အခန်း (၁၄၉-၁၅၂)
Vol. 10 Ch. 149-152
အပိုင်း၁၄၉ ပြန်လည်ဆုံစည်းခြင်း
“သေချာတာပေါ့၊ သူမကချစ်ဖို့ကောင်းတဲ့ကလေးမလေးဘဲကို၊ သူကဘာမှမသိဘူး ဆိုတာငါယုံပါတယ်၊” လူအိုကြီးကခေါင်းညိတ်ကာပြောလိုက်ပြီး, ကျန့်ရွှမ်ကိုပြုံးပြကာ “ချစ်ဖို့ကောင်းတဲ့မင်းသမီးလေး, သမီးရဲ့အကိုနဲ့ခဏစကားပြောချင်လို့၊ ဘာလို့အခန်းထဲသို့ပြီး ရေခဲမုန့်မစားတာလဲ? သမီးရဲ့အကိုကစိတ်မဆိုးပါဘူး”
ကျန့်ရှင်းရှင်းရဲ့မျက်နှာကထုံထိုင်းနေပေမယ့်, သူကအလေးအနက်ဖြင့် ပြုံးပြလိုက်ပြီး, “ဟုတ်တယ်, အကိုကြီးကစိတ်မဆိုးပါဘူး၊ လိမ္မာတဲ့ကောင်မလေး, ရွှမ်ရွှမ်”
“ဟုတ်ကဲ့” ကောင်မလေးကပြောလိုက်ပြီး, မပျော်မရွှင်ဖြင့်ခေါင်းညိတ်လိုက်သည်၊ အနီရောင်အင်္ကျီဝတ်ဆင်ထားသောအမျိုးသမီးက သူမကိုအတွင်းသို့ခေါ်သွားသည်၊
“စိတ်လျှော့ပါ၊ မင်းကစည်းကမ်းတွေကိုလိုက်နာတယ်, ကိုယ်တွေကလည်းလိုက်နာတယ်၊” လူအိုကြီးကလက်ဖက်ရည်ကိုမှုတ်လိုက်ပြီး ပြောလိုက်သည်, “ဒါပေမယ့် မင်းက စည်းမျဉ်းတွေကိုမလိုက်နာဘူးဆိုရင်… ဒါဆိုရင်တော့လိုအပ်တဲ့ ဘယ်နည်းလမ်းတွေကိုမဆို သုံးတဲ့အခါငါ့ကိုအဆိုးမဆိုပါနဲ့”
“လိုအပ်တဲ့ ဘယ်နည်းလမ်းမဆို”ဆိုသောစကားသည် ကျန့်ရှင်းရှင်း၏စိတ်ထဲတွင် စွဲထင်နေသည်၊ ၎င်းကသူ၏နားမှ မိုးခြိမ်းသံကိုကြားလိုက်ရသလိုပင်၊
“ကျ…ကျွန်တော်ဘာမှမလုပ်ပါဘူး၊ သူနဲ့ခဏလောက်စကားပြောရုံပါ”
“ဒါကြောင့်ဘဲ မင်းဒီရောက်နေတာမလား၊ ငါ့ကိုပြောလေ” လူအိုကြီးက လက်ဖက်ရည် ခွက်ကိုမြှောက်လိုက်ပြီး တစ်ချိုက်သောက်လိုက်သည်၊ထို့နောက်, သူ့ခေါင်းကိုမော့ကာ, ပြုံးလိုက်ပြီး ,ပြောလိုက်သည်, “ငါ့နာမည်က ကျီဟန့်ဝူ၊ မင်းငါ့အတွက်အလုပ်လုပ်ပေးရင်ဘယ်လိုလဲ?”
“ခင်ဗျား…” ကျန့်ရှင်းရှင်းကအံ့ဩနေတော့သည်၊ သူ၏ကျယ်ပြန့်သော သတင်းအချက်အလက်ကွန်ယက်နှင့် သူ၏အလုပ်၌ကျီဟန့်ဝူကိုမကြားဖူးဘူး ဆိုတာမဖြစ်နိုင်ပေ၊ ဒါပေမယ့် ကျီဟန့်ဝူက သူ့ကိုရွေးချယ်လိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ “ကျွန်တော့်ကိုသတ်မှာတော့ မဟုတ်ဘူးမလား?”
“အယူဝါဒသုံးခုနဲ့ အတွေးအခေါ်ကျောင်းကိုးကျောင်းရှိတယ်၊ မင်းလူတစ်ယောက်ဖြစ်ပြီး မင်းမှာလည်းတန်ဖိုးရှိတယ်၊” ကျီဟန့်ဝူကတည်ငြိမ်စွာပြောလိုက်သည်၊ “သတ်တာကအလွယ်ဆုံးနည်းလမ်းပေမယ့် တစ်ချန်တည်းမှာဘဲ အဲ့ဒီနည်းလမ်းက အလဟဿဖြစ်တဲ့နည်းလမ်းလည်းဖြစ်တယ်လေ၊”
ကျီဟန့်ဝူသည် သူကထိုလူကြီးကိုသစ္စာဖောက်မည်ကိုစိုးရိမ်သော မဖြေဆိုနိုင်သည့် မေးခွန်းများကိုမမေးဘဲနေခဲ့သည်၊ သူလိုမျိုးအဆင့်နှင့်လူက ကျီဟန့်ဝူလိုအဆင့်မျိုးတွင်ပါဝင်စေရန်, သူ့ကိုချုပ်ကိုင်နိုင်မည့်နည်းလမ်းများရှိလိမ့်မည်၊ ဒါကမူးယစ်ဆေး လိုမျိုးဒါမှမဟုတ် ကျိုင်းကောင်လိုမျိုးဖြစ်သည်၊
လူတိုင်းကထက်မြက်သည်, ပြီးတော့အကုန်လုံးကလည်းသိသည်၊
…
“ဆိုတော့, ဘာဖြစ်မှာလဲ….ဘော့စ်” ကျန့်ရှင်းရှင်းက ကျီဟန့်ဝူကိုဘယ်လိုပြန်ပြော ရမလဲမသိဘူးဖြစ်နေသည်, ဒါပေမယ့် သူကရပ်နေတာကြာပြီမလို့ သူက “ဘော့စ်” ဆိုတဲ့စာလုံးကိုမှုန်ဝါးဝါးဖြင့်ပြောလိုက်တာဖြစ်သည်၊
“နောင်ကျရင်, မင်းကအကုန်လုံးငါ့ကိုခေါ်သလို ဥက္ကဌကျီလို့ခေါ်နိုင်တယ်” ကျီဟန့်ဝူကပေါ့ပေါ့ပါးပါးပြောလိုက်သည်၊
“ဟုတ်ကဲ့, ဥက္ကဌကျီ”
“ကျင်းလင်မြို့အခြေစိုက် မြို့တော်ဝန် ဟန်ရွမ်မင်း” ကျီဟန့်ဝူကဒါကိုအကြိမ်ကြိမ် ရေရွတ်နေသည်၊ နောက်ဆုံးတော့ သူ့မျက်နှာတွင်ကြောက်စရာကောင်းသော အပြုံးတစ်ခုပေါ်လာသည်၊ တစ်စုံတစ်ယောက်က ကောင်းဖန်အားစုံစမ်းနေသည့် သတင်းကိုကြားရတုန်းက သူကကြီးမားတဲ့ကိစ္စတစ်ခုကြောင့်ဟုထင်ခဲ့သည်၊ အခုတော့ ဒီလိုမျိုးကိစ္စလေးကြောင့်ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့ပေ၊
၎င်းသည် ကပ်ဆိုးကြီးမတိုင်မီကဖြစ်ခဲ့လျှင်, ဘယ်လိုပဲ ထိုအဖွဲ့အစည်းကကြီးမား နေပါစေ, သူကအခြေစိုက်မြို့ရဲ့ မြို့တော်ဝန်ကိုအကူအညီမဲ့စေလိမ့်မည်ဖြစ်သည်၊
ဒါပေမယ့် ကပ်ဆိုးကြီးဖြစ်နေချိန်မှာတော့, အကုန်လုံးကပြောင်းလဲသွားခဲ့ပြီ၊
ကမ္ဘာကြီးကိုအုပ်စိုးသောဂိမ်းတစ်ခုရဲ့စည်းမျဉ်းများသည် လုံးဝကိုပြောင်းလဲသွားပြီး ထိုပြောင်းလဲမှုများသည် ပိုမိုဆိုးရွားလာသည်အထိ ဆက်လက်ပြောင်းလဲနေဆဲဖြစ် သည်၊
တိကျသေချာသောရှုထောင့်မှကြည့်လျှင်, အသန်မာဆုံးသားရဲလေ့ကျင့်သူများသည် ကမ္ဘာသစ်၏အုပ်ချုပ်သူများအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာကြသည်၊
“ဥက္ကဌကျီ, ဟန်ရွမ်မင်းကိုဖယ်ရှားချင်လား?”
“ဟင့်အင်း” ကျီဟန့်ဝူကခေါင်းခါလိုက်သည်၊ “ဟန်ရွမ်မင်းကို ဖန်လေးကိုယ်တိုင် ကိုင်တွယ်ဖို့အတွက်လွှတ်ထားလိုက်၊ ဒီကိစ္စကတွေကသူ့ကြောင့်ဖြစ်လာတာ, ဒါကြောင့်သူတစ်ယောက်တည်းပဲ အဆုံးသတ်လိမ့်မယ်၊ ဒါကသူ့ကိုအောင်မြင်မှု ခံစားရစေလိမ့်မယ်၊”
“ဟုတ်ကဲ့” ကျန့်ရှင်းရှင်းကခေါင်းညိတ်လိုက်သည်၊
“ဘယ်လိုဘဲဖြစ်ဖြစ်, ဒီကိစ္စမှာ ငါသဘောတူတာတစ်ခုတော့ရှိတယ်၊ ဖန်လေး အတွက်ဒီပြိုင်ပွဲကသူ့အချိန်တွေကိုဖြုန်းနေတာဘဲ,” ကျီဟန့်ဝူက ညင်သာစွာဖြင့် ပြောလိုက်သည်၊
“အာ?” ကျန့်ရှင်းရှင်းကရှုပ်ထွေးသွားပုံရသည်၊
“ဒီအတွက် သူ့ကိုစကားပြောဖို့ အခွင့်အရေးရှာမှဖြစ်မယ်” ကျီဟန့်ဝူကပြောကာ , ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်၊
သူတို့နောက်ဆုံးတွေ့ခဲ့တာ လေးနှစ်လောက်ရှိသွားပြီ။
အချိန်ခဏလေးအတွင်းမှာပင် ကော်ဖီဆိုင်အတွင်းတိတ်ဆိတ်သွားပြန်သည်၊
…
ဟော်တယ်ကိုပြန်လာပြီးနောက်, ကောင်းဖန်က ဒမ်ဘီကိုဟော်တယ်နောက်လမ်းမှ ပြန်ရန်ထားခဲ့ပြီး အထဲသို့ဝင်လာခဲ့သည်၊
ကောင်းဖန် ဟော်တယ်ထဲသို့ဝင်လာတော့ ခြေလှမ်းများနှေးသွားတော့သည်၊ ဘေးပတ်လည်တွင် ၇၀, ၈၀လောက်ရှိတဲ့လူတွေကဧည့်ကြိုကောင်တာတွင် အတူတကွရှိနေကြသည်၊ သူကဒါဟာ အဖွဲ့လိုက် (သို့မဟုတ်) ကုမ္ပဏီရဲ့ညစာစားပွဲ ဒါမှမဟုတ် စုဝေးပွဲတစ်ခုဟုယူဆလိုက်ပြီး ထိုအရာကိုလျစ်လျူရှုလိုက်ကာ ဓာတ်လှေကားဆီသို့ဆက်သွားတော့သည်၊
သူ့အခန်းကိုပြန်သွားပြီးနောက်, ကောင်းဖန်သည်ခေါင်းကိုခေါင်းအုံးပေါ်တွင် တင်လိုက်ပြီးနောက် တဖြည်းဖြည်းအိပ်ပျော်သွားတော့သည်၊
နောက်တစ်နေ့ကောင်းဖန် အိပ်ပျော်နေစဉ်တွင်တံခါးမှ ရုတ်တရက်တံခါးခေါက်သံ ထွက်လာသည်၊
ဒေါက် ဒေါက် ဒေါက်
၎င်းသည်စည်းချက်ကျကျဖြစ်နေသည်၊
ဒါပေမယ့်, ကောင်းဖန်ကအိပ်ပျော်နေပုံရသည်, ပြီးနောက်တံခါးခေါက်သံက သူ့ကို မနှိုးနိုင်ပေ၊ နောက်ဆုံး, အဆက်မပြတ်ထွက်လာတဲ့အသံက သူ့အိမ်မက်တွေထဲမှ နှိုးဆွလိုက်သည်၊
သူက ကုတင်ပေါ်တွင် ပက်လက်လှန်ပြီးထဖို့ကြိုးစားပေမယ့် နူးညံ့ပြီးသက်သောင့် သက်သာရှိတဲ့စောင်တွေဖြင့် ပြန်ဆွဲထုတ်လိုက်သည်၊ ကောင်းဖန်ကညင်ညင်သာသာ ဖြင့် “ငါအိပ်နေတာ ,သန့်ရှင်းရေးလုပ်စရာမလိုဘူး”
“လူငယ်လေးတစ်ယောက်က ဒီလိုကြီးတောက်လျှောက်အိပ်နေတာတော့ မကောင်းပါဘူး” တံခါးအပြင်ဘက်မှနက်ရှိုင်းသောအသံတစ်ခုထွက်ပေါ်လာသည်၊
ကောင်းဖန်၏မျက်လုံးများချက်ချင်းပွင့်လာပြီး သူ့နှလုံးခုန်မြန်လာသည်၊
သူသည်အိပ်ရာမှခုန်ထွက်ပြီးခေါင်းကိုလှည့်ကာမယုံကြည်ဘဲ တံခါး၏ဦးတည်ရာဘက် သို့ကြည့်ငေးကြည့်နေသည်၊ သူကြားလိုက်ရတဲ့အသံက ထင်ယောင်ထင်မှားဖြစ်မှာကို သူစိုးရိမ်မိသည်၊
ဒေါက် ဒေါက် ဒေါက်
ကောင်းဖန်သည်သူ၏ညှပ်ဖိနပ်ကိုထိုးစီးဖို့ပင် ဂရုမစိုက်အားဘဲ ချောင်းကြည့်ပေါက်မှ ကြည့်လိုက်သည်၊
သန်မာသောလူအိုကြီးက အဖြူရောင်ဟန်ရိုးရာအင်္ကျီအပွကိုဝတ်ဆင်ထားပြီး တံခါးအပြင်ဘက်တွင်ရပ်နေကာ, သူ၏သပ်ရပ်ဖြူဖွေးနေသောဆံပင်များက နောက်သို့လှန်တင်ထားသည်၊ သူသည်ချောင်းကြည့်သည့်အပေါက်ကလေးမှ ကြည့်လိုက်ကာ, ကောင်းဖန်၏မျက်လုံးများကိုသတိပြုမိသကဲ့သို့ ကောင်းဖန်နှင့် မျက်လုံးချင်းဆုံကာပြုံးပြလိုက်သည်၊
အဘိုးကြီး၏မျက်နှာကိုအတည်ပြုပြီးတဲ့နောက်, ကောင်းဖန်၏နှုတ်ခမ်းများသည် ကွေးညွတ်သွားပြီး ချက်ချင်းပြုံးမိသွားသည်၊ သူကချက်ချင်းပင်တံခါးဖွင့်လိုက်ပြီး ‘အဘိုး’ ဟုအော်ခေါ်လိုက်သည်၊
ကောင်းဖန်သည်အပြင်သို့အမြန်ပြေးထွက်ပြီး ကျီဟန့်ဝူကိုပွေ့ဖက်လိုက်သည်၊
ကျီဟန့်ဝူကရယ်မောကာ ကောင်းဖန်၏ကျောကိုပုတ်ပေးသည်၊ သူကအောက်ကို ငုံ့ကြည့်တော့ ဖိနပ်ကိုပင်ဝတ်ဖို့တောင် စိတ်မဝင်စားမိသည်ကို တွေ့လိုက်ရသည်၊ သူက ကလေးကိုဩဝါဒမပေးဘဲမနေနိုင်ကာ, “မင်းဒီနှစ်တွေအတွင်းမှာလည်း ခြေဗလာနဲ့ နေနေတာလား? နောက်တစ်ခါ အပြင်ထွက်မယ်ဆိုရင် ဖိနပ်ပါးစီးနော်”
ကောင်းဖန်က ဘာမှမဖြေပေ၊ သူကငြိမ်နေပြီး သူ့မျက်လုံးများကိုတင်းကျပ်စွာ ပိတ်ထားကာ သူ့နှာခေါင်းမှစူးလာပြီး ခံစားချက်များလွှမ်းမိုးလာသည်၊
ကပ်ဆိုးကြီးအပြီးမှာ, မိဘနှစ်ယောက်လုံးကိုဆုံးရှုံးခဲ့ရတဲ့ ကလေးကဘယ်လိုရှင်သန်ခဲ့ရလဲဆိုတာမသိခဲ့ဘူး၊ ဦးလေးလျိုက ကပ်ဆိုးကြီးပြီးတဲ့နောက် တစ်နှစ်အကြာမှာ သူ့ဘေး၌ရှိနေခဲ့ပြီး ကောင်းဖန်သည်မည်သူနှင့်မျှသူငယ်ချင်းမလုပ်ခဲ့ပေ၊ သူအရမ်းအထီးကျန်နေတာကြာပြီဖြစ်သည်၊
“ဟုတ်ပြီ, ဟုတ်ပြီ, အဘိုးပြန်လာပြီလေ” ကျီဟန့်ဝူက ကောင်းဖန်ကိုနူးညံ့သည့်အသံဖြင့်နှစ်သိမ့်လိုက်သည်၊ “အဘိုးကအနားမှာရှိနေသ၍ ဘယ်သူမှမင်းကိုအနိုင်ကျင့်လို့ မရစေရဘူး!”
လူတစ်ယောက်ကသွေးသားတော်စပ်သော အသက်ကြီးသူတစ်ဦး၏ရှေ့တွင် မည်မျှပင် ရင့်ကျက်နေသကဲ့သို့ဖြစ်နေပါစေ, ကလေးတစ်ယောက်ဘဲဖြစ်နေခဲ့သည်၊
လူအနည်းငယ်သည် ကော်ရစ်ဒါတစ်လျှောက်တွင်ရပ်နေပြီး သူတို့၏အကြည့်များက ထိုမြင်ကွင်းဆီမှရှောင်လွှဲလိုက်သည်၊ ဒီလောက်နူးညံ့သိမ့်မွေ့တဲ့ဥက္ကဌကိုမြင်ဖူးတာ ပထမဆုံးအကြိမ်ဘဲ၊ သူတို့ကဒီလိုမြင်ကွင်းရဲ့အကျိုးဆက်တွေကိုသေချာမသိကြတာကြောင့် သူတို့အားလုံးဒီမြင်ကွင်းကိုမကြည့်တာအကောင်းဆုံးဘဲ၊
ကောင်းဖန်နှင့်ကျီဟန့်ဝူသည် အခန်းထဲသို့ဝင်လိုက်ပြီးတံခါးကိုပိတ်လိုက်သည်၊
ကျီဟန့်ဝူသည် ပြတင်းပေါက်နားကစာရေးခုံဘေးရှိကုလားထိုင်တွင်ထိုင်လိုက်ပြီး, ကောင်းဖန်ကိုရွှင်မြူးစွာနှင့်ပြောလိုက်သည်၊ “အဘိုးကပြိုင်ပွဲမှာမင်းရဲ့စွမ်းရည်တွေကို မြင်လိုက်ရတယ်၊ မင်းအရမ်းတော်တာဘဲ! ငါ့မြေးကရဲရင့်ပြီးထက်မြက်တယ်”
ကောင်းဖန်သည် သူ့ကိုယ်သူအခြားသူများထက်ပိုသိသည်၊ ပုံမှန်အားဖြင့်သူသည် ပြောင်ပြောင်တင်းတင်းနှင့်ဝန်ခံပြီးနောက် ထိုချီးမွမ်းမှုကိုငြင်းလိမ့်မည်၊ ဒါပေမယ့် သူ့အဘိုး၏ချီးမွမ်းသံကိုကြားရတော့ သူ့ကိုအတော်လေးရှက်သွားစေသည်၊
ကျီဟန့်ဝူကပြုံးကာပြောလိုက်သည်၊ “မင်းကိုယ်မင်းကာကွယ်စောင့်ရှောက်တာ အကောင်းဆုံးအောင်မြင်မှုဘဲ, ရှက်စရာမလိုဘူး, မင်းကအဘိုးနဲ့တူတယ်လေ၊ အဘိုး တောင်ပိုင်းကောင်းကင်အဖွဲ့ကိုတည်ထောင်တုန်းက ပထမဆုံးကိစ္စတော်တော်များများ မှာ ခြေတစ်လှမ်းနောက်ဆုတ်ခဲ့ရတယ်၊
“မြေးအမြဲသတိရနေရမယ်၊ မင်းရဲ့လက်သီးကိုပြန်ဆုတ်လိုက်တဲ့အကြောင်းအရင်းက နောက်ပိုင်းမှာ မင်းကပိုပြင်းတဲ့လက်သီးချက်တွေကိုထုတ်ပစ်နိုင်တယ်”
***
အပိုင်း၁၅၀ စကားဝိုင်း
“လက်သီးကိုနောက်ပြန်ဆုတ်တာက နောက်ထပ်ထိုးတဲ့အခါပိုပြီးအင်အားကောင်းစေတယ်…” ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးဆိုလိုက်ပြီး သူ့မျက်လုံးတွေကပိုပြီး တောက်ပလာသည်။
ကျီဟန့်ဝူကကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊ သူ့မြေးကစိတ်ထဲတွင်အတော်လေး နေမသိထိုင်မသာဖြစ်နေပုံပေါ်သည်၊
“အဘိုး ကျွန်းပေါ်ကနေပြန်လာတော့ မြေးကိုလိုက်ရှာမလို့, ဒါပေမယ့်တချို့တချို့သောအရာတွေက ဖြစ်လာတယ်လေ၊ အဘိုးက မင်းအတွက်အန္တရာယ်တွေယူလာမိမှာကို ကြောက်ခဲ့တာ, ဒါကြောင့်အဘိုး လာပြီးမတွေ့ခဲ့တာ။” ကျီဟန့်ဝူက လေးနက်စွာနှင့် ကောင်းဖန်ကိုပြောသည်၊
“ကျွန်တော်နားလည်ပါတယ်၊ ဦးလေးလျိုက အဘိုးကအလုပ်များနေလို့လာမတွေ့နိုင်တာလို့ပြောတယ်။” ကောင်းဖန်ကခေါင်းညိတ်ကာပြောသည်၊
“ကပ်ဆိုးကြီးအစပိုင်းတုန်းက, အဘိုးကကျွန်းပေါ်မှာပိတ်မိနေခဲ့ပြီး တစ်နှစ်အကြာမှ အဘိုးပြန်လာနိုင်ခဲ့တယ်၊ အဲ့အချိန်မှာ တောင်ပိုင်းကောင်းကင်အဖွဲ့ကသိသိသာသာ ပြောင်းလဲနေပြီးတော့, အဘိုးပြန်လာတာကသူတို့ထဲကအချို့ကိုထိတ်လန့်စေခဲ့တယ် လေ၊ တချို့က အဘိုးကိုအရိုးထိအောင်တောင်မုန်းကြတယ်၊ သူတို့က ငါ့ကိုသေစေချင်ပေမယ့် ငါ့ကိုသတ်လို့မရဘူး၊ ဒါပေမယ့် မင်းကကျတော့မတူဘူး၊ အဲ့တုန်းက မင်းက သွေးစာချုပ်မချုပ်နိုင်သေးတဲ့သာမန်လူတစ်ယောက်ဘဲ၊ အဘိုးမင်းကို ကာကွယ်မပေး နိုင်မှာကြောက်တယ်” ကျီဟန့်ဝူကသက်ပြင်းချကာပြောလိုက်သည်၊ “မင်းလုံခြုံသွား ပေမယ့် အဘိုးကအခွင့်အရေးမရခဲ့ဘူးလေ”
“နောက်တော့, မြေးကအဘိုးရဲ့တစ်ဦးတည်းသော မိသားစုဝင်ဘဲ”
“ပြီးတော့, အဖွဲ့နဲ့ ကိစ္စက…” ကောင်းဖန်ကအနည်းငယ်တုန့်ဆိုင်းနေသည်၊ “အကယ်၍ အဲ့မှာကျွန်တော်ကူညီနိုင်တာတစ်ခုရှိရင်… ကျွန်တော်သားရဲတွေကို လေ့ကျင့်တာမှာအတော်လေးအတွေ့အကြုံရှိနေပါပြီ”
ကျီဟန့်ဝူကပြုံးလိုက်ကာ, သူ့လက်ကိုယမ်းလိုက်သည်၊ “အဖွဲ့ထဲကကိစ္စက အကုန်လုံးနီးပါးပြီးလုလုဖြစ်နေပြီ, အသေးအဖွဲကိစ္စလေးတွေကတော့လှုပ်ရှားနေတုန်း, ပြီးတော့ သူတို့ကအဖွဲ့ထဲမှာဘာမှထိခိုက်အောင်လုပ်လို့မရဘူး”
ကျီဟန့်ဝူက သူပြောခဲ့တာတွေက အရေးမပါသလိုအေးအေးဆေးဆေးစကားပြောနေသည်၊
“ မြေးကိုတွေ့ဖို့ ငါဒီကိုလာတာ” ကျီဟန့်ဝူက ကောင်းဖန်ကိုကြည့်၍အာရုံစိုက်ကာ ပြောလိုက်သည်၊ သူမြင်ခဲ့တဲ့ဗီဒီယိုထဲကပုံနှင့်ကွဲပြားနေသည်၊ သူကပိုပြီးလက်တွေ့ ဆန်ကာ နွေးထွေးသည်၊
ခဏကြာတော့, ကျီဟန့်ဝူကပြောလိုက်သည်၊ “မင်းကပိုပြီးအရပ်ရှည်လာတာဘဲ”
သူကပြောရင်းဖြင့် သူ၏ညာလက်ကိုမြှောက်ကာယှဉ်ကြည့်လိုက်သည်၊ “ငါမှတ်မိတာ မင်းကဒီလောက်ဘဲရှည်တာပါ၊ အခုမင်းကအဘိုးနားရွက်နားရောက်လုနီးပါးဘဲ”
ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ သူ့အဘိုးကအတော်လေးအရပ်ရှည်သည်၊ သူက အနည်းဆုံး၁၉၀စင်တီမီတာရှည်ပြီး, အထူးသဖြင့် အဘိုးတို့ခေတ်တွင် အတော်လေး ရှည်တဲ့အရပ်ဖြစ်သည်၊
“ခုနတုန်းက, တစ်စုံတစ်ယောက်ကမင်းကို စာမေးပွဲစစ်ဆေးမှုကနေဖယ်ရှားဖို့ လုပ်ခဲ့တယ်၊” ကျီဟန့်ဝူကပြောလိုက်သည်၊
ကောင်းဖန်ကအံ့ဩမနေပါ၊ တစ်စုံတစ်ယောက်က သူဟိုတယ်ကိုပြန်ရောက်ချိန် ထိုသူကိုရှာဖွေပြီး စကားပြောပြီးဖြစ်သည်၊ ပြီးတော့ ဒါကပျော်စရာကောင်းတဲ့ စကားပြောခြင်းတော့မဟုတ်ခဲ့ဘူး၊
“မင်းသူ့ကိုငြင်းခဲ့တာငါသိတယ်၊ ဒါပေမယ့် သူ့မှာမင်းကိုပြိုင်ပွဲစစ်ဆေးမှုကနေဖယ်ရှားဖို့ နည်းလမ်းတစ်ခုထက်မကရှိတယ်၊ မင်းကိုတိုက်ရိုက်မေးရတဲ့အကြောင်းကတော့ တိုက်ပွဲမစခင် မင်းကိုယဉ်ကျေးသမှုနဲ့လာပြောတာဘဲ”
“ဘယ်လိုတိုက်ပွဲမျိုးလဲ?”
“ပထမဆုံး, သူကမင်းရဲ့နာမည်ကိုဖျက်စီးလိမ့်မယ်၊ မင်းထမင်းသွားမစားခင် မင်းကိုလာဖိတ်တဲ့မိန်းကလေးက သူ့အတွက်အလုပ်လုပ်ပေးနေတာ၊ ပြီးတော့ မင်းနဲ့ အဲ့မိန်းကလေးထမင်းစားပြီးသွားရင်, သူကမင်းကိုဖျားယောင်းလိမ့်မယ်, ပြီးရင် သူက မင်းသူ့ကိုအနိုင်ကျင့်တယ်ဆိုပြီး စွပ်စွဲလိမ့်မယ်”
“ဒါဆိုသူတို့ကကောလဟာလတွေဖြန့်မယ်, မင်းကနောက်ခံမရှိတဲ့ကခေးတစ်ယောက်, မင်းကဒီလိုကောလဟာလကို ဘယ်လိုမှကာကွယ်နိုင်မှာမဟုတ်ဘူး၊ နောက်ဆုံး လူတွေက သူတို့ယုံကြည်သွားတဲ့အချိန်မှာ အဲ့ဒီကောလဟာလတွေက အမှန်တကယ် ဖြစ်လာလိမ့်မယ်၊ အဲ့လိုဖြစ်သွားပြီးရင်, အဲ့လိုအမှားတွေက မင်းရဲ့ဘဝတစ်လျှောက် လုံးမှာရှိနေတော့မှာ”
ကောင်းဖန်ကတိတ်ဆိတ်နေခဲ့သည်၊ သူ၏နာမည်ဂုဏ်သတင်းကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုကိုင်တွယ်ဖို့အတွက်နည်းလမ်းများစွာရှိလိမ့်မည်၊
သူအဘိုးကသူ့ကိုပြောမပြရင်တောင် သူသိသည်၊
“ဒါဆိုမင်းသူနဲ့ဘယ်လိုလုပ်မလဲ?” ကျီဟန့်ဝူကမေးကာ ပြုံးလိုက်သည်၊
“သူ့နာမည်ကဘယ်သူလဲ?”
“ကျင်းလင်မြို့အခြေစိုက် မြို့တော်ဝန်ဟန်ရွမ်မင်း”
ကောင်းဖန်ကသူ့သွားတွေ ကျိန်းလာတော့သည်၊ ဒီလိုကြီးမားတဲ့အကောင်ကြီးကို လက်စားချေဖို့ ဘယ်ဥပဒေကပြဌာန်းထားသနည်း?
“မင်းလက်စားချေနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အကယ်၍ မင်းအကူအညီတချို့လိုရင်, အဘိုးတတ်နိုင်သလောက်ကူညီမယ်၊ လှုံ့ဆော်မှုရှိတာက မင်းအတွက်ကောင်းပါတယ်”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဘိုး”
ကောင်းဖန်သည် သူ့ကိုယ်သူသဘောထားကြီးသူတစ်ယောက်လို့ထင်ခဲ့သည်၊ တစ်စုံတစ်ယောက်ကသူ့ကိုကြံစည်ပြီးနောက်, သူကဘာမှမဖြစ်ဘူးပေမယ့် ဘယ်လိုသဘောထားပေးရမည်နည်း?
ဟန်ရွမ်မင်း၊ ကောင်းဖန် ထိုနာမည်ကိုမှတ်ထားလိုက်သည်၊
“ပြီးတော့, မင်းလည်း ဒီမဟာမိတ်လူငယ်သားရဲလေ့ကျင့်သူအထွေထွေညီလာခံကို စွန့်လွှတ်ဖို့ဆန္ဒရှိမယ်လို့မျှော်လင့်တယ်၊” ကျီဟန့်ဝူက ကောင်းဖန်အားပြောလိုက် သည်၊ “အဲ့ဒီလူနဲ့မဆိုင်ဘူး, ဒါကအဘိုးရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ပါ”
ကောင်းဖန်အနည်းငယ်အံ့ဩသွားသည်၊
“ကပ်ဆိုးကြီးဖြစ်ပြီး သုံးနှစ်လောက်ဘဲရှိသေးတာ၊ ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက်ကွာခြားချက်ကမကြီးမားဘူး, ပြီးတော့ အသက်အရွယ်က ဘယ်သူ့ကိုမှအကျိုးမပေးဘူး၊ လူတစ်ယောက်ကအသက်၃၀,၄၀,၅၀လောက်မှာ လူတိုင်းကတူညီတဲ့ အစပြုလမ်းကြောင်းပေါ်မှာရပ်တည်နေတယ်၊ ဘာကြောင့် မင်းက အသန်မာဆုံး လူငယ်သားရဲလေ့ကျင့်သူဆိုတဲ့ ခေါင်းစဉ်ကိုရှာနေဦးမှာလဲ? ဒါက ‘ငယ်ရွယ်မှု’ဆိုတဲ့စကားလုံးကိုဖယ်ရှားတာပိုကောင်းတယ်မလား”
ကောင်းဖန်ကအံအားသင့်နေတော့သည်၊ “အသန်မာဆုံး…သားရဲလေ့ကျင့်သူ?”
“ဟုတ်တယ်, အသန်မာဆုံးသားရဲလေ့ကျင့်သူ” ကျီဟန့်ဝူကပြောကာ လက်ခံမှုဖြင့် ခေါင်းညိတ်လိုက်သည်၊ “လူတစ်ယောက်ကပိုပြီးရည်မှန်းချက်ပြင်းပြတဲ့ဆန္ဒ ရှိသင့်တယ်!”
ကောင်းဖန်ကထိုစကားလုံးတွေကိုနားထောင်နေရင်းနှင့်ပင် သူ့၏နှလုံးထဲ၌ ခြားနားသော စိတ်ခံစားချက်တွေကွဲပြားနေတာကို ခံစားမိသွားသည်၊
ရုတ်တရက်, သူ၏ဦးနှောက်ထဲ၌, တံခါးချပ်ကပွင့်သွားခဲ့သည်၊
‘ရည်မှန်းချက်ပြင်းပြတဲ့ဆန္ဒ’ဟူသောစကားသည် မကြာခဏရှက်ရွံ့ဖို့ကောင်းသော စကားပေမယ့် ထိုထဲတွင်လျှို့ဝှက်ချက်တစ်ခုပါဝင်နေသည်၊
ကျီဟန့်ဝူကမတ်တပ်ရပ်လိုက်ပြီး ကောင်းဖန်၏ဘေးဘက်သို့ လျှောက်သွားလိုက်ကာ ကောင်းဖန်၏ပုခုံးကိုပုတ်လိုက်ပြီး, သူ့ကိုထဖို့အချက်ပြလိုက်ပြီး ပြတင်းပေါက်ဘက်ကို ကြည့်လိုက်သည်၊ “ဒါကမတူညီတဲ့ခေတ်- ရည်မှန်းချက်တွေအတွက်ခေတ်ဘဲ၊ လက်ရှိအခြေအနေကို မဟာမိတ်အဖွဲ့ကထိန်းချုပ်ထားပေမယ့် ဒါကယာယီဘဲ၊ တစ်နေ့မှာ ပဋိပက္ခတွေဖြစ်လာလိမ့်မယ်၊ တစ်နေ့မှာ လူတစ်ယောက်ကတောင်တွေ ဖျက်စီး, မြစ်တွေနဲ့ပင်လယ်ကိုနှိုးဆော်ပြီး မိသားစုကိုဦးစီး, ပြီးတော့ သူက သာမန်လူတစ်ယောက်ဖြစ်လာလိမ့်မယ်မလား? သူ့ရဲ့လက်ရှိရာထူးနဲ့တင်ကျေနပ်နိုင် မယ်ထင်လား၊ လူသားတစ်ယောက်ရဲ့လောဘက သူ့ရဲ့စွမ်းရည်နဲ့အမြဲတမ်းအချိုးကျ တယ်” ကျီဟန့်ဝူကပြုံးလိုက်သည်၊ “အမိန့်တွေကိုထိန်းချုပ်ဖို့အတွက် လိုလိုလားလားရှိတဲ့သန်မာတဲ့လူတွေ ရှိကောင်းရှိလိ့မ်မယ်၊ ဒါပေမယ့်ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးမှာ နှစ်မျိုးနှစ်ဖက်ရှိတယ်၊ အဲ့ဒီအမိန့်တွေကိုဖျက်စီးချင်တဲ့လူအုပ်စုတွေလည်းရှိတယ်”
ကောင်းဖန်သည်တိတ်ဆိတ်နေခဲ့သည်၊ သူသည်ထိုနေ့ကိုရောက်ရန်စိတ်မကူးဝံ့ပါ၊
“ဒါကြောင့်, မင်းကိုယ်မင်းသန်မာအောင်ကြိုးစားအားထုတ်ရမယ်၊ ဒီလိုမျိုး အဖွဲ့မှာပါတာက မင်းရဲ့အချိန်တွေကိုဖြုန်းနေတာဘဲ” ကျီဟန့်ဝူက အားပေးတိုက်တွန်းကာ ပြောလိုက်သည်၊
“အဘိုး! ဒါဆို…အဘိုးက အမိန့်တွေနဲ့ထိန်းချုပ်ချင်တာလား,ဒါမှမဟုတ်…”
“သေချာတာပေါ့! ဒါကမင်းကိုကာကွယ်ဖို့ဘဲ” ကျီဟန့်ဝူကမဆိုင်းမတွဘဲပြောလိုက် သည်၊
ကောင်းဖန်သည်သူ၏နှလုံးသားထဲတွင်နွေးထွေးမှုကိုခံစားလိုက်ရသည်၊
“ဒါဆိုပြိုင်ပွဲကနေကျွန်တော်ထွက်မယ်” ကောင်းဖန်ကပြောလိုက်သည်၊
ကျီဟန့်ဝူကပျော်ရွှင်စွာခေါင်းညိတ်လိုက်သည်၊ “ကောင်းပြီ, အဘိုးမင်းကိုထောက်ခံတယ်”
သူကခဏရပ်လိုက်ပြီးနောက် ကျီဟန့်ဝူကတွေးကာပြောလိုက်သည်, “အဘိုးမင်းအတွက်လက်ဆောင်သေးသေးလေးပြင်ထားတယ်၊ သုံးလကြာပြီးလို့, ပြိုင်ပွဲစရင်, မင်းကအကဲဖြတ်တဲ့သူအနေနဲ့ပါဝင်ဖို့အတွက် အဘိုးမင်းကိုထောက်ခံပေး မယ်”
ကောင်းဖန်ကရုတ်တရက်ထိတ်လန့်သွားတော့သည်၊
“ဒါပေမယ့်, ဒါက မင်းဒီအတွက်အလုပ်လုပ်စရာမလိုဘူးလို့တော့မဆိုလိုဘူး၊ အဘိုးကမင်းကိုအဲ့နေရာရောက်အောင်ကူညီပေးနိုင်တယ်, ဒါပေမယ့် မင်းဒီနေရာကို ရောက်ဖို့ထိုက်တန်မှုရှိမရှိက ဒီသုံးလအတွင်းပိုအားကောင်းလာအောင် မင်းရဲ့ကြိုးစားမှုပေါ်မှာမူတည်တယ်၊ မင်းရဲ့စွမ်းရည်ကအရမ်းနည်းနေရင် ရှက်စရာကောင်းတယ်မဟုတ်လား” ကျီဟန့်ဝူကကျယ်လောင်စွာရယ်ကာပြောလိုက် သည်၊
အမှန်အတိုင်းပြောရရင်, ကျီဟန့်ဝူကသူ့မြေးကိုအားပေးဖို့အတွက် နည်းလမ်းတစ်ခုကိုသာတွေးမိသည်၊ ကောင်းဖန်သည် ယှဉ်ပြိုင်ကိုအရှုံးပေးရန်အတွက် သွေးဆောင်ခံလိုက်ရပေမယ့် သူ့နှလုံးသားအတွင်းမှာတော့ ဒါနဲ့ပတ်သတ်ပြီးမပျော်နေကြောင်း ညွှန်ပြနေသည်၊
ဒီလိုပြိုင်ပွဲမှာပါဝင်တာကတကယ်ကိုအဓိပ္ပါယ်မဲ့ပေမယ့် အကဲဖြတ်သူအနေနဲ့ပါဝင်ဖို့ကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသည်၊ နောက်ဆုံးပါဝင်ယှဉ်ပြိုင်သူဟောင်းတစ်ဦးအနေနှင့် နောက်ဆုံးစာမေးပွဲအပြီးမှာ ဒီလိုမြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချတာကို အံ့ဩသွားလိမ့်မည်၊ ကျီဟန့်ဝူသည်စိတ်ကူးကိုရစေသောသူ၏လျင်မြန်သည့် ဉာဏ်ပညာအတွက် အလွန့်အလွန်ကိုဂုဏ်ယူနေသည်၊
သို့သော်ကောင်းဖန်ကသူ့အဘိုးကိုကြည့်လိုက်တော့ သူ၏အမူအရာကပြောင်းသွား သည်၊ သူ့အဘိုးကသူ့ကိုအကဲဖြတ်သူရာထူးကိုရဖို့အတွက် ဩဇာလွှမ်းမိုးနိုင်သည်ဆိုတဲ့အချက်က တော်တော်ကိုကြောက်ဖို့ကောင်းပါသည်။
***
အပိုင်း၁၅၁ ချန်အန်းအပြန်
စကားပြောပြီးသွားနောက်, ကျီဟန့်ဝူနှင့်ကောင်းဖန်သည် ဟိုတယ်အခန်းဆီမှ ဒုတိယထပ်စားသောက်ဆိုင်ရှိသည့်အထပ်သို့ စားသောက်ရန်ဆင်းလာကြသည်၊ သူတို့စားသောက်ဆိုင်ထဲသို့ဝင်လာတော့, အထဲတွင်တစ်ယောက်မှ မရှိပေ၊ ၎င်းက တကယ်ကိုပင်တိတ်ဆိတ်နေသည်၊
စားသောက်ပြီးနောက်, ကောင်းဖန်ကအဘိုးကိုသူ့သားရဲတွေနှင့်တွေ့ရန် ခေါ်သွား လိုက်သည်၊
တာ့ဇီကကျီဟန့်ဝူကိုတွေ့သည်နှင့်, သူ့အပေါ်တွင်အတော်လေးကို သံသယဖြစ်နေ သည်၊ ၎င်းကလှောင်အိမ်၏ဘေးဘက်တွင်တစ်ကောင်တည်းလဲလျောင်းနေခဲ့ပြီး, ကျီဟန့်ဝူကိုသူ့ရဲ့မဲနက်နေသောမျက်လုံးများဖြင့် မလှုပ်မယှက်ကြည့်နေသည်၊ သူက သခင့်နောက်မှာရပ်နေတဲ့လူအိုကြီးက ဘယ်သူလဲဆိုတာသိချင်နေသည်၊
ကျီဟန့်ဝူကပြုံးလိုက်သည်၊ “ဒါကအရမ်းကိုချစ်ဖို့ကောင်းတဲ့အကောင်လေးဘဲ”
တာ့ဇီကထိုစကားကိုကြားလိုက်သည်နှင့်, ပျော်ရွှင်စွာပင်သူ၏ခေါင်းကိုမြှောက်လိုက် ကာ, ၎င်း၏ဦးမျှင်နှစ်ချောင်းကို ယမ်းပြလိုက်သည်၊ ကောင်းဖန်ကတာ့ဇီကို ထိုလူကြီးက သူ့အဘိုးဟုပြောလိုက်သောအခါ, ၎င်းကပိုပြီးပျော်ရွှင်စွာ, သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်၊
တစ်ဖက်မှာတော့, ဆီလီကထိတ်ထိတ်ပျာပျာဖြင့်ပြေးသွားသည်၊ ၎င်းကလျင်မြန်စွာပင် လှောင်အိမ်ထံသို့ပျံသွားလိုက်ပြီး, သူ့၏နူးညံ့ပြီးအရိုးမရှိသောခန္ဓာကိုယ်သည် သံတိုင်များမှလွယ်ကူစွာပင် ဖျစ်ထုတ်ကာထွက်လာသည်၊ ၎င်းကစိတ်လှုပ်ရှားစွာနှင့် ကျီဟန့်ဝူ၏အရှေ့တွင်ပျံနေပြီးနောက်, အနည်းငယ်သောဘဝဲလက်များသည် သူ၏ကိုယ်ပိုင်နေရာလပ်ထဲသို့ရောက်သွားပြီး ထိုထဲတွင်လှန်လှောရှာဖွေကာ အသီးဖျော်ရည်တစ်ခွက်ကိုညှစ်ထုတ်လိုက်ကာ ကျီဟန့်ဝူကိုပေးလိုက်သည်၊
“သစ်သီးဖျော်ရည်, သစ်သီးဖျော်ရည်သောက်!”
ဆီလီကကျီဟန့်ဝူ၏ဘေးပတ်လည်တွင်ပျံဝဲနေပြီး သူ့အားကျေနပ်စေရန်ကြိုးပမ်းနေပြီး တစ်ချိန်တည်းမှာပင်, ၎င်း၏သစ်သီးဖျော်ရည်ကိုလည်းအင်တင်တင်နှင့်ပေးနေသည်၊ ကျီဟန့်ဝူကဖျော်ရည်ကိုငြင်းလိုက်တော့, ဆီလီကသက်ပြင်းချလိုက်သည်၊
ပုချီ!
တောက်ပနေသောကောင်က ကောင်းဖန်၏ခေါင်းပေါ်တွင်ထိုင်လိုက်ပြီး ကျေနပ်စွာဖြင့် သူ၏ဘဝဲလက်များကိုဝှေ့ယမ်းလိုက်သည်၊ အင်း, ဒီသားရဲရဲ့ခံစားချက်ကတော့…
ကျီဟန့်ဝူကသူတို့ကို စကားတစ်ခွန်းမှမပြောဘဲပြုံး၍ကြည့်နေသည်၊
…
“မင်းကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားတော့, မင်းဘာတွေလုပ်ဖို့အတွက် စီစဉ်ထားလဲ?”
“ကျွန်တော်မှန်းထားတဲ့ကျောင်းတစ်ခုမှာစပြီးလျှောက်မယ်” တကယ်တော့, ရလဒ်တော့ထွက်တဲ့အချိန်ကျမှစလျှောက်နိုင်ပေမယ့်, သူအချိန်ဆွဲထားတာဖြစ်သည်၊ သေချာတာပေါ့, သူပထမတစ်ကြိမ်နှင့်ဒုတိယအကြိမ်မှာ, ဒီလိုအမှတ်မျိုးရထား သောကြောင့်, သူကကမ္ဘာပေါ်မှဘယ်လိုကျော်ကြားသောကျောင်းမျိုးကိုမဆို လျှောက်လို့ရသည်၊
“အိုး? ဘယ်ကျောင်းတုန်း?” ကျီဟန့်ဝူကပေါ့ပေါ့ပါးပါးမေးလိုက်သည်၊
“ယွိကျိုး တက္ကသိုလ်”
“အိုး? မင်းကငယ်တုန်းကိုပိုပြီးဝေးဝေးသွားဖို့ အခွင့်အရေးယူရမှာမဟုတ်ဘူးလား?” ကျီဟန့်ဝူကကောင်းဖန်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေဟန်တူသော်လည်း သူ့မျက်နှာပေါ်ရှိအပြုံးက ၎င်းတို့ကိုအားလုံးယူဆောင်သွားတော့သည်၊ ထိုအချိန်မှာဘဲ, ကျီဟန့်ဝူကလည်းစိတ်ကောင်းဝင်နေသည်၊
“ဒါဆို နီယွန်တက္ကသိုလ်ကိုလျှောက်မယ်ဗျာ” ကောင်းဖန်ကရောင့်တက်ကာပြော လိုက်သည်၊
ကျီဟန့်ဝူကသူ့ခေါင်းကိုလှည့်လိုက်ပြီး ကောင်းဖန်ကိုကြည့်လိုက်သည်, “ အရူးလိုလှည့်စားမနေပါနဲ့, ယွိကျိုးတက္ကသိုလ်မလား!”
“ဟုတ်ကဲ့”
ကောင်းဖန်ကသဘောတကျဖြင့်ပြုံးလိုက်သည်၊ သူ့အဘိုးက သူ၏စိတ်ထဲတွင်တွေး ထားသောစာလုံးများဖြင့်တွဲမြင်မရသော လူကြီးဖြစ်သည်၊
ဟိုတယ်ကနေထွက်လာပြီးနောက်,ကောင်းဖန်က ပြိုင်ပွဲမှထွက်ခွာကြောင်းပြောရန် အတွက်ဖုန်းကိုထုတ်လိုက်သည်၊ ထို့နောက်, သူကဘယ်သူ့ကိုဆက်သွယ်ရမည်ကို မသိကြောင်းရုတ်တရက်သတိပြုမိသွားပြီး ကို့ရို့ကားယားဖြစ်သွားတော့သည်၊
ကျီဟန့်ဝူကရယ်လိုက်သည်၊ သူကဖုန်းကိုထုတ်လိုက်ပြီး ခေါ်ဆိုမှုတစ်ခုပြုလိုက်ပြီး နောက်ဖုန်းကိုပိတ်လိုက်သည်၊ “ကောင်းပြီ, ကိစ္စတွေကိုဖြေရှင်းပြီးပြီ”
ကျီဟန့်ဝူသည် သူ့မြေးဖြစ်သူတွင်အချို့သောသံသယများနှင့် အချို့သောအားပေး စကားများကိုမပြောပေးနိုင်တာကြောင့်အကူအညီမဲ့နေသည်၊ သူကကောင်းဖန် ပုခုံးကိုပုတ်ပေးလိုက်ပြီး “အရမ်းကြီးလည်းစိတ်ပူမနေပါနဲ့၊ မှန်ကန်တဲ့ခြေလှမ်းတွေကို တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်ပါ၊ မင်းကမင်းဘဝရဲ့ပိုင်ရှင်ဘဲ၊ အဖိုးကဝင်ပြီး မစွက်ဖက်ပါဘူး….”
ကျီဟန့်ဝူကသူ့စကားတွေပြီးသွားတော့, သူ့အသံက အနည်းငယ်မြှုပ်ဝင်သွားတော့ သည်၊ သူကသူ့သမီးအကြောင်းကိုစဉ်းစားလိုက်သည်၊ သူမက သူမအပေါ်ကို သူ့ကိုယ်ပိုင်စိတ်ကူးများဆီသို့အတင်းအကျပ်တွန်းပို့လိုက်မိတာကြောင့် သူမသည် အိမ်ကနေအတိအကျထွက်ပြေးသွားခဲ့သည်၊
“ပြောကြည့်ပေးပါ, အဘိုး၊ ဘဝမှာ,လူတစ်ယောက်က တခြားသူတွေဆီကနေသူ့ကိုဘယ်လိုထင်လဲဆိုတာကိုဂရုစိုက်ဖို့လိုတယ်လို့ အဘိုးထင်လား?” ကောင်းဖန်ကရုတ်တရက်မေး လိုက်သည်၊ ဒါကဘာအဖြေမှမရှိဘဲ သူ့နှလုံးသားထဲမှာအချိန်ကြာမြင့်စွာသိမ်းထားခဲ့တဲ့ မေးခွန်းဖြစ်သည်၊
“တခြားသူတွေက မင်းကိုဘယ်လိုမြင်မယ်ဆိုတာကို မင်းကဘာကြောင့်စိတ်အနှောက် အယှက်ဖြစ်နေရာတာလဲ? မင်းကတခြားသူတွေအတွက် မင်းရဲ့ဘဝကိုရှင်သန်နေ တာလား?” ကျီဟန့်ဝူကပြန်မေးလိုက်သည်၊
ကောင်းဖန်ကစက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားသည်၊ ထို့နောက်သူကခေါင်းခါပြ လိုက်သည်၊
“မှန်တာပေါ့, အဘိုးကိုပြ ဥပမာယူစမ်းပါ၊ အကယ်၍ တခြားသူတွေရဲ့အမြင်ကို အဘိုးဂရုစိုက်နေရင် ဒီနေ့အဘိုးကဒီလိုဖြစ်မှာတောင်မဟုတ်ဘူး” ကျီဟန့်ဝူက ကျယ်လောင်စွာရယ်လိုက်သည်၊ “မင်းသတိရနေရမယ်, ဒီဘဝမှာလေ, မင်းအလုပ်ကိုကြိုးစားပြီး ရှေ့ဆက်နေသရွေ့, မင်းကအခြားသူတွေရဲ့ဇာတ်လမ်းတွေ ထဲမှာတော့ ဗီလိန်အဖြစ်နဲ့အဆုံးသတ်ရမှာဘဲ”
“ဒါဆို, အဘိုးကရော?”
“အဘိုးလား?” ကျီဟန့်ဝူကရပ်လိုက်ပြီးနောက်ဆက်ရယ်လိုက်သည်၊ “အဘိုးကအရင်ကတည်းကနာမည်ဆိုးနဲ့ကျော်ကြားပြီးသား”
…
ကုမ္ပဏီမှာပြန်ဖြေရှင်းဖို့ကိစ္စတွေရှိနေသေးတာကြောင့် ကျီဟန့်ဝူက ထိုညတွင်ပင် ထွက်သွားသည်၊
ကောင်းဖန်ကလည်းထိုညမှာပင်ထွက်သွားလိုက်သည်, ဒါပေမယ့်သူကကျီဟန့်ဝူနှင့် လေယာဉ်မတူပေ၊ သူ့အဘိုး၏စီစဉ်မှုအောက်မှာပင်, သူချန်အန်းသို့ပြန်လာခဲ့သည်၊
ပြီးတော့, သူယွိကျိုးကိုသွားဖို့ဆုံးဖြတ်ပြီးနောက်, ကောင်းဖန်သည် ချန်အန်းသို့ပြန်လာပြီးနောက် သူထွက်မသွားခင်သေချာပေါက်ပြဿနာများကို ဖြေရှင်းဖို့လိုအပ်ပြီး, သူ၏အိမ်ဟောင်းနှင့် ဂဠုန်ပျံစတူဒီယိုနှင့် သူဝယ်ထားသောနေထိုင်ရန်အချိန်မရှိသလောက်ဖြစ်ခဲ့သည့် ဗီလာသေးလေးအတွက် ချန်အန်းသို့ပြန်ရန်လိုအပ်သေးသည်၊
ကောင်းဖန်သည်လေယာဉ်ပေါ်တွင်တစ်ဦးတည်းသောခရီးသည်ဖြစ်သော်လည်း သူသည်လေယာဉ်ဝန်ထမ်းစုစုပေါင်း၁၂ယောက်နှင့်အတူ လေယာဉ်မှူးနှင့်လက်ထောက် လေယာဉ်မှူးတို့ပါဝင်သည်၊
သူတို့ချန်အန်းသို့ရောက်သွားတော့, လေယာဉ်မှုးကကောင်းဖန်ကိုပြောသည်, “သခင်လေးကောင်းဖန်, လေဆိပ်ကိုလေယာဉ်ဆိုက်ပါပြီ၊ ကျေးဇူးပြုပြီး ဘယ်အချိန်ဖြစ်ဖြစ်တခြားပျံသန်းမှုနဲ့သွားစရာတွေရှိရင် ကျွန်တော်တို့ကိုပြောလို့ရပါတယ်၊ ပုံမှန်အားဖြင့်တစ်ရက်ကြိုမှာပေးပါ၊ ကျွန်တော်တို့လေယာဉ်က ပျံဖို့အတွက် အချိန်ဇယားစီစဉ်ပေးရမှာမလို့ပါ”
“ခင်ဗျားတို့အကုန်လုံး အလုပ်ပြန်သွားလုပ်စရာမလိုဘူးလား?” ကောင်းဖန်ကခဏ ရပ်နေပြီးနောက်မေးလိုက်သည်၊
“သခင်လေးနောက်နေတာဘဲဖြစ်ရမယ်၊ ဒါကသခင်လေးရဲ့ကိုယ်ပိုင်လေယာဉ်ဘဲလေ၊ ကျွန်တော်တို့အလုပ်က အချိန်ပြည့်သခင်လေးအတွက်ဝန်ဆောင်မှုပေးဖို့ဘဲ”, လေယာဉ်မှုးကပြုံးကာပြောလိုက်သည်၊
“…ကောင်းပြီ” ကောင်းဖန်ခေါင်းညိတ်လိုက်သည်၊ သူကဒါကိုသုံးဖို့အကောင်းဆုံး ကြိုးစားသွားမှာပါ၊
သူဗီလာသို့ပြန်ရောက်တော့, နေ့လည်လေးနာရီလောက်ရှိနေပြီးဖြစ်သည်၊ သူက ရေချိုးပြီးနောက် ဖလိမ်မီကိုပြန်ခေါ်ရန်ဦးလေးလျိုဆီသို့သွားလိုက်သည်၊
ဦးလေးလျို၏အိမ်ထဲဝင်သွားပြီးနောက်,ကောင်းဖန်ကဝတုတ်နေသောအဖြူရောင် ပင်ကွင်း တစ်ကောင်ကကြိုဆိုနေသည်၊
“ဦးလေးလျို?” ကောင်းဖန်ကအော်ခေါ်သော်လည်း ဦးလေးလျိုထံမှတုန့်ပြန်သံမကြား ရပေ၊
သူဘယ်ရောက်နေတာလဲ? ကောင်းဖန်အနည်းငယ်အံဩသွားသည်၊ ဦးလေးလျိုဘယ်တွေကိုသွားတတ်လဲ?
တွီ,တွီ၊ ဝတုတ်နေသောပင်ကွင်းက ကောင်းဖန်ကိုပတ်လည်လှည့်ပတ်နေပြီး စိုးရိမ်လျက်ပတ်ပြေးနေသည်၊
“ဘယ်ကတည်းက ဦးလေးလျိုကသူ့အိမ်မှာပင်ကွင်းတစ်ကောင်ကို ပျိုးထောင်ပေးနေခဲ့တာလဲ?”
ကောင်းဖန်က ပင်ကွင်းကိုဂရုစိုက်ကြည့်နေပြီးမှ စွေစောင်းကာကြည့်လိုက်မိသည်၊ ရုတ်တရက်ပင်ကွင်းရဲ့လမ်းလျှောက်တဲ့ပုံစံကထူးခြားနေတာကို သူသတိထားမိသည်၊ ခုန်နေသည်ဟုထင်ရသော်လည်း အမှန်တကယ်ခုန်ရန်အတွက် သူကဝလွန်းတာကြောင့် အဲ့ဒီအစား ထော့နင်းထော့နင်းသွားနေသည်၊
ပင်ကွင်းက သူ့ရဲ့အမွှေးဖြူများဖုံးနေသောအတောင်များကိုမြှင့်လိုက်ပြီး ရှေ့သို့ထွက်လာသောအခါ ၎င်းကရှေ့သို့ခြေနှစ်လှမ်းချလိုက်ပြီးနောက်, သူ့ဟန်ချက်ညီစေရန် အတွက် အတောင်ပံကိုတဖျတ်ဖျတ်ခတ်လိုက်ရသေးသည်၊
ဘာလို့ဒီပင်ကွင်းကောင်ရဲ့ပုံစံက အရမ်းကိုရင်းနှီးနေတာလဲ?
ကောင်းဖန်က နက်နက်ရှိုင်းရှိုင်းကိုတွေးလိုက်သည်၊
ဆီလီကကြောက်ရွံ့ခြင်းအရိပ်အယောင်တောင်မရှိဘဲ ပင်ကွင်းကိုလှည့်ပတ်နေသည်၊
တွီ,တွီ!!!ပင်ကွင်းကတတ်နိုင်သလောက် အသံကျယ်ကျယ်အော်လိုက်သည်၊
ဝိတ်အရမ်းတက်နေတာကြောင့် ၎င်း၏အသံသည်ပိုပြီးစူးရှနေကာ, ၎င်းကဆီတစ်လွှာရှိတာကြောင့်ချော်ထွက်နေသလိုဖြစ်နေသည်၊
ကောင်းဖန်ကရုတ်တရက် ဖြစ်နိုင်လောက်တဲ့ကြောက်စရာကောင်းသော အတွေးတစ်ခုကိုတွေးလိုက်မိသည်၊ သူ့မျက်လုံးတွေကတွန့်သွားတော့သည်၊
“ ဖ..ဖလိမ်မီ?”
သူ့သခင်နောက်ဆုံးသူ့ကိုမှတ်မိသွားတာကိုတွေ့တော့, ဖလိမ်မီကစိတ်လှုပ်ရှားစွာဖြင့် သူ့အတောင်ပံတွေကိုတဖျတ်ဖျတ်ခတ်လိုက်ပြီး ပျော်ရွှင်စွာနှင့်ဘေးပတ်လည်တွင် ခုန်နေတော့သည်၊
ကောင်းဖန်ကသွေးများအန်ထွက်လုမတတ်ပင်။
ပိန်သွယ်နေသောကြိုးကြာမှ ပင်ကွင်းအဖြစ်သို့? ဦးလေးလျိုဘာတွေကျွေးထားတာလဲ?
သူ့သခင်ကသူ့ကိုနွေးထွေးတဲ့ပွေ့ဖက်မှုမပေးသောကြောင့် ဖလိမ်မီကတတွတ်တွတ် အော်နေတော့သည်၊
မင်းကငါ့ကိုထပ်မကြိုက်တော့ဘူးလား!
ဖလိမ်မီက ဆက်ပြီးကျယ်လောင်စွာကန့်ကွက်ကာ တတွတ်တွတ်အော်နေပြီး, သူ့အတောင်တွေကို တဖျတ်ဖျတ်ပျံနေကာဧည့်ခန်းထဲတွင် အပြင်းအထန်ပြေးလွှားနေ သည်၊ ၎င်း၏ချွန်ထွက်နေသောနှုတ်သီးဖြင့်ဆိုဖာကို အပေါက်တစ်ခုဖောက်ကာ အဖြူရောင်ချည်ထည်ကိုဆွဲထုတ်လိုက်သည်၊ ၎င်း၏ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ရှေးဟောင်းသစ်ကုလားထိုင်ကိုရိုက်ခွဲလိုက်သည်၊
ထို့နောက်ဖလိမ်မီကရပ်သွားသည်၊ ၎င်းသည်သူ၏သခင်ကိုတစ်ချက်ကြည့်လိုက်တော့ ထိုသူက သူ့ကိုနှစ်သိမ့်ရန်မကြိုးစားသေးကြောင်း တွေ့လိုက်ရသည်၊ ဒေါသတကြီးဖြင့် ဖလိမ်မီသည်အိမ်ထဲတွင်ထပ်၍သောင်းကျန်းနေသည်၊
ဖတ်!
အနက်ရောင်အရိပ်တစ်ခုက လျင်မြန်စွာနှင့်ဖြတ်သွားတော့သည်၊ ဖလိမ်မီကမြေပြင်ပေါ်သို့ဖတ်ခနဲပြုတ်မကျခင်လေထဲတွင် အပြည့်အဝ၁၀၈၀ဒီဂရီ လှည့်လိုက်သည်၊
ဘာကြောင့်လဲဆိုတော့, ၎င်းကအရမ်းဝလွန်းတာကြောင့်ပင်, ဖလိမ်မီ၏ဗိုက်သားဖြင့် မြေပြင်ပေါ်သို့ကျကာခုန်တက်သွားသည်၊ ၎င်းသည်သူ၏အတောင်ပံများကို အကူအညီမဲ့စွာရိုက်ခတ်ခဲ့သော်လည်း ကြမ်းပြင်ပေါ်တွင်လှိမ့်ရုံသာလှိမ့်နိုင်ခဲ့သည်၊
ကျားသစ်ကဲ့သို့ကြီးမားသောအနက်ရောင်ကြောင်တစ်ကောင်သည် ဧည့်ခန်းတွင် တိတ်ဆိတ်စွာဖြင့်ထိုင်နေသည်၊ ၎င်းက သူ၏ခြေဖဝါးကိုလျက်လိုက်ပြီး, ဖလိမ်မီကို အထင်သေးစွာဖြင့်ကြည့်လိုက်သည်၊
အိမ်ကိုနောက်တစ်ကြိမ်ဖျက်စီးရဲရင်ဖျက်စီးကြည့်စမ်း?
ကောင်းဖန်က ထိုအရာသည် စိတ်တိုစရာကောင်းပြီး ရယ်စရာလဲကောင်းတာကို တွေ့လိုက်ရသည်၊ သူကဖက်တီးကြိုးကြာကြမ်းပြင်ပေါ်မှကိုမလိုက်သည်၊ ဆော့ဖီ၏ လေ့ကျင့်ရေးကာကွယ်မှုပုံစံကိုကြည့်ခြင်းအားဖြင့် ဖလိမ်မီကအိမ်ကို ဖျက်စီးရန်လုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ကြောင်းသိလိုက်သည်၊
***
အပိုင်း၁၅၂ ဟာသဓါတ်ပုံ
ဆော့ဖီလေးသည် ကြမ်းပေါ်တွင် တိတ်ဆိတ်စွာလှဲနေရင်း ကောင်းဖန် ဖတီးပုတ်ကို တရွတ်တိုက်ဆွဲသွားသည်အား အေးအေးဆေးဆေးကြည့်နေခဲ့သည်။
ကောင်းဖန် ဝေးဝေးရောက်သွားတာ သေချာကာမှ ဆော့ဖီလေးထလာကာ လက်သည်းများကို ဆန့်ထုတ်ကာ ကုတ်ရင်း အပျင်းကြောဆန့်လိုက်သည်။ ၎င်း၏ကျောကုန်းက ကွေးမောက်သွားကာ အနက်ရောင်အမြီးကတော့ တလှုပ်လှုပ်နှင့်။
ဆော့ဖီက ဖုန်းနားကို ညင်ညင်သာသာလျှောက်လို့သွားကာ ၎င်း၏ဘယ်ဘက်ခြေသည်းများကိုသုံးပြီး ဖုန်းကို သူ့နား,နားမှာထားလိုက်သည်။ ၎င်း၏ညာလက်ကတော့ လက်သည်းတစ်ချောင်းကိုသာထုတ်ပြီး နံပါတ်ကွက်များကို ဖြည်းဖြည်းချင်းနှိပ်လိုက်သည်။
ဆော့ဖီ၏ဖုန်းခေါ်ဆိုမှုက ပြန်လည်ဖြေကြားခြင်းခံခဲ့ရသည်။ ညှောင်? ၎င်းကပျင်းပျင်းရိရိဖြင့်ပြောလိုက်သည်။
အလေ့အကျင့်ရှိနေသလိုမျိုး တစ်ဖက်ကလဲ ပြန်ဖြေလာခဲ့သည်။ “နားလည်ပါပြီ။”
ဖုန်းကိုချပြီးသည်နှင့် ပရိဘောဂဆိုင်မှ ဧည့်ကြိုမိန်းကလေးက ဘောပင်နှင့်စာရွက်တစ်ရွက်ကို ထုတ်ကာ တစ်စုံတစ်ခုချရေးလိုက်ပြီးနောက် သူမ၏ကြီးကြပ်ရေးမှူးကို ပြောလိုက်သည်။ “ကြီးကြပ်ရေးမှူး၊ နံပါတ်၁၂က ဖောက်သည်ဟောင်းက ပရိဘောဂအသစ်မှာလိုက်ပါတယ်။”
“ကောင်းပြီ၊ ရှောင်လီ၊ သူ့အိမ်ကိုသွားပြီး ဘာလဲဖို့လိုလဲသွားကြည့်။ နောက်မှဖုန်းပြန်ခေါ်လိုက်၊ ငါတို့ပစ္စည်းပို့ပေးလိုက်မယ်။”
“ဟုတ်ကဲ့ပါ၊ ကြီးကြပ်ရေးမှူး။” အပြာရောင်ရှပ်လက်တိုဝတ်ထားသည့်လူငယ်လေးက အဆောက်အဦးထဲမှထွက်သွားကာ ဆိုင်ကယ်တစ်စီးနှင့် မြို့ပြင်ဘက်သို့မောင်းသွားတော့သည်။
……..
ကောင်းဖန် သူ့အိမ်ကိုပြန်ရောက်သည်နှင့် ဖလိမ်မီကို ပစ်ချဖို့ရန် ဒမ်ဘီကို ညွှန်ကြားလိုက်သည်။
ဖလိမ်မီမှာ ကြမ်းပြင်ပေါ် ခြေကားယားလက်ကားယားပြုတ်ကျသွားတော့သည်။ ဘယ်လောက်ပဲကြိုးစားထပါစေ ဖလိမ်မီမှာ အရမ်းဝနေတာကြောင့် ပြန်မထနိုင်ဖြစ်လို့နေသည်။ ၎င်းက ပျံလဲမပျံနိုင်ပေ။ ၎င်းကအခုဆို လုံးဝလုံးဝန်းနေကာ ဘောလုံးတစ်လုံးနှင့်တောင်တူနေတော့သည်။
တွီ၊ တွီ? ဖလိမ်မီက ၎င်း၏ရဲဘော်ကို အံ့ဩတကြီးမေးလိုက်သည်။ ဘာလို့ငါ့ကို ကူမထူပေးတာလဲ?
တာ့ဇီ၏ဦးမျှင်နှစ်ချောင်းက လှုပ်သွားကာ ဖလိမ်မီကို ထူဖို့ဟန်ပြင်လိုက်သည်။
“မကူပေးနဲ့။ ဒီနေ့ ဖလိမ်မီ သူ့ဘာသာမထနိုင်ရင် နောက်ထပ်ထနေစရာကိုမလိုတော့ဘူး။” ကောင်းဖန်က ကြမ်းကြမ်းတမ်းတမ်းပြောလိုက်သည်။
ဖလိမ်မီမှာ မျက်လုံးပေကလပ်ပေကလပ်လုပ်ပြီးနောက် ကြမ်းပေါ်တွင်သာ လှဲချကာ သေဟန်ဆောင်နေတော့သည်။
….
ကောင်းဖန်လဲ ထိုဝတုတ်နေသည့်ပင်ဂွင်းကောင်ကို သူ့ဗီလာထဲက ပြေးစက်ပေါ်တင်ထားလိုက်တော့သည်။
“နောက်ရက်ပိုင်းအတွင်း မင်းလေ့ကျင့်ခန်းလုပ်ရမယ်။” ကောင်းဖန်က ဖလိမ်မီ၏ခေါင်းကိုပုတ်ပေးကာပြောလိုက်သည်။
ဖလိမ်မီ၏အနီရောင်အမောက်ကလေးမှာ လတ်လတ်ဆတ်ဆတ်သွေးလိုမျိုး နီရဲတောက်လို့နေသည်။ ခေါင်းပေါ်ရှိ အနီရောင်အသားစိုင်လေးက ရေခဲတမျှ အေးစက်လှသည်။ သူ့လက်တွေက အမောက်လေးကိုထိမိသွားချိန်တွင် အတော်ကြာပွတ်တိုက်နေမိတော့သည်။ ဖလိမ်မီသည် မီးစွမ်းအင်ရှိသော်လည်း ၎င်း၏အမောက်ကတော့ ရေခဲလိုအေးစက်နေသည်။ ဖလိမ်မီ၏အပေါ်ယံအမွှေးများကလဲ ချောမွတ်နေကာ ပိုးသားလေးလိုပင်ဖြစ်ပြီး ထိလို့အတော်ကောင်းသည်။
ထို့နောက် ကောင်းဖန်က ကျောင်းသို့မသွားမီ အနည်းငယ်ပြင်ဆင်ထုတ်ပိုးခဲ့သည်။
သူ အချိန်အများစုတွင် အစင်းလေးပေါ်မှာ ထိုင်စီးရတာက သူ့တင်ပါးတွေကို နာကျင်စေသည်။ ဒါကြောင့် သူ့ရဲ့ကားကြီးကိုစီးရတာကမှ ပိုပြီးသက်သောင့်သက်သာဖြစ်သည်။ သူ့ရဲ့ထရက်ကားကြီးကို အဝေးပြေးလမ်းမတစ်လျှောက် မောင်းနှင်လာခဲ့ရင်း လူအများ၏မနာလိုသာအကြည့်များကိုလဲ လက်ခံရမိခဲ့သည်။ ဒီလိုသတ္ထုသားရဲသတ္တဝါကြီးလိုကားမျိုးကို လမ်းမကြီးပေါ်မှာ မောင်းနှင်တာက အတော်လေးမျက်စိဖမ်းစားနိုင်သည်။
ကောင်းဖန် ကျောင်းနှင့်သိပ်မဝေးသည့်နေရာတွင် ကားကိုရပ်ခဲ့လိုက်သည်။ သူစက်သတ်ပြီး ကားထဲမှထွက်ကာ ကျောင်းသို့လမ်းလျှောက်လာခဲ့သည်။
အတန်းတွေရှိနေတုန်းပင်။ ပုံမှန်အားဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲများပြီးနောက် နှစ်ရက်ပိတ်ကာ ကျောင်းကနေပြီး အထက်တန်းဒုတိယနှစ်ကျောင်းသားများအတွက် နွေရာသီအားလပ်ရက်အချိန်ပိုသင်ခန်းစာများ သင်ကြားပေးသည်။ ဒါက သူတို့ကျောင်းသားများကို နွေးထွေးမှုအပြည့်နှင့် ဂရုစိုက်သည်အားပြသခြင်းပင်။
ကောင်းဖန်က အမှန်ဆို စီနီယာအထက်တန်းကျောင်းသားဖြစ်ရမှာပင်။ သူက ဘွဲ့စောစောရသွားခဲ့သည်။ သူကတော့ စာမေးပွဲတွေဖြေပြီးကာ သူ့အတန်းဖော်တွေကတော့ အခုထိ အတန်းတွေကြိုးစားတက်နေရသေးကြောင်း သိရချိန်တွင် ကောင်းဖန် တစ်ခေါက်လောက် သူတို့ကို သွားကြည့်ချိန်စိတ်ကို မထိန်းနိုင်တော့ပေ။
အစောင့်ဦးလေးကြီးက ကောင်းဖန်ကိုတားလိုက်သည်။ “အပြင်လူတွေ ကျောင်းထဲဝင်ခွင့်မရှိဘူး။”
အစောင့်ဦးလေးကြီး၏ဘေးရှိ သံကျောပြင်မန်ညူတစ်ကောင်က ခေါင်းကိုမော့ကာ ကောင်းဖန်ကို ကြည့်နေသည်။ ၎င်း၏ချောမွတ်ကာလုံးဝန်းသော ခန္ဓာကိုယ်က ဘောလုံးတစ်လုံးလိုပင်။ အမူအရာမပြရင်တောင်မှ ၎င်းကတော်တော်ကြည့်ရဆိုးလှသည်။
သို့သော်လည်း ဒီမန်ညူက သေးငယ်ကာ လက်နှစ်ဖဝါးစာလောက်သာရှိသည်။ ၎င်း၏သားပြည့်နေသည့်ပါးဖောင်းဖောင်းများတွင်တော့ လေတိုက်သည့်အခါ လှုပ်ရှားသွားသည့် အဖြူရောင်ပါးသိုင်းမွှေးမျှင်များရှိနေသည်။ ၎င်းက ကောင်းဖန်နားလှည့်ပတ်နေကာ ထူးထူးဆန်းဆန်းကြည့်နေသည်။ ၎င်း၏ခြေဖနောင့်ကအတွင်းဘက်လှည့်နေကာ ခြေချောင်းတွေက အပြင်ဘက်လှည့်နေချိန် တရုတ်အက္ခရာ ‘၈’နှင့်ပင်တူသည်။
“ဦးလေး၊ ကျွန်တော်က ဒီကျောင်းကပါ။” ကောင်းဖန်က သူ့ကျောင်းသားကဒ်ကိုပါ ထုတ်ပြလိုက်သည်။
အစောင့်ဦးလေးကြီးက သေချာငုံ့ကြည့်လိုက်ကာ၊ “ဒါ ငါတို့ကျောင်းကပဲ။” လို့ပြောပြီးနောက် ကောင်းဖန်ကို သံသယမျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ “ဒါပေမယ့် မင်းကိုဘာလို့ရင်းနှီးသလိုဖြစ်နေတာပါလိမ့်?”
အစောင့်ဦးလေးကြီး၏စကားကိကြားပြီးနောက် မန်ညူက ကောင်းဖန်ရှိရာသို့ မိုက်မဲစွာအော်ဟစ်ပြလိုက်သည်။ ၎င်း၏သွားအသေးလေးတွေနဲ့ ကောင်းဖန်၏ဘောင်းဘီကို အပေါက်လေးတစ်ပေါက်ဖြစ်အောင်ပါလုပ်သွားသည်။
ကောင်းဖန်ကသူ၏ညာခြေထောက်ကိုညင်သာစွာမလိုက်ပြီး လက်ဖဝါးအရွယ်ရှိသော မန်ညူကြောင်၏ခြေထောက်များသည် လေထဲတွင်ထောင်သွားပြီးနောက်သို့လဲကျသွားသည်၊ မြေကြီးပေါ်တွင်လှိမ့်သွားပြီး ကောင်းဖန်ကိုပြင်းထန်စွာအော်ဟစ်လိုက်သည်၊
“တော်တော့” ကောင်းဖန်ကထိုဖက်တီးအသေးလေးကို အသံနက်ကြီးဖြင့်ဆူလိုက် သည်၊
သူကခါးညွတ်လိုက်ပြီး ထိုမန်ညူကြောင်ကိုကောက်ချီလိုက်ကာ, ဒီငတိလေးက တကယ်တော့သူထင်တာထက်ပေါ့တာကိုသိလိုက်သည်၊ ၎င်း၏ချောမွေ့သောအမွှေး သည်ထူထပ်သောအဖုံးအလွှာကဲ့သို့ပင်ထူထပ်နေသည်၊ တိုနေသောအမွှေးများသည် ကောင်းဖန်၏လက်ဖဝါးကိုယားယံစေသည်၊
ကောင်းဖန်၏ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးနောက်, ထိုကောင်လေးက၎င်း၏လက်ဖဝါး များဖြင့်တိုက်ခိုက်ကာရုန်းထွက်နေသည်၊ ဒါလေးကတကယ်ကိုရယ်စရာကောင်းပြီး ချစ်ဖို့ကောင်းသည်၊
မန်ညူကြောင်လေးသည် တိုတောင်းပြီး ပုတုတ်တုတ်ကြောင်အမျိုးဝင်တစ်ကောင်ဖြစ်တာကြောင့်လူသိများသည်၊ သူ၏ကြီးမားသောလေးထောင့်မျက်နှာ, ဝိုင်းနေသော နားရွက်နှင့်တိုတုတ်သောအမြီး,၎င်းတို့က ဖောင်းကစ်ကစ်အရာလေးဖြစ်နေသည်၊
“ဦးလေး, ဦးလေးကကြောင်တစ်ကောင်ကို ဘယ်တုန်းကပျိုးထောင်ပေးနေတာလဲ” ကောင်းဖန်က ထူးဆန်းစွာမေးလိုက်သည်၊ လုံခြုံရေးအစောင့်ကဦးလေးက အရင်တုန်းက အိမ်မွေးတိရိစ္ဆာန်မရှိဘူးဆိုတာသူသတိရလိုက်သည်၊
လုံခြုံရေးအစောင့်ဦးလေးကကောင်းဖန်ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်၊ “ငါဒီကောင်လေးကိုပျိုးထောင်နေတာ လဝက်လောက်ရှိနေပြီ၊ မင်းကဒီက ကျောင်းသားဖြစ်နေပြီးတော့ ဒါလေးကိုမသိဘူးလားကွ?”
အာ…
ကောင်းဖန်ကပြောစရာစကားများပျောက်ဆုံးသွားတော့သည်၊ သူကအစောင့်ဦးလေးကြီးကသူ့အလုပ်ကိုဒီလောက်အလေးထားလိမ့်မယ်လို့ မထင်ခဲ့ဘူးလေ၊
“ကျွန်တော်က ဒုတိယနှစ်, အခန်း၃ကပါ၊ ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲကိုအရင် သွားဖြေတာ…” ကောင်းဖန်ကအစောင့်ဦးလေးကိုအခုအခြေအနေအား စ၍ရှင်းပြလိုက်သည်၊
အစောင့်ဦးလေးကသူ့နှဖူးကိုရိုက်လိုက်သည်၊ “ငါအခုမှတ်မိသွားပြီ! မင်းကငါးဆားနယ် ကောင်လေးဘဲ!”
ကောင်းဖန်၏မျက်နှာကမဲ့ကျသွားသည်၊
အစောင့်ဦးလေးကြီးကသူ့ဖုန်းကိုထုတ်လိုက်သည်၊ အရမ်းကိုလျင်မြန်တဲ့ပုံစံဖြင့် သူ့ဖုန်းကိုလော့ခ်ဖြည်လိုက်ပြီး, wechatဖွင့်လိုက်ကာ သူ၏ချက်တင်များထဲမှတစ်ခုထံ သို့ဝင်လိုက်သည်၊ သူသည်လျင်မြန်စွာနှင့်, ဓာတ်ပုံကိုရှာတွေ့သွားပြီး, ၎င်းကိုအကျယ်ချဲ့ပြလိုက်သည်၊
ကောင်းဖန်က ချွန်ထွက်နေသည့်ကျောက်တုံးကြီးပေါ်တွင်လှဲနေသည်၊ သူ၏ဘေးပတ်လည်တွင်တော့, သူ၏သားရဲများကသူ့ပုံစံအတိုင်းပင်လိုက်နေသည်၊ ထိုအောက်တွင်တော့ကြီးမားသောစာလုံးကြီးဖြင့်, “ငါကငါးဆားနယ်တစ်ကောင် ဖြစ်လာပြီ” ဟူ၍ရေးထားသည်၊
ကောင်းဖန်၏မျက်နှာကအေးခဲသွားပြီး ကို့ရို့ကားယားပြုံးလိုက်သည်၊
“မင်းကိုရင်းနှီးနေတာတော့မဆန်းပါဘူးကွာ, မင်းကငါးဆားနယ်ကောင်လေးဖြစ်နေတာကိုး”, အစောင့်ဦးလေးကြီးကရယ်လိုက်သည်၊
“ဦးလေး, ဒီပုံတွေကပျံ့နေတာ ဘယ်လောက်ကြာပြီလဲ?”
“အခုတလောနာမည်ကြီးနေတာကြာပြီ, အယ်,ဟေ့ ဟေ့ မသွားနဲ့ဦးလေ၊ နောက်ထပ်ပုံလေးတေထပ်ရှိသေးတယ် အကုန်လုံးကရယ်စရာကောင်းတယ်” အစောင့်ဦးလေးကြီးကထပ်ပြီး အခြားစာမေးပွဲတွင်ပါဝင်သူများ၏ ဟာသပုံများကို ပြနေသည်၊
ကောင်လေးတစ်ယောက်ဆိုလျှင်, သူ၏ပျံသန်းနေတဲ့ မီးတောက်လင်းတပေါ်တွင် အလွန်ကိုတင့်တယ်မှုမရှိစွာဖြင့်ထိုင်နေပြီး သူ၏သားရဲလည်ပင်းကိုဖက်တွယ်ထားသည်၊ သူ၏ဆံပင်များကအညိုရောင်ဖြစ်ကာရှုပ်ပွနေပြီး, သူမျက်နှာကဖြူဖျော့နေကာ, သူ့ပုံစံကကြောက်ရွံ့နေသည်၊ အောက်ကစာလုံးကတော့ “ကြောက်ရွံ့မှုကြောင့် တုန်လှုပ်ခြင်း”
ပုချီ။
ကောင်းဖန်ကမရယ်မိအောင်ထိန်းပေမယ့် သူအကူအညီမဲ့နေသည်၊
ထို့နောက်, သူကအတွင်းမှဆူပွက်လာသောဒေါသတွေကိုခံစားလိုက်ရသည်၊ သူ့ကို ဒီလောက်ချောမောတဲ့ဓာတ်ပုံရိုက်ပြီး ဝက်ဘ်ဆိုက်မှာဘယ်သူတင်ခဲ့တာလဲ?
စာသင်ခန်းထဲတွင် လီကျီကုန်းကရုတ်တရက်နှာချေလိုက်သည်၊
“သိပ်မကြာသေးခင်က ကျောင်းအုပ်ကြီးကမင်းကိုချီးမွှမ်းဂုဏ်ပြုဖို့အတွက် အစည်းအဝေးတောင်ခေါ်သေးတယ်၊ မင်းကချန်အန်းတတိယအထက်တန်းကျောင်း အတွက်ကျော်ကြားစေခဲ့တယ်လေ” အစောင့်ဦးလေးကရယ်မောစွာပြောသည်၊ “အရင်ကတည်းကမင်းရဲ့မိခင်ကျောင်းတော်ကြီးမလို့ အထဲကိုဝင်ပါ”
ကောင်းဖန်ကအစောင့်ဦးလေးကြီးကိုကျေးဇူးတင်လိုက်ပြီး ကျောင်းအဆောက်အဦး ဆီသို့လျှောက်လာခဲ့သည်၊
သံကျောပြင်မန်ညူကြောင်သည်သတိထားလျက် အစောင့်ဦးလေးကြီး၏ခြေထောက် နားတွင်ပုန်းနေပြီးကောင်းဖန်ဖြတ်သွားတာကို ကြည့်နေသည်၊ ကောင်းဖန်ကို အန္တရာယ်ရှိစွာကြည့်နေသည်၊
ကောင်းဖန်ကပြုံးလိုက်ပြီး ကျောင်းထဲသို့ဆက်လျှောက်သွားတော့သည်၊
ကျောင်းကတော့ အရင်တုန်းကအတိုင်းပင်၊ ဘာမှကြီးကြီးမားမားပြောင်းလဲမသွား, ပြီးတော့ ဆရာမတွေကလည်းဒီမှာဘဲရှိနေသေးသည်၊ ဒါပေမယ့် အချို့အကြောင်း အကြောင်းတွေကြောင့်, ဒီရင်းနှီးသောခံစားချက်ကိုဆုံးရှုံးစေခဲ့သည်၊ အခြားမိသားစု တစ်ခုပြောင်းရွှေ့နေခဲ့သောအိမ်ဟောင်းသို့ပြန်လာသောလူစိမ်းနှင့်တူနေသည်၊
သင်္ချာသင်သောအဆောက်အဦးအောက်တွင် ဘွန်ဆိုင်းအိုးအနည်းငယ်ရှိသည်၊ တောက်လောင်နေသောနေရောင်အောက်တွင်, သူတို့က အညိုရောင်သန်းနေသည်၊
ရုတ်တရက်ကောင်းဖန် ကျောင်းမှ ဘဲလ်သံကိုကြားလိုက်ရသည်၊ ကျောင်းသားလူအုပ်သည် ကော်ဖီဆိုင်သို့သွားရန်လှေကားမှဆင်းလာကြသည်၊
ကောင်းဖန်ကခေါင်းခါလိုက်သည်၊ သူ့မျက်လုံးတွင်ရှုပ်ထွေးနေသောအကြည့်များရှိနေသည်၊ သူကအနာဂါတ်မှာဒီကျောင်းကိုပြန်လာဖို့အတွက် အခွင့်အရေးမရှိတော့ဘူး ဆိုတာသူသိသည်၊
အရာအားလုံးကိုဖြေရှင်းပြီးသွားသည်နှင့် သူ၏အိမ်သည်ချန်အန်းတွင်ရှိသော်လည်း သူကယွိကျိုးသို့ဦးတည်သွားရလိမ့်မည်၊ ဒါပေမယ့်, မိသားစုမရှိသောနေရာကို အိမ်လို့ယူဆနိုင်သေးလား?
***