အခန်း (၅၃-၅၆)
Vol. 4 Ch. 53-56
အပိုင်း ၅၃ ဂျယ်လီငါး
လျှိုကျောက်ယွီတို့သူငယ်ချင်းအဖွဲ့နှင့်တွေ့ပြီးနောက် ကောင်းဖန် ရုံးခန်းထဲသို့ပြန်လာကာ နောက်ဆုံးထွက် သိပ္ပံစာစောင်တစ်ခုကို ဖတ်နေလိုက်သည်။
အများအားဖြင့် ဖောက်သည်မရှိချိန်များဆိုလျှင် ကောင်းဖန်က စာစောင်အချို့ကို မှာကာ ဖတ်လေ့ရှိသည်။ ဒီနည်းလမ်းဖြင့် အချိန်ဖြုန်းနိုင်သလို အသစ်သစ်သော အသိပညာများကိုလဲ ရရှိနိုင်သည်။
ဆောင်းပါးတစ်ပုဒ်က ကောင်းဖန်၏အာရုံကို ဖမ်းစားလို့သွားခဲ့သည်။ ရေးသားသူကတော့ နာမည်ကျော်စာစောင်အသီးသီးတွင် ဆောင်းပါးများစွာ ထည့်သွင်းဖော်ပြလေ့ရှိသည့် ပညာရေးနယ်ပယ်မှ အတော်အသင့်နာမည်ရသည့် စာရေးဆရာ မင်ကန်းတန့်ဖြစ်သည်။
ဆောင်းပါးတွင်က၊ “သစ်သားသည် မီးကိုထုတ်လုပ်နိုင်ကာ သဘာဝအားဖြင့် နွေးထွေးစေသည်… ကောင်းကင်နှင့်မြေကြီး၏သဘာဝကို အခြေပြုပြီး အနည်းစုသောအရာတွေအပေါ် အများစုရှိတဲ့အရာတွေက အောင်နိုင်ကြတယ်။ ဒါကြောင့်ပဲ ရေက မီးကိုအောင်နိုင်တာဖြစ်တယ်။ ကျွမ်းကျင်မှုက အကြမ်းခံမှုကို အောင်နိုင်တယ်။ ဒါကြောင့်ပဲ မီးက သတ္ထုကို အောင်နိုင်တာဖြစ်တယ်… အကျဉ်းချုပ်ကြည့်လိုက်ရင်တော့ သစ်သားက မီးရဲ့လောင်စာဖြစ်လာတယ်၊ မီးကတော့ ကမ္ဘာမြေကြီးကို ဖန်တီးတယ်၊ ကမ္ဘာမြေကြီးကတော့ သတ္ထုယူဆောင်လာတယ်။ သတ္ထုကတော့ ရေကို စုဆောင်းတယ်။ ရေက သစ်သားအတွက် အာဟာရဖြစ်တယ်။ သတ္ထုက သစ်သားကို ဖြတ်တယ်။ သစ်သားဆိုတာ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းပဲ၊ ကမ္ဘာမြေကတော့ ရေကိုစုပ်ယူတယ်၊ ရေက မီးကို ငြှိမ်းသတ်တယ်၊ မီးကတော့ သတ္ထုကို အရည်ပျော်စေတယ်။” (@_@)
မင်ကန်းတန့်ဖော်ပြထားသည့်အရာများမှာ ရှေးလက်ရာများမှ ရှာဖွေတွေ့ရှိထားခြင်းဖြစ်သည်။ ထို့နောက် သူက လူများနားလည်ထားပြီးသားဖြစ်သည့် အတွေးအခေါ်များစွာကို ထပ်မံဖော်ပြထားပြန်သည်။
ကောင်းဖန် သူ့စာများကို နှစ်သက်သည်။ သူရေးသမျှကိုလဲ အကြီးအကျယ်သဘောတူ ထောက်ခံပေမည့် ပြဿနာအနည်းငယ်ကတော့ ရှိနေတုန်းပင်။
ကောင်းဖန် လက်တွေ့ဘဝတွင် မြင်တွေ့ရသည့် သားရဲများ၏အချက်အလက်များကို အခြေခံလိုက်လျှင် အများစုက အခြေခံသဘောတရားငါးမျိုးနှင့် ဆက်သွယ်မှုရှိကြသည်။
ဒါပေမယ့်လဲ ခြွင်းချက်အနည်းငယ်ကတော့ ရှိနေစဲပင်။ ပထမဆုံးအနေနဲ့ အသက်တစ်သက်ကို မွေးဖွားခြင်းနဲ့အံ့ဖွယ်ဖြစ်ရပ်များဖြင့် ဖွင့်စည်းထားသည်။ အသက်တိုင်းကတော့ အခြေခံသဘောတရားငါးမျိုးနဲ့ ဆက်စပ်နေတာမဟုတ်ဘူး။ ဒီစည်းမျဉ်းတွေအတိုင်းမလိုနာဘဲ ပြောင်းပြတောင် မူကျင့်ကြတဲ့ သာမာန်မဟုတ်တဲ့သားရဲတွေတောင်မှ ရှိသေးသည်။
အစောက သူလုပ်ပေးခဲ့တဲ့ ဒင်္ဂါးကြောင်ကိုပဲ ဥပမာအဖြစ်ယူကြပါစို့။ ရေက သစ်သားကို အာဟာရဖြစ်အောင် အထောက်အပံ့ပေးတယ်။ စံနှုန်းအရ ရေအမျိုးအစားနဲ့ ဒင်္ဂါးကြောင်ကို တိုက်ခိုက်တာက ပျက်စီးမျုကို များစွာလျော့ကျစေပေမယ့် သူ့ရဲ့အားနည်းချက်ကလဲ ရေပဲ။ ဒါကတော့ မျှော်လင့်ထားတာနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။
ကောင်းဖန် နေ့လည်ပိုင်းတွင်တော့ အလုပ်လုပ်စရာမရှိလောက်တော့ဘူးဟု တွေးထားသော်လည်း သူစာဖတ်နေတုန်းမှာပဲ လူအနည်းစုက စတူဒီယိုထဲသို့ဝင်လာခဲ့သည်။
ဤလူအနည်းစုကြားတွင် ရင်းနှီးနေသည့်မျက်နှာလဲပါရှိကာ ငွေရှင်ကြီးမာ… အဲ… မဟုတ်သေးဘူး၊ မာကျန်းပါလာတာပဲ။
ကောင်းဖန် စိတ်ထဲမှနေပြီး မာကျန်းကို ထင်သလိုခေါ်နေမိသည့်အတွက် တိတ်တိတ်လေးတောင်းပန်လိုက်မိသည်။
“မစ္စတာကောင်း၊ ငါ မင်းကို ဒုက္ခပေးဖို့ ရောက်လာပြန်ပြီ။” မာကျန်းက မျက်လုံးများထဲကပါ ဟက်ဟက်ပက်ပတ်ရယ်မောရင်း ပြောလာသည်။
မာကျန်း၏အနောက်တွင်တော့ လူနှစ်ယောက်ရှိနေသေးကာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်။ သူတို့နှစ်ယောက်လုံးက ရွယ်တူလောက်ပင်ဖြစ်လောက်ကာ အချင်းချင်းဆက်ဆံပြောဆိုပုံအရ စုံတွဲဖြစ်ပုံရသည်။
သို့ပေမည့် ကောင်းဖန်၏အာရုံကို ဖမ်းစားသွားတာကတော့ ထိုစုံတွဲမဟုတ်ဘဲ အမျိုးသမီးဘေးရှိလေထုထဲတွင် လွင့်မျောနေသည့် သက်တံရောင်ဂျယ်လီငါးပင်ဖြစ်သည်။
ဂျယ်လီငါးသည် အက်တာဟီဒရယ်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းက များစွာတိုကာ ညင်ညင်သာသာကူးခတ်နေသည့် ခိုင်မာသည့်လက်တံများလဲရှိသည်။ စွဲဆောင်မှုအရှိဆုံးအရာကတော့ ထိုဂျယ်လီငါးက ရေထဲတွင် ကူးခတ်နေရမည့်အစားလေထဲမှာကူးခတ်နေခြင်းဖြစ်ပင်!
သမုဒ္ဒရာထဲမှာကဲ့သလို လေထဲမှာလဲ စိတ်တိုင်းကျကူးခတ်နိုင်သည်က အလွန်စွဲမက်စရာကောင်းလှသည့် ဘဝမျိုးဟုပင် တွေးလိုက်မိသည်။
ကောင်းဖန်၏စိတ်အတွင်း၌ အလွန်စိတ်လှုပ်ရှားလို့နေသည်။
သို့ပေမည့် ဂျယ်လီငါးက အဆင့်မြှင့်ပေးဖို့လိုအပ်တဲ့အကောင်မဟုတ်ခဲ့ပေဘူး။ ဘေးနားမှာလှဲနေတဲ့သားရဲသာဖြစ်သည်။ ၎င်း၏ပုံစံက အိမ်မွေးကြောင်လိုရော ကျားတစ်ကောင်နဲ့ပါတူလို့နေသည်။
၎င်းသည် အရမ်းမကြီးပါပဲ ၄ပေခွဲလောက်သာရှည်လျားသည်။ ခန္ဓာကိုယ်တစ်ခုလံဒးကတော့ မက်တယ်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ နက်မှောင်လို့နေသည်။
ထိုသားရဲသည် ကျားကြောင်ဖြစ်မှန်း ကောင်းဖန် သိရှိသွားခဲ့သည်။ ၎င်းသည် ပုံမှန်အားဖြင့် ကြောင်ဖြစ်ပေမည့် ကပ်ဘေးကာလတွင် ကျားသွေးနိုးထလာကာ ကြောင်၏လျင်မြန်မှုနှင့် ကျားတစ်ကောင်၏ကြီးမားသည့်စွမ်းအားပါဝင်သည့် သားရဲတစ်ကောင်ဖြစ်လာခဲ့သည်။
ကောင်းန် သားရဲကိုကြည့်လိုက်ပြီးနောက် ထိုကျားကြောင်သည် သာမာန်အဆင့်မှာသာရှိနေသေးကြောင်း သိလိုက်ရ၍ အံ့ဩမိသွားတော့သည်။ ဒါပေမယ့် ဒီလိုအခြေအနေကိုမျိုးကိုလဲ မျှော်လင့်ထားသင့်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် အထူးအဆင့်နဲ့ပြီးပြည့်စုံအဆင့်သားရဲတွေပဲ အမြဲတွေ့နေတယ်ဆိုတာ အဓိပ္ပါယ်မှမရှိဘဲ။
“ငါ့ရဲ့ကျားကြောင်က အထူးအဆင့်ပဲ။ ငါဒီနေ့လာခဲ့တာက သူ့ကို ပြီးပြည့်စုံအဆင့်ကို မင်းမြှင့်ပေးနိုင်ဖို့ မျှော်လင့်လို့ပဲ။” အမျိုးသားက ပြောလိုက်သည်။ သူ၏စကားပြောဟန်မှာ နူးညံ့ညင်သာလှကာ မန်ဒရင်းအသံထွက်ကလဲ ကောင်းလှသည်။
အထူးအဆင့်?
ကောင်းဖန်ဆီမှ စိတ်ရှုပ်ထွေးသလိုပုံစံထွက်ပေါ်လာခဲ့ကာ နောက်တစ်ချက်သေချာပြန်ကြည့်လိုက်သည်။ ဒါက အဆင့်၁၈သာမာန်အဆင့်ကျားကြောင်ကြီးပါ။
သူ တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း ဘာမှတော့ ပြောမထွက်ခဲ့ဘူး။
အလွန်အကျွံပြောတာက ရန်ငြှိုးဖွဲ့မိနိုင်သည်။
ကောင်းဖန် ဒီလူကို အမှန်အတိုင်း ပြောသင့်မပြောသင့် မသိတော့ပေ။ ဒါပေမယ့်လဲ ဒီလူနဲ့သူ မရင်းနှီးဘူးဘဲ ထုတ်ပြောလိုက်လျှင် သူ့ဘက်ကအရမ်းစိတ်ကြီးတင်နေသလိုဖြစ်သွားမည်ဟု ခံစားလိုက်ရသည်။
“အမ်၊ ဒါဆို ဒီကျားကြောင်အတွက် ငါမဟာမိတ်ခရက်ဒစ်၆၀ယူမယ်။” ကောင်းဖန ကောင်းတစ်ချက်ညိတ်ကာပြောလိုက်သည်။
အမျိုးသားက အံ့ဩသွားကာ မာကျန်းဘက်သို့ မရေမရာလှမ်းကြည့်လိုက်သည်။
မာကျန်းကိုယ်တိုင်လဲ အံ့ဩသွားခဲ့ရသည်။ သူကချက်ချင်းပင် ကောင်းဖန်ကို ဝင်ပြောလိုက်သည်။ “မစ္စတာကောင်း၊ ငါ မင်းရဲ့အခကြေးငွေယူနှုန်းအပေါ် ငါ့ဝမ်းကွဲကို ပြောပြထားပြီးပြီ။ သူ့အတွက် ကိစ္စမရှိတာကြောင့် မင်းပုံမှန်အတိုင်းပဲ ယူလို့ရပါတယ်။” ထို့နောက် မာကျန်းက ချောင်းတစ်ချက်ဟန့်လိုက်ကာ မလုံမလဲရယ်လိုက်ပြီးမှ စကားဆက်ပြောလိုက်သည်။ “မင်းက လက်တွေ့ကျတဲ့လူမှန်း ငါသိပါတယ်၊ မစ္စတာကောင်းရယ်၊ ဒါပေမယ့် တကယ်ကိုလုံလောက်ပါပြီ။ ငါတို့ရင်းနှီးနေတာနဲ့ ငါ့ကို လျှော့ဈေးပေးဖို့ မလိုပါဘူး။ မင်းအတွက် စီးပွားရေးလုပ်ရတာ မလွယ်ကူမှန်း ငါလဲသိပါတယ်။”
ထိုအချိန်မှာဘဲ အနားမှလူတိုင်း မာကျန်းနောက်မှ အမြှီး ထွက်လာကာ အပြင်းအထန်လှုပ်ယမ်းနေသည်ကို တွေ့လိုက်ကြရသည်။
“ငါသိတယ်၊ ငါ့မှာဒီဟာကိုလျော့ဈေးပေးဖို့ရည်ရွယ်ချက်မရှိဘူး၊ ဒါကငါကျားကြောင် အတွက် လက်ခံနိုင်တဲ့ပမာဏဘဲ, ဒါမှမဟုတ်ရင်တော့ ဒါက ငါ့နာမည်ကိုစော်ကားတာဘဲ” ကောင်းဖန်ကယဉ်ကျေးစွာနဲ့ပြန်ပြောလိုက်သည်၊
“အာ? ဒါဘာကိုဆိုလိုတာလဲ?” မာကျန်းကချက်ချင်းနားမလည်နိုင်ဖြစ်နေသည်၊
ဒါပေမယ့်တစ်ဖက်က သူ့ဝမ်းကွဲကတော့နားလည်သည်၊ သူ့ဘေးနားက ကျားကြောင်ကို စောင်းကြည့်လိုက်ပြီးနောက် ကောင်းဖန်ကိုပြန်ကြည့်လိုက်သည်၊ သူ့မျက်နှာပေါ်ကအပြုံး ကပျောက်ကွယ်သွားသည်၊
“ကောင်းပြီ, ဒါဆို မစ္စတာကောင်းပြောသလိုပဲလုပ်တာပေါ့” သူ့ရဲ့ကတ်ကိုထုတ်လိုက်ပြီး သူ့ရဲ့ငွေချေမှုကိုတုံ့ဆိုင်းမနေဘဲပေးချေလိုက်သည်၊
တကယ့်ကိုတည့်တိုးသမားဘဲ၊
ကောင်းဖန်က ဒီလိုလူမျိုးတွေနဲ့ စီးပွားရေးလုပ်ရတာကိုပိုကြိုက်သည်၊
စီးပွားရေးကစီးပွားရေး မိတ်ဆွေကမိတ်ဆွေဘဲ၊ ဒါကကောင်းမွန်တဲ့အစီအစဉ်ဘဲ၊ သဘောတူညီမှုပြီးနောက် ဘယ်သူမှတစ်ဦးကိုတစ်ဦးအကြွေးတင်နေမည်မဟုတ်ပေ၊
ကောင်းဖန်ကသူ့ရဲ့ကျားကြောင်ကို ခေါ်ထုတ်သွားပြီးတဲ့နောက် မာကျန်းရဲ့ဝမ်းကွဲကသူ့ အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်၊
“ ရွှီစန်းကိုပြောလိုက်၊ မာရီကသူ့ကိုရှာနေတယ်လို့”
လိုင်း၏တစ်ဖက်က အံ့ဩနေပြီး ခတ္တရပ်နေသည်၊
“မစ္စတာမာ, ပြဿနာတစ်ခုခုရှိလို့လား”
“ငါမင်းကို အနည်းဆုံးအထူးအဆင့်ကျားကြောင်ကို ရှာခဲ့လို့ပြောခဲ့လားမပြောခဲ့ဘူးလား?” မာရီကသူပြောချင်တာကိုတည့်ပြောလိုက်သည်၊
“…ဟုတ်ကဲ့,မစ္စတာမာ၊ ဒီကျားကြောင်နဲ့ပတ်သတ်ပြီး မကျေနပ်တာများရှိလို့လား? အကယ်၍မကျေနပ်ရင်ကျွန်တော်…”
“ငါဆုံးအောင်ပြောမယ်၊” မာရီကကြားဖြတ်ပြောလိုက်သည်၊ “ချန်အန်းမြို့တစ်ခုလုံးမှာ ခင်ဗျားတို့သားရဲရောင်းဝယ်မှုလုပ်ငန်းတစ်ခုဘဲရှိတာမဟုတ်ဘူး၊ ချောင်ဟူမြို့တောင်ဘက်၊ လီလောင်အာမြို့နောက်ဘက်က, သူတို့တွေက သေသေရှင်ရှင်ငါနဲ့စီးပွားရေးလုပ်ချင်နေကြတာ! မင်းတို့အကိုကြီးက ငါ့အဖေရဲ့လက်အောက်ကပဲ၊ သူ့ရဲ့အကောင့်ကနေ ငါကုမ္မဏီက များသောအားဖြင့် လိုအပ်တဲ့ဘယ်သားရဲမဆို မင်းတို့ဆီကနေရတယ်၊ ငါမင်းကိုယုံထားတယ်။”
လိုင်း၏တစ်ခြားတစ်ဖက်သည် တိတ်ဆိတ်လျှက်ရှိသည်၊
“ငါ့ညီမရဲ့မွေးနေ့က ဒီတစ်ပတ်အတွင်းရောက်တော့မှာ၊ သူမရဲ့၁၈နှစ်မြောက်မွေးနေ့၊ သူမက ကျားကြောင်ကိုကြိုက်တယ်, ဒါကြောင့်ဘဲသူမကို အဆင့်မြင့်ကျားကြောင်ကို ပေးဖို့ရည်ရွယ်ထားတာ။”
“ဒါပေမယ့် မင်း! မင်းကငါ့ကို သာမန်အဆင့်ကျားကြောင်ကိုပေးခဲ့တယ်၊ ဒါဘာအဓိပ္ပါယ်လဲ” မာရီရဲ့မျက်လုံးတွေကကျဉ်းမြောင်းလာပြီး, နှိပ်စက်ဖို့နဲ့ ပြင်းထန်တဲ့အန္တရာယ်ပြုရန် စောင့်ဆိုင်းနေသော ရက်စက်တဲ့ကျားတစ်ကောင်လိုဖြစ်နေသည်၊ “ငါကအရူးလုပ်ဖို့လွယ် တဲ့သူလို့မင်းထင်တာလား?”
ဖုန်းပြောနေရင်း, ရွှီစန်းကချွေးများထွက်နေသည်၊ ဖုန်းကိုင်ထားစဉ်သူ့ရဲ့ညာဘက်လက်က ထိန်းမနိုင်ဘဲလှုပ်ခါနေသည်၊
“မစ္စတာမာ, ကျွန်တော်တကယ်မသိပါဘူး၊ အကယ်၍ကျွန်တော်သိတယ်ဆိုရင်တောင် မင်းကို လိမ်မပြောရဲပါဘူး” အသနားခံကာရွှီစန်းကပြောသည်၊ “ကျားကြောင်ရောက်တဲ့အချိန် တစ်ယောက်ယောက်ဒီကောင်ကိုလာပြီး စစ်ဆေးခိုင်းခဲ့သေးတာ၊ ပြီးတော့သူတို့က အထူးအဆင့်လို့ပြောခဲ့တယ်”
“ကောင်းပြီ၊ မင်းဒီကိစ္စမသိဘူးလို့ငါယုံလိုက်မယ်၊”ဟုမာရီကပြောလိုက်သည်၊ “ငါတို့ဒီကိစ္စကို ဒီတိုင်းဘဲထားလိုက်မယ်၊ ဒီအချိန်မှာ ဒါကိုလိုက်ပြီးလိုက်နေတော့မှာမဟုတ်ဘူး၊ ဒါပေမယ့် ဒါမျိုးနောက်တစ်ကြိမ်မဖြစ်ဖို့ဘဲမျှော်လင့်ပါတယ်၊”
“ဟုတ်ဟုတ်ဟုတ်..”ရွှီစန်းကထိတ်ထိတ်ပျာပျာနှင့်သဘောတူလိုက်သည်။
မာရီဖုန်းချတာကိုမြင်ပြီးနောက်, မာကျန်းကသေချာပေါက်ကိုရှုပ်ထွေးနေခဲ့သည်၊ ထိုဖုန်းခေါ်ယူပြီးနောက် နောက်ဆုံးမှာဘာမှလည်းဖြစ်မသွားဘူး၊ သူ့ဝမ်းကွဲကဘာကိုလုပ်ဖို့ ရည်ရွယ်နေတာလဲ?
မာရီကသူ့ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ပြီးနောက် ဘေးပတ်လည်ကိုကြည့်လိုက်သည်၊ ထို့နောက်သူထိုင်ဖို့တစ်နေရာတွေ့သည်၊
သူက မာကျန်းရှုပ်ထွေးနေတာကိုသတိထားမိသည်။
မာရီ၏ တင်းမာနေတဲ့မျက်နှာက သူစကားစပြောဖို့လုပ်တာနဲ့ နူးညံ့တဲ့အရိပ်အယောင်ပေါ်လာခဲ့သည်။ “အဲ့ဒီရွှီစန်းက နောက်ပိုင်းမရိုးသားတော့ဘူး၊ ငါကဒီအခွင့်အရေးကိုယူပြီး သူ့ကို အာရုံနည်းနည်းနောက်အောင် တီးခေါက်လိုက်တာ၊”
“အကို, မင်းတကယ်ကို ကောင်း….မစ္စတာကောင်းကိုဒီလောက်တောင်အများကြီး ယုံတယ်ပေါ့?” မာကျန်းက သူ့ကိုတစ်ချိန်လုံးနှောက်ယှက်နေသည့် ထိုမေးခွန်းကို မမေးခင် အချိန်ကြာတုံ့ဆိုင်းနေသည်၊
သူကတော့သာမန်ဘဲ မစ္စတာကောင်းကိုယုံတာ,ဒါပေမယ့် သူ့အကိုက ကောင်းဖန်ကိုဒီနေ့မှစတွေ့တာ။
“ ငါယုံတာမစ္စတာကောင်းမဟုတ်ဘူး,ဒါပေမယ့် ငါပိုင်တဲ့မျက်လုံးနှစ်လုံး” မာရီကရှင်းလင်းစွာပြောလိုက်သည်၊
နောက်ဆုံး, နှစ်နာရီကြာပြီးနောက် ကျားကြောင်ကိုအထူးအဆင့်သို့အောင်မြင်စွာမြှင့်တင်ပေးနိုင်ခဲ့သည်၊
မာရီကထလိုက်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်သည်၊
ကောင်းဖန်ကအခွင့်အရေးယူပြီးမေးလိုက်သည်, “ငါမေးတာအတွက်ခွင့်လွှတ်ပါ, ဒါပေမယ့် ငါသိချင်တာမင်းတို့ဒီဂျယ်လီငါးကို ဘယ်ကဝယ်လာတာလဲ?”
မာကျန်းကချက်ချင်းဖြေလိုက်သည်၊ “မစ္စတာကောင်းက ဂျယ်လီငါးပျံကိုစိတ်ဝင်စားတာလား? ဒီဂျယ်လီငါးပျံက ဖုန်းချန်ကအထူးငါးလေ၊ မကြာသေးခင်က ပျံကျဈေးရောင်းသူတွေက ဒါတွေတော်တော်များများကိုတင်သွင်းခဲ့ပြီးတော့ ဝူချွီကုန်သွယ်မှုလေးထောင့် လမ်းမှာ အခုရောင်းနေတယ်လေ၊ ဒီဂျယ်လီငါးတွေကတကယ်တော့ အပျော်တမ်းမွေးရုံ လောက်ဘဲဝယ်တာပါ၊ အခြေခံတာဝန်ကတော့ ခေါက်ပိုက်ဆံအိတ်မှာ သာကပ်ပါနေရုံ ဘဲ။”
“ဒါနဲ့ဘဲ မာကျန်းက ဂျယ်လီငါးပျံကိုကိုဖမ်းယူလိုက်ပြီးနောက်ဂျယ်လီငါး၏ အောက်ခြေကိုဖွင့်ကာ သော့အစည်းလိုက်ကို ၎င်းဆီပစ်ထည့်လိုက်သည်နှင့် သော့ကရိုးရှင်းစွာနဲ့ ပျောက်ကွယ်သွားပြီး သူတို့ကတခြားရှုထောင့်တစ်ခုတွင် ပျောက်ကွယ်သွားတော့သည်။
ကောင်းဖန်ဒါကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်၊ သော့တွေက ဂျယ်လီငါးရဲ့ခန္ဓာကိုယ်ထဲသို့မြိုကျသွားတာမဟုတ်ဘဲ တကယ်တော့သူတို့မသိတဲ့တခြားရှုထောင့်ကနေ မျိုချလိုက်သလို မျက်စိရှေ့တွင်ပျောက်ကွယ်သွားခြင်းဖြစ်သည်။
***
အပိုင်း ၅၄ ရှင်သန်လိုမှုကပဲ ပြောင်းလဲစေခဲ့တယ်
“ကျေးဇူးအများကြီးတင်ပါတယ်။” ကောင်းဖန် မာကျန်းဘက်သို့ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မာကျန်းကလဲ ပြုံးလိုက်ပြီး၊ “ဟား၊ ဟား၊ ငါ့ခရမ်းရောင်လျှပ်စီးကြွက်လေး အုပ်ချုပ်သူအဆင့်ရောက်သွားရင် ငါပြန်လာခဲ့ဦးမယ်။”
သားရဲများသည် အုပ်ချုပ်သူအဆင့်ဖြစ်လာချိန်တွင် အဆင့်တစ်ခုနိမ့်ကျသွားတတ်ပြီး ဆင့်ကဲမြှင့်တင်ခြင်းအတွက် ကုန်ကျစားရိတ်က အသားတင်ဖြစ်နေကာ ၎င်း၏အဆင့်သည်လဲ လက်ရှိရှိနေသည့် ပြီးပြည့်စုံအဆင့်မှသည် အထူးအဆင့်သို့ကျသွားပေလိမ့်မည်။
အဆင့်နိမ့်သည့် သားရဲကတော့ ပုံမှန်အဆင့်ကိုရောက်နိုင်သည်။ ခရမ်းရောင်လျှပ်စီးကြွက်ကို ထင်ရှားအဆင့်သို့မြှင့်တင်လိုက်ရင်တော့….
ထားပါ၊ ဒါတွေကို မာကျန်းတစ်ခါမှ မတွေးထားခဲ့ဖူးဘူး။
သူ့အမြင်တွင်တော့ အဆင့်မြင့်သားရဲပျိုးထောင်သူများတွင်သာ ကိုယ်ပိုင်သားရဲကို ထင်ရှားအဆင့်သို့မြှင့်တင်ပေးနိုင်မည့် အချို့သောဖြေနိုင်ချေများရှိသည်သာ။
ပိုမြင့်တဲ့ ဒဏ္ဍာရီလာအဆင့်တွေကတော့… ဒဏ္ဍာရီလာအဆင့်ရှိသည့် သားရဲများမွေးဖွားလာသည့် အကြောင်းကိုတော့ ကြားဖူးထားပေမည့် လေ့ကျင့်ပေးရင်း ဒဏ္ဍာရီလာအဆင့်သို့ မြှင့်တင်နိုင်သည့်အကြောင်းကိုတော့ တစ်ခါမှမကြားဖူးပေ။
…….
ဂျယ်လီငါးပျံ၊ ဒါကတော့ ဂျယ်လီငါးသားရဲ၏နာမည်ပင်ဖြစ်သည်။
ဒီလိုမျိုးအာကာပြင်သားရဲတစ်ကောင်ကို ကောင်းဖန် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ဂျယ်လီငါးသည် ရှားပါးသည့် အာကာပြင်သားရဲပင်ဖြစ်သည်။
အာကာပြင်!
ဒါ အာကာပြင်သားရဲပဲ!
ဘယ်ဝတ္ထုမှာပဲဖြစ်ဖြစ် အာကာပြင်ထိန်းချုပ်နိုင်စွမ်းမှာ ပုံမှန်မဟုတ်သည့် ထိတ်လန့်ဖွယ်ရာစွမ်းရည်ပင်ဖြစ်သည်။ ဒါပေမယ့် ဝူချွီရင်ပြင်မှာတော့ အာကာပြင်သားရဲတွေကို လက်ကားရောင်းပေးနေတယ်တဲ့လား။ ဒီလိုသိသိသာသာကြီးကွာခြားနေပုံက ကောင်းဖန်ကို အစစ်အမှန်လို့တောင် မခံစားစေနိုင်ဘူး။ သူချက်ချင်းပင် လပ်တော့ပ်ကိုဖွင့်လိုက်ကာ အွန်လိုင်းပေါ်မှနေပြီး ဂျယ်လီငါးပျံအကြောင်းကို ရှာလိုက်တာကြောင့် အချက်အလက်များက ချက်ချင်းပင် ပေါ်လာခဲ့သည်။
ပြောပြထားချက်များအရ ဂျယ်လီငါးပျံများသည် ဖုန်းချန်မြို့၏ကမ်းလွန်ဒေသတစ်ဝိုက်တွင် နေထိုင်ကြသည်။ ယူဆချက်များအရ ကပ်ဘေးကာလအတွင်း ဂျယ်လီငါးတစ်စုသည် အာကာသစွမ်းအား ကူးစက်ခံရကာ မျိုးရိုးဗီဇပြောင်းလဲသွားခဲ့သည်။ နောက်ပိုင်းနှစ်အနည်းငယ်အတွင်း ဂျယ်လီငါးများသည် ထိုနေရာတွင်ပဲ အခြေချကာ ဆက်လက်မျိုးပွားလာခဲ့ကြသည်။
နောက်ပိုင်းတွင်တော့ ဂျယ်လီငါးများမှာ အခြားသောသားရဲများ၏ အနိုင်ကျင့်ခြင်းခံရတာကြောင့် တဖြည်းဖြည်းမျိုးသုဉ်းတော့မလိုဖြစ်လာခဲ့သည်။ ၎င်းတို့၏အသက်ရှင်သန်လိုမှုကပဲ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်လို့တောင် ဆိုကြသည်။
နောက်ဆုံးမှာတော့ အချို့သောဂျယ်လီငါးပျံများတွင် သူတို့၏စွမ်းရည်များပေါ်ထွက်လာကာ နေရာလပ်စွမ်းရည်ဖြင့် ပျံသန်းရာတွင် အောင်မြင်လာခဲ့သည်။ ထိုအချိန်မှစပြီး ဂျယ်လီငါးပျံများသည် လေထဲတွင်နေထိုင်ခဲ့ကြသည်။
ဒါပေမယ့်လဲ နောက်ပိုင်းမှာတော့ ၎င်းတို့မှာ ငှက်များ၏စားသောက်ခြင်းကို ခံခဲ့ရပြန်သည်….
ဒီလောက်ကြီးမားလှတဲ့ကမ္ဘာကြီးပေါ်မှာတောင်မှ သူတို့အတွက် ဘေးကင်းကင်းနေထိုင်နိုင်မည့် နေရာတစ်နေရာပင် မရှိတော့ပေ။
အကြမ်းဖျင်းပြောရလျှင်တော့ ဂျယ်လီငါးပျံများသည် အလွန်စိတ်ဆင်းရဲစရာကောင်းလှသည့် ဘဝမျိုးတွင် ရှင်သန်ခဲ့ကြသည်။
ဤမျိုးစိတ်သည် အားအနည်းဆုံးအာကာပြင်သားရဲဖြစ်နိုင်သည်။ ဂျယ်လီငါးပျံများတွင် အာကာပြင်စွမ်းရည်ရှိတာကြောင့် အဆင့်တက်ပြီးနောက်တွင် နောက်ထပ်အပိုစွမ်းရည်အချို့ဖွံ့ဖြိုးလာကာ သန်မာလာနိုင်ပေမည့် ဒါက ဖြစ်နိုင်ချေတစ်ခုသာပင်။
လောလောဆယ်တော့ လေထဲတွင်ပျံပြီး သူ့ခန္ဓာကိုယ်ထဲမှာ သီးခြားနယ်ပယ်ငယ်လေးတစ်ခုရှိနေတာကလွဲပြီး ဂျယ်လီငါးပျံသည် ဘာမှအသုံးမဝင်သလို တိုက်ခိုက်နိုင်စွမ်းကလဲ မရှိပေ။
ကံကောင်းစွာဖြင့် ၎င်း၏အသွင်အပြင်က လှပကာ နူးညံ့ညင်သာပုံကြောင့် လူသားများ၏စိတ်ဝင်စားမှုကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ လူသားများ၏ အိမ်မွေးတိရိစ္ဆာန်လုပ်တာကပဲ ဒီမျိုးစိတ်အတွက် ရှင်သန်ရာလမ်းကြောင်း တစ်ခုဖြစ်လာခဲ့သည်။
ကဲပါ၊ တကယ့်အရေးကြီးတဲ့အချက်ကတော့ ဂျယ်လီငါးပျံရဲ့အရသာက မကောင်းပဲ နည်းနည်းခါးနေတာကြောင့်လဲ ပါတာပေါ့။
“သနားစရာပဲ!” ကောင်းဖန် သက်ပြင်းချလိုက်တော့သည်။
ဖုန်းချန်မြို့တွင်တော့ ဂျယ်လီငါးပျံဆိုတာ ဝတ္ထုထဲကလိုပိုက်ဆံအိတ်သာဖြစ်ပြီး ကျန်တာတော့ အသုံးမဝင်ပေ။
ဂျယ်လီငါးပျံ၏အပိုအာကာပြင်နယ်ပယ်မှာ သူ့အဆင့်အပေါ်မူတည်၍ဖွင့်နိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အဆင့်၁၀သာမာန်ဂျယ်လီငါးပျံဆိုပါက ဘက်စကတ်ဘောလုံးတစ်လုံးအရွယ်အစားရှိသည့် အာကာပြင်ရှိသည်။ ဒါက သိပ်မသေးသော်လည်း ပစ္စည်းတော်တော်များများထည့်လို့တော့ ရနိုင်မည်မဟုတ်ပေ။
သို့ပေမည့် ကောင်းဖန်အတွက်တော့ ဒါကပြဿနာသေးသေးလေးသာဖြစ်သည်။ ဂျယ်လီငါးပျံတွင် နေရာလပ်စွမ်းရည်ရှိနေသ၍ ၎င်း၏အဆင့်ကို တိုးမြှင့်ပေးနိုင်မည်လို့ ယုံကြည်ချက်ရှိပြီးသားပင်။ နေရာလပ်စွမ်းရည်ရှိသည့် သားရဲများမှာ ဖမ်းမိဖို့အသာထား တွေ့ဖို့ရန်ပင် ရှားပါးလှသည်။
အလုပ်ဆင်းပြီးနောက် ကောင်းဖန် တက္ကစီတစ်စီးငှားကာ ဝူချွီရင်ပြင်သို့ တန်းသွားလိုက်သည်။
ကောင်းဖန် တက္ကစီပေါ်ကဆင်းလာစဉ်တွင် တစ်စုံတစ်ယောက် အော်ဟစ်နေသံကိုကြားလိုက်ရသည်။ ရင်ပြင်အစွန်းတစ်လျှောက်ရပ်ထားသည့် ထရပ်ကားများစွာက စင်မြင့်တစ်ခုနဲ့တောင် တူလို့နေသည်။ ထိုထဲမှတစ်စီးပေါ်တွင်တော့ အသံချဲ့စက်များကိုင်ကာ ကြော်ငြာနေသူအချို့ရှိနေသည်။ “ဟေ့၊ လာပြီးကြည့်ကြနော်၊ လက်လွှတ်မခံကြနဲ့! အဆန်းသစ်ဆုံးခေတ်ပေါ် ပိုက်ဆံအိတ်၊ ပျံသန်းနိုင်တဲ့ပိုက်ဆံအိတ်၊ ဒါက ဖုန်းချန်မှာဆို လူကြိုက်အများဆုံး ဝတ္ထုထဲကအိမ်မွေးတိရိစ္ဆာန်နော်! လာ ကြည့်သွားကြ!”
အောက်ဘက်တွင်လဲ လူအုပ်ကြီးရှိနေကာ ပြပွဲကိုကြည့်ရှုဖို့ရန်အတွက် စုဝေးနေကြခြင်းဖြစ်သည်။
စင်ပေါ်မှာတော့လူတစ်ဦးက ဂျယ်လီငါးပျံတစ်ကောင်ကို သူ၏ဘယ်လက်တွင်ကိုင်ထားပြီး ပန်းသီးတစ်လုံးကိုတော့ ညာဘက်လက်တွင်ကိုင်ထားသည်၊ ထို့နောက်သူက မျက်လှည့်ပြုလုပ်သလိုပြုလုပ်ပြီး ပန်းသီးကိုဂျယ်လီငါးပျံထဲသို့ထည့်လိုက်ပြီးနောက် သူ၏လက်နှစ်ဖက်စလုံးကို လွှတ်လိုက်သည်၊
သူ့ရှေ့မှာတော့, ဂျယ်လီငါးပျံကလေထဲတွင်ယိမ်းနေပြီး လွှတ်မြောက်ရန်ကြိုးပမ်းနေသည်၊
ထွက်ပြေးနေပုံက ထူးခြားလှကာ ၎င်းကလေထဲတွင် သေးငယ်သောဘောလုံးတစ် လုံး ကခုန်နေပုံနှင့်တူသည်၊ ထိုဂျယ်လီငါးပျံကအပေါ်သို့တက်သွားလိုက် ထို့နောက် နည်း နည်းပြန်ကျလာလိုက်ဖြစ်နေသည်၊ ၎င်းကသတ္တိကိုမွေးလိုက်ပြီး ရှေ့သို့ခုန်လိုက်သော် လည်း အောက်သို့နောက်တစ်ကြိမ်ပြန်ကျလာပြန်သည်၊
ဒါပေမယ့် ထိုအရာကအရမ်းနှေးလွန်းသည်၊ ၎င်းသည် အားကုန်ထုတ်ကာ ကြိုးစားနေသော်လည်း ပုံမှန်လူတစ်ဦးလမ်းလျှောက်မှုနှုန်းလောက်သာရောက်သည်၊
ဂျယ်လီငါးပျံက မီတာများများသို့လွှတ်မြောက်ရန်အကောင်းဆုံးကြိုးစားနေသည်၊ ထို့နောက်သူ့နောက်ဘက်မှကြီးမားသည့်လက်က ၎င်းကိုအတိအကျပြန်ဖမ်းလိုက်ပြန်သည်၊
ဖူး, ဂျယ်လီငါးပျံသည်*ဖူးလို့မှုတ်ထုတ်ကာ ညည်းတွားလိုက်ခြင်းပင်။
“ဒီဂျယ်လီငါးပျံက ယဉ်ပါးလိုက်တာ၊ ဒါကတကယ်ကိုနူးညံ့တဲ့သားရဲလေးဘဲ။”, ရောင်းချသူက လက်တွေ့ပြသပေးနေကာ သူ့ရဲ့လက်နှစ်ဖက်လုံးနှင့် ဂျယ်လီငါးပျံကိုဆွဲလိုက်ပြီး ဆန့်ထုတ်လိုက်သည်။
ဂျယ်လီငါးက ရော်ဘာတစ်ခုလိုမျိုး ဆန့်ထွက်သွားပြီး ၎င်း၏အနည်းငယ်ဖောက် ထွင်းမြင်နေရသည့် အရောင်စုံသောခန္ဓာကိုယ်သည် နေရောင်ထဲတွင်တောက်ပနေသည်၊
ထိုရောင်းချနေသည့်လူက သူ၏လက်ကိုလျော့ပေးလိုက်ပြီး ဂျယ်လီငါးကိုပြန်ပြီးခုန်တက်စေသည်၊
ထိုဂျယ်လီငါးကလွတ်ထွက်သွားပြီး ဘေးပတ်လည်ကိုလှည့်လိုက်ကာ လေထဲတွင် မိန်းမောစွာနှင့်ပတ်နေသည်။
“ဝိုး, အရမ်းချစ်ဖို့ကောင်းတယ်!” မိန်းကလေးများ၏မျက်လုံးများကတောက်ပနေပြီး ချစ်စရာကောင်းသော ဂျယ်လီငါးပျံ၏ဆွဲဆောင်မှုကိုခံနေရသည်၊
တချို့မိန်းကလေးများဆိုလျှင် သူတို့ကောင်လေးတွေလက်ကိုဆွဲကာ ပူဆာနေတော့သည် “ ငါဒီသေးသေးလေးကို လိုချင်တယ်! ရမလား?” ထိုညုတုတုအမူအရာနှင့်တိုက်ခိုက်မှုကြောင့် ကောင်လေးသည်လည်း ထိုဂျယ်လီငါးလိုပင်မူးဝေသွားတော့သည်၊
ထိုကောင်လေးက ချောင်းဆိုးလိုက်ပြီး ရောင်းတဲ့လူကိုမေးလိုက်သည်, “ ဒီဂျယ်လီငါး ကဘယ်လောက်လဲ, ဆာ?”
ထိုဈေးရောင်းသူကအမှန်ပြင်ပေးလိုက်သည် “ဒါက ဂျယ်လီငါးပျံပါ”
“ဟုတ်ပါပြီ,ဟုတ်ပြီ, နောက်ဒီဂျယ်လီငါးပျံကဘယ်လောက်လဲ?”
“တစ်ကောင်ကို ခရက်ဒစ်အမှတ်၁၀ပါ” ဈေးရောင်းသူကပြုံးလိုက်သည်၊ သူ့ လက်ချောင်းတွေကိုဆန့်လိုက်ပြီး လက်၁၀ချောင်းပြလိုက်သည်၊ “လျော့ဈေးမရှိပါဘူး”
ကောင်လေးမျက်နှာပေါ်ကအပြုံးကအေးခဲသွားတော့သည်၊ “ခင်ဗျားကပိုက်ဆံကို လုနေတာလား? ဒီကောင်ကလှတာကလွဲပြီးဘာလုပ်ရလို့လဲ?”
ခရက်ဒစ်အမှတ်၁၀က မဟာမိတ်ဒေါ်လာငွေ ၁၀၀,၀၀၀နှင့်ညီမျှပြီး သာမန်မိသားစု တစ်စုကနှစ်နှစ်လောက်သူ့မိသားစုကိုထောက်ပံ့ဖို့လုံလောက်သည်။
“ဆာ, ဒါအရမ်းဈေးကြီးလွန်းတယ်” ကောင်လေးကမျက်မှောက်ကိုကြုတ်လိုက်ကာ တွန့်ဆုတ်နေသည်၊
“မဟုတ်ပါဘူး၊ ဒါကဈေးမကြီးဘူး, ဒါကသားရဲတစ်ကောင်ဘဲ! မင်းကဈေးကိုတအားမြင့်တယ်ထင်နေတာလား?” ရောင်းသူကအဆင်မပြေစွာနဲ့ကြည့်လိုက်သည်၊ “လူငယ်လေး, ငါ့ရဲ့ဂျယ်လီငါးပျံက အကုန်လုံးဖုန်းချန်ကနေတင်ပို့တာကြည့်ဘဲ၊ မင်းသူတို့ကိုဘယ်မှာမဆိုခက်ခက်ခဲခဲရှာရမှာ!”
ထို့နောက်ရောင်းသူက ကောင်လေးကိုအထက်အောက်ကြည့်လိုက်ပြီး အလျော့ပေးလိုက်ကာ, “ကောင်းပြီ, မင်းကရိုးသားတယ်လို့ငါမြင်တယ်၊ အကယ်၍မင်းတစ်ကောင်လိုချင်ရင်, ငါမင်းကို၂၀ရာခိုင်နှုန်းလျော့ပေးနိုင်တယ်!”
၂၀ရာခိုင်နှုန်းလျော့တာတောင်မှ, ၎င်းရဲ့ဈေးကခရက်ဒစ်အမှတ်၈မှတ်ဖြစ်နေသေးသည်၊ ကောင်လေးကတုံ့ဆိုင်းနေသည်၊ သူ့မိသားစုကချမ်းသာသည်, သူက ဒီဂျယ်လီငါးက ခရက်ဒစ်အမှတ်၃မှတ် ဒါမှမဟုတ် ၄မှတ်လောက်ဘဲကျမယ်လို့ထင်တာ၊ ဒီလိုဆိုတော့လည်း.. သူသွားတွေကိုကြိတ်ကာထိုအကောင်ကိုဝယ်လိုက်သည်၊ ဒါပေမယ့် သူ့အချစ် ကလေးကမျှော်လင့်နေတဲ့ပုံနဲ့မျက်လုံးလေးကိုမြင်လိုက်တဲ့အခါ သူ့နှလုံးသားက နူးညံ့ သွားပြန်သည်၊
…
ရောင်းသူရဲ့လျှာကသွက်လက်သည့်အပြင် ဂျယ်လီငါးပျံ၏တင့်တယ်လှပမှုနှင့် တကယ့်ကို ဝတ္ထုထဲကလိုစွဲမက်စရာကောင်းနေသည်ကြောင့် နေ့ခင်းပိုင်းတွင်သုံးပုံနှစ်ပုံလောက် ရောင်းနိုင်ခဲ့သည်။
ကောင်းဖန်ကဈေးရောင်းသူထံသို့လျှောက်သွားပြီး တိုက်ရိုက်မေးလိုက်သည်၊ “ကျွန်တော် ဂျယ်လီငါးပျံကိုကြည့်လို့ရမလား?”
ထိုရောင်းသူကပြုံးပြလိုက်ပြီး ဂျယ်လီငါးပျံကိုကမ်းပေးလိုက်သည်၊ “ ရော့ဒီမှာ၊ မင်းကြိုက်သလိုကြည့်နိုင်တယ် ကောင်လေး”
“မဟုတ်ဘူး, ကျွန်တော်ဆိုလိုတာက ခင်ဗျားရဲ့ဂျယ်လီငါးပျံတွေအကုန်လုံးကိုကြည့်လို့ရမလား? ကျွန်တော်ကိုယ်တိုင်တစ်ကောင်ရွေးချင်လို့။” ကောင်းဖန်ကယဉ်ကျေးစွာနဲ့ငြင်း လိုက်သည်၊
ထိုစကားကိုကြားတော့, ရောင်းသူကရပ်တန့်သွားသည်, ကောင်းဖန်ကိုသူ့မျက်လုံးတွေနဲ့ချင့်ချိန်တိုင်းတာနေသည်။
“ကောင်းပြီ, ဂျေး, ဒီချောမောလှတဲ့လူကြီးမင်းလေးကိုခေါ်သွားပြီး စင်နောက်မှာ တစ်ကောင်ရွေးခိုင်းလိုက်။” ရောင်းသူကသူ့လက်ကိုဝှေ့ယမ်းလိုက်သည်၊ ဒီဂျယ်လီငါး တွေအကုန်လုံးကရောင်းဖို့ဘဲကို၊ အကယ်၍ဒီကောင်လေးကသူကိုယ်တိုင်တစ်ကောင် ရွေးချင်တယ်ဆိုလည်း သူ့ကိုရွေးခိုင်းလိုက်မယ်၊ ဒါကပြဿနာမရှိပါဘူး။
***
အပိုင်း ၅၅ ဆီလီနဲ့ဒမ်ဘီ
“ဂျယ်လီငါးပျံတွေအားလုံး ဒီမှာပဲ မင်းကြိုက်တာရွေးနိုင်တယ်။” ဂျေးက ထရပ်ကားနောက်ခန်းကိုဖွင့်ပေးကာ ပြောလိုက်သည်။ ကွန်တိန်နာကိုဖွင့်လိုက်သည်နှင့် အဖြူရောင်မီးချောင်းအချို့ကလဲ ပွင့်လာခဲ့သည်။
ကွန်တိန်နာ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မှန်ပုံးများစွာ စီချထားကာ အထဲတွင်တော့ ဂျယ်လီငါးပျံပေါင်း အမြောက်အမြားရှိလို့နေသည်။ ထိုဂျယ်လီငါးပျံတွေအကုန်လုံးသည် တိတ်တိတ်ဆိတ်ဆိတ်ပဲ မှန်ပုံးများထဲတွင် လွင့်မျောလို့နေကြသည်။ မီးချောင်း၏အလင်းရောင်က သူတို့ကိုအနှောက်အယှက်ပေးသွားသလိုပင်၊ ၎င်းတို့မှာ ဘေးပတ်လည်တွင် အနည်းငယ်အဆင်မပြေသလိုပံစံဖြင့် လွှင့်မျောနေကြသည်။
ကောင်းဖန်၏မျက်လုံးထဲတွင် ဂျယ်လီငါးပျံအားလုံး၏ အချက်အလက်များက သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။ အဆင့်တွေကအစ သူ့အကြည့်များထဲမှ လွတ်ထွက်သွားတာမရှိပေ။
ဂျယ်လီငါးပျံအားလုံးကို အကြမ်းဖျင်းအကဲခတ်ပြီးနောက် ရှားပါးသည့်မျိုးကွဲရှာမတွေ့တာကြောင့် ကောင်းဖန်စိတ်ပျက်လို့သွားရသည်။ “ဒီကွန်တိန်နာထဲမှာရှိတဲ့ဂျယ်လီငါးတွေ ခင်ဗျားတို့မှာရှိတာအကုန်ပဲလား?”
ဂျေးက ကောင်းဖန်ကို စူးစမ်းသလိုတစ်ချက်ကြည့်လိုက်ပြီးနောက်၊ “နောက်ကွန်တိန်နာထဲမှာလဲ နည်းနည်းကျန်သေးတယ်။ လိုက်ခဲ့။”
ထို့နောက် သူတို့ နောက်ထပ်ကွန်တိန်နာတစ်ခုဆီသို့ ထွက်လာခဲ့သည်။ ဤကွန်တိန်နာထဲတွင်တော့ ဂျယ်လီငါး၁၀ကောင်ကျော်လောက်သာ ရှိတော့သည်။
“ငါတို့ ဒီကို ဂျယ်လီငါးပျံ သုံးစီးရောင်းဖို့ သယ်လာခဲ့တာ။ တစ်စီးကတော့ ကုန်သွားပြီ၊ ဒီတစ်စီးကလဲ ကုန်ခါနီးနေပြီ။” ဂျေးက ရှင်းပြလာသည်။
ကောင်းဖန် သူ့အကြည့်များကို အာရုံစူးစိုက်ထားကာ မြန်မြန်ဆန်ဆန်ပဲ ဂျယ်လီငါးပျံတစ်ကောင်ကို အာရုံစိုက်မိသွားတော့သည်။ ထိုတစ်ကောင်သည် ကျန်အကောင်များနှင့် ကွာခြားလှသည်။ သူ့အရောင်က နည်းနည်းပိုရင့်ကာ လှုပ်ရှားမှုကလဲ ပိုမြန်သည်။
တခြားဂျယ်လီငါးပျံတွေရဲ့ အမြန်နှုန်းက လမ်းလျှောက်နေသလိုဆိုရင် ဒီကောင်ကတော့ ပြေးနေသလိုနှုန်းပင်။
“ဒီတစ်ကောင်က ဘယ်လောက်လဲ?” ကောင်းဖန် ထိုဂျယ်လီငါးပျံကို ညွှန်ပြလိုက်သည်။
ဂျေးက ဂျယ်လီငါးပျံကိုကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြကာ ရောင်းသူကိုခေါ်ဖို့ထွက်သွားခဲ့ပြီး သိပ်မကြာလိုက်ဘဲ ပြန်ရောက်လို့လာသည်။
“ငါ့ဘော့စ်ကပြောတယ်၊ ဒီကောင်က ရှားပါးတဲ့ဗီဇပြောင်းမျိုးစိတ်ပဲ။ ပြီးတော့ လှုပ်ရှားမှုနှုန်းမြန်ဆန်တဲ့ ပြီးပြည့်စုံအဆင့် ဂျယ်လီငါးပျံဘုရင်ပဲ။ ဒါကြောင့် မင်းကို မဟာမိတ်ခရက်ဒစ်၁၀၀နဲ့ပဲ ဈေးချိုချိုရောင်းပေးလိုက်ပါ့မယ်။” ဂျေးက စဉ်းစဉ်းစားစားနှင့်ပြောလိုက်သည်။
ကောင်းဖန်၏အမြင်တွင်တော့ ဒီကောင်သည် အထူးအဆင့်သာရောက်သေးသည့် နေရာလပ်စွမ်းရည်နှင့်နှင့်လေစွမ်းရည် နှစ်မျိုးပါဝင်သည့် ဂျယ်လီငါးပျံတစ်ကောင်သာဖြစ်သည်။ ရှားပါးတယ်ဆိုပေမယ့်လဲ သူဌေးကတော့ ပြီးပြည့်စုံအဆင့် ဂျယ်လီငါးပျံဘုရင်လို့တောင် ပြောလိုက်သေးသည်။
“အရမ်းများလွန်းတယ်။” ကောင်းဖန် စိတ်ပျက်စွာပြောလိုက်သည်။ “ကျွန်တော်တကယ်ဝယ်ချင်ပါတယ်။ ခင်ဗျားလဲ တကယ်ရောင်းချင်တယ်ဆိုရင် ခရက်ဒစ်အမှတ်၅၀နဲ့ဆို ကျွန်တော်ယူလိုက်မယ်။”
ကောင်းဖန် ကမ်းလှမ်းလာသည့်ဈေးနှုန်းသည့် မျှတသည်။ ဖုန်းချန်မှာတောင် စွမ်းရည်နှစ်ခုပါသည့် အထူးအဆင့်ဂျယ်လီငါးပျံဆိုလျှင် ဒီဈေးနှင့်သာရောင်းပေလိမ့်မည်။
သူသာ ဒီထက်နိမ့်တဲ့ဈေးနဲ့ခေါ်နိုင်ရင် ပိုကောင်းတယ်ဆိုပေမယ့် ဒီရဲ့ပြဿနာက သူတို့သည်လဲ ဒီဂျယ်လီငါးပျံကသာမာန်မဟုတ်မှန်း သဘောပေါက်နှင့်ပြီးတာပင်။ ကောင်းဖန် ဘာအကြောင်းနဲ့မှ တွန့်တိုကာ ဈေးစစ်ရင်း အချိန်ဖြုန်းမနေချင်တာကြောင့် နောက်ဆုံးသူ့ကဒ်ကိုချပြကာ ဈေးခေါ်လိုက်ခြင်းပင်။
ကောင်းဖန်အတွက် ဒီဂျယ်လီငါးပျံ၏တန်ဖိုးအစစ်အမှန်မှာ ၎င်း၏လက်ရှိစွမ်းရည်မဟုတ်ဘဲ လက်ရှိပိုင်ဆိုင်ထားသည့် အလားအလာရှိသောစွမ်းရည်ပင်ဖြစ်သည်။
၎င်းတွင် တိုးတက်လာနိုင်သည့်အလားအလာရှိပေသည်။ ဒါကပဲ ကောင်းဖန်မြင်နေသည့် အရေးအကြီးဆုံးအချက်ပင်ဖြစ်သည်။
“ကောင်းပြီလေ၊ ခရက်ဒစ်မှတ်၅၀ပေါ့။” ဂျေးကချက်ချင်းပင် သဘောတူလိုက်သည်။ ဒါကပဲ သူ့ဘော့စ်က သူပြန်မလာခင်ကတည်းက သူ့ကို နောက်ဆုံးပေးနိုင်မည့် ဈေးနှုန်းကို ပြောထားပြီးသားဆိုတာ ထင်ရှားလှသည်။
ကောင်းဖန် ဂျယ်လီငါးပျံထည့်ထားသည့် လှောင်အိမ်ကိုသယ်လာခဲ့လိုက်သည်။
နောက်တော့ ဂျယ်လီငါးပျံကို ‘ဆီလီ’ဟု အမည်ပေးလိုက်သည်။ ဒီကောင်တွေက ရေထဲမှာနေရင် ငါးတွေစားတာခံရပြီး လေထဲမှာပျံရင်ကျ ငှက်တွေစားတာခံနေရာတာကြောင့် ဒီထက်ပိုကောင်းတဲ့နာမည်ကို ကောင်းဖန် မစဉ်းစားနိုင်တော့ပေ။
[မကောင်းဆိုးဝါးအမည်] : ဂျယ်လီငါးပျံ
[မကောင်းဆိုးဝါးအဆင့်] : ၄
[မကောင်းဆိုးဝါး အဆင့်အတန်း] : အထူးအဆင့်
[မကောင်းဆိုးဝါး စွမ်းရည်] : နေရာလပ်(အာကာပြင်စွမ်းရည်)/ လေ
[မကောင်းဆိုးဝါး၏ အားနည်းချက်] : ၁၊ လျှပ်စီး ၂၊ ရေခဲ ၃၊ သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် ငါးနဲ့ငှက်ကို ကြောက်သည်။
[ပြီးပြည့်စုံအဆင့်သို့မြှင့်တင်ရန် လိုအပ်သောအရာများ] : ………
‘မကောင်းဆိုးဝါး၏အားနည်းချက်’မှ သုံးချက်မြောက်အချက်ကြောင့် ကောင်းဖန် ဆွံ့အသွားရသည်။
ငါးနဲ့ငှက်ကို ကြောက်တယ်တဲ့လား၊ ဒီဂျယ်လီငါးတွေက အစားခံရလို့ တကယ်ကြီး ကြောက်ကုန်ကြတာပေါ့။
ကောင်းဖန် ဒမ်ဘီကိုကြိုဖို့ရန် စတူဒီယိုသို့ ပြန်လာခဲ့သည်။ ဒမ်ဘီနှင့်ဆီလီ၊ ကောင်းဖန် သူ၏နာမည်ပေးစွမ်းရည်က အတော်လေးအထင်ကြီးစရာတောင် ကောင်းလှသည်ဟု ခံစားမိသွားသည်။
ကပ်ဘေးမတိုင်ခင်ကတည်းက များစွာသောအိမ်မွေးတိရစ္ဆာန်များရှိပြီး, သူတို့ရဲ့ ဈေးနှုန်းကမကြီးဘဲ တကယ့်ကုန်ကျမှုက သူတို့အစာတွေဝယ်ကျွေးတာမှာပင်…
ဘာကြောင့်လည်းဆိုတော့ ဆီလီမှာက နေရာလပ်စွမ်းရည်ရှိပြီး, ၎င်းကသူကြီးထွားရန်အတွက် နေရာလပ်စွမ်းရည်နှင့်ဆိုင်တဲ့အရာများကို စားရန်လိုအပ်သည်၊ သေချာတာပေါ့, သာမာန်အရောအနှောတွေက သူ့အစာအိမ်ကိုဖြည့်နိုင်ပေမယ့်, သူ့အစာအိမ်ကိုဖြည့်ခြင်းက ထိုပါဝင်ပစ္စည်းတွေအကုန်လုံးကိုစုရောသလိုသာဖြစ်လိမ့်မည်။
နေရာလပ်စွမ်းရည်ပါဝင်ပစ္စည်းများသည် တူညီသောအရည်အသွေးရှိသည့်အခြား ပစ္စည်းများ၏ ဈေးသုံးဆလောက်ရှိသည်၊ ပြီးနောက်ပစ္စည်းများ၏ဈေးနှုန်းသည်ရှားပါး မှုနှင့်အတူတက်လာသည်။
ကောင်းဖန်က ၂၀၀ကတ်တီရှိသည့် အဖြူရောင်နေရာလပ်သစ်သားဝယ်ရန်အတွက် စတိုးဆိုင်ရှေ့တွင် ရပ်လိုက်ပြီး သူ့လွယ်အိတ်ထဲသို့ထည့်ကာသယ်ခဲ့သည်၊ အဖြူရောင်နေရာလပ်သစ်သားသည် ၁ကတ်တီတွင် မဟာမိတ်ခရက်ဒစ်၃မှတ်ဖြစ်ပြီး နေရာလပ်အမျိုးအစားအတွက် အခြေခံပါဝင်ပစ္စည်းဟုယူဆ၍ရသည်၊ စတိုးဆိုင်အများစုသည်၎င်းကိုရောင်းသည့် အခါတွင် သစ်သားကို အမှုန့်ကြိတ်ထားကြသည်။ သားရဲကိုအစာမကျွေးခင် အဖြူရောင် နေရာလပ်သစ်သားမှုန့်ကို ရေနှင့်ရောရသည်။
အိမ်တွင်အစားစားဖို့စစ်တပ်တစ်တပ်တိုးလာခဲ့ပေပြီ။
အိမ်တွင် တာ့ဇီသည် ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေစဉ် ရင်းနှီးနေသောခြေသံကို ကြားလိုက်ရသည်၊ သူကခေါင်းကိုထောင်လိုက်ကာ ဘယ်ယမ်းညာယမ်းလုပ်နေပြီး နောက်တက်ကြွစွာနှင့် တံခါးဆီကိုတွားသွားသွားတော့သည်၊
လမ်းတစ်ဝက်မှာတင် တံခါးကပွင့်သွားသည်။
တာ့ဇီမှာ ထိုနေရာ၌ပင် အေးခဲသွားတော့သည်၊
၎င်းက ကောင်းဖန်၏ညာဘက်လက်ကိုငေးကြောင်ကာစိုက်ကြည့်နေသည်၊ ထိုနေရာတွင် သူကဆီလီကိုကိုင်ထားတာပြီး, ရောင်စုံသက်တန့်ရောင်ရှိသည့်ဂျယ်လီငါးက လှောင်အိမ်ထဲတွင် ပျော့ပျောင်းစွာနှင့်ကူးခတ်နေသည်၊
“တာ့ဇီ”,ကောင်းဖန်ကျီစယ်သည့်အသံနှင့်ရယ်လိုက်ကာ “ဒါက-.” သူကမိသားစုဝင် အသစ်ဆီလီကို မိတ်ဆက်ပေးချင်သည်၊ ဒါပေမယ့် သူမပြီးသေးခင်မှာဘဲ,တာ့ဇီက တခြားဘက်သို့လှည့်သွားပြီးဖြစ်ကာ တိတ်ဆိတ်စွာနှင့်အိပ်ခန်းထဲသို့တွားသွားကာ ထွက်သွားတော့သည်၊ အမြီးကိုဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အိပ်ခန်းတံခါးကိုပါ ပိတ်သွားတော့သည်။
ဂျိမ်း၊
ဒါက…အူတိုနေတာလား?
ကောင်းဖန်နားမလည်နိုင်တော့ပေ၊
ထို့နောက်သူက နောက်မှာရှိသည့်ဒမ်ဘီကိုကြည့်လိုက်သည်၊ ဒမ်ဘီ၏အရွယ်ကကြီးမားသည့်အရွယ်အထိထွားလာတာကြောင့် သူကသာမန်လိုအိမ်ထဲသို့ဝင်လို့မရတော့ပေ၊ ဒမ်ဘီက ကြမ်းပြင်ပေါ်တွင်လှဲနေပြီး သူ့ခန္ဓာကိုယ်ကိုဘေးဘက်သို့လှည့်လိုက်ပြီးနောက် ဖြေးညင်းစွာ တံခါးနှင့်လက်မအနည်းငယ်လောက်ခွာဝင်လိုက်သည်၊
ကောင်းဖန်ကတံခါးမပိတ်ခင်တွင် ဒမ်ဘီအိမ်ထဲဝင်တာကိုစောင့်လိုက်သည်။
သူ့အိမ်က အရမ်းသေးလွန်းတာသူလည်းသတိထားမိသည်၊ အကယ်၍ဒမ်ဘီသာ ပိုပြီး ကြီးထွားလာသောအခါ ၎င်းဝင်နိုင်ဖို့အတွက်နည်းလမ်းမရှိပေ၊
ပြတင်းပေါက်တွေကိုပိတ်ပြီး ဘာမှမရှိတာကိုသေချာအောင်လုပ်ပြီးတဲ့နောက်, ကောင်းဖန်က လှောင်အိမ်ထဲကနေဆီလီကိုထုတ်လိုက်သည်၊
သူကဆီလီနှင့်သွေးစာချုပ်ကိုအတည်ပြုပြီးဖြစ်ကာ သူ့အဆင့်ကလည်းအရမ်းမမြင့်ပေ၊ ဒါကခုမှ အဆင့်၄သာရှိသေးသည်၊
သွေးစာချုပ်လုပ်နေချိန်တွင် စဉ်းစားရန်အဓိကအချက်မှာ သားရဲ၏အဆင့်ဖြစ်သည်၊ အဆင့်မြင့်သောသားရဲဖြစ်လျှင်, ဝိဉာဉ်စွမ်းအင်ပိုပြီးသုံးရမှာဖြစ်သည်၊ သားရဲ၏အဆင့် ကနိမ့်သည်ဆိုလျှင် လိုသလောက်သာဝိဉာဉ်စွမ်းအားကိုသုံးရမည်ဖြစ်သည်၊
ထိုအချိန်ကာလတစ်လျှောက်လုံးတွင် တာ့ဇီ၏အဆင့်ကတိုးလာပြီး တာ့ဇီ၏အဆင့်အတန်းကိုမြှင့်တင်ရန် ကောင်းဖန်၏ဝိဉာဉ်သန်မာမှုသည် အနည်းငယ်မြင့်တက်လာသည်၊ ဒမ်ဘီနှင့်သွေးစာချုပ်ချုပ်ရန်အတွက် မလုံလောက်သေးပါ, ဒါပေမယ့်အဆင့်နိမ့် ၄ သာရှိသည့် ဆီလီလိုမျိုးအကောင်နှင့်သာဆိုလျှင် သေချာပေါက်လုံလောက်သည်၊
ပထမဆုံး သူမီးဖိုချောင်ထဲသို့ဝင်သွားပြီး အဖြူရောင်နေရာလပ်သစ်သားမှုန့်ကို ရေနှင့်ခွက်တစ်ခွက်ထဲ၌ရောလိုက်သည်၊ ထို့နောက်, သစ်သီးဖျော်ရည်အနည်းငယ်ကိုလည်း ခွက်ထဲသို့ထည့်လိုက်သည်၊
သစ်သီးဖျော်ရည်၏မွှေးပျံလှသောအနံ့ကြောင့် ဆီလီကစိတ်လှုပ်ရှားစွာနှင့်မီးဖိုချောင်ထဲသို့လွင့်လာသည်၊ သူက မီးဖိုချောင်နားလေးတွင်ရစ်သီရစ်သီလုပ်နေပြီး အထက် အောက်မြောက်လိုက် ဘယ်ညာလှည့်လိုက်ဖြစ်နေသည်၊
၎င်းက ကောင်းဖန်စက်ဝိုင်းပုံစံပတ်နေသလိုမျိုးပင်၊
ကောင်းဖန်က ရယ်လိုက်ပြီး၊ “လှည့်ပတ်နေတာတော်လိုက်တော့ ဒါကမင်း အတွက်စတင်ခြင်းဘဲ၊ သောက်လိုက်”
သောက်ပြီးတဲ့နောက်, ဆီလီက နီးစပ်လာခဲ့ကာ၊ အနည်းဆုံးတော့ ကောင်းဖန်ပိုပြီးထိဖို့လုပ်တဲ့အချိန်တွေမှာ မခုခံတော့ပေ၊
ဘန်း ဘန်း ဘန်း..
တဘန်းဘန်းနှင့်မြည်နေသောအသံကို အိပ်ခန်းထဲမှကြားနေရသည်၊
တာ့ဇီကသူကိုယ်တိုင် အိပ်ခန်းတံခါးကိုပိတ်လိုက်သော်လည်း သူကထွက်ချင်ပေမယ့် တံခါးကိုဘယ်လိုဖွင့်ရမလဲမသိပေ၊၊ တာ့ဇီက စိတ်စောလာသည်၊
“ဖွင့်, ဖွင့်, ဖွင့်,” တာ့ဇီ၏အသံက ကောင်းဖန်၏စိတ်ထဲတွင်ပြည့်နှက်သွားတော့သည်၊ “ဖွင့်, ဖွင့်, ဖွင့်လို့”
ဟားဟား, ကောင်းဖန်ရယ်မိတော့သည်၊ သူကိုယ်တိုင်အတွက်ရေထည့်လိုက်သည်၊
“ဖွင့်, ဖွင့်စမ်း… မင်းမေလ*!”
ဖွီး! ကောင်းဖန်သူ့ပါးစပ်ထဲမှရေများကိုထွေးထုတ်မိတော့သည်၊၊
***
အပိုင်း ၅၆ ငါ့မှာရောင်စုံဦးထုပ်ရှိတယ်
ကောင်းဖန် အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး သူ့မျက်နှာကမဲမှောင်နေသည်၊
တာ့ဇီကသူ့သခင်ကိုလစ်လျူရှုကာ အိပ်ခန်းထဲမှတွားသွားထွက်လာပြီးနောက် သူ့ကိုယ်သူ ဆိုဖာအောက်တွင်လုံးထွေးနေတော့သည်၊
“မင်း ခွေးကောင်လေး, အောက်ကနေထွက်ခဲ့စမ်း၊ ပြောစမ်း, အဲ့စကားလုံးတွေဘယ်ကနေသင်လာတာလဲ?” ကောင်းဖန်က တာ့ဇီကို ဆိုဖာအောက်ကနေဆွဲထုတ်လိုက်သည်၊
တာ့ဇီက တုန်လှုပ်နေသည်၊ သူကထိုနေရာမှလှည့်လိုက်ပြီး, သူ့ခေါင်းကိုသူ့ဖင်အောက်၌ဖွက်ကာ ကလေးတစ်ယောက်က အမှားပြုမိသလိုမျိုးပြုလုပ်နေသည်၊
ကောင်းဖန်က တာ့ဇီကိုစနေတာဖြစ်သည်၊ သူကဒါနဲ့ပတ်သတ်ပြီး ဂရုမစိုက်ပေ၊
ပြီးတော့ ဒီသားရဲတွေကအရွယ်ရောက်ပြီးလူတွေလိုမျိုး သိပ်ပြီးဉာဏ်မထက်ပေ, သူတို့ မှာ စွမ်းရည်တွေကို လိမ်လိမ်မာမာနှင့်သင်ယူနေဆဲသာဖြစ်သေးသည်၊ သူတို့ဘယ် အချိန်ဘာသင်ခဲ့တယ်ဆိုတာ မသေချာပေ၊
တာ့ဇီကို နှစ်သိမ့်ပြီးနောက်, ကောင်းဖန်ကလိုအပ်သည့်ပါဝင်ပစ္စည်းများအရ အသစ်ဝယ်လာတဲ့ ငွေရောင်သစ်ရွက်ကိုထုတ်လိုက်ပြီးနောက် တာ့ဇီကိုကြည့်လိုက်သည်၊
တာ့ဇီ ငွေရောင်သစ်ရွက်ကို နှစ်ပတ်ဆက်တိုက်လိုအပ်သည်၊ အခုခြောက်ရက်လောက် စားပြီးနောက်တွင်, နောက်ထပ်၈ရက်အတွက် နောက်ဆုံးအုပ်ချုပ်သူအဆင့်လျှပ်စီး သားရဲသလင်းကျောက်ကိုလိုအပ်သည်၊
ဒါပေမယ့်အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်သည်ရှားသည်၊ ဈေးကွက်ထဲမှာတော့ ခက်ခက်ခဲခဲရှာဖွေလျှင်ရနိုင်သည်။
ကောင်းပြီ, ဒါကအလွန်အမင်းရှားတာတော့လည်းမဟုတ်ပါဘူး, ဝယ်လိုအားဈေးကွက်ကို အရင်ရှာဖွေရမည်၊ အချိန်တော့ကုန်ပေမည်။
ကောင်းဖန်တွေ့ရှိသည့်ပျမ်းမျှဈေးနှုန်းရှိသည့် အုပ်ချုပ်သူအဆင့်လျှပ်စီးစွမ်းရည် သားရဲ၏သလင်းကျောက်ကသည် ခရက်ဒစ်အမှတ်၃၀၀မှတ်ဖြစ်သည်၊
သာမန်အုပ်ချုပ်သူအဆင့်သလင်းကျောက်သည် ခရက်ဒစ်မှတ်တစ်ရာ ဒါမှမဟုတ်နှစ်ရာသာကုန်ကျသည်၊ ဘာကြောင့်ဈေးက သုံးရာမှတ်ထိတက်သွားတာလဲဆိုတော့ တစ်အချက် ထိုအုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်က ရှားသောကြောင့်ပင်, နှစ်ကတော့ လျှပ်စီးသားရဲတွေကများသောအားဖြင့်ဖျက်ဆီးတတ်ကြပြီး အမဲလိုက် ဖို့အတွက်ခက်ခဲသည်၊
နောက်ဆုံးတော့, ဒါကကလေးကစားစရာမဟုတ်, ဒါပေမယ့်တကယ့်ကိုပြင်းထန်သော အမဲလိုက်မှုဖြစ်သည်၊ ကြိုတင်ကာကွယ်ပြင်ဆင်ထားမှုမရှိလျှင်လျှပ်စီးသားရဲက အမဲလိုက်သူကို သတ်ပစ်နိုင်သည်၊
သေချာသည်က, ခရက်ဒစ်အမှတ်၃၀၀မှတ်သည်သိပ်မမြင့်ပါ၊ ဘယ်သားရဲကိုမဆိုသတ်ဖြတ်ခြင်းသည် မိသားစုတစ်ခု၏တစ်ဘဝလုံးအတွက်ကျွေးမွေးနိုင်ဖို့အတွက် လုံလောက်သောငွေအမြောက်အမြားနှင့်လဲလှယ်နိုင်သည်၊
အမည်မသိသောတောတွေထဲတွင် အန္တရာယ်များနှင့်ပြည့်နှက်နေသည်၊ ဘယ်သူမှ ဘယ်လိုကြောက်စရာကောင်းတဲ့သားရဲအမျိုးအစားနှင့်တွေ့မယ်ဆိုတာကို မသိကြဘူး၊ ထို့အပြင် အမဲလိုက်သည့်လုပ်ငန်းသည်အလွန်အန္တရာယ်များသည်၊ နောက်ဆုံးတော့ ကပ်ဆိုးမတိုင်ခင်ကတည်းက ရိုင်းစိုင်းနေကြကာ လူသားတွေရဲ့ထိန်းချုပ်မှုအောက်မှ လုံးဝကိုလွတ်မြောက်နေပြီဖြစ်သည်၊
သုံးရက်ကြိုတင်ကာ ကောင်းဖန်သည်သားရဲအမဲလိုက်အဖွဲ့အစည်းတွင် သူ၏ ကြော်ငြာစာကို အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်အတွက် မြင့်မားသောဈေးပေးမည်ဟု ပိုစ့်တင်လိုက်သည်၊ သူကခရက်ဒစ်အမှတ်၃၀၁မှတ်ကို ပေးဖို့ရည်ရွယ်ထားသည်၊
သူပေးသောဈေးသည် ပျမ်းမျှဈေးထက် ခရက်ဒစ်အမှတ်တစ်မှတ်ပိုပေးထားသည်၊
အစာစားခြင်းပြီးဆုံးပြီးနောက်, တာ့ဇီက အိပ်သွားတော့သည်၊ ငွေရောင်သစ်ရွက်က ၎င်းအပေါ်တွင် အိပ်ဆေးအကျိုးသက်ရောက်မှုရှိသည်၊
တစ်ဖက်တွင်တော့ ကောင်းဖန်ကသူ၏ အလုပ်ကိုတက်ကြွစွာလုပ်ဆောင်နေသည်၊ သူကလက်ချောင်းကိုထပ်ကိုက်လိုက်ပြီးနောက် သူ့လက်ချောင်းကိုဆီလီ၏ခေါင်းပေါ် သို့တင်လိုက်သည်၊
ဓားတစ်ချောင်းမလိုအပ်တော့ပေ။ ပုံမှန်အားဖြင့် ဆေးထိုးအပ်ဖြင့်တောင် သွေးစုဆောင်းနိုင်ပေမယ့် သွေးစာချုပ်လုပ်ငန်းစဉ်တွင်သွေးသည် သွေးနှင့်အနာကိုဖြတ်၍ ဝိဉာဉ်နှစ်ခု ပေါင်းစည်းဖို့အတွက်ဆက်သွယ်ပေးသည့်အရာဖြစ်သည်။
အကယ်၍ သူက ဆေးထိုးအပ်ကိုအသုံးပြု၍ သွေးစုဆောင်းပြီးနောက် ၎င်းကိုသူ၏ လက်ချောင်းထိပ်မှ အစက်ချပါက သီအိုရီအရ၎င်းသည်လုပ်ဆောင်ရန်အဆင်ပြေသော် လည်းအဆင့်များစွာနှင့်ရှုပ်ထွေးသည်၊
သူ့လက်ချောင်းကိုဖောက်၍, သွေးစက်ကိုစုလိုက်ပြီးနောက် လက်ဖျားထိပ်မှသွေးစက်ကိုကျစေလိုက်သည်… ဒီနည်းလမ်းကသူ့လက်ကိုတိုက်ရိုက်ကိုက်လိုက်ပြီး သွေးထွက် အောင်လုပ်ခြင်းဖြစ်သည်၊ ရိုးရှင်းပြီး အားချွေတာနိုင်သည်၊
မပီသစွာ, မျက်လုံးမှိတ်လိုက်ပြီး, ကောင်းဖန်အကဲဆတ်သောအတွေးအမြင်များကို အာရုံခံစားမိလိုက်သည်။
နေရာလပ်က တာ့ဇီ၏စိတ်စွမ်းအင်နေရာလပ်ထက်သေးပြီးအားနည်းသည်၊
နက်ရှိုင်းသောအတွေးအမြင်ရှုထောင့်ထဲတွင်, တွန့်ဆုတ်နေသောဝိဉာဉ်တစ်ခုကို ဖုံးကွယ်နေသည်ကိုတွေ့မြင်လိုက်သည်၊
ကောင်းဖန် သူ၏ကြင်နာမှုကိုဖော်ထုတ်လိုက်သည်၊ ထိုကြောက်ရွံ့နေသောဝိဉာဉ်က တုန်လှုပ်သွားသည်၊ ဒါက အထီးကျန်နေတဲ့ကလေးတစ်ယောက်လိုအမှောင်ထဲတွင် သူ့ကိုယ်သူ လုံးထွေးနေသည်၊
မှောင်နေသောညအပြင်ဘက်တွင် ပြတင်းပေါက်က ထိုကလေးကိုကြောက်ရွံ့စေသည်၊ သူကိုယ်သူဖက်ထားကာမှသာ နွေးထွေးမှုတစ်စုံတစ်ရာကိုခံစားမိလိုက်သည်၊
ကောင်းဖန်သူ၏ကြင်နာမှုကို ကြိုးစား၍ပို့လွှတ်ကြည့်လိုက်ပြီး ခံစားမှုကတော့ သူက ကလေးပြန်ပေးဆွဲသူလိုသရုပ်ဆောင်နေသကဲ့သို့ပင်။
နာရီသံတစ်ချက်ချက်ကဝေးကွာသွားသည်၊ ဆီလီ၏ဝိဉာဉ်သည် ၎င်း၏အတွေးအမြင် ရှုထောင့်၏ချောင်ကျသောနေရာလေးတွင်ပုန်းနေဆဲဖြစ်သည်၊
သူတို့နှစ်ယောက်ကြားထဲရှိဆက်သွယ်မှုသည် ရုတ်တရက်ပြတ်တောက်သွားသည်၊ ကောင်းဖန်မျက်လုံးဖွင့်လိုက်ပြီး အကူအညီမဲ့စွာနှင့်ဆီလီကိုကြည့်လိုက်သည်၊
သူ၏ရှေ့တွင်ရှိသည့် ဆီလီကတော့ခုဘာဖြစ်သွားမှန်းပင်မသိလိုက်ပေ၊ လေထဲတွင်လွှင့်မြောနေပြီး, ၎င်း၏ဘဝဲလက်တို့သည်ယခင်အတိုင်း ယိမ်းနေသည်၊
ထို့နောက်ရုတ်တရက်နိုးလာပြီး အလျင်အမြန်လွတ်မြောက်လိုဟန်ဖြင့် စားပွဲအောက်တွင် ပုန်းနေတော့သည်၊
ကောင်းဖန် သူ့မျက်နှာကိုပွတ်လိုက်ပြီး, ဘာလုပ်ရမှန်းမသိမသေမချာဖြစ်နေသည်၊ ကြည့်ရတာသူ့ဘက်က အလွန်ကတိုက်ကရိုက်ဖြစ်သွားပုံရသည်၊
သွေးစာချုပ်တွင်စာချုပ်ချုပ်နိုင်ရန် နှစ်ဖက်လုံး၏သဘောတူညီမှုကလိုအပ်ပြီး, တစ်ဖက်တည်းဆန္ဒတွေးတောကာ ဖြတ်ချလို့မရပေ၊
ဆီလီက တကယ့်ကိုဘေးမကင်းသောစိတ်ခံစားမှုကမြင့်နေသည်၊ ကောင်းဖန်က ဒါကို စိတ်စွမ်းအားနေရာလပ်တွင်ခံစားမိလိုက်တာဖြစ်သည်၊ ဆီလီရဲ့စိတ်ကရှုပ်ထွေးနေကာ, ဒါကြောင့်သူ၏ခံစားမှုကဆီလီရဲ့စိတ်ခံစားမှုဆီသို့ အလင်းလေးနှင့်မရေမရာသာဖြစ်နေသည်၊ သူက ၎င်း၏ နက်ရှိုင်းသည့် ရှက်ကြောက်နေသောစိတ်ကိုသာ ခံစားမိသည်၊
ကြည့်ရတာဆီလီရဲ့ဘေးမှာအကြာကြီးနေပေးဖို့လိုအပ်သည်နှင့်တူသည်၊
ဆီလီနှင့်အတူနေရန်က ခက်ခဲသည်တော့မဟုတ်ပေ၊ ၎င်း၏ကိုယ်ကိုကိုယ်ခုခံ ကာကွယ်မှုသည် အဓိကအချက်ဖြစ်သည်၊ အချိန်တိုအတွင်းချစ်ခင်မှုရှိလာလိမ့်မည်၊ အခုတော့သူတို့ဆက်ဆံရေးက မခိုင်မာသေးဘူး၊ သူတို့ဆက်ဆံရေးပိုပြီးတိုးတက်ဖို့ အတွက်အချိန်ပိုပြီးလိုအပ်သည်၊
…
နောက်နေ့တွင်, ကောင်းဖန်ကျောင်းသို့ပြန်သွားရသည်၊
ဆီလီနှင့်ဆက်ဆံရေးတိုးတက်ရန်, သူကဆီလီကိုလည်းကျောင်းသို့ခေါ်လာခဲ့သည်၊
တာ့ဇီကို ဆီလီအား ကာကွယ်ဂရုစိုက်ရန်အမိန့်ပေးပြီးနောက် ကောင်းဖန်အတန်းတက်ရန်အတွက် ပညာရေးအဆောက်အဦသို့သွားလိုက်သည်၊
နေ့လည်ခင်း, သူအတန်းဆင်းပြီး ထိုအဆောက်အအုံမှထွက်လာတော့ ဆီလီက တိတ်ဆိတ်စွာနဲ့တာ့ဇီရဲ့ခေါင်းပေါ်တွင်လှဲနေတာကို ကောင်းဖန် အံ့ဩစွာနဲ့တွေ့လိုက်ရသည်၊ တာ့ဇီဘက်ကလဲခုခံခြင်းမရှိပေ။
မနေ့က သူတို့အချင်းချင်းမကြိုက်ပေမယ့်, အခုတော့ အရင်းနှီးဆုံးသူငယ်ချင်းကဲ့သို့ပင် မြင်လိုက်ရသည်၊ ကောင်းဖန်ရုတ်တရက်ရှုပ်ထွေးသွားသည်၊ ငါတော့သားရဲတွေရဲ့ သူငယ်ချင်းဆက်ဆံရေးကိုနားမလည်နိုင်တော့ဘူး၊
နေ့ခင်းပိုင်းနေက ကွန်ကရစ်တွေကိုဖုတ်သလိုဖြစ်နေပြီး, လေ့ကျင့်ရေးကွင်းသည် လည်းခြောက်သွေ့ပြီး ပူလောင်နေသည်၊
တာ့ဇီကကြိုးစားပမ်းစားနှင့်မြေပြင်ပေါ်တွင်လေ့ကျင့်နေပြီး ကောင်းဖန်ကတော့ အရောင်စုံနေသည့်ဦးထုပ်ကို သင်ကြားပေးနေစဉ်အတွင်းဝတ်ထားသည်၊
ဦးထုပ်က မျက်စိကိုဖမ်းစားနေပြီး လှပသောအရောင်များဖြင့်တောက်ပနေသည်၊ ထိုအရာက နေရောင်အောက်တွင်တောက်ပနေသည်၊ ၎င်းကလူအများ၏အာရုံကို စွဲဆောင်နေတော့သည်၊
“အဲ့လူရဲ့ဦးထုပ်က တော်တော်ကို…ရုပ်ဆိုးတာဘဲ”
“ပုံစံကအရောင်လည်းစုံပြီးတော့ ဖောက်လည်းမြင်ရတယ်ဟ”
ကောင်းဖန်က ပတ်လည်ကဆွေးနွေးနေမှုတွေကို လျစ်လျူရှုထားသည်၊ ရောင်စုံခရစ်စတယ်ဦးထုပ်အစွန်းတွင် ထူသောဘဝဲလက်များသည်အောက်သို့ကျနေပြီး ကောင်းဖန် ကိုအတော်ရုပ်ဆိုးစေသည်။
“အရမ်းကောင်းတဲ့ဦးထုပ်ဘဲ” မုထျယ်ရင်းရဲ့အသံကထွက်လာသည်၊
“ကျေးဇူးဘဲ၊ ဒါပေမယ့် ဘယ်ကတည်းကလိမ်တတ်အောင်သင်ထားတာလဲ?” ကောင်းဖန်ကတည်ငြိမ်နေသည်၊ သူကသူ့ဦးထုပ်ကိုချွတ်လိုက်ပြီး လက်ဆန့်လိုက်ကာ ဦးထုပ်ထဲသို့နှိုက်လိုက်…..ပြီးgreen teaအေးတစ်ဘူးကိုထုတ်လိုက်သည်၊
မုထျယ်ရင်းရှုပ်ထွေးသွားသည်၊
ကောင်းဖန်က green tea ကိုမုထျယ်ရင်းကိုပေးကာပြောလိုက်သည်၊ “နည်းနည်းလောက်လိုချင်လား? ဒါကလက်ဖက်ရည်အေးလေ”
မုထျယ်ရင်းက ခေါင်းကိုယမ်းလိုက်သည်၊ “နိုး၊ ကျေးဇူး, ငါကဓာတ်ဆားရည်ကို ပိုကြိုက်တယ်”
ထို့နောက်ကောင်းဖန်က သူ့လက်တွေကိုဦးထုပ်ထဲသို့ထပ်ထည့်လိုက်ပြန်ကာ, အေးနေသောအငွေ့များထွက်နေသည့်ဓာတ်ဆားရည်အေးဘူးတစ်ဘူးကို ထပ်ထုပ်လိုက်သည်၊
“နင့်ရဲ့ ဦးထုပ်…” မုထျယ်ယင်းကနောက်ဆုံးတော့ မတတ်သာစွာနှင့်မေးလိုက်တော့သည်၊
“ဒါ ဂျယ်လီငါးပျံလေ, နေရာလပ်စွမ်းအင်သားရဲ” ကောင်းဖန်ပြုံးလိုက်သည်၊
မုထျယ်ရင်းရုတ်တရက် ဉာဏ်အလင်းပွင့်သွားတော့သည်၊
သူမ ဂျယ်လီငါးပျံအကြောင်းကိုကြားဖူးသည်၊
“မင်းရဲ့ ကြာစေ့လေးရောဘယ်လိုလဲ? သူပြန်ကောင်းပြီလား? ငါထင်တာတော့ သူမ အတော်ကိုပြောင်းလဲသွားသလိုပဲ, သူမကအရင်ကထက်ပိုပြီးရဲရင့်လာတယ်” ကောင်းဖန် သူ့ကိုရဲရင့်စွာနဲ့စိုက်ကြည့်နေသည့်ကြာစေ့လေးကိုကြည့်လိုက်သည်၊
“ သူမ ပြန်ကောင်းခါနီးနီးဘဲ၊ အရင်တစ်ကြိမ်ကတည်းက, သူမဆက်ဆံရေးကတကယ့်ကိုအများကြီးပြောင်းလဲသွားသည်” မုထျယ်ရင်းကနူးညံ့စွာနဲ့ ကြာစေ့လေးရဲ့ကြီးမားသောခေါင်းကိုပုတ်လိုက်သည်။