အခန်း (၁၆၁-၁၆၄)
Vol. 11 Ch. 161-164
အပိုင်း၁၆၁ အပြန်ခရီး
လူသားစားတီကောင်သည် ဧကရာဇ်အဆင့်သို့အောင်မြင်စွာ တက်ရောက်နိုင်သွားပြီဖြစ်တာကြောင့် တာဝန်လဲပြီးမြောက်သွားပြီဟု စဉ်းစားလို့ရပေသည်။ ဖြစ်စဉ်အလယ်မှာ အယောင်ဆောင်ဧကရာဇ်အဆင့်သားရဲတစ်ကောင်ပေါ်လာခဲ့သော်လည်း နောက်ဆုံးရလဒ်ကတော့ မျှော်လင့်ထားသည့်အတိုင်းသာဖြစ်သွားခဲ့သည်။
ဖြစ်နိုင်တာကတော့…. ဒါကလဲ ချန်းရွှယ်ဟေး မျှော်လင့်ထားသည့်အတိုင်းအတာအတွင်းမှာပဲဖြစ်သွားခဲ့တာလဲဖြစ်နိုင်သည်။
သွေးမျက်လုံးလင်းတသည် လှုပ်ရှားမှုမရှိတော့သည့် ပင့်ကူမကိုဖမ်းဆုပ်ကာ ပျံသန်းရင်း သစ်တောမှထွက်ခွာသွားခဲ့သည်။
သစ်တောလယ်တွင်တော့ ၁.၉မီတာလောက်ရှိသည့် အနက်ရောင်လူဝံကြီးတစ်ကောင်သည် အနည်းဆုံး၁၀၀မီတာမျှမြင့်သည့် သစ်ပင်ထိပ်သို့တက်သွားခဲ့သည်။ ၎င်းက အစိမ်းရောင်းသစ်သီးတစ်လုံးကိုကောက်ယူပြီး ကိုက်ပါစားလို့နေသေးသည်။ သစ်သီးကိုစားသောက်ပြီးနောက် အနက်ရောင်လူဝံ၏အမွေးများမှာ တဖြည်းဖြည်းထောင်ထလာသည်။ အမွေးများ၏ထိပ်တွင် အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီးနောက် လေထဲသို့လွင့်ပျံပါသွားခဲ့သည်။
ထိုလူဝံတဖန်ပြန်မပျောက်ကွယ်သေးမီ သစ်တောအစွန်အဖျားဆီမှ အားမနည်းလှသည့်သတ္တဝါများ လှုပ်ရှားလာသည်ကို ရိပ်မိသွားခဲ့သည်။ သို့သော်လည်း ၎င်း၏သစ်တောဘုရင်ဆိုသည့်ရာထူးကို ဘယ်သူကမှစိတ်မခေါ်ရဲတာကြောင့် တောနက်ထဲသို့ဝင်ရောက်ဖို့ သတ္တိမရှိနေကြပေ။ လူဝံသည်လဲ အော်ဟစ်ကာ အောင်ပွဲခံနေတော့သည်။
အနက်ရောင်မီးကျီသစ်တောသခင်သည် သစ်ပင်တစ်ပင်မှကိုင်းပေါ်တွင်လှဲနေကာ မျက်လုံးများကိုမှိတ်ထားပြီး ခြေကိုချိတ်ကာ ပေါ့ပေါ့ပါးပါးလှုပ်ယမ်းရင်း အိပ်ချင်ယောင်ဆောင်နေသည်။ ၎င်း၏စိတ်အခြေအနေကောင်းမွန်နေသည့်ပုံပင်။
ခဏအကြာမှာတော့ သစ်ကိုင်းထက်တွင် စည်းချက်ကျကျ ဟောက်သံများထွက်ပေါ်လာတော့သည်။
….
တောထဲမှထွက်ပြီးနောက် ကောင်းဖန်က ဦးလေးလျိုနှင့်အတူ ချန်ရွှယ်ဟေးတို့အဖွဲ့ကို နှုတ်ဆက်ခဲ့သည်။ အစကသူ့ကို ချန်ရွှယ်ဟေးပေးမည်ပြောထားသည့် ပစ္စည်းများကိုတော့ ကောင်းဖန်ငြင်းခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်တုန်းက သူလိုအပ်သည့်ပစ္စည်းတစ်စုံတစ်ရာရှိလျှင် အသိပေးဖို့အတွက် ကောင်းဖန်၏အဖိုးက သူ့ကိုပြောထားပေသည်။ သူ့မိခင်ဘက်မှအဖိုးဖြစ်သူက ပေးလာမည်ဆိုမှတော့ ယဉ်ကျေးနေစရာအကြောင်းမရှိပေ။ နောက်မှပဲ ဦးလေးလျိုနှင့်သူ့အဖိုး၏ကိုယ်ပိုင်သားရဲများကို အဆင့်မြှင့်ပေးလိုက်ပေမည်။
တစ်ခုတည်းသောပြဿနာကတော့ လောလောဆယ်တော့ ပစ္စည်းများပို့ရန်အဆင်မပြေသေးတာကြောင့် ယွီကျိုးကိုရောက်အားလုံးကိုလုပ်ဆောင်ရန် ကောင်းဖန်တွေးထားသည်။ ဒီတော့မှ သူဘာပစ္စည်းတွေလိုအပ်လဲ သူ့အဖိုးကိုပြောပေတော့မည်။
ဒါရိုက်တာချန်းကိုကူညီပေးတာနဲ့ပတ်သတ်ပြီးတော့ကာ ကျေးဇူးဆပ်သည့်အနေနှင့်သာ ကောင်းဖန်ထားလိုက်ပေတော့မည်။ သူ့ဘက် ဆန္ဒရှိသည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ အနည်းဆုံးတော့ ဒါရိုက်တာချန်းက သူ့ကိုအမှန်တကယ်ကူညီချင်ခဲ့သည်ကပင် ကောင်းဖန်အတွက် လုံလောက်ပေပြီ။
ဒါနဲ့ဆို ဒါရိုက်တာချန်းအပေါ် အကြွေးတင်နေတာကို ပြန်ဆပ်ဖို့လုံလောက်သင့်ပြီ မဟုတ်လား?
ဒါရိုက်တာချန်းကိုနှုတ်ဆက်ကာ သစ်တောမှထွက်လာပြီးနောက် ကောင်းဖန်နှင့် ဦးလေးလျိုတို့လဲ နေအိမ်သို့ပြန်လာခဲ့ကြသည်။
“ဦးလေးလျို၊ ဦးလေးမှာ ဧကရာဇ်အဆင့်ကိုယ်ပိုင်သားရဲရှိတာ ကျွန်တော့်ကိုတစ်ခါမှမပြောဖူးဘူးနော်။” ကောင်းဖန်က ကလေးဆန်ဆန် အနည်းငယ်မကျေနပ်သလိုပုံစံဖြင့် ဦးလေးလျိုကပြောလိုက်သည်။
ဦးလေးလျိုက ကောင်းဖန်ကိုကြည့်ပြီး ရယ်လိုက်ကာ၊ “မင်းလဲတစ်ခါမှမမေးဖူးဘူးလေ။”
ကောင်းဖန်တစ်ယောက် ပြောရမည့်စကားများဆွံ့အသွားတော့သည်။
အကြောင်းမရှိဘဲနဲ့တော့ ဘယ်သူကအဲ့ဒါကိုလိုက်မေးနေမှာလဲလို့?!
“ဦးလေး၊ ဒီဧကရာဇ်အဆင့်သားရဲက ဦးလေးရဲ့ပထမဆုံးကိုယ်ပိုင်သားရဲလား?” ကောင်းဖန် စိတ်ဝင်စားစွာမေးလိုက်သည်။
“မဟုတ်ဘူး၊ ငါ့ရဲ့ပထမဆုံးသားရဲက အရိပ်ဂျဖာလူကာပုတ်သင်ပဲ။” ဦးလေးလျိုက ခေါင်းကိုယမ်းကာပြန်ဖြေခဲ့သည်။
“တကယ်တော့ သွေးမျက်လုံးလင်းတက ကပ်ဘေးပြီးပြီးချင်း ကျွန်းပေါ်မှာပေါ်လာတဲ့ကောင်ပဲ။ ငါသူ့ကိုကောက်ရတုန်းက တစ်ကိုယ်လုံးသွေးချင်းချင်းရဲပြီး အမွေးတောင်ကျွတ်နေတာ။ နောက် ငါသူ့ကိုအိမ်ပြန်ခေါ်လာပြီး နေ့တိုင်းအစာမှန်မှန်ကျွေးတာနဲ့ အတော်ကြာတော့ သူ့ဘက်ကဆန္ဒအလျောက် ငါ့နဲ့သွေးစာချုပ်ချုပ်ခဲ့တာ။”
ခဏရပ်သွားပြီးကာမှ ဦးလေးလျိုဆက်ပြောလာသည်။ “တကယ်တော့ သူကအရမ်းကြီးအရည်အချင်းရှိလွန်းတာမဟုတ်ပါဘူး။ လူအိုကြီးကျီက အရင်က သူ့ကိုစမ်းသပ်ပေးခဲ့ဖူးတယ်…” ဦးလေးလျိုပြောနေရင်း သူ့အသံကရုတ်တရက်တိုးသွားခဲ့သည်။
သူတို့ပတ်ဝန်းကျင်က လွန်စွာကျယ်ဝန်းကာ ကိုယ်ပိုင်သားရဲအနည်းငယ်ကလွဲ၍ တခြားဘယ်သူမှရှိမနေပေ။
ဦးလေးလျိုခဏရပ်သွားကာ ကောင်းဖန်ထံမှ အလွန်အံ့ဩသွားသည့်တုံ့ပြန်မှုမျိုးမရသည်ကို မြင်လိုက်ရသဖြင့် ဦးလေးလျို နေရခက်စွာ ချောင်းဟန့်လိုက်သည်။ “ငါတို့ပြန်လာပြီးနောက်တော့ ကိုယ်ပိုင်သားရဲတွေရဲ့အရည်အချင်းကိုတိုင်းတာနိုင်တဲ့ အဖိုးကြီးကျီကိုငါတို့ရခဲ့တယ်။”
ကောင်းဖန် ဒီတစ်ခေါက်တော့ ထိတ်လန့်သွားခဲ့သည်။ အဖိုးကလဲ သူ့လိုပဲဒေတာဇယားကိုမြင်နိုင်နေတာလား?
ကောင်းဖန် အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ “အဖိုးက ဘယ်လိုလုပ်…. တိုင်းတာနိုင်တာလဲ?”
“သူ့အတွက် ပစ္စည်းတချို့ပြင်ဆင်ဖို့တော့လိုတာပေါ့။ ကိုယ်ပိုင်သားရဲတွေနဲ့ သားရဲရိုင်းတွေအားလုံးကို တိုင်းတာနိုင်တယ်လေ။ စိတ်မပူပါနဲ့၊ အဲ့ဒါက မင်းရဲ့သားရဲကိုမနာကျင်စေပါဘူး။” ဦးလေးလျိုက အာမခံလိုက်သည်။
ကောင်းဖန် ခေါင်းသာညိတ်လိုက်တော့သည်။ ကြည့်ရတာ အဖိုးမှာ စွမ်းရည်ကိုတိုင်းတာဖို့တခြားနည်းလမ်းတစ်ခုခုရှိတာနဲ့တူတယ်။
“ဒါပေမယ့် သူ့မှာမြင့်မားလွန်းတဲ့အရည်အချင်းမျိုးမရှိရင်တောင်မှ အဆင်ပြေပါတယ်!” ဦးလေးလျိုက ညာလက်မြှောက်လာကာ ကောင်းဖန်၏ပုခုံးကိုပုတ်ပေးလိုက်သည်။ “သွေးမျက်လုံးလင်းတက အရည်အချင်းအရမ်းမရှိပေမယ့်လဲ ဧကရာဇ်အဆင့်ကိုရောက်နိုင်သေးတာပဲကို။”
“အဲ့တာဘယ်လိုလုပ်လိုက်တာလဲ?”
“လေ့ကျင့်တာ”
“လေ့ကျင့်တာလား?”
“အလေးမတဲ့လေ့ကျင့်ခန်းအမျိုးမျိုးလေ၊ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတိုင်းကို လေ့ကျင့်တာ၊ လူတစ်ယောက်ရဲ့ကန့်သတ်ချက်ထက် ထပ်တလဲလဲချိုးတာ၊ ဘယ်လိုဘဲဖြစ်ဖြစ်, အဲ့လိုလေ့ကျင့်တာတွေကသူ့ကန့်သတ်ချက်ကိုရောက်သွားပုံရတယ်, သူကအရင်ကတည်းကသန်မာနေပြီလေ”, ဦးလေးလျိုကလွမ်းဆွတ်သတိရ နေသည်၊
ကောင်းဖန်ကရုတ်တရက် လက်သီးထိုးတဲ့လူဝံကိုသတိရသွားသည်၊ သူတို့နှစ်ကောင် ကခြားနားသော်လည်း သူတို့ကနည်းလမ်းတစ်ခုတည်းဖြင့် ကြီးပြင်းလာတာဖြစ်သည်၊
အကယ်၍ ကပ်ဆိုးကြီးမတိုင်ခင်ကဖြစ်လျှင်, စစ်မှန်သောကြွက်သားလေ့ကျင့်မှုက ဒီလိုကြောက်စရာကောင်းတဲ့ဓာတုတုန့်ပြန်မှုမျိုးကိုမည်သည့်အခါမှ ဖြစ်ပေါ်စေမည် မဟုတ်ပေ၊ သို့သော်ကပ်ဆိုးကြီးပြီးနောက် ကမ္ဘာ၏စည်းမျဉ်းများပြောင်းလဲသွားသည်၊
ကောင်းဖန်သည်သွေးမျက်လုံးလင်းတအတွက်ခွန်အားနှင့်စွမ်းအားမြှင့်တင်ရန်အတွက် ရှိတယ်ဆိုတာရုတ်တရက်သတိရသွားသည်၊ အကယ်၍၎င်းက ထိုလမ်းကိုရွေးလျှင်, သူ့ရဲ့နောက်ဆုံးဆင့်ကဲဖြစ်စဉ်မှာဖြစ်နိုင်တာက နတ်ဆိုးခွန်အားငှက်? ကောင်းဖန်၏ စိတ်ထဲတွင်လှုံဆော်မှုများဖြတ်ပြေးနေသည်၊
သူ၏သားရဲများကိုပြန်ကြည့်လိုက်သည်၊ ထိုတိုက်ပွဲတွင်, တာ့ဇီ, ဖလိမ်မီနှင့်အစင်းလေး သည် ဇာတ်ပို့လေးများသာဖြစ်သည်၊
ဘယ်လိုဘဲဖြစ်ဖြစ်, တိုက်ပွဲရဲ့အဆင့်ကသူတို့စွမ်းရည်နှင့်လုပ်နိုင်စွမ်းကိုကျော်လွန်နေ သည်၊
…
လမ်းပေါ်တွင်တော့, သားရဲအမဲလိုက်အဖွဲ့က မြို့ထဲသို့ပြန်ဝင်လာကြသည်၊ သားရဲပေါင်းများစွာနှင့်သားရဲအချို့၏အလောင်းများသည် ကုန်တင်ကားကွန်တိန်နာ ထဲတွင်ရှိသည်၊ သူတို့ဒီလိုတစ်ပုံတပင်ကြီးရတာက လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်သည်၊
ထိုသားရဲတွေကအန္တရာယ်ရှိသောအုပ်ချုပ်သူအဆင့်သားရဲတွေနှင့် တော၏အစွန်ပိုင်းတွင်ပက်ပင်းတွေ့ဆုံပြီး လက်တွေ့စမ်းသပ်မှုပြုခဲ့ကြသည်၊
သူတို့က သာမန်အဆင့်အတန်းသားရဲတွေနဲ့ ရံဖန်ရံခါအထူးအဆင့်သားရဲများ ကိုရယူခြင်း(သို့မဟုတ်) ဆေးပင်များကိုခိုးထုတ်ကာ နောက်မှရောင်းချကြသည်၊ လုပ်ငန်းစဉ်တွင်သူတို့ကဂရုစိုက်ပြီး ၎င်းတို့၏အကျွမ်းတဝင်များပြင်းထန်စွာဒဏ်ရာရ စေခြင်းကိုရှောင်ကြဉ်ကြသည်၊ မဟုတ်လျှင်ကုသစရိတ်ကအရမ်းကြီးသည်၊
အကယ်၍သူတို့က အုပ်ချုပ်သူအဆင့်သားရဲတွေနှင့်တွေ့ဆုံခဲ့ရင်တော့သူတို့ကံဆိုး တာပေါ့၊ သူတို့ကတော့ အဲ့ဒီသားရဲတွေဗိုက်ပြည့်နေပါစေလို့ဘဲ မျှော်လင့်ရသည်၊
၎င်းတို့၏အမဲလိုက်၍သယ်ယူရောင်းချခြင်းမှရရှိသော ငွေများကိုသားရဲအမဲလိုက်အဖွဲ့မှအဖွဲ့ဝင်များအားလုံးထံ ညီတူမျှတူခွဲဝေပေးသည်၊အိမ်သူအိမ်သားများအတွက် ငွေပမာဏနှုတ်ယူထားပြီး, ကျန်ရှိသည်များကိုသူတို့၏သားရဲများမြှင့်တင်ရန်နှင့် ထိန်းကျောင်းဖို့အတွက်သုံးသည်၊ ဒီလိုမှမဟုတ်ရင်, သူတို့ရဲ့သားရဲတွေကိုဆင့်ကဲ ဖြစ်စဉ်အရှိန်မြှင့်ဖို့အတွက်ကျဆုံးခဲ့လျှင်, သူတို့ကသားရဲတွေကိုအမဲလိုက်ဖို့အတွက် ကြာကြာသွားနိုင်မည်မဟုတ်ပေ, သူတို့ကသားရဲတွေကိုအစာအဖြစ်သာစားရလိမ့်မည်၊
ဒါက ယခုကမ္ဘာတွင်အများစုသားရဲလေ့ကျင့်သူများ၏ စားဝတ်နေရေးပုံစံဖြစ်သည်။
“ဒါပေမယ့်, ဒီနေ့ယူလာတာတွေကတော့,အရမ်းကောင်းမှာသေချာတယ်-မွေးလာတဲ့ အစင်းဝါမီးခိုးရောင်ဝံပုလွေသိုက်လေးတစ်ခုလုံးဘဲ၊ ငါတို့ဒီတစ်ကြိမ်သူတို့ကိုရောင်း လိုက်တာနဲ့ ငါ့ကလေးအတွက် နောက်စာသင်နှစ်အတွက်ကျူရှင်တက်လို့ရပြီ၊” မျက်နှာချောင်ကျကျနှင့်လူ ကျယ်လောင်စွာဖြင့်ပြောလိုက်သည်၊
“ဟေး, လူအိုကြီးဟောင်, ခင်ဗျားကလေးက၁၈နှစ်ပြည့်လုနီးနီးမလား? ခင်ဗျားသူ့ကို ဘယ်လိုသားရဲပေးမယ်ဆိုတာစဉ်းစားပြီးပြီလား?”
ကားနောက်ဘက်မှတိတ်ဆိတ်စွာနေသည့်သူ၏မျက်နှာသည် သူ့သားဖို့အတွက် ယူလာဖို့ပြောတဲ့အခါနွေးထွေးသွားသည်၊ “ငါက သူဌေးလျိုနဲ့သဘောတူညီမှုလုပ်ပြီး သား၊ သူကလူသားစားတီကောင်ပေါက်လေးကိုငါ့အတွက်ချန်ထားပေးမယ်လို့ သဘောတူထားတယ်”
“လူသားစားတီကောင်, အာ? အင်းတီကောင်ကလည်းကောင်းပါတယ်၊ အဲ့တာက မြေကြီးထဲမှာပုန်းနေဖို့အတွက်အဆင်ပြေတယ်၊ သူတို့ကသားရဲတွေကိုဖမ်းတာမှာ တော်တော်အဆင်ပြေတယ်” ညာဘက်တွင်ထိုင်နေသော ယောကျာ်းတစ်ဦးကပြော လိုက်သည်၊
သူကကားထဲကလူများတိတ်ဆိတ်သွားသည်ကိုသတိထားမိသွားသည်၊ “ဘာလို့မင်းတို့ စကားမပြောကြတော့တာလဲ?”
“ဟိုကိုကြည့်လိုက်….အဲ့တာဘာလဲ?”
လူအိုကြီးဟောင်က ဆင်ခြေဖုံးလမ်းဘေးဘက်ရှိသေးငယ်တဲ့ဗီလာကိုညွှန်ပြလိုက် သည်၊
“ဒါကဗီလာဘဲ မဟုတ်ဘူးလား? ဗီလာကိုမမြင်ဘူးလို့လား?”
လူအိုကြီးဟောင်အနားကလူ၏အသံကရုတ်တရက် အေးခဲသွားတော့သည်၊ ထို့နောက်, ရှေ့မြက်ခင်းပေါ်ရှိကြီးမားသောသားရဲနှစ်ကောင်ကို စိုက်ကြည့်လိုက်သည်၊
ကြီးမားသောပင့်ကူ၏ခန္ဓာကိုယ်ကအချင်းနှစ်ဆယ်(ဒါမှမဟုတ်) သုံးဆယ်မီတာ လောက်ရှိမည်ဖြစ်သည်၊ ထိုအချိန်တွင်၎င်းကမြက်ခင်းပေါ်၌လှဲချလိုက်ပြီး ပြီးပြည့်စုံမှုမရှိသောရောင်ခြည်စက်ဝန်းက ၎င်း၏ခန္ဓာကိုယ်အောက်သို့ဖြေးဖြေးချင်းလှည့်ပတ် လာသည်၊
၎င်း၏အပေါ်တွင်တော့, ကြီးမားသောငှက်တစ်ကောင်ကရပ်နေသည်၊ ထိုငှက်၏ ခြေထောက်အောက်တွင်ရောင်ခြည်စက်ဝန်းကလှည့်ပတ်နေပြီး, ၎င်းကခိုင်မာစွာဖြင့် ပင့်ကူကိုဖိနှိပ်ထားသည်။
ဒါပေမယ့် ပင့်ကူတစ်ကောင်နဲ့တင် သူတို့အံ့ဩဖို့လုံလောက်နေပြီဖြစ်သည်၊
“အဲ့..အဲ့တာဧကရာဇ်?!”
ကားထဲတွင်ရှိသောလူများအာလုံး အေးခဲသွားတော့သည်၊
***
အပိုင်း၁၆၂ ဝက်နံရိုးစွပ်ပြုပ်
ဒီလိုမြို့ဆင်ခြေဖုံးမှာ ဘာလို့ဧကရာဇ်အဆင့်သားရဲတွေရှိနေရတာလဲ?
အားလုံးကအေးခဲတောင့်တင်းနေကြသည်၊ ယာဉ်မောင်းနေသူကစတီယာကိုပင် တင်းတင်းကျပ်ကျပ်မကိုင်နိုင်တော့ပေ၊
ထရပ်ကား၏နောက်ထဲရှိသားရဲများသည်ခိုက်ခိုက်တုန်နေပြီး ကွန်တိန်နာ၏ ထောင့်စွန်းတွင်ပုန်းနေတာက ၎င်းတို့၏လုံခြုံမှုကိုခံစားရစေသည်၊
သားရဲများက လေ့ကျင့်ပေးသူများထက်ပိုပြီးအထိမခံနိုင်ဖြစ်ကာ, အာရုံခံစားနိုင်ကြ သည်၊ ဧကရာဇ်အဆင့်သားရဲနှစ်ကောင်နှင့်နီးကပ်လာသောအခါ, သေစေနိုင်သော ခြိမ်းခြောက်နိုင်သည့်ခံစားချက်က သားရဲတွေကိုမူးမေ့သွားလုနီးပါးဖြစ်စေသည်၊
ဆင်ခြေဖုံးလမ်းနေရာသည်ပြန့်ပြူးညီညာသည်, အကယ်၍မောင်းသူက စတီယာကို တင်းကြပ်စွာကိုင်မထားလျှင်တောင်, သူတို့ကကားကပျက်စီးမည်မဟုတ်ပေ၊
ထရပ်ကားကဝေးဝေးကိုမောင်းလာသည်နှင့်အမျှ ယာဉ်ပေါ်တွင်လေးလံသောဖိအားသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်၊ ကားမောင်းသူသည်သူ့ကိုယ်သူပြန်လည် ထိန်းချုပ်နိုင်လိုက်ပြီးနောက် ထိတ်လန့်တကြားဖြစ်နေကာတိတ်ဆိတ်နေသည်၊
လူတိုင်းတိတ်ဆိတ်နေခဲ့သည်၊
သူတို့က အစောပိုင်းကပြောနေသောစကားများသည်အဓိပ္ပါယ်မရှိသလိုပင် ခံစားလိုက်ရသည်၊
ထိုအချိန်၌ကောင်းဖန်နှင့်တခြားသူများဗီလာကိုပြန်ရောက်တော့ ည၇နာရီခွဲ နေပြီဖြစ်ပြီး, ကောင်းကင်ကလည်းမှောင်မဲနေပြီဖြစ်သည်၊ ဗီလာ၏ရှေ့တွင် ဒေါင်လိုက်မီးတိုင်များမှအဖြူရောင်အလင်းတန်းများလင်းနေသည်၊ အလင်းရောင်ထဲတွင်သွေးများစွန်းထင်နေသောပင့်ကူမကိုမြင်နိုင်သည်၊
ဦးလေးလျို, သွေးမျက်လုံးလင်းတကိုပေးခဲ့သောတာဝန်မှာ ပင့်ကူမကိုစောင့်ကြပ်ရန် နှင့်၎င်း၏ဒဏ်ရာများကိုပြန်လည်ကုသခြင်းမှတားဆီးရန်ဖြစ်သည်၊
ထို့ကြောင့်, သွေးမျက်လုံးလင်းတအသုံးပြုသောနည်းလမ်းမှာစားရန်ဖြစ်သည်!
အကယ်၍ပင့်ကူက အချို့သောအကြောများပြန်လည်ကြီးထွားလာလျှင်, လင်းတက ထိုအကြောများကိုစားသည်၊ သွေးမျက်လုံးလင်းတသည် ဗိုက်ပြည့်လုနီးနီးဖြစ်နေပြီ ဖြစ်သည်၊ ၎င်းကပျင်းရိစွာဖြင့် ပင့်ကူမ၏ကျောပေါ်တွင်လှဲနေလိုက်သည်၊
သေချာတာပေါ့, ကောင်းဖန်နှင့်အဖွဲ့ကတော့ ထိုအကြောင်းကိုဘာမှမသိပေ၊ သူတို့အတွက်ကတော့, ပင့်ကူမသည်ပင်ပန်းနွမ်းနွယ်နေပုံရသည်၊ အာမခံဖို့အတွက် ကတော့ကောင်းဖန်သည်ပင့်ကူမ၏အချက်အလက်များကို မီတာ၅၀အကွာမှစစ်ဆေး နေသည်၊
ထောင့်ကွင်းတွေထဲကအခြေအနေပေါ်တွင်တော့ ၎င်းကပင့်ကူမကို ပြင်းထန်သောဒဏ်ရာ(မသန်စွမ်းအားနည်း) ဟူ၍ပြနေသည်၊
တခြားသောစွမ်းရည်များကတော့သိပ်မပြောင်းလဲပေ, ပြီးတော့ကောင်းဖန်က အဆင့်တိုးမြှင့်မှုများအပေါ်တွင်ရွေးချယ်စရာရှိလားဆိုတာကိုဂရုစိုက်ကြည့်လိုက်သည်၊ ထို့နောက်, ၎င်းကဧကရာဇ်တစ်ပိုင်းသာဖြစ်တာကြောင့် ၎င်းသည်ဧကရာဇ်အဆင့် ဖြစ်ရန်အတွက်ခြေတစ်လှမ်းသာလိုအပ်သည်၊
အဆင့်အတန်းတိုးမြှင့်မှုအကွက်ထဲတွင်, တစ်နည်းတည်းသာရွေးချယ်စရာရှိသည်၊ ဆိုလိုသည်မှာ ၎င်းကတိုးမြှင့်သည့်အခါတွင်ရွေးချယ်စရာတစ်ခုတည်းသာရှိသည်၊
ကောင်းဖန်ကအနည်းငယ်စိတ်ပျက်သွားသည်၊ ဒါကဖြစ်နိုင်ချေသိသိသာသာပမာဏ ဆုံးရှုံးသွားပြီလို့ဆိုလိုတာဖြစ်ကောင်းဖြစ်နိုင်သည်၊ ထို့ကြောင့်,သူ၏ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းက ချို့တဲ့နေတာဖြစ်သည်၊
[မကောင်းဆိုးဝါးအမည်]-ကြောက်မက်ဖွယ်ပင့်ကူမ(ဧကရာဇ်တစ်ပိုင်း)
[ဧကရာဇ်အဆင့်သို့မြှင့်တင်ရန်]-ပြီးပြည့်စုံကျောက်တုံး တစ်ကျင်း(0.5kg), မြေကြီးအဆီအနှစ်, မြေထဲတွင်စီးဆင်နေသောရိုးတွင်းခြင်ဆီသွေးရည်ကြည်။
သူအရင်ကမြေထဲတွင်စီးဆင်းနေသောရိုးတွင်းခြင်ဆီသွေးရည်ကြည်ကိုကြားဖူးသည်, ဒါပေမယ့် အခြားသောပါဝင်ပစ္စည်းနှစ်ခုကတော့, လုံးဝကိုသူ့အတွက်တော့ အထူးအဆန်းဖြစ်သည်! ကြည့်ရတာအဲ့တာတွေကိုရဖို့အတွက် ကံကောင်းမှုပေါ်မှာဘဲ အားလုံးမူတည်နေသည်၊
သူကသူ၏မြင်ကွင်းထဲတွင်ပါဝင်ပစ္စည်းများဝင်လာသရွေ့ ၎င်းတို့ကိုခွဲခြားနိုင်သည်, ဒါပေမယ့်ပြဿနာက ထိုပါဝင်ပစ္စည်းများကသူ့အမြင်ထဲမှာပေါ်လာမှသာဖြစ်သည်၊
ဘယ်လိုလူမျိုးက ဒီလိုမျိုးမထင်ရှားတဲ့ပါဝင်ပစ္စည်းတွေကို ဘယ်မှာသွားရှာရမှန် ဘလိုလုပ်သိမှာလဲ?
အကယ်၍သူကထိုပါဝင်ပစ္စည်းများကိုမရှာနိုင်ပါက, ဒီကြောက်မက်ဖွယ်ပင့်ကူမ၏ အဆင့်သည်အမြဲတမ်းအဆင့်၄၀.၅တွင်သာရှိနေမှာဖြစ်ပြီး, ၎င်း၏စွမ်းရည်သည်လက်ရှိ တန်ဖိုးကိုပြောင်းလဲပြစ်လိမ့်မည်၊ အချိန်ကြာသွားတာနှင့်အမျှ, ၎င်း၏တန်ဖိုးသည် တဖြည်းဖြည်းလျော့နည်းသွားလိမ့်မည်၊
ဘယ်လိုဘဲဖြစ်ဖြစ်,၎င်းက ဧကရာဇ်တစ်ပိုင်းသားရဲဖြစ်နေဆဲဖြစ်ပြီး, ဧကရာဇ်အဆင့် သားရဲမှလွဲ၍သူ့တွင်ပြိုင်ဘက်မရှိသလောက်ပင်ဖြစ်လိမ့်မည်၊
“ဦးလေးလျို, ဒီပင့်ကူမကိုလိုချင်လား?” ကောင်းဖန်ကမေးလိုက်သည်၊
ဦးလေးလျိုကကောင်းဖန်ကိုပင့်ကူအားလက်ဆောင်ပေးမည်ဟုပြောခဲ့ပေမယ့် ကောင်းဖန်ကသူ၏ထင်မြင်ချက်ကိုမေးချင်နေတုန်းပင်၊
“ဘာလို့ပင့်ကူကိုလိုချင်ရမှာလဲ? သူကအရမ်းရုပ်ဆိုးတယ်” ဦးလေးလျိုကခေါင်းယမ်း ကာပြောလိုက်သည်၊
သူစကားပြောပြီးနောက်တွင်, ဦးလေးလျိုသည်အစင်းလေးကသူ့ကိုကြည့်နေသည်ကို သတိပြုမိလိုက်သည်၊ ဦးလေးလျိုကခဏလောက်ရပ်သွားပြီး အစင်းလေးကိုပြောလိုက်သည်, “သေချာပေါက်မင်းကိုပြောတာမဟုတ်ဘူးပေါ့, ငါကပင့်ကူမအကြောင်းပြော တာ”
အစင်းလေး; “…”
အစင်းလေးက အိမ်ထဲသို့တိတ်ဆိတ်စွာဖြင့်ဝင်သွားတော့သည်၊ ၎င်းကသူ၏ လက်ချောင်းများကိုသုံး၍တံခါးကိုတွန်းဖွင့်လိုက်ပြီး, ကြမ်းပြင်ကမှန်တစ်ခုရှေ့သို့ လျှောက်သွားပြီး သူ့ကိုယ်သူလေ့လာကြည့်နေသည်၊ တစ်ခါတစ်ရံ ၎င်းကသူ၏ လက်ချောင်းများကိုသုံး၍မျက်နှာကိုပွတ်လိုက်သေးသည်၊ အဆုံးမှာတော့, ၎င်းက ကျေနပ်စွာဖြင့်ပင်လှည့်ထွက်သွားတော့သည်၊
“ဒါဆိုကျွန်တော်အဘိုးကို လက်ဆောင်အဖြစ်ပေးလိုက်မယ်” ကောင်းဖန်ကသူ့ခေါင်းကို ကုတ်လိုက်သည်၊ အကယ်၍အဘိုးကတောင်မှမလိုချင်ရင်တော့, ဒီပင့်ကူမကိုစမ်းသပ် တဲ့အရာအနေနဲ့ဘဲလုပ်နိုင်လိမ့်မည်၊ ဒါမှမဟုတ် အရည်အသွေးမြင့်အစားအစာအဖြစ် သိုလှောင်ထားရမလား?
ညနေခင်းမှာတော့, ကောင်းဖန်က မီးဖိုချောင်ထဲတွင်ဟင်းချက်ရင်းအလုပ်များနေ သည်၊
သူကရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်သည်၊ များစွာသောအသီးအရွက်နှင့်အသားများ ရှိသည်, ဒါပေမယ့် ဘာအရိုးမှမရှိနေပေ။ တာ့ဇီက ကလေးဆန်စွာဖြင့်ရောက်လာပြီး, သူ၏ အမြီးနှင့်ခေါင်းကိုမြှောက်ကာ သူ၏သခင်ကိုငေးကြည့်နေသည်၊ ကောင်းဖန်က ထိုငတိ ကိုသတိထားမိပြီး လှည့်လိုက်တော့,တာ့ဇီကသူ့ကိုသနားစရာကောင်းသောအကြည့် ဖြင့်ကြည့်နေသည်၊
“ဘာဖြစ်တာလဲ?”
“စားမယ်, ဝက်နံရိုးစားမယ်!”တာ့ဇီကစိတ်လှုပ်ရှားစွာဖြင့် သူ၏လက်ချောင်းများကို ယမ်းလိုက်သည်၊
“ဒီမှာဘာဝက်နံရိုးမှမရှိဘူး” ကောင်းဖန်ကကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်၊
“စားမယ်၊ စားမယ်!” တာ့ဇီကလက်မလျှော့ပေ၊ ၎င်းကစိုးရိမ်လျက်စလှည့်ပတ်နေပြီး, ခရမ်းရောင်ဒိုးနတ်လိုမျိုးပြုလုပ်နေသည်၊
“ဘယ်လိုလဲ? ငါကလေထဲကနေဝက်နံရိုးကိုဖန်တီးလို့ရတယ်များမှတ်နေလား?” ကောင်းဖန်ကပြောလိုက်သည်၊
“တာ့ဇီကအရမ်းဝမ်းနည်းသွားသည်၊ ၎င်း၏ဦးမျှင်နှစ်ချောင်းကအားနည်းစွာဖြင့် ငိုက်စိုက်ကျသွားတော့သည်၊
ရုတ်တရက်, တာ့ဇီကတစ်ခုကိုတွေးမိလိုက်သည်၊ ၎င်းကခိုးကြောင်ခိုးဝှက်ဖြင့် သတိမထားမိသောဒမ်ဘီဆီကိုကြည့်လိုက်သည်…
တာ့ဇီ၏လှုပ်ရှားမှုကကောင်းဖန်ကိုဆွဲဆောင်မိသွားသည်, “မင်းဘာကိုကြည့်နေတာတုန်း?”
ကောင်းဖန်ကတာ့ဇီကြည့်နေသည့်ဦးတည်ရာဘက်ကိုကြည့်လိုက်သည်၊ ဘာကိုမှ သတိမထားမိဘဲ တီဗွီကြည့်ရင်းဆိုဖာပေါ်တွင်ထိုင်နေသောဒမ်ဘီကိုတွေ့လိုက်သောအခါ သူ၏လက်လှုပ်ရှားမှုများနှေးကွေးသွားသည်၊ အပြာရောင်မီးတောက်သည် ဦးခေါင်းခွံပေါ်တွင်တိတ်ဆိတ်စွာဖြင့်လောင်ကျွမ်းနေသည်၊
ထို့နောက်ကောင်းဖန်ကခေါင်းငုံ့ပြီးတာ့ဇီကိုသာကြည့်နေလိုက်သည်၊ လူတစ်ယောက် နှင့်သားရဲတစ်ကောင်, ထူးဆန်းသောခံစားမှုများကသူတို့မျက်လုံးများထဲတွင်ပြည့် နေသည်၊
…
“ဒီကိုလာဦး၊ ဒမ်ဘီ, ဒီကိုလာဦး” ကောင်းဖန်ကမီးဖိုချောင်ထဲမှအော်လိုက်သည်၊
မီးဖိုချောင်မှာကြီးမားသောဒယ်အိုးကြီးတစ်လုံးရှိသည်၊ ဆူပွက်နေသောရေများက အိုးထဲတွင်ပြည့်နေပြီး, ထိုရေထဲတွင်တော့ကြက်သွန်, ဂျင်း, ကြက်သွန်ဖြူ, ဝံပုလွေဘယ်ရီ, စမြိတ်နှင့်အခြားသောအရာများပါဝင်သည်၊
ဒါကသခင်သူ့အတွက်ပြင်ဆင်ပေးထားတာလား? ဒမ်ဘီကအနည်းငယ်စိတ်လှုပ်ရှား သွားပြီး, အနည်းငယ်လောက်ကျေးဇူးတင်မိသည်၊ ငါကအရိုးစုတစ်ခုဖြစ်ပြီး, ဘာအစာမှစားလို့မရပေမယ့်, သခင်ကသူ့ကိုမမေ့ဘူးဘဲ!
“ဒမ်ဘီ,ဒီကိုလာ၊ ငါမင်းလက်ကိုဆေးဖို့ကူညီပေးမယ်”ကောင်းဖန်ကဒမ်ဘီကို လက်ဆေးကန်ဆီသို့ခေါ်လိုက်သည်၊ သူကဒမ်ဘီ၏အရိုးတွေကိုငြင်သာစွာပွတ်လိုက် ပြီး, ၎င်းတို့ထံမှအညစ်အကြေးများကိုသန့်ရှင်းလိုက်သည်၊ ခဲငွေရောင်ရှိသော အရိုးများက တောက်ပနေသည်၊
ဒမ်ဘီကဒီမြင်ကွင်းကိုတိတ်ဆိတ်စွာနှင့်ကြည့်နေသည်၊ သူ၏နှလုံးသားထဲတွင် နွေးထွေးသွားသည်၊ ပြီးတော့, သူ၏အရိုးများကအေးစက်နေပြီး ၎င်း၏ဝိဉာဉ် မီးတောက်တွင် အပူချိန်မရှိပေမယ့်, သူ၏စိတ်ထဲတွင်တော့တောက်လောင်နေပြီ ဖြစ်သည်၊
သခင်ကအလေးအနက်ထားတဲ့အချိန်ဆိုအရမ်းမိုက်တာဘဲ!
ဒမ်ဘီကသူ၏စိတ်ထဲတွင်ကျိန်ပြောလိုက်သည်,သခင်, ငါသေချာပေါက်ကို ကာကွယ်ပေးမှာပါ…အာ? သခင်ဘာလို့ငါ့ကိုဆွဲသွားတာလဲ?
ဒမ်ဘီကဘာလို့သခင်ကသူ့ကိုအိုးနားခေါ်သွားလဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်၊
“ဒမ်ဘီ,ဒီကိုလာပြီး ရေရဲ့အပူချိန်ကိုစမ်းကြည့်ပါဦး” ကောင်းဖန်ကဒမ်ဘီကိုပြောလိုက် သည်၊
ဒမ်ဘီကခေါင်းညိတ်လိုက်ပြီး သူ၏လက်အစုံကိုတုံ့ဆိုင်းမှုမရှိဘဲအိုးထဲသို့ထည့်လိုက်သည်၊ တစ်ချိန်တည်းမှာပင် ကောင်းဖန်ကဒမ်ဘီကိုစိတ်အားထက်သန်စွာဖြင့်ကြည့်နေသည်၊ ဒမ်ဘီက တစ်ခုခုဖြစ်သောပုံစံကိုပြခဲ့လျှင် သူကဒမ်ဘီ၏လက်ကိုချက်ချင်း မတင်လိုက်မည်ဖြစ်သည်၊
သို့သော်, ထိုမျှအဆင့်တွင်ရှိသောအပူချိန်သည် ဒမ်ဘီအတွက်ဘာမှဖြစ်ပုံမရသောကြောင့် ဒမ်ဘီကအဆင်မပြေမှုတစ်စုံတစ်ရာကိုဖော်ပြခြင်းမရှိပေ၊ ဆန့်ကျင်ဘက်အနေဖြင့် အတွေ့အကြုံအသစ်ကိုစိတ်ဝင်စားစရာကောင်းသည်ဟုထင်နေပုံရသည်၊
အချိန်ကြာလာသည်နှင့်အမျှအိုးထဲမှဟင်းရည်သည်မွှေးကြိုင်သောအနံ့ကို တဖြည်းဖြည်းပေးစွမ်းလာသည်၊
တာ့ဇီကစိတ်လှုပ်ရှားစွာဖြင့်ခေါင်းကိုမြှောက်လိုက်ပြီး ခေါင်းကိုရွှင်လန်းစွာခါယမ်း လိုက်သည်၊
နာရီဝက်ကြာပြီးနောက်, အိုးထဲမှစွပ်ပြုတ်သည်အဆင်သင့်ဖြစ်နေပြီဖြစ်သည်၊
ဧည့်ခန်းထဲတွင်,တာ့ဇီက စွပ်ပြုတ်ကိုပျော်ရွှင်စွာဖြင့်ယှက်နေပြီး ဒမ်ဘီက တိတ်တဆိတ်ဖြင့်ထောင့်တွင်မတ်တပ်ရပ်နေပြီးနံရံကိုမှီနေသည်၊ သူတို့…သူတို့ကြိုက် ကြသားဘဲ။
သူတို့ကြိုက်တဲ့အရာကို ထောက်ပံ့ပေးနိုင်လို့ပျော်ပါတယ်၊ ဒမ်ဘီ၏ဝိဉာဉ်မီးတောက် သည်တဖြည်းဖြည်းငြိမ်သက်သွားပြီး အေးချမ်းသွားတော့သည်၊
နောက်တစ်နေ့မှာတော့,ကောင်းဖန်တစ်ယောက် နေရောင်ခြည်တောက်နေသော ကြောင့်နိုးလာတော့သည်၊ သူသည်ဗီလာမှထွက်၍ ပင်မတံခါးကိုသော့ခတ်လိုက်သည်၊ သားရဲတွေက အကြီးအသေးအိတ်များကိုသယ်ထားကြသည်၊ သူတို့ကပြန်လှည့်လိုက် ပြီးဗီလာကိုပြန်ကြည့်လိုက်သည်၊
ကောင်းဖန်ကသက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ထူးခြားသည့်ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသည်၊ “ငါတို့ထွက်သွားရအောင်, ယွိကျိုးကိုသွားကြစို့”
***
အပိုင်း၁၆၃ ယွီကျိုး
လေယာဉ်ရောက်တဲ့အချိန်က ဆယ်နာရီတိတိဖြစ်ပြီး, အကယ်၍ကပ်ဆိုးကြီးသာ မဖြစ်ခဲ့ပါက ချန်အန်းမှယွိကျိုးသို့သွားခြင်းသည်အနည်းဆုံးတစ်နာရီသာကြာမြင့်သည်၊ သို့သော်ကပ်ဆိုးကြီးပြီးနောက်,နေရာနှစ်ခုကြားအကွာအဝေးသည် တိုးလာကာ ချန်အန်းမှယွိကျိုးသို့သွားရန်ကြာချိန်သည် သုံးနာရီကြာမြင့်သည်၊
“ ဆာရ်?, သားရဲတွေကိုလေဆိပ်ထဲဝင်ခွင့်မပြုဘူး” လုံခြုံရေးအစောင့်က ကောင်လေးတစ်ယောက်သားရဲတွေနှင့်အတူဝင်နေတာကို ယဉ်ကျေးစွာဖြင့်တားလိုက် သည်၊
“အာ? ဒါဆိုဘာလို့လူအများကြီးက သူတို့သားရဲတွေကိုအထဲခေါ်လာကြတာတုန်း?” ကောင်လေးကအနည်းငယ်စိတ်ညစ်သွားသည်, ပြီးတော့သူကနောက်ထပ်နေရာတစ်ခု ကိုညွှန်ပြလိုက်သည်၊ ထိုဧရိယာတွင်, လူအိုကြီးတစ်ယောက်နှင့်လူငယ်တစ်ယောက်က များစွာသောသားရဲတွေကို ကျယ်ဝန်းသောခန်းမကြီးထဲသို့ခေါ်လာသည်၊
“အဲ့တာက ကိုယ်ပိုင်လေယာဉ်တွေထွက်ခွာတဲ့ဧရိယာပါ၊ မဟာမိတ်ဥပဒေမှာ အခု ကိုယ်ပိုင်လေယာဉ်တွေနဲ့သားရဲတွေကိုခေါ်တင်ခွင့်ကန့်သတ်ထားတဲ့စည်းမျဉ်းမရှိပါဘူး” လုံခြုံရေးအစောင့်ကပြောလိုက်သည်၊
အခြေခံအားဖြင့်, သူဆိုလိုတာကဒီကိုယ်ပိုလေယာဉ်တွေက ပိုင်ရှင်တွေရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တာကြောင့် ပိုင်ရှင်တွေကသူတို့ကြိုက်သလိုလုပ်နိုင်သည်၊ သူတို့ ပိုင်ဆိုင်မှုနဲ့သူတို့လုပ်တာက တခြားသူတွေကိုမထိခိုက်စေဘူး၊
ထို့ကြောင့်ကိုယ်ပိုင်လေယာဉ်များအတွက်လမ်းကြောင်းများသည် စီးပွားရေးလေယာဉ်များဖြင့်ကွာခြားပြီး ၎င်းတို့၏ပျံသန်းမှုလမ်းကြောင်းများသည်လည်းကွာခြားသည်၊
ကောင်လေး၏မျက်နှာအမူအရာသည်ပြောင်းလဲမှုသည် အရမ်းစိတ်ဝင်စားစရာကောင်းသည်၊ ခဏလောက်ကြာပြီးနောက်, သူကခါးသီးစွာဖြင့်ခေါင်းကိုငုံ့လိုက်သည်၊
…
“ငါမင်းအဘိုးကိုပြောပြီးသားပါ, ပြီးတော့သူကတခြားပို့ဆောင်ယာဉ်နဲ့အတူ ပင့်ကူမကို ပို့ပေးလိမ့်မယ်”, လျိုရှောင်ထန်ကကောင်းဖန်ကိုပြောလိုက်သည်၊ “အဲ့ဒီပင့်ကူမက အရမ်းကြီးလွန်းတယ်၊ အဲ့တာကအထူးလေယာဉ်နဲ့ပို့မှဘဲ… ငါသွေးမျက်လုံးလင်းတကို အဲ့ဒီလေယောဉ်နဲ့ဘဲလိုက်ခဲ့ဖို့ထားခဲ့တယ်၊ မတော်တဆမှုတွေမဖြစ်အောင်လို့”
ကောင်းဖန်ကသူနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်၊
နာရီဝက်ကြာပြီးနောက်, သူတို့ကလေယာဉ်ပေါ်သို့တက်ခဲ့သည်၊ လေယာဉ်သည် လေထဲသို့တဖြည်းဖြည်းပျံတက်သွားပြီး မြေပြင်မှပို၍ဝေးကွာလာသည်၊
ဧည့်သည်ခန်းတွင်တော့, သားရဲတွေအကုန်လုံးကိုချိန်းများဖြင့်ပတ်ထားရသည်၊
သေချာတာပေါ့, သူတို့သားရဲတွေအန္တရာယ်ဖြစ်မှာကိုမကြောက်ပါဘူး, သူတို့ပိုကြောက်တာက သားရဲတွေက လေယာဉ်ဧည့်သည်ခန်းကိုအပေါက်ဖြစ်အောင်ဖောက်ဖြဲမိလိုက် မှာကိုဘဲ စိုးတာ…
မှန်မှတဆင့်အပြင်ဘက်မြင်ကွင်းသည်အဖြူရောင်တိမ်တိုက်များဖြင့်မြင်ကွင်းကို ပိတ်ဆို့စေတာကြောင့်အပြင်ဘက်မြင်ကွင်းသည်တစ်စတစ်စ ငြီးငွေ့ဖွယ်ကောင်းသွား သည်၊ ထို့နောက်, လေယာဉ်ကတိမ်တွေကိုဖြတ်၍, ဒုံးပျံလိုမျိုးအပေါ်ကိုတက်သွား တော့သည်၊
ကောင်းဖန်ကသူ့ထိုင်ခုံတွင်သက်တောင့်သက်သာရှိသော ထောင့်အနေအထားကိုယူကာအနားယူနိုင်စေရန် မျက်လုံးအုပ်ကိုဝတ်ဆင်လိုက်သည်၊
သုံးနာရီကြာပြီးနောက်, လေယာဉ်ကဆင်းသက်ရန်ပြင်ဆင်နေပြီဖြစ်သည်၊
လေယာဉ်ဝန်ထမ်းများက ကောင်းဖန်၏ဘေးသို့လျှောက်လာပြီး ယွိကျိုးတွင် ဆင်းသက်တော့မည်ကိုညင်သာစွာဖြင့် သတိပေးလိုက်သည်၊
ငါတို့ရောက်ပြီလား?
ကောင်းဖန်က မျက်လုံးအုပ်ကိုဖယ်လိုက်ပြီး နေကာမှန်ကိုဆွဲလိုက်သည်၊ ပြတင်းပေါက်မှဖြတ်၍, တိမ်တိုက်များကိုထိနေသောမျှော်စင်ထိပ်ကိုဝိုးတဝါးတွေ့ လိုက်ရသည်၊
အောက်ကိုကြည့်တော့, တောင်တစ်ခုချင်းစီတိုင်းက တစ်ခုနှင့်တစ်ခုဆက်သွယ်နေကြ ပြီး, ကျယ်ပြန့်သောယန်ဇီမြစ်ကြီးဖြင့်လည်း အမြဲဆက်သွယ်နေပုံပေါ်သည်၊ တောင်တွေကြားထဲကပျံဝဲနေတဲ့နဂါးကြီးကိုကြည့်နေရသလိုပင်ဖြစ်သည်၊
တောင်တွေ၏အလယ်တွင်တော့, ကြီးမားတဲ့မြို့ကြီးတစ်မြို့ပေါ်လာသည်၊၊ ၎င်းက တောင်ခြေမှတောင်စောင်းအထိလမ်းတစ်လျှောက်လုံးယန်စီမြစ်ကိုခွဲထားရန်ဖြစ်သည်၊ မြစ်၏မျက်နှာပြင်တွင်မြို့နှစ်ဖက်စလုံးကိုဆက်သွယ်ပေးထားသော တံတား၁၀ခုရှိ သည်၊
မြစ်၏ဘေးဘက်တွင်တော့ မြင့်မားသောအဆင့်ရှိသည့်ရေကာတာကြီးရှိသည်၊ ထို့အပြင်နှစ်ဖက်စလုံးရဲ့ကမ်းခြေဘက်ကိုကာကွယ်ပေးမည့်သံရန်းအတားများရှိသည်၊ ရံဖန်ရံခါတွင်, ကားများသည်ကမ်းရိုးတန်းလမ်းတစ်လျှောက်တွင်မောင်းနှင်နေသည် ကိုလည်းတွေ့ရသည်၊
လေယာဉ်သည်မြစ်ကိုဖြတ်၍ရှေ့သို့ဆက်လက်ရွေ့သွားကာ ၎င်းတို့အောက်ရှိမြို့သည် လည်းပို၍နီးကပ်လာသည်၊
ခေတ်ဆန်သောမြို့တွင် သံမဏိအဆောက်အအုံများ၌နည်းပညာပိုင်းဆိုင်ရာ အလင်းများသည်၎င်းတို့၏အပြင်ဘက်မှန်နံရံများတွင်ရောင်ပြန်ဟပ်နေသည်၊ လေယာဉ်ကမြို့ကိုဖြတ်၍တောင်ဘက်ကိုဦးတည်သွားသည်၊ နောက်ပိုင်းတွင် လေယာဉ်ပြေးလမ်းကြောင်းပေါ်သို့တစ်ဖြည်းဖြည်းချင်းဆင်းသက်ခဲ့သည်၊
ကျယ်ဝန်းသောလေဆိပ်ကြီးက ပြတင်းပေါက်တွင်ပေါ်လာသည်၊ မီးအလင်း တစ်ခုချင်းစီတိုင်းသည်မြေပြင်ပေါ်တွင်တောက်ပနေပြီး လေယာဉ်ကအောက်သို့ဆင်း သွားသည်၊ ၎င်းတို့၏ဆွဲအားက အနည်းငယ်ပုံပျက်သွားသလိုပင်၊
နောက်ဆုံးတော့,သူတို့ အေးဆေးစွာဖြင့်ဆင်းသက်နိုင်ခဲ့သည်၊
လေယာဉ်ဆင်းပြီးတဲ့အခါ ဦးလေးလျိုကဖုန်းကိုကောက်ကိုင်လိုက်ပြီး ခဏလောက် စကားပြောနေခဲ့သည်၊ ထို့နောက်သူကဖုန်းကိုအမြန်ချလိုက်ပြီး လှည့်ကြည့်ကာ ကောင်းဖန်ကိုပြောလိုက်သည်, “အဘိုးကြီးကျီက တစ်ခုခုကိုဖမ်းမိတာကြောင့် သူလာကြိုလို့မရဘူး၊ဘယ်လိုဘဲဖြစ်ဖြစ် သူကကုမ္ပဏီနဲ့စီစဉ်ပြီးသားပါ၊ ငါတို့အဲ့ကို တိုက်ရိုက်သွားနိုင်တယ်”
“ဟုတ်ကဲ့၊ ကျွန်တော် ဦးလေးစီစဉ်တဲ့နောက်ကဘဲလိုက်ပါ့မယ်” ကောင်းဖန်တွင် မည်သည့်ထင်မြင်ချက်မှမရှိပါ၊
…
ယန်ဇီမြစ်အထက်ပိုင်း
ကပ်ဆိုးကြီးပြီးနောက်, ကမ္ဘာတစ်ဝှမ်းလုံးရှိမြစ်များသည် အဆက်မပြတ်ကြီးလာသကဲ့သို့ ကျယ်ပြန့်လာပြီး ပို၍ရှည်လာသည်၊ ရှန်ချွမ်မြစ်အထက်ပိုင်းသည်လည်း ပို၍ ကြီးလာသည်၊ ၎င်းကအံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်၊
မြစ်ချောင်းတွင်လှိုင်းများအရှိန်ပြင်းစွာရိုက်ခတ်နေသည်၊
ချွန်ထက်သောရေယက်တွေက ရေ၏မျက်နှာပြင်ကိုဓားတစ်ချောင်းလို ဖြတ်၍ ကြီးမားသောလှိုင်းတစ်ခုကိုဖန်တီးနေသည်၊
ကြည်လင်နေသောမြစ်ရေကိုဖြတ်၍ , မြစ်၏နက်ရှိုင်းသောအမှောင်ထုကိုမြင်နေရ သည်၊ မျက်နှာပြင်ကိုဖြတ်၍, ရွေ့လျားနေသည်၊ သို့သော်စစ်တပ်၏တွက်ချက်မှုများ အပေါ်အခြေခံ၍ ၎င်း၏နောက်ဆုံးခရီးမှာ ယန်ဇီမြစ်အောက်ပိုင်း ယွိကျိုးမြို့ဖြစ်သည်၊
“ဒီငတိကဆိုးတာတော့သေချာတယ်” ယွိကျိုးစစ်တပ်ထဲတွင်, မုတ်ဆိတ်မွှေးနှင့် အဆင့်မြင့်သောစစ်တပ်အရာရှိတစ်ဦးသည် အနက်ရောင်မျက်မှန်တစ်ခုကိုတပ် ထားသည်၊ သူကဒရုန်းမှမှတ်တမ်းတင်ထားသောဗီဒီယိုကိုကြည့်လိုက်ပြီး ပြုံးလိုက်သည်၊
ဆက်သွယ်ရေးဂြိုလ်ထုမှရထားသောသွက်လက်သောဓာတ်ပုံများကို အခြေခံ၍ မြစ်၏ နက်နဲသောနေရာတွင်ရှိသော သားရဲများသည်ရေအောက်၌ စက်ဝိုင်းပုံများပြုလုပ်နေ ကြကာတစ်ခါတစ်ရံတွင် ၎င်းသည်ရေအပေါ်တွင်ပင်ကူးခတ်သွားလာနေကြသည်၊ သို့သော်, ၎င်း၏ကူးခတ်နေမှုပုံရိပ်အားလုံးကိုပေါင်းစပ်လိုက်၍အတိအကျတွက်ချက် ကြည့်လိုက်သောအခါ, နောက်ဆုံး၎င်းဦးတည်သွားရာလမ်းကြောင်းသည်ယန်ဇီမြစ် အောက်ပိုင်းတွင်တည်ရှိသောယွိကျိုးမြို့ဖြစ်သည်၊ အမြင်အားဖြင့်နေရာအနှံ့တွင် အဓိပ္ပါယ်မဲ့သောလှုပ်ရှားမှုများအားလုံးသည် လူသားများ၏သတိထားနိုးကြားမှုများ ကိုလျော့ချရန်အတွက်ဖြစ်သည်၊
ကံမကောင်းစွာနှင့်ပင်, ဒရုန်းနှင့်ဂြိုလ်ထုနှစ်ခုစလုံး၏အမြဲတစေစောင့်ကြည့်နေမှု အောက်တွင်၎င်း၏လျှို့ဝှက်ထားသောအစီအစဉ်ကိုလုံးဝဝှက်ထားနိုင်ခြင်းမရှိဘဲ, အဆုံးတွင်တော့အတော်လေးရယ်စရာကောင်းလှသည်၊
သူကရဲတိုက်ထဲကိုခိုးဝင်ဖို့ကြိုးစားနေရင်း သံသယဖြစ်ဖွယ်သူခိုးတစ်ယောက်နှင့်တူ သည်၊ သူကလမ်းသွားလမ်းလာတစ်ဦးအဖြစ်ဟန်ဆောင်နေသည်ဖြစ်သော်လည်း အမှန်မှာ သူလုပ်ဆောင်နေသမျှကိုနံရံတွင်ကပ်ထားသောလုံခြုံရေးကင်မရာကအဆက် မပြတ်စောင့်ကြည့် မှတ်သားနေသည်ဆိုတာပင်…
လုံခြုံရေးအစောင့်များက လုံခြုံရေးဗွီဒီယိုများရှေ့တွင် တိတ်တဆိတ်ထိုင်စောင့်နေကာ သူခိုး၏အပြုအမူကိုစောင့်ကြည့်ရင်း ဖရဲစေ့ကိုအဆာပြေစားကာ အချင်းချင်းစကား စမြည်ပြောဆိုနေကြမည်၊
မြစ်၏အနက်ရှိုင်းဆုံးအပိုင်းတွင်, ပြင်းထန်သောရေရိုက်ခတ်သံက သန်မာသော လှိုင်းများကိုဖန်တီးနေသည်၊ ပူဖောင်းများကထိုအနက်ရောင်သဏ္ဍာန်လှုပ်ရှားမှုကြောင့် ပေါ်လာပြီး ရုတ်တရက်ဖောက်ကနဲမြည်ကာပြောက်ကွယ်သွားသည်၊ ခဲနက်ရောင် အကြေးခွံများကရေအောက်တွင်နက်ပြောင်၍စိုနေသည်၊
ငါးမီတာလောက်ရှည်လျားသောရေမြွေက ရယ်စရာကောင်းလောက်အောင် ပြင်းထန်သောအောက်ရေစီးကြောင်းသို့စုပ်ဝင်သွားသည်၊ မြွေသည်ရေထဲသို့စုပ်ယူ ခံလိုက်ရသောအခါတုန့်ပြန်ရန်ပင်အချိန်မရှိခဲ့ပေ၊ မြွေသည်ထိုထဲသို့ဆွဲငင်ခံနေရစဉ် တွင်ရေစီးကြောင်းကိုရိုက်ခတ်နေသည်၊
မြွေသည်နောက်ဆုံးတွင် ၎င်း၏အာရုံပြန်လည်ရရှိလာရန်အတွက် အားထုတ်မှုအနည်း ငယ်ယူခဲ့ရသည်၊ ရေမြွေသည်၎င်း၏မျက်လုံးများကိုဖွင့်လိုက်ပြီး နွေးသောအဝါရောင် အလင်းကရုတ်တရက်အောက်မှပေါ်, ပြီးနောက်အနီရောင်အလွှာတစ်ခုက၎င်း၏ ခန္ဓာကိုယ်အောက်မှတိတ်တဆိတ်ထွက်ပေါ်လာတော့သည်…
ရေမြွေကအနီရောင်အလွှာတစ်ခုကိုစဉ်းစားရကြပ်စွာဖြင့်ငုံ့ကြည့်လိုက်သည်၊ အဲ့တာကို ရင်းနှီးနေသလို…
ပြီးနောက်အခိုက်အတန့်မှာပင်,ရေတွေကထန်လာကာ အနီရောင်အလွှာကရုတ်တရက် လှန်လိုက်တော့ ရေမြွေသည်သတိမေ့သွားတော့သည်၊
…
“ဒါဆို, ဒီအသေးအဖွဲသားရဲလေးကြောင့် ငါ့တို့မြေးအဘိုးပြန်ဆုံတာကို အနှောင့်အယှက်ဖြစ်စေတယ်မဟုတ်လား?” ကျီဟန့်ဝူသည်လှေ၏ကုန်းပတ်ပေါ်တွင်ရပ်နေသည်၊ သူကရှေ့တွင်တဖြည်းဖြည်းနီးကပ်လာသော‘ကျွန်း’ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်၊
“ကျွန်း”၏အမြင့်ဆုံးနေရာ၌ ချွန်ထက်သောအဖြူရောင်ဦးချိုသည် လှံတံတစ်ချောင်း ကဲ့သို့ပင်ကောင်းကင်သို့ညွှန်ပြနေသည်၊ ချွန်ထက်သောအနက်ရောင်ဆူးချွန်များသည် မီးခိုးရောင်အကြေးခွံများပေါ်တွင်နေရာအနှံ့ပျံ့နှံ့သွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းသွားခဲ့သည်၊
ရေမျက်နှာပြင်အထက်တွင်ပေါ်လွင်နေသောသားရဲသည် စတုရန်းမီတာ၁၀ကျော်သာ ရှိသော်လည်း ပိုကြီးသောအစိတ်အပိုင်းကိုမြစ်အောက်၌ဖုံးကွယ်ထားသည်၊ သူကလှေကိုသတိထားမိသလို, ‘ကျွန်း’နှင့်နီးကပ်လာသောလှေကလည်းအရှိန်မြန် လာသည်၊
ကျီဟန့်ဝူ၏အမူအရာက သားရဲနှင့်နီးကပ်လာသော်လည်းဘာမှပြောင်းလဲမသွားပေ၊
သားရဲကမြစ်၏အနက်ဆုံးမှဖြည်းညင်းစွာထလာသည်၊ သူ၏ကြီးမားသောခန္ဓာကိုယ်က ကြီးမားသောလှိုင်းတွေကိုဖန်တီးပြီးလှေကိုတုန်ခါစေသည်၊ ကျီဟန့်ဝူကသူ၏ လက်နှစ်ဖက်ကိုဘေးသို့ချထားသည်၊ သူကငြိမ်သက်စွာဖြင့်ကြည့်နေသည်၊ သူ၏ခြေထောင်နှစ်ဖက်ကလှေ၏ကုန်းပတ်ပေါ်တွင်အမြစ်တွယ်နေသလိုမျိုး ခိုင်မာနေသည်၊ အကယ်၍တစ်ယောက်ကကြည့်မည်ဆိုလျှင်, လှေကုန်းပတ်ပေါ်တွင် ကျီဟန့်ဝူခြေထောက်ကိုချိတ်နှစ်ခုဖြင့်ချိတ်ထားတယ်လို့ပင်ထင်နိုင်သည်၊
***
အပိုင်း၁၆၄ တောင်ပိုင်းကောင်းကင်ဂိုဏ်း
ကျယ်လွန်းသည့်ပါးစပ်တစ်ခုသည် မြစ်ရေမျက်နှာပြင်ကိုဖြတ်ပေါ်လာခဲ့သည်။ ရေစီးကြောင်းများက ၎င်း၏နှုတ်သီးများကြားမှစီးဆင်းလာကာ ရေတံခွန်သဖွယ်ဖြစ်တည်နေသည်။ အနက်ရောင်ပါးစပ်ကျယ်ကြီးသည် နက်ရှိုင်းလှသည့်ငရဲခန်းဝင်ပေါက်တစ်ခုလိုပင်။
“နဂါးဖြူ။” ကျီဟန့်ဝူ သာမာန်ကာလျှံကာပင်ပြောလိုက်သည်။
ကမ္ဘာကြီးကရပ်တန့်သွားသလိုမျိုး လေထုတစ်ခုလုံးအေးခဲသွားတော့သည်။
ကျယ်လောင်သည့် နဂါးဟိန်းသံတစ်ခုနှင့်အတူ အဖြူရောင်ရေနဂါး၏ခြေသည်းများသည် မြစ်ထဲမှရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ နဂါး၏လက်သည်းသုံးချောင်းသည် ကြီးမားလှသည့်ပါးစပ်ရှိရာသို့ တိုးဝင်ပြီး ကြီးမားသည့်လက်သည်းရာကြီးဖြစ်စေခဲ့သည်။
ချက်ချင်းဆိုသလို လတ်လတ်ဆတ်ဆတ်သွေးများကလဲ ပန်းထွက်လာခဲ့သည်။
မယုံနိုင်လောက်စရာအင်အားဖြင့် ပါးစပ်ကြီးကို ဆုတ်ဖြဲပစ်ခြင်းပင်။
မြစ်ရေမျက်နှာပြင်တွင်မြူခိုးများဖုံးလွှမ်းနေပြီး မြစ်ကိုအဖြူရောင်မြူများဖြင့် ဖုံးအုပ်ထားသည်။
“ထပ်ပြီးတော့လား၊ အမြဲတမ်းပဲ။ ဒီမြူတွေရှိနေမှတော့ ငါတို့တိုက်ပွဲတစ်ခုလုံးကို မမြင်နိုင်တော့ဘူး။” ယွီကျိုးစစ်တပ်မှမျက်စိတစ်ဖက်တည်းဖြင့်ဗိုလ်ချုပ်က စိတ်မဝင်စားဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက် သူကစားလက်စဖရဲသီးတစ်ပိုင်းကို သူ့ဘေးကမအမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
ထို့နောက် သူ့လက်ကိုခါကာ စောင့်ကြည့်ခန်းထဲမှထွက်ခွာသွားတော့သည်။ “ငါ့ကို အရေးပေါ်အချက်ပေးစရာမလိုတော့ဘူး၊ ငါပျင်းနေပြီ!”
အဝေးမှာတော့ မြူခိုးတွေက မြစ်မျက်နှာပြင်ကိုဖုံးအုပ်ကာ မြင်ကွင်းကိုပိတ်ကာထားသည်။ ငါးမီတာဝန်းကျင်လောက်ကိုသာ မြင်နိုင်စွမ်းရှိတော့သည်။ ရံဖန်ရံခါ နဂါးကြီးတစ်ကောင်နှင့် သားရဲကြီးတစ်ကောင်၏ဟိန်းဟောက်သံများနှင့်အတူ မြူခိုးများထဲတွင် အရိပ်ကြီးများကို ယောင်ဝါးဝါးတွေ့မြင်နိုင်ပေသည်။
အချိန်အတော်ကြာပြီးနောက် အသံတွေကတဖြည်းဖြည်းပျောက်ကွယ်သွားကာ မြေကလဲပြန်လည်ငြိမ်သက်လာခဲ့သည်။ အဖြူရောင်အရိပ်တစ်ခုက မြူခိုးများကိုဖြတ်ကျော်ကာ ယွီကျိုးမြို့ဆီသို့ပျံသန်းသွားခဲ့သည်။ မြစ်မျက်နှာပြင်ကိုဖုံးနေသည့် မြူခိုးများကလဲ တဖြည်းဖြည်းရှင်းလင်းလာခဲ့သည်။ မြစ်ရေတွေကတော့ မမောနိုင်မပန်းနိုင် ဆက်လက်လှိုင်းထလို့နေသည်။
မြစ်မျက်နှာပြင်ပေါ်တွင် တစ်ပိုင်းကျိုးသွားသည့်လှေအကြွင်းအကျန်များက တဖြည်းဖြည်းနစ်မြုပ်လို့နေလေသည်….
မြစ်မျက်နှာပြင်ပေါ်တွင် အနက်ရောင်အရိပ်ကြီးတစ်ခုက ပေါလောပေါ်လို့နေသည်။ သွေးစိမ်းအိုင်ကြီးကလဲ ရေထဲမှလှိုင်းလုံးများနှင့်အတူ သိပ်မကြာခင်မှာပဲ ရေထဲပျံသွားတော့သည်။
ယန်ဇီမြစ်အောက်ပိုင်းတွင်တော့ သင်္ဘောကြီးနှစ်ဆင်းသည် ထိုဒေသသို့မောင်းနှင်ဝင်ရောက်လာခဲ့သည်။ သင်္ဘောပေါ်ရှိဝန်ထမ်းအားလုံးသည် အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြကာ လူတိုင်းသင်္ဘောပေါ်မှာ လှုပ်ရှားနေကြသည်။ သင်္ဘော၏ဘေးနှစ်ဖက်မှာတော့ စာလုံးနှစ်လုံးကိုရေးထွင်းထားခဲ့သည်။ “(တောင်ဘက်)(ကောင်းကင်)”
အပြာရောင်အမွေးများနှင့် အနီရောင်အိတ်များသယ်ထားသည့်မျောက်များသည် သင်္ဘောစွန်းတွင် နာနာခံခံထိုင်လို့နေသည်။ သူတို့က နားကြပ်များမှသီချင်းသံစဉ်အတိုင်း ခေါင်းများကိုယမ်းနေကြပြီး အတော်ကိုပျော်ရွှင်နေကြသည့်ပုံပင်။
သင်္ဘောက မြစ်ထဲရှိမျောနေသောအလောင်းအနီးသို့ တဖြည်းဖြည်းချင်းကပ်လာခဲ့သည်။ ဝန်ထမ်းတချို့က ဝါးတိုင်များကိုလွှဲကာ သင်္ဘောစွန်းကိုတိုက်ကြသည်။
မျောက်ပြာများကတော့ နာခံမှုရှိရှိပင် နားကြပ်များကိုချွတ်ကာ သူတို့နောက်ကျောမှအနီရောင်အိတ်များထဲသို့ သေချာထည့်လိုက်ကြသည်။ သူတို့က အောက်ကိုငုံ့ကာ သင်္ဘောအစွန်းရှိချိတ်များကိုကောက်ယူပြီး ရေထဲသို့ပစ်ချလိုက်လေသည်။
ချိတ်များသည် သံကြိုးအထူကြီးများဖြင့်ချိတ်ဆက်ထားကာ ရေထဲသို့တဖြည်းဖြည်းနစ်မြုပ်သွားခဲ့သည်။
သင်္ဘောပေါ်မှာ အလုပ်စလုပ်ကာစဖြစ်သည့်ဝန်ထမ်းတစ်ယောက်ကတော့ ဒီမျောက်တွေ နေ့တိုင်းဘယ်လိုသီချင်းကိုများ နားထောင်နေကြလဲဆိုတာကို သိချင်နေသည်။ သူတို့က နေ့တိုင်းအားအင်အပြည့်နဲ့တက်ကြွနေတာပဲ။ သူလဲ နားကြပ်တစ်ခုကိုယူကာ တပ်လိုက်ချိန်မှာတော့ ရင်းနှီးပြီးသားသံစဉ်တစ်ခုက သူ့နားထဲတိုးဝင်လာခဲ့သည်။
(စွန်းဝူခုံး သီချင်းပါ….)
ဒီသီချင်းကအရမ်းဖမ်းစားနိုင်တာပဲ။ ဝန်ထမ်းအသစ်လေးမှာ မချီးကျူးခင် မျက်လုံးများကိုမှိတ်ကာ နားမထောင်မိဘဲမနေနိုင်တော့ပေ။
မြစ်ထဲမှာတော့ အပြာရောင်မျောက်များသည် သွက်လက်စွာလှုပ်ရှားနေကြပြီး ပြင်းထန်သည့်ရေစီးကြောင်းလှိုင်းများကို ရှောင်ရှားကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့သည် သားရဲအလောင်းဘေးသို့ကူးခတ်သွားကာ နေရာကောင်းတစ်ခုကိုရှာပြီး ကြိုးများကိုမဆွဲမီ သားရဲအလောင်းပေါ်တွင်ချိတ်များခိုင်အောင် ပြင်ဆင်နေသည်။ ချိတ်များခိုင်လားစစ်ဆေးပြီးနောက်မှာတော့ မျောက်ပြာများက ရေပေါ်သို့ပြန်ကူးခတ်သွားကာ အချက်ပြအသံပေးလိုက်သည်။
သင်္ဘောကနောက်သို့ ဖြည်းဖြည်းချင်းပြန်ဆုတ်သွားပြီး သံကြိုးများကလဲ တင်းလာကာ တချွင်ချွင်သံများဖြင့် ဆူညံလာတော့သည်။
သံချိတ်အချို့ကမခိုင်တာကြောင့် ပြတ်တောက်သွားခဲ့သည်။ မျောက်ပြာများသည် ၎င်းတို့၏ချိတ်နေရာများနှင့်သံကြိုးများကို ပြုပြင်ဖို့ရန်အတွက် နေရာပြောင်းပြင်ဆင်ရန် သင်္ဘောရပ်ဖို့အချက်ပြလိုက်ပြန်သည်။ ထိုသို့ထပ်ခါထပ်ခါပြုလုပ်ပြီးနောက်မှာတော့ ပြေလည်သွားခဲ့သည်။ ဒါကြောင့် သင်္ဘောစက်သည်လဲ စတင်လည်ပတ်တော့သည်။
ဧကရာဇ်အဆင့်အသေကောင်သားရဲသည် သားရဲများကိုကြောက်လန့်စေရန်အတွက် အနံ့တစ်ခုထုတ်ပေးပြီး၎င်းတို့သည်အနည်းဆုံးမိုင်ဒါဇင်အကွာအဝေးတွင်ရှိနေကြောင်း သေချာစေသည်၊ မျောက်ပြာများသည်သင်္ဘောကုန်းပတ်ပေါ်သို့ ကြိုးများဖြင့်သွားလာ ကြသည်၊ ထို့နောက်သူတို့၏ခန္ဓာကိုယ်ကိုညင်သာစွာခါယမ်းလိုက်ကြသည်၊ ချွေးစိုနေ သောအင်္ကျီကဲ့သို့ ၎င်းတို့၏အမွှေးများသည်စိုရွှဲနေပြီး ချွေးစက်များလည်းကျနေသည်၊
၎င်းတို့၏အပြင်ဘက်အမွှေးအလွှာသည်စိုစွတ်နေသော်လည်း အတွင်းသားအလွှာသည် တော့ခြောက်သွေ့နေသည်၊
နားကြပ်ကိုပြန်တပ်ပြီးသင်္ဘောကုန်းပတ်မှာပျင်းရိစွာလှဲချလိုက်ပြီး ကောင်းကင်ကို ငေးစိုက်ကြည့်ရင်း အလိုလိုထပ်ခါထပ်ခါလာနေသောသီချင်းကိုနားထောင်နေမိသည်၊
…
လေယာဉ်မှဆင်းပြီးနောက်, ဦးလေးလျိုကလေဆိပ်ပို့ဆောင်ရေးဝန်ဆောင်မှုကို ဖုန်းခေါ်လိုက်ပြီး, သူတို့ကတောင်ပိုင်းကောင်းကင်အဖွဲ့ကိုဦးတည်သွားမည်ဖြစ်သည်၊ ဒီလိုမှမဟုတ်ရင်, သူတို့သားရဲတွေအားလုံးနဲ့အတူလော်ရီကားနှင့်သွားဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မည်ဖြစ်သည်၊
တောင်ပိုင်းကောင်းကင်ဌာနချုပ်သည်မြေဧကပေါင်းသောင်းနှင့်ချီသောဆင်ခြေဖုံး နေရာတစ်ခုတွင်ဖြစ်သည်၊ ရုံးထိုင်အဆောက်အဦးကြီးသာမက စက်ရုံအလုပ်ရုံများ လည်းပါဝင်သည်၊
တောင်ပိုင်းကောင်းကင်အဖွဲ့သည်ပတ်ဝန်းကျင်၌ ဖျော်ဖြေရေးအထောက်အကူပစ္စည်း များကိုလည်းတည်ဆောက်ထားသည်၊ သူတို့ကအဖွဲ့ရဲ့ဌာနချုပ်ကိုဒေသတစ်ခုလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အထောက်အကူပြုသည့်ဗဟိုတစ်ခုအနေဖြင့် သုံးကြသည်၊
တောင်ပိုင်းကောင်းကင်အဖွဲ့၏အဓိကဝင်ပေါက်ရှေ့တွင်ကားကရပ်တန့်သွားသည်၊ ကားမောင်းသူသည်ဘေးတစောင်းလှည့်၍အကူအညီမဲ့စွာဖြင့်ပြောလိုက်သည်, “ဒီထက်ပိုပြီးသွားလို့မရတော့ဘူး, တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့လုံခြုံရေးက အရမ်းတင်းကြပ်တယ်”
ဦးလေးလျိုကရယ်လိုက်ပြီး ခေါင်းညိတ်ကာသူနားလည်ကြောင်းပြလိုက်သည်၊ ထို့နောက်သူကပေးချေကာ ကောင်းဖန်နှင့်သားရဲတွေကိုကားပေါ်မှဆင်းရင်အချက်ပြ လိုက်သည်၊
တောင်ပိုင်းကောင်းကင်အဖွဲ့သည် ရှည်လျားခြင်း,ထူထဲသောနံရံ,နှင့်လျှပ်စီးဝိုင်ယာများ ကိုနံရံ၏ထိပ်တွင်ပတ်ထားကာ ပတ်လည်တွင်ဝန်းရံထားသည်၊
ဝင်ပေါက်တစ်ဖက်ချင်းစီတွင်လုံခြုံရေးအစောင့်တစ်ဦးစီချထားသည်၊ လုံခြုံရေးအစောင့်များအပြင်ရှားပါးအပင်သားရဲနှစ်စုလည်းပါဝင်သည်၊ သားရဲများသည် မြင့်မားသောသတ္ထုတိုင်များပေါ်တွင် ကပ်တွယ်နေကြသည်၊ သူတို့၏ခိုင်ခံပြီးထူထပ် သောနွယ်များက စပါးအုံးမြွေများကဲ့သို့သတ္ထုတိုင်များကိုဖုံးအုပ်ထားပြီး နွယ်ပင်များ အပေါ်တွင်အဖြူရောင်ပန်းပွင့်ကြီးများရှိသည်၊ ပန်းဖူးများကအလုံပိတ်ထားပြီး အဖူးတစ်ခုစီ၏ထိပ်တွင် ချွန်ထက်သောဆူးကိုမပြတ်မသားမြင်တွေ့ရသည်၊
ကောင်းဖန်ကအံ့ဩ၍ကျန်နေခဲ့သည်၊ ကြည့်ရတာ ဧကရာဇ်အဆင့်အပင်သားရဲတွေကို သုံးတာအရမ်းကိုဖြုန်းတီးမလွန်းဘူးလား။
ဦးလေးလျိုကရှေ့သို့လျှောက်သွားပြီး အိပ်ကပ်ထဲမှအပြာရောင်သက်သေခံကပ်ကို ထုတ်လိုက်သည်၊ ထို့နောက်၎င်းအားလုံခြုံရေးအစောင့်အားပေးလိုက်သည်၊ လုံခြုံရေး အစောင့်သည်ကဒ်ပြားကိုစက်ပေါ်မှာဆွဲချလိုက်သည်၊
သူ့မျက်နှာသည်ချက်ချင်းအရောင်ပြောင်းသွားသည်၊ သူကဦးလေးလျိုကိုအမြန် ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင်အလိုလျောက်တံခါးကြီးကိုဖွင့်ပေးလိုက် သည်၊
“သွားကြရအောင်, ငါတို့အထဲကိုအရင်သွားပြီး ဆက်စောင့်ရအောင်” ဦးလေးလျိုက ကောင်းဖန်ကိုလက်ယမ်းပြလိုက်သည်၊ “အရမ်းကြီးလည်းတခမ်းတနားလုပ်မနေပါနဲ့၊ ဒါကိုမင်းအိမ်လို့သာသဘောထားလိုက်စမ်းပါ,ဟုတ်ပြီလား?”
ကောင်းဖန်ကခေါင်းညိတ်ပြလိုက်သည်၊ “ဟုတ်ကဲ့”
တစ်ယောက်ယောက်ရဲ့မထိန်းနိုင်တဲ့ရယ်မောသံတွေက သူတို့နောက်မှထွက်ပေါ်လာသည်၊
ကောင်းဖန်ကလှည့်ကြည့်လိုက်သောအခါ အနီရောင်ဂါဝန်ဝတ်ထားသောအမျိုးသမီး တစ်ဦးကသူ့ကိုရယ်နေတာကိုတွေ့လိုက်ရသည်၊ သူ့ရယ်လိုက်တာကြောင့် မျက်လုံး ထောင့်မှာအရေးကြောင်းတွေမြင်နိုင်သလောက်ဘဲ။
အမျိုးသမီးသည် အနည်းဆုံးအသက်၂၇ (သို့) ၂၈နှစ်ဝန်းကျင်ဖြစ်ရမည်၊ ကောင်းဖန်က အဲ့တာကိလေးနက်စွာစဉ်းစားလိုက်သည်၊
“တဆိတ်လောက်” ကောင်းဖန်ကသူမဆီသို့လျှောက်သွားသောအခါ အမျိုးသမီး၏ မျက်နှာကတင်းမာသွားတော့သည်၊ ယခင်ကတည်ငြိမ်အေးစက်သောအမူအရာပြန် ဖြစ်သွားသည်၊
“အဖွဲ့ဌာနချုပ်နေရာမှာ ဧည့်ခန်းရှိတယ်၊ ကျေးဇူးပြုပြီးကျွန်မကိုခဏလောက်အဲ့နေရာမှာစောင့်နေပေးပါ၊ ကျွန်မဒီနေ့ရှင့်နဲ့အတူတူလိုက်ပေးမယ်လို့ကတိပေးထားတာသိပါတယ်, ဒါပေမယ့်အဖွဲ့မှာကအရေးပေါ်ဖြစ်သွားတော့…” သူမဘေးတွင်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်ထားသည့်သူကိုပြောလိုက်သည်၊ သူကြည့်ရတာ အသက်၃၀လောက်ရှိပုံရသည်၊
“အိုကေ, ကိစ္စမရှိပါဘူး၊ အလုပ်ကပိုပြီးအရေးကြီးတာပေါ့” အမျိုးသမီးကခေါင်းညိတ် ပြီးပြုံးလိုက်သည်၊
အဖွဲ့အဆောက်အဦးအတွင်းသို့ဝင်သွားပြီးနောက်, ဦးလေးလျိုကကောင်းဖန်ကို နှစ်ကြိမ်တိုင်တိုင်ခေါ်သွားသော်လည်း အရင်နေရာသို့သာပြန်ရောက်နေသည်၊
အဟွတ် အဟွတ်၊ “ကြည့်ရတာ, ငါချန်အန်းကိုရောက်နေတဲ့နှစ်နှစ်လုံးအတော်လေးကို ပြောင်းလဲသွားပုံဘဲ” ဦးလေးလျိုကကို့ရို့ကားရားဖြင့်ပြောလိုက်သည်၊ သူကသံသယဖြစ်ဖွယ်,သတိဝိရိယရှိသောအစောင့်များ၏အကြည့်များကို လျစ်လျူရှု ထားလိုက်ပြီး ကောင်းဖန်ကိုဆက်၍ဦးဆောင်ကာအတွင်းသို့ခေါ်သွားပြန်သည်၊
“ငါဆိုလိုတာကိုသိလား? အလုပ်သမားအဆောက်အအုံကဒီမှာရှိနေရမှာ, ဒါပေမယ့် အခုကတော့ငါအရင်ကဒီလမ်းကြောင်းကိုမရောက်ဖူးဘူးလို့ထင်တယ်၊ အဘိုးကြီးကျီက အလုပ်ရုံကိုဝင်္ကဘာလုပ်လုနီးပါးဘဲ။” ဦးလေးလျိုကမကျေမနပ်ပြောလိုက်သည်။