အခန်း (၇၇-၈၀)
Vol. 5 Ch. 73-80
အပိုင်း ၇၇ ဂဏန်းလိုပင့်ကူ
[မကောင်းဆိုးဝါးအမည်] : အလင်းနက်ကြက်တူရွေး
[မကောင်းဆိုးဝါး အားနည်းချက်] : ၁၊ လေဓါတ်သားရဲများ။ ၂၊ ချင်ရှင်းဆေးပင်၏အနံ့သည် အလင်းနက်ကြက်တူရွေးကို အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကို ဖြစ်စေသည်။ ချင်ရှင်းဆေးပင်ကို စားမိသွားလျှင်တော့ အလင်းနက်ကြက်တူရွေးသည် မူးမေ့သွားနိုင်သည်။ ၃၊ အလင်းနက်ကြက်တူရွေးသည် မိုးကြိုးသွားကြက်တောသီးကို အလွန်မုန်းတီးသည်။ အလင်းနက်ကြက်တူရွေးအတွက်မူ မိုးကြိုးသွားကြက်တောသီးသည် အညစ်အကြေးလိုအရသာပင်။
ကောင်းဖန် ခဏလောက်တွေးလိုက်ပြီးနောက် နောက်ဆုံးမှာတော့ အလင်းနက်ကြက်တူရွေးအကြောင်း ပြန်သတိရသွားသည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။” ဟု ဝတ်စုံပြည့်နှင့်လူငယ်ကပြောလိုက်သည်။ “ငါတောင်းပန်ပါတယ်၊ ငါ့ရဲ့ဟေးကွမ်းက ဒေါသကြီးတယ်၊ ငါတို့ကိုခွင့်လွှတ်ပါ….”
ဒီအလင်းနက်ကြက်တူရွေး၏မကောင်းသည့်ပါးစပ်ကြောင့် လူငယ်မှာ ပြဿနာတက်ရ၍ တောင်းပန်ကျင့်ဖြစ်နေပုံပင်။
“အဆင်ပြေပါတယ်။” ကောင်းဖန် ပြုံးလိုက်သည်။ “အိုး၊ ဒါနဲ့၊ အလင်းနက်ကြက်တူရွေးတွေက မိုးကြိုးသွားကြက်တောသီးကို ကြိုက်တယ်ဆိုတာ ခင်ဗျားသိပြီးပြီလား?”
ဝတ်စုံပြည်နှင့်လူငယ် ခဏမျှကြောင်အသွားသည်။ ဒီမေးခွန်းမျိုးနှင့်အလားတူသည့် မေးခွန်းမျိုးသူတစ်ခါတုန်းက ကြားဖူးနေသလိုပဲ….
သူသည်လဲ သူ့နေ့စဉ်အလုပ်များဖြင့် အလုပ်ရှုပ်နေရတာကြောင့် ကောင်းဖန်၏ပုံစံကို မေ့နေခဲ့ကာ မြင်ဖူးနေသည်ဟုသာ တွေးခဲ့မိသည်။
ကောင်းဖန်ဘက်က အထူးသတိပေးသည့်စကားမျိုးပြောလိုက်ကာမှ လူငယ်မှာ ကောင်းဖန်ကို အံ့ဩတကြီးကြည့်လိုက်ပြီး အရင်ကတွေ့ဖူးသည့်အချိန်ကို ပြန်တွေးလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့နဖူးသူပြန်ရိုက်လိုက်ကာ မှတ်မိသွားတော့သည်။
“မင်းက ငါ့ကိုအရင်က မိုးကြိုးသွားကြက်တောသီးအကြောင်း အကြံပေးခဲ့တဲ့သူမဟုတ်လား။” လူငယ်က ရယ်မောကာပြောလိုက်သည်။
“ဟုတ်တယ်၊ ငါပဲ။” ကောင်းဖန်မှာ လူငယ်၏ဝမ်းသာအားရအပြုံးအားတွေ့လိုက်ရတော့ ကြောက်ရွံ့စိတ်အနည်းငယ်ဝင်လာရသည်။ သူမသိလောက်သေးဘူးမဟုတ်လား?
“အာ၊ အဲ့တုန်းကအတွက် ကျေးဇူးတင်နေတာ။ မင်းပြောပြီးကတည်းက ငါဟေးကွမ်ကို ညတိုင်း နည်းနည်းစီစားခိုင်းခဲ့တယ်။ ဒီကောင်က တော်တော်ခေါင်းမာပြီး မစားဘူးလုပ်နေတာ။ အဲ့ဒါနဲ့ အကြိမ်တိုင်း သူ့လည်ချောင်းထဲကျတဲ့အထိ ထိုးသွင်းပေးနေရတယ်။”
ကောင်းဖန် အနည်းငယ်စိတ်ရှုပ်သွားရသည်။ ဒီလူအရမ်းရိုးသားလွန်းတာလား? “သူမကြိုက်လို့ကောမဖြစ်နိုင်ဘူးလား?”
“ဟ-ဟ၊ အဲ့လိုဆိုတောင် ငါ ဘယ်ရပ်နိုင်မလဲ? ငါ့အဖိုးက ငါ့ကိုငယ်ငယ်လေးကတည်းက သင်ပေးထားတယ်၊ ဆေးကောင်းဆိုတာ ခါးတယ်တဲ့! ဟေးကွမ် မစားချင်ဘူးဆိုမှတော့ ဒါက သူ့ခန္ဓာကိုယ်အတွက် ကောင်းလို့ပဲပေါ့။ ဒီကောင်လေးတွေက အဲ့လိုပဲ ဂျစ်ကန်ကန်နဲ့။” လူငယ်က ရှက်ရွံ့စွာပြုံးရင်းပြောလိုက်သည်။
“ခွေးကောင်!” အလင်းနက်ကြက်တူရွေးကတော့ စိတ်နာကျင်စွာအော်လိုက်ပြန်သည်။ ၎င်းသည် လူငယ်၏ပုခုံးပေါ်မှ ခုန်ဆင်းကာ လူငယ်၏မျက်နှာကို အတောင်များဖြင့် ရိုက်တော့သည်။
“ဟေ့၊ ဟေ့၊ ငါက မင်းအကျိုးအတွက်လုပ်နေတာပါ။” လူငယ်က သူလက်မောင်းများဖြင့် မျက်နှာကို ကာကွယ်လိုက်သည်။ သူ့အလင်းနက်ကြက်တူရွေးက အလွန်တုန်လှုပ်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သူ့ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်သုံးတော့သည်။ “မင်းဆက်လုပ်နေဦးမယ်ဆိုရင် ရှောင်ဟုန်ကို တွေ့ဖို့ ငါထပ်မခေါ်သွားပေးတော့ဘူး!”
အလင်းနက်ကြက်တူရွေးသည် ချက်ချင်းပင် ရပ်တန့်သွားကာ လူငယ်၏ပုခုံးဆီသို့ ပြန်သွားပြီး ခြေသည်းများဖြင့် တင်းတင်းကြပ်ကြပ်ကုတ်ထားတော့သည်။ လူငယ်၏ဝတ်စုံမှာ တွန့်ကြေလာတော့သည်။ ဒီကောင်က တော်တော်လေးဒေါသထွက်နေတာပဲ။ ၎င်းက နှာမှုတ်နေကာ အမြင့်ကိုသာ ခေါင်းမော့ထားပြီး ဘယ်သူ့ကိုမှမကြည့်တော့ပေ။
ဒင်၊ ဓါတ်လှေကားက ပထမထပ်သို့ရောက်လာခဲ့သည်။ ဓါတ်လှေကားတံခါးပွင့်သွားသည်နှင့် ကောင်းဖန် ချောင်းတစ်ချက်ဟန့်လိုက်ကာ ဝတ်စုံပြည်နှင့်လူငယ်ကို နှုတ်ဆက်စကားပြောလိုက်သည်။
လူငယ်ထွက်သွားခါနီးတွင် ကောင်းဖန်က လက်ပြလိုက်ကာ စကားထပ်ပြောလိုက်သည်။ “တကယ်တော့၊ မင်းရဲ့ကြက်တူရွေးကို ကိုင်တွယ်ရတာ ရိုးရှင်းပါတယ်။ ချင်ရှင်းဆေးပင် နည်းနည်းလောက်ဝယ်လိုက်၊ ဒါဆို ငါဘာကိုဆိုလိုလဲ သိသွားလိမ့်မယ်။” ကောင်းဖန် တောက်တောက်ပပ ပြုံးနေကာ ပြောလိုက်တာကြောင့် သူ့မျက်လုံးများမှာ လခြမ်းကွေးနှစ်ခုလို ကွေးညွတ်နေတော့သည်။
သူတို့ထွက်သွားပြီးနောက် အလင်းနက်ကြက်တူရွေး၏ စိုးရိမ်တကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။ “မဝယ်နဲ့၊ မဝယ်နဲ့….”
“အိုကေ၊ အိုကေ၊ ငါမဝယ်ပါဘူး….”
လမ်းပေါ်လျှောက်လာချိန်တွင် အစင်းလေးက ဂဏန်းတစ်ကောင်လိုလမ်းလျှောက်နေကြောင်း ကောင်းဖန်သတိထားမိသွားသည်။
ကောင်းဖန် သူလုပ်ခဲ့သည့် ဆင့်ကဲဖြစ်စဉ်တွင် အမှားပါသွားလို့များ အစင်းလေးက ဂဏန်းအဖြစ်ပြောင်းသွားတာလားဟု မတွေးမိဘဲမနေနိုင်ပေ။
ဒါကြောင့် အလျင်စလိုပင် အစင်းလေး၏အချက်အလက်ဇယားကို အခါခါစစ်ကြည့်လိုက်ပေမည့် ထိုထဲမှာက၊ “မီးခိုးရောင်သံချပ်ကာပင့်ကူ”ဟုသာ ပြောထားသည်။
ဒါကြောင့် ကောင်းဖန်လဲ အစင်းလေးကို တစ်ချက်ကန်လိုက်ကာ၊ “မှန်မှန်လျှောက်စမ်း!”
အစင်းလေးသည် ခေါင်းစောင်းကာ သူ့ပိုင်ရှင်ကို ကြည့်လာသည်။ ကျီ?
“မင်းက ပင့်ကူ၊ ဂဏန်းမဟုတ်ဘူး။” ကောင်းဖန် စိတ်ရှည်ရှည်ရှင်းပြလိုက်သည်။
ကျီ?....
ဒီကောင်က ဘေးတိုက်လမ်းလျှောက်တာကို တော်တော်ပျော်နေတာပဲ။
ကောင်းဖန်သည် အစင်းလေး၏လမ်းလျှောက်ပုံကို မှန်ကန်အောင်ပြုလုပ်သော်လည်း ၎င်းကရံဖန်ရံခါဘေးတိုက်လမ်းလျှောက်ဆဲဖြစ်ပြီး, ခုန်လိုက်ကျော်လိုက်ဖြင့်တောင် တစ်ခါတစ်ရံလုပ်နေသေးသည်။
ကောင်းဖန်၏မျက်လုံးထဲတွင် အစင်းလေး၏အခြေအနေအနောက်ဘက်တွင် (ပြင်းထန်သောစွမ်းအင်ချို့တဲ့နေခြင်း)ဟူသောစကားလုံးကိုတွေ့နေရသည်။
ကောင်းဖန်သည် အစင်းလေးက ဆက်လက်ကြီးထွားရန်လိုအပ်ကြောင်းကို အကြမ်းဖျင်းစဉ်းစားမိသည်၊။ ယခုချိန်တွင် အစင်းလေး၏အရွယ်အစားသည် အရင်ကထက် အများကြီးပိုကြီးလာသော်လည်း ကောင်းဖန်မြှင့်တင်ရန်အထိ ရည်ရွယ်ထားသော အသားဒိုင်းဖြစ်ရန်ဝေးနေသေးသည်။ ၃ပေရှည်လျားပြီး ၁.၅ပေမြင့်သောပင့်ကူလေးသည် အသားဒိုင်းဖြစ်သည့်အခန်းကဏ္ဍကိုရရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ၎င်းကသေချာ ပေါက်ပို၍ကြီးထွားရန်နေရာလိုအပ်သည်၊
တကယ်တော့၊ မစ္စတာကျန့် ပြဌာန်းစာအုပ်ထဲကသင်ပေးထားသည်ကမှန်သည်၊ အစင်းကျားပင့်ကူတွေရဲ့သဘာဝသည်အမှန်တကယ်နူးညံ့သိမ်မွေ့သည်။ ဒါကနည်းနည်းတောင်ရှက်ဖို့ကောင်းသည်။
ဘေးတိုက်လမ်းလျှောက်နေသော်လည်း သူ့ရှေ့တွင်မည်သည့်လူ(သို့)သားရဲတစ် ကောင်ရောက်လာသည်ကိုတွေ့တိုင်း ၎င်းသည်တိတ်တဆိတ်ရပ်သွားပြီး သူတို့ကိုအရင် ဖြတ်ခွင့်ပြုသည်။
ဈေးကွက်တွင်ရရှိနိုင်သော စွမ်းအားမြင့်အစားအစာတစ်မျိုးရှိသည်။ ၎င်းကို သားရဲအသားအမြောက်အများနှင့်စွမ်းအင်မြင့်သည့်ပါဝင်ပစ္စည်းအနည်းငယ်တို့ဖြင့် ပြုလုပ်ထားသည်။ မြင့်မားသောစားကုန်၏သက်တမ်းရှည်ကြာမှုနှင့်ဖိသိပ်ထားပြီး မြင့်မားသောစွမ်းအင်ပါဝင်သောပမာဏသည် သားရဲများအတွက်စားသုံးရန်အတွက် အလွန်သင့်တော်သည်။
သေချာပေါက်လူသားတွေလည်းထိုအရာတွေကိုစားသုံးနိုင်သည်။ လူသားတစ်ဦးသည် ပမာဏအနည်းငယ်လောက်သာလိုအပ်ပြီး ပဲပိစပ်ပမာဏနှင့်ရေတစ်ဖန်ခွက်ပြည့်ရန် လိုအပ်သည်၊
ဒါကလည်းဈေးကြီးကာ သံသေတ္တာတစ်ဘူးကို ၀.၃မဟာမိတ်ခရက်ဒစ်ကုန်ကျသည်။
ကောင်းဖန်သည် ၎င်းဘူး၅၀၀ကိုတပြိုင်တည်းဝယ်ခဲ့ပြီး သူ၏အိမ်သို့ပို့ဆောင်ပေးရန် စတိုးဆိုင်ကိုသူ့ရဲ့လိပ်စာပေးလိုက်သည်၊
အစားအသောက်များဝယ်ပြီးတဲ့နောက် ကောင်းဖန်က တက္ကစီကိုလှမ်းခေါ်လိုက်ပြီး အိမ်ခြံမြေအေဂျင်စီကိုဉီးတည်သွားလိုက်သည်၊
ကားမောင်းသူသည် အစင်းပင့်ကူကိုတွေ့ပြီးနောက် ကောင်းဖန်ကိုသားရဲငယ်အား နောက်ခုံမှာထားရန်ပြောလိုက်သည်၊ “မင်းရဲ့ဂဏန်းသေးသေးလေးကသိပ်မကြီးပါဘူး, အဲ့တာကိုနောက်ခုံမှာဘဲထားလိုက်ပါ၊”
“…” ကောင်းဖန်တိတ်ဆိတ်စွာဘဲနေလိုက်သည်၊ သူကအမှန်တကယ်မှာပင့်ကူဖြစ် ကြောင်း ကားသမားကိုပြောရန် အရမ်းစိတ်ဆန္ဒပြင်းပြနေသည်။
အစင်းပင့်ကူလေး၏ခန္ဓာကိုယ်သည်သိပ်မကြီးပါ၊ သူ့ကိုယ်သူကွေးကောက်လိုက်ပြီးနောက် ၎င်းကလက်တွေ့တွင် သူရဲ့ပုံမှန်အရွယ်အစား၏တစ်ဝက်ဘဲရှိသည်။ ၎င်း၏ရှည်လျားသောပင့်ကူခြေချောင်းများနှင့်အတူ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ကိုထုပ်လိုက်တာကြောင့် ၎င်းကမီးခိုးရောင်ချည်ဘောလုံးကဲ့သို့ဖြစ်သွားသည်။
ကား၏အနောက်ဘက်တွင်ထိုင်နေသည့် အစင်းလေးသည် အလွန်ကိုတိတ်ဆိတ်နေသည်၊
အိမ်ခြံမြေအကျိုးဆောင်တွင် အရောင်းသမားသည် ကောင်းဖန်ကိုမြင်တော့ ကြိုဆိုရန် အရှေ့သို့ထွက်လာသည်၊ “မင်းတစ်ခုခုများလိုသလား,ဆရာလေး? နေရာငှားဖို့အတွက် ရှာနေတာလား?”
“ကျွန်တော်အိမ်တစ်လုံးဝယ်ဖို့ရည်ရွယ်ထားတယ်၊ ခင်ဗျားမြို့စွန်မှာဗီလာတစ်လုံးရှိလား? ဖြစ်နိုင်ရင်ကြီးပြီးတော့,ဥယျာဉ်လည်းရှိပြီးမြေအောက်ခန်းရောဘဲ,ပြီးတော့ ဘေးပတ်ဝန်းကျင်ကလည်းရှင်းလင်းနေရမယ်၊” ကောင်းဖန်ကတိုက်ရိုက်ဘဲမေးလိုက် သည်။
ဒါက ကြီးမားသည့်စီးပွားရေးသဘောတူညီချက်ဖြစ်နိုင်တာကြောင့် အရောင်းအဝယ်သမားက အတော်ကိုစိတ်လှုပ်ရှားနေသည်။ “ခဏလေးပါ, ဆရာလေး မင်းရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အိမ်အနည်းငယ်ရှိတယ်ဆိုတာ ငါမှတ်မိသေးတယ်”
အရောင်းသမားက လျင်မြန်စွာပင်သူ၏လက်ပ်တော့ကိုဖွင့်လိုက်ပြီး, သူ၏လက်တွေက ကီးဘုတ်ပေါ်တွင်ရွေ့လျားနေသည်…ပြီးနောက်ရပ်သွားတော့သည်၊
သူကလက်ပ်တော့ကိုဂရုတစိုက်နှင့်သယ်လာသည်၊ “ကျေးဇူးပြုပြီးဒီဗီလာကိုကြည့်ပါ ဦး၊ မင်းရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီရဲ့လား?”
လက်ပ်တော့တွင် မတူညီသောရှုထောင့်များမှရိုက်ထားသည့်ပုံများကိုပြသည်၊ ပုံတွေထဲမှာတော့တောင်ကုန်းလေး၏ထိပ်တွင်ဗီလာတစ်လုံးရှိသည်၊ ပတ်လည်တွင်စိမ်းလန်းသော မြက်ခင်းပြင်ဖုံးလွှမ်းနေသော ကျယ်ပြန့်သည့်မြေကွက်လပ်ရှိသည်။ ဗီလာသည် ဥရောပပုံစံဖြစ်ပြီး အဖြူရောင်ဘိလပ်နံရံများနှင့်ကြွေပြားအမိုးများနှင့်ဆောက်ထားသည်၊ ထိုဒီဇိုင်းပုံစံသည်ရိုးရှင်းသော်လည်း မခန့်ညားဘဲမနေပေ။ ထိုတွင်အဖြူရောင်ခြံစည်းရိုး အတိုလေးကိုဘေးပတ်လည်တွင်ပင်ခတ်ထားလိုက်သေးသည်။
“ဒီဗီလာက မြေအောက်ခန်းမပါဘူး, ဒါပေမယ့်ဘေးပတ်လည်ဧရိယာကတော့ တူညီတဲ့ မြေနေရာပုံစံဖြစ်တာကြောင့် မင်းကိုယ်ပိုင်မြေအောက်ခန်းဆောက်ဖို့တော့ဖြစ်နိုင်ပါ တယ်”
“ဘယ်နေရာမှာရှိတာလဲ”ကောင်းဖန်ကမေးလိုက်သည်၊
“လာဘ်ကောင်းတဲ့နဂါးရေကန်ဧရိယာအနီးမှာပါ။ အဟမ်း,အဟမ်း, ဈေးကလည်း အရမ်းချိုပါတယ်, မဟာမိတ်ခရက်ဒစ်၂၀၀၀တည်းပါ။ ပြီးတော့သူ့ကပတ်ဝန်းကျင်မှာလည်း မြေဧကအနည်းငယ်လည်းပါတယ်။” အရောင်းသမားကဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် တိုးတိုးတိတ်တိတ်ပြောလိုက်သည်, “တကယ်တော့ဒါကမြို့စွန် မှာရှိတာကြောင့် အဲ့နေရာဧရိယာကကြီးကြပ်မှုအနည်းငယ်လောက်ဘဲရှိတာ၊ အနီးအနားပတ်လည်တစ်ဝိုက်ကိုအခမဲ့ကြီးကြီးမားမားပေးထားတာ အရမ်းကောင်းတယ်။”
***
အပိုင်း ၇၈ အိမ်တစ်လုံးဝယ်ယူခြင်း
ကောင်းဖန် ပုံများကို ခဏမျှကြည့်နေပြီးနောက် ရေရွတ်လိုက်သည်။ “ဒီပုံတွေက ကပ်ဆိုးကြီးမတိုင်ခင်က ရိုက်ထားတာပဲ၊ ဟုတ်တယ်မလား?” ပုံ၏နောက်ခံအပင်များသည် ကပ်ဘေးကာလပြီးနောက်မှ ထွက်ပေါ်လာသည့် မျိုးစိတ်များမဟုတ်မှန်း ကောင်းဖန်ပြောနိုင်ပေသည်။ ကပ်ဆိုးကြီးသည် ဓါတ်လိုက်ခံလိုက်ရသလိုပင် နေရာအားလုံးကိုပျံ့နှံ့သွားခဲ့သည်။ သစ်ပင်ပန်းမန်များနှင့် တိရိစ္ဆာန်များ၏ ပုံစံအားလုံးသည် တစ်မျိုးမဟုတ်တစ်မျိုးပြောင်းလဲသွားကြပေမည့် ဤပုံထဲမှနောက်ခံတွေကတော့ တစ်ခုမှပြောင်းလဲထားပုံမရပေ။
လေထုအခြေအနေက ရုတ်တရက်ဆိုသလို နေရခက်လာတော့သည်။
ထို့နောက် အိမ်ခြံမြေအရောင်းသမားက အကြံတစ်ခုရလို့သွားကာ၊ “မှန်တာပေါ့၊ ဒီလိုမျိုးစဉ်းစားကြည့်လိုက်လေ၊ ကပ်ဘေးကြီးမဖြစ်ခင်တုန်းကလို ဒီလိုမျိုး ဧကပေါင်းများစွာကျယ်တဲ့ သီးသန့်ဗီလာတစ်လုံးကို အခုခေတ် ချန်အန်းမြို့ထဲမှာ ရှာတွေ့ဖို့ဆို လက်တွေ့မှာမဖြစ်နိုင်တော့ဘူးလေ။”
“အခုကျ မဟာမိတ်ခရက်ဒစ်၂၀၀၀တည်းနဲ့ရောင်းနေတာလေ၊ ပြောရရင် မဟာမိတ်ဒေါ်လာ၂၀၀၀၀ပေါ့။ ဒါတကယ့်ကို ချိုသာတဲ့ဈေးနှုန်းပဲ။ ပြီးတော့ နေရာက အတော်လေးဆိတ်ငြိမ်တယ်ဆိုပေမယ့် တောင်ခြေမှာအမြန်လမ်းရှိသေးတယ်။ မင်းမှာသာ ကားဝယ်ထားမယ်ဆိုရင် သွားလို့လာလို့အရမ်းကိုအဆင်ပြေတဲ့နေရာပဲ။”
ကောင်းဖန် အရောင်းသမားကို တစ်ချက်ကြည့်လိုက်သည်။ ထိုအရောင်းသမားပြောသွားသည့်အထဲတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိစ္စရပ်များ၊ ပြုပြင်မွမ်းမံခြင်းဆိုင်ရာကိစ္စရပ်များလို အသေးစိတ်အကြောင်းအရာများကို ချန်ထားရစ်ခဲ့မှန်း သူသိပေသည်။
ဒီနေရာက ကျေးလက်ဒေသတစ်ခုပဲ၊ ကပ်ဆိုးကြီးပြီးနောက်မှာ မငြိမ်မသက်ဖြစ်နေသေးသည့် လူ့အဖွဲ့အစည်းအများအပြားရှိနေတုန်းပင်။ ဒီလိုမျိုး ကျေးလက်ဒေသမှ ဗီလာတစ်လုံးဆိုလျှင် ခံတပ်တစ်ခုအဖြစ် ခိုင်ခံအောင်လုပ်ထားရင်လုပ်ထား ဒါမှမဟုတ် လူသူကင်းမဲ့နေကာ စွန့်ပစ်ခံထားရပြီဖြစ်သည်။
၃နှစ်တာကုန်လွန်ပြီးနောက် လက်တွေ့အိမ်သည် ပုံထဲမှာပြထားသလို ၆၀ရာခိုင်နှုန်းလောက်ကျန်နေသေးလျှင်ပင် ကောင်းဖန် အလွန်စိတ်ကျေနပ်ရပေမည်။
သို့သော် အိမ်ကြီး၏ရှုထောင့်များစွာကို ကြည့်ပြီး ကောင်းဖန် အမှန်တကယ်ပင် ကျေနပ်မိသည်။ ဗီလာ၏တည်နေရာကို တက်ဘလက်ပေါ်တွင်ပြထားသည်။ ၎င်းနေရာသည် ကပ်ဆိုးကြီးမဖြစ်ခင်က အသစ်ဖွံ့ဖြိုးလာသည့်နေရာဖြစ်ပေမည့် ကံမကောင်းစွာဘဲ အလုံးစုံမပြီးစီးခဲ့ပေ။ အခြေအနေများတည်ငြိမ်စပြုလာပြီးနောက် ၎င်းသည် ဖွဲ့ဖြိုးတိုးတက်မှုဧရိယာအသစ်ဖြစ်လာပြီး လက်ရှိတွင် သားရဲပျိုးထောင်သူအဖွဲ့အစည်းနှင့် သားရဲလေ့ကျင့်ခြင်းအဖွဲ့အစည်းတို့ တည်ရှိနေသည်။ သူ့ကျောင်းနှင့်ဆိုလျှင်တောင်မှ မိနစ်၂၀လောက်သာ ကားမောင်းသွားရမည်။
“တကယ်တော့ ဒီအိမ်ရဲ့ဈေးနှုန်းက တော်တော်လေးသက်သာပါတယ်။ ရောင်းတဲ့သူဘက်ကတောင်မှ ဒီဈေးက အရှုံးပေါ်နေပြီ။” အရောင်းသမားက လေသံနှိမ့်ကာပြောလိုက်သည်။ “ပြီးတော့၊ ဒါက ချန်အန်းမြို့ဧရိယာထဲကပဲလေ။ ဒီလိုဧကနဲ့ချီတဲ့မြေမျိုးဝယ်ဖို့ဆိုတာ အနည်းဆုံး သန်းကျော်ကုန်မှာ၊ ဒါပေါ့၊ ဒါက ကပ်ဆိုးကြီးမဖြစ်ခင်တုန်းက မြေဈေးအရပေါ့။ ဒါပေမယ့် ကပ်ဆိုးကြီးပြီးတဲ့အချိန်မှာတောင် အိမ်ခြံမြေဈေးကအရမ်းကျသွားတာမှမဟုတ်တာ။ ဒီလိုကျေးလက်ဒေသမြေဈေးက နိမ့်နိုင်ပေမယ့် အရမ်းတော့မကျသွားတာသေချာတယ်။”
အရောင်းသမားက ကောင်းဖန်ဘက်က တွေးပေးသလိုနှင့် ကောင်းဖန်ကပဲ အမြတ်ရနိုင်သလိုပြောပြနေသည်။
ကောင်းဖန်ကတော့ ဒီလိုဇာတ်လမ်းမျိုးကြီးနှင့် ရင်းနှီးနေသလို ခံစားရလို့နေသည်…..
“ဒီအိမ်ကို အခုချက်ချင်းသွားကြည့်ချင်တယ်၊ အဆင်ပြေပါ့မလား?” ကောင်းဖန် အိမ်အတွက်နှင့်အချိန်ထပ်မဖြုန်းချင်တော့ပေ။ တိတ်ဆိတ်ကာ ကျယ်ဝန်းသည်ဆိုသည် လိုအပ်ချက်နှစ်ခုနှင့် ကိုက်ညီနေသ၍ တည်နေရာအဆင်ပြေဖို့၊ ဗီလာအခြေအနေ၊ စသည့်အချက်များမှာ ဒုတိယနေရာသာဖြစ်သည်။
ဘေးကင်းရေးကိစ္စအတွက်ကတော့ တကယ်တမ်း ကောင်းဖန်၏စိုးရိမ်မှုအနည်းဆုံးအရာဖြစ်သည်။ ကျေးလက်ဒေသများဘက်တွင် ကြိုကြားကြိုကြား သားရဲပေါ်ထွက်လာမည်များရှိနိုင်ပေမည့် အုပ်ချုပ်သူအဆင့်နှင့်အထက်မှသားရဲများကတော့ သေချာပေါက် ပေါ်လာမည်မဟုတ်ပေ။ ထိပ်တန်းအဆင့်သားရဲများပင်လျှင် ရှားပါးလိမ့်မည်။ ဒါကြောင့် သူအများဆုံးအနေနှင့် အချို့သောသာမာန်အဆင့်သားရဲများကိုသာတွေ့ရပေလိမ့်မည်။
သူ့အိမ်တွင်မွေးမြူထားသည့် အကျွမ်းဝင်သားရဲအဖွဲ့နှင့်ဆိုလျှင် သားရဲများလာတိုက်ခိုက်ခဲ့လျှင်တောင်မှ သူ့ကိုယ်ပိုင်သားရဲများအတွက် အပိုစားစရာဖြစ်လာဖို့သာများသည်။
“အမ်၊ ခဏလောက်စောင့်ပေးပါဦး၊ ငါရောင်းမယ့်သူဆီ ဆက်သွယ်လိုက်ဦးမယ်။” အရောင်းသမားက ကမန်းကတန်းပြောလိုက်ကာ ဖုန်းခေါ်ဖို့ထွက်သွားတော့သည်။
ခဏလေးအတွင်းမှာပဲ စီးပွားရေးသမားပုံပေါက်သည့် ဗိုက်ပူပူနှင့်သက်လတ်ပိုင်းအရွယ် ဗီလာပိုင်ရှင်က ကားဖြင့်ရောက်လာခဲ့သည်။
စကားများများစားစားပြောမနေဘဲ ထိုလူက ကောင်းဖန်နှင့်အိမ်ခြံမြေအရောင်းသမားကို မြို့စွန်သို့ခေါ်ဆောင်သွားသည်။
လမ်းတစ်လျှောက်တွင် အဲ့ဒီလူက သူ့အခြေအနေများကို အတိုချုံးရှင်းပြလာသည်။ သူသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ကာ မြို့ထဲတွင် ဗီလာတစ်လုံးရှိကာ တခြားအိမ်အနည်းငယ်လဲရှိသည်။ မြို့စွန်မှဗီလာကတော့ တကယ်တမ်း သူ့မိဘများ အနားယူဖို့ဖို့ရန် ဝယ်ထားခဲ့ခြင်းဖြစ်သည်။
ထိုအချက်ရောက်သည်နှင့် လည်ပင်းတွင် ရွှေဆွဲကြီးအကြီးကြီးဆွဲထားသည့် အမျိုးသားက ရယ်လိုက်ကာ၊ “ဒီကမ္ဘာကြီးမှာ ရှင်သန်နေရတဲ့ ရည်ရွယ်ချက်ကဘာလဲ? ငါတို့ရဲ့နေ့ရက်တွေကို ပိုပြီးသက်သောင့်သက်သာဖြစ်လာစေဖို့ပဲ မဟုတ်ဘူးလား? ငါ့မိဘတွေက တစ်ဘဝလုံးအရိုးဆွေးအောင်အလုပ်လုပ်ခဲ့ရတဲ့ လယ်သမားတွေ။ သားတစ်ယောက်အနေနဲ့ ဘဝမှာအောင်မြင်မှုလေးနည်းနည်းပါးပါးရလာတော့ မိဘတွေရဲ့လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင်နေစေချင်တာ သဘာဝပဲလေ။ ဒါအဓိပ္ပါယ်ရှိတယ်လို့မထင်ဘူးလား?”
ထိုလူရယ်နေသော်လည်း ကောင်းဖန်ကတော့ ထိုလူ့တွင် နောက်ခံဇာတ်လမ်းကြောင်းရှည်ကြီးရှိမည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
သူ၏ဘယ်လက်လက်သည်စတီယာဘီးပေါ်တွင်သာရှိနေပြီး, ထိုလူကသာမန်ကာ လျှံကာဖြင့် သူ့မျက်လုံးတွေကို သူ၏သန်မာသောညာလက်ဖြင့်သုတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်သည်။
သူကသူ့ရင်ထဲကလေးလံနေတဲ့ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်သလိုမျိုး သူကထိုအရာတွေကိုအသက်ကို ပြန်ရှူထုတ်လိုက်သည်။
ကားသည်တခဏမျှတိတ်ဆိတ်သွားခဲ့သည်။
“ဒါပေမယ့်သူတို့ကဘာမှကိုမခံစားလိုက်ရဘူး။ တစ်ရက်လေးတောင်မှ ပျော်ရွှင်ချိန်မရလိုက်ဘူး! သူတို့ဘဝတစ်ခုလုံးကျွန်ခံခဲ့ကြရတယ်!” လူကြီး၏အသံသည်ငိုရှိုက်လုနီးပါးဖြစ်နေသည်။ “ဒီသောက်ကမ္ဘာလောကကြီး!”
သူ့မိဘနှစ်ဦးလုံးဆုံးရှုံးလိုက်ရသောကြောင့် ကောင်းဖန်သည် လုံးဝစာနာနားလည်နိုင်ပေသည်။ သူလဲ ပြတင်းပေါက်အပြင်ဘက်သို့သာ တိတ်တဆိတ်ကြည့်နေလိုက်သည်။
ရှုခင်းသည်မှုန်ဝါးဝါးဖြင့်သူ့မျက်လုံးများအတွင်းတွင်ဖြတ်ပြေးသွားသည်။
သိပ်မကြာခင်သူတို့ဗီလာကိုရောက်လာတော့သည်။ ကားကို ထိုအရှေ့တွင်ရပ်လိုက်ပြီး၊ “ငါတို့ရောက်ပြီ”
လူကြီးကကားထဲမှထွက်လာသည်၊ သူ၏အမူအရာက သာမန်ပုံစံပြန်ဖြစ်သွားကာ, အစောပိုင်းကသူကဘာမှမပြောခဲ့သလိုပင်။
“ဒီလမ်းကတော်တော်လေးလုံခြုံတုန်းဘဲ၊ စစ်တပ်မှာလမ်းတွေကို ပုံမှန်ရှင်းလင်းပေးမယ့်စစ်သားတွေရှိတယ်၊ ဒါပေမယ့် ဒါကကျေးလက်ကျတဲ့ဒေသဖြစ်တာကြောင့်, တချို့ သားရဲကောင်ငယ်လေးတွေနဲ့တွေ့တာကို ရှောင်ဖို့ဆိုတာခဲယဉ်းတယ်။ လူငယ်လေး မင်းဒီနေရာကိုဝယ်ရင် မင်းနည်းနည်းကောင်းတဲ့သားရဲတွေကို မင်းအိမ်ကိုကြည့်ပေးဖို့ ဝယ်သင့်တယ်။ ဒါမှမင်းရဲ့လုံခြုံမှုအတွက်သေချာပြီးတော့ အေးအေးဆေးဆေးနေနိုင်လိမ့်မယ်။”
ကောင်းဖန် ထိုလူကိုကြည့်လိုက်ပြီး ဒီလိုမျိုးရောင်းတဲ့သူတွေရှိသေးတာပဲဟု တွေးလိုမိသည်။ သူက အသိတရားကိုလက်ကိုင်ထားတဲ့ရောင်းချသူပဲ။
ကောင်းဖန် ထိုအကြောင်းကိုစဉ်းစားနေချိန်တွင်ပဲ ထိုလူကပြုံးပြကာသူ့ရဲ့နာမည်ကတ်ကို လှမ်းပေးလိုက်သည် “ငါ့နာမည်ကလျို့စန်း၊ အခုငါကသားရဲတွေကိုရောင်းနေတယ်၊ လူငယ်လေး, အကယ်၍မင်းငါ့ဆီကသားရဲဝယ်မယ်ဆိုရင် ငါမင်းကို၂၀ရာခိုင်နှုန်းဈေးလျှော့ပေးမယ်”
“ခင်ဗျားက စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာတကယ်သိတာဘဲ,မစ္စတာလျို့။” ကောင်းဖန် အံ့ဩသွားနေရက်ပဲ နာမည်ကတ်ကိုလက်ခံလိုက်သည်။
ဒီဗီလာက သေချာပေါက်သူမျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်၊ ဒါကနည်းနည်းတော့ယိုယွင်းပျက်စီးနေပြီဖြစ်သည်။ အုတ်တံတိုင်းက ဟိုတစ်စဒီတစ်စ လစ်ဟနေကာ နွယ်ပင်များဖြင့်လဲ ဖုံးနေသည်။
“လွန်ခဲ့တဲ့နှစ်နှစ်က စီးပွားရေးအလုပ်တွေကများနေပြီး ငါဒီနေရာကိုစီမံဖို့အချိန်မရှိခဲ့သလောက်ဘဲ။” လျို့စန်းသည် ကောင်းဖန်ဘေးတွင်စကားရပ်ပြောနေရင်း ဆေးလိပ်တစ်လိပ်ကမ်းပေးလိုက်သည်၊ “ဒါပေမယ့်ငါဒီနေရာကိုမကြာခဏလာပြီးစီမံခဲ့ရင် ဒီလောက်ဈေးချိုနေမှာမဟုတ်ဘူး”
“ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူး, ကျေးဇူးဘဲ” ကောင်းဖန်ကငြင်းလိုက်သည်။
လျို့စန်းက နောက်တော့အရောင်းအဝယ်သမားကို ဆေးလိပ်ပေးလိုက်သည်၊ သူက ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသည်ကို အံ့ဩသွားသော်လည်းဆေးလိပ်ကို လက်ခံလိုက်သည်၊
“မင်းအထဲကိုတစ်ချက်လောက်ဝင်ကြည့်မလား?” လျို့စန်းကဗီလာသော့ကို ကောင်းဖန်ဆီသို့ကမ်းပေးလိုက်ပြီးမေးလိုက်သည်။
“မလိုတော့ဘူး၊ ကျွန်တော်ဘေးပတ်လည်ကိုဘဲကြည့်တာပါ၊ ဘာဘဲဖြစ်ဖြစ်အားလုံးကိုတော့ပြန်ပြုပြင်ရမှာဘဲ။” ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်ပြီးပြန်ပြောလိုက်သည်။
“ ဒါဆိုကျွန်တော်ဒီဈေးနဲ့ဘဲဝယ်မယ်၊ အခုစာချုပ်မှာလက်မှတ်ထိုးလို့ရပြီလား?” ကောင်းဖန်ကအချိန်မဖြုန်းချင်ပေ။
စာချုပ်ကိုပြင်ဆင်ထားပြီး အရောင်းအဝယ်သမားကယူလာသည်၊ စာရွက်များတွင် လက်မှတ်ထိုးပြီး အရောင်းအဝယ်ကို လျင်မြန်စွာဆောင်ရွက်ခဲ့သည်၊
အစိုးရသစ်၏မူဝါဒများအောက်တွင် ထိုကဲ့သို့သောစာချုပ်များနှင့်သဘောတူညီချက်များသည် ပိုမိုအဆင်ပြေလွယ်ကူပြီး ယခင်ကရှုပ်ထွေးသောလုပ်ထုံးလုပ်နည်းများ၏ အနည်းငယ်သာလိုအပ်သည်။
ပိုင်ဆိုင်မှုနှင့်မြေအတွက် စာချုပ်များကိုယူပြီးတဲ့နောက် သူရရှိခဲ့သောဗီလာသော့နှင့် ပေါင်းလိုက်တော့ ယခုမြေကွက်သည်ကောင်းဖန်ပိုင်ဆိုင်သွားသည်။
မဟာမိတ်အစိုးရသစ်၏မူဝါဒများအရ မြေအားလုံးကိုတရားဝင်ရောင်းဝယ်နိုင်သည်။ အရောင်းအဝယ်တစ်ခုစီအတွက် သက်တမ်းသည်နှစ်၁၀၀ဖြစ်ပြီး ထိုနှစ်၁၀၀အတွင်း မြေကွက်သည်ဝယ်သူကပိုင်လိမ့်မည်။ မဟာမိတ်အစိုးရသည် မြေကိုဘယ်လိုသုံးသုံး ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိပေ။
ဆောက်လုပ်ရေးကုမ္မဏီဘက်ကိုဆက်သွယ်ပြီး သူလိုချင်တဲ့ဒီဇိုင်းပုံစံကိုပြောပြီးနောက် ကောင်းဖန်မနက်အစောကြီး သူရခဲ့တဲ့ပိုက်ဆံတွေအခုမရှိတော့ဘူးဆိုတာကို သဘောပေါက်သွားတော့သည်။ လျို့စန်းကတော့သူ့အားပေးချေသည့်ငွေများကို လက်တွေ့ပင်၅၀ရာခိုင်နှုန်းအပ်နှံလိုက်ကာအသုံးချလိုက်သည်။
ဒါပေမယ့်အနည်းဆုံးတော့ သူ့သားရဲတွေအားလုံးအတွက် ကျယ်ဝန်းတဲ့အိမ်တစ်လုံးရှိပြီ ဖြစ်သည်။ သူတို့တွေမျက်နှာကျက်ပေါ်ကပြုတ်ကျတာ,အသံကျယ်တာနဲ့၊ ညတွေမှာ အိမ်နီးချင်းတွေကိုနှောက်ယှက်မိမှာကိုသူစိတ်ပူစရာမလိုတော့ပေ။
***
အပိုင်း ၇၉ မြို့မှထွက်ခွာ
ကောင်းဖန် အိမ်သို့ပြန်ရောက်သည်နှင့် လုံခြုံရေးအခန်းသို့သွားကာ သူမှာယူထားသည့် စွမ်းအင်မြင့်စားစရာစည်သွပ်ဘူးများကို ယူဖို့သွားလိုက်သည်။ ထို့နောက် လုံခြုံရေးအစောင့်အား ကျေးဇူးတင်လိုက်ကာ စီးကရက်တစ်ဗူးတောင်ပေးလိုက်သေးသည်။
ကောင်းဖန် အိမ်ရှေ့တံခါးကိုဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလို ဆီလီက တဟုန်ထိုးဝင်လာခဲ့သည်။
သူအိမ်ထဲသို့ဝင်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်ကတော့ ဒမ်ဘီသည် အိမ်ထောင့်တွင်ထိုင်နေကာ ဘာမှမရှိသည့်နေရာကို ကြောင်တောင်တောင်ငေးကြည့်နေသည်။ ဒမ်ဘီကအရပ်အလွန်ရှည်နေတာကြောင့် မျက်နှာကျက်ကို မထိမိစေရန် သတိထားကာထိုင်နေရသည်။
ဒမ်ဘီက ယင်ဓါတ်သစ်ကတိုးပင်များကိုလဲ ဝါးစားနေကာထွက်လာသည့် မြူငွေ့များကိုလဲစုပ်ယူနေခဲ့သည်။ ဝမ်းနည်းနေတာလဲမဟုတ်သလို အထီးကျန်နေခြင်းလဲမဟုတ်ပေ။ ထိုနေရာတွင် ဒီအတိုင်းထိုင်ပြီး ပြတင်းပေါက်မှတဆင့် နေမင်းကြီးကို ကြည့်နေရုံဖြစ်သည်။
ကောင်းဖန် ပစ္စည်းသေတ္တာကို စားပွဲပေါ်တင်လိုက်ပြီးနောက် ဖွင့်ကြည့်လိုက်သည်။ သေတ္တာဖွင့်သံကြားသည်နှင့် အိမ်ထဲမှကိုယ်ပိုင်သားရဲအားလုံးက အလိုလိုပင် အနားသို့ရောက်လာကာ သိချင်စိတ်ကြောင့် သိချင်စိတ်ကြောင့် မျက်ဝန်းများက တောက်ပနေကာ သေတ္တာထဲတွင် ဘာပါမလဲကိုမျှော်လင့်တကြီးစောင့်ကြည့်နေကြသည်။
တာ့ဇီ၏ဦးမျှင်အစုံကတော့ မရပ်မနားလှုပ်ခါနေကာ အလွန်စိတ်လှုပ်ရှားနေကြောင်းပြနေသည်။ ဒမ်ဘီသည်တော့ တိတ်တဆိတ်ဖြင့် ကိုယ်ကိုကိုင်းညွတ်ထားကာ သေတ္တာကိုသာ ကြောင်အအစိုက်ကြည့်နေသည်။ အသစ်ဖြစ်သည့်အစင်းလေးကတော့ အနည်းငယ်ကြောက်နေပေမည့် ကျန်အကောင်များနှင့်အတူ ပါဝင်လာသည်။ ဆီလီသည်တော့ ပုံမှန်အတိုင်း ကောင်းဖန်၏ခေါင်းထက်တွင် လွင့်မျောလို့နေသည်။
ကောင်းဖန် သေတ္တာထဲမှ စွမ်းအင်မြင့်စားစရာစည်သွပ်ဘူးများကို ထုတ်ယူလိုက်သည်။
သူ၏အကျွမ်းဝင်သားရဲလေးများကတော့ ထိန်းမရအောင် စိတ်လှုပ်ရှားလာတော့သည်။
“ကြည့်မနေကြနဲ့တော့၊ ဘာပဲဖြစ်ဖြစ် မင်းစားနိုင်တာမှမဟုတ်တာ။” ကောင်းဖန် ဒမ်ဘီ၏ခေါင်းကိုပုတ်ကာပြောလိုက်သည်။ ဒမ်ဘီသည် အရိုးများဖြင့်သာဖွဲ့စည်းထားပြီး အခိုးအငွေ့များကိုသာစားသုံးနိုင်တာကြောင့် ဒီလိုအစိုင်အခဲအစားအသောက်မျိုးကို မစားနိုင်ပေ။
ဒမ်ဘီမှာတော့ ဒီလိုနာကျင်စရာကောင်းသည့်အမှန်တရားမျိုးကို သူ့ပိုင်ရှင်က ပြောထွက်လိမ့်မည်ဟု မယုံကြည်နိုင်သည့်အကြည့်များဖြင့် ကြည့်လာခဲ့သည်။ ၎င်း၏အောက်ခြေတွင် အပေါက်အတိုင်းဖြစ်နေသည့် သူ့မေးစေ့ကိုသူပွတ်လိုက်ပြီးနောက် သူလာရာထောင့်လေးသို့သာ တိတ်တဆိတ်ပြန်ထွက်သွားတော့သည်။
ကောင်းဖန် စည်သွပ်ဗူးတစ်ဘူးကို ဖောက်လိုက်ကာ အစင်းလေးကိုပေးလိုက်သည်။ ၎င်း၏ချက်ချင်းပင် အနားသို့တွားသွားလာပြီး သူ့လက်သည်းများဖြင့် အစာကိုထုတ်ယူကာ ပျော်ပျော်ရွှင်ရွှင်စားသောက်တော့သည်။
ကောင်းဖန် နောက်တစ်ဘူးကိုလဲ ထပ်ဖောက်ကာ တာ့ဇီကိုပေးလိုက်သည်။ တာ့ဇီကတော့ နည်းနည်းစားကြည့်ပြီးနောက် စိတ်မဝင်စားတော့ပေ။ ၎င်းက လတ်ဆတ်သည့်အသား သို့မဟုတ် သူ့သခင်ပြင်ဆင်ပေးသည့် အစားအသောက်များကိုသာ နှစ်သက်နေစဲဖြစ်သည်။ စည်သွပ်ဗူးလို အသင့်စားတွေက သူ့အကြိုက်မဟုတ်ပေ။
လုပ်စရာရှိသည်များလုပ်ပြီးနောက် ကောင်းဖန် သူ့အိပ်ရာထဲလှဲချလိုက်တော့သည်။ သူတစ်နေ့ကုန် အလုပ်များနေခဲ့ပြီး အခုမှပဲ အနားယူချိန်ရသွားတော့သည်။ မကြာခင်တွင်ပဲ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ရာပေါ်တွင် ကန့်လန့်ဖြတ်အတိုင်းပဲ အိပ်ပျော်သွားခဲ့ကာ အိပ်ခန်းထဲမှနေပြီး ဟောက်သံများတောင် ထွက်ပေါ်လာခဲ့သည်။
“သူမြို့စွန်မှာ ဗီလာတစ်လုံးဝယ်ခဲ့တာလား?” ဦးလေးလျှိုမှာ သတင်းကြားပြီးနောက် စိတ်ညစ်သွားကာ သူ့မျက်နှာသူဆွဲပွတ်နေမိတော့သည်။
ဘာလို့များ ဒီကလေးက နေရာအနှံ့လျှောက်ပြေးနေရတာကို သဘောကျတာပါလိမ့်?
အကွာအဝေးက ဦးလေးလျှိုအတွက် ကိစ္စမရှိသလို ဒုက္ခတစ်ခုဟုလဲ မမှတ်ယူပေ။ သူ့အတွက် မြေကွက်တစ်ခုနှင့်ဗီလာတစ်လုံးထပ်ဝယ်လိုက်ဖို့က ပြဿနာမဟုတ်ပေ။
တကယ့်ပြဿနာကတော့ ထိုနေရာကိုပြောင်းဖို့ သင့်တော်မယ့်အကြောင်းပြချက်ရှာဖို့ပဲ။
ရှောင်ကောင်း ဗီလာဝယ်ပြီး ချက်ချင်းဆိုသလို သူပါပြောင်းရွှေ့ဖို့လိုက်ဖို့က မဖြစ်နိုင်ပေ။ မဟုတ်မှ အပြုံးလေးနဲ့ “အိုး၊ တိုက်ဆိုင်လိုက်တာနော်။” လို့ပြောရမည်တဲ့လား။
ဒါက အရမ်းသိသာလွန်းတဲ့အလိမ်အညာပဲ။
လူငယ်တွေက သူတို့ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ တိုးတက်လာကြပြီး အရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင်သီးသန့်နေရာတွေကို ပိုင်ဆိုင်ချင်ကြသည်။ ဦးလေးလျှိုမှာတော့၊ “သူတို့အရွယ်ရောက်တာ မြန်လွန်းတယ်။” ဟူသည့် ခံစားချက်မျိုးမဝင်မိဘဲမနေပေ။
ဦးလေးလျှို၏နောက်မှ ဖောက်ထွင်းမြင်နေရသည့် ပုတ်သင်ညိုကြီးသည် ဖြည်းဖြည်းချင်းမြင်နိုင်သည့်အသွင်အပြင် ထွက်ပေါ်လာကာ ဦးလေးလျှိုကိုသာ တိတ်တဆိတ်နှင့်ကြည့်နေခဲ့သည်။
ဦးလေးလျှိုက အမိန့်ပေးလိုက်သည်နှင့် ပုတ်သင်ညိုက ခေါင်းညိတ်ပြကာ လေထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
နောက်တစ်နေ့တွင်တော့ နေထွက်လာသည်နှင့် ကောင်းဖန် အိပ်ရာမှထကာ သွားတိုက်လိုက်ပြီး အဝတ်အစားများလဲလိုက်သည်။
အစင်းလေးကတော့ အိမ်မှာပဲနေခဲ့ပေလိမ့်မည်။ ဒါကြောင့် ကောင်းဖန်က အစင်းလေးကို စည်သွပ်ဗူးဖွင့်နည်းပင်ပြပေးလိုက်သည်။ အစင်းလေးကလဲ အခက်အခဲမရှိစွာနဲ့ အကြိမ်အနည်းငယ်သင်ကြားပြသပြီးနောက်တွင်တော့ ကျွမ်းကျင်မှုအသစ်တစ်မျိုးထပ်ရှိသွားတော့သည်။
အခုဆို အစင်းလေးသည် စည်သွပ်ဗူးကို လွယ်လွယ်ကူကူဖွင့်နိုင်နေပေပြီ။ ၎င်း၏ခြေထောက်ကို စည်သွပ်ဗူးအစွန်းတွင်တင်ကာ ချိတ်ကလေးနှင့်ဆွဲဖွင့်လိုက်ရုံဖြင့် အရသာရှိသော စွမ်းအင်မြင့်အစားအစားများကို လွယ်ကူစွာ ဖွင့်ဖောက်စားသောက်နိုင်ပေမည်။
လတ်တလော အစင်းလေး၏တာဝန်ကတော့ အိမ်တွင်နေကာ ပိုကြီးထားလာဖို့အတွက် စွမ်းအင်မြင့်စားစရာစည်သွပ်ဗူးများကို စားနေရပေမည်။ လက်ရှိအဆင့်တွင် အစင်းလေးကို တောထဲသွားခိုင်းပါက ကောင်းဖန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာဖြစ်လာပေလိမ့်မည်။
ယနေ့အတွက် တောထဲသို့သွားကာ သစ်သားအာကာပြင်စိတ်နှလုံးကို သွားရှာဖို့ ကောင်းဖန် စီစဉ်ထားသည်။ သူတို့သာ တောအနက်ပိုင်းအထိမသွားသ၍ အန္တရာယ်ကြီးကြီးမားမားကြုံရလိမ့်မည်မဟုတ်ပေ။
အစင်လေးမှလွဲပြီး ကျန်ကိုယ်ပိုင်သားရဲအားလုံးကို ဤခရီးစဉ်တွင်ခေါ်ဆောင်သွားသည်။
ဆီလီသည် အားနည်းသော်လည်း ပျံ့သန်းနိုင်သည်။ ထို့အပြင် ၎င်းကသေးငယ်က ပေါ့တာကြောင့် ခေါ်သွားဖို့လွယ်သည်။ အရေးအကြီးဆုံးကတော့ ဆီလီတွင် ကိုယ်ပိုင်နေရာလပ်နယ်မြေရှိတာကြောင့် ကောင်းဖန်အတွက် ကျောပိုးအိတ်ကြီးသယ်ရသက်သာစေသည်။
ဆီလီ၏အတွင်းနေရာလပ်သည် ဘတ်စကတ်ဘောအရွယ်အစားလောက်ရှိပြီး ပူနွေးသောအစာနှင့်အချိုရည်များကို သိုလှောင်ထားနိုင်သည်။ ဘာကြောင့်လဲဆိုတော့ နေရာလပ်အခြားမသိနိုင်သောရှုထောင့်အပိုင်းဖြစ်သဖြင့် ပင်ကိုအားဖြင့်ဆီလီကိုယ်တိုင်တစ်ခုခုမဖြစ်ခဲ့လျှင် ပစ္စည်းသိုလှောင်မှုဆုံးရှုံးနိုင်ခြင်းမရှိပေ။
ဆီလီသည် အလွန်အဆင့်နိမ့်သောအဆင့်၅တွင်သာရှိသေးသည်။ ၎င်း၏အဆင့်မြင့် တက်လာသည်နှင့်အမျှ ၎င်း၏အတွင်းနေရာလပ်သည်လည်း တိုးလာပေလိမ့်မည်။
တာ့ဇီသည်လက်ရှိတွင်အဆင့်၁၅ပြီးပြည့်စုံခြင်းအဆင့်သားရဲဖြစ်နေပြီဖြစ်သည်။ ထိုအဆင့်တွင်,၎င်းကတောတွင်းအပြင်ဘက်ဧရိယာတွင်အနိုင်ကျင့်သူအနေနှင့်ပင် လုပ်နိုင်ပြီဖြစ်သည်။ အုပ်ချုပ်သူအဆင့်သားရဲကိုသာဝင်မတိုက်မိလျှင် တာ့ဇီအတွက်အန္တရာယ် မရှိပေ။
ဒမ်ဘီသည်အဆင့်၁၆ရှိသည့်ထူးခြားအဆင့်သားရဲဖြစ်သဖြင့် အားလုံးထဲမှာ အသန်မာဆုံးဖြစ်သည်။ လက်တွေ့တိုက်ပွဲတွင် ပါဝင်ဖို့အတွက် အခွင့်အရေးမရှိသလောက် နည်းပါးခဲ့သော်လည်း ၎င်း၏တိုက်ခိုက်မှုစွမ်းရည်သည် အလွန်အားကောင်းသည်မှာသေချာသည်။
ဒမ်ဘီသာဆိုလျှင် ကိုယ်တိုင်အုပ်ချုပ်သူအဆင့်သားရဲကိုထိန်းနိုင်ပါ့မလားဆိုတာ ကောင်းဖန် သေချာမပြောနိုင်ပေ။ မတိုင်ခင်ဒမ်ဘီကိုတိုက်ခိုက်မှုပုံစံဖြင့်တွေ့လျှင် ၎င်းကိုသိဖို့မဖြစ်နိုင်ပါ, ပြီးတော့ကောင်းဖန်ကဆင်ခြင်နိုင်စွမ်းရှိသည်။
ဒမ်ဘီ၏အထအသွားအလာအတွက်လုပ်ထားသော အနက်ရောင်ဝတ်ရုံသည် အဝတ်ဘီဒိုထဲတွင်သိမ်းထားသည်၊ ကောင်းဖန် အဝတ်ဘီဒိုကိုဖွင့်လိုက်ပြီး ဒမ်ဘီကိုကူညီကာ အနက်ရောင်ဝတ်ရုံဝတ်ပေးလိုက်သည်၊
ကျယ်ပြန့်သောခေါင်းဆောင်းသည် ဒမ်ဘီ၏မျက်နှာသွင်ပြင်ကိုဖုံးလွှမ်းထားသည်၊ နတ်ဆိုးမီးတောက်နှစ်ခုကိုသာမြင်နိုင်သည်၊ ဒမ်ဘီလှုပ်ရှားသည်နှင့်သူ၏ဝတ်ရုံနက်နှင့် အတူ ဒမ်ဘီ၏လေးလံသောအရိုးစုကိုယ်ထည်သည်ခြေလှမ်းချင်းစီတိုင်းသည်ယိမ်းထိုး နေသည်။ ကြမ်းတမ်းသောခြေသံများကကြမ်းပြင်ကိုနင်းလိုက်သည်နှင့်ပြင်းထန်သော ဆူညံသံများကိုကြားနိုင်သည်။
သူတို့သည်တံခါးဖွင့်၍အောက်ထပ်သို့ဦးတည်လိုက်သည်၊ လုပ်ငန်းစဉ်တစ်လျှောက်လုံး ဒမ်ဘီသည် ကော်ရစ်ဒါတစ်လျောက်လမ်းလျှောက်သည့်အခါတွင် သူ့ခါးကိုကွေးထားရသည်၊ တာ့ဇီသည်ဒမ်ဘီ၏ပုခုံးပတ်လည်တွင် ခရမ်းရောင်ရှည်လျားသောစလွယ် ကဲ့သို့ပင်ဖြစ်နေသည်။
တံတိုင်းဝင်းအတွင်းတွင်ကလေးအနည်းငယ်သည် ထိုအတွင်းပတ်လည်တွင်ကစားနေကြသည်၊ ကောင်လေးတစ်ယောက်က ထိုအချိန်တွင်မရပ်နိုင်ဘဲ မတော်တဆဒမ်ဘီ၏ ခြေထောက်နှင့်တိုက်မိသွားသည်၊ သူကနောက်ပြန်လဲကျသွားပြီးအောက်သို့လုံးလုံး လျားလျားမှောက်လဲကျသွားသည်၊
လေးမီတာမြင့်သောဒမ်ဘီသည် အထူးသဖြင့်ကောင်လေးနှင့်အနီးကပ်နေလျှင် ထို ကောင်လေးသည် အလွန်သေးလွန်းသည်။ ဒမ်ဘီကကောင်လေးဘက်သို့လှည့်ကြည့် လိုက်သည်။ သူမြင်သမျှကမဲနက်နေသောဝတ်ရုံအောက်ရှိအပြာရောင်မီးတောက် နှစ်ခုကိုသာမြင်ရသည်။
ထိုကောင်ငယ်လေးကကြောက်ရွံ့နေကာ သူ့မျက်နှာကဖြူဖျော့လာသည်၊
ဒမ်ဘီကဒူးကွေးကာထိုင်လိုက်ပြီး သူကိုယ်သူရပ်နိုင်ရန် ကောင်လေးကိုကူညီလိုက် သည်။ ဒမ်ဘီက ကောင်လေး၏ခန္ဓာကိုယ်ကို ဖုန်ခါပေးသလိုတောင်ပုတ်ပေးလိုက်သည်၊
ဒမ်ဘီ ကောင်းဖန်နှင့်အတူထွက်သွားပြီးနောက် ထိုကောင်လေးသည် ထွက်သွားသောဒမ်ဘီ၏နောက်ကျောဘက်ကိုကြည့်ကာ ထိတ်လန့်နေတော့သည်။
သူ၏နေအိမ်မှထွက်ခွာလာပြီးနောက်, ကောင်းဖန်သည်ဒမ်ဘီသူ့ကိုချီတာခံလိုက်ရပြီး ၎င်း၏ပုခုံးပေါ်တွင်တင်ခံလိုက်ရသည်၊ ကောင်းဖန်သည်ဒမ်ဘီ၏ပုခုံးပေါ်တွင်စွဲမက်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသောပုံစံဖြင့်ထိုင်နိုင်ခဲ့လိမ့်မည်ဟုထင်ခဲ့သည်၊ ဒါပေမယ့်ခဏလောက်ထိုင်နေပြီးတဲ့အခါသူကလဲကျဖို့ပိုလွယ်နေတာကြောင့်အဆင် မပြေတာကိုသူတွေ့လိုက်သည်။
ဒမ်ဘီသည်အရပ်၁၂ပေမြင့်သော်လည်းပုခုံးတစ်ဖက်ပေါ်တွင် အရွယ်ရောက်ပြီးသောသူတစ်ဦးကိုအလွယ်လေးတင်ထားဖို့ ခက်ခဲနေစဲပင်။
ထို့ကြောင့်လမ်းတစ်လျှောက်တွင်, လူတွေကအနက်ရောင်ဝတ်ရုံနှင့်ဆယ့်နှစ်ပေမြင့်သော လူပုံစံပေါက်သည့်တစ်ခု၏လည်ပင်းကို သူ၏ခြေထောက်များနှင့်ချိတ်၍ထိုင်နေသော ကောင်လေးကိုကြည့်နေကြသည်။
ဒါကအရမ်းကိုရှက်ဖို့ကောင်းတာဘဲ၊ ကောင်းဖန်တစ်နှစ်ပတ်လုံးလုပ်ခဲ့သမျှတွင် ရှက်စရာအကောင်းဆုံးဖြစ်မှာသေချာသည်။
ဒမ်ဘီသည်အလွန်လျင်မြန်သောနှုန်းနှင့်ရွေ့လျားနေကာ ခြေလှမ်းတစ်လှမ်းချင်းစီ အကွာအဝေးသည်၁၅ပေမှ ၁၉ပေအထိဖုံးသွားသည်၊ ဒါကသေးငယ်တဲ့အတားအဆီး လေးတွေကိုတောင်ရှောင်ရှားဖို့မလိုဘူးဖြစ်သည်၊ ၎င်း၏ခြေထောက်များကိုကွေးကာ အနည်းငယ်အားထုတ်လိုက်ရုံနှင့်ပင်၎င်းတို့အားလုံးကိုအလွယ်တကူကျော်လွှားခဲ့ သည်။
ဒမ်ဘီ၏လူဝံကဲ့သို့တက်ကြွမှုသည် ထိုနေရာကို၎င်း၏အကောင်းဆုံးအသုံးချမှုကို တွေ့ရှိခဲ့ပုံရသည်။
နာရီဝက်သာသာလောက်တွင် သူတို့သည်ချန်အန်းမြို့စွန်နားသို့ရောက်သည်၊ ပို၍ဝေးသောအပြင်ဘက်သည် သူတို့မသိနိုင်သောရှုပ်ထွေးသည့်မြက်ချုံတောများရှိနေ နိုင်သည်၊ ကောင်းဖန်သည်မီတာ၁၀၀လောက်တွင်စစ်တပ်မှချထားသော အတားအဆီးများကို အကြမ်းဖျင်းခွဲခြားနိုင်သည်၊ လမ်းနံလေးတွင်တင့်ကားများစွာနှင့် ရိုင်ဖယ်သေနတ်များကိုကိုင်၍ကင်းလှည့်နေသောစစ်သားများပင်ရှိသည်။
အပြင်ဘက်ကမ္ဘာသို့ဦးတည်သွားရန်သည်မခက်ခဲပါ။ သူကလမ်းတံတားဖြတ်သန်း ကြေးကိုမြို့မှဖြတ်ရန်ပေးရမည်ဖြစ်သည်။
စစ်တပ်၏စစ်ဆေးရေးဂိတ်မှထွက်ခွာပြီးနောက်တွင်, လေထုအပူချိန်သည်ဒီဂရီ အနည်းငယ်လောက်လျော့ကျသွားပုံပေါ်သည်၊ ကောင်းဖန်သည်ဒါကိုတွေးကြည့်မိခဲ့ လားမသိတော့ပေ။
စိုစိုထိုင်းထိုင်းနှင့်အေးစက်နေသောလေများသည် လေထုထဲတွင်ပြည့်နေတော့သည်၊ သူ့ရှေ့တွင်မီးကျီနက်သစ်တော၏နက်ရှိုင်းသောအပိုင်းဆီသို့ ဦးတည်သောလမ်းမကြီးတစ်ခုရှိသည်။ ဤလမ်းကြောင်းအား အမှန်တကယ်အသုံးပြုခဲ့ချိန်က ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာမည်သူသိမည်နည်း၊ အဝါရောင်မြေဆီများသည်လမ်းမပေါ်တွင်မြင်သာ နေတော့သည်၊ ပြန့်ကျဲနေသောမြက်များသည်လည်းမြေဆီလွှာအဖျားတွေထဲမှ သန်မာစွာအပင်ပေါက်နေကြသည်။
***
အပိုင်း ၈၀ ရက်စက်ကြမ်းတမ်းမှု
တောကြီးသည် ယခုလို မြက်ပင်များပေါက်ရောက်နေကာ စိမ်းလန်းစိုပြေသာယာနေခြင်းမှာ လူအများအပြား ပြောင်းရွှေ့သွားခြင်းကြောင့်ဖြစ်နိုင်သလို တောတွင်းဝန်းကျင်တွင် သားရဲများစွာမရှိတာကြောင့်လဲဖြစ်နိုင်သည်။
တောထဲသို့ဝင်လိုက်သည်နှင့် မြင်ကွင်းက ချက်ချင်းကျဉ်းလို့သွားသည်။ သစ်ပင်ကြီးများနှင့် အရွက်စိမ်းစိမ်းများက နေရောင်ခြည်ကို ပိတ်ဆို့ထားကြသည်။
လေကဖြတ်တိုက်နေတာကြောင့် သစ်ရွက်များနှင့်သစ်ကိုင်းများက ယိမ်းနွဲ့နေကာ ကောင်းဖန် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သစ်ရွက်ခြောက်များနှင့် မြေအိအိတို့ကို နင်းမိနေသည်။
အားလပ်ရက်သုံးရက်သာကျန်သည့်ထဲက ဒီနေ့ကသာ နောက်ဆုံးထွက်လို့ရနိုင်တဲ့နေ့ဖြစ်တာကြောင့် ကောင်းဖန် လိုအပ်သမျှပါဝင်ပစ္စည်းများကို စုဆောင်းနိုင်ခဲ့လျှင် အကောင်းဆုံးပင်။
သူသာ သစ်သားအာကာပြင်နှလုံးသားကို လိုအပ်သလောက် မရှာနိုင်ခဲ့ပါက သူနောက်တစ်ခေါက် အပြင်ထွက်ချိန်ရမည့် နောက်တနင်္လာနေ့အထိ ပြန်စောင့်ရပေဦးမည်။ ထိုသို့သာဆိုလျှင် အချိန်အရမ်းဆွဲသလိုဖြစ်သွားမှာကြောင့် ကောင်းဖန် အချိန်ထပ်မဖြုန်းလိုတော့ပေ။
တောထဲသို့ဝင်လာပြီး ခဏအကြာတွင်ပဲ ကောင်းဖန် သူ၏ခေါင်းထက်ရှိ သစ်ကိုင်းများမှ သစ်ရွက်တိုးသံများကိုကြားလိုက်ရသည်။ သစ်ကိုင်းခက်များကြားတွင် ပုန်းအောင်းနေသည့် မီးခိုးရောင်သဏ္ဍာန်ပုံရိပ်ကို ဝိုးတဝါးတွေ့ရှိလိုက်ရသည်။
[မကောင်းဆိုးဝါးအမည်] : သဲညိုမြီးတိုကြောင်
[မကောင်းဆိုးဝါး အဆင့်] : အဆင့် ၁၃
[မကောင်းဆိုးဝါး အဆင့်အတန်း] : သာမာန်
[မကောင်းဆိုးဝါး စွမ်းရည်] : သစ်သား
၎င်းသည် ထိပ်တန်းအဆင့် သဲညိုမြီးတိုကြောင်ဖြစ်သည်။ သူတောထဲစဝင်ဝင်ခြင်း ပထမဆုံးတွေ့လိုက်ရသည့်သားရဲမှာပင် ထိပ်တန်းအဆင့်ဖြစ်နေတာကြောင့် တောကြီးသည် ဘယ်လောက်တောင်အန္တရာယ်များမှန်း ပြနေသည်။
မြှောင်…. နက်ရှိုင်းကာ ကျယ်လောင်သည့် ကြောင်အော်သံက တောထဲတွင်ပဲ့တင်ထပ်သွားတော့သည်။ နောက်တစ်ခဏလေးမှာပဲ သဲညိုမြီးတိုကြောင်သည် ရုတ်တရက် မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
နေဦး၊ သဲညိုမြီးတိုကြောင်က သူ့နေရာက ထွက်သွားတာမဟုတ်ဘဲ တကယ်တော့ ပတ်ဝန်းကျင်အရောင်နှင့်ရောစပ်ကာ ကိုယ်ဖျောက်လိုက်ခြင်းဖြစ်သည်။
မြီးတိုကြောင်သည် သူ့ကိုယ်သူအောင်အောင်မြင်မြင်ဖုံးကွယ်လိုက်ပြီးနောက် သစ်ကိုင်းများပေါ်သို့ လျင်မြန်စွာခုန်ပေါက်သွားသည်။ ၎င်းက သစ်ကိုင်းများပေါ်ကနေပဲ ဦးတည်ချက်ပြောင်းကာ ခုန်ချလိုက်ပြီးနောက် ပေါက်ကွဲမှုမဖြစ်ခင် နောက်ဆုံးတစ်ခေါက်လှုပ်ရှားသွားသည်။
တိုက်ခိုက်မှုမှာ သတ်ဖြတ်ချင်စိတ်ပြင်းထန်လွန်းလှသည်။ ကောင်းဖန်သည်တော့ သူကသာ သဲညိုမြီးတိုကြောင်၏ ပစ်မှတ်ဖြစ်ကြောင်း သိလိုက်သည်နှင့် သူငယ်အိမ်များကျုံ့သွားတော့သည်။
ရုတ်တရက်ဆိုသလို သူ့ဘေးမှ လက်သီးတစ်လုံးပေါ်လာခဲ့ပြန်သည်။
ဒမ်ဘီက သဲညိုကြောင်ကို ပြန်လည်တိုက်ထုတ်ရန် အချိန်မီ လက်သီးကိုဆန့်ထုတ်လိုက်ခြင်းဖြစ်သည်။
သဲညိုကြောင်သည် လေထဲတွင် ကျွမ်းပစ်လိုက်ကာ အနားရှိ တောအုပ်တစ်ခုအတွင်းသို့ ချက်ချင်းဝင်ရောက်ပုန်းအောင်းလိုက်ပြီး ၎င်း၏လျင်မြန်ဖျတ်လတ်မှုကို ပြသလိုက်သည်။
ဒမ်ဘီသည် ရုတ်ချည်းခိုးဝှက်တိုက်ခိုက်ခံလိုက်ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။ ဒမ်ဘီက တာ့ဇီကို မြေပြင်ပေါ် တိတ်တဆိတ်ချပေးလိုက်ပြီးနောက် မြီးတိုကြောင်နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ရန် လှည့်လိုက်သည်။ ၎င်းက ဘယ်ဘက်သို့ ခြေလှမ်းကျယ်ကြီးတစ်လှမ်း,လှမ်းလိုက်ကာ သူ့သခင်နှင့်မြီးတိုကြောင် ကြားသို့ သူ့ခန္ဓာကိုယ်ကိုဖြတ်ဝင်လိုက်ပြီးနောက် ပြောလိုက်သည်။ “ငါကမှ မင်းရန်သူပဲ။”
ဒမ်ဘီ၏တိုက်ခိုက်မှုပြီးသည့်နောက် ကောင်းဖန်လဲ ရက်စက်ကြမ်းတမ်းမှုကို ဘယ်လိုသရုပ်ဖော်လဲဆိုသည်ကို နားလည်သွားတော့သည်။
ထူထဲပြီးသန်မာသည့်ပေါင်ကို အားပြုကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဆောင့်နင်းလိုက်သည်။ ဒမ်ဘီ၏ခြေထောက်အောက်ရှိ ရွှံ့များမှာ နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး အနက်ရောင်ဝတ်ရုံသည်လဲ ဒမ်ဘီ၏လှုပ်ရှားမှုအတိုင်း လွှင့်မျောနေသည်။
ဒမ်ဘီသည် ရုတ်ချည်းဆိုသလို အနက်ရောင်အရိပ်တစ်ခုပုံစံပြောင်းသွားပြီး မြီးတိုကြောင်ကို သူ့ကိုယ်လုံးဖြင့် တိုက်ချလိုက်တော့သည်။ အနက်ရောင်ဝတ်ရုံက ဒမ်ဘီကိုဖုံးအုပ်ပေးထားသော်လည်း ကောင်းဖန်ကတော့ ထိုဝတ်ရုံအောက်မှ ပြင်းထန်သည့်ခွန်အားကို ခံစားမိနိုင်သေးသည်။ ၎င်းက ထိန်းချုပ်မှုလွတ်ကင်းနေသောမီးစက်ကြီးတစ်လုံးလို အရူးအမူးလောင်ကျွမ်းနေတော့သည်။ သွေးကြောမျှနှလုံးသားပင်ဖြစ်သည်။ သွေးကြောမျှနှလုံးသားကို တိုက်ပွဲတွင်အသုံးပြုပါက ဒမ်ဘီကို ပေါက်ကွဲပစ်နိုင်လောက်သည့်ခွန်အားများထွက်ပေါ်စေသည်။
ဘ-ဒမ်! ဘ-ဒမ်! ဘ-ဒမ်!
လျင်မြန်စွာခုန်လှုပ်နေသည့် နှလုံးခုန်သံက တောအုပ်တစ်ခုလုံးကိုပင် တုန်ခါလို့သွားစေသည်။
မြီးတိုကြောင်သည် တစ်ချက်အော်ဟစ်လိုက်ကာ ရှေ့သို့ ခုန်တက်လာခဲ့သည်။ သို့သော်လည်း သူလေထဲမှ ဆင်းသက်လိုက်သည့်အခိုက်မှာပင် ကောင်းကင်ပေါ်မှ လက်သီးတစ်ချက် ကျလာပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းထိုးစိုက်သွားသည်။
မြီးတိုကြောင်၏ခန္ဓာကိုယ်ကို လက်သီးဖြင့်ထိုးလိုက်ပြီးနောက် ထွက်ပေါ်လာသည့် ပေါက်ကွဲထွက်သောအသံသည် စတီးတူနှင့်ပုလင်းအလွတ်ကို ပစ်ခွဲလိုက်သကဲ့သို့လေနှင့်အတူပဲ့တင်ထပ်သွားပြီး ပေါက်ကွဲထွက်သွားတော့သည်။ ၎င်းကချက်ချင်းကိုပေါက်ကွဲသွားတာဖြစ်သည်။
ဘုန်း!
ခန္ဓာကိုယ်ရှိအရိုးများ ကျိုးကြေသွားပြီး သွေးကြောများပေါက်ကွဲထွက်ကုန်တာဖြစ်သည်။ မီးခိုးညိုရောင်အသားက ပွင့်ကွဲထွက်လာသည်နှင့် အက်ကြောင်းများကအဆင့်ဆင့် ထွက်ပေါ်လာတော့သည်။ သွေးတွေကအနက်ရောင်ခြုံထည်အပါအဝင် နေရာအနှံ့သို့စင်ကုန်ပြီး ကြက်သွေးရောင်သွေးများဖြင့်သေဆုံးသွားတော့သည်။
လက်သီးတစ်ချက်နှင့်တင် မြီးတိုကြောင်ကို တောရိုင်းထဲတွင် စွန့်ပစ်ထားသည့် အရုပ်လေးတစ်ရုပ်လိုမျိုး မြေပေါ်သို့ ပစ်စလက်ခတ်ကျသွားစေသည်။ ၎င်း၏ခန္ဓာကိုယ်သည် ပုံမှန်မဟုတ်တော့ဘဲ တွန့်လိမ်နေပြီး ကြောင်တစ်ကောင်နှင့်ပင်မတူတော့ချေ။ သွေးများက အမွှေးများပေါ်သို့စင်နေပြီး သွားများနှင့်အဖြူရောင်အရိုးများသည် အပြင်ဘက်သို့ငေါထွက်နေသည်။ ပြီးနောက်သွေးများက ခန္ဓာကိုယ်မှအရည်များနှင့်ရောသွားပြီး မြေကြီးထဲသို့စိမ့်မသွားမှီ စီးကျလာတော့သည်။
နွေးထွေးသောလေပြင်းသည် ကောင်းဖန်၏မျက်နှာနှင့်သူ့ဆံပင်များပေါ်သို့ တိုက်ခတ်လာပြီးလေနှင့်အတူလွင့်ပျံနေသည်။
ကောင်းဖန်မှာ ဒမ်ဘီ၏အထင်းသားပုံရိပ်ကို အနောက်ဘက်မှကြည့်နေမိသည်။ ဒမ်ဘီ သန်မာလိမ့်မယ်ဆိုတာကို သူသိထားပေမည့် ဒီလောက်ကြီးအထိသန်မာလိမ့် မယ်ဆိုတာကို သူဘယ်တုန်းကမှမတွေးခဲ့ဘူးပေ။
ဒမ်ဘီသည် ရန်သူကိုအနိုင်ယူခဲ့သော်လည်း စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ ရုတ်တရက်ဖြစ်သွားတာကြောင့် သူပိုင်ဆိုင်သည့် ကြီးမားသည့်ခွန်အားများကို မသုံးခဲ့လိုက်ရပေ။ သူကရင်းနှီးပြီးသား တိုက်ပွဲစွမ်းရည်ကိုသာ အသုံးပြုခဲ့တာဖြစ်သော်လည်း, ရလဒ်သည်လုံးဝကိုတစ်ဖက်သတ်နိုင်ပွဲဖြစ်နေစဲပင်။
ပြောင်းလဲသွားသောအရာကတော့ သူ၏ကျွမ်းကျင်မှုမဟုတ်ဘဲ သူ၏ခွန်အားဖြစ်သည်။ ဒမ်ဘီ၏ခွန်အားသည် ရိုးခွံဖုတ်ကောင်လူဝံအဖြစ် ယနေ့မှစ၍တိုးတက်လာပြီ ဖြစ်သည်။
“သွားကြစို့”, ကောင်းဖန်ကဒမ်ဘီကိုအော်လိုက်သည်။
ထိုအချိန်တွင် ဒမ်ဘီသည် ၎င်း၏အာရုံများကိုပြန်ရသွားပြီဖြစ်သည်။ သူကလှည့်ကြည့်လိုက်ပြီးနောက် သူ့သခင်နောက်သို့လိုက်သွားတော့သည်။
သူတို့ကလမ်းတစ်လျှောက်တွင် အခြားသောသားရဲများနှင့်လည်းတွေ့ခဲ့သည်၊ နောက်ဆုံးတွင်ဒါကတောအုပ်တစ်ခုဖြစ်နေသည်။ ဘာကြောင့်လဲဆိုတော့ ဒါကနေ့အချိန်ဖြစ်နေပြီး ထိုအချိန်သည်သားရဲအများစုအတွက် အထွတ်အထိပ်လှုပ်ရှားမှုကာလမဟုတ်ခဲ့ပေမယ့် ထိုအချိန်မျိုးတွင်တောင်မှ ၎င်းတို့နှင့်ပက်ပင်းတွေ့ဆုံခြင်းမှာလွယ်ကူနေသေးသည်။
ထိုသားရဲများသည်အဆင့်၁၀အောက်၌သာမန်အဆင့်ဖြစ်ပြီး ၎င်းတို့ကိုကိုင်တွယ်ရန် လွယ်ကူလှသည်။ ဒမ်ဘီ၏တိုက်ခိုက်မှုအားကို လေ့ကျင့်ရန်ကောင်းဖန်သည် ဒမ်ဘီကိုသာအချိန်တိုင်းတိုက်ခိုင်ခွင့်ပေးခဲ့ပြီး ဒမ်ဘီသည် တိုက်ပွဲအနည်းငယ်အပြီးမှာပဲ ၎င်း၏ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုကိုတိုးတက်ခဲ့သည်။
…
“ငါတွေ့ပြီ! ဖန်ပုလင်းပင်တွေကဒီဧရိယာတစ်ဝိုက်မှာ အလျှံအပယ်ကိုကြီးထွားနေကြ တာဘဲ” ကောင်းဖန် စိတ်သက်သာမှုနှင့်အတူသက်ပြင်းချကာပြောလိုက်သည်။ သူက မြောက်များစွာသောဧရိယာများကို ဖြတ်သန်းလာပြီးမှ ဖန်ပုလင်းပင်များ လိုက်လျောညီထွေစွာကြီးထွားသောနေရာကို ရှာဖွေရန်သုံးနာရီကြာမြင့်ခဲ့သည်။
ထိုဧရိယာတွင်ရာပေါင်းများစွာသောဖန်ပုလင်းပင်များရှိပြီး, ထို့ကြောင့် သစ်သား အာကာပြင်နှလုံးသားသုံးပေါင်ကိုစုဆောင်းခြင်းသည်ပြဿနာမရှိတော့ပါ။
ရှီး! ပင်စိမ်းမြွေသည် သစ်ပင်ကိုင်းများကြားတွင် သွားနေပြီးကောင်းဖန်ကို ရှုးရှုးရှဲရှဲနှင့်ကြည့်နေသည်။ ထို့နောက် အဖြူရောင်အရိုးများဖြင့်ဖွဲ့စည်းထားသော လက်အချောင်းလိုက်သည် ဘေးဘက်ကပေါ်လာပြီး ပင်စိမ်းမြွေကိုဆွဲလိုက်သည်။ ၎င်းကဘေးဘက်သို့ လွှင့်မပစ်လိုက်ခင် အသံတိုးတိုးနှင့်လှုပ်ရှား၍ အပြတ်အသတ်ဆော်လွှတ်လိုက်သည်။
“ငါတို့ဖြုန်းတီးလို့မဖြစ်ဘူးလေ၊ နောက်တော့, သလင်းကျောက်နဲ့ငွေအချို့လဲယူလို့ရတယ်။ ခြင်ရဲ့ခြေထောက်မှာတောင် အသားဆိုတာရှိတယ်။ အစားကြီးတဲ့သူတွေအတွက် ဂရုစိုက်ပေးရဖို့ဆိုတာသေချာတယ်။” ကောင်းဖန်ကပြောလိုက်သည်။ သူကအောက်သို့ ငုံ့လိုက်ပြီးအသေကောင်မှအဝါရောင်မြေပဲလုံးအရွယ်ရှိသည့် ကြည်လင်နေသော အဝါရောင်သလင်းကျောက်ကို လက်အိတ်အစုံဖြင့်ယူလိုက်သည်။
ဒမ်ဘီက ကောင်းဖန်၏အနောက်မှနီးကပ်စွာလိုက်လာသည်။ ကောင်းဖန်ဆီကို ရန်လိုမှုသေးသေးလေးကိုပြသရန်လုံလောက်သောသတ္တိရှိကြသည့် မည်သည့်သတ္တဝါကိုမဆို ၎င်းကတော့ မည်သည့်ဂရုဏာထားမှုသေးသေးလေးကိုမှ ပြသမည်မဟုတ်ပေ။
ဒမ်ဘီသည် ရောဂါဝေဒနာခံစားနေရသည့်ရိုးခွံဖုတ်ကောင်လူဝံဖြစ်နေတုန်းက သူ၏ စိတ်အားငယ်နေမှုကိုမည်သူမျှမသိရှိကြပေ။ အေးစက်လှသောစတီးလှောင်အိမ်ထဲတွင်ထည့်ခံထားရတုန်းက ၎င်းသည်ထာဝရ ငရဲထဲသို့ကျလုနီးပါးခံစားခဲ့ရကာ သေမင်းနှင့်တွေ့ရမည့် အချိန်ကိုတောင် ရေတွက်နေခဲ့ရသည်။
စိတ်ပျက်အားငယ်မှုနှင့်ကြုံရသည်နှင့်အမျှ ကောင်းကင်ပေါ်မှလက်တစ်ဖက်သည် ငရဲမှကယ်တင်ရန်၎င်းကိုရွေးချယ်ပေးခဲ့သည်။
အဲ့ဒီနေ့ကိုသူဘယ်တော့မှမေ့မည်မဟုတ်ပေ၊ အတွေ့အကြုံနုနယ်သေးသောလူငယ်လေးသည် ၎င်း၏နှဖူးပေါ်သို့အုပ်လိုက်ပြီး နုံချာသောပုံစံဖြင့် သူနားမလည်သောတစ်စုံတစ်ခုကိုပြောပြနေသည်။
ဟုတ်တယ်၊ အဲ့တာကိုသေချာနားမလည်နိုင်ခဲ့ဘူး၊ ဒါပေမယ့်ကောင်လေးမှာ သူ့အတွက်အရာအားလုံးရှိတယ်ဆိုတာကိုသူသိလိုက်ပြီး ဒီလောက်နဲ့တင်လုံလောက်ပေပြီ။