← Chapters

အခန်း (၆၅-၆၈)

Vol. 5 Ch. 65-68

အခန်း (၆၅-၆၈)

Vol. 5 Ch. 65-68

အပိုင်း ၆၅ ကျိုးကောင်အဖွဲ့

ကောင်းဖန် ပုံမှန်အတိုင်းပဲ လမ်းလျှောက်သွားကာ ဘေးဘယ်ညာကို အကဲခတ်လိုက်ပြီး မုထျယ်ယင်း သူ့ဘက်ကို အာရုံထားမနေကြောင်း အတည်ပြုလိုက်သည်။

ထို့နောက် သူ့ညာခြေထောက်ကို ဆန့်ကာ တောက်ပနေသည့်အဖြူရောင်သခင်းကျောက်ကို နင်းလိုက်ကာ ဖိနပ်ကြိုးချည်ဟန်ဆောင်ရင်း အောက်သို့ ထိုင်ချလိုက်သည်။

[မကောင်းဆိုးဝါးအမည်] : သစ်သားအာကာပြင်နှလုံးသား (နေရာလွတ်စွမ်းရည် ပစ္စည်း)

ကောင်းဖန်မှာ ပစ္စည်းအမျိုးအမည်နှင့် ဂုဏ်သတ္တိကိုသာ ဖော်ပြထားကြောင်း တွေ့လိုက်ရသည့်အတွက် အနည်းငယ်စိတ်ညစ်သွားသည်။ ဒီပစ္စည်းနဲ့ပတ်သတ်တဲ့ တခြားအကြောင်းအရာတွေကို သူဘယ်လိုလုပ်ရင်ရလောက်လဲ။

သို့ပေမည့် သူ့ရဲ့ ဂျယ်လီငါးပျံကို ဆင့်ကဲတိုးတက်အောင် လုပ်ရန် သုံးလို့ရမည့် နည်းလမ်းများထဲမှ တစ်ခုတွင် သစ်သားအာကာပြင်နှလုံးသားသည် အရေးကြီးသည့်ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေတာကြောင့် ကောင်းဖန် ကျေးဇူးတင်နေတော့သည်။ အဆင့်မြှင့်ဖို့အတွက်ကတော့ စုစုပေါင်း၃ပေါင်လိုခြင်းဖြစ်သည်။

ကောင်းဖန် ထိုသစ်သားအာကာပြင်နှလုံးသားကို လက်ထဲတွင် ထည့်ရင်း အလေးချိန်မှန်းဆကြည့်လိုက်တော့ ၀.၅ပေါင်လောက်ရှိကြောင်း ခန့်မှန်းမိသည်။

ဆိုတော့ သူဒါမျိုး အခု၆၀လောက် လိုသေးတာပေါ့။

သားရဲတိုင်းတွင် အဆင့်မြှင့်တင်ဖို့ နည်းလမ်း တစ်ခုထက်မကရှိကြသည်။ ပုံမှန်အားဖြင့် ပါဝင်ပစ္စည်းတစ်ခုကို နည်းလမ်းများစွာတွင် သုံးနိုင်သလို နည်းလမ်းတစ်ခုတည်းတွင်လဲ ပါဝင်ပစ္စည်းများစွာလိုအပ်သည်။

ကောင်းဖန် မြင်နေရသည့်အချက်အလက်ဇယားတွင် အများအားဖြင့် ပြသထားသည်များထဲမှ ပထမဆုံးအချက်သည် သူ့ငွေကြေးနှင့်အကိုက်ညီဆုံးပင်။ သူသာ အဆင့်မြှင့်မည့်နည်းလမ်းများကို ချဲ့ကာ သေချာကြည့်ရှုပ်ပါက ဖြစ်နိုင်ခြေနည်းလမ်း အမျိုးအစားများစွာကို တွေ့မြင်နိုင်ပေမည်။

အချို့သော နည်းလမ်းများသည် ဟန်ပြသာဖြစ်ပြီး လိုအပ်သည့် ပစ္စည်းကိရိယာနှင့်ကုန်ကြမ်းများစွာ ပါဝင်ကာ ရှုပ်ထွေးသည့် သိပ္ပံနည်းကျစမ်းသပ်မှုတွေလိုမျိုး လုပ်ထုံးလုပ်နည်းများပင် လိုအပ်ပေမည့် ပြီးဆုံးဖို့ နေ့တစ်ဝက်လောက်သာလိုအပ်သည်။ ၎င်းသည် အလွန်ဆန်းပြားကာ အမိုက်စားပုံပေါက်သော်လည်း ဟန်ပြဖို့ရန်သာ အသုံးဝင်သည်။

တခြားရှိသေးသည့် နည်းလမ်းများသည်လဲ တကယ်တော့ အလွန်ဆန်းပြားလှသည်။ ၎င်းအတွက် ပါဝင်ပစ္စည်းများကို သန့်စင်ပေးရန်အတွက် မီး၊ လျှပ်စီး၊ ရေခဲ အစရှိသည့်စွမ်းရည်တို့ကို ထိန်းချုပ်နိုင်သည့် သားရဲများ၏ အကူအညီကိုပင် လိုအပ်သည်။ လုပ်ငန်းစဉ်တစ်လျှောက် အပူချိန်နှင့် အချိန်က အတိကအကျလိုအပ်ကာ မီလီစက္ကန့်အထိတောင် ထိကျမှရသည်။ ထိုသို့သော နည်းလမ်းများသည် လေ့ကျင့်သူနှင့်သားရဲကြားမှ စိတ်ဝိညာဉ်၏ ပြီးပြည့်စုံသော ထပ်တူပြုမှုလောက်နီးနီးလိုအပ်ကာ ထိုမှသာ နောက်အဆင့်တစ်ခုသို့ အောင်အောင်မြင်မြင်ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုသို့သော စံနှုန်းမျိုးရရှိရန်အတွက်ကတော့ နှစ်ပေါင်းများစွာ လေ့ကျင့်ယူရပေမည်။

ကောင်းဖန်သည်တော့ ထိုနည်းလမ်းများကို သင်ယူနိုင်ခြင်းမရှီသေးပေ။ ဒါတွေက “ငါကြည့်ရုံလေးနဲ့ နားလည်မယ်လို့ ထင်နေလား?”လို့တောင် ပြန်ပြောရအောင် ခက်ခဲလွန်းသည့်အဆင့်တစ်ခုတွင် ရှိသည်။

ဒီလိုအဆင့်မြင့်နည်းပညာများကို သင်ယူဖို့ရန်အတွက် ပါဝင်ပစ္စည်းများစွာကို အသုံးပြုကာ ထပ်တလဲလဲလေ့ကျင့်မှုလုပ်ဖို့ လိုအပ်ပေသည်။ ကောင်းဖန်၏ အထူးစွမ်းရည်က အချက်အလက်များကို လမ်းညွှန်ပြသသည့်နေရာတွင်သာ အသုံးဝင်သည်။ တကယ်တမ်း ပစ္စည်းတွေနဲ့လက်တွေ့လုပ်နည်းတွေကိုတော့ သူကိုယ်တိုင်သာ လုပ်ရသည်ချည်းသာဖြစ်သည်။

ကောင်းဖန်သည် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများဖြင့် အာဏာမရှိသလို ကမ္ဘာစနစ်ကြီးကို အေးခဲသွားစေနိုင်သည့် ရူးနှမ်းနှမ်းအရာလဲမရှိပေ။ ထိုသို့သောနည်းလမ်းများကို သူ့ဘာသာ သင်ပြပေးမည့်ဆရာမရှိဘဲ သင်ကြားဖို့ မဖြစ်နိုင်ဘဲ ရူးမိုက်သည့် အိပ်မက်တစ်ခုသာဖြစ်သည်။

ထိုအရာတွေက လောလောဆယ်တော့ အသုံးချလို့မရသေးဘဲ ကောင်းဖန်သည်တော့ ဆင်းရဲသားနည်းလမ်းဖြစ်သည့် အိုးကြီးကြီးထဲတွင် ဆေးဖက်ဝင်ပစ္စည်းများထည့်ကာ အဆင့်မြှင့်ရသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်သည်။ ဒါက ဈေးအပေါဆုံးနည်းလမ်းတစ်ခုလို့ ထင်ရပေမည့် အမှန်တကယ်တော့ တကယ်ကိုရှက်စရာကောင်းလှသည်။

သို့သော်လည်း တခြားရွေးချယ်စရာမှမရှိနေပဲ။ ဒါကသာ ကုန်ကျစားရိတ်အသက်သာဆုံးနည်းလမ်းဖြစ်သည်။ လူချမ်းသာတွေမှာ လူချမ်းသာတွေအတွက် ကိုယ်ပိုင် ရှင်သန်ရာနည်းလမ်းရှိသလို ဆင်းရဲသူတွေလဲ သူတို့ကိုယ်ပိုင် အာဟာရဖြစ်စေမည့် ကိုယ်ပိုင်နည်းလမ်းရှိသည်။

ပုံမှန်ဆိုလျှင် ထိုသို့သော ရိုးရှင်းသည့် နည်းလမ်းများသည် အစပိုင်းအတွက်သာ အသုံးဝင်သည်။ သားရဲ၏အဆင့်နှင့် အဆင့်အတန်းတိုးလာသည်နှင့်အမျှ သားရဲ၏အဆင့်တိုးလာအောင် လုပ်ရသည့် နည်းလမ်းများက ပိုလို့ရှုပ်ထွေးကာ ဆန်းကြယ်လာမှန်း ကောင်းဖန် သတိထားမိသည်။ နောက်ဆုံးတွင်တော့ ထိုသို့အကြမ်းထည်နည်းလမ်းများကို ဆက်ပြီး မှီခိုအားထားဖို့ မဖြစ်နိုင်တော့သည့် အခြေအနေသို့ပင် ရောက်သွားပေလိမ့်မည်။

အချိန်တန်ရင် ကိုယ့်အရည်အချင်းကိုယ်လဲ မြှင့်တင်သွားဖို့ ငါအာရုံစိုက်ရမယ်။ အဆင့်နိမ့်သားရဲနည်းနည်းလောက်ရှာပြီး စလေ့ကျင့်ကြည့်ရင်လဲဖြစ်နိုင်တာပဲ။ ကောင်းဖန် သူ့ဘာသာတွေးနေမိသည်။

ကောင်းဖန် အနားတစ်ဝိုက်ကို ဆက်ပြီးရှာဖွေခဲ့ကာ အဆုံးမှာတော့ ဘေးနားက သစ်ပင်ပြတ်နှစ်ပင်အနားတွင် နောက်ထပ် သစ်သားအာကာပြင်နှလုံးသား နှစ်ခုကို ထပ်ရှာတွေ့သွားသည်။

ပထမတစ်ခုအပါအဝင် သုံးခုလုံးသည် ပုလင်းသစ်ပင်ဟု ခေါ်သည့် သစ်ပင်အမျိုးအစား၏ အလယ်ဗဟိုတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုသစ်ပင်သုံးပင်စလုံးသည် အလွန်အိုမင်းနေကြပြီဖြစ်ကာ အနားရှိအခြားသော ပုလင်းသစ်ပင်များထက် ပိုပြီးထူထဲသည်။

ပုလင်းသစ်ပင်ဆိုသည့်နာမည်မှာ သူ၏ပုံပန်းသွင်ပြင်မှရလာခြင်းဖြစ်ပြီး ၎င်းသည် ထောင်ထားသည့် ဘီယာပုလင်းနှင့်တူလှကာ ထိပ်မှာတော့ သရဖူလိုမျိုးသစ်ကိုင်းသစ်ခက်များရှိသည်။

ပုလင်းသစ်ပင်၏ ဗဟိုချက်နောက်ကွယ်မှ လျှို့ဝှက်ချက်အကြောင်း တခြားသူများ ရှာဖွေတွေ့ရှိပြီးပြီလားဆိုသည်ကိုတော့ ကောင်းဖန် မသိပေ။ သို့သော်လည်း ယခုအချိန်အထိ သစ်သားအာကာပြင်နှလုံးသားအကြောင်းကို ဘယ်ဈေးကွက်ထဲမှာမှ ရောင်းချသည်ကို မမြင်ဖူးသလို မဂ္ဂဇင်း သို့မဟုတ် ကြော်ငြာများတွင်လဲ ထည့်သွင်းကြော်ငြာခြင်းမျိုး မတွေ့ဖူးပေ။ ပြောရမယ်ဆို ဒီလိုပုံစံနှင့်ဆင်တူသည့် ပစ္စည်းမျိုးအကြောင်းကိုပင် မကြာဖူးခဲ့ပေ။

သူ့ကို ပိုလို့သိချင်လာမိစေသည်ကတော့ သစ်သားအာကာပြင်နှလုံးသားကို အရင်က တစ်ယောက်မှ ရှာဖွေမတွေ့ရှိထားဖူးကြဘူးဆိုလျှင် ဒီနာမည်က ဘယ်ကနေဖြစ်ပေါ်လာတာလဲ?

ပုလင်းသစ်ပင်များသည် ဤတောင်ကြားထဲမှာမှ သီးသန့်တွေ့ရသည်မဟုတ်ဘဲ အပြင်ဘက်တွင်လဲ အတော်အတန်တွေ့ရသည်။ ကောင်းဖန် တော်ကြားမှ ပြန်ထွက်ပြီးကာမှ တောထဲတွင် အနည်းငယ်ပြန်စူးစမ်းရန် စီစဉ်ထားကာ ဒီလိုဆို သူနောက်ထပ် သစ်သားအာကာပြင်နှလုံးသားများစွာကို ပိုစုဆောင်းလာနိုင်လိမ့်မည်။

ခဏအကြာတွင် ကောင်းဖန်စိတ်ပြန်လည်လာပြီးနောက် မုထျယ်ရင်းနှင့် အတူဆက်၍ နက်ရှိုင်းသောတောင်ကြားအထိ စူးစမ်းလေ့လာခဲ့ကြသည်၊ တခြားသူများ နှင့်ဝေးသောတစ်နေရာတွင် သူတို့လုံခြုံသောအိမ်တစ်လုံးကိုရှာတွေ့ခဲ့သည်၊

ဤလုံခြုံသောအိမ်သည် သူတို့၏ အခြေစိုက်စခန်းအသစ်ဖြစ်သဖြင့်, သူတို့ထိုဧရိယာတစ်ဝိုက်တွင်ဆက်၍ စူးစမ်းခဲ့ကြသည်၊

နောက်ထပ်ရက်အနည်းငယ်လောက်တွင်, သူတို့ပတ်ဝန်းကျင်နေရာအမြောက်အမြားကို စူးစမ်းလေ့လာခဲ့ကြပြီး နောက်ထပ်အမျိုးအစားများစွာရှိသောသားရဲများအကြောင်းကိုလည်း လေ့လာသင်ယူနိုင်ခဲ့ကြသည်၊

သူတို့တွေ့ခဲ့သောသားရဲအများစုသည် အဆင့်နိမ့်၍ခြိမ်းခြောက်မှုမရှိသောသားရဲများဖြစ်သည်၊ ဒါပေမယ့် ထိုလူ့သဘာဝနှင့်တူညီသည့် သတ္တဝါများကို ပထမဆုံးအကြိမ်အပြင်တွင် တွေ့ကြုံခဲ့ရ သောကြောင့် အတူတူပင် အကျိုးရှိသောအတွေ့အကြုံများပင်ဖြစ်သည်၊ အရင်ကထို သားရဲများသည် ဖတ်စာအုပ်များ ဒါမှမဟုတ် တီဗွီတွင်သာရှိသည်၊

ထိုကဲ့သို့လက်တွေ့မြင်ခဲ့ရခြင်းသည် သူတို့အတွက် အလွန်ဆန်းသစ်သောအတွေ့အကြုံတစ်ခုဖြစ်ပြီး ၎င်းတို့ကအလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်၊

သူတို့သည်ရှက်ကြောက်တတ်သော မြေကြီးတွင် ပုန်းကွယ်သောတောဝက်များကိုရှာတွေ့ခဲ့သည်၊ ၎င်းတို့၏ကြမ်းတမ်းသော အမွှေးများနှင့် ထူထဲသောအသားများကိုမှီခို၍ ဆူးများပါရှိသော အမဲရောင်သီးလုံးဆူးခြုံရိုင်းများတွင် အများစုပုန်းအောင်းကြပြီး မြေကြီးမှအဝါရောင်အရစ်များပါရှိသည့် ချိုသောအားလူးများကိုစားကြသည်။ မည်သည့် အသံကိုကြားသည်ဖြစ်စေ ၎င်းတို့သည်ဆူးခြုံရိုင်းများအတွင်းတွင် နက်ရှိုင်းစွာပုန်းနေကြပြီး ၎င်း၏ပတ်ဝန်းကျင်ကိုတိတ်ဆိတ်စွာ စောင့်ကြည့်တတ်သည်၊

သူတို့၏ခန္ဓာကိုယ်များကို လေ့ကျင့်နိုင်ရန် သစ်ပင်များနင့်အစဉ်တစိုက်ပွတ်တိုက်တတ်သည့် ကြမ်းတမ်းသော ရွှေရောင်အမြီးခွလိပ်ပြာလည်းရှိသည်၊ သန်မာသောခန္ဓာကိုယ်ဖြင့် တခြားသူဖြစ်သည့်အစိမ်းရောင်သားမွှေးဖွတ်ကိုလည်း ရိုက်တတ်သည်။

ထို့နောက်အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ကိုပျံနိုင်သည်ဟုပင်အိမ်မက်မက်ခဲ့သည်၊ ၎င်းကသစ်ပင်ထိပ်ဖျားအထိတက်သွားပြီး ထိုနေရာမှအကြိမ်ကြိမ် လိမ့်ကျခဲ့သည်၊ မည်မျှပင်အကြိမ်ကြိမ်လဲကျနေသည်ဖြစ်စေ သစ်ပင်ပေါ်သို့ဆက်လက် တက်နေဆဲဖြစ်ပြီးတစ်ချိန်လုံးအော်ဟစ်နေဆဲပင်ဖြစ်သည်။

သက်ရှိသတ္တဝါများသည်ပုံစံအမျိုးမျိုးရှိသဖြင့် ၎င်းတို့ကိုသရုပ်ဖော်ခြင်းသည် အကောင်းဆုံးဥပမာတစ်ခုဖြစ်သည်။

သားရဲတိုင်းတွင် စာအုပ်တစ်အုပ်ရေးရန်လုံလောက်သည့် ကိုယ်ပိုင်ဇာတ်ကြောင်းတစ်ခုစီရှိကြသည်၊ လုံးဝထပ်တူကျနေသော လူနှစ်ယောက်မရှိသလို, ထိုသတ္တဝါများလဲအတူတူပင်။ သားရဲတစ်ကောင်ချင်းစီသည် သီးခြားလွတ်လပ်သောသတ္တဝါများဖြစ်ပြီး ၎င်းတို့တွင် ကိုယ်ပိုင်ပင်ကိုစရိုက်နှင့် ၎င်းတို့၏ကိုယ်ပိုင်ပြိုင်ဘက်ကင်းသော ထူးခြားသော ပင်ကိုလက္ခဏာများရှိသည်။

ခုနစ်ရက်သည် တောင်ကြားထဲတွင်အလျင်အမြန်ကုန်ဆုံးသွားသည်၊ ကောင်းဖန်၏ အသားအရေက ဒီကိုလာတုန်းကထက်ပင်ပို၍မည်းလာပြီး သူ၏အဝတ်အစားများသည် မလွဲမရှောင်နံစော်ခြင်းတို့ဖြစ်လာတော့သည်။

မုထျယ်ရင်းဝတ်ဆင်ထားသောသံချပ်ကာအင်္ကျီသည်လည်း ထင်ရှားစွာပေါက်ပြဲနေပြီး ဝေဒနာခံစားနေရသည်၊ သူမမျက်ခုံးကိုကြုံ့လိုက်သည်မှာ သူမလည်းအလွန်ပင်ပန်းနေကြောင်းသိသာလှသည်၊

သူတို့တောင်ကြားမှထွက်ခွာလာသောအခါ သူတို့၏ကျောင်းနေဖက်များသည်လည်း သူတို့လမ်းကြောင်းမှထွက်လာကြကာ သူတို့ကိုဝန်းရံလိုက်သည်၊ ကောင်းဖန်မြင်သောအခါ ပင်ကိုသဘာဝအတိုင်းပင် ပေါ့ပါးသွားတော့သည်။

တာ့ဇီ၏အဆင့်သည် တိုးတက်လာမှုမရှိသေးသော်လည်း ဒီတစ်ပတ်အတွင်း များစွာသော တန်ဖိုးကြီးမားလှသည့်တိုက်ခိုက်မှုအတွေ့အကြုံများ ရှိခဲ့သည်၊ ၎င်းကဒဏ်ရာများစွာလည်းပို၍ရရှိခဲ့သည်၊ အချို့ကိုယခုအချိန်တွင် ပျောက်ကင်းသွားပြီသော်လည်း အချို့ကတော့ အနာဖေးများနှင့်ပြန်လည်ကောင်းမွန်အောင်ကြိုးစားနေဆဲဖြစ်သည်။

ယခုအချိန်တွင် ကောင်းဖန်က တိုက်ပွဲများတွင်အဓိကအာရုံစိုက်မှုမှာ တာ့ဇီ၏ သွက်လက်မှုနှင့်ပေါက်ကွဲနိုင်သောခွန်အားကို လေ့ကျင့်ရန်ဖြစ်သည်၊ ဘာကြောင့်လဲဆိုတော့ တာ့ဇီ၏အဆိပ်သည်ပြင်းထန်သောကြောင့် သားကောင်နှင့်နီးစပ်ပြီး ၎င်း၏ တိုက်ခိုက်မှုကိုရှောင်ရှားဖို့ လုပ်နိုင်စွမ်းသည် သူလိုအပ်သောအရာဖြစ်သည်၊ တာ့ဇီ၏ အဆိပ်သည်တဖြည်းဖြည်း ရန်သူကိုလဲကျသွားနိုင်အောင်လုပ်နိုင်သည်၊ အဆိပ်ပေါ်တွင်မှီခို၍ ၎င်းသည် တူညီသောအဆင့်ရှိသည့်ရန်သူအများစုကို ဖယ်ရှားနိုင်လိမ့်မည်။

ကောင်းဖန်တောင်ကြားမှထွက်လာစဉ်, သူပထမညကလုံခြုံသောအိမ်တွင်ပိတ်ထားခဲ့သော သူများကိုရုတ်တရက်စဉ်းစားမိသွားသည်၊ သူတို့ကိုလွှတ်ပေးပြီးသွားပြီလား?

သူတို့ တခြားကြင်နာတတ်သည့်နှလုံးသားရှိသူတွေနဲ့ တွေ့ရှိဖို့မျှော်လင့်ပါတယ်။

“ဒီလေ့ကျင့်ရေးကအခုတော့ အဆုံးသတ်သွားပါပြီ၊ မင်းတို့အားလုံး အများကြီးသင်ယူ နိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်” ခေါင်းဆောင်နည်းပြချန်က တောင်ကြားလေ့ကျင့်ရေး စခန်းမှထွက်လာသောလူအုပ်ကြီးကိုပြောကြားလိုက်သည်၊ လွန်ခဲ့တဲ့ခုနှစ်ရက်က ခေါင်းဆောင်ချန်းတစ်နည်းနည်းနဲ့ရခဲ့သောဒဏ်ရာနှင့် သူ၏မျက်နှာပေါ်ကခက်ထန်မှုကိုထပ်ပေါင်းလိုက်သည်၊ “တောင်ကြားမှာထပ်လာမယ့်စုစုပေါင်းလေ့ကျင့်ရေး သင်တန်းအစမ်းရက်ကို အခု သုံးပတ်အဖြစ်သတ်မှတ်လိုက်ပြီ၊ ကျောင်းသားတွေက ဒီတစ်ခုကိုတက်ရောက်ရင် နောက်ထပ်တစ်ခုကို အလကားတက်ရောက်နိုင်လိမ့်မယ်၊”

တစ်ပတ်အတွင်း တောင်ကြားမှာနေပြီးနောက် လူများစွာသည်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြပြီးပင်ပန်းနေသည့်အသွင်ကိုဖော်ပြနေကြ သည်။

နည်းပြကကြင်နာစွာနဲ့ဘဲ အကုန်လုံးကိုအားလပ်ရက်သုံးရက်ပေးခဲ့သည်၊ သူတို့သုံးရက်ပြီးမှအတန်းပြန်တက်ဖို့ ပြောကြားလိုက်သည်၊

အိမ်ပြန်ရောက်ပြီးနောက် ဆီလီကဧည့်ခန်းပတ်လည်တွင် မျောနေရင်းကောင်းဖန်ဆီသို့ အရှိန်နှင့်ရောက်လာပြီး *ဖုတ်*ဆိုသောအသံနှင့်အတူကောင်းဖန်ခေါင်းပေါ်သို့ ဆင်းလိုက်သည်၊

ကောင်းဖန်သက်ပြင်းချလိုက်သည်၊ ဘာမှန်းမသိသောအကြောင်းအရင်းအချို့ကြောင့် ဆီလီကသူ၏ဦးခေါင်းအားပစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ပြီး အချိန်ရှိလျှင် သူ၏ခေါင်းပေါ်၌နေသည်၊

ညတွင်,ကောင်းဖန်တီဗွီကိုဖွင့်ကြည့်လိုက်သည်၊ ထိုမှသာသူထွက်သွားသောရက် အတွင်းကြီးကြီးမားမားဖြစ်ခဲ့တာသူသိသည်၊ မြောက်ဘက်တွင်ကျိုင်းကောင်အုပ်လိုက် ရောက်လာကြပြီး မြို့၏ကျယ်ပြန့်သောကြယ်လေးလုံးသတိပေးခလုတ်မှ သတိပေးခဲ့ သည်! လက်ရှိတွင် မြို့မြောက်ဘက်၁၅ကီလိုမီတာအဝေးတွင်ရှိနေပြီး, ကျိုင်းကောင် များကိုဖျက်စီးရန်စစ်မျက်နှာတစ်ခုတည်ဆောက်ထားသည်၊ လက်ရှိရှေ့တန်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေသည်၊၊

***

အပိုင်း ၆၆ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်

သတင်းမှာတော့ မြောက်ပိုင်းမှ တိုက်ပွဲမှတ်တမ်းများကို ပြသနေသည်။ ရှေ့တန်းတင့်ကားတပ်များသည် အမြှောက်ဖြင့် ဖွဲ့စည်းထားပြီး အနောက်ဘက်တွင်တော့ အမြှောက်ယာဉ်တန်းများရှိသည်။

အမြှောက်ဆန်များနှင့် ဒုံးကျည်များသည် ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းပြီးနောက် ဝေးကွာသည့်နေရာမှ ကျိုင်းကောင်အုပ်ကြီးကြားသို့ ကျကာ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြောင့် များပြားလှသည့် ကျိုးကောင်ကြီးများ မီးလောင်ပြာကျလို့သွားကာ အနီးနားရှိ ကျိုင်းကောင်များပင်လျှင် ပေါက်ကွဲမှုအရှိန်ကြောင့် အပိုင်းပိုင်းပြတ်တောက်သွားကြသည်။

ဒါကတော့ ငြိမ်းချမ်းသည့်အချိန်ကာလများနှင့် ကွာခြားလွန်းလှသည်။ ဒီလိုအထူးအချိန်အခါများတွင် သူရဲကောင်းများကို လိုအပ်သည်! အိုင်ဒေါများကို လိုအပ်သည်! ဒါကြောင့်ပဲ မဟာမိတ်အစိုးရအဖွဲ့က သားရဲလေ့ကျင့်သူ သူရဲကောင်းများ၏လုပ်ဆောင်ချက်များကို ယခုလို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ကြေညာပြခြင်းပင်။

တစ်ချိန်တည်းတွင်ပဲ ယခုခေတ်တွင် သားရဲများနှင့်တိုက်ပွဲများကို ဖုံးကွယ်ထားဖို့ရန်လဲ ကြိုးပမ်းမှုများမရှိပေ။ စစ်မြေပြင်သို့ဝင်ရောက်လာကြသည့် သူရဲကောင်းများသည် သူတို့အသက်ကို လူသားမျိုးနွယ်ကို ကာကွယ်ရန်အတွက် ပုံအပ်ထားကြတာကြောင့် ထိုသူရဲကောင်းများကို သူရဲကောင်းများအဖြစ် အသိအမှတ်ပြုဆက်ဆံသင့်သည်။

သူရဲကောင်းများကို ဘယ်သူမှ မသိလိုက်ပါဘဲ ဘယ်သူကမှ ဂရုမစိုက်ကြပါဘဲနှင့် စစ်မြေပြင်တွင် သွေးမြေကျရမည့်အဖြစ်မျိုး ခွင့်မပြုလိုပေ။ ဒီလိုသာဆို သူရဲကောင်းများအတွက် ဘယ်တရားပါတော့မလဲ။

ထိုသူများအားလုံးသည် လူသားများအကျိုးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ အကြောင်းပြချက်မရှိ ထိုသူများနှင့် သက်ဆိုင်သည့် သတင်းများကို ပိတ်ပင်ထားစရာမလိုအပ်ပေ။

သတင်းတွင် ဖော်ပြထားသည့် ပုံရိပ်များကနေပြီး အဝေးမှ ကောင်းကင်ယံကို ဖုံးအုပ်ထားသည့် အနက်ရောင်တိမ်တိုက်ထုကြီးကို မြင်နိုင်ပေသည်။ ကျိုင်းကောင်များသည် ကောင်းကင်ယံ၌ ဝဲပျံနေကြခြင်းဖြစ်သည်။ ကျိုင်းကောင်များအလယ်တွင် ပေါက်ကွဲသွားကြသည့် ကျည်ခွံတစ်ခုစီတိုင်းသည် အနက်ရောင်တိမ်တိုက်များကို ဖြတ်သန်းလာကာ သူတို့ဖြတ်သန်းသည့်နေရာတွင် အဖြူရောင်ဗလာအကွက်များပင်ဖြစ်ပေါ်စေသည်။ သို့သော် ထိုနေရာလပ်မှာ အသစ်ဝင်ရောက်လာသည့် ကျိုင်းကောင်များဖြင့် ဆက်တိုက်ဆိုသလို မြန်မြန်ဆန်ဆန်ပဲပြည့်လို့သွားသည်။

ကျိုင်းကောင်များ ရှေ့ကိုဆက်တိုးလာကြသလို မီးတောက်အမြှောက်များဆီက မီးတောက်တန်းရှည်ကြီးများကလဲ ကောင်းကင်ယံကိုဖြတ်ကာ ကျိုင်းကောင်များကို လောင်ကျွမ်းစေသည်။

ကောင်းကင်တွင်တော့ ဝါညစ်ညစ်ကျိုင်းကောင်များသည် မီးတောက်များနှင့်ထိတွေ့ကာ ဆီစိုနေသည့်မြက်ခြောက်များလို ဆက်တိုက်လောင်ကျွမ်းနေတော့သည်။

စမတ်ကျသည့်စီးပွားရေးဝတ်စုံပြည့်ဝတ်ထားသည့် သတင်းထောက်အမျိုးသမီးက မိုက်တစ်ခုကိုင်ကာ ဖန်သားပြင်ထက်တွင် ပေါ်လာကာခဲ့သည်။ “ကြည့်ရှုသူအပေါင်းတို့၊ အားလုံးမြင်တွေ့ခဲ့ကြသလိုပဲ ကျွန်မတို့က အခုဆို ရှေ့တန်းတိုက်ပွဲနယ်မြေကို ရောက်နေကြတာပါ။ လက်ရှိမှာတော့၊ ချန်အန်းစစ်တပ်က စစ်သားတွေက ကျိုင်းကောင်တွေကို ရှေ့တန်းစစ်မြေပြင်အပြင်ဘက်မှာ ရပ်တန့်ထားအောင် လုပ်နိုင်ခဲ့ပါပြီ။ ချန်အန်းမြို့ သားရဲပျိုးထောင်သူအဖွဲ့အစည်းမှ ဒါရိုက်တာချန်းရဲ့ လေ့လာတွေ့ရှိချက်များအရ အခု သစ်ရွက်ဆွေးကျိုင်းကောင်လို့ခေါ်တဲ့ သားရဲတွေက မီးတောက်ကို အလွန်တရာကြောက်ကြပါတယ်။ ဒီသတင်းကောင်းကြောင့်ပဲ ကျွန်မတို့ဘက်က သူတို့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး အောင်အောင်မြင်မြင် ထိန်းချုပ်လိုက်နိုင်တာပါ။ သစ်ရွက်ဆွေးကျိုင်းကောင်တစ်ကောင်က ၃၀စင်တီမီတာစီရှည်ပြီး သစ်မာသားတွေကိုတောင် ဝါးစားနိုင်ပြီး ခရီးတို ပျံသန်းနိုင်….”

သတင်းထောက်အမျိုးသမီး စကားပြောနေစဉ်မှာပဲ လက်နက်ကြီးများ၏ပစ်ခတ်မှုကလဲ ဆက်လက်လုပ်ဆောင်နေသည်။ မြေပေါ်ပြန်ကျလာသည့် ကျည်ခွံများကပင် သတင်းထောက်၏ခြေထောက်အောက်မှ မြေကြီးတို့ကို အနည်းငယ်တုန်ခါသွားစေသည်။

မီးကျီနက်သစ်တော၏အလယ်ဗဟိုတွင်တော့ ကြီးမားသည့် အနက်ရောင်ဂေါ်ရီလာကြီးသည် အဝေးမှ ထွက်ပေါ်လာသည့် ကျယ်လောင်လှသော ပေါက်ကွဲသံများကို ကြားနေရသည်။ ၎င်းက တိုက်ပွဲလားရာကို တစ်ချက်လှမ်းကြည့်ကာ၊ လူသားတို့နားမလည်နိုင်သည့် အသံတစ်သံအော်ဟစ်ခဲ့သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကို လှည့်ကာ ဆက်လက်ဟိန်းဟောက်နေတော့သည်။

ကောင်းဖန်တီဗီကိုပိတ်လိုက်ကာ သားရဲအမဲလိုက်သူအဖွဲ့အစည်း၏တရားဝင်စာမျက်နှာသို့ ဝင်လိုက်ပြီး သူတင်ထားသည့်တာဝန်အခြေအနေကို စစ်ဆေးလိုက်သည်။ သို့သော်လည်း တာ့ဇီအဆင့်မြှင့်ဖို့ရန်တွင် လိုအပ်သည့် အုပ်ချုပ်သူအဆင့် လျှပ်စီးသားရဲ၏အမြုတေကို မရရှိသေးပေ။

ဒါမျိုးက ငါကိုယ်တိုင်သွားပြီး အမဲလိုက်လို့လဲ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?

ကောင်းဖန် ဒမ်ဘီကိုလှမ်းကြည့်လိုက်သည်။ ဒမ်ဘီကတော့ ဧည့်ခန်းထဲတွင် လှဲနေကာ မျက်နှာကျက်ကိုမော့ကြည့်ပြီး လုံးဝလှုပ်ရှားခြင်းမရှိပေ။

ဒမ်ဘီ၏လက်ရှိအရပ်နှင့် ဧည့်ခန်းထဲတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ဖို့က အနည်းငယ်အားစိုက်ရမည်ဖြစ်တာကြောင့် အခုလို ကြမ်းပေါ်မှာပဲ လှဲနေဖို့သာတတ်နိုင်တော့သည်။ ကောင်းဖန် အမိုးမြင့်သည့်အိမ်အသစ်တစ်လုံးရအောင် ဦးစားပေးလုပ်ဆောင်ဖို့ စီစဉ်လိုက်သည်။ ဒီအိမ်ဟောင်းကိုတော့ ရောင်းမည်မဟုတ်ဘဲ မြို့စွန်မှ သီးခြားဗီလာတစ်လုံးလောက်ဝယ်ဖို့ ရည်ရွယ်ထားသည်။ ထိုဗီလာတွင် ဥယျာဉ်တစ်ခုနှင့်မြေအောက်ခန်းတစ်ခုပါရှိမည်ဆိုလျှင် ကိစ္စတော်တော်များများအတွက် လွယ်ကူအဆင်ပြေသွားစေလိမ့်မည်။

ကောင်းဖန် ထိုအကြောင်းတွေးနေစဉ်တွင်ပဲ ဖုန်းမြည်လာခဲ့ကာ ဖန်သားပြင်ပေါ်တွင်တော့ ဒါရိုက်တာချန်း၏နာမည် ပေါ်နေသည်။

သူဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဒါရိုက်တာချန်း၏ ရင်းနှီးစွာရယ်မောသံနှင့်အတူ နှုတ်ဆက်စကားကို ကြားလိုက်ရသည်။ “ဟိုင်း၊ ရှောင်ကောင်း၊ မင်းလေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ရောက်နေပြီလား?”

ဒါရိုက်တာချန်း၏ရာထူးနှင့်ဆိုလျှင် ကောင်းဖန် ပြင်ပလေ့ကျင့်ရေးသွားသည့်အကြောင်း သိရှိနေနိုင်သည်က အံ့ဩစရာမဟုတ်ပေ။ သို့သော်လည်း ကောင်းဖန်ကတော့ ဒါရိုက်တာချန်းက သူ့ကို အထူးအာရုံစိုက်တာကြောင့် အံ့ဩသလို ဝမ်းသာဂုဏ်ယူနေမိသည်။

ကောင်းဖန် ဖုန်းတစ်ဖက်ကနေပဲ ခေါင်းညိတ်လိုက်ကာ၊ “ကျွန်တော် သိပ်မကြာခင်ကပဲ အိမ်ပြန်ရောက်တာ။”

“မင်းမှာ မနက်ဖြန်အဖွဲ့အစည်းဆီကို ဆင်းလာဖို့အတွက်အချိန်ရှိလား? စစ်တပ်က အစားကြီးတဲ့ရွှေရောင်ဖားပြုပ်အမျိုးအစားအသစ်တစ်မျိုးကို ပို့လိုက်ပြီး ဒီကောင်တွေရဲ့ အဆင့်တွေကိုမြှင့်ချင်လို့၊ အကြောင်းကတော့ ဒါကအရေးကြီးကိစ္စဖြစ်နေပြီး ငါ့ကို ကူညီဖို့အတွက် လူအနည်းငယ်ခေါ်ရမယ်၊ ဒီကိစ္စကိုတရားဝင်စီးပွားရေးလုပ်ငန်းလို့ သတ်မှတ်ပြီး အစိုးရက မင်းရဲ့ဝန်ဆောင်မှုအတွက် အခကြေးငွေပေးလိမ့်မယ်။”

ဒါရိုက်တာချန်းသည် ကောင်းဖန်၏ပင်ကိုစရိုက်ကိုသိသောကြောင့် တိုက်ရိုက်ပင် သူဂရုစိုက်သောပိုက်ဆံကိုပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်, ကောင်းဖန်မျက်လုံးများအရောင်တောက်လာပြီဖြစ်သည်၊

“အဟမ်း, ဒါရိုက်တာချန်း၊ အဖိုးအခပေးတာကို တခြားဆုတစ်ခုအဖြစ်နဲ့ပြောင်းလို့ဖြစ်နိုင်လား? အကယ်၍အလုပ်အတွက်ပိုက်ဆံကမလုံလောက်ဘူးဆိုရင်, ကျွန်တော်ခွဲယူ လို့ရပါတယ်၊ ကျွန်တော်လိုချင်တာက အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်ကိုပဲ။” ကောင်းဖန် အရည်ထူထူနှင့်ပြောလိုက်သည်၊

“အမ်….အမှန်တော့ ဒါကိုလက်ခံမပေးသင့်ဘူးဆိုပေမယ့် စစ်တပ်ထဲမှာ ငါနဲ့သိတဲ့ လူတစ်ချို့တော့ရှိတယ်, ဆိုတော့ဒီသေးငယ်တဲ့ကိစ္စလေးက ပြဿနာတော့မရှိပါဘူး။” ဒါရိုက်တာချန်းက တုံ့ဆိုင်းမှုမရှိဘဲနဲ့ သဘောတူညီလိုက်သည်၊

ဒါက အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်ဘဲကို, ဧကရာဇ်အဆင့်လျှပ်စီးသားရဲသလင်းကျောက်မှမဟုတ်ဘဲ၊ အကယ်၍ အဲ့တာကနောက်ပိုင်းဖြစ်ခဲ့ရင်တော့ သူ့လည်ပင်းကိုဓားထောက်ထားရင်တောင် သူထုတ်ပေးမှာမဟုတ်ပေ၊

အကယ်၍ ဒါကအုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်လေးဘဲဆိုရင်က ဒါကိစ္စသေးသေးလေးပါ။

၎င်းကရှားပါးသော်လည်း စတော့ဈေးကွက်တွင်ရှိသည့် ပစ္စည်းတစ်ခုဖြစ်သည်မှာ သေချာသည်။

နောက်တစ်နေ့နံနက်တွင် ကောင်းဖန်ကားတစ်စီးပေါ်သို့တက်လိုက်ပြီး ဆင်ခြေဖုံးဘက်တွင်ရှိသည့် သားရဲပျိုးထောင်သူအဖွဲ့အစည်းဘက်ကို သွားလိုက်သည်။

ဧည့်ကြိုကောင်တာမှတင်ပြပြီးနောက်တွင် ဒါရိုက်တာချန်းက အလျင်အမြန် အပြေးအလွှားရောက်လာသည်၊ ကောင်းဖန်ကိုမြင်တဲ့အခါက လှိုက်လှဲစွာနှင့်ရှေ့ကိုလျှောက်သွားပြီး သူ့ညာဘက်လက်ကိုဆန့်ထုတ်လိုက်သည်၊

ဒါရိုက်တာချန်းကိုသိသော ပတ်ဝန်းကျင်မှလူများသည် ထိတ်လန့်သွားပြီးကောင်းဖန်ကို လျှို့ဝှက်စွာနှင့် သုံးသပ်နေကြသည်။ သူတို့က ဒီလူငယ်လေးကဘယ်သူလဲဆိုတာမသိကြပေ။ ဒါရိုက်တာချန်းက ဒီလိုဆက်ဆံတာဒီကောင်လေးက ဘာရာထူးမလို့လဲ။

“ငါမင်းကိုစောင့်နေတာကြာပြီ၊ မနေ့ကစစ်တပ်ကနေ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်နှစ်ကောင်ကို နမူနာအနေနဲ့ယူလာတယ်၊ ငါညတစ်ဝက်လောက်အချိန်ဖြုန်းလိုက်ပြီး သူတို့ကိုကြည့်နေတာ အမြီးရော ခေါင်းရော ဘာကိုမှ မလုပ်ကြည့်ရသေးဘူး။ ဘာဆက်လုပ်ရမလဲ။” သူတို့နှစ်ယောက် သားရဲပျိုးထောင်သူအဖွဲ့ အစည်းအဆောက်အဦးထဲသို့လျှောက်သွားစဉ် ဒါရိုက်တာချန်းကရှေ့မှဦးဆောင်ကာ သွားနေသည်၊ ထို့နောက်သူတို့သည်မြေအောက်ဓာတ်လှေကားကိုစီးလိုက်သည်၊

သူတို့ဓာတ်လှေကားထဲကထွက်သည်နှင့် သူတို့ရှေ့တွင်ဘောလုံးကွင်းကဲ့သို့ ကြီးမားသောမြေအောက်အခန်းတစ်ခန်းရှိသည်။

ကြမ်းပြင်အားလုံးသည် တုန်ခါမှုနှင့်ပေါက်ကွဲမှုများမှ ကာကွယ်နိုင်ရန်ပြုလုပ်ထားသည်၊ ပိုမိုတောင့်တင်းခိုင်မာသော ကွန်ကရစ်များကိုသုံးကာ ထောက်တိုင်များလုပ်ထားသည်။ ဒီအခန်းကိုမြင်တဲ့အခါ ပထမဆုံးသတိရသည့်စာလုံးနှစ်လုံးက ကြမ်းတမ်းပြီး အကျိုးရှိသည်သာဖြစ်သည်။

ကျည်ဆံဒဏ်ခံနိုင်သော ဖန်နံရံများရှိပြီး အလုပ်ခုံအနည်းငယ်ရှိသည်။ အလုပ်ခုံတစ်ခုစီ၏ရှေ့တွင် အဖြူရောင်ကုတ်အင်္ကျီများနှင့်မက်စ်များတပ်ကာ စမ်းသပ်နေသောသူ အနည်းငယ်ရှိပြီးစမ်းသပ်မှုမှ အချက်အလက်များကို စုဆောင်းနေကြသည်။

ပင်မခန်းမကြီးထဲတွင်, လှောင်အိမ်ကြီးတစ်ခုရှိသည်၊ စားပွဲတစ်ခုကဲ့သို့ကြီးမားသော ရွှေရောင်ဖားပြုပ်ကြီးရှိသည်၊ ၎င်း၏မျက်လုံးများသည်ကြီးမားပြီး ၎င်း၏နောက်ကျောသည် ပင်ပေါင်ဘောလုံးအရွယ်လောက်ရှိသော အဖုအထစ်ကြီးများနှင့်ဖုံးထားသည်၊ ထိုအဖုအထစ်ကြီးများသည် ၎င်း၏နောက်ကျောတွင်သိပ်သည်းစွာနှင့်ကြီးထွားခြင်း လုံးဝမဟုတ်ဘဲ ဆယ်ခုလောက်သာရှိသည်။

ထိုသို့ကြီးမားသောခန္ဓာကိုယ်အတွက် အဖုအထစ်များသည်အမှန်တော့ တကယ်နည်းပါးသည်။

ထက်သန်စွာနှင့်ကျန်ရစ်ခဲ့သော ထင်မြင်ချက်တစ်ခုမှာ ထိုဖားပြုပ်၏ခြေထောက်များ ဖြစ်သည်၊ သူတို့ကခန္ဓာကိုယ်တစ်ခုလုံး၏ သုံးပုံတစ်ပုံကိုယူထားပြီး ၎င်း၏ကြွက်သားများကိုလည်းရိုက်ခတ်စေသည်။ ခြေထောက်များသည် ကြီးမားသောပေါက်ကွဲစေနိုင်သည့်ခွန်အားနှင့်ပြည့်နေသည်၊

အဖြူရောင်အရေပြားရှိသည့်ဗိုက်သားသည် ဖြေးညင်းစွာနှင့်ဖောင်းတက်လာပြီးနောက် ကျုံသွားတော့သည်၊

“အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက စွမ်းအားပြည့်ဝတဲ့ခြေထောက်ကြွက်သားတွေရှိတယ်, အဲ့တာရဲ့ ကြွက်သားတွေကိုစုပေါင်းလိုက်ရင် ၄၀ရာခိုင်နှုန်းလောက်ယူထားတယ်၊ ဒါကြောင့် သူ့ရဲ့ခုန်နိုင်တဲ့စွမ်းရည်ကသေချာပေါက်ကို ကြောက်ဖို့ကောင်းတယ်၊ သူကမီတာတစ်ရာမြင့်မြင့်ထိခုန်နိုင်တယ်၊ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေရဲ့ တိုက်ခိုက်တဲ့နည်းလမ်းက လေထဲကိုခုန်ပြီးတော့ သူတို့ခန္ဓာကိုယ်အားနဲ့သားကောင်ကို ချေမှုန်းတာဘဲ။” ဒါရိုက်တာချန်းကပြောလိုက်သည်၊

ကောင်းဖန်ခေါင်းညိတ်လိုက်သည်၊ ၎င်းကကြောက်ဖို့ကောင်းတဲ့အခုန်စွမ်းရည်ရှိပြီး သူကမီတာတစ်ရာမြင့်အောင်တောင်ခုန်နိုင်တယ်။

ထို့နောက်ဒါရိုက်တာချန်းက စာနာသောအားဖြင့်ထပ်ပေါင်းထည့်လိုက်သည် “တစ်ခါတစ်ရံမှာဆိုရင်အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက ကျောက်တုံးကြီးတွေပေါ် ကျပြီးသူ့ကိုယ်သူပြင်းပြင်းထန်ထန်ဒဏ်ရာရစေတယ်။”

ကောင်းဖန်အံ့ဩသွားတော့သည် ဒါကဖြစ်နိုင်လို့လား?

***

အပိုင်း ၆၇ သစ်ရွက်ဆွေးကျိုင်းကောင်၏ အားနည်းချက်

သို့ပေမည့် ကောင်းဖန်သည် ဟာသဉာဏ်စွမ်းနည်းသည့် လူစားမျိုးမဟုတ်ပေ။ သူ၏အာရုံစိုက်နိုင်စွမ်းအတိုင်းအတာမှာ သာမာန်နှင့်အနည်းငယ်ကွာခြားလှသည်။

အမြင့်ကြီးကနေပြုတ်ကျပြီး သူတို့ကိုယ်သူတို့ အပြင်းအထန်ဒဏ်ရာရစေတယ်ဆိုရင် ဒီသားရဲတွေရဲ့ အမြင်အာရုံမကောင်းလို့ပေါ့။ ပြောရရင် ဒီကောင်တွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကလဲ လုံးဝမကောင်းဘူးလို့တောင် ပြောလို့ရတယ်။ သာမာန်လူတစ်ယောက်ဆိုရင်တောင် တစ်ခေါက်လောက် ဒဏ်ရာရပြီးသွားတာနဲ့ သင်ခန်းစာရပြီး မှတ်မိသွားမှာပဲလေ။

လှောင်အိမ်ထဲမှ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်ကြီးသည် မကျေမနပ်နှင့်အော်ဟစ်နေသည်။

နည်းပညာရှင်တစ်ဦးက မြန်မြန်ဆန်ဆန်ပဲ ရေခဲသေတ္တာထဲမှ အေးခဲထားသည့် ရေချိုပုဇွန်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ ဤဖားပြုပ်သည် အထူးသဖြင့် ဗိုက်ဆာနေသည့်အချိန်မျိုးတွင် ကြောက်စရာကောင်းလောက်အောင် ဒေါသကြီးတတ်ပေသည်။

“အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက အစာစားချင်စိတ်အရမ်းကြီးတယ်။ သူတို့က တစ်နေ့တည်းကိုတောင် ဆယ်နပ်လောက်စားနိုင်ပြီး တစ်နပ်ကို ၅၀ကီလိုဂရမ်လောက်ရှိတယ်။” ဒါရိုက်တာချန်းက ကောင်းဖန်ကို ရှင်းပြလိုက်သည်။

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် မြို့မြောက်ပိုင်းမှ စစ်ပွဲအကြောင်းတွေးမိသွားကာ ကောင်းဖန်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားတော့သည်။

“စစ်တပ်က သစ်ရွက်ဆွေးကျိုင်းကောင်တွေကို အစားကြီးတဲ့ရွှေရောင်ဖားပြုပ်သုံးပြီး ဖြေရှင်းချင်နေတာလား?” ကောင်းဖန် မေးမြန်းလိုက်သည်။

ဒါရိုက်တာချန်း ခေါင်းညိတ်လိုက်သည်။ ဒါက ဖုံးကွယ်ထားနေရမယ့်အရာမှမဟုတ်ဘဲ။ “အမှန်ပဲ၊ စစ်တပ်က ငါတို့ကို အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေရဲ့ အဆင့်ကိုမြှင့်နိုင်မယ့်နည်းလမ်းရှာစေချင်နေတာ။ တိရိစ္ဆာန်တွေရဲ့ သဘာဝကိုအခြေခံကြည့်လိုက်ရင် ဖားပြုပ်တွေက ကျိုင်းကောင်တွေရဲ့ သဘာဝရန်သူတော်ပဲ။ ဒါတင်မကဘူး၊ ဖားပြုပ်တွေဆိုတာ စားချင်စိတ်အာသီသကလဲ ကြီးမားလွန်းတယ်။”

“အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက ဦးချိုဖားတွေကနေပြီး ဆင့်ကဲပြောင်းလဲလာတာပဲ၊ ကျွန်တော်ပြောတာ ဟုတ်ရဲ့လား?” ကောင်းဖန်ပြောလိုက်သည်။

“ဟုတ်တယ်။”

“ဦးချိုဖားတွေက အစာလောဘကြီးတဲ့ကောင်တွေပဲ၊ လောဘတက်လွန်းတဲ့ကောင်တွေလို့တောင် ပြောလို့ရတယ်။ သူတို့က သူတို့အချိန်အများစုကို ငတ်ပြတ်ရင်းနေကြီးပြီး သူတို့ထက်ငယ်တဲ့ကောင်တွေကို စားသောက်ရင်းနဲ့ပဲ ကုန်ဆုံးကြတာ။ ဦးချိုဖားအများကြီးက အဆုံးမှာတော့ သူတို့ဘာသာပဲ သတ်သေသွားကြတာ။” ကောင်းဖန် အကြည့်များက နက်ရှိုင်းနေကာ တွေးတောဆင်ခြင်းရင်းဖြင့် ပြောနေသည်။ “အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက မြေစွမ်းအင်ရှိသင့်တာပေါ့၊ ဟုတ်လား?”

“ဟမ်၊ ဟုတ်တယ်။” ဒါရိုက်တာချန်း ကောင်းဖန်ကို ကြည့်လိုက်သည်။ သူ့ရဲ့အလုပ်လုပ်ချင်တဲ့ခံစားချက်ဝင်နေပြီပေါ့။ ဒီလူငယ်လေးကတော့ သူမျှော်လင့်ချက်ကြီးကြီးထားခဲ့သလိုပါပဲ။

ကောင်းဖန် လှောင်အိမ်အနားသို့လျှောက်သွားကာ ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး သူ့ညာလက်ကို လှောင်အိမ်ကွက်ပေါ်ကို တင်လိုက်သည်။ အနားရှိပညာရှင်များက အန္တရာယ်များသည်ဟု တွေးမိကာ ကောင်းဖန်ကို တားဖို့လုပ်ကြပေမည့် ဒါရိုက်တာချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ပညာရှင်များကိုသာ တားလိုက်သည်။

လှောင်အိမ်ထဲတွင်တော့ အစားကြီးတဲ့ရွှေရောင်ဖားပြုပ်သည် ရေချိုပုဇွန်များကိုသာ အငမ်းမရမြိုချနေပြီး အနားသို့ချဉ်းကပ်လာသည့် ကောင်းဖန်ကို အာရုံမထားပေ။

အစားကြီးတဲ့ရွှေရောင်ဖားပြုပ်သည် သူ့ပါးစပ်ကြီးဖြင့် အစာအားလုံးကို သိမ်းကြုံးယူလိုက်ပြီးနောက် အစာများကြေညက်လာအောင် ဖြည်းဖြည်းချင်းဝါးနေတော့သည်။ ၎င်း၏သွားများသည် တကယ်ဆို ချွန်ထက်လှကာ အောက်မေးရိုးမှနေပြီး သုံးတန်းက ပူးကပ်တည်ရှိနေသည်။

စားသောက်ခြင်းပြီးသည့်နောက် အစားကြီးတဲ့ရွှေရောင်ဖားပြုပ်၏ မျက်လုံးများက အနီးတစ်ဝိုက်ကို ဖြည်းဖြည်းချင်းကြည့်လာကာ နောက်ဆုံးမှာတော့ ကောင်းဖန်ရှိရာတွင် ရပ်တန့်သွားတော့သည်။

ဂူ? (ဖားပြုပ်အော်သံ)

ကောင်းဖန်က နည်းပညာရှင်ယူဆောင်လာသည့် သစ်ရွက်ဆွေးကျိုင်းကောင်ကင်များကို လက်လွှဲယူလိုက်သည်။ ကျိုင်းကောင်နှစ်ကောင်ကို သတ္တုဝိုင်ယာနှင့်တံစို့ထိုးထားကာ ရွှေရောင်သမ်းသည်အထိ ကင်ထားပြီး အတွင်းဘက်ကတော့ နူးညံ့နေသေးသည်။ အပေါ်မှနေပြီး စမုန်နက်ရွက်လေးများပင် အနည်းငယ်ဖြူးထားပေသေးသည်။

“အစားကြီးတဲ့ရွှေရောင်ဖားပြုပ်တွေက စမုန်နက်စားရတာ ကြိုက်ကြတယ်။” နည်းပညာရှင်က ရှင်းပြလိုက်သည်။

ကောင်းဖန် သူ့လက်ထဲတွင်ရှိနေသည့် တံစို့ကို ဝှေ့ယမ်းပြလိုက်ကာ ဖားပြုပ်၏မျက်လုံးများကလဲ တံစို့ရွေ့လျားရာအတိုင်း လိုက်ပါကြည့်နေသည်။

ထို့နောက် ကောင်းဖန်က အစားကြီးတဲ့ရွှေရောင်ဖားပြုပ်၏မျက်လုံးများ ရှေ့မှောက်တွင်ပဲ သစ်ရွက်ဆွေးကျိုင်းကောင်ကို တစ်ကိုက်,ကိုက်ပြလိုက်ကာ ပါးစပ်မှနေပြီး အဆီများပင်စီးကျလာခဲ့သည်။

“အား၊ အရမ်းမွှေးတာပဲ။ ဆော့တွေအများကြီးနဲ့ အနံ့လေးက မွှေးနေပြီး အဆီရွှဲရွှဲနဲ့လတ်ဆတ်တဲ့အသားကိုမှ အပြင်ဘက်က ကြွပ်ကြွပ်ရွရွလေးနဲ့။ ဒီကျိုင်းကောင်ကင်ကို ၁၀မှတ်ပေးရမယ်!” ကောင်းဖန်က ချက်ပြုတ်ခဲ့သည့်နည်းပညာရှင်ကိုပင် လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

နည်းပညာရှင်မှာတော့ ပြာယာခတ်နေတော့သည်။ ဒါက အစားကြီးတဲ့ရွှေရောင်ဖားပြုပ်အတွက်၊ မင်းသတိရဦး! ဘာလို့ ဖားပြုပ်ရဲ့အစာကို လုရတာလဲ? လှောင်အိမ်ထဲက ဖားပြုပ်က မင်းကို ဒေါသတကြီးကြည့်နေတာ မမြင်ဘူးလား?

လှောင်အိမ်ထဲတွင်တော့ ဒေါသထွက်နေသည့် အစားကြီးတဲ့ရွှေရောင်ဖားပြုပ်သည် နီရဲနေသည့်မျက်လုံးများဖြင့် ကောင်းဖန်ကို စိုက်ကြည့်နေသည်။

ကျိုင်းကောင်သည် ၎င်း၏အကြိုက်ဆုံးအစားအစာများထဲမှဖြစ်ကာ စမုန်နက်လေးတောင်ပါသေးသည်။

မင်း ဘယ်လိုလုပ် ငါ့အစာကိုစားနိုင်ရတာလဲ?

လူမဆန်လိုက်တာ!

ဂူ! ဂူ! အစားကြီးတဲ့ရွှေရောင်ဖားပြုပ်က စတင်ကြမ်းရမ်းလာကာ သူခုန်လိုက်တာ သူ့ခုန်ချက်နှင့်အတူ လှောင်အိမ်ကတောင် မြောက်တက်သွားသည်။

၎င်း၏မျက်လုံးများက မလိုလားသည်ဟန်ဖြင့် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များထင်ဟပ်လာခဲ့သည်။

“ဒါပေမယ့် စမုန်နက်ကအရမ်းများလွန်းလို့ အရသာက နည်းနည်းပြင်းသွားတယ်။ ကျွန်တော့်အကြိုက်ကြီးမဟုတ်ဘူး။” ကောင်းဖန်က အနည်းငယ်ဝမ်းနည်းသွားသည့်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက အစာကို လှောင်အိမ်ထဲသို့လွှင့်ပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် အစားကြီးတဲ့ရွှေရောင်ဖားပြုပ်က သူ့ရဲ့ပါးစပ်ကိုကျယ်,ကျယ်ဖွင့်လိုက်ပြီး ရှေ့သို့ဆတ်ခနဲလှမ်းကာ, အနီရောင်ပုံရိပ်တစ်ခုကိုချန်ခဲ့သည်၊

တံစို့တံသည်ပျောက်သွားတော့သည်၊ သတ္ထုဝိုင်ယာသည်တောင် ထိုဖားပြုပ်မှမြိုချလိုက်သည်၊

တစ်ကျွတ်ကျွတ်မြည်သံ!

သတ္ထုဝိုင်ယာကြိုးသည်လိမ်ကောက်သွားပြီး အပိုင်းပိုင်းကျိုးသွားကာ အစားကြီး ရွှေရောင်ဖားပြုပ်ဗိုက်ထဲသို့ ကျသွားသည်၊

အစာစားပြီးနောက်ထိုဖားပြုပ်သည် ကောင်းဖန်ဘက်ကို တိတ်တဆိတ်ပြန်လှည့်လာပြီး ကောင်းဖန်ကိုအေးစက်စွာကြည့်နေသည်၊

“ဒီကောင်ဒေါသထွက်နေပြီ၊ သူ့မှာပိုင်ရှင်ရှိကောင်းရှိနိုင်တယ်။ ပြီးတော့ သွေးစာချုပ်တောင်ချုပ်ရင်ချုပ်ထားနိုင်တယ်။”, ကောင်းဖန်ကရယ်ကာပြောလိုက်သည်။

ဒီလိုမှမဟုတ်ရင်ဆာလောင်မွတ်သိပ်နေရင်တောင် လှောင်အိမ်ထဲမှာနာနာခံခံနဲ့နေဖို့ ဆိုတာမရှိဘူး၊ ဒါကလေ့ကျင့်ထားတဲ့သားရဲတစ်ကောင်ရဲ့ အမူအကျင့်တွေဘဲဖြစ်သည်၊

“သတ္ထုဝိုင်ယာကိုစားနိုင်ဖို့ဆိုရင် အစားကြီးရွှေရောင်ဖားပြုပ်မှာ အရမ်းအစွမ်းထက်တဲ့ အစာအိမ်ရှိရမယ်။ မဟုတ်ရင်သူဒါကိုချေဖျက်နိုင်မှာမဟုတ်ဘူး၊” ကောင်းဖန်က သူကိုယ်သူမသဲမကွဲပြောလိုက်သည်၊

သူကရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိသွားပြီး ဒါရိုက်တာချန်းကိုမေးလိုက်သည်, “စစ်တပ်က ကျွန်တော်တို့ကိုအစားကြီးရွှေရောင်ဖားပြုပ်ရဲ့ ဘယ်အပိုင်းကဏ္ဍကို တိုးမြှင့် ပေးစေချင်တာလဲ? သူတို့ရဲ့စားချင်စိတ်ကိုလား ဒါမှမဟုတ် ခုခံကာကွယ်နိုင်မှုလား? မဟုတ်ရင် တိုက်ခိုက်နိုင်မှုလား ,သူတို့ရဲ့ခုန်နိုင်တဲ့စွမ်းအားကိုလား?”

ဒါရိုက်တာချန်းကမူးဝေသွားပြီး ရှုပ်ထွေးနေတော့သည်၊ အစားကြီးရွှေရောင်ဖားပြုပ်ရဲ့ တိုးမြှင့်ပေးဖို့နည်းလမ်းကို ရှာရုံနဲ့တင်မလုံလောက်ဘူးလား? ဘယ်လိုလုပ်ပြီးတိုးမြှင့်ဖို့ အပိုင်းကိုရှာပေးဖို့ဖြစ်နိုင်မှာလဲ?!

“အကယ်၍အောင်မြင်ဖို့အတွက် အကြံဉာဏ်တစ်ချို့ရှိမယ်ဆိုရင် ကျွန်တော်တွေးထားတဲ့ လုပ်ငန်းစဉ်ကအကူအညီပေးနိုင်တယ်၊ တကယ်တော့, ခင်ဗျားပိုနှစ်သက်တဲ့တိုးမြှင့်မှုအပိုင်းကိုပြောရင်တောင်မှ, ဒါကအောင်မြင်မယ်ဆိုတာ ကျွန်တော်ကတိမပေးနိုင်ဘူး၊ ကျွန်တော်အကောင်းဆုံးတော့ကြိုးစားမှာပါ” ကောင်းဖန်ကနှိမ့်ချစွာနဲ့ပြောလိုက်သည်၊

“စစ်တပ်က အစားကြီးရွှေရောင်ဖားပြုပ်ရဲ့ခုခံမှုနဲ့ ပစ္စည်းတွေကို ချေဖျက်နိုင်တဲ့စွမ်းအင်တွေကို ပိုပြီးမြှင့်တင်ချင်တယ်၊ ဒါတွေကအဓိကနေရာနှစ်ခုဘဲ, ဒါပေမယ့် သေချာပေါက် သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားကိုလည်း ကောင်းစေချင်တယ်။”

ဒါရိုက်တာချန်းကသူ့လက်ကိုယမ်းလိုက်ပြီး, “ လာခဲ့၊ ဒီကိုလာကြည့်လှည့်၊ ဒါတွေက ငါရှာဖွေထားတဲ့ရလဒ်တွေဘဲ၊ ရွှေရောင်ဖားပြုပ်ကမြေကြီးနဲ့မီးဆိုတဲ့ဂုဏ်ပုဒ်နှစ်ခုနဲ့ အတော်လေးသင့်တင့်တဲ့ဆက်နွယ်မှုရှိတယ်လို့ ငါ့တွေ့ထားတယ်”

မီးကမြေကြီးကိုဖန်တီးတယ်၊ ထိုလုပ်ငန်းစဉ်မှာ, အစားကြီးရွှေရောင်ဖားပြုပ်က မြေကြီးအမျိုးအစားသားရဲဖြစ်သည်၊ ထိုစွမ်းရည်နှစ်ခုသဟဇာတဖြစ်မှုသည် အံ့ဩစရာတော့မဟုတ်ပေ၊

ကောင်းဖန်၏အမြင်တွင်, ဒေတာအချက်အလက်ပြဇယားကသူဖတ်ရန် ပြလာသည်,

[မကောင်းဆိုးဝါးအမည်] : အစားကြီးရွှေရောင်ဖားပြုပ်

[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်အဆင့်

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၉

[မကောင်းဆိုးဝါးစွမ်းရည်] : မြေကြီး

[မကောင်းဆိုးဝါးအားနည်းချက်] : သစ်သား

တစ်ချိန်တည်းမှာပင် ကောင်းဖန်သည် သစ်ရွက်ဆွေးကျိုင်းကောင်၏ဇယားကို သူ့မှတ်ဉာဏ်ထဲမှပြန်ဖော်ထုတ်လိုက်သည်၊ ဒါကတီဗွီတွင်သူမြင်ခဲ့သော ကျပန်းကျိုင်းကောင်တစ်ကောင်၏ဒေတာအချက်အလက်များဖြစ်သည်၊

[မကောင်းဆိုးဝါးအမည်] : သစ်ရွက်ဆွေးကျိုင်းကောင်

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၄

[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်အဆင့်

[မကောင်းဆိုးဝါးစွမ်းရည်] : သစ်သား, သဲ

[ထူးခြားသောပင်ကိုလက္ခဏာများ] : ဒေါသကြီးသောကျိုင်းကောင် (အကျိုးသက်ရောက်မှုများ-သစ်ရွက်ဆွေးကျိုင်းကောင်များသည် သီးခြားဘီလီယံထိရှိ လာပါက သူတို့သည်သဲမုန်တိုင်းတစ်ခုကိုဖန်တီးနိုင်သည်၊ ထိုသဲမုန်တိုင်းအတွင်းတွင် သစ်ရွက်ဆွေးကျိုင်းကောင်များအားလုံးသည်၎င်းတို့၏လက်ရှိအဆင့်သတ်မှတ်ချက် များမှ အဆင့်တစ်ခုအထိမြင့်တက်လာကြလိမ့်မည်၊)

[မကောင်းဆိုးဝါးအားနည်းချက်] : ၁-မီးအမျိုးအစား၊၂-ရွှေရောင်ဝါးဓားသစ်ရွက်များသည် ရွံစရာမကောင်းသော်လည်း ထိုသစ်ရွက်ဆွေးကျိုင်းကောင်များသည် ရွှေရောင်ဝါးဓားအရွက်များ၏အနံ့ကိုမုန်းသောကြောင့်ဖြစ်သည်၊ သစ်ရွက်ဆွေးကျိုင်းကောင်များသည် ထိုရွှေရောင်ဝါးဓားအရွက်များကိုစားမိလျှင် ချက်ချင်းသေနိုင်သည်။

ကောင်းဖန်သည်ထိုရွှေရောင်ဝါးဓားအရွက်များအကြောင်းကိုသိသည်၊ ၎င်းတို့သည် သေချာပေါက်မရှားပါးတာ သို့မဟုတ် တန်ဖိုးမရှိသော်လည်း သူတို့ကလုံးဝသာမန် တော့မဟုတ်ပေ။

ဒါပေမယ့်အရေးကြီးသည်မှာ ချန်အန်းနားလေးတွင် ထိုအပင်များကိုကျယ်ပြန့်စွာမစိုက်ပျိုးကြပေ၊ သူတို့ကချန်အန်းတစ်ခုလုံးကို ကာကွယ်ဖို့ဒါကိုသုံးချင်တယ်ဆိုရင် သူတို့က ထိုရွှေရောင်ဝါးဓားအရွက်၏ ကြောက်စရာကောင်းလောက်တဲ့ပမာဏလောက်ကို လိုအပ်သည်။

ထိုနည်းလမ်းသည် ပြဿနာ၏အရင်းမြစ်ကို သေချာဖြေရှင်းနိုင်ခြင်းတော့မဟုတ်ပေ၊ သစ်ရွက်ဆွေးကျိုင်းကောင်များသည် သေချာပေါက် ရွှေရောင်ဝါးဓားအရွက်များကို ကိုယ်တိုင်လုံလောက်အောင်စားဖို့ဆိုတဲ့အထိမတုံးပေ၊

ခြိမ်းခြောက်မှုကိုအမှန်တကယ်ဖယ်ရှားရန် သူတို့သည် ကျိုင်းကောင်အားလုံးကိုရှင်းလင်းပြစ်ရန်လိုသေးသည်၊ လက်ဦးမှုသည် လူသားတို့၏လက်ထဲတွင်ရှိနေသည်၊

မီးအမျိုးအစား၊ ကြည့်ရတာ အစားကြီးရွှေရောင်ဖားပြုပ်ကိုမြှင့်တင်ခြင်း၏ အကောင်းဆုံးနည်းလမ်းမှာ သူတို့တွင်ရှိသောမီးစွမ်းရည်ကိုကောင်းမွန်စွာဖွံ့ဖြိုးအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။

***

အပိုင်း ၆၈ သုံးနှစ်တာအတွင်းပြောင်းလဲမှု

ကောင်းဖန်၏အမြင်အာရုံထဲတွင် အစားကြီးရွှေရောင်ဖားပြုပ်ကို ဆင့်ကဲတိုးမြှင့်ပေးနိုင်မည့် နည်းလမ်း၃၇ကို မြင်နေရသည်။ နည်းလမ်းတိုင်းအတွက် လိုအပ်သည့်ပါဝင်ပစ္စည်းများမှာ မတူညီကြပေမည့် နောက်ဆုံးတော့ ဆင့်ကဲတိုးမြင့်သွားမည်သာဖြစ်သည်။

“ဒါကိုလာကြည့်လိုက်။” ဒါရိုက်တာချန်းက သူ့လက်ကိုဝှေ့ယမ်းကာ ကောင်းဖန်ကို လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် သူက အလင်းဖောက်နိုင်သည့်အရည်အနည်းငယ်ပါသည့် အနက်ရောင်အလင်းမဖောက်နိုင်သော ဖန်ဘူးကိုထုတ်ယူလိုက်သည်။

“ငါ အစားကြီးရွှေရောင်ဖားပြုပ်ရဲ့အရည်ပြားနည်းနည်းကိုယူပြီး ဘယ်ပစ္စည်းတွေက အစားကြီးရွှေရောင်ဖားပြုပ်နဲ့ မြင့်မားတဲ့ဆက်စပ်မှုရှိမလဲ သိရဖို့ မီးစွမ်းရည်ပစ္စည်းမျိုးစုံနဲ့ ပေါင်းစပ်ကြည့်ထားတယ်။” ဒါရိုက်တာချန်းက စိတ်လှုပ်ရှားနေပုံပေါ်သည်။ “သူ့ရဲ့အသားက မီးသစ်ခွနွယ်ပင်တွေနဲ့ဆို ပေါင်းစပ်နိုင်စွမ်းမြင့်မှန်း တွေ့လိုက်ရတယ်။ မီးသစ်ခွနွယ်ပင်နဲ့ သူ့အသားထိတွေ့သွားတဲ့အချိန်မှာ ငြင်းဆန်တဲ့လက္ခဏာမျိုးတွေမပြလာဘူး။”

သူ၏စမ်းသပ်တွေ့ရှိထားမှုများအကြောင်းပြောနေချိန်တွင် ဒါရိုက်တာချန်း၏ပုံစံမှာ အခြားလူတစ်ယောက်လိုပင် ပြောင်းလဲသွားသည်။ သူက နဂိုထက်ပင် ပို၍တက်ကြွကာ စိတ်လှုပ်ရှားနေတော့သည်။

“ဒါပေမယ့် မီးသစ်ခွနွယ်ပင်ကိုပဲ မီခိုနေလို့လဲမရဘူး။ မီးသစ်ခွနွယ်ပင်ဆိုတာက အရမ်းကိုနူးညံလွန်းတဲ့မီးစွမ်းရည်မျိုး။ ဖားပြုပ်ရဲ့စွမ်းရည်ကို ပြောင်းလဲပစ်ဖို့ ဒါကိုပဲမှီခိုနေမယ်ဆိုရင် ဖားပြုပ်တွေကို မီးသစ်ခွနွယ်ပင်တွေပဲရှိနေတဲ့ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းစေပြီး နွယ်ပင်တွေကိုပဲ ဆက်တိုက်ကျွေးထားဖို့လိုတယ်။ ဒီလိုသာဆို ဗီဇပြောင်းလဲမှုဖြစ်လာဖို့ အချိန်အကြာကြီးပေးရမယ်၊ ဆယ်စုနှစ် ဒါမှမဟုတ် မျိုးဆက်ပေါင်းများစွာတောင် ကြာသွားမှာ။” ဒါရိုက်တာချန်းက နောင်တရနေသည့်အသံဖြင့်ပြောလာသည်။

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ သူ့ဘက်က တစ်ဖက်မှ သူ၏သုတေသနရလဒ်များကို စိတ်အားထက်သန်စွာပြောပြနေသည့် အကြီးအကဲတစ်ဦးကို လေးစားပေးရပေမည်။

“စိတ်မကောင်းစရာပဲ၊ ငါတို့မှာ လောလောဆယ် အချိန်အကြာကြီးယူနေဖို့ မတတ်နိုင်ဘူး။” ဒါရိုက်တာချန်းက သက်ပြင်းပါချလိုက်သည်။

ကောင်းဖန် နည်းလမ်း၃၇မျိုးကိုထပ်ပြီးကြည့်လိုက်ပြန်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ မီးသစ်ခွနွယ်ပင်ကိုလိုအပ်သည့် နည်းလမ်းတစ်မျိုးရှိနေခဲ့သည်။ ဒီနည်းလမ်းကလွဲပြီး ကျန်နည်းလမ်းများတွင်က မီးသစ်ခွနွယ်ပင်သည် အထောက်အပံ့ပါဝင်ပစ္စည်းအနေနဲ့သာပါဝင်ပြီး အဓိကပါဝင်ပစ္စည်းမဟုတ်ပေ။

ဒါရိုက်တာချန်းသည် ကောင်းဖန်က ငယ်ရွယ်သေးတာကြောင့် ဤလူငယ်လေးတွင် စိတ်ကူးစိတ်သန်းများစွာနှင့်တီထွင်ဖန်တီးနိုင်စွမ်းများ ပေါကြွယ်ဝနိုင်သည်ဟူသော အချက်ကိုအဓိကထားကာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူက အရင်ကဖုတ်ကောင်အမျိုးအစားသားရဲကိုတောင် ဖန်တီးနိုင်ခဲ့သူမဟုတ်ပါလား။ ဒီတော့ သူ့တွင် ထူးထူးခြားခြားတီထွင်ဖန်တီးနိုင်စွမ်းများရှိရပေမည်။ ကောင်းဖန်က သူ့ကိုအကြံဉာဏ်သစ်များပေးနိုင်သလို ထိုထက်မက သူ့ကိုတောင် အံ့အားသင့်သွားအောင်ပင် လုပ်နိုင်လောက်သည်။

ကောင်းဖန်က တီးတိုးပြောဆိုလိုက်သည်။ “ဒါရိုက်တာချန်း၊ ကျွန်တော်တို့ ဒါကို တခြားရှုထောင့်တစ်မျိုးကနေပြီး ချဉ်းကပ်နိုင်လောက်တယ်။”

“ပြောကြည့်လေ။”

“ကျွန်တော်တို့ အစားကြီးရွှေရောင်ဖားပြုပ်ကို အဓိကဟင်းပွဲအနေနဲ့ထားပြီး မီးသစ်ခွနွယ်ပင်ကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် မြင်ကြည့်ကြတာပေါ့။ အစားကြီးရွှေရောင်ဖားပြုပ်မှာက သူ့ကိုယ်ပိုင်အရသာပြင်းပြင်းရှိနေပြီးသား၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ဟင်းခတ်အမွှေးအကြိုက်က ဖားပြုပ်ရဲ့အဆီအနှစ်တွေထဲ မစိမ့်ဝင်နိုင်တော့ဘူး။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့အနေနဲ့ ဟင်းခတ်အမွှေးအကြိုင်ကို မမှီခိုနေသင့်တော့တာ။ ဟင်းခတ်အမွှေးအကြိုင်ကို ဖားပြုပ်ထဲစိမ့်ဝင်သွားအောင်လုပ်ဖို့ဆိုရင် အချိန်အများကြီးဖြုန်းတီးရာပဲရောက်မယ်။”

“ဒါအစား ပိုပြင်းတဲ့ပါဝင်ပစ္စည်းတစ်မျိုးကို သုံးနိုင်တယ်။ အခြေခံအားဖြင့်တော့၊ အသားထဲကို တခြားပါဝင်ပစ္စည်းတွေနဲ့ အရံအားဖြည့်ပေးတဲ့ပါဝင်ပစ္စည်းတွေမထည့်ခင် မီးပြင်းပြင်းနဲ့ချက်ပြုတ်ရမယ်။” ကောင်းဖန် အတတ်နိုင်ဆုံးကြိုးစားကာ နည်းလည်လွယ်အောင် ရှင်းပြပေးနေသည်။

ဒါရိုက်တာချန်း ခေါင်းညိတ်လိုက်ကာ၊ “အမှန်ပဲ၊ ရွေးချယ်မှုမလုပ်ခင် ငါစဉ်းစားခဲ့တယ်။ ဒါပေမယ့် သင့်တော်ပြီးပြင်းတဲ့ပါဝင်ပစ္စည်းက ရှာဖို့ခက်တယ်။ ငါတို့သာ ဂရုမစိုက်မိရင် အစားကြီးရွှေရောင်ဖားပြုပ်ကို ကောင်းကောင်းကြီးဒုက္ခပေးမိသလိုဖြစ်သွားမယ်။” ဒါရိုက်တာချန်း ခါးခါးသီးသီးပြုံးလိုက်မိသည်။

“အန္တရာယ်က တားလို့မရနိုင်ဘူး။ အနာမခံရင် အသာမစံရဘူးလေ။ အစပ်လေးပိုထည့်လိုက်ရင် အဆင်ပြေလာလိမ့်မယ်။” စကားဆုံးပြီးနောက် ကောင်းဖန် မျက်မှောင်ကြုတ်ကာ သူ့ဗိုက်ကို ထိလိုက်မိသည်။

ချဉ်ချဉ်စပ်စပ်အရသာများအကြောင်းတွေးလိုက်မိသည်နှင့်၊ ငရုတ်ဆီခေါက်ဆွဲနှင့် မာလာခေါက်ဆွဲအေးများက သူ့အတွေးထဲဝင်လာကာ သူ့အစာအိမ်ကလဲ သံစုံတီးဝိုင်းမြည်လာတော့သည်။

သူ စောစောစီးစီး သားရဲပျိုးထောင်သူအဖွဲ့အစည်းကို အပြေးလာခဲ့ရတာကြောင့် မနက်စာမစားခဲ့ရသေးပေ။ လျှပ်စီးအမျိုးအစား အုပ်ချုပ်သူအဆင့်သားရဲ၏အမြုတေအကြောင်း တွေးမိသွားသည်နှင့် စုံလုံးကန်းသွားကာ အစာစားဖို့တောင်မှ မေ့သွားခဲ့သည်။

“အစပ်ကိုပိုထည့်ရမယ်ပေါ့? တခြားအကြံဉာဏ်တွေရှိသေးလား?” ဒါရိုက်တာချန်း၏ မျက်ခုံးကိုပင့်လိုက်ကာ မီးစွမ်းရည်ငရုတ်သီးများကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုဖို့ အလေးအနက်ကြီးတွေးတောနေသည်။

“ငရုတ်သီးအစပ်ရဲ့စိမ့်ဝင်နိုင်စွမ်းက ပြင်းထန်တာကြောင့် ဒါက လှုံ့ဆော်မှုဖြစ်စေတဲ့ပါဝင်ပစ္စည်း ဖြစ်လာနိုင်တယ်။”

“မင်းက မျက်နှာနီနတ်ဆိုးငရုတ်သီးကိုသုံးမယ်လို့ပြောချင်တာလား?” ဒါရိုက်တာချန်း၏ မျက်လုံးများတောက်ပလာတော့သည်။ ဤငရုတ်သီးအမျိုးအစားကို စားသုံးပါက အလွန်ပူလောင်ကာ ပါးစပ်ထဲမှမီးများတောင်ထုတ်လွှတ်နိုင်လောက်သည်။ လူသားများသည် ပုံမှန်အားဖြင့် ထိုငရုတ်သီးကိုအစိမ်းမစားကြပေ၊ မဟုတ်ပါက သူတို့၏ပါးစပ်များနှုတ်ခမ်းများကို အပူလောင်သွားစေလိမ့်မည်။ သားရဲများသည်သာ ထိုငရုတ်သီးမျိုးကို စားသုံးနိုင်ကြသည်။

အကြောင်းကတော့ ထိုငရုတ်သီးအမျိုးအစားတွင် မီးစွမ်းအင်ပမာဏများပြားတာကြောင့်ဖြစ်သည်။ စားသုံးလိုက်သည်နှင့် မီးစွမ်းအင်များမှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပေါက်ကွဲထွက်သွားပေလိမ့်မည်။ ဒီလိုသာဆို ပါးစပ်ထဲမှ ချော်ရည်များတောင်ထွက်လာနိုင်သည်။ မီးခံနိုင်ရည်အားမရှိပါက တစ်ခါတည်းလောင်ကျွမ်းသွားနိုင်သည်။

“ဟုတ်တယ်,မှန်တယ်၊ ကျေးဇူးပြုပြီးစမ်းသုံးကြည့်ပါဦး။” ကောင်းဖန်ကခေါင်းညိတ်ကာပြောလိုက်သည်၊

“ကောင်းပြီ၊ ကျန့်အာ, ငါမှတ်မိတာမှန်ရင် အဖွဲ့ရဲ့ဂိုထောင်ထဲမှာ မျက်နှာနီနတ်ဆိုးငရုတ်သီးအတွဲလိုက်ရှိတယ်၊ သွားယူလိုက်,”ဒါရိုက်တာချန်းက အဖြူရောင်ကုတ်အင်္ကျီနဲ့ဓာတ်ခွဲခန်းပညာရှင်တစ်ဦးကို ပြောလိုက်သည်၊

ဆယ်မိနစ်ကြာပြီးနောက် မျက်နှာနီနတ်ဆိုးငရုတ်သီးများရောက်ရှိလာတော့သည်၊ ၎င်းတို့ကလုံးဝကိုနီရဲနေပြီး, တောက်ပကာလောင်ကျွမ်းနေသောမီးတောက်များကဲ့သို့ပင် ဖြစ်နေသည်။ ငရုတ်သီး၏မျက်နှာပြင်သည် အနည်းငယ်တွန့်နေပြီး နတ်ဆိုးတစ်ကောင်၏ပုံစံကဲ့သို့ပင်တွန့်နေသည်၊ ထို့ကြောင့်သူတို့၏နာမည်သည် မျက်နှာနီနတ်ဆိုးငရုတ်သီးဖြစ်ခြင်းဖြစ်သည်။

ဒါရိုက်တာချန်းက ငရုတ်သီးများကို အရည်ထွက်ကာပျော့သွားစေရန် စက်တစ်လုံးကိုသုံးခဲ့သည်၊ ကောင်းဖန်ကတော့ ထိုအရာကို ဘာစကားမှမပြောဘဲကြည့်နေသည်၊ သူမြင်သောဒေတာဇယားကိုအခြေခံ၍ ထိုနည်းလမ်းတွင်ဒီအဆင့်သည်လိုအပ်ပြီး ဖြည့်စွက်ရန်ပါဝင်ပစ္စည်းအနည်းငယ်လိုအပ်သေးသည်၊

ဒါပေမယ့်သူဘာကိုမှမပြောသေးပါ၊ အနည်းဆုံးတော့သူတို့တစ်ကြိမ်လောက် မအောင်မြင်သင့်ပေ၊ ဒီလိုမှမဟုတ်ရင် သူ၏လုပ်ရပ်တွေက အရမ်းကိုတမင်သက်သက်ရည်ရွယ်ထားသလိုဖြစ်နေလိမ့်မည်။

ဒါရိုက်တာချန်းသည် သူ့ရှေ့တွင်စေးပျစ်၍များပြားလှသောအပိုင်းကိုကြည့်၍ သူ့ကိုယ်သူ ခဏလောက်တစ်တွတ်တွတ်ရေရွတ်နေသည်၊ ထို့နောက်ဖန်ပြွန်ရှည်ကို အသုံးပြု၍သူက ပမာဏအနည်းငယ်လောက်ကိုယူလိုက်ပြီး အခြားအပျော့စား အက်ဆစ်ဘေ့စ်စသည့်ပါဝင်ပစ္စည်းများကိုမထည့်မီ ကျောက်ပန်းကန်ပြားပေါ်သို့တင် လိုက်သည်၊

မျက်နှာနီနတ်ဆိုးငရုတ်သီးများ၏ ဂုဏ်သတ္တိများကိုမည်သည့်အရာကငြင်းပယ်မည်ကို သူမသိသောကြောင့် သူသည်များစွာသောပါဝင်ပစ္စည်းများကိုအလျင်စလိုမထည့်ခဲ့ပေ၊

အချို့သောအကြောင်းအရင်းများကြောင့်ကပ်ဆိုးကြီးပြီးနောက် လူသားများသည် ဒီအန်အေအတွင်းရှိဆဲလ်များ(သို့) များပြားသောဆဲလ်အော်ဂနဲများကို စစ်ဆေးကြည့်ရှုရန်မဖြစ်နိုင်တော့ချေ၊ ကမ္ဘာကြီး၏ဖန်တီးသူက ကပ်ဆိုးကြီးအပြီးတွင် ထိုသတ်မှတ်ချက်များကိုစွန့်ပစ်လိုက်သလိုပင်ဖြစ်သည်၊

မြင်နေသောအရာများသည် ဒြပ်စင်၏ကွဲပြားခြားနားသော ရောင်စုံဘောလုံးများဖြစ်နေတော့သည်။

ရုတ်တရက် ကမ္ဘာကြီးရှိအရာအားလုံးသည် ယင်နှင့်ယန်, ဒြပ်စင်ငါးမျိုး, သွင်ပြင်လေး မျိုးနှင့် ဂရမ်ရှစ်ခု၏ပြဌာန်းမှုများနောက်ကိုလိုက်နေကြသည်၊

ထိုအရာက အရာအားလုံးကိုယခင်ကထက်ပိုမိုရိုးရှင်း၍ ရှုပ်ထွေးမှုနည်းပါးလာမှုကို ဦးဆောင်နေသည်၊

မျက်နှာနီနတ်ဆိုးငရုတ်သီးပျော်ရည်ကို အစားကြီးရွှေရောင်ဖားပြုပ်အသားအပိုင်းထဲသို့ ထည့်လိုက်သည်။

အနုကြည့်မှန်ပြောင်း၏အောက်တွင် သူတို့ပြင်ဆင်ထားသည့်အတိုင်း ပျော်ရည်များသည် လျင်မြန်စွာနှင့်အသားထဲသို့ဝင်ရောက်သွားပြီး အသားသည်သန္ဓေပြောင်းမှုဖြစ်လာသည်၊ အဝါရောင်များတွင် မကြာခင်တွင်အနီရောင်များကနေရာဝင်ယူလိုက်ပြီး, အသားအပိုင်းတစ်ခုလုံးနောက်ဆုံးအနီရောင်ဖြစ်သွားသည်၊

ဘန်း!

အသားသည်အပိုင်းအစအသေးလေးများအဖြစ်ပေါက်ကွဲသွားပြီး, အနုကြည့်မှန်ပြောင်းပင် ကျိုးသွားတော့သည်။

တခြားတစ်ဖက်တွင်, အနီရောင်ပျော်ရည်ကိုဖြည့်စွက်ပြီးနောက်, အသားအပိုင်းသည် မကြာခဏကျယ်ပြန့်လာပြီး ထိုပျော်ရည်ထဲမှစွမ်းရည်များကို စုတ်ယူသည်ကို တခြားသူများတွေ့မြင်ခဲ့သည်၊ ၎င်းကဘန်းခနဲမပေါက်ကွဲခင်အထိ နီသထက်နီလာကာ ပြောင်းလာသည်။

မီးစွမ်းရည်သည် အလွန်ပြင်းထန်သောစွမ်းအင်တစ်ခုနှင့်ချိတ်ဆက်နေသည်။

ဒါရိုက်တာချန်းက ရလဒ်အတွက်ဝမ်းနည်းစရာကောင်းသည်ဟုခံစားနေရသော်လည်း ဤရလဒ်သည်သူမျှော်မှန်းထားသော မှန်းချက်အတွင်း၌သာရှိနေသေးသည်၊

ကပ်ဆိုးကြီးမတိုင်ခင်ကတည်းကတည်ရှိနေခဲ့သောနည်းပညာများသည် ဤကမ္ဘာ အသစ်တွင်မသင့်တော်ပုံရှိသည်၊ ကမ္ဘာကြီးကိုအုပ်စိုးသော နည်းလမ်ဥပဒေများသည်လည်း ပြောင်းလဲသွားပုံရသည်၊ ဒုံးကျည်များနှင့်နျူကလီးယားလက်နက်များကဲ့သို့ နည်းပညာများသည် သူတို့၏စွမ်းဆောင်ရည်တွေကိုမကျဆင်းစေသော်လည်း အချို့သောမှော်တစ်မျိုးမျိုးက ၎င်းတို့အားထာဝရအေးခဲစေနိုင်သည်၊ မည့်သည့်ရှာဖွေမှု၏ ပမာဏမဆို ရလဒ်သည်ထိုးဖောက်ကျော်ဖြတ်နိုင်ခြင်းမရှိပေ၊ ဒီလမ်းကြောင်းအတွက် တိုးတက်မှုကိုပိတ်ဆို့ထားသလိုပင်, ဒီလိုလက်နက်တွေရဲ့စွမ်းအားက သူတို့ရဲ့လက်ရှိ အဆင့်ပေါ်တွင်အမြဲတည်ရှိနေလိမ့်မည်။

တိုးတက်မှုအတွက် တစ်ခုတည်းသောနည်းလမ်းမှာ သားရဲလေ့ကျင့်သူတွေအဖြစ် အလုပ်လုပ်ရန်သာဖြစ်သည်။

ထိုအချက်သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံအသီးသီးတို့သည် သားရဲလေ့ကျင့်မှုများဖွံဖြိုး တိုးတက်ရေးအတွက် ဤမျှအလေးအနက်ထားသောအကြောင်းအရင်းအတိအကျပင် ဖြစ်သည်။

ကပ်ဆိုးကြီး၏ပထမဆုံး၂နှစ်တွင် နိုင်ငံတိုင်း၏အဓိကအာရုံစိုက်မှုသည် အကြိုကပ်ဆိုးကြီး၏နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်၊

ဘာလိုဘဲဖြစ်ဖြစ် ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်နှစ်ခုလုံးကိုဖြတ်သန်းလာခဲ့သော ထိုဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အသုံးပြုခဲ့သည်၊ တစ်နှစ်(သို့)နှစ်နှစ်အတွင်း အပြောင်းအလဲတစ်ခုဖြစ်ရန်ပြုလုပ်ခြင်းသည် လက်တွေ့တွင်တော့မဖြစ်နိုင်ပါ။

သို့သော်လူသားများ၏အနှစ်သာရအရ မြင့်မားစွာအသင့်အတင့်လိုက်လျောညီထွေစွာ နေနိုင်သောဘဝပုံစံများဖြစ်ကြသည်၊ သူတို့အစကပိုင်ဆိုင်သည့်နည်းပညာများမရှိရင်တောင်မှ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအသစ်ကိုဖောက်ထွင်နိုင်ဆဲဖြစ်သည်၊

“ဒါကမအောင်မြင်ဘူးဘဲ၊ ကျန့်အာ, အသားရဲ့သွေးနမူနာကိုစစ်ဆေးပြီးတော့ ဘာအကြောင်းကြောင့်မအောင်မြင်လည်းဆိုတာလာရှာလှည့်။”

All Chapters