အခန်း (၁၂၁-၁၂၄)
Vol. 8 Ch. 121-124
အပိုင်း၁၂၁ ပထမအချီရလဒ်
ဉာဏ်ရည်ဉာဏ်သွေးမကောင်းတဲ့သားရဲတွေမရှိဘူးလို့ဆိုလိုတာမဟုတ်ပေမယ့်, ၎င်းတို့ကအတော်လေးရှားသည်၊ ထို့ကြောင့်, ဒီသစ်ရွက်ရှိခိုးကောင်အား ဖမ်းစီးရန်အတွက်စိတ်ကူးကတော့ကောင်းဖန်အတွက်မဖြစ်နိုင်ပေ။
နောက်ဆုံး,ဒီဟာကတောရိုင်းထဲကသားရဲတစ်ကောင်မဟုတ်ဘဲ,စိန်ခေါ်မှုမှာဘဲ သုံးတဲ့သားရဲတစ်ကောင်သာဖြစ်သည်။ သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲမှ သားရဲတစ်ကောင်ကိုအိမ်သို့ယူဆောင်နိုင်သည့်စည်းမျဉ်းများမရှိပေ။
သစ်ရွက်ဆွေးရှိခိုးကောင်သည်ရှေ့သို့စိတ်အားထက်သန်စွာဖြင့်ရွေ့လာသည်၊ ၎င်းကနိုးနိုးကြားကြားနှင့်ကောင်းဖန်ကအနည်းငယ်အားနည်းနေတာကိုတွေ့လိုက်ရ သည်။
သစ်ရွက်ဆွေးရှိခိုးကောင်၏မျက်လုံးများကလင်းလက်တောင်ပနေသည်။ ၎င်း၏အကြိုက်နှစ်သက်ဆုံးအရာကတခြားသူများကိုအနိုင်ကျင့်ခြင်းဖြစ်သည်။ သို့သော်,အစင်းလေးသည်သူ့ခေါင်းကိုကွယ်ကာဂရုတစိုက်ဖြင့်ကျိုင်းကောင်ကိုကြည့် လိုက်သည်၊
ဒီလိုမျိုးပြသနေမှုကသစ်ရွက်ဆွေးရှိခိုးကောင်ကို ဒေါသထွက်အောင်ပြုလုပ်နေသည်။
တုန့်ပြန်မှုဖြင့်,ရှိခိုးကောင်ကသူ၏လက်မောင်းများကိုဆန့်လိုက်သည်၊ ၎င်း၏ လက်သည်းများအတွင်းတွင်စေးကပ်နေသောအဝါရောင်အရာများသည်၎င်းတွင် ကပ်နေပြီး, ၎င်းကိုလင်းနို့အမျိုးအစားတစ်ခုကဲ့သို့ပြုလုပ်နေသည်။
သူကတောရိုင်းထဲတွင်ရန်သူကိုတွေ့သည်နှင့်, သစ်ရွက်ဆွေးရှိခိုးကောင်သည် ၎င်း၏လက်မောင်းကိုဖွင့်လိုက်ပြီး သူ၏သားကောင် သို့မဟုတ် ရန်သူများကို ခြိမ်းခြောက်ရန်သူ့ကိုယ်သူပိုပြီးကြီးလာစေသည်။
အစင်းလေးသည်ရှုပ်ထွေးစွာနှင့်နေရာတွင်သာရပ်နေသည်၊ ဒီကောင်ကဘာတွေလုပ် နေတာလဲ?
အစင်းလေးကမြို့ထဲတွင်ကြီးပြင်းလာခြင်းဖြစ်တာကြောင့်, ၎င်းကဒီလိုမျိုးထူးဆန်းတဲ့ ပြသမှုတွေကိုတစ်ခါမှမမြင်ခဲ့ဘူးပေ၊ ရှိခိုးကောင်သည်အနည်းငယ်ရုပ်ဆိုးသည်ဟု ထင်သောကြောင့် နောက်သို့ခြေနှစ်လှမ်းဆုတ်သွားသည်။
ယင်းကသစ်ရွက်ဆွေးရှိခိုးကောင်အားပို၍မောက်မာသွားစေသည်။ သူ့ရှေ့က အားနည်းတဲ့အကောင်ငယ်လေးကကြောက်လန့်နေတာကြောင့် ခြိမ်းခြောက်တာ တွေကိုဆက်လုပ်ချင်တယ်လို့တွေးမိသွားသည်။
သစ်ရွက်ဆွေးရှိခိုးကောင်ကစပြီးကလာကာ ဘေးဘက်သို့လှုပ်ယမ်းနေတော့သည်၊ ၎င်းကအလွန့်အလွန်ကိုအစင်းလေးအားစိုက်ကြည့်နေပြီးနောက်, ရှေ့သို့စတင်ရွေ့လျား တော့သည်၊
အစင်းလေးကသူ့ကိုယ်သူတွေးလိုက်သည်, သစ်ရွက်ဆွေးရှိခိုးကောင်က ဘာကိုလုပ်ဖို့ကြိုးစား…
ရုတ်တရက်အစင်းလေ၏ခေါင်းရှေ့မှဦးမျှင်နှစ်ချောင်းကလျော့ရဲသွားသည်၊ သစ်ရွက်ဆွေးရှိခိုးကောင်ကစိုးထိတ်သွားပြီးအကြည့်တို့ရပ်လိုက်သည်။
ထို့နောက်, ဒီပင့်ကူကနောက်ဆက်တွဲလှုပ်ရှားမှုများကိုသတိမထားမိချေဦ ၎င်းကအနည်းငယ်စိတ်သက်သာရာရသွားပြီးအစင်းလေးရှေ့သို့တိုးနေစဉ်၎င်း၏ ထူးဆန်းသောအကဖြင့်ဆက်ကနေသည်။၎င်းကတိုက်ခိုက်ရန်အတွက်ရှာဖွေနေခြင်း ဖြစ်သည်။
အစင်းလေး၏ဦးမျှင်နှစ်ချောင်းသည်အပေါ်သို့ရွေ့လျားသွားပြီးနောက်,အနည်းငယ် တအိအိလှုပ်လာတော့သည်၊ ၎င်း၏ခြေလက်များကဘေးဘက်,ရှေ့ဘက်,နောက်ဘက် သို့လှုပ်ရှားသွားသည်၊
ဘာတွေဖြစ်နေတာလဲ?!
သစ်ရွက်ဆွေးရှိခိုးကောင်ကကြက်သေသေသွားတော့သည်၊ ဒီပင့်ကူကလည်း တိုက်ခိုက်ဖို့ပြင်ဆင်နေတာလား?
အစင်းလေးကသစ်ရွက်ဆွေးရှိခိုးကောင်မှကနေသည်ကိုမြင်သောကြောင့်, ၎င်းကပလာဇာတွင်တွေ့သောအကကိုမမှတ်မိဘဲမနေနိုင်ခဲ့ပေ။ ၎င်းကသစ်ရွက်ဆွေး ရှိခိုးကောင်သည် ကစားနေသည်ဟုထင်သောကြောင့်, ၎င်း၏လှုပ်ရှားမှုတို့ကို တုပကာစတင်လှုပ်ခြင်းဖြစ်သည်၊
ကောင်းဖန်ကသူတစ်ခုခုမှားနေတာလားလို့ တွေးမိလိုက်သည်၊
အစင်းလေး, အဲ့ကောင်ကမင်းကိုကြောက်အောင်လုပ်နေတာ၊ အဲ့ကောင်ကမင်းကို တိုက်ခိုက်ချင်နေတာ, မင်းကပြန်ပြီးတိုက်ခိုက်ဖို့လိုတယ်, ကောင်းဖန်ကသူ့နှလုံးထဲမှ အစင်လေးအားအော်ထုတ်ပြောလိုက်သည်။
ထို့နောက်ကောင်းဖန်ကအစင်းလေးသည်လှုပ်ရှားနေရာမှရုတ်တရက်ရပ်တန့်သွား သည်ကိုမြင်လိုက်ရသည်၊ ၎င်းက ကနေခြင်းကိုလုံးဝကိုရပ်တန့်လိုက်သည်။
ဒီရှိခိုးကောင်ကငါနဲ့ဆော့နေတာမဟုတ်ဘူးလား? အစင်းလေးကအရမ်းကိုရှုပ်ထွေး နေတဲ့စိတ်အခြေအနေတွင်ဖြစ်နေသည်၊ ၎င်းကစေ့စပ်သေချာသောအခြေအနေမှ ကျိုင်းကောင်သည်အပြေးအလွှားဖြင့်ထွက်လာသည်။
စိမ်းဝါရောင်မှုန်ဝါးဝါးကအစင်းလေးဆီသို့ရွေ့လျားလာသည်၊ သစ်ရွက်ဆွေး ရှိခိုးကောင်၏လက်သည်းများကိုလေးသဏ္ဍာန်ဖြင့်လေထဲတွင်ပြုလုပ်လိုက်သည်၊ အစင်းလေး၏ခေါင်းရှေ့သို့တစ်ဖက်ကိုလွှဲယမ်းလိုက်ပြီး နောက်တစ်ဖက်ကိုသူ့နောက် တွင်လွှဲယမ်းလိုက်သည်၊ လက်သည်းများကကြွပ်ဆတ်သောအသံကိုပြုလုပ်နေသည်။
ထို့နောက်ကြောက်မက်ဖွယ်ကောင်းသောကျိုင်းကောင်သည်၎င်း၏ပုံစံအတိုင်းပျံသန်း လာပြီး၎င်း၏လက်သည်းနှစ်ဖက်လုံးကိုကြည့်လိုက်သည်၊ ၎င်းတို့ကတဖြည်းဖြည်း တုန်ယင်လာသည်။
အစင်းလေး၏ဦးခေါင်းအခွံပေါ်တွင်အဖြူရောင်အစက်နှစ်စက်ပေါ်လာသော်လည်း ၎င်းကပျက်စီးမှုမရှိပေ၊ သစ်ရွက်ဆွေးရှိခိုးကောင်သည်သူ၏လည်ပင်းကိုကွေးလိုက် ကာအထာကျအောင်ညှိလိုက်ပြီးနောက်အစင်းလေးကိုဂုဏ်သိက္ခာရှိစွာကြည့်လိုက်ပြီး, အစင်းလေး၏ခေါင်းကအတော်လေးမာကျောမှန်းသတိထားမိလိုက်သည်။
ဒါကသူ့အတွက်တော့သိပ်ပြီးပြဿနာကြီးကြီးမားမားမဟုတ်ပေ! ၎င်းကမွေးကတည်း က, သူမရိုက်နိုင်သည့်သူကိုတစ်ခါမှမတွေ့ဖူးပေ၊ အရင်နေ့တွေကဖမ်းဖို့လိုက်လာတဲ့ ဝံပုလွေ၁၀ကောင်ကလွဲလို့… ဒါပေမယ့်ဒါကအရေအတွက်များနေတာကြောင့် ထည့်မတွက်တော့ဘူး။
ရှိခိုးကောင်ကသူ၏အတောင်များကိုဖြန့်ထုတ်လိုက်သည်၊ ၎င်းကလေထဲသို့ပျံသွားပြီး အစင်းလေး၏ကျောပေါ်သို့သွားလိုသည်၊ ရှိခိုးကောင်၏အတွေ့အကြုံအရကြီးမားသော ပြိုင်ဘက်နှင့်ရင်ဆိုင်ရသောအခါ၎င်းသည်နောက်ကွယ်၌နေရန်လိုအပ်သည်၊
ပျံသန်းသွားပြီးတဲ့နောက် သူကပင့်ကူဆီကအဖြူရောင်အရာတွေနဲ့ မျက်နှာကိုထိသွားလိမ့်မယ်လို့ဘယ်သူကသိမှာလဲ? သူ့ရဲ့အတောင်ပံများကအတူတကွကပ်သွားပြီး အပေါ်မှပြုတ်ကျလာသည်၊ ပင့်ကူမျှင်များသည်တကယ်ကိုအတော်လေးစေးကပ်ပြီး ၎င်း၏အတောင်ကိုဖွင့်၍ပျံသန်းရန်ဘယ်လိုမှနည်းလမ်းမရှိပေ။
မြေကြီးပေါ်ရှိသစ်ရွက်ဆွေးရှိခိုးကောင်က ကြောင်အမ်းနေတော့သည်၊ ၎င်းက အစင်းလေးကိုအံ့ဩတုန်လှုပ်စွာနှင့်သာကြည့်နေနိုင်တော့သည်၊ သူကသူ၏လည်ပင်း ကိုဆွဲဆန့်လိုက်သည်၊ ဒီတိုက်ခိုက်မှုရဲ့ရလဒ်ကို၎င်းကမယုံကြည်နိုင်ဖြစ်နေသည်၊
ဘယ်လို…ဘယ်လိုဖြစ်သွားတာလဲဟ? ၎င်းကတွေးလိုက်သည်။
အစင်းလေးကလည်းကြောင်အနေသည်၊ သူကဟိတ်ဟန်များပြီး မာနကြီးသော ရှိခိုးကောင်ကဒီလောက်ထိအားနည်းမယ်လို့သူမထင်ထားပေ၊ သူကမတတ်နိုင်ဘဲ ရှေ့သို့လှုပ်ရှားသွားလိုက်ကာ သစ်ရွက်ဆွေးရှိခိုးကောင်ကိုငုံ့ကြည့်လိုက်သည်။
ကြည့်ရသည်မှာဒီရှိခိုးကောင်နှင့်အစင်းလေး၏ကြားထဲတွင်စွမ်းအားကွာဟချက်မှာ အတော်လေးကြီးသလိုပင်ဖြစ်နေသည်၊
ကောင်းဖန်သည်လည်းစကားမပြောနိုင်ဖြစ်နေတော့သည်၊ သို့သော် ၎င်းကကျိုးကြောင်းဆီလျော်သောရလဒ်တစ်ခုဖြစ်သည်၊
သားရဲများသည်အားနည်းသောဒြပ်စင်ဂုဏ်ပုဒ်များရှိသော်လည်း အစင်းလေးနှင့် သစ်ရွက်ဆွေးကျိုင်းကောင်တို့သည် အုပ်ချုပ်သူအဆင့်ထိသို့တိုးမြှင့်ထားခြင်းမရှိသေး သောကြောင့်ဒြပ်စင်အားနည်းချက်များသည်တိုက်ခိုက်မှုတွင် တကယ်တန်းအခန်း ကဏ္ဍတစ်ခုအဖြစ်ပါဝင်နိုင်ခြင်းမရှိသေးပါ။
နောက်ထပ်အကြောင်းပြချက်ကတော့အစင်းလေးကရှိခိုးကောင်ထပ်အဆင့်အတန်း နှစ်ခုအနေအထားတွင်အပေါ်၌ရှိသည်၊ ၎င်းသည်အဆင့်တစ်ဆင့်လည်းပိုမြင့်သည်၊ သူတို့နှစ်ယောက်ကြားအဆင့်ကွာခြားချက်ကမသေးချေ။
ကြမ်းကြုတ်သောရှိခိုးကောင်သည်မျှော်လင့်ချက်မဲ့စွာနှင့်သူ့ခေါင်းကိုမလိုက်သည်၊ အစင်းလေးကအရှေ့သို့သိချင်စိတ်ပျင်းပြစွာနှင့်ရွေ့လျားသွားတော့သည်၊ သူက ကလိမ်ကျကာကစားစရာတစ်ခုနှင့်ကစားနေသကဲ့သို့ ၎င်း၏ဦးမျှင်များနှင့်ကစား နေသည်၊
၎င်းသည်မြေပြင်ပေါ်တွင်အလိမ့်ခံနေရစဉ် ရှိခိုးကောင်ကခန္ဓာကိုယ်၏ထိုအခြေအနေ ကိုအခွင့်ကောင်းယူလိုက်သည်၊ သူရဲ့အတောင်ပံတွေကိုအသုံးပြုလို့မရတော့သလို ခံစားလိုက်ရသည်၊
၎င်းသည်ရုတ်တရက်ရွေ့သွားပြီးအစင်းလေး၏မျက်လုံးဆီသို့ လက်သည်းများက ရောက်သွားတော့သည်။
အစင်းလေးကသူ့ခေါင်းကိုလှည့်လိုက်ပြီးအန္တရာယ်မရှိဘဲတိမ်းရှောင်နိုင်လိုက်သော် လည်းအစင်းလေး၏နှဖူးကိုကုတ်ခြစ်ခဲ့နိုင်လိုက်သည်၊ ဒေါသဖြင့်အစင်းလေးသည် သူ၏ခြေထောက်များကိုမြှောက်လိုက်ပြီးခြေလှမ်းလှမ်းလိုက်သည်၊
အစင်းလေး၏ခြေထောက်သည်ရှိခိုးကောင်ကိုဖြတ်သွားခဲ့သည်၊ ထို့နောက်အစင်းလေး သည်ဒုတိယအကြိမ်ပြုလုပ်ပြီး, ထို့နောက်တတိယအကြိမ်…
အဆုံးမှာတော့, ဒဏ်ရာအပြင်းအထန်ရထားသောရှိခိုးကောင်ကို သယ်ထုတ်လိုက်ကြတော့သည်၊ အစင်းလေးသည် သူ၏ခြေထောက်ပေါ်ရှိသွေးများကိုမြည်းစမ်းလိုက်သည်၊ သူ၏မျက်လုံးများသည် လပြည့်ညမှလကဲ့သို့လုံးဝန်းသွားတော့သည်။
“မင်းစာမေးပွဲပြီးပြီ”, ဝန်ထမ်းကကောင်းဖန်ဆီသို့လာကာပြောလိုက်သည်၊ သူကကောင်းဖန်ဆီသို့စာမေးပွဲဝင်ခွင့်လက်မှတ်ကိုပြန်ပေးလိုက်သည်။
ကောင်းဖန်သည်စာမေးပွဲဝန်ထမ်းလက်မှတ်ကိုယူ၍ ထိုဝန်ထမ်းကိုကျေးဇူးတင်လိုက် သည်၊
“ စာမေးပွဲဖြေနေတဲ့ဘက်မှာအချိန်ဖြုန်းမနေနဲ့၊ မင်းရဲ့စာမေးပွဲပြီးပြီဆိုရင် မင်းသွားလို့ ရပြီ” ဝန်ထမ်းကပြောလိုက်သည်၊
ကောင်းဖန်ခေါင်းညိတ်လိုက်သည်။
စာမေးပွဲ၏ပထမအချီကပြီးဆုံးသွားပြီဖြစ်သည်၊ ကောင်းဖန်ကသူ၏သားရဲများကို ထွက်ခွာရန်အတွက်စာမေးပွဲဧရိယာဘက်ခြမ်းမှခေါ်လာခဲ့သည်၊ ထွက်သွားပြီးနောက်, သူသက်ပြင်းအရှည်ကြီးကိုလွှတ်ချလိုက်သည်၊ သူသည်ပထမဆုံးအကြိမ် စာမေးပွဲကို အောင်နိုင်ပါ့မလားလို့တွေးလိုက်မိသည်၊ ဧရိယာAတွင်စာမေးပွဲဖြေဆိုသူ ရှစ်ယောက် သာရှိသည်။
ခဏလောက်လမ်းလျှောက်ပြီးနောက်, ကောင်းဖန်က သူ့အိပ်ကပ်ထဲမှဆီလီကိုထုတ် လိုက်သည်။
ဆီလီကသူ့ကိုအချိန်အကြာကြီးထည့်ထားသောကြောင့်စိတ်ဆိုးနေသည်၊ ဒါပေမယ့်, ကောင်းဖန်က စကားလုံးအချို့ပြောလိုက်သည် “မင်းရဲ့ဖျော်ရည်ကိုသောက်လိုက်”, ပြီးတော့ဆီလီကချက်ချင်းပင်ပျော်ရွှင်သွားတော့သည်၊ ၎င်းက သူ့ရဲ့သခင်ကိုဒီလို ကိစ္စအသေးလေးအတွက်နဲ့ဆက်ပြီးစိတ်မဆိုးတော့ပေ၊
ကောင်းဖန်ကဆီလီကိုမလွှတ်ရတဲ့အကြောင်းကတော့ ဒီငနဲကသူ့ခေါင်းပေါ်မှာ ကျိန်းသေပေါက်လာနေမည်ဖြစ်တာကိုသူသိသောကြောင့်ဖြစ်သည်။
သူ၏ခေါင်းပေါ်တွင် ဒရုန်းတစ်စီးပျံသန်းနေတာကိုသတိထားမိလိုက်သည်၊ ဘာလို့ ဒရုန်းကဧရိယာAရဲ့တစ်ဝိုက်မှာနေရတာကြိုက်တာကိုသူမသိပေ၊ ဒါပေမယ့် ၎င်းကဆီလီကဦးထုပ်အစိမ်းရောင်အဖြစ်မြင်ရတာမဆင်မပြေဖြစ်လိမ့်မည်။
***
အပိုင်း၁၂၂ အဖိုးထံမှလက်ဆောင်
ကောင်းဖန်ကစာမေးပွဲဖြေဆိုသည့်နေရာမှထွက်သွားသောအခါစာမေးပွဲဖြေဆိုရန် အလှည့်ကျစောင့်ဆိုင်းနေသောအရာရှိလောင်းများကတန်းစီ၍စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
အရာရှိလောင်းများသည်တိုက်ပွဲများစတင်သည့်အသံကိုကြားတိုင်းစာမေးပွဲနေရာကို စိုက်ကြည့်ကြသည်၊
ကောင်းဖန်သည်အစင်းလေး၏အပေါ်တွင်ထိုင်နေသည်၊ သူ၏ဖင်ကတော့နာလို့နေသည်၊ အစင်းလေးကအရမ်းကြမ်းပြီး များပြားသော၎င်း၏ခေါင်းမှလည်းငေါထွက်နေသော အစွယ်များရှိနေသေးသည်။
“ဆီလီ,တစ်ခုခုလောက်ငါဆွဲထုတ်ပါရစေ” ကောင်းဖန်ကသူ့ပုခုံးပေါ်တွင်ထိုင်နေသော ဆီလီကိုကြည့်ကာပြောလိုက်သည်၊
သူကထိုင်ဖို့ကူရှင်ကိုဆီလီ၏အထဲမှထုတ်လိုက်ပြီး သူ့ဖင်အောက်တွင်နေရာချလိုက်သည်၊
ဒါကပိုပြီးသက်သောင့်သက်သာရှိတယ်လို့ခံစားရသည်၊ ကောင်းဖန်သည်သူ့၏ ထိုင်နေမှုအနေအထားကိုချိန်ညှိလိုက်ပြီးမှမှန်သွားသလိုခံစားလိုက်ရသည်၊ သူက ပျော်ရွှင်စွာဖြင့်စ၍သီချင်းဆိုလိုက်သည်၊ သူကစာမေးပွဲတွင်လည်းအတော်လေး ကောင်းမွန်တာကြောင့် သူကအတော်လေးအဆင်ပြေသောစိတ်ခံစားမှုရှိနေသည်။
ကောင်းဖန်ကဆင်ခြေဖုံးရှိသူ့ဗီလာသို့ရောက်လာကြသည်၊ ဦးလေးလျို၏ဗီလာက သူ၏အိမ်ဆန့်ကျင်ဘက်၌ရှိပြီး တည်ဆောက်မှုကပြီးဆီးသွားပြီဖြစ်သည်၊ အရင်တုန်းက,ဂျပန်တွင်ကျော်ကြားသောတည်ဆောက်ခြင်းနည်းပညာများရှိသည်၊ ၎င်းကရောင်စုံပလတ်စတစ်တုံးဖြင့်ဆော့ကစားနည်းနှင့်ပင်ဆင်ဆင်တူလှသည်။ ဒီနည်းပညာသည်ကမ္ဘာ၏ကျန်သောနေရာများသို့ပျံ့နှံ့သွားပြီး ယဉ်ကျေးမှုတစ်ခုစီက ၎င်းတို့ကိုလက်ခံကျင့်သုံးကာ ၎င်းတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုဆိုင်ရာဒြပ်စင်များကို ထည့်သွင်းကြသည်၊ ပစ္စည်းများကိုကြိုတင်ပြင်ဆင်ပြီးပါကဗီလာအဆောက်အဦးများ ကိုတည်ဆောက်ရန်နာရီအနည်းငယ်မျှသာကြာသည်၊
ဦးလေးလျို၏အိမ်ရှေ့တွင်မြက်ခင်းပြင်တစ်ခုရှိပြီး မြက်ခင်းပြင်ပေါ်တွင်ပျင်းရိစွာဖြင့် လဲလျောင်းနေသောကြောင်ကြီးတစ်ကောင်ရှိသည်၊ ကြောင်ကိုဆော့ဖီလို့ခေါ်ကြောင်း ကောင်းဖန်သတိရသွားသည်၊ သူ၏ပင်ကိုစရိုက်ကလုံးဝကိုမသိမ်မွေ့လို့သနားစရာ ကောင်းလှသည်၊ တကယ်တော့သူ့မှာအနည်းငယ်ကျွဲမြီးတိုတတ်သောစိတ်နေ စိတ်ထားရှိသည်၊
ကြောင်ကကောင်းဖန်ပြန်လာမှန်းသတိထားမိပြီးနောက်သူကသမ်းလိုက်သည်၊ ထို့နောက်မြက်ခင်းပြင်ပေါ်တွင်တစ်ပတ်လှည့်လိုက်ပြီး နေရောင်ခံရန်တစ်ခြားဘက်သို့ လှည့်သွားသည်။
ကောင်းဖန်ကခြံဝန်းထဲသို့ရောက်သောအခါတွင်တစ်ခုခုကိုသတိထားမိသွားသည်၊ အိမ်ရှေ့ဝရန်တာသည်မနက်တုန်းကသပ်ရပ်စွာညှပ်ထားသောမြက်ပင်များဖြင့်ပြည့်နေ သည်၊ သို့သော်လည်းယခုအခါတွင်နေရာတိုင်း၌တွင်းများရှိနေကြောင်းကောင်းဖန် တွေ့လိုက်ရသည်၊ မြက်များကမလှမပဖြစ်နေပြီး ဝင်းတစ်ခုလုံးလည်းရွှံ့အဝါများဖြင့် ပြည့်နေသည်၊၎င်းကရှုပ်ထွေးနေသည်။
သူ၏ဗီလာတံခါးသည်လည်းပျက်စီးနေသည်၊ သစ်သားတံခါး၏ပုံကပြောင်းသွားပြီး နေရာတိုင်းတွင်အဖြူရောင်သစ်သားစများအနည်းငယ်ပြန့်ကျဲနေသည်၊
ဗီလာ၏အတွင်းပိုင်းတွင်လည်းအပေါက်တစ်ခုဖောက်ထားသည်၊ ကောင်းဖန်သည် ဒီကိစ္စကအရမ်းကိုဆိုးရွားသည်လို့ခံစားရသည်။
ချက်ချင်းပင်အိမ်ထဲသို့ပြေးဝင်သွားခဲ့သည်၊ မကြသေးခင်ကမှဝယ်ထားတဲ့ပရိဘောဂတွေအကုန်လုံး ကြမ်းပြင်ပေါ်တွင်ပြိုကျနေသည်ကိုမြင်လိုက်ရသည်၊ ဧည့်ခန်းထဲတွင် ရှိသောဆိုဖာများအားလုံးစုပြုံးပြီးအပေါက်များပင်ရှိနေသေးသည်၊ ကောင်းဖန်က မူးလဲမတတ်ဖြစ်သွားသည်။
ဘုရားသခင်သက်ညှာမှုပေးတော်မူပါ! ကောင်းဖန်ကတွေးလိုက်သည်၊ သူကလုံလဝိရိယရှိပြီး ချွေတာသုံးစွဲတတ်သည့်လူမျိုးဖြစ်သည်၊ ဒါကသူ့အတွက်ဘယ်လောက်တောင်နာကျင်ရလဲဆိုတာစဉ်းစားကြည့်နိုင်သည်၊
ကောင်းဖန်သည်သူ့ကိုယ်သူတုန်လှုပ်သွားသလိုခံစားလိုက်ရပြီး သူ့မျက်နှာတွင်လည်း ရှုပ်ထွေးသောပုံစံများရှိနေသည်။
ဟက်စကီးခွေးအကောင်တစ်ထောင်လောက်သူ့အိမ်ကိုလာသွားတာလား?
အခန်းအလယ်မှကုတ်ခြစ်သံကိုကြားလိုက်ရသည်၊
ကောင်းဖန်သည်ချက်ချင်းနိုးနိုးကြားကြားဖြစ်လာသည်၊
ငါ့အိမ်ကိုအမှိုက်ဖွတဲ့လူက အခင်းဖြစ်တဲ့နေရာမှာနေဖို့သတ္တိရှိတယ်ပေါ့၊၊ သူ့မှာငါ့ကို ရိုင်းပျပြီးအရိုအသေတန်နေလား?
သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး, တာ့ဇီနှင့်အစင်းလေးကိုသူ့ဘယ်ဘက်နှင့်ညာဘက်မှ ထွက်လာစေသည်၊
ဒမ်ဘီကဘေးပတ်လည်သို့လှည့်ကြည့်လိုက်ပြီးနောက်, သူ့သခင်၏ရှေ့ကနေ ကာကွယ်ရန်ဖြေးညင်းစွာလျှောက်လာကြသည်၊
ဆီလီကဘေးပတ်လည်တွင်ပျံနေပြီးနောက် ခေါင်းဖန်၏ခေါင်းပေါ်တွင်နေရာကျသွားသည်။
“ဘယ်နှကြိမ်လောက်ငါပြောရဦးမှာလဲ! ဒီလိုမျိုးလုပ်တာကငါ့ကိုပိုသန်မာစေမှာ မဟုတ်ဘူး!” ကောင်းဖန်ကဆီလီကိုခေါင်းပေါ်မှဖယ်လိုက်သည်၊ မကျေနပ်မှုကိုပြရန် ဆီလီသည်အသံပြုကာ၎င်း၏ကျောက်စိမ်းရောင်ကိုယ်ထည်ကိုလှည့်လိုက်သည်။
တာ့ဇီနှင့်အစင်းလေးသည်ရှေ့သို့တိုးသွားခဲ့သည်။
ရုတ်တရက်, အစင်းလေးသည်ကတိုက်ခိုက်ခံလိုက်ရသည်၊ သူကနောက်ဆုတ်လိုက်ပြီး နာကျင်စွာအော်ဟစ်ကာ နာကျင်နေသောခန္ဓာကိုယ်အစိတ်အပိုင်းကိုဖုံးအုပ်လိုက်သည်၊ အခြားခြေထောက်တွေက နာကျင်တဲ့အစိတ်အပိုင်းတွေကိုထိန်းထားဖို့လှုပ်ရှားနေရသည်။
တာ့ဇီကဆိုဖာပေါ်သို့တက်လိုက်သည်၊ ပြင်းထန်သောအသံတစ်သံကထွက်လာပြီး, ကောင်းဖန်သည်အဖြူရောင်အမွှေးများသည်လေထဲတွင်ပျံဝဲနေတာကိုတွေ့လိုက်ရ သည်၊
အားလုံးကတည်ငြိမ်နေသည်၊ ကောင်းဖန်ကတာ့ဇီ၏ပြောစကားကိုသူ့ခေါင်းထဲမှာ ကြားလိုက်ရသည်၊ ငါစားလို့ရလား?
ဘယ်လိုသားရဲမျိုးဘာလိမ့်? ။ ကောင်းဖန်ကရှေ့သို့လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်ဆိုဖာ၏အလယ်တွင်အဖြူရောင်သားရဲတစ်ကောင်ရှိနေသည်၊ အတောင်ပံတစ်စုံက၎င်း၏ခန္ဓာကိုယ်မှငေါထွက်နေသည်၊ ကြမ်းပြင်တစ်လျှောက်တွင် အဖြူရောင်ငှက်မွှေးများရှိသည်။
ငှက်တစ်ကောင်!
ကောင်းဖန်ကခွေး, မျောက် ဒါမှမဟုတ် ခြင်္သေ့ကဲ့သို့ပြင်းထန်သောအရာတစ်ခုဖြစ် လိမ့်မည်ဟုမှန်းဆခဲ့သည်၊ သူ့ဗီလာထဲကအရာတွေက ငှက်တစ်ကောင်ကြောင့်ပျက်စီး သွားလိမ့်မယ်လို့သူဘယ်တုန်းကမှ မတွေးဖူးပေ၊
“ရှရစ်! ရှရစ်!”
စူးရှသောတွတ်ထိုးနေသံကတာ့ဇီ၏ခန္ဓာကိုယ်အောက်မှဆက်၍ထွက်ပေါ်လာသည်၊
“ဖန်လေး” တစ်စုံတစ်ယောက်၏မျက်နှာက ပြတင်းပေါက်မှရုတ်တရက်ထွက်ပေါ်လာသည်၊ ဒါကကောင်းဖန်ကိုထိတ်လန့်သွားစေသည်၊ သူကအနီးကပ်သွားကြည့်မှ ဦးလေးလျိုမှန်း သတိထားမိသွားသည်။
“ဒီသားရဲလေးက မင်းအဖိုးဆီကလက်ဆောင်ဘဲ၊ မင်းကြိုက်ရင်သိမ်းထားလိုက်၊ မင်းအဖိုးကဒီကောင်လေးကိုရဖို့အတော်လေးကြိုးစားအားထုတ်ထားရတာ” ဦးလေးလျိုကပြုံးသည်၊ သူကကောင်းဖန်ကိုခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်သွား တော့သည်။
အိုး….ဒီသားရဲကသူ့အဖိုးဆီကလက်ဆောင်ပေါ့၊
ကောင်းဖန်က တာ့ဇီအောက်မှာပိနေတဲ့အဖြူရောင်ငှက်ကိုငုံ့ကြည့်လိုက်သည်၊ ငှက်က သူ၏အတောင်တွေကိုတဖျပ်ဖျပ်ခတ်နေပြီးဆက်၍အော်ဟစ်နေသည်။
“ဒမ်ဘီ, အဲ့တာကိုမလိုက်” ကောင်းဖန်က ဒမ်ဘီကိုအမိန့်ပေးလိုက်သည်။
ဒမ်ဘီကလိုက်နာကာ ရှေ့သို့ရွေ့သွားတော့သည်၊ သူကအဖြူရောင်ငှက်၏အတောင်ပံကိုကိုင်ရန် သူ၏ဘယ်လက်ကိုကွေးလိုက်ပြီးနောက် ၎င်းကိုမြှောက်လိုက်သည်၊
အမှန်မှာ၎င်းသည်နှင်းကဲ့သို့ဖြူဖွေးနေသော အဖြူရောင်ကြိုးကြာတစ်ကောင်ဖြစ်သည်၊ ၎င်း၏ရင်ဘတ်တွင်အနီရောင်အမွှေးအကွက်ရှိပြီး ၎င်း၏ခေါင်းပေါ်တွင်သွေးနီရောင် မျဉ်းတစ်ကြောင်းရှိသည်၊ အထူးဆန်းဆုံးအရာမှာ၎င်းတွင်ခြေထောက်တစ်ချောင်းသာ ရှိသည်။
ခြေထောက်တစ်ဖက်တည်းရှိသော အနီရောင်သရဖူကြိုးကြာသည်အလွန်ကိုထူးခြားသည်။
ဒမ်ဘီကကြိုးကြာ၏လည်ပင်းကိုကိုင်ထားသဖြင့်၎င်းကအသံမထွက်နိုင်ဘဲ အတောင်ပံခတ်လျက်နေသည်၊ သူ၏မျက်လုံးများက အသက်ရှုမဝသလိုဖြစ်နေပြီးဖြူလာသည်၊ ၎င်း၏ခေါင်းသည်အောက်သို့လျှောကျသွားပြီး လျှာက ပါးစပ်ထဲမှလျှောထွက်လာ သည်၊
ကောင်းဖန်ကအနည်းငယ်မျက်ခုံးပင့်လိုက်သည်၊ “ဒမ်ဘီနည်းနည်းလျော့လိုက်ဦး, သူ့ကိုသေအောင်ညစ်မထားပါနဲ့”
ဒမ်ဘီသည်လက်ကိုသိသိသာသာဖြေလျှော့လိုက်သည်၊
ကြိုးကြာသည်ရုတ်တရက်ကြီးအသက်ရှင်လာတော့သည်၊ ၎င်းကသူ၏ပါးစပ်ကိုဖွင့် လိုက်ပြီး, အတောင်ပံများကိုတဖျပ်ဖျပ်ခတ်ကာ ကောင်းဖန်ထံသို့ ဂုဏ်ယူနေသော ရယ်သံဖြင့်ထုတ်လွှတ်လိုက်သည်၊ ကော်! ကော်! ကော်!
ကောင်းဖန်အံ့ဩနေတော့သည်။
“ငါတို့ ဒီနေ့ညစာအဖြစ်ကြိုးကြာကင်စားရအောင်” ကောင်းဖန်ကပြောလိုက်ကာ တာ့ဇီဘက်သို့လှည့်လိုက်သည်၊
တာ့ဇီ၏မျက်လုံးများကတောက်ပလာတော့သည်၊ ၎င်းကလျင်မြန်စွာဘဲခေါင်းညိတ် လိုက်သည်၊
ကြိုးကြာကသူဘာပြောလည်းဆိုတာနားလည်ပြီး အော်တော့သည်၊ ၎င်းကသူ၏ ခြေထောက်တစ်ချောင်းကိုအသုံးပြုကာဒမ်ဘီကိုကန်လိုက်သည်၊ ၎င်းကသူ၏အသက် အတွက်တိုက်ခိုက်နေသည်။
ဟ၊ မင်းကကံဆိုးတဲ့အကောင်ငယ်လေးလိုသရုပ်ဆောင်နေတယ်ပေါ့? ကောင်းဖန်က သူ့ခေါင်းထဲတွင်တွေးကာရယ်လိုက်သည်၊ သေချာပေါက်, သူပြောတာကဟာသတစ်ခုပါဘဲ၊ သူကဧကရာဇ်အဆင့်အငယ်လေးကိုကင်စားလိုက်ရင် ဖြုန်းတီးသလိုဖြစ်သွားမှာပေါ့။
တကယ်တော့, ကောင်းဖန်က ဒမ်ဘီမြှောက်တင်လိုက်ကတည်းက ကြိုးကြာ၏ စွမ်းရည်များကိုကြည့်ပြီးဖြစ်သည်၊
သူကထိုစွမ်းရည်အတွက်နဲ့သိပ်ပြီးတော့အံ့အားမသင့်သော်လည်း သူ့အဖိုးကသူ့ကို ထိုကဲ့သို့အခြေအနေနှင့်သားရဲမျိုးကိုပေးသည်ကိုအံ့ဩနေသည်၊
ကောင်းဖန်အကူအညီမဲ့စွာဘဲနက်ရှိုင်းသောအတွေးများထဲသို့….
[မကောင်းဆိုးဝါးအမည်]-မီးတောက်နီကြိုးကြာ(အရွယ်မရောက်သေး)
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၆
[မကောင်းဆိုးဝါးအဆင့်အတန်း]- ထူးခြားအဆင့်အတန်း (လက်ရှိအဆင့်အတန်း၊ အုပ်ချုပ်သူအဆင့်အတန်းသို့တိုးမြှင့်ခံရလျှင်၎င်း၏အဆင့်သည် ပြီးပြည့်စုံသောအဆင့် အတန်းဖြစ်လာမည်၊ ဧကရာဇ်အဆင့်သို့တိုးမြှင့်ခံရလျှင်, ၎င်း၏အဆင့်အတန်းသည် အထူးအဆင့်သို့ပြောင်းလဲသွားလိမ့်မည်။)
[မကောင်းဆိုးဝါးစွမ်းရည်]-မီး
[ထူးခြားသောသွင်ပြင်လက္ခဏာ]-(မနိုးထသေး)
[မြှင့်တင်ရန်လိုအပ်ချက်များ]- လောင်ကျွမ်းကောင်းကင်သလင်းကျောက် ၅၀၀ဂျင်, အနည်းဆုံး ထိပ်တန်းလျှို့ဝှက်ဆန်းပြားသီးသုံးလုံး, ပြီးနောက်မီးကျောက်ဖရုံအသီးနှစ်၊
ကောင်းဖန်တိုးမြှင့်ရန်အတွက်လိုအပ်သောပစ္စည်းများကိုတွေ့သောအခါ, သူလျစ်လျူရှုဖို့ဆုံးဖြတ်ချက်ချလိုက်သည်၊ သူအဲ့တာတွေကို နည်းနည်းလေးတောင်မကြားဖူးဘူး! အဲ့တာတွေကိုဘယ်မှာရှာရမယ်မှန်းလည်းမသိဘူး!
***
အပိုင်း၁၂၃ အဖွဲ့သစ်
“မင်းကငါ့အိမ်ကိုဖျက်စီးတဲ့တစ်ယောက်ပေါ့ဟုတ်လား?”ကောင်းဖန်က မီးတောက်နီ ကြိုးကြာကို သူ၏ရှုပ်ပွနေသောအိမ်အားညွှန်ပြကာပြောလိုက်သည်၊
မီးတောက်နီကြိုးကြာသည် သူဘာပြောတယ်ဆိုတာကို နားမလည်ချင်ယောင်ဆောင် နေသည်၊ ၎င်းကမျက်နှာကျက်သို့ကြည့်လိုက်သည်၊
၎င်း၏ ကိုယ်လက်အမူအယာကိုသုံး၍ပြောလိုက်သည်, “ငါကငှက်တစ်ကောင်လေး ဘဲလေ, ငါမင်းဘာပြောနေလဲဆိုတာစဉ်းစားလို့ကိုမရဘူး”
“အဖြစ်မှန်ကိုဘဲအာရုံစိုက်ကြရအောင်၊ မင်းငါပြောတာနားလည်မှန်းငါသိတယ်၊ ငါမင်းကိုတိုက်ရိုက်ဘဲမေးမယ်၊ မင်းငါ့အိမ်ကိုရှုပ်ထားလား?”ကောင်းဖန်ကဆိုဖာကို လှည့်ကာမေးလိုက်သည်၊ ထို့နောက်သူကဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
မီးတောက်နီကြိုးကြာသည်သူ့မျက်လုံးများကိုလှိမ့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်၊ ၎င်းကသေသလိုဟန်ဆောင်လိုက်သည်၊ ၎င်းကသေချာပေါက်ကောင်းဖန်ပြောတာကိုနားလည်သည်၊
ဒါကမြင့်မားတဲ့ဉာဏ်ရည်ရှိသည့်သားရဲဖြစ်သည်၊ ထို့နောက်, ၎င်းကအရွယ်ရောက် ကတည်းကဧကရာဇ်အဆင့်သို့ရောက်မည်ဖြစ်သည်။ (ဒီမှာသုံးထားတာကLord tierလို့သုံးထားတာပါ၊ tierကလည်းအဆင့်ပါဘဲ၊ အဲ့တာကြောင့်အဆင့်လို့ဘဲ သုံးထားတာပါ၊)
ကောင်းဖန်ကသက်ပြင်းရှည်ကြီးကိုချလိုက်သည်၊ အကယ်၍သူကဆိုဖာနှင့်တခြား ပရိဘောဂတွေကို ပြန်ဝယ်လိုလျှင်, သူကအနည်းဆုံးမဟာမိတ်ခရက်ဒစ်အများအပြား သုံးရမည်ဖြစ်သည်၊ ကောင်းဖန်ထိုကိစ္စနှင့်ပတ်သတ်ပြီးစဉ်းစားလိုက်ရင် သူ့နှလုံးတွေနာကျင်လာသလိုခံစားလိုက်ရသည်၊
“ဒီပရိဘောဂတွေကဘယ်လောက်ဈေးကြီးလည်းဆိုတာမင်းသိလား? အကယ်၍ ငါမင်းကိုရောင်းလိုက်ရင်တောင် ထပ်ပြီး_”
ကောင်းဖန်ကရုတ်တရက်တစ်ခုခုကိုစဉ်းစားမိလိုက်ပြီး, သူပြောမည့်ဟာကိုပြောင်း လိုက်သည်၊ “မင်းမှာအပြစ်ရှိဆဲဘဲ”
“အပြစ်ရှိတယ်! တာ့ဇီကသူ၏ခြေထောက်တွေကိုယမ်းကာသူ့စိတ်ထဲတွင် ပြောလိုက်သည်၊ ၎င်းကမီးတောက်နီကြိုးကြာကိုဆိုးဝါးသောအကြည့်ဖြင့်ကြည့်ပေး လိုက်သည်၊
တာ့ဇီသည်အရင်ကဆိုဖာကိုသူကိုက်ခဲ့တုန်းကသူ့သခင်၏ဆိုးရွားစွာအပြစ်ပေးခြင်းကို ခံခဲ့ရသည်၊ ယခုတွင်တခြားသူများ၏ကံဆိုးခြင်းကိုနှစ်သက်ပြီးမီးတောက်နီကြိုးကြာ အားအပြစ်ပေးခံရမည်ကိုမြင်ချင်နေပြီဖြစ်သည်။
ကောင်းဖန်ကထိုမီးတောက်နီကြိုးကြာငှက်ကိုမြေပြင်မှချုပ်ထားရန်တွေးမိသည့်အချိန် တွင်ရယ်မောခြင်းမှရုန်းမထွက်နိုင်ပေ။
မီးတောက်နီကြိုးကြာသည် ကောင်းဖန်ကိုမှုန်မှိုင်းနေသောအကြည့်ဖြင့်ကြည့်နေသည်၊ ကြည့်ရသည်မှာ၎င်းကကောင်းဖန်သည် သူ့အိမ်ကိုဘယ်တော့မှဖြိုဖျက်ဖို့ခွင့်မပြုဘူးလို့ပြောမှာကို စိတ်ထဲတွင်စိတ်ကူးနေပုံရသည်။
သူ၏အိမ်အဟောင်းတွင်အရင်နေတုန်းက, ၎င်းကကြိုက်သလောက်အရာတိုင်းကို ဖျက်စီးပစ်နိုင်သည်။ ထိုနေရာကိုစောင့်ရှောက်ရန်တာဝန်ရှိသောသားရဲများသည် သူလုပ်သမျှကိုဝင်၍စွက်ဖက်ခြင်းမရှိပေ၊ အခုဘာကြောင့်ဒီလိုလုပ်လိုမရဘဲ ဖြစ်သွားရတာလဲ?
မီးတောက်နီကြိုးကြာသည်ရုတ်တရက်တစ်ခုခုကိုတွေးမိလိုက်သည်။ သူ့မျက်လုံးများ ကမှေးမှိန်သွားကာခေါင်းလေးငုံ့သွားတော့သည်၊ သူကရှုံးနိမ့်မှုကိုလက်ခံထားသလို ဖြစ်နေသည်။
ကောင်းဖန်သည်မီးတောက်နီကြိုးကြာကိုကိုင်တွယ်ရန်စွမ်းအားမရှိတော့ဘဲ, “ကောင်းပြီ,ကောင်းပြီ, မေ့လိုက်တော့၊ ဒါမျိုးကိုထပ်မလုပ်တော့နဲ့”
တာ့ဇီကကြောင်အမ်းသွားသည်၊ ဘာ? သူကအဲ့ကောင်ကိုမရိုက်ဘူးလား? ဘာလို့ သူ့ကိုနောက်ထပ်အခွင့်အရေးပေးလိုက်တာလဲ?
တာ့ဇီအပြစ်ပေးခံရသည့်အချိန်တွင်ကောင်းဖန်သည်ထိုကဲ့သို့ပြုမူခြင်းမရှိခဲ့ပေ။
တာ့ဇီကသူ့သခင်ကိုထိတ်လန့်စွာဖြင့်ကြည့်နေသည်၊ ဒီအချိန်တိုလေးအတွင်းမှာ တာ့ဇီ၏စိတ်ထဲ၌ဖြစ်ပျက်နေသည့်အတွေးများအားလုံးကို ကောင်းဖန်ကတော့ မသိပေ။
ကောင်းဖန်ကပရိဘောဂဆိုင်ကိုဖုန်းခေါ်လိုက်ပြီး ပရိဘောဂအသစ်များလဲပေးရန် ပြောလိုက်သည်၊ ဖုန်းကိုကိုင်လိုက်သူကချက်ချင်းပင်အော်ဒါများကိုချရေးလိုက်ပြီး နှစ်နာရီအတွင်းပို့ပေးမည်ဖြစ်ကြောင်းပြောလိုက်သည်။
ပရိဘောဂဆိုင်မှလူသည်ပရိဘောဂပစ္စည်းအများအပြားကိုအစားထိုးရန်လိုသည့်ကိစ္စ များကိုမြင်ဖူးသည်၊ ထို့နောက်, အများစုသောသားရဲများသည်တက်ကြွကြသည်၊ ၎င်းကသူတို့အိမ်မှပစ္စည်များကိုဖျက်စီးခင်းသည်သူတို့အတွက်တော့သာမန်ဖြစ်သည်၊ သို့သော်, ဒီလောက်များပြားသောအော်ဒါများအားလူတစ်ဦး၏အိမ်၌ပျက်စီးသွားသော ပရိဘောဂအားလုံးကိုအစားထိုးရန်မှာယူခံရခြင်းမှာပထမဆုံးအကြိမ်ဖြစ်သည်။
ကောင်းဖန်သည်တိတ်ဆိတ်စွာဖြင့်တွေးတောနေပြီးမီးတောက်နီကြိုးကြာကို ဂရုတစိုက်ကြည့်လိုက်သည်၊ ထိုမီးတောက်နီကြိုးကြာနှင့်ဒမ်ဘီသည် တူညီသော ထူးခြားအဆင့်အတန်းတွင်ရှိသည်၊ ၎င်းသည်ကြီးပြင်းလာသောအခါတွင်ဧကရာဇ် အဆင့်သို့ရောက်မည်ဖြစ်သည်၊ ၎င်းကသေချာပေါက်ဆင့်ကဲပြောင်းလဲမှုလျင်မြန်မည် ဖြစ်သည်။
ဒမ်ဘီ၏ထူးခြားအဆင့်အတန်းသည်၎င်းအားအုပ်ချုပ်သူနှင့်ဧကရာဇ်အဆင့်ထိသို့ ဆင့်ကဲပြောင်းလဲနိုင်သော်လည်း ဆင့်ကဲမြှင့်တင်ခြင်းအရှိန်သည်မီးတောက်နီကြိုးကြာ နှင့်တော့မယှဉ်နိုင်ပေ။
ကောင်းဖန်ကသူ့အဘိုးသည် သူ့အားဒီလောက်ကြီးမားသောလက်ဆောင်ကိုပေးမည်ဟု တွေးပင်မတွေးခဲ့ပေ၊ အထွတ်အထိပ်ဧကရာဇ်အဆင့်ရှိသောသားရဲတစ်ကောင်သည် ဘယ်လောက်တောင်သန်မာလိမ့်မလဲ?။ကောင်းဖန်က ကန္တရအုပ်စိုးသူ၏နမူနာကိုသာ ယူကြည့်နိုင်လိမ့်မည်။
သူကအသက်ပြင်းပြင်းရှုလိုက်သည်။ ကြည့်ရတာသူ့အဘိုးကသူထင်ထားတာထက် ပိုပြီးအင်အားကြီးပုံရသည်။
ဒါကကောင်းမွန်တဲ့အရာဖြစ်သည်၊ သူ့အဘိုးကသန်မာတာကြောင့်သူကပျော်သင့်သည်၊ ပြီးတော့သူကသူ့ရဲ့ဆွေမျိုးလည်းဖြစ်သည်။
တစ်ချိန်တည်းမှာဘဲကောင်းဖန်သည်စိုးရိမ်စပြုလာသည်၊ သူမဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် သူ့အဖိုးရင်ဆိုင်နေရတဲ့ပြဿနာကဘယ်လောက်တောင်ကြီးမားနေတာလဲ? ကောင်းဖန်ကအဲ့တာကိုရင်ဆိုင်ဖို့လုံလောက်တဲ့ခွန်အားရောရှိရဲ့လား?
“မင်းကိုနာမည်ပေးရအောင်” ကောင်းဖန်ကဉယျာဉ်ထဲမှကျောက်ခုံတန်းရှည်ပေါ်ထိုင် လိုက်ပြီး မီးတောက်နီကြိုးကြာနှင့်မျက်နှာချင်းဆိုင်လိုက်သည်၊ ၎င်းကရေကန်ကို ကြည့်နေပြီး, ထိုထဲတွင်ငါးများရှိမလားဆိုပြီးကြိုးစားကြည့်နေသည်၊
မီးတောက်နီကြိုးကြာက ခြေထောက်တစ်ဖက်တည်းရှိသည်, ထို့ကြောင့်မြေပြင်ပေါ် တွင်သွားနိုင်ရန်ခြေတစ်ဖက်ဖြင့်ခုန်၍သွားရသည်၊
၎င်းကသူ၏လည်ပင်းကိုဆန့်လိုက်ပြီး ရေကန်ထဲရှိငါးကိုဂရုတစိုက်ကြည့်နေသည်၊ ၎င်းကကောင်းဖန်သူ့ကိုနာမည်ပေးသည်ကိုဂရုမစိုက်သလိုဖြင့်အသံပြုလိုက်သည်၊
ရုတ်တရက်မီးတောက်နီကြိုးကြာသည်နှုတ်သီးဖြင့် ဓားကဲ့သို့ထိုးချလိုက်သည်၊ ၎င်းသည်ငါး၏နောက်ကျောကိုရိုက်လိုက်သည်၊ ၎င်းကသူ၏ခေါင်းကိုမြှောက်လိုက်ပြီး ငါးကိုလေထဲသို့ပစ်လိုက်ကာ, ပါးစပ်ဖွင့်လိုက်ပြီးနောက် ထိုငါးကိုမြိုချလိုက်တော့သည်၊
၎င်းကသူ၏မျက်လုံးကိုစောင်းကြည့်လိုက်သည်၊ ငါးကတော်တော်အရသာရှိတာဘဲ၊
“မင်းရဲ့နာမည်မှာမီးတောက်ဆိုတဲ့စာလုံးရှိလို့မင်းကို ဖလိမ်မီလို့ခေါ်မယ်”
မီးတောက်နီကြိုးကြာကမျက်တောင်ခတ်လိုက်ပြီး သူ့၏ခေါင်းကိုလှည့်လိုက်သည်၊ သူကဘာကိုဆိုလိုတာမှန်းမသိဘူးလေ၊ ပြီးတော့အသံကနားထောင်လို့ကောင်းသည်၊ ၎င်းကနာမည်နှင့်လိုက်ကြောင်းပြရန်နှစ်ကြိမ်လောက်အော်လိုက်သည်၊
ကောင်းဖန်ကအစတော့ ဖလိမ်မီကခုမှစရောက်တာမလို့ နည်းနည်းတော့စိတ်ရှုပ်လိမ့် မည်ဟုထင်ခဲ့သည်၊ သူကသွေးစာချုပ်ချုပ်ဆိုရန်ဆုံးဖြတ်လိုက်သည်၊ သူဘာမှမလုပ်ခင် ဖလိမ်မီကိုခဏလောက်အနားပေးလိုက်ဦးမယ်။
သူဒီ ဗီလာကိုဝယ်ခဲ့တာအရမ်းကံကောင်းသည်, မဟုတ်ရင်သူ့သားရဲတွေအားလုံးကို တစ်နေရာတည်းတွင်ထားနိုင်မည်မဟုတ်ပေ။
ဒမ်ဘီနှင့်အစင်းလေးတို့သည်မြေအောက်ကားပါကင်တွင် အလှည့်ကျအိပ်ရန်မလိုတော့ကြောင်းနားလည်လိုက်ကြသည်၊ သူတို့ကအရမ်းပျော်နေကြပြီး ညပိုင်းလေကိုခံစားရန် ကြယ်တွေကိုကြည့်ရန်မြက်ခင်းပေါ်တွင်လှဲနေကြသည်၊
တာ့ဇီကိုသူ့မိဘတွေက ကောင်းဖန်ကိုပေးခဲ့တာကြောင့် သူ့အတွက်တော့အဖိုးတန်ဆုံးဖြစ်သည်၊ ဆီလီ, ဒမ်ဘီနဲ့ အစင်းလေးတို့ကိုလည်း တူညီတဲ့အချိန်ကာလအတွင်းမှာ ရခဲ့တာကြောင့် သူတို့ကိုအတူတကွစုဖွဲ့ခဲ့သည်၊
ယခုတော့ ဖလိမ်မီပါဒီမှာရှိနေပြီဖြစ်တာကြောင့် အဖွဲ့အသစ်တစ်ခုဖြစ်လာတော့မည်။
ကောင်းဖန်က သူနာမည်ပေးရာတွင်အရမ်းကောင်းသည်ဟုခံစားလိုက်ရသည်၊ သူက ချက်ချင်းပင်နာမည်တစ်ခုကိုပေးနိုင်သည်၊
“ဖလိမ်မီ, ဒီကိုလာခဲ့” ကောင်းဖန်ကခေါ်လိုက်သည်၊ ဖလိမ်မီကညလေပြေကိုခံစားနေ ခြင်းဖြစ်သည်၊ ကောင်းဖန်ကလွှဲယမ်းကာထိုင်လိုက်ပြီး သူ့လက်ထဲကစာအုပ်ကို ပိတ်လိုက်သည်။
ဖလိမ်မီကသူ့ခေါင်းကိုကောင်းဖန်ဆီသို့လှည့်လိုက်သည်၊ ၎င်းကသူ၏တောင်ပံများကို ဖြန့်လိုက်ပြီး ပျံတက်လာသည်၊ သူကသူ၏ခေါင်းကိုလှည့်လိုက်ပြီးကောင်းဖန်ကို မသေချာမရေရာစွာဖြင့်ကြည့်လိုက်သည်၊
ကောင်းဖန်ကသူ့လက်ထဲကစာအုပ်ကိုချလိုက်ပြီး သူ့အိတ်ကပ်ထဲမှသွေးဖောက်သော ပစ္စည်းကိုထုတ်လိုက်သည်၊
ကောင်းဖန်ကသူ၏ဘယ်လက်ကို ဖလိမ်မီ၏ခေါင်းပေါ်တွင်ထားလိုက်သည်၊ သူ၏ မျက်လုံးတွေကိုပိတ်လိုက်သည်၊
သူက ဖလိမ်မီ၏အသိဉာဏ်ထဲသို့ဝင်ရောက်လိုက်ပြီး တစ်စုံတစ်ခုကစ၍ပေါ်လာ တော့သည်။
ထင်ရှားပေါ်လွင်သောအသိဉာဏ်ပေါ်လာပြီး သားရဲ၏အသိဉာဏ်သည်မည်မျှ ထက်မြက်သည်လည်းပေါ်လာ၍တိုက်ရိုက်ချိတ်ဆက်မှုကိုဖြစ်ပေါ်စေသည်၊
ကောင်းဖန်က ဖလိမ်မီ၏စိတ်ထဲတွင် ပြန့်ကျဲနေသောမှတ်ဉာဏ်များကိုမြင်လိုက်သည်၊
၎င်းသည်ကြီးမားသောစိမ့်ရေဖြစ်သည်၊ ရေအပင်များသည်ထိုနေရာတွင်ရှင်သန်သည်၊ ထိုနေရာတွင်များပြားပြီးကွဲပြားသောသတ္တဝါများသည် ထိုစိမ့်မြေ၏အလယ်တွင် နေထိုင်ကြသည်၊
မကြိုဆိုထားသောဏဧည့်သည်များစွာသည် စိမ့်ရေများပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊
ရေအောက်တွင်အကောင်ကြီးများ၏ပုံသဏ္ဍာန်ပေါ်လာသည်၊ ကျောက်တုံးကဲ့သို့သော အစိမ်းရောင်လိပ်အခွံများသည် ရေမျက်နှာပြင်ပေါ်မှဖြတ်သန်းလာကြသည်။
၎င်းတို့ကလျင်မြန်စွာရွေ့လျားနေကြသည်၊ ရေကလည်း လှိုင်းထန်လာသည်၊
ကောင်းဖန်သည်ရုတ်တရက်ကြည့်လိုက်သောပုံတွင် ၎င်းပေါ်တွင်အနီရောင်များ စိမ့်ထွက်နေသောဖလိမ်မီသည်ကောင်းကင်ပေါ်မှထိုးဆင်းလာသည်ကိုတွေ့လိုက်ရ သည်၊
စိမ့်ရေများသည် သားရဲများ၏ကြီးထွားမှုအတွက်အကျိုးရှိစေသော အရာတစ်ခုပါဝင်သည်၊ မဟုတ်လျှင်အခြားသောဧကရာဇ်အဆင့်သားရဲများသည် အခြားသို့မသွားဘဲ ထိုနေရာကိုသိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။ ကောင်းဖန်ကတွေးလိုက်သည်၊ ဖလိမ်မီ၏စိတ်ထဲတွင်, အရမ်းကိုအထင်းသားပေါ်နေသော မှတ်ဉာဏ်တစ်ခုရှိခဲ့သည်၊ ဖလိမ်မီနှင့်ဆင်တူသော မီးတောက်နီကြိုးကြာကြီးတစ်ကောင်သည် အနည်းဆုံး ပေ၃၀၀လောက်ရှည်သောမိကျောင်းကိုကိုက်ခဲ့သည်၊ ကြိုးကြာသည်ရေထဲသို့ဆွဲချခံ လိုက်ရပြီးရုန်းကန်ရင်းနှင့်သေဆုံးသွားခဲ့သည်၊ ၎င်း၏သွေးများကရေကိုအနီရောင်သို့ ပြောင်းသွားစေသည်။
ကောင်းဖန်သည် ထိုထိတ်လန့်ဖွယ်ကောင်းသောဖြစ်ရပ်ကြောင့် အတော်လေးနာကျင်မိသည်။
***
အပိုင်း၁၂၄ ပါတနာအသစ်
ဖလိမ်မီ, မင်းငါ့ရဲ့ပါတနာဖြစ်ဖို့သဘောတူလား? ကောင်းဖန်ကသူ့အတွေးများကို ဖလိမ်မီအားတစ်ဆင့်ပို့ပေးလိုက်သည်။
၎င်းကအကြာကြီးတိတ်ဆိတ်သွားတော့သည်။
ကောင်းဖန်ကသူအောင်မြင်မှာမဟုတ်ဘူးလို့ခံစားလိုက်ရပြီးနောက်, ရှင်းရှင်းလင်းလင်း နှင့်သာယာနာပျော်သောအသံကထွက်လာသည်၊
မင်းငါ့ရဲ့လက်စားချေမှုအတွက်ကူညီပေးနိုင်လား? ဖလိမ်မီ၏အသံကမုန်းတီးမှုတို့ဖြင့် ပြည့်နေသည်။
အကယ်၍ငါတို့ကသွေးစာချုပ်ချုပ်မယ်ဆိုရင်, မင်းကငါတို့အဖွဲ့ထဲကတစ်ယောက် ဖြစ်သွားလိမ့်မယ်, ပြီးတော့မင်းရဲ့ပြဿနာကငါ့ရဲ့ပြဿနာဘဲ, ကောင်းဖန်က တည်ကြည်လေးနက်စွာဖြင့်ဖြေလိုက်သည်၊
နောက်ထပ်တိတ်ဆိတ်မှုကြီးကရှည်လျားစွာဖြစ်သွားသည်၊ ကောင်းဖန်သည်ဖလိမ်မီ၏ အသိစိတ်မှုမထွက်သေးမီလေးတွင် သွယ်လျသောအနီရောင်ခြေသည်းတစ်ခုပေါ်လာပြီး သွေးစာချုပ်ကိုဖိလိုက်သည်။
သွေးစာချုပ်ကကြေမွသွားပြီးပျောက်ကွယ်သွားတော့သည်။ ကောင်းဖန်ကဖလိမ်မီနှင့် သူ့ကြားတွင်ဆက်နွယ်မှုအသစ်ကိုခံစားလိုက်ရသည်။
ကောင်းဖန်ကသူ့မျက်လုံးများကိုဖွင့်လိုက်သည်။ သူကဖလိမ်မီသည်သူ့ကိုစူးစမ်းချင် စိတ်ဖြင့်သူ့ကိုကြည့်လိုက်သည်၊ ထို့နောက်ဖလိမ်မီသည်နောက်လှည့်၍ခြံနောက်ဖက်ရှိ သစ်ပင်တစ်ပင်ဆီသို့လျှောက်သွားကာ ၎င်းအောက်တွင်ထိုင်လိုက်သည်။ သူ၏ တစ်ချောင်းတည်းသောခြေထောက်ကိုကွေးလိုက်ပြီး,၎င်း၏အဖြူရောင်အတောင်ပံများ ကိုရုတ်လိုက်ကာသူ၏နောက်ကျောကိုသစ်ပင်အားဖိကပ်လိုက်သည်။
ကောင်းဖန်ကဒီလိုမျိုးထူးဆန်းသောအိပ်သည့်အနေအထားကို အရင်ကတစ်ခါမှမမြင်ခဲ့ဘူးပေ၊ အနီရောင်သရဖူကြိုးကြာများသည် ခြေထောက်တစ်ဖက်ပေါ်သို့ရပ်ကာ အခြား ခြေတစ်ဖက်ကို အတောင်၌ထဲသို့ထည့်ကာရပ်၍အိပ်ကြသည်? ဖလိမ်မီကဘာကြောင့် တခြားသူတွေကိုမလုပ်သနည်း?
ကောင်းဖန်ကသူ၏အတွေးများကို ဖလိမ်မီအားသွေးစာချုပ်မှတစ်ဆင့်ပို့လိုက်သည်။
ဖလိမ်မီကသူ့ခေါင်းကိုလှည့်လိုက်ပြီးကောင်းဖန်ကိုကြည့်လိုက်သည်၊ ငါ့မှာခြေထောက် တစ်ချာင်းဘဲရှိတာလေ။
ပြီးတော့ မင်းကမြေပြင်ပေါ်မှမင်းရင်ဘတ်နဲ့အပ်ပြီးအိပ်မယ့်အစား မင်းနောက်ကျောကို သစ်ပင်နဲမှီပြီးအိပ်သင့်တယ်။
ဖလိမ်မီကသက်ပြင်းချလိုက်ပြီးနောက် လဘက်သို့မျက်နှာမူလိုက်ပြီးအချိန်ကြာကြီး ကြည့်နေသည်၊ ထို့နောက်,၎င်းကညင်သာစွာဖြင့်ပြောလိုက်သည်, ဒါပေမယ့်ဒီလို အိပ်ရတာသက်တောင့်သက်သာရှိတယ်။
…
“တစ်ယောက်ယောက်ရှိကြလား? အထဲမှာပိုင်ရှင်ရှိလား?” ဗီလာအပြင်ဘက်တွင် ကားရပ်သည့်အသံကိုကြားလိုက်ရသည်၊ ကောင်းဖန်ကတစ်ယောက်ယောက်၏အော်သံ ကိုကြားလိုက်ရသည်။
ကောင်းဖန် တံခါးကိုဖွင့်ပေးဖို့အိမ်ရှေ့ခြံဝန်းထဲသို့သွားလိုက်သည်၊ မှုန်ပျပျအလင်းက ကောင်းဖန်ကကားမောင်းသူအားရှင်းလင်းစွာတွေ့လိုက်ရသည်၊ သူကအသက်၃၀ ဝန်းကျင်ရှိလောက်ပြီး, မှုတ်ဆိတ်မွှေးအကွက်လိုက်ရှိကာ,အဝါရောင်ယူနီဖောင်းကိုဝတ်ထားသည်။
“ပရိဘောဂတွေကအဆင်သင့်ဖြစ်နေပြီလား?။ အထဲကိုယူခဲ့ပေးပါ” ကောင်းဖန်က ပြောလိုက်သည်၊ သူကတံခါးကိုဖွင့်လိုက်ပြီး ပရိဘောဂများကိုသယ်ရန်အတွက် သူတို့ကိုခေါ်လိုက်သည်။
ပရိဘောဂကိုသယ်ရင်းဖြင့် နှစ်ယောက်သားတစ်စုံတစ်ခုကိုရှာဖွေနေပုံဖြင့် အိမ်ပတ်လည်ကိုကြည့်နေကြသည်။
“မစ္စတာ, မင်းရဲ့အိမ်ကအတော်လေးကြီးတာဘဲ” အဝါရောင်ရှပ်အင်္ကျီနှင့်ဒါရိုက်ဘာက ရယ်လိုက်သည်၊ သူကကောင်းဖန်သည်တုံ့ပြန်မှုမရှိတာကိုတွေ့တာကြောင့်, သူ၏ရယ်မောမှုကအခြောက်တိုက်ကြီးရယ်နေသလိုဖြစ်သွားသည်။
သူတို့ကအတော်လေးမြန်ပြီး, နာရီဝက်တည်းနဲ့တင်အကုန်လုံးကိုအထဲသို့သယ်ပြီးပြီ ဖြစ်သည်၊ ကောင်းဖန်ကသားရဲများကိုခြံနောက်ဖေးတွင်ထားခဲ့ခြင်းဖြစ်သည်၊ သူကဘယ်သူ့ကိုမှမခြောက်လန့်ချင်ပေ။
အကုန်လုံးကိုရွှေ့ပြောင်းပြီးနောက်, သူတို့၏ချွေးတွေကိုသုတ်လိုက်ကာ ကောင်းဖန်ကိုနှုတ်ဆက်ပြီးထွက်သွားကြတော့သည်။
ကောင်းဖန်ကထရပ်ကားထွက်သွားသည်ထိကြည့်နေလိုက်သည်၊ ထို့နောက်သူက လှည့်၍ဗီလာဆီသို့ပြန်လာခဲ့သည်။
ပထမအကြိမ်စာမေးပွဲရလဒ်များမထုတ်ပြန်ခင် နောက်တစ်ပတ်ရှိနေသေးသည်၊ ကောင်းဖန်သည်သမ်းဝေလိုက်ပြီးပရိဘောဂအချို့ကို စီစဉ်ရာ၌ကူညီရန်ဒမ်ဘီကို ခေါ်လိုက်သည်၊ ဒမ်ဘီသည်ထိုသို့သောအခြေအနေများအတွက်အထူးအသုံးဝင်သည်။
ဗီလာတွင်အထပ်နှစ်ထပ်ရှိသည်၊ ဒမ်ဘီသည်အိမ်ထဲတွင်သက်တောင့်သက်သာဖြင့် လမ်းလျှောက်နိုင်စေရန်မျက်နှာကျက်သည် အခြားအိမ်အများစုထက်ပို၍မြင့်ထား သည်။
တစ်ဖက်မှာလည်း, တာ့ဇီကဲ့သို့ပုသောသူများသည် ဒီလိုမျိုးကိစ္စတွေအတွက်တော့ စိုးရိမ်နေစရာမလိုပေ။
ဂိတ်တံခါးကိုပြင်ဆင်သည့်လူများကနောက်တစ်နေ့တွင်ရောက်လာမည်ဖြစ်ပြီး, ကောင်းမွန်စွာဆေးသုတ်နိုင်ရန်အတွက်လည်းသုတ်ဆေးအလွှာထပ်ကလိုသေးသည်။
ကောင်းဖန်သည် အိပ်ရန်အတွက်ဆိုဖာကိုသာအသုံးပြုသောကြောင့် အပေါ်ထပ်သို့ မတက်တော့ပေ၊ သူကဆိုဖာပေါ်တွင်လှဲလိုက်ပြီးသက်တောင့်သက်သာရှိမှုကြောင့် ညီးတွားသံကိုထုတ်လိုက်ပြီးကူရှင်များထဲသို့လှဲချလိုက်သည်၊
ကြယ်များမှအလင်းရောင်သည်ပြတင်းပေါက်မှဝင်ရောက်လာခဲ့သည်၊ ကောင်းဖန်သည် သူ၏မျက်လုံးကိုမှိတ်လိုက်ပြီးခဏအတွင်းမှာပင် တခေါခေါနှင့်ဟောက်တော့သည်၊
တာ့ဇီသည်ကောင်းဖန်ကိုကြည့်လိုက်ပြီး အပေါ်ထပ်သို့လာခဲ့သည်၊ သူဒုတိယထပ်ကို ရောက်တော့, သူကအိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အိပ်ယာပေါ်မှစောင်ကိုယူလိုက်သည်၊
တာ့ဇီကပြုတ်ကျသွားပြီးလှေကားပေါ်မှလိမ့်ဆင်းသွားပြီးနောက် ကောင်းဖန်ပေါ်တွင် စောင်ကိုတင်လိုက်သည်၊
သူကကောင်းဖန်အရမ်းကိုအိပ်ပျော်နေတာကိုတွေ့တော့ တာ့ဇီသည်သူခံစားချက်များ ပျော်ရွှင်လာသည်ကြောင့်အံ့ဩနေတော့သည်၊ သူကဆိုဖာပေါ်တွင်လှဲလိုက်ပြီးသူ့သခင် ၏ဘေးတွင်ဝင်အိပ်လိုက်သည်၊ တာ့ဇီသည်ကောင်းဖန်နှင့်အတူရှိနေသရွေ့ပျော်ရွှင် သည်၊
ညနက်နေပြီဖြစ်သည်၊
သားရဲအားလုံးသည် တိတ်ဆိတ်စွာနှင့်အိပ်ပျော်နေကြတော့သည်၊
…
သံသယဖြစ်စရာကောင်းသောလူအနည်းငယ်သည် ဗီလာဆီသို့ဦးတည်ရွေ့လျားလာ တော့သည်၊
“ပိုင်ရှင်တစ်ယောက်တည်းဒီမှာနေတာသေချာလား?”
“စိတ်လျော့စမ်း, ငါကိုယ်ပိုင်မျက်လုံးနဲ့စစ်ကြည့်ခဲ့တာ၊ တစ်ယောက်တည်းဘဲဒီမှာ နေတာ!” သူတို့ထဲမှတစ်ယောက်ကသေချာစွာပြောလိုက်သည်၊ “အဲ့ဒီမှာသေချာပေါက် တစ်ယောက်တည်းရှိတာ! အကယ်၍, ငါမှားတယ်ဆိုရင်ငါအိမ်ရောက်ရင်ချီးစားပြမယ် ကွာ”
“အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့” အာမခံချက်ကိုကြားတော့လူတစ်ဦးက သက်ပြင်းချလိုက်သည်၊
ဗီလာရှိမီးအကုန်လုံးနီးပါးသည်ပိတ်ထားသလိုဖြစ်နေသည်၊ အိမ်ရှေ့တံခါးမှ ‘အဝါရောင်မှိန်ဖျော့ဖျော့မီး’ ကသာနွေးထွေးသောအလင်းရောင်ကိုထုတ်လွှတ်ပေးနေ သည်၊
ယောကျာ်းသားများသည် တဖြည်းဖြည်းနှင့်နီးကပ်လာကြတော့သည်၊ သူတို့ရှုးဖိနပ်ခုံအတွင်းပိုင်းသည်အရမ်းထူသောကြောင့် သူတို့မြက်ပေါ်သို့နင်းသောအခါဆူညံမှုမရှိပေ၊
“ငါတို့ခိုးပြီးသွားရင် ပြန်ထွက်မယ်၊ ငါတို့အောင်မြင်သည်ဖြစ်စေ, မအောင်မြင်သည် ဖြစ်စေ၊” အဖွဲ့ထဲမှအယုံကြည်ရဆုံးလူကပြောလိုက်သည်၊ “ပြီးတော့နောက်တစ်ခု၊ ဘယ်အခြေအနေမျိုးမှာမဆိုမသတ်ရဘူး၊ ငါတို့ဒီကိုလာတာခိုးဖို့သက်သက်ဘဲ၊ ဒီလိုဗီလာကြီးမျိုးတွေမှာနေတဲ့လူတွေက သေချာပေါက်ချမ်းသာပြီးအင်အားကြီးတဲ့ သူတွေဘဲ၊ တစ်ယောက်ယောက်သေခဲ့ရင်ဒီကိစ္စကပိုပြီးကြီးကျယ်သွားလိမ့်မယ်”
“နားလည်ပြီ” နောက်ထပ်နှစ်ယောက်ကခေါင်းညိတ်ပြသည်၊
ဧည့်ခန်းထဲတွင်အရိုးစုကမတ်တပ်ရပ်နေသည်၊ ဝိဉာဉ်မီးတောက်များက၎င်း၏မျက်ခွံ များပေါ်တွင်ရှိနေပြီး အားနည်းသောအပြာရောင်မီးတောက်များသည် ချက်ချင်း အားကောင်းလာတော့သည်၊
ဗီလာ၏အပြင်ဘက်တွင်, လူကြီးတစ်ယောက်ကလက်သီးဆုပ်အရွယ်ရှိသည့် အနက်ရောင်ပန်းအိုးကိုသူ၏ လွယ်အိတ်ထဲမှထုတ်လိုက်သည်၊
ပန်းအိုးကရုတ်တရက်တစ်ဝက်ကွဲသွားပြီး မြစိမ်းရောင်စပျစ်နွယ်ပင်နှစ်ပင် သည်မြေပြင်ပေါ်မှပေါ်ထွက်လာတော့သည်၊ သူတို့ကအထက်သို့အတူတကွ လိမ်ယှက်လိုက်ကြပြီး အစိမ်းရောင်အရွက်များပေါက်လာတော့သည်၊
ကြီးထွားမှုမြန်သောကြောင့်၎င်းကိုသာမန်မျက်စိဖြင့်မြင်နိုင်သည်၊ ၎င်း၏အမြစ်များ စတင်ထင်ရှားလာသောအခါကြီးထွားမှုရပ်သွားတော့သည်၊ စပျစ်နွယ်များသည် ခုနှစ်ပေထက်ပို၍ကြီးထွားလာခဲ့သည်၊ ၎င်းတို့ကမြေပြင်နှင့်ထိနေကြပြီး ပန်းရောင် ပန်းဖူးများနှင့်ပြည့်နေသည်၊
“ခဏနေဦး၊ မင်းသားရဲကိုအရှိန်လျော့ဖို့ပြောလိုက်၊ ငါတို့ပစ်မှတ်ကိုနောက်ဆုံးအကြိမ် ဓာတ်ငွေ့မလွှတ်ခင် မလွှတ်စေနဲ့” ဘေးကလူမှစိတ်ရှုပ်စွာနှင့်ပြောလိုက်သည်၊ ထို့နောက်သူကအိပ်ကပ်ထဲမှ နှာခေါင်းစည်းကိုထုတ်ယူလိုက်သည်၊
သူတို့အားလုံးဓာတ်ငွေ့ကာနှာခေါင်းစည်းများထုတ်လိုက်ကြပြီး, ပန်းဖူးများသည်စတင် ပွင့်လာပြီး ပန်းရောင်တိမ်များသည်စ၍ပြန့်လာသည်၊
နောက်ထပ်နာရီဝက်လောက်စောင့်ပြီးတဲ့နောက်, သူတို့ကဗီလာထဲသို့စတင်လှုပ်ရှား ကြတော့သည်၊
ဗီလာ၏ဂိတ်တံခါးသည် ကျိုးနေသောကြောင့်ဖွင့်ထားရသည်၊ လူတစ်ဦးကထိုနေရာသို့ ဂရုတစိုက်လမ်းလျှောက်လာသည်၊ သူကခေါင်းကိုအတွင်းဘက်သို့ရွေ့လိုက်ပြီး ဘေးပတ်လည်သို့ကြည့်လိုက်သည်၊
ဧည့်ခန်းသည်အရမ်းတိတ်ဆိတ်နေပြီး သူကလက်ကိုဝှေ့ယမ်းလိုက်ပြီးတခြားလူတွေကို လှုပ်ရှားဖို့ခေါ်လိုက်သည်၊
ဒါပေမယ့် ဘယ်သူမှသူနဲ့အတူလိုက်ဝင်မလာပေ၊ သူတို့ဘယ်ရောက်သွားတာတုန်း?
သူလှည့်ကြည့်လိုက်တော့ လရောင်အောက်တွင်ခဲရောင်အရိုးစုကသူ့ဆီသို့လျှောက်လာသည်ကိုတွေ့လိုက်ရသည်၊ အရိုးစု၏အပေါက်များမှတစ်ဆင့်သူ၏တွဲဖက်များက မြေပြင်ပေါ်တွင်လဲနေတာကိုမြင်လိုက်သည်၊ သူတို့သေလား, ရှင်လား သူမသိပေ။
***