← Chapters

အခန်း (၉၃-၉၆)

Vol. 6 Ch. 93-96

အခန်း (၉၃-၉၆)

Vol. 6 Ch. 93-96

အပိုင်း၉၃ သတ္တိကြောင်ပြီးအော်နေတယ်လား!

ဒီတောအတွင်းအစင်းလေးက အဆင့်၁၀အထိသို့တိုးတက်လာပြီဖြစ်သည်။ အဆင့်နှင့် အဆင့်အတန်းအရတော့ သစ်ရွက်ဆွေးကျိုင်းကောင်နှင့်ကြားမှာ သိပ်ပြီးတော့ကွာခြားမှုသိပ်ရှိပုံတော့မပေါ်ပေ၊ ၎င်းက လေ့ကျင့်မှုအတွက်ပြိုင်ဘက်သာဖြစ်သည်။

ကျိုင်းကောင်များသည် မူလကပင့်ကူ၏သားကောင်ဖြစ်သည်။ ထိုကဲ့သို့ကြောင့် ဒီအခြေအနေမျိုးတွင် မျိုးစိတ်ကြောင့်နဲ့တော့ အားနည်းစရာမရှိပေ။ ဆန့်ကျင်ဘက်အနေ ဖြင့် အစင်းလေးကအသာစီးရမည်ဖြစ်သည်။

သို့သော်လည်းရလဒ်သည် မျှော်လင့်ထားသည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်၊

ကောင်းဖန်သည်အစင်းလေးကိုလှောင်အိမ်ထဲသို့တွန်းချလိုက်ပြီးနောက် အစင်းလေးသည် မော့ကြည့်လိုက်သည်နှင့် သံလှောင်အိမ်၏ကြိုးများပေါ်တွင်ချိတ်ဆွဲနေသော ကြီးမားသည့်အကောင်ကြီးကို တွေ့လိုက်ရသည်၊ထိတ်လန့်လွန်း၍ ချက်ချင်းပင် လှောင်အိမ်၏ထောင့်မှာပုန်းနေပြီး ခေါင်းကိုကာကွယ်ဖို့အတွက် ဒိုင်းနှင့်တူသည့် ခြေနှစ်ဖက်ဖြင့်ကာထားလိုက်သည်၊

ထို့နောက်, ၎င်းကသူ၏ခြေချောင်းများကြားထဲမှ သစ်ရွက်ဆွေးကျိုင်းကောင်ကို အနည်းငယ်ချောင်းကြည့်လိုက်သည်။

သစ်ရွက်ဆွေးကျိုင်းကောင်က အစင်းလေး၏တည်ရှိနေမှုကိုသတိထားမိသွားသည်။ ၎င်း၏ပေါင်းစပ်နေသောမျက်လုံးများက ရွေ့လျားသွားပြီး သူ့အောက်မှာရှိနေသည့် ကြီးမားသည့်ပင့်ကူကိုစိုက်ကြည့်နေသည်၊

အစင်းလေး၏ခန္ဓာကိုယ်မှထွက်လာသောအရှိန်အဝါက သူ့ကို အဆင်မပြေဖြစ်စေသည်၊ သူ့ပါးစပ်ကိုသူ့ကိုယ်သူအလိုက်သင့်ညှိလိုက်သည်။ ၎င်း၏ခေါင်းကအောက်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး စူးစိုက်စွာဖြင့်အစင်းလေးကိုကြည့်လိုက်သည်။ ၎င်း၏ နောက်ကျောဘက်ရှိတောင်ပံများက ဓားသွားနှစ်ခုလို မြင့်မားသည့်ကြိမ်နှုန်းတုန်ခါ နေသကဲ့သို့တဖျပ်ဖျပ်ပျံသန်းနေသည်။

ထောင့်တွင်ပုန်းနေသောအစင်းလေးက နောက်ဆုတ်ချင်နေခဲ့ပေမယ့် သွားစရာ နေရာမရှိဘူးဖြစ်နေသည်။ သစ်ရွက်ဆွေးကျိုင်းကောင်ကိုကြောက်ရွံ့နေသောကြောင့် သူ၏ခြေတံများကိုဟိုလှည့်ဒီလှည့်သာလုပ်နေနိုင်သည်။

သစ်ရွက်ဆွေးကျိုင်းကောင်သည်ငြိမ်သက်နေပြီး ၎င်းအောက်တွင်ရှိသောပင့်ကူ၏ ထူးဆန်းသောအပြုအမူကြောင့်နဲ့တင် သူ၏စောင့်ကြည့်မှုကိုတော့လျော့ချခြင်းမရှိပေ၊ ၎င်းကိုဖမ်းမိသောအခါတုန်းက သူ့ကိုသေးငယ်တဲ့လှောင်အိမ်ထဲကိုချုပ်နှောင်ထားပြီး ဒီနေ့မွန်းလွဲပိုင်းအထိအရသာရှိသောအစာတစ်နပ်မစားရသေးပေ။

သေချာတာပေါ့, သစ်ရွက်ဆွေးကျိုင်းကောင်ကတော့ ‘နောက်ဆုံးအစာ’ဆိုတဲ့သဘော တရားကိုနားမလည်နိုင်ခဲ့ပေ၊

လှောင်အိမ်အပြင်ဘက်တွင် ကောင်းဖန်သည် မြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေခဲ့သည်၊ သူကစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း အစင်းလေးအတွက်မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။ ၎င်းကအတွေ့အကြုံတစ်ခုခုကိုလိုလိုက်သည်၊၊ အကယ်၍၎င်းက ကြီးထွားချင်ပါက, ၎င်းကတိုက်ခိုက်မှုအတွေ့အကြုံကိုလိုအပ်သည်။

ထိုအချိန်မှာပင်, ကောင်းဖန်က နူးညံ့ပြီးရက်စက်ကြမ်းကြုတ်သောပင်ကိုယ်စရိုက် ဟူသည့် မစ္စတာကျန်းပြောသောစကားကိုနောက်ဆုံးတော့နားလည်သွားပြီဖြစ်သည်၊

ပထမပွဲစဉ်တွင်တာ့ဇီနှင့်အစင်းလေး၏လုံးဝကိုခြားနားသည်။

တာ့ဇီသည်ရန်မူတတ်သည်။ ၎င်းကသားကောင်ကိုတိုက်ခိုက်ရန်ပင်အစပြုခဲ့သည်။ အစင်းလေးသည်တော့ သူ့ကိုယ်သူကာကွယ်ရန်ဘဲရွေးချယ်ခဲ့သည်။ အလွန်ကိုထွက်ပြေးချင်နေပုံလဲရသည်။ အကယ်၍ကြမ်းပြင်ကသာ ဘိလပ်မြေခင်းထားသည့်ကြမ်းပြင်မဟုတ်ပါက အစင်းလေးသည် ထွက်ပြေးဖို့ကြိုးစားရန်မြေပြင်တွင် တွင်းတောင်တူးလိမ့်မည်ဟုပင် သူယုံကြည်သည်။

ဒါကပဲ သူတို့နှစ်ယောက်ကြားကကွာခြားချက်ပင်။

ဇီဇီ,ဇီဇီ၊ အစင်းလေးသည်နူးညံ့စွာဖြင့် အော်လိုက်ပြီး သစ်ရွက်ဆွေးကျိုင်းကောင်အား မျက်နှာချိုသွေးကာ သူ့ခန္ဓာကိုယ်ကိုဖြောင့်မတ်စွာထားလိုက်ပြီး အသံသေးလေးနှင့် အော်လိုက်သည်၊

ကောင်းဖန်၏စိတ်ထဲတွင်တော့, အစင်းလေး၏အသံကိုကြားနေရသည်။ မလုပ်…ငါ့ကိုမရိုက်ပါနဲ့။

ဒီငတုံးကတော့, ကောင်းဖန်ကသူ့ဘာသာတွေးလိုက်မိသည်။

သစ်ရွက်ဆွေးကျိုင်းကောင်က ဒါကိုနားလည်တယ်ဆိုရင်တောင် ဂရုဏာသက်သည်ဆိုတာကို ပြမည်မဟုတ်မှန်းကောင်းဖန်သိသည်။ အစင်းလေး၏ကိုယ်ရည်ကိုယ်သွေးသည် ၎င်းအားအနိုင်ကျင့်ရန်ပစ်မှတ်တစ်ခုဖြစ်စေသည်။

တောဝက်ကနံပါတ်၁, ဝက်ဝံကနံပါတ်၂, ကျားကနံပါတ်သုံးဟူ၍တောထဲတွင်ပြောလေ့ရှိကြသည်၊

ဘာကြောင့်လဲဆိုတော့, ရူးသွပ်သွားသောအခါတောဝက်သည် သူ့ဘဝကိုလုံးဝဂရုမစိုက်လို့ဖြစ်သည်။ အချုပ်အားဖြင့်တော့တုံးအတာဖြစ်ပေါ့! ဝက်ဝံက၎င်းရူးသွပ်သွားသည့် အခါတွင်ရိုးရှင်းသည်, ၎င်းကဘယ်သူဖြစ်ဖြစ်ဂရုစိုက်မနေပေ၊ ၎င်းကပြိုင်ဘက် မသေမချင်းမရပ်တန့်ပေ။ ကျားကတော့ပိုပြီးထက်မြက်ကာ အရည်အချင်းပြည့်မှီသော အမဲလိုက်သူတစ်ယောက်ဖြစ်သည်၊ ၎င်းကဘယ်အချိန်ရှေ့တိုးရမယ်, ဘယ်အချိန် နောက်ဆုတ်ရမယ်ဆိုတာကိုသိပြီး အခြေအနေနှင့်မသက်ဆိုင်လျှင် ဝင်တိုးမည် မဟုတ်ပေ၊ ထို့ကြောင့်ကျားကတတိယအဆင့်ဖြစ်ခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း သစ်ရွက်ဆွေးကျိုင်းကောင်သည် မြင့်သည့်အပေါ်မှပြုတ်မကျခင် သူ၏ဦးခေါင်းကိုအနည်းငယ်တွန့်လိမ်လိုက်သည်ကို ကောင်းဖန်မြင်လိုက်ရသည်။

၎င်း၏ခြေနှစ်ချောင်းသည် ကြိုးများကဲ့သို့ပင်, ပေါက်ကွဲအားနှင့်အတူအရှေ့သို့ တွန်းကန်လိုက်တာကြောင့်, သံလှောင်အိမ်သည်တဟုန်ထိုးတုန်ခါနေတော့သည်။

ကျိုင်းကောင်၏ရှေ့ခြေထောက်များသည် သွယ်လျသောလွှများလိုမျိုးအောက်သို့ ကြမ်းတမ်းစွာနှင့်ခုတ်ချလိုက်သည်။ အစင်းလေးကသတ္တိနည်းသော်လည်း သူ့ကိုယ်သူကာကွယ်ရန် အချိန်ရောက်လာသည့်အခါတွင် ၎င်း၏တုံ့ပြန်မှုကနှေးကွေး သွားခဲ့သည်။

၎င်းသည်သူ၏ဦးခေါင်းကိုကာကွယ်ရန် ဒိုင်းနှင့်တူသောရှေ့ခြေထောင်နှစ်ချောင်းကို ချက်ချင်းမြှင့်လိုက်သည်၊

အသံနိမ့်နိမ့်နှင့်ပဲ့တင်ခတ်သည့်အသံကထွက်လာတော့သည်၊

သစ်ရွက်ဆွေးကျိုင်းကောင်သည် လျင်မြန်စွာဖြင့်ခုန်လိုက်သည်၊ ၎င်း၏နောက်ကျောရှိတောင်ပံများသည် တုန်ခါလာပြီးသံလှောင်အိမ်ပေါ်တွင် ချိတ်နေရန်ပြန်သွားလိုက်သည်။ ၎င်း၏မျက်လုံးအစုံကလှုပ်ရှားသွားပြီး အစင်းလေးကိုဆက်၍စိုက်ကြည့်နေသည်။

သေချာရှင်းလင်းစွာနဲ့ဘဲ, ၎င်းကမည်သည့်အသာစီးမျှမရပေ။

အစင်းလေးကသူ၏လက်သည်းများကို ဖြေလျော့ကာလှုပ်ရှားလိုက်ပြီး, ဂဏန်းတစ်ကောင်လိုမျိုးအခြားတစ်နေရာသို့ရွေ့လိုက်သည်၊ ၎င်းသည်သံလှောင်အိမ်၏ဘေးသို့ ကြည့်နေသည်။

သစ်ရွက်ဆွေးကျိုင်းကောင်သည်သတိရှိစွာနှင့် မလှုပ်မယှက်နေနေသည်၊ ဒါက နောက်ထပ်ဗျူဟာအသစ်ပုံစံလား?

တစ်ကောင်ကသံသယဝင်နေပြီး တစ်ကောင်ကသတ္တိနည်းနေသည်၊ သားရဲနှစ်ကောင်ကြားလျင်မြန်စွာနှင့်တိုက်ခိုက်မှုအပြီးတွင် လှောင်အိမ်သည်ရင်တထိတ်ထိတ်ဖြစ်စွာနှင့်တိတ်ဆိတ်သွားသည်၊

ဘယ်လိုဘဲဖြစ်ဖြစ်, ဒါကမုန်တိုင်းမလာခင်ငြိမ်သက်နေခြင်းသာဖြစ်သည်၊ လှောင်အိမ်၏အရွယ်အစားအတွင်းတွင် သားရဲနှစ်ကောင်နေထိုင်ဖို့အတွက်ကမဖြစ်နိုင်ပေ။

တစ်ခဏရပ်နေပြီးနောက်တွင်, သစ်ရွက်ဆွေးကျိုင်းကောင်သည် နောက်ထပ်တိုက်ခိုက်တော့သည်၊ အစင်းလေးကအလွန်သတ္တိမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပုံပေါ်သည်။ အစင်းလေး၏ခြေချောင်းများကို ကုတ်ခြစ်ရန် သစ်ရွက်ဆွေးကျိုင်းကောင်က သူ၏ချွန်ထက်သောလက်သည်းများကို အသုံးပြုလိုက်ပြီး, ၎င်း၏အတောင်ပံနှစ်စုံကဆက်၍ ပဲ့တင်သံထွက်ကာတုန်ခါနေသည်။

ကပ်ဆိုးကြီးမတိုင်ခင်က, သစ်ရွက်ဆွေးကျိုင်းကောင်များသည် ၎င်းတို့၏အတောင်ပံခတ်နိုင်နှုန်းမှာတစ်စက္ကန့်လျှင်၁၈ကြိမ်ဖြစ်သည်၊ ကပ်ဆိုးကြီးပြီးသွားပြီးနောက်တွင် သစ်ရွက်ဆွေးကျိုင်းကောင်၏ အတောင်ပံခတ်နိုင်နှုန်းမှာတစ်မိနစ်လျှင်၃၆ကြိမ်ရှိနေပြီဖြစ်သည်။

ပြင်းထန်သောအတောင်ခတ်နိုင်နှုန်းမှကြောင့် သစ်ရွက်ဆွေးကျိုင်းကောင်ကအစင်းလေးကို လေထဲသို့မတင်ဖို့အတွက်ကူညီပေးသည်၊ အစင်းလေးသည်ကြောက်စိတ်မွှန်နေပြီး စီခနဲကျယ်လောင်စွာစတင်အော်တော့သည်၊

သစ်ရွက်ဆွေးကျိုင်းကောင်က ကြိုးကြိုးစားစားလုပ်ကိုင်နေပြီး ၎င်း၏အတောင်တွေကို ဆက်၍လှုပ်ရှားကာ, အမြင့်၁၀၀မီတာပတ်လည်လောက်အထိ အစင်းလေးကိုခေါ်ဆောင်သွားသည်၊

ဂဏန်းကအရမ်းလေးတာဘဲ၊ ကျိုင်းကောင်က ၎င်း၏အင်အားများကုန်ခမ်းလုနီးပါးဖြစ်နေသည်၊ ကျိုင်းကောင်၏မျက်လုံးထောင့်စွန်းရှိ သွေးကြောကပေါက်ထွက်လုနီးပါးဖြစ်နေသည်မှာထင်ရှားနေပြီး, ၎င်း၏ပါးစပ်ပိုင်းကတင်းတင်းကြပ်ကြပ်ပင် အံ့ကြိတ်ထားသည်၊ နောက်ဆုံး,နောက်ဆုံး, ၎င်းကမတင်လိုက်သည်!

နောက်တော့၎င်းကသူ၏မြဲမြံစွာဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ပြီး မြင့်နေသော လေထုထဲမှအစင်းလေးကိုပစ်ချလိုက်သည်၊

အစင်းလေး! ကောင်းဖန်ရဲ့နှလုံးကတင်းကြပ်သွားသည်၊

အစင်းလေးကကြောက်စိတ်မွှန်နေသည်၊ ၎င်း၏အနည်းငယ်ဝသောခန္ဓာကိုယ်နှင့်အတူ ၎င်းကအနည်းငယ်လှည့်နိုင်ရန်အတွက် ရုန်းကန်လှုပ်ရှားလိုက်သည်၊ ထို့နောက်၎င်းက များပြားသည့်ပမာဏရှိသော အဖြူရောင်အရည်များကိုထွေးထုတ်လိုက်သည်၊ အရည် လေထုနှင့်ချိတ်ဆက်မိသွားကာများသည် ချက်ချင်းပင်ခြောက်သွေးသွားပြီး အလွန် ထူးခြားသောအရာတစ်ခုအဖြစ်ပြောင်းသွားကာ ပြန်ကန်ထွက်လာသည်။ ၎င်းက မရှောင်နိုင်လိုက်သော သစ်ရွက်ဆွေးကျိုင်းကောင်ပေါ်သို့ဖုံးအုပ်သွားတော့သည်၊

အဖြူရောင်အရည်များသည်ပင့်ကူအမျှင်များအဖြစ် ပြောင်းလဲသွားပြီးလက်မောင်းကဲ့သို့ ထူထဲကာဆွဲအား၏အကျိုးသက်ရောက်မှုအောက်၌ ပင့်ကူမျှင်သည်အတောင်နှစ်ဖက်တွင်ကပ်လျက်ရှိကာ, သစ်ရွက်ဆွေးကျိုင်းကောင်ကိုရုန်းမထွက်နိုင်အောင်ပိတ်ချလိုက် သည်၊ အစင်းလေး၏ကျဆုံးနေခြင်းသည်ချက်ချင်းပင်ရပ်တန့်သွားတော့သည်။

အပေါ်မှကျိုင်းကောင်သည် ဖက်တီးပင့်ကူကသူ့ကိုအောက်သို့နိမ့်ကျသွားအောင်ဆွဲချ သွားသောကြောင့်မချိတင်ကဲဖြစ်သွားကာအော်ဟစ်တော့သည်၊

ဒါကသစ်ရွက်ဆွေးကျိုင်းကောင်၏အတောင်ပံကို ပြင်းထန်စွာမလှုပ်ရှားနိုင်ရန်အတွက် အကောင်းဆုံးအရာပင်ဖြစ်ပြီး, ထိုအရာတစ်ခုတည်းကသာ သူတို့၏အရှိန်မှပြုတ်ကျ ခြင်းကိုလျော့ကျစေမည်ဖြစ်သည်၊

ပလုတ်! သားရဲနှစ်ကောင်ကကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားပြီး အတူတကွလိမ့်သွား တော့သည်။

ပုံမှန်အခြေအနေအောက်တွင်, ၎င်းက အစင်းလေးကိုတိုက်ခိုက်ရန်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်၊ ဒါပေမယ့်အစင်းလေးက မြေပြင်ပေါ်ကျသွားပြီးခြေဦးတည့်ရာသို့ လန့်ကာအဝေးသို့ပြေးကာ, သစ်ရွက်ဆွေးကျိုင်းကောင်ကိုပင့်ကူမျှင်များအားဖယ်ရှား ခွင့်ပြုလိုက်ပြီးမြေပြင်ပေါ်မှပျံသန်းရန်အခွင့်ပေးလိုက်သည်။

“အစင်းလေး, သူ့ကိုတိုက်လိုက်, မကြောက်နဲ့” ကောင်းဖန်ကအစင်းလေးကိုနှစ်သိမ့်ကာ နူးညံ့စွာနှင့်ပြောလိုက်သည်၊ သူကထိုတစ်ကောင်ကို ဤကဲ့သို့အရာများအတွက် လျင်မြန်စွာတွန်းအားပေးနိုင်ခြင်းမရှိနိုင်ကြောင်းနှင့် ၎င်းကလိုက်လျောညီထွေစွာဖြစ် စေရန်အချိန်ပို၍လိုအပ်သည်ကိုသိသည်။

သားရဲလေ့ကျင့်ခြင်းသည်ချက်ချင်းလက်ငင်းပြီးမြောက်နိုင်သည့်အရာမဟုတ်ချေ၊ ကောင်းဖန်ကသူ့ကိုယ်သူစိတ်ရှည်ရန်သတိပေးနေသည်၊

ထို့နောက် ကြာစေ့လေးအကြောင်းရုတ်တရက်စဉ်းစားမိလိုက်သည်၊ ကြာစေ့လေးသည် အစပိုင်းတွင်အလွန်ရှက်သည်၊ သို့သော်မုထျယ်ရင်း၏လမ်းညွှန်မှုများနှင့်လေ့ကျင့်မှု အောက်တွင် ၎င်းသည်ပိုမိုပြင်းထန်လာပြီး အားကောင်းလာသည်၊ သူ့ရှေ့တွင်စံနမူနာ ကောင်းနှင့်အတူ ကောင်းဖန်သည်အလွန်စိတ်အားတက်ကြွလာတော့သည်။

ကောင်းဖန်သည်နှစ်သိမ့်မှုအောက်တွင်, အစင်းလေးသည်အဝေးသို့ထွက်ပြေးနေရာမှ ရပ်လိုက်ကာ, ဘယ်လိုဘဲဖြစ်ဖြစ်တိုက်ခိုက်မှုအတွက် အစပျိုးခြင်းသည်ကောင်းကင်သို့ တက်ရန် ကြိုးစားခြင်းကဲ့သို့ခက်ခဲသည်၊ ဘယ်လိုဘဲကောင်းဖန်ပြောနေပါစေ, ၎င်းက မတုန်မလှုပ်နှင့်သူ့ကိုယ်သူခုခံကာကွယ်လိုက်သည်။

ကောင်းဖန်အနည်းငယ်အကူအညီမဲ့သလို ခံစားလိုက်ရသည်၊ အစင်းလေးသည် တိုက်ခိုက်မှုအပေါ်တွင်မှီခိုမနေဘဲ ခုခံကာကွယ်မှုအမျိုးအစားသားရဲဖြစ်နေခြင်းက အလွန်ကောင်းသည်။ ၎င်းကတိုက်ခိုက်ဖို့အတွက်ဆန္ဒမရှိကတည်းက ၎င်းအတွက် ခုခံကာကွယ်မှုလေ့ကျင့်ခြင်းသည်အကောင်းဆုံးဖြစ်သည်။

အစင်းလေးသည်ခုခံကာကွယ်မှုတွင်ပါရမီရှိသူဖြစ်ကောင်းဖြစ်နိုင်သည်, ဘာကြောင့်လဲဆိုတော့ ၎င်းကသေရမှာကြောက်သောကြောင့်ပင်ဖြစ်သည်။

ဒိုင်းပုံစံခုခံကာကွယ်မှုခြေအစုံများသည်ကြမ်းတမ်းပုံပေါ်ပြီး အစပိုင်းတွင်အားနည်း သည်၊ ဒါပေမယ့်တိုက်ခိုက်မှု၏နောက်ဆုံးအပိုင်းတွင်တော့ သူတို့ကိုတိုက်ခိုက်ဖို့နှင့်ခုခံ ကာကွယ်ဖို့ကျွမ်းကျင်စွာလှည့်ပတ်နေကြပြီဖြစ်သည်၊

သို့သော်၎င်း၏လုပ်ဆောင်မှုများသည်မည်သူတစ်ဦးတစ်ယောက်ကိုကြည့်နေပါစေ, တစ်မျိုးကြီးဖြစ်နေသည်၊ ၎င်းကကြီးမားသောပင့်ကူဖြစ်နေဆဲဖြစ်ပြီး ကြမ်းပြင်ကို ကုတ်ခြစ်နေကာ, ဒိုင်းပုံစံကဲ့သို့ဘယ်နှင့်ညာလက်ချောင်းများကို ယမ်းလိုက်ကာ သစ်ရွက်ဆွေးကျိုင်းကောင်တိုက်ခိုက်ရန်လာသောလမ်းကြောင်းများမှ တိုက်ခိုက်မှုများ ကိုတန်ပြန်တွန်းထုတ်ခြင်းနှင့် ပိတ်ဆို့ကာကွယ်ခြင်းများပြုလုပ်သည်။

နောက်ဆုံးတိုက်ပွဲတွင်နာရီဝက်ကြာသည်၊ သစ်ရွက်ဆွေးကျိုင်းကောင်သည်မောပန်းနေပြီဖြစ်ကာ သံလှောင်အိမ်ထိပ်ပိုင်းသို့နားရန်ပျံထွက်သွားပြီး, ဘယ်လိုဘဲအစင်းလေးက ၎င်းကိုရန်စနေပါစေ,၎င်းကအောက်သို့နောက်တစ်ကြိမ်ဆင်းလာတော့မည်မဟုတ်ပေ။

***

အပိုင်း၉၄ ပျံနေတဲ့ပင့်ကူဝတုတ်

တိုက်ခိုက်မှုပွဲများဆက်လက်ဖြစ်ပွားပြီးနောက်တွင်, အစင်းလေး၏ယုံကြည်မှုသည် ပိုပြီးအားကောင်းလာပုံရသည်၊

ကြည့်ရတာ ငါကတွေးထားသလောက်လည်းအားနည်းမနေပါဘူး၊ ဒီကြောက်စရာ ကောင်းတဲ့ပုံနဲ့သားရဲက ငါ့ရဲ့ခံစစ်ကိုတောင်မချိုးဖျက်နိုင်ဘူးဟု အစင်းလေးက တွေးနေတော့သည်။

အစင်းလေးက အင်အားတွေပြည့်နေတော့သည်၊ ဝတုတ်အစင်းလေးက တဖြည်းဖြည်း ရဲရင့်လာတော့သည်။

သစ်ရွက်ဆွေးကျိုင်းကောင်က သံလှောင်အိမ်ထဲရှိနန်းကြိုးများ၏ အောက်ကိုဆင်းမလာရဲသလိုဖြင့် ချိတ်ဆွဲထားတာကိုတွေ့လိုက်ရတော့, အစင်းလေးသည်စမ်းကြည့်သလိုမျိုး ၎င်း၏ဘယ်ဘက်ခြေချောင်းများကို ဆန့်လိုက်ပြီးနောက်၎င်း၏ညာဘက်ခြေချောင်းများကို….

သံလှောင်အိမ်ပေါ်တွင်ချိတ်ဆွဲ၍နေသောသစ်ရွက်ဆွေးကျိုင်းကောင်၏ခန္ဓာကိုယ်ကို လှုပ်ခါစေသည်၊

အစင်းလေးကတုန်တုန်ယင်ယင်နှင့်သတိထားပြီး နောက်ပြန်ဆုတ်ရန်၎င်း၏ခြေချောင်းနှစ်ချောင်းကိုအမြန်ပြန်၍ဆုတ်လိုက်သည်၊

အစင်းလေး, အဲ့မှာထလေ, ကောင်းဖန်က သွေးစာချုပ်ဖြင့်အစင်းလေးကိုအမိန့်ပေး လိုက်သည်၊

အစင်းလေးသည် ပဟေဠိဆန်သောအကြည့်ဖြင့် သူ့သခင်ကိုလှည့်ကြည့်လိုက်သည်။ သူကထိုအလုပ်သည်ခက်ခဲကြောင်းကို သွယ်ဝိုက်ပြောရင်း ခေါင်းကိုခါလိုက်သည်။

ငါကသေးငယ်တဲ့ပင့်ကူလေးတစ်ကောင်ပါ၊ မင်းကငါ့ကိုဘာလို့ခက်ခဲအောင်လုပ်နေရတာလဲ?

ကောင်းဖန်၏မျက်နှာကတင်းမာလာတော့သည်၊

မင်းကပင့်ကူ၊ ပင့်ကူတစ်ကောင်! မင်းကတကယ်ခံရခက်နေတယ်ပေါ့, ပြောစမ်း သံလှောင်အိမ်ထဲမှာတွားသွားပြီးသွားရုံလောက်က အရမ်းခက်ခဲနေတယ်ပေါ့။ ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ၊ မင်းကငါလေ့ကျင့်ပေးခဲ့ဖူးတဲ့ သားရဲတွေထဲမယ်ကျေနပ်စရာမရှိဆုံးသားရဲဆိုတာသံသယဖြစ်စရာမလိုဘူး!

“ဒီကိုပြန်လာခဲ့!”ကောင်းဖန်ကကျယ်ကျယ်ပြောလိုက်ပြီး ခေါင်းကိုယမ်းလိုက်သည်၊ အစင်းလေးက မလိုလားတဲ့အတွက် အတင်းအကြပ်မလုပ်ချင်တော့ပေ၊ သူက၎င်းအား ခံစစ်သားရဲအဖြစ်ဆက်ဆံပေးရုံသက်သက်သာရှိတော့သည်၊ ဒါလည်းသိပ်မဆိုးပါဘူး၊

သူ့သခင်၏စိတ်ပျက်တဲ့လေသံကြောင့် အစင်းလေးသည် ထိုနေရာမှာဘဲနေနေပြီး အချိန်ကြာကြီးမလှုပ်မယှက်နေနေသည်။

“မင်းမတိုက်ခိုက်ချင်ဘူးမလား? ဒါဆိုပြန်လာခဲ့လေ” ကောင်းဖန်ကတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

သူ့သခင်က ထိုကဲ့သို့လေသံဖြင့်ပြောတာကိုကြားရသည်မှာ အစင်းလေးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်၊ သူကကြောက်ရွံ့လာသလိုခံစားရပြီးနောက်, ရုတ်တရက် ၎င်းကပထမဆုံးသခင်ကိုသတိရသွားတော့သည်၊ သခင်အိုကြီးကထွက်သွားခဲ့ပြီး သူ့ကိုထပ်မလိုချင်တော့ဘူး၊ အဲ့တာကကြောက်ဖို့ကောင်းတယ်၊ သူဒုတိယတစ်ကြိမ် စွန့်ပစ်ခံရမှာကိုကြောက်တယ်။

အဝေးကိုမစွန့်ပစ်စေချင်ဘူး!

အစင်းလေးသည်အော်ဟစ်ပြီး သံလှောင်အိမ်ဆီသို့ပြင်းထန်စွာခုန်ချလိုက်သည်၊ ၎င်း၏ တောင့်တင်းသောခန္ဓာကိုယ်သည်သံလှောင်အိမ်ကို ချိတ်လိုက်ကာပြင်းထန်စွာ လှုပ်ယမ်းနေသည်၊ အစင်းလေး၏လုပ်ဆောင်ချက်များသည်အားကောင်းပြီး, အရင်က သူ့ရဲ့သူရဲဘောကြောင်သောအပြုအမူနှင့်နှိုင်းယှဉ်ကြည့်ပါကအကွာကြီးဖြစ်သည်။

၎င်း၏ထူထဲသောပင့်ကူခြေသည်းများသည်သံလှောင်အိမ်ရှိနန်းကြိုးများပေါ်တွင် တွယ်ကပ်နေသည်၊ သံလှောင်အိမ်ပေါ်တွင်၎င်း၏ခြေသည်းထိပ်ကိုချိတ်ဆွဲထားခြင်းဖြင့်, ၎င်း၏ခန္ဓာကိုယ်ကို တိကျသောစည်းချက်အတိုင်းလှုပ်ခါနေကာ လွယ်ကူစွာဖြင့် အပေါ်သို့တွားသွားတက်နိုင်ရန်အတွက်လွှဲ၍ရွေ့လျားသွားသည်။

ထိုအခိုက်အတန့်၌၎င်း၏သွေးထဲတွင်ပုန်းအောင်းနေသော မူလဗီဇကနိုးကြားလာပုံရသည်၊ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ၎င်း၏ပင့်ကူဘိုးဘေးများကျန်ရှိခဲ့သည့် အကောင်းဆုံးလက်ဆောင်များကို တစ်ပြိုင်တည်းဖွင့်လိုက်သည်။

ပင့်ကူများသည်ပင်ကိုဗီဇအရ ရန်လိုသောသတ္တဝါများဖြစ်ကြသည်။

ထိုအချိန်တွင်, အစင်းလေး၏မျက်လုံးများသည်နီမြန်းသောမီးလုံးကြီးများကဲ့သို့ ကြက်သွေးရောင်ကဲ့သို့ပင်ဖြစ်နေသည်၊ ၎င်းသည်သစ်ရွက်ဆွေးကျိုင်းကောင်ဆီသို့ ရူးသွပ်စွာဖြင့်ရွေ့လျားသွားနေသည်။

သစ်ရွက်ဆွေးကျိုင်းကောင်သည် အစင်းလေးကိုစိုက်ကြည့်ပြီး, ပင့်ကူ၏ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကိုတွေ့လိုက်ရတာကြောင့် အံ့ဩနေတော့သည်၊ ၎င်းကတောင့်တောင့်ကြီးဖြစ်နေပြီး လှုပ်ရှားဖို့ကိုမေ့နေသည်၊ အစင်းလေးက အလွန်နီးကပ်လာသောအခါမှ ၎င်းသည်အာရုံခံစားမှုများပြန်၍ရရှိလာပြီး ၎င်း၏အတောင်ပံများကိုခတ်၍ခုန်ထွက်ကာ အဝေးသို့သွားလိုက်သည်။

ကျိုင်းကောင်နောက်သို့ချက်ချင်းနီးပါးရောက်လာသော အစင်းလေးသည် မဆိုင်းမတွပင်ရှေ့သို့ခုန်ထွက်လာသည်၊ မီတာ၃၀အမြင့်တွင်လွင့်ပျံနေရင်တောင် တွန့်ဆုတ်နေမှာမဟုတ်ပေ။

၎င်းကသူ၏ခြေသည်းများကို အချစ်ကလေးတစ်ယောက်အား ဖက်ရန်အတွက်လက်များကိုဆန့်လိုက်သကဲ့သို့ ပြန့်ကားလိုက်သည်၊

ဘန်း!

အစင်းလေးကသစ်ရွက်ဆွေးကျိုင်းကောင်ကိုဖမ်းမိလိုက်ပြီး, ၎င်း၏ချွန်ထက်သော ခြေသည်းများဖြင့်၎င်း၏ခန္ဓာကိုယ်အတွင်းသို့ထိုးဖောက်လိုက်သည်၊

သစ်ရွက်ဆွေးကျိုင်းကောင်၏ခန္ဓာကိုယ်ကိုအစင်းလေး၏ လွှနှင့်တူသောခြေဖြင့် ထိုးဖောက်လိုက်ရာများပြားသော အဝါရောင်အနာပြည်ရည်များထွက်လာတော့သည်။ သစ်ရွက်ဆွေးကျိုင်းကောင်ကသူတတ်နိုင်သလောက်ကြိုးစားရုန်းကန်နေသည်။

အစင်းလေးက ထိုရုန်းကန်နေမှုမှ ရုန်းထွက်မိလုနီးပါးဖြစ်သွားသည်၊ ၎င်းကအသံနိမ့်နိမ့် ဖြင့်စူးရှစွာအောလိုက်ပြီး ပင့်ကူမျှင်အများအပြားကို သစ်ရွက်ဆွေးကျိုင်းကောင်၏မျက်နှာသို့ထွေးထုတ်လိုက်သည်၊ သားရဲနှစ်ကောင်ကအတူတူရှုပ်ထွေးနေကြပြီး ပြင်းထန်စွာနှင့်လေထဲမှပြုတ်ကျ သွားတော့သည်။

အပေါ်မှပြုတ်ကျလာကြတော့သည်!

အစင်းလေး၏လေးလံသောခန္ဓာကိုယ်သည် ကျိုင်းကောင်၏အပေါ်တွင်ရှိနေပြီး, သူတို့ကခိုင့်ခံသောသမံတလင်းပေါ်သို့ကျသွားတော့သည်၊ သစ်ရွက်ဆွေးကျိုင်းကောင် ၎င်း၏နောက်ကျောမှစူးရှနာကျင်မှုကိုသာခံစားနေရပြီး အားနည်းလုနီးနီးဖြစ်နေပြီ ဖြစ်သည်။

အစင်းလေးကလည်း ပြုတ်ကျသွားမှုကြောင့် မူးဝေသွားတော့သည်၊ ၎င်းက၏ခေါင်းကို ယမ်းလိုက်ပြီး သူ့အသက်က၎င်းအပေါ်တွင်မူတည်နေသလို ဆက်၍တိုက်ခိုက်တော့ သည်၊ ၎င်းသည် “မိုက်ရူးရဲဆန်သောတတိယအကိုလေး” ဖြစ်နိုင်သည်။

မြေပြင်ပေါ်သို့လဲကျနေသောအစင်းလေးသည် သစ်ရွက်ဆွေးကျိုင်းကောင်အားရူးသွပ်စွာကိုက်ရင်း ရိုင်းစိုင်းကြမ်းကြုတ်စွာအော်နေသည်၊ အစင်းလေး၏ကိုက်ခံရမှုကြောင့် ပြုတ်ကျပြီးသေလုမျောပါးဖြစ်နေသောကျိုင်းကောင်က သူ၏ဒဏ်ရာတွေနှင့်အပေါက် များနှင့်ပြည့်နေသောခန္ဓာကိုယ်တစ်ခုလုံးကို ပင့်ကူ၏ခြေသည်းများမှဖုံးရန်ပြန်၍ပင် မတုံ့ပြန်နိုင်ခဲ့ပါ။

“တော်လောက်ပြီ, အစင်းလေး။” ကောင်းဖန်၏အသံကထွက်လာသည်၊

ထူးဆန်းသောအခြေအနေတစ်ခုသို့ရောက်နေသော အစင်းလေးသည် ၎င်း၏လှုပ်ရှားမှုများကိုနှေးကွေးလိုက်ပြီး ၎င်း၏သခင်အသံကိုကြားရသောအခါ၎င်း၏ချုပ်ကိုင်မှုများကို လျော့ချလိုက်သည်၊ သူကလှည့်ကြည့်လိုက်ပြီးကောင်းဖန်ထံသို့ ရှုပ်ထွေးနေသော အကြည့်တို့ဖြင့်ပိတ်ချလိုက်သည်။

ကောင်းဖန်ကအားပေးဟန်အပြည့်နှင့်၊ “ မင်းအရမ်းကောင်းတာဘဲ၊ ငါခုနကပြောခဲ့တာအတွက်တောင်းပန်ပါတယ်၊ မင်းကအရမ်းအံ့ဩဖို့ကောင်းတာဘဲ။”

တခြားဘေးပတ်လည်မှလူများကနားမလည်နိုင်ဖြစ်နေတော့သည်၊ ဘာလို့တစ်စုံတစ်ယောက်ကကိုယ့်ရဲ့ကိုယ်ပိုင်သားရဲကိုတောင်းပန်နေရတာလဲ? သူတို့ကရှုပ်ထွေးနေသော ဘာသာစကားများကိုနားမလည်နိုင်ဖြစ်နေသည်၊ သူတို့အားလုံးစကားမပြောနိုင် ဖြစ်နေကြတော့သည်၊ သူတို့ကိုကိုင်တွယ်ဖို့ကလွယ်ကူသည်။

အစင်းလေးက အသံနိမ့်နိမ့်ဖြင့်အော်လိုက်ပြီး သံလှောင်အိမ်နံရံတွင်မှီနေလိုက်သည်၊ နီရဲနေသောမျက်လုံးများကအသနားခံနေသည်။

“ငါကမင်းကိုဘယ်တော့မှနောက်မှာမထားခဲ့ပါဘူး၊ မင်းကငါ့ရဲ့ကိုယ်ပိုင်သားရဲ, ပြီးတော့ငါကမင်းရဲ့သားရဲလေ့ကျင့်ပေးသူ၊ ငါတို့ကတွဲဖက်တွေဘဲ၊ ဘာလို့ကမ္ဘာကြီးမှာ လူတစ်ယောက်ကသူ့ရဲ့တွဲဖက်ကိုနောက်မှာထားခဲ့ရမှာလဲ?” ကောင်းဖန်ကသူ၏ လက်မောင်းများကိုချဲကာဆန့်တန်းလိုက်သည်၊

အစင်းလေးကရုတ်တရက်ငိုနေသောအသံဖြင့် အော်ဟစ်လိုက်သည်၊ ၎င်းသည် သံလှောင်အိမ်မှအလျင်အမြန်ထွက်လိုက်ပြီးကောင်းဖန်ဆီသို့အမြန်ခုန်လိုက်သည်၊ ကောင်းဖန်သည်အစင်းလေးတစ်ဖြည်းဖြည်းနီးကပ်လာတာကိုတွေ့တော့ စိုးရိမ်မှုတို့ ကိုခံစားလိုက်ရသည်၊

ဘုန်း !

အစင်းလေးသည်ရှေ့ပစ်ထိုးလိုက်ပြီး ကောင်းဖန်ကိုမြေကြီးပေါ်သို့ပစ်လှဲလိုက်သည်၊ ၎င်းကအမွှေးနှင့်မျက်နှာသည် ကောင်းဖန်၏မျက်နှာကိုမှီထားပြီး ၎င်း၏ပါးစပ်က လှုပ်ရှားသွားတော့သည်။

ကောင်းဖန်သည်အစင်းလေးကသူ၏ချစ်ခင်မှုကိုပြသနေကြောင်းသိတာကြောင့် အစင်းလေးကိုတွန်းမထုတ်ခဲ့ပေ၊ အစင်းလေးသည်၎င်း၏ပွေ့ဖက်မှုကိုဖြေလျော့လိုက် သောအခါ ကောင်းဖန်၏မျက်နှာတစ်ခုလုံးသည် ပင့်ကူတံထွေးတွေနှင့်ဖုံးနေတော့သည်။

အစင်းလေး၏နောက်ဆုံးဖျော်ဖြေမှုသည် ကောင်းဖန်အတွက်ကြီးမားသောအံ့အားသင့်မှုကြီးဖြစ်စေခဲ့သည်၊ အစပိုင်းတွင် အရမ်းကိုကျေနပ်ဖွယ်မရှိသော်လည်း, နောက်ဆုံးမှာတော့ ၎င်းကပင့်ကူတစ်ကောင်ပင်ဖြစ်သည်၊ ထို့ကြောင့်၎င်း၏သဘာဝအရရန်လိုမှုကို စတင်သည့်အခါတွင်အလွန်ပြင်းထန်နေခြင်းဖြစ်သည်။

ကောင်းဖန်၏အမြင်ထဲတွင်, သူကအစင်းလေး၏အခြေအနေကိုမြင်နေရသည်, (သေးငယ်သောဒဏ်ရာ)၊ ၎င်းကအရှိန်ဖြင့်ပြုတ်ကျခြင်းမှခွန်အားသည်၎င်းအား သေးငယ်သောဒဏ်ရာကိုသာဖြစ်စေသည်၊

…

မျက်စိတစ်မှိတ်အတွင်းမှာတင် တစ်ပတ်ကုန်ဆုံးသွားပြီဖြစ်သည်၊ ဖောင်းနေသော အစင်းလေးသည် နောက်ဆုံးတွင်ဝသောပင့်ကူအဆင့်သို့ရောက်သွားပြီဖြစ်သည်။

တစ်ပတ်အတွင်းမှာတင်, အစင်းလေး၏အချင်းသည် ဆယ်ပေအထိကြီးထွားလာပြီး ၎င်းသည်သုံးပေမြင့်လာသည်၊ ၎င်း၏အဆင့်သည်လေ့ကျင့်ရေးမှ၁၃အထိတိုးလာတော့သည်၊ ဘယ်လိုဘဲဖြစ်ဖြစ်, ရဲ့ရင့်ခြင်းကဲ့သို့အရာများသည်သန္ဓေတည်နေပြီးသားဖြစ်ပြီး အစင်းလေးသည်တိုက်ခိုက်မှုကို မကြောက်တော့သော်လည်း ရန်သူကိုအင်အား ကုန်ခမ်းစေခြင်းနှင့်တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုကိုတော့ရှောင်ရှားရန်လိုလားသေး သည်။

တစ်ချိန်တည်းမှာပင် ဒမ်ဘီသည်လည်း တိတ်ဆိတ်စွာနှင့်အဆင့်၁၀သို့ရောက်သွားပြီ ဖြစ်သည်၊ ဒမ်ဘီ၏ကြီးထွားမှုသည် သားရဲအားလုံးထဲတွင်အနှေးဆုံးဖြစ်ပြီး, ၎င်းတွင် ထူးခြားသောစွမ်းဆောင်ရည်တွေလည်းရှိသေးသည်။ နေရာလပ်ဆိုင်ရာစွမ်းရည်ပါဝင် သောအစားအစာပစ္စည်းများသည်အရှားဆုံးနှင့်တန်ဖိုးအရှိဆုံးဖြစ်ပြီး, ၎င်းကိုလေနှင့် သစ်သားစွမ်းရည်များကိုအသုံးပြု၍ရနိုင်သော်လည်း အကျိုးသက်ရောက်မှုများသည် သိသာထင်ရှားခြင်းမရှိပေ။

အတန်းပြီးလို့အိမ်ပြန်တာနဲ့ကောင်းဖန်က ဧည့်ခန်းမှာတစ်ယောက်တည်းထိုင်နေတဲ့ ဒမ်ဘီကိုခေါ်လိုက်သည်၊

သူ့သခင်ကခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ဒမ်ဘီသည်မတ်တပ်ရပ်ပြီးကောင်းဖန်ရှေ့တွင် ကွေးညွှတ်ထိုင်လိုက်သောအခါ ၎င်း၏အပြာရောင်မီးတောက်များသည်ဖြေးညင်းစွာနှင့်တောက်ပလာတော့သည်။

ကောင်းဖန်က သူ၏ညာလက်ကိုဒမ်ဘီ၏တောက်ပနေသောခေါင်းပေါ်သို့တင်လိုက်ပြီး မကြာခင်မှာပဲ စာချုပ်ချုပ်ဆိုမှုသည် ချောမွေ့စွာနှင့်ပြီးဆုံးသွားတော့သည်။ ရေစီးဆင်းနေသော အခါတွင် တူးမြောင်းကိုဖောက်လုပ်ပြီး, အခြေအနေများပြည့်စုံသောအခါအရာဝတ္ထုများ ပြုတ်ကျသွားစေသည်ဆိုသော နည်းလမ်းများနှင့်အတူတူပင်ဖြစ်သည်။

ကောင်းဖန်၏စိတ်ကိုတောက်လျှောက်ကျစေသောအရာသည် နောက်ဆုံးတော့လွတ် မြောက်သွားပြီဖြစ်သည်။

***

အပိုင်း၉၅ ဒုတိယအကြိမ်တောတွင်းလေ့ကျင့်ရေး

တစ်ပတ်ကြာပြီးနောက်, ဆင်ခြေဖုံးရှိဗီလာ၏ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းသည် ပြီးမြောက်သွားပြီဖြစ်သည်၊ ထိုနေရာသည် သုံးနှစ်တာလုံးဘယ်သူမှနေထိုင်ခြင်း မရှိသောကြောင့် စွန့်ပစ်ထားပုံရသော်လည်း, နံရံ၏အပြင်အဘက်အလွှာကွဲထွက်ထားပြီး အခြားနေရာများတွင်အက်ကြောင်းအနည်းငယ်သာရှိသည်။ အဆောက်အဦးတစ်ခုလုံးကတော့ အဆင်ပြေသည်၊ လူသားနည်းပညာများသည် ယခုထိတိုင် ယုံကြည်စိတ်ချရသေးသည်၊

သူတို့ကမြက်ပင်ပေါင်းပင်များရှင်းခြင်း, နံရံကိုပြန်ပြင်ခြင်းနှင့် ဗီလာကိုဆေးသုတ်ခြင်း လုပ်ငန်းအသစ်တွေကိုသာလုပ်ဆောင်ရမည်ဖြစ်သည်၊ အပြင်ဘက်နံရံများကို အဖြူရောင်ဆေးသုတ်ထားပြီး ကွဲအက်နေသောအုတ်များကိုအသစ်ပြုလုပ်ကာ ပြောင်းလဲထားသည်၊ ကောင်းဖန်၏တောင်းဆိုချက်အရ မြေအောက်ခန်းကိုလည်း ဆောက်လုပ်ခဲ့ကြသည်။

ထိုအရာကမခက်ခဲပေ၊ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့်, အရင်ကပြိုကျနေသော နံရံများကိုလူများက ပြန်၍ခိုင်မာအောင်သာလုပ်ရမည်ဖြစ်သည်။

ကောင်းဖန်၏လိုအပ်ချက်များသည် အကျိုးသင့်အကြောင်းသင့်လည်းမဟုတ်ပေ၊ သူကမြေအောက်ခန်းရှိလမ်းကျဉ်းလေးကို မြေပြင်နှင့်သိပ်မနက်စေသော မျက်နှာပြင်ဖြင့်, ဗီလာထဲတွင်ထည့်သွင်းထားသေးသည်၊ အသေးစားဆောက်လုပ်ရေး လုပ်ငန်းများသည် ဆောက်လုပ်ရေးကုမ္ပဏီအများစုအတွက်ပြဿနာမရှိပေ၊

အလုပ်ပြီးအောင်လုပ်ဖို့အတွက်ရက်အနည်းငယ်သာလိုသည်၊

ယခုအခါဗီလာပြန်လည်မွမ်းမံမှုပြီးသွားသဖြင့် ကောင်းဖန်သည်အချိန်မရွေးပြောင်း၍ နေနိုင်ပြီဖြစ်သည်၊

…

လူတစ်ယောက်က အိမ်တစ်လုံးပိုင်ထားပေမယ့် မနေရတာက အတော်လေးဝေဒနာခံစားရစေသည်၊ အထူးသဖြင့်ဗီလာလေးထဲတွင်ဖြစ်သည်။ တစ်ခါတစ်ရံကောင်းဖန်က ဘုရားကို သူဘာမှားနေလို့လဲလို့ မေးလိုက်ချင်သည်။

ဖြစ်နိုင်တာကချောမောတဲ့ကောင်လေးတိုင်းက သူတို့မျက်နှာနှင့်ကိုက်ညီတဲ့ ဆင်းရဲဒုက္ခကိုခံစားရမည်လားဘဲ?

နောက်တစ်နေ့မှာတော့, သူတို့ကနောက်တစ်ကြိမ်တောင်ကြားရှိ တောရိုင်းထဲသို့ လေ့ကျင့်ရေးဆင်းရန်သွားကြရမည်ဖြစ်သည်။

အချိန်အကန့်အသတ်ကတော့တစ်ပတ်ဖြစ်သည်။

နောက်ဆုံးတစ်ခေါက်, တောရိုင်းထဲတွင်လေ့ကျင့်ရေးဆင်းတုန်းက ဘယ်သူမှဘာမှမဖြစ်ခဲ့ကြပေ, ကျောင်းသားအနည်းငယ်လောက်သာ ဒဏ်ရာရကြသည်၊ ကျန်သော သူများကအရေးပေါ်အကူအညီခလုတ်ကို ကြိုတင်နှိပ်လိုက်ခြင်းကြောင့် အတော်လေး အဆင်ပြေသွားစေသည်၊ မဟုတ်ရင်, သူတို့ဒဏ်ရာရတာတွေက ဒီလောက်ရိုးရှင်းနေမှာ မဟုတ်ပေ။

ထို့အပြင် အခြားကျောင်းသားအချို့ကို ၎င်းတို့၏ကိုယ်ပိုင်သားရဲများနှင့် အတူလုံခြုံသောအိမ်အတွင်းတစ်ယောက်ယောက်က သော့ခတ်သွားသည့်အကြောင်း ကောင်းဖန် သိလိုက်ရသည်၊ စားစရာတွေကုန်သွားသလို ကျောင်းသားအနည်းငယ်က သူတို့၏ ဆာလောင်နေမှုကြောင့် သူတို့၏ကိုယ်ပိုင်သားရဲများကိုပင်စားလုနီးပါးဖြစ်သွားကြသည်။

အဆုံးမှာတော့, သူတို့ကတံခါးကိုဆက်ခေါက်ဖို့သာရွေးချယ်ခဲ့တာကြောင့်, ထိုအသံကို တခြားသူက ကြားသွားပြီးကယ်ခံလိုက်ရတာဖြစ်သည်၊ မဟုတ်ရင်ဒီကျောင်းသားတွေ အစာငတ်ပြီးသေဆုံးရတဲ့ကြေကွဲဖွယ်ဖြစ်ရပ်သည် ကျောင်းသတင်းတွင်ပေါ်ထွက်လာ နိုင်လောက်သည်၊ ဒီအဖြစ်အပျက်ကိုကျောင်းမှာတော်တော်များများက ပြောနေကြတာပင်။

ဒီတစ်ကြိမ်တော့, ကောင်းဖန်က ရိုးခွံဖုတ်ကောင်လူဝံဒမ်ဘီနှင့်ခရမ်းရောင်ကျောခွံ မိုးကြိုးကင်းခြေများတာ့ဇီကို အတူခေါ်သွားမည်ဖြစ်သည်၊ အစင်းလေးနှင့်ဆီလီအတွက်ကတော့ သူတို့ကိုအိမ်မှာထားခဲ့သည်၊ ကိုယ်ပိုင်သားရဲအများကြီးကိုတစ်ပြိုင်နက် ယူဆောင်လာရန်မှာအလွန်မြင့်မားသည့်အဆင့်ကြီးဖြစ်နေနိုင်သည်။

ဒမ်ဘီကဘေးပတ်လည်မှာရှိတယ်ဆိုရင်, ကောင်းဖန်ကစစ်မှန်စွာယုံကြည်မှုရှိခြင်းကို ခံစားရသည်၊ နောက်ဆုံးတစ်ကြိမ်တုန်းက, ကြီးမားသောအန်ဒါကွန်မြွေကြောင့် ကောင်းဖန်ကရက်အနည်းငယ်အကြာ သတိထားနေခဲ့ရသည်။ သူမကိုင်တွယ်နိုင်သည့် သားရဲများ၏ မလိုလားအပ်သောအာရုံများကိုဆွဲဆောင်လိုက်နိုင်မည်ကိုသူကြောက်သည်။

ကြီးမားသောအန်ဒါကွန်မြွေသည် တောင်ကြားတစ်ခုလုံး၏ အုပ်စိုးနေသူဖြစ်သည်ကို သူမသိပေ။ တောထဲမှာပေါ့ပေါ့ပါးပါးလမ်းလျှောက်ရုံနှင့် ဒီလောက်ကြောက်ဖို့ကောင်းတဲ့ သားရဲတစ်ကောင်ကိုတွေ့နိုင်တယ်ဆိုတဲ့ သူ့ရဲ့ခံစားချက်ပင်ဖြစ်သည်။

ဒမ်ဘီသည်အိမ်ထဲမှထွက်ပြီး သူသခင်နောက်သို့လိုက်သွားလိုက်သည်၊ ၎င်းကသူ့သခင်နောက်တွင်ရပ်နေပြီး, ရုတ်တရက်ကောင်းဖန်၏ပုခုံးကိုပုတ်လိုက်သည်။

ကောင်းဖန်ကလှည့်လိုက်တော့, ဒမ်ဘီကတင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့လက်သီးဖြင့် သူ့ရင်ဘတ်အားထုလိုက်တာကိုတွေ့လိုက်သည်၊ ကောင်းဖန်၏စိတ်ထဲတွင် တိုးနေသောအသံကတိုးဝင်လာသည်၊ သခင်! ငါ! မင်းကိုကာကွယ်ပေးမယ်!

ကောင်းဖန်ကရယ်လိုက်သည်၊ “မင်း…မင်းဒီစကားကိုဘယ်ကသင်ထားတာလဲ?”

“သံမဏိ ကလေးလေး။” ဒမ်ဘီကရိုးသားစွာဖြင့်ဖြေလိုက်သည်။

ကောင်းဖန်ကရယ်ရမလားငိုရမလားပင်မသိတော့ပေ။

သားရဲအားလုံးကို ကုန်တင်ကားကြီးဖြင့်သွားသည့်ခရီးသို့ပို့ဆောင်ခဲ့သည်၊ တစ်ဖက်တွင် သားရဲလေ့ကျင့်သူအရာရှိလောင်းများသည် အခြားယာဉ်တစ်စီးဖြင့်ထိုနေရာသို့သွားကြသည်။

ဒါကဒုတိယမြောက်ခရီးစဉ်ဖြစ်တာကြောင့် ပထမခရီးစဉ်တွင်တွေ့ကြုံဖူးသည့်အတိုင်း ထိုင်ခုံများကိုကျပန်းထိုင်ကာ လူတိုင်းဘတ်စ်ကားပေါ်ရောက်သည်နှင့်ယာဉ်ကထွက်ခွာတော့သည်။

ကောင်းဖန်သည်သူ့ဘေးမှာထိုင်နေတဲ့ကျောင်းသားကို မသိပေ၊ သူတို့၏ဘာသာစကားပြောမှုကနည်းနည်းကြမ်းပြင်းလေသံပြင်းသည်၊ စကားပြောသည့်အခါတိုင်းတွင် ညစ်ညမ်းသောစကားများနှင့်သာပြည့်နှက်နေတော့သည်၊

“ ချီး! ငါမင်းကိုပြောလိုက်မယ်နော်, ငါဒီခွေးမသားကိုမဖမ်းတာကံကောင်းတယ်မှတ်။”

“အေး,အကယ်၍ငါတို့သူ့ကိုရှာတွေ့ရင်သူ့ကိုသေချာပေါက်ကိုသတ်မှာ! သူကတိရိစ္ဆာန်ဘဲ! မဟုတ်ဘူး, တိရိစ္ဆာန်တောင်မှ ဒီလောက်မကောက်ကျစ်လောက်ဘူး။”

“ငါလိုး, စကားနည်းနည်းလေးကြောင့်နဲ့ ငါတို့ကိုအိမ်ထဲမှာပိတ်ထားတယ်၊ ကံကောင်းလို့တစ်ယောက်ယောက်က တံခါးဖွင့်ပေးဖို့လာလို့ဘဲ, မဟုတ်လို့ကတော့ဒီထဲမှာ ဗိုက်ဆာလွန်းလို့သေနေလောက်ပြီ။”

“သူဘယ်ကမှန်းမသိဘူးလား, နောက်ဆုံးအချိန်တုန်းကသူ့မျက်နှာကိုမမြင်လိုက်ဘူးလား၊ ငါမင်းကိုပြောနေတာ, အဲ့ဒီအရှုံးသမားကသူ့ကိုယ်သူဘယ်သူမှန်းမသိအောင်မပြလိုက်တာ ကံကောင်းသွားတယ်, မဟုတ်ရင်ဒီကောင်ငါတို့ကျောင်းမှာမနေနိုင်အောင်လုပ်ဖို့ နည်းလမ်းတစ်ရာရှိတယ်။”

ကောင်းဖန်၏မျက်နှာအရောင်က ကျောင်းသားအုပ်စုကြားထဲမှပြောနေသောစကားဝိုင်းကို နားထောင်နေရင်း တဖြည်းဖြည်းအရာင်ပြောင်းသွားတော့သည်။

သူသည်ထိုလူများအား ဘာကြောင့်ရင်းနှီးတယ်လို့ထင်နေပါသနည်း၊ အတုအရောင်အရာတွေကအရယ်ရဆုံးပင်ဖြစ်သည်။

ကောင်းဖန်ကသူ့မျက်လုံးတွေကိုပိတ်လိုက်ပြီး သူ့နားကြပ်ကိုတပ်လိုက်သည်၊ ထိုလူတွေကသူနဲ့မုထျယ်ရင်းကို လုံခြုံတဲ့အိမ်ထဲကိုပေးမဝင်ခဲ့တာကြောင့် သူတို့ကို အထဲမှာလော့ချထားခဲ့တာဖြစ်သည်၊ ဒါကြောင့်သူတို့တစ်ဦးနှင့်တစ်ဦးအကြွေးမတင်ပေ။ သူတို့ကသူတို့၏စကားများ၏တန်ဖိုးကိုပေးချေပြီးဖြစ်တာကြောင့် သူတို့နှင့် ထပ်ရှုပ်တော့မည်မဟုတ်ပေ။

ပို့ဆောင်ယာဉ်များရပ်သွားပြီးနောက်, အဖွဲ့သည်ဘတ်စ်ကားများမှထွက်သွားကြ ပြီးစကားဆက်များနေကြကာသူတို့သားရဲများကိုခေါ်ရန်အခြားထရပ်ကားဆီသို့သွားဖို့ပြင်ဆင်နေကြသည်။

ထရပ်ကားကဘတ်စ်ကား၏နောက်တွင်ရပ်သွားသည်, ဘာကြောင့်လဲဆိုတော့ အကယ်၍သားရဲတွေကတည်ရှိမှုက သူတို့သခင်တွေနှင့်အရမ်းဝေးသွားလျှင်, သူတို့၏ စိတ်အခြေအနေသည် စတင်၍မတည်မငြိမ်ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူတို့က ထရပ်ကားနှင့်ဘတ်စ်ကား၏အကွာအဝေးတစ်ခုသေချာစေရန် သေချာအောင်လုပ်ခဲ့ကြသည်၊ ဤနည်းလမ်းဖြင့်သားရဲများသည် သူတို့၏သခင်ရှိခြင်းကိုခံစားရလိမ့်မည်။

တစ်ခုတည်းသောအရာကတော့ ထိုနေ့တွင်သားရဲများအားလုံးငြိမ်သက်နေခဲ့သည်၊

ထရပ်ကား၏နောက်တံခါးဖွင့်လိုက်သည်နှင့်သားရဲများအားလုံး အေးခဲသွားကြပြီး တုန်လှုပ်နေတာကိုတွေ့လိုက်ရသည်။

အနက်ရောင်ဝတ်ရုံနှင့်ဖုံးအုပ်ထားသော ကြီးမားသောလူပုံစံရှိသည့်ကောင်ကထရပ်ကားထဲမှ လမ်းလျှောက်ကာထွက်လာသည်၊ ၎င်း၏လမ်းကြောင်း၌ရှိသောသားရဲများသည် ဘုရင်ကြီးကြွလာသောကြောင့် လမ်းဖယ်ပေးကြသောအရာရှိကြီးများကဲ့သို့ပင် ဘေးနှစ်ဖက်သို့ရွှေ့ကာ၎င်းကိုရှောင်ဖယ်ပေးကြသည်။

မြေပြင်ပေါ်သို့ဆင်းလာသည့် အသံ၏ဆူညံသံကသူတို့အားလုံးကိုလန့်သွားစေသည်၊ ဒမ်ဘီသည်ကားပေါ်မှခုန်ဆင်းလိုက်သည်။

၎င်းကသူတို့ဆီသို့လျှောက်လာခဲ့သည်၊ ၎င်း၏အသွင်မရှိသောပုံစံခွန်အားနှင့်အရှိန်အဝါက သူတို့ဆီသို့ဦးတည်ကာရွေ့လျားလာသည်။ ဒမ်ဘီကအကွာအဝေးတစ်ခုကိုရွေ့လိုက် ပြီးနောက်သူတို့၏အာရုံကိုပြန်လည်ရရှိခဲ့သည် သူတို့၏မျက်နှာများသည်နီရဲတောက် နေသည်၊ “ဒါကအကျွမ်းတဝင်သားရဲတစ်ကောင်ပါဘဲ, ငါတို့ကဘာကိုထိပ်လန့်နေရမှာ လဲ?” တစ်စုံတစ်ယောက်ပြောလိုက်သည်၊ ဒါပေမယ့်ထိုလူငယ်က အသံတိုးတိုးလေးနှင့်သာ ညည်းညူကာပြောရဲသည်၊

ဒမ်ဘီကဘယ်တော့မှကြားချင်စိတ်ပြင်းပြလိမ့်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့ပေ၊ ဒမ်ဘီကကြမ်းတမ်းသော မြေပြင်ပေါ်၌နောက်တစ်လှမ်းလှမ်းနေချိန်တွင် သူ့ခေါင်းကို တဖြည်းဖြည်းလှည့်လိုက်သည်။ ခေါင်းစွပ်၏အောက်တွင်မှိန်ပျပျမီးတောက်ရှိသည်၊ ၎င်းကစကားပြောနေသောကောင်လေး၏ ကျောရိုးခိုက်ခိုက်တုန်နေအောင်ကြည့်လိုက် သည်၊ သူ့မျက်နှာကဖြူဖျော့လာသည်။

ဒမ်ဘီကရိုးရှင်းတဲ့အကြည့်တစ်ခုပေးပြီးနောက် သူတို့ထံမှဆက်၍လမ်းလျှောက်လာ ခြင်းသည်ကောင်းသောအရာဖြစ်သည်။

ဒမ်ဘီက နောက်ဆုံးတော့ ကောင်းဖန်၏ဘေးတွင်ရပ်လိုက်သည်၊ ဒမ်ဘီ၏ခါးတွင် ချိတ်ဆွဲထားသည်မှာကခရမ်းရောင် “ခါးပတ်”တစ်ခုပင်ဖြစ်သည်၊ နောက်တစ်ကြိမ်စစ် ကြည့်လျှင်,တာ့ဇီ၏အရိပ်တစ်ခုကိုတွေ့ရမှာဖြစ်ပြီး, ဒမ်ဘီ၏ခါးတွင် တစ်ကြိမ်ထက် မကထုပ်စည်းထားသည်။

တမူထူးခြားနေသောဒမ်ဘီသည်လူများစွာ၏အာရုံကိုစွဲဆောင်နေသည်၊ အနက်ရောင်ဝတ်ရုံက သူတို့ကိုပိုပြီးစိတ်ဝင်စားအောင်လုပ်နေသည်။

တောင်ကြားသို့ဝင်ပြီးသည်နှင့် ကောင်းဖန်ကမုထျယ်ရင်းနှင့်အဖွဲ့ဖွဲ့ဖို့အတွက် မရွေချယ်ခဲ့ပေ၊ သူကအဖွဲ့တစ်ဖွဲ့လုံးတွင်သူတစ်ယောက်တည်းနေဖို့ကိုသာ ရွေးချယ်ခဲ့ သည်၊

သူတစ်ယောက်တည်းရှိနေရင် ပြီးမြောက်ဖို့အတွက်ပို၍လွယ်ကူလိမ့်မည်၊ လူများများရှိလေပိုရှုပ်ထွေးတဲ့အရာတွေဖြစ်လာလေဖြစ်သည်။

တောင်ကြားအတွင်းသို့ရောက်သည်နှင့် ကောင်းဖန်ကဒ မ်ဘီကိုထိုတောင်ကြား၏ အတွင်းကျဆုံးအပိုင်းသို့ညွှန်ပြလိုက်သည်။

သူကဒမ်ဘီ၏ပုခုံးပေါ်တွင် လည်ပင်းကိုခွကာထိုင်နေသည်၊ ထိုပုံစံကနည်းနည်း ရှက်ဖို့ကောင်းပေမယ့်ဒါကအရမ်းအဆင်ပြေသည်။

ဒမ်ဘီ၏ပုခုံးပေါ်တွင်ထိုင်နေသောကြောင့် လေကသူ၏မျက်နှာပေါ်သို့တိုက်ခတ်လာသည်။

သားရဲ၏ဘေးရှိလမ်းကချောက်ချားစေသည်၊ တော၏ထူထပ်သောအပိုင်းကိုဖြတ်ပြီးသည်နှင့် ကောင်းဖန်က အနက်ရောင်အရိပ်က၎င်း၏အတွင်းကျသော အပိုင်းသို့ပြေးဝင်သွားသည်၊ ကောင်းဖန်ကလမ်းကိုချက်ချင်းမြင်သည်နှင့် ရင်းနှီးနေသောကြောင့် ဒမ်ဘီကိုရပ်ရန်ပြောလိုက်သည်။

သူတို့ရပ်လိုက်ပြီးနောက်, သူတို့နှင့်သိပ်မဝေးသည့်နေရာတွင်ရေကန်ရှိသည်ကို တွေ့လိုက်ရသည်၊ ထို့နောက်ကောင်းဖန်ကရင်းနှီးနေသောတစ်စုံတစ်ခုကဘယ်ကလာမှန်း သိလိုက်တော့သည်၊ အကယ်၍သူမမှားလျှင် ထိုနေရာသည် အစိမ်းရောင်အရေခွံဖားတွေ ကရေကန်ထဲတွင်ရှိပြီး, ထိုအုပ်စုလိုက်အစိမ်းရောင်ဖားတွေကတစ်ခြားသက်ရှိတွေပေါ်ကို တံတွေးထွေးရတာကိုကြိုက်နှစ်သက်သည်။

“လမ်းကြောင်းပြောင်းရအောင်။” ကောင်းဖန်ပြောလိုက်သည်၊ သူကထိုအစိမ်းရောင် အရေခွံဖားတွေနှင့်ရှုပ်ဖို့အတွက်ရည်ရွယ်ချက်မရှိပေ။

ရုတ်တရက်, အသံတစ်ခုက တော၏အတွင်းကျသည့်အပိုင်းက ထွက်ပေါ်လာသည်။ လွင်ပြင်များသည်လှိုင်းများကဲ့သို့ကွဲထွက်သွားပြီး ကြီးမားသောခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းနီးကပ်လာတော့သည်။

***

အပိုင်း၉၆ ရုတ်တရက်တိုက်ခိုက်မှု

မြက်ခင်းများက ပြားချပ်နေအောင်ဖိခံထားရကာ ကြီးမားသောသားရဲကြီးသည် စိမ်းစိုနေသောပင်လယ်လွင်ပြင်တစ်ခုတွင် အသက်ရေငုပ်နေသလိုပင်ဖြစ်နေသည်။

ဒမ်ဘီ၏ခန္ဓာကိုယ်ကသေးငယ်သည့်လျှပ်စီးအားကို ထုတ်လွှတ်နေသည်။ ပါးစပ်ကျယ်ကြီးမှချွန်ထက်နေသောသွားများမှာ ခြိမ်ခြောက်မှုကိုခံစားရပြီး တောက်ပကာအေးစက်နေသည်။

ရေကန်၏တစ်ဖက်စွန်းကချုံပုတ်ကို ကားနှင့်တူသောဦးခေါင်းကချိုးဖျက်လိုက်သည်။ အစိမ်းရောင်ဦးခေါင်းမှ ကြီးမားသောမျက်လုံးနှစ်လုံးက မီးအိမ်ကြီးလိုဖြစ်နေသည်၊ မျက်လုံးများကတည်ငြိမ်အေးဆေးနေသည်၊ ၎င်းကတိတ်တဆိတ်ရေကန်ထဲသို့ အပြေးအလွှားသွားကာလျှပ်တပြက်လေထုကအရှိန်ပြင်းစွာရွေ့လျားသွားတော့သည်။

၎င်းကကြီးမားသောအန်ဒါကွန်မြွေဖြစ်သည်၊ ကောင်းဖန်၏နှလုံးကတင်းကျပ်နေပြီး ထိုကောင်ကြီး၏နယ်မြေထဲတွင်သူရောက်နေမှန်း သတိထားမိသွားသည်၊

အစိမ်းရောင်ရေခွံဖားများသည် ရေကန်ထဲသို့တစ်ကောင်ပြီးတစ်ကောင်ခုန်ဆင်းကြသည်၊ ခြေထောက်တွေကိုကွေးပြီးခုန်ဆင်းကာထွက်ပြေးကြဖို့ကြိုးစားကြသည်၊ ရေကန်ထဲမှအစိမ်းရောင်ရေခွံဖားတစ်ကောင်က ခုန်ထွက်ကာ ရေမျက်နှာပြင်ပေါ်တွင်ပြင်းထန်စွာခြေဆောင့်နင်း၍ရေစင်သည့်ဆူညံသံကိုပြုလုပ်ပြီးနောက် ၎င်းကသူ၏ဖင်ကိုတွန့်လိုက်ကာရေကန်အစပ်မှ ခြေလှမ်းအနည်းငယ်ကူးလာကာပြေးလာသည်ကိုလဲ ကောင်းဖန်တွေ့လိုက်သည်။

နောက်တော့, ဒီအစိမ်းရောင်ရေခွံဖားသည် သူ၏ခေါင်းကိုလှည့်လိုက်ပြီးအမောတကောဖြင့် သူ၏ခန္ဓာကိုယ်တစ်ဝက်ကိုရေကန်ထဲတွင်နှစ်ထားပြီး ဖားအော်သံအော်မြည်လိုက်သည်။

တချို့သောအစိမ်းရောင်ရေခွံဖားများသည် အန်ဒါကွန်ဒါမြွေကိုတံတွေးများဖြင့်ထွေးကြ သည်၊ သေချာတာပေါ့, တစ်ယောက်ကမချေငံသောစကားကိုမပြောသင့်ပေ၊ ထိုနည်းတူ, ဒီအစိမ်းရောင်ရေခွံဖားတွေက ရေမြှားများကိုအန်ဒါကွန်ဒါမြွေထံသို့ ပစ်လွှတ်ကြသည်။

ရေမြှားများသည်သစ်ပင်ပင်စည်များကို ထိုးဖောက်သွားပြီး ပင်စည်ပေါ်တွင်စွဲထင်ကာ ကျန်နေခဲ့သောအရာများမှတစ်ဆင့် ကြီးမားသောအန်ဒါကွန်ဒါမြွေကိုရိုက်မိပြီး အားပျော့သောအသံများထွက်ပေါ်လာသည်၊ ၎င်းကနွားကိုချောင်းရိုက်သလိုမျိုး အသံကတိုးပြီး အုံ့မှိုင်းမှိုင်းဖြစ်နေသည်။

ကြီးမားသောအန်ဒါကွန်ဒါမြွေသည်တော့ အနှောက်အယှက်ဖြစ်တယ်လို့မခံစားရဘဲ ၎င်း၏အဆုံးမရှိသောခန္ဓာကိုယ်သည် တစ်စုံတစ်ယောက်ကိုအနိုင်ကျင့်ဖို့အတွက် လမ်းကြောင်းအတိုင်းထိုလူ၏အိမ်ထဲသို့တွန်းပို့ခံရသလိုဖြစ်နေကာ ချုံပုတ်များမှ တစ်ဆင့်ရှေ့သို့အဆက်မပြတ်ရွေ့လျားလာသည်။

၎င်း၏ခန္ဓာကိုယ်သည်ပေ၁၀၀နှင့်၁၃၀ကြားတွင်ရှိသည်။

ကောင်းဖန်သူ့နှလုံးသားက အနည်းငယ်လေးလံလာသလိုခံစားလိုက်ရသည်၊ ဒီကြီးမားသောအန်ဒါကွန်ဒါမြွေကအဆင့်၂၀သာရှိသော်လည်း, အချို့နေရာများတွင် ၎င်းသည်ထိုအဆင့်ထက်ကျော်လွန်သည်အုပ်ချုပ်သူအဆင့်သားရဲများထက်ပင်သာလွန် နေသေးသည်။

ထိုတွင်ကြီးမားသောမူကွဲမျိုးရိုးဗီဇပြောင်းလဲခြင်းများအနည်းငယ်ရှိသည်၊ ကောင်းဖန်ကထိုထဲမှအနည်းငယ်ကိုမြင်ဖူးသည်; သစ်ရွက်ဆွေးကျိုင်းကောင်နှင့် မစ္စမုရုန်ပိုင်ဆိုင်သည့်ဗီဇပြောင်းလဲနေသောငွေတောင်ပံငှက်တို့ဖြစ်သည်၊ ထိုထဲရှိမူကွဲများကြားထဲတွင် စစ်မှန်သောကွာခြားချက်များရှိသည်၊ ဥပမာအနေဖြင့်, သာမန်ကြီးမားသောတောတွင်းအန်ဒါကွန်ဒါမြွေသည်၃၂ပေရှည်လျားပြီး, ယခုတစ်ကောင်ကမူလအရွယ်အစားစံချိန်ကိုငါးဆကျော်ချိုးဖြတ်နိုင်သည်။

ရေကန်ထဲတွင်ရုတ်တရက်လှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့သည်။

ရေကန်ကကြည့်ရတာအပြင်းအထန်ဖြစ်လာပုံရသည်၊ ကောင်းဖန်က လုံးဝန်းသောခေါင်းများတစ်ခုပြီးတစ်ခုပေါ်လာတာကိုဘေးဘက်မှထိုင်ကြည့်နေသည်။

ထိုနေရာတွင်အကြီးအငယ်ခေါင်းများရှိနေသည်၊ သူတို့ကသလင်းကျောက်ပေါ်တွင် ပဲစေ့များအဖာအစပ်များအဖြစ်ပြည့်နေသလိုမျိုး, အနက်ရောင်အစိမ်းရောင်အဖာအစပ် များဖြင့်ပြည့်နေသည်။

ဖားလောင်း? ကောင်းဖန်ကသူ့စိတ်ထဲတွင်စဉ်းစားနေပြီးနောက်,သူ၏ခန့်မှန်မှုကို နောက်အခိုက်အတန့်တွင်အတည်ပြုလိုက်သည်။

ဒီခေါင်းဝိုင်းတွေက သူတို့၏နောက်မှကြိုးနှင့်တူသောအမြီးတွေကို လှုပ်ယမ်းကြပြီး တစ်ချိန်တည်းမှာပင်သူတို့ကရေကန်ထဲမှခုန်ထွက်လာကြတော့သည်။ သူတို့၏ဖင်များက မီးစွဲနေသလိုမျိုးအမြီးများကိုဘယ်ညာလွှဲယမ်းကာရေကန်ထဲမှလွတ်မြောက်လာကြ တော့သည်။

ဒီအစိမ်းရောင်ရေခွံဖားများသည် ရေကန်ထဲတွင်အသက်ရှင်ရန်ကြိုးပမ်းကြပေမယ့်, ဘယ်တော့မှဂေဟစနစ်ကိုဟန်ချက်ညီညီမဖျက်စီးနိုင်ပေ၊ ၎င်းကအခါအားလျော်စွာ လာလည်တတ်သောကြီးမားသည့်အန်ဒါကွန်ဒါမြွေကြောင့်ဖြစ်သည်။

ရေထဲတွင်ဆယ်မိနစ်ကြာကူးခတ်ပြီးနောက် ကြီးမားသောအန်ဒါကွန်ဒါမြွေသည် ကမ်းစပ်ပေါ်သို့လျှောလာကာမြက်ခင်းပြင်ပေါ်တွင် ရှည်လျားသောအမှတ်အရာကြီး ပြုလုပ်ပြီးနောက်, အစာကိုအားပါးတရစားပြီးကျေနပ်သွားသည်။

ဒီကြီးမားခြင်းသည်သန်မာသော်လည်း, ကြမ်းတမ်းဖို့အတွက်ကတော့ခက်ခဲသည်၊ ၎င်းကလူ့အသိစိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသောအမှန်တရားတစ်ခုဖြစ် သည်၊ ဒမ်ဘီသည်အရွယ်အစားကွာခြားသော်လည်းအရည်အချင်းမြင့်သောသတ္တဝါ အဖြစ်သတ်မှတ်ခံရသောကြောင့် ကောင်းဖန်သည် ထိုကဲ့သို့သောသားရဲဖြင့်တိုက်ရိုက် ရန်ဖြစ်ခြင်းမှကာကွယ်ရန် အမြဲတမ်းအကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်သည်။

ကြီးမားသောအန်ဒါကွန်ဒါမြွေကဖျက်စီးသွားပြီးတဲ့နောက်, ရေကန်ကတစ်ဖန်ပြန်၍ ငြိမ်သက်သွားသည်၊ တချို့သောအစိမ်းရောင်ရေခွံဖားများသည်မြက်ခင်းနှင့်ချုံပုတ်များကြားတွင်ပုန်းနေရာမှထွက်လာပြီး ခေါင်းကြီးကြီးဖားတချို့သည်လည်းကြီးမားသော အန်ဒါကွန်ဒါမြွေထွက်သွားပြီးနောက်အချိန်တော်ကြာသတိကြီးကြီးထားပြီးနောက် ခုန်ထွက်လာကြသည်။

အစိမ်းရောင်ရေခွံဖားများသည်ရေကန်ဆီသို့ခုန်ဆွခုန်ဆွသွားနေသောအခါတွင် အနက်ရောင်လက်တစ်ဖက်ကတိတ်ဆိတ်စွာဖြင့်ဆန့်ထွက်လာတော့သည်။

ကြီးမားသောလက်ကြီးကဖား၏ပါးစပ်ကိုဖုံးထားပြီး အဖြူရောင်အရိုးလက်ချောင်း ငါးချောင်းကအစိမ်းရောင်ရေခွံဖား၏အသားထဲသို့နစ်ဝင်သွားသည်၊ နောက်ထပ်လက်တစ်ဖက်ကဖား၏အနောက်ဖက်မှမသွားတော့သည်။

…

ခဏလောက်ကြာတော့, ဆူဖြိုးသောဖားခြေထောက်များသည်ရွှေရောင်တောက်သည် အထိမီးဖုတ်ထားသောသစ်ကိုင်းတွင်ကပ်လျက်ရှိသည်။

ခဏကြာပြီးနောက်, ဖောင်းကားနေသောဖား၏ခြေထောက်များကမီးကင်ထားသော တုတ်ချောင်းနှင့်ထိုးထားပြီးရွှေရောင်နှင့်နူးသွားသည်အထိမီးနှင့်ကင်လိုက်သည်။

ကောင်းဖန်သည်အရည်တွန့်နေသောဖား၏ခြေထောက်ကိုသူ၏သွားများနှင့်ဆွဲဆုတ်လိုက်ပြီး၎င်းမှလာသောချိုမြိန်သောဟင်းအနှစ်,စပါးလင်အနံ့၏အံ့ဩဖွယ်ကောင်းသောအရသာကြောင့်သူ့မျက်လုံးများတောက်ပလာတော့သည်။

ကြီးမားသောတောတွင်းအန်ဒါကွန်မြွေသည်၎င်း၏လှည့်ပတ်မှုများကိုပုံမှန်ပြုလုပ်နေ သည်မှာအံ့ဩစရာမရှိတော့ပေ၊ ဒီအစိမ်းရောင်ရေခွံဖားများသည်သူတို့၏အရသာရှိ သောအသားဖြင့်၎င်းတို့ကိုတကယ်သွေးဆောင်ခဲ့သည်။

ခဏကြာတော့သစ်ရွက်ခြောက်များကြေမွသည့်အသံများ အနောက်ဖက်မှထွက်ပေါ်လာသည်၊ ကောင်းဖန်ကသတိကြီးစွာနှင့်လှည့်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်နောက်မှ ကွယ်ဝှက်နေသည့်အမှောင်ရိပ်တစ်ခုကိုတွေ့ရန်သတိထားလိုက်သည်၊ ၎င်း၏မျက်လုံး များသည်သူ့လက်တွင်ကိုင်ထာသောအစိမ်းရောင်ရေခွံဖားခြေထောက်တွင်ရှိနေသည်။

ကောင်းဖန်က၎င်းကိုအတွင်းကျကျကြည့်လိုက်ပြီးဒါကလုံးဝကိုအနက်ရောင်မြင်းဖြစ် ကြောင်းအတည်ပြုလိုက်သည်၊

[မကောင်းဆိုးဝါးအမည်]-အလင်းနက်မြင်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၄

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-အမှောင်

[မကောင်းဆိုးဝါးအားနည်းချက်]-ရေခဲ

တင်းပုတ်နှင့်တူသောအမြီးကမြင်းရဲ့အနောက်ဘက်မှ ညင်ညင်သာသာလှုပ်ရှားသွားတော့သည်၊ သူက၎င်း၏သေစေနိုင်လောက်သောပုံစံကသံသယပင်ဖြစ်စရာမလိုပေ။

၎င်း၏ခန္ဓာကိုယ်နက်မှောင်နေသောအနက်ရောင်ဖြစ်သည်၊ ၎င်းကအရိပ်တစ်ခုနှင့် တောင်တူသည်။

ကောင်းဖန်သည် စုဆောင်းချင်သူအလေ့အကျင့်များကို ဖိနှိပ်လိုက်ပြီး သူ့နှလုံးသားထဲတွင်သက်ပြင်းချလိုက်သည်။

ငါ့မှာကိုယ်ပိုင်သားရဲတွေရှိပြီးသား… ငါ့မှာကိုယ်ပိုင်သားရဲတွေရှိပြီးသား… သူကသူ၏ ခေါင်းထဲတွင်အော်ဟစ်နေပြီး, သူ့ကိုယ်သူတားမြစ်ရန်ကြိုးစားနေသည်။

အလင်းနက်မြင်းသည် ကောင်းဖန်အားခဏလောက်အကဲဖြတ်နေပြီး ကောင်းဖန်က သူ့ကိုရှာတွေ့သွားသည်ကို သတိပြုမိသွားသောအခါ ၎င်းကပြုံးလိုက်သည်၊ ၎င်း၏အပြုံးမှာ တကယ်တော့ စီတန်းနေသောသွားအတန်းလိုက်သည်မြင်သာအောင်ပြနေခြင်းမျိုးသည်။ ၎င်း၏သွား များကအတန်းလိုက်စီနေပြီး ပါးစပ်သည်ချွန်ထက်နေသောပုံဖြစ်နေပြီး အေးစက်နေသောအလင်းတန်းကိုမြင်လိုက်ရသည်။

အသံတိုးတိုးမြင်းဟီးသံနှင့်အတူ, အလင်းနက်မြင်းကလှည့်လိုက်ပြီးတောတွင်းနက် ထဲသို့ထွက်ပြေးသွားသည်။

သူလှည့်ကြည့်လိုက်သောခဏအတွင်း, ကောင်းဖန်ကသူ့ရဲ့ပျောက်နေသော ဖားခြေထောက်ကိုရှာရန်ပြန်လှည့်လိုက်သည်။

အာ? ငါမီးကင်ထားပြီး ကျန်ခဲ့တဲ့တခြားအစိမ်းရောင်အရေခွံဖားခြေထောက်ကဘယ်မှာ လဲ? ငါ့ရဲ့အစိမ်းရောင်အရေခွံဖားခြေထောက်ကိုခိုးတာဘယ်ကောင်လဲ?

ကောင်းဖန်အတွေးထဲတွင်နစ်နေရင်းမှ တာ့ဇီနှင့်ဒမ်ဘီကိုတစ်ချက်စိုက်ကြည့်လိုက် သည်။

ဒမ်ဘီကကြီးမားသောအပင်ကြီးပေါ်တွင်မှီနေပြီး၎င်း၏ခြေထောက်များကိုဖွင့်ကားကာ ထိုင်နေသည်၊ တာ့ဇီကမြေကြီးပေါ်တွင်ခြေကားယားလက်ကားယားဖြစ်နေပြီး, ၎င်း၏ ခေါင်းကရွေ့လျားနေကာ ၎င်း၏လက်သည်းများကသစ်ရွက်ခြောက်များကို မြေပြင်ပေါ် သို့တွန်းပို့နေသည်။ ကောင်းဖန်အပြုံးတစ်ခုကိုဖန်တီးလိုက်သည်။

သူကဒမ်ဘီကိုဆူလိုက်တော့သည်, “မင်းဘာလို့ငါ့ရဲ့အစိမ်းရောင်အရေခွံဖားခြေထောက်သားကိုခိုးတာလဲ?”

ကောင်းကင်ကိုမျှော်ကြည့်နေသည့်ဒမ်ဘီမှာ လန့်ဖျတ်သွားရသည်၊ သူကသူ့သခင်၏ ဆိုလိုရင်းကိုအပြည့်အဝနားမလည်သောကြောင့် ရှုပ်ထွေးမှုတို့နှင့်ခေါင်းကိုကုတ်လိုက် သည်။

“မင်းကငါကင်ထားတဲ့အစိမ်းရောင်ဖားသားကိုယူတဲ့သူဘဲဖြစ်ရမယ်။” ကောင်းဖန်က ပြောလိုက်သည်၊

ဒမ်ဘီကကြောင်နေတော့သည်၊ ငါကအရိုးတွေဘဲလေ! ဘုရားသခင်တားမြစ်ပေးတော်မူပါ၊ ဘာကြောင့်များ ဒီအရိုးစုကိုအသားခိုးသည်ဟု သံသယဝင်သွားစေတာများပါလိမ့်?

အဲ့ဒါသူဘဲ,အဲ့တာသူဘဲ! တာ့ဇီခေါင်းထဲတွင်တစ်ခုခုကိုစရန်အခွင့်အလမ်းပေါ်သို့ ခုန်တက်လိုက်သည်။

မှားယွင်းနေတယ်လို့ခံစားနေရတဲ့ဒမ်ဘီက တုန်ယင်စွာအော်တဲ့အသံတစ်ခုကို ပြုလုပ်လိုက်သည်၊

မင်းအခုအော်တဲ့အသံကိုလုပ်လိုက်တာလား?ဟုတ်လား?

မဟုတ်ဘူး!

မင်းသေချာပေါက်လုပ်လိုက်တယ်!

တာ့ဇီကဘေးကနေလှောင်ပြောင်ရယ်မောနေသည်၊ သူကအများကြီး, အကုန်လုံး အများကြီးစားခဲ့တာ!

ဒမ်ဘီက ရုတ်တရက်ရှေ့ကိုနှစ်လှမ်းလောက်လှမ်းလိုက်ပြီး တာ့ဇီကိုချီလိုက်သည်၊ ထို့နောက်၎င်းကတာ့ဇီ၏ခန္ဓာကိုယ်ကိုစတင်၍လှုပ်ယမ်းတော့သည်။

တာ့ဇီကလှုပ်ခါနေမှုကြောင့်မူးဝေသွားပြီး မကြေညက်သေးသောအစိမ်းရောင်ဖား ခြေထောက်သားကိုအန်ထုတ်လိုက်သည်၊ ၎င်း၏လုပ်ရပ်ကိုဖမ်းမိသွားခဲ့သည်၊ တာ့ဇီက ၎င်း၏သေဆုံးသလို အယောင်ဆောင်ရန် အခွင့်အရေးကိုအသုံးချလိုက်သည်။

ကောင်းဖန်ကတော့ တာ့ဇီကိုအမြင်ကတ်စွာနှင့်ကြည့်လိုက်သည်။ တာ့ဇီက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတာပဲ။ ဒီတစ်ကြိမ်တော့,သူကရိုးရှင်းစွာနှင့်ဒီငတိကို ပညာပေးဖို့ဒမ်ဘီ၏လက်ကိုငှားလိုက်သည်။

ဒမ်ဘီကရုတ်တရက်ရှေ့သို့နှစ်လှမ်းတိုးလာကာ တာ့ဇီနှင့်သူ၏သခင်ကိုဆွဲလိုက်ကာ အရှေ့ကိုအမြန်ပြေးထွက်လိုက်သည်။

ကောင်းဖန်သည်သူ၏အင်္ကျီလက်များကိုလေထဲသို့မြှင့်မထားမှီသူ၏တစ်ကိုယ်လုံး တင်းကျပ်သွားသည်ကိုခံစားလိုက်ရသည်။ သူသည်ခုနကအချိန်တုန်းကသူတို့နေသော နေရာတွင်ကြီးမားသောမြွေကြီး၏ခေါင်းပေါ်လာသည်ကိုတွေ့လိုက်ရသည်၊ မြွေ၏ ရှည်လျားသောခန္ဓာကိုယ်က တော၏မြင့်မားသောတစ်နေရာတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။

All Chapters