အခန်း (၁၆၅-၁၆၈)
Vol. 11 Ch. 165-168
အပိုင်း၁၆၅ လူ့စွမ်းအားအရင်းအမြစ်ဌာန
“ထိုင်ပါဦး၊” အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသောအတွင်းရေးမှူးက ကောင်းဖန်နှင့်ဦးလေးလျိုအတွက်ရေငှဲ့ပေးသည်၊ “တခုခုစားချင်တာများရှိလား?, အောက်ထပ်ကလူတွေကိုစားဖို့ပြင်ဆင်ခိုင်းလိုက်မယ်”
“အဲ့တာမလိုပါဘူး, ကျွန်တော်တို့ဒီမှာခဏလောက်ထိုင်နေတာအဆင်ပြေပါတယ်” ကောင်းဖန်ကခေါင်းကိုယမ်းလိုက်ပြီးပြောလိုက်သည်၊
“အာ, အတွင်းရေးမှူးဟန်, ဒီလိုအသေးအဖွဲကိစ္စလေးတွေကိုထားလိုက်စမ်းပါ” စောင့်ဆိုင်းသည့်အခန်းထဲမှတာဝန်ရှိသောစာရေးက မျက်နှာချိုသွေးကာ အတွင်းရေးမှူးဟန်ကိုပြောလိုက်သည်၊
အတွင်းရေးမှူးဟန်က သူ့ကိုကြည့်လိုက်သည်၊ အပြုံးကသူ၏မျက်နှာတွင်ပေါ်လာ သည်၊ “တခြားဧည့်သည်တွေလည်း ဧည့်ခန်းမှာရှိနေသေးတယ်လေ, သူတို့ကို လျစ်လျူမရှုပါနဲ့”
စာရေးကစိတ်ပျက်စွာနှင့်ကြည့်လိုက်ပြီး ညွှန်ကြားချက်အတိုင်းလိုက်နာလိုက်သည်၊
အဓိကဝင်ပေါက်မှအစောပိုင်းတွင်တွေ့ခဲ့သော အနီရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ဧည့်ခန်းထဲတွင်တိတ်ဆိတ်စွာထိုင်စောင့်နေသည်၊ သူမကလက်ထဲတွင်မဂ္ဂဇင်း တစ်စောင်ကိုင်ထားပြီး ပြတင်းပေါက်ဘေးတွင်ထိုင်ကာကောင်းဖန်နှင့်ဦးလေးလျိုတို့ကို ခံ့ခံ့ညားညားဖြင့် တစ်ချက်ကြည့်လိုက်သည်၊ လေးနက်သောအကြည့်တို့က သူမမျက်လုံးတွင်ဖြတ်ပြေးသွားပြီး သူမကခေါင်းကိုငုံ့လိုက်ကာမဂ္ဂဇင်းကိုဆက်ဖတ်နေ သည်၊
နာရီဝက်ကြာပြီးနောက်, အတွင်းရေးမှူးဟန်က လျင်မြန်စွာဖြင့်အထဲသို့လျှောက်လှမ်းလာသည်၊ သူ၏ခြေလှမ်းများကရွှင်လန်းအားရနေပြီး, အခန်းထဲသို့ဝင်လာသည်နှင့် တစ်ပြိုင်နက်သူကကောင်းဖန်ကိုတည့်တည့်ကြည့်လိုက်ပြီး သူ့ဆီသို့လျင်မြန်စွာဖြင့် လျှောက်သွားတော့သည်၊ ထို့နောက်သူကဒူးထောက်လိုက်ကာ ပြောလိုက်သည်, “ဥက္ကဌကျီပြန်ရောက်ပါပြီ, သူကမင်းကိုအပေါ်ထပ်မှာစောင့်နေတယ်”
ကောင်းဖန်ကခေါင်းညိတ်လိုက်ကာထ၍အခန်းထဲမှထွက်လိုက်သည်၊ ဦးလေးလျိုက သူ့နောက်တွင်လိုက်လာသည်၊
သူတို့နှင့်နီးသောစာရေးလေးသည်အံ့ဩသွားတော့သည်၊ သူ့စိတ်ထဲမှာတော့စာလုံး နှစ်လုံးကရစ်ဝဲနေသည်၊
ဥက္ကဌကျီ!
တောင်ပိုင်းကောင်းကင်အဖွဲ့တွင် ဥက္ကဌကျီတစ်ဦးထဲသာရှိသည်၊
ဓာတ်လှေကား တံခါးမှသာယာသောအသံထွက်ပေါ်လာပြီး တံခါးသည်ဖြည်းဖြည်းချင်း ပွင့်လာတော့သည်၊ တံခါးပွင့်လာသည်နှင့်အမျှ ကျယ်ဝန်းသောဧည့်ခန်းတစ်ခုကို မြင်လိုက်ရသည်၊ ဧည့်ခန်းတွင် ဆိုဖာနှစ်လုံး, လက်ဖက်ရည်စားပွဲနှင့် ထောင့်များတွင် ပန်းအိုးနှစ်လုံးဖြင့်အလှဆင်ထားသည်၊
အပြင်အဆင်အားလုံးက ရိုးရှင်းပြီး ရှင်းလင်းသည်၊
ပြုပြင်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားသော သားရဲဦးခေါင်းခွံများကိုနံရံတွင် ချိတ်ထားသည်၊
ထိုနေရာတွင်, ဝက်ဝံ,ကျား,လင်းယုန်နှင့် ငါးမန်း၏ဦးခေါင်းတောင်ပါဝင်သည်၊
“ဖန်လေး, မင်းရောက်ပြီဘဲ” ပြတင်းပေါက်ဘေးတွင်ရပ်နေသောကျီဟန့်ဝူက ကောင်းဖန်ဘက်ကိုလှည့်ကြည့်လိုက်သည်၊ ရေခဲမြစ်တွေအရည်ပျော်သွားသလိုမျိုး သာမန်အေးစက်နေတဲ့မျက်နှာကနေ နွေးထွေးမှုတွေထွက်ပေါ်လာသည်၊
“အဘိုး” ကောင်းဖန်ကယဉ်ကျေးစွာနှင့်ပြုံးပြလိုက်သည်၊
ကျီဟန့်ဝူကကောင်းဖန်ရောက်လာတာကိုဝမ်းသာနေပြီး ကောင်းဖန်၏ပုခုံးကို ပုတ်လိုက်ကာထိုင်ခိုင်းလိုက်သည်၊
“မင်းကျောင်းကောလျှောက်ပြီးပြီလား?” ကျီဟန့်ဝူကမေးမြန်းလိုက်သည်၊ အရင်တစ်ခေါက်တုန်းက, လူညစ်ကလေးသည် ဆာကူရာတက္ကသိုလ်ကိုသွားချင်သည် ဟုပြောခဲ့သောကြောင့်သူ့မှာထိတ်လန့်သွားသေးသည်၊
အဟွတ် အဟွတ်၊ “ကျွန်တော်လျှောက်ပြီးပြီ၊ ယွိကျိုးတက္ကသိုလ်ကိုလျှောက်ထား တယ်” ကောင်းဖန်ကကျီဟန့်ဝူ၏အမူအရာကိုတစ်ချက်ခိုးကြည့်လိုက်သည်၊
ကျီဟန့်ဝူ၏မျက်နှာက တစ်ချိန်လုံးတင်းမာနေခဲ့သော်လည်း နောက်ဆုံးတွင် အနည်းငယ်ပြေလျော့သွားသည်၊ ကျီဟန့်ဝူကချောင်းနှစ်ခါဆိုးလိုက်ပြီး ခေါင်းညိတ်ပြ လိုက်သည်၊ သူက “မင်းရဲ့စာသင်နှစ်မစခင် တောင်ပိုင်းကောင်းကင်အဖွဲ့မှာခဏ အလုပ်ကူလုပ်ရမယ်၊ အဘိုးကအသက်ကြီးနေပြီ, ပြီးတော့တစ်နေ့နေ့မှာ မတော်တဆ တစ်ခုခုကြုံလာနိုင်တယ်၊ တောင်ပိုင်းကောင်းကင်အဖွဲ့ကနောက်ပိုင်းမှာ မင်းဆီကိုဘဲ ရောက်လာမှာ ပြီးတော့မင်းဘယ်လိုဘဲဖျက်ဆီးပါစေ အဲတာမင်းအလုပ်ဘဲ၊ အဲ့တာနဲ့ ပတ်သတ်ပြီးတော့ ငါဘာမှမလုပ်နိုင်ဘူး, ဒါပေမယ့်အခုအတွက်ကတော့, မင်းက အဖွဲ့ကိုဘယ်လိုစီမံရမယ်ဆိုတာသင်ရမယ်”
ကောင်းဖန်ကတိတ်ဆိတ်သွားသည်၊ ထိုအချိန်မှာတင်, သူကဘယ်လိုဖြေရမှန်းမသိ ဖြစ်သွားသည်၊
“အိုး, ကောင်းပါပြီ၊ အဘိုးကမင်းရဲ့အချက်အလက်တွေကို အကြီးတန်းစီမံခန့်ခွဲမှုက လူတွေဆီထုတ်မပြောရသေးဘူး၊ အဘိုးသူတို့ကိုဒီနေ့ခေါ်ထားတယ်… မင်းရဲ့အချက် အလက်တွေကိုဖုံးကွယ်ဖို့ကူညီစေချင်လား?” ကျီဟန့်ဝူကတုံ့ဆိုင်းစွာဖြင့် မေးလိုက် သည်၊
ကောင်းဖန်က စိတ်ရှုပ်သွားတော့သည်၊ “အဘိုး, ဘာလို့အဲ့လိုမျိုးပြောတာလဲ”
ကျီဟန့်ဝူကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်, “အဘိုးကြားတာတော့, ခုခေတ်လူငယ်တွေက ဝက်လိုကစားပြီး ကျားလိုစားတယ်တဲ့လေ”
ကောင်းဖန်ကသူ့ခေါင်းကိုယမ်းကာ ပြောလိုက်သည်, “အဲ့တာတခြားလူတွေအတွက်ပါ, အဲ့လိုစိတ်ပျက်စရာတွေကိုကျွန်တော်စိတ်မဝင်စားဘူး”
ကျီဟန့်ဝူက ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊ သူကငါ့မြေးဆိုတာ အံ့ဩစရာ မဟုတ်ဘူးဘဲ၊ သူ့မှာစိတ်ပျက်စရာကောင်းပြီး ထူးဆန်းတဲ့အကျင့်မရှိဘူး!
“ဘယ်နေရာကိုကြိုက်လဲ” ကျီဟန့်ဝူကကောင်းဖန်ကိုတိုက်ရိုက်မေးလိုက်သည်၊
“ကျွန်တော်ကသားရဲတွေကိုပျိုးထောင်တဲ့နေရာမှာပိုကျွမ်းကျင်တာမလို့, အဲ့နေရာမှာ စမ်းကြည့်ချင်ပါတယ်”
“ကောင်းပြီ, ဒါဆိုလူ့စွမ်းအားအရင်းအမြစ်ဌာနကိုသွားရမယ်” ကျီဟန့်ဝူကဆုံးဖြတ် ချက်ချလိုက်သည်၊
“…အဘိုးကျွန်တော့်ကိုဘယ်နေရာကြိုက်လဲလို့မေးခဲ့တယ်မဟုတ်ဘူးလား?” ကောင်းဖန်အံ့ဩနေတော့သည်၊ အကြီးတွေအားလုံးက တူညီတဲ့ပုံစံကဆင်းသက်လာသည်လို့ သူတနည်းနည်းဖြင့်ခံစားနေရသည်၊
“ဒါကအလေ့အကျင့်တစ်ခုဘဲ” ကျီဟန့်ဝူကကျီစယ်ကာဖြေလိုက်သည်၊ သူ၏မျက်လုံး ထောင့်မှအရေးကြောင်းများကစုသွားတော့သည်၊
“အကယ်၍ မင်းကငါ့မြေးဖြစ်ရင်တောင်, မင်းကကုမ္ပဏီမှာဝင်ပြီး တစ်ဆင့်ချင်းစီ တက်ရလိမ့်မယ်၊ ဓာတ်ခွဲခန်းကိုချက်ချင်း စီမံခန့်ခွဲခွင့်ပြုရတာအရမ်းမြင့်တယ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာနကိုသွားပြီး အဲ့မှာနှစ်ရက်လောက်အရင်နေမယ်ဆို အကောင်းဆုံးဘဲ၊ အဲ့တာပြီးရင်, မင်းကိုသုသေတနဌာနကိုပြောင်းဖို့အတွက် ငါအခွင့် အရေးရှာပေးမယ်, ပြီးတော့မင်းအတွက်အထူးသုတေသနအခန်းဆောက်ပေးမယ်” ကျီဟန့်ဝူကကောင်းဖန်ကိုချော့လိုက်သည်၊
“ဘာကြောင့်လဲဆိုတော့, ငါထင်တာ သူကမင်းအတွက်ဆောက်နေတဲ့အဆောက်အဦးက အဆင်သင့်မဖြစ်သေးလို့နေမှာပေါ့? ဦးလေးလျိုကပြောလိုက်ပြီး သက်ညှာမှုမရှိစွာဖြင့်ကျီဟန့်ဝူ၏အစီအစဉ်ကို ထုတ်ပြောလိုက်သည်၊
ကျီဟန့်ဝူက ဒေါသမထွက်ဘဲ, ရယ်နေတော့သည်၊
ခဏလောက်ကြာတော့, အတွင်းရေးမှူးဟန်က တံခါးခေါက်၍ခွင့်ပြုချက်ယူကာ အခန်းထဲသို့ဝင်လာသည်၊ “ဥက္ကဌကျီ, သူတို့ရောက်ပါပြီ”
“ကောင်းပြီ”, ကျီဟန့်ဝူကခေါင်းညိတ်လိုက်သည်၊ ထို့နောက် သူကကောင်းဖန်ဘက်ကို လှည့်ကာပြောလိုက်သည်, “အဘိုးနဲ့လိုက်ခဲ့, ပြီးရင်မင်းကို အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးမယ်၊”
ကောင်းဖန်က ကျီဟန့်ဝူနှင့်အောက်ထပ်သို့လိုက်သွားလိုက်သည်၊
ကောင်းဖန်ကထိုအကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့မှ လူများထဲတွင်ရင်းနှီးသောမျက်နှာများ ကိုမြင်လိုက်ရသည်၊ အစောပိုင်းကအမျိုးသားပါတနာနှင့် အနီရောင်ဝတ်စုံဝတ်ဆင် ထားသောအမျိုးသမီးဖြစ်သည်၊ အမျိုးသားက ကောင်းဖန်ကိုမှတ်မိသွားပုံရသည်၊ သူက အံ့အားသင့်သွားကာ ကောင်းဖန်၏ပုံစံကိုလေ့လာပြီးနောက် အံ့အားသင့်မှုများကို အကန့်အသတ်မရှိချဲ့ထွင်လိုက်သည်၊
ဦးလေးလျို၏ယခင်ကပြောခဲ့သောစကားများကို ပြန်တွေးမိလိုက်သည်, ဘာကြောင့်လဲ ဆိုတော့ထိုအမျိုးသား၏အမူအရာက အရမ်းစိတ်ဝင်စားစရာကောင်းသောကြောင့်ပင်၊
တောင်ပိုင်းကောင်းကွင်အဖွဲ့ကြီးတန်းစီမံခန့်ခွဲရေးဌာနသည်သိပ်မကြီးပေ၊ ထိုထဲတွင် လူဒါဇင်ခန့်သာရှိပြီး အချို့မှာခရီးဝေးသောကြောင့် မရောက်ကြသောအခြားအခြေစိုက် မြို့များ၏ အထွေထွေမန်နေဂျာများဖြစ်သည်၊
အမှန်မှာ အဖွဲ့ဝင်အချို့သည်ထိုကိစ္စနှင့်ပတ်သတ်ပြီး လေပြင်းတိုက်ခတ်ထားပြီးဖြစ် တာကြောင့်, သူတို့က အံ့ဩမသွားပေ၊
ကောင်းဖန်ရုတ်တရက်ဝင်ရောက်လာမှုနှင့်ပတ်သတ်၍ ထိုလူများသည်သူတို့၏အပြုံးများကိုထိန်းသိမ်းထားကြသည်၊ ထိုမှတစ်ပါး အခြားသောခံစားချက်များကိုမပြသခဲ့ပေ၊ အားလုံးကကောင်းဖန်ကိုတကယ်ကြိုဆိုသလိုလက်ခုပ်တီးကြသည်၊
ဒီလူတွေက သရုပ်ဆောင်အလုပ်မလုပ်ခဲ့တာ အရမ်းဝမ်းနည်းစရာကောင်းတာဘဲ။
ကောင်းဖန်အတွက်တော့, ဒေတာဇယားထဲတွင် အင်အားကြီးသူတွေရဲ့ခံစားချက်က တစ်နေ့ထက်တစ်နေ့ရှင်းလင်းလာသည်၊ သေချာတာပေါ့, သူကလည်းဒါတွေသိတယ် ဆိုတာကိုမပြခဲ့ဘူး၊ သူ့အဘိုးဘေးမှာငြိမ်ငြိမ်လေးရပ်နေပြီး လူကြီးတစ်ယောက်ပြော နေတာကိုနားထောင်နေသည်၊ အစကသူ့ကိုဆန့်ကျင်တဲ့သူတွေရှိတယ်လို့ စကားစမြည်ပြောတုန်းကကြားဖူးပေမယ့် ထိုလူတွေကိုလွန်ခဲ့တဲ့နှစ်နှစ်ကရှင်းထုတ်ပြီး ဖြစ်သည်၊ကျန်တဲ့သူတွေကတော့ အနီးကပ်သူ့ရဲ့လက်ထောက်တွေပါဘဲ၊
ဒီအကြောင်းတွေကိုပြောနေတဲ့အခါမှာ ကျီဟန့်ဝူကဘာကိုမှဖုံးကွယ်ထားဖို့ မကြိုးစားပေ၊ အဆောက်အဦးအတွင်းထဲရှိလူများသည် သူ့လူတွေသာဖြစ်သည်၊ ကောင်းဖန်ကို ထည့်ပြောစရာမလိုချေ၊ လျိုရှောင်းထန်အတွက်ကတော့, သူကအတွင်းလူဖြစ်နေတာ နှစ်၃၀ကျော်ရှိပြီဖြစ်ပြီး, သူကအယုံကြည်ရဆုံးလက်ထောက်ဖြစ်သည်, မဟုတ်ရင် ကျီဟန့်ဝူကကောင်းဖန်ကိုကာကွယ်ဖို့ဘာကြောင့်လွှတ်ရမှာလဲ၊
ကျီဟန့်ဝူကကောင်းဖန်ကို စိတ်ပိုင်းဆိုင်ရာပြင်ဆင်ရန်အတွက် အစောပိုင်းကတည်းက သိစေခဲ့ပြီးဖြစ်သည်၊ ကမ္ဘာကြီးကပြောင်းလဲသွားပြီး, တစ်ယောက်ယောက်က သနားကြင်နာတတ်ပေမယ့် ခိုင်မာတဲ့လက်ကိုလည်းပိုင်ဆိုင်ထားရလိမ့်မည်။
နောက်ဆုံးတွင်တော့, သူ့အဘိုးက အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်အများစုကို လက်ယမ်းပြလိုက်ကာ နှုတ်ဆက်လိုက်သည်၊ “မင်းတို့ပြန်သွားပြီး ကိုယ့်အလုပ်ကို လုပ်စရာရှိတာလုပ်ကြတော့၊ အိုး ,ဟုတ်သား, လျိုဟေး, ကျန်နေခဲ့ဦး”
အသက်သုံးဆယ်အရွယ်ရှိသည့် သန့်ပြန့်နေသည့်လူတစ်ဦးက ထိုနေရာတွင်ထိုင်နေခဲ့သည်၊ သူ၏ဆံပင်ခုနှစ်ပုံမှ သုံးပုံအချိုးဖြင့်သပ်သပ်ရပ်ရပ်ခွဲထားပြီး အလွန်သန့်ရှင်း သပ်ရပ်သည်၊
အားလုံးကထွက်သွားပြီးနောက်, လျိုဟေးက ဦးလေးလျိုကိုလေးလေးစားစားဖြင့် ခေါ်လိုက်သည်, “အဖေ”
ဒါကဦးလေးလျိုရဲ့သားလား?
ကောင်းဖန်သည်လျိုဟေးကိုကြည့်လိုက်သည်၊ ထိုလူ၏မျက်နှာကိုမြင်ဖူးသည်ဟု သူထင်နေသည်၊ အဲ့တာက အဘိုးသူ့ဆီလာလည်တုန်း သူကလေးတုန်းကဖြစ်နိုင်သည်၊
ကျီဟန့်ဝူကလျိုဟေးကိုပြောလိုက်သည်, “ ဖန်လေးအတွက်, မင်းရဲ့လူ့အရင်းအမြစ်စီမံခန့်ခွဲရေးမှာနေဖို့နှစ်ရက်လောက်ပြင်ဆင်ထားတယ်၊ ကျေးဇူးပြုပြီး သူ့ကိုဂရုစိုက်ပေးပါဦး”
“ဟုတ်ကဲ့, ဦးလေးကျီ” လျိုဟေးကခေါင်းညိတ်လိုက်သည်၊
အပြင်ဘက်တွင်မဟုတ်လျှင် လျိုဟေးကကျီဟန့်ဝူကိုဦးလေးကျီလို့ခေါ်သည်၊
***
အပိုင်း၁၆၆ ပိုင်ယဲ့
ကောင်းဖန် အဆောင်တွင်မနေဘဲ အဘိုးကျီနှင့်တစ်ခါတည်းပြောင်းသွားလိုက်သည်၊
အဘိုးကျီက တောင်ပိုင်းကောင်းကင်အဖွဲ့ဌာနချုပ်မှ တစ်မီတာအကွာတွင်ရှိသော ကြီးမားသောဗီလာတွင်နေသည်၊ တောင်ပိုင်းကောင်းကင်အဖွဲ့သည် မြို့လယ်သို့ တိုက်ရိုက်သွားလို့ရမည့်လမ်းများဖောက်ထားသောကြောင့် အလွန်အဆင်ပြေသော နေရာတွင်ရှိသည်၊
သူ့အဘိုးနှင့်စကားပြောပြီးနောက်, ကောင်းဖန်က လျိုဟေးနှင့်အတူအောက်ထပ်သို့ သွားလိုက်သည်၊
သူတို့ကဓာတ်လှေကားဖြင့် လူသားအရင်းမြစ်စီမံခန့်ခွဲမှုဌာနသို့သွားလိုက်သည်၊
လူသားအရင်းမြစ်စီမံခန့်ခွဲမှုဌာနတွင်,ကောင်းဖန်ကတစ်စုံတစ်ယောက်နှင့် မမျှော်လင့်ဘဲတွေ့ဆုံလိုက်သည်၊
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ဦးဖြစ် သည်၊
သူကကောင်းဖန်ကိုတွေ့သောအခါ အမြန်လမ်းလျှောက်လာသည်၊ သူကလျိုဟေးကို လုံးဝလျစ်လျူရှုထားပြီး ကောင်းဖန်ကိုနှစ်သက်စွာဖြင့်ကြည့်လိုက်သည်၊ “သခင်လေးကောင်း, မနက်ကငါအရမ်းကိုရဲတင်းခဲ့ပါတယ်”
ကောင်းဖန်၏အချက်အလက်ဇယားထဲတွင် ထိုလူ၏အခြေအနေကို [ကျန်းမာ(တည်ငြိမ်)]ပြထားသည်၊၊
ထိုအကြောင်းကြောင့် လူ့အရင်းအမြစ်ဌာနတွင်ကြီးမားသောအကျပ်အတည်းဖြစ်သွားသည်၊
ထိုနေရာတွင်, ဝန်ထမ်းများကတုန်လှုပ်ခြောက်ခြားသွားတော့သည်၊ အနက်ရောင်ဝတ်ထားသောအမျိုးသားသည် မည်သူဖြစ်သည်ကိုအားလုံးသိကြသည်၊ သူက တောင်ပိုင်းကောင်းကင်အဖွဲ့၏ဈေးကွက်ရှာဖွေရေးဌာန၏အကြီးအကဲဖြစ်သည်၊ သူက လူ့စွမ်းအားအရင်းအမြစ်ဌာနအကြီးအကဲလျိုဟေးနှင့် အဆင့်အတူတူပင်ဖြစ်သည်၊
သူက အလွန်အေးဆေးတည်ငြိမ်သူဖြစ်သည်၊ ကောင်းဖန်ကခေါင်းငုံ့ထားတဲ့ ချောင်ရှန်ကိုကြည့်လိုက်သည်၊ ကောင်းဖန်ကိုဦးညွှတ်နေတဲ့သတင်းက တောင်ပိုင်းကောင်းကင်အဖွဲ့တစ်ခုလုံးတွင်ပျံ့သွားမှာဖြစ်သည်၊
သူကတခြားသူများ၏သူ့အပေါ်လေးစားမှုကိုလွှင့်ပစ်လိုက်သည်၊ ဒါပေမယ့်, အမှန်မှာတော့သူဘာမှမဆုံးရှုံးခဲ့ပေ၊ ချောင်ရှန်က ဒီလိုအရာမျိုးတွေလုပ်ဖို့ မှန်ကန်တဲ့ အချိန်ကိုကောင်းကောင်းဆုပ်ကိုင်နိုင်ခဲ့သည်၊
ကောင်းဖန်က တကယ်တော့အရမ်းရှုပ်ထွေးသွားသည်၊ သူကနေ့ခင်းတုန်းကကိစ္စ အတွက်စိတ်မဆိုးပေ၊ အကယ်၍ချောင်ရှန်လာပြီး မတောင်းပန်လျှင်တောင်သူက ထိုကိစ္စကိုမေ့ပြစ်လိုက်မည်ဖြစ်သည်၊
ခဏနေပါဦး… ကောင်းဖန်ကရုတ်တရက်အရမ်းထိတ်လန့်သလိုခံစားလိုက်ရသည်၊ ဌာနခေါင်းဆောင်ကသူ့ဆီကိုရုတ်တရက်လာပြီးဦးညွှတ်တောင်းပန်တယ်၊ ဒါကအရမ်း မမိုက်ဘူးလား၊ သူ့အချက်အလက်တွေကို ဥက္ကဌ၏မြေးအဖြစ်ထုတ်ဖော်ခဲ့သည်၊
ကောင်းဖန်သည် ထိုအရာကကောင်းတဲ့အရာမဟုတ်ဘူးလို့ခံစားလာရသည်။
ကောင်းဖန်ကဘာလို့အဲ့လိုခံစားရလဲမသိတော့ပေ၊ နောက်ပြီး, သူက ရုံးတွင်းခြေရှုပ်မှု တွေအကြောင်းကို ခုထိအတွေ့အကြုံမရှိသေးပေ၊ ဒါကသူ့အတွက်အရမ်းမြင့်တဲ့ ပရိုဖိုင်ဖြစ်သည်၊ ၎င်းကသူ့ကိုသန်မာသောသူတစ်ဦးဖြစ်အောင်လုပ်နေသည်၊ ဌာန ခေါင်းဆောင်က သူဒီကိုလာပြီးတဲ့နောက်သူ့ကိုလာပြီးတောင်းပန်နေသည်၊
ဒါကတော့ တောင်ပိုင်းကောင်းကင်အဖွဲ့မှာနေရတဲ့သူ့ရဲ့ပထမဆုံးနေ့ဖြစ်သည်၊
ကောင်းဖန်ကရှေ့သို့နှစ်လှမ်းလောက်လျှောက်သွားပြီး ချောင်ရှန်ကိုထူလိုက်သည်၊ သူက မာနကြီးသည့်ပုံစံမပါဘဲနွေးထွေးစွာဖြင့်ပြောလိုက်သည်, “မစ္စတာချောင်, နောက်နေတာဘဲဖြစ်ရမယ်၊ ဒါကသေးငယ်တဲ့ကိစ္စလေးပါဘဲ၊ ပြီးတော့,ခင်ဗျား ကျွန်တော့်ကိုဒီလိုလုပ်နေတာကပိုပြီးစိတ်လှုပ်ရှားစေတယ်”
ချောင်ရှန်ကမတ်မတ်ရပ်လိုက်ပြီး သူကအစားအသောက်သွားဝယ်ရမည်ဖြစ်ကြောင်း ပြောကာထွက်သွားတော့သည်၊
ကောင်းဖန်ချောင်ရှန်၏စိတ်ခံစားချက်များကိုအာရုံစိုက်နေသည်၊ ငြိမ်သက်နေပြီး စကားစမြည်ပြောနေစဉ် ရုတ်တရက်ထိတ်လန့်တုန်လှုပ်ခြင်းအပြင်, အခြားသော မုန်းတီးသည့်စိတ်ခံစားချက်များကိုမပြသခဲ့ပေ၊
ချောင်ရှန်သည်သူ၏စိတ်ခံစားချက်များကိုထိန်းချုပ်နိုင်ခြင်းကြောင့်လား ဒါမှမဟုတ် သူကတကယ်ကိုတည်ငြိမ်တဲ့လူလားဆိုတာကောင်းဖန်မသိပေ၊
ဘယ်လိုဘဲဖြစ်ဖြစ်, ကောင်းဖန်ရဲ့အထောက်အထားကိုတော့ ဒီအဖြစ်အပျက်ကနေ ထုတ်ဖော်သွားတော့သည်၊
သူဌာနကိုလှည့်ပတ်ကြည့်ရှုပြီးသူ၏အနာဂါတ်လုပ်ဖော်ကိုင်ဖက်များ၏အမူအရာကို မြင်သောအခါကောင်းဖန် နွမ်းနယ်လာတော့သည်၊
လျိုဟေးသည်ထိုအဖြစ်အပျက်မျိုးဖြစ်လာမယ်လို့မျှော်လင့်မထားပေ၊ ခဏလောက် စဉ်းစားပြီးကောင်းဖန်ကိုပြောလိုက်သည်, “ဒီလိုဆိုရင်ရောဘယ်လိုလဲ၊ မင်း ပိုင်ယဲ့ခရိုင်ဘက်ကိုသွားပြီး လူသစ်စုဆောင်းတဲ့နေရာကိုကိုင်တွယ်လိုက်၊ အဲ့မှာနည်းနည်းတော့ရှုပ်ပေမယ့်, စီမံခန့်ခွဲမှုအရကတော့ မင်းအဲ့မှာလွယ်ကူပြီးအချိန်ပို ရလိမ့်မယ်၊”
ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ သူကအခုမှစလုပ်မှာဆိုတော့, လျိုဟေး ညွှန်ကြားသည့်အတိုင်းဘဲ လုပ်လိုက်မည်၊
…
ပိုင်ယဲ့ခရိုင်သည် ယွိကျိုးမြို့မြောက်ဘက်ရှိခရိုင်တစ်ခုဖြစ်သည်၊ အတော်လေးဝေးကွာပြီးထိုနေရာရှိအဆောက်အဦးအများစုမှာဟောင်းနွမ်းနေသည်၊ အချို့သောဝိုင်ယာကြိုးအဟောင်းများသည် အဆောက်အအုံများ၏အပေါက်များထဲမှဖြတ်သွားပြီး လျှပ်စစ်ဓာတ်တိုင်များကလည်း လမ်း၏တစ်ဖက်တစ်ချက်တွင်ရှိသည်၊ တိုင်များပေါ်တွင် ကြော်ငြာစာများကပ်ထားသည်၊
လမ်းပေါ်ရှိလေထုကညစ်ပတ်နံ့စော်နေသည်၊ ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ အဆောက်အအုံတချို့၏ထောင့်တွေတွင်အနက်ရောင်ပလတ်စတစ်အိတ်ကြီးတွေ ရှိနေသည်၊ ဇွန်လ၏ပူပြင်းသော နေ့တစ်နေ့ဖြစ်ပြီး ယွိကျိုးမြို့သည်မီးပြင်းဖိုနှင့်ပင်တူလှသည်၊
အမှိုက်နံ့ကအဝေးသို့ပျံ့နှံ့သွားသည်၊ အမှိုက်အိတ်များပေါ်တွင်ယင်ကောင်များက ပျံဝဲနေသည်၊ လမ်းသွားလမ်းလာတွေဖြတ်သွားတဲ့အခါ ယင်ကောင်တွေကပျံလာပြီး ဘေးတွင်ပျံဝဲနေကြသည်၊
လမ်းပေါ်မှာရှိသောဆိုင်များက သူတို့၏တံခါးများကိုကျယ်ကျယ်ဖွင့်ထားကြသည်၊ သူတို့က ဒီလိုစိတ်ညစ်စရာကောင်းတဲ့အပူချိန်မျိုးကိုမခံစားနိုင်ကြဘူး၊ သူတို့က အပူလှိုင်းများကိုစုပ်ထုတ်နေကြသည်၊
“ကြည့်ရတာအတော်လေးပူပုံဘဲ” ကောင်းဖန်က သူ့နှဖူးပေါ်ကချွေးတွေကိုသုတ်လိုက်သည်၊
“အခုကအရမ်းကောင်းနေပါပြီ၊ ကပ်ဆိုးမတိုင်ခင်က, ယွိကျိုးကကြီးမားတဲ့ ရေနွေးငွေ့ တောင်ကြီးဖြစ်သွားလိမ့်မယ်၊ အကြောင်းကတော့ယန်ဇီ မြို့ရဲ့ဘေးမှာရှိတာလေ၊ နွေရာသီဆို စိုစွတ်ပြီးပူတယ်၊ အပြင်မှာထက် အတွင်းကပိုပူတယ်လေ၊ ကပ်ဆိုးကြီးအပြီး မြို့နားမှာရှိတဲ့သစ်တောတွေကပိုတိုးလာပြီး ယန်ဇီကလည်းပိုကြီး လာတယ်၊ အခုနွေရာသီကအရင်လိုမပူတော့ဘူး” ကောင်းဖန်၏ဘေးတွင်မျက်မှန်တပ် ထားတဲ့လူကရပ်နေသည်၊ သူကကောင်းဖန်၏လက်ထောက်အဖြစ်စေလွှတ်ထားခံရသော လူ့စွမ်းအားအရင်းအမြစ်ဌာနမှ အကြီးတန်းဝန်ထမ်းတစ်ဦးဖြစ်သည်၊
ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ ဒါကယွိကျိုးမြို့ဘဲမဟုတ်လား၊ ကပ်ဆိုးကြီး မတိုင်ခင်ကဆို, နွေရာသီကနိုင်ငံတိုင်းရဲ့နေရာတိုင်းမှာပူနေတယ်၊ အဲ့တာက ကပ်ဆိုးကြီးရဲ့သေးငယ်တဲ့အကျိုးကျေးဇူးလေးအဖြစ်မှတ်ယူနိုင်သည်၊ အနည်းဆုံး တော့နွေရာသီကသိပ်မပူတော့ဘူး၊
“သခင်လေးကောင်း, ငါတို့ရောက်တော့မှာ၊ ဒီဟာက ပိုင်ယဲ့ခရိုင်ရဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့လူသစ်စုဆောင်းရေးဌာနလေ” ဝမ်လျန့်ကသူ့ခေါင်းကို ညိတ်လိုက်သည်၊ သူ၏နှာခေါင်းမှာ ရွှေရောင်မျက်မှန်တပ်ထားတာကြောင့် , သူက ခေတ်သစ်လူယုံတော်ပုံစံဖြစ်နေသည်၊
ကောင်းဖန်က အံ့ဩနေသည်၊ “ကျွန်တော့်သခင်လေးကောင်းလို့ မခေါ်ပါနဲ့”
“မင်းစိတ်တိုင်းကျပါ, သခင်လေးကောင်း”
ကောင်းဖန်က ထိုသူ့ကိုပြင်ပေးဖို့အတွက်စိတ်မဝင်စားတော့ပေ၊ လမ်းတုန်းကလည်း အကြိမ်အနည်းငယ်လောက်ပြင်ပေးခဲ့ပြီးသားဖြစ်သည်၊
သူကတာ့ဇီနှင့်အစင်းလေးကိုသူ့အဘိုးနှင့်နှစ်ရက်ထားခဲ့တာဖြစ်သည်၊ သူကတစ်ချိန် တည်းမှာသားရဲအများကြီးကိုခေါ်မလာနိုင်ပေ၊ ဘာကြောင့်လည်းဆိုတော့ တာ့ဇီက သူ့မိဘတွေချန်ထားခဲ့တဲ့တစ်ကောင်တည်းသောသားရဲဖြစ်ပြီး, တာ့ဇီကအတော်လေး ပျော်ရွှင်နေသည်၊
အစပိုင်းတော့, တာ့ဇီကမပျော်ပေ၊ သူ့သခင်ကသူ့ကိုပထမဆုံးသားရဲ ဖြစ်နေတာတောင်မှခေါ်မသွားတာကြောင့် သူကမပျော်မရွှင်ဖြစ်နေသည်၊ ကောင်းဖန်က တာ့ဇီကိုသူ့အဘိုးနဲ့လိုက်မသွားခင် နှစ်သိမ့်ဖို့အချိန်အတော်ကြာသည်၊
ဒါကသူ့သခင်ရဲ့အဘိုး!
သူ့အဘိုး!
ဒမ်ဘီကကောင်းဖန်၏အခုလက်ရှိအသန်မာဆုံးသားရဲဖြစ်သည်, ဒါကြောင့်သူက ကောင်းဖန်နဲ့အတူလိုက်ပါလာသည်၊ ငါးမီတာရှည်သောပုံစံက ကောင်းဖန်သွားရာ နေရာကော်လိုကပ်ပါလျက်ရှိသည်၊ ကောင်းဖန်၏ပုခုံးပေါ်တွင် အစိမ်းရောင် ဆီလီရှိသည်၊ သူ့ရဲ့ညာဘက်မှာတော့, ခုန်ပျံနေတဲ့ ဖက်တီးကြိုးကြာကောင်ရှိသည်၊
ဖလိမ်မီကနည်းနည်းဘဲပိန်ပေမယ့် ပင်ကွင်းတစ်ကောင်ပုံစံလိုမျိုးတော့မဟုတ်တော့ဘူး၊ အနည်းဆုံးတော့သူကကြိုးကြာပုံစံတော့ပြန်ပေါက်လာပြီဖြစ်သည်၊ သူ၏ဆူဖြိုး နေသောခန္ဓာကိုယ် တောက်ပြောင်နေသောအမွှေးအတောင်များနှင့်ထူထဲသော လည်ပင်းတို့က သူဌေး၏သားတစ်ယောက်ပုံစံမျိုးဖြစ်နေသည်၊
“တကယ်တော့, ပိုင်ယဲ့ခရိုင်သည်ယွိကျိုးခရိုင်တွေထဲကတစ်ခုဖြစ်ပြီး… စီးပွားရေးအရ အတော်လေးနောက်ကျသည်၊” ဝမ်လျန့်ကကောင်းဖန်ကိုတိုးတိုးလေးပြောလိုက်သည်၊ တစ်ချိန်တည်းမှာပင်, သူကထိုအချက်အလက်များကိုပြောသောအခါ ကောင်းဖန်၏ မျက်နှာအမူအရာကိုလည်း သတိပြုမိသည်၊
“သူတို့ဘယ်လောက်နောက်ကျကျန်နေခဲ့တာလဲ?” ကောင်းဖန်ကမေးလိုက်သည်၊ တစ်ယောက်မှ သူပျော်လား ဒေါသထွက်နေလားဆိုတာဘယ်သူမှမပြောနိုင်ပါ၊
“ကပ်ဆိုးကြီးအတွင်းမှာ လူအများအပြားသေဆုံးခဲ့တယ်၊ လူမှုရေးတွေကလည်း သိသိသာသာပြောင်းလဲသွားတယ်၊ ဒီမှာရှိတဲ့လူတော်တော်များများက အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေအောင် မလုပ်နိုင်ကြဘူး” ဝမ်လျန့်က ခေါင်းငုံ့ပြီးသက်ပြင်းချလိုက်သည်၊
“ဘာလို့ဒီနေရာကိုပိုင်ယဲ့လို့ခေါ်တာလဲ? ဘာကြောင့်လဲဆိုတော့ ကပ်ဆိုးကြီးမတိုင်ခင် အလုပ်တွေကိုစောင့်နေတဲ့သူတွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ စက်မှုလုပ်ငန်း အမျိုးမျိုးကနေလာတာကြောင့်ဘဲ၊ အချို့လူတွေက သူ့တို့ရဲ့အခြေအနေအတိုင်း ရာထူးမှနှုတ်ထွက်ရန်ဆန္ဒမရှိသောကြောင့် အလုပ်ကြိုးစားပြီးဤနေရာမှထွက်သွား ကြတော့သည်၊ ကျန်တာတွေကတော့…” ဝမ်လျန့်ကရယ်မောလိုက်သည်၊ သူစောင်းပါးရိပ်ခြည်ပြောချင်တာတွေထွက်သွားပြီဖြစ်သည်။
ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီး သူ့ဘေးပတ်လည်ကိုကြည့်လိုက်သည်၊ ပိုင်ယဲ့မှာ လမ်းသွားလမ်းလာတွေသိပ်မရှိဘူး၊ လမ်းပေါ်မှာ လူသွားလူလာအများကြီးမရှိပေ၊
သူတို့ရှေ့ရှိထောင့်ကို လှည့်ကြည့်လိုက်သည်၊ ဝမ်လျန့်က နှစ်ထပ်တိုက်ကိုညွှန်ပြ လိုက်သည်, “သခင်လေးကောင်း, ဒါကပိုင်ယဲ့ခရိုင်မှာရှိတဲ့တောင်ပိုင်းကောင်းကင် အဖွဲ့ရဲ့ဌာနခွဲပါ၊ ဒီခရိုင်မှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအတွက် တာဝန်ကျတဲ့နေရာပါ။”
ကောင်းဖန်၏အာရုံက အဆောက်အအုံနှင့်ဆန့်ကျင်ဘက်ရှိ ခန်းမတစ်ခုဆီသို့ ရောက်သွားသည်၊ ခန်းမရှေ့တွင်ကြီးမားသောမိုးကာကြီးရှိသည်၊ ခန်းမမှအပြင်ဘက်သို့ ယိုယွင်းပျက်စီးနေသောပျဉ်ချပ်ပြားများက ထွက်နေသည်၊ ကြီးမားသောအနက်ရောင် ပန်ကာကြီးက တဂျီဂျီနှင့်မြည်နေတော့သည်၊
မိုးကာ၏အောက်တွင်, ထိုင်နေသူများနှင့် လဲလျောင်းနေသူများရှိသည်၊ လူတွေနဲ့ စည်ကားနေပါသည်၊ သူတို့အဝတ်အစားတွေက ဟောင်းနွမ်းနေပြီး ဆံပင်တွေကရှုပ်ပွ နေသည်၊ သူတို့အဲ့ဒီမှာနားဖို့ဖြစ်သည်၊ လေကောင်းလေသန့်ရရန်ဖြစ်သည်၊
တစ်ခါတစ်ရံ, တစ်စုံတစ်ယောက်က ဟောခန်းအတွင်းသို့ဝင်သွားတာ ဒါမှမဟုတ် ထွက်လာတတ်ကြသည်၊ အတွင်းထဲမှလူများက လှုပ်လှုပ်ရှားရှားလုပ်နေကြသည်၊ အများအပြားကမျက်မှောင်ကြုတ်နေကြပြီး, သူတို့ပုခုံးပေါ်တွင်ပုခုံးပေါ်တွင်တိုကင်ပြား တစ်ခုစီပါဝင်သည်၊ သူတို့က မိုင်းနင်းမိမှာကိုစိုးရိမ်သလိုဖြင့်တုံ့ဆိုင်းစွာဖြင့်သွားနေကြ သည်၊
“အဲ့တာဘာလဲ?” ကောင်းဖန်က တစ်ခုခုကိုအံ့ဩစွာဖြင့်မေးလိုက်သည်၊
“အိုး, အဲ့တာပိုင်ယဲ့ခရိုင်ရဲ့ လူစုဆောင်းရေးဟောခန်းလေ၊ အထဲမှာရှိတဲ့လူတွေက ပိုင်ယဲ့ရဲ့အကောင်းဆုံးလူတွေဘဲ” ဝမ်လျန့်က သူဘာလေသံဖြင့်ပြောနေမိမှန်းတောင် မရှင်းလင်းတော့ပေ၊
“ပိုင်ယဲ့ရဲ့အကောင်းဆုံး၊ အဲ့တာဘာလဲ?” ကောင်းဖန်ကအနည်းငယ်သံသယဖြစ်စွာ ဖြင့်မေးလိုက်သည်၊ အတွင်းကလူတွေက သူတို့ဘယ်အရာကိုမှအကောင်းဆုံးဖြစ်တဲ့ပုံ မပေါ်ပေ၊
“အဲ့တာကထေ့ငေါ့တဲ့စကားသပ်သပ်ပါ၊ ဒီကလူတွေက သူတို့ရဲ့ချစ်ရသူတွေကို ဆုံးရှုံးတာ, သူတို့နေအိမ်တွေပျက်စီးတာ, ဒါမှမဟုတ် သားရဲတွေနဲ့သွေးစာချုပ်မချုပ် ချင်တာအဲ့လိုလူတွေဘဲ၊ သူတို့ကတော့နတ်ဆိုးရဲ့ကျိန်စာမိသလိုဘဲ၊ ဘယ်သူသိမှာလဲ၊ သူတို့ကရှင်သန်ဖို့ကြိုးစားနေကြတာ၊သူတို့ကတစ်နေ့ပြီးတစ်နေ့ဘဝကိုဖြတ်သန်းနေကြတဲ့သူတွေဘဲ။” ဝမ်လျန့်ကခေါင်းယမ်းလိုက်သည်၊
***
အပိုင်း၁၆၇ ပျော်ရွှင်နေတဲ့ကြိုးကြာဖက်တီး
စိတ်ယိုယွင်းသူတွေ၊ သူတို့ကနံစော်နေပြီး, ရေတိုသာယာမှုကို စွဲနေပြီး အနာဂါတ် အတွက်မျှော်လင့်ချက်မရှိသူများဖြစ်သည်၊
ဒါက ပိုင်ယဲ့ရဲ့အကောင်းဆုံးထင်မြင်ချက်အဖြစ် ကောင်းဖန်ပေးခြင်းဖြစ်သည်၊
ကောင်းဖန်ကသူ့ခေါင်းကိုငြိမ့်လိုက်ပြီး ဘာမှသိပ်ပြီးမပြောပေ၊
တောင်ပိုင်းကောင်းကင်အဖွဲ့၏ပိုင်ယဲ့ရုံးခွဲအတွင်းကိုဝင်သွားပြီးနောက်, ကောင်းဖန် သည်လုပ်ထုံးလုပ်နည်းများကိုလျင်မြန်စွာဖြင့်လုပ်ဆောင်ပြီးခဲ့သည်၊ ဒါကရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်၊ အင်အားသုံးပြီးအပတ်တကုပ်ကြိုးစားရတာမပါချေ၊
ဒီဌာနခွဲ၏မန်နေဂျာရွှယ်ဟုန်သည်အသက်၃၀ဝန်းကျင် အိမ်ထောင်ရှိအမျိုးသမီး တစ်ဦးဖြစ်သည်၊ အလယ်တန်းကျောင်းတွင်ပညာသင်ကြားနေသည့်သားနှစ်ယောက် ရှိသည်၊ ကောင်းဖန်အပေါ်သူမ၏သဘောထားမှုကတော့, စိတ်မဝင်စားသလို စိတ်အားထက်သန်မှုလည်းမရှိပေ၊
“ ပိုင်ယဲ့ခရိုင်မှာ အလုပ်သမားအသစ်တွေစုဆောင်းနေတာ…” ကောင်းဖန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်၊
“ဒါကိုကိုင်တွယ်မယ့် ရာထူးငယ်တဲ့သူတွေရှိပါတယ်၊ သခင်လေးကောင်းစိတ်ချနိုင်ပါ တယ်” ဝမ်လျန့်ကခေါင်းညိတ်ကာပြောလိုက်သည်၊
“ကျွန်တော့်ကို ခေါင်းဆောင်ကောင်းလို့ဘဲခေါ်ပါ၊ ခင်ဗျားကျွန်တော့်ကို နာမည်မှားခေါ်တိုင်း ကျွန်တော်ခင်ဗျားလစာကိုဖြတ်မယ်” ကောင်းဖန်ကသူ့ကိုတစ်ချက်ကြည့်လိုက်သည်၊
“နားလည်ပါပြီ၊ ခေါင်းဆောင်ကောင်း!”ဝမ်လျန့်ကရွှင်ပျစွာဖြင့်ဖြေလိုက်သည်၊
“…” ကောင်းဖန်ကရုတ်တရက်အရမ်းစိတ်ဝင်စားဖို့ကောင်းတာကို တွေ့လိုက်သည်၊ သူက ဒီလူကြီးရဲ့အားနည်းချက်ကိုရှာတွေ့လိုက်သည်၊
အကြောင်းတချို့ကြောင့်, သူအရမ်းရင်းနှီးသလိုခံစားနေရသည်၊
“ခေါင်းဆောင်ကောင်း, မင်းဌာနခွဲကိုနေ့စည်လည်ပတ်ဖို့အတွက် စိတ်ပူစရာမလိုပါဘူး၊ မင်းဆီကို ဘာတွေဖြစ်နေလဲဆိုတာတင်ပြဖို့အတွက် ရာထူးငယ်တဲ့သူတွေရှိတယ်၊ ခေါင်းဆောင်တစ်ခုစိုးရိမ်ရမှာက, လူစုဆောင်းမှုရဲ့အသေးစိတ်အချက်အလက်နဲ့ ဝန်ထမ်းရေးရာအပြောင်းအရွှေ့တွေပါ၊ ဒီရာထူးက မင်းကိုပိုပြီးအချိန်အားစေတယ်”
ကောင်းဖန် ဒီအရာကိုငြင်းလို့မရပေ၊ သူကခေါင်းညိတ်လိုက်သည်၊
ကောင်းဖန်မထင်မှတ်ထားသည့်အရာမှာလေ့ကျင့်ရေးကိရိယာအချို့ပင်ပါဝင်သည့် ဂိုဒေါင်ကြီး၏နောက်ဘက်ရှိသားရဲများအတွက် လေ့ကျင့်ရေးစင်တာဖြစ်သည်၊ လေ့ကျင့်ရေးစင်တာကိုအသုံးပြသူကနည်းပါးတဲ့ပုံရှိပုံမရပေ၊ အများစုပစ္စည်းများမှာ ပျက်စီးယိုယွင်းမှုများရှိနေသည်၊
“ဌာနခွဲတိုင်းမှာဒီလိုပစ္စည်းတွေရှိလား?”ကောင်းဖန်ကမေးလိုက်သည်၊
“ဟုတ်ကဲ့,အခြေခံအားဖြင့် ဌာနခွဲအချို့မှာရှိပါတယ်, ဒါပေမယ့်လူအနည်းစုသာ သုံးကြတာပါ။ သွားစရာမရှိတဲ့လူတွေသာဒီကိုလာကြတာပါ” ဝမ်လျန့်ကပြုံးလိုက် သည်၊ “လုံခြုံရေးဌာနနဲ့ ဗဟိုလုံခြုံရေးသတင်းအချက်အလက်ဌာနတွေမှာဆိုရင် ပိုပြီး အဆင့်မြင့်တဲ့ ဇိမ်ကျကျလေ့ကျင့်ရေးကွင်းတွေရှိပါတယ်၊ သူတို့ကကွင်းဆင်းလေ့ကျင့် ရေးလုပ်ပြီးသစ်တောကိုသွားဖို့အတွက်တောင်သတ်မှတ်ထားတယ်”
ကောင်းဖန်ကသူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်၊ သူကလေ့ကျင့်ရေးစင်တာရှိ ဟောင်းနွမ်းနေသောပစ္စည်းများကိုကြည့်လိုက်သည်၊ ထို့နောက်သူကလေးနက်စွာဖြင့် တွေးမိလိုက်သည်၊
“ကောင်းပြီ၊ ခင်ဗျားကိုယ့်အလုပ်ကိုသွားလုပ်လို့ရပြီ၊ အကယ်၍ တစ်ခုခုရှိခဲ့ရင်, ကျွန်တော့်ကိုတင်ပြပါ” ကောင်းဖန်က လူတွေကိုမိုက်ခရိုဖုန်းဖြင့်စီမံနေဖို့အချိန်မရပေ၊
“ဖလိမ်မီ, ဒီကိုလာခဲ့” ကောင်းဖန်က ဖလိမ်မီကိုလက်ယမ်းပြလိုက်သည်၊
ဖလိမ်မီကခုန်ဆွခုန်ဆွဖြင့် သူ့၏အတောင်ပံများကိုတဖျတ်ဖျတ်ခတ်ကာရောက်လာ သည်၊
ဖလိမ်မီက အဆင့်၂၀သို့ရောက်နေပြီးသားဖြစ်သည်၊၊ သူကကြီးထွားတာမြန်သည်, ပြီးတော့သူကဧကရာဇ်အဆင့်သားရဲအဖြစ်သို့မှန်းထားသော ငယ်ရွယ်သည့်သားရဲဖြစ် သည်၊ သူလိုတာက ၎င်းကိုအုပ်ချုပ်သူအဆင့်သို့တိုးမြှင့်မပေးခင် လအနည်းငယ် လောက်လေ့ကျင့်ပေးရန်လိုအပ်သည်၊
အကယ်၍ဖလိမ်မီက အုပ်ချုပ်သူအဆင့်သို့တိုးသွားပါက, ကောင်းဖန်သည်လုံးဝကို တိုက်ခိုက်မှုတွင်အားသန်သွားလိမ့်မည်ဟုဆိုလိုခြင်းဖြစ်သည်၊ ဖလိမ်မီက ပျံလည်းပျံနိုင်သည်၊ ဒါကကောင်းဖန်၏အဖွဲ့ထဲတွင်ပျံသန်းသည့်သားရဲအမျိုးအစား မရှိခြင်းပြဿနာကိုဖယ်ရှားပေးခဲ့သည်၊
လေ့ကျင့်ရေးစင်တာတွင် သံတိုင်အနည်းငယ်ရှိသည်၊ ကွင်းများက ထိုတိုင်များ၏ ထိပ်နှင့်ချိတ်ထားသည်၊ကွင်းများတွင် အချင်းလေးမီတာရှိပြီး, ၎င်းတို့ကို တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်ကြီးမားမှန်းသိသည်၊
ထိုကိရိယာကိုပျံသန်းနိုင်သော သားရဲတစ်ကောင်၏ လျင်မြန်မှုနှင့်အခြေခံစွမ်းရည် များကိုလေ့ကျင့်ရန်အသုံးပြုခဲ့သည်၊ မတူညီသောလမ်းကြောင်းများဖန်တီးရန်အတွက် တိုင်များကို ပုံစံအမျိုးမျိုးစီမံနိုင်သည်၊
“မင်းပျံနိုင်သေးလား?” ကောင်းဖန်ကဖလိမ်မီကိုလေးနက်စွာမေးလိုက်သည်၊
ဖလိမ်မီ၏မျက်နှာအမူအရာကဗလာဖြစ်နေသည်၊ သူကသူ၏လုံးဝန်းသောဗိုက်ကို ငုံ့ကြည့်လိုက်ပြီး သူ့အတောင်တွေကိုဗိုက်အားထိရန်သုံးလိုက်သည်၊ သူ့ကြည့်ရတာ အရမ်းကိုဒုက္ခရောက်နေသလိုဘဲ၊
ခရစ်,ခရစ်?
“ခဏလောက်ပျံရအောင်လို့ကြိုးစားကြည့်” ကောင်းဖန်ကရှေ့သို့လျှောက်သွားသည်၊ သူကအကွင်းများကိုစီစဉ်လိုက်ပြီး မခက်ခဲသော Sပုံစံလမ်းကြောင်းပြုလုပ်လိုက်သည်၊
“ဒီစည်းကွင်းတွေကိုဖြတ်ပြီးပျံကြည့်၊ မင်းဘယ်လောက်ထိသွက်လက်တာကျန်သေးလဲလို့ငါကြည့်မယ်” ကောင်းဖန်ကဖလိမ်မီကိုပြောလိုက်ပြီးနောက်ဆုတ်လိုက်သည်၊
ဖလိမ်မီက နောက်သို့နှစ်လှမ်းဆုတ်သွားပြီး, သူ၏အတောင်များကိုဖြန့်လိုက်ကာ, အတောင်များကိုပြင်းထန်စွာခတ်လိုက်သည်၊ သူ၏ခြေထောက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီးခုန်လိုက်သည်၊ လေ့ကျင့်ရေးစင်တာအတွင်းတွင်လေပြင်းများ တိုက်ခတ်လာသည်၊
မြေပြင်ပေါ်ရှိဖုန်မှုန့်များသည်စတင်ဖောင်းပွလာပြီး မီးခိုးရောင်ဖုန်မှုန့်များဖြစ်လာ သည်၊ ကောင်းဖန်သည်နှာခေါင်းကိုအုပ်ကာ မျက်လုံးကိုပိတ်လိုက်သည်၊
ဖလိမ်မီကသူ၏လည်ပင်းကိုဆန့်၍ ရုန်းကန်လိုက်ပြီးနောက် တင့်တယ်စွာဖြင့် သူ၏အတောင်များကိုခတ်လိုက်သည်၊ ပြီးနောက်သူက ဒုံးကျည်ကဲ့သို့ကွင်းများကို ဖြတ်၍ပျံသွားသည်၊
ဘန်း!
ကွင်းတစ်ခုက ပြင်းထန်စွာရိုက်မိသွားသည်၊ ၎င်းကမီတာအနည်းငယ်လောက်လွင့် သွားပြီး ဖက်တီးကြိုးကြာနှင့်အတူမြေပြင်ပေါ်သို့ကျသွားသည်၊ ဖလိမ်မီသည်ရိုက်ခတ်မှု ကြောင့်ကြောင်အအဖြစ်သွားသည်၊သူကမြေပြင်ပေါ်တွင်အကြိမ်အနည်းငယ်လောက် လူးလိမ့်နေသည်၊ ထို့နောက်စိတ်ပျက်စွာဖြင့် သူ့ခန္ဓာကိုယ်ရှိအဆီများကိုကြည့်လိုက် သည်၊
တစ်ဖက်တွင်တော့ ကောင်းဖန်သည်ထိုကိစ္စကိုစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော ကြောင့် ထိတ်လန့်မှုမရှိပေ…
“ပိုပြီးလွယ်တဲ့တစ်ခု ကြိုးစားကြည့်ရအောင်၊ အဆင်ပြေပါတယ်, စိတ်ပျက်မနေနဲ့၊ မင်းကိုယ်မင်းယုံကြည်ဖို့လိုတယ်၊ မင်းသေချာပေါက်လုပ်နိုင်တယ်!” ကောင်းဖန်က ရှေ့သို့လျှောက်သွားပြီး ဖလိမ်မီကိုထူလိုက်ကာ အားပေးအားမြှောက်ပြုလိုက်သည်၊
နေ့လည်ခင်းတွင်ကျန်ရှိသောလေ့ကျင့်ခန်းများသည် ကောင်းဖန်၏အားပေးသံနှင့် အတူ ဖလိမ်မီ၏ဟောဟဲလိုက်နေသောအသံများဖြင့်ပြည့်နေတော့သည်၊ လေ့ကျင့်မှု နှစ်နာရီကြာပြီးနောက် ဖလိမ်မီအနည်းငယ်မျှသာပျံသန်းနိုင်ခဲ့သည်၊ အနည်းဆုံး တော့သူကလမ်းကြောင်းမှန်ပေါ်တွင်ပျံသန်းနိုင်ခဲ့သည်၊
ဖက်တီးကြိုးကြာသည် လေထဲတွင်ပတ်၍ပျံဝဲနေသည်၊ သူကကွင်းများထံမှ လျှောခနဲ ဖြတ်သွားပြီးနောက်, တဖြည်းဖြည်းချင်းမြေပြင်ပေါ်သို့ဆင်းသက်သည်၊
ဖလိမ်မီ၏လုံးဝန်းသောမျက်လုံးများက ရုတ်တရက်ကောင်းကင်ကိုကြည့်ပြီး ရယ်လိုက်သည်၊
ခရစ်,ခရစ်,ခရစ်!
သူကရုတ်တရက်ရယ်မောရင်းကြို့ထိုးသွားသည်၊ သူ၏ရှည်လျားသောနှုတ်သီးမှ မီးတောက်တစ်ခုထွက်လာသည်၊ ပြီးတာနှင့်ချက်ချင်းသူ့တစ်ကိုယ်လုံးတွင် အနီရောင် တောက်တောက်အလင်းရောင်ထွက်လာသည်၊ အဖြူရောင်အမွှေးများကြားတွင် ပြိုးပြိုးပြက်ပြက်အနီရောင်မီးတောက်များထွက်လာသည်၊
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၀> အဆင့်၂၁
သူက ဒီလိုမျိုးနဲအဆင့်တက်လာတာပေါ့?
ကောင်းဖန်၏မျက်လုံးများ ပြူးသွားတော့သည်၊
သို့သော်တစ်နည်းအားဖြင့် ဒီအရာသည်သာမန်တော့မဟုတ်ပေ၊ ဖလိမ်မီသည် အစားအသောက်အများကြီးကိုစားခဲ့ပြီး ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ပြီးနောက်, သူကသဘာဝကိုမွေးရာပါအရည်အချင်းရှိတာကြောင့် သူတိုးမြှင့်သွားခြင်းသည် အကျိုးသင့်အကြောင်းသင့်မဟုတ်ပါ၊
ဒါပေမယ့်ကောင်းဖန်က ထူးဆန်းတယ်လို့တော့မခံစားရချေ၊၊
ဖလိမ်မီရဲ့မျက်လုံးထောင့်စွန်းများတွင် မီးကသိပ်သည်းနေသည်၊ ၎င်းတို့က ကောင်းကင်ပေါ်တွင်ပြန့်ကျဲနေသော အလင်းရောင်အဖြစ်သို့ပြောင်းသွားသည်၊
ကောင်းကင်မှ စူးရှသောအသံထွက်လာသည်၊ သန်မာသောမီးတောက်များသည် သူ၏အတောင်များမှအမွှေးအမျှင်ကဲ့သို့ပေါက်လာပြီးနောက် ပြန့်ကျဲသွားသည်၊ အတောင်ပံများပေါ်တွင် ချည်မျှင်များကဲ့သို့စုစည်းဆက်နွယ်သွားကြသည်၊ မီးတောက်များအားလုံးကအတူတကွပေါင်းသွားပြီးလောင်ကျွမ်းသွားသည်၊
မီးတောက်များကြားတွင်, ဖလိမ်မီသည်သူ၏လည်ပင်းကိုမြှောက်ကာ နှုတ်သီးကို ကောင်းကင်သို့ညွှန်ပြရန်အတွက်ပြင်းစွာအားထုတ်လိုက်သည်၊ အတောင်ပံများကို ဖြန့်၍လိမ္မော်ရောင်မီးတောက်များသည် သူ့တစ်ကိုယ်လုံးကိုဝန်းရံနေကာ မီးလျှံထဲတွင် ရေချိုးသလိုဖြစ်နေသည်၊
မီးတောက်များသည် ရုံးအတွင်းမှလူများကိုဆွဲဆောင်သွားသည်၊ တချို့ကမီးလောင်တယ်ထင်ကာမီးသတ်ဆေးဘူးများပြေးယူကြသည်၊
ထို့နောက်သူတို့က သားရဲတစ်ကောင်မီးတောက်များကြားတွင်နစ်မြှုပ်နေသည်ကို သတိထားမိသွားသည်၊ အဲ့ကိုလျှောက်သွားလိုက်ရမလား, ရှောင်သွားရမလား ဝေခွဲမရဖြစ်နေကြသည်၊ သူတို့ကထိုနေရာတွင်သာကို့ရို့ကားရားရပ်နေကြသည်၊
အဆုံးမှာတော့ ဝမ်လျန့်ကသူတို့ကိုထွက်သွားဖို့တောင်းဆိုကာ ပြောလိုက်သည်၊ “ပြန်သွားပြီးကိုယ်လုပ်စရာရှိတာလုပ်ကြပါ၊ စိတ်ရှုပ်မခံကြပါနဲ့၊ ဒါက ခေါင်းဆောင်ကောင်းရဲ့ကိုယ်ပိုင်သားရဲပါ”
လူများကလေ့ကျင့်ရေးစင်တာမှထွက်သွားကြသည်၊
ဝမ်လျန့်က အဝေးတွင်ရပ်ကာကောင်းဖန်ကိုပြုံးပြလိုက်သည်၊ ထို့နောက်သူက ခေါင်းညိတ်ပြကာထွက်သွားလိုက်သည်၊
ကောင်းဖန်ကဖလိမ်မီ၏အဆင့်တိုးမြှင့်ခြင်းသည် ထိုမျှကြီးမားသောမြင်ကွင်းကို ဖြစ်သွားလိမ့်မည်ဟုမထင်ခဲ့ပေ။
ထိုအရာကဖလိမ်မီအတွက် ကောင်းဖန်၏မျှော်လင့်ချက်ကိုပို၍တိုးသွားစေသည်၊ ဖလိမ်မီ၏ မီးစွမ်းရည်သည်နှိုးထလာပုံရသည်၊ တာ့ဇီ၏ အပူတစ်ဝက်လျှပ်စီးစွမ်းရည် နှင့် ၎င်း၏ကြွက်သားများကိုသာအသုံးပြုသည့်မြေကြီးစွမ်းရည်များဖြင့် နှိုင်းယှဉ် ကြည့်လျှင် ဖလိမ်မီ၏ မီးစွမ်းရည်ကပိုပြီးအစွမ်းထက်သည်၊
မီးသည်ဆယ်မိနစ်ခန့်ကြာပြီးနောက် တဖြည်းဖြည်းငြိမ်းသွားသည်၊ ဖလိမ်မီသည် တစ်နေရာထဲတွင်ရပ်နေသည်၊ သူ့ဗိုက်ကတော့ အရမ်းဝိုင်းနေသေးသည်… တစ်ခုတည်းသောပြောင်းလဲမှုမှာ သူ့ခန္ဓာကိုယ်ရှိအမွှေးများက အနီရောင်တောက် သွားတာပင်ဖြစ်သည်၊ သူ့ပုံစံက အဆင့်တိုးမြှင့်ပြီးတာနဲ့ အနည်းငယ်ပိုကြီးလာသည်၊
ဖလိမ်မီကအဆင့်တိုးမြှင့်ပြီးနောက်,သူသည်သက်တောင့်သက်သာရှိစွာ ယုံကြည်မှု အပြည့်ဖြင့်လေထဲသို့ပျံတက်သွားတော့သည်၊ ဒီတစ်ခေါက်ပျံရတာက အရင်ကထက် ပိုလွယ်တယ်၊ သူ့ဗိုက်ကနည်းနည်းဝိုင်းနေသေးပေမယ့်အရင်ထက်တော့ပိုသွက်သည်၊
သူကကွင်းတစ်ခုစီကိုလွယ်ကူစွာဖြင့်ကျော်ဖြတ်သွားသည်၊ ဒါကကြည့်နေရာတာ ပျော်ရွှင်ဖို့အတွက်တော့ခက်ခဲသည်၊
ဖလိမ်မီ၏ရိုးရှင်းသောပျော်ရွှင်မှုကိုမြင်တွေ့ရခြင်းက ကောင်းဖန်ကိုစကားစုတစ်ခု အားတွေးတောစေမိလိုက်သည်၊
ငါပျော်ရွှင်နေသ၍ ဘယ်တော့မှငါအထီးကျန်တယ်လို့မခံစားရဘူး၊
***
အပိုင်း၁၆၈ လေ့ကျင့်ရေးစင်တာထဲမှအရိပ်တစ်ခု
ကောင်းဖန် ဖလိမ်မီ၏စွမ်းရည်ကို စစ်ဆေးကြည့်လိုက်သည်။ အံ့ဩစရာမရှိဘဲ ဖလိမ်မီ၏စွမ်းရည်နှင့်စရိုက်လက္ခဏာတွေကပြောင်းလဲသွားခဲ့သည်။ ၎င်း၏အလားအလာအစစ်အမှန်က ပွင့်သွားခဲ့ပေပြီ။
ခုခံစွမ်းရည်၏အဓိပ္ပါယ်ကို ကောင်းဖန်နားလည်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကိုတော့ ကောင်းဖန်သေချာမသိပေ။
[မကောင်းဆိုးဝါးအမည်] : မီးတောက်နီကြိုးကြာ
[မကောင်းဆိုးဝါးအဆင့်] : ၂၁
[မကောင်းဆိုးဝါးအဆင့်အတန်း] : ပြီးပြည့်စုံ
[မကောင်းဆိုးဝါးစွမ်းရည်] : မီး
[အထူးဝိသေသလက္ခဏာများ] : မီးတောက်အမွေး (ခုခံစွမ်းရည်:အမွေးများက မီးဒဏ်ကိုခံနိုင်စွမ်းမြင့်တက်လာမည်။ တိုက်ခိုက်မှုစွမ်းရည် : အမွေးများက ခန္ဓာကိုယ်မှထွက်ကာ ရန်သူဆီသို့ပျံသန်းတိုက်ခိုက်နိုင်သည်။ အမွေးများသည် လေထုထဲရှိဒြပ်စင်နှင့်ပေါင်းစပ်ပြီးနောက် လောင်ကျွမ်းကာပေါက်ကွဲနိုင်သည်။)
[အဆင့်မြှင့်တင်ရန်လိုအပ်ချက်များ] : လောင်ကျွမ်းကောင်းကင်သလင်းကျောက် ၅၀၀ကျင်း၊ လျှို့ဝှက်သစ်သီး သုံးလုံးအထက်၊ မီးတောက်အဆီအနှစ်။
ဇယားမှာက အမွေးတွေကပေါက်ကွဲနိုင်သည်ဟုသာပြောထားကာ ဘယ်လောက်ပြင်းအားအထိရှိလဲတော့မပါပေ။ ပေါက်ကွဲမှုက ဖလိမ်မီ၏အမွေးအတောင်ကနေဖြစ်လာခြင်းမဟုတ်ဘဲ အတောင်နှင့်လေထဲမှဒြပ်စင်တို့ပေါင်းစပ်ခြင်းကြောင့် ထွက်ပေါ်လာမှာဖြစ်သည်။ ဒီတော့ ပေါက်ကွဲပြင်းအားက အတော်လေးကြီးမယ်လို့ ဆိုလိုသင့်တာပေါ့။ သို့သော်လည်း လေ့ကျင့်ရေးစင်တာက လက်တွေ့စမ်းသပ်ကြည့်ဖို့ သင့်တော်သည့်နေရာမဟုတ်ပေ။ ဒီနေကပြီး မီးတွေစလောင်ကုန်လို့ ပြဿနာတက်သွားနိုင်သည်။
ဤစွမ်းရည်၏တစ်ခုတည်းသောအားနည်းချက်ကတော့ ဖလိမ်မီ၏ကိုယ်ပေါ်မှအတောင်တွေကိုအသုံးပြုရခြင်းပင်။ ဒီစွမ်းရည်ကိုသာ မကြာမကြာသုံးမိပါက…. လေထဲမှာ အမွေးပြောင်ပြောင်ကြိုးကြာတစ်ကောင်ပျံနေမည့် မြင်ကွင်းမျိုးပုံဖော်ကြည့်လိုက်ရုံဖြင့် ကောင်းဖန်ရင်ထဲတုန်လှုပ်သွားတော့သည်။
ဖလိမ်မီကတော့ လေထဲတွင် မဆင်မခြင်ပျံသန်းနေကာ သူ့သခင်ခေါင်းပေါ်က ဖြတ်သွားမိသည်ကိုပင် သတိမထားမိခဲ့ပေ။
ကောင်းဖန် ဖလိမ်မီကိုခေါင်းမော့ကာကြည့်လိုက်ကာ နှုတ်ခမ်းတွန့်သွားတော့သည်။
ကောင်းဖန်ဆီ ဖလိမ်မီစရောက်ကာစတုန်းက ၎င်းသည် တစ်ကမ္ဘာလုံး၏စွန့်ပစ်ခြင်းကိုခံထားရသလိုမျိုး သူ့ကိုခါးခါးသီးသီးကြည့်နေခဲ့သည်။ သူ့ကိုလက်စားချေဖို့တစ်ခုတည်းသာတွေးနေသလိုပင်။ လက်စားချေခြင်းက လုံလောက်သည့်တွန်းအားတစ်ခုမဟုတ်သော်လည်း တစ်ဘဝလုံးအမုန်းတရားကိုပွေ့ပိုက်ကာနေဖို့ကတော့ အလွန်ခက်ခဲပေသည်။
ကောင်းဖန်ကတော့ ဖလိမ်မီကို သူ့ရန်သူတွေကို မုန်းတီးမှုအလျောက်ဖယ်ရှားပစ်မည့်နေရာမျိုးတွင် မသုံးလိုပေ။ ၎င်း၏ဘဝကိုလဲ ခါးသီးမှုများနှင့်သာ မရှင်သန်စေလိုခြင်းဖြစ်သည်။
ဖလိမ်မီက အခုတော့နေ့တိုင်းပျော်ရွှင်နေကာ ဒါကပဲ ကောင်းဖန်၏သားရဲလေ့ကျင့်သူလမ်းစဉ်ပင်ဖြစ်သည်။
“ဖလိမ်မီ၊ မင်းအဆင့်တက်တက်အချိန်ပြောင်းသွားတဲ့ပုံစံက အရင်နဲ့အတူတူပဲဆိုတာ သိရဲ့လား?” ကောင်းဖန်က အောက်နေပြီး ဖလိမ်မီကိုလှမ်းအောင်လိုက်သည်။
ပျော်ရွှင်စွာပျံသန်းနေသည့်ဖလိမ်မီမှာ ရုတ်တရက်တောင့်တင်းသွားတော့သည်။ သူ့ရှေ့ကတိုင်ကိုဝင်မတိုက်မိတာကပင် ကံကောင်းလှသည်။ ဖလိမ်မီ၏မျက်နှာသေးသေးလေးမှာ ကြောက်ရွံ့ထိတ်လန့်နေဟန်ကပေါ်လာတော့သည်။ ကောင်းဖန်ပြောသည့်စကားကို ပိုတွေးမိလေ ပိုလို့ပင်စိတ်ပျက်လာတော့သည်။
ဒီလိုနဲ့ သူတဖြည်းဖြည်း စိတ်ပျက်လက်ပျက်နှင့်အော်ဟစ်ညည်းတွားတော့သည်။
“ဟဟ၊ ငါမင်းကိုနောက်နေတာပါ။” ဖလိမ်မီ၏အမူအရာကိုမြင်သည်နှင့် ကောင်းဖန်အော်ရယ်တော့သည်။
ဖလိမ်မီက သူ့ပုံစံသစ်နှင့်ရင်းနှီးမှုရှိအောင် နောက်ထပ်ဆယ်မိနစ်ကျော်လောက် ဆက်လေ့ကျင့်ခဲ့သည်။ ထို့နောက် ကောင်းဖန်က သွားရန်သူ့ကိုလှမ်းခေါ်တာကြောင့် ရပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကောင်းဖန်က အလေးမနေသည့် ဒမ်ဘီကိုပါ လှမ်းခေါ်လိုက်သည်။ “ဒမ်ဘီ၊ သွားကြစို့။”
ဒမ်ဘီက သူ့ကိုယ်တွင် သဲအိတ်ပေါင်းဒါဇင်လောက်ချိတ်ထားသည့်အပြင် ဘယ်လက်နှင့်ညာလက်တွင်လဲ ကြီးမားသည့်အလေးတုံးများကို မထားသေးသည်။ ကောင်းဖန်ခေါ်သည်ကိုကြားသည်က ၎င်းက အသာအယာခေါင်းညိတ်ကာ အလေးတုံးများကိုပစ်ချလိုက်တာကြောင့် မြေကြီးပင်တုန်ခါသွားတော့သည်။
၎င်းကိုယ်ပေါ်မှကျန်နေသည့် သဲအိတ်များကိုလဲ ချလိုက်ကာ သခင်ဖြစ်သူနောက်မှလိုက်ပြီး လေ့ကျင့်ရေးစင်တာမှထွက်ခဲ့သည်။
လေ့ကျင့်ရေးစင်တာတစ်ခုလုံး တိတ်ဆိတ်သွားပြန်ကာ လေထုအခြေအနေကတော့ မှုန်မှိုင်းလို့နေသည်။
ကောင်းကင်က တဖြည်းဖြည်းမှောင်လာခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက်မှာတော့ လေ့ကျင့်ရေးစင်တာထောင့်ရှိ ဘုတ်တစ်ခုက ရွေ့လျားလာခဲ့သည်။ ၎င်းက တွန်းဖယ်ခံလိုက်ရပြီး အနောက်ဘက်တွင် ခေါင်းသေးလေးတစ်လုံးကထွက်ပေါ်လာခဲ့သည်။
လေ့ကျင့်ရေးစင်တာ၏တစ်ဖက်တစ်ချက်စီတွင် နံရံသုံးခုရှိကာ ဌာနခွဲဂိုဒေါင်ဘက်သို့သွားသည့် ထွက်ပေါက်တစ်ခုသာရှိသည်။ ရှေ့သို့ဆက်သွားလျှင်တော့ ကုမ္ပဏီ၏စက်ရုံတချို့ရှိသည်။ လေ့ကျင့်ရေးစင်တာ၏တည်နေရာက အလွန်ဝေးလွန်းတာကြောင့် ဤနေရာသို့လာရောက်သူကလဲ အလွန်နည်းပါးလှသည်။
ဒါဆို လေ့ကျင့်ရေးစင်တာကပစ္စည်းတွေကဘာကြောင့်ဒီလောက်ဟောင်းနွမ်းနေရ တာလဲ?
ကောင်းဖန်ကထူထပ်သောသစ်ပင်များနောက်တွင်ငြိမ်သက်စွာရပ်နေသည်၊ ဘေးသို့ တွန်းထားသောဘုတ်ပြားကိုကြည့်လိုက်သည်၊ ထိုနေရာမှသွေးနီရောင်လို ဖြစ်တော့မည့်ကြွက်တစ်ကောင်ထွက်လာသည်၊ ဒါမှမဟုတ်, အနည်းဆုံးသွေးနီရောင် ဖြစ်သင့်သည်၊ ၎င်းကအရမ်းညစ်ပတ်လွန်းသဖြင့်အရောင်ကနီညိုရောင်သို့ပြောင်းသွား ပြီး ၎င်း၏လက်ချောင်းများပေါ်ရှိအမွှေးများသည်စုထွေးနေသည်၊
ပထမဆုံးကြွက်လုပ်သည့်အရာကတော့ လေထဲတွင်အနံ့ခံခြင်းဖြစ်သည်၊ ထို့နောက် ၎င်းကကြောက်ရွံ့ခြင်းကြောင့် သူ၏လည်ပင်းကိုနောက်သို့ပြန်ဆုတ်လိုက်သည်၊ ၎င်း၏မျက်လုံးများကလူသားတစ်ယောက်လိုမျိုးစိုးရိမ်နေသောအမူအရာကိုပြနေ သည်၊ ထို့နောက်၎င်းကကောင်းဖန်၏လမ်းကြောင်းဘက်ကိုပြောင်းလိုက်ပြီး သံသယဖြစ်မှုဖြင့်အနံ့ခံလိုက်သည်၊ ၎င်းကဘာကိုမှရှာမတွေ့ချေ၊
ထို့နောက်စူးရှသောအသံတိုးတိုးတစ်ခုကိုနံရံဘက်သို့လှည့်ကာပေးလိုက်သည်၊
ခဏလောက်ကြာတော့, ကောင်ငယ်လေးတစ်ယောက်ကနံရံပေါ်မှ ကျော်တက်လာသည်၊
ကောင်ငယ်လေး၏ဆံပင်ကအရမ်းညစ်ပတ်နေပြီး, သူ၏မျက်နှာကလည်းအတူတူပင် ညစ်ပတ်နေသည်၊ သူ၏အဝတ်များကအရမ်းရိုးရှင်းပြီး, ထိုအင်္ကျီတွင်သေးငယ်သော အပေါက်ကလေးများရှိသည်၊ ဘာကသူ့ကိုပိုပြီးသိသာစေလဲဆိုတော့သူ၏အတော်လေး တောက်ပနေသောမျက်လုံးများပင်ဖြစ်သည်၊
တွယ်တက်လာပြီးနောက်, ကောင်ငယ်လေးက ဝန်ထမ်းတွေရှိရာနေရာဘက်ကိုလှည့် ကြည့်သည်၊ အဲ့ဒီမှာဘယ်သူမှမရှိဘူးဆိုတာအတည်ပြုပြီးနောက်သက်ပြင်းတစ်ချက်ချ လိုက်သည်၊
ထို့နောက်သူကလေ့ကျင့်ရေးစင်တာထောင့်သို့ပြေးသွားပြီးနောက် ကြွက်ကို လေ့ကျင့်ရေးကိရိယာအချို့တပ်ပေးသည်၊ ထို့နောက်ကြွက်သည်သွက်လက်ကျွမ်းကျင် စွာဖြင့်လေ့ကျင့်ရေးစင်တာကိုဖြတ်ပြေးလာသည်၊၎င်း၏လေ့ကျင့်ရေးစင်တာနှင့် ရင်းနှီးနေမှုကိုကြည့်ခြင်းဖြင့် ဒီမှာလေ့ကျင့်နေတာကြာပြီမှန်း ပြောနိုင်သည်၊
၎င်း၏လှုပ်ရှားမှုများ(သို့) ၎င်း၏ကျန်းမာသောခန္ဓာကိုယ်သည် စွမ်းအင်များ အားစိုက်ထုတ်မှုကြောင့် အချိန်တိုင်းလှုပ်ရှားလိုက်လျှင်၎င်း၏ကြွက်သားများသည်စ၍ ကွေးဆန့်လာတော့သည်၊
ကောင်လေးကတစ်နာရီကြာလောက်လေ့ကျင့်သည်၊ အချိန်အကြာကြီးမဟုတ်သော် လည်းအာဟာရချို့တဲ့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ကြွက်နီတွေရဲ့လှုပ်ရှားမှုတွေကနှေးကွေးလာတော့သည်၊ ဖြည်းဖြည်းချင်းရပ်တန့်သွားတော့သည်၊
ကောင်လေးကသွေးနီကြွက်ဆီသို့လျှောက်သွားကာ လေ့ကျင့်ရေးကိရိယာများကိုချွတ် လိုက်သည်၊ ထို့နောက်စက်ပစ္စည်းများကိုမူလနေရာတွင်ပြန်ထားသည်၊ သူကစင်တာ၏ ထောင့်သို့သွားကာ တံမြက်စည်းတစ်ချောင်းနှင့်ဖုန်သုတ်တံတစ်ချောင်းကိုကောက်ယူ ၍လေ့ကျင့်ရေးစင်တာကိုစတင်သန့်ရှင်းရေးလုပ်တော့သည်၊ နောက်ဆုံးတွင်, ကြမ်းတိုက်တံကိုကောက်ယူပြီး တစ်နေရာလုံးကိုသန့်ရှင်းအောင်တိုက်လိုက်သည်၊
ငယ်ရွယ်တဲ့ကောင်လေးအတွက်ကတော့, ဒီလိုအလုပ်မျိုးကအတော်လေးပင်ပန်းသည်၊ သန့်ရှင်းရေးလုပ်ပြီးချိန်မှာတော့, ချွေးတွေစိုရွှဲနေတော့သည်၊ ကလေးက ဝန်ထမ်တွေ ရှိသည့်ဦးတည်ရာဘက်သို့လှည့်၍ ဦးသုံးကြိမ်ချလိုက်ပြီးနောက်, ကြွက်ကိုယူ၍ နံရံ၏ထောင့်ရှိအပေါက်မှပြေးထွက်သွားတော့သည်၊
ကောင်းဖန် ရုတ်တရက်ဝမ်လျန့်ပြောခဲ့တာကိုသတိရသွားသည်၊ ပိုင်ယဲ့မှာ သူတို့ရဲ့ အခြေအနေကိုမကျေနပ်တဲ့သူတွေကအလုပ်ကြိုးစားပြီး ပိုင်ယဲ့ခရိုင်ကနေထွက်သွား ကြသည်၊ ကျန်ရစ်သူတွေက ဘဝအတွက်ဘာမျှော်လင့်ချက်မှမရှိတော့ဘဲ ရှုပ်ယှက် ခတ်၍ကျန်နေခဲ့သည်၊
ကြည့်ရတာသူတို့ထဲကအားလုံးကတော့မမှန်ဘူးနဲ့တူတယ်…
သူတို့ကငရဲတွင်းမှမွေးဖွားလာသောသူတွေဖြစ်ပေမယ့်, သူတို့ကအလင်းဘက်သို့ ပြောင်းရွှေ့ချင်ကြသည်၊
ခက်ခဲသောအခြေအနေ၌နေရခြင်းသည်သာ သူတို့ဘဝတစ်ခုလုံးတွင်ပြည့်နေသည်၊
ကောင်ငယ်လေးကနံရံကိုဖြတ်၍ ဘုတ်ပြားကိုပြန်တင်လိုက်သည်၊ မတ်တပ်ရပ်လိုက် ချိန်တွင် သူတစ်ခုခုနှင့်ရိုက်မိတော့မလိုဖြစ်သွားသည်၊ သူကနောက်သို့ဆုတ်မိပြီး လဲကျမလိုတောင်ဖြစ်သွားသည်၊
သူကြည့်လိုက်တော့, ကြီးမားသောပုံရိပ်တစ်ခုကသူ၏ရှေ့တွင်ပိတ်ထားသည်၊
အမှောင်ထဲတွင်တောက်လောင်နေသောမီးတောက်ကိုရှင်းလင်းစွာတွေ့မြင်ရသည်၊
ကောင်လေး၏မျက်လုံးများပြူးကျယ်သွားသည်၊ သူ့နောက်မှာရပ်နေတဲ့ သွေးနီကြွက် ကရုတ်တရက်ရှေ့ကိုတိုးလာပြီးအစွယ်တွေကို ဒမ်ဘီအားပြလိုက်သည်၊
“မင်းတို့ဒီကိုလာတာဘယ်လောက်လောက်ကြာပြီလဲ?” ကောင်းဖန်က ဒမ်ဘီ၏ နောက်မှလမ်းလျှောက်လာပြီးကောင်လေးကိုမေးလိုက်သည်၊
ကောင်ငယ်လေးကထိုအခိုက်အတန့်မှာပင် တောင့်တင်းသွားတော့သည်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကအေးခဲနေသည်၊ သူ့ခေါင်းကိုငုံ့ထားပြီး ကောင်းဖန်ကိုမော့ မကြည့်ရဲပေ၊ သူကတီးတိုးစွာဖြင့်ပြောလိုက်သည်, “ကျ..ကျနော်….ဒီကိုလာတာ တစ်နှစ်ခွဲလောက်ရှိပါပြီ”
“ဒီအကြောင်းကိုမေ့လိုက်တော့၊ နောက်ကျရင် ဒီအပေါက်ကနေဖြတ်မလာနဲ့” ကောင်းဖန်ကပြောလိုက်သည်၊
“ကျနော်နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် အကို”ကောင်လေး၏အသံကနူးညံ့ပြီး ခြင်တစ်ကောင်ကဲ့သို့ပင်တိုးလှသည်၊
“အရှေ့အပေါက်ကနေဖြတ်ဝင်လာခဲ့၊ ငါတစ်ယောက်ယောက်ကို မင်းအတွက် သက်သေခံကတ်ပြားလုပ်ခိုင်းလိုက်မယ်၊” ကောင်းဖန်ကလှည့်ထွက်သွားသည်၊ “မနက်ဖြန်နေ့လည်လာခဲ့၊ ကောင်းဖန်ကမင်းကိုလာဖို့ပြောတာလို့ပြောလိုက်”