← Chapters

အခန်း (၇၃-၇၆)

Vol. 5 Ch. 73-76

အခန်း (၇၃-၇၆)

Vol. 5 Ch. 73-76

အပိုင်း ၇၃ မင်းအရမ်းဝမ်းနည်းနေမှာပေါ့

“ရှို့ယင်း၊ မနက်စာစားချိန်ရောက်ပြီ။” အိပ်ခန်းငယ်တစ်ခုထဲမှ အဘိုးကြီးတစ်ယောက်၏အသံထွက်ပေါ်လာခဲ့သည်။

အဝတ်ဗီရိုပေါ်တွင်နားနေသည့် အနီရောင်ကြက်တူရွေးတစ်ကောင်က အိပ်ရာပေါ်တွင်လှဲနေသည့် ဆံဖြူအဘွားကြီးကို ခေါ်လိုက်ခြင်းဖြစ်သည်။ မနက်ခင်းတိုင်း ကြက်တူရွေးသည် ထိုနည်းအတိုင်းသာ အဘွားအိုကို နှိုင်းနေကြပင်။ လွန်ခဲ့သည့်၂နှစ်မှစကာ ဤကဲ့သို့ နေ့စဉ်နေ့တိုင်း ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ အဘွားအို၏မျိုးရိုးက ချန်းဖြစ်ကာ နာမည်ကတော့ ရှို့ယင်းပင်။

ယနေ့တွင် ရှို့ယင်းသည် ခါတိုင်းလို နာခံမှုမရှိဘဲ ထမလာခဲ့ပေ။ သူမ၏အမြင်အာရုံမှာ မှုန်ဝါးနေသေးသည်။ သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးနောက် ကြက်တူရွေးကိုပြုံးပြလိုက်သည်။

ကြက်တူရွေးက ဆက်မခေါ်တော့ဘဲ အဝတ်ဗီရိုပေါ်တွင်သာ တိတ်တိတ်လေးထိုင်နေပြီး ရှို့ယင်းနှင့်မျက်လုံးချင်းဆုံးကာ ကြည့်လိုက်သည်။

ရှို့ယင်းတွင် သားသမီးမရှိပေ။ လွန်ခဲ့သည့်အနှစ်၂၀တုန်းက ဖြစ်ပွားခဲ့သည့် ကားတိုက်မှုက သူမသမီး၏မိသားစုတစ်ခုလုံးကို သူမနှင့်ဝေးရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်မှစ၍ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် အထီးကျန်လင်မယားမှာ တစ်ဦးပေါ်တစ်ဦးသာ မှီခိုနေရတော့သည်။ သူတို့နှစ်ဦးလုံး အရမ်းမကြီးလှသည့်ဤအိမ်မှာပင် နေထိုင်ခဲ့ကြသည်။

ကားတိုက်မှုဖြစ်ပြီးနောက် လျော်ကြေးငွေမြောက်မြားစွာရရှိခဲ့သော်လည်း အိမ်အသစ်ဝယ်ဖို့ရန်တော့ သူတို့နှစ်ဦးလုံးစိတ်မကူးခဲ့ဘဲ ဤအိမ်တွင်ပဲ ဆက်လက်နေထိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင်တော့ ကြက်တူရွေးတစ်ကောင်ကို မွေးမြူဖြစ်ခဲ့ကြသည်။

ကြက်တူရွေးသည် ဉာဏ်ထက်တာကြောင့် စကားပြောနိုင်သလို အသံများကိုလဲတုပနိုင်တာကြောင့် သက်ကြီးဇနီးမောင်နှံအား မကြာခဏရယ်စေခဲ့သည်။

သက်ကြီးဇနီးမောင်နှံသည် ကြက်တူရွေးသည် သူတို့အတွက်အဖော်ဖြစ်ကြောင်း သိရှိလာကာ စကားပြောနည်းများသင်ပေးပြီး သူတို့အသံများကိုတုပစေခဲ့သည်။ ထိုသို့ဖြင့် အေးစက်နေသော အိမ်ထဲသို့ နွေးထွေးမှုကိုယူဆောင်ပေးလာခဲ့သည်။

အရင်အချိန်များတုန်းကတော့ အဘိုးအိုက နေ့တိုင်း ရှို့ယင်းကို နှိုးပေးခဲ့သည်။ သူတို့သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက် ရှို့ယင်း၏ စိတ်ပိုင်းဆိုင်ရာနှိုးကြားမှုက လျော့နည်းလာကာ အလွန်အိပ်မောကျလာတတ်သည်။ အဘိုးအိုကသာ သူမကိုမနှိုးပေးလျှင် မနက်စာလွတ်သွားတတ်တာကြောင့် သူမအစာအိမ်အတွက် မကောင်းလှပေ။

ထိုအစဉ်အလာက လွန်ခဲ့သည့်၂နှစ်အထိ ရှိနေခဲ့ကာ အဘိုးအိုက ဆုံးပါးသွားခဲ့သည်။

ရှို့ယင်းအတွက်တော့ သူမကောင်းကင်ကြီး ပြိုကျသလိုဖြစ်သွားရမည်မှာ သံသယဖြစ်နေစရာပင်မလိုပေ။ သူမအတွက် ညအချိန်တွေက ပိုလို့ရှည်လျားကာ မှောင်မိုက်လာသည်။ နောက်ရှေ့ဆက်ပြီး သူမဘယ်လိုမျိုးရှင်သန်ဖြတ်သန်ရမလဲဆိုတာတောင် မသိတော့ပေ။ သို့သော်လည်း နောက်တစ်နေ့ မိုးလင်းလို့ နေထွက်ချိန်တွင်တော့…..

အဘိုးအိုဆုံးပါးပြီးနောက်တစ်နေ့တွင်ပဲ သူတို့၏ကြက်တူရွေးက ရှို့ယင်း၏အိပ်ယာဘေးတွင် မတ်တပ်ရပ်နေခဲ့ကာ….

အဘိုးအို၏အသံကိုတုပပြီး ညင်သာစွာဖြင့် သူမကိုပြောလာခဲ့သည်။

“ရှို့ယင်း၊ မနက်စာစားချိန်ရောက်ပြီ။”

ရှို့ယင်းမျက်လုံးများကို ဖွင့်လိုက်ကာ သူမအိပ်ရာဘေးမှ ကြက်တူရွေးကို ကြည့်မိသွားသည်။ သူမတွေ့လိုက်ရသည့် မျက်လုံးအစုံသည် လွန်စွာရင်းနှီးနေကာ သူမမှတ်ဉာဏ်များထဲကလို နွေးထွေးနေခဲ့သည်။

ကြက်တူရွေးက သူ့အမွှေးအတောင်များကို တစ်ချက်ဆိတ်လိုက်ပြီးနောက် တစ်ဖန်ခေါင်းပြန်မော့ကာ သူမကိုကြည့်လိုက်ပြန်သည်။

ရှို့ယင်း၏မျက်ဝန်းအိမ်များထဲမှနေပြီး မျက်ရည်များစီးကျလို့လာတော့သည်။ သူမအိပ်ရာမှထလိုက်ကာ သူမအတွက်ရော ကြက်တူရွေးအတွက်ပါ မနက်စာပြင်ဆင်လိုက်သည်။ သူမက သူမလက်တွဲဖောက်၏အကြိုက်ဆုံးအစားအစာဖြစ်သည့် ဖက်ထုပ်များကို ပြင်ဆင်ခဲ့သည်။

ကြက်တူရွေးကတော့ မစားခဲ့ဘဲ ဖက်ထုပ်ကို တစ်ချက်လောက်သာ ထိုးဆိတ်ကြည့်ပြီးနောက် ရပ်သွားခဲ့သည်။

ထိုအချိန်မှစပြီး မနက်ခင်းတိုင်း ကြက်တူရွေးသည် ရှို့ယင်း၏အိပ်ယာဘေးတွင် တွယ်ကပ်ကာ သူမရင်းနှီးနေသည့်အသံဖြင့် အိပ်ရာမှနှိုးပေးခဲ့သည်။

ယနေ့တော့ ရှို့ယင်း ပုံမှန်လို အိပ်ရာမှထမလာခဲ့ပေ။ ထိုအစား သူမက အိပ်ရာပေါ်တွင် ကွေးကာလှဲနေပြီး ကလန်ကဆန်အပြုံးလေးဖြင့် ကြက်တူရွေးကို ကြည့်နေခဲ့သည်။

ထိုအပြုံးလေးက သူမကိုလွန်ခဲ့သည့်အနှစ်၆၀သို့ ပြန်လည်ခေါ်ဆောင်သွားပုံရသည်။

ထိုအချိန်တုန်းကဆိုလျှင် သူမသည် ငယ်ရွယ်သည့်မိန်းမငယ်လေးတစ်ဦးဖြစ်ကာ သူမလက်ထပ်ခဲ့သည့်နေပင်ဖြစ်ပြီး သူမ၏ကြင်စဦးခင်ပွန်းနှင့်အတူ ရှိနေရသည့် ပထမဆုံးညချမ်းအချိန်အခါပင်ဖြစ်သည်။

ရုတ်တရက်ဆိုသလို ရှို့ယင်းမောပန်းလာကာ သူမမျက်လုံးများကို ဆက်လက်ဖွင့်ထားဖို့ရန်ပင် ခက်ခဲလို့လာတော့သည်။

တကယ်ဆို သူမမနေ့ညကတည်းက ထွက်သွားသင့်ပြီဖြစ်သည်။ သူမသည် အလွန်အိုမင်းနေခဲ့ပေပြီ။ အထီးကျန်မှုက သူမကို အချိန်အတော်ကြာကတည်းက တိုက်စားလို့နေခဲ့သည်။

သို့သော်လည်း သူမနောက်တစ်ကြိမ် ထပ်မံကြားချင်ခဲ့သည်။ နောက်တစ်ကြိမ်လေးပဲ။

အဘိုးအို၏အသံကို ကြားဖို့ပေါ့။

အဘိုးအိုပြောလာမည့်၊ “ရှို့ယင်း၊ မနက်စာစားချိန်ရောက်ပြီ။”ဆိုသည့် အသံလေးကို ထပ်ကြားချင်ခဲ့သည်။

အချစ်ရေ ရှင်ကတော့ ကျွန်မကို ချန်ထားပြီး ခရီးဝေးကြီးကို ထွက်သွားနှင့်ခဲ့တယ်နော်။

ကျွန်မ ရှင်ပြန်လာမယ့်နေရက်တွေကို လက်ချိုးရေတွက်ခဲ့တယ်။ အချစ်ဘယ်တော့များမှ ပြန်လာမှာလဲ?

ရှင်ပြောခဲ့တာတော့၊

ရှင့်အသံကိုထပ်ကြားရတဲ့နေ့က ကျွန်မတို့နှစ်ယောက်ပြန်လည်ဆုံစည်းကြမယ့်နေဆို။

ထိုအခိုက်အတန့်တွင်ပဲ ရှို့ယင်း အဘိုးအိုကိုမြင်လာရသည်။ အဘိုးအိုက သူမအိပ်ရာဘေးတွင်ရပ်နေကာ သူမလက်ကိုဆုပ်ကိုင်ထားခဲ့သည်။

ထို့နောက် သူက၊ “ကိုယ်ပြန်လာပြီ၊ အချစ်ရေ၊ မင်းကိုစောင့်ဆိုင်းစေခဲ့မိပြီ။”

နောက်တစ်နေ့တွင်၊ ကောင်းဖန် အောက်ထပ်သို့ဆင်းလာစဉ် အိမ်နီးချင်းများစကားပြောဆိုနေသံကိုကြားလိုက်ရသည်။

သူ့အခန်းအောက်ထပ်တွင်နေသည့် အဘွားချန်းဆုံးပါးသွားခဲ့သည်။ တခြားလူများ သူမအိမ်ထဲသို့ဝင်သွားကြသည့်အခါတွင် ကုတင်ထက်၌ ငြိမ်းချမ်းစွာလဲလျောင်းနေသည့် အဘွားချန်းကိုမြင်တွေ့ကြရသည်။

သူမ၏လက်ချောင်းလေးများက ကွေးနေကာ သေးငယ်သည့်ခြေသည်းလေးများနှင့် ယှက်ထားခဲ့သည်။ သူမ၏လက်ချောင်းများအဆုံးတွင်တော့ အေးစက်နေသည့်ခန္ဓာကိုယ်နှင့်ကြက်တူရွေးတစ်ကောင် ရှိလို့နေသည်။

အဘွားချန်းတွင် နီးစပ်သည့်ဆွေမျိုးမရှိတာကြောင့် အစိုးရက စည်းမျဉ်းများအတိုင်း သူမ၏အလောင်းအား ရေခဲတိုက်တွင်ထားရှိကာ သူမ၏ဝေးကွာသော ဆွေမျိုးများကို ဆက်သွယ်ပေးပေလိမ့်မည်။

ဘယ်သူမှ သူမကိုလာမခေါ်ခဲ့ဘူးဆိုရင်တော့ သူမရဲ့ခန္ဓာကိုယ်ကိုမီးသဂြိုလ်ပြီး ပြည်သူ့သင်္ချိုင်းမှာထားပေလိမ့်မည်။

“အိုက်ယား!”

“ဒါကသရဲတစ်ကောင်ဘဲ”

လူအုပ်ထဲမှအချက်ပေးအော်သံများထွက်လာပြီး အများစုကထွက်ပြေးလာကြသည်၊

လူအုပ်၏အတွင်းကျသောအပိုင်းတွင် ကောင်းဖန်သည် အလင်းရောင်အမှုန်များကို မြင်လိုက်ရပြီး ရုတ်တရက်ပျောက်ကွယ်သွားသည်၊ ထိုအလင်း၏အမှုန်များသည် ဖြည်းဖြည်းချင်းကောင်းကင်ပေါ်သို့ပျံဝဲတက်သွားသည်၊

ထိုအလင်းအမှုန်များထဲတွင် အပြာရောင်ဖျော့၍အနည်းငယ်ဖောက် ထွင်းမြင်နိုင်ရသောကြက်တူရွေးသည် ကောင်းကင်သို့ပျံတက်သွားသည်ကို ကောင်းဖန်မြင်လိုက်ရသည်။၊ အလင်းအမှုန်များသည်၎င်း၏ဘေးတွင်ကခုန်နေကြသည်၊

[မကောင်းဆိုးဝါးအမည်]-ဝိဉာဉ်စောင့်ရှောက်သူ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၅

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-ဝိဉာဉ်

[မကောင်းဆိုးဝါးဖော်ပြချက်]-ဝိဉာဉ်ကိုပြင်းပြစွာစွဲလမ်းခြင်းသည် ထိုသားရဲကို သေမင်းဘုံတွင်ရှိစေသည်၊ ၎င်းသည်ပုံစံအမျိုးမျိုးကိုရယူနိုင်သည်၊ စွဲလမ်းမှုကြီးပြီးဆုံး သွားသောအခါ၎င်းကမြေအောက်မရဏဆီကိုပြန်သွားသည်။

အပြာရောင်ကြက်တူရွေးသည် သုံးထပ်မြောက်ပြတင်းပေါက်ကိုသုံးခါစက်ဝိုင်းပုံစံ လှည့်ပတ်ပြီးနောက် ရုတ်တရက်၎င်း၏တောင်ပံကိုခတ်ကာ ကောင်းကင်တွင်ပျောက် ကွယ်သွားတော့သည်၊

“ငါမြင်လိုက်တယ်,သူတို့ပျံလာတာ! သတ္ထုစင်ပေါ်ကအလောင်း နှစ်လောင်းက အလင်းအမှုန်တွေလိုပြောင်းသွားပြီးတော့ အဝေးကိုပျံသွားတာ! ကြက်တူရွေးနဲ့ လူကသေတာသေချာတယ်!” ရင်ခွဲရုံကအလုပ်သမား တစ်ယောက်က အထိတ်တလန့် ဖြစ်နေသည်၊ သူသည်အသိဉာဏ်ထဲတွင်သေချာပေါက်ကြောက်ရွံ့နေလောက်သည်၊

ကပ်ဆိုးကြီးပြီးနောက် ကမ္ဘာကြီးသည် ပြောင်းလဲသွားပြီလို့ပြောနိုင်သည်, ဒါပေမယ့် အလောင်းကောင်များကတော့တူညီစွာပင်တည်ရှိနေဆဲဖြစ်သည်၊

ဘယ်လောက်ဘဲကြောက်ဖို့ကောင်းတဲ့သားရဲဖြစ်ဖြစ်လူဖြစ်ဖြစ် အားလုံးသေပြီးတဲ့နောက် အတူတူဘဲဖြစ်ကြသည်၊

ဘယ်လိုဘဲဖြစ်နေပါစေ, သူတို့ကအေးခဲနေပြီး လှုပ်ရှားဖို့ပင်ခက်ခဲလှသည်၊

ဒါပေမယ့်အခုတော့, ထိုအလောင်းကောင်များက စည်းမျဉ်းစည်းကမ်းများကိုပင် မလိုက် နာတော့ပေ!

ရင်ခွဲရုံမှအလုပ်သမားများကတော့ သူတို့စိတ်ထဲတွင်သေချာပေါက်ကိုကြောက်ရွံ့နေကြလိမ့်မည်။

အဘွားချန်းဆုံးပါးသွားတော့ ကောင်းဖန်အံ့ဩသွားသည်၊

ထိုသတင်းကိုကြားတော့ သူရဲ့နှလုံးက လေးလံလာသည်၊ နောက်ဆုံးတွင်သူမက တစ်ချိန်လုံးမြင်ဖူးနေကျရင်းနှီးတဲ့မျက်နှာတစ်ခုဖြစ်ခဲ့သည်၊

မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူမှလွဲ၍ အဘွားချန်းတွင် အခြားသောအိမ်မွေး တိရိစ္ဆာန်ဖြစ်သည့် အိမ်တွင်မွေးထားသောကြက်တူရွေးရှိသေးသည်ကိုပြန်တွေးမိသည်၊

အခုတော့အဘွားချန်းနှင့်ကြက်တူရွေးတို့နှစ်ဦးလုံးသွားကြပြီဖြစ်သည်, ထိုမီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူဘယ်လိုဆက်ဖြစ်မည်နည်း?

အရင်ကမြို့တွင်းတွင်ပိုင်ရှင်သေဆုံးပြီးနောက် ကိုယ်ပိုင်သားရဲများကို ချန်ထားခဲ့သော အဖြစ်အပျက်များရှိသည်၊ သူတို့သခင်၏ထိန်းချုပ်မှုမရှိဘဲ တချို့သားရဲများသည် တောင်အတွင်းသို့ဝင်ရန်နှင့် တောရိုင်းထဲသို့ပြန်သွားရန်တို့ကိုသာရွေးချယ်ကြသည်၊

အခြားသောသားရဲများသည်၎င်းတို့၏ သဘောသဘာဝအရကြီးမားသောပြောင်းလဲမှုနှင့် တွေ့ကြုံလိုက်ရပြီးနောက် အလွန်အမင်းစိတ်အနှောက်အယှက်ဖြစ်လာကြကာ အခြားလူသားများအားတိုက်ခိုက်တတ်ကြသည်၊

ကောင်းဖန်သည် ဆီလီ၏ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သောပစ္စည်းများကိုဝယ်ယူရန် ရည်ရွယ်ထားသည်၊ သစ်သားကောင်းကင်နှလုံးမှလွဲ၍ အခြားပစ္စည်းများအကြောင်း ကောင်းဖန်ကြားဖူးသည်၊ သူတို့တစ်ခုချင်းစီသည်ရှားလည်းမရှားဘဲ, ဈေးလည်းမကြီးပေ၊ ဒါပေမယ့်ဖြစ်ပျက်ခဲ့တာတွေနဲ့အတူ ကောင်းဖန်သွားကြည့်မည့်အစား အပေါ်သို့ ပြန်သွားရန်သာဆုံးဖြတ်လိုက်သည်၊

သူကလှေကားပေါ်တွင်လှည့်ပတ်ကာသွားလာတတ်သော ထိုပင့်ကူလေးနှင့် အနည်းငယ်နီးစပ်သည်။

လှေကားပေါ်တက်ရင်းပင် ပဉ္စမထပ်လှေကား၏မျက်နှာကျက်တွင် ထိုပင့်ကူလေးကို တွေ့လိုက်သည်။

သူ၏ခြေသည်းလက်သည်းရှစ်ချောင်းကို မျက်နှာကျက်တွင်ချိတ်ထားပြီး သူ့ရဲ့ အနီရောင်မျက်လုံးများက ရူးသွပ်နေသည့်အရိပ်အယောင်တွေနှင့် အဆက်မပြတ် တောက်ပနေသည်၊ သူကတိုးသောဟိန်းသံလေးကိုအနည်းငယ်ထုတ်လွှင့်နေသည်၊

ကောင်းဖန်၏အမြင်တွင် ထိုမီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူ၏အခြေအနေ သည် လက်ရှိတွင်စိတ်သောကရောက်နေသောအခြေအနေတွင်ရှိနေသည်။

တစ်စုံတစ်ယောက်ရောက်လာသည်ကိုမြင်သောအခါ, မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူသည် သူ့မျက်နှာကိုအဝေးသို့လှည့်လိုက်ပြီးမျက်နှာကျက်၏ထောင့်စွန်းတွင် ပုန်းကွယ်နေကာ, သူ၏ထိုအခြေအနေကိုရှက်နေပုံရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကောင်းဖန်ရှိနေသေးသည်ကိုတွေ့သောအခါ ပင့်ကူကရှက်နေရာကနေဒေါသအဖြစ်သို့ပြောင်းသွားသည်၊ ၎င်းကကျယ်လောင်စူးရှ သောအသံနှင့်ကောင်းဖန်ကိုအော်လိုက်သည်၊

ရှုး? တာ့ဇီကသာမန်ကာလျှံကာနှင့်အသံတစ်ခုကိုပြုလုပ်လိုက်ပြီး ၎င်းကပျင်းရိစွာနှင့် ကောင်းဖန်၏ပုခုံးပေါ်သို့တက်လာသည်။

မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူသည်အေးခဲသွားပြီး မကျေမနပ်ဖြစ်သွားကာ ဘောလုံးတစ်လုံးကဲ့သို့ကွေးလိုက်ကာ ကြိတ်မှိတ်သည်းခံနေသည်၊

သူကသူ့ရဲ့သခင်ကိုဆုံးရှုံးလိုက်ရုံသာမက ယခုတွင်ရက်စက်သည့်အာဏာရှင် ကင်းခြေများကပါ သူ့ကိုအနိုင်ကျင့်နေသည်၊ ပင့်ကူတစ်ကောင်၏ဘဝက တကယ်ကို ခက်ခဲသည်၊

သူ၏မျှော်လင့်ချက်များနှင့်အိမ်မက်များကိုဆုံးရှုံးလိုက်ရပြီး သူ့ရဲ့အန္တရာယ်ရှိသော အခြေအနေကိုပါလျှော့ချလိုက်သည်။

ပစ်ချ်*ဟူသောအသံနှင့်အတူ သူသည်မျက်နှာကျက်မှ ပြုတ်ကျပြီးနောက်မလှုပ်မယှက်ဘဲမြေပြင်ပေါ်တွင်သာ လှဲလျောင်းနေတော့သည်။

“မင်းအရမ်းကိုဝမ်းနည်းနေတယ် မဟုတ်လား?” ကောင်းဖန်ကပြောလိုက်ပြီးပင့်ကူ၏ ဘေးတွင်ထိုင်လိုက်ကာ ၎င်း၏ခေါင်းကိုငြင်သာစွာ ပုတ်ပေးလိုက်သည်၊

မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူသည် ကောင်းဖန်၏ကြင်နာသောအသံဖြင့် ရည်ရွယ်ချက်ကိုသိလိုက်ရသဖြင့် အနည်းငယ်တုန်ရီသွားသည်။

***

အပိုင်း ၇၄ မီးခိုးရောင့်အစင်းကျားသံချပ်ကာပင့်ကူ

မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကသည် ၎င်း၏မျက်နှာကိုဖုံးကွယ်နေသည့် ခြေတံများကို ဖယ်လိုက်ကာ နီရဲနေသည့်မျက်ဝန်းအစုံဖြင့် ကောင်းဖန်ကို တိတ်တဆိတ်သတိထားကာ စူးစမ်းနေသည်။

ထို့နောက် ၎င်း၏သိပ်မကြီးလှသော ဦးဏှောက်လေးဖြင့် တွေးတောစဉ်းစားနေတော့သည်။

ထို့နောက် တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားတော့သည်။ ဒီကောင်က လှေကားကနေပြီး မီးလုံးပစ်ပြီး ခြောက်လှန့်ခဲ့တဲ့သူပဲ!

မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူ၏မျက်နှာပေါ်တွင် ရန်လိုသည့်အမူအရာများပေါ်လာတော့သည်။

တာ့ဇီသည်တော့ ကောင်းဖန်၏ပုံခုံးများပေါ်တွင် ငြိမ်သက်စွာအနားယူနေခဲ့သည်။ ကောင်းဖန်၏ ပုခုံးနှစ်ဖက်လုံးပေါ်တွင် အဆန့်လိုက်နေ,နေတာတောင်မှ ၎င်း၏ခန္ဓာကိုယ်မှာ အတော်လေးရှည်လှတာကြောင့် ကြမ်းနှင့်လဲတိုက်နေသေးသည်။ တာ့ဇီသည် ပင့်ကူ၏စိတ်ခံစားချက်ကို သိရှိခံစားနိုင်ခဲ့သည်။

တာ့ဇီက အစ်ကိုတစ်ယောက်မှ ညီဖြစ်သူကို ဘာကိုလုပ်သင့်သည် မလုပ်သင့်သည်ကို သတိပေးနေသည့်ဟန်ဖြင့် ခြေချောင်းများကို ဆန့်ထုတ်ကာ မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူကို ပုတ်လိုက်သည်။

ပိုအားကောင်းသည့် သားရဲတစ်ကောင်၏ရှေ့တွင်တော့ မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူမှာ အော်ဟစ်ဆန္ဒပြရုံသာတတ်နိုင်ခဲ့သည်။

တာ့ဇီကတော့ အလျင်မလိုဘဲ ပင့်ကူ၏မျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်ကာ တစ်ခေါက်သာအော်လိုက်သည်။

“မင်းဆန္ဒရှိရင် ငါနဲ့လိုက်ခဲ့လို့ရတယ်။” ကောင်းဖန်က သူ့ညာလက်ကို မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူထံသို့ ဆန့်တန်းရင်းပြောလိုက်သည်။

လှေကားထစ်တစ်လျှောက် တိတ်ဆိတ်လို့သွားခဲ့သည်။

ခဏတာမျှတုံ့ဆိုင်းနေပြီးနောက် မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူသည် ၎င်း၏ခြေထောက်များကို ဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး ကောင်းဖန်၏လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။

ပင့်ကူ၏ခြေထောက်အမွေးအမျှင်များသည် သံမဏိကြိုးအပိုင်းအစများကဲ့သို့ နောက်ပြန်ချိတ်လေးများလိုပုံစံဖြင့် ဖုံးအုပ်နေသည်။ ကောင်းဖန်သတိတကြီးထားနေတာကြောင့် သူ့လက်ပေါ်သို့ ထိုခြေထောက်တစ်ဖက်က ခပ်ဖွဖွထိုးလိုက်သည့်အချိန်တွင် ယားယံရုံသာခံစားခဲ့ရသည်။

“ဟေ့ မင်းက အဆိပ်ငါးကောင်ဂိုဏ်းခေါင်းဆောင်လုပ်မလို့ အဆိပ်ငါးမျိုးစုနေတာလား?” သက်တန့်ရောင်၇ဆင်လုံးဝတ်ဆင်ထားသည့် ကြော့မော့နေသောဆယ်ကျော်သက်လေးတစ်ဦးက ကောင်းဖန်ရှိရာသို့လျှောက်လာကာ အနားရှိ ပင့်ကူနှင့်ကင်းခြေများကို မြင်ပြီးနောက် ဟာသမလုပ်ဘဲမနေနိုင်တော့ပေ။

“အဲ့ဒီဂိုဏ်းက မပျက်သေးဘူးလား?” ကောင်းဖန် ဆယ်ကျော်သက်လေးကို ပြန်ကြည့်လိုက်သည်။

ဆယ်ကျော်သက်လေးက စိတ်မခုဘဲ မထင်မှတ်စွာရယ်ပင်ရယ်လိုက်ကာ၊ “မင်းနားမလည်ပါဘူး။ ခေတ်ရေစီးကြောင်းဆိုတာ လက်ရှိခေတ်စားနေတဲ့အရာတွေကိုပြောတာ၊ ပြီးတော့ အမြဲတမ်း တစ်ပတ်ပြန်လည်လာတတ်တယ်။ ခေတ်ရေစီးကြောင်းတိုင်က နှစ်အနည်းငယ်အတွင်းမှာပဲ တဖြည်းဖြည်းပျောက်ကွယ်သွားတတ်တယ်ဆိုပေမည့် ဆယ်စုနှစ်အနည်းငယ်လောက်ကြာရင် ပြန်ပြီး ကျော်ကြားလာပြန်ရော၊ အဲ့ဒါပဲ ခေတ်နောက်ပြန်ရေပမ်းစားမှုလို့ခေါ်တာပေါ့။”

ကောင်းဖန် ထိုလူငယ်ကို မကြည့်မိဘဲမနေနိုင်တော့ပေ။ ဒီယဉ်ကျေးပုံရတဲ့လူငယ်လေးက….တကယ်ကို တခြားလူတွေနဲ့မတူဘူးပဲ။

ကောင်းဖန်ဘက်က စကားဆက်ပြောချင်သည့်ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ရတော့ ကောင်လေးက ချက်ချင်းပင် ကောင်းဖန်ကို ဆက်ဆွဲထားဖို့ ကြိုးပမ်းတော့သည်။ သူက ချက်ချင်းပင် ကောင်းဖန်ရှိရာသို့တက်သွားကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ကိုယ့်လူ၊ မင်းက အဆိပ်ပြင်းတာတွေကို ကြိုက်တဲ့ပုံပဲ၊ ဟုတ်တယ်မလား? မင်းမှာ ကင်းခြေများရော၊ ပင့်ကူရော ရှိနေတာက သက်သေပဲလေ။”

“မကြိုက်ဘူး။ အဆိပ်ငါးမျိုးထဲက နှစ်ကောင်ကို ငါမွေးထားတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုပဲ။” ကောင်းဖန် ခေါင်းယမ်းလိုက်သည်။ ဒီလူငယ်လေးက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ကောင်းဖန် စိတ်တိုလာရသည်။

တာ့ဇီသည်လဲ သူ့ပိုင်ရှင်၏စိတ်မကြည်မှုကို ခံစားမိ၍ထင် ချက်ချင်းဆိုသလို ဆယ်ကျော်သက်ကလေးကို ခြိမ်းခြောက်ဖို့ရန်အတွက် ရှေ့သို့တက်လိုက်သည်။ အေးစက်စက်အလင်းများဖြာထွက်နေသလိုမျိုး သူ့အစွယ်များကို လှစ်ဟပြလိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ၎င်း၏ခန္ဓာကိုယ်မှ မြင်နိုင်လောက်သည့် လျှပ်စီးလှိုင်းများလဲ လွှတ်ထုတ်လို့လာသည်။ လျှပ်စီးကို အတိအကျထုတ်လွှတ်နိုင်ခြင်းမဟုတ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးကြောင်းက ဖုံးအုပ်ထားတာကြောင့် လွန်စွာအန္တရာယ်များလှပေသည်။

“အိုက်ယား၊ အိုက်ယား၊ အိုက်ယား၊ စိတ်လျှော့ပါ၊ စိတ်လျှော့ပါ။ ငါ့မှာ အဆိပ်ပြင်းတဲ့သားရဲနည်းနည်းပါးပါးရှိတယ်။ မင်းစိတ်ဝင်စားရင် ငါ မင်းကို ဈေးပေါပေါနဲ့ရောင်းပေးမယ်လေ။” လူငယ်လေးက ချက်ချင်းပင် အသံတိုးတိုးဖြင့် ထပ်ပြောလာခဲ့သည်။

ကောင်းဖန်သည် သူပြောခဲ့သလိုပဲ အဆိပ်ရှိသည့်သားရဲများကို စိတ်ဝင်စားသည်မဟုတ်ပေ။ ထို့အပြင် သူ့အိမ်တွင် ယခုဆိုလျှင် အကျွမ်းဝင်သားရဲများအလုံအလောက်ရှိလို့နေပေပြီ။ အရိုးခွံဖုပ်ကောင်လူဝံ၊ ခရမ်းရောင်ကျောပြင်လျှပ်စီးကင်းခြေများ၊ မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူနှင့် ဂျယ်လီငါးပျံ၊ စုစုပေါင်းသားရဲလေးကောင်တောင် ရှိနေပေပြီ။

သာမာန်လူတစ်ယောက်ဆိုလျှင် ပုံမှန်အားဖြင့် သားရဲများကရင့်ကျက်ကာ အတိုင်းအတာတစ်ခုအထိ ကြီးထွားမလာသေးမချင်း နောက်ထပ်သားရဲများစွာကို ပျိုးထောင်လေ့မရှိပေ။ ပထမဆုံးနဲ့အရေးအကြီးဆုံးကတော့ ပျိုးထောင်စားရိတ်မှာ များပြားလွန်းတာကြောင့်ပင်။ ဒါမျိုးက ကပ်ဆိုးကြီးမတိုင်ခင် သာမာန်အိမ်တစ်အိမ်တွင် အသားစားတိရိစ္ဆာန်တစ်ကောင်ကို မွေးမြူထားရသလိုပင်။ အစာတစ်ခုတည်းအတွက် သုံးစွဲရသည့်ငွေပမာဏကပင် သူတို့ကို ချွတ်ခြုံကျသွားစေဖို့လုံလောက်ပေသည်။

ဒုတိယအချက်အနေနဲ့ကတော့ သားရဲများကို ပျိုးထောင်ရခြင်းမှာ အချိန်နှင့်အင်အား များစွာလိုအပ်ခြင်းကြောင့်လဲဖြစ်သည်။

လူအများစုသည် သားရဲများကိုပြုစုပျိုးထောင်သောအခါတွင် မတူညီသောအုပ်စုနှစ်ခု ရှိသည်၏ဟုယုံကြည်ကြသည်၊ ပထမဆုံးအုပ်စုမှာ သားရဲတစ်ကောင် (သို့) နှစ်ကောင်ကိုသာအထူးလေ့ကျင့်ပေးပြီး ၎င်းတို့ကို “သားရဲသီးသန့်ပျိုးထောင်ပေးသူများ”အုပ်စုဟုသတ်မှတ်သည်၊

တခြားအုပ်စုမှာမည်သည့်သားရဲအမျိုးအစားကိုမဆိုမွေးမြူပေးသည့် အထွေထွေ လေ့ကျင့်ပေးသူအုပ်စုဖြစ်သည်။

သေချာတာပေါ့ ထိုအဖွဲ့များအားလုံးသည် အပြောင်အပျက်တစ်ခုသာဖြစ်သည်၊ တကယ်တွင်, ဘယ်လိုအစစ်အမှန်အုပ်စုမှမရှိပေ၊ လူများသည် ကိုယ်ပိုင်သားရဲမွေးမြူသည်ဖြစ်စေ မမွေးသည်ဖြစ်စေ, အများအားဖြင့်စိတ်ကူးသက်သက်ပေါ်တွင်သာ အခြေခံသည်၊

ကျိန်ဆိုသူများစွာလည်းရှိသည်၊ -“ငါသေရင်တောင်, ငါချောက်ကမ်းပါးကခုန်ချပြီးသေရရင်တောင်, ငါကသေချာပေါက်တခြားကိုယ်ပိုင်သားရဲကို ပျိုးထောင်မှာမဟုတ်ဘူး!”

ထို့နောက်ခဏလောက်ကြာတော့, အသစ်ဝယ်လာသောသားရဲရယ်သံနှင့်အတူပေါ်လာကာ “ဟေး, ငါအခုအသစ်ဝယ်လာတဲ့သားရဲကမီးကိုတောင်ထွေးထုတ်နိုင်တယ်။”

ဒါပေမယ့် မြင်တွေ့နေရသည့် အချက်အချို့သာဖြစ်ပြီး ကောင်းဖန်ကတော့ အဆိပ်ငါးမျိုးကို လုံးဝကိုစိတ်မဝင်စားပေ။

သို့သော် ကြော့မော့နေသောဆယ်ကျော်သက်သည်, ဘယ်လိုဘဲဖြစ်နေပါစေ ပြောဖို့ကျန်နေသေးသည်၊ နောက်ဆုံးတော့, သူ့ဘေးရှိအဆိပ်ငါးမျိုးထဲကနှစ်ခုနှင့်အတူ ကောင်းဖန်သည် အလားအလာကောင်းသည့်ဖောက်သည်တစ်ယောက်လိုဖြစ်ပုံရသည်၊ အရောင်းအဝယ်အတွေ့အကြုံများအရ သူသည်အရေထူနေသ၍ အောင်မြင်မှုသည် အများအားဖြင့်ခြေတလှမ်းသာလိုတော့တာဖြစ်သည်။

ကောင်းဖန်ကသူရဲ့စိတ်ရှည်မှုတွေပျောက်ဆုံးသွားပြီး အေးစက်စွာနှင့်ပြောလိုက်သည်, “ထွက်သွားစမ်း!”

ကြော့မော့နေသောဆယ်ကျော်သက်လေးသည် အပြုံးမပျက်ဘဲအတင်းတွန်းထုတ်ခံရပြီးနောက် လမ်းတစ်လျှောက်ရှိ အခြားဖောက်သည်များအားရှာဖွေရန်ထွက်သွားတော့သည်။

ကောင်းဖန်စတိုးဆိုင်သို့ဦးတည်သွားလိုက်ပြီး စားစရာအချို့နှင့် မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူကို တိုးမြှင့်ရန်လိုအပ်သောပစ္စည်းများကိုဝယ်လိုက်သည်။

၎င်း၏အဆင့်အတန်းကို သာမန်အဆင့်မှအထူးအဆင့်သို့မြှင့်တင်ခြင်းသည် ရိုးရှင်းသော ကိစ္စဖြစ်ပြီး, အထူးသဖြင့် ၎င်းသည်သေးငယ်သောအဆင့်၄သားရဲသာဖြစ်နေသည်။

ကောင်းဖန်တွင် လက်ရှိ,မရှိသေးသောအရာမှာ ရှေ့တန်းကာကွယ်ပေးမှုဖြစ်ပြီး ပင့်ကူကိုအသားဒိုင်းအဖြစ်သုံးဖို့က မတရားပေမယ့် ကောင်းဖန်က မီးခိုးရောင်အစင်း ကျားသံချပ်ကာပင့်ကူအတွက် ဖြစ်နိုင်သည့်လမ်းကြောင်းများထဲတွင် ရှေ့တန်း ကာကွယ်မှုအတွက် ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတစ်ခုကိုတကယ်ရှာတွေ့ခဲ့သည်။

ပစ္စည်းများဝယ်ကာအိမ်ပြန်ပြီးနောက် ကောင်းဖန်သည်မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူနှင့် ပထမဆုံးသွေးစာချုပ်တစ်ခုစတင်ခဲ့သည်၊ သူ၏စိတ်ဝိဉာဉ်နေရာတွင် သိပ်မကျန်တော့ပေမယ့် သာမန်အဆင့်,အဆင့်၄သားရဲနှင့်စာချုပ်ချုပ်ဆိုခြင်းသည် ပြဿနာသိပ်မရှိပေ။

ဒါပေမယ့်ကောင်းဖန်သည် အကြောင်းအရာတွေကိုကြိုတင်ပြင်ဆင်ပြီးဖြစ်သည်၊ မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူနှင့် သွေးစာချုပ်ကိုချုပ်ဆိုပြီးနောက်တွင် လျင် မြန်စွာအားပြန်ဖြည့်ပြီးမကြာမှီတွင် ဝိဉာဉ်စွမ်းအင်အမြောက်အများကိုပေးလိမ့်မည်။

တာ့ဇီနှင့်ဆီလီတို့မှပေးသော ဝိဉာဉ်စွမ်းအင်နှင့်သူသည် ဒမ်ဘီနှင့်သွေးစာချုပ်တစ်ခုကို အချိန်တိုအတွင်းထူထောင်နိုင်လိမ့်မည်ဟုယုံကြည်ခဲ့သည်။ ဒမ်ဘီသည် လက်ရှိအခြေအနေတွင်ခဏအကြာသည်းခံနေခဲ့ရသည်၊ သူသည် ဒမ်ဘီကိုမြှင့်တင်ရန်အတွက် မတတ်နိုင်ခဲ့ပါ, မဟုတ်လျှင်ဝိဉာဉ်စွမ်းအားသည်ပို၍တိုးတက်ရန်ပင် လိုအပ်သေးသည်။

ကောင်းဖန် ဒမ်ဘီကိုအဆင့်မြှင့်တင်ရန် ဆုံးဖြတ်ချက်သည် တကယ်တော့ အကျိုးမရှိကြောင်းခံစားမိလိုက်သည်။ သူကရူးသွပ်နေခဲ့သော်လည်း နောင်တွင် သူသည်ထပ်တူသောအရာတစ်ခုကိုမလုပ်ရန် အမှားများကိုဝန်ခံရန်လိုသည်။

ဘယ်သူမှမပြည့်စုံပေ၊ တစ်ယောက်ကသူမြောင်းတစ်ခုထဲသို့နှစ်ခါမကျရန် သေချာ အောင်လုပ်ရမည်ဖြစ်သည်။

မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူနှင့် သွေးစာချုပ်ကိုမြန်ဆန်စွာချုပ်ဆိုလိုက်သည်၊ အဘွားချန်းသည် မကြာသေးခင်ကမှဆုံးပါးခဲ့သောကြောင့် ကောင်းဖန်သည် မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူ၏ အသိစိတ်ထဲတွင်ဝမ်းနည်းကြေကွဲနေမှုကို အပြင်းအထန်ခံစားလိုက်ရသည်။

လုံးဝကိုအများကြီးကြိုးစားမကြည့်လိုက်ရဘဲ ကောင်းဖန်ကပင့်ကူရဲ့ယုံကြည်မှုကိုရခဲ့သည်၊ ပင့်ကူသည်ဝမ်းနည်းပူဆွေးနေဆဲဖြစ်၍ ကောင်းဖန်သည် မတော်တဆကျန်ရှိနေသေးသောနေရာလပ်ကိုဖြည့်ရန် အမှတ်တမဲ့ဝင်ရောက်လာခဲ့သည်။

သွေးစာချုပ်ကိုချုပ်ဆိုပြီးနောက်ကောင်းဖန်သည် အဘွားချန်းကမီးခိုးရောင်အစင်း ကျားသံချပ်ကာပင့်ကူနှင့် သွေးစာချုပ်ချုပ်ဆိုမှုမလုပ်ခဲ့သည်ကို အလွန်အံ့အားသင့်နေ ခဲ့သည်၊ ဒါကတော့ အသက်ကြီးသူတွေရဲ့ မလုပ်လျှင်တောင် တည်မြဲနေနိုင်သည့် အားသာချက်ပင်ဖြစ်သည်။

ကောင်းဖန်သည်မီးခိုးရောင်အစင်းကြားသံချပ်ကာပင့်ကူအတွက်ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းကိုရွေးချယ်ခဲ့သည်။ နာမည်တစ်ခုတည်းဖြင့်ပင် ဤအရာသည်ခိုင်ခံသော ကာကွယ်မှုရှိသည့် ပင့်ကူမျိုးစိတ်တစ်ခုဖြစ်သည်ကိုပြောနိုင်သည်။

***

အပိုင်း ၇၅ အစင်းလေး

ကောင်းဖန် မျက်နှာဖုံးတစ်ခုကိုတပ်လိုက်ကာ သူ့တစ်ကိုယ်လုံးကိုလဲ စနစ်တကျ အကာအကွယ်များဝတ်ဆင်လိုက်ပြီး လက်များကိုပင် ရော်ဘာလက်အိတ်တစ်စုံနှင့် ကာကွယ်ထားသည်။ ယခု ကောင်းဖန်မှာ အမျိုးမျိုးသောစားကောင်းသောက်ဖွယ်များပြင်ဆင်ဖို့ရန်အတွက် ဓါတ်ခွဲခန်းတွင် အလျင်စလိုလုပ်ကိုင်နေခြင်းဖြစ်သည်။

စားပွဲပေါ်တွင် အချိန်သတ်မှတ်ကာ သတိပေးနိုင်ဖို့ရန်အတွက် အချိန်တိုင်းကိရိယာတစ်ခုကိုလဲ တင်ထားခဲ့သေးသည်။

ဤနည်းလမ်းဖြင့် ပါဝင်ပစ္စည်းများကို တိကျသေချာသည့်အချိန်ကိုက် ထည့်သွင်းနိုင်ပေလိမ့်မည်။

ဓါတ်ခွဲခန်း၏ဘေးတွင်တော့ ကြီးမားသည့် ကွန်တိန်နာတစ်လုံးရှိနေသည်။ ကွန်တိန်နာနှင့်ဆက်ထားသည့် အဖြူရောင်အောက်ဆီဂျင်ပြွန်သည် ကွန်တိန်နာအတွင်းမှ အရည်ထဲသို့ အောက်ဆီဂျင်များကို အဆက်မပြတ်ထည့်သွင်းပေးနေသည်။

ကောင်းဖန် အစိမ်းရင့်ရောင်အရည်အနည်းငယ်ကို အပြာရောင်အရည်များပါဝင်သည့် စမ်းသပ်ဖန်ပြွန်ထဲသို့ ထည့်လိုက်သည်နှင့် ထိုရောနှောသွားသည့်အရည်မှနေပြီ သေးငယ်သည့်ပူဖောင်းလေးများထွက်လာခဲ့သည်။

ကောင်းဖန် စမ်းသပ်ဖန်ပြွန်ကို သေချာစိုက်ကြည့်နေပြီးနောက် အပြာရောင်အရည်တို့ကို ညင်သာစွာ လှည့်လိုက်သည်။ စမ်းသပ်ဖန်ပြွန်၏အောက်ခြေတွင် ရွှေနီရောင်အနည်လေးများ တဖြည်းဖြည်းပေါ်လာခဲ့သည်။

ကဲ၊ ပျော်ရည်လုပ်တာအောင်မြင်သွားပြီပဲ။

ကောင်းဖန် ကွန်တိန်နာ၏ဘေးဘက်သို့လျှောက်လာပြီးနောက် စမ်းသပ်ဖန်ပြွန်ထဲမှအရည်များကို ကွန်တိန်နာထဲသို့လောင်းထည့်လိုက်သည်။

ကွန်တိန်နာ၏အောက်ခြေတွင်တော့ ကြိတ်ဆုံကျောက်အရွယ်ပင့်ကူတစ်ကောင်သည် အရူးအမူးရုန်းကန်နေကာ လှုပ်ယမ်းနေသည်။ ၎င်း၏သွယ်လျသောခြေတံများသည် နီမြန်းနေပြီး သိသိသာသာရောင်လာခဲ့သည်။ ခြေတံများတစ်လျှောက်ရှိ အဖုလေးများသည် စုစည်းလာသလိုဖြစ်လာကာ ခြေတံများကိုပိုကြီးလာစေသည်။

ပင့်ကူ၏ခြေတံများသည် ပုံမှန်အထူ၏၅ဆထက်မနည်း ထူထဲလာပြီး အသွင်ပြောင်းဂဏန်းနှင့်တောင်တူလာခဲ့သည်။

“မင်းခန္ဓာကိုယ်က မီးခိုးရောင် ပြီးတော့ မင်းက မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူ။ ဆင့်ကဲဖြစ်စဉ်ပြီးသွားရင်တော့ မင်းက မီးခိုးရောင်သံချပ်ကာပင့်ကူဖြစ်လာလိမ့်မယ်။”

“ဆီလီနဲ့ဒမ်ဘီ ပြီးတော့….” ကောင်းဖန် သူ့ဘာသာတီးတိုးရေရွတ်နေသည်။ “မင်းကိုနောက်ဆိုင်ရင် အစင်းလေးလို့ခေါ်မယ်။”

နာမည်က ကောင်းဖန်ကို ကာတွန်းဇာတ်ကောင်တစ်ခုအား ပြန်အမှတ်ရစေခဲ့သည်။ ဒါက ထိုဇာတ်ကောင်ကြုံတွေ့ခဲ့ရသည့် အဆိုးရွားဆုံးစော်ကားမှုထဲမှ တစ်ခုတောင်ဖြစ်လောက်သည်။

နာကျင်မှုလှိုင်းလုံးကြီးတစ်ခုက အစင်းလေး၏ဝိညာဉ်ကို ဖြတ်ကာ ကောင်းဖန်ဆီသို့ရောက်လာခဲ့တာကြောင့် ကောင်းဖန်၏နှလုံးသားတစ်ခုလုံး လေးလံလာတော့သည်။

သို့သော်လည်း ဤအခြေအနေမျိုးက ရှောင်လွှဲ၍ရနိုင်သည့်အရာမဟုတ်ပေ။ မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူမှ မီးခိုးရောင်သံချပ်ကာပင့်ကူထံသို့ အဆင့်မြှင့်ဖို့ရန်အတွက် ဤသည်မှာ သူတို့လျှောက်လှမ်းရမည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်သည် တာ့ဇီနှင့်တခြားကောင်များနှင့်မတူညီပေ။ ဤတစ်ခေါက် အစင်းလေး၏အဆင့်မြှင့်မည့်လမ်းစဉ်အတွက် လိုအပ်သည့်ပါဝင်ပစ္စည်းများမှာ ရရှိဖို့လွယ်ကူလှသော်လည်း လုပ်ငန်းစဉ်ကမူ ခက်ခဲလှသည်။

ရှားပါးသည့် အဖိုးတန်ရွှေငါးများကို ဥပမာထားကြည့်လျှင် ရွှေငါးများသည် ဒေါ်လာ၁သန်းကျော်အထိ မတန်တဆဈေးနှုန်းနှင့် ရောင်းချနိုင်သော်လည်း အချို့သောသာမာန်ရွှေငါးများကိုတော့ဖြင့် ဒေါ်လာအနည်းငယ်ဖြင့်တောင် ဝယ်ယူနိုင်ပေသည်။ သူတို့ကြားမှ ကွာခြားချက်မှာ အရောင်အသွေး၊ အရွယ်အစားနှင့် ခန္ဓာကိုယ်အချိုးအစားသာဖြစ်သည်။

ဒါကြောင့်ပဲ ရိုးရှင်းသည့် ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်အတွက်ဆိုလျှင် သားရဲတွင် ပြောင်းလဲမှုအနည်းငယ်မျှသာ လိုအပ်ပေမည်။

သို့သော် ရွှေငါးကြင်းအဖြစ်သို့ ပြောင်းလဲလာရန်အတွက်ဆိုလျှင်တော့ လုပ်ငန်းစဉ်က အနည်းငယ်ပိုလို့ရှုပ်ထွေးပေလိမ့်မည်။ ရွှေငါးကို မြက်ငါးကြင်းအဖြစ်သို့ ပြောင်းလဲမည်ဆိုလျှင်တော့ ခက်ခဲမှုက အနည်းငယ်ထပ်ပြီးပိုမြင့်သွားပေမည်။ အကယ်၍များ ငါးမန်း သို့မဟုတ် ဝေလငါးအဖြစ်သို့ ပြောင်းလဲပစ်လိုခြင်းဆိုလျှင်တော့ ခက်ခဲမှုက ပိုလို့တောင်မြင့်မားသွားမှာဖြစ်သည်။

ဒါကတော့ ရွှေငါးကို ဥပမာပြကာ ပုံဖော်ပြောဆိုပြခြင်းသာဖြစ်ပြီး တကယ်တမ်းအခြေအနေကတော့ ထိုသို့မဟုတ်ပေ။

မီးခိုးရောင်အစင်းကျားသံချပ်ကာပင့်ကူကို မီးခိုးရောင်သံချပ်ကာပင့်ကူအဖြစ်ပြောငမး်မည်ဆိုလျှင် ခက်ခဲမှုအဆင့်မှာ မြင့်မားလှတာကြောင့် လုပ်ငန်းစဉ်မှာ နှေးကွေးကာ ခက်ခဲရှုပ်ထွေးသည့်အဆင့်များစွာ လိုအပ်နေခြင်းဖြစ်သည်။

ကောင်းဖန်သည် စတူဒီယိုမှ ပစ္စည်းကိရိယာများကို သုံးရန်အတွက် အထူးတလည်အိမ်မှထွက်လာခဲ့ခြင်းဖြစ်သည်။

“သူဌေးလေး၊ ဖောက်သည်တစ်ယောက် ရောက်နေပါတယ်။” ရွှမ်ချွမ်ချွမ်၏အသံက အခန်းအပြင်ဘက်မှနေပြီး ထွက်ပေါ်လာခဲ့သည်။

ကောင်းဖန်ကတော့ အစင်းလေး၏ဆင့်ကဲဖြစ်စဉ်ကို စောင့်ကြည့်နေခြင်းဖြစ်ပြီး သူမအသံကိုကြားလိုက်ရပြီးနောက် အပြင်ဘက်သို့တစ်ချက်ကြည့်လိုက်ကာ ပျော်ရည်များကြားတွင် နစ်မြုပ်နေသည့် အစင်းလေးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ အစင်းလေး၏ဆင့်ကဲဖြစ်စဉ်ပြီးမြောက်ဖို့ သိပ်မလိုတော့ပေ။

အခုဆိုလျှင် အစင်းလေး ဆင့်ကဲဖြစ်စဉ်အတွင်း လိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးကို ထည့်သွင်းပြီးသွားပြီဖြစ်ကာ အစင်းလေး၏ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့ရန်လိုအပ်သည့် ပစ္စည်းအနည်းငယ်သာထပ်ထည့်ဖို့ လိုတော့သည်။

အရည်ထဲတွင်နစ်မြုပ်နေသည့် အစင်းလေးသည် အဆက်မပြတ်ကြီးထွားလာနေသည်။ အပြငဘက်အခွံမာသည် တဖြည်းဖြည်းကြွပ်ဆတ်လာပြီး ကြွေကျကုန်ကာ ခန္ဓာကိုယ်တစ်သျှူးအသစ်များ ဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်သည် ယခင်အပြင်ဘက်အလွှာမကွာသွားခင်ကထက် ပိုလို့ကြီးလာခဲ့သည်။ ထို့နောက်တွင်တော့ အပြင်ခွံမာကြောလာစေရန်အတွက် ကြွပ်ဆတ်လိုက် ကြွေကျသွားလိုက်ဖြင့် သံသရာလည်လာသည်…..

ဤလမ်းစဉ်သည် စွမ်းအင်ပမာဏများစွာ ကုန်ဆုံးရသည်။

ထို့နောက် ကောင်းဖန်က ရွှမ်ချွမ်ချွမ်ကို ဓါတ်ခွဲခန်းထဲသို့ ခေါ်လိုက်သည်။

“သူဌေးလေး” ရွှင်ချွမ်ချွမ်က အခန်းအတွင်းသို့လျှောက်လာစဉ် တိုးညှင်းစွာခေါ်လိုက်ခြင်းဖြစ်သည်။ ဓာတ်ခွဲခန်းထဲတွင်ရှိသောအရာအားလုံးသည် သူမအတွက်အလွန်ကိုထူးခြားဆန်းပြားလှသည်၊ ၎င်းတို့သည် လုံးဝကိုလျှို့ဝှက်ဆန်းကြယ်ပုံရသည်။

ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများနှင့်ကိရိယာများအားလုံးသည် သူမအတွက် အလွန်ကို အဆင့်မြင့်သောအရာများအဖြစ်ခံစားရသည်။

ခွင့်ပြုချက်မရှိဘဲ,သူမအခန်းထဲသို့ဝင်မရပါ။

“အင်း, နောက်ပိုင်း ပုလင်းထဲကအရည်တွေ ပိုပြီးတောက်တဲ့အရောင်ပြောင်းသွားတာတွေ့ရင် ဒီစားပွဲပေါ်မှာရှိတဲ့စမ်းသပ်ပြွန်ထဲကပါဝင်ပစ္စည်းတွေကို အဲ့ပုလင်းထဲ လောင်းချလိုက်ရုံဘဲ။” ကောင်းဖန်ကစားပွဲပေါ်တွင် ပြင်ဆင်ထားသည့်စွမ်းအားမြင့် ပျော်ရည်ကိုညွှန်ပြလိုက်ကာပြောလိုက်သည်၊

ရွှင်ချွမ်ချွမ်သည် ခဲငွေရောင်ခုံရှည်ပေါ်ဆီကိုကြည့်လိုက်ပြီး စမ်းသပ်ပြွန်စင်ပေါ်တွင် ရှိသောစမ်းသပ်ပြွန်ငါးခုနှင့်, တစ်ခုချင်းစီတွင်နို့ဖြူရောင်အရည်များပါဝင်သည်ကို မြင်လိုက်သည်။

“အာ? အိုး,နားလည်ပါပြီ” ရွှင်ချွမ်ချွမ်က သူမခေါင်းကိုညိတ်လိုက်သည်။

ကောင်းဖန်က စမ်းသပ်ခန်းထဲမှအခြားပစ္စည်းများကိုရှင်းလင်းထားပြီးဖြစ်ကာ, စမ်းသပ်ပြွန်တွေထဲကစွမ်းအားမြင့်ပျော်ရည်တွေသာကျန်ရစ်ခဲ့သည်၊

ဒီစမ်းသပ်မှုသည်မခက်ခဲပေ၊ အသိဉာဏ်နည်းနည်းလေးရှိတဲ့ဘယ်သူမဆို ပြဿနာမရှိဘဲလုပ်နိုင်လိမ့်မည်ဟုယုံကြည်သည်။

ယခုအချိန်တွင်အစင်းလေးသည် လုံခြုံစွာနှင့်ဆင့်ကဲဖြစ်စဉ်လုပ်ငန်းစဉ်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်၊ ၎င်းကအားလုံးလိုအပ်နေတာကတော့ အချိန်ဘဲဖြစ်သည်။

“မစ္စတာကောင်း” ဧည့်ခန်းထဲတွင်စောင့်ဆိုင်းနေသောအမျိုးသားက နှုတ်ဆက်လိုက်သည်၊ သူကငွေရောင်မျက်မှန်ကိုတပ်ထားသည်၊ သူ့ဘေးတွင်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်တော်စောင့်တစ်ယောက်ရပ်နေသည်။

ထိုအမျိုးသားက အလွန်ကိုစိတ်အားထက်သန်နေသည်။ သူအခန်းထဲသို့ဝင်လာတာကို မြင်ပြီးတဲ့နောက် သူကကောင်းဖန်ရဲ့လက်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်၊

“ဟယ်လို” ကောင်းဖန်သည်အနည်းငယ်ဇဝေဇဝါဖြစ်နေသည်၊ ထိုလူကိုကြည့်ရတာ အနည်းငယ်စိတ်အားထက်သန်နေပုံရသည်၊

“မင်းရဲ့နာမည်ကိုကြားဖူးနေတာကြာပြီ မစ္စတာကောင်း၊ မင်းကိုနောက်ဆုံးတော့ လူကိုယ်တိုင်တွေ့ရပြီပေါ့၊ ဝမ်းသာပါတယ်။” ထိုငွေရောင်မျက်မှန်ကိုင်းတပ်ထားသော လူကပြုံးကာပြောလိုက်သည်၊ “ငါကိုယ်ငါမိတ်ဆက်ပါရစေ၊ ငါကလုရှဲ့ပါ၊ ငါကအခုလောလောဆယ်တော့ အလွတ်တန်းသမားတစ်ယောက်၊ အရင်ကတော့ ငါအပင်ဥယျာဉ်သေး‌သေးလေးတစ်ခုပိုင်တယ်။ စိတ်မကောင်းစွာနဲ့ဘဲ အဲ့တာကမကောင်းတဲ့မီးခိုးရောင်နတ်ဆိုးပင့်ကူတွေက ဖျက်စီးသွားခဲ့တယ်လေ၊ ငါ့ဥယျာဉ်လေးကအခုမှပြန်ပြင်ဆင်နေတုန်းဘဲရှိသေးတယ်။”

“မြို့အရှေ့ဘက်က အပင်ဥယျာဉ်လား?” ကောင်းဖန်ထိုလူ၏စကားများကိုကြားပြီး နောက်သူ့နားတွေစူးသွားတော့သည်၊ သူကလုရှဲ့ကိုကြည့်လိုက်သည်၊

ထိုသူကဟက်ဟက်ပက်ပက်ကိုရယ်လိုက်သည်၊ “ဟုတ်တယ်၊ ငါကမစ္စတာကောင်း ငါ့ဥယျာဉ်လေးကိုကောင်းကောင်းသိမယ်လို့တောင်ထင်မထားဘူး၊ ငါဂုဏ်ယူလိုက်ပြီ။”

“မစ္စတာကောင်း, အဲ့တုန်းကဖြစ်ခဲ့တာတွေကို သတိပြုမိတာလည်းဖြစ်သင့်ပါတယ်၊ အမှန်အတိုင်းပြောရရင် အဲ့ဒီညကကိစ္စတွေကငါ့အတွက်တော့ ခုထိအိမ်မက်ဆိုးဘဲ” လုရှဲ့ကခေါင်းညိတ်ရင်းပြုံးလိုက်သည်၊ ဒါပေမယ့်သူ့ရဲ့အမူအရာပုံစံကိုကြည့်ရတာ သူကတအားကြောက်စရာကောင်းတာကိုသိပ်ပြီးမခံခဲ့ရပုံပေါ်သည်၊

“ဒါကမင်းအတွက်ခွန်အားသန်မာအောင်လုပ်ဖို့ငါဝယ်လာတဲ့သားရဲဘဲ၊ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါဦး, မစ္စတာကောင်း၊ ဘယ်ဈေးဘဲဖြစ်ဖြစ်အဆင်ပြေပါတယ်။ မစ္စတာကောင်း ရဲ့အလုပ်တာဝန်အတွက်အခကြေးငွေကိုငါသိပါတယ်၊” လုရှဲ့ကတိုက်ရိုက်ပြောလိုက်သည်၊

ဒါက….တကယ်ကိုစိတ်အားထက်သန်နေတာဘဲ၊ ကောင်းဖန်ကအနည်းငယ်သံသယ ဖြစ်မိသည်၊ သူကသူ့ကိုယ်သူဒီလောက်လူသိများမယ်မှန်းထင်မထားခဲ့ဘူး၊ ဒါကသူတို့နှစ်ယောက်ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်၊

လုရှဲ့သည် သူရဲ့သက်တော်စောင့်အားပြန်ရန်လက်ကိုဝေ့ယမ်းပြလိုက်ပြီး ရှေ့သို့တိုးကာတိုးတိုးလေးပြောလိုက်သည်။ “မစ္စတာကောင်း, မင်းရဲအမူအရာအရ, မင်းကောင်း,ကောင်းသတိထားမိပုံမရဘူး၊ မကြာသေးခင်က စစ်တပ်အတွက်တိုးမြှင့်ပေးခဲ့တဲ့ ကျောက်ရည်ပူမီးဖားပြုပ်တွေက မြို့မြောက်ဘက်မှာရှိတဲ့ရှေ့တန်းစစ်မှာတော်တော်ကို အထောက်အကူပြုခဲ့တယ်လေ၊ အဲ့ဒီကျောက်ရည်ပူတွေကိုတိုးမြှင့်ဖို့အတွက်တာဝန်ရှိတဲ့သူတွေက မင်းနဲ့ဒါရိုက်တာချန်းလို့ပြောတယ်၊ ဂုဏ်ပြုပွဲမှာဒါရိုက်တာချန်းကသူ ကိုယ်သူသုတေသနလုပ်ငန်းစဉ်ရဲ့အဓိကပံ့ပိုးတဲ့သူကမင်းဆိုတာကို သူကိုယ်တိုင်ပြော ခဲ့တယ်။” နောက်ဆုံးတော့‌ကောင်းဖန်နားလည်လိုက်သည်၊

မကြာသေးခင်က ဒါရိုက်တာချန်းကသူ့ကိုပွဲတစ်ခုတက်ဖို့သူ့ကိုဖိတ်ခဲ့သည်။ သို့သော် တက်ရောက်လာသူအားလုံးသည် လူမှုရေးအကျော်အမော်များနှင့်ချန်အန်းမြို့တွင် ဩဇာအာဏာကြီးမားပြီး ဆုံးဖြတ်ချက်ချရသူများဖြစ်ကြောင်းသိပြီးနောက် ကောင်းဖန်သည်တက်ရောက်ရန် စိတ်မဝင်စားတော့ပေ။

တကယ်တော့, ကောင်းဖန် ဘယ်ပွဲကိုမဆိုတက်ရောက်ရန်စိတ်ဝင်စားခြင်းမရှိပေ။ အထူးသဖြင့် ပွဲပြီးသည့်နောက် သူငယ်ငယ်တုန်းက သူ့ဆီတွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စများ… ကောင်းဖန်သည်ထိုသို့သောအချိန်တွေတွင်ငြင်းပယ်လေ့ရှိသည်၊

လုရှဲ့က အနက်ရောင်အမဲလိုက်ခွေးတစ်ကောင်ကိုဝယ်ခဲ့ခြင်းဖြစ်သည်၊ ဒါပေမယ့် ခွေးနဲ့မတူတဲ့အချက်ကတော့ ကိုးပေထိတောင်မြင့်နေခြင်းပင်။ ရက်စက်ကြမ်းကြုတ်သောအရိုးစု အရိုးကွင်းများသည် ၎င်း၏လည်ပင်းမှထွက်နေပြီး ၎င်းသည်လည်ဆွဲကိုဝတ်ဆင်ထားသလိုပင်ဖြစ်နေသည်။ ၎င်း၏မျက်လုံးများသည်ကတ္တရာအနက်ရောင်ဖြစ်ပြီး, ၎င်း၏အစွယ်များသည်ဓားကဲ့သို့ချွန်ထက်နေကာ, သွေးနီရောင်လျှာသည် သူ့၏ပါးစပ်ထဲမှအပြင်သို့တွဲလဲကျနေသည်။

၎င်းကို ကြည့်ရတာနတ်ဆိုးကဲ့သို့ကြောက်မက်ဖွယ်ကောင်းပြီး ဟိတ်ဟန်အပြည့်နှင့်ပင်။ ကောင်းဖန် ထိုအမဲလိုက်ခွေးကို မျက်စိစောင်းကာကြည့်လိုက်သည်၊

၎င်းက အုပ်ချုပ်သူအဆင့်သားရဲပဲ။

***

အပိုင်း ၇၆ မီးခိုးရောင်သံချပ်ကာပင့်ကူ

ညမည်းနက်အမဲလိုက်ခွေး!

ဒါကသိပ္ပံနာမည်အရ အလွန်ပြောင်လက်သည့် အနက်ရောင်အမဲလိုက်ခွေးဖြစ်သည်။

သိရှိပြီးတဲ့အတိုင်းပင် ခွေးအမျိုးအစားသားရဲအားလုံးသည် ညမည်းနက်အမဲလိုက်ခွေး အဖြစ်သို့ပြောင်းလဲနိုင်ခြေရှိသည်။ ညမည်းနက်အမဲလိုက်ခွေးကို ခွေးအမျိုးအစားသားရဲများအတွက် ပြောင်းနိုင်သောအခြားဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတစ်ခုအဖြစ် တည်ဆောက်ပြီးသားဖြစ်သည်။

ထိုပုံစံခွေးမျိုးစိတ်များတွင် အနက်ရောင်သားမွှေးရှိပြီး ည၏အမှောင်ထုနှင့်လုံးဝကို ပေါင်းစပ်ထားပြီးသားဖြစ်သည်။ ၎င်း၏သားမွှေးအရောင်သည် ၎င်းကိုယ်ရောင်ဖျောက် နိုင်ရန်အတွက်ပြီးပြည့်စုံလှသည်။

၎င်း၏ပြောင်လက်နေသောအနက်ရောင်အမွှေးသည် အလင်းလှိုင်းအလျားများကို စုပ်ယူနိုင်စွမ်းရှိပြီး ညအမှောင်ဖုံးကွယ်မှုအောက်တွင်ပြီးပြည့်စုံသော လူသတ်သမားဖြစ် သည်။ ၎င်းကို အကောင်းဆုံးအစောင့်ခွေးအဖြစ်လည်းသုံးလို့ရသည်။ စံအိမ်နှင့်ဥယျာဉ် ပိုင်ရှင်များစွာသည် ၎င်းကိုသူတို့၏ကိုယ်ပိုင်သားရဲအဖြစ် ရွေးချယ်မှုပြုကြသည်။

“မင်းရဲ့အခကြေးငွေအတွက်ကတော့ မင်းဘယ်လိုယူလဲဆိုတာငါသိတယ်၊ အုပ်ချုပ်သူအဆင့်သားရဲအတွက်ဈေးနှုန်းကို မင်းဆုံးဖြတ်ပါ၊” လုရှဲ့ကပြောလိုက်သည်၊ “ကျေးဇူးပြုပြီးမင်းရဲ့ဈေးနှုန်းကိုပြောပါ”

ကောင်းဖန်သည်ညမည်းနက်အမဲလိုက်ခွေးကိုကြည့်ပြီး ၎င်း၏အမျိုးမျိုးသောဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများကိုစစ်ဆေးလိုက်သည်၊

သေချာစဉ်းစားပြီးနောက်ကောင်းဖန်သည် ခေါင်းကိုတိတ်တဆိတ်ညိတ်လိုက်သည်။ သူက ၎င်း၏ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းအတွက်အရှားပါးဆုံးနှင့်အပြင်းထန်ဆုံး လမ်းကြောင်းကို ဖယ်ထုတ်လိုက်ပြီး ခြားနားသောဖြစ်နိုင်သည့်နည်းလမ်းဆယ့်ရှစ်ခုကို ချန်လိုက်သည်။

ရှားပါးပြီး(သို့)ခက်ခဲသောနည်းလမ်းများအတွက် လိုအပ်သောပစ္စည်းများကိုဖော်ထုတ်ပြီးနောက် ထိုအရာတွေက အရမ်းရှုပ်ထွေးပြီးအချိန်ကုန်သည်။ သူကနောက်ထပ်ငါးခုကိုဖယ်ထုတ်ပြီးနောက်, အားလုံးပေါင်းလမ်းကြောင်းဆယ့်သုံးခုကိုချန်ခဲ့လိုက်သည်၊

“ဒါရိုက်တာလု”ကောင်းဖန်က လုရှဲ့ဆီကိုကြည့်ကာပြောလိုက်သည်၊

လုရှဲ့အနည်းငယ်ပင်ခုန်တက်မိသွားသည်၊ ဒါရိုက်တာလု?

သူ့အားအခြားတစ်စုံတစ်ယောက်က ထိုကဲ့သို့မည်သည့်အခါကမျှ ခေါ်ဆိုခဲ့ခြင်းမရှိဖူးချေ…

ဒါပေမယ့် ဒါကတကယ့်ကို ဆန်းသစ်တဲ့ခံစားချက်တစ်ခုဖြစ်သည်။

“အဆင့်မြှင့်တင်တာမှာက အကုန်လုံးပြဿနာတော့မရှိပါဘူး၊ ခင်ဗျားရွေးချယ်ဖို့ ကျွန်တော့်မှာ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းတွေအများကြီးရှိသည်၊ သေချာတာကတော့ သူတို့ တစ်ခုချင်းစီရဲ့ဈေးနှုန်းတွေက ကွဲပြီးတော့ဆင့်ကဲဖြစ်စဉ်အပြီးမှာ ကိုယ်ပိုင်သားရဲတွေရဲ့ အားသာချက်တွေကလည်း ကွဲပြားလိမ့်မယ်။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ခင်ဗျားဘာအတွက် ပေးဆပ်ရမလဲဆိုတာခင်ဗျားနားလည်သင့်တယ်…”ကောင်းဖန်က လုရှဲ့ကိုအဓိပ္ပါယ်ပါတဲ့အပြုံး ပြုံးပြလိုက်သည်၊

လုရှဲ့ကသူ့နှဖူးကိုရိုက်လိုက်ပြီး တုန့်ဆိုင်းမှုမရှိဘဲပြောလိုက်သည်, “ငါဈေးအကြီးဆုံးကို ယူမယ်!”

“အင်း….၅၀၀၀။ မဟာမိတ်ခရက်ဒစ်၅,၀၀၀။ ပြီးတော့ခင်ဗျားကလိုအပ်တဲ့ပစ္စည်းတွေအတွက်လည်းပေးချေရမယ်။ ဒါကဈေးအကြီးဆုံးနဲ့အကောင်းဆုံးဘဲ။” ခဏရပ်တန့်ပြီးနောက် ကောင်းဖန်ကမ်းလှမ်းသည့်ဈေးနှုန်းဖြစ်သည်။

လုရှဲ့အံ့ဩသွားတော့သည်။ မဟာမိတ်ခရက်ဒစ်၅၀၀၀၊ ဒီဈေးနှုန်းက….နည်းနည်း ကြောက်ဖို့ကောင်းသလိုဘဲ။

သူကစိတ်ထဲတွင်ပြင်ဆင်ထားပေမယ့်လို့။ သူအခုထိအံ့ဩနေဆဲဖြစ်သည်။

သူသည်ပစ္စည်းတွေအတွက်လည်းငွေပေးချေရန်မျှော်လင့်ပြီးသားဖြစ်သည်။

ခြုံငုံ၍တွက်ချက်ကြည့်လျှင် သူသည်ခရက်ဒစ်ငွေ၆၀၀၀ကျော်ပေးချေရန်လိုအပ်သည်။

“ဒါဆို ဈေးသက်သာတဲ့ဟာကဘယ်လောက်လဲ?” လုရှဲ့က စိတ်မသက်သာစွာနှင့် မေးလိုက်သည်။

“မဟာမိတ်ခရက်ဒစ်၁,၀၀၀၊” ကောင်းဖန်ကလက်တစ်ချောင်းမြှောက်ပြသည်၊

မဟာမိတ်ခရက်ဒစ်၁,၀၀၀သည် ညမည်းနက်အမဲလိုက်ခွေးရဲ့အဆင့်တစ်ခုကိုသာ မြှင့်တင်ပေးရုံဖြစ်ပြီး အခြားဘာမှမပါရှိတော့ပေ။

“ဒါဖြင့် ငါဈေးအကြီးဆုံးတစ်ခုကိုဘဲယူမယ်!” လုရှဲ့ကသူ့သွားတွေကိုကြိတ်လိုက်ပြီး စားပွဲကိုရိုက်လိုက်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

ကပ်ဆိုးကြီးမတိုင်ခင်တွင်, လုရှဲ့သည် မြေကွက်များကိုကြည့်ရှုသည့်တာဝန်ခံဖြစ်သည်။ ထို့အချိန်တွေပြီးတဲ့နောက်, သူကချန်အန်းစတီးဈေးကွက်တစ်ဝက်ကိုပိုင်ဆိုင်ပြီး စီမံခန့်ခွဲသည့်သူဌေးကြီးဖြစ်နေပြီဖြစ်သည်။ ဒါတွေအားလုံးကသူ့ရဲ့ဇွဲသတ္တိကြောင့်ဖြစ် သည်။

စွန့်လွှတ်ရမည့်အချိန်ရောက်လျှင် ဘာကိုမှတွန့်ဆုတ်စရာမလိုဘူး ဆိုတာလည်း သူသိသည်။

မင်းတစ်ချို့ကိုအနိုင်ရပြီးနောက် မင်းတစ်ချို့ကိုတော့ဆုံးရှုံးရမည်ဖြစ်သည်!

သူကောင်းဖန်ကိုလာမရှာခင်က, သူ့လူတွေကိုကောင်းဖန်ကိုရှာရန်လွှတ်ခဲ့သည်၊ သူတို့သည် ကောင်းဖန်၏အချက်အလက်များကို ပိုမိုနက်ရှိုင်းစွာတူးမထုတ်ဘဲလျင်မြန်စွာနှင့်ပင်တွေ့ရှိခဲ့ကြပေမယ့် သူတို့အပေါ်ယံရှာဖွေတွေ့ရှိမှုနှင့်တင်လုံလောက်သည်၊

ဘယ်သူမှသတိမထားမိသေးသည်က ကောင်းဖန်သည် သားရဲပျိုးထောင်သူအဖြစ်နှင့် စတင်ကတည်းကသူကမကျရှုံးဖူးသေးသည်ကိုပင်။ တစ်ကြိမ်လေးတောင်မှ!

ထိုတစ်ယောက်က အံ့ဩစရာကောင်းသည်။

ကောင်းဖန်အလုပ်ဆင်းပြီးနောက် သူမကျရှုံးဘူးဆိုသည့်သဘောထားမှာ သူက အောင်မြင်နိုင်ခြေနှုန်း၁၀၀ရာခိုင်နှုန်းဖြစ်သည်ကိုဆိုလိုသည်။

“ကောင်းပြီ,မစ္စတာလု၊ ခင်ဗျားကိုစိတ်ပျက်စေမှာမဟုတ်ဘူးလို့ကျွန်တော်အာမခံတယ်” ကောင်းဖန်ကပြုံးလိုက်သည်။

ထိုစီးပွားရေးသဘောတူညီမှုသည် လူတို့ပြောလေ့ရှိသည့် အဓိကဥပမာဖြစ်သဖြင့် “တင်းကုပ်သည်သုံးနှစ်ပိတ်နိုင်သည်, ဒါပေမယ့်တစ်ကြိမ်ဖွင့်သည်နှင့်တပြိုင်နက် ပိုင်ရှင်ကိုသုံးနှစ်ကျွေးနိုင်သည်။”ဟုဆိုလိုသည်။

အမှန်စင်စစ်အုပ်ချုပ်သူအဆင့်သားရဲကိုမြှင့်တင်ခြင်းသည် ကြီးမားသည့်ငွေများ ကုန်မည်ဖြစ်သည်။

တကယ့်တကယ်တွင်တော့ ကောင်းဖန်ဆိုထားသောဈေးမှာမကြီးပါ။ အုပ်ချုပ်သူအဆင့်သားရဲကိုမြှင့်တင်ရန် အခကြေးငွေသည်မဟာမိတ်ခရက်ဒစ် ရာဂဏန်းမှသိန်းထောင်ချီခရက်ဒစ်အထိဖြစ်နိုင်သည်။ မဟာမိတ်ဒေါ်လာအဖြစ်သို့ပြောင်းသွားလျှင် မဟာမိတ်ဒေါ်လာသန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာကိုဆိုလိုသည်။

ကောင်းဖန်သည် အလားအလာကောင်းသောဖောက်သည်များအား သူ၏အခကြေးငွေများကြောင့် ကြောက်ရွံ့သွားခြင်းများမှကာကွယ်နိုင်ရန်၅၀၀၀သာတောင်းခဲ့သည်။ အဲ့ဒီနောက်သေးငယ်တဲ့လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာက သိပ်ပြီးမလွယ်ကူလှဘူး။

ကောင်းဖန် ထိုသဘောတူညီမှုမှကြီးမားသောဆုံးရှုံးမှုရှိပေမယ့် လုရှဲ့ကတကယ်ကို အချိန်ကောင်းတွင်အကျိုးအမြတ်ရလိုက်သည်။

အမျိုးမျိုးသောအုပ်ချုပ်သူအဆင့်သားရဲများအတွက် ဈေးနှုန်းကွာခြားချက်သည် ကွဲပြားသောသားရဲ၏အဆင့်အတန်းနှင့် အဆင့်အတွင်းတွင်ဆုံးဖြတ်သည်။

အုပ်ချုပ်သူအဆင့်သားရဲများကြားထဲတွင်, ကြီးမားသည့်စွမ်းရည်ကွာခြားမှုများရှိသည်၊ တချို့လူများက အုပ်ချုပ်သူအဆင့်သားရဲများ၏မတူညီသောအဆင့်တွေကိုနည်းလမ်းများဖြင့်, အစောပိုင်းအဆင့်,အလယ်တန်းအဆင့်, နောက်ဆုံးအဆင့်နှင့်အထွတ်အထိပ် အဆင့်စသည်ဖြင့်ခွဲခြမ်းစိတ်ဖြာထားသည်။

ထိုကဲ့သို့သောစိတ်ကူးယဉ်အဆင့်စနစ်သည် ကောင်းဖန်ကိုစကားပင်မပြောနိုင်အောင် ချန်ခဲ့တော့သည်၊

သူကဘယ်လိုဆုံးဖြတ်မှုများနှင့် ထိုကဲ့သို့အဆင့်များဖြင့်ရင်ဆိုင်ရန်အတွက်သဲလွန်စပင် မရှိပေ။

ကောင်းဖန်အတွက်ကတော့, အုပ်ချုပ်သူအဆင့်သားရဲများတွင် အားလုံးပေါင်းအဆင့်၂၀ ရှိသည်၊ အဆင့်၂၁မှ၄၀အထိသည် အုပ်ချုပ်သူအဆင့်သားရဲများကပိုင်သည်။

…

ရွှင်ချွမ်ချွမ်က သူမ၏ပါးစပ်ကျယ်ကျယ်ပွင့်စွာနှင့် ပုလင်းထဲတွင်ရှိနေသည့်အစင်းကြား ပင့်ကူကိုစိုက်ကြည့်နေသည်။ ဒီကြီးမားတဲ့ပင့်ကူမှာအရွယ်အားဖြင့်နှစ်ဆတိုးလာပြီး သူ့ရဲ့မီးခိုးရောင်ခန္ဓာကိုယ်ကြီးက မီးခိုးရောင်အမွှေးတိုတွေနှင့်ဖုံးလွှမ်းနေသည်။

၎င်း၏ကြီးမားသောလက်နှစ်ချောင်းသည် ကြီးမားသောဒိုင်းများနှင့်တူသည်၊ ဒိုင်းကာ နှစ်ခုကိုခြေလက်များနှင့်တွဲထားသလိုပင်ဆင်တူလှသည်၊ ထိုဒိုင်းများတွင် မညီညာသော မျက်နှာပြင်အပေါက်များဖြစ်နေပြီး မီးခိုးရောင်အက်ကြောင်းများသည် အလျားလိုက်ဖြစ်နေပြီး ထိုဒိုင်းကိုဖြတ်သွားသည်။ ထိုအရာတွင်ဘေးနှစ်ဖက်မှပေါက်ထွက်လာသော မီးခိုးရောင်အလင်းတန်းအချို့ပင်ရှိနေသေးသည်။

ဒုန်း-

ခြေလက်နှစ်ချောင်းသည် လွှဲထုတ်လိုက်ပြီးခိုင်မာသည့်ပုလင်းကို ထပ်၍ခွဲချေလိုက်ကာ မကြည်လင်သောအသံကိုပေးလိုက်သည်၊ ပင့်ကူအိမ်ကဲ့သို့ပင်ရိုက်ခွဲသောနေရာ၌ အက်ကွဲကြောင်းများပေါ်လာသည်၊

အစင်းကြောင်းပင့်ကူသည် သူ၏လက်ဖျံများနှင့်ပုလင်းကိုအပြင်းအထန်ရိုက်ချနေသည်။

ခိုင်မာသည့်ဖန်သည်ရုတ်တရက်ကွဲထွက်သွားသည်၊ ရွှင်ချွမ်ချွမ်သည်စားပွဲတစ်ခု နောက်တွင်ပုန်းနေပြီး ပုလင်းထဲကရုန်းကန်ထွက်လာသည့်သားရဲတစ်ကောင်ကိုကြည့် ကာအော်လိုက်သည်။

ဓာတ်ခွဲခန်းထဲမှဖြစ်ပေါ်နေသောရန်ပွဲသည် အပြင်ဘက်မှလူများကိုထိတ်လန့်သွားစေ သည်၊

တံခါးဖွင့်ပြီးနောက်သူတို့မြင်လိုက်ရသည်က ဓာတ်ခွဲခန်းအလယ်ရှိ မီးခိုးရောင်သံချပ်ကာဂဏန်းကြီးသည် ၎င်း၏ခန့်ညားထည်ဝါမှုကိုပြပြီးနောက် မောက်မာစွာနှင့် ကြည့်နေသည်၊

မဟုတ်ဘူး, ဒါကမဟုတ်ဘူး။

ဒါကဂဏန်းမဟုတ်ဘူး၊

ဒါကပင့်ကူတစ်ကောင်နဲ့ပိုတူတယ်။

အပြင်ဘက်ရှိလူတစ်စုသည်အခန်းအလယ်ရှိပင့်ကူကို ပါးစပ်ဟောင်းလောင်းနှင့်ကြည့်နေကြသည်။ တစ်မီတာရှည်သော ထူးဆန်းသည့်ပင့်ကူကြီးသည် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သံချပ်ကဲ့သို့သောအကြေးခွံများဖြင့်ပြည့်နေသည်။

ကောင်းဖန်၏မျက်လုံးထဲတွင်စာကြောင်းတစ်ကြောင်းပေါ်လာသည်၊

(ပြင်းထန်သောတိုးမြှင့်မှု) အောင်မြင်…

အောင်မြင်တဲ့တိုးမြှင့်မှု-မီးခိုးရောင်သံချပ်ကာပင့်ကူ!

“အစင်းလေးရေ” ကောင်းဖန်ကဆူလိုက်သည်၊ “မင်းဘယ်လိုတောင်ဓာတ်ခွဲခန်း ပစ္စည်းကိုခွဲတာလဲ။”

ကောင်းဖန်ဆိုတာကိုမြင်သည်နှင့် အစင်းလေးသည် လေလျော့သွားသောဘောလုံးကဲ့သို့ပင်ဖြစ်သွားတော့သည်။ ၎င်း၏ထောင်လွှားနေသောလေထုသည် ရုတ်တရက်ပျောက်ကွယ်သွားတော့သည်၊၊ ၎င်းကလျင်မြန်စွာပင် သူ့၏ဒိုင်းကဲ့သို့သောလက်သည်းများကို သုံးကာ သူ့မျက်လုံးများကိုအုပ်လိုက်ပြီး ကောင်းဖန်အားမမြင်အောင်လုပ်လိုက်သည်၊ ထို့နောက်၎င်းကဘေးဘက်သို့ရွေ့သွားပြီးပြန်၍ဆုတ်သွားတော့သည်၊

ဒုန်း

၎င်းကသူ့ခြေထောက်နှင့်စားပွဲကိုရိုက်မိလိုက်ပြီး ခလုတ်တိုက်သွားတော့သည်။

ဘယ်လိုတောင်ပေါတဲ့ငနဲလဲ၊ သူ့အောက်တွင်ရှိသောကိုယ်ပိုင်သားရဲများသည် အကုန်လုံးငတုံးနှင့်တူသည်ကို ကောင်းဖန်နားလည်လိုက်သည်။

တွဲဘက်ကို ကြည့်ရုံနဲ့ လူတစ်ယောက်အကြောင်းကို သိနိုင်သည်ဟူသော ဆိုရိုးကလဲရှိနေသေးသည်…..

ကောင်းဖန် သူ့ကျောဘက်က ရုတ်တရက်အေးလာသည်ကို ခံစားမိလိုက်တာကြောင့် စိတ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသောအတွေးများကို လျင်မြန်စွာထုတ်ပစ်လိုက်သည်။

“ငါ့ရုံးခန်းထဲအရင်သွား,ပြီးတော့ ဘာကိုမှချိုးချေမပြစ်နဲ့၊ အဲ့မှာငြိမ်ငြိမ်နေ, ဘာကိုမှမထိနဲ့။” အစင်းလေးကို ကောင်းဖန်ဒေါသတကြီးပြောလိုက်သည်၊

ကျန်တဲ့သူများကတော့စိတ်ရှုပ်နေကြသည်။ ပင့်ကူကဒီလိုရှုပ်ထွေးတဲ့စကားတွေကို နားလည်ပါ့မလား?

နောက်မြင်လိုက်ရသည့်အရာများမှာ သူတို့၏မျက်လုံးများကို သူတို့ခြေဖျားထိပ်ထိကျွတ်ကျလုနီးပါးဖြစ်သွားတော့သည်။ အစင်းပင့်ကူသည်လူသားတစ်ဦးကဲ့သို့ပင် ခေါင်းညိတ်လိုက်ပြီး နာခံမှုအပြည့်နှင့်ဓာတ်ခွဲခန်းထဲမှတွားကာ ထွက်သွားတော့သည်၊ တစ်ခုတည်းသောထူးဆန်းသည့်အရာမှာ သူတွားသွားသည့်ပုံစံဖြစ်သည်၊ ၎င်းကဘေး တိုက်တွားသွားနေခြင်းဖြစ်သည်၊

အစင်းပင့်ကူ၏အဆင့်သည်မမြင့်မားသော်လည်း ၎င်း၏ဉာဏ်ရည်သည်နိမ့်ကျနေခြင်းလည်းမဟုတ်ပါ၊ အဘွားချန်းနှင့်ပတ်ဝန်းကျင်တွင်အချိန်အကြာကြီးနေခဲ့ပြီးနောက် ၎င်းကလူစကားအချို့ကိုပင်နားလည်နိုင်သည်။

ညမည်းနက်အမဲလိုက်ခွေး၏ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သောပစ္စည်းများသည် ခုချိန်တွင်မရရှိသေးပေ။ ဘာဘဲဖြစ်ဖြစ် ဒါကအုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်ပင် ဖြစ်သည်။ လိုအပ်သောပစ္စည်းများသည် ဈေးကွက်တွင်မရှိသလောက်ရှားပြီး ၎င်းတို့ကို ပြင်ဆင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုတော့လိုအပ်သည်။ ထို့ကြောင့်လုရှဲ့သည် ကောင်းဖန်နှင့်တွေ့ရန် နောက်တစ်ပတ်မှပြန်လာဖို့စီစဉ်လိုက်သည်။

လူတိုင်းထွက်သွားပြီးနောက် ကောင်းဖန် ဖန်အကွဲစများကိုကောက်ယူကာ ဓာတ်ခွဲခန်းကို သန့်ရှင်းလိုက်သည်။

ဖန်အပိုင်းတွေကိုသန့်ရှင်းပြီး ကြမ်းတိုက်ကာအခြောက်ခံပြီးတဲ့နောက် ကောင်းဖန်သည် နောက်ဆုံးဓာတ်ခွဲခန်းမှထွက်လာပြီး ဘဏ္ဍာရေးဌာနသို့သွား၍ပြောလိုက်သည်။ “အရင်ကထက်ပိုကြီးတဲ့ပုလင်းအသစ်တစ်လုံး ကျွန်တော့်အတွက်မှာပေးပါ၊ ကုန်ကျစရိတ်ကိုတော့ ကျွန်တော့်ရဲ့ပြေစာထဲထည့်လိုက်။”

အလုပ်ပြီးတဲ့နောက်, ကောင်းဖန်ကအစင်းလေးနှင့်အတူ စတူဒီယိုမှထွက်လာတော့သည်၊ ဓာတ်လှေကားအတွင်းတွင် အနောက်တိုင်းဝတ်စုံနှင့်လူငယ်တစ်ယောက်ကို တွေ့လိုက်သည်၊ သူ့ရဲ့ပုခုံးပေါ်တွင်အလင်းနက်ကြက်တူရွေးတစ်ကောင်ကနားနေသည်။

အလင်းနက်ကြက်တူရွေး၏မျက်လုံးများက ကောင်းဖန်ကိုတွေ့သောအခါပြူးကျယ်လာပြီး “ခွေးကောင်”ဟုအော်လိုက်သည်၊

၎င်း၏အသံသည် သူ့အားသေစေနိုင်လောက်သောရန်သူနှင့်တွေ့လိုက်ရသလိုမျိုး စိတ်ဒုက္ခရောက်နေသောအသံနှင့်ပြည့်နေသည်။

***

All Chapters