အခန်း (၁၀၁-၁၀၄)
Vol. 7 Ch. 101-104
အပိုင်း ၁၀၁ နိုင်ငံသားတာဝန်
“မင်းတို့အသက်ပဲ ဆယ့်ရှစ်နှစ်ဖြစ်နေပြီ, လိုက်ပြီးရန်လုပ်မနေစမ်းပါနဲ့။” ကောင်းဖန်ကသူတို့ကို အလေးအနက်ထား၍ဖျောင်းဖျလိုက်သည်။
“စိတ်လျော့စမ်းပါ, ငါတို့ကိုယ်ငါတို့ဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိပါတယ်။ ငါတို့က အရိုးလေးနည်းနည်းလောက်ဘဲချိုးမှာပါ။” ခေါင်းဆောင်တဲ့လူငယ်လေးကပြောလိုက်သည်၊ သူက အနီရောင်ဂျတ်ကပ်ကိုဝတ်ဆင်ထားပြီး အေးစက်စက်နှင့်ရယ်လိုက်ကာ ပီကေကိုဝါးစားနေသည်။
“အကိုကြီး, သူ့နောက်ကဝတ်ရုံနဲ့သားရဲက ကြည့်ရတာကိုယ်ပိုင်သားရဲနဲ့တူတယ်။” တစ်ယောက်ရုတ်တရက်ထပြောလိုက်သည်။
“ငါ့ဖင်ကြီးကိုကိုယ်ပိုင်သားရဲနေလိုက်, ဒါကြီးက ဂုဏ်မောက်နေတဲ့သားရဲမှန်း ငါတို့မြင်ကတည်းက သိတယ်။” အနီရောင်ဂျတ်ကပ်နှင့် လူငယ်ကလေးနက်စွာပြောလိုက်သည်၊ “ဒါပေမယ့် ပြဿနာမရှိပါဘူး! ငါတို့အားလုံး ပေါင်းသားရဲလေးကောင်ရှိတာပဲ။”
ကြောက်စရာကောင်းပုံပေါ်သော်လည်း လူငယ်ကငွေဖြင့်ဖုံးထားသောဖယောင်းလှံကို အလွယ်တကူရနိုင်တယ်ဟုထင်နေသည်။ သူတို့ကထိုကဲ့သို့သားရဲများစွာကိုတွေ့ဖူးသည်။ ဒါပေမယ့် သူတို့ကကောင်းဖန်ကဲ့သို့အစွမ်းအစမရှိသလို သူတို့ရဲ့အတွေ့အကြုံကနေလည်း မိနစ်အနည်းငယ်လောက်အသေးစိတ်ကြည့်ပြီး သားရဲအဆင့်ကိုဆုံးဖြတ်နိုင်တဲ့သားရဲလေ့ကျင့်တဲ့သူလည်းမဟုတ်ဘူးလေ။
“အကိုကြီး, သူ့မှာကိုယ်ပိုင်သားရဲနှစ်ကောင်ရှိပုံဘဲ၊ ပထမဆုံးအချက်ကသူက ဒဏ္ဍာရီလာအာဏာနှစ်မျိုးကိုင်ဆွဲထားတာနဲ့တောင်တူတယ်။” ကတုံးဆံပင်ပေါက်နှင့် လူငယ်ကပြောလိုက်သည်, “အာဏာနှစ်မျိုးကိုင်ဆွဲတဲ့သူတွေကတကယ်တော့အရမ်း ကိုအံ့ဩဖို့ကောင်းတယ်။”
“ မင်းကို animeတွေလျှော့ကြည့်ဖို့မပြောဘူးလား။ ဒီမှာအာဏာနှစ်မျိုးကိုင်ဆွဲထားတဲ့ သူဆိုတာမရှိဘူး။ ဆိုလိုတာကသူ့မှာသားရဲနှစ်ကောင်ဘဲရှိတာကွ!” အနီရောင်ဂျတ်ကပ် နဲ့လူငယ်ကစိတ်တိုနေတော့သည်၊ “သွား, မာန်ဟုန်ပြင်းကင်းကောင်!”
သန်မာပြီး အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ကနောက်ကနေ နှေးကွေးစွာနှင့် လမ်းလျှောက်ထွက်လာသည်။
နောက်ထပ်မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ဘဲ, သူ့အတန်းထဲကဟိုင်လန်ယွိကလည်း ထိုသားရဲမျိုးနှင့်စတင်ခဲ့ကြောင်းကိုသူမှတ်မိသေးသည်။
သို့သော်၎င်းသည်ထက်မြက်လားဘာလားတော့သူမသိ၊ ဒီလူငယ်တွေအားလုံးသည် မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ကို အစွမ်းထက်သည်လို့ထင်နေကြသည်, ဘာကြောင့်လည်းဆိုတော့ ၎င်းကကြည့်ကောင်းသည်ကို။
ထို့နောက်သားရဲသည် ၁၀ပေမြင့်သောသတ္ထုတုတ်ချောင်းကို သူ၏နောက်ကျောမှထုတ်လိုက်သည်။
သူတို့ကသူတို့သားရဲတွေအတွက်ပစ္စည်းတွေတောင်ဝယ်လာကြသေးတယ်! ကောင်းဖန်တွေးကာအံ့ဩနေမိသည်။
ဒီလိုမျိုးသားရဲတစ်ကောင်မှာ ပစ္စည်းအသေးစားတစ်ခုနဲ့ရှိနေတာကိုပထမဆုံးမြင်ဖူးတာဘဲ။ ဒါကသူတို့ပစ္စည်းတွေကိုမကိုင်ဆောင်နိုင်လို့တော့မဟုတ်ပေမဲ့, သားရဲအများစုကသူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကသာ သေစေနိုင်လောက်တဲ့လက်နက်တွေဖြစ်သောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ကစတီးတွေနှင့်တောင်ညီမျှသည်။
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ကရပ်နေပြီးနောက် သူ၏သန်မာသော လက်မောင်းများဖြင့်ရှည်လျားသောတုတ်ချောင်းကြီးကိုစတင်ဝှေ့ယမ်းတော့သည်။ ၎င်းကတုတ်ချောင်းကိုပြင်းထန်စွာလွှဲယမ်းလိုက်သည်။
ဒီလူတွေဘယ်လောက်ဘဲရက်စက်နေပါစေ သူတို့ကမြို့ထဲမှာတော့လူမသတ်ဝံ့ကြပေ။ လက်ရှိကမ္ဘာကအလွန်ကြောက်စရာကောင်းသော်လည်း ၎င်းတွင်လည်းအခြေခံဥပဒေများရှိသည်။ ဒီလိုမှမဟုတ်ရင်လူ့အဖွဲ့အစည်းကပြိုလဲသွားပေလိမ့်မည်။ ၎င်းသည်ခက်ခဲ သော်လည်းမဟာမိတ်အဖွဲ့သည် လူသားကမ္ဘာတည်ငြိမ်မှုကိုထိန်းသိမ်းရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည်။
ကောင်းဖန်သည်လည်း ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက်ထောက်ခံသည်။ ငြိမ်းချမ်းနေတဲ့ကမ္ဘာကြီးထဲမှာပင် ကျောင်းပြီးလျှင်အိမ်သို့ပြန်လာပြီး နေ့တိုင်းအေးအေးဆေးဆေး လှဲအိပ်နိုင်လိမ့်မည်။ ထို့နောက်အောက်ထပ်ရှိကော်ဖီဆိုင်သို့သွား၍နေ့ခင်းတစ်ချိန်လုံးကို ကော်ဖီလေးသောက်ကာအပန်းဖြေမည်၊ ပြီးလျှင်သူစိတ်ကောင်းဝင်နေချိန်၌ စုံလင်သောရသရှိုးများကိုကြည့်ပြီးဂိမ်းဆော့မည်။
ရိုးရိုးရှင်းရှင်းသူ့ဘဝတွင်နေထိုင်မည်ဖြစ်သည်။ နောက်ဆုံးမှာတော့လူသားတွေက လူနေမှုမြင့်တဲ့လူတွေဘဲဖြစ်သည်၊
“ဒမ်ဘီ, ဒီမျောက်လေးတွေကိုသင်ခန်းစာပေးလိုက်။”, ကောင်းဖန်ကအမိန့်ပေးလိုက် သည်၊ သူကထိုလူငယ်၏သားရဲကိုသတ်ပစ်ဖို့အထိတော့ အလေးအနက်ကြီးမလုပ်ပေ။ ဘာကြောင့်လဲဆိုတော့တစ်စုံတစ်ယောက်က သူ့ကိုကျိန်ဆဲနေလိမ့်မည်။ အဓိကကတော့ထိုကလေးတွေကသူ့ကိုမခြိမ်းခြောက်နိုင်ဘူးလေ။
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်က ခုန်တက်လိုက်ပြီး၎င်း၏လက်မောင်းများဖြင့် တုတ်ချောင်းကိုမြှောက်လိုက်ပြီး ဒမ်ဘီဆီသို့ထိုးဆင်းကာလွှဲယမ်းလိုက်သည်။
ဒမ်ဘီကသူ၏ညာဘက်လက်ကိုမြှောက်လိုက်သလို ၎င်းကလဲလေ့ကျင့်ထားသလို တုတ်ချောင်းဖြင့်ဒမ်ဘီ၏လက်ဖဝါး အလယ်ကိုရိုက်ချလိုက်သည်။
၎င်း၏လက်မောင်းကတစ်လက်မပင်မျှမရွေ့ပေ၊
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်သည် ဒေါသဖြင့်အံကိုကြိတ်လိုက်ပြီး၎င်း၏ လက်ထဲရှိတုတ်ချောင်းထဲသို့သူ၏အားအကုန်ကိုထည့်လိုက်သည်၊ဘယ်လိုဘဲဖြစ်နေ ပါစေ၎င်းကလှုပ်တောင်မလှုပ်ပေ။ ၎င်းကပိုးပျံကောင်က သစ်ပင်တစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေသလိုပင်ဖြစ်နေသည်။
နောက်ထပ်လှုပ်ရှားမှုတွင်, မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်သည် လေထဲမျော သွားသလိုခံစားလိုက်ရသည်။ ဒမ်ဘီက၎င်း၏လည်ပင်းကိုကိုင်ထားပြီး၎င်းကိုလေပေါ်သို့မြှောက်လိုက်သည်။
မျောက်ဝံအမျိုးအစားသားရဲနှစ်ကောင်၏အရွယ်အစားကွာခြားချက်သည် ကလေးနှင့် လူကြီးကြားကွာခြားချက်နှင့်ပင်တူနေသည်။
သို့သော်မာန်ဟုန်ပြင်းကင်းကောင်သည်ရုန်းကန်နေဆဲဖြစ်သည်။ သူ၏အစွမ်းရှိသမျှ သုံးပြီးတောင်မှ ဒမ်ဘီကိုမသက်ရောက်နိုင်ခဲ့ဘူးဖြစ်နေသည်။ ဒါကအနည်းငယ်တော့ ရယ်စရာကောင်းနေသည်။
ဒမ်ဘီသည်မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်၏လက်မှ သတ္ထုတိုင်ကို
အလွယ်တကူဖယ်ရှားပစ်လိုက်သည်။ တုတ်ချောင်းသည်မြေပေါ်သို့ကျသွားပြီး လမ်းကြားရှိထောင့်တစ်ခုသို့တဖြည်းဖြည်းလှည့်ကာလှိမ့်သွားတော့သည်။
ဒမ်ဘီကသူ၏ညာလက်ကိုမြှောက်ကာဖြန့်လိုက်ကာ မာန်ဟုန်ပြင်းအနက်ရောင် ကင်းကောင်၏ဦးခေါင်းကိုညင်သာစွာပုတ်ပေးလိုက်ပြီး သူ့ကလေးကိုစကားပြောပေး နေတဲ့ဖခင်တစ်ဦးသဖွယ်လုပ်ပေးနေသည်။
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်သည်အလွန်ဒေါသထွက်သွားတော့သည်။ ၎င်းကဒမ်ဘီကိုကိုက်ချင်သော်လည်းဒမ်ဘီကတည်ငြိမ်နေဆဲပင်ဖြစ်နေသည်၊ သူက မာန်ဟုန်ပြင်းကင်းကောင်၏ပါးကိုရိုက်လိုက်သည်။
ကမ္ဘာကြီးကရုတ်တရက်တိတ်ဆိတ်သွားတော့သည်။
ဖတ်!နောက်တစ်ချက်ရိုက်လိုက်သည်။
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်၏မျက်နှာကချက်ချင်းပင်ဖောင်းလာတော့ သည်။ ၎င်းကအရမ်းဖောင်းနေပြီး၎င်းကကြည့်ရသည်မှာဘန်းကိတ်နှင့်တောင်တူနေ သည်။
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ကအံ့ဩသွားတော့သည်၊
ဒမ်ဘီက မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်၏ခေါင်းကိုပုတ်လိုက်သည်။ ဒီတစ်ကြိမ်တော့မာန်ဟုန်ပြင်းကင်းကောင်ကခုခံဖို့မကြိုးစားတော့ပေ။ ၎င်းက ကြောက်ရွံ့မှုတို့နှင့်အတူဒမ်ဘီကိုငေးကြောင်ကြည့်နေပြီး, သူ၏မျက်လုံးအောက်ခြေ တွင် မျက်ရည်တွေနှင့်ပြည့်နေတော့သည်။
ဒမ်ဘီကစိတ်ကျေနပ်စွာနှင့်ခေါင်းညိတ်လိုပ်သည်၊ ဒါမျိုးကိုမှနာခံတတ်တယ်လို့ခေါ် တယ်ဟု ၎င်းကတွေးနေမိသည်။
၎င်းကမာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ကိုမြေပြင်ပေါ်သို့ချပေးလိုက်သည်။ မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်၏အမြီးသည် ၎င်း၏ခြေထောက်နှစ်ချောင်ကြားထဲတွင်ကွေးနေကာ ၎င်းကလှည့်မပြေးခင်တွင်ဘာအသံမှထွက်အောင်ပင်မလုပ်ရဲချေ။ ၎င်းကတစ်ခါတည်းသူ့သခင်ရဲ့ဘေးသို့ပြေးသွားလိုက်ပြီး, ၎င်းကကလေးတစ်ယောက် အနိုင်ကျင့်ခံရသလိုပင်တဆတ်ဆတ်တုန်ယင်နေတော့သည်။
အနီရောင်ဂျတ်ကပ်နှင့်လူငယ်က အသက်မဲ့သွားသလိုပင်ခံစားလိုက်ရသည်။ ၇ပေရှည်တဲ့မင်းလိုမျိုးလူဝံက ငါ့နောက်မှာပုန်းနေတယ်? ဒါကဘာလဲ? မင်းကငါ့ကို ကာကွယ်ပေးရမှာမဟုတ်ဘူးလား? သူကတွေးလိုက်သည်။
နောက်ထပ်သားရဲသုံးကောင်ကလည်း ရှေ့သို့တစ်လှမ်းမျှမလှမ်းကြပေ။ သူတို့ထဲက အင်အားအသန်မာဆုံးသူကတောင် ပြန်တိုက်စရာမလိုဘဲနဲ့နှိမ်နှင်းခံရလျှင်သူတို့၏သေဆုံးမှုဆီသို့ရှေ့ဆက်ရန်သတ္တိကိုသူတို့ဘာလို့ရှာရမည်နည်း?
အနီရောင်ဂျတ်ကပ်နှင့်လူငယ်က၌ရုတ်တရက်သူ့ဒူးတွေအားနည်းလာသလိုခံစားလိုက်ရသည်၊ သူကအသက်မပါစွာနှင့်ရယ်လိုက်သည်၊ ရှေးဆိုရိုးစကားအတိုင်း, “ ထူးချွန်တဲ့လူကဘယ်အချိန်မှာလက်လျော့ရမယ်နဲ့ လက်မလျော့ရဘူးဆိုတာကို သိသည်” ထိုအချိန်ကအားနည်းချက်ကိုပြသရန်ရှက်စရာမဟုတ်ပေ။
သူစကားပြောရန်ပြင်ဆင်နေချိန်တွင်ကောင်းဖန်သည် ဒမ်ဘီ,တာ့ဇီတို့နှင့်အတူ လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်၊ သူကသူတို့ရဲအရိုးတွေကိုချိုးတော့မှာ လား, သူတို့ကိုရိုက်တော့မှာလား? ကောင်းဖန်ကထိုမျှလောက်ကလေးမဆန်ပေ။ သူကအနာဂါတ်တွင်ပြဿနာများကိုကာကွယ်ရန် သို့မဟုတ် မည်သည့်အရေးယူခံရမှု မှမဖြစ်စေရန် ထိုအရာများကိုကျေအေးပေးမည်၊ သူကရှင်းရခက်သည့်ဒီလိုမျိုး စိတ်ပျက်စရာကိစ္စတွေကိုမုန်းသည်။
အနီရောင်ဂျတ်ကပ်နှင့်လူငယ်ကခဏလောက်ငေးကြည့်နေမိသည်၊ သူကစဉ်းစား နေရင်းကောင်းဖန်ကသူ့ကိုခွင့်လွှတ်ပေးခဲ့တယ်။ သူ့အတွေးတွေကသူ၏စိတ်ထဲတွင် မြက်ရိုင်းကဲသို့ကြီးထွားလာတော့သည်။ သူ့မျက်နှာရှိအရောင်က အဖြူနှင့်အစိမ်း ကြားထဲတွင်ကူးလူးနေသည်၊ နောက်ဆုံးမှာတော့, သူကခါးသီးစွာနှင့်ပြုံးလိုက်သည်။
ပြိုင်ဘက်ကသူ့ကိုတစ်ခုခုဖြစ်အောင်ဘယ်တော့မှမဆက်ဆံဘူးဖြစ်သည်၊ ဒါကသူ၏ တစ်ဖက်တည်းကသာတစ်ဖက်သတ်စွဲလမ်းနေခြင်းဖြစ်သည်။
သူကတစ်စုံတစ်ခုကိုရှာတွေ့သွားပုံရသည်၊ အနီရောင်ဂျတ်ကပ်နှင့်လူငယ်က တိတ်ဆိတ်စွာနှင့် မာန်ဟုန်ပြင်းကင်းကောင်ကိုနှစ်သိမ့်ရန်လှည့်ကြည့်လိုက်သည်၊ “မငိုနဲ့, မင်းကိုဒီညကြက်ပေါင်ကင်ကျွေးမယ်။”
မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်သည်ရုတ်တရက်အာရုံပြောင်းသွားပြီး သူ့သခင်ကိုသတိကြီးစွာနှင့်ကြည့်လိုက်သည်၊ ပုံမှန်အားဖြင့်၎င်းကသူ၏တာဝန်ကိုမအောင်မြင်ပါက သူ၏သခင်သည်ဒေါသထွက်ပြီးညစာမကျွေးဘဲနေလိမ့်မည်။ ဒီနေ့သခင်က ဆေးမှားသောက်လာမိတာလား? ၎င်းကတွေးနေသည်။
အနီရောင်ဂျတ်ကပ်နှင့်လူငယ်က နောက်ဆုံးတစ်စုံတစ်ခုကိုသတိထားမိလိုက်သည်။ မနာလိုမှုနှင့်ဒေါသထွက်မှုတို့ကအသုံးမဝင်ပေ။ ထိုခံစားချက်များကသူ့အချိန်ကိုဘဲ ဖြုန်းနေခဲ့သည်၊ သူနှင့်သူ့ရန်သူကြားကခြားနားချက်ကအရမ်းကိုကြီးမားလွန်းသည်။
သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာသည်သူ့အားပိုမိုအားကောင်းလာစေရန် စနစ် တကျအချိန်ဇယားဆွဲခြင်းဖြင့်လေ့ကျင့်ပေးခြင်းဖြစ်သည်။ သို့မှသာသူသည်ထိုပုဂ္ဂိုလ်၏ ရှေ့တွင်ဂုဏ်သက္ခာရှိစွာရပ်တည်နိုင်လိမ့်မည်ဖြစ်သည်။
“ဘောစ့်,ဒီညဘားမှာပျော်ရအောင်လေ။” အဖွဲ့သားတစ်ယောက်ကအကြံပေးသည်။
“မင်းတို့ဘဲသွားကြ၊ ငါဒီညလုပ်စရာတစ်ခုရှိတယ်, ငါမသွားတော့ဘူး။” အနီရောင်ဂျတ်ကပ်နှင့်လူငယ်ကပြောလိုက်ပြီးသူ့ခေါင်းကိုယမ်းလိုက်ကာပြုံးလိုက်သည်။
…
“ကောင်းဖန်, ငါ့မှာမင်းအတွက်အဖွဲ့အစည်းကြီးတစ်ခုရဲ့အလုပ်တစ်ခုရှိတယ်။ မင်းလာချင်လား? မင်းအခကြေးငွေမအနေနဲ့မဟာမိတ်ခရက်ဒစ်၅၀၀ရလိမ့်မယ်, ပြီးတော့အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲသလင်းကျောက်ကိုပါ ထပ်ပေါင်းရမယ်။” ဒါရိုက်တာချန်းကဖုန်းရဲ့အခြားတစ်ဖက်ကနေပြောလိုက်သည်၊ သူကကောင်းဖန် စိတ်ဝင်စားတာကိုသိသည်။
အကယ်၍ကမ္ဘာပေါ်မှာသူ့ကိုမျက်စိကန်းစေတဲ့အရာတစ်ခုရှိမယ်ဆိုရင်, အဲ့တာက ပိုက်ဆံပဲ!
ကောင်းဖန်ကငေးကြောင်ကာကြည့်နေမိသည်။ မဟာမိတ်ခရက်ဒစ်၅၀၀, ၎င်းကို မဟာမိတ်ဒေါ်လာသို့ပြောင်းပါက၎င်းသည်ငါးသန်းဖြစ်လိမ့်မည်။ ဒါကနည်းလှတဲ့ ဂဏန်းတော့မဟုတ်ဘူး။ ဒါ့အပြင်, အုပ်ချုပ်သူအဆင့်လျှပ်စီးသားရဲအဆင့်သလင်း ကျောက်ပါပေးသေးသည်။ ၎င်း၏ဈေးကွက်ဈေးနှုန်းသည် အနည်းဆုံး မဟာမိတ် ဒေါ်လာသန်းဂဏန်းလောက်ရှိလိမ့်မည်။
“ဒါရိုက်တာချန်း, ကျွန်တော်ကလည်းလူ့အဖွဲ့အစည်းထဲကတစ်ယောက်ပါဘဲ၊ အစိုးရအတွက်ဝန်ဆောင်မှုပေးဖို့ဆိုတာကနိုင်ငံသားတိုင်းရဲ့တာဝန်ဘဲလေ။” ကောင်းဖန်၏မျက်နှာက စတင်၍တည်တံ့လာတော့သည်။
***
အပိုင်း ၁၀၂ ရှထူမန် လူသားစားတီကောင်
“မင်းက အလုပ်ကို အသိစိတ်နဲ့လုပ်ပေးမှာဆိုတော့ ပိုက်ဆံမလိုတော့ဘူးပေါ့။” ဖုန်းတစ်ဖက်မှ ဒါရိုက်တာချန်း၏ရယ်မောသံကထွက်လာခဲ့သည်။
ကောင်းဖန်မျက်နှာသည်တော့ ကွက်ကနဲပျက်သွားတော့သည်။
“ဟ-ဟ၊ နောက်တာပါ၊ ကြည့်စမ်း၊ မင်းကတော့ တကယ့်ငွေမက်လေးပဲ။ မကြာမကြာလာစမ်းပါကွ။ မင်းရဲ့လေ့ကျင့်ရေးလဲ အခုဆိုပြီးသင့်လောက်ပါပြီ၊ ဟုတ်တယ်မလား?”
ကောင်းဖန်ကတော့ ဒါရိုက်တာချန်း၏အဆက်အသွယ်က ကောင်းလွန်းသည်ဟု တွေးနေမိသည်။ ဘာလို့များ သူလေ့ကျင့်ရေးပြီးတိုင်း ဖုန်းဆက်နိုင်ရတာလဲ?
အသက်၃၀အရွယ်အမျိုးသားတစ်ယောက်ကတော့ သူ့ဖုန်းထဲမှဗီဒီယိုကိုစေ့စေ့ကြည့်ရင်း သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းပုံရိပ်တစ်ခုပေါ်လာခဲ့သည်။
တောတွင်းလေ့ကျင့်ရေးက အချိန်မတိုင်ခင်ပြီးသွားခဲ့တာကြောင့် အိမ်ပြန်ရောက်လာချိန်က စောနေသေးသည်။
ခဏအနားယူပြီးတာနဲ့ ကောင်းဖန် အိမ်မှာ သားရဲအနည်းငယ်ကို နေရာချရတော့သည်။ အစင်းလေးကိုတော့ အောက်သို့ခေါ်သွားလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစင်းလေးနှင့်ဒမ်ဘီတို့က တစ်လှည့်စီ ‘အဆိုင်း’နဲ့နေခဲ့တာကြောင့် နေရာသိပ်မယူခဲ့ပေ။ သူတို့နှစ်ကောင်ကို တစ်ချိန်တည်းမှာ အတူတူထားဖို့ကတော့ ပြည့်ကျပ်နေကာမသင့်တော်တာကြောင့် သူတို့ကိုအဆိုင်းချစနစ်နှင့်ထားနည်းကို ကောင်းဖန် သုံးခဲ့ခြင်းဖြစ်သည်။
ယနေ့ကတော့ အစင်းလေးအလှည့်ဖြစ်ကာ မနက်ဖြန်ကတော့ ဒမ်ဘီအလှည့်ပင်။ သူတို့နှစ်ကောင်သာ စာရင်းတွင်ရှိပြီး တစ်လှည့်စီလည်ပတ်နေမှာပင်။
ကောင်းဖန် တက္ကစီတစ်စီးငှားကာ သားရဲပျိုးထောင်သူအဖွဲ့အစည်းသို့သွားခဲ့သည်။ ပြီးခဲ့သည့်အတွေ့အကြုံများအရ ဧည့်ကြိုအမျိုးသမီးကဆိုလျှင် ကောင်းဖန်ကို အလွန်ရင်းနှီးနေပြီဖြစ်ကာ အပြုံးလေးဖြင့် လမ်းပြခေါ်ဆောင်ပေးသည်။
သူတို့နှစ်ဦး လျှောက်လမ်းတစ်အတိုင်း လျှောက်လာကြသည်။ မြေအောက်စမ်းသပ်မှုအခြေစိုက်စခန်းသို့ သွားသည့်လမ်းသာဖြစ်သည်။
ကောင်းဖန်ရောက်လာသည်ကို ဒါရိုက်တာချန်းမြင်လိုက်တာကြောင့် အမြန်ရှေ့ထွက်လာကာ၊ “မင်းရောက်လာပြီပေါ့? လာမြန်မြန်လေး ဒါကိုလာကြည့်။”
မြေအောက်စမ်းသပ်မှုအခြေစိုက်စခန်းထ၏ ဖန်ဘူးများထဲတွင် ကြီးမားကာ ဝဖြိုးသော တီကောင်များစွာရှိနေသည်။ ၎င်းတို့သည် ရှထူမန် လူသားစားတီကောင်များဖြစ်ကာ ချို့ဝှမ်းထဲမှာပေါ်လာခဲ့သည့် ဧရာမတီကောင်ကြီးများပင်ဖြစ်သည်။
ထိုကြီးမားလှသည့်တီကောင်များသည် ကွန်တိန်နာများထဲတွင် ပျင်းရိစွာလဲလျောင်းနေကြပြီး သူတို့အသက်ရှင်နေသေးကြောင်း ပြဖို့ရန်သာ ရံဖန်ရံခါလှုပ်ရှားလာကြသည်။
ရုတ်တရက်ဆိုသလို မကြာသေးမီက အဖြစ်အပျက်များကို ကောင်းဖန် ခံစားလိုက်ရသည်။
ပထမဆုံး မီးခိုးရောင်နတ်ဆိုးပင့်ကူဖြစ်ကာ ချက်ချင်းဆိုသလိုပင် မြောက်ဘက်မှ သစ်ရွက်ဆွေးကျိုင်းကောင်များပေါ်လာပြီး အခုလဲ ရှထူမန် လူသားစားတီကောင်များပေါ်လာပြန်ပြီ။
“မင်းအသားကျသွားတာနဲ့ အဆင်ပြေသွားမှာပါ၊ တကယ်တော့ ငါတို့ သားရဲပျိုးထောင်သူအဖွဲ့အစည်းရဲ့ အဓိကတာဝန်က ဒီသားရဲတွေရဲ့အားနည်းချက်တွေကိုရှာဖွေဖော်ထုတ်ဖို့ အစိုးရဘက်ကိုကူညီပေးရမှာ။ အဲ့လိုကနေပြီး ဒီကောင်တွေကိုဖြေရှင်းဖို့နည်းလမ်းတွေ ငါတို့ရှာပေးရတယ်။” ဒါရိုက်တာချန်းက အပြုံးဖြင့်ပြောပြလာသည်။
ကောင်းဖန်လဲ အလုပ်များနေကြသည့် ဓါတ်ခွဲခန်းဝန်ထမ်းများကိုကြည့်လိုက်ကာ၊ “သူတို့အမြဲတမ်း အလုပ်များနေကြတာပဲလား?”
“ဒီတလောအဖြစ်အပျက်တွေက နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မင်းခံစားနေရတာမဟုတ်လား?” ဒါရိုက်တာချန်းက ကောင်းဖန်၏မျက်ဝန်းများထဲမှ သံသယကိုမြင်နိုင်ခဲ့သည်။ နောက်တော့ သူမနေနိုင်ဘဲ အသံတိတ်ရယ်လိုက်မိပြီး၊
“ဒီပြဿနာတွေဆိုတာ အမြဲတမ်းရှိနေတာ။ သားရဲတွေက အမြဲတမ်းအငြိမ်မနေကြဘူး၊ သူတို့က ဂိမ်းတွေထဲက သားရဲတွေလို သူတို့နယ်မြေထဲမှာပဲနေပြီး အပြင်မထွက်ကြတဲ့ကောင်တွေမဟုတ်ဘူး။ သားရဲအများစုမှာတော့ သူတို့သတ်မှတ်ထားတဲ့အကွာအဝေးအတိအကျရှိပေမယ့် တချို့သားရဲတွေကတော့ ရွေ့လျားနေကြသေးတာကြောင့် ပြဿနာရှာတွေ အခြေစိုက်မြို့တွေကို ဖျက်ဆီးတာတွေရှိတယ်။ တစ်ခါတစ်လေတော့ တချို့သားရဲတွေက သူတို့ရဲ့နယ်မြေတွေ တိုက်ပွဲမှာဆုံးရှုံးသွားလို့ တခြားနေစရာအသစ်တစ်ခုကို ရွှေ့ပြောင်းကြရတာ။ ဒီလိုအချိန်မျိုးဆို ဒီသားရဲတွေက လူသားအခြေစိုက်မြို့တွေကို ပြဿနာရှာနိုင်ခြေများတယ်။ ဥပမာအားဖြင့်တော့ ဒီရှထူမန်လူသားစားတီကောင်တွေပေါ့။”
ဒါရိုက်တာချန်းက ဖန်ကွန်တိန်နာအတွင်းမှ ရှထူမန်လူသားစားတီကောင်ကို လေ့လာစမ်းစစ်ရန် ဒူးကွေးလိုက်သည်။
လတ်ဆတ်သောအသွေးအသားများကို ရှာတွေ့သွားသကဲ့သို့ ကွန်တိန်နာထဲ တိတ်တဆိတ်လဲလျောင်းနေခဲ့သည့် လူသားစားတီကောင်သည် ရုတ်တရက်ခေါင်းကိုယမ်းလာခဲ့သည်။ ၎င်းက ၎င်း၏ခေါင်းကို ဖန်ကွန်တိန်နာနံရံတွင် ကပ်ထားရာ ရုတ်တရက်ဆိုသလို အပေါ်ပိုင်းကကျယ်ပြန့်လာပြီး ပါးစပ်ပိုင်းက ဂန္ဓမာပန်းပွင့်ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။ ၎င်းက အဆတ်မပြတ်ဆိုသလို ဖန်နံရံပေါ်သို့ ရိုက်နေကာ ဖန်နံရံပေါ်တွင် အဝါဖျော့ဖျော့အရည်များကျန်ရစ်စေခဲ့သည်။
“မူလတုန်းကတော့ ဒီရှထူမန်လူသားစားတီကောင်တွေက ချန်အန်းမြို့ရဲ့အရှေ့မြောက်ဘက် ၁၀၀ကီလိုမီတာဝန်းကျင်အကွာက တာ့လီသဲကန္တရမှနေကြတာ။ ကပ်ဘေးကြီးကြောင့် ဂြိုဟ်မျက်နှာပြင်က ကျယ်ပြန်လာပြီး တာ့လီကန္တာရနဲ့ချန်အန်းမြို့ကြား အကွာအဝေးက ပိုတိုးသွားတယ်။ အခုဆို ၂၀၀ကီလိုမီတာတောင်ရှိသွားပြီ။ ဒီလူသားစားတီကောင်တွေက နယ်မြေခံသတ္တဝါမျိုးတွေပဲ။ သူတို့နယ်မြေကို ပေါ့ပေါ့တန်တန်ထားခဲ့မှာမဟုတ်ဘူး။” ဒါရိုက်တာချန်းက သက်ပြင်းချလိုက်သည်။
“ကြည့်ရတာ တလီကန္တရမှာ ပိုအင်အားကြီးတဲ့သားရဲအမျိုးအစားအသစ်ရှိလာပုံပဲ။ မဟုတ်ရင် တီကောင်တွေက သူတို့နယ်မြေကို ဘယ်တော့မှထားခဲ့ကြမှာမဟုတ်ဘူး။”
ပြောပြီးသွားသည်နှင့် ဒါရိုက်တာချန်းကမတ်တပ်ရပ်လိုက်ပြီး တခြားဓာတ်ခွဲခန်းဝန်ထမ်းကိုပြောလိုက်သည်, “ဝမ်လေး, လူသားစားတီကောင်ရဲ့ဆားခုခံနိုင်စွမ်းအားရလဒ်ထွက်ပြီလား?”
“ဆရာ, ဆားခုခံနိုင်စွမ်းအားရလဒ်ထွက်ပြီ။ လူသားစားတီကောင်ရဲ့ဆားခံနိုင်ရည်အားနဲ့ သူရဲ့ ဆက်စပ်ပစ္စည်းတွေက ထင်ထားတာထက်တော်တော်များများမြင့်တယ်။ အဲ့တာတွေက ရေဓာတ်ကုန်ခန်းခြင်းဖြစ်စေတာကြောင့် ဆားအပေါ်မှာဓာတ်သတ္ထုအနေနဲ့မှီခိုဖို့အတော်လေးခက်ခဲတယ်။” ဒါရိုက်တာချန်းက ဝမ်လေးလို့ခေါ်တဲ့ဓာတ်ခွဲခန်းဝန်ထမ်းက ဖြေလိုက်သည်။
ကောင်းဖန်ကအလုပ်များနေသောလက်တွေ့စမ်းသပ်ချက်စမ်းသပ်ခန်းကိုကြည့်ပြီး ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။
ကောင်းသောနှစ်ဆိုပြီးသလို, မင်းအတွက်လေးလံတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတဲ့အခြားသူတွေလည်းရှိနေသေးတယ်။ ကမ္ဘာကြီးကအပေါ်ယံမှာ ပေါ်နေတဲ့အတိုင်း ဆွဲဆောင်မှုမရှိတော့ဘူး။
အခြားအပြင်လူများက ၎င်းသည်လူသားများ၏တိုးတက်မှုအတွက် အခွင့်အလမ်းဟု ယုံကြည်ကြသည်။ ငြိမ်းချမ်းမှုနှင့်ဆက်စပ်လျက်ရှိသော တည်ငြိမ်ခြင်းများသည် သူတို့ကို ထိုကဲ့သို့သောအတွေးမှားများကိုပေးစွမ်းနိုင်သည်။
ကောင်းဖန်တောင်မှ သူတို့လိုမျိုးတစ်ချိန်ကထင်ခဲ့ပေမယ့်, အခုကနောက်ကွယ်မှာ ဖြစ်ရပ်များမှာကိုယ့်ကိုကိုယ်မြှုပ်နှံထားတဲ့လူတွေရှိနေတာကြောင့်ဖြစ်သည်။
“ဓာတ်ခွဲခန်းမှာအပြင်ကနေစမ်းသပ်တဲ့ကိရိယာတွေရှိတယ်။ အကယ်၍မင်းမှာတစ်ခုခုလိုအပ်တာရှိရင်, ငါ့ကိုအသိပေး။ အဲ့ဒီကွန်တိန်နာထဲမှာ လူသားစားတီကောင်တွေ အများကြီးရှိတယ်။ မင်းရဲ့စမ်းသပ်ချက်အတွက်တစ်ကောင်ရွေးနိုင်တယ်။” ဒါရိုက်တာချန်းကကောင်းဖန်အားပြောရင်းသူ့ဆီသို့လျှောက်လာသည်။
ကောင်းဖန်ခေါင်းညိတ်လိုက်ပြီးဘာမှပြန်မပြောပေ။ သူကစမ်းသပ်မှုစားပွဲတွင်ရှိသော လိုအပ်သည့်ပစ္စည်းများကိုယူကာဝတ်လိုက်သည်။ ကောင်းဖန်သူ၏လက်အိတ်များကို ဝတ်ပြီးနောက်, ရုတ်တရက်ဒါရိုက်တာကိုမေးလိုက်သည်, “ဒါရိုက်တာချန်း , … ဘာကြောင့်..?အာ…ဘာလို့ကျွန်တော့ကိုပိုပြီးဂရုစိုက်နေတာလဲ။” ကောင်းဖန်ကသူ၏ နှလုံးသားထဲတွင်အချိန်ကြာမြင့်စွာထားခဲ့သောမေးခွန်းကို မေးလိုက်သည်။
သူကဒီလောက်တောင်ချစ်ဖို့ကောင်းပြီးဆွဲဆောင်မှုရှိတယ်လို့တော့မထင်ဖူးနော်။
ပြီးတော့ဒါရိုက်တာချန်းက ဂေးမဟုတ်ဘူးဆိုတာလည်း သူယုံကြည်နေသေးတယ်။
“ပိုဂရုစိုက်တာရယ်လို့လည်းမဟုတ်ပါဘူး။ မင်းကထက်မြက်တယ်, ဒါကြောင့်ငါကမင်းကိုဂရုစိုက်တယ်။ မင်းကလက်တွေ့ဆန်လွန်းပေမယ့် ငါတို့ရဲ့သားရဲပျိုးထောင်သူအဖွဲ့အစည်းက အရည်အချင်းအရှိဆုံးသူတွေကို တန်ဖိုးထားတယ်။” ဒါရိုက်တာချန်းက ရယ်ရင်းပြောလိုက်သည်။
“မင်းတို့အရွယ်ကလေးတွေက သဘောကျတဲ့အရာတွေမှာ စိတ်ကူးစိတ်သန်းတွေထုတ်ကြတာငါသိတယ်။ သားရဲမွေးမြူတဲ့ပညာရှင်တွေက အခြားဘယ်အသက်မွေးဝမ်းကြောင်းပညာထက်မဆို အရည်အချင်းကိုတန်ဖိုးထားကြတယ်။ ငါတို့အားလုံး ဒီလမ်းကြောင်းပေါ်မှာစူးစမ်းရှာဖွေဖို့ အရည်အချင်းတွေကိုမှီခိုနေကြတာလေ။”
ထိုအချိန်တွင်ဓာတ်လှေကားတက်လာသံကိုကြားလိုက်ရသည်။ မြေအောက်စမ်းသပ်ဓာတ်ခွဲခန်း၏ခန်းမကြီးထဲတွင်ရှိသော ဓာတ်လှေကားတံခါးသည် “ဒင်!” ဟုအသံ ထွက်လာကာဖြည်းဖြည်းချင်းပွင့်လာပြီး အထဲမှလူတစ်ယောက်ထွက်လာသည်။
ကောင်းဖန်သည်ထိုလူကိုအမှန်တကယ်သိနေတာကြောင့် လန့်သွားတော့သည်။ သူက ခေါင်းဆောင်နည်းပြချန်းဖြစ်သည်။
နည်းပြဆရာချန်းသည်ရှေ့သို့တိုးလာပြီးသူ့အိတ်ကပ်ထဲမှ ယူအက်စ်ဘီဒရိုက်တစ်ခုကို ဒါရိုက်တာချန်းထံသို့လွှဲပြောင်းပေးလိုက်သည်။ သူကခေါင်းညိတ်လိုက်ကာ တစ်ခဏလောက်တုံ့ဆိုင်းနေသည်၊ “မြန်မြန်လုပ်ပေး။ ပြီးတော့တခြားဖြစ်နိုင်တဲ့တစ်ချို့ရလဒ်တွေကိုအမြန်ဆုံးထုတ်ပေးပါ, တာ့လီသဲကန္တာရမှာပေါ်လာတဲ့ပေါ်လာတဲ့အရာ… အဲ့အရာ တွေကကြည့်ရတာကောင်းမဲ့ပုံမပေါ်ဘူး။”
ခေါင်းဆောင်နည်းပြချန်း, ဒါရိုက်တာချန်း…
ကောင်းဖန်၏အကြည့်တွေက ထိုလူကြီးနှစ်ယောက်ကြားငေးစိုက်ကြည့်နေသည်။ ထိုအချိန်တွင်ထိုလူနှစ်ဦးကအမှန်တကယ်ကိုဆင်တူလှသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်နည်းပြချန်းရဲ့ပုံစံကအနည်းငယ်ပိုငယ်တဲ့ပုံပေါက်သည်။
ခေါင်းဆောင်နည်းပြချန်းကလှည့်လိုက်ပြီးနောက် ကောင်းဖန်ကိုမြင်တော့ သူ့ကိုသတိထားမိပြီးရပ်လိုက်သည်။
သူကကောင်းဖန်ကိုခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်, “ဆက်လုပ်” ၊ သူက ပြောပြီးတာနှင့်ထွက်သွားတော့သည်။
ကောင်းဖန်၏မျက်လုံးထဲမှာတော့, လူသားစားတီကောင်၏အားနည်းချက်ကပေါ်လာပြီးဖြစ်ကာ, သူကချက်ချင်းရလဒ်ကိုရိုးရှင်းစွာနှင့်ထုတ်ပေးနိုင်ခြင်းမရှိပေ။ ထိုအရာများအတွက်လုပ်ငန်းစဉ်များသည် အလွန်အရေးကြီးသည်။ ကောင်းဖန် သူ၏အသုံးအဆောင်များနှင့်ရင်းနှီးစေရန်လေ့ကျင့်ဖို့လိုအပ်သေးသည်။
စမ်းသပ်နေစဉ်အတွင်း, ကောင်းဖန် မေးလိုက်သည်။ “ဒါရိုက်တာ, ဂြိုလ်တွေတိုးချဲ့တဲ့ အချိန်မှာ, မြို့တွေဘာကြောင့်ကွဲမထွက်လည်းဆိုတာကိုသိလား? သီအိုရီတွေပေါ်မူတည်ပြီး ဧရိယာတိုးချဲ့တဲ့အခါ အရင်ကအခြေခံအုတ်မြစ်တွေပေါ်မှာတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကပြိုကျပျက်စီးလိမ့်မယ်။ ဒါ့အပြင်ဂြိုလ်ရဲ့ထုထည်မြင့် တက်လာရင်ဆွဲငင်အားကလည်းပိုပြီးတိုးသင့်တယ်။ ဒါပေမယ့်သိသိသာသာကိုတစ်ခုမှ ပြောင်းလဲတာမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်။ ဒါကသိပ္ပံနည်းကျဖြစ်နေတာမဟုတ် ဘူးလား?”
ဖတ်စာအုပ်များသည် အခြေခံအားဖြင့်ထိုအကြောင်းအရာများကို ဖော်ပြထားခြင်းမရှိပေ။ ၎င်းတို့ကိုတားမြစ်ထားခြင်းဖြစ်သည်။
“မင်းရဲ့ဒီမေးခွန်းက တကယ်ကိုကွက်ကွက်ကွင်းကွင်းဘဲ။” ဒါရိုက်တာချန်းကရယ်လိုက်သည်၊ “အမှန်အတိုင်းပြောရရင်ငါလည်းမသိဘူး။ နောက်ဆုံးတော့ကမ္ဘာကြီးကဒီလိုတွေဖြစ်လာခဲ့ပြီးပြီလေ၊ ဒါတောင် မင်းက သိပ္ပံပညာအကြောင်းဆက်ပြောနေတာလား?, ဒါပေမယ့်မင်းရဲ့ ပထမဆုံးမေးခွန်းမှာသီအိုရီတစ်ခုရှိတယ်။”
***
အပိုင်း ၁၀၃ သဲကန္တာရအုပ်စိုးသူ
“တချို့လူတွေက ပြောင်းလဲမှုတွေမဖြစ်သွားတာကို နိုင်ငံတွေရဲ့ကံကြမ္မာစွမ်းအားကြီးတာကြောင့်လို့ ယုံကြည်ကြတယ်။ ဒါအံ့ဩစရာကောင်းတယ်လို့ မင်းမထင်ဘူးလား?” ဒါရိုက်တာချန်းရယ်လိုက်သည်။ “သူတို့က လူတွေနေထိုင်တဲ့နေရာတွေက ပြောင်းလဲမှုတွေကို သဘာဝကျကျဖိနှိပ်လိုက်တယ်လို့ ယုံကြည်ကြတယ်။ ဒီသီအိုရီကပဲ ကားတွေတောက်လျှောက်ဖြတ်မောင်းနေတာတောင် အဝေးပြေးလမ်းအများစု ဘာကြောင့် မပျက်စီးလဲဆိုတာကို ရှင်းပြသွားတာပဲ။ နေရာတစ်ခုကို လူအနည်းစုပဲလာလေ အဲ့ဒီနေရာကပိုပြောင်းလဲသွားလေပဲ။”
“နိုင်ငံတွေရဲ့ကံကြမ္မာ….” ကောင်းဖန် ထပ်ပြီးအထွန့်တက်ဖို့တောင်ခွန်အားမရှိတော့ပေ။ သူတွေးလေ တွေးလေ ဒီလူတွေက သူတို့ရဲ့အဓိပ္ပါယ်မရှိတဲ့ ဆန်းကြယ်တဲ့သီအိုရီတွေ ထုတ်နေတယ်လို့ မတွေးဘဲမနေနိုင်တော့ပေ။ ဒါပေမယ့်လဲ ဒီသီအိုရီက တကယ်ပဲ အဓိပ္ပါယ်မရှိတာလားဆိုတာကိုတော့ ဘယ်သူပြောနိုင်မှာလဲ?
အဆုံးမှာတော့ ကောင်းဖန်လဲ သူ့ရဲ့သုတေသနနှင့် စမ်းသပ်မှုကိုသာ ဆက်လက်လုပ်ဆောင်ခဲ့တော့သည်။ ကောင်းဖန် သုံးနာရီကြာလေ့ကျင့်ကာစမ်းသပ်မှုကိရိယာများနှင့် ရင်းနှီးအောင် ပြုလုပ်ခဲ့သည်။
ဒါရိုက်တာချန်းသည်လဲ နောက်ဆုံးမှာတော့ ရှထူမန်လူသားစားတီကောင်၏အားနည်းချက်ကို ရှာတွေ့သွားခဲ့ပေပြီ။ သားရဲများ၏အားနည်းချက်များသည် ပုံစံတကျရှိနေသေးကာ ခြေရာကောက်လို့ရသည်။ ကပ်ဘေးကြီးမဖြစ်ခင်က တီကောင်များသည် ၎င်းတို့၏အရည်များဆုံးရှုံးရမည်ကို ကြောက်ကြသလို အပူချိန်မြင့်သည်ကို ကြောက်ရွံ့ကြသည်။
အခုရလဒ်ကလဲ ဆင်တူပေသည်။ ကောင်းဖန်လဲ ဒါရိုက်တာချန်း ရှာတွေ့ထားသည့် အားနည်းချက်ကို တစ်ချက်ကြည့်လိုက်သည်။ ဒါက သူ့ရဲ့အချက်အလက်ပြဇယားထဲက အားနည်းချက်နဲ့သိပ်မကွာပေ။
“ဒီကိုလာကြည့်လှည့်။ ဒါက ရှထူမန်လူသားစားတီကောင်တွေ လွတ်မြောက်လာရတဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းပဲ။” ဒါရိုက်တာချန်းက ကောင်းဖန်ကိုလှမ်းခေါ်ရင်းပြောလိုက်သည်။
ဒါရိုက်တာချန်း၏ရှေ့မှာတော့ ပရိုဂျက်တာတစ်ခုရှိနေကာ သူက ယူအက်ဘီထိုးလိုက်သည်နှင့် ပရိုဂျက်တာက အလင်းရောင်များ ဖြည်းဖြည်းချင်းထွက်လာတော့သည်။
ထိုနေရာတွင် သဲနဲ့လေသံများကြားလာရပြီး ရုပ်ပုံကိုလဲမြင်လာရသည်။ ဒါကို နေ့ခင်းနေမွန်းတည့်ချိန်မှာ ရိုက်ထားခြင်းဖြစ်နိုင်သည်။
အဝါရောင်သဲကန္တာရကြီးသည် မယုံနိုင်လောက်အောင် ခြောက်သွေ့နေပုံရကာ လေပြင်းများတိုက်ခတ်လာပြီး သဲမုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ဒါတွေအားလုံးက သိမ်းငှက်မျက်လုံးမှ မြင်ရသည့်မြင်ကွင်းပင်ဖြစ်သည်။ ထို့နောက်လှည့်ပတ်နေသည့်အသံလဲပေါ်လာပြီး ထိုဗီဒီယိုကို မောင်းသူမဲ့ဒရုန်းဖြင့် မှတ်တမ်းတင်ထားသည်ဟု ဆိုလိုသည်။
ပရိုဂျက်တာပေါ်တွင်တော့ တောက်ပသည့် မီးတောက်နှစ်ခုပေါ်လာကာ သဲကန္တာရအလယ်သို့ သက်ဆင်းသွားသည်။
၎င်းကတော့ ဒုံးကျည်နှစ်စင်းပင်ဖြစ်သည်။
ဗုံး! ဗုံး!
သဲကန္တာရအလယ်မှ ပေါက်ကွဲမှုဖြစ်သွားကာ ကြီးမားသည့် သဲပုံတွေကလဲ နေရာအနှံ့သို့ လွင့်ထွက်သွားသည်။ အနက်ရောင်မီးခိုးများထွက်ပေါ်လာကာ ပြန့်ကျဲသွားချိန်မှာတော့ ကျန်ခဲ့သည့်ကျင်းကြီးနှစ်ခုထဲ သဲများစီးဆင်းသွားသည်ကို မြင်နိုင်ပေမည်။
ထို့နောက် မြင်ကွင်းကရုတ်တရက်ပြောင်းလဲသွားသည်။ ဒီတစ်ခါတော့ အဝေးမှရိုက်ယူထားသည့် ကင်မရာမြင်ကွင်းဖြစ်သည်။ ထိုတွင်တော့ မောင်းသူမဲ့ဒရုန်းတစ်စင်းသည် သဲကန္တာရ၏ကောင်းကင်ယံတွင် ပျံဝဲလို့နေသည်။
ထို့နောက် သဲရှင်လိုအကြောင်းများ သဲကန္တာရထဲမှ ပျံသန်းထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အရှိန်ဖြင့် လေထဲမှပေါက်ကွဲသွားကြကာ ရှည်လျားနက်မှောင်သည့် ပုံရိပ်များဖြစ်ပေါ်လာစေသည်။
မောင်းသူမဲ့ဒရုန်းသည်လဲ ရှောင်ရှားဖို့အချိန်မရှိဘဲ သဲရှင်များ၏ဖြတ်တောက်ခြင်းကို ခံရကာ တစ်စစီဖြစ်သွားတော့သည်။
အချိန်ခဏအကြာမှာတော့ သဲကန္တာရအလယ်သို့ သဲရှင်များသည် ရွှေ့လျားလာသည်။ မကြာခင်မှာပဲ အားလုံးအလယ်တွင်စုလာကာ ပိုလို့မြင့်ပြီးရင်းမြင့်လာပြီး ရူပဗေဒကိုအံတုသလိုမျိုး လေထဲတွင်အတန်းလိုက်ထောင်နေတော့သည်။ ထိုပုံစံက သဲရှင်၏အတွင်းထဲကနေပြီး တစ်ခုခုနှင့်ထောင့်မတ်ပေးထားသလိုတောင် ထင်ရသည်။
သဲတွေတစ်လွှာပြီးတစ်လွှာ ရေစီးကြောင်းများလိုမျိုး အောက်သို့စီးဝင်သွားကာ အဆုံးမှာတော့ သတ္တဝါကြီးသည် သူ့ကိုသူပေါင်းစည်းပြီး အရပ်၁၀မီတာကျော်သည့် လူသားဆန်သော်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ခန္ဓာကိုယ်ကို သဲဖြင့်ပြုလုပ်ထားကာ ခြေထောက်များမရှိဘဲ သဲကန္တာရထဲကိုသာ ရုပ်တုတစ်ခုလို ဆက်ထားသည်။ ၎င်း၏ခန္ဓာကိုယ်နှင့် ကန္တာရထိတွေ့သောနေရာတွင်တော့ မြေကြီးရောင်စက်ဝန်းတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။ ၎င်းက သဲအခြေခံ ရေဒြပ်စင်လိုမျိုး ဖြစ်လုနီးပါးပင်။
သားရဲက အဝေးမှ နောက်ထပ်ဒရုန်းတစ်ခုကို သတိပြုမိသွားပုံရသည်။ ၎င်းက ဖြည်းဖြည်းချင်း လှည့်လာပြီး ၎င်း၏လွတ်နေသောမျက်လုံးများက ဘာကိုမှမခံစားနိုင်ပုံပင်။ မည်းနက်နေသည့်တွင်းကြီးနှစ်ခုက လွန်စွာနက်ရှိုင်းပုံရသည်။
[မကောင်းဆိုးဝါးအမည်] : သဲကန္တာရအုပ်စိုးသူ
[မကောင်းဆိုးဝါးအဆင့်] : အဆင့်၄၁ (ဧကရာဇ်အဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း] : အထူးအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] : သဲ/မြေကြီး
[ထူးခြားသောသွင်ပြင်လက္ခဏာများ] : သဲပေါင်းစပ်ခြင်း (အကျိုးသက်ရောက်မှုတစ်- သွယ်ဝိုက်သက်ရောက်မှု; ကန္တာရအုပ်စိုးသူသားရဲသည် ကန္တာရပတ်ဝန်းကျင်တွင်ရှိ နေလျှင်, ကန္တာရအုပ်စိုးသူနေရာတွင် သဲသားရဲသည်သဘာဝအတိုင်းဖြစ်ပေါ်လာကာ ဦးဆောင်လိမ့်မည်။ သဲသားရဲသည် ကန္တာရအုပ်စိုးသူ၏အမိန့်များကို အပြည့်အဝ လိုက်နာသည်။ ဒါ့အပြင်သဲကန္တာရအုပ်စိုးသူသည်ဒဏ်ရာရ၍၎င်းသည်သူ၏ဒဏ်ရာများကို ကုစားရန်သဲသားရဲကိုဝါးမြိုနိုင်သည်။
အကျိုးသက်ရောက်မှုနှစ်-ကန္တာရအုပ်စိုးသူသည် ၎င်း၏တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက်သဲ/သဲသားရဲများပမာဏအများအပြားကိုဝါးမြိုနိုင်သည်။ ၎င်း၏ တိုက်ခိုက်ရေးအင်အားသည်သူစားသုံးသောပမာဏနှင့်အချိုးညီလာမည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှတိုးတက်လာသောခွန်အားသည်အားနည်းသွားလိမ့်မည်။
[မကောင်းဆိုးဝါးစွမ်းရည်] : သဲထိန်းချုပ်နိုင်မှုအဆင့်သုံး
[မကောင်းဆိုးဝါးအားနည်းနက်] : သဲကန္တာရအုပ်စိုးသူသည် ၎င်း၏ခန္ဓာကိုယ်အတွင်းပိုင်းတွင်သဲသောင်ဝိဉာဉ်နှလုံးရှိသည်၊ သဲဝိဉာဉ်၏နှလုံးကိုဖျက်စီးခြင်းသည် ကန္တာရအုပ်စိုးသူအား အလွန်အမင်းအားနည်းစေလိမ့်မည်၊ ၂။ ရေခဲကောင်းဖန်မြင်ဖူးသမျှထဲတွင် ၎င်းကအသန်မာဆုံးသားရဲဖြစ်သည်။ ၎င်း၏ဧကရာဇ် အဆင့်စွမ်းရည်ကိုမြင်ရခြင်းမှာသူ၏ပထမဆုံးအကြိမ်ဖြစ်သည်။
“ဒီသားရဲက တာ့လီသဲကန္တာရကနေပြီးတော့ လူသားစားတီကောင်တွေအကုန်လုံးကို ခြောက်လွှတ်လိုက်တဲ့သားရဲလား?” ဝမ်လေးကသူ့မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပြီး သူ့ကိုယ်သူရေရွတ်နေသည်။
“နောက်ထပ်ဧကရာဇ်အဆင့်သားရဲ…” ဝမ်လေးကထိုဝါကျတွင်ရပ်သွားသည်၊ “ဒါ့အပြင်, ဒီသားရဲကရှားပါးဒြပ်စင်တွေပါဝင်နေတဲ့သခင်လည်းဖြစ်နေတယ်၊”
ဒါရိုက်တာချန်းကဝမ်လေး၏ပုခုံးကိုပုတ်လိုက်သည်၊ “အဆင်ပြေပါတယ်၊ သိပ်မကြာခင် ဒါမှမဟုတ် နောက်ကျရင်, ငါတို့ဒီလိုသားရဲတွေကို အပြည့်အဝအဝေးမောင်းထုတ်နိုင်မှာပါ။”
ဒါရိုက်တာချန်းနှင့်စကားလက်ဆုံကျချိန်တွင် ကောင်းဖန်သည် ထိုဝမ်လေး၏မိဘများကို လွန်ခဲ့သောတစ်နှစ်က ဧကရာဇ်အဆင့်သားရဲတစ်ကောင်၏သတ်ဖြတ်ခြင်းခံလိုက်ရတာကိုသိလိုက်ရသည်။ သူတို့၏အလောင်းများသည်မည်သည့်နေရာတွင်မျှကျန်ရစ် မနေခဲ့ပေ။
“စစ်တပ်က ရှာဖွေတွေ့ရှိထားတဲ့ဒီသားရဲကြီးကို ကန္တာရအုပ်စိုးသူလို့အမည်ပေးခဲ့တယ်။” ဒါရိုက်တာချန်းကတည်ကြည်လေးနက်စွာနှင့်ပြောလိုက်သည်။
ဒါရိုက်တာချန်းကသားရဲကောင်ကြီး၏နာမည်ကိုပြောတာကိုကြားသည့်အခါ ကောင်းဖန်သည်နှလုံးခုန်သံသည်မြန်ဆန်လာတော့သည်။ သူ၏ဇယားပုံစံထဲကသားရဲ၏နာမည်က ဘယ်ကမ္ဘာကနေရောက်လာပြီးလုပ်လိုက်တာလဲ?
ပထမကတော့, ထိုနာမည်တွေကသူ့ရဲ့အသိအမြင်ပေါ်မှာအခြေခံထားသည်ဟု တွေးခဲ့သည်, နောက်တော့သူမှားနေတာကိုတွေ့လိုက်ရသည်။ ဒါကတစ်ခါတစ်လေ, သူစာအုပ်နဲ့ဒေတာတွေထဲမှာရှာလို့မတွေ့တဲ့အချို့သားရဲတွေရဲ့နာမည်တွေကိုပါ တွေ့နေရသည်။
ဒါကသူရဲ့ဇယားပုံစံသည်ကြိုတင်မြင်နိုင်စွမ်းတစ်မျိုးရှိပုံရသည်။
ခဏနေပါဦး၊ ကြိုတင်မြင်နိုင်စွမ်း? ကောင်းဖန်သည်သူ၏ရှုပ်ထွေးမှုများကြားထဲတွင် သူကိုယ်သူတစ်ခုခုကိုဖမ်းဆုပ်မိလိုက်ပုံရသည်။
“တာ့လီသဲကန္တာရကချန်အန်းမြို့နဲ့နီးတယ်။ ကြားထဲမှာနှစ်ရာကီလိုမီတာလောက်ဘဲရှိတယ်။ ဧကရာဇ်အဆင့်သားရဲအတွက်ကတော့, ဒါကတိုတောင်းတဲ့အကွာအဝေးဘဲ။ သာမန်အခြေအနေအောက်မှာ, ဧကရာဇ်အဆင့်သားရဲတွေကရံဖန်ရံခါ (သို့)အမြဲလိုလို သူတို့ရဲ့နယ်မြေတွေကိုစွန့်ခွာလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့, သူတို့ကဆက်ပြီး ဒဏ္ဍာရီလာဧကရာဇ်အဆင့်သားရဲကိုတိုးမြှင့်ချင်လို့ဘဲ။ သူတို့အတွက်ကရှည်လျားတဲ့ ဆင့်ကဲဖြစ်စဉ်ဖြစ်ရပ်ဘဲ, ဒါကြောင့်ဧကရာဇ်အဆင့်သားရဲတွေက သာမန်အားဖြင့်သူတို့ရဲ့ဆင့်ကဲဖြစ်စဉ်ကိုစောင့်ဆိုင်းဖို့ စွမ်းအားမစုဆောင်းခင်မှာ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခုကိုရွေးချယ်တတ်ကြတယ်။”
“သူတို့ဆင့်ကဲဖြစ်စဉ်ကိုအကျိုးပြုတဲ့ အံ့ဩစရာကောင်းတဲ့နေရာတွေက သူတို့ကိုသူတို့ရဲ့နယ်မြေတွေကနေအဝေးကိုဆွဲခေါ်သွားနိုင်တယ်။” ဒါရိုက်တာချန်းကခဏရပ်လိုက်ပြီးဆက်ပြောလိုက်သည်, “ ဘယ်လိုဘဲဖြစ်ဖြစ်, ဘယ်လိုလုပ်တစ်ယောက်က အပြင်လူကိုအိပ်ရာတစ်ခုတည်းမှာအိပ်ဖို့လက်ခံနိုင်မှာလဲ? ငါတို့ကကန္တာရအုပ်စိုးသူကို ထိထိရောက်ရောက်မနှိုးဆွနိုင်ဘူး၊ ဒါပေမယ့်ငါတို့အဲ့တာကိုဖြေရှင်းနိုင်တဲ့အရာတစ်ခုရှိတယ်ဆိုတာကျိန်းသေတယ်! ဒါကစစ်တပ်နဲ့အစိုးရရဲ့အဓိကရည်ရွယ်ချက်ဘဲ။”
“ ငါတို့ကသေချာပေါက်သားရဲရဲ့လှုပ်ရှားမှုတွေမှာ ချန်အန်းမြို့ရဲ့သန်းပေါင်းများစွာ ရှိတဲ့လူတွေအတွက်ကာကွယ်မှုမပေးနိုင်ဘူး။” ဒါရိုက်တာချန်းကတည်ကြည်လေးနက် စွာပြောလိုက်သည်။
“ကျွန်တော်တို့မှာဘာပစ္စည်းမှမရှိဘူး။ လက်နက်နည်းနည်းလေးနဲ့ဒီကိစ္စကြီးကို အောင်မြင်ဖို့ခင်ဗျားမျှော်လင့်လို့မရဘူး, ဟုတ်တယ်မလား?” သုတေသီတစ်ဦးက ပြောလိုက်သည်။
“ တာ့လီသဲကန္တာရအစွန်အဖျားမှာ စစ်တပ်ကသေးငယ်တဲ့ သဲသားရဲအနည်းငယ်ကို ဖမ်းနေတယ်၊ အသွင်သဏ္ဍာန်အားဖြင့်သူတို့ကကန္တာရအုပ်စိုးသူနဲ့ဆင်တူတယ်။ ဒါကြောင့်သူတို့ကလှုံဆော်ဖို့စိတ်ကူးအတွက် အထောက်အကူပြုလိမ့်မယ်။ သဲသားရဲ ကောင်တွေကိုလောလောဆယ်ပို့ဆောင်ပေးနေတယ်လို့ပြောတယ်။ သူတို့ဒီကိုမကြာ ခင်ရောက်လာလိမ့်မယ်။”
နောက်ဆုံးစကားပြောပြီးသည်နှင့် ဓာတ်လှေကားတံခါးသည်ဒင်ကနဲပွင့်လာသည်။ များစွာသောစစ်သားများသည်အတွင်းထဲသို့ဝင်လာကြသည်။ သူတို့နောက်တွင် သတ္ထုဘီးတပ်ထားသောလှည်းတစ်ခုကိုတွန်းလာသည်။
တဘုန်းဘုန်းထုသံနှင့်ရိုက်သံ,ထိုသို့သောဆူညံသံများသည်သေတ္တာအတွင်းမှ အခါ အားလျော်စွာထွက်ပေါ်လာကြသည်။
***
အပိုင်း ၁၀၄ သွားကျဲသံတီကောင်
သတ္ထုသေတ္တာကိုချလိုက်ပြီးသည်နှင့် စစ်သားအချို့က မတ်မတ်ရပ်လိုက်ကာ ဒါရိုက်တာချန်းကို အလေးပြုလုပ်ပြီးနောက် ထွက်သွားကြတော့သည်။
စစ်သားများ ဓါတ်လှေကားထဲသို့ဝင်ကာ ပြန်ထွက်သွားတော့မှ ဒါရိုက်တာချန်းကလဲ “အားလုံး၊ ဒီလာပြီး ကူကြဦး။” ဆိုကာ ညွှန်ကြားလိုက်သည်။
သုတေသီအများအပြားက သေတ္တာကို အလျင်စလိုတွန်းကြတော့သည်။ သူတို့သေတ္တာကိုတွန်းလိုက်သည်နှင့် အတွင်းဘက်မှ ထွက်လာသောခွန်အားနှင့် ဆန့်ကျင်အားကိုလဲ ရံဖန်ရံခါခံစားမိကြသည်။
အထဲတွင်တော့ သတ္ထုသေတ္တာကို အဆက်မပြတ်တိုက်တွန်းတိုက်နေသော မမောပန်းနိုင်သည့် ကြီးမားသော သားရဲကြီးတစ်ကောင်ရှိနေသလိုပင်။
ဒါရိုက်တာချန်းက လူတစ်ချို့ကို လက်ဝှေ့ပြကာ၊ “မင်းတို့ နောက်နှစ်လှမ်းလောက်အရင်ဆုတ်ပြီးမှ တွန်းသင့်တယ်။”
ထိုလူအနည်းငယ်လဲ ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။ ကောင်းဖန်ကတော့ ဓါတ်ခွဲခန်းထဲတွင် ပုန်းခိုကာ မှန်တံခါးနောက်ကွယ်မှ တိတ်တဆိတ်လေ့လာနေခဲ့သည်။
ကောင်းဖန်၏အပေါ်ဘက် ကျောက်နံရံမှ တွားသွားသံများထွက်ပေါ်လာသည်။ ထိုအသံက တာ့ဇီတွားသွားချိန်မှာ ထွက်ပေါ်လာလေ့ရှိသောအသံလိုဖြစ်တာကြောင့် ကောင်းဖန် ရင်းနှီးနေသည်။ ၎င်းအသံက မရေမတွက်နိုင်သည့်ခြေချောင်းများက နံရံပေါ်ပြေးလွှားနေတာကြောင့် ထွက်ပေါ်လာသည့်အသံမျိုးပင်။
အသံက ပိုလို့နီးကပ်လာသည်။
ကောင်းဖန် ခေါင်းမော့လိုက်တော့ သူ့အပေါ်တွင် ကျောက်တုံးကြီးရှိနေတာကိုတွေ့လိုက်ရသည်။ စတီးတန်းများနှင့် စတီးကွက်များကသာ နေရာလွတ်ကို ထောက်ပံ့ပေးထားကြသည်။
အပေါ်မှနေပြီး အနက်ရောင်အရိပ်တစ်ခုက လျင်မြန်လှသည့်အရှိန်ဖြင့် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
၎င်းက အပေါ်မှ ပြုတ်ကျလာလို့ မထနိုင်သလိုမျိုး ကြမ်းပေါ်တွင် ငြိမ်သက်နေခဲ့သည်။ ထို့နောက် ခဏလေးကြာသည်နှင့် ထလိုက်ကာ ခေါင်းကိုယမ်းလိုက်သည်။ ၎င်းသည် ပိုးနားသန်ကောင်နှင့်တူသည့် သားရဲတစ်ကောင်ဖြစ်သော်လည်း ၎င်း၏အရွယ်အစားကတော့ သာမာန်ပိုးနားသန်ကောင်ထက် အဆများစွာကြီးမားသည်။
[မကောင်းဆိုးဝါးအမည်] : သွားကျဲသံတီကောင်
[မကောင်းဆိုးဝါးအဆင့်] : အဆင့်၂၉ (အုပ်ချုပ်သူ)
[မကောင်းဆိုးဝါးအဆင့်အတန်း] : ပြီးပြည့်စုံ
[မကောင်းဆိုးဝါး စွမ်းရည်] : ရွှေ
[မကောင်းဆိုးဝါး၏ အခြေအနေ] : ကျန်းမာ (စိတ်ရှုပ်ထွေး)
[မကောင်းဆိုးဝါး အားနည်းချက်] : ရွှေအဆင့်တစ်
[ထင်ရှားအဆင့်သို့မြှင့်တင်ရန် လိုအပ်ချက်များ] : ……….
သွားကျဲသံတီကောင်သည် အနည်းဆုံး ၁၆ပေလောက်အထိရှည်ကာ ၎င်း၏ခန္ဓာကိုယ်က အပိုင်းလေးပိုင်းပါဝင်ကာ အရွက်များနှင့်ပင်တူနေပြီး အရွက်ပုံစံကိုယ်ထည်တစ်ခုစီတိုင်းတွင် ချွန်ထက်သည့်ခြေလက်များစွာပါဝင်သည်။ ကျောဘက်သည်တော့ စိမ်းဝါရောင်အခွံရှိကာ သက်ရွက်ပုံစံကွက်များဖြင့် ပြည့်နေသည်။
၎င်းက အပေါ်မှပြုတ်ကျလာတာကြောင့် စိတ်ရှုပ်သွားပုံရသည်။ တစ်နေရာတည်းကို နှစ်ကြိမ်လောက်ခလုတ်တိုက်နေပြီးနောက် ချက်ချင်းဆိုသလို ဒါရိုက်တာချန်းထံသို့ ပြေးဝင်သွားတော့သည်။ ထို့နောက် ကြမ်းပေါ်တွင် ကလေးဆိုးတစ်ယောက်လို ငုတ်တုတ်ထိုင်ကာ ခေါင်းဖြင့် ဒါရိုက်တာချန်းကို ပွတ်သပ်နေတော့သည်။
ဒါရိုက်တာချန်းကလဲ ပြုံးကာ သူ့ကိုယ်ပိုင်သားရဲလေး၏ခေါင်းကိုပုတ်ပေးလိုက်သည်။ “သွား၊ သတ္ထုသေတ္တာကိုဖွင့်လိုက်။ တစ်ခါတည်း အထဲကသားရဲကို အရှုံးပေးသွားအောင်ပါလုပ်ခဲ့။”
သွားကျဲသံတီကောင်က ခေါင်းညိတ်ပြလိုက်ကာ သတ္ထုသေတ္တာဆီသို့ တွားသွားလိုက်သည်။ ထို့နောက်မှာတော့ သူ့တစ်ကိုယ်လုံးကို သေတ္တာပေါ်သို့ရောက်အောင် တက်လိုက်ပြီး ခေါင်းကိုငုံ့ကာ သေတ္တာအဖုံးကို ကိုက်ဖြတ်နေတာကြောင့် အသံများထွက်ပေါ်လာသည်။ မာကျောသောသတ္ထုသည် ၎င်းအတွက်တော့ စားစရာတစ်ခုသာဖြစ်ပေသည်။
အပေါက်ကျယ်ကြီးတစ်ခုလုပ်ဖို့ အချိန်သိပ်မယူလိုက်ရဘဲ သွားကျဲသံတီကောင်က ထိုအပေါ်ကိုပိုကြီးစေရန် သတ္ထုသေတ္တာကို ဆက်လက်ကိုက်ဖြတ်နေသည်။
ထိုအပေါက်ထဲမှနေပြီး အဝါရောင်သဲရှင်တစ်လှိုင်းက တိုးတိုးတိတ်တိတ်ထွက်လာခဲ့ကာ ၎င်းသည် အရိုးမပါသလို ပျော့ပျောင်းနေပြီး ဂျယ်လီနှင့်ပင်တူသည်။
၎င်းအပြင်သို့ထွက်လာရုံရှိသေး သေတ္တာပေါ်မှာ တိတ်တိတ်လေးထိုင်နေသည့် သွားကျဲသံတီကောင်က ၎င်း၏အမြီးဖြင့် သဲရှင်ကိုရိုက်ချကာ သေတ္ထာထဲသို့ ပြန်သွင်းလိုက်သည်။
ခဏအကြာမှာတော့ သွားကျဲသံတီကောင် မသိလောက်တော့ဘူးဟု ယုံကြည်နေသည့် သဲရှင်က လားရာပြောင်းက ထွက်ဖို့ကြိုးစားပြန်သည်။
အခုတော့ သွားကျဲသံတီကောင်က သိပ်စိတ်မရှည်တော့ပုံရလာသည်။ ၎င်းက သေတ္တာကိုမကိုက်တော့ဘဲ တစ်ဖက်သို့လှည့်လိုက်သည်။ ၎င်းက မြွေဟောက်လိုမျိုး ခေါင်းကိုပင့်ကို အောက်ဘက်မှ သားရဲကို ငုံကြည့်နေသည်။
ထိုအချိန်တွင်ပဲ ကောင်းဖန်လဲ သဲရှင်သားရဲ၏အသွင်သဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်လာနိုင်ခဲ့သည်။
၎င်းသည် ၅ပေလောက်သာရှိသည့် သေးငယ်သောသားရဲလေးဖြစ်ကာ ခေါင်းကလုံးပြီး နည်းနည်းလဲဝကာ တစ်ကိုယ်လုံးသဲများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပေမည့် ကြွေမကျလာပေ။ ၎င်းပုံစံက ဂျယ်လီတုံးကြီးပေါ်တွင် သဲများရှိနေသလိုသာထင်ရသည်။
သဲသားရဲသည် အနည်းငယ်ဗျောင်းဆန်လို့သွားသည်။ ၎င်းက တုန်လှုပ်သွားကာ နောက်သို့ဆက်ဆုတ်နေပြီး အဆံဒးမှာတော့ သတ္ထုသေတ္တာနံရံကိုမှီလိုက်သည်။
ထို့နောက် ၎င်းက သတ္ထုစားနေသည့် ဘော့စ်ကြီးကို ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
သဲသားရဲသည်၎င်း၏လက်များကိုသုံး၍သံပြားကိုထိရန်ကြိုးစားသည်, ပြီးနောက်တွင် ၎င်း၏လက်များသည်သံပြားလောက်မမာသည်ကိုတွေ့သွားသည်၊
နောက်ဆုံး,သတ္ထုသေတ္တာတစ်ဝက်လောက်ကိုစားလိုက်ပြီးနောက်,သွားကျဲသံ တီကောင်သည်ဗိုက်ပြည့်သွားပြီဖြစ်သည်၊ ကျေနပ်နေရင်း, ၎င်းကသူ့နောက်ကိုလိုက် ဖို့အချက်ပြရန်အတွက်သဲသားရဲကိုသူ့အမြီးနှင့်ရိုက်လိုက်သည်၊
သေးငယ်သောသဲသားရဲသည်ခိုင်မာသောရှင်သန်လိုစိတ်ရှိသည်၊ သွားကျဲသံတီကောင် ၏ခြေရာအတိုင်းလျင်မြန်စွာလိုက်၍ဘောစ့်ကသူ့အားအချိုပွဲအဖြစ်စားပြစ်ပြီး သူစိတ် အခြေအနေဆိုးရွားနေချိန်တွင်သူ့ကိုတစ်ကိုက်တည်းနှင့်ဝါးမြိုပစ်လိုက်မည်ကို ကြောက်နေသည်၊
“ဒီကောင်က ပိုးနားသန် ကနေဆင့်ကဲပြောင်းလဲတဲ့ကောင်လား?” ကောင်းဖန်က သွားကျဲသံတီကောင်ကြောင့်အနည်းငယ်အံ့ဩနေသည်၊
ချက်ချင်းပင်သူကမလျော်ကန်ကြောင်းသတိပြုမိပြီးဒါရိုက်တာချန်းကိုတောင်းပန်လိုက် သည်၊ တစ်ယောက်အခြားသူများအားထိုကဲ့သို့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များကိုရိုးရှင်းစွာနှင့်အသိပေးလေ့မရှိပေ၊
“ဟုတ်တယ်, ဒါကပိုးနားသန်တစ်ကောင်ကနေဖြစ်လာတာ” ဒါရိုက်တာချန်းကပြုံးကာ ပြောလိုက်သည်၊သူက သွားကျဲသံတီကောင်၏နားကိုကပ်လိုက်ပြီး ထိုကောင်၏ခေါင်း ကိုထိလိုက်သည်၊ “ ကပ်ဆိုးကြီးမတိုင်ခင်တုန်းက ငါဇီဝဗေဒကိုလေ့လာခဲ့တယ်, ပြီးတော့တစ်ချိန်တည်းမှာဘဲ ပိုးနားသန်တွေကိုသုတေသနလုပ်တာမှာစီမံခန့်ခွဲနေခဲ့ တာ၊ ကပ်ဆိုးကြီးအပြီးငါတို့ရဲ့ကံကြမ္မာတွေကအတူဆက်ပြီးချည်နှောင်ထားမိမယ်လို့ ငါဘယ်တုန်းကမှစိတ်မကူးဖူးဘူး၊”
၎င်းကအဆင့်ငါးဘဲဖြစ်ပေမယ့်, အကယ်၍အခြေအနေမှာရင်းနှီးမှုရှိမနေရင်ထို သေးငယ်တဲ့သားရဲက စမ်းသပ်ခန်းထဲမှာရှိတဲ့လူအားလုံးကိုတိုက်ခိုက်ဖို့အတွက် လုံလောက်သည်။
ထို့ကြောင့်ဘယ်သူကမှမကျေမနပ်မဖြစ်ကြပေ၊ သူတို့ကသေးငယ်တဲ့သဲသားရဲကို စမ်းသပ်ခုံတန်းရှည်ပေါ်တွင်၎င်း၏ခန္ဓာကိုယ်ကိုသံသော့တွေနဲ့ခတ်မထားခင် သူ့ကို သံသော့နှင့်အတူထားခဲ့သည်၊ ထို့နောက်သူတို့ကလှည့်သွားပြီး, ခုံတန်းရှည်ပေါ်က စမ်းသပ်ဓားများနှင့်ပစ္စည်းများဘက်သို့ပြန်လှည့်သွားကြသည်။
ခဏလောက်ကြာတော့, သဲသားရဲလေးကအားလုံးသည်ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းကြောင်းတွေ့သွားပုံရသည်, ၎င်းကဖြေးညှင်းစွာနှင့်လျှောထွက် လိုက်ပြီး သံသော့ထဲသို့ဂျယ်လီပိုင်းတစ်ခုကဲ့သို့ဝင်သွားသည်၊
ရုတ်တရက်သုတေသနပြုသူများကအစုလိုက်အတူတကွစုရုံးလာကြပြီး, သူတို့အားလုံး ကထိုသေးငယ်သောသဲသားရဲကိုလျစ်လျူရှုထားသောပုံဖြင့်ကြည့်နေကြသည်၊
မင်းကဒါကိုအတော်ပျော်ဖို့ကောင်းနေတယ်လို့ထင်နေတယ်ပေါ့ ဟမ်? သူတို့အားလုံး တွေးလိုက်ကြသည်၊
“ကြည့်ရတာဒီသဲသားရဲက အရိုးမရှိဘူးနဲ့တူတယ်” ဝမ်လေးကမျက်မှောင်ကြုတ်၍ သက်ပြင်းချကာပြောလိုက်သည်၊ “ဒါ့အပြင်, သူ့အပေါ်မှာစမ်းသပ်ဖို့အတွက်ကို မပူးပေါင်းဘူး”
“ဒါပေမယ့်စိတ်ဝင်စားစရာကောင်းတာကဒီသဲသားရဲကငါတို့ကိုပြင်းထန်တဲ့ရန်လိုမှုကို မပြဘူး, သူကတိုက်ခိုက်ဖို့အရမ်းပြင်းပြတဲ့ဆန္ဒမရှိသလိုဖြစ်နေတယ်၊ ဒါကကောင်းတဲ့ အရာလားဆိုတာတော့မသေချာဘူး၊ ငါတို့ကကန္တာရအုပ်စိုးသူမှာစိတ်ကောင်းရှိလားဆို တာသူ့ရဲ့ပင်ကိုစရိုက်ကိုကြည့်ပြီးကောက်ချက်ချနိုင်လား?”
နောက်ထပ်သုတေသီတစ်ဦးကသူ၏မျက်မှန်ဘောင်ကိုထိလိုက်ပြီးသံသယဖြစ်နေ သောအသံနှင့်ပြောလိုက်သည်၊ “ဒီလိုသတ္တဝါအမျိုးအစားကသဘာဝကကိုရန်မူတတ် တာမရှိတာလား?”
“အရမ်းဇွတ်တရွတ်မဆန်ကြနဲ့၊ဒါကမျိုးစိတ်တစ်ခုလုံးကနမူနာပုံစံလေးတစ်ခုတည်းရဲ့အလေ့အကျင့်နဲ့ပင်ကိုသဘာဝကိုကြည့်ပြီးဆုံးဖြတ်လို့မဖြစ်နိုင်ဘူး၊” ဒါရိုက်တာချန်းက မျက်မှောင်ကြုတ်ကာကြည့်ပြီး သူတို့ကိုဆူလိုက်သည်၊
“ဆက်ပြီးစစ်ဆေးကြ”
ထိုအချိန်တွင်, ဒါရိုက်တာချန်းကသွားကျဲသံတီကောင်ကိုယူချလာသည်၊ မငြိမ်သေး သောသဲသားရဲကနောက်ဆုံးတော့ငြိမ်သက်သွားတော့သည်။
…
“အံ့ဩစရာဘဲ၊ တကယ်ကိုအံ့ဖွယ်ဘဲ”, သုတေသီတစ်ဦးကသူ့ကိုယ်သူတီးတိုးရေရွတ် နေသည်၊ သူ၏လက်ထဲတွင်သူ့ဖာသာရွေ့လျားနေသည့်သဲပုံတစ်ခုရှိသည်၊
သဲပုံသည် သဲသားရဲ၏ခန္ဓာကိုယ်မှထုတ်ထားခြင်းဖြစ်ပြီး ၎င်းကသူ့အသက်ကို သူပဲပိုင်သကဲ့သို့ မကြာခဏသူ၏လက်အတွင်းမှရုန်းကန်နေသည်၊ ဆက်နွယ်မှုရှိပြီး နောက်, ၎င်းသဲတွင်ကြမ်းတမ်းမှုရှိသည်၊ ထိုသဲက ထူးဆန်းစွာညှို့ငင်စွမ်းအားဖြင့် အတူတကွကပ်လျက်တည်ရှိနေပုံရသည်။
တစ်ခုတည်းသောအရာမှာ သဲ၏ပုံသဏ္ဍာန်တွင်တက်ကြွသောအသိစိတ်မရှိခြင်းဖြစ် သည်၊ သူ၏လှုပ်ရှားမှုများကရိုးရှင်းသည်။
နောက်ပိုင်းတွင်သုတေသီကသဲသားရဲအပေါ်တွင်ထိုသဲပုံကိုတင်လိုက်သည်၊ ခဏအကြာတွင် အရေပြားမျက်နှာပြင်ပေါ်မှနစ်မြုပ်သွားပြီးသဲပုံကိုဝါးမြိုလိုက်ပြီး ၎င်းကသုတေသီ၏လက်ကိုပါဆွဲယူလိုက်သည်၊
သူ၏လက်ကိုဆွဲထုတ်ရန်ကြိုးစားသည့်အခါ သုတေသီ၏မျက်နှာသည်ပြောင်းလဲသွား ပြီး, ကြောက်စရာကောင်းကာသန်မာသောစုပ်ယူမှုခွန်အားကသူ့ကိုရုန်းထွက်ဖို့အတွက် အင်အားမရှိအောင်ပင်ပြုလုပ်နေသည်၊
ဘေးမှဆင်းလာနေသောသဲ၏အသံကသူ့၏နားထဲတွင်ကြားနေရသည်၊
သွားကျဲသံတီကောင်က သတိပေးသောအသံနိမ့်နိမ့်ကိုပြုလုပ်လိုက်သည်၊ သဲ၏ လှုပ်ရှားနေသောအသံကစုပ်ယူမှုအားနှင့်အတူပျောက်ကွယ်သွားတော့သည်၊ သူလဲ ချက်ချင်းပင်သူ၏ညာဘက်လက်ကိုမြှောက်လိုက်ပြီးစမ်းသပ်ခုံရှည်တွင်ရှိသော သဲသားရဲကိုကြည့်ကာကြောက်ရွံ့မှုတို့ဖြစ်လာတော့သည်။