထဲမှတစ်ယောက်က လျိုကျောက်ယွီက ပန်းမျိုးစုံရောယှက်ထားသည့်ဝတ်စုံကိုဝတ်ဆင်ထားသည်၊ ဒင်္ဂါးကြောင်ကသူမနောက်မှလိုက်လာသည်၊
သူမနောက်တွင်သူမနှင့်အသက်တူမိန်းကလေးနှစ်ယောက်ပါပြီး ဘေးပတ်လည်ကို လှည့်ပတ်ကာလေးနက်စွာကြည့်နေကြသည်။
***
အပိုင်း ၅၁ ထူးခြားသောသွင်ပြင်လက္ခဏာများ-သွေးကြောမျှင်နှလုံး
“ဟေ့၊ ကျောက်ယွီ၊ ဒီတော့ ဒီစတူဒီယိုက နင့်ရဲ့ အန်ကယ်ကောင်းပိုင်တာပေါ့။” ဂျင်းဘောင်းဘီနှင့်အဖြူရောင်တီရှပ်ဝတ်ထားသည့် ကောင်မလေးက ရယ်စရာတစ်ခုခုကိုတွေးမိသွားသည်။ “နင်ပြောတော့ အန်ကယ်ကောင်းက နင့်အရွယ်ပဲဆို။ သူ့ပုံစံက အရမ်းအသက်ကြီးနေပုံပေါက်လို့လား?”
သူမနှင့်သက်တူရွယ်တူ ကောင်လေးတစ်ယောက်ကို ‘အန်ကယ် လို့ခေါ်ရသည်က သူမအတွက် အလွန်မသက်မသာခံစားရသည်။
လျှိုကျောက်ယွီက သူမကိုစကားပြောလာသည့် မိန်းကလေးဘက်ကို မျက်စံကိုလှိမ့်ပြလိုက်ကာ၊ “ချန်းကျန်းလန်၊ ငါပြောပြီးသားပဲ၊ ငါ့အဖေက သူ့ကို အဲ့လိုခေါ်ဖို့ပြောတာလို့ ဟုတ်ပြီလား?”
“ဂဠုန်ငှက်ပျံသန်းခြင်းစတူဒီယိုမှ ကြိုဆိုပါတယ်။ မင်းတို့သုံးယောက် ချိန်းထားပြီးသားရှိပါလား?” ဧည့်ကြိုစားပွဲမှ ရွှမ်ချွမ်ချွမ်က သူတို့သုံးယောက်ကို ပြုံးကာမေးလိုက်သည်။ “ချိန်းထားပြီးသားဆိုရင်တော့ ငါ့ရဲ့သူဌေးဆီ တန်းပြီးဆက်သွယ်ပေးပါ့မယ်။”
“ဟမ်? မင်းတို့စီးပွားရေးက အရမ်းတွေအောင်မြင်နေလို့ ငါတို့တကယ်ကြီး ချိန်းထားဖို့လိုတာလား?” ချန်းကျန်းလန်က အံ့ဩသွားပြီး အနည်းငယ်မယုံကြည်ပေ။
ဒီစီးပွားရေးက အဲ့လောက်ကောင်းလို့လား?
လျှိုကျောက်ယွီလဲ အံ့ဩလို့သွားသည်။ သူမက လွတ်လပ်နေသည့်ပင်မခန်းမဆောင်ကြီးနှင့် အပ်ပြုကျလျှင်တောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည့် အလုပ်ခန်းဘက်ကိုပါ ကြည့်လိုက်သည်။
သူမအဖေက အန်ကယ်ကောင်းရဲ့သားရဲပျိုးထောင်မှုစွမ်းရည်က အရမ်းကိုအထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့တယ်။ ဒါတင်မကသေး သူမအဖေက သူ့ကို ချန်အန်းရဲ့ နံပါတ်တစ်ပါရမီရှင်လို့တောင် ပြောသေးတာ။
တစ်ခုတည်းသောပြဿနာကတော့ ဒီပါရမီရှင်မှာ သူ့ရဲ့ထူးခြားချက်များရှိနေတာပင်။ သူ့ရဲ့အတိုင်ပင်ခံကြေးက အလွန့်အလွန်ကို မြင့်မားလွန်းနေတာပဲ။
သူ့ရဲ့ကြေးက မြင့်နေတာကြောင့်လဲ ဖောက်သည်များစွာကို ဆုံးရှုံးခဲ့ရသေးတယ်။
ချွမ်ရွှမ်ရွှမ်က ချောင်းတစ်ချက်ဟန့်လိုက်ပေမည့် သူမအမူရာကတော့ မပြောင်းလဲသွားပေ။ “မင်းတို့မှာ ငါတို့သူဌေးနဲ့ ချိန်းဆိုချက်မလုပ်ထားလဲ တိုင်ပင်နိုင်သေးတယ်၊ ဒါပေမယ့် သူ့စိတ်အခြေအနေပေါ်တော့ မူတည်တာပေါ့။”
ဟိန်းသံ~~
သားရဲပျိုးထောင်သည့်အခန်းဘက်မှ ဟိန်းဟောက်သံတစ်သံထွက်လာခဲ့သည်။ ၎င်းအသံက အခန်းထဲတွင် ရိုင်းစိုင်းသည့်သားရဲတစ်ကောင် ထိန်းချုပ်ခံနေရသလိုပင်။
ရွှမ်ချွမ်ချွမ်ပင်လျှင် ကြောက်လန့်တုန်လှုပ်သွားသည်။ ဒီနေ့ သူမသူဌေးက ကြီးမားသည့် အရိုးစုကောင်တစ်ကောင်ကို သားရဲပျိုးထောင်သည့်အခန်းထဲ ခေါ်သွားသည်အား သူမတွေ့ခဲ့သည်။
တခြားသားရဲအမျိုးအစားတွေသာဆို အဆင်ပြေပေမည့် သူမက ထိုသို့ဖုတ်ကောင်အမျိုးအစားသားရဲတွေကိုတော့ လုံးဝမချစ်တတ်ပေ။ ဒီကောင်တွေထဲမှာ အားလုံးထဲမှာ သူမကိုအကြောက်စေဆုံးဖြစ်သည်။
ဒမ်…ဒမ်….ဒမ်….
ကြမ်းပြင်တစ်ခုလုံး ထိုကဲ့သို့ မှိုင်းညှို့ညှို့အသံများထွက်ပေါ်နေသည်။
ရုတ်တရက် ကြမ်းပေါ်မှလူတိုင်းမှာ လေးလံသည့် ဒရမ်ပေါ်သို့ဆက်တိုက် တီးခတ်နေသလို ခံစားလိုက်ရသည်။
ဘုန်း…ဘုန်း…ဘုန်း…
ဒရမ်တီးသံက ပိုလို့ကျယ်ကျယ်လာကာ စည်းချက်တိုင်းက သူတို့နှလုံးကို ဖျစ်ညှစ်နေသကဲ့သို့ ပိုပိုပြီး တင်းကျပ်လာခဲ့သည်။
“အမ်း…”
လူများစွာမှာ သူတို့၏နာကျင်နေသော ရင်ဘက်များကို ဆုပ်ကိုင်ရင်း ဒူးထောက်လျက်ကျသွားကြသည်။ သူတို့နှလုံးခုန်နှုန်းတွေကလဲ ပိုပိုမြန်ဆန်လာကာ အသက်ရှုနှုန်းကိုတောင်မှ အနှောက်အယှက်ဖြစ်လာစေသည်။
၎င်းက သူတို့ရေမကူးနိုင်တဲ့အချိန် ရေထဲသို့ပစ်ချခံလိုက်ရသလိုပင်။ သူတို့အသက်ရှူချင်လေ အသက်မရှူနိုင်ကြောင်း ပိုသတိထားလာမိလေဖြစ်သည်။
ရိုက်နှက်သံမျာက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လေထဲတွင်တော့ ရှိနေသည့်လူများ၏ အသက်ပြင်းပြင်း အလုအယက်ရှူနေသံများသာ ကျန်ရစ်ခဲ့သည်။
ရွှမ်ချွမ်ချွမ်မှာတော့ စိတ်ဆင်းရဲလွန်း၍ ငိုမိလုနီးပါးပင်။ ဒီအလုပ်သာဆက်လုပ်နေရင် သူမအသက်အန္တရာယ်ရှိလာနိုင်လောက်လား?
ထို့နောက် သူတို့ရုတ်တရက်ဆိုသလို လေထဲမှတဆင့် ဆီးနံ့ဖျော့ဖျော့ကို ရလိုက်ကြသည်။ သူတို့မျက်လုံးများက ဂျင်းဘောင်းဘီနှင့် ကိုယ်ကျပ်အင်္ကျီဝတ်ထားသည့်၊ ကြမ်းပေါ်ဆောင့်ကြောင့်ထိုင်နေသော မိန်းကလေးထံသို့ စူးစူးစမ်းစမ်းကြည့်ကုန်ကြသည်။ သူမမျက်နှာကလဲ နီရဲနေကာ အောက်သို့သာ စိုက်ကြည့်နေပြီး တိတ်တဆိတ်ရှိုက်သံများထွက်နေခဲ့သည်။
ချန်းကျန်းလန်၏မျက်နှာမှာတော့ ဒေါသကြောင့်နီရဲနေတော့သည်။ လျှိုကျောက်ယွီရဲ့အန်ကယ်ကောင်းပိုင်တဲ့ ဒီစတူဒီယိုက အရမ်းကြောက်စရာကောင်းတဲ့နေရာပဲ!
ရွှမ်ချွမ်ချွမ်လဲ အခြေအနေကိုတွေ့မြင်နေရတာကြောင့် ကောင်တာအောက်သို့ဝင်ကာ အဝတ်တစ်စုံကိုထုတ်လိုက်သည်။ “ဒီမှာအဝတ်သန့်တွေရှိတယ်၊ မင်းစိတ်ထဲမထားဘူးဆိုရင် အရင်လဲဝတ်လိုက်ပါလား။ ဟိုဘက်မှာ သန့်စင်ခန်းရှိတယ်။”
“ကျေးဇူးပါပဲ။” ကိုယ်ကျပ်အင်္ကျီနှင့်ကောင်မလေး၏အသံမှာ ကြွက်တစ်ကောင်လို့ တိုးလို့နေသည်။ သူမ အဝတ်များကိုလှမ်းယူပြီးနောက် သန့်စင်ခန်းသို့အလျင်စလိုဝင်သွားတော့သည်။
အစောပိုင်း သားရဲပျိုးထောင်သူအခန်းထဲတွင်၊
ကောင်းဖန်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိတာကြောင့် ချက်ချင်းပင် ဒမ်ဘီကို သူ့စွမ်းရည်များအား ပိတ်ပင်ဖို့ အမိန့်ပေးလိုက်သည်။
အစောက ဖြစ်ပျက်ခဲ့သည့်အရာမှာ ဒမ်ဘီ၏ရုတ်တရက် ဆင့်ကဲတိုးမြှင့်လာမှုကြောင့် စွမ်းရည်များကို သဘာဝအလျောက်ထုတ်လွှတ်မိသွားခြင်းဖြစ်သည်။
ဆင့်ကဲတိုးမြှင့်ပြီးနောက်တွင်တော့ ဒမ်ဘီသည် ကောင်းဖန် ပထမဆုံး သူ့ကိုအိမ်ခေါ်လာခဲ့သည့်အချိန်တုန်းကထက် အရပ်မြင့်လာခဲ့သည်။ မတ်မတ်ရပ်နေမည်ဆိုလျှင် သူ့အရက်မှာ လေးမီတာလောက်ပင်ရှိပြီး မျက်နှာကျက်သို့ပင် ရောက်လုနီးနီးဖြစ်သည်။ ဒမ်ဘီ၏ခန္ဓာကိုယ်ဖွံ့ဖြိုးလာမှုကတော့ နှေးကွေးကာ ကောင်းဖန်၏အိမ်မှာတုန်းကနှေင့် သိပ်မကွာသေးပေ။ ဒမ်ဘီ၏အရိုးအရောင်တွေကတော့ မီးခိုးရောင်ရင့်ရင့်သို့ပြောင်းလဲသွားသည်။ အနီရင့်ရောင်ဆံချည်မျှင်သွေးကြောများကလဲ သူ့အဆစ်တစ်ခုစီတိုင်းကို ရစ်ပတ်ထားကာ ဝိုင်ယာကြိုးမှနန်းကြိုးမျှင်များလိုပင်။
၎င်း၏မူလအရိုးစုအလွတ်သည် အခုဆိုလျှင် အနီရင့်ရင့်နှလုံးတစ်ခုရှိလာခဲ့ပေပြီ။
နှလုံးပတ်ဝန်းကျင်ရှိသော ဆံခြည်မျှင်သွေးကြောများနှင့် ခန္ဓာကိုယ်တစ်ဝိုက်ရှိသွေးကြောများသည် ချိတ်ဆက်နေကြသည်၊
၎င်း၏ နှလုံးလမ်းသည် တစ်ချက်တည်းခုန်လှုပ်သွားပြီး အသက်ရှိနေကြောင်းပြသည်၊ မြင့်လိုက်ကျလိုက်နှင့်နှလုံးခုန်နေသည်မှာ နှေးကွေးလှသည်၊ ၎င်းကတစ်မိနစ်လျှင် တစ်ချက်နှုန်းသာကြမ်းတမ်းစွာ "အသက်ရှု"နေသည်။
သေချာဂရုတစိုက်လေ့လာထားကြည့်လျှင် "နှလုံး"သည် သိပ်သည်းသော သွေးကြောများဖြင့်ဖွဲ့စည်းထားကြောင်းသိနိုင်သည်၊
နှလုံးသည်သွေးကြောများဖြင့်ပြုလုပ်ထားတာကြောင့် အလွန်ဆိုးပြီးကြောက်မက်ဖွယ်ကောင်းသော ပုံသဏ္ဌာန်ရှိသည်။
ဆင့်ကဲတိုးမြှင့်ခြင်းသည်အောင်မြင်သွားပြီးကောင်းဖန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
[မကောင်းဆိုးဝါးအမည်]-ရိုးခွံဖုတ်ကောင်လူဝံ
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၆
[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်]-ဖုတ်ကောင်
[ထူးခြားသောသွင်ပြင်လက္ခဏာများ]-သွေးကြောမျှင်နှလုံး
(အကျိုးသက်ရောက်မှု၁,အသက်သွင်းသက်ရောက်မှု-သွေးကြောမျှင်နှလုံးဖွဲ့စည်းမှုလည်ပတ်ရန် သွေးကြောများစားသုံးရမည်။ သွေးကြောမျှင် နှလုံးကိုပိုင်ဆိုင်ထားစဉ် ရိုးခွံဖုတ်ကောင် လူဝံ၏ခန္ဓာကိုယ်သွင်ပြင်သည်ခိုင်ခံ့နေမည်၊ အကျိုးသက်ရောက်မှု၂; သတိရှိရှိနှလုံးခုန်နေချိန်တွင် သွေးကြောမျှင်နှလုံးသည် နှလုံး၏ပဲ့တင်ရိုက်ခတ်မှုကိုဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့်နှလုံးခုန်ခြင်းကို ထိန်းချုပ် နိုင်သည်။)
[မကောင်းဆိုးဝါးအားနည်းချက်]-အလင်း
[ဒဏ္ဍာရီလာအဆင့်တိုးမြင့်ရန်လိုအပ်ချက်များ]-. . .
ကောင်းဖန်ဒဏ္ဍာရီလာအဆင့်ထိတိုးမြှင့်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ကြည့်လိုက်သည်။ တစ်ခါကြည့်ရုံနှင့်တင် ထိပ်လန့်သွားရသည်၊ သူတစ်ခါမှဒီလောက်များတဲ့ ပစ္စည်းတွေကို မကြားဖူးဘူး။
တခြားပစ္စည်းတွေဖြစ်တဲ့ မသေနိုင်သောနှလုံးနှင့် မြေအောက်သေမင်းမြစ်အမြစ်ဆိုသော နာမည်များသည် ထူးဆန်းနေပြီး တန်ဖိုးမဖြတ်နိုင်သောပစ္စည်းများဖြစ်နိုင်သည်၊
ဒီလိုများပြားလှတဲ့ပစ္စည်းတွေက ပိုက်ဆံနဲ့ဆိုရင်တောင်မဝယ်နိုင်လောက်ဘူး, ဘာကြောင့်လဲဆိုတော့ရိုးရိုးပြောရရင် ဘယ်သူမှဒီဟာတွေကိုဘယ်မှာ သွားရှာ ရမယ်မှန်းသိမှာမဟုတ်ဘူး၊
ကောင်းဖန်က သံသယတွေရှိနေ,မရှိနေတောင်မှ ဒီဟာတွေထဲကတစ်ချို့ကတော့ ရှိနေနိုင်သည်။
ဒါပေမဲ့သေချာတဲ့ထူးခြားသွင်ပြင်လက္ခဏာတွေကဘာတွေလဲ? ကောင်းဖန်သိချင်မိသည်၊ ရေဝက်ဝံကတစ်ခုပိုင်ဆိုင်ပြီး,ယခုတွင် ဒမ်ဘီသည်လည်းပိုင်ဆိုင်သည့် တစ်ခုကလည်း ကောင်းစွာဖွံ့ ဖြိုးတိုးတက်နေပြီဖြစ်သည်၊
ကောင်းဖန်သိချင်သည်နှင့် ကြီးမားသောအနက်ရောင်စာလုံးများ"ထူးခြားသည့် သွင်ပြင်လက္ခဏာများ"ဆိုသည်ကပေါ်လာသည်။
အဲ့ဒီနောက်ထိုအရာနှင့်ပတ်သတ်သည့်အချက်အလက်များက သူ၏စိတ်ထဲတွင် ပေါ်လာတော့သည်။
ထူးခြားသောသွင်ပြင်လက္ခဏာများသည် သားရဲများကသေချာပေါက်ဖွံ့ဖြိုး တိုးတက်သောဧရိယာတွင် လုံလောက်သော ကြီးထွားမှုကိုရရှိပြီးနောက်ရရှိလာသော စွမ်းရည် ဖြစ်သည်။
ထူးခြားသောသွင်ပြင်လက္ခဏာများကိုနှစ်မျိုးခွဲခြားနိုင်ပြီး- မွေးကင်းစအရွယ်နှင့် ဖွံ့ဖြိုးပြီးအရွယ်တို့ဖြစ်သည်။
မွေးကင်းစဖြစ်သူများသည် ရေဝက်ဝံကဲ့သို့ဖြစ်သည်၊ သဘာဝအားဖြင့် သေချာပေါက် ပိုကောင်းသော ဧရိယာတွင်သားရဲများသည် ထူးခြားထင်ရှားသည့် လက္ခဏာများ ပိုင်ဆိုင်ပြီး တိကျသောမျိုးစိတ်များ၏ကျွမ်းကျင်ခြင်းဖွံ့ဖြိုးမှုများသည် တချို့တူညီ လုနီးနီးရှိသည်။
ထူးခြားသောသွင်ပြင်လက္ခဏာဖွံ့ဖြိုးမှုများသည် စိတ်ချရသော အဆင့်တစ်ခုသို့ ရောက်သောအချိန်ကျမှပေါ်လာသည်။ ပထမဆုံး သားရဲကထူးခြားအဆင့်ကို ရောက်သွားသည့်အချိန်တွင် ၎င်းက ထူးခြားသော သွင်ပြင်လက္ခဏာပြောင်းလဲခြင်းအတွက် အခွင့်အရေးရှိသည်။ ထူးခြားအဆင့်မှစ၍အချိန်တိုင်း သားရဲက အဆင့်မြှင့်သို့တိုးမြှင့်သော စီမံမှုများတွင် ထူးခြားသော သွင်ပြင်လက္ခဏာတစ်ခု သို့ပြောင်းလဲရန်အခွင့်အရေး ရှိသည်။
ထိုနှစ်မျိုးကြားထဲတွင်ကွဲပြားမှုမရှိဘဲ ဘယ်တစ်ခုက ပိုကောင်းသည်ဆိုတာကိုလည်း မခွဲခြားနိုင်ပါ။
ထူးခြားသောသွင်ပြင်လက္ခဏာများသည် ကျွမ်းကျင်မှုဒါမှမဟုတ်လှုပ်ရှားမှုများနှင့် မတူညီကြပါ။ ဒါကဂိမ်းကစားနေခြင်းမဟုတ်သောကြောင့် သားရဲ၏ကျွမ်းကျင်ခြင်းနဲ့ လှုပ်ရှားမှုများဟူသော အရာများသည် ဘယ်လိုနည်းနှင့်မှရှိမလာနိုင်ပါ။
အကယ်၍သားရဲတစ်ကောင်က မီးကိုထိန်းချုပ်နိုင်သောကြောင့် မီးဘောလုံးကို ဖန်တီးနိုင်ပြီး မီးတောက်၏ကျောရိုးကိုမမြင်နိုင်ခြင်းမျိုး ထိုသို့အဓိပ္ပါယ်မရှိသော ကိစ္စများမရှိပါ၊ သားရဲကမီး တောက်ကိုဘယ်လောက်ပင်ကောင်းကောင်းထိန်းချုပ်နိုင်ပါ စေ, သားရဲ၏စွမ်းရည်ဘယ်လောက်တိုးတက်လာလဲဆိုတာကို သာဆုံးဖြတ်သည်။
ထူးခြားသည့်သွင်ပြင်လက္ခဏာဆိုသည်မှာ သားရဲ၏ အခြေခံ စွမ်းရည်ထဲသို့ အပိုမော်ဂျူးတစ်ခုပေါင်းထည့်ခြင်းသကဲ့သို့ ဖြစ်သည်၊
ရိုးရိုးပြောရမည်ဆိုရင် သားရဲကိုသေနတ်တစ်လက်ကဲ့သို့ ဖော်ညွှန်းနိုင်ပါသည်၊ ၎င်း၏ထူးခြားသည့်သွင်ပြင်လက္ခဏာများကတော့ မှန်ပြောင်း,ကျည်ကပ်,လက်ကိုင်,သေနတ်ဒင် သိူ့မဟုတ်သေနတ်တွင် တပ်ဆင်နိုင်သော အခြားပစ္စည်းများအုဖစ် ဖော်ညွှန်းနိုင်သည်။
ပို၍ရိုးရှင်းစွာပြောရလျှင် ထူးခြားသောသွင်ပြင်လက္ခဏာများ ကိုသားရဲ၏ငုပ်ရှိုးနေသော လက္ခဏာများနိုးကြွလာမှုအဖြစ် မှတ်ယူနိုင်သည်။
ကောင်းဖန်၏မျက်လုံးများကတောက်ပလာပြီး ဒမ်ဘီကိုကြည့်လိုက်သည်၊ခုချိန်မှာ ဒမ်ဘီကအသေအချာကိုလွှမ်းမိုးနေပြီဖြစ်သည်။
ထူးခြားအဆင့်
၎င်း၏ခဲငွေရောက်အရိုးများသည် အလွန်အေးခဲနေစွာ တောက်ပစွာထုတ်လွှတ်နေပြီး အနီရင့်ရောင်ဆံခြည်မျှင်သွေးကြော များသည် သူ၏အရိုးများကိုဖြတ်သန်းနေပြီး ၎င်းကိုအနည်းငယ် နာကျင်စေသည်၊ ရင်ဘတ်၏အလယ်တွင် နံရိုးအတန်းလိုက်သည် သတ္ထုတန်းများစပ်နေသကဲ့သို့ဆက်ယှက်နေပြီး အတွင်းရှိ အနီရင့်ရောင်နှလုံးကို ကာကွယ်ပေးထားသည်။ သူ့ခေါင်းကအောက်ကိုငုံလိုက်သောအခါ အပြာရောင် ဝိဉာဉ်မီးတောက်ကတော့ သူ့ခေါင်းပေါ်တွင်တောက်ပစွာလောင်ကျွမ်းနေ သည်၊
သူတို့ပျိုးထောင်ခြင်းအခန်းမှထွက်သွားကြတော့သည်။
***
အပိုင်း ၅၂ အပူလွန်ကဲခြင်း
သားရဲပျိုးထောင်ခြင်းအခန်းထဲမှ ဒမ်ဘီဖြည်းဖြည်းချင်းထွက်လာပြီး မျက်နှာကို အောက်ငုံ့ထားကာ နှေးကွေးစွာလျှောက်နေပေမည့် တည်ငြိမ်လှသည်။ ဒမ်ဘီ၏ပုံစံမှာ အရိုးတွေချည်းသာဆိုသော်လည်း တကယ်တမ်း အတော်လေးလှသည်။
၎င်း၏အရိုးများက သံဖြင့်လုပ်ထားသလိုပုံတောင် ထင်ရသည်။ ၎င်းက ကြမ်းပြင်ပေါ်သို့ တစ်လှမ်းချင်း အသံကျယ်ကျယ်ဖြင့် လှမ်းလျှောက်လာခဲ့သည်။
ဒမ်ဘီ၏ပုံစံမှာ သိသာထင်ရှားလွန်းတာကြောင့် ကောင်းဖန်က သူ့အလုပ်သမားတစ်ယောက်ကို ဒမ်ဘီကိုယ်ပေါ်မှ ဖုံးအုပ်ရန် အနက်ရောင်အကြမ်းထည်ဝတ်ရုံတစ်ခု ယူခိုင်းလိုက်သည်။
ဒမ်ဘီက ခေါင်းအထိပါ ဝတ်ရုံကို ခြုံထားကာ သူ့ရဲ့တစ္ဆေမီးတောက်နှစ်လုံးကသာ အမှောင်ထဲတွင်တောက်ပနေသည်။ တစ်ခါတစ်လေ ဝတ်ရုံအောက်မှ ခဲငွေရောင်အရိုးများက ပေါ်ထွက်လာကာ ပုံမှန်ထက် ပိုအေးစက်နေပုံတောင်ပေါက်သည်။
သူ့ပုံစံက ထင်ရှားအဆင့်၏အမြင့်ဆုံးပိုင်းသို့တောင် လက်ရှိမှာပဲ ရောက်နေသလိုပုံပေါက်သည်။ သူဆက်လက် အဆင့်မြင့်တက်နိုင်သေးသော်လည်း သူအဆင့်မြှင့်တင်ရမည့် နည်းလမ်းထဲတွင်ပါဝင်သည့် အချို့သော ပါဝင်ပစ္စည်းများမှာ လူမှုနယ်ပယ်တွင်တောင်မှ လက်လှမ်းမမှီသည့်အနေအထားတွင် ရှိနေသည်။
ဒါကြောင့်ပဲ ကောင်းဖန် လောလောဆယ်တော့ တာ့ဇီကို ပျိုးထောင်ရန်သာ အာရုံစိုက်ထားလိုက်သည်။ ထို့အပြင် မကြာသေးမီက ကောင်းဖန် ထူးဆန်းသည့်တစ်စုံတစ်ရာကိုလဲ သတိပြုခဲ့မိသေးသည်။
တာ့ဇီ သာမာန်အဆင့်အတန်းမှ အဆင့်၉သို့ရောက်ချိန်တွင် ပြီးပြည့်စုံအဆင့်သို့ အဆင့်မြှင့်ရာ၌ လိုအပ်သောပါဝင်ပစ္စည်းမှာ ငွေသစ်ရွက်ကို အမှုန့်ဖြစ်အောင် ကြိတ်ကာ ရေနှင့်ရောပြီး တစ်ပတ်သောက်ပေးရမည်ဖြစ်ပြီး အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲတစ်ကောင်၏ အမြုတေလဲ လိုအပ်သေးသည်။
အခုတော့ တာ့ဇီသည် ထိပ်တန်းအဆင့်အတန်း၏ အဆင့်၁၄သို့ရောက်နေပြီဖြစ်ကာ လိုအပ်သောပါဝင်ပစ္စည်းက ငွေသစ်ရွက်ဆေးရည်ကို နှစ်ပတ်သောက်ပြီး အုပ်ချုပ်သူအဆင့် လျှပ်စီးသားရဲအမြုတေတို့ ဖြစ်လာခဲ့သည်။
သားရဲရဲ့အဆင့်မြင့်လာတာနဲ့ လိုအပ်တဲ့ပါဝင်ပစ္စည်းပမာဏကလဲ တိုးလာတာပဲလား?
ကောင်းဖန် တော်တော်လေးအံ့ဩသွားခဲ့ရပြီး ခဏလောက်သေချာပြန်စဉ်းစားကြည့်ပြီးကာမှ သဘောပေါက်သွားတော့သည်။ ပါဝင်ပစ္စည်းရဲ့ပမာဏကပဲ တိုးသွားပြီး ပါဝင်ပစ္စည်းအမျိုးအမည်ကတော့ မတိုးသွားဘူးဘဲ။ ဒါက အစာစားသလိုပဲပေါ့။ ကလေးတစ်ယောက်ကို အာဟာရလုံလောက်စေရန် ဆန်တစ်ပေါင်ကျွေးဖို့လိုသလို အရွယ်ရောက်သူအတွက်ဆိုလျှင်တော့ ဆန်၁၀ပေါင်လိုသလိုပင်။
ဒါဆို ငါနောက်သားရဲတွေပျိုးထောင်တော့မယ်ဆိုရင် ဒီအချက်ကိုလဲ ထည့်စဉ်းစားဖို့လိုတာပေါ့။
ငါ့မှာကိတ်မုန့်မရှိဘဲနဲ့ စားလို့မှမရဘဲ။ ပါဝင်ပစ္စည်းသုံးစွဲမှုကို ထိန်းချုပ်ဖို့ဆို သားရဲတွေရဲ့အဆင့်တက်နှုန်းကို ဖိနှိပ်ထားနိုင်တာပဲ။ ဒါပေမယ့် အဆင့်မပြောင်းသွားရင်လဲ သားရဲရဲ့ တိုက်ခိုက်နိုင်စွမ်းကို အများကြီးထိခိုက်သွားလိမ့်မယ်။
ဒီနှစ်ခုလုံးဘယ်လိုဟန်ချက်ညီအောင်လုပ်ပြီး နှစ်ဖက်လုံးအလုပ်ဖြစ်အောင် လုပ်ရမလဲ၊ ဟမ်း… အားလုံးက ငါ့အပေါ်ပဲ မူတည်တာပဲ။
“အန်ကယ်ကောင်း။” လျှိုကျောက်ယွီက ဒမ်ဘီဘက်ကို မဝံ့မရဲကြည့်ရင်း ကောင်းဖန်ကို ခေါ်လိုက်သည်။ ဒမ်ဘီ၏ပုံစံအစစ်အမှန်ကို စထွက်လာတုန်းက မြင်ခဲ့ပြီးသလို အနက်ရောင်ဝတ်ရုံအောက်ကနေပြီးလဲ ဒီကောင်ကြီး ဘယ်လောက်တောင် ကြီးမားလဲ မြင်နိုင်သေးသည်။
သူမမှာ ကြောက်လန့်စရာမြင်ကွင်းကြောင့် အသက်ရှူရပ်မတတ်ဖြစ်နေကာ ဒီနေ့ကိစ္စကို နောက်လပေါင်းများစွာ ကြာသည်အထိ မေ့နိုင်တော့မည်မဟုတ်ပေ။
“ငါ့ကို အန်ကယ်ကောင်းလို့မခေါ်ပါနဲ့၊ ငါတို့အသက်တွေက အတူတူလောက်ပဲကို။ ဒီခေါ်ပုံနဲ့ သိပ်အသားမကျဘူး။”
“အို၊” လျှိုကျန်းယွီ သက်သောင့်သက်သာဖြစ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။
“မင်း ငါ့ကို မစ္စတာကောင်း ဒါမှမဟုတ် မာစတာကောင်းလို့ ခေါ်နိုင်တယ်။” ကောင်းဖန် ထပ်ပေါင်းပြောလိုက်သည်။
“….”
“….”
“ပုံမှန် ငါအတိုင်ပင်ခံကြေး ဘယ်လောက်ယူလဲ သိတယ်မဟုတ်လား။ မင်းအရင်ဆုံး ငွေချေထားလိုက်။ မင်းရဲ့သားရဲက သာမာန်ထိပ်တန်းအဆင့် ဒင်္ဂါးကြောင်ပဲ။ ငါ့အတိုင်ပင်ခံကြေးအရဆို ခရက်ဒစ် အမှတ်၆၀ ကျလိမ့်မယ်။ မင်းရဲ့အားပေးမှုအတွက် ကျေးဇူးပါ။”
အတိုင်ပင်ခံကြေးရပြီးသည်နှင့် ကောင်းဖန်က လျှိုကျောက်ယွီ ခြေထောက်ဘေးတွင် စောင့်နေစဲဖြစ်သည့် ဒင်္ဂါးကြောင်ကို ခေါ်လိုက်သည်။ “ဒီကိုလာခဲ့~”
အဖြူရောင်ကြောင်ကြီးက ကောင်းဖန်ကို သတိတကြီး ကြည့်နေကာ နေရာတွင်ပဲ ပန်းပုရုပ်တစ်ရုပ်လို့ မလှုပ်မယှက်နေ,နေသည်။
၎င်းက ခဏလောက် တုံ့ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ကောင်းဖန်အနားသို့ အစမ်းသဘောလိုမျိုး ဖြည်းဖြည်းချင်းတိုးကပ်သွားသည်။
“မင်းအဖေမျက်နှာကြောင့် မင်းရဲ့ဒင်္ဂါးကြောင် အဆင့်မြှင့်မယ့်ပါဝင်ပစ္စည်းတန်ကြေးကိုပဲ ယူထားတယ်။” ကောင်းဖန်က လျှိုကျန်းယွီကို ‘ငါက အရမ်းကြင်နာတတ်တယ်’ဆိုသော အကြည့်မျိုးဖြင့် ကြည့်ကာပြောလိုက်သည်။
လျှိုကျန်းယွီလဲ သူ့ကို အလွန်ကျေးဇူးတင်သွားခဲ့သည်။
ကောင်းဖန်ပစ္စည်းတန်ဖိုးကို ခန့်မှန်းထားခြင်းဖြစ်ပြီး ဒင်္ဂါးကြောင်ကို အဆင့်မြှင့်သည့်အတွက်ကိုတော့ ခရက်ဒစ်၂မှတ်အောက်သာ ကျသင့်သည်။
ကျန်သည့် ခရက်ဒစ်၅၂မှတ်ကတော့ သူ စတူဒီယိုနှင့် ၁၀ရာခိုင်နှုန်း ဘောနပ်စ်မျှဝေဖို့လိုတာကြော်င့ သန့်သန့်ရှင်းရှင်းလေးအမြတ်ယူထားခြင်းပင်။
……….
ဒင်္ဂါးကြောင်အတွက် ပါဝင်ပစ္စည်းများစတင်သုံးရမည့်အချိန်တွင်တော့ မတော်တဆမှုတစ်ခုဖြစ်လာခဲ့သည်။ တစ်ဆင့်တွင် ဆေးဖက်ဝင်ပစ္စည်းများဖြင့် ရေချိုးပေးရန်လိုအပ်နေသည်။ ကောင်းဖန် အားလုံးပြင်ဆင်ပြီးသွားသည့်နောက် ဒင်္ဂါးကြောင်က ရေထဲဆင်းရမှာကို သေရမှာထက်တောင် ပိုကြောက်နေခဲ့သည်။
သူ့ရဲ့အမွေးအမျှင်တွေက ထောင်ထနေကာ အခန်းထောင့်မှနေပြီး ကောင်းဖန်ကို သစ္စာဖောက်အား ဘုရင်ကြီးက စိုက်ကြည့်နေသလိုမျိုး သတိတကြီးကြည့်နေခဲ့သည်။
၎င်းကဒေါသဖြစ်ထွက်ကာ *မြောင်*ဟုအော်လိုက်ပြီး ကောင်းဖန်ကိုခြိမ်းခြောက်နေသည်၊
မြောင်…
ကောင်းဖန်ရယ်ရမလား,ငိုရမလားတောင်မသိတော့၊ သူကဒင်္ဂါးကြောင်ကိုလက်ညိုးထိုး လိုက်သည်၊ “မင်းလာမှာလား,မလာဘူး?”
“မြောင်!” ဒင်္ဂါးကြောင်ကမလှုပ်ပင်မလှုပ်ခဲ့၊
“ကောင်းပြီ, ဒမ်ဘီ အဲ့ကောင်ကိုသွားဖမ်း” ကောင်းဖန်သူ့နောက်တွင်ရပ်နေသော ဒမ်ဘီကိုအမိန့်ပေးလိုက်သည်၊
ဒမ်ဘီကအမိန့်ကိုနာခံလိုက်သည်၊ အဲ့တာအတွက်မှားလားမှန်လားဆိုတာမရှိဘဲ ကောင်းဖန်ရဲ့အမိန့်ကိုသာနာခံသည်၊
သူ့အတွက် သခင်၏စကားများသည်သာ အမှန်တရားဖြစ်သည်၊
ဒင်္ဂါးကြောင်ကသူ့နောက်ကနံရံပေါ်ကိုခုန်တက်သွားပြီး ၎င်း၏ချွန်ထက်သောလက်သည်းများက ထွက်ပေါ်လာသည်၊ သူကနံရံပေါ်ကိုလွယ်ကူစွာနဲ့ခုန်တက်လိုက်သည်၊ မျက်စိတစ်မှိတ်အတွင်းတွင်ဘဲ ၎င်းက မျက်နှာကြက်ထိပ်ပေါ်ကို တက်သွားပြီးနောက်တင့်တယ်စွာနဲ့ နောက်ကိုလှည့်လိုက်ကာ, ၎င်း၏ခြေထောက်နှစ်ချောင်းကနံရံပေါ်ကိုတွန်းတင်လိုက်သည်၊
ဖတ်
ဒမ်ဘီကမှန်ကန်စွာနှင့်ဖိညှပ်လိုက်သည်၊
ဒင်္ဂါးကြောင်က ဒမ်ဘီလက်ထဲတွင် ဖမ်းချုပ်ခံထားရတာကိုတောင် ထိုအခြေအနေကိုသဘောမပေါက်သေးဘဲ သူ့ရဲ့ခြေထောက်တိုတိုလေးချောင်းက ရုန်းကန်လှုပ်ရှားနေသည်။
နောက်ဆုံးတော့ သူဖမ်းမိတာကိုသဘောပေါက်သွားပြီး ၎င်းကရုန်းကန်လှုပ်ရှားမှုကို ရပ်လိုက်ကာ မျှော်လင့်ချက်မဲ့စွာနှင့် ဒမ်ဘီလက်ထဲတွင်လှဲနေလိုက်သည်၊ ဒမ်ဘီ၏လက်ဖဝါးက အတော်ကြီးပြီး,ဒင်္ဂါးကြောင်ကို လက်တစ်ဖက်တည်းနှင့်ကိုင်ဖို့လုံလောက်သည်၊
နောက်တော့, ဒမ်ဘီကကောင်းဖန်၏အမိန့်ကိုနာခံပြီး ဒင်္ဂါးကြောင်ကိုဆေးဖက်ဝင်ပစ္စည်းများနှင့် ရေချိုးရန်ရေထဲသို့ပစ်ချလိုက်ကာ ဘန်းခနဲမြည်အောင် ရေချိုးကန်အဖုံးကိုပိတ်ချလိုက်သည်၊
ဒင်္ဂါးကြောင်က အားနည်းစွာနဲ့ရုန်းထွက်နေသည်၊ ရေထဲတွင်နစ်သွားပြီးနောက်, ၎င်း၏ အရိုးများက အရည်ပျော်သွားပြီး၎င်း၏အမွှေးများက ရေချိုးကန်၏နေရာအနှံ့တွင် ပေါလောပေါ်လာပြီး ပုံစံကအမွှေးထူသောအသားဘောလုံးနှင့်တောင်တူနေသည်၊
ရေချိုးကန်အဖုံးတွင်အပေါက်တစ်ပေါက်ရှိနေခြင်းကြောင့် ကောင်းဖန်သည်ထိုဆိုးရွားသောကြောင် အသက်ရှုကြပ်မည်ကို စိတ်ပူစရာမလိုပါ။
နာရီဝက်ကြာပြီးနောက် ကောင်းဖန်ရေချိုးကန်အဖုံးကိုဖယ်ရှားလိုက်သည်၊ ငြိမ်သက်စွာနှင့်ရေချိုးနေသောကြောင်က ရုတ်တရက်ထအော်ကာ ကောင်းဖန်ကိုတဟုန်ထိုးခုန်အုပ်လိုက်သည်၊ အဖြူရောင်အရိပ်တစ်ခုသာလေထဲတွင်ကျန်ခဲ့သည်၊
ဘန်း!
ဒင်္ဂါးကြောင်ကနံရံနှင့်အရှိန်ပြင်းစွာတိုက်မိလိုက်သည်၊
ဒမ်ဘီက ၎င်းကိုအဝေးသို့ခွာထုတ်လိုက်ခြင်းပင်။
ကြောင်ကနံရံကပ်စတစ်ကာလိုနံရံတွင်ကပ်နေပြီးနောက် ဖြေးညင်းစွာနဲ့အောက်ကျသွားတော့သည်….
ဒမ်ဘီကကောင်းဖန်၏နောက်တွင်တည်တည်ငြိမ်ငြိမ်နှင့်အင်အားကြီးမားသောအံ့ဖွယ် နတ်ဘုရားတစ်ပါးကဲ့သို့လာရပ်သည်။ အနက်ရောင်ဝတ်ရုံက ၎င်း၏ကြီးမားသော အရိုးစုများကိုခြုံထားပြီး လေမတိုက်ဘဲလေထဲတွင်လွှင့်နေသည်၊
ကောင်းဖန် ဒင်္ဂါးကြောင်၏အချက်အလက်ပြဇယားကိုကြည့်လိုက်သည်၊ ကြောင်က အထူးအဆင့်သို့တက်သွားကြောင်းကို ၎င်းကပြနေသည်။
မစ်ရှင်ပြီးဆုံးသွားပေပြီ၊ ကောင်းဖန်သားရဲပျိုးထောင်ခြင်းအခန်းတံခါးကို ဖွင့်လိုက်ပြီး လျှိုကျောက်ယွီကို သူမကြောင်ကိုလာခေါ်ရန် ခေါ်လိုက်သည်၊
၎င်းက သူကူညီခဲ့သောအကျွမ်းတဝင်သားရဲများထဲတွင် အဆိုးရွားအခက်ခဲဆုံးဖြစ်သည်! ဒီကြောင်က သူ့ကိုတောင်နာကျင်အောင်လုပ်ရဲတယ်။
လျှိုကျောက်ယွီအခန်းထဲသို့ဝင်သွားသည်၊ ဒင်္ဂါးကြောင်ကထောင့်ချိုးနားတွင်ပုန်းနေသည်၊ သူ့သခင်ဝင်လာတာကိုမြင်တော့,သူမလက်မောင်းထဲသို့ခုန်ဝင်လာပြီးသူမရင်ဘတ်နှင့် သူ့ခေါင်းကိုပွတ်သတ်နေသည်၊
“အာ, မင်းရဲ့နှာခေါင်းမှာသွေးထွက်နေတယ်၊” လျိုကျောက်ယွီကဒင်္ဂါးကြောင်ရဲ့နှာခေါင်းကို ဝမ်းနည်းစွာနှင့်ခပ်ဖွဖွပုတ်ပေးလိုက်သည်၊ လတ်ဆတ်တဲ့သွေးအစက်အပြောက်တွေ တောင်ရှိသေးသည်၊
“အဲ့ဒါ အပူလွန်နေလို့” ကောင်းဖန်ရှင်းပြလိုက်သည်၊
“ပူတယ်?”လျိုကျောက်ယွီကထပ်ပြောလိုက်ပြီး ရှုပ်ထွေးနေသည်၊
“ဟုတ်တယ်၊ အားဆေးကအရမ်းသန်မာနေပြီးတော့ အာနည်းတဲ့ကြောင်ပေါ်ကိုအကျိုးသက်ရောက်မှုတွေဖြစ်နေတာ၊ သူ့ခန္ဓာကိုယ်က အာဟာရတွေကိုတစ်ကြိမ်တည်းနဲ့အများကြီးလက်မခံနိုင်ဘူး, ဒါကြောင့်သူ့နှာခေါင်းကနေသွေးထွက်နေတာ” လျှိုကျောက်ယွီ အခန်းထဲကထွက်သွားပြီးနောက် ကောင်းဖန်တည်ငြိမ်စွာနဲ့ နံရံပေါ်ကသွေးစက်တွေကို သုတ်လိုက်သည်၊
သူကိုယ်သူအညောင်းဆန့်ထုတ်လိုက်သည်၊ ထိုအချိန်မှာဘဲကောင်းဖန်၏ဖုန်းကမြည်လာသည်၊ ဒါကတော့ လျှိုစန်းလင်းရဲ့ကျေးဇူးတင်မှုအတွက်ခေါ်ဆိုခြင်းဖြစ်သည်၊
ကောင်းဖန်ကသူရဲ့ကျေးဇူးတင်မှုကိုတည်တည်ငြိမ်ငြိမ်နှင့်လက်ခံလိုက်ပြီး ဒါကဘာမှ မဟုတ်ကြောင်းပြောလိုက်သည်၊ နောက်ဆုံးတွေ့ဆုံပွဲပြီးတဲ့နောက်, ကောင်းဖန်က လျိုစန်းလင်းအပေါ်ထားသောသဘောထားကိုမပြောင်းလဲသော်လည်း သူနှင့်ပတ်သတ်၍ မကောင်းသောခံစားချက်အချို့ရှိခဲ့သည်၊
အချို့သောအရာတွေကိုလျို့ဝှက်ထားတာကပိုကောင်းသည်၊
***