← Chapters

အခန်း (၁၁၃-၁၁၆)

Vol. 8 Ch. 113-116

အခန်း (၁၁၃-၁၁၆)

Vol. 8 Ch. 113-116

အပိုင်း ၁၁၃ ဇိမ်ခံကား

အဆုံးမှာတော့ ဒမ်ဘီက အရိုးခွံတောင်ပံလင်းနို့ပြာကို လှောင်အိမ်အပြင်ဘက်သို တရွတ်တိုက်ဆွဲထုတ်သွားသည်။ ဒမ်ဘီပုံစံက အသေကောင်ကြီးကိုဆွဲလာသလိုပုံတောင်ပေါက်သည်။

“အိုး၊ သနားစရာပဲ။ နှာခေါင်းသွေးယိုတဲ့အထိကို ဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရတာပဲ။”

“အဲ့ကောင်ထပ်ပြီး ထောင်လွှားနေလို့မရတော့ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ဒီလင်းနို့ကောင် အရမ်းတွေဘဝင်မြင့်နေတာ။ ဝမ်းသာလိုက်တာ။”

လူများစွာ စုဖွဲ့နေကာ တိုက်ပွဲအကြောင်း ပြောဆိုနေကြသည်။ အားလုံး အံ့အားသင့်သွားကာ ခေါင်းကိုယမ်းလိုက်ကြပြီး ကံဆိုးသွားကြသည့် လင်းနို့အကြောင်းကို ကျေနပ်အားရစွာ ပြောဆိုဆွေးနွေးနေကြတော့သည်။

အရိုးခွံတောင်ပံလင်းနို့ပြာသည် ဖုတ်ကောင်အမျိုးအစားဖြစ်သော်လည်း ခန္ဓာကိုယ်ကိုတော့ အရိုးများဖြင့် မဖွဲ့စည်းထားပေ။ ၎င်း၏ခန္ဓာကိုယ်ပေါ် ထိုးထွက်နေသည့် အရိုးများစွာရှိနေရုံသာဖြစ်ပြီး လတ်ဆတ်သည့်အသွေးနှင့်အသားတို့ ရှိနေတုန်းပင်။

“နည်းပြ၊ နည်းပြပြောခဲ့စကားတည်လား? ကျွန်တော် ဒီအရိုးခွံတောင်ပံလင်းနို့ပြာကို စိတ်ကြိုက်လုပ်နိုင်လား?” ကောင်းဖန်မေးလိုက်သည်။

“မင်းလုပ်ချင်တာ လုပ်လို့ရတယ်။” နည်းပြခေါင်းဆောင်ချန်းက သူ့လက်များကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ ဤအရိုးခွံတောင်ပံလင်းနို့ပြာသည် ပြင်ပကမ္ဘာမှာပင် တန်ဖိုးရှိတာဖြစ်သည်။ ၎င်းကို မဟာမိတ်ခရက်ဒစ်များနှင့် မရောင်းချမီက တခြားသာမာန်သားရဲတစ်ယောက်မျှသာဖြစ်သည်။

တောထဲတွင် စစ်တပ်ရွေးချယ်ဖို့အတွက် သားရဲမြောက်မြားစွာရှိနေတုန်းပင်။ ကြိုးစားအားထုတ်နေသ၍ သူတို့မဖမ်းမိနိုင်သည့် သားရဲဟူ၍ရှိမည်မဟုတ်ပေ။ ဈေးကွက်ထဲတွင် ရောင်းဝယ်နေကြသည့် သားရဲတစ်ဝက်လောက်သည် စစ်တပ်မှဖမ်းပေးထားခြင်းသာဖြစ်သည်။ အင်အားအစစ်အမှန်၏နောက်ကွယ်တွင် စစ်တပ်ဆိုတာ ရှိလို့နေသည်။

ဒီလိုဆိုမှတော့ ကောင်းဖန်လဲ စိတ်အေးကာ ခေါင်းပြန်ညိတ်ပြလိုက်တော့သည်။

ကောင်းဖန် သူ့ကိုပိုမြင့်သွားစေမည့် တစ်နေရာတွင် မတ်တပ်ရပ်လိုက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ဒီအရိုးခွံတောင်ပံလိပ်ပြာကို စိတ်ဝင်စားတဲ့လူရှိလား? မဟာမိတ်ခရက်ဒစ်၅၀၀ပဲကျမှာနော်။ ဒီနေ့အရောင်းကိုသာ လက်လွှတ်လိုက်ရရင် မင်းတို့ နောက်နေ့ဆို အခွင့်အရေးရတော့မှာမဟုတ်ဘူး။ ထိပ်တန်းအဆင့်သားရဲမျိုးရဖို့ နောက်တစ်ကြိမ်အခွင့်အရေးရှိလာပါ့မလားဆိုတာ မသိနိုင်ဘူးနော်။”

ခေါင်းဆောင်နည်းပြချန်းတစ်ယောက် ဒေါသထွက်သွားတော့သည်။ လင်းနို့ကို ကောင်းဖန် သူ့ဘာသာအတွက်သုံးမည်ဟု သူတွေးထားခဲ့ခြင်းဖြစ်သည်။ အခုလို အရိုးခွံတောင်ပံလင်းနို့ပြာ လက်ထဲရောက်သွားတာနဲ့ ရောင်းလိုက်မယ်လို့ ဘယ်သူတွေးမိမှာလဲ?

ခေါင်းဆောင်နည်းပြချန်း မျက်လုံးများကို မှေးမှိတ်ထားမိတော့သည်။ သူရောင်းချင်နေသပဆိုလဲ ရောင်းပါစေတော့ဟုသာ တွေးလိုက်တော့သည်။ ဒီသားရဲကို သူဘယ်လိုဆက်ဆံပါစေ ဒါက သူ့ကိစ္စဖြစ်သွားပြီပဲ။

ဤအရိုးခွံတောင်ပံလင်းနို့ပြာသည် ကောင်းဖန်အတွက်တော့ တန်ဖိုးမရှိပေ။ ၎င်းက တိုက်ပွဲအင်အားမှာ မသန်မာသလို အပျံစွမ်းရည်ကလဲ မကောင်းလှပေ။ ခြုံပြောရလျှင် ၎င်း၏စွမ်းရည်များမှာ လွန်စွာမကောင်းသည့်ဘက်သို့ရောက်သည်။ သူ့မှာပျံသန်းနိုင်သည့်စွမ်းရည်ရှိတာတောင်မှ သိပ်ပြီးအသုံးမဝင်ပေ။

အပျံသားရဲအမျိုးအစားများတွင်ဆိုလျှင် အရိုးခွံတောင်ပံလင်းနို့ပြာများသည် အမြင့်ပျံမှုရော လျင်မြန်နှုန်းရော မရှိပေ။ ၎င်းတို့သည် မပျံသန်းနိုင်သည့်သားရဲများကိုသာ အနိုင်ကျင့်ရုံတတ်နိုင်သည်။ ဒီလိုမျိုးနေထိုင်မှုပုံစံမျိုးက သူတို့ထက်ပိုပြီးကြီးမားသည့် သားရဲများနှင့် ကြုံဆုံရလျှင် ဖျက်ဆီးခံလိုက်ရပေမည်။

ကောင်းဖန်လဲ တခြားအပျံသားရဲအမျိုးအစားများကို တိုက်ခိုက်နိုင်ရန်အတွက် အပျံသားရဲတစ်ကောင်လောက် လေ့ကျင့်ပေးချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ဒမ်ဘီ၊ တာ့ဇီ နှင့်အစင်းလေးတို့ ရှိနေပြီဖြစ်သည်။ သူ့အတွက် အရိုးခွံတောင်ပံလင်းနို့ပြာ ထပ်မလိုအပ်တော့ပေ။

၎င်း၏တိုက်ခိုက်ရေးစွမ်းအားကို မြင့်တင်ဖို့အတွက် သားရဲအဆင့်ကို ကောင်းဖန် မြှင့်ပေးနိုင်သော်လည်း အဆင့်တစ်ခုဆိုတာထက်ကိုပိုသည်။ အဆင့်မြင့်လာလေ အဆင့်မြှင့်ဖို့ရန် လိုအပ်သည့်ပါဝင်ပစ္စည်းများက ပိုလို့ဈေးကြီးလာလေဖြစ်သည်။

ထို့ကြောင့် ကောင်းဖန်က အဆင့်အတန်းမြင့်ပြီးသား ကိုယ်ပိုင်အပျံသားရဲတစ်ကောင်ကို တစ်ခါတည်းမွေးလိုက်ဖို့ ဆင်ထားသည်။ အနည်းဆုံးတော့ တခြားအပျံသားရဲအမျိုးအစားတွေရဲ့ ဖိနှိပ်မှုကို မခံရတော့ဘူးပေါ့။

မုထျယ်ယင်းက အနားသို့လျှောက်လာကာ ပြောလိုက်သည်။ “ငါဝယ်ချင်တယ်၊ ငါ့ကိုရောင်းပါလား။”

ကောင်းဖန် အနည်းငယ်အံ့ဩသွားမိသည်။ မုထျယ်ယင်းဝယ်ချင်လိမ့်မည်ဟု သူမထင်ထားပေ။

“မင်း ဒီလင်းနို့ကို ဝယ်ချင်တာသေချာရဲ့လား?” ကောင်းဖန် တုံ့ဆိုင်းစွာဖြင့်မေးလိုက်သည်။

“ဒါပေါ့၊ စိတ်ရှုပ်မနေစမ်းပါနဲ့။ နင်ကသာ ဒီအရိုးခွံတောင်ပံလင်းနို့ပြာကို အထင်သေးနေတာ ငါတို့ကတော့ အရမ်းတန်ဖိုးထားကြတယ်။” မုထျယ်ယင်း ပြောရင်းဖြင့် ကောင်းဖန်ကို မျက်စောင်းထိုးလိုက်သည်။

ကောင်းဖန် ချက်ချင်းပင် ယဉ်ကျေးသိမ်မွေ့သည့်အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။ သူ့ရဲ့တကယ့်ခံစားချက်အမှန်ကြီး လူကြားထဲဖွင့်ထုတ်ပြောခြင်းခံလိုက်ရတာက အတော်လေးရှက်ဖို့ကောင်းလှသည်။

အရိုးခွံတောင်ပံလင်းနို့ပြာသည် လူသားများ၏အချို့သောခံစားချက်များကို သိရှိနိုင်သည်။ ဒါကြောင့် သူစွန့်ပစ်ခံလိုက်ရသည်ကိုသိကာ ကောင်းဖန်ကို လှည့်မကြည့်မိဘဲ မနေနိုင်တော့ပေ။

ကောင်းဖန်ကတော့ လျစ်လျူရှုထားလိုက်သည်။ သူက ပိုက်ဆံယူပြီးနောက်, သူကအတော်လေးပျော်နေပုံရသည်၊

“ငါဒီညမင်းအတွက်အစားကောင်းဝယ်ပေးမယ်!” ကောင်းဖန်ကအားရကျေနပ်စွာဖြင့် ဒမ်ဘီ၏ပုခုံးကိုပုတ်လိုက်ကာပြောလိုက်သည်။

ဒမ်ဘီကခေါင်းညိတ်လိုက်သည်။ သူကလင်းနို့သည်မြေပြင်ပေါ်တွင်လှဲနေတာကိုတွေ့ ပြီးနောက် ၎င်းကလေးနက်သောအတွေးထဲသို့ရောက်သွားသည်။ ဒီလင်းနို့ကိုသူရှုံး အောင်လုပ်နိုင်တဲ့အခါတိုင်း သူအစားကောင်းစားရမှာလား?

မုထျယ်ရင်းကပြောင်းရွှေ့မှုအမြန်ပြီးစီးသွားပြီး ကောင်းဖန်အားအချိန်တိုအတွင်း ပြောင်းရွှေ့ရန်အတွက်သတိပေးလိုက်သည်။

ကောင်းဖန်သည်အနည်းငယ်စိတ်ခံစားမှုဖြစ်ခဲ့သည်၊ သူမသည်ချမ်းသာသော မိန်းကလေးတစ်ယောက်ဖြစ်ပုံရသည်၊

သားရဲနှင့်စာချုပ်ချုပ်ဆိုရန်အတွက်က, ထိုသားရဲကသဘောတူမှဖြစ်သည်။ ရက်စက်သောနည်းလမ်းကိုသုံးခြင်းသည်အလုပ်မဖြစ်ပါ၊ နောက်ဆုံး, ဒါကရိုင်းစိုင်းသောသားရဲဖြစ်တာကြောင့် ကောင်းဖန်ကသူမကိုသတိပေးလိုက်သည်, “မင်းအဲ့တာနဲ့အပြန်အလှန်ရင်းနှီး အောင်လုပ်တဲ့အခါသတိထားသင့်တယ်။ သူ့ရဲ့အသံလှိုင်းက မင်းကိုအလွယ်တကူ ဒဏ်ရာရစေတယ်။”

မုထျယ်ရင်းကသူနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။

ကျောင်းဆင်းတော့,သားရဲလေ့ကျင့်သူများသည် ဆက်နေ၍လေ့ကျင့်နေကြသည်။ နောက်တော့, နောက်ဆုံးစာမေးပွဲမတိုင်ခင်နှစ်ပတ်သာလိုတော့သည်၊ သူတို့ကဖိအား တွေကိုခံစားနေရပြီး, ကျောင်းသားတွေကလေ့ကျင့်ရန်ကျောင်းဆင်းလျှင်လေ့ကျင့်ရန် နေခဲ့ကြသည်။

သူတို့ကျောင်းထဲကထွက်လာတော့, မုထျယ်ရင်းကကောင်းဖန်ကိုပြောလိုက်သည်, “ငါကို့ဒီတစ်ပတ် တစ်နေရာသီးသန့်ပေးလို့ရလား?”

“ဘာလဲ?” ကောင်းဖန်ကမေးလိုက်ကာကြောင်သွားသည်၊

“နင့်စတူဒီယိုလေ။ နင်ကအရင်လိုမကျော်ကြားသေးဘူးလို့ထင်နေတာလား? ချန်အန်း သားရဲပျိုးထောင်သူစတားမစ္စတာကောင်း, ဟုတ်တယ်မလား?” မုထျယ်ရင်းက ပြောလိုက်သည်၊ “ဒီအသိုင်းအဝန်းထဲမှာမင်းရဲ့ဂုဏ်သတင်းကိုကောင်းကောင်းသိတယ်။ နင့်ရဲ့ငွေလောဘကြောင့်နင်လောဘကြီးတာကိုသိပေမယ့်နင့်ရဲ့နေရာမှာကြိုတင်နေရာ ယူတဲ့သူအရေအတွက်ကအရမ်းမြင့်တယ်၊ ဒါ့ကြောင့်ငါနင့်ကိုပြောပြီးကြိုနေရာယူထား ချင်တာ။ မင်းအဆင်မပြေရင်လည်းအဲ့တာကိုမေ့လိုက်။”

“မင်းကြာစေ့လေးရဲ့အဆင့်ကိုမြှင့်ချင်တာလား?” ကောင်းဖန်ကအဆင်မပြေသော အနေအထားတွင်ရှိသည်။ နောက်, ကြာစေ့လေးကနောက်ထပ်အဆင့်တစ်ခုထပ်တက် သွားလျှင်၎င်းက ထူးခြားအဆင့်သို့ရောက်သွားပြီဖြစ်သည်၊

သူကသားရဲတစ်ကောင်အားထူးခြားအဆင့်သို့ လျင်မြန်စွာတက်နိုင်ရန်ကူညီနိုင်သော စွမ်းရည်ကိုမထုတ်ဖော်ချင်သေးပေ။

အကယ်၍တစ်ယောက်ကကြာစေ့လေးသည်ထူးခြားအဆင့်သို့ရောက်ရှိနေသည်ကို တွေ့လျှင်၎င်းသည်သန္ဓေပြောင်းဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုကြောင့်ဟုထင်လိမ့်မည် ဖြစ်သည်၊ သူတို့ကကောင်းဖန်၏စွမ်းရည်ကြောင့်လို့တော့ခန့်မှန်းမှာမဟုတ်ပေ။

“မဟုတ်ဘူး၊ ဒီကောင်ရဲ့အဆင့်ကိုမြှင့်ချင်တာ” မုထျယ်ရင်းကပြောလိုက်သည်။ သူမ၏ ခြေထောက်နားက ရိုးခွံတောင်ပံလင်းနို့ပြာကိုထိုးပြလိုက်သည်။

“သူ့နဲ့တစ်ပတ်အတွင်းစာချုပ်ချုပ်နိုင်မယ်ဆိုတာ မင်းသေချာလား?” ကောင်းဖန်က အနည်းငယ်အံ့ဩသွားသည်။ ထို့နောက်ဤအခြေအနေသည်သူ၏အခက်အခဲကို ဖြေရှင်းနိုင်သည်ကိုသူသဘောပေါက်လိုက်သည်။ သူကပါးစပ်ကိုအမြန်ပိတ်လိုက်သည်။

သားရဲတွေကိုယဉ်ပါးအောင်ပြုလုပ်ပြီးကိုယ်ပိုင်သားရဲဖြစ်လာအောင်ပြုလုပ်ခြင်းသည် ချစ်ခင်မြတ်နိုးတတ်သောစွမ်းရည်ဖြစ်သည်။ သူတို့အမိန့်တွေကိုနာခံဖို့အတွက် နည်းလမ်းတွေရှိသည်။

သားရဲတွေတွင်လည်းခံစားချက်များနှင့် အသိဉာဏ်ရှိသော်လည်း ၎င်းတို့သည်အတော် လေးရိုးရှင်းကြသည်၊ သားရဲ၏ဦးစားပေး၍ သားရဲနှင့်ဆက်ဆံရေးကိုတိုးတက်စေရန် အသိပညာများကိုသုံးသရွေ့ ၎င်းတို့အားစာချုပ်ချုပ်ဆိုရန်မှာခက်ခဲလိမ့်မည်မဟုတ်ပေ၊

ထိုနည်းလမ်းသည်မိသားစုတိုင်း၏လျို့ဝှက်ချက်ဖြစ်နိုင်ပြီး မျိုးဆက်တစ်ခုပြီးတစ်ခု ဖြတ်သွားမည်ဖြစ်သည်၊

“အိုး၊ ငါ့ရဲ့စီးစရာရောက်ပြီ၊ ငါအရင်ပြန်ပြီဟေ့, တာ့တာ” မုထျယ်ရင်းကပြောလိုက် သည်၊ သူမကကောင်းဖန်ကိုလက်ယမ်းပြလိုက်ပြီးလမ်းကိုဖြတ်ကူးသွားသည်၊

ရှစ်ဘီးကားကြီးသည်ထိုနေရာတွင်ပါကင်ထိုးထားသည်၊

ကောင်းဖန်သည်အနည်းငယ်မနာလိုဖြစ်သွားတော့သည်။ သူမကတကယ်ကို သူဌေး လက်သစ်ဘဲ။ သူမကဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသောဇိမ်ခံကားတစ်စီး၏ ခေါ်ဆောင်ခြင်းကိုခံရသည်။

ကားကြီး၏နောက်ခန်းသည် တစ်ဖြည်းဖြည်းချင်းပွင့်လာပြီးကားအတွင်းမှလေးလံ ပြီးလှေကားနှင့်တူသောသံမဏိပြားတစ်ခုပြုတ်ကျလာသည်။ ကြာစေ့လေးက သံမဏိ လှေကားပေါ်သို့တက်သွားပြီးဒဏ်ရာရနေသောလင်းနို့ကိုကျောပေါ်သို့တင်ကာ ကားကြီးနောက်ခန်းထဲသို့လျှောက်ဝင်သွားတော့သည်။

ပြိုင်ကားများနှင့်ဆလွန်းကားများသည်အလွန်သေးသောကြောင့် ကမ္ဘာသစ်တွင် ဇိမ်ခံကားများသည်အလွန်နာမည်ကြီးလာခဲ့သည်။ လူသားတွေကထိုထဲတွင်ထိုင်ကြ ပေမယ့်သားရဲတွေအတွက်ကအခန်းမလောက်ပေ။ သားရဲများသည်ကမ္ဘာအသစ်တွင် မရှိမဖြစ်လိုအပ်သောအရာများဖြစ်လာခဲ့သည်။ ထို့ကြောင့်ကမ္ဘာ့ထိပ်တန်းဇိမ်ခံကား ဘရန်းများကလှပပြီးလက်တွေ့ဆန်သော ဇိမ်ခံထရပ်ကားအသစ်များကို မိတ်ဆက်ပေးခဲ့သည်။

***

အပိုင်း ၁၁၄ ညရိပ်ကြောင်

ကောင်းဖန် ဒမ်ဘီကိုခေါ်ကာ အိမ်သို့ပြန်လာစဉ် ဦးလေးလျိုနှင့်တွေ့ဆုံခဲ့သည်။ ဦးလေးလျိုက အနက်ရောင်ကြောင်တစ်ကောင်နှင့် လမ်းလျှောက်ထွက်နေခြင်းပင်။ ၎င်းကြောင်သည် ၇ပေလောက်ရှည်ကာ သုံးပေလောကမြင့်ပြီး ကျားသစ်နက်တစ်ကောင်လိုပင် ထင်ရကာ အစိမ်းရောင်မျက်လုံးများက ကြင်လင်ကာ အေးစိမ့်သည့်အငွေ့အသက်ကို ပေးစွမ်းသည်။

“ဟဲလို၊ ဦးလေးလျို၊ ကြောင်ကို လမ်းလျှောက်ခေါ်သွားပေးနေတာလား?” ကောင်းဖန်ပြောလိုက်သည်။ ယနေ့ ကောင်းဖန် မဟာမိတ်ခရက်ဒစ်၅၀၀ရရှိခဲ့သည်။ ၎င်းကို မဟာမိတ်ဒေါ်လာအဖြစ်ပြောင်းလိုက်လျှင် ၅သန်းတောင်ဖြစ်သွားမည်။ ဒါကြောင့် ကောင်းကင်ဘုံမှ သူ့အတွက် ငွေလွယ်ပေါက်ကြီးဖွင့်ပေးလိုက်သလိုမျိုး ကောင်းဖန် အလွန်ပျော်ရွှင်လို့နေသည်။ ခေါင်းဆောင်နည်းပြချန်းက တကယ့်ကိုလူကောင်းတစ်ယောက်ပဲ။

“ဒီလိုပါပဲ၊ ထမင်းစားပြီး လေ့ကျင့်ခန်းလုပ်ဖို့ ထွက်လာတာ။” ဦးလေးလျိုက ပြောလိုက်သည်။ သူက ကြောင်နှင့်အတူလျှောက်နေတာကြောင့် အလယ်အလတ်အမြန်နှုန်းနှင့်လျှောက်နေပေမည့် အရမ်းအရှိန်မပြင်းပေ။

ကောင်းဖန် ကြောင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုကြောင်ကို သာမာန်ကြောင်ဟုသာ တွေးထားသော်လည်း ကြောင်၏အချက်အလက်ဇယားကိုမြင်လိုက်ရချိန်မှာတော့ ထိတ်လန့်အံ့အားသင့်သွားတော့သည်။

[မကောင်းဆိုးဝါး အမည်] : ညရိပ်ကြောင်

[မကောင်းဆိုးဝါး အဆင့်] : အဆင့် ၃၆ (အုပ်ချုပ်သူ)

[မကောင်းဆိုးဝါး အဆင့်အတန်း] : ပြီးပြည့်စုံအဆင့်

[မကောင်းဆိုးဝါး စွမ်းရည်] : အရိပ်စွမ်းအားအဆင့်၂

[မကောင်းဆိုးဝါး အားနည်းချက်] : ၁၊ အဖြူရောင်ဂေါ်ဖီထုပ်ရွက်ကို အသုံးပြု၍မရ၊ ၎င်း၏ခြေလက်များ ဟန်ချက်မညီတော့ဘဲ ဖော်ပြ၍မရသော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

“ဖော်ပြ၍မရသောအရာ”ဆိုတာက ဘာကြီးတုန်း? ကောင်းဖန် သိချင်စိတ်ဖြစ်လာတော့သည်။

“ဦးလေးရဲ့ကြောင်က တော်တော်ကြည့်ကောင်းတာပဲ။” ကောင်းဖန် ကြောင်ကို သေချာစိုက်ကြည့်ရင်းပြောလိုက်သည်။

သူ့ကိုယ်ပိုင်သားရဲတွေကို ဒီအဆင့်မျိုးရောက်အောင် အချိန်ဘယ်လောက်တောင် ယူရမလဲ? အုပ်ချုပ်သူအဆင့်သားရဲတွေသည် အဆင့်၂၁မှ အဆင့်၄၀ ကြားတွင်ရှိကြသည်။ ထို့ကြောင့် အုပ်ချုပ်သူအဆင့်ရှိသည့် ကိုယ်ပိုင်သားရဲများကြားတွင် အဆင့်နှင့် ခွန်အားသည် ကွာခြားချက်အလွန်ကြီးမားသည်။

အဆင့်၃၆ကို အုပ်ချုပ်သူအဆင့်၏အမြင့်ဆုံးအဆင့်ထဲတွင်ပါသည်ဟု သတ်မှတ်၍ရသည်။

“သာမာန်ကြောင်လေးပါပဲ။ ငါသူနဲ့စာချုပ်ချုပ်တုန်းကဆို ညစ်ညစ်ပတ်ပတ်လေး။ သူ့အမွေးတွေကလဲ ဒီလောက်မရှည်သေးဘူး။ နှာခေါင်းကနေလဲ အစိမ်းရောင်အချွဲတွေ ထွက်နေတာ။” ဦးလေးလျိုက ရယ်မောကာ ပြန်ပြောပြသည်။

ညရိပ်ကြောင်က ရုတ်တရက်ဆိုလို လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။

ဦးလေးလျိုက အမိန့်ပေးနေသော်လည်း ၎င်းက မနာခံပေ။ ၎င်းက ထိုနေရာတွင်ပဲ ရပ်နေကာ ဦးလေးလျိုကို ဒေါသထွက်နေဟန်အရိပ်အယောင်များရှိနေသည့် မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

ဦးလေးလျိုအတန်ကြာသည်အထိ အရယ်မရပ်နိုင်ခဲ့ပေ။ ထို့နောက် မြန်မြန်လေးအော်ပြောလိုက်သည်။ “ငါတို့စာချုပ်,ချုပ်တုန်းကနဲ့စာရင် သူကအရမ်းကိုထွားလာပြီ!”

ဒါအရေးကြီးလို့လား? ကုနင်း သူ့မကျေမနပ်စကားကို ထုတ်ဖော်ပြဖို့ရာအထိ အင်အားမရှိပေ။

သေချာတာကေတော့ ညရိပ်ကြောင်က ပိုလို့တောင်မှ ဒေါသထွက်လာခဲ့သည်။

၎င်းက တညှောင်ညှောင်အောင်ရင်း တစ်ဖက်လှည့်ထွက်သွားကာ ခြံဝန်းထဲ၌စိုက်ထားသည့် သစ်ပင်များ၏အရိပ်ထဲသို့ ခပ်ဖော့ဖော့လှမ်းဝင်ပျောက်ကွယ်သွားခဲ့သည်။

“ဟမ်၊ ဒီကြောင်က တော်တော်သဘောထားကြီးတာပဲ။” ကောင်းဖန် ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။

“ဖြစ်ချင်တော့ ဆော့ဖ်တီက အရမ်းသန်မာပြီး မှောင်ရိပ်ထဲမှာ ကောင်းကောင်းပုန်းနိုင်တယ်လေ။ ဒါက အရမ်းကောင်းပါတယ်။ နည်းနည်းလေး ဒေါသကြီးနေတာကပဲ ချို့ယွင်းချက်လေးဖြစ်နေတာ။” ဦးလေးလျိုက ပုံမှန်ပဲပြန်ပြောလိုက်သည်။ ဒီလိုပုံက သူ့အတွက်တော့ အလေ့အကျင့်ဖြစ်လို့နေပေပြီ။

ကြောင်တွေကို စောင့်ရှောက်ရတာခက်ခဲတယ်လို့ လူတွေပြောကြသည်။ ဦးလေးလျိုက အရင်တော့ ထိုစကားကိုမယုံခဲ့သော်လည်း အခုတော့ ယုံသွားပေပြီ။

“ဒီကြောင်ရဲ့နာမည်က ဆော့ဖ်တီလား?” ကောင်းဖန် အံ့အားသင့်သွားသည်။ ဒီနာမည်က ကြောင်ရဲ့ဒေါသနဲ့ အရမ်းကိုမလိုက်ဖက်ဘူးမဟုတ်လား။

“သူငယ်တုန်းက ဒေါသနည်းနည်းထွက်တတ်တယ်လေ၊ ဒါကြောင့် သူ့ကိုနူးညံ့လာစေဖို့ဆိုပြီး ဒီနာမည်ကိုပေးခဲ့တာ။” ဦးလေးလျိုက ရှင်းပြလိုက်သည်။

ကောင်းဖန် ဆွံ့အလို့သွားတော့သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းပြလိုက်ကာ၊ “ဦးလေးလျို၊ လမ်းဆက်လျှောက်ဦးပေါ့ ကျွန်တော်အရင်အိမ်ပြန်နှင့်တော့မယ်။”

“အိုး၊ ဟုတ်တာပေါ့။ ခဏလေးနေဦး။” ဦးလေးလျိုက ကောင်းဖန်ကို လှမ်းအော်လိုက်သည်။ “မင်းဘာလို့ မြို့ဆင်ခြေဖုံးကဝယ်ထားတဲ့ဗီလာမှာ သွားမနေတာလဲ? မင်းအဲ့မှာနေချင်လို့ ဝယ်ထားတာမဟုတ်ဘူးလား?”

ကောင်းဖန် အံ့ဩသွားတော့သည်။ “ဦးလေးဘယ်လိုလုပ်သိတာလဲ?” သို့သော်လည်း မကြာခင်မှာပဲ ဦးလေးလျိုဘယ်သူမှန်း ပြန်အမှတ်ရသွားသည်။ သူ့အနေနဲ့ ဗီလာအကြောင်းသိနေတာ မဆန်းပေ။ သူ့မှာသာ သူ့ကိုကူညီနိုင်မည့် အင်အားကြီးသည့်တစ်စုံတစ်ယောက်ရှိလျှင် သူလဲ သေချာပေါက်အသုံးချမှာပင်။

ကောင်းဖန်ကပူဆွေးစွာနဲ့ပြောလိုက်သည်, “ဦးလေးလျို, ဒါကကျွန်တော်အဲ့မှာမနေချင် တာမဟုတ်ဘူး, ကျွန်တော်မနေရဲတာ၊ ကျွန်တော့်ကိုရှာနေတဲ့သူတွေရှိတယ်လို့ ကျွန်တော်သံသယဖြစ်နေတယ်…”

ဦးလေးလျိုကအံ့ဩသွားသည်၊

“ဘာတွေဖြစ်ခဲ့တာလဲ?” သူ့အသံအနေအထားကရုတ်တရက်အရမ်းအလေးအနက်ဖြစ် လာသည်။

ထို့နောက်ကောင်းဖန်ကထိုနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြောပြလိုက်သည်၊

ကောင်းဖန်ပြောတာကိုနားထောင်ပြီးနောက်, ဦးလေးလျိုရဲ့မျက်နှာကပို၍ပျက်လာ သည်၊ သူနောက်ဆုံးကောင်းဖန်စိုးရိမ်နေတာကိုနားလည်သွားတော့သည်၊ ဒီကလေးက သူ့ကိုယ်သူလုံခြုံရတဲ့အနေအထားနဲ့ပစ်ထုတ်လိုက်တာဘဲ၊ သူလည်းဘာမှမစဉ်းစားမိ တော့ဘူး။

ဒါကသူကောင်းဖန်ကြောက်နေတာကိုပထမဆုံးတွေ့ဖူးတာဘဲ၊ ဒါကသူ့ကိုစိတ်ဝင်စားစေတယ်။ “မင်းဒီလောက်ထိသတိရှိနေမယ်လို့ငါမျှော်လင့်မထားဘူး” သူကပြောလိုက်ကာ, ကောင်းဖန်ကအသံကျယ်ကျယ်ပြောလိုက်သောကြောင့်ထိတ်လန့်သွားတော့သည်။

ကောင်းဖန်ကငြင်းဆန်ဖို့ကြိုးစားနေသည်။ “ဒါကအဲ့လောက်တော့လည်းမကြောက်ပါ ဘူး, ဒါကသာမန်ပါဘဲ!”

ဦးလေးလျိုကကျယ်လောင်စွာရယ်လိုက်ပြီးကောင်းဖန်၏ပုခုံးကိုပုတ်လိုက်သည်။ “ ကြောက်ရွံ့တာနဲ့ပတ်သတ်ပြီးရိုးသားတာနေတာက ကြောက်ရွံ့နေဆဲဘဲတဲ့,ဒါပေမယ့် ဒါကအတော်လေးတော့ကောင်းပါတယ်၊ ဘဝဆိုတာကဘယ်သူအသက်အရှည်ဆုံး နေရမလဲဆိုတာဘဲ။”

ကောင်းဖန်၏ရိုးသားနေမှုသည် ဦးလေးလျိုကိုကစားစရာကဲ့သို့စနောက်ရန် ဆွဲဆောင်နေသည်။

ဦးလေးလျိုကမပြုံးတော့ဘဲ တည်ငြိမ်စွာနှင့်, “ငါအခုဒါကိုစဉ်းစားပြီးပြီ, မင်းအတော် လေးဒုက္ခရောက်နေပုံဘဲ။”

ကောင်းဖန်ကသိပ်ပြီးမသေချာပေ၊ တစ်ယောက်ယောက်ကသူ့ရဲ့ဉာဏ်ကောင်းမှုနဲ့ အရည်အချင်းတွေကိုသတိထားမိသွားလို့အသုံးချချင်တာလား?

“မင်းဂရုစိုက်ဖို့လိုတယ်။” ဦးလေးလျိုကကျယ်လောင်စွာပြောလိုက်သည်၊ “ စိတ်ချ လက်ချနေလိုက်, ဒီကိစ္စမင်းကိုကူညီပြီးအဆုံးသတ်ကိုရက်အနည်းငယ်အတွင်းမင်းကို ပြောမယ်။”

ကောင်းဖန်ကခေါင်းညိတ်လိုက်သည်။

အမှန်က, ပုဂ္ဂိုလ်ရေးအခြေအနေအချက်အလက်တွေပေါ်မူတည်ပြီး ဦးလေးလျိုက ကောင်းဖန်ရဲ့စူးရှတဲ့မျက်လုံးတွေကိုလှည့်စားဖို့နည်းလမ်းမရှိခဲ့ပေ။ သူ၏ “တိတ်ဆိတ်စွာပျော်ရွှင်”နေသောအခြေအနေကအရမ်းသိသာနေသည်၊ ထို့နောက်, ဦးလေးလျို၏အပြုံးနှင့်အရေးကြောင်းများကပြနေသည်… ဦးလေးလျိုက လိမ်ညာပြောနေတာမဟုတ်ပေ။

ကောင်းဖန်ကဦးလေးလျို၏နောက်ကျောကိုကြည့်လိုက်တော့ ဘာမှမမြင်တော့ပေ၊ နောက်ဆုံးတော့, သူကအထီးကျန်နေတဲ့လူကြီးတစ်ယောက်ဘဲဖြစ်သည်။

သူအိမ်သို့ရောက်တော့, ကောင်းဖန်ကဦးလေးလျို၏တုံ့ပြန်မှုကိုအခြေခံပြီးသူဘာ အမှားလုပ်ခဲ့သည်ကိုနားလည်နိုင်သော်လည်း၎င်းသည်ပြဿနာကြီးကြီးမားမားမဟုတ် ပေ၊ မည်သို့ပင်ဖြစ်စေ ဗီလာသို့သွားရန်ကအရမ်းနောက်ကျနေပြီဖြစ်သည်၊ အကယ်၍ သူဗီလာမှာနေချင်ရင်,ထိုမြို့စွန်သို့ ပို့ဆောင်ရေးသည်အလွန်ဒုက္ခရောက်သောကြောင့် ကားတစ်စီးဝယ်ရန်ပင်လိုအပ်သည်။

ကောင်းဖန်သည်ကားတစ်စီးဝယ်ရန်စဉ်းစားထားပြီးသားဖြစ်သည်။ ၎င်းသည်ရှည်လျားပြီးလေးလံသော သယ်ယူပို့ဆောင်ရေးထရပ်ကားကြီးဖြစ်ပြီး သူလိုချင်သောကားတစ်စီးဖြစ်သည်။ အနက်ရောင်သံနဂါးစီးရီးသုံး၊ ဒါကအကောင်းဆုံးထဲကတစ်ခုဘဲဖြစ်သည်။

ထိုကားတွင်စုစုပေါင်းဘီးဆယ့်ခြောက်လုံးရှိသည်။ ကြီးသောဘီးများသည်ဖြုတ်နိုင်ပြီး သိုလှောင်တဲ့နေရာလည်းများသည်။ သိုလှောင်ရန်နေရာဝန်းကျင်တွင်အားဖြည့်ကာရံ ထားသောအလွှာနှစ်ခုရှိသည်။ ၎င်းတွင်အခြေခံအရောင်အဖြစ်အကြည်ရောင်ပါဝင်ပြီး ခဲရောင်နှင့်အနက်ရောင်အစင်း, အဝါရောင်အစင်းတို့ကအခြားတစ်ဖက်တွင်ပါဝင်သည်။ ရိုးစင်းသောပုံစံကသန်မာပြီးအထက်စီးဆန်ကာပုံစံကကြီးမားသောစတီးသားရဲကြီး ကဲ့သို့ပင်ဖြစ်သည်၊ ဤအချိန်များသည်စစ်ပွဲများဖြစ်လေ့ရှိသောကြောင့်လူတို့၏ သဘာဝအရယောကျာ်းဆန်သောဒီဇိုင်းများဘက်ကိုသာဦးတည်ကြသည်။

ထိုကား၏ယာဉ်မောင်းနေရာသည်အလွန်ကြီးမားသည်။ ပုံမှန်အော့ဖ်ရုတ်ကားထက်အနည်းငယ်ပိုကြီးပြီး ကားအတွင်းပိုင်းကပိုပြီးဇိမ်ကျသည်။ ထို့ကြောင့်၎င်းသည် မဟာမိတ်ဒေါ်လာခြောက်သန်းရှိပြီးအလွန်ဈေးကြီးသည်။

ဒါပေမယ့်သူကဒီထရပ်ကားကိုဝယ်ပြီးနောက်သူ့သားရဲတွေအားလုံးကို ကားထဲတွင် ထည့်ထားနိုင်သည်။

ကောင်းဖန် ကားကုမ္မဏီ၏တရားဝင်ဝက်ဘ်ဆိုက်ကိုသွားကာချက်ချင်းမှာယူလိုက်သည်။ လုပ်ငန်းစဉ်ကတော့ အလွန်ကွာခြားသည်။

ကပ်ဆိုးကြီးအန္တရာယ်ကျပြီးနောက်ယာဉ်မောင်းလိုင်စင်စမ်းသပ်မှုအတွက် အသက်အနိမ့်ဆုံးတွင် တစ်ဦးသည်ဆယ့်ခြောက်နှစ်အတွင်းစာမေးပွဲဖြေနိုင်သည်။ ကောင်းဖန်သည်လွန်ခဲ့သောနှစ်နှစ်ကယာဉ်မောင်းလိုင်စင်စာမေးပွဲကိုဖြေခဲ့ဖူးသော် လည်းကားမရှိပေ။ ဒါပေမယ့်သူကကြီးမားတဲ့ထရပ်ကားကြီးကိုမြို့ထဲသို့မောင်းချင်လျှင် အထူးခွင့်ပြုချက်လိုအပ်သည်။ ဆင်ခြေဖုံးရပ်ကွက်များသည်လူနေကျဲပါးပြီးလမ်းများက ကျယ်ဝန်းသဖြင့်၎င်းကိုဆင်ခြေဖုံးဘက်တွင်သာမောင်းနိုင်သည်။

***

အပိုင်း ၁၁၅ ကောလိပ်ဝင်ခွင့်စာမေးပွဲ

ကားများရောင်းချသည့် ကုမ္ပဏီသည် ချန်အန်းအပါအဝင် အဓိကမြို့ကြီးများတွင် ရုံးခွဲများရှိသည်။ နောက်တစ်နေ့မှာပဲ ကောင်းဖန် သူ့ကားကို လာယူလို့ရပြီဖြစ်ကြောင်း ပြောထားသည့် စာတစ်စောင့်လက်ခံရရှိလိုက်သည်။

ကောင်းဖန် ထိုညအိမ်ပြန်ရောက်ချိန်မှာပဲ သူ့ပစ္စည်းတွေကို ထုတ်ပိုးထားခဲ့သည်။ လက်ရှိနေရာသည် သူနှင့်ရင်းနှီးနေသည့်ပတ်ဝန်းကျင်ဖြစ်ကာ သူနှင့်ရင်းနှီးပြီးသားအိမ်ဖြစ်လျှင်တောင်မှ ဘယ်ကနေ ဘယ်လိုစသိမ်းလို့သိမ်းရမှန်းမသိပေ။ သူ့မိဘများဆုံးပါးသွားကတည်းက အိမ်ရှိပစ္စည်းများကို သူတစ်ခါမှမရွှေ့ခဲ့ဖူးပေ။

သူက သူ့မိဘများ အိမ်မှာ သူနှင့်အတူရှိနေသလိုမျိုးဖြစ်စေရန် ရင်းနှီးမှုရှိပြီးသား အိမ်အပြင်အဆင်မျိုးအတိုင်းသာ ထားရှိခဲ့သည်…. သူ့ကိုယ်သူလိမ်ညာနေခြင်းသာဖြစ်မှန်း သိနေပေမည့် ဆက်လက်လိမ်ညာနေမိစဲပင်။

သူ့မိဘများ၏အိပ်ခန်းသို့ရောက်သွားချိန်မှာတော့ အထဲတွင် ဖုန်နံ့များဖြင့်သာပြည့်နေသည်။ ခန်းစည်းများကိုလဲ ပိတ်ထားတာကြောင့် တစ်ခန်းလုံးက မှောင်မဲလို့နေသည်။

“အမေ၊ အဖေ၊ ကျွန်တော် ပြောင်းတော့မယ်။ အဖေတို့ပြောခဲ့သလိုပဲ ကလေးတစ်ယောက်အရွယ်ရောက်လာရင် ထွက်သွားလိမ့်မယ်ဆိုတာလေ။ ကျွန်တော် အခုအရွယ်ရောက်သွားပြီထင်တယ်။” အခုထိ သူက ဆယ်ကျော်သက်ကောင်လေးဖြစ်နေသေးသော်လည်း သူ့ပုခုံးများကတော့ ယခင်လိုပိန်ပါးမနေတော့ပေ။

“ကျွန်တော် ဗီလာအကြီးကြီးတစ်ခုကိုပြောင်းမှာ။ ကိုယ့်ဘာသာဝယ်ထားတာလေ။ ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်တစ်ယောက်တည်း နေနိုင်တာမို့ အဖေတို့အမေတို့ စိုးရိမ်ဖို့မလိုတော့ပါဘူး။ အဖိုးက ပြဿတစ်ချို့နဲ့ရင်ဆိုင်နေရပုံရတယ်၊ ဒါကြောင့် ကျွန်တော် ကောလိပ်ဝင်ခွင့်ဖြေပြီးတာနဲ့ အဖိုးကိုသွားကူညီပေးမလို့။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့တစ်ဦးတည်သော ဆွေမျိုးပဲလေ….” ကောင်းဖန်၏အသံက ပြောရင်း ပိုပိုတိုးလာခဲ့သည်။ အဆုံးမှာတော့ သူ့ရင်ထဲမွန်းကျပ်ဆို့နင့်လာတော့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တံခါးကဖြည်းဖြည်းချင်းပြန်ပိတ်သွားတော့သည်။

……

နောက်တစ်နေ့မှာတော့ ကောင်းဖန် ဗီလာကိုပြောင်းခဲ့သည်။ သူ့အိမ်ဟောင်းကိုတော့ မရောင်းခဲ့ပေ။ ပြောရရင် ဘယ်လိုရောင်းထုတ်ရမှန်းလဲ ကောင်းဖန်မသိပေ။

သူ့အိမ်တစ်ဖက်ခြမ်းရှိ မြေကွက်ပေါ်တွင် အလုပ်သမားများဆောက်နေစဲ တစ်စုံတစ်ခုရှိနေသည်။ အခုက ညဆယ်နာရီပင်ထိုးပြီးပြီဖြစ်တာကြောင့် သူ့သိချင်စိတ်ကလဲ အမြင့်ဆုံးအခြေအနေတွင် ရှိလို့နေသည်။

ဆောက်လုပ်ရေးအဖွဲ့တွင် တကယ်ကို ထူးဆန်းသည့်လူတစ်ယောက်ရှိနေခဲ့သည်။

သူက ရှေးခတ်ဝတ်စုံကိုဝတ်ဆင်ထားကာ ဖြောင့်စင်းသည့်ငွေဖြူရောင်ဆံပင်များလဲ ရှိသည်။ ထိုလူ၏နောက်ကျောက ဖြောင့်မတ်နေတာကြောင့် အားအင်အလွန်ပြည့်ဝနေသလိုပုံပေါက်စေသည်။ သူက အလုပ်သမားများ၏တိုးတက်မှုကို ကြီးကြပ်ပေးနေပုံရသည်။

သူလဲ ကောင်းဖန်၏အကြည့်ကို အာရုံခံမိပုံရကာ ကောင်းဖန်ဘက်သို့လှည့်လာပြီး ပြုံးပြလေသည်။

ဦးလေးလျိုပဲ!

ကောင်းဖန် အံ့ဩသွားတော့သည်။

“ဟေ့ ရှောင်ဖန်၊ မင်းဘာလို့ ဒီကိုရောက်နေတာလဲ?” ဦးလေးလျိုသည်လဲ အလွန်အံ့အားသင့်နေသည့်အမူအရာမျိုးဖြစ်နေသည်။

ကောင်းဖန်ကတော့ တိတ်ဆိတ်နေခဲ့သည်။ ဦးလေးလျို၏ တစ်ကြိမ်ပြီးတစ်ကြိမ် အချိန်ကိုက်ထွက်ပေါ်လာမှုအား သူပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။ သူငယ်ငယ်က သရုပ်ဆောင်ဖြစ်ဖို့များ စိတ်ကူးယဉ်ခဲ့ဖူးတာလား။

နောက်ဆုံးမှာတော့ ဦးလေးလျို သူ့ဗီလာဘေးကပ်ရပ်တွင် ဗီလာတစ်လုံးဆောက်နေသည့် အမှန်တရားကို ကောင်းဖန် လက်ခံလိုက်ရတော့သည်။ ဘာပဲဖြစ်ဖြစ် ဦးလေးလျို၏ကြောက်နက် ဆော့ဖ်တီလေးကို တွေ့ကတည်းက ဦးလေးလျိုသည် နိမ့်ချကာနေသည့်ဆရာကြီးတစ်ယောက်ဖြစ်ကြောင်း သူလက်ခံထားပြီးပြီဖြစ်သည်။ သူ့လိုလူအတွက် ဦးလေးလျိုနားမှာနေတာက လုံခြုံမှုကိုပေးစွမ်းနိုင်သည်။

နောက်ရက်အနည်းငယ်အတွင်း ကောင်းဖန် သူ့ထရက်ကားကြီးကိုမောင်းကာ အတန်းသွားတက်ခဲ့သည်။

ကျောင်း၏တည်နေရာသည် မြို့ဆင်ခြေဖုံးနှင့် နယ်နိမိတ်ချင်းထိစပ်လို့နေသည်။ အနီးနားတွင် ကျယ်ဝန်းသည့်ကားပါကင်ကြီးတစ်ခုလဲရှိသည်။ ကောင်းဖန်၏ထရက်ကားကို အမြဲထိုနေရာတွင် ရပ်ခဲ့သည်။

မီတာ၂၀ရှည်သည့်ထရက်ကားကြီးက ကားပါကင်တွင် ဧရာမကားကြီးတစ်စီးနှင့်တူလှသည်။ ၎င်းတစ်စီးတည်းကပင် နှစ်နေရာစာလောက်ယူတာကြောင့် အလွန်အမင်းမျက်စိဖမ်းစားလှသည်။ မုထျယ်ယင်းတောင်မှ ကောင်းဖန်က ဒီလိုကားအကြီးကြီးမျိုးမောင်းနိုင်တာကြောင့် ကောင်းမောင်းစွမ်းရည်အလွန်မြင့်မားသည့် အတွေ့အကြုံရှိကားမောင်းသမားဟုပင် စနောက်နေသေးသည်။

ကောင်းဖန်ကို စိတ်မပျော်ရွှင်စေသည့်တစ်ခုတည်းသောအရာကတော့ တာ့ဇီနှင့်ဒမ်ဘီ နှစ်ကောင်လုံး အဆင့်၂၀ရောက်နေတာပင်။ ၎င်းက ထိပ်တန်းအဆင့်သားရဲတစ်ကောင် အမြင့်ဆုံးရောက်နိုင်သည့်အဆင့်ဖြစ်သည်။ သူတို့က အုပ်ချုပ်သူအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိရုံသာဖြစ်သည်။

တာ့ဇီရော ဒမ်ဘီအတွက်ပါ အဆင့်တက်ဖို့ လိုအပ်သည့်ပစ္စည်းများ ရှာတွေ့ထားပြီဖြစ်သော်လည်း သူတို့အတွက် ကံကောင်းမှုပမာဏလိုအပ်နေခြင်းဖြစ်သည်။ ၎င်းက အချိန်ယူဖို့ ဒါမှမဟုတ် အဆင့်တက်ဖို့ ထူးခြားဖြစ်စဉ်တစ်ခုရှိဖို့ လိုနေသည်။

အစင်းလေးသည်လဲ အဆင့်၁၈သို့ရောက်နေပေပြီ။ အစင်းလေးကို သူပြီးပြည်စုံအဆင့်သို့ မြှင့်ပေးလိုက်ကတည်းက အစင်းလေး၏အပြင်ဘက်အသွင်အပြင်မှာ အလွန်ပြောင်းလဲသွားကြောင်း ကောင်းဖန်တွေ့ခဲ့ရသည်။

အနက်ရောင်ကျောခွံကြီးမှာ ချပ်ဝတ်တန်ဆာကြီးနှင့်တူကာ အဆစ်များတွင် အေးစက်သည့်အငွေ့အသက်များထုတ်လွှတ်နေသည့် ချိတ်ကောက်များရှိနေသည်။ မညီမညာနံရိုးအလွှာများလဲ ရောယှက်နေသေးသည်။ ထို့အပြင် မျက်ခွံများကိုဖုံးအုပ်ထားသည့် အလွှာပါးလေးတစ်ခုကလဲ မျက်လုံးများမှာ ရှိနေသေးသည်။

၎င်းက မူရင်းမီးခိုးရောင်ထက် ရိုးရိုးရှင်းရှင်းနှင့် ပို၍ကြည့်လို့ကောင်းလာသည်။

“ကောင်းဖန်, ပုံမှန်ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်တွေထွက်ပြီ။ မင်းဘယ်နှ မှတ်ရလဲ?” ထန်ချင်ကျင်းကနေ့လည်ခင်းလေ့ကျင့်ရေးချိန်တွင်မေးလိုက်သည်။

ကောင်းဖန်ကခေါင်းခါလိုက်သည်၊ “ငါစစ်ကြည့်ဖို့အချိန်မရှိဘူး”

“ရလဒ်တွေကမနေ့ညကထွက်လာတာလေ။” ထန်ချင်ကျင်းကအံ့ဩကာပြောလိုက်သည်၊

“အာ-ဟမ်၊ ငါနောက်ကျမှသွားပြီးစစ်ကြည့်လိုက်မယ်။” ကောင်းဖန်ကပြန်ပြောလိုက် သည်။

“ငါ့ကိုမင်းရဲ့စာမေးပွဲနံပါတ်ကိုပြောလိုက်,ငါမင်းကိုကူပြီးစစ်ကြည့်ပေးမယ်။” ထန်ချင်ကျင်းကအရမ်းကိုစိတ်အားထက်သန်နေသည်၊ သူကဒီလိုကိစ္စတွေကိုအမြဲ စိတ်ဝင်စားသည်။

ကောင်းဖန်ကသူ့စာမေးပွဲနံပါတ်ကိုပြောပြလိုက်သည်။ ထန်ချင်ကျင်းကသူ့အားကြည့် ကာသူကရုတ်တရက်အထိတ်တလန့်အော်လိုက်သည်၊ “ဘုရားရေ!”

“ဘာဖြစ်လို့လဲ?” ကောင်းဖန်ကအံ့ဩသွားသည်၊

“၆၇၄, မင်းကလူမဟုတ်ဘူးဘဲ!” ထန်ချင်ကျင်းကငိုချင်သော်လည်းမျက်ရည်က မထွက်ဘဲဖြစ်နေသည်။ “မင်းတရုတ်ပြည်ရှိကျောင်းအများစုမှာတောင် လျှောက်နိုင်တာပဲ။”

“အဟမ်း, ဒါကသာမန်လောက်ပဲလို့ထင်တယ်။” ကောင်းဖန်ကပြောလိုက်သည်၊ သူက နည်းနည်းစိတ်ပျက်သွားသည်။ သူရမယ်လို့တွေးထားတာထက်၁၀မှတ်လျော့နေသည်။ နောက်ဆုံးတော့, သူကနတ်ဘုရားမဟုတ်ခဲ့ပါ။ သူကလေ့ကျင့်ရေးတွေနဲ့ သူ့သားရဲတွေ အတွက်အလုပ်များနေတဲ့အချက်တွေကိုထည့်ကြည့်လိုက်လျှင်သူအဆင့်တွေကျသွား တာပုံမှန်ပါဘဲ၊ သူကပြီးခဲ့တဲ့နှစ်ကစာတမ်းအချို့ကိုလျှို့ဝှက်လုပ်ခဲ့ပြီး ထိုစာမေးပွဲရလဒ် များသည်အမှန်တကယ်စာမေးပွဲထက်ရမှတ်၁၀မှတ်ပိုရသည်။

အရာအားလုံးမှာလည်းတန်ဖိုးဆိုတာရှိတာဘဲ။ အကယ်၍မင်းကတစ်ခုကိုလိုချင်တယ်ဆိုရင် မင်းကတစ်စုံတစ်ခုကိုပေးဆပ်ရလိမ့်မယ်။

ထန်ချင်ကျင်းက ကောင်းဖန်သည်ဘဝင်ခိုက်နေသည်ဟုတွေးလိုက်သည်၊ သူက ကောင်းဖန်ရဲ့ခေါင်းကိုဓာတ်ဆားရည်ဘူးနဲ့ကောက်ပေါက်ပစ်လိုက်ချင်သည်၊

သူကောင်းဖန်ရဲ့အမှတ်တွေလိုမျိုးရချင်တယ်။

…

ဤတင်းမာသောအခြေအနေတွင် သားရဲလေ့ကျင့်သူကောလိပ်ဝင့်ခွင့်စာမေးပွဲသည် နောက်ဆုံးတော့ရောက်လာပြီဖြစ်သည်။

စစ်ဆေးမည့်နေရာသည် ဆင်ခြေဖုံးရပ်ကွက်ဘက်တွင်ဖြစ်သည်။ ၎င်းသည်ကျယ်ပြန့်သောလွင်ပြင်ဖြစ်သည်။ သားရဲလေ့ကျင့်သူကောလိပ်စာမေးပွဲတွင်လှည့်စား၍မရနိုင်ပေ။ နောက်ဆုံးတော့, ဒါကတစ်ယောက်နဲ့တစ်ယောက်စိန်ခေါ်တဲ့ပွဲဖြစ်သည်။ စာမေးပွဲဖြေသူများသည်သားရဲများကိုသိမ်းသွင်းပြီးသူတို့နှင့်စိန်ခေါ်ရန်လှည့်စားခြင်း သည်မဖြစ်နိုင်ပေ။

စာမေးပွဲရဲ့ပထမဆုံးလုပ်ငန်းစဉ်သည် စုစုပေါင်းနှစ်ပတ်အချိန်ယူရသည်။ ချန်အန်းမြို့ကသားရဲလေ့ကျင့်သူတွေအကုန်လုံးက ထိုလွင်ပြင်ကြီးတွင်စိန်ခေါ်ကာ တိုက်ခိုက်ကြမည်ဖြစ်ပြီး ၎င်းကိုတီဗွီတွင်တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

တီဗွီမှာပေါ်လာနိုင်တယ်ဆိုတာက စာမေးပွဲဖြေသူတွေတော်တော်များများကို စိတ်လှုပ်ရှားစေသည်။

ရုပ်မြင်သံကြားဌာန၏ဒါရိုက်တာသည် အဆင့်သတ်မှတ်ချက်များ အလွန်လျင်မြန်စွာ မြင့်တက်နေသောအားပေးမှုအဆင့်များကိုကြည့်ကာပြုံးနေသည်။

မည်သည့်အကြောင်းကြောင့်မဆို သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်သည့် ဤ၂ပတ်သည်ကမ္ဘာတစ်ဝှမ်းလုံးရှိလူတိုင်း၏အခရာဖြစ်လိမ့်မည်။ ဤသည်မှာ နိုင်ငံတကာအတိုင်းအတာအရခမ်းနားကြီးကျယ်သောပွဲကြီးဖြစ်သည်။ ၎င်းသည် နောင်လာမည့်သားရဲလေ့ကျင့်သူများအတွက် သူတို့ကိုယ်သူတို့ထုတ်ဖော်ပြသရန် စင်မြင့်တစ်ခုလည်းဖြစ်သည်။

လွင်ပြင်၏အပြင်ဘက်တွင်မျဉ်းကြောင်းတစ်ကြောင်းစည်းချထားသည်။ အဝါရောင် မျဉ်းကြောင်းသည်ပွဲနှင့်မသက်ဆိုင်သောသူများထံမှထိန်းပေးသည်။

စစ်သားအများအပြားသည် တိုက်ရိုက်ကျည်ဆန်များတပ်ဆင်ထားကြပြီးသေချာစွာ စောင့်ကြပ်နေကြသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲကိုမည်သူမျှဝင်ရောက်စွက်ဖက်၍မရပေ။ ဒါက ကမ္ဘာသစ်မဟာမိတ်အဖွဲ့နှင့် သားရဲလေ့ကျင့်သူအဖွဲ့ချုပ်ကြားမှသဘောတူညီမှုဖြစ်သည်။ စာမေးပွဲသည်အကြွင်းမဲ့မျှတမှုကိုအာမခံသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲသည်လတ်ဆက်သောသွေးသစ်များနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပွဲတစ်ခုဖြစ်သည်။ ဒီပွဲသည်တောက်ပရန်အတွက်လိုအပ်သောကြောင့် ဘာမှအမှားအယွင်းခံရလို့မဖြစ်ပေ။ မည်သူမျှယေဘူယျလမ်းကြောင်းကိုမဖီဆန်နိုင်ကြပေ။ ဆိုလိုသည်မှာ ပြည်တွင်း၌အမြင့်ဆုံးစွမ်းအင်ဆီသို့ဦးတည်ခြင်းဖြစ်သည်။

ပျံသန်းမှုအမျိုးအစားအဖွဲ့များသည် ၎င်းတို့အားရေဒါများကဲ့သို့ပင်စက်ဝိုင်းပုံစံပျံသန်းနေပြီး နေရာတိုင်းကို အသးစိတ်ကြည့်ရှုနေသည်။

စာမေးပွဲဖြေသူတွေကသူတို့အရင်နေ့ကမတိုင်ခင်က သူတို့စိန်ခေါ်ချင်သည့်သားရဲ၏ အဆင့်တွေကိုတင်ပြရသည်။ ကောင်းဖန်ကအုပ်ချုပ်သူအဆင့်သားရဲ,ထပ်ပေါင်း ထိပ်တန်းအဆင့်သားရဲကိုရွေးချယ်လိုက်သည်။

သူတို့သည် အစင်းလေး, တာ့ဇီနှင့်ဒမ်ဘီတို့ကိုတိုက်ခိုက်လိမ့်မည်။

***

အပိုင်း ၁၁၆ ဘဝစာမျက်နှာသစ်စတင်ခြင်း

စာမေးပွဲကျင်းပရာနေရာ၏ဘေးအစွန်းရှိ သတိပေးလိုင်းအပြင်ဘက်တွင် ရိုင်ဖယ်များကိုင်ထားသည့် စစ်သားအမြောက်အမြားရှိနေသည်။ ထိုသူများက လူတစ်စုကို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရပ်ကြစမ်း!”

ထိုနေရာတွင် သေသပ်ကျနစွာဝတ်ဆင်ထားသည့် လူသုံးဦးရှိနေသည်။ ထိုထဲမှတစ်ဦးကတော့ ပုခုံးပေါ်တွင် ကင်မရာတစ်လုံးထမ်းထားကာ နောက်တစ်ယောက်သည်တော့ မိုက်တစ်ခုကိုင်ထားပြီး နောက်ဆုံးတစ်ယောက်သည်တော့ မှတ်စရာစာအုပ်တစ်အုပ်ကိုင်ထားသည်။

“ကျွန်တော်တို့က ချန်အန်းရုပ်သံဌာနကပါ။ ကျွန်တော်တို့အလုပ်အတွက် ခွင့်ပြုချက်ပါ။ ချန်အန်းမြို့တော်အစိုးရအဖွဲ့ကနေပြီး ကျွန်တော်တို့ကို အင်တာဗျူးခွင့်ပေးထားတာပါ။ ”

ပထမစစ်သား၏မျက်လုံးများမှာ အေးစက်စူးရှနေကာ ပြန်ပြောလိုက်သည်။ “ငါတို့လဲ အမိန့်ရထားပြီးပြီ။ မင်းတို့မှာ အလုပ်ပါမစ် ဒါမှမဟုတ် ခွင့်ပြုမိန့်လက်မှတ်မရှိရင် ဘယ်သူမှ ပွဲအတွင်းကို ဝင်ခွင့်မရှိဘူး!”

အမျိုးသမီးသတင်းထောက်၏အပြုံးက တဖြည်းဖြည်းတောင့်တင်းလို့လာတော့သည်။ သူမက တစ်ဖက်သို့လှည့်လိုက်ကာ သူမဒါရိုက်တာကို ဖုန်းဆက်လိုက်သည်။

“ဒါရိုက်တာ၊ ကျွန်မတို့ဝင်မရလို့…”

“ချန်အန်းမြို့တော်အစိုးရရဲ့ခွင့်ပြုချက်လို့ ပြောတာပဲ… ဒါပေမယ့် အလုပ်ဖြစ်ပုံမရဘူး။”

အဆုံးမှာတော့ သတင်းထောက်များလဲ ပြိုင်ပွဲကွင်းအပြင်ဘက်မှာသာ ရပ်နေကြရပြီး ကူကယ်ရာမဲ့နေကြတော့သည်။ သူတို့အနေနဲ့ အများဆုံးမှ ဓါတ်ပုံနည်းနည်းပါးပါးရဖို့ ဒရုန်းလောက်ကိုသာ သုံးနိုင်ပေတော့မည်။

သို့သော်လည်း လက်ဗလာနှင့်တော့ သူတို့ ပြန်လှည့်မသွားနိုင်ပေ။ ဒါရိုက်တာက အကြောင်းပြချက်တွေကို ဂရုမစိုက်ရင် သူတို့ရဲ့အထက်အရာရှိတွေ ဘယ်လိုပြန်ဖြေကြမလဲ? သူတို့သာ ဘာမှပါမလာဘဲ ပြန်သွားလျှင် သူတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုမှာ ကျရှုံးသွားတဲ့ သဘောရောက်သွားမှာပေါ့။

“ကျွန်မတို့ စာမေးပွဲကွင်းအပြင်မှာရှိတဲ့ ဖြေဆိုသူတချို့ကို အင်တာဗျူးကြရင်ကော မရဘူးလား?” မှတ်စုယူဖို့ တာဝန်ကျသည့် အမျိုးသမီးလက်ထောက်က မေးလိုက်သည်။ သူတို့ ပြိုင်ကွင်းထဲဝင်ပြီး သတင်းယူလို့မရပေမည့် ဖြေဆိုသူတွေကို အင်တာဗျူးတာကိုတော့ ဘယ်သူမှမတားလောက်ဘူး မဟုတ်လား?

သို့သော်လည်း ဖြေဆိုသူအနည်းငယ်ကို အင်တာဗျူးကြည့်ပြီးနောက်မှာတော့ ရလဒ်ကို သူတို့မကျေနပ်ခဲ့ကြပေ။ အားလုံးက သူတို့ကို တစ်ပုံစံတည်းနည်းနည်းအဖြေများသာ ပြန်ပေးကြသည်။ ဥပမာအားဖြင့် “ကျွန်တော် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်တယ်။ ကျွန်တော်ကတော့ အရမ်းယုံကြည်ချက်ရှိပါတယ်။ ကျွန်တော့်မိဘတွေကို ကျေးဇူးတင်ပါတယ်။” စသည်ဖြင့်ပေါ့။

ဒါတွေက မကောင်းတဲ့အဖြေတွေတော့မဟုတ်ပေမယ့်လဲ တခြားလူတွေရဲ့စိတ်ဝင်စားမှုကိုတော့ ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ဒါမျိုးက မြင်ပြီးမကြာခင်မှာပဲ မေ့ပျောက်သွားကြမည့် သတင်းမျိုးသာဖြစ်သည်။

“ဟေး၊ ဟိုကျောင်းသားလေးကို အင်တာဗျူးကြည့်ရင်ဘယ်လိုလဲ?” ဗီဒီယိုရိုက်ကူးပေးသူက ပြောလိုက်ပြီး ရုတ်တရက်ဆိုသလို အလှမ်းဝေးဝေးမှ ပင့်ကူစီးကာလာနေသည့် ကျောင်းသားတစ်ယောက်ဆီသို့ ကင်မရာကပါလှည့်သွားသည်။

ထိုကျောင်းသား၏အနောက်မှာတော့ အနက်ရောင်ဝတ်ရုံ ဝတ်ဆင့်ထားသည့် လူသားနှင့်ကိုယ်ဟန်တူသော သားရဲတစ်ကောင်ရှိနေသည်။ ထို့အပြင် ပေ၂၀ရှည်လျားသည့် ကင်းခြေများတစ်ကောင်လဲ ရှိနေသေးသည်။

သူ့မှာ ကိုယ်ပိုင်သားရဲသုံးကောင်တောင် ရှိတာပဲ!

ဒီကျောင်းသားက သူတို့မြင်ခဲ့သမျှထဲတွင် ကိုယ်ပိုင်သားရဲအရေအတွက် အများဆုံးရှိသည့် ကျောင်းသားဖြစ်တာကြောင့် ချက်ချင်းပင် ကောင်းဖန်ဆီသို့ ပြေးသွားကြတော့သည်။

ကင်မရာမန်းကလဲ စတင်ရိုက်ကူးလို့နေပေပြီ။

“ဟဲလို၊ ငါတို့မင်းကို အင်တာဗျူးလို့ရမလား?” အမျိုးသမီးသတင်းထောက်က ပြုံးကာမေးလိုက်သည်။ သူမက အကျင့်အတိုင်း သူမဆံပင်ကို နားနောက်သို့ညှပ်လိုက်ရင်း လည်ချောင်းကိုရှင်းကာ မေးခွန်းများမေးဖို့ပါ ပြင်ဆင်နေသည်။

“မရဘူး။” ကောင်းဖန်ကတော့ တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်သည်။

ထို့နောက် ကောင်းဖန်က အစင်းလေးကိုစီးကာ အမျိုးသမီးသတင်းထောက်ကို ဖြတ်ကျော်သွားတော့သည်။ အမျိုးသမီးသတင်းထောက်လဲ ဘယ်လိုပြန်တုံ့ပြန်ရမလဲ မသိတော့ကာ တစ်ခုခုမှားနေသည်ဟုသာ ခံစားနေမိတော့သည်။

ဆီလီကတော့ အမျိုးသမီးသတင်းထောက်ကို စိတ်ဝင်စားနေပုံပင်။ ၎င်းက ၎င်း၏လက်ဝဲများကို လှည့်ပတ်လိုက်ကာ ကောင်းဖန်၏ပုခုံးပေါ်မှ ပျံထွက်သွားပြီး အမျိုးသမီးသတင်းထောက်၏ခေါင်းပေါ်သို့ တက်သွားတော့သည်။

ထိုမြင်ကွင်းကိုလဲ ကင်မရာက မှတ်တမ်းတင်လို့ထားသည်။ အမျိုးသမီးသတင်းထောက်၏ခေါင်းမှာ စေးကပ်ကပ်နှင့် မသက်မသာခံစားလာရသည်။ သူမ၏ဦးရေပြားကပါ ထုံကျဉ်လာခဲ့သည်။ ဘာဖြစ်နေမှန်းတော့ သူမမသိသော်လည်း ထိုအေးစက်စက်အထိအတွေ့က သူမကိုအော်မိသွားစေသည်။

“ငါ့ခေါင်းပေါ်က ဘာကြီးလဲ?” အမျိုးသမီးသတင်းထောက်က ဓါတ်ပုံဆရာကိုမေးလိုက်သည်။ သူမ၏ပုံစံမှာ ယခုပဲ ငိုချတော့မည့်ဟန်တူနေသည်။

“သရဖူ။”

“သရဖူ?”

အမျိုးသမီးသတင်းထောက်မှာ မှင်သက်သွားတော့သည်။ ဘာကြီးတုန်း?

သတင်းထောက်များနှင့်ဝေးသွားပြီဖြစ်သည့် ကောင်းဖန်ကတော့ စာမေးပွဲခန်းဆီသို့ တန်းပြေးတော့သည်။ သူတီဗီပေါ်မှာ ပါမလာချင်ပေ။

စာမေးပွဲခန်းမရှေ့တွင် လူတန်းရှည်ကြီးတစ်ခုရှိနေသည်။ ရှေ့တွင် အာရုံခံစက်တစ်ဒါဇင်ကျော်လဲရှိသည်။ သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲက တကယ်ကို စည်းကမ်းတင်းကျပ်လှသည်။

ကောင်းဖန် အစင်းလေးကိုယ်ပေါ်မှ ခုန်ဆင်းလိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားပြီး သူ့ရဲ့ဝင်ခွင့်လက်မှတ်ကို ရှေ့ဂိတ်မှ စစ်သားများထံကမ်းပေးလိုက်သည်။ ထို့နောက် စစ်သားများက လက်မှတ်ကိုစစ်ဆေးပြီး ကောင်းဖန်ကို လူတန်းနောက်မှာ တန်းစီဖို့ရန်ပြောလိုက်သည်။

ထိုအခိုက်အတန့်မှာပဲ ဒေါသထွက်နေသည့် အမျိုးသမီးသတင်းထောက်တစ်ဦး ကောင်းဖန်ဆီသို့ ဒေါကြီးမောကြီးနှင့် ရောက်လာခဲ့သည်။ သူမ၏ဘယ်ဘက်လက်ထဲမှာတော့ အော်ဟစ်နေသည့် ဆီလီကိုသယ်လို့ထားသည်။

ကောင်းဖန်ကတော့ ခေါင်းကိုက်သွားကာ ဘယ်လိုရှင်းပြလို့ ရှင်းပြရမယ်မှန်းမသိတော့ပေ။

အမျိုးသမီးသတင်းထောက်ကရှေ့သို့လှမ်းလာပြီး ဆီလီကိုကောင်းဖန်ဆီသို့ပြန်ပေးကာ ပြင်းထန်စွာပြောလိုက်သည်, “ငါမင်းရဲ့ဦးထုပ်ကိုပြန်ပေးမယ်!”

စာမေးပွဲဖြေသူများကခေါင်းတွေကိုလှည့်လာကြသည်၊ သူတို့ကကောင်းဖန် ကိုစိတ်ရှုပ်ထွေးစွာနှင့်ကြည့်လာကြသည်၊

အမျိုးသမီးသတင်းထောက်ထွက်သွားပြီးနောက်, ဆီလီကသူ့ကိုယ်သူကောင်းဖန်ဆီသို့ တွန်းထုတ်လိုက်သည်။ ဖျော်ရည်, ငါဖျော်ရည်သောက်ချင်တယ်!၎င်းကတွေးလို် သည်။

မင်းကဖျော်ရည်သောက်ချင်တယ်ပေါ့? အိမ်ကိုပြန်ရောက်ရင်မင်းကိုဖျော်ရည် လုပ်ပစ်မယ်! ကောင်းဖန်ကပြန်ပြောလိုက်သည်။

ကောင်းဖန်ပါးစပ်တွန့်သွားတော့သည်၊ သူကဆီလီကိုအိပ်ကပ်ထဲသို့ထည့်လိုက်ပြီး ဇစ်ကိုဆွဲလိုက်သည်။

ကောင်းဖန်၏ လိုင်းအဆုံးထိရောက်ဖို့ကနာရီဝက်တိတိကြာလိုက်သည်။

ကောင်းဖန်သည် မျက်နှာပုံရိပ်ဖမ်းရန်နှင့်လက်ဗွေရာမှန်ကန်ကြောင်းစစ်ဆေးရန် အတွက် စက်ဆီသို့သွားလိုက်သည်။ ၎င်းသည်အခြားသူတစ်ဦးကိုဖြစ်နိုင်ခြေအရာများ ကိုအခြားတစ်ဦးအားအစားထိုးလိုက်ပြီးဖယ်ရှားလိုက်သည်။

ထို့နောက်သူကအခြားစက်တစ်ခုဆီသို့ရောက်ကာ သူ၏သားရဲများကိုအထဲသို့ပို့ပေးသည်။ သားရဲလေ့ကျင့်သူတွေက နောက်ထပ်စက်တစ်ခုဆီသို့ဦးတည်ကြသည်။ အကယ်၍သားရဲနှင့်သားရဲလေ့ကျင့်သူတို့ အတူတကွသွားလျှင်မီးသည်အစိမ်းရောင် ပြလာသည်။ ၎င်းကိုအထူးသံလိုက်စက်ကွင်းကိုသုံး၍ရှာဖွေ့တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိပ်မဝေးသောအခြားစက်တစ်ခုတွင်အနီရောင်မီးရုတ်တရက်ပေါ်လာသည်၊

ဘီ ဘီ ဘီ

များစွာသောစစ်သားများကစုရုံးသွားကြသည်။ သူတို့၏နောက်တွင်များစွာသော မှုန်မှိုင်းနေသည့်ငွေလရောင်ဝံပုလွေများရှိသည်။ သူတို့ကရှေ့သို့လှမ်းလာကြသည်။

“ထပ်လုပ်ကြည့်စမ်း” အရာရှိယူနီဖောင်းနှင့်တစ်ယောက်မကြည်လင်စွာနှင့်ပြောလိုက်သည်။ သူကစက်ထဲတွင်ရပ်နေသောကျောင်းသားကိုကြည့်လိုက်သည်။

စက်၏အခြားတစ်ဖက်တွင်အနီရောင်ဆံရှည်ဘစ်ဟီးမက်သားရဲကြီးဖြစ်သည်။ အနီရောင်ဆံရှည်ဘစ်ဟီးမက်သားရဲကြီးသည်၁၀ပေရှည်သည်။ ၎င်း၏အမွှေးများသည် ရေတံခွန်ကဲ့သို့အောက်ကျနေပြီး ၎င်းကကြည့်ရသည်မှာအမွှေးဘောလုံးလိုပင်ဖြစ်နေ သည်။

ရုတ်တရက်, အနီရောင်ဆံရှည်ဘစ်ဟီးမက်ကြီးကဒေါသထွက်စွာနှင့် စူးစူးဝါးဝါးအော် လိုက်သည်။

၎င်းကစက်ဆီမှခုန်ဆင်းပြီးထွက်လိုက်ကာ စ၍ပြေးတော့သည်။

သူတို့ကစစ်သားတွေရဲ့ညွှန်ကြားချက်ကိုပင် မလိုအပ်ဘဲ ငွေလရောင်ဝံပုလွေတွေက နေရာအနှံ့သို့ ထွက်ခွာလိုက်ကြပြီး ဆံရှည်ဘစ်ဟီးမက်ခုန်ချသွားပြီးနောက် လိုက်၍ ခုန်ချလိုက်ကြသည်။ ဆံရှည်ဘစ်ဟီးမက်ကြီးကို ပြဿနာဖြစ်ပြီးစက္ကန့်အနည်းငယ်အတွင်း မှီသွားကြသည်။

ငွေလရောင်ဝံပုလွေများက ၎င်းကိုဝိုင်းလိုက်ကြသည်၊ သူတို့ကဘစ်ဟီးမက်ကြီး၏ ကြီးမားသောခြေလက်တွေကိုကိုက်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်နေသောကျောင်းသားက ဖြူဖျော့နေတော့သည်၊ယူနီဖောင်း နှင့်ဝန်ထမ်းကရှေ့သို့ထွက်လာပြီး ကျောင်းသား၏ဝင်ခွင့်လက်မှတ်ကိုသူ့အားပြန်ပေး ကာ “ မင်းရဲ့စာမေးပွဲရလဒ်အရည်အချင်းတွေကိုဖယ်ရှားလိုက်ပြီ, ပြန်တော့” သူကပြောလိုက်သည်။

ကျောင်းသားကကြက်သေသေနေတော့သည်။ သူ၏မျက်လုံးများကနီလာပြီးနောက် သူကစတင်ပြောလာတော့သည်, “ဟင့်အင်း, ဟင့်အင်း, ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့စာမေးပွဲရလဒ်အရည်အချင်းတွေကိုမဖယ်လိုက်ပါနဲ့။” ကျောင်းသားကဒူးထောက်ချလိုက်ပြီး ယူနီဖောင်းဝတ်ထားသည့်ဝန်ထမ်းကို တင်းကြပ်စွာကိုင်ထားကာတောင်းပန်နေသည်။

ယူနီဖောင်းနှင့်ဝန်ထမ်းကတည်ငြိမ်စွာနှင့် ကျောင်းသားကိုပြန်ထူလိုက်ပြီး သူ့ဘောင်းဘီမှဖုန်များကိုခါလိုက်သည်။ “မင်းကယောကျာ်းဘဲ, ဒူးထောက်စရာမလိုဘူး၊ အရေးကြီးဆုံးကလူတစ်ယောက်မှာဂုဏ်သိက္ခာရှိဖို့ဘဲ။”

ကျောင်းသားကသူ့ကိုထူပေးပြီးသွားတော့ ကိစ္စတွေကအကောင်းဘက်ကိုရောက်လာခဲ့ပြီဟုထင်လိုက်သည်၊ သူ့မျက်လုံးထဲတွင်ပျော်ရွှင်မှုအရိပ်အရောင်ပြလာသည်။

ယူနီဖောင်းနှင့်လူကပြုံးပြီးသူ့ကိုနှစ်သိမ့်လိုက်သည်၊ “ပြန်သွားပါ၊ နောက်နှစ်မှပြန်လာခဲ့၊ ဒီနှစ်စာမေးပွဲကိုမင်းမဖြေနိုင်တော့ဘူး,စည်းကမ်းကစည်းကမ်း ဘဲ၊စည်းကမ်းမရှိရင် ပရမ်းပတာတွေဖြစ်ကုန်လိမ့်မယ်။ ပြီးတော့မင်းရဲ့ကိုယ်ပိုင်မဟုတ် တဲ့သားရဲတွေနဲ့စမ်းသပ်ခွင့်မပြုနိုင်ဘူး။ ကျူးလွန်သူတွေကစာမေးပွဲအရည်အချင်း မပြည့်မှီဘူး။ သေချာတာပေါ့, ဒီသားရဲကမင်းပိုင်တာသေချာရင်ငါတို့ပြန်စစ်ကြည့်လို့ ရတယ်၊”

ကျောင်းသား၏မျက်နှာကဖြူဖျော့သွားတော့သည်။ ကိုယ်ပိုင်သားရဲဟုတ်သည်မဟုတ်သည်ကိုအဘယ်သို့သိနိုင်မည်နည်း? ဒါကသူ့အဖေရဲ့ကိုယ်ပိုင်သားရဲဖြစ်သည်။ သူက ဒါကိုသူ့အဖေရုံးသွားတဲ့အချိန် လျှို့ဝှက်စွာနှင့်ခေါ်လာတာဖြစ်သည်။

သေချာပေါက် သူစည်းကမ်းတွေကိုသိတာပေါ့။ လေ့ကျင့်ရေးကာလအတွင်းမှာ သူ့ရဲ့သားရဲကအမြဲတမ်းအားနည်းနေခဲ့တာကြောင့် စာမေးပွဲဖြေသူတွေသတိမပြုမိဖို့မျှော်လင့်ပြီး သူဒီကိုလာပြီးကံစမ်းချင်ခဲ့တာဖြစ်တယ်။

သူတို့က သူထင်တာထက်ပိုပြီးတင်းကြပ်နေတာကတော့ အရမ်းဝမ်းနည်းစရာကောင်းတယ်။

ဒမ်ဘီ,တာ့ဇီ,အစင်းလေးနဲ့ဆီလီတို့ကလျင်မြန်စွာနဲ့ဘဲ စက်ကိုဖြတ်ကျော်လာခဲ့သည်။ သားရဲများကိုစစ်ဆေးသည့်တာဝန်ယူထားတဲ့ယူနီဖောင်းဝတ်ဝန်ထမ်းက ကောင်းဖန်ကိုအကူအညီမဲ့စွာနဲ့တစ်ချက်ကြည့်လိုက်သည်၊

ဒီစာမေးပွဲဖြေသူမှာ ကိုယ်ပိုင်သားရဲတွေအများကြီးရှိနေတာ အသေအချာပဲ…

All Chapters