← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

အစ်မကုန်း လစာမရခင် တကျွမ်းသည် အထုပ်ကလေးထုပ်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ထွက်သွားခဲ့လေသည်။

ရာသီဥတုသည် ပို၍ ပူလာသည်နှင့်အမျှ လမ်းမပေါ်တွင် အပူဒဏ်ကို မခံနိုင်သော လူများရှိနေပြီး ထိုသူတို့သည် လက်တိုအင်္ကျီများ ဝတ်ထားကြသည်။

ရှောင်ကျွင်းသည်လည်း အပူဒဏ်ကို မခံနိုင်ပေ။ သူသည် ချွေးထွက်သည်ကို ကြိုက်သည်။ သူသည် အဝတ်အစားများကို ဆွဲလှန်ကာ ချွေးသုတ်ပစ်လေ့ရှိသည်။ သူ၏ six packs မဟုတ်သည့် eight packs ဟူသော ဗိုက်ကြွက်သား ရှစ်ခုပေါ်သွားတိုင်း တင်းရှသည် မျက်လုံးပြူးကာ စိုက်ကြည့်နေမိတော့သည်။

ရာသီဥတုပူခြင်းသည် သူတို့စီးပွားရေးအပေါ် သက်ရောက်မှုများ အနည်းငယ်ရှိလာသည်နှင့်အမျှ တုရိုရိုနှင့် ဝမ်ဝမ်းဟောင်သည် နားနေခန်းတွင် စကားများနေကြသည်။ တင်းရှသည်လည်း ဖျင်အန်းလေးကို ချီပြီး သူတို့သည် ပြည်တွင်း သို့မဟုတ် ပြည်ပမှတင်သွင်းသော နို့မှုန့်ကို သုံးမလား ဟူ၍ ရှောင်ကျွင်းနှင့် ငြင်းခုံနေလေသည်။

ထိုသို့အဖြေမထွက်လာသည့်တိုင် ငြင်းခုံကြပြီးနောက် သူတို့သည် ဖျင်အန်းလေးကို ဘယ်အချိန် မိခင်နို့ဖြတ်ပေးရမည်ဆိုသည်ကို ဆက်လက်ပြီး အငြင်းပွားရန်ဖြစ်နေကြသေးသည်။

ကလေးထိန်းအဒေါ်ကြီးကျောက်သည် နောက်ဖေးခြံဝန်းထဲတွင် ဖျင်အန်းလေး၏ အဝတ်များကို ပွတ်လျှော်ရင်း သူတို့ဆီကို တစ်ချက်တစ်ချက်ကြည့်ကာ သိမ်မွေ့စွာ ရယ်နေလေသည်။

သူမအလုပ်လုပ်ဖူးသမျှအိမ်ထဲတွင် ဤအိမ်သည် သက်သောင့်သက်သာအဖြစ်ဆုံးနှင့် အသိမ်မွေ့ဆုံးအိမ်ပင် ဖြစ်ပေသည်။

သူမကို အစားအစာနှင့် နေရာထိုင်ခင်းကို ပေးကမ်းသည့်အပြင် ကလေးသည်လည်း ထိန်းရလွယ်သည်။ အစားအစာများလည်း အရသာရှိလှသည်။

သူမအတွက် ထိုသို့ပို၍ထွားလာသော ကလေးလေးကို ထိန်းဖူးသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ရှောင်ကျွင်းမှာထားသော အဲကွန်းများ ရောက်လာခဲ့လေသည်။ အလုပ်သမားများသည် ချွေးများဖြင့် စိုရွဲနေပြီး အခန်းတိုင်းတွင် အဲကွန်းများကို တပ်ဆင်ပေးနေသည်။

တင်းရှသည် ဖျင်အန်းလေးကို အဒေါ်ကျောက်ဆီ ပေးလိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

ဒီနှစ်မှ ဝယ်ထားသော ပဲစိမ်းများကို ထုတ်ယူ၍ အိုးထဲထည့်ပြီး မပြုတ်ခင် သေချာရေဆေးလိုက်သည်။

ရေစပွက်လာပြီးနောက် ပဲစိမ်းများ ကွဲထွက်ကာ နူးညံ့လာသည့်အထိ မီးအေးအေးနှင့် ဆက်လက်ပွက်စေရန် အိုးအဖုံးဖွင့်ထားလိုက်သည်။

ပြုတ်ထားသော ပဲနှင့်ရေကို ကြိတ်စက်ထဲ ထည့်လိုက်သည်။ လက်တစ်ခုပ်စာ သကြားဖြူကိုထည့်ပြီး ပဲစိမ်းအနှစ်ရသည်အထိ ကြိတ်ပြီးနောက် ချက်လိုက်သည်။ ပျားရည်အချို့လည်း ထည့်လိုက်သေးသည်။

ဆူပွက်စေပြီးနောက် အအေးခံဖို့ ဝေပုံချထားပြီး ရေခဲတုံးများကိုလည်း ထားထားသောကြောင့် အအေးခံခြင်းလုပ်ငန်းကို ပို၍မြန်စေသည်။

အလုပ်သမားများ အဲကွန်းများကို တပ်ဆင်ပြီးနောက် မျက်နှာများမှာ နီမြန်းနေပြီး သူတို့ခန္ဓာကိုယ်များသည်လည်း ချွေးများဖြင့် စိုရွဲနေကာ သူဌေးမသည် သူတို့အတွက် အအေးခံထားသော ပဲစိမ်းစွပ်ပြုတ်ကို ကမ်းပေးလိုက်သည်။

အေးမြပြီး လန်းဆန်းသွားကာ အလွယ်တကူပင် ပါးစပ်ထဲသို့ ဝင်သွားပြီး နွေရာသီအပူဒဏ်ကို တွန်းလှန်နိုင်ပေသည်။

သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဤအလုပ်ကို ကောင်းကောင်းမွန်မွန်ပင် ပြီးဆုံးအောင် လုပ်နိုင်ခဲ့ပြီ။

သူတို့ထဲမှ အကြီးအကဲသည် တင်းရှကို ပြုံးပြလိုက်သည်။ “ဒီဟာက ကျွန်တော့်ဖုန်းနံပါတ်ပါ၊ အိမ်က အဲကွန်းတွေ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ခေါ်လိုက်လို့ရပါတယ်၊ ကျွန်တော်ကိုယ်တိုင်လာပြီး ပြင်ပေးပါ့မယ်”

တင်းရှသည် ထိုသူ၏ အလုပ်လိပ်စာကဒ်ကို သိမ်းလိုက်သလို ရှောင်ကျွင်းသည်လည်း သူမ နောက်လှည့်သွားစဉ် သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

တင်းရှသည် ခေါင်းခါရင်း သူ့ကိုစနောက်ဖို့ ပြောလိုက်သည်။ “ရှင် ဒါလေးကိုလည်း သဝန်တိုနေတာပဲလား၊ ဒီလက်ဟောင်းသက်တမ်းရင့် ရှာလကာရည်ကို ရှင်ဘယ်ကရတာလဲ”

“ရှန်ရှီးသက်တမ်းရင့်ရှာလကာရည်စစ်စစ်ပါ” ရှောင်ကျွင်းသည် သူမကို အပြုံးရေးရေးလေးဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမနှုတ်ခမ်းပေါ်တွင် အနမ်းတစ်ပွင့်လေး ခြွေလိုက်သည်။ “စမ်းကြည့်၊ ချဉ်လား”

တင်းရှသည် သူမနှုတ်ခမ်းကို ရှက်ရှက်နှင့် ကာလိုက်ပြီး သူ့ကို ဖွဖွလေး အကြိမ်ကြိမ် ထုရိုက်ကာ မီးဖိုချောင်သို့ ပြန်ဝင်သွားသည်။

ဝမ်ဝမ်းဟောင်နှင့် တုရိုရိုသည် ရှောင်ကျွင်းမှာထားသော ရေခဲမုန့်ကို သွားယူရန်အတွက် အနီးအနားရှိ လက်ကားစျေးသို့ သွားကြလေသည်။ သူတို့နှစ်ယောက်သားမှာ တစ်တွဲတွဲသွားလာခြင်းနှင့် တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေးပြောခြင်းတို့ လုပ်ရသည်ကို ဘယ်အချိန်ကတည်းက နှစ်သက်သွားမှန်း မည်သူမျှ မသိကြပေ။

တင်းရှသည် ဝမ်ဝမ်းဟောင်၏ အရောင်များတောက်ပနေသော အမူအရာကို တွေ့သောအခါ သူမသည် အနည်းငယ် ရယ်စရာကောင်းသည်ဟု တွေးထင်နေသည်။

တင်းရှသည် အချိန်ကို ကြည့်လိုက်သည်။ အခုထိ စောနေသေးသည်။

သူမသည် “ရူဖု၏ တားမြစ်ခံထားရသော ဖော်မြူလာ(ပုံသေနည်း)များ” စာအုပ်ကို ဖွင့်ပြီး တရုတ်ရိုးရာမုန့်တစ်မျိုးကို လုပ်ချင်နေသည်။

မုန့်များကို ပြသရန် ဗီရိုမှာ ဦးလေးဝေဆီက မှာလိုက်ပြီးကတည်းက အခုထိ မသုံးသေးပဲ ထားထားသည်မှာ ကြာနေပြီ ဖြစ်သည်။ ယခုအချိန်သည် ထိုဗီရိုကို ထုတ်ပြီး သန့်ရှင်းရေးလုပ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

တင်းရှသည် စာအုပ်ကို သေချာဖတ်ရင်း နောက်ဆုံးတွင် မုန့်တစ်မျိုးကို လုပ်ရန် ဆုံးဖြတ်လိုက်သည် “နေရောင်ထဲမှ နှင်းဖြူလေး” ဟူ၍ ဖြစ်သည်။

မုန့်နာမည်မှာ အတော်မိုက်သည်။

မှိုပွင့်၊ ပီလောပီနံဥ၊ ကျိတ်ပင်စေ့(job’s tears)နှင့် ကြာစေ့တို့ကို အမှုန့်ဖြစ်သည့်အထိ ထောင်းပြီး စေးကပ်ကပ် ဆန်မှုန့်၊ ရိုးရိုးဆန်မှုန့်နှင့် သကြားဖြူတို့နှင့် သမအောင် ရောလိုက်သည်။

ထို့နောက် ရေကိုရောထည့်ကာ ခပ်မာမာ ဂျုံလုံးဖြစ်သွားသည်အထိ နယ်လိုက်သည်။

ရိုးရာမုန့်ဖြစ်သော နေရောင်ထဲမှ နှင်းဖြူလေးမုန့်သည် ပုံစံဖော်ပြီး ပေါင်းရပေမည်။

သို့သော် တင်းရှသည် ထိုအကြောင်းကို တွေ့လိုက်ကာ မနေ့က ပဲပေါင်မုန့်လုပ်ရာတွင် ကျန်နေသေးသော ပဲအနှစ်များကို ထုတ်ယူလိုက်သည်။ သူမသည် တော်သင့်သော အရွယ်အစားရှိသော ဂျုံလုံးများ ပြုလုပ်လိုက်ပြီး သစ်သားပုံစံခွက်များဖြင့် ထိုဂျုံလုံးများကို ပန်းပွင့်ပုံစံမဖော်ခင် ထိုဂျုံလုံးများ အတွင်းသို့ ပဲအနှစ်ကို ထည့်လိုက်သည်။

နောက်ဆုံးတွင် မိနစ်နှစ်ဆယ်ခန့် ပေါင်းထားလိုက်သည်။

နေရောင်ထဲမှ နှင်းဖြူလေးမုန့်သည် ခန္ဓာကိုယ်တွင်းမှ သရက်ရွက်နှင့် ဖြည့်စွက်စာ ချို့တဲ့ခြင်းတို့ကို ကောင်းမွန်စေသည့်အပြင် အနာရောင်ရမ်းခြင်းနှင့် စိုစွတ်ခြင်းကိုလည်း သက်သာစေပြီး ခန္ဓာကိုယ်အတွက် အင်အားကို မြှင့်တင်ပေးခြင်းနှင့် စိတ်အခြေအနေ ထိန်းညှိပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးသည်။

တင်းရှသည် အားလုံးစားနိုင်ရန်အတွက် ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။

တုရိုရိုသည် သူမအရင်ဆုံး စားပွဲနားသို့ ရောက်ချလာပြီး အရှက်မရှိ မုန့်တစ်ခုကို ယူလိုက်သည်။ သူမသည် ပျော်ပျော်ကြီး မုန့်ကို ကိုက်လိုက်ရင်း ပြောဆိုလိုက်သေးသည်။

“အိုး ဘုရားရေ ဒါက အရမ်းအရသာရှိတာပဲ! ကျွန်မဒီအချိန်ပိုင်းအလုပ်ကို စလုပ်ကတည်းက တဖြေးဖြေး ဝလာတော့တာပဲ! ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ!!!”

“သူဌေးမ ကျတော့ ဘာလို့ မဝလာတာလဲ”

တုရိုရို ပါးစပ်သည် ဝါးနေသော်လည်း လက်ကမနားတမ်း မုန့်တစ်ခုကို ထပ်ယူလိုက်သည်။

အားလုံးက ထိုမုန့်လေးကို ချီးမွမ်းမဆုံးဖြစ်နေကြသည်။

တင်းရှသည် နေရောင်ထဲမှ နှင်းဖြူလေးမုန့်များကို အကုန်ထုတ်လိုက်ပြီး ကောင်တာပေါ်တွင် အစီအရီ ထားလိုက်သည်။ သူမသည် မုန့်မိတ်ဆက်စာလေးကို ပန်းရောင်စာရေးကိရိယာလေးဖြင့် ရေးထားပြီး တရုတ်စာလက်ရေးလှရေးသော ဘောပင်လေးကိုလည်း ရှေ့တွင်ချထားလိုက်လေသည်။

တုရိုရိုမှာ အလွန်အမင်း အားကျနေသည်။

“အစ်မရှ၊ အစ်မက ဘယ်လို အဖိုးတန်ရတနာလေးပါလိမ့် ဒီလိုအရာရာတိုင်းကို လုပ်ဖို့ သိနေတာလဲ ပင်ကိုစွမ်းရည်တွေလည်း အများကြီးရှိတယ်၊ လှလည်းလှတယ် ပြီးတော့ အဖက်ဖက်က ပြီးပြည့်စုံနေတော့တာပဲ...”

“အဓိကကျတာက အစ်မတစ်ယောက်တည်းကသာ အဖက်ဖက်ပြည့်စုံနေတာမဟုတ်ဘူး၊ အစ်မယောကျ်ားရောပဲ အရမ်းချောတယ်၊ ပင်ကိုစွမ်းရည်တွေရှိတယ် ပြီးတော့ အစ်မတစ်ယောက်တည်းအတွက် နှလုံးသားကို ပုံအပ်ပေးထားတယ်...”

“ငါ့နားတွေ လျှံကုန်ပြီ....”

ဝမ်ဝမ်းဟောင်သည် သူမကို စနောက်လိုက်သည်။ တုရိုရိုသည် သူ့ကို လိုက်ရိုက်ရန် တစ်ခန်းလုံးပတ်ပြေးနေသည်။

အသက်မရှူစတမ်း သူ့ကိုလိုက်ရိုက်ပြီးနောက် သူမသည် တင်းရှအရှေ့သို့ နောက်တစ်ခါရောက်လာခဲ့ပြီး “အစ်မရှ၊ နောက်ဆို ဒီလိုမုန့်လေးတွေ ရောင်းဖို့အစီအစဉ်ရှိလား”

“ဟင်း” တင်းရှက ခေါင်းညိမ့်လိုက်သည်။ “အရမ်းအလုပ်မရှုပ်ပဲ မုန့်အသစ်တွေလုပ်လို့ရမယ်ဆိုရင် ရောင်းဖို့တော့ အစီအစဉ်ရှိတယ်”

တုရိုရိုသည် မေးစေ့ကို ပွတ်လိုက်သည်။ “အစ်မရှက တော်တော်များများ လုပ်တတ်တယ်ဆိုတော့ အဲ့ဒါတွေကို အွန်လိုင်းပေါ်မှာ မျှဝေဖို့ရော စဉ်းစားဖူးလား”

“အွန်လိုင်း?” တင်းရှ ခေါင်းခါလိုက်သည်။ “လူအများကြီး အာရုံစိုက်တာမခံချင်ဘူး၊ အဲ့လိုဆို စိတ်အနှောင့်အယှက်ဖြစ်လို့”

“ဒါဆိုရင်လည်း မုန့်ပုံလေးတွေပဲ ရိုက်တင်လို့ရတယ်လေ!” တုရိုရိုသည် ထိုမုန့်လှလှလေးများကို တွေ့ပြီးနောက် လူအများကို မကြွားပဲမနေနိုင်ပေ။

“ဒီဟာလေးတွေက အရမ်းလှတာ! ပြီးတော့ ကျွန်မတို့ရဲ့ ရိုးရာ မုန့်တွေပဲလေ၊ အဲ့တော့ အားလုံးကို မျှဝေပေးလို့ ရတာပေါ့!”

တင်းရှသည် ထိုစကားလေးကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမသည် တစ်ခါတစ်ရံ ရိုးရာမုန့်များကို လုပ်တတ်သော်လည်း မုန့်လာဝယ်သူလူဦးရေမှာ သူမ ထင်ထားသလို မဟုတ်ခဲ့ပေ။ သူတို့၏ ရိုးရာမုန့်များအပေါ် ဟန်ပန်အမူအရာသည် လွန်စွာ ခြားနားနေသည်။ သူတို့သည် ရိုးရာမုန့်များကို mille-feuille ကိတ်မုန့်လောက် အရသာမရှိဟု ထင်နေကြသည်။

(mille-feuille ကိတ်မုန့်သည် ပြင်သစ်ရိုးရာကိတ်မုန့်ဖြစ်ပြီး ပါးလွှာသော ကိတ်မုန့်ပြားတစ်လွှာ ခရင်တစ်လွှာနဲ့ အထပ်ထပ်ဖြစ်နေသော ကိတ်မုန့်ဖောင်းဖောင်းလေးဖြစ်သည်)

တင်းရှသည် ထိုသူများကို ရိုးရာမုန့်မျိုးစုံရှိကြောင်း ပြောချင်နေသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။

သူတို့သည် ရိုးရာယဉ်ကျေးမှု၊ ရိုးရာဂီတ၊ ရိုးရာအမွေအနှစ်နှင့် ပန်းပုပညာများကို ဂရုစိုက်ကြသည်။ သို့သော် မည်သူမျှ ရိုးရာမုန့်များကို ဂရုမစိုက်ကြပေ။

တုရိုရိုသည် တင်းရှတစ်ယောက် စိတ်လှုပ်ရှားသွားမှန်း သိနေသည်။

“ကျွန်မအာမခံတယ် အစ်မပုံတွေကို မရိုက်ဘူး၊ မုန့်ပုံတွေပဲ ရိုက်မှာ”

တင်းရှသည် တစ်ခဏမျှ တွန့်ဆုတ်သွားသည်ပြီးနောက် သဘောတူလိုက်သည်။

ရှောင်ကျွင်းသည် ဘေးနားကနေ တစ်ချိန်လုံး နားထောင်နေခဲ့သည်။ တင်းရှ သဘောတူလိုက်သောအခါ သူကစဉ်းစားပြီး ပြောလိုက်သည်။ “ဓါတ်ပုံရိုက်မယ်ဆိုတော့ ပထမထပ်အနောက်ဖက်မှာ ရှိတဲ့အခန်းလေးကို သန့်ရှင်းရေးလုပ်ပြီး မင်းအတွက် မုန့်ဖုတ်ခန်းလေး လုပ်ပေးမယ်ဆိုရင်ရော”

ရှောင်ကျွင်းပြောသော အခန်းမှာ အရင်ကတည်းက ရှိနေသော ဂိုဒေါင်ပင်ဖြစ်သည်။ ရှေ့ကနေသွားသူများသည် ထိုနေရာလေးကို မမှတ်တော့လောက်အောင် ပြောင်းလဲလိုက်လေသည်။ သူတို့ပြောင်းလာသောအခါ ထိုနေရာလေးသည် တစ်စစီဖြစ်နေသည်။

ထိုသို့ တစ်စစီဖြစ်နေသောနေရာလေးကို အချိန်အတော်ကြာသည်အထိ ဘာလုပ်ရမှန်းမသိသောကြောင့် ဒီအတိုင်းပစ်ထားလိုက်ကြသည်။

ယခုတွင် ထိုနေရာလေးကို သန့်ရှင်းရေးလုပ်ပြီး ပန်းပင်များ ပတ်ပတ်လည်စိုက်လိုက်သောအခါ လှလှပပဖြစ်သွားလေသည်။

တုရိုရိုသည် စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ “ကောင်းတယ် ကောင်းတယ် ကြည့်ရတာ အရမ်းလှသွားပြီ! လှပတဲ့အစ်မရှက လှပတဲ့နေရာလေးမှာ မုန့်လှလှလေးတွေ လုပ်နေမယ်!”

“အား! မျက်စိအစာကျွေးနေသလိုပဲ!”

ဝမ်ဝမ်းဟောင်သည် မနေနိုင်ပဲ ရွဲတဲ့တဲ့ လုပ်ပြလိုက်သေးသည်။ တုရိုရိုသည် အော်ဟစ်ပြီး သူ့နောက်ကို ပြေးလိုက်ပါလေတော့သည်။

တင်းရှသည် ရှောင်ကျွင်းကို ကြည့်လိုက်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ရှင်....ကျွန်မဒီလိုလုပ်တာ.....အဆင်ပြေမယ်ထင်လား”

“ဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်” ရှောင်ကျွင်းက အခိုင်အမာပြောလိုက်သည်။

“တကယ်လား” တင်းရှသည် မယုံသလိုဖြစ်နေသည်။

“တကယ်” ရှောင်ကျွင်းက ပြတ်သားစွာ ခေါင်းညိမ့်ပြလိုက်သည်။

“ကျွန်မ တစ်ခုခုအမှားလုပ်မိသွားရင်ရော ဘယ်လိုလုပ်မလဲ”

“မင်း အမှားလုပ်မှာ မဟုတ်ပါဘူး”

“ရှင် ဘယ်လိုလုပ် သိတာလဲ” တင်းရှသည် သိပ်မပျော်သည့်ပုံစံဖြင့် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

“ဘာလို့လဲဆိုရင် မင်းဖြစ်နေလို့ပဲ” ရှောင်ကျွင်းက ပြုံးပြလိုက်သည်။

သူမဖြစ်နေသောကြောင့် ဖြစ်သည်။

သူမကို သူယုံကြည်နေသောကြောင့် ဖြစ်သည်။

All Chapters