← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

ခရီးစဉ်သည် သိပ်မကြာလိုက်ပေ၊ အကြောင်းမှာ အိမ်တွင်ကျန်ခဲ့သော သေးသေးလေးသည် ချော့မြူ၍ မရဖြစ်နေသောကြောင့်ဖြစ်သည်။

ထျန်းထျန်းသည် စခရင်ပေါ်တွင် ငိုရှိုက်နေသည့်အလျောက် မျက်လုံးများမှာ မျက်ရည်များဖြင့် ရွှန်းလဲ့နေသည်။

တင်းရှသည် အလွန်အမင်းပင် စိတ်ဓါတ်ကျသွားပြီး ထိုကလေးလေးကို စခရင်ပေါ်ကနေ အချိန်အကြာကြီး ချော့မြူပေး၍လည်းမရဖြစ်နေသည်။

ရှောင်ကျွင်းသည် အပြန်လက်မှတ်များကို ဝယ်လိုက်သည်။ သူတို့နှစ်ယောက်အတွက် ခရီးတိုလေးဖြစ်သော်လည်း အိမ်တွင်ကျန်ခဲ့သော ကလေးလေးမှာ သူတို့၏ အသည်းကျော်လေးဖြစ်နေသည်။

ထို့အပြင် ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာလည်း အထမြောက်သွားခဲ့ပေသည်။

တင်းရှသည် အရင်ကနှင့်မတူပဲ ဖော်ရွေတတ်လာပြီး တောက်ပနေကာ ပို၍ပြုံးလာ ပို၍စကားပြောလာခဲ့ပြီး ကလေးဆိုးလေးတစ်ယောက်လိုလည်း ပို၍ဖြစ်လာခဲ့သည်။

အိမ်ပြန်လမ်းတွင် တင်းရှသည် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ “ကျွန်မ ရေခဲခြစ်စားချင်သေးတယ်! အဲ့ဆိုင်က ရေခဲခြစ်ကအရမ်းစားကောင်းတာ...”

ရှောင်ကျွင်းသည် သူမနှာခေါင်းကို ဆွဲလိုက်ပြီး ထိုသို့ပြောခဲ့သည်။ “ကိုယ်တို့နောက်တစ်ခေါက်လာရင် စားကြမယ်လေ”

ထိုသို့ပြောလိုက်တော့မှသာ တင်းရှ ပျော်သွားသည်။

သူတို့အိမ်ပြန်ရောက်သောအခါ ကလေးလေးသည် အိပ်နေတုန်းဖြစ်သည်။ တင်းရှသည် ဝယ်လာသည့် လက်ဆောင်ပစ္စည်းများကို အခြားလူများထံ ပေးဝေပြီးနောက် ဖျင်အန်းလေးနားမှာ လှဲလိုက်ကာ သူလေး အိပ်ရာမှနိုးလာသည်အထိ စောင့်ပေးနေသည်။

ဆယ်မိနစ်လောက်ကြာသောအခါ ဖျင်အန်းလေးနှာခေါင်းမှာ ဟိုရှုံ့သည်ရှုံ့ဖြစ်နေပြီး ခြေထောက်ကိုကန်ကာ မျက်တောင်ကို ခဏခဏခတ်နေပြီး မျက်လုံးလေးများကို တဖြေးဖြေးဖွင့်လာခဲ့သည်။

သူ့ခေါင်းလေးကို တင်းရှဖက်လှည့်လိုက်ပြီး သူ့အမေပြန်ရောက်နေသည်ကို တုံ့ပြန်ရန်အတွက် ခဏတာ ရပ်တန့်သွားသည်။

သူ့မျက်လုံးလေးများ မျက်ရည်ဝဲလာခဲ့သည်။ တင်းရှကို ကြည့်ပြီး ငိုမဲ့မဲ့ဖြစ်နေသော်လည်း မငိုပဲ သူ့ကိုဖက်ပေး ချီပေးရန် လက်ကမ်းပေးနေသည်။

တင်းရှသည် သူ့ကို အမြန်ကောက်ချီပြီး ဖက်လိုက်သည်။ သူ့ကို ချော့မြူပေးပြီး နမ်းလိုက်ကာ “လိမ္မာတုံးလေး မေမေ ဒီမှာရှိတယ်လေ မငိုနဲ့နော် မငိုနဲ့...”

ဖျင်အန်းလေးသည် တင်းရှလည်ပင်းကို ဖက်ထားကာ လုံးဝမလွှတ်ပေးတော့ပေ။ တင်းကြပ်စွာ တွယ်ကပ်ထားပြီး အစားစားနေရင်းနှင့်တောင် လွှတ်ပေးဖို့ ငြင်းဆန်နေသည်။ သူနောက်တစ်ခါ လွှတ်ပေးလိုက်လျှင် သူ့အမေထပ်ပျောက်သွားမှာ စိုးသောကြောင့်ဖြစ်သည်။

ညဖက်ရောက်သောအခါ သူသည် အိပ်ငိုက်လာပြီး တင်းရှလက်ချောင်းကို ကိုင်ထားဆဲဖြစ်နေသည်။ အဒေါ်ကျောက်သည် ကလေးကိုပြန်ခေါ်ရန် ရောက်လာခဲ့သည်။ သို့သော် အဒေါ်ကျောက်က သူ့ကို ကိုင်လိုက်သည်နှင့် အကျယ်ကြီး ထငိုပါလေတော့သည်။ သူ့မျက်လုံးမှိတ်သွားအောင် ဘယ်လိုမှ ချော့သိပ်၍မရဖြစ်နေသည်။

တင်းရှသည် သူ့ကိုနမ်းပြီး ပြောလိုက်သည်။ “ဒီညတော့ ကျွန်မနဲ့ပဲ အိပ်ပါစေ”

အဒေါ်ကျောက်က ပြောလိုက်သည်။ “ဒါလည်းကောင်းတာပဲ၊ ကောင်ကလေးက အမေကို အရမ်းခင်တွယ်နေတာ ပြီးတော့ အမေကဘေးနားမှာ ရှိတော့မှပဲ သူ့အတွက် လုံခြုံသလို ခံစားသွားစေမှာ”

အဒေါ်ကျောက်ထွက်သွားသည်ကို ကြည့်ရင်း ဖျင်အန်းလေးသည် တင်းရှဘေးနားသို့ တွားသွားလာပြီး သူမလက်မောင်းကို ဖက်ကာ လိမ်တွန့်ထားပြီး သူ့မျက်လုံးလေးများ မမှိတ်ခင် အသံနှစ်ချက်ပေးလိုက်သည်။

တင်းရှသည် ဖျင်အန်းလေးကို ညင်သာစွာ ဖက်လိုက်ပြီး ကျောလေးကို ညင်သာစွာ ပုတ်ပေးရင်း သူအိပ်ပျော်အောင် သိပ်ပေးနေသည်။

ရှောင်ကျွင်းသည် ရေချိုးပြီးထွက်လာကာ ဖျင်အန်းလေးကို တွေ့သွားခဲ့သည်။ “မင်းဘေးနားကနေ မထွက်သွားချင်ဘူးတဲ့လား”

ရှောင်ကျွင်းသည် မီးမှိတ်လိုက်ကာ အိပ်ရာထဲသို့ ဝင်လာပြီး သူ၏အဖိုးတန်သားလေးအပေါ် ကိုယ်ကိုကိုင်းညွှတ်ကာ နမ်းလိုက်သည်။ “အိပ်တော့ကွယ် မင်းတို့တွေ ဒီနေ့ပင်ပန်းနေကြပြီ”

“ဟင်း” တင်းရှသည် ထိုသို့တုံ့ပြန်လိုက်ပြီး သူမမျက်လုံးများကိုလည်း ဖြေးညင်းစွာ မှိတ်လိုက်သည်။

ရှောင်ကျွင်းလည်း လှဲလိုက်သည်။ ဖျင်အန်းလေးသည် သူ့ခြေထောက်များကို ဆန့်ထုတ်ကာ သတိမထားမိပဲ ရှောင်ကျွင်းကို သူ့လက်လေးဖြင့် ထိပြီးနောက် နူးညံ့သော ဟောက်သံလေးများ ပေါ်ထွက်လာသည်။

ထိုမိသားစုသုံးယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး မွန်းတည့်ချိန်ထိ အိပ်ရာမထကြပေ။ တင်းရှသည် ဖျင်အန်းလေးကို ချီလျက် စီလီသည် ရှစ်ထုန်လေးကို စာလုံးများနှင့် ကိန်းဂဏန်းများ ကျက်မှတ်နိုင်ရန်အတွက် သင်ပေးကာ ထိုင်စောင့်နေလေသည်။

တင်းရှ ထွက်လာသည်ကို မြင်လိုက်သောအခါ စီလီသည် တောက်ပစွာ သွားဖြူဖြူများ ပေါ်အောင် အားပါးတရပြုံးလိုက်သည်။ “အစ်မ!”

တင်းရှသည် သူ့ဆီလျှောက်သွားပြီး သူ့ရဲ့ ခေါင်းလုံးလုံးလေးကို ပွတ်ပေးလိုက်သည်။ “ရောက်နေပြီလား ထမင်းရောစားပြီးပြီလား”

“စားပြီးပါပြီ!” စီလီသည် အပြုံးလေးနှင့် ပြောလိုက်သည်။

ရှစ်ထုန်လေးလည်း ဖြေးဖြေးခေါ်လိုက်သည်။ “အစ်မကြီး! “

တင်းရှ ရယ်သွားသည်။ “ဟေး!ရှစ်ထုန်လေးက အရမ်းလိမ္မာတာပဲ!”

“အစ်ကို!” ရှစ်ထုန်လေးသည် စားပွဲတွင် ကပ်တွယ်ထားလျက် တင်းရှလက်ပေါ်က ဖျင်အန်းလေးကို ကြည့်နေသည်။

ဖျင်အန်းလေးသည် သိချင်စိတ်များဖြစ်ပေါ်လာသောကြောင့် လက်ချောင်းကို ကိုက်လျက် ရှစ်ထုန်ကို ကြည့်နေသည်။

“သူက မင်းအစ်ကိုလေ နှုတ်ဆက်လိုက်ပါဦး” တင်းရှသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖျင်အန်းလေး၏လက်ကို ကိုင်ပေးကာ ရှစ်ထုန်အား နှုတ်ဆက်စေသည်။ “ဟယ်လို ကျောက်တုံးကိုကိုရေ ကျွန်တော်က ဖျင်အန်းလေးပါ~”

ဖျင်အန်းလေးသည် သူ့ခေါင်းကို လှည့်လိုက်ပြီး တင်းရှပုခုံးထဲသို့ တိုးဝင်နစ်မြှုပ်လိုက်သည်။ သို့သော် ရှစ်ထုန်လေးကို တိတ်တခိုး ကြည့်နေသည်။

ရှစ်ထုန်သည် ရုတ်တရက် ဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်သွားပြီး “အိုး ဟယ်လို ညီလေး!”

သူသည်ထိုသို့ပြောလျက် ထိုင်ခုံပေါ်တွင် မတ်တပ်ရပ်ချင်နေသည်။ စီလီသည် သူ့ကိုအမြန်ပြေးချီပြီး ဖျင်အန်းလေးကို မြင်အောင် ပြလိုက်သည်။

ထိုကလေးလေးနှစ်ယောက်သည် အချင်းချင်းရင်းနှီးသွားသည့် အမူအရာကို လုပ်ပြပြီးနောက် တင်းရှသည် ဖျင်အန်းလေးကိုအပြင်ခေါ်ထုတ်သွားသည်။ သူတို့သည် တံခါးကနေ ခြေနှစ်လှမ်းလှမ်းရုံနှင့် ထိုနေရာသို့ ရောက်သွားခဲ့သည်။

အချိန်သည် နေ့လည်စာစားချိန်ရောက်တော့မည်ဖြစ်သည်။ ထိုကြားချိန်တွင် ပုံမှန်စားသုံးသူများ ဝင်လာကြသည်။ ရှောင်ကျွင်းနှင့် ဝမ်ဝမ်းဟောင်တို့သည် တစ်လှည့်စီချက်နေချိန်တွင် တင်းရှသည် စားသုံးသူများက ရယ်မောကာ တင်းရှကို ဝိုင်းပြီးနှုတ်ဆက်ကြလေသည်။

တုရိုရိုသည် တူကို ကိုက်လိုက်သည်။ “အစ်မ၊ အစ်မအရမ်းပြောင်းလဲသွားတယ်နော်!”

“တကယ်လား” တင်းရှက ပြုံးလိုက်သည်။ “အဲ့လိုဖြစ်သွားတာကောင်းလား”

“ကောင်းတာပေါ့” တုရိုရိုက ခေါင်းညိမ့်ပြသည်။

ထို့နောက် တင်းရှသည် တုရိုရိုကို ချမ်တူအကြောင်း ပြောပြနေသည်၊ အစားအသောက်များနှင့် ဒေသခံလူများ၏ နေပုံထိုင်ပုံအကြောင်းကို အားတက်သရော ပြောပြနေသည်။

စကားအဆုံးတွင် ထိုမိန်းကလေးနှစ်ယောက်သည် ချမ်တူသို့ အတူသွားရန် ချိန်းလိုက်ကြတော့သည်။

ဝမ်ဝမ်းဟောင်သည် အေပရွန်ကို ချွတ်လိုက်သည်။ “အစ်မ ကျွန်တော် ခွင့်တစ်ရက် လိုချင်လို့”

“ကျွန်တော့်အဖွားဆုံးသွားပြီ”

“ဟမ်?” တင်းရှသည် တစ်ခဏမျှ တန့်သွားသည်။

“အဖွားဆုံးသွားလို့ အဖေက ကျွန်တော့်ကိုပြန်လာဖို့ ခေါ်နေတယ်” ဝမ်ဝမ်းဟောင်သည် သူ့မျက်နှာကို သုတ်လိုက်သည်။

“အစ်မတို့ ကူညီနိုင်မဲ့ဟာရှိရင် ပွင့်ပွင့်လင်းလင်း ပြောသာပြော” တင်းရှသည် ခေါင်းညိမ့်ရင်း ပြောခဲ့သည်။

ဝမ်ဝမ်းဟောင်သည် ဘာမှပြန်မပြောချေ၊ ခေါင်းညိမ့်ပြီးသာ ထွက်သွားပါလေတော့သည်။

တုရိုရိုလည်း ဘယ်လို ပြန်ပြောရမှန်း မသိဖြစ်နေသည်။ “ဘယ်...ဘယ်လိုဖြစ်လို့ ချက်ချင်းကြီး...”

“ဟူး...” တင်းရှသည် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

သူမလက်ပေါ်ရှိ ကလေးလေးကို တစ်ချက်ကြည့်လိုက်သည်။

လူများသည် ရောက်လာလိုက် နှုတ်ဆက်သွားလိုက်နှင့် ထိုအရာကြီးကို ဘဝဟုခေါ်ပေသည်။

တစ်ပတ်လောက်ကြာသောအခါ ဝမ်ဝမ်းဟောင်ပြန်လာခဲ့သည်။

“ဘယ်လိုလဲ” တင်းရှက သိချင်၍ မေးလိုက်သည်။

ဝမ်ဝမ်းဟောင်သည် ခံစားချက်မဲ့နေသော ပုံစံဖြစ်နေသည်။ “အရာအားလုံးက ပြီးသွားခဲ့ပြီ၊ ကျွန်တော့်အဖွားက အိပ်နေရင်း ဆုံးသွားတာ၊ သူမရဲ့ အမူအရာက အရမ်းတည်ငြိမ်နေခဲ့တယ်၊ လူကြီးသဘာဝ မီးစာကုန် ရေခန်းပြီး ဆုံးသွားတာမျိုးပါ”

“ကျွန်တော့်အဖိုးနောက် လိုက်သွားတာဖြစ်မယ်၊ အဖိုးမဆုံးခင်တုန်းက အဖွားက အဖိုးကို တိုးတိုးလေးပြောနေတာ ကြားလိုက်တယ်၊ သူ့ကိုစောင့်နေပေးဖို့၊ ဘာလို့လဲဆိုရင် အဖိုးလက်ရာကို ထပ်စားချင်သေးတယ်တဲ့”

“အဖွားက အဖိုးညွှန်းတဲ့ အစားအစာတွေကို စားပြီး ဘယ်လိုအရသာရှိလဲဆိုတာ အဖိုးကို ပြန်ပြောပြမလို့ ထင်တယ်”

ဝမ်ဝမ်းဟောင်သည် ပြုံးလိုက်သေးသည်။ “အဖိုးကြီးအဖွားကြီးတွေက တစ်ယောက်အပေါ် တစ်ယောက် အရမ်းချစ်ကြတာ၊ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေရင်တောင်မှ နေက်တစ်ရက်ကျရင် စိတ်ဆိုးပြေသွားကြတာပဲ”

တင်းရှသည် ခဏတာ တိတ်ဆိတ်သွားသည်။ “မင်းအဖိုးကို အရမ်းလွမ်းလို့နေမှာပေါ့”

“ဟုတ်မယ် ကျွန်တော်လည်း အဲ့လိုပဲတွေးမိတယ်” ဝမ်ဝမ်းဟောင်က ပြောလိုက်သည်။

ဘဝက ပုံမှန်အတိုင်း ရှေ့ဆက်သွားနေခဲ့သည်။

ဆောင်းဦးရာသီသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ တင်းရှသည် ကုတ်အင်္ကျီထူထူကြီးကို ဝတ်ကာ တွေးနေသည်။ “ဆောင်းဦးကလည်း ခဏလေးလိုပဲနော်”

“ကျွန်မတို့မှာ ဆောင်းဦးရာသီရော တကယ်ရှိလို့လား”

ရှောင်ကျွင်းက ရယ်လိုက်သည်။ “အချိန်ခဏလေးဆိုပေမဲ့ မရှိဘူးလို့ ပြောလို့မရဘူးလေ”

တင်းရှသည် သူမနှုတ်ခမ်းကို စူလိုက်ပြီး “အင်းပါ၊ အဲ့ရာသီရှိတာ ကျွန်မဝန်ခံပါတယ်”

ထိုသို့ပြောခဲ့ပြီး သူမသည် သစ်တော်သီးများ ဝယ်ယူရန် ထွက်သွားခဲ့လေသည်။ အကြောင်းမှာ သူမသည် ဆောင်းဦးသစ်တော်သီးအနှစ်ကို လုပ်ရန်ဖြစ်သည်။

မကြာသေးမီကပင် ဆိုင်ကလူများသည် ချောင်းဆိုးသည့် လက္ခဏာများ ပြနေခဲ့ကြသောကြောင့်ဖြစ်သည်။

ထိုအရာသည် အရမ်းအရေးကြီးသောအရာ မဟုတ်ပေမဲ့ ချောင်းဆိုးသည်မှာ သက်သာသက်သောင့်မရှိလှပေ။

ဆေးသည် အချိုးအဆနှင့် သောက်လျှင် ကောင်းသော်လည်း သူမသည် ဆောင်းဦးသစ်တော်သီးအနှစ်များကို ပြုလုပ်ကာ နေ့စဉ်သောက်ရန် ရိုးရှင်းစွာ ဆုံးဖြတ်ခဲ့သည်။

သူမသည် တုရိုရိုနှင့် အခြားမိန်းကလေးနှစ်ယောက်ကို ခေါ်လာကာ စျေးမှ သစ်တော်သီးများထည့်ထားသော အိတ်ကြီးနှစ်အိတ်ကို ကူသယ်ခိုင်းလေသည်။

တုရိုရိုသည် ကင်မရာကို ထုတ်ကာ ထိုအရာများကို အမိအရရိုက်ဖို့ အလာဟသအဖြစ်မခံပေ။

ဆောင်းဦးသစ်တော်သီးအနှစ်သည် လုပ်ရသည်မှာ မခက်ပဲ လုပ်ရမည့် အချိန်သာ ကြာတတ်သည်။

ကံကောင်းစွာနှင့်ပင် တင်းရှသည် အင်မတန်စိတ်ရှည်သော လူတစ်ယောက်ဖြစ်နေသည်။ သူမသည် တစ်ဆင့်ပြီးတစ်ဆင့် ပုံမှန်လုပ်သွားပြီး တုရိုရိုကို လွန်ခဲ့သည့်ရက်ပိုင်းလောက်က အကြောင်းများကို ပြောပြနေခဲ့သည်။

“ ‘ဆန်မွှေးရနံ့’ က အစီရင်ခံလာတယ်၊ ရောင်းအားတွေက အရမ်းကောင်းပြီးတော့ နောက်ကျရင်လည်း အတူတူပူးပေါင်းကြမယ်တဲ့”

“မဟုတ်ဘူး မဟုတ်ဘူး၊ ‘ဆန်မွှေးရနံ့’ မှာက ချဉ်ဖတ်တွေထက် ပိုတဲ့အရာတွေရှိတယ်! သူတို့မှာ တခြားအရာတွေလည်း ရှိတယ်!”

တုရိုရိုသည် ထိုသို့ပြောနေပြီး သူမဖုန်းကို ထုတ်လိုက်ကာ တစ်ကြိမ်နှစ်ကြိမ်လောက် တို့ထိပြီး တင်းရှကို ပြလိုက်သည်။

“သူတို့မိသားစုမှာက အသင့်စား စားသောက်ကုန်ထုတ်ဖက်လည်း ရှိတယ်၊ ရောင်းအားမကောင်းလို့သာ လူသိမများကြတာ၊ ဒီအသင့်စား စားသောက်ကုန်နဲ့ ပက်သက်ပြီးတော့ အစ်မနဲ့စကားပြောချင်တာလေး ရှိတယ်တဲ့”

All Chapters