← Chapters

အခန်း (၁၁၇-၁၂၀)

Vol. 8 Ch. 117-120

အခန်း (၁၁၇-၁၂၀)

Vol. 8 Ch. 117-120

အပိုင်း ၁၁၇ အနက်ရောင် အန်ဒါကွန်ဒါမြွေ

“မင်းစာမေးပွဲမှာ ကံကောင်းပါစေ။” စစ်သားတစ်ယောက်က ရုတ်တရက်ကြီး ကောင်းဖန်ကို လှည့်ကြည့်ကာ အားပေးစကားပြောလာသည်။

ကောင်းဖန်၏အမူအရာက ရုတ်ချည်းဗလာဖြစ်သွားသည်။ နောက်တော့မှ ပြန်လည်နူးညံ့သွားကာ၊ “ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောခဲ့သည်။

သစ်သားဝိညာဉ်ဂျယ်လီငါးဖြစ်သည့် ဆီလီက ၎င်းလက်တံများဖြင့် ထိုစစ်သားကို ဝှေ့ယမ်းပြနေသည်။ ၎င်းက ရင်းနှီးသလိုပုံစံနှင့် ထိုစစ်သားဆီ ပျံသွားကာ ထိုစစ်သားဆီမှ ဆုလိုချင်နေသလိုပင်။

“တော်လောက်ပြီ။ မင်းသူ့ကို လက်ပြနေဖို့မလိုဘူး။ မင်းက ပဲငံပြာရည်ဝယ်တဲ့ဖြတ်သွားသူလိုပဲ။” ကောင်းဖန် ပြောလိုက်သည်။ သူက အေးအေးဆေးဆေးပင် စိတ်လှုပ်ရှားနေသည့် ဆီလီကို ပြန်ဆွဲလိုက်သည်။

ဆီလီက မှားယွင်းနေသည်ဟု ခံစားသွားရသည်။ ထိုသို့ဖြင့် ကောင်းဖန်လဲ “ငါ မစားဘူး။ ငါပဲငံပြာရည်မစားဘူး!” ဆိုသည့် ဆီလီ၏ဆန္ဒပြသံများကို ဆက်တိုက်နားထောင်နေရတော့သည်။

“မင်းပဲငံပြာရည်မစားမှန်း ငါသိပါတယ်။ မင်းက ပဲငံပြာရည်ဝယ်တာလို့ ပြောချင်တာပါ။”

ရုတ်တရက် ဆီလီ၏လှုပ်ရှားမှုများ ရပ်တန့်လို့သွားသည်။ ထို့နောက် ၎င်းက ဒေါသထွက်သွားကာ သူဒေါသထွက်လျှင် လုပ်နေကျလိုမျိုး ကောင်းဖန်၏ခေါင်းပေါ် တက်ထိုင်နေတော့သည်။

မျက်နှာတည်ကြီးနှင့်နေသည့် စစ်သားမှာ ဆက်ပြီးကြာကြာမတည်နိုင်တော့ပေ။ ကောင်းဖန်လဲ ရှက်ကိုးရှက်ကန်းနှင့် လက်ဝှေ့ပြကာ ထွက်သွားတော့သည်။ ကောင်းဖန် လှည့်ထွက်လာပြီးသည်နှင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း ဖျော်ရည်သောက်ချင်သေးလား?”

ဆီလီက ချက်ချင်းပင် သူ့လက်တံများကို လှုပ်ရှားကာ ကောင်းဖန်၏ခေါင်းပေါ်မှ ပြန်ဆင်းလိုက်သည်။ “သောက်ချင်တယ်၊ သောက်ချင်တယ်။”

ဆီလီက ဖျော်ရည်အကြောင်းပြောလိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားလာတတ်တာကြောင့် ဒီကောင်လေးကို ကိုင်တွယ်ဖို့ ကောင်းဖန် နည်းလမ်းတစ်ခုရှာတွေ့ထားခဲ့ခြင်းဖြစ်သည်။ ဒီလိုနဲ့ပဲ သူ့ရဲ့ဒုက္ခတွေ ပူပန်မှုတွေအားလုံး ပျောက်ကွယ်သွားရလိမ့်မည်။ တစ်ခါတလေတော့ ဆီလီက ဂရုမစိုက်တတ်သော သဘောထားအပေါ် ကောင်းဖန် မနာလိုဖြစ်မိသည်။ ၎င်း၏စိတ်အခြေအနေ ကောင်းမကောင်းကတော့ ထိုနေ့၏ဖျော်ရည်အရသာ ကောင်းလားနှင့်သက်ဆိုင်နေသည်။

ကောင်းဖန် အိတ်ကပ်ထဲမှ ဖျော်ရည်တစ်ထုပ်နှင့် ပိုက်တစ်ချောင်းထုတ်ယူလိုက်ကာ ဆီလီလဲ ကျေနပ်မှုအပြည့်နှင့် ဖျော်ရည်ကိုသောက်နေတော့သည်။ ၎င်းက တစ်ခါတရံ ဖျော်ရည်ထဲသို့ ပူဖောင်းများထအောင် မှုတ်တပ်သေးသည်။ သူ့သခင်ကြည့်နေသည်ဟု ခံစားရလျှင်တော့ သူလုပ်နေတာကို သူ့သခင်မမြင်သွားအောင် မြန်မြန်ဆန်ဆန်တစ်ဖက်သို့ လှည့်သွားပေလိမ့်မည်!

ကောင်းဖန်ကတော့ ဆီလီကို လျစ်လျူသာရှုထားလိုက်ကာ သူ့ညာလက်ကိုမြှောက်လိုက်ပြီး ချိတ်ကောက်တစ်ခုလို ကွေးလိုက်သည်။ ဆီလီက အကြိမ်ရေအနည်းငယ်ခန့်ပတ်လိုက်ပြီးနောက်မှာတော့ ၎င်း၏၃၀စင်တီမီတာရှည်သည့် လက်တံများက ကောင်းဖန်ဆီသို့ ကြိုးတစ်ချောင်းလို ရစ်ပတ်သွားတော့သည်။ ဆီလီက အခုဆိုလျှင် လက်မှာကြိုးနှင့်ချည်ကာထားသည့် မိုးပျံပူဖောင်းတစ်လုံးနှင့်ပင် တူသွားပေပြီ။

ကောင်းဖန် သူ့နာမည်နှင့်စာမေးပွဲနံပါတ် A5 ပါသည့် ကတ်ကိုထုတ်လိုက်သည်။ ထိုစာမေးပွဲနံပါတ်အနေအထားက ဘယ်လိုသဘောဆောင်လဲဆိုတာကို သူမသိသော်လည်း Aရှိသူများကို ဧရိယာAအဖြစ် ပိုင်းခြားထားသည်။

စာမေးပွဲနေရာက ကြီးလွန်းတာကြောင့် ကောင်းဖန် သူ့စာမေးပွဲဖြေမည့်နေရာသို့ သွားဖို့ရန် ခေါက်ပြန်ဘက်စ်မစီးမီ အချိန်အတော်ကြာစောင့်လိုက်ရသေးသည်။

စာမေးပွဲနေရာမှ ဝန်ထမ်းအားလုံးနီးပါးသည် စစ်တပ်ထဲမှ တာဝန်ပြောင်းလာကြသူများဖြစ်ကြသည်။ ဒီလိုပွဲကြီးမျိုးမှာ ပဋိပက္ခတစ်စုံတစ်ရာမဖြစ်ဘဲ ပြီးသွားဖို့ဆိုတာ အာမခံဖို့ ခဲယဉ်းလှကာ ဒီလိုပြဿနာမျိုးကင်းစင်စေရန် လုပ်ဆောင်နိုင်မည့် လူတစ်မျိုးတည်းရှိသည်။

သွားလိုရာသို့ရောက်ရန် ခေါက်ပြန်ဘက်စ်ကို ၁၀မိနစ်လောက်စီးလိုက်ရသည်။ ၎င်းက ဝန်ထမ်းများ အလှုပ်ရှုပ်စွာ လှုပ်ရှားသွားလာနေကြသည့် နေရာရှေ့တွင်သာ ရပ်ပေးခဲ့သည်။ အများစုကတော့ စစ်ယူနီဖောင်းများကို ဝတ်စင်ထားကြသည်။

ဘက်စ်ပေါ်မှဆင်းလာပြီးနောက် ကောင်းဖန်လဲ အလွန်ကြီးမားလှသည့် ဧရိယာAကိုရှာတွေ့သွားသည်။ ၎င်းသည် အနောက်မှ ဧရိယာ C နှင့် Bတို့ထက် အဆများစွာပိုကြီးမားသည်။

သူတို့က စာမေးပွဲကို အလှည့်ကျဖြေဆိုရမည်ဖြစ်ကာ တိုက်ပွဲတစ်ခုကို အနားယူချိန်နာရီဝက်နှင့် နှစ်နာရီကြာမြင့်ပေမည်။

ဒါပေါ့၊ သားရဲတစ်ကောင်တည်းရှိတဲ့ ဖြေဆိုသူတွေကတော့ တိုက်ပွဲပြီးတာနဲ့ ပြန်သွားနိုင်ပါတယ်။

A, B, C….. ဒီအဆင့်တွေက အုပ်ချုပ်သူအဆင့်၊ ထိပ်တန်းအဆင့်နဲ့ သာမာန်အဆင့်ဆိုပြီး ခွဲခြားထားတာမဟုတ်ဘူးလား?

ဒါပေမယ့် တစ်ယောက်ယောက်မှာ သခင်အဆင့်ကိုယ်ပိုင်သားရဲရှိနေရင်ရော? သူတို့အတွက် ဧရိယာSဆိုပြီး ခွဲပေးဦးမှာလား? ကောင်းဖန် အံ့အားသင့်လို့နေသည်။ ပြီးတော့ သူအရမ်းအတွေးလွန်နေပြီဟုလဲ တွေးမိသွားသည်။ ဤအဆင့်တွင် တစ်ယောက်ယောက်မှာ သခင်အဆင့်ကိုယ်ပိုင်သားရဲရှိဖို့ဆိုတာ လုံးဝမှမဖြစ်နိုင်ပဲ…

သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုသောကျောင်းသားများသည် ယေဘူယျအားဖြင့်အသက်၁၇နှစ်မှ၁၉နှစ်အတွင်းဖြစ်ကြသည်။ အခါအားလျော်စွာ ထိုတွင်၂၀နှစ်၂၁နှစ်ရှိသည့်နှစ်ကျများ ဒါမှမဟုတ် အသက်ကြီးလူများပါဝင်သေးသည်။

ကောင်းဖန်ကသူ့ခေါင်းကိုခါလိုက်ကာ သူ၏ကျင်းပရာနေရာကိုကြည့်လိုက်သည်၊ ၎င်းသည်ဘောလုံးကွင်းကဲ့သို့ကြီးမားသည်၊ ၎င်းကငါးထပ်ပတ်လည်တွင် ၁၀မီတာမြင့်ပြီးသံပိုက်ကွက်နံရံရှိသည်။

ဧရိယာAတွင်နေရာရှစ်နေရာရှိသည်ကိုသူမြင်လိုက်သည်၊ ဆိုလိုသည်မှာ အုပ်ချုပ်သူအဆင့်သားရဲရှိသည့်သားရဲလေ့ကျင့်သူအနည်းဆုံး၇နှစ်ယောက်ရှိခြင်းဖြစ် သည်။

ကောင်းဖန်အံ့ဩသွားတော့သည်၊ ဒမ်ဘီကအဆင့်၂၀သာရှိသေးသည်၊ ၎င်းက အုပ်ချုပ်သူအဆင့်သန်မာမှုမျိုးရှိသော်လည်းထိုထဲမှမဟုတ်ပေ။

ဒီလောကတွင်ပါရမီရှင်များအဆုံးမရှိပေ။ ကောင်းဖန်၏စွမ်းရည်သည်သားရဲများ၏ အဆင့်ကိုမြှင့်တင်ခြင်းမဟုတ်ဘဲ သူတို့၏အဆင့်အတန်းကိုသာမြှင့်တင်ခြင်းဖြစ်သည်။ သူ့တွင်သားရဲများ၏ဆင့်ကဲဖြစ်စဉ်ကိုမြှင့်တင်ရန်လိုအပ်သောပစ္စည်းများကိုဝယ်ဖို့ ပိုက်ဆံရှိနိုင်သည် ဒါပေမယ့်ချမ်းသာသောမိသားစုများကလည်းထိုနည်းအတိုင်းပင် ပြုလုပ်နိုင်သည်။

သူတို့ရဲ့မိသားစုနောက်ခံတွေက သူတို့အတွက်ကြီးပွားတိုးတက်ဖို့အလားအလာပိုရှိတဲ့ သားရဲတွေနဲ့လက်မှတ်ထိုးဖို့လည်းဖြစ်နိုင်သည်၊ ဥပမာအားဖြင့်ချန်းဟန်ချောင်သည် ကြီးပြင်းလာသောအခါခေါင်းဆောင်အဆင့်ထိအလားအလာရှိသည့် လျှပ်စီးရောင်စိုဝက်ဝံနှင့်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

ကောင်းဖန်ခဏလောက်စဉ်းစားလိုက်သည်။ သူသည်ကောင်းမွန်သောမိသားစုမှလာခဲ့သည်လား? မဟုတ်ပေ။ သူကရိုးသားစွာနှင့်နေထိုင်ပြီး အလုပ်ကြိုးစားကာသူ့သားရဲ တွေ၏လက်ရှိအဆင့်ထိရောက်အောင်မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်၊ သူကပါရမီရှင်ဖြစ် သင့်သည်! သူကအကူအညီမဲ့ပေမယ့် ထိုကဲ့သို့အတွေးမျိုးတွေးလိုက်သောကြောင့် အနည်းငယ်ပျော်ရွှင်သွားတော့သည်။

အချိန်ခဏလေးအတွင်းမှာတင်, နောက်ထပ်ဧရိယာများကလူများဖြင့်ပြည့်သွားတော့ သည်။

ကောင်းဖန်၏ဘယ်ဘက်တွင် မိန်းကလေးတစ်ယောက်အဖြူရောင်အားကစားဝတ်စုံ ကိုဝတ်ဆင်ထားသည်။ နူးညံ့သောဆံပင်များကသူမပုခုံးပေါ်သို့ကျနေသည်၊ သူမ၏မျက်နှာကတည်ငြိမ်နေသည်။ ကြီးမားသောအနက်ရောင် အန်ဒါကွန်ဒါမြွေသည် ပေ၆၀ထက်ပင်ပို၍ရှည်လျားပြီးရေစည်ကြီးကဲ့သို့ပင်ထူကာ ၎င်း၏ခန္ဓာကိုယ် ပတ်လည်တွင်ဒဏ်ရာများရှိသည်။ သူမကိုထိုမြွေ၏အလယ်တွင်တင်းကြပ်စွာရစ်ပတ် ထားသည်။ ကြီးမားသောအန်ဒါကွန်ဒါမြွေ၏မျက်လုံးများကတောက်ပနေပြီး သွေးကဲ့သို့နီရဲနေသည်။

နေရောင်အောက်တွင်, ကြီးမားသောအန်ဒါကွန်ဒါမြွေ၏အကြေးခွံများသည် တောက်ပနေသည်။

[မကောင်းဆိုးဝါးအမည်]-အနက်ရောင်အန်ဒါကွန်ဒါမြွေ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၅

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

ကောင်းဖန်၏ညာလက်တွင်တော့ မျက်မှန်တပ်ထားသည့်ကောင်လေးဖြစ်သည်၊ သူက နူးညံ့သည့်ပုံစံဖြစ်သည်။ သူကပေါ့ပေါ့ပါးပါးအဝတ်ကိုဝတ်ဆင်ထားပြီး သူ့မျက်နှာက ပြုံးနေသည်။ သူ့နောက်တွင် စွဲမက်ဖွယ်ကောင်းသောအနီရောင်ကျားကြီးတစ်ကောင် ကလိုက်သည်။

ကောင်းဖန်သည်ကျားအမျိုးအစားသားရဲကိုမြင်ဖူးသည်မှာပထမဆုံးအကြိမ်ဖြစ်သည်၊ အကယ်၍ထိုကောင်လေးက ကျားကိုသူ၏ကိုယ်ပိုင်သားရဲဖြစ်အောင်လုပ်နိုင်လျှင် သူသည်သာမာန်လူမဟုတ်ဟုဆိုနိုင်သည်။

ကပ်ဆိုးကြီးပြီးနောက်တွင်ကျားအနည်းငယ်သာရှိတော့သည်၊ တစ်ခြားသောနယ်ပယ် တစ်ဝိုက်တွင်များစွာသောအင်းစက်အမျိုးအစားများရှိသည်၊

အကုန်လုံးကသူတို့၏သတ်မှတ်ထားသောဧရိယာသို့ ကိုးနာရီထိုးသည်နှင့်ရောက်လာ ကြသည်။

ဧရိယာAတွင် ကျင်းပရာနေရာရှစ်နေရာရှိပြီး, ဧရိယာB၌၃၃၀, ဧရိယာC၌၆၆၁ခုရှိသည်၊ စုစုပေါင်းစာမေးပွဲနေရာ၉၉၉ခုဖြစ်သည်။

ကောင်းဖန်ကသူမှန်းတာမှန်သွားသည်ကိုသဘောပေါက်လိုက်သည်၊ ဧရိယာAသည် အုပ်ချုပ်သူအဆင့်သားရဲများအတွက်ကြီးမားသောအရွယ်အစားဖြစ်သည်၊ ဧရိယာB သည်ထိပ်တန်းအဆင့်သားရဲများဖြစ်ပြီး, ဧရိယာCသည်သာမန်အဆင့်သားရဲများ အတွက်ဖြစ်သည်။

သို့သော်ဒမ်ဘီသည်ထိပ်တန်းအဆင့်သားရဲဖြစ်သည်၊ ကောင်းဖန်ကအနည်းငယ် ဂုဏ်တက်နေသည်ဟုခံစားလိုက်ရသည်၊ အုပ်ချုပ်သူအဆင့်သားရဲများ၏ဝန်းရံခြင်းကို ခံရခြင်းသည် ဟက်စကီးတစ်ကောင်ကဝံပုလွေအုပ်ထဲသို့ရောက်နေသလိုပင်သူ့ကို ခံစားရစေသည်၊ ဒါကစိတ်လှုပ်ရှားစရာကောင်းတယ်!

ဒါကကောင်းဖန်တွေးနေတာဖြစ်သည်၊ သူမသိသောအချက်မှာစာမေးပွဲဖြေဆိုသူ ထောင်ပေါင်းများစွာရှိနေပြီးသူတို့သည်ဧရိယာAရှိ၎င်းတို့ရှစ်ဦးကိုကြည့်နေကြခြင်း ဖြစ်သည်။

ဧရိယာA၌ရှိနေခြင်းသည် , သူတို့ကထူးခြား၍ဖြစ်သည်: ချန်အန်းမြို့ရှိအကောင်းဆုံး သားရဲလေ့ကျင့်သူရှစ်ယောက်ဖြစ်သည်။

***

အပိုင်း ၁၁၈ လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး

လူထောင်ပေါင်းများစွာက လူရှစ်ယောက်၏ကျောပြင်များကို ကြည့်လို့နေကြသည်။ ကောင်းဖန်ပင်လျှင် ခံစားချက်မျိုးစုံရောထွေးလို့လာရသည်။

ကိုယ်ပိုင်သားရဲက အုပ်ချုပ်သူအဆင့်သာမဟုတ်လျှင် အဆင့်မြင့်သားရဲများကို တိုက်ခိုက်ဖို့မဖြစ်နိုင်ပေ။ ဒမ်ဘီကို ဥပမာထားကြည့်လျှင် ၎င်းအနေနှင့် အုပ်ချုပ်သူအဆင့်သားရဲများကို ယှဉ်ပြိုင်ဖို့ အခွင့်အရေးရရှိရန်အတွက် အဆင့်၂၀နှင့် ထင်ရှားအဆင့်ကိုပိုင်ဆိုင်ထားရသည်။

အုပ်ချုပ်သူအဆင့်၏အားအနည်းဆုံးကိုယ်ပိုင်သားရဲပင်လျှင် အင်အားကြီးနေကြတုန်းပင်။ ထိုအဆင့်နှစ်ခုကြားမှ ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ ထင်ရှားအဆင့်သားရဲများသည် အလွန်ရှားပါးကာ အုပ်ချု်ပသူအဆင့်သားရဲများထက်ပင် ပို၍ရှားပါးသေးသည်။

“သူတို့ရှစ်ယောက်က ချန်အန်းမြို့မှာ အသန်မာဆုံးလူငယ်တွေပဲ။” စစ်တပ်အခြေစိုက် လျှို့ဝှက်စခန်းတစ်ခုထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ စခန်းအလယ်ရှိ သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း တိုက်ရိုက်ထုတ်လွှင့်နေသည့် ကြီးမားလှသော စခရင်ကြီးကိုလဲ အဆင့်မြင့်စစ်အရာရှိပေါင်းများစွာက ကြည့်လို့နေကြသည်။

စခရင်မှ တိုက်ရိုက်တင်ဆက်မှုကိုတော့ ဒရုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။ ဧရိယာAကို ရိုက်ကူးပြနေသည့် ကင်မရာမှ ပုံရိပ်များမှာ အရည်အသွေးကောင်းကာ အလွန်ကြင်လင်ပြတ်သားလှသည်။ ထိပ်တန်းအဆင့်နှင့်သာမာန်အဆင့်သားရဲအုပ်ကြီးနှင့်ယှဉ်လျှင် အုပ်ချုပ်သူအဆင့်သားရဲနှင့် ထိုရှစ်ယောက်က ပိုလို့စိတ်ဝင်စားဖို့ ကောင်းပေသည်။

“ရှစ်ယောက်လုံး စိတ်ဝင်စားဖို့ကောင်းတာမဟုတ်ဘူး။ ၆ယောက်ပဲ။” နောက်တစ်ယောက်က ခေါင်းယမ်းကာ စကားကိုပြန်ပြင်ပေးလိုက်သည်။ “ငါမေးကြည့်လိုက်တော့ အဲ့ထဲကနှစ်ယောက်က အသက်ကြီးနေကြပြီ။ တစ်ယောက်က ၂၁နှစ် နောက်တစ်ယောက်ကတော့ အသက်၂၀ရှိနေပြီ။ သူတို့ရဲ့ကိုယ်ပိုင်သားရဲတွေက အခုထိ အုပ်ချုပ်သူအဆင့်ကိုပဲ မြှင့်ထားနိုင်သေးတယ်။ သူတို့ရဲ့ကိုယ်ပိုင်သားရဲတွေကို အုပ်ချုပ်သူအဆင့်ရောက်ဖို့ အချိန်တွေ ဒီလောက်တောင်ယူတယ်ဆိုမှတော့ သူတို့ကို အရည်အချင်းရှိတယ်လို့ပဲ သတ်မှတ်လို့ရမယ်။ ဉာဏ်ကြီးရှင်တွေဆိုတဲ့ အဆင့်ထိတော့ သတ်မှတ်လို့မရဘူး။”

အနားမှလူများကလဲ ခေါင်းညိတ်လိုက်ကြသည်။ ကိုယ်ပိုင်သားရဲတစ်ကောင်နှင့် စာချုပ်,ချုပ်နိုင်သည့် အငယ်ဆုံးကန့်သတ်ချက်မှာ ၁၈နှစ်ဖြစ်သည်။ ဒါကြောင့် ဒီလိုအသက်အရွယ်သတင်းလေးနှင့်တင်ကို သားရဲလေ့ကျင့်သူတစ်ယောက် ဘယ်လောက်ထိ အရည်အချင်းရှိလဲ ပြောနိုင်ကြပေသည်။

“ဒါပေမယ့် အရည်အချင်းကို ဒီလိုပုံစံမျိုးနဲ့ ဘယ်တိုင်းတာလို့ရမလဲ… ဒါတွေက ဒီအတိုင်းခန့်မှန်းချက်တွေပါ။ ငါကတော့ အပြောတွေကို မယုံကြည်ဘူး။ ငါကတော့ ချန်အန်းမြို့ရဲ့သားရဲလေ့ကျင့်သူသုံးသောင်းထဲမှာမှ ဒီရှစ်ယောက်ပဲ အုပ်ချုပ်သူအဆင့်သားရဲရှိတာကိုပဲ သိတယ်။” နောက်တစ်ယောက်က လေသံလေးဖြင့် ပြောလိုက်သည်။

“ဒါပေါ့၊ သူတို့က ငါတို့ရဲ့အနာဂါတ်လေးတွေပဲ။” ဆံပင်ဖြူနှင့်အဆင့်မြင့်အရာရှိကြီးတစ်ဦးကလဲ ဖြည်းဖြည်းချင်းပြောလာခဲ့သည်။ “ငါတို့ လွန့်ခဲ့တဲ့ ဆယ်စုနှစ်လောက်က အရိပ်အယောင်တွေ တွေ့ခဲ့ကြတာပဲ။ တရုတ်ရဲ့ ရှန့်နုန်ကျား၊ ဘရာဇီးရဲ့ အမေဇုန်မြစ်တွေ။ အမေရိကားရဲ့ အဝါရောက်ကျောက်တုံးပန်းခြံ။ အဲ့နေရာတွေထဲမှာ သားရဲအရေအတွက် အနည်းငယ် စပြီးပေါ်ထွက်လာပေမယ့် လူသားတွေကြားထဲမှာ နာမည်ကြီးမသွားခဲ့ဘူး။ ငါတို့တွေလဲ အခြေအနေတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ တွေးခဲ့ကြပေမယ့် တကယ်တမ်းတော့ ရှုံးနိမ့်သွားကြတာပဲ။”

ထိုလူစကားစပြောလိုက်သည်နှင့် လူတိုင်း၏စကားသံများရပ်တန့်သွားကြသည်။

ထိုသတင်းသာ အပြင်ဘက်ကမ္ဘာကိုပျံ့သွားခဲ့လျှင် သေချာပေါက် တုန်လှုပ်ချောက်ချားသွားစေလိမ့်မည်။ ဒါကြောင့်ပဲ သင်ရိုးညွှန်းတမ်းများနှင့် အခြားသောမှတ်တမ်းများတွင် လွန့်ခဲ့သည့် သုံးနှစ်ခွဲကမှ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်ခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုလူအိုကြီးပြောပုံအရ ကမ္ဘာပေါ်မှ နိုင်ငံတိုင်းက လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ကြပုံပင်။

“ငါကတော့ ဒီစာမေးပွဲမှာ ဘာမတော်တဆမှုမှမဖြစ်သွားစေချင်ဘူး။ စာမေးပွဲမှာ မတော်တဆမှုတစ်ခုခုသာဖြစ်သွားခဲ့ရင် ချန်အန်းစစ်တပ်ရဲ့ဂုဏ်သိက္ခာက ကမ္ဘာတစ်ဝှမ်းလုံးမှာပါ ပျက်စီးသွားလိမ့်မယ်။” ဆံဖြူအဖိုးကြီးက ဆက်ပြောခဲ့သည်။

“ဗိုလ်ချုပ်ကြီး၊ သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲမှာတာဝန်ချထားတဲ့ စစ်သားတွေအားလုံးက စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ သေချာစိစစ်ရွေးချယ်ထားတာပါ။ ပြဿနာအဖြစ်ခံကြမှာမဟုတ်ပါဘူး!” တစ်ယောက်က ပြန်ဖြေပေးသည်။ “ပြီးတော့ သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ နေရာတိုင်းကိုလဲ ကင်မရာတွေအပြည့်နဲ့ စောင့်ကြည့်နေတာပါ။ ကျွန်တော်တို့ မော်နီတာတွေကို ကြည့်ဖို့ တစ်လုံးကို တစ်ယောက်စီထား,ထားပါတယ်။ ကင်မရာတိုင်းကလဲ လူတစ်ယောက်စီကို သေချာရိုက်ကူးပေးနေတာပါ။ စာမေးပွဲအတွင်း ပြဿာနာတစ်စုံတစ်ရာပေါ်လာခဲ့ရင်တောင်မှ ကျူးလွန်တဲ့လူပဲ အပြစ်ပေးခံရမှာမဟုတ်ဘဲ အဲ့ဒီလူကို စောင့်ကြည့်နေတဲ့ မော်နီတာရှေ့က တာဝန်ကျသူလဲ အပြစ်ပေးခံရမှာပါ!”

“ဟုတ်ပါပြီ။” အဖိုးကြီးက ခေါင်းညိတ်လိုက်သည်။

ချန်အန်းမြို့၏အိမ်တိုင်းနီးပါးက သူတို့တီဗီများမှ လိုင်းများကို ကိုယ်ပိုင်သားရဲများကြားမှ တိုက်ခိုက်မှုအားကြည့်ရှုရန်အတွက် ပြောင်းထားကြသည်။

ဒီအစီအစဉ်က အလွန်ထူးခြားသည်။ ဒါက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လူများစွာ တစ်စုတဝေးတည်းရှိနေခြင်းဖြစ်သည်။ အိမ်တိုင်းမှာ သားတစ်ယောက် သို့မဟုတ် သမီးတစ်ယောက်တော့ ရှိတတ်ကြသည်။ လူပေါင်းများစွာက တီဗီစခရင်ပေါ်ကို သူတို့မျက်လုံးများအား ကော်ဖြင့်ကပ်ထားသလို စောင့်ကြည့်ကြပြီး ပြိုင်ပွဲစမည်ကို စောင့်နေကြသည်။

ဒါပေါ့ ပထမအဆင့်ရွေးချယ်မှုမှာတော့ လူတွေက သူတို့မြို့တွေက စာမေးပွဲကိုသာ ကြည့်ကြပေသည်။

“ငါကောင်းဖန်ကို တွေ့ပြီ!” အိမ်ရှိ လီကျီကုန်းက အော်ဟစ်လိုက်သည်။ “ငါသိသားပဲ။ ကောင်းဖန်က ရည်မှန်းချက်မရှိတဲ့လူမဟုတ်ပါဘူး….”

လီကျီကုန်းကသူ့ခေါင်းကိုရုတ်တရက်ရိုက်ခံလိုက်ရခြင်းဖြင့်ကြားဖြတ်ခံလိုက်ရသည်၊ “ပါးစပ်ပိတ်စမ်း! စိတ်ဝင်စားစရာကောင်းလာပြီ! နင်ပါးစပ်ပိတ်ပြီးတီဗွီသာကြည့်စမ်း!” လီဟုန်တုံ့ကသူ့ညာဘက်လက်ကိုပြန်ရုတ်ရင်းပြောလိုက်သည်၊ လီဟုန်တုံ့က သူမလက်ကိုပွတ်လိုက်သည်, လီကျီကုန်းရဲ့ခေါင်းကပိုပြီးမာသထက်မာလာပြီ…

လှောင်အိမ်ထဲရှိသားရဲများသည် ကျယ်လောင်သောအသံကိုထုတ်လွှတ်လိုက်ကြသည်၊

ကောင်းဖန်က ကြီးမားသောထရပ်ကားကြီးဝင်လာပြီး ရပ်သွားသည်ကိုတွေ့လိုက်သည်၊ ကားနောက်ခန်းတံခါးကပွင့်သွားပြီးအပြာရောင်ရုပ်ပုံပါသည့် ကြီးမားသောလှောင်အိမ် ကြီးတစ်ခုပေါ်လာသည်။

၎င်းသည်အရှည်၂၀ပေနှင့်အမြင့်၇ပေရှိသည်၊ အပြာရောင်ကျောခွံသည်အလွန်လှပပြီး, ၎င်းတွင်ကြီးမားသောအမြီးရှိကာ ကြီးမားသောလက်သည်းများမှအေးစက်သော အလင်းရောင်ကိုထုတ်လွှတ်နေသည်။ ကြီးမားသောကင်းမြှီးကောက်သည်ကြီးသည် ၎င်း၏မျက်လုံးများအားနေရောင်ခြည်မှကာလိုက်ပြီး သူ၏လက်သည်းများကိုမြှင့်လိုက် ရသောကြောင့်ရှုပ်ထွေးသွားပုံရသည်၊ ထို့နောက်၎င်းက သတိကြီးစွာနှင့်ဒူးထောက်ချ လိုက်သည်။

၎င်းသည်ထွက်သွားသောထရပ်ကားကိုဂရုမစိုက်ဘဲ ကောင်းဖန်ကိုလှည့်ကာကြည့် လိုက်သည်။

ကောင်းဖန်သည်ရှေ့သို့ဖြေးဖြေးလှမ်းသွားတော့သည်၊

ဧရိယာAရှိစာမေးပွဲဖြေသူရှစ်ဦးလုံးသည်တစ်ချိန်တည်းတွင်သူတို့၏တိုက်ခိုက်မှုများကို စတင်လိုက်သည်။

မရေမတွက်နိုင်သောသူများသည်သူတို့၏တီဗွီများရှေ့တွင်လက်သီးကိုတင်းတင်းဆုပ် ကိုင်ထားကြသည်၊ စိတ်လှုပ်ရှားမှုကြောင့်သူတို့၏သွေးများခုန်တက်နေသည်ဟုခံစား လိုက်ရသည်၊ ဒရုန်း၏အောက်တွင်, ထောင်ပေါင်းများစွာသောသားရဲများသည် ပြင်းထန်သောတိုက်ပွဲတွင်အချင်းချင်းတိုက်ခိုက်နေကြသည်၊

ကောင်းဖန်၏ဘယ်ဘက်တွင်,အဖြူရောင်အမွှေးနှင့်ကြီးမားသောမျောက်ကြီသည် အနက်ရောင်အန်ဒါကွန်ဒါမြွေမှကိုက်ခြင်းကိုခံလိုက်ရသည်၊ ၎င်းကသူ၏အခြေခံ လှုပ်ရှားမှုဖြစ်သည့်လည်မျိုညစ်ခြင်းကိုအသုံးပြုခဲ့သည်။

ကောင်းဖန်သည် သားရဲလေ့ကျင့်သူတစ်ဦးက မီးထုတ်နိုင်သောသားရဲမှ သူ၏ပါးစပ်မှ မီးတောက်ကိုမှုတ်လိုက်ပြီးမျိုချလိုက်သည်ကိုမြင်လိုက်သည်၊၊ မီးတောက်က ငြိမ်းသွားပြီးနောက် အနီရောင်ထုလုံးသည်သားရဲလေ့ကျင့်သူ၏ဘေးတွင်တွေ့လိုက်ရ ပြီး၎င်းတို့ကာကွယ်ပေးထားသည်၊ ထိုထုလုံးကဖြည်းဖြည်းချင်းပျောက်ကွယ်သွား သည်။

ဒါကြီးကဘာကြီးတုန်း !

ကြီးမားသောအပြာရောင်ကင်းမြှီးကောက်က ကောင်းဖန်၏အတွေးများပြီးသည်အထိ မစောင့်ခဲ့ချေ၊ ၎င်းကသတ်ရန်အတွက်ရွေ့လျားလိုက်သည်။

[မကောင်းဆိုးဝါးအမည်]- လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၂ (အုပ်ချုပ်သူ)

[မကောင်းဆိုးဝါးအားနည်းချက်]-၁- လျှပ်စီးအမျိုးအစား၊ ၂- ၎င်း၏ခန္ဓာကိုယ် အောက်ခြေတွင်ကြေးခွံမရှိသောကြောင့်၎င်းသည်ထိုခန္ဓာကိုယ်အစိတ်အပိုင်းအား ကာကွယ်မှုနည်းပါးစေသည်။

ဒမ်ဘီသည်လျင်မြန်စွာရှေ့သို့တက်သွားသည်၊ ၎င်းသည်အနက်ရောင်ဝတ်ရုံကိုချွတ်ပြီး လေထဲတွင်အပိုင်းအစများအဖြစ်သို့ပြောင်းသွားကာ အောက်ဘက်ရှိကွင်းကိုသတ်ကွင်း ကဲ့သို့ပြောင်းလိုက်သည်။

ကွဲအက်နေသောအသံနိမ့်နိမ့်ကထွက်လာသည်၊ အသံကစပီကာတစ်ခုမှထွက်ပေါ်လာ သကဲ့သို့ပင်ဖြစ်သည်၊

ဒမ်ဘီသည်လေထဲတွင်ရှေ့သို့ပြင်းထန်သောအရှိန်ဖြင့်အမြန်ပြေးလာသည်၊ ၎င်းသည်အလွန်လျင်မြန်သောငွေရောင်ဘောလုံးတစ်လုံးကဲ့သို့ပင်ဖြစ်သည်၊

“သူ့ခန္ဓာကိုယ်ရဲ့ဘေးဘက်ပိုင်းတွေကသူ့ရဲ့အားနည်းချက်ဘဲ” ကောင်းဖန်ကတည်ငြိမ်စွာနှင့်ပြောလိုက်သည်။

လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးသည်၎င်း၏လက်သည်းများကိုပိတ်ချလိုက်သည်၊ ၎င်းတို့ကကြီးမားသောတူကြီးများကဲ့သို့ပင်ဖြစ်သည်။

ဒမ်ဘီကသူ၏ဘယ်ဘက်ခြေထောက်ကိုသုံး၍ လိပ်ခ်ဆိုက်ကင်းမြှီးကောက်၏ ဘေးဘက်ကိုထိုးချလိုက်သည်၊ သို့သော်လည်းထိုလိပ်ခ်ဆိုက်ဧရာမကင်းမြှီးကောက် သည်တိုက်ပွဲတွင်အတွေ့အကြုံရှိသည်၊ သူရဲ့အားနည်းချက်ကဘယ်မှာလဲဆိုတာကို သိပြီးပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကိုသဘာဝကျကျတားဆီးခဲ့သည်၊

ကင်းမြှီးကောက်သည်၎င်း၏အမြီးကိုလှော်တက်လှန်သကဲ့သို့လှန်ပစ်လိုက်သည်၊ ၎င်းသည်အရှိန်ပြင်းပြင်းမောင်းနှင်နေသောမာစီးဒီးဘန့်စ်နှင့်ပင်တူသည်၊ ထို့နောက် ၎င်းသည်သူ၏ညာဘက်လက်သည်းများကိုသုံး၍ထိုးရန်ပစ်ထုတ်လိုက်သည်၊

ဒမ်ဘီကထိုးချက်ကိုအချိန်မှီမရှောင်နိုင်ဖြစ်ခဲ့ပြီး ချက်ချင်းပြန်ပစ်လိုက်ရသည်၊ သူသည်မကျခင်သူ၏ခြေအစုံကိုလေထဲသို့ပစ်ထုတ်လိုက်သည်။

လိပ်ခ်ဆိုက်ကင်းမြှီးကောက်သည်ဒမ်ဘီမတ်တပ်ရပ်ပြီသည်အထိမစောင့်ဘဲ အဲ့ဒီအစား ၎င်း၏လက်သည်းများကိုလေထဲတွင်ဒိုင်းလိုမတင်ထားပြီး ဒမ်ဘီဆီသို့ပြေးသွားတော့သည်၊ အပြာရောင်အလင်းတန်းလွှာက၎င်းအားလေထဲတွင်ရေများစုပုံလာစေပြီး လက်သည်းများအထက်တွင်စုရုံးကာအရှိန်ဖြင့်ရိုက်ချလိုက်သည်။

ထိုလက်သည်းများအောက်၌ မြေကြီးပေါ်တွင်လဲနေသောဒမ်ဘီရှိသည်၊

ဒမ်ဘီ၏နှလုံးကအရမ်းကိုခုန်လှုပ်နေသလို ၎င်း၏မျက်လုံးများထဲရှိမီးတောက်များက ပို၍ပို၍ပြင်းထန်လာသည်။

***

အပိုင်း ၁၁၉ မရဏအရိုးလူဝံ

ဒရုန်းပေါ်မှ ကင်မရာသည် ဒမ်ဘီကိုသာ တောက်လျှောက် ချိန်လို့ထားသည်။ လူအများကလဲ ဘာတွေဖြစ်နေလဲဆိုသည်ကို မြင်ရချိန်တွင် မကျေမနပ်အော်ဟစ်ကြတော့သည်။ ဒီအရိုးစုကောင်ကြီး အန္တရာယ်ရှိနေပြီလေ!

ဒမ်ဘီ၏ရင်ဘက်ရှိ နှလုံးမှာ လျင်မြန်စွာခုန်လှုပ်နေပြီး ၎င်း၏ခေါင်းရှိ မီးတောင်များကလဲ အရိုင်းဆန်စွာလှုပ်ယမ်းနေကာ ၎င်း၏မျက်ခွံထဲမှ အပြာရောင်မီးတောက်သည်လဲ မျက်ခွံပေါ်ကိုပင် ဖုံးလွှမ်းလာခဲ့သည်။

ကောင်းဖန်၏အချက်အလက်ဇယားတွင် ဒမ်ဘီ၏အဆင့်ရည်ညွှန်းချက်သည် နံပါတ်၂၀ကို အနီရောင်တောက်တောက်ဖြင့် ဖော်ပြနေသည်။ ၎င်းက တဖြည်းဖြည်းချင်းပြောင်းလဲသွားကာ သုညနေရာက တစ်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

“မကောင်းဆိုးဝါးအဆင့်က အခုပဲ ၂၀ကနေ ၂၁ကိုရောက်သွားတာပဲ!”

ဒမ်ဘီ၏ရင်ဘက်မှ သွေးကြောများက တဟုန်ထိုးလှုပ်ရှားလို့နေသည်။ ဒမ်ဘီ၏တစ်ကိုယ်လုံးမှာရှိသည့် သွေးကြောအားလုံးက အနီရင့်ရောင်နှလုံးရှိရာသို့ စုပြုံလို့လာခဲ့သည်။

သို့သော်လည်း ထိုလုပ်ငန်းစဉ်က ရုတ်တရက်ဆိုသလို ပြောင်းပြန်ရွေ့လျားသွားတော့သည်! နှလုံးသည် ချည်လုံးမှကြိုးများဆွဲထုတ်နေသကဲ့သို့ တဖြည်းဖြည်း သေးကျုံ့လို့သွားသည်။ ထို့နောက် သွေးကြောများက အပြင်ဘက်သို့ထွက်လာကာ ဒမ်ဘီ၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။ အပြင်ဘက်မှကြည့်လျှင် ဒမ်ဘီသည် အနီရောင်ကြွက်သွားများဖြင့် ဖွံ့ထွားလာသည်ကို မြင်နိုင်ပေသည်။

ရုတ်တရက်ဆိုသလို တုန်လှုပ်ချောက်ချားစရာအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒမ်ဘီက ၎င်း၏လက်သီးများကို တင်းတင်းဆုပ်လို့ထားသည်။ လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး၏ တိုက်ခိုက်မှုကို သူဖမ်းထိန်းနိုင်ခဲ့ပေမည့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

ရေတွေက ဒမ်ဘီ၏လက်မောင်းပေါ်သို့ ပြင်းထန်စွာရိုက်ခတ်သွားသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ရေသည်သတ်မှတ်ထားသည့်အရှိန်နှုန်းသို့ ရောက်ရှိသွားလျှင် သံမဏိပြားကိုတောင် ဖြတ်တောက်နိုင်သော်လည်း လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးအတွက်တော့ ထိုအဆင့်သို့ရောက်ရှိဖို့ရန် သွားရမည့်လမ်းကြောင်းရှည်ကြီး ရှိလို့နေသေးသည်။

ကင်းမြီးကောက်၏လက်သည်းများမှတစ်ဆင့် ပစ်လွှတ်လိုက်သည့် ရေများက ၎င်း၏ပြိုင်ဘက်ကို တွန်းထုတ်ရုံသာ တတ်နိုင်ခဲ့သည်။ ၎င်းက နောက်ထပ်ရေလှိုင်းတစ်လှိုင်းပစ်လွှတ်လိုက်ပန်ကာ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းကို တိုးသွားစေသည်။ ကင်းမြီးကောက်၏လက်သည်းများကို တားဆီးလိုက်သည့် ဒမ်ဘီ၏ခန္ဓာကိုယ်အစိတ်အပိုင်းသည် အတွင်းသို့ ကျုံ့ဝင်လို့သွားကာ ရော်ဘာတစ်ခုလို ပြန်ကန်ထွက်သွားသည်။ ဒမ်ဘီ၏အနီရောင်ကြွက်သားများကလဲ နှစ်ဖက်လုံးတွင် ပိုလို့ဖောင်းကားလာခဲ့သည်။ ထို့နောက် ဒမ်ဘီက အသံတိတ်ဟောက်လိုက်သည်။

ကံမကောင်းစွာဖြင့် လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးကလဲ အားနည်းသည့်ကောင်မဟုတ်နေပေ။ နှစ်ဖက်လုံးက အားသာချက်အားနည်းချက်များဖြင့် ညီမျှနေသည်။ သို့သော်လည်း သားရဲလေ့ကျင့်သူမှာ ကိုယ်ပိုင်သားရဲတစ်ကောင်ထက်ပိုရှိလျှင်တောင်မှ တစ်ကြိမ်လျှင် တစ်ကောင်သာ တိုက်နိုင်ပေသည်။ ထိုကိုယ်ပိုင်သားရဲမှာလဲ တိုက်ပွဲဝင်ရန် အခွင့်အရေးတစ်ကြိမ်သာရှိသည်။ ၎င်းရှုံးသွားသည်ဖြစ်စေ နိုင်ခဲ့သည်ဖြစ်စေ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ခွင့်မရှိတော့ပေ။

ဒါကြောင့် ဤတိုက်ပွဲတွင် ဒမ်ဘီ သူ့ကိုယ်သူသာ အားကိုးရပေမည်။

ဒမ်ဘီက ၎င်း၏ခြေထောက်များကို ကွေးထားကာ ခန္ဓာကိုယ်ကို တည်ငြိမ်လိုက်စေပြီးနောက် ရုတ်တရက်ဆိုသလို ရှေ့သို့ပြေးတက်သွားသည်။ ၎င်းက ရှေ့မှ လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးထံသို့ တဟုန်ထိုးပြေးဝင်သွားခြင်းဖြစ်သည်!

လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးမှာ မှင်သက်နေကာ အချိန်မီပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။ ပုံမှန်ဆိုလျှင် ၎င်း၏ပြိုင်ဘက်ကို တိုက်ခိုက်လိုက်လျှင် ၎င်းတို့က ဘေးသို့ခုန်လိုက်ခြင်း သို့မဟုတ် နောက်သို့ခုန်ဆုတ်ခြင်းမျိုး လုပ်တတ်ကြသည်။ ဤတစ်ကြိမ်မှာတော့ ပြိုင်ဘက်က ရှေ့သို့ ပြေးဝင်လာခြင်းကို သူပထမဆုံးအကြိမ်မြင်လိုက်ရခြင်းဖြစ်သည်။

ဒမ်ဘီက ရပ်နေသည့် လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး၏မျက်နှာပေါ်သို့ ခပ်ပြင်းပြင်းကန်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ၎င်း၏နှာခေါင်းမှ သွေးစီးကြောင်း နှစ်ကြောင်း ပေါ်လာခဲ့ကာ လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးခမျာ မူးမိုက်လို့သွားတော့သည်။

လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးက ၎င်း၏လက်သည်းများကို ဖြန့်ကားထားတာကြောင့် ချက်ချင်းပြန်သိမ်းနိုင်ဖို့ ခက်ခဲလှသည်။

ဒမ်ဘီ မင်းရဲ့သွေးကြောတွေနဲ့ အဆစ်တွေကိုအားဖြည့်ပေးပြီး မင်းခြေထောက်ကို သုံးလိုက်သင့်တယ်။ ကောင်းဖန်က သွေးစာချုပ်ကိုသုံးကာ ဒမ်ဘီကို ဆက်သွယ်လိုက်ခြင်းဖြစ်သည်။

ဒမ်ဘီ၏မျက်လုံးထဲမှမီးတောက်များက တဖျပ်ဖျပ်တောက်ပလာကာ ခေါင်းကိုညိတ်ပြလာသည်။

သွေးကြောများတွင် ကိုယ်ပိုင်ဝိညာဉ်များရှိနေသကဲ့သို့ပင် ခန္ဓာကိုယ်အပေါ်ပိုင်းမှ သွေးကြောများက လျော့ကျသွားကာ ခြေထောက်ပေါ်မှသွေးကြောများကတော့ ပိုလို့ပြည့်ဖောင်းလာတော့သည်။

ဒမ်ဘီက ၎င်း၏ခြေထောက်တွေကို သုံးကာ ကန်ပစ်လိုက်သည်။ လေထဲတွင်တော့ ရှည်လျားသည့် အစင်းကြောင်းများ ရွေ့လျားသွားသည်ကိုသာ မြင်လိုက်နိုင်ပေသည်။

ဘန်း!

ထိုကန်ချက်က လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီး၏ခေါင်းသို့သာ ဦးတည်သွားပြန်သည်။ ထက်ရှကာဖြူလွသောခြေသည်းများက ၎င်း၏ဦးခေါင်းခွံကို ထိုးဖောက်လို့သွားကာ ထိုကွဲသွားသည့်ဦးခေါင်းခွံမှနေပြီး အပြာရောင်သွေးများစီးကျလာတော့သည်။

လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကြီးသည် ဆက်တိုက်ရုန်းကန်ပြီးရင်း ရုန်းကန်နေကာ စိတ်ထိန်းချုပ်နိုင်စွမ်းများ ပျက်သုန်းသွားသလိုမျိုး ဒမ်ဘီကိုကြည့်ပြီး ဒေါသတကြီး စတင်လှုပ်ရှားလာတော့သည်။

ကြီးမားသောလိပ်ခ်ဆိုက်ကင်းမြှီးကောက်၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ရေများပေါ်ထွက် လာတော့သည်၊ ထို့နောက်၎င်းတို့သည်အပြင်ဘက်သို့ပေါက်ထွက်လာပြီး, ဒမ်ဘီဆီသို့ ပျံထွက်သွားကြတော့သည်။

ဒမ်ဘီကလေထဲတွင်ဆတ်ကနဲလှပ်ရှားလိုက်သည်၊ ၎င်းကခုနှစ်ရာ့နှစ်ဆယ်ဒီဂရီလှည့် လိုက်ပြီး,မြေကြီးပေါ်သို့ကျသည်။ ၎င်း၏ကျောကိုခုံးထားပြီး၎င်း၏လက်သည်းများသည် အဖြူရောင်အကြောင်းများကိုချန်ထားခဲ့ပြီးမြေကြီးထဲသို့တူးချလိုက်သည်။

ရုတ်တရက်ဒဏ်ရာရရှိမှုကြောင့်လိပ်ခ်ဆိုက်ကင်းမြှီးကောက်သည်အနည်းငယ်ငြိမ် သက်သွားတော့သည်၊လိပ်ခ်ဆိုက်ကင်းမြှီးကောက်၏လက်သည်းများလှုပ်ရှားမှုသည် နှေးကွေးသွားတော့သည်၊ ၎င်းသည်မျက်လုံးများကိုပိတ်လိုက်ပြီးအသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

၎င်း၏ဦးရေပြားထဲမှသွေးများစီးကျလာတော့သည်။ ချွဲကျိသောသွေးများသည်သူ့ မျက်လုံးထဲသို့ဝင်သွားပြီး၎င်းကိုပို၍ကြောက်ဖို့ကောင်းအောင်လုပ်နေသည်၊

ဒမ်ဘီကညင်သာစွာနှင့်သူ့၏လည်ပင်းနှင့်ပုခုံးများကိုလှည့်လိုက်သည်၊ သူက လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကိုစိုက်ကြည့်နေပြီးသူ၏နှလုံးများကပူလောင်နေဆဲဖြစ် သည်၊

“သွေးပြန်ကြောတွေကသူရဲ့အုပ်ချုပ်သူအဆင့်စွမ်းရည်လား?” တစ်ယောက်က အံ့ဩစွာနှင့်ပြောလိုက်သည်။

သားရဲတစ်ကောင်အားအုပ်ချုပ်သူအဆင့်သို့တိုးမြှင့်လိုက်သောအခါ ၎င်းသည်မယုံကြည် နိုင်လောက်သောစွမ်းရည်အမျိုးမျိုးရှိလိမ့်မည်၊ ၎င်းသည်စွမ်းအားများအဆတိုးပွားလာ သောအခါနိုးထခြင်းအစဖြစ်သည်။

သားရဲအမျိုးအစားပေါ်မူတည်၍ ၎င်း၏နိုးထခြင်းပြီးနောက် ကြီးထွားမှုပမာဏကွဲပြားလိမ့်မည်။

ဥပမာအားဖြင့်, ဤလိပ်ခ်ဆိုက်ဧရာမကင်းမြှီးကောက်သည် နိုးထပြီးနောက်အနီးကပ် အကွာအဝေးအတွင်းကိုရေကိုထိန်းချုပ်နိုင်သည်။

၎င်းသည်သာမန်ရေမဟုတ်၊ ဒါကထူးခြားသောအရာဖြစ်သည်။

ဒီလိုလိပ်ခ်ဆိုက်ရဲ့လက်သည်းများ၏ထိပ်တွင်ရေများပေါ်လာသလိုမျိုးပေါ့၊ ရေသည် သာမန်ရေများ၏စွမ်းရည်များအားလုံးဖွဲ့စည်းထားပေမယ့်, အကယ်၍တစ်ယောက်က ရေချိုးဖို့အတွက်အသုံးပြုချင်တယ်ဆိုရင်တောင်, ဥပမာအားဖြင့်စွမ်းအားအများကြီးသုံးဖို့ ဒါမှမဟုတ် သူတို့ရဲ့ရေထိန်းချုပ်နိုင်မှုစွမ်းအားကိုတိုးတက်အောင်လုပ်ဖို့လိုအပ်သည်။

တစ်ချို့သောသုသေတီများကဤအရာသည်ကမ္ဘာကိုလွှမ်းမိုးနိုင်စွမ်းရှိသောဝိဉာဉ် စွမ်းအားတစ်မျိုးဖြစ်သည်ဟုယူဆကြသည်၊ ရေ သို့မဟုတ် မီးရှိသည်ဟုယုံကြည်လျှင် ၎င်းတို့သည်ပေါ်လာလိမ့်မည်ဖြစ်သည်၊

ဒါပေမယ့်ဒီလိုမျိုးထင်မြင်ချက်ကအသိအမှတ်ပြုခံရဖို့နည်းသည်၊ စွမ်းရည်ကအရမ်း ထူးဆန်းလွန်းသည်၊ ဒြပ်စင်တွေကိုထိန်းချုပ်နိုင်ရုံသာမက,၎င်းတွင်ထူးဆန်းသော မျိုးတူစွမ်းရည်အမျိုးမျိုးရှိသည်။ သီအိုရီကရိုးရှင်းလွန်းသည်၊

ဒမ်ဘီနိုးထပြီးနောက်စွမ်းရည်သည်သွေးကြောမျှင်နှလုံးမဟုတ်ပါ၊ ကောင်းဖန်သည် ဖြေးဖြေးချင်းအရောင်လက်နေသောစွမ်းရည်ကိုရှင်းရှင်းလင်းလင်းတွေ့လိုက်သည်၊ ၎င်းကမြင်ကွင်းထဲသို့ရောက်လာတော့သည်၊

[မကောင်းဆိုးဝါးအမည်]- မရဏအရိုးလူဝံ

[မကောင်းဆိုးဝါးစွမ်းရည်]- ခံနိုင်ရည်ရှိသောအရိုး အဆင့်၁ အရိုးခိုင်မာစေခြင်း၊ စွမ်းရည်၏နာမည်သည်နာမည်အကြံပြုထားသည့်အတိုင်းပင်ဖြစ် သည်၊ နာမည်ကိုကြည့်ရုံနှင့်ပင်ဤစွမ်းရည်၏အကျိုးသက်ရောက်မှုများကိုပြောနိုင်သည်။

မိုးကြိုးပစ်တာ ဒါမှမဟုတ် မီးတောက်တွေလောက် မမိုက်ဘူးဆိုပေမယ့်ဒီစွမ်းရည်က ဒမ်ဘီ၏ကြမ်းတမ်းပြီး အနီးကပ်တိုက်သောတိုက်ပွဲပုံစံအတွက်သင့်တော်ပေသည်။

အသံတစ်သံကလေထဲတွင်လွင့်ပျံသွားတော့သည်၊ ဒမ်ဘီသည်အသည်းအသန်ရှေ့သို့ ပြေးလာတော့သည်၊

သူကသူ၏ပေါင်များကိုအသုံးပြုကာလက်နှစ်ဖက်ကိုမြှောက်၍လေထဲသို့မြှင့်စွာခုန်ခဲ့ သည်၊ သူတို့ကသံတူတစ်စုံနဲ့တူသည်၊

လိပ်ခ်ဆိုက်ကင်းမြှီးကောက်သည်၎င်း၏ဧရာမအမြှီးကိုလေထဲသို့လေချွန်သံနှင့်အတူ မြှောက်လိုက်သည်၊ ဒမ်ဘီသည်အမြှီးကိုရိုက်လိုက်သည်၊

၎င်း၏ရင်ဘတ်ရှိနံရိုးများကအတွင်းဘက်သို့ခွပ်ကျသွားတော့သည်၊ ၎င်းကလေးလံ သောညည်းသံကိုထုတ်လွှတ်လိုက်ပေမယ့်သူကိုယ်သူတော့တည်ငြိမ်အောင်ထိန်းနိုင် လိုက်သည်၊

ဒမ်ဘီကပါးစပ်ကိုဖွင့်လိုက်ပြီး ပြင်းပြင်းထန်ထန်ကိုက်ချလိုက်တာကြောင့် အရည်တွေပန်းထွက်လာတော့သည်။

ဒမ်ဘီကအမြှီးကိုဆွဲလိုက်သည်၊ နောက်ဆုံးခုန်လိုက်မှုကြောင့်သူ့ရဲ့ခံနိုင်ရည်အားတွေ အားလုံးကိုကုန်ဆုံးစေခဲ့သည်။

၎င်းသည်ကင်းမြှီးကောက်၏အမြှီးကိုတွပ်ကပ်လိုက်ပြီး၁၈၀ဒီဂရီလှည့်လိုက်သည်၊ ဒမ်ဘီ၏ခန္ဓာကိုယ်ရှိအရိုးများက လိပ်ခ်ဆိုက်ကင်းမြှီးကောက်ကလေထဲသို့ပြင်းပြင်း ထန်ထန်ပစ်လိုက်မှုကြောက်အက်ကွဲလာတော့သည်။

လဲကျသွားတော့ဒမ်ဘီကရှေ့သို့အပြေးအလွှားသွားပြီးလိပ်ခ်ဆိုက်ကင်းမြှီးကောက်၏ ဘေးနှစ်ဖက်ကိုလက်သီးဖြင့်ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

ကင်းမြှီးကောက်၏အားနည်းသောအပိုင်းများသည်အတွင်း၌ပျက်စီးပြီးကျိုးပဲ့သွား ကာအောက်မှအဖြူရောင်နှင့်နူးညံ့သောကြွက်သားများလှစ်ဟလာသည်၊ စိမ်းပြာရောင် သွေးများက၎င်း၏ဒဏ်ရာများကစင်ထွက်လာပြီး ၎င်းသည်ညည်းသံများကပို၍ အားနည်းသထက်အားနည်းလာကာ, ၎င်း၏ရုန်းကန်နေမှုကဖြေးညင်းစွာနှင့်ရပ်သွား တော့သည်။

နောက်ဆုံးတွင်, လိပ်ခ်ဆိုက်ကင်းမြှီးကောက်သည် မြေပြင်ပေါ်တွင်လဲကျသွားပြီး, နောက်ဆုံးအသက်ကိုဆွဲထုတ်သွားတော့သည်။

***

အပိုင်း ၁၂၀ သစ်ရွက်ဆွေးရှိခိုးကောင်

ဒမ်ဘီက မောပန်းနေကာ ၎င်း၏ရှေ့မှာတော့ လိပ်ခ်ဆိုက်ကင်းမြှီးကောက်က လဲကျလို့နေသည်။

လိပ်ခ်ဆိုက်ကင်းမြှီးကောက်၏ဒဏ်ရာမှလဲ သွေးများတရစပ်စိမ့်ထွက်နေကာ မြေပြင်တစ်ခုလုံးကို သွေးနီရောင်ချယ်မှုန်းသွားသည်။

၎င်းက မျက်ခွံများကို အားတင်းဖွင့်ရင်း တုန်ယင်နေကာ ဒမ်ဘီကို ကြောက်လန့်တကြားကြည့်လို့နေသည်။ တပ်ပြန်ခေါက်ချင်နေပေမည့် နောက်သို့တစ်လှမ်းရွေ့လိုက်တိုင်း သွေးများဒလဟောကျနေခဲ့သည်။

နောက်ဆုံးမှာတော့ ကြောက်လန့်ဖွယ်ကောင်းလှသော အားအင်ကုန်ခမ်းနေသည့်ညည်းတွားသံတစ်သံသာ ထွက်လာနိုင်တော့သည်။

ဒမ်ဘီက တိတ်တဆိတ်ဖြင့် ကြည့်နေပြီးနောက် ရှေ့သို့ဆက်လျှောက်သွားကာ ကင်းမြီးကောက်၏ခေါင်းကိုကိုင်လိုက်ပြီး ညင်ညင်သာသာပဲ လည်ကိုလိမ်ပေးလိုက်သည်။

သားရဲကောင်ကိုသတ်ပြီးသွားတာတောင်မှ ဒမ်ဘီ၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။

ဒမ်ဘီက အရင်ဆုံးခေါင်းကိုမော့လိုက်ကာ ကောင်းကင်ကြီးကိုကြည့်လိုက်သည်။ နောက်တော့ ပြန်လှည့်လာကာ ၁၆ပေရှည်သည့်ဒမ်ဘီက ကောင်းဖန်ကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် ဒမ်ဘီက ဒူးထောက်လိုက်ကာ ၎င်း၏သခင်ဖြစ်သူကို ဂရုတစိုက်ပွေ့ဖက်လိုက်သည်။

၎င်းက နောင်ရှေ့ဆက်ပြီး သူ့ခန္ဓာကိုယ်ကအရမ်းကြီးသွားကာ ကောင်းဖန်ကို ထပ်ပြီးမဖက်နိုင်တော့မည်စိုးတာကြောင့် အခုချက်ချင်း သခင်ဖြစ်သူကိုဖက်ပစ်ချင်နေခြင်းဖြစ်သည်။

ဒမ်ဘီက ၎င်း၏ခေါင်းကို ကောင်းဖန်၏ပုခုံးပေါ်တွင် မှီထားကာ ဗလုံးဗထွေးအသံနှင့်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ သခင်။”

သူ့သခင်ကြောင့်သာမဟုတ်လျှင် ဒမ်ဘီက အခုထိလှောင်အိမ်ထဲတွင်ပဲရှိနေကာ နေ့ရက်များကို ထိုင်ရေတွက်နေရုံသာတတ်နိုင်ပေဦးမည်။

ဒမ်ဘီ၏တွေးတောနိုင်စွမ်းက အနည်းငယ်နှေးကွေးလှသော်လည်း လုံးဝထုံထိုင်းမိုက်မဲလွန်းနေသူတော့မဟုတ်ပေ။

ကောင်းဖန်က ဒီအတိုင်းရပ်နေခဲ့သည်။ သူလဲ ဒမ်ဘီကိုပြန်လည်ပွေ့ဖက်ပေးချင်သော်လည်း သူ့လက်ကိုဆန့်လိုက်သည်နှင့် ဒမ်ဘီ၏အရိုးများကြားမှသာ ဖြတ်သွားခဲ့သည်။

ကောင်းဖန်လဲ သူ့ညာလက်ကိုဆန့်ထုတ်ကာ ဒမ်ဘီ၏နံရိုးများပေါ် တင်လိုက်ပြီး၊ “တော်လောက်ပြီ။ ငါတို့အကြာကြီးဖက်နေရင် တာ့ဇီသဝန်တိုနေလိမ့်မယ်။”

ဘေးမှာထိုင်နေသည့်တာ့ဇီမှာ စိုးရိမ်စပြုလာပြီဖြစ်သည်။ ၎င်းက တစ်ခါတရံ ဟိုလှည့်ဒီလှည့် ဟိုလျှောက်ဒီလျှောက်ဖြင့် ဗျာများနေပေပြီ။ ၎င်းက ခေါင်းပေါ်မှ ဦးမျှင်အစုံကလဲ စိုးရိမ်စိတ်ကြောင့် တောက်လျှောက် လှုပ်ရမ်းလို့နေသည်။

သူတို့ခဏလောက်ပဲ ဖက်သင့်တယ်လေ။ ဘာလို့ဒီလောက်ကြာနေတာလဲ! တာ့ဇီတစ်ကောင်တည်း အတွေးပွားလို့နေသည်။

တာ့ဇီတစ်ဖက်သို့လှည်ကာ မတ်တပ်ထလိုက်ပြီးနောက် ကောင်းဖန်ကို လဲကျသွားအောင် ဝင်တိုက်ချပစ်တော့သည်။

……….

ဒမ်ဘီက တိုက်ပွဲအမြန်ဆုံးပြီးသည့်ထဲတွင်ပါခဲ့သည်။ သူ့ထက်ပိုမြန်မြန်ပြီးသည့်သူက တစ်ကောင်တည်းရှိကာ ၎င်းကတော့ သူ့ဘယ်ဘက်ကွင်းတွင်ရှိနေသည့် အနက်ရောင်အန်ဒါကွန်ဒါမြွေကြီးပင်ဖြစ်သည်။

ကွင်း၏အလယ်တွင် အနက်ရောင်အန်ဒါကွန်ဒါမြွေကြီးတစ်ကောင်တည်းသာရှိနေသည်။ ၎င်းက မြေပြင်ပေါ်တွင် ပျင်းရိစွာလဲလျောင်းနေတာကြောင့် သူ့ဝမ်းဗိုက်သားက ပိုလို့ကြီးနေသယောင်ထင်ရသည်။ လူများကတော့ ထိုမြွေကြီးတာယာတစ်ဘီးကိုများ မြိုချထားသလားဟု သံသယဝင်လို့နေကြသည်။

အမှန်ကိုပဲ အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်လုံး အမြိုခံလိုက်ရခြင်းဖြစ်သည်။ အနက်ရောင်အန်ဒါကွန်ဒါမြေကြီးသည် တော်တော်လေးသန်မာလှကာ ကောင်းဖန်ပင်လဲ ၎င်းကို လှည့်မကြည့်မိဘဲ မနေနိုင်တော့ပေ။

ပုံမှန်ဆိုလျှင် အုပ်ချုပ်သူအဆင့်သားရဲနှစ်ကောင်ကြား ယှဉ်ပြိုင်တိုက်ခိုက်မှုသည် ၎င်းတို့ချင်း အားညီနေတာ သို့မဟုတ် တစ်ဖက်က ပြန်လည်ရှင်သန်နိုင်စွမ်းရှိနေခြင်းမျိုး မဟုတ်လျှင် တိုက်ပွဲကြာချိန် သိပ်မကြာနိုင်ပေ။

“သူက ကျွင်းဟန်ရဲ့မိသားစုက ကောင်မလေးမဟုတ်လား?” တပ်စခန်းထဲမှ တစ်စုံတစ်ယောက်ကမေးလိုက်သည်။

“ဟုတ်တယ်။ သူက ကျွင်းဟန်ရဲ့တစ်ဦးတည်းသောသမီးပဲ။ သူ့ကိုဘယ်လိုခေါ်ပါလိမ့်၊ ကျွင်း….ကျွင်း….” အရာရှိက မျက်မှောင်ကြုတ်ကာ စဉ်းစားနေသော်လည်း ကောင်မလေး၏နာမည်ကိုမမှတ်မိနိုင်ဖြစ်နေသည်။

“အိုး၊ မှတ်မိပြီ။ သူ့နာမည်က ကျွင်းမိန်လိပဲ!” အရာရှိကာ ရုတ်တရက်ဆိုသလို သူ့နဖူးကိုရိုက်လိုက်ကာ မှတ်မိသွားသည့်အတွက် ဝမ်းသာအားရနှင့်ပြောလိုက်သည်။

စခန်းအတွင်းမှလေထုကတော့ ရုတ်တရက်ဆိုသလို ထူးဆန်းသွားတော့သည်။

ကျွင်းမိန်လိ? ဒါက နည်းနည်း….

“မရယ်ကြနဲ့နော်။ အဲ့ကောင်မလေးကို ငါအရင်ကတွေ့ဖူးတယ်။ သူ့စရိုက်က အေးစက်စက်ဆိုပေမယ့် ပြေပြေလည်လည်နေတတ်သူတစ်ယောက်ပါ။ သူ့နာမည်က ကျွင်းမော့ရီ။” စီနီယာအရာရှိတစ်ဦးက ပြန်ပြင်ပြောလိုက်သည်။

ထိုအချိန်မှာပဲ ကျွင်းမိန်လိလို့မှားပြောခဲ့သည့် အရာရှိကာတော့ ရှက်ရွံ့ကာခေါင်းငုံ့နေတော့သည်။

“ကျွင်းမိန်… ငါပြောချင်တာက မော့ရီ…. သူတော်တော်လေးတော်ပါတယ်။ သူ့နောက်က သားရဲလေ့ကျင့်သူကလဲ တော်တယ်။ သူ့သားရဲက ဖုတ်ကောင်အမျိုးအစားမဟုတ်လား။”

“ဖုတ်ကောင်သားရဲအမျိုးအစားက မြင်ရခဲတယ်။”

“အိုး၊ ငါဒီကောင်လေးကိုသိတယ်။” ရုတ်တရက် တစ်ယောက်ကထပြောလိုက်သည်။ ထိုပြောလိုက်သည့်လူက စစ်ဦးထုပ်တစ်လုံးကိုဆောင်းထားသည်။ သူ့မျက်နှာကတော့ မဲကာ မျက်ခုံးထူးထူးနှင့် မျက်လုံးထောင့်စွန်းမှာတော့ သေးငယ်သည့်အမာရွတ်တစ်ခုလဲရှိသည်။ သူကတော့ နည်းပြချန်းပင်ဖြစ်သည်။

“လူအိုကြီးချန်း, ဒီကောင်လေးက မင်းတာဝန်ကျတဲ့ထဲကတစ်ယောက်မလား?” တခြားတစ်ယောက်ကမေးလိုက်သည်။

“ဟုတ်တယ်”, ခေါင်းဆောင်နည်းပြချန်းကပြောလိုက်သည်၊ သူကခဏလောက်ရပ်နေ ပြီးဆက်ပြောလိုက်သည်, “သူကချန်အန်းမြို့ကအသက်အငယ်ဆုံးသားရဲပျိုးထောင်သူဆိုလည်းဟုတ်တယ်၊ သူကသစ်ရွက်ဆွေးကျိုင်းကောင်တွေနဲ့လူသားစားတီကောင်တွေ ဖြစ်ပွားခဲ့တဲ့ကာလတွေမှာလည်း အများကြီးကြိုးစားခဲ့သေးတယ်”

စစ်သားတွေကအံ့ဩသွားတော့သည်၊ သူတို့ထဲကအများစုကကောင်းဖန်အပေါ် သူတို့ရဲ့စိတ်သဘောထားတွေ ပျော့ပျောင်းလို့သွားကြသည်။

“ဟုတ်တယ်”, စီနီယာအရာရှိကကောင်းဖန်ကိုကြည့်ပြီးပြောလိုက်သည်၊ သူ့မျက်လုံး တွေကပြုံးနေသည်။ သူက အဲ့ဒီ့လူအိုကြီးကတော့အရမ်းကောင်းတဲ့မြေးလေးရထားတာဘဲလို့ တွေးနေတော့သည်။

“ဟေး, ငါကြားတာတော့ ကျွင်းမိသားစုကမိန်းကလေးက စီနီယာအထက်တန်းကျောင်း ပြီးသွားတာနဲ့ကျောင်းမတက်တော့ဘူးဆို။ သူမက ကျူတာဆရာတွေကိုပဲ အိမ်ခေါ်လိုက်တာတဲ့။ သူမကကျန်တဲ့အချိန်တွေကို ပြည်ပကမ္ဘာသစ်မဟာမိတ်အစိုးရအဖွဲ့တစ်ခုနဲ့တောရိုင်းမြေဧရိယာထဲမှာနေခဲ့တယ်တဲ့, ဒါအမှန်ဘဲလားမသိဘူး။” အရာရှိတစ်ယောက်ကပြောလိုက်သည်၊

“အမှန်ဘဲ၊ အဲ့ဒီမိန်းကလေးက ကမ္ဘာသစ်မဟာမိတ်အစိုးရအလံနက်အဖွဲ့ရဲ့ သင်တန်းသားလေ”, စီနီယာအရာရှိကခေါင်းညိတ်လိုက်သည်။

“ကမ္ဘာသစ်မဟာမိတ်အစိုးရအလံနက်ရဲ့သင်တန်းသား… သူမကအတော်လေးကို ပါရမီရှိလောက်တယ်” အရာရှိတစ်ယောက်ခေါင်းညိတ်ကာပြောလိုက်သည်။

…

ကောင်းဖန်ဘေးရှိ မိန်းကလေးသည်သားရဲတစ်ကောင်တည်းကိုသာ လေ့ကျင့်ရန် အာရုံစိုက်နေသောသားရဲလေ့ကျင့်သူများထဲမှတစ်ယောက်ဖြစ်သည်။

တိုက်ပွဲပြီးတော့, ထိုမိန်းကလေးကထွက်သွားရန်အသင့်ဖြစ်နေပြီဖြစ်သည်။ သူမက သူမမျက်လုံးထောင့်နားတွင်ရှိသောကောင်းဖန်ကိုလှည့်ကြည့်လိုက်သည်။ သူမကကောင်းဖန်သည်နောက်ထပ်သားရဲနှစ်ကောင်ထပ်တိုက်ခိုက်ရန်စောင့်နေသေး သည်ကိုတွေ့လိုက်ရသည်။ သူမကခဏလေးရပ်နေပြီးနောက် လမ်းလျှောက်ကာ ထွက်သွားတော့သည်။

နာရီဝက်နားချိန်ပြီးသွားပြီးနောက် တာ့ဇီတိုက်ခိုက်ရန်အလှည့်ကျလာပြီဖြစ်သည်၊ တာ့ဇီကထိပ်တန်းအဆင့်သားရဲနှင့်စိန်ခေါ်ခြင်းဖြစ်သည်။

တာ့ဇီအတွက်သိပ်ပြီးခက်ခဲတဲ့ကိစ္စတော့မဟုတ်ပေ။ တာ့ဇီကလည်းထိပ်တန်းအဆင့်သို့ ရောက်နှင့်ပြီးဖြစ်သည်။ သူကပြီးပြည့်စုံသောအဆင့်အတန်းတွင်ရှိနေသည်ဟူသော အချက်ကိုထည့်ပါက သူရှုံးနိမ့်ဖို့အတွက်အခွင့်အရေးသည် သုညဖြစ်သည်။

နောက်ဆုံးစိန်ခေါ်မှုမှာ အဆင့်၁၄သာမန်အဆင့်မီးတောက်နွားထီးနှင့်ယှဉ်ပြိုင်ခြင်း ဖြစ်သည်၊ တာ့ဇီကမီးတောက်နွားထီကို စစချင်းအချီတွင်ကိုက်လိုက်ပြီးဆက်၍ ကိုက်သည်။

မီးတောက်နွားထီးသည် ဂရုစိုက်မှုမရှိသည့်အခါတိုင်းတွင် သူကခိုးကြောင်ခိုးဝှက်ဖြင့် ကိုက်လိုက် ထွက်ပြေးလိုက်လုပ်နေသည်။

အဆုံးမှာတော့တာ့ဇီ၏အကိုက်ခံရခြင်းကြောင့် မီးတောက်နွားထီးသည်ဖြုတ်ချခံလိုက်ရသည်၊ ၎င်းကမြေပြင်ပေါ်တွင်လဲကျနေတော့သည်၊ ၎င်း၏မျက်လုံးများကရှုံးနိမ့်မှုကို ဆန္ဒမရှိကြောင်းပြသနေသော်လည်း ၎င်း၏မျက်နှာသည်ပြာနေပြီးသူ၏ခြေလက်များကအေးစက်တောင့်တင်းနေသည်။

နောက်ဆုံးတွင်, အစင်းလေး၏အလှည့်သို့ရောက်လာပြီဖြစ်သည်။

နာရီဝက်ကြာပြီးနောက် သားရဲတစ်ကောင်ကိုလွှတ်လိုက်ပြီဖြစ်သည်၊ ယာဉ်ထဲမှထွက် လာသောအကောင်မှာ စိမ်းဝါရောင်သွယ်လျသောပုံစံဖြစ်သည်၊ ခန္ဓာကိုယ်တစ်ခုလုံးသည်အစိမ်းရောင်ဖြစ်နေပြီး ကြည့်ရသည်မှာကျောက်စိမ်းပန်းပုရုပ်ကဲ့သို့ပင်ဖြစ်နေသည်။

[မကောင်းဆိုးဝါးအမည်]-သစ်ရွက်ဆွေးရှိခိုးကောင်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၆

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်

[မကောင်းဆိုးဝါးစွမ်းရည်]-သစ်သား

[မကောင်းဆိုးဝါးအားနည်းချက်]-မီး

အစင်းလေး၏စွမ်းရည်သည်မြေကြီးဖြစ်ပြီး, ဒီသားရဲကသစ်သားအမျိုးအစားဖြစ်သည်၊ ဒါကအစင်းလေးကိုတစ်ပန်းသာအောင်လုပ်ပေးလိုက်တာဘဲ၊

ကောင်းဖန်ကပျော်သွားတော့သည်၊ သူကသူ့ဘယ်ဘက်လက်ကိုလက်သီးဆုပ်လိုက်ပြီး ညာဖက်လက်ဖဝါးကိုထိုးလိုက်သည်၊ အစင်းလေးသည်သူ၏မူလအခြေခံအမှတ်မှ ၁၀ရာခိုင်နှုန်းတိုးလာလိမ့်မည်။

ထိပ်တန်းအဆင့်သားရဲတွေမှာ အခြေခံအမှတ်၁၀၀ရာခိုင်နှုန်းရှိပြီး, နောက်ထပ် ၁၀ရာခိုင်နှုန်းပေါင်းထည့်လိုက်လျှင်၁၁၀ရာခိုင်နှုန်းဖြစ်သွားလိမ့်မည်၊ ထုံးစံအတိုင်း အရေအတွက်များလေ ရလဒ်ကောင်းလေဖြစ်သည်။

သစ်ရွက်ဆွေးရှိခိုးကောင်သည်၎င်း၏လှောင်အိမ်ထဲမှထွက်လာပြီးနောက် ၎င်းက အလွန်ကြမ်းတမ်းလာသည်၊ ၎င်းကလှည့်လိုက်ပြီး သူ၏လက်သည်းအစုံကိုသုံးကာ လှောင်အိမ်ကိုဖျက်စီးလိုက်ပြီး အသံကျယ်ကြီးကိုပြုလုပ်လိုက်သည်၊ ၎င်းကရန်မူနေပြီး စိတ်ကြီးဝင်နေသောရက်စက်သည့်သတ္တဝါဖြစ်သည်၊

ထရပ်ကားကစ၍ထွက်ခွာသွားပြီးနောက်, ကြမ်းကြုတ်သောရှိခိုးကောင်သည်၎င်းရှိရာ သို့စတင်ပျံသန်းလာပြီး၎င်းကိုသော့ခတ်ထားသောကြောင့်တိုက်ခိုက်တော့သည်၊ ၎င်း၏လက်သည်းများသည်သတ္ထုများကိုခြစ်မိ၍မီးပွားများပင်ပေါ်လာသည်၊

အစင်းလေးကရုတ်တရက်အသံတစ်ခုပြုလုပ်လိုက်သည်၊

ကြမ်းကြုတ်သောရှိခိုးကောင်ကရပ်တန့်သွားတော့သည်၊ ၎င်းကသူ့ကို တစ်စုံတစ်ယောက်ကစိန်ခေါ်နေသည်ကိုမယုံနိုင်ဘဲဖြစ်နေပြီး လူတစ်ယောက်ကဲ့သို့ အံ့ဩသွားသောပုံစံကိုပင်ပြလုနီးနီးဖြစ်သွားသည်၊ ၎င်းကလှည့်လိုက်ပြီး အစင်းလေးနှင့် မျက်နှာချင်းဆိုင်လိုက်သည်၊

၎င်းကသူ၏လက်သည်းများကိုသုံးကာ အစင်းလေးဆီသို့ညွှန်လိုက်ပြီး ထို့နောက် သူ့ကိုယ်သူညွှန်လိုက်သည်၊ ၎င်းကအစင်းလေးကို ရှိခိုးကောင်ကသူ့ကိုစိန်ခေါ်နေတာ လားလို့မေးနေသလိုပင်ဖြစ်သည်။

ကောင်းဖန်ကအံ့ဩသွားတော့သည်၊ ဘယ်လိုတောင်ဉာဏ်ကောင်းတဲ့ရှိခိုးကောင်လဲ? သူကရှစ်နှစ် ဒါမှမဟုတ် ကိုးနှစ်အရွယ်ရှိတဲ့လူသားကလေးတစ်ယောက်ရဲ့ဉာဏ်ရည်မျိုးကိုပိုင်ဆိုင်ထားပုံရသည်။

All Chapters