← Chapters

အခန်း (၉၇-၁၀၀)

Vol. 7 Ch. 97-100

အခန်း (၉၇-၁၀၀)

Vol. 7 Ch. 97-100

အပိုင်း၉၇ သွေးကြောမျှင်နှလုံး

အေးစက်နေသောချွေးများက ကောင်းဖန်၏အဝတ်အစားများတွင် စိုရွှဲကာသူ့နှုတ်ခမ်းကဖြူဖျော့လာတော့သည်။

အကယ်၍ဒမ်ဘီသည်အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပါက သူနှင့်တာ့ဇီသည်မြွေ၏ပါးစပ်ထဲတွင်ရောက်ကာ သေပြီးသားဖြစ်သွားလိမ့်မည်။

ကြီးမားသောအန်ဒါကွန်ဒါမြွေသည် ၎င်း၏သားကောင်များကပြေးထွက်သွားပြီး, အချိန်ယူလိုက်ကာ, ၎င်းကမနှေးမမြန်သောအရှိန်ဖြင့်သွားလိုက်သည်။ ၎င်းကကောင်းဖန်ဆီသို့ကြည့်နေပြီး တခြားသူများကိုစိတ်မဝင်စားစွာဖြင့်ကြည့်လိုက်သည်။ ၎င်းကသူ၏ပိုင်နက်တွင်တွေ့ရှိသည့် မရင်းနှီးပေမယ့်အားကောင်းသော တည်ရှိမှုကိုစစ်ဆေးရန်အတွက် ထိုနေရာသို့သွားခဲ့ခြင်းဖြစ်သည်။

ကြီးမားသောအန်ဒါကွန်ဒါမြွေသည် ပျင်းရိစွာနှင့်ကုန်းမြင့်ပေါ်သို့ပြန်လာခြင်းဖြစ်သည်၊ ၎င်းကသစ်ပင်ပင်စည်၏ပတ်လည်ကိုရစ်ပတ်လိုက်ပြီး, ထူထပ်သောသစ်ပင်ထိပ်ဖျားသို့ ၎င်း၏အလွန်ကြီးမားသောခန္ဓာကိုယ်ကြီးကိုအလေးချိန်မရှိသလိုမျိုးဖြင့်လျင်မြန်စွာ တက်သွားတော့သည်။

ကောင်းဖန်ကသူ့မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်ပြီးပြောလိုက်သည်, “ဒမ်ဘီ”

ဒမ်ဘီကကောင်းဖန်နှင့်တာ့ဇီကိုချပေးလိုက်သည်၊ ၎င်းကကောင်းဖန်အားခေါင်းစောင်း ကာကြည့်လိုက်သည်၊

“မင်းသတ်နိုင်လား?” ကောင်းဖန်ကထွက်သွားတဲ့အန်ဒါကွန်ဒါမြွေကိုကြည့်ကာမေးလိုက်သည်၊ ဒါကဒုတိယတစ်ကြိမ်သေစေနိုင်သောခြိမ်းခြောက်မှုကို ခံစားရတာဖြစ်သည်။ သူကအန်ဒါကွန်ဒါမြွေကိုသူ့ဆီနှစ်ကြိမ်မလာခင်ထိတိုင်တော့ ဘာပြဿနာမှ မရှာချင်ခဲ့ပေ။

ဒမ်ဘီကထိုမေးခွန်းကိုမဖြေပေ၊ ၎င်းကသူ၏လက်သီးကိုသာတင်းတင်းဆုပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့်မအော်ခင် လက်သီးနှစ်ဖက်ကိုအားအင်အပြည့်ဖြင့်တိုက်လိုက်သည်၊ “သတ်!”

စူးဝါးသောအသံကတောထဲတွင်ပဲ့တင်ထွက်လာပြီး, မည်သည့်နေရာတွင်မဆို လေထုထဲတွင်လူသတ်ငွေ့အရိပ်အယောင်များဖြင့်ပြည့်နေတော့သည်၊

စကားပြောပြီးသည်နှင့် ဒမ်ဘီသည်ပြင်းထန်စွာဖြင့် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်း၍ပြေးသွားတော့သည်။ အနက်ရောင်ဝတ်ရုံကိုရုတ်သိမ်းလိုက်တော့ အောက်ခြေရှိ ငွေဖြူရောင်အရိုးများကပေါ်လွင်နေသည်။ အပြာရောင်ဖျော့ဖျော့ဝိဉာဉ်မီးတောက်များ ကအသက်ဝင်လာပြီး၎င်း၏လည်ချောင်းမှ အလွန်ကျယ်လောင်သောဟိန်းသံကြီး ထွက်လာတော့သည်။

၎င်းကတောထဲတွင်ပဲ့တင်ထပ်နေပြီး, ထွက်သွားသောအန်ဒါကွန်ဒါမြွေကိုအံ့ဩသွား‌စေသည်၊

ဒမ်ဘီကအရှေ့သို့ခုန်လိုက်ပြီး သစ်ပင်ကိုင်းကို၎င်း၏ဘယ်ဘက်လက်ဖြင့်ကိုင်ထား သည်။ လွှဲယမ်းသွားခြင်းဖြင့် ၎င်း၏ခန္ဓာကိုယ်ကသေစေနိုင်လောက်သောဓားသွားတစ်ချောင်းလို လေထဲတွင်ပျံထွက်သွားသည်။

အန်ဒါကွန်ဒါမြွေ၏အစပိုင်းတွင်ငြိမ်သက်နေသောမျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။ ၎င်းကစူးရှအေးစက်သောအကြည့်ဖြင့်ဒမ်ဘီကိုကြည့် လိုက်သည်။

ဒီချီးထုပ်မျောက်ကတော့ သေခြင်းတရားကိုလိုက်ရှာနေတာဘဲ, ဟု ၎င်းကတွေးမိလိုက်သည်။

အန်ဒါကွန်ဒါမြွေသည်၎င်း၏ကြီးမားသောပါးစပ်ကြီးကိုဖွင့်ကာ လျင်မြန်သောအရှိန်ဖြင့် စတင်တိုက်ခိုက်တော့သည်၊

လေထဲတွင်ရှိနေသောဒမ်ဘီက နောက်ထပ်အပိုအင်အားထပ်မထုတ်နိုင်သေးပေ။ ၎င်းကဒမ်ဘီသည်နေ့လည်စာသေခြင်းတရားဆီသို့သွားနေသည်လို့မြင်နေသည်။

ပြင်းထန်ပြီးရွံ့စရာကောင်းသောအနံ့တစ်ခုသည်မြွေ၏မဲနက်နေသောလည်ချောင်းထဲမှ ထွက်လာသည်။

ဒမ်ဘီကဒေါသထွက်စွာဖြင့်အော်လိုက်သည်၊ သိပ်သည်းကျစ်လျစ်ပြီးစုစည်းနေသော သွေးကြောများဖြစ်သည့်သွေးကြောမျှင်နှလုံးသည် ကျုံ့လာကာရူးသွပ်စွာဖြင့်ခုန်ပေါက် နေသည်။ နောက်အခိုက်အတန့်တွင်, ၎င်းကဒမ်ဘီ၏ပြင်းထန်ပြီးပေါက်ကွဲစေသည့် အင်အားကြောင့်ဒမ်ဘီထံမှခုန်တက်လာသည်၊

ဒမ်ဘီက၎င်း၏ညာဘက်လက်သီးကိုမြှောက်လိုက်ပြီးသွေးကြောမျှင်များကိုလေးကြိုးဆွဲသကဲ့သို့အပြည့်အဝဆွဲကာသရုပ်ဆောင်နေသည်၊

ဘန်း!

အန်ဒါကွန်ဒါမြွေ၏သွားများပေါ်သို့ ကြမ်းတမ်းသည့်လက်သီးကကျရောက်သွားတော့သည်၊ သွားများသည်ပုံပျက်ပန်းပျက်နှင့်ထိုသက်ရောက်မှုကြောင့် အတွင်းသို့ကွေးဝင် သွားသည်၊ အမြစ်မှကျိုးသွားကြောင်းသိသာထင်ရှားပြီး အသားနှင့်သွေးများသည်ပါးစပ် ကြားထဲမှထွက်ကျလာတော့သည်။

အန်ဒါကွန်မြွေသည်၎င်း၏ကြီးမားသောမေးရိုးကိုပြန်ပိတ်လိုက်ကာ နာကျင်ကိုက်ခဲမှု နှင့်ထူးဆန်းသောခံစားချက်များကိုခံစားလိုက်ရသည်,၎င်း၏ ‘သွား’များကစ၍နုန်နှဲ့လာ သည်၊ ဒမ်ဘီကမေးရိုးပေါ်သို့ခြေလှမ်းလှမ်းလိုက်ပြီး အန်ဒါကွန်ဒါမြွေ၏နောက်ကျောဘက်သို့ကျွမ်းထိုးသွားလိုက်သည်။ ၎င်း၏တိုက်ခိုက်မှုများကအန်ဒါကွန်ဒါမြွေ၏ အပေါ်သို့ဒလဟောပြုံကျလာပြီးတစ်ချက်ပြီးတစ်ချက်ထိုးနေသည်။

အန်ဒါကွန်ဒါမြွေကအော်မြည်နေတော့သည်၊ ၎င်း၏ခန္ဓာကိုယ်မှဖြောင့်တန်းနေသော အကြေးခွံများသည် သင်တုန်းဓားလိုမျိုးရန်သူကိုလှီးဖြတ်နိုင်ရန်အတွက်ထောင်နေသည်၊ သို့သော်, အကြေးခွံများကဒမ်ဘီ၏အရိုးစုများဖြင့်ခြစ်မိသောကြောင့် စူးရှသောအသံများထွက်ပေါ်လာရသည်၊ ဒမ်ဘီ၏ခံစစ်ပိုင်းသည်ပထမတန်းစားဖြစ် သည်။

၎င်းကတိုက်ခိုက်မှုကမထိရောက်သည်ကိုသတိထားမိသွားတော့, အန်ဒါကွန်မြွေသည် လှိမ့်ချလိုက်ကာသစ်ပင်ပေါ်မှပြုတ်ကျသွားတော့သည်၊ ကောင်းဖန်ကမြေကြီးသည် ၎င်းပြုတ်ကျသောကြောင့်တုန်ခါလိမ့်မည်ဟု တွေးလိုက်သော်လည်း, မြေပြင်ပေါ်သို့စတီးပိုက်ပြုတ်ကျသလိုမျိုး တိုးညင်းသောအသံသာထွက်လိုက်သည်။ ၎င်း၏ခွန်အားများအားလုံးပျောက်ဆုံးသွားပြီဖြစ်သည်။

ပြုတ်ကျသွားသောအန်ဒါကွန်မြွေသည် သဲကြီးမဲကြီးလှိမ့်နေတော့သည်၊ ထူထဲသော သစ်ရွက်ခြောက်များသည်မြေပြင်ပေါ်သို့ကျနေသောကြောင့် အန်ဒါကွန်မြွေလှိမ့်နေ သောအခါတွင် သစ်ရွက်အမြောက်အများကလေထဲတွင်လွှင့်နေတော့သည်။ ၎င်း၏လှုပ်ခါနေမှုကြောင့်သစ်ပင်များသည်တစ်ဝက်မှကျိုးကာမြေပြင်ပေါ်သို့လဲကျ သွားသည်။

ကြီးမားသည့်အန်ဒါကွန်မြွေကဘယ်လောက်ဘဲလှည့်၍လှိမ့်နေပါစေ, ဒမ်ဘီက၎င်း၏ အကြေးခွံများကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။ အန်ဒါကွန်မြွေ၏အကြေးခွံများ သည်ဆန့်နိုင်ပြီးငါးဖမ်းပိုက်ပုံစံကဲ့သို့ တည်ဆောက်ထားကာအကြေးခွံများသည် သေစေနိုင်စွမ်းအပြည့်ရှိသောဓားသွားများကဲ့သို့ဖြစ်နေသည်။ ၎င်းသည်စိတ်ကူးယဉ် နိုင်သောအကြောက်ဆုံးလက်နက်များထဲမှတစ်ခုဖြစ်သည်။

သို့သော် ထိုကဲ့သို့သင်တုန်းဓားလိုမျိုးတည်ဆောက်ထားသည့်အကြေးခွံများသည် ဒမ်ဘီ၏ခန္ဓာကိုယ်ကိုလှီးဖြတ်သောအခါတွင်မနှစ်မြို့ဖွယ်ကောင်းသောအသံများသာ ထွက်လာသည်၊ တစ်ခါတစ်ရံအရိုးပေါ်၌အဖြူရောင်အမှတ်အသားတစ်ခုစီပေါ်လာ တတ်သည်။

ဒမ်ဘီကအန်ဒါကွန်မြွေ၏အားနည်းချက်ကို အခွင့်ကောင်းယူကာလက်သီးကို လွှဲလိုက်ပြီးခေါင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။

ကြီးမားသောတောတွင်းအန်ဒါကွန်မြွေက အဲ့ဒီမျောက်ကိုဘယ်နှခါလောက်ကျိန်ဆဲပြီး နေပြီလဲဆိုတာဘယ်သူကသိမှာလဲ?

တောတွင်းအန်ဒါကွန်မြွေ၏အခြေအနေသည်တဖြည်းဖြည်းအခြေအနေဆိုးဝါးလာကာ ကျန်းမာနေသောလမ်းကြောင်းမှ အတော်အသင့်ဒဏ်ရာဖြစ်နေပြီဖြစ်သည်၊ ၎င်းက မြေပြင်ပေါ်တွင်လဲနေပြီးလေကိုပင့်သက်ရှိုက်နေသည်၊ ၎င်း၏မျက်လုံးများကကျဉ်း မြောင်းလာသည်။

နောက်ဆုံးတွင်၎င်း၏ယိုယွင်းနေသောအကြေးခွံများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မြေပြင်ပေါ်တွင်တိတ်ဆိတ်စွာနှင့်လှဲနေတော့သည်။ ၎င်း၏ခန္ဓာကိုယ်ကိုပြန်ဆန့်လိုက်ပြီး တင်းကြပ်ပြီးဖြောင့်တန်းသည့်လိုင်းပုံစံနှင့်ကြမ်းတမ်းစွာနှင့် စတင်လှည့်လိုက်သည်။

ဒမ်ဘီကသူ၏အာရုံစိုက်နိုင်မှုဆုံးရှုံးသွားကာ တစ်ခဏထဲတွင် ဘေးဘက်သို့ပစ်ချခံရလု နီးပါးဖြစ်သွားသည်၊ ကံကောင်းစွာနဲ့ဘဲ, ၎င်းကနောက်ဆုံးအခိုက်အတန့်တွင် အန်ဒါကွန်မြွေ၏အပိုင်းတစ်ပိုင်းကိုဆွဲယူနိုင်လိုက်သည်။ အားပြင်းသောအရှိန်နှင့်ခွန် အားသည်ပုံပျက်သွားသည့်ပုံစံအပိုင်းအဖြစ်သို့ပြောင်းသွားပြီး၎င်း၏အဖျားမှစ၍သွေး များစတင်စီးကျလာတော့သည်။

ဒမ်ဘီကကိုယ်ဟန်အနေအထားကိုမချိန်ညှိခင်တွင်, တောတွင်းအန်ဒါကွန်မြွေက စတင်လှုပ်ရှားတော့သည်၊ ၎င်းကမြေပြင်ပေါ်တွင်ကြမ်းတမ်းစွာလှည့်သည်၊ တစ်ခါ, နှစ်ခါ,သုံးခါ…

၎င်း၏လှည့်နေမှုကမြန်သထက်မြန်လာသည်။ မြေပြင်ပေါ်ရှိခြောက်သွေ့နေသော သစ်ရွက်များသည်အဝေးသို့လွင့်ထွက်သွားကြပြီး အနက်ရောင်နှင့်အဝါရောင်မြေစာ အညစ်အကြေးများနှင့်ရွှံ့များသာကျန်ရှိနေခဲ့သည်၊ ချိုင့်ခွက်ပင်ပေါ်လာပြီးတဖြည်း ဖြည်းစတင်၍ပိုပြီးသိသာထင်ရှားလာတော့သည်။

ဒမ်ဘီကလွှင့်ပစ်ခံလိုက်ရကာ ကိုက်ဖြတ်ခံထားရသောကြောင့်သွေးထွက်နေသည့် နေရာသည်လက်၌ရှိနေသည်။ အန်ဒါကွန်၏မျက်လုံးများသည်အန္တရာယ်ရှိသောပုံစံဖြင့် တဖျက်ဖျက်လက်ကနဲဖြစ်သွားပြီး၎င်းကဒမ်ဘီဆီသို့အရှိန်ဖြင့်ရွေ့လာသည်! ဒီအချိန်, ၎င်းကသူ၏ပါးစပ်ကိုမဖွင့်ထားပေမယ့်ဒေါသထွက်နေကာရှေ့သို့အားစိုက်၍ချိန်ရွယ် လာခဲ့သည်။

ဒမ်ဘီက၎င်းကိုရှောင်တိမ်းဖို့ရာမအောင်မြင်ခဲ့ဘဲ ပျံထွက်သွားတော့အောင်ကိုပစ်လွှတ်ခံလိုက်ရသည်။ ၎င်းကနောက်ဖက်သို့ပျံထွက်သွားပြီးသစ်ပင်နှင့်ရိုက်မိကာ ဆက်၍ဒါဇင်မီတာလောက်အထိရောက်ပြီးမှ နောက်ဆုံးရပ်သွားတော့သည်၊ကြီးမားသောတောတွင်း အန်ဒါကွန်မြွေကကောင်းကင်သို့ကြည့်လိုက်ပြီးလှည့်ထွက်မသွားခင်ကျယ်လောင် စူးရှစွာအော်မြည်လိုက်သည်။

၎င်း၏ဒဏ်ရာရပြီးသွားကတည်းက သေခြင်းတရားနှင့်ဆက်၍မနေချင်တော့ပေ၊ အန္တရာယ်ရှိသောတော၌သားရဲများသည်သူတို့၏ပြိုင်ဘက်ရန်သူများကိုလိုအပ်လျှင် လိုအပ်သလိုသေဆုံးခြင်း အထိပြုရန်မရှိပေ။

၎င်းကထွက်သွားချင်နေသော်လည်း ဒမ်ဘီကထွက်သွားဖို့ကိုခွင့်မပြုဘူးဖြစ်သည်။

ကောင်းဖန်ထံမှအမိန့်ကိုရရှိထားသောဒမ်ဘီသည် အသံတိုးတိုးဖြင့်ဟိန်းလိုက်သည်။ ဒမ်ဘီကဒူးတစ်ဖက်ကိုမြေပြင်ပေါ်သို့ချထားပြီး ၎င်း၏သန်မာသောညာလက်ကိုသူ၏ ရင်ဘတ်၌ဖိထားလိုက်သည်။ သွေးနီနှလုံး၏ကြိမ်နှုန်းသည်တမူထူးခြားကာပိုပြီး မြန်သထက်မြန်လာသည်။ တစ်ခါတလေ၎င်းကမြန်လာပြီးတစ်ခါတလေနှေးကွေးသွား ကာ, ၎င်းကသေချာသောစည်းချက်မှန်ကိုလိုက်ရှာနေပုံရသည်။

ထွက်ပြေးနေသောတောတွင်းအန်ဒါကွန်မြွေသည် ရုတ်တရက်ရပ်တန့်သွားတော့သည်၊ ၎င်းကသူ၏နှလုံးကြိမ်နှုန်း၌ပို၍လျင်မြန်စွာမြန်လာပြီး တစ်ခုခုမှားနေသလိုခံစားလိုက်ရကာ ၎င်း၏သွေးများစီးကျနေမှုကလည်းမြန်ဆန်လာတော့သည်။

ကြီးမားသောတောတွင်းအန်ဒါကွန်မြွေသည် ဒေါသထွက်မှုတို့နှင့်အတူရှုးရှုးရှဲရှဲဖြစ်နေကာ, ၎င်းကထူးဆန်းသောခံစားချက်ကြီးကဘယ်ကလာနေမှန်းမသိချေ။

ဒမ်ဘီ၏ခေါင်းကနိမ့်ကာငိုက်စိုက်ကျနေသည်၊ ၎င်း၏လက်ငါးချောင်းက နံရိုးလှောင်အိမ်ကြားထဲဖြတ်သွားပြီး၎င်း၏နှလုံးကိုအဖြူရောင်လက်ချောင်းအရိုးများ နှင့်အတူဆွဲလိုက်သည်။

နီရဲနေသောသွေးကြောမျှင်များသည်သူတို့ကအသက်ရှင်နေသကဲ့သို့အပြင်ဘက်သို့ ထွက်လာကြသည်။ ၎င်းကကလက်ချောင်းများကြားမှဖြတ်၍ဆင်းလာပြီး သာမန် မျက်စိနှင့်ပင်မြင်နိုင်သောသွေးချည်မျှင်များသည်, ဖြေးညှင်းစွာနှင့်နှလုံးအတုထံသို့ ဆင်းသွားတော့သည်။

ဘန်း!

ဘန်း!

ဘန်း!

ဒမ်ဘီ၏တိုက်ခိုက်မှုသည် ကောင်းဖန်နှင့်တာဇီကို အဓိကပစ်မှတ်ထားတာမဟုတ်ပေမယ့် ကောင်းဖန်ကတော့ မသက်မသာခံစားနေရဆဲဖြစ်သည်။ ထူးဆန်းသောဖိအားကြီးက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

ကြီးမားသောတောတွင်းအန်ဒါကွန်မြွေသည် လှည့်ပတ်နေကာရူးနေသလို ထိန်းမရသိမ်းမရသောနွားထီးတစ်ကောင်ကဲ့သို့ဖြစ်နေသည့် ထိုလူဝံအပေါ်သို့၎င်းကတသတ်မတ်ထဲ စူးစိုက်ကြည့်နေတော့သည်၊ ဒမ်ဘီကသူ့ခေါင်းကိုမော့လိုက်ပြီးသူ့၏မျက်လုံးများက အန်ဒါကွန်မြွေဆီမှာဘဲလော့ချထားလိုက်သည်။ ၎င်းကသူ၏ပါးစပ်တစ်ခြမ်းကိုမြှင့် လိုက်ပြီးနောက်အလွန်အမင်းကိုရယ်တော့သည်။

နှလုံးကပေါက်ထွက်သွားတော့သည်။

တောတွင်းအန်ဒါကွန်မြွေသည်ပြင်းထန်သောရိုက်ခတ်မှုကိုခံစားလိုက်ရသကဲ့သို့ တုန်လှုပ်သွားတော့သည်။ ၎င်း၏တဟုန်ထိုးပြေးနေခြင်းကရုတ်တရက်ရပ်သွားပြီး နာကျင်စွာနှင့်လှိမ့်လိုက်သည်။

ဒမ်ဘီကသူ၏ဆုပ်ကိုင်ထားမှုကိုဖြေလျော့လိုက်ပြီးချည့်နှဲ့သွားသောသွေးကြောမျှင်များ သည်သူ၏အရိုးများကြားဖြတ်သွားပြီးဆင်းကျနေတော့သည်၊ ဒမ်ဘီကမတ်တပ်ရပ် လိုက်ပြီးကြည့်ရသည်မှာသွေးကြောမျှင်များပျက်စီးသွားသောကြောင့်၎င်း၏အရှိန်အဝါကအားနည်းသွားပုံရသည်။

သွေးကြောမျှင်နှလုံးသည်ပြိုင်ဘက်ကင်းစွမ်းရည်ပင်ဖြစ်ပြီး, ၎င်းကဒမ်ဘီထင်ရှားခြင်းအဆင့်သို့တက်သွားပြီးနောက် နိုးထလာခဲ့သောသဘာဝလွန်လက်ဆောင်တစ်ခုဟုလည်းယူဆလို့ရသည်။

ပျက်စီးသွားသောနှလုံးသည်ပြန်လည်အင်အားတိုးပွားလာနိုင်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ၎င်းကအချိန်အကြာကြီးလိုအပ်ပြီး သွေးကြောမျှင်များအတွက်အလွန်များပြားသော ပမာဏဖြစ်သည်။

ကြီးမားသောတောတွင်းအန်ဒါကွန်မြွေသည် အင်အားမဲ့စွာနှင့်မြေပြင်ပေါ်တွင်လဲနေကာ ၎င်းကမျက်လုံးထောင့်မှသွေးများစီးကျလာပြီး နီးကပ်လာသောဒမ်ဘီကို စိုက်ကြည့်နေသည်။

နောက်ဆုံးထိုးဖောက်မှုသည် ၎င်း၏မျက်လုံးမှတစ်ဆင့်ပြင်းထန်သောလှည့်ကွက်တစ်ခုကဲ့သို့ သူ၏ဦးနှောက်အတွင်းသို့နက်ရှိုင်းစွာနှင့်ဝင်သွားခဲ့သည်။

တောတွင်းအန်ဒါကွန်မြွေသည်သူ၏နောက်ဆုံးထွက်သက်ကိုမရှုမီ ဆန့်တငင်ငင်ဖြစ်နေခဲ့ရသည်။

***

အပို်ငး ၉၈ တောနက်ထဲမှာ

“ခေါင်းဆောင်၊ အန်ဒါကွန်မြွေကြီး အသက်ခံလိုက်ရပြီ။” စခရင်တစ်ခုရှေ့မှ စစ်သားတစ်ယောက်က သူ့နားကြပ်မှတစ်ဆင့်ပြောလိုက်သည်။

မကြာခင်တွင်ပဲ အစိမ်းရင့်ရောင်စစ်ဝတ်စုံနှင့်ခေါင်းဆောင်တစ်ယောက် အထဲသို့ဝင်လာခဲ့သည်။

စခရင်ပေါ်တွင်တော့ တောတွင်းတစ်နေရာတွင် အန်ဒါကွန်မြွေကြီး လဲနေသည်ကိုပြနေကာ တစ်ကိုယ်လုံးလဲ သွေးစွန်းလို့နေသည်။

၎င်း၏အနားတွင်တော့ ဧရာမအရိုးစုကြီးတစ်ခုနှင့် ရှပ်အင်္ကျီအတိုဝတ်ထားသည့်ကောင်လေးတစ်ယောက်ရပ်နေသည်။ ကောင်းလေး၏နံဘေးတွင်တော့ ကင်းခြေများတစ်ကောင်လဲရှိနေသေးသည်။

“နောက်ဆုံးမြင်ကွင်းကိုပြန်ပြ။” ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

စခရင်ရှေ့မှစစ်သားလဲ အမိန့်အတိုင်း လက်များကို ကီးဘုတ်ပေါ်တွင် လှုပ်ရှားလိုက်သည်။

တောတွင်းမှအခြေအနေများကို မှတ်တမ်းတင်ထားတာကာ အရိုးခွံဖုတ်ကောင်လူဝံနှင့်အန်ဒါကွန်မြွေကြီးတို့ စတင်တိုက်ခိုက်သည့်နေရာမှပြန်လည် ပြသလာသည်။ ကင်မရာ၏အကန့်အသတ်ကြောင့် မြင်ကွင်းနှင့်လုပ်ဆောင်ချက်များမှာ သိပ်မရှင်းလဲပေ။ ဒါကြောင့် ဘယ်လိုစွမ်းရည်မျိုးအသုံးပြုသွားသလဲဆိုသည်ကိုသာ ခန့်မှန်းခြေအားဖြင့် မြင်နိုင်ကြသည်။

ထိုဖြစ်ရပ်ကို ခေါင်းဆောင်ကြည့်ပြီးသွားသည့်နောက် ခေါင်းကိုညိတ်လိုက်သည်။ သူ့အကြည့်များက ငြိမ်သက်နေကာ ဗီဒီယိုထဲမှကောင်းဖန်ကိုသာ စိုက်ကြည့်နေခဲ့သည်။ “အန်ဒါကွန်ဒါမြွေလိုမျိုး ဧရာမသားရဲအမျိုးအစားကို သတ်ဖို့ဆိုတာ အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်ရည်မျိုးရှိဖို့လိုတယ်၊ ဒီကောင်ကတော့ အုပ်ချုပ်သူအဆင့်တောင်မရောက်သေးဘူးမဟုတ်လား။”

ခဏလောက်ရပ်သွားပြီးနောက် ဆက်ပြီး၊ “ဒီချာတိတ်လေးရဲ့အချက်အလက်တွေ ငါ့ကိုပို့ပေး။”

လူတိုင်း၏လက်ကောက်ဝတ်ပေါ်မှ နာရီတွင် ဂျီပီအက်စ်ပါရှိသည်။ လူတိုင်း၏တည်နေရာကိုခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြင့် အားလုံးအကြောင်းကိုသိနိုင်သည်။

ကောင်းဖန်၏အချက်အလက်များကို ရှာဖို့ရန်အချိန်သိပ်မကုန်လိုက်ဘဲ စခရင်တစ်ခုပေါ်တွင် ပေါ်လာခဲ့သည်။ စခရင်ပေါ်တွင် ကောင်းဖန်၏ဓါတ်ပုံနှင့်တကွ ကိုယ်ရေးအချက်အလက်များပေါ်လာခဲ့သည်။

အမည် : ကောင်းဖန်

အသက် : ၁၈နှစ်

လိင်အမျိုးအစား : ကျား

လက်ရှိကျောင်း : ချန်အန်းအမှတ်သုံးအထက်တန်းကျောင်း

မိသားစုနောက်ခံ : ဝှက်ထားသည့်အချက်အလက် ၊ ဖယ်ရှားဖို့အဆင့်မလုံလောက်ပါ။

ခေါင်းဆောင် သူ့မျက်ခုံးများကို ပင့်မိသွားတော့သည်။ သတင်အချက်အလက်ရယူရန်အသုံးပြုသည့် ဖယ်ရှားရေးအဆင့်မှာ လေ့ကျင့်ရေးဌာနခွဲ၊ Class Cရှင်းလင်းရေးအဆင့်ဖြစ်သည်။ ယေဘုယျအားဖြင့်ပြောရရင်တော့ သာမာန်မိသားစုများ (အချို့သော ချမ်းသာကြွယ်ဝသည့်မိသားစုများပင်)သည် အချက်အလက်များကို ဝှက်ထားခွင့် သို့မဟုတ် ခွဲခြားထားခွင့်မရှိပေ။

ကပ်ဘေးကာလမတိုင်မီကနှင့်နှိုင်းယှဉ်ကြည့်လျှင်တော့ Class Cရှင်းလင်းရေးရှိဖို့ရန် ထိုလူတွင် အနည်းဆုံး ပထမတန်းအဆင့်မြို့တော်ဝန်ဖြစ်နေဖို့လိုသည်။ အကြီးတန်းပြည်နည်အရာရှိများသည်သာ Class B ရှင်းလင်းရေးအဆင့်သို့ ဝင်ရောက်ခွင့်ရှိသည်။

ခေါင်းဆောင်မှာ မှင်တက်မိသွားတော့သည်။ ကောင်းဖန်တွင် ရှင်းလင်းရေးအခွင့်အာဏာရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း သူ့ကို ပိတ်ပင်ထားတာကြောင့် စုဆောင်းဖို့အတွက် သာမာန်လောက်သာကြိုးစားကြည့်လျှင် ခက်ခဲပေမည်။ သူ့လိုအဆင့်အတန်းရှိသူများသည် သူတို့မျိုးနွယ် သို့မဟုတ် အစုအဖွဲများတွင် သာမာန်အဆင့်သာရှိကြသည်။ ခေါင်းဆောင်က ခက်ခက်ခဲခဲမလုပ်လိုတော့၍ လက်ပြကာ စခရင်မှပြန်ထွက်လိုင်းလိုက်သည်။

“သူ့ကိုကောင်းကောင်းဂရုစိုက်ထား။ ဘာမတော်တဆမှုမှမဖြစ်စေနဲ့။” ခေါင်းတောင်က ထိုအမိန့်ကိုပေးပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

………

ကောင်းဖန်ကတော့ ဓါးတစ်ချောင်းမှမယူခဲ့တာကြောင့် တာ့ဇီကိုသာ လှမ်းခေါ်လိုက်တော့သည်။

အန်ဒါကွန်မြွေကြီးသေသွားပြီဆိုရင်တောင် ၎င်း၏စွမ်းအားက တည်ရှိနေတုန်းပင်။ ဒါကြောင့် တာ့ဇီက သတိတကြီးထားနေသည်။

ကောင်းဖန်က အန်ဒါကွန်မြေကြီး၏ခေါင်းကိုဖြတ်ဖို့ရန်အတွက် တာ့ဇီကို ၎င်း၏ကိုယ်ပေါ်သို့တက်ခိုင်းလိုက်သည်။ ပုံမှန်အားဖြင့် သားရဲတစ်ကောင်၏ အမြုတေသည် ၎င်းဦးခေါင်းခွံတွင်တည်ရှိသော်လည်း အနည်းစုသည်တော့ နှလုံးတွင်တည်ရှိကြသည်။

တာ့ဇီလဲ အန်ဒါကွန်မြွေကြီးအပေါ် သတိတကြီးတက်သွားကာ ၎င်း၏ချွန်ထက်သောလက်များကို ဖွင့်လိုက်ပြီး အန်ဒါကွန်၏ခေါင်းကို ကတ်ကြေးတစ်လက်လို ဖြတ်လိုက်သည်။ အလုပ်က မျှော်လင့်ထားတာထက်ကို ချောချောမွေ့မွေဖြစ်သွားသည်။

ကြီးမားသောအန်ဒါကွန်မြွေ၏အရေခွံသည် လျော့ပါးသောခွန်အားနှင့်သန်မာသော တိုက်ခိုက်မှုတို့ကိုပံ့ပိုးပေးသည်။ ဘယ်လိုဘဲဖြစ်ဖြစ်ကတ်ကြေးလိုလက်များ၏ရှေ့တွင်တော့ ၎င်း အရေခွံကအားနည်းသွားပုံရသည်။ အချပ်တစ်ခုနှင့်အရေပြားသည်အပေါ်မှအောက်သို့ စုတ်ပြဲသွားပြီးပိုးစက္ကူများကိုကိုက်ဖြတ်သကဲ့သို့အသံထွက်လာသည်၊

အန်ဒါကွန်မြွေ၏အတွင်းပိုင်းတွင်နက်မှောင်နေသည်မှာမြင်သာသည်၊

ဒါ့အပြင်၎င်း၏ခန္ဓာကိုယ်ထဲသို့ဆက်နွယ်ပေးထားသော ထူထဲသောစိမ်းပြာရောင်မီးခိုးရောင်စပျစ်နွယ်ပင်ကဲ့သို့သောအရာများတွင် ဘာမှမရှိလုနီးပါးပင်ဖြစ်သည်။ ကောင်းဖန် ကမြင်သည်နှင့်အံ့ဩသွားပြီး, မြင်ရသည်မှာထိုဝဖောင်းနေသောအန်ဒါကွန်မြွေ၏ အတွင်းပိုင်းတွင် များပြားသောနေရာလပ်များရှိနေသည်။ ဒါ့ကြောင့်လည်း၎င်းက သစ်ပင်ထိပ်သို့ရွေ့လျားမှုနှင့်သစ်ပင်တွေပေါ်မျောနေသလိုလုပ်နိုင်စွမ်းရှိပြီး ၎င်းကအမြင့်ကနေပြုတ်ကျတာတောင်မှဘာကြောင့်၎င်းကကြီးမားသောအပေါက်ဖြစ်မသွားတာလဲဆိုတဲ့အကြောင်းပင်ဖြစ်သည်။

နောက်ဆုံးတွင်သူသည်တောတွင်းအန်ဒါကွန်မြွေဦးခေါင်းခွံအတွင်း၌ ကျယ်ပြန့်သောပဲတောင့်အရွယ်သစ်သားစွမ်းရည်သားရဲသလင်းကျောက်ကို ရှာဖွေနိုင်ခဲ့သည်။

ရှာဖွေမှုတစ်လျောက်တွင် ဒမ်ဘီသည်ကောင်းဖန်နောက်သို့တိတ်ဆိတ်စွာလိုက်နေ သည်။ ၎င်းသည်၎င်း၏အနက်ရောင်ဝတ်ရုံကိုဝတ်ထားပြီး ဖြည်းဖြည်းချင်းအသက်ရှု နေသည်။ အားပြင်းသောတိုက်ခိုက်မှုအပြီးတွင် ဒမ်ဘီသည်အနည်းငယ်စိတ်ဓာတ်ကျနေပုံရသည်။

သွေးချည်မျှင်နှလုံးကို လက်နက်အဖြစ်အသုံးပြုပါဝင်လာသော မယုံကြည်နိုင်စရာ ကောင်းသောအင်အားနှင့်နှိုင်းယှဉ်ပါကတိုက်ပွဲအပြီးတွင် အားနည်းမှုကပေါ်လာတော့ သည်။ တကယ်မှာတော့, ဒမ်ဘီကသာမန်ဘဲခံစားနေရသည်။ နှလုံးကပျက်စီးသွား ပေမယ့်သေချာပေါက်ပြန်၍အင်အားပြန်ပြည့်နိုင်ပါသေးသည်။

“သွားကြစို့” ကောင်းဖန်ကဒမ်ဘီနှင့်တာ့ဇီကိုဒီကထွက်သွားရန်ဂရုတစိုက်ပြောလိုက်သည်။ မလှုပ်မယှက်ဘဲ ပတ်ဝန်းကျင်ရှိလူနေမှုဘဝပုံစံကို သတိပေးမိလျှင်အခြားသားရဲများရောက်လာမည်ကိုအာမခံနိုင်သည်။

သူတို့သည်နက်ရှိုင်းသောတောင်ကြားသို့သွားလေလေ ပို၍နက်ရှိုင်းလာလေဖြစ်တော့သည်။ သူတို့၏ခေါင်းပေါ်တွင် နေရောင်ခြည်သည်သစ်ပင်ထူထပ်သောကြောင့်ဖုံးကွယ် လုနီးနီးပိတ်ဆို့သွားခဲ့သည်။

လေထုအပူချိန်သည်တစ်စတစ်စကျဆင်းသွားသည်၊ သစ်ပင်များ၏အေးမြကာနှစ်သိမ့်ပေးမှုကြောင့် ကောင်းဖန်သည်ဒမ်ဘီထံမှပျော်ရွှင်မှုကိခံစားလိုက်ရသည်။ ကောင်းဖန်သည်ဒမ်ဘီကိုတစ်ချက်ကြည့်လိုက်သည်။ ဒမ်ဘီသည်မကောင်းဆိုးဝါးသားရဲအမျိုးအစားထဲမှ ဖုတ်ကောင်စွမ်းရည်အမျိုးအစားဖြစ်ပြီး, ဖုတ်ကောင်သည်အေးသော နေရာကိုနှစ်သက်ပြီး ထိုနေရာတွင်ယင်စွမ်းအင်များဖြင့်ပြည့်နေသည်၊

ထို့အပြင်အိမ်ရှိနေရာသည်လည်း လိုက်ကာများကိုချလိုက်ပြီးနောက်တွင်အရမ်းမှောင်ပြီး ၎င်းကလူနေရပ်ကွက်တစ်ခုတွင်တည်ရှိနေခြင်းဖြစ်သည်။ ယန်စွမ်းအင်သည် နေရာတိုင်းမှအလွန်တရာစီးဆင်းနေခဲ့သည်၊

တောင်ကြားနေရာများတွင် တစ်နှစ်ပတ်လုံးနေရောင်ခြည်အပြည့်မရှိပေ၊ နေရောင် ခြည်အားလုံးနီးပါးသည်မြင့်မားသောချောက်ကမ်းပါးများနှင့် သစ်ပင်များကပိတ်ဆို့ ထားသည်။ ကောင်းဖန်သည် တောင်ကြားရှိအထူထပ်ဆုံးအပိုင်းသို့ရောက်ရှိနေခြင်းဖြစ် ၍မြင့်မားသောချောက်ကမ်းပါးများတစ်လျောက်တွင် စိမ်းလန်းသောစပျစ်နွယ်များကို သူမြင်နေရသည်။

နွယ်များကိုတွန်းဖယ်နေရင်းရေညှိတွေပြည့်နေတဲ့အစိမ်းရောင်နှင့်အနက်ရောင်‌ ကျောက်နံရံကိုမြင်လိုက်သည်။ နံရံ၏အခြားတစ်ဖက်မှရေခိုးရေငွေ့အနည်းငယ်ထွက် လာသည်၊ သူတို့ခြေထောက်အောက်ကမြေကြီးတွေကစိုစွတ်နေသည်။

ဒမ်ဘီသည်သူ၏ပတ်ဝန်းကျင်ကိုတကယ်နှစ်သက်နေပုံပင်။ ၎င်းသည်ပတ်ဝန်းကျင်ရှိ မြက်များနှင့်ပန်းများကိုထိနေကာ တစ်ခါတစ်ရံမှာမြေကြီးကိုလက်တစ်ဆုပ်စာယူပြီး ပစ်ချလိုက်တတ်သေးသည်။ မြေကြီးကသူ၏လက်ချောင်းများကြားထဲကနေရာလပ်တွေကို စိမ့်ဝင်သွားလျှင် သူကမျက်မှောင်ကြုတ်၍ကြည့်လိမ့်မည်။

ကောင်းဖန်ကအသက်ပြင်းပြင်းရှုလိုက်သည်၊ ပတ်ဝန်းကျင်လေထုသည်စိုထိုင်းနေပြီး ကောင်းဖန်သည်သူ၏အင်္ကျီလက်တိုကြောင့် အနည်းငယ်အေးစိမ့်လာတော့သည်။

ဒမ်ဘီနှင့်တာ့ဇီတို့သည် ကွင်းဆင်းလေ့လာရေးခရီးထွက်ရန် အိမ်တွင်အကြာကြီးနေခဲ့ရသောကလေးနှစ်ယောက်နှင့်တူသည်။ သူတို့ကစိတ်လှုပ်ရှားစွာနှင့်ပတ်ပြေးနေကြသည်။

အာရုံစူးစိုက်မှုအနည်းငယ်သာထားလိုက်ပြီး ကောင်းဖန်ကဒမ်ဘီသည် ထောင့်တစ် ထောင့်တွင်လျှို့ဝှက်စွာနှင့်စားနေသည်ကိုတွေ့သည်။ တာ့ဇီသည်ဒမ်ဘီနောက်ကျောကို စိုးရိမ်တကြီးကြည့်နေပြီးလှဲချလိုက်သည်။

ငါလည်းစားချင်တယ်, ငါလည်းစားချင်တယ်၊ တာ့ဇီကတွေးနေသည်။

နီးကပ်လာသည်နှင့်အမျှ ကောင်းဖန်သည်ဒမ်ဘီဘာစားနေလဲဆိုတာတွေ့လိုက်ရသည်၊ ဒမ်ဘီကအစာအဆိပ်သင့်ခြင်းပြဿနာမရှိသောကြောင့် ကောင်းဖန်က၎င်းကိုရပ်တန့်ဖို့ မကြိုးစားပေ။

သူကဒမ်ဘီသည်ကမ်းပါးမှမြက်နှင့်တူသောအချို့အရာများကိုဆွဲကာ ၎င်းတို့ကိုသူ၏ ပါးစပ်ထဲသို့ထည့်လိုက်သည်ကိုမြင်လိုက်ရခြင်းဖြစ်သည်။ ဒါကနည်းနည်းဝမ်းနည်းစရာကောင်းတာပဲ။

***

အပိုင်း ၉၉ လေ့ကျင့်ရေးပြီးဆုံး!

တစ်ခါတလေတော့ ဒမ်ဘီကို အရမ်းပဲ ရက်စက်ရာရောက်နေလား ကောင်းဖန် မတွေးမိဘဲမနေနိုင်ပေ။

များသောအားဖြင့် ဒမ်ဘီသည် တစ်ကြိမ်လျှင် ယင်ဓါတ်သစ်ကတိုးပင်နှစ်ချောင်းလောက်သာ စားသည်။ အခုတော့ တောရိုင်းထဲက မြက်တွေကိုစားတဲ့အဆင့်ထိ လျော့သွားပေပြီ။ ပိုဆိုးတာက သူမြက်တွေကို တိတ်တိတ်လေးစားနေတာတောင်မှ သူ့ကိုအနိုင်ကျင့်နေသည့် ဒမ်ဘီကိုပါ ခွဲပေးနေရသေးသည်။

ဒါပေါ့၊ ဒါတွေက ဟာသအဖြစ်ပြောတာပါ။ ဒမ်ဘီ ယင်ဓါတ်ဒရင်ကောက်ပင်တစ်မျိုးကို စားနေခြင်းဖြစ်ကြောင်း ကောင်းဖန်မြင်လိုက်ခြင်းဖြစ်သည်။ ၎င်းအပင်သည် စိုစွတ်သောနေရာများတွင်ပေါက်ရောက်ကာ ယင်စွမ်းအင်ပြင်းထန်သည်။ ဒမ်ဘီလိုမျိုး ဖုတ်ကောင်သားရဲတစ်ကောင်အတွက်တော့ အာဟာရများစွာဖြစ်သည့် အပင်တစ်မျိုးဖြစ်သည်။

ပထမတော့ ဒမ်ဘီနှင့်စာချုပ်ချုပ်လိုတာကြောင့် ဒမ်ဘီ၏ကြီးထွားမှုကို ကောင်းဖန် ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် အချိန်အတော်ကြာအောင် ဒမ်ဘီကို အာဟာကြွယ်ဝသည့်အစားအစာများ စားသုံးခြင်းမှ တားမြစ်ထားခဲ့သည်။

အခုတော့ ဒမ်ဘီလဲ အတော်လေးခက်ခဲခဲ့ရပြီဟုသာ သူခံစားမိတော့သည်။

“ငါတို့ချိုင့်ဝှမ်းက ပြန်ထွက်တဲ့အထိစောင့်လိုက်ဦး။ ငါမင်းကို အရာသာရှိတဲ့ပစ္စည်းတွေအများကြီး ဝယ်ကျွေးမယ်။” ကောင်းဖန်က ပြုံးကာဒမ်ဘီကိုပြောလိုက်သည်။

ဒမ်ဘီလဲ နောက်ဆုံးယင်ဓါတ်ဒရင်ကောက်ပင်ကို သူ့ပါးစပ်ထဲသို့ တုံ့ဆိုင်းတုံ့ဆိုင်းနှင့်ထည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

ဒါကြောင့် ဒမ်ဘီကျောပေါ်တွင် နေနေသည့် တာ့ဇီမှာ ပြုတ်ကျသွားတော့သည်။ ၎င်းက ဆိုးဆိုးရွားရွားကို ခြေနှစ်ချောင်းမိုးပေါ်ထောင်က ပက်လက်ကြီးပြုတ်ကျသွားခြင်းဖြစ်သည်။ ၎င်း၏အဖြူရောင်ဗိုက်သားလေးကတော့ တလက်လက်ကိုတောက်ပနေတော့သည်။ ၎င်းမှာ ပုံမှန်အနေအထားသို့ပြန်မရောက်မှာ အချိန်တစ်ခုလောက်ထိတုန်လှုပ်နေခဲ့ကာ ပြီးနောက်တွင်တော့ အလွန်မကျေမနပ်ဖြစ်နေတော့သည်။

……..

ယနေ့ကတော့ သူတို့ချိုင့်ဝှမ်းတွင် ရှိနေသည့် ၆ရက်မြောက်နေ့ပင်ဖြစ်သည်။ မုထျယ်ယင်းက တောထဲတွင်လျှောက်သွားနေကာ ကြာစေ့လေးက လမ်းဖောက်ပေးနေသည်။ သူမဘေးတွင်တော့ သက်တူရွယ်တူချစ်စရာမိန်းကလေးနှစ်ယောက်ရှိနေသည်။ ဒါပေါ့ သူမရှေ့မှာတော့ ဘယ်မိန်းကလေးမှ အရပ်ရှည်ပြီး ထွားတယ်လို့ မှတ်ယူလို့မရဘူးလေ။

ထိုနှစ်ဦးသည် မုထျယ်ယင်း၏သွေးဝေးဝမ်းကွဲညီမများဖြစ်သည်။ သူတို့မိသားစုများက မုထျယ်ယင်းလဲ သူတို့နှစ်ယောက်နှင့် ကျောင်းတူသည်ကို သိသွားသည်နှင့် မုထျယ်ယင်းကို တစ်ဖွဲ့တည်းဖွဲ့ဖို့ရန် တောင်းဆိုခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့က မိန်းကလေးနှစ်ယောက်ဖြစ်ကာ မုထျယ်ယင်းကတော့ သူတို့နှင့်ယှဉ်လျှင် ပိုထွားတာကြောင့် လူများကို လုံခြုံမှုခံစားရစေသည်။

ပြီးခဲ့သည့်တစ်ခေါက် သူမ ကောင်းဖန်နှင့်အတူ လေ့လာရေးဆင်းပြီးနောက် မုထျယ်ယင်းလဲ တောထဲတွင် ကျွမ်းဝင်စွာ လှုပ်ရှားသွားလာနိုင်ခဲ့သည်။ ပထမတော့ အတော်ဝေးလံသည့်နေရာတွင် လုံခြုံသောအိမ်တစ်လုံးကို ရှာတွေ့ခဲ့ကြသည်။ ထို့နောက် ထိုအိမ်ကိုစခန်းအဖြစ်ထားကာ ပတ်ဝန်းကျင်ကို ဆက်လက်စူးစမ်းခဲ့ကြသည်။

“ဝမ်းကွဲအစ်မ၊ နင်အရမ်းအံ့ဩဖို့ကောင်းတာပဲ! တော်တော်များများကို သိနေတာပဲ။” မုချင်းလွမ်က လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။ သူမအတွက်တော့ သူမ၏အစ်မဝမ်းကွဲသည် အရာအားလုံးကို သိရှိနားလည်နေသည့် ပညာရှင်တစ်ဦးလိုပင်။

အရင်တစ်ခေါက်တုန်းက သူမတို့ညီအစ်မနှစ်ယောက် သူမတို့အတန်းမှ လူ၃၀ကျော်ပါဝင်သည့် အဖွဲ့ကြီးတစ်ခုနှင့် လုက်လာခဲ့ကြသည်။ ၇ရက်ကြာပြီးနောက်တွင်တော့ အဖွဲ့ထဲမှ အဖွဲ့သားအချင်းချင်း အမြင်ကွဲလွဲမှုများကြောင့် နောက်ဆုံးတွင် ၂၀တောင်မပြည့်တော့ပေ။

သူတို့၇ရက်လုံး တောရိုင်းအသီးအနှံများကို စား၍သာ အသက်ဆက်ခဲ့ကြရပြီး သူမဆိုလျှင် အိမ်ပြန်ရောက်ပြီး နှစ်ရက်ကြာသည်အထိ ဝမ်းလျှောခဲ့ရသည်။

“ရှူး၊” မုထျယ်ယင်း တိုးတိုးလေးသတိပေးလိုက်သည်။ ကြာစေ့လေး၏ပုံစံကလဲ အဆင်ပြေနေပုံမပေါ်ပေ။ ကြည့်ရတာတစ်ခုခုတော့ လွဲနေပြီ။

“ပြန်ဆုတ်ကြရအောင်။” မုထျယ်ယင်း ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ သာမာန်အခြေအနေများတွင် ဒီနည်းလမ်းကသာ သူတို့ကိုအန္တရာယ်အများဆုံးအခြေအနေအား ကျော်ဖြတ်နိုင်စေမည်။

ဒါ့အပြင် ကြာစေ့လေးသည် အားနည်းသူမဟုတ်ပေ။ သားရဲများသည် ပုံမှန်အားဖြင့် ကြာစေ့လေးနှင့်ရင်မဆိုင်ရဲကြဘဲ မုထျယ်ယင်းတို့အဖွဲ့ကိုသာ အဝေးကိုထွက်သွားဖို့ အချက်ပြတတ်ကြသည်။

လူတိုင်း ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လာကြကာ မျက်ခုံးများကို ကြုတ်ထားမိကြသည်။

ကြာစေ့လေးမှာ ပိုလို မသက်မသာဖြစ်လာကာ ၎င်း၏နှာခေါင်းထဲမှ အငွေ့ဖြူများထွက်လာပြီး ခွာကိုယက်လိုက်သည်။

အန္တရာယ်၊ အန္တရာယ်၊ ကြာစေ့လေး၏အသံက မုထျယ်ယင်း၏စိတ်ထဲ ပဲ့တင်ထပ်လာခဲ့သည်။

တစ်ချိန်တည်းတွင်ပဲ တခြားကိုယ်ပိုင်သားရဲနှစ်ကောင်သည်လဲ မသက်မသာဖြစ်သည့်အသံများထွက်လာကြသည်။ ပထမသားရဲကတော့ စိမ်းပြာရောင်အမွှေးများနှင့် မျက်လုံးစိမ်းများရှိပြီး ဥဩငှက်နှင့်ဆင်တူသည်။ ၎င်းက မုချင်းလွမ်၏ပုခုံးပေါ်တွင် ပုန်းကွယ်နေကာ ကိုယ်တစ်ဝက်လောက်ကို သူမ၏ဆံပင်များကြား ဝှက်ထားသည်။

ဘူဂူ,ဘူဂူ,ဘူဂူ, ပင်လယ်ပြာဥဩငှက်သည်စိတ်လှုပ်ရှားစွာနဲ့အော်လိုက်သည်၊။ ၎င်းကို တချို့နေရာများတွင်ဘူဂူငှက်ဟုလည်းခေါ်ကြသည်။

တခြားသောသားရဲများမှာတစ်ပေခွဲခန့်ရှိသော မျောက်ကလေးတစ်ကောင်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်သည် မီးခိုးရောင်အမွှေးများဖြင့်ပြည့်နေပြီး ၎င်း၏မျက်နှာသည်အနီရောင်နှင့်အဖြူရောင်အမှတ်လေး အနည်းငယ်ရှိသည်။ ၎င်းကိုတော့ မီးကွင်းမျောက်ဟုခေါ်သည်။ ၎င်းသည်သွက်လက်မှုနှင့် ထက်မြက်သောခြေသည်းများကြောင့် ကျော်ကြားသောနာမည်ကျော်တစ်ဦးဖြစ်သည်။

သူတို့အောက်ရှိမြေသည် ရုတ်တရက်တုန်လှုပ်သွားပြီး မြေကြီးသည်ရွှံအဖြစ်ပြောင်းသွားသကဲသို့ ကြီးမားသောမြေကြီးလှိုင်းကြီးတစ်ခုသည် လေထဲသို့လွင့်ပျံသွားသည်။ ကြောက်မက်ဖွယ်ကောင်းသောသားရဲသည် မြေအောက်ထဲတွင်လဲလျောင်းပုန်းကွယ်နေသည်။

ခဏကြာတော့, ချောမွေ့သော, လုံးဝန်းသော, ကြီးမားသောဦးခေါင်းကြီးကပေါ်လာတော့သည်။ ၎င်းတွင်အကျိအချွဲအလွှာပါးများရှိသည် ၎င်းကကြာစေ့လေး၏ဗိုက်ပိုင်းကိုပြင်းထန်စွာပစ်လှဲလိုက်သည်။

၎င်းကအရမ်းကိုနာကျင်သောကြောင့်ကြာစေ့လေးက အဆက်မပြတ်အော်မြည်တော့သည်။

“မင်းတို့နှစ်ယောက်!ဒီကနေအမြန်ထွက်သွား! မုထျယ်ရင်းကချက်ချင်းပြောလိုက်သည်။

မုချင်းလွမ်တို့ညီမနှစ်ယောက်က ကြံရာမရဖြစ်နေကာ ကြောက်ရွံ့နေကြသည်။ သူတို့ကချက်ချင်းလှည့်ကာ မုထျယ်ရင်း၏ညွှန်ကြားချက်ကိုနားထောင်ပြီး သူတို့အတွက် သက်စွန့်ဆံဖျားထွက်ပြေးကြတော့သည်။

ကြာစေ့လေးကထိခိုက်ခဲ့တာကြောင့် ၎င်းသည်ချက်ချင်းသူ၏ထူထဲပြီးတိုင်လုံးကဲသို့သော ခြေထောက်များကိုလေထဲသို့လွှဲလိုက်ပြီးတန်ပြန်တိုက်ရန်မြှင့်လိုက်ပေမယ့်, မြေပြင်က တုန်ခါသွားတော့သည်။ ကြီးမားသောပမာဏဖြင့်လေထုထဲတွင်မြေကြီးသည်ပေါက်ကွဲ လာသည်၊ မြေကြီးများသည်နေရာအနှံ့တွင်ပျံထွက်လာပြီး မြေပြင်ပေါ်တွင်အပေါက် များပေါ်ထွက်လာသည်။

သားရဲကြီးကရိုက်ခါနီးတိုင်း သူ၏ခေါင်းကိုအောင်အောင်မြင်မြင်ရုတ်သိမ်းလိုက်သည်, ၎င်းကခေါင်းဖြင့်ရိုက်ရန်ဖြစ်သည်၊၎င်းက “ပြင်းထန်စွာရိုက်လွှဲပေးသောပွေးကောင်” ကဲ့သို့ပင်ဖြစ်သည်။

ကြာစေ့လေးကမုထျယ်ရင်းဆီသို့အရှိန်နှင့်သွားပြီး ကြာစေ့လေး၏ ထူထပ်သော အသားအရေပေါ်တွင်သူမကိုယ်သူမချိတ်ထိုင်လိုက်သည်၊ ခုန်လွှားခြင်းနှင့်အတူ သူမက ကြာစေ့လေး၏နောက်ကျောပေါ်သို့ကျသွားတော့သည်။

ကြာစေ့လေးကခြေတစ်လှမ်းဆုတ်ရန်ကြိုးပမ်းသော်လည်း ၎င်း၏ခြေထောက်သည် မြေပြင်ပေါ်၌ကျန်နေခဲ့သောမြေကြီး၏ပြိုကျမှုကြောင့် တွင်းထဲသို့ကျသွားတော့သည်။ ယိမ်းထိုးနေသော၎င်း၏ခြေထောက်များကို ကွေးလိုက်သဖြင့်၎င်းကလဲကျလုနီးပါးဖြစ်သွားသည်။

အနောက်ဘက်မှကျယ်လောင်သောအသံကထွက်ပေါ်လာသည်။ အနီရင့်ရင့်တီကောင်ကမြေကြီးထဲမှထွက်ပေါ်လာတော့သည်။

၎င်း၏အမြီးပိုင်းသည်အပေါ်သို့ကွေးတက်ကာ ထိပ်ပိုင်းတွင်ကွဲထွက်သွားပြီးဂန္ဓာမာ ပန်းပွင့်ဖတ်ပုံစံပါးစပ်ကိုပြလိုက်သည်။ ပါးစပ်ကပေါ်လာပြီးနောက်၎င်း၏ပစ်မှတ်က ကြာစေ့လေး၏နောက်ရှိမုထျယ်ရင်းပင်!

[မကောင်းဆိုးဝါးအမည်]-လူသားစားတီကောင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၆

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-မြေကြီး

[မကောင်းဆိုးဝါးအားနည်းချက်]-လျှပ်စီး

အမြီးပိုင်းကတဖြည်းဖြည်းတိုးကပ်လာပြီး မုထျယ်ရင်း၏မျက်လုံးများကမျှော်လင့်ချက်များပျက်သုဉ်းသွားတော့သည်၊ ရုတ်တရက်ပြင်းထန်သောလေက သူမဘက်မှ တိုက်ခတ်လာပြီးကြီးမားသောအရိုးလက်ကြီးက ဖွင့်ဟထားသောပါးစပ်ကြီးနှင့် တီကောင်ကိုဖမ်းဆွဲရန်ပေါ်ထွက်လာသည်။ ၎င်းကပွင့်နေသောပါးစပ်ကိုဆုတ်ဖြဲလိုက် သည်။

တီကောင်က ၎င်း၏အူအသည်းတို့ကိုနှုတ်သလိုမျိုး ကြောက်မက်ဖွယ်ကောင်းသောအသံကို အော်ဟစ်လိုက်သည်။ အသားနှင့်သွေးနံ့တို့ကလေထဲသို့ပျံ့သွားတော့သည်။

ခရမ်းရောင်ကင်းခြေများ၏ခြေသည်းများက လျင်မြန်လှသည်ဆိုသော ရှိန်ထက်ကိုပိုသည်။ သူ့ခေါင်း ပေါ်ရှိရွှေရောင်ဦးမျှင်နှစ်ခုက နောက်သို့ကွေးနေပြီးသူ၏ကျောပြင်ပေါ်တွင်တင်ထားသည်။ လျှပ်စီးကတောက်ပလာပြီး,တာ့ဇီကိုယ်၏မျက်နှာပြင်သည်ကောင်းမွန်သော လျှပ်စီးအကွေးရှိသည်မို့ ကျောခွံသည်လျှပ်စီးဖို၏အထူးအကျိုးပြုသက်ရောက်မှုရှိပုံ ရသည်။

ဒမ်ဘီသည် အကောင်ကိုတာ့ဇီ၏ကျောပေါ်သို့ပစ်ချလိုက်ပြီး ခဏအကြာတွင်တီကောင် သည်စတင်၍ဆန့်တငင်ငင်ဖြစ်နေတော့သည်။ သိပ်မကြာခင်မှာဘဲ ဓာတ်လိုက်ခံရပြီး မီးစွဲလောင်သွားတော့သည်၊။ ၎င်း၏နောက်ဆုံးခန္ဓာကိုယ်အပိုင်းသည် အနက်ရောင် မီးသွေးခဲအဖြစ်သို့ပြောင်းသွားပြီးမီးလောင်ကျွမ်းသောအနံ့သည်လေထုထဲသို့ပျံ့နှံ့သွား တော့သည်။

ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်ပြီး, “ဒီတီကောင်တွေကအရေအတွက်ပိုပြီး များလာတယ်။” သူကဒီလိုအမျိုးအစားတီကောင်တွေကို တတိယအကြိမ်မြင်ဖူးတာဖြစ် သည်။ အရင်ကအကောင်နှစ်ကောင်ကသာမန်အဆင့်သာဖြစ်သည်ဒီကောင်သည် အထူးအဆင့်သားရဲဖြစ်သည်။

ကောင်းဖန်သည် အခြားကျောင်းသားများက ဒီလိုအမျိုးအစားတီကောင်ကိုဘယ်လိုကိုင်တွယ်လဲဆိုတာတော့မသိပေ။ သူ့တွင်တာ့ဇီနှင့်ဒမ်ဘီရှိသည်လေ, ဒါကြောင့်ဒါက အဲ့လောက်ကြီးမခက်ခဲပါဘူး။ ဒါကတခြားကျောင်းသားတွေအတွက်တော့ပိုပြီးခက်ခဲ မှာပေါ့၊ နောက်ဆုံးတော့, ဒီလိုအမျိုးအစားတီကောင်တွေကမြေကြီးထဲတွင်နေတာဘဲ ဖြစ်သည်။

ကျယ်လောင်သောသတိပေးသံကရုတ်တရက်တောင်ကြားထဲတွင်ပေါ်လာတော့သည်၊ “လေ့ကျင့်ရေးမှာပါဝင်ကြတဲ့သူများအားလုံးအာရုံစိုက်ပေးကြပါ။ လေ့ကျင့်ရေးမှာပါဝင် ကြတဲ့သူများအားလုံးအာရုံစိုက်ပေးကြပါ။ တောင်ကြားမှာလေ့ကျင့်ရေးသုတေသနပြုမှုကယခုပြီးဆုံးသွားပါပြီ! တောင်ကြားလေ့ကျင့်ရေးသုတေသနပြုမှုကယခုပြီးဆုံးသွားပါပြီ!

***

အပိုင်း ၁၀၀ ချိုင့်ဝှမ်းထဲမှထွက်ခွာခြင်း

သတိပေးချက်က ချိုင့်ဝှမ်းထဲကို ပဲ့တင်ထပ်သွားကာ ဖြေဆိုသူတိုင်း စူးရှပြတ်သားစွာကြားလိုက်ကြရသည်။

ထိတ်လန့်တုန်လှုပ်နေခဲ့သည့် မုထျယ်ယင်းလဲ နောက်ဆုံးတော့ အသိပြန်ဝင်လာခဲ့သည်။ သူမတာ့ဇီကိုမြင်လိုက်သည်နှင့် နောက်ကွယ်မှတိုက်ခိုက်သူကို တန်းသိလိုက်သည်။ ဒမ်ဘီကိုတော့ သူမစိတ်ဝင်စားစွာကြည့်နေပေမည့် ယဉ်ကျေးအောင် ဘယ်လိုမျိုးမေးရမလဲကိုတော့ မသိပေ။ ထိုအစား တောတွင်းဘက်ခြမ်း ထွက်လာသည့် ကောင်းဖန်ကိုသာ၊ “ကျေးဇူးတင်ပါတယ်၊ တကယ်ကိုကျေးဇူးတင်ပါတယ်။”

မုထျယ်ယင်း၏မျက်လုံးများမှာ သူမဘယ်လောက်တောင် အန္တရာယ်များသည့်အခြေအနေနှင့် ကြုံခဲ့ရမှန်း စိတ်ထဲပြန်ပေါ်လာကာ မျက်ရည်များပြည့်လာတော့သည်။ ကောင်းဖန်ကြောင့်သာမဟုတ်ရင် မြေကြီးပေါ်လဲနေမည့်သူမှာ သားရဲမဟုတ်ဘဲ သူမသာဖြစ်ဖို့များသည်။

ဘာပဲဖြစ်ဖြစ် အင်အားကြီးကိုယ်ပိုင်သားရဲတစ်ကောင်သည် ၎င်း၏ကိုယ်ပိုင်ခွန်အားကြောင့် အင်အားကြီးခြင်းဖြစ်သည်။ သားရဲလေ့ကျင့်သူနှင့် သိပ်ပြီးဆက်စပ်မှုမရှိပေ။

သူတို့သာ သေသွဆုံးသွားသည်နှင့် အားလုံးပြီးဆုံးသွားပေပြီ။

“ငါတို့ကသူငယ်ချင်းတွေပဲ အဲ့လောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး။” ကောင်းဖန် ခေါင်းညိတ်ကာ မုထျယ်ယင်းကိုပြန်ပြောလိုက်သည်။ “ငါတို့အတူတွဲပြီး ဆက်သွားကြရင်မကောင်းဘူးလား။ ငါလမ်းမှာ ဒါမျိုးဆင်တူသားရဲနှစ်ကောင်နဲ့ တွေ့ခဲ့သေးတယ်။ ချိုင့်ဝှမ်းထဲက လေ့ကျင့်ရေးစခန်းမှာ တစ်ခုခုဖြစ်သွားတာဖြစ်နိုင်တယ်၊ ပြီးတော့ မင်းတစ်ယောက်တည်း ခရီးဆက်ရင် အန္တရာယ်များတယ်။”

မုထျယ်ယင်းကတော့ အလွန်ဝမ်းသာစွာဖြင့် ကောင်းဖန်ကိုကြည့်လိုက်ပြီး အနည်းငယ်တုံ့ဆိုင်းသွားသည်။

“နောက်ထပ်လူနှစ်ယောက်ထပ်ခေါ်ရင်ကော အဆင်ပြေလား? ငါ့ဝမ်းကွဲအငယ်တွေပါ။ သူတို့ကိုယ်ပိုင်သားရဲတွေက တိုက်ခိုက်ရေးစွမ်းရည် သိပ်မကောင်းကြဘူး…”

“ရတာပေါ့။ မင်း သူတို့ကိုခေါ်လိုက်တော့လေ၊ ဒီချိုင့်ဝှမ်းက တကယ်ကိုအန္တရာယ်များတယ်။”

ကောင်းဖန်အတွက်တော့ ဆီပုလင်းတစ်လုံးဆွဲရသည်နှင့် နှစ်လုံးဆွဲရသည်က ဘာမှကွာခြားမှုမရှိပေ။

မုထျယ်ယင်း၏ ညီမနှစ်ယောက်ဖြစ်သည့် မုချင်းလွမ်နှင့် မုချင်းယန်တို့မှာ ရောက်လာသည်နှင့် ကောင်းဖန်ကို သိချင်စိတ်အပြည့်ဖြင့် အကဲခတ်နြေသည်။

မကြာခင်တွင်ပဲ မုချင်းယန်၏အာရုံက ဒမ်ဘီဆီသို့ရောက်သွားကာ မှင်သက်သွားတော့သည်။ တိုက်ပွဲတုန်းက ဒမ်ဘီ၏အနက်ရောင်ဝတ်ရုံအောက်မှ ငွေဖြူရောင်အရိုးများကို ယောင်ဝါးဝါးမြင်ခဲ့ရသည်။

“ဒါက အရိုးစုလား?” မုချင်းယန် သိချင်စွာမေးလိုက်သည်။

“ဟုတ်မှာပါ။” ကောင်းဖန်က ချိုင့်ဝှမ်းမှပြန်ထွက်ဖို့ လမ်းကြောင်းကို ရှာနေတာကြောင့် သာမာန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။

“အိုး။” ကောင်းဖန် သူမကို စကားမပြောချင်မှန်း မုချင်းယန်သတိပြုမိတာကြောင့် သူ့ကိုစိတ်အနှောင့်အယှက်မပေးတော့ဘဲ ဒမ်ဘီကိုသာ ကြည့်နေတော့သည်။

……….

“ချိုင့်ဝှမ်းရှင်းသွားတဲ့အထိ လေ့ကျင့်ရေးကိုဆိုင်းငံ့ထားမှာ။ ချိုင့်ဝှမ်းရှင်းသွားပြီဆိုမှပဲ လေ့ကျင့်ရေးဆက်လုပ်ဖို့ အချိန်တစ်ခုပြန်ရွေးပေးမယ်။ အချိန်နဲ့ပတ်သတ်ပြီးတော့ကာ မင်းတို့ကို အကြောင်းထပ်ကြားလိုက်ပါမယ်။” ခေါင်းဆောင်နည်းပြချန်းက ပိုကာမျက်နှာပေးဖြင့်သာ ပြောလာခဲ့သည်။ သူ့စကားလုံးများမှာ အတိုချုံးနေကာ များများစားစားပြောချင်ပုံမရပေ။

ထို့နောက် သူက ကျောင်းသားများကို တန်းဖြုတ်ဖို့ အချက်ပြလိုက်သည်။

ကားထဲမှာတော့ ကောင်းဖန်မှာ ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကိုကြည့်နေကာ သူ့အတွေးများကတော့ တောထဲတွင်ကျန်နေရစ်ခဲ့သည်။

အခုက ကပ်ဘေးကြီးပြီးသွားသည့်နောက်ကမ္ဘာကြီးဖြစ်သည်။ သေချာပေါက်လုံခြုံပါသည်ဆိုသည့်နေရာဟူ၍မရှိပေ။ သူမှတ်မိသလောက်ဆို လွန်ခဲ့တဲ့လက အာဖရိကမှာ အခြေစိုက်စခန်းမြို့တစ်မြို့သည် သွေးရူးသွေးတန်းဖြစ်နေသည့်သားရဲတစ်အုပ်ကြား ကျရောက်ခဲ့သည်။ မဟာမိတ်အဖွဲ့မှပြုလုပ်သည့် စုံစမ်းချက်များအရ တစ်စုံတစ်ဦးက သခင်အဆင့်သားရဲတစ်ကောင်၏ သားပေါက်လေးကို မြို့ထဲခေါ်ဆောင်ခဲ့သည်ဟု သိရသည်။ ဒါကြောင့် ဒေါသထွက်နေသည့် သခင်အဆင့်သားရဲက သားရဲအုပ်စုကို တိုက်ခိုက်ရန်အချက်ပြကာ အခြေစိုက်မြို့၏ခံစစ်ကို ချိုးဖြတ်သွားခြင်းဖြစ်သည်။

နောက်ဆုံးသားပေါက်လေးပြန်ရောက်သွားမှပဲ သခင်အဆင့်သားရဲလဲ မြို့မှ ပြန်ထွက်ခွာသွားတော့သည်။

ထိုမြို့လဲ ကြီးကြီးမားမားဆုံးရှုံးသွားခဲ့ကာ အသေအပျောက်သောင်းနှင့်ချီရှိခဲ့ပြီး အဆောက်အဦးများစွာလဲ ပျက်စီးခဲ့ရသည်။

သို့သော်လဲ ၎င်းမှာ ဟွာရှားနယ်မြေနှင့် အတော်လေးကွာဝေးတာကြောင့် ထိုအဖြစ်အပျက်မှာ အာရုံစိုက်မှုသိပ်မရရှိခဲ့ပေ။

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။” မုချင်းလွမ်က ကောင်းဖန်ကိုထပ်ပြီး ကျေးဇူးတင်လိုက်ပြန်သည်။

“ရပါတယ်၊ ဘယ်သူပဲဖြစ်ဖြစ် သူတို့လုပ်နိုင်တဲ့အင်အားအတိုင်းအတာထဲရှိနေသ၍ ဒီလိုပဲလုပ်ပေးကြမှာပါ။” ကောင်းဖန် ဘာမှထွေထွေထူးထူးမဟုတ်သလို ခေါင်းကိုခါကာ ပြန်ပြောလိုက်သည်။

ထို့နောက် သူတို့လေးယောက်သား ကားထဲမှာ ခရီးစဉ်တစ်လျှောက် စကားပြောဖြစ်ကြတော့သည်။

ကောင်းဖန် မရည်ရွယ်ပါဘဲ ကိုယ်ကိုလှည့်လိုက်မိသည်။ ကောင်းဖန်၏ထိုင်ခုံနောက်တွင်တော့ နားကပ်များဝတ်ထားသည့်လူငယ်တစ်ယောက်ကို မြင်လိုက်သည့်အခါ လန့်သွားမိတော့သည်။ အရမ်းကိုနီးသွားတာပဲ၊ တစ်ဖက်လူရဲ့အသက်ရှူငွေ့ကိုရသည်အထိကို နီးသွားတာ။

ကတုံးဆံပင်ပေါက်ညှပ်ထားသောသူက ကောင်းဖန်ကိုအပြုံးဖျော့ဖျော့နှင့်ပြောလိုက်သည်, “အကို, ငါတို့မနက်တုန်းကလည်းအတူတူကပ်ပြီးထိုင်ဖူးတာမှတ်မိတယ်။ ငါတို့ ကံကြမ္မာဘဲ ဟုတ်တယ်မလား?”

ကောင်းဖန်ကထိုလူကိုသတိထားမိသည်၊ သူက လုံခြုံသည့်အိမ်ထဲမှာသော့ခတ်ထားခဲ့သည့်ထဲကတစ်ဦးအပါအဝင်ဖြစ်သည်။

“တကယ့်ကို, ငါတို့ရဲ့ကံကြမ္မာဘဲပေါ့” ကောင်းဖန်ကခေါင်းညိတ်လိုက်သည်။

“ငါမင်းကိုတစ်နေရာမှာတွေ့ဖူးနေသလိုခံစားနေရတယ်။” ကတုံးဆံပင်ပေါက်နှင့် အငယ်လေးကပြောလိုက်သည်။

“အသေအချာကိုတွေ့ဖူးတာပေါ့, ငါတို့ကတစ်ချိန်ကနံရံတစ်ခုဘဲခြားခဲ့ဖူးတာလေ၊” ကောင်းဖန်၏နှုတ်ခမ်းကအပေါ်သို့ကွေးညွတ်သွားတော့သည်၊ သူကထိုလူတွေရဲ့ အကြည့်မှ ထိုလူများကသူ့အသံကိုသတိထားမိသောကြောင့် သူကရိုးသားစွာနဲ့ဝန်ခံ လိုက်သည်။ ထိုလူအဖွဲ့လိုက်သူ့ကိုဆက်၍နှောက်ယှက်နေမှုအစား သူကမြန်မြန် ဆန်ဆန်ဘဲထိုကိစ္စကိုဖြေရှင်းချင်သည်။

သူ့မှာဘာကိုမှကြောက်စရာမရှိပေ။ ဘတ်စ်ကားတိုင်းတွင် နည်းပြများပိုင်သည့် ငွေလရောင်ဝံပုလွေတစ်ကောင်ချင်းစီရှိသည်။ ဒီလူအုပ်ကဘတ်စ်ကားပေါ်မှာဘာကိုမှ လုပ်ဝံ့တဲ့ကိစ္စမရှိပါ၊ သူတို့ဘတ်စ်ကားပေါ်ကထွက်တာနဲ့အမျှ….ဘယ်သူကဘယ်သူ့ကို အနိုင်ကျင့်တယ်ဆိုတာပြောဖို့ခက်သည်။

ကတုံးဆံပင်ပေါက်နှင့်လူကခဏလောက်အံ့ဩသွားသည်။ သူက ဒီကလေးက ဒီလောက်မြန်မြန်ဝန်ခံမယ်လို့ဘယ်တုန်းကမှထင်မထားပေ။

“ရန်သူတွေအချင်းချင်းမျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာ သူတို့မျက်လုံးတွေကအမုန်းတွေနဲ့အတူတောက်လောင်နေတယ်” ဆိုရိုးစကားအတိုင်း ကော်ငးဖန်က ပြောလိုက်သည်နှင့် ထိုကတုံးဆံပင်ပေါက်နှင့်လူက သူ့ဒေါသကိုကြာကြာထိန်းမထားနိုင်တော့ပေ။

သူ၏လက်များက ထိုင်ခုံနောက်ဖက်ကိုတင်းကြပ်စွာနှင့်ဆုပ်ကိုင်ထားလိုက်ပြီး တစ်ဝက်လောက်ထိုင်နေသည့်ပုံစံဖြင့် သူကဒေါသထွက်စွာပြောလိုက်သည်, “ ငါနောက်ဆုံးတော့တွေ့ခဲ့ပြီ, ခွေးမသား။”

“နင့်ပါးစပ်ကြီးက ဘယ်လိုတောင် ရွံစရာကောင်းတာလဲ?” မုထျယ်ရင်း၏မျက်ခုံးများကတွန့်နေပြီး သူမကမတ်တပ်ရပ်လိုက်သည်။ သူမကခြောက်ပေခွဲလောက်အရပ်မြင့်ပြီး, သန်မာတဲ့လက်မောင်းများရှိသည်။ သူမကကတုံးဆံပင်ပေါက်နှင့်လူငယ်ကို ငုံ့ကြည့်လိုက်သည်။ “ မင်းဘယ်လိုစကားပြောရမှန်းမသိရင် မင်းရဲ့ပုပ်စော်နံနေတဲ့ သောက်ပါးစပ်ကိုပိတ်ထားလိုက်! အဲ့နေ့ကအဲ့ဒီ့နေရာမှာငါရှိခဲ့တယ်။ ဘာလဲ? မင်းကပြဿနာလာရှာနေတာလား?” မုထျယ်ရင်းကအေးစက်စွာနှင့်ပြောလိုက်သည်၊

ကတုံးဆံပင်ပေါက်နှင့်လူကအံ့ဩသွားသည်၊ ဘယ်လိုဘဲဖြစ်နေပါစေ, မုထျယ်ရင်းက မိန်ကလေးတစ်ယောက်ဖြစ်ပြီး, သူမ၏ခန္ဓာကိုယ်ကကြောက်မက်ဖွယ်ကောင်းစွာ ခြိမ်းခြောက်နေသည်။

မုထျယ်ရင်းကထိုနေ့ကစကားမပြောခဲ့ပေ, ဒါ့ကြောင့်သူကမုထျယ်ရင်းလည်း ထိုနေရာသို့ရောက်နေခဲ့သည်ကိုမသိခဲ့တာဖြစ်သည်။ သူကတစ်ခုခုပြန်ပြောရန်သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ရပ်တန့်သွားသည်။ နောက်ဆုံးတော့, သူဘာပြောချင်လည်းဆိုတာကိုပင် မေ့သွားခဲ့သည်။

မုထျယ်ရင်းကတောင်ကုန်းကြီးတစ်ခုလိုပင် သူ့ကိုငုံ့ကြည့်နေသည်၊

ကတုံးဆံပင်ပေါက်နှင့်တစ်ယောက်၏မျက်နှာကဖြူဖျော့လာသည်။ သူ့သူငယ်ချင်းတွေ ကလည်းသူနဲ့တူတူမရှိဘူး, တခြားနည်းလမ်းအရလည်း သူဒါကိုဖြတ်ကျော်ဖို့နည်းလမ်း မရှိဘူး။

သူကဗလာသက်သက်ဖြင့်ရယ်မောလိုက်ပြီး နောက်တွင်ပြန်ထိုင်လိုက်သည်။

မုထျယ်ရင်းက ထိုကတုံးဆံပင်ပေါက်နှင့်ကြက်ပေါက်ငြိမ်သွားကာမှ ပြန်ထိုင်လိုက်သည်။ ကောင်းဖန်ကတော့ အကူအညီမဲ့စွာနှင့်မုထျယ်ရင်း၏နှိပ်ကွပ်နိုင်သောအရပ်အမောင်းကို ကြည့်လိုက်သည်။ သူကသာမန်အချိန်တွေမှာ တိတ်တိတ်ဆိတ်ဆိတ်နှင့်ညင်သာသောမုထျယ်ရင်းက ဒီလိုသန်မာပြီးယောင်္ကျားဆန်ဆန်ဖြောင့်တောင့်နေသောအပိုင်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟုသူဘယ်တုန်းကမှထင်မှတ်မထားပေ။

ခရီးတစ်ဝက်လောက်ကိုဖြတ်သန်းပြီးနောက်တွင်, ကတုံးဆံပင်ပေါက်လူငယ်က မကျေနပ်သောအမူအရာဖြစ်နေပေမယ့်, သူကကောင်းဖန်၏နောက်ကျောကိုသာ ကြည့်နေရဲသည်။ သူကခုထိနည်းနည်းစိတ်တိုနေဆဲဖြစ်သည်။

ဘတ်စ်ကားပေါ်ကနေဆင်းပြီးနောက်, ကောင်းဖန်နှင့်မုထျယ်ရင်းတို့အဖွဲ့ စကားအနည်းငယ်ပြောပြီး တစ်ယောက်နှင့်တစ်ယောက်လက်ပြနှုတ်ဆက်လိုက်ကာ ကောင်းဖန်ကတစ်ယောက်တည်းအိမ်ပြန်တော့သည်။

လမ်းဆုံဘက်ကိုလှည့်လိုက်သည်နှင့်သူ၏ရှေ့တွင်လူနှစ်ယောက်ပေါ်လာသည်၊ သူတို့ထဲကနှစ်ယောက်ဘတ်စ်ကားပေါ်မှ ကတုံးဆံပင်ပေါက်နှင့်ကလေးဖြစ်သည်။ နောက်တွင်တော့ ကောင်းဖန်ကိုနောက်ထပ်လူနှစ်ယောက်ထပ်ပိတ်ထားသည်။

သူတို့၏ဘေးတွင်တော့သားရဲလေးကောင်ကမတ်တပ်ရပ်နေကြသည်။

ကတုံးဆံပင်ပေါက်နှင့်လူငယ်ကကြိတ်ရယ်လိုက်ပြီးပြောလိုက်သည်, “ မင်းမမျှော်လင့်ထားဘူးမလား, ဟုတ်တယ်မလား? မင်းရဲ့အိမ်အပြန်လမ်းမှာ ငါတို့ကစောင့်နေမယ်ဆိုတာထင်မထားဘူးမလား, ဟုတ်တယ်ဟုတ်? မင်းအံ့ဩသွားလား?”

သူတို့နောက်တွင်မတူညီသောပုံစံနှင့်သားရဲလေးကောင်ရှိသည်။ ဒါပေမယ့်သူတို့ထဲကတစ်ယောက်ကမှအဆင့်၁၀အထက်မှာမရှိကြပေ။

ကောင်းဖန်ကအံ့ဩသွားသည်၊ ဒါကငတုံးအုပ်စုနဲ့တောင်တူမနေဘူးလား။

မင်းတို့ကငါ့လမ်းကြောင်းကိုပိတ်ဆို့ဖို့အတွက် ထိပ်တန်းအဆင့်သားရဲအရွယ်တောင်မရောက်သေးတဲ့ သားရဲလေးကောင်ကိုခေါ်လာတယ်ပေါ့… တာ့ဇီတစ်ယောက်တည်းတောင် ဒါတွေအကုန်ဖြေရှင်းနိုင်လိမ့်မယ်လို့ထင်တယ်။

ကောင်းဖန်သည်တာ့ဇီ၏ခေါင်းကိုချက်ချင်းပုတ်လိုက်သည်။ ငါမင်းအပေါ်ကိုပုံချဖို့ မရွည်ရွယ်ပါဘူး။

All Chapters