← Chapters

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အပိုင်း ၆၁ ဖရဲခွံဖား

လုံခြုံရေးအိမ်၏သော့သည် ရှုပ်ထွေးမှုမရှိဘဲ ဂျက်ကိုမကာဆွဲလိုက်ရုံဖြင့် ဖုံးကွယ်ထားသည့် သတ္ထုတံခါးကို လွယ်လွယ်ကူကူဖွင့်နိုင်သည်။

အများအားဖြင့် သားရဲများသည် သော့ဖွင့်ရန်လုံလောက်သည့်ဉာဏ်ရည်မျိုးမပိုင်ဆိုင်ကြပေ။

သူတို့အထဲရောက်သည်နှင့် တံခါးနောက်တွင်နောက်ထပ်ဂျက်တစ်ခုရှိလားရှာလိုက်သည်၊ ဒီလိုဆို သူတို့တံခါးအထဲကနေလဲ ပိတ်ထားနိုင်ပေလိမ့်မည်။

လုံခြုံရေးအိမ်၏အတွင်းပိုင်အပြင်အဆင်သည် ရိုးရှင်းကာ အကြမ်းထည်ဆန်လှပြီး စောင်ပါးအနည်းငယ်ခင်းထားသည့် သံကုတင်အနည်းငယ်သာပါရှိသည်။ ကုတင်များအပြင် အခန်းငယ်များဖန်တီးနိုင်မည့် ခေါက်တံခါးအချို့လဲရှိသေးသည်။ ဒီလိုနည်းဖြင့် လုံခြုံရေးအိမ်တစ်လုံးထဲမှာပဲ မိန်းကလေး၊ ယောက်ျားလေး အတူတကွ နေထိုင်နိုင်လိမ့်မည်။

လုံခြုံရေးအိမ်ထဲတွင် အိပ်ရာအများကြီးမရှိထားတာကြောင့် သင်တန်းနည်းပြများက တစ်နေရာထဲတွင် ကျောင်းသားအများကြီး အစုလိုက်မရှိစေချင်လိုကြောင်း သိသာလှသည်။ မဟုတ်ရင် ဒီလေ့ကျင့်ရေး၏ ရည်ရွယ်ချက် ပျောက်ဆုံးသွားပေလိမ့်မည်။

တောင်ကြားထဲတွင် ထိပ်တန်းအဆင့်သားရဲ ၅ရာခိုင်နှုန်းလောက်သာရှိပြီး အုပ်ချုပ်သူအဆင့်သားရဲကတော့ မရှိပေ။ သူတို့ဘက်က သတိထားကာ တာ့ဇီနှင့်ကြာစေ့လေးတို့ကလဲ ပူးပေါင်းဆောင်ရွက်ပေးနေသ၍ သူတို့ကို ဘယ်သားရဲကမှ ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ပေ။

အိပ်ရာတစ်ခုစီတွင် လုံလောက်သည့်အစာအစားပမာဏ ထားရှိထားသည်။ အိပ်ရာတစ်ခုစီ၌ ဘီစကစ်ဘူး၅ဘူးနှင့်ရေ၁၀ဘူးပါရှိသည်။ သေချာခွဲတမ်းချစားလျှင် ဒီလောက်စားစရာနှင့်ရေက လူတစ်ယောက်အတွက် တစ်ပတ်စာဖူလုံပေသည်။

အခန်းထဲမှ မုထျယ်ယင်းရှိနေသည့်ဘက်တွင်တော့ သူမကိုယ်သူမ ထူထဲသည့်ချပ်ဝတ်တန်ဆာများအပြည့် ဝတ်ဆင်လို့ထားသည်။ သူမက ခေါင်းကို သတ္ထုခေါင်းစောင်းနှင့်ကာကွယ်ထားကာ မျက်လုံးကိုလဲ ဖန်အလွိုင်းနှင့်ကာထားသည်။

မုထျယ်ယင်းပုံစံမှာ လိပ်ခွံထူထူထဲရောက်နေသလိုတောင်ထင်ရပေသည်။

သူ အပြင်ထွက်လာတော့ ကောင်းဖန် စစ်ဝတ်စုံမလဲထားကြောင်း တွေ့လိုက်ရပြီး အံ့ဩသွားသည်။ “နင် မလဲတော့ဘူးလား? တောထဲက ခြင်တွေအားလုံးက သန္ဓေပြောင်းတွေချည်းပဲနော်။ ခြင်မျိုးစိတ်အများစုက အကြီးကြီးတွေဆိုပေမယ့် တချို့အဆိပ်ပြင်းပြီး သေးတဲ့မျိုးစိတ်တွေလဲရှိတုန်းပဲ။ အကိုက်ခံရရင် တော်တော်ခံရမှာ။”

“မလိုပါဘူး။” ကောင်းဖန် ခေါင်းယမ်းပြလိုက်သည်။ သူခဏလောက်ပြန်တွေးလိုက်ပြီးနောက် အိပ်ထဲမှ အစိမ်းရင့်ရောင်မြက်အချို့ကိုထုတ်ယူလိုက်သည်။ ဒါကတော့ ခြင်ဆေးရည်မှင်မြက်ပင်ဖြစ်ကာ ခြင်ကာကွယ်ဆေးအပြင်းစားအဖြစ် သုံးနိုင်သည်။

ကောင်းဖန် မြက်များကို ချေမွလိုက်ပြီးနောက် အရည်ကို ညှစ်ကာ သူ့ကိုယ်ပေါ်တွင်လိမ်းလိုက်သည်။

ကြွင်းကျန်သည့်မြက်များကလဲ အလဟသမဖြစ်ပေ။ ကောင်းဖန် အိတ်အသေးလေးထဲထည့်ကာ ခန္ဓာကိုယ်ပေါ်တွင် ဆောင်သွားနိုင်သေးသည်။

“ဒါနဲ့ဆို အလုပ်ဖြစ်ပြီ။ ငါတို့ဘက်က ဘယ်ခြင်ကိုမှ အရင်သွားမတိုက်သ၍ သူတို့လဲ ငါ့ကို လာမကိုက်တော့ဘူး။”

မူထျယ်ယင်းတောင့်ခဲသွားတော့သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးဝတ်ထားသည့် ကောင်းဖန်တစ်လှည့် ချပ်ဝတ်အထူကြီးဝတ်ထားရသည့် သူမကိုတစ်လှည့်ပြန်ကြည့်မိသည်။

ခြင်ဆေးရည်မှင်မြက်တင်မကသေး ကောင်းဖန်၏အထူးကာကွယ်မှုမှာ တကယ်တော့ တာ့ဇီနှင့်ချုပ်ဆိုထားသည့်စာချုပ်ပင်ဖြစ်သည်။

ဘယ်ခြင်ပဲ သူ့ကိုလာကိုက်ကိုက် တာ့ဇီ၏ခန္ဓာကိုယ်ကို ကိုက်လိုက်သလိုပင်ဖြစ်မည်ပင်။ ခြင်များ၏အဆိပ်အဆင့်လောက်ကတော့ တာ့ဇီအတွက် တာဖို့နေနေသာသာ ယားတောင်ယားလိမ့်မည်မဟုတ်ပေ။

“အရင်ဆုံး အနီးတစ်ဝိုက်ကို လိုက်ကြည့်ကြရအောင်။ တစ်ကောင်ကောင်ကို အမဲလိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ငါတော့ တစ်ပတ်လုံး ဘီစကစ်ပဲ မစားချင်ဘူး။” ကောင်းဖန် ပြောလိုက်သည်။

မုထျယ်ယင်းလဲ ခေါင်းညိတ်လိုက်ကာ ကန့်ကွယ်စရာမရှိပေ။ သူမလဲပဲ တစ်ပတ်လုံးဘီစကစ်တွေပဲ စားမနေချင်ပေ။ တစ်ချိန်လုံး လုံခြုံရေးအိမ်ထဲမှာပဲ ပုန်းနေတာက သက်သက်ပဲ အချိန်ဖြုန်းနေသလိုသာဖြစ်လိမ့်မည်။

လုံခြုံရေးအိမ်ကို ချန်ထားကာ သူတို့ထဲမှ အကြီးဆုံးဖြစ်သည့် ကြာစေ့လေ့ကို လမ်းပြခိုင်းလိုက်သည်။

မကြာသေးခင်က လေ့ကျင့်မှုအပြီးတွင် မုထျယ်ယင်း၏ကြာစေ့လေးသည် အဆင့်၁၄သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ပြီးပြည့်စုံအဆင့်နှင့်ယှဉ်တွဲလိုက်လျှင် ဒီတောထဲ၌ ၎င်းကသာ လက်တွေ့ကျကျ အုပ်ချုပ်သူဖြစ်သွားသည်။

တောင်ကြားထဲတွင် သစ်ပင်များမှာ နွယ်သစ်ရွက်များစွာဖြင့် ဖုံးနေတာကြောင့် ကြာစေ့လေးအတွက် ရှေ့ဆက်ဖို့ ခက်ခဲတာကြောင့် သူတို့အားလုံး ဖြည်းဖြည်းချင်းခရီးဆက်နေရသည်။

တောတွင်းသို့ဝင်လာပြီးနောက် လေက ပိုပိုအေးလာသည်။ နေရောင်ခြည်ကို သစ်ရွက်များက ပိတ်ကာလိုက်ကာ တောထဲတွင် သစ်ရွက်များကြားမှ ကျဆင်းလာသည့် နေပြောက်လောက်သာ မြင်ရတော့သည်။

သူတို့ခြေလှမ်းလိုက်တိုင်း မြေပြင်ပေါ်မှ သစ်ရွက်ထုကြီးကို နင်းမိကာ ကျိုးကျိုးကျွတ်ကျွတ်အသံမျိုးထွက်ပေါ်လာပြီး တိတ်ဆိတ်နေသည့်တောကြီးထဲတွင် ထိုအသံများက ထူးထူးခြားခြားကျယ်လောင်လို့နေသည်။

လေထုမှာတော့ ပန်းနှင့်သစ်သီးသစ်ရွက်များ၏ရနံ့များဖြင့် ထုံမွှမ်းနေကာ ဆွေးမြေ့နေပြီဖြစ်သည့် သစ်ရွက်ဆွေးနံ့များလဲ ကပ်ပါလာသည်။

သူတို့မျှော်လင့်ထားတာနဲ့မတူဘဲ ဘယ်နေရာမှာမှ သားရဲများနှင့်မတွေ့ကြုံရပေ။ အခုမှနေ့အချိန်ဖြစ်နေသေးတာကြောင့်လဲဖြစ်နိုင်သည်။ ဒါမှမဟုတ် သားရဲတွေက တစ်နေရာရာကနေ ပုန်းအောင်းကာ တိတ်တဆိတ်နဲ့ သူတို့ကိုအကဲခတ်နေတာမျိုးလဲ ဖြစ်နိုင်ပေသည်။

“ရေ၊ ရေ။” တာ့ဇီ၏အသံက ကောင်းဖန်၏စိတ်ထဲဝင်လာကာ ၎င်း၏ဦးမျှင်အစုံကလဲလှုပ်ခတ်နေသည်။

ကောင်းဖန် လမ်းလျှောက်တာကိုရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အနားတွင် သူမြင်သမျှမှ အညိုရောင်သစ်ပင်ပင်စည်များချည်းသာ။ တာ့ဇီနှင့်ဆက်ပြီးဆက်သွယ်ပြောဆိုကြည့်ပြီးနောက်တွင်တော့ တာ့ဇီဘာကိုဆိုလိုလဲဆိုသည်ကို နားလည်သွားတော့သည်။ သူတို့ရှေ့မနီးမဝေးတစ်နေရာမှ ပြင်းထန်သည့်ရေငွေ့ကိုခံစားမိခြင်းပင်။ အရှေ့တွင် ရေကန် သို့မဟုတ် စမ်းချောင်းလိုမျိုးတစ်ခုခုရှိလောက်ပေသည်။

ရေသာရှိလျှင် ရေသောက်ဖို့လာကြည့်မည့် သားရဲများလဲရှိနိုင်တာကြောင့် တစ်နည်းပြောရလျှင် ထိုနေရာသည် “အမဲလိုက်မြေ”တောင်ဖြစ်လာနိုင်သည်။

“ရှေ့ဆက်သွားကြည့်ရအောင်။” ကောင်းဖန် သတိကြီးစွာနှင့်ပြောလိုက်သည်။ ဤနေရာရှိသားရဲများတွင် ဉာဏ်ရည်အလွန်မြင့်တာမျိုးကော တိုက်ပွဲအတွေ့အကြုံများစွာပါ ရှိနေနိုင်ကာ ပုန်းတာကွယ်တာမျိုးနှင့်ကျွမ်းဝင်နေလောက်ပေပြီ။ သူတို့သာ တောထဲမှ ဘယ်အရာကိုမှမကြောက်ရအောင် အင်အားကြီးနေတာမျိုးမဟုတ်လျှင် သားရဲတွေကလဲ ပေါ်ပေါ်တင်တင်ထွက်လာကြလိမ့်မည်မဟုတ်ပေ။

“နေဦး။” ကောင်းဖန် သွားရင်းနှင့်ရပ်လိုက်သည်။

မုထျယ်ယင်းလဲ ကောင်းဖန်ကို နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လို့လာခဲ့သည်။

မုထျယ်ရင်းရှေ့ထောင့်ဖြတ်အတိုင်း ညာဖက်ငါးမီတာပတ်လည်တွင်, အစိမ်းရောင်နှင့် အညိုရောင်သစ်ပင်ကိုင်းများရှိသည်၊ သေချာသလောက်က နှစ်ပေါင်းများစွာမိုးသဲထန်စွာရွာခြင်းကြောင့် သစ်ကိုင်း၏မျက်နှာပြင်ပေါ်တွင်ရေညှိများဖုံးနေခြင်းဖြစ်သည်၊

လေတိုက်သည့်အခါတွင် သစ်ကိုင်းသည်လေနှင့်အတူ ယိမ်းနွှဲ့နေသည်၊

“ကြာစေ့လေးကို သူ့မှာရှိတဲ့ခွန်အားတွေအကုန်လုံးနဲ့ တတ်နိုင်သလောက်သစ်ပင်ကိုင်းကို ဝင်ဆောင့်ပေးလို့ပြောလိုက်” ကောင်းဖန်ကအသံတိုးတိုးနှင့်လျင်မြန်စွာ ပြောလိုက်သည်၊

“ကောင်းပြီ,” မုထျယ်ရင်းကပြောလိုက်သည်၊ သူမကကောင်းဖန်ကို ယုံသောကြောင့် ဘာကြောင့်လဲဆိုတာကိုမမေးတော့၊ သူမကချက်ချင်းပင်ကြာစေ့လေးကို အမိန့်ပေးလိုက်သည်၊

ကြာစေ့လေးက သံသယဖြစ်စွာနှင့်နှာမှုတ်လိုက်ကာ ကြမ်းသောအသံကိုပြုလုပ်လိုက်ပြီး အမိန့်ကိုမေးခွန်းထုတ်လိုက်သည်၊

ဟွန်း..

ထို့နောက်သူမကနှေးကွေးစွာနှင့် အများကြီးခြေလှမ်းဆုတ်လိုက်ပြီး သူမကအရှေ့သို့ ကိုင်းညွတ်လိုက်ပြီးခေါင်းကိုအောက်ငုံလိုက်သည်၊ သူမ၏ခေါင်းပေါ်မှချွန်ထက်သော ဦးချိုများသည် ရှည်လျားသောလှံတံက ရှေ့သို့ဦးဆောင်ညွှန်ပြနေသကဲ့သို့ပင်ဖြစ်နေသည်၊

ရုတ်တရက်,ကြံ့တစ်ကောင်က ကြီးမားသောအင်ဂျင်စက်ကြီး သူမခန္ဓာကိုယ်ထဲတွင်ရှိနေသလို သူမကကြမ်းကြုတ်ရူးနှမ်းစွာနှင့်တဟုန်ထိုးတိုက်ခိုက်ပြီး ထိုအရာကိုချိုးလိုက်သကဲ့သို့ဆူညံ့သောအသံကိုပြုလိုက်သည်၊

သူမကွေးထားသောကြွက်သားများကိုမြင်နိုင်ပြီး သူမ၏ထူထဲကြမ်းတမ်းသောအလွှာပိုင်းကို ဆန့်ထုတ်ထားသည်၊ သူမ၏နှာပေါက်မှ အဖြူရောင်မီးခိုးများပင်ထွက်လာသည်၊

ဟိန်းသံ!

သံမဏိကြံ့သည် ပြင်းထန်စွာနှင့် အတင်းပြေးသွားတော့သည်၊

အရှိန်ကိုဆက်ပြီးမြှင့်ထားသည်မှာ တောနက်ကြီးကိုဖြတ်သန်းသွားလာနေသော တင့်ကားကြီးများကဲ့သို့ပင်ဖြစ်သည်၊ သစ်ကိုင်းသစ်ခက်များက လမ်းကြောင်းမှာတင် အပိုင်းအစများအဖြစ်ကျိုးကြေသွားပြီး, မြေပြင်ပေါ်ရှိမြက်ပင်များကလည်း သစ်ပင် ဆွေးများကဲ့သို့ပင်တက်နင်းသွားခြင်းကိုခံလိုက်ရသည်၊

ပစ်မှတ်ဖြစ်သည့် သစ်ကိုင်းကအနည်းငယ်တုန်လှုပ်သွားပြီးနောက် မိမိကိုယ်ကိုပြန်၍ ထိန်းချုပ်လိုက်သည်၊

ဒီကောင်ငါ့ကိုမမြင်နိုင်ဘူး, ငါ့ကိုမမြင်နိုင်ဘူ;…

ထို့နောက်

ဘန်း!

သစ်ကိုင်းက သစ်ပင်ပင်စည်မှ ချက်ချင်းပင်လွင့်ထွက်သွားတော့သည်၊ လွတ်ထွက်နေသော ကြိုးအပိုင်းအစတစ်ခုကဲ့သို့ ၎င်းသည်ကြံ့၏ဦးချိုပတ်လည်နစ်မြုပ်နေပြီးနောက် ထိုနည်းလမ်းအတိုင်းပင် သစ်ပင်၏ပင်စည်အနည်းငယ်ကိုထပ်၍ချိုးချေခံလိုက်ရသည်, ဘန်း,ဘန်း, ဘန်း-

ကျိုးကြေသံ!

ချွန်ထက်သောကြံ့၏ဦးချိုသည် ထုပ်ပိုးထားသည့်သစ်ကိုင်း၏အတွင်းသို့သွင်းကာ နစ်မြုပ်နေပြီးနောက် လမ်းကြောင်းအတိုင်းထူထဲစွာနှင့်ပင်စည်ထဲသို့ထိုးဖောက်ပြီး အရွယ်ရောက်သောသူနှစ်ဦးသူတို့လက်မောင်းတွေဖြင့်ပွေ့ဖက်သလိုမျိုး ဖက်လိုက်သည်၊

ကြာစေ့လေးက နောက်ထပ်ခြေနှစ်လှမ်းထပ်ဆုတ်လိုက်သည်၊ ရစ်ပတ်နေသော သစ်ကိုင်းသည် အသိအမှတ်ပြုခြင်းမခံရသကဲ့သို့ တွန့်လိမ်ရှုံ့တွကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်၊

၎င်းကရံဖန်ရံခါ ဆန့်ငင်ဆန့်ငင်လှုပ်နေသည်၊ ၎င်း၏အလယ်တွင်ကြီးမားသော အပေါက်တစ်ပေါက်ရှိနေပြီး ထပ်ခါထပ်ခါသွေးစိမ်းများယိုစိမ့်ထွက်နေသည်၊

“အဲ့တာကမသေသေးဘူး, ဒါပေမယ့်မကြာတော့ဘူး သူ့ရဲ့နောက်ဆုံးအသက်ရှုဖို့နီး လာပြီ” ကောင်းဖန်ကမြေပြင်ပေါ်မှအစိမ်းရောင်သစ်ပင်မြွေကိုကြည့်ကာပြောလိုက် သည်၊ ၎င်း၏အချက်အလက်ပြဇယားမှဖော်ပြချက်:သေစေနိုင်သောဒဏ်ရာများ၊

၎င်းကသနားစရာကောင်းပေမယ့်, အစိမ်းရောင်သစ်ပင်မြွေ၏အသားသည် စားလို့တော့မရနိုင်ပေ၊ ကောင်းဖန် အနည်းငယ်စိတ်ပျက်သွားသည်၊ ဒီလိုပုံစံမြွေတွေရဲ့ အသားက အဆိပ်တစ်စွန်းတစ်စပမာဏလောက်ကျန်ရှိနေသေးသည်၊ သားရဲတွေက သူတို့ကိုစားလို့ရပေမယ့်,လူတွေကတော့မရပေ၊

၎င်းကတာ့ဇီအတွက်အစာအဖြစ်ကောင်းကောင်းစားသုံးနိုင်သည်၊

တာ့ဇီကို အစိမ်းရောင်သစ်ပင်မြွေကိုအဆုံးသတ်ခိုင်းနေတုန်း ကောင်းဖန်ရုတ်တရက်တစ်ခုကို စဉ်းစားမိသွားသည်၊ သူက တာ့ဇီနဲ့သွေးစာချုပ်ကိုထူထောင်ထားသည်, ထို့ကြောင့်သဘောတရားအရဆိုလျှင် သူ့အားဖြစ်လာမည့် မည်သည့်အန္တရာယ်ကိုမဆို တာ့ဇီဆီသို့လွှဲပြောင်းနိုင်သည်၊ ဒါဆို ဆိုလိုတာကအကယ်၍သူကအဆိပ်အချို့ကိုစားမိလိုက်ရင် အဲ့အဆိပ်ကိုတာ့ဇီဆီကောင်းကောင်းလွှဲပြောင်းနိုင်တယ်ပေါ့?

ဒီလုပ်နိုင်စွမ်းကနည်းနည်းတော့ ပြင်းထန်နိုင်သည်၊ ကောင်းဖန် ၎င်းကဘယ်လိုအလုပ်,လုပ်တယ်ဆိုတာကို နားမလည်သေးပါ၊ ဒါပေမယ့် ကားမောင်းဖို့အတွက ်ကားတွေက ဘယ်လိုလုပ်ထားလဲဆိုတာကိုသိဖို့မလိုအပ်ဘူး၊

ကောင်းဖန်အစိမ်းရောင်သစ်ပင်မြွေအသေကောင်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေက စတင်တောက်ပလာတော့သည်၊ ဒီအစိမ်းရောင်မြွေကိုသတ်ပစ်လိုက်ခြင်းက ဒီတောအတွင်းမှာ သေးငယ်တဲ့ကဏ္ဍတစ်ခုသာဖြစ်သည်၊ လူနှစ်ယောက်နှင့်သားရဲနှစ်ကောင် ကသူတို့စူးစမ်းမှုကိုဆက်လက်လုပ်ဆောင်ခဲ့ကြသည်၊

သူတို့မှာကြီးမားတဲ့နှောက်ယှက်မှုဖြစ်ခဲ့ပုံပေါ်ပြီး တခြားသားရဲများကိုသူတို့ လမ်းကြောင်းတွင်မတွေ့ခဲ့ရချေ၊၊ သူ့တို့ရှေ့တည့်တည့်တွင် ကြည်လင်နေသော အရောင်က ဖြန့်ခင်းထားပြီးနေရောင်ခြည်နှင့်အတူ မျက်နှာပြင်ကိုရောင်ပြန်ဟပ် နေသည်၊

“ကြည့်ရတာ ရေကန်နဲ့တူတယ်၊”

သူတို့နီးကပ်လာသည်နှင့်အမျှ အရာအားလုံးကို ပိုမိုရှင်းလင်းစွာမြင်လာရသည်၊ ထိုအရာကကြီးမားသောရေကန်တစ်ခုဖြစ်ပြီး ရေကန်မျက်နှာပြင်ဧရိယာသည် စတုရန်းမီတာတစ်သောင်းလောက်ရှိနိုင်သည်၊ ရေကန်ကရေများဖြင့်သာပြည့်နေပြီး ထိုရေကန်မှ မည်သည့်အနံ့ဆိုးမျှထွက်မလာချေ။

ရေကန်၏အလယ်တွင် ကြီးမားသောကြာရွက်များစွာရှိသည့်အကွက်ကြီးရှိသည်၊

ဖူး! ကျယ်လောင်ပြီးရှင်းလင်းလှသောအသံက ကောင်းဖန်ခြေထောက်ဘေးနားမှကြားလိုက်ရသည်၊ ဖရဲသီးအရွယ်အစားရှိသည့်ခေါင်းတစ်လုံးက ကန်၏အစွန်မှထွက်ပေါ် လာပြီးပါးစပ်အပြည့်တံထွေးများကို ကောင်းဖန်အားထွေးလိုက်သည်၊

ဒါကတံတွေးတွေဖြစ်သလို, ဒါကချွဲသလိပ်လို့ခံစားရသည်၊ ၎င်းကအော်ဂလီဆန်စရာ ဆိုးရွားသောအနံ့ရှိပြီး ကောင်းဖန်၏ခြေထောက်ဘောင်းဘီရှည်ပေါ်တွင် ၎င်းတို့က ရွှဲစို နေသည်၊

ကောင်းဖန်ထိုအရာကိုရှာကြည့်တော့ တကယ်တန်းသားရဲတစ်ကောင်ဖြစ်နေသည်၊ သားရဲ၏ဘဝပုံစံအမျိုးမျိုးသည်အရေးမပါပေ၊ တချို့တိရစ္ဆာန်တွေက သားရဲဖြစ်ရန် အနည်းဆုံးလိုအပ်ချက်များကိုဖြည့်ရန်အားနည်းလွန်းလှသည်၊

[မကောင်းဆိုးဝါးအမည်]-အစိမ်းရောင်အရေခွံဖား

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂

[သားရဲအဆင့်အတန်း]-သာမန်

[သားရဲ၏အကြိုက်များ]-တခြားတိရိစ္ဆာန်တွေကိုချွဲသလိပ်များထွေးထုတ်ခြင်း

[သားရဲအားနည်းချက်]-၁၊ လျှပ်စီး-အမျိုးအစား, ၂၊မြေ-အမျိုးအစား ၃၊ တခြားတိရိစ္ဆာန် မှတံတွေးထွေးသောအခါတွင်မုန်းခြင်း

ကောင်းဖန်အံ့၏ဩသွားတော့သည်၊ ဒီဖရဲခွံဖားက ရူးနေတာဘဲဖြစ်ရမယ်၊ သူကတခြားတိရစ္ဆာန်တွေကိုတံတွေးထွေးရတာကြိုက်ပြီး တခြားတိရိစ္ဆာန်တွေက တံတွေးထွေးသောအခါကျမုန်းတယ်၊ အရေးကြီးဆုံးမှာ အခြားမည်သည့်တိရိစ္ဆာန်ကမှ လက်တုံ့ပြန်ခြင်းအတွက် ပြန်တံတွေးထွေးခြင်းကဲ့သို့သော အကျိုးမရှိသည့်အရာတစ်ခုခုကိုလုပ်မည်နည်း?!

***

အပိုင်း ၆၂ မိုက်မဲလိုက်လေခြင်း

ကောင်းဖန်ကို တံတွေးနှင့်ထွေးပြီးနောက် အစိမ်းရောင်အရေခွံဖားပုံစံက ပျော်ရွှင်သွားပုံပေါ်သည်။ ၎င်း၏မျက်လုံးများကတောင်မှ ပြုံးနေကာ လခြမ်းကွေးလို ကော့တက်လို့နေသည်။

အစိမ်းရောင်အရေခွံဖား ရေပြင်ပေါ်သို့တက်လာမှသာ ကောင်းဖန်လဲ ၎င်း၏အသွင်အပြင်အားလုံးကို သေသေချာချာမြင်နိုင်တော့သည်။ ၎င်းသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသည့် ဘောလုံးတစ်လုံးနှင့်တူလှသည်။ တစ်ကိုယ်လုံးက အစိမ်းရောင်ဖြစ်ကာ ခေါင်းမှနေပြီး အနောက်ဘက်သို့ အစိမ်းရင့်ရောင် အစင်းကြောင်းများပါရှိသေးသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းသည် လမ်းလျှောက်နေသည့် ဖရဲသီးတစ်လုံးနှင့်ပင်တူသေးသည်။

ကောင်းဖန်ကတော့ ထိုဖားသည် အစိမ်းရောင်အရေခွံဖားဆိုတာထက် ‘ဖရဲခွံဖား’ဆိုသည့်နာမည်ကမှ ပိုလို့လိုက်ဖက်သည်ဟု တွေးမိသည်။

ကောင်းဖန်ဘက်က ဘာမှတုံ့ပြန်မလာသည်ကို အစိမ်းရောင်အရေခွံဖား မြင်သွားတော့ ၎င်း၏မျက်စံများကိုလှည့်ရင်း နောက်ထပ် တံတွေးတစ်လုပ်အပြည့်ကို ကောင်းဖန် ဘယ်ဘက်ခြေထောက်ပေါ်သို့ ထပ်ထွေးလိုက်ပြန်သည်။ ထို့အပြင် ရေမျက်နှာပြင်ကိုလဲ စိတ်လှုပ်ရှားစွာ ရိုက်ကာ ကောင်းဖန်ကို ရေများစင်အောင် လုပ်နေသေးသည်။

ကောင်းဖန်ကတော့ ထိုဖား၏မျက်နှာတည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့သည်။

အစိမ်းရောင်အရေခွံဖား၏မျက်လုံးများကလဲ ကောင်းဖန်ကို စူးစိုက်ကြည့်လို့နေသည်။ သူ့အကြည့်များက ထိုကွဲပြားနေသည့်လူသားကို စူးစမ်းလိုဟန်အပြည့်နှင့်ပင်။

ဟ-ဟ

ကောင်းဖန် ရုတ်တရက်ရယ်လိုက်သည်။

ထို့နောက်

ဖူး~~ (တံတွေးထွေးသံ)

ဒါပေါ့၊ ငါက အဓိပ္ပါယ်မဲ့တာမျိုး လိုက်လုပ်တတ်တဲ့လူစားမျိုးပဲ။

ကောင်းဖန်ဘက်မှ ပြန်တုံ့ပြန်လာပေပြီ။ သူက အစိမ်းရောင်အရေခွံဖား၏မျက်နှာပေါ်မှ သူ့တံတွေးများကို ကျေနပ်နေသည့်အမူအရာဖြင့် ပြန်ကြည့်နေခဲ့သည်။

ဂူး! (ဖားအော်သံ) အစိမ်းရောင်အရေခွံဖားမှာ ဆိုးဆိုးရွားရွားကိစ္စတစ်ခုဖြစ်သွားသလိုမျိုး စိတ်ပျက်လက်ပျက်ဖြင့် အော်နေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖားအော်သံများက ရေကန်တစ်ဝိုက်ပေါက်ကွဲထွက်လာတော့သည်။ ဖားအော်သံက ရေမျက်နှာပြင်နှင့်ပေါင်းစပ်ကာ အသံလှိုင်းမြင့်များဖြစ်ပေါ်လာပြီး မိုးကြိုးပစ်နေသလား ထင်မှတ်ရလောက်အောင် ကျယ်လောင်လာတော့သည်။

ဂူး! ဂူး! ဂူး! (ဖားအော်သံ)

မရေမတွက်နိုင်သည့် ဖားအော်သံများက လေထဲတွင်ပျံ့လွင့်နေတော့သည်။

ထို့နောက် ရေမျက်နှာပြင်မှနေပြီး ဖားခေါင်းများ တစ်ခေါင်းပြီးတစ်ခေါင်းထွက်ပေါ်လာကာ အကြီးအသေး မျိုးစုံနေတာပင်။ အသေးဆုံးခေါင်းဆိုလျှင် လိမ္မော်သီးတစ်လုံးအရွယ်ခန့်ရှိပြီး အကြီးဆုံးဆိုလျှင် သုံးပေလောက်တောင်ကြီးသည်။ သို့ပေမည့် အားလုံး၏အကြည့်လားရာကတော့ ကောင်းဖန်တစ်ဦးတည်းသို့သာ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အကောင်ရေ တစ်ထောင်ကျော်လောက်မှန်း သိသာလှသည်။ ရေကန်တစ်ခုလုံးကပင် အစိမ်းရောင်အရေခွံဖားများဖြင့် နယ်မြေဖြစ်နေလေသည်။

“ပြေးတော့!” ကောင်းဖန်ပြောလိုက်ပြီးသည်နှင့် ချက်ချင်းပင် တာ့ဇီနှင့်အတူ နောက်လှည့်ပြေးတော့သည်။

မုထျယ်ယင်းသည်လဲ ကြာစေ့လေးနှင့်အတူ အနောက်မှထပ်ကြပ်မကွာလိုက်လာခဲ့သည်။ အစပိုင်းမှာတော့ ထိုရေထဲမှဖားများက သူတို့ကိုဘာများထိခိုက်အောင် လုပ်နိုင်ပါ့မလဲဟု နည်းနည်းသံသယဝင်ခဲ့သေးသည်။

ခဏအကြာတွင်တော့ မုထျယ်ယင်းနားလည်သွားတော့သည်။

သူတို့အနောက်ဘက်မှ အသက်ရှူသံများကိုကြားနေရကာ အစိမ်းရောင်အရေခွံဖားများက ကန်ထဲမှရေများကို သူတို့ဗိုက်အပြည့်စုပ်ယူနေကြသည်။

ထို့နောက်တွင်တော့….

ဘန်း~ဘန်း~ဘန်း~ဘန်း~~~

ပြင်းထန်လှသည့် ရေမြှားများက လေထဲသို့ဝဲပျံတက်လာတော့သည်။

ရေမြှားတို့သည် အနားရှိသစ်ပင်များကို ထိမှန်ကာ အတော်အတန်ပျက်စီးသွားစေခဲ့သည်။ အားအနည်းဆုံးမြှားက သစ်ခေါက်များကိုသာ ခွာချနိုင်သော်လည်း အားအပြင်းဆုံးကတော့ သစ်ကိုင်းများကိုပင် ဖျက်ဆီးပစ်နိုင်တာကြောင့် လေအမြှောက်ဖြင့် ပစ်နေသလိုတောင် ထင်ရစေသည်။

ကျိုးပဲ့နေသည့် သစ်ကိုင်းသစ်ရွက်များမှာ လေထဲတွင် ဝဲလွင့်လို့နေတော့သည်။

ကြာစေ့လေးကတော့ သူမ၏သန်မာသည့်ခုခံနိုင်စွမ်းကြောင့် အဆင်ပြေလို့နေသည်။ ထိုရေမြှားတို့က သူမခန္ဓာကိုယ်နှင့်ထိကာ အသံမြည်စေတာကလွဲ၍ ထိခိုက်မှုမဖြစ်စေပေ။

မုထျယ်ယင်းကတော့ ကြာစေ့လေးအရှေ့မှနေပြီး ရေမြှားတို့၏ဒဏ်ကို ရှောင်ရှားနေသည်။

သူမအနားမှ သစ်ပင်များ၏ပျက်စီးပုံကို ကြည့်ပြီး မုထျယ်ယင်း သူမခေါင်းကို ပိုငုံ့လိုက်တော့သည်။ ထိုရေမြှားတွေသာ သူမကိုထိလိုက်သည်နှင့် အတွင်းအင်္ဂါတွေတောင် ပျက်စီးသွားနိုင်ပေသည်။

ဒါကပဲ ရေကန်အနားတွင် အပင်များတိရိစ္ဆာန်များနည်းပါးနေလဲဆိုသည်ကို တစ်ခါတည်းရှင်းပြသွားတော့သည်။ အားလုံးက အစိမ်းရောင်အရေခွံဖားတွေကြောင့်ပဲ။

ထိုအချိန်တွင် ကောင်းဖန် မသိသည့်နေရာအချို့မှ သစ်ပင်ကြီးတစ်ပင်ထိပ်တွင် တပ်ဆင်ထားသည့် ကင်မရာတစ်လုံးက ဖြည်းဖြည်းချင်း လှုပ်ရှားနေကာ လက်ရှိအဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်နေခဲ့သည်။

အခန်းကျယ်ကြီးတစ်ခုထဲတွင်တော့ ကြီးမားသည့် ဖန်သားပြင်များစွာရှိနေကာ စခရင်ငယ်လေးပေါင်းများစွာခွဲထားသည့် ဖန်သားပြင်အကြီးတစ်ခုစီရှေ့တွင် စစ်သားအနည်းငယ်ဆီထိုင်နေကြသည်။ စခရင်ငယ်လေးတစ်ခုစီသည် စောင့်ကြည့်ကင်မရာတစ်လုံးစီကို ကိုယ်စားပြုပေသည်။

စခရင်များ၏ရှေ့တွင်တော့ စစ်ယူနီဖောင်းဝတ်ထားသည့် စစ်သားတစ်ယောက်က၊ “တစ်ယောက်က အစိမ်းရောင်အရေခွံဖားရဲ့နယ်မြေထဲရောက်သွားတယ်။ တိုက်ဆိုင်သွားတာလားတော့မသိပေမယ့် သူက အစိမ်းရောင်အရေခွံဖားတစ်အုပ်ကြီးကို ဒေါသသွားစွနေတယ်။”

“ဘာကောင်လဲကွ? ဒီကောင် ဘယ်လိုလုပ်များ ဖားတစ်အုပ်ကြီးကို ဒေါသထွက်အောင်လုပ်လိုက်တာလဲ?” နောက်ထပ်စစ်သားတစ်ယောက်က သူ့ခေါင်းကို ခါလိုက်ရင်း စီချွမ်လေယူလေသိမ်းဖြင့် ပြောလိုက်သည်။

“ဒီအစိမ်းရောင်အရေခွံဖားတွေက တံတွေးနဲ့အထွေးခံရတာကို အမုန်းဆုံးလေ။” ပထမစစ်သားက စိတ်ရှုပ်နေသည့်အမူအရာဖြင့် ပြန်ပြောလိုက်သည်။

ထိုအရာကိုကြားသည်နှင့်, အခန်းထဲကလူအကုန်လုံး၏မျက်နှာ၌တူညီသော အမူအရာ များဖြစ်ပေါ်လာသည်။

တောရိုင်းထဲကဖားပေါ်ကိုတံတွေးထွေးတယ်, ဘယ်လိုတောင်မိုက်မဲတာလဲ?

…

ယခုသူတို့လုံခြုံသောအိမ်သို့ဦးဆောင်ကာပြန်သွားပြီဖြစ်သည်၊ နေ့တစ်နေ့ရဲ့ရှာဖွေခြင်း ပြီးနောက်, သူတို့နှစ်ယောက် လုံခြုံသောအိမ်၏ပတ်ပတ်လည်ဧရိယာ၌ရှာဖွေခြင်းကို အဆုံးသတ်လိုက်ပြီဖြစ်သည်၊ မြောက်ဘက်ပိုင်းသည် တော၏သေးငယ်သောအပိုင်း ဖြစ်သည်၊ ၎င်းမှတစ်ဆင့်သွားခြင်းက သူတို့ကိုအစိမ်းရောင်အရေခွံဖား၏ပိုင်နက်သို့ ခေါ်ဆောင်သွားလိမ့်မည်၊ ၎င်းတို့က ထိုရေကန်တွင်အနည်းဆုံးထောင်ဂဏန်းလောက် ရှိနိုင်သည်၊ ထိုသတ္တဝါများသည် ၎င်းတို့ထဲမှတစ်ကောင်ဒါမှမဟုတ်နှစ်ကောင်သာရှိပါက ကြောက်စရာမလိုပေမယ့် များပြားသောအရေအတွက်သာအတူတကွစုဝေးပြီးရှိနေပါ ကသူတို့သည်ရှိန်လောက်သောခွန်အားကိုပြုလုပ်နိုင်သည်၊

ရေမြှားများက အင်အားကြီးသောတိုက်ခိုက်မှုကိုသယ်ဆောင်ပေးသည်၊ အကယ်၍ အနည်းဆုံးထောင်ဂဏန်းရှိသောအစိမ်းရောင်အရေခွံဖားများသည် ပစ်မှတ်တစ်ခုထဲသို့ ထိုမြှားအကုန်လုံးကိုကိုပစ်ထုတ်လျှင် ထိုသန်မာသောတိုက်ခိုက်မှုသည် ဘယ်ပစ်မှတ်မ ဆိုတိုက်ခိုက်မှုမှ တားဆီးနိုင်သည်၊

အနောက်ဘက်မှလမ်းကြောင်းသည် သူတို့လာရာလမ်းဖြစ်သည်၊ သစ်ပင်များ၏သိပ်သည်းဆသည်နည်းပါးပြီး ထိုနေ့တွင် သူတို့မည်သည့်ခြိမ်းခြောက်မှုရှိသည့်သားရဲကိုမှ မတွေ့ခဲ့ရပေ၊

တောင်ဘက်ပိုင်းသည် အုံ့ဆိုင်းသောတောအုပ်ဖြစ်ပြီး သာမန်ထက်ပိုထူကာသန်မာသော သစ်ပင်အများကြီးရှိသည်၊ ထိုလိုမျိုးပတ်ဝန်းကျင်က ကြာစေ့လေး၏လှုပ်ရှားမှုဝင်နိုင်ရန်ပင်ခက်ခဲသောကြောင့် တော၏အပြင်ဘက်နယ်နမိတ်ကိုသာ ရှာဖွေရတော့သည်၊ ထိုနေရာအတွင်းတွင် ကြီးမားသောအသားစားတိရိစ္ဆာန်အများစုရှိပြီး, ကောင်းဖန်သူတို့၏ခြေရာအစက်များကိုပင်တွေ့ရသည်၊

အရှေ့ဘက်တွင်တော့ သေးငယ်သောကုန်းစောင်းတစ်ခုရှိသည်၊ ကုန်းစောင်းသို့တက်ရန် မြက်ခင်းပြင်ကျယ်များသို့ဦးတည်သွားရသည်၊ ထိုမျက်ခင်းပြင်ကျယ်သည် စားကျက်မြေပုံစံပြနေပြီး ထိုနေရာတွင်အပင်စားတိရိစ္ဆာန်များရှိကြောင်းပြနေသည်၊

ဒါကသူတို့တစ်နေ့တာအတွင်းစုဆောင်းနိုင်သမျှဖြစ်သည်၊

ထိုမျှမကကောင်းဖန်သည် လမ်းတစ်လျှောက်ရှိ အပင်အနည်းငယ်ကိုပင် ကောက်ယူနိုင်ခဲ့သေးသည်၊

မုထျယ်ရင်းသူတို့ထဲကတစ်ချို့ဖြစ်တဲ့ ပူစီနံလေးညှင်း, ရွှေရောင်စံဇာတိပ္ဖိုလ်သီးနှင့် နက်ပြာရောင်မြက်တို့ကို သတိထားမိသည်၊ ထိုအရာအားလုံးကိုဟင်းခတ် အမွှေးအကြိုင်များအဖြစ် အသုံးပြုနိုင်သောစားသုံးနိုင်သည့် အပင်များဖြစ်သည်၊

သူမတချို့သတိမထားမိသောအပင်များလည်းရှိသည်၊

“နင် ဟင်းခေတ်အမွှေးအကြိုင်တွေ ပြင်ဆင်ဖို့လုပ်နေတာလား?” မုထျယ်ရင်းက တုံ့ဆိုင်းစွာနှင့်မေးလိုက်သည်၊

“ဟုတ်တယ်” ကောင်းဖန်ခေါင်းညိတ်လိုက်သည်၊

“ဒါပေမယ့်ငါတို့မှာ စားစရာမရှိဘူးလေ” မုထျယ်ရင်းကအနည်းငယ်မသေချာစွာ ဖြစ်နေသည်။

“ငါတို့လုပ်လို့ရတယ်လေ” ကောင်းဖန်သူ့ညာလက်ကိုမြှင့်လိုက်သည်၊ သူက အစိမ်းရောင်သစ်ပင်မြွေကိုကိုင်ထားသည်။

“ဒီမြွေက… ကြည့်ရတာအဆိပ်ရှိပုံဘဲနော်” မုထျယ်ရင်းကသံသယဖြစ်စွာနှင့်ပြော လိုက်သည်၊

“ကြိုးစားကြည့်ကြတာပေါ့” ကောင်းဖန ်မည်သည်ကိုမှထပ်မံအသေးစိတ်ရှင်းပြ ရန်မလိုတော့ပါ၊ သူတို့နှစ်ယောက်သည်ကိုယ်ပိုင်သားရဲနှစ်ကောင်နှင့်အတူ လုံခြုံသော အိမ်သို့ပြန်ရောက်ရန်စီမံခဲ့ပေမယ့် အတွင်းထဲမှာသော့ခတ်ထားတာကို သူတို့တွေ့ လိုက်ရသည်၊ ကောင်းဖန်မျက်မှောင်ကြုံ့လိုက်သည်၊ သူကတံခါးကိုခေါက်လိုက်ပြီး , “ဟေး ,ကျေးဇူးပြုပြီးတံခါးကိုဖွင့်ပေးလို့ရမလား”

“ဘယ်သူမှဒီမှာမရှိဘူး, ဘယ်သူမှဒီထဲမှာမရှိဘူး”, အသံကအခန်းထဲမှထွက်လာပြီး နောက်ရပ်သွားသည်, သူတို့၏ဘယ်လောက်တောင်တုံးအလိုက်တဲ့တုံ့ပြန်မှုကို သဘောပေါက်တော့သည်၊ ရှက်ရွံ့မှုမှ ဒေါသအဖြစ်သို့ပြောင်းသွားပြီးနောက် လူတစ် ယောက်ကပြောလိုက်သည် “ဒီမှာပြည့်နေပြီ, ငါတို့ လူတွေဒီမှာကြပ်ထုပ်နေပြီ, ဒီမှာ ထပ်ပြီးမဖြည့်နိုင်တော့ဘူး၊ မင်းတို့တစ်ခြားလုံခြုံတဲ့အိမ်ကိုရှာသင့်တယ်”

ကောင်းဖန်မျက်ခုံးများကပိုလို့ပင်ကြုံ့သွားတော့သည်၊ သူနဲ့မုထျယ်ရင်းက ဒီလုံခြုံတဲ့ အိမ်ကိုအရင်ရှာတွေ့ခဲ့တာဖြစ်သည်။

သေချာတာပေါ့, ဘယ်သူမှဒီထူးဆန်းတဲ့လုံခြုံသည့်အိမ်ကို အရင်ရောက်တာကိုဂရု မစိုက်ကြဘူး၊ သူတို့ရဲ့ဆိုးရွားတဲ့ကံနဲ့ ဒီလိုလူတွေကိုအပြစ်ဖို့နိုင်တော့သည်၊

ကောင်းဖန်သူမကိုလှည့်ကြည့်တာကိုမြင်တော့, မုထျယ်ရင်းသူ့ပုခုံးကိုလှုပ်ရှားလိုက်သည်၊ “ဒါကသိပ်မဆိုးပါဘူး, ငါထွက်လာကတည်းက ငါ့အိတ်ကိုငါ ယူခဲ့တယ်။”

“ဒီမှာငါတို့နှစ်ယောက်တည်းရှိတာ, ပြီးတော့အပြင်မှာမှောင်လည်းမှောင်နေပြီ၊ ငါတို့ တစ်ညတည်းအတွက် ပူးပေါင်းပေးလို့ရမလား? ငါတို့ကြမ်းပြင်ပေါ်မှာအိပ်ရလည်း ကိစ္စ မရှိပါဘူး,” ကောင်းဖန်ပြောလိုက်သည်၊

“မရဘူး၊ မင်းတို့တခြားနေရာတစ်ခုကိုရှာသင့်တယ်” အခန်းထဲမှ လူများကစိတ်မရှည်ဖြစ်လာကြသည်၊ သူတို့ကနောက်တော့ တစ်တွတ်တွတ်ပြောလာ ကြသည်၊ “မင်းကဘာလို့သူတို့ကိုထပ်ပြီးရှင်းပြနေတာတုန်း, သူတို့ကိုထွက်သွားလို့သာ ပြောလိုက်စမ်းပါ၊ လုံခြုံတဲ့အိမ်ကသေးတယ်, ဘယ်သူကကြပ်ညပ်ပြီးနေချင်မှာလဲ”

ကောင်းဖန်ဆီမှ သူတို့နှစ်ယောက်ဘဲအပြင်မှာကျန်တဲ့အသံကိုကြားပြီးတဲ့နောက် တစ်ယောက်ကအနည်းငယ်သတ္တိရှိလာတယ်လို့ခံစားလိုက်ရပြီး သာမန်အသံထက် သူ့အသံကိုပိုကျယ်လိုက်သည်၊

ကောင်းဖန်သည် လုံခြုံသည့်အိမ်ထဲမှလူတွေကိုစိုက်ကြည့်လိုက်ပြီးနောက် သူက လမ်းလျှောက်ထွက်လာကာ…

ပြီးနောက်အပြင်ဘက်မှချက်ထိုးလိုက်သည်၊

“သွားရအောင်” ကောင်းဖန်ကပြောလိုက်ကာ လှည့်ထွက်သွားသည်။

***

အပိုင်း ၆၃ အနက်ရောင်အရိပ်တောင်ခြင်္သေ့

တံခါးချက်ထိုးလိုက်သည်ကို ကြည့်ပြီး မုထျယ်ယင်း တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမည့် နောက်တော့ ဘာမှမပြောဘဲ မတတ်နိုင်သလိုသာ ကြည့်လိုက်သည်။ လုံခြုံသည့်အိမ်ထဲတွင် အစာနှင့်ရေအလုံအလောက်ရှိတာကြောင့် သူတို့ဗိုက်ဆာပြီးသေမှာတော့မဟုတ်ပေ။ အလွန်ဆုံး ဗိုက်ဆာရင်လဲ အခက်အခဲကို ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ကြပေါ့။

အခုဆို ကောင်းကင်ကြီးသည် ပိုမှောင်လာပြီဖြစ်သည်။ ကောင်းဖန် လက်မြှောက်ကာ သူ့လက်မှလက်ပတ်နာရီကိုကြည့်လိုက်တော့ ၇နာရီပင်ထိုးခါနီးနေပြီ။

“ကြည့်ရတာ၊ ငါတို့ဒီညအပြင်ဘက်မှာပဲနေရတော့မယ့်ပုံပဲ။” ကောင်းဖန် သစ်တောဘက်ကို တစ်ချက်ကြည့်လိုက်သည်။ လမ်းတစ်လျှောက် သူတို့တခြားလုံခြုံသည့်အိမ်များကို ဖြတ်လာခဲ့ရပေမည့် အခုချက်ချင်း ပြန်သွားဖို့က မဖြစ်နိုင်တော့ပေ။

ဒီလုံခြုံသည့်အိမ်ကိုတောင် လူတွေရောက်လာပြီဆိုမှတော့ တခြားလမ်းတစ်လျှောက်က အိမ်တွေလဲ လူတွေနဲ့ပြည့်နေလောက်ပေပြီ။ ကောင်းဖန် တခြားလူတွေရဲ့စာနာမှုကို မျှော်ကိုးရင်း လုံခြုံသည့်အိမ်ထဲဝင်လိုစိတ်မရှိပေ။ တခြားသောလုံခြုံသည့်အိမ်တွေက လူတွေကပါ သူတို့ကို အထဲဝင်ခွင့်မပြုလျှင် အလကားနေရင်း သွားရသည့်အချိန်သာကုန်ပေလိမ့်မည်။

“နောက်ထပ်တစ်နေရာသွားဖို့ကလဲ မလုံခြုံတော့ဘူး။ ဒီလမ်းတစ်လျှောက်မှာလဲ ဂူတွေမတွေ့ခဲ့ဘူး။ ငါတို့ သစ်ပင်တစ်ပင်အောက်မှာပဲ အမိုးတစ်ခုလောက်ဆောက်လိုက်ကြတာပေါ့။” ကောင်းဖန် အကြံပေးလိုက်သည်။

“အဲ့လိုလဲ ကောင်းတာပါပဲ။” မုထျယ်ယင်းလဲ သဘောတူကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား အနောက်ဖက် ထူထပ်သည့်သစ်တောနှင့် မနီးမဝေးတွင် သစ်ပင်ကြီးနှစ်ပင်ရှာတွေ့သွားသည်။ သစ်ပင်၏ပင်စည်များမှာ မတ်နေပြီး မြေပြင်မှ သုံးမီတာ-လေးမီတာခန့်တွင် အကိုင်းအခတ်များ ဖြာတက်သွားတာကြောင့် အိပ်ဖို့နေရာဆောက်ရန်အကောင်းဆုံးပင်။

ကောင်းဖန် သစ်ပင်အမြစ်ဆုံနှစ်ခုကြားတွင် အိပ်ဖို့နေရာခင်းရန်အတွက် သစ်ကိုင်းအချို့စုဆောင်းလိုက်သည်။ ထို့နောက် သေးငယ်ပိန်ပါးသည့်သစ်ကိုင်းများကို တစ်ထပ်ခင်းလိုက်ပြီး နောက်တော့ သစ်ရွက်ထူထူနှင့်တစ်ထပ်ခင်းလိုက်ကာ နောက်ဆုံးအနေနှင့် အပေါ်မှ သစ်ရွက်လွှာကြီးများကို ဖြန့်ခင်းလိုက်ခြင်းအားဖြင့် အိပ်ရန်နေရာတစ်ခုရသွားတော့သည်။

မုထျယ်ယင်း၏အတုယူနိုင်သည့်စွမ်းရည်ကလဲ မဆိုးလှဘဲ ကောင်းဖန်အတိုင်းလိုက်လုပ်ကာ သူမအတွက်လဲ အိပ်ဖို့နေရာတစ်ခုရသွားတော့သည်။

ဒီလိုနဲ့ပဲ အပျော်တမ်းတည်ဆောက်သူနှစ်ယောက် သူတို့ကိုယ်ပိုင်အိပ်ဖို့နေရာများကို တည်ဆောက်ကာ ညအိပ်ဖို့အတွက် ပြင်ဆင်ကြတော့သည်။

ကြာစေ့လေးက မုထျယ်ယင်းအိပ်နေသည့် သစ်ပင်ကိုမှီကာ မတ်တပ်ရပ်လျှက်နှင့်ပင် အိပ်ချင်လွန်း၍ မျက်လုံးများမှေးစင်းလာသည်။

တာ့ဇီသည်တော့ သစ်ပင်ပင်စည်၏ နှစ်မီတာအမြင့်လောက်တွင် သူ၏ထောင်ချီသည့်ခြေထောက်များဖြင့် ရစ်ပတ်ထားသည်။ ချွန်ထက်သည့် ခြေသည်းတစ်ချောင်းချင်းစီက သစ်ပင်ပင်စည်ကို ချိတ်ကောက်များလို အသေအချာနစ်နေအောင် ကုတ်ဆွဲထားသည်။

ကောင်းကင်က ပိုလို့ ပိုလို့ မှောင်မိုက်လာကာ မကြာခင်တွင်ပဲ တောကြီးတစ်ခုလုံး အမှောင်ထုကြီးဖုံးလွှမ်းသွားတော့သည်။ တောင်ကြားထဲတွင်တော့ တခြားသောနေရာများထက် ပိုလို့အမှောင်စောပေသည်။

တောတွင်းမှာလဲ တဖြည်းအလင်းရောင်များ မှေးမှိန်လာခဲ့သည်။

တောထဲတွင် ညဘက်ဆို ပူပြီးစိုစွတ်လှသည်။ ကောင်းဖန်အတွက်တော့ ကံကောင်းသွားကာ သူ့ကိုယ်ပေါ်တွင် ခြင်ဆေးမှင်ရည်များသုတ်လိမ်းထားတာကြောင့် သူ့အနားတွင် ခြင်အနည်းငယ်သာရှိသည်။

တောတွင်းအမြင့်တစ်နေရာမှနေပြီး လျင်မြန်ကာပေါ့ပါးသည့် ပုံရိပ်တစ်ခုက သစ်ပင်ထိပ်ပိုင်းများကိုဖြတ်ကာ တဖြည်းဖြည်း နီးလာခဲ့သည်။

၎င်းသည် ညအမှောင်ထုထဲတွင် အပြည့်အဝရောယှက်နေနိုင်သည့် နက်မှောင်သည့် ကိုယ်ခန္ဓာရှိသည်။ ၎င်း၏ပြာဖျော့ဖျော့မျက်လုံးတစ်စုံကြောင့်သာမဟုတ်လျှင် သူရှိလို့ရှိမှန်းပင် သိရလိမ့်မည်မဟုတ်ပေ။ ၎င်း၏ခန္ဓာကိုယ်သည် အမှောင်ထဲတွင် အပြည့်အဝကိုဖုံးကွယ်လို့နေသည်။

ထိုသားရဲတွင် သွယ်လျသည့်ခန္ဓာကိုယ်ရှိကာ သစ်ကိုင်းများအပေါ် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ဘာအသံမှမထွက်ဘဲ အလွန်လျင်မြန်လှသည်။ ၎င်းက ထူထပ်သည့်တောအုပ်ထဲတွင် အရိပ်နက်တစ်ခုဖြတ်သွားသလိုသာ ထင်ရစေပြီး တစ်ချက်လောက် ခုန်လိုက်ရုံဖြင့် နောက်သစ်ပင်တစ်ပင်ကို ရောက်သွားအောင် လုပ်နိုင်သည်။

၎င်း သစ်ကိုင်းတစ်ကိုင်းပေါ် ခုန်တက်လိုက်တိုင်း သူ၏အလေးချိန်ကြောင့် သစ်ကိုင်းက ကွေးညွတ်သွားကာ ထူထဲသည့်သစ်ရွက်များကသာ ညင်ညင်သာသာ ကြွေဆင်းသွားခဲ့သည်။

သားရဲကောင်၏သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချဉ်းကပ်လာမှုက အမှောင်ထဲတွင်ပင် ခံစားမိနိုင်သည်။

ကြာစေ့လေးသည် အစကတည်းက နိုးနေခဲ့ကာ သူမ၏ခြေထောက်များကို မြေပြင်နှင့်ဆောင့်ရင်း အသံဆူဆူများထွက်အောင်လုပ်နေသည်။

ဒုန်း-ဒုန်း-ဒုန်း---

အော်သံ!

ကြာစေ့လေးသည် ဒေါသတကြီးပေါက်ကွဲနေကာ သူမ၏အော်သံက မုထျယ်ယင်းနှင့် ကောင်းဖန်တို့ကို နိုးသွားစေသည်။

ကြောက်စရာကောင်းလှသည့် အော်သံက တိတ်ဆိတ်နေသည့်သစ်တောတစ်လျှောက် ပျံ့နှံ့သွားသည်။ ဆူညံသံကြောင့် နောက်ထပ်ဘယ်သူတွေပါ နိုးသွားလဲဆိုသည်ကိုတော့ မသိနိုင်ပေ။

ကောင်းဖန်နှင့်မုထျယ်ယင်းတို့လဲ နိုးလာသည်နှင့် ချက်ချင်းခေါင်းထောင်ကြည့်လိုက်ကာ သစ်ပင်ကိုင်းများမှနေပြီး အနက်ရောင်အရိပ်တစ်ခုက တွားသွားလာသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်က ရုတ်တရက်ဆိုသလို သူ့သားကောင်နိုးသွားသည်ကို တွေ့သွားသည်။ သူ့ခြေထောက်များမှာတော့ ပြန်ရုတ်သိမ်းချိန်မရလိုက်ဘဲ လေထဲတွင် တွဲလောင်းကျလို့နေသည်။

သားရဲနှင့်သားကောင်တို့၏မျက်လုံးအကြည့်များဆုံသွားကြတော့သည်။

ဒါက တော်တော်နေရခက်သည့်အခြေအနေမျိုးပဲ။

မုထျယ်ရင်းက ကောင်းဖန်သတိပေးထားတာကိုသတိရသွားသည်၊ အကယ်၍သူတို့ အန္တရာယ်ရှိတာတစ်စုံတစ်ခုတွေ့ခဲ့လို့ရှိရင် သူမချက်ချင်းကိုကြာစေ့လေးရဲ့ဘေးကို လွတ်အောင်ပြေးပါဖို့ပဲ။ တုန်လှုပ်မှုမရှိဘဲနဲ့ သူမကလှည့်ထွက်လိုက်ပြီး ခုန်လိုက်ကာ ကြာစေ့လေးပေါ်တွင်နေရာကျသွားတော့သည်၊

တူညီစွာနဲ့ကောင်းဖန်လည်း သစ်ပင်ပင်စည်ရဲ့အောက်ကိုတစ်ချိန်တည်းမှာဘဲ လျောဆင်းသွားလိုက်သည်၊ တာ့ဇီကကိုယ်တိုင်ပင်စည်မှ ခွာလိုက်ပြီး ဖတ်ဆိုသော အသံနှင့်အတူမြေပြင်ပေါ်သို့ခြေချလိုက်သည်၊ ၎င်းကချက်ချင်းကောင်းဖန်၏ရှေ့တွင် စက်ဝိုင်းခြမ်းပုံစံကိုလုပ်လိုက်ပြီး ကာကွယ်လိုက်သည်၊ တာ့ဇီ၏မျက်လုံးထဲတွင် အမျိုးမျိုးသော အကြည့်များရှိနေပြီး ၎င်း၏မေးရိုးမှအစွယ်များကလည်းဟပ်ရန်အတွက် ခြိမ်းခြောက်သောအသံတစ်မျိုးကိုတစ်ချိန်တည်းတွင်ထုတ်လွှတ်လိုက်သည်၊ ပြင်းထန်စွာဟောက်သံ!

သူတို့အထက်တွင် သစ်ပင်ကမိုးထားသည်များကထူထပ်နေပြီး, လရောင်ကိုပိတ်ဆို့ထားသည်၊ သူတို့သစ်ပင်တွေထဲကနေ ဘာမှန်းမသိသောသားရဲကောင်ကြီးကို သေချာစွာမမြင်ရပေ၊ သူတို့က ဝါးတားနေသောအနက်ရောင်အရိပ်တွေနဲ့ ကြည့်ရတာ မျက်လုံးနှစ်လုံးက တောက်ပနေသည်မှာ မီးလုံးနှစ်လုံးကဲ့သို့ဖြစ်နေသည်ကိုသာမြင်နေ ရသည်၊ ၎င်းတို့ကအမှောင်ထဲတွင်သူမတူစွာတောက်ပနေသည်၊

“ဒါက အရိပ်ပုံစံ ဒါမှမဟုတ် အနက်ရောင်ပုံစံသားရဲဖြစ်နိုင်တယ်၊ ညကျရင် ဒီလိုသားရဲတွေရဲ့ တိုက်ခိုက်စွမ်းရည်ကအမြင့်ဆုံးဘဲ၊ ငါတို့ပြေးမလား,တိုက်မလား?” မုထျယ်ရင်း ကသတိကြီးစွာပြောလိုက်သည်၊ သူမကသားရဲကို အကြီးအကျယ်လှုံ့ဆော်မိမှာစိုးသောကြောင့် အသံကျယ်ကျယ်မပြောရဲပေ။

ကောင်းဖန်က သားရဲ၏ဒေတာအချက်အလက်တွေကို ရှင်းရှင်းလင်းလင်းကြည့်သည့် အခွင့်အရေးကိုရပြီးဖြစ်သည်၊ ထိုအရာကသာမန်အဆင့်, အဆင့်၁၅ အနက်ရောင်အရိပ် တောင်ခြင်္သေ့ဖြစ်သည်၊ ဒါပေမယ့်သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်များကြောင့် သားရဲ၏ ထင်ရှားသောလက္ခဏာများကို မဖော်ထုတ်နိုင်ပေ၊ နည်းပါးသောထိုအလင်းအခြေအနေအောက်တွင် သူကဘယ်လိုလုပ်ပြီးသားရဲကို ဖော်ထုတ်နိုင်တာကိုဘယ်လိုရှင်းပြလိုက်ရမှာလဲ?

သားရဲအကြောင်းကို သိပြီဖြစ်သော်လည်း ကောင်းဖန်သတိလက်လွတ်မနေရဲပေ။

တောင်ခြင်္သေ့၏ပေါက်ကွဲနိုင်သောခွန်အားသည် သာမန်ဖြစ်နေကတည်းကပင် သန်မာပြီးဖြစ်သည်၊ ဒီအနက်ရောင်အရိပ်တောင်ခြင်္သေ့သည် အမှောင်ထဲတွင်ရောနှောနေနိုင်ကာ, ၎င်း၏ပေါက်ကွဲစေနိုင်သော စွမ်းအားများပေါက်ထွက်သွားခြင်းနှင့်ပေါင်းစပ်သွားလျှင် ပြီးပြည့်စုံသော လူသတ်သမားဖြစ်နိုင်သည်၊

ည၏ထူထပ်အုံ့ဆိုင်းသောတောအုပ်အလယ်တွင် ထင်ထင်ရှားရှားမြင်နိုင်ဖို့နည်းသည်၊ သူတို့နှစ်ယောက် နောက်ကျောကိုပြပြီးရက်စက်သော သားရဲကြီးထံမှရိုးရိုးတန်းတန်း ပြေးမသွားရဲပေ၊ ထိုသို့ပြုလုပ်ခြင်းက အလွန်အန္တရာယ်များပြီး သားရဲ၏ပင်ကိုစရိုက်ကို လှုံ့ဆော်ပေးရာရောက်သည်၊

သူတို့က လက်ရှိအခြေအနေနှစ်ခုထဲတွင်ညှပ်နေပြီး ရွေးချယ်စရာလမ်းမရှိပေ၊ ဒါက ဝံပုလွေကိုတုတ်နဲ့တိုက်ခိုက်ပြီး နှစ်ဖက်လုံးကကြောက်ရွံ့မှုနှင့်တုံ့ဆိုင်းမှုဖြစ်နေခြင်းနှင့်တူသည်၊

အူး- ဝုတ်!ဝုတ်!

ထိုရပ်နေချိန်ကို ရုတ်တရက်ဟက်စကီးခွေးကဖျက်စီးလိုက်သည်၊

ရေညှိဟက်စကီးခွေးရူးသည် ၎င်း၏လမ်းကြောင်းဖြစ်သည့် သူတို့နှစ်ယောက်ကြားတွင် ပျော်ရွှင်စွာနှင့်ခုန်ပေါက်မြူးတူးနေပြီးနောက် ကောင်းဖန်ဆီသို့ပြေးလာတော့သည်၊ ကောင်းဖန်ဟက်စကီးကောင်၏ကြီးမားခြင်းနှင့် စွမ်းအင်ပြည့်ဝနေသောခန္ဓာကိုယ်နှင့် ခုန်ပေါက်ကာ အပြေးအလွှားသွားနေခြင်းမှ လေများကိုခံစားနေရသည်၊ သူကအခွင့်အရေးကိုမယူဘဲ အလျင်အမြန်သစ်ပင်နောက်တွင် ပုန်းလိုက်သည်၊ ထိုဟက်စကီးကောင်က သင့်တင့်လျော်ကန်တဲ့ဉာဏ်မရှိဘဲ မျိုးသန့်သည့်ပုံပေါက်သည်၊ ဒါကအန္တရာယ်ရှိတယ်၊

ဒီအချိန်မှာဒီဟက်စကီးကောင်ကဘာလုပ်ဖို့လာတာတုန်း? ကောင်းဖန် သူ့ဘာသာအံ့ဩနေတော့သည်။

ကောင်းဖန်ဆီသို့အတိအကျပြေးသွားပြီးသည့်နောက်, ၎င်းကကျယ်လောင်စွာဟောင်လိုက်သည်၊ ၎င်းကသင့်တော်ပြီးစစ်မှန်သည့် ဝုတ်ကို သုံးလိုက်သည်။ ၎င်းကကောင်းဖန်ကိုပျော်ရွှင်စွာဟောင်နေတော့သည်၊

တကယ်တန်းရိုးရိုးသားသားပြောရရင်, ကောင်းဖန် အခုချိန်ဒီဟက်စကီးကိုလုံးဝမကြိုက်ပေ၊ ထိုဟက်စကီးခွေးရူးကတကယ် မိုက်မဲလှသည်၊

မင်းဒီမှာအကုန်လုံးက အလေးအနက်ဖြစ်နေတာကိုမမြင်ဘူးလား? မင်းကလေထုကို ဖျက်စီးနေပြီးတော့အကုန်လုံးကိုကြောက်အောင်လုပ်နေတယ်၊

ကောင်းဖန်တည်ငြိမ်စွာနဲ့ ဟက်စကီးခွေးရူးကိုပြောလိုက်သည်, “ထွက်သွား”

ဟက်စကီးခွေးရူးသည် နောက်ဆုံးကောင်းဖန်တုံ့ပြန်တာကိုတွေ့သွားပြီး သူကချီးကျူး တယ်လို့ထင်တော့သည်၊ ၎င်းကရူးနှမ်းစွာနှင့်တောတွင်းအလယ်တွင် စိတ်လှုပ်ရှား၍ စက်ဝိုင်းပုံစံစပြေးတော့သည်၊

ခြုံပုတ်ထဲတွင် အနက်ရောင်အရိပ်တောင်ခြင်္သေ့က ရေညှိဟက်စကီးခွေးရူးကိုနက်ရှိုင်းစွာ လေးနက်သည့်အမူအရာဖြင့်ကြည့်နေသည်၊

မတော်တဆဆိုသလို ဟက်စကီးခွေးရူးသည် အနက်ရောင်အရိပ်တောင်ခြင်္သေ့ရပ်နေတဲ့သစ်ပင်ကို ဂမူးရှုးတူးနှင့်တိုက်လိုက်သည်၊

ချွန်ထက်သောလက်သည်းများသည် အနက်ရောင်အရိပ်တောင်ခြင်္သေ့၏လက်ဖဝါးမှ ထွက်လာပြီး သစ်ပင်ကိုင်းကိုချိတ်လိုက်ကာ ၎င်းကဟန်ချက်ညီအောင်ထိန်းလိုက်သည်

၎င်းကထက်သန်စွာနှင့် သစ်ပင်အောက်ရှိရေညှိဟက်စကီးခွေးရူးကို စိုက်ကြည့်နေကာ ၎င်းက နှေးကွေးစွာနှင့်နောက်သို့ပြန်ဆုတ်လိုက်ပြီး ၎င်းအနောက်ဘက်ရှိအမှောင်ထဲသို့ ရောနှောဝင်ရောက်သွားတော့သည်…

ဟက်စကီးခွေးရူးက သူ့ခေါင်းပေါ်တွင် အနက်ရောင်အရိပ်တောင်ခြင်္သေ့ထိုင်နေတာကို သတိမပြုမိပေ, ပြီးနောက်ပျော်ရွှင်စွာနှင့် စက်ဝိုင်းပုံစံပတ်ပြေးနေပြန်သည်၊

ပြန်ဆုတ်ခွာလိုက်သော အနက်ရောင်အရိပ်ခြင်္သေ့သည် ရုတ်တရက်အလျင်အမြန်ခုန်လိုက်ပြီး အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်၊ ၎င်းကအလွန်လျင်မြန်ကာ ကောင်းဖန်၏အမြင်က အမှီမလိုက်နိုင်ပေ၊ သူအကုန်မြင်ရတာက ဝါးနေသော အနက်ရောင်တစ်ခုက လျင်မြန်စွာဖြတ်သွားပြီးနောက်အဝေးသို့ခုန်ထွက်သွားသည်၊ အနက်ရောင်အရိပ်တောင်ခြင်္သေ့သည် မြင်နေရတုန်းတွင်ပင်ရိုးရှင်းစွာနှင့်ပျောက် ကွယ်သွားတော့သည်။

သစ်ပင်အောက်တွင် တအီအီလုပ်နေသော ဟက်စကီးခွေးရူးသာကျန်နေခဲ့တော့သည်၊ ဟက်စကီးရဲ့ခန္ဓာကိုယ်က နက်ရှိုင်းသောဟက်တက်ကွဲနေသည့်ဒဏ်ရာ ဖြတ်ဖောက်ခံလိုက်ရပြီး တစ်ပေခွဲလောက်ရှည်သည်၊ သွေးတွေကဒဏ်ရာမှစီးကျလာတော့သည်၊

***

အပိုင်း ၆၄ တောတွင်းမှ အန္တရာယ်များ

အနက်ရောင်အရိပ်က ပြန်ဆုတ်သွားတာလား?

မုထျယ်ယင်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ကြာ့စေ့လေးနှင့်တာ့ဇီတို့သည်လဲ အနည်းငယ်စိတ်ပြန်လျှော့သွားကြသည်။

ကောင်းဖန်သည်လဲ သတိလက်လွတ်ခပ်တင်းတင်းဆုပ်ထားမိသည့် ညာလက်သီးကို ပြန်ဖြေလျှော့လိုက်ကာ အသက်ရှူနှုန်းပင် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

အနက်ရောင်အရိပ်တောင်ခြင်္သေ့တစ်ကောင်ကို နိုးနိုးချင်းမှာပဲ မီတာ၅၀ပင် မဝေးသည့်အကွာအဝေးတွင် တွေ့လိုက်ရသည်က သူ့အတွက် တော်တော်လေးစိတ်လှုပ်ရှားသွားစေသည်။

ရုတ်တရက်ဆိုသလိုပဲ သူတို့သတိမပြုမိကြသည့် ကြီးမားသည့်တည်ရှိမှုကြီးတစ်ခုသည့် တောနက်ထဲမှတစ်ဆင့် သူတို့အနားသို့ ပိုပြီး နီးကပ်လာခဲ့သည်။ သစ်ပင်များကို ဖြတ်သန်းရွေ့လျားလာရာမှ တရှဲရှဲမြည်သံများကလဲ ထွက်ပေါ်နေသည်။

တောတွင်းရှိခြင်များတောင်မှ မသိလိုက်ပါဘဲ တဝီဝီလုပ်နေခြင်းများ ရပ်တန့်လို့သွားကြသည်။ အနက်ရောင်အရိပ်တောင်ခြင်္သေ့ရောက်လာတုန်းကတောင်မှ ဤမျှလောက် တိတ်ဆိတ်မနေပေ။

၎င်းကတော့ တစ်ကြိမ်ရွှေ့လိုက်လျှင် မီတာပေါင်းများစွာအထိတာသွားသည့် ဧရာမကြီးမားလှသည့် မြွေကြီးတစ်ကောင်ပင်ဖြစ်သည်။ ထိုကြောက်လန့်ဖွယ်ကောင်းသည့် ပုံရိပ်ကြီးက သူတို့ရှိရာဆီသို့ ဦးတည်လို့လာနေခဲ့သည်။

၎င်းသည် ကြာစေ့လေး၏အော်သံကြောင့် လန့်ဖျက်သွားကာ သွေးအနံ့ကိုရလိုက်တာကြောင့်လဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏ကားတစ်စီးစာလောက်ကြီးမားသည့် ခေါင်းကြီးက သစ်ပင်ကိုင်းမြင့်ပေါ်မှနေပြီး မြေပြင်သို့ စိုက်ကြည့်နေခဲ့သည်။ ၎င်း၏မျက်လုံးများမှာ မီးပုံးတစ်လုံးလောက်စီကြီးပြီး အကြည့်များက အေးစက်လှသည်။ ထိုမျက်လုံးများသည့် အနက်ရောင်အရိပ် တောင်ခြင်္သေ့နှင့်ဆန့်ကျင့်ဘက်ဖြစ်စွာ အလင်းရောင်ကိုစုပ်ယူထားသကဲ့သို့ နက်မှောင် မှုန်မှိုင်းလို့နေသည်။

သစ်ပင်ပေါ်မှ ခေါင်းစိုက်ဆင်းလာပြီး သူ့ပါးစပ်ကိုလဲ ၁၈၀ဒီဂရီလောက်ပင် ကျယ်အောင် ဟထားသည်။ ၎င်းသည် သေမင်းတမန်တစ်ပါးလို့ သူ့ရှေ့ရှိအရာရာတိုင်းကို ရိပ်သိမ်းလို့နေသည်။

တစ်ချက်လောက်ကိုက်လိုက်ရုံဖြင့် ဟက်စကီးခွေးရူးကို မြိုချသွားသည်။

၎င်း၏ပါးစပ်တစ်ဝိုက်မှကြွက်သားများမှ မညီမညွတ်လှုပ်ရှားနေပြီး အရိုးများကို ကြေမွသွားသည့်အသံကိုပင် ကြားနေရသည်။

ထိုသားရဲသည် ကြောက်စရာကောင်းဖို့အတွက် ခြေသည်းတွေ၊ အစွယ်တွေ တစ်ခုမှမလိုအပ်ဘဲ ၎င်း၏အရွယ်အစားကို မြင်လိုက်ရရုံနှင့်ပင် လူတစ်ယောက်ကို နှလုံးသားထဲကပင် ထိတ်လန့်သွားစေဖို့ လုံလောက်ပေသည်။

မုထျယ်ယင်း သူမ၏ခြေလက်များ အေးစက်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ခြေထောက်များကလဲ မြေပေါ်တွင် အမြစ်တွယ်နေသလို တုပ်တုပ်မှမလှုပ်နိုင်ပေ။ ဒါကြောင့် အပေါ်မှ ကြီးမားသည့် မြွေခေါင်းကြီး လျှောဆင်းလာသည်ကို မရှောင်နိုင်ဘဲ ကြည့်ရုံသာကြည့်လို့နေနိုင်သည်။

အစောတုန်းက သွက်လက်စွာနှင့် ခုန်ပေါက်နေသည့် ဟက်စကီးခွေးရူးမှာ တစ်ကိုက်စာနှင့်တင် မြိုချခံလိုက်ရကာ နောက်ထပ်အသံထွက်ဖို့ရန် အခွင့်အလမ်းမရှိတော့ပေ။

ဟက်စကီး‌ခွေးရူးကို တစ်ကိုက်တည်းနှင့်စားသောက်ပြီးနောက် သွေးနီရောင်မြွေခေါင်းကြီးက လျှာကိုတစ်ချက်သက်လိုက်ကာ သူစားလိုက်ရသည့်အရသာကို ကျေနပ်နေဟန်ပြသည်။

[မကောင်းဆိုးဝါးအမည်] : ဧရာမတောတွင်းအန်နာကွန်ဒါမြွေ (ဧရာမသန္ဓေပြောင်းကောင်)

[မကောင်းဆိုးဝါး အဆင့်] : ၂၀

[မကောင်းဆိုးဝါး အဆင့်အတန်း] : ပြီးပြည့်စုံအဆင့်

[မကောင်းဆိုးဝါး စွမ်းရည်] : သစ်သားဓါတ်

[မကောင်းဆိုးဝါး အားနည်းချက်] : မီးအမျိုးအစား

နောက်ဆုံးမှာတော့ ကောင်းဖန် မြွေ၏အသွင်အပြင်အလုံးစုံကို မြင်လိုက်ရသည်။ ၎င်းတွင် ဆီဒင်ကားအသေးစားအရွယ်ခေါင်းမျိုးရှိကာ အစိမ်းရောင်အစင်းကြောင်းများ အပြည့်ပင်။ အစင်းကြောင်းများတင်မကသေး ၎င်း၏အရေပြားအရောင်ထက်ပိုမိုမှိန်ဖျော့သည့် ငါးဖမ်းပိုက်လိုအကွက်များလဲရှိသေးသည်။ ထိုအကွက်များကပင် အန်နာကွန်ဒါမြွေကို သစ်ကိုင်းများပေါ်တွင် အလွယ်တကူ ချောသွားစေနိုင်ပုံပေါက်လှသည်။

၎င်း၏ကြီးမားသည် ခန္ဓာကိုယ်ကြီးသည် ခေါင်းနေရာမှနေပြီး သစ်ပင်အပေါ်ဘက် အကိုင်းအခက်များတွင် ရစ်ပတ်ကာရှိလို့နေသည်။ ၎င်း၏အမြီးအဆုံးပိုင်းသည်တော့ အမှောင်ထဲသို့ပင် ဆန့်ထွက်လို့နေသည်။

ကောင်းဖန်အတွက်ကတော့ ထိုမျှကြီးမားလှသည့် ခန္ဓာကိုယ်ကြီးတစ်ခုက သစ်ပင်ပေါ်တွင် ဘယ်လိုများ တွယ်ကပ်နေနိုင်လဲဆိုသည်ကို နားလည်ရန်ခက်လို့နေသည်။ ယုတ္တိရှိရှိပြောရလျှင် ဒီလောက်ကြီးတဲ့ခန္ဓာကိုယ်ကြီး၏ အလေးချိန်နဲ့ဆိုရင် ဒီလိုနေနိုင်ဖို့ နေနေသာသာ သစ်ကိုင်းတွေအားလုံး ကျိုးကြေကုန်ရောပေါ့၊ မဟုတ်ရင် သူ့ခန္ဓာကိုယ်ကြီးက မြင်ရသလောက် အလေးချိန်မစီးလို့များလား။ ဘာပဲဖြစ်ဖြစ် ဒီအန်နာကွန်ဒါမြွေသည် ကောင်းဖန် လောလောဆယ် အနိုင်ယူနိုင်သည့် သားရဲမျိုးမဟုတ်ပေ။

အဆင့်၂၀၊ ပြီးပြည့်စုံအဆင့်တင်မကဘဲ ဧရာမသန္ဓေပြောင်းကောင်လဲဖြစ်နေသေးသည်။

ဒီဧရာမတောတွင်းအန်နာကွန်ဒါမြွေကို စိန်ခေါ်နိုင်မယ့် တစ်ဦးတည်းသောသူကတော့ ဒမ်ဘီသာရှိပေလိမ့်မည်။

ဧရာမတောတွင်းအန်နာကွန်ဒါမြွေကြီး သူ့အစာကို မြိုချနေစဉ်မှာပဲ ကောင်းဖန်က အလျင်စလိုဖြင့် မုထျယ်ယင်းကို ပြောလိုက်သည်။ “ရှင်းပြနေဖို့ အချိန်မရှိသေးဘူး။ မြန်မြန် ကြာစေ့လေးပေါ်တက်လိုက်။”

မုထျယ်ယင်း စိတ်ရှုပ်ထွေးလို့နေသည်။

ကောင်းဖန် အမြန်ပဲ ကြာစေ့လေး၏ကျောပေါ်တက်လိုက်ကာ မုထျယ်ယင်းကိုလဲ တက်လာရန် သတိပေးလိုက်သည်။ သူတို့ခြေထောက်နှင့်သူတို့ဆိုလျှင် ဒီဧရာမတောတွင်းအန်နာကွန်ဒါမြွေကြီး ပါးစပ်မှလွတ်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတော့ မုထျယ်ယင်းလဲ ကောင်းဖန် ဘာကိုပြောချင်မှန်း နားလည်သွားခဲ့သည်။

သူမမျက်နှာက နီရဲနေကာ ကောင်းဖန် တက်စီး၍ စိတ်မသက်မသာဖြစ်နေသည့် ကြာစေ့လေးကို စိတ်လျှော့စေရန် နှစ်သိမ့်ပေးလိုက်သည်။

တာ့ဇီသည်တော့ ကောင်းဖန်၏အမိန့်အရထွက်ပြေးနှင့်ပေပြီ။ ၎င်း၏ခြေချောင်းတစ်ထောင်ကို အရှိန်မြှင့်လိုက်သည်နှင့် တခြားလူအားလုံးထက် ပိုလို့ လျင်မြန်နေတော့သည်။

များမကြာမှီတွင် ကြာစေ့လေးသည် ထိပ်ထိပ်ပျာပျာနှင့်ရှောင်တိမ်းတော့သည်။ ကျေးဇူးတင်စရာဘဲ, တောရဲ့ဒီနေရာကသိပ်ပြီးမထူထပ်တာကြောင့် ကြာစေ့လေးအတွက် အပင်များကြားတွင် လုံလောက်သောနေရာလပ်ရှိပြီး သူမ၏စွမ်းရည်အစဉ်အတိုင်း တိုက်ခိုက်မှုကိုအပြည့်အဝအသုံးချနိုင်သည်၊

ဧရာမတောတွင်းအန်နာကွန်ဒါမြွေသည် ကောင်းဖန်ကိုကြည့်နေပြီး ကျန်သောလူများ လွတ်သွားသော်လည်း သူတို့နောက်မှလိုက်မသွားပါ။ ထိုအစား, ၎င်းကကြီးမားသော သစ်ပင်ဆီကိုလှည့်လိုက်ပြီး ၎င်းကိုကိုက်လိုက်ကာ, တစ်ကိုက်တည်းနှင့်သစ်ပင် အလယ်ကနေချိုးလိုက်သည်၊ ကိုက်ရင်းကိုက်ရင်းနှင့် အန်နာကွန်ဒါမြွေကသစ်ပင်ကို မြိုချလိုက်သည်၊

သစ်ပင်ပင်စည်က ၎င်း၏ပါးစပ်ထဲတွင် ကြွပ်ရွနေသောဘီစကွက်ကဲ့သို့ဖြစ်နေပြီး, ထိုအချိန်မှာပင် ပါးစပ်အပြည့်မျိုချလိုက်သည်၊ အန်နာကွန်ဒါမြွေရဲ့သန်မာသည့် ကြွက်သားများကအလုပ်လုပ်တော့သည်၊ ထိုအရာတွင် ထူးဆန်းသောအားတစ်ခု ရှိနေပြီး ၎င်း၏အစာကိုဖျစ်ညစ်ကာ ချေညက်ပစ်လိုက်သည်၊ ၎င်းတွင်သွားမရှိသော်လည်း ထိုထူးဆန်းသောခွန်အားက ၎င်း၏အစာအများစုကို ချေဖျက်ပြစ်နိုင်သည်၊

ထိုအရွယ်ကြီးမားသောခန္ဓာကိုယ်သည် သာမန်အားဖြင့်အသားမှအကျိုးပြုရန် သာမှီခိုအားထားခြင်းမဟုတ်ဘဲ, ထိုနေရာတောင်ကြားက ထိုသို့သောကြီးမားသော စားသောက်သူကိုထောက်ပံ့ပေးလိမ့်မည်၊ ဒီလို ဧရာမတောတွင်း အန်နာကွန်ဒါမြွေသည် အစားမျိုးစုံစားသောသားရဲအဖြစ်သင့်လျော်အောင်နေခြင်းဖြစ်သည်၊

၎င်း၏ အရွယ်အစားအောက်တွင် သေးငယ်သောအင်းစက်ပိုးလေးများက ၎င်းဆီမှလွတ်မြောက်ရန်ကြိုးပမ်းနေကြသည်၊ ဧရာမတောတွင်း အန်နာကွန်ဒါမြွေသည် သူတို့ကို စိတ်ထဲ မထားပါ၊ ၎င်းကသွေးရနံ့ကိုသာခံစားချင်ပြီး ၎င်း၏အရသာကို အနည်းငယ်ပြောင်းလဲချင်တာသာဖြစ်သည်။

ထို့အပြင် ၎င်း၌ပျင်းရိသောပင်ကိုစရိုက်ရှိပြီး သူ၏သားကောင်ကိုလိုက်ရန်လည်း ဆန္ဒမရှိခဲ့ပေ။ ဒေါသထွက်မနေဘဲ ဒဏ်ရာရနေပြီးရွေ့လျားမှုနည်းသူ, ဒါမှမဟုတ် နေမကောင်းဖြစ်နေပြီး အိုနေသောသားရဲများကိုသာ သားကောင်အဖြစ်ရွေးချယ်ခြင်းကို ပိုကြိုက်သည်၊ တခြားအချိန်များတွင် ၎င်းကသူ့အချိန်တွေကိုတစ်ကောင်တည်း အေးအေးဆေးဆေးနှင့်အရိပ်ရှိသော အပေါက်ထဲတွင် ဘဝ၏အဓိပ္ပါယ်ကိုချင့်ချိန်နေရ ခြင်းကို ပိုပြီးနှစ်သက်သည်၊

ထိုဧရာမတောတွင်း အန်နာကွန်ဒါမြွေကလိုက်လံဖမ်းဆီးမှုမရှိတဲ့နောက် သူတို့အဖွဲ့က နောက်ဆုံးတော့ရပ်လိုက်ကြပြီး လေးလံကာ အမောတကောဖြစ်နေတော့သည်၊ ကောင်းဖန်ကဘေးပတ်လည်ကိုလှည့်ကြည့်လိုက်ပြီး ကြာစေ့လေးနောက်ကိုလျှောချလိုက်သည်၊ ကြာစေ့လေးကကောင်းဖန်ကို မပျော်ရွှင်စွာနှင့်စိမ်းစိမ်းဝါးဝါးကြည့်လိုက်ပြီးနောက် ဘေးဘက်သို့ မြက်တချို့စားရန် ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်၊

ရိုးရိုးသားသားပြောရရင်ကောင်းဖန်၏ခြေထောက်များသည် ယခုအထိဂျယ်လီကဲ့သို့ပင် ခံစားနေရသေးသည်။

သူကသူနဲ့ရွယ်တူတွေထက် ပိုပြီးရဲရင့်ပေမယ့် အခုအထိ ထိုမြင်ကွင်းကိုစဉ်းစားကြည့်လျှင် သူ့ကျောရိုးအတွင်းထဲကပင် တုန်ခါနေသေးသည်၊

သေခြင်းတရားက သူတို့ကိုဖြတ်သန်းသွားခြင်းနှင့်တောင်တူသည်။

ဧရာမတောတွင်း အန်နာကွန်ဒါမြွေသည် ရုတ်တရက်သူ၏အရသာကိုပြောင်းရန် ဒဏ်ရာရနေသည့်ရေညှိဟက်စကီးခွေးရူးအစာကိုမစားဘဲ အဲ့ဒီအစားချောမောတဲ့လူကိုစားဖို့ ရွေးလိုက်ရင်ရော?

ကောင်းဖန်သူ့မျက်နှာကိုထိလိုက်သည်၊ သူသာအဲ့လိုမျိုချခံလိုက်ရရင် အသက်ရှင်နေမယ်လို့မထင်ဘူး၊

သူက သူ့ကိုထိခိုက်စေမှုကို တာ့ဇီဆီသို့လွှဲပြောင်းနိုင်ပေမယ့် ထိုအန်ဒါကွန်မြွေသာ အကယ်၍မြိုချလိုက်ရန် မလွတ်မြောက်နိုင်ပေ၊ တဖြည်းဖြည်းချည်ဖျက်နေသည့် အစာချေအရည်များသည် သူ့ကိုအန္တရာယ်ဖြစ်စေသည်၊

နောက်ဆုံးပျက်စီးမှုသည် အကန့်အသတ်တစ်ခုအထိရောက်ပြီး သူက၎င်းတို့ကို တာ့ဇီဆီသို့မပို့နိုင်တော့လျှင် ထို့နောက်သူ၏အကုန်ကျန်ရှိသောအရာများသည် အရိုးများသာဖြစ်လိမ့်မည်၊ အကယ်၍အချိန်အလုံအလောက်ဖြတ်သွားနိုင်ပါက သူ၏ အရိုးများပင်လျှင် တမြည့်မြည့်ပျက်စီးသွားနိုင်သည်။

“ဧရာမတောတွင်း အန်နာကွန်ဒါမြွေက အခုနိုးကြားထကြွလာပြီ” စစ်သား ကပြင်းထန်သောလေသံနှင့်ပြောလိုက်သည်၊ “ဆာ, ကျွန်တော်တို့ အဲ့ဒီသန္ဓေပြောင်း အန်ဒါကွန်ဒါမြွေကို ဖယ်ရှားလိုက်ရမလား?”

“မလိုဘူး” ဗိုလ်မှူးက စိမ်းစိမ်းဝါးဝါးနှင့်မှန်ပြင်ကိုစိုက်ကြည့်နေသည်၊ ဧရာမတောတွင်း အန်နာကွန်ဒါမြွေက ပေါ့ပေါ့ပါးပါးပင်သစ်ပင်တစ်ချို့ကို စားပစ်လိုက်သည်၊ “ဧရာမတောတွင်း အန်နာကွန်ဒါမြွေက သဘာဝတရားအရ ညင်သာတဲ့အကောင်ဖြစ်ပြီးတော့ တိုက်ခိုက်မှုကိုအစပြုတဲ့အချိန်မှာ သူရဲ့တိုက်ခိုက်မှုစွမ်းအားကမပြင်းထန်ဘူး၊ ကျောင်းသားတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတော့မဟုတ်ဘူး၊ ဒီကောင်က သူတို့အတွက် နောက်ထပ်စမ်းသပ်မှုတစ်ခုဘဲ၊ အထက်တန်းကျောင်းစာမေးပွဲအတွက် ထူးခြားပြီးမျှော်လင့်ချက်ရှိတဲ့ကျောင်းသားတွေသာ ဒီတောအန်ဒါကွန်ဒါမြွေသားရဲကြီးကို သတ်နိုင်မှာဘဲ၊”

စစ်သားကစကားပြောတာကိုရပ်လိုက်သည်၊ သူကတိတ်ဆိတ်စွာနှင့်ကျောင်းသားတွေအတွက် စိတ်ပျက်သွားတော့သည်။

ခတ္တနားပြီးနောက်ဗိုလ်မှူးကပြောလိုက်သည်, “ရွှေရောင်လင်းတ ကယ်ဆယ်ရေးအဖွဲ့ ကိုအသင့်ပြင်ထားလိုက်၊ အကယ်၍တစ်ယောက်ယောက်က အရေးပေါ်ကယ်ဆယ်ရေး ခလုတ်ကိုနှိပ်လိုက်ရင် ချက်ချင်းပြန်သွားကြ”

…

ထိုအချိန်ကောင်းဖန်နှင့်မုထျယ်ရင်းသည် ဘယ်ပလက်ဖောင်းတစ်ခုမျှမဆောက်ခဲ့ကြပေ၊ သူတို့ကရိုးရိုးတန်းတန်း မြေပြင်ပေါ်တွင်မြက်နုအချို့ကိုသာတင်ထားပြီး တာ့ဇီနှင့် ကြာစေ့လေးဘေးတွင်သာအိပ်ခဲ့ကြသည်၊

တောအန်ဒါကွန်မြွေသားရဲနှင့်တွေ့ပြီးသည့်နောက် ကောင်းဖန်၏ကံဆိုးမှုအားလုံးကို အသုံးချလိုက်သောကြောင့် သူတို့ညတွင်နောက်ထပ်အခြားဘယ်သားရဲနှင့်မျှမတွေ့ပေ။

နံနက်မိုးလင်းသောအခါမှသာ ကောင်းဖန်နှင့်အခြားသူများက တိုက်ခိုက်မှုဖြစ်ပွားသော နေရာသို့ စွန့်စွန့်စားစားသွားရဲကြတော့သည်၊

သစ်ပင်များစွာကျိုးပဲ့နေကြပြီး မြေပေါ်သို့လဲကျနေကြသည်၊ ကျိုးပဲ့နေသောပင်စည် များ၏ပွတ်တိုက်ထားသောလက္ခဏာများကိုလည်းတွေ့ရသည်၊

“ဟမ်?” ကောင်းဖန်ကကျိုးပဲ့ကာ လဲကျနေသောသစ်ပင်ကိုကြည့်လိုက်သည်၊ အဖြူရောင် ရောင်ပြန်ဟပ်မှုရစ်သိုင်းနေသောတစ်ခုက သူ့အာရုံကိုဆွဲဆောင်နေသည်၊

All Chapters