(စုလီ)
Vol. 5 Ch. 73
ထိုခြံဝန်းငယ်လေး၏ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ်သည် အချိန်အတော်ယူပြီး ဖြေးဖြေးချင်း လုပ်ဆောင်ရသည်။ စုလီသည် အိမ်ကိုအလှဆင်ဖို့ သစ်သားပန်းပုထွင်းသည့် ဓါးတစ်စုံကို မဝယ်ခင် အိမ်တွင် နောက်ထပ်အသေးစိတ်ထပ်ထည့်စရာများပါသည့် ပုံစံစာရွက်ကို လက်သမားလီအား ဂရုတစိုက် ပေးလိုက်လေသည်။
အလုပ်ပါးသွားသောအချိန်တွင် ပြတင်းပေါက်နားတွင် ပုံဆွဲစာရွက်ကြီးကို ဖြန့်ပြီး ဂရုတစိုက် ပုံဆွဲနေလေသည်။ တစ်ခါတစ်ရံတွင် သူသည် သစ်သားထွင်းသည့် ဓါးကိုကောက်ယူလိုက်ပြီး သစ်သားထွင်းသည်ကို လေ့ကျင့်နေသည်။ သူလုပ်သည်မှာ ပုံစံမကျသော်လည်း ကျေနပ်နေမိသည်။
အိမ်ကိုပြုပြင်ပြီးသွားသောအခါ ကျိုးယောင်သည် ပန်းစျေးနှင့် ငှက်ရောင်းသည့်စျေးသို့ သူနဲ့အတူ လိုက်ခဲ့ပေးသည်။ စုလီသည် ပန်းပင်များကို ဝယ်လာပြီး ပန်းပင်စိုက်နည်းကို သင်ယူနေခဲ့သည်။
ထိုခြံဝန်းငယ်လေးသည် အခုမှ ပုံပေါ်လာတော့သည်။ စုလီသည် ခြံဝန်းအဝင်ဝတွင် ရပ်ပြီး မျက်စိကိုမှေးကြည့်လိုက်သည်။
“အရမ်းကောင်းတယ် သူဌေးကောင်းကောင်းလုပ်နိုင်ခဲ့တယ်! သူဌေးကို အင်ဂျင်နီယာကြီးတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ၊ ဒီလိုမျိုး အနုပညာဆန်ဆန်တွေ လုပ်တတ်မယ် မထင်ထားခဲ့ဘူး!” ကျိုးယောင်က အံ့သြချီးမွမ်းနေသည်။
စုလီသည် ထိုအရာမှာ သူ၏ အနုပညာလက်ရာမဟုတ်ပဲ သူ့အမေလက်ရာဖြစ်ကြောင်းကို မရှင်းပြတော့ပေ။
“ပန်းတွေ နောက်နွေရာသီကျ ပွင့်လာတဲ့အခါကျရင် ငါတို့တွေ ဒီနေရာမှာ အကင်ကင်စားလို့ရပြီ” စုလီသည် ထောင့်တစ်နေရာကို လက်ညှိုးထိုးပြပြီး “နောက်နေ့ကျရင် အဲ့နားမှာ နေလို့ရအောင် တဲလေးထိုးထားဦးမယ်”
ကျိုးယောင်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ရတာပေါ့ဗျာ ကိစ္စမရှိပါဘူး ကျွန်တော့်ကိုသာ အားကိုးလိုက်!”
နောက်တစ်နေ့တွင် အိမ်တွင်းပရိဘောကများကို ထပ်ဝယ်ထည့်ခဲ့သည်။ စုလီသည် လိုအပ်သည်များကို အကုန်လုံး ဝယ်ချလာပြီး နေရာချဖို့ စီစဉ်နေသည်။ လက်သမားလီဆီမှ ကိုယ်တိုင်လုပ်ပရိဘောဂများ လိုအပ်နေကြောင်း သိလိုက်သည်။
စုလီသည် ဆိုင်ဖွင့်ဖို့ စိတ်ကူးမရှိသော်လည်း ဧည့်ခန်းကို စားသောက်ဆိုင်နှင့်တူအောင် ပြင်ထားသည်။
သူသည် တင်းရှနှင့် ရှောင်ကျွင်းတို့၏ ပုံကြမ်းကို အမြန်ဆွဲလိုက်ပြီး တံခါးနားရှိ ဗီရိုအသေးလေးပေါ် တင်ထားကာ ပန်းများကိုလည်း ကောင်းမွန်စွာ စိုက်ထားသည်။
ကျိုးယောင်သည် စိတ်အေးသွားသဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး “နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ သူဌေး ဘာလို့ ဒီလိုမျက်လှည့်တွေအများကြီး လုပ်နိုင်ရတာလဲ ကျွန်တော့်ဖြင့် နားကိုမလည်တော့ဘူး”
စုလီသည် ပြန်မဖြေပဲ နေလိုက်သည်။
အားလုံးလက်စသတ်ပြီးသောအခါ စုလီသည် ခြံဝန်းငယ်လေးသို့ ပြောင်းရွှေ့နေထိုင်ရန် သူ့ခရီးဆောင်ကို သယ်လာသည်။
ကျိုးယောင်သည် တစ်ခဏမျှ ကြောင်သွားသည်။ “သူဌေး တကယ်ပဲ ဒီမှာနေတော့မလို့လား”
“မင်းလည်း ဒီမှာနေချင်ရင် နေလို့ရတယ်”
“နေပါစေ ကျွန်တော်က ဟိုတယ်မှာ တည်းရတာ ပိုကြိုက်တယ်”
စုလီသည် တစ်နေ့တာအတွက် ကော်ဖီတစ်ခွက်နှင့် ပြတင်းပေါက်နားတွင် ထိုင်လျက် စာအုပ်တစ်အုပ်ကို ဖတ်နေသည် သို့မဟုတ် အလုပ်လုပ်နေရသည် ကြိုက်နှစ်သက်သည်။
နေရောင်သည် အတော်အသင့်ပင် ဖြစ်သည်။
သူသည် ကော်ဖီထဲ သကြားမထည့်ခဲ့ပေ။ စုလီသည် ပုံမှန်နှင့်မတူပဲ ပို၍စိတ်သက်သာရာ ရနေပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ ငိုက်မျဉ်းနေသည်။
တစ်စုံတစ်ယောက်က ညင်သာစွာ တံခါးခေါက်လိုက်သည်။
စုလီသည် ကောင်မလေးတစ်ယောက်က တံခါးကို တွန်းဖွင့်နေသည်ကို မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ “တစ်ဆိတ်လောက်ပါရှင့်...ဒါက ကော်ဖီဆိုင်လား မသိဘူး”
“မဟုတ်ပါဘူးဗျာ့ ဒါက ကိုယ်ပိုင်သီးသန့် လူနေအိမ်ပါ” စုလီက ပြောခဲ့သည်။
“အာ? အပြင်ကနေ လှမ်းကြည့်လိုက်တော့ စားပွဲတွေ ကုလားထိုင်တွေ အထဲမှာ ရှိနေတာကို တွေ့လို့ ကော်ဖီဆိုင်ထင်သွားတာ!” ကောင်မလေးက တောင်းပန်သည့်ပုံစံဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ တံခါးပေါ် ကပန်းချီက အရမ်းလှတာပဲနော် အဲ့ဒါက ရှင်နဲ့ရှင့်ချစ်သူကောင်မလေးလား”
“မဟုတ်ဘူး” စုလီ ခေါင်းယမ်းပြလိုက်သည် “သူတို့က ကျွန်တော့်မိဘတွေပါ”
“ဝေါင်း သူတို့တွေ ပျော်ပျော်နေတတ်တဲ့ ချောမောလှပတဲ့ သူတွေပဲ ဖြစ်ရမယ်” ကောင်မလေးက ပြောလိုက်သည်။
စုလီသည် အတန်အသင့် ပြုံးပြလိုက်သည်။ သူသည် ဒီနေ့ စိတ်ချမ်းသာနေသည်။ သူသည် ကောင်မလေးဆီ လျှောက်လာပြီး တံခါးကို တွန်းဖွင့်ပေးလိုက်သည်။ “ဝင်လာပါဦး ခဏလောက်ထိုင်ဦးမလား ကော်ဖီတစ်ခွက် ဖျော်ပေးရမလား”
“နေပါစေ ရှင့်ကို အလုပ်ရှုပ်မိသလို ဖြစ်နေဦးမယ်…” ကောင်မလေးသည် ယဉ်ကျေးသော စကားများကို ပြောနေသော်လည်း သူမသည် တုံ့ဆိုင်းမှုမရှိပဲ ဝင်လာခဲ့သည်။
“ဝေါင်း အထဲမှာ ပိုပြီးတော့တောင် သားနားနေသေးတယ် ကျွန်မ ဓါတ်ပုံရိုက်လို့ရမလား”
“ရိုက်လို့ရတာပေါ့” စုလီသည် သူမအတွက် ကော်ဖီတစ်ခွက်ကို နို့နှင့်သကြားများများထည့်ကာ ဖျော်ပေးလိုက်သည်။
“အရမ်းအရသာရှိတာပဲ! ဒီလိုလက်ရာနဲ့ ကော်ဖီဆိုင်မဖွင့်တာတော့ နှမြောစရာပဲရှင်! “ ထိုကောင်မလေးသည် တစ်ငုံသောက်လိုက်ပြီးနောက် မျက်လုံးများ ကျယ်သွားသည်။
“ကျွန်မနာမည်က ရန်ရှန်ရှန်ပါ၊ ကျွန်မ ဒီကို အပန်းဖြေခရီးထွက်လာတာလေ” ကောင်မလေးသည် သူ့ကိုယ်သူ စတင်မိတ်ဆက်လိုက်သည်။ “ကျွန်မ ဒီနေရာကို လာမိတာက အပြင်ကနေ ကြည့်ရင်အရမ်းလှနေလို့ အဲ့ဒါနဲ့ တံခါးခေါက်ပြီး ဝင်လာခဲ့မိတာ”
“မင်းက ဒီကို အပန်းဖြေခရီးထွက်လာတာပေါ့” စုလီသည် သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ နန်ကျင်းသည် ပုံမှန်အားဖြင့် ခရီးသွားဧည့်သည်မြို့တော်ဟူ၍ အတိအကျမဟုတ်သည့်အပြင် ထို့အတွက်လည်း နာမည်မကြီးပေ။
“ဟုတ်တယ်ရှင့် ကျွန်မက ဒီလမ်းဟောင်းတွေနဲ့ လမ်းကြားတွေကို နှစ်သက်မိလို့၊ ဘာလို့ဆို ကျွန်မက သမိုင်းမေဂျာကို လေ့လာနေတာ ပြီးတော့ ရှေးခေတ်ယဉ်ကျေးမှုတွေကို အထူးသဖြင့် စိတ်ဝင်စားမိတယ်” ဟုရန်ရှန်ရှန်က ပြောလိုက်သည်။
“ကျွန်မက ခရီးသွားရတာကို ကြိုက်တယ်၊ အထုပ်ကိုထုပ် ရထားဘူတာရုံကိုသွား နောက်ထွက်မဲ့ ရထားလက်မှတ်ကို ကျပန်းဝယ်ပြီး ဘယ်နေရာပဲဖြစ်ဖြစ် သွားလိုက်ချင်တယ်”
စုလီ၏မျက်ခုံးများ အနည်းငယ် ပင့်တက်သွားခဲ့သည်။ “မိန်းကလေးတစ်ယောက်တည်း အဲ့လိုလျှောက်သွားတာက အန္တရာယ်ရှိနိုင်တယ်မလား”
“ကျွန်မ ငယ်ငယ်ကတည်းက ကိုယ်ခံပညာကို သင်ထားတယ်လေ” ရန်ရှန်ရှန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
ကျိုးယောင်ပြန်လာသောအခါ စုလီသည် ကောင်မလေးတစ်ယောက်ကို တံခါးဝအထိ လိုက်ပို့နေသည်ကို တွေ့ပြီး အံ့သြသွားသည်။
“အဲ့ဒါဘယ်သူလဲ” ကောင်မလေး ထွက်သွားသောအခါ သူသည် ခပ်သွက်သွက်လျှောက်လာပြီး အသည်းအသန်မေးလိုက်သည်။
“လမ်းပျောက်နေတဲ့ ကောင်မလေးပါ” စုလီက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ကျိုးယောင်သည် နောက်ထပ်မေးစရာများ ရှိနေသော်လည်း စုလီသည် သူ့ကိုစကားတစ်ခွန်းတည်းနဲ့ နှုတ်ပိတ်လိုက်သည်။ “သုတေသနဓါတ်ခွဲခန်းကို အမြန်သွားလိုက်ဦး”
ကျိုးယောင်သည် ပြည့်ကြပ်နေသော မနက်ဖြန်အချိန်ဇယားတွင် နောက်ထပ်လုပ်စရာတစ်ခု ထပ်တိုးခံလိုက်ရပြီး ထိုအချိန်ဇယားသည် လူကိုပင်ပန်းပြီး သေစေနိုင်လေသည်။
စုလီက မထင်မှတ်ထားသည်မှာ ရန်ရှန်ရှန်သည် သူ့ဆီ နောက်တစ်နေ့ ထပ်လာခဲ့ခြင်းဖြစ်သည်။
“ဟေး သူဌေး?” ရန်ရှန်ရှန်သည် မှန်ကို ခေါက်လိုက်ပြီးနောက် တံခါးဆီသွားပြီး သူမခေါင်းကို ထုတ်လိုက်ကာ “ကျွန်မကို ခေါ်သွားပြီး နန်ကျင်းမြို့ကို လိုက်ပတ်ပြဖို့ ရှင့်မှာ အချိန်ရှိမလား
“ကျွန်တော်လည်း ဒီနေရာနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူးဗျာ့” စုလီက ငြင်းဆိုခဲ့သည်။ “ကျွန်တော် ဒီကိုပြောင်းလာတာ မကြာသေးဘူး”
သူသည် ရန်ရှန်ရှန်မှာ စိတ်ပျက်သွားပြီး လှည့်ပြန်သွားမည်ဟု ထင်နေသော်လည်း ရန်ရှန်ရှန်၏မျက်စိများ အရောင်တောက်သွားခဲ့သည်။ “အဲ့ဒါလည်း အဆင်ပြေပါတယ် ကျွန်မက ရှင့်ကို ခေါ်သွားပြမယ် ဒီရက်ပိုင်းအတွင်း ကျွန်မနေရာ တော်တော်များများ သွားဖြစ်ခဲ့တယ်!”
စုလီသည် သူမစကားများကြောင့် လန့်သွားခဲ့သည်။ သူပြန်ပြီး မပြောလိုက်ခင် ရန်ရှန်ရှန်သည် ပြေးလာပြီး သူ့ကိုတံခါးဝမှ ဆွဲထုတ်လာသည် “သွားကြစို့ သွားကြစို့ ကျွန်မ ရှင့်ကို အရသာရှိတာတွေ ဝယ်ကျွေးပါ့မယ် တစ်နေ့လုံး အိမ်ထဲအောင်းနေရတာ မပျင်းဘူးလား”
စုလီသည် ရန်ရှန်ရှန်၏ ဆွဲထုတ်မှုကို မခံရသေးခင် တစ်ခဏမျှ တုံ့ဆိုင်းသွားသေးသည်။
စုလီသည် သူမမှာ ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာသင်လာသောကြောင့် သူမမှာ အားတော်တော်ကြီးကာ ထိုအားကြီးကြီးကို ကောင်းကောင်း အသုံးချတတ်သည်ဟု ယုံကြည်နေလေသည်။
တစ်ချက်နှစ်ချက်ဆွဲလိုက်ရုံနှင့် လူကောင်ကြီးကြီးစုလီသည် သူမကြောင့် တံခါးအပြင်သို့ ရောက်လာခဲ့သည်။
“သွားကြစို့ သွားကြစို့! ကျွန်မ ရှင့်ကို ယုကိုးလမ်းဆီ ခေါ်သွားမယ် ရှင်အဲ့ကို မရောက်ဖူးသေးဘူးမလား! အဲ့မှာအရသာရှိတဲ့ ဝက်သားကြွပ်ကြွပ်လေးစားလို့ ရတဲ့နေရာရှိတယ်!”
စုလီသည် တစ်နေ့လုံး မြို့တစ်ပတ် ရန်ရှန်ရှန်နောက်လိုက်နေခဲ့သည်။ အဆုံးတွင် သူသည်အနည်းငယ် ပင်ပန်းလာသည်။ သို့သော် ရန်ရှန်ရှန်မှာ စိတ်လှုပ်ရှားနေဆဲ ဖြစ်ပြီး သူမသည် နောက်တစ်နေရာတွင် ဖက်ထုပ်များ စားချင်သေးကြောင်း ပြောနေလေသည်။
မိန်းကလေးများသည် အလွန်ရှက်ကြောက်တတ်ကြသလား?
စုလီသည် သူ့ခေါင်းကို ခါလိုက်သည်။
နောက်ဆုံးတော့ အိမ်ပြန်ရောက်ဖို့ တော်တော်အားစိုက်လိုက်ရသည်။ ကျိုးယောင်သည် မျက်နှာပေါ် လက်တင်လျက် တံခါးနားတွင် ထိုင်နေသည်။ “ဘယ်ကိုသွားနေတာလဲ ပြန်လာဖို့ သိသေးတယ်ပေါ့”
စုလီသည် သူ၏ အကြည့်စူးစူးကို လျစ်လျူရှူထားပြီး “ငါအရမ်းပင်ပန်းနေပြီ ပြောစရာရှိရင်လည်း မြန်မြန်ပြော”
“ဟို ပါရဂူဘွဲ့ရ ဒေါက်တာက ပြောတယ် တိုးတက်မှုရှိလာပြီတဲ့ အမည်မသိ အချက်ပေးအတက်အကျလှိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်၊ အာကာသအချိန်စက်ဝန်းရဲ့ အတက်အကျလှိုင်းတစ်ခုပဲ ဖြစ်လောက်မယ်တဲ့”
ကျိုးယောင်က အသံကို ဆွဲဆွဲငင်ငင်နှင့် ပြောလိုက်သည်။ သူသည် ထိုအရာမှာ အလိမ်အညာဟု ထင်နေသေးသည်။
စုလီသည် လမ်းလျှောက်သည်ကို မရပ်ခဲ့ပေ။ “သူ့ကို အတည်ပြုခိုင်းထားလိုက် သူအတည်ပြုပြီးတာနဲ့ သုတေသနဆက်လုပ်ဖို့ သူ့ကို ယွမ်သန်း၂ထောင် ထပ်ပေးလိုက်”
“ကျွတ် ကျွတ် ကျွတ်.......” ကျိုးယောင်သည် သူ့စိတ်အခြေအနေမကောင်းတော့မှန်း သိလိုက်ပြီး နောက်ထပ် မနှောင့်ယှက်တော့ပေ။ သို့သော် ကျိုးယောင်သည် စုလီမှာ အရင်ကတည်းက လူများ၏ ကြောက်စရာကောင်းသော လုပ်ရပ်ကို ခံစားခဲ့ရသည်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည်။
ထိုနေ့မှစ၍ ရန်ရှန်ရှန်သည် နေ့တိုင်း မနက်၁၀နာရီဝန်းကျင်တွင် ရောက်လာတတ်ပြီး စုလီပြတင်းပေါက်ကို လာလာခေါက်သည်။ ထို့နောက် သူ့ကို တစ်မြို့လုံးပတ်ပြရန် ခေါ်သွားပါလေတော့သည်။
စုလီသည် ပထမတော့ စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်မိပြီး သိပ်မကြာခင်တွင် သူသည် ရန်ရှန်ရှန်ရောက်လာမည်ကို နေ့တိုင်း မျှော်နေရှာသည်။
ရန်ရှန်ရှန်သည် သူ့ကို နေ့တိုင်းတော့ အပြင်ခေါ်မသွားတော့ပေ။ မနေ့က သူတို့သည် ဆင်ခြင်ဖုံးရပ်ကွက်လေးများရှိ လယ်သမားအိမ်ပုံစံ စားသောက်ဆိုင်တွင် စားသောက်ဖို့ အပြင်ထွက်ခဲ့ကြပြီး ယနေ့တွင် သူမသည် စုလီက ပန်းပင် သစ်ပင်များစိုက်သည်ကို ကူပေးကာ လက်သမားလီ၏ ပရိဘောဂများကို ကူရွှေ့ပေးဖို့ အဖော်ပြုပေးနေသည်။
“ဒီနေရာက အရမ်းလှတာပဲနော်” ရန်ရှန်ရှန်သည် ဒန်းပေါ်တွင် ထိုင်ရင်း ပြောနေသည်။ “ကျွန်မ ဒီနေရာကို အရမ်းကြိုက်သွားပြီ!”
“ဒီနေရာကို အမေဒီဇိုင်းဖော်ထားခဲ့တာလေ” စုလီသည် ကြောင်ဝါလေး၏ ခေါင်းကိုပွတ်ရင်း ပြောနေသည်။
“ဝေါင်း! ဒါဆိုသူက အရမ်းအံ့သြစရာကောင်းတဲ့ အမျိုးသမီတစ်ယောက် ဖြစ်ရမယ်! ပြီးတော့ အထူးသဖြင့် သိမ်မွေ့တတ်တယ်မလား” ရန်ရှန်ရှန်က ထပ်ပြောလိုက်သည်။
“အမေက အရမ်းကို နူးညံ့သိမ်မွေ့တယ်၊ တစ်ခါမှ ဒေါသမထွက်ဖူးတဲ့လူလိုပဲ ပြီးတော့ အမြဲတမ်းလည်း ပြုံးနေတတ်တယ်” စုလီက ပြောလိုက်သည်။
“ကောင်းလိုက်တာ ကျွန်မအမေလိုတော့ မဟုတ်ဘူး၊ ကျွန်မကို နေ့တိုင်း ကျားတစ်ကောင်လို အကြည့်မျိုးနဲ့ ကြည့်ပြီး ရိုက်ဖို့ပဲ လုပ်နေတာ” ရန်ရှန်ရှန်သည် နည်းနည်းဆိုးသွမ်းသလို အပြုအမူဖြင့် လျှာကို လိပ်ပြီး ပြောနေခဲ့သည်။
ရန်ရှန်ရှန်သည် တစ်ခါတစ်လေ ဒီမြို့လေးမှာလည်း အလုပ်လုပ်တတ်သည်။ သူမသည် ခရီးသွားဘလော့တစ်ယောက်ဖြစ်ပြီး သူမ၏ ဗီဒီယိုများကို လူထုပလက်ဖောင်းတွင် မကြာခဏ တင်တတ်သည်။
စုလီ အလုပ်လုပ်နေချိန်တွင် ရန်ရှန်ရှန်သည် ဗီဒီယိုများကို အယ်ဒီ့နေသည်။ တစ်ခါတစ်ရံ စုလီသည် သူတို့နှစ်ယောက်စလုံးအတွက် ကော်ဖီထဖျော်နေတတ်သည်။
စုလီသည် သူ့မိဘများ၏ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုတို့၏ အထိအတွေ့ကို ဝိုးတဝါးခံစားနေရသည်။ ထိုမိဘများကို တစ်ခါမှ ကိုယ်တွေ့မမြင်ဖူးသော်လည်း အတိတ်ကအချိန်ကို ဖြတ်ကျော်ပြီး အောက်မေ့နေရသည်။
ရန်ရှန်ရှန်သည် ထိုသို့သောခံစားချက်အထိအတွေ့များဖြင့် သူနဲ့အတူ အချိန်နှစ်လမျှ အဖော်ပြုနေပေးခဲ့သည်။
“ကျွန်မ သွားတော့မယ်”