← Chapters

အခန်း (၈၁-၈၄)

Vol. 6 Ch. 81-84

အခန်း (၈၁-၈၄)

Vol. 6 Ch. 81-84

အပိုင်း ၈၁ ဒီလူကဘာကိုရှာနေတာလဲ?

ကောင်းဖန် အစာပိုင်းက မြင်ခဲ့သည့် ပင်စိမ်းမြွေများသည် ဖန်ပုလင်းပင်တောထဲတွင်လဲရှိလို့နေသည်။ ဤမြေအမျိုးအစားများတွင် ဖန်ပုလင်းပင်များကို နှစ်သက်မှုအချို့ရှိနေပုံပင်။

ဖန်ပုလင်းပင်တောအုပ်ထဲတွင် ပင်စိမ်းမြွေပေါင်းအနည်းဆုံးဒါဇင်ခန့်ရှိနေသည်။

များသောအားဖြင့် နေ့ဘက်ပိုင်းတွင် ပင်စိမ်းမြွေများသည် သစ်ကိုင်းများမှနေပြီး တွဲလွဲချကာ ရေညှိဖက်များလို ဟန်ဆောင်တတ်ကြပြီး ငြိမ်ငြိမ်လေးနေကာ သားကောင်နားချဉ်းကပ်ဖို့ရန် စောင့်ဆိုင်းကြသည်။ ၎င်းတို့၏သားကောင်များကတော့ အင်းဆက်ငယ်လေးများနှင့် ငှက်ကဲ့သို့သောသတ္တဝါများပါဝင်သည်။

ဒမ်ဘီကတော့ ဖန်ပုလင်းပင်တောတစ်လျှောက် ဘာမှမရှိနေသလိုမျိုး ဖြတ်လျှောက်နေသည်။ ဒမ်ဘီအမြင်တွင်တော့ သွေးအေးသတ္တဝါများသည် ထည့်ပြောနေစရာလိုသည့်အရာဟုပင် မမှတ်ပေ။ ထိုသတ္တဝါများတွင် ၎င်းတို့၏တည်ရှိမှုကိုဖုံးကွယ်နိုင်သည့် စွမ်းရည်အချို့မပိုင်ဆိုင်ထားပါက ဝိညာဉ်မီးတောက်၏ရှေ့မှောက်တွင် ၎င်းတို့မှာ ညအခါ တောက်ပနေသည့်မီးရှူးတိုင်ကဲ့သလို့ ထင်ထင်ရှားရှားနှင့် အလွယ်တကူမြင်နေရမည်သာ။

ဒမ်ဘီကြောင့်နှင့် ပင်စိမ်းမြွေများ တစ်ကောင်ပြီးတစ်ကောင် သစ်ပင်များပေါ်မှ ကြမ်းတမ်းစွာ ဆွဲချခံနေရသည်။ ထို့နောက် ဒမ်ဘီက ၎င်းတို့၏ခေါင်းများကို လိမ်ချိုးကာ ခေါင်းထဲမှ စိမ်းပြာရောင်သားရဲအမြုတေများကို ဂရုတစိုက်ထုတ်ယူလိုက်သည်။

သလင်းကျောက်များသည် ပဲပိစပ်တစ်စေ့အရွယ်ခန့်ရှိသော်လည်း ဒမ်ဘီ၏အရွယ်အစားနှင့် ယှဉ်ကြည့်လိုက်လျှင်တော့ နှမ်းစေ့တစ်စေ့ကို ကောက်ယူနေရသလိုဖြစ်နေသည်။

ဒမ်ဘီက သားရဲမြုတေများကို ဂရုတစိုက်ဖယ်ထုတ်လိုက်ပြီးနောက် ကောင်းဖန်ဆီသို့ ကမ်းမပေးခင် အရင်ဆုံး အနက်ရောင်ခြုံထည်ဖြင့် သုတ်လိုက်သေးသည်။

ကောင်းဖန်လဲ ရပ်သွားကာ ဒမ်ဘီကိုကြည့်လိုက်မိသည်။

ဒမ်ဘီက ပါးစပ်ကိုဖွင့်ဟကာ တစ်ခုခုပြောဖို့ကြိုးစားနေသော်လည်း ဘာမှမပြောနိုင်ဘေဲ ၎င်း၏သွားကြိတ်သံကိုသာ ကြားရပေသည်။

၎င်းက နောက်လက်တစ်ဖက်နှင့်ညွှန်ပြကာ သူ့သခင်ကို အမြုတေအားယူဖို့စေဖို့ရန် ခက်ခက်ခဲခဲကြိုးစားနေရသည်။

နောက်ဆုံး သူ့သခင်က သားရဲအမြုတေအားယူလိုက်သည်ကိုတွေ့တော့မှ ဒမ်ဘီသည် သူ့ခေါင်းကိုစောင်းလိုက်ကာ ထုံထိုင်းထိုင်းပုံစံဖြင့် ပြုံးပြလာခဲ့သည်။

“မိုက်မဲလိုက်တဲ့ကောင်။” ကောင်းဖန်ပြောရင်းဖြင့် ပင်စိမ်းမြွေ၏အမြုတေကို သားရေအိတ်ထဲသို့ထည့်လိုက်သည်။ သူတစ်ခုခုပြောချင်နေသော်လည်း ပြောရမည့်စကားလုံးကို ရှာမတွေ့ဖြစ်နေသည်။ အဆုံးမှာတော့ ကောင်းဖန် ဘာမှမဖြစ်ခဲ့သလိုပုံစံနှင့် တစ်ဖက်သို့လှည့်ကာ ညွှန်ကြားလိုက်သည်။ “ဒမ်ဘီ၊ ဒီဖန်ပုလင်းပင်တွေကို အလယ်ကနေချိုးလိုက်။”

ဒမ်ဘီ အားတက်သရော ခေါင်းပြန်ညိတ်ပြလိုက်သည်။

သစ်တောထဲရှိအခြားပင်စိမ်းမြွေများမှာတော့ ကျန်မြွေများ ဘာဖြစ်သွားသလဲကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကြောင့် အန္တရာယ်နှင့်ဝေးဝေးကိုရှောင်ရမည်မှန်း သိသွားကြသည်။ ဒါကြောင့် သူတို့၏သစ်ပင်အပေါက်များထဲတွင် ပုန်းခိုဖို့ရန်အတွက် လှည့်ထွက်သွားကြတော့သည်။

သို့သော်လည်း သစ်တောနတ်ဆိုး၏ဒေါသကိုဆွပေးမိမည်စိုးသည့်အလား ဖြည်းဖြည်းချင်းသာရွှေ့လျားကြသည်။

သစ်ခေါင်းပေါက်များထဲမှာဆိုလျှင် အန္တရာယ်ကင်းပြီဟု တွေးထားကြသော်လည်း ရုတ်တရက် သစ်ပင်ပင်စည်မှနေပြီး ကျယ်လောင်သည့်ကျိုးပဲ့သံများကို ကြားလိုက်ကြရသည်။

အချိန်မီတုံ့ပြန်ဖို့ရန်ပင် အခွင့်အလမ်းမရှိကြတော့ပဲ အချို့မြွေများမှာ သူတို့ကမ္ဘာကြီးတစ်ပတ်လည်သွားသလို ခံစားလိုက်ကြရသည်။ ကျယ်လောင်သည့် ကျိုးပဲ့သံနှင့်အတူ သစ်ပင်ကြီးတစ်ပင်သည် ရုတ်တရက်ဆိုသလို မြေပေါ်သို့ ထက်ပိုင်းကျိုးကျသွားကာ မြွေများလဲ တစ်ခါတည်းပါသွားခဲ့သည်။ ထို့နောက် ပင်စိမ်းမြွေများက အမြန်ပင် သစ်ခေါင်းပေါက်များထဲမှတစ်ဆင့် အရွက်များထဲသို့တိုးပင်ကာ လျှောထွက်သွားပြီး အမြင်အာရုံထဲမှပျောက်ကွယ်သွားကြတော့သည်။

ကောင်းဖန်က ကျိုးပဲ့နေသည့်သစ်ပင်ကြီးများတစ်လျှောက်လိုက်ကာ သစ်သားအာကာပြင်နှလုံးသားများကို ရှောဖွေခဲ့သည်။ သစ်သားအာကာပြင်နှလုံးသားများသည် ဘီယာပုလင်း၏ဗိုက်နေရာလိုမျိုး ဖန်ပုလင်းပင်,ပင်စည်၏အထူဆုံးနေရာတွင် ကြီးထွားကြသည်။

သူလုပ်ရမှာကတော့ ချိုးပေးရမည့်နေရာကို ဒမ်ဘီကို ညွှန်ပြပေးဖို့ရန်သာဖြစ်သည်။

ကျိုးသွားသော ‘ဘီယာဗိုက်များ’သည် အခေါင်းပေါက်ဖြစ်နေကာ အတွင်းထဲတွင် ဘာမှမရှိနေပေ။

အပင်တိုင်းမှာတော့ သစ်သားအာကာပြင်နှလုံးသားတစ်ခုစီ ရှိနေကြမည်မဟုတ်ဘဲ ငါးပင်တွင် တစ်ပင်လောက်မှာတော့ ပါပေလိမ့်မည်။

သစ်ပင်ကြီးတစ်ပင်စီအောက်တွင် ဒမ်ဘီသည် သစ်ပင်တိုင်းကို လက်သီးနှစ်ဖက်လုံးဖြင့် ထိုးနှက်နေတာကြောင့် ရူးသွပ်နေသည့်လက်ဝှေ့သမားတစ်ယောက်လို့တောင် ထင်ရသည်။ လက်သီးချက်တစ်ချက်စီတိုင်းသည် သစ်စကြီးများကို လွှင့်ထွက်သွားစေနိုင်သည်။

တင်းကြပ်စွာဆုပ်ကိုင်ထားသည့် လက်သီးချက်များသည် ဆက်တိုက်ဆိုသလို လွင့်ပျံနေပြီး ၎င်း၏လက်ဆစ်ပေါ်ရှိ အရိုးမာများက ပင်စည်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နေတာကြောင့် အခေါက်များက ကျွတ်ထွက်သွားကာ ထိုးချက်အနည်းငယ်နှင့်ပင် ဖန်ပုလင်းပင်မှာ လဲလုနီးပါးဖြစ်နေသည်။

ပြင်းထန်စွာထိုးနှက်သံများသည် ထူထပ်သည့်သစ်တောထဲတွင် ပဲ့တင်ထပ်နေကာ အဝေးကြီးအထိ ဖြတ်သန်းသွားသည်။

တစ်ကီလိုမီတာဝန်းကျင်ဝေးသည့်နေရာမှာတော့ အမဲလိုက်သမားသုံးယောက်သည် တောထဲသို့ဖြတ်သန်းနေကြသည်။ သူတို့တစ်ကိုယ်လုံးကို သူတို့ပစ္စည်းများဖြင့် ကောင်းကောင်းကာကွယ်ထားပြီး မုဆိုးကောင်းများ၏ပြယုဂ်အတိုင်း ကြီးမားသည့်အိတ်ကြီးများကို သယ်ဆောင်ထားကြသည်။ ထိုသူများ၏ဘေးတွင်တော့ ကိုယ်ပိုင်သားရဲများစွာလိုက်ပါလာကြသည်။ ထိုအချိန်တွင်ပဲ မုဆိုးတစ်ယောက်၏ပုခုံးပေါက်မှနေပြီး အော်ဟစ်သံများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

သူ့ပုခုံးပေါ်တွင် ထူးထူးခြားခြားကြီးမားသည့် နားရွက်ကြီးများနှင့် ကြွက်တစ်ကောင်က ၎င်း၏နောက်ခြေထောက်များဖြင့် မတ်တပ်ရပ်နေကာ တစ်ပတ်ပတ်လိုက်ပြီးနောက် ဦးတည်ရာတစ်ခုဘက်တွင် ရပ်တန့်သွားပြီး မရပ်မနားအော်ဟစ်နေတော့သည်။

“ဟမ်? ခေါင်းဆောင်၊ ထူထူတော့ တစ်ခုခုအာရုံရသွားပြီလား။” အဖွဲ့ဝင်တစ်ဦးကမေးလိုက်သည်။ ထိုလူသည် လူငယ်တစ်ယောက်ဖြစ်ကာ မျက်နှာပေါ်တွင်လဲ အမာရွတ်တစ်ခုရှိသည်။

“ဒူနို, ထူထူတစ်ခုခုရှာတွေ့ထားပုံပဲ။” အဖွဲ့ထဲမှအကြီးဆုံးအဖွဲ့သားက ပြောလိုက်သည်။ သူကနူးညံ့စွာနဲ့သူ့ပုခုံးပေါ်ကကြွက်ရဲ့နားရွက်ကို ဖိညှပ်လိုက်ပြီး မြေပဲနှစ်စေ့ကို ဆုအဖြစ်ပေးလိုက်သည်။

ကြွက်က ဝမ်းမြောက်ပျော်ရွှင်မှုတို့ပြည့်နေသည့် မျက်လုံးများနှင့်ကြည့်လိုက်ပြီး မြေပဲကို ပျော်ရွှင်စွာနှင့်ဝါးစားနေလိုက်သည်။

“ထူထူက ဟိုဘက်ကနေ ကျယ်တဲ့အသံတစ်သံကြားတယ်လို့ပြောတယ်၊” ခေါင်းဆောင်ကသူ့လျှာကိုသပ်လိုက်ပြီးပြောလိုက်သည်၊ “အဲ့ဒီကိုသွားစစ်ဆေးကြည့်ရအောင်”

“ဟုတ်ကဲ့ခေါင်းဆောင်”

အဖွဲ့၏အဖွဲ့သားများကတက်ညီလက်ညီသဘောတူလိုက်ကြပြီး ကန့်ကွက်သူတစ်ဦးမှမရှိပေ။

ဒါက သူတို့ဒီလိုမျိုးတစ်စုံတစ်ခုကို မမျှော်လင့်ဘဲကြုံဖူးတာ ပထမဆုံးအကြိမ်မှမဟုတ်ဘဲ။

နောက်ဆုံးအကြိမ်တုန်းက, အုပ်ချုပ်သူအဆင့်သားရဲနှစ်ကောင်ကြားတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဆိုရိုးစကားအတိုင်းခွေးနှစ်ကောင်က အရိုးတစ်ခုအတွက်ပြိုင်ဆိုင်တိုက်ခိုက်နေကြစဉ်, တတိယတစ်ကောင်ကအရိုးနှင့်အတူပြေးသွားပြီဖြစ်သည်။

သူတို့သည် အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်၏လက်မှလွတ်မြောက်ရန် စီစဉ်နိုင်သော်လည်း သူတို့က အခြားအုပ်ချုပ်သူအဆင့်သားရဲအသေကောင်တစ်ကောင်နှင့်အတူ ရှိနေဆဲဖြစ်သည်။ သူတို့ကထိုအသေကောင်ကိုရောင်းပြီးငွေကောင်းကောင်းရနိုင်သည်။

အမာရွတ်ရှိသောလူငယ်သည် သူ့နှုတ်ခမ်းကိုသပ်လိုက်သည်၊ သူ၏ကိုယ်ပိုင်သားရဲ သည်အဆင့်၂၀သို့ရောက်နှင့်ပြီးဖြစ်သည်။ ၎င်းကိုအုပ်ချုပ်သူသားရဲအဆင့်သို့တက်ရန် နောက်သို့ဆုပ်ကိုင်ထားသောတစ်ခုတည်းသောအရာသည်သူ၏အဆင့်ဖြစ်သည်၊ သူအရင်က သားရဲပျိုးထောင်သူအမြောက်အမြားထံသို့ချဉ်းကပ်ဖူးသည်,ဒါပေမယ့် စိတ်မကောင်းစွာနဲ့ဘဲ,သားရဲ၏အဆင့်ကိုမြှင့်တင်ရန်မှာလွယ်ကူသောအရာမဟုတ်ပေ၊ တစ်ခါတစ်ရံ၎င်းတို့အားလုံးသည် RNGမှဆင်းသက်လာခြင်းဖြစ်သည်။

သူသည်သားရဲအတွက်ဆက်လက်ကြိုးစားမှုများပြုလုပ်ခဲ့သော်လည်း သူ၏သားရဲ အဆင့်သည်အဆုံးတွင် အတူတူသာဖြစ်နေသေးသည်။

တစ်ခါတစ်လေတွင် သူအကူအညီမဲ့သလိုပင်ခံစားရသည်၊ ဖြစ်နိုင်တာတော့ ကံတရားက သူ့ကိုဘယ်တုန်းကမှမျက်နှာသာမပေးခဲ့ဘူး။

သူကငယ်ငယ်ကတည်းကအဲ့လိုဘဲကံမကောင်းခဲ့ဘူး။

ကောင်းတာတစ်ခုကတော့ ထိုသို့သော အခြေအနေနှင့်နေသားကျနေခြင်းဖြစ်သည်။

သူတို့ကြားလိုက်တဲ့အသံက တစ်ခုခုမှားနေတယ်ဆိုတာသိလိုက်ရတော့ သူတို့ကအနားကိုအပြေးအလွှားရောက်လာကြသည်။

ဒါကတိုက်ခိုက်နေတဲ့သားရဲတွေရဲ့အသံမဟုတ်ဘူးထင်တယ်။ အသံကနိမ့်ပြီး,အတော်လေးမကြည်မလင်ဖြစ်နေတယ်၊ ဒါကစည်းချက်ကျနေသလိုဘဲ။

ဘာအသံလဲ…

အဖွဲ့ဝင်တွေက သူတို့မျက်နှာပေါ်မှာစိတ်ရှုပ်ထွေးနေတဲ့အမူအရာတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်၊

အဖွဲ့ထဲတွင် နောက်ဆုံးအဖွဲ့ဝင်တစ်ယောက်က အတော်လေးအရပ်ရှည်ပြီး, အသားညိုပြီးပိန်ပိန်ရှည်ရှည်လူငယ်ဖြစ်သည်၊ သူကမျက်မှောက်ကြုံ့ပြီး မဝံ့မရဲနှင့်ပြောလိုက်သည်, “အရင်ကငါလုပ်ဖူးတဲ့ လက်ဝှေ့ကျင့်တဲ့အသံနဲ့ဘာကြောင့်တူနေရတာလဲ။”

“ လက်ဝှေ့ကျင့်တာ? ယောင့်ဟွမ် မင်းလက်ဝှေ့ထိုးတိုင်း မိုက်မိုက်မဲမဲလုပ်တတ်လို့လား? တောနက်ကြီးအလယ်မှာ လက်ဝှေ့ကျင့်နေတဲ့လူက ဘယ်လိုလုပ်ပြီးပေါ်လာနိုင်မှာလဲ။” မျက်နှာပေါ်ကအမာရွတ်နဲ့လူကရယ်သည်။

သားရဲတွေနဲ့ပြည့်နေတဲ့ဒီတောအလယ်မှာ လက်ဝှေ့ကျင့်နေတယ်ပေါ့၊ မင်းရဲ့ဦးနှောက်ထဲကတစ်ခုခုပျက်စီးနေလို့ဘဲဖြစ်ရမယ်။

ကျိုးကျသံ!

သူတို့နဲ့သိပ်မဝေးတဲ့သစ်ပင်ကြီးတစ်ပင်က ခုတ်လှဲခံလိုက်ရပြီး ပြိုလဲကျလာသည်၊ သစ်ပင်လဲကျသွားပြီးနောက် များစွာသောသစ်ကိုင်းများကိုချိုးဖြတ်နေပြီး, ကျိုးကျေ နေသည့်အသံများပေးနေသည်။

“လှုပ်ရှားကြ, အဲ့ကိုသွားပြီးကြည့်ရအောင်၊ မြန်မြန်။” ခေါင်းဆောင်ကလေးနက်စွာနှင့် ပြောလိုက်သည်။

နီးကပ်သွားချိန်တွင်, သစ်ပင်ကို ကမူးရှုးထိုးနှင့်ထိုးကြိတ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူပုံစံလိုမျိုးအလွန်ကြီးသည့်အကောင်ကြီးကို သူတို့တွေ့လိုက်ရသည်။ သူ့ရှေ့ကသစ်ပင်ကြီးက ယိမ်းထိုးနေပြီးအချိန်မရွေးလဲကျသွားတော့မည့်ပုံဖြစ်နေသည်။

က-ချာ! ကြီးမားသောသစ်ပင်ကြီးသည် ထိုလမ်းကြောင်းတစ်လျောက်တွင် အသံကြီးထွက်ပေါ်လာပြီးနောက် ကျယ်လောင်သောကျိုးကြေသံကြီးနှင့်အတူ လဲကျသွားတော့သည်။

သူတို့လူအနည်းစုသည် စကားပင်မပြောနိုင်ဘဲကြောင်အနေကြသည်။

သူတို့အတွက်တော့ တောထဲကသစ်ပင်တွေအားလုံးက အတူတူဘဲဖြစ်သည်။ သူတို့မှာ နာမည်တစ်ခုသာရှိသည်-သစ်ပင်။

သစ်ပင်ရဲ့အမှန်တကယ်နာမည်နှင့် ၎င်း၏ပင်ကိုအမူအကျင့်များ…

သူတို့က d*mnလို့ကိုပင်မပြောနိုင်တော့ပေ။

ခေါင်းဆောင်က သူ့မျက်လုံးတွေနှင့်ထိုတစ်စုံတစ်ခုပေါ်ကိုအာရုံစိုက်နေသည်။

ရှုပ်ထွေးနေသောသစ်ပင်အကျိုးအပဲ့များအတွင်း၌ ထိုလမ်းတစ်လျောက်ရှိ ပင်စည်များ အတွင်း၌ ဝပ်ကာရှာနေသောပုံသဏ္ဍာန်တစ်ခုရှိသည်။

သူကအဲ့ဒီသစ်ပင်အကျိုးအပဲ့တွေထဲက ဘာကိုရှာနေတာဖြစ်နိုင်လဲ? ခေါင်းဆောင်က စောင်းကာကြည့်လိုက်သည်၊ သူ၏အမဲလိုက်အာရုံခံစားမှုအရ တစ်စုံတစ်ခုကမူမမှန် ဖြစ်နေသည်ကိုသတိပြုမိသည်။

“ခေါင်းဆောင်, သွားရအောင်၊” ယောင့်ဟွမ်ကခေါင်းညိတ်လိုက်သည်၊ သူကပထမတော့ သားရဲတစ်ကောင်လို့ထင်ခဲ့ပေမယ့် အဲ့ဒါကအခြားလူတစ်ယောက်ဖြစ်နေသည်၊ အနက် ရောင်ဝတ်ရုံဝတ်ထားသောသားရဲကို တစ်စုံတစ်ယောက်ရှင်းရှင်းလင်းလင်းကိုမွေးမြူထားခြင်းဖြစ်မည်။

ခေါင်းဆောင်ကသူ့ရဲ့ညာလက်ကိုမြှင့်လိုက်ပြီး ကျန်တဲ့သူတွေကို ငြိမ်နေဖို့အချက်ပေးလိုက်သည်၊

ဒီလူကဘာကိုရှာနေတာလဲ?

သူရုတ်တရက်အရမ်းကိုသိချင်မိသွားတော့သည်။

***

အပိုင်း ၈၂ ကျောက်ကွက်ပိုးဟပ်

“အမ်၊ ခေါင်းဆောင်….” အမာရွတ်နှင့်လူငယ်က တစ်ခုခုပြောမလိုလုပ်လိုက်ချိန်မှာပဲ ခေါင်းဆောင်က သူ့နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းတင်ပြလိုက်သည်။

“ရှူး…”

တိတ်တိတ်နေ၊

သူတို့အောက်ဘက်ရှိ လူငယ်လေးက ဇဝေဇဝါပုံစံဖြင့် ပြိုလဲနေသည့်သစ်ပင်,ပင်စည်များကြားမှ တစ်စုံတစ်ခုကိုရှာဖွေကာ သူ့အိတ်ထဲသို့ကောက်ထည့်နေသည်ကို ခေါင်းဆောင်မြင်နေရသည်။

ခေါင်းဆောင် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားရင်း ကောင်းဖန်ကိုသာ စိုက်ကြည့်နေခဲ့သည်။

“တန့်ဆန်း၊ ခဏနေရင် မင်းရဲ့ကိုယ်ပိုင်သားရဲနဲ့ အဲ့ကောင်လေးကို ထိန်းထား။ ငါ အကြီးတစ်ကောင်ကို တာဝန်ယူလိုက်မယ်။” ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

တန့်ဆန်းသည် အသားမဲပြီး ပိန်ပိန်ပါးပါးနှင့်လူငယ်တစ်ယောက်ဖြစ်သည်။ သူ့ဘော့စ်၏အမိန့်ကို ကြားသည်နှင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ကိုယ်ပိုင်သားရဲကို ခေါ်ကာ ဘေးဘက်သို့ တိတ်တဆိတ်တိုးဝင်သွားသည်။

တန့်ဆန်းနှင့်ယောင်ဟွမ်နှစ်ယောက်လုံးသည် ထိုခေတ်က မြေအောက်လက်ဝှေ့ပွဲဟု လူသိများသော အနက်ရောင်လက်ဝှေ့ပွဲတွင် တိုက်ခိုက်ကြသူများဖြစ်ပြီး ခေါင်းဆောင်ကတော့ သူတို့ကိုယ်စားလှယ်ဖြစ်သည်။

ကပ်ဘေးကြီးပြီးသည့်နောက် အနက်ရောင်လက်ဝှေ့လုပ်ငန်းသည် အခြေခံအားဖြင့် ပြိုလဲသွားခဲ့သည်။ လူသားများသည် ကနဦးအထိတ်တလန့်အခြေအနေများကို ကျော်ဖြတ်ပြီးနောက် တည်ငြိမ်မှုကို ပြန်လည်ရရှိလာသောအခါတွင် လက်ဝှေ့ပွဲများကို ကြည့်ရှုရခြင်းထက် သားရဲများအချင်းချင်း အပြင်းအထန် တိုက်ခိုက်ကြသည်ကို ကြည့်ရှုရသည်က ပိုလို့ စိတ်လှုပ်ရှားစရာကောင်းကြောင်း သိလာကြသည်။

ထို့ကြောင့် သူတို့နှစ်ယောက်လုံး သူတို့အလုပ်ကို ဆုံးရှုံးသွားခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ ‘ရွှေကျူပင်’တပ်ဖွဲ့သို့မဝင်ခင် ကိုယ်ပိုင်သားရဲတစ်ကောင်လောက်ဝယ်နိုင်ဖို့ရန်အတွက် ငွေစုခဲ့ကြသည်။ ပရမ်းပတာအခြေအနေများလွန်မြောက်ပြီးနောက် ဘဝသည် အနည်းနှင့်အများ တည်ငြိမ်လာခဲ့သည်။

သူတို့ အပတ်တိုင်း မီးကျီနက်သစ်တောသို့ ငွေရှာဖို့ လာကြကာ၊ သားရဲများကို လေ့ကျင့်ထိန်းကျောင်းပြီး အပိုဝင်ငွေရဖို့အတွက် ဖျော်ဖြေမှုများပြုလုပ်ဖြစ်ကြသည်။ ဘဝက တော်လေးကိုကောင်းမွန်နေသည်။

မီးကျီနက်သစ်တောနက်ပိုင်းထဲကိုတော့ သူတို့မဝင်ရဲကြပေ။ အထဲမှာ အလွန်အန္တရာယ်များကာ မသိနိုင်သည့်ကြောက်လန့်ဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် သစ်တောစွန်းတစ်ဝိုက်ကိုသာ ပတ်ကြပြီး အပင်များနှင့် အဆင့်နိမ့်သားရဲများကို ဖမ်းကြသည်။ တစ်ခါတစ်လေကံကောင်းခဲ့လျှင်တော့ သားရဲအသေကောင်အချို့ကို သယ်သွားနိုင်သည့်ရက်များရှိသည်။

သူတို့အားလုံးသည် သူတို့၏လက်ရှိဘဝနေထိုင်မှုပုံစံကို ကျေနပ်နေခဲ့ကြသည်။ ကမ္ဘာ့နံပါတ်တစ်နေရာကို ယှဉ်ပြိုင်ဖို့ဆိုတာကတော့ သူတို့စိတ်ကူးယဉ်ဖို့ပင် အလှမ်းဝေးလွန်းသည့် အနေအထားပင်။

ဒီလူနဲ့ပတ်သတ်ပြီးတစ်ခုခုတော့ မှားနေတယ်။ သူကတော့ သားရဲလေ့ကျင့်သူတစ်ယောက်က သစ်ပင်,ပင်စည်လုံးပတ်ကို တိုင်းဖို့အတွက်နဲ့ ဒီလိုတောထဲမှာ ဝုန်းဒိုင်းကျဲနေတာလို့ မယုံကြည်ပေ။

ခေါင်းဆောင်က စဉ်းစားနေခဲ့သည်။ သစ်ပင်ထဲမှာ ဘယ်လိုအဖိုးတန်ပစ္စည်းတွေ ဝှက်ထားတယ်ဆိုတာသာ သူသိရရင်။ သစ်တောထဲမှာ အပေါများဆုံးအရာက ဘာများလဲ? သစ်ပင်တွေပဲလေ!

သူဂျက်ပေါ့ဒ်ပေါက်သွားတယ်လို့ မဆိုလိုဘူးလား? ထိုအတွေးတွေက သူ့နှလုံးသားထဲတွင် မီးတောက်တစ်ခုကို အစပျိုးပေးလိုက်သည်။ ဒီလိုသာဆို သူတို့ထပ်ပြီး အလုပ်ကြိုးစားနေဖို့မလိုတော့ဘူး။

ဒမ်ဘီသည် ရုတ်တရက်လှုပ်ရှားမှုများရပ်တန့်သွားကာ အရှေ့ကို သတိထားပြီး ကြည့်လိုက်သည်။ ၎င်းက ခြေတစ်ချက်ဆောင့်နင်းလိုက်ကာ ပါးစပ်မှလဲ အော်သံတိုးတိုးပြုလာသည်။ ၎င်းက လက်သီးနှစ်ဖက်လုံးကို တစ်ပြိုင်တည်း ထိုးလိုက်ကာ တိုပြတ်ပြတ်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

အသံက ကောင်းဖန်ကို ထိတ်လန့်စေသွားတာကြောင့် ဒမ်ဘီ၏အကြည့်လားရာအတိုင်း လိုက်ကြည့်လိုက်သည်။ သူနှင့်ဒမ်ဘီက သွေးစာချုပ် မချုပ်ဆိုရသေးတာကြောင့် စိတ်ဝိညာဉ်မှတဆင့် ဆက်သွယ်ပြောဆို၍မရသေးပေ။ ထိုသို့ဆိုလျှင်ပင် ဒမ်ဘီ၏ရုတ်တရက်အပြုအမူက သူ့ပတ်ဝန်းကျင်မှာ မူမမှန်မှုရှိနေကြောင်း သတိပေးနေသည်။

သူတို့ကိုတွေ့သွားပြီလား။

ခေါင်းဆောင်မှာ သူတည်ရှိနေသည်ကို အမိခံလိုက်ရတော့သည်။ သူ့ဘက်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ အသင့်ပြင်ထားခဲ့သော်လည်း ဒမ်ဘီက ဤမျှလောက် အာရုံခံစားနိုင်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဒမ်ဘီက သူတို့၏တည်ရှိနေမှုကို သွေးကြောမျှနှလုံးမှတဆင့် တခြားနှလုံးများမှ ပဲ့တင်ထပ်နေသည့်ခုန်သံကို ဖမ်းယူသိရှိခြင်းဖြစ်သည်။ ထိုသူများချဉ်းကပ်လာကြလေ သူတို့၏နှလုံးခုန်သံများမှာ ဒမ်ဘီအတွက်တော့ ညအခါမှ ပိုးစုန်းကျူးများလိုပင် ထူးထူးခြားခြားမျက်စိကျစရာကောင်းနေတော့သည်။

ကောင်းဖန်လဲ တာ့ဇီနှင့် စိတ်ဝိညာဉ်စာချုပ်မှတဆင့် ဆက်သွယ်လိုက်သည်။ သူက တာ့ဇီကို သစ်ရွက်ခြောက်များအောက်တွင် မလှုပ်ဘဲ ပုန်းနေပြီး သူ့ညွှန်ကြားချက်ကို စောင့်နေဖို့ ပြောလိုက်သည်။

တစ်ဖက်တွင်တော့ ဆီလီသည် ပုံမှန်အတိုင်း ပျံသန်းလာကာ ကောင်းဖန်၏ခေါင်းပေါ်တွင် နေလိုက်သည်။ ၎င်းက ကောင်းဖန်ကို သက်တန့်ရောင်ဦးထုပ်တစ်လုံးဆောင်းထားသလိုပုံထင်ရစေသည်။

တခြားတစ်ဖက်တွင်ပုန်းနေသည့် တန့်ဆန်းမှာလဲ ရုတ်တရက် အေးခဲသွားတော့သည်။ ဒါက ထောက်ပံ့မှုအမျိုးအစားသစ် သားရဲများလား?

သူရုတ်တရက် မတိုင်မီက ကြည့်ခဲ့သည့် ဇာတ်ကားတစ်ပုဒ်ကို အမှတ်ရသွားသည်။ ဇာတ်ကောင်က ဇာတ်လမ်းထဲတွင် ဦးထုပ်တစ်လုံးဆောင်းထားကာ နောက်တွင် အလွန်အန္တရာယ်များသူဖြစ်လာခဲ့သည်။

“ဟေးဒီမှာ, မိတ်ဆွေလေး” ရယ်သံစွက်နေတဲ့အသံနှင့် ခေါင်းဆောင်က တောအုပ်ထဲကနေအပြုံးနှင့်လမ်းလျှောက်ထွက်လာကာ အမာရွတ်ရှိသည့်လူငယ်နှင့် သားရဲနှစ်ကောင်သည်လဲ နောက်မှလိုက်လာသည်။

ဘယ်ဘက်ကသားရဲကိုကြည့်ရသည်မှာ ပျားတစ်ကောင်နှင့်တူသည်။ ၎င်းကငါးပေ ပတ်လည်ရှည်လျားပြီး ၎င်း၏ခေါင်းထိပ်တွင်ချွန်ထက်သောဦးမျှင်များနှင့် အတောင်များသည် များပြားသောကြိမ်နှုန်းဖြင့် တစ်ဝီဝီမြည်နေသည့်အသံလှိုင်းများနှင့်အတူ ငွေရောင်လျှမ်းလျှမ်းတောက်လျက်ရှိသည်။ အထင်ရှားဆုံးအချက်မှာ ၎င်း၏အမြှီးရှိထိုးသောအချွန်သည် ၎င်း၏အရှည်တစ်ခုလုံး၏သုံးပုံတစ်ပုံခန့်ရှိသည်။ ညာဘက်တွင်တော့ ဧရာမလိပ်ပြာနက်တစ်ကောင်ရှိသည်။ အကယ်၍ထိုတစ်ကောင်က အတောင်ပံပါ,ပါမည်ဆိုလျှင် ၎င်းက၁၀ပေပတ်လည်လောက်ရှိသည်၊ အတောင်၏တစ်ဖက်တစ်ချက်စီတွင် အချိုးမညီသောဦးခေါင်းခွံရှိသည်။ ၎င်း၏ဦးမျှင်များကသူ၏ဦးခေါင်းပေါ်တွင် ကြီးမားသော အနက်ရောင်မီးအိမ်နှစ်လုံးကိုဆွဲထားပုံနှင့်တူနေသည်။

အုပ်စုတွင် အင်းစက်အမျိုးအစားသားရဲများသည်ရာခိုင်နှုန်းများစွာရှိသည်၊

ကောင်းဖန်ကမတ်တပ်ရပ်လိုက်ပြီး သားရဲနှစ်ကောင်ကိုသတိထားမိသွားသည်။ သူတို့ကထိုးဖောက်သံချပ်ကာလုံးချွန်ပျားနှင့် ရိုးခွံလိပ်ပြာတို့ဖြစ်သည်။

ရိုးခွံလိပ်ပြာသည် အနက်ရောင်သားရဲဖြစ်ပြီး တခြားပတ်လည်တွင်ရှိသည့် အနက်ရောင် သားရဲများ၏ အနိမ့်ဆုံးအတန်းစားထဲတွင်တစ်ကောင်အပါအဝင်ဖြစ်သည်။ သေချာပေါက်, အဓိကအားဖြင့် အဆင့်အတန်းနိမ့်တဲ့လူတန်းစားလိုမျိုးသားရဲမရှိပါဘူး၊ စွမ်းရည်အလားအလာကောင်းနေသ၍မည်သည့်သားရဲမဆိုကန့်သတ်ချက်မရှိဖြစ်နိုင် ပါသည်။

ထိုလူများသည်တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်လိမ့်မည်၊ ဘာဘဲဖြစ်ဖြစ်စောစောက သူ၏လုပ်ရပ်များသည်ထူးဆန်းနေသည်မှာသေချာသည်။

“ဒီလိုမျိုးတွေ့ရတာ ကံကြမ္မာဘဲ၊ မင်းတစ်ခုခုအကူအညီလိုအပ်နေလား။” ခေါင်းဆောင်က သူ့မှာဘာရည်ရွယ်ချက်မှမရှိကြောင်းကိုပြဖို့ လက်နှစ်ဖက်ကိုမြှောက်ပြီးမေးလိုက်သည်၊ ဘာဘဲဖြစ်ဖြစ်သူကအထဲကိုဝင်ဖို့ပိတ်ထားသည်။

ဘန်း!

ရုတ်တရက်ဖြစ်ပေါ်သွားသောအသံက အကုန်လုံးကိုထိတ်လန့်သွားစေသည်။

ဒမ်ဘီကသစ်ပင်၏ပင်စည်ကိုလက်သီးဖြင့်ထိုးလိုက်သောအခါ ဝိဉာဉ်မီးတောက်များသည် ၎င်း၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းစွာတောက်ပနေပြီး အသစ် ရောက်လာသူများကို ဒေါသသံဖြင့်ဟိန်းဟောက်လိုက်သည်။ အရိုးများသာရှိသည့် ၎င်း၏ ရင်ဘတ်ဗလာနှင့် ကျယ်လောင်သောအသံကိုတော့ မထုတ်နိုင်ခဲ့ပါ။ သို့သော်နက်ရှိုင်းသည့် အသံနိမ့်နိမ့်ဖြင့်ဟိန်းဟောက်သံသည် ဂုဏ်သိက္ခာရှိသောစစ်မြင်းတစ်ကောင်လိုပင် ဖြစ်နေသည်။

ကောင်းဖန်၏ ခန္ဓာကိုယ်ကိုကတင်းကျပ်သွားသည်။ ဒီမှာတစ်ခြားသူတွေရှိနေတယ်! တစ်စုံတစ်ယောက်ကပုန်းနေဆဲဖြစ်တာကြောင့် ကောင်းဖန်က ဒါဟာကောင်းတဲ့ လက္ခဏာမဟုတ်တာကိုတွေးမိလိုက်သည်။ အကယ်၍သူတို့မှာ ကောင်းတဲ့ရည်ရွယ်ချက်ရှိမည်ဆိုလျှင် သူတို့ကဘာလို့တောထဲမှာပုန်းနေပြီး ဘာလို့သူ့ကိုထောက်လှမ်းနေမှာလဲ?

သူလျှိုနှင့်စောင့်ကြည့်ခံနေရကြောင်းတွေ့ရှိသည့် မည်သူမဆိုစက်ဆုပ်ကြမည်သာဖြစ်သည်၊ “ကျွန်တော်အကူအညီလိုမယ်မထင်ဘူး။” ကောင်းဖန်ကသူတို့ကိုစိတ်ခံစားချက်မပါဘဲ ပြတ်ပြတ်သားသားငြင်းပယ်လိုက်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ထိုလူတွေကအမှောင်ထဲမှာဖြစ်ပြီး သူကအလင်းထဲမှာဖြစသော်လည်း သူ့မှာသုံးဖို့အတွက်ဝှက်ဖဲရှိသေးသည်။ အဲ့တာကတာ့ဇီနှင့်သဘောတူချုပ်ဆိုထားသော လျှို့ဝှက်နည်းလမ်းဖြစ်ပြီး, ကြယ်နက္ခတ်ပြောင်းရွှေ့ခြင်းပင်ဖြစ်သည်။

ဒီလူတွေဆီမှာ ထိုကဲ့သို့နည်းလမ်းမျိုးတွေရှိလားဆိုတာသူမသိပါ၊ ဒါပေမယ့်ဒါက သူတို့လုပ်ဖူးပုံမပေါ်ဘူး၊ အကယ်၍ လူတစ်ယောက်ကထိုလျှို့ဝှက်နည်းကိုပိုင်ဆိုင်လျှင်, အန်ကယ်လျိုကသတိရှိရှိနှင့်သူတို့ကိုနောက်တွင်ချန်ခဲမှာမဟုတ်ပေ။ ထို့အပြင် သူထိုနည်းလမ်းအကြောင်း ဆက်စုံစမ်းကာ လှည့်ပတ်ကာမေးမြန်းနေပေမည့် လူအများစုကထိုကဲ့သို့ နည်းပညာကိုမကြားဖူးတာကိုသူတွေ့ခဲ့သည်။

“ဒါကငါ့ညီပါ၊ စိတ်လျှော့,ငါတို့မှာဘာရည်ရွယ်ချက်မှမရှိပါဘူး။”

ခေါင်းဆောင်၏မျက်နှာတွင် အပြုံးကတောက်ပနေသော်လည်း သူ့စိတ်ထဲတွင်ဒမ်ဘီကိုတိတ်တဆိတ်ကျိန်ဆဲနေသည်။

ဒါကဘယ်လိုတောင်ရူးသွပ်နေတဲ့အကောင်လဲ? ဘာလို့ဒီကောင်ကအာရုံခံစားမိနေတာလဲ? သူတွေးနေမိသည်။

တန့်ဆန်းက တောအုပ်ထဲကနေလမ်းလျှောက်ထွက်လာပြီး သူ့နောက်တွင် ငွေဖြူရောင်ပိုးဟပ်တစ်ကောင်ကလိုက်လာသည်။

ထိုပိုးဟပ်၏ပါးစပ်ပိုင်းသည် အရွယ်အလွန်ကြီးပြီး ၎င်း၏ခန္ဓာကိုယ်သည်အလွန်ချောမွေ့ပြီး ငွေဖြူရောင်သဏ္ဍာန်သည် အလွန်ကိုနှစ်သက်ဖွယ်ကောင်းလှသည်။ ကောင်းဖန် ဘယ်တုန်းကမှထိုကဲ့သို့ပိုးဟပ်မျိုးကိုအရင်ကမတွေ့ဖူးပေ။ ထို့ကြောင့်သူကအကူအညီ မဲ့နေပေမယ့် နောက်ထပ်ထပ်၍ထိုကောင်ကိုစိုက်ကြည့်လိုက်သည်၊

[မကောင်းဆိုးဝါးအမည်]-ကျောက်ကွက်ပိုးဟပ်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၈(ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-ရွှေ

[မကောင်းဆိုးဝါးအားနည်းချက်]- လျှပ်စီး

ကျောက်ကွက်ပိုးဟပ်၊ ကောင်းဖန် ဒီလိုသားရဲမျိုးကိုစာအုပ်များထဲမှာပင် တစ်ခါမှ မတွေ့ဖူးပေ။ ဖြစ်နိုင်တာက ၎င်းကရှားပါးသည့်မူကွဲတစ်ကောင်ဖြစ်လောက်မည်။ သားရဲများစွာကို မသိရှိရသေးဘဲ လူသားများသည်လဲ စူးစမ်းရှာဖွေရေးလုပ်ငန်းစဉ်၌ရှိနေဆဲဖြစ်သောကြောင့် ၎င်းသည်အဖြစ်များသည်။

“ညီငယ်လေးက ငါတို့နှောက်ယှက်တာကိုမကြိုက်ဘူးနဲ့တူတယ်၊ မေ့လိုက်ပါတော့။” ခေါင်းဆောင်ကရယ်ကာပြောလိုက် ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

***

အပိုင်း ၈၃ သစ်သားအာကာပြင်နှလုံးသားများရရှိခြင်း

ခေါင်းဆောင်၏စိတ်မှာ လွန်ဆွဲလို့နေသည်။ အစောပိုင်းက အခြေအနေများကို ပြန်ကြည့်လျှင် ထိုဆယ်ကျော်သက်လေးသည် သေချာပေါက် သူတို့ကို လွန်စွာသတိထားနေသည်မှာ သေချာသည်။ သူတို့အတွက် ကောင်လေးဆီမှ အဖြေရရန် အတင်းအကြပ်ဖိအားပေးသည့် နည်းလမ်းမှလွဲပြီး အခြားဖော်ထုတ်နိုင်ဖို့ မျှော်လင့်ချက်မရှိတော့ပေ။

သူတို့ကို မြန်မြန်ရှာတွေ့သွားခံရသည်က နှမြောစရာကောင်းလှသည်။ အခုတော့ သူတို့မှာ အံ့ဩစရာပစ္စည်းရှာတွေ့နိုင်သည့် အချက်ကို ဆုံးရှုံးလိုက်ရလေပြီ။ သူတို့သာ ကောင်လေးကို အတင်းသွားဖမ်းပြီး ရှုံးနိမ့်ခဲ့ပါက ဘာမှမရဘဲ ရန်သူအသစ်သာ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ကောင်းဖန်သည် အသက်ငယ်ငယ်လေးသာရှိသေးသော်လည်း ကိုယ်ပိုင်သားရဲအနည်းငယ်ကို ပိုင်ဆိုင်နေပေပြီ။

ကောင်းဖန်က တာ့ဇီကို သစ်ရွက်ခြောက်များကြားတွင် ပုန်းနေဖို့ တိတ်တဆိတ်ညွှန်ကြားထားသော်လည်း သူတို့ကတော့ အစောကတည်းက ကောင်းဖန်ကို လျှို့ဝှက်စွာ ထောက်လှမ်းနေကြတာကြောင့် ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သည်။

စုစုပေါင်းကိုယ်ပိုင်သားရဲသုံးကောင်ရှိနေတာပဲ။

ခေါင်းဆောင်သည် ခြိမ်းခြောက်နိုင်ချေမရှိသော တိုက်ခိုက်စွမ်းရည်မရှိသည့် အသုံးမဝင်သော ဂျယ်လီငါးကိုတောင် မြင်ခဲ့သေးသည်။

ဒီလောက် ငယ်ငယ်လေးနဲ့ ကိုယ်ပိုင်သားရဲသုံးကောင်ကို တပြိုင်တည်း ပျိုးထောင်နိုင်သည်က ကောင်းဖန်တွင် ငွေ သို့မဟုတ် အရည်အချင်းရှိသည်ဟု ဆိုလိုပေသည်။

ပြောရရင်တော့ သူ့ကို ပမွှားလေးတစ်ယောက်လို့ သဘောထားလို့မရနိုင်ပေ။

ပိုဆိုးတာကိုပြောရရင်တော့ အနက်ရောင်ဝတ်ရုံနဲ့သားရဲသည် ထူထူကိုပင် မသက်မသာခံစားရစေသည့် အော်ရာများထုတ်လွှတ်နေခဲ့သည်။

ခေါင်းဆောင်၏နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ကို ပြဿနာကို တစ်ခါတည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် မဖြေရှင်းနိုင်ပါဘဲ ရှေ့ဆက်တိုးကာ ရန်သူများလာခြင်းသည် ပညာမဲ့သည့်လုပ်ရပ်ဟုပြောနေသည်။

ရန်သူများစွာ ဖန်တီးခြင်းက အများအားဖြင့် ရလဒ်နှစ်ခုကိုသာ ထွက်စေသည်။

သူတို့က ရန်သူများထက် ပို၍အင်အားကြီးအောင်လုပ်ကာ အားလုံးကိုနှုတ်ပိတ်သွားစေခြင်း ဒါမှမဟုတ် သူတို့ဘက်ကသာ ဆိုးဆိုးရွားရွားသေပွဲနွှဲရခြင်းပင်ဖြစ်သည်။

ဒုတိယအချက်ကတော့ ဒီလိုမျိုး ခွေးကခွေးကိုစားသည့်ကမ္ဘာကြီးအတွက် အဖြေနိုင်ဆုံးဖြစ်နိုင်ချေပင်။ သူ့ဘဝကို သူတောင်မသိပါဘဲ အလွယ်တကူနှုတ်ယူသွားနိုင်လောက်တဲ့ ကိုယ်ပိုင်သားရဲအသစ်တချို့ တွေ့ရှိထားနိုင်လောက်လားဆိုတာ ဘယ်သူကသိနိုင်မှာလဲ?

သူလဲ တန့်ဆန်းနှင့်ယောင့်ဟွမ်တို့ကိုခေါ်ကာ သုံးဦးသားပြန်လှည့်လာလိုက်ကြသည်။

သုံးယောက်သား ပြန်ထွက်လာသည်နှင့် ယောင့်ဟွမ်၏တင်းမာနေသည့်အမူအရာက အနည်းငယ်ပြေလျော့သွားကာ စိတ်သက်သာရာရစွာ တိတ်တဆိတ်သက်ပြင်းပင်ချလိုက်သည်။ မြေအောက်လက်ဝှေ့ကို သူလုပ်ကိုင်ဖူးသော်လည်း သူ့ညီမလေး၏ကျောင်းစားရိတ်အတွက် ငွေရှာချင်လို့သာဖြစ်သည်။ သူ့ညီမလေး အလွန်ငယ်ရွယ်သေးချိန်က မိဘနှစ်ပါးလုံးကို ကားတိုက်မှုတစ်ခုတွင် ကံဆိုးစွာပဲ ဆုံးရှုံးခဲ့ရပြီး သူတို့နှစ်ယောက်လဲ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်ခဲ့ကြရသည်။

သူ မြေအောက်လက်ဝှေ့ပွဲများတွင် ဝင်ထိုးကာ ဆေးလိပ်သောက်၊ တက်တူးထိုး၊ တခါတလေ အရက်ပင်သောက်သေးသော်လည်း အခုထိစိတ်နှလုံးကောင်းသူတစ်ယောက် ဖြစ်နေသေးကြောင်းကိုတော့ သူကိုယ်တိုင်သိသည်။

သူ လုယက်မှု၊ ပြန်ပေးဆွဲမှ၊ လူသတ်မှုစသည့် ပြစ်မှုများကို တစ်ခါမှမကျူးလွန်ဖူးပေ။ ဒါကြောင့် အစောတုန်းက အခြေအနေက သူ့ကိုအလွန်စိုးရိမ်ထိတ်လန့်စေခဲ့သည်။

သို့ပေမည့် တန့်ဆန်း၏မျက်နှာအမူအရာကတော့ တကယ်ကိုမဲမှောင်နေသည်။ တကယ်တော့ သူ့နဂိုအသားအရောင်ကကို မဲနေပြီးဖြစ်သည်။

အချိန်အတော်ကြာ သည်းခံနေပြီးနောက် သူဆက်ပြီးမထိန်းထားနိုင်တော့ပေ။ “ဘော့စ်၊ ဘာလို့ ချက်ချင်းလက်ဦးမှုမယူလိုက်တာလဲ? ဒီကောင်လေးမှာ အာရုံခံနိုင်စွမ်းကောင်းတဲ့ ကိုယ်ပိုင်သားရဲလေးတစ်ကောင်ပဲ ရှိရုံပါ။ ငါတို့သာ အဆုံးထိတိုက်ခိုက်လိုက်ရင် သူငါတို့ကို ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး။”

ခေါင်းဆောင်က သူ့ခေါင်းကိုခါလိုက်ကာ၊ “အကြမ်းဖက်လိုက်ရုံနဲ့ အရာရာကိုဖြေရှင်းမရနိုင်ဘူး။ နောက်တော့မှ၊ သူထွက်သွားပြီးကာမှ အဲ့ဒီမှာ တစ်ခုခုရှာတွေ့မလားသွားကြည့်ကြတာပေါ့။ သူသစ်ပင်တွေကို ချိုးနိုင်မှတော့ ငါတို့လဲ လုပ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် တောထဲမှာ သစ်ပင်တွေမှအများကြီးပဲကို ဘာလို့ သစ်ပင်လေးနည်းနည်းအတွက် သူနဲ့တိုက်ခိုက်နေမှာလဲ?” ခေါင်းဆောင်က စိတ်အားထက်သန်သည့်အပြုံးဖြင့်ပြုံးကာပြောလိုက်သည်။

သူနှင့်ကောင်းဖန်ကြားတွင် အခြေခံအားဖြင့် ဘာပြဿနာမှမရှိခဲ့ပေ။ ကောင်းဖန်သာ သိသာမြင်သာသည့် ရတနာကိုကိုင်ထားခဲ့မည်ဆိုလျှင် အခြေအနေမှာ ကွဲပြားသွားပေမည်။ သူလဲ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသောလမ်းကို ရွေးချယ်ကာ ထိုရတနာကို သူ့လက်ထဲရောက်အောင် လုပ်မည်ဖြစ်ပြီး ကိစ္စအားလုံးပြီးကာမှ ခြေရာလက်ရာများကို ဖျောက်ဖျက်ပစ်ပေမည်။

တကယ်တော့ ရရှိလာမည့်အကျိုးအမြတ်က ကိုယ်စွန့်စားတာနဲ့ထိုက်တန်ရဲ့လားဆိုတာကို ခွဲခြားဖို့ပင်။

“နားလည်ပါပြီ။” တန့်ဆန်းခေါင်းညိတ်လိုက်သည်။

ထို့နောက် တခဏမျှတိတ်ဆိတ်သွားပြန်ကာ တန့်ဆန်းကပဲ ချီတုန်ချတုန်ဖြင့် ပြောလာပြန်သည်။ “ဒါပေမယ့် ဘော့စ်၊ အဲ့ဒီသစ်ပင်တွေထဲမှာ ဘာတွေရှိလဲဆိုတာ ငါတကယ်သိချင်နေတာ။”

“….ငါလဲသိချင်တာပဲ။ ဒါပေမယ့် ဒီလောက်ပဲ။ ငါတို့ရဲ့ဒီနေ့မစ်ရှင်ကို မမေ့လိုက်ကြနဲ့။ အခုတော့ အချိန်ဖြုန်းပြီးနေပြီ၊ မြန်မြန်လုပ်ကြရအောင်။”

ထိုသုံးယောက်ထွက်သွားပြီးမှပဲ ကောင်းဖန်၏တင်းမာနေသည့်အာရုံကြောများ ပြေလျော့သွားရသည်။

ရိုးရိုးသားသားပြောရလျှင် ထိုလူသုံးယောက်သာ အကြမ်းဖက်တိုက်ခိုက်လာပါက သူဘာလုပ်လို့လုပ်ရမည်မှန်း မသေချာပေ။

သူ ထိုလူများကို ချက်ချင်းသတ်ပစ်ဖို့အထိ ကြံရွယ်ထားရမည်လား? ကောင်းဖန် သေချာမသိပေ။

သို့သော်လည်း ကျေးဇူးတင်စရာကောင်းစွာ ထိုလူများက သူ့ကိုပြဿနာဆက်မရှာခဲ့ကြပေ။ ဒါကတော့ အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။

ထို့နောက် ကောင်းဖန် ဒမ်ဘီကိုအရှိန်မြှင့်စေလိုက်သည်။ နောက်ထပ် လူတွေနဲ့ထပ်တိုးနိုင်တာကြောင့် ကောင်းဖန် ဤနေရာတွင် ကြာကြာဆက်မနေလိုတော့ပေ။

နောက်ထပ်နှစ်နာရီကြာပြီးနောက်, လက်ရှိတွင် ထိုဧရိယာရှိ ဖန်ပုလင်းပင်များအားလုံးသည် ဒမ်ဘီကြောင့်ဒုက္ခသည်များကဲ့သို့လဲနေပြီး, မြေပြင်တွင်အပျက်အစီးများနှင့် ပြည့်ကာကျန်နေခဲ့သည်။ ကောင်းဖန်သည် သစ်သားအာကာပြင်နှလုံးသားစုစုပေါင်း ၂.၁ပေါင်ကိုစုဆောင်းခဲ့သည်။

ကောင်းဖန် ကျိုးပဲ့ပျက်စီးနေသော သစ်ပင်များကိုတွေ့သောအခါ သက်ပြင်းချလိုက်မိသည်။ ၎င်းတို့အားလုံးသည် အလယ်မှထက်ပိုင်းကျိုးနေကြခြင်းဖြစ်တာကြောင့် နည်းနည်းသိသာ နေသည်။ အခုဆိုကောင်းကင်က မှောင်မဲလာပြီဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေကို ကောင်းကောင်း အသုံးချရမည်ဖြစ်သည်။

ကောင်းဖန်သည် တာ့ဇီကို ဘေးပတ်လည်ဧရိယာတစ်ဝိုက်တွင်ရှာဖွေရန်ခေါ်လိုက်သည်။ အလွန်လျင်မြန်စွာနဲ့ဘဲ, သူတို့သည်သစ်ကြားသီးအရွယ်လောက်ရှိသော အနက်ရောင်အသီးကိုရှာတွေ့ခဲ့သည်။ အပြင်ဘက်အခွံကို လက်နှစ်ဖက်ဖြင့်နှိုက်ကြည့်လိုက်ပြီး မာဆတ်နေသောအခွံကိုခွဲလိုက်သည်။ အခွံ၏အက်ကွဲကြောင်းများကြားထဲမှစေးကပ် သောအဖြူရောင်အမျှင်များပေါ်လာသည်၊ ကြမ်းတမ်းသောအနက်ရောင်အခွံ အောက်ပိုင်းတွင်အနီရောင်အမွှေးဖွားအများအပြားရှိသည်။

ကောင်းဖန်ကထိုအမွှေးများကိုဆွဲထုတ်လိုက်ပြီး ဘောလုံးလိုမျိုးလိမ့်ထည့်လိုက် ကာ သစ်ရွက်အပုံလိုက်ကြီးပေါ်တွင်တင်လိုက်သည်၊ သူကနောက်တော့ တာ့ဇီကိုခေါ် လိုက်သည်။

တာ့ဇီကဒယီးဒယိုင်နှင့်ထလာကာ ကောင်းဖန်သည်၎င်း၏ဦးမျှင်အစုံကိုကိုင်လိုက်သည်။ ဝိုင်ယာနှစ်ခုနှင့်ကစားသလိုဖြစ်နေပြီး ထိုဦးမျှင်အစွန်းနှစ်ဖက်ကိုထိစပ်လိုက်သည့်အခါတွင်လျှပ်စီးပေါ်လာသည်၊ တာ့ဇီကသူ့သခင်သည်သူ့ရဲ့ဦးမျှင်တွေနဲ့ဆော့နေတာကိုမြင်ပြီး ၎င်းနှင့်ပိုပြီးတောက်ပလာအောင်တောင်ပြုလုပ်လိုက်သေးသည်၊ ဒါကအရမ်းကို စူးစမ်းသိချင်စိတ်များနေသလိုခံစားရသည်။

ကောင်းဖန်ကကျေနပ်ခြင်းအပြည့်နှင့်သူ၏ခေါင်းကိုငြိမ့်လိုက်သည်၊ ၎င်းကကောင်းကောင်း လုပ်ဆောင်နိုင်နေတာပဲ။

တာ့ဇီရဲ့လက်ရှိစွမ်းရည်ကြောင့် ၎င်းကလျှပ်စီးကိုထုတ်လွှတ်နိုင်ဖို့အတွက် မစွမ်းသေးပေ၊ အဆင့်၂၀ပြီးနောက်တွင်တော့ လျှပ်စီးစွမ်းရည်ထုတ်လွှတ်နိုင်ခြင်းသည် တာ့ဇီအတွက် ရိုးရှင်းသည့်ကိစ္စတစ်ခုဖြစ်လာလိမ့်မည်။ ၎င်းသည် အဆင့်တစ်ခုတက်ပြီးတိုင်းတွင် ဖွံ့ဖြိုးလာသောစွမ်းရည်အသစ်တစ်ခုတော့မဟုတ်ပေ။ အခုအတွက်တော့, ဦးမျှင်နှစ်ခုအစွန်းနှင့် လျှပ်စီးဖန်တီးရန်အတွက်လုံလောက်သည်။

အနီရောင်အမွှေးကို ထိုအစွန်းနှစ်ဖက်၏အလယ်တွင်ထားပြီး ကောင်းဖန်သည် မီးညှိရန် ဂရုတစိုက်နှင့်ကြိုးစားလိုက်ပြီးနောက်တွင်မီးစတင်လောင်ကျွမ်းလာတော့သည်။ အနီရောင်အမွှေးသည် ကပ်ဆိုးကြီးမတိုင်ခင်က ဝါဂွမ်းလိုမျိုးဖြစ်သည်။

မီးတောက်သည် တောက်လောင်လာပြီး ၎င်း၏အောက်ရှိသစ်ရွက်များသည်တော့ လောင်စာအဖြစ်နှင့် လောင်ကျွမ်းသွားကာ မီးသည်ကြီးသထက်ကြီးလာတော့သည်။

တောမီးလောင်ကျွမ်းမှုအတွက်နှင့် လူတစ်ဦးကိုထောင်ဒဏ်ဘယ်နှနှစ်ချမှတ်တာများလဲ? ကောင်းဖန်ကစတင်စဉ်းစားတော့သည်။

ကပ်ဆိုးကြီးမတိုင်ခင်ကတော့ ဒါကသေချာပေါက်ကိုစွဲချက်တင်နိုင်သည့်ပြစ်မှုတစ်ခုဖြစ်ပေမယ့် သူတို့ကကပ်ဆိုးကြီးအပြီးမှာထိုဥပဒေကိုဖျက်သိမ်းလိုက်ပုံရသည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်သည် အဆပေါင်းများစွာကျယ်လာပြီး သစ်တောဧရိယာများသည်လည်းတိုးလာသည်။

ဒုတိယအချက်မှာ အပင်များပိုင်ဆိုင်သော အသက်စွမ်းအားနှင့်ခုခံစွမ်းအားတို့သည် ယခင်ကထက်ပို၍ကြံ့ခိုင်လာသည်။ ကြီးမားသောတောမီးကိုဖန်တီးရန်ရိုးရှင်းသော မီးတောက်လေးနှင့်လက်တွေ့တွင်ပြုလုပ်၍မဖြစ်နိုင်ပါ။

သို့သော်ကျိုးပဲ့နေသောဖန်ပုလင်းပင်များ၏ခံနိုင်စွမ်းအားသည်တော့ သိသိသာသာကိုလျော့ကျသွားပြီဖြစ်သည်။ သူတို့ကအကူအညီမဲ့စွာနှင့် မီးတောက်၏ဝါးမျိုခြင်းကိုခံလိုက်ရသည်၊ မီးတောက်၏အလင်းသည် ကောင်းဖန်၏မျက်နှာပေါ်တွင်တောက်ပနေပြီး အလွန်ပြင်းပြခြင်းနှင့်မဆီလျော်စွာမီးရောင်တောက်နေသည်။

ဖန်ပုလင်းပင်များအားလုံးမီးရှို့ခံရသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ရှိပြီးနောက် ကောင်းဖန်သည်နောက်ဆုံးထွက်ခွာတော့သည်။

မီးကနောက်ထပ်မပြန့်တော့ပေ၊ သဘာဝအတိုင်းတည်ရှိနေသောမီးအမျိုးအစား သားရဲများစွာရှိသည်။ အကယ်၍သူတို့က မီးလုံးအနည်းငယ်ကိုတံတွေးထွေးလိုက်ရုံနှင့် တောမီးကိုစတင်ခဲ့လျှင် ဒီသစ်တောတွေကအလွန်ကိုသနားစရာကောင်းနေလိမ့်မည်။

နောက်တော့ထိုညမှာတင်, လူသုံးယောက်အဖွဲ့သည်ထိုနေရာသို့ရောက်လာသည်၊ လေထုသည်အခုချိန်ထိမီးခိုးနံ့များနှင့်ပြည့်နေသေးသည်၊ မြေကြီးပေါ်တွင်ထူထပ်သော ပြာမှုန်တွေကြားတွင် ကောင်းကင်မှာကြယ်တွေလိုအလင်းရောင်ပေးနေသည့် မီးခဲအပိုင်းအစများရှိနေတုန်းဖြစ်သည်။

မီးသည်ထိုဧရိယာတစ်ဝိုက်ကိုသာလောင်ကျွမ်းစေခဲ့သည်၊ မမြင်နိုင်သောအင်အားအချို့က ရပ်တန့်သွားစေသလိုပင် ဆက်လက်လောင်ကျွမ်းရန်မဖြစ်နိုင်တော့ပေ။

တန့်စန်းသည်မြေပြင်ပေါ်တွင်ပြာများဖုံးနေခြင်းကိုကြည့်ပြီး စကားမပြောနိုင်ဘဲဖြစ်နေတော့သည်၊ ဒီလိုမီးရှို့ခံပြီးတဲ့နောက်တော့ သူတို့ရှာဖို့ဘာကျန်တော့မှာလဲ။ ဘယ်လောက်တောင်တော်လိုက်တဲ့ကလေးလဲ။

တန့်စန်း၏စကားမပြောနိုင်သောအမူအရာနှင့်ဆန့်ကျင်ဘက်ပင် ခေါင်းဆောင်၏အမူအရာသည် မှောင်မိုက်လာပြီးလေးနက်လာတော့သည်။ သူသည်မြေပြင်ပေါ်တွင်ဖုံးနေသောပြာများကိုကြည့်ပြီးနောက်သက်ပြင်းချလိုက်သည်၊ “မေ့လိုက်တော့ ဒီနေ့ဘာမှ မဖြစ်ခဲ့သလိုဘဲနေကြတာပေါ့၊ အိမ်ပြန်ကြစို့။”

“အာ? ခေါင်းဆောင်ဒီကိစ္စကိုဒီတိုင်းဘဲထားလိုက်တော့မှာလား။” တန့်စန်းကခေါင်းကို ကုတ်လိုက်သည်၊

“ ထားခဲ့လိုက်စမ်းပါ၊ ငါပြောတာနားထောင်။” ခေါင်းဆောင်ကသူ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ ဘာတွေ့ခဲ့တယ်ဆိုတာကိုယုံကြည်နားလည်သည်။ ထိုမီးရှို့ခဲ့သည့်ကောင်လေးတောင် သူကိုယ်တိုင်မမြင်ခဲ့လောက်ဘူး။ ဒီလိုရက်စက်တဲ့ဆုံးဖြတ်ချက်သည်သူ၏ဗီဇထဲမှာကို မြှုပ်နှံထားသည်။

ကောင်းဖန်အိမ်ပြန်ရောက်ကာ တံခါးဖွင့်လိုက်ချင်းမှာပဲ ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော စွန့်ပစ်ထားသည့် သံဘူးဒါဇင်လောက်ကို တွေ့လိုက်ရသည်။

အစင်းပင့်ကူသည် သူ၏ခြေချောင်းလက်ချောင်းရှစ်ချောင်းကို လေထဲသို့မြှောက်ထားပြီး သက်တောင့်သက်သာနှင့်ကြမ်းပြင်ပေါ်တွင်လှဲနေသည်။ သူခန္ဓာကိုယ်၏ဘေးတွင် အရည်လဲထားသောကျောခွံအပုံလိုက်ကြီးရှိသည်၊ အစင်းလေး၏ခန္ဓာကိုယ်သည် ကောင်းဖန်မနက်ကထားခဲ့သည့်ပုံထက် ပိုပြီးကြီးလာကာဖွံ့ဖြိုးလာသည်။

သူရဲ့သခင်ပြန်လာတာကိုသတိထားမိပြီးနောက် အစင်းလေးကသူရဲ့ခြေထောက်များကို ပျင်းရိစွာကွေးလိုက်ပြီးနောက် သက်တောင့်သက်တာဖြင့် ဆက်ပြီးအိပ်လိုက်သည်။

***

အပိုင်း ၈၄ ငါတော့ ဦးထုပ်စိမ်းဆောင်းရပြီ

ကောင်းဖန် အစင်းလေး၏ကွာကျသွားသည့် အပေါ်ခွံဟောင်းများကို ကောက်ယူလိုက်သည်။ ဝတ္ထုတွေထဲကလို သားရဲများ၏အရေခွံမှာ မှောင်ဆန်သည့်အကျိုးသက်ရောက်မှုမျိုး ရှိနိုင်သည်ဟူသည့် အတွေးများကိုလဲ မတွေးမိဘဲမနေနိုင်ပေ။

နောက်တော့မှ သူစိတ်ကူးယဉ်လွန်းနေမှန်း သတိထားမိသွားသည်။ ကောင်းဖန်လဲ ကြမ်းပြင်ပေါ်ပြန့်ကျဲနေသည့် အရေခွံဟောင်းများမှဖြစ်လာသော ဖုန်မှုန်များကို သန့်ရှင်းရေးလုပ်ကာ အချိန်အနည်းငယ်ကုန်စေလိုက်သည်။

အစင်းလေးက သူဒီနေ့အပြင်ထွက်နေတုန်း အမှန်တကယ်အဆင့်တက်အောင် လုပ်နိုင်ခဲ့မှန်း ကောင်းဖန်သိလိုက်သည်။ အစင်းလေးသည် တကယ်ကို ယခင်ထက် ပိုကြီးထွားလာသည်။ ကောင်းဖန်လဲ အစင်းလေး၏ခေါင်းကိုပုတ်ပေးကာ အားပေးစကားပြောလိုက်သည်။ “ဆက်ပြီးစား၊ ဆက်ပြီးကြီးအောင်လုပ်! မင်းထွားကြိုင်းလာပြီး ချစ်စရာကောင်းလာတဲ့အထိ စားနိုင်ရင်အကောင်းဆုံးပဲ။”

အစင်းလေး၏မျက်လုံးအိမ်များမှာ ဆက်တိုက်တောက်ပလာခဲ့ပြီး ကောင်းဖန်၏စိတ်ထဲတွင်လဲ တတောက်တောက်အသံများနှင့်အတူ အစင်းလေး၏အတွေးများကို ကြားလာရသည်။

အွန်း! အွန်း! အွန်း!

“မင်းဝလာတဲ့အထိစောင့်ရမယ်! ပြီးမှ ငါတို့ပင့်ကူကြော်စားရတာပေါ့။”

အစင်းလေး ရုတ်တရက်ဆိုသလို တောင့်ခဲသွားတော့သည်။ သူက သနားစရာအကြည့်လေးဖြင့် သခင်ဖြစ်သူကို မျက်လုံးလှန်ကြည့်လာကြောင့် ကောင်းဖန်တောင် စမိတာလွန်သွားသလို ခံစားလိုက်ရသည်။

…….

ဆီလီ၏ဆင့်ကဲတက်ဖို့အတွက် လိုအပ်သည့်ပါဝင်ပစ္စည်းအားလုံးကို စုဆောင်းပြီးပေပြီ။ သို့သော်လည်း ယခုအခါ ပါဝင်ပစ္စည်းများကို ဟင်းချက်သည့်အိုးကြီးထဲသို့ ထည့်ပြုတ်၍မရနိုင်ပေ။ ဆီလီတွင်က အားနည်းသည့်ဖွဲ့စည်းပုံမျိုးရှိတာကြောင့် ဖိစီးမှုနည်းနည်းလေးကိုတောင် မခံနိုင်၍ ပါဝင်ပစ္စည်းများကို အထူးတလည်ပြင်ဆင်ပေးဖို့ရန် လိုအပ်သည်။

ကောင်းဖန် ထလိုက်ကာ ဆီလီနှင့်အတူ အောက်ထပ်သို့ဆင်းလာပြီး မြို့လယ်မှ စတူဒီယိုရှိရာသို့ထွက်လာခဲ့သည်။ စတူဒီယိုမှာဆို ပိုမိုပြည့်စုံသည့် စမ်းသပ်ကိရိယာများရှိပေသည်။

စတူဒီယိုမှာ ငါ့ရဲ့လုပ်ပိုင်ခွင့်လဲရှိတာဆိုတော့ ပစ္စည်းတွေကို ငါ့အပိုင်အဖြစ်သဘောထားလို့ရသင့်တာပေါ့။ အလုပ်ပြီးချိန်မှာ ငါ့ပစ္စည်းတွေကိုသုံးတာကို အများပိုင်ပစ္စည်းအလွဲသုံးစားလုပ်တာလို့ သတ်မှတ်လို့မရဘူးလေ၊ ဟုတ်တယ်မလား? ကောင်းဖန် ကိုယ့်စိတ်ကိုယ်ဖြေသိမ့်နေသော်လည်း အပြစ်ရှိစိတ်ကတော့ မပျောက်သွားပေ။

မြို့လယ်ခေါင်သို့ရောက်သည်နှင့် ကောင်းဖန် ကားပေါ်မှဆင်းလိုက်သည်။ အခုက ည၇နာရီလောက်ရှိပြီဖြစ်ကာ တစ်နေ့တာ၏အလုပ်အရှုပ်ဆုံးအချိန်လဲဖြစ်သည်။ လမ်းတစ်လျှောက် ရောင်စုံမီးများက တလက်လက်တောက်ပလို့နေကာ လူများကလဲ ပုခုံးချင်းတိုက်မတက် တိုးကြိတ်ကာ လမ်းလျှောက်နေကြရပြီး လွန်စွာလူများကာ သက်ဝင်လှုပ်ရှားလို့နေသည်။

သူနောက်ဆုံးတစ်ခေါက် ဈေးဝယ်ထွက်တုန်းကနေဆိုလျှင် တော်တော်ကြာသွားပေပြီ။ လူများရှုပ်ထွေးနေသည့်လမ်းကို ကြည့်ရင်း ကောင်းဖန် စိတ်များရုတ်တရက်ဆိုသလို ပျံ့လွင့်နေတော့သည်။

သူမှတ်မိသလောက်ဆိုရင် သူနောက်ဆုံးဈေးဝယ်ထွက်ခဲ့တုန်းက သူ့မိဘများသက်ရှိထင်ရှားရှိနေတုန်းကပင်။ သူ့အမေဖြစ်သူက သူ့အဖေအတွက် လမ်းထောင့်မှ အထည်ဆိုင်တွင် ဝတ်စုံပြည့်တစ်စုံဝယ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဝတ်စုံမှာ မီးခိုးရောင်ဖြစ်ပြီး အခုထိ သူ့ဗီရိုထဲတွင်ရှိနေတုန်းပင်။

ဝမ်းနည်းစရာကောင်းလှသည်မှာ သူတို့မရှိတော့တာတောင်မှ သူတို့ပစ္စည်းများကတော့ ကျန်ရှိနေခဲ့သည်။

“ကောင်းဖန်!” ကောင်းဖန် သူ့အနောက်မှ တစ်စုံတစ်ယောက်ခေါ်လိုက်သံကို ကြားလိုက်ရသည်။

ကောင်းဖန် လျစ်လျူရှုထားလိုက်သည်။

“ပညာရှင်ကောင်းဖန်!”

ကောင်းဖန် လှည့်ကြည့်လိုက်သည်။ သူ့ကိုခေါ်လိုက်သူက ကျောင်းသားလီကျီကုန်းပင်ဖြစ်သည်။

“ငါလမ်းတစ်လျှောက် မင်းနာမည်ကို ခေါ်လာတုန်းကကျ မင်းနည်းနည်းလေးတောင် လှည့်မကြည့်ဘူး။ ပညာရှင်ကောင်းဖန်လို့ ခေါ်မှပဲ လှည့်ကြည့်တယ်နော်။” လီကျီကုန်းက ကောင်းဖန်အနားသို့ကပ်လာရင်း ညည်းညူလိုက်သည်။

“ကမ္ဘာပေါ်မှာ ကောင်းဖန်ဆိုတဲ့နာမည်နဲ့ လူတွေကအများကြီးလေ။ ဒါပေမယ့် ‘ပညာရှင်’ဆိုပြီး ရှေ့မှာထည့်ခေါ်ရလောက်တဲ့ ကောင်းဖန်ကတော့ ရှားတယ်မဟုတ်ဘူးလား။” ကောင်းဖန် ခန့်မှန်းမရနိုင်သည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ၊ မင်းနိုင်ပါတယ်။” လီကျီကုန်း မျက်စံကိုလှည့်လိုက်မိသည်။

လီကျီကုန်းဘေးတွင် သူ့တစ်မိသားစုလုံးလဲပါပေသည်။ သားရဲပျိုးထောင်သူအဖွဲ့အစည်းတွင် ကောင်းဖန်၏လုပ်ဆောင်ချက်က မျက်စိကျစရာကောင်းတာကြောင့် မေမေလီသည်လဲ ကောင်းဖန်ကို မှတ်မိနေခဲ့သည်။ ကောင်းဖန်ကို ဘယ်တော့မှမေ့မပစ်နိုင်ဘူးလို့ပြောရရင် ပိုမှန်ပေလိမ့်မည်။

ထိုစဉ်တုန်းက သူမကတော့ အလယ်အလတ်အဆင့် သားရဲပျိုးထောင်သူလက်မှတ်ရဖို့ စိုးရိမ်ပူပန်နေရစဉ်တွင် သူမသား၏အတန်းဖော်ကတော့ အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူဖြစ်သွားခဲ့သည်။ သူမပင် ကောင်းဖန်က ဘာကြောင့်များတစ်ခြားတစ်ယောက်ရဲ့ကလေးဖြစ်နေရသလဲဟု တွေးကာ နှမြောမိသေးသည်။

ပေါ့ပေါ့ပါးပါးစကားပြောဆိုနေကြပြီးနောက် အမေမေလီမှာ ထွက်သွားပြီဖြစ်သည့် ကောင်းဖန်၏နောက်ကျောကို ကြည့်လိုက်ပြီးနောက် သူမသားအငယ်ကို တစ်ချက်ပြန်ကြည့်မိရသည်။ နောက်တော့မှ၊ “သွားရအောင်၊ ငါတို့ဈေးဝယ်ပြီးရင် စာအုပ်ဆိုင်ဝင်ကြမယ်။”

ရုတ်တရက်ဆိုသလို လီကျီကုန်းသည်လဲ သူ့ကို ကောင်းဖန်နှင့်နှိုင်းယှဉ်တော့မည့် မကောင်းသည့်နိမိတ်ကိုခံစားမိသွားသည်။ ထို့နောက် ကောင်းဖန်၊ ခွေးကောင်! ဟုမတွေးမိဘဲမနေတော့ပေ။

………

အလုပ်ချိန်ပြီးသွားပြီဖြစ်တာကြောင့် စတူဒီယိုသည်လဲ ပိတ်သွားပေပြီ။ ကောင်းဖန် ဓါတ်လှေကားထဲမှထွက်ကာ တံခါးဖွင့်ရန်အတွက် လက်ဗွေရာနှိပ်လိုက်သည်။ အချက်ပေးသည့်နေရာက အနီရောင်မှသည် အပြာရောင်သို့ပြောင်းလဲသွားကာ သတ္ထုတံခါးကြီးက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။ စတူဒီယိုတစ်ခုလုံး ရှင်းလင်းနေတာကြောင့် အနည်းငယ်ပိုကျယ်လာပုံပင်ပေါက်သည်။

အတွင်းဘက်ရှိ နောက်ထပ်ကျည်ကာမှန်တံခါးအလွှာကို ဖွင့်လိုက်ပြီးနောက်တွင်တော့ တစ်ချိန်တည်းမှာပင် မျက်နှာကျက်ရှိ အလင်းဖန်ချောင်းများကပါ ပွင့်သွားပြီး စတိုဒီယိုတစ်ခုလုံးကိုလင်းထိန်သွားစေသည်။

ဆီလီက ကောင်းဖန်၏ပုခုံးပေါ်တွင်တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကာ သူတို့ ဘေးပတ်လည်တွင်ရှိသော အရာများကိုစူးစမ်းလို့နေသည်။ ထို့နောက် ၎င်းကစတူဒီယိုပတ်လည်ကို ပျံဝဲသွားလိုက်ပြီး ကောင်းဖန်လှမ်းအော်ခေါ်သည့်အခါကျမှ သူ့ဆီသို့ပြန်လာတော့သည်၊

သူ့အိတ်ထဲမှပစ္စည်းများကိုထုတ်ပြီးတဲ့နောက်, ကောင်းဖန်တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။

တချို့သောပစ္စည်းများကို အထူးနည်းလမ်းများနှင့်စီမံရန်လိုအပ်သည်။ ဥပမာအားဖြင့် အအေးခန်း,အပူချိန်မြင့်စွာနှင့်လောင်ကျွမ်းခြင်း သို့မဟုတ် အားကောင်းသောအက်စစ်များကိုသုံး၍ တိုက်စားစေခြင်းတို့ဖြစ်သည်။

နာရီဝက်အပြည့်ကြာပြီးနောက်, ပစ္စည်းအကုန်လုံးပြင်ဆင်ပြီးပြီဖြစ်သည်။

နောက်ဆုံးတော့, ပစ္စည်းများအားလုံးကိုပေါင်းစပ်၍ စိမ်းနေသောဖျော်ရည်တစ်ခွက်ကို ဖျော်ရန်အချိန်ရောက်ပြီဖြစ်သည်။ ကောင်းဖန်သည်သစ်သားအာကာပြင်နှလုံးသားများကို ထုတ်၍ကြိတ်စက်ထဲသို့ထည့်လိုက်ကာ on*ခလုတ်ကိုနှိပ်လိုက်သည်။

တစ်မိနစ်ကြာပြီးနောက်တွင် ကောင်းဖန်သည်အစိမ်းရင့်ရောင်အမှုန့်များအားလုံးကို အရည်ထဲသို့ထည့်လိုက်သည်၊ ဆေးသည်အထိန်းအကွပ်မဲ့စွာပူလောင်လာတော့သည်၊ ပူဖောင်းကြီးများသည် အတွင်းမှထွက်ပေါ်လာပြီးမွှေးကြိုင်သောအနံ့ကို လေထဲသို့ထုတ်လွှတ်လိုက်သည်၊ ပါဝင်ပစ္စည်းများတွင် အဆိပ်မပါတာကြောင့် ပြောရရင် သူလဲသောက်နိုင်သည်။

ကောင်းဖန်သည်သူ့ပါးစပ်ကိုမဖွင့်ခင်မှာပဲ ဆီလီကပလုတ်*ဆိုသောအသံတိုးတိုးနှင့်အတူဆေးရည်ထဲသို့ ခုန်ဝင်သွားတော့သည်။

အရည်ထဲသို့ဝင်သွားပြီးနောက် ဆီလီ၏ပုံစံသည်ချက်ချင်းပြန့်လာသည်။ ၎င်းသည်၎င်း၏ မူလခန္ဓာကိုယ်ထက်ကြီးလာပြီး အရောင်သည်လဲ ပိုပြီးကြည်လင်လာတော့သည်၊၊ ပြောင်းလဲမှုများကိုတော့ ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ အလင်းသည်နူးညံ့စွာနှင့်တောက်ပနေပြီး သေးငယ်သော အရောင်စုံအစက်အပြောက်လေးများသည် ဆေးရည်ထဲတွင်အရောင် ဖျော့ဖျော့လေးလင်းလာသည်။

စိမ်းနေသောဆေးဖက်ဝင်အရည်သည် တဖြည်းဖြည်းအရောင်ပျောက်လာပြီး ဆီလီ၏အရောင်သည်အားကောင်းလာသည်။ ဆီလီပေါ်ရှိအခြားအရောင်များသည် တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားပြီး စိမ်းစိုနေသောအရောင်တစ်ခုသာကျန်ခဲ့တော့သည်။

ကောင်းဖန်ကရုတ်တရက်ထိတ်လန့်သွားသည်၊ ဆီလီ၏အကြိုက်ဆုံးနေရာသည် သူ့ရဲ့ခေါင်းပေါ်တွင် နေရတာဖြစ်တာကြောင့် ဆိုရရင်….

သစ်သားစိတ်ဝိဉာဉ်ဂျယ်လီငါး၏ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကိုရွေးချယ်ရာတွင် မှားယွင် သောဆုံးဖြတ်ချက်တစ်ခုချမိလိုက်သည်ဟု ကောင်းဖန်ရုတ်တရက် ခံစားလိုက်ရသည်။ ဆေးဖက်ဝင်အရည်သည် ၎င်း၏အရောင်အားလုံးကိုဆုံးရှုံးသွားပြီး အရောင်အားလုံးသည် သစ်သားစိတ်ဝိဉာဉ်၏ကိုယ်ပေါ်သို့ကူးစက်သွားတော့သည်၊ ဆီလီက စိမ်းစိုနေသောဂျယ်လီငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက်သူအရမ်း ထိတ်လန့်သွားသည်။

တောက်ပလွန်းတယ်…

ဆီလီ၏ခန္ဓာကိုယ်သည်ဖောက်ထွင်းမြင်နိုင်သည်၊ ထို့ကြောင့်ဂျယ်လီငါးသည်လေထဲတွင်တောက်ပစွာနှင့် လင်းလက်နေသည်။

ငါဒီအရောင်ကိုမကြိုက်ဘူး,ကောင်းဖန် သူ့နှလုံးထဲကတောင်ငိုကြွေးနေပြီဖြစ်သည်၊

“မြှင့်တင်ခြင်းအောင်မြင်-[သစ်သားစိတ်ဝိဉာဉ်ဂျယ်လီငါး]”

[မကောင်းဆိုးဝါးအမည်]-သစ်သားစိတ်ဝိဉာဉ်ဂျယ်လီငါး

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၆(သာမန်အဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-နေရာလပ်, သစ်သား, လေ

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ပျော်ရွှင်)

[မကောင်းဆိုးဝါးအားနည်းချက်]-လျှပ်စီး, ရေခဲ

[ထူးခြားအဆင့်သို့တိုးမြှင့်ရန်လိုအပ်ချက်များ]-…

ဆီလီကအဆင့်တိုးမြှင့်ခြင်းမှာအောင်မြင်သွားပြီဖြစ်သည်၊ ထူးခြားအဆင့်သို့မြှင့်တင်ရန်လိုအပ်သည့်ပစ္စည်းများကိုကြည့်ပြီးနောက် ကောင်းဖန်သည် တိတ်ဆိတ်စွာပင်ပိတ်လိုက်သည်၊ အခြားပစ္စည်းများသည်ကောင်းနေဆဲဖြစ်သော်လည်း အခြားစိတ်ညစ်စရာကောင်းသည်မှာ နေရာလပ်စွမ်းရည်ပစ္စည်းလို့ခေါ်တဲ့ မှော်ကောင်းကင်သဲ? ကောင်းဖန် ၎င်းကိုတစ်နေရာရာတွင်ကြားဖူးတာကို သတိရ လိုက်ပြီး, ဒါကအံ့ဩစရာကောင်းလောက်အောင်ရှားပါးသည့်အကြောင်းကိုလဲ သိလိုက်သည်။

ပြီးပြည့်စုံသောအဆင့်သည် ယခုလုံလောက်နေပြီဖြစ်သည်၊ အနည်းဆုံးတော့ အုပ်ချုပ်သူအဆင့်သားရဲများကိုမြှင့်တင်ရန်ပြဿနာမရှိတော့ပေ။

ကောင်းဖန်သည်သူသုံးခဲ့သောပစ္စည်းများကို သန့်ရှင်းရေးလုပ်ပြီးနောက်ဆီလီနှင့်ပြန်မသွားခင် ကျန်ရှိသောအမှိုက်များကိုရှင်းလင်းခဲ့သည်။

ဆီလီ၏ ပြီးပြည့်စုံသည့်အဆင့်သို့တို့မြှင်ခြင်းနှင့် အစင်းလေး၏အထူးအဆင့်သို့ တိုးမြှင့်ခြင်း ပြီးတဲ့နောက်ကောင်းဖန်သည်လဲ သူ၏ စိတ်ဝိဉာဉ်သန်မာမှုက သိသိသာသာ တိုးတက်လာသည်ဟုခံစားလိုက်ရသည်။ သူ၏ချင့်ချိန်မှုအရ ဒမ်ဘီနှင့်စာချုပ်ချုပ်ဆိုရန် အဝေးကြီးလိုသေးသည်။ ဒါပေမယ့်သူကြိုးစားသရွေ့တော့ ရက်အနည်းငယ်လောက်ဘဲ ကြာပေလိမ့်မည်။

***

All Chapters