အခန်း (၁၂၅-၁၂၈)
Vol. 8 Ch. 125-128
အပိုင်း၁၂၅ သူခိုးတွေကိုရှင်းလင်း
သူကသူခိုးတွေအတွက်သွေးဆောင်နိုင်တဲ့လူများလား? ကောင်းဖန်ကအလေးအနက်ဖြင့် ဒီမေးခွန်းအတွက်တစိမ့်စိမ့်တွေးနေသည်။
သူကဆိုဖာပေါ်တွင်ထိုင်လိုက်သည်၊ ငတုံးသူခိုးသုံးကောင်ကတော့သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။ သူတို့ထဲကတစ်ယောက်ကခေါင်းငုံ့ထားပြီး သူ၏မျက်ခုံးပေါ်မှ ချွေးများကတစ်စက်စက်စီးကြနေသည်။
“ငါတို့အရင်ကဆုံဖူးလား?” ကောင်းဖန်ကရုတ်တရက်မေးလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မစ္စတာ, မင်းအတွေးလွန်နေပြီ” သူခိုးကကို့ရို့ကားရား ဖြစ်စွာဖြင့်ရယ်လိုက်သည်။
“….မစ္စတာ?”
သူခိုးကသူဘာပြောလိုက်တာတစ်စုံတစ်ခုမှားသွားပြီဖြစ်ကြောင်း သတိထားမိသွား သောအခါသူကပါးစပ်ပိတ်နေလိုက်သည်။
ကောင်းဖန်ကဒါကိုအရင်ကတွေးမထားမိပေမယ့် ဒီလူကသူ့ကိုမစ္စတာလို့ခေါ်တော့ သူ့ကိုဘယ်သူလဲဆိုတာသိသွားစေသည်။
ဒီလူကပရိဘောဂဆိုင်ကလူမဟုတ်ပါလား?
“မေးစရာရှိတယ်…” ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ “ခင်ဗျားတို့က ဘာလို့ကျနော့်အိမ်ကိုချိုးဖျက်ဖို့ရွေးကြတာလဲ?ငါကတုံးအပြီးပိုက်ဆံအများကြီးရှိတဲ့ သူတွေထဲကတစ်ယောက်လို့ထင်နေကြတာလား?”
ဖလိမ်မီကအတောင်များကိုတဖျပ်ဖျပ်ခတ်ကာရယ်လိုက်သည်၊ သူကဘာကိုရယ်မိမှန်း မသိပေ။
တာ့ဇီကမတ်တပ်ရပ်လိုက်ပြီး သူ့ခေါင်းနောက်ကိုတစ်ချက်ရိုက်ချလိုက်သည်၊ သူကသခင့်ကိုရယ်ဖို့ခွင့်မပြုနိုင်ဘူး!
“ငါ…ငါ…”သူခိုး၏နှုတ်ခမ်းများကစတင်ပြီးတုန်ယင်လာသည်၊ သူကရုတ်တရက် ဘာပြောရမှန်းမသိတော့ပေ၊ သူကမျက်ရည်များပင်ကျလုနီးပါးဖြစ်နေပြီဖြစ်သည်။
လုယက်ခြင်းမှလွဲပြီး လူတစ်ဦး၏အိမ်ကိုဖောက်ထွင်းဝင်ရောက်သည့်အကြောင်းအရင်းမရှိပေ၊ သူကထိုသူချမ်းသာတာကိုမြင်လိုက်သည်, ပြီးတော့ဒီမှာလူအများကြီးလည်း သိပ်မနေဘူး, ဒါကြောင့်လေ, သေချာတာပေါ့,သူ့ဆီကနေခိုးချင်သွားတာ! ဘာပြောစရာရှိနေဦးမှာလဲ? ဒါပေမယ့်သူဒါကိုမပြောရဲပေ, ဘာကြောင့်လဲဆိုတော့ သူသေမှာကြောက်လို့ဖြစ်သည်။
ဘုရားမပေလို့ဘဲထိုအရိုးစုက သူ့ကိုသေတဲ့အထိမခြောက်လှန့်ပေ၊ ညဉ့်သန်းခေါင်ယံ၌ အရိုးစုတစ်ခုကသူ့နောက်မှပေါ်နေခြင်းသည် အတော်လေးကိုကြောက်လန့်ဖို့ကောင်းလှ သည်။
ဒီလူကအရိုးစုအိမ်မွေးတိရိစ္ဆာန်ကိုမွေးထားတာဖြစ်သောကြောင့်, သူကသေချာပေါက် ကောင်းမွန်တဲ့လူမဖြစ်နိုင်ဘူး၊
ကောင်းဖန်ကကို့ရို့ကားရားဖြစ်သွားသလိုခံစားသွားရသည်၊ သူကနားထင်ကိုဖိနှိပ် လိုက်သည်။ သူတို့သုံးယောက်ကသူတို့၏တောင်းပန်မှုမှာ အတော်လေးရိုးသားကြပြီး ရုန်းမထွက်နိုင်မှန်းသိသည့်အခါတွင်လည်း အပြစ်ကိုဝန်ခံဖို့အတွက်အဆင်သင့်ရှိကြ သည်။
သူတို့ကိုသတ်ပြီးဆင်ခြေဖုံးရပ်ကွက်မှာမြှုပ်ဖို့ရွေးချယ်မယ်ဆိုရင်တောင်ဘယ်သူမှ သိမှာမဟုတ်ပေ၊
သို့သော်လည်းကောင်းဖန်သည်သူ့ကိုယ်ပိုင်စံနှုန်းကို ထိန်းသိမ်းသူဖြစ်သည်။သူက သူတော်စင်မဟုတ်, သူ့ကိုဆန့်ကျင်တဲ့သူများကို ပြုံးပြပြီးခွင့်လွှတ်တတ်သူမဟုတ်ပေ၊ သူ့စတိုင်ကမျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး, သွားတစ်ချောင်းဆိုသွားတစ်ချောင်း ဖြစ်သည်၊ တစ်ချိန်တည်းမှာပင်, သူ့နှလုံးသားထဲ၌လည်းတရားမျှတမှုရှိသည်!”
“ကျွန်တော်ခင်ဗျားတို့ကိုမသတ်ဘူး… ခင်ဗျားတို့ကသတ်ဖို့တွေးမထားကတည်းကဘဲ၊ ခင်ဗျားတို့ကခိုးဖို့ဘဲရည်ရွယ်လိုက်တာကံကောင်းသွားတယ်” ကောင်းဖန်က သမ်းဝေ လိုက်သည်၊ ညသန်းခေါင်ယံကြီးနိုးလာရတယ်ဆိုတာအတော်လေးပင်ပန်းစေသည်။
တခြားနှစ်ယောက်ကကောင်းဖန်ကိုကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်၊ သူက ဆုံးဖြတ်ချက်တွေမှာအလွန့်အလွန်ကိုလိမ္မာပါးနပ်လှသည်! သူ၏စကားများကြောင့်, သူတို့ကအသက်ရှင်တော့မည်၊
တာ့ဇီကရဲကိုဖုန်းခေါ်လိုက်သည်၊
ဖုန်းခေါ်ဆိုမှု၏တစ်ဖက်မှလည်း, “ဟယ်လို, ကွမ်ချိုင်လမ်းဟုန်ဟဲ့ခရိုင်ရဲစခန်းကပါ”
ဟဇ်,ဟဇ်,ဟဇ်,ဟဇ်, တာ့ဇီကပြောလိုက်သည်။
တာ့ဇီက တစ်ဖက်မှမတုန့်ပြန်ဘူးဆိုတာကို သဘောပေါက်ပြီး စိတ်ပူပန်စွာဖြင့်နောက်ထပ် တဟဇ်ဟဇ်လုပ်ကာပြန်ပြောလိုက်သည်။
ဖုန်း၏တစ်ဖက်ရှိ ရဲကလည်းကြောင်အမ်းအမ်းဖြစ်သွားသည်၊
ကောင်းဖန်ကတာ့ဇီဆီမှဖုန်းကိုယူသွားလိုက်သည်၊ ဒီငတုံးလေးကတော့၊ သူကတာ့ဇီဂဏန်းသုံးလုံးကိုသာရိုက်စေချင်တာဖြစ်ပြီး, သူ့ကိုစကားပြောဖို့အတွက် မပြောထားပေ၊ တစ်ဖက်ကလည်းသူဘာပြောလဲဆိုတာကိုနားလည်မှာမဟုတ်ပေ။
ကောင်းဖန်ကအိမ်မှာရှိတဲ့အခြေအနေကိုရဲအားအကြောင်းကြားတော့, တစ်ဖက်မှ တစ်ယောက်ယောက်ကိုချက်ချင်းပို့ပေးမယ်လို့ပြောခဲ့သည်။
ဆယ်မိနစ်ခန့်အကြာတွင်ရဲကားတစ်စီးရောက်ရှိလာပြီး သူခိုးသုံးဦးကိုလက်ထိပ်ခတ် လိုက်သည်၊ ရဲကကောင်းဖန်ကို ရဲစခန်းအားလိုက်ခဲ့ရန်မပြောဘဲ, အချို့သော အချက်အလက်များကိုထိုနေရာမှာဘဲယူလိုက်သည်။
ရဲနှင့်စကားပြောပြီးနောက်, ထိုသုံးဦးသည်ပုံမှန်ပြစ်မှုကျူးလွန်နေသူများဖြစ်ကြောင်း ကောင်းဖန်သိလိုက်ရသည်၊ သူတို့ကအလွန်ဂရုတစိုက်ရှိကြတာကြောင့်, ဘယ်တုန်းကမှမဖမ်းမိခဲ့ပေ။
“မင်းကအိမ်မှာတစ်ယောက်တည်းဆိုရင်, ညတွေမှာဂရုစိုက်ဖို့လိုတယ်၊ ချန်အန်းမြို့က ညတွေဆိုရင်အတော်လေးအန္တရာယ်များတယ်၊ အကယ်၍မင်းမှာပြဿနာရှိရင်, ငါတို့ကိုချက်ချင်းဆက်သွယ်လိုက်ပါ။” တာဝန်ခံရဲကကောင်းဖန်ကိုသတိပေးလိုက် သည်။
ကောင်းဖန်ကသူနားလည်ကြောင်းပြရန်ခေါင်းညိတ်လိုက်သည်၊ အဝေးမှရောက်လာရသောရဲသားအတွက် အချိုရည်အနည်းငယ်ထည့်ပေးလိုက်သည်။
“မလိုပါဘူး,ကျေးဇူးတင်ပါတယ်” ရဲ၏ဖုန်းကမြည်လာပြီး အဝင်ဖုန်းကိုတုန့်ပြန်လိုက် သည်၊ သူကကောင်းဖန်ကိုပြုံးပြလိုက်ပြီး, လှည့်ကာထွက်သွားတော့သည်။
“ဟင်, ဆီလီဘယ်မှာလဲ?” ကောင်းဖန်ကရုတ်တရက်သူအိမ်ကိုပြန်လာကတည်းက ဆီလီကိုမမြင်မိလိုက်တာသတိရသွားသည်၊ သူတို့ညစာစားတော့လည်းမတွေ့ရဘူး။
“တာ့ဇီ, ဆီလီကိုကူရှာပေးစမ်းပါ” ကောင်းဖန်ကတာ့ဇီခေါင်းကိုပုတ်လိုက်ပြီးပြော လိုက်သည်၊
တာ့ဇီကခေါင်းညိတ်လိုက်ပြီးအပေါ်ထပ်သို့တက်သွားတော့သည်၊ ခဏလောက်ကြာ ပြီးနောက်,သူကဂျယ်လီငါးနှင့်အတူပြန်၍လိုက်ပါလာသည်၊
ကောင်းဖန်ကပုံမှန်အားဖြင့်ဆိုးသွမ်းသောဆီလီက အလွန်တိတ်ဆိတ်နေသည်ကို သတိပြုမိသည်၊
“ဒီကိုလာ” ကောင်းဖန်ကသူ့လက်ကိုဝှေ့ယမ်းလိုက်သည်၊
ဆီလီကခဏလောက်တုံ့ဆိုင်းနေပြီးနောက် ပျံဝဲကာသွားလိုက်သည်၊ ဒါကဆီလီအရမ်းကြောက်ရွံ့နေသည်ကို ပထမဆုံးမြင်ဖူးတာဖြစ်ပြီး, သူကအစင်းလေးသည်ဆီလီထဲကို ဝင်ပူးနေသည်ဟုပင်ထင်လုနီးပါးဖြစ်သွားသည်၊ ၎င်းကကောင်းဖန်ခေါင်းပေါ်ရောက်ဖို့ ကိုအတော်လေးသွားလိုက်ရသည်၊ ကောင်းဖန်ကဖလိမ်မီကိုကြည့်လိုက်ပြီး ဆီလီဘာကြောင့်တအားကြောက်နေလဲဆိုတာကိုနားလည်လိုက်သည်၊
ဖလိမ်မီက ဆီလီသူ့ကိုရှောင်နေသည်ကိုမပျော်ပါ၊ ဆီလီသည်ဘဝဲလက်များကိုပြန် ရုတ်လိုက်သည်၊ သူကကောင်းဖန်၏မျက်နှာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက် သည်၊
ကောင်းဖန် ခြေထောက်တစ်ချောင်းတည်းဖြင့်ရပ်နေသောဖလိမ်မီကိုကြည့်လိုက်သည်၊ သူကရုတ်တရက်ဒီအနီရောင်သရဖူနဲ့ကြိုးကြာကို တချို့တချို့ရင်းနှီးနေတာသတိထား မိလိုက်သည်၊ သူကဖလိမ်မီကိုထူးဆန်းသောအမူအရာဖြင့်ကြည့်လိုက်သည်, အကယ်၍သူသာဆက်ပြီးတိုးမြှင့်နေဦးမယ်ဆိုရင်ဖလိမ်မီက အဲ့ဒီလမ်းကြောင်းကို ပြောင်းလဲဦးမှာလား?
နတ်ဘုရားငှက်, ပီဖန်း။
၎င်းကရှေးခေတ်က ကျက်သရေရှိသောဒဏ္ဍာရီလာသားရဲဖြစ်ပြီး, စစ်ပွဲနတ်ဘုရား၏ အိမ်မွေးတိရိစ္ဆာန်ဖြစ်သည်၊ ၎င်းကဘယ်ကိုသွားသွား, မီးများကလိုက်ပါလာသည်၊ ဒဏ္ဍာရီထဲတွင်, ပီဖန်းကလည်းခြေထောက်တစ်ချောင်းတည်းရှိတာဖြစ်ပြီး၎င်းက ကြိုးကြာပုံစံကဲ့သို့ပင်ဖြစ်သည်၊၊ သို့သော်, သူ၏အမွှေးများကအပြာဖြစ်ပြီးအဖြူ မဟုတ်ပေ၊
ဒါပေမယ့် ဒါကဒဏ္ဍာရီသက်သက်သာ…
ကောင်းဖန်ရုတ်တရက် အနည်းငယ်မသိုးမသန့်ဖြစ်သွားသလိုခံစားလိုက်ရသည်၊ ကောင်းဖန်က အိပ်ပျော်နေသောသရဖူနီကြိုးကြာကိုမြင်သောအခါ ထိုရှေးခေတ်ကလူများသည် မှားယွင်းသောခန့်မှန်းမှုကိုပြုလုပ်ခဲ့သည်ဟုတွေးမိလိုက် သည်၊
အကယ်၍ရှေးခတ်ကတစ်စုံတစ်ယောက်မှ သရဖူနီကြိုးကြာသည်ခြေထောက်တစ်ဖက်တည်းဖြင့်အိပ်နေသည်ကိုမြင်သွားပါက, သူတို့သေချာပေါက်ကိုအော်လိမ့်မည်, “ဘုရားရေ! ဒါကခြေတစ်ချောင်းတည်းသားရဲဘဲ၊ ဒါဆိုဒဏ္ဍာရီလာသားရဲပေါ့!” ပြီးနောက်သူက ဒဏ္ဍာရီလာသားရဲကိုတွေ့ခဲ့ကြောင်းကို တခြားသူများသို့ပြောပြရန် အိမ်သို့အမြန်ပင်ပြေးသွားလိမ့်မည်၊
နောက်တစ်ယောက်ကသူ့ကိုနှစ်သိမ့်ပေးပြီးပြောမည်, “စိတ်လျှော့, စိတ်လျှော့, ဒဏ္ဍာရီလာသားရဲရဲ့အမည်ကဘာတဲ့လဲ?”
နာမည်ကဘာလဲ?
ထိုလူကအံ့ဩသွားလိမ့်မည်၊ ငါဘယ်လိုလုပ်သိမှာလဲ? ပြီးတော့ရုတ်တရက် အမှတ်တမဲ့စာလုံးတစ်လုံးကိုရွေးလိုက်သည်၊ ပီ..ပီ…ပီဖန်း။
“အဲ့ဒီဒဏ္ဍာရီလာသားရဲကို ပီဖန်းလို့ခေါ်တယ်!”
အကယ်၍တစ်ယောက်ယောက်က ငါ့ကိုဒီသားရဲကတကယ်လို့အခုပြောရင်ယုံမိလိမ့် တအားကိုယုံမိလိမ့်မည်၊ ကောင်းဖန်အနည်းငယ်ထိတ်လန့်သွားသလိုခံစားလိုက်ရ သည်၊
ဒါပေမယ့် သားရဲတွေကရှိနေပြီးဖြစ်သည်၊ ကောင်းဖန်ကသူကသူ့အတွေးတွေထဲမှာ အရမ်းကိုလက်ခံရန်အသင့်ဖြစ်နေပြီဟုခံစားလိုက်ရသည်၊
သူကဆီလီ၏ခေါင်းကိုသက်တောင့်သက်သာနှင့်ပုတ်လိုက်ပြီး ဒီငတုံးသတ္တဝါလေး ကတော့၊ ၎င်းကသူ၏ခေါင်းပေါ်တွင်ရှိနေသေးသည်၊
“အိပ်ကြရအောင်”ကောင်းဖန်ကအချိန်ကိုကြည့်လိုက်သည်၊၊သုံးနာရီတောင်ထိုးနေပြီဖြစ်သည်၊ မကြာခဏနောက်ကျမှအိပ်လျှင် ကျောက်ကပ်အတွက်မကောင်းပါ။
…
နေရောင်သည်မျက်လုံးပေါ်သို့ကျလာသောအခါ ကောင်းဖန်ကနိုးလာတော့သည်၊ သူကမျက်လုံးကိုဖွင့်လိုက်ပြီး သူကမူးဝေနေဆဲဖြစ်သည်၊ ပြီးနော့အစားအစာချက်ပြုတ် ရန်အတွက်ထသွားတော့သည်၊
တာ့ဇီကစတီးခွက်အသေးလေးကိုစိုက်ကြည့်နေပြီး သခင်၏နောက်ကိုကြည့်ရန် မီးဖိုချောက်ဘက်သို့ပြေးသွားပြီး, မျှော်လင့်ချက်ဖြင့်စတီးခွက်ကိုတဂွက်ဂွက်ရိုက်တော့ သည်၊
စွပ်ပြုတ်လုပ်ပြီးတဲ့နောက်, ကောင်းဖန်သည်အစားအသောက်အချို့ကိုတာ့ဇီရဲ့ စတီးခွက်ထဲသို့လောင်းထည့်ပေးလိုက်သည်၊ တာ့ဇီသည်ခွက်ကိုမှီကာ စစားတော့ သည်၊
အစင်းလေးသည်သေးငယ်သောစတီးခွက်ကလေးကိုဆွဲလာပြီး ကောင်းဖန်ဆီသို့ လျှောက်သွားတော့သည်၊ သူကကျောင်းသားကဲ့သို့အရိပ်အယောင်ပုံစံဖြင့်ဘူးဖေးတွင် သူ့အလှည့်ကျအစာကိုရရန်စောင့်နေသည့်ပုံနှင့်တူသည်၊
ဒမ်ဘီ၏ပါးစပ်ထဲတွင်တော့ ယင်ဓာတ်သစ်ကတိုးပင်ငါးပင်ကိုအတူတကွချည်နှောင် ထားသည်၊ သူကမီးခိုးငွေ့များကိုမှုတ်ထုတ်လိုက်သည်၊
ဖလိမ်မီသူတို့၏အစားအစာများရဖို့ကိုတန်းစီနေသော သားရဲမိသားစုဝင်များကိုကြည့် လိုက်သည်၊ ၎င်းကရယ်လိုက်သည်၊ သူကသူ့ရဲ့မြင့်မားသောအသိဉာဏ်ကြောင့် သာလွန်သောခံစားချက်ကိုခံစားနေရပြီး ဒီမြေပေါ်ပိုင်းတိရိစ္ဆာန်များသည်အလွန်မိုက်မဲ သည်ကိုတွေးမိလိုက်သည်၊ သူတို့ကအစာရှိလို့ကျေနပ်နေကြသည်၊
“ဟေ့, ဖလိမ်မီ၊ မင်းစားချင်လား? ငါဒီနေ့ငါးစွပ်ပြုတ်လုပ်ထားတယ်၊ အနံ့လေးက အရမ်းကောင်းတာဘဲ”, ကောင်းဖန်ကမီးဖိုချောင်ထဲမှခေါင်းလေးထွက်ကာ ချောင်းကြည့်လိုက်ပြီးအော်လိုက်သည်၊
ဖလိမ်မီက ရယ်လိုက်သည်၊ အပိုတွေလာလုပ်မနေနဲ့၊ ငါမင်းရဲ့အစားအစာတွေကို မစားဘူး၊
အနံ့က မီးဖိုချောင်ထဲမှ ဧည့်ခန်းထဲသို့ပြန့်ဝင်လာသည်၊ ဖလိမ်မီကနှာတရှုပ်ရှုပ်လုပ်လိုက်ပြီး စ၍သရေကျနေတော့သည်၊
ဖလိမ်မီက သူ့မျက်လုံးတွေကိုလှည့်လိုက်ပြီး, သူ့လည်ချောင်းကိုရှင်းလိုက်ကာ, တကျည်ကျည်မြည်လိုက်သည်၊
မီးဖိုချောင်ထဲကဘယ်သူကမှ တုန့်ပြန်မှုမပေးပေ၊
သူကဘယ်လိုတောင် ဒီလိုကြီးဟန်ဆောင်နိုင်ရတာလဲ! ဖလိမ်မီကတွေးလိုက်သည်၊
ကောင်းဖန်က ငါးစွပ်ပြုတ်ကိုပန်းကန်လုံးထဲသို့ပျော်ပျော်ကြီးလောင်းထည့်လိုက်သည်၊ ဒီနေ့တော့ ငါးဦးနှောက်လေးကျန်နေသေးတယ်၊ ဒါကသူစားဖူးသမျှထဲမှာအချိုမြိန်ဆုံး တစ်ခုဖြစ်တယ်ဆိုတာသေချာတယ်၊
***
အပိုင်း၁၂၆ အသက်ကယ်စွမ်းရည်သစ်
ကောင်းဖန်က သူ၏ငါးစွပ်ပြုတ်ပန်းကန်လုံးကို ညစာစားပွဲပေါ်၌တင်လိုက်သည်၊ သူကမီးဖိုချောင်ထဲသို့ပြန်သွားလိုက်ပြီး တူသွားယူလိုက်သည်၊
သူမီးဖိုချောင်ထဲမှပြန်ထွက်လာတော့, သူကပန်းကန်လုံးနားတွင်မတ်တပ်ရပ်နေပြီး ထိုထဲသို့တို့ဆိတ်စွာလုပ်နေသောအဖြူရောင်ပုံရိပ်ကိုမြင်လိုက်သည်၊ ဖလိမ်မီက ကောင်းဖန်ပြန်လာတာကိုမြင်တော့လျင်မြန်စွာဖြင့်သူ၏အတောင်များကိုတဖျပ်ဖျပ် ခတ်ကာပျံထွက်သွားသည်။
ကောင်းဖန်ကကြက်သေသေနေတော့သည်၊ ဖလိမ်မီကအခုလေးတင်မစားချင်ဘူးလို့ ပြောလိုက်တာမဟုတ်ဘူးလား?
ကောင်းဖန်သည်ထမင်းစားပွဲတွင်ထိုင်လိုက်ပြီးပန်းကန်လုံးကိုမွှေရန်အတွက်တူများကို သုံးလိုက်သည်၊ သူမျက်လုံးများကပြူးကျယ်သွားတော့သည်၊ ဘာလို့သူ့ပန်းကန်ထဲမှာ စွတ်ပြုတ်တွေဘဲကျန်တော့တာလဲ? ငါးခေါင်းကဘယ်ရောက်သွားပြီလဲ? အာလူး? သူ့ဘေးကဟင်းခွက်တွေကော?
“ဒီငတုံးကောင်ကတော့!”
အဆုံးမှာတော့,ကောင်းဖန်သည်ခေါက်ဆွဲတစ်ပန်းကန်အတွက်လက်ကျန်စွပ်ပြုတ်တွေ အားဟင်းရည်အဖြစ်အသုံးပြုခဲ့ရသည်၊ ထမင်းစားပြီးတာနဲ့မီးဖိုကိုသန့်ရှင်းရေးလုပ် သည်၊ သတင်းများကိုရှာဖွေကြည့်ရန်နှင့်ဖိုရမ်များအားရှာဖွေရန်သူ၏ကွန်ပြူတာကို ဖွင့်လိုက်သည်၊
ရုတ်တရက်သူအရမ်းစိတ်ဆိုးသွားတော့သည်၊ ဒါကသူအရင်ကတစ်ခါမှမခံစားဘူးတဲ့ ဒေါသတစ်မျိုးဖြစ်သည်။
တီဗွီတွင်ပင့်ကူစီးပြီးဦးထုပ်စိမ်းဆောင်းထားသောကောင်လေးဟူ၍ပြောထားသည်၊ ချန်အန်းမြို့စာမေးပွဲတွင်အုပ်ချုပ်သူအဆင့်သားရဲများအားစိန်ခေါ်သည့်ပြိုင်ပွဲဝင်ရှစ်ဦး တွင်အသန်မာဆုံးသူတစ်ယောက်ဖြစ်ကြောင်းတစ်စုံတစ်ယောက်ကသိသွားတော့ သည်၊ ဒီအခြေအနေကပိုပြီးဆိုးဝါးစေသည်။
တမဟုတ်ချင်းမှာပင်,ဖိုရမ်များ၌ ထိုဖြစ်ရပ်အတွက်ဆွေးနွေးသည့်ခေါင်းစဉ်များဖြင့် ပြည့်လျှံသွားတော့သည်၊ ထိုသတင်းများသည်အနီးအနားရှိမြို့အချို့ကိုပါရောက်ရှိသွား သည်။
“ငါအံ့ဩမိတယ်၊ လမ်းပေါ်ကလှပတဲ့ဂျာနယ်လစ်အမျိုးသမီးရဲ့ခေါင်းပေါ်မှာ အစိမ်းရောင်ဦးထုပ်ကြီးရှိနေတယ်လေ။ ဒါကဘယ်လိုအခြေအနေမျိုးလဲ?”
“ပင့်ကူစီးတဲ့လူငယ်ကဒီလိုစိတ်ဝင်စားမှုမျိုးရှိတယ်ပေါ့? အံ့ဩစရာကောင်းလိုက်တာ!”
ကောင်းဖန်ကထိုခေါင်းစဉ်များကိုနေရာအနှံ့တွင်ရှာတွေ့သည်။
သူကစိတ်ပျက်သွားပြီး ဒီလိုမျိုးရေးတဲ့လူတွေကိုရိုက်ချင်နေသည်၊ ဒါကတော့အရမ်း လွန်သွားပြီ! ကံကောင်းစွာနဲ့ဘဲ,၎င်းတို့ကသတင်းခေါင်းစီးတွင်သာရှိနေသည်။
ဒါပေမယ့်ခဏလေး- ဝက်ဘ်ဆိုက်တစ်ခုကဗီဒီယိုတစ်ခုရှိနေတယ်။
ကောင်းဖန်ကချန်အန်းတီဗွီထုတ်လွှင့်မှုဌာနမှဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်၊ အမျိုးသမီး သတင်းထောက်ကမိုက်ကရိုဖုန်းဖြင့်ပြေးလာသည်၊ ကင်မရာမန်းကအတော်လေး ကောင်းမွန်သည်, ဗီဒီယိုတစ်ခုလုံးတွင်လှုပ်ယမ်းခြင်းမရှိပေ။
ကောင်းဖန်ကသူ့ကိုယ်သူမြင်လိုက်ရသည်။
ထိုမျက်လုံးများ, ထိုနှာခေါင်း,ထိုမျက်ခုံး၊ သူ့လျှာသူကိုက်လိုက်ပြီးကင်မရာမန်း၏ ရှုထောင့်ရိုက်ချက်တွေဘယ်လောက်ကောင်းကြောင်းကိုအံ့ဩနေသည်၊ ကောင်းဖန်က သူ့ကိုလက်မထောင်ပြချင်သွားသည်။
နောက်တော့သူ့ကိုယ်တိုင်ကအင်တာဗျူးအားငြင်းပယ်ပြီးထွက်သွားတာကိုတွေ့လိုက်ရသည်၊ သူထွက်သွားတော့အရမ်းကြည့်ကောင်းတာဘဲ။
ဗီဒီယိုကအစိမ်းရောင်ဂျယ်လီငါးတစ်ကောင်ပျံဝဲလာသည့်အရေးကြီးဆုံးအစိတ်အပိုင်းသို့ရောက်နေပြီဖြစ်သည်၊ ၎င်းကကောင်းကင်မှရောင်ခြည်တန်းဖြာကျလာသလို နိမ့်ဆင်းလာပြီးဂျာနယ်လစ်သတင်းထောက်အမျိုးသမီး၏ခေါင်းပေါ်သို့ကျသွားတော့ သည်။
ဗီဒီယိုထဲတွင်အမျိုးသမီးသတင်းထောက်၏မျက်နှာကစတင်ပြောင်းလဲလာပြီဖြစ်သည်၊ ၎င်းကအတော်လေးဖျော်ဖြေမှုဖြစ်ခဲ့သည်၊ သူမ၏တုန်ယင်နေသောလက်များက ခေါင်းကိုထိလိုက်ပြီးစိုစွတ်နေသောအရာတစ်ခုကသူမကိုပြိုလဲလုနီးပါးဖြစ်စေသည်၊
ဗီဒီယိုထဲကအကောင်းဆုံးစာကြောင်းကိုပြောပြီဖြစ်သည်။
“ငါ့ခေါင်းပေါ်မှာဘာရှိနေတာလဲ?”
“သရဖူ”
ဒီစာကြောင်းကများစွာသောလူများကိုဟာသဖြစ်သွားစေသည်။
“ကွမ်ယွိ, ငါ့ခေါင်းပေါ်ကဘာကြီးလဲလို့?”
“အကိုကြီး, အဲ့တာကစွမ်းအင်ဘဲ”
….
စီချွမ်အော်ပရာမှာမျက်နှာပြောင်းတဲ့ပြဇာတ်လိုဘဲဖြစ်နေသည်၊ အနီရောင်မှ အဖြူရောင်သို့, အဖြူရောင်မှအစိမ်းနုရောင်သို့ နောက်ဆုံးတွင်စိမ်းပြာရောင်မှ အနက်ရောင်သို့ပြောင်းသွားတော့သည်၊
သူမ၏ပုံရိပ်ကိုထိန်းသိမ်းရန်အတွက်အမျိုးသမီးသတင်းထောက်ပြုံးလိုက်သည်၊ သူမသည်ကောင်းဖန်ဆီသို့အလျင်အမြန်ဘဲပြေးသွားလိုက်သည်။
ဂျာနယ်လစ်အမျိုးသမီးသည် ‘သရဖူဘုရင်မ’ဆိုသောအမည်ပြောင်ကိုရခဲ့သည်၊
ကောင်းဖန်ကသက်ပြင်းချလိုက်သည်၊ ဒါက…သူကအမျိုးသမီးသတင်းထောက်ကို စိတ်ထဲမှတောင်းပန်လိုက်သည်၊ သူကဝက်ဘ်ဆိုက်ပေ့ချ်ကိုတုန့်ဆိုင်းမှုမရှိဘဲ ပိတ်လိုက်တော့သည်၊ သူကကြည်လေလေပိုအပြစ်ရှိသလိုခံစားရမှာကိုကြောက်သည်၊
…
ဒမ်ဘီကိုအုပ်ချုပ်သူအဆင့်သို့တိုးမြှင့်ပြီးနောက်ကောင်းဖန်သည်သူ၏ခန္ဓာကိုယ်တွင် အသစ်အဆန်းတစ်ခုရှိနေသလိုခံစားနေရသည်၊ ထိုခံစားချက်ကိုသူအလွန်ရင်းနှီးသည်။ ဒမ်ဘီသည်နတ်က္ခတာရာပြောင်းလဲခြင်းစွမ်းရည်ကိုရခြင်းတွင်လည်းထိုကဲ့သို့ခံစားခဲ့ရ သည်။
သူကမျက်စိကိုမှိတ်ထားလိုက်သည်။ ကောင်းဖန်ကကိုယ်ပိုင်အသိဉာဏ်ထဲသို့ သွေးစာချုပ်ကနေတစ်ဆင့်,ဆင့်ခေါ်လိုက်သည်၊
သူ၏အသိဉာဏ်အမှောင်ထဲတွင်သူ၏သားရဲငါးကောင်အရိပ်ငါးခုကပေါ်လာသည်၊ ကောင်းဖန်ကတစ်စုံတစ်ခုကိုစစ်ဆေးပြီးနောက်မှာတော့မျက်လုံးကိုဖွင့်လိုက်ပြီး, ထူးဆန်းသောအမူအယာကသူ့မျက်နှာတွင်ဖြစ်ပေါ်နေသည်။
တစ်ချို့သောသားရဲများကအုပ်ချုပ်သူအဆင့်သို့တိုးမြှင့်လိုက်လျှင်အသစ်သော အသက်ကယ်တင်ခြင်းစွမ်းရည်များကိုရရှိကြသည်။သားရဲများသည်အချိန်တိုင်း အုပ်ချုပ်သူအဆင့်,ဧကရာဇ်အဆင့်, ကြီးမြတ်သူအဆင့်တိုးမြှင့်လျှင်, အသက်ကယ်တင်ခြင်းစွမ်းရည်အသစ်ကိုရရှိသည်။
သူတို့၏အဆင့်တွေကြာလာလေ, သူတို့၏အသက်ကယ်တင်ခြင်းစွမ်းရည်တွေက သန်မာလာလေဖြစ်သည်။
သွေးစာချုပ်မှ မှာကြားချက်တစ်ခုလက်ခံရရှိလိုက်သည်။
“တိုက်ပွဲတွေကသားရဲတွေကဘဲကိုင်တွယ်သင့်တယ်၊ သားရဲလေ့ကျင့်ပေးသူတွေက သားရဲတွေရဲ့နောက်မှာဘဲပုန်းနေသင့်ပြီး တိုက်ခိုက်မှုမှာဝင်ပြီးမနှောက်ယှက်သင့်ဘူး၊”
ကောင်းဖန်၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာဖြစ်နေတော့သည်၊
သားရဲလေ့ကျင့်သူတွေကအရင်မျိုးဆက်မှကိုင်တွယ်လုပ်ကိုင်လာကြသောပညာ ဖြစ်သည်၊ တခြားနေရာတွေမှာ ဘယ်မလဲ သားရဲလေ့ကျင့်သူတွေ?
ကောင်းဖန်ကခဏလောက်တွေးတောနေပြီး ဤမေးခွန်းသည်သူနှင့်အလွန်ဝေးကွာ နေသည်ဟုခံစားလိုက်ရသည်၊ မိုးကောင်းကင်ပြိုကျတော့မည်ကိုသာမန်လူတစ်ဦးက စိုးရိမ်နေသလိုဖြစ်နေသည်၊
သူ့၏အသက်ကယ်စွမ်းရည်အသစ်မှာ ‘ဒြပ်စင်အကာအကွယ်’ ဖြစ်သည်၊ စွမ်းရည်သည် သူ၏ကိုယ်ပိုင်သားရဲ၏စွမ်းအားကိုသုံးပြီးနောက် သူကိုယ်သူကာကွယ်ရန်အတွက် အကာအကွယ်ပုံစံပြောင်းလိုက်ခြင်းဖြစ်သည်၊ ဒါကရှားပါးတဲ့စွမ်းရည်တစ်ခုတော့ မဟုတ်ပါ၊ ဘာဘဲဖြစ်ဖြစ်, ကောင်းဖန်က သူရဲ့စာမေးပွဲပထမအချီမှာ ၎င်းကိုသုံးခဲ့တာ ကိုသတိရလိုက်သည်၊
ထိုအသက်ကယ်စွမ်းရည်များသည် တစ်စုံတစ်ယောက်၏စိတ်ဝိဉာဉ်အနက်ဆုံးတွင် တံဆိပ်ခတ်ထားခြင်းဖြစ်သည်၊ ထိုလှုပ်ရှားမှုများကိုအခြားသူများအားသင်ကြားရန် နည်းလမ်းမရှိပါ။
အုပ်ချုပ်သူအဆင့်သားရဲလေ့ကျင့်ပေးသူများအားလုံးသည် ထိုကိစ္စများနှင့်ပတ်သတ်၍ မည်သည့်အချက်အလက်မျှသတင်းမပေါက်ကြားစေပါ၊ သူတို့အားလုံးတွင် ထိုလျှို့ဝှက်ကိုထိန်းသိမ်းရန်အပြန်အလှန်နားလည်မှုရှိကြသည်၊ သူတို့ကသူတို့ အချင်းချင်းကြားထဲတွင်ဘဲဆွေးနွေးတိုင်ပင်ကြသည်၊
ကောင်းဖန်က ဦးလေးလျှိုမှသူ၏တွေးခေါ်နိုင်စွမ်းရှိသော နက္ခတ်ပြောင်းရွှေ့ခြင်းများ အကြောင်းကိုရုတ်တရက်စဉ်းစားမိလိုက်သည်၊
သူ့ကိုကြည့်ရတာအရမ်းကိုအလေးအနက်ထားသလိုပင်၊ နက္ခပြောင်းရွှေ့ခြင်းများ၏ အရေးပါပုံကိုယခုမှသာသူ့ကိုယ်သူသိတော့သည်၊
လူတွေက သူ့မှာသာအကန့်အသတ်မရှိအသက်ကယ်စွမ်းရည်ရှိသည်ဆိုတာကိုသာ သိရင်သူ့ကိုသေချာပေါက်အာရုံစိုက်ကြလိမ့်မည်၊
ဦးလေးလျှိုကသူ့ကိုလျှို့ဝှက်ထားတာဘာကြောင့်ဆိုတာကို ကောင်းဖန်နားလည်သည်၊ ဒီလိုမှမဟုတ်ရင်အုပ်ချုပ်သူအဆင့်အတန်းမရှိသည့် သားရဲလေးတွေတောင်မှ ရုတ်တရက်အသက်ကယ်စွမ်းရည်ရှိသွားလိမ့်မည်၊ ငယ်ရွယ်သောမိသားစုဝင်များ ဖြစ်သောသန်မာသည့်သားရဲလေ့ကျင့်သူများသည် သူတို့ဆွေမျိုးများအား စွမ်းရည်ပေးရန်သွေးဆောင်ခံရလိမ့်မည်၊ နောက်ဆုံးတော့, သူတို့မကာကွယ်ချင်တဲ့ အနည်းငယ်ငယ်ရွယ်တဲ့သူတွေဘယ်မှာရှိမှာလဲ?
ကံကောင်းစွာနဲ့ဘဲ, ကောင်းဖန်ကလူပါးဝတတ်သောပင်ကိုစရိုက်ရှိသည်၊ သူကမလုပ်ဖို့ လူကြီးတွေပြောထားတဲ့အရာတွေကိုလုပ်ဖို့ သူကတိုက်တွန်းမှာမဟုတ်ဘူး၊
ဘာကြောင့်လဲဆိုတော့,သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲကာလအတွင်း အွန်လိုင်းဆွေးနွေးမှုများအားလုံးသည် သားရဲလေ့ကျင့်သူများအကြောင်းဖြစ်နေသည်၊
သားရဲလေ့ကျင့်သူများသည်အမြဲတမ်းနာမည်ကြီးသည်၊ စာမေးပွဲပတ်ဝန်းကျင်အားလုံး ၌၎င်းသည်လူတိုင်း၏အာရုံကိုကျိန်းသေပေါက်ရလိမ့်မည်။
သားရဲလေ့ကျင့်သူများ၏သားရဲများရဲ့တိုက်ပွဲအများစုကိုမှတ်တမ်းတင်ပြီးအင်တာနက် ပေါ်သို့တင်ကြသည်၊ ကောင်းဖန်က သူတို့အားလုံးကိုစိတ်အားထက်သန်မှုနှင့် အားရစွာကြည့်လိုက်သည်၊
၎င်းတို့သည်မည်သည့်ကာတွန်းကားထက်မဆို ပို၍ဖျော်ဖြေမှုရှိသည်၊ ဘာကြောင့်ဆို တော့၎င်းကသူအမှန်တကယ်မြင်တွေ့ခဲ့ရတာကြောင့်ဖြစ်သည်၊ ဒေတာဇယားများကို ဖြတ်၍ကောင်းဖန်က သားရဲများနှင့်မကောင်းဆိုးဝါးစွမ်းရည်များကိုကြည့်လိုက်သည်၊
ထိုနေရာတွင်မည်သည့် ကင်မရာလှည့်စားမှုများမရှိဘဲ, ထိုတိုက်ပွဲများသည်ရိုးသားပြီး အစစ်အမှန်ဖြစ်သည်ဟုခံစားရသည်။
ဗွီဒီယိုများကိုကြည့်ပြီးနောက်ခဏအကြာတွင်, ကောင်းဖန်သူ့ရဲ့လက်ပ်တော့ကိုပိတ် လိုက်သည်၊
သူက ထရပ်လိုက်ပြီး, ဧည့်ခန်းထဲတွင်အိပ်နေကြသောသူ့၏သားရဲများကိုခေါ်လိုက် သည်, “တော်လောက်ပြီ၊ မင်းတို့ကောင်တွေဗိုက်ထဲအစာဖြည့်ပြီးရင်လေ့ကျင့်ခန်းလေး ဘာလေးလုပ်ကြဦး၊ မဟုတ်ရင်,မင်းတို့ကောင်တွေ အစင်းလေးလိုဖြစ်သွားလိမ့်မယ်!”
အစင်းလေး..! “???”
သားရဲများကိုလေ့ကျင့်ရန်နှင်ထုတ်ပြီးနောက်ကောင်းဖန်သည် အိမ်အနောက်ဘက်သို့ သွား၍ဉယျာဉ်ထဲ၌ထိုင်လိုက်သည်၊ သူကသူ့လက်ပ်တော့ကိုဖွင့်ပြီး သူ့အတွက် ဂန္ဓာမာလက်ဖက်ရည်ကိုငှဲ့လိုက်သည်၊
တာ့ဇီနှင့်အစင်းလေးသည်ဒမ်ဘီကိုဆန့်ကျင်တိုက်ခိုက်ရန်အတူတကွစုဖွဲ့လိုက်ကြ သည်၊ သားရဲသုံးကောင်သည် အတူတကွစုပြုံသွားကြတော့သည်၊ ဒါကအားမာန်ပါ သောတိုက်ပွဲဖြစ်သည်၊
ဒမ်ဘီကသူ့ရဲ့စွမ်းရည်အများအပြားကိုသိုလှောင်ထားသောကြောင့် သူကတာ့ဇီနှင့် အစင်းလေးအတွက် လေ့ကျင့်ရန်အငှားအဖော်ဖြစ်ပေးနေသည်၊
တစ်ဖက်မှာတော့, ဒါကကောင်းဖန်ရဲ့အနှစ်သက်ဆုံးလေ့ကျင့်ခန်းအချိန်ဖြစ်သည်၊ ဆီလီ၏ရဲရဲဝံ့ဝံ့ဖြစ်စေရန်မြှင့်တင်ပေးသည့်လေ့ကျင့်ခန်းဖြစ်သည်၊
ဆီလီသည်သစ်ပင်တစ်ပင်တွင်ကြိုးအသေးလေးတစ်ချောင်းဖြင့်ချည်ခံထားရသည်၊
ဆီလီနှင့်တိုတောင်းလှသောအကွာအဝေးတွင်ဖလိမ်မီရှိသည်၊ ဖလိမ်မီကသူ့၏ အတောင်များကိုဆက်၍တဖျပ်ဖျပ်ခတ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ကိုရှေ့သို့တိုးဝင်သွား လိုက်သည်၊ ၎င်း၏သန်မာလှသောနှုတ်သီးက ဓားတစ်ချောင်းလိုပင်ချွန်ထွက်နေသည်၊ ၎င်းသည်သစ်ပင်ကိုထိလိုက်တိုင်း အရာတစ်ခုကျန်နေခဲ့သည်၊
လေ့ကျင့်မှုဆက်လက်လုပ်ဆောင်နေစဉ်တွင် ဖလိမ်မီ၏နှုတ်သီးမှသေးငယ်သော သွေးအစင်းလေးကစ၍ပေါ်လာသည်၊
ကောင်းဖန်သက်ပြင်းချလိုက်သည်၊ ဖလိမ်မီ၏နှလုံးထဲတွင် မုန်းတီးမှုတို့နှင့် ပြည့်နှက်နေသည်၊ သူရဲ့ကြိုးစားမှုများအားလုံးသည်တစ်နေ့တွင် သူ့အမေအတွက် လက်စားချေနိုင်လိမ့်မည်၊
ဖလိမ်မီ၏စိတ်အားထက်သန်မှုကြောင့်ဆီလီသည်အလွန်ကိုကြောက်ရွံ့နေခဲ့သည်၊ ၎င်းသည်သစ်ပင်အောက်တွင်ပုန်းနေပြီး တုန်လှုပ်စွာဖြင့်ဖလိမ်မီကိုကြည့်နေသည်။
***
အပိုင်း၁၂၇ ချန်အန်းမြို့ ချန်ပီယံ
ကောင်းဖန်သည်အင်တာနက်တွင်ရှာဖွေနေချိန်၌, သူကဆီလီဘာလုပ်နေလဲဆိုတာ လှမ်းကြည့်သည်၊ သူလုပ်နေတာတွေရဲ့အကြောင်းအရင်းကဆီလီသတ္တိရှိလာပြီး ကြမ်းတမ်းသန်မာလာစေရန်, သေဖို့အတွက်မကြောက်ရွံ့စေရန်ဖြစ်သည်။
အစပိုင်းတွင်တော့,ဆီလီကအရမ်းစိတ်လှုပ်ရှားနေခဲ့သည်၊ နှစ်ပတ်လောက်ပတ်ပြီး ကြာတော့သူ့ကိုယ်သူမူးနေပြီးနောက်တစ်ပတ်ထပ်ပတ်လိုက်သေးသည်၊ ထို့နောက်, ခဏလောက်သူကနားလိုက်ပြီးပြန်ထလိုက်ကာဆက်ပြီးစက်ဝိုင်းပုံဆက်ပတ်နေသည်၊ ထိုကောင်ငယ်လေးကထပ်ပြီးပတ်ဖို့အတွက်အင်အားရှိနေသေးတာကြောင့်, ကောင်းဖန်ကသူ့ကိုလျစ်လျူရှုထားဖို့ဆုံးဖြတ်လိုက်သည်၊
ခဏလောက်ကြာတော့, သူကအစိမ်းရောင်ပုံရိပ်ကိုကိုမြက်ခင်းများအောက်တွင် လိုက်ရှာလိုက်သည်၊ ၎င်း၏အရောင်ကပတ်ဝန်းကျင်နှင့်ပြေပြစ်စွာရောစပ်နေသည်၊ ၎င်း၏ဘဝဲလက်များကအပေါ်တက်လာပြီး, ၎င်းကနားနေသည်, တစ်ခါတစ်ရံ၌ နူးညံ့သောဟောက်သံလေးကိုပါထုတ်လွှင့်လိုက်သေးသည်။
ကောင်းဖန်သည်ထိုသို့သောအခြေအနေမျိုးတွင်၎င်း၏အိပ်စက်နိုင်ခြင်းကို အတော်လေးသဘောကျလှသည်။
အရင်ရက်အနည်းငယ်တုန်းက, ကောင်းဖန်သည်သားရဲပျိုးထောင်သူရုံး၌ရံဖန်ရံခါ အလုပ်လုပ်ရန်သွားသည်၊ သူ့စာမေးပွဲစပြီးကတည်းကရုံးမှာအလုပ်လုပ်တဲ့နာရီ အရေအတွက်ကိုလျော့ချလိုက်သည်၊ ရုံးတွင်ချန်အန်းမှအတွေ့အကြုံမရှိသေးသော သားရဲလေ့ကျင့်သူအသစ်နှစ်ဦးကိုခေါ်ယူထားပြီး ၎င်းတို့၏ဈေးနှုန်းချိုသာမှုကြောင့် အသုံးပြုသူအနည်းငယ်ကိုဆွဲဆောင်နိုင်ခဲ့သည်။
ကောင်းဖန်သည်အရေးကြီးသောဖောက်သည်များကိုသာလက်ခံသည်၊ သူကပုံမှန် ပျှမ်းမျှဖောက်သည်များကိုလက်ခံမှာမဟုတ်ပေ။
အရင်တုန်းက,ကောင်းဖန်သည်အိမ်တွင်သူ့သားရဲတွေကိုပြုစုစောင့်ရှောက်ဖို့ လုံလောက်တဲ့ဝင်ငွေရဖို့ဒီအလုပ်မှာလုပ်တာဖြစ်သည်၊ သူ့လက်နဲ့ပိုက်ဆံရှာရတိုင်း သူစိတ်မသန့်ဖြစ်မိသည်။
ဒါပေမယ့်အခုတော့သူရဲ့နေထိုင်မှုစရိတ်ကိုစိတ်ပူစရာမလိုတော့ပေ၊ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဦးလေးလျိုက သူ့ကိုမထင်ရှားသောအကြွေးဝယ်ကတ်တစ်ခုပေးခဲ့သည်၊ သူ့အဘိုးကသူ့အတွက်စားဝတ်နေရေးစရိတ်စကသုံးစွဲဖို့ပေးတာလို့ပြောသည်၊ ကန့်သန့်ချက်တော့မပြောပေ၊ သူတတ်နိုင်သလောက်သူသုံးနိုင်သည်။
ကောင်းဖန်ကခရက်ဒစ်ကဒ်မှဂဏန်းများကိုကြည့်လိုက်ပြီး သူ့ကိုယ်သူစိတ်ထိန်းဖို့ ကြိုးစားလိုက်သည်၊ ယနေ့မှစ၍သူသည်သူ၏သားရဲပျိုးထောင်ခြင်းအလုပ်ကို ဝါသနာတစ်ခုအဖြစ်နဲဘဲဆက်နိုင်တော့မည်ဖြစ်သည်။
…
ကောင်းဖန်၏စာမေးပွဲတွေပြီးရှစ်ရက်အကြာတွင်သားရဲလေ့ကျင့်သူအရာရှိ ကောလိပ်ဝင်ခွင့်စာမေးပွဲပထမဆုံးအကြိမ်ပြီးသွားပြီဖြစ်သည်၊ ခုနစ်ရက်နေ့ညတွင် ရလဒ်တွေထွက်လာသည်။
၈ရက်မြောက်နေ့ညလည်ခေါင်တွင်, များစွာသောလူများကသူတို့၏ရလဒ်ကို ကြည့်ရန်အတွက်အစောကြီးထကြသည်။
ဦးလေးလျိုကမနက်အစောကြီးတွင်နိုးနေသည်၊ သူ့မျက်မှန်ကိုကောက်ယူလိုက်သည်၊ သူ့ညဝတ်အင်္ကျီကိုဝတ်လိုက်ပြီး, မီးဖွင့်လိုက်ပြီးသူ့ကွန်ပြူတာကိုဖွင့်လိုက်ကာ ရလဒ်ကိုကြည့်လိုက်သည်။
အထူးချိတ်ဆက်များမှတစ်ဆင့်ရလဒ်များအကြောင်းကို သူသိရှိထားပြီးဖြစ်သော်လည်း, သူ့ကိုယ်တိုင်ကြည့်ချင်သေးသည်။
….
ယွိကျိုးမြို့တောင်ပိုင်းကောင်းကင်အဖွဲ့ဘုရားကျောင်းမျှော်စင်၏၉၉ထပ်မြောက်တွင် ဖြစ်သည်။
“ဥက္ကဌ”,ကောင်းမွန်သည့်အဝတ်အစားများဝတ်ဆင်ထားသည့်အမျိုးသား အတွင်ရေးမှူးသည်ရုံးခန်းထဲသို့လျှောက်ဝင်လာပြီး ကျီဟန့်ဝူ၏စားပွဲပေါ်တွင် များစွာသောစာချုပ်များကိုတင်လိုက်သည်။
ကျီဟန့်ဝူပြန်လာကတည်းက, သူ၏အတွင်းရေးမှူးကိုပြောင်းလဲလိုက်သည်၊ အတွင်းရေးမှူးလျိုဘယ်ရောက်သွားလဲဆိုတာပင်မသိတော့ပေ။
“နားလည်ပြီ, အဲ့တာတွေကိုချထားခဲ့လိုက်” ကျီဟန့်ဝူကခေါင်းညိတ်ရင်းခပ်တိုးတိုး ပြောလိုက်သည်၊
အတွင်းရေးမှူးအသစ်ကလေးလေးစားစားခေါင်းညိတ်လိုက်သည်၊ သူ့မျက်လုံးတွေကို လှည့်ကြည့်ရမှာတောင်ကြောက်သည်၊ ကောင်းစွာနားမထောင်သောကြောင့် နောက်ဆုံးအတွင်းရေးမှူးကိုဖယ်ရှားခဲ့သည်၊ ညွှန်ကြားချက်ထပ်မလာသောကြောင့် သူထွက်လာခဲ့သည်၊
ကျီဟန့်ဝူကအတွင်းရေးမှူးထွက်သွားတော့ဂုဏ်သိက္ခာရှိသောပုံရိပ်ကိုပြသလိုက်သည်၊ သူကကြောက်စရာတစ်ခုခုကိုလုပ်နေသလိုမျိုး ဂရုတစိုက်ဖြင့်ဝက်ဘ်ဆိုက်စာမျက်နှာကိုဖွင့်လိုက်သည်။
သူကတစ်ချိန်တည်းမှာပင် ဝက်ဘ်ဆိုက်စာမျက်နှာတွင်စာတစ်စောင်ရိုက်လိုက်သည်၊ ထို့နောက်သူ့ဖုန်းကိုထုတ်လိုက်သည်၊ ဦးလေးလျိုမှပို့လိုက်သည့်စာမေးပွဲရလဒ်လည်း ရနေပြီဖြစ်သည်၊ ဦးလေးလျိုသည်က ကောင်းကောင်းမပို့မိမှာကြောက်လို့ သုံးခါတောင်ပြန်ပို့ထားတာဖြစ်သည်…
သူတို့အသက်တွေကိုအတူတူပေါင်းလိုက်ရင်တစ်ရာကျော်နေပြီဖြစ်သည်၊ ရလဒ်တွေကို စစ်ဆေးဖို့ကြိုးစားနေတာကိုမြင်ရတာက ရယ်စရာကောင်းသောမြင်ကွင်းတစ်ခုလိုပင် ဖြစ်နေသည်။
တောင်ပိုင်းကောင်းကင်အဖွဲ့မှအကြီးတန်းအရာရှိများသည် ဥက္ကဌကစိတ်ကောင်းဝင်နေတာကိုသတိထားမိကြပြီး, များစွာစောစမ်းသပ်ချက်ပရောဂျက်များကိုလျင်မြန်စွာ လက်ခံပေးလိုက်သည်။
…
ဦးလေးလျိုသည် သူ့မြေဧကရှစ်ရာကို စစ်ဆေးကြည့်ရှုနေသောအဘိုးအိုသူဌေးကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့်လမ်းလျှောက်လာသည်။
သူသည်ကောင်းဖန်၏ဗီလာသို့မသိလိုက်မသိဘာသာဖြင့် ဗီလာ၏ဥယျာဉ်ထဲတွင် လျှောက်သွားနေခဲ့သည်။ပြတင်းပေါက်မှတစ်ဆင့် ကောင်းဖန်သည်ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။
“အဟမ်း” ဦးလေးလျိုသည်ကြမ်းပြင်မှမျက်နှာကြက်ထိရှိသောပြတင်းပေါက် အပြင်ဘက်တွင်ချောင်းဆိုးလိုက်သည်။
ကောင်းဖန်ကဆိုဖာပေါ်တွင်လူးလိမ့်လိုက်သည်, သို့ပေမယ့်ဆက်ပြီးအိပ်နေသည်၊ ကောင်းဖန်၏ဘေးတွင်အိပ်နေသောအစင်းလေးသည်မူးဝေနေပြီးသူ့၏ နောက်ဘက်ခြေချောင်းများဖြင့်မျက်လုံးကိုပွတ်သပ်လိုက်သည်။
၎င်းကသမ်းဝေလိုက်သည်, ဒါပေမယ့်ဦးလေးလျိုဖြစ်ကြောင်းသတိထားမိသွားပြီး နောက်၎င်း၏နိုးကြားမှုကကျဆင်းသွားတော့သည်။
ဒီကလေးက ဒီလောက်ပျင်းနေတာဘယ်လိုလုပ်ရမလဲ? သူရဲ့ရလဒ်ထွက်လာရင်လည်း စိတ်ပူမှာတောင်မဟုတ်ဘူး, သူတွေးလိုက်သည်၊
ဦးလေးလျှိုက ကောင်းဖန်ဘေးတွင်အိပ်နေသည့်သားရဲနှစ်ကောင်ကို အချက်ပြလိုက်ပြီး ကောင်းဖန်ကိုနိုးစေလိုက်သည်၊
တာ့ဇီက ၎င်း၏ဗိုက်ပေါ်တွင်လဲအိပ်နေသည်၊ ၎င်းကဦးလေးလျှိုကိုလှည့်ကြည့်လိုက်ပြီးနောက် သူ့ကိုကြည့်နေရင်းနှင့်ပင်ပြန်၍ဖြေးဖြေးချင်းအိပ်ပျော်သွားတော့သည်၊
ဦးလေးလျှိုကတော့ ဒါကိုမယုံနိုင်ဘဲဖြစ်နေသည်! ဒီကလေးရဲ့ သတ္တဝါလေးတွေ ကလည်း သူ့လိုစွမ်းရည်တွေနဲ့အကုန်တူနေတာဘဲ, ပျင်းပြီး ဆိုးဝါးတဲ့အကျင့်လေးတွေ!
ဦးလေးလျှိုသည် အစပိုင်းကတော့ကောင်းဖန်ထံသို့သတင်းကောင်းကြေငြာပေးချင်တာဖြစ်သည်၊ ဒီလိုမျိုးဝက်တစ်ကောင်လိုဆက်ပြီးအိပ်နေလိမ့်မည်လို့ဘယ်သူကထင် မှာလဲ?
ဒေါက် , ဒေါက် , ဒေါက်၊
ဦးလေးလျှိုကယဉ်ကျေးစွာနဲ့ဘဲ မှန်ကိုခေါက်လိုက်ပြီး, ကောင်းဖန်ကိုထိုအသံနှင့်နှိုး လိုက်သည်၊
ကောင်းဖန်ကသူ့မျက်လုံးတွေကိုဝေဝါးမှုတို့နှင့်အတူဖွင့်လိုက်တော့, ပြတင်းပေါက်၏ အပြင်ဘက်တွင်လူတစ်ဦးရပ်နေတာကိုမြင်သွားပြီးနောက်, ထိတ်လန့်သွားတော့သည်၊ ထို့နောက်,သူကပို၍သေချာဂရုတစိုက်ကြည့်လိုက်တော့ဦးလေးလျှိုဖြစ်နေတာကို သတိထားမိတော့သည်၊
“ဦးလေးလျှို, ဘာဖြစ်တာလဲ?” ကောင်းဖန်က ညင်သာစွာနဲ့သူ့မျက်လုံးကိုပွတ်ပြီး မေးလိုက်သည်၊
“ထပြီး မင်းရဲ့ရလဒ်ကိုကြည့်လိုက်ဦး” ဦးလေးလျှိုကပျော်ရွှင်စွာနှင့်ပြောလိုက်သည်၊ သူပိုပြီးပျော်ရွှင်စေမယ့်တစ်ခုတည်းသောနည်းလမ်းက သူ့မျက်နှာပေါ်မှာ ‘ပျော်ရွှင်’ ဆိုတဲ့စာလုံးကိုထိုးထားလျှင်ဖြစ်လိမ့်မည်၊
“…”ကောင်းဖန်သည် ဧည့်ခန်းထဲရှိနာရီကိုကြည့်လိုက်ပြီးပြောလိုက်သည်, “ဦးလေးလျှို, မနက်ကြီးလေးနာရီခွဲဘဲရှိသေးတယ်လေ”
“မင်း လေးနာရီခွဲမှာရလဒ်ကိုကြည့်လို့ရပြီလေ!” ဦးလေးလျှိုကလေးနက်သောမျက်နှာ နှင့်ကြည့်ကာပြောလိုက်သည်၊
သူနိုးနေပြီးဖြစ်လို့, သူကဘာလုပ်ရတော့မှာလဲ? ကောင်းဖန်ကဖြေးညင်းစွာနှင့်ထလာပြီး သူ့လက်ပ်တော့ကိုဖွင့်လိုက်သည်၊ တစ်ချိန်တည်းမှာပင်, သူကဦးလေးလျှိုဝင်ရန်အတွက်ပါ တံခါးကိုဖွင့်ပေးလိုက်သည်၊
ဦးလေးလျှိုကသူ့လက်ကိုယမ်းလိုက်ပြီးငြင်းလိုက်သည်၊ “မလိုပါဘူး၊ ငါမလာတော့ဘူး အထူးသဖြင့်မင်းကိုစစ်ကြည့်ဖို့လာပြီးသတိပေးတာ၊ ငါဖြတ်သွားတုန်းမင်းကအိပ်နေသေးတာမလို့လေ, အဲ့တာကြောင့်မင်းကိုနှိုးဖို့ဆုံးဖြတ်လိုက်တာ”, သူကပြောပြီးနောက် သူလာရာလမ်းအတိုင်းပြန်ထွက်သွားတော့သည်၊
ကောင်းဖန်ကအပြင်ဘက်ကိုကြည့်လိုက်တော့, နက်ပြာရောင်ကောင်းကင်ကြီးကိုမြင် လိုက်သည်၊ လနှင့်ကြယ်များက မြင်သာစွာရှိနေဆဲဖြစ်သည်၊ ထို့နောက်သူက ထွက်သွားတဲ့ဦးလေးလျှိုရဲ့နောက်ကျောကိုကြည့်လိုက်သည်၊
ဦးလေးအသက်ကြီးနေတဲ့အတွက်ကို ကျွန်တော်ကျေးဇူးတင်သင့်လား?
သူကသူ့လက်ပ်တော့ကိုဖွင့်ကာ, ဝက်ဘ်ဆိုက်ထဲသို့သွားလိုက်ပြီးသူ၏အကောင့်တွင် ပြောထားသောအကြောင်းကြားစာကိုတွေ့လိုက်သည်, “ယခုအကောင့်သည်အခြား တစ်နေရာမှ ဝင်ပြီးဖြစ်သည်၊”
ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်၊ သူကအကြောင်းကြားချက်ကိုနှိပ်လိုက်ပြီး ၎င်းကဝင်ရောက်ထားသောနေရာကိုပြသည်, တောင်ပိုင်းကောင်းကင်အဖွဲ့ ဘုရားကျောင်းမျှော်စင်, ယွိကျိုး။
ကောင်းဖန်အံ့ဩသွားတော့သည်၊
တစ်ချိန်တည်းမှာပင်, တောင်ပိုင်းကောင်းကင်အဖွဲ့ဘုရားကျောင်းမျှော်စင်ထဲမှ လူအိုကြီးကနှာချေလိုက်သည်၊
ကောင်းဖန်သည်အဆင့်များထံသို့နှိပ်လိုက်သည်၊ ဒေသများနှင့်ခရိုင်များခွဲထားပြီး ရွေးစရာအတန်းများရှိသည်၊ ဒါကရူးနှမ်းတဲ့သက်သေအထောက်အထားစနစ်ဖြစ်သည်၊
သူကချန်အန်းမြို့ကိုရွေးလိုက်သည်၊ ထိပ်တွင်ကျောင်းသားအိုင်ဒီရှာဖွေရန်ဘားတစ်ခု ရှိသည်၊
ကောင်းဖန်ကသူ၏ ကျောင်းသားအိုင်ဒီကိုထည့်သွင်းလိုက်သည်၊ ဖန်သားပြင်ပေါ်တွင် လက်သွားပြီး ကွန်ပြူတာက စက္ကန့်ပိုင်းလောက်ရပ်သွားပြီးနောက်ဇယားပေါ်လာသည်၊
[အမည်]-ကောင်းဖန်
[အသက်]-၁၈
[ရမှတ်]-၇၁၀မှတ်
[အဆင့်]-ချန်အန်းမြို့ ပထမနေရာ
ကောင်းဖန်က ပထမနေရာ! သူကျေနပ်သွားသည်၊ အကယ်၍အရင်အချိန်တွေတုန်းကဆိုရင်, သူကချန်ပီယံဖြစ်လောက်တယ်လို့ မှန်းလို့ရလား?
သားရဲလေ့ကျင့်သူအများစုသည် အုပ်ချုပ်သူအဆင့်သားရဲများကိုမြှင့်တင်ခြင်းတွင် အာရုံစိုက်ကြသည်၊ နောက်ဆုံး, အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင်က ထိပ်တန်းအဆင့်သားရဲငါးကောင်ထက် ပိုပြီးကောင်းတဲ့အမှတ်ကိုရနိုင်သည်၊
သေချာတာပေါ့, သားရဲပေါင်းများစွာကိုတစ်ပြိုင်တည်းရွေးချယ်ခဲ့တဲ့ခသားရဲလေ့ကျင့်သူတွေလည်းရှိသည်၊ သူတို့ကိုအုပ်စုလိုက်လေ့ကျင့်ပေးသည်၊ ဥပမာ, သူတို့ရဲ့အဓိက အကျွမ်းတဝင်သားရဲက အုပ်ချုပ်သူအဆင့်မီးအမျိုးအစားသားရဲဖြစ်လိမ့်မည်,ပြီးနောက် သူတို့ရဲ့ဒုတိယနဲ့တတိယသားရဲက လေ ဒါမှမဟုတ် သစ်သားအမျိုးအစား, ဒါမှမဟုတ် ဘယ်လိုအမျိုးအစားမဆိုသူတို့ကြီးထွားမှုတွင်ကူညီပေးလိမ့်မည်၊ သူတို့ဘယ်လောက် မြန်မြန်တိုးတက်တယ်ဆိုတဲ့အပေါ်မှာလည်းကန့်သတ်ချက်ရှိသည်၊
…
တစ်ချိန်တည်းမှာပင်, ချန်အန်းမြို့အခြားဆင်ခြေဖုံးတစ်ခုရှိဗီလာတစ်ခုတွင် တစ်စုံတစ်ယောက်က စိတ်တိုစွာနှင့်ပြောလိုက်သည်, “ ဘယ်လိုလုပ်ပြီးငါက ဒုတိယနေရာဖြစ်နိုင်မှာလဲ? ငါအဲ့တာကိုငါ့မျက်လုံးတွေနဲ့သေချာမြင်ခဲ့တာ၊ သူရောငါရောမှာသားရဲသုံးကောင်ရှိတာ၊ အုပ်ချုပ်သူသားရဲတစ်ကောင် ပြီးတော့ထိပ်တန်းအဆင့်သားရဲနှစ်ကောင်၊ ဘာလို့ငါက ပထမမဖြစ်နိုင်ရတာလဲ? ငါကသူ့အောက်တစ်နေရာမှာရောက်နေတယ်!”
“သခင်လေး, သူ့ရဲ့ထိပ်တန်းအဆင့်သားရဲတစ်ကောင်က မြေကြီးအမျိုးအစား, ပြီးတော့ သားရဲတိုက်ခိုက်ရတာက သစ်သားအမျိုးအစားကိုပါ၊ ဒါကသူ့ကို ၁၀မှတ်အလေးသာ သွားစေတာ”, ဘေးတစ်ဖက်မှအမျိုးသမီးတစ်ယောက် အသံထွက်ပေါ်လာသည်၊
ဗီလာထဲတွင်ခဏလောက်ရပ်သွားသည်,ပြီးနောက် တစ်စုံတစ်ယောက်၏ရူးသွပ်နေ သောအော်သံကထွက်ပေါ်လာတော့သည်၊
***
အပိုင်း၁၂၈ စာမေးပွဲဒုတိယအချီ
အများစုသောအရာရှိဖြေဆိုသူများအတွက်, ပထမအကြိမ်၏ပြီးဆုံးမှုသည် သားရဲလေ့ကျင့်သူအရာရှိကောလိပ်ဝင်ခွင့်တစ်ခုလုံး၏အဆုံးဖြစ်သည်၊ သို့သော် သားရဲလေ့ကျင့်သူအနည်းငယ်အတွက်ပထမအကြိမ်ပြီးဆုံးမှုသည်အစပိုင်းမျှသာ ရှိသေးသည်။
ကောင်းဖန်ထံသို့နံနက်ပိုင်းတွင် စာမေးပွဲဌာနရုံးမှဖုန်းဆက်လာသည်။
“ဟယ်လို, မစ္စတာကောင်းဖန်လားမသိဘူး?” ဖုန်းလိုင်းတစ်ဖက်မှအသံကမေးလိုက် သည်၊
“ကောင်းဖန်ပြောနေပါတယ်ဗျ”
“ဟယ်လို, မင်းကသားရဲလေ့ကျင့်သူအရာရှိကောလိပ်ဝင်ခွင့်စာမေးပွဲဒုတိယအကြိမ်မှာ ပါဝင်ဖို့အတွက် အရည်အချင်းပြည့်မှီခဲ့ပါတယ်၊ ဇွန်လ၂၇ရက်နေ့နံနက်၉နာရီမှာ ပထမအကြိမ်ဖြေဆိုခဲ့တဲ့နေရာကိုသွားပေးပါ၊ စားမေးပွဲကဆယ့်ငါးရက်အကြာမှာ ဖြစ်ပါတယ်၊ မင်းက သော့,အဝတ်အစား,ပြီးတော့တစ်ကိုယ်ရည်သန့်ပစ္စည်းတွေ ယူလာစရာမလိုပါဘူး၊ မင်းရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ပါတယ်”
ကောင်းဖန်ကဖုန်းထဲမှတစ်ယောက်ကိုကျေးဇူးတင်လိုက်ပြီး, အချိန်ကိုကြည့်ရန် အတွက်နှစ်ချက်နှိပ်လိုက်ပြီးဖုန်းချလိုက်သည်။
ဒါကနည်းပြချန်းကပြောတဲ့ဒုတိယအကြိမ်စာမေးပွဲဖြစ်သည်၊ ဒါပေမယ့်နည်းပြချန်းက စာမေးပွဲအသေးစိတ်အချက်အလက်များကိုမပြောခဲ့ပေ, ကောင်းဖန်ကတွေးလိုက်သည်၊ သူကဘာကိုမျှော်လင့်နေမိလဲဆိုတာသေချာမသိပေ။
ယခုက၂၆ရက်နေ့ရှိပြီဖြစ်ကာ, စာမေးပွဲကနောက်တစ်နေ့၉နာရီဖြစ်သည်။
ကောင်းဖန်ကဖလိမ်မီနှင့်သွေးစာချုပ်မချုပ်ဆိုရသေးတာကြောင့်, ဖလိမ်မီကိုဒုတိယ အကြိမ်စာမေးပွဲ၌ခေါ်သွားတော့မည်မဟုတ်ပေ။
ကောင်းဖန်ကဖလိမ်မီကိုဦးလေးလျို၏အိမ်တွင် ရက်အနည်းငယ်လောက်ထားခဲ့ရန် စီစဉ်လိုက်သည်၊ ဖလိမ်မီကငယ်ရွယ်သောဧကရာဇ်အဆင့်သားရဲဖြစ်သည်၊ အကယ်၍၎င်းကအခိုးခံလိုက်ရလျှင်, ကောင်းဖန်၏အသဲတွေကွဲကြေသွားလိမ့်မည်၊ ကောင်းဖန်ကဖလိမ်မီကိုဘေးအိမ်သို့ခေါ်သွားလိုက်သည်။ (အပေါ်မှာကျကောင်းဖန်နဲ့ စာချုပ်ချုပ်ပြီးသွားပြီ၊ ဒီမယ်တော့မချုပ်ရသေးဘူးလို့ရေးထားတယ်ဗျ၊)
“ဖန်လေး, ဘာကိစ္စရှိလို့လဲ?” နေကိုမျက်နှာမူလျက်လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသောဦးလေးလျိုကမေးလိုက်သည်၊ သူကမျက်စိကိုစွေ၍, ပျော်ရွှင်စွာဖြင့် ကြည့်လိုက်သည်။
“ဦးလေးလျို, ဦးလေးမှာအချိန်ရှိမရှိကျွန်တော်မသိပေမယ့်, ကျွန်တော့်ကြိုးကြာသားရဲကို လဝက်လောက်စောင့်ရှောက်ထားပေးလို့ရမလား?” ကောင်းဖန်ကရှက်ရွံ့စွာဖြင့် မေးလိုက်သည်၊ ဦးလေးလျိုကိုသူ့အဘိုးကသူ့အားဂရုစိုက်ရန်အတွက်လွှတ်လိုက်ခြင်း သူသိပေမယ့်, သူ့အတွက်ဒီလိုကိစ္စတွေကိုမေးဖို့အတွက်တော့ရှက်ရွံ့နေဆဲဖြစ်သည်။
စကားပြောချိုသာသူဖြစ်ခြင်းက ဘယ်နေရာမှာမဆိုအထောက်အကူဖြစ်စေသည်။
ဦးလေးလျိုကမျက်ခွံတွေကိုတွေကိုဖွင့်လိုက်ပြီးပြောလိုက်သည်, “မင်းဘာလို့ငါ့ကို အရမ်းပျူဌာနေတာလဲ? ဒီမှာသာထားခဲ့စမ်းပါကွာ၊ စိတ်အေးအေးထား, ငါသူ့ကို ဝလာတဲ့အထိကောင်းကောင်းကျွေးမွေးထားပါ့မယ်”
အိုး…
ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်၊ သူကအတော်လေးအသင့်အတင့်ရှိလှသည့်ဖလိမ်မီကိုလှည့်ကြည့်လိုက်သည်၊ ဦးလေးလျိုကသူ့ကိုမဝမချင်းကျွေးမယ်လို့ ပြောတဲ့အချိန်မှာ, သူကသေချာပေါက်သိပ်ပြီးယဉ်ကျေးမနေတော့ပေ၊
ဖလိမ်မီသည်ဦးလေးလျိုကိုစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်၊ ထိုလူကြီးကလှည့်ကြည့်ကာပြောလိုက်ပြီး သူ့ကိုပြုံးပြကာဖြူဖွေးနေသောသွားများကိုပြလာသည်၊ သူကပြောလိုက်သည်, “သူ့ကိုငါနဲ့ထားခဲ့ပြီး မင်းအေးအေးဆေးဆေးသွားလို့ရတယ်”
“ကောင်းပါပြီ, ကျနော်အမြဲတမ်းဦးလေးလျိုရဲ့စကားတွေကိုယုံပါတယ်” ကောင်းဖန်က ခေါင်းညိတ်ကာဦးလေးလျိုထံသို့ဖလိမ်မီအားလက်လွှဲလိုက်သည်၊ သူကဖလိမ်မီကို ဒုက္ခမပေးဘဲဦးလေးလျို၏စကားကိုနားထောင်ကာ လျှောက်မပြေးရန်မှာခဲ့သည်။
ဖလိမ်မီကငတုံးမဟုတ်ပေ၊ ၎င်းကသူ့သခင်ဘာပြောလဲဆိုတာကို နားလည်ပြီးသူ၏ အတောင်ပံများကိုနှစ်ကြိမ်ခတ်ပြလိုက်ကာ နားလည်ကြောင်းပြလိုက်သည်၊
…
တာ့ဇီကိုမနေ့ညကအုပ်ချုပ်သူအဆင့်သို့တိုးမြင့်ခဲ့သည်၊
အကယ်၍သားရဲသည်တိကျသောအဆင့်အတန်းနှင့်အဆင့်ရှိလျှင်, အဆင့်မြှင့်တင်ခြင်း သည်အောင်မြင်ရန်အတွက်ခက်ခဲသောအရာမဟုတ်ပေ၊ အဆင့်တိုးမြှင့်ဖို့အခွင့်အလမ်းလိုပေမယ့် သားရဲများအတွက်တော့တိုက်ခိုက်မှုကဲ့သို့သောအရာမျိုးမလိုအပ်ပေ၊ တိုးမြှင့်ဖို့အတွက်အထွတ်အထိပ်အဆင့်သို့ရောက်နေဖို့သာလိုအပ်သည်၊ ချိတ်ဆက်မှုတို့ကမှန်ကန်နေလျှင်,အဆင့်တိုးမြှင့်ခြင်းသည်အလွန်သဘာဝကျသော လုပ်ငန်းစဉ်တစ်ခုသာဖြစ်သည်။
ဒုတိယနေ့မိုးသောက်ချိန်၌, ကောင်းဖန်သည်အစင်းလေးအားစီး၍ပထမအကြိမ် စာမေးပွဲဖြေဆိုသည့်နေရာသို့သွားလိုက်သည်၊ ထိုနေရာမှာလူဘယ်နှစ်ယောက်ရှိလဲ, ဒုတိယအကြိမ်စာမေးပွဲကိုတက်ရောက်နိုင်မည့်လူဘယ်နှစ်ယောက်ရှိသည်မှန်း သူမသိပေ၊
ကောင်းဖန်ကတော့အနည်းဆုံးလူအယောက်တစ်ရာလောက်ရှိမည်လို့ထင်ခဲ့သည်, ဒါပေမယ့်သူရောက်တဲ့အချိန်မှာတော့, စောင့်နေတဲ့သူတွေကလက်တစ်ဆုပ်စာဘဲ ရှိတာကိုမြင်လိုက်ရသည်။
ကြည့်ရတာငါအစောကြီးရောက်နေပုံဘဲ, ကောင်းဖန်ကပြုံးကာတွေးလိုက်သည်။
နာရီဝက်လောက်စောင့်ပြီးနောက်, စာမေးပွဲ၏အမှုဆောင်အရာရှိများရောက်ရှိလာ ပေမယ့်,နောက်ထပ်ဘယ်စာမေးပွဲဖြေဆိုသူအရာမှရောက်မလာတော့ပေ။
စစ်ဘက်လိုင်စင်နံပါတ်တပ်ထားသောဂျစ်ကားတစ်စီးသည်သူတို့ဆီသို့အဝေးမှဦးတည် မောင်းလာခဲ့သည်၊ ၎င်းတို့ရောက်တော့, လမ်း၏တစ်ဖက်တွင်ထိုးရပ်လိုက်သည်၊
“ငါကမင်းတို့ကို ကိုင်တွယ်ရမဲ့သူဘဲ” ဂျစ်ကားထဲမှဆင်းလာသောဆံပင်တိုနှင့်မျက်မှန် တပ်ထားသောသူကပြောလိုက်သည်၊ “တော်လောက်ပြီ, အားလုံးဘဲ, တိတ်တိတ်နေ”
ရှစ်ယောက်၊ ဖြေဆိုသူရှစ်ယောက်ဘဲ၊ ကောင်းဖန်ကအံ့ဩသွားသည်၊ ဒုတိယအချီကို ရှစ်ယောက်ထဲနဲ့ဘယ်လိုလုပ်မှာတုန်း? သူတို့က ထိပ်ဆုံး၁၀ယောက်ကိုဘဲအဆင့်လိုက် အလုပ်ခွဲထားတာလား? ကောင်းဖန်အကူအညီမဲ့စွာဘဲ ထိုအခြေအနေကိုလှောင်ပြောင် လိုက်သည်၊
“ဒုတိယအချီက ချန်အန်းမြို့နဲ့နီးတဲ့ဘယ်နေရာမှာမှကျင်းပမှာမဟုတ်ဘူး၊ ပွဲကိုကျန်းနန်မြို့ဌာနချုပ် ထိုက်ယန်ရှန်း အမျိုးသားသစ်တောဥယျာဉ်မှာလုပ်မှာဖြစ် တယ်၊ ငါကမင်းတို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်နိုင်အောင်လို့ဒီအကြောင်းကိုပြောနေတာ၊ ဒီစာမေးပွဲမှာစည်းဝိုင်း ပုံစံအပိုင်းတွေမပါဝင်ဘူး, ပြီးတော့,တစ်ဦးနဲ့တစ်ဦးတိုက်ရမဲ့ ပွဲလည်းမဟုတ်ဘူး၊မင်းတို့က နေရာချထားတဲ့တောရိုင်းထဲမှာ အစစ်အမှန်သားရဲတွေနဲ့ တိုက်ခိုက်ရမှာဖြစ်တယ်!”
“ထိုက်ယန်ရှန်းသစ်တောဥယျာဉ်ကိုထိပ်တန်းသားရဲလေ့ကျင့်သူတွေက ထောက်လှမ်းထားတယ်၊ သူတို့ကဧကရာဇ်အဆင့်အတန်းသားရဲတည်ရှိမှုကို ပယ်ချ ထားတယ်”, မျက်မှန်နှင့်လူကပြောသည်၊၊ ပြီးတော့,ခဏလောက်ရပ်ပြီးထိုသူက ပြောသည်, “ဒါပေမယ့်ထိုက်ယန်ရှန်းသစ်တောဉယျာဉ်မှာ အုပ်ချုပ်သူအဆင့်သားရဲတွေငါးရာထက် မနည်းရှိတယ်၊သူတို့ထဲကတချို့ကထိပ်ဆုံး အုပ်ချုပ်သူအဆင့်သားရဲတွေဘဲ”
ကျင်းနန်မြို့ဌာနချုပ်? ထိုက်ယန်ရှန်းသစ်တောဥယျာဉ်?
လူအစုကအံ့ဩနေတော့သည်၊ သူတို့ကဘာလို့အဝေးကြီးကိုသွားဖို့လိုအပ်တာလဲ?
“မူဝါဒအရ အစိုးရနဲ့သားရဲလေ့ကျင့်သူအဖွဲ့ချုပ်ကမင်းတို့ရဲ့ ကျန်းမာရေးကောင်းဖို့ကို သေချာအောင်လုပ်ပေးပြီးတော့, မင်းတို့အရေးပေါ်အခြေအနေတွေမှာသုံးဖို့အတွက် မီးကျည်သေနတ်ကိုပေးလိမ့်မယ်၊ ဒါပေမယ့်, ကယ်ဆယ်တဲ့သူတွေကတော့မင်းတို့ဆီ ရောက်ဖို့အတွက်အချိန်တော့ယူရလိမ့်မယ်၊ ဒါကြောင့်မီးကျည်သေနတ်ကိုဘယ်အချိန် သုံးရမလဲဆိုတာမင်းတို့သိဖို့လိုလိမ့်မယ်၊ သေချာတာပေါ့, တခြားလူတွေကနောက်မှ အသေးစိတ်အချက်အလက်တွေကို ခရီးသွားရင်းနဲ့ပေးလိမ့်မယ်, ဒါ့ကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါအများကြီးမပြောတော့ဘူး”
“ဒုတိယအချီကစည်းမျဉ်းစည်းကမ်းကိုမဖြစ်မနေလုပ်ရမယ်လို့တော့မရှိဘူး၊ အကယ်၍မင်းတို့မလုပ်ရင်လည်းဒါကမင်းတို့ရဲ့ပထမအချီစာမေးပွဲရလဒ်ကိုထိခိုက်မှာ မဟုတ်ဘူး၊ ကောင်းပြီ, မင်းတို့ဆုံးဖြတ်ချက်ချနိုင်ပြီ၊ မင်းတို့ဆုံးဖြတ်ဖို့အတွက်ငါတို့ နာရီဝက်အချိန်ပေးမယ်၊ နာရီဝက်အတွင်းမှာ, လေယျာဉ်တစ်စီးရောက်လာပြီးမင်းတို့ ကိုသွားမည့်နေရာဆီလာတင်ခေါ်လိမ့်မယ်”
သူစကားပြောပြီးသွားတဲ့နောက်, သူကဖြေဆိုသူရှစ်ယောက်ကိုလျစ်လျူရှုလိုက်သည်၊ သူကလျင်မြန်စွာနဲ့ဘေးဘက်သို့လျှောက်သွားလိုက်ပြီး သူ့ရဲ့အိတ်ကပ်ထဲကစီးကရက်ကိုထုတ်လိုက်ပြီးစ၍ဆေးလိပ်သောက်တော့သည်၊
နေရောင်ခြည်ကိုဖုံးလိုက်ပြီးသူ၏အရှေ့တွင်ကြီးမားသောပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်၊
သူကခေါင်းကိုမော့လိုက်ပြီး ဒမ်ဘီကသူ့ကိုငုံပြီးစိုက်ကြည့်နေတာကိုတွေ့လိုက်သည်၊
“ဘာလဲ?” မျက်မှန်နှင့်လူကမေးလိုက်သည်, ဒမ်ဘီထံသို့ရှုပ်ထွေးစွာဖြင့်ဆေးလိပ်ငွေ့ မှုတ်ထုတ်လိုက်သည်၊
ဒမ်ဘီကသူ့ရဲ့ညာလက်ကိုမြှောက်လိုက်သည်၊ အနက်ရောင်ဝတ်ရုံအောက်တွင် အဖြူရောင်အရိုးများရှိနေသည်၊
မျက်မှန်နှင့်လူကမျက်မှောင်ကြုတ်လိုက်သည်၊ ထို့နောက်သူကတုံ့ဆိုင်းစွာနဲ့သူ့ရဲ့ ညာလက်ကိုဒမ်ဘီနှင့်လက်ဆွဲနှုတ်ဆက်ရန်မြှောက်လိုက်သည်၊ “ အဆင်ပြေလား?”
ဒမ်ဘီကငြိမ်နေသည်၊ ထိုလူ၏ဘယ်ဘက်လက်ကစီးကရက်ကိုကြည့်လိုက်သည်၊
မျက်မှန်နှင့်လူကဒမ်ဘီသည်သူ၏လက်ကို မလှုပ်ချင်ကြောင်းသတိထားမိလိုက်သည်၊ ၎င်းကစီးကရက်သောက်ချင်နေသည်၊ သူကစိတ်ပျက်စွာနှင့်ပြောလိုက်သည်, “မင်းကအရမ်းပိန်ပြီးအရိုးတွေဘဲကျန်တော့တာလေ, ပြီးတော့မင်းကဆေးလိပ်တောင် သောက်ချင်နေသေးတယ်? မင်းကဘယ်လိုတောင်တအားဆေးလိပ်စွဲနေတာတုန်းဟ?”
ထိုလူကတွန့်တိုတာမဟုတ်ပေ၊ ဆေးလိပ်သောက်သူများသည်သူတို့၏ဆေးလိပ် သောက်ချိန်ကိုတန်ဖိုးထားသည်၊
ဒမ်ဘီကသူ့ညာဘက်လက်ကိုဆန့်ထုတ်ထားဆဲဖြစ်ပြီး, စီးကရက်ကိုတောင်းနေ သူ၏ပုံစံကမပြောင်းလဲဘဲရှိနေသည်၊
၎င်းသည်အရိုးစုတစ်ခုသာဖြစ်သည်၊ ဒါကရှက်စရာကောင်းတယ်လို့မခံစားရပေ၊
နောက်ဆုံးတော့,ထိုလူကရွေးချယ်စရာမရှိတော့ပေ၊ သူကဘူးထဲကဆေးလိပ်တစ်လိပ် ကိုထုတ်ပြီးဒမ်ဘီကိုပေးလိုက်သည်၊
ဒမ်ဘီသည်စီးကရက်ကိုပါးစပ်ထဲထည့်ပြီးဝါးချလိုက်သည်၊
“ ဟေး, အဲ့တာကအဲ့လိုလုပ်ရတာမဟုတ်ဘူးလေ! မင်းအဲ့တာကိုမီးတောင်မညှိရသေး ဘူးဟ!” ထိုလူကပြောလိုက်သည်၊ သူကအကူအညီမဲ့ကာ ဒမ်ဘီက စစ်တပ်ကမတူညီသောအပင်အမျိုးအစားများကိုသုံး၍ပြုလုပ်ထားသော အထူး ကောင်းမွန်သည့်စီးကရက်ကိုဖြုန်းတီးလိုက်တာကိုတွေ့တော့ အော်ဘဲအော်နိုင်လိုက် သည်၊
နောက်ထပ်ဖြစ်လာတာက သူ့ကိုအံ့ဩသွားစေသည်၊ စီးကရက်နံ့ကိုသယ်ဆောင်လာသည့်မီးခိုးငွေ့များသည် ဒမ်ဘီ၏ပါးစပ်မှထွက်လာတော့သည်၊
အဲ့လိုနည်းမျိုးလည်းသုံးလို့ရတယ်ပေါ့?!