← Chapters

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အကြီးအကဲ ချိုးယင်၏ စကားသံဆုံးသည်နှင့် မူလက ရှချန်ယွင်တို့ လူစု၏ အလောင်းဘေးတွင် လှည့်ပတ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သည် လေထဲတွင်ထူးဆန်းသော အနက်ရောင် လင်းတတစ်ကောင်အဖြစ် စုစည်းသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

အကြီးအကဲ ချိုးယင်က ဤကဲ့သို့ အဆင့်မြင့် ခြေရာခံ လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားမည်ဟု သူတို့ မထင်ထားမိပေ။

သူ့ရှေ့မှ မြင်ကွင်းကို လှမ်းကြည့်ရင်း ရှချန်ယွင်၏ မျက်နှာထက်တွင် အံ့သြသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မူလက သူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ နတ်ဝိညာဥ်ဘုရင်အဆင့် အကြီးအကဲချိုးယင် ဤနေရာသို့ ရောက်လာလျှင်ပင် ကျန်းချန်ကို ရှာဖွေရန် မလွယ်ကူမည်ကို အနည်းငယ် စိုးရိမ်နေခဲ့သည်။

သို့သော်လည်း အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အကြီးအကဲ ချိုးယင်သည် အဆင့်မြင့် လျှို့ဝှက် ခြေရာခံ နည်းစနစ်ကို တတ်မြောက်ထားမည်ဟု သူ မထင်ထားခဲ့ပေ။

ဤနည်းစနစ်ဖြင့်သာ ဆိုလျှင် သူတို့သည် ကျန်းချန်၏ တည်နေရာကို ရှာဖွေရန် အတွက် များစွာ လွယ်ကူသွားမည်မှာ သေချာသလောက်ပင်။

"ဟားဟား.. ဒီလင်းတ ခြေရာခံနည်းစနစ်က ငါ မတော်တဆရရှိခဲ့တဲ့ ခြေရာခံနည်းစနစ်ပဲ.. ဒီနေ့မှပဲ အသုံးဝင်လာတော့တယ်.. ဒီကောင်ဘယ်နေရာမှာပဲ ပုန်းနေပါစေ.. ငါ့ရဲ့ လင်းတခြေရာခံ နည်းစနစ်ကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

အကြီးအကဲ ချိုးယင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

သူက ရှေ့ကို တစ်ဟုန်ထိုး ပျံသန်းသွားသည့် လျှို့ဝှက်ဆန်းကြယ်သော လင်းတကို လှမ်းကြည့်ပြီးနောက်တွင် လင်းတနောက်သို့ ပျံသန်း၍ လိုက်ပါသွားခဲ့သည်။

"နောက်ကနေ လိုက်သွားရအောင်"

ရှချန်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှမိသားစုမှ ကျင့်ကြံသူများနှင့် အတူ အနောက်ကနေ အလျင်အမြန် လိုက်လာခဲ့သည်။

အကြီးအကဲ ချိုးယင်က လျှို့ဝှက်ခြေရာခံနည်းစနစ်ကိုအသုံးပြုပြီး ကျန်းချန်ကို လိုက်ဖမ်းနေစဥ်တွင် ကျန်းချန်သည် ကျင့်ယွင်တောင်၏ နက်ရှိုင်းသောနေရာတွင် တစ်ယောက်ထဲ သတိဝီရိယရှိစွာဖြင့် ဆက်သွားနေခဲ့သည်။

ကျန်းချန်က တောနက်ထဲသို့ တဖြည်းဖြည်း ဝင်လာသည်နှင့် အမျှ ကျင့်ယွင်တောင်တန်းထဲတွင် တွေ့ရသော သားရဲ အရေအတွက်ကလဲ တိုးမြင့်လာခဲ့သည်။

သူက ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် တတိယအဆင့်ကို နားလည်ထား၍ သူ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် အများစုကို ရှောင်ရှားနိုင်ခဲ့သည့်တိုင် သားရဲများစွာ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

နာရီဝက် မပြည့်ခင်မှာပင် ကျန်းချန်သည် ပဥ္စမအဆင့်သားရဲ ဆယ်ကောင်ထက် မနည်းကို သတ်ပစ်ခဲ့ပြီး သူ၏ ဓားအောက်တွင် ဆဋ္ဌမအဆင့် သားရဲတစ်ချို့ပင် သေဆုံးခဲ့ရသည်။

"ဒီကျင့်ယွင်တောင်တန်းက တကယ်ကို ရက်စက်တဲ့ သားရဲတွေ ပေါများပြီး အန္တရာယ်နဲ့ ပြည့်နက်နေတာပဲ.. ဒီကျင့်ယွင်တောင်တန်းကို ဖြတ်သန်းဖို့က တကယ်ကို မလွယ်ကူးဘူး ထင်တယ်"

သူ့လမ်းကို ပိတ်ဆို့ထားသည့် ပဥ္စမအဆင့် သားရဲတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ခါးသီးစွာ ပြုံးလိုက်သည်။

"ဟော်လေးက ဒီအချိန် နိုးထဖို့ အချိန်မတန်သေးဘူး.. ဟော်လေးသာ ရှိနေရင် ငါဒီလို အပိုအလုပ်တွေ လုပ်နေစရာမလိုလောက်ဘူး "

ယခုအချိန်တွင် သူ့အနား၌ မီးလျှံသားရဲ ရှိနေလျှင် ၎င်း၏ အားကောင်းသော အရှိန်အဝါကြောင့် ပဥ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် သားရဲများပင် နောက်ဆုတ်သွားရလိမ့်မည် ဖြစ်သည်။

ဤနည်းဖြင့်ဆိုလျှင် ကျန်းချန်သည် ကျင့်ယွင်တောင်တန်း၌ ပို၍ ချောမွေ့စွာ သွားလာနိုင်မည်မှာ သေချာသလောက်ပင်။

သို့သော်လည်း ယခုအခါတွင် မီးလျှံသားရဲသည် နိုးထခြင်းမပြုမီ အိပ်စက်ခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ယင်းအတွက်ကြောင့် ကျန်းချန်အနေဖြင့် ကျင့်ယွင်တောင်တန်းထဲမှ ရက်စက်ကြမ်းကြုတ်သော သားရဲများကို ရင်ဆိုင်ရသည့် အခါတွင် ကိုယ့်အားကိုယ်ကိုးရုံသာ တတ်နိုင်တော့၏။

ယင်းက ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်ကို များစွာ ကုန်ဆုံးစေရုံတင်မကဘဲ ကျန်းချန်၏ ရှေ့ဆက်ရမည့် အရှိန်အဟုန်ကိုပါ အတော်လေး နှေးကွေးစေ၏။

"အခုချိန်မှာ ငါက ခြေလှမ်းတစ်လှမ်းချင်း ရှေ့ဆက်ဖို့ပဲ တတ်နိုင်တော့တယ် "

ကျန်းချန်က သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် အာရုံခံလိုက်ပြီးနောက် သစ်တော၏ ဘယ်ဘက်ခြမ်းကို အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် တောင်များကို ဖြတ်သန်းပြီး စီးဆင်းနေသည့် စမ်း​ချောင်းငယ် တစ်ခုသည် သူ၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။

သို့သော်လည်း စမ်းချောင်းနံဘေးမှ အခြေအနေကို မြင်လိုက်ရာ သူ့မျက်လုံးသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။

စမ်းချောင်းဘေးရှိ လွင်ပြင်ကျယ်တစ်ခုပေါ်တွင် ပုံရိပ်ငါးခုကို သူ တွေ့လိုက်ရသည်။

ထိုပုံရိပ်ငါးခု၏ အသက်ရှူသံများအရ အတော်လေး မောဟိုက်နေပုံရပြီး တစ်ယောက်ချင်းစီသည် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားခဲ့ပုံရ၏။

"အံ့ဖွယ်တိမ်တိုက်ဂိုဏ်းရဲ့ တပည့်တွေပါလား "

ထိုငါးယောက်၏ အဝတ်အစားကိုမြင်လျှင် ကျန်းချန်သည်မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဘယ်သူလဲ"

ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာသောကြောင့် မြက်ခင်းပေါ်ရှိ လူငါးယောက်၏ အာရုံကို ဆွဲဆောင်သလို ဖြစ်သွားခဲ့သည်။

ကျန်းချန်နှင့် အနီးဆုံးတွင် ရှိနေသည့် လူငယ်သည် သူတို့အနားတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို အရင်ဆုံး ခံစားမိလိုက်သည်။

ထို့နောက်တွင် သူ၏ စူးရှသော အကြည့်သည် ကျန်းချန် ဆီသို့ ဦးတည်သွားခဲ့၏။

သူက ကျန်းချန်ကို လှမ်းကြည့်လိုက်ရာ သူ့ရှေ့မှ လူငယ်လေးသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အလိုရှိနေသည့် သူနှင့် တစ်ထေရာတည်း ဖြစ်နေမှန်း သိလိုက်ရ၏။

သို့ဆိုလျှင် သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် အမှန်တကယ်ပင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အလိုရှိနေသည့် ကျန်းချန် ဖြစ်နိုင်ပါသလော။

အခန်း(၈၄၁)ပြီး၏။

အခန်း(၈၄၂)

အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ စူးရှသောအကြည့်သည် ကျန်းချန်ဆီသို့ ကျရောက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် တခြားသော အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်လေးယောက်၏ အကြည့်များသည်လည်း ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

"မင်းတို့ မစိုးရိမ်ပါနဲ့ ငါက အမှတ်တမဲ့ ဒီနားက ဖြတ်သွားတဲ့ ခရီးသွားပါပဲ"

ကျန်းချန်က ထိုလူငါးယောက်ကို ပေါ့ပါးစွာပြောလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ဤအံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်ငါးယောက်သည် ကျင့်ယွင်တောင်ကို အတွေ့အကြုံရှာရန် လာခဲ့သည်မှာ ထင်ရှားနေ၏။

သို့သော်လည်း ထိုငါးယောက်သည် သူ့ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အလိုရှိသူမှန်း မသိထားပုံရ၏။

ထို့ကြောင့် ကျန်းချန်သည် ဤအံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်ငါးယောက်နှင့် မပတ်သက်ချင်ခဲ့ပေ။

အဆုံးသတ်တွင် ဤငါးယောက်သည် အံဖွယ်တိမ်တိုက်ဂိုဏ်းမှ ပါရမီရှင်တပည့်များ ဖြစ်ပြီး တစ်ယောက်ချင်းစီသည် အလွန် အင်အားကြီးမားကာ ထိုအထဲမှ နှစ်ယောက်သည် သိုင်းသခင် နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်၏။

၎င်းတို့၏ တိုက်ပွဲဝင်စွမ်းအင်သည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်သည်။

သူ၏ လက်ရှိ တိုက်ခိုက်ရေး အင်အားနှင့်ပင် ကိုင်တွယ်ရန် အခက်အခဲ အနည်းငယ်ရှိမည် ဖြစ်သည်။

"မိတ်ဆွေ ခဏလေးနေပါဦး"

ကျန်းချန် လှည့်ထွက်တော့မည့် အချိန်တွင် အနည်းငယ်ဝပြီး ရိုးသားပုံရသည့် လူငယ်တစ်ယောက်သည် ကျန်းချန်ကို လှမ်းခေါ်လိုက်သည်။

ကျန်းချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်ကိုလှမ်းကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ဘာကိစ္စရှိသေးလို့လဲ "

"ဒီကမိတ်ဆွေ ငါတို့ငါးယောက်က အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေပါ ဒီတစ်ကြိမ် ကျင့်ယွင်တောင်ကို အတွေ့အကြုံရှာဖို့ လာခဲ့တာပဲ မကြာသေးခင်က ငါတို့တွေ တစ္ဆေဝါး ပေါက်တဲ့နေရာတစ်ခုကို တွေ့ရှိခဲ့ပေမယ့် အဲ့ဒီနေရာကို အရမ်းအင်အားကြီးမားတဲ့ ဆဋ္ဌမအဆင့် သားရဲတစ်ကောင်က စောင့်ကြပ်နေခဲ့တယ်.. မိတ်ဆွေကို အကဲခတ်ရသလောက် သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်လို့ထင်တယ်.. ငါတို့နဲ့လက်တွဲဖို့ စိတ်ဝင်စားသလား သိပါရစေ "

အနည်းငယ်ဝပြီး ရိုးသားပုံ ပေါက်သည့် လူငယ်က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် သိုင်းသခင်နယ်ပယ်ကို ထိုးဖောက်ပြီးပြီ ဖြစ်ပြီး ကျင့်ယွင်တောင်တန်း၏ နက်ရှိုင်းသော နေရာကိုပင် တစ်ယောက်ထဲ ရဲတင်းစွာ ဝင်လာခဲ့သောကြောင့် အားနည်းသူ မဟုတ်သည်မှာ ထင်ရှားနေသည် မဟုတ်လော။

ဤကောင်လေးသာ သူတို့အဖွဲ့နှင့် ပူးပေါင်းလိုက်လျှင် သူတို့အနေဖြင့် တစ္ဆေဝါးကို ရရှိနိုင်မည့် အခွင့်အရေး ပိုများလာမည် ဖြစ်သည်။

"တောင်းပန်ပါတယ် ငါစိတ်မဝင်စားဘူး"

ကျန်းချန်က လူငယ်လေး၏ ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ လှည့်ထွက်သွားခဲ့သည်။

ကျန်းချန်က တစ္ဆေဝါး အကြောင်းကို သဘာဝကျစွာပင် ကြားဖူးသည်။

၎င်းက ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သည့် ရှားပါးသော စိတ်ဝိညာဥ်ရတနာ တစ်ပါး ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့် အသုံးပြုလျှင်ပင် ကြီးမားသော အကျိုး သက်ရောက်မှုကို ရရှိစေမည် ဖြစ်၏။

သာမန်ဆိုလျှင် ကျန်းချန်သည် ဤကဲ့သို့ ကမ္ဘာ့ဝိညာဥ်ရတနာကို အလွှတ်ပေးမည် မဟုတ်ပေ။

သို့သော်လည်း ဤအချိန်တွင် သူသည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အလိုရှိဘဝရမ်းပြေး ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဤအခက်အခဲများကို ရှောင်ရှားရန်အတွက် ကျန်းချန်သည် ဤအံဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များနှင့် အဆက်အဆံ မလုပ်ချင်သလို ထိုတပည့်များနှင့် ပူးပေါင်းကာ တစ္ဆေဝါးကို ရရှိရန်လည်း စိတ်မဝင်စားခဲ့ပေ။

"ရပ်စမ်း "

ထိုအချိန်မှာပင် ကျန်းချန်ကို စောင့်ကြည့်နေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ရုတ်တရက် အော်ဟစ်ကာ ဟန့်တားလိုက်သည်။

မကြာခင်မှာပင် သူက ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ကျန်းချန်၏ သွားလမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

ကျန်းချန်က သူ့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို အေးစက်စက် အမူအရာဖြင့် လှမ်းကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"မင်း ဒါ ဘာအဓိပ္ပါယ်လဲ"

"ယွင်ရန်.. ဒီက မိတ်ဆွေက ငါတို့နဲ့ လက်တွဲ မလုပ်ချင်ဘူးလို့ ပြောခဲ့ပြီးပြီလေ.. မင်းက သူ့ကို ဘာလို့ ဒုက္ခပေးချင်ရတာလဲ.. သူ့ကို အေးအေးဆေးဆေး ထွက်သွားခွင့်ပေးလိုက်ပါ "

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လုပ်ရပ်ကိုမြင်လျှင် ရိုးသားပုံပေါက်သည့် လူငယ်လေးသည် အလျင်အမြန် ပြောလိုက်သည်။

"ညီနောင်ကန်း ဒီလူကို ငါတို့ လွှတ်ပေးလိုက်လို့မရဘူး ဒီကောင်က ဘယ်သူလဲဆိုတာ မင်းအခုထိ မသိသေးဘူးလား.. ဒီကောင်က မကြာသေးခင်က ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ဝရမ်းထုတ်ထားတဲ့ ကျန်းချန်ပဲ "

ယွင်ရန်ဟု ခေါ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို ခပ်တင်းတင်းစိုက်ကြည့်ကာ ပြောလိုက်၏။

သူ၏မျက်လုံးထဲတွင် တောက်ပသောအလင်းများ ဖျပ်ခနဲ လင်းလက်သွားခဲ့၏။

"ဘယ်လို"

ယွင်ရန်၏ စကားကိုကြားလျှင် ရိုးသားပုံ ပေါက်သည့် လူငယ်လေးကလည်း တုန်လှုပ်သွားခဲ့သည်။

သူတို့က မကြာသေးခင်က ကျင့်ယွင်တောင်တန်းကို အတွေ့အကြုံ ရှာဖွေရန် ရောက်လာခဲ့စဥ် သူတို့၏ ကိုယ်ပိုင်အမှတ်အသား တံဆိပ်ပြားကနေ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက ထုတ်ပြန်လိုက်သည့် ဖမ်းဝရမ်း တစ်ခုကို လက်ခံရရှိခဲ့သည်။

အခန်း(၈၄၂)ပြီး၏။

အခန်း(၈၄၃)

သူ၏ အထောက်အထားကို အနက်ရောင် ဝတ်စုံဝတ် လူငယ် ရိပ်မိသွားသည်ကို မြင်လျှင် ကျန်းချန်၏ အမူအရာသည် သုန်မှုန်သွားခဲ့သည်။

ယခင်က မပတ်သက်လျှင် ပို၍ အန္တရာယ်ကင်းသည်ဟူသော သဘောဖြင့် ကျန်းချန်သည် သူ့ရှေ့မှ အံဖွယ်တိမ်တိုက်ဂိုဏ်း၏ တပည့်ငါးယောက်ကို အရေးစိုက်ရန် မရည်ရွယ်ထားခဲ့ပေ။

သို့သော်လည်း အံဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်ငါးယောက်သည် အံဖွယ်တိမ်တိုက်ဂိုဏ်းမှ သူ့ကို ဝရမ်းထုတ်ထားသည့် သတင်းကို ရရှိထားခဲ့၏။

"မင်းက ငါတို့ အံဖွယ်တိမ်တိုက်ဂိုဏ်းက အလိုရှိနေတဲ့ ကျန်းချန် ဖြစ်မယ်လို့ တကယ် မထင်ထားမိဘူး.. တောင်းပန်ပါတယ်.. မင်းက ငါတို့ အံ့ဖွယ်တိမ်တိုက်ဂိုဏ်းက အလိုရှိနေတဲ့သူ ဖြစ်နေတဲ့အတွက် ငါတို့ မင်းကို ထွက်သွားခွင့်မပေးနိုင်ဘူး"

ရိုးသားသောပုံစံဖြင့် လူငယ်က ကျန်းချန်ကို ခပ်တင်းတင်းစိုက်ကြည့်ကာ ပြောလိုက်သည်။

"အခြေအနေကို နားလည် သဘောပေါက်ရင် ငါတို့ဆီမှာ အေးအေးဆေးဆေး အဖမ်းခံလိုက်ပါ "

"ငါက မင်းလက်ထဲမှာ အေးအေးဆေးဆေး အဖမ်းခံရတဲ့အထိ မင်းက အရည်အချင်းရှိလို့လား"

ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များ ပေါ်လာခဲ့၏။

"အစောပိုင်းကတော့ ငါ့ရဲ့အထောက်အထားကို မင်းတို့မသိဘူးဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားထားခဲ့တယ်.. ဒါပေမဲ့လည်း မင်းတို့က အသက်ကို မနှ​မြောမှတော့ တမလွန်ကိုသာ သွားလိုက်ကြတော့"

ကျန်းချန်က စိတ်ဓာတ် ပျော့ညံ့သောသူတစ်ယောက် မဟုတ်ပေ။

ယခုအခါတွင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်ငါးယောက်သည် သူ၏ ကိုယ်ပိုင်အထောက်အထားကို သိရှိထားပြီ ဖြစ်၍ ထိုသူငါးယောက်ကို သူ့အနေဖြင့် မည်ကဲ့သို့ ထွက်သွားခွင့်ပေးနိုင်ပါမည်နည်း။

၎င်းတို့၏ ဦးခေါင်းကို ဖြတ်မှသာ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါလော။

ထိုသို့မဟုတ်ဘဲ ထိုငါးယောက်ကို သူ၏ သဲလွန်စအား ဖော်ထုတ်ခွင့် ပေးမိလိုက်လျှင် သူ့ဆီသို့ အဆုံးမရှိသည့်အခက်အခဲများ ရောက်လာနိုင်ပေသည်။

"ညီနောင်ကန်း မင်းဘာလို့ သူနဲ့ အပိုစကားတွေ ပြောနေတာလဲ ဒီကောင့်ကို ဖမ်းနိုင်ရင် ဆုလာဘ်ကြီးကြီးမားမားပေးမယ်လို့ ဂိုဏ်းက အမိန့်ထုတ်ပြန်ထားတယ်.. ဒီကောင့်ကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းဆီသာ ဖမ်းခေါ်သွားနိုင်ရင် ငါတို့တွေ ဆုလာဘ်ရမယ့် အပြင် အကြီးအကဲတွေရဲ့ ချီးကျူးမှုကိုပါ ရလိမ့်မယ်"

အနက်ရောင် ဝတ်စုံဝတ်လူငယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဤတစ်ခေါက် ကျင့်ယွင်တောင်တန်းသို့ လာရောက်သည့် ခရီးစဥ်တွင် သူတို့သည် အကျိုးအမြတ် များများစားစား မရရှိခဲ့ပေ။

အဆုံးသတ်တွင် သူတို့သည် တစ္ဆေဝါး ပေါက်ရောက်သည့် နေရာသို့ မတော်တဆ တွေ့ခဲ့ပြီး ထိုနေရာမှ အင်အားကြီး မားသည့် ဆဋ္ဌမအဆင့် သားရဲတိုက်ခိုက်မှုကို ခံရကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။

သို့သော်လည်း သူတို့အားလုံး စိတ်ဓာတ်ကျနေသော အချိန်တွင် ထိုသို့သော ကံကောင်းမှုကြီးနှင့် ပက်ပင်း ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့လူစုက အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ အလိုရှိနေသည့် ကျန်းချန်နှင့်မှ ထိပ်တိုက်တွေ့ဆုံခဲ့သည် မဟုတ်ပါလား။

ကျန်းချန်ကို ဖမ်းဆီးနိုင်လျှင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ ရရှိမည့် ဆုလာဘ်များသည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် သွား ရည်ကျစေလောက်သည် အထိ ဖြစ်၏။

ဆိုရလျှင် ကောင်းကင်ကနေ ဧရာမ ရတနာအိုးကြီး တစ်အိုးက သူတို့ရှေ့သို့ ဆိုက်ဆိုက်မြောက်မြောက် ကျရောက်လာသကဲ့သို့ပင်။

အနက်ရောင် ဝတ်စုံဝတ်လူငယ်က စကားဆုံးသည်နှင့် သူ့လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ငွေရောင် ဓားအလင်းတစ်ခုသည် ချက်ချင်းဆိုသလို ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။

"သေချင်နေပြီလား "

ကျန်းချန်ရဲ့ အမူအရာက အေးစက်သွားခဲ့သည်။

သူက ဓားဆန္ဒတတိယအဆင့်၏ အရှိန်အဝါဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အပြည့်အဝ ဖိနှိပ်လိုက်၏။

"ယွင်ရန် သတိထား"

ကျန်းချန်၏ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားကို ခံစားမိလျှင် ရိုးသားပုံပေါက်သည့် လူငယ်၏ အမူအရာသည် ​ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း သူ၏ သတိပေးချက်က နောက်ကျသွားခဲ့ချေပြီ။

ကျန်းချန်၏ ဓားဆန္ဒ တတိယအဆင့် ဖိအားအောက်တွင် အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ခဏမျှ မလှုပ်ရှားနိုင် ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားဆန္ဒတတိယအဆင့်၏ ခွန်အားများ ပါဝင်သော ဓားရှည်တစ်လက်သည် လေထုကို ထိုးဖောက်ကာ အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ ဓားအလင်းကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် ဓားရှည်က အရှေ့သို့ ဆက်လက်၍ တိုးဝင်လာခဲ့ပြီး အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ မျက်ခုံးနှစ်ခုကြားထဲသို့ ထိုးဖောက်သွားခဲ့သည်။

"မင်း.. မင်း"

အနက်ရောင် ဝတ်စုံဝတ်လူငယ်က ကျန်းချန်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

အဆုံးသတ်တွင် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ​မြင်ကွင်းက မှောင်မိုက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ရိုးသားပုံပေါက်သည့် လူငယ်အပါအဝင် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များ၏ အမူအရာသည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

သိုင်းသခင် နယ်ပယ်ပထမအဆင့် ဖြစ်သည့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ အတွင်းစည်းမှ ထူးချွန်သော ပါရမီရှင် ယွင်ရန်သည် သူတို့ရှေ့မှ ကောင်လေးကြောင့် သေဆုံးသွားပြီ မဟုတ်ပါလား။

သူတို့ရှေ့မှ ကောင်လေး၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။

အခန်း(၈၄၃)ပြီး၏။

All Chapters