← Chapters

အခန်း (၁၀၉-၁၁၂)

Vol. 7 Ch. 109-112

အခန်း (၁၀၉-၁၁၂)

Vol. 7 Ch. 109-112

အပိုင်း ၁၀၉ နတ်ဆိုးသံချပ်ကာဒိုင်းပင့်ကူ

ခြင်သားရဲသည် ပေါက်ကွဲသွားကာ လျင်မြန်သည့် စတီးအပ်တစ်ချောင်းလိုက်ပင် ရှေ့သို့ ပြေးဝင်သွားသည်။

ကျည်ကာမှန်တံခါးမှာ ထိုးဖောက်ခံလိုက်ရတော့သည်။ ခြင်သားရဲ၏နှာမောင်းကလဲ ကွေးသွားသည်ကို မြင်လိုက်ရတာကြောင့် ထိုလူက ရယ်လိုက်ပြီး သူ့အဖော်ကိုစတင်လှုပ်ရှားဖို့ အချက်ပြလိုက်သည်။

သစ်သားက လှေအဖြစ်ပြောင်းလဲသွားပေပြီ : အခုချိန်မှ ပြန်လှည့်ဖို့ကလဲ နောက်ကျလို့သွားပြီ။

သူလဲ အံတင်းတင်းကြိတ်ကာ သူ့အိတ်ထဲက တူတစ်ချောင်းနှင့် ဆူးချွန်ကိုထုတ်လိုက်သည်။ ထို့နောက် ဆူးချွန်ကို မှန်တံခါးပေါ်ရှိအပေါက်ငယ်လေးပေါ် တင်လိုက်ပြီး တူဖြင့်ရိုက်ချလိုက်တော့သည်။ မှန်အလွှာသည်လဲ ကွန်ရက်တစ်ခုလိုမျိုး အက်ကွဲသွားကာ အပြင်သို့လွင့်ထွက်ကွဲသွားတော့သည်။

ဆိုဖာပေါ်တွင်အနားယူနေသည့် ကောင်းဖန်သည် အဓိကဝင်ပေါက်ဘက်မှ ဆူညံသံကျယ်ကြီးကို ကြားလိုက်ရသည်။ သူမျက်မှောင်ကြုတ်သွားကာ လုံခြုံရေးကင်မရာကိုစစ်ဖို့ရန်အတွက် ရုံးခန်းထဲသို့ဝင်သွားလိုက်သည်။

လှေကားဘက်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှ အနက်ရောင်မြင်ကွင်းကိုပြသနေသည်။ ဘာမှမရှိသော်လည်း အချက်ပြမှုစနစ်ကလဲ ကောင်းမွန်နေသလိုပုံပေါ်သည်။ တစ်ခုခုနှင့် ကင်မရာကိုအုပ်ထားခြင်းဖြစ်လောက်သည်။

ကြည့်ရတာ မကောင်းသည့်ရည်ရွယ်ချက်ရှိပုံရသည့်လူများ တံခါး၏တစ်ဖက်ခြမ်းမှာ ရှိနေကြပုံရသည်။

ဘာပဲဖြစ်ဖြစ် ကောင်းဖန်မှာ သူ့ဗီလာတွင်ဖြစ်သွားသည့် စိတ်ဒဏ်ရာ အခုထိမသက်သာနိုင်သေးပေ။

သူမျက်မှောင်ကြုတ်လိုက်ကာ သေချာတွေးတောကြည့်နေသည်။ ခဏမျှတွေးကြည့်ပြီးနောက်မှတော့ ကောင်းဖန် ဖုန်းကိုထုတ်ကာ အားလုံးရင်းနှီးပြီးသားဖြစ်သည့် နံပါတ်သုံးလုံးကိုရိုက်နှိပ်လိုက်သည်။

“ဟဲလို၊ ရဲဌာနကလား? ကျွန်တော် တိုက်ကြားချင်တာလေးရှိလို့ပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို မကောင်းကြံချင်နေပေါတယ်။” ကောင်းဖန် အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

ဖုန်းတစ်ဖက်ကလဲ အချိန်မဆွဲရဲဘဲ ကောင်းဖန်၏လိပ်စာကို ချက်ချင်းတောင်းကာ သူ့လက်ရှိအခြေအနေကို မေးမြန်းတော့သည်။

“ကျွန်တော် မြို့လယ်က တယန်ခရိုင် လျန်ဟူလမ်းမှာရှိနေပါတယ်…” ကောင်းဖန် ရဲအရာရှိကို သူ့လိပ်စာအားပြောပြလိုက်သည်။ “အခု အဲ့ဒီလူတွေက တံခါးကိုဖောက်ဝင်ဖို့ကြိုးစားနေကြတယ်။ လောလောဆယ်တော့ ကျွန်တော်လုံခြုံနေတုန်းပဲ။ အမ်…ဒီလူတွေသာ ကျွန်တော့်ကိုတိုက်ခိုက်ရင် ကျွန်တော်ဘက်က ခုခံကာကွယ်ခွင့်ရှိလား?”

ရဲများသည် ကောင်းဖန်၏တည်နေရာအသေးစိတ်အချက်အလက်များကို ရရှိသည်နှင့် ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ကာ တစ်ချိန်တည်းမှာပဲ ကောင်းဖန်ကိုလဲ ကိုယ့်လုံခြုံရေးကိုဂရုစိုက်ရန်တောင်းဆိုပြီး ရန်ဆိုင်မှရမည့်အခြေအနေမှာဆိုလျှင်တော့ ပြန်လည်ခုခံနိုင်ကြောင်း ပြောပြခဲ့သည်။

ကောင်းဖန် ဖုန်းကိုချလိုက်ပြီးနောက် အပြင်ဘက်ကိုလှမ်းကြည့်လိုက်ကာ အမှောင်ထဲသို့တိုးဝင်သွားလိုက်သည်။

……

တံခါးက ကြမ်းကြမ်းတမ်းတမ်းအဖွင့်ခံလိုက်ရပြီး လူနှစ်ယောက်က သတိထားကာ အထဲသို့ဝင်လာကြသည်။ အဆောက်အဦးထဲမှ မီးများအားလုံးပိတ်ထားတာကြောင့် မှောင်မဲလို့နေသည်။

သူတို့ခေါင်းပေါ်မှာတော့ လုံခြုံရေးကင်မရာများစွာမှ အနီရောင်မှိတ်တုတ်မှိတ်တုတ်မီးများရှိလို့နေသည်။

နှစ်ယောက်လုံးက မျက်နှာဖုံးများကိုကိုင်ကာ အနည်းငယ် လျှော့လိုက်ကြသည်။ တူကိုင်ထားသည့်တစ်ယောက်ကဆိုလျှင် လုံခြုံရေးကင်မရာဘက်ကိုပင် သူ့လက်ထဲကတူနှင့် ဝှေ့ယမ်းပြနေသေးသည်။

“သွားတော့၊ အချိန်ဖြုန်းမနေနဲ့။ မြန်မြန်ရှာပြီး မြန်မြန်ပြန်ထွက်ကြမယ်။” နောက်တစ်ယောက် ထိုလူ၏လက်မောင်းကိုဆွဲကာ ပြောလိုက်သည်။

သူခိုးတစ်ယောက်က မီးဖွင့်ဖို့ ခလုတ်ရှာကြည့်သော်လည်း မတွေ့ခဲ့ပေ။ ပတ်လမ်းကြောင်းတိုနေလို့များလား?

“ဘော့စ်၊ ဘာလို့မီးမပွင့်သွားတာလဲ?”

“ကြည့်ရတာ ဝန်ထမ်းတွေမပြန်ခင် မိန်းခလုတ်ကိုပတ်သွားကြပုံပဲ။” ဘော့စ်ဆိုသူက မရေမရာပြန်ဖြေလိုက်သည်။ ပတ်ဝန်းကျင်မှလေထုကပင် သူ့ကိုအေးစက်သလိုခံစားမိလာစေသည်။

သူခိုးနှစ်ယောက်သည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး နောက်ဆုံးမှာတော့ ဓါတ်ခွဲခန်းကိုရှာတွေ့သွားတော့သည်။ သူတို့ အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အတွင်းဘက်မှ ရေစီးသံများထွက်ပေါ်လာခဲ့သည်။

“အဲ့ဒါဘာကြီးလဲ? စမ်းသပ်မှုလုပ်နေစဲတစ်ခုခုရှိနေပုံပဲ။”

ဓါတ်အားပြတ်တောက်မှုလို အဖြစ်အပျက်မျိုးကို တားဆီးရန်အတွက် စမ်းသပ်ကိရိယာအားလုံးကို အရန်မီးစက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။

အစိမ်းရောင်အချက်ပြမီးက ဖြည်းဖြည်းချင်းမှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ စမ်းသပ်ဆလင်ဒါထဲတွင်တော့ ကြီးမားသည့် အနက်ရောင်အရိပ်ကြီးတစ်ခု ရှိနေသည်။

အလင်းတန်းက ရေနက်ထဲသို့ပင် ထွန်းလင်းနေကာ ကန်ထဲမှ အိပ်ကြီးသည် တစ်ချက်တစ်ချက်ရွေ့လျားလို့နေသည်။ ပြင်းထန်သည့် ပိုးသတ်ဆေးများ၏အနံ့နှင့် ရောယှက်နေသောရေ၏ ရွေ့လျားနေသံ ထွက်ပေါ်နေခြင်းဖြစ်သည်။

“ဘော့စ်-ဘော့စ်၊ အဲ့ဒါဘာကြီးတုန်း?” နှစ်ယောက်ထဲမှ အရပ်ပိုပုသည့်တစ်ယောက်က ထစ်ထစ်အအနှင့်မေးလိုက်သည်။

“စတူဒီယိုထဲက ဝန်ထမ်းရဲ့ စမ်းသပ်မှုဖြစ်မှာပေါ့။” ဘော့စ်ဖြစ်သူလဲ အနည်းငယ်စိုးရိမ်လာမိသည်။ သူတရားမဝင်သည့်စတူဒီယိုထဲ ဝင်မိသွားတာလား?

“စိတ်မပူစမ်းပါနဲ့။ ငါတိုလိုချင်တာပဲ အရင်ရှာကြရအောင်။ သူတို့ ဒီနေရာမှာ စမ်းသပ်မှုတစ်ချို့ လုပ်နေပုံပဲ။ ငါတို့သာ စမ်းသပ်မှုကို သွားမဖျက်ဆီးမိရင် အထဲကကောင်လဲ ထွက်လာမှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ မြန်မြန်လေး ပစ္စည်းတွေရှာသင့်တယ်။”

ထိုလူနှစ်ယောက်မှာ စမ်းသပ်ခန်းထဲတွင် အချိန်အတော်ကြာအောင် ပစ္စည်းများရှာဖွေနေကြကာ သာမာန်ပစ္စည်းအချို့နှင့် ပါဝင်ပစ္စည်းအချို့ကိုသာရခဲ့ကြသည်။ အကြောင်းကတော့ ပစ္စည်းအများစုနှင့်ပါဝင်ပစ္စည်းအများစုကို ကောင်းဖန် သုံးလိုက်ပြီးပြီဖြစ်သောကြောင့်ဖြစ်သည်။

ထိုပစ္စည်းများကို ရောင်းလျှင် ငွေဘယ်လောက်ရမည်မှန်း နှစ်ယောက်လုံးသေချာမသိတာကြောင့် အကုန်လုံးကိုသာသူတို့အိတ်ထဲသို့ထည့်လိုက်ပြီး ပြန်ထွက် ရန်လှည့်လာခဲ့ကြသည်။

ကောင်းဖန်သည်စတူဒီယိုအတွင်းရှိထောင့်စွန်းနားတွင်ပုန်းနေပြီး, သူတို့၏ ကျယ်လောင်ပြီးရှင်းလင်းသောအသံကိုကြားနေရသည်။

သူ၏မျက်နှာတွင်ရှုပ်ထွေးနေသောအမူအယာများပေါ်လာသည်။ သူအမှားလုပ်မိသွားပုံပဲ။ ဒီနှစ်ယောက်ကသူ့ကို၍ဒုက္ခဖြစ်စေမယ်ပုံမပေါ်နေပေ။ သူတို့ကသေချာပေါက်သူခိုးနှစ်ယောက်သာဖြစ်သည်၊ သေချာတာပေါ့, သူခိုးတွေကပတ်ဝန်းကျင်မှာတစ်စုံတစ်ယောက်ရှိနေ တာကိုသိသွားပါက သူတို့ကထိုဖြစ်ရပ်ကိုဓားပြမှုအဖြစ်သို့တိုးကာလုပ်မလားဆိုတာ သူမဆုံးဖြတ်နိုင်ပါ။

ထိုအချိန်အတိအကျမှာတင်ကောင်းဖန်၏ စိတ်ထဲတွင် ဒေတာအတန်းလိုက်ကျလာ တော့သည်၊

“အနက်ရောင်ဆင့်ကဲမြှင့်တင်ခြင်းအောင်မြင်-နတ်ဆိုးသံချပ်ကာဒိုင်းပင့်ကူ”

လူနှစ်ယောက်ကအပြင်ဘက်သို့ထွက်လာစဉ်တွင် ရုတ်တရက်သူတို့၏နှလုံးထဲတွင် အေးစိမ့်မှုတွေနှင့်ပြည့်လာပြီးလှည့်ကြည့်လိုက်ကြသည်။ အခန်းထောင့်၌ဝိုးတဝါးရပ် နေသောပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ ထိုလူကသူတို့နှစ်ဦးလုံးကို လက်ပြနှုတ်ဆက် လိုက်ရင်း, “ဒီလိုစေ့စေ့စပ်စပ်ရှာဖွေပြီးတဲ့နောက်ခင်ဗျားတို့တော်တော်ပင်ပန်းသွားမှာဘဲ။ ခဏလောက်ထိုင်ပြီးလက်ဖက်ရည်သောက်မလား?”

သူတို့ကလန့်သွားပြီးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် ကောင်းဖန်ဆီသို့အလျင်အမြန်လမ်းလျှောက်သွားလိုက်ကြတော့သည်။

ဘယ်ဘက်မှလူက သူ၏ရင်ဘတ်တစ်နေရာမှတိတ်တဆိတ်ဓားကိုထုတ်လိုက်ပြီး ညာဘက်ရှိလူကသူ၏အိတ်ထဲမှကြီးသောတူတစ်လက်ကိုထုတ်လိုက်သည်။ တစ်ချိန်ထဲမှာပင် ကြောက်မက်ဖွယ်ကောင်းသောကင်းခြေများက ညာဘက်မှလူ၏ ရှပ်အင်္ကျီထဲမှ တွားသွားထွက်လာသည်၊ ၎င်းကလူတစ်ယောက်၏လက်မောင်းတစ်ဖက်စာလောက်ထူပြီး သုံးပေရှည်လျားသည်။ ၎င်းကထိုလူ၏လက်မောင်းတွင်သူကိုယ်သူပတ်လိုက်ပြီး ထိုသူ၏လက်ဖျံကိုကိုက်ချလိုက်သည်။

သူကညည်းသံတိုးတိုးကိုလက်ဖြင့်အုပ်လိုက်ပြီး သူ၏လက်မောင်းကအတော်လေးကြီးလာသည်၊ သွေးပြန်ကြောများကစပါးအုံးမြွေကဲ့သို့အထပ်ထပ်ပေါ်လာတော့သည်၊

သူကဒေါသထွက်သွားပြီး သူ့လက်ထဲကတူကိုမြှောက်လိုက်ပြီးကောင်းဖန်ကိုရိုက်လိုက် သည်, “လက်ဖက်ရည်သောက်? မင်းကိုငါ့တူရဲ့အရသာနဲ့မိတ်ဆက်ပေးမယ်!”

တူ၏လွှဲချက်သည်လျင်မြန်ပြီးကောင်းဖန်၏ခေါင်းပေါ်သို့တိုက်ရိုက်ကျသွားတော့သည်၊ သို့သော်သူ၏တူသည် ဝါဂွမ်းတစ်ခုကဲ့သို့သောတစ်ခုပေါ်သို့ကျရောက်သွားသည်ဟုသာ ခံစားလိုက်ရသည်၊ ၎င်းကနူးညံ့ပြီးသူ၏ခွန်အားကိုအမှန်တကယ်မထုတ်နိုင်သကဲ့သို့ ထူးဆန်းသောခံစားချက်ကိုဖြစ်ပေါ်လာစေသည်၊

သူ၏စိတ်တည်ငြိမ်မှုကိုပြန်ရပြီးနောက် ကောင်းဖန်ကိုပြန်ကြည့်လိုက်သည်၊ ကောင်လေးကမြေကြီးပေါ်သို့ရောက်နေပြီဖြစ်သည်။

ကောင်းဖန်ကမြေကြီးပေါ်သို့ထိုင်လိုက်ပြီး သူ၏ခေါင်းကိုထိလိုက်သည်၊ သူသည်နှဖူးသည်တစ်စုံတစ်ယောက်ကလက်ကိုသုံး၍တွန်းလိုက်သလိုခံစားလိုက်ရပြီး ကြားထဲတွင် ဝါးကွမ်းလွှာတစ်ခုရှိနေသလိုပင်။

သူရရှိသောထိခိုက်မှုကိုပြောင်းရွှေ့မှုစာချုပ်ပုံစံဖြင့်အစင်းလေးဆီသို့လွှဲပြောင်းခဲ့သည်၊ စိတ်ဝိဉာဉ်ထဲတွင်အစင်းလေး၏ခံစားမှုကအနည်းငယ်မျှပြောင်းလဲခြင်းမရှိခဲ့ပါ၊ အစင်းလေးကခြင်ကိုက်ခံရခြင်းနှင့်တောင်တူနေသည်၊

ရုတ်တရက်အရည်များကအဝေးမှပျံလာပြီးလူနှစ်ယောက်လုံးကို စေးကပ်စိုစွတ်စေ သည်၊ ထိုအရာကသူတို့နှစ်ယောက်ကိုအရမ်းအဆင်မပြေဖြစ်စေသည်၊ သူတို့က သူတို့လက်တွေကိုမြှောက်ဖို့ပြင်ပေမယ့်သူတို့ခန္ဓာကိုယ်တစ်ခုလုံးကထုပ်ခံထားရပြီး လှုပ်လို့မရတာကိုသိလိုက်ရသည်။

အစင်းလေး၏ကြီးမားသောပင့်ကူခြေထောက်များသည်လမ်းလျှောက်နေစဉ်တွင် သမံသလင်းပေါ်တွင်အေးစက်ပြတ်သားသောအသံများထွက်ပေါ်လာသည်၊

သူခိုးနှစ်ယောက်ဆီသို့ဖြည်းဖြည်းချင်းသွားလိုက်သည်၊ အစင်းလေးသည်၎င်း၏ ဒုတိယမြောက်ခြေလက်များကိုအသုံးပြု၍၎င်း၏ပါးစပ်ပိုင်းကိုထိလိုက်ပြီး၎င်း၏ အနီရောင်မျက်လုံးများကလူသတ်ငွေ့တွေနှင့်ပြည့်နေသောအရှိန်အဝါကိုပေးနေသည်၊

ထိုလူနှစ်ဦးသည်သူ၏သခင်ကိုသတ်ရဲသည်၊ သူတို့ကသေချာပေါက်အစင်းလေးရဲ့ မျဉ်းကိုကျော်ဖြတ်လိုက်ပြီဖြစ်သည်၊ သူကပင့်ကူခြေထောက်များကိုမြှင့်လိုက်သည်၊ သူခိုးနှစ်ယောက်၏မျက်လုံးထဲတွင်တော့, ခြေထောက်များကပို၍ကြီးလာသလို….

ကောင်းဖန်ကသက်ပြင်းချလိုက်သည်၊ ဒါကပထမဆုံးအကြိမ်တစ်စုံတစ်ယောက်ကိုသူသတ်ဖို့ဖြစ်သည်၊ ဖြစ်နိုင်တာကသူကိုယ်တိုင်လက်ဖြင့်မလုပ်ပေမယ့် ဒါကသူ့ကိုအရမ်း စိတ်မသက်ဖြစ်စေသည်။

အမှန်တကယ်လည်းကောင်းဖန်ကထိုသူနှစ်ယောက်ကိုမည်သို့ဆက်ဆံသင့်သည်ကို မသိပေ၊ သူ၏အတွေးများကရိုးရှင်းသည်။

အကယ်၍သူတို့ကအဆောက်အဦးအတွင်းမှာတစ်စုံတစ်ယောက်ရှိတယ်ဆိုတာသိလျှင် လွတ်မြောက်ရန်ချက်ချင်းပြန်လှည့်ပြီး, ကောင်းဖန်ကရိုးရိုးတန်းတန်းပင်လက်အောက် ရှိထိုသူနှစ်ယောက်ကိုရဲလက်အပ်လိုက်မည်ဖြစ်သည်။

ကံမကောင်းစွာနဲ့ဘဲ…သူခိုးနှစ်ယောက်ရဲ့အပြုအမူတွေကအန္တာရာယ်မပြုစေသလို မဖြစ်ခဲ့ပေ၊

အရမ်း……စိတ်မကောင်းပါဘူး။

မင်းတို့ငါ့ကိုသတ်ချင်ရင်, ငါကမင်းတို့ကိုသတ်မယ်,သူကတွေးလိုက်သည်၊

ဒါကအရမ်းရိုးရှင်းပါတယ်။

***

အပိုင်း ၁၁၀ နောက်ကွယ်မှအမှန်တရား

နတ်ဆိုးသံချပ်ကာဒိုင်းပင့်ကူက သူခိုးနှစ်ယောက်ကို သတ်လိုက်ပြီး သုံးမိနစ်အကြာမှာပဲ စတူဒီယိုသို့ ရဲများရောက်ရှိလာကြသည်။

သူတို့ဓါတ်လှေကားထဲမှထွက်လာကြသည်နှင့် တံခါးကဖျက်ဆီးခံထားရကာ မှန်ချပ်သည်လဲ တစ်စစီကွဲကျေနေသည်ကို တွေ့လိုက်ကြရသည်။ တံခါးက ပွင့်နေပြီဖြစ်ကာ မီးများလဲပွင့်လို့နေသည်။

အရှေ့ဘက်မှ ရဲအရာရှိအချို့မှာ ဆိုးရွားသည့်ခံစားချက်များရလာကာ ချက်ချင်းဆိုသလို အဆောက်အဦးထဲသို့ ပြေးဝင်လိုက်ကြတော့သည်။

စတူဒီယိုထဲတွင်တော့ သွေးနံ့များပျံ့လွင့်လို့နေသည်။

“လက်တွေမြှောက်ထားလိုက်!” ရဲအရာရှိအချို့က သေနတ်များကိုမြှောက်ကာ လက်ရှိဖြစ်စဉ်တွင် တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်သည့် ကောင်းဖန်ကိုချိန်ရွယ်လိုက်သည်။

“မလှုပ်နဲ့!”

“အဲ့မှာပဲနေ! မင်းလက်တွေကို ခေါင်းပေါ်တင်ပြီး ဒူးထောက်လိုက်!”

ကောင်းဖန် အလွန်အေးဆေးငြိမ်သက်လို့နေသည်။ ဒီလိုအချိန်မှာ သူအပြစ်ကင်းပါတယ်ဆိုပြီး မိုက်မဲစွာအော်ဟစ်ပြနေဖို့မလိုအပ်ပေ။ သူ့လက်များကို ယှက်လိုက်ကာ ခေါင်းပေါ်တင်ပြီး ဝပ်နေလိုက်သည်။ ထို့နောက်မှ၊ “ကျွန်တော်က ကောင်းဖန်ပါ၊ နစ်နာသူပါ။ ကျွန်တော့်အချက်အလက်တွေကို စစ်ဆေးကြည့်နိုင်ပါတယ်။” တစ်ချိန်တည်းမှာပဲ အစင်းလေးကိုလဲ မည်သည့်ရန်လိုသည့်အမူအရာမှမပြနေစေရန် ကောင်းဖန် သေချာအောင်လုပ်လိုက်သည်။

“ရဲတွေက ဥပဒေလိုက်နာတဲ့နိုင်ငံသားတွေကို ထိခိုက်အောင်မလုပ်ကြပါဘူး၊ တရုတ်တွေက တရုတ်တွေကို မထိခိုက်စေဘူး။” ကောင်းဖန် ဖြည်းဖြည်းချင်းဝပ်ချနေရင်းပြောလိုက်သည်။ ကောင်းဖန်၏ခေါင်းပေါ်မှာတော့ ထိတ်လန့်စရာကောင်းသည့် ဒဏ်ရာတစ်ခုရှိနေကာ ဒဏ်ရာမှ လတ်လတ်ဆတ်ဆတ်သွေးများက အဆက်မပြတ်ကျဆင်းနေပြီး သူ့မျက်နှာတစ်ခြမ်းလုံးကိုပင် ဖုံးလွှမ်းလို့လာစေသည်။

ကောင်းဖန်ဘက်မှ ရန်ပြုမည်မဟုတ်ကြောင်း သေချာသွားသည်နှင့် ရဲအရာရှိများလဲ သူ့အနားသို့ကပ်လာကာ ကောင်းဖန်လက်များကို ခပ်တင်းတင်းဖမ်းချုပ်ထားလိုက်သည်။

ရဲများက မြန်မြန်ဆန်ဆန်လှုပ်ရှားလာကာ ကြမ်းပေါ်မှ အလောင်းများကို စစ်ဆေးလိုက်ကြသည်။ အလောင်းနှစ်လောင်းလုံး၏ခေါင်းတွင် ကြီးမားသည့် အပေါက်ကြီးများရှိနေကာ ဦးဏှောက်ထိပါက ထုတ်ချင်းပေါက်နေပြီး သွေးများစိမ့်ထွက်ကာ မြေပြင်ပေါ်သို့ ကျဆင်းနေသည်။ အလွန်ကြောက်စရာကောင်းလှသည့် ပုံစံပင်။

အလောင်းတွေက အခုထိနွေးနေကြတုန်းပင်။

ထိုလူနှစ်ယောက်ဘေးမှာတော့ လက်မောင်းအရွယ်ရှိ ကင်းခြေများအလောင်းတစ်လောင်းရှိနေသည်။ ၎င်း၏နှစ်ပိုင်းပြတ်နေပြီး စိမ်းဝါရောင်အရည်များစိမ့်ထွက်နေသည်။ တစ်ဖက်တွင်တော့ ရွံ့စေးရုပ်နှင့်တူသောသားရဲတစ်ကောင်သည် အူသံများပြုနေကာ ဖြည်းညှင်းစွာ လှည့်ပတ်လို့နေသည်။

“အခြေအနေကို ထိန်းချုပ်လိုက်ပါပြီ။ အခြေအနေကို ထိန်းချုပ်လိုက်ပါပြီ။ ဒဏ်ရာရထားတဲ့လူရှိပါတယ်၊ ဆရာဝန်ခေါ်ပေးပါ။” ရဲအရာရှိတစ်ယောက်က စကားပြောစက်မှတစ်ဆင့် ဆက်သွယ်လိုက်သည်။

………

စစ်ဆေးမေးမြန်းရာအခန်းထဲတွင်တော့ အရာရှိတစ်ဦးက မေးမြန်းနေသည်။ “သူတို့ကို ဘာလို့သတ်လိုက်တာလဲ?”

“ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လုပ်သင့်တာလုပ်လိုက်တာပါ။” ကောင်းဖန် ပြန်ဖြေလိုက်သည်။ သူ့ခေါင်းမှာတော့ ပတ်တီးစည်းထားပေသည်။

ကောင်းဖန်၏တည်ငြိမ်အေးဆေးသည့်အမူအရာကြောင့် စစ်ဆေးရေးအရာရှိ မျက်မှောင်ကြုတ်သွားကာ၊ “ငါတို့စုံစမ်းစစ်ဆေးမှုအရ၊ အဲ့ဒီအချိန်တုန်းက သူတို့မှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ဘူး!”

“ဒါပေမယ့် သူတို့ပြန်တိုက်ခိုက်နိုင်လား မတိုက်ခိုက်နိုင်ဘူးလားဆိုတာ ကျွန်တော်မသိဘူးလေ။ နောက်ပြီး သူ့ဘက်က ကျွန်တော့်ခေါင်းကို တူနဲ့ထုထားတာလဲ အရာရှိကြီးမြင်တာပဲ။” ကောင်းဖန် ရယ်လိုက်ကာ သူ့ခေါင်းမှပတ်တီးကို ညွှန်ပြလိုက်သည်။

ဒါပေါ့ ဒီဒဏ်ရာက တူကိုင်ထားသည့်လူ လုပ်သွားတာမဟုတ်ဘဲ ထိုတစ်ယောက်ကို သတ်ပြီးကာမှ ကောင်းဖန်ဘာသာ အတုဖန်တီးလိုက်ခြင်းဖြစ်သည်။

“ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မင်းရဲ့ပင့်ကူသားရဲနဲ့ အဲ့နှစ်ယောက်ကို ထောင်ဖမ်းနိုင်ခဲ့တယ်လေ။ သူတို့ကို ဒီအတိုင်းရဲလက်အပ်လိုက်လို့ရနိုင်တာပဲ။”

ကောင်းဖန် နှုတ်ဆိတ်နေခဲ့သည်။ ထိုလူများက သူ့ကိုသတ်ချင်နေကာ သူကလဲ ထိုနှစ်ယောက်ကို ပြန်အလွတ်မပေးလိုပေ။

သူသာ ရဲဘက်ကိုလွှဲပေးလိုက်ပါက အလွန်ဆုံးမှ ဖောက်ထွင်းမှုနှင့် လူသတ်ရန်ကြံစည်မှုအတွက် စွဲချက်တင်ခံရရုံသာရှိမည်။

ကောင်းဖန် စိတ်ထဲမှ သက်ပြင်းမောတစ်ချက်ချလိုက်မိသည်။ ကြည့်ရတာ …. သူကလဲ လူကောင်းတစ်ယောက်ဟုတ်ပုံမရဘူး။ လူကောင်းတစ်ယောက်၏ဆိုရိုးအဓိပ္ပါယ်ကိုအခြေခံကြည့်လိုက်လျှင် သူကတော့ လူကောင်းတစ်ယောက်မဟုတ်ပေ။

ဒါပေမယ့်၊ အဲ့တော့ကော ဘာဖြစ်လဲ? လူကောင်းဖြစ်တာမဖြစ်တာတွေ သူတစ်ခါမှဂရုစိုက်မနေဖူးဘူး။ ဒီကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်လိုလျှင် ရက်စက်သင့်လဲရက်စက်လိုက်ရမှာပဲ။ ဒါ့အပြင် သူ့ဘက်က ထိုနှစ်ယောက်ကို အခွင့်အရေးတစ်ကြိမ်ပေးခဲ့ပါသေးတယ်။

“အဲ့ဒါက ကျွန်တော့်သားရဲလုပ်သွားတာလေ။ ဟိုလူနှစ်ယောက်က ကျွန်တော့်ကိုသတ်ဖို့ကြိုးစားနေတော့ ကျွန်တော့်သားရဲလဲ ဒေါသထွက်သွားပြီး လက်တုံ့ပြန်တဲ့အနေနဲ့ နှစ်ယောက်လုံးကိုသတ်ပစ်လိုက်တာပေါ့။”

စစ်ဆေးရေးအရာရှိမှာ ပိုလို့မျက်မှောင်ကြုတ်မိလာကာ မေးခွန်းဆက်မေးချင်နေသော်လည်း ထိုအချိန်မှာပဲ တံခါးခေါက်သံတစ်ခုထွက်လာခဲ့သည်။

အရာရှိ တံခါးသွားဖွင့်လိုက်ချိန်တွင်တော့ အပြင်ဘက်တွင်ရပ်နေသည့် ဌာနခေါင်းဆောင်ကိုတွေ့လိုက်ရသည်။ ထို့အပြင် ခေါင်းဆောင်၏ဘေးတွင် သူမမှတ်မိသောလူအိုကြီးတစ်ယောက်လဲ ရှိနေသေးသည်။

“စုံစမ်းစစ်ဆေးမှုရလဒ်ထွက်လာပြီ၊ ဟိုနှစ်ယောက်က ချိုးဖောက်ဝင်ရောက်ပြီး လူသတ်မှုကျူးလွန်ဖို့ကြိုးပမ်းကြတာ။ နစ်နာသူဘက်က ခုခံကာကွယ်ခဲ့ရုံပဲ။” ခေါင်းဆောင်ကပြောလိုက်သည်။

ခေါင်းဆောင်ရောက်လာသည်ကိုမြင်လိုက်ကတည်းက စစ်ဆေးရေးအရာရှိလဲ ဤအမှုမှ သူလက်ရှောင်လိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်ပြီးဖြစ်သည်။ သူလဲ ခေါင်းညိတ်ပြလိုက်ကာ ဘောပင်နှင့်စာရွက်ကိုရှင်းထုတ်ပြီး စစ်ဆေးမေးမြန်းရေးအခန်းထဲမှ ထွက်သွားတော့သည်။

“ဦးလေးလျို?”

ကောင်းဖန် ခေါင်းဆောင်၏ဘေးတွင်ရပ်နေသောလူကို သတိထားမိလိုက်သည်၊ သူကတကယ်ကိုမယုံနိုင်လောက်အောင်ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ဦးလေးလျို ဒီမှာပေါ်လာလိမ့်မယ်လို့သူဘယ်တုန်းကမှမတွေးဖူးဘူး။

ဦးလေးလျိုမှာရိုးရှင်းတဲ့နောက်ခံမရှိဘူးဆိုတာသူသိပေမယ့် သူကရဲအရာရှိအကြီးအကဲအနားမှာရပ်နေတာကိုတွေ့လိုက်တော့ ဦးလေးလျိုရဲ့အစစ်အမှန်ကိုခန့်မှန်းဖို့ကြိုးစား ကြည့်လိုက်သည်။

“အဆင်ပြေပါတယ်၊ အကုန်လုံးအဆင်ပြေသွားပြီ၊ ပြန်ကြစို့။” ဦးလေးလျိုကကောင်းဖန်ကိုပြုံးကာပြောလိုက်သည်။

ကောင်းဖန်ကရဲစခန်းမှထွက်လာစဉ် သူ့ကိုဖိအားပေးနေသောမေးခွန်းပေါင်းများစွာရှိသည်။ သူကမေးချင်နေတုန်းဖြစ်ပေမယ့် စကားလုံးတွေထွက်လာဖို့ကို ဘယ်ကစလိုက်ရမလဲဆိုတာမသိဘူးဖြစ်နေသည်။

ထိုကဲ့သို့ထူးဆန်းပြီးတိတ်ဆိတ်သောပတ်ဝန်းကျင်တွင် သူတို့နှစ်ယောက်လဲ လှေကားအောက်ခြေသို့ရောက်နေပြီဖြစ်သည်။

“မင်းကိုကာကွယ်ဖို့ အခြားတစ်ယောက်က ငါ့ကိုတာဝန်ပေးထားတာ။” ဦးလေးလျိုက ရုတ်တရက်အပေါ်ထပ်သို့တက်နေချိန်တွင် ပြောလိုက်သည်။

ကောင်းဖန်ကအံ့ဩသွားပြီးလှည့်ကြည့်လိုက်သည်။ သူကဦးလေးလျိုဆီမှာဘဲမျက်လုံးတွေကို ကျောက်ချထားလိုက်တော့သည်။

ဦးလေးလျိုကသူ့မျက်နှာပေါ်မှာတွင်ပွင့်လန်းနေသော ဂန္ဓာမာပန်းကဲ့သို့ပင်တောက်ပနေသောအပြုံးတစ်ခုပေါ်လာပြီး, “ဘယ်သူလဲဆိုတာမင်းမသိချင်ဘူးလား”

ကောင်းဖန်ဦးလေးလျိုကိုကြည့်လိုက်ပြီး သူကအနည်းငယ်သံသယဖြစ်စွာနှင့် “ကျွန်တော့အမေဘက်ကအဘိုးလား?”

သူက အဖြေမှန်ကို အလွယ်လေးခန့်မှန်းနိုင်လိုက်တာပဲ! ဉီးလေးလျို၏အပြုံးက အေးခဲသွားတော့သည်။

“သာမန်လူတွေဆိုဒီလောက်အများကြီးကြိုးစားအားထုတ်မှာမဟုတ်ဘူး။ နောက်ပြီး… ဘယ်သူကမိဘမဲ့တစ်ယောက်ကိုစောင့်ရှောက်မှာလဲ။” ကောင်းဖန်ပုံစံက တည်ငြိမ်လို့နေသည်။ အစင်းလေးကထိုသူခိုးနှစ်ယောက်ကိုသတ်လိုက်တာတောင်သူ့ခံစားချက်များက ထူးဆန်းနေသည်။

“ကပ်ဆိုးကြီးကတည်းက အဘိုးရဲ့ဘဝနဲ့သေဆုံးသွားပြီလားဆိုတာ သေချာမသိပေမယ့် အဖိုးကသေချာပေါက်မတော်တဆတစ်ခုနဲ့ကြုံခဲ့ရတယ်လို့လည်း ဆိုလိုတာ မဟုတ်ပါဘူး… ကျွန်တော်စဉ်းစားမိတဲ့တစ်ယောက်တည်းသောသူက သူတစ်ယောက်တည်းမလို့ပါ။ ကျွန်တော့်ကိုကာကွယ်ဖို့ တစ်စုံတစ်ယောက်က တစ်ခြားတစ်ယောက်ကို ဘာလို့ဒီလောက်အပို ကြိုးစားမှုတွေလုပ်ခိုင်းနေလဲဆိုတာ ကျွန်တော်တကယ်မမြင်နိုင်ခဲ့ဘူးပဲ။” ကောင်းဖန်က သူ့ကိုယ်သူလှောင်ပြောင်ကာပြောလိုက်သည်။

ဦးလေးလျိုကသူ့ကိုဘာအဖြေမှပြန်မပေးပေ။ ဒါပေမယ့် ဦးလေးလျို၏အမူအရာအရ သူ၏အဖြေကိုသိနေသည်။

သူကသက်ပြင်းချလိုက်သည်၊ ကောင်းဖန်၏စိတ်အခြေအနေကရှုပ်ထွေးနေပုံရသည်။ “အဖိုးရောနေကောင်းလား?”

ဘယ်လိုဘဲဖြစ်နေပါစေ, ထိုသူကသူ့အဖိုးဖြစ်သည်၊သွေးကရေထက်ပြစ်သည်လေ။

အဖိုးမှာလည်းသူ့ဆီကိုမလာဖို့အတွက် ကိုယ်ပိုင်အကြောင်းပြချက်တွေရှိလောက်မည်။

အဖိုးဖြစ်သူကသူ့ကိုကာကွယ်ရန်တစ်စုံတစ်ယောက်ကိုစေလွှတ်ခြင်းအတွက် ယုတ္တိရှိသည့်ရှင်းပြချက်မရှိပေ။

“အဖိုးကြီးကျီကတော့အခုထိကောင်းပြီး သွက်လက်နေတုန်းဘဲ၊ သူ့အတွက် နောက်ထပ်နှစ်အနည်းငယ်လောက်နေပြီးအသက်ရှင်ဖို့ကမခဲယဉ်းပါဘူး၊” ဦးလေးလျို ကရယ်ကာပြောလိုက်သည်၊ “ အကြောင်းတစ်ခုကတော့ ကုမ္မဏီဘက်မှာတစ်ခုခုဖြစ်ခဲ့ တယ်။ ဒီနှစ်နှစ်အတွင်းသူကမင်းကိုလာမရှာနိုင်ခဲ့ဘူး။ ဒါပေမယ့်ကုမ္မဏီနဲ့ပတ်သတ်တဲ့ ကိစ္စကအခုတော့ပြီးသွားပါပြီ။ မင်းဒီနေ့ရဲစခန်းပို့ခံလိုက်ရတာကြားတော့ အဖိုးကြီးကျီကအရမ်းဒေါသတွေထွက်နေတာလေ။ ငါ သူဒေါသထွက်တာကိုမြင်ရတာ ရှားတယ်၊ ကုမ္မဏီကတစ်ယောက်ကသူ့ဆီကနေအာဏာယူဖို့ကြိုးစားတာတောင် သူက ဒေါသမထွက်ခဲ့တာမဟုတ်ဘူးလေ။”

“အင်း” ကောင်းဖန်ကတိတ်ဆိတ်နေသည်၊ “သူကောင်းကောင်းနေနေမှာပါ။”

သူက ကမ္ဘာပေါ်မှာသူ့ရဲ့ဆွေမျိုးတစ်ယောက်ရှိနေသေးတယ်ဆိုသည့် ရုတ်တရက်ရှာတွေ့မှုကိုသူနားမလည်နိုင်သေးပေ။ သူကအပေါ်ယံမှာသာတည်ငြိမ်သလိုဟန်ဆောင်နေပေမယ့် သူ့ရဲ့နှလုံးထဲမှာတော့လုံးဝကိုမငြိမ်မသက်ဖြစ်နေသည်။

ဦးလေးလျိုကကောင်းဖန်တစ်ယောက်တည်းနေဖို့အတွက် ထွက်သွားသင့်သည့် အချိန်မှန်းသိသည်။

သူအိမ်ပြန်ရောက်တော့, ကောင်းဖန် တည်ငြိမ်နေဟန်ဖြင့် ကြာကြာဆက်မနေနိုင်တော့ပေ။ သူက အသီးအရွက်လှီးနေရင်းသူ့လက်ကိုလှီးမိလိုက်သည်။

ဧည့်ခန်းထဲတွင်အိပ်နေသောတာ့ဇီကလန့်ဖျတ်ကာနိုးလာသည်။ တစ်ယောက်ယောက်ကငါ့ခြေထောက်ကိုထိလိုက်တာလား?

ဘယ်သူလဲ?

ဘယ်သူလဲ? တာ့ဇီကတွေးလိုက်သည်။

သူကနိုးနိုးချင်းအိမ်ထဲသို့လှည့်ပတ်ကြည့်လိုက်သည်၊

ကောင်းဖန်ကသက်ပြင်းချလိုက်ပြီး တစ်ဝက်တစ်ပျက်နှင့်လှီးထားသောသခွားသီးများ ကိုကြည့်နေသည်။

သူကအသီးအရွက်များကိုအိုးထဲသို့ပစ်ထည့်လိုက်ပြီး စ၍ချက်ပြုတ်တော့သည်။

ဒီနေ့, အစင်းလေးရဲ့ဆင့်ကဲဖြစ်စဉ်ဖြစ်နေတုန်းတွင် မတော်တဆတစ်ခုဖြစ်ခဲ့သည်။ ကောင်းဖန်ကသူ့အဖိုးအသက်ရှင်နေခဲ့တာကို မတော်တဆသိရှိလိုက်ရပြီး ဤနှစ်တွေအတွင်း သူ့ကိုတိတ်တဆိတ်စောင့်ရှောက်ခဲ့သောလူ၏ အစစ်အမှန်ပုံစံကိုလည်း နားလည်ခဲ့သည်။

ကောင်းဖန်အနည်းငယ်ပင်ပန်းသွားခဲ့ပေပြီ။ သူခဏလောက်အနားယူချင်မိတယ်။

***

အပိုင်း ၁၁၁ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်

ကောင်းဖန် အိပ်မက်ထဲတွင် လူနှစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။ တစ်ယောက်ကတော့ တူရှည်ကြီးနှင့်ဖြစ်ကာ ကျန်တစ်ယောက်တော့ ဓါးမြှောင်နှင့်ဖြစ်ပြီး နှစ်ယောက်လုံးက သူ့အသက်ကိုခြိမ်းခြောက်နေကြသည်။

ကောင်းဖန်ဘယ်လောက်ပဲ ပြေးနေပါစေ မလွတ်မြောက်နိုင်ပေ။ နောက်ဆုံးမှာတော့ ကောင်းဖန် ငိုယိုကာရပ်နေမိတော့သည်။

ဒါပေါ့ အိပ်မက်ထဲမှာ အမှန်တကယ် ပင်ပန်းနွမ်းနယ်မှုကို မခံစားမိနိုင်ပါဘူး၊ ပင်ပန်းသွားသည်ဆိုတာက သူ့ဦးဏှောက်က မသိစိတ်အရ သူ့အပေါ်သက်ရောက်နေခြင်းသာဖြစ်သည်။

ကောင်းဖန် ချွေးစေးများထွက်လာတာကြောင့် အလွန်မသက်မသာဖြစ်နေတော့သည်။

အိပ်မက်ထဲမှလူတစ်ယောက်က သူ့ကိုလှောင်ပြုံး,ပြုံးပြနေသည်။ သူတို့ထဲမှတစ်ယောက်က လက်ကိုမြှောက်လိုက်ကာ သူ့ကိုရိုက်ချတော့မည့်အချိန်မှာပဲ ရုတ်တရက်ဆိုသလို အနားရှိတောထဲမှ သားရဲတစ်ကောင်ပြေးထွက်လာခဲ့သည်။

၎င်းသည် ရှစ်ထပ်ဆောင်လောက်ရှည်သည့် ပင့်ကူကြီးတစ်ကောင်ဖြစ်ကာ ထိုလူနှစ်ယောက်လုံးကို ၎င်း၏ခြေထောက်များဖြင့် ခြေမွပစ်တော့သည်။

ကောင်းဖန် နိုးလာချိန်မှာတော့ အနည်းငယ်စိတ်ရှုပ်ထွေးနေကာ သူ့မျက်နှာပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။ ထိုလူနှစ်ယောက် သူ့အသက်ကိုယူသွားမည်အား သူကြောက်နေမိတာလား?

ရိုးရိုးသားသားပြောရရင်တော့ ကောင်းဖန် မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် သူက ရက်စက်ကြမ်းကြုတ်သည့်သားရဲများကိုပင် သတ်ဖြတ်ခဲ့သူမဟုတ်လား။ ဘာကြောင့်နဲ့များ လူအနည်းငယ်လောက်ကို ကြောက်နေရမတဲ့လဲ? ထို့အပြင် ထိုနှစ်ယောက်က စကာ သူ့ကိုပြဿနာလာရှာခြင်းဖြစ်သည်။ အစင်းလေးသာ ထိုနေရာတွင်ရှိမနေခဲ့လျှင် သူ့မှာကြယ်တာရာစွမ်းအားတွေလဲ ရှိမနေတာကြောင့် သေသည့်လူက သူသာဖြစ်နေလိမ့်မည်။

တစ်ပတ်ကုန်လွန်သွားပြီးနောက် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲကြီးစဖြေတော့သည်။ ဒါကတော့ ပုံမှန်ကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်သည်။

ဒီလောက်ကတော့ ကောင်းဖန်အတွက် အသေးအဖွဲပဲ! သူလုံးဝမထိတ်လန့်သွားပေ။ စာသေချာကျက်သည့်ကျောင်းသားများအတွက်တော့ ပုံမှန်စာမေးပွဲဆိုတာက ဘယ်တော့မှ ခက်ခဲမည်မဟုတ်ပေ။ ဒါက အလွတ်ကျက်ပြီးဖြေလိုက်ရုံသာဖြစ်သည်။

ကောင်းဖန် သူတို့နှစ်တွင် အဆင့်လေးဝင်ခဲ့သည်။ သူ့အမှတ်ကတော့ ပထမအဆင့်ကျောင်းသားနှင့်၁၅မှတ်သာကွာပေသည်။ အစောပိုင်းက ကောင်းဖန်၏အခြေအနေမကောင်းခဲ့ပေ။ ဒါကြောင့် ကာယအတန်းမှာ အောင်ရုံအမှတ်၆၀သာရခဲ့သည်။ ဒါကြောင့်ပဲ သူ့ပျမ်းမျှအမှတ်က ၂၀လောက်လျော့ကျသွားခြင်းဖြစ်သည်။

သူကိုယ်ပိုင်သားရဲအသစ်ရလိုက်သည့်အချိန်တိုင်း ခန္ဓာကိုယ်ကြံခိုင်မှုပိုတိုးလာမှန်း ကောင်းဖန်သတိပြုမိသည်။ စူပါမန်းတော့မဖြစ်လာနိုင်သော်လည်း ၁ကီလိုမီတာလောက်ကိုတော့ မောပန်းခြင်းမရှိပြေးနိုင်ပေသည်။ ဒါကပဲ ကိုယ်ပိုင်သားရဲများ၏ခွန်အားက သားရဲလေ့ကျင့်သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သက်ရောက်စေကြောင်း သက်သေပြနေခဲ့သည်။

သို့သော်လည်း သားရဲနှစ်ကောင်တိုက်ခိုက်နေသည့်ကြားထဲ တိုက်ရိုက်ဝင်ပါလို့ရအောင်အထိတော့ သားရဲလေ့ကျင့်သူက သန်မာလာလိမ့်မည်မဟုတ်ပေ။ ဘာကြောင့်ဆို သားရဲလေ့ကျင့်သူပြန်ရသည့် စွမ်းအင်ပမာဏသည် ကိုယ်ပိုင်သားရဲ၏စွမ်းအင်မှ ၁ရာခိုင်နှုန်းလောက်သာရှိခြင်းကြောင့်ပင်။ ဒါကြောင့် သားရဲလေ့ကျင့်သူများကို သားရဲများတိုက်ခိုက်နေသည့်ကြား ဝင်ပါခွင့်ပြုခြင်း အလွန်နည်းပါးနေခြင်းဖြစ်သည်။ သားရဲလေ့ကျင့်သူများအတွက်တော့ ဝေးဝေးပိုပြေးနိုင်သ၍ လုံလောက်နေပြီဖြစ်သည်။

အကောင်းဆုံးအခြေအနေတွင်တောင်မှ ကိုယ်ပိုင်သားရဲများသည် သားရဲလေ့ကျင့်သူများ၏ခွန်အားကို ၂၀လောက်သာ တိုးစေနိုင်သည်။

……….

၂ရက်ကြာပြီးနောက်မှာတော့ ပုံမှန်ကောလိပ်ဝင်ခွင့်စာမေးပွဲကြီး ပြီးဆုံးသွားခဲ့သည်။ စာဖြေသူများစွာအတွက်တော့ ၁၂နှစ်ကြာပြီးနောက်ရရှိလာသည့် အလှပဆုံးသော နွေရာသီအားလပ်ရက်ကြီးပင်ဖြစ်တော့သည်။ သူတို့အားလုံး စိတ်လွတ်လက်လွတ်ပျံသန်းနိုင်ကြပြီဖြစ်၍ ပျော်ရွှင်နေကြတော့သည်။

အားလပ်ရက်များကို တစ်ယောက်ယောက်ကသာ အဆင့်သတ်မှတ်လိုက်မည်ဆိုလျှင် အထက်တန်းကျောင်းမှ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက်ရရှိသည့် အားလပ်ရက်င ထိပ်ဆုံးသုံးနေရာထဲဝင်ပေလိမ့်မည်။ စာမေးပွဲပြီးသွားသည့်ကျောင်းသားများမှာ လွတ်လွတ်လပ်လပ်ပြေးလွှားကစားခွင့်ပေးခံလိုက်ရသည့် ခွေးရူးများနှင့်ပင်တူနေသည်။

စာမေးပွဲပြီးသည့်နောက် ကောင်းဖန်ကတော့ ထိုကိစ္စများကို နောက်ပို့ထားပေလိမ့်မည်။ သူဘာတွေပဲလုပ်ခဲ့ပါစေ ရလဒ်တွေက နှစ်ပတ်ကြာပြီးသည်နှင့် ထွက်လာပေလိမ့်မည်။ အခုမှစိုးရိမ်နေလို့လဲ အသုံးမဝင်တော့ပေ။

စာမေးပွဲပြီးနောက် ကောင်းဖန် လေ့ကျင့်ရေးကို မြန်မြန်ဆန်ဆန်ပဲ စတင်ခဲ့သည်။ သူ့သားရဲတွေကို လေ့ကျင့်ပေးရတာထက် ပိုပျော်စရာကောင်းသည့်အရာမရှိကြောင်း သူသိနေခြင်းကြောင့်ပင်။

အန္တရာယ်ကြုံလာရချိန်တွင် အယုံကြည်ရဆုံးအဖော်မှာ သူ့ကိုယ်ပိုင်သားရဲသာဖြစ်သည်။ သူတို့နှင့်အတူ သူပါ ပြီးပြည့်စုံကာ ပြီးမြောက်အောင်မြင်ပြီး တိုးတက်လာသည်ဟု ခံစားမိသည်။

နေ့လည်ပိုင်းတွင် လင်းနို့သားရဲက လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏လှောင်အိမ်ထိပ်တွင် ချိတ်ဆွဲကာနေ,နေပြီး လေ့ကျင့်ရေးကွင်း၏ လာဘ်ကောင်ပင်ဖြစ်လာခဲ့သည်။ ၎င်းက နေ့တိုင်းဆိုသလို ဆိုင်မျက်နှာစာတစ်ခုလို အပို့ခံနေရသည်။ သို့သော် ကံမကောင်းစွာဖြင့် ဘယ်သားရဲကမှ သူ့ကို စိန်ခေါ်ကာ အောင်မြင်မှုမရရှိသေးပေ။

အရိုးခွံတောင်ပံလင်းနို့ပြာသည် လှောင်အိမ်ထိပ်တွင် ချိတ်ဆွဲနေရက်က ပျင်းရိစွာသမ်းဝေလိုက်ပြီး ပတ်ဝန်းကျင်မှလူများကို ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အရိုးခွံတောင်ပံလင်းနို့ပြာ၏သတ္တိမှာ အားကောင်းလာခဲ့သည်။ လူသာများထံမှ နေ့စဉ်အစာနှင့်ရေရရှိနေတာကြောင့် ၎င်း၏ လူသားများအပေါ်ကြောက်ရွံ့မှုမှာ ပျောက်ကွယ်သွားသည်။ သူတို့က သူ့ကိုလေညှင်းခံဖို့တောင် ခွင့်ပြုပေးထားသည်။ ရံဖန်ရံခါတွင်လဲ သတ္တဝါငယ်လေးများနှင့် တိုက်ခိုက်စေကာ သူ့ကိုလေ့ကျင့်ခွင့်ပေးသေးသည်။ ဒါကြောင့် အရိုးခွံတောင်ပံလင်းနို့ပြာ၏နေ့ရက်များဟာ ပျော်ရွှင်ဖွယ်အတိဖြစ်လို့နေသည်။

“နည်းပြ, ကျွန်တော်ဒီနေ့အဲ့ကောင်ကိုစိန်ခေါ်ချင်တယ်!” ချန်းဟန်ချောင်ကနည်းပြကိုပြော လိုက်သည်။

သူ့နောက်တွင်ရပ်နေတာကတော့ သူ၏လျှပ်စီးရောင်စိုဝက်ဝံဖြစ်သည်။

ကောင်းဖန်က၎င်းကိုကြည့်လိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက်, ဒီတုံးအတဲ့ဝက်ဝံက နောက်ထပ်အဆင့်တစ်ခုတိုးနေပြီဖြစ်သည်။ ၎င်း၏အမွှေးများကတောက်ပနေပြီး,၎င်း၏ခန္ဓာကိုယ်ကဝပြီးသန်မာသည်။ ဝက်ဝံတွေကကြီးထွားမှုအလွန်မြန်သည်။

ချန်းဟန်ချောင်ကရိုးခွံတောင်ပံလင်းနို့ပြာကို နှစ်ရက်ကြာတိုင်းစိန်ခေါ်နေသောကြောင့် ၎င်းသည််ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုပင်ဖြစ်လာသည်။

ရိုးခွံတောင်ပံလင်းနို့ပြာက လျှပ်စီးရောင်စိုဝက်ဝံကိုမြင်တော့ ၎င်းကချက်ချင်းပင် ပြင်ဆင်လိုက်သည်။ လင်းနို့အတွက်တော့ထိုကောင်ကကစားစရာတစ်ခုသာဖြစ်သည်။ မိုက်မဲတဲ့ဝက်ဝံကသူနဲ့ကစားဖို့ပြန်လာတယ်ပေါ့။

လင်းနို့သည်လျှပ်စီးရောင်စိုဝက်ဝံကယုံကြည်မှုအပြည့်ဖြင့်လှောင်အိမ်ထဲသို့ လမ်းလျှောက်ဝင်လာသည်ကိုကြည့်နေပြီး, ဘယ်လောက်ဘဲရန်စနေပါစေ, လင်းနို့က ဆင်းမလာပေ။

ထို့ကြောင့်, လျှပ်စီးရောင်စိုဝက်ဝံက အားသိပ်မစိုက်လိုက်ပေ။ ၎င်းကရုတ်တရက် လှောင်အိမ်ထဲသို့ဝင်ပြီးသည်နှင့်ကြမ်းပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်လိုက်သည်။ ၎င်း၏နားရွက်များကအောက်သို့ချလိုက်ပြီးသူ၏နားရွက်များကိုဖုံးလိုက်ကာအိပ်ပျော် သွားသည်။

ရိုးခွံတောင်ပံလင်းနို့ပြာက၎င်းကိုခဏတန်ကြာကြည့်နေပြီး, သူ၏ပါးစပ်ကိုဖွင့်ကာ အသံလှိုင်းဖြင့်တိုက်ခိုက်လိုက်သည်။ သို့သော်,အရည်ထူသောဝက်ဝံက ဘာမှမကွာခြားဘဲဆက်၍အိပ်နေသည်။ ခဏကြာတော့, ရိုးခွံတောင်ပံလင်းနို့ပြာသည်ပျင်းလာသလို ခံစားလိုက်ရသည်၊ ၎င်းကထိုခဏအတွင်းသူ၏မျက်လုံးတွေကိုပိတ်လိုက်ပြီး ကောင်းမွန်စွာနှင့်အိပ်ပျော်သွားပြန်သည်။

လှောင်အိမ်၏အပြင်ဘက်တွင် အဖွဲ့ရှိလူများကမတ်တပ်ရပ်နေကြသည်။ သူတို့က ရှောခ့်ရသွားတော့သည်။ သားရဲနှစ်ကောင်လုံးကအိပ်ပျော်သွားတာလား? ဒီလိုမျိုးလေ?

သူတို့ကိုကြည့်နေတာကာ အကူအညီမဲ့နေသလိုပင်ခံစားလိုက်ရသည်။ နည်းပြခေါင်းဆောင်ချန်းကလည်း မပျော်မရွှင်ဖြစ်နေသည်။ သူကသူတို့ကိုတိုက်ခိုက် စေချင်တာ, အိပ်စေချင်တာမဟုတ်ဘူး! သူကလျင်လျင်မြန်မြန်ဘဲ ချန်းဟန်ချောင်ကို ပြောလိုက်ပြီး သူ၏လျှပ်စီးရောင်စိုဝက်ဝံကို ခေါ်ထုတ်စေကာ အထင်သေးစွာနှင့် ပြောလိုက်သည်, “ချန်းဟန်ချောင်တစ်ယောက်တည်းကပဲ စိန်ခေါ်ဖို့ကိုအပြင်းအထန် ကြိုးစားတယ်။ သူမအောင်မြင်ပေမယ့်သူရဲ့စိတ်ဓာတ်ကတော့သင်ယူဖို့ထိုက်တန်တယ်!”

ခဏရပ်ပြီးနောက်,ခေါင်းဆောင်နည်းပြချန်းကတီးတိုးပြောလိုက်သည်, “မင်းတို့ကိုအားပေးဖို့ , အကယ်၍ရိုးခွံတောင်ပံလင်းနို့ပြာကိုနိုင်အောင်တိုက်နိုင်ရင်, အဲ့ကောင်ကမင်းတို့ဟာဖြစ်လာလိမ့်မယ်!”

ဒီရိုးခွံတောင်ပံလင်းနို့ပြာ၏စွမ်းဆောင်ရည်အရ သေချာပေါက်ကို အထွတ်အထိပ် ထိပ်တန်းအဆင့်သားရဲဖြစ်သည်။ ၎င်းနှင့်စာချုပ်ချုပ်ဆိုခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်းမွန်သောရွေးချယ်မှုဖြစ်သည်။ အထွတ်အထိပ်အဆင့်အတန်း ပျံသန်းသည့် အမျိုးအစားထိပ်တန်းသားရဲသည် အနည်းဆုံးရာဂဏန်းမဟာမိတ်ခရက်ဒစ်တန်ဖိုး ရှိမည်။

မရိုက်နှက်ခင်သားရဲများသည် အသက်ရှင်နေသည်ဖြစ်စေ,သေနေသည်ဖြစ်စေ, စစ်တပ်ကိုပေးထားခြင်းဖြစ်သည်၊ ထိုအထူးအခြေအနေမျိုးတွင်, လူအများစုကအကူ အညီမဲ့နေသော်လည်းသွေးဆောင်မှုကိုတော့မခံစားနိုင်ကြပေ။ တစ်ချိန်တည်းမှာပင်, ခေါင်းဆောင်နည်းပြချန်းသည် သူတို့ကိုလှုံ့ဆော်ရန်အတွက် ငွေအများကြီးပုံအောသုံးနေကြောင်းကိုပါ ခံစားလိုက်ရသည်။

ကောင်းဖန်လည်းသွေးဆောင်ခံလိုက်ရသည်ဆိုတာကိုဝန်ခံသည်။ ဒါကသူရဲ့အလိုဆန္ဒကိုထိရောက်စေသောကမ်းလှမ်းမှုတစ်ခုဖြစ်သည်။

ဘာဘဲဖြစ်ဖြစ်သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်ဖြေဖို့ လဝက်သာကျန်တော့သည်။ သူကမနက်ဖြန်ဒမ်ဘီကိုခေါ်လာမည်ဖြစ်သည်။ သူ့ကိုဖုံးကွယ်ဖို့နည်းလမ်းမရှိပေ, ဒါပေမယ့်သူ့မှာအချိန်မရှိပေ, ခပ်လျိုလျိုနေခိုင်းခြင်းသည်ဖုံးကွယ်ရန်ဆိုတာကို မရည်ရွယ်ပေ။ သူသည်ရံဖန်ရံခါအားသန်သောပြိုင်ဘက်ပုံစံကိုဖျောက်၍အားပျော့ သောပုံကိုဟန်ဆောင်နိုင်သော်လည်း, အားနည်းနေဟန်ဆောင်ခြင်းကကြာလာလျှင် သူ့ကိုအားပျော့သွားစေသည်။

တစ်ဦး၏စွမ်းရည်ကိုထုတ်ဖော်ပြသရန်လိုအပ်လာသောအခါ ၎င်းတို့သည် သူတို့၏ တိုးတက်မှုအတွက်အထောက်အကူဖြစ်စေမည့်အရင်းအမြစ်ကိုပိုမိုဆွဲဆောင်ရန် ၎င်းကိုလုံလောက်စွာပြသရန်လိုအပ်သည်။

သို့သော်ကြီးမားသောဖြစ်ရပ်တစ်ခုသည် ကောင်းဖန်မှန်မှန်လှုပ်ရှားနေမှုကိုဖြိုခွဲပစ် လိုက်ပြီး, ၎င်းကကမ္ဘာကြီးကိုသူ့အား အာရုံစိုက်စေသည်။

ဇွန်လ၁၀ရက်နေ့တွင် လူသားတစ်ဦးသည်အလွန်လျင်မြန်သောအရှိန်ဖြင့် သတင်းတစ်ခုကိုကမ္ဘာတစ်ဝှမ်းလုံးသို့ဖြန့်ခဲ့သည်။ ထိုသတင်းက မရေမတွက်နိုင်သောလူများကြားတွင်ဆွေးနွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာသစ်မဟာမိတ်အစိုးရသည် ကမ္ဘာ့ထိပ်တန်းသားရဲလေ့ကျင့်ရေးကောလိပ်များကိုစုစည်းခဲ့သည်။

သားရဲအမဲလိုက်အဖွဲ့အစည်းနှင့် သားရဲပျိုးထောင်သူအဖွဲ့အစည်းတို့သည် သားရဲလေ့ကျင့်သူအဖွဲ့ချုပ်သို့ ၎င်းတို့၏ပေါင်းစည်းမှုကိုတရားဝင်ကြေငြာခဲ့သည်။ သူတို့သည်သားရဲအမဲလိုက်ဌာနနှင့်သားရဲပျိုးထောင်သူတို့၏ အစိတ်အပိုင်းဖြစ်လာခဲ့ သည်။

ညတွင်းချင်းပင်, သားရဲလေ့ကျင့်သူအဖွဲ့ချုပ်သည် ကမ္ဘာသစ်မဟာမိတ်အဖွဲ့ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်လာခဲ့သည်။

***

အပိုင်း ၁၁၂ ဒမ်ဘီကိုခေါ်သွားခြင်း

နောက်ပိုင်းတွင် တစ်နှစ်တာ၏ပထမဆုံးသော သားရဲလေ့ကျင့်သူကောလိပ်နှင့်ပတ်သတ်သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းကို သားရဲလေ့ကျင့်သူအဖွဲ့ချုပ်နှင့် ကမ္ဘာသစ်မဟာမိတ်အစိုးရအဖွဲ့တို့ ပူးတွဲကျင်းပမည်ဖြစ်သည်။

သားရဲလေ့ကျင့်သူအဖွဲ့ချုပ်သည် ကိုယ်ပိုင်သားရဲများ၏အမျိုးအစားခွဲခြားမှု စံနှုန်းများကို မိတ်ဆက်ပေးမည့်သူများဖြစ်သည်။ သူတို့ဘက်က ကိုယ်ပိုင်သားရဲများကို သာမာန်အဆင့်၊ ထိပ်တန်းအဆင့်၊ အုပ်ချုပ်သူအဆင့်နှင့် သခင်အဆင့်ဟူ၍ တရားဝင်အဆင့်လေးဆင့် ခွဲခြားပေးထားသည်။

သူ့တို့ဘက်မှ သခင်အဆင့်၏အထက်မှရှိသော သားရဲများကိုတော့ သူတို့ကိုယ်တိုင်လဲ ရှာဖွေတွေ့ရှိထားခြင်းမရှိသေးတာကြောင့် မကြေညာသေးရန် ဆုံးဖြတ်ထားကြသည်။

အရင်ကတော့ အမျိုးအစားခွဲခြားမှုများရှိသော်လည်း ထိုအမျိုးအစားအသစ်ခွဲခြားမှုကို အသိအမှတ်ပြုလက်မှတ်များရယူဖို့ရန်အတွက် အသုံးပြုနိုင်ပေသည်။ သူတို့ဘက်က ကိုယ်ပိုင်သားရဲအဆင့်အသီးသီးကို သူတို့နှင့်ကိုက်ညီမည့် အသိအမှတ်ပြုလက်မှတ်များရယူဖို့ရန် ခွင့်ပြုထားသည်။ သခင်အဆင့်နှင့်အထက်ရရှိထားသူများသည် နှစ်စဉ်ထောက်ပံ့ကြေးများ ရရှိနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအားလုံးကို ဝင်ရောက်ချိန်မှာလဲ ဦးစားပေးခံရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းသည် ကြားနေအဖွဲ့အဖြစ်သာနေမည်ဟုလဲ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်က ကြေညာခဲ့သည်။ သူတို့က ကမ္ဘာသစ်မဟာမိတ်အစိုးရ၏ပြည်တွင်းရေး ဂိုဏ်းခွဲတိုက်ခိုက်မှုများကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ သားရဲလေ့ကျင့်သူများအားလုံး တာဝန်ထမ်းဆောင်နိုင်သည့် အင်အားစုတစ်ရပ်သာဖြစ်သည်။

သားရဲလေ့ကျင့်သူအဖွဲ့ချုပ်ကို ထူထောင်ဖို့ အချိန်ဘယ်လောက်ကြာအောင် ပြင်ဆင်ခဲ့လဲဆိုတာတော့မသေချာပေ။ အခုတော့ ၎င်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် မိုးရွာပြီးနောက် မှိုပွင့်များပွင့်လာသလိုမျိုး ညတွင်းချင်း ဌာနခွဲများ ပေါ်ထွက်လာခဲ့သည်။

………..

နောက်တစ်နေ့မှာတော့ ကောင်းဖန် လေ့ကျင့်ရေးကွင်းဆီသို့ ဒမ်ဘီကိုခေါ်ဆောင်သွားခဲ့သည်။

အကျင့်အတိုင်း ဆီလီကလဲ ကောင်းဖန်၏ခေါင်းပေါ်သို့ ရောက်လာခဲ့သည်။ ကောင်းဖန် နှစ်ကြိမ်လောက် တွန်းထုတ်ပြီးနောက်တွင်တော့ ဆီလီကိုဆက်ပြီးဂရုစိုက်ဖို့ရန်ပင် ပျင်းလာတော့သည်။

ကောင်းဖန် သက်ပြင်းရှည်ကြီးချလိုက်ကာ၊ “မင်းဘာလို့ ငါ့ခေါင်းပေါ်တက်နေရတာ ကြိုက်တာလဲ? ဒမ်ဘီခေါင်းပေါ်ကျ ဘာလို့သွားမနေတာတုန်း?”

“အေးတယ်၊ အေးတယ်။” ဆီလီပြန်ပြောလိုက်သည်။

ကောင်းဖန် တောင့်ခဲသွားတော့သည်။ နောက်တစ်ခါ အဆင့်တက်လျှင် ဆီလီ၏အရောင်ကိုပြောင်းပစ်ဖို့ ကောင်းဖန် တိတ်တဆိတ်ကြုံးဝါးထားလိုက်တော့သည်။

ဒီအစိမ်းရောင်ကြီးထက် ပန်းရောင်ကမှပိုကောင်းသေးတယ်!

ကောင်းဖန် ဒမ်ဘီကိုခေါ်လာသည်အား မုထျယ်ယင်းမြင်လိုက်သည်နှင့် သူမစိတ်နှလုံးသားထဲ သက်သာရာရသွားသည်။ ထူးထူးဆန်းဆန်း ဒမ်ဘီအပေါ်တွင် သူမယုံကြည်နေမိသည်။ ဒါကလဲ ဒမ်ဘီ၏အရင်တစ်ခေါက် လုပ်ဆောင်ချက်က သူမအပေါ် လေးလေးနက်နက် ကျေးဇူးတင်စိတ်ရှိသွားစေခြင်းကြောင့်ဖြစ်နိုင်သည်။

ခေါင်းဆောင်နည်းပြချန်း အရင်နေ့ကပြောခဲ့သည့်စကားကြောင့်များလားမသိ လူများစွာက အရိုးခွံတောင်ပံလင်းနို့ပြာကို စိန်ခေါ်ဖို့ကြိုးစားကြပေမည့် အားလုံးကျရှုံးခဲ့မြဲသာ။ ဒီလိုနှင့် အရိုးခွံတောင်ပံလင်းနို့ပြာကို စိန်ခေါ်မည့်သူအရေအတွက် နည်းသထက်နည်းလာကာ ထိုသားရဲ၏အင်အားကို သိသွားကြသည့်ပုံပင်။ ၎င်းက သူတို့မှာ ရုတ်တရက်တွန်းအားတစ်ခုရသွားရုံနှင့် အနိုင်ယူနိုင်သည့်အရာမဟုတ်ပေ။

စိန်ခေါ်သူအားလုံး လင်းနို့၏အနိုင်ကျင့်လွှတ်ခြင်းကို ခံခဲ့ရတာကြောင့် ကျောင်းသားအချို့ဆိုလျှင် ကြည့်ဖို့ကိုတောင် လက်လျှော့သွားကြပေပြီ။

“ကျွန်တော် စိန်ခေါ်ချင်တယ်။” ရုတ်တရက်ဆိုသလို ကောင်းဖန်၏အသံက ထွက်ပေါ်လာခဲ့သည်။ ကောင်းဖန် ထွက်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံခြုံထားသည့် ဒမ်ဘီကလဲ နောက်မှတပါတည်းလိုက်လာခဲ့သည်။

ခေါင်းဆောင်နည်းပြချန်းက ကောင်းဖန်ကိုကြည့်လိုက်ကာ ဒမ်ဘီကိုတစ်လှည့်ကြည့်လိုက်သည်။ ဒမ်ဘီက ကောင်းဖန်ထက် အရပ်ပိုရှည်ကြောင်းမြင်လိုက်သည်နှင့် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ကာ၊ “ကံကောင်းပါစေ” ဟုပြောလိုက်သည်။

“သူပဲ၊” ကောင်းဖန်အနောက်ရှိ ကတုံးဆံပင်နှင့်လူငယ်က ကောင်းဖန်နှင့်ဒမ်ဘီကို မှတ်မိသွားခဲ့သည်။ သူ့မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးသည့်ခံစားချက်များပေါ်နေခဲ့သည်။ သူက တစ်နည်းတစ်ဖုံဖြင့် ဒေါသထွက်နေမိသလို ဝမ်းနည်းသည့်စိတ်လဲရှိနေသည်။ သူကိုယ်တိုင်ကတော့ သတိမထားမိပေမည့် ရိုသေလေးစားသလိုမျိုးလဲ ခံစားနေမိသည်။

အနီရောင်ဂျက်ကတ်နှင့်လူငယ်သည် ဒီနေ့မှာတော့ အနက်ရောင်အစင်းနှင့် အားကစားဝတ်စုံကိုဝတ်ဆင်လို့ထားသည်။ သူ့နောက်မှ မာန်ဟုန်ပြင်းကင်းကောင်ကလဲ ဒမ်ဘီကိုမှတ်မိသွားပုံရသည်။ ၎င်းက ရိုသေလေးစားမှုဖြင့် နောက်သို့ခြေနှစ်လှမ်းဆုတ်ကာ သူ့သခင်နောက်တွင် ကွယ်ရပ်လိုက်သည်။ “သူနိုင်လောက်မယ်လို့ ထင်လား?” လူငယ်က တီးတိုးရေရွတ်လိုက်သည်။ ဒီနေ့တော့ အံ့ဩဖွယ်ရာတစ်ခုကို သူမျက်မြင်တွေ့မြင်ရပေတော့မည်။

သားရဲလေ့ကျင့်သူပေါင်းတစ်ထောင်ကျော်ရှိနေကာ ဘယ်သူကမှ တစ်ယောက်ချင်းစိန်ခေါ်မှုတွင် အရိုးခွံတောင်ပံလင်းနို့ပြာကို အနိုင်မရခဲ့ပေ။ ဒါက အရိုးခွံတောင်ပံလင်းနို့ပြာဘက်က ထိပ်တိုက်မရင်ဆိုင်တာကြောင့်လို့ ပြောလို့ရသော်လည်း ရှုံးတာက ရှုံးတာပင်။

ဒမ်ဘီက လှောင်အိမ်ထဲ ကုန်းကာဝင်သွားသည်။ ထို့နောက် လှောင်အိမ်ထိပ်မှ အရိုးခွံတောင်ပံလင်းနို့ပြာကို မော့လို့ကြည့်လိုက်သည်။

မျက်လုံးများမှိတ်ထားချင်ယောင်ဆောင်နေသည့် အရိုးခွံတောင်ပံလင်းနို့ပြာမှာ ရုတ်တရက်ဆိုသလို အမြီးမှဦးရေပြားအထိ အေးစိမ့်သွားစေသည့်ခံစားချက်ကို ရရှိလိုက်သည်။

၎င်းကသူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး အောက်ဘက်တွင်ရှိနေသောဒမ်ဘီကိုကြည့် လိုက်သည်။

ရိုးခွံတောင်ပံလင်းနို့ပြာသည်နှစ်ကြိမ်စူးစူးဝါးဝါးအော်လိုက်သည်။

ဒမ်ဘီကလည်ပင်းကိုလှုပ်ယမ်းလိုက်ပြီး, ကျယ်လောင်စွာအော်ဟစ်လိုက်ကာညင်သာ စွာနှင့်သူ၏လက်မောင်းများကိုလှည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိအရိုးများက ကျိုးကြေသောအသံကိုပြုလုပ်နေသည်၊ ၎င်း၏သွေးပြန်ကြောများကိုတစ်နည်းနည်းနှင့် ကျယ်လောင်သည့်အသံထွက်လာစေသည်။

တောင်ကြားတွင်အသုံးပြုခဲ့သောသွေးကြောမျှင်နှလုံးသည် ပြန်လည်အားပြည့်ပြီဖြစ် သည်။ ၎င်းက များပြားသောခွန်အားပမာဏနှင့်အတူ လဝက်လောက်အချိန်ယူလိုက်ရ သည်။

ဒါကအချိန်တိုအတွင်းမကြာခဏသုံး၍ရသောစွမ်းရည်တစ်မျိုးမဟုတ်ပေ၊

ရိုးခွံတောင်ပံလင်းနို့ပြာကိုသိစေချင်သောအရာမှာ အောက်ကငနဲဆီမှအန္တရာယ်ရှိသော ခံစားချက်မျိုးပေးနေခြင်းကြောင့်ပင်ဖြစ်သည်၊ ထိုခံစားချက်ကအရင်တုန်းကသားရဲ တွေအများကြီးနဲ့တုန်းကအများကြီးမခံစားခဲ့ရဖူးဘူးဖြစ်သည်။

ဒမ်ဘီသည်အနက်ရောင်ဝတ်ရုံကိုဖြည်းဖြည်းချင်းချွတ်လိုက်သည်။ ဝတ်ရုံသည်၎င်း၏ ခန္ဓာကိုယ်မှကျွတ်သွားသောအခါ လှောင်အိမ်အပြင်ဘက်မှလူများသည် ပင့်သက်ရှိုက်လိုက်ပြီးပွက်လောရိုက်ကုန်ကြသည်။

ဒါကဖုတ်ကောင်အမျိုးအစားသားရဲဘဲ! အနီရောင်အစင်းကြောင်းလေးများသည်၎င်း၏ ခန္ဓာကိုယ်အတွင်းတွင်ဖြတ်သန်းသွားနေကြသည်။ ၎င်းတို့ကကြောက်ဖို့ကောင်းသော သွေးပြန်ကြောများနှင့်တူသည်။

ထို့ကြောင့်ပဲ ကောင်းဖန်သည်ဒမ်ဘီအား၎င်း၏အစစ်အမှန်ခန္ဓာကိုယ်ပြခွင့်ပေးလိုက်တာဖြစ်သည်။ ဖုတ်ကောင်အမျိုးအစားသည်ချန်အန်းမြို့တွင်အလွန်ရှားသည်၊ အကယ်၍ဒမ်ဘီကသူ၏ခန္ဓာကိုယ်ကိုပြလျှင် ၎င်းသည်အလွန်ကိုမျက်စိဖမ်းစားပြီး စွဲမက်ဖွယ်ကောင်းသည်။

ဒမ်ဘီတွင် ၎င်း၏မျက်လုံးများရှိသင့်သောနေရာ၌ အပြာရောင်မီးတောက်များရှိသည်။ လည်နှုန်းမြင့်မားသောမော်တာအင်ဂျင်ကဲ့သို့ သူ၏ရင်ဘတ်ရှိသွေးများသည်ပြင်းထန် စွာခုန်လှုပ်နေသည်။ စည်းချက်ကျရိုက်ခတ်မှုအရှိန်များသည်ပိုလျင်မြန်လာသည်နှင့် အတူပိုမိုနီးကပ်စွာရွေ့လျားနေကြသည်။

ဒမ်ဘီသည်နောက်သို့ဆုတ်လိုက်ပြီးနောက် ဝိုင်ယာကြိုးနံရံသို့ရှေ့သို့နှစ်လှမ်းတက် လိုက်ကာတိုက်ရိုက်,ရိုက်နှက်လိုက်သည်။ ၎င်း၏အံ့ဩစရာကောင်းသောအစွမ်းသတ္တိ များသည်ဝိုင်ယာကြိုး၏ပုံစံများကိုတွန့်ကွေးသွားစေသည်၊ ၎င်းကသူ၏လက်များကို အပေါက်ထဲသို့ထည့်လိုက်ပြီး ပိုက်ကွက်များကိုကျောက်တုံးကဲ့သို့သုံးကာလှမ်းလိုက် ပြီးလေပြင်းကဲ့သို့ လျင်မြန်စွာတက်သွားလိုက်သည်။

ဒမ်ဘီသည်လှောင်အိမ်အစွန်းကိုကိုင်ထားပြီးတွဲလောင်းနေနေသည်။ ၎င်းကသူ၏ ခြေထောက်များအားဝိုင်ယာကြိုးကိုတွန်းလိုက်ကာ ၎င်း၏လက်ကိုဖွင့်လိုက်ပြီး ရှေ့သို့ခုန်လိုက်သည်၊ ကြောင်မြီးရွက်ပန်ကာကဲ့သို့ ရိုးခွံတောင်ပံလင်းနို့ပြာဆီသို့ တစ်ဟုန်ထိုးတက်လာတော့သည်။

ရိုးခွံတောင်ပံလင်းနို့ပြာသည်တုံ့ပြန်မှုနှေးကွေးနေလျှင်တောင်မှ အချိန်မှီတုန့်ပြန်နိုင် သေးသည်။ ဒမ်ဘီသည်အလွန်ပြင်းထန်သောလှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်သည်။

၎င်းသည်၎င်း၏အတောင်ပံများကိုဖြန့်လိုက်ပြီး တိုက်ခိုက်မှုကိုရှောင်ခဲ့သည်၊ ဒမ်ဘီ သည်၁၆၅ပေအမြင့်မှပြုတ်ကျခဲ့သည်။

ဒမ်ဘီသည်သမံသလင်းပေါ်သို့ပြုတ်ကျသွားသောအခါ မြေကြီးပင်တုန်လှုပ်သွားတော့ သည်၊ ခရုပတ်ပုံစံများကဲ့သို့အက်ကွဲကြောင်းများပေါ်လာတော့သည်။

ဝိုင်ယာကြိုးလှောင်အိမ်သည်ယိမ်းထိုးသွားပြီး အတော်အတန်ကြာတုန်လှုပ်နေတော့ သည်၊

၎င်း၏တိုက်ခိုက်မှုသည်ရန်သူကိုမထိမှန်ခဲ့သော်လည်း ဒမ်ဘီသည်လူတိုင်းကို ထိတ်လန့်သွားစေသည်၊

အရမ်းမိုက်တာဘဲ! စစ်မှန်ပြီးကျက်သရေရှိတဲ့တိုက်ခိုက်မှုဘဲ၊ အနီရောင်ဂျတ်ကပ်နှင့် လူငယ်ကလှည့်ကာသူ၏မာန်ဟုန်ပြင်းအနက်ရောင်ကင်းကောင်ကိုကြည့်ပြီး အထိတ်တလန့်နှင့်, “ငါသင်ယူနိုင်မှာမဟုတ်ဘူး! ငါသင်ယူနိုင်မှာမဟုတ်ဘူး!”

ရိုးခွံတောင်ပံလင်းနို့ပြာသည်လေထဲသို့ပျံသန်းသွားလိုက်သည်၊ ၎င်းကသူ၏ပါးစပ်ကို ဖွင့်လိုက်ပြီး အသံလှိုင်းတစ်ခုကိုထုတ်လွှင့်လိုက်သည်၊ မှန်သံဖြင့်အသံလုံလုံလောက် လောက်မရောက်သောကြောင့်ကျော်းသားများကမကြားနိုင်ဘဲ ပြင်းထန်လှသော အသံလှိုင်းလှောင်အိမ်ထဲတွင်သာပဲ့တင်ထွက်နေသည်၊ ၎င်းသည်ဒမ်ဘီ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်….

ဒမ်ဘီကရိုးခွံတောင်ပံလင်းနို့ပြာကိုကြည့်လိုက်ပြီးနောက်နှေးကွေးစွာပြန်ဆုတ်လိုက် သည်၊ ထို့နောက်လှောင်အိမ်ပေါ်သို့နှစ်ကြိမ်သုံးကြိမ်လောက်တက်လိုက်ပြီး နောက်တစ်ကြိမ်နံရံကိုထပ်ကန်၍ရိုးခွံတောင်ပံလင်းနို့ပြာဆီသို့ခုန်လိုက်သည်။

ထိုသို့သောလှုပ်ရှားမှုမျိုးကို အထူးထိန်းချုပ်ထားသောပတ်ဝန်းကျင်တွင်သာသုံးကြ သည်၊

အခြားနေရာများတွင် ရိုးခွံတောင်ပံလင်းနို့ပြာသည်အကြာကြီးထွက်ပြေးလွတ်မြောက် ပေလိမ့်မည်။ ကံမကောင်းစွာနှင့်၎င်းသည်အလုံပိတ်ပတ်ဝန်းကျင်တွင်မလွတ်မြောက် နိုင်ခဲ့ပါ။ အားလုံးကသူတို့ပေးထားသည့်ပတ်ဝန်းကျင်တွင်သာနေထိုင်ကြရသည်။ ရိုးခွံတောင်ပံလင်းနိ့ပြာသည် အမှားအသေးလေးတစ်ခုပြုလုပ်မိလိုက်ပြီး, ဒမ်ဘီထံမှ ကြမ်းတမ်းသောရိုက်ချက်ကိုခံလိုက်ရသည်။

၎င်းသည်ရာဘာဘောလုံးကဲ့သို့လှောင်အိမ်၏ဘေးနှစ်ဖက်သို့ခုန်ထွက်သွားပြီး မြေပြင် ပေါ်သို့ညင်သာစွာပြုတ်ကျသွားတော့သည်။ ၎င်းသည်ပျံရန်ရုန်းကန်နေသော်လည်း ဒမ်ဘီသည် ဤမျှလောက်ကြိုးစားမှုလေးလောက်နှင့် လွတ်မြောက်ခွင့်မပြုပေ။ အဲ့ဒီအစားဒမ်ဘီကရှေ့သို့အမြန်သွားလိုက်ပြီးပေါက်ကွဲတော့သည်။

ရိုးခွံတောင်ပံလင်းနို့ပြာ၏အတောင်ပံများသည်ကျိုးပဲ့သွားပြီးမျက်လုံးများတွင် ပွန်းပဲ့ဒဏ်ရာများနှင့်မေးရိုးကျိုးသွားခဲ့သည်၊ ၎င်းသည်ပြင်းထန်စွာရိုက်နှက်ခံရပြီး ၎င်း၏နှာခေါင်းမှသွေးများထွက်လာသည်။

All Chapters