← Chapters

အခန်း (၆၉-၇၂)

Vol. 5 Ch. 69-72

အခန်း (၆၉-၇၂)

Vol. 5 Ch. 69-72

အပိုင်း ၆၉ စမ်းသပ်မှု

“ဒါရိုက်တာချန်း၊ အသားစတွေပေါက်ကွဲသွားရတာက မီးဒြပ်စင်တွေအများကြီး စိမ့်ဝင်သွားတာကြောင့်ဖြစ်မယ်။ ဒီပေါက်ကွဲမှုက စွမ်းအင်ဆန့်ကျင်မှုကြောင့်ဖြစ်လာတဲ့ရလဒ်ပဲ။ အသားထဲမှာမီးစွမ်းအင်အရိပ်အယောင်မရှိတော့ဘူး။ စမ်းသပ်မှုမအောင်မြင်ပါဘူး။” ပြောပြီးသည်နှင့် ကျန့်အာက ခေါင်းထောင်ကာ ကောင်းဖန်ကိုကြည့်လိုက်သည်။ ထိုအမူအရာက တစ်ခုခုကို ထုတ်ပြောလိုက်သလိုပုံစံပေါ်ပေမည့် ချက်ချင်းပဲ အမူအရာကိုပြန်လည်ဖုံးကွယ်ထားလိုက်သည်။

“စွမ်းအင်ဆန့်ကျင်တာ။” ဒါရိုက်တာချန်း တီးတိုးရေရွတ်ကာ မျက်မှောင်ကြုတ်သွားသည်။ စွမ်းအင်တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာဆိုရင် လုံးဝမပေါင်းစည်းနိုင်ဘူးလို့ ဆိုလိုတာပေါ့၊ ဒါဆို ဒီစမ်းသပ်မှုကလုံးဝ ရှုံးနိမ့်သွားပြီပေါ့။

သူ၏ယခင်စမ်းသပ်မှုရလဒ်များအပေါ် အခြေခံပြီးကြည့်လျှင် စမ်းသပ်မှုအောင်မြင်နိုင်ချေတစ်ခုလောက်ရှိမည်ဆိုလျှင်ပင် ပေါက်ကွဲသွားသည့်အသားစများ၌ မီးစွမ်းအင်အချို့ကို ကောက်နုတ်နိုင်သေးသည်။ မဟုတ်ရင်လဲ အသားစသည် မီးစွမ်းအင်နှင့်လုံးဝပေါင်းစပ်သွားတာမျိုးလဲရှိသည်။ ဒီလိုသာဆို ဖော်မြူလာကိုဆက်လက် တိုးမြှင့်ပြီး လိုအပ်သည့်ပါဝင်ပစ္စည်းပမာဏကို ချိန်ညှိပေးရသည်။

“ရှောင်ကောင်းရဲ့တွေးဆချက်က မှန်သင့်တယ်။ ငါတို့ဆက်လုပ်ကြတာပေါ့။” ဒါရိုက်တာချန်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။ သူ့ခေါင်းထဲမှာတော့ ရှုံးနိမ့်မှုဖြစ်နိုင်ချေကို ကြိုတင်ပြင်ဆင်ထားပြီးပေပြီ။ ဘယ်သူကမှ ပထမဆုံးအကြိမ်လုပ်ရုံနဲ့ကံကောင်းကြတာမှမဟုတ်ဘဲ။

ကောင်းဖန်ကတော့ ဒါရိုက်တာချန်း၏ကျောပြင်ကိုသာ တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။ ဒါရိုက်တာချန်းက သူ့ကိုဒီလောက်အထိယုံကြည်ပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ဒါရိုက်တာချန်း၏ဆုံးဖြတ်ချက်က ကောင်းဖန်ကိုယုံကြည်တာကြောင့် တစ်ခုတည်းတော့မဟုတ်ပေ။ အသေအချာစဉ်းစားကြည့်ပြီးနောက် ကောင်းဖန်၏အကြံပြုချက်များက အမှန်တကယ်ဖြစ်နိုင်သည်ဟု သူကိုယ်တိုင်ကလဲ လက်ခံခြင်းကြောင့်ပါသည်။

ဒါ့အပြင် သူက ကောင်းဖန်၏အရည်အချင်းကို ပိုပြီးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤတစ်ကြိမ်တွင် ဖိတ်ခေါ်ထားခဲ့ခြင်းဖြစ်သည်။ အရည်အချင်းရှိထားလျှင် မဖြုန်းတီးလိုက်သင့်ပေ။ ကျန့်အာနှင့်အခြားသောကျောင်းသားများသည်လဲ ဤနယ်ပယ်တွင် အရည်အချင်းများရှိတာကြောင့် သူခေါ်ယူထားခြင်းဖြစ်သည်။

သားရဲပျိုးထောင်သူနယ်ပယ်တွင် သွားရမည့်လမ်းခရီးကရှည်လျားလှသည်။ ဒီနယ်ပယ်ကိုလေ့လာဖို့အတွက် သူတစ်ယောက်တည်းများစွာ ကြိုးစားခဲ့သည်။ သူအသက်ရှင်နေစဉ်အတွင်း သားရဲပျိုးထောင်ခြင်း များစွာတိုးတက်လာသည်ကို မြင်သွားချင်မိသည်။

သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန်ဆိုလျှင် သူနှင့်အတူသားရဲပျိုးထောင်သူများအတွက် လမ်းကြောင်းချဲ့ထွင်ပေးဖို့ရန် ပူးပေါင်းပေးမည့် အရည်အချင်းရှိသူများစွာလိုအပ်ပေသည်။

သူ့အတွက်တော့ အဆင့်မြင့်သားရဲပျိုးထောင်သူတစ်ယောက်ဖြစ်လာဖို့က အရည်အချင်းအများကြီးလိုအပ်နေတုန်းပင်။ ဒီလိုအရည်အချင်းမျိုးက စကားလုံးနှင့်ဖော်ပြဖို့ရန် ခက်ခဲသည်။ ဒါက စိတ်ဝိညာဉ်ကနေဖြစ်ပေါ်လာသည့် လက်ဆောင်မွန်တစ်မျိုးပင်။ သားရဲများကိုပျိုးထောင်သည့်အခါ ထိုသို့အရည်အချင်းရှိသူများသည် ၎င်းတို့၏စိတ်ဝိညာဉ်တွင် မီးပွားလေးများကို မကြာခဏတွေ့ကြုံခံစားရပြီး အခြားသူများသတိမပြုမိသည့် အရေးကြီးသော အသေးစိတ်အချက်အလက်များကို ရှာဖွေနိုင်ဖို့ရန် လမ်းညွှန်ပေးသည်။

ဒါမျိုးက ရှေးခေတ်တရုတ်သမားတော်များလိုပင်။ သူတို့တွင် ယနေ့ခေတ်လိုမျိုး အဆင့်မြင့်ဆေးဘက်ဆိုင်ရာပစ္စည်းများ မရှိကြဘဲ ဆဲလ်များ သို့မဟုတ် နဗ်ကြောများအကြောင်းကိုလဲ မသိကြပေ။ သို့သော်လည်း ယင်၊ယန်နှင့် ဒြပ်စင်ငါးမျိုး အခြေခံသဘောတရားများကို အသုံးပြုကာ လူသားခန္ဓာကိုယ်မှ ဝင်သက်၊ထွက်သက်၊ ခန္ဓာကိုယ်နှင့် စိတ်အာရုံ ပေါင်းစည်းခြင်းကိုပင် ရှုမြင်နိုင်သည်။ မြင်ခြင်း၊ ကြားခြင်း/အနံ့ခံခြင်း၊ မေးမြန်းခြင်း နှင့်ထိတွေ့ခြင်းနည်းလမ်းများကို အသုံးပြုပြီး သူတို့၏အသိပညာများဖြင့် နာမကျန်းဖြစ်ခြင်းများကို ကုသပေးနိုင်ကြသည်။ အနောက်တိုင်းဆေးပညာအရ မှန်ဘီလူးများဖြင့် မြင်တွေ့ရသလိုပဲ ဒါသည်လဲ ရုပ်လွန်ဒဿနိကဗေဒသာဖြစ်သည်။

“အမ်၊” ကျန့်အာသည် သဘောမတူလိုသော်လည်း အသိအမှတ်ပြုကြောင်း ရေရွတ်လိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ဒါရိုက်တာချန်း၏ကိုယ်ပိုင်ကျောင်းသားများထဲမှ တစ်ယောက်အနေဖြင့် သူ့ဆရာက ကောင်းဖန်လိုမျိုးငယ်ရွယ်သည့်လူသစ်လေးကို ဓါတ်ခွဲခန်းထဲခေါ်ဆောင်လာသည်အား မြင်တွေ့ရခြင်းအတွက် အတော်လေးမနာလိုဖြစ်မိသည်။ ဒါရိုက်တာချန်းသည် ကျန်သူများကို ဒီလောက်အထိတန်ဖိုးထားတာမျိုးမရှိဖူးပေ။

ကောင်းဖန်သည် သားရဲပျိုးထောင်သူစာမေးပွဲကို အောင်မြင်ခဲ့သူမှန်း သူကြားထားပေမည့် တိုက်တိုက်ဆိုင်ဆိုင်နှင့် ကံကောင်းပြီး အောင်သွားသည်ဟုသာ တွေးမိသည်။

ဒီအထက်တန်းကျောင်းသားကောင်းဖန်မှာ အရည်အချင်းနည်းနည်းပါးပါးလောက်သာရှိသင့်သည်။ သို့သော်လည်း ဒါရိုက်တာချန်း ကောင်းဖန်ကိုဆက်ဆံပုံကနည်းနည်းတော့ များလွန်းသည်ဟုခံစားနေရသည်။ သို့ပေမည့် သူ့ဆရာက စမ်းသပ်မှုကို ဆက်လုပ်ချင်နေမှတော့ ဆက်လုပ်ပါစေတော့။ စမ်းသပ်မှုဆက်ပြီး ကျရှုံးနေသည်နှင့်အမျှ လူသစ်လေး၏သရုပ်မှန်လဲ ပေါ်ထွက်လာပေလိမ့်မည်။

ဒုတိယမြောက်စမ်းသပ်မှုက ကျရှုံးသွားသည်…

တတိယမြောက်စမ်းသပ်မှုသည်လဲ ရှုံးနိမ့်စဲပင်….

နေ့တစ်ပိုင်းလုံး ရှုံးနိမ့်ပြီးရင်းသာ ရှုံးနိမ့်နေတော့သည်။ ပြောရလျှင်တော့ သုတေသနာတွင် တိုးတက်မှုနည်းနည်းလေးတောင် မရှိခဲ့ပေ။

ကျန့်အာနှင့်အခြားသောသုတေသီများကတော့ အသံတိတ်ဖြင့် အကြည့်ချင်းဖလှယ်နေကြသည်။ သူတို့၏မျက်လုံးများထဲမှတစ်ဆင့် ကောင်းဖန်၏ကျရှုံးမှုအတွက် ပျော်ရွှင်နေဟန်များကို မြင်တွေ့ရပေသည်။

သူတို့က ကိုယ့်ကိုကိုယ်လိမ်ညာနေသည့်ကောင်းဖန်ကိုလဲ လှမ်းကြည့်လိုက်ကြသေးသည်။

ကောင်းဖန်တစ်ခုခုတွေးလိုက်မိကာ အမူအရာပြောင်းလဲသွားသည်။ “ဒါရိုက်တာချန်း၊ ကျွန်တော်တို့ ပါဝင်ပစ္စည်းတွေအများကြီးကို စမ်းသပ်ပြီးသွားပြီ။ မျက်နှာနီနတ်ဆိုးငရုတ်သီးတစ်ခုတည်းကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးတာ မလုံလောက်တာကြောင့်လို့ ခံစားရတယ်။ နောက်ထပ်အဓိကပါဝင်ပစ္စည်းနောက်တစ်မျိုး ထပ်ထည့်လို့ရသေးတာပဲ။”

“အဓိကပါဝင်ပစ္စည်းနှစ်ခု? ဒီအကြံကောင်းသားပဲ။” ဒါရိုက်တာချန်း အထင်ကြီးသွားကာ ကောင်းဖန်ကိုကြည့်လိုက်သည်၊

ကောင်းဖန် အစားကြီးရွှေရောင်ဖားပြုပ်ကို စာနာသောအကြည့်နှင့်ကြည့်လိုက်သည်၊ များစွာသောအသားများကို သူ၏အစိတ်အပိုင်းများမှဖြတ်တောက်ပစ်လိုက်ရသည်၊ ဒဏ်ရာများသည်ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်လည်း ဖြတ်ထုတ်ထားသော အသားများသည်ကံမကောင်းစွာနှင့်ပြန်လည်အစားထိုးရန်အချိန်အနည်းငယ်လောက် ကြာသည်။

အစားကြီးရွှေရောင်ဖားပြုပ်သည် ကောင်းဖန်နှင့်ကျန်တဲ့လူတွေကို စက်ဆုပ်ရွံ့ရှာသည့် အကြည့်နှင့်ကြည့်လိုက်သည်၊

သူကသူ့ရဲ့နောက်ကျောကိုသူတို့ဘက်သို့လှည့်လိုက်ပြီး ထိုစက်ဆုပ်ရွံ့ရှာဖို့ကောင်းသည့်လူတွေကို ထပ်ပြီးကြည့်လိုစိတ်မရှိတော့ချေ။

၎င်း၏တင်ပါးတွင်တောင်ပင်,လပ်နေသောအသားတုံးကြီးတစ်တုံးရှိသည်၊

ဒါပေမယ့်ဒါရိုက်တာချန်းနဲ့ကျန်တဲ့လူတွေက ထိုသတ္တဝါအတွက် စာနာနှလုံးသားရှိနေစဲဖြစ်သည်၊ သူတို့က အသားကိုဖြတ်သည့်တစ်ကြိမ်ချင်းစီတွင် ပမာဏအများကြီးမဖြတ်ခဲ့တာကြောင့် တစ်ချိန်ချိန်ကျလျှင် အသားပြန်ပြည့်သွားနိုင်ပေသည်။ ထို့အပြင် အသားအချို့ဖြတ်တောက်သည့်အခါတိုင်း ဖြတ်မည့်နေရာကို ထုံဆေးတောင်မှပေးခဲ့သည်။

“အခြားအဓိကပစ္စည်းတွေအတွက် မင်းဘာကိုသုံးဖို့စီစဉ်ထားလဲ?” ဒါရိုက်တာချန်းက လျှို့ဝှက်စွာနှင့်သူ့ခေါင်းကိုယမ်းလိုက်သည်၊ သူခုချိန်ထိ ထိုအကြံကို မြင့်မြင့်မားမားမတွေးနိုင်သေးပေ, ဒါပေမယ့်ကောင်းဖန်၏စိတ်အားထက်သန်မှုကို ထိုးနှက်လိုက်လျှင်ကောင်းလိမ့်မည်မဟုတ်ဟုသူခံစားမိသည်။

“နူးညံ့တဲ့အနက်ရောင်မြေဆီလွှာ၊ အဲ့တာကမြေကြီးဝိဉာဉ်စွမ်းရည်ပစ္စည်းဖြစ်ပြီး သူ့က ယင်အမျိုးအစားစိုထိုင်းသည့်မြေမျိုးဖြစ်တယ်၊ အစားကြီးရွှေရောင်ဖားပြုပ်က သူ့ရဲ့ ခန္ဓာကိုယ်အတွင်းအင်္ဂါများကိုကာကွယ်ဖို့အတွက် ဒါကိုစားသုံးနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ကနတ်ဆိုးငရုတ်သီးအတွက် အထောက်အပံ့အဖြစ်ပါဝင်တဲ့ စာကလေး တံတွေးသစ်သားအချို့ကိုလည်းပစ္စည်းစာရင်းထဲမှာထည့်သင့်တယ်။ သစ်ကမီးကိုကျွေး တယ်, မီးကမြေကြီးကိုဖန်တီးတယ်”

ဒါရိုက်တာချန်းက မျက်နှာတင်းတင်းနဲ့ခေါင်းညိတ်လိုက်သည်၊ ထိုနေ့ကသူဒီလိုစကားတွေကိုအကြိမ်ဒါဇင်လောက်ကြားခဲ့ရသည်၊ အဲ့တာတွေအကုန်လုံးက ဒြပ်စင်ငါးခု၏ သီအိုရီအရအခြေခံထားတာဘဲဖြစ်သည်၊ ဒါပေမယ့်ပြဿနာက ထိုမီးအများကြီးနှင့်အတူ သစ်သားနှင့်မြေကြီးစွမ်းရည်ပါဝင်ပစ္စည်းများပါဝင်တာကြောင့် မှန်ကန်တဲ့ပေါင်းစပ်မှုကို ရှာဖွေနိုင်ဖို့အတွက်ကမြင့်မားတဲ့တာဝန်တစ်ခုဖြစ်သည်၊ အခြားစွမ်းရည်တစ်ခု ထပ်ပေါင်းထည့်လိုက်ပါကထိုတာဝန်၏အခက်အခဲသည်အဆများတိုးလာလိမ့်မည်။

“ ငါတို့လည်း အဲ့တာကိုကောင်းကောင်းကြိုးစားကြည့်နိုင်လောက်ပါတယ်” ဒါရိုက်တာချန်း ခေါင်းညိတ်ကာပြောလိုက်သည်။

ပါဝင်ပစ္စည်းတွေအကုန်လုံးကို အချိန်မပေးရဘဲပြင်ဆင်လိုက်ပြီး လက်တွေ့စမ်းသပ်ခဲ့ကြသည်၊ ပြီးတော့ရလဒ်သည်မအောင်မြင်သေးသော်လည်း ဒီတစ်ကြိမ်တွင် မီးဒြပ်စင်သည်အောင်မြင်စွာနှင့်အသားထဲသို့ စုစည်းသွားပြီဖြစ်ပြီး ပမာဏကလည်း သိသိသာသာကြီးလာသည်၊

ဒီနည်းလမ်းကဖြစ်နိုင်ခြေများသည်၊

ဒါရိုက်တာချန်း၏ စိတ်ဝိဉာဉ်သည်တက်ကြွလာတော့သည်၊

သူကဆက်လက်ပြီး ပမာဏနှင့်ပါဝင်ပစ္စည်း၏ဂုဏ်သတ္တိများကို အနည်းငယ်ပြုပြင်ပြောင်းလဲခဲ့သည်၊ သူကအပင်အနည်းငယ်ကိုပြောင်းလဲလိုက်ပြီး အခြားတူညီသည့် ပါဝင်ပစ္စည်းအနည်းငယ်ကိုရွေးချယ်လိုက်သည်။

နာရီအနည်းငယ်ကုန်လွန်သွားသည်၊ စမ်းသပ်ကိရိယာထဲတွင်ရှိနေသောအသားသည် အရောင်ပြောင်းသွားခဲ့သည်၊ စတင်၍နက်ရှိုင်းသောအရောင်, အဝါဖျော့, ၎င်းကတောက်ပလာပြီး နောက်ဆုံးတွင်မျက်စိကိုဖမ်းစားနိုင်သောအနီရောင်အပြည့် ဖြစ်သွားတော့သည်။ ဒီတစ်ကြိမ်တော့၎င်းကမပေါက်ကွဲတော့ပေ။

သူတို့၏စီစဉ်မှုသည် ဒီလောက်အခြေအနေတိုးတက်လာအောင်လုပ်နိုင်သွားပြီဟု တွေးမိလိုက်ကြသည်၊ သုတေသီအချို့မှာ မျက်လုံးများပြူးကျယ်နေပြီးပြုတ်ကျတော့ မတတ်ကြည့်နေကြသည်၊ မဖြစ်နိုင်တာဟုလဲ သူတို့စိတ်ထဲတွင်အော်နေကြသည်၊

ထိုအချိန်တွင်သူတို့သည့် သူတို့ကိုယ်တိုင်နှင့်ကောင်းဖန်ကြား ကွဲပြားခြားနားသည့် အချက်ကိုနောက်ဆုံးတွင်နားလည်ခဲ့ကြသည်၊

ကောင်းဖန်အတွက်ကတော့ ထိုငတုံးများနှင့်ပတ်သတ်၍ သိပ်ပြီးစိတ် အနှောက်အယှက်မပေးခဲ့ချေ၊ ကောင်းဖန်နှင့်ပဋိပက္ခမဖြစ်ဖူးသော်လည်း သူ့ကိုမနာလို ဝန်တိုသူများရှိသည်၊ ထိုသူများသည်ကောင်းဖန်နှင့်ပေါင်းသင်းရန်ရည်ရွယ်ချက်မရှိသူ များဖြစ်သည်၊

ကောင်းဖန်ကဒါရိုက်တာချန်းကိုပြောလိုက်သည်, “ ကျွန်တော်တို့ဘာလို့တိုက်ရိုက် စမ်းသပ်တာကိုမလုပ်တာလဲ? ရလဒ်အတိအကျသိဖို့က ဒီပါဝင်ပစ္စည်းတွေကို စားပေးရမှာလေ။ သားရဲတစ်ကောင်ရဲ့အသားကိုစမ်းသပ်နေရုံနဲ့ မလုံလောက်ဘူး။”

နောက်ဆုံးတွင်သူကသူ့ရဲ့နတ်ဆိုးလက်သည်းများကိုထုတ်လိုက်ပြီး ရိုးသားတဲ့အစားကြီးရွှေရောင်ဖားပြုပ်ဆီသို့သွားရတော့မှာလား?!

ဒါရိုက်တာချန်းက ချက်ချင်းကြီးသဘောမတူပေ၊ စစ်တပ်ကအစားကြီးရွှေရောင်ဖားပြုပ်ကို စားသပ်မှုပြုလုပ်ရန်လုံလောက်သောခွင့်ပြုချက်ကိုပေးထားသည်၊ ထို့ကြောင့်ပင် သားရဲပျိုးထောင်သူတစ်ယောက်အနေနှင့် ထိုအကျွမ်းတဝင်သားရဲ၏ဘဝအတွက် တာဝန်ရှိသည်။

“ကောင်းပြီ! ငါတို့တိုက်ရိုက်စမ်းသပ်မှုနဲ့စတင်လို့ရပြီ။” ဒါရိုက်တာချန်းက ပြင်းထန်စွာ သက်ပြင်းချလိုက်ပြီးပြောလိုက်သည်၊

သူတို့ကအလွန်အပူခံနိုင်သောကွန်တိန်နာထဲတွင် အစားကြီးရွှေရောင်ဖားပြုပ်ကို ထားလိုက်သည်။

ဤအကောင်သည် စစ်ရေးလေ့ကျင့်ထားသော ကိုယ်ပိုင်သားရဲဖြစ်သောကြောင့် ဖြစ်နိုင်သည်။ အစားကြီးရွှေရောင်ဖားပြုပ်သည် သုတေသီများကိုပင်အလွန်နာခံသည်။ သားရဲတစ်ကောင်အနေနှင့်ဆိုလျှင် ထိုအရာသည်အလွန်ရှားပါးလှသည်၊

အမျိုးမျိုးသောပါဝင်ပစ္စည်းများကို သင့်တော်သောပမာဏအတိုင်းထည့်ပြီး ကွန်တိန်နာထဲသို့ထည့်ကာ အမြုပ်ထနေသောအနီရောင်အရည်ထဲတွင် ဆူပွက်စေလိုက်သည်၊ ညှော်နံ့ကလေထဲတွင်ပြည့်နေသည်၊ နှာခေါင်းစည်းတပ်ထားသောသူတွေတောင် မသက်မသာခံစားနေရသည်၊

“အဟွတ်, အဟွတ်, အဟွတ်”, သုတေသီတစ်ဦးကချောင်းဆိုးတော့သည်၊ သူ့မျက်လုံးကနီရဲလာပြီးမျက်ရည်ဝဲလာတော့သည်။

***

အပိုင်း ၇၀ ကျောက်ရည်ပူမီးဖားပြုပ်

ဘယ်လောက်ပဲ ချောင်းဆိုးလာပါစေ စမ်းသပ်မှုလုပ်ထုံးလုပ်နည်းအရ လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်အတွက် ကွန်တိန်နာအနားတွင် တစ်ယောက်ယောက်ရှိနေဖို့လိုအပ်သည်။ ထိုလူက အခါအားလျော်စွာ လိုအပ်သောပါဝင်ပစ္စည်းများကို ထည့်ပေးရပေမည်။

“ခင်ဗျားတို့အားလုံး အရင်ထွက်နှင့်လိုက်ကြ၊ ကျွန်တော်ပဲ စောင့်ကြည့်ဖို့ နေခဲ့လိုက်မယ်။” ကောင်းဖန်က အခန်းထဲမှလူများကိုပြောလိုက်သည်။

“မလိုဘူး၊ ငါလဲ အနီးကပ်နေပြီး တုံ့ပြန်မှုတွေကိုစောင့်ကြည့်ဦးမယ်။” ဒါရိုက်တာချန်းသည် အခိုးအငွေ့များကြောင့် နှာချေမရပ်ဖြစ်နေတာတောင်မှ အနားမှာပဲ ဆက်နေချင်နေသည်။

ဒါရိုက်တာချန်းတောင် မထွက်မှတော့ အနားမှာရှိနေသည့် သုတေသီအနည်းငယ်လဲ ထွက်မသွားရဲကြတော့ပေ။

ကောင်းဖန် ရယ်လိုက်ကာ၊ “ပါဝင်ပစ္စည်း ထည့်ရမယ့်ပမာဏတွေကို ကျွန်တော်တို့ တွက်ပြီးနေပြီလေ။ ကျန်တာက ပုံမှန်အတိုင်း ကျန်တဲ့ပါဝင်ပစ္စည်းတွေကို သူ့အချိန်နဲ့သူထည့်လိုက်ရုံပဲကို။ စောင့်ကြည့်ဖို့မတန်ပါဘူး။ ဒါဆိုလဲ ခင်ဗျားတို့ပဲ ကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်ဖို့ နေခဲ့ပြီး ကျွန်တော်ခဏလောက်ထွက်သွားရင်ကော?”

“ရတယ်လေ။” ဒါရိုက်တာချန်းက ချက်ချင်းသဘောတူလိုက်သည်။

ကောင်းဖန်သည် ယဉ်ကျေးမှုအရ အချိန်ဖြုန်းမနေဘဲ ချက်ချင်းပင် ဓါတ်ခွဲခန်းထဲမှ ထွက်သွားတော့သည်။ အခြားသောပါဝင်ပစ္စည်းများကိုထည့်ပြီးနောက် နတ်ဆိုးငရုတ်သီးမှ ထွက်လာသည့် ညှော်နံ့များမှာ အလွန်ပြင်းကာ အသက်ရှုကျပ်ရသည်။

အပြင်ဘက်မှလေက ပိုပြီးသန့်စင်ပေသည်။ ကောင်းဖန် အပြင်လေကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက် နီရဲနေသည့်သူ့နှာခေါင်းကိုပွတ်လိုက်သည်။ အထဲမှအနံ့သည် တကယ်ကိုမွှန်ထူလှကာ သူ့ကိုအတော်လေး မသက်မသာခံစားရစေသည်။

ဓါတ်ခွဲခန်းထဲတွင်တော့ အနီရောင်အခိုးအငွေ့လေထုကြီးမှာ ပိုလို့သာ သိပ်သည်းလို့လာခဲ့သည်။ ကြမ်းပြင်မှ မျက်နှာကြက်ရှိ မှန်ပြတင်းပေါက်များထိတိုင်အောင် အနီရောင်အငွေ့များဖြင့် ဖုံးလွှမ်းနေသည်။ အငွေ့များသည် မှန်ချပ်များပေါ်တွင် ငွေ့ရည်ဖွဲ့ကာ အနီရောင်ရေစက်လေးများဖြစ်လာပြီး ကြမ်းပြင်သို့တောင် ပြန်စီးကျလို့လာခဲ့သည်။

အဟွတ်၊ အဟွတ်၊ အဟွတ်။ ဒါရိုက်တာချန်းနှင့်ကျန်သုတေသီများ မှန်ခန်းထဲမှ အပြေးအလွှားထွက်လာကြကာ ချောင်းဆိုးနေကြသည်။

ထိုထူးဆန်းလှသည့်အငွေ့အသက်များထုတ်လွှတ်မှုမှာ မိနစ်သုံးဆယ်လောက်ပင် ကြာသွားခဲ့သည်။

နာရီဝက်ကြာပြီးနောက် ဓါတ်ခွဲခန်းထဲမှ အခိုးအငွေ့များ တဖြည်းဖြည်းပျောက်ကွယ်သွားကာ နောက်ဆုံးတွင်တော့ မှန်နံရံကာထားသော ဓါတ်ခွဲခန်းအတွင်းပိုင်းကို မြင်တွေ့နိုင်သွားသည်။

အစက သွေးလိုမျိုးရဲရဲတောက်နေသည့် နီပျစ်ပျစ်ချိုးရေများသည် ကြင်လင်လာကာ သိပ်သည်းစလျော့နည်းသွားပြီး ရေထဲတွင် အနီရောင်အမျှင်အချို့ သာ မျောနေတော့သည်။

ရွှေရောင်ကျောပြင်နှင့် အဖြူရောင်ဝမ်းဗိုက်သားရှိသည့် အစားကြီးရွှေရောင်ဖားပြုပ်မှာ ပျောက်ကွယ်သွားခဲ့သည်။

ထိုနေရာတွင် ကြောက်စရာကောင်းသည့် ကြီးမားသော သွေးနီရောင်ဖားပြုပ်တစ်ကောင်က အစားထိုးပေါ်ထွက်လာခဲ့သည်။

ကောင်းဖန်၏မြင်ကွင်းတွင်လဲ စာတန်းများထွက်ပေါ်လာခဲ့သည်။

မျိုးကွဲဆင့်ကဲပြောင်းလဲမှု အောင်မြင်သည် - [ကျောက်ရည်ပူမီးဖားပြုပ်]

ကျောက်ရည်ပူမီးဖားပြုပ်သည် ရုတ်တရက်ခုန်ထွက်ကာ ကွန်တိန်နာထဲမှ အလွယ်တကူထွက်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တွင် အရည်အမြောက်အများရှိနေသေးတာကြောင့် အောက်ဘက်ကြမ်းပြင်ပေါ်တွင် ရေအိုင်ကြီးဖြစ်သွားစေသည်။

ဒီအချိန်မှာတော့ ၎င်းကို အစားကြီးရွှေရောင်ဖားပြုပ်ဟု ဆက်ခေါ်ဖို့ရန် မသင့်တော့ပေ။

ဤကြီးမားလှသော အနီရောင်အရေပြားနှင့်ဖားပြုပ်သည် ကွန်တိတ်နာထဲဝင်သွားတုန်းကထက် အရွယ်အစားတိုးလာခဲ့သည်။ ကျောပြင်ပေါ်ရှိ အဖုများသည်လဲ ပိုလို့များပြားထူထပ်လာခဲ့သည်။ ထိုအဖုများသည် ကြည်လင်လာပြီး ၎င်းတို့အထဲတွင် အနီရောင်အရည်များပင် စီးဆင်းလို့နေသည်။

“ဒီဖားပြုပ်မျိုးက မျိုးစိတ်အသစ်ပဲ။ သူ့ကို ငါတို့ မီးနတ်ဖားပြုပ်လို့ခေါ်ကြရင်ဘယ်လိုလဲ?” ဒါရိုက်တာချန်းက သူ့မျက်မှန်ကို တွန်းတင်လိုက်ကာ သူ့မျက်လုံးများထဲတွင်တော့ အနည်းငယ်စွမ်းလမ်းကာ အရူးအမူးဖြစ်နေသည့် ပုံရိပ်များဖြင့်ပြောလိုက်သည်။

“မီးနတ်ဖားပြုပ်ဆိုတာက နည်းနည်းချဲ့ကားနေသလိုပဲ။ ကျွန်တော်ကတော့ ကျောက်ရည်ပူမီးဖားပြုပ်လို့ ခေါ်သင့်တယ်ထင်တယ်။” ကောင်းဖန်က အချက်အလက်ဇယားတွင် ‘ကျောက်ရည်ပူမီးဖားပြုပ်’ဟု ပေါ်ထားပြီးဖြစ်တာကြောင့် ထိုနာမည်ကိုသာ အကြံပြုလိုက်သည်။ ဒါက သူတို့၏တည်ရှိနေမှုကို စိတ်ဝိညာဉ်ထဲတွင်ပင် ထွင်းထုထားသည့် သားရဲကောင်၏အမည်အရင်းဖြစ်ပုံရသည်။

“ကျောက်ရည်ပူမီးဖားပြုပ်…. ဒါလဲကောင်းတာပဲ။ ဒီစမ်းသပ်မှုအောင်မြင်တာက မင်းရဲ့အတွေးအခေါ်ပေါ်မှာ အများကြီးမူတည်ထားတာဆိုတော့ မင်းအကြံပြုတဲ့နာမည်ကို ခေါ်သင့်တာပေါ့။”

‘မီးဖားပြုပ်’ကတော့ ၎င်း၏စွမ်းရည်ကိုရည်ညွှန်းခြင်းဖြစ်သည်။

ဒါပေမယ့် ‘ကျောက်ရည်ပူ’က….

ကောင်းဖန် အနည်းငယ်သိချင်လာမိသည်။ ‘ကျောက်ရည်ပူ’ဆိုတာ သူ့နောက်ကျောက အကြည်ရောင်ဖုအကြီးကြီးတွေကို ရည်ညွှန်းချင်တာလား? ဒါမှမဟုတ် သူ့မှာ ကျောက်ရည်ပူတံတွေးထွေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ပြောချင်တာလား?

မကြာလိုက်ပါပဲ ကောင်းဖန် သိရှိသွားခဲ့သည်။

လည်ချောင်းထဲတွင် တစ်စုံတစ်ရာကပ်နေသကဲ့သို့ မသက်မသာဖြစ်နေသော ကျောက်ရည်ပူမီးဖားပြုပ်သည် ထိုင်ချလိုက်ပြီး ၎င်း၏လည်ပင်းကြီးက ဖောင်းကားလာခဲ့သည်။ ပြင်းပြင်းထန်ထန်ဖောင်းကားမှု အကြိမ်ရေအနည်းငယ်ဖြစ်ပြီးနောက် ၎င်း၏လည်ချောင်းမှ မိုးခြိမ်းသံကဲ့သို့ အသံနိမ့်တစ်သံထွက်လာခဲ့သည်။

ထို့နောက် ၎င်းသည် ၎င်း၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး အနီရဲရဲအရည်ဘောလုံးတစ်လုံးကိုထွေးထုတ်လိုက်သည်၊

ထိုအနီရဲရဲအရည်လုံးသည် သံမဏိစားပွဲပေါ်သို့ကျသွားပြီး စူးရှသောအသံကိုပေးနေသည်၊ အနီ ရောင်အရည်များသည်ပြင်းပြင်းထန်ထန်ဆူပွက်လာပြီး အဖြူရောင်မီးခိုးငွေ့များ အနေဖြင့်စတင်ဖွဲ့စည်းလိုက်သည်၊ အရည်များ၏မြင့်မားသောအပူချိန်ကိုပင်အဝေးမှ ခံစားနေရသည်၊

စာရွက်များ၊ ဖောင်တိန်များနှင့်အခြားသောစာရေးကိရိယာမျိုးစုံသည် မီးရှို့ခံလိုက်ရပြီး မီးစွဲလောင်သွားကြတော့သည်၊

“မီးစွမ်းရည်! နှစ်မျိုးဒွန်တွဲနေတဲ့စွမ်းရည်မီးနဲ့မြေကြီး! ငါတို့အောင်မြင်ပြီ!” ဒါရိုက်တာ ချန်း၏မျက်နှာသည်သာယာကြည်နူးမှုနှင့်အတူပီတိဖြာနေတော့သည်၊

ကောင်းဖန် ဖားပြုပ်ကိုစိုက်ကြည့်လိုက်သည်၊ မီးစွမ်းရည်အမျိုးအစားကဒီမှာ, ဒါပေမယ့်နှစ်မျိုးဒွန့်တွဲစွမ်းရည်အတွက်ကျတော့…အဲ့လိုဖြစ်ပုံမပေါ်ဘူး၊

ဒါပေမယ့်ဒါကအရေးမကြီးဘူး၊ ဘာကအရေးကြီးဆုံးဘဲဆိုတော့ ကျောက်ရည်ပူမီးဖားပြုပ်အမျိုးအစားသည် သစ်သားစွမ်းရည်အဖြစ် သတ်မှတ်ထားသော သစ်ရွက်ဆွေးကျိုင်းကောင်များကိုတိုက်ခိုက်ရန်အတွက်လုံလောက်သည်၊

[မကောင်းဆိုးဝါးအမည်]-ကျောက်ရည်ပူမီးဖားပြုပ်

[မကောင်းဆိုးအဆင့်]-အဆင့်၁၉

[မကောင်းဆိုးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-မီး

[မကောင်းဆိုးဝါးအားနည်းချက်]-ရေအမျိုးအစား

[မကောင်းဆိုးဝါးဖော်ပြချက်များ]-အစားကြီးရွှေရောင်ဖားပြုပ်မှ တိုးမြှင့်လာခြင်း ဖြစ်သည်၊ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းနှင့်လိုက်ရောညီထွေမှုရှိစေရန်အတွက် ၎င်း၏ မြေကြီးစွမ်းရည်ကို မီးစွမ်းရည်သားရဲဖြစ်လာစေရန်စွန့်ပစ်လိုက်သည်၊ ဆင့်ကဲဖြစ်စဉ်အတွင်း ၎င်း၏ခန္ဓာကိုယ်ကိုကြီးမားသောထိခိုက်ပျက်စီးစေခဲ့သည်၊ ကြွက်သားအမြောက်အမြားကို မီးဒြပ်စင်မှတမြည့်မြည့်ယိုယွင်းပျက်စီးစေခဲ့ကာ ၎င်း၏ သန်မာမှုနှင့်ခုန်နိုင်သောစွမ်းရည်ကိုလည်း ဒီဂရီအနည်းငယ်လောက်လျော့ကျစေခဲ့သည်၊ ဆင့်ကဲဖြစ်စဉ်အလားအလာသည်လည်း အားနည်းလာသည်။

တစ်ချိန်တည်းမှာပင်, မီးတိုက်ခိုက်မှုစွမ်းရည်သည်ဖွံ့ဖြိုးလာပြီး မီးဒြပ်စင်၏အာရုံ စူးစိုက်မှုကိုပိုင်ဆိုင်ထားချိန်တွင် ပါးစပ်ထဲမှစေးကပ်သောသလိပ်များကို ထွေးထုတ်သည်၊ နောက်ကျောရှိအသားဖုများသည်မီးတောက်ကိုသိုလှောင်သော သေးငယ်သည့် ဂိုထောင်အဖြစ်ပြောင်းလဲသွားသည်၊ ကျိုးပျက်သွားသောအခါ၎င်းတို့သည်မီးဒြပ်စင် ပါဝင်သောအရည်အများအပြားကိုပန်းထွက်စေ၍ တိုက်ခိုက်သူများအား ထိခိုက်စေ သည်။

ထိုသို့သောဆင့်ကဲ့ဖြစ်စဉ်တစ်ခုတွင်အားနည်းချက်များလည်းရှိသည်။ ကျောက်ရည်ပူမီးဖားပြုပ်သည် ယခုမှစ၍ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများဟုယူဆကာ မီးကိုသာသုံးနိုင်ပြီး မည်သည့်ပြောင်းလဲမှုမျိုးကိုမှကြာကြာသည်းခံနိုင်ခြင်းမရှိတော့ပါ, သို့မဟုတ်ပါ က၎င်း၏ဗီဇများပျက်စီးသွားမည်ဖြစ်သည်။

ထို့ပြင် ၎င်း၏ဆင့်ကဲဖြစ်စဉ်အလားအလာသည်လည်း အားနည်းခဲ့သည်၊ ရေရှည်တွင် ထိုအရာသည်သားရဲအတွက်ဆိုးကျိုးဖြစ်စေပုံရသည်။

သို့သော်၎င်းကိုမီးစွမ်းရည်သားရဲဖြစ်လာစေရန် ၎င်းကိုရလာစေဖို့အတွက်တစ်ခုတည်း သောနည်းလမ်းဖြစ်သည်။ လုပ်ငန်းစဉ်တွင်အားသာချက်ရော အားနည်းချက်ရောရှိပုံရ သည်။

ဒါရိုက်တာချန်း၏ကျောင်းသားအနည်းငယ်သည် ဓာတ်ခွဲခန်းအလယ်တွင်ထိုင်နေသော ကျောက်ရည်ပူမီးဖားပြုပ်ကို ရိုးရိုးတန်းတန်းဗလာပုံစံနှင့်စိုက်ကြည့်နေကြသည်၊ သူတို့ဘယ်လိုဘဲကြည့်နေပါစေ ဒါကအဓိပ္ပါယ်မရှိဘူး၊

ဒါကတစ်ကြိမ်တည်းကြိုးစားရုံနှင့်အမှန်တကယ်အောင်မြင်သွားတာဘဲ!

အဲ့ဒီနောက်တွင်သူတို့ထဲကတစ်ယောက်က စိတ်ပျက်လက်ပျက်နှင့် “ငါ့မှတ်စုစာအုပ်ကအဲ့စားပွဲပေါ်မှာရှိသေးတယ်” လို့အော်လိုက်သည်၊

“အိုး သေစမ်း, ငါ့ဟာရောဘဲ!”

နောက်အခိုက်အတန့်တွင် မငြိမ်သက်မှုများဖြစ်ပေါ်လာတော့သည်။

ကောင်းဖန်ကပါးစပ်ဖွင့်ကာမေးလိုက်သည်, “ဒါရိုက်တာချန်း စစ်တပ်စစ်ဆင်ရေးက ပြီးသွားပြီမဟုတ်လား?”

“တာဝန်ကပြီးသွားပြီ၊ အဲ့နောက် ငါတချို့ပုံပန်းသဏ္ဍာန်တွေကို ပြန်ပြီးစီစစ်ဖို့ အချိန်ပိုလုပ်ရဦးမယ်။ နောက်ထပ်ဖားပြုပ်အနည်းငယ်ကို ဒီလုပ်ထုံးလုပ်နည်းကိုသုံးပြီး ဆင့်ကဲဖြစ်စဉ်ဆိုင်ရာပုံသေနည်းအသစ်တစ်ခုကို လုံလုံခြုံခြုံနဲ့ဖော်ထုတ်သင့်တယ်၊ ဒါက နောက်ထပ်အကျွမ်းတဝင်သားရဲတွေအတွက် နောက်ထပ်ဆင့်ကဲဖြစ်စဉ်ပုံစံအသစ် တစ်ခုဖြစ်လာလိမ့်မယ်။” ဒါရိုက်တာချန်းက တောက်ပသောအပြုံးနှင့်ခေါင်းညိတ်ပြ သည်။

“ဟင်..,ဒါဆိုကျွန်တော်မှန်းကြည့်ရရင် ကျွန်တော့်ကိုထပ်မလိုတော့ဘူးပေါ့”, ကောင်းဖန် သူ့ခေါင်းကိုညိတ်လိုက်သည်။

“အခုကတော့အဆင်ပြေပါတယ်, မင်းအိမ်ကိုအရင်ပြန်လိုက်လို့ရတယ်၊” ဒါရိုက်တာ ချန်းကသူ့လက်ကိုယမ်းပြကာပြောလိုက်သည်၊

“ဒါဆိုထွက်သွားရတော့မှာပေါ့…” ကောင်းဖန်ရဲ့အသံကတုံ့ဆိုင်းမှုတို့နဲ့ပြည့်နေသည်၊ သူ့ရဲ့ခြေထောက်တွေက ကြမ်းပြင်တွင် အမြစ်တွယ်နေပြီးလှုပ်ပင်မလှုပ်ပေ၊

“ကောင်းပြီ, ဒါဆိုအရင်သွားနှင့်” ဒါရိုက်တာချန်းသည်အလုပ်လုပ်ရန်မစောင့်နိုင်တော့ပါ။

သူလှည့်လိုက်တော့ ကောင်းဖန်ကသူရပ်နေသောနေရာတွင်သာ ရပ်နေသေးကြောင်း တွေ့လိုက်ရသည်၊၊ ဒါရိုက်တာချန်းကရုတ်တရက်မှတ်မိသွားကာ သူ့နှဖူးကိုရိုက်လိုက်သည်, “ဘယ်လောက်တောင် မေ့တတ်တဲ့ငါလဲ! ငါခုချက်ချင်းစစ်တပ်ကိုဖုန်းခေါ်ဖို့ လုပ်လိုက်မယ်၊ အနည်းဆုံးမနက်ဖြန်လောက်, မင်းအုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲ သလင်းကျောက်ကိုရလိမ့်မယ်”

“ခင်ဗျားရဲ့ဒုက္ခခံပေးမှုအတွက်ကျေးဇူးတင်ပါတယ်, ဒါရိုက်တာချန်း” ကောင်းဖန်က ယဉ်ကျေးစွာနှင့်ခေါင်းညိတ်ပြလိုက်ပြီး နောက်ဆုံးစိတ်သက်သာစွာဖြင့်ထွက်လာတော့သည်။

***

အပိုင်း ၇၁ စွပ်ပြုတ်လာသောက်!

ချန်အန်းမြို့၏မြောက်ဘက် ရှေ့တန်းစစ်မျာနှာစာတွင် သစ်ရွက်ဆွေးကျိုင်းကောင်များသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကနှင့် နှိုင်းစာလျှင် သိသိသာသာ လျော့ကျသွားပေပြီ။ သို့သော် ၎င်းတို့၏အရေအတွက်မှာ ကြောက်မက်ဖွယ်ရာပမာဏဖြစ်နေစဲဖြစ်ပြီး သဲမုန်တိုင်းသည်လဲ ဒေါသတကြီးမြည်ဟီးနေစဲပင်။

သဲများက ကောင်းကင်ယံတွင် ပြည့်နှက်နေကာ မိုးသဲသဲမဲမဲရွာနေသကဲ့သို့ အောက်သို့ကျဆင်းနေသည်။

အနီးနားရှိ ကျိုင်းကောင်များထက် ဆယ်ဆပိုကြီးသော ကျိုင်းကောင်ကြီးတစ်ကောင်သည် အဖွဲ့ထဲမှနေပြီး ပြေးထွက်လာခဲ့သည်။ ၎င်းက မီးခိုးရောင်အရိပ်တစ်ခုလိုမျိုးပြောင်းလဲသွားကာ တင့်ကားများဆီသို့ အရှိန်မြင့်တိုးဝင်လာခဲ့သည်။

“သူ့ကိုတားကြ!” ဗိုလ်မှူးတစ်ယောက်က အမိန့်ပေးလိုက်သည်။

အရင်ကလဲ ထိုသို့သော ကျိုင်းကောင်ကြီးတစ်ကောင်သည် ပြေးထွက်လာခဲ့ဖူးကာ သူတို့၏ဖွဲ့စည်းပုံကိုထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အသေအပျောက်အနည်းငယ်ရှိသွားစေခဲ့သည်။

သို့သော် ထိုဖြစ်စဉ်မှာ နောက်လာမည့်အများစုထဲမှ ပထမဆုံးအကြိမ်ဖြစ်ကြောင်းကို သူတို့နည်းနည်းလေးတောင် မသိခဲ့ကြပေ။ ကျိုင်းကောင်ကြီးများသည် ၎င်းတို့၏အဖွဲ့ထဲမှ ထွက်လာကြကာ ထောင်ချီသည့်အရေအတွက်နှင့် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။

ထိုကျိုင်းကောင်ကြီးများ၏နောက်တွင်တော့ ပိုငယ်သည့်သာမာန်ကျိုင်းကောင်များရှိပြီး ထူထပ်သိပ်သည်းလှသည့် ဖွဲ့စည်းပုံမျိုးဖြင့် အနောက်မှလိုက်ပါလာကြသည်။

ထိုကျိုင်းကောင်ကြီးတစ်ကောင်စီတိုင်းသည် အနည်းဆုံး ထိပ်တန်းအဆင့်အထက်တွင်ရှိသည်။ အမြှောက်ကျည်များဖြင့် တိုက်ရိုက်ထိမှန်ခြင်းမဟုတ်ပါက ထိုကျိုင်းကောင်များသည် ၎င်းတို့အပေါ် မိုးရွာနေသလို ဆက်တိုက်ကျဆင်းနေသည့် ပစ်ခတ်မှုများကို လျစ်လျူရှုကာ ရှေ့သို့ အင်တိုက်အားတိုက်ဆက်လိုက် တိုးလာကြမည်သာ။

ထိုအချိန်မှာတော့ စစ်တပ်ဘက်ကလဲ အကျပ်ရိုက်နေတော့သည်။ လက်ရှိမှာ သူတို့ဘက်က ကျိုင်းကောင်များကို အမြှောက်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်လျက်ရှိသည်။ စစ်ဘက်အကျွမ်းဝင်ကောင်များကို စေလွှတ်မည်ဆိုပါက လက်ရှိပစ်ခတ်မှုထဲ ၎င်းတို့ပါထိခိုက်သွားနိုင်သည်ကို မလွှဲရှောင်နိုင်ပေ။ သို့သော် အကျွမ်းဝင်ကိုယ်ပိုင်သားရဲများကို မပို့လွှတ်ပြန်လျှင်လဲ ကျိုင်းကောင်ကြီးများက သူတို့၏အဖွဲ့အစည်းကို ချိုးဖောက်လာသည့်အခါ ပိုလို့ပြဿနာရှိလာပေလိမ့်မည်။

သို့သော်လည်း ကိုယ်ပိုင်သားရဲများကိုပို့လွှတ်ဖို့ရန်အတွက် ပစ်ခတ်မှုကိုရပ်လိုက်ပြန်လျှင်လဲ ကျိုင်းကောင်ငယ်များက သူတို့ဆီသို့တိုးဝင်လာကြပေလိမ့်မည်။ ထိုသို့ကြောက်လန့်ဖွယ်ရာပမာဏနှင့် ကျိုင်းကောင်ငယ်တွေက အန္တရာယ်အများဆုံးရန်သူများဖြစ်သည်။

ရုတ်တရက်ဆိုသလိုပဲ ရှေ့တန်းစစ်မျက်နှာစာ တာဝန်ခံဗိုလ်မှူးများသည် ကတ်ချ်၂၂အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်။

“အဖြူရောင် အလင်းဗုံး! အဖြူရောင်မီးစုန်းဗုံးနဲ့ပစ်ကြ!” စစ်မှုထမ်းဟောင်းတစ်ဦးမှ ပြတ်သားစွာအမိန့်ပေးလိုက်သည်။ “ဗုံးတွေ၊ တင့်ကားတွေနဲ့ ဒုံးကျည်ယာဉ်တွေကို သုံးပြီးတာနဲ့ပြန်ဆုတ်ကြ! ရှေ့တန်းမျက်နှာစာကို နောက်ပြန်ဆွဲကြ! ဒီစစ်ပွဲထာတရတည်မြဲနေလိမ့်မယ်လို့ ငါတော့မထင်ဘူး။ ဒီကျိုင်းကောင်တွေ အဆုံးသတ်ကိုရောက်လာလိမ့်မယ်!”

ဤဗိုလ်ချုပ်သည် ချန်အန်းစစ်တပ်တွင် ကြီးကျယ်သောဂုဏ်သိက္ခာရှိသူတစ်ဦးဖြစ်သည်။ တိုင်းပြည်ထူထောင်ခဲ့သော စစ်ပွဲများတွင်တောင် ပါဝင်ခဲ့ဖူးပေသည်။ ကွပ်ကဲမှုစွမ်းရည်နှင့် ရဲစွမ်းသတ္တိတို့၌ သူသည် သူနှင့်လုပ်သက်တူများကြားတွင်ပင် အဆင့်တစ်ခုထိရောက်နေသူဖြစ်သည်။ သူပေးလိုက်သောအမိန့်များကို လျင်မြန်စွာဆောင်ရွက်သွားစေခဲ့သည်။

အဖြူရောင်မီးစုန်းဗုံးအများအပြားကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ကြသည်။ သူတို့ပစ်မှတ်ကိုရောက်သည်နှင့် အလင်းများပေါက်ကွဲထွက်လာကာ ကောင်းကင်မှနေပြီး မီးတောက်မိုးများအဖြစ် ရွာချလာတော့သည်။

အလင်းတန်းများသည် မှိတ်တုတ်မှိတ်တုတ်နှင့် ကောင်းကင်ကြီးကို မီးတောက်များဖြင့် ဖုံးလွှမ်းသွားစေသည်။ သစ်ရွက်ဆွေးကျိုင်းကောင်များသည် ကောင်းကင်မှရွာကျနေသည့်မီးတောက်မိုးများနှင့် အနည်းငယ်ထိတွေ့သည်နှင့် ပေါက်ကွဲထွက်ကုန်တော့သည်။ အခိုက်အတန့်လေးအတွင်းမှာပဲ ကောင်းကင်ကြီးမှာ အနီရောင်မီးပြင်းများတောက်လောင်နေသည့် မီးပင်လယ်ကြီးလိုဖြစ်သွားတော့သည်။

လေထဲတွင်ဝဲပျံနေသည့် သစ်ရွက်ဆွေးကျိုင်းကောင် အစုငယ်လေးများသည် မီးတောက်များဖြင့် လောင်ကျွမ်းကာ အနီရောင်တိမ်တိုက်များလိုဖြစ်လာသည်။ ကောင်းကင်တစ်ဝက်လောက်က ထိုသို့သော အနီရောင်တိမ်တိုက်များဖြင့် လင်းထိန်လို့နေသည်။

အဖြူရောင်မီးစုန်းဗုံးများသည် အပူချိန်၄၀ဒီဂရီတွင် အလိုအလျောက်လောင်ကျွမ်းနိုင်သော မီးပွိုင့်နိမ့်တစ်ခုပါရှိသည်။ မီးလောင်သောအခါတွင် အပူချိန်သည် ၁၀၀၀ဒီဂရီကျော်အထိ မြင့်တက်နိုင်ပြီး အဆိုပါ သစ်ရွက်ဆွေးကျိုင်းကောင်များ ခံနိုင်ရည်ထွက်ကျော်လွန်သွားခဲ့သည်။ မီးတောက်များကြောင့် ကျိုင်းကောင်အုပ်မှာ ပြန့်ကျဲသွားကာ ကျိုင်းကောင်တစ်ကောင်စီတိုင်းသည် နာကျင်မှုကြောင့် ရူးသွပ်စွာ ပျံပြေးကုန်တာကြောင့် မီးလောင်ကျွမ်းမှုက ပိုလို့ပြန့်ပွားလာစေသည်။

ကျိုင်းကောင်အုပ်စုအတွင်းထဲမှနေပြီး နက်ရှိုင်းလှသည့်ဒေါသတကြီး အော်ဟစ်သံတစ်သံထွက်လာကာ မီးစွဲနေသည့်ကျိုင်းကောင်များသည် သူတို့ဘာသာ အဖွဲ့ထဲမှ ထွက်ကုန်ကြသည်။

“အယ်? ဒီပိုးမွှားလေးတွေ ဘာလို့ သဲမုန်တိုင်းကိုမသုံးကြတာလဲ?” စစ်သားတစ်ယောက်က အံ့ဩပြီး မျက်လုံးများပြူးနေသည်။ ယခင်ကဆိုလျှင် သူတို့လောင်စာဗုံးများကိုသုံးကြသည့်အခါ ကျိုင်းကောင်များသည် သဲမုန်တိုင်းကို အသုံးပြု၍ လောင်စာဗုံးများကို ပြန်လည်မှုတ်ထုတ်ခဲ့ကြသည်။ ထိုဗုံးတွဲများကို လူတို့ဘက်ရောက်အောင်ပင် ပြန်လည်မှုတ်ထုတ်နိုင်လုနီးနီးပင်။ ထို့ကြောင့်ပဲ သူတို့ဘက်က အဖြူရောင်မီးစုန်းဗုံးများကို အသုံးပြုမှုရပ်တန့်ခဲ့ကြခြင်းဖြစ်သည်။

ကျိုင်းကောင်ကြီးများသည် အလွန်တရာလျင်မြန်လှသည်။ အများစုမှာ အမြှောက်ပစ်ခတ်မှုကို ရှောင်တိမ်းပြီး စစ်သားများထံသို့ ပိုလို့ နီးကပ်လို့လာကြကာ သူတို့၏ခြေတံများအဆုံးမှ ချွန်ထက်သည့်ချိတ်ကောက်များကိုပင် မြင်နိုင်သည့်အနေအထားဖြစ်လာသည်။

တိုက်ခိုက်လို့ရသည့်အနေအထားအထိ နီးကပ်လာသည့်အချိန်တွင်ပဲ ကျယ်လောင်သည့် ဖားအော်သံများက တိုက်ပွဲမြေပြင်တစ်လျှောက်ပျံ့လွင့်လာခဲ့သည်။

အနီရောင်အရိပ်တစ်ခုက ဖြတ်ကျောက်သွားခဲ့ကာ စစ်တပ်ဖွဲ့စည်းပုံအနောက်ဘက်မှနေပြီး မြောက်မြားစွာသော ကြီးမားသည့်အနီရောင်ဖားပြုပ်များက ရှေ့သို့ခုန်ထွက်လာကြသည်။

ဖားပြုပ်အော်သံ!

ကျောက်ရည်ပူမီးဖားပြုပ်အကောင်တစ်ရာကျော်လောက်ကာ သူတို့ရှေ့သို့ဆင်းသက်လာကာ မြေပေါ်တွင် ခိုင်မြဲစွာထိုင်လိုက်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးသည် နီရဲနေပြီး ကျောဘက်များတွင်တော့ လက်သီးဆုပ်များအရွယ်ရှိသည့် အကြည်ရောင်အသားဖုများရှိနေသည်။

၎င်းတို့က ပါးစပ်များကို အကျယ်ကြီးဖွင့်လိုက်ကာကာ လည်ချောင်းထဲမှတစ်ဆင့် အနီရောင်မီးဘောလုံးများကို စုဝေးလိုက်ပြီးနောက် ပစ်လွှတ်လိုက်ကြသည်။

ဖျူ့! ဖျူ့! ဖျူ့!

၎င်းတို့သည်မီးကဲ့သို့ရဲရဲတောက်နီနေသော အနီရောင်အရည်များကို သူတို့ပါးစပ်ထဲမှ ထွေးထုတ်ကြသည်၊ သူတို့၏ပါးစပ်ပတ်လည်ရှိ သန်မာသောကြွက်သားများက ၎င်းတို့အား ဒါဇင်မီတာပေါင်းများစွာအကွာအဝေးကို အလွယ်တကူထွေးထုတ်စေရန်အကူအညီပေးသည်၊

ကြီးမားသောကျိုင်းကောင်များပေါ်သို့ကျရောက်သွားသော စေးပျစ်နေသည့် အနီရောင် အရည်များသည် ဖော့စဖောရပ်စ်မီးလောင်ဗုံးများနှင့်တူညီစွာအကျိုးသက်ရောက်မှုရှိသည်၊ သူတို့သည်ကျိုင်းကောင်များ၏ခန္ဓာကိုယ်ပေါ်သို့ထွေးထုတ်ကြပြီး မြင့်မားသော အပူချိန်နှင့်လောင်ကျွမ်းစေသည်။

စစ်မြေပြင်တစ်လျှောက်တွင် တောက်ပသောမီးတောက်များလွင့်ပျံလာသည်၊ ကြီးမားသောကျိုင်းကောင်များသည် လောင်ကျွမ်း၍မြေပြင်ပေါ်သို့လဲကျသွားသော အခါတွင်တုန်ယင်ကာ အော်ဟစ်နေကြသည်။

မီးယမ်းတောင့်များနှင့်အနည်းငယ်ပစ်ခတ်သောကြောင့် အနည်းဆုံးကျိုင်းကောင် တစ်ရာကျော်လောက်ကျသွားသည်၊

ကျောက်ရည်ပူမီးဖားပြုပ်သည် သူတို့၏လျှာအရှည်ကြီးများကိုထုတ်လိုက်ပြီး ဧရာမ ကျိုင်းကောင်များကိုသူတို့ပါးစပ်ထဲထည့်ကာဝါးလိုက်ပြီး ၎င်းတို့ဗိုက်ထဲသို့မြိုချလိုက် ကြသည်၊

သူတို့သည်အစားကြီးရွှေရောင်ဖားပြုပ်များမှသူတို့ရဲ့အစာစားချင်မှုကိုဆက်ခံခဲ့ကြ သည်၊ သုတ်သုတ်ပျာပျာနှင့်အငမ်းမရစားနေကြကာ သူတို့၏သားကောင်ကိုပင်ပန်းမှု ပင်မရှိဘဲမြိုချလိုက်ကြသည်၊

ထိုမြင်ကွင်းကြောင့်စစ်သားများမှာ အံ့အားသင့်သွားကြတော့သည်၊ ဒီလိုဧရာမ အနီရောင်ဖားပြုပ်ကြီးတွေကဘယ်ကနေရောက်လာကြတာလဲ? သူတို့ရဲ့အဖွဲ့အစည်း မှာဒီကိုယ်ပိုင်သားရဲတွေရှိတာကိုမမှတ်မိပါဘူး!

…

နောက်တစ်နေ့တွင် အုပ်ချုပ်သူအဆင့်လျှပ်စီးအမျိုးအစားသားရဲသလင်းကျောက်ကို စစ်ယူနီဖောင်းဝတ်ထားသောစစ်သားတစ်ဦးက ကောင်းဖန်၏တံခါးရှေ့သို့ပို့ပေးခဲ့သည်၊ အနီရောင်ဘရိုကိတ်သေတ္တာကြီးကို ကောင်းဖန်ထံသို့လွှဲပေးပြီးနောက် စစ်သားက သူ့၏ကျောကိုဖြောင့်မတ်ကာထားပြီး သူ့ခြေထောက်များကိုတွဲရိုက်လိုက်ကာ ကောင်းဖန်ကိုနှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ပြီးနောက်စစ်သားသည် ချက်ချင်းပင်လှည့်ပြီးအောက်ထပ်သို့ဆင်းကာပြန် သွားတော့သည်၊ အဆောက်အဦး၏အောက်တွင်ရပ်ထားသော စစ်တပ်ဂျစ်ကားတစ်စီး ရှိနေသည်၊

အိမ်နီးချင်းများက သူတို့၏မျက်လုံးထဲတွင်ထူးဆန်းသောအကြည့်များဖြင့် ထိုဂျစ်ကားကိုကြည့်နေကြသည်၊

“ဒီဂျစ်ကားထဲကလူတွေဘယ်သူကိုရှာနေကြတာလဲမသိဘူး?”

“ကြည့်ရတာ သူတို့ခြောက်လွှာကကောင်းဖန်ကိုရှာနေတာနဲ့တူတယ်”

ပုံမှန်အားဖြင့်အဆောက်အဦးရှိ အဒေါ်များနှင့်ဦးလေးများသည် ခြံထဲတွင်အချိန်ဖြုန်း ခြင်း၊ စကားပြောခြင်း၊ အတင်းအဖျင်းတွေမျှဝေခြင်းများ ပြုလုပ်တတ်ကြသည်၊

“တစ်ခါမယ်လေ, ငါမှတ်မိပါသေးတယ် ညတစ်ညတုန်းကငါ့ခွေးနဲ့ရပ်ကွက်ထဲလမ်း လျှောက်သေးတယ်၊ ငါ ကောင်းမိသားစုကအဲ့ကလေးက သရဲတစ်ကောင်ကိုခေါ်လာပြီး အိမ်ပြန်လာတာတွေ့လိုက်တယ်,” အဒေါ်တစ်ယောက်ကချဲ့ကားကာပြောတော့သည်၊

“ဒီကမ္ဘာမှာ အဲ့လိုသရဲတွေဆိုတာမရှိပါဘူး, မင်းမှားမြင်တာဘဲဖြစ်မှာပါ၊” အသက်ကြီးတဲ့ဦးလေးတစ်ယောက်က သူ့လက်တွေကိုဝေ့ယှမ်းကာပြောလိုက်သည်၊

“နင်တို့တွေငါပြောတာဘာလို့မယုံကြတာလဲ! ငါ့မျက်လုံးတွေကသေချာပေါက်မှား မမြင်ဘူး!” ပထမဆုံးပြောတဲ့အဒေါ်က တခြားသူများသံသယဝင်တာကိုတွေ့တော့ စိတ်လှုပ်ရှားလာတော့သည်၊ သူမက “အဲ့တာကအရိုးစုကြီးဘဲ!သူ့ရဲ့ခေါင်းမှာအပြာ ရောင်မီးတောက်တစ်ခုတောင်တောက်လောင်နေသေးတယ်!”

“ကောင်းဖန်က ငါ့အပေါ်ထပ်မှာဘဲနေတာ၊ ငါသူကြီးပြင်းလာတာကိုမြင်လာရတာ သူကအမြဲတမ်းရိုးသားတဲ့ကောင်လေးဘဲ၊ ဒါကြောင့် သူ့မှာသရဲရှိတော့ရောဘာဖြစ်လဲ? ကမ္ဘာကြီးကဒီလိုတွေတောင်ဖြစ်နေပြီဘဲ, အဲ့တော့အခုသရဲရှိတော့ရော?” ကောင်းဖန် ၏အောက်ထပ်တွင်နေသော အဘွားချန်းကပြောလိုက်သည်၊ သူမက မျက်မှန်ကိုချိန်ညှိ လိုက်ပြီး သူမလက်တွင်ကိုင်ထားသောအပ်ချည်ကိုစိုစေကာ သူမ၏တုန်ယင်နေသော လက်ဖြင့် အပ်ပေါက်ထိုးနေသည်၊ သူမကအကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဖြစ်နေသည်၊ သူမရဲ့လက်နှစ်ဖက်လုံးက အရမ်းလှုပ်ယမ်းနေပြီး သူမကအပ်နဲ့အပ်ချည်ကို တွဲမရဘဲဖြစ်နေသည်၊

သူမခေါင်းကိုယမ်းလိုက်ပြီး ညင်သာစွာနှင့် သူမရဲ့ခဲရောင်အစင်းကြားပင့်ကူ၏ခေါင်းကို ပုတ်လိုက်သည်၊ ပင့်ကူကသူ့ခြေထောက်ပေါ်သို့တက်လာသည်၊ ၎င်း၏နောက်ပိုင်းရှိ ချိတ်ကဲ့သို့ခြေချောင်းများကိုသုံးကာ, ၎င်းကအပ်ချည်ကိုထိုးလိုက်သည်၊ ၎င်းကအပ်ကို မျက်လုံးမှတစ်ဆင့်ကြိုးစားမှုတစ်ခါတည်းနှင့်ထိုးလိုက်သည်၊

“ဒီနေ့ရဲ့နေကတည့်တည့်ဖြစ်နေတာဘဲ” အဘွားချန်းကသူမ၏ကျောက်ကုလားထိုင်ပေါ်သို့မှီလိုက်ပြီး အေးအေးဆေးဆေးနှင့်နူးညံ့သောနေရောင်ကိုခံစားနေတော့သည်၊ အလင်းတန်းများသည်သူမပေါ်သို့ကျရောက်ကာတောက်ပနေပြီး သူမခန္ဓာကိုယ်သည် နွေးထွေးမှုနှင့် စိတ်အပန်းပြေမှုကိုခံစားလိုက်ရသည်၊

“ဟင်း, မေ့လိုက်တော့,မေ့လိုက်တော့, နေရောင်ကိုသာခံစားကြရအောင်ပါ” ထို့နောက် အသက်ကြီးသောသူအဖွဲ့သည် အတင်းပြောခြင်းကိုစိတ်မဝင်စားတော့ပေ။

အပေါ်တွင်တော့, တံခါးကိုပိတ်ပြီးနောက် ကောင်းဖန်သည် ရေခဲသေတ္တာသို့သွားပြီး သားရဲသလင်းကျောက်နှင့်အတူ လိုအပ်သောအခြားပါဝင်ပစ္စည်းများကိုထုတ်ယူလိုက်သည်။

အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်သည် သာမန်လိုမြိုချလိုက်ရမည်ဟု မဆိုလိုပေ၊ အခြားသောပါဝင်ပစ္စည်းများနှင့်အတူ တွဲဖက်ပြီးကောင်းဖန်က ကြာရှည်စွာစီစဉ်ကာ ရေခဲသေတ္တာ၏အောက်ဆုံးအထပ်တွင်ထားလိုက်သည်၊

သူကအဆင့်အတိုင်းလိုက်၍ ပါဝင်ပစ္စည်းများကိုတစ်ခုပြီးတစ်ခုထည့်သည်၊ သူအကြိမ်အနည်းငယ်လောက်ကျရှုံးလုနီးပါးဖြစ်သော်လည်း ကံကောင်းစွာပင် သူသည်ယခုအချိန်အထိ အတွေ့အကြုံအနည်းငယ်ကိုပင်စုစည်းနိုင်ခဲ့သည်၊ နောက်ဆုံးသူသည်လုပ်ထုံးလုပ်နည်းများကို အောင်မြင်စွာ ပြီးမြောင်အောင်စီမံနိုင်ခဲ့သည်၊

လျှပ်စစ်မစီးသောရာဘာလက်အိတ်များကို ဝတ်ထားသောကောင်းဖန်သည် လျှပ်စီးရောင်စင်တန်းနေသော ဟင်းချိုပန်းကန်လုံးကိုမီးဖိုချောင်မှသယ်ဆောင်လာ သည်၊

“တာ့ဇီ, ဒီကိုလာ ပြီးတော့ ဒီစွတ်ပြုတ်ပန်းကန်ကို လာသောက်လှည့်။”

မီးပွင့်မီးပွားများသည်စွတ်ပြုတ်ပန်းကန်ပေါ်ပျံဝဲနေပြီး လျှပ်စီးများကို၎င်းမှတစ်ဆင့် ဖြတ်၍တွေ့မြင်ရသည်၊ စုစည်းမှုတစ်ခုလုံးသည်အပြရောင်အလင်းတန်းတစ်ခုအဖြစ် တောက်ပနေသည်။

***

အပိုင်း ၇၂ ဒုတိယမြောက် ကိုယ်ပိုင်သားရဲ

တာ့ဇီသည် ထူးဆန်းလှသော’လျှပ်စီးစွပ်ပြုပ်’ကို စိုက်ကြည့်ကာ သံသယအပြည့်ဖြင့် လှည့်ပတ်ကြည့်နေခဲ့သည်။

၎င်း၏ဦးမျှင်အစုံသည် အစားအသောက်အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသကဲ့သို့ အဆက်မပြတ်လှုပ်ရှားယိမ်းခါနေခဲ့သည်။ အဆုံးတွင်တော့ စွပ်ပြုပ်ထဲသို့ခေါင်းစိုက်လိုက်ကာ အလုပ်ကြီးကြီးတစ်လုပ်သောက်လိုက်တော့သည်။

တာ့ဇီသောက်နေရင်းဖြင့် သူ့ပါးစပ်ထဲမှ လျှပ်စစ်စီးကူးသံ တဂျစ်ဂျစ်ကိုတောင် ကြားနေရသည်။

စွပ်ပြုပ်သောက်ပြီးသွားသည်နှင့် တာ့ဇီ၏တစ်ကိုယ်လုံးမှာ လျှပ်စီးဖြင့်ပြုလုပ်ထားသည့် ကင်းခြေများတစ်ကောင်လို ပြောင်းလဲသွားကာ တောက်ပလာတော့သည်။

တာ့ဇီ၏ကျောခွံကြားမှနေပြီး အပြာရင့်ရောင်အလင်းတန်းများ ပြိုးပြိုးပြက်ပြင်းတောက်ပနေကာ မျက်စိပင်ကျိန်းလောက်စေသည်။

မီတာအနည်းငယ်အဝေးမှ ကောင်းဖန်၏ဆံပင်များပင် ထောင်ထလာကာ ခြေလက်များပင်တုန်ယင်လာရသည်။ ထို့ကြောင့် ကောင်းဖန် ချက်ချင်းပင် နောက်ထပ်ခြေလှမ်းအနည်းငယ် အလောတကြီးထပ်ဆုတ်လိုက်သည်။

တာ့ဇီ၏မူလအနက်ရောင်မျက်လုံးများသည် အပြာနုရောင်မှိန်ဖျဖျလင်းလက်လာကာ လက်ပြင်များက ပိုကျယ်လာပြီး ခန္ဓာကိုယ်ကလဲ ဝါးလုံးတစ်လုံးလိုမျိုး ဖြောင့်မတ်လာခဲ့သည်။

လျှပ်စီးအလင်းများ တဖြည်းဖြည်းပြန်လည်မှိန်ဖျော့လာပြီးနောက် တာ့ဇီ၏ပုံစံမှာ လောင်ကျွမ်းသွားသလိုပင် ထင်ရသည်။ အဖြူရောင်မီးခိုးငွေ့များက ၎င်း၏ပါးစပ်မှ အူထွက်နေကာ ကြမ်းပြင်ပေါ်တွင် ငါးသေတစ်ကောင်လို လဲလျောင်းနေတော့သည်။

ဒမ်ဘီသည်လဲ ထိုမြင်ကွင်းကို အထိတ်တလန့်ကြည့်နေကာ ကြမ်းပြင်ကနေပဲ တွားသွားပြီး တာ့ဇီအနားသို့ကပ်လာခဲ့သည်။ ထို့နောက် သူ၏အရိုးခြောက်လက်ချောင်းများကိုသုံးကာ တာ့ဇီ၏ကျောခွံကို ‘ဘုတ်,ဘုတ်,ဘုတ်’နှင့် ပုတ်လိုက်သည်။

အနည်းငယ်မျှပုတ်ကြည့်ပြီးသည်အထိ တာ့ဇီဘက်မှ ပြန်လည်တုံ့ပြန်လာမှုမရှိပေ။

ဒမ်ဘီကဆက်ပြီး တာ့ဇီကိုစိုက်ကြည့်နေခဲ့သည်။

ထို့နောက် လေးနက်သည့်အတွေးတစ်ခုဝင်လာခဲ့ကာ ထလိုက်ပြီး ရေခဲသေတ္တာအံ့ကိုဖွင့်လိုက်ပြီးနောက် ယင်ဓါတ်သစ်ကတိုးပင်၅ချောင်းကို ထုတ်ယူလိုက်သည်။

ခဏမျှ ရပ်တန့်သွားကာ….

ထို့နောက် တွန့်ဆုတ်စွာဖြင့် နောက်ထပ်ငါးချောင်းထပ်ထုတ်လိုက်ပြန်သည်။

ထို့နောက် ဒမ်ဘီက တာ့ဇီအနားတွင် ဒူးထောက်ချလိုက်ပြီး ယင်ဓါတ်သစ်ကတိုးပင် ၁၀ချောင်းကို တာ့ဇီပါးစပ်ထဲသို့ထည့်ပေးလိုက်သည်။ ထို့နောက် ဒမ်ဘီက တာ့ဇီ၏ခေါင်းကို ခေါက်လိုက်ပြီး ကြမ်းပြင်ကိုတစ်ဖန်ခေါက်လိုက်သည်။

ထိုသို့အကြိမ်ရေအနည်းငယ်မျှ အပြန်ပြန်အလှန်လှန်လုပ်ပြီး နောက်ဆုံးတွင်တော့ တာ့ဇီ သည်းမခံနိုင်တော့ဘဲ သူ့မေးရိုးကိုစတင်လှုပ်ရှားလိုက်သည်။

လာအရူးထမနေနဲ့တော့!

အိုး၊ မင်းအသက်ရှိသေးသားပဲ။

ဒမ်ဘီ ခေါင်းညိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်ကျနေသည့် ယင်ဓါတ်သစ်ကတိုးပင် တစ်ချောင်းချင်းစီကို ကောက်ယူကာ လက်ဖဝါးပေါ်တင်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ရေခဲသေတ္တာအရှေ့တွင် ဒမ်ဘီက တိုးတိုးတိတ်တိတ်နှင့် ယင်ဓါတ်သစ်ကတိုးပင် တစ်ချောင်းကို ယူကာ ပါးစပ်ထဲသို့ထည့်လိုက်ပြီး ဝါးနေတော့သည်။ ယင်ဓါတ်သစ်ကတိုးပင်မှနေပြီး အဖြူရောင်မြူခိုးများထွက်လာပြီး ၎င်း၏စိတ်ဝိညာဉ်မီးတောက်များထဲသို့တိုးဝင်သွားသည်။ မီးတောက်က မြူခိုးများကို စုပ်ယူပြီးနောက် ပိုလို့လင်းလက်တောက်ပလာကာ ကြီးထွားလာတော့သည်။

ကောင်းဖန်၏အမြင်အာရုံတွင်တော့ တာ့ဇီ၏ဆင့်ကဲမြင့်တက်မှုမှာ ဆက်လက်လုပ်ဆောင်နေစဲဖြစ်ကာ တစ်ဝက်လောက်သာရောက်သေးကြောင်း မြင်နေရသည်။

ဤဖြစ်စဉ်အတွင်း တာ့ဇီသည် ဘာမှမလုပ်ဘဲ ကြမ်းပြင်ပေါ်တွင်သာ မလှုပ်မယှက်လှဲနေခဲ့သည်။ ရံဖန်ရံခါဆိုသလို ၎င်း၏ကိုယ်တွင်းမှ အရိုးများကကွဲအက်သံကို ကြားနေရပြီး တစ်ခါတစ်ရံ ခန္ဓာကိုယ်ကတုန်သွားတတ်သေးသည်။

တာ့ဇီသည် တစ်ညလုံး အသံတစ်ချက်လေးတောင်မထွက်ခဲ့ဘဲ နောက်တစ်နေ့မိုးလင်းသည်အထိ ထိုနေရာတွင်သာ ရှိနေခဲ့သည်။ ရုတ်တရက်ဆိုသလို ငြိမ်သက်နေသည့်တာ့ဇီသည် ပြန်လည်လှုပ်ရှားလာပြီး အားမာန်အပြည့်ဖြင့် အလွန်တက်ကြွလာတော့သည်။ ခန္ဓာကိုယ်သည်လဲ များစွာပိုကြီးလို့လာသည်။ ခြေချောင်းများကို သေချာပိုမြင်လာရကာ ခန္ဓာကိုယ်ကလဲ ပိုထူလာတာကြောင့် အရွယ်ရောက်ပြီးသားအမျိုးသားတစ်ဦး၏ခါးလောက်ရှိလာခဲ့သည်။

၎င်း၏မျိုးစိတ်သည်ကတော့ ခရမ်းရောင်ကျောပြင်လျှပ်စီးကင်းခြေများပဲဖြစ်နေသေးကာ အဆင့်တစ်မျိုးတည်းသာ ပြောင်းလဲသွားသည်။

ပြီးပြည့်စုံအဆင့် ခရမ်းရောင်ကျောပြင်လျှပ်စီးကင်းခြေများ။

အထူးအဆင့်တုန်းက ၎င်း၏ဦးမျှင်များတွင် ရွှေရောင်ကွင်းများရှိလာခဲ့သည်။ ပြီးပြည့်စုံအဆင့်သို့တိုးတက်လာပြီးနောက်တွင်တော့ ဦးမျှင်တစ်ခုလုံး ရွှေရောင်မှိန်မှိန်များ ဖုံးအုပ်သွားတော့သည်။

၎င်း၏အဝါရောင်ခြေလက်များသည် မူလက မှိုင်းရင့်ရင့်အရောင်ဖြစ်နေသော်လည်း ယခုအခါ ကြောင့်ရှင်းသေသပ်သည့် ရွှေရောင်ဖြစ်လာခဲ့သည်။

အားအင်များပြည့်လျှံနေသောတာ့ဇီသည် လောလောဆယ်တွင် ထိုင်ခုံတစ်ခု၏ထိပ်တွင်ရှိနေကာ နောက်မှီကို အရူးအမူးကိုက်ဖြဲနေသည်။ ဒါဇီကိုက်လိုက်တိုင်း သစ်သားတုံးစများကို ဆုပ်ဖြဲမိကာ ကြမ်းပေါ်တွင် ရှုပ်ပွနေတော့သည်။

ဧည့်ခန်းထဲတွင်ကျန်ရစ်ခဲ့သည့် သတ္ထုအစာခွက်သည်လဲ အပိုင်းပိုင်းအစစဖြစ်နေခဲ့ပြီဖြစ်သည်။ ဒမ်ဘီကတော့ အခန်းထောင့်တွင် တိတ်တဆိတ်ပုန်းကွယ်နေကာ ဆီလီကတော့ ဒမ်ဘီ၏နောက်တွင် ပုန်းနေသည်။

ယားတယ်! နာတယ်! ယားတယ်! တာ့ဇီ၏အသံက ကောင်းဖန်၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကောင်းဖန် စိုးရိမ်သွားကာ တာ့ဇီ၏ဆင့်ကဲပြောင်းလဲမှုတွင် ပြဿနာတစ်စုံတစ်ရာရှိမရှိ စစ်ဆေးဖို့ရန်အတွက် အမြန်အပြင်သို့ထွက်လာလိုက်သည်။

စစ်ဆေးမှုအပြီးတွင်တော့ တာ့ဇီတွင် သွားအသစ်တစ်စုံထွက်လာခြင်းဖြစ်ကြောင်း ကောင်းဖန် သတိထားမိသွားတော့သည်။

ကောင်းဖန် ထိတ်လန့်သွားရသည်။

ကင်းခြေများတို့တွင် သွားအသစ်ပေါက်လာသည်အား သူပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။

ဒါမျိုးကို သူပထမဆုံးအကြိမ်တွေ့ကြုံဖူးခြင်းဖြစ်ကာ အရင်က ကြားတောင်မကြားဖူးပေ။

ဖြစ်နိုင်တာကတော့ ကပ်ဘေးကာလပြီးနောက်မှ ကင်းခြေများမျိုးစိတ်တွေမှာမှ ဗီဇပြောင်းလဲမှုအချို့ဖြစ်လာတာများလား? တာ့ဇီ၏လက်ရှိအခြေအနေကိုကြည့်လိုက်လျှင် သာမာန်လမ်းစဉ်အတိုင်းတွေးပါက ဖြေရှင်းချက်ပင်မရှိပေ။

တာ့ဇီ၏နဂိုသွားအစုံသည် အရာဝတ္ထုများကို ကိုက်ဖြတ်နေရင်းဖြင့် တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကုန်သည်။ မူလသွားများနေရာတွင်တော့ နောက်ထပ်အဖြူရောင် သွားအသစ်များအပြည့်ထွက်လာနေသည်ကို ကောင်းဖန်တွေ့ရသည်။

ကောင်းဖန်သည် သူ့လက်ကိုယမ်းကာ ဆီလီကိုလက်ယက်ခေါ်လိုက်သည်။ ဆီလီသည်ချက်ချင်းပင်ပျံဝဲသွားသည်၊ ထိုအချိန်ကာလအတွင်းကောင်းဖန်နှင့် အပြန်အလှန်တုံ့ပြန်မှုတွင် အထူးသဖြင့်နေ့စဉ်သောက်ရန် အရသာရှိသော သစ်သီးဖျော်ရည်ရှိသည့်အခါတွင် ကောင်းဖန်ကို မငြင်းတော့ပေ။

အကျင့်ပါနေမှုကြောင့် ဆီလီသည်ကောင်းဖန်၏ခေါင်းထိပ်သို့ရောက်သွားပြန်သည်။ ကောင်းဖန်ရေခဲသေတ္တာထဲက လိမ္မော်ရေခဲဖျော်ရည်ခွက်ကိုထုတ်ယူလိုက်သည်။

ဆီလီသည်လိမ္မော်ရည်အနံ့ကိုအနံ့ခံလိုက်ပြီး ကောင်းဖန်၏ဦးခေါင်းမှဆင်းကာ ဖြေးညင်းစွာနှင့်ကောင်းဖန်၏လက်ပေါ်တွင်နေလိုက်သည်။ သူ့ခန္ဓာကိုယ်က ဦးထုပ်လိုဖြစ်နေသောကြောင့် လိမ္မော်ဖျော်ရည်ခွက်ကိုကိုင်ထားသော လက်တစ်ခုလုံးကို ဖုံးသွားသည်။

ခဏကြာပြီးနောက်, ဆီလီကအပေါ်သို့ဖြေးညင်းစွာပျံတက်သွားပြီး လိမ္မော်ဖျော်ရည်ခွက်ထဲတွင်ဘာမှမရှိတော့ပေ၊

ကောင်းဖန်သည်နာကျင်မှုမရှိသော ကိရိယာတစ်ခုကိုထုတ်လိုက်သည်၊ သူကညင်သာ စွာနှင့်သူ့လက်ချောင်းအစွန်းကို နှိပ်လိုက်သည်၊ ခြင်ကိုက်သလိုမျိုး လက်ဖျားထိပ်တွင် ညင်သာစွာနှင့်စူးသွားသည်၊

ထိုကိရိယာကိုဖယ်လိုက်ပြီးနောက်, သွေးစက်သည်သူ့လက်ချောင်းအဖျားမှစီးကျလာ တော့သည်၊

ကောင်းဖန်သည် ဤကဲ့သို့သောအဆင့်မြင့်နည်းပညာသုံးပစ္စည်းများကို အမှန်တကယ်ပင်ကျေးဇူးတင်မိသည်၊ မုထျယ်ရင်းအားမေးပြီးနောက် သူသည် ထိုထိပ်ချွန်ကိရိယာကို ရှာတွေ့ခဲ့သည်၊ ယခင်ကဆိုလျှင် သူမီးဖိုချောင်ဓားကိုသာအသုံးပြုခဲ့သည်၊

ထို့နောက်ဆီလီ၏ဦးနှောက်တည်ရှိရာနေရာတွင် လက်ဖျားထိပ်ကိုတင်လိုက်ပြီး မျက်စိမှိတ်လိုက်သည်၊

ဒါကသူဆီလီရဲ့အသိစိတ်ထဲသို့ ဒုတိယတစ်ကြိမ်ဝင်ရောက်ခြင်းဖြစ်သည်၊

ဆီလီ၏အသိစိတ်သည်အတော်ပင်အားနည်းနေသေးသည်၊ ၎င်းသည် သူ၏အသိစိတ်ထောင့်တွင် ပုန်းအောင်းနေသော ရှက်ကြောက်သည့်စိတ်ဝိဉာဉ်လေးတစ်ခုဖြစ်သည်။

၎င်းက ကောင်းဖန်၏ရင်းနှီးသည့် အနံ့အသက်ကိုခံစားလိုက်ရပြီး သူကဒီတစ်ကြိမ်တွင် ထိုထောင့်စွန်းနားတွင်ဆက်၍ပုန်းနေခြင်းမရှိတော့ပေ၊ ၎င်းကဂရုတစိုက်နှင့် ကောင်းဖန်ကိုရှာရန် သူ၏ဝိဉာဉ်ဘဝဲလက်များကိုဆန့်ထုတ်လိုက်သည်၊

ကောင်းဖန်၏တည်ရှိမှုကိုအတည်ပြုပြီးတဲ့နောက်, ဆီလီကိုကြည့်ရတာ အနည်းငယ် စိတ်သက်သာသွားပုံရသည်၊ ၎င်း၏စိတ်ခံစားမှုများကို ကောင်းဖန်ထံသို့သူ၏စိတ်ဝိဉာဉ်မှ တစ်ဆင့်လွှဲပြောင်းပေးခဲ့သည်။

ဘာကြောင့်လဲဆိုတော့ ၎င်း၏အသိဉာဏ်သည် တအားကြီးမမြင့်နိုင်လောက်သေးတာကြောင့် ကောင်းဖန်သည်သူ၏နီးကပ်ချင်မှုနှင့် သူ့ကိုစိတ်ကျေနပ်စေလိုသောခံစားချက်များကို ခံစားမိလိုက်သည်၊ ငါးနှင့်ငှက်များအမဲလိုက်သည့်နေ့မှစ၍ ဆီလီသည်ပြင်းထန်သောစိတ်ဒဏ်ရာများကိုခံစားခဲ့ရသည်၊ လူသားများထံသို့ရောင်းချရန်ဝေးလံသော နေရာတစ်သို့ပို့ဆောင်ခံရပြီးနောက် ၎င်းသည်ကြောက်ရွံ့မှုတို့နှင့်နေခဲ့ရသည်၊

အရင်က အခြေအနေအများအပြားကိုကျော်ဖြတ်ခဲ့ပြီးနောက် ၎င်းကနေသားတကျဖြစ်နေပြီး သူအကြိုက်ဆုံးဖြစ်သည့်ဖျော်ရည်ကို နေ့တိုင်းသောက်ရသည်၊ ဆီလီက ထိုသို့ပျော်ရွှင်ရသော နေ့ရက်တွေကိုမထားခဲ့ချင်ပေ၊

သွေးစာချုပ်သည်ဆီလီ၏စိတ်ဝိဉာဉ်နယ်မြေတွင်ပေါ်လာသည်၊ သူ့ရဲ့အသိဉာဏ်က မမြင့်ပေမယ့် ၎င်းကအချို့သောညွှန်ကြားချက်များကို ပင်ကိုအသိစိတ်အရ နားလည်ပြီးသွေးစာချုပ်ကဘာဆိုတာကိုဖြစ်ပေါ်စေသည်၊

“ငါရဲ့တွဲဖက်ဖြစ်လာနိုင်လား! အကယ်၍မင်းငါ့ရဲ့တွဲဖက်ဖြစ်လာရင်, မင်းနောက်ထပ် ဘယ်တော့မှကြောက်စရာမလိုတော့တဲ့စွမ်းအားကိုပေးမယ်။”

“အစွမ်းမလိုချင်ဘူး…..ငါအသီးဖျော်ရည်ဘဲလိုချင်တာ!” ဆီလီကစိုးရိမ်တကြီးနှင့် ပြောလေသည်၊

သွေးစာချုပ်ကိုတည်ဆောက်ပြီးနောက်တွင် ဆီလီ၏အသိဉာဏ်သည်အနည်းငယ်မြင့် တက်လာသည်၊

“ကောင်းပြီ, ငါမင်းကိုသစ်သီးဖျော်ရည်တွေအများကြီးပေးမယ်” ကောင်းဖန်သက်ပြင်း ချလိုက်သည်၊

“yup!”

ဆီလီကချက်ချင်းပင်သွေးစာချုပ်ကိုသဘောတူချုပ်ဆိုလိုက်သည်၊

သူတို့၏အသိစိတ်ထဲတွင် သွေးစာချုပ်သည်တောက်ပစွာလောင်ကျွမ်းသွားပြီး, ပြာများ အဖြစ်သို့ပြောင်းသွားသည်။

ကောင်းဖန်သည်သူ၏ဒုတိယကိုယ်ပိုင်သားရဲအဖြစ် ဂျယ်လီငါးပျံကို ထားလိုက်သည်။

ဆီလီနှင့်စာချုပ်ချုပ်ဆိုပြီးနောက်, ကောင်းဖန်လဲ စိတ်အေးလက်အေးဖြင့် ဆီလီ၏အဆင့်ကိုမြှင့်နိုင်တော့သည်။

သူကဆီလီ၏ဖြစ်နိုင်သောဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများကိုဖွင့်လိုက်သည်၊ အားလုံး ပေါင်းကိုးခုရှိသည်။

သူတို့ထဲကတစ်ခုက သစ်သားကောင်းကင်နှလုံးကိုလိုအပ်သည်၊ ထိုဆင့်ကဲဖြစ်စဉ် လမ်းကြောင်းသည် စွမ်းအင်နှစ်မျိုးဖြစ်သော ကုစားသောအစွမ်းသတ္တိနှင့် နေရာလပ်စွမ်းရည်ဖြင့် ဆီလီကို စိတ်ဝိဉာဉ်သစ်သားဂျယ်လီငါးအဖြစ် ပြောင်းလဲစေလိမ့်မည်။

ဒါပေမယ့်ထိုလမ်းကြောင်းအတိုင်းလိုက်လျှင်, ဆီလီ၏ဆင့်ကဲတိုးမြင့်ခြင်းသည် ထောက်ပံ့မှုအမျိုးအစားသားရဲလမ်းကြောင်းကိုလိုက်မည်ဖြစ်သည်၊

ကောင်းဖန်သည် နေရာလပ်အမျိုးအစားသားရဲကို ထောက်ပံ့မှုအမျိုးအစားသားရဲပုံစံအဖြစ် တိုးတက်သွားစေရန်အနည်းငယ်တုံ့ဆိုင်းနေသည်၊

နောက်ဆုံးတော့, အကယ်၍နေရာလပ်အမျိုးအစားသားရဲသည်တိုးမြှင့်၍ကြီးထွားကာ ၎င်းကကြောက်စရာကောင်းပြီး သေစေနိုင်လောက်စွမ်းရည်များဖြင့်ဖွံ့ဖြိုးလာမည်ဖြစ်သည်၊

ဒါပေမယ့် သေစေနိုင်လောက်တဲ့နေရာလပ်စွမ်းရည်ကိုရရှိရန် ဆီလီတွင် ၎င်းတို့ကို တည်ဆောက်ရန်အချိန်နှင့်စွမ်းအားများစွာလိုအပ်လိမ့်မည် ဖြစ်သောကြောင့် သေချာပေါက်ပင်ရေတိုပန်းတိုင်မဟုတ်ပေ၊

သူကိုယ်သူအနည်းငယ်တီးတိုးစကားပြောပြီးတဲ့နောက် ကောင်းဖန်ကနီးစပ်ရာမူဝါဒကိုလိုက်နာဖို့ဆုံးဖြတ်လိုက်သည်၊

နေရာလပ်အမျိုးအစားပစ္စည်းများသည် စရှာဖို့ရန်ရှားပါးသောကြောင့် သူ့လက်ထဲတွင် ရှိသောပစ္စည်းများပေါ်ကိုသာမူတည်ပြီးဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။

သူကပိုပြီးသန်မာလာပြီးတဲ့နောက်, သူကဘယ်လိုသားရဲကိုမဆိုမြှင့်တင်ပေးနိုင်လိမ့်မည်၊ မိမိလက်ထဲရှိ လိုအပ်ချက်များနှင့်ကိုက်ညီသောတစ်ခုရှိခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်၊

“စိတ်ဝိဉာဉ်သစ်သားဂျယ်လီငါးအဖြစ်တို့မြှင့်ရန်လိုအပ်သောပစ္စည်းများ; သစ်သားကောင်းကင်နှလုံး၂ပေါင်,မျှောနေသောဝိဉာဉ်တိမ်အဆီအနှစ်၀.၂ပေါင်, ဖုတ်ကောင်အူတိုင်အပိုင်းအစ၇ခု….”

***

All Chapters