← Chapters

အခန်း (၈၅-၈၈)

Vol. 6 Ch. 85-88

အခန်း (၈၅-၈၈)

Vol. 6 Ch. 85-88

အပိုင်း ၈၅ ဒေါက်တာကျောင့်

ကောင်းဖန် အားလုံးသိမ်းဆည်းပြီး၍ အိမ်ပြန်ရောက်ချိန်တွင် ည၉နာရီပင်ကျောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင်ပဲ သူ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။ ကောင်းဖန် သူ့ဖုန်းကိုထုတ်လိုက်ကာ ဆောက်လုပ်ရေးကုမ္ပဏီမှ ခေါ်ဆိုခြင်းဖြစ်သည့် ဖုန်းကို ပြန်ဖြေလိုက်သည်။

“ဟဲလို၊ မစ္စတာကောင်းလား?”

လွန်ခဲ့သည့်ရက်အနည်းငယ်ကနှင့်ယှဉ်လျှင် လေသံကပြောင်းလဲသွားသည်။

ကောင်းဖန် ပြန်ဖြေကာ မေးလိုက်သည်။ “ဘာဖြစ်လို့ပါလဲ?”

“မစ္စတာကောင်း၊ မင်းမှာအချိန်ရှိလား? ငါတို့ ဗီလာကိုသန့်ရှင်းရေးလုပ်ရန်း ပြဿနာတချို့ကြုံနေရလို့၊ မင်းကိုယ်တိုင်လာကြည့်ဖို့လိုတယ်။”

“ဘာပြဿနာလဲ?” အခုချိန်က နောက်ကျနေပြီဖြစ်တာကြောင့် ကောင်းဖန် အပြင်မထွက်ချင်တော့ပေ။ “ပြောကြည့်ပါ။”

ဖုန်းတစ်ဖက်မှအသံက ရုတ်တရက်ရက်သွားပြီးကာမှ ဆက်ပြောလာခဲ့သည်။ “ဗီလာထဲမှာ ငါတို့ရဲ့ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေတဲ့ မျိုးကွဲပင်တချို့ကိုတွေ့ရတယ်။ ငါတို့သာ ဒီမျိုးကွဲအပင်တွေကို မဖယ်ပစ်ဘူးဆိုရင် ငါတို့ရဲ့ပြင်ဆင်ရေးလုပ်ငန်းကို ဆက်လုပ်ဖို့မဖြစ်နိုင်ဘူး။ ဒါပေမယ့် အပင်တွေကိုဖယ်ဖို့အတွက် အဆောက်အဦးရဲ့အစိတ်အပိုင်းတွေကိုပါ ဖယ်ပစ်ဖို့လိုတာကြောင့် မင်းကိုလာကြည့်စေချင်တယ်။ ဒီလိုမှ ငါတို့အလုပ်ကိုဆက်လုပ်လို့ရမှာ။ မင်းမရှိရင် ငါတို့လဲ အိမ်မှာရှိတဲ့တချို့နေရာတွေကို မဖြိုပစ်ရဲ့ဘူး။”

ကောင်းဖန် ဘာမှပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်သည်။ အခုဆို အပြင်တွင်မှောင်မဲနေပြီဖြစ်ကာ သူလဲ မနက်ပိုင်းတွင် အတန်းတက်ဖို့ရှိသေးပေမည့် အတန်းပြီးချိန်ဆိုလျှင်လဲ ညနေ၆နာရီ ၇နာရီလောက်ဖြစ်သွားဦးမည်ပင်။ “ဟုတ်ပြီ၊ ကျွန်တော် ခဏနေလာခဲ့မယ်။”

ကောင်းဖန် မသွားခင် လမ်းမှ ရုတ်တရက်တုန့်ဆိုင်းသွားရသည်။ တစ်ခုခုမူမမှန်နေသလိုပဲ။

ဆောက်လုပ်ရေးကုမ္ပဏီက ဘာလို့ ဒီလောက်နောက်ကျမှ သူ့ကိုခေါ်ရတာလဲ? ကောင်းဖန် သွားဖို့ပြင်ရင်းနှင့် စေ့စေ့စပ်စပ်တွေးကြည့်နေကာ အောက်ထပ်သို့ရောက်ချိန်တွင်တော့ ရုတ်တရက်ရပ်တန့်လိုက်တော့သည်။

ဘယ်ဆောက်လုပ်ရေးကုမ္ပဏီကများ ည၉နာရီအထိ အလုပ်လုပ်ကြတာလဲ? အချိန်ပိုဆင်းတယ်ဆိုရင်လဲ နည်းနည်းတော့လွန်သွားပြီမဟုတ်ဘူးလား?

ပိုအရေးကြီးတာက ကောင်းဖန်ရဲ့ဗီလာက မြို့ပြင်ကျေးလက်ဘက်တွင်တည်ရှိပြီး နေထိုင်သူအများကြီးမရှိပေ။ ကောင်းဖန် ထိုနေရာကိုရောက်သည့်အချိန်ဆိုလျှင် ည၁၀နာရီလောက်ရှိလောက်မည်ဖြစ်သည်။ ကောင်းဖန် သတိမထားဘဲမနေနိုင်တော့ပေ။

ခဏလောက်စဉ်းစားကြည့်ပြီးနောက် ကောင်းဖန် ဖုန်းကိုထုတ်ကာ နံပါတစ်ခုကို ခေါ်လိုက်သည်။ ဖုန်းက တစ်ဖက်မှလူမကိုင်ခင် ဆယ်ကြိမ်လောက်အထိ မြည်နေခဲ့သည်။ “မစ္စတာကောင်း။” ဖုန်းတစ်ဖက်မှ ယဉ်ကျေးသည့်အသံထွက်ပေါ်လာသည်။

ကောင်းဖန်၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။ “မန်နေဂျာလီ၊ ဒီညက နည်းနည်းနောက်ကျနေပြီ၊ ဘာလို့ မနက်ဖြန်အထိ မစောင့်လိုက်တာလဲ? ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ခဏလောက်အနားပေးလိုက်ပါဦး။ အလုပ်ချိန်ကြန့်ကြာတဲ့အတွက် ကျွန်တော်ပဲစိုက်ရှင်းပေးပါ့မယ်။”

ဖုန်းတစ်ဖက်မှအသံက တစ်ခဏမျှတိတ်ဆိတ်လို့သွားခဲ့သည်။ “ကောင်းပြီလေ, အခုလဲနောက်ကျနေပြီပဲ။ မင်းကိုမနှောင့်ယှက်တော့ပါဘူး။”

စကားဆုံးသည့်နောက် ဖုန်းချလိုက်ကြသည်။ ကောင်းဖန်ကတော့ ဖုန်းကျသွားသည့်အသံကို သေချာနားထောင်ပြီးကာမှ တိတ်တဆိတ်ပင် သူ့ဖုန်းကို အရင်နေရာပြန်ထားလိုက်သည်။

တစ်ချိန်တည်းမှာပဲ မြို့ပြင်ရှိဗီလာထဲတွင်တော့ လူရိပ်အနည်းငယ်ရှိနေသည်။ ထိုလူများထဲမှတစ်ယောက်က သူ့လက်များကို ချည်နှောင်ခံထားရသည်။ ထိုလူ၏ နဖူးထက်မှ ချွေးများစီးကျနေရင်း စိုးရိမ်ပူပန်နေပုံပေါ်သည်။ ထိုလူက ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။ “ညီအစ်ကိုတို့၊ ငါတကယ်ပင်ပန်းနေပြီ။ သူမလာရင် ငါလဲရွေးရာမရှိဘူးလေ။ ပြီးတော့ ငါလဲ သူ့ကိုအတင်းဖိအားပေးပြီးလာခိုင်းလို့မှမရတာ၊ မဟုတ်ဘူးလား?”

သူ့အနားတွင်တော့ ဝတ်စုံဖြူနှင့်လူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေသည်။ လူငယ်၏ဆံပင်များမှာ သေသပ်စွာဖြီးသင်ထားပြီး သူ့ရဲ့မျက်ခုံးတွေကတော့ အထင်ရှားဆုံးအစိတ်အပိုင်းပင်ဖြစ်သည်။ မျက်ခုံးတစ်ဖက်၏တချို့သောနေရာများမှာ ရိတ်ထားသည့်အတွက် ပျောက်နေတာကြောင့် အကိုက်ခံထားသလိုထင်ရသည်။

“ဒီကလေး ဒီလောက်ဉာဏ်ကောင်းမယ်လို့ ငါမထင်ထားမိဘူး။ တစ်ခုခုမှားနေမှန်း သူသတိထားမိသွားပုံပဲ။” အဖြူရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်ပြီး ပြုံးလို့နေသည်။ “ကြည့်ရတာ သူဒီညမလာတော့လောက်ဘူး။”

ထိုအချိန်တွင်ပဲ ကတုံးပြောင်ပြောင်နှင့် ထွားကြိုင်းသည့်လူ၏လက်ထဲမှ ဖုန်းကမြည်လာခဲ့သည်။

ကတုံးလူထွားကြီးလဲ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရာ မှန်သားပေါ်တွင် အသက်၃၀ခန့်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး၏ပုံပေါ်နေသည်။ မှန်သားပြင်ပေါ်တွင် ရေးထားသည်ကတော့ ‘ဇနီး’ ဆိုသည့်စကားလုံးပင်။

“ဒေါက်တာကျောင့်၊ ဒီလူရဲ့မိသားစုဝင်တစ်ယောက်က သူ့ကိုခေါ်နေတယ်။” ကတုံးလူထွားကြီးက ဝတ်စုံအဖြူနှင့်လူငယ်ကိုပြောလိုက်သည်။

ထိုလူလဲ သူ့မိန်းမက သူ့ကိုဖုန်းဆက်မှန်း ကြားလိုက်ရတော့ အမူအရာက ရှုပ်ထွေးလာကာ စိုးရိမ်တကြီးပြောလာသည်။ “အစ်ကိုကြီး၊ ငါက ပုံမှန်ဒီအချိန်ဆို အိမ်ပြန်နေကြ၊ ငါသာ ဖုန်းမကိုင်ဘူးဆိုရင် သူသံသယဝင်သွားလိမ့်မယ်။”

ဒေါက်တာကျောင့်က ထိုလူကို ကြည့်လိုက်ကာ၊ “ကိုင်လိုက်၊ ဒါပေမယ့် မင်းဘာကိုပြောသင့် မပြောသင့်မှန်းတော့ သိရမယ်နော်။ မင်းရဲ့သေပြီးသား အရမ်းကောင်းတဲ့ဦးလေးဆီ သွားလည်နေတာလို့ ပြောရဲရင်တော့ မင်းတို့တစ်မိသားစုလုံးလဲ မင်းရဲ့အရမ်းကောင်းလှတဲ့ဦးလေးကို သွားတွေ့ရအောင် လုပ်ပေးလိုက်မယ်။” ဒေါက်တာကျောင့်၏အသံမှာ တည်ငြိမ်လှသော်လည်း ထိုလူ၏ကျောရိုးထဲအထိ အေးစိမ့်လို့သွားစေသည်။

သူ့ရဲ့ကောင်းမွန်တဲ့ဦးလေးက မနှစ်ကကွယ်လွန်သွားခဲ့တာဖြစ်သည်။ ထိုလူတွေက တကယ်တော့သူ့ကိုစုံစမ်းထားကြတာပဲ။

ဒီလူတွေကဘာကြောင့်သူ့အကြောင်းတွေသိနေလဲ ဆိုတာသူမသိပေမယ့် လှည့်ကွက်တော့မသုံးရဲပေ။ လောလောဆယ်တော့ သူ့မိန်းမယုံအောင် လိမ်ညာပြောလိုက်သည်။

“ ကြည့်ရတာငါတို့အချိန်တွေကုန်တော့မှာပဲ။ တကယ်လို့ ငါတို့သာအလုပ်ကိုစောစောပြီးအောင်လုပ်ခဲ့ရင်… ငါဒီလိုအကြမ်းဖက်တဲ့နည်းတွေကိုတကယ်အသုံးမချချင်ပါဘူး။ ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါတို့ကလူယဉ်ကျေးတွေပဲကို။” သူစကားပြောပြီးသွားသည်နှင့်, ဒေါက်တာကျောင့်က သူ့ပါးစပ်ကိုဖုံးလိုက်ပြီး ချောင်းဖွဖွလေးဆိုးလိုက်တယ်။

“မင်းကိုအမှန်အတိုင်းပြောရရင်, ကျီဟန့်ဝူမှာမြေးတစ်ယောက်ရှိနေသေးတယ်ဆိုတာ ဘယ်သူမှထင်မိမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကသာ ဒီအချက်အလက်တွေကိုငါ့ဆီကို လျှို့ဝှက်မပို့ဘူးဆိုရင် ငါတို့အားလုံးသူ့မှာဆွေမျိုးမရှိတော့ဘူးလို့ ထင်ကောင်းထင်နေမှာ၊၊

“ကျီဟန့်ဝူရဲ့မြေးဖြစ်သူအသက်ရှင်နေတယ်ဆိုတဲ့သတင်းက ပျံ့နှံ့နေတယ်ဆိုရင် ဒီခြိမ်းခြောက်မှုလေးကို ပထုတ်ဖို့အတွက် အမှောင်ထဲကလူအမြောက်အများက လှုပ်ရှား လာကြလိမ့်မယ်။” ဒေါက်တာကျောင့်ကလေးလေးနက်နက်နှင့်ပြောသည်၊၊ “အဲ့ဒီနောက် ကျီဟန့်ဝူမှာမိသားစုမရှိဘူး၊ သူကသေချာပေါက်အသက်ကြီးလာလိမ့်မယ်၊ ဒါပေမယ့် သူ့မြေးကတော့အရမ်းငယ်သေးတယ်။”

“စည်းစိမ်ဥစ္စာတွေကလူတို့ရဲ့စိတ်နှလုံးကိုလှုံ့ဆော်စေတယ်။” ဆိုသည့် ဆိုရိုးအတိုင်းပင် တောင်ပိုင်းကောင်းကင်အဖွဲ့က အခုအရမ်းကြီးမားတဲ့အဖွဲ့အစည်း, ပြီးတော့မတူညီတဲ့ အင်အားတွေက သူတို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့စိတ်ကူးစိတ်သန်များဖြင့် ကွဲပြားခြားနားသည့်အင်အားစုများကိုဖွဲ့စည်းခဲ့ကြသည်။

“ဟမ့်, အကို, မင်းဆိုလိုတာက…ကောင်းဖန်ကိုသတ်ဖို့? ဘာလို့ငါတို့မလုပ်တာလဲ?” ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသောလူတစ်ယောက်က မျက်မှောင်ကြုံကာမေးလိုက်သည်။ အကယ်၍ သူတို့ကကောင်းဖန်ကိုသာသတ်ချင်ရင် မလိုအပ်တဲ့လုပ်ဆောင်မှုတစ်ခုအတွက်နဲ့ ဘာကြောင့်အချိန်ဖြုန်းနေရတာလဲ၊ သူတို့ကအပေါ်ကိုတက်သွားပြီး အဲ့တာကို ပြီးအောင်လုပ်လို့ရတယ်လေ။

“ကျီဟန့်ဝူကသူ့မြေးကိုကာကွယ်ဖို့နဲ့ ပုန်းကွယ်နေဖို့အတွက်အများကြီးကြိုးစားထားတာ, သူကိုကာကွယ်ဖို့လုံခြုံရေးကိုလည်း သေချာဂရုစိုက်ထားမှာဘဲ၊ သူ့ကိုလျှို့ဝှက် ကာကွယ်နေတဲ့လူတွေရှိတယ်ဆိုတာသေချာတယ်၊ ငါတို့ချက်ချင်း လှုပ်ရှားရင် မတော်တဆဖြစ်နိုင်ချေအရမ်းများတယ်။ ငါတို့ကျီဟန့်ဝူကိုသတိပေးမိသလိုဖြစ်သွားရင် ပြဿနာကပိုကြီးသွားလိမ့်မယ်။” ဒေါက်တာကျောင့်ကပြောလိုက်သည်၊ သူစကားဆုံးသည်နှင့်မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်ခုပေါ်လာသည်။

“သေချာတာပေါ့၊ အရေးကြီးဆုံးတစ်ခုက, သူ့မြေးကိုသတ်မယ်လို့ဘယ်သူကပြောလဲ?” ဒေါက်တာကျောင့်ကအံ့ဩသွားသည်။

“ကျွန်တော်မသိတဲ့ဒီကောင်လေးနဲ့တွေ့ချင်ရုံလေးပါ၊ ငါတို့သူ့ကိုသတ်လို့ဘာကောင်းကျိုးရမှာလဲ? တောင်ပိုင်းကောင်းကင်အဖွဲ့ကိုထိန်းချုပ်ဖို့ ငါတို့မှာလိုအပ်ချက်တွေရှိတယ်လို့ ခင်ဗျားတကယ်ထင်လား?” ဒေါက်တာကျောင့်ကရီလိုက်သည်၊ “ငါက သုတေသနာပညာရှင်လေးတစ်ယောက်ပါ!”

“သူ့ရဲ့မြေးလေးကိုသတ်ဖို့! ငါတို့ကျီဟန့်ဝူရဲ့ဒေါသနဲ့ရင်ဆိုင်ရလိမ့်မယ်၊ ငါတို့တွေက ပထမဆုံးသေရမယ့်သူတွေဖြစ်ပြီး, နောက်ဆုံးအကျိုးဆောင်ပြီး ဒီနေရာကိုဝင်ပြိုင်ဖို့ လိုအပ်ချက်တွေနဲ့စွမ်းရည်တွေ အမှန်တကယ်ရှိတဲ့သူတွေဖြစ်လိမ့်မယ်။” ဒေါက်တာကျောင့်က လက်နှစ်ဖက်ကိုနောက်သို့ပစ်လိုက်ရင်းပြောလိုက်သည်။

“အကို, ငါတကယ်ကိုနားမလည်သေးဘူး။” ခပ်ပြတ်ပြတ်ပြောသောလူကခေါင်းကိုယမ်းပြလိုက်သည်။

ဒေါက်တာကျောင့်ကသက်ပြင်းချလိုက်သည်၊ ဒီငတုံးတွေနဲ့စကားပြောရတာပင်ပန်းတယ်။

“မင်းတကယ့်အကြောင်းအရင်းကိုသိစရာမလိုပါဘူး။ မင်းသိရမှာက ကောင်းဖန်က ဘယ်သူဘယ်ဝါဆိုတာက ငါတို့ရဲ့အားသာချက်ဘဲ။ ဒါကစေ့စပ်ညှိနှိုင်းတဲ့နေရာမှာ ကျီဟန့်ဝူအပေါ်မှာရှိတဲ့ငါတို့အားသာချက်။ ဒါ့အပြင် ငါဒီကောင်လေးကို တကယ်စိတ်ဝင်စားတယ်၊ ငါကြားတာသူကသားရဲပျိုးထောင်သူဉာဏ်ကြီးရှင်လေးတဲ့၊ ဒါပေမယ့် ဆိုးတာကငါတို့သူ့ကိုတွေ့လို့မရဘူး။”

ဒေါက်တာကျောင့် ချန်ထားသည့်ပို၍လေးနက်သော အကြောင်းအရင်းရှိသည်။ ဒေါက်တာကျောင့်၏သုတေသနအဖွဲ့အစည်းသည် တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့ထိပ်ဆုံးမဟုတ်ပေ။ ဒါ့အပြင် သုတေသနအဖွဲ့အစည်းများအပြင် အဲ့ဒီမှာလုံခြုံရေးအဖွဲ့များ,စသည်ဖြင့်ရှိသေးသည်၊ အကယ်၍တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့ အမွေဆက်ခံသူ ကွယ်ပျောက်သွားလျှင်တောင်မှ သူနှင့်ကအလွန်ဝေးနေသေးသည်၊ ဒါကြောင့်သူရှေ့ကိုရောက်လာတာကအချက်အလက်တွေကိုစုဆောင်းဖို့ဘဲ။

ဘာပဲဖြစ်ဖြစ် ကောင်းဖန်ကို တစ်နေ့မှာနန်းတက်မဲ့ မင်းသားလေးအဖြစ်သတ်မှတ် ထားတာက မှားလိမ့်မည်မဟုတ်ပေ။

အကယ်၍သူ့မှာနက်ရှိုင်းပြီး အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ရင်, ဖြစ်နိုင်တာက သူလဲနေရာအတွက်လောင်းကြေးထပ်ထားမှာဘဲ။

ဒေါက်တာကျောင့်ကအပြုံးမမည်တဲ့အပြုံးကိုပြုံးလိုက်သည်။ သူကကောင်းကင်ကို မော့ကြည့်လိုက်ပြီးပြောလိုက်သည်, “အချိန်ကျပြီ၊ ကျီဟန့်ဝူရဲ့လူတွေဒီမှာရှိနေ လောက်ပြီ။”

ဘေး၌ချည်ထားသောလူက အလွန်ကိုဖျော့တော့လို့နေသည်။ သူမသိသင့်သည့်သတင်း အချက်များကိုသိလိုက်ရသည့်အတွက် သူသေမှာလား? သူသေမှာလား…

“လူသတ်မှု” နှင့် “တိတ်တဆိတ်” ဆိုသောစကားများသည်သူ့စိတ်ထဲတွင်စွဲထင်နေ သည်။

ဒေါက်တာကျောင့်က ထိုလူကိုတစ်ချက်ကြည့်လိုက်ပြီး သူ့လက်နှင့်ရိုက်လိုက်သည်။

အနက်ရောင်နှင့်အဖြူရောင်လိပ်ပြာက သူရဲ့အဖြူရောင်အင်္ကျီထဲမှထွက်လာသည်၊ အရင်က, ထိုလိပ်ပြာကသူ့ရဲ့အင်္ကျီရင်ဘတ်နားတစ်ဝိုက်မှာနားနေပြီး, အသက်ရှိကာ ပန်းထိုးထားသည်နှင့်ပင်တူသည်။

လိပ်ပြာသည်ချည်ထားသောလူ၏ခေါင်းပေါ်တွင် မီးရောင်တောက်နေကာအဖြူရောင် ဖော့စဖောရပ်အမှုန့်ကိုဖြူးချလိုက်သည်။ ထိုအမှုန့်သည် ထိုလူ၏ခန္ဓာကိုယ်နှင့်ထိစပ်သည့်နေရာတိုင်းသို့ ဖြေးညင်းစွာနှင့်စိမ့်ဝင်သွားသည်။ ထိုအမှုန့်တွေစိမ့်ဝင်သွားပြီးတဲ့နောက် ထိုလူလဲမေ့မြောသွားတော့သည်။

ကျယ်လောင်သည့် မိုးခြုန်းသံတစ်သံထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့်အရိပ်တစ်ခုက ကောင်းကင်ပေါ်၌တောက်ပနေပြီး ကောင်းကင်၌အသံလှိုင်းပေါက်ကွဲမှုကိုဖြစ်ပေါ်စေသည်။

ဒေါက်တာကျောင့်၏မျက်နှာအရောင်ပြောင်းသွားပြီး သူ့ရဲ့ယုံကြည်မှုရှိသောအပြုံးသည် ရုတ်တရက်အေးခဲသွားတော့သည်၊ သူကနာကျင်သွားသည့်ပုံနှင့်ပြောလိုက်သည်၊ “သူ…သူကကိုယ်တိုင်လာတာဘဲ”

***

အပိုင်း ၈၆ ကျီဟန့်ဝူ

ချန်အန်း၏စစ်တပ်နယ်မြေထဲတွင် ထူးခြားသောပုံပန်းသဏ္ဍာန်နှင့် အဆောက်အဦးတစ်ခုသည် တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိသည်။ ထိုအဆောက်အဦးသည် အနည်းဆုံး၂၀၀မီတာခန့်မြင့်ကာ ထောက်တိုင်ကြီးတစ်ခုလို တည်ရှိနေသည်။

ထိုအဆောက်အဦး၏အလည်တန်းများတွင်တော့ မျက်လုံးများပိတ်ထားသည့် ရွှေရောင်နတ်သိမ်းငှက်တစ်ကောင်ရှိနေသည်။ ၎င်းက အနားယူနေရာမှ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာကာ ရွှေရောင်တောက်ပနေသည့်အတောင်ကြီးလဲပေါ်လာခဲ့သည်။ ၎င်းက တောင်အရပ်သို့ စူးစိုက်ကြည့်နေကာ ကြည်လင်ပြတ်သားသည့် အော်သံတစ်သံအော်လိုက်ကာ စစ်စခန်းအပေါ်ရှိ ကောင်းကင်ယံကို တဟုန်ထိုးတုန်ခါသွားစေသည်။

“ဘာဖြစ်တာလဲ? မီးကျီနက်သစ်တောထဲက လူဝံကြီးထွက်လာလို့လား?”

“မဟုတ်ဘူး၊ ကြည့်ရတာ ရွှေရောင်နတ်ဘုရားက တစ်ခုခုတွေ့သွားပုံပဲ။ မြန်မြန်လေး သွားစုံစမ်းကြ။”

“ဘာမှစုံစမ်းစရာမလိုဘူး။ အဲ့ဒါ တောင်ပိုင်းကောင်းကင်အဖွဲ့ကလူပဲ။ သူချန်အန်းကိုရောက်လာတာပဲ။” ဟု စစ်ဝတ်စုံဝတ်ဆင်ထားသည့် ဆံပင်ဖြူဖြူအဖိုးကြီးတစ်ယောက်က ချောင်းဆိုးရင်း အနောက်မှထွက်လာခဲ့သည်။

“အဲ့လူက ဘာလို့ ဒီလောက်နောက်ကျမှ ချန်အန်းကိုရောက်လာတာလဲ? သူတို့ဌာချုပ်က ယွီမြို့မှာမဟုတ်ဘူးလား?”

“စိုးရိမ်စရာမလိုဘူး။ ပုံမှန်အတိုင်း သတိပေးတဲ့အသံပါ။” အဖိုးကြီးက ပြန်ပြောလိုက်သည်။ ထိုအဖိုးကြီးသည် လူအများလေးစားခြင်းကိုခံရပြီး ဆုံးဖြတ်ချက်များလဲ ချနိုင်ပုံပင်။

………..

အလွန်ကြီးမားရှည်လျားသည့် အဖြူရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်တွင် ပျံဝဲနေကာ ရုတ်တရက်ဆိုသလို အောက်သို့ထိုးဆင်းလာခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် မြက်ပင်များနှင့်သစ်ပင်များမှာ ယိမ်းခါနေတော့သည်။

ထိုအလွန်ကြီးမားရှည်လျားသည့်ပုံရိပ်ကြီးသည် နဂါးတစ်ကောင်နှင့်တူသော်လည်း နဂါးလဲမဟုတ်သလို မြွေလဲမဟုတ်ပေ။ ၎င်း၏လည်ပင်းတွင် လည်ဆံမွေးဖြူများအပြည့်ရှိပြီး ဦးခေါင်းတွင်တော့ ဦးချိုမရှိပေ။ သူ့ခန္ဓာကိုယ်အောက်တွင်တော့ ချွန်ထက်သည့်လက်သည်းသုံးချောင်းစီပါသည့် ရှေ့လက်တစ်စုံရှိသည်။

၎င်း၏အသွင်အပြင်တစ်ခုတည်းကနေကို မြွေဟုသတ်မှတ်၍မရတော့ဘဲ နဂါးအဖြစ်ဆင့်ကဲပြောင်းလဲလာသည့်ပုံပင်။ ၎င်းကို ရေနဂါးဟုခေါ်ဆိုမည်ဆိုလျှင်တော့ ကျိုးကြောင်းမညီညွတ်ရာမကျလောက်ပေ။

ကြီးမားသည့်လက်သည်းကြီးများသည် ပြင်းပြင်းထန်ထန် ကျဆင်းလာပြီး အောက်ဘက်ရှိလူများပေါ်သို့ သေခြင်းတရားအငွေ့အသက်များပင် လွှမ်းခြုံသွားစေသည်။ လက်သည်းများဖြင့် ဖိနှိပ်ခံရမည့်ဧရိယာထဲတွင် မြေပြင်ပေါ်၌ သတိလစ်နေသည့်အမျိုးသားကလဲ အပါအဝင်ပင်။

သေစေလောက်သည့် ခြိမ်းခြောက်မှုကြီးက သူတို့၏ကျောဘက်များပေါ်သို့ နီးကပ်လာတော့သည်။

ဒေါက်တာကျောင့်က ချက်ချင်းပင် မြေပေါ်ဒူးထောက်ချလိုက်ကာ အော်ဟစ်လိုက်တော့သည်။ “ငါ့မှာကောင်းဖန်ရဲ့ကလေးရှိတယ်။”

အောက်သို့ဆက်ဆင်းလာသည့် ကြီးမားသည့်လက်သည်းကြီး၏လားရာသည် လမ်းတစ်ဝက်မှာပင် လမ်းကြောင်းပြောင်းသွားကာ ဘေးရှိမြေပြင်ပေါ်သို့ ရိုက်ခတ်မိပြီး ၎င်း၏လက်သည်းများအတိုင်းအတာအတိုင်း အောက်ဘက်ရှိသစ်ပင်များအားလုံးကို ကျိုးပဲ့သွားစေတော့သည်။ ကျန်သည့်နေရာများကိုတော့ လေကြမ်းများတိုက်ခတ်သွားစေကာ လူတိုင်း၏မျက်နှာမှာ ဖြူရော်သွားတော့သည်။

ဒေါက်တာကျောင့်ကဆက်ပြီး၊ “အုပ်ချုပ်သူဥက္ကဌကြီး၊ ကျွန်တော် ကောင်းဖန်အကြောင်း ဘယ်သူ့ကိုမှမပြောရသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ပရိုဂရမ်တစ်ခုဆင်ထားတယ်။ ကျွန်တော်သာ အချိန်မှီကုဒ်မထည့်ခဲ့ရင် ပရိုဂရမ်ကနေပြီး ကောင်းဖန်နဲ့ပတ်သတ်တဲ့သတင်းတွေကို တောင်ဘက်ကောင်းကင်အဖွဲသားတိုင်းရဲ့ဖုန်းတွေဆီ တန်းပို့ပေးလိုက်မှာ။ ကျွန်တော်ကတော့ အချိန်မရွေးပရိုဂရမ်ကို ဖျက်ပစ်နိုင်တယ်။” ဒေါက်တာကျောင့်က သူသာနည်းနည်းလေးတုံ့ဆိုင်းသွားလျှင် ချက်ချင်းအသတ်ခံရတော့မည်အား အလျင်အမြန်ပြောလိုက်သည်။

အဖြူရောင်ရေနဂါး၏ကျောပေါ်မှ သန်မာသည့်လူတစ်ယောက်က မြေပေါ်သို့ ခုန်ဆင်းလာခဲ့သည်။

ထိုလူသည် အဖြူရောင် ဟန်းဖုကို လျော့တိလျော့ရဲဝတ်ဆင်ထားကာ သူ့ရဲ့ ပုခုံးပြင်ကျယ်ကြီးများက တောင်ကုန်းနှစ်ခုနှင့်ပင်ဆင်တူပြီး သူ့ရဲ့နှင်းဖြူရောင်မျက်ခုံးများအောက်ဘက်ရှိ မျက်ဝန်းတစ်စုံသည်တော့ သိမ်းငှက်တစ်ကောင်လို စူးရှလို့နေသည်။

ထိုလူက မနှေးမမြန်ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကာ သူတို့နှလုံးပေါ်သို့ နင်းလျှောက်ခံလာရသလိုပင် ခံစားရသည်။

ဒေါက်တာကျောင့်၏ညီနှင့်ကတုံးလူကြီးကတော့ ထိုလူ၏အကြည့်များကြောင့် ရှင်းပြ၍မရနိုင်လောက်သည့် အပြစ်ရှိသလိုခံစားချက်မျိုးကို ခံစားနေရသည်။

ကျီဟန့်ဝူက သူတို့ကို အေးဆေးစွာကြည့်နေကာ သူ့အမူအရာကိုကြည့်ရုံဖြင့် သူ့စိတ်အခြေအနေကို ဘယ်သူမှမပြောနိုင်ပေ။ “မင်းအခုဏက ဘာပြောလိုက်တာလဲ?”

“အုပ်ချုပ်သူဥက္ကဌကြီး၊ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး အဓိပ္ပါယ်မရှိတာတွေ ပြောလိုက်မိတာပါ။ ကျွန်တော် ကောင်းဖန်ကို တစ်ခါမှတောင် မမြင်ဖူးပါဘူး။ သူ့အကြောင်းကိုပဲ ကြားရုံကြားဖူးတာပါ။” ဒေါက်တာကျောင့် နေရက်ခက်စွာရယ်မောလိုက်သည်။ သူ့မှာအများကြီးပြောဖို့ အချိန်မရလိုက်ပေ။ သူ့စကားမဆုံးခင်မှာပဲ အသတ်ခံလိုက်ရနိုင်တာကို။ ကောင်းဖန်၏လိင်စိတ်တိမ်းညွှတ်မှုသည် သာမာန်သာဖြစ်ပြီး သူအစောကပြောလိုက်သည့်အရာကတော့ သူ့အသက်ကိုကာကွယ်ဖို့ ပေါက်ကရပြောလိုက်ခြင်းသာဖြစ်သည်။

“ဟုတ်ပြီလေ။” ကျီဟန့်ဝူ စိတ်သက်သာရာရသွားသည်။ သူ့မှာ အစောတုန်းကစကားကြောင့် သူ့မြေးဖြစ်သူက ထူးထူးဆန်းဆန်းတွေလုပ်ထားသည်ဟုတောင် တွေးလိုက်မိလုနီးပါးပင်။ ကံကောင်းထောက်မ၍ ထိုစကားက အမှန်မဟုတ်ခဲ့ပေ။

“မင်းကို ဒီအကြောင်းတွေ ဘယ်သူပြောပြတာလဲ?” ကျီဟန့်ဝူ ဒေါက်တာကျောင့်၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။

ဒေါက်တာကျောင့် တုံ့ဆိုင်းနေကာ မထုတ်ဖော်လိုပုံပေါက်သည်။

“မင်းမပြောချင်လဲ ထားလိုက်ပါတော့။ လူတိုင်းမှာ သူတို့ဆန္ဒနဲ့သူတို့ရှိကြတာပဲ၊ ငါအတင်းဖိအားမပေးပါဘူး။”

“အတွင်းရေးမှူးလျှိုပါ။” ဒေါက်တာကြောင့် တုံ့ဆိုင်းစွာဖြင့် တိုတိုရှင်းရှင်းပင် ပြောလိုက်သည်။

“ကောင်းပြီ, မင်းအလုပ်ကောင်းကောင်းလုပ်နေတာမြင်ရမှတော့ မင်းကိုအချိန်ကောင်းလေးပေးရတာပေါ့။” ကျီဟန့်ဝူက လှည့်လိုက်ပြီးအဝေးသို့လမ်းလျှောက်သွားရင်းပြောလိုက်သည်။

ဒေါက်တာကျောင့်မှာ ချောက်ကမ်းပါးစွန်းတွင် ရပ်နေရသလိုခံစားလိုက်ရသည်။ ဒါကသူမျှော်လင့်ထားသလိုမဟုတ်ဘူး! “အုပ်ချုပ်သူဥက္ကဌကြီး, ကျွန်တော်ကထောက်ပံ့ကြေးငွေကိုပိုပြီးလိုချင်တာပါ…”

အဖြူရောင်ရေနဂါးကတိတ်ဆိတ်စွာနှင့် ကျီဟန့်ဝူ၏နောက်တွင်နေနေပြီး ရက်စက်စွာနှင့်ဟန်ဆောင်ကာပြုံးပြလိုက်ပြီး, သူ့ရဲ့ဖြူဖွေးနေတဲ့သွားတွေကိုပြလိုက်သည်။

“မဟုတ်ဘူး!” ဒေါက်တာကျောင့်နောက်ဆုံးမြင်လိုက်ရတာက နီးကပ်လာသည့် လက်သည်းများပင်ဖြစ်သည်။

ကျီဟန့်ဝူသည်သူ၏ဘယ်လက်ကိုဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်မောင်းတွင် အနက်ရောင်လက်ပတ်တစ်ခုပေါ်လာသည်။ သူ့လက်ဗွေဖြင့် ထိုအရာကိုထိလိုက်သည်နှင့် အနီရောင်အလင်းများပေါ်လာသည်။

“ဥက္ကဌကြီး” ထိုလက်ပတ်မှအသံတစ်ခုထွက်ပေါ်လာသည်၊

“ကျောင့်ရိလုန်ကိုစုံစမ်း၊ သူကအစီအစဉ်တစ်ခုကိုစီစဉ်ထားတယ်၊ မင်းအစီအစဉ်ကို ရှာနိုင်ရင်အဲ့တာကိုဖျက်ပစ်၊ အကယ်၍မင်းမလုပ်နိုင်ရင်ငါ့ကိုအသိပေး။” ကျီဟန့်ဝူက တည်ငြိမ်စွာနှင့်ပြောလိုက်သည်။

ကျီဟန့်ဝူကအစီအစဉ်၏လုပ်ဆောင်မှုနှင့်ပတ်သတ်၍ ဘာကိုမှမပြောလိုက်ပေ။ ၎င်းက မည်သည့်အစီအစဉ်နှင့်အမျိုးအစားဖြစ်ကြောင်းကိုလည်းမပြောလိုက်ပေ။ ထိုညွှန်ကြားချက်ကိုကြားသောအခါ တစ်ဖက်ကချက်ချင်းပင်မဆိုင်းမတွနှင့် လှုပ်ရှားလာတော့သည်။

ကျီဟန့်ဝူသည်သူ့နောက်မှငိုကြွေးသံများနှင့် သူ၏အစာကိုကြိတ်ဝါးနေသော ကြီးမားသည့်သားရဲကိုကြည့်ကာ အသံတွေကိုနားထောင်ရင်းတည်ငြိမ်နေသည်။

သူကသူ့လက်နှစ်ဖက်ကို အနောက်သို့ပို့လိုက်ပြီး အတိုင်းအဆမရှိသောနဂါးငွေ့တန်းကြီးကိုကြည့်လိုက်သည်။

ကျီဟန့်ဝူသည်ဘယ်နည်းနဲ့မှခြိမ်းခြောက်၍မရနိုင်ပေ။

ဒါဆို တကယ်လို့များ အဲ့အစီအစဉ်ကိုသူရှာမတွေ့ခဲ့ဘဲ သတင်းကပေါက်ကြားသွားမယ်ဆိုရင် ဘာဖြစ်သွားမလဲ? ကောင်းဖန်ကသူ့ရဲ့မြေးဖြစ်သည်၊ သူကတောင်ပိုင်းကောင်းကင်အဖွဲ့၏ မင်းသားလည်းဖြစ်သည်၊ ဒါကမပြောင်းလဲနိုင်တဲ့အမှန်တရားတစ်ခုပင်။ ဘယ်သူကမှပြီးတော့ ဘယ်ခွန်အားနဲ့မှ၎င်းကိုပြောင်းလဲလို့မရနိုင်ပေ။

အဆိုးဆုံးအခြေအနေမှာ သူ ဒီအကြောင်းကို စောစောစီးစီး အများပြည်သူတွေကိုကြေငြာဖို့လိုအပ်သည်၊

“ငါကဒီလိုရိုးရှင်းတဲ့ကမ္ဘာကြီးကိုဘဲကြိုက်တယ်။” ကျီဟန့်ဝူကသက်ပြင်းချရင်းပြောလိုက်သည်။

ဖန်အာသည် ဘာဘဲဖြစ်ဖြစ်အသက်ဆယ့်ရှစ်နှစ်သာရှိသေးသည်။ သူကပိုပြီး အခြေခံကျသော ကိုယ့်ကိုကိုယ်ကာကွယ်နိုင်သည့်စွမ်းရည်များကို ပိုင်ဆိုင်ထားသော သားရဲများနှင့်လည်းစာချုပ်ချုပ်ထားသည်။

ကပ်ဆိုးကြီးပြန်ပေါ်လာပြီးတဲ့နောက်, သူကနိုင်ငံခြားကကျွန်းတစ်ခုမှာပိတ်မိနေခဲ့ သည်။ ကျွန်းထဲမှာသူနှင့်အတူပိတ်မိနေတဲ့လူတွေကလည်း သူ့ရဲ့အယုံကြည်ရဆုံး လူယုံလက်ထောက်တွေများစွာပါဝင်သည်။

ထိုကျွန်းက အပူပိုင်းပတ်ဝန်းကျင်ဖြစ်ပြီးသားဖြစ်သည်။ ၎င်း၏ဘေးပတ်လည်တွင် ပင်လယ်ဖြင့်ဝန်းရံထားသောကြောင့် ထိုအခက်အခဲကိုစိတ်ကူးကြည့်နိုင်သည်။ အကယ်၍ကျွန်းမြို့လေးက သာမန်အခက်အခဲလို့ပြောလျှင်, ဒါဆိုထိုနေရာသည်ငရဲ စခန်း၏အခက်ခဲအစပင်ဖြစ်လိမ့်မည်။ နောက်ဆုံးတွင်တော့, ထိုကျွန်းတွင်စစ်တပ်မရှိ ပေ။

ဘယ်လိုဘဲဖြစ်ဖြစ်, ကောင်းကင်ကြီးက သူ့ကိုဘယ်တော့မီမစွန့်ပစ်ခဲ့သလို အမြဲတမ်း ထွက်ပေါက်ရှိခဲ့သည်။ ကျီဟန့်ဝူသည် နောက်ပိုင်းတွင်ကံကောင်းသွားပြီးအခွင့်အရေးရခဲ့သည်၊ သူသည် သူ၏သားရဲများကိုအဆက်မပြတ်လေ့ကျင့်ပေးနေစဉ် ကျွန်းပေါ်တွင် အသက်ရှင်ကျန်ရန်သူရဲ့အံ့ဩဖွယ်ကောင်းချီးပေါ်တွင်မှီခိုနေရသည်။

တစ်နှစ်အကြာတွင် အိမ်လွမ်းနေတဲ့ကျီဟန့်ဝူက သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်တွေနဲ့အတူ ပြည်ပကျွန်းမှထွက်ခွာလာခဲ့တော့သည်။ သူ့ကိုကြိုဆိုနေသောအရာကတော့ ပြောင်းလဲသွားသော တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနှင့်အတူ သူ၏သမီးနှင့်သမက်သေဆုံးမှုတို့နှင့် ပတ်သတ်နေသည့် ဝမ်းနည်းစရာကောင်းသည့်သတင်းဖြစ်သည်၊၊ အစပိုင်းမှာ သူ ကောင်းဖန်ကိုသွားခေါ်ဖို့အတွက်စဉ်းစားခဲ့သည်။ ဒါပေမယ့်သူပြန်လာတာကြောင့် တောင်ပိုင်းကောင်းကင်အဖွဲ့ဟာပရမ်းပတာဖြစ်သွားခဲ့သည်။ ဆိုရိုးစကားအတိုင်း လူတစ်ယောက်သည်ရက်ပေါင်း၁၀၀၀အထိသူခိုးဆက်တိုက်ရှိနေရင်ဘယ်သူမှသူခိုး ကိုရက်၁၀၀၁ရက်လောက်ခုခံကာကွယ်နိုင်မှာမဟုတ်ဘူး။

အသက်၁၈နှစ်မတိုင်ခင် သွေးစာချုပ်ချုပ်ဆိုခြင်းသည် လူတစ်ဦး၏အလားအလာ စွမ်းရည်ကို ထိခိုက်စေသောကြောင့် အသက်၁၈နှစ်မပြည့်မှီအခြားအရာများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ကောင်းဖန်အတွက် သူ့ကိုယ်သူကာကွယ်ရန်နည်းလမ်းမရှိပေ။

ထို့အပြင်သူ၏သမီးနှင့်သမက်သေဆုံးခြင်းသည် ကောင်းဖန်အကြောင်း သတင်းများကို ဖုံးလွှမ်းသွားခဲ့သည်။ ကျီဟန့်ဝူသည် ရေစီးနှင့်အတူလိုက်ပြီး ကောင်းဖန်ကြီးပြင်းလာစေရန် ကျန်ရှိသောသဲလွန်စများကို ရှင်းလင်းရန်သူ့လူများကိုစေလွှတ်ခဲ့သည်။

စိန်ကိုသိုဝှက်ထားရန်အကောင်းဆုံးနည်းလမ်းမှာ ၎င်းကိုမီးခံသေတ္တာထဲတွင်သော့ခတ်ရန်မဟုတ်ဘဲ ဖန်ထည်လက်ဝတ်ရတနာအများစုများကြားထဲတွင် ဝှက်ထားရန်ဖြစ်သည်၊

ကျီဟန့်ဝူလှည့်ကြည့်လိုက်တော့ မြေပြင်ကသန့်ရှင်းနေပြီဖြစ်သည်။ ဘာဆိုဘာမှကိုမကျန်ခဲ့ဘူး၊ …*

ကောင်းဖန်နေထိုင်သောနေရာသည် ချန်အန်းမြို့၏မြို့လယ်ခေါင်နေရာနှင့်သိပ်မဝေးပေ။

သူကအကြာကြီးတိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ကျီဟန့်ဝူသည်ကောင်းဖန်ထံသို့မသွားခဲ့ပေ။ ဖန်အာ၏ပင်ကိုစွမ်းရည်သည် သူမျှော်မှန်းထားသည်ထက်ကျော်လွန်နေသည်ကို သူသိခဲ့ရသည်။

အဖွဲ့အတွင်းမှအင်အားများသည် တဖြည်းဖြည်းတည်ငြိမ်လာသော်လည်း လွတ်လပ်စွာသင်ယူခြင်းနည်းလမ်းသည် လူတစ်ဦး၏ကောင်းမွန်သောစွမ်းရည်ကို ပို၍ကောင်းမွန်စေ သည်,ထို့ကြောင့် ကျီဟန့်ဝူသည်အလောတကြီးမလုပ်လိုပေ။ မှန်ကန်သောအချိန်တွင် အချိန်မှန်သာပေါ်လာရန်သာ သူ့အတွက်လုံလောက်သည်။ ရင့်ကျက်ခိုင်မာသောနှလုံးသားနှင့်ဝိဉာဉ်သည် ရရှိနိုင်သောမည်သည့်အရာထက်မဆိုအလွန်အဖိုးတန်သည်။

***

အပိုင်း ၈၇ ကျောင်းမှပြဿနာ

ကောင်းဖန်သည်တော့ မြို့စွန်တွင်ဘာတွေဖြစ်ပျက်သွားသလဲကို မသိခဲ့ပေ။ ထို့အပြင် သူ့အဖိုးက သူဝယ်ထားသည့်ဗီလာအပြင်တွင် မနေ့ညက ပေါ်လာခဲ့သည့်အကြောင်းကိုလဲ မသိပေ။

နောက်တစ်နေ့မနက်ခင်းမှာတော့ ကောင်းဖန်နိုးလာကာ မနက်စာပြင်ဆင်ခဲ့သည်။ မွှေးပျံ့လှသည့် ရေညှိနံရိုးဟင်းချိုအနံ့က ဧည့်ခန်းထဲသို့တိုင် ပျံ့လွင့်သွားသည်။

တာ့ဇီမှာ စိတ်လှုပ်ရှားစွာဖြင့်နိုးထလို့လာခဲ့သည်။ ရင်းနှီးနေသည့်အနံ့အသက် ရင်းနှီးနေသည့်ဟင်းလျာပဲ။ တာ့ဇီသည် မီးခိုးချောင်ထဲသို့ လျှောက်သွားကာ လမ်းတစ်လျှောက်လဲ သူ့ခြေထောက်များကို စိတ်လှုပ်ရှားစွာလှုပ်ခါနေခဲ့ပြီး သူ့သခင်ဖြစ်သူကို စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် ကြည့်လို့နေသည်။

အစင်းလေးသည်လဲ အရသာရှိသည့်အနံ့ကိုရလိုက်တာကြောင့် မီးဖိုခန်းထဲသို့ ခုန်ပေါက်ကာဝင်လာသော်လည်း သူ့လမ်းရှေ့တွင် တာ့ဇီက ပိတ်ရပ်နေကာ ရက်စက်သည့်အကြည့်များဖြင့် ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။

အစင်းလေးမှာ ကြောက်လန့်သွားကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး အသံတိုးတိုးနှင့်ငိုတော့မလိုဖြစ်နေသည်။

တာ့ဇီက အစင်းလေးကို ကြည့်နေခဲ့သည်။ သူ့ခေါင်းကို ခပ်မော့မော့ထားကာ ညီငယ်တစ်ယောက်ကို သင်ကြားပေးနေသည့် အစ်ကိုကြီးတစ်ယောက်လိုမျိုး ခြေထောက်များကို ကြမ်းပေါ်သို့ ပုတ်နေလေသည်။

အစင်းလေးကတော့ ကြမ်းပေါ်တွင် ပြားပြားဝပ်ကာ သူ့အစ်ကိုကြီးသင်ပြပေးသည်ကို နားထောင်နေခဲ့သည်။

ထို့နောက် တာ့ဇီက ၎င်း၏စတီးပန်းကန်လုံးကို မှီတွယ်ကာ အထဲမှနံရိုးစွပ်ပြုပ်ကို စိတ်လှုပ်ရှားစွာစားသောက်နေပေမည့် အစင်းလေးသည်တော့ မနာလိုစွာဖြင့်သာ ဘေးတွင်ရပ်နေရသည။ တာ့ဇီ စားသောက်ပြီးကျန်တာကိုမှ စားနိုင်မည့်ပုံပင်။

ကောင်းဖန်ကတော့ ထိုမြင်ကွင်းကြောင့် ရယ်ချင်နေသည့်အသံထွက်လာခဲ့သည်။ အစင်းလေးရဲ့ဘဝက တော်တော်ခက်ခဲတာပဲ။ ကောင်းဖန် တွေးလိုက်မိပြီးနောက် သူ့ခေါက်ဆွဲကိုသာ ငုံ့စားလိုက်သည်။ သူကတော့ နံရိုးစွပ်ပြုပ်စားရသည်ကို မကြိုက်ပေ။ ထို့နောက် ပန်းကန်များကို သန့်ရှင်းဆေးကြောကာ ထွက်လာခဲ့သည်။

နောက်တစ်နေ့ကတော့ လေ့ကျင့်ရေးများအပြင်းအထန်လုပ်ရမည့်နေပင်။

အခုဆို မေလရောက်နေပြီဖြစ်တာကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ နှစ်လသာလိုတော့သည်။

အမှန်အတိုင်းပြောရလျှင် ဒီလေ့ကျင့်ရေးသည် ကောင်းဖန်အတွက် လုံးဝမတရားပေ။ သားရဲလေ့ကျင့်သူအရာရှိလောင်းများဆိုသည်က ယခင်ကမရှိခဲ့ဖူးသော်လည်း မိသားစုအများစုကတော့ သူတို့သားသမီးများ၏အသက်အရွယ်ကို ချင့်တွက်ကာ သားရဲတစ်ကောင်စီတော့ ဝယ်ပေးကြသည်။

ပုံမှန်အားဖြင့် ထိုလူများသည် သူတို့၏သားရဲများကို ပိတ်ရက်များ အားလပ်ရပ်များတွင်သာ လေ့ကျင့်သည်။ စီနီယာအထက်တန်းနှစ် အရာရှိလောင်းများကတော့ အထက်တန်းကျောင်း ဒုတိယနှစ်အရာရှိလောင်းများနှင့်ယှဉ်လျှင် သူတို့သားရဲများကို ပျိုးထောင်လေ့ကျင့်ဖို့အတွက် တစ်နှစ်သာရှိတော့သည်။

လေ့ကျင့်ရေးကွင်းထဲတွင် အထက်တန်းစီနီယာနှစ်သားရဲလေ့ကျင့်သူအရာရှိလောင်းများ၏ သားရဲများစွာက ဒုတိယနှစ်များထက် အဆင့်များစွာပိုမြင့်ကြောင်း ကောင်းဖန် သတိထားမိခဲ့သည်။ ထို့အပြင် စီနီယာနှစ်အရာရှိလောင်းများ၏ သားရဲများစွာသည် ထိပ်တန်းအဆင့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ကျောင်းထဲသို့လျှောက်လာရင်း လေ့ကျင့်ရေးကွင်းထဲတွင် စက်ဝိုင်းပုံစံဝိုင်းကာ လေ့ကျင့်နေသည့်လူများကို ကောင်းဖန်တွေ့လိုက်ရသည်။ အသေအချာကြည့်လိုက်လျှင်တော့ အစွန်းဘက်မှ နှစ်ဖွဲ့, သုံးဖွဲ့လောက်သည်တော့ တိုးတိုးတိတ်တိတ်နှင့်ဆွေးနွေးနေကြသည်ကိုလဲ မြင်နိုင်သည်။

အနောက်ဘက်မှ လူနာတင်ယာဉ်အသံထွက်ပေါ်လာကာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအများအပြားက ထမ်းစင်ကို သယ်ရင်း လူအုပ်ထဲသို့တိုးဝင်လာသည်။ “ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ၊ လမ်းဖယ်ပေးကြပါ။”

လူအုပ်ကြီးကလဲ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ဝင်နိုင်စေရန်အတွက် လမ်းဖယ်ပေးကြသည်။ အချိန်တိုလေးအတွင်းမှာပဲ သူတို့က အဝတ်ဖြူတစ်ထည်ဖြင့်ဖုံးထားသည့် ထမ်းစင်ကို လူအုပ်ကြီးထဲမှသယ်လာကြသည်။ မျက်နှာတစ်ခုလုံးသွေးများစွန်းထင်းနေကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသည့် ကောင်လေးတစ်ယောက် ထမ်းစင်ပေါ်တွင်ရှိနေခဲ့သည်။

ကောင်းဖန် အနည်းငယ်အံ့ဩသွားရသည်။ မနက်အစောကတည်းက ကိစ္စတွေက ပြင်းထန်နေပြီလား?

မကြာခင်တွင်ပဲ ဆရာများရောက်လာကာ ကျောင်းသားအုပ်ကြီးကို ခွဲထုတ်ဖို့ ကြိုးစားလိုက်သည်။ ထို့အပြင် အလျင်စလိုပုံစံများဖြင့် ဖုန်းများကိုကိုင်ထားသည့် နည်းပြများလဲထွက်လာသည်။

စာသင်ခန်းထဲသို့ဝင်ပြီးနောက် ကျောင်းသားများလဲ ဆရာများ၏သင်ကြားပို့ချမှုများကို လိုက်နားထောင်ကြသည်။ သူတို့သည် သားရဲလေ့ကျင့်သူအရာရှိလောင်းများဖြစ်နေပြီဆိုသော်လည်း အတန်းများကိုတက်ဖို့လိုသေးသည်။ မနက်ပိုင်းတွင် စာသင်ကာ နေ့လည်ပိုင်းမှာမှ လေ့ကျင့်ရေးလုပ်ကြရသည်။ ကောင်းဖန်လို ဟိုးအရင်ကတည်းက အထက်တန်းသုံးနှစ်စာလုံးအတွက် ကိုယ့်ဘာသာ ကြိုတင်လေ့ကျင့်သင်ကြားပြီးသူသည်တော့ တောင်အာဖရိကမှ သားရဲအသစ်တို့၏ပုံရိပ်များဟုခေါ်သော ၇ကြိမ်မြောက်ထုတ်ဝေထားသည့် စာအုပ်ကို ဖတ်နေခဲ့သည်။ ကောင်းဖန်သည် ကမ္ဘာအနှံ့မှ အံ့ဩဖွယ်ရာများကို စာအုပ်များမှတဆင့်လေ့လာရသည်အား သဘောကျသူဖြစ်သည်။

နောက်ဆုံးအသစ်ထုတ်ဝေမှုတွင်, သားရဲအမျိုးအစားအသစ်သည် စာအုပ်မျက်နှာဖုံးနှင့် စာအုပ်၏မိတ်ဆက်စာဖြစ်သည်။

ပုံထဲရှိသားရဲသည်၉၈ပေကျော်လောက်ရှည်လျားသည်၊ ၎င်း၏လက်မောင်းကြွက်သားများသည် တာဝါတိုင်ကြီးနှစ်ခုကဲ့သို့ပင်ဖြစ်နေပြီး ၎င်း၏အဝါရောင်သမ်းနေသောအမွှေးများသည် အလွန်ကိုကြမ်းတမ်းလှကာ ၎င်း၏မျက်လုံးများကတည်ငြိမ်နေသော်လည်း အရောင်စိုကာတောက်ပနေသည်။ သားရဲ၏အထင်ရှားဆုံးလက္ခဏာမှာ ၎င်း၏ လက်မောင်းများဖြစ်သည်။ ၎င်းတို့ကအံ့ဩစရာကောင်းစွာပင်ကြီးပြီး ထူကာ ချွန်ထက်သော လက်သည်းများကလည်း သတ္ထုရောင်တောက်ပနေသည်၊ ၎င်းကရီစရာကောင်းစွာ မပြေပြစ်ဘဲဖြစ်နေသည်။

ထိုသားရဲ၏ပုခုံးပေါ်တွင် တူညီသည့်မျိုးစိပ်သားရဲငယ်လေးကရပ်နေပြီး ၎င်းက၁၆ပေ ဝန်းကျင်လောက်ရှိသည်။

ထိုသားရဲငယ်လေး၏ခေါင်းပေါ်တွင် ၎င်း၏နာမည်ရှိသည်, ရွှေရောင်စာလုံးများဖြင့် ရေးထားသည်က, (ကြီးမားသောမျောက်မောင်းမ)

ထိုကြီးမားသည့်သတ္တဝါများသည် အနောက်ပိုင်းဒဏ္ဍာရီလာသားရဲကြီးများဖြစ်ပြီး ၎င်းတို့ကနတ်ဘုရားကဲ့သို့သန်မာခြင်းကို ပိုင်ဆိုင်ထားသောကြောင့်သားရဲများကို ထိုကဲ့သို့အမည်ပေးထားခြင်းဖြစ်သည်။

“ဟေး, ပညာရှင်ကောင်း။” သူ့ရှေ့မှာထိုင်တဲ့ထန်ချင်ကျင်း အသံနိမ့်နိမ့်နှင့်လှည့်ကာ ပြောလိုက်သည်။

“မင်းငါ့တို့ရဲ့လေ့ကျင့်ရေးကွင်းပြောင်းရမယ်လို့ထင်လား?” ထန်ချင်ကျင်းကပြောသည်၊

ဘာ? ကောင်းဖန်တွေးလိုက်သည်၊ သူ့ကြည့်ရတာရှုပ်ထွေးနေသလိုပင်။

ထန်ချင်ကျင်းမှာ ကို့ယို့ကားယားဖြစ်သွားသလိုခံစားလိုက်ရကာပြောလိုက်သည်, “ကောင်းပြီ, အဖွဲ့ထဲကဆွေးနွေးထားတာတွေမင်းဖတ်ပြီးပြီလို့ ငါထင်ထားတာ၊ သူတို့အခုပြောနေကြတာက ဒီနေ့မနက် စာသင်ဆောင်အဆောက်အအုံအောက်မှာ ဖြစ်ခဲ့တဲ့ကိစ္စလေ။ ကျောင်းကလည်းငြိမ်နေမှာမဟုတ်ဘူး, ပြီးတော့ဒီလိုကြီးတဲ့ကိစ္စ ပြီးတဲ့နောက် ဘာမှမလုပ်ကြဘူးလေ၊ ငါကြားတာက ဆေးရုံကိုပို့လိုက်ရတဲ့ ကျောင်းသားက မသန်မစွမ်းတာတစ်ခုဖြစ်သွားတယ်လို့ယူဆကြတယ်တဲ့၊ သူတော့ ကျန်တဲ့ဘဝတစ်ခုလုံးဆေးရုံမှာဘဲကုန်ဆုံးရတော့မှာကိုငါစိုးရိမ်မိတယ်။”

“ဒီမနက်ဘာဖြစ်တာလဲ” ကောင်းဖန်ရောက်လာတဲ့အခါ ထိုကျောင်းသားကိုလူနာတင်ကားဆီသို့အပြေးခေါ်သွားနေတာကိုသာတွေ့လိုက်သည်။ သူကထိုအဖြစ်အပျက်၏ အသေးစိတ်ကိစ္စကိုတော့ပတ်ဝန်းကျင်ကိုမေးမကြည့်ခဲ့ပါ။

“မင်းကတော့တကယ့်ပညာရှင်ဘဲ! မင်းကဘယ်တော့မှအပြင်ကဖြစ်နေတာတွေနဲ့ မင်းကိုယ်မင်းအနှောက်အယှက်မခံဘူး၊ မင်းကမင်းရဲ့မွန်မြတ်လှတဲ့ဖတ်စာအုပ်ကြီးကိုဘဲ ဖတ်ဖို့အာရုံစိုက်နေတာပဲ။” ထန်ချင်ကျင်းက နောက်ကာပြောလိုက်သည်။

“ငါကြားတာ ကျောင်းသားနှစ်ယောက်က အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက် ပြဿနာတက်တယ်တဲ့။ သူတို့ထဲကတစ်ယောက်က သားရဲလေ့ကျင့်သူအရာရှိဖြစ်လာပြီး နောက်တစ်ယောက်တော့မဖြစ်ခဲ့ဘူး၊ ဒီမနက်, သူတို့နှစ်ယောက်ကျောင်းဂိတ်ဝရှေ့မှာ စကားပြောရင်းကတောက်ကဆက်ဖြစ်ကြတယ်တဲ့၊ သားရဲလေ့ကျင့်သူအရာရှိဖြစ်ခဲ့တဲ့သူက နောက်ကျောင်းသားကို သူ့သားရဲကိုသုံးပြီးတိုက်ခိုက်ခဲ့တာ။ ကျောင်းသားကို သတ်ပြစ်လုနီးပါးဘဲ, အဲ့တာတခြားသားရဲလေ့ကျင့်တဲ့အရာရှိဖြစ်တဲ့ကျောင်းသားက ကျေးဇူးပြုပြီးရပ်လိုက်ပါလို့ပြောလိုက်လို့ အဲ့တစ်ယောက်အသက်ရှင်သွားတာတဲ့။” ထန်ချင်ကျင်းကပြောလိုက်သည်၊ ထန်ချင်ကျင်းသည် သားရဲလေ့ကျင့်သူအရာရှိလို့ပြော သောအခါတွင်သူကပီတိဖြစ်နေသောအမူအရာအပြည့်နှင့် ပြောနေသည်၊ သူကသူကိုယ်တိုင် သူ့ရဲ့အမူအရာတွေပြောင်းလဲသွားတာကိုသတိမထားမိချေ။

“သူတို့ကကျောင်းသားတွေဘဲ! သူတို့ကအရွယ်ရောက်ပြီးပေမယ့် သူတို့ဆယ်ကျော် သက်တွေဖြစ်နေသေးတာက မပြောင်းလဲဘူး” ကျောင်းအုပ်ကြီးသည် သူ၏ရုံးခန်းတွင်း၌ ကျယ်လောင်စွာအော်ပြောလိုက်သည်၊ သူ့ရှေ့တွင်ထိုင်နေသည်ကနည်းပြချန်းဖြစ် သည်။

“ဒါကတခြားသူတို့နဲ့ပတ်သတ်တဲ့အကြောင်းမဟုတ်ဘူး၊ ဆယ်ကျော်သက်တွေရဲ့ သဘာဝကသူတို့ကဒီအသက်အရွယ်မှာစိတ်မြန်လက်မြန်ရှိကြတယ်။” ထို့နောက် ကျောင်းအုပ်ကသူ့ရဲ့စိတ်တည်ငြိမ်မှုဆုံးရှုံးသွားသည်ကို သဘောပေါက်လိုက်ကာ ခေါင်းဆောင်နည်းပြချန်းကိုတောင်းပန်လိုက်သည်, “ငါတောင်းပန်ပါတယ်, ငါ့စိတ်ကိုမထိန်းနိုင်ဘူးဖြစ်သွားတယ်။”

“ အဆင်ပြေပါတယ်၊ ငါနားလည်တယ်၊” နည်းပြခေါင်းဆောင်ချန်းကခေါင်းညိတ်ကာ‌ ပြောလိုက်သည်၊

“ဘာကြောင့်ကျောင်းတွေက ကျောင်းသားတွေကို ချွန်ထက်တဲ့ဓားလိုမျိုးပစ္စည်းတွေကို မယူခိုင်းဘဲတားမြစ်ထားလဲသိလား?” ဘာလို့လည်းဆိုတော့သူတို့အသက်အရွယ်နဲ့ ပြီးတော့ သူတို့စိတ်တွေကိုစိတ်လိုက်မာန်ပါဖြစ်စေတယ်။ ဒီသားရဲတွေကိုသုံးတာက ဓားကိုသုံးတာထက်ပိုပြီးအန္တရာယ်ရှိတယ်။ အကယ်၍ သူတို့ကဆက်ပြီး ကျောင်းနယ်မြေထဲမှာ လေ့ကျင့်ရေးလုပ်နေဦးမယ်ဆိုရင်, ဒါကအချိန်ကာလတစ်ခုမှာလုံခြုံမှုရှိဖို့ဆိုတာ အကျိုးအကြောင်းမသင့်ဘူး။” ကျောင်းအုပ်ကလေးနက်စွာပြောလိုက်သည်၊ “ပြီးတော့ သားရဲတွေမရှိတဲ့ကျောင်းသားတွေအတွက်ကျတော့ မမျှတတော့ဘူး။”

နည်းပြခေါင်းဆောင်ချန်းကတိတ်ဆိတ်သွားသည်၊ အဲ့နောက်သူကခေါင်းညိတ်ကာပြောလိုက်သည်, “ငါမင်းအကြံပြုတာကို လေးလေးနက်နက်စဉ်းစားလိုက်ပါမယ်၊ ဒီအကြောင်းကိုလဲ ရာထူးမြင့်တဲ့သူတွေဆီထပ်ဆင့်ပြောလိုက်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ်, ငါတို့မှာလည်း ကိုယ်ပိုင်အခက်အခဲတွေရှိတယ်၊ ငါတို့လည်းအထက်ကအမိန့်တွေကိုလိုက်နာရတယ် ဆိုတာကို မင်းလည်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။” သူစကားပြောအပြီးတွင် ခေါင်းဆောင်နည်းပြချန်းသည် အကူအညီမဲ့စွာနှင့်ကြည့်လိုက်ပြီး ထွက်သွားတော့သည်။

နည်းပြချန်းထွက်သွားသည်နှင့် ကျောင်းအုပ်ကသက်ပြင်းချလိုက်ပြီး သူ့ရဲ့စာဖတ် မျက်မှန်ကိုယူလိုက်ကာ အဝတ်အပိုင်းလေးတစ်ခုနှင့်သုတ်လိုက်သည်။

***

အပိုင်း ၈၈ အသီးဖျော်ရည်

ဒေါက် ဒေါက်

“ဝင်ခဲ့ပါ။” ကျောင်းအုပ်လဲ မျက်မှန်သုတ်သည့်အဝတ်ပိုင်းကို စားပွဲပေါ်တင်လိုက်ကာ စာကြည့်မျက်မှန်ကိုတော့ တပ်လိုက်သည်။

“ကျောင်းအုပ်ကြီး၊ ရဲစခန်းကလေူတွေ ရောက်နေကြပါပြီ။” စီမံရေးဝန်ထမ်းတစ်ယောက်က အခန်းထဲသို့ဝင်လာကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ဟုတ်ပြီ။” ကျောင်းအုပ်ကြီး ခေါင်းညိတ်ပြလိုက်ကာ ပြတင်းပေါက်ဖက်သို့ လျှောက်သွားလိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်တွင်ရပ်ထားသည့်ရဲကားများကို မြင်ရပေသည်။

ကျောင်းအုပ်ကြီး သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာမှမပြောဘဲ ပြန်လှည့်လာကာ သူ့နေရာတွင်ပြန်ထိုင်လိုက်သည်။

လူတစ်ယောက်က အမှားလုပ်ခဲ့မိတယ်ဆိုရင် အမှားကိုဝန်ခံကာ အပြစ်ပေးခံရလျှင်လဲ ကြံကြံခံတတ်ရမည်။

ဒါက ကျောင်းတစ်ကျောင်းဖြစ်သော်လည်း ပြစ်မှုကျူးလွန်ထားသည့် လူသတ်သမားတစ်ယောက်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်ပေ။

ဒီနေ့လိုအဖြစ်အပျက်မျိုးလဲ နောက်တစ်ခါ ထပ်မဖြစ်ချင်ပေ။ ကျောင်းဆိုသည်က လူအများ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်ယူနိုင်မည့် နေရာတစ်ခုသာဖြစ်သင့်သည်။

……….

မနက်ပိုင်းအနားယူချိန်တွင်တော့ ကောင်းဖန် တစ်ခုခုစားဖို့ရန် စာသင်ခန်းထဲမှထွက်လာခဲ့သည်။

ကျောင်းဂိတ်နားရောက်ချိန်တွင်တော့ ကျောင်းဂိတ်ရှေ့တွင် လူအုပ်ကြီးတစ်အုပ်ရှိနေသည်ကို ကောင်းဖန်မြင်လိုက်ရသည်။ ထိုလူများက အဖြူရောင်ဘုတ်ပေါ်တွင် အနီရောင်စာလုံးများပါသည့် ဆိုင်းဘုတ်ကြီးများကို ကိုင်ထားကြသည်။

“လူသတ်သမားကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ!”

“အမှန်တရားက ဘယ်မလဲ?”

ထိုသူများက ကျောင်းထဲမှ ဘယ်သူမှမထွက်နိုင်စေရန်အတွက် အပြင်ဘက်မှနေပြီး ကားဒါဇင်ကျော်လောက်ဖြင့်ပင် ပိတ်ရပ်ထားကြသည်။

လုံခြုံရေးအစောင့်များ ဘယ်လောက်ပဲတောင်းပန်နေပါစေ လူအုပ်ကြီးကတော့ ဒေါသထွက်နေကြစဲပင်။ ကောင်းဖန် အနားသို့ကပ်လာချိန်တွင် မိဘတစ်ဦးက ကြမ်းကြမ်းတမ်းတမ်းနှင့် လုံခြုံရေးအစောင့်ကို တွန်းဖယ်ကာ အော်ဟစ်နေသည်ကိုတောင် တွေ့လိုက်ရသည်။ “လောင်ဇီရဲ့လမ်းကို လာမပိတ်စမ်းနဲ့။ လူယုတ်မာ၊ မင်းနေရာမင်းမသိသေးဘူးဆိုရင် မင်းကိုပါသတ်မယ်!”

လုံခြုံရေးအစောင့်ပင် ဒေါသထွက်လွန်းရီ တုန်ရီလာခဲ့သည်။ သူဒီလောက် ကျိုးကြောင်းမဆီလျော်တဲ့လူမျိုး တစ်ခါမှကိုမတွေ့ဖူးဘူး။ ဒါပေမယ့်လဲ သူမြေကြီးပေါ်လဲကျသွားချိန်တွင်တော့ သူ့စိတ်ခံစားချက်များက ပေါက်ထွက်လာတော့သည်။ “ဒီနေရာကကျောင်း! ခင်ဗျားတို့ ရန်ဖြစ်ချင်ရင် ရဲစခန်းရှေ့မှာသွားလုပ်ကြ! အကြမ်းဖက်ခဲ့တဲ့ကျောင်းသားကိုလဲ အဲ့ဒီကိုခေါ်သွားကြပြီးပြီ! အခုကျောင်းမှာကျန်နေတဲ့လူတွေက အပြစ်မဲ့တဲ့ကျောင်းသားတွေချည်းပဲ။ ဒီနေရာမှပြဿနာလာရှာတာက ကျိုးကြောင်းသင့်တယ်လို့ ထင်နေတာလား?”

ထိုလူက လုံခြုံရေးအစောင့်အိုကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ရှက်ရွံ့မှုကနေ ဒေါသအဖြစ်ပြောင်းလဲသွားတော့သည်။ သူသာ ရဲစခန်းကိုသွားဖို့ သတိ္တရှိနေရင် ဒီနေရာမှာ ပေါ်လာမတဲ့လား?!

“အပြစ်မဲ့တာတွေ အပြစ်ရှိတာတွေ ဘာမှမရှိဘူး! ပြဿနာဖြစ်ဖြစ်ခြင်း ကျောင်းသားတွေနဲ့ဆရာတွေက ဘာလို့ချက်ချင်းမတားကြတာလဲ?”

လုံခြုံရေးအစောင့်ကြီးမှာ ပြောစရာစကားမဲ့သွားရတော့သည်။

ဒီလူတွေ ကျောင်းဂိတ်ပေါက်မှာ ပိတ်ထားတာကြောင့် အပြင်ရှိလူများ အထဲသို့မဝင်နိုင်သလို အထဲမှလူတွေကလဲ အပြင်သို့မထွက်နိုင်ကြပေ။

ကောင်းဖန် သက်ပြင်းချလိုက်သည်။ သူဒီနေ့ တကယ်ကို ကျောင်းကန်တင်းမှာ မစားချင်ဘူး။

ကျောင်းကန်တင်းတွင်တော့ ကြောက်လန့်မှုများကြီးစိုးလို့နေသည်။ အထူးသဖြင့် အခုလို အဖြစ်အပျက်မျိုးတွေနဲ့မကြုံတွေ့ဖူးတဲ့ အလယ်တန်းကျောင်းသားများနှင့် အထက်တန်းကျောင်းသားများအတွက်တော့ ထိတ်လန့်မှုကြီးတစ်ရပ်ပင်။ ကောင်းဖန်ကတော့ အုတ်ခဲလိုမာတဲ့ထမင်းနဲ့ ဆံချည်မျှင်လိုဟင်းပွဲတွေကို မစားလိုပေ။ ဒါတွေက ကျောင်းကန်တင်း၏အဒေါ်ကြီးများ၏အချစ်များဖြင့် ပြုလုပ်ပေးထားခြင်းဖြစ်မှန်း ကောင်းဖန်သိသော်လည်း ဒါကသည်းမခံနိုင်လောက်အောင် များလွန်းသည့်အချစ်များပင်။

အမှန်အတိုင်းပြောရလျှင် လက်ရှိအဖြစ်အပျက်နှင့်ပတ်သတ်ပြီး အများပြည်သူထံသို့ ဖွင့်ပြထားခြင်းမရှိသည့် နောက်ထပ်သတင်းအချက်အလက်အနည်းငယ်ရှိသေးသည်။ ထိုသတင်းများသည် ကျောင်းသားများကြားတွင်သာ သီးသန့်သိထားသည့်သတင်းပင်။

တကယ်တော့ ကိုယ်ပိုင်သားရဲကိုသုံးကာ ပြစ်မှုကျူးလွန်ခဲ့သည့်ကျောင်းသားသည် သူ၏အားနည်းလှသည့်ပုံစံကြောင့် အတန်းထဲတွင် အနိုင်ကျင့်ခံနေရသူဖြစ်သည်။ ဆေးရုံပို့လိုက်ရသည့်ကျောင်းသားကတော့ ထိုကျောင်းသားကို အများဆုံးအနိုင်ကျင့်ခဲ့သူဖြစ်သည်။

ရိုးသားတဲ့လူတွေ ဒေါသထွက်လာပြီဆိုရင် တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။

ကောင်းဖန်ကတော့ ပုခုံးသာတွန့်လိုက်သည်။ လောလောဆယ် သူတကယ်ကို ကျောင်းပြင်သာ ထွက်စားချင်နေသည်။

ကျောင်းဂိတ်ပေါက်ရှေ့တွင် ကျောင်းသားများစွာစုဝေးလာလေ၊ အပြင်ဘက်မှ လူများကလဲ ပိုလို့ကြီးစိုးလာပြီး မောက်မာလာကြတော့သည်။

ထိုအချိန်တွင်ပဲ လူအုပ်ကြီးနောက်မှ ကားဘရိတ်အုပ်သံတစ်သံထွက်ပေါ်လာကာ အသွင်ပြောင်းထရပ်ကားအများအပြားက လမ်းဘေးတွင်ရပ်လိုက်ကြသည်။

ထရပ်ကားတစ်စီးပေါ်မှ စစ်အရာရှိတစ်ဦးလို့ထင်ရသည့် လူတစ်ယောက် ခုန်ဆင်းလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ? မင်းတို့ဘာလို့ ဂိတ်ကိုပိတ်ထားတာလဲ?” စစ်တပ်အရာရှိကာ ရှေ့သို့လျှောက်လာရင်း ပြောလိုက်သည်။

စစ်ဝတ်စုံများနှင့်အရာရှိများကို မြင်လိုက်ရတော့ ကျောင်းဂိတ်အပြင်မှပိတ်ဆို့ထားသည့် လူများမှာ အနည်းငယ် အပြစ်ရှိသလိုခံစားသွားကြကာ သူတို့ကျောင်းဂိတ်တွင် ပိတ်ရပ်ထားသည့် ကားများကို ဖယ်ပေးလိုက်ကြသည်။ “ငါတို့ကလေးတွေက တခြားကျောင်းသားတွေကြောင့် ထိခိုက်သွားကြတယ်။ ဒါကြောင့် ကျောင်းကနေ ဖြေရှင်းချက်ပေးလာတာလိုချင်လို့ ရောက်နေကြတာပါ။ “

အရာရှိက မျက်မှောင်ကြုတ်လိုက်ကာ “ဒါဆိုလဲ မင်းတို့တွေ ရဲစခန်းကိုသွားသင့်တယ်လေ။ ဒါက ကျောင်း။”

စစ်တပ်အရာရှိက မိဘများနှင့်စကားပြောနေသည်ကို အခွင့်ကောင်းယူကာ ကောင်းဖန် ကျောင်းထဲမှထွက်လိုက်သည်။

သူနေ့လည်စာစားပြီး၍ ကျောင်းသို့ပြန်လာချိန်တွင်တော့ ကျောင်းဂိတ်ရှေ့မှ လူအုပ်ကြီးမှာ ပျောက်သွားပြီဖြစ်ကာ သူတို့ဘယ်သွားကြလဲကိုတော့ မသိပေ။

စစ်တပ်နယ်မြေဘက်တွင်, ခေါင်းဆောင်နည်းပြချန်းသည် စားပွဲဝိုင်းတစ်ခုရှေ့တွင် မတ်တပ်ရပ်နေပြီး ချန်အန်းတတိယအထက်တန်းကျောင်းမှကျောင်းအုပ်ပြောသည့် ထင်မြင်ချက်များကို သူ့ရှေ့ရှိစစ်ဘက်အကြီးအကဲများအားပြောကြားနေသည်။

“အမှန်တော့, ကျောင်းကစာလေ့လာတဲ့နေရာတစ်ခုဘဲဖြစ်သင့်တယ်၊” အကြီးအကဲက ခေါင်းညိတ်ကာပြောလိုက်သည်။ ရုတ်တရက်သူကဦးတည်ချက်ကိုပြောင်းလိုက်သည်။ “ဒါပေမယ့်ဒါကအရင်ကဘဲ”

“အထူးအချိန်တွေအတွက် အထူးအစီအစဉ်တွေလိုအပ်တယ်၊ ကျောင်းသားကိုဥပဒေနဲ့ အညီအရေးယူသင့်တယ်၊ ချန်အန်းမြို့မှာ ပြီးခဲ့တဲ့လတုန်းက လူသားတွေကိုထိခိုက်စေတဲ့သားရဲသုံးရာကျော်အမှုဖြစ်ခဲ့တာကိုမင်းသိသင့်တယ်။ ဒါ့အပြင်သားရဲတွေက ပုံမှန်မဟုတ်တဲ့သေစေမှုတွေကြောင့် အများစုဒီအဖြစ်အပျက်တွေကသဘာဝအရ အငြိုးကနေဖြစ်လာတာ။”

သူကမျက်ရိုးကိုဖိနှိပ်လိုကရင်း “ဒါကချန်အန်းမြို့မှာ ရိုးရှင်းတဲ့ရာဇဝတ်မှုသက်သက်တင်မဟုတ်ဘူး။ ငါတို့ကတစ်နိုင်ငံလုံးကိုကြည့်သင့်တယ်, ကမ္ဘာတစ်ခုလုံးကိုကောပဲ…”

သူကခေါင်းကိုယမ်းလိုက်သည်၊ “ ငါတို့ဟွာရှားမှာ ရာဇဝတ်မှုအနည်းဆုံးဘဲ၊ အနောက်နိုင်ငံတွေမှာဆိုပိုဆိုးတယ်။ သူတို့ဆီက ရဲတွေဆိုလုံးဝကိုစိတ်ထိခိုက်နေကြပြီ၊ သူတို့ကငြိမ်းချမ်းဖို့ကိုထိန်းဖို့နဲ့ တည်ငြိမ်ရေးကိုကူညီဖို့ အင်အားကြီးအရပ်သားတွေပေါ်ကိုမှီခိုဖို့ကို လိုအပ်နေတယ်။”

“ဒါပေမယ့်ကမ္ဘာ့မဟာမိတ်အစိုးရကတော့ ဒီတိုင်းထိုင်ပြီး အခြေအနေတွေပိုဆိုး လာမှာကို သေချာပေါက်စောင့်မှာမဟုတ်ဘူး၊ သူတို့မကြာခင်စလှုပ်ရှားလာကြလိမ့်မယ်။”

ခေါင်းဆောင်နည်းပြချန်းကတိတ်ဆိတ်မှုဖြင့်ကျန်နေခဲ့သည်။

နေ့လည်ခင်းလေ့ကျင့်ရေးမှာနည်းပြကျန့်က အဖွဲ့လိုက်ကျောင်းသားတွေကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်၊ “မဆိုးဘူး၊ မင်းတို့အားလုံးတိုးတက်လာကြတယ်ပေါ့၊ ဟမ့်? သားရဲအများကြီးကိုတောင်မသတ်နိုင်သေးဘဲနဲ့, မင်းတို့ကတခြားကျောင်းသားတွေကို နှိပ်စက်ပြီးနေပြီ။”

“မနက်ဖြန်ကစပြီး, မင်းတို့သားရဲတွေအကုန်လုံး ကျောင်းထဲကိုဝင်ခွင့်တားမြစ်တယ်! ငါတို့က လေ့ကျင့်ရေးကွင်းရဲ့ဘေးမှာ ကြီးတဲ့အထူးဂိတ်တစ်ခုကိုသေသေချာချာ တည်ဆောက်မယ်။ ပြီးတော့မင်းတို့အကုန်လုံးရဲ့သားရဲတွေကို လေ့ကျင့်ရေးကွင်းကို ခေါ်လာရမယ် နားလည်လား!”

နေ့ခင်းလေ့ကျင့်ရေးတွင်ကောင်းဖန်သည် တခြားသူတွေကိုသူကပုံမှန်ထက်ပိုပြီး ဆွဲဆောင်နေသည်ဟုခံစားမိသည်။

သူ့ဘေးနားတွင်လေ့ကျင့်နေသောကောင်လေးအချို့က သူ့ကိုခိုးကြည့်နေကြသည်။

ကောင်းဖန်သည် သူ၏ခေါင်းပေါ်တွင်ထိုင်နေသောဆီလီကို တိတ်တဆိတ်ဖယ်ရှားလိုက်သည်၊ ဆီလီသည်ရုန်းကန်နေကာ ကောင်းဖန်၏ဆံပင်များကိုသူ၏ချစ်လှစွာသော နေထိုင်မှုဘဝလေးအတွက် ၎င်း၏ဘဝဲလက်များနှင့်ကိုင်ဆွဲထားသည်၊ သူ၏ဆံပင်များကို ဆွဲပြီးပလတ်စတစ်ရွှံ့ဖြင့်ပြုလုပ်ထားသောခေါက်ဆွဲနှင့်ဆင်တူသည့်ခေါက်ဆွဲများလို ပြန်လည်ပြုပြင်ထားသလိုဖြစ်နေသည်။

“ကျီ…ကျီ…” ဆီလီကအသံတစ်ခုကိုပြုလုပ်နေပြီး ကောင်းဖန်၏ခေါင်းပေါ်ကနေမခွာပေ။

“ငါကြားတာ ဂျယ်လီငါးဘယ်ရီစွပ်ပြုတ်အရသာက အတော်ကောင်းတယ်ဆိုဘဲ။” ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးရွတ်လိုက်သည်။

ဆီလီသည်ထိုစကားကိုကြားလိုက်သောအခါ ကြောက်လန့်သွားပြီး ၎င်းကချက်ချင်းပင် ပြေးကာအောက်သို့ဝဲပျံသွားသည်၊ ထို့နောက်၎င်းကသူ၏သခင်ကိုစက်ဝိုင်းပုံစံမျိုးပတ် နေကာပတ်လည်ပျံဝဲနေသည်။

ဒါကိုသူ၏သခင်ကမတုံ့ပြန်ဘူးဆိုတာသတိထားမိတော့ ၎င်းကသူ၏ဘဝဲလက်များကိုသုံး၍ သူ့သခင်၏လက်မောင်းကိုပုတ်လိုက်သည်၊ သူ့သခင်ကဆီလီကိုဆက်လက် လျစ်လျူရှုနေတော့ ဆီလီကထိတ်ထိတ်လန့်လန့်ဖြစ်သွားတော့သည်။

ဘဝဲလက်များက ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးပတ်လည်တွင်ရွေ့လျားသွားသည်။ ထိုနောက်၎င်းက သစ်သီးဖျော်ရည်တစ်ခွက်ကိုထုတ်လိုက်ပြီး အင်တင်တင်နှင့်ကိုင်ထား ပြီး သူ့သခင်ကိုပေးလိုက်သည်၊

“သောက်, သောက်ပါ၊ သစ်သီးဖျော်ရည်”

ဆီလီကအင်တင်တင်ဖြစ်နေပြီး သစ်သီးဖျော်ရည်ကိုလက်နှင့်တွဲချည်လိုက်သည်။ ကောင်းဖန်ကရယ်လိုက်ကာသူ့ကိုကြည့်လိုက်ပြီး ဖျော်ရည်ကိုယူလိုက်သည်၊

“ဂျီ!!!!!ဂျီ!? ဆီလီကထိတ်လန့်သွားသည်၊ ဘာလို့တကယ်ယူတာလဲ? ဆီလီကတွေး လိုက်သည်။

ကောင်းဖန်ကတစ်ကြိုက်တည်းနှင့်အပြီးသတ်လိုက်သည်။ သူကသူ့နှုတ်ခမ်းကိုတောင် သပ်လိုက်သေးသည်၊ ဆီလီက တပြိုင်တည်းဆိုသလို စိတ်တိုကာ တုန်လှုပ်ချောက်ခြားသွားတော့သည်။ ၎င်းကသူ့ရဲ့ဘဝဲလက်များကိုသုံးကာ ကောင်းဖန်၏လည်ပင်းနှင့်၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကိုသုံး၍ ကောင်းဖန်၏ခေါင်းကိုကာလိုက်ကာ လွှမ်းခြုံလိုက်သည်၊

“ပြန်ထုတ်!ပြန်ထုန်!ပြန်ထုတ်!

နေ့ခင်းလေ့ကျင့်ရေးတွင်, ပြိုင်ဘက်သည်မီးခိုးညိုရောင်ကျိုင်းကောင်ဖြစ်ပြီး သတ္ထုလှောင်အိမ်၏ဘေးဘက်တွင်တိတ်ဆိတ်စွာနှင့်ချည်နှောင်ခံထားရသည်။

၎င်းသည်သစ်ရွက်ဆွေးကျိုင်းကောင်ဖြစ်သည်၊ ကောင်းဖန်သည်ထိုသားရဲကိုမှတ်မိ သည်။

တိုက်ပွဲသည်တဖြည်းဖြည်းတည်ငြိမ်လာသည်နှင့်အမျှ မြောက်ပိုင်းခုခံတိုက်ခိုက်မှု လိုင်းတွင်သစ်ရွက်ဆွေးကျိုင်းကောင်များသည် ရှုံးနိမ့်သွားပြီး, သစ်ရွက်ဆွေးကျိုင်း ကောင်ဘုရင်ကို စစ်တပ်၏ထိပ်တန်းအဆင့်သားရဲကသတ်လိုက်သည်။

ပြောကြတာတော့ သစ်ရွက်ဆွေးကျိုင်းကောင်ဘုရင်အသေကောင်သည် ဓာတ်ခွဲ နမူနာပုံစံမျိုးပြောင်းလဲသွားပြီး အနည်းဆုံး၄၂ပေရှည်လျားပြီး၁၆ပေအမြင့်ရှိသည်၊ ဖောင်ထွင်းမြင်ရသောအတောင်ပံ၏အစွန်းပိုင်းတွင် ဓားသွားကဲ့သို့ချွန်ထက်နေကာ, ၎င်းတို့က အေးခဲသောအလင်းရောင်မျိုးထွက်လာသည်။ အလောင်းကောင်ကိုကောင်းစွာ ထိန်းသိမ်းထားတာကြောင့် ပြင်းထန်သည့်တိုက်ခိုက်ရာများ ဘယ်နေရာရှိလဲဆိုတာ ပြောပြဖို့တောင်ခက်သည်။

စစ်တပ်သည်သစ်ရွက်ဆွေးကျိုင်းကောင်အုပ်လိုက်ကိုအနိုင်ရပြီးနောက်တွင် အကျဉ်းသားကျိုင်းကောင်များကိုပါဖမ်းမိလိုက်သည်။

နည်းပြကျန့်ပြောသည်မှာက နောက်တစ်ပတ်တွင်သူတို့စိန်ခေါ်ရမည့်သားရဲများအားလုံးသည် သစ်ရွက်ဆွေးကျိုင်းကောင်များဖြစ်သည်။

၎င်းတို့သည် ကောင်းကင်၌အချိန်ကြာမြင့်စွာပျံသန်း၍မရနိုင်သောကြောင့် ၎င်းတို့ကို ပျံသန်းနေသောသားရဲအမျိုးအစားများအဖြစ်လုံးလုံးမှတ်ယူ၍မရနိုင်ပါ၊ သူတို့ရဲ့ပျံသန်းနိုင်တဲ့အကွာအဝေးကိုလည်း အကန့်အသတ်ရှိတာကြောင့်သူတို့ကိုယာယီပျံသန်းနိုင်မှု သားရဲအမျိုးအစားအဖြစ်မှတ်ယူနိုင်သည်။

တာ့ဇီသည် အရင်က ပျံသန်း၍တိုက်ခိုက်သော ပြိုင်ဘက်သားရဲနှင့်ရင်ဆိုင်ဖူးခြင်းမရှိပေ။ လှောင်အိမ်ရှိသစ်ရွက်ဆွေးကျိုင်းကောင်သည် အဆင့်၁၂နှင့်သာမန်အဆင့်အတန်းသာဖြစ်သည်၊

ဒါက လေ့ကျင့်ဖို့အတွက်တော့ အဆင်ပြေလှသည်။

***

All Chapters