အခန်း (၅၇-၆၀)
Vol. 4 Ch. 57-60
အပိုင်း ၅၇ နဂါးကြက်
လွန်ခဲ့သည့်ရက်အနည်းငယ်ကနှင့်ယှဉ်လျှင် ကြာစေ့လေးသည် ယခင်ကထက် ပိုလို့ရဲရင့်လာခဲ့သည်။ အနည်းဆုံးတော့ သူစိမ်းများရှေ့တွင် ကြောက်ရွံ့မှုပုံစံကို ထပ်မပြတော့ဘဲ တည့်တည့်ကြည့်ရဲနေပေပြီ။
မုထျယ်ယင်းနှင့် ခဏလောက် ပျော်ပျော်ရွှင်ရွှင်စကားပြောပြီးနောက် မုထျယ်ယင်းလဲ ကြာစေ့လေးနှင့် ပြန်ထွက်သွားခဲ့သည်။
ကောင်းဖန် လက်ဖဝါးပေါ်တွင် ပျော်ပျော်ရွှင်ရွှင်နှင့် ဦးထုပ်ပုံစံ ‘သေဟန်ဆောင်နေသော’ ဆီလီသည်လဲ ပြန်လည်သက်ဝင်လာခဲ့သည်။ သူက ဂရုတစိုက်ပြန်ထလာသည်။ ငှက်အမျိုးအစားသားရဲမျိုးစုံ အနီးပတ်ဝန်းကျင်တွင် ပျံသန်းနေသည်က သူ့ကိုမသက်မသာခံစားနေစေရသည်။
ကောင်းဖန်လဲ သူ့လက်ဖဝါးပေါ်မှ ဆီလီက ‘ပုချီပုချီ’အသံပြုကာ အသင့်အတင့်ရုန်းကန်ဟန်ပြုရင်း လေထဲသို့ပျံဖို့လုပ်နေသည်ကို ခံစားမိသည်။
ထို့နောက် ဆီလီက လေထဲတွင်မျောလွင့်လိုက်ကာ ကောင်းဖန်ခေါင်းပေါ်ပြန်ရောက်ရှိသွားသည်။ ၎င်းက တစ်ဖန်ပြန်လည်ပြီး အရောင်စုံဦးထုပ်ပုံစံဖြစ်သွားသည်။ ဦးထုပ်တစ်လုံးအနေနှင့်တော့ ၎င်းက သိပ်မကြီးဘဲ ကွက်တိအနေအထားဖြစ်ကာ ကောင်းဖန်၏ခေါင်းတစ်ခုလုံးကို အုပ်မိရုံသာကြီးသည်။
ကောင်းကင်ပေါ်သို့ ဘာစကားမှမပြောဘဲ ကောင်းဖန် မော့ကြည့်နေရင်းဖြင့် သူ့လက်ထဲမှ green teaကုဖောက်ကာ တစ်ငုံသောက်လိုက်သည်။ တကယ်ကိုပဲ လက်ဖက်စိမ်းဆိုတာ အေးအေးလေးမှ ပိုသောက်လို့ကောင်းတာပင်။
ယနေ့အတွက် လေ့ကျင့်ဖို့သားရဲကို လှောင်အိမ်တစ်ခုနှင့်ယူဆောင်လာသည်။ ၎င်းသည် ဧရာမသတ္ထုခရမ်းရောင်ကင်းမြီးကောက်တစ်ကောင်ဖြစ်ကာ အရွယ်အစားကတော့ အလွန်ကြီးမားသည်။ သူ့အမြီးမပါသေးရင်တောင်မှ ၆ပေလောက်အထိရှည်သည်။ ၎င်း၏အမြီးကတော့ ခန္ဓာကိုယ်တစ်ခုလုံးစာလောက်ပင် ရှည်ကာ ခြေထောက်နှင့်တစ်ပေခွဲခန့်ရှည်လျားသည့်ခြေသည်းများကတော့ အေးစက်ကာတောက်ပသည့်နေသည်။
ဤဧရာမကင်းမြီးကောက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်ဖြစ်ကာ လွန်စွာသန်မာပုံပေါ်သည်။ အခုလောလောဆယ်တော့ ၎င်းသည် လှောင်အိမ်ထဲတွင် ကွေးနေကာ သူ့လက်သည်းများကတော့ လှောင်အိမ်ကိုပွတ်ဆွဲရင်း ဆူညံသံများပြုလုပ်နေသည်။
[မကောင်းဆိုးဝါး အမည်] : ခရမ်းရောင်သတ္ထုကင်းမြီးကောက်
[မကောင်းဆိုးဝါး အဆင့်] : ၁၄
[မကောင်းဆိုးဝါး အဆင့်အတန်း] : အထူးအဆင့်
[မကောင်းဆိုးဝါး စွမ်းရည်] : သတ္ထု/ မြေကြီး
[မကောင်းဆိုးဝါး အခြေအနေ] : ကျန်းမာ (ပျော်ရွှင်)
[မကောင်းဆိုးဝါး အားနည်းချက်] : အမှောင်/ လျှပ်စီး
[မကောင်းဆိုးဝါး၏အကြိုက်] : မာကြောသည့်အရာဝတ္ထုများပေါ်သို့ ဧရာမလက်သည်းများဖြင့် ကုတ်ခြစ်ခြင်း
“ဒီနေ့သားရဲကို ဘယ်သူစိန်ခေါ်ချင်လဲ? ချန်အန်းတစ်ဝိုက်မှာ ကင်းမြီးကောက်အမျိုးအစားအများကြီးရှိတယ်၊ ဒါကြောင့် မင်းတို့ တစ်ချိန်ချိန်ကျရင် ဒီကောင်တွေနဲ့ သေချာပေါက် ရင်ဆိုင်တွေ့ဆုံရမှာပဲ။ အခုကတည်းက ဒီအခွင့်အရေးကို အသုံးချပြီး ကင်းမြီးကောက်အမျိုးအစားသားရဲနဲ့ တိုက်ဖူးအောင် လုပ်လို့ရယ်။” နည်းပြချန်က အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်။
ခရမ်းရောင်သတ္ထုကင်းမြီးကောက်…. ဒီသားရဲရဲ့ ပင်ကိုယ်လက္ခဏာတွေက ကောင်းဖန်၏စိတ်ထဲပေါ်လာခဲ့သည်။ ၎င်းသည် ကင်းမြီးကောက်အမျိုးအစားဖြစ်ကာ သဲကန္တာရတွင်နေထိုင်ကြသည်။ ကပ်ဘေးမတိုင်ခင်က ၎င်းတို့သည် ချန်အန်းအနီးမှ သဲကန္တာရတွင် ကျက်စားခဲ့သည်။ ကပ်ဘေးပြီးသည့်ကာလတွင်တော့ ဗီဇပြောင်းလဲသွားကြပြီး ခရမ်းရောင်သတ္ထုကင်းမြီးကောက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲလာကြသည်။
၎င်းတို့သည် အဆိပ်မရှိသည့်ရှားပါးသော ကင်းမြီးကောက်မျိုးစိတ်များပင်။ အဆိပ်မရှိဘူးဆိုပေမယ့်လဲ ၎င်းတို့၏ခန္ဓာကိုယ်ကတော့ အဆိပ်ဒဏ်ခံနိုင်မှုမြင့်မားကာ အဆိပ်အများစုကို ခုခံနိုင်စွမ်းရှိသည်။
ဤဧရာမကင်းမြီးကောက်များတွင် သူတို့သားကောင်၏ ခန္ဓာကိုယ်များ ခေါင်းများကို ချေမွပစ်နိုင်သည့် ဧရာမလက်သည်းကြီးများလဲ ရှိကြသည်။ ဒါပေမယ့် အခုလက်ရှိတစ်ကောင်ကတော့ ပုံမှန်ခရမ်းရောင်သတ္ထုကင်းမြီးကောက်များထက် အနည်းငယ်ပိုငယ်ကာ အခုမှ ကြီးထွားမှုအဆင့်မှာပဲ ရှိသေးပုံပေါ်သည်။
အရွယ်ရောက်ခရမ်းရောင်သတ္ထုကင်းမြီးကောက်တစ်ကောင်တွင်ဆိုလျှင် ၉ပေရှည်သည့်ခန္ဓာကိုယ်နှင့် ၆မီတာအထိရှည့်အမြီးတစ်ချောင်း ပါရှိလိမ့်မည်။
ဤခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် အများစုသော ၎င်းကဲ့သို့ကင်းမြီးကောက်သားရဲအမျိုးအစားများကဲ့သို့ ရက်စက်ကာ ကြမ်းတမ်းသည့်အမူအကျင့်များကို အမွေဆက်ခံထားသည်။
ဂျစ်၊ ဂျစ်၊ ဂျစ်!
လက်သည်းနှင့်ခြစ်သံများက ပိုလို့ကြိမ်နှုန်းတိုးလာခဲ့ကာ ၎င်းက သူ့ရန်သူများကို ကြောက်လန့်စေရန် ကြိုးစားနေသည်နှင့်ပင် တူသည်။ ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သည်းနှင့်ခြစ်နေကာ ပိုခြစ်မိလေ ပိုပျော်လာလေဖြစ်နေပုံပင်။
တစ်ခုခုတော့ လွဲနေပြီ….
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ခေါင်းနှင့်အမြီးကို လှုပ်ရမ်းလို့နေသည်။ ၎င်းပုံစံက သူ့ဘာသာပင် လှောင်အိမ်ထဲဝင်နေပုံနှင့်တူလွန်းလှသည်။ တစ်ယောက်ယောက်ကသာ နောက်ခံသီချင်းလေးဖွင့်ပေးလိုက်ပါက အရမ်းကိုလိုက်ဖက်ညီနေတော့မည်။
သူ့လက်သည်းနဲ့ သူ့ဘာသာခြစ်ရင်း ပျော်နေတယ်တဲ့လား ဘယ်လိုတောင် တုံးအရတဲ့ကင်းမြီးကောက်လဲ။
တာ့ဇီ၏မျက်လုံးများထဲတွင်တော့ ဒေါသထွက်နေသည့်အကြည့်မျိုးရှိနေခဲ့သည်။
လေ့ကျင့်မှုအချိန်များဖြတ်သန်းကျော်ဖြတ်လာကြပြီးနောက် သားရဲလေ့ကျင့်သူဗိုလ်လောင်းများအားလုံးသည် ရဲရင့်မှုများစွာ ပိုင်ဆိုင်လာခဲ့ကြပြီး သားရဲများနှင့်စိန်ခေါ်ရမည်ကို မကြောက်ကြတော့ပေ။
“နည်းပြ၊ ကျွန်တော်စိန်ခေါ်ချင်ပါတယ်။” တစ်ယောက်က လက်ထောင်ကာ ပြောလိုက်သည်။ ကောင်းဖန်မှလွဲ၍ တခြားလူတော်တော်များများ သူတို့လက်များကို ထောင်ခဲ့ကြသည်။
ကောင်းဖန်ကတော့ ထိုမြင်ကွင်းကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ကြည့်ရုံသာကြည့်လို့နေသည်။ တခြားလူများက ဒီသားရဲ၏အဆင့်နှင့်အဆင့်အတန်းကို မမြင်နိုင်ပေမည့် သူကတော့ ရှင်းရှင်းလင်းလင်းကို မြင်နိုင်ပေသည်။
အမှန်တော့၊ ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် ခက်ခဲသည့်အဆင့်ဖြစ်ကာ ဒီကလေးတွေအတွက် အနည်းငယ်မြင့်လွန်းသည့်ပြိုင်ဘက်ပင်။ ဒီကလေးတွေရဲ့ သားရဲအများစုသည် အဆင့်၁၀ရောက်ရုံသာရှိကြပြီး တချို့ဆိုလျှင် အဆင့်၇၊ ၈ လောက်ပဲ ရှိနေသေးတာတောင် ရှိသေးသည်။ ဒါ့အပြင် ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကတော့ အထူးအဆင့်တောင်ရောက်နေသည်။
ဒါ ဘယ်လိုမှ ပြိုင်ပွဲမဖြစ်လာနိုင်ဘူး။
ယခုအချိန်တွင် တာ့ဇီသည်လဲ အထူးအဆင့်ဖြစ်ကာ ခရမ်းရောင်သတ္ထုကင်းမြီးကောက်နှင့် အဆင့်အတူတူပင်ဖြစ်သည်။ ခရမ်းရောင်သတ္ထုကင်းမြီးကောက်တွင် မြင့်မားသည့်အဆိပ်ဒဏ်ခံနိုင်စွမ်းကလဲရှိသေးတာကြောင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပါက အနိုင်ရနိုင်ချေက ၅၀-၅၀သာရှိသည်။
ဒါကြောင့်ဘဲ ကောင်းဖန် ဒီကလေးတွေကိုသူ့အတွက်ရေလို အစစ်ဆေးခံပြီး အကယ်၍များ ခရမ်းရောင်သတ္ထုကင်းမြီးကောက်၌ အခြားတိုက်ခိုက်သောနည်းလမ်းများရှိ မရှိကိုစစ်ဆေးရန်လိုအပ်သည်။
ကောင်းဖန် သူ့ဘေးကတာ့ဇီနဲ့အတူဖြောင့်မတ်စွာရပ်လိုက်ပြီး သူ့လက်များကိုရှေ့တွင် ဆုပ်ကိုင်ထားကာ မျက်နှာပေါ်တွင်ခက်ထန်သောအမူအရာရှိနေသည်၊
သူ၏ကြမ်းတမ်းသောပုံစံက သူ့ကိုကျွမ်းကျင်သူတစ်ယောက်၏ပုံစံနှင့် တူစေကာ သေချာသည်က သူ့ခေါင်းပေါ်တွင် သက်တန့်ရောင်ဦးထုပ်တစ်ခုမရှိပါက ပိုကြည့်ကောင်းလိမ့်မည်။
“ကောင်းဖန်, မင်း ဒီသားရဲနဲ့စိန်ခေါ်ဖို့မရည်ရွယ်ထားဘူးလား?” ကျန်းရန်ပိုင်က ကောင်းဖန်ကိုပြောလိုက်သည်၊ ဒီနေ့ ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို ကောင်းဖန်အတွက် အထူးပြင်ဆင်ထားခြင်းပင်၊ ဒီလူငါးယောက်အဖွဲ့မှာ, ကောင်းဖန်ရဲ့ခရမ်းရောင်ကျောပြင်မိုးကြိုးကင်းခြေများသာလျှင် ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို တိုက်ခိုက်ဖို့အခွင့်အရေးရှိသည်။
“ကျွန်တော်ဒီတစ်ခါတော့ တခြားသူတွေအတွက် ဒီအခွင့်အရေးကိုစွန့်လိုက်မယ်၊ ကျွန်တော် အမြဲတမ်းသားရဲကို ပထမဆုံးစိန်မခေါ်ချင်ဘူး, ဒါကတခြားသူတွေအတွက်လည်း မမျှတဘူး။” ကောင်းဖန်ကယဉ်ကျေးစွာနဲ့သူ့ခေါင်းကိုယမ်းကာပြောလိုက်သည်၊
အဖွဲ့ထဲမှာ, ကျန်တဲ့သူအားလုံးတွင် ကောင်းဖန်အပေါ်၌ မနာလိုသလိုမျိုး မကောင်းသောခံစားမှုတို့ရှိသည်၊ ဒါပေမယ့် ကောင်းဖန်ဆီမှထိုစကားများကိုကြားသောအခါ ကောင်းဖန်အပေါ် သူတို့ထင်မြင်ချက်တွေ ချက်ချင်းပြောင်းလဲသွားတော့သည်၊
တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးထဲတွင် အနည်းငယ်အပြစ်ရှိသည်ဟုခံစားလိုက် ရသည်၊
ငါတို့အားလုံး ဒီတစ်ချိန်လုံးသူ့အပေါ်မှာ အထင်မှားနေခဲ့သည်, , သူက ငါတို့အတွက်ဒီလိုကိစ္စလေးတွေကအစ စာနာထောက်ထားပေးနေတာပဲ။
ကျန်းရန်ပိုင်၏နှုတ်ခမ်းထောင့်စွန်းများသည် တွန့်သွားတော့သည်၊ သေချာတာပေါ့ , ငါမင်းကိုမယုံဘူး၊
နည်းပြတစ်ဦးအနေဖြင့် သူသည်ဤသားရဲများ၏ စွမ်းရည်တွေကို အပြည့်အဝနားလည်သည်၊
မင်းတို့အားလုံးကိုယ့်သေတွင်းကို တူးနေကြတာလား။
ဒါပေမယ့်နည်းပြတစ်ယောက်အနေနဲ့ သူကလေ့ကျင့်မှုကိုသာ တာဝန်ယူရမှာဖြစ်သည်၊ သူသည်အခြားများစွာသောကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ပေ၊ အများဆုံးမှ သူသည် ဘယ်သားရဲနဲ့ ကင်းမြီးကောက်ကို စိန်ခေါ်ရမလဲဆိုတာကိုသာရွေးနိုင်သည်၊
“ဒါဆိုရင်တော့ မင်းကပထမဆုံးစိန်ခေါ်တဲ့သူအဖြစ်လုပ်လိုက်” ကျန်းရန်ပိုင် သူ့ခေါင်းကို ယမ်းလိုက်ပြီး တာ့ဇီပြီးလျှင် အသန်မာဆုံးသားရဲကိုသာ ညွှန်ပြလိုက်သည်၊
ဒါက နဂါးကြက်ဖြစ်သည်၊ ၎င်းကိုနဂါးကြက်ဟုခေါ်သော်လည်း တကယ်တော့ ကပ်ဆိုးကြီးပြီးနောက်သန္ဓေပြောင်းလဲထားသော ရစ်ငှက်ဖြစ်သည်၊ သူ့ခန္ဓာကိုယ်က အရမ်းသန်စွမ်းပြီး ၎င်း၏ထိပ်တွင်တောက်ပသောအနီရောင်ငှက်အမောက်ရှိသည်၊ ၎င်းကအရမ်းနီနေပြီး ကြည့်ရသည်မှာ သွေးတွေက၎င်းပေါ်သို့စီးကျထားသည့်အတိုင်း ပင်ဖြစ်သည်၊
၎င်းသည်ပျံသန်းနိုင်သည့်စွမ်းရည်အပေါ်တွင် စွန့်လွှတ်ထားသည့်သားရဲပုံဖြစ်နေပြီး ထိုအစား၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကိုသန်မာပြီးအကြမ်းခံနိုင်အောင် ဖွံ့ဖြိုးစေခဲ့သည်၊ ၎င်း၏ကြီးမားသောကားထွက်နေသောကြွက်သားများသည် ကြည့်ရ သည်မှာ တကယ်အလွန်ကိုအရသာရှိလောက်သည်။
ငါဘာတွေစဉ်းစားနေတာလဲ! ကောင်းဖန် သူ့ခေါင်းကိုမြန်မြန်ခါယမ်းလိုက်သည်၊
ဒီနဂါးကြက်သည် ခြောက်ပေလောက်ရှည်လျားသည်၊ ၎င်း၏အဝါရောင်မျက်လုံးများက အနည်းငယ်သွေးရောင်သန်းနေပြီး ၎င်း၌အကြမ်းဖျင်းအားဖြင့် လူ့လက်ဖဝါးတစ်ခုစာရှိသော အနက်ရောင်နှုတ်သီးရှိသည်၊
ကောင်းဖန်က ထိုနဂါးကြက်သည်နှုတ်သီးဖြင့်ဖောက်ခြင်းကို တစ်စင်တီမီတာ အထူရှိသောထူသည့်သတ္ထုဘုတ်ပြားနှင့်လေ့ကျင့်တာကိုတွေ့ခဲ့ဖူးသည်၊
၎င်း၏ပြောင်စင်နေသော ကြက်ခြေထောက်များ၏ ခြေလမ်းတစ်လှမ်းချင်းစီတိုင်းသည် စွမ်းအင်ပြည့်ဝနေပြီး မြင့်မြတ်ထူးကဲနေသည်၊
ဒါကတာ့ဇီအပြင်တခြားပတ်လည်တွင်ရှိသော အခြားထိပ်တန်းအဆင့်သားရဲဖြစ်ပြီး, ၎င်း၏အဆင့်မှာ၁၁ဖြစ်သည်၊ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ဘဲ သူ့ရဲ့အဆင့်အတန်းက သာမန်အဆင့်သာဖြစ်သည်၊
နဂါးကြက်သည် လှောင်အိမ်ထဲသို့ဖြေးဖြေးချင်းလမ်းလျှောက်ကာဝင်သွားသည်၊ ၎င်းကချက်ချင်းတိုက်ခိုက်ခြင်းမရှိသေးပေမယ့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ ပတ်ပတ်လည်ကို သတိကြီးစွာလှည့်ပတ်နေသည်၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် တစ်စုံတစ်ခုကလှောင်အိမ်ထဲသို့ ဝင်လာသည်ကိုခံစားလိုက်ရပြီး သူ၏လက်သည်းများလှုပ်ရှားနေမှုကိုရပ်တန့်လိုက်သည်၊
၎င်းကသူ၏ ကိုယ်ပိုင်ဖျော်ဖြေနေမှုက အဆက်ပြတ်သွားခဲ့သောကြောင့် စိတ်ပျက်နေပြီးခရမ်းရောင်သတ္ထုကင်းမြီးကောက်၏မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အကြည့်ကပေါ်လာပြီး သူကနဂါးကြက်ကိုလှည့်ကြည့်လိုက်သည်၊
နဂါးကြက်က ဒီလောက်ကြီးမားသောကင်းမြီးကောက်ကို ပထမဆုံးမြင်လိုက်ရခြင်းကြောင့် အထင်အရှားကို ကြက်သေသေနေသည်၊ ၎င်းကသတိထားလျက် ကင်းမြီးကောက်ကို ဆက်ပြီးစက်ဝိုင်းပုံစံလှည့်ပတ်နေကာ, တိုက်ခိုက်မှုကိုလက်ဦးမှု မယူသေးပေ၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်လည်းထိုကဲ့သို့ပင်၊ သူ့ခန္ဓာကိုယ်ကို စလှည့်လိုက်သည်၊
ဘာကြောင့်လဲဆိုတော့ သူ့ခန္ဓာကိုယ်လမ်းကြောင်းတိုင်းဆိုလျှင် လှည့်ရသောလှုပ်ရှားမှုများသည်သူ့အတွက်ခက်ခဲပြီး, သူ၏လှုပ်ရှားမှုကိုတောင့်တောင့်ကြီးဖြစ်စေသည်၊
ဘန်း !
ကင်းမြီးကောက်၏လက်သည်းနှစ်ခုလုံးက ကွန်ကရစ်မြေပြင်နှင့်ကြမ်းတမ်းစွာရိုက်ချလိုက်ပြီး တစ်ချိန်တည်းနီးပါး စူးနေသောရိုက်ချသံကိုပေးလိုက်သည်၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် နဂါးကြက်ဆီကိုအပြင်းအထန်ပြေးသွားတော့သည်၊
မင်းရဲ့သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ စက်ဝိုင်းလိုလှည့်နေတာကိုရပ်လိုက်တော့, ငါတောင် တစ်ပတ်လှည့်ပြီးနေပြီဟ!
***
အပိုင်း ၅၈ မိုးကြိုးကင်းခြေများ VS ခရမ်းရောင်သတ္ထုကင်းမြီးကောက်
ကောင်းဖန်က ခါးကိုင်းကာ တာ့ဇီခေါင်းကို ပုတ်ပေးလိုက်ပြီး၊ “မင်းမြင်လား? နောက်ပိုင်း ဒီကင်းမြီးကောက်ရဲ့ မှတ်ထား….”
သို့သော် အလွန်လျင်မြန်စွာပဲ တစ်စုံတစ်ခုတော့မှားယွင်းနေကြောင်း သူသတိထားမိသွားသည်။ တာ့ဇီက နဂါးကြက်ကိုသာ စေ့စေ့ကြည့်နေပြီး သွားရည်များပင်ကျလို့နေသည်။
ကောင်းဖန်လဲ တာ့ဇီခေါင်းကို တစ်ချက်ခေါက်လိုက်ကာ၊ “ငါမင်းကို နဂါးကြက် ကြည့်ခိုင်းတာမဟုတ်ဘူး၊ ခရမ်းရောင်သတ္ထုကင်းမြီးကြောက်ကို ကြည့်ခိုင်းတာ! သူ့တိုက်ကွက်တွေကိုမှတ်ထား၊ ပြီးကျရင် မင်းကို သူနဲ့တိုက်ဖို့ လွှတ်မှာ။”
တာ့ဇီလဲ သူ့သခင်ဘက်သို့ ခေါင်းစောင်းကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် လွန်စွာလျင်မြန်လှကာ လျှပ်တပြတ်အတွင်းမှာပဲ နဂါးကြက်ကို သူ့လက်မနှစ်ဖက်ဖြင့် ပြင်းထန်စွာထိုးနှက်လိုက်သည်။
နဂါးကြက်၏တုံ့ပြန်ချက်က ပိုတောင်မြန်လို့နေသေးသည်။ သူ့ရဲ့သန်မာသည့်ခြေနှစ်ဖက်ကိုသုံးကာ လေထဲသို့ခုန်တက်ရင်း ကင်းမြီးကောက်၏လက်မများကို ရှောင်ရှားလိုက်သည်။
သို့ပေမည့် နဂါးကြက်ခုန်တက်လိုက်ချိန်တွင်ပဲ ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ရှည်လျားလှသည့် အမြီးက မြှားတစ်စင်းပမာ ပစ်ဝင်သွားသည်!
ရုတ်ချည်းလျင်မြန်လွန်းလှသည့် လှုပ်ရှားပုံက နောက်ကွယ်မှာပင် ပုံရိပ်ထင်ကျန်စေခဲ့သည်။
စွက်~~
လေထဲသို့ အရာဝတ္ထုတစ်ခုဖြတ်သန်းသွားသံက အားလုံးကြားရလောက်အောင် ထွက်ပေါ်လာခဲ့သည်။
နဂါးကြက်မှာ ကင်းမြီးကောက်ကို ရှောင်ရန်အချိန်မရှိတော့ဘဲ သူ့ရင်ဘက်ထံသို့ အမြီးထိုးစိုက်ခံလိုက်ရတော့သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ၎င်း၏သန်မာသည့် ကြွက်သားများမှာ အလှပြရုံသက်သက်ရှိနေခြင်းမဟုတ်ပေ။ အမြီးအဆုံးနားမှချွန်ထက်သည့်အစိတ်အပိုင်းလေးကသာ နဂါးကြက်၏အသားကို ထိုးဖောက်နိုင်ခဲ့ပြီး ကျန်အမြီးတစ်ပိုင်းလုံးကတော့ ထိုးဖောက်နိုင်စွမ်းမရှိခဲ့ပေ။
နဂါးကြက်အတွက်တော့ ကံကောင်းသွားကာ ခရမ်းရောင်သတ္ထုကင်းမြီးကောက်တွင် အဆိပ်မရှိနေခဲ့ပေ။ မဟုတ်ပါက တစ်ချက်လောက်တိုက်ခိုက်ခံထိရုံဖြင့် သမံသလင်းပေါ်လဲကျသွားနိုင်သည်။
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် ၎င်း၏အမြီးကိုသုံး၍ ဖိအားပေးပြီးနောက် သန်မာသည့်လက်မများကိုသုံးကာ နဂါးကြက်၏ခြေထောက်များကို တိုက်ခိုက်ရန်ဖို့အခွင့်အရေးယူလိုက်သည်။
အရာအားလုံးပြီးသွားသလို အချိန်မျိုးတွင်ပဲ နဂါးကြက်က ရုတ်တရက်ကြီး သူ့ရင်ဘက်တွင်စိုက်နေသည့် အမြီးကို ဆွဲထုတ်လိုက်ကာ တောင်ပံနှင့်ရိုက်ချလိုက်သည်။ ၎င်း၏ရင်ဘက်မှအသားစိုင်များကတော့ ဆုတ်ပြဲသွားကာ နေရာအနှံသို့သွေးများပတ်ဖြန်းလိုက်သလိုပင်။
ထို့နောက် လျင်မြန်စွာဖြင့် ကြက်နဂါးက သူ၏ချွန်ထက်လှသည့် နှုတ်သီးဖြင့် အောက်သို့ထိုးစိုက်လာခဲ့သည်။
ဖန်း!
ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ကျောပြင်ခွံသည် ကတ်ထူပြားတစ်ခုလို ကွဲလာခဲ့သည်။ နှုတ်သီးဖြင့် ထိုးစိုက်ခံလိုက်ရသည့်နေရာတစ်ဝိုက်ကလဲ တစ်စတစ်အက်ကွဲလာခဲ့ကာ ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ဒဏ်ရာကနေပြီး အဝါဖျော့ဖျော့အရည်များစီးကျလို့လာသည်။
နာကျင်မှုကိုတုံ့ပြန်သည့်အနေဖြင့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် ၎င်း၏လက်မများက နဂါးကြက်ကိုညှစ်ထားသည်အား ပိုမိုတင်းကျပ်အောင် ဖိညှစ်လိုက်ကာ တစ်ဖန်ရက်ရက်စက်စက် ဆွဲဖြဲပစ်သည်။
ရှီး~~
လှောင်အိမ်အပြင်ဘက်မှပရိသတ်များကာ လေအေးတစ်ချက်ကို ရှိုက်မိသွားကြသည်။
ကြည့်နေကြသည့် ကောင်လေးအားလုံးမှာ မသိစိတ်အလျောက် သူတို့ခြေထောက်များကို စုမိသွားကြသည်။
ရုတ်တရက် နဂါးကြက်သည် တောင့်တင်းလို့လာကာ သူ့ခေါင်းကတော့ အပေါ်ဘက်သို့ မျက်နှာမူထားသည်။ သူခံစားလိုက်ရသည့် စူးရှလှသောနာကျင်မှုက သူ့ကို သတိမေ့သွားလုနီးနီးပင်။
ကံကောင်းစွာဖြင့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်က သူ့ကိုနှစ်ခြမ်းအထိဖြဲပစ်ခြင်းမှ သူ၏ကြွက်သားများက ကောင်းစွာ ကာကွယ်ပေးထားနိုင်ခဲ့သည်။
ထိုသို့ဆိုလျှင်တောင်မှ နဂါးကြက်၏မျက်ဝန်းထောင့်မှ မျက်ရည်နှစ်စက်ကတော့ ကျဆင်းလာရစဲပင်…
ဖန်း!!
နဂါးကြက်၏ခြေထောက်ကို ဆုပ်ကိုင်ထားရက်ပင် ခရမ်းရောင်သတ္ထုကင်းမြီးကောက်က ရက်ရက်စက်စက်ပဲ နဂါးကြက်ကို ကွန်ကရစ်မြေပေါ်သို့ ရိုက်ချလိုက်သည်။ နောက်တစ်ဖန် ထပ်ရိုက်ချလိုက်ချိန်တွင်တော့ နဂါးကြက်သည် အမှန်တကယ်ကို သတိလစ်သွားခဲ့ပေပြီ။
ဒီပွဲတစ်ခုလုံးက လုံးဝကိုနှစ်ဖက်တိုက်ရသည့်တိုက်ပွဲတစ်ခုပင် မဟုတ်ခဲ့ပေ။
နဂါးကြက်သည် ခရမ်းရောင်သတ္ထုကင်းမြီးကောက်ထက် အဆင့်ရော အဆင့်အတန်းပါ ပိုနိမ့်သည်။ ဤသို့သော အခြေအနေမျိုးတွင် အနိုင်ရနိုင်ချေရှိသည့် တစ်ခုတည်းသော အနေအထားကတော့ လက်တွေ့တိုက်ပွဲ အတွေ့အကြုံသာဖြစ်ပေလိမ့်မည်။ ဒါကြောင့်ပဲ တစ်ချိန်လုံးမြို့ပေါ်တွင်ပဲ အချိန်ကုန်ခဲ့ရသည့် နဂါးကြက်၏ လက်တွေ့တိုက်ပွဲအတွေ့အကြုံသည် တောရိုင်းထဲတွင် အသက်ရှင်သန်အောင် နေထိုင်ခဲ့ရသည့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ တိုက်ပွဲအတွေ့အကြုံကို ဘယ်လိုမှမယှဉ်နိုင်ပေ။
ခရမ်းရောင်သတ္ထုကင်းခြေများသည် ရှေ့ကိုတိုးလာကာ သူ့အစွယ်များကိုဖွင့်ရင်း နဂါးကြက်ကို စားဖို့ပြင်ဆင်နေတော့သည်။
ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏အစွယ်များသည် ပါးစပ်ဘေးနှစ်ဘက်တွင်ရှိကာ သေးငယ်သည့်ခြေချောင်းများပင်။ ကင်းမြီးကောက်၏ပါးစပ်ကို သိပ်အသုံးမပြုကြဘဲ အစာစားရန်အတွက် ခြေထောက်များနှင့်တူသည့် အစွယ်နှစ်ချောင်းကိုသာ အားကိုးကြသည်။
အာဝူး~~ ငွေဖြူရောင်အလင်းတန်းတစ်ခုက လှောင်အိမ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကလဲ သူ့လက်မများကို အလျင်အမြန်ထုတ်ဖော်ကာ နောက်သို့ဆုတ်လိုက်သည်။
ငွေလရောင်ဝံပုလွေသည် လှောင်အိမ်ထဲသို့ဝင်လာကာ ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို စိုက်ကြည့်နေခဲ့သည်။ ၎င်း၏ထက်ရှသည့်အစွယ်များကို ထုတ်ဖော်ပြနေကာ အကြည့်များကလဲ အေးစက်နေသည်။
ခရမ်းရောင်သတ္ထုကင်းခြေများသည် ငွေလရောင်ဝံပုလွေကို ပြန်လည်ခြိမ်းခြောက်နိုင်ရန် ကြိုးပမ်းလိုက်သည်။ ငွေလရောင်ဝံပုလွေကြောက်သွားရန်အတွက် သူ့လက်မများဖြင့် ပွတ်တိုက်သံများပြုလုပ်ပြသည်။
ငွေလရောင်ဝံပုလွေကတော့ ရိုးရိုးလေးပဲ ၎င်းကို စိုက်ကြည့်နေစဲပင်။
အောက်မှာလဲကျနေသည့် နဂါးကြက်ကလဲ အလျင်အမြန်ပင် ၎င်း၏ခြေထောက်အနားသို့လှိမ့်ဝင်သွားကာ လှောင်အိမ်ထဲမှ လှိမ့်ထွက်သွားတော့သည်။ ၎င်း၏ သူ့ခြေထောက်တွေကို တင်းတင်းစေ့ထားကာ ထူးထူးဆန်းဆန်းပုံစံမျိုးနှင့် ထွက်ပြေးသွားခဲ့သည်။
ထို့အတူ ငွေလရောင်ဝံပုလွေသည်လဲ လှောင်အိမ်ထဲမှ ဖြည်းဖြည်းချင်းပြန်ထွက်လုပ်နေသည်။ ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကတော့ သူ့ပါးစပ်နားရောက်နေသည့်အစာကို လက်လွှတ်လိုက်ရသည့်အတွက် ခါးသီးနေကာ ၎င်း၏လက်များနှင့် ဝံပုလွေကို စတင်တိုက်ခိုက်တော့သည်။ ငွေလရောင်ဝံပုလွေ၏မျက်လုံးထဲသို့ အလင်းတန်းတစ်ခုဖြတ်ပြေးသွားကာ၊ “ငါမင်းကိုသတိပေးပြီးပြီ!”ဟုပြောပြီးနောက် ခြေနှစ်လှမ်းသာ လှမ်းလိုက်သည်။
ငွေလရောင်ဝံပုလွေသည် မှုန်ဝါးဝါးငွေရောင်အရိပ်တစ်ခုကဲ့သို့ ရှေ့သို့တိုးဝင်သွားတာကြောင့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏လက်မများမှာ လေကိုသူ ညှပ်လိုက်နိုင်သည်။
ရိုးရှင်းသည့် ခန္ဓာကိုလှုပ်ရှားပုံတစ်ခုတည်းဖြင့် ငွေလရောင်ဝံပုလွေသည် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ အမြီးဖြင့်တိုက်ခိုက်မှုမှလဲ တဖန်ရှောင်ခဲ့ပြန်သည်။ ငွေလရောင်ဝံပုလွေက လေထဲမှာပဲ ခန္ဓာကိုယ်ကို ၁၈၀ဒီဂရီလှည့်လိုက်ကာ ၎င်း၏အမြီးဖြင့် ကြာပွတ်တစ်ခုကို ပြန်ရိုက်ပစ်သည်။
ဖုန်း!
ခရမ်းရောင်သတ္ထုကင်းမြီးကောက်လဲ လွင့်ထွက်သွားတော့သည်။
၎င်းသည်လေထဲတွင် လည်ထွက်နေပြီးနောက် ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ သမံသလင်းပေါ်သို့ပြုတ်ကျသွားခဲ့သည်။
ငွေလရောင်ဝံပုလွေသည်တော့ သူ့ခေါင်းကိုကြော့မော့စွာလှည့်လိုက်ကာ မြေပေါ်လဲကျနေသည့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်အိမ်အပြင်သို့ ပြန်ထွက်သွားတော့သည်။
အရမ်း မိုက်တာပဲ!!
လှောင်အိမ်၏အပြင်ဘက်တွင်ကြည့်နေကြသော ပရိတ်သတ်များကလည်း အကူအညီမဲ့နေကြပမယ့် သဘောကျခြင်းနှင့်အတူအံ့အားသင့်နေကြသည်၊ ငွေလရောင်ဝံပုလွေ၏တိုက်ခိုက်ပုံကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးရခြင်း မဟုတ်တာတောင်မှ တုံ့ပြန်ပုံကတော့ တူညီနေစဲပင်။
ဒါက ဖျော်ဖြေပွဲတစ်ခုကိုကြည့်နေရသလိုဘဲ၊ ၎င်း၏လှုပ်ရှားမှုများက အရမ်းကို ကြော့ရှင်းနေသည်၊
နည်းပြရဲ့ငွေလရောင်ဝံပုလွေသည် သာမန်အဆင့်အတန်းသာဖြစ်ပေမယ့်, ၎င်းရဲ့အဆင့်က အများဆုံးအဆင့်၂၀ရှိပြီးဖြစ်သည်၊ ၎င်း၏အဆင့်အတန်းသည်သာ အုပ်ချုပ်သူအဆင့်ဖြစ်လာရန် တစ်ခုတည်းသတ်မှတ်ထားသောအရာဖြစ်သည်၊
“ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို ဘယ်သူထပ်ပြီးစိန်ခေါ်ချင်သေးလဲ?” ကျန်းရန်ပိုင်ကကျန်ရှိနေသည့် ကျောင်းသားများကိုမေးလိုက်သည်၊
ကျောင်းသားအချို့က သူတို့ခေါင်းတွေကိုခါယမ်းလိုက်ကြသည်၊ နဂါးကြက်သည် သူတို့ ကိုယ်ပိုင်သားရဲတွေထက်ပိုပြီးသန်မာလေသည်။ နဂါးကြက်တောင် ရှုံးတယ်ဆိုမှတော့ သူတို့သားရဲတွေကို အရိုက်ခံဖို့ လွှတ်လိုက်သလိုသာဖြစ်နေလိမ့်မည်။
သူတို့က ကောင်းဖန်ရဲ့ခရမ်းရောင်မိုးကြိုးကင်းခြေများက အမြဲတမ်းသားရဲအသစ်တွေနဲ့ ဘယ်လိုစိန်ခေါ်ခဲ့ကြောင်း, သားရဲကပြင်းထန်သောဒဏ်ရာများနှင့် ဝေဒနာခံစားရပြီး နောက်သူတို့ဘယ်လိုအခွင့်အရေးရခဲ့ကြောင်း ပြန်တွေးနေကြသည်၊
သူတို့အားလုံး မပျော်မရွှင်နဲ့ နည်းပြက ကောင်းဖန်တစ်ယောက်တည်းကို သားရဲများ၏ အကောင်းဆုံးအခြေအနေတွင် ကောင်းဖန်ကိုဘက်လိုက်ကာ သားရဲကိုစိန်ခေါ်ခွင့်ပြုပြီး, သူတို့ကို သားရဲနဲ့အတူ ရိုက်နှက်ရန်ချန်ထားသည်ဟုခံစားနေရသည်၊
ဒါကဘာကြောင့်လည်းဆိုတော့ သူတို့က ကောင်းဖန်လိုစွမ်းရည်မပိုင်ဆိုင်ဘဲ, သားရဲ၏ အဆင့်အတန်းနဲ့ အဆင့်ကိုမမြင်ရသောကြောင့်သောပင်၊ သူတို့မျက်လုံးထဲတွင်, သူတို့ ကိုယ်ပိုင်သားရဲတွေကလည်းကောင်းဖန်ဟာနဲ့ယှဉ်ရင် အားမနည်းပေ၊
ဒါပေမယ့်အခုတော့, သူတို့အားလုံးအမှန်တရားကို အတင်းအကျပ်သဘောပေါက်ပြီ ဖြစ်သည်၊
ကောင်းဖန်ရဲ့ခရမ်းရောင်မိုးကြိုးကင်းခြေများက တကယ်သန်မာတာဖြစ်သည်၊
“သွား” ကောင်းဖန်က တာ့ဇီကို စတားလက်ဝှေ့သမားမတိုက်ခိုက်ခင်တွင် ပြင်ဆင်ပေးသလိုမျိုး တီကောင်အားပစ်ကျွေးလိုက်ပြီး ရေတချို့လည်းတိုက်လိုက်သည်၊
၎င်း၏မြောက်များစွာသောခြေချောင်းများနှင့် တာ့ဇီသည်နှေးကွေးစွာနှင့်လှောင်အိမ်ထဲသို့ တွားသွားကာဝင်သွားသည်၊
ထိုအချိန်မှာပင်, ခရမ်းရောင်သတ္ထုကင်းမြီးကောင်သည်လဲ သူ့ခြေထောက်များဖြင့် ပြန်လည်ရပ်နေနိုင်ပြီဖြစ်သည်။ ၎င်းမှာ ဖုန်များပေကျန်နေကာ အရိုက်ခံထားရ၍ မအီမလည်ဖြစ်နေသည်။
၎င်း၏လမ်းဆုံးတွင်ရှိနေသည့် ကြီးမားသည့်ကင်းခြေများကိုကြည့်ကာ ကင်းမြီးကောက်၏မျက်လုံးများသည် ဉာဏ်ဆင်နေသည့်အရိပ်အမြွက်တွေက ဖြတ်ပြေး သွားသည်၊ ၎င်းကအားနည်းချက်ကိုပြသရန် ခြေနှစ်လမ်းကိုဆုတ်လိုက်သည်၊
တာ့ဇီက အရှေ့သို့တိုက်ခိုက်ရန်ရှေ့တိုးလာသည်၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်က နောက်ကိုဆက်ဆုတ်လိုက်သည်၊
တာ့ဇီကလည်းဆက်တိုးလာသည်၊
၎င်းကသားကောင်ကို တိုက်ခိုက်ရန်မှန်ကန်သောအခွင့်အရေးကို လိမ္မာပါးနပ်စွာပြုလုပ်နေရင်း ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် ဆုတ်ခွာမည့်အစားရှေ့သို့တက်လိုက်သည်၊ တာ့ဇီနဲ့သူ့အကွာအဝေးအတွင်း မျက်စိတစ်မှိတ်မှာတင် ၎င်း၏လက်မနှင့်စတင် တိုက်ခိုက်လိုက်သည်၊
ညှပ်သံ!
တာ့ဇီကကြိုတင်စဉ်းစားမိပြီးသားဖြစ်ပြီး တိုက်ခိုက်မှုတစ်ဝက်အတွင်းမှာတင်ဘေး ဘက်ကိုလှိမ့်လိုက်သည်၊ ၎င်း၏ခန္ဓာကိုယ်သည်၉၀ဒီဂရီ ထောင့်မှန်အတိုင်းလှည့်လိုက်ပြီး လက်မနှင့်ညှပ်ခြင်းမှရှောင်လိုက်သည်၊
ကင်းမြီးကောက်၏သေစေနိုင်သောအမြီးချိတ်သည် လက်မနောက်မှကပ်လိုက်လာ သည်၊ တာ့ဇီဆီသို့ ထိုးလိုက်ပြီး အေးစက်သောအငွေ့အသက်ကိုပေးလိုက်သည်၊
ရိုက်သံ!
ဒါပေမယ့် တာ့ဇီ၏ခိုင်မာပြီးချောမွေ့သောကျောခွံက အမြီး၏ထိရောက်မှုကိုဆုံးရှုံစေသည်၊ တာ့ဇီကိုထိသွားပေမယ့် တစ်ဖက်ကိုပြန်ချော်ထွက်သွားသည်၊
ကင်းမြီးကောက်အတွက်မှားယွင်းမှုပြုလုပ်မိချိန်တွင် တာ့ဇီ၏ကျောခွံသည် လျှပ်စီးများမီးပွားများနှင့်အတူ တစ်ဖျောက်ဖျောက်မြည်လာသည်၊
ဖျောက်ဖျောက် ဖျောက်ဖျောက်
ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏အမြီးသည် တုန်လှုပ်မှုမှသိသိသာသာပြန်ကန် ထွက်လာသည်၊ ထိုအချိန်တွင်, တာ့ဇီက ခရမ်းရောင်သတ္ထုကင်းမြီးကောက်တစ်ဖက်ကို တိုက်ခိုက်ဖို့အခွင့်အရေးယူလိုက်သည်၊ တာ့ဇီက ပြင်းပြင်းထန်ထန်ပစ်ထုတ်ကာ တာ့ဇီ၏ခေါင်းက အပေါ်ဘက်သို့ဝင်တိုက်လိုက်ပြီးနောက် ခရမ်းရောင်သတ္ထုကင်းမြီး ကောက်သည် လှိမ့်ကျလုနီးပါးဖြစ်သွားသည်၊
ဒါပေမယ့် အဲ့တာကလုံးဝလန်ကျသွားတာမဟုတ်တောင်မှ ၎င်း၏ခန္ဓာကိုယ်တစ်ပိုင်းကို မြေပြင်မှပြန်မလိုက်ရသည်၊၊ တာ့ဇီသည် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ အောက်ဖက်သို့ဝပ်လိုက်ပြီး ၎င်း၏အတွင်းပိုင်းကိုကြမ်းကြမ်းကိုက်လိုက်သည်၊ ၎င်း၏ ပါးစပ်ပိုင်းတွင် ချွန်ထက်သောသွားစွယ်ကဲသို့ဖြစ်ပြီး အသားတော်တော်များများကို ကိုက်ဖြတ်လိုက်သည်၊
သွေးနံ့ရသည့်အခါတွင် တာ့ဇီ စိတ်လှုပ်ရှားလာတော့သည်၊ အဆိပ်သည် တာ့ဇီ၏ ပါးစပ်ပိုင်းမှ၎င်း၏အသားထဲသို့ ကိုက်ထားသည့်နေရာမှနေပြီး ခရမ်းရောင် သတ္ထုကင်းမြီးကောက်၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်စီးဝင်သွားတော့သည်၊
တာ့ဇီဘက်က ထိန်းချုပ်နိုင်သွားပြီးနောက် ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် ဘယ်လောက်ဘဲကြိုးစားရုန်းကန်နေပါစေ ၎င်းကအသုံးမဝင်တော့ပေ။
ထိုသို့ဖြင့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်ခန္ဓာကိုယ်သည် အဆိပ်ဒဏ်ခံနိုင်ရည်မြင့်သော်လည်း တဖြည်းဖြည်း ပို၍နှေးကွေးလာခဲ့သည်၊ ထို့နောက် ကြီးမားသည့် အန်နာကွန်ဒါမြွေက၎င်း၏သားကောင်ကို ထုပ်ခွေထားသကဲ့သို့ တာ့ဇီကရစ်ခွေထားပြီးဖြစ်သည်၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် အဆိပ်အများစုပြီးသောခန္ဓာကိုယ်ဖြစ်သော်လည်း တာ့ဇီသည်လည်း၎င်းတို့ထဲမှ ပြင်းသောအမျိုးအစားဖြစ်သည်၊ ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် သက်ရောက်မှုအားလုံးနှင့်တော့ မလွတ်ကင်းနိုင်ပါ၊ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့အဆိပ်များ ပိုမိုရောက်လာခြင်းနှင့်အတူ ၎င်း၏အာရုံခံစားမှုသည် ထုံထိုင်းလာပြီး လှုပ်ရှားမှုများသည်လည်းပို၍နှေးလာသည်၊
ကင်းမြီးကောက်၏လက်မသည် လေထဲတွင် အားနည်းစွာနှင့်ယမ်းနေပြီး ၎င်း၏ မျက်လုံးသည်စတင်၍မှုန်မှိုင်းလာတော့သည်၊
ကောင်းဖန်၏အမြင်တွင်တော့, ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ဒဏ်ရာအခြေ အနေသည်တွင် အနီရင့်ရောင်စာလုံးဖြစ်သွားသည့်မတိုင်ခင်ထိ စတင်ပြီးပို၍ပို၍ ပြင်းထန်လာတော့သည်၊
ခရမ်းရောင်သတ္ထုကင်းမြီးကောက်ကို ဘယ်သူမှမကယ်တင်နိုင်တော့ပါ၊ ဒါကသေဖို့ အတွက်ကံကြမ္မာဆိုးဖြစ်သည်၊
ကောင်းဖန်က ရေသောက်ရန်ရေဘူးအဖုံးကိုဖွင့်လိုက်သည်၊ သူ၏စိုးရိမ်နေသောနှလုံးသည် နောက်ဆုံးသက်သာသွားပြီဖြစ်သည်၊
တာ့ဇီနဲ့ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏တိုက်ပွဲသည် ထိုလှုပ်ရှားမှုတစ်ခုတည်းနှင့် တင်ဆုံးဖြတ်ခဲ့သည်၊ အကယ်၍ခရမ်းရောင်သတ္ထုကင်းမြီးကောက်သည်တာ့ဇီ၏ ခန္ဓာကိုယ်ကိုသူ၏လက်မဖြင့် ကိုင်ထားနိုင်ဦးမည်ဆိုလျှင်, ၎င်းသည်တာ့ဇီကိုထိန်းချုပ် နိုင်မှာဖြစ်သည်ပြီး တာ့ဇီသည်၎င်း၏ရန်သူအတွက်အသားဖြစ်သွားလိမ့်မည်၊
ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲခရမ်းရောင်သတ္ထုကင်းမြီးကောက်အတွက် ၎င်း၏ အလေ့အကျင့်အတိုင်း လက်မနှင့်တိုက်ခိုက်မှုပြီးနောက် ၎င်း၏အမြီးနဲ့တိုက်ခိုက်ခဲ့သည်၊
ထို့နောက်ကျန်းရန်ပိုင်က ကောင်းဖန်ကိုရပ်ရန်အမိန့်ပေးလိုက်သည်၊ အကယ်၍တာ့ဇီကဆက်စားဖို့လုပ်လျှင်ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ အတွင်းပိုင်းကိုပါ စားမိလိမ့်မည်၊
ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီးနောက် ကင်းမြီးကောက်ကိုလွှတ်ပေးပြီးထွက်လာဖို့ ပြောလိုက်သည်၊
တာ့ဇီကပျော်ရွှင်စွာစားနေပြီးရပ်တန့်ဖို့အတွက်အပြောမခံခဲ့ပါ၊ ဒါပေမယ့်နောက်ဆုံး သူကစားနေတာရပ်လိုက်ပြီး လှောင်အိမ်ထဲမှတွားသွားထွက်လာသည်၊ တာ့ဇီ၏ ပါးစပ်တစ်ခုလုံးနှင့် ခေါင်းတွင်အစိမ်းရောင်သွေးများဖုံးနေသည်၊ သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး တပြတ်ပြတ်ဖြစ်နေမှုသည် လူရိုင်းတစ်ယောက်နှင့်ပင်တူသည်၊
လှောင်အိမ်ထဲရှိခရမ်းရောင်သတ္ထုကင်းမြီးကောက်သည် မြေပြင်ပေါ်တွင်ချည့်နဲ့နဲ့နှင့် ပြန့်ကျဲနေသည်မှာ နွမ်းနေသောအပင်ကဲ့သို့ပင်ဖြစ်နေသည်၊ ၎င်း၏လက်မများသည် ကြာကြာမရိုက်ခတ်နိုင်တော့ဘဲ အားနည်းစွာနှင့် သမံသလင်းပေါ်တွင်လဲကျနေတော့သည်၊
***
အပိုင်း ၅၉ ပြင်ပလေ့ကျင့်ရေး
လှောင်အိမ်ထဲမှ သေခါနီးဖြစ်နေသည့် ခရမ်းရောင်သတ္ထုကင်းမြီးကောက်၏ သနားစရာအခြေအနေကို ကျောင်းသားအများစုမှ ကြည့်နိုင်စွမ်းမရှိကြတာကြောင့် တစ်ဖက်သို့လှည့်သွားကြသည်။
ကောင်းဖန် ထိုလူများကို တစ်ချက်သာကြည့်လိုက်ပြီးနောက် သူ့အာရုံက တာ့ဇီထံသို့သာ ပြန်ရောက်သွားသည်။ ထို့နောက် တစ်ရှူးအစိုတစ်ခုကို ထုတ်ကာ တာ့ဇီ၏ကျောခွံပေါ်တွင်ရှိနေသည့် သွေးစများကို သုတ်ပေးတော့သည်။
အခုချိန်တွင် သူတို့နှင့်တိုက်ခိုက်ရမည့် သားရဲများကို လှောင်အိမ်ထဲထည့်ပေးကြသည်။ အနားတွင်တော့ အကျပ်အတည်းအခြေအနေတစ်ခုခုဖြစ်လာလျှင် ငွေလရောင်ဝံပုလွေကို စေလွှတ်ကာ ကယ်ဆယ်ပေးမည့် နည်းပြတစ်ယောက်တောင်ရှိနေပေးသည်။
နည်းပြများတွင် အသေအပျောက်မရှိဘဲ ၁၀၀နှုန်းပြည့် အောင်မြင်စွာကယ်တင်ပေးနိုင်ချေမရှိပေမည့် ၉၀ရာခိုင်နှုန်းလောက်ကတော့ အမှန်တကယ်အန္တရာယ်မရှိနိုင်ပေ။
သို့ပေမည့် သူတို့သာ တကယ်ပဲ တောရိုင်းထဲသို့ဝင်သွားမည်ဆိုလျှင် သားရဲတွေက မင်းတို့ဘယ်သူဆိုတာတွေ မင်းတို့ရဲ့ရာထူးတွေကို ဂရုစိုက်နေကြမည်မဟုတ်ပေ။
သူတို့မျက်လုံးထဲတွင်တော့ မင်းတို့က သားကောင်တွေချည်းသာ။
အရသာရှိတဲ့သားကောင်တွေပေါ့။
ကျောင်းသားတွေသာ သူတို့စိတ်ကို သေချာပြင်ဆင်မှုမလုပ်ထားနိုင်လျှင် သေချာပေါက် ရှုံးနိမ့်ကြမည်သာ။
အစမှာတော့ ကောင်းဖန်သည်လဲ စိတ်နှလုံးနူးညံ့ခဲ့သည်။ ပြီးခဲ့သည့်အပတ်က နည်းပြသည် ချစ်စရာကောင်းသည့် အစိမ်းရောင်မွေးပွတောယုန်ကြီးကို လေ့ကျင့်ဖို့ သားရဲအဖြစ်ရွေးချယ်ခဲ့သည်။
ဤကမ္ဘာလောက၌ “ဆွဲဆောင်မှုရှိသည့်အချက်များ” အမှန်တကယ်ရှိခဲ့သည်ဟု ဆိုရပေမည်။
ထိုချစ်စရာတောယုန်ကြီးမှာ သွေးသံတရဲရဲနှင့် အော်ဟစ်ငိုကြွေးရင်း အဆုံးသတ်သွားခဲ့သည်။ ကြင်နာတတ်သည့်နှလုံးသားရှိသူတိုင်းအတွက်တော့ ထိုအရာမှာ ကြီးမားသည့်စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း သံသယရှိရန်ပင်မလိုပေ။
ကြင်နာတတ်သည့်စိတ်နှလုံးသားရှိတာကြောင့် ဆူပူပစ်နေလို့လဲ အဓိပ္ပါယ်မရှိပေ။ ကြင်နာမှုနှင့်သနားတ်မှုသည် ကောင်းသောအရာဖြစ်ကာ ကမ္ဘာကြီးပေါ်တွင် အလင်းရောင်ရှိနေသေးကြောင်း သက်သေပြနေသည့်အရာလဲဖြစ်သည်။
သို့ပေမည့်လဲ စိတ်မကောင်းစွာဖြင့် လူတစ်ယောက်အတွက် စိတ်နှလုံးမာကျောစေရန် သင်ကြားရမည့်အချိန်ကလဲ တစ်ချိန်မဟုတ် တစ်ချိန်မှာရောက်ရှိလာမည်သာ။
အပြင်ပိုင်းတွင်ခက်ထန်နေပေးရခြင်းမှာ သူတစ်ပါးကို ထိခိုက်စေလိုခြင်းမဟုတ်ဘဲ သင့်ကိုသင် ကာကွယ်ရန်နှင့် သူ့အတွက်အရေးကြီးသည့်အရာများကို ကာကွယ်ရန်ဖြစ်သည်။
…..
ပူပြင်းသောနေရောင်ခြည်နှင့်ထိတွေ့ကာ အလင်းပြန်လာသမျှအရာတိုင်းသည် မျက်လုံးထဲသို့ပါ အလင်းပြန်ကာ ဝင်ရောက်လာကြသည်။
ကောင်းဖန် တာ့ဇီ၏အေးစက်လှသည့်ကျောခွံကို ညင်ညင်သာသာထိတွေ့နေသည်။ ထိုအေးစက်နေမှုသည် ကျောခွံမှတစ်ဆင့် သူ့လက်ဖဝါးသို့တိုင် ပျံ့နှံ့လာခဲ့သည်။
ကောင်းဖန်က တာ့ဇီ၏ခေါင်းကိုပုတ်ပေးကာ နူးနူးညံ့ညံ့ပဲပြောလိုက်သည်။ “ခဏနားလိုက်ဦး။ တိုက်ရတာ ပင်ပန်းသွားရောပေါ့။”
တာ့ဇီလဲ နာနာခံခံဖြင့် အောက်တွင်လှဲချလိုက်သည်။ ကောင်းဖန် ထီးအကြီးကြီးတစ်လက်ကို ထုတ်ကာ ဖွင့်လိုက်ပြီး နှစ်ယောက်သား ထီး၏အရိပ်အောက်တွင် ခိုနေလိုက်ကြသည်။
……..
“လူစုကြ၊ အရေးကြီးတဲ့သတင်း ကြေညာစရာရှိတယ်။” နည်းပြကျန်းရန်ပိုင်က လက်ခုပ်တီးက အနားမှ ကျောင်းသားအစုအဖွဲ့များကို တစ်နေရာတည်း စုခိုင်းစေလိုက်သည်။
“မင်းတို့အားလုံး အခုဆို အခြေခံလေ့ကျင့်ရေးကို အနည်းနဲ့အများတော့ ပြီးသွားကြပြီ။ မနက်ဖြန်ကစပြီး မင်းတို့ ကွင်းပြင်လေ့ကျင့်ရေးစခန်းမှာ ပါဝင်နိုင်ပြီ။ သင်တန်းကာလကတော့ တစ်ပတ်။ မင်းတို့ကျောင်းပျက်ရမယ့်အတွက် လိုအပ်တာတွေအားလုံးကိုတော့ ငါတို့စီစဉ်ပေးပြီးသွားပြီ။ မင်းတို့အိမ်ပြန်ပြီး အရင်ဆုံးမိဘတွေနဲ့ဆွေးနွေးလိုက်ကြ။ စာရင်းသွင်းခကတော့ မဟာမိတ်ခရက်ဒစ်မှတ်၅မှတ်ကျမယ်။” ကျန်းရန်ပိုင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ကွင်းပြင်လေ့ကျင့်ရေးစခန်းလား?
ကောင်းဖန် နည်းနည်းအံ့ဩမိသွားသည်။ သူတို့လေ့ကျင့်ရေးအစီအစဉ် ကုန်ကျစားရိတ်က ဒီလောက်မများပါဘူး။
“မင်းတို့အားလုံးအတွက် နောက်ဆုံးအရေးကြီးသတိပေးချက်တစ်ခုရှိတယ်!” ကျန်းရန်ပိုင်၏လေးနက်လှသည့်အမူအရာနှင့်အသံက သေလောက်အောင် ပြင်းထန်နေသည်။ “မင်းတို့ ဒီလေ့ကျင့်ရေးကိုဝင်မယ်ဆိုရင် အသက်အာမခံအတွက်ပါ မှတ်ပုံတင်ရလိမ့်မယ်။”
ပထမဆုံး တိတ်ဆိတ်မှုက ကြီးစိုးသွားပြီးနောက် လျင်မြန်စွာပဲ တုံ့ပြန်မှုမျိုးစုံနှင့် ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
“ဆာရ်၊ ကျွန်တော်တို့ တကယ်ပဲလျှောက်လွှာတင်ခပေးရမှာလား?” တချို့ကျောင်းသားများက စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်နေကြသည်။
မဟာမိတ်ခရက်ဒစ်မှတ်၅မှတ်သည် အိမ်ထောင်စုအများစုတွက် များလွန်းလှသည်မဟုတ်သော်လည်း နည်းပါးလွန်းသည့်ပမာဏမျိုးလဲမဟုတ်ပေ။
“ဆာရ်၊ ကျွန်တော်တို့ကို ဒီသင်တန်းအခမဲ့တက်ခိုင်းသင့်တယ်မဟုတ်ဘူးလား? ဘာလို့ သင်တန်းခပေးရသေးတာလဲ?” နောက်ထပ်ကျောင်းသားတစ်ယောက်က မကျေမနပ်ပြောလိုက်သည်။
နည်းပြက ခဏလောက်ရပ်လိုက်ပြီး ထိုကျောင်းသားကို ကြည့်လိုက်ကာ၊ “မင်းသွားတာ မသွားတာ ရွေးလို့ရတယ်၊ မဟုတ်လဲ မင်းဘာသာ ပုဂ္ဂလိကကိုယ်ပိုင်လေ့ကျင့်ရေးစခန်းရှာနိုင်တယ်။”
နောက်ထပ်ကျောင်းသားတစ်ယောက်ကလဲ ထပ်ပြောလာသည်။ “ပုဂ္ဂလိကကိုယ်ပိုင် လေ့ကျင့်ရေးစခန်းက တစ်ပတ်လေ့ကျင့်ရေးအတွက်မဟာမိတ်ခရက်ဒစ်၂၀ကျသင့် တယ်၊ အစိုးရဈေးနှုန်းကမျှတတာထက်ပိုတယ်၊ နောက်ပြီးတော့, သားရဲတွေကိုဖမ်းရင် အချိန်နဲ့ခွန်အားကိုမသုံးရဘူးလား? လေ့ကျင့်ရေးစခန်းတည်ဆောက်ဖို့အတွက် လူအင်အားနဲ့ငွေကြေးကိုလည်းမလိုအပ်ဘူးလား? မင်းတို့ကိုအစိုးရက အကြွေးတင်နေ တယ်များထင်နေတာလား?”
ပထမကျောင်းသားက စကားပြောဖို့ပင်ပျောက်ဆုံးသွားပြီး တိတ်နေတော့သည်၊
စကားကိုရှင်းလင်းစွာ ပြောနေသောကျောင်းသားသည် အကြောင်းအရာအကုန်လုံးကို နားလည်သည်၊ ကောင်းဖန်ထိုတစ်ယောက်ကို အနီးကပ်သေချာကြည့်လိုက်သည်၊
အိုး, ဒီတော့ ဒါကနဂါးကြက်ရဲ့ပိုင်ရှင်ပါ့ရော၊
နဂါးကြက်၏ခြေထောက်တွေက တစ်ချောင်းနဲ့တစ်ချောင်းပူးကပ်နေပြီးတော့ သူ့သခင် ရဲ့ဘေးနားမှာမတ်တပ်ရပ်နေသည်၊ ၎င်းကမျက်ရည်တွေထွက်နေတဲ့မျက်လုံးတွေနဲ့ သူ့ခေါင်းကညွတ်ကျနေပြီး စိတ်ဓာတ်လည်းကျနေသည်၊
“ကိုယ်ဘာသာပေးရုံတင်မကဘူး၊ နောက်ထပ်နည်းလမ်းတစ်ခုလည်း ရှိသေးတယ်”, နည်းပြဆရာကပြောလိုက်သည်, “ ဒါကမဟာမိတ်စစ်တပ်နဲ့စာချုပ်ချုပ်ဆိုဖို့ဘဲ၊ စာချုပ်အောက်မှာ, လေ့ကျင့်ရေးပေးချေငွေတွေကို ပံ့ပိုးပေးလိမ့်မယ်၊ အစိုးရကနေ အကုန်လုံး ပံ့ပိုးပေးထားမှာမလို့ မင်းတို့အနာဂါတ်အတွက် စိုးရိမ်စရာမလိုတော့ဘူး”
“စာချုပ်ချုပ်ဆိုတဲ့ကျောင်းသားတွေက စစ်တပ်မှာ ၈နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်၊ ၈နှစ်ပြီးတဲ့နောက် မဖြစ်မနေတာဝန်ထမ်းဆောင်ဖို့မလိုတော့သလို မင်းတို့ လွတ်လွတ်လပ်လပ်ထွက်သွားလို့လည်းရတယ်၊ နောက်ပြီး အကယ်၍မင်းတို့က စစ်ကျောင်းကိုဝင်ခွင့်ရမယ်ဆိုရင် မင်းတို့စစ်ကျောင်းမှာလေ့လာနေဖို့ အချိန်က ရှစ်နှစ်အထိဖြစ်လိမ့်မယ်၊”
အဆင်မပြေသောမိသားစုများမှ ကျောင်းသားအချို့က မျက်လုံးအရောင်တောက်ပလာ ကြသည်၊ သူတို့ကထိုသို့ ရွေးချယ်နိုင်သည့်အခွင့်အရေးကို စဉ်းစားလာကြသည်၊
သူတို့ထဲကတစ်ချို့ကတော့ ကိုယ်ကိုကိုယ်တီးတိုးရေရွတ်နေကြသည်, “အကယ်၍ စစ်ကျောင်းမှာသာဝင်ခွင့်ရမယ်ဆိုရင်, ငါကစာလေ့လာဖို့အတွက်လေးနှစ်တက်ပြီး, နောက်ထပ်လေးနှစ်ကိုစစ်တပ်တာဝန်ထမ်းဆောင်ဖို့ကျန်တယ်… ဒါကကောင်းတဲ့ သဘောတူညီမှုဘဲ!”
ဒါကအစိုးရကနေ အလုပ်ခန့်ဖို့အတွက် ကောင်းမွန်တဲ့မူဝါဒဖြစ်သည်၊ ကျောင်းသားတွေက အတင်းအကျပ်မလုပ်သော်လည်း စစ်တပ်ထဲကိုဝင်ရန် လုပ်မလား၊ မလုပ်ဘူးလား ထိုသို့သောရွေးချယ်မှုကိုပေးသည်၊ စစ်ထဲသို့ဝင်ရန်ရွေးချယ်မှုသည် တကယ်ကိုကောင်းမွန်စွာဆွဲဆောင်ရန်လုပ်ခဲ့သည်၊ အကယ်၍စစ်ကျောင်းကိုဝင်လျှင်, အလားအလာကောင်းမှုနှင့်တကယ့်စွမ်းရည်နှစ်ခုလုံးရှိသည့်ကျောင်းသားသည်, စစ်တပ်ကိုတိုက်ရိုက်နည်းလမ်းဖြင့် ဝင်ရောက်သောသူတွေထက်ပိုပြီးကောင်းမွန်သည်၊
ဆိုလိုသည်မှာ သန်မာသောလူတစ်ယောက်ချင်းစီတိုင်းကိုပျိုးထောင်ရန်အတွက် မြင့်မားတဲ့အခွင့်အရေးဖြစ်သည်၊
သန်မာတဲ့တစ်ယောက်ချင်းစီတိုင်းက လေးနှစ်စစ်တပ်မှာတာဝန်ထမ်းဆောင်ခြင်းနှင့် သာမန်စစ်သားရှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခြင်းတွင်, ဘယ်သူကပိုပြီးအကျိုးခံစားရ မလဲ?
အဖြေက-အစိုးရဖြစ်သည်၊
ထို့ထက်ဝန်ဆောင်ခကြေးကိစ္စ, သေဆုံးခြင်းအာမခံကိစ္စများနှင့်အချို့သည် ထိတ်လန့်ဖွယ်ဖြစ်ပြီး ကျောင်းသားအများစုအတွက် ထူးဆန်းပေလိမ့်မည်၊
“အကယ်၍စာချုပ်မှာလက်မှတ်ထိုးလိုက်ရင် ကျွန်တော်သေမှာလား?” မပါးနပ်သောမေးခွန်းတစ်ခုကို တစ်ယောက်ကမေးလိုက်သည်၊
ဒါကြောင့်ပဲ ထိုလူအပေါ်တခြားပတ်လည်ကလူများက အထင်သေးသောအကြည့်များပေးလိုက်သည်၊
“သားရဲလေ့ကျင့်သူအရာရှိ “ကောလိပ်စာမေးပွဲ” ကတခြားစာမေးပွဲတွေနဲ့မတူဘဲ ကွဲပြားတယ်, ဒါကြောင့်ဒီအထူးလေ့ကျင့်မှုအခွင့်အရေးက မင်းတို့အတွက်အကောင်းဆုံးဘဲ”, နည်းပြကခပ်မာမာပြောလိုက်သည်၊ “အကယ်၍မင်းတို့သေဆုံးခြင်းအာမခံမှာ လက်မှတ်ထိုးလိုက်ရင်, ဒါကမင်းတို့သေမယ်လို့ဆိုလိုတာမဟုတ်ဘူး, ဒါပေမယ့်မင်းရဲ့ ဉာဏ်ရည်အဆင့်ကိုထန်းသိမ်းထားမယ်ဆိုရင် ငါပြောတဲ့ထဲက “မ”ဆိုတာကို ရုတ်သိမ်းရလိမ့်မယ်၊”
နောက်တစ်နေ့မှာတော့, ကောင်းဖန်ကျောင်းကိုရောက်ချိန်တွင် သံချပ်ကာကျောင်းကားတွေက အတန်းလိုက် ကျောင်းဂိတ်တွင် ရောက်နေကြပြီဖြစ်သည်၊ သံချပ်ကာ ဘတ်စ်ကားတွေကို နောက်ထပ်သံပြားများနှင့်ပါ အားဖြည့်ထားသည်၊
သူတို့ပုံစံက ကျောင်းဂိတ်၏လမ်းတစ်လျှောက်တွင် ရှည်လျားစွာအတန်းလိုက်ကြီးဖြစ်နေသည်၊ အနည်းဆုံးယာဉ်သုံးဆယ်လောက်ရှိလောက်သည်၊
မှတ်ပုံတင်ကြေးပေးပြီးတဲ့နောက် သံချပ်ကာကားပေါ်သို့တက်လိုက်သည်၊ အတွင်းတွင်ပြည့်နေပြီဖြစ်သည်၊ သံချပ်ကာဘတ်စ်ကားသည်သူတို့ပြည့်နှက်နေချိန်တွင် ထွက်ခွာသွားသည်၊ သားရဲတွေအကုန်လုံးသည် ကြီးမားသောထရပ်ကားကြီးပေါ်တွင်ပို့ ဆောင်ရန်အသေးစိတ်စီစဉ်ထားပြီး သူတို့နောက်မှလိုက်လာသည်၊
အုန်းခနဲမြည်သံ-
သံချပ်ကာကား၏အသံနိမ့်နိမ့်မြည်သံကိုကြားရပေမယ့် ကြည့်ရတာကားဆောင့်ခြင်း ဒဏ်မှ ကာကွယ်ပေးသောစနစ်ကို တပ်ဆင်ထားပုံရသည်၊ သူတို့ဘယ်လောက်ဘဲ မြန်မြန်သွားနေပါစေ, သူတို့တုန်ခါမှုပြင်းပြင်းထန်ထန်ကိုပင်မခံစားရပါ။
ရှုခင်းတွေကအလျင်အမြန်ပြောင်းလဲသွားသည်နှင့်အမျှ ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းမှာလည်းမှုန်ဝါးနေတော့သည်၊ ကောင်းဖန်ကကြည့်တာနဲ့တင်မူးဝေသလို ခံစားနေရတာကြောင့်, သူ့မျက်လုံးကိုမှိတ်လိုက်ပြီး ထိုင်ခုံတွင်မှီလှဲလိုက်သည်၊
နောက်ဆုံး, ကြီးမားသောသံချပ်ကာဘတ်စ်ကားက တောင်ကြား၏ရှေ့တွင် ရပ်တန့်သွားတော့သည်၊ ကျောင်းသားတစ်စုသည် ဘတ်စ်ကားပေါ်မှစနစ်တကျဆင်းလာကြ တော့သည်၊ သူတို့က လတ်ဆတ်သောလေကိုယူ၍အသပ်ပြင်းပြင်းရှုလိုက်ကြသည်၊
ပတ်ဝန်းကျင်ဧရိယာတွင် များပြားသောအသီးအရွက်များဖုံးလွှမ်းနေပြီး လူများအသုံး ပြုနေကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြနေသည်၊
သူတို့ရှေ့တွင်အရွယ်အလွန်ကြီးမားသော တောင်ကြားကြီးရှိသည်၊ ကြည့်ရုံနဲ့တင် ထိပ်ဆုံးအထိအနည်းဆုံး ၁၀၀မီတာမြင့်လောက်သည်ဟုကောင်းဖန်ခန့်မှန်းလိုက်သည်
တောင်ကြား၏အတွင်းအပြင်လမ်းကြောင်းသည် ထိပ်ကနေအောက်ခြေထိကြီးမား သောကွာခြားမှုရှိပြီး, အတိအကျတောင်ကြားကိုနှစ်ပိုင်းထက်ဝက်ပိုင်းခြားထားသည်၊ သံချပ်ကာဘတ်စ်ကား သုံးစီးကတောင်ကြားရှေ့တွင်ရပ်နှင့်ပြီးသားဖြစ်ပြီး ထိုနေရာတွင် ကျောင်းသားအများအပြားရပ်နေကြသည်၊
တောင်ကြား၏ဝင်ပေါက်နားတွင် များစွာသောလုံခြုံရေးတပ်စခန်းများချခဲ့ကြသည်၊ စစ်သားများ၏တာဝန်သည် သေနတ်အားလုံးနှင့်မသုံးရသေးသောကျည်များကိုနေရာချခြင်းဖြစ်သည်၊ သူတို့ကတင်းမာနေသောမျက်နှာထားများနှင့် ပတ်ဝန်းကျင်ကို သတိကြီးစွာစောင့်ကြပ်နေကြသည်၊
“ဒါဘဲ, ငါတို့ရောက်ပြီ” လမ်းကြောင်းကိုဦးဆောင်သောနည်းပြက ပြောလိုက်သည်၊ “ငါတို့နောက်မှာကျန်သေးတဲ့သူတွေကို အရင်ဆုံးစောင့်ရမယ်၊ နောက်ကျ မင်းတို့အားလုံးဝင်တဲ့အခါမှာ ငါတို့မင်းတို့နဲ့အတူလိုက်မဝင်တော့ဘူး”
***
အပိုင်း ၆၀ ရေညှိဟက်စကီးခွေးရူး
လူတိုင်းရောက်ပြီးသည်နှင့် နည်းပြချုပ်ချန်က အားလုံးကို လူစုစေကာ အသံအကျယ်ကျယ်ဖြင့်၊ “မင်းတို့အားလုံး ဒီနေရာမှာ ရပ်နေကြပြီဆိုကတည်းက ဒီအတွက် စာရင်းသွင်းထားပြီလို့ ဆိုလိုတာပဲ! ဒီလေ့ကျင့်ရေးစလိုက်ပြီဆိုတာနဲ့ လှည့်ပြန်ခွင့်မရှိတော့ဘူး။ တစ်ယောက်ယောက်ကသာ လေ့ကျင့်ရေးကာလအတွင်း နောက်ပြန်လှည့်မယ်ဆိုရင် ဒီလေ့ကျင့်ရေးအချိန်တစ်ခုလုံးကို လက်လွှတ်လိုက်တယ်လို့ ဆိုလိုတာပဲ!”
“ငါတို့ သတ္တိကြောင်တဲ့လူတွေကို မလိုအပ်ဘူး!”
နည်းပြချန်က အားလုံးကို စူးရှအေးစက်စွာ တစ်ချက်ဖြန့်ကြည့်လိုက်ပြီးနောက် စကားကိုဆက်သည်။ “မင်းတို့ကို မင်းတို့ရဲ့အချက်အလက်တွေနဲ့ကိုယ်ပိုင်လက်ပတ်နာရီတစ်လုံးစီ ထုတ်ပေးမယ်။ ဒီထဲမှာ ဂျီပီအက်စ်၊ သံလိုက်အိမ်မြှောင်နဲ့ အရေးပေါ်ကယ်ဆယ်ရေးခလုတ်တွေပါတယ်။ ဒါပေါ့၊ ဒါတွေက နာရီတစ်လုံးအတွက် အခြေခံလုပ်ဆောင်ချက်တွေပဲ။
မင်းတို့အားလုံးက အထက်တန်းကျောင်းသားဖြစ်နေပြီမို့ ဒီဝေါဟာရတွေက ဘာကိုဆိုလိုတယ်ဆိုတာ ဘယ်သူ့ကိုမှ လိုက်ရှင်းပြနေစရာမလိုတော့ဘူးမဟုတ်လား။ ရှင်းပြပေးရမယ့်လူရှိသေးလား?”
တစ်ယောက်မှပြန်မဖြေပေ။
နည်းပြချုပ်ချန်လဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့စကားကိုပြန်ဆက်သည်။ “ဒီတောင်ကြားက မင်းတို့သုံးဖို့အတွက် စစ်တပ်ကရှင်းလင်းပေးထားတဲ့ ပြင်ပလေ့ကျင့်ရေးစခန်းပဲ! စိတ်မပူကြနဲ့၊ နေရာတိုင်းကို ငါတို့ရှင်းလင်းပြီးသားဖြစ်လို့ အုပ်ချုပ်သူအဆင့်သားရဲနဲ့ကြုံစရာမရှိဘူး။ တောင်ကြားထဲမှာ ၉၅ရာခိုင်နှုန်းလောက်က သာမာန်အဆင့်ပဲ၊ ကျန်တဲ့၅ရာခိုင်နှုန်းလောက်ပဲ ထိပ်တန်းအဆင့်ပါတာ။ ဒီတစ်ခေါက် မင်းတို့အတွက်တာဝန်ကတော့ တစ်ပတ်အတွင်း အသက်ရှင်အောင်နေဖို့ပဲ!”
အထက်တန်းကျောင်းသားတစ်ဖွဲ့လဲ ထိတ်လန့်သွားကြတော့သည်။
ငါတို့ တောထဲမှာရှင်သန်နိုင်မယ့် ဘာပညာမှမသင်ဖူးကြသေးဘူးလေ။ ဒါကြီးက နည်းနည်းခက်လွန်းတယ်မဟုတ်ဘူးလား?
“တောင်ကြားထဲမှာ အထူးသတ္ထုပစ္စည်းတွေနဲ့လုပ်ထားတဲ့ လုံခြုံတဲ့အိမ်နည်းနည်းရှိတယ်။ အခြေခံအားဖြင့်တော့ အုပ်ချုပ်သူအဆင့်သားရဲနဲ့ အထက်တွေပဲ လုံခြုံရေးအိမ်ကို ဖြတ်နိုင်မှာမလို့ လုံခြုံရေးအိမ်ထဲမှာပုန်းနေတဲ့အချိန် စိုးရိမ်စရာမလိုဘူး။ အိမ်တစ်လုံးစီမှာ လုံလောက်တဲ့စားနပ်ရိက္ခာတွေရှိတယ်။ အဲ့ဒါက လူသားတွေအတွက် ရှင်သန်ဖို့ သေချာပေါက် လုံလောက်တယ်ဆိုပေမယ့် မင်းတို့သားရဲတွေအတွက်ကတော့…. သေချာပေါက် မလုံလောက်ဘူး။ ဒီတော့ မင်းတို့ ညဘက်မှ လုံလုံခြုံခြုံနဲ့အိမ်ထဲမှာ နားလို့ရမယ်။ ဒါပေါ့၊ မင်းတို့ နေ့ဘက်မှာနားပြီး ညဘက်မှအပြင်ထွက်လဲရပါတယ်။ ဘာပဲဖြစ်ဖြစ် ၇ရက်လုံး မင်းတို့ တောင်ကြားထဲမှ အသက်ရှင်နေဖို့ပဲ လိုတယ်။”
ထို့နောက် နည်းပြချုပ်ချန်က ခဏရပ်လိုက်ပြီးကာမှ၊ သိပ်ပြီး လေးနက်ဟန်မပြတော့ဘဲ၊ “လူသားတစ်ယောက် ဘဝတစ်သက်တာလုံး ရှင်သန်နေထိုင်နိုင်ဖို့ နည်းလမ်းပေါင်းများစွာရှိကြတယ်။ ဘယ်လိုနေထိုင်မလဲဆိုတာကတော့ မင်းတို့ရွေးချယ်မှုအပေါ်မှာပဲမူတည်တယ်။
မင်းတို့ -ျီးပဲစားမလား၊ ဒါမှမဟုတ် အသားပဲစားမလားဆိုတာ မင်းတို့အပေါ်မှာပဲမူတည်တယ်။ ဘာပဲဖြစ်ဖြစ် အခု အကောင်းဆုံးလေ့ကျင့်ဖို့အခွင့်လမ်းမျိုး မင်းတို့ကိုပေးထားပြီးပြီ။ ဒီအခွင့်အရေးကို အသုံးချနိုင် မချနိုင်ကတော့ မင်းတို့နဲ့ပဲ သက်ဆိုင်တယ်။”
ထိုစကားပြောပြီးနောက် နည်းပြချုပ်က ဟာသမဟုတ်တဟုတ်ပုံစံဖြင့်၊ “စိတ်မပူပါနဲ့။ မင်းတို့တွေရဲ့နာရီမှာ ခြေရာခံစက်ထည့်ထားတယ်။ ကံမကောင်းလို့ မင်းတို့ကို သားရဲစားသွားရင်တောင် မင်းတို့ကိုယ်စား ငါတို့လိုက်ရှာပြီး လက်စားချေပေးမှာပါ။ ဒီလိုဆို မင်းတို့လဲ မြေအောက်လောကမှာ အေးအေးချမ်းချမ်းအနားယူနိုင်တာပေါ့။”
ဒီလိုနဲ့ပဲ ကျောင်းသားတစ်စုမှာ လယ်သမားတစ်ယောက်က သူ့ကြက်ကလေးငှက်ကလေးများကို လှောင်အိမ်ထဲ မောင်းသွင်းလိုက်သလိုမျိုး တောင်ကြားထဲသို့ ခေါ်သွားခံလိုက်ရတော့သည်။
တောင်ကြားထဲသို့ရောက်ပြီးနောက် သူတို့အနောက်ဘက်မှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကြီးမားလွန်းသည့်သတ္ထုတံခါးချပ်ကြီးက ရုတ်တရက် ပိတ်သွားခဲ့ခြင်းပင်။
ကျောင်းသားအများစုမှာ သူ့အဖွဲ့နှင့်သူစုဖွဲ့ကာ အသံတိုးတိုးနှင့် စတင်ဆွေးနွေးကြတော့သည်။ အချို့က အဖွဲ့များဖွဲ့ချင်ကြပြီး တခြားလူများကတော့ လူများများနဲ့ပဲ လုံခြုံသည့်နေရာကိုအရင်ရှာလိုကြသည်။
အချို့ကတော့ ကောင်းဖန်ကို သူတို့အဖွဲ့များတွင် ပါဝင်ဖို့ ဖိတ်ခေါ်ကြပေမည့် အားလုံးအငြင်းခံလိုက်ရသည်။
ကောင်းဖန်၏ ဒီတစ်ခေါက် ခရီးစဉ်အတွက် ရည်ရွယ်ချက်မှာ သူဖတ်ဖူးသမျှ စာအုပ်များထဲမှ ရှင်သန်နိုင်မှုနည်းလမ်းများကို လက်တွေ့လေ့ကျင့်ကာ တစ်ခါတည်း တိုက်ခိုက်မှုစွမ်းရည်ကိုလဲ လေ့ကျင့်သွားဖို့ဖြစ်သည်။ ဒါကြောင့်ပဲ အုပ်စုကြီးကြီးများဖွင့်ဖို့ ရည်ရွယ်ချက်မရှိပေ။ အုပ်စုကြီးလေ ပစ်မှတ်ကြီးလေဖြစ်ပြီး သူလေ့ကျင့်လိုသည့်ပန်းတိုင်ရောက်ဖို့ ခက်လေဖြစ်လိမ့်မည်။
ကောင်းဖန်က တစ်ယောက်တည်း ဒါမှမဟုတ်လဲ နှစ်ယောက်၊ သုံးယောက်သာပါမည့် အုပ်စုငယ်တစ်ခုလောက်နှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ထားသည်။ ဒီလိုလူနည်းနည်းနှင့်ဆိုလျှင် လှုပ်ရှားဖို့ ပိုပြီးလွယ်ကူလိမ့်မည်။
“သွယ်ဝိုက်ဖျက်ဆီးရေးသမားကောင်း၊ အဖွဲ့,ဖွဲ့ကြမလား?” မုထျယ်ယင်းက ပြောရင်းဆိုရင်းဖြင့် လျှောက်လာခဲ့သည်။
သူ့အသင်းဖော်ရောက်လာပြီပဲ။
ခေါင်းဖန် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
နှစ်ဦးသားသူတို့၏ ကိုယ်ပိုင်သားရဲများနှင့်အတူ တောနက်နက်ထဲသို့ ထွက်ခွာခဲ့ကြသည်။
မှုန်မှိုင်းသော မြို့ပတ်ဝန်းကျင်နှင့်မတူဘဲ တောတောင်များထဲတွင်က သားရဲမျိုးစိတ်များစွာရှိကာ လက်တွေ့လေ့ကျင့်မည့်သားရဲများအတွက်တော့ တကယ့်ရတနာသိုက်ကြီးပင်။
ကောင်းဖန် ခေါင်းမော့လိုက်တော့ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ၃၀စင်တီမီတာခန့်ရှည်သည့် ဖြူဖွေးဖွေးစာငှက်တစ်ကောင်ကိုတွေ့လိုက်ရသည်။ ကောင်းဖန်၏အကြည့်နှင့်ဆုံသွားသည်နှင့် ၎င်း၏ချက်ချင်းပင် နှိုးဆော်အော်ဟစ်သည့်အသံဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။
“အဲ့ဒါ စာကလေးမိုးငှက်ပဲ၊ ဒီစာငှက်အမျိုးအစားက စိုစွတ်တဲ့အလေ့အကျင့်ရှိပြီး သူကလဲ ရေနားမှာပဲနေတယ်၊ ပြီးတော့ မိုးရွာတဲ့နေရာတိုင်းကို ပျံသွားကြလို့ စာကလေးမိုးငှက်လို့ ခေါ်ကြတာ။” ကောင်းဖန်ပြောပြလိုက်သည်။
“ဟုတ်တယ်, မြို့ကြီးအများစုကရာသီဥတုခန့်မှန်းတဲ့မျှော်စင်တွေမှာ စာကလေး မိုးငှက်ကို မြှင့်ပေးတယ်ဆိုတာ ငါမှတ်မိတယ်၊ သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက အရမ်းအားနည်းတယ်ဆိုပေမယ့် သူတို့ကအရမ်းမြန်တယ်”, မုထျယ်ရင်းကထပ်ပြောလိုက်သည်၊
သူတို့နှစ်ယောက်သည် ထိုသို့သောစကားဝိုင်းကို အမှတ်မထင်ဖန်တီးလိုက်ကြသည်၊
ဒီလိုသာမာန်စကားဝိုင်းမျိုးက ‘သွယ်ဝိုက်ဖျက်ဆီးသူ’နှစ်ယောက်ကြားတွင်သာ ရှိနိုင်သည်။
အာဝူး, အူး~ သူတို့ရှေ့တွင် သစ်ပင်များက ရုန်းရင်းဆန်ခတ်လှုပ်ရှားလာကြသည်။၊ ထိုသို့လှုပ်ရှားမှုများမှ ထွက်ပေါ်လာသောအသံသည် သိပ်မတိုးပေ၊
သူတို့နှစ်ယောက် ရုတ်တရက်နိုးနိုးကြားကြားဖြစ်သွားပြီး သူတို့ရှေ့တွင် ကြာစေ့လေးကဝင်လိုက်ပြီး တာ့ဇီရဲ့ခန္ဓာကိုယ်ကတော့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ဖို့ အတွက် ဟန်ချက်ညီသည့်အနေအထားတွင်ရှိနေသည်။
အစိမ်းရောင်သစ်ရွက်အစအနများကြားမှ ပုံသဏ္ဍာန်တစ်ခုကထွက်ပေါ်လာပြီး သူတို့ ရှေ့တွင်ရပ်လာခဲ့သည်၊ မြေပေါ်ကျလာသည့် သစ်ရွက်စိမ်းများကနေတောင်မှ မြက်နံ့များကိုရလာသည်။
ဒါကရှည်လျားသောအစိမ်းရောင်ဝံပုလွေဖြစ်သည်၊ ၎င်း၏ခန္ဓာကိုယ်သည် အကြီး အသေးအနာရွတ်များဖြင့်ဖုံးနေပြီး ၎င်းကတိုက်ပွဲများတွင်အလွန်အတွေ့အကြုံ ရှိသူကဲ့သို့ပင်၊၊
၎င်းက ခြောက်ပေအပြည့်ရှည်ပြီး သူ့ခန္ဓာကိုယ်သည်၁၅ပေနီးပါးရှည်လျားသည်၊ ၎င်း၏အလွန်ကိုကြီးမားသောအရွယ်အစားက ၎င်းကိုစွမ်းအားအလွန်ကြီးမားသောပုံ ပေါက်စေသည်၊ ၎င်းကအစိမ်းရောင်သားမွှေးများဖြင့်ဖုံးအုပ်ထားပြီး ၎င်းတို့ကမြေပြင် ပေါ်သို့ကျနေသည်၊ ကြည့်ရသည်မှာမှိုနှင့်ရေညှိတို့ဖုံးအုပ်နေပုံနှင့်တူသည်၊ သူ၏ပုံစံက ကြီးမားပြီး သန်မာကာ, ၎င်းနှင့်နီးကပ်လာသည်နှင့်အမျှကြီးမားသောခံစားမှုကိုပေး သည်။
“ဒါက ဘာဝံပုလွေအမျိုးအစားလဲ” မုထျယ်ယင်းထိတ်လန့်သွားသည်။ သူမဒီလို ဝံပုလွေပုံစံမျိုးကို စာအုပ်များထဲတွင် မဖတ်ဖူးပေ။ ဒါက ဝံပုလွေမျိုးစိတ်သစ်များလား?
“ဒါက ဝံပုလွေနဲ့မတူဘူး။” ကောင်းဖန်ကလေးနက်သောအမူအရာဖြင့် ပြောလိုက်သည်၊
အချက်အလက်ပြဇယားတွင်, ဒီသားရဲ၏အချက်အလက်များကို ရှင်းလင်းစွာတွေ့မြင်လိုက်သည်၊
[မကောင်းဆိုးဝါးအမည်]-ရေညှိဟက်စကီးခွေးရူး
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၁
[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်
[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား
ဒါကတကယ်တော့ ဟက်စကီးခွေးအမျိုးအစားဖြစ်သည်၊ ဒါပေမယ့်ကောင်းဖန်၏ အချက်အလက်ပြဇယားတွင် ဟက်စကီးခွေးအစား ကောင်းဖန်အာစေးမိသွားတာက ဟက်စကီးခွေးရူးလို့ဖတ်လိုက်ခြင်းဖြစ်သည်၊
တကယ်ပဲ၊ သူ၏အထူးစွမ်းရည်ကတောင်မှ ၎င်းကို ခွေးရူးဟု အတည်ပြုပေးလိုက်သည်။
အာဝူး! အာဝူး! ဟက်စကီးခွေးသည် သူတို့နှစ်ယောက်ကြောက်စေရန် ဆက်လက်အူနေသည်၊
နောက်တစ်ကြိမ်တွင်တော့ ဟက်စကီးခွေးသည် “အူး”ဟုအော်သည်ကို, ကောင်းဖန်ကသူကိုယ်တိုင် “ဝုတ်”ဟုအော်ကာပေါင်းထည့်လိုက်သည်၊
ဟက်စကီးခွေးမှာ ရုတ်တရက် ဆက်အူဖို့ အခက်တွေ့သွားရသည်။
အူး…ဝုတ်? ရေညှိဟက်စကီးခွေးရူး စိတ်ရှုပ်သွားတော့သည်၊
ဘာလို့ဒီကောင်က ထူးဆန်းတဲ့အသံကိုလုပ်နေတာလဲ?
“ဒါကပိုကောင်းတယ်၊ အူး,အူး လို့အော်တာကတခြားလူတွေက မင်းကိုအထင်လွဲစေနိုင်တယ်”ကောင်းဖန် သက်ပြင်းချလိုက်မိသည်၊
အူး ဝုတ်, အူး…ဝုတ်? ဝုတ်? ဝုတ်ဝုတ်ဝုတ်?! ရေညှိဟက်စကီးခွေး၏ဟောင်သံကပိုပြီး ပိုပြီးစိတ်လှုပ်ရှားလာသည်၊ ထို့နောက် ၎င်းကသစ်ပင်ကြီးကို ကျယ်ကျယ်လောင်လောင်ဟောင်နေသောကြောင့် ပထမဆုံးဒီကိုဘာလုပ်ဖို့လာတယ်ဆိုတာကို လုံးဝမေ့သွားတော့သည်၊ ဘာကြောင့်လည်းဆိုတော့ သူကပိုပြီးပျော်စရာကောင်းသောတစ်ခုကို ရှာတွေ့သွားသောကြောင့်ဖြစ်သည်။
ကောင်းဖန်နဲ့မုထျယ်ရင်းသည်တည်ငြိမ်စွာနဲ့လှည့်ထွက်လာတော့သည်၊
…
…
မုထျယ်ရင်းထိုအခြေအနေကိုနားလည်ရန် အခက်အခဲဖြစ်နေသည်၊ “အဲ့ဒီဝံပုလွေ… ဘာကြောင့်, ဘာကြောင့်ဒီလိုမျိုးဟောင်နေတာလဲ?”
“ဒါကဝံပုလွေမဟုတ်ဘူး, အဲ့ဒါဟက်စကီးခွေး၊ ဒါကတောထဲမှာကြာကြာနေပြီး တစ်ခုခုနဲ့တူနေရုံပါဘဲ၊”
ကောင်းဖန်ကလည်း တစ်ခုခုတော့မမှန်သလိုခံစားနေရသည်၊ ဒါက သူမြင်ရတဲ့ဒေတာပြဇယားကြောင့်လားဆိုတာသူမသိပေမယ့် ဒီသားရဲတွေအကုန်လုံးက သူ့မျက်လုံးထဲတွင်တော့ထူးဆန်းသည့်အရာမဟုတ်ပေ၊
တောင်ကြားကအတော်လေးကြီးမားသည်၊ သူတို့နှစ်ယောက် တောနက်ပိုင်းထဲသို့ လျှောက်လာကြကာ တောင်ကြား၏တစ်ဖက်ပိုင်းအဆုံးသို့မမြင်ရဘဲလာခဲ့သည်မှာ နာရီဝက်လောက်ရှိနေပြီဖြစ်သည်၊
သူတို့၏ရှေ့မနီးမဝေးတွင် သတ္ထုတဲတစ်ခုကို အစိမ်းရောင်ပြောက်ကြားပုံနှိပ်ထားသည့် အရာကိုတွေ့လိုက်ရသည်၊ ဒါကလုံခြုံတဲ့အိမ်တစ်အိမ်ဖြစ်လောက်သည်၊
“ အဲ့ကိုသွားပြီးကြည့်ရအောင်၊ အကယ်၍ဖြစ်နိုင်ရင် ငါတို့အဲ့အိမ်မှာလုံလုံခြုံခြုံနဲ့နားလို့ရတယ်” ကောင်းဖန်ကပြောလိုက်သည်။