← Chapters

အခန်း (၈၉-၉၂)

Vol. 6 Ch. 89-92

အခန်း (၈၉-၉၂)

Vol. 6 Ch. 89-92

အပိုင်း ၈၉ သစ်ရွက်ဆွေးကျိုင်းကောင်ကို စိန်ခေါ်ခြင်း

တာ့ဇီက သတ္တုလှောင်အိမ်ကြီးထဲသို့ တွားသွားကာ ဝင်သွားသည်။

သစ်ရွက်ဆွေးကျိုင်းကောင်သည် သတ္ထုလှောင်အိမ်ကြီးထဲတွင် တိတ်ဆိတ်စွာအနားယူနေရာမှ ၎င်း၏ခန္ဓာကိုယ်ကို မသက်မသာလှုပ်ရှားလာခဲ့သည်။

၎င်းက ဘယ်ဘက်သို့ ခြေလှမ်းအနည်းငယ်ရွှေ့သွားခဲ့သည်။ တာ့ဇီ၏လှုပ်ရှားမှုကိုလဲ သစ်ရွက်ဆွေးကျိုင်းကောင်က မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။ သံမဏိကြိုးများပေါ်တွင် ချိတ်ထားသည့် ခြေသည်းများမှာ ပိုလို့တင်းကြပ်လာပြီး အတောင်ပံများကလဲ လှုပ်ခတ်လို့လာသည်။

“တာ့ဇီ၊ ရန်စလိုက်။” ကောင်းဖန်က စာချုပ်မှတစ်ဆင့် တာ့ဇီနှင့်စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။

တာ့ဇီလဲ သတိတကြီးနှင့်ခေါင်းညိတ်ကာ ရပ်နေလိုက်သည်။

၎င်း၏ခန္ဓာကိုယ်မှ များပြားလှသည့်ခြေသည်းများက ဝင်လိုက်ထွက်လိုက်လှုပ်ရှားနေကာ ရေလှိုင်းနှင့်ပင်တူလှသည်။ ၎င်းက သမုဒ္ဒရာအောက်ခြေရှိရေညှိပင်များက ရေလှိုင်းအတိုင်း လှုပ်ရှားနေသလိုပင်။

လှောင်အိမ်အပြင်ဘက်တွင်တော့ လှောင်အိမ်ထဲမှ အံ့ဩစရာခြေထောက်လှုပ်ရှားမှုကို တွေ့လိုက်ကြရသည့်လူများမှာ မေးရိုးပြုတ်ကျမတတ် အံ့အားသင့်နေကြတော့သည်။

“ဒီသွေးစွန်းပါရမီရှင်ကတော့!” လူဝလေးတစ်ယောက်မှာတော့ ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။

“ေ*ာ့ခ်၊ ဒီကောင်ဘာကောင်လဲကွ!” နောက်ထပ်လူငယ်တစ်ယောက်သည်လဲ သူ့လက်ကိုသူ မဆုပ်ကိုင်မိဘဲမနေပေ။

အမြဲတမ်း မျက်နှာထားတင်းမာနေသည့် နည်းပြကျန့်ပင်လျှင် တိတ်တဆိတ်လှမ်းမကြည့်မိခင် အနည်းငယ်တုန်လှုပ်သွားရသည်။

သတ္ထုကြိုးများပေါ်ရှိ သက်ရွက်ဆွေးကျိုင်းကောင်ကတော့ ခဏလောက်ရပ်တန့်သွားကာ ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကင်းခြေများ၏ ဆန်းကြယ်သည့်အပြုအမူကို ကြည့်နေခဲ့သည်။ ခဏမျှတုံ့ဆိုင်းနေပြီးနောက်တွင်တော့ ၎င်း၏နောက်ကျောဘက်ဆီမှ တောင်ပံနှစ်ခုကို ပြင်းထန်စွာဖြန့်ကားလိုက်ပြီး အောက်သို့လျင်မြန်စွာထိုးဆင်းလာတော့သည်။

၎င်း၏ခြေထောက်များသည် တံစဉ်လိုမျိုးအပြင်ဘက်သို့ အသွားများထွက်နေသည်။ လျင်မြန်လွန်းလှသည့် အရှိန်နှင့် တံစဉ်လိုခြေထောက်များကို ပေါင်းစပ်လိုက်တာကြောင့် ကြောက်မက်ဖွယ်ရာလက်နက်တစ်ခုသဖွယ်ဖြစ်သွားတော့သည်။

ထိုခြေထောက်များက လွှလိုမျိုး တစ်စုံတစ်ယောက် တစ်စုံတစ်ခုကို ချိတ်မိသွားသည်နှင့် အရေပြားရော အသားများပါ စုတ်ပြတ်သတ်သွားမည်ဖြစ်ကာ ကြောက်စရာကောင်းလှသည့် ဒဏ်ရာကြီးဖြစ်သွားမည်မှာ အသေအချာပင်။

တစ်ချိန်တည်းမှာပဲ ရပ်နေသည့်တာ့ဇီက ရှေ့သို့ ခုန်ဝင်လိုက်သည်။ သစ်ရွက်ဆွေးကျိုင်းကောင်၏အရှိန်ကလဲ မလျော့သွားခဲ့ပေ။ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်က တိုက်ခိုက်မှုကို ရှောင်ဖယ်လိုက်ကာ ခြေသည်းများကတော့ တာ့ဇီ၏ကျောပေါ်မှ အခွံများကြားရှိ အဟများကို ဖမ်းဆုပ်သွားနိုင်ခဲ့သည်။ ဒါကို တိုက်ဆိုင်မှုလို့ခေါ်ရင် မှန်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့ဖြစ်သွားဖို့ရန်က တစ်ဖက်မှခွန်အားထိန်းချုပ်နိုင်မှုကလဲ အရေးကြီးသည့်အရာပင်ဖြစ်သည်။

သစ်ရွက်ဆွေးကျိုင်းကောင်၏ ထိုးစစ်သည် အနည်းငယ်သာ ပိုပြီး သန်မာအားကောင်းနေလျှင် တာ့ဇီကို နှစ်ခြမ်းပင်ခွဲပစ်နိုင်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် တာ့ဇီ၏ခန္ဓာကိုယ်ပေါ်မှ အဟနေရာများသည် အဓိကသော့ချက်ပင်ဖြစ်သည်။

သစ်ရွက်ဆွေးကျိုင်းကောင်၏ ခြေသည်းများမှအားသည် တာ့ဇီကိုပင် ယိမ်းထိုးသွားစေကာ ပက်လက်ပင်လန်မတတ်ဖြစ်သွားသည်။

သစ်ရွက်ဆွေးကျိုင်းကောင်သည်လဲ တာ့ဇီနီးပါး ၁၀ပေလောက်အထိ ရှည်လျားသည်။ သို့ပေမည့် ခန္ဓာကိုယ်အရွယ်အစားအရဆိုလျှင်တော့ ၎င်းသည် တာ့ဇီထက် တစ်စလောက်ပိုကြီးသည်။

ခွန်အားချည်းသက်သက်ယှဉ်မည်ဆိုလျှင်တော့ တာ့ဇီဘက်က အားသာချက်မရှိပေ။ ရုတ်တရက်ဆိုသလို တာ့ဇီ၏ဘဝင်ကျနေသည့်အသံက ထွက်လာကာ ၎င်းက သူ့ခန္ဓာကိုယ်ကို လှန်လိုက်ပြီး လေထဲတွင် လှည့်ကာ ရှေ့ကိုကောင်ကို ချိတ်တယ်လိုက်သည်။ အခြေအနေက လုံးဝပြောင်းလဲသွားတော့သည်။

ထို့နောက် ခန္ဓာကိုယ်ကိုလှည့်ကာ သစ်ရွက်ဆွေးကျိုင်းကောင်၏ကျောပေါ်သို့တက်လိုက်သည်။ သစ်ရွက်ဆွေးကျိုင်းကောင်မှာ ပျံရုံသာပျံ့နိုင်သူဖြစ်သည်။ အခုတော့ တာ့ဇီက သူ့ကျောပေါ်သို့တက်လိုက်တာကြောင့် ချက်ချင်းဆိုသလို အောက်သို့ပြုတ်ကျသွားတော့သည်။

သားရဲနှစ်ကောင်မှာ မြေပြင်ပေါ်တွင် ဘယ်ညာလူးလိမ့်ကာ နပန်းသတ်နေတော့သည်။

ပုံစံအနေအထားက အနည်းငယ်ဆိုးရွားလှပေမည့် ဒါက ကင်းခြေများတွေ အမဲလိုက်သည့်တကယ့်အနေအထားဖြစ်သည်။ ၎င်းတို့၏တစ်ကိုယ်လုံးနှင့် ရန်သူ၏ခန္ဓာကိုယ်ကို မြွေတစ်ကောင်လိုရစ်ပတ်ကာ အဆိပ်များကိုထိုးသွင်းကြခြင်းဖြစ်သည်။

အဆိပ်များထိုးသွင်းခံလိုက်ရသည်နှင့် သစ်ရွက်ဆွေးကျိုင်းကောင်သည် အားနည်းလာခဲ့သည်။ ကောင်းဖန်လဲ တာ့ဇီကို ပြန်ခေါ်ရန်မှလွဲပြီး ရွေးရာမရှိတော့ပေ။

တာ့ဇီသာ အဆိပ်တွေ ထပ်ထိုးထည့်နေပါက သစ်ရွက်ဆွေးကျိုင်းကောင် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ ဒီလိုဆို တခြားကျောင်းသားတွေအတွက် လေ့ကျင့်စရာပစ်မှတ်ဘယ်ရှိတော့မလဲ။

ဒီလိုဆို လေ့ကျင့်ရေးအထမြောက်တော့မှမဟုတ်ဘူး။ သို့သော်လည်း တာ့ဇီ၏အဆိပ်မှာ အမှန်ကယ်ကိုအံ့ဩစရာကောင်းလှသည်။ ပုံမှန်အားဖြင့် ပျံနိုင်သည့်သားရဲများတွင် ခုံခံနိုင်စွမ်းအားမြင့်မားတတ်ကြသည်။

ပုံမှန်ဆိုရင်ပေါ့။

ဒီကောင်ကတော့ ပေါ့ပါးက အလိုက်သင့်လှုပ်ရှားနိုင်မည့် ခန္ဓာကိုယ်မရှိတာကြောင့် ပျံနိုင်ရုံလောက်သာ ပျံနိုင်သည်။

တာ့ဇီ လှောင်အိမ်ထဲမှပြန်ထွက်လာချိန်တွင် အထဲမှ သစ်ရွက်ဆွေးကျိုင်းကောင်၏ခန္ဓာကိုယ်မှာ အနည်းငယ်ခရမ်းရောင်ပင်သမ်းနေသည်။ ၎င်းက မြေပေါ်တွင် တောင့်တင်းစွာလဲလျောင်းနေခဲ့သည်။

[မကောင်းဆိုးဝါး အမည်] : သစ်ရွက်ဆွေးကျိုင်းကောင်

[မကောင်းဆိုးဝါး အခြေအနေ] : အလယ်အလတ်ဒဏ်ရာ (အဆိပ်သင့်)

ဒါဇီထွက်လာသည်နှင့် တခြားလူတွေကတော့ နောက်တစ်လှည့်ဆက်ဝင်ဖို့ စိတ်အားထက်သန်နေကြတော့သည်။ အားနည်းနေသည့်ရန်သူကို အနိုင်ယူနိုင်မယ့် အခွင့်အရေးက နောက်ဆုံးတော့ရလာပြီပဲ!

လေ့ကျင့်ရေးက အမြဲဒီအတိုင်းပါပဲ။ တာ့ဇီက ဦးဆောင်က သားရဲများကိုတိုက်ခိုက်မည်ဖြစ်ပြီး ကျန်သူများကတော့ သူတို့အလှည့်ရောက်လျှင် သေမလိုဖြစ်နေသည့် သားရဲကိုအနိုင်ကျင့်ကြရုံသာဖြစ်သည်။

နဂါးကြက်သည်လှောင်အိမ်ထဲသို့မောက်မာသောလေထုနှင့်အတူ ဆရာကြီးစတိုင်နှင့် လမ်းလျှောက်ဝင်သွားတော့သည်။ ၎င်းကသူ၏ရှည်လျားလှသောခြေထောက်ဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီးနောက် နောက်တစ်ဖက်ကိုရပ်လိုက်ကာ ရင်ကိုဖွင့်လိုက်ပြီး ဘယ်ညာကြည့်နေသည်။

ထို့နောက်၎င်းကဒဏ်ရာရထားပြီး မလှုပ်မယှက်ရှိနေသောသစ်ရွက်ဆွေးကျိုင်းကောင်ကို စိုက်ကြည့်နေသည်၊ နဂါးကြက်၏မျက်လုံးထဲတွင် တလက်လက်တောက်ပနေမှုများ ပေါ်လာသည်၊ ဒါကသူ့ရဲ့အနှစ်သက်ဆုံးအစာမဟုတ်ဘူးလား, ကျိုင်းကောင်?

၎င်းကအနည်းငယ်မျှကြီးသော်လည်း, ၎င်း၏သနားစရာကောင်းသောအသွင်ပြင်က ကြက်၏၎င်းကိုအနိုင်ကျင့်လိုသောစိတ်ကို တောက်လောင်လာစေသည်။ နဂါးကြက်သည် ရှေ့သို့ အော်၍အပြေးအလွှားသွားတော့သည်။ ၎င်းကဆက်၍သစ်ရွက်ဆွေး ကျိုင်းကောင်ကို အနာများဖုံးလွှမ်းသွားသည်အထိ နှုတ်သီးဖြင့်ထိုးဆိတ်တော့သည်။

နေ့ခင်းလေ့ကျင့်ရေးပြီးသည်နှင့် နည်းပြကျန့်သည်အားလုံးကိုခေါ်လိုက်သည်၊ “ဒီငါးယောက်ထဲကစီနီယာနှစ်သမားက ဘယ်သူလဲ?”

နဂါးကြက်ပိုင်ရှင်ကသူ့လက်ကိုမြှောက်လိုက်သည်၊

“ကောင်းပြီ, စီနီယာတွေကနေခဲ့၊ ဒုတိယနှစ်သမားတွေကအရင်ပြန်လို့ရပြီ။” နည်းပြကျန့်ကပြောလိုက်သည်၊

ကျန်ရှိသောဒုတိယနှစ်ကျောင်းသားများကအစဉ်လိုက်ပြန်သွားကြတော့သည်၊

“မင်းလိုတာတစ်ခုခုရှိသေးလို့လား?” နည်းပြကျန့်ကအာရုံပြောင်းသွားကာ ကျန်နေသည့်ကောင်းဖန်ကိုကြည့်လိုက်သည်။

ကောင်းဖန်ကပြုံးပြလိုက်ပြီးယဉ်ကျေးစွာနှင့်မေးလိုက်သည်, “နည်းပြကျန့်, သူတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စအတွက်နေခဲ့တာမလား?”

နည်းပြကျန့်ကငေးကြောင်ကြောင်ဖြစ်သွားပြီး ပြောလိုက်သည် “ဟုတ်တယ်”၊ သူက ကောင်းဖန်နှင့်တာ့ဇီကိုစိုက်ကြည့်နေရာကနေ ပြောင်းလိုက်ပြီးနောက် ခေါင်းညိတ် လိုက်သည်၊ “ဒါဆိုမင်းလည်းနေခဲ့။”

သားရဲလေ့ကျင့်သူအရာရှိများသည် သူတို့စီနီယာနှစ်သမားများထဲတွင် အားလုံးပေါင်း ခြောက်ရာကျော်ရှိသည်၊ အားလုံးသည်ကြီးမားသော လေ့ထောင့်ပုံစံဖွဲ့လိုက်ပြီး သူတို့ကိုယ်သူတို့အတန်းလိုက်အများကြီး သေသေသပ်သပ်စီစဉ်လိုက်ကြသည်။

လူအကုန်လုံးသည်သားရဲများရှိပြီး ၎င်းတို့ကသူတို့ဘေးတွင်ရပ်နေသောကြောင့်, လူတစ်ယောက်ချင်းစီကြားအကွာအဝေးသည်အတော်လေးကျယ်သည်။

“မင်းတို့အားလုံးထဲက, တချို့ကစီနီနှစ်တွေ,တချို့က ဒုတိယနှစ်တွေ,” နည်းပြ ခေါင်းဆောင်ချန်းက ကျောက်စင်မြင့်ပေါ်တွင်ရပ်နေကာ သူ၏လက်နှစ်ဘက်ကိုနောက်တွင်ထားထားပြီး သက်တူရွယ်တူအသင်းဖော်အဖွဲ့များကိုငုံ့ကြည့်ပြီးပြောလိုက်သည်၊

“နှစ်လအတွင်းမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမယ့်အချိန် ရောက်လာတော့မယ်! အချိန်တွေကလူကိုမစောင့်ဘူး၊ ပြီးခဲ့တဲ့နှစ်လက လေ့ကျင့်ရေးရလဒ်တွေက သိသိသာသာကိုအကျိုးသက်ရောက်ပြီးတော့ မင်းတို့ရဲ့နောက်ဆုံးရလဒ်တွေကိုတောင် ဆုံးဖြတ်ပေးလိမ့်မယ်!” ခေါင်းဆောင်နည်းပြချန်းသည်ကျယ်လောင်စွာနှင့်ပြောလိုက်သည်။ “ကောင်းမွန်တဲ့ရလဒ်တွေက အသုံးမဝင်ဘူးလို့မထင်လိုက်နဲ့၊ အဖွဲ့ကြီးတွေအကုန်လုံး, စစ်တပ် ပြီးတော့အစိုးရအဖွဲ့အစည်းတွေက အဆင့်ကောင်းတဲ့ သားရဲလေ့ကျင့်ရေး အရာရှိလောင်းတွေအားလုံးကို ဘတ်တွန်ကျိုင်းတုတ်တွေပစ်ပေးလိမ့်မယ်၊ ဒီလိုပြော တာက နည်းနည်းဆိုးဝါးတဲ့အရာလို့ထင်ရပေမယ့် ဒါကတကယ်ဖြစ်လာမှာဖြစ်တယ်၊ နောက်ဆုံး အကယ်၍မင်းတို့ကအဖွဲ့တွေနဲ့ မျိုးနွယ်စုတွေထဲကိုဝင်ဖို့စိတ်မဝင်စားရင် တောင် မင်းတို့ကိုယ်မင်းတို့သန်မာအောင်လုပ်ထားတာကမမှားဘူး၊”

ငွေကြေး, ရာထူးနဲ့ အာဏာ။ ဒါတွေကရှေးကတည်း လူတွေလိုက်ရှာနေတဲ့အရာများဖြစ်သည်၊ သေချာတာပေါ့, ခွန်အားကိုသာယုံကြည်ပြီး ဇွဲလုံ့လရှိတဲ့သူတွေလည်းရှိတာကို မငြင်းနိုင်ပါဘူး၊ ဒါပေမယ့်အဲ့လူတွေကလူနည်းစုသာဖြစ်တယ်။

နည်းပြခေါင်းဆောင်ချန်းက အနည်းငယ်နှုတ်ကြမ်းသွားပုံရသည်။ အမှန်ကလည်း, သူက လက်တွေ့မှာအသုံးဝင်တဲ့ဒီလိုအကြောင်းပြချက်တွေကိုကျောင်းသားတွေကို လှုံ့ဆော်ဖို့အတွက်အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမယ့်လဲ သူ့မှာရွေးချယ်စရာမရှိပေ။ စိတ်ဝိဉာဉ်အတွက်ကြက်သားစွပ်ပြုတ်ကျွေးနေခြင်းက နှောင့်နှေးကြံ့ကြာစေနိုင်တယ်။

ကောင်းဖန် ရုတ်တရက်သူ့အဖိုးရဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့ကိုသတိရသွားသည်။ အဖိုးက အလွန်ကိုအရမ်းခေါင်းမာပြီး, သူ့အမေကလည်း သူ့အဖိုး၏စိတ်နေစိတ်ထားနဲ့ပင်ကို စရိုက်ကိုဆက်ခံခဲ့သည်။ ဒါကြောင့်အဖေနဲ့သမီးကြားထဲကဆက်ဆံရေးသည် အရမ်းပြင်းထန်သည်။

အမေကဘယ်တော့မှ အဖိုးထံကမည်သည်ကိုမျှလက်မခံ။ သူမက တစ်ခါတစ်ရံတွင် နှစ်သစ်ကူးရာသီတွင် မိသားစုအားအဖိုးဆီသို့အလည်အပတ်ခေါ်လာတတ်သည်။

ကောင်းဖန်သည် သူရဲ့အထောက်အထားတွေနှင့် တောင်ပိုင်းကောင်းကင်အဖွဲ့ရှိ ရာထူးကြီးသူများကိုဆက်သွယ်ရန်နည်းလမ်းမရှိပေ။ ဒါပေမယ့်အဲ့ဒါကိုအလေးအနက် စဉ်းစားကြည့်လျှင်အဖွဲ့၏ပိုင်ရှင်တွေပြောင်းပြီးသွားတာဖြစ်နိုင်သည်။

ကောင်းဖန်သည် ဝမ်းနည်းခြင်း,ပူဆွေးနောင်တရခြင်း,ဒါမှမဟုတ်စာနာခြင်းစသော စိတ်ခံစားချက်များကိုတကယ်မခံစားခဲ့ရပါ။ ဘာကြောင့်လဲဆိုတော့ ထိုအရာတွေက ဘယ်တော့မှသူကပထမနေရာအတွက် မပိုင်ဆိုင်ရခြင်းကြောင့်ပင်ဖြစ်သည်။ ဒါတွေက သူငယ်ငယ်ကသူ့မိဘတွေသင်ကြားခဲ့သည်များနှင့်လည်းဆက်စပ်နေသည်၊

အကယ်၍စိတ်ခံစားချက်တစ်စုံတစ်ရာရှိနေပါက ၎င်းကသူ့အဖိုးကိုသူလွမ်းဆွတ်သော ခံစားချက်ပင်ဖြစ်လိမ့်မည်ဖြစ်ပြီး, သူတစ်ယောက်တည်းရှိစဉ်က သူ့အတွက်သေခြင်း, ရှင်ခြင်းအကြောင်းအရာများကိုမသိနိုင်သောကြောင့်ဖြစ်သည်။

ကောင်းဖန်ရုတ်တရက်စိတ်ဝင်စားစရာအတွေးတစ်ခုရသွားသည်။ အနာဂါတ်တွင်သူသည်အစိုးရအဖွဲ့ထဲတွင်ပူးပေါင်းပါဝင်လိမ့်မည်။ ကမ္ဘာ့မဟာမိတ်အစိုးရတွင်ပါဝင်ခြင်းသည် အခြားပုဂ္ဂလိကအဖွဲ့များထံဝင်ခြင်းထက် ပိုပြီးကောင်းသည်၊ အနည်းဆုံးတော့, သူကအချို့သောသူများအတွက် ဝန်ဆောင်မှုပေးနေခြင်းဟုအထင်မှားခြင်းရှိမည် မဟုတ်ပေ၊

ဒါကအနာဂါတ်အတွက်အကြောင်းအရာများဖြစ်သည်၊ အကယ်၍သူအစိုးရနှင့်ပူးပေါင်းချင်ရင်တောင်, သူကအခြားသူတွေရဲ့ခြယ်လှယ်ခံရသူဖြစ်မလာစေရန် အလုံအလောက် သန်မာသည်အထိစောင့်ရမည်ဖြစ်သည်။

***

အပိုင်း ၉၀ ဝင်ခွင့်စာမေးပွဲစည်းမျဉ်းများ

“သားရဲလေ့ကျင့်သူအရာရှိလောင်းတွေအတွက် ကောလိပ်ဝင်ခွင့်စစ်ဆေးမယ့် ပထမဆုံးမေးခွန်းတွေထွက်လာပြီ။ အားလုံးကိုလဲ ကမ္ဘာအနှံ့က အခြေစိုက်မြို့အသီးသီးကို ပို့ပေးထားတယ်။ ပထမဆုံးဝင်ခွင့်စာမေးပွဲဖြစ်တာကြောင့် စည်းမျဉ်းတွေကလဲ တင်းကြပ်တယ်။ လူတိုင်းကလဲ ဒီကိစ္စကိုအာရုံစိုက်နေကြတယ်။”

“ငါတို့ဆီဖြန့်ဝေပေးထားတဲ့ စာတမ်းတွေအရ စာမေးပွဲကို သုံးကျော့ခွဲထားတယ်။ ပထမအကျော့ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဆေးသွားမယ်။ သားရဲတွေကို စိန်ခေါ်ဖို့ မင်းတို့ရဲ့ကိုယ်ပိုင်သားရဲတွေကို မင်းတို့ဦးဆောင်ရမယ်။”

“သာမာန်အဆင့်သားရဲတွေအတွက် အခြေခံပေးမှတ်က ၁၀မှတ်၊ ထိပ်တန်းအဆင့်သားရဲတွေအတွက်တော့ အမှတ်၅၀ ပြီးတော့ အုပ်ချုပ်သူအဆင့်သားရဲတွေကိုတော့ အမှတ်၅၀၀ပေးထားတယ်။ ဒီအမှတ်တွေပေါ် အခြေခံပြီး အဆင့်တူထဲက အထူးအဆင့်သားရဲကို ဘောနပ်စ်အမှတ်၅၀ရာခိုင်နှုန်းပေးပြီး အဆင့်တူထဲကပဲ ပြီးပြည့်စုံအဆင့်သားရဲဆိုရင်တော့ ဘောနပ်စပ်အမှတ်၁၀၀ရာခိုင်နှုန်းပေးလိမ့်မယ်။”

“ဒါတင်မကဘူး၊ စိန်ခေါ်မှုတွေအတွက် သားရဲအရေအတွက်က အကန့်အသတ်ရှိတယ်။ စိန်ခေါ်ရမယ့်သားရဲအရေအတွက်က မင်းတို့ပိုင်ဆိုင်တဲ့သားရဲအရေအတွက်ထက် မများနိုင်ဘူး။ ပြောရရင်တော့ မင်းမှာကိုယ်ပိုင်သားရဲ၃ကောင်ရှိမယ်၊ အများဆုံးအကောင်ရေပေါ့၊ ဒီလိုဆို မင်းတို့ယှဉ်ပြိုင်ရမယ့်သားရဲကလဲ သုံးကောင်ရှိလိမ့်မယ်။ ဒါက အဆင့်မြင့် ကိုယ်ပိုင်သားရဲပိုင်ဆိုင်တဲ့ စာမေးပွဲဖြေဆိုသူတွေအနေနဲ့ အဆင့်နိမ့်သားရဲ အရေအတွက်များများကို အနိုင်ယူပြီး သူတို့အမှတ်တိုးအောင် လုပ်မှာကိုကာကွယ်ထားတာပဲ။”

“ပြီးတော့ မင်းတို့က သားရဲတွေရဲ့အဆင့်နဲ့အဆင့်အတန်းကိုပဲ ရွေးချယ်နိုင်မယ်။ သားရဲအမျိုးအစားကတော့ ကျပန်းယူရမယ်။”

လူတိုင်းက ညွှန်ကြားချက်များကို နားလည်ကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

“တစ်ပြိုင်နက်တည်း၊ နောက်ထပ် တောင်းဆိုချက်တစ်ခုလဲရှိသေးတယ်၊ ဒါကတော့ တိုက်ပွဲမှာ စွမ်းရည်အားသာချက်ရှိတဲ့ သားရဲတွေကို မင်းတို့ရွေးလို့မရဘူး။ ဥပမာအနေနဲ့၊ မင်းရဲ့ကိုယ်ပိုင်သားရဲမှာက ရေစွမ်းရည်ရှိတယ်ဆိုရင် မင်းယှဉ်ပြိုင်ရမယ့်သားရဲကို မီးစွမ်းရည်ရှိတဲ့သားရဲရွေးလို့မရဘူး။ မင်းတို့ နားလည်ကြမှာပါ။” ခေါင်းဆောင်နည်းပြချန်းက ကျောင်းသားများကို ထပ်ပြောလိုက်သည်။

ဒီတောင်းဆိုမှုက ကျောင်းသားများစွာ၏မျက်နှာအရောင်ကို အနည်းငယ်ပြောင်းလဲသွားစေခဲ့သည်။ တချို့ကတော့ ခါးသီးနေကြသည်။ သူတို့က စည်းမျဉ်းများထဲမှ အားနည်းချက်ကို အမိအရဆုပ်ကိုင်ကာ သူတို့ကိုယ်ပိုင်သားရဲများ၏စွမ်းရည်နှင့်ယှဉ်လျှင် အားနည်းသွားကြမည့် သားရဲများကိုရွေးချယ်ဖို့ ကြံရွယ်ထားကြခြင်းဖြစ်သည်။

“နည်းပြချန်း၊ တစ်ဖက်ကသားရဲရဲ့စွမ်းရည်က ကျွန်တော်တို့သားရဲအပေါ် အားသာချက်ရှိနေတာမျိုးဆိုရင်ကော? အဲ့လိုဆို ကျွန်တော်တို့ဘာလုပ်ရမလဲ?” ကျောင်းသားတစ်ယောက်က လက်ထောင်ကာ အသံကျယ်ကျယ်ဖြင့်မေးလိုက်သည်။

“လူတိုင်းမှာ စိန်ခေါ်ရမယ့်သားရဲကို တစ်ကြိမ်ပြောင်းနိုင်တဲ့အခွင့်အရေးရှိတယ်။ ဒါပေမယ့် မှတ်ထားဖို့က မင်းတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတာ။ ဒီလိုဆိုပေမယ့် မင်းတို့ပြောင်းလိုက်တဲ့သားရဲကတော့ ရာနှုန်းပြည့်ပြောင်းလဲသွားမှာတော့ အာမခံတယ်။ ပြောရရင်တော့ စွမ်းရည်တူတဲ့သားရဲမျိုးကိုတော့ နှစ်ကြိမ်တွေ့ရမှာမဟုတ်ဘူး။ ဒါပေါ့၊ မင်းတို့သာ မင်းတို့ကိုယ်ပိုင်သားရဲရဲ့စွမ်းရည်အပေါ် အားသာချက်စွမ်းရည်ရှိနေတဲ့ သားရဲကို အနိုင်ယူနိုင်ခဲ့ရင် နောက်ထပ် ဘောနပ်စ်အမှတ်၁၀ရာခိုင်နှုန်းရဦးမှာ။” နည်းပြချန်းပြုံးလိုက်သည်။

နောက်ဆုံးတွင် ခေါင်းဆောင်နည်းပြချန်းက အခြားသောအသေးစိတ်စည်းမျဉ်းအချို့ကို အလေးပေးပြောကြားခဲ့ပြီး လိမ်လည်လှည့်ဖျားမှုနည်းလမ်းတွေကိုလဲ အခြေခံအားဖြင့်ပြောပြခဲ့သည်။

စာမေးပွဲဖြေဆိုသူများသည် နတ်ဘုရားများမဟုတ်ကြပေ။ ဒါကြောင့် ဘယ်လို ထူးထူးဆန်းဆန်း လိမ်လည်လှည့်စားမှုနည်းလမ်းများ ရုတ်တရက်ပေါ်ထွက်လာမလဲဆိုတာကို သူတို့မသိနိုင်ပေ။ သူတို့ဘက်ကအကောင်းဆုံးကြိုးစားရုံသာရှိသည်။

“စာမေးပွဲပထမအကျော့က အခြေခံအားဖြင့်တော့ မင်းတို့အပေါ် အများဆုံးမူတည်ပြီး အဆုံးအဖြတ်ဖြစ်သွားမှာ။ ထူးချွန်တဲ့ကျောင်းသားတချို့ကပဲ ဒုတိယအကျော့စာမေးပွဲဖြေဆိုရာမှာလိုအပ်တဲ့အရာတွေကို တွေ့နိုင်မယ်။ ဒါပေမယ့် မင်းတို့သာ စာမေးပွဲဒုတိယအဆင့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်သရွေ့ မင်းတို့ ဂုဏ်သတင်းကြီးမားတဲ့တက္ကသိုလ်တစ်ခုကို သေချာပေါက် တက်ခွင့်ရမှာပါ။”

“ဒုတိယအဆင့်စာမေးပွဲကတော့ တောတွင်းမှာ တကယ့်သေခြင်းရှင်ခြင်းတိုက်ပွဲအစစ်အမှန်နဲ့ ကြုံရမှာ။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက်လုံးကိုလဲ တစ်နိုင်ငံလုံးဆီ တိုက်ရိုက်ထုတ်လွှင့်ထားမယ်။ စည်းကမ်းသတ်မှတ်ချက်အတိအကျကိုတော့ ပထမအကျော့စာမေးပွဲအပြီးမှာ ကြေညာသွားလိမ့်မယ်။”

“တတိယအဆင့်စာမေးပွဲကတော့…. မင်းတို့ကို အသိမပေးခင် အရင်ဆုံးဒုတိယအဆင့်စာမေးပွဲကိုပါဝင်ခွင့်မရမချင်း ငါတို့စောင့်ဦးမယ်။” ခေါင်းဆောင်နည်းပြချန်းက နူးညံ့စွာပြုံးပြရင်း ပြောလာသည်။

“ခေါင်းဆောင်နည်းပြချန်း၊ နည်းပြလဲမသိလို့မဟုတ်လား?” အောက်ဘက်မှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“……”

လေထုက ချက်ချင်းပင် တုန်လှုပ်ချောက်ချားစရာကောင်းသွားတော့သည်။

ထိုစကားကိုကြားပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည့် နည်းပြနှစ်ယောက်၏မျက်နှာအမူအရာတို့က ချက်ချင်းပြောင်းလဲသွားတော့သည်။ သူတို့ရယ်ချင်စိတ်ကို ထိန်းချုပ်ထားကြလေသည်။

ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်နည်းပြချန်းက သူတို့ခေါင်းဆောင်ပဲမဟုတ်လား၊ ဒီတော့ သူတို့ရယ်လို့မဖြစ်ပေ။ ခေါင်းဆောင်ရဲ့မျက်နှာကို ထောက်ရမယ်လေ။

ခေါင်းဆောင်နည်းပြချန်း၏ပုံစံကတော့ နဂိုအတိုင်းပင်တူညီနေကာ နွေးထွေးသည့်အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

“ပြောလိုက်တဲ့လူ၊ အပြင်ကိုထွက်လာပေးပါ။”

နေရခက်သလိုပြုံးနေသည့် ကျောင်းသားတစ်ယောက်က တန်းစီနေသည့်ထဲမှထွက်လာခဲ့သည်။

တခြားကျောင်းသားတွေကလဲ ထောက်ခံအားပေးသည့်အကြည့်များဖြင့် ထိုကျောင်းသားကိုကြည့်နေကြသည်။

“ဒီကိုလာပါဦး၊ ရဲရင့်တဲ့လူငယ်လေး။ ဒိုက်၁၀ခါလောက် ထိုးလိုက်ကြရအောင်။ ၁၀ခါဒိုက်ထိုးပြီးတာနဲ့ ငါတို့ကျေသွားပြီ။ မင်းပြောလိုက်တဲ့စကားအတွက် ငါဘာမှမပြောတော့ဘူး။” နည်းပြခေါင်းဆောင်ချန်းက အမှန်တကယ်ကို စိတ်သဘောထားပြည့်ဝလှသည်။

ဒိုက်၁၀ခါသာထိုးရမည်မှန်း ထိုကျောင်းသားကြားလိုက်ရတော့မှ စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။

သူက ရွှင်မြူးစွာဖြင့် မြေပြင်ပေါ်သို့ လက်ထောက်လိုက်သည်။

“ငါကရေမယ်,ပြီးတော့မင်းကလိုက်လုပ်၊ ငါတစ်ကြိမ်ရေရင်,မင်းကတစ်ကြိမ်လုပ်,” ခေါင်းဆောင်နည်းပြချန်းကအတိအကျပြောလိုက်သည်။

ကျောင်းသားကဒိုက်ထိုးမည့်ကိုယ်ဟန်အနေအထားနှင့် အလွန်အကြူးပင်ခေါင်းညိတ် ပြလိုက်သည်၊

“တစ်”

ကျောင်းသားကလွယ်ကူစွာနဲ့ဘဲတစ်ကြိမ်ပြီးသွားသည်၊

“နှစ်”

ကျောင်းသားကနောက်တစ်ကြိမ်အလျင်အမြန်နဲ့ဘဲပြီးသွားပြန်သည်၊

“သုံး”

ကျောင်းသားအတွက်လွယ်ကူနေတုန်းပင်။

“နှစ်”

ကျောင်းသားကနောက်တစ်ကြိမ်လုပ်လိုက်သည်, ဒါပေမယ့် တစ်ခုခုကမှားနေပုံရသည်၊

“တစ်”

ကျောင်းသား၏မျက်နှာအရောင်ကပြောင်းလဲသွားသည်၊

အဆုံးမှာတော့, ကောင်းဖန်ဒိုက်ထိုးမှုဘယ်နှကြိမ်ပြီးစီးသည်ကိုပင် ထည့်မတွက်တော့ချေ။ ကံမကောင်းသောအကိုသည် ခြောက်သွေ့ပူလောင်နေသောသမံတလင်းပေါ်တွင် လှုပ်ဖို့အတွက်ကိုဘာခွန်အားမှမရှိတော့သော လဲနေသောငါးဆားနယ်တစ်ကောင်နှင့်တူနေသည်ကိုသာ သူမြင်နေရသည်။

ဖြစ်နိုင်တာက…အကွက်ဆင်နေတာလား?

“မင်းတို့စစ်ဆေးခံရတဲ့သူတိုင်း တစ်ယောက်နဲ့တစ်ယောက်အချိန်မဖြုန်းဘဲ အားပေးနေမယ်လို့မျှော်လင့်ပါတယ်၊ မင်းတို့အားလုံး ကပ်ဆိုးကြီးဖြစ်ခဲ့တဲ့သုံးနှစ်လုံးတူညီတဲ့အတွေ့အကြုံတွေရှိခဲ့မယ်လို့ ငါယုံကြည်တယ်၊ ဒီငြိမ်းချမ်းရေးကိုရဖို့ဆိုတာမလွယ်ဘူး၊ မင်းတို့အားလုံး တန်ဖိုးထားကြမယ်လို့မျှော်လင့်ပါတယ်။” နည်းပြခေါင်းဆောင်ချန်းက လေးနက်စွာပြောလိုက်သည်။

ကျောင်းကထွက်လာပြီးနောက် ကောင်းဖန်သည် မနေ့ညက သူ၏ဗီလာရှိမူကွဲအပင်အကြောင်းပြောရန်အတွက် တာဝန်ရှိသူက ဖုန်းခေါ်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ပြီးအဲ့အကြောင်းကိုမေးတာပိုကောင်းမယ်ထင်တယ်။

ကောင်းဖန် ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်သော်လည်း ဆက်သွယ်၍မရခဲ့ဘဲ စက်ပိတ်ထားသည်ဟုသာပြောနေသည်။ ကောင်းဖန် မျက်ခုံးများကိုကြုံ့လိုက်မိသည်။ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ဘာလို့ ဖုန်းကိုပိတ်ထားတာလဲ?

ဒါကသူ့ကိုစိတ်မသက်မသာဖြစ်စေသည်၊ ဒီနေ့အဆက်အသွယ်လုပ်ဖို့ကို သူတို့သဘောတူထားကြတာမဟုတ်ဘူးလား? မဟုတ်မှ သူ့ဖုန်းဝင်သွားမှ တစ်ဖက်က ချပစ်လိုက်တာများလား?

ကောင်းဖန် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီး ဆောက်လုပ်ရေးကုမ္မဏီကိုဖုန်းခေါ်လိုက်သည်။

“ဟယ်လို, ဘာကူညီပေးရမလဲရှင်။” ချိုသာသောမိန်းကလေးအသံက ဖုန်း၏အခြားဖက်မှထွက်ပေါ်လာသည်။

“ကျွန်တော်ကောင်းဖန်ပါ၊ ကျွန်တော်ခင်ဗျားတို့ကုမ္မဏီနဲ့ပရောဂျက်တစ်ခုကိုအပ်ထားတယ်။ ကျွန်တော့်ပရောဂျက်ရဲ့တာဝန်ခံလူရဲ့ဖုန်းကို ဘာလို့ဆက်သွယ်လို့မရတာလဲ။” ကောင်းဖန် မေးလိုက်သည်။

အခြားတစ်ဖက်မှခေတ္တရပ်တန့်နေပြီး ခဏနေတော့ပြန်ပြောလာသည်၊ “ကျေးဇူးပြုပြီး ခဏလောက်ကိုင်ထားပေးပါလူကြီးမင်း, ကျွန်မစစ်ကြည့်လိုက်ပြဦးမယ်။”

ခဏလောက်ကြာပြီးနောက် တစ်ဖက်မှအသံပြန်ထွက်လာသည်၊ “ ဟယ်လို,လူကြီးမင်း ပရောဂျက်ကိုတာဝန်ခံထားတဲ့တစ်ယောက်က လျိုတာ့ဟိုင်လားရှင့်?”

“ဟုတ်တယ်, အဲ့တာသူဘဲ”

“လူကြီးမင်း, ကျွန်မတောင်းပန်ပါတယ်၊ ဒီနေ့နေ့လည်သုံးနာရီလောက်က လျိုတာ့ဟိုင်ရဲ့မိသားစုဝင်တွေက ရဲကိုအကြောင်းကြားထားကြတယ်။ လျိုတာ့ဟိုင်ပျောက်နေတာကို အတည်ပြုထားတယ်။”

ကောင်းဖန်မျက်လုံးများက လှုပ်လှုပ်ရွရွဖြစ်သွားတော့သည်၊

လျိုတာ့ဟိုင်က ပျောက်နေတယ်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူကမနေ့ညကတောင်ဖုန်းခေါ်သေးတယ်လေ၊ ပြီးတော့ ဒီနေ့နေ့လည်ပျောက်နေတယ်လို့အကြောင်းကြားတယ်, ဆိုလိုတာက မနေ့ညက သေချာပေါက်တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တယ်ပေါ့။

“လူကြီးမင်း? လူကြီးမင်း?” တခြားဖက်ကအသံကထွက်ပေါ်လာသည့်အသံက ကောင်းဖန်ကို အတွေးများထဲမှဆွဲထုတ်လိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ်, ဒီလိုသတင်းကိုကြားလိုက်ရတာ နည်းနည်းအံ့အားသင့်သွားလို့ပါ။”

“မစ္စတာကောင်း, မန်နေဂျာလျိုပျောက်နေတာကြောင့်, ကုမ္မဏီကလူကြီးမင်းရဲ့ ပရောဂျက်အတွက် နောက်ထပ်လူတစ်ယောက်စီစဉ်ထားပါတယ်, လက်ခံလားမသိဘူး ရှင့်?”

“ကောင်းပြီ,အဆင်ပြေတယ်” ကောင်းဖန်သဘောတူလိုက်သည်။

ဖုန်းချပြီးနောက်တွင် ကောင်းဖန်သည်သက်ပြင်းအရှည်ကြီးချလိုက်သည်၊

သူအခုအရမ်းကိုသတိကြီးနေသည်၊ ဘယ်လိုဘဲဖြစ်ဖြစ်, ဒီလိုမျိုးဖြစ်ပြီးတဲ့နောက်ဒီ ကိစ္စပစ်မှတ်ကသူဖြစ်နိုင်သည်။

ကောင်းဖန် စိတ်သောကရောက်နေတော့သည်။ ရန်သူကမြို့ကိုတိုက်ရိုက်မလာရခြင်း အကြောင်းရင်းမှာ သူတို့သည်မြို့ဧရိယာသို့ပြောင်းလာဖို့တွန့်ဆုတ်နေခြင်း သို့မဟုတ် သူတို့ကသူ့ရဲ့နေရာအတိအကျကိုမသိခြင်းကြောင့်ဖြစ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ်, နောက်ပိုင်းအခြေအနေအရ, ကောင်းဖန်သိပ်တော့မသေချာပေ၊ နောက်ဆုံး နည်းပညာ သတင်းအချက်အလက်သည်အရမ်းတိုးတက်လာပြီး တစ်စုံတစ်ယောက်ကိုဘယ်နေရာ မှာနေကြောင်းရှာဖွေရန်မခက်ခဲပေ။

ဘယ်လိုဘဲဖြစ်ဖြစ်, အကယ်၍သူမြို့စွန်ကျေးလက်ဧရိယာဘက်ကဗီလာကို ပြောင်း လျှင် မသိနိုင်သောရန်သူသည် သူ၏အိမ်တံခါးဝကိုရှာတွေ့ရန်လွယ်ကူသွားမည်ဖြစ်သည်၊

သူဒါကိုစဉ်းစားလိုက်သည်နှင့် ကောင်းဖန်သည်ရုတ်တရက်အရေးကြီးသည်ကိုခံစားလိုက်ရသည်။ ဒါကသားရဲတွေရဲ့အဆင့်ကိုဆင့်ကဲမြှင့်တင်ပေးရမယ့်အချိန်ပဲ။ အစက, ဘေးထွက်ဆိုးကျိုးများကိုဖန်တီးပစ်မိမှာစိုးသောကြောင့်ပင် သားရဲများကို တစ်ဆင့်ချင်းစီ ဖြည်းဖြည်းချင်းမြှင့်ပေးဖို့ စိတ်ကူးထားခြင်းဖြစ်သည်။

အာ ကြည့်ရတာ စိုးရိမ်နေဖို့ အချိန်သိပ်မရှိဘူးပဲ။ နည်းနည်းလေးမြန်လိုက်လို့လဲ ဆိုးကျိုးရှိလာလောက်မှာမဟုတ်ပါဘူးလေ။

***

အပိုင်း ၉၁ အစင်းလေး၏အရေခွံ

ကျောင်းမှထွက်လာပြီးနောက် ကောင်းဖန် စတိုးဆိုင်များသို့သွားကာ ပစ္စည်းများစွာကိုဝယ်ယူခဲ့သည်။ ထိုပစ္စည်းများကို အိတ်အမည်းတစ်လုံးနှင့်ထည့်လိုက်ပြီးနောက် အိတ်ကိုတော့ တာ့ဇီကျောပေါ်သို့တင်လိုက်သည်။

တာ့ဇီကလဲ ကုလားအုတ်တစ်ကောင်လို ကောင်းဖန်နောက်မှ လိုက်လာခဲ့သည်။

ကောင်းဖန်၏ဘယ်ဘက်ပုခုံးပေါ်တွင်တော့ အလွန်ကြည့်ကောင်းသည့် အစိမ်းရောင်ဂျယ်လီငါးတစ်ကောင် လွင့်မျောလို့နေသည်။ ၎င်းသည် ကျောက်စိမ်းတုံးလိုမျိုး စိမ်းမြနေကာ ဖောက်ထွင်းမြင်နေရပြီး ခန္ဓာကိုယ်ပေါ်တွင်တော့ တောက်ပသည့်အစက်အပြောက်များစွာရှိသည်။ ၎င်း၏ပုံစံသည် အမှန်ကိုစွဲမက်ဖွယ်ကောင်းလှသည်။ ထို့အပြင် ၎င်းက ပျံသန်းနေတာကြောင့် လမ်းသွားလမ်းလာတို့အာရုံကို သေချာပေါက်စွဲဆောင်လို့နေသည်။

ကောင်းဖန် အိမ်သို့ပြန်ရောက်ကာ တံခါးကိုဖွင့်လိုက်သည်နှင့် သူ့အိမ်ဧည့်ခန်းထဲ နေရာတိုင်းတွင်ပြန့်ကျဲနေသည့် အစင်းလေး၏အရေခွံအမှိုက်များကို တွေ့လိုက်ရသည်။

ကောင်းဖန် ညည်းတွားမိတော့သည်။ သူ ထိုအရေခွံဟောင်းများကို အချိန်တိုင်းတော့ လွှင့်မပစ်နိုင်ပေ။ ဒါက အရမ်းဖြုန်းတီးရာကျမနေဘူးလား။

အမှန်တော့ ပင့်ကူများ၏အပေါ်အရေခွံဟောင်းများ ကွာကျခြင်းသည် ကပ်ဘေးကြီးပြီးကာမှဖြစ်လာခဲ့ခြင်းမဟုတ်ပေ။ ကပ်ဘေးကြီးမဖြစ်ခင်ကတည်းက ကမ္ဘာတစ်ခုလုံးမှ ပင့်ကူများသည် မြွေများကဲ့သို့ပင် သူတို့အရေခွံများလဲတတ်ကြသည်။ အရေခွံလဲပြီးတိုင်းလဲ ထိုပင့်ကူ၏အရွယ်အစားသည် ပိုကြီးလာတတ်ကြသည်။

ကပ်ဘေးကြီးမတိုင်ခင်က ပင့်ကူများသည် သူတို့အရေခွံကို တစ်သက်မှာတစ်ကြိမ်လဲတတ်ခြင်းမဟုတ်ဘဲ ပင့်ကူမျိုးရိုးကိုလိုက်ပြီး တစ်သက်မှာ ငါးကြိမ်လောက်အထိ အရေခွံလဲနိုင်ကြသည်။

ကပ်ဘေးကြီးပြီးနောက်တွင်တော့ စွမ်းရည်သည် မကြုံစဖူးအဆင့်သို့တိုင်အောင် တစ်နည်းတစ်ဖုံဖြင့် အားကောင်းလာခဲ့သည်။ ပုံမှန်အားဖြင့် ပင့်ကူများသည် သူတို့အရေခွံကို ဤမျှလောက် မြန်မြန်ဆန်ဆန်မလဲတတ်ကြပေ။ သို့ပေမည့် အစင်းလေးကတော့ မူမမှန်သလိုပုံပေါက်နေသည်။ အိမ်ထဲတွင် အရေခွံဟောင်း လေးခုကိုတွေ့ရတာကြောင့် ပြောရရင် အစင်းလေးသည် တစ်နေ့တည်းနဲ့ အရေခွံလေးခါတောင် လဲခဲ့ခြင်းဖြစ်သည်။

မနေ့ကဆိုလျှင် လေးပေလုံးပတ်လောက်သာရှိသေးသည့်ကောင်က အခုဆို ငါးပေနီးနီးဖြစ်နေပေပြီ။ နောက်ရက်အနည်းငယ်နေလျှင် ကြိတ်ဆုံကြီးတစ်ခုလောက်တောင် ဖြစ်သွားမလားဆိုတာကတော့ စိတ်မကူးရဲစရာပင်။

သို့သော်လည်း အစင်းလေးကို ဒီအတိုင်းဆက်ပြီး အရေခွံလဲစေလို့တော့မဖြစ်ပေ။ ကောင်းဖန် အနည်းငယ်အခက်တွေ့နေတော့သည်။ ဒီကောင်ရဲ့အရွယ်အစားသာ ပိုပိုပြီးကြီးလာလျှင် သူ့ကိုထားဖို့နေရာကလဲ ပိုပိုပြီးလိုလာတော့မှာပဲ။ မီးခိုးရောင်သံချပ်ကာပင့်ကူအဆင့်သို့မြင့်သွားတုန်းက ပေါ်လာခဲ့သည့် အချက်အလက်များအရ အစင်းလေးသည် ဆလွန်းအသေးစားအရွယ်လောက်နီးနီးရှိမည့် အချင်း၁၀ပေနီးပါးအထိဖြစ်လာပေလိမ့်မည်။

အဲ့လောက်ဆိုလဲ အိမ်ထဲမှာဆံ့နေဦးမည်ဖြစ်ပေမည့် သေချာပေါက် အိမ်ကြီးက ရယ်စရာကောင်းလောက်အောင်ကို ပြည့်ကျပ်သိပ်နေတော့မည်။

လောလောဆယ်မှာလဲ ကောင်းဖန် သူ့ဗီလာဆီသို့မသွားရဲသေးပေ။

သူနည်းနည်းသတ္တိကြောင်တာကိုတော့ ဝန်ခံရမည်။ သူအန္တရာယ်ရှိနိုင်မည့်အခြေအနေမျိုးမှာတော့ စိတ်လှုပ်ရှားတက်ကြွနေမည်မဟုတ်ပေ။ ဒါမျိုးက ရုပ်ရှင်ထဲက အဓိကဇာတ်လိုက်တွေပဲဖြစ်တတ်ကြတာ။ ဘာကြောင့်များ သာမာန်လူတစ်ယောက်က ထိုမျှရူးမိုက်မှာတဲ့လဲ?

ဒီလူတွေ ဘယ်လိုလုပ်ကြံမှုမျိုးတွေကို သုံးခဲ့တယ်ဆိုတဲ့အကြောင်း ဘယ်သူကအလေးထားမှာလဲ။ ငါအဆင်ပြေနေဿ၍ သူတို့ကိုလျစ်လျူရှုထားလိုက်မယ်။ ငါ့ဒီအချစ်ကလေးတွေ ကြီးပြင်းလာတာကိုပဲ စောင့်လိုက်မယ်! ပြီးတာနဲ့ ငါတို့အတူတူ သူတို့နဲ့စကားပြောကြည့်ကြတာပေါ့။ ကောင်းဖန်တစ်ယောက် သူ့အတွေးနှင့်သူကျေနပ်နေသည်။

ကောင်းဖန် ကုန်းလိုက်ကာ ကြမ်းပေါ်တွင်လှဲနေသည့်အစင်းလေးကို ပုတ်ပေးလိုက်သည်။ အစင်းလေး၏အရေခွံက လဲပြီးကာစဖြစ်တာကြောင့် အခုထိအနည်းငယ်အားနည်းလို့နေသေးသည်။

၎င်း၏အသားအရောင်က တကယ့်ကိုဖျော့တော့လို့နေသည်။ ၎င်း၏အရိုးများကိုကြည့်ရသည်မှာ နူးညံနေပုံပေါက်ပြီး သူ့လက်ဖဝါးနှင့်ထိမိသည့် အမွှေးနုများကြောင့် အနည်းငယ်ပင် ယားယံလာသည်။

အခုမှထွက်ပေါ်လာသည့်အရေပြားက လေနှင့်ထိမိရုံသာရှိသေးကာ အရိုးများသည်လဲ ဖြည်းဖြည်းချင်းမာကျောလာခဲ့သည်။

ကောင်းဖန် ကားပါကင်တစ်နေရာဝယ်ဖို့စိတ်ဆုံးဖြတ်လိုက်တော့သည်။ ဒီလိုသာဆို သားရဲအကြီးများကို သူ့အိမ်ထဲမှာတစ်လှည့်ကားပါကင်မှာတစ်လှည့် သွားထားနိုင်ပေမည်။

ဒီအစီအစဉ်က အနာဂါတ်တွင် အနှောင့်အယှက်ဖြစ်စရာအကြောင်း တစ်ခုသာရှိသည်။ အကြောင်းကတော့ သူ့အိမ်နီးချင်းများသာ သူတို့ကားများကို ပါကင်သွားထိုးချိန်တွင် ကားမှန်မှနေပြီး ဆလွန်းကားအရွယ်ရှိသည့် ပင့်ကူကြီး ဒါမှမဟုတ် ၁၃ပေလောက်မြင့်သည့် အရိုးခွံကောင်ကြီးကို မြင်ကြရပေလိမ့်မည်။

ကောင်းဖန် ကြမ်းတစ်လျှောက်ပြန့်ကျဲနေသည့် အရေခွံဟောင်းများကို ကောက်ယူကာ အရေခွံဟောင်းများကို စုစည်းထည့်လိုက်သည်။

ပင့်ကူအခွံများကို ဆေးထဲတွင် ထည့်သွင်းအသုံးပြုသည်ဟု သူကြားဖူးထားတာကြောင့် ပြောရလျှင် ဒါတွေကို စားလို့ရနိုင်တာပဲ။ စားလို့မရရင်တောင်မှ စာချုပ်က သူ့ဒဏ်ရာအားလုံးကို အစင်းလေး သို့မဟုတ် တာ့ဇီတို့ကို လွှဲပြောင်းပေးမှာပင်။ အစင်းလေးကတော့ သူ့ကိုယ်ပိုင်အရေခွံကြောင့်နဲ့ သေချာပေါက် အဆိပ်ပြန်သင့်လိမ့်မည်မဟုတ်ပေ။

ကောင်းဖန် ပင့်ကူအရေခွံအနည်းငယ်ကို ယူကာ မီးခိုခန်းထဲသို့ဝင်သွားသည်။ ထို့နောက် အသေးငယ်သည့်အစိတ်အပိုင်းလေးများဖြစ်သည်အထိ ပြုလုပ်ကာ သန့်ရှင်းသွားအောင် ဆေးကြောလိုက်သည်။ ပြီးနောက် ဂျုံမှုန့်၊ ကြက်ဥတို့ကို ရောမွှေကာ မုန့်နှစ်ကို ပင့်ကူအရေခွံတစ်ခုချင်းစီပေါ်သို့လောင်းချလိုက်သည်။

ဒယ်အိုးကိုအပူပေးပြီး ဟင်းချက်ဆီအနည်းငယ်ကို စုတ်တံနှင့်ယူကာ ဒယ်အိုးကိုသုတ်လိုက်သည်။ ဒယ်အိုးထဲမှ မီးခိုးတစ်ချို့ထွက်လာသည်အထိစောင့်ပြီးကာမှ ပင့်ကူအရေခွံတို့ကိုထည့်လိုက်သည်။

အိုးထဲမှ ဆီပေါက်သံနှင့်အတူ ကြော်နံ့မွှေးမွေးလေးထွက်ပေါ်လာခဲ့သည်။

ကောင်းဖန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ မွှေးပျံ့သည့်အနံ့ကို ခံစားလိုက်သည်။

ထိုမွှေးပျံ့သည့်အနံ့က အိမ်ထဲမှ တခြားကောင်များကိုလဲ ဆွဲဆောင်လို့သွားကာ တစ်ချက်လေးတောင်မတွေးဘဲ မီးဖိုခန်းထဲသို့ အပြေးဝင်လာကြသည်။ ထို့နောက် အားလုံးအစုလိုက်အပြုံလိုက်ထိုင်နေကာ ကောင်းဖန်၏ကျောပြင်ကို စိုက်ကြည့်နေတော့သည်။ သူတို့မျက်လုံးများထဲတွင် စားချင်စိတ်များပြင်းပြနေတော့သည်။

ဒမ်ဘီကတော့ ခဏလောက်မှင်သက်နေပြီးနောက် သူ့အခြေအနေကိုသတိရသွားသည်။ သူက ပြန်လှည့်ကာတိတ်ဆိတ်စွာနှင့်ထွက်သွားပြီး, ယင်ဓာတ်သစ်ကတိုးပင်များကို ရေခဲ သေတ္တာထဲမှထုတ်လိုက်ကာ သူ၏ပါးစပ်ထဲသို့ထည့်လိုက်သည်။ ထို့နောက်၎င်းက ပြတင်းပေါက်အောက်ခြေဘောင်သို့သွားလိုက်ပြီးနောက် ထွက်လာသည့် မြူငွေ့များထုတ်စားသုံးနေတော့သည်။

ငါမင်းရဲ့အရာတွေကိုစိတ်မဝင်စားဘူး၊ ယင်ဓာတ်ဆွသစ်ကတိုးသည်သာလျှင် မှန်ကန်သောစားကောင်းသောက်ဖွယ်ဖြစ်သည်ဟုသူကတွေးသည်၊

တာ့ဇီသည်စိတ်အလှုပ်ရှားဆုံးဖြစ်သည်။ ကောင်းဖန်၏ပတ်ဝန်းကျင်တွင် “စီနီယာ” အကျဆုံးပထမဆုံးကိုယ်ပိုင်သားရဲဖြစ်ပြီး, သားရဲအားလုံးထဲတွင် အနှစ်သက်ဆုံးအနေဖြင့် သူ၏အခြေအနေသည် ရှင်းလင်းပြီးအံ့အားသင့်စရာကောင်းသည်။

ဤကဲ့သို့စားကောင်းသောက်ဖွယ်အရာအတွက် တာ့ဇီသည်ပုံမှန်အားဖြင့် ပထမဆုံးကျွေးတတ်သည်။

အစင်းလေးသည် တကယ်ကိုမနာလိုဖြစ်နေပြီး သူ့သခင်၏နောက်ကျောတည့်တည့်ကို စိုက်ကြည့်နေသည်။ နောက်ပိုင်းတွင်စဉ်းတီတုံးဘုတ်ပြားပေါ်တွင် ပင့်ကူ၏အသစ်လဲ ထားသောအရေခွံကို မတော်တဆတွေ့လိုက်ရသည်။

ဟမ်?

ဒီပင့်ကူအရေခွံကကြည့်ရတာရင်းနှီးနေသလိုဘဲ၊ ဒါပေမယ့်သူ့ရဲ့အရေလဲထားတဲ့အခွံက ဘာလို့သခင်ရဲ့စဉ်းတီတုံးဘုတ်ပြားပေါ်မှာ ရှိနေတာလဲ?

အစင်းလေး၏အကန့်အသတ်နှင့်ရိုးရှင်းသောဦးနှောက်စွမ်းရည်ကြောင့် ၎င်းသည်ရှုပ်ထွေးသောမေးခွန်းကို မတွေးတောနိုင်ပေ။ ဒယ်အိုးထဲမှအမွှေးနံ့ပျံနှံ့လာသောကြောင့် သူ၏ အာရုံသည်ထိုသို့ရောက်သွားတော့သည်။

တာ့ဇီသည်လဲ ဘုတ်ပြားပေါ်ရှိပင့်ကူအရေခွံကို မြင်လိုက်သည်။ သို့သော်အစင်းလေးနှင့်မတူဘဲ တာ့ဇီသည် ပို၍ဉာဏ်ကောင်းပြီး ကောင်းဖန်၏အိမ်တွင် အကြာဆုံးနေထိုင်ခဲ့သူလည်းဖြစ်သည်၊ ထိုဘုတ်ပြားပေါ်တွင် ဘယ်လိုဟာတွေထားလဲဆိုတာ သူရှင်းရှင်းလင်းလင်းသိသည်။

တကယ်တော့, အစားအစာတွေဘဲထိုပေါ်မှာထားတာဖြစ်သည်။

ဒါဆို….

တာ့ဇီကအစင်းလေးကိုကြည့်နေသည့်ပုံစံမှာစတင်၍ထူးဆန်းလာသည်၊

အစင်းလေးကထူးဆန်းသည်ဟုခံစားလိုက်ရသည်။

ဘာကြောင့် ဘောစ့်ကသူ့ကိုဒီလိုကြီးကြည့်နေတာလဲ?

“ဇီ ဇီ ဇီ ဇီ ဇီ” ,အစင်းလေးကစူးရှသောအသံထွက်လာသည်၊

တာ့ဇီကခေါင်းညိတ်လိုက်ပြီး သူ၏အလုပ်ရှုပ်နေတဲ့သခင်ရဲ့နောက်ကျောကိုသာ ပြန်ကြည့်လိုက်သည်။

ပင့်ကူ၏အရေပြားကဲ့သို့ကြွပ်ဆတ်နေသောအရာသည် အရမ်းအကြာကြီးကြော်ရန် မလိုပေ, ကြက်ဥနှင့်ဂျုံမှုန့်ကိုထိုအရာနှင့်ရောလျှင်တောင်မှ, ၎င်းကအလျင်အမြန်ကျက် လွယ်သည်၊

ကောင်းဖန်ကမီးကိုလျော့လိုက်ပြီး သတိထား၍ကြော်ထားသော ပင့်ကူအရေခွံကို အနည်းငယ်လောက်ညှပ်ယူလိုက်သည်၊ ၎င်းကအလွန်ကြွတ်ဆပ်နေပြီး, သူကပါးစပ်ထဲ သို့ထည့်လိုက်သည်။

ကျွတ် ကျွတ် ကျွတ်၊ ထူထဲပြီးအနံ့အရသာရှိသောကြော်ထားသည့်အစားအစာသည် ပြည့်လျှံကာထွက်လာပြီး, ပါးစပ်အပြည့်နှင့်အရသာကိုနှိုးဆွပေးသည်။

ဟုတ်ပြီ, ဒါကဇီယာမှုန့်တစ်ချို့လိုနေသလိုဘဲ။

ကောင်းဖန်ကသူ၏ဟင်းခတ်သေတ္တာထဲမှ ဇီယာမှုန့်အချို့ကိုယူလိုက်ကာ ပင့်ကူအရေခွံပေါ်တွင်ဖြူးလိုက်သည်။ သူနောက်ထပ် ထပ်ကိုက်လိုက်သည်၊၊ အရသာကသေချာပေါက်ကို အများကြီးတိုးသွားပြီဖြစ်သည်။

အစင်းလေး၏အရေခွံသည် များပြားသောအသားတွေရှိသည်၊ ကောင်းဖန်အားဖြည့်ပြီး နောက်တာ့ဇီနှင့်အစင်းလေးအတွက် ခွဲကာပြင်ဆင်ပေးလိုက်သည်၊

တာ့ဇီနှင့်အစင်းလေးတို့သည်ပျော်ရွှင်စွာစားသောက်နေကြသည်၊

တစ်ခုတည်းသောအနေနှင့် အစင်းလေးသည် အစားအစားကိုစားနေသည့်အခါတွင် သောကများနှင့်လွမ်းဆွေးနေသည့်ပုံကိုဆက်ထိန်းထားသည်။ ထင်ယောင်ထင်မှားဖြစ် တာလည်းဖြစ်နိုင်သည်။ အစင်းလေးသည်သူရဲ့အပြင်ဘက်နှုတ်ခမ်းသားကိုပါ သပ်လိုက် ပြီးသူစားနေတာကို အပြီးသတ်လိုက်သည်။

အရသာရှိလိုက်တာ! ပင့်ကူလေးကတွေးလိုက်သည်။

နောက်တော့,ကောင်းဖန် တီဗွီကိုဖွင့်လိုက်ပြီးကလေးစစ်သည်ကာတွန်းရုပ်သံ လိုင်းကိုဖွင့်လိုက်သည်။ တီဗွီရှေ့တွင်သားရဲလေးကောင်သည်ထိုင်နေပြီး ထိုအစီအစဉ် ကိုနှစ်သက်နေကြသည်။

ကောင်းဖန် အိမ်ခြံမြေအကျိုးဆောင်နှင့်တွေ့ရန် အောက်ထပ်သို့ဆင်းဖို့အတွက် ထို အခွင့်အရေးကိုအသုံးချလိုက်သည်။ သူနေတဲ့အိမ်ယာက ကားပါကင်ထိုးတဲ့နေရာရောင်း လားဆိုတာ သိချင်တာကြောင့်ဖြစ်သည်။

ဘာဘဲဖြစ်ဖြစ်သူနေသောနေရာသည် ရှေးဟောင်းရပ်ကွက်တစ်ခုအဖြစ်သတ် မှတ်ထားကာ ယာဉ်ရပ်နားရန်နေရာများအားလုံးသည် ရောင်းချပြီးဖြစ်သည်။ ဒါကြောင့် သူ့ အတွက်တစ်ပတ်ရစ်ကိုသာ တစ်ခြားတစ်ယောက်ဆီကဝယ်ရန်ဖြစ်နိုင်တော့သည်၊

အိမ်ရာရှိကိုယ်စားလှယ်နှစ်ယောက်ကို ဖြတ်ကျော်လာပြီးနောက် သူသည်ကားပါကင် နေရာတစ်ခုရောင်းချခြင်းနှင့်ပတ်သတ်သော အချက်အလက်များကိုတွေ့ရှိသောအခါ ကောင်းဖန်ကံကောင်းသည်ဟုပင်မှတ်ယူလိုက်သည်။ ၎င်းသည်သူနေတဲ့ အဆောက် အဦးရှေ့ကွက်လပ်တွင်မဟုတ်သော်လည်း ဧရိယာတစ်ခုအတွင်းတွင်ပင်ရှိနေခြင်း ဖြစ်သည်။ အကွာအဝေးသည်မီတာတစ်ရာဝန်းကျင်သာကွာဝေးသည်၊

ဖုန်းခေါ်ဆိုမှုတစ်ခုကိုပြုလုပ်လိုက်သည်နှင့် ညှိနှိုင်းမှုများသည်အဆင်ပြေချောမွေ့သွားကာ သူတို့က ထိုညမှာသဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့ကြသည်၊

စာရွက်တွင်လက်မှတ်ထိုးဖို့လာတဲ့သူက အသက်သုံးဆယ်အရွယ်လူတစ်ယောက်ဖြစ်သည်၊ ကောင်းဖန်သည် စာချုပ်ကိုအမြန်ချုပ်ဆိုရန်လိုကြောင်းပြောသောအခါ သူက သဘောတူပြီးနောက် ကားဖြင့်ထွက်ခွာတော့သည်။

သူတို့နှစ်ယောက်ကားထဲသို့ရောက်သည်နှင့် နေရာအတွက်ထောက်ခံချက်နည်းလမ်းများကိုရရန် အစိုးရအိမ်ခြံမြေဌာနသို့ဦးတည်ခဲ့ကြသည်။ တစ်နာရီကြာပြီးနောက်တွင် လုပ်ရိုးလုပ်စဉ်များပြီးဆုံးသွားတော့သည်။

ကောင်းဖန်သည်အကူအညီမဲ့စွာပင် ကမ္ဘာ့မဟာမိတ်အစိုးရ၏ထိရောက်မှုကို မချီးကျူးဘဲမနေနိုင်တော့ပေ။ လက်ရှိကမ္ဘာ့မဟာမိတ်အစိုးရသည် နှစ်ဆယ့်လေးနာရီအလုပ်ချိန်ကို နံနက်ဆိုင်းနှင့်ညဆိုင်းတို့ဖြင့်အလုပ်လုပ်ပြီး သူတို့ကများပြားသောလုပ်ငန်းစဉ်များသည် အံ့ဩစရာကောင်းစွာလုပ်ဆောင်နိုင်ကြသည်။

ကောင်းဖန်အိမ်သို့ရောက်သည်နှင့်, သားရဲအနည်းငယ်သည်ဧည့်ခန်းထဲတွင်အိပ်နေ ပြီဖြစ်သည်။ ကာတွန်းကဖွင့်ထားဆဲဖြစ်ပြီး, သားရဲတွေကတော့ကြမ်းပြင်ပေါ်နှင့် ဆိုဖာပေါ်တွင်လဲလျောင်းနေကြသည်။ သူတို့ကတစ်စုံတစ်ယောက်အဝင်အထွက်လုပ် သည်ကိုတွေ့တာနဲ့ အဲ့တာကသူတို့သခင်ဆိုတာကိုသတိပြုမိပြီး ပြန်အိပ်ပျော်သွားကြ သည်။

ကောင်းဖန်သည်သက်ပြင်းချလိုက်ကာ တီဗွီကိုပိတ်လိုက်ပြီးနောက် မီးကိုပါပိတ်လိုက်တော့သည်။

***

အပိုင်း ၉၂ ဝကုန်ပြီ

နောက်ရက်အနည်းငယ်အကြာတွင်တော့၊

ကောင်းဖန် သူ့ကိုယ်ပိုင်သားရဲများ စွမ်းအားတိုးလာရန်အတွက် ကျွေးမွေးဖို့ရန် အဟာရပြည့်ဝသည့်အစားအစာ ပမာဏများစွာကို ဝယ်ယူခဲ့သည်။

တစ်ချိန်တည်းမှာပဲ အစင်းလေးကို ပြီးပြည့်စုံအဆင့်သို့မြှင့်ပေးဖို့ရန်အတွက်လဲ ပြင်ဆင်ခဲ့သည်။

သို့သော် အဆင့်တက်ခြင်းက ရိုးရှင်းသည့်တာဝန်တစ်ခုမဟုတ်ကြောင်း ကောင်းဖန်မြန်မြန်ဆန်ဆန်ပဲ တွေ့ရှိသွားတော့သည်။ အဆင့်အတန်းကိုတိုးအောင်လုပ်ခြင်းက သူ့အတွက်အဆင်ပြေသော်လည်း အဆင့်တက်ဖို့ကတော့ အလွန်ခက်ခဲလှသည်။

ဒါမျိုးက ရွှေလက်ချောင်းတွေရှိနေရင်တောင်မှ ရွှေလက်ချောင်းများ၏ အကျိုးသက်ရောက်မှုမရှိသည့်အရာများက ရှိနေစဲလိုပင်။

ရက်အနည်းငယ်ကြာအောင် ကောင်းဖန် သူ့သားရဲလေးများအတွက် စွမ်းအင်မြင့်အာဟာရပြည့်ဝသည့်ပါဝင်ပစ္စည်းများစွာကို ဝယ်ကျွေးခဲ့သည်။ ထို့နောက် ရက်အနည်းငယ်ကုန်လွန်သွားခဲ့သည်။ သူရှာဖွေတွေ့ရှိလိုက်ရတာကတော့…..

သူတို့ဝလာကြတာပဲ!

တာ့ဇီ၏အခြေအနေကတော့ ကောင်းနေတုန်းပင်။ မနက်ပိုင်းမှာ တိုက်ခိုက်မှုလုပ်တာကြောင့် အပိုအာဟာရဓါတ်များက သူ့ကို ကောင်းမွန်စွာကြီးပြင်းလာသည့်ဘက်ကို အကျိုးဖြစ်စေသည်။

သို့ပေမည့် အစင်းလေးသည်တော့ ပင့်ကူခန္ဓာကိုယ်ကနေပြီး ဂဏန်းခန္ဓာကိုယ်လိုဖြစ်လာတော့သည်။ သူ့ကိုကြည့်ရုံနဲ့ ဘာတွေဖြစ်ပျက်သွားလဲဆိုတာကို သိနိုင်သည်။ လောလောဆယ်မှာတော့ ကောင်းဖန်၏စိတ်ထဲတွင် အစင်းလေးအတွက် ‘မီးခိုးရောင်’နဲ့ ‘ဝတယ်’ဆိုသည့် စကားလုံးများက ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။

ကောင်းဖန်မှာ ခန္ဓာကိုယ်ပုံစံလုံးဝပျက်ယွင်းနေသော ပျင်းရိသည့်အစင်းလေးအတွက် ပြောစရာစကားများပျောက်ရှနေတော့သည်။ “မနက်ဖြန်ကစပြီး မင်းငါနဲ့အပြင်လိုက်ခဲ့ရမယ်။”

“ဇီ?” အစင်းလေးက အသံတစ်သံပြုကာ နားမလည်နိုင်ဟန်ဖြင့် မော့ကြည့်လာခဲ့သည်။

“မနက်ဖြန် ငါနဲ့ကျောင်းလိုက်ခဲ့။ မင်းလဲ တာ့ဇီလိုမျိုး တိုက်ခိုက်ရေးလေ့ကျင့်မှုလုပ်ရမယ်။” ကောင်းဖန် အမူအရာမဲ့မျက်နှာထားဖြင့် အစင်းလေးကို သင်ကြားနေတော့သည်။

သူသာ အစင်းလေးကို အိမ်မှာပဲဆက်နေခိုင်းမည်ဆိုလျှင် တစ်နေ့နေ့မှာ အစင်းလေး ဝက်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားမလားဟုပင် သံသယဝင်နေမိသည်။

အစင်းလေးကတော့ ထိုစကားကြားသည်နှင့် လက်ရှစ်ဖက်လုံးကို ဆန့်ထုတ်ကာ ကြမ်းပေါ်တွင် အပြားလိုက်နေ,နေတော့သည်။

ကောင်းဖန်ကတော့ အစင်းလေး၏အရေခွံများကို ပြင်ဆင်ချက်ပြုတ်ရန်တွက် မီးဖိုချောင်ရှိရာသို့ ဦးတည်သွားခဲ့ပေပြီ။

ပထမတော့ သူထိုသို့ချက်ပြုတ်ရခြင်းနှင့် အသားမကျခဲ့ပေ။ သူထူးဆန်းသလို ခံစားခဲ့ရပေမည့် အဆုံးမှာတော့ အစင်းလေး၏အရေခွံကြော်ကို စားလိုက်စဲသာ။ အရသာကတော့ တကယ်ကောင်းတယ်! တဖြည်းဖြည်း သူ့ရဲ့ထူးဆန်းတဲ့ဝါသနာအပေါ် အံ့ဩလာမိတော့သည်။

သို့သော်လည်း သူက ဟွားရှားမှလူတစ်ဦးမှန်း ပြန်အမှန်ရသွားသည်။

ဒီလိုအင်ပါယာကြီးက လူတစ်ဦးက ဘာကိုမှမစားနိုင်မရှိစေရဘူး!

ထိုသို့တွေးမိလိုက်ပြီးသည်နှင့် တစ်ဖန်ပြန်ပြီးစိတ်သက်သာရာရသွားတော့သည်။

……….

နောက်တစ်နေ့တွင်တော့ ကောင်းဖန် ကျောင်းကို ဆီလီနှင့်အချင်း၆ပေအထိကြီးလာပြီဖြစ်သည့် တာ့ဇီတို့ကို ခေါ်သွားသည်။

အစင်းလေးသည် အခုဆိုလျှင် လူကိုသယ်လို့ရသည်အထိကြီးမားနေပြီဖြစ်သည်။ ၎င်း၏ပုံစံက ကြည့်ရအဆင်မပြေကာ ထူးဆန်းပုံပေါက်နေသည်ကသာ ပြောစရာအချက်ပင်။

မနေ့က မိုးရွာခဲ့တာကြောင့် မနက်စောစောတွင် စိုစွတ်နေစဲဖြစ်သည်။ အစင်းလေးကတော့ ကောင်းဖန်နောက်မှလိုက်လာကာ သူ့သခင်ကိုမော့ကြည့်ပြီးနောက် တိတ်တဆိတ်လျှောက်လာခဲ့သည်။

ကောင်းဖန် ကျောင်းသို့ရောက်သည်နှင့် သံတံခါးကိုကျော်ဖြတ်ကာ လေ့ကျင့်ရေးကွင်းထဲသို့ဝင်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်သားရဲများကို အထူးသီးသန့်အနားယူသည့်နေရာ၌ထားလိုက်သည်။

အခုက မနက်ပိုင်းစာသင်ချိန်ဖြစ်တာကြောင့် ကောင်းဖန်ကတော့ စာသင်ခန်းရှိရာသို့ သွားခဲ့သည်။ ကျောင်းသားအချို့က စာဖတ်နေကာ အချို့ကတော့ အိမ်စာများကူးနေကြသည်။ ထို့အပြင် စာသင်ခန်းတစ်ခုလုံး အသံပေါင်းစုံဖြင့် ပြည့်နှက်နေသည်။

“အာ၊ ကောင်းဖန်၊ မင်း ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဝင်ဖြေမှာဆို။” ထန်ချင်ကျင်း အနားသို့ကပ်ကာ အသံခပ်တိုးတိုးနှင့်မေးလိုက်သည်။

“အမ်၊ ငါကြိုးစားကြည့်မလို့။” ကောင်းဖန် ပြန်ဖြေကာ ရယ်လိုက်ပြီး၊ “မင်းဘယ်ကကြားလာတာလဲ? ဘာလို့များ မင်းက သတင်းအချက်အလက်ဌာနကလို ခံစားနေရပါလိမ့်? မင်းမသိတာ ဘာမှကိုမရှိဘူး။”

“ဟီး-ဟီး၊ မဟုတ်တာ၊ ငါက လူတွေအကြောင်း နည်းနည်းလေး ပိုသိနေရုံပါ။”

ချန်ဟန်ချောင်ပဲဖြစ်မယ်။ ဟုတ်တယ်မလား? သူလဲပဲ ဒီနှစ်စာမေးပွဲဝင်ဖြေဖို့ ပြင်ဆင်နေတာမဟုတ်လား? ကောင်းဖန် တွေးမိသွားသည်။ သူမှတ်မိသလောက်ဆို အရင်နေ့က နေခဲ့ခိုင်းသမျှမှာ စီနီယာနှစ်ကျောင်းသားများဖြစ်သည်။ ထိုထဲမှာ ထန်ချင်ကျင်းရော သူနဲ့ပါသိတာဆိုလို့ ချန်ဟန်ချောင်သာရှိသည်။

ထို့အပြင် ချန်ဟန်ချောင်၏မိသားစုရှိ လျှပ်စီးဝက်ဝံသည် အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းနိုင်သော သားရဲတစ်ကောင်ဖြစ်ပြီး ကျောင်းမှ ထိပ်တန်းကိုယ်ပိုင်သားရဲရှိသူများထဲတွင်လဲ ပါဝင်သည်။

သို့ပေမည့် ချန်ဟန်ချောင်တို့အဖွဲ့သည် ကောင်းဖန်တို့အဖွဲ့နှင့် ခပ်လှမ်းလှမ်းတွင်ရှိခဲ့သည်။

သူတို့နှစ်ယောက်သည် အတန်းဖော်များဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အဆက်အဆံသိပ်မရှိတာကြောင့် သာမာန်အတန်းဖော်မျှလောက်သာဖြစ်သည်။

အတန်းရှိကျောင်းသားများထံမှ ချန်ဟန်ချောင်၏ဖခင်သည် ချန်အန်းမှ နာမည်ကြီးသားရဲအမဲလိုက်အဖွဲ့တစ်ခု၏ခေါင်းဆောင်ဖြစ်ကြောင်းကိုတော့ ကောင်းဖန် ယောင်ဝါးဝါးကြားဖူးထားသည်။

သူပြောတာဟုတ်မဟုတ် သေချာမသိသော်လည်း အတင်းအဖျင်းပြောတတ်သည့်လူမျိုးနဲ့တော့ မတူပေ။

“အမှန်ဘဲ၊ ငါ့လိုသာမန်လူတွေက ကိုယ်တိုင်ပြင်ဆင်ပြီးတော့မှပဲ နောက်ထပ်စာမေးပွဲ အတွက်စာရင်းသွင်းနိုင်မယ်။” ထန်ချင်ကျင်းကသက်ပြင်းချကာပြောလိုက်သည်။ “ငါအရမ်းမနာလိုတာဘဲ, ငါ့တို့လိုလူတွေက အလုပ်ဘဲလုပ်နိုင်ပြီး နောက်တစ်နှစ် အတွက်သနားစရာကောင်းခံရပြန်ဦးမယ်။”

ကောင်းဖန်ကခတ်ဆတ်ဆတ်ပြန်ပြောလိုက်သည်, “မင်းမနာလိုရင်မင်းကိုယ်တိုင် စားရင်းသွားသွင်းလိုက်လေ၊ အကယ်၍မင်းဒီနှစ်ကိုကျရင် နောက်တစ်ကြိမ်စာမေးပွဲ ထပ်ဖြေရဦးမှာဘဲ။”

“မေ့လိုက်တော့, မေ့လိုက်တော့” ထန်ချင်ကျင်းကဟန်ဆောင်ကာရယ်လိုက်သည်။ ဘာကြောင့်သူကစာမေးပွဲမှာဝင်ဖြေရမှာလဲ၊ သွားအရိုက်ခံရပြီး ဒုက္ခပေးခံရဖို့လား?

“မင်းတို့ကောင်တွေ သားရဲလေ့ကျင့်သူအရာရှိလောင်းတွေဖြစ်ရတာ ပင်ပန်းတယ် မလား?” ကောင်းဖန်နှင့်ထန်ချင်ကျင်းကြားက ပြောနေတဲ့စကားတွေကိုကြားလိုက်တဲ့ သူတို့နားကကျောင်းသားကမေးလိုက်သည်၊

“မဟုတ်ပါဘူး, ဒါတွေအားလုံးကမပင်ပန်းပါဘူး။ ဒါတွေကစိတ်ဝင်စားဖို့ကောင်းပြီး ပျော်ဖို့ကောင်းတယ်။ ငါတို့ကငါတို့ရဲ့သားရဲတွေနဲ့ နေ့လည်ခင်းတိုင်းကစားပေးရပြီး, ညနေပိုင်းကိုယ်ပိုင်စာလေ့လာချိန်ကိုလဲ သွားစရာမလိုဘူး၊ ဒါကဘဝဘဲ။” ထန်ချင်ကျင်းကအပြုံးနှင့်ပြန်ပြောလိုက်သည်။

ကျောင်းသားက အံ့ဩသွားပြီး ချက်ချင်းပင်ပြန်လှည့်သွားကာ သူ့ရဲ့အိမ်စာတွေကိုဆက်လုပ်တော့သည်။

ထိုနေ့ခင်းကွင်းပြင်တွင် နည်းပြကျန့်ရန်ပိုင်ကလျှောက်လာပြီး ငါးကောင်သားရဲအဖွဲ့ကို ပုံမှန်အတိုင်းပင်စိုက်ကြည့်နေတော့သည်၊

တစ်,နှစ်,…သုံး,ခြောက်၊ ဟမ်!? သားရဲခြောက်ကောင်? ဘာကြောင့်တစ်ကောင်ကပိုနေတာလဲ?! သူကအံ့ဩစွာနှင့်သိချင်နေသည်။

သားရဲအုပ်စုထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေနေတဲ့မီးခိုးရောင်ပင့်ကူတစ်ကောင်က သူ့အရွယ်အစားကြီးနှင့်တခြားသားရဲများထဲတွင် ပုန်းနေသည်။

“ထွက်လာခဲ့!” ကျန့်ရန်ပိုင်ရဲ့အမူအရာကတင်းကြပ်လာပြီးသူက အစင်းလေးကို ညွှန်ပြကာမေးလိုက်သည်၊ “ဒါဘယ်သူလဲ?”

ကောင်းဖန်က သူ့လက်ကိုမြှောက်လိုက်ပြီးပြောလိုက်သည်, “တင်ပြပါတယ်, နည်းပြ ဒါကျွန်တော့်သားရဲပါ။”

ကျန့်ရန်ပိုင်ကကောင်းဖန်ကိုစိုက်ကြည့်လိုက်ပြီး ဒီကလေးမှာကင်းခြေများအမျိုးအစားသားရဲရှိတာကိုမှတ်မိသွားသည်။ သားရဲအုပ်စုထဲတွင်, ဒါကအတော်လေးသန်မာကြောင်း တွေးတောနေသည်၊ ဒါ့အပြင်,ကလေးကခုမှဒုတိယနှစ်ရှိသေးတာဖြစ်သည်။ တစ်ယောက်ကတော့ ဒီကလေးဟာအလားအလာကောင်းတယ်လို့ပြောနိုင်ပြီဆိုပေမယ့် ခုတော့သူ့မှာနောက်ထပ်သားရဲရှိနေသေးသည်။

သာမန်အခြေအနေများအရ သူဘယ်တော့မှပြောရန်ဆန္ဒပင်မရှိပေ၊ သို့သော်ကောင်း‌သောပျိုးပင်ကိုတော့သူလက်မလွှတ်နိုင်ပါ။

“ပုံမှန်အခြေအနေတွေအောက်မှာတော့, သားရဲလေ့ကျင့်သူတွေက သူတို့ရဲ့ပထမဆုံး သားရဲတွေဆီကို အရာအားလုံး ပုံအောလေ့ကျင့်ပေးကြတယ်။ သူတို့က ပထမဆုံးတစ်ကောင် အုပ်ချုပ်သူသားရဲအဆင့်ရောက်ခါမှ ဒုတိယတစ်ကောင်ကို လေ့ကျင့်နိုင်တာ။ ဒါကဘာလို့လဲဆိုတော့အုပ်ချုပ်သူအဆင့်သားရဲတွေကသာ တစ်ခြားသူရဲ့အသက်ကို အမှန်တကယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိတာမလို့ဘဲ။”နည်းပြကျန့်ရန်ပိုင်က ကောင်းဖန်အားအကြံပေးလိုက်သည်။

“တစ်ချိန်တည်းမှာဘဲ သားရဲအများကြီးကိုလေ့ကျင့်ပေးခြင်းက မင်းရဲ့အချိန်တွေနဲ့ ခွန်အားအများကြီးကို ဖြုန်းတီးရာရောက်တယ်။ အထူးသဖြင့်ဝင်ခွင့်စာမေးပွဲမတိုင်မှီ ဒီလိုအရေးကြီးတဲ့ကာလတစ်ခုမှာ သားရဲတွေကိုလေ့ကျင့်ဖို့က အချိန်အများကြီးကြာ စေတယ်။ မင်းရဲ့အကောင်းဆုံးရွေးချယ်မှုက မင်းရဲ့သားရဲကိုအုပ်ချုပ်သူအဆင့်ထိ တက်နိုင်အောင် အုပ်ချုပ်သူအဆင့်သားရဲဆီကနေ အမှတ်တွေကို ရယူရမယ်။”

နည်းပြကျန့်ရန်ပိုင်က ကောင်းဖန်အားလက်ဆင့်ကမ်းပေးလိုသောစကားမှာ တာ့ဇီအားလေ့ကျင့်ရေးကိုအာရုံစိုက်ရန်နှင့် တာ့ဇီအားပင့်ကူကိုမလေ့ကျင့်မီ အုပ်ချုပ်သူ အဆင့်သို့မြှင့်တင်လိုစေခြင်းဖြစ်သည်။

နောက်ဆုံးတွင် အုပ်ချုပ်သူအဆင့်သားရဲအတွက် အခြေခံရမှတ်ငါးရာအထိတိုး လာပြီဖြစ်သည်။ ပြီးပြည့်စုံသောအဆင့် ထိပ်တန်းအဆင့်သားရဲကိုအနိုင်ယူနိုင်လျှင်တောင်မှ အမှတ်တစ်ရာဘဲရမည်ဖြစ်သည်။

ကြီးမားသောအမှတ်ကွာခြားမှုသည် အုပ်ချုပ်သူအဆင့်နှင့်ထိပ်တန်းအဆင့်ကြား အင်အားကွာခြားချက်ကိုသက်သေပြသရန် လုံလောက်နေပေပြီ။

ကောင်းဖန်ကလဲ နည်းပြကျန့်ရန်ပိုင်၏စကားများကို စိတ်ရှည်စွာနှင့်နားထောင်ခဲ့ကာ နားလည်ကြောင်းပြရန်ပြုံးပြလိုက်သည်။

နည်းပြသည်ကျန့်ရန်ပိုင် နောက်ထပ်,ထပ်မပြောတော့ပေ။ သူက လိုအပ်တာမှန်သမျှကိုပြောပြပြီးဖြစ်ကာ နားထောင်သည်,နားမထောင်သည် ဆိုတာသူ့ကိစ္စမဟုတ်ပေ။

ထိုနေ့တွင်လဲ သူတို့သည် သစ်ရွက်ဆွေးကျိုင်းကောင်နှင့်တိုက်ခိုက်နေစဲပင်။ ဒါပေမယ့်ကောင်းဖန်ကတော့ ဒီတစ်ကြိမ်တာ့ဇီကိုတိုက်ရန်မလွှတ်တော့ဘဲ အဲ့ဒီအစား, သူကအစင်းလေးကိုသံလှောင်အိမ်ထဲသို့ဝင်စေသည်။

နည်းပြကျန့်ရန်ပိုင်သည်သက်ပြင်းချလိုက်သည်၊ ကောင်းဖန်သည် သူ့ကိုယ်ပိုင်ဆန္ဒ အတိုင်းလုပ်ဆောင်နေသည်ကိုမြင်သောအခါ သူ့နှလုံးတစ်ခုလုံးတွင်စိတ်ပျက်ခြင်းတွေ နဲ့ပြည့်နေတာကိုခံစားလိုက်ရသည်၊

သံလှောင်အိမ်ထဲမှသစ်ရွက်ဆွေးကျိုင်းကောင်သည်ကြီးမားသည်။ ၎င်းကအရင်နေ့က အကောင်ထက်ပို၍ကြီးသည်၊ ၎င်းကသုံးပေရှည်လျားပြီး ၎င်းကလှောင်အိမ်၏ထိပ်တွင် ထိုင်နေကာ၎င်းကပတ်ဝန်းကျင်၏အာရုံကိုစိုးမိုးထားသည်၊

[မကောင်းဆိုးဝါးအမည်]-သစ်ရွက်ဆွေးကျိုင်းကောင်(ကြီးမားသောမူကွဲကောင်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၀(သာမန်အဆင့်)

All Chapters