← Chapters

အခန်း (၁၃၃-၁၃၆)

Vol. 9 Ch. 133-136

အခန်း (၁၃၃-၁၃၆)

Vol. 9 Ch. 133-136

အပိုင်း၁၃၃ ကြယ်တာရာဝက်ဖြူ

ဆယ်ကျော်သက်လေးမှာ သူ့ကိုအလှည့်ကျမှတ်တမ်းတင်နေကြသည့် ကင်မရာသမားနှစ်ယောက်ထံ ကြောင်အကာ စိုက်ကြည့်နေမိတော့သည်။

ကျွန်တော်ပြောချင်တာ ဒီလိုမဟုတ်ဘူးလေ…. ခင်ဗျားတို့ တစ်ခုခုများ နားလည်မှုလွဲနေကြတာလား?

ဆယ်ကျော်သက်လေးမှာ လွန်စွာစိတ်ပျက်မိသွားရတော့သည်။ လေအေးများက အဆက်မပြတ်တိုက်ခတ်နေတာကြောင့် သူ့နှာခေါင်းမှာလဲ နီရဲလာတော့သည်။ သူတော်တော်လေးနှာချေချင်နေပေမည့် လက်ကိုလွှတ်ကို နှာခေါင်းကိုမပွတ်ရဲခဲ့ပေ။ သူသာလွှတ်လိုက်လျှင် ပြုတ်ကျသွားမည်ကို သေလောက်အောင် ကြောက်မိသည်။

နောက်ဆုံးမှာတော့ ဆယ်ကျော်သက်လေးက မီးတောက်လင်းတ၏အမွေးများပေါ် ခေါင်းအပ်ကာ သူ့အကျွမ်းဝင်ကောင်ဆီ နှပ်ချေးများသပ်ပစ်လိုက်တော့သည်။

ဟင်း၊ သွားပြီ။ ဒါပြီးရင် ငါလူတွေရှေ့မျက်နှာမပြရဲတော့ဘူး။ အနာဂါတ်မှာ ငါဘယ်လောက်ပဲ ကျော်ကြားလာပါစေ ဒီအရိပ်မဲကြီးက ငါ့နောက်ဆက်တိုက်လိုက်နေတော့မှာပဲ။ ဒီဖြစ်ရပ်ကြီးကို ဘယ်တော့မှ မေ့ဖျောက်ပစ်လို့ရတော့မှာ မဟုတ်ဘူး။

……..

ဒမ်ဘီက တောထဲတွင် အရူးအမူးပြေးလွှားနေကာ သစ်ကိုင်းများမှာ ၎င်း၏ခြေထောက်များအောက်တွင် ကျိုးပဲ့ပိပြားကုန်ပြီး ချုံပုတ်များနှင့် ပေါင်းပင်များကတော့ ၎င်းပြေးနေသည့်အရှိန်ကြောင့် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားကာ လမ်းကြောင်းနောက်တွင် ကျန်ရစ်ခဲ့ကြရသည်။

ယခုအချိန်မှာ ကောင်းဖန်သည် ကံကြမ္မာလွှဲပြောင်းခြင်းနည်းလမ်းကို လွန်စွာကျေးဇူးတင်နေတော့သည်။ သူတို့သွားနေသည့်အရှိန်နှင့်ဆိုလျှင် ထိုသစ်ကိုင်းများက သူ့ကို ပိတ်ရိုက်သလိုဖြစ်နေမှာပင်။ ဒါကြောင့် ဤအခိုက်အတန့်မှာပဲ ဦးလေးလျှို၏စွမ်းရည်က ဘယ်လောက်တောင်လက်တွေ့အသုံးဝင်လဲဆိုသည့်အမှန်တရားကို သဘောပေါက်သွားတော့သည်။

လက်တွေ့ကျတယ်ဆိုသော်လည်း လက်တွေ့ကျကျအင်အားကြီးလွန်းနေတာတော့မဟုတ်ပေ။ အနည်းဆုံးတော့ ဆိုးရွားတဲ့အသေးစိတ်အခြေအနေတွေကို ခဏလောက်လျစ်လျူရှုထားလို့ရတာပေါ့။

“ဟေ့ကောင်! ဖြည်းဖြည်း!ဖြည်းဖြည်း, ဖြည်းဖြည်းသွားစမ်းပါ!” ကောင်းဖန် သစ်ပင်သစ်ကိုင်းများကြားတွင် ရိပ်ခနဲရိပ်ခနဲဖြတ်သန်းနေရင်း သူ့ညာဘက်တွင်ရှိ ထူထပ်လှသောတောအုပ်ကြီးထဲမှာလဲ နောက်ထပ် မှုန်ဝါးဝါးပုံရိပ်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအရိပ်၏နောက်ကျောဘက်မှာတော့ ကောင်လေးတစ်ယောက်ရှိနေကာ အော်ဟစ်မြည်တမ်းလို့နေသည်။ “မင်းဒီလောက်ကြီး အမြန်သွားနေဖို့မလိုဘူးလေ! ပထမရလို့လဲ ဆုပေးတာမရှိဘူး၊ ဖြည်းဖြည်းသွားစမ်းပါ!”

နောက်ဆုံးမှာတော့ ထိုမှုန်ဝါးဝါးပုံရိပ်က ကောင်လေး၏စကားကို နားထောင်သွားကာ အရှိန်ကိုလျှော့လိုက်သည်နှင့် ကြီးမားသည့်ငွေရောင်ဝက်တစ်ကောင်ပုံစံက မြင်သာလာတော့သည်။

ထိုဝက်က တောဝက်နှင့်တူကာ နှုတ်သီးရှည်သည်။ အိမ်မွေးဝက်များသည် နှုတ်သီးတိုကာ သေးငယ်ကြပြီး ဤဝက်ကတော့ ထိုဝက်များနှင့်ယှဉ်လျှင် ပိတ်ပါးကာပိုရှည်သည်။ ၎င်းတွင် အစွယ်များနှင့် ကျောဘက်မှာတော့ အမွေးအမျှင်များမပါရှိဘဲ ပြောင်ချောနေကာ ကြယ်များမှတောက်ပနေသည့် ငွေရောင်အလင်းလိုများ မြင်ရသည်။

[မကောင်းဆိုးဝါးအမည်]- ကြယ်တာရာဝက်ဖြူ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၅

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံအဆင့်

[မ‌ကောင်းဆိုးဝါးစွမ်းရည်]-ကြယ်စွမ်းအား (သက်ရောက်မှု ၁: စွမ်းအားအသက်သွင်းခြင်း- ကြယ်များမှ ကြယ်တာရာစွမ်းအင်များကို စုပ်ယူကာ ၎င်း၏ကိုယ်ပေါ်သို့ ကြယ်တာရာချပ်ဝတ်အလွှာအဖြစ် ဖန်တီးနိုင်သည်။ စွမ်းရည်နိုးကြားမှုက ကန့်သတ်ချက်မရှိသော်လည်း ကြယ်တာရာစွမ်းအင်စုဆောင်းမှုနှုန်းသည်တော့ သားရဲ၏အဆင့်အပေါ်လိုက်ကာ ကန့်သတ်ချက်ရှိသည်။ လက်ရှိအဆင့်မှာတော့ ညဘက်မှာသာ စွမ်းအင်စုပ်ယူမှုပြုလုပ်နိုင်ပေသည်။ သက်ရောက်မှု ၂: စွမ်းအားအသက်သွင်းခြင်း- ကြယ်တာရာချပ်ဝတ် အသက်ဝင်နေလျှင် သားရဲ၏သွက်လက်မှုကလဲ တိုးတက်လာမည်။)

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ (စက်ဆုပ်)

ဝက်၏အရှိန်နှေးသွားသည်နှင့် ဝက်နောက်ကျောပေါ်မှကောင်လေးလဲ သူ့ဘယ်ဘက်မှဒမ်ဘီကို သတိထားမိသွားကာ သူ့ရဲ့ကြယ်တာရာဝက်ဖြူကို အမှီလိုက်နိုင်သူရှိနေ၍ အံ့အားသင့်သွားပုံပေါ်သည်။ ထို့နောက် သူ့သားရဲနှင့် ရှက်စရာကောင်းလောက်အောင် စကားများအော်ဟစ်နေခဲ့မိသည်အား အမှတ်ရသွားကာ နေရခက်သွားပြီး ရှက်ရှက်နှင့်အကြည့်လွှဲသွားသည်။ ဘာလို့များ ဒီလိုဆိုးရွားတဲ့အခြေအနေမျိုးမှာမှ သူ့ကိုမြင်သွားတာလဲဟု တွေးနေတော့သည်။

ကောင်းဖန်ကတော့ သူ့ဘာသာသူပြုံးသွားသည်။ သူ ချန်အန်းတီဗီချန်နယ်တွင် ပေါ်ထွက်လာပြီးနောက် အင်တာနက်အသုံးပြုသူများက သူ့ကို “ပင့်ကူစီးကောင်လေး”ဟု ခေါ်နေကြသည်အား သူပြန်တွေးမိသွားသည်။ ပင့်ကူနှင့်ဝက်ရဲ့အသံထွက်ကာ တူနေတာကြောင့် သူ့ကို “ဝက်စီးကောင်လေး”ဟုလဲ ခေါ်တတ်ကြသေးသည်။

နောက်ဆုံးတော့ တကယ့် “ဝက်စီးကောင်လေး”နှင့် သူတွေ့ရပြီဖြစ်၍ ပထမစာမေးပွဲကတည်းက သူ့နောက်လိုက်နေသည့် မနှစ်မြို့ဖွယ်နာမည်ပြောင်ကြီးကို စွန့်ပစ်နိုင်ပေပြီ။ ထိုအတွေးက ယဲ့ဟန်အပေါ် ကြည့်နေသည့် ကောင်းဖန်၏အကြည့်များကို နူးညံ့လို့သွားစေခဲ့သည်။

သူက ယဲ့ဟန်ကို လက်မထောင်ပြလိုက်ကာ၊ “ကံကောင်းပါစေ!”ဟု ပြောလိုက်သည်။

ထို့နောက် ဒမ်ဘီ၏ခေါင်းပြောင်ပြောင်ကို တစ်ချက်ပုတ်ကာ အရှိန်မြင့်စေလိုက်ပြီး ယဲ့ဟန်ကို နောက်တွင် ချန်ရစ်ခဲ့တော့သည်။

ကံကောင်းပါစေ? ဘာလို့ ငါ့ကိုကံကောင်းပါစေလို့ ဆုတောင်းပေးသွားတာလဲ? ဒီကောင် အရူးပဲဖြစ်ရမယ်! ယဲ့ဟန် ထိုသို့တွေးမိကာ မှင်တက်နေတော့သည်။

အုပ်ချုပ်သူအဆင့်ကိုယ်ပိုင်သားရဲများ၏အငွေ့အသက်များက တောကြီးတစ်ခုလုံး ပျံ့လွင့်လို့နေသည်။ ၎င်းတို့သည် ဒါယန်းတောင်သသစ်တောနယ်နမိတ်အတွင်း၍ မရှိကြသေးဘဲ ဤအနီးအနားရှိ သာမာန်တောင်သစ်တောတွင်တော့ လေထုအတွင်းမှ ဒြပ်စင်စွမ်းအားများက အားနည်းနေပြီး ထိုနေရာတွင်နေထိုင်သည့် သားရဲများမှာ မကြီးမားသလို သန်မာခြင်းလဲမရှိပေ။ အုပ်ချုပ်သူသားရဲအကောင်ရာကျော်ဖြတ်သန်းသွားနေသည့် အငွေ့အသက်ကို ခံစားမိသည်နှင့် လမ်းတစ်လျှောက်ရှိ သားရဲများအားလုံး ကြောက်ရွံ့ထိတ်လန့်လို့နေကြတော့သည်။

အနက်ရောင်အမွေးနက်များဖြင့် တောဝက်တစ်ကောင်သည် ၎င်း၏ခေါင်းကို ဖုန်တောထဲမြှုပ်ထားကာ ကျန်ကိုယ်ထည်သည်ကတော့ ကြောက်လန့်ကာတုန်ရီလို့နေသည်။ သစ်ပင်ပေါ်တွင်လဲ မြွေငယ်တစ်ကောင်သည် သွေးဆာနေသည့်အရိပ်အယောင်များရှိသည့် အုပ်ချုပ်သူသားရဲတစ်ကောင် ဖြတ်သန်းသွားသည်အထိ သစ်ကိုင်းခြောက်သဖွယ် အပင်ပေါ်တွင် မလှုပ်မယှက် သေဟန်ဆောင်နေသည်။ အုပ်ချုပ်သူသားရဲဖြတ်သွားပြီးနောက်မှာတော့ မြွေငယ်က သစ်ခြောက်တစ်ချောင်းလိုပဲ မြေပေါ်သို့ဖုတ်ကနဲပြုတ်ကျသွားကာ အမြီးလေးကတော့ တွန့်နေခဲ့သည်။

……….

“ဒုတိယနေရာက ဒီနေရာဖြစ်နိုင်တယ်၊ ဒီဦးတည်ချက်အတိုင်းရိုက်ဖို့အသင့်ပြင်ထား” ရဟတ်ယာဉ်ပေါ်ကကင်မရာမန်းကပြောလိုက်သည်၊၊

“ကောင်းပြီ”

မီးတောက်လင်းတပေါ်ကဆယ်ကျော်သက်လေးကနောက်ဆုံးတော့ ဖျစ်ညစ်ကာ ပြုံးနိုင်သွားပြီဖြစ်သည်၊ ကင်မရာမန်းတွေကနောက်ဆုံးတော့တခြားတစ်ယောက်ကို ရိုက်ဖို့သွားခဲ့ပြီ!

အကွာအဝေးတွင် ပုံရိပ်သုံးခုချဉ်းကပ်လာသည်၊ မည်သူကဦးဆောင်နေသည်ကိုတော့ မပြောတတ်ချေ၊

သစ်ပင်တွေကလှုပ်ခါနေပြီး ကျားသစ်သည်တောအုပ်ထဲမှ အမြန်ထွက်လာတော့သည်၊ ၎င်း၏ခန္ဓာကိုယ်ကိုပြောင်လက်နေသောရွှေရောင်အမွှေးများဖြင့်ဖုံးအုပ်ထားပြီး ၎င်း၏ နောက်ကျောတွင်တော့ သူတို့သစ်တောထဲကိုထွက်လာကတည်းက ထိုင်၍လိုက်ခဲ့ သောသားရဲလေ့ကျင့်သူတစ်ဦးပါသည်၊

၎င်း၏နောက်ဘက်နီးကပ်သောအကွာအဝေးတွင် ကြီးမားသော, သန်မာပြီး, လူပုံစံရှိ သည့်အရာရှိသည်၊ ၎င်းကမြေပြင်ပေါ်သို့ခြေချလိုက်သည့်အခါတိုင်း ပြင်းထန်သော အင်အားနှင့် စည်းချက်ကျနေသည်၊ ထိုပုံရိပ်ကရုတ်တရက်ရှေ့သို့ခုန်လိုက်ပြီး ၎င်း၏ လက်မောင်းကိုမြင့်မြင့်မြှောက်လိုက်သည်၊

ဘုန်း!

၎င်းသည်မြေပြင်ပေါ်သို့ အခိုင်အမာနှင့်မှန်မှန်ဆင်းသွားပြီးသစ်ရွက်တွေကိုကန်လိုက် သည်၊ ၎င်းကမတ်တပ်ရပ်လိုက်သောအခါ, ပြင်းထန်သောလေကတဟူးဟူးတိုက်ခတ် နေကြောင့်၎င်း၏ဝတ်ရုံကို‌ မသလိုဖြစ်သွားသည်၊ ထိုသားရဲ၏ပုခုံးပေါ်တွင် ကောင်လေးတစ်ယောက်ထိုင်နေပြီး သူ့လက်မောင်းများက သားရဲကြီး၏ခေါင်းကိုရစ် ပတ်ထားသည်၊

“ဟေး, ဘာကြောင့်ဒီလူပုံစံသားရဲရဲ့ခေါင်းကအစိမ်းကြီးဖြစ်နေရတာလဲ” ကင်မရာမန်း တစ်ယောက်ကသူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်၊

ထိုအစိမ်းရောင်အစက်လေးက ထိုသားရဲကြီး၏ခေါင်းပေါ်တွင်ရပ်နေပြီး, ၎င်းကအရမ်း ကိုထူးဆန်းသည့်အမြင်ကိုဖြစ်စေသည်၊ ရဟတ်ယာဉ်၏မီးမောင်းက ဒမ်ဘီ၏ခေါင်း ပေါ်သို့ထိုးကျကာပြသနေပြီး ဖျော့တော့သောအစိမ်းရောင်အလင်းကမကြည်မလင်ဖြင့် ဝိဉာဉ်ကဲ့သို့သောအခိုးအငွေ့တို့ဖြင့် အလင်းပြန်နေသည်၊

“အဲ့တာဦးထုပ်လား?” ကင်မရာမန်းကမေးလိုက်ကာ,မျက်မှောင်ကြုတ်လိုက်ပြီးနောက် အကျယ်ချဲ့လိုက်ကာ ဒမ်ဘီရဲ့ခေါင်းကိုဓာတ်ပုံရိုက်လိုက်သည်၊

ကောင်းဖန်ရဲ့ကခံစားချက်မရှိသောမျက်နှာထားကို ပြထားသည်၊ ဒမ်ဘီ, ဒီလို အရေးကြီးတဲ့တာဝန်ကိုမင်းဆီမှာထားလိုက်ပြီနော်!

ဒမ်ဘီရဲ့မျက်နှာကလည်းဘာအမူအရာမှမပြပေ၊ ၎င်းကထိုနေရာတွင်ဘဲ အခိုင်အမာ ရပ်နေသည်၊

ဂရပ်,ဂရပ်!

သူတို့၏နောက်တွင်, ထူထပ်သောတောအုပ်၏အခြားနေရာတစ်ခုသည်ကွဲထွက်လာပြီး ငွေရောင်တောဝက်တစ်ကောင်ကထွက်ချလာသည်၊ တောဝက်ကမြက်ပင်တွေကို နင်းခြေကာ, ရက်စက်ကြမ်းကြုတ်သော ခွန်အားကိုပြသနေသည်! အားမာန်ပြည့်ဝ နေသလိုမျိုး!

၎င်းကကြောက်စရာကောင်းစွာဖြင့်ဒမ်ဘီ၏နောက်ကျောကိုစူးစိုက်ကြည့်နေပြီး ယဲ့ဟန်ကိုကျောပေါ်ကပစ်မချမှီ မြေပြင်ပေါ်တွင် ကတောက်ကဆတ်ဖြင့်မနာလိုမှု အပြည့်နှင့်တံတွေးထွေးလိုက်သည်၊ ၎င်းသည်သူ၏သခင်အားစိတ်ပျက်ခြင်းတို့ဖြင့် မျက်နှာချင်းဆိုင်လိုက်သည်၊ တခြားသခင်တစ်ယောက်က သူ့သားရဲပေါ်မှာ တည့်တည့်ကျကျထိုင်နေတာကိုကြည့်လိုက်စမ်း၊ ခင်ဗျားကြီးကကျုပ်ကိုဝင်တိုက် အောင်လုပ်မိပြီးနှေးအောင်လုပ်လိုက်တာလေ။ အကယ်၍ခင်ဗျားကြီးအတွက်ကြောင့် သာမဟုတ်ရင်, သူတို့ကျနော့်ကိုကျော်နိုင်မယ်လို့များထင်နေလား?

ကြယ်တာရာဝက်ဖြူသည်အပြေးပြိုင်ပွဲတွင်ရှုံးနိမ့်ခြင်းအတွက်ကြောင့် ဒေါကတကြီး လှည့်ပတ်နေသည်၊ ထို့နောက်၎င်း၏မကျေနပ်ချက်များကိုထုတ်ဖော်ရန် အခြားနည်း မရှိဘဲနောက်ဆုံးတွင်တော့ သခင်နှင့်မျက်နှာချင်းဆိုင်လိုက်ပြီးတံတွေးတွေကို ပါးစပ်အပြည့်စုလိုက်ပြီး ထိုသူ့မျက်နှာကိုထွေးချလိုက်သည်၊

သူတို့၏ဘေးတွင်ရပ်နေသော, ကောင်းဖန်ကတော့စကားလုံးများပင်ပျောက်ရှသွား‌ တော့သည်၊ ဒါကသူဖြတ်သန်းလာခဲ့သမျှ ဒီလိုအကူအညီမဲ့နေတဲ့သားရဲလေ့ကျင့်သူမျိုး ကိုပထမဆုံးတွေ့ဖူးတာဘဲ၊ ကိစ္စအများစုမှာ, လေ့ကျင့်ပေးသူတွေက လေ့ကျင့်သူ-သားရဲဆက်ဆံရေးကြားတွင် လွှမ်းမိုးသူတွေဖြစ်သည်၊ ဒါပေမယ့်နောက်ပြန်ကြည့် လိုက်တဲ့အခါမှာတော့ထူးခြားတဲ့ကိစ္စလေးတွေဖြစ်နေသည်၊ အထူးသဖြင့် သားရဲလေ့ကျင့်သူကအားနည်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိပြီး အကျွမ်းတဝင်သားရဲက အားကောင်းသလိုမျိုးလည်းရှိသည်၊ ဒါတောင်မှဘဲ,ဒီဝက်ကစိတ်တိုစရာကောင်းသည်၊

တစ်ချိန်မဟုတ်တစ်ချိန်အတွင်းမှာဘဲ, အုပ်ချုပ်သူအဆင့်သားရဲများသည်တောအုပ်ထဲမှ လွင်ပြင်နေရာလေးများသို့အပြေး အလွှားသွားကြတော့သည်၊ မိနစ်ခဏလောက်ကြာတော့, အစင်းလေးသည် သစ်တောကိုကောင်းမွန်စွာကျော်ဖြတ်လာနိုင်ခဲ့ပြီး သူသခင်၏ဘေးနားတွင် ပျော်ရွှင်စွာနှင့်လှိမ့်နေတော့သည်၊

နောက်ဆုံးရောက်တဲ့တစ်ယောက်ကတော့ နွယ်ဖုံးကျောက်သားရဲဖြစ်သည်၊ ၎င်းက စိမ်ပြေနပြေလျှောက်ကတောအုပ်ထဲမှထွက်လာပြီး သူ၏သန်စွမ်းသောလက်နှစ်ဖက် ကိုဆန့်ထုတ်ကာသစ်ပင်ငယ်အချို့ကိုအမြစ်ပါမကျန်လှန်လိုက်ပြီး ဘေးသို့ပစ်ချလိုက် သည်၊ ဤနည်းဖြင့်အတင်းအကျပ်လမ်းကြောင်းတစ်ခုကိုဖန်တီးလိုက်သည်၊ ကျန့်ခယ် သည်သူ၏ကျောက်သားရဲနောက်မှဂရုတစိုက်ခြေဖျားထောက်လိုက်သည်၊

“ဝင်ပေါက်ကိုဖြတ်ပြီးတော့ တာ့ယန်တောင်ကိုဦးတည်ကြပါ” ရဟတ်ယာဉ်ပေါ်မှ ကြေငြာသံကထွက်ပေါ်လာသည်၊ “ဝင်ပေါက်ရဲ့အနီးမှာ, ငါတို့ကဘီစကွတ်တွေ, စည်သွပ်ဘူးတွေ, ရေသန့်ဘူးတွေပါတဲ့စစ်သုံးကျောပိုးအိတ်တွေကိုနေရာချထားတယ်၊ တစ်ယောက်ကိုတစ်အိတ်ယူလို့ရတယ်၊

“မင်းတို့ထဲကအချို့က တောထဲမှာရှင်သန်ခြင်းအတွေ့အကြုံတွေရှိပြီး အဲ့တာမျိုးတွေ ကျွမ်းကျင်တယ်ဆိုတာငါသိတယ်၊ တစ်ချို့ကလည်းမြို့အပြင်ဘက်မှာမရှိကြဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့်, မင်းတို့အားလုံးအတွက်အကြောင်းဆုံးအကြံဉာဏ်ကတော့ အသက်ရှင်ကျန်နေကြဖို့ဘဲ! အသက်ရှင်ကျန်ရစ်တဲ့တစ်ခုတည်းကသာ မင်းတို့အားလုံး အမှတ်မြင့်မြင့်ရဖို့ မျှော်လင့်ချက်ဖြစ်တယ်”

***

အပိုင်း၁၃၄ Day-1

နောက်ဆုံးတော့ ပွဲစတင်သောအခါတွင်လူအများကတီဗွီများ, မိုဘိုင်းဖုန်းများနှင့် ကွန်ပြူတာများရှေ့တွင်နေရာယူထားနှင့်ကြပြီးဖြစ်သည်၊

အနီရောင်အလင်းတန်းများသည် သူတို့၏မဲမှောင်နေသောဖန်သားပြင်ပေါ်တွင် တောက်ပလာပြီးနောက်ဆုံးတွင်တောက်ပသောအနီရောင်မီးတန်းများသည် ဖွဲ့စည်းမိ ကာပို၍တောက်ပလာပြီးနောက် အနီရောင်မီးတောက်များနှင့် အတန်းပုံစံ ပေါ်လာတော့သည်၊ ထိုမီးတောက်ကကြီးမားသောစာလုံးများဖြစ်သွား၍: တာ့ယန် တောင်သစ်တော ဟုပေါ်လာသည်၊

ရဟတ်ယာဉ်ပေါ်ကအသံတိတ်သွားသည်နှင့် အကြောင်းပြန်ခြင်းစတင်တော့သည်၊ “အားလုံးဘဲ ဒီလိုအထူးတင်ဆက်မှုကနေကြိုဆိုပါတယ်၊ ချစ်ဖို့ကောင်းတဲ့ သားရဲလေ့ကျင့်သူအရာရှိလောင်းအုပ်စုကတော့ တာ့ယန်တောင်သစ်တောရဲ့ပထမဆုံး ပြိုင်ပွဲမှာပါဝင်တော့မှာဖြစ်ပါတယ်”

မှန်သားပြင်ရှေ့မှပရိတ်သတ်များအံ့ဩသွားတော့သည်၊ အစီအစဉ်ရဲ့စတိုင်က အရမ်းကိုရင်းနှီးနေသည်….ဒါကဗွီဒီယိုမှတ်တမ်းတစ်ခုလိုခံစားနေရတာလား?

“ပထမနေ့မှာဘဲ ကျွန်တော်တို့ရဲ့အားမာန်အပြည့်နဲ့ချစ်စရာကောင်းတဲ့ အရာရှိလောင်း တွေက သူတို့အိပ်ယာကနေထလာကြတယ်…”ရုပ်မြင်သံကြားမှအသံကတဖြည်းဖြည်း နူးညံ့လာပြီးနောက်, နောက်ခံတွင်ကျယ်လောင်သောလော်စပီကာသံကထွက်လာ သည်, “ဖြေဆိုသူများ အာရုံစိုက်ပေးကြပါ, ဖြေဆိုသူများအာရုံစိုက်ပေးကြပါ”

မိုးကြိုးပစ်ခြင်းနှင့်မိုးရွာခြင်းကြောင့် သူတို့အဝတ်အစားများဆီသို့ပြေးလာကြသလိုမျိုး အပြေးအလွှားထွက်လာကြပြီး မြင့်သောကင်မရာ၏အပေါ်စီးမှ ပရိတ်သတ်တွေသည် တံခါးတစ်ချပ်ချင်းစီပွင့်လာပြီး ဖြေဆိုသူများထွက်လာကြသည်ကိုရှင်းလင်းစွာမြင်တွေ့ နေရသည်၊

ထို့နောက်တွင်ဗီဒီယိုဖိုင်မှအသံများမှေးမှိန်ပျောက်ကွယ်သွားပြီး ပြင်းထန်ကျယ်လောင် သောလော်စပီကာအသံကပြန်စတင်ခဲ့သဖြင့် ပရိတ်သတ်များအတွက်စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့သည်၊

အဖြူရောင်မီးတိုင်ကဲ့သို့သော အလင်းသည် သစ်တောထဲတွင်လမ်းမီးလိုမျိုးဖြစ်နေပြီး မျက်စိအာရုံကိုဖမ်းစားနေပြီး ဖြေဆိုသူတွေကိုလမ်းပြပြီးဦးဆောင်နေသည်၊ သူတို့ရဲ့ သားရဲတွေကိုစီးတာ ဒါမှမဟုတ် သူတို့သားရဲတွေရဲ့သယ်ဆောင်ခြင်းဖြင့် အရာရှိလောင်းတို့သည်စွမ်းရည်ကိုပြသရန်သစ်တောကိုဖြတ်၍တိုက်ရိုက်သွား ခြင်းကိုပြုလုပ်ခဲ့ကြသည်၊

ဒါပေမယ့် ရှိုးရဲ့ရိုက်ကူးနေမှုကိုခိုးယူလိုက်သည်ကတော့ ကောင်းကင်ယံတွင် ရဟတ်ယာဉ်နှင့်အတူပျံသန်းနေသောရှည်လျားပြီးကြီးမားလှသော ပျံသန်းသားရဲ ဖြစ်သည်၊ မီးမောင်းများက၎င်းသည်မီးတောက်လင်းတတစ်ကောင်ဖြစ်သည်ဆိုတာကို ဖော်ပြနေသည်၊ ၎င်း၏ကျောဘက်တစ်ဝိုက်တွင် နှာခေါင်းတွင် နှာရည်တွဲလဲနှင့် ကောင်လေးကသနားစရာဖြစ်နေသည်၊ ထိုကောင်လေးက မကြားနိုင်သော ကင်မရာမန်းများကိုကိုကြည့်ကာတစ်ခုခုကိုအော်ပြောနေပြီး နောက်ပိုင်းတွင် ကင်မရာမန်းများကထိုကောင်လေးကို ပိုပြီးအာရုံစိုက်လိုက်ကာ ရှုထောင့်အမျိုးမျိုးမှ ပုံရိပ်များကိုဖမ်းလိုက်တော့သည်၊

မီးတောက်လင်းတပြီးသွားတော့ ချက်ချင်းဆိုသလိုသူတို့ကတောထဲကိုဖြတ်ပြီးအလျင် မြန်ဆုံးလာနေတဲ့သားရဲနှင့်လေ့ကျင့်သူအုပ်စုသုံးစုဆီသို့ ဖြတ်၍ဦးတည်လိုက်ပြန်သည်၊

တစ်ချိန်တည်းမှာပင် ချန်အန်းမြို့အစွန်အဖျားရှိသေးငယ်သည့်ဗီလာတစ်လုံးတွင် ခြေတစ်ချောင်းတည်းရှိသော သရဖူနီကြိုးကြာသည် ခြေတစ်ဖက်ဖြင့်ခုန်လိုက်သော ကြောင့်သူ၏ဟန်ချက်ပျက်လုနီးပါးတောင်ဖြစ်သွားသည်၊ ၎င်းက သူ၏အတောင်များ ကိုယမ်း၍နားမလည်နိုင်သောအသံအချို့ပြုလုပ်ကာ သူ့ဘေးတွင်ရှိသောလူအိုကြီးကို ပြောနေသည်၊ ၎င်းကရှင်းရှင်းလင်းလင်းကြီးကိုစိတ်လှုပ်ရှားနေပြီး တီဗွီရှိမှန်ပြင်ရှိ လူတစ်ယောက်ကိုညွှန်ပြနေသည်၊

လူအိုကြီးက တခစ်ခစ်ရယ်ကာ ခေါင်းညိတ်ပြသည်၊ သူကသရဖူနီကြိုးကြာကို ရဲရဲတောက်နေပြီး အဆီဓာတ်ပါဝင်သည့်ကင်းမွန် ပန်းကန်ကိုကမ်းပေးလိုက်သည်၊ “မြန်မြန်, စားလိုက်၊ ပိုပြီးစား, ဒါဆိုရင်မင်းပိုပြီးသန်မာလာလိမ့်မယ်၊ ဒါဆိုရင်မင်းသခင် ရဲ့နောက်ကိုလိုက်လို့ရပြီ”

ခြေတစ်ဖက်တည်းနှင့်ကြိုးကြာက တိုက်ပွဲဖြစ်နေသည်၊ သူကဗိုက်ပြည့်နေပြီဖြစ် ပေမယ့် ပန်းကန်ထဲကအစားအသောက်က ကြည့်ရတာအရမ်းအရသာရှိမဲ့ပုံဘဲ။

ခဏအကြာလောက်တုန့်ဆိုင်းနေပြီးတဲ့နောက်, ၎င်းကသူ့မျက်လုံးကိုမှိတ်လိုက်ပြီး အစာရေစာကိုစားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်သည်၊

…

ဒါကကောင်းဖန်အတွက် တာ့ယန်တောထဲတွင် ပထမဆုံးနေ့ဖြစ်သည်၊ နေကစ၍ ထွက်လာပြီဖြစ်ပြီး ကောင်းကင်ကလည်း လှပသောနေဝင်ဆည်းဆာလို အဝါရောင်တောက်လာသည်၊

ဒါကနက်ရှိုင်းသောတောရိုင်းတစ်ခုဖြစ်သည်၊ဒီတောကတကယ်တော့ လေ့ကျင့်ရေး တောင်ကြားသစ်တောနှင့်ဘာမှမတူပေ၊ ဘေးပတ်လည်ကိုကြည့်လိုက်တော့, ကောင်းဖန်က များပြားသည့်ဆေးဖက်ဝင်အပင်များကိုရှာတွေ့ခဲ့သည်၊ အစပိုင်းမှာ, ကောင်းဖန်ရဲ့ပိုက်ဆံမက်တဲ့စိတ်က လမ်းတစ်လျှောက်မှာသူမြင်သမျှ အပင်တိုင်းကို ကောက်ပြီးသူ့ကျောပိုးအိတ်ထဲမှာသိမ်းထားသည်၊ ပြီးတော့, သူ့အတိုင်းအတာပြည့် သွားတဲ့အခါမှာတော့ ဆီလီ၏နေရာလွတ်အတိုင်းအတာတစ်ခုထဲတွင်သိမ်းထားတော့ သည်၊ ဒါပေမယ့်နောက်ဆုံးမှာတော့ကောင်းဖန်ကသူတို့အားလုံးကိုသယ်ဆောင်ဖို့ အတွက်နည်းလမ်းမရှိဘူးဆိုတာကို သဘောပေါက်သွားပြီး အရေးပါသောတန်ဖိုးရှိ သည့်အရာများကိုဝမ်းနည်းစွာနဲ့ဘဲ စွန့်ပစ်ခဲ့လိုက်ရသည်၊

ဒီသစ်တောက တကယ်ကိုတူးဖော်ဖို့အတွက်စောင့်ဆိုင်းခံနေတဲ့ရတနာသိုက်ကြီးဖြစ် သည်ဟုကောင်းဖန်တွေးလိုက်မိသည်၊

၎င်းသည် သစ်တော၏တစ်စိတ်တစ်ဒေသတွင်သာမဟုတ်ပါ၊ လက်တွေ့ကျကျတွင် တောအုပ်တိုင်းသည်ရှာဖွေ့တွေ့ရှိခံရဖို့ကိုစောင့်ဆိုင်းနေသော ရတနာသိုက်များဖြစ်ကြ သည်၊ ဧရိယာတစ်ခုတွင်လူများ၏ လုပ်ဆောင်မှုနည်းလေလေ ထူးခြားသောအရာများ ကိုရှာဖွေတွေ့ရှိရန် အခွင့်အရေးပိုရလေဖြစ်သည်၊

ထိပ်ပြောင်လူကြီးပြောခဲ့သည့် အမှတ်တိုင်များကို ကောင်းဖန်ကတစ်တိုင်မျှပင်ခုထိ ရှာမတွေ့သေးချေ၊ ဒါက ဘာကြောင့်လဲဆိုတော့ သူတောနက်တဲ့အထိစွန့်စားမသွားရ သေးလို့ဆိုတာဖြစ်ကောင်းဖြစ်နိုင်သည်၊ ဒါကကောင်းဖန်အတွက်စိမ်းတဲ့သစ်တော ဖြစ်နေပြီး သူကမိုက်မိုက်ကန်းကန်းဖြင့် အတွင်းထဲသို့ဝင်သွားတတ်သည့်လူမျိုးမဟုတ် ပါ၊ သူကနောက်ထပ်လှုပ်ရှားမှုမလုပ်ခင် အပြင်ဘက်ဧရိယာတစ်ဝိုက်တွင် စူးစမ်းရှာဖွေ ဖို့ရွေးချယ်လိုက်သည်၊

နေ့တစ်နေ့ရှာဖွေပြီးတဲ့နောက်, ကောင်းဖန်က အုပ်ချုပ်သူအဆင့်သားရဲတစ်ကောင် တလေနှင့်မျှမတွေ့ခဲ့ပါ၊ သူကများပြားလှသော ထိပ်တန်းအဆင့်သားရဲများကိုတွေ့ ခဲ့သည်၊ ဒါပေမယ့် သူတို့အားလုံးကဉာဏ်ကောင်းကြသည်၊ သူတို့က အုပ်ချုပ်သူ အဆင့်အငွေ့အသက်ရှိသော ဒမ်ဘီနှင့်တာ့ဇီကိုအာရုံခံမိသည်နှင့် တန်းပြီးထွက်သွား ကြတော့သည်၊ ကောင်းဖန်ကိုတိုက်ခိုက်ခြင်းဖြင့် သူတို့ထဲကတစ်ဦးတစ်ယောက်မျှ သေဆုံးမှုကိုအလျင်အမြန်မဖြစ်ချင်ကြပေ၊

ဒီသားရဲတွေက နည်းနည်းလိမ္မာပါးနပ်တယ်…. ဇာတ်လမ်းတွေထဲမှာ သူတို့ကလူတွေ ကိုဘာသောက်ဂရုမှမစိုက်ဘဲ တဟုန်ထိုးတိုက်ကြတာမဟုတ်လား?

ကောင်းကင်ကမှောင်လာတာကိုမြင်သည်နှင့်, ကောင်းဖန်က ညကိုဖြတ်သန်းဖို့ အတွက်နေရာရှာရန်ဆုံးဖြတ်ချက်ချလိုက်သည်၊ သူကဒီလမ်းတစ်လျှောက်တွင် ဂူတစ်ခုရှိတာကိုမှတ်မိပြီး, သူအတွင်းထဲသို့ဝင်၍စစ်ကြည့်သောအခါတွင်လည်း, ထိုထဲတွင်ဘာမှမရှိတာကိုအမှတ်ရသွားသည်၊

ဒမ်ဘီ၏လည်ပင်းပေါ်တွင်စီးလာပြီး, ကောင်းဖန်ကလာရာလမ်းအတိုင်းပြန်ဆုတ်လာ ပြီးတဲ့နောက် ၁၀မိနစ်အကြာတွင်ထိုဂူကိုရှာတွေ့သွားသည်၊ ထူထပ်သော နွယ်ကြိုး လိုက်ကာများသည် ဂူ၏အစွန်းမှတွဲကျနေကြပြီး, ဂူတစ်ဝက်လောက်ကိုဖုံးထားသည်၊

ကောင်းဖန်ကဒမ်ဘီကိုအထဲဝင်ဖို့ပြောလိုက်သည်, ဒါပေမယ့် ဒမ်ဘီကရုတ်တရက် ရပ်လိုက်ပြီး ခြိမ်းခြောက်သောအော်ဟစ်သည့်အသံနိမ့်နိမ့်တစ်ခုကိုထုတ်လွှတ်လိုက် သည်၊

တာ့ဇီ, သူတို့ဘေးတွင်လဲနေရင်းမှာ ရုတ်တရက် နိုးနိုးကြားကြားနှင့်အသင့် အနေအထားဖြစ်သွားသည်၊ ၎င်း၏ခေါင်းပေါ်ရှိဦးမျှင်နှစ်ချောင်းကဘေးပတ်လည်တွင် ဝေ့ယမ်းနေပြီး ၎င်း၏မျက်လုံးများကတောက်ပလာသည်၊ သတိပေးချက်မရှိဘဲ, ၎င်းက ဂူထဲသို့ သူ၏ခြေချောင်းတစ်ထောင်လောက်ဖြင့်သုတ်တီးသုတ်ပြာပြေးတော့သည်၊

“နေဦး_” ကောင်းဖန်က တာ့ဇီကိုရပ်ရန်ကြိုးစားသော်လည်း, ဒါကအရမ်းကိုနောက်ကျ သွားပြီဖြစ်သည်၊ ၎င်းကအထဲသို့ရောက်နှင့်ပြီးဖြစ်သည်၊

ဂါး!

ဂူအတွင်းမှကျယ်လောင်သောဟိန်းဟောက်သံထွက်ပေါ်လာသည်၊

ဝက်ဝံတစ်ကောင်က, ကောင်ဖန်အားမျက်စောင်းကြီးထိုးကာကြည့်နေသည်၊ ဝက်ဝံ၏ အသံက လွယ်ကူစွာသတိထားမိနိုင်သည်၊ ဒါကအသံနိမ့်, လည်ချောင်းသံ, အားပြည့်ပြီး အရမ်းပြတ်သားသည်၊

ဂူထဲမှထွက်လာသောတိုက်ခိုက်သံများနှင့်အတူ ဝက်ဝံ၏ဟိန်းဟောက်သံများလည်း ထွက်လာသည်၊

ကောင်းဖန်သည်အချိန်မဖြုန်းတော့ဘဲ ဒမ်ဘီထံမှအမြန်ခုန်ချလိုက်ပြီးတာ့ဇီကိုကူညီဖို့ အပြေးအလွှားသွားရန်စေလွှတ်လိုက်သည်၊ ဒမ်ဘီဝင်သွားပြီးနောက် ဝက်ဝံ၏အသံများ သည်ဒေါသသံများပို၍ထွက်လာသည်၊ နောက်ဆုံးတွင် မတိတ်ဆိတ်သွားမှီ အနည်းငယ်စိတ်ဆင်းရဲစရာကောင်းသောတီးတိုးသံကိုပြုလုပ်လိုက်သည်၊

“သေပြီ” ဒမ်ဘီ၏အသံသည်ကောင်းဖန်၏စိတ်ထဲသို့ဝင်ရောက်လာသည်၊

ကောင်းဖန်ကရှေ့မှာရှိသောနွယ်ကြိုးများကိုတွန်းဖယ်လိုက်ပြီး ဂူထဲသို့ဝင်သွားတော့ သည်၊ ဂူကမနက်ရှိုင်းပေ, ဒါပေမယ့်၎င်းကပုလင်းပုံစံမျိုးရှိပြီး,ဝင်ပေါက်ထက်အနည်း ငယ်ပိုကျယ်သောအတွင်းပိုင်းရှိသည်၊

ဂူကြမ်းပြင်အလယ်တွင်သွေးစွန်းနေသောအနက်ရောင်ရုပ်ပုံတစ်ခုရှိနေသည်၊

[မကောင်းဆိုးဝါးအမည်]-လေနက်ဝက်ဝံ

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၆

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်

[မကောင်းဆိုးဝါးအခြေအနေ]-သေဆုံးခြင်း

နောက်ဆုံးစာတန်းရှိ မီးခိုးရောင်စာလုံးက လေနက်ဝက်ဝံ၏နောက်ဆုံးအသက်ရှု လိုက်မှုကိုရှင်းရှင်းလင်းလင်းပြထားသည်၊

လေနက်ဝက်ဝံ၏ခန္ဓာကိုယ်ပေါ်တွင်သေစေနိုင်သော ဒဏ်ရာတစ်ခုရှိသည်၊ ၎င်း၏ ဦးခေါင်းတွင်အပေါက်တစ်ခုဖြစ်နေသည်၊ ၎င်းသည်လေးလံသောအရာတစ်ခုဖြင့် အားနဲ့ရိုက်ခွဲလိုက်သကဲ့သို့ဖြစ်နေပြီး ဒဏ်ရာမှဦးနှောက်တွင်းရှိအရည်များစီးကျနေ သည်၊ လှိုဏ်ဂူထဲမှာသွေးညှီနံ့ရဲ့ အညှီနံ့တွေဖြင့်ပြည့်နက်နေသည်၊

ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ သူသည်တာ့ဇီက လေနက်ဝက်ဝံ၏ ခြေလက်များကိုမယူမှီ ဂူ၏အပြင်ဘက်သို့သယ်ဆောင်သွားစေသည်၊ တာ့ဇီနှင့် အစင်းလေးသည် ချက်ပြုတ်ထားသောအစားအစာများကိုသာစားကြသော်လည်း ဒါကသူတို့ကလတ်ဆတ်သောအသားစိမ်းတွေကိုမစားဘူးလို့တော့မဆိုလိုပေ၊

သွေးရဲ့အနံ့ကိုအာရုံခံမိသည်နှင့်, သူ့ရဲ့သားရဲများကသူတို့ရဲ့ ခံစားချက်အပြောင်းအလဲ များကိုပြသနေသည်၊ ထိုနှစ်ယောက်ထဲတွင်, တာ့ဇီ၏အပြုအမူကအထင်ရှားဆုံးဖြစ် သည်၊ ၎င်း၏ဦးမျှင်နှစ်ချောင်းက ဆက်လက်ဝှေ့ယမ်းနေပြီး လှိုဏ်ဂူတစ်ခုလုံးကိုပတ် ယမ်းနေသည်၊ တာ့ဇီသည်မကြာခဏတိုက်ပွဲများနှင့်ရင်ဆိုင်ရသည်နှင့်အမျှ ကောင်းဖန်သည် ၎င်း၏ပင်ကိုယ်စရိုက်ပြောင်းလဲသွားသည်ကိုသတိထားမိသည်၊ ၎င်းသည်ပို၍ရန်လိုတတ်လာပြီး တိုက်ခိုက်ရန်ပင်စိတ်အားထက်သန်နေသည်၊

ခရမ်းရောင်ကျောခွံအဝါရောင်ခြေချောင်း ကင်းခြေများသည်ပို၍ပြင်းထန်သော ကင်းခြေများဖြစ်သည်ဟု မစ္စတာကျန်းပြောတာကို သတိရသွားသည်၊ပြီးတော့ တာ့ဇီက ခရမ်းရောင်ကျောခွံမိုးကြိုးကင်းခြေများအဖြစ်သို့ အဆင့်တက်နှင့်ပြီဖြစ်ကာ ၎င်း၏ကြောက်ဖို့ကောင်းသောသဘာဝကထင်ရှားမြင်သာလာသည်၊

တာ့ဇီ၏စိတ်နေစိတ်ထားနှင့်ပတ်သတ်၍ တစ်ခုခုမမှန်ကန်နေကြောင်းကိုကောင်းဖန် ခံစားမိသည်၊ သူသည်တိုက်ခိုက်ရန်အမိန့်မပေးရသေးခင်မှာဘဲ တာ့ဇီသည်တိုက်ခိုက်ဖို့ အတွက်တိုက်ပွဲသို့ဦးတည်ရန်ကြိုးပမ်းခဲ့သည်၊

ကောင်းဖန်သည် ဂူအတွင်းရှိသန့်ရှင်းသောနေရာလေးကိုတွေ့၍ ထိုင်လိုက်ပြီး တာ့ဇီကို လက်ယမ်းကာခေါ်လိုက်သည်၊ “တာ့ဇီ, ဒီကိုလာခဲ့”

တာ့ဇီ၏ခြေသည်းများကစိတ်အားထက်သန်မှုကလျင်မြန်စွာကျော်လွှားသွားပြီး အနည်းငယ်စိတ်ဓာတ်ကျနေခြင်းတို့ဖြင့်ကောင်းဖန်ကိုကြည့်လိုက်သည်။

***

အပိုင်း ၁၃၅ ငါးဆားနယ်ပုံစံ3

“တာ့ဇီ၊ ငါ့ခွင့်ပြုချက်မရသေးဘဲ ဘာလို့ပြေးဝင်သွားတာလဲ?” ကောင်းဖန်က တာ့ဇီ၏ဦးမျှင်အစုံကို ဆွဲကိုင်မြှောက်ရင်းမေးလိုက်သည်။

တာ့ဇီ၏ဦးခေါင်းသည်လဲ ဦးမျှင်အစုံနှင့်အတူ ဆွဲမြှောက်ခံလိုက်ရသည်။ ၎င်းက သခင်ဖြစ်သူကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး ပါးစပ်မှလဲ အသံများထုတ်ဖော်လာခဲ့သည်။ ချီချီချီ?

ကောင်းဖန်က တဖန်ပြန်ကာ တာ့ဇီကို နှစ်သိမ့်ပေးသည့်သဘောနှင့် ခေါင်းကိုညင်ညင်သာသာပွတ်ပေးလိုက်သည်။ “နားမလည်သလိုလုပ်မနေနဲ့။ ဘာလို့ ငါ့ခွင့်ပြုချက်မရှိဘဲ ပြေးဝင်သွားတာလဲ?”

“မသိဘူး။” တာ့ဇီက ခေါင်းလေးကိုမော့ကာ သနားစဖွယ်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ချစ်စရာကောင်းအောင် ဟန်ဆောင်ပြန်နေလဲ အသုံးမဝင်ဘူးနော်။”

တာ့ဇီက စိတ်ဓါတ်ကျနေသည့်ပုံစံဖြင့် ခရမ်းရောင်ဘောလုံးတစ်လုံးလိုကွေးကာ ငိုယိုဆန္ဒပြနေတော့သည်။

ကောင်းဖန်ကို မသိနားမလည်သလိုပုံစံဖြင့်သာ ထပ်ခါထပ်ခါဟန်ဆောင်ပြနေပြီးနောက် နောက်ဆုံးမှာတော့ တာ့ဇီက အမှန်တရားကို ဝန်ခံလိုက်ရတော့သည်။

“ဝက်ဝံသား စားချင်တယ်။”

မင်းလို ကင်းခြေများတစ်ကောင်က ဝက်ဝံသားစားချင်တယ်တဲ့လား? မင်းရဲ့ဗီဇရိုင်းတွေက တော်တော်ကြောက်ဖို့ကောင်းတာပါလား၊ ဟမ်? ကောင်းဖန် အံ့အားသင့်သွားခဲ့သည်။

“ဒီတော့ မင်းဒီဝက်ဝံကို အနိုင်ယူနိုင်ပါ့မလား?” ကောင်းဖန် မေးလိုက်သည်။ လေနက်ဝက်ဝံ၏ကိုယ်ထည်ပေါ်တွင်တော့ ရင်ဘက်နှင့်ခြေလက်များတွင် ချွန်ထက်သောအရာကြောင့် ဖြစ်ပေါ်ထားပုံရသည့် ဒဏ်ရာများကလွဲလို့ ဒမ်ဘီ၏လက်သီးချက်ကြောင့် ဝက်ဝံ၏ခေါင်းပွင့်ထွက်သွားရသော တစ်ချက်တည်းသေစေသည့် ဒဏ်ရာတစ်ခုသာရှိသည်။

တာ့ဇီကလဲ အုပ်ချုပ်သူသားရဲအဆင့်သို့ မြင့်တက်သွားပြီဖြစ်သော်လည်း ၎င်း၏တိုက်ခိုက်နည်းဗျူဟာကတော့ ရန်သူကို ဓါတ်လိုက်သွားစေရန် လျှပ်စီးစွမ်းအားသုံးခြင်းနှင့် ရန်သူ၏ကိုယ်ထဲသို့ အဆိပ်များထိုးသွင်းခြင်းနည်းလမ်းများသာ ရှိသေးသည်။ အသားထူပြီးမာကျောသည့် အရေပြားနှင့်ကာကွယ်ထားသည့် ကြီးမားသော သက်တ္တဝါများနှင့် ဆန့်ကျင်စွာ တာ့ဇီ၏အမွေးအမျှင်များနှင့် ခံနိုင်ရည်သည် အောင်မြင်နိုင်ချေလွန်စွာနည်းပါးလှသည်။

“လုပ်နိုင်တယ်! သူ့ကိုအနိုင်ယူနိုင်တဲ့! အဲ့ကောင်က အမှိုက်ပဲ!” တာ့ဇီက ခုန်ပေါက်ကာ အော်ဟစ်နေတာကြောင့် ၎င်း၏ပတ်ဝန်းကျင်ကိုတောင် တုန်လှုပ်သွားစေသလိုပင်။

ရုတ်တရက်ဆိုသလို တာ့ဇီတွင် နိုင်လိုမင်းထက်ပြုမူတတ်သည့်ရှိခိုးကောင်၏သွင်ပြင်မျိုးကို ကောင်းဖန်မြင်လိုက်ရသည်။ သူလဲ အဲ့လိုကင်းခြေများလား?

လူသားများ၏သက်တန်းအရဆိုလျှင် တာ့ဇီသည် လက်ရှိမှာတော့ အသက်၁၁-၁၂အရွယ် လူသားကလေးတစ်ယောက်နှင့်ညီမျှသည်။ ၎င်း၏ကိုယ်ရည်ကိုယ်သွေးက စိတ်တိုလွယ်၊ တက်ကြွလွယ်ကာ ပုံမှန်ထက်ပိုပြီးရန်လိုတတ်သေးသည်။ ဒါက တကယ်တော့ ဆိုးရွားတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်သားရဲတစ်ကောင် ရန်လိုတတ်တာက တိုက်ပွဲအတွက်ပိုပြီးအကျိုးများစေတယ်လေ။ ဒါက ကောင်းတဲ့ကိစ္စပါပဲ။

“နောက်တစ်ခါ မင်းတခြားသားရဲကို တိုက်ခိုက်ချင်ပြီဆိုရင် တိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် အရင်ဆုံး ငါ့ခွင့်ပြုချက်ကိုရမှရမယ်။ နားလည်လား?” ကောင်းဖန် လေသံပြင်းပြင်းနှင့်မေးမြန်းလိုက်သည်။

တာ့ဇီလဲ ငြီးတွားကာ ခေါင်းညိတ်ပေးလိုက်ရသည်။

“ပြစ်ဒဏ်အနေနဲ့၊ ဒီနေ့ မင်းအတွက်စားစရာမရှိဘူး။” ကောင်းဖန် ထိုစကားကို တာ့ဇီအားပြောလိုက်သည်နှင့် တာ့ဇီ၏လှုပ်ယမ်းနေသော ဦးမျှင်အစုံမှာ ရုတ်တရက်ဆိုသလို တောင့်ခဲသွားရတော့သည်။

“ဒါက မင်းရဲ့ပထမဆုံးအပြစ်အတွက် ပြစ်ဒဏ်ပဲ။ တစ်ရက်အစာမစားရဘူး။” ကောင်းဖန် အေးစက်စွာပြောလိုက်သည်။ “ဒါပေမယ့် မင်းရဲ့လေ့ကျင့်သူတစ်ယောက်အနေနဲ့၊ မင်းကို ကောင်းကောင်းမသင်ပေးမိတာက ငါ့အမှားပဲ။ ဒီတော့ ငါလဲ မင်းနဲ့အတူ အပြစ်ဒဏ်ခံမယ်။ ဒီနေ့ငါ့အတွက်လဲ စားစရာရှိမှာမဟုတ်ဘူး။”

တာ့ဇီမှင်သက်သွားတော့သည်။ သခင်ကလဲ အစာမစားဘူးပေါ့?

အစကတော့ ဝက်ဝံ၏ခြေချောင်းလက်ချောင်းများကို စားဖို့အတွက် ဖြတ်မလို့ပေမယ့် ရုတ်တရက်ကြီး တာ့ဇီကို စည်းကမ်းလိုက်နာဖို့ ကောင်းဖန် ပြစ်ဒဏ်ချမှတ်လိုက်တာကြောင့် အဆုံးမှာတော့ အစင်းလေးတစ်ကောင်တည်းအတွက်သာ ဖြစ်သွားတော့သည်။

အစင်းလေးက တကျွတ်ကျွတ်နှင့်ကျယ်လောင်စွာဝါးစားနေပြီး လျှာသပ်လိုက်သည့်အသံတွေပါ ထွက်ပေါ်နေသည်။ ဝက်ဝံ၏သာမာန်ခြေထောက်တွေကတောင် အစင်းလေးစားပြနေချိန်မှာတော့ ရှားပါးကာအရသာရှိလွန်းသည့် စားဖွယ်တစ်ခုနှယ်ဖြစ်နေတော့သည်။

ကောင်းဖန်၏အမူအရာမှာတော့ မဲမှောင်လို့နေသည်။ ဒီမှာ ငါတို့နှစ်ယောက် အစာရှောင်နေရတာ မင်းမမြင်ဘူးလား!?

“အပြင်ထွက်ပြီး စားစမ်း!” ကောင်းဖန် အမိန့်ပေးလိုက်သည်။

အစင်းလေးကတော့ ခေါင်းလေးမော့လာကာ နားမလည်နိုင်ဟန်ဖြင့် ခေါင်းလေးစောင်းသွားခဲ့သည်။ ပချီ? ပချီ? သူ့ပါးစပ်ထဲကိုလဲ အသားစတွေက ခေါက်ဆွဲမျှင်တွေလိုမျိုး ရှည်တန်းက ထိုးဝင်သွားသည်။

“ဒမ်ဘီ၊ အဲ့ကောင်ကို အပြင်ကန်ထုတ်လိုက်။”

အစင်းလေးမှာ မြန်မြန်ဆန်ဆန်ပဲ ခြေနှစ်ချောင်းကိုမကာ နာခံမှုရှိစွာဖြင့် လှိုင်ဂူအပြင်ဘက်သို့ ဂရုတစိုက် ဆွဲထုတ်သွားတော့သည်။

အရင်တုန်းကဆိုလျှင် တာ့ဇီက အစင်းလေးနှင့်အတူ ဆော့ကစားရင် ပြေးလွှားနေခဲ့ပေမည့် ယနေ့မှာတော့ တာ့ဇီက မြေပြင်ပေါ်တွင်သာ တိတ်တဆိတ်ငြိမ်နေခဲ့သည်။ ၎င်းက အစင်းလေးဘက်သို့ ပျင်းရိစွာဖြင့် မျက်လုံးဝေ့ကြည့်ကာ လှိုင်ဂူထဲမှာသာ နေရစ်ခဲ့သည်။

နောက်တစ်နေ့မနက်စောစောမှာတော့ ကောင်းကင်ယံက အလင်းရောင်များ စတင်ထွက်ပေါ်လာကာ နေရောင်ခြည်အလင်းတန်းများက ဂူအဝင်ဝရှိ စပျစ်နွယ်ပင်များကြားမှ ညင်သာစွာဖြတ်သန်းလာပြီး ငြိမ်းပြီးသား မီးပုံပေါ်သို့ ကျရောက်နေခဲ့သည်။

“အရာရှိလောင်းရှောင်းနျိုယန်ကို ထုတ်ပယ်လိုက်ပါပြီ။ အရာရှိလောင်းရှောင်းနျိုယန်ကို ထုတ်ပယ်လိုက်ပါပြီ။” ထပ်တလဲလဲကြေညာသံက တောအုပ်အထက်မှ ကောင်းကင်ယံတွင် ပျံ့နှံ့လို့နေသည်။

တစ်ယောက်ယောက် ထုတ်ပယ်ခံလိုက်ရပြီလား?

ကောင်းဖန် မြေပြင်ပေါ်မှကုန်းရုန်းထကာ သူ့ရဲ့ဆာလောင်နေသည့်ဝမ်းဗိုက်ကို ပွတ်လိုက်သည်။

...

“အရာရှိလောင်းတစ်ဦးချင်းစီပေါ်မှာရှိတဲ့ ခြေရာခံကိရိယာမှတစ်ဆင့် သူတို့ရဲ့တည်နေရာတွေကို ကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်။”

တီဗီပရိုဂရမ်တွင် အစီစဉ်တင်ဆက်သူနှင့် သူ့ဧည့်သည်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ဖန်သားပြင်များရှေ့တွင်တော့ ပရိသတ်များမှာ လွန်စွာအံ့အားသင့်နေကြသည်။

ဧည့်သည်ဖြစ်သူက တင်ဆက်သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အသက် နှစ်ဆယ်ကျော်လူငယ်လေးတစ်ယောက်ဖြစ်သည်၊ သူသည်တင်းကျပ်သောအဖြူရောင် ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး,ငယ်ရွယ်ကာ မျက်လုံးများကတောက်ပနေပြီး သူ၏ မျက်နှာတွင်နွေးထွေးသောအပြုံးရှိသည်၊

“ဟေး, အဲ့တာသွမ့်ဝူ! တီဒု “နဂါးတိမ်တိုက်” သွမ့်ဝူ”, တစ်ယောက်ကအံ့ဩစွာနှင့် ပြောသည်၊ “သွမ့်ဝူက ဒီလိုအစီအစဉ်တွေမှာပါရတာမကြိုက်ဘူးလို့ငါထင်ခဲ့တာ…”

ယန်ချန်း ပုလဲမြစ်ဝကျွန်းပေါ်ဒေသ, မော့ဒုကျင်းလင်နဂါးစုဆုံရပ် နှင့် ယွိကျိုးအနောက်ခြမ်းလျှပ်စီးမြို့တော်, ထိုနေရာတွေကဟွားရှားခရိုင်အတွင်းလူငယ် သားရဲလေ့ကျင့်သူများအင်အားစုဝေးရာ နေရာဒေသသုံးခုဖြစ်သည်၊ ထိုဒေသများတွင် တက်ကြွသောသားရဲလေ့ကျင့်သူအင်အားစုဌာနများသည်အတော်လေးငယ်ရွယ်ပြီး လူငယ်အများစုကိုဖွဲ့စည်းထားသဖြင့်ထိုနေရာသည်ငယ်ရွယ်နုပျိုတက်ကြွပြီးဆွဲဆောင် မှုရှိသောငယ်ရွယ်သောသားရဲလေ့ကျင့်သူများကို ဆွဲဆောင်နေသည်၊

ထိုနေရာသုံးခုတို့ထက်အခြားနေရာဖြစ်သော တီဒုသည်အားကောင်းသန်မာသော သားရဲလေ့ကျင့်သူများစွာကိုစုစည်းသော်လည်း တီဒုပတ်ဝန်းကျင်သည် ပို၍ဖိနှိပ်ပြီး အင်အားစုဌာနသည်တကယ်တော့ရှေးကျနေပြီဖြစ်သည်၊ ထိုရှေးကျသောသားရဲ လေ့ကျင့်သူအင်အားစုဌာနသည် တီဒုအတွင်းတိတ်ဆိတ်စွာနှင့်နေထိုင်ရသည်ကို ပို၍နှစ်သက်သည်၊

“နဂါးတိမ်တိုက်” သွမ့်ဝူသည်တီဒုရှိအနည်းငယ် ငယ်ရွယ်သောအင်အားစုဌာနထဲမှ တစ်ယောက်ဖြစ်ပြီး သူကကောင်းမွန်သောဂုဏ်သတင်းရှိသည်၊ ကျော်ကြားသောလူ တစ်ဦးဖြစ်လာပြီးနောက်, သွမ့်ဝူ၏နောက်ခံသမိုင်းနှ့်အတိတ်အတွေ့အကြုံများကို တူးဖော်ပြီးအားလုံးကိုသိစေခဲ့သည်၊၊ ဗျူရိုကရက်အရာရှိမိသားစုမှမွေးဖွားလာပြီး, သူ့ရဲ့အဖေကမဟာမိတ်အစိုးရထဲတွင်အရေးပါသောသူတစ်ဦးဖြစ်သည်၊ ကပ်ဆိုးကြီး မတိုင်ခင်ကသူ့ရဲ့ဝါသနာသည် ပုရစ်တိုက်ပွဲဖြစ်သည်၊ သူ့အားကျော်ကြားစေသော အကျွမ်းတဝင်သားရဲမှာ သူပိုင်ဆိုင်သောဆင့်ကဲပြောင်းလဲထားသောချန်ပီယံပုရစ်ထဲမှ ဆင့်ကဲပြောင်းလဲထားသောတစ်ကောင်ဖြစ်သည်၊

“ အမှတ်အများဆုံးရနိုင်ဖို့ ဖြေဆိုသူအများစုကသစ်တောအလယ်ကိုအမြန်အရောက် သွားကြတယ်ဆိုတာကို ကျနော်တို့တွေရှင်းရှင်းလင်းလင်းမြင်ရပါတယ်၊ အမှတ်တိုင် တွေကအခြေခံအားဖြင့် သစ်တောရဲ့အလယ်ထဲမှာတည်ရှိပါတယ်၊ အခုဆိုရင်တော့, ပါဝင်သူတွေထဲမှာ အမြင့်ဆုံးအမှတ်နဲ့သူကတော့… ကျွင်းမော့ယီ”

ကောင်းကင်မှ ဒရုန်းဖြင့်ရိုက်ကူးသောရုပ်သံမှကြည့်ရှုသူများသည်သစ်ပင်များ ပတ်လည်တွင်လမ်းကြောင်းအတိုင်းတွန့်လိမ်ကာသွားတွားနေသောအနက်ရောင် အန်ဒါကွန်ဒါမြွေကြီးတစ်ကောင်သည် သားရဲတစ်ကောင်ကိုလူမဆန်စွာသတ်ဖြတ်နေ သည်ကိုမြင်နိုင်သည်၊

“ပထမအဆင့်မှာရောက်နေတဲ့ဖြေဆိုသူအရာရှိလောင်းကတော့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်၊ ဒါကတော့လုံးဝကိုမမျှော်လင့်ထားတာပါဘဲ” တင်ဆက်သူ ကတော့အနည်းငယ်အံ့ဩသွားသည်၊ “ဒီကိစ္စကိုမင်းဘယ်လိုထင်လဲ မစ္စတာသွမ့်ဝူ”

တင်ဆက်သူသည်သွမ့်ဝူအားလက်ရှိပထမနေရာ၌ရှိနေသော ကျွင်းမော့ယီအပေါ်တွင် သူ၏သုံးသပ်ချက်ကိုမေးရန်ရည်ရွယ်လိုက်သည်၊ ကျွင်းမော့ယီသည်ပြုံးခဲလှသော်လည်း သူမကကြည့်ကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်သည်၊ ဒါကကြည့်ရှုသူ များ၏စူးစမ်းလိုစိတ်ကိုကျိန်းသေကိုဖြစ်ပေါ်စေသည်၊

“မဆိုးပါဘူး၊ ဒီမြွေနက်မျိုးစိတ်က အနက်ရောင်အန်ဒါကွန်ဒါမြွေဖြစ်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်၊ ဒီအနက်ရောင်အန်ဒါကွန်ဒါအကြေးခွံတွေက တောက်ပမှုတွေနဲ့ပြည့်နေပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကဖွဲ့စည်းမှုကောင်းတယ်, ဒါကြောင့်သူ့ရဲ့အဆင့်အတန်းက မြင့်ကောင်းမြင့်နိုင်တယ်၊ အဲ့တာက ကောင်းကောင်း မွန်မွန်နဲ့မြှင့်တင်ထားတာဖြစ်နိုင်တယ်၊ တိုက်ပွဲရှုထောင့်ကနေဆိုရင်, ဒီအနက်ရောင် အန်ဒါကွန်မြွေကတိုက်ခိုက်မှုမှာအရမ်းလေ့ကျင့်ထားတဲ့အတိုင်းမကြာခဏ တိုက်ပွဲအများကြီးကိုဖြတ်သန်းဖူးလိမ့်မယ်” သွမ့်ဝူကသူ၏သုံးသပ်ချက်ကိုအလေး အနက်ပြောကြားခဲ့သည်၊

တင်ဆက်သူသည်စကားမပြောနိုင်ဘဲဖြစ်နေတော့သည်၊ လေ့ကျင့်ပေးသူနဲ့ ပတ်သတ်ပြီးမင်းအမြင်တွေကိုမေးနေတာလေ, သားရဲအကြောင်းကိုမဟုတ်ဘူး….

ပရိတ်သတ်များက အကူအညီမဲ့စွာနှင့် ရယ်လိုက်ကြသည်၊ “နဂါးတိမ်တိုက်” သွမ့်ဝူက မျှော်လင့်ချက်မဲ့စွာ တစ်ကိုယ်တည်းသမားဖြစ်သည်ဆိုတာကိုလူသိများပြီး ယနေ့သူ၏ ပြသမှုသည်သူ၏ဂုဏ်သတင်းနှင့်အညီ အမှန်တကယ်ရှင်သန်ခဲ့သည်၊ သူက တစ်ယောက်တည်းနေဖို့ စွမ်းအားပြည့်ဝနေပြီး ထိုအရာကမွေးရာပါစွမ်းရည်ဖြစ်‌ လောက်သည်၊

“မစ္စတာသွမ့်ဝူရဲ့စီစစ်မှုကတော့ အမြဲတမ်းလိုလိုကောင်းပါတယ်၊ တကယ့်ကို ပညာရှင် ဆန်ဆန်ပါဘဲဗျာ” တင်ဆက်သူကပြုံးလျက်ပြောသည်၊

“ကျေးဇူးပါ” သွမ့်ဝူကအေးဆေးတည်ငြိမ်စွာနှင့်ခေါင်းညိတ်ကာပြောလိုက်သည်၊

“အခုလက်ရှိနောက်ဆုံးနေရာမှာရောက်နေတဲ့ ဖြေဆိုသူအရာရှိလောင်းကို ကြည့် လိုက်ရအောင်…”

မှန်သားပြင်တွင်, အစိမ်းရောင်အစက်များကတောက်ပစွာနှင့်တာ့ယန်တောင်သစ်တော တစ်ခုလုံးဖြတ်သွားသည်၊ အလင်းအစက်အပြောက်တစ်ခုစီတိုင်းသည် ဖြေဆိုသူအရာရှိ လောင်းတစ်ဦး၏နေရာကိုကိုယ်စားပြုသည်၊

ဘေးပတ်လည်ရှိအစိမ်းရောင်အစက်များအနက်မှ တစ်ခုသည်ကျယ်လာသည်၊ ၎င်းသည်တာ့ယန်တောင်တန်း၏အပြင်ဘက်ဧရိယာခြမ်းသို့ရောက်လုနီးပါးဖြစ်နေ သည်၊

“ဒီဖြေဆိုသူကိုယ်စားလှယ်လောင်းကာတော့ ကြည့်ရတာအတော်လေးသတိရှိပုံဘဲ၊ ဖြစ်နိုင်တာကတော့ သူကအချို့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာလားဘဲ?” တင်ဆက်သူကအပြုံးနှင့်မေးလိုက်သည်၊

ထိုသို့ဖြစ်ပွားရာနေရာတွင်တော့, ကောင်းကင်မှဒရုန်းတစ်ခုကရိုက်ကူးမှုတွင်,မြေပြင်မှ ငေါထွက်နေသော ကြီးမားသော‌ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင်ဆယ်ကျော်သက် လူငယ်လေးက ဖြန့်ခင်းထားသောငါးဆားနယ်တစ်ကောင်လိုလှဲချကာ ဗလာဖြစ်နေ သောကောင်းကင်ကြီးကိုကြည့်နေသည်၊ သူ၏ဘေးတွင်တော့ ကင်းခြေများ, ပင့်ကူ နှင့်အရိုးစုသားရဲတို့သည်လည်းမြေပြင်ပေါ်တွင်တိတ်ဆိတ်စွာလှဲနေပြီး သူတို့ခေါင်းတွေ ကိုကောင်းကင်ဘက်သို့လှည့်ထားကြသည်၊

ထုတ်လွှင့်နေမှုလုပ်နေသောအခန်းထဲမှလေထုသည်ရုတ်တရက် ကိုးရိုးကားရားဖြစ် သွားတော့သည်၊

၎င်း၏အနေအထားအဆင်မပြေသော်လည်း တာ့ဇီသည်အပေါ်သို့လှန်လိုက်သောအခါ ၎င်း၏ခြေချောင်းတစ်ထောင်သည်ကောင်းကင်သို့မျက်နှာမူလျက်၎င်း၏အဖြူရောင် အောက်ခြေအတွင်းသားကိုပြသနေသည်၊ ၎င်း၏အဝါရောင်ခြေချောင်းများသည် တစ်ချောင်းပြီးတစ်ချောင်းအပြင်သို့ပြန့်ထွက်သွားပြီး ရှက်စရာကောင်းသော အနေအထားတွင်ရှိနေသည်၊

သူတို့၏ဖန်သားပြင်တွေရှေ့တွင်ကြည့်ရှုနေကြသော ပရိတ်သတ်များကကျယ်လောင် စွာရယ်မောတော့သည်၊ ပြင်ဆင်မှုလုပ်နေတယ်? သူကဘယ်လိုပြင်ဆင်မှုမျိုးကိုလုပ် နေတာတုန်း? ငါးဆားနယ်ပုံစံ3- ငါးဆားနယ်ကိုလှန်ထားတဲ့ပုံစံလား?

***

အပိုင်း၁၃၆ ဝိဉာဉ်သစ်သားနွယ်

“အား, ဒီလိုမျိုးလှဲနေရတာအရမ်းကိုဇိမ်ရှိတာဘဲ” ကောင်းဖန်ကသက်ပြင်းချရင်းပြော သည်၊

ချီချီ၊ ဗိုက်ပြည့်အောင်စားနေသောအစင်းလေးက သဘောတူလိုက်ရင်းလေချဉ်တက် လိုက်သည်၊

ကောင်းဖန်က ထိုပင့်ကူကောင်ကိုစိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်၊

“ဒီနေ့ည ပင့်ကူဘာဘီကျူလုပ်စားကြစို့, လုပ်မလား?”

တာ့ဇီကသဘောတူညီမှုနှင့်အတူခေါင်းညိတ်လိုက်သည်၊

အစင်းလေးကထလိုက်ကာ သတိရှိစွာနှင့်သူ၏သခင်ကိုကြည့်လိုက်ပြီး ဖြည့်ညှင်းစွာ နှင့်သွားကာအဝေးသို့တွားသွားသွားတော့သည်၊

…

“ဒီဆယ်ကျော်သက်ကောင်လေးကတော့ကြည့်ရတာတကယ်ကိုဘဲ ထိပ်တန်းဘဲ,” တင်ဆက်သူကပြောကာရယ်လိုက်သည်၊ “မယှဉ်ပြိုင်ဘူး, မတိုက်ခိုက်ဘူး, ဘဝမှာ သက်တောင့်သက်သာဖြစ်ရေးကိုဘဲအာရုံစိုက်တယ်၊ ဒီလိုစရိုက်ကတော့ ကပ်ဆိုးမတိုင်ခင်ဆယ်ကျော်သက်တွေနဲ့အရမ်းတူတယ်”

“ဒါကပျင်းနေတာသက်သက်ဘဲ” စကားတွေကိုကညာမစစ်တတ်သောသွမ့်ဝူကပြော လိုက်သည်၊

တင်ဆက်သူကအံ့အားသင့်ပြီးဆို့နင့်စွာနှင့်ပြုံးလိုက်သည်၊ ဒါကမင်းအမြဲပြောနေကျ စကားဆိုရင်, ငါတို့မင်းရဲ့နောက်ထပ်အပိုင်းသစ်ကိုမြင်ရတော့မှာမဟုတ်ဘူး…

…

တီဗွီ၏အရှေ့တွင်တော့ဦးလေးလျိုသည် ဖလိမ်မီကိုအပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းနေသည်၊ “မင်းကဝက်တစ်ကောင်လိုပျင်းလာတာဘဲ၊ မင်းဒီလိုမလုပ်ဘူး ဆိုရင် ဖန်လေးကသူ့သားရဲတွေကိုအဆီတက်အောင်လုပ်လို့အပြစ်တင်နေလိမ့်မယ်ကွ”

ဖလိမ်မီသည်မျက်လုံးများကိုလှိမ့်လိုက်ပြီးမသိနားမလည်မှုဖြစ်နေသလိုဟန်ဆောင် လိုက်သည်၊

“အပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်စမ်း!” အနက်ရောင်လိုင်းများကဦးလေးလျို၏မျက်နှာ တစ်ပြင်လုံးတွင်ပြည့်နေသည်၊ သူက ဆော်ဖီကို အဆီပိတ်နေသည့်ကြိုးကြာအား အိမ်အပြင်ဘက်ထွက်စေရန်လိုက်ဖမ်းခိုင်း လိုက်သည်၊

ထို့နောက်တွင်တော့ ကောင်းဖန်ရဲ့ပုံကတီဗွီစခရင်ကနေပေါ်လာတော့သည်၊

ဖလိမ်မီကအိမ်ထဲကထွက်ဖို့ပြင်နေရာမှ ရပ်လိုက်သည်၊သူကစခရင်ပေါ်ကသူ့သခင်ရဲ့ ပုံကိုထိုးစိုက်နေပြီးနောက် ရှည်လျားသောနှုတ်သီးဖြင့်, သူကကောင်းဖန်၏ပုံရိပ်ဆီသို့ ပျံသန်းသွားပြီး သူ၏အတောက်ပံများဖြင့်တီဗွီကြီးကိုဖက်လိုက်သည်၊

သူကသူ့ရဲ့ရှည်လျားတဲ့နှုတ်သီးကြီးကို နမ်းဖို့အတွက်ဆန့်ထုတ်လိုက်သည်…

ပချီ၊

ရှီးးးးးး, တလိပ်လိပ်တက်လာသောလျှပ်စီးကဖလိမ်မီကိုထုံထိုင်းသွားစေသည်၊ ၎င်း၏ခန္ဓာကိုယ်သည်မြေပြင်ပေါ်သို့မကျမှီခဏလောက်တုန်ခါသွားသည်၊

တီဗွီကြီးတွင်တော့ ဖလိမ်မီ၏ရှည်လျားပြီးချွန်ထက်သောနှုတ်သီးဖြင့်ထိုးဖောက်ထားမှု ကြောင့်ကြီးမားသော ဟပြဲအပေါက်ကြီးဖြစ်နေသည်၊

ဆော့ဖီက ဧည့်ခန်းတွင်ဟိုဟိုဒီဒီသွားနေပြီးမိုက်မဲသောဖက်တီးကြိုးကြာကိုစက်ဆုပ် ဖွယ်ကောင်းသောအကြည့်ဖြင့်ကြည့်လိုက်သည်၊

ဟက်, ဖက်တီးကြိုးကြာ

ဦးလေးလျိုကဖလိမ်မီအတွက်ခံစားသွားရသည်၊ ၎င်း၏နုံချာလှသောအပြုအမူကြောင့် ပြသနေသောသူ့သခင်နှင့်လွဲချော်သွားခဲ့သည်၊

ဖန်လေးသိပ်မကြာခင်ပြန်လာလိမ့်မယ်လို့သူမျှော်လင့်ပါတယ်။

…

“သစ်တောရဲ့အပြင်ဘက်ပိုင်းဧရိယာကသိပ်ပြီးတော့ အန္တရာယ်မများသင့်ဘူး” ကောင်းဖန် ဘာမှမရှိတဲ့သူ့မေးစေ့ကိုပွတ်ကာပြောလိုက်သည်၊ “အဲ့ကိုသွားရအောင်”

တာ့ယန်တောင်သစ်တောက ကပ်ဆိုးကြီးမတိုင်ခင်ကအမျိုးသားပန်းခြံဖြစ်ခဲ့သည်၊ ဘဘာဝပေါက်ပင်များနှင့်ထူထပ်အုံ့ဆိုင်းနေပြီး, ပိုပြီးနက်ရှိုင်းလာသည်နှင့်အမျှပိုပြီး ထူထပ်လာသည်၊ ထူထဲသောအမြစ်များ, နွယ်များ, ပေါင်းပင်များနှင့် မြက်ပင်များက မြေပြင်ကိုဖုံးလွှမ်းသွားသောကြောင့်တောကပိတ်သွားလုနီးပါးဖြစ်နေသည်၊

အစက, တာ့ဇီသည်၎င်း၏ပါးစပ်မှအစွယ်ချွန်များကို ကြီးမားသောကပ်ကြေးများ အဖြစ်သုံးပြီးသူ့ဘာသာသူလမ်းကြောင်းရှင်းပေမယ့် နောက်တော့သူ့ပါးစပ်က ရှေ့ဆက်ဖို့အတွက်နာကျင်လာသည်၊ သူကအတားအဆီးများကိုကျော်ဖြတ်ရန် ကြိုးပမ်းသော်လည်းဤမျှလောက်ထူထပ်သောတောင်တန်းသည်တာ့ဇီ၏တိုတောင်း လှသောခြေထောက်လေးများအတွက်အလွန်ခက်ခဲစေသည်၊

ဒမ်ဘီကတာ့ဇီ၏ခရီးသွားလာနေမှုကိုကြည့်မနေနိုင်တော့သောကြောင့်, သူကကွေးညွှတ်လိုက်ပြီးကောက်ချီလိုက်သည်၊ တာ့ဇီကအရမ်းပျော်ရွှင်သွားတာကြောင့် လေထဲတွင်လှည့်နေတော့သည်၊

အစင်းလေးကလည်းအရှေ့သို့ရောက်လာပြီး ဒမ်ဘီကိုမျှော်လင့်ချက်အပြည့်ဖြင့်ကြည့် နေပေမယ့် ဒမ်ဘီကလစ်လျူရှုလိုက်ကာကြီးမားသောခြေလှမ်းကြီးများဖြင့်ရှေ့သို့သာ လှမ်းသွားတော့သည်၊

အစင်းလေးကအလွန်ပျင်းရိနေသည်၊ မြေပြင်အနေအထားအရ၎င်း၏ရှည်လျားသော ခြေထောက်များကပြဿနာမရှိသော်လည်း ဒမ်ဘီ၏အပေါ်၌တက်စီးရတာပျော်စရာ ကောင်းပြီးအတွေ့အကြုံအသစ်ကိုအမြဲကြိုးစားကြည့်ချင်နေခဲ့သည်၊

တော၏အတွင်းနက်ပိုင်းတွင်, သူတို့ကအဖြူရောင်ကျောက်တိုင်ဆီသို့ရောက်လာပြီး ပြောရရင်တော့ နှစ်ဆယ့်ငါးပေရှည်လောက်ရှည်သည်၊

“ဆိုတော့, ဒါကအဲ့တာတွေထဲက ဒဏ္ဍာရီလာအမှတ်ကျောက်တိုင်ဆိုတာဒါပေါ့?” ကောင်းဖန်ကမေးလိုက်ရင်း ၎င်း၏အနောက်တွင်ရပ်နေသည်၊

[ရုပ်ဝတ္ထုအမည်]-မြေကြီးသဲကျောက်ဖြူ

[ရုပ်ဝတ္ထုအသုံးပြုခြင်း]- မြေကြီးအမျိုးအစားများပေါ်နှင့် သဲအမျိုးအစားသားရဲများပေါ် တွင်အသုံးပြုနိုင်သည်၊ အစာအိမ်ကျန်းမာရေးကောင်းစေရန်အတွက်ပမာဏ အနည်းငယ်အသုံးပြုနိုင်သည်၊

[အခြားအသုံးပြုနည်းများ]-သားရဲများကိုဆွဲဆောင်နိုင်စွမ်းရှိသည်၊

ကျောက်တိုင်၏အပေါ်တွင် အနက်ရောင်မှင်ဖြင့်ရေးထားသောကြီးမားသည့်စာလုံးရှိ သည်; အမှတ်ကျောက်တိုင်

ဒါပေမယ့်ကောင်းဖန်အတွက်ပြဿနာဖြစ်နေသည်က ကျောက်တိုင်သည်နွယ်များဖြင့် ဖုံးအုပ်နေခြင်းဖြစ်သည်၊

[မကောင်းဆိုးဝါးအမည်]-ဝိဉာဉ်သစ်သားနွယ်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၂ (အုပ်ချုပ်သူအဆင့်သားရဲ)

[မကောင်းဆိုးဝါးအဆင့်အတန်း]-သာမန်အဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-အဆိပ်/ သစ်သားအမျိုးအစား

[မကောင်းဆိုးဝါးအားနည်းချက်]-မီးအမျိုးအစား

သေးငယ်တဲ့မြွေတစ်ကောင်လိုပင်, နွယ်ကြိုးကသစ်ပင်မှတွဲလဲကျနေသည်၊ သူတို့က သစ်တော၏ပတ်လည်တွင်မြင်တွေ့နိုင်သောအခြားသောနွယ်ပင်များအားလုံးနှင့် ဆင်တူသည်၊

ဒီငနဲကောင်လေးက ငါ့ရှေ့မှာလာပြီးသရုပ်ဆောင်ချင်နေတယ်?

ကောင်းဖန်က ဒါကစိတ်ဝင်စားစရာကောင်းတယ်လို့တွေးလိုက်မိသည်၊ ဒီဝိဉာဉ်သစ်သားနွယ်က သူကျောက်တိုင်ကိုချဉ်းကပ်လာတာတောင် တစ်လက်မမှ မလှုပ်ပေ၊ ၎င်းကသေချာပေါက်ကိုသာမန်နွယ်ပင်မျိုးလိုမျိုး မလှုပ်နိုင်မပြောနိုင်ဖြစ်နေ သည်၊ ၎င်းကလေနှင့်အတူပင် ညင်ညင်သာသာလေးယိမ်းယိုင်နေသည်၊

ကောင်းဖန်၏နှုတ်ခမ်းများရှိ အပြုံးကကွေးညွှတ်သွားတော့သည်၊

မင်းသရုပ်ဆောင်ရတာကိုကြိုက်တယ်မလား? ငါမင်းကိုရွှေမြင်းဆုရအောင် အခွင့်အရေးပေးမယ်!

ကောင်းဖန်က ဘေးပတ်လည်ကိုလှည့်ကြည့်လိုက်ပြီး သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများကိုစုပုံလိုက်သည်၊

“တာ့ဇီ, ဒီကိုလာဦး” သူကပြောလိုက်သည်၊

တာ့ဇီကနာခံစွာဖြင့်တွားသွားကာလာတော့သည်၊ ထို့နောက်, ကောင်းဖန်၏သင်ကြား ပေးမှုအောက်တွင်, တာ့ဇီ၏ခန္ဓာကိုယ်အနှံ့တွင်မီးပွားများစတင်ထွက်လာသည်၊ တာ့ဇီသည်လျှပ်စီးဓာတ်အားကိုထုတ်လွှတ်နိုင်သော်လည်း ထိုဗို့အားသည်သားရဲ တစ်ကောင်အားသေစေနိုင်တဲ့အထိမလုံလောက်သေးပါ၊ နောက်ဆုံးတော့ တာ့ဇီ၏ ပင်ကိုစွမ်းရည်သည် အဆိပ်ပင်ဖြစ်တော့သည်၊ လျှပ်စီးသည်၎င်း၏ဒုတိယစွမ်းရည်ဖြစ် သည်၊ သို့သော်မီးထွန်းရန်အတွက်တော့လုံလောက်သည်ထက်ပိုသည်၊

လျှပ်စီးမီးပွားများသည် အက်ကွဲပေါက်ကွဲသွားပြီးကောင်းဖန်သည်သူစုဆောင်းခဲ့သော သစ်ရွက်ခြောက်များကိုမီးရှို့လိုက်သည်၊ သူကသစ်ကိုင်းအနည်းငယ်ထပ်ထည့်ပြီး မီးတောက်ကြီးလာအောင်ပြုလုပ်လိုက်သေးသည်၊

ကောင်းဖန်သည်မီးပွားများ များလာသည်နှင့်အမျှ ဝိဉာဉ်သစ်သားနွယ်သည် အာရုံစိုက်မိပြီးနွယ်ပင်သည်အနည်းငယ်ခဏမျှတုန်လှုပ်သွားပြီး မငြိမ်မသက်ဖြစ်သွား သည်ကိုသတိပြုမိသည်၊

ဝိဉာဉ်သစ်သားနွယ်၏အသံကိုသူမကြားနိုင်သော်လည်းကောင်းဖန်က ဝိဉာဉ်သစ်သားနွယ်ကသူ့ကိုယ်သူပြောနေသည်ကို သူမြင်ယောင်နေမိသည်, “သူငါ့ကိုသတိမထားမိဘူး, သူငါ့ကိုသတိမထားမိဘူး, သူသေချာပေါက်ငါ့ကိုသတိ မထားမိဘူး…”

မီးရှို့သူတစ်ယောက်အနေနှင့် ကောင်းဖန်ကဆက်၍ပင်လောင်စာကိုမီးထဲသို့ထပ်ထည့် လိုက်သည်၊

မီးတောက်ကြီးလာပြီး ဘေးပတ်လည်ရှိသစ်ပင်များကိုပါမီးဟပ်လာကာ, သစ်ပင်များ၏အရွယ်အစားကိုပါသေးသွားစေသည်၊ ကပ်ဆိုးကြီးပြီးနောက်, သစ်ပင်များသည်သာမန်မီးတောက်များကိုပိုမိုခုခံနိုင်စွမ်းဖြင့်တည်ဆောက်ထားသည်၊ အနည်းဆုံးတော့ဤပြင်းထန်မှု၏မီးတောက်များသည်တောမီးကိုတော့မဖြစ်စေနိုင်ပါ၊

ဝိဉာဉ်သစ်သားနွယ်သည်တစ်စုံတစ်ခုကမှားယွင်းနေကြောင်းကို သတိပြုမိလာသည်၊ မီးကဘာလို့ဒီတိုင်းကြီးဆက်တက်လာတာတုန်း?

သို့သော်၎င်းသည် သူ၏မသက်မသာဖြစ်နေမှုနှလုံးသားထဲသို့အတင်းအကျပ်ထည့်သွင်း ခံလိုက်ရသည်၊ နှစ်ပေါင်းများစွာအမဲလိုက်မှုအတွေ့အကြုံပေါ်မူတည်ပြီး သူ့မှာမျှော်လင့်ချက်ရှိသေးသည်၊ သူကစိတ်ရှည်ရန်လိုအပ်သည်၊ ဝိဉာဉ်သစ်သားနွယ်သည် မီးတောက်များသူ့ဆီသို့ဖြည်းဖြည်းချင်းပျံ့လွင့်လာသည်ကို ကြည့်ရင်းဖြင့် သူ့နေရာတွင်ဘဲဆက်၍နေနေခဲ့သေးသည်၊

ဒါက …ပိုပူတယ်လို့ခံစားရတယ်။

သူ့ရဲ့နွယ်ပင်တွေရဲ့အဝေးဆုံးအစွန်းက လောင်ကျွမ်းပြီးနေပြီး အညိုရောင်အဖြစ်သို့ ပြောင်းနေပြီဖြစ်သည်၊

ဝိဉာဉ်သစ်သားနွယ်ပင်၏နွယ်ကြိုးများသည် ခဏမျှတွန့်သွားပြီးနောက် ထိုခွန်အားဖြင့် ပင်ငြိမ်၍နေလိုက်သည်၊ ထိပ်တန်းအမဲလိုက်တဲ့သူတွေက စိတ်ရှည်ရမယ်။

မီးတောက်ကကြီးသထက်ကြီးလာသည်၊ ကောင်းဖန်၏လမ်းကြောင်းအတိုင်း, မီးတောက်သည် ဝိဉာဉ်သစ်သာနွယ်ပင်ကိုအပြည့်အဝပင် ဝိုင်းပတ်နိုင်လိုက်သည်၊

လေပူများမြင့်တက်လာသဖြင့် နွယ်၏အရွက်များသည်အပေါ်သို့မြင့်တက်သွားသည်၊

ခရက်!

မီးတောက်များသည် နွယ်ပင်၏အရွက်ခြောက်အချို့ကိုမီးဟပ်သွားစေပြီး ကွဲအက်လာ သည့်အသံကိုပေးသည်၊ ထို့နောက်နေရာတိုင်းမှမီးတောက်နေသောမြွေများကဲ့သို့ မီးလျှံများသည်စပျစ်နွယ်ပင်များကိုဖုံးလွှမ်းသွားတော့သည်၊

ဝိဉာဉ်သစ်သားနွယ်သည်ဆက်၍ပုန်းကွယ်လို့မရနိုင်တော့ပါ၊ မည်မျှပင် ဆင့်ကဲပြောင်းလဲထားသည်ဖြစ်စေ, သူကနွယ်ပင်အမျိုးအစားသားရဲတစ်ကောင်ပင်ဖြစ် ပြီး, လောင်ကျွမ်းနေသောပတ်ဝန်းကျင်က သူ့ကိုမသက်မသာဖြစ်စေသည်၊ အကယ်၍ ဒီတိုင်းသာဆက်နေနေလျှင်, သူအရှင်လတ်လတ်မီးရှို့ခံလိုက်ရမှာဖြစ်သည်၊

ကသုတ်ကရုတ်နှင့်ထွက်ပြေးရန်ကြံစည်နေစဉ်, ထူထဲသောအမြစ်က မြေကြီးမှ ကွဲထွက်လာပြီး ကြီးမားသောမြေကွက်ကြီးတစ်ကွက်ဖြစ်လာသည်၊

စကားတစ်လုံးမှမပြောဘဲ, တိတ်ဆိတ်စွာနှင့်ဘေးဘက်တွင်စောင့်နေသောဒမ်ဘီက ကောင်းမွန်လှတဲ့ခုန်လွှားခြင်းကိုပြုလုပ်လိုက်သည်၊ သူကဆင်းသက်ပြီးနောက်, သူ၏ညာလက်ကိုဆန့်ထုတ်လိုက်ပြီး ဝိဉာဉ်သစ်သားနွယ်၏အမြစ်ကိုဆုပ်ကိုင်လိုက်ပြီး, ဆောင့်ဆွဲလိုက်သည်၊

ကြီးမားသောခွန်အားဖြင့်, သူကလွတ်မြောက်ချင်သော ဝိဉာဉ်သစ်သားနွယ်ကို နောက်သို့ဆွဲလိုက်ပြီး ရက်စက်စွာဖြင့်လွှဲယမ်းလိုက်သည်!

ခရက်!

နွယ်ပင်၏အစိတ်အပိုင်းများသည် မြေပြင်ပေါ်တွင်ကျိုးကြေနေပြီး, သစ်ရွက်များသည် လေထဲတွင်လွင့်ပျံနေတော့သည်၊

***

All Chapters