← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

“အိုးမိုင်ဂေါ့၊ ကျွန်တော့်ရဲ့ ယောက္ခမကြီးရေ!”

ဝမ်ဝမ်းဟောင်သည် နောက်ဖေးခြံဝန်းထဲသို့ ထွက်လာပြီး တင်းရှမှာ ခုံပုလေးပေါ်တွင် မတ်တပ်ရပ်ပြီး နံရံကို မှီကာ သစ်သားဘုတ်ပြားတစ်ခုကို ကိုင်ထား၍ တစ်ခုခုကို တိုင်းတာနေသည့် ပုံကို တွေ့လိုက်ရသည်။

သူသည် အလန့်တကြားနှင့် ပြေးသွားပြီး “ဆရာကတော်ကြောင့် ကျွန်တော် လန့်သေတော့မှာပဲ! တစ်ခုခုလိုရင် ကျွန်တော့်ကို ခေါ်ပါလား ကျွန်တော်ချက်ချင်း လာခဲ့မှာပေါ့!”

“ဆရာသာတွေ့သွားရင် ကျွန်တော်တော့သွားပြီ!”

“အဲ့လောက်လည်း အရမ်းကြီးတဲ့ဟာ မဟုတ်လို့ပါ”

တင်းရှသည် ခုံပုလေးကနေ ဆင်းလာလိုက်သည်။ “မင်းရောက်လာတယ်ဆိုတော့ တစ်ခါတည်း ကြည့်သွားပေးပါလား၊ ဒီဟာကို ဒီနားမှာ ထားဖို့သင့်မသင့်”

“ကျွန်တော် ကြည့်ပေးရမှာလား ဘာကိုလဲ” ဝမ်ဝမ်းဟောင်သည် ထိုသို့မေးနေရင်း သစ်သားဘုတ်ပြားကြီးကို ယူလိုက်ပြီး တစ်ဖက်လှည့်ကာ စာလုံးကြီးသုံးလုံးရေးထားမှန်း တွေ့လိုက်ရသည်။

ဝမ်မိသားစုဟင်းလျာ။

ဝမ်ဝမ်းဟောင်သည် လှုပ်ရှားနေရာမှာ ရပ်တန့်သွားပြီး ဘာမှထပ်မပြောတော့ပေ။

“ငါမနေ့က အားကျွင်းနဲ့ တိုင်ပင်ထားတယ်” တင်းရှက ပြောခဲ့သည်။ “သူကပြောတယ် မင်းအဖိုးရဲ့ဟင်းချက်နည်းတွေနဲ့ ထိတွေ့ဖို့ အချိန်ကျပြီတဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးလေးဝေကလည်း ဒီအလှနာမည်ပြားလေးတွေကို လုပ်ပေးထားတော့ အခုနေ ဒီဟာကို ထုတ်ဖို့ သင့်တော်ပြီထင်တယ်”

“ယောက္ခမကြီးရယ်...” ဝမ်ဝမ်းဟောင်သည် ဘာဆက်ပြောရမှန်း မသိတော့ပေ။

သူ့အဖေဖြစ်သူက ဤဟင်းချက်နည်းများကို ပေးပစ်လိုက်ပြီးဖြစ်သည်။ သူသည် အရှက်မဲ့စွာ ထိုအရာများကို အဘယ်အကြောင်းကြောင့် ပြန်တောင်းမိနေမှန်း မသိတော့ပါ။ ထိုလူများဆီမှာလည်း တပည့်ခံယူပြီး သူ့ဝမ်မိသားစု ဟင်းလျာအတွက် ဆိုင်တွင်လည်း နာမည်ပြားကြီး လုပ်ပေးထားသေးသည်။

တင်းရှသည် “ဟင်း”ဟုပြောပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။ “မင်းမှာ အရမ်းကောင်းတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားမှန်း ငါတို့မြင်ပြီးပါပြီ၊ အရင်တုန်းက နှမြောစရာကောင်းအောင် ဖြုန်းတီးပစ်ခဲ့ပေမဲ့လည်း၊ ကလေးကတည်းကသာ ဆရာကြီးဝမ်ရဲ့ ဟင်းချက်နည်းတွေကို လိုက်နာကျင့်သုံးခဲ့မယ်ဆိုရင် ငါတို့အခုသင်ပေးနိုင်တာထက်စာရင် မင်းဟာပိုတော်လာမှာ”

“ဒါပေမဲ့လည်း အတိတ်ကို ပြန်ပြင်လို့မရတော့ဘူးလေ၊ ပြီးသွားတာတွေလည်း ပြီးပါစေတော့၊ အခုကစပြီး ဟင်းချက်တာကို ပိုတော်လာဖို့ သင်ယူတာကိုပဲ အာရုံစိုက်တော့ နားလည်လား”

တင်းရှသည် သူ့ရင်ထဲက အစိုင်အခဲကြီး မရှိတော့အောင် ပြောပေးနေသည်။

“ကျွန်တော် နားလည်ပါပြီ၊ ယောက္ခမကြီးရယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီထက်ပိုပြီး အတွေးမလွန်တော့ပါဘူး၊ ဆရာလုပ်ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်ပါ့မယ်”

“ဒီကောင်စုတ်လေးကတော့လေ၊ မင်းအရင်ကတည်းက ဒီလိုမျိုး ပြောစကားနားထောင်တတ်မှန်း ငါဘာလို့ မသိခဲ့ပါလိမ့်၊ အစောကြီးကတည်းကသာ ဒီလိုစကားနားထောင်တတ်ရင် ငါအသက်ရာကျော် နေရတော့မယ်ဟေ့!” ဝမ်ဇောင်ရန်အသံသည် တံခါးအနောက်မှ ထွက်ပေါ်လာသည်။

ဝမ်ဝမ်းဟောင် တန့်သွားသည် “အဖေ!”

ဝမ်ဇောင်ရန်သည် စိတ်မရှည်သော လေသံဖြင့် “မင်းအမေက မင်းကို စိတ်ပူနေတာ၊ အဲ့တော့ မင်းဘယ်လို နေနေလဲဆိုတာ ငါ့ကိုလာကြည့်ခိုင်းတယ်လေ”

“ကျွန်တော် အဆင်ပြေပါတယ် အဖေ၊ အမေ့ကို စိတ်မပူဖို့ပြောပေးပါ၊ အဖိုးရဲ့ ဟင်းချက်နည်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ယူလာမှာပါ” ဝမ်ဝမ်းဟောင်သည် စိတ်အားထက်သန်စွာ ကျိန်ဆိုလိုက်သည်။

ဝမ်ဇောင်ရန်၏ စိတ်ရှုပ်ထွေးမှုသည် တစ်မျိုးတစ်ဖုံ ပြေလျော့သွားသည်။ သူသည် တင်းရှကို အပြုံးလေးနှင့် လှမ်းကြည့်လိုက်သည်။

“သူဌေးမရေ၊ ကျွန်တော်တို့မိသားစုရဲ့ ငပေငတေ ကောင်လေးက အရမ်း ပြောရခက်တယ်၊ တစ်ခုခုအမှားလုပ်မိတာနဲ့ ဆူစရာရှိတာဆူ ရိုက်စရာရှိတာရိုက်ပစ်၊ သူက အညှိုးတွေဘာတွေ ထားတတ်တဲ့အကောင်မဟုတ်ဘူး”

“အိုး အို ဟုတ်တယ် ကျွန်တော့်အဖေပြောသလိုပဲ” ဝမ်ဝမ်းဟောင်သည် ခေါင်းကို အကြိမ်များစွာ ညိမ့်ပြပြီး “ကျွန်တော် အမှားလုပ်ရင် ဆူစရာရှိတာသာဆူပစ်”

တင်းရှသည် သူမမှာ ရယ်ရမလို ငိုရမလို ဖြစ်နေသည်။

“ဘာလို့ အားလုံးက အဲ့မှာရပ်နေကြတာလဲ” ရှောင်ကျွင်း ပြန်ရောက်လာသည်။ သူသည် ခုနလေးတင်က ဖျင်အန်းလေး အမေနို့ဖြတ်ဖို့အတွက် ကလေးပစ္စည်းဆိုင်ကိုသွားကာ ဖော်မြူလာသွားဝယ်ခြင်းဖြစ်သည်။

ရှောင်ကျွင်းသည် နို့မှုန့်အထုပ်များ တစ်ထပ်လိုက်ဖြင့် ပြန်လာခဲ့သည်။ တင်းရှသည် သူ့ဆီမှ ထိုအထုပ်များကို အလျင်အမြန် သွားယူလိုက်သည်။ “ရှင်အများကြီး ဝယ်လာတာပဲ”

“ဖျင်အန်းလေးက အစားကြီးတယ်လေ၊ အဒေါ်ကျောက်က ပြောသေးတယ် ပြီးခဲ့တဲ့ရက်တွေကဆိုရင် သူညမအိပ်ခင် နှစ်ခါတောင်စားတာတဲ့၊ ကိုယ်မသွားခင် သူ့ကို ဖက်ကြည့်လိုက်တော့ ဝေါင်း ဝလာလိုက်တာဆိုတာ” ရှောင်ကျွင်းသည် ထိုအထုပ်များကို သူမကို လုံးဝမထိစေပဲ သူ့ဘာသာ သယ်လာလိုက်သည်။

နို့မှုန့်များကို ချထားပြီး ပြန်လှည့်လာကာ သူပြောလိုက်သည် “ဦးလေးဝမ်လည်း ရောက်လာတာကိုး ခဏလောက် နေပါဦးလား လက်ဖက်ရည်ဖျော်ပေးမလို့”

“မလိုပါဘူးကွယ် မလိုပါဘူး ဒီနားလေး ခဏဖြတ်သွားတာ လမ်းကြုံဝင်ကြည့်ရုံပါပဲ၊ ဆိုင်ကို ပြန်ကြည့်ရဦးမယ်လေ!” ဝမ်ဇောင်ရန်သည် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ကဲ သွားတော့မယ်နော် အားလုံးပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဦး”

ထိုသို့ပြောပြီးနောက် သူသည် ခပ်သွက်သွက် ထွက်သွားလေသည်။

“ဘာလို့ ဟိုအဘိုးကြီးက ရောက်လာတာလဲ” ရှောင်ကျွင်းသည် သိချင်ဇောနှင့် မေးလိုက်သည်။

“ဝမ်ဝမ်းဟောင်ကို လာကြည့်တာ” တင်းရှသည် မျက်နှာသုတ်ပုဝါနွေးနွေးလေးဖြင့် သူ့မျက်နှာကို သုတ်ပေးလိုက်သည်။ “သူပြောတဲ့စကားတွေက ပိုကြမ်းလေ သူ့စိတ်ထဲမှာ ပိုဂရုစိုက်လေပဲ အဲ့လိုလူကြီးတွေက အပြင်ပန်းကကြည့်ရတာသာ ခေါင်းမာတယ်လို့ ထင်ရတာ တကယ်တမ်းတော့ သူတို့စိတ်က နူးညံ့တယ်”

“ဒါနဲ့ ဒီညအတွက် ညစာကရော” ရှောင်ကျွင်းသည် မီနူးကတ်ပြားအပြည့် တင်ထားသော စားပွဲကိုကြည့်ရင်း ပြောလိုက်သည်။ “အပြင်မှာ သွားစားမလား”

“ဘာလို့ အပြင်မှာ စားမှာလဲ” တင်းရှသည် စဉ်းစားပြီး ပြောလိုက်သည်။ “ရှင့်ကိုယ်ပိုင် စားသောက်ဆိုင်ရှိတာတောင် အပြင်မှာ ထွက်စားချင်သေးတယ်ပေါ့”

“ဒီနေ့က ဘာနေ့လဲဆိုတာ မေ့သွားပြီလား” ရှောင်ကျွင်းသည် သူမနှာခေါင်းကို ဆွဲဆိတ်လိုက်သည်။

“ဘာနေ့မိုလို့လဲ” တင်းရှသည် အမှန်အကန် ခေါင်းရှုပ်သွားသည်။

သူမသည် ဘေးနာကဖြတ်သွားသော ကြက်ဥနှစ်လေးကို ကောက်ချီပြီး ဖက်လိုက်သည်။ ကြက်ဥနှစ်လေးမှာ အေးဆေးဖြစ်နေပြီး ကြောင်ညည်းသံလေး သဲ့သဲ့ထွက်နေသည်။

“ဒီနေ့က ကိုယ့်မွေးနေ့လေ” ရှောင်ကျွင်းသည် သူမက သူ့မွေးနေ့မေ့သွားသည်ကို ရယ်စရာအဖြစ် မြင်မိနေသည်။

“အား...” အခုမှသာ တင်းရှသည် ပြီးခဲ့သည့် ရက်ပိုင်းလောက်က မေ့နေသော အရာကို မှတ်မိသွားလေသည်။

“ယောက္ခမကြီးမွေးနေ့လား” ဝမ်ဝမ်းဟောင်သည် ထိုအကြောင်းကို ကြားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အဲ့ဒါဆိုရင် စားကောင်းသောက်ဖွယ်တွေ စားရတော့မယ်!”

မွေးနေ့????

တင်းရှသည် မွေးနေ့တွေအကြောင်း အသိပေးရလောက်သည်အထိ သူမကိုယ်သူမ အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ်လို ခံစားလိုက်ရလေသည်။

“ဒါဆို ဘယ်စားသောက်ဆိုင်က မွေးနေ့စားသောက်ပွဲတွေကို အထူးလုပ်ပေးတဲ့နေရာမှာ နာမည်ကြီးလဲဆိုတာ ရှာကြည့်ပြီး အမြန်ဆုံး ဘိုကင်လုပ်လိုက်မယ်” တုရိုရိုလည်း ဝမ်းသာစွာပြောခဲ့သည်။

တင်းရှသည် ပြုံးလိုက်သည်။ “ကောင်းပါပြီ ဒါဆို အဝတ်အစားသွားလဲပြီး အဆင်သင့်လုပ်ထားလိုက်မယ်”

“ရေး!” တုရိုရိုက သူမဖုန်းဆီ သွားရင်း ဝမ်းမြောက်စွာ ပြောလိုက်သည်။

သူတို့သည် အနီးနားက စားသောက်ဆိုင်တွင် ထိုင်ခုံများအတွက် ဘိုကင်ယူထားလိုက်သည်။ ထိုဆိုင်တွင် အရသာရှိသော သက်ရှည်ခေါက်ဆွဲမှာ နာမည်ကြီးလှသည်။

တင်းရှသည် ပန်းထိုးထားသော ရိုးရာစတိုင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လန်းဆန်းတက်ကြွကာ ကျက်သရေရှိလှသည်။

သူတို့လူအုပ်စုသည် တရုန်းရုန်းနှင့် ထိုစားသောက်ဆိုင်ဆီ ထွက်သွားကြလေသည်။

ထိုအုပ်စုတွင် တင်းရှ၊ ရှောင်ကျွင်း၊ တုရိုရို၊ ဝမ်ဝမ်းဟောင်၊ ယောင်းမကုန်း၊ အဒေါ်ကျွမ်း၊ အဒေါ်ကျောက်၊ ဖျင်အန်းလေးနှင့် ရှောင် ရှစ်ထုန်တို့ပါကြလေသည်။

တကျွမ်းသည် မက်ဆေ့ဂျ် ရလျှင်ရချင်း အမြန် အပြေးလေး လာခဲ့ပြီး စီလီမှာ ကျောင်းဆင်းသွားသော်လည်း အချိန်ပိုတက်နေရသဖြင့် မလာနိုင်ခဲ့ပေ။

စားသောက်ပွဲခန်းမသည် အလွန်ကျယ်ပြီး ရှောင်ကျွင်းသည် ထိုဆိုင်၏ မွေးနေ့စားသောက်ပွဲ အတွက် အထူးတလည် လုပ်ထားသော စားသောက်ဖွယ်ရာများပါသည့် အစုံကို တစ်စုံစာမှာလိုက်သည်။

အစားအသောက်များလာချပေးသည်မှာ တင်းရှထင်ထားသည်ထက်ပင် မြန်လှသည်။ ထိုအစားအစာများတွင် ငါး၊ ပုစွန်၊ ဝက်ဒူးရိုးစသည့်ဟင်းလျာမျိုးစုံ ပါဝင်ကြသည်။ ထိုဟင်းလျာများကို မွှေကြော်၊ အကြွပ်ကြော်၊ ပေါင်းထားခြင်း စသဖြင့် ဟင်းချက်နည်း အဖုံဖုံဖြင့် ချက်ပြုတ်ကြော်လှော်ထားသည်။

ထိုဆိုင်သည် ကိတ်မုန့်လေးကိုပါ လက်ဆောင်အဖြစ် ထည့်ပေးထားသေးသည်။

သက်ရှည်ခေါက်ဆွဲကိုလည်း အလျင်အမြန်ပင် တည်ခင်းပေးသည်။

တင်းရှသည် ပါးစပ်အပြည့် တစ်လုပ်စားပစ်လိုက်သည်။ ဟင်းရည်မှာ ကြက်စွပ်ပြုတ်ဖြစ်ပြီး လတ်ဆတ်၍ အရသာရှိလှသည်။ ခေါက်ဆွဲမှာလည်း လက်လုပ်ဖြစ်ပြီး ဝါးလို့ကောင်းကာ ထုပ်ထုပ်လေးဖြစ်နေသည်။ မှို၊ ဟင်းသီးဟင်းရွက်အချို့နှင့်အတူ ကြက်သားဖတ်များလည်း ပါဝင်နေသည်။

သူတို့စားသောက်နေစဉ် ဝိုင်သောက်ကာ ပျော်စရာအချိန်လေးကို ကောင်းမွန်စွာ ကုန်ဆုံးနေသည်။

တင်းရှသည် သူမမိသားစုနှင့်အတူ ထိုမွေးနေ့ပွဲတွင် ပျော်ပျော်ကြီး တဝသောက်ကာ ပျော်ရွှင်စွာ ဂုဏ်ပြုနေသည်။ သူမသည် အလွန်ပျော်နေသည်။

ထိုပျော်ခြင်း၏ နောက်ဆက်တွဲမှာ သောက်ပြီး မူးလာခြင်းပင်ဖြစ်သည်။

အိမ်အပြန်လမ်းတွင် သူမသည် တိတ်ဆိတ်နေပြီး အိမ်ပြန်ရောက်သောအခါ ဒုက္ခပေးပါလေတော့သည်။

ဒုက္ခအကြီးကြီးမဟုတ်သော်လည်း လူတစ်ယောက်ကို နေရထိုင်ရခက်စေအောင် လုပ်တတ်သော အပြုအမူလေးပင်ဖြစ်သည်။

ရှောင်ကျွင်းသည် တင်းရှကို အခန်းထဲထိ သယ်လာရသည်မှာ ဒုက္ခမများသော်လည်း သူမသည် အဝတ်အစားများ တစ်ဝက်ကျွတ်နေကာ အရက်မူးနေသော မျက်လုံးများ၊ နီမြန်းနေသော ပါးပြင်လေးများနှင့် သူမအသက်ရှူထုတ်လိုက်တိုင်း အရက်နံ့များ ရနေသည်။

ရှောင်ကျွင်းသည် မနေနိုင်တော့ပဲ သူမကို ထပ်ခါ ထပ်ခါ နမ်းနေသည်။

တင်းရှသည်လည်း သူ့ကိုပြန်မခုခံတော့ပဲ သိမ်မွေ့စွာ ကြည့်လိုက်သည်။ အဝေးကိုသာ တွန်းထုတ်လိုက်မည် ဆိုလျှင် သူမမှာ နူးညံ့သော ညည်းသံလေးများ ထွက်လာကာ ရှောင်ကျွင်းကို အသာအယာ တွန်းလိုက်မည်သာ ဖြစ်သည်။

သို့သော် သူမသည် သူ့ကို မတွန်းထုတ်နိုင်သေးပေ။

ရှောင်ကျွင်းသည် သူမအပေါ်မှ ခန္ဓာကိုယ်ကို မိုးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အသေအချာ စိုက်ကြည့်နေသည်။ သူသည် တင်းရှကို ထိုသို့ ပိုင်စိုးပိုင်နင်း စူးစိုက်ကြည့်နေရသည်ကို သဘောကျသည်။

တင်းရှသည် သူမခေါင်းမှာ ချာချာလည်မူးနေပြီး ဘာကိုမှ သေသေချာချာ မမြင်နိုင်တော့ပေ။

သူမသည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေပြီး ခေါင်းထဲတွင်လည်း ဘာမှကိုမစဉ်းစားနိုင်ပဲ ခန္ဓာကိုယ်လှုပ်နေသလို ခံစားနေရသော်လည်း တကယ်တမ်းတွင် သူမကိုယ်တိုင် လှုပ်နေခြင်းဖြစ်သည်။

ညနက်လာသောအခါ သူမသည် ရေဆာပြီး အာခေါင်ခြောက်ကာ နိုးလာသည်။ သူမသည် အဝတ်တစ်ထည်ကို သူမခန္ဓာကိုယ်ကို ပတ်ဖို့အတွက် ယူလိုက်ပြီး ရေသောက်ရန် အိပ်ရာထဲမှ ထွက်လာသည်။ ရှောင်ကျွင်းသည် ထိုနေရာတွင် မရှိပေ။ အဲ့အစား ရေချိုးခန်းထဲတွင် ရေကျသံကိုသာ ကြားနေရသည်။

တင်းရှသည် သူမခန္ဓာကိုယ်တွင် အနည်းငယ် နာကျင်မှုကို ခံစားရကာ ရှောင်ကျွင်းပြီးလျှင် သူမ ရေဝင်ချိုးချင်နေသည်။

ရှောင်ကျွင်းသည် ဘောင်းဘီတိုနှင့် ထွက်လာသည်။ ရေစက်များသည် သူ၏ ရင်ဘတ်ကြွက်သားနှင့် ဗိုက်ကြွက်သားများပေါ် ကျဆင်းနေသည်။ တင်းရှသည် ထိုပုံစံကိုမြင်ပြီး သူမ၏ အသွေးအသားများ ဆာလောင်လာသလို ခံစားနေရသည်။

ရှောင်ကျွင်းသည် သူမထိုသို့ဖြစ်နေသည်ကို ကောင်းကောင်းသိနေပြီး သူခြေနှစ်လှမ်း လှမ်းရုံနှင့်ပင် သူမကို အိပ်ရာထဲသို့ ပြန်ဝင်သွားအောင် လုပ်ဆောင်နိုင်သည်။

သူမသည် အံ့သြသွားသည့် အသံကို ထွက်ချင်သော်လည်း ထိုအသံမှာ ရှောင်ကျွင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပေသည်။ လရောင်သည် ပြတင်းပေါက်မှန်ကို ပါးနပ်စွာ ဖြတ်ဝင်လာပြီး နူးညံ့သောလက်တစ်စုံကို ကြီးမားသော လက်တစ်စုံက တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းအပေါ် မခို့တရို့ ဖြာကျပေးနေသည်။

လရောင်တောင်မှပင် သူတို့ကြောင့် ရှက်တတ်သွားလေသည်။

All Chapters