ဆယ်ရာဖင်း
Vol. 3 Ch. 121
နာတာရှာနဲ့ လေးသူတော်စင် သီယာတို့ရဲ့တိုက်ပွဲကလည်းပဲ အလွန်ပြင်းထန်နေပါတယ်။
နာတာရှာရဲ့လေဓားတွေက ခန်းမတစ်ခုလုံးနီးပါးပြည့်နှက် နေခဲ့သလို သီယာရဲ့အလင်းမြားတွေကလည်း အလားတူ ဖြန့်ကျက်ထားခဲ့ပါတယ်။ နာတာရှာက သူ့ဆီဝင်လာတဲ့ အလင်းမြားတွေကို လေဓားတွေနဲ့ခုတ်ချသလို သီယာလည်း သူ့ဆီဝင်လာတဲ့ လေဓားသွားတွေကို အလင်းမြားတွေနဲ့ ပိတ်ဆို့ထားခဲ့ပါတယ်။
နှစ်ယောက်လုံးက အားမနည်းပါဘူး။ သီယာက သူတော်စင် လေးယောက်ထဲမှာ သာမန်အဆန်ဆုံးစွမ်းအားကို ပိုင်ဆိုင် ထားခဲ့ပါတယ်။ သူဟာ ဆားဗီးရပ်လောက် စွမ်းအားမရှိသလို ရူဘီလောက်လည်းအားမနည်းပါဘူး။ တစ်ဖက်မှာတော့ နာတာရှာဟာ အဆင့်တက်လာကာစဖြစ်ပြီး အသက်ရှင်စဥ် အချိန်တုန်းက မာစတာအဆင့်ကို မဝင်ရောက်ဖူးသေးဘူး။ တိုက်ပွဲအတွေ့အကြုံများပြားပေမဲ့ လက်ရှိအဆင့်နဲ့လိုက်ရော ညီထွေဖြစ်ဖို့အတွက် အချိန်တချို့ယူရပါဦးမယ်။
“တိုက်ပွဲက ပျင်းစရာကောင်းလာပြီ။” နာတာရှာက ပြောလိုက်ပါတယ်။ လေဓားသွားတွေက ရုတ်တရက် တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ဧရာမလေဓားသွား တစ်ခုကိုဖန်တီးလိုက်နိုင်ပါတယ်။
“တစ်ချက်တည်းနဲ့ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ကြတာပေါ့။”
အချိန်အတန်ကြာတိုက်ခိုက်ပြီးနောက် ပင်ပန်းစပြုလာပြီ ဖြစ်တဲ့ သီယာကလည်း လေးညို့ဆိုဆွဲရင်း ပြောလိုက်တယ်။ နာတာရှာနဲ့မတူတာက သီယာဟာ လူသားတစ်ယောက်ပါ။ ဖုတ်ကောင်တစ်ကောင်နဲ့မတူဘဲ ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။
ဖုတ်ကောင်တွေမှာ သာမန်လူတွေနဲ့မတူညီတဲ့ အားသာချက် တစ်ခုရှိနေပြီး အဲဒါကတော့ နာကျင်မှုနဲ့ပင်ပန်းမှုတို့ကို ခံစားရမှု နည်းပါးတဲ့အတွက်ကြောင့် လူသားခန္ဓာကိုယ်ရဲ့ အကန့်အသတ်တွေကို အလွယ်တကူကျော်လွှားနိုင်တာပါ။ ဒါကြောင့် ရေရှည်တိုက်ခိုက်နေတယ်ဆိုရင် သီယာအတွက် ဒုက္ခရောက်သွားနိုင်ပါတယ်။
ဘုန်း....
ဧရာမလေဓားသွားနဲ့အလင်းတိုင်လုံးကြီးလိုဖြစ်နေတဲ့ အလင်းမြားတို့က အချင်းချင်းရင်ဆိုင်မိကြပြီး သူတို့ နှစ်ယောက်ရဲ့အနီးအနားပတ်လည်မှာရှိနေတဲ့ လေထုဟာ ရစရာမရှိလောက်အောင် ပေါက်ကွဲထွက်သွားပြီး အဲဒီအရှိန်နဲ့ သူတို့နှစ်ယောက်လုံး နောက်ကိုလွင့်စင်သွားကြတယ်။
သေချာကြည့်မယ်ဆိုရင် လေဓားနဲ့အလင်းမြားရင်ဆိုင်မိတဲ့ နေရာဟာ လေဟာနယ်ဖြစ်ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်က လေတွေကိုပြန်လည်စုပ်ယူနေတာကြောင့် လေလှိုင်းတချို့ ဖြစ်ပေါ်လာတာကိုတောင် မြင်နိုင်ပါတယ်။
“သူတော်စင် သခင်မ....”
ရန်သူနှစ်ယောက်နဲ့ရင်ဆိုင်နေရတဲ့ လေးတပ်မှူးကြီး ဩစတင်းက သီယာလွင့်စင်ထွက်သွားတာမြင်တာနဲ့ တခြားကိုမှ ဂရုမစိုက်တော့ဘဲ အလားတူလွင့်စင်နေတဲ့ နာတာရှာဆီကို လက်ဝါးနဲ့ရွယ်လိုက်တယ်။ ဓားမြှောင် တချို့က လေစီးကြောင်းအတိုင်းမျောပါသွားပြီး အလင်းတိုင်လုံးတွေအဖြစ်ပြောင်းလဲကာ နာတာရှာကို တိုက်ခိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဩစတင်းက သီယာ မြေပေါ်ပြုတ်ကျမသွားအောင် ခါးကနေပွေ့ချီပြီး ထိန်းထားလိုက်တယ်။
ထန်း... ထန်း...
ဒူလာဟမ်နဲ့အာရပ်ကြီးတို့က အကာအကွယ်မဲ့နေတဲ့ နာတာရှာရှေ့မှာပေါ်လာပြီး ဩစတင်းပစ်လွှတ်လိုက်တဲ့ အလင်းတိုင်တွေကို ကြားဖြတ်ဟန့်တားလိုက်တယ်။
“ဒီမုန်းစရာကောင်းတဲ့ မိစ္ဆာကောင်တွေ။”ဩစတင်းက သူ့ရင်ခွင်ထဲမှာရှိနေတဲ့ သူတော်စင်မရဲ့လက်မောင်းက သွေးတွေစီးကျနေပြီး သတိမေ့မျောနေတာတွေ့ရတော့ ဒေါသထွက်လာတယ်။
“ငါကာကွယ်ပေးရမယ့် သူကိုများ မင်းတို့က ဒဏ်ရာရအောင်လုပ်ရဲတယ်။”
လေးတပ်မှူးကြီးက လက်ကိုဖြန့်လိုက်တာနဲ့သူ့နောက်မှာ မြောက်မြားစွာသော ဓားမြှောင်တွေထွက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ အလင်းစွမ်းအင်လှိုင်းတွေကို ထုတ်ဖော်နေတယ်။
“ ကျေးဇူးပဲ...” တစ်ဖက်မှာ နာတာရှာက ဒဏ်ရာရထားပေမဲ့ ဘာထိခိုက်မှုမှမရှိသလိုမျိုး ပြန်ထရပ်လာတယ်။ နောက်တော့ ပြိုင်ဖက်ဟောင်းတွေဖြစ်ဖူးတဲ့ ဒူလာဟမ်နဲ့အာရပ်ကြီးတို့ကို ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အကြည့် တွေက အလင်းဓားမြှောင်တွေကိုထိန်းချုပ်ထားတဲ့ ဩစတင်းဆီကို ရောက်ရှိသွားပါတော့တယ်။
“ဘုရားကျောင်းလေးတပ်ရဲ့တပ်မှူးဩစတင်း။ အမြဲလိုလို သွေးစွန်းဘုန်းတော်ကြီးနဲ့ဓားသူတော်စင်ရဲ့နာမည်အောက်မှာ မြုပ်နေခဲ့ပေမဲ့ ခွန်အားကောင်းတဲ့သူပဲ။ ဒါပေမဲ့ ရှင်က ဒီနှစ်ယောက်ကိုတောင် မနည်းဖိနှိပ်နေရတာ။ အဲဒီမိန်းမကို အကာအကွယ်ပေးရင်း ကျွန်မတို့သုံးယောက်ကို တိုက်ခိုက်ဖို့ ဖြစ်နိုင်တယ်လို့ထင်နေတာလား။”
“အရာအားလုံးကို သူတော်ကောင်းတရားကပဲ ဆုံးဖြတ်ပေး ပါလိမ့်မယ်။”
ဩစတင်းရဲ့လက်ထဲမှာ သားရေအဖုံးတပ်ထားတဲ့ ရှေးကျမ်းစာတစ်စောင်ပေါ်လာတယ်။ ‘သူတော်ကောင်းတရား’လို့ အဖုံးမှာရေးထားတဲ့ အဲဒီကျမ်းစာက ကြီးမားတဲ့ဖိအားတွေကို ထုတ်လွှတ်နေပြီး ဓားမြှောင်တွေရဲ့ စွမ်းအားကို အကြီးအကျယ်တိုးလာစေပါတယ်။
“စလိုက်ကြရအောင်...”
သုံးယောက်နဲ့တစ်ယောက်ရဲ့တိုက်ပွဲက စတင်ပြီးပြီးချင်း ရလဒ်က သိသာထင်ရှားလာတယ်။ ဩစတင်းကလည်း စွမ်းအားကြီးတယ်လို့ပြောရမှာဖြစ်ပြီး တခြားထိပ်တန်း မာစတာတွေဖြစ်တဲ့ ဆီနိတ်တာမာရီယာလိုလူမျိုးတောင် သူနဲ့ထိပ်တိုက်ရင်ဆိုင်ရရင် မိနစ်ပိုင်းအတွင်း သေသွားရမှာ။
ဒါပေမဲ့ သူရင်ဆိုင်နေရတဲ့သူတွေက အသက်ရှင်စဥ်က အယ်ဒါအဆင့်ကိုရောက်ခဲ့ပြီး လက်ရှိအချိန်မှာနည်းနည်း အားနည်းနေတဲ့ ဒူလာဟမ်နဲ့အာရပ်ကြီးတို့အပြင် အယ်ဒါ အဆင့်နီးနီးစွမ်းအားကြီးလာပြီဖြစ်တဲ့ ဆီနိတ်တာနာတာရှာ တို့ကို တစ်ပြိုင်နက်တည်းရင်ဆိုင်နေရတာပါ။
ဒါကြောင့် ချက်ချင်းဆိုသလိုပဲ အောက်စည်းရောက်သွားပြီး အသက်ရှင်ဖို့ကို မနည်းရုန်းကန်နေရတယ်။
...
နေရာတိုင်းမှာ တိုက်ပွဲက ဆက်လက်ပြင်းထန်နေခဲ့ပါတယ်။ တိုက်ပွဲရဲ့ရေချိန်ကို အပြောင်းအလဲပေးနိုင်တဲ့ ညမင်းသား နက်ဆန်နဲ့ ဓားသူတော်စင် ဆားဗီးရပ်တို့က ခန်းမအလယ်မှာ တိုက်ခိုက်နေခဲ့ပြီး လက်ရည်တူညီလုနီးပါးပါပဲ။ သူတို့ထဲက ဘယ်သူပဲအသာရရ တိုက်ပွဲရလဒ်က ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်။
သူတို့ထဲကတစ်ယောက်က ဖုတ်ကောင်တပ်မကြီးကို ထောက်ပံပေးထားတဲ့ မြူတွေကို ထုတ်ဖော်ထားသူဖြစ်ပြီး တခြားတစ်ယောက်ကတော့ ဘုရားကျောင်းတပ်ဖွဲ့ဝင်တွေကို ပြန်လည်ကုသပေးနိုင်တဲ့ လက်ဝါးကပ်တိုင်ကြီးကို ထုတ်ဖော်ထားခဲ့တယ်မဟုတ်လား။
သုံးယောက်တစ်ယောက်တိုက်နေတဲ့ ဩစတင်းနဲ့နာတာရှာရဲ့ တိုက်ပွဲကလည်း တစ်ဖက်သတ်ဖြစ်နေပေမဲ့ အတော်လေး ကြည့်လို့ကောင်းနေပြီး မိုနီကာက သွေးစွန်းဘုန်းတော်ကြီး ဆီကနေ ထွက်ပြေးလွတ်မြောက်နေဆဲပါ။
လှံသူတော်စင်နီကိုလပ်နဲ့သူ့တပ်မှူးဂျူလီယာကတော့ မော်လီလက်ချက်နဲ့ မရှုံးနိမ့်အောင်လို့ အကောင်းဆုံး ကြိုးစားနေကြပါတယ်။ အိုလီရာနာကတော့ ဒိုင်းသူတော်စင်နဲ့ လီချင်းချင်းတို့ဆီကနေ ထွက်ပြေးဖို့ကြိုးစားနေရပြီး မုန်လာဥကင်မဖြစ်စေရေး ဆုတောင်းနေရပါပြီ။
ယေဘုယျအနေနဲ့ဆိုရင်တော့ နှစ်ဖက်လုံးက အထိအခိုက် အကျအဆုံးများစွာနဲ့ သူမသာကိုယ်မသာအခြေအနေမှာ ရှိနေခဲ့ကြပါတယ်။
တိုက်ပွဲက လက်ရှိအခြေအနေအတိုင်း နာရီဝက်နီးပါး မျှခြေညီနေခဲ့ပြီးတော့ ကောင်းကင်ပေါ်ကနေပြီး ဧရာမ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတဲ့အခါမှာသာ နှစ်ဖက်လုံး တိုက်ခိုက်နေတာတွေကို ခေတ္တရပ်လိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြပါတယ်။
....
တိုက်ပွဲစပြီးပြီးချင်းဆိုသလိုပဲ ရှေးအယ်ဒါတွေဖြစ်ကြတဲ့ ရော့ဝဲလ်နဲ့ပီးယပ်တို့ဟာ ကောင်းကင်ပေါ်မှာ ဆုံမိကြတယ်။ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် အထင်သေးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။
ရော့ဝဲလ်ရဲ့မျက်လုံးတွေကတော့ ပီးယပ်ရဲ့လက်ထဲက ကျိုင်းတုတ်ဆီမှာပါ...
“အဲဲဒီနေ့က ကွပ်မျက်သူတပ်ဖွဲ့နဲ့အတူ ကျိုင်းတုတ်ကို လက်နက်အဖြစ်သုံးတဲ့ လူတစ်ယောက်ပါလာတယ်လို့ ကြားမိတယ်။”
ပီးယပ်က ရော့ဝဲလ်ရဲ့စကားကြောင့် ခပ်ဟဟ ရယ်မော လိုက်ပါပြီ။ “အရင်ညမင်းသားကို ကွပ်မျက်တုန်းက တိုက်ပွဲအကြောင်း ပြောနေတာဆိုရင်တော့... ဟုတ်တယ်။ အဲဒါငါပဲ။”
ရော့ဝဲလ်ရဲ့မျက်နှာက တင်းမာသွားပြီး သူ့လက်ကိုဆန့်ထုတ် လိုက်တယ်။ အနက်ရောင်ကျောက်သားထုလုံးချွန်တွေက လေထုထဲမှာ ဖြစ်တည်လာပြီးတော့ ပီးယပ်ဆီကို တိုးဝင် သွားခဲ့ပါပြီ။ ဒါပေမဲ့ပီးယပ်က ကျိုင်းတုတ်ကို သူ့ရင်ဘတ်ရှေ့ ကန့်လန့်ဖြတ်ထားလိုက်ပြီးတော့ အလင်းမှော်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်တယ်။
ဘုန်း... ဘုန်း... ဘုန်း...
ပီးယပ်က မှော်စက်ကွင်းကို ဒိုင်းလိုမျိုးအသုံးပြုပြီး တားဆီးခဲ့ပေမဲ့ ကျောက်နက်သားတွေက သန်မာလွန်းတဲ့ အတွက်ကြောင့် မှော်စက်ကွင်းကို သုံးခုအထိထုတ်ဖော် အသုံးပြုခဲ့ရပါတယ်။
“အဲဒီတုန်းက မင်းဟာ လှံသူတော်စင်ဖြစ်နေတုန်းပဲ။ အရင်ရဟန်းမင်းကြီး ကွယ်လွန်သွားပေမဲ့ မင်းက တရားဝင်ရဟန်းမင်းမဟုတ်သေးဘူး။ ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့ ကျိုင်းတုတ်ပေါ်ကို လက်တင်နိုင်ရတာလဲ။”
“အရာအားလုံးက မြင့်မြတ်တဲ့အရှင်ရဲ့လိုအင်ဆန္ဒ အတိုင်းပါပဲ။”
ပီးယပ်က လက်ဖြောက်တီးလိုက်တယ်။ အလင်းလှံပေါင်း မြောက်မြားစွာက သူ့နောက်မှာပေါ်လာပြီး ရော့ဝဲလ်ကို တန်ပြန်ပစ်ခတ်တယ်။ ဒါပေမဲ့ ရော့ဝဲလ်ရဲ့ကိုယ်ကို အနက်ရောင်အရိပ်တွေဖုံးလွှမ်းသွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။
“အလစ်တိုက်ချင်တာလား....” ပီးယပ်က သူ့နောက်ကို လှည့်ကြည့်လိုက်ပေမဲ့ ဘာမှရှိမနေဘူး။
“အရူး... ငါက မင်းအပေါ်မှာ။” ရော့ဝဲလ်က ပီးယပ်ရဲ့ အထက်ဘက်၊ အရိပ်ထဲကနေထွက်ပေါ်လာပြီး သူ့လက်ထဲက ရေပီရာနဲ့ပီးယပ်ကို ခုတ်ချလိုက်တယ်။
ရှပ်...
ပီးယပ်ရဲ့ပခုံးမှာခြစ်ရာတစ်ခုပေါ်လာပြီး သွေးတွေစီးကျ လာခဲ့ပါပြီ။ ပီးယပ်က အံ့ကိုတင်းတင်းကျိတ်ပြီးတော့ ခုခံလိုက်တယ်။
“ ဖိနှိပ်စမ်း...”
အလင်းစက်ကွင်းဆယ့်နှစ်ခုက ကောင်းကင်ပေါ်မှာ ပေါ်ပေါက်လာပြီး ကြီးမားလှတဲ့ဖိအားကြီးကို ထုတ်ဖော် လိုက်တဲ့အတွက်ကြောင့် ကောင်းကင်ရောမြေပြင်မှာ တုန်ခါသွားခဲ့တယ်။
အလင်းစက်ကွင်းတွေကနေ ဘုရားကျောင်းရဲ့မြင့်မြတ်တဲ့ တေးသီသံတွေထွက်ပေါ်နေပြီး အလင်းလှိုင်းတွေက စွမ်းအားကြီးလွန်းတဲ့အတွက် အနီးအနားက လေထုကို ဆက်တိုက်ပုံသဏ္ဍာန်ပျက်ယွင်းနေစေပါတယ်။
ဒီတုန်ခါမှုကြီးကြောင့်ပဲ ပေါက်ကွဲသံကြီးထွက်ပေါ် လာခဲ့ကာ မြေပြင်ပေါ်က နှစ်ဖက်တိုက်ပွဲကိုတောင် ရပ်တန့်စေခဲ့တာပါ။
“ဒီတိုက်ကွက်နဲ့ငါက နတ်ဘုရားတွေကိုတောင် ဖိနှိပ် ထားခဲ့တာကွ။”
ပီးယပ်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောလိုက်ပေမဲ့ အရိပ်တစ်ခုလို လွန်းထိုးသွားလာနေတဲ့ ရော့ဝဲလ်ကတော့ သူနဲ့နီးလာပြန်ပါပြီ။
“ဒီအကွက်နဲ့ အားနည်းနေတဲ့ နတ်ဘုရားတစ်ပါးကို ချုပ်နှောင်လို့ရချင်ရမယ်... ငါ့ကိုတော့မရဘူးကွ။”
ရော့ဝဲလ်က လက်ဖျောက်တီးလိုက်တယ်။ ကွန်စတန်တီ နိုပယ်မြို့ကြီးကို ဝန်းရံထားတဲ့ မြေထဲပင်လယ်ရေတွေက မုန်တိုင်းထန်နေသလို လှုပ်ရှားလာခဲ့ပြီး ကောင်းကင်ပေါ် မြင့်တက်လာခဲ့ပါတယ်။
အဲဒီနောက် ဧရာမလက်ကြီးတစ်ဖက်အသွင်ဖြစ်သွားပြီး ပီးယပ်ရဲ့အလင်းစက်ကွင်းတွေကို လက်ဝါးကြီးနဲ့ ရိုက်ချ လိုက်ပါတယ်။
ဘုန်း....
လေထုထဲမှာရပ်နေတဲ့ ပီးယပ်လည်း လက်ဝါးကြီးဒဏ်နဲ့ ဟန်ချက်ပျက်သွားပြီး ချာလပတ်ရမ်းသွားတယ်။ ရော့ဝဲလ်က ဒါကိုအခွင့်ကောင်းယူပြီး ဓားကိုဆွဲကာ ပီးယပ်ကို အဆုံးသတ်ဖို့ကြိုးစားလိုက်တယ်။
“ဦးနောက်ဆေးတဲ့နည်းနဲ့ ကိုးကွယ်သူတွေကို အတင်း စုဆောင်းပြီး ရှေးအယ်ဒါဖြစ်လာတဲ့ကောင် သေပေတော့။”
ရော့ဝဲလ်က အရိပ်တစ်ခုအဖြစ်ပြောင်းသွားပြီး ပီးယပ်ရှေ့ ပေါ်လာတယ်။ သူ့လက်ထဲကဓားက ပီးယပ်ရဲ့နှလုံးသားရှိတဲ့ နေရာကိုထိုးမိဖို့ လက်မအနည်းငယ်လောက်ပဲ လိုတော့တာ ဆိုပေမဲ့ ပီးယပ်က မျက်နှာပျက်မသွားပဲ ပြုံးနေရင်း ပြောလိုက်တယ်။
“မိတ်ဆွေကြီးရော့ဝဲလ်... မင်းကိုယ်တိုင်လည်း တခြားနတ်တစ်ပိုင်းတွေပိုင်ဆိုင်တဲ့ နတ်ဘုရားခန္ဓာတွေကို အတင်းလုယူပြီးတော့မှ ရှေးအယ်ဒါဖြစ်လာခဲ့တာ မဟုတ်ဘူးလား။”
ပီးယပ်ရဲ့တည်ငြိမ်နေတဲ့ပုံစံကြောင့် ရော့ဝဲလ်မျက်နှာ ပျက်သွားတယ်။ အခုလို အသတ်ခံရခါနီး အခြေအနေမှာတောင် ဒီလိုယုံကြည်ချက်မျိုးရှိနေဖို့က ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါတယ်။ ဝှက်ဖဲတစ်ခုခု ရှိနေလို့ပါပဲ။
ပီးယပ်ရဲ့ခါးမှာချိတ်ထားတဲ့ သဲနာရီက စတင်ပြီးတော့ ရွှေရောင်တောက်ပလာတယ်။ ပီးယပ်ကိုယ်တိုင်ကလည်း လက်ထဲက ကျိုင်းတုတ်ကိုမြှောက်လိုက်တယ်။
“ကြွလာခဲ့ပါတော့... အရှင်နတ်သား...”
ဝုန်း....
ချလက်... ချလက်....
ဘုရားကျောင်းကြီးက တုန်ခါလာတယ်။ အဲဒီနောက်တော့ ပိတ်ချထားတဲ့ နှစ်ခြင်းခံခန်းမဆောင်ကနေပြီးတော့ အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်လာခဲ့ပြီး အတောင်ပံခြောက်ခုနဲ့ အိန်ဂျယ်က ပီးယပ်နောက်မှာ ပေါ်လာတယ်။
အခုဆိုရင်နတ်သားဆယ်ရာဖင်းရဲ့အတောင်ပံအားလုံးက အနက်ရောင်ပြောင်းနေပြီဖြစ်ပြီး နီစွေးစွေးရောင် အငွေ့အသက်တွေဖြာထွက်နေတယ်။ ဆယ်ရာဖင်းရဲ့ ဧရာမျက်လုံးကြီးထဲမှာတော့ လက်တင်ဘာသာစကားနဲ့ ရေးသားထားတဲ့ ‘ကျွန်'ဆိုတဲ့စာလုံးရှိနေပြီး ဒီနတ်သားရဲ့ လက်ရှိအခြေအနေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ အလုံးစုံကျရှုံးသွားတဲ့အပြင် ပီးယပ်ရဲ့ကျွန်အဖြစ် သဘောတူလိုက်ရတဲ့ လက္ခဏာပါပဲ။ ရော့ဝဲလ်လည်း မျက်နှာပျက်သွားတယ်။
“ကျရှုံးအိန်ဂျယ်တစ်ပါးကို သခင်ကျွန်စာချုပ်ရေးထိုးပြီး တိုက်ပွဲမှာ အသုံးချချင်တာလား။”
ရော့ဝဲလ်က အချိန်မရှိတော့မှန်းမသိတဲ့အတွက် ပီးယပ်ကို ဆက်တိုက်ဖို့လုပ်ပေမဲ့ ဆယ်ရာဖင်းရဲ့အကြည့်က သူ့အပေါ် ရောက်ရှိလာတာနဲ့ လှုပ်ရှားလို့မရတော့ဘူး။ အလင်းစက်ကွင်းဆယ့်နှစ်ခုထက်တောင် ပိုပြီးတော့ ကြီးကျယ်တဲ့ချုပ်နှောင်နိုင်စွမ်းနဲ့ ရော့ဝဲလ်ရင်ဆိုင် နေခဲ့ရပါပြီ။
ပီးယပ်က “နတ်သားတွေသုံးတဲ့စွမ်းအားက မှော်ပညာနဲ့ နတ်ဘုရားစွမ်းအားတွေထက် အများကြီးသာလွန်တယ်။ နတ်စွမ်းအားကိုတိုက်ရိုက်သုံးပြီး သဘာဝနိယာမတွေအပေါ် တိုက်ရိုက်ဩဇာသက်ရောက်တဲ့ အာဏာစက်မလို့လေ။ ကျောင်းခြောက်ကျောင်းရဲ့သမိုင်းမှာ အခုလိုအာဏာစက်မျိုးကိုထုတ်ဖော်နိုင်တဲ့ နတ်တစ်ပိုင်း သုံးယောက်ထက်မပိုဘူး။”
“အာဏာစက်ရှိတဲ့သူက မလှုပ်နဲ့လို့ပြောရင် မင်းလှုပ်လို့မရဘူး။ လောကကြီးတစ်ခုလုံးမှာ မင်းအတွက်လှုပ်ရှားခြင်းဆိုတဲ့ စကားလုံးတောင် မရှိတော့အောင် ပိတ်ဆို့လိုက်လို့ပဲ။”
ပီးယပ်က အားရပါးရရယ်မောရင်း သူ့ခေါင်းက ဆံပင်တွေကိုတောင် ဆောင့်ဆွဲနေလိုက်ပါသေးတယ်။ နောက်တော့ ရူးသွပ်နေသူတစ်ယောက်ရဲ့လေသံနဲ့
“ဆယ်ရာဖင်းကို ထိန်းချုပ်နိုင်တဲ့ကိစ္စအတွက် ညမင်းသားကို ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာမဟုတ်ရင် ပုန်းနေတဲ့ ဟိုဒိဋ္ဌိနတ်ဘုရားမလည်း ထွက်လာရဲမှာမဟုတ်ဘူး။ အဲဒီနတ်ဘုရားမကိုဖမ်းမိလို့ သူ့စွမ်းအားတွေကိုသုံးပြီး ဆယ်ရာဖင်းကို ကျရှုံးတဲ့အထိ ငါနှိပ်စက်လို့ရသွားတာပဲ။”
ရော့ဝဲလ်က ပီးယပ်စကားများနေတဲ့အချိန်မှာ အချုပ်နှောင် ခံထားရတဲ့အခြေအနေကနေ ရုန်းထွက်ဖို့ကြိုးစားခဲ့ပေမဲ့ ဘယ်နည်းမှမလုပ်မဖြစ်ပါဘူး။ နောက်ဆုံးတော့ ပီးယပ်က ပြန်တည်ငြိမ်သွားပြီး ရော့ဝဲလ်ရဲ့ရင်ဘတ်ကို ကျိုင်းတုတ်နဲ့ ချိန်လိုက်တယ်။
“ကဲ... အခုတော့ နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီ။”
ပီးယပ်ရဲ့ကျိုင်းတုတ်ကနေ အလင်းလှံတစ်ခုထွက်ပေါ် လာခဲ့ပြီးတော့ ရော့ဝဲလ်ရင်ဘတ်ကို ထိုးဖောက်သွားတယ်။ အဲဒီနောက်တော့ ရော့ဝဲလ်ဟာ ကောင်းကင်ပေါ်မှာ ရပ်တည် နေနိုင်စွမ်းမရှိတော့ဘဲ မြေပေါ်ကို ပြန်ပြုတ်ကျလာပါတော့တယ်။