← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

ရှောင်ကျွင်းသည် အခန်းထဲသို့ ဝင်လာစဉ် တင်းရှတစ်ယောက် အတွေးထဲနစ်မြောနေပုံမှာ သူမမျက်နှာတွင် အတိုင်းသားမြင်လိုက်ရသည်။

“ဘာတွေစဉ်းစားနေတာလဲ” ရှောင်ကျွင်းသည် သူမဆံပင်ကို ပွတ်သပ်ပေးရင်း သိချင်ဇောဖြင့် မေးလိုက်သည်။

“ဖျင်အန်းလေး အခုတလော ထူးဆန်းနေတယ်” တင်းရှက ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ သူနေမကောင်းလို့လား” ရှောင်ကျွင်းက ထိုင်ချလိုက်သည်။

“နေမကောင်းဖြစ်တာတော့ မဟုတ်ဘူး” တင်းရှသည် မေးစေ့ကို ပွတ်ရင်း ပြောနေသည်။ “ကျွန်မကိုပဲ စိုက်ကြည့်နေတာ ငိုတာ ပွေ့တာလည်း မရှိပဲ သူက အဖက်ပဲခံချင်နေတာ”

“သူက အမြဲတမ်း အဲ့လိုပဲမလား” ရှောင်ကျွင်းက ရယ်မောရင်း ပြောလိုက်သည်။ “သူက လိမ္မာချင် ယောင်ဆောင်တတ်တယ်၊ ပြီးတော့ လူတွေကိုလည်း လှည့်စားတတ်တယ်လေ”

တင်းရှသည် သူပြောသည်ကို စဉ်းစားကြည့်ပြီး မှန်နေမှန်း သိသွားလေသည်။ များသောအားဖြင့် သူသည် ငိုပြီး ပွေးပြီးနောက် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြူးကြည့်ကာ လိမ္မာချင် ယောင်ဆောင်တတ်သည်။

စောစောကတင် အသံပြဲကြီးနှင့် ငိုနေသော်လည်း တစ်ယောက်ယောက်ဝင်လာသည်ကို မြင်သောအခါ ထိုကဲ့သို့ ဘာမှမဖြစ်သလို ဟန်ဆောင်သွားတတ်သည်။

“တကယ်ပဲ သူ့ခေါင်းသေးသေးလေးထဲမှာ ဘာတွေများ တွေးနေလဲမသိဘူး” တင်းရှသည် မတ်တပ်ထရပ်ကာ လမ်းလျှောက်ထွက်သွားသည်။

“ကိုယ်လည်းပဲ သိချင်တယ်” ရှောင်ကျွင်းလည်း မတ်တပ်ထရပ်ပြီး သူမနောက်လိုက်လာခဲ့သည်။

ထိုစုံတွဲသည် ဖျင်အန်းလေးအခန်းထဲ ဝင်လာသည်။ အဒေါ်ကျောက်သည် သူ့အတွက် ဖော်မြူလာကို လုပ်ပေးနေသည်။ သူသည် ထိုပုလင်းကို မျက်တောင်မခတ်ပဲ လေးနက်စွာ စူးစိုက်ကြည့်နေသည်။

ဆူညံသံများကြားလာရပြီး တင်းရှကို မြင်လိုက်သောအခါ သူမကို နောက်ထပ် စိုက်ကြည့်နေပြီး “အာ အာ”ဟု နှစ်ကြိမ်ခန့် အော်ကာ သူ့ကို ဖက်ပေးဖို့ သူ့လက်ကလေးကို ကမ်းလိုက်သည်။

တင်းရှသည်လည်း သူ့ဆီအမြန်သွားပြီး ကောက်ချီလိုက်သည်။ “အိုး ဘယ်သူ့အသည်းတုံးလေးလဲ မေမေ ကြည့်ဦးမယ်”

သူမသည် နို့နံ့သင်းနေသော ကလေးလေးကို နမ်းလိုက်သည် “အရမ်းချော၊ အရမ်းလိမ္မာ၊ အရမ်းချစ်ဖို့ကောင်း”

သူမသည် ဖျင်အန်းလေးကို သူမလက်ပေါ်တွင် ချီထားပြီး ခုန်ဆွခုန်ဆွနှင့် အခန်းတစ်ပတ် ပတ်ပြနေသည်။

အဒေါ်ကျောက်သည် ဖော်မြူလာ၏ အပူချိန်ကို စမ်းပြီးပြီနောက် သူမသည် ထိုပုလင်းကို တင်းရှအား ပေးလိုက်သည်။ “အဒေါ်လေ ဖျင်အန်းလေးရဲ့ စောင်နဲ့အခင်းတွေ သွားလျှော်ပြီး လှမ်းလိုက်ဦးမယ်၊ ဒီနေ့က နေလည်းသာနေတော့”

“အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါနော် အဒေါ်ကျောက်” တင်းရှသည် ပြုံးပြလိုက်သည်။ “ရှောင်ကျွင်းနဲ့ကျွန်မ သူ့ကို ခေါ်ပြီး ခဏလမ်းလျှောက်ထွက်ဦးမယ်”

အဒေါ်ကျောက်သည် အိပ်ရာခင်းအထပ်လိုက်ကို ခြံဝန်းထဲသို့ ယူသွားသည်။

တင်းရှသည် အထုပ်ကြီးကြီးထုပ်ပြီး ဖျင်အန်းလေး၏ တွန်းလှည်းအောက်တွင် ထည့်လိုက်ပြီး ရှောင်ကျွင်းက တွန်းပေးနေသည်။ သူမသည် ဖျင်အန်းလေးကို ခေါ်လာကာ သူ့ကို လမ်းလျှောက်ထွက်ပေးဖို့ ပြင်နေသည်။

ဖျင်အန်းသည် အပြင်သိပ်ထွက်လေ့မရှိသောကြောင့် သူမသည် သူ့အတွက် လမ်းလျှောက်ထွက် ပေးချင်နေသည်။

ဖျင်အန်းလေသည် သူမလည်ပင်းကို ဖက်ကာ သူမရင်ခွင်ကို မှီထားပြီး တစ်ခါတစ်ရံတွင် လှုပ်တုပ်လှုပ်တုပ်ဖြစ်နေပြီး ရှောင်ကျွင်းကို ကြည့်လိုက် တစ်ဖန် ခေါင်းလေးထောင်ကာ တင်းရှကို ကြည့်လိုက်နှင့် လုပ်နေလေသည်။

သူတို့သည် အိမ်နားရှိ ကုန်တိုက်သို့ သွားကြလေသည်။

လမ်းတစ်ဝက်တွင် ရှောင်ကျွင်းသည် တင်းရှအတွက် မစ်လ်တီး ဝယ်လာပေးပြီး ဖျင်အန်းလေးကို ချီထားပေးလေသည်။

ဖျင်အန်းလေးသည် သူ့အဖေလက်ထဲတွင် ငြိမ်ငြိမ်နေကာ သူ့အမေကို စိတ်ဝင်စားသဖွယ် ကြည့်နေလေသည်။

“သောက်ချင်လို့လား” တင်းရှသည် ဖျင်အန်းလေးကို ပြုံးကာမေးလိုက်သည်။ သို့သော် သူမသည် ကလေးကိုတိုက်မည့်အစား ပိုက်ကို ရှောင်ကျွင်းပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ရှောင်ကျွင်းသည် မျက်မှောင်ကြုတ်ကာ တစ်လုတ်သောက်လိုက်ပြီး တင်းရှကို ပြန်ပေးလိုက်သည်။ “အရမ်းချိုတယ်၊ ဘာကို အဲ့လောက်သောက်ကောင်းနေကြလဲ နားမလည်နိုင်တော့ဘူး”

တင်းရှသည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး သူမဘာသာ ပျော်ပျော်ကြီး သောက်နေလေသည်။

“ရာသီဥတုလေးက သာယာနေတာပဲ” သူမက စောင်းကြည့်ပြီး ပြောလိုက်သည်။ “ကုန်တိုက်ထဲမှာ ကလေးကစားစရာဆိုင်ရှိတာ ကျွန်မမှတ်မိသေးတယ်၊ ဖျင်အန်းလေး ဆော့ဖို့အတွက် စာသင်ပေးလို့ရမဲ့ အရုပ်လေးတွေ သွားဝယ်ရအောင်”

သူမသည် လက်ချောင်းများဖြင့် ရေတွက်ရင်း “နံပါတ်ကတ်တွေ၊ စာလုံးကတ်တွေ၊ အစုံပဲ”

“အဲ့ဒါအတွက်က စောလွန်းမနေဘူးလား” ရှောင်ကျွင်းက နားမလည်ဟန် ပြန်ပြောလိုက်သည်။

“အရင်ဆုံး ဝယ်သာဝယ်လိုက်စမ်းပါ၊ ပြီးမှ ဘယ်လိုလုပ်မလဲ ဆက်စဉ်းစားကြတာပေါ့” ထိုအချက်မှာ မိန်းမများ အားလုံးနီးပါးတူနေသော အချက်ပင်ဖြစ်သည် - စိတ်လေး အခြေအနေကောင်းတုန်း စျေးဝယ်ထွက်ချင်ကြသည်။

သူတို့သည် ကုန်တိုက်ကို ရောက်လာခဲ့ပြီ။ တင်းရှသည် မစ်လ်တီးကို အမြန်အပြတ်ဖြတ်ပြီး ဖျင်အန်းကို ရှောင်ကျွင်းဆီမှ ပြန်ယူကာ သူ့ကို ခဏအနားပေးလိုက်သည်။

ဖျင်အန်းလေးသည် လမ်းတစ်လျှောက်လုံး အလွန်လိမ္မာပြနေသည်။ မိဘလက်ထဲတွင် တိုးဝင်ပျော်မွေ့နေပြီး တစ်ခါတစ်ရံ “အာ အာ” ဟုပြောကာ သူတို့၏ စျေးဝယ်မည့်အကြောင်း ပြောနေသော စကားဝိုင်းထဲတွင် ဝင်ပြောနေလေသည်။

အိမ်ပြန်လမ်းတွင် တင်းရှသည် ဖျင်အန်းလေးကို ချီထားဆဲ ဖြစ်ပြီး “အိုး ဘာလို့ ကျွန်မတို့ ကလေးလေးက ဒီနေ့ အရမ်းလိမ္မာနေတာလဲ”

သူမသည် အလွန်စဉ်းစားနေဟန် လုပ်ပြနေသည်။ “ဒါဆိုရင် ဆုချရတော့မယ်”

ဖျင်အန်းလေးသည် တင်းရှက မေးစေ့ထောက်ထားသော လက်ချောင်းများကို ဖမ်းဆုပ်လိုက်ပြီး “အာ အာ”ဟု ပြောနေသည်။

တင်းရှသည် သူသရေကျနေသည်ကို သုတ်ပေးလိုက်သည်။ “အိမ်ပြန်ရောက်ရင် မေမေ မင်းအတွက် မုန်လာဥနီအရသာဆန်ပြုတ် ပြုတ်ကျွေးဦးမယ် အိုကေ?”

တင်းရှသည် ကလေးများ၏ အမုန်းဆုံးနှင့် မစားချင်ဆုံး မုန်လာဥနီအကြောင်း သိနေလေသည်။ ထို့ကြောင့် ဖျင်အန်းလေး ဖြည့်စွက်စာ ပထမဆုံးစားသည့်နေ့တွင် သူမသည် မုန်လာဥနီအရသာ ကလေးဆန်ပြုတ်ကို ပြုတ်ပေးခဲ့သည်။ ဖျင်အန်းလေးမှာ မုန်လာဥနီကြိုက်သော ကလေးများထဲမှ တစ်ယောက်ဖြစ်လာအောင် လုပ်ဖို့ မျှော်လင့်ထားသည်။

အိမ်ပြန်ရောက်လာချိန်တွင် စားသောက်ဆိုင်မှာ စားစရာများကို ပြင်ဆင်နေလေသည်။ ဖျင်အန်းလေးမှာ အိပ်ချင်နေပြီး မျက်လုံးလေးများ မဖွင့်နိုင်ဖြစ်ကာ တင်းရှဆံပင်ကိုလည်း မလွှတ်ပေးပဲ ကိုင်ထားလေသည်။ တင်းရှသည် သူ့ကို ဂရုတစိုက် အိပ်ရာပေါ် ချပေးပြီး အခန်းထဲမှ မထွက်သွားခင် နဖူးလေးကို နမ်းလိုက်သည်။

ဝမ်ဝမ်းဟောင်သည် မီးဖိုချောင်ထဲတွင် ဟင်းချက်နည်းစာရွက်ကို ကိုင်ရင်း ကြိုးစားပမ်းစား စဉ်းစားနေသည်။ ဝမ်ဇောင်ရန်နှင့် ရှောင်ကျွင်းတို့က ခွင့်ပြုပေးလိုက်သော ဝမ်မိသားစုဟင်းလျာမီနူးတွင် ဟင်းလျာနှစ်မျိုးသာ ရှိနေလေသည်။

တုရိုရိုသည် ဗီဒီယိုများကို တည်းဖြတ်ရင်း ငိုက်မျဉ်းကာ သူမ မှတ်စုစာအုပ်ကို ကိုင်ထားလေသည်။ ဤရက်ပိုင်းရာသီဥတုသည် သာယာနေပြီး ခြံဝန်းထဲတွင် ပြောင်းရွှေ့စိုက်ပျိုးထားသော ပန်းပွင့်လေးများမှာ ပုံသဏ္ဍာန်စုံနှင့် ခရမ်းရောင်၊ အနီရောင်စသဖြင့် အရောင်အသွေးစုံစွာ ပွင့်လန်းနေကြသည်။

ထိုသို့ လှပနေသော ပန်းပွင့်လေးများကို မြင်ပြီး တုရိုရိုသည် တင်းရှကို ဗီဒီယိုအများကြီး ရိုက်ရန် တိုက်တွန်းနေသည်။

ဗီဒီယိုများထဲတွင် မုန့်များနှင့် ပန်းများသည် အလွန်လိုက်ဖက်ပြီးသား ဖြစ်နေသည်။ ထိုဗီဒီယိုများသည်လည်း လူကြည့်များလာကြသည်။

ဗီဒီယိုတင်သော အကောင့်သည် ရိုးရာမုန့်များကို ရှဲခြင်းကြောင့် ပရိတ်သတ်အများအပြား ရရှိနေပြီး ကြော်ညာများလည်း အများအမြား ကမ်းလှမ်းခံရသည်။ သို့သော် ထိုကြော်ညာများကို တင်းရှက လက်မခံခဲ့ပေ။

မကြာသေးမီကပင် ရှောင်ကျွင်းသည် လက်ပ်တော့ပ်တစ်လုံးကို ယူလာခဲ့သည်။ သူသည် ပိုစ့်တင်ခြင်း နှင့်တည်းဖြတ်ခြင်းကို အလွန်အမင်းစိတ်ဝင်စားသော လူတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

သူသည် အိမ်တွင် အားသွန်ခွန်စိုက် လေ့လာပြီး တုရိုရိုထက် ကျွမ်းကျင်အောင်လည်း ကြိုးစားပြီး တင်းရှ၏ အသက်မွေးဝမ်းကြောင်းနှင့် ဘဝ၏ နောက်ကွယ်မှ နံပါတ်ဝမ်းလူတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့အတွက်ဖြစ်သည်။

၎င်းမှာ တုရိုရိုတစ်ယောက် ရှောင်ကျွင်းကို ခေါင်းမော့ကာ အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့သည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ “ဟွန့်! ကျွန်မက အယ်ဒီတင်း(တည်းဖြတ်)မေဂျာယူထားတာပါနော်၊ ပြီးတော့ အဲ့မေဂျာနဲ့ပက်သက်ပြီး ဘွဲ့လွန်စတက်တော့မှာ! ဒီမှာ သူဌေး၊ ရှင့်မှာ လုပ်နိုင်စွမ်းတော့ရှိပါတယ်၊ ဒါပေမဲ့ ကျွန်မကို ကျော်ဖို့ဆိုတာတော့ နည်းနည်းခက်လိမ့်မယ်~”

ထို့နောက် နှစ်လအကြာ သူမ အားအင်များ လျော့နည်းသွားသည်။ ရှောင်ကျွင်းသည် သူမထက်သာအောင် လုပ်နိုင်မည့် နည်းလမ်းကို သူ့ဘာသာ ရှာဖွေတွေ့ရှိသွားသည်။ သူ၏ အလှအပကို ခံစားနိုင်မှုသည် မထင်မှတ်ထားလောက်အောင် အလွန်လယ်ဗယ်မြင့်ပြီး ၎င်းမှာ မှင်ရောင်ပန်းချီနှင့် တောင်တန်းများ ရေများစီဆင်းနေသော စတိုင်ဖြစ်ပေသည်။ ထိုအရာမှာ တင်းရှနှင့် အလွန်လိုက်ဖက်လှသည်။

တစ်ခါတစ်ရံ တုရိုရိုမှာ စဉ်းစားဖူးသည်၊ ဒီစုံတွဲသည် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ?

ရုပ်ရည်လည်း ကြည့်ကောင်းသည်၊ ဘဝကလည်း ကောင်းမွန်လှသည်၊ သူတို့နှစ်ယောက် ဆက်ဆံရေးလည်း ကောင်းမွန်သည်၊ ထို့အပြင် မခံချိမခံသာ အဖြစ်ဆုံးမှာ မွေးထားသော ကလေးကလည်း လိမ္မာနေခြင်းပင်ဖြစ်သည်။ အလွန်တရာ မတရားပေ!

တုရိုရိုသည် တင်းရှက သူမကိုယ်တိုင်အတွက် အထူးပြင်ဆင်ထားသော ဝှိုက်ကျစေသည့် အစားအစာကို ခံပြင်းစွာ တစ်လုတ်စားလိုက်သည်။

ဟုတ်ပေသည်၊ ရေပန်းစားသော တောင်းဆိုချက်များကို အလုပ်အကျွေးပြုရသော တာဝန်အရ သူတို့စားသောက်ဆိုင်သည် နွေရာသီ စပယ်ရှယ် ဝှိုက်ချအစားအစာများကို စတင်မိတ်ဆက်လိုက်သည်။

တုရိုရိုစားနေသော တစ်ခုမှာ အလွန်ရေပန်းစားသော ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်နေသည်။

အရိုးထုတ်ထားသော ပင်လယ်ငါးကြီးအသားကို ဆီမပါပဲ ဒယ်ပြားဖြင့် ကြော်ထားသည်ကိုမှ လက်တစ်ခုတ်စာ ခါးသော ဂန္ဓမာစိမ်းနှင့် အရွက်များသော ဟင်းရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ထောပတ်သီးနှင့် ပြောင်းဖူးစေ့နှင့်အတူ အခြားဟင်းသီးဟင်းရွက်များ၊ ပဲတောင်ပံစသည့်အပြင် ရောနှောထားသော ဆန်အစေ့အဆံများ၊ ခရမ်းရောင် အာလူးအသေး နှစ်လုံးနှင့် မာအောင် ပြုတ်ထားသော ကြက်ဥပြုတ်တစ်လုံးတို့လည်း ပါဝင်နေသည်။

ထိုပါဝင်ပစ္စည်းများမှာ များပြားသော်လည်း ကယ်လိုရီမှာ အလွန်နည်းပါးသည်။

တင်းရှ၏ အထူးပြုလုပ်ထားသော စပျစ်ရည် သို့မဟုတ် အဆီပါဝင်မှုနည်းသော နှမ်းအနှစ်ကို လောင်းထည့်လိုက်သောအခါ ထိုဝှိုက်ချသည့် အစားအစာကို စားရသည်မှာ ရှောရှောရှူရှူပင် စားဝင်သွားပေသည်။

များစွာသော အမျိုးသမီးငယ်များသည် ထိုအစားအစာကို ပါဆယ်ထုတ်ကာ ဝယ်သွားကြပြီး အထူးသဖြင့် တံခါးဝဘေးတွင် ယောင်းမကုန်း၏ အသီးနှင့်အရွက် ဖျော်ရည်ကောင်တာကို စတင်ရောင်းချသည်မှစကာ ပို၍လူသိများလာကြသည်။

တင်းရှသည် သူမဖုန်းကို ပွတ်ကြည့်နေကာ နောက်ထပ် မည်သို့ ဗီဒီယိုရိုက်လျှင် ကောင်းမည်ကို ရှာဖွေနေသည်။ ကြောင်လေးကြက်ဥနှစ်သည် သူမခြေထောက်နားကို ပွတ်ရင်းချွဲပြနေသည်။ ကြောင်ပေါက်လေးနှစ်ကောင်ကလည်း ခုံတန်းပေါ် ခုန်တက်ကာ ထိုမှတစ်ဆင့် သူမပေါင်ပေါ် ခုန်တက်ရန်ကြိုးစားနေသည်။

အဒေါ်ကျွမ်းသည် ဆိုင်၌မရှိပေ၊ သူမသည် စီလီ၏ ကျောင်းသို့ လိုက်သွားခဲ့သည်။

စီလီသည် အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲကို ဖြေရတော့မည်ဖြစ်သည်။ ဆရာမသည် ကျောင်းသားမိဘတိုင်းကို အထက်ကျောင်းများ ရွေးချယ်မှု၏ ကောင်းကျိုးနှင့် ဆိုးကျိုးကို နားလည်စေဖို့ ပြောပြပေးနေသည်။

ရှစ်ထုန်လေးကိုလည်း မူကြိုကျောင်းသို့ ပို့လိုက်ပြီဖြစ်သည်။ တုံ့ပြန်မှု နှေးကွေးသေးသော်လည်း သူသည် ကောင်းကောင်းမွန်မွန် ပြုမူနေပြီး ပြောစကားနားထောင်သည်။ သူ့အတန်းထဲမှ ကလေးမလေးတစ်ယောက်သည် သူ့နောက်လိုက်ကာ သူ့ကိုကာကွယ်ပေးရသည်ကို သဘောကျနေသည်။

လင်းကျားယွီသည် တံခါးကို တွန်းဖွင့်လိုက်သည်။ “ဆိုင်ထဲမှာ အေးပြီး နေလို့ကောင်းလိုက်တာ!”

သူသည် ပေါ့ပါးပြီး သပ်ရပ်သော ရှပ်အင်္ကျီအဖြူတစ်ထည်ကို ဝတ်ဆင်ထားသည်။ အင်္ကျီလက်များကို ခေါက်တင်ထားပြီး ဆံပင်ကိုလည်း သေသပ်စွာ ဖြီးထားသည်။

သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူသည် စာသင်အပြီး ဤဆိုင်သို့ တန်းလာသည့် ပုံပေါက်နေသည်။

သူသည် ငွေအနားကွက် မီးခိုးရောင်မျက်မှန်ကို တပ်ထားပြီး သူ့နှုတ်ခမ်းထောင့်မှ နူးညံ့သော အပြုံးတစ်စုံကို တွေ့နေရသည်။ “သူဌေးမမှာ အချိုပွဲအသစ်တွေ ရှိတယ်လို့ ကြားတယ်၊ အဲ့ဒါ အားပေးမလို့ဆိုပြီး လာလိုက်တာ”

All Chapters