← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

ရှောင်ကျွင်း ပြန်ရောက်လာသည်အထိ တင်းရှမှာ မထိန်းနိုင်အောင် တုန်ရီနေဆဲ ဖြစ်နေသည်။

“ကျွန်မ…ကျွန်မ သူ့ကို မဆွဲထားနိုင်ခဲ့ဘူး…”

ရှောင်ကျွင်းသည် အခြေအနေတစ်ရပ်လုံးကို သဘောပေါက်ထားပြီးသား ဖြစ်နေသည်။ တင်းရှကို ဖက်ထားကာ နှစ်သိမ့်ပေးနေသည်။ “အားလုံးအဆင်ပြေသွားပြီ၊ ပြီးလည်း ပြီးသွားခဲ့ပြီလေ၊ ကောင်မလေးကိုလည်း ကယ်လိုက်နိုင်ခဲ့တယ် ပြီးရင် ဟိုလူမိုက်ကလည်း တောင်းပန်ခဲ့ပြီးပြီ”

“အရာအားလုံး ပြီးသွားခဲ့ပြီပဲ”

တင်းရှသည် ရှောင်ကျွင်းအင်္ကျီစကို ကြောက်ရွံမှုဖြင့် ဆုပ်ကိုင်ထားပြီး ပြောခဲ့သည်။ “ကျွန်…ကျွန်မ ပထမဦးဆုံးအကြိမ် အင်အားမဲ့သွားသလို ခံစားခဲ့ရတယ်…”

သူမသည် တစ်ခဏလောက် စဉ်းစားနေခဲ့ပြီး အဆုံးတွင် ထိုသို့ ပြောခဲ့သည်။ “အရမ်းကို ကူရာမဲ့နေခဲ့တယ်…”

ရှောင်ကျွင်းသည် သူမနဖူးကို နမ်းပြီး ပြောခဲ့သည်။ “မင်းက အံ့သြစရာကောင်းပါတယ် မင်းသူ့ကို လှမ်းဆွဲထားနိုင်ခဲ့တာပဲ သူလည်း ထွက်သွားဖို့ တစ်ခုတည်း တွေးနေခဲ့တာမှ မဟုတ်တာ၊ သူ့မှာလည်း တခြား တွယ်တာစရာလေးတွေ ရှိနေခဲ့မှာပဲ”

တင်းရှသည် ကြောက်လန့်ဆဲ ဖြစ်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူမသည် မတ်တပ်ထရပ်လိုက်ပြီး ပြောခဲ့သည်။ “ကျွန်…ကျွန်မ စွပ်ပြုတ်သွားပြုတ်လိုက်ဦးမယ် ပြီးရင် ဆေးရုံ ခဏသွားမယ်”

“ကောင်းပါပြီ၊ ကိုယ် ကူလုပ်ပေးမယ်” ရှောင်ကျွင်းသည် သူမနောက်လိုက်လာကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

စွပ်ပြုတ်ပြုတ်နေစဉ် တင်းရှသည် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေသည်။ ရှောင်ကျွင်းသည် သူမလက်ချောင်းလေးများကို ဓါးမလှီးမိအောင် အကြိမ်ကြိမ် လိုက်လုပ်ပေးနေရသည်။ နောက်ဆုံးတွင် သူသည် စိုးရိမ်ကြီးစွာဖြင့် သူမကို ကုလားထိုင်ပေါ် ရောက်အောင် တွန်းလိုက်ပြီး ပြောခဲ့သည်။ “စိတ်နဲ့ကိုယ်နဲ့ ကပ်စမ်းပါ၊ ကိုယ်လုပ်ပေးတာကိုသာ ထိုင်ကြည့်တော့”

တင်းရှသည် ထိုင်မည်ဟုလည်း ပြန်မပြောပဲ ကုလားထိုင်ပေါ်တွင်သာ ထိုင်ချလိုက်သည်။ ရှောင်ကျွင်းက ဝက်နံရိုးစွပ်ပြုတ် ပြုတ်နေသည်ကို ထိုင်ကြည့်နေလေသည်။

သူတို့သည် ဆေးရုံသို့ ရောက်လာသောအခါ ကောင်မလေးသည် သတိလစ်နေဆဲ ဖြစ်နေသည်။ ရဲအရာရှိသည် တင်းရှကို မှတ်မိပြီး သူမနှင့် တစ်ခဏမျှ စကားပြောနေခဲ့သည်။

“ကောင်မလေးမှာ မိသားစုမရှိတော့ဘူး၊ သူ့မိသားစုလေးက ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ကပ်ရောဂါကြီးဖြစ်တော့ အားလုံးဆုံးပါးသွားကြတယ်၊ သူတစ်ယောက်တည်းသာ ကျန်နေခဲ့တယ်၊ အဲ့တော့ ကြည့်ရတာ သူလည်း အရမ်းစိတ်ပင်ပန်းနေပုံရတယ်၊ စိတ်ဓါတ်လည်း ကျနေခဲ့ပုံရတယ်” ရဲအရာရှိသည် သက်ပြင်းချခဲ့သည်။

တင်းရှလည်း ခက်ခက်ခဲခဲနှင့် မေးလိုက်သည် “သူ့မိသားစု…..အကုန် ဆုံးသွားတာလား”

“ဟုတ်တယ် သူ့အဖေဖက်ရော အမေဖက်ရော၊ အဲ့ကောင်မလေး တစ်ယောက်တည်း ကျန်နေခဲ့တာ၊ စုံစမ်းစစ်ဆေးဖို့အတွက် သူ့အိမ်ကို ဒီနေ့လည် သွားခဲ့တုန်းက အိမ်နီးနားချင်းတွေကို မေးခဲ့သေးတယ်၊ ကောင်မလေးက အိမ်မှာအလိုလိုက်ခံထားရတာ အိမ်အလုပ်တောင် မလုပ်ဖူးဘူးတဲ့၊ အခုတော့ သူတစ်ယောက်တည်း အသုဘကိစ္စအဝဝတွေကို လိုက်လုပ်နေရတယ်၊ တစ်နေ့ထပ်တစ်နေ့လည်း ပိုပိန်လာပြီးတော့ မျက်နှာမှာ အပြုံးတောင် မတွေ့ရတော့ဘူးတဲ့”

ရဲအရာရှိသည် နေ့လည်က ကောင်မလေးသတင်းကို ကြားခဲ့ရပြီးနောက် အနည်းငယ် စိတ်မကောင်းသလို ခံစားသွားခဲ့ရသည်။

“ဒါပေမဲ့ သူ့မှာ မင်းအပေါ် အထင်ကြီးစရာကောင်းနေတာကို ကျွန်တော် တွေ့နေရတယ်၊ အလုပ်အရမ်း မရှုပ်ဘူးဆိုရင် သူ့အတွက် အချိန်ပေးပြီး အားပေးဖို့ ကြိုးစားပေးပါ၊ အခုမှ ငယ်ငယ်လေးပဲရှိသေးတော့ သူ့အသက်ကို ကယ်လိုက်နိုင်တာက ကောင်းတဲ့အလုပ်တစ်လုပ်ပါပဲ” ဟုရဲအရာရှိက ပြောခဲ့သည်။

“ကောင်းပါပြီ၊ သူနဲ့အတူ အဖော်လာနေပေးပြီး အားပေးစကားတွေ သေချာပေါက် ပြောပေးပါ့မယ်” တင်းရှသည် အခိုင်အမာ ခေါင်းညိမ့်ပြလိုက်သည်။

“စကားမစပ် ကျွန်တော်တို့တွေ ဟိုအသိတရားမရှိတဲ့ကောင်တွေကို ဆုံးမပြီးပါပြီ၊ ကောင်မလေး နိုးလာရင် အဲ့အကြောင်း ပြောပြပေးလိုက်ပါဦး” ရဲအရာရှိက ပြောခဲ့သည်။ “ကျွန်တော်တို့အတွက် ဒီမှာ ကြီးကြီးမားမား လုပ်စရာ မရှိတော့ပါဘူး၊ စခန်းမှာလည်း အလုပ်လေးတွေ ရှိနေသေးတော့ ဒါပေမဲ့ တစ်ခုခုသာ ဖြစ်ရင် ကျွန်တော်တို့ကို ခေါ်လိုက်ဖို့ မမေ့နဲ့နော်၊ ကျွန်တော် ချက်ချင်း လာခဲ့ပါ့မယ်”

“အိုကေ ကျွန်မ နားလည်ပါပြီ” တင်းရှက သဘောတူလိုက်သည်။

ရှောင်ကျွင်းနှင့် တင်းရှတို့နှစ်ယောက် ကောင်မလေးအခန်းထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ ကောင်မလေးသည် မျက်နှာဖြူဖပ်ဖြူရော်နှင့် လှဲနေပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

တင်းရှသည် မနေနိုင်ပဲ ကောင်မလေးဆံပင်ကို နားနောက်သို့ သပ်ပေးလိုက်သည်။

ကောင်မလေး မျက်လုံးများ လှုပ်လာပြီး ဖွင့်ဖို့ကြိုးစားနေသည်။ တင်းရှကို မြင်လိုက်သောအခါ သူမသည် ပြုံးပြပြီး စကားပြောလိုက်သည်။ “အစ်မ”

“အင်း ဘယ်လိုနေလဲ နေရတာသက်သောင့်သက်သာ မဖြစ်တဲ့နေရာရော ရှိသေးလား” တင်းရှသည် ထိုင်ချလိုက်ပြီး ဂရုတစိုက် မေးနေလေသည်။

“မရှိပါဘူး ကျေးဇူးပါ အစ်မ” ကောင်မလေးသည် ခေါင်းယမ်းပြလိုက်သည်။

သူမသည် ထထိုင်ချင်နေသည်။ ထို့ကြောင့် တင်းရှသည် သူမနောက်ကျောတွင် ခေါင်းအုံးခံပေးပြီး ရှောင်ကျွင်းအား ကုတင်ကို မြှင့်ခိုင်းလိုက်သည်။

“အစ်မ မင်းအတွက် စွပ်ပြုတ်ပြုတ်လာပေးတယ်၊ စားကြည့်မလား ဒါက အရသာရှိတဲ့ ဝက်နံရိုးနဲ့ ကျောက်ဖရုံသီး စွပ်ပြုတ်” တင်းရှသည် သူမအတွက် တစ်ပန်းကန်စာ စွပ်ပြုတ် လောင်းထည့်ပေးလိုက်သည်။

စွပ်ပြုတ်သည် ပူပူလောလော ဖြစ်နေပြီး အနံ့လေးကလည်း မွှေးနေသည်။

ကောင်မလေးသည် တစ်စွန်းသောက်ကြည့်ပြီး ပြောလိုက်သည်။ “ဒီစွပ်ပြုတ်က ကျွန်မအမေ ပြုတ်ပေးတဲ့ အတိုင်းပဲ”

“အမေ့ကို လွမ်းလိုက်တာ”

ကောင်မလေးသည် ခေါင်းကို အနည်းငယ်ငုတ်လိုက်ပြီး ကြိတ်၍ ငိုနေမလား ဆိုသည်မှာ သေသေချာချာ ပြော၍ မရနိုင်ပေ။

“အမေ့ကို မတွေ့ရတာ ကြာခဲ့ပြီ၊ ကပ်ရောဂါကြီးစဖြစ်ကတည်းက ကျွန်မ ကျောင်းကနေ အိမ်ကို ပြန်မလာနိုင်ခဲ့ဘူး ပြီးတော့ ကျွန်မ ပြန်လည်းပြန်လာရော ကွာရန်တင်းဝင်လိုက်ရတယ်၊ အဲ့ကတည်းက စပြီး အမေ့ကို မတွေ့ရတော့တာ”

“အမေ့ကို နောက်ဆုံးတစ်ကြိမ်လေးတောင် မတွေ့လိုက်ရဘူး”

ကောင်မလေးသည် သက်ပြင်းချလိုက်သည်။ “အရမ်းသတိရတာပဲ”

တင်းရှသည် ထထိုင်လိုက်ကာ သူမကို ဖက်ထားပေးသည်။

ကောင်မလေးသည် ရှိုက်ကြီးတငင် ငိုပါလေတော့သည်။ “ဘာလို့ ကျွန်မတို့ မိသားစုမှ အဲ့လိုဖြစ်ရတာလဲ ကျွန်မတို့ ဘာမှားခဲ့လို့လဲ ဘာလို့ အမေနဲ့အဖေမှ ဖြစ်ရတာလဲ ဘာလို့လဲ”

“ကျွန်မ သူတို့ကို အရမ်းသတိရတာပဲ! အရမ်းတွေ့ချင်တယ်! အမေချက်တဲ့ ဟင်းတွေ ထပ်စားချင်သေးတယ် အဖေနဲ့အတူ ပြေးချင်သေးတယ် အဖိုးအဖွားဆီ သွားလည်ချင်သေးတယ် ရွာမှာရှိတဲ့ ခြံဝန်းလေးထဲ ပြန်သွားပြီး ဖရဲသီးတွေစားလိုက် နှံကောင်တွေဖမ်းလိုက်နဲ့ နေချင်သေးတယ်!”

တင်းရှသည်လည်း သူမမျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။ သူမသည် ကောင်မလေးကို မည်သို့နှစ်သိမ့် ပေးရမှန်းမသိတော့ပါ။ သေခြင်းတရားဆိုသည်မှာ အနိုင်ယူ၍မရနိုင်သော ခွဲခွာခြင်းပင် ဖြစ်သည်။ ထို့နောက် နှစ်သိမ့်ပေးခြင်းသည် သေခြင်းတရားကိစ္စတွင် သိပ်အရာမထင်သလို ဖြစ်နေလိမ့်မည်။

ကောင်မလေးသည် အချိန်အတော်ကြာ ငိုကြွေးနေခဲ့သည်။ တင်းရှ၏ အင်္ကျီမှာ သူမမျက်ရည်များနှင့် စိုကုန်သည်။ ကြည့်ရတာ သူမအတွက် ထိုသို့ မှီနားရင်း ငိုကြွေးဖို့ ပုခုံးကို ရှာမတွေ့သည်မှာ အချိန်အတော်ကြာသွားခဲ့ပုံပေါ်နေသည်။

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ သူမသည် အလျင်အမြန်ပင် အရွယ်ရောက်လာကာ သူမမိသားစုတစ်စုလုံး၏ ရင်နင့်ဖွယ် ထွက်ခွာသွားမှုကြောင့် မိသားစုတာဝန်ကို ပုခုံးလွှဲ ထမ်းဆောင်၍ စီစဉ်ဆောင်ရွက်မှုများကို တစ်ယောက်တည်း လုပ်ဆောင်နေရသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

ကောင်မလေးသည် အားပါးတရ ငိုကြွေးပြီးနောက် သူမမျက်လုံးများ နီရဲကာ ဖောင်းနေသည်။ “တစ်နေ့ခင်းလုံး ကျွန်မရဲ့ စိတ်မကောင်းဖြစ်မှုက ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်”

“ကလေးတစ်ယောက်ရဲ့ စိတ်မကောင်းဖြစ်မှုက တစ်ခါတစ်ရံမှာ ဖွင့်ချလိုက်လည်း ဘာမှမဖြစ်ပါဘူး”

တင်းရှသည် သူမဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

“ကျွန်မလည်း အမှန်တကယ်တော့ မသေချင်ခဲ့ပါဘူး” ကောင်မလေးက ပြောလိုက်သည်။ “ဒီတိုင်း နေမင်းကြီးက ထွန်းလင်းနေရင်တောင် ကျွန်မ အဲ့ဒါနဲ့ပက်သက်ပြီး ဘာမှလုပ်စရာ မလိုတော့ဘူးလို့ တွေးခဲ့တာပါ အဲ့လိုတွေးပြီး ထွက်သွားဖို့ လုပ်ခဲ့မိတယ်”

“ဒါပေမဲ့ အခုတော့ ကျွန်မနဲ့အတူ နေရောင်ခြည်ကို ပျော်ပျော်ကြီး ခံစားပေးမည့်လူကို တွေ့သွားခဲ့ပြီလေ”

ကောင်မလေးက ပြုံးရင်း “နောက်ထပ် လုပ်ရမည့်အရာတွေက ခက်ခဲဦးမှာပါ၊ ဒါပေမဲ့ ကျွန်မ စိတ်ဆရာဝန်နဲ့ ပြမယ်၊ ဆေးလည်း သေချာသောက်မယ်၊ ကုသမှုလည်း ခံယူမယ်၊ ပြီးတော့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို တိုက်ထုတ်ပစ်မယ်”

“ကျွန်မ ဝမ်းနည်းတဲ့အခါ ရှင့်ကို ဆက်သွယ်လို့ရလား”

“ဒါပေါ့ အချိန်မရွေး ကြိုဆိုပြီးသား” တင်းရှသည် သူမကို ဖုန်းနံပါတ်ပေးခဲ့သည်။ “နေ့တိုင်းဖုန်းဆက်လိုက်မယ်နော်”

“ကျေးဇူးပါရှင့်” ကောင်မလေးက အားတက်သရော ပြောခဲ့သည်။

“ဒါနဲ့ အစ်မလေ အခုတလော ဟင်းလျာအသစ်တွေ စမ်းလုပ်နေတာ၊ အပန်းမကြီးဘူးဆိုရင် နေ့တိုင်းလာပြီး မြည်းစမ်းပေးလို့ရတယ်၊ ဆိုင်အလုပ်ကလည်း အမြဲအလုပ်ရှုပ်နေတော့ အစ်မ မင်းအကူအညီ လိုလိမ့်မယ်၊ ဘယ်လိုလဲ လာချင်လား” တင်းရှသည် သူမအတွက် စိုးရိမ်နေတုန်းပင် ဖြစ်သည်။

“လာချင်တယ်” ကောင်မလေးက ခေါင်းညိမ့်ပြလိုက်သည်။

တင်းရှသည် နောက်ဆုံးတွင် ထိုစကားကို ကြားပြီး စိတ်အေးသွားလေတော့သည်။

အိမ်ပြန်လမ်းတွင် ရှောင်ကျွင်းသည် တင်းရှလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုအဖြစ်အပျက်မှာ သူတို့နှစ်ယောက်သားအပေါ် နက်ရှိုင်းသော သက်ရောက်မှုများ ရှိနေပြီး နှစ်ယောက်စလုံး ပြောစရာစကားလုံးများ ပျောက်ဆုံးနေကြသည်။

စားသောက်ဆိုင်သို့ ပြန်ရောက်လာသောအခါ ဖျင်အန်းလေး ငိုနေသည်ကို ကြားပြီး မနေနိုင် မထိုင်နိုင်ဖြစ်ကာ စိုးရိမ်စိတ်များ ဝင်လာလေသည်။

တင်းရှသည် အလျင်အမြန် သွားလိုက်ပြီး “ဘာဖြစ်တာလဲ ဖျင်အန်း”

ဖျင်အန်းလေးသည် အဒေါ်ကျောက်လက်ပေါ်တွင် တွန့်လိမ်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ တင်းရှလည်း သူ့ကိုမြင်ပြီး ရင်ထဲစူးကနဲ ဖြစ်သွားသည်။

“အဒေါ်လည်း မင်းတို့ကို ဒီနေ့တစ်နေကုန် မတွေ့မိဘူး၊ အဲ့ဒါနဲ့ မင်းတို့ကို လိုက်ရှာနေတာ၊ ကလေးကလည်း ငိုတာမရပ်တော့ဘူး ချော့လို့လည်းမရ” အဒေါ်ကျောက်က ရှင်းပြပြီး ဖျင်အန်းလေးကို သူမဆီ ပေးလိုက်သည်။

“လာပါဦး မငိုတော့နဲ့၊ မေမေ ချီထားပေးမယ်” တင်းရှသည် ဖျင်အန်းလေးကို စိတ်ရှည်ရှည်နှင့် ညင်သာစွာ ချော့မြူပေးနေသည်။

ရှောင်ကျွင်းသည် ထိုသားအမိနှစ်ယောက်ကို ကြည့်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

တင်းရှသည် ဒီနေ့တစ်နေ့လုံး ထိတ်လန့်နေခဲ့သည်။ ထို့ပြင် သူမ၏ကျန်းမာရေး မကောင်းမွန်မှုကြောင့် ညရောက်လာလျှင် ဖျားမှာကို စိုးရိမ်နေသည်။

တင်းရှသည် ဂျင်းပြုတ်ရည်သောက်ထားသော်လည်း ညရောက်သောအခါ ဖျားပါလေတော့သည်။ ရှောင်ကျွင်းကို မူးဝေမိန်းမောနေသော အခြေအနေဖြင့် ခေါ်နေခဲ့သည်။

ရှောင်ကျွင်းသည် သူမကို အဖျားနှစ်ခါတိုင်းလိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် “မဖြစ်ဘူး၊ ဆေးရုံခေါ်သွားရမယ်” ဟုပြောလိုက်သည်။

ညသန်းခေါင်ကြီး ဆေးရုံအရေးပေါ်အခန်းတွင် ဒရစ်ပ်ချိတ်ထားရပြီး တင်းရှ အေးအေးဆေးဆေး အိပ်စက်နိုင်တော့မှသာ ရှောင်ကျွင်းတစ်ယောက် စိတ်ချသွားနိုင်လေတော့သည်။

မည်သို့ပင်ဖြစ်စေ ထိုအခြေအနေကြောင့် သူတို့ဆိုင်သေးသေးလေးကို ခဏပိတ်ထားလိုက်လေသည်။

တင်းရှသည် ပိုကောင်းအောင် လုပ်ထားသော ဟင်းသီးဟင်းရွက် ချဉ်ဖတ်လုပ်နည်းကို ဖန်ရှန်းရှန်းဆီ ပို့ထားပြီး တုရိုရိုကို သူတို့သိုလှောင်ရုံအား ဗီဒီယိုမှတ်တမ်းတင် ရိုက်စေကာ အွန်လိုင်းပေါ်က မိတ်ဆွေများကို အသိပေး၍ အိမ်တွင် လူများနှင့်သီးသန့်ခွဲနေပြီး နေပြန်ကောင်းအောင် သေချာနားနိုင်ဖို့အတွက် နေရာထိုင်ခင်းများ အစီအစဉ်ကျအောင် လုပ်လိုက်သည်။

ရှောင်ကျွင်းသည် တင်းရှနှင့်အတူ လူများနှင့်သီးသန့်ခွဲနေခြင်းကို လုပ်ကာ ထိုနေ့ရက်များတွင် အလုပ်သိပ်မလုပ်ပဲ စားလိုက် အိပ်လိုက် နေလေသည်။ သူတို့ နိုးလားသည့်အချိန်တိုင်း နောက်တစ်ခါ ထပ်စားကာ အားလပ်ချိန်များတွင် ဟင်းချက်နည်းများအကြောင်း လေ့လာနေကြသည်။ အံ့သြစရာကောင်းသည်မှာ လူများနှင့်သီးသန့်ခွဲနေသည့် ကာလအတွင်း သူတို့သည် ကိုယ်အလေးချိန်များ တိုးလာခဲ့သည်။

တုရိုရိုမှာ သူတို့နှစ်ယောက်၏ လူများနှင့် သီးသန့်ခွဲနေသော ကာလ ပြီးဆုံးသွားသောအခါ အပျော်ဆုံးဖြစ်နေခဲ့သည်။ အကြောင်းမှာ သူမသည် အရသာရှိသော စားစရာများကို နောက်ထပ် မြည်းစမ်းခွင့် ပြန်ရလာသောကြောင့်ဖြစ်သည်။

ဆိုင်လေးပြန်ဖွင့်သောအခါ ရောင်းအားသည် မထင်မှတ်လောက်အောင် ရောင်းရသည်။ ကလေးကို ထိန်းပေးသော အဒေါ်ကျောက်မှလွဲ၍ အခြားလူများမှာ ကိုယ်စီအလုပ်များဖြင့် အလုပ်ရှုပ်နေကြသည်။

တင်းရှသည်လည်း စားပွဲပေါ်မှ ကြွေကျနေသော ပန်းပွင့်များကို သိမ်းဆည်းဖို့ အချိန်တောင် မရှိပေ။

နောက်ဆုံးတော့ အားလပ်ချိန်ရလာသော တစ်ရက်တွင် တင်းရှသည် ပန်းဆိုင်သို့ သွားကာ များစွာသော ပန်းမျိုးစုံတို့ကို မှာယူလိုက်သည်။ ဆိုင်လေးသည် ထူးခြားသော ဧည့်သည်စုံတွဲများကိုလည်း ကြိုဆိုနေခဲ့သည်။

All Chapters