← Chapters

အခန်း (၁၃၇-၁၄၀)

Vol. 9 Ch. 137-140

အခန်း (၁၃၇-၁၄၀)

Vol. 9 Ch. 137-140

အပိုင်း၁၃၇ ပထမဆုံးသေဆုံးမှု

ဝိဉာဉ်သစ်သားနွယ်သည် မြေပြင်သို့ထိသွားသည်နှင့် ပြန်ကန်ထွက်လာသည်။ ထူထဲသည့်နွယ်ပင်များသည် ဒမ်ဘီရှိရာသို့ မြွေများကဲ့သို့ တဟုန်ထိုးခုန်ဝင်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နွယ်များက ဒမ်ဘီ သစ်ပင်မိစ္စာတစ်ကောင်လိုဖြစ်အောင် ရစ်ပတ်ချည်နှောင်ပစ်လိုက်တော့သည်။

နွယ်ပင်တစ်ခုချင်းက အချင်းချင်းပိတ်တိုက်ကာ ဒမ်ဘီကိုအပိုင်းပိုင်းပြတ်တောက်သွားစေရန် ကြိုးပမ်းလို့နေသည်။ တစ်ချိန်တည်းမှာပဲ သုံးမြှောင့်သဏ္ဌာန်သစ်ရွက်များက ဒမ်ဘီ၏အရိုးများအတွင်း ဓားသွားများလိုပြေးလွှားနေကာ တရှီးရှီးအသံများထွက်ပေါ်လို့နေသည်။ ဝိဉာဉ်သစ်သားနွယ်၏သစ်ရွက်များသည် လွန်စွာထက်ရှကြကာ တစ်ရွက်ချင်းစီကပင် စက်ပိုင်းပုံလွှသွားများလိုဖြစ်လို့နေသည်။

ပုံမှန်ဆိုလျှင် သားကောင်ကိုအမဲလိုက်သည့်အခါ ဝိဉာဉ်သစ်သားနွယ်က ရန်သူအားချည်နှောင်ပစ်ဖို့ရန် ၎င်း၏နွယ်ပင်များကိုသုံးကာ ဓားနှင့်ဆင်တူသည့်အရွက်များဖြင့် ရန်သူကို အသစ်သေသည်အထိ လှီးဖြတ်ခြင်း ဒါမှမဟုတ်လဲ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများကို နွယ်ပင်၏ညှစ်အားဖြင့် ချေမွပစ်တတ်သည်။

သို့ပေမည့် ဒမ်ဘီနှင့်တွေ့ချိန်မှာတော့ ဆန့်ကျင်စွာဘဲ ၎င်း၏သတ်ကွက်နှစ်ခုလုံးက ထိရောက်မှုမရှိကြတော့ပေ။

နွယ်ပင်မှအရွက်များက ဒမ်ဘီ၏မာကျောလှသောအရိုးများကို ဖြတ်တောက်ချိန်မှာ အသံတွေထွက်နေသည်ကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ကြပေ။ တကယ်တော့ ၎င်းက ဒမ်ဘီ၏ကိုယ်ပေါ်မှာကပ်နေသည့် ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် အစွန်းအထင်းများကို တိုက်ချပေးနေခြင်းဟုသာ ထင်ရသည်။ ၎င်းက အရာဝတ္ထုများကို ကော်ပတ်စားပေးနေသလိုမျိုးဖြစ်နေကာ ပွတ်လေပွတ်လေ ဒမ်ဘီ၏အရိုးများကို ပိုလို့သာတောက်ပြောင်လာစေသည်။

ဒမ်ဘီ၏ကိုယ်ကိုရစ်ပတ်ထားသည့် နွယ်ပင်တွေကတော့ အရိုးများကြားမှချော်ထွက်နေကြကာ ဘာထိရောက်မှုမှမရှိဘဲ ဒမ်ဘီကိုသေအောင်လုပ်နိုင်ဖို့ မျှော်လင့်ချက်လေးတောင်မရှိပေ။

ထိုသို့ဆိုလျှင်တောင်မှ ဒီလိုရှုပ်ယှက်ခက်နေသည့်အခြေအနေကြီးက ဒမ်ဘီကို စိတ်ပျက်စေသည်။

ဒမ်ဘီ၏မျက်တွင်းချိုင့်ထဲမှ အပြာရောင်မီးတောက်များမှာ ပိုလို့တောက်ပလာကာ ဝိဉာဉ်သစ်သားနွယ်၏အဆုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆွဲဖြဲပစ်တော့သည်။ အားအပြည့်သုံးကာလုပ်နေတာတောင်မှ နွယ်ပင်များကို ဒမ်ဘီမဖြတ်ပစ်နိုင်ပေ။ နွယ်များက ပိုလို့သာဆန့်ထွက်လာပြီး ဝိဉာဉ်သစ်သားနွယ်ကို ကြီးစွာသည့်နာကျင်မှုသာဖြစ်စေသည်။

“တာ့ဇီ!”

ကောင်းဖန်က ဒမ်ဘီကိုကူညီဖို့ရန် တာ့ဇီကိုခေါ်လိုက်သည်။ အခုက မျှတတဲ့တိုက်ပွဲတွေဘာတွေ ပြောနေဖို့အချိန်မဟုတ်ပေ။

တာ့ဇီက ရှေ့သို့ပြေးထွက်လာသည်နှင့် ဝိဉာဉ်သစ်သားနွယ်ကလဲ အန္တရာယ်ကိုသတိပြုမိကာ လွတ်မြောက်ဖို့ကြိုးစားတော့သည်။ သို့သော်လည်း ဒမ်ဘီကို ပတ်ထားသည်အား လျှော့ပေးလိုက်ချိန်မှာပဲ ဒမ်ဘီက ၎င်းကိုဆွဲဖမ်းထားကာ လက်မကြီးကိုရှေ့ဆန့်ထုတ်ကာ ပြေးဝင်လာသည့် ဒမ်ဘီအတွက် ချုပ်ပေးထားလိုက်သည်။

ထိုကတ်ကြေးနှင့်တူသည့်လက်မကြီးများက ဝိဉာဉ်သစ်သားနွယ်ကို ကျယ်လောင်သည့်ဖြတ်တောက်သံတစ်ခုနှင့်အတူ နှစ်ပိုင်း,ပိုင်းချလိုက်သည်။ ဖြတ်တောက်ခံရရာဒဏ်ရာမှနေပြီး အဖြူရောင်အရည်များစိမ့်ထွက်လာခဲ့သည်။

တာ့ဇီ၏အနက်ရောင်မျက်လုံးများကနေပြီး ခရမ်းရောင်လျှပ်စီးအမျှင်များ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးအမျှများက အထုံးတစ်ခုလိုပေါင်းစည်းသွားကာ သိပ်သည်းသည့်လျှပ်စီးကြောင်းပိုက်ကွန်တစ်ခုအဖြစ် လိမ်ကွေးကာဖန်တီးလိုက်သည်။

လျှပ်စီးပိုက်ကွန်က ဝိဉာဉ်သစ်သားနွယ်ကို ဖုံးအုပ်သွားကာ အတွင်းထဲမှာပဲအင်အားအလုံးအရင်းဖြင့် ပေါက်ကွဲထွက်သွားစေသည်။ လျှပ်စစ်ပိုက်ကွန်နှင့်တိသွားမိသည့် သားရဲ၏အစိတ်အပိုင်းများအားလုံး လောင်ကျွမ်းသွားကာ ငါးပိုက်ကွန်လိုအနက်ရောင်အကွက်များကျန်ရှိခဲ့သည်။

ဝိဉာဉ်သစ်သားနွယ်သည် အရေးကြီးသည့်အမှတ်တစ်ခုကို ထိမှန်သွားသကဲ့သို့ ပြင်းထန်စွာလွင့်ထွက်သွားသည်။ နွယ်ပင်တစ်ချောင်းဆိုလျှင် လေထဲသို့လွင့်ပျံထွက်သွားပြီး တာ့ဇီ၏နောက်ကျောပေါ်ကျသွားခဲ့သည်။ ၎င်းက တစ်ချက်တွန့်သွားပေမည့် ဖြည်းဖြည်းချင်းပုံမှန်ပြန်ဖြစ်သွားသည်။

ဒါပေမယ့် ဒါက ဝိဉာဉ်သစ်သားနွယ်၏နောက်ဆုံးရုန်းကန်လိုက်ခြင်းသာဖြစ်သည်။ တာ့ဇီက စိတ်တိုကာ ပြေးထွက်သွားပြီး နွယ်ပင်များကို အပိုင်းပိုင်းအစစ်ဖြစ်အောင် ဖြတ်တောက်ပစ်ကာ မြေကြီးပေါ်ကို အဖြူရောင်အရည်များဖြင့် ဖုံးလွှမ်းသွားစေသည်။

အုပ်ချုပ်သူအဆင့်သားရဲက ဒီလောက်လွယ်လွယ်နဲ့သေနိုင်တာလား?

ကောင်းဖန် အနည်းငယ်ထိတ်လန့်မိသွားသည်။ ဒီလောက်လွယ်လွယ်နဲ့အနိုင်ရသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

တိုက်ပွဲ၏ရလဒ်ကတော့ ဒမ်ဘီကို အရောင်တင်ပေးကာ တာ့ဇီ၏ကျောပေါ်တွင် အချိုင့်တစ်ခုဖြစ်သွားစေခဲ့သည်။ ဒါကလွဲပြီး တခြားထိခိုက်ဒဏ်ရာတစ်ခုမှမရှိခဲ့ပေ။

ဒါပေမယ့် နောက်ထပ်မတူညီသည့်ရှုထောင့်တစ်မျိုးကနေ ပြန်တွေးကြည့်မည်ဆိုလျှင် ပြီးပြည့်စုံအဆင့်ကိုယ်ပိုင်သားရဲနှင့် အထူးအဆင့်ကိုယ်ပိုင်သားရဲတို့ကာ သာမာန်အဆင့်သားရဲကို ပူးပေါင်းအနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဒီထက်ဒဏ်ရာတွေသာ ရလိုက်လျှင် တော်တော်လေးသနားစရာကောင်းသွားပေမည်။

တာ့ဇီက ဝိဉာဉ်သစ်သားနွယ်ကို ရှင်းပြီးနောက် ဒမ်ဘီက ၎င်း၏ညာခြေထောက်ကို မြေပြင်ပေါ်တွင် ဆောင့်ချလိုက်သည်။

၎င်း၏ရင်ဘက်အပေါက်ထဲတွင်တော့ ကြီးမားသည့် သွေးကြောမျှင်နှလုံးသားက လျင်မြန်စွာလှုပ်ခုန်နေပြီး ပေါက်ကွဲထွက်မတတ် စွမ်းအင်များထုတ်ပေးနေသည်။ အရင်ကထက်တောင် ပိုများပေသည်!

ဒုန်း၊ ဒုန်း၊ ဒုန်း!

ဒမ်ဘီ၏အားများကြောင့် မြေကြီးသဲကျောက်ဖြူတိုင်မှာ ပြင်းထန်စွာလှုပ်ခါသွားသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် လှုပ်ခါမှုကြောင့် ကြီးမားသည့်အက်ကွဲကြောင်းကြီးများပေါ်လာကာ တချို့အပိုင်းအစမျိုးဆိုလျှင် မြေပေါ်သို့ကြွေကျကုန်သည်။

ဒမ်ဘီသည်ရုတ်တရက်၎င်း၏ဘယ်ဘက်ခြေထောက်ကိုမြေပြင်ပေါ်တွင်ခိုင်မာစွာ နေရာယူလိုက်ပြီး အနီရောင်အမျှင်များက ဆန့်ထွက်ကာထူထဲသောခြေထောက်ရိုးများ ကိုဖြတ်၍, တင်းကြပ်ပြီးနောက်ဖြေလျော့သွားတော့သည်၊

ဘယ်ဘက်ခြေထောက်သည်အချက်အချာဖြစ်သောကြောင့် ဒမ်ဘီ၏ခန္ဓာကိုယ်သည် ၁၈၀ဒီဂရီလှည့်လိုက်ပြီး သူ၏ညာလက်သီးကိုပြင်းထန်သောအရှိန်စွမ်းအားဖြင့် ကျောက်တိုင်ကိုရိုက်ချိုးလိုက်သည်၊

ဘုန်း!!!

သဲကျောက်ဖြူတိုင်သည် အပိုင်းအစများအဖြစ်သို့ပေါက်ကွဲသွားပြီး အကျိုးအပဲ့များ အဖြစ်မြေပြင်ပေါ်သို့ကျသွားတော့သည်၊ အကျိုးအပဲ့များ၏အလယ်၌ လျှပ်စီးလက်နက်သည်အနီရောင်သန်းကာတောက်ပနေသည်၊ ဒမ်ဘီက၎င်းပေါ်သို့ ခြေဆောင့်နင်းကာ, ထိုလက်နက်ကိုအပိုင်းအစတစ်ခုအဖြစ်သို့ နင်းချေပစ်သည်၊

ကောင်းဖန်ကငုံ့ကြည့်လိုက်ကာ, သူ၏အမှတ်ကိုစစ်လိုက်သည်; ၁၉၉မှတ်၊ ပွဲအစနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင်, ၎င်းက ၁၅၀မှတ်တက်လာတာဖြစ်သည်၊

ကောင်းဖန်ကအမှတ်နဲ့ပတ်သတ်ပြီးစိတ်ပူတာမရှိပေ၊ သူကအစပိုင်းမှာပေါ့တန်သော လူမျိုးမဟုတ်တဲ့အတွက် ထိုကဲ့သို့အရာတွေကသူ့အတွက်စိုးရိမ်စရာမရှိပေ၊

“တာ့ဇီ,ဒီကိုလာပြီး, ငါ့ကိုကူညီပေး၊ ဒီမှာဝိဉာဉ်သစ်သားနွယ်ရဲ့သားရဲသလင်းကျောက် ကဒီနေရာမှာရှိကိုရှိရမယ်၊ ငါတို့သေချာပေါက်ရှာဖို့လိုတယ်၊ ခုနကအရမ်းကိုပြင်းထန် တဲ့တိုက်ပွဲဘဲ၊ သားရဲသလင်းကျောက်ကဘယ်ကိုပျံထွက်သွားလဲဆိုတာဘယ်သူ သိမှာလဲ…”

အနီးအနားမှာ သစ်ပင်တွေလှုပ်လာပြီး ရွှေရောင်အကွင်းကခန္ဓာကိုယ်ကို ဖြတ်ထားသောအနက်ရောင်ကင်းမြီးကောက်ကြီးသည် ထူထပ်သောတောထဲမှာ တွားသွား၍ထွက်လာသည်၊

[မကောင်းဆိုးဝါးအမည်]-ကြီးမားသောဧကရာဇ်ကင်းမြီးကောက်

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၁

ဧရာမကင်းမြီးကောက်ကြီးပေါ်တွင်ထိုင်နေသူကတော့ အသားညိုပြီး ခန္ဓာကိုယ် တည်ဆောက်ပုံကောင်းသောဆယ်ကျော်သက်ကောင်လေးဖြစ်သည်၊ မီးခိုးရောင် မီးခိုးတန်းများကို မိုင်အတော်ဝေးသောနေရာမှတွေ့မြင်နိုင်သောကောင့် သူ့ကို ထိုမီးလောင်နေသောနေရာက ဆွဲဆောင်နေခဲ့သည်၊ သူရောက်တော့, တိုက်ပွဲက ပြီးနှင့်ပြီးဖြစ်ကာ ကျောက်တိုင်ကလည်းကြေမွနေပြီးဖြစ်သည်၊ သူကအမှတ်ကျောက်တိုင်ကိုဖျက်စီးလိုက်တယ်, ဒါဆိုသူကအစကတည်းကဘာမှန်း သိနေတာပေါ့၊

ကောင်းပြီ, ကြည့်ရတာငါနောက်ကျသွားပုံဘဲ၊ ဘာအမြတ်အစွန်းမှမရနိုင်တော့ဘူး၊

သူကကောင်းဖန်ကိုဖော်ရွေစွာနှင့်ပြုံးပြလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲထွက်သွားတော့သည်၊

…

ဖြေဆိုသူအချင်းချင်းတိုက်ခိုက်ခွင့်မပြုကြောင်းစစ်ဆေးမှုကာလအတွင်းထုတ်ဖော်ပြော ကြားခြင်းမရှိသော်လည်း ၎င်းအားမတားမြစ်ဟုတော့မဆိုလိုပေ၊

“ဒီစစ်ဆေးမှုက တကယ်တော့ဖြေဆိုသူအချင်းချင်းရန်ဖြစ်တာကို တားမြစ်ထားတာတော့မဟုတ်ဘူး” တင်ဆက်သူကပြောလိုက်သည်၊ “အဲ့တာကကောင်းတာလား, ဆိုးတာလား?”

“ဒါကပိုပြီးလက်တွေ့ဆန်တယ်,”သွမ့်ဝူကဖြေလိုက်သည်၊ “ဒါကတိုက်ခိုက်တဲ့ပွဲမဟုတ် ဘူး, သူတို့ကတစ်ယောက်ချင်းကြိုးဝိုင်းထဲမှာတိုက်ဖို့ခြေချကြမှာမဟုတ်ဘူး၊ တကယ်တော့ဒါကပိုပြီးရက်စက်တယ်၊ ဒါကသွေးဆာနေတဲ့အတိုင်းဘဲ!”

တောရိုင်းထဲမှာသတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်းတွေကအဖြစ်များသည်၊ လူတစ်ဦးကို သတ်ပြီးနောက် ထိုလူကိုတောထဲ၌မည်သည့်နေရာတွင်မဆိုစွန့်ပစ်နိုင်သည်၊ သံသယ ဖြစ်စရာမရှိ နောက်နေ့မှာအရိုးတစ်ချောင်းတောင်ကျန်မည်မဟုတ်ပေ၊

နေရာတိုင်းတွင်ကင်မရာများတပ်ဆင်ထားသည့် အရေးပါသောအခြေခံမြို့တော်များ နှင့်မတူပေ၊ ထိုနေရာက မင်းတို့ကိုအကာအကွယ်ပေးဖို့ စဉ်းမျဉ်းမရှိတဲ့တောရိုင်းမြေ ဖြစ်သည်၊ ရတနာများ, အဖိုးတန်သားရဲအစိတ်အပိုင်းများ, သို့မဟုတ် အစွမ်းထက် ပြီးငယ်ရွယ်သောသားရဲများကိုရယူရန် လူသတ်မှုသည်အလွန်အဖြစ်များကြသည်၊

“ဖြေဆိုသူကျိုးဟောကို ထုတ်ပယ်လိုက်ပါပြီ၊ ဖြေဆိုသူကျိုးဟောကိုထုတ်ပယ်လိုက်ပါပြီ” အသံကတာ့ယန်တောင်တန်းကြီးတစ်ခုလုံးတွင်ပျံ့နှံ့သွားတော့သည်၊

ကောင်းဖန်ကမျက်စိမှေးလိုက်သည်၊ ဒါကအခုအချိန်အထိလေးယောက်မြောက် ထုတ်ပယ်ခံရခြင်းဖြစ်သည်၊ လာမယ့်ရက်အနည်းငယ်အတွင်းမှာများပြားသော ထုတ်ပယ်မှုတွေဖြစ်လိမ့်မယ်လို့သူခန့်မှန်းမိသည်၊

သစ်တော၏အခြားဧရိယာတွင်တော့, ကျိုးဟောက မြေပြင်ပေါ်တွင်လဲနေပြီဖြစ်သည်၊ သူ၏မျက်နှာတွင် သွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ၏ပါးစပ်ကလည်းအနည်းငယ်ဟနေသည်၊ နဖူးတွင်တော့ ထိုးနက်ရာတစ်ခုရှိပြီး, ၎င်းမှလတ်ဆတ်သောသွေးများစိမ့်ထွက်နေဆဲဖြစ်သည်၊

အပြာရောင်နှင့်အဖြူရောင်ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသော ဝန်ထမ်းသုံးဦးသည် ခန္ဓာကိုယ်အားကြည့်လိုက်သည်၊

“သူသေနေပြီ” သူတို့ထဲမှတစ်ယောက်ကပြောလိုက်သည်၊ သူတို့ကအလောင်းထည့် သည့်အိတ်တစ်လုံးကိုထုတ်လိုက်ပြီး အလောင်းကိုအထဲသို့ထည့်လိုက်သည်၊

အလောင်းနှင့်မနီးမဝေးတွင် မြေကြီးပေါ်၌မီးတောက်နီ ကြွက်အမျိုးအစားသားရဲသည် မြေပြင်ပေါ်တွင်လှဲနေသည်၊ ၎င်းက အေးခဲနေသောသူ၏ခန္ဓာကိုယ်သည် ဒဏ်ရာ ကြီးငယ်များဖြင့်နေရာအနှံ့ထိုးဖောက်ထားသည်၊

“သားရဲနဲ့ပတ်သတ်ပြီးငါတို့ဘယ်လိုလုပ်ကြမလဲ?” လူကြီးတစ်ယောက်ကမေးလိုက် သည်၊

“ ကောင်လေးခန္ဓာကိုယ်နဲ့ သားရဲခန္ဓာကိုယ်ကိုသူတို့မိသားစုဆီ ပြန်ပေးရမယ်”

***

အပိုင်း၁၃၈ တောထဲမှဆန်းကြယ်သားရဲ

“ဆီလီ, ဒီကိုလာခဲ့”

ကောင်းဖန်က ဆီလီကိုလက်ယမ်းပြလိုက်ပြီး, ဆီလီကလွင့်မြောလာသည်၊

ပုချီ,ပုချီ?

လွန်ခဲ့တဲ့ရက်အနည်းအတွင်းကဖြစ်ပျက်ခဲ့သောတိုက်ပွဲတွေက အကျွမ်းတဝင်သားရဲ တွေနှင့် သားရဲလေ့ကျင့်သူ၏ ကိုယ်ခန္ဓာနှင့်စိတ်ကိုထိခိုက်စေသည်၊

တောတောင်ရှုခင်းများကအံ့ဩစရာကောင်းပြီး လှပသောနေထွက်ချိန်သည် သူ့အတွက်အသက်ရှုရပ်သွားစေသော်လည်းကောင်းဖန်သည် ထိုနေ့ရက်များစွာ ကုန်ဆုံးပြီးနောက် ၎င်းကိုငြီးငွေ့သွားဆဲဖြစ်သည်၊

သူအော်ဟစ်လိုက်သည်၊ မတိုင်ခင်အရင်ရက်အနည်းငယ်လောက်က, သူ့ရဲ့အဓိက ရည်ရွယ်ချက်သည်တန်ဖိုးရှိသောပစ္စည်းများကိုစုဆောင်းရန်ဖြစ်သည်၊

“ငွေသစ်ရွက်ကွင်းနီသည်ခရက်ဒစ်၃ခုတန်ပြီး အလင်းပြာရွှေမိုးပန်းထက်ခရက်ဒစ် တစ်ခုပိုနည်းသည်၊ ဒါပေမယ့် ငွေသစ်ရွက်ကွင်းနီက အလင်းပြာရွှေမိုးပန်း၏ တစ်ဝက်လောက်သာရှိ၍သေးသောကြောင့်, အရွယ်အစားအခြေအနေအရ, ငွေသစ်ရွက်ကပိုပြီးအရေးပါသည်၊ ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးရေရွတ်နေသည်၊

သူက အလင်းပြာရွှေမိုးပန်ကို ဆီလီ၏ကိုယ်ပိုင်နေရာလပ်မှထုတ်လိုက်ပြီး ငွေသစ်ရွက်ကွင်းနီနှစ်ခုကိုအထဲသို့ထည့်လိုက်သည်၊

ချွေတာတတ်သော ကောင်းဖန်သည်ဂရုတစိုက်တွက်ချက်နေတော့သည်၊ လုံ့လဝိရီယ, ချွေတာခြင်းနှင့် စိတ်အားထက်သန်မှုတို့ကြောင့်သူသည် ဒိလိုမျိုးခေတ်အသစ်တွင် သင့်လျော်သောအခြေအနေတွင်နေနိုင်သောလူတစ်ဦးဖြစ်ခဲ့သည်၊

သူတောအုပ်ထဲသို့ဦးဆောင်ဝင်ရောက်သွားသည်နှင့်, ငှက်များနှင့်အင်းဆက်များ၏ အသံသည်ရုတ်တရက်ပျောက်ကွယ်သွားပြီး, လေတိုက်သည့်အသံကလွဲလို့ဘာသံမှ မရှိတော့ပေ၊

တိတ်ဆိတ်ပြီးကြောက်မက်ဖွယ်ကောင်းသောအမှောင်ထုကြီးကကြောက်စရာကောင်း‌ သောအရာတစ်ခုကိုဖုံးကွယ်ထားသလိုပင်ဖြစ်နေသည်၊ ဒီမှာသစ်ပင်တွေကပိုထူထပ် သည်၊ အပေါ်ကအလင်းရောင်အများစုကိုပိတ်ကာထားပြီး အရိပ်များကဘေးပတ်လည် တွင်ပြည့်နေသည်၊

ဖြေးညင်းစွာတိုက်ခတ်မှုကဂျူလိုင်လတွင် ပုပ်၍ကျန်နေခဲ့သောငါးစိမ်းများကဲ့သို့သော ညှီစို့စို့, ဆိုးရွားသောအနံ့, ငါးစိမ်းနံ့ကိုသယ်ဆောင်လာသည်၊

ကျွတ်ကျွတ်

သူတစ်လှမ်းသွားလိုက်တိုင်း, သူ့ခြေထောက်အောက်မှကြွေကျနေသော သစ်ရွက်ခြောက်များကတောအုပ်၏တိတ်ဆိတ်မှုကိုနားအူမတတ်ဆူညံ့စေသည်၊

ကောင်းဖန်မျက်ခုံးတွေကိုကြုံ့လိုက်သည်၊ တစ်စုံတစ်ခုကသူ့ကိုကြည့်နေသလိုပင်။

“သတိထား”

သူ့ရဲ့သားရဲများက ကောင်းဖန်သတိပေးတာကိုမလိုအပ်ပေ၊ သူတို့ကတစ်ခုခုမှားနေ တာကိုသတိထားမိပြီးဖြစ်သည်၊ တာ့ဇီ၏မျက်လုံးများသည်, သာမန်အားဖြင့် ပူပင်ကြောင့်ကြမှုရှိပေမယ့် သတိရှိစွာနှင့်တောက်ပနေသည်၊ ဆီလီကနာခံစွာဖြင့် သူ့သခင်၏ခေါင်းပေါ်တွင်ထိုင်လိုက်နေပြီး သူ၏ဘဝဲလက်များကညင်သာစွာ လှုပ်ရှားနေသည်၊

အစင်းလေးကရုတ်တရက်တစ်စုံတစ်ခုကိုသတိထားမိသွားပြီး ခြုံပုတ်အတွင်းသို့ အော်ဟစ်လိုက်သည်၊

ရှီး!

ရှဲ,ရှဲ….

အစင်းလေးဦးတည်သောခြုံပုတ်သည်အနည်းငယ်လှုပ်ခါသွားပြီး, အဖြူရောင်ယုန် တစ်ကောင်ကခုန်ဆွခုန်ဆွနှင့်ထွက်လာကာ, ၎င်း၏ခြေထောက်များဖြင့်အလျင်အမြန် ထွက်ပြေးသွားတော့သည်၊

၎င်းသည်ယုန်တစ်ကောင်သာဖြစ်သည်ကိုသူ့သားရဲများမြင်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်၊ ဒါပေမယ့်အဲ့နောက်, ယုန်၏အနောက်ဘက်ချုံပုတ်မှ အနက်ရောင်မှုန်ဝါးဝါးတစ်ခုထွက်လာပြီး သိသာသောသူ့သားကောင်ကိုရိုက်သလိုလုပ် လိုက်သည်၊

ရှည်လျားပြီး, ပိန်သွယ်သောအင်းဆက်ခြေချောင်းများက ယုန်၏ခေါင်းနောက်ဘက်ကို ထိုးဖောက်လိုက်ပြီး, ၎င်း၏နှဖူးမှာထိုးဖောက်သွားတော့သည်၊ ခြေချောင်းများက အဖြူရောင်ရှိပြီး,အလောင်းကောင်ကဲ့သို့ခရမ်းပြာအရောင်ပြောင်းသွားတော့သည်၊ နီရဲသောသွေးများက ယုန်၏မျက်ခုံများမှဖြည်းဖြည်းချင်းစီးကျနေတော့သည်၊

ရှည်လျားသောခြေချောင်းများကနက်သောချုံပုတ်အတွင်းမှထွက်ပေါ်လာသည်၊ ခြေလက်၏ထိတွေ့မှုဧရိယာသည်အနည်းဆုံး ဆယ့်ငါးပေရှည်သည်။

ခြေလက်များ၏မျက်နှာပြင်ပေါ်တွင်ကြီးထွားလာသောဝါးပင်ကဲ့သို့ ကြီးထွားမှုလက္ခဏာကိုပြသောအကွင်းလိုက်ခွဲထားသလိုမျိုးအဆင့်ဆင့်အပိုင်းများရှိ သည်၊

ထိုဝါးကဲ့သို့သောကိုယ်လက်အင်္ဂါသည်ပြန်ဆုတ်သွား၍ ချုံပုတ်များအောက်၌ ပျောက်ကွယ်သွားကာ ယုန်သည်အကြောဆွဲလျက်မြေပြင်ပေါ်သို့လဲကျသွားသည်၊

ယုန်၏နဖူးအလယ်ရှိ အပေါက်သည်အကြမ်းဖျင်းအားဖြင့်လက်မအထူလောက်ရှိသည်၊ လတ်ဆတ်သောသွေးများက စိမ့်ထွက်လာသည်၊

ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကိုကြည့်၍ကောင်းဖန်သည်သားရဲ၏ စွမ်းရည်များကို မမြင်နိုင်ပေ၊ သူမလုပ်ခင်မှာ အနည်းဆုံးသားရဲ၏လေးပုံငါးပုံလောက်ကိုတော့မြင်တွေ့ ရမည်ဖြစ်သည်၊

တောအုပ်က တိတ်ဆိတ်မှုထဲသို့တဖန်ပြန်လည်ကျဆင်းသွားပြန်သည်၊

ကောင်းဖန်ကမျက်စိမှေးကြည့်လိုက်ပြီးနောက်ရယ်ချလိုက်သည်၊ သူကများစွာသော ဇာတ်ကားများကိုကြည့်ဖူးပြီး ထိုထဲမှကာရိုက်တာများသည်အလားတ ူကြောက်ဖို့ ကောင်းသောအခြေအနေတွင် ငတုံးတစ်ယောက်လိုမျိုးသရုပ်ဆောင်ကြကာ, အန္တရာယ်ကရှေ့သို့ရောက်နေပြီဖြစ်သော်လည်းရည်မှန်းချက်ကိုမပြောင်းလဲဘဲရှေ့သို့ ဆက်သွားမည်ဖြစ်ကြောင်းရှင်းလင်းစွာသိနေသည်၊

သွားရမည့်လမ်းကြောင်းကတစ်ခုထက်မကပိုရှိသည်၊ ဘာကြောင့်သူကသူ့အသက်နဲ့ လောင်းကစားလုပ်ရမှာတုန်း? ဒါကလုပ်ဖို့အတွက်လွယ်ကူတဲ့နည်းလမ်းဘဲ။

သားရဲတွေနဲ့မျက်နှာချင်းဆိုင်လိုက်ပြီးနောက်, ကောင်းဖန်ကဖြေးညှင်းစွာနှင့် နောက်သို့ဆုတ်ကာပြောလိုက်သည်၊ “ငါတို့လာခဲ့တဲ့လမ်းအတိုင်းပြန်သွားကြရအောင်”

သူနဲ့သူ့သားရဲတွေက အေးဆေးစွာနှင့်ပြန်ဆုတ်လိုက်ကြပြီး ထိုသားရဲရှိသောဘက်သို့ သူတို့မျက်လုံးများကဘယ်တော့မှလှည့်မကြည့်ကြတော့ပေ၊

သူတို့ထိုတောအုပ်အကွက်ပိုင်းမှထွက်လာပြီးနောက်, နက်ရှိုင်းသောအပိုင်းထဲမှ ထိုသားရဲကစ၍နောက်မှလိုက်လာတော့သည်၊

လေကရုတ်တရက်အေးစက်လာကာ အနံ့ဆိုးသောလေကိုတိုက်ခတ်လာပြီး ၎င်းတို့ပတ်လည်ရှိသစ်ရွက်များသည်ပြင်းထန်စွာနှင့်ရွေ့လျားစေသည်၊

ကောင်းဖန်၏အခြေအနေသို့ ပုံမှန်ချဉ်းကပ်ပုံမဟုတ်သည့်နည်းလမ်းကြောင့်တောအုပ် အတွင်းရှိသားရဲ၏စူးစမ်းလိုစိတ်ကိုရိုက်ထုတ်လိုက်သကဲ့သို့ဖြစ်သွားပုံရသည်၊

ကောင်းဖန်က အနောက်ဘက်အလယ်ရှိကျယ်ပြန့်ရှင်းလင်းသောရေကန်ဆီသို့ဦးတည် နေသည်၊ သစ်တော၏အစွန်ပိုင်းတစ်လျှောက်တွင်, သူတို့၏ရှေ့တွင်လျှောက်သွားနေ သောရှည်လျားဖြူဖွေးသောခြေသည်းနှစ်ချောင်းကိုသူတို့မြင်နိုင်သည်၊ သစ်ပင်တွေရဲ့ အနောက်မှာ, သူတို့ကသားရဲတွေရဲ့အကြည့်တွေကို သူတို့ခံစားနိုင်သည်၊

ကောင်းဖန်သည် သူကိုယ်သူသက်ပြင်းချလိုက်သည်၊ သူ၏သားရဲများ၏ တိုက်ခိုက်မှုသည်ခုထိရှည်လျားသောဝေးကွာသည့်အကွာအဝေးတစ်ခုတွင်ရှိနေသည်၊ ဒီလိုမှမဟုတ်ရင် သူတို့ကအဝေးကနေတောင်လှမ်းတိုက်ခိုက်နိုင်သည်၊ အကယ်၍ ထိုကဲ့သို့သိပ်ပြီးထိခိုက်မှုမရှိရင်တောင်မှ အနည်းဆုံးသူတို့ကသားရဲတစ်ကောင်လုံးကို မြင်နိုင်ပြီး သူ့ရဲ့အားနည်းချက်ကိုဖော်ထုတ်နိုင်သည်၊ ဒါဆိုရင်သူတို့က ဒီလိုမျိုး အနုနည်းတွေနဲ့ချဉ်းကပ်စရာမလိုတော့ပေ၊

ကောင်းဖန်နှင့်သူ၏အဖော်များသည် တောတွင်းလဟာပြင်တွင် ဖြေးညှင်းစွာလျှောက် လှမ်းနေကြသည်၊

ရုတ်တရက်တောင့်တင်းသေးသွယ်သော ခြေလက်တစ်ချောင်းသည်မှုန်ဝါးဝါးဖြင့် တောအုပ်အတွင်းမှထိုးဖောက်ထွက်လာသည်၊

အရှိန်ကဆက်၍တိုးလာပြီး ခြေလက်တွေကဆက်၍ဆန့်တန်းလာသည်၊

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲသံတစ်ခုကပေပေါင်းများစွာကိုဖုံးလွှမ်းသွားသည်၊

ဒမ်ဘီက ၎င်း၏ဘယ်ဘက်နေရာကွက်လပ်ဘေးဘက်သို့ရှောင်တိမ်းလိုက်ပေမယ့်, ခြေချောင်းများက ဒမ်ဘီ၏အပေါက်ကြားများထဲမှဖြတ်သန်းသွားသည်…

ပြီးတော့,ကောင်းဖန်၏ရင်ဘတ်ရှိ သေဆုံးနိုင်သောအလယ်ပိုင်းနေရာကိုထုလိုက်ကာ သူ့ကိုနောက်သို့ပျံထွက်သွားစေသည်၊

ရိုက်ခတ်မှုမခံရခင် စက္ကန့်အနည်းငယ်တွင်ကောင်းဖန်သည်ထူးဆန်းသော ရိုက်ခတ်မှု သူ့ကိုဖြတ်ကာချော်ထွက်သွားသည်ကိုခံစားမိလိုက်ပြီး, တာ့ဇီ၏ခန္ဓာကိုယ်ဆီသို့ ဆန့်ထွက်သွားတော့သည်၊

ကောင်းဖန်ကမြေပြင်နှင့်ရိုက်မိသောကြောင့် အင့်ခနဲဖြစ်သွားပြီး, သူ့ရဲ့လက်ကိုသူ့၏တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်ရှိနေသေးကြောင်းရှာဖွေနိုင်ရန် ရင်ဘတ်၌ကပ်လိုက်သည်၊သူက တာ့ဇီထံသို့ကြည့်လိုက်တော့, ၎င်း၏ကျောခွံပေါ်တွင်ထိုးဖောက်ထားသော အပေါက်တစ်ခုကိုတွေ့လိုက်ပြီး, ရေဝဲလိုမျိုးအချိုင့်ကကျန်နေခဲ့သည်၊၎င်းကတာ့ဇီ၏ ဝမ်းဗိုက်ကိုဖောက်ထွက်သွားလုနီးပါးပင်ဖြစ်သည်၊

ကောင်းဖန်ကအသက်ရှုသွင်းလိုက်ပြီး ကြယ်တာရာလွှဲပြောင်းခြင်းဖြင့်, အချိန်မှီရုံ ကလေးပင် လေကိုစုပ်ယူကာတာ့ဇီနှင့်သူ့ကိုကယ်ရန်အသက်သွင်းလိုက်သည်၊

ဒမ်ဘီကမှင်သက်သွားသည်၊ ၎င်းသည်သူ၏အသားမရှိအချည်းနှီးခန္ဓာကိုယ်ကိုငုံ့ကြည့် လိုက်ပြီးနောက် ဘာမှမရှိသောသူ့ဦးခေါင်းကိုကုတ်လိုက်သည်၊

ကောင်းဖန်ကအချက်အချာနေရာကြောင့် ထိတ်လန့်သွားသည်၊ သူကသားရဲ တစ်ကောင်၏ပစ်လွှတ်မှုသည် ဒီလိုအကွာအဝေးကနေပြီးတိုက်ခိုက်နိုင်မည်ဟု သူမျှော်လင့်မထားပေ! သူနဲ့သားရဲတွေက အနည်းဆုံးမီတာတစ်ရာအကွာအဝေးတွင် ရှိသည်၊

သားရဲက ဖြစ်နိုင်တာကထိုမျှလောက်တော့ မကြီးမားနိုင်ပေ၊ ဖြစ်နိုင်သည်က ၎င်း၏ခြေလက်များတွင် ချဲ့ဆန့်နိုင်စွမ်းရှိလိမ့်မည်၊ ဒီလိုမှမဟုတ်ရင် ကြီးမားတဲ့ ခန္ဓာကိုယ်ကိုတောအုပ်ကကာစီးထားနိုင်မှာမဟုတ်ပေ၊

…

သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်စာမေးပွဲနှင့်အထူး စစ်ဆင်ရေးဌာနချုပ်ရုံးအတွင်းမှလူတစ်ဦးက ပြင်းထန်သောလေသံဖြင့်, “ဒီအလောင်းကောင်အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်က ဖြေဆိုသူအရာရှိလောင်း တစ်ယောက်ကိုသတ်ပြီးသွားပြီ၊ လေ့ကျင့်သူကသားရဲထက် အားနည်းတဲ့ကာကွယ်ရေး ရှိတာကြောင့် လေ့ကျင့်သူကိုအရင်တိုက်ခိုက်သင့်တယ်ဆိုတာကိုသူသိတယ်”

“ငါတို့ရဲ့အနီးအနားမှာ အကူအညီပေးတဲ့အသင်းအဖွဲ့တစ်ခုရှိလား?” အထူးစစ်ဆင်ရေး ခေါင်းဆောင်ကမေးလိုက်သည်၊

“နှင်းဆီဖြူက လက်ရှိ ပစ်မှတ်နေရာနဲ့၅ကီလိုမီတာအကွာအဝေးမှာရှိပါတယ်၊ သူက အဲ့နေရာကိုပျံသွားနေပါပြီ”

“ကောင်းတယ်၊ တစ်ယောက်ကတော့ဒီသားရဲလက်ချက်နဲ့သေသွားပြီ၊ အကယ်၍ ထပ်ပြီးသေဆုံးမှုတွေရှိလာရင်…” အထူးစစ်ဆင်ရေးခေါင်းဆောင်က ခေါင်းကိုက်သွား တော့သည်၊

“ဒီကောင်တွေကရူးနေတယ်လို့မထင်ဘူးလား? ‘သေဆုံးနိုင်ခြေကိုပြင်ဆင်ဖို့လေ’, သူတို့ကပြောတယ်, ‘ဒါကျွန်တော်တို့ရဲ့အရာရှိလောင်းတွေအတွက် လေ့ကျင့်မှုတဲ့လေ’ ကျွန်တော်တို့ကပိုပြီးလက်တွေ့ဆန်တဲ့အတွေ့အကြုံရဖို့မျှော်လင့်တယ်”

“အခု, တစ်ယောက်ကတော့သေပြီဆိုတော့, သူတို့ကအခြားသူတွေထက်ပိုပြီး စိုးရိမ်ကြမှာ” ခေါင်းဆောင်ကပြောလိုက်ပြီး, သူ့ရဲ့ခေါင်းကိုက်ခြင်းကပို၍ဆိုးရွား လာတော့သည်၊

“ခေါင်းဆောင်, သူတို့ကအမြဲတမ်းဒီလိုတေကြည့်ဘဲမဟုတ်ဘူးလား? ဒါကပထမဆုံး အကြိမ်မဟုတ်တော့ဘူး”, အဖွဲ့ထဲမှတစ်ယောက်က အတွေးထဲမျောနေကာပြောလာ သည်၊

ခေါင်းဆောင်ကသက်ပြင်းရှည်ကြီးချလိုက်သည်၊ “နှင်းဆီဖြူရောက်မလာခင်ထိတော့ ဒီဖြေဆိုသူအရာရှိလောင်းကသည်းခံနိုင်မယ်လို့ဘဲ မျှော်လင့်ကြတာပေါ့”

အဝေးမှ အဖြူအမည်းပင်လယ်ဇင်ယော်တစ်ကောင်သည် ကောင်းကင်၌ပျံတက်သွား သည်၊ သူရဲ့ရင်ဘတ်မှာနှင်းဆီဖြူတစ်ပွင့်ကသူရဲ့ လှပမှုကိုအရိပ်အမွက်ပြနေသည်၊ အနက်ရှိုင်းဆုံးထင်မြင်ချက်ကတော့, သူမရဲ့မျက်လုံး, ကျဉ်းမြောင်းပြီး ချွန်ထက်နေ သည်၊

…

“ပြန်ဆုတ်!” ကောင်းဖန်ကအမိန့်ပေးလိုက်သည်, သူ့ရဲ့ရင်ဘတ်ကိုကိုင်ထားပြီး ချောင်းဆိုးလိုက်သည်၊

ဒမ်ဘီက ပြန်လှည့်လိုက်ပြီး သူ့သခင်နှင့်တာ့ဇီကိုမပြေးခင်လှမ်းဆွဲလိုက်သည်၊

အစင်းလေးသည်သားရဲ၏ဦးတည်ရာဘက်သို့လှည့်ကာ အဖြူရောင်ပင့်ကူပိုးလုံး အနည်းငယ်ကိုပစ်လိုက်ပြီး လှည့်ကာထွက်ပြေးတော့သည်၊

…

“ဒီကောင်လေးကတော်တော်ပါးနပ်တာဘဲ!” အထူးစစ်ဆင်ရေးခေါင်းဆောင်၏ မျက်လုံးများကတောက်ပလာပြီးပြောလာတော့သည်၊ သူကဒီကောင်လေးကိုသားရဲနဲ့ တိုက်ခိုက်လိမ့်မယ်လို့ထင်ထားခဲ့တာဖြစ်သည်၊ ဘုရားမလို့ဘဲ သူကောင်းကောင်းသိပြီး ပြန်ဆုတ်နိုင်ခဲ့တယ်။

***

အပိုင်း ၁၃၉ ပြင်းထန်သည့်တိုက်ပွဲ

အထူးအော်ပရေးရှင်း၏ညွှန်ကြားချက်အရ ကောင်းဖန်ကိုပြသနေသည့် ဧရိယာမျက်နှာပြင်အားလုံး အပိတ်ခံလိုက်ရသည်။

ကောင်းဖန်က ကံကြမ္မာလွှဲပြောင်းခြင်းနည်းလမ်းကိုသာ အသုံးပြုခဲ့ကာ သူ့ရဲ့ ပြင်းထန်သည့်အကာအကွယ်နည်းလမ်းကို အသုံးမပြုခဲ့တာကြောင့် တခြားလူတွေအနေနဲ့ ကောင်းဖန်က သူ့ရဲ့ ကိုယ်ပိုင်ရှင်သန်ခြင်းနည်းလမ်းကို သုံးခဲ့ခြင်းသာဖြစ်မည်ဟု ယုံကြည်သွားစေသည်။

“ဒါပေမယ့် ခေါင်းဆောင်၊ ဒီကောင်လေးက… သတ္တိကြောင်လွန်းမနေဘူးလား?” အခန်းထဲမှ ကတုံးပြောင်ကြီးတစ်ယောက် မေးလိုက်သည်။

“ကျိုးလဲ့၊ ဒါက သတ္တိကြောင်တာမဟုတ်ဘူး! နည်းဗျူဟာလို့ခေါ်တယ်!” ခေါင်းဆောင်က အလေးအနက်ပြန်ပြောလိုက်သည်။ “ဘယ်အချိန်မှာ ရှေ့တိုးရမယ် ဘယ်အချိန်မှာတော့ နောက်ပြန်ဆုတ်ရမယ်ဆိုတာကို သိပြီး ဘယ်အချိန်မှာတော့ ပေးသင့်တယ် ဘယ်အချိန်မှာတော့ ပြန်ယူသင့်တယ်ဆိုတာကို နားလည်တာကလဲ အောင်မြင်သူတစ်ယောက်အတွက် အရေးကြီးဆုံးအချက်ပဲ! စစ်သူကြီးတိုင်းက တိုက်ပွဲတစ်ခုခုမှာ ကျရှုံးကြတယ်။ သူတို့ကိုယ်သူတို့မရှုံးနိုင်ဘူးလို့ တွေးကြရင်တောင်မှ ဒါကလဲ သူတို့ရဲ့မောက်မာမှု မာနကြောင့် နောက်ဆုံးမှာတော့ ရှုံးသွားခဲ့ကြတာပဲ။”

ခေါင်းဆောင်၏လေးနက်သည့်အမူအရာကြောင့် အခန်းထဲမှ တစ်ခြားသူတွေအားလုံး အံ့အားသင့်နေကြသည်။ သူတို့ခေါင်းဆောင် ဒီလိုမျိုးမာမာထန်ထန်ဖြစ်နေတာကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးကြတာပင်။ ကြည့်ရတာ သူ့မှာလဲ သူ့ကိုယ်ပိုင်ဇာတ်လမ်းကြောင်းရှိခဲ့ပုံပဲ…

…

ဒမ်ဘီ၏ဆုတ်ခွာမှုက တောထဲရှိသားရဲကို နှိုးဆွလိုက်ပုံပင်။ ၎င်းက ဆက်ပြီးစိတ်ရှည်နိုင်ခြင်းမရှိတော့ဘဲ သစ်ပင်များပေါ်မှ ထွက်လာခဲ့တော့သည်!

၎င်းက တုတ်ချောင်းအင်းဆက်တစ်ကောင်နှင့်တူကာ မူလအရွယ်အစားမှနေပြီး လေမှုတ်ထည့်လိုက်သလိုမျိုး ဆယ်ဆလောက်ပိုကြီးထွားလာခဲ့သည်။

ကပ်ဘေးကြီးမတိုင်ခင်က ကမ္ဘာ့အရှည်လျားဆုံးတုတ်ချောင်းအင်းဆက်ကို မှတ်တမ်းတင်ထားကာ ၎င်းကို ကြီးမားသည့်ဟွာရှားတုတ်ချောင်းအင်းဆက်ဟု ခေါ်ကြသည်။ နောက်ပိုင်းမှာတော့ ၎င်း၏အရှည်မှာ နှစ်ပေအထိဖြစ်သွားကာ အရွယ်ရောက်အမျိုးသားတစ်ယောက်၏လက်မောင်းအရှည်လောက်ဖြစ်သည်။ လူသားတွေရှာဖွေတွေ့ရှိထားခဲ့သည့် အင်းဆက်ပေါင်း၈သောင်းကျော်ထဲမှာ ၎င်းက အရှည်လျားဆုံးအင်းဆက်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။

ဟွားရှားမှာလဲ တုတ်ချောင်းအင်းဆက်မျိုးစိတ်ပေါင်းများစွာရှိကာ ဒီတုတ်ချောင်းအင်းဆက်က ကြီးမားသည့်ဟွာရှားတုတ်ချောင်းအင်းဆက်ကနေ ဆင့်ကဲဖြစ်လာသည်လားဆိုတာ မပြောနိုင်ပေ။

[မကောင်းဆိုးဝါးအမည်] : အိပ်မက်တုတ်ချောင်းအင်းဆက် (အလောင်းကောင်အမျိုးအစား)

[မကောင်းဆိုးဝါး အဆင့်] : ၃၅

[မကောင်းဆိုးဝါး အဆင့်အတန်း] : အထူးအဆင့်

[မကောင်းဆိုးဝါး စွမ်းရည်] : ခန္ဓာကိုယ်မာကျောခြင်း အဆင့်၂

[မကောင်းဆိုးဝါး၏ပင်ကိုအရည်အချင်း] : ၁-သစ်သားအမျိုးအစား ၂-အလောင်းကောင်အမျိုးအစား

[မကောင်းဆိုးဝါး အားနည်းချက်] : ၁-မီးအမျိုးအစား ၂-သတ္ထုအမျိုးအစား ၃-၎င်း၏ဝမ်းဗိုက်အလယ်ပိုင်း၊ ထိုနေရာတွင် ဆန်စေ့အရွယ်ခန့်အဖြူစက်တစ်ခုရှိသည်။ ထိုအဖြူစက်ကို တိုက်ခိုက်နိုင်ပါက အိပ်မက်တုတ်ချောင်းအင်းဆက်ကို သေစေနိုင်ပေသည်။

အိပ်မက်တုတ်ချောင်းအင်းဆက် တောထဲမှတိုးထွက်လာသည်နှင့် ကောင်းဖန်လဲ ၎င်းက ပေ၄၀လောက်အထိရှည်ကြောင်း တွေ့လိုက်ရသည်။ ၎င်း၏ခြေလက်တစ်ချောင်းချင်းစီတိုင်းက အနည်းဆုံးပေ၂၀ရှည်ကာ ခြေလှမ်းတိုင်းက အကွာအဝေးကြီးမားလှသည်။

သားရဲ၏အဆင့်နှင့်အဆင့်အတန်းကို ကြည့်ပြီးနောက် ကောင်းဖန်လဲ ချက်ချင်းဆိုသလို အိပ်မက်တုတ်ချောင်းအင်းဆက်နှင့်တိုက်ခိုက်မည့် အတွေးကို စွန့်လွှတ်ပစ်လိုက်တော့သည်။

၎င်းရဲ့အားနည်းချက်ကို သူသိထားတော့ကော ဘာဖြစ်တုန်း? ဒီလောက်ကိုယ်ထည်အကြီးကြီးမှာ ဆန်စေ့အရွယ်အဖြူစက်လေးကို သူဘယ်လိုများရှာမတဲ့တုန်း? ထိုအားနည်းချက်ရဲ့တည်နေရာ ပြဿနာဆိုတဲ့အမှန်တရားကို မေ့ထားရင်တောင် အိပ်မက်တုတ်ချောင်းအင်းဆက်ကတော့ သူ့အားနည်းချက်ကို တခြားလူတွေ အေးဆေးရှာနိုင်အောင် လွှတ်ပေးထားလောက်သည်အထိ မိုက်မဲမည့်သူမဟုတ်ပေ။

သားကောင်က ထွက်ပြေးတော့မည်ကို မြင်လိုက်ရသည်နှင့် အိပ်မက်တုတ်ချောင်းအင်းဆက်က ဒေါသတကြီးအော်ငေါက်တော့သည်။ ၎င်းက မျက်လုံးများနှင့်ပင် သားရဲက ရပ်သွားကာ ၎င်းက ခြေတစ်ချောင်းကို မြှားတစ်စင်းလိုမျိုး မြှောက်လိုက်သည်ကို ကောင်းဖန် မြင်လိုက်ရသည်။ နွေလေရူးကဲိ့ု့ပင် ၎င်းက ရူးသွပ်စွာ ရှေ့သို့တိုးဝင်လာခဲ့သည်။ ၎င်း၏ခြေချောင်းမှ အဆစ်များက ဝါးလုံးဆစ်များနှင့်တူက တစ်ဂျစ်ဂျစ်အသံနှင့်အတူ တတ်နိုင်သမျှဆန့်ထုတ်လို့နေသည်။

အနောက်ဘက်မှ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အစင်းလေး၏ခြေတစ်ဖက်ကို ဖြတ်တောက်သွားခဲ့သည်။ ထိမှန်သောနေရာမှာ စူးရှရှအသံတစ်သံနှင့်အတူ ပြတ်တောက်သွားခဲ့သည်။ အစင်းလေးမှာ ပြိုင်ကွင်းထဲမှ အရှိန်နှင့်မောင်းနေသော ပြိုင်ကားတစ်စီး ရုတ်တရက် ဘီးတစ်ဘီးပြုတ်ထွက်သွားသလိုမျိုး လမ်းတစ်လျှောက် ဒလိမ့်ကောက်ကွေးလည်ထွက်သွားကာ အဆုံးမှာတော့ သစ်ပင်ကြီးတစ်ပင်နှင့်ဆောင့်မိသွားပြီး သစ်ရွက်များပါ ကြွေကျလာစေခဲ့သည်။

အစင်းလေးက အားတင်းထကာ သူ့သခင်အားလှုံ့ဆောင်လိုက်သည်။ “ပြေး၊ သခင် ပြေး!”

ထို့နောက် ခြေတစ်ချောင်းပြတ်နှင့်ပင် အစင်းလေးက နောက်ပြန်လှည့်ကာ အရှိန်ဖြင့် ချဉ်းကပ်လာနေသည့် အိပ်မက်တုတ်ချောင်းအင်းဆက်ကို ၎င်း၏ပါးစပ်ကို ဖွင့်ဟပြီး ၎င်း၏ပင့်ကူခြေထောက်များကို မြှောက်ကာ တစ်ဖက်ကို ခြိမ်းခြောက်သည့်ဟန်ဖြင့် နေရာယူကာကြည့်လိုက်သည်။

ကောင်းဖန်၏မျက်ဝန်းထောင့်များ တွန့်သွားသည်။ ရုတ်တရက်ဆိုသလိုပဲ သူက ဒမ်ဘီ၏ခေါင်းပြောင်ပြောင်ကို ပုတ်လိုက်ကာ အော်ဟစ်ကြိမ်းဝါးလိုက်သည်။ “ငါတို့ထပ်မပြေးတော့ဘူး၊ ဒီနေ့ပဲ ဒီကောင့်ကိုရှင်းပစ်ကြမယ်!”

ကောင်းဖန်ကသူ့ပါးစပ်ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဒမ်ဘီကအော်ဟစ်သံကို လွှတ်ထုတ်လိုက်သည်၊ သူ၏ညာဘက်ခြေထောက်ကိုမြေပြင်ပေါ်တွင် တက်ကြွခိုင်မြဲစွာနေရာချထားကာ, ၎င်းကသူ့ခန္ဓာကိုယ်ကို၁၈၀ဒီဂရီထားလိုက်ပြီး ကောင်းဖန်ကိုသူ့ရဲ့ဘယ်လက်ဖြင့်မြေပြင်ပေါ်တွင်ချထားလိုက်သည်၊၊ ထို့နောက်, ဒမ်ဘီကမြင်းကောင်ရေအားမြင့်သော ပြိုင်ကားတစ်စီးလို အလောင်းကောင်အိမ်မက် တုတ်ချောင်းအင်းဆက်ကောင်ဆီသို့အားဖြင့်တဟုန်ထိုးသွားလိုက်သည်၊ခြေတစ်လှမ်း ချင်းစီတိုင်းက ပေပေါင်းများစွာကိုဖုံးလွှမ်းသွားပြီး ပြင်းထန်တဲ့လေထုကသူ့ရဲ့ တဟုန်ထိုးတိုက်ခိုက်မှုကိုဖန်တီးပေးပြီးကြီးမားသော လေလှိုင်းဂယက်က ဒမ်ဘီ၏ နောက်မှကပ်ပါသွားကြသလိုပင်ဖြစ်နေသည်၊

“အဲ့တာရဲ့ ဝမ်းဗိုက်ပိုင်းမှာဆန်စေ့အရွယ်လောက်ရှိတဲ့အဖြူတစ်ကွက်ရှိတယ်၊ အဲ့တာသူ့ရဲ့အားနည်းချက်ဘဲ၊” သူကရှာရခက်မှန်းသိပေမယ့်ကောင်းဖန်ကသူတို့ရဲ့ သွေးစာချုပ်မှတစ်ဆင့်ဒီအားနည်းတဲ့နေရာကိုဒမ်ဘီနဲ့သူ့သားရဲတွေကိုအကြောင်း ကြားဆဲဖြစ်သည်၊

ဒမ်ဘီက သူ့ရဲ့ဘယ်လက်ကို လေထဲမှာမြှောက်လိုက်သည်၊ သူရဲ့အဖြူရောင်အရိုး လက်ချောင်းငါးချောင်းကိုဖွင့်လိုက်ပြီး လက်သီးကိုတင်းကျပ်စွာဆုပ်လိုက်သည်၊ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည် !”

ကောင်းဖန်၏ပုခုံးပေါ်တွင်ပျံဝဲနေသော,ဆီလီက ၎င်း၏ဘဝဲလက်နှစ်ချောင်းကိုမြှောက်လိုက်ပြီး, လက်သီးဆုပ်ထားသလိုမျိုးလုပ်လိုက်သည်၊

ဒမ်ဘီ၏ရင်ဘတ်ထဲရှိအပေါက်တွင်းမှနှလုံးသည် လွန်ကဲစွာခုန်လှုပ်နေတော့သည်!”

ဒမ်ဘီကိုကြည့်ရသည်မှာ တကယ့်ကိုသူ့ရဲ့ရိုင်းစိုင်းကြမ်းကြုတ်သောသဘာဝကို ပွင့်ထုတ်လိုက်သလိုပင်၊ လေထဲသို့မြင့်မြင့်ခုန်လွှားကာ, စွမ်းအားကြီးသောလက်သီး သည် အလောင်းကောင်အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်ပေါ်သို့ကျလာသည်၊

အလောင်းကောင်အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်သည် နိမ့်သောလေသံကို ထုတ်လွှင့်လိုက်ပြီး ဝါးဆစ်ကဲ့သို့သောခြေလက်ကိုအပေါ်သို့မြှောက်တင်လိုက်သည်၊

စူး….

ရှည်လျားသောခြေလက်ချောင်းများက ဒမ်ဘီ၏ဘာမှမရှိသောခန္ဓာကိုယ်အလယ်သို့ ဝင်သွားပြီး တစ်ခြားအဆုံးသတ်တစ်ဖက်သို့ဖြောင့်တန်းစွာပစ်လိုက်သည်၊

အလောင်းကောင်အင်းဆက်ကောင်က အံ့ဩသွားတော့သည်၊၎င်းကိုတုံ့ပြန်ရန်အခွင့် အရေးမရမှီ ကောင်းကင်၌သဲအိတ်အရွယ်အစားလက်သီးတစ်ခုထွက်ပေါ်လာသည်၊

ဘန်း!!!!

လက်သီးဆုပ်သည် အလောင်းကောင်အင်းဆက်ကိုကြယ်တွေလတွေမြင်အောင် ရိုက်ချလိုက်သည်၊ ၎င်းသည်လဲကျလုနီးပါးပင်ဖြစ်သွားသည်၊

မှင်သက်နေသော အိမ်မက်တုတ်ချောင်းအင်းဆက်သည် ၎င်း၏ခြေလက်များကို ဆန့်ထုတ်လိုက်သည်၊ ဒမ်ဘီ၏ဗလာရင်ဘတ်အပေါက်ကိုဖြတ်သွားသော်လည်း ခြေချောင်းများကသစ်သားတစို့တံလိုမျိုး ဒမ်ဘီ၏ခန္ဓာကိုယ်တွင်စိုက်နေသည်၊ ၎င်းကမြင့်တက်လာပြီး. ဒမ်ဘီက၎င်းနှင့်အတူမြင့်တက်လာသည်၊ ဒီလိုရှာဖွေတွေ့ရှိမှု ကအိမ်မက်တုတ်ချောင်းအင်းဆက်အတွက်စိတ်လှုပ်ရှားစရာဖြစ်နေခဲ့သည်၊

၎င်းကဒမ်ဘီကိုလွှင့်ပစ်ဖို့ကြိုးစားရန် သူ၏လက်ချောင်းများကိုအားကုန်ယမ်းလိုက် သည်၊

ဒါပေမယ့်သူကဒမ်ဘီ၏အလေးချိန်ကိုလျော့တွက်မိလိုက်သည်၊ လှုပ်ရှားမှုက ဒမ်ဘီကို မလှုပ်ခါနိုင်ပေ၊ ၎င်းကသူရပ်နေတဲ့နေရာမှာဘဲခိုင်မြဲစွာရပ်နေခဲ့သည်၊

ဘန်း!

ဘယ်ဘက်ပင့်လက်သီးဖြင့် ဒမ်ဘီက အလောင်းကောင်အိမ်မက်တုတ်ချောင်း အင်းဆက်ကိုအခြားထိုးနှက်ချက်တစ်ခုပြုလုပ်ခဲ့သည်၊

တုတ်ချောင်းအင်းဆက်ကမှင်သက်သွားတော့သည်၊ ၎င်းကပါးစပ်အစိတ်အပိုင်းက ပွင့်သွားပြီးဒေါသထွက်နေသောအော်ဟစ်သံကိုပြုလုပ်လိုက်သည်၊ ၎င်းကစိတ်ဆိုးစွာဖြင့်ဘေးပတ်လည်သို့လှည့်လိုက်ပြီး, ၎င်း၏ခြေလက်တစ်ချောင်းစီ တိုင်းကကျယ်ပြန့်စွာနှင့် အပြင်ဘက်သို့ထိုးဖောက်ပြန့်ထွက်သွားကြသည်၊ တစ်ချောင်းချင်းစီ, ကြီးမားသောသစ်ပင်ပင်စည်များကိုထိုးဖောက်လိုက်ပြီး, သစ်ပင်၏ အကျိုးအပဲ့များကိုလေဆင်နှာမောင်းတစ်ခုကဲ့သို့လေထဲတွင်ပျံထွက်သွားအောင်လုပ် လိုက်သည်၊

ကောင်းဖန်သည်တိုက်ပွဲတွင် ဒီလိုနည်းဟန်ဖြစ်လာလိမ့်မည်ဟုမျှော်လင့်မထားပေ၊ ဒါက သိသိသာသာကိုအံ့ဩဖွယ်ကောင်းလှသည်၊

ဒမ်ဘီသည် အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်ကို ပင်ကိုအရည်အချင်းအရမဟုတ်, ဒါပေမယ့်သားရဲအမျိုးအစားဖြင့် သဘာဝအရဆန့်ကျင်နေသည်၊ အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်၏ အဓိကတိုက်ခိုက်မှုနည်းလမ်းသည် ၎င်း၏ ဆန့်ထုတ်နိုင်ပြီးလှံကဲ့သို့သော ခြေလက်ချောင်းများကိုအသုံးပြု၍ ရန်သူအတွင်းသို့ စူးဝင်စေခြင်းဖြစ်သည်၊ ဒါပေမယ့် ဒမ်ဘီလိုမျိုး အသွေးအသားမရှိသောသားရဲမျိုးဖြင့် တွေ့ခြင်းက သူ့တွင်ခက်ခဲသောအချိန်ဖြစ်စေခဲ့သည်၊

“ဒမ်ဘီသွား! မင်းအဲ့တာကိုပြန်တိုက်နိုင်သည်! မင်းသူ့ကိုရိုက်နိုင်တယ်!” ကောင်းဖန်က သူ၏အသည်းနှလုံးအောက်ခြေကနေစပြီး ဒမ်ဘီကိုအားပေးလိုက်သည်၊

ထူးဆန်းသောအကြောင်းအရာတစ်ချို့ကြောင့် ဒမ်ဘီသည်သူ၏ကျောရိုးအတွင်းမှ အေးစိမ့်မှုကိုခံစားလိုက်ရသည်၊ ၎င်း၏အရိုးများသည် “ဂျွတ် ဂျွတ် ဂျွတ်” အသံနှင့် အတူတုန်ခါနေသည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်သည် ထိုကဲ့သို့သောအကျိုးအကြောင်းမသင့်သော ဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံအခြေခံအရ ဒီလိုရန်သူမျိုးကိုဘယ်တုန်းကမှမတွေ့ဘူးချေ၊ သို့သော်လည်း၎င်း၏တည်ငြိမ်မှုကိုလျှင်မြန်စွာပြန်လည်ရရှိခဲ့သည်၊ ဒီတစ်ခါတော့ ဒမ်ဘီရဲ့ကိုယ်ကို လျစ်လျူရှုလိုက်ပြီး ဒမ်ဘီ၏ဦးခေါင်းဆီသို့ ခြေလက်တွေကိုမြှောက် လွှတ်လိုက်သည်၊ ထိုဧရိယာသို့တိုက်ခိုက်ခြင်းက ဒမ်ဘီ၏အရိုးတွေကိုတိုက်ခိုက်ခြင်း ထက်ပိုပြီး အနည်းငယ်သက်ရောက်မှုရှိမည်ကို သတိထားမိသွားပုံရသည်၊

ဒမ်ဘီက ရှောင်တိမ်းဖို့အစွမ်းကုန်ကြိုးစားပေမယ့် ခြေလက်တွေထဲကတစ်ချောင်းက ခေါင်းကိုထိမှန်သွားပြီး သူ့ရဲ့မာကျောတဲ့ဦးခေါင်းခွံမှာအပေါက်သေးသေးလေးတစ်ခု ဖြစ်သွားသည်၊ ပျက်စီးသွားသော ဧရိယာတစ်ဝိုက်မှ အက်ကွဲကြောင်းလေးများစတင် ပျံ့နှံ့လာတော့သည်၊

သို့သော်တာ့ဇီသည် ကောင်းဖန်ကအသိပေးခဲ့သော အဖြူရောင်အစက်ကိုရှာဖွေရန် အိမ်မက်တုတ်ချောင်းအင်းဆက်၏ဝမ်းဗိုက်ပိုင်းသို့ တည့်တည့်ခုန်ရန် အခွင့်အရေးကို ရှာနေသည်။

(တုတ်ချောင်းအင်းဆက်ကောင်က ဓားခုတ်ကောင်တို့ဘာတို့လို ခြေလက်တွေက တုတ်ချောင်းလိုမျိုးဘဲ အပင်တွေမှာကပ်နေရင်တကယ့်တုတ်ချောင်းအတိုင်းဘဲမလို့ အဲ့လိုခေါ်တာပါ)

***

အပိုင်း၁၄၀ ပူးပေါင်းတိုက်ခိုက်မှု

အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်က ရုတ်တရက် သူ့ဝမ်းဗိုက်တစ်လျှောက် အေးစက်သွားသလိုခံစားလိုက်ရသည်၊ ကင်းခြေများက ၎င်း၏ဝမ်းဗိုက်အောက်ခြေ၌ တွားသွား၍သွားနေသည်၊

အဖြူရောင်အကွက်ကိုနေရာအနှံ့လိုက်ရှာနေစဉ် တာ့ဇီသည်ရုတ်တရက်အေးခဲသွား တော့သည်၊ အင်းဆက်ပိုးမွှားတစ်ကောင်၏ခြေလက်များက သူ၏မျက်စိရှေ့တွင် ဝင်ရောက်လာပြီး ၎င်း၏ကျဉ်း၍ပျောက်ဆုံးနေသောခေါင်းနှင့် သူ့ရှေ့ရှိမြေကြီးထဲသို့ ထိုးဖောက်လိုက်ပြီး ကျယ်လောင်သည့် ‘ရွှား’ ဆိုသည့်အသံကိုပြုလုပ်လိုက်သည်၊

တာ့ဇီက၎င်း၏အရေပြားပေါ်မှ ခုန်ထွက်လာသောခြေလက်များကိုကြောက်ရွံ့စွာနှင့် ကြည့်နေသည်၊ ၎င်းသည်ဘယ်နေရာကိုမဆိုပစ်ထုတ်နေသည်၊

တာ့ဇီသည်၎င်းကိုဂရုတစိုက်ကြည့်လိုက်ပြီးနောက် သတိရှိစွာနှင့်နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်၊ အိမ်မက်တုတ်ချောင်းအင်းဆက်သည်အခုတော့ ၎င်း၏လက်ချောင်းများဖြင့်သဲကြီးမဲကြီးမြေကြီးကိုထိုးဖောက်ထားသည်၊ တာ့ဇီက သူ့၏ကိုယ်ပိုင်အနေအထားအတိုင်းသတိထားရန်လိုအပ်ကာ, မဟုတ်လျှင်အရမ်း စူးဝင်သွားနိုင်သည်၊

တာ့ဇီကသူ့ခန္ဓာကိုယ်ကိုလိမ်လိုက်ပြီး, ချောမွေ့လျင်မြန်သောငါးတစ်ကောင်ကဲ့သို့ အင်းဆက်၏ခြေချောင်းများထဲမှဖြတ်၍သွားသည်၊ ၎င်း၏မှောင်နက်နေသောမျက်စံ များက သေးငယ်သောအစက်ကိုလိုက်၍ရှာနေသည်၊

ဘယ်မှာလဲ? ဘယ်မှာလဲ?

တာ့ဇီသည် ၎င်းကိုရူးသွပ်စွာနှင့်ရှာဖွေနေသည်၊ ၎င်း၏အမြင်အာရုံသည် အစပိုင်း၌ သိပ်မကောင်းပါ, အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်၏ရွေ့လျားနေသောအရှိန် သည်၎င်း၏ခန္ဓာကိုယ်မြင်နိုင်မှုကိုပို၍မှုန်ဝါးသွားစေသည်၊ ဒါကတာ့ဇီကိုခေါင်းမူးစေ သည်၊

တစ်ချိန်တည်းမှာပင် ဒမ်ဘီသည်လည်းခက်ခဲသောအခြေအနေတွင်ရှိနေသည်၊ ၎င်း၏ ခန္ဓာကိုယ်သည် အိမ်မက်တုတ်ချောင်းအင်းဆက်၏ခြေလက်တစ်ချောင်းက ဖြတ်သွားပြီး, ဒမ်ဘီကအိမ်မက်တုတ်ချောင်းအင်းဆက်ခေါင်းမှ ပေအနည်းငယ် လောက်ညှပ်နေသည်၊

ဒါကဒမ်ဘီကိုပြန်ဆုတ်ဖို့အတွက်မဖြစ်နိုင်, ပြီးတော့ထိုခြေချောင်းကိုလှုပ်ပေမယ့် ဒမ်ဘီက အဝေးကိုတော့ပြန်မဆုတ်ရဲပေ၊ ထိုသို့ပြုလုပ်ခြင်းသည် အိမ်မက်တုတ်ချောင်းအင်းဆက်ကိုတိုက်ခိုက်ရန် ပို၍လွယ်ကူမည်။

ခလန်--

အင်းဆက်၏လှံကဲ့သို့သောခြေချောင်းသည်ဒမ်ဘီ၏ဦးခေါင်းအထက် ညာဘက်မှ တွန်းထွက်လာပြီး ဒမ်ဘီ၏ပုခုံးကို သတ္ထုသံကဲ့သို့ကျယ်လောင်စွာရိုက်လိုက်သည်၊

ဒမ်ဘီ၏ပုခုံးက အနည်းငယ်ညွှတ်ကျသွားပြီးထိုးဖောက်ထားသောနေရာမှ ပဲ့ထွက်သွား သည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်ကောင်၏ညာဘက်အောက်တွင်ရှိသော တာ့ဇီသည် ၎င်း၏ခြေရာနားတွင် အေးခဲနေသည်၊ သူ၏ခေါင်းပေါ်မှလှုပ်ယမ်းနေသောဦးမျှင်များ သည် ရုတ်တရက်ရပ်တန့်သွားပြီး ၎င်း၏မျက်လုံးများက အိမ်မက်တုတ်ချောင်း အင်းဆက်၏ဝမ်းဗိုက်ရှိ သေချာသောအစက်ကိုထိုးဖောက်ကာကြည့်နေသည်၊

တွေ့ပြီ!နောက်ဆုံးတော့ တွေ့ခဲ့ပြီ!

ဒါပေမယ့်,နောက်ထပ်လှုပ်ရှားမှုတစ်ခုမှာပင် တာ့ဇီကအမှန်တရားတစ်ခုကို ကသိကအောက်ဖြင့်သဘောပေါက်သွားသည်၊ သူကအဲ့ဒီအစက်ဆီကိုမရောက်နိုင်ဘူး၊

တာ့ဇီမှာ ခြေချောင်းအများကြီးရှိပေမယ့်, သူတို့အားလုံးကတိုတဲ့ခြေချောင်းတွေဖြစ်သည်၊ ပြီးတော့, ကင်းခြေများတစ်ကောင်ကခုန်တယ်လို့ဘယ်သူကြားဖူးလဲ? တာ့ဇီရဲ့ အပြည့်အဝကြိုးစားမှုရလဒ်ကြောင့် လေထဲသို့တစ်ပေလောက်သာခုန်နိုင်သည်၊ ဒါပေမယ့် ဒါကကြိုးစားခဲ့တာဘဲလေ၊ တာ့ဇီ သူလုပ်နိုင်သလောက် ပေအနည်းငယ်လောက်လေထဲသို့ခုန်ပြီးနောက် မြေပြင်ပေါ်သို့သာပြန်ကျသွားတော့သည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်သည်ရူးသွပ်စွာနှင့် ပြင်းပြင်းထန်ထန်မြေပြင်ပေါ်သို့ နင်းချလိုက်ပြီး တာ့ဇီမြေပြင်ပေါ်သို့ပြန်ကျသည့်အချိန်တွင်သူ၏ခြေချောင်းတစ်ချောင်း ဖြင့် တာ့ဇီကိုထိုးဖောက်သည်၊

တာ့ဇီ၏ခရမ်းရောင်ကျောခွံသည်ကျယ်လောင်သောအသံဖြင့်ကွဲသွားပြီး, သတ္ထုနှင့် တီးခတ်လိုက်သောအသံထွက်ပေါ်လာသည်၊ မီးပွားများက ပျံထွက်လာပြီး, ရိုက်ခတ်သွားသောအစိတ်အပိုင်းကို ရေဝဲလိုမျိုးဖြစ်သွားသည်၊

ပုချီ!

တာ့ဇီကလှိမ့်လိုက်ပြီး နာကျင်မှုကြောင့်အော်လိုက်သည်၊ ၎င်းကမြေကြီးပေါ်တွင်သံမှို နှင့်အထိုးခံရသလိုဖြစ်သည်၊

ကောင်းဖန်၏ရင်ဘတ်သည်ရုတ်တရက်တင်းကြပ်လာသည်၊ မည်မျှပင်ရင်းနှီးနေပါစေ, အစပိုင်းကတည်းကသူ့နောက်လိုက်ခဲ့‌သောတာ့ဇီနှင့် သူ၏နှောင်ကြိုးသည်စွန့်လွှတ်ဖို့အတွက်အနက်ရှိုင်းဆုံးနှင့်အခက်ခဲဆုံးဖြစ်သည်၊ တာ့ဇီသည်ပထမဆုံးသူ့ရဲ့ကိုယ်ပိုင်သားရဲဖြစ်သည်၊

၎င်းသည်ကင်ခြေများလေးခြေချနိုင်သည်ကိုမြင်သောအခါ အိမ်မက်တုတ်ချောင်း အင်းဆက်သည်၎င်း၏ခြေလက်များကိုကိုင်ထားသည်၊ မထင်မှတ်နိုင်သော ရက်စက်ကြမ်းကြုတ်မှု၏အရိပ်အယောင်သည် သူ၏မျက်လုံးထဲတွင်ပျံ့နှံ့သွားသည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်သည် နောက်ထပ်ခြေတစ်ချောင်းကိုမြှောက်လိုက်ပြီး, တာ့ဇီ၏လူးလွန့်နေသည့်ဦးခေါင်းကိုတည့်တည့်ရွယ်လိုက်သည်၊

ဒမ်ဘီ၏ဝိဉာဉ်မီးတောက်သည် မျက်စံအိမ်ထဲတွင်အေးစက်မှုတို့ဖြင့်ပြည့်လျှံနေသည်၊ ဒေါသဖြင့်ဖော်ပြ၍မရသောခံစားချက်များကသူ၏နှလုံးထဲတွင် ပေါက်ကွဲနေသည်၊

တာ့ဇီ, အစင်းလေး,ဆီလီတို့နှင့်ထိတွေ့ဆက်ဆံခဲ့သော လအနည်းငယ်အတွင်းတွင် ဒမ်ဘီသည် သူတို့ကိုရင်းနှီးသောသူငယ်ချင်းများအဖြစ်မြင်ခဲ့သည်၊ တာ့ဇီသည် ဒမ်ဘီကိုမကြာခဏမနာလိုတတ်သော်လည်း, အစင်းလေးသည်အနည်းငယ်ရှက်တတ် သော်လည်း, ဆီလီသည်တကယ်ကိုရူးမိုက်သည်….ဒမ်ဘီကသူတို့ကိုတကယ်ကို သူငယ်ချင်းတွေလိုမြင်ခဲ့တာဖြစ်သည်၊

ဒမ်ဘီက သူ့ပါးစပ်ကိုကျယ်လောင်စွာဖွင့်လိုက်ပြီး, ၎င်း၏ချွန်ထက်သောအစွယ်များက အေးစက်စွာတောက်ပနေပြီး အိမ်မက်တုတ်ချောင်းအင်းဆက်၏ခေါင်းနားကို အစွမ်းရှိသမျှကိုက်ချလိုက်သည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်၏ကိုယ်ရှိ ခြေချောင်းသည်လေထဲတွင်ရပ်တန့်သွားပြီး နာကျင်မှုနှင့်ကြောက်ရွံ့မှုတို့တစ်ဖန်ပြန်လည်နိုးကြွလာသည်၊

ရှီး!!!!

ဒမ်ဘီသည် ၎င်း၏မျက်လုံးထဲမှညာဖက်တစ်ဖက်ကို ကိုက်လိုက်ပြီး, ၎င်းကို အပြီး ချေမွဖြတ်စီးလိုက်ပြီး, အရည်များသည်နေရာအနှံ့သို့ပျံ့နှံ့သွားသည်၊

နာကျင်မှုကမဖြစ်နိုင်လောက်အောင်ဖော်ပြနေသည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်သည် ၎င်းအောက်ရှိကင်းခြေများကို အနည်းငယ်ပင် စိတ်ပူရန်ပင်မတတ်နိုင်တော့ပါ၊ နာကျင်မှုဖြင့်တုန်ယင်နေသော အိမ်မက်တုတ်ချောင်း အင်းဆက်သည်နောက်ဆုံးတွင် ဒမ်ဘီအား၎င်း၏မသန်စွမ်းသောခြေလက်များဖြင့် ပစ်ချလိုက်သည်၊

အစိမ်းရောင်အရည်များသည်မျက်ဆံမှကွဲ၍ ပန်းထွက်လာသည်၊

“တာ့ဇီ, ပြန်လာခဲ့” ကောင်းဖန်အမိန့်ပေးလိုက်သည်၊

ဒါပေမယ့်တာ့ဇီက မကြားသလိုဟန်ဆောင်လိုက်ပြီး, အိမ်မက်တုတ်ချောင်းအင်းဆက် ၏ဝမ်းဗိုက်အလယ်ရှိအဖြူရောင်အစက်ကိုသာ စိုက်ကြည့်နေခဲ့သည်၊

ကောင်းဖန်သည်တာ့ဇီ၏ပြင်းပြသောအလိုဆန္ဒကိုခံစာနိုင်သည်၊ ၎င်း၏ခံစားချက်သည် အိမ်မက်တုတ်ချောင်းအင်းဆက်ကို တိုက်ရိုက်ထိခိုက်နာကျင်စေသည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်တွင်ပျက်စီးနေသော မျက်ဆံမှသွေးများသည် နေရာအနှံ့သို့ပျံ့နှံ့သွားပြီး,ကြည့်ရသည်မှာနာကျင်နေသော်လည်း တကယ်မှာတော့, သူ့မျက်လုံးမှလွဲ၍အခြားမည်သည့်နေရာမှကြီးမားသည့်ဒဏ်ရာမရပေ၊ ၎င်းသည် တိုက်ခိုက်ရေးစွမ်းအင်မှာအလွန်မြင့်မားနေဆဲဖြစ်သည်၊

သို့သော်ကောင်းဖန်ဘက်တွင် အစင်းလေးနှင့်တာ့ဇီသည်တော့ ကြီးမားသောဒဏ်ရာ ရနေပြီးဖြစ်သည်၊

တာ့ဇီသည်ရုတ်တရက်ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်သည်နှင့် ၎င်း၏မျက်နှာပြင်သည် ခရမ်းရောင်လျှပ်စီးများဖြင့်ပ ေါက်ကွဲထွက်လာသည်၊ ၎င်း၏လျှပ်စီးမှုသည်သိပ်သည်းမှုများအဖြစ်သို့ ပြောင်းသွားပြီးခရမ်းရောင်လျှပ်စီးမိုးကြိုးတစ်ခုအဖြစ်ဖြင့် အပြင်သို့ပစ် ခတ်လိုက်သည်၊

ဘန်း!!!

ခရမ်းရောင်လျှပ်စီးများသည် လေထဲတွင်ခရမ်းရောင်မြွေဓားလိုမျိုး အပေါ်သို့ ထိုးတက်သွားပြီး ပေပေါင်းများစွာပြန့်လွင့်သွားကာ လေထဲတွင်ကျယ်လောင်သော ပေါက်ကွဲသည့်အသံဖြစ်ပေါ်လာသည်၊

ကောင်းဖန်၏မျက်လုံးများကပြူးကျယ်သွားတော့သည်၊ သူအသက်ကိုအောင့်ထားကာထိုးထွက်နေသော မိုးကြိုးသွားများကိုကြည့်နေသည်၊

မိုးကြိုးသွားထိုးထွက်မှုကတကယ်ဘဲ၊ ဒီလိုတိုတဲ့အကွာအဝေး, ဒီလိုရုတ်တရက် တိုက်ခိုက်မှု, အိမ်မက်တုတ်ချောင်းအင်းဆက်သည်ရှောင်တိမ်းဖို့တောင်အချိန်မရပေ၊

ထိုအချိန်တွင် ၎င်းကမိုးကြိုးပစ်သံကိုသာကြားလိုက်ရပြီး ၎င်း၏ဝမ်းဗိုက်မှစူးရှသော နာကျင်မှုကိုခံစားလိုက်ရသည်၊

မိုးကြိုးသွားသည် ပေအနည်းငယ်လောက်သာသေးငယ်သည့်အဖြူရောင်ကို ထိုးစိုက်သွားပြီး, အိမ်မက်တုတ်ချောင်းအင်းဆက်၏ဝမ်းဗိုက်ကိုတူးခြစ်ကာ, ၎င်းသည်မိုးကြိုး ပစ်ခံရသောသစ်ပင်ကဲ့သို့ပြောင်းလဲသွားသည်၊

အိမ်မက်တုတ်ချောင်းအင်းဆက်သည်ချက်ချင်းနောက်ပြန်ခုန်သွားပြီး ၎င်း၏ဦးခေါင်း ကိုလှည့်ကာတာ့ဇီကိုကျန်သည့်မျက်လုံးတစ်လုံးဖြင့်ကြည့်သည်၊

တောအုပ်အတွင်းရှိလေထုသည်တင်းမာမှုများနှင့်ပြည့်လာသည်၊

တာ့ဇီသည်အားနည်းသည့် လက္ခဏာမပြပေ၊ ၎င်းသည် အိမ်မ်ကတုတ်ချောင်း အင်းဆက်ကိုကြောက်မက်ဖွယ်စိုက်ကြည့်လိုက်ပြီး၎င်း၏ခန္ဓာကိုယ်အား လေးနက်စွာ ပစ်လွှတ်ရန်အသင့်ပြင်ထားသည်၊

ဘဝမှာသေခြင်းကအသေးအဖွဲလေးပါ၊ ထိုအရာကရောက်လာလျှင် တစ်ယောက်က တော့တိုက်ခိုက်ရမည်ဖြစ်သည်၊

ဒမ်ဘီသည်ဘေးမှပတ်လည်လှည့်လိုက်သည်၊ ဒမ်ဘီသည်ခန္ဓာကိုယ်ကိုမျောက်ဝံ တစ်ကောင်ကဲ့သို့ကုန်းလိုက်သည်၊ ၎င်းကလက်များကမြေကြီးထဲသို့တူးထုတ်လိုက်ပြီး ၎င်း၏ရင်ဘတ်ရှိသွေးကြောမျှင်နှလုံးသည်ပြင်းထန်စွာရိုက်ခတ်နေသည်၊

…

“ငါမမှားဘူးဆိုရင်, အဲ့ဒီသားရဲနှစ်ကောင်က အုပ်ချုပ်သူအဆင့်သားရဲတွေဘဲ” အထူးစစ်ဆင်ရေးအဖွဲ့သားတစ်ယောက်က အံ့ဩစွာနှင့်ပြောလိုက်သည်၊

“အုပ်ချုပ်သူအဆင့်သားရဲနှစ်ကောင်ကိုပိုင်ဖို့ဆိုတာက ဒီလိုအခြေအနေမျိုးမှာ အတော်ကိုရှားတယ်”

“ဒါပေမယ့် အိမ်မက်တုတ်ချောင်းအင်းဆက်ကို ဒီအုပ်ချုပ်သူအဆင့်သားရဲ နှစ်ကောင်က ရှုံးအောင်တိုက်ခိုက်ဖို့အတွက်မျှော်လင့်ဖို့က အရမ်းခက်ခဲတယ်” ခေါင်းဆောင်က ခေါင်းယမ်းကာပြောလိုက်သည်၊

“ခေါင်းဆောင်, နှင်းဆီဖြူက ပစ်မှတ်နေရာကိုရောက်ခါနီးနေပြီ၊ သူမက အကယ်၍ အိမ်မက်တုတ်ချောင်းအင်းဆက်ကိုချက်ချင်းသတ်ပစ်ရမလား, အခြေအနေစောင့် ကြည့်ရဦးမလားမေးနေတယ်”

ခေါင်းဆောင်ကမျက်မှောင်ကြုတ်လိုက်သည်၊ အစောပိုင်းညွှန်ကြားချက်တွေအရ ၎င်းတို့ကိုဝင်ရောက်ခွင့်မပြုပေမယ့် အခုပါဝင်သူတစ်ယောက်က သေသွားပြီဖြစ်တာကြောင့် ထိပ်ပိုင်းပုဂ္ဂိုလ်များမှာစိတ်ရှုပ်ထွေးလာကြသည်၊

သူကသက်ပြင်းရှည်တစ်ခုချလိုက်သည်၊

“နှင်းဆီဖြူကိုပြောလိုက်, အိမ်မက်တုတ်ချောင်းအင်းဆက်ကိုချက်ချင်းအပြီးသတ် လိုက်ဖို့”

***

All Chapters