အခန်း (၁၅၃-၁၅၆)
Vol. 10 Ch. 153-156
အပိုင်း ၁၅၃ ဟေးမင်
စကျင်ကျောက်လှေကားတွေကအရမ်းကိုသန့်ရှင်းနေပြီး, ရေများအပြည့်အဝ မခြောက်သေးကြောင်းကိုသဲလွန်စပြနေသည်၊ ပိုးသတ်ဆေးဖျော့ဖျော့အနံ့သည်လည်း လေထဲတွင်ပျံ့လွင့်နေသည်၊
ကျောင်းဆင်းချိန်အချက်ပေးဘဲလ်သံကရပ်သွားသော်လည်း အခန်း၏တံခါးများကို ပိတ်ထားဆဲဖြစ်သည်၊ ကောင်းဖန်ကအခန်းကိုကျော်သွားတော့, သူကကျယ်လောင်စွာပြောနေတဲ့ ဆရာမအသံကိုကြားလိုက်ရသည်၊ “ဒါကြောင့်, စီစစ်ချက်တွေအရ, ဒီအော်ဂဲနစ်ပစ္စည်းအတွက်အဖြေက အမိုင်နိုအက်စစ်ဘဲဖြစ်တယ်”
ကောင်းဖန်သည်ဝန်ထမ်းများရုံးခန်းသို့ဆက်လက်သွားလိုက်ပေမယ့်, မစ္စမုရုန်က ဒီမှာ မဟုတ်ပေ၊ သူမကအတန်းထဲမှာဘဲရှိနေလောက်သေးသည်၊
မိနစ်အနည်းငယ်လောက်ကြာပြီးနောက်, မုရုန်ချိုးယဲ့ကစာရွက်အထပ်လိုက်ကို ကိုင်ကာ ရုံးခန်းထဲသို့လမ်းလျှောက်လာတော့သည်၊ ကောင်းဖန်ကသူမကိုစောင့်နေတာမြင်တော့ ပထမ သူမကအံ့ဩသွားပြီး ခေါင်းကိုပျော်ရွှင်စွာညိတ်ပြလိုက်ကာ, “မင်းပြန်လာပြီပေါ့, တီဗွီမှာမင်းရဲ့စွမ်းဆောင်မှု ကမဆိုးပါဘူး၊”
ဘန်း၊ ထူထပ်သောစာရွက်များကို စားပွဲပေါ်တွင်နေရာချလိုက်သည်၊ မုရုန်ချိုးယဲ့က စားပွဲပေါ်မှရေနွေးဘူးကိုယူကာ ရေတစ်ခွက်သောက်လိုက်သည်၊
ကောင်းဖန်က ဘေးတွင်တောင့်တောင့်ကြီးရပ်နေသေးသည်ကိုမြင်တော့ မုရုန်ချိုးယဲ့ကခနောက်ဆရာတစ်ယောက်၏စားပွဲမှထိုင်ခုံကိုယူလာသည်၊ “မင်း အရူးလိုမျိုးဘာလို့အဲ့မှာရပ်နေတာလဲ၊ ဒီမှာလာထိုင်”
ကောင်းဖန်ကမစ္စမုရုန် ပိန်သွားတာကိုတွေ့လိုက်သည်၊ သူမ၏လုံးဝန်းပြီး ပြည့်ဖောင်းနေသောမျက်နှာကအရင်ကထက်အနည်းငယ်လျော့သွားသလိုဖြစ်သွား သည်၊ ဖြစ်နိုင်တာက သူမနဲ့မတွေ့တာကြာလို့ ဒီလိုပြောင်းလဲတာကိုသတိမထားမိတာ ဖြစ်နိုင်သည်၊
“မစ္စမုရုန်, ဆရာမဝိတ်ကျသွားတယ်”
“အဆင်ပြေတယ်, ငါသိတယ် ၊ နှစ်တိုင်းနွေရာသီရောက်ရင်အလုပ်ရှုပ်လို့ ငါ့ခန္ဓာကိုယ်က ကျုံ့သွားတာ၊ ဒါပေမယ့်ဆောင်းရောက်လာရင်တော့, ငါ့ဝိတ်က ပြန်တက်လာလိမ့်မယ်၊” မုရုန်ချိုးယဲ့ကသူပြောသည်ကိုစိတ်ထဲမထားပေ၊ “စိတ်ပူမနေနဲ့, ငါ့ဝိတ်ကတည်ငြိမ်တယ်”
“အိုး…”
ကောင်းဖန်ကစကားဘယ်ကနေစပြောရမှန်းမသိအောင်ဖြစ်နေတာကြောင့်, သူကခေါင်းစဉ်ကိုပြောင်းလိုက်ပြီး သူရဲ့အတန်းဖော်ဟောင်းတွေဘယ်လိုနေလဲဆိုတာ မေးလိုက်သည်၊ ဒါပေမယ့်မုရုန်ချိုးယဲ့က သားရဲလေ့ကျင့်သူကောလိပ်ဝင်ခွင့်အကြောင်း ကိုပိုပြီးစိတ်ဝင်စားကာ, သူကတခြားသောဖြေဆိုသူတွေနဲ့သူတို့ရဲ့သားရဲတွေ အကြောင်းတွေကိုမေးခွန်းအများကြီးမေးသည်၊
နွယ်တွေဖုံးနေတဲ့ကျောက်သားရဲအကြောင်းတို့လိုမျိုးပေါ့၊ အဲ့တာကတကယ်ကျောက် တွေနဲ့လုပ်ထားတာလား? ကျောက်တုံးက သူ့အလိုလိုဘယ်လိုလုပ်ရွေ့တာတုန်း? အဲတာကအစာစားဖို့လိုသလား? ပြီးတော့ တခြားအရာတွေဖြစ်သည်၊
အကယ်၍ဆရာမကျွန်တော့်ကိုမေးရင် ကျွန်တော်လည်းအဖြေကိုမသိဘူး! ကောင်းဖန်က တွေးလိုက်သည်၊
ကောင်းဖန်က မစ္စမုရုန်ချိုးယဲ့မေးသောမေးခွန်းများစွာအတွက် တကယ်အဖြေမရှိပေ၊ ထို့နောက်, သူကတခြားပါဝင်သူတွေနဲ့ အများကြီးအဆက်အဆံမလုပ်ခဲ့ဘူး၊ အမှန်တော့သူက တီဗွီကြည့်ထက်လူတွေထက်တောင်သိတာပိုနည်းလိမ့်မည်၊
သူတို့နှစ်ယောက်က နောက်အတန်းစသည်အထိစကားပြောနေကြသည်၊ မုရုန်ချိုးယဲ့ကပြုံးလိုက်ပြီး ကောင်းဖန်ကိုပြောလိုက်သည် “ကောင်းပြီ, မင်းအားတဲ့ အချိန်ထပ်ပြီးလာလည်ပေါ့၊ ငါအခုအတန်းဆီသွားရတော့မယ်”
ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီးထလိုက်သည်၊ သူကထိုင်ခုံကိုယူလာတဲ့နေရာမှာ ပြန်ထားလိုက်သည်၊ သူလှည့်ကြည့်လိုက်တော့ မုရုန်ချိုးယဲ့သည်အံဆွဲတစ်ခုကိုဖွင့်ပြီး နောက်ထပ်စာရွက်ထူထူများကိုထုတ်လိုက်သည်၊
ကျောင်းမှထွက်လာပြီးနောက် ကောင်းဖန်သည်ခဏစဉ်းစားလိုက်ပြီး သားရဲပျိုးထောင်သူအဖွဲ့အစည်းသို့သွားရန်ဆုံးဖြတ်လိုက်သည်၊ သေချာတာပေါ့, အခုတော့အဲ့နာမည်မဟုတ်တော့ဘူး၊ အခုအဲ့တာက သားရဲလေ့ကျင့်သူအဖွဲ့ချုပ် သားရဲပျိုးထောင်သူအဖွဲ့ခွဲဟုခေါ်သည်၊ နာမည်ကပိုပြီးရှည်လာကာ, ပိုပြီးအထင်ကြီးလောက်သည်၊
ချန်အန်းသားရဲပျိုးထောင်သူအဖွဲ့ခွဲကိုရောက်သည်နှင့်, ဒါရိုက်တာချန်းနှုတ်ထွက်သွားကြောင်းကို ဧည့်ကြိုကောင်တာမှသိလိုက်ရသည်၊ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်အသစ် ထူထောင်ပြီးသိပ်မကြာခင်မှာဖြစ်ခဲ့တာဖြစ်သည်၊
ထိုအချိန်တွင်ကောင်းဖန်သည် သူ၏သားရဲလေ့ကျင့်သူကောလိပ်စာမေးပွဲအတွက် ပြင်ဆင်နေချိန်ဖြစ်တာကြောင့် သူသတင်းမရခဲ့တာဖြစ်သည်၊
“ကောင်းပါပြီ” ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ ဒါရိုက်တာချန်းမရှိတော့ဘူးဆိုတော့ သူ့မှာလည်း ဒီမှာစီးပွားရေးမရှိတော့ပေ၊
ကောင်းဖန်ထွက်သွားခါနီးတွင်တစ်စုံတစ်ယောက်က နောက်မှအော်လိုက်သည်၊ “ခဏစောင့်ပါဦး!”
ကောင်းဖန်သည် လှည့်ကြည့်လိုက်သည်၊ အဖြူရောင်တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသောသူကလျင်မြန်စွာနှင့်ရောက်လာသည်၊ ကောင်းဖန်၏မျက်နှာကို သေချာကြည့်ပြီးတဲ့နောက်, သူကသက်ပြင်းချလိုက်သည်၊ “တကယ်မင်းဘဲ, မစ္စတာကောင်း”
“ခင်ဗျားက…?”ကောင်းဖန်က ဒီလူကဘယ်သူလဲဆိုတာ ဖမ်းမမိဘဲဖြစ်နေသည်၊
“အာ…” ကောင်းဖန်ကသူ့ကိုမမှတ်မိတာကိုသတိထားမိတော့, ဟေးမင်ကအနည်းငယ် ကို့ရို့ကားယားဖြစ်သွားသည်၊ သူတို့အရင်ကအတူတူညစာစားဖူးတာကိုသူသေချာ မှတ်မိသည်၊ “လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဒိုင်းပြာလုံခြုံရေးကုမ္ပဏီမန်နေဂျာ လျှိုစန်းလင်းနဲ့ တခြားခေါင်းဆောင်အနည်းငယ်နဲ့ ငါတို့ထမင်းစားဖြစ်ခဲ့ကြတယ်လေ” သူကရိုးသားစွာဖြင့်ပြောလိုက်သည်၊
နောက်မှ ကောင်းဖန်သည် သူဘယ်သူလဲဆိုတာသတိထားမိသွားသည်၊ သူတို့ညစာစားကြဖူးတယ်, ဒါပေမယ့်ထိုညကသူ့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံ မဟုတ်ခဲ့ဘူး၊ ထို့နောက်, ကောင်းဖန်ကရှင်းရှင်းလင်းလင်းမှတ်မိသည်၊ အသေးစိတ် အချက်အလက်အများစုကိုသူမေ့သွားသည်, ဒါပေမယ့်သူညစာစားတုန်းကစိတ်မချမ်း သာဘူးဆိုတာတော့သူသိသည်၊
“အိုး” ကောင်းဖန်ကခေါင်းညိတ်ပြသည်၊ သူမျက်နှာတွင်အေးစက်မှုကိုပြကာ သူ၏အကွာအဝေးကိုထိန်းရန်ကြိုးစားနေသည်၊ တတ်နိုင်သလောက်ဝေးဝေးနေပါ၊
ဟေးမင်ကအနည်းငယ်ရှက်ရွံ့သွားသလိုခံစားလိုက်ရသည်၊ နောက်ဆုံးတွင်သူသည် ချန်အန်းမြို့၌ကျော်ကြားသောသားရဲအမဲလိုက်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ကာ, သူ၏အသိုင်းအဝိုင်းတွင်လူသိများသည်၊ သူနှင့်စကားပြောရန်အတွက် လူအများက ချဉ်းကပ်သော်လည်း ဒီလိုမျိုးအေးစက်စက်နှင့်ဆက်ဆံမှုမျိုးကိုရခြင်းသည် သူ့အားမျက်နှာပျက်စေခဲ့သည်၊
ဒါပေမယ့် သူ့မှာ ကောင်းဖန်ကိုမေးစရာတစ်ခုရှိတာသတိရသည်နှင့် သူ့ရဲ့မကျေနပ်ချက်တွေကိုမျိုချဖို့ကလွဲလို့ရွေးချယ်စရာမရှိပေ၊ သူတောင်းစားကသူတောင်းစားလိုဘဲ ပြုမူရမည်၊ အကူအညီတောင်းတဲ့အခါလေယူလေပေးကောင်းတာက ပိုကောင်းသည်ဆိုတာသူသိသည်၊
“အဟမ်း, မစ္စတာကောင်း၊ အဲ့ဒီနေ့က ငါ့တို့အမှားပါ၊ အမှန်တော့ငါမင်းကိုတောင်းပန်ဖို့အတွက် အမြဲရည်ရွယ်ခဲ့ပေမယ့် မင်းကိုတွေ့ဖို့အခွင့်အရေးမရခဲ့ဘူးလေ” ဟေးမင်ကပြုံးကာပြောသည်၊
သားရဲပျိုးထောင်သူအဖွဲ့အစည်းတွင် စီးပွားရေးလုပ်ဖူးသူ အကုန်လုံးကသားရဲတွေနှင့် ဆက်ဆံနေရတာဖြစ်ပြီး သူတို့ထဲကအများစုက ဟေးမင်ကိုသတိထားမိကြသည်၊ ဟေးမင်သည်လူငယ်လေးထံမှ အထင်သေးခြင်းကိုခံရတာကို သူတို့အံ့ဩနေသော်လည်းမည်သူမျှကြည့်ဖို့အတွက် မဝံ့မရဲဖြစ်နေကြသည်၊ ဟေးမင်သည်အနိုင်ကျင့်သူ အဖြစ်လူသိများသည်၊ အကယ်၍သူတို့ကသူ့အခက်အခဲကိုရယ်နေတာတွေ့လျှင် သူကအာဂါတထားမှာသေချာသည်၊
“တောင်းပန်စရာဘာမှမရှိပါဘူး၊ ခင်ဗျားတို့အားလုံးအစကတည်းကမမှားကြဘူး၊ ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့အယူတွေရှိမှာဘဲ၊ ဒါပါဘဲ” ကောင်းဖန်ကပြုံးကာ ပြန်ပြေလိုက်သည်၊
ထို့နောက်ကောင်းဖန်ကလှည့်ပြီးထွက်သွားလိုက်သည်၊
ဟေးမင်ကလက်ကိုဆန့်လိုက်ကာ ကောင်းဖန်၏လက်ကိုဆုပ်ကိုင်လိုက်သည်, “ခဏလေး!”
ဟေးမင်ရဲ့မျက်နှာက အရမ်းကိုရှက်ရွံ့နေပုံရသည်၊ သူကဒီကလေး၏ရှေ့တွင် အလွန်နိမ့်ကျနေပြီဖြစ်သည်၊ သူကဘာကိုထပ်ပြီးလိုချင်သေးတာလဲ?
ကောင်းဖန်ကမျက်စောင်းထိုးလိုက်သည်၊ သူ့မျက်လုံးက အန္တရာယ်ရှိနေသောပုံစံဖြင့် တောက်နေသည်၊ “လွှတ်ပါ”
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊” ဟေးမင်းကချက်ချင်းပြင်ပြန်လွှတ်လိုက် သည်၊ “မစ္စတာကောင်း, ငါ့ရဲ့သားရဲကိုတစ်ချက်လောက်ကြည့်ပေးပါ၊ မင်းကြိုက်သလို ဈေးခေါ်နိုင်တယ်၊” သက်တောင့်သက်သာမရှိမှုက သူ၏မျက်နှာတွင်ဖော်ပြနေသည်၊ “ငါအစကမင်းနဲ့ကြိုတင်ချိန်းဖို့အတွက်ကြိုးစားပါသေးတယ်, ဒါပေမယ့် ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး၊ ပြီးတော့ မင်းကသားရဲလေ့ကျင့်သူကောလိပ်စာမေးပွဲနဲ့ အလုပ်များနေတာ… ချန်အန်းမြို့တစ်ခုလုံးမှာ, မင်းတစ်ယောက်ဘဲငါ့သားရဲ ကိုမြှင့်တင်ပေးနိုင်မှာ”
“ခင်ဗျားက ကျွန်တော့်အပေါ်မှအရမ်းမြင့်တဲ့ထင်မြင်ချက်ရှိတာဘဲ” ကောင်းဖန်က ပြတ်သားစွာဖြင့်ပြန်ပြောလိုက်သည်၊
“ကျေးဇူးပြုပြီး,ကူညီပါ၊ ဘယ်သူကမှဒါကိုမလုပ်နိုင်ကြဘူး” ဟေးမင်က တစ်ပြားသားမှမလျှော့ပေ၊
ကောင်းဖန်ကအလျင်အမြန်ဘဲ ထိုလူကိုကြည့်လိုက်သည်၊ ဒီလူကနောက်နေတာလား? သူမြင်နိုင်သောဇယားများအရ ဟေးမင်၏အခြေအနေသည်စိတ်တိုနေတာဖြစ်ပေမယ့် သူ့မျက်နှာမှာ ဒေါသထွက်နေကြောင်းအရိပ်အယောင်မပြပေ၊ ဒီလူကတော်တော် သရုပ်ဆောင်ကောင်းတာဘဲ၊
ထိုညစာစားပွဲပြီးကတည်းကပင် ကောင်းဖန်သည် ထို ‘ထိပ်တန်းသားရဲအမဲလိုက်အဖွဲ့’ အပေါ်တွင်အမြင်မကြည်ပေ၊ ယနေ့တွင်ထိုထင်မြင်ကချက်က အစိုင်အခဲတစ်ခုဖြစ်လာ သည်၊
ဒါပေမယ့်, သူကဒီထက်ပိုစဉ်းစားမယ်ဆိုရင် သူတို့ဘယ်ကလာတယ်ဆိုတာကို သူနားလည်သည်၊ ဒီသားရဲအမဲလိုက်အဖွဲ့များသည် တောထဲသို့မကြာခဏသွားပြီး သားရဲများနှင့်တိုက်ခိုက်ကြသည်၊ သူတို့ကညစ်ပတ်တဲ့နည်းလမ်းတွေဖြင့်လည်း သုံးလေ့ရှိလို့လည်းသူကြားဖူးသည်၊ တောထဲတွင်ဥပဒေမရှိပေ၊ သားရဲလေ့ကျင့်သူ အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်းများသည် မည်သည့်အခါမှရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းမရှိသော်လည်း တော၌ပြဌာန်းထားသောဥပဒေသည် လူတိုင်းသိသော မပြောအပ်သည့်စည်းကမ်းတစ်ခုဖြစ်သည်၊
ကောင်းဖန်က ဟေးမင်းအားအသေအခါပင်စဉ်းစားနေသည်၊ သူသည်ကောင်းဖန်ကို ခင်ချင်တဲ့ပုံဖြစ်သော်လည်း ထိုသူ့ကိုသူကမျက်နှာပျက်စေခဲ့သည်၊ ပြီးတော့သူကကောင်းဖန်ကို ထိုအတွက်နှင့်အရိုးထိအောင်ပင်မုန်းနေနိုင်သည်၊
ကောင်းဖန်ကထိုသူကိုရှင်းလင်းစွာကြည့်လိုက်ပြီးနောက်, ရုတ်တရက်ပြုံးလိုက်သည်၊ “အိုကေ, ဒါဆို,မနက်ဖြန်ကျရင်ခင်ဗျားရဲ့သားရဲကိုခေါ်လာခဲ့လေ၊ အောင်မြင်မယ်လို့တော့ အာမမခံနိုင်ပေမယ့် ကျွန်တော်အကောင်းဆုံးကြိုးစားကြည့်ပါ့မယ်၊”
***
အပိုင်း၁၅၄ ခြေကျိုးနဲ့တော့မသွားနိုင်ဘူးလေ
ဟေးမင်ကကြောင်အမ်းသွားသည်၊ သူက ကောင်းဖန်ဒီလောက်လွယ်လွယ်နဲ့လက်ခံလိမ့်မယ်လို့ထင်မထားဘူးလေ၊ ဒါကအရမ်းမြန်လွန်းသွားတာဘဲ…
သားရဲပျိုးထောင်သူအဖွဲ့ခွဲမှထွက်လာပြီးနောက်, ကောင်းဖန်ကမြို့လယ်ရှိသူ၏ စတူဒီယိုကိုတက္ကစီဖြင့်သွားလိုက်သည်၊ သူစတူဒီယိုအတွင်းသို့ဝင်သွားသည်နှင့်, ထိုနေရာက ဧည့်သည်များနှင့်အလုပ်ရှုပ်နေကြောင်းတွေ့လိုက်ရသည်၊
“သူဌေးလေး, ဒီတစ်ယောက်ကသားရဲပျိုးထောင်သူအသစ် အလယ်အလတ်အဆင့် လျှိုမုန့်ဟွေး,” ရွှင်ချွမ်ချွမ်က ခဲရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသော အသက်၃၀ပတ်လည်လောက်ရှိသည့်အမျိုးသမီးနှင့် မိတ်ဆက်ပေးသည်၊ သူမကကောင်းဖန်ကိုခေါင်းညိတ်ပြ သည်၊
“ကောင်းပြီ! အနည်းဆုံးငါဒီစတူဒီယိုမှာမရှိတော့ရင် ပျက်စီးတော့မှာမဟုတ် တော့ဘူး” ကောင်းဖန်ကပြောလိုက်သည်၊
သူကအခြားသားရဲပျိုးထောင်သူတွေအား ဒီနေရာတွင်အလုပ်ခန့်ရန်ပိုပြီးတောင် သဘောတူသေးသည်၊ ဘာဘဲဖြစ်ဖြစ် ဒီစတူဒီယိုကိုတည်ထောင်တာက ဦးလေးလျို၏ ဆန္ဒဖြစ်ပြီး ဒီစတူဒီယိုကိုအောင်မြင်ကျော်ကြားအောင်လုပ်နိုင်မယ်လို့သူမျှော်လင့်သည်၊ သူမြို့ကထွက်သွားလို့ စတူဒီယိုရဲ့စီးပွားရေးကျသွားမည်ဆိုလျှင် သူ့တွင် တကယ်အပြစ်ရှိလိမ့်မည်၊
ယခုစဉ်းစားလိုက်သောအခါကောင်းဖန်သည် အခြားအလယ်အလတ်အဆင့်သားရဲပျိုးထောင်သူများက သားရဲများကိုမည်သို့မြှင့်တင်ခဲ့တယ်ဆိုတာကို အမှန်တကယ် မမြင်ဘူးပေ၊ ကောင်းဖန်သည်အလွန်စပ်စုလိုသော်လည်းမေးရန် မကောင်းတာကို သူသိသည်၊ အသုံးပြုသောနည်းလမ်းတိုင်းသည် ပျိုးထောင်ပေးသူ၏လျှို့ဝှက်ချက် ဖြစ်သည်၊ အလွန်အမင်းစူးစမ်းလိုစိတ်မရှိခြင်းက အကောင်းဆုံးဖြစ်သည်၊
“အနာဂါတ်မှာ ကျွန်တော်စတူဒီယိုမှာအလုပ်မလုပ်နိုင်တော့ဘူး၊ နောက်နှစ်ရက်လောက်နေရင် ကျွန်တော်ယွိကျိုးဘက်ကိုသွားရတော့မယ်၊ ခင်ဗျားတို့အားလုံးအလုပ်ကြိုးစား ကြပါ” ကောင်းဖန်ကပြောလိုက်သည်၊
“ဘာရယ်? သူဌေးလေး, ထွက်သွားတော့မလို့လား?” ရွှင်ချွမ်ချွမ်က သူထွက်သွားဖို့ကို ဝန်လေးနေသည်၊ ကောင်းဖန်သည်အရမ်းချစ်ဖို့ကောင်းတယ်, ပြီးတော့ သူမရုံးမှာမုန့်ခိုးစားလို့မိတော့လည်းသူကဘာမှမပြောပေ၊
စတူဒီယိုမှထွက်ခွာပြီးနောက်, ကောင်းဖန်က ထိုနေရာကိုတစ်ခေါက်ပြန်ကြည့်လိုက်သည်၊
အစက, ကောင်းဖန်ကနောက်နေ့သူတို့ကိုမြှင့်တင်ဖို့ကူညီရင်း ဟေးမင်ရဲ့သားရဲတွေကို မကောင်းတဲ့အရာတစ်ခုလုပ်ဖို့ရည်ရွယ်ခဲ့သည်၊ သူကသူတို့ကိုဒုက္ခပေးချင်ခဲ့တာဖြစ် သည်၊ အကျွမ်းတဝင်သားရဲ၏အားနည်းချက်များကို မြင်နိုင်သူတစ်ဦးအတွက် သိသာထင်ရှားသည့်ခြေရာလက်ရာများမချန်ဖြစ်ဘဲ ၎င်းကကလေးကစားသလိုဘဲ ဖြစ်လိမ့်မည်၊
ဒါပေမယ့်, အချို့အတွေးတွေကြောင့် သူကထိုသို့လုပ်ဖို့မလိုကြောင်းခံစားလိုက်ရသည်၊
ဟေးမင်က စိတ်ပျက်စရာကောင်းတာ အမှန်ဘဲဖြစ်သည်၊ ဒါပေမယ့် တကယ်မှာတော့, သူကပိုပြီးဆိုးရွားလွန်းတဲ့အရာတွေကိုဘာမှမလုပ်ခဲ့ဘူး၊ ကောင်းဖန်က ဒေါ်လာပိုက်ဆံ မဟုတ်ပေ, အကုန်လုံးကသူ့ကိုချစ်ဖို့မလိုအပ်ပေ၊
ဒီလိုကိစ္စသေးသေးမွှားမွှားကိစ္စကြောင့် လူတစ်ဦး၏သားရဲများကိုဒုက္ခပေးခြင်းသည် အရမ်းကိုကလေးဆန်သည့်အပြုအမူဘဲဖြစ်လိမ့်မည်၊
…
ဟေးမင်သည် သူ၏မိသားစုများနှင့်သားရဲများနေသော မြို့စွန်ရှိသူ၏အိမ်သို့ပြန်သွားခဲ့သည်၊ ၎င်းသည်ခြံဝင်းလေးဖြင့်ကာရံထားသော ရိုးရှင်းသည့်လေးထပ်အိမ်ဖြစ်သည်၊
၁“ဒီရာသီဥတုက ငါ့ကိုသေအောင်မီးကင်နေတာဘဲ” ဟေးမင်ကပြောလိုက်ပြီး သက်ပြင်းချလိုက်သည်၊ သူကသူ့ရဲ့အဖြူရောင်တိုက်ခိုက်ရေးဝတ်စုံကိုချွတ်လိုက်ပြီး, အဝတ်လျှော်စက်ထဲသို့ထည့်လိုက်ကာ, သူ့မျက်နှာမှချွေးများကိုသုတ်လိုက်သည်၊
၁သူကသူ့အခန်းထဲသို့ဝင်သွားပြီး, သန့်ရှင်းသောအင်္ကျီကိုပြောင်းဝတ်လိုက်သည်၊ သူ၏ အင်္ကျီအားလုံးသည်အဖြူဖြစ်သည်၊ သူကအဖြူသည်ပိုပြီးအာဏာရှိကာ, ၎င်းသည် ပိုပြီးခွန်အားကြီးသည့်ပုဂ္ဂိုလ်အဖြစ်ပေါ်လွင်စေသည်၊
သူ့အခန်းထဲကထွက်လာပြီး ဟေးမင်ကရုတ်တရက်အေးခဲသွားတော့သည်၊ ကျားသစ်နက်သည် သူ၏အိမ်အလယ်တွင်တိတ်ဆိတ်စွာလဲလျောင်းနေပြီး, ကျောက်စိမ်းရောင်မျက်လုံးများကသူ့ကိုစိုက်ကြည့်နေသည်၊
ဟေးမင်က ခြောက်ကပ်ကပ်ဖြင့်ရယ်လိုက်ပေမယ့်, မည်သည့်ဟာသမှမရှိပေ၊ “ဘယ်ညီအကိုကငါ့ကိုနောက်နေတာလဲ?”
ဘေးပတ်လည်ကိုကြည့်လိုက်တော့, အခန်းကတိတ်ဆိတ်နေသည်၊ ကျားသစ်နက်က နှေးကွေးစွာထလိုက်ပြီး သူ့ဆီကိုချောချောမွေ့မွေ့ဖြင့်လျှောက်လာသည်၊ ၎င်း၏ခြေလှမ်းများသည်ပေါ့ပါးပြီး ကြောက်မက်ဖွယ်ကောင်းသောအသွင်အပြင်တစ်ခု ဖြင့် အသံတစ်သံမျှထွက်မလာချေ၊
ဟေးမင်သည်ဖြည်းဖြည်းချင်းနောက်ဆုတ်လိုက်ပြီး သူ့သားရဲများ၏အကူအညီရဖို့ စိတ်ထဲမှခေါ်လိုက်သည်၊
ဒါကကျိန်းသေ ရိုင်းစိုင်းတဲ့သားရဲမျိုးမဟုတ်ဘူး၊ ဟေးမင်ကဒါအတွက်သေချာသည်၊ ကျားသစ်နက်၏အမွေးသည် အရည်အသွေးမြင့်အနက်ရောင်ပိုးထည်ကဲ့သို့ပင် အလွန်ချောမွေ့သည်၊ ၎င်းကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က၎င်းအား မကြာခဏဂရုစိုက်ပေးတာကိုသိနိုင်သည်၊
ဂါး!
အနီးနားရှိနံရံသည် ကြီးမားသောပမာဏလောက်ပေါက်ထွက်သွားပြီး ကြီးမားသော မျောက်လူဝံကြီးက ဒေါသတကြီးဖြင့်ထွက်လာသည်၊
၎င်းကထူထဲသောလက်မောင်းများက အားအင်ပြည့်ဝသောသံမဏိသံတိုင်များနှင့် တူသည်၊ ၎င်းသည်ကျားသစ်နက်အား အားထည့်ကာ ၎င်း၏ထူထဲသောလက်သီးများ ဖြင့်လွှဲလိုက်ပြီး အိမ်ပြတင်းပေါက်များကိုတိုက်ခိုက်သောလေများမှတစ်ဆင့် အားဖြင့်သောခွန်အားကြောင့်ပေါက်ကွဲစေသည်၊
ကျားသစ်နက်က ရှောင်ရှားမှုမရှိဘဲရပ်မြဲတိုင်းရပ်နေပြီး, ဟေးမင်၏မျက်လုံးများသည် ပျော်ရွှင်မှုဖြင့်တောက်ပလာတော့သည်၊
ဒီကျားသစ်နက်က သေနေတဲ့အသားကြီးဘဲ၊
သူ၏ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးလူဝံသည် အလွန်သန်မာသည်၊ သူ၏လက်သီး တစ်ချက်ထိုးချလိုက်သည်နှင့်, ထုံးကျောက်၏စတုရန်းကိုက်အနည်းငယ်ကို ရိုက်ချိုးပစ် နိုင်သည်၊
လက်သီးထိုးချမှုကကျားသစ်နက်ဆီသို့တည့်တည့်ရောက်သည်၊ ဒါပေမယ့်, အရိပ်တစ်ခုကိုထိုးလိုက်သကဲ့သို့ ကျားသစ်နက်၏ကိုယ်ကိုဖြတ်၍ ကြမ်းပြင်ပေါ်သို့ ကျသွားသည်၊
ဂျိမ်း!
ဟေးမင်က သူ၏ခြေဖဝါးအောက်မှကြမ်းပြင်ကပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး လှိုင်းတစ်ခုကသူ့ကိုတုန်လှုပ်စေသည်၊
နတ်ဆိုးလူဝံသည်ထိတ်လန့်သွားတော့သည်၊ ရုတ်တရက်ကျားသစ်နက်သည် လျင်မြန်သွက်လက်သောလှုပ်ရှားမှုတစ်ခုဖြင့်၎င်း၏နောက်တွင်ပေါ်လာသည်၊ စူးရှသောခြေသည်းများသည်၎င်း၏ ခြေဖဝါးမှထွက်ပေါ်လာပြီး တစ်ခုချင်းစီသည် အေးခဲနေသောအလင်းရောင်ဖြင့်တောက်ပနေသည်၊
နူးညံ့သောပွတ်တိုက်သံနှင့်အတူထောပတ်ကိုဖြတ်သောဓားလိုမျိုး ၎င်းသည် နတ်ဆိုးလူဝံ၏နောက်ကျောကိုအလွယ်တကူကုတ်ဖြဲလိုက်သည်၊ ပြင်းထန်သော ဒဏ်ရာလေးချက်မှသွေးများစီးကျလာသည်၊
ကျားသစ်နက်သည်နောက်သို့ခုန်လိုက်ပြီး နတ်ဆိုးလူဝံကလှည့်လာကာ လက်သီးဖြင့် ထိုးချခြင်းနှင့်အညီ ထိုလက်သီးကိုရှောင်တိမ်းသည်၊ ၎င်းသည်ည၌အထက်မြက်ဆုံးသောလူသတ်သမားများကဲ့သို့လျင်မြန်လှသည်၊
ဘန်း!
ဟေးမင်၏လက်ထဲတွင်ကိုင်ထားသောသေနတ်ပြောင်းဝမှ အဖြူရောင်မီးခိုးများထွက် လာပြီး ယမ်းနံ့သည်လေထဲတွင်ပျံ့နှံ့သွားတော့သည်၊
ဒါပေမယ့်ကျည်ဆံက ကျားသစ်နက်အမွှေးများ၏အပေါ်မှလှည့်ပတ်သွားပြီး တောက်ပတဲ့အမည်းရောင်အမွှေးတွေကို ဖြတ်ကာလှိုင်းတွန့်လေးများဖြစ်ပေါ်သွား စေသည်၊ အဆုံးမှာတော့, ကျည်ဆံမှစွမ်းအင်သည်လုံးလုံးလျားလျားအရှိန်လျော့သွား ပြီးကြမ်းပြင်ပေါ်၌ကျသွားတော့သည်၊
ကျားသစ်တစ်ကောင်၏အမွှေးကိုကျည်ဆံတောင်မတိုးနိုင်ဘူး၊
ညှောင်!၊ ကျားသစ်နက်ကမျက်စောင်းကြီးထိုးကာ ဟေးမင်ကိုခြိမ်းခြောက်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်၊
ကြောင်တစ်ကောင်? ဟေးမင်သည်တခဏမျှအံ့ဩသွားတော့သည်၊ သူကကျားသစ် တစ်ကောင်လို့ထင်ခဲ့ပေမယ့် သူက ဟိန်းဟောက်ရမည့်အစား ညှောင်လို့အော်လိုက် သည်၊ ဒါပေမယ့်ကွဲပြားမှုကအရေးမကြီးပါဘူး၊ သူကသူ့သားရဲအတွက်အချိန် အများကြီးပေးထားရတာ။
ထိုအချိန်, ကြောင်နက်ကလှည့်ကာသူ့ကိုကြည့်လိုက်ပြီး, နတ်ဆိုးလူဝံကကြောင်နက် ကိုအပြင်းအထန်ထိုးနှက်ဖို့အခွင့်အရေးရခဲ့သည်။
သို့သော်ကြောင်နက်၏ကိုယ်ကိုပထမဆုံးရိုက်မိသည့်အချိန်၌ကြောင်နက်၏အရိပ် တစ်ခုအဖြစ်စုသွားကာ လက်သီးထိုးချမှုသည်အမှောင်ရိပ်မှဖြတ်သွားသည်၊
အရိပ်အမျိုးအစား!
အရိပ်အမျိုးအစားသားရဲများအတွက်က ထူးခြားသောရှားပါးစွမ်းအင်ဖြစ်သည်၊
စိတ်ပျက်ခြင်းက ဟေးမင်၏မျက်နှာကိုဖုံးလွှမ်းသွားသည်၊ သူ၏ကိုယ်ပိုင်သားရဲသည် ထိုသားရဲအားပြည့်စုံစွာတုန့်ပြန်နိုင်သည်၊ အရိပ်အမျိုးအစားသားရဲများကိုဆန့်ကျင် တိုက်ခိုက်ရန်အတွက် အလင်းအမျိုးအစားသားရဲ (ဒါမှမဟုတ်) ဒြပ်စင်စွမ်းရည်တစ်မျိုး နဲ့တိုက်ခိုက်မှဖြစ်လိမ့်မည်၊ စင်ကြယ်သောခွန်အားကိုသုံး၍တိုက်ခြင်းသည် အရိပ်သားရဲအပေါ်လုံးဝမထိရောက်နိုင်ပါ၊
ကြောင်နက်၏ခန္ဓာကိုယ်သည်အမှောင်ထုကိုဖြတ်၍ အိမ်၏အမှောင်အရိပ်နှင့်အတူ ရောနှောသွားပြီး မျက်စိထဲမှပျောက်ကွယ်သွားတော့သည်၊
ဟေးမင်၏နောက်ကျောက အေးစက်သွားမှုကိုခံစားလိုက်ရပြီး အိမ်နောက်ဘက်သို့ အမြန်ပြေးသွားခဲ့သည်၊ ဒါပေမယ့်အရမ်းနောက်ကျသွားပြီဖြစ်သည်၊
“စွမ်းအင် အတားအဆီး”
အဝါရောင်ဖျော့ဖျော့စွမ်းအင်အတားအဆီးက အဝါရောင်ဖလင်ပြားတစ်ခုလိုမျိုးကို သူ၏ခန္ဓာကိုယ်နှင့်ကပ်လျက် အသက်သွင်းလိုက်သည်၊
ကြီးမားသောခွန်အားသည်သူ၏နောက်ကျောမှရိုက်ခတ်သွားတော့သည်၊
ဟေးမင်ကပျံထွက်သွားပြီး ခုံတစ်လုံးနှင့်တိုက်မိသွားသည်၊
စွမ်းအင်အတားအဆီးက သူ့ခန္ဓာကိုယ်ရှိအလွှာတစ်ခုတွင်အက်ကွဲကြောင်းထွက်လာပြီး ၎င်းကဖြည်းဖြည်းချင်းပုံမှန်ပြန်ဖြစ်သွားသည်၊
အားပြင်းသောလေကဖြတ်သွားသည်နှင့် တစ်ပြိုင်နက်ပေဒါဇင်ပေါင်းများစွာကို နေရာတစ်ခုတည်းတွင်တိုက်ခိုက်ခဲ့သည်၊
စွမ်းအင်အတားအဆီးသည် ချက်ချင်းကျိုးပဲ့သွားပြီး သွေးများစီးကျလာသည်၊ ဟေးမင်သည်သူ၏ခြေထောက်ကိုဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်တွင်လှိမ့်လိုက်ကာ နာကျင်၍ ညည်းသံကိုထုတ်လိုက်သည်၊ ပြင်းထန်သောနာကျင်မှုသည် သူ့အားလွှမ်းခြုံသွားပြီး သူ၏စိတ်ဝိဉာဉ်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်၊
ကြောင်နက်သည် အရိပ်ဖြင့်ခုန်လွှားခြင်းကိုလုပ်လိုက်ပြီး ပျောက်ကွယ်သွားတော့ သည်၊
ချွေးများက ဟေးမင်၏နှဖူးပေါ်မှအများအပြားကျလာတော့သည်၊ သူ့နှလုံးသားထဲတွင် တော့,စိတ်ပျက်နေပေမယ့် စိတ်သက်သာရာလည်းရသွားသည်၊ အခြားအဖွဲ့ကသူ့ကို သတ်ဖို့ရည်ရွယ်ချက်မရှိပုံရသည်၊ သူတို့ငါ့ကိုဆက်ပြီးနှိပ်စက်ချင်တာဘဲ…
…
ဟေးမင်သည်သူ၏ခြေထောက်ရှိအရွတ်များ ကွဲထွက်သွားခြင်းကိုခံစားနိုင်သည်၊ သူဖုန်းကိုထုတ်လိုက်ပြီး ဆေးရုံကိုအမြန်ဖုန်းဆက်ခေါ်လိုက်သည်၊ သူသာကံကောင်း လျင်တော့သူတို့ကပြန်ပြီးခေါ်ပါလိမ့်မယ်၊
သူ့ကိုဘယ်သူကတိုက်ခိုက်ချင်နေတာလဲ? ချန်အန်းမှာအရိပ်သားရဲကြောင်အမျိုးအစား နဲ့စွမ်းအားမြင့်တဲ့ထိပ်တန်းသားရဲလေ့ကျင့်သူကိုသူတစ်ခါမှမကြားဖူးပေ၊၊

အပိုင်း၁၅၅ အုပ်ချုပ်သူအဆင့်လူသားစားတီကောင်
ထိုညတွင်, ကောင်းဖန်ကဟေးမင်ဆီမှဖုန်းခေါ်ဆိုမှုရခဲ့သည်၊ သူကသူ့မိန်းမဖျားနာနေတာကြောင့်ဆေးရုံကိုပို့လိုက်ရတယ်လို့ပြောသည်၊ သူသည်နောက်တစ်နေ့မလာနိုင်တာကြောင့် သူ၏ချိန်းဆိုမှုကိုထပ်ပြီး အချိန်ဇယားတစ်ခုထပ်ပေးရန်မျှော်လင့်ခဲ့ သည်၊
“ခေါင်းဆောင်ဟေး, ကျွန်တော်ကမနက်ဖြန်ယွိကျိုးကိုသွားရမှာ၊ ကျွန်တော်တို့အနာဂါတ်မှာ ထပ်တွေ့မယ်ဆိုရင် ချိန်းဖို့စီစဉ်ကြရအောင်” ကောင်းဖန်ကဖြေလိုက်သည်၊
ကောင်းဖန်က ဒါဟာတကယ်ကိုတိုက်ဆိုင်တယ်လို့ခံစားရသည်၊ သူကဟေးမင်၏သားရဲများနှင့်အလုပ်မလုပ်ဖို့ကိုရှောင်ရှားရန် ဆင်ခြေတစ်ခုစဉ်းစားနေသော်လည်း ယခု ရှေ့မှောက်တွင်ဆင်ခြေတစ်ခုပေါ်လာပြီဖြစ်သည်၊
ဆယ်မိနစ်လောက်ကြာပြီးနောက်, ဖုန်းကထပ်၍မြည်လာပြန်သည်၊ ပြေးစက်ပေါ်တွင် ကြိုးစားနေသောဖလိမ်မီသည်ချက်ချင်းပင်ထသွားသည်၊ ဆိုဖာပေါ်သို့ခုန်တက်လိုက် ပြီးဖုန်းကိုကောက်ကိုင်လိုက်ကာ မီးဖိုချောင်ထဲသို့အမြန်ပြေးသွားလိုက်သည်၊ ဖလိမ်မီကဖုန်းကိုလက်လွှဲပေးလိုက်ပြီး, သူ၏သခင်ကျေနပ်မှုရှိစေရန်အတွက် စိတ်အားထက်သန်နေသည်၊
ကောင်းဖန်ကဖုန်းကိုယူလိုက်ပြီး, ဖလိမ်မီကသူ၏ရင်ဘတ်ထဲမှလေများကိုမှုတ်ထုတ်လိုက်ပြီး, သူ၏သခင်ကိုစိတ်အားထက်သန်၍မျှော်လင့်နေသောမျက်လုံးများဖြင့် ကြည့်နေသည်၊
ကောင်းဖန်ကသူ့ဖုန်းကိုကြည့်လိုက်တော့ ခေါ်ဆိုသူက ဒါရိုက်တာချန်းဖြစ်နေတာကို တွေ့လိုက်သည်၊ သူဖုန်းဖြေဆိုမှုကိုနှိပ်လိုက်ပြီး, ဖလိမ်မီကိုလက်ယမ်းပြလိုက်ကာ, “မင်းကိုကြည့်ရတာ အခုသက်သာနေပြီမဟုတ်လား? ပြေးစက်ပေါ်မှာနောက်ထပ် တစ်နာရီလောက်ပြေးလိုက်ပါဦး”
ဖလိမ်မီ၏ဝိဉာဉ်သည်သူ၏ခန္ဓာကိုယ်မှထွက်သွားခဲ့သည်၊
“မင်းကျန်းနန်ကနေပြန်လာပြီပေါ့” ဖုန်း၏အခြားတစ်ဖက်က, ဒါရိုက်တာချန်း၏ဟက်ဟက်ပက်ပက်ဖြင့် ရယ်မောစွာပြောနေသောအသံကိုကြားလိုက်ရသည်၊ “မင်းဒီနေ့အားလား? မင်းရဲ့အကူအညီကိုလိုတဲ့ကိစ္စတစ်ခုရှိနေတယ်၊ အဲ့တာက ကောင်းတဲ့အရာပါ, မင်းမစိုးရိမ်ပါနဲ့”
“ဒါရိုက်တာချန်း, ဘာလို့သားရဲပျိုးထောင်သူအဖွဲ့အစည်းကနေထွက်သွားတာလဲ?” ကောင်းဖန်ကမေးလိုက်သည်၊ ဒါရိုက်တာချန်းက သားရဲပျိုးထောင်သူအဖွဲ့အစည်းတွင် အတွေ့အကြုံရင့်နေပြီဖြစ်သော ဒါရိုက်တာတစ်ယောက်ဖြစ်သည်၊ ကပ်ဆိုးကြီး ဖြစ်ကတည်းကသူကထိုရာထူးကိုယူထားပုံရသည်၊
သားရဲလေ့ကျင့်သူခေါင်းစဉ်အကြောင်းပြောလိုက်တော့ ဒါရိုက်တာချန်းကဝမ်းနည်း သွားပုံရသည်၊
“အဖွဲ့အစည်းကပြောင်းလဲသွားပြီ၊ ကိုယ်အလုပ်လုပ်ရတာနှစ်သက်တဲ့ သားရဲပျိုးထောင်သူအဖွဲ့အစည်းမဟုတ်တော့ဘူး၊ သားရဲပျိုးထောင်သူအဖွဲ့အစည်းက အခုဆို သားရဲလေ့ကျင့်သူအဖွဲ့ချုပ်ရဲ့လက်အောက်ကဖြစ်သွားပြီ, ပြီးတော့သားရဲလေ့ကျင့်သူအဖွဲ့…” တစ်ဖက်ကဒါရိုက်တာချန်းကတိတ်ဆိတ်သွား သည်၊ သူ့ကိုကြည့်ရတာတစ်ခုခုပြောဖို့ရှိပေမယ့်, အဆုံးမှာတော့စကားလုံးတွေက ထွက်မလာပေ၊
“သားရဲလေ့ကျင့်သူအဖွဲ့တည်ထောင်ခြင်းက မဟာမိတ်အစိုးရအဖွဲ့နဲ့ပတ်သတ် မှုရှိတယ်လို့ကျွန်တော်ကြားတယ်” ကောင်းဖန်ကပြောလိုက်သည်၊ ဆိုလိုသည်မှာ သားရဲလေ့ကျင့်သူအဖွဲ့ချုပ်နှင့်မဟာမိတ်အစိုးရတို့သည် အလွန်နီးကပ်သော ဆက်ဆံရေးရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်၊
ဒါရိုက်တာချန်း၏ရယ်လိုက်သောအသံက လိုင်း၏တခြားတစ်ဖက်မှကြားလိုက်ရသည်၊ “ဟုတ်တယ်, သူတို့ကဆက်နွယ်နေတယ်၊ ဒါပေမယ့်ဒါကမင်းတွေးသလိုမျိုး နည်းလမ်းနဲ့မဟုတ်ဘူး၊ ကိုယ်ကအခုစစ်တပ်အတွက်လုပ်ပေးနေတာ၊ မင်းစိတ်ဝင်စားရင် ဒီမှာလာလုပ်ပါ့လား? မင်းရဲ့အရည်အချင်းနဲ့ မင်းရဲ့အလုပ်အပေါ် စွမ်းဆောင်ရည်ကိုမူတည်ပြီး မင်းဒီမှာကိုယ်ပိုင်ဓာတ်ခွဲခန်းကိုတာဝန်ယူဖို့ကတော့ လုံးဝဖြစ်နိုင်တယ်၊” ဒါရိုက်တာချန်းက ကောင်းဖန်သည်သူတစ်ယောက်တည်းဖြစ်နေ တာကိုသိတာကြောင့် သူ့ကိုကူညီချင်သည်၊
အကယ်၍ဒါကအရင်ကကောင်းဖန်ဖြစ်ခဲ့မယ်ဆိုရင်တော့ သဘောတူခဲ့မှာဖြစ်သည်၊ ဒါပေမယ့်အခုကအဘိုးနဲ့အဆက်အသွယ်ပြန်ရတာကြောင့်, ဒီလိုမျိုးမည်သည့်အင်အားကြီးနေရာကိုမဆိုဝင်ရောက်ရန် ရည်ရွယ်ချက်အားလုံးကိုစွန့်လွှတ်လိုက်ရသည်၊
ဒါရိုက်တာချန်းကကောင်းဖန်၏ဆုံးဖြတ်ချက်ကိုဝမ်းနည်းသွားပြီး, သူကအလျင်အမြန်ဘဲသူ့စိတ်ကိုပြန်ပြင်လိုက်သည်၊ “အဆင်ပြေပါတယ်၊ ဒါပေမယ့်အခုတော့, ဒီမှာလုပ်ဖို့ အတွက်အလုပ်ကြီးတစ်ခုရှိတယ်၊ မင်းစိတ်ဝင်စားလား? အာ…ငါ မင်းကိုအများကြီး တော့မပေးနိုင်ပေမယ့် မင်းကိုရှားပါးတဲ့ပစ္စည်းတွေတော့လဲပေးနိုင်ပါတယ်” ဒါရိုက်တာချန်းကကောင်းဖန်၏စိတ်ကိုကောင်းကောင်းသိသည်၊ ငွေကြေးက အကောင်းဆုံးဆွဲဆောင်မှုပင်ဖြစ်သည်၊
“ဟုတ်ပါပြီ, ခင်ဗျားပြောချင်တဲ့လိုရင်းကိုဘဲလွတ်လွတ်လပ်လပ်ပြောပါ, ဒါရိုက်တာချန်း၊ အကယ်၍ကျွန်တော်အဆင်ပြေမယ်ဆိုရင်, အကောင်းဆုံးဖြစ်အောင် ကူညီပေးပါ့မယ်”
“ကောင်းပြီ, ကိုယ်လိုရင်းဘဲပြောမယ်၊ တာ့လီသဲကန္တာရကလူသားစားတီကောင်တွေအကြောင်းမင်းအရင်ကကြားဖူးမှာပါ၊ လူသားစားတီကောင်အုပ်စုကို ချန်အန်းမြို့ နယ်နမိတ်ကိုကျော်ပြီးမောင်းထုတ်ခဲ့ပြီးပြီ၊ ဒါပေမယ့်, မကြာသေးခင်က သားရဲအမဲလိုက်အဖွဲ့က အဲ့ဒီလူသားစားတီကောင်အဖွဲ့ထဲက အုပ်ချုပ်သူအဆင့် တီကောင်က ဧကရာဇ်အဆင့်ကိုမြှင့်တင်ဖို့လုပ်နေတယ်ဆိုတာကိုတွေ့ခဲ့တယ်၊”
လူသားစားတီကောင်က ဧကရာဇ်အဆင့်ကိုရောက်အောင်… ကောင်းဖန်ကထိုသတင်း ကိုမှတ်သားဖို့ကြိုးစားလိုက်သည်၊
“စစ်တပ်က ဧကရာဇ်အဆင့်ရောက်လုနီးပါးမှာ လူသားစားတီကောင်ကိုဖမ်းမယ်လို့ ပြင်ဆင်နေတာလား?” ဒါရိုက်တာချန်းက ယခုစစ်တပ်ကိုကိုယ်စားပြုနေတာကြောင့် , ဒီလိုတောင်းဆိုမှုမျိုးကသူတို့ဆီကလာတာဘဲဖြစ်နိုင်သည်၊
“ဟုတ်တယ်, ဒါပေမယ့်ခုချက်ချင်းတော့မဟုတ်ဘူး၊ ငါတို့က လူသားစားတီကောင် အောင်အောင်မြင်မြင်မြှင့်တင်နိုင်ဖို့အတွက်မျှော်လင့်တယ်၊ ဒီလူသားစားတီကောင်တွေ ကအရင်ကတည်းကတာ့လီသဲကန္တာရမှာနေတာဘဲလေ, သူဧကရာဇ်အဆင့်မြှင့်တင်ဖို့ အတွက်ကို တာ့လီသဲကန္တာရကိုပြန်လာဖို့စီစဉ်လိမ့်မယ်လို့ငါတို့ယုံတယ်၊”
ကောင်းဖန်က အစကတည်းကသူတို့အစီအစဉ်ကိုနားလည်ပြီးဖြစ်သည်၊ တာ့လီသဲကန္တာရသည်လက်ရှိတွင် ကန္တာရအုပ်စိုးသူကလွှမ်းမိုးထားတာဖြစ်သည်၊ ကပ်ဆိုးကြီးဖြစ်ကတည်းက တာ့လီသဲကန္တာရသည်ပိုပြီးကြီးလာသော်လည်း ဧကရာဇ်အဆင့်နှစ်ကောင်၏နယ်မြေများအဖြစ်နေရာချရန်က သေချာပေါက် မလုံလောက်ပေ၊ အချိန်တန်သောအခါ တိုက်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မည်၊ ချန်အန်းစစ်တပ်က ထိုတိုက်ပွဲ၏အပျက်အစီးများကိုရိတ်သိမ်းရန် ပြင်ဆင်နေပုံရသည်၊
ဒါပေမယ့် တစ်ခုတည်းသောအရာက… ဒီအစီအစဉ်မှာကောင်းဖန်ကဘယ်နေရာက ပါဝင်ရမည်နည်း? သူခေါင်းခြောက်နေတော့သည်၊ ဒီလိုအဆင့်တိုက်ပွဲမျိုးက သူ့အတိုင်းအတာကိုကျော်နေသည်၊ အကယ်၍သူသွားရင်တောင်, သူလုပ်ရမှာက ကြည့်နေရုံပင်ဖြစ်သည်၊
“စိတ်မပူပါနဲ့, ကိုယ်တို့က ဧကရာဇ်အဆင့်တိုက်ပွဲကြားမှာပါမှာမဟုတ်ဘူး၊ ငါတို့လုပ်ရမှာက လူသားစားတီကောင်မြှင့်တင်နေတဲ့အချိန်မှာ တခြားသားရဲတွေရန်ကနေကာကွယ်ဖို့ဘဲ”
“ဒါဆိုဘာလို့ကျနော်မှလဲ? စစ်တပ်ထဲမှာသန်မာတဲ့သားရဲလေ့ကျင့်သူတွေ အများကြီး ဘဲမဟုတ်ဘူးလား?”
“ကောင်းပြီ” ဒါရိုက်တာချန်းကကို့ရို့ကားရားဖြစ်သွားသည်၊ “ဒီအကြံကကိုယ့်ဆီကနေ လာတာ, ဒါပေမယ့် အထက်ပိုင်းကမကြိုက်ကြဘူး, ဒါကြောင့်ကိုယ်ရဲ့ကိုယ်ပိုင် အဆက်အသွယ်ပေါ်မှာဘဲမှီခိုရတယ်လေ၊ ဒါပေမယ့်,စိတ်မပူပါနဲ့၊ အဲ့မှာတအားကြီး အန္တရာယ်ရှိတာတွေရှိမှာမဟုတ်ပါဘူး၊ ကိုယ့်ဘက်မှာ စစ်တပ်ကသားရဲလေ့ကျင့်သူ အနည်းစုလည်းရှိပါတယ်, ပြီးတော့, အစီအစဉ်ကအဆုံးမှာကောင်းမွန်တယ်ဆိုရင်, ရွှေရောင်နတ်ဘုရားကိုယ်တိုင်ကူညီလိမ့်မယ်၊
‘ ဒါရိုက်တာချန်းကိုကြည့်ရတာ စစ်တပ်ထဲဝင်ကတည်းကအခြေအနေသိပ်မကောင်း ဘူးလို့ထင်တယ်…’ကောင်းဖန်ကတွေးလိုက်သည်။
“ကောင်းပြီ, တီကောင်ကြီးကဘယ်တော့ မြှင့်တင်တာကိုစမှာလဲ?”
“အဲ့တာက နောက်နှစ်ရက်အတွင်းဖြစ်လိမ့်မယ်၊ တင်ပြချက်တွေအရကတော့, လူသားစားတီကောင်အများစုကစပြီးစုစည်းနေကြပြီ၊ ဒါကအဆင့်တိုးဖို့အတွက် ပြင်ဆင်မှုလို့ငါတို့ယုံကြည်တယ်၊ ဒီနောက်တော့, ငါမင်းဆီမှာအကြွေးတင်နေတော့မှာဘဲ၊ အနာဂါတ်မှာမင်းတစ်ခုခုလိုတာရှိရင် ငါ့ဆီကိုလာခဲ့ပါ” ဒါရိုက်တာချန်းက ကျေးဇူးတင်စွာနှင့်ပြောလိုက်သည်၊ သူကသားရဲပျိုးထောင်သူအဖွဲ့အစည်း၏ ဒါရိုက်တာအဖြစ်နှုတ်ထွက်ပြီးကတည်းက လူတို့ရဲ့နွေးထွေးမှုနဲ့အေးစက်မှုတို့ကို သေချာသင်ယူနိုင်ခဲ့သည်၊ သူ၏သူငယ်ချင်းဖြစ်ပုံရတဲ့သူများကတော့ ဧကရာဇ်အဆင့် မြှင့်တင်တဲ့သားရဲတစ်ကောင်အကြောင်းကြားသည်နှင့် အားလုံးကတစ်ယောက်ပြီး တစ်ယောက်ငြင်းဆန်ခဲ့ကြသည်၊
…
နောက်တစ်နေ့ ချန်အန်းမြို့စွန်ရှိ မှန်ရေကန်အနားတွင်လူများစုရုံးနေကြသည်၊ ထိုအချိန်ကောင်းဖန်ရောက်လာတော့, ဒါရိုက်တာချန်းနှင့်အခြားသူတွေက ရောက်နှင့်ပြီးဖြစ်သည်၊ ဒါရိုက်တာချန်းမှလွဲ၍အခြားသူနှစ်ဦးက ပေါ့ပေါ့ပါးပါး ဝတ်စုံဝတ်ထားသည်၊ သူတို့နှစ်ယောက်လုံးကအရပ်ရှည်ပြီးဝကြသည်၊ သူတို့နှစ်ယောက်ပေါင်းဝိတ်ကိုတွက်ကြည့်မည်ဆိုလျှင် ပေါင်၅၀၀နှင့်ညီနိုင်သည်လို့ တွေးမိလိုက်သည်၊
“ပြီးတော့ ဒါက?” ဒါရိုက်တာချန်းကကောင်းဖန်ဘေးတွင်ရပ်နေသော လူအိုကြီးကို တုန့်ဆိုင်းစွာကြည့်ကာမေးလိုက်သည်၊
“ သူကကျွန်တော့်မိသားစုအကြီးတွေထဲကတစ်ယောက်ပါ…” ကောင်းဖန်ကဦးလေးလျို ကိုကျန်တဲ့သူများနှင့်မိတ်ဆက်ပေးလိုက်သည်၊
“ အားလုံးဘဲ,မင်္ဂလာနံနက်ခင်းပါ၊ ခင်ဗျားတို့အားလုံးစားပြီးကြပြီလား, ငါ့မှာဘန်းမုန့် တချို့ပါတယ်, အခုထိပူနေတုန်းဘဲ” ဦးလေးလျိုကစကားလမ်းကြောင်းကိုယူလိုက်ပြီး ပလတ်စတစ်အထုတ်ကိုကမ်းကာပြောလိုက်သည်၊ အမဲသားဘန်းမုန့်၏အမွှေးနံ့က လေထဲသို့ပျံ့နှံ့လာတော့သည်၊
“ရပါတယ်, ကျွန်တော်တို့စားပြီးပြီ,” ဒါရိုက်တာချန်းက ကို့ရို့ကားရားဖြစ်နေသောအပြုံး ဖြင့်ပြောလိုက်သည်၊
“ဘာလို့တုန်း…, ကျေးဇူးပါဗျ” ဘယ်ဘက်မှဝတဲ့သူတစ်ယောက်ကရယ်ကာ သူ့လက် ကိုအိတ်ထဲထည့်လိုက်ပြီး ဘန်းမုန့်နှစ်လုံးကိုယူလိုက်သည်၊
“ဦးလေးကအရမ်းရက်ရောတာဘဲ၊ ဟိတ်ဟန်တွေလုပ်မနေတော့ဘူးနော်” ညာဘက်ရှိ ဝတဲ့သူတစ်ဦးကလည်းကြီးမားသော ဘန်းမုန့်နှစ်လုံးကိုလက်လှမ်းကာရယ်လိုက်သည်၊ သူကတစ်ကိုက်ကိုက်လိုက်ပြီး ပါးစပ်မှဆီတွေကိုသုတ်လိုက်သည်၊
ဒါရိုက်တာချန်းက သူတို့ကိုတိတ်တဆိတ်သာကြည့်နေတော့သည်၊
“အားလုံးဘဲ, သူစိမ်းတွေလိုမနေကြရအောင်” ကို့ရို့ကားရားဖြစ်နေမှုများကို ပျံ့လွင့် သွားစေရန်ကောင်းဖန်ကပြောလိုက်သည်၊
ဦးလေးလျိုက အဖြူရောင်ဂျာစီအင်္ကျီကိုဝတ်ထားပြီး, ခဲရောင်ဘောင်းဘီတိုနှင့် အစိမ်းရောင်အစင်းအားကစားဖိနပ်တို့ကိုဝတ်ဆင်ထားသည်၊ သူ့ပုံစံက ပန်းခြံထဲတွင် လမ်းလျှောက်မည့်ပုံဖြစ်နေတာကြောင့်သူ့ကိုပထမဆုံးတွေ့တော့ ဒါရိုက်တာချန်းက နားမလည်ဖြစ်နေတာဖြစ်သည်၊
“ငါ့နာမည်က လျိုရှောင်းထန်”ဦးလေးလျိုက သူ့ကိုယ်သူမိတ်ဆက်လိုက်သည်၊ “မင်းတို့ငါ့ကို ဦးလေးလျို ဒါမှမဟုတ် လူအိုကြီးလျိုလို့ခေါ်နိုင်ပါတယ်”
ဦးလေးလျို၏နာမည်အပြည့်အစုံကို ကောင်းဖန်ကြားဖူးတာပထမဆုံးဖြစ်ကာ အဲ့တာကအရမ်းကိုအံ့ဩဖို့ကောင်းသည်၊ ကောင်းဖန်သည် လျောက်ပတ်သောအဝတ် ကိုဝတ်ထားသောဦးလေးလျို၏ပုံကိုကြည့်မိသည်နှင့် ၎င်းသည်သူ့အားလုံးဝကိုခြားနား သွားစေသည်၊
“ကျွန်တော်က လီချင်း” ဘယ်ဘက်ကဝတဲ့လူကပြောလိုက်သည်၊
“ကျွန်တော်ကချင်ယိ” ညာဘက်ကဝတဲ့လူကပြောလိုက်သည်၊
“…ကျုံး?” ဦးလေးလျိုသည်တုန့်ဆိုင်းလျက်အသံထွက်သွားသည်၊
***
အပိုင်း၁၅၆ အရိပ်ဂျဖာလူကာပုတ်သင်
“ဟုတ်တယ်, အဲ့တာ လီချင်းချင်ယိကျုံး(လီချင်းတစ်ယောက်နမ်းနေသည်)” လီချင်းက ဒီလိုမျိုးသံတူကြောင်းကွဲစကားတွေကြောင့်သိပ်ပြီးအနှောက်အယှက်မဖြစ်ပေ၊ သူနဲ့ ချင်ယိတို့အတော်ကြာကြာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး, သူတို့ကကပ်ဆိုးကြီးပြီး ကတည်းက သားရဲအမဲလိုက်အဖွဲ့ကိုတည်ထောင်ခဲ့တာဖြစ်သည်၊ ထိုသားရဲအမဲလိုက်အသိုင်းအဝိုင်းမှသူတို့ကိုသိသောသူများသည်ထိုကဲ့သို့သော တူညီသောဟာသမြောက်သည့်အသုံးကိုသုံးကြသည်၊ တကယ်တော့ဒေါသထွက်ရတာ ဘာမှမရှိပါဘူး၊ သူတို့ကထိုစကားကိုကြားလေလေ,ပိုပြီးရယ်စရာကောင်းတယ်လို့ ထင်ခဲ့ကြတာဖြစ်သည်၊
သူတို့က သူတို့စိတ်ထဲမှာဘာမှမထားပေမယ့် ကောင်းဖန်ကတခြားသူတွေရဲ့နာမည် တွေကိုဟာသလုပ်ဖို့အတွက်စိတ်ကူးမရှိပေ၊
“ကျွန်တော့်နာမည်က ချန်းရွှယ်ဟေးပါ”, ဒါရိုက်တာချန်းကဦးလေးလျိုကိုပြောလိုက်ပြီး, သူကိုယ်သူမိတ်ဆက်လိုက်သည်၊
ကောင်းဖန်သည် ဒါရိုက်တာချန်းနှင့် သူ၏ကုမ္ပဏီမှခေါ်လာသောသားရဲများကိုကြည့်လိုက်သည်၊ ဒါရိုက်တာချန်း၏ကိုယ်ပိုင်သားရဲသုံးကောင်လုံးသည် အုပ်ချုပ်သူအဆင့်ရှိသော သွားကျဲသံတီကောင်များဖြစ်သည်၊ တစ်ကောင်၏အဆင့်က အဆင့်၃၀, ပြီးနောက်ထပ်နှစ်ကောင်က အဆင့်၂၄နှင့်အဆင့်၂၅ဖြစ်သည်၊ သူတို့နှစ်ကောင်လုံး သည်အဆင့်၃၀ အကောင်ထက်သိသိသာသာပိုသေးသည်၊
လီချင်း၏သားရဲများသည်အဆင့်၂၄ သံဆူးဝှက်တောဝက်ဖြစ်ပြီး အဆင့်၂၁ရှိသည့် သွေးဆိပ်မြွေစိမ်းဖြစ်သည်၊
တစ်ဖက်ကချင်ယိတွင်လည်း, အဆင့်၂၇ရှိသည့်တစ်ကောင်တည်းသောမီးငှက်ရှိသည်၊ ၎င်း၏အမွှေးအတောင်များက မီးတောက်မျှင်များစီးကျနေသလိုဖြစ်နေပြီး ၎င်း၏မျက်လုံးများကတောက်ပနေသည်၊
သားရဲများကိုမြှင့်တင်ခြင်းသည် မလွယ်တဲ့ကိစ္စတစ်ခုဖြစ်သည်၊ သားရဲတစ်ကောင်ချင်း ၏ကွဲပြားချက်များပေါ်မူတည်ပြီး, ၎င်းတို့၏ပုံမှန်အဆင့်သတ်မှတ်ချက်ရှိသည်၊ ဤသို့အဆင့်ကန့်သတ်ချက်သို့မချဉ်းကပ်မှီတွင်, အဆင့်များကိုတိုးမြှင့်ခြင်းကလွယ်ကူ သည်၊ ဒါပေမယ့် တစ်ကြိမ်အဆင့်သတ်မှတ်ချက်သို့ရောက်သွားရင်တော့, အဆင့်တိုးမြှင့်ခြင်းတိုင်းသည်ကြီးမားသောအားစိုက်မှုကိုလိုအပ်ပြီး ကြီးမားသော ကုန်ကျစရိတ်လည်းလိုအပ်သည်၊
၎င်းကိုရှောင်ရှားရန်ပိုမိုအဆင်ပြေသောအခြားနည်းလမ်းတစ်ခုရှိပြီး, ၎င်းသည် သားရဲများ၏မျိုးစိတ်ကိုတိုးမြှင့်စေခြင်းဖြစ်သည်၊ ဥပမာအားဖြင့်, အကယ်၍ ဝံပုလွေတစ်ကောင်ကရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်အဖြစ်ကဲ့သို့တိုးမြှင့်ချင်လျှင်, ၎င်း၏အဆင့်သတ်မှတ်ချက်ကသိသိသာသာမြင့်နေမှဖြစ်သည်၊ ၎င်းအားများပြား ပြီးအာဟာရပြည့်ဝသောအစားအစာအမြောက်အများကျွေးခြင်းဖြင့် ၎င်းသည်လျင်မြန်စွာဖြင့်အဆင့်တိုးမြင့်လာမည်ဖြစ်သည်၊
သားရဲပျိုးထောင်သူအဖွဲ့အစည်းမှဒါရိုက်တာတစ်ယောက်အနေဖြင့်, ဒါရိုက်တာချန်း သည်သေချာပေါက်ငွေးကြေးအတွက်တော့ခက်ခဲနေမှာမဟုတ်ပေ၊ သူ၏ သွားကျဲသံတီကောင်များသည်၎င်းတို့၏အဆင့်ကန့်သတ်ချက်သို့အရင်ကတည်းက ရောက်နှင့်နေမှာဖြစ်ပြီး, မဟုတ်လျှင်သူတို့ထဲကတစ်ကောင်ကအဆင့်၃၀သို့ရောက် နေမှာမဟုတ်ပေ၊
ဒီလိုသင့်လျော်သောအချိန်အတွက်, ကောင်းဖန်ကတာ့ဇီ, ဒမ်ဘီ, ဆီလီ, အစင်းလေးနဲ့ ဖလိမ်မီတို့ကိုခေါ်ဆောင်လာခဲ့သည်၊
ဦးလေးလျို၏ ဖလိမ်မီကိုပျိုးထောင်ရန်ကြိုးပမ်းမှုတွင် ၎င်းသည်အဆင့်၁၉သို့ရောက်သွားခဲ့ပြီး အုပ်ချုပ်သူအဆင့်သို့ချိုးဖျက်ရန်အနားသို့ရောက်နေပြီဖြစ်သည်၊ အုပ်ချုပ်သူအဆင့်သို့တိုးမြှင့်နေစဉ်သားရဲတစ်ကောင်၏သားရဲ၏ထူးခြားသောစွမ်းရည် ကိုနှိုးဆွရန်အတွက်အခွင့်အရေးဖြစ်သည်၊
“မင်းရဲ့သားရဲတွေအကုန်လုံးခေါ်လာတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်?” ဒါရိုက်တာချန်းကအနည်းငယ်အံ့ဩသွားသည်၊
“…ခင်ဗျားရော အိမ်မှာသားရဲတွေအကုန်လုံးကိုသိမ်းထားခဲ့မှာလား? ကောင်းဖန်ကမေးလိုက်သည်၊
“ကိုယ်က တိုက်ခိုက်စွမ်းရည်နိမ့်တဲ့သားရဲနှစ်ကောင်ကိုရှိတယ်, ဒါကြောင့်သူတို့ကို ခေါ်မလာဘူး” ဒါရိုက်တာချန်းကသူ့ခေါင်းကိုယမ်းကာပြောလိုက်သည်၊
“ငါမကြာသေးခင်ကမှ အရွယ်မရောက်သေးတဲ့ အုပ်ချုပ်သူအဆင့်သားရဲနဲ့စာချုပ်ချုပ်ထားတာ, အဲ့တာကြောင့်သူ့ကိုအိမ်မှာဘဲထားခဲ့တယ်” ချင်ယိကပြောလိုက်သည်၊
ကောင်းဖန်သည် သူ၏သားရဲငါးကောင်လုံးအပြည့်ရှိသောအဖွဲ့ကိုကြည့်လိုက်သည်၊ သူကကြီးကြီးငယ်ငယ်သားရဲအကုန်လုံးကိုခေါ်လာခဲ့တာဖြစ်သည်၊
“အဆင်ပြေပါတယ်၊ ငါလည်းငါ့သားရဲအကုန်လုံးကိုခေါ်လာတာဘဲ၊ ငါတို့အင်အားအပြည့်ဖြစ်တာပေါ့” ဦးလေးလျိုကကောင်းဖန်ကိုနှစ်သိမ့်လိုက်သည်၊
ကောင်းဖန်ကခေါင်းညိတ်ပြီးသူ့ကိုကျေးဇူးတင်လိုက်သည်၊
ဆော့ဖီမှလွဲ၍ ဦးလေးလျိုသည်အခြားကိုယ်ပိုင်သားရဲတွေကိုယူဆောင်ခဲ့သည်၊ ၎င်း၏ ခန္ဓာကိုယ်သည်ပေနှစ်ဆယ်နီးပါးရှည်လျားသော်လည်း၎င်းသည်သဘာဝအစိမ်းရောင် ပုတ်သင်ညိုကဲ့သို့ပင်ဖြစ်သည်၊ ကြီးမားသောအစိမ်းရောင်ပုတ်သင်သည်မြေပြင်ပေါ် တွင်လှဲနေရင်းတစ်ချက်ဝေ့ကြည့်သည်၊ ၎င်းကအတော်ကိုတိတ်ဆိတ်နေပြီး နည်းနည်းလေးမှကြောက်ရွံ့နေသည့်ပုံမပေါ်ပေ၊
ဒါပေမယ့်၎င်း၏စွမ်းရည်သည်သေချာပေါက်ကိုကြောက်စရာကောင်းလှသည်၊
[မကောင်းဆိုးဝါးအမည်]-အရိပ်ဂျဖာလူကာပုတ်သင်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၉
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်]- အရေပြားမာအဆင့်၂
[ထူးခြားသောသွင်ပြင်လက္ခဏာများ]-အရိပ်ဖြင့်လုပ်ကြံသတ်ဖြတ်သူ, (သက်ရောက်မှု၁-မတုန်လှုပ်သောသက်ရောက်မှု-အသံတိတ်ပြီးငြိမ်နေသောအခါ ၎င်းသည်သူ့ပတ်ဝန်းကျင်နှင့် လိုက်ဖက်စွာပေါင်းစပ်လိုက်သည်၊ အရောင်နှင့်ခန္ဓာကိုယ် အပူချိန်နှစ်ခုလုံးကိုသူ့ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေသည်၊ အကျိုးသက်ရောက်မှု၂-မတုန်လှုပ်သောသက်ရောက်မှု-၎င်း၏ထူးခြားသောအရေပြား သည်အသံနှင့်တုန်ခါမှုများကိုစုပ်ယူပြီး, တိတ်ဆိတ်စွာနှင့်လှုပ်ရှားစေကာ ရှာဖွေတွေ့ရှိ ရန်မဖြစ်နိုင်ပေ၊)
ညအရိပ်ကြောင်တစ်ကောင်နှင့် အရိပ်ဂျဖာလူကာပုတ်သင်ဖြစ်သည့်ဦးလေးလျို၏ သားရဲများသည် လူသတ်သမားများဖြစ်ရန်လမ်းကြောင်းအတွက်လုံးဝသင့်တော်သည်၊
အဘိုးကဦးလေးလျိုကိုသူ့ဆီဘာကြောင့်ပို့ခဲ့တာလဲဆိုတာကို ကောင်းဖန်ရုတ်တရက် နားလည်လိုက်သည်၊
သို့သော်, ဦးလေးလျို၏သားရဲများသည်ဤမျှအဆင့်မြင့်နေပြီဆိုလျှင် အဘိုး၏သားရဲ များသည်မည်သို့သောအဆင့်ရှိမည်နည်း? ထို့ပြင်ကပ်ဆိုးကြီးမှမ၍ သုံးနှစ်တာကာလအတွင်းထိုကဲ့သို့သောအောင်မြင်စေရန်, အဘိုးသည်သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိပုံရသည်၊
သူတို့အုပ်စုသည် မှန်ရေကန်နောက်သို့လျှောက်သွားစဉ် တောအုပ်သည်သူတို့ဖြတ်သွား သောအခါအသံဗလံများပြု၍ သားရဲများသည်ချုံပုတ်များအတွင်းတွင်ပုန်းနေကြပြီး အနီးကပ်မှအကြောက်တရားကြောင့်ကိုယ့်ဘာသာဖက်တွယ်ထားကြသည်၊
အရိပ်ဂျဖာလူကာပုတ်သင်၏မျက်လုံးများကဆက်၍လှည့်ပတ်ကာ သစ်ပင်များကို တိတ်တဆိတ်ကြည့်နေသည်၊ ရုတ်တရက်၎င်း၏ပါးစပ်ကိုဖွင့်လိုက်တော့ အနီရောင် လျှာတစ်ခုထွက်လာသည်၊ ၎င်းသည်အပင်တစ်ပင်မှ တခြားပင်စည်တစ်ပင်ကိုဖောက် ၍သစ်ရည်ကိုနှိုက်ယူလိုက်သည်၊ ထို့နောက်, နောက်ထပ်လှုပ်ရှားမှုတွင်, လျှာကပြင်းထန်စွာဖြင့်သူ့ပါးစပ်ထဲသို့ပြန်ဝင်သွားသည်!
အရိပ်ဂျဖာလူကာကသူ့ပါးစပ်ကိုပိတ်လိုက်ပြီး လူနှင့်တူသောစိတ်ပျက်စရာကောင်းသောမျက်နှာထားက သူ့မျက်နှာပေါ်တွင်ဖြတ်ပြေးသွားသည်၊ သစ်ရည်ရဲ့အရသာက သိပ်ပြီးမကောင်းဘူး၊
သူ့ပါးစပ်ကိုယှက်လိုက်ပြီး, အရိပ်ဂျဖာလူကာပုတ်သင်ကဦးလေးလျို၏နောက်ဘက် သို့လျှောက်သွားလိုက်သည်၊ ဒါပေမယ့်သူလမ်းလျှောက်တဲ့နည်းလမ်းက အနည်းငယ် ထူးဆန်းသည်၊ ၎င်းကနှေးရာမှမြန်ရာသို့ပြောင်းသွားပြီး, ၎င်းကသူ့ခေါင်းကိုရူးနှမ်းနေ သလိုမျိုးနည်းဟန်ဖြင့်-ရှေ့ရှေ့,ဘယ်ဘယ်, ညာညာ….
အရိပ်ဂျဖာလူကာပုတ်သင်ကခြောက်ပေမြင့်ပြီး အဝေးမှကြည့်လျှင် ကြီးမားသော အစိမ်းရောင်သားရဲကြီးနှင့်တူသည်၊ ၎င်း၏ကြီးမားပြီးကပြန့်ကားသောအမြီးက ဝှေ့ယမ်းနေပြီး, ချုံပုတ်များနှင့်ပွတ်တိုကမိကာတရှဲရှဲအသံထွက်နေသည်၊
ကောင်းဖန်ကအနည်းငယ်အားကျမိသည်၊ ကြီးမားသောပုတ်သင်ကိုစီးခြင်းက ပင့်ကူကိုစီးခြင်းထက်ပိုမိုက်လောက်သည်၊
တစ်နာရီလောက်လမ်းလျှောက်သွားပြီးတဲ့နောက်, သူတို့ကအုပ်ချုပ်သူအဆင့်သားရဲ တစ်ကောင်ကသာသူတို့နောက်လိုက်လာခဲ့သည်၊ သားရဲသည်အစပိုင်းတွင် ယုံကြည်စိတ်ချစွာဖြင့်လိုက်ခါခဲ့ပေမယ့် ၎င်းသည်အုပ်ချုပ်သူအဆင့်သားရဲဆယ်ကောင် လောက်နှင့်တွေ့လိုက်ရပြီးနောက်ရုတ်တရက်ရပ်တန့်သွားကာ ၎င်းတို့၏အမြီးနှင့် ခြေထောက်များကြားမှထွက်ပြေးသွားတော့သည်၊
“အဲ့တာကဒီမှာဘဲ” ဒါရိုက်တာချန်းက ချိုင့်ခွက်ပုံစံရှိသောနေရာတစ်ခုကိုညွှန်ပြလိုက် သည်၊
ကောင်းဖန်ကအံ့ဩသွားတော့သည်၊ သူတို့ကသိပ်ပြီးဝေးဝေးမသွားလိုက်ရဘူး၊ သူတို့ကထိုနေရာကို သစ်တောအပြင်ပိုင်းနေရာအဖြစ်သတ်မှတ်ထားတာကြောင့် ၎င်းတို့သည်မီးကျီနက်သစ်တောနက်ထဲသို့ရောက်ရန်တော့မလုံလောက်ပေ၊
“ငါတို့ကမီးကျီနက်တောသခင်ရဲ့ပိုင်နက်ထဲမှာရောက်နေတာ၊ မီးကျီနက်တောသခင်က ဆိုးရွားတဲ့ဒေါသရှိတယ်၊ အဲ့တာကိုလှုံ့ဆော်မိတာမကောင်းဘူး” ဒါရိုက်တာချန်းက ခေါင်းယမ်းကာပြောလိုက်သည်၊
“မီးကျီနက်သခင်ရဲ့တကယ့်နာမည်က ‘မီးကျီနက်သခင်ပေါ့?”
“မဟုတ်ဘူး, အဲ့တာကတကယ့်နာမည်မဟုတ်ဘူး၊ သူ့ကိုအဲ့လိုခေါ်တာဘာလို့လဲဆို တော့, သူကလက်ရှိ မီးကျီနက်သစ်တောတစ်ခုလုံးကိုသိမ်းပိုက်ထားတာကြောင့်ဘဲ၊ ဒီလောက်ကြီးမားတဲ့နယ်မြေကိုသိမ်းပိုက်ထားနိုင်တဲ့ဘယ်အရာမဆို ဧကရာဇ်အဆင့် သားရဲတွေကြားမှာအထွတ်အထိပ်ဘဲ၊ မင်းမြင်တဲ့အတိုင်းဘဲ, ဧကရာဇ်အဆင့်သားရဲ တွေအားလုံးကနယ်မြေပိုင်တဲ့သူတွေမဟုတ်ဘူး၊ ပလတ်စတစ်စေ့ပါတဲ့ထိုင်ခုံမှာ အစေ့များများမပါသလိုမျိုးပေါ့ကွာ” ဒါရိုက်တာချန်းကစနောက်ကာပြောလိုက်သည်၊
“ဥပမာ, အကယ်၍ကန္တာရအုပ်စိုးသူကတာ့လီသဲကန္တာရကိုအချိန်အကြာကြီး သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်ငါတို့က သူ့ကိုတာ့လီရဲ့သခင်လို့ခေါ်လိမ့်မယ်…. အကုန်လုံးသတိထားကြ” ဒါရိုက်တာချန်းအသံကပျော့ပျောင်းသွားပြီးအဖွဲ့ကို အရှိန်လျော့ဖို့သတိပေးလိုက်သည်၊ “အဆင့်တစ်ခုကိုမဖြတ်ကျော်ခင်မှာ သားရဲတွေက ပိုပြီးသတိရှိကြတယ်၊ အခုတော့, ငါတို့တအားအနီးကပ်ကြီးလှုပ်ရှားလို့မဖြစ်ဘူး, မဟုတ်ရင်, အဲ့တာကိုနှိုးဆွမိသလိုဖြစ်သွားလိမ့်မယ်၊ ငါတို့ဒီမှာနေတာပိုပြီးအဆင်ပြေ တယ်၊ နောက်ဆုံး, ငါတို့ကဘာမှသိပ်လုပ်စရာတော့မလိုပါဘူး၊ ဒီလူသားစားတီကောင် တွေကသဘာဝအရကို သူတို့ခေါင်းဆောင်ကိုကာကွယ်လိမ့်မယ်” ခေါင်းဆောင်ချန်းက အသံတိုးတိုးဖြင့်ပြောလိုက်သည်၊
အဖွဲ့ကဂရုတစိုက်ဖြင့် အရှေ့သို့လျှောက်သွားလိုက်သည်၊ ချိုင့်ဝှမ်းအစွန်းမှ, မြေပြင်တပြင်လုံးတွင် ဖုံးလွှမ်းနေသောတီကောင်များစွာကိုသူတို့မြင်နိုင်သည်၊