← Chapters

အခန်း (၁၂၉-၁၃၂)

Vol. 9 Ch. 129-132

အခန်း (၁၂၉-၁၃၂)

Vol. 9 Ch. 129-132

အပိုင်း၁၂၉ ပြိုင်ပွဲ

မျက်မှန်နှင့်လူကဒမ်ဘီဆီမှရခဲ့သောနည်းသည်မှားယွင်းနေသည်၊ သူကသာမန် အလုပ်ကြိုးစားသောသူတစ်ယောက်သာဖြစ်သည်ဟုထင်ခဲ့သော်လည်း ဒမ်ဘီသည် ၎င်းနှင့်လုံးဝပင်ဆန့်ကျင်ဖက်ဖြစ်သည်။

ဒမ်ဘီဆေးလိပ်သောက်ပုံကမျက်မှန်နှင့်လူ၏စိတ်ကို အကျိုးသက်ရောက်မှုရှိသွားသည်၊ အကယ်၍အရိုးစုကဆေးလိပ်သောက်ချင်တယ်ဆိုရင်လည်း သူဂရုမစိုက်တော့ဘူး၊ ဆိုလိုတာက, အဲ့တာကဝါသနာတစ်ခုဖြစ်ပုံရသည်၊ ဒါပေမယ့်ဒီသားရဲကစီးကရက် သောက်ဖို့အတွက်မီးညှိဖို့ပင်မလိုပေ! ဒါကအရမ်းကိုကို့ရို့ကားရားဖြစ်နေတယ်။

ထိုလူကသူ၏စီးကရက်ကိုငုံ့ကြည့်ရင်းလေးလေးနက်နက်တွေးလိုက်သည်၊ သူလုပ်တာ မှားနေတာများလား?၊ စီးကရက်ကိုမီးမညှိတာက စီးကရက်သောက်ဖို့အတွက် နည်းလမ်းမှန်လား….

ဤသည်မှာအတော်လေးစဉ်းစားရသည့်မေးခွန်းဖြစ်သည်။

“ဆရာ” ထိုအသံကသူ့ကိုသတိပြန်လည်လာစေသည်။

အနက်ရောင်ဆံပင်နှင့်‌ အနက်ရောင်အားကစားဝတ်စုံဖြင့်မိန်းကလေးက သူ့ကို မျက်လုံးသေများဖြင့်ကြည့်ကာပြောလိုက်သည်, “ကျွန်မအဖေကဒုတိယအကြိမ်မှာ ပါဖို့ခွင့်မပြုဘူး၊”

“အဆင်ပြေပါတယ်၊ ဒါကလုံးဝကိုစိတ်ဆန္ဒအရပါဘဲ၊ ပြီးတော့ဒါကပိုပြီး အန္တရာယ်များတယ်၊ ဒါအတွက်ကစွန့်စားမှုအချို့ရှိတယ်လေ” သူကထိုမိန်းကလေးကိုနှစ်သိမ့်ပေးလိုက်သည်၊ နောက်တော့သူမကမိန်းကလေးတစ်ယောက်ဖြစ်သည်, ပြီးတော့ သူလည်းဘဲသမီးတစ်ယောက်ရဲ့အဖေလည်းဖြစ်တာကြောင့် သူမအဖေကဘာကြောင့် သူမကိုပြိုင်ပွဲအားဝင်ခွင့်မပေးဆိုတာကိုသူနားလည်ပေးနိုင်သည်။

“ဒါပေမယ့်,ပြိုင်ပွဲမှာပါချင်တယ်” ဆံပင်အမည်းနှင့်မိန်းကလေးကပြောလိုက်သည်၊

“ဘာကြီး?” သူကမျက်လုံးကိုပွတ်ကာမေးလိုက်သည်၊ “ဆိုတော့မင်းဆိုလိုချင်တာက..”

“ပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက် ကျွန်မမိဘတွေရဲ့ထောက်ခံမှုကိုမလိုဘူးလေ, ဟုတ်တယ်မလား?” မိန်းကလေးကမေးလိုက်သည်၊

“စည်းကမ်းတွေအရကတော့, မလိုဘူး, မင်းကသူတို့ရဲ့ထောက်ခံမှုကိုမလိုပါဘူး, ဒါပေမယ့်…”

သူကခက်ခဲသောအနေအထားတွင်ရှိနေသည်၊ သေချာတာကတော့သူ့အဖေရဲ့ ရပ်တည်ချက်ကိုနားလည်ပေမယ့် ဒါကသူ့အတွက်တော့တစ်ဖက်သက်နားလည်မှု တစ်ခုသာဖြစ်သည်။

ဒါပေမယ့်,ဒါကအရေးကြီးတဲ့အရာတော့မဟုတ်ပေ၊ သူသည်စိတ်ဓာတ်သန်မာတဲ့လူ တစ်ယောက်ဖြစ်ကာ, ဒါပေမယ့်သူကဖိအားများအောက်တွင်လည်းမလွန်ဆန်နိုင်ဆဲ ဖြစ်နေသည်။

သူမကမိဘတွေရဲ့ခွင့်ပြုမှုကိုမလိုအပ်ပေ, ဘာကြောင့်လဲဆိုတော့သူမက၁၈နှစ်ရောက်နေပြီးသားဖြစ်သောကြောင့်ဖြစ်သည်၊ သူမတွင်ကိုယ်တိုင်ဆုံးဖြတ်နိုင်သည့်အင်အားရှိ သည်၊ အကယ်၍သူတို့ကပိတ်ပင်လျှင် အဆင်မပြေတဲ့အနေအထားတွင်ဖြစ်နေလိမ့်မည်။

မိန်းကလေးကနားထောင်ပြီးသည်နှင့်ခေါင်းညိတ်ကာပြောလိုက်သည်, “ကျွန်မဝင်ဖြေချင်တယ်” ထို့နောက်သူမသည်ဘေးတွင်တိတ်ဆိတ်စွာရပ်နေပြီး သူမ၏အနက်ရောင်အန်ဒါကွန်ဒါမြွေ၏ခေါင်းကိုညင်သာစွာထိလိုက်သည်၊

ထိုလူကမျက်စိအနည်းငယ်နာသွားသောကြောင့်, သူတစ်ချက်စွေကြည့်လိုက်သည်၊

ဘာဘဲဖြစ်ဖြစ်သူနဲ့မသက်ဆိုင်ဘူး! ငါကထိန်းပေးတဲ့သူတစ်ယောက်ပါဘဲ!

“အိုကေ! မစခင်တာဝန်အတွက် သွားလာခွင့်စာချုပ်မှာလက်မှတ်ထိုးရလိမ့်မယ်” သူကခေါင်းညိတ်ကာပြောလိုက်သည်။

ထို့နောက်, နောက်ဆုတ်ချင်တဲ့သူရှိလားဆိုတာကိုမေးလိုက်သည်၊

လူနှစ်ယောက်ရှေ့ကိုလှမ်းလာပြီး, ရှက်ရွံ့စွာကြည့်နေကြသည်၊ နောက်ဆုံးတော့ မိသားစုကမဝင်စေချင်တဲ့ မိန်းကလေးတစ်ယောက်ဝင်လာပေမယ့် သူတို့အရွယ်ရောက် ပြီးသားနှစ်ယောက်က နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်သည်၊ အရမ်းရှက်ဖို့ကောင်းသည်၊

“အဆင်ပြေပါတယ်, ငါနားလည်တယ်” မျက်မှန်နှင့်လူကပျော်ရွှင်စွာဖြင့်ပြောလိုက် သည်။

ကျောင်းသားနှစ်ယောက်ကသူတို့၏သားရဲများကိုယူကာထွက်သွားကြသည်။

နာရီဝက်ကြာပြီးနောက်, မျက်မှန်နှင့်လူကထပ်ပြီးပြောလိုက်သည်, “နောက်ထပ် နောက်ဆုတ်ချင်တဲ့လူရှိသေးလား?”

ကျန်ရှိနေတဲ့ခြောက်ယောက်ကတိတ်ဆိတ်စွာဖြင့်ခေါင်းယမ်းလိုက်သည်၊ တစ်ယောက်မှမကျန်ခဲ့ပေ။

“ကောင်းပြီ, လေယာဉ်ကဒီကိုရောက်ခါနီးပြီ” မျက်မှန်နှင့်လူကကောင်းကင်ကိုကြည့်၍ ပြောလိုက်သည်။

ဂျက်တိုက်လေယာဉ်နှစ်စီးကကောင်းကင်ကိုဖြတ်လာကြကာ, သူတို့၏အနောက်ဘက် တွင်အဖြူရောင်အစင်းကြောင်းများကျန်နေခဲ့သည်။

သူတို့ရပ်နေတဲ့လွင်ပြင်ကျယ်ကြီးသည်ပြောင်ရှင်းနေပြီး လေယာဉ်တွေဆင်းသက်နိုင်ဖို့ တစ်စိတ်တစ်ပိုင်းလောက်ကိုဘိလပ်မြေများနှင့်ခင်းထားသည်၊

“အုပ်စုနှစ်စုခွဲပြီးလေယာဉ်ပေါ်ကိုတက်ကြ၊ အစကတော့နည်းနည်းကျဉ်းမှာမလို့ စိတ်ပူပေမယ့်အခုတော့ခြောက်ယောက်ဘဲကျန်တော့တယ်၊ လူသုံးယောက်လေယာဉ် စီးဖို့အတွက်လောက်တယ်၊ မင်းတို့ရဲ့သားရဲတွေကိုခေါ်ပြီးမင်းတို့နဲ့အတူတူလေယာဉ် ပေါ်ကိုတက်ကြရမယ်” သူကအော်လိုက်သည်၊ “မြန်မြန်တက်ကြတော့”

“အဲ့တာကအန္တရာယ်ရှိမှာလား?” ကောင်းဖန်ကမေးလိုက်သည်၊ “ပျံသန်းအမျိုးအစား သားရဲတွေကနည်းတယ်ဆိုပေမယ့်, သူတို့ကရှိနေဆဲဘဲလေ။”

“စိတ်မပူနဲ့၊ ဒီလေယာဉ်တွေကထူးခြားတဲ့ပစ္စည်းတွေနဲ့လုပ်ထားတာ၊ ငါတို့ ၂၀,၀၀၀ မီတာအမြင့်အထိပျံနိုင်တယ်၊ ဧကရာဇ်အဆင့်ပျံသန်းအမျိုးအစားတွေဘဲ အဲ့ဒီအမြင့် အထိကိုရောက်နိုင်တာ၊ ငါတို့တခြားအမျိုးအစားသားရဲတွေနဲ့မတွေ့နိုင်ဘူး၊ ဒါက အများစုအတွက်လုံခြုံပါတယ်၊ ဒါအပြင်ငါတို့မှာရွှေရောင်နတ်ဘုရားငှက်မွှေးရှိတယ်၊ အကယ်၍ငါတို့ကံမကောင်းစွာနဲ့ ဧကရာဇ်အဆင့်ပျံသန်းသားရဲနဲ့တွေ့ခဲ့မယ်ဆိုရင်‌ တောင်ဘာမှဖြစ်လာမှာမဟုတ်ဘူး, ဘာလို့လဲဆိုတော့ဧကရာဇ်အဆင့်သားရဲတွေက သဘာဝအားဖြင့်အချင်းချင်းမနှောက်ယှက်တတ်ကြဘူး”, လူကြီးကပြုံးကာဖြေလိုက် သည်၊

“ဟုတ်ပြီ” ကောင်းဖန်ခေါင်းညိတ်လိုက်သည်၊ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်နဲ့ အစိုးရက သူတို့ဘာတွေလုပ်နေလဲဆိုတာတော့သိကြမှာပါ။

လေယျာဉ်ကလျင်မြန်စွာနဲ့ပျံသန်းသွားပြီး ရုတ်တရက်ဆွဲအားဆုံးရှုံးသွားသောကြောင့် အကျွမ်းတဝင်သားရဲအနည်းငယ်ကိုစိတ်တထင့်ထင့်ဖြစ်စေသည်၊

ခဏလောက်လှည့်ကြည့်ပြီးနောက် တာ့ဇီသည်ဒမ်ဘီ၏ကိုယ်ပေါ်သို့တက်သွားပြီး ခါးပတ်ကဲ့သို့တင်းကျပ်စွာပတ်ထားလိုက်သည်၊ အစင်းလေးသည်ကြမ်းပြင်ကို ခိုင်မြဲစွာဆုပ်ကိုင်ထားသည်၊ ကံကောင်းစွာနဲ့ဘဲ, ထိုနေရာတွင်ထူသောကော်ဇောသည် လေယျာဉ်ကြမ်းပြင်တွင်ရှိနေသည်၊ သူတို့ကသားရဲတွေရဲ့တုံ့ပြန်မှုပုံစံတွေကိုခန့်မှန်း ထားမိသလိုပင်ဖြစ်နေသည်၊

“သားရဲအများစုကလေယာဉ်စီးတဲ့အခါအဆင်မပြေဖြစ်တတ်တယ်၊ သူတို့ ဒါကိုတစ်ကြိမ်လောက်လုပ်ကြည့်ပြီးသွားရင် အဆင်ပြေသွားမှာပါ၊” မျက်မှန်နှင့်လူက ပြုံးကာပြောလိုက်သည်၊ သူကကောင်းဖန်နှင့်တူညီသောလေယာဉ်ပေါ်တွင်ပင်ဖြစ်ပြီး သူနှင့်သိပ်မဝေးတဲ့ခုံတွင်ထိုင်နေသည်၊

ကောင်းဖန်က ထိုသူကိုခေါင်းညိတ်ပြလိုက်သည်၊

ဒမ်ဘီ, တခြားတစ်ဖက်မှာတော့ အရမ်းကိုတည်ငြိမ်နေသည်၊ ကမ္ဘာကြီးဆွဲအား လျော့နည်းနေမှုကသူအတွက်တော့သက်ရောက်မှုမရှိပေ၊ ဒမ်ဘီက ဘေးပတ်လည်ကို သာမန်ကာလျှံကာကြည့်လိုက်သည်၊ သူကသူ့ခေါင်းကိုငုံ့လိုက်ပြီး နူးညံ့စွာနဲ့ဘဲတာ့ဇီ၏ ခေါင်းကိုစိတ်လျော့စေရန်ပုတ်ပေးလိုက်သည်၊ ထို့နောက်အစင်းလေးကမျက်နှာပြောင် တိုက်ကာရှေ့သို့ရောက်လာပြီးသူ့ရဲ့ခေါင်းကိုသုံးကာဒမ်ဘီကို ထပ်၍ပွတ်လိုက်သည်၊ ဒမ်ဘီကရပ်သွားပြီးနောက် သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးအစင်းလေး၏ခေါင်းကို လည်းပုတ်ပေးလိုက်သည်၊ ဒီလိုလုပ်တာကအစင်းလေးကိုပျော်ရွှင်သွားစေပြီး ၎င်းက အခြားတစ်ဖက်သို့စိတ်လှုပ်ရှားစွာနှင့်လှုပ်နေတော့သည်၊

“ဒီသားရဲတွေက ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးရှိတာဘဲ”မျက်မှန်နှင့် လူကအံ့အားသင့်စွာနှင့်ပြောလိုက်သည်၊

သူက ဒီလိုမျိုးသားရဲအနည်းငယ်ကိုသူ့ဘဝတွင်မြင်ဖူးခဲ့သည်, ဒါပေမယ့် ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးရှိသော ဒမ်ဘီကဲ့သို့အများစုမရှိပေ၊

ဒါကရဲတင်းပြီးထင်ရှားတဲ့လက္ခဏာရှိတဲ့ ဖုတ်ကောင်အမျိုးအစားသားရဲလား?

ထိုလူက ဖုန်းတု (သို့) ရှန်းရှီလိုမျိုးအလားအလာရှိတဲ့သားရဲအမျိုးအစားတစ်ခုကို ရှာဖွေရန်ဖြစ်သင့်သည်ဟုသူ့ကိုယ်သူစဉ်းစားနေသည်၊

“အပြင်မှာ သားရဲတွေအများကြီးရှိတယ်၊ ယာဉ်အသွားအလာပြဿနာကိုဘယ်လို ဖြေရှင်းလဲ? ဒီအဝေးပြေးလမ်းတွေက သားရဲတွေဖျက်ဆီးထားတာမဟုတ်ဘူးလား?” ကောင်းဖန်ကမေးလိုက်သည်၊ သူကလေယာဉ်ပေါ်မှာဘာမှလုပ်စရာမရှိဘူးဆိုတော့ သူကမျက်မှန်တပ်ထားတဲ့လူနဲ့စကားပြောဖို့ဆုံးဖြတ်လိုက်သည်၊

ထိုလူက ဒီလိုအချက်အလက်မျိုးတွေကိုများသောအားဖြင့်ပြောလေ့မရှိသော်လည်း သူ့ကိုယ်သူတွေးမိတာက ဒါကတင်းတင်းကျပ်ကျပ်ကိုလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက် လည်းမဟုတ်ပေမယ့်တကယ်တော့, အဝေးပြေးလမ်းမတွေက ဟွားရှားနယ်မြေစစ်တပ်မြို့တွေကြားထဲမှာ ရှိတယ်၊ သူတို့ရဲ့အခြေအနေတွေက အရင်ကနဲ့တော့မတူတော့ဘူး၊ ငါကလမ်းအရည်အသွေးတွေအကြောင်းကိုပြောတာ တော့မဟုတ်ဘူး, ဒါက လမ်းအရေအတွက်ကိုပြောနေတာ၊ ငါတို့မှာလူအင်အားက အကန့်အသတ်ရှိတယ်, ဒါကြောင့်ငါတို့က အနည်းအကျဉ်းလောက်ပိုပြီးအရေးကြီးတဲ့ လမ်းကြောင်းတွေကို စောင့်ကြပ်ဖို့ရွေးလိုက်တာ၊ ဒါတောင်ဘဲ, ငါတို့မှာ တစ်ချို့ပြဿနာတွေကိုဖြေရှင်းနေရတုန်းဘဲ” မျက်မှန်နဲ့လူကပြောလိုက်သည်၊

ကောင်းဖန်ကတိတ်ဆိတ်နေသည်၊ အခုလက်ရှိလမ်းအခြေအနေက အရင်တုန်းကလမ်း အခြေအနေနှင့်အတော်လေးဆင်တူသည်၊ တောင်တွေနဲ့များပြားတဲ့ရေတွေရှိတဲ့နေရာတွေက အတော်လေးပိုပြီးလုံခြုံသည်၊ သို့သော်တရားဝင်လမ်းများပေါ်တွင်သားရဲများနဲ့ တွေ့ခြင်းသည်ရှားပါးသော ကိစ္စတော့မဟုတ်ပါ၊ အကယ်၍ကံမကောင်းစွာနဲ့ သူက ကျားကဲ့သို့သောသားရဲများနှင့်ပင်တွေ့နိုင်သည်၊ ဒါကလူတစ်ယောက်ရဲ့ကံကြမ္မာနဲ့ လုံးလုံးလျားလျားမူတည်သည်၊

အဝေးပြေးလမ်းမပေါ်ရှိကားအများစုသည်ယာဉ်တန်းများအဖြစ်သွားလာစေ၍, ၎င်းက သူတို့အတွက်လုံခြုံမှုကိုကောင်းမွန်စွာတိုးမြှင့်ထားသည်၊

ကောင်းဖန်တိတ်ဆိတ်၍သာနေသည်၊

ကောင်းဖန်၏ဘေးတွင်ရှိနေသောကျောင်းသားက မျက်မှန်နဲ့လူကိုမေးလိုက်သည်, “ဆရာ,ဖြေဆိုသူဘယ်နှစ်ယောက်လောက်ရှိမယ်လို့ထင်လဲ၊ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဖြေဆိုသူတွေအာလုံးလာနေကြပြီလား?”

“သူတို့က ကမ္ဘာတစ်ဝန်းလုံးကလာကြတာမျိုးအများကြီးတော့မဟုတ်ဘူး၊ ဖြေဆိုသူ တွေအားလုံးကဟွားရှားနယ်မြေစစ်တပ်မြို့တွေကဘဲ၊ ဒါကြောင့်မင်းတို့က ချန်အန်းမြို့ ဂုဏ်တက်အောင်လုပ်ပေးဖို့လိုအပ်တယ်၊”

“ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ” ထိုကျောင်းသားကပြောလိုက်ပြီးသူ့ရဲ့လက်မကို ထိလိုက်သည်၊ သူကကောင်းဖန်သူ့ကိုကြည့်နေတာကိုသတိထားမိပြီး သူရဲ့ညာလက် ကိုမြှောက်လိုက်ပြီးပြုံးပြကာပြောလိုက်သည်, “မင်္ဂလာပါ, ငါ့နာမည်ကဝမ်ကျန်းရှန်၊ ငါမင်းနာမည်ကိုမေးလို့ရမလား? ငါမင်းကိုသိချင်နေတာကြာပြီ”

ကောင်းဖန်ကခဏလောက်တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်, “ကျေးဇူးပါ၊ ငါကကောင်းဖန်ပါ”

“ဟယ်လို၊ ငါမင်းကိုသတိထားမိတယ်, ဘာလို့တုန်းဆိုတော့မင်းရဲ့သားရဲတွေက ကြည့်ရတာအရမ်းမိုက်တယ်၊ အထင်မလွဲလိုက်ပါနဲ့” ဝမ်ကျန်းရှန်ကရယ်ရင်းပြော သည်၊

လေယာဉ်ပေါ်မှာစကားစမြည်ပြောရင်းသူတို့အချင်းချင်းရင်းနှီးလာကြသည်၊၊

ငါးနာရီကြာပြီးနောက်‌လေယာဉ်ကဆင်းသက်တော့သည်၊ ခရီးတစ်လျှောက်လုံးသူတို့ ဧကရာဇ်အဆင့်ပျံသန်းသားရဲပုံစံတစ်ကောင်တစ်လေကိုမျှ မတွေ့ခဲ့ပေ။

***

အပိုင်း၁၃၀ တစ်နိုင်ငံလုံးမှဖြေဆိုသူများ

စကားပြောခြင်းဖြင့်, ကောင်းဖန်သည် အခြားဖြေဆိုသူအရာရှိလောင်းငါးဦးတွင် လေးဦးသည် ချမ်းသာသောမိသားစုများမှဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ နိုင်ငံရေးနောက်ခံ မိသားစုမှမဟုတ်လျှင်, ၎င်းတို့သည်လက်သစ်လူချမ်းသာဒုတိယမျိုးဆက်များဖြစ်လျှင် ဖြစ်, မဟုတ်လျှင်သူတို့၏မိဘများကအင်အားကြီးသောသားရဲလေ့ကျင့်ပေးသူများ ဖြစ်ကြသည်။

ဟန်ရှောင်နှင့်ကောင်းဖန်သည်သာမန်လူများသာဖြစ်ပြီး သူတို့ကတစ်ယောက်နှင့် တစ်ယောက်ခင်မင်ရင်းနှီးကြသည်၊

ဟန်ရှောင်ကကောင်းဖန်ကိုပြုံးရွှင်စွာဖြင့်ပြောလိုက်သည်, “စာမေးပွဲပြီးသွားတာနဲ့ ကုမ္ပဏီအနည်းငယ်လောက်ကငါ့ကိုလာရှာကြတယ်၊ သူတို့ထဲကတစ်ခုခုများမင်းကို လာရှာကြလား?”

ကောင်းဖန်ကအံ့ဩသွားပြီး သူကမျက်မှောင်ကြုတ်လိုက်သည်၊ ဘယ်သူမှသူ့ကို လာမရှာကြသေးပေ၊ ဒါဘာလဲ…

ဟန်ရှောင်ကကောင်းဖန်၏စိတ်ရှုပ်ထွေးနေသောအမူအရာနှင့်တွေးနေတာကို မြင်တာကြောင့်သူကပြုံးကာပြောလိုက်သည်၊ “မင်းကချန်အန်းမြို့မှာနံပါတ်တစ်ဘဲလေ၊ ရလဒ်ထွက်လာပြီးရင်ကုမ္ပဏီတွေကသေချာပေါက်မင်းကိုလာရှာကြလိမ့်မယ်!”

“အင်း, ဖြစ်နိုင်ပါတယ်” ကောင်းဖန်ကတိတ်တဆိတ်ဖြင့်သူ့အဘိုး ဒါမှမဟုတ် ဦးလေးလျိုကိုသူ့ဘေးနားအားကုမ္ပဏီတွေမလာနိုင်အောင်လုပ်နေတာဖြစ်နိုင်သည်ဟု သူကိုယ်သူတွေးလိုက်မိသည်။

ဟန်ရှောင်၏ကိုယ်ပိုင်သားရဲသည် နတ်ဘုရားပုရွက်ဆိတ်ဖြစ်သည်၊ ကောင်းဖန် ကြားမိတာတော့, ၎င်းကတစ်ခုခုကိုမှားယွင်းစွာစားမိပြီးပုရွက်ဆိတ်အနက်မှ နတ်ဘုရားပုရွက်ဆိတ်အဖြစ်သို့သန္ဓေပြောင်းလာခဲ့သည်။ ထို့ကြောင့်, ဗီဇပြောင်းလဲ ခြင်းသည်ဘုရားသခင်၏လုပ်ရပ်ဖြစ်သည်ဟူသောအချက်ကိုရည်ညွှန်း၍နာမည်က ထိုသို့ဖြစ်လာခြင်းဖြစ်သည်။

ကောင်းဖန်က၎င်းကိုကြည့်လိုက်သည်၊ ၎င်းသည်အဆင့်၂၁,အုပ်ချုပ်သူအဆင့်, အထူးအဆင့်အတန်း,သားရဲတစ်ကောင်ဖြစ်သည်။

၎င်းကနှစ်မီတာခွဲလောက်မြင့်ပြီး, ငါးမီတာလောက်ရှည်သည်၊ ၎င်းတွင်အပြင်ဘက်၌ ရွှန်းစိုတောက်ပနေသောအခွံရှိပြီး ကြည့်ရသည်မှာအရမ်းကိုခန်းညားထည်ဝါလှသည်။

ဒါပေမယ့်ကောင်းဖန်အတွက်တော့ ဒီသားရဲ၏အမည်အရင်းမှာရွှေနတ်ဆိုးပုရွက်ဆိတ်အဖြစ်ဖော်ပြထားသည်၊ နတ်ဘုရားပုရွက်ဆိတ်ဆိုသောအမည်သည်သင့်လျော်မှု မရှိပါ။

ဒါကစိတ်ဝင်စားဖို့ကောင်းသည်၊ ဒါကမူပိုင်ခွင့်မှတ်ပုံတင်ပြီးသွားပြီလားဘဲ?

[မကောင်းဆိုးဝါးအမည်]-ရွှေနတ်ဆိုးပုရွက်ဆိတ်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၁ (အုပ်ချုပ်သူအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-ရွှေ

[မကောင်းဆိုးဝါးအားနည်းချက်]-၁-၎င်း၏အဆစ်များကို၎င်း၏အခွံများဖြင့် ကာကွယ်ထားခြင်းမရှိပေ၊ ၂-မအီမသာဖြစ်စေသည့်အနံ့များကိုမုန်းသည်။

အုပ်ချုပ်သူအဆင့်အထိလေ့ကျင့်ဖို့အတွက် အရည်အချင်းတစ်ခုတည်းနှင့် လေ့ကျင့်ပေးရန်ခက်ခဲသည်၊ သားရဲလေ့ကျင့်ပေးသူများသည်ကောင်းမွန်သော‌ နောက်ခံမှမလာဘဲ သို့မဟုတ် လိုအပ်သောအရင်းအနှီးများမရှိပါကသားရဲ၏ တိုးတက်မှုကိုအရှိန်မြှင့်တင်ဖို့အတွက်လိုအပ်သောအရာများကိုရယူနိုင်မည်မဟုတ်ပေ၊ သူတို့ကံကောင်းပြီး ထိုကံကောင်းခြင်းတွေရခဲ့လျှင်တောင်သူတို့ကဝေးကွာနေသေး သည်၊ ဒါကအေးစက်ကြမ်းတမ်းသည့်အစစ်အမှန်ပင်ဖြစ်သည်။

သာမန်လူက၎င်းတို့၏သားရဲလေ့ကျင့်သူများကိုလေ့ကျင့်မပေးနိုင်ဟုဆိုလိုသည် မဟုတ်ပေ၊ ပိုပြီးကံကောင်းဖို့တော့လိုသေးသည်၊ သူတို့အခွင့်အရေးအတွက်အချိန်ပေး ရမည်၊ ချမ်းသာသူများသည်လိုအပ်သောနည်းပညာများကိုဝယ်ယူနိုင်သော်လည်း ဆင်းရဲသူများကတော့စွန့်စားရန်လိုအပ်သည်။

ကောင်းဖန်၏အရည်အချင်းကတော့ သူလိုအပ်တဲ့ပစ္စည်းတွေကိုမပိုင်ဆိုင်ဘဲနဲ့ သူ၏သားရဲတွေကိုနောက်တစ်ဆင့်တက်အောင်လုပ်နိုင်ခဲ့သည်၊ ၎င်းသည်သူ၏ သားရဲများကိုလေ့ကျင့်ပေးသောအခါတွင်ဖြတ်လမ်းနည်းများကိုယူနိုင်ခဲ့သည်၊ သို့သော် သူသည်သူ၏သားရဲများ၏ကြီးထွားမှုအရှိန်ကိုတော့မြှင့်တင်မပေးနိုင်ပေ၊

လေယာဉ်ကဆင်းသက်ပြီဖြစ်သည်။

သူတို့ရှေ့တွင်ရှုပ်ယှက်ခတ်နေသောမြို့တော်ကြီးရှိပြီး, လေဆိပ်ထဲတွင်လေယာဉ်တွေ အတက်အဆင်းလုပ်နေကြတာကိုမြင်တွေ့ရသည်၊ဤသည်မှာ ကျန်းနန်အခြေစိုက် စခန်းမြို့အတွက်ကောင်းဖန်၏ပထမဆုံးခံစားချက်ဖြစ်သည်။

ကျင်းနန်၏အခြေစိုက်မြို့နောက်ထပ်အမည်တစ်ခုမှာ ဝုဒူဖြစ်သည်၊ ၎င်းက မော့ဒူနှင့်ကျင်းလင်ဒူတို့နှင့်အတော်လေးနီးပြီး, ကပ်ဆိုးကြီးပြီးနောက် ဟွားရှားနယ်ပယ်တွင်ထိပ်တန်းမြို့ဖြစ်သည်။

“ကျင်းနန်မြို့အခြေစိုက်စခန်းကနေကြိုဆိုပါတယ်” လေယာဉ်ဆင်းသည်နှင့် လေဆိပ်ရှိစပီကာမှအမျိုးသမီးတစ်ဦး၏ချိုသာသောအသံကထွက်ပေါ်လာသည်။

လေယာဉ်၏နောက်ဘက်ရှိတံခါးလျှောကဖွင့်လာပြီး နေရောင်ခြည်ကလေယာဉ်၏ အတွင်းသို့ဝင်လာသည်။

“ဟေး,အဲ့တာစစ်တပ်လေယာဉ်မလား? ဒီနေ့ဘာလို့စစ်တပ်လေယာဉ်တွေအရမ်းများ နေတာလဲ?” အပြင်ဘက်သို့စိုက်ကြည့်နေရင်းလေဆိပ်ဧည့်ခန်းရှိခရီးသည် တစ်ယောက်ကမေးလိုက်သည်၊

သူ့လေယာဉ်ကိုစောင့်ဆိုင်းပြီးနာရီပိုင်းအတွင်းအနည်းဆုံးစစ်လေယာဉ်၈စီးဆင်းသက် တာကိုတွေ့လိုက်တာဖြစ်သည်။ စိမ်းပြာရောင်လေယာဉ်ပျံများတွင်အပြာရောင်အစင်း များပါရှိပြီး၎င်းတို့၏ကိုယ်ထည်သည်၎င်းတို့အားအလွန်နည်းပညာမြင့်မားသည့်ပုံစံ ပေါက်စေသည်။

“မင်းကကျန်းနန်အနီးနားမှာသားရဲအရေအတွက်ကတစ်ဟုန်ထိုးတက်လာလို့ အဲ့လို ထင်တာလား?” အနီးနားမှာရှိတဲ့လူတစ်ယောက်ကကြောင့်ကြလျက်မျက်မှောင်ကြုတ် ကာမေးလိုက်သည်။

သေချာပေါက်တော့မဟုတ်ဘူးပေါ့၊ အကယ်၍အဲ့ဒီမှာသားရဲတစ်ဟုန်ထိုးတက်လာရင် သတင်းမှာအဲ့အကြောင်းပြောလိမ့်မယ်” နောက်ထပ်လူတစ်ယောက်က ထိုသူကို နှစ်သိမ့်ကာပြောလိုက်သည်၊

“မျှော်လင့်ရတာဘဲ…”ထိုလူကခေါင်းညိတ်ကာပြောလိုက်သည်၊

“မင်းစိုးရိမ်နေစရာမလိုပါဘူး၊ ဒါကစစ်ပွဲဖြစ်လာဖို့အတွက်မဟုတ်ဘူး၊ ဒီလေယာဉ်တွေ ကဟွားရှားနယ်ပယ်တွေထဲက သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲဒုတိယအချီ အတွက် စာမေးပွဲဖြေသူတွေကိုသယ်လာတဲ့လေယာဉ်တွေဘဲ” နောက်ထပ်လူတစ်ဦး ကပြောလိုက်သည်၊

“သူတို့ကတကယ်တန်း စစ်ဆေးဖို့အတွက် လူအများကြီးကိုစုရုံးနေတာပေါ့? သူတို့ကို ခေါ်ဖို့အတွက်စစ်လေယာဉ်တွေသုံးပြီးတော့တောင်လေ…” ထိုလူတွေထဲက တစ်ယောက်ကအံ့ဩသွားတော့သည်၊

“ဟေး, မင်းဘာသိလို့တုန်း? အဲ့ဒီမှာ အခြေစိုက်မြို့တစ်ခုကနေပြီး ဖြေဆိုသူအနည်းငယ် လောက်ဘဲပါတာ,ဖြစ်နိုင်တာက, အားလုံးပေါင်း ဆယ့်နှစ်ယောက်လောက်ဘဲ၊ သူတို့ကဖြေဆိုသူထောင်ဂဏန်းထဲမှာ အကောင်းဆုံးနဲ့အတောက်ပဆုံးတွေဘဲ၊ သေချာပေါက် စစ်တပ်နယ်မြေက ဒီလိုပါရမီရှင်တွေကိုကာကွယ်ဖို့လိုအပ်တယ်” ထိုလူငယ်ကမျက်လုံးကိုလှိမ့်ပြီးပြောလိုက်သည်၊

“အိုး…သူတို့ကထောင်ဂဏန်းထဲကမှ လူအနည်းငယ်တွေ? ဒါဆိုသူတို့ကမြို့တစ်ခုစီ တိုင်းကထိပ်တန်းဖြေဆိုသူတွေပေါ့၊ သူတို့ကသေချာပေါက်ကို ပါရမီရှိရမယ်” ပထမဆုံးမေးခွန်းမေးတဲ့လူငယ်ကပြောလိုက်သည်၊ “ဟေး, သူတို့ကကျန်းနန်ဌာနချုပ် ကိုဘာလို့လာတာလဲ မင်းသိလား?

“မင်းရက်အနည်းငယ်လောက်က တီဗွီမှာဘာတွေဖြစ်နေလဲဆိုတာကြည့်သင့်တယ်” လူငယ်ကပြောလိုက်သည်၊ သူကလည်ချောင်းကိုရှင်းလိုက်ပြီး, သူ့ရဲ့ကော်လံကို ညှိလိုက်ကာသူ့နှာခေါင်းကိုမြှင့်လိုက်သည်၊

နားစွင့်နေသောလူလတ်ပိုင်းအမျိုးသမီးတစ်ဦးကရုတ်တရက်ကြားဖြတ်လိုက်ပြီး “အစိုးရမှာလုပ်နေတဲ့မိသားစုတစ်ယောက်များ မင်းမှာရှိလား? မဟုတ်ရင် မင်းကဒီလိုကိစ္စတွေဘယ်လိုလုပ်သိတုန်း?”

လူငယ်၏ပါးစပ်ကအနည်းငယ်တွန့်သွားတော့သည်၊ မင်းနောက်ဆုံးတော့မေးလာပြီ!

သူကအသက်ပြင်းပြင်းရှုလိုက်ပြီး, ဂုဏ်ယူစွာနဲ့ကြည့်လိုက်ကာ သူ့ပါးစပ်ကိုဖွင့်လိုက် သည်-

“ယဲ့ဟန်! မင်းဘာလို့ဒီကိုရောက်နေတာလဲ? မင်းကငါတို့ကိုနှလုံးရောဂါရလုနီးပါးဖြစ်အောင်လုပ်နေတာဘဲ,” မြင်းမြီးပုံစံဆံပင်စုချည်ထားတဲ့မိန်းမငယ်လေးက ကောင်လေးဆီကိုလျှောက်လာသည်၊ “ အားလုံးကထွက်သွားခါနီးနေပြီ, ဒါပေမယ့်မင်းပျောက်နေ တာမြင်လိုက်တယ်လေ၊ အကယ်၍မင်းသားရဲကသာလမ်းမပြဘူးဆိုရင်မင်းကိုရှာလို့ တောင်တွေ့မှာမဟုတ်ဘူး၊ မင်းဘာလို့လူတွေကိုအမြဲတမ်းစိတ်ပူရအောင်လုပ်နေတာ လဲ? ငါကမင်းအမေတောင်မဟုတ်ဘူး !” မိန်းကလေးရဲ့လေသံကပိုပြီးအလေးအနက် ဖြစ်လာပြီးပြောတော့သည်၊ ဒီကောင်စုတ်လေးလျှောက်သွားနေတာ သုံးကြိမ်လောက် ရှိနေပြီ!

မြင်းမြီးဆံပင်ကေနဲ့မိန်းကလေးနောက်က အဖြူရောင်ဝက်ပေါက်လေးလိုက်ပါလာ သည်၊ ၎င်းကသူ့ခေါင်းကိုယမ်းလိုက်ပြီး လူလိုမျိုးအရမ်းတူတဲ့သက်ပြင်းချမှုမျိုးပြ လိုက်သည်၊ သူကသူ့ရဲ့တုံးအတဲ့သခင်အတွက်စိတ်ပျက်နေမိသည်၊

ယဲ့ဟန်၏မျက်နှာကအနီရောင်ပြောင်းသွားပြီးသူ့လက်ကိုဘေးဘက်သို့ဝှေ့ယမ်းလိုက် ကာပြောလိုက်သည်, “ကျွန်တော်မပျောက်ပါဘူး! ကျွန်တော်ကတခြားမြို့တွေက သားရဲလေ့ကျင့်သူတွေဘယ်လိုပုံစံရှိလဲဆိုတာကြည့်ချင်ရုံဘဲ၊ ပြီးတော့, သားရဲ လေ့ကျင့်ပေးသူတစ်ယောက်ကလမ်းမှားသွားရင်တောင်မပျောက်နိုင်ဘူး၊ ဒါကိုထည့် မတွက်ဘူး”

ထိုရှင်းပြချက်ကအရမ်းကိုအဓိပ္ပါယ်မရှိဖြစ်နေတာကြောင့် ဝက်ပေါက်လေးပင်ရယ်ချလုနီးပါးဖြစ်သွားတော့သည်၊ ၎င်းသည်အရမ်းကိုရီရတဲ့ပြက်လုံးတစ်ခုပင်ဖြစ်သည်၊ မြင်းမြီးဆံပင်နှင့်မိန်းကလေးကမရယ်ဘဲနှင့်မနေနိုင်ပေ၊

လေဆိပ်ဧည့်ခန်းသည်ရုတ်တရက်ရွှင်မြူးသောအငွေ့အသက်ရှိနေတော့သည်၊

နောက်ဆုံး, မြင်းမြီးကေနှင့်မိန်းကလေးကအော်လိုက်သည်, “နောက်တစ်ခါလျှောက် မသွားနဲ့”

…

ဒါတွေကစာမေးပွဲမှာပါမယ့်ဖြေဆိုသူတွေပေါ့? ကောင်းဖန်ကဘေးပတ်လည်ကိုကြည့်လိုက်ပြီး စာမေးပွဲဖြေသူတွေကိုစစ်ဆေးနေသည်၊

ဒီမှာလူတွေအများကြီးဘဲ, ၂၀၀နီးပါးရှိတယ်၊

ကံကောင်းစွာနဲ့ဘဲ, သူကဟွားရှားနယ်မြေမှာကြီးပြင်းလာခဲ့ပြီး လူစည်ကားသောနေရာတွင်နေခဲ့ဖူးသည်၊

ဟွားရှားဒေသတွင်အခြေဆိုက်မြို့၅၀လောက်ရှိသည်၊ကပ်ဆိုးကြီးမတိုင်ခင် ဒုတိယအဆင့်မြို့အများစုသည် ကပ်ဆိုးကြီးပြီးနောက်တွင်အခြေဆိုက်မြို့များဖြစ်လာ ခဲ့သည်၊

ထိုတွင်သားရဲအမျိုးအစားအားလုံးရှိသည်၊ အခြေခံအားဖြင့် ကွဲပြားသောသားရဲအမျိုး အစားတိုင်းကို ထိုနေရာတွင်ကိုယ်စားပြုသသည်!

ထိုနေရာတွင်, ပျံသန်းအမျိုးအစား, ခြေမီတာရှည်သောမီးတောင်လင်းတအမျိုးအစား မျိုးရှိသည်၊ ၎င်း၏ခန္ဓာကိုယ်မှအပူချိန်များထုတ်လွှတ်နေသည်၊

ကောင်းဖန်ကဆီလီသည်အလွန်ကြောက်နေသောကြောင့်ပုန်းနေမည်ဟုသူထင်လိုက် သည်၊ ကောင်းဖန်ရဲ့ခေါင်းပေါ်မှာတင်းတင်းကြပ်ကြပ်ကပ်တွယ်နေမယ်လို့ဘယ်သူက ထင်မှာလဲ? ထို့နောက်သူကကောင်းဖန်ရဲ့နောက်ကျောဘက်သို့သွားလိုက်သည်၊ သွေးစာချုပ်အရ, ကောင်းဖန်သည်ဆီလီစကားပြောနေတာကိုကြားရသည်, “ငါကသစ်သီးဖျော်ရည်မဟုတ်ဘူး၊ ငါကအရသာမရှိဘူး, ငါ့အရသာကမကောင်းဘူး..”

ထို့နောက်ပျံသန်းအမျိုးအစား, ထိုနေရာတွင် ဖုတ်ကောင်အမျိုးအစား, အကုန်လုံးက ဝတ်ရုံတွေကိုဝတ်ဆင်ခြင်း ဒါမှမဟုတ် အဝတ်များကိုတင်းတင်းကြပ်ကြပ် ပတ်ထားခြင်းများလုပ်ထားသည်၊ ဖြစ်နိုင်ရင်သူတို့ကဘယ်သူ့ကိုမှမကြောက်စေချင် ဘူး။

***

အပိုင်း၁၃၁ နွယ်ဖုံးကျောက်သားရဲ

သားရဲအများစုကအတော်လေးသာမန်ဖြစ်ပေမယ့်, ကောင်းဖန်ရဲ့စိတ်ကိုဆွဲဆောင်နိုင် တဲ့ကောင်ကတော့အနီးနားရှိသားရဲဖြစ်ပြီး ၎င်းကကြည့်ရသည်မှာတစ်ကိုယ်လုံး မာကျောသောကျောက်တုံးများဖြင့်ပြုလုပ်ထားပုံရသည်၊

ထိုသားရဲကိုကြည့်လိုက်သည့်အချိန်တွင်, ကောင်းဖန်ရဲ့စိတ်ထဲတွင်ပထမဆုံးရောက် လာသောအရာတစ်ခုမှာ တောင်ဘီလူး၏ပုံစံငယ်မျိုးဖြစ်ကြောင်းပင်ဖြစ်သည်၊ ဒဏ္ဍာရီလာအစစ်အမှန်တောင်ဘီလူးနှင့်နှိုင်းယှဉ်လျှင်ထိုသားရဲသည်အိတ်ဆောင် အရွယ်အစားလောက်ပင်ရှိသည်၊၎င်း၏ခန္ဓာကိုယ်သည်ကြတ်ခြေခတ်အဝါရောင် နွယ်ကြောင်းများနှင့်ဖုံးထားပြီး ၎င်း၏ခေါင်းထိပ်တွင်တောက်ပသောအဝါရောင် ပန်းပွင့်များသည် သေးငယ်သောစက်ဝိုင်းပုံစံလေးဖြင့်ဝိုင်းထားသည်၊

[မကောင်းဆိုးဝါးအမည်]- နွယ်ဖုံးကျောက်သားရဲ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၃

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်

[မ‌ကောင်းဆိုးဝါးစွမ်းရည်]-ကျောက်တုံး

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ (ရှက်နေခြင်း)

[မကောင်းဆိုးဝါးအားနည်းချက်]-၁၊ အရိပ်အမျိုးအစားသားရဲ, ၂၊၎င်းကသူ၏ဓာတ်ပုံ ရယူခြင်းကိုကြောက်ရွံ့သည်၊

“ကျေးဇူးပြုပြီး ဓာတ်ပုံမရိုက်ကြပါနဲ့” ကျောက်သားရဲ၏ပိုင်ရှင်ကဖုန်းများထုတ်နေ‌ သောအနီးအနားရှိသားရဲလေ့ကျင့်သူများကိုပြောကြားလိုက်သည်၊ “သူကသူ့ပုံကိုရိုက်တာမကြိုက်လို့ပါ”

သားရဲလေ့ကျင့်သူများသည်နားလည်မှုဖြင့်ခေါင်းညိတ်လိုက်ကြသည်၊ သူတို့၏ဖုန်းများ ကိုပြန်ထည့်ထားလိုက်ကြသည်၊

ကမ္ဘာပေါ်ရှိလူအများစုသည်ကြည့်ရသည်မှာကျိုးကြောင်းဆီလျော်စွာနှင့်မျှမျှတတ နေတတ်ကြပုံရသည်၊

ကောင်းဖန်ကသူ့လမ်းကြောင်းကို ထိုလေ့ကျင့်သူဘက်ကိုလှည့်ကာသွားလိုက်ပြီး “ဒါကမင်းရဲ့သားရဲလား? သူ့ကိုကြည့်ရတာအရမ်းမိုက်တယ်၊ ငါဒီလိုသားရဲမျိုးအရင် တစ်ခါမှမမြင်ဖူးဘူး” သူကအံ့အားသင့်စွာပြောလိုက်သည်၊

“ကျေးဇူးတင်ပါတယ်” ကျောက်သားရဲပိုင်ရှင်က သူ့ခေါင်းကိုအလျင်အမြန်ညိတ်ကာ ပြန်ပြောလိုက်သည်၊

ပိုင်ရှင်သည်မှိုပုံစံဆံပင်ကေနှင့်အနောက်တိုင်းပုံစံကောင်လေးဖြစ်ကာ, ကြီးမားသော မျက်မှန်ဝိုင်းကြီးများနှင့် သာမန်ရိုးသားသောမျက်နှာလေးနှင့်ဖြစ်သည်၊ သူ့ပုံစံက ငယ်ပုံရသော်လည်း သွေးစာချုပ်ချုပ်ဆိုပြီး ပြိုင်ပွဲ၏ဒုတိယအချီသို့ဝင်ရောက်ယှဉ်ပြိုင် နိုင်ခြင်းဖြင့်ကြည့်လျှင် သူကအနည်းဆုံး၁၈နှစ်လောက်ရှိလောက်မည်ဖြစ်သည်၊

“မင်းရဲ့သားရဲကိုကြည့်ရတာ အတော်လေးရှက်နေပုံပဲ” ကောင်းဖန်ကရယ်ကာပြော လိုက်သည်၊ များပြားသောသားရဲများနှင့်တုံ့ပြန်မှုများဖြင့်ဆက်သွယ်ပြီးနောက်, သူသည်သားရဲအများစုနှင့် အချို့သားရဲများသည်ကျယ်ပြန့်သောစိတ်ခံစားချက်များ ရှိသည်ကိုသူသတိထားမိသည်၊ သူတို့တွင်ကိုယ်ပိုင်ပျော်ရွှင်မှု, ဒေါသ, ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတွေရှိပြီး သူတို့ကိုရိုးစင်းတဲ့ပုံစံတွေနဲ့မဖော်ပြကြဘူး၊

“ဟုတ်တယ်, သူကအတော်လေးရှက်တတ်တယ်၊” ကျောက်သားရဲပိုင်ရှင်ကပြောလိုက် သည်၊ စကားပြောပြီးနောက်,သူကိုယ်သူ မနှုတ်ဆက်ခြင်းသည်ယဉ်ကျေးမှုမရှိသည်ကို သဘောပေါက်လိုက်သည်၊ ချက်ချင်းပင်,သူ၏ညာဖက်လက်ကိုဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်, “ဟိုင်း, ငါ့နာမည်ကကျန့်ခယ်၊ ငါကမော့ဒူ ကပါ။”

“ကောင်းဖန် , ချန်အန်းက”

“ကျွန်တော်ချန်အန်းကိုရောက်ဖူးတယ်၊ အဲ့တာကဆယ့်သုံးဆက်မြောက်မင်းအုပ်စိုးပြီး ရှေးဟောင်းသမိုင်းတွေနဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ရှေးဟောင်းမြို့ဘဲ၊ အဲ့ဒီမှာတာကိုဒါတပ်သားတွေရှိတယ်! တာကိုဒါတပ်သားတွေကအကျော်ကြားဆုံးဘဲ” ကျန့်ခယ်ကရှက်ရွံ့စွာနဲ့ရယ်လိုက်သည်၊ သူ့ရဲ့ဆက်ဆံမှုပုံစံက သူ့ရဲ့သားရဲနဲ့တစ်ပုံစံ တည်းပဲ။

ဆိုရိုးစကားတွေအရ, အကယ်၍ သတို့သမီးသည်မိသားစုထဲသို့လက်ထပ်ရန်ရည်ရွယ် မထားလျှင် ကံကြမ္မာကလည်းသူမကိုတံခါးရှေ့ခေါ်လာမည်မဟုတ်ပေ၊ အမှန်စင်စစ် တစ်နည်းမဟုတ် တစ်နည်းဖြင့်သားရဲလေ့ကျင့်ပေးသူတစ်ဦး၏ကိုယ်ရည်ကိုယ်သွေး သည်အကျွမ်းတဝင်သားရဲ၏ပင်ကိုယ်စရိုက်အပေါ်သို့သက်ရောက်မှုရှိလိမ်မည်၊

ကောင်းဖန်သည် သူ၏သားရဲများ၏စရိုက်များကိုရုတ်တရက်စဉ်းစားမိလိုက်ပြီးနောက် ထိုအတွေးတို့ကိုအမြန်စွန့်ပစ်လိုက်သည်၊

“တာကိုဒါတပ်သား, အာ?” ဒါဟုတ်တယ်! အဲဒီလိုမျိုးပစ္စည်းတွေမှအများကြီးဘဲ” ကောင်းဖန်ကပြောလိုက်သည်၊ “နောက်တစ်ကြိမ် မင်းချန်အန်းကိုလာရင်, ငါသူတို့ထဲကအနည်ငယ်ကိုမင်းကိုရောင်းပေးမယ်”, ကောင်းဖန်ကကျယ်လောင်စွာ နှင့်ဝံ့ကြွားလိုက်သည်၊

“သူတို့ကရောင်းလို့ရတယ်!” ကျန်းခယ်ကအံ့ဩသွားတော့သည်၊ ဒါကတာကိုဒါ တပ်သားတွေကိုရောင်းဖို့အတွက်ဆိုတာသူပထမဆုံးကြားဖူးခြင်းဖြစ်သည်၊ သူကခဏ လောက်တုန့်ဆိုင်းနေပြီးနောက်,ဂရုတစိုက်မေးလိုက်သည်, “အဲ့တာက….တရားမဝင် လား? ငါတရားမဝင်တာတစ်ခုမှမလုပ်ဘူး”

“ကောင်းပြီ, နိုင်ငံပိုင်တာကိုဒါတပ်သားတွေကရောင်းလို့မရဘူး,သေချာတာပေါ့” ကောင်းဖန်ကတည်ကြည်လေးနက်စွာနှင့်ပေါင်းပြောလိုက်သည်, “ဒါပေမယ့် ငါ့ကိုယ်ပိုင်ကိုရောင်းမှာလေ၊ ကိုယ့်ကိုယ်ပိုင်ပစ္စည်းကိုရောင်းတာက တရားမဝင်မဟုတ် ဘူးလေ,ဟုတ်တယ်မလား? အကယ်၍ကွာ မင်းကအဖိုးတန်မိသားစုအမွေအနှစ်တစ်ခု ကိုယူပြီးတစ်စုံတစ်ယောက်ကိုရောင်းလိုက်ရင်, ဒါကဥပဒေကိုချိုးဖောက်တာလား?”

“ငါမထင်ဘူး…” ကျန်းခယ်လေးကအကြွင်းမဲ့သေချာမနေဘူး၊

“ဒါဆို, အဆင်ပြေတယ်လေ! အရင်ကချန်အန်းမှာ, လက်တွေ့အရအိမ်ထောင်တစ်ခု ချင်းစီတိုင်းက သူ့တို့တံခါးတွေကိုစောင့်ရှောက်ဖို့အတွက်တာကိုဒါတပ်သားရုပ် နှစ်ယောက်ကိုထားတယ်၊ အဲ့တာတွေကမကောင်းဆိုးဝါးတွေကိုကာကွယ် နိုင်တယ်လေ!” ကောင်းဖန်ကသူ့ခေါင်းကိုညိတ်ကာပြောလိုက်သည်၊

ကျန့်ခယ်ရဲ့မျက်လုံးတွေကသံသယဖြစ်စွာနှင့် “ခင်ဗျားရဲ့အိမ်မှာ တကယ်နည်းနည်း လောက်ရှိတာလား?”

ကောင်းဖန်ကကျယ်လောင်စွာရယ်လိုက်ပြီး ကောင်ငယ်လေးရဲ့ခေါင်းကိုပွတ်လိုက် သည်၊ “ငါကစနေတာပါ! ဘယ်လိုလုပ်ပြီးငါ့အိမ်မှာဒီလိုဟာတွေရှိမှာလဲ? ငါပြောမယ်, မင်းကရုပ်ပိုင်းဆိုင်ရာ သိပ်ပြီးကြီးထွားမှုမရှိသေးဘူး, ဒါပေမယ့် ငါထင်တာတော့, မင်းကစိတ်ပိုင်းဆိုင်ရာမှာလည်းသိပ်ပြီးမဖွံ့ဖြိုးသေးဘူးဘဲ, အတူတူဘဲ! မင်းကို အရူးလုပ်ဖို့အရမ်းလွယ်တယ်၊ မင်းရဲ့ဖွံဖြိုးမှုနှေးနေရင်နော် နောက်ပိုင်း မင်းကောင်မလေးမရဘဲနေလိမ့်မယ်, မင်းသိလား?”

ကျန်းခယ်ရဲ့မျက်နှာကဒေါသကြောင့်နီရဲသွားတော့သည်၊ သူကကောင်းဖန်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်ပြီး စိတ်ကောက်ကာထွက်သွားတော့သည်၊ သူကဒီလိုမျိုး မကောင်းတဲ့လူကြောင့်သူ့ကိုယ်သူထပ်ပြီးအနှောက်အယှက်မဖြစ်ချင်တော့ဘူး၊

နောက်တော့, ပတ်ဝန်းကျင်ကလူအနည်းငယ်ကသူ့ကိုထူးဆန်းစွာကြည့်နေတယ်ဆို တာကောင်းဖန်မြင်လိုက်သည်၊ သူကကိုယ့်မျက်နှာကိုထိလိုက်သည်၊ မဟုတ်ဘူးမလား, ငါ့မျက်နှာမှာဝက်ခြံတွေရှိနေတာမဟုတ်ဘူးမလား,?

…

ဂိတ်တံခါးသည်ပွင့်သွားပြီး အနက်ရောင်ကုတ်အင်္ကျီကိုဝတ်ထားသော ထိပ်ပြောင် နေသောလူကြီးကအထဲသို့ဝင်လာသည်၊ သူကခန္ဓာကိုယ်တည်ဆောက်ပုံကောင်းပြီး, ကြီးမားသောမျက်လုံများနှင့် ထူထဲသောမျက်ခုံးများရှိပြီး ထိုသူကပြတ်သားသောပုံစံ ဖြင့်စကားပြောတော့သည်။ “ဖြေဆိုသူတွေအားလုံးရောက်လာကြပြီ၊ ဒီည, မင်းတို့အားလုံးညစာအတူစားကြရမယ်, ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် သိအောင်နေကြပါ၊ ပြီးတော့, ငါတို့ကသဘောတူညီချက်စာတွေကိုထုတ်ပေးမယ်၊ စာမေးပွဲဒုတိယအကြိမ်မှာပါဝင်ဖို့အတွက် မင်းတို့ရဲ့သေဆုံးနိုင်ခြေကိုအသိအမှတ်ပြု ဖို့လက်မှတ်ထိုးရမယ်”

“ဒီစမ်းသပ်မှုရဲ့တည်နေရာက မြို့ရဲ့လုံခြုံမှုနဲ့ဝေးတဲ့တောထဲမှာဖြစ်တယ်၊ တောရိုင်းထဲ မှာအကန့်အသတ်မရှိဖြစ်နိုင်ခြေအရာတွေရှိတယ်, ဒါကြောင့်မင်းတို့ရဲ့အရေးပေါ်မီးနဲ့ တောင်မှဘဲ ဒီစာမေးပွဲမှာသေဆုံးနိုင်ခြေ အနည်းဆုံး၁၀%ရှိတယ်၊ ထိပ်ပြောင်လူကြီး ကနက်ရှိုင်းတဲ့ရယ်သံကိုပြုလိုက်ပြီး, သူ့ကိုယ်သူထိန်းလိုက်ပြီးနောက်ဆက်ပြောတော့ သည်, “ငါနောက်နေတယ်လို့တော့ မထင်ကြနဲ့၊ ဒီလိုသေဆုံးမှုခန့်မှန်းခြေနှုန်းကို ထည့်စဉ်းစားမယ်ဆိုရင်မင်းတို့ရဲ့သားရဲတွေက အနည်းဆုံးအုပ်ချုပ်သူအဆင့်သားရဲ ဖြစ်တာကြောင့်မင်းတို့ထဲကအချို့ကဒီသဘောတူညီမှုမှာလက်မှတ်ထိုးကြမှာ မဟုတ်ဘူး၊”

ထိုကြေငြာမှုနှင့်အတူ, ညစာ၏အရသာကအလွန်ကောင်းလှသည်၊

ညစာစားပြီးနောက်, ဖြေဆိုသူတွေကို လက်မှတ်ထိုးရန်အတွက် ကြီးမားသော ဟောခန်းထဲသို့ခေါ်သွားတော့သည်၊ စကားတစ်လုံးမှမပြောဘဲ လုပ်ငန်းစဉ် တစ်ခုလုံးကိုပြီးစီးအောင်လုပ်ဆောင်သွားကြသည်၊

ဒီလောက်ထိလုပ်ခဲ့တဲ့သူတွေက သူတို့ရဲ့လုံ့လဝီရီယကိုထားပြီးနေကြသည်၊ သူတို့က သဘောတူညီချက်စာချုပ်ကိုလက်မှတ်ထိုးရမယ်ဆိုတာကြိုပြောထားသည်, အများစု ကစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားကြသည်၊ ကောင်းဖန်သည်စာရွက်စာတမ်းမှတစ်ဆင့် စကင်ဖတ်၍စစ်ဆေးသည်၊ စာပိုဒ်များသည်ရှင်းလင်းပြီးနားလည်ရလွယ်သည်၊ သူတို့၏ အသက်သည်သူတို့၏ကိုယ်ပိုင်တာဝန်သာဖြစ်သော်လည်း သေဆုံးပါကမိသားစုများ အားလျော်ကြေးအဖြစ် ကြီးကြီးမားမားပေးလိမ့်အငြိမ်းစားလစာပေးလိမ့်မည်၊ သူတို့ သည်အာဇာနည်များပင်ဖြစ်သည်။

ကောင်းဖန်သည်သဘောတူညီချက်တွင်လက်မှတ်ရေးထိုးပြီး ပေးအပ်လိုက်သည်၊

“အကုန်လုံးလက်မှတ်ထိုးပြီးပြီဆိုတော့, ငါအခုစာမေးပွဲစည်းမျဉ်းတွေကိုရှင်းပြမယ်” ခဏလောက်ရပ်သွားပြီးနောက် ထိပ်ပြောင်လူကြီးကဆက်ပြောသည်, “တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဒုတိယအကြိမ် စာမေးပွဲအတွက်ဖြေဆိုသူ အားလုံးပေါင်းတစ်ရာနဲ့ကိုးဆယ့်ခုနှစ်ယောက်ရှိတယ်၊ မင်းတို့အားလုံးက နိုင်ငံတွင်းလက်ရွေးစင်တွေဘဲ ! အဆုံးမှာ, မင်းတို့ထဲက တစ်ရာ့ငါးဆယ်သဘောတူ စာချုပ်မှာလက်မှတ်ထိုးခဲ့တယ်၊ ငါအရမ်းကိုကျေနပ်တယ်၊ ဒါကငါမျှော်မှန်းထားတာ ထက်များတဲ့ပမာဏဘဲ၊ မင်းတို့လူအုပ်ထဲမှာ သူရဲဘောကြောင်တဲ့သူ သိပ်မရှိကြရတယ်!” ထိပ်ပြောင်လူကြီးကရယ်မောစွာနှင့်ပြောလိုက်သည်၊

“ဒုတိယအကြိမ်စာမေးပွဲမှာ ရမှတ်စနစ်ကိုအသုံးပြုတယ်၊ တာ့ယန်တောင်ရဲ့တော အတွင်းမှာ,ငါတို့ကများပြားတဲ့အရေအတွက်ရှိတဲ့ ပစ်မှတ်တိုင်လုံးတွေကိုနေရာချထား တယ်၊ ဒီပစ်မှတ်တိုင်လုံးတွေက သားရဲတွေကိုပြင်းပြင်းထန်ထန်ဆွဲဆောင်နိုင်တဲ့ ထူးခြားတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်၊ ပစ်မှတ်မှတ်တိုင်တွေကိုဖျက်ဆီးခြင်းက မင်းတို့ကိုအမှတ်များစွာပေးလိမ့်မယ်၊ တစ်ချိန်တည်းမှာဘဲ သားရဲတစ်ကောင်ကို နှိမ်နှင်းနိုင်ရင် မင်းတို့ကိုအမှတ်တစ်ချို့နဲ့ဆုချလိမ့်မယ်၊”

“အဆုံးမှာတော့, တတိယအချီမှာ အမှတ်အများဆုံးရတဲ့ထိပ်တန်းဖြေဆိုသူ၁၂ယောက် ကိုငါတို့ကရွေးမယ်၊ တတိယအချီက သားရဲလေ့ကျင့်သူကောလိပ်စာမေးပွဲဝင်ခွင့် စာမေးပွဲ၏နယ်နမိတ်ကိုကျော်လွန်သွားနိုင်တယ်၊ အဲတာကကိုယ်ပိုင်နာမည်တောင် ရှိသေးတယ်, “ အငယ်ဆုံးအသန်မာဆုံးမဟာမိတ်သားရဲလေ့ကျင့်သူများ အထွေထွေ စည်းဝေးခြင်း” ဖြစ်သည်၊

“ပြိုင်ပွဲမှာကောင်းကောင်းစွမ်းဆောင်နိုင်တဲ့သူတွေကိုဆုတစ်ခုချီးမြှင့်လိမ့်မယ်၊ မင်းတို့ရဲ့သားရဲတွေကိုတောင်မှဆုတစ်ခုချီးမြှင့်နိုင်တယ်၊ ဒါ့အပြင်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတစ်ကမ္ဘာလုံးမှာတိုက်ရိုက်ထုတ်လွှင့်ပြသမယ်၊ မင်းတို့ရဲ့ သားရဲတွေကြားကတိုက်ပွဲတွေကိုကမ္ဘာတစ်ဝှမ်းကလူတိုင်းကိုပြလိမ့်မယ်၊”

ကောင်းဖန်သည် မခံနိုင်ဘဲပျို့အန်ချင်သလိုခံစားလိုက်ရသည်၊ “အသန်မာဆုံး အငယ်ဆုံးမဟာမိတ်သားရဲလေ့ကျင့်သူအထွေထွေစည်းဝေးခြင်း?” ဘယ်ကမ္ဘာက လူများဒီနာမည်စဉ်းစားမိလိုက်တာတုန်း!?

ဒါပေမယ့်အခြားလူတွေရဲ့အာရုံစိုက်မှုက သေချာပေါက်ကောင်းဖန်နှင့်ကွာခြားသည်၊ သူတို့အားလုံးကခေါင်းစဉ်တစ်ခုအတွက် မျက်လုံးများပြူးကျယ်နေကြပြီးပြင်းပြစွာ လိုချင်နေကြသည်၊ လူငယ်များ၏ကောင်းမွန်သောစိတ်ဝိဉာဉ်နှင့်ပြည့်ဝနေသော ခေတ်တွင်တစ်ကမ္ဘာလုံးကအသိအမှတ်ပြုဘွဲ့ချီးမြှင့်ခြင်းခံရခြင်းသည်အလွန်ကို မြင့်မြတ်သောအရာဖြစ်သည်၊ သို့သော်ကောင်းဖန်သည်စိတ်ကူးဖြင့်လှုံဆော်ခံရခြင်း အပေါ်ဝန်ခံမည်မဟုတ်ပေ၊

သဘောတူညီချက်များကိုလက်မှတ်မထိုးသောသူများကိုအိမ်ပြန်ပို့ခဲ့သည်၊ နောက်ဆုံးတွင်သေဆုံးနိုင်ခြေနှင့်ပတ်သတ်လျှင်မဟာမိတ်အစိုးရသည်လူတိုင်းကို ပါဝင်စေရန်အတင်းအကြပ်မဖြစ်စေပေ၊

ထိုညတွင်ကောင်းဖန်သည် ဓာတ်ငွေ့ကာမျက်နှာဖုံးဦးထုပ်နှင့်လျင်မြန်သော ကာဒီတိုးနစ်အေးဂျင့်တို့ကိုရရှိခဲ့သည်၊ အရေးပေါ်အခြေအနေမျိုးတွင်, ကာဒီတိုးနစ်အေးဂျင့်ကိုအသက်သွင်းနိုင်ပြီး၎င်း၏အကျိုးသက်ရောက်မှုသည် တစ်နာရီကြာလိမ့်မည်။

***

အပိုင်း၁၃၂ စစ်ဆေးပွဲစတင်

ဘယ်လိုခေါင်းစဉ်မျိုးကိုသူရလိမ့်မလဲ? ကောင်းဖန်ကထိုမေးခွန်းအတွက်လေးနက်တဲ့ အတွေးအချို့ကိုပေးလိုက်ပေမယ့်, ဒါကဖြေဆိုရန်ခက်ခဲနေသေးသည်၊ ထို့နောက်, သူရဲ့နှံစပ်ပြီးအမျိုးစုံလင်လှတဲ့သားရဲတွေနဲ့သူ့အတွက်သင့်တော်တဲ့ခေါင်းစဉ်တွေ အများကြီးရှိသည်၊ ဒီအကြောင်းကိုတွေးလိုက်ရုံနှင့်သူ့ကိုမူးဝေစွာနှင့်ပျော်ရွှင်စေသည်၊

ညှိနှိုင်းဆွေးနွေးပွဲပြီးနောက်, ကောင်းဖန်သည်သားရဲလေ့ကျင့်သူအဖွဲ့ချုပ်မှပေးသော အိပ်ခန်းသို့ပြန်သွားလိုက်သည်၊

၎င်းတို့သည်တောင်ပေါ်ရှိဗီလာကြီးတစ်လုံးတွင် နေထိုင်ကြပြီးပါဝင်သူတစ်ဦးစီ၌ သူတို့၏သားရဲများအဖို့သေးငယ်သောခြံဝန်းလေးများပါရှိသည်၊

သူ့ရဲ့ခြံဝန်းထဲသို့သွားလိုက်တော့, ကောင်းဖန်က အစင်းလေးသည်အပေါက်တစ်ခုဖြစ် အောင်တူးနေသည်ကိုတွေ့လိုက်ရသည်၊ ၎င်း၏ချွန်ထက်သောပင့်ကူလက်သည်းများ သည်မြေပြင်ပေါ်ရှိ ကြွေထည်အုတ်ကြွပ်များကိုဟက်တက်ခွဲလိုက်ပြီးအောက်မှ ဘိလပ်မြေများကိုထုတ်နေသည်၊ အစင်းလေးကိုကြည့်ရတာပဟေဠိဖြစ်နေပုံရသည်၊ ဒီအောက်မှာမြေဆီလွှာရှိရမှာမဟုတ်ဘူးလား? အရင်နှစ်ရက်တုန်းက သူကသခင်ရဲ့ ဉယျာဉ်ထဲကမြေကြီးတွေကိုတူးခဲ့တာလေ၊ ဘာလို့ဒါကတူးရတာတအားခက်နေတဲ့ မီးခိုးရောင်အရာတွေကိုတူးမိနေတာလဲ?

အစင်းလေး၏ခြေသည်းများသည် ဘိလပ်မြေကိုတူးရန်ကြိုးစားရာမှနာကျင်လာသည်၊ နောက်ဆုံးသူက မြေပြင်ကိုစိတ်ပျက်လက်ပျက်ဖြင့်နှစ်ကြိမ်တိုင်တိုင်ရိုက်လိုက်ပြီး ဒေါသတကြီးအော်ဟစ်ညည်းညူနေတော့သည်၊

“ဘာဖြစ်နေတာလဲ?” ကောင်းဖန်ကလည်းဘာမှနားမလည်စွာနှင့်မေးလိုက်သည်၊

ပူချီ, ပူချီ.

ကောင်းဖန်က ဆီလီသည်လေထဲတွင်သစ်ရွက်ကလေးလွင့်မျောလာသလိုအေးအေး ဆေးဆေးလွင့်မျောလာသည်ကိုမြင်လိုက်ရသည်၊ ထို့နောက်, ကောင်းဖန်သည် မျှော်လင့်မထားသည့်အချိန်၌ပင်, သူ့အစောင့်ကျနေသည့်အချိန်၌တိုက်ခိုက်ခြင်းခံ လိုက်ရသည်၊

ပူချီ!

ဆီလီက ပလုတ်ခနဲကောင်းဖန်၏ခေါင်းပေါ်သို့ကျသွားပြီး, ပျော်ရွှင်စွာနှင့်ကလိုက်ကာ ပြောလိုက်သည်, “ ငါမင်းရဲ့ခေါင်းပေါ်ကိုရောက်အောင် ထပ်ပြီးလုပ်နိုင်လိုက်ပြန်ပြီ! ရေး!”

အရင်ကတည်းက ဆီလီသည်သူကောင်းဖန်၏ခေါင်းပေါ်သို့ပလုတ်ခနဲကျကျသွားတိုင်း ကောင်းဖန်မုန်းသည်ကိုတွေ့ခဲ့ရပြီး, ဒါကြောင့်ဒီလိုလုပ်ရတာကသူ့ရဲ့ အနှစ်သက်ဆုံး ဝါသနာတစ်ခုလိုပင်ဖြစ်လာတော့သည်၊ သူ့သခင်ရဲ့ကျရှုံးသွားသလိုခံစားလိုက်ရသည် ကိုတွေ့သည့်အခါတိုင်းသူ့အကျင့်က ဆီလီကိုပျော်ရွှင်စေသည်၊

“ကောင်းပြီ,ကောင်းပြီ” ကောင်းဖန်ကပြောလိုက်ပြီး,လက်လျော့လိုက်တော့သည်၊ သူကတာ့ဇီကိုဘာဖြစ်နေတာလဲဆိုတာမေးချင်သည်၊

ကောင်းဖန်သည်သူ့ရဲ့သားရဲတွေက ဖြည်းဖြည်းချင်းအရွယ်ရောက်လာသည်ကိုသတိ ထားမိသည်၊ သူတို့သန်မာစွာကြီးထွားလာပြီး, သူတို့ကအမြော်အမြင်လည်းပိုပြီးရှိလာ သည်၊ တာ့ဇီကိုဘဲဥပမာအနေနဲ့ထားကြည့်လိုက်၊ အစက,၎င်းသည်မကြာခဏ ချစ်ဖို့ကောင်းတာနှင့်ရူးမိုက်သည့်အရာတွေကို တိရိစ္ဆာန်တွေလိုမျိုးလုပ်သည်၊ ဒါပေမယ့်အချိန်ကြာသည်နှင့်အမျှ ကလေးတစ်ယောက်ကကြီးထွားလာသလိုမျိုး, တာ့ဇီ၏ပင်ကိုယ်စရိုက်သည်တဖြည်းဖြည်းပို၍တည်ညိမ်လာပြီး ပို၍အရွယ်ရောက်လာ သည်၊ အခုတော့၎င်းကရယ်စရာကောင်းတာတွေကိုရံဖန်ရံခါမှသာပြုလုပ်ပြီး ကောင်းဖန်အားပျော်ရွှင်စေသည်။

“အဲ့ကောင်က သူ့ကိုယ်သူမြေမြှုပ်ဖို့ကြိုးစားနေတာ” တာ့ဇီကသူ့ကိုပြောပြီး သူ့ရဲ့ လက်ချောင်းများကိုယမ်းပြသည်၊ ၎င်း၏ခေါင်းပေါ်ရှိဦးမျှင်သည်အဆက်မပြတ် လှုပ်ယမ်းနေသည်၊

ထို့နောက်ကောင်းဖန်ကဘာဖြစ်နေလဲဆိုတာသတိထားမိသွားသည်၊ ဘာကြောင့်လဲ ဆိုတော့အစင်းလေး၏စွမ်းရည်အရ, သူကပုံမှန်အားဖြင့်သူ့ကိုယ်သူမြေကြီးထဲတွင် မြေမြှုပ်ပြီးညအိပ်ရတာကိုကြိုက်သည်၊ ဒါက၎င်း၏ဆင့်ကဲ့ဖြစ်စဉ်တိုးတက်လာ ကတည်းကအလေ့အကျင့်အသစ်တစ်ခုဖြစ်ခဲ့သည်၊

ဘာကြောင့်လဲဆိုတော့, သူ့ဗီလာရဲ့နောက်ဘက်မှာရှိတဲ့ဥယျာဉ်ကသာယာပြီး မြေဆီလွှာကောင်းသောကြောင့်ကောင်းဖန်သည်အစင်းလေးကိုသူဆန္ဒရှိသလိုပြုလုပ် ခွင့်ပြုထားခဲ့သည်၊ဒါပေမယ့်အစင်းလေးကိုသူတို့အိမ်ကြီးမှာမဟုတ်တော့ဘူးဆိုတာကို ပြောဖို့သူမေ့နေခဲ့သည်၊ ဒါကဘိလပ်မြေကြမ်းခင်းဖြစ်နေရင်တောင်ဘဲ, တခြားလူ တစ်ယောက်ရဲ့နေရာကိုဒီလိုတူးဖို့ဆိုတာ….. ဒါကမဖြစ်သင့်ဘူး။

“ငါအိပ်ချင်တယ်” အစင်းလေးကကောင်းဖန်ကိုတိုင်တန်းတော့သည်၊

“ကောင်းပြီ၊ ဒါဆိုသွားအိပ်ချည် ,ဒါပေမယ့်မြေတော့မတူးနဲ့”

ကောင်းဖန်ကနူးညံ့စွာနဲ့ အစင်းလေးရဲ့ခေါင်းကိုပွတ်ပေးလိုက်သည်၊ အစင်းလေးက တအီအီမြည်နေမှုကိုပိုလုပ်နေသော်လည်း နှစ်သိမ့်မှုအချို့ကိုရပြီးတဲ့နောက် အစင်းလေးသည်နောက်ဆုံးတွင် သူ၏ခြေလက်များကိုလျှိုသွင်းလိုက်ကာ မြေပြင်ပေါ်တွင်လှဲချလိုက်တော့သည်၊ သူရဲ့မျက်လုံးထဲကအလင်းရောင်အချို့လည်း မှေးမှိန်သွားတော့သည်၊

အစင်းလေးကိုအိပ်ရန်ချော့ပြီးနောက်, ကောင်းဖန်ကသက်ပြင်းချရန်ပင့်သက်ရှိုက် လိုက်သည်၊ ထို့နောက်သူနောက်ကတာ့ဇီရဲ့သနားစရာကောင်းစွာဖြင့်သူ့ကိုကြည့်၍ မြေပြင်ပေါ်လဲလျောင်းနေတာကိုသတိထားမိလိုက်သည်၊ တာ့ဇီဒီလိုအနေအထားနဲ့ နေနေတာဘယ်လောက်ကြာသွားပြီလဲ? ကောင်းဖန်က ရယ်ရမလား ငိုရမလားတောင် မသိတော့ချေ၊ ဒီသေးငယ်တဲ့ငနဲလေးကထပ်ပြီးမပျော်မရွှင်ဖြစ်ပြန်ပြီ။

သူကတာ့ဇီကိုနှစ်သိမ့်ရန်အလျင်အမြန်သွားခဲ့ပြီး တာ့ဇီအိပ်ပျော်သွားသောအခါ နောက်ဆုံးတွင်သူ၏နာကျင်နေသောလက်မောင်းကိုနှိပ်လိုက်တော့သည်၊ ဒါပေမယ့် သူထလာတော့ဆီလီကသူ့ခေါင်းပေါ်မှာတစ်လျှောက်လုံးငြိမ်သက်နေပြီး မပျော်မရွှင်နှင့် “ပူချီ” ဟူသောအသံက၎င်း၏အိပ်နေမှုကိုအနှောက်အယှက်ပေးနေ သည်၊

ကောင်းဖန်သည်သူ၏သားရဲများကိုနှစ်သိမ့်ပေးရန်သန်းခေါင်ယံအထိကြာခဲ့သည်၊ သူတို့အိပ်ပျော်ရန်စောင့်ဆိုင်းပေးပြီးနောက် ကောင်းဖန်သည်နောက်ဆုံးတွင် သူကိုယ်တိုင်အိပ်ရာဝင်နိုင်ခဲ့သည်၊

သူတို့ကကျန်းနန်မြို့ကိုအခုမှရောက်တာမလို့ ပတ်ဝန်းကျင်အသစ်ကိုသူတို့ဘာကြောင့် ခက်ခက်ခဲခဲ နေနေရတာလဲဆိုတာကိုသဘောပေါက်လိုက်သည်၊

…

တာ့ယန်တောင်သစ်တောက ဗီလာနှင့်၁၂မိုင်အကွာအဝေးတွင်ရှိသည်၊

“ဖြေဆိုသူတွေအားလုံးဘဲ အာရုံစိုက်ကြပါ, ဖြေဆိုသူအားလုံး အာရုံစိုက်ကြပါ” စပီကာ မှကျယ်လောင်စူးရှသောအသံက တောင်ဗီလာတစ်ခုလုံးသို့ပျံ့နှံ့သွားသည်၊ ရဟတ်ယာဉ်တစ်စီး၏အသံကိုလည်းကြားလိုက်ရသည်၊ ရဟတ်ယာဉ်မှမီးမောင်းသည် အောက်သို့ထိုးပြနေပြီး, ညကောင်းကင်ကိုဖြတ်သွားသောအလင်းထောက်တိုင်ကဲ့သို့ ဖြစ်နေသည်၊

တောင်ဗီလာတွင်ရှိကြသောဖြေဆိုသူတွေအားလုံးက ထိတ်လန့်ကာနိုးလာကြသည်၊

“ဒုတိယအချီစာမေးပွဲက အခုကနေစတင်ပြီဖြစ်ပါတယ်!” စပီကာမှဆက်၍ပြောသည်၊ “ဖြေဆိုသူတွေအားလုံး အာရုံစိုက်ကြပါ၊ ကျေးဇူးပြုပြီး မှတ်သားကြပါ, မင်းတို့မှာ ပြင်ဆင်ချိန် မိနစ်နှစ်ဆယ်အချိန်ရပါတယ်၊ မိနှစ်နှစ်ဆယ်အတွင်းတရားဝင်ထွက်ခွာ ရပါမယ်၊ ရဟတ်ယာဉ်တွေရဲ့မီးမောင်းတွေညွှန်ပြထားတဲ့ ဦးတည်ချက်အတိုင်းအချိန် ကန့်သတ်ချက်အတွင်းဦးတည်ရာကိုရောက်နေရမယ်”

ညဉ့်ကောင်းကင်ယံတွင်စပီကာ၏အသံသည်အဆက်မပြတ်ထွက်နေသဖြင့် ဖြေဆိုသူများသည် ၎င်းတို့အားမနေ့ကထုတ်ပေးထားသော တိုက်ခိုက်ရေးဝတ်စုံများကိုဝတ်ဆင် ရန်အိပ်ယာမှထပြေးကြတော့သည်၊

တံခါးကိုတွန်းဖွင့်လိုက်တော့, ကောင်းဖန်သည်ဖြေဆိုသူများသည်သူတို့အခန်းထဲမှ ငါးများကျောင်းတက်သလိုပင်စီးဆင်းနေသည်ကိုမြင်လိုက်ရသည်၊

မိနှစ်နှစ်ဆယ်ကြာပြီးနောက်ရဟတ်ယာဉ်၏ ဒလက်ပန်ကာများသည်ဦးတည်ရာဘက် သို့စတင်တိုက်ခတ်လိုက်ပြီး ရဟတ်ယာဉ်သည်မြောက်ဘက်သို့ပျံတက်သွားသည်၊

နံနက်၆နာရီ၂၀တွင် ကောင်းကင်သည်ကြည်လင်စပြုနေပြီဖြစ်သည်၊

“အဲ့တာကိုလိုက်” ကောင်းဖန်ကတိုတိုနှင့်လိုရင်းညွှန်ကြားလိုက်ပြီး သူ့သားရဲတွေထံသို့ ဦးတည်၍လျှောက်သွားလိုက်သည်၊

အစင်းလေးသည်မြေပြင်ပေါ်၌လဲလျောင်းနေပြီးကောင်းဖန်အားတက်စေရန် အဆင်သင့်ပြင်နေသော်လည်း ကောင်းဖန်သည်ထိုနေရာမှဖြတ်၍ဒမ်ဘီဆီသို့လျှောက် သွားလိုက်သည်၊

ဒမ်ဘီသည်ဒူးထောက်ထိုင်လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်သည်၊ ကောင်းဖန်သည် လူတစ်ယောက်စာထိုင်လို့ရသော ဘုတ်ပြားတစ်ချပ်စာလောက်ရှိပြီး သန်မာသောအရိုးရှိသည့်လည်ပင်းပေါ်တွင်ထိုင်ရန် ဒမ်ဘီ၏လက်မောင်းပေါ်သို့တက်လိုက်သည်၊

ချီချီချီ? အစင်းလေးသည်စိတ်ရှုပ်ထွေးစွာနှင့်သူ့ခေါင်းကိုစောင်းလိုက်သည်၊

“မင်းရဲ့နောက်ကျောကအရမ်းကြမ်းလာတော့ ငါ့တင်ပါးကိုနာစေတယ်…” ကောင်းဖန်ကအစင်းလေးကိုနှစ်သိမ့်ရန်ကြိုးစားနေသည်၊ “အကယ်၍မင်းပြေးတာ အရမ်းမြန်ရင်, မင်းကငါ့ဘောင်းဘီကိုဆုတ်ပြဲသွားမှာကြောက်လို့!”

ကောင်းဖန်ကဒမ်ဘီ၏ခေါင်းကိုပုတ်လိုက်ပြီး သူ့ကိုရဟတ်ယာဉ်နောက်လိုက်ဖို့ပြော လိုက်သည်၊

ဒမ်ဘီကခေါင်းညိတ်လိုက်ပြီး တာ့ဇီကိုမြေပြင်ပေါ်မှကောက်ချီလိုက်သည်၊ ကြာပွတ်နှင့် ရိုက်လိုက်သလိုမျိုးတာ့ဇီသည် ဒမ်ဘီ၏ခါးတွင်ခါးပတ်ကဲ့သို့ပတ်ထားလိုက်သည်၊ ထို့နောက်ဒမ်ဘီသည်ရဟတ်ယာဉ်နောက်သို့အရှိန်ပြင်းစွာပြေးလိုက်တော့သည်၊ အစင်းလေးကလည်းသူတို့နောက်ကလိုက်လာသည်၊

ရဟတ်ယာဉ်ပေါ်တွင်ဗီဒီယိုရိုက်ရန်ကင်မရာတစ်လုံးစီကိုင်ဆောင်ထားသော ကင်မရာမန်းနှစ်ဦးကမတူညီသောရှုထောင့်နှစ်ခုမှဖြေဆိုသူများကိုဗီဒီယိုရိုက်နေကြ သည်၊ စာမေးပွဲ၏ထိုအပိုင်းအတွက် နိုင်ငံတွင်နှစ်ဆယ့်လေးနာရီကြာယာယီ ချန်နယ် တစ်ခုကိုတပ်ဆင်ထားသည်၊ ဖြေဆိုသူများနှင့်မတော်တဆဖြစ်ပါက တိုက်ရိုက်ထုတ် လွှင့်ခြင်းလုပ်မည်မဟုတ်ပါ၊ ထိုအစား, ပထမဆုံးမှတ်တမ်းတင်ထားပြီး, တည်းဖြတ်ခွင့် ပြုပြီးနှစ်နာရီအကြာတွင် ရုပ်သံဖိုင်ကိုထုတ်လွှင့်မည်ဖြစ်သည်၊

ထူထပ်သောသစ်တောများကိုဖြတ်၍ဒမ်ဘီ၏ခြေလှမ်းတိုင်းသည်မြေပြင်ပေါ်တွင် အခိုင်အမာဆင်းသက်ခဲ့သည်၊၎င်း၏ခန္ဓာကိုယ်အတွင်း၌ခိုင်ခံ့သောသွေးချည်မျှင်နှလုံးသည်ဒမ်ဘီကိုစွမ်းအင်များအစဉ်မပြတ်ပေးနေသည်၊

အစင်းလေးသည်လည်းလျင်မြန်သည်၊ မြင့်သောအတားအဆီးများကိုရင်ဆိုင်ရသော အခါ၎င်းသည်ထူထဲသောအကိုင်းတစ်ခုပေါ်သို့ပင့်ကူမျှင်ကိုထုတ်ပစ်လိုက်ပြီး အတားအဆီးများကိုကျော်ဖြတ်ကာလေထဲသို့ဝင်ရောက်သွားသည်၊

၁၀မိနစ်ကြာပြီးနောက်, အမြန်ဆုံးဖြေဆိုသူတွေက ရဟတ်ယာဉ်နှင့်တူညီသောအချိန်တွင်ရောက်နေပြီဖြစ်သည်၊

ကောင်းကင်တွင်,မီးတောက်လင်းတတစ်ကောင်သည် သူ၏အတောင်များကိုဖြန့်၍ ကောင်းကင်၌ သက်တောင့်သက်တာပျံဝဲနေသည်၊ ၎င်း၏နောက်ကျောတွင် ဖက်တွယ်ထားသည်မှာ ကို့ယို့ကားယားမျက်နှာထားဖြင့်ကြီးမားသော, ကြီးထွားသန်မာသည့်ဆယ်ကျော်သက်ဖြစ်ပြီး, သူ့ဘေးတွင်ရဟတ်ယာဉ်ပေါ်မှ ကင်မရာကိုင်ထားသူက သူ့အနားကိုချဉ်းကပ်နေသည်၊ အကယ်၍သူကသာ မိမိုက်နေသောအနေအထားနှင့်ထိုင်နေလျှင်ကတစ်မျိုး, ဒါပေမယ့်သူကသူ့ရဲ့ မီးတောက်လင်းတ၏လည်ပင်းကို သူ့ရဲ့ချစ်လှစွာသောအသက်လေးအတွက် ဖက်တွယ်နေရပြီး, သူ၏ဆံပင်များသည်လေပြင်းတိုက်ခိုက်မှုကြောင့် လွင့်ပါနေတော့ သည်၊ ဒါကရှက်ဖို့အရမ်းကောင်းတာဘဲ !

ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ဆယ်ကျော်သက်ကောင်လေးက “ခင်ဗျား ကျွန်တော့်ကိုမှတ်တမ်းတင်နေတာ ရပ်ပေးလို့ရမလား”

ကံမကောင်းစွာဖြင့်ရဟတ်ယာဉ်၏အသံသည်ကျယ်လောင်လွန်းသဖြင့် ကင်မရာမန်း ကသူပြောတာကိုလုံးဝမကြားခဲ့ပေ။

ဆယ်ကျော်သက်မျက်နှာကို ကင်မရာမန်းတစ်ဦးက အိုကေဟူ၍လုပ်ပြကာပြန်ဖြေလိုက်ပြီး အခြားကင်မရာမန်းဘက်သို့လှည့်ကာပြောလိုက်သည်၊ “သူကငါတို့ကိုနောက်ထပ် နည်းနည်းလောက်ထပ်ရိုက်စေချင်နေတယ်”

“ကောင်းပြီလေ”

All Chapters