(စုလီ)
Vol. 5 Ch. 74
ရန်ရှန်ရှန်၏အလုပ်သည် တစ်မြို့ထဲတွင် အချိန်အကြာကြီး နေပြီးလုပ်ရန်မဟုတ်သောကြောင့် စုလီလည်း သူမကို မဆွဲထားတော့ပေ။
လေယာဉ်ပေါ်မတက်ခင် ရန်ရှန်ရှန်သည် နောင်တရစွာ ပြောလိုက်သည်။ “အတူတူခရီးသွားဖို့ ကျွန်မ ရှင့်ကို ပြောချင်ခဲ့တာ”
“ရှင် ကျွန်မကို ကူရိုက်ပေးခဲ့တဲ့ ဗီဒီယိုတွေက အရမ်းကောင်းတယ်၊ ကျွန်မ ပရိသတ်တွေက ပြောသေးတယ် ပိုက်ဆံအများကြီးပေးပြီး ဓါတ်ပုံဆရာခေါ်ထားတာလားတဲ့”
စုလီက ပြုံးပြလိုက်သည်။ “မင်းပြန်လာဖို့ အချိန်ရှိခဲ့မယ်ဆိုရင် ကိုယ် နောက်ထပ် ကူရိုက်ပေးလို့ရပါသေးတယ်”
ရန်ရှန်ရှန်သည် သက်ပြင်းချလိုက်ပြီး သူတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။
လေယာဉ်ထွက်ဖို့ ကြေညာသောအခါ ရန်ရှန်ရှန် သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “ကျွန်မ သွားတော့မယ် ဂွတ်ဘိုင်”
“ဂွတ်ဘိုင်” စုလီသည် သူမ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
ရန်ရှန်ရှန်သည် နောက်ထပ် လှည့်ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။
ကျိုးယောင်သည် စုလီကို ကားထဲမှာ စောင့်နေသည်။ စုလီပြန်လာသည်ကို ကြည့်ပြီး သူပြောလိုက်သည်မှာ “သူဌေးက သူနဲ့အတူ ထွက်သွားမယ် ဒါမှမဟုတ် သူ့ကို ဒီမှာနေဖို့ ဆွဲထားမယ်လို့ ကျွန်တော်ထင်နေတာ”
“ငါ ဒီနှစ်ဆို ၃၂နှစ်ပြည့်ပြီလေ ၂၂နှစ်မဟုတ်တော့ဘူး” စုလီသည် ထိုသို့ပြောပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
“ငါသာ ၂၂နှစ်ဖြစ်ခဲ့မယ်ဆိုရင်...” သူသည် သူမကို ဒီမှာနေခဲ့ဖို့ ဆွဲထားမည်ဖြစ်သည်။
“အဲ့လိုဆို ဘာဖြစ်နိုင်မှာလဲ” ကျိုးယောင်သည် ခေါင်းကို ကုတ်ရင်းပြောနေခဲ့သည်။ “သူဌေး ဘယ်မှာပဲရောက်ရောက် ဘာမှမဖြစ်ဘူး၊ လေယာဉ်လေးစီးပြီး သွားတွေ့ရုံပဲ၊ ချစ်သူနဲ့အဝေးကြီးမှာ နေရတဲ့ ဆက်ဆံရေးကို ကြောက်နေတာလား”
“ငါသူ့အပေါ် ခံစားချက်တော့ ရှိပါတယ်” စုလီက ပြောခဲ့သည်။ “ဒါပေမဲ့ အဲ့ဒါက ခံစားချက်သပ်သပ်ပါပဲ”
သူ့အသံသည် နောင်တရသလို ဖြစ်နေသည်။
ထိုခံစားချက်များသည် တစ်ဘဝလုံး၏ ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်သွားနိုင်လောက်တဲ့အထိ မလုံလောက်ပေ၊ သူ့လိုလူကို တစ်ယောက်တည်းသာ ထားထားလိုက်ပါတော့။
“သွားကြစို့ ဓါတ်ခွဲခန်းကို” စုလီက မကြာခင် ပြောလိုက်သည်။
ကျိုးယောင်သည် ခေါင်းညိမ့်လိုက်ပြီး ကားစက်နှိုးလိုက်သည်။
ထိုဓါတ်ခွဲခန်းသည် ဆင်ခြင်ဖုံးရပ်ကွက်များတွင် တည်ရှိသည်။ သူတို့ဝင်သွားသောအခါ ကုတ်အဖြူကို ဝတ်ထားသော လူတစ်ယောက်သည် သူတို့ကို ကြိုဆိုဖို့ ထွက်လာခဲ့သည်။ စုလီသည် နှာခေါင်းစည်းကို တပ်ပြီး အထဲဝင်သွားသည်။
ပရောဖက်ဆာသည် စက်ကို အသည်းအသန် ပြန်ပြင်နေပြီး သူ့ကိုခေါ်နေကျ သူ့လက်ထောက်အသံလည်း မကြားရတော့ပေ။
စုလီသည် ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ပရောဖက်ဆာက သူ့ကိုသတိမထားမိသွားခင်အထိ စောင့်နေကာ မေးလိုက်သည်။ “အခြေအနေ ဘယ်လိုလဲ”
“ကျွန်တော် စမ်းသပ်ရမှာတွေ အများကြီးပဲ!” ပရောဖက်ဆာသည် သူ့တစ်ဘဝလုံးစာကို ဤအချိန်ခရီးသွား သုတေသနထဲသို့ ပုံအပ်ထားသည်။ ယခုတွင် လုံလောက်သော ရန်ပုံငွေဖြင့် အနည်းငယ်တိုးတက်မှုများ ရှိအောင်လုပ်နိုင်ခဲ့ပြီး ထိုအရာကြောင့် မူးမေ့သွားမတတ် စိတ်လှုပ်ရှားနေသည်။
“ဒီစမ်းသပ်မှုက ကျွန်တော့်စက်နဲ့ သီအိုရီက ဖြစ်နိုင်ကြောင်းကို သက်သေပြနိုင်ရင် ကျွန်တော်တော့ အောင်မြင်ပြီပဲ!”
စုလီက တစ်ခဏမျှ စဉ်းစားလိုက်သည်။ “ဘယ်လို စမ်းသပ်ခံမျိုး လိုနေတာလဲ တိရစ္ဆာန်လား”
“လူသား! ကျွန်တော် သက်ရှိ လူသားတွေ လိုအပ်တယ်!”
ကျိုးယောင်သည် အလွန်ထိတ်လန့်သွားပြီး သူဌေးဆီ လျှောက်သွားသည်။ “သူဌေး! လူသားစမ်းသပ်ခံတွေက တရားမဝင်ဘူးနော်!”
ပရောဖက်ဆာလည်း သူပြောသည်ကို ကြားနေသည်။ “ကျွန်တော် သူတို့ကို နာကျင်အောင် မလုပ်ပါဘူး သူတို့ကို ကျွန်တော့်စက်နဲ့ အာကာသအချိန်စက်ဝန်းကို ဖြတ်ပြီး ခရီးသွားနိုင်လား ဒါမှမဟုတ် မတူညီတဲ့ အာကာသအချိန်စက်ဝန်းက မှတ်ဉာဏ်တွေကို ဖတ်နိုင်မလားဆိုတာ စမ်းသပ်ချင်ရုံပါ”
ကျိုးယောင်သည် စိတ်ပူနေဆဲ ဖြစ်သည်။ “ဒီကိစ္စကို မေ့လိုက်တော့ သူဌေး! ဒါကမဖြစ်နိုင်တာ အသိသာကြီး!”
“ဖြစ်နိုင်တယ်! သေချာပေါက်ကို အလုပ်ဖြစ်လိမ့်မယ်! ကျွန်တော့်ရှိသမျှ အရာအားလုံးကို ပုံအောထားတာ သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်!”
“အဲ့ဒါဆိုလည်း ခင်ဗျားကိုယ်တိုင် စမ်းသပ်ခံလုပ်လိုက်ပါလား! မဟုတ်ဘူးဆိုရင်လည်း ခင်ဗျားရဲ့ လက်ထောက်ကို လုပ်ခိုင်းလိုက်!”
လက်ထောက်သည် ချက်ချင်းပင် မဝံ့မရဲနှင့် နောက်ဆုတ်သွားခဲ့သည်။
ကျိုးယောင်သည် ထိုအရာကို မြင်ပြီး အခွင့်အရေးကို အရယူခဲ့သည်။ “တွေ့လား ခင်ဗျားတို့ကိုယ်တိုင်တောင် မလုပ်ချင်တာ! ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုလည်း မယုံဘူးမလား!”
ပရောဖက်ဆာက နောက်လှည့်ပြီး သူ့လက်ထောက်လက်ကို ဖမ်းဆွဲလိုက်သည်။ “မင်း စမ်းသပ်ခံ လုပ်လိုက်! ဒီအရာက ဖြစ်နိုင်တယ်ဆိုတာကို ပြောပြလိုက်! ဒီအရာက အလုပ်ဖြစ်လိမ့်မယ်!”
“တိတ်စမ်း မင်းတို့အားလုံး!” စုလီက မျက်မှောင်ကြုတ်လိုက်သည်။ “ငါကိုယ်တိုင်လုပ်မယ်!”
“မဖြစ်နိုင်ဘူး သူဌေး!” ကျိုးယောင် တုန်လှုပ်သွားသည်။
“ငါ့အသက်ကို အန္တရာယ်ပေးနိုင်လား” စုလီက ပရောဖက်ဆာကို မေးလိုက်သည်။
“မပေးနိုင်ပါဘူး”
“ဒါဆိုရင် ငါလုပ်မယ်”
“ဒါကို လုပ်မယ်မကြံနဲ့!” ကျိုးယောင်သည် သူ့ဖုန်းထုတ်ကာ ရဲများကို ခေါ်ဖို့လုပ်နေသည်။
စုလီက သူ့ကိုတားလိုက်သည်။ “ငါဒါကို လုပ်မှဖြစ်မယ် ငါ့ကိုယုံပါ ငါအဆင်ပြေသွားမှာပါ”
ကျိုးယောင်သည် သူ့ရှေ့က ဖယ်ဖို့ ငြင်းလိုက်သည်။ “ခင်ဗျား သူဌေးဦးနှောက်ထဲ ဘာတွေရိုက်သွင်းပေးခဲ့တာလဲ!”
“ဒါဆို ကျွန်တော်လည်း လိုက်ခဲ့မယ် ကျွန်တော်တစ်ခုခုဖြစ်ရင် ဆေးရုံသာ ခေါ်သွား”
နှစ်ဖက်စလုံးမှာ သူမလျှော့ကိုယ်မလျှေော့အခြေအနေဖြစ်နေခဲ့ပြီးနောက် ဤဟာသည်သာ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လာတော့သည်။
စုလီသည် သတ္တုပါသော ကျောက်မျက်လက်ဝတ်လက်စားများကို ချွတ်ပြီး စက်ပေါ်လှဲလိုက်သည်။ ပရောဖက်ဆာသည် သူ့ကို စက်များဖြင့် သေချာတပ်ဆင်ပေးပြီး ကျိုးယောင်မှာ ဘေးနားတွင် အသင့်ရှိနေသည်။
နှစ်ယောက်စလုံးမှာ ဖုန်းကိုယ်စီကိုင်ထားပြီး ဖုန်းနှစ်လုံးစလုံးမှာ ၁၁၀ နှင့် ၁၂၀ဟူ၍ ထင်ထင်ရှားရှား ဖော်ပြနေသည်။ သူသည် ပြသာနာ အသေးအမွှားတစ်ခုဖြစ်ခဲ့ရင်တောင် ထိုဖုန်းနံပါတ်များကို ချက်ချင်း ဖုန်းကောက်ဆက်ပစ်မည်ဖြစ်သည်။
စုလီသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ထူးဆန်းပြီး အမည်မသိသော အားများသည် သူ့ဦးနှောက်လှိုင်းများနှင့် လာချိတ်ဆက်နေသည်။ သူသည် ပို၍ ပို၍ ပင်ပန်းလာပြီး ခဏအကြာတွင် သတိမေ့သွားခဲ့သည်။
ကျိုးယောင်သည် စုလီကို စိုးရိမ်တကြီးနှင့် စောင့်ကြည့်နေခဲ့သည်။ ပရောဖက်ဆာလည်း ချွေးစီးပြန်နေသည်။
စုလီသည် အဖြူရောင် မြူခိုးများကိုသာ မြင်နေရသည်။ သူ ဖြေးဖြေးချင်းလျှောက်လာသောအခါ တရုတ်ထီးပန်ပင်ကို မြင်တွေ့လိုက်ရသည်။
ထိုသစ်ပင်အောက်တွင် နူးညံ့သိမ်မွေ့ပြီး လှပသော အမျိုးသမီးတစ်ယောက်သည် သူမဗိုက်ကို အမြတ်တနိုး ပွတ်ပေးနေသည်။
စုလီသည် မနေနိုင်တော့ပဲ ရှေ့သို့ခြေနှစ်လှမ်း လှမ်းလိုက်သည်။
သို့သော် ထိုအမျိုးသမီမှာ သူ့ကိုမမြင်ရပေ။
ကြိမ်ဖန်များစွာ ကြိုးစားပြီးသောအခါ စုလီသည် လက်လျှော့လိုက်သည်။
သူသည် ထိုင်စရာနေရာ တစ်ခုရှာတွေ့ပြီး ထိုအမျိုးသမီးက သူမဗိုက်ကို ပွတ်ရင်း အမည်မသိ သီချင်းတစ်ပုဒ် သီဆိုနေသည်ကို ထိုင်ကြည့်နေသည်။
ခဏမျှထိုင်ကြည့်ပြီးသောအခါ ထိုအမျိုးသမီးသည် အနည်းငယ် နေသာထိုင်သာမရှိသည့် ပုံစံဖြစ်လာသည်။ သူမ ပင်ပန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ သူမသည် ထိုဗိုက်ကြီးတစ်လုံးနှင့် မနဲထလိုက်ရပြီး အနားယူဖို့ ပြန်သွားလေသည်။
ချိနဲ့နေသော ခန္ဓာကိုယ်သည် ဗိုက်ကြီးကြီးကို သယ်ထားသည်ကို ကြည့်ရသည်မှာ စိတ်မချမ်းသာဖြစ်မိသည်။ သူမလမ်းလျှောက်လိုက်သောအခါ ကျောက်တုံးကို တိုက်မိပြီး ခြေချော်ကျသွားကာ ဟန်ချက်ပျက်သွား၍ မြေကြီးပေါ်သို့ လဲကျသွားသည်။
စုလီသည် အလွန်လန့်သွားပြီး မတ်တပ်ထရပ်လိုက်ကာ သူမက သူ့ကိုမမြင်ရသည်ကိုတောင် မေ့သွားခဲ့သည်။ သူသည် သူမကို ကူဖို့ပြေးလွှားသွားလိုက်သည်။
သူမစကတ်သည် တဖြေးဖြေးနှင့် သွေးများဖြင့် စိုရွဲလာပြီး သွေးများလည်း တော်တော်ထွက်လာသည်။ စုလီသည် သူမကို ကယ်ဖို့တစ်ယောက်ယောက်ကို ရှာပေးချင်နေသည်။ သို့သော် တစ်ယောက်မှ သူ့ကို မြင်လည်းမမြင် ကြားလည်းမကြားနိုင်ပေ။
သူသည် ကူရာကယ်ရာမဲ့စွာနှင့် သူမသွေးများ ပိုထွက်လာသည်ကိုသာ ကြည့်နေရသည်။ အကူအညီတောင်းနေသော သူမအသံသည် တဖြေးဖြေး တိုးသွားသည်။
နောက်ဆုံးတော့ အိမ်နီးနားချင်းတစ်ယောက် ရောက်လာခဲ့ပြီး ထိုအချိန်တွင် ထိုအမျိုးသမီးမှာ သတိလစ်နေပြီး ဖြစ်သည်။
စုလီသည်သူမကို ခေါ်သွားကြသည်ကို ကြောင်ကြည့်နေပြီး မျက်ရည်များသည် သူ့မျက်နှာတစ်လျှောက် စီးဆင်းလာသည်။
ကျိုးယောင်မှာ စုလီသည် နဂိုကတည်းက ငြိမ်ငြိမ်နေတတ်မှန်း သိသော်လည်း ယခုတွင်မူ သူသည် တဖြေးဖြေး ကြမ်းတမ်းစွာ လှုပ်ရမ်းလာပြီး သူ့လည်ပင်းမှ သွေးပြန်ကြောများသည်လည်း နာကျင်မှုကြောင့် အော်ဟစ်သောအခါ ပို၍ ပေါ်ထွက်လာသည်။
“ကယ်....ကယ်.....!”
သူ့စကားလုံးများသည် သူပို၍ ရုန်းလေ ရုန်းသလောက် ပြတ်တောင်းပြတ်တောင်းနှင့် ထွက်လာလေ ဖြစ်သည်။
“ရပ်လိုက်တော့! ခင်ဗျားကို ရပ်လို့ပြောနေတယ်လေ!”
ကျိုးယောင်သည် ပရောဖက်ဆာကို အော်ဟစ်နေသည်။
ပရောဖက်ဆာလည်း ပျာယာခတ်သွားပြီး စက်ကို ကတိုက်ကရိုက်နှင့် ပြန်လည်စီမံပြီးနောက် “အိုကေ...အိုကေ...” ဟုပြောလိုက်သည်။
သေနေသော ပုစွန်တစ်ကောင်လိုပင် စုလီသည် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူသည် ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး နာကျင်မှုမှာ ကြီးမားနေမှန်း သိသာနေသည့်အလျောက် မရပ်မနား အန်နေတော့သည်။
သူနှင့်ချိတ်ဆက်ထားသော ဝိုင်ယာကြိုးများကို ဖယ်ရှားပြီးပြီးနောက် ကျိုးယောင်သည် ထပ်ခါတလဲလဲ မေးနေသည်။ “ဘယ်လိုခံစားရလဲ အဆင်ပြေရဲ့လား ဆေးရုံသွားကြမလား ရေသောက်ချင်သေးလား”
စုလီသည် ချောင်းတစ်ချက်နှစ်ချက်ဆိုးပြီးနောက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ငါဘာမှမဖြစ်ဘူး...”
“ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ရမှာလဲ! သူဌေး ခုနက တော်တော်ရုန်းနေခဲ့တာ!”
“ငါတစ်ခုခုတွေ့ခဲ့တယ်” စုလီသည် ယိုင်တိယိုင်တိုင်နှင့် မတ်တပ်ရပ်လိုက်သည်။ ပရောဖက်ဆာ၏ ကော်လန်ကို ဖမ်းဆုပ်လိုက်ပြီး “ဘာဖြစ်သွားတာလဲ ဘာလို့ ငါ့ကိုတစ်ယောက်မှ မမြင်ရတာလဲ”
“အာကာသအချိန်စက်ဝန်းရဲ့ အတိတ်ကိုပြန်ပြင်လို့မရခြင်းပဲ၊ တစ်ကြိမ်သာ ပြောင်းလဲလိုက်မယ်ဆိုရင် ပစ္စုပ္ပန် မှာရှိနေတဲ့ ခင်ဗျား၊ ကျွန်တော်နဲ့ တခြားအရာတွေအားလုံး အဆုံးသတ်မလှ ပြောင်းလဲသွားမယ် ဒါမှမဟုတ် အားလုံးတစ်ခါတည်း ပျောက်သွားလိမ့်မယ်၊ အတိတ်ကို ပြန်သွားတယ်ဆိုတာ ပစ္စုပ္ပန်ကို ဖျက်ဆီးပစ်သလိုပဲ” ပရောဖက်ဆာက ပြောခဲ့သည်။
စုလီသည် တန့်သွားသည်။ “ဒါဆို...ဒါဆို ငါဒါကို ဘာအတွက်ကြောင့် လုပ်နေမိတာလဲ! ငါ့ကိုပြောစမ်း! ဘာအတွက်ကြောင့်လဲ!”
စုလီသည် ငိုပြီး ရယ်နေသည်။ သူ့မျက်နှာကို ကာထားရင်းပင်။
ကျိုးယောင်သည် သူ့ကို အမြန်ပြေးဖက်လိုက်သည်။ “ဒါကို နောက်ထပ်မလုပ်ပါနဲ့တော့လား! ဒါကို နောက်ထပ်မလုပ်ပါနဲ့တော့! သူဌေးမှာ ကျွန်တော်နှင့် ဝမ်ယုရှိနေတာပဲလေ! ပြီးတော့...ပြီးတော့ ကုမ္ပဏီ! ပြီးတော့ မစ်စ်ရန်ရောပဲ!”
ကျိုးယောင်သည် အဆက်အစပ်မရှိ စကားကို မပီမပြင်ပြောလိုက်သည်။ စုလီသည် ထိုနေရာတွင် စိတ်ညှိုးနွမ်းစွာ ထိုင်နေခဲ့သည် “အတိတ်က ပြန်ပြင်လို့မရဘူး အဲ့ဒါက ငါ့ရဲ့ အတိတ်မဟုတ်ခဲ့ရင်ရော…”
“ဟမ်?” ပရောဖက်ဆာက နားမလည်နိုင်ဖြစ်သွားသည်။
“ငါ့ရဲ့ အတိတ်မ….မဟုတ်….” စုလီသည် တစ်ခုခုကို ချက်ချင်း သတိရသွားသည်။ သူသည် ပရောဖက်ဆာကို အနီးအနားရှိ ရုံးခန်းထဲသို့ ခေါ်သွားသည်။
ကျိုးယောင်က လက်နှေးသူဖြစ်သည်။ စိုးရိမ်တကြီးနှင့် အပြင်ဖက်မှ တံခါးကို ထုနေပြီး အော်လိုက်သည်။ “သူဌေး! စုလီ!”
ရုံးခန်းထဲတွင် စုလီသည် ပရောဖက်ဆာကို သူ့အိပ်မက်အကြောင်းနှင့် အိပ်မက်ထဲတွင် တွေ့ခဲ့သော လက်တွေ့ဘဝကို ပြောပြခဲ့သည်။
ပရောဖက်ဆာသည် လက်ခုတ်နှစ်ချက်တီးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အပြိုင်စကြဝဠာတွေ! အဲ့ဒါ အပြိုင်စကြဝဠာတွေပဲ ဖြစ်ရမယ်!”
“အပြိုင်စကြဝဠာတွေရဲ့ သမိုင်းကြောင်းဆိုရင် ပြန်ပြင်လို့ရလိမ့်မယ်! သူမက ကလေးကို ခက်ခက်ခဲခဲ မွေးတာကို ကျော်လွှားနိုင်သရွှေ့ အရာအားလုံးကို ပြောင်းလဲပစ်လို့ရနိုင်တယ်!”
စုလီသည် သူ့ကို မေးလိုက်သည်။ “မင်း ပိုက်ဆံဘယ်လောက် ထပ်လိုလဲ”
“ကျွန်တော် တိုးတက်မှုတစ်ချို့ ရှိလာအောင် လုပ်ပါရစေဦး....” ပရောဖက်ဆာသည် နောက်ထပ် နားမထောင်တော့ပေ။
စုလီသည် တံခါးကို ဖွင့်လိုက်သည်။ ကျိုးယောင်သည် မျှော်လင့်ချက်အားလုံး ဆုံးရှုံးတော့မလို ဖြစ်နေကာ ရင်ထဲတွင် ကြေကွဲနေသည်။ သူသည် စုလီကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး လွှတ်ပေးဖို့ ငြင်းဆိုနေသည်။
“အိမ်ပြန်ကြစို့” စုလီက ပြောလိုက်သည်။
ကျိုးယောင်သည် သူ့အတွက် စိတ်ပူပေးနေသည်။ ထိုညတွင် သူသည် စုလီအခန်းထဲတွင် စုလီခုတင်ဘေး၌ အခင်းခင်းပြီး အိပ်ဖို့ပြင်နေသည်။
စုလီသည် သူ့ဖုန်းကို ဖွင့်ကြည့်ပြီး ရန်ရှန်ရှန်၏ အသစ်တင်ထားသော ပိုစ့်ကို တွေ့သွားသည်။
ထိုပုံလေးမှာ ချစ်စရာကောင်းသော မြင်းပုပန်းပုရုပ်လေးပင် ဖြစ်သည်။ ထိုပုံအောက် ခေါင်းစဉ်တွင် စာလုံးသုံးလုံးသာ ပါဝင်သည်။
“သဘောကျတယ်”