← Chapters

အခန်း (၁၆၉-၁၇၂)

Vol. 11 Ch. 169-172

အခန်း (၁၆၉-၁၇၂)

Vol. 11 Ch. 169-172

အပိုင်း၁၆၉ သွေးပုပ်စားကြွက်

“ခေါင်းဆောင်ကောင်း” ဝမ်လျန့်ကပြေးလာသည်၊ ကောင်းဖန်သည်လက်ရှိတွင် ဖလိမ်မီကိုလေ့ကျင့်နေတာဖြစ်ပြီး သူ၏နောက်တွင်ဝမ်လျန့်ရှိနေတာဖြစ်သည်၊ သူကကောင်းဖန်ကိုပြောလိုက်သည်, “မင်းကိုရှာဖို့ပြောထားတဲ့ကောင်လေးရောက်လာပြီ၊ ငါသူ့အတွက်သက်သေခံကတ်ပြားလုပ်ပြီးပြီ၊ သူကမင်းကိုအောက်ထပ်မှာ စောင့်နေတယ်၊”

“နားလည်ပြီ” ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး လေဝဲပန်းကန်ပြားကိုသူ့လက်ထဲက ပစ်လိုက်သည်၊ ဖလိမ်မီကသူ့ခေါင်းကိုလှည့်လိုက်ပြီး နှုတ်သီးကိုဟလိုက်သည်၊ ပူလောင်သောမီးကထွက်လာပြီး ပန်းကန်ပြားကိုချက်ချင်းထိမှန်သွားကာ လေထဲ၌ လောင်ကျွမ်းသွားသည်၊ မီးတောက်အစက်များက ရေကဲ့သို့ကြမ်းပြင်ပေါ်ကိုကျနေသည်၊

လေဝဲပန်းကန်ပြားကနောက်ထပ်၁၀မီတာအကွာသို့ထပ်၍ပျံဝဲသွားပြီး နံရံနှင့်ရိုက်မိ လိုက်သည်၊ ထို့နောက်၎င်းကကြမ်းပြင်ပေါ်သို့ကျသွားသည်၊ အဖြူရောင်ပန်းကန်ပြား ကအနက်ရောင်အဖြစ်သို့ပြောင်းသွားသည်၊

“ကျနော့်ဆီကိုခေါ်ခဲ့…စိတ်မရှိပါနဲ့၊ သူ့ဆီကိုယ့်ဘာသာဘဲသွားလိုက်တော့မယ်” ကောင်းဖန်ကခဏလောက်တွေးလိုက်ပြီး ကိုယ်တိုင်သွားလိုက်တာပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်သည်၊

နောက်ဆုံးတော့, သူကဘဲထိုကောင်လေးကိုလာဖို့ပြောခဲ့သူဖြစ်သည်၊ အကယ်၍ ကိုယ်တိုင်မသွားရင် ထူးဆန်းနေလိမ့်မည်၊ နောက်တော့, သူ့အကြောင်းကိုသိတဲ့သူက ဒီနေရာမှာ ဝမ်လျန့်နှင့်ရွှယ်ဟုန်ဘဲရှိသည်၊

ကောင်းဖန်ကဒမ်ဘီကိုဖလိမ်မီအားကူလေ့ကျင့်ပေးရန်ပြောလိုက်သည်၊ လေ့ကျင့်မှုက ရိုးရှင်းသည်၊ ဖလိမ်မီကမီးလုံးကိုထုတ်နိုင်ရန်အတွက်အပူဒဏ်ခံနိုင်သော လေဝဲပန်းကန်ပြားများကိုပစ်ပေးရခြင်းဖြစ်သည်၊ ဒါကဖလိမ်မီ၏တိကျမှန်ကန်ဖို့ အတွက်လေ့ကျင့်ခြင်းဖြစ်သည်၊

သူ၏စွမ်းအားပြည့်ဝနေသောမီးတောက်များတောင်မှ, ရန်သူကိုထိဖို့ရည်မှန်းထားစဲဖြစ်သည်၊ ဖလိမ်မီသည်သူ၏ကျွမ်းကျင်မှုကို ဖမ်းဆုပ်ထားနိုင်သော်လည်း, သူ၏ စွမ်းရည်ဆီသို့ရောက်ရန်အတွက် လေ့ကျင့်မှုအနည်းငယ်လိုသေးသည်၊

ကောင်းဖန်ကခဏလောက်ရပ်လိုက်ပြီး ဝမ်လျန့်ကို “မီးဒဏ်ခံနိုင်တဲ့လေဝဲပန်းကန်ပြား ၂၀၀လောက်ကျနော့်အတွက်သွားယူပေးပါဦး၊ ကျနော့်အကောင့်ထဲကနေကျသင့်ငွေတောင်းလိုက်ပါ”

မီးဒဏ်ခံနိုင်သောပန်းကန်ပြားများသည်အလွန်အခြေခံကျသော သေးငယ်သည့် လေ့ကျင့်ရေးပစ္စည်းတစ်ခုဖြစ်သည်၊ ထုတ်လုပ်ရန်လည်းအရမ်းရိုးရှင်းသည်၊ ကုမ္ပဏီ အများစုက ကိုယ်တိုင်ပြုလုပ်ကြပြီး, တောင်ပိုင်းကောင်းကင်အဖွဲ့ကလည်းခြွင်းချက် မဟုတ်ပေ၊ ဒါကြောင့် ကုမ္ပဏီ၏ဂိုဒေါင်ထဲတွင်ရှာတွေ့ခဲ့တာဖြစ်သည်၊

ဝမ်လျန့်ကခေါင်းညိတ်လိုက်ကာသူနားလည်ကြောင်းပြသည်၊

ကောင်းဖန်က ရုံးခန်းအဆောက်အအုံထဲသို့လာလိုက်သည်၊ သေးငယ်သော ပုံရိပ်လေးကအဆောက်အအုံရှေ့တွင် ရှိုးတို့ရှန်းတန်းဖြင့်ရပ်နေသည်၊ သူကြည့်ရတာ ထိုနေရာနှင့်မလိုက်မဖက်ဖြစ်နေသည်၊

ထိုကောင်လေးက ကောင်းဖန်သူ့ကိုမြင်တဲ့အခါသတိထားမိသွားသည်၊ သူက ကောင်းဖန်ကိုခိုးကြည့်လိုက်သည်၊ သူတို့မျက်လုံးချင်းဆုံသွားတော့, သူက လျင်မြန်စွာ သူ့ခေါင်းကိုငုံ့လိုက်သည်၊

“မင်းက….မိန်းကလေးလား?” ကောင်းဖန်က ညင်သာစွာဖြင့်မေးလိုက်သည်၊

“ကျနော်က ယောကျာ်းလေး!” ကောင်းဖန်ပြောတာကသူ့မာနကိုထိခိုက်စေတဲ့အတွက် သူကကျယ်လောင်စွာဖြင့်ပြန်ဖြေလိုက်သည်၊ သူ့အသံကအရမ်းရှင်းနေပေမယ့် လူပျိုဖော်မဝင်သေးတာကြောင့်ဖြစ်နိုင်သလို သူ့အသံကနည်းနည်းတော့မိန်းမဆန်နေ သည်၊

ကောင်းဖန်ကရယ်လိုက်သည်၊ သူကကောင်လေးကို အနည်းငယ်စိတ်ငြိမ်စေချင်တာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ သူကအရမ်းစိတ်ဖိစီးနေသလိုဖြစ်နေသောကြောင့်ပင်။ ကျယ်လောင်စွာပြောပြီးနောက် ကောင်လေးကသတ္တိရှိလာပုံရသည်၊ သူကစိတ်ပူနေသေးပေမယ့် အခုချိန်မှာတော့သူကခေါင်းမော့ထားပြီး ကောင်းဖန်၏ မျက်လုံးများကို တည့်တည့်လှမ်းကြည့်လိုက်သည်၊

“ငါတို့က မကြာသေးခင်ကမှ စက်ရုံတွေတိုးချဲ့ထားတာဆိုတော့ လူအင်အားနည်းနေတယ်၊ ငါတို့အလုပ်သမားတွေထပ်ပြီးခေါ်ချင်ပေမယ့် အဆုံးမှာအဲ့အတွက် ကံမကောင်းခဲ့ဘူးလေ” ကောင်းဖန် ဖြေးညင်းစွာဖြင့်ပြောလိုက်သည်, “ဒီလိုဆို ဘယ်လိုလဲ? မင်းငါ့ကိုကူညီဖို့အတွက်စိတ်ဝင်စားလား? သေချာတာတော့, မင်းကကလေးအလုပ်သမားဖြစ်နေတာကြောင့် မင်းရဲ့လုပ်အားခကတခြားသူတွေ ထက်တော့နည်းမှာပေါ့၊ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ရှိတဲ့သူတွေကတော့ ပိုပြီး အလုပ်လုပ်နိုင်တယ်လေ၊ ငှားရမ်းခနဲ့အစားအသောက်ဖို့က ကုမ္ပဏီကပေးမှာဖြစ်ပြီး တော့,အလုပ်ပြီးသွားရင်တော့, လေ့ကျင့်ရေးစင်တာကိုအလကားအသုံးပြုခွင့်ရမယ်၊ ဒါကအလုပ်သမားတွေအတွက် အခြေခံအကျိုးအမြတ်ဘဲ”

ကောင်ငယ်လေး၏မျက်လုံးထဲရှိအလင်းက လက်သထက်လက်လာသည်၊ သူ၏ နှလုံးကအရမ်းကိုခုန်တာမြန်နေသည်၊ သူကပြင်းထန်စွာဖြင့်ခေါင်းကိုညိတ်လိုက်သည်၊

“မင်းနာမည်ဘယ်လိုခေါ်လဲ?”

“လီကျွင်းစုန်!”

“နာမည်ကောင်းပဲ”

“ခေါင်းဆောင်ကောင်း, မင်းငါ့ကိုလူသစ်စုဆောင်းရေးခန်းမမှာ ဝန်ထမ်းခေါ်ဖို့သတိပေးစေချင်လား?” ဝမ်လျန့်ကလျင်မြန်စွာမေးလိုက်သည်၊

ကောင်းဖန်က ဝမ်လျန့်ဘက်ကိုအကြည့်ပို့လိုက်သည်၊ “လူသစ်စုဆောင်းရေးခန်းမမှာ ဝန်ထမ်းခေါ်ယူရေးကြော်ငြာစာတွေတင်ဖူးလား?”

ဝမ်လျန့်ကခဏလောက်ရပ်နေပြီးခေါင်းယမ်းလိုက်သည်၊ “ဟင့်အင်း, ငါတို့ကလူသစ်စုတာက၃လတစ်ကြိမ်၊ လူ့စွမ်းအားအရင်းအမြစ်ကကိုင်တွယ်တာ”

“ဒါဆို ကြော်ငြာစာမတင်တော့နဲ့”ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်သည်၊

သူလီကျွင်းစုန်ကိုကူညီတာက သူကလေ့ကျင့်ရေးစင်တာကို သန့်ရှင်းရေးလုပ်ပေးတာ ကြိုက်လို့ ကူညီပေးခဲ့တာဖြစ်သည်၊ အဲ့တာကြောင့် သူကဒီကိုလာခိုင်းပြီးကူညီတာ ဖြစ်သည်၊

တောင်ပိုင်းကောင်းကင်အဖွဲ့ကပရဟိတအဖွဲ့အစည်းမဟုတ်ပေ၊ ဒီနေရာတွင် အလုပ်လာလုပ်လိုသူများသည် သုံးလတစ်ကြိမ်ခေါ်ယူမှုအတွင်းဝင်ရောက်ရမည်ဖြစ် သည်၊ ဆန္ဒနှင့်အရည်အချင်းရှိတဲ့သူများသည် တခြားသူ၏အကူအညီကိုမလိုအပ်ပါ၊

“အိုး, နောက်တစ်ကြိမ်စုဆောင်းရေးကာလကဘယ်တော့လဲ?”

“နှစ်ပတ်လောက်ကြာရင်ပါ”

ကောင်းဖန်ကတီးတိုးရေရွတ်လိုက်သည်၊ “အရင်တုန်းကကလေးအလုပ်သမားတွေ ခေါ်ခဲ့လား?”

“ကုမ္ပဏီအများစုက ကလေးအလုပ်သမားတွေမကြိုက်ကြဘူး,” ဝမ်လျန့်က ဂရုတစိုက်ဖြေလိုက်သည်၊

“ဒီတစ်ကြိမ်တော့ အသက်အကန့်အသတ်ကိုလျှော့လိုက်ရအောင်၊ သူတို့ရဲ့လစာက တခြားသူတွေထက် ၃၀ရာခိုင်နှုန်းနိမ့်မယ်၊ တခြား အကျိုးအမြတ်တွေကတော့ မပြောင်းလဲပါဘူး” စက်ရုံသည်အလုပ်သမားတစ်ဦးစီ၏အနည်းဆုံးအလုပ်ပမာဏကို ဖြည့်ပေးရမည်၊ အနည်းဆုံးပြီးသည်နှင့် အပိုအလုပ်များကိုဘောနပ်စ်အဖြစ်သတ်မှတ် မည်၊ တစ်ယောက်ကတော့, အလုပ်များလေလေ လစားများများရလေဖြစ်ပြီး အလွန်ရိုးရှင်းလှပါသည်၊

ကောင်းဖန်ကသက်ပြင်းရှည်ကြီးချလိုက်ပြီး လီကျွင်းစုန်ကိုပြောလိုက်သည်, “မင်းရဲ့ ကြွက်ဘယ်မှာလဲ? မင်းသူ့ကိုမခေါ်ခဲ့ဘူးလား?”

လီကျွင်းစုန်က တခဏမျှတုံ့ဆိုင်းသွားပြီးပြောလိုက်သည်, “ သူကနေ့ခင်းတွေဆို မြောင်းထဲမှာအစာသွားရှာတယ်”

“နားလည်ပြီ” ကောင်းဖန်ကခေါင်းညိတ်သည်၊

ကောင်းဖန်က၎င်းကြွက်၏စွမ်းရည်များကိုမြင်ပြီးကတည်းက စိတ်ဝင်စားနေတာ ဖြစ်သည်၊

[မကောင်းဆိုးဝါးအမည်]-သွေးပုပ်စားကြွက် (ပြင်းထန်သောသတ္ထုမူကွဲ)

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄

[မကောင်းဆိုးဝါးအခြေအနေ]-မပြင်းထန်သောဒဏ်ရာ(ပင်ပန်းနွမ်းနယ်ခြင်း)

[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း

[မကောင်းဆိုးဝါးစွမ်းရည်]-ရွှေ

[မကောင်းဆိုးဝါးအားနည်းချက်]-၁-မီးအမျိုးအစား, ၂-အလင်းအမျိုးအစား

သွေးပုပ်စားကြွက်သည် ပြင်းထန်သောသတ္ထုမူကွဲဖြစ်သည်၊ ဒီလိုမျိုးကောင်းဖန်မြင်ဖူး တာပထမဆုံးအကြိမ်ဖြစ်သည်၊

ဒီသားရဲက တစ်ယောက်တည်းသောကောင်လေးနှင့်ပေါင်းနေခဲ့သည်၊ ဒီကလေးငယ်၏ သားရဲဖြစ်ပုံရသည်၊ ဒါရဲ့နောက်ကွယ်မှာ‌ သေချာပေါက်ကိုဇာတ်လမ်းတစ်ပုဒ်ရှိမှာ သေချာသည်၊

ဒါပေမယ့်,ကောင်းဖန်က သူ၏ဇာတ်ကြောင်းကို ဖြေးညင်းစွာဖြင့်မေးသွားဖို့အတွက် စိတ်မဝင်စားပေ၊ အကယ်၍ လီကျွင်းစုန်က သူ့အကြောင်းကိုပြောပြလိုလျှင်ပြောလိမ့် မည်၊ အကယ်၍ သူကမပြောလိုလျှင်လည်း ကောင်းဖန်ကထိုကိစ္စကိုမေးနေမည် မဟုတ်ပေ၊

သူ့ကိုမနက်ဖြန်မှာတရားဝင်အလုပ်စလုပ်ဖို့စီစဉ်ပေးပြီးနောက် လီကျွင်းစုန်ကထွက် သွားတော့သည်၊

“သူက တောင်ပိုင်းကောင်းကင်အဖွဲ့ကိုသွားခဲ့တာသေချာလား?” နှစ်ထပ်အိမ်တွင်, အဝါရောင်မျက်နှာနှင့်, အဝါရောင်လက်တိုအင်္ကျီဝတ်ကာဆံပင်ကိုလှန်သိမ်းထားသော လူကမပျော်မရွှင်ဖြစ်နေသည်၊

အခန်းကအရမ်းကိုမှိန်ဝါးနေသည်၊ ပြတင်းပေါက်မှသေးငယ်သော အလင်းတန်း လောက်ကသာထိုနေရာကိုအလင်းအနည်းငယ်ပေးသည်၊

“ဟုတ်တယ်၊ ကျနော်တိတ်တိတ်လေးစုံစမ်းခဲ့တာ၊ ကြည့်ရတာပိုင်ယဲ့ရဲ့အကြီးတန်း အလုပ်အမှုဆောင်တစ်ယောက်က ခေါ်ထားတာဖြစ်နိုင်တယ်၊ သူကစက်ရုံရဲ့ အလုပ်သမားနေရာပေးထားတာ”

“သူကရူးနေတာဘဲဖြစ်ရမယ်!” အဝါရောင်မျက်နှာနှင့်လူကစိတ်မချမ်းသာဖြစ်နေသည်၊ “ငါကစေတနာနဲ့ သူ့ကိုပူးပေါင်းဖို့အားပေးပေမယ့် ဒီကလေးကခေါင်းမာတယ်၊ သူ့သားရဲကသူ့ဆီရောက်ပြီးကတည်းက အမှိုက်တွေစားတယ်၊ အခုသူကစက်ရုံရဲ့ အလုပ်သမားတောင်ဖြစ်နေပြီ, သူကသေချာပေါက်ငါတို့နဲ့မပူးပေါင်းဘူး”

“သူဌေး, ကျနော်တို့ဘာလုပ်ကြမလဲ? အဲ့ငတိလေးကိုဘာလို့ သင်ခန်းစာမပေးဘဲ နေရမှာလဲ” သူ့နောက်မှသေးငယ်တဲ့လူကပြောလိုက်သည်၊

“မင်းကဘာသောက်စကားတွေပြောနေတာတုန်း! မင်းဦးနှောက်ကိုသုံးပြီးစက္ကန့် နည်းနည်းလောက်စဉ်းစားကြည့်စမ်း!” အဝါရောင်မျက်နှာနှင့်လူက ငေါက်လိုက်သည်၊ တောင်ပိုင်းကောင်းကင်အဖွဲ့ကသူတို့ရှုပ်ချင်သလိုရှုပ်ရတဲ့ဟာမဟုတ်ပေ၊ ဌာနခွဲကအမှုဆောင်ဆိုရင်တောင်မှ သူတို့မထိသင့်ပေ၊

တောင်ပိုင်းကောင်းကင်အဖွဲ့မှာ လက်အောက်ကကုမ္ပဏီဖြစ်တဲ့ တောင်ပိုင်းကောင်းကင်လုံခြုံရေးကုမ္ပဏီရှိသည်၊

သူတို့ကဘာကိုကာကွယ်တာလဲ?

သူတို့ကယွိကျိုးရှိ ကြီးကြီးသေးသေးရာဇဝတ်မှုဆိုင်ရာအဖွဲ့အစည်းငယ်များကို အကာအကွယ်ပေးထားသည်၊ ၎င်းတို့ထံမှလုံခြုံရေးပေးချေမှုကို ပုံမှန်ကောက်ခံသည်!

မျက်နှာအဝါရောင်နှင့်လူက မကျေမနပ်ဖြင့်သူ့ခေါင်းကိုငုံ့လိုက်သည်၊ “မေ့လိုက်တော့, နောက်တစ်ခါ အဲ့ကောင်လေးကို ငါတို့တွေ့ရင်သူ့ကိုမသိသလိုဘဲဟန်ဆောင်နေရမယ်”

သူ့မှာသားရဲတစ်ကောင်ရှိတာကြောင့် လီကျွင်းစုန်ကိုသူ့အဖွဲ့ထဲမှာပါဝင်ဖို့အစက လိုလားခဲ့သည်၊ ပိုအရေးကြီးတာကတော့ သားရဲကအရမ်းလျင်မြန်သည်၊ အတော်လေးလည်းသန်မာသည်၊ လီကျွင်းစုန်ကသူ့ကိုကူညီဖို့အတွက် ပိုပြီးအင်အား ကြီးတဲ့သူကိုရှာလိမ့်မယ်လို့သူမမျှော်လင့်ထားဘူး၊

ဒီကိစ္စကသူ့ကိုအကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်စေသည်၊

***

အပိုင်း၁၇၀ မြောင်း

တောင်ပိုင်းကောင်းကင်အဖွဲ့တွင် အမျိုးမျိုးသောကုန်ပစ္စည်းများထုတ်လုပ်ရန်သုံးသော စက်ရုံအနည်းငယ်ရှိသည်၊

ထို့အပြင် ထုတ်လုပ်သောထုတ်ကုန်များသည်အများအားဖြင့်သားရဲများ၏အခြေခံ လေ့ကျင့်ရေးပစ္စည်းများဖြစ်ပြီး အရမ်းရေပန်းစားသောထုတ်ကုန်များလည်းဖြစ်သည်၊ များပြားသောကုန်ချောများကို မြို့တစ်မြို့ချင်းစီတိုင်း၏ဆိုင်ကြီးများသို့မပို့မှီ တစ်နေ့ချင်းပြီးစီးအောင်ထုတ်လုပ်သည်၊

ကောင်းဖန်အသုံးပြုသည့်ထုတ်ကုန်ပမာဏသည် စက်ရုံတစ်ခုလုံး၏နေ့စဉ်ထွက်ရှိမှုနှင့် ယှဉ်ကြည့်ပါက မပြောပလောက်သောပမာဏဖြစ်သည်၊

ညတွင်တော့, ကောင်းဖန်ကသွေးပုပ်စားကြွက်, သေးငယ်ပြီး, ညစ်ပတ်နေတဲ့ငတိကို ငုံ့ကြည့်လိုက်သည်၊

“သန့်ရှင်းလိုက်” ကောင်းဖန်ကလေ့ကျင့်ရေးကွင်းဘေးရှိရေဘုံဘိုင်ခေါင်းကိုညွှန်ပြ လိုက်သည်၊

လီကျွင်းစုန်ကအနည်းငယ်တုံ့ဆိုင်းသွားပြီးနောက်, သွေးပုပ်စားကြွက်ကိုကောက်ယူလိုက်ကာ ရေဘုံဘိုင်ရှိသည့်နေရာကိုဦးတည်သွားတော့သည်၊ သူကပိုက်လုံးကိုယူလိုက် ပြီးရေဘုံဘိုင်ခေါင်းတွင်တပ်လိုက်ကာ သွေးပုပ်စားကြွက်ကိုဆေးကြောတော့သည်၊

သွေးပုပ်စားကြွက်ကိုကြည့်ရတာ ရေဖြင့်စိမ်နေရခြင်းကြောင့်အနည်းငယ်မသက်မသာဖြစ်နေပုံရသည်၊ ၎င်းကကျိန်းစပ်နေမှုကြောင့်အော်နေပြီး, ပြေးလွှားနေကာ, လီကျွင်းစုန်ကခုနကပြောင်းထားသောဝန်ထမ်းဝတ်စုံကိုရွှဲရွှဲစိုနေအောင် ဘုံဘိုင်ဘေးတွင်ပတ်လည်ပြေးနေသည်၊

ဝန်ထမ်းဝတ်စုံကအသေးဆုံးဆိုဒ်ဖြစ်နေတာတောင်မှ လီကျွင်းစုန်ကထိုအင်္ကျီဝတ် လိုက်သောအခါ အဖေ၏အင်္ကျီကိုဝတ်ထားသောကလေးလိုမျိုး အင်္ကျီကကြီးနေသေး သည်၊ တစ်ယောက်ယောက်ကတော့ ရယ်နေတော့သည်၊

သွေးပုပ်စားကြွက်ပေါ်ရှိအညစ်အကြေးများကိုအနည်းငယ်အားစိုက်ထုတ်ပြီး ဖယ်ရှား လိုက်သည်၊ ရေဆေးပြီးနောက် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်ရှိသောအမွှေးများသည် ကပ်သွားပြီးကြွက်ကို၎င်း၏မူလအရွယ်အစား၏သုံးပုံတစ်ပုံခန့်အဖြစ်တခဏချင်းကျုံ့ သွားစေသည်၊

လီကျွင်းစုန်သည် မီးတောက်များမှုတ်ထုတ်နေသောဖလိမ်မီကို အားကျမှုဖြင့်ကြည့်နေ သည်၊ ထို့နောက်သူ့ငုံ့လိုက်ပြီး သွေးပုပ်စားကြွက်၏ခေါင်းကိုထိလိုက်ပြီး သူ၏မျက်လုံး များကတမ်းတခြင်းများဖြင့်ပြည့်နေသည်၊

အစပိုင်းလီကျွင်းစုန်ကိုစကားတစ်ခွန်းပြောရုံမှလွဲ၍ ကောင်းဖန်သည်ကောင်လေးကို စကားတစ်ခွန်းမှထပ်မပြောခဲ့ပါ၊ သူကဖလိမ်မီ၏မီးတောက်မှုတ်ထုတ်နိုင်မှု၏တိကျမှန်ကန်မှုကိုတိုးမြှင့်ရန်အတွက် အာရုံစိုက်၍လေ့ကျင့်ပေးနေခြင်းဖြစ်သည်၊

ဖလိမ်မီ၏မီးတောက်အကွာအဝေးကမသေးပေ၊ ပြီးတော့, မီးဒဏ်ခံနိုင်သောပျံဝဲသည့် အပြားသည်အထူးအစိတ်အပိုင်းပစ္စည်းများဖြင့်ပြုလုပ်ထားပြီး မီးတောက်ကိုကြံ့ခိုင်စွာ ခုခံနိုင်သည်၊ အကယ်၍မီးတောက်သည်တခြားသားရဲများဆီသို့, အထူးသဖြင့် အမွှေးရှိ သောသားရဲများဆိုလျှင် ၎င်းကအမှန်တကယ်ခြိမ်းခြောက်နိုင်သည်၊

လေ့ကျင့်ရေးကွင်းသည် သားရဲများကိုလေ့ကျင့်နေသည့်အသံများနှင့်သားရဲများကို အာရုံစိုက်လေ့ကျင့်ပေးနေသောသားရဲလေ့ကျင့်သူနှစ်ယောက်၏ဆူညံသံများဖြင့် ပြည့်နေသည်၊မနီးမဝေးကအဆောင်တွေရှိမီးများထိန်နေကာမှနှစ်ယောက်သား ရပ်လိုက်ကြသည်။ စက်ရုံကအလုပ်သမားများက အလုပ်မှပြန်သွားကြပြီဖြစ်သည်၊

“မြောင်းထဲမှာ သားရဲတွေအများကြီးရှိတယ်၊ ကျနော်ကသွေးပုပ်စားကြွက်ကို အဲ့ကနေကောက်ယူခဲ့တာ” လီကျွင်းစုန်ကရုတ်တရက်ကောင်းဖန်၏နောက်ကျောကို ကြည့်ကာပြောလိုက်သည်၊

ကောင်းဖန်ကသူ၏ခြေလှမ်းများကိုနှေးလိုက်သည်၊

“အဲ့အောက်မှာသားရဲတွေအများကြီးဘဲ, အဲ့တာကြောင့် မြို့ကလူတွေကအဲ့ကိုသွားရမှာ ကြောက်ကြတယ်၊ ကျနော်နောက်ဆုံးတစ်ကြိမ်အဲ့ကိုဆင်းသွားခဲ့တယ်, ကျနော်အရမ်း ဗိုက်ဆာနေလို့…အဲ့နောက်ကျနော်ဒဏ်ရာရနေတဲ့သွေးကြွက်နဲ့တွေ့ခဲ့တယ်” လီကျွင်းစုန်ကခပ်ကျယ်ကျယ်အော်ပြောလိုက်သည်၊

မူးယစ်ဆေးရောင်းတဲ့မြို့ကသေးငယ်တဲ့ ဂန်းစတားလူအများစုက သူကြွက်ကိုဘယ်က ရခဲ့တာလဲဆိုတာမေးကြသည်၊ သူတို့ထဲတွင်ပါဝင်ရန်သူ့ကိုခေါ်ကြသည်, ဒါပေမယ့် သူ့ကိုဖိတ်ခေါ်တာက သွေးပုပ်စားကြွက်ကြောင့်ဆိုတာသူသိသည်၊ နောက်ဆုံးတော့, ဒီကြွက်ကသူနှင့်သွေးစာချုပ်မချုပ်ဆိုရသေးပေ, ၎င်းကသူ့နောက်ကိုယုံကြည်သော ကြောင့်လိုက်လာခဲ့သည်၊

“မြောင်းထဲကိုဆင်းဖို့ ကျနော်မရဲခဲ့ဘူး၊ သွေးကြွက်ကဘဲဆင်းတာ, ဘာလို့လဲဆိုတော့, သူကကျနော့်ထက်ပိုပြီးကွေးနိုင်ဆန့်နိုင်တယ်လေ၊ အရင်တုန်းက လူအများကြီး အောက်ကိုဆင်းဖူးကြတယ်, ဒါပေမယ့် သူတို့ကအောက်ကသားရဲတွေစားတာခံလိုက်ရ တယ်လေ”

ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီး, လီကျွင်းစုန်ကသူ့သားရဲဘယ်ကနေရလာတဲ့ဆိုတဲ့ အကြောင်းကိုနားလည်ကြောင်းပြလိုက်သည်၊ သူကပိုင်ယဲ့ခရိုင်ရဲ့ရေမြောင်းတွေထဲမှာ ဒီလိုမျိုးသားရဲတွေရှင်သန်ပြီးမြို့၏အမှိုက်သရိုက်တွေကြားမှာနေထိုင်သည်ကို စဉ်းတောင်မစဉ်းစားခဲ့ဘူးပေ၊

ကောင်းဖန်အိမ်ပြန်သွားပြီးနောက်, သူကဝမ်လျန့်ကို မြောင်းထဲကသားရဲတွေ အကြောင်းသိလားလို့မေးကြည့်လိုက်သည်၊ ဝမ်လျန့်၏တုန့်ပြန်မှုက မျှော်လင့်မထားပေ၊ “သေချာပေါက်သိတာပေါ့၊ စိတ်အေးအေးထားပါ၊ သူတို့မြေပြင်ပေါ်ကိုတက်မလာရဲပါဘူး”

ကောင်းဖန်၏အမူအရာထူးဆန်းနေသည်ကိုတွေ့သောအခါ ဝမ်လျန့်ကချောင်းဆိုး လိုက်ပြီးပြောလိုက်သည်, “အစပိုင်းတုန်းက သားရဲတွေကအပေါ်ကိုတက်လာကြတယ်, ဒါပေမယ့်နောက်တော့သူတို့အနည်းစုကိုယွိကျိုးမြို့သားရဲလေ့ကျင့်သူတွေက သတ်လိုက်လို့ သူတို့ကြောက်သွားကြတာ၊ အခုသူတို့အပေါ်ကိုထပ်ပြီး တက်မလာရဲကြတော့ဘူး”

ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ “ဒါဆိုသူတို့ကဒီတိုင်းဘဲထားလိုက်ကြတာပေါ့? ‘ကမ္ဘာကြီးကိုဂရုမစိုက်ဘဲ မျိုးပွားကြစေသတည်းဆိုပြီးလေ?’ ”

ကောင်းဖန်သည်သဘာဝဘေးအန္တရာယ်ရုပ်ရှင်မြင်ကွင်းများအားလုံးကိုမစဉ်းစားဘဲ မနေနိုင်ပါ၊ မြေပြင်ကိုလှိမ့်ဝင်လာသောသန္ဓေပြောင်းကြွက်များနှင့် မြို့တစ်ခုလုံးကို ဝန်းရံထားသောသန္ဓေပြောင်းပိုးဟပ်များ…။

“သူတို့ကို တခြားအခြေစိုက်မြို့တွေ ဘယ်လိုဂရုစိုက်ကြလဲတော့မသိပေမယ့်, ယွိကျိုးမှာတော့…နည်းနည်းသိနိုင်တယ်” ဝမ်လျန့်ကကောင်းဖန်ကိုတိတ်တဆိတ် ကြည့်လိုက်ပြီးပြောလိုက်သည်, “အဲ့တာကဥက္ကဌကျီနဲ့ဆက်နွယ်နေတယ်”

“ပြောသာပြောပါ” ကောင်းဖန်ကမျက်မှောင်ကြုတ်လိုက်သည်၊ သူကထိုကဲ့သို့ ကြိုးရှည်ရှည်နှင့်ဆွဲထားခြင်းကိုမကြိုက်ပေ၊

“ဥက္ကဌကျီမှာမြောင်းထဲနေတဲ့သားရဲရှိတယ်, ပြီးတော့အဲ့တာရဲ့အစာအရင်းအမြစ်က အဲ့အောက်မှာနေတဲ့သားရဲတွေဘဲ၊ အဲ့တာဘာသားရဲလဲတော့မသေချာဘူး, ငါသိတာတစ်ခုကတော့ အဲ့မှာအမြဲနေတယ်ဆိုတာဘဲသိပြီး မြေအောက်လုံခြုံရေး ကိုထိန်းသိမ်းဖို့လည်းတာဝန်ရှိတယ်” ဝမ်လျန့်ကအတင်းဖျစ်ညစ်ပြုံးကာပြောလိုက် သည်၊

အချိန်ရရင်တော့ အဘိုးကိုမေးတာဘဲပိုကောင်းပါတယ်၊

ဘာဘဲဖြစ်ဖြစ်,ကောင်းဖန်က မြောင်းထဲတွင်နေထိုင်သောသားရဲများအကြောင်းကို အနည်းငယ်စိတ်ဝင်စားလာခဲ့သည်၊ တောရိုင်းထဲမှသားရဲများနှင့်မတူဘဲ, ထိုသားရဲများသည်မြို့တွင်းနေထိုင်သူတွေဖြစ်ကြပြီး, သူတို့ကမြောင်းထဲမှာဘဲ နေထိုင်ကြသည်၊ သူတို့နှင့်တောရိုင်းသားရဲများကြားခြားနားချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်ဖြစ်သည်၊

လူသားများသည်မြို့၏အရိပ်ကိုသိမ်းပိုက်ခဲ့ပြီး, မြို့ထဲရှိအလင်းရောင်များကိုထိန်းချုပ် ခဲ့သည်၊ လူသားများစွန့်ပစ်ထားသောအမှိုက်များကိုခိုးယူကတိတ်တဆိတ်သာနေထိုင် ကြသည်၊

တစ်ပတ်အကြာတွင် စက်ရုံ၌လီကျွင်းစန်၏အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာပြီး သူကအလုပ်နှင့်လည်းပို၍ရင်းနှီးလာသည်၊

ရင်ဘတ်အထိရှည်သောအရပ်နှင့် သူကကြီးမားသောအလုပ်သမားအင်္ကျီကိုဝတ်ထားပြီး ရော်ဘာလက်အိတ်အစုံကိုလည်းဝတ်ဆင်ထားသည်၊ ဘယ်တစ်ယောက်ကဘဲ ကြည့်ပါစေ, သူကိုကြည့်ရတာအလုပ်သမားခုံတန်း၏ဘေးတွင်ရပ်နေသလို ကို့ရို့ကားရားဖြစ်နေသည်၊ သူကနေ့တိုင်းအလုပ်ကြိုးစားသည်၊အရွယ်ရောက်နေသူများ နှင့်ရောနှောပြီး, သူတို့၏ရင်ဘတ်လောက်ထိတောင်အရပ်မရှည်ဘဲ မည်မျှပင် ကြည့်ပါစေသူပုံလေးကရယ်စရာကောင်းလှသည်၊

ကောင်းဖန်သည်လည်း အဘိုး၏နေရာသို့ပြန်သွားရန်အခွင့်အရေးယူခဲ့သည်၊ သူက ပိုပြီးကြီးလာသောတာ့ဇီနှင့်အစင်းလေးကိုကောက်ပွေ့လိုက်သည်၊

တာ့ဇီနှင့်အစင်းလေးကပိုကြီးလာပေမယ့်, “ဝခြင်း”ဆိုတဲ့ရိုးရာအဓိပ္ပါယ်လိုတော့ မဟုတ်ပေ!၊

သူတို့ကပိုပြီးသန်မာကြီးထွားလာကာ, ပိုပြီးအသားများလာသည်၊ ဒါက အဘိုးနှင့်ဦးလေးလျို၏ကွာခြားချက်ဖြစ်နိုင်သည်၊

တာ့ဇီနှင့်အစင်းလေးတို့သည်လက်ရှိမျိုးစိတ်စွမ်းရည်များ၏အမြင့်ဆုံးအဆင့်သို့ မရောက်သေးပါ၊ ထို့ကြောင့်, သူတို့၏လက်ရှိအဆင့်သည်လျင်မြန်စွာကြီးထွားသော အချိန်ဖြစ်သည်၊

တာ့ဇီ၏အဆင့်သည်အဆင့်၂၅သို့ရောက်နေပြီး ၎င်းကကောင်းဖန်၏သားရဲများထဲတွင် ပထမဆုံးအဆင့်သားရဲဖြစ်လာသည်၊ ကောင်းဖန်သည်ဒမ်ဘီနှင့် စာချုပ်ချုပ်ဆိုပြီးကတည်းက တာ့ဇီသည် အချိန်ကာလတစ်ခုလုံးတွင်အဆင့်သတ်မှတ်ချက်၌ဦးဆောင် နေခဲ့သည်၊

မျှော်လင့်ထားသည့်အတိုင်းသူတို့က အဘိုး၏စောင့်ရှောက်မှုအောက်တွင် အကျိုးကျေးဇူးများကိုခံစားရပြီးဖြစ်သည်၊ နှလုံးသားထဲတွင်တော့ ကျီဟန့်ဝူသည် သူတို့၏သခင်မှလွဲ၍ ပတ်ဝန်းကျင်တွင်အရင်းနှီးဆုံးလူသားအဖြစ်တံဆိပ်ကပ်ထားကြ ပြီးဖြစ်သည်၊

သေးငယ်တဲ့နေရာကနေဘဲသရုပ်ဆောင်ရတဲ့ဆီလီကတော့, အဆင့်၂၀အထိတိုးမြှင့်သွားပြီးဖြစ်သည်၊ အထူးအဆင့်အတန်းမှာသာရှိနေပြီး ၎င်း၏အဆင့်အပေါ်ကန့်သတ် ထားတာကြောင့်, သူကအုပ်ချုပ်သူအဆင့်ကိုမချိုးဖောက်နိုင်လိုက်ပါ။

လေပျံဝဲဂျယ်လီငါးသည်ဖုန်းချန်းတွင်အသုံးမဝင်သောသားရဲဖြစ်နေပြီး ဂျယ်လီငါးနှင့် စာချုပ်ချုပ်ဆိုပြီး သူတို့၏ကိုယ်ပိုင်သားရဲလုပ်ရန်အတွက် မည်သူမှမလိုချင်ကြပေ၊ အကြောင်းအရင်းကတော့ ၎င်းကပျံသာပျံနိုင်ပြီး, တိုက်ခိုက်မှု ဒါမှမဟုတ် ကာကွယ်မှု စွမ်းရည်လည်းမရှိပေ၊ ၎င်း၏နေရာလပ်စွမ်းရည်သည်လည်းအသုံးမဝင်ဖြစ်နေသည်! ၎င်းကသေးငယ်သည့်ပစ္စည်းတွေကိုသာထည့်ရပြီး နေရာ၏ထုထည်သည်လည်း ကြီးမားခြင်းမရှိပေ၊

သို့သော်ဆီလီသည်သစ်သားဝိဉာဉ်ဂျယ်လီငါးဖြစ်ပြီး ပျံဝဲနေသာဂျယ်လီငါးများမှ တိုးမြှင့်လာခြင်းဖြစ်သည်၊ ၎င်းတွင်ကုသခြင်းစွမ်းရည်ရှိပြီး နေရာလပ်စွမ်းရည်လည်းရှိ သည်၊ ၎င်းကသာမန်ပျံဝဲဂျယ်လီငါးတွေနှင့်နှိုင်းယှဉ်ကြည့်ရင်တော့ အတော်အလှမ်း ကွာလှသည်၊

“ဆိုတော့, ဒါကမင်းရဲ့ကုသမှုစွမ်းရည်ပေါ့?” ကောင်းဖန်လေထဲတွင်ပျံဝဲနေသော အံ့ဩစွာဖြင့်ကြည့်လိုက်သည်၊ ၎င်း၏ဘဝဲလက်များထဲမှ တစ်ချောင်းကမြှောက်လာပြီး အစိမ်းရောင်အလင်းတစ်ခုက ဘဝဲလက်အဆုံးမှထွက်ပေါ်လာသည်၊ စမ်းသပ်ခံ အဖြူရောင်ကြွက်၏ကျော်ပေါ်ရှိဒဏ်ရာက သူ့ရှေ့တွင်ပင်သုံးပုံတစ်ပုံလောက် သက်သာသွားသည်၊

“ဒါပေမယ့်ပြဿနာက ဒီအနာကိုခုနကလက်သည်းညှပ်သုံးပြီးငါညှပ်ထားတာ!!!”

***

အပိုင်း၁၇၁ ငါးကြင်းနီဘုရင်

“ပုချီ!” ဆီလီက ဝင့်ကြွားစွာခေါင်းကြိတ်လိုက်သည်။ ဒီအတွက် သူ့ကိုယ်သူအလွန်ကျေနပ်နေပုံရသည်။

နောက်တော့ ၎င်း၏နေရာလပ်ထဲမှ သစ်သီးဖျော်ရည်တစ်ခွက်ထုတ်ကာ ကိုယ့်ကိုယ်ကိုယ်ချီးမြှင့်လိုက်သည်။

ကောင်းဖန်ကတော့ စိတ်ပျက်လက်ပျက်နှင့်ပင်။ လက်သည်းညှပ်အရွယ်ဒဏ်ရာ၏သုံးပုံတစ်ပုံလောက်ကိုပဲ ကုသနိုင်တာလေ။ ဒီကောင့်ရဲ့ကုသရေးစွမ်းရည်က ဘယ်လောက်ထိတောင်အားနည်းရတာလဲ? အထူးသဖြင့် ဒီလောက်အားနည်းနေတာတောင် သူ့ကိုယ်သူဂုဏ်ယူနေသေးတာပင်။

ကောင်းဖန် သူ့စိတ်ကိုမထုတ်ဖော်မိသွားအောင် စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချထားရသည်။

အဆင့်တွေပိုတက်လာရင် အသုံးဝင်လာလောက်မှာပါ။

သူအဖိုးကိုအကူအညီတောင်းထားသည့်ပစ္စည်းအများစု စုဆောင်းပြီးသွားသည့်ပုံပင်။ သူပြန်လာချိန်မှာတော့ သူ့ကိုယ်ပိုင်သားရဲလေးတွေလဲ အားကောင်းလာနိုင်မည်။ ဆီလီကိုလဲ အဆင့်ထပ်မြှင့်ပေးလို့ရပေမည်။

ကောင်းဖန် ဆီလီကိုအောက်ထပ်သို့သယ်သွားလိုက်သည်။ အောက်လဲရောက်ရော ရွှယ်ဟုန်နှင့်တည့်တည့်တိုးတော့သည်။

ရွှယ်ဟုန်သည် ကုမ္ပဏီမှဒုတိယအကြီးအကဲများပေါ် ထွေထွေထူးထူးထင်မြင်ချက်မျိုးမရှိပေ။ သူမက သူကိုလဲ ပုံမှန်အတိုင်းပဲဆက်ဆံကာ ရန်လိုခြင်းမျိုးလဲရှိမနေပေ။

တစ်နည်းပြောရရင်တော့ သူမမှာ အမြင့်တက်ဖို့လှေကားထောင်လိုသည့်စိတ်ကူးမရှိခြင်းပင်။ လက်ရှိသူမ၏ရာထူးကပင် အတော်ကောင်းနေပေပြီ။ ဒါကြောင့် အထူးတလည်ရည်မှန်းချက်မျိုးမရှိဘဲ ကောင်းဖန်အပေါ် သူမ၏သဘောထားမှာရိုးရှင်းလှသည်။ သူမက ကောင်းဖန်ဘာလုပ်လဲဆိုသည့်အပေါ်ကိုလဲ မေးခွန်းထုတ်ခြင်းမရှိပေ။

“ပုချီ၊ ပုချီ?” ဆီလီကလေထဲတွင်မြောနေရင်း ဆူဆူညံညံလုပ်နေသည်။

ရွှယ်ဟုန်မှာ သွားနေသည့်အရှိန်ကိုလျှော့ကာ ဆီလီကိုမကြည့်ဘဲမနေနိုင်တော့ပေ။ ၎င်းက ထွင်းဖောက်မြင်နေရကာ ဝိုင်းစက်ပြီးချစ်ဖို့ကောင်းတဲ့ကောင်လေးမို့ ၎င်းရဲ့ချစ်စရာခေါင်းလေးကိုပုတ်မိဖို့ဆွဲဆောင်နေသည်။

…

မကြာသေးမီကပဲ ဒမ်ဘီသည် ဘာမှရှိမနေသည့်နေရာကို မှုန်ကုတ်ကုတ်ကြည့်နေရာတာကို သဘောကျကြောင်း ကောင်းဖန်သိသွားခဲ့သည်။

၎င်းက ညလယ်ခေါင်ကြီးလဲ ထကာ ကြယ်တွေစုံနေသည့်ကောင်းကင်ကိုကြည့်နေတတ်သည်။ ၎င်းအပြာရောင်မီးတောက်များနှင့် တောက်ပသည့်နဂါးငွေ့တန်းသည် တောက်ပပုံခြင်းပင်တူလှသည်။

ဒမ်ဘီ၏စိတ်ထဲတစ်ခုခုတော့ရှိနေလောက်မည်ဟု ကောင်းဖန်ခံစားမိခဲ့သည်။

“ဒမ်ဘီ၊ ဘာဖြစ်လို့လဲ?”

ဒမ်ဘီကသူ့သခင်ကိုငုံ့ကြည့်ကာ အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

“ပြန်…သွားတွေ့ချင်တယ်၊ သူ့(မ)ကို…လွမ်း…လွမ်းတယ်။”

ကောင်းဖန် အံ့အားသင့်သွားရသည်။ ချန်အန်းကိုပြန်ချင်တာလား? နောက်တော့ ထိုအတွေးကိုပြန်ဖယ်ထားလိုက်သည်။ ချန်အန်းကိုတော့မဖြစ်နိုင်ပေ။

ခဏတာတွေးကြည့်ပြီးနောက် ဒမ်ဘီကိုအစတုန်းက ဖမ်းဆီးကာ စမ်းသပ်မှုတစ်ခုအဖြစ်ပို့လိုက်ကြောင်း တွေးမိသွားသည်။ ၎င်းကတောထဲမှာပဲ သူ့မိသားစုအဖွဲ့နှင့်ရှိနေသင့်တာပင်။

သူပြောလိုက်တဲ့ “သူ(မ)”ဆိုသည်က နောက်ကွယ်တွင်ဇာတ်လမ်းတစ်ပုဒ်တော့ရှိနေလိမ့်မည်ဟု ကောင်းဖန်ခံစားလိုက်ရသည်။

“မင်းရဲ့အဖော်လား?” ကောင်းဖန်သိချင်သွားသည်။

“မ…မဟုတ်ဘူး။” ဒမ်ဘီကိုခေါင်းကိုခါယမ်းပြသည်။ “သ…သမီး။”

သမီး? ကောင်းဖန် မနေနိုင်တော့ဘဲ ဒမ်ဘီကိုကြောင်ကြည့်မိသွားသည်။

သူစကားတောင်ပြန်မပြောနိုင်တော့ပေ။

ဒမ်ဘီက လူဝံဖေဖေတောင်ဖြစ်နေပြီပေါ့။

ဒမ်ဘီသည် သူ့ကိုယ်ပိုင်သားရဲဖြစ်လာကတည်းက အလွန်သစ္စာရှိခဲ့ပြီး ဘာကိုမှစောဒကမတက်ခဲ့ပေ။ တစ်ခါမှလဲ တောင်းဆိုတာမျိုးမရှိခဲ့ဖူးပေ။ အခုတော့ ရှားရှားပါးပါး ဒမ်ဘီက သူ့ကိုတောင်းဆိုလာတာကြောင့် ကောင်းဖန်လဲ ငြင်းဖို့အကြောင်းပြချက်မရှိတော့ပေ။ “ဟုတ်ပြီ၊ နောက်တော့ မင်းရဲ့မွေးရပ်မြေကိုသွားလည်ကြတာပေါ့။”

ဒမ်ဘီမှာ အလွန်ပျော်ရွှင်သွားကာ အရူးလိုမျိုးရယ်မောနေတော့သည်။ ၎င်းက ရူးကြောင်ကြောင်ဖြင့်ဆက်တိုက်ပြုံးရင်း ကောင်းဖန်ကိုကြည့်နေလေသည်။

“မင်းရဲ့မွေးရပ်မြေက ဘယ်မှာလဲ?”

ရုတ်တရက်ဆိုသလို လေထုကထူးဆန်းလာတော့သည်…

ဒမ်ဘီနှင့်ကောင်းဖန်တို့ အချင်းချင်းစိုက်ကြည့်နေခဲ့သည်။

“အနီ၊ အနီရောင်ရေ၊ သစ်ပင်အကြီးကြီးတွေ!” ဒမ်ဘီက သူ့မွေးရပ်မြေနေရာကို ခက်ခက်ခဲခဲဖော်ပြလို့နေသည်။

ကောင်းဖန် တွေးရတော့သည်။ ခဏတာတွေးပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ သူ့ဖုန်းကိုသာထုတ်ပြီး ဓါတ်ပုံတွေရှာတော့သည်။ မြစ်နီလူဝံအထူထပ်ဆုံးနေရာ။

“ဒီနေရာလား?”

“မဟုတ်ဘူး။” ဒမ်ဘီကခေါင်းကိုခါလိုက်သည်။

“ဒီနေရာရော?”

“မဟုတ်ဘူး။”

“ဒါကော?”

ဤတစ်ကြိမ်တွင်တော့ ဒမ်ဘီအေးခဲသွားကာ ဖုန်းနားတိုးကပ်သွားပြီး ပုံထဲမှရှုခင်းများကို ခက်ခက်ခဲခဲခွဲခြားစမ်းစစ်နေသည်။ နောက်တော့ ဒမ်ဘီ၏မျက်လုံးထဲမှ မီးတောက်များမှာ စိတ်လှုပ်ရှားမှုကြောင့် ပိုလို့တောက်ပသွားတော့သည်။

အဆောင်၏မြေညီထပ်မှာ ဧရာမအရိုးစုကြီးတစ်ခုသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကိုဦးတည်ကာ ဟိန်းဟောက်တော့သည်။

…

“မင်း ချွမ်ရှုက သဲနီမြစ်ကိုသွားချင်တာလား? ဘာလို့ရုတ်တရက်ကြီးသွားချင်သွားတာလဲ?”

“ကျနော့်ရဲ့ကိုယ်ပိုင်သားရဲထဲကတစ်ကောင်က အဲ့နားတစ်ဝိုက်နေဖမ်းခေါ်ခံခဲ့ရတာ။ အခု သူ့မွေးရပ်မြေကိုပြန်လည်ချင်နေတယ်။ သူ့ရဲ့လေ့ကျင့်သူတစ်ယောက်အနေနဲ့ ကျနော်လဲလိုက်သွားရမှာပေါ့။”

“ဟမ်း… ငါမှတ်မိသလောက်ဆိုရင် သဲနီမြစ်မှာ ကုန်ပစ္စည်းတချို့ဝယ်ဖို့ အစီအစဉ်တွေရှိဦးမယ်။ ဟန်ချိုး!” ကျီဟန့်ဝူက တံခါးအပြင်ဘက်ကိုလှမ်းအော်လိုက်သည်။

အတွင်းရေးမှူးဟန်က ချက်ချင်းပင်ဝင်လာခဲ့သည်။ “ဟုတ်ပါတယ်၊ ဥက္ကဌကျီ၊ ကုမ္ပဏီက သဲနီမြစ်နေပြီး အရည်အသွေးမြင့် သဲနီနှလုံးတွေကို ဝယ်ယူနေပါတယ်။ ကျနော်တို့သာ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအတွက် ညှိနှိုင်းနိုင်ရင်အကောင်းဆုံးပါပဲ။” အတွင်းရေးမှူးဟန်က အလေးအနက်ထားကာပြန်ဖြေလေသည်။

ဒီလိုတိုက်ဆိုင်မှုမျိုး? ကောင်းဖန်ကအံ့ဩသွားတော့သည်၊

“ကုမ္ပဏီက တစ်ယောက်ယောက်ကသွားသင့်တယ်, ဒါပေမယ့်မင်းအဲ့မှာခရီးထွက်ချင် နေကတည်းက, လမ်းမှာအပေးအယူကိုကူညီပြီးညှိနှုင်းသင့်တယ်၊ ဒါကမင်းအတွက် ကောင်းမွန်တဲ့လေ့ကျင့်မှုတစ်ခုဖြစ်လိမ့်မယ်၊ အကယ်၍မင်းညှိနှိုင်းလို့မလွယ်ရင်လည်း အဆင်ပြေတယ်, အတွေ့အကြုံကအရေးကြီးဆုံးဘဲ” ကျီဟန့်ဝူကရှင်းလင်းစွာပြော လိုက်သည်၊

“ကောင်းပါပြီ” ကောင်းဖန်က အံ့ဩနေဆဲဖြစ်သည်၊

…

တောင်ပိုင်းကောင်းကင်အဖွဲ့ ကိုယ်ပိုင်လေယာဉ်သည် ဖြေးညင်းစွာဖြင့်မြေပြင်ပေါ်သို့ လုံခြုံစွာဆင်းသက်ခဲ့သည်၊

ဝတ်စုံပြည့်နှင့်သားရေဖိနပ်များဝတ်ဆင်ထားသောအထက်တန်းလွှာများနှင့်အတူ ကောင်းဖန်လည်းလေယာဉ်ပေါ်မှဆင်းလာသည်၊

လေယာဉ်၏အရှေ့တွင်, အနက်ရောင်ကားများအတန်းလိုက်သည် လေဆိပ်၏ဘေး တစ်ဖက်တစ်ချက်တွင် ရပ်ထားကြသည်၊ သူတို့ရှေ့မှာဗိုက်ပူပူနှင့်လူငယ်လေး တစ်ယောက်ရှိသည်၊

လူငယ်လေးကအနက်ရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည်၊ သူ၏ဆံပင်ကအညိုရောင် ဆေးဆိုးထားပြီး အနောက်ဘက်တွင်သိမ်း၍ထောင်ထားသည်၊ သူကအနက်ရောင် မျက်မှန်ကိုဝတ်ဆင်ထားပြီး သူ၏မျက်လုံးများကိုစောင်းကြည့်ပြီးပြုံးလိုက်သောအခါ, သူကရွှင်မြူးနေသောအဘိုးအိုတစ်ယောက်နှင့်ပင်တူသွားသည်၊ “ကျနော့်အထင်, ဒါကသခင်လေးကောင်းဖြစ်ရမယ်၊ တွေ့ရတာအရမ်းဝမ်းသာ ပါတယ်၊ ကျနော်ကကျောက်ကျားလျန်, ချင်ချွန်းကုမ္ပဏီရဲ့ကိုယ်စားလှယ်ပါ၊”

ကောင်းဖန်က ကျောက်ကျားလျန်နှင့်တွေ့ဆုံလိုက်ပြီး စကားအနည်းငယ်လောက်ပြော လိုက်သည်၊ သိသာထင်ရှားသောသဘောတူညီချက်တစ်ခုအတွက်စစ်မှန်သည့် အစီအစဉ်များနှင့်ပတ်သတ်၍ကောင်းဖန်သည်ကျွမ်းကျင်ပညာရှင်တစ်ဦးက ဒီဆွေးနွေးမှုများကိုကိုင်တွယ်နိုင်လိမ့်မည်ဟုဖော်ပြခဲ့သည်၊

သူကစီးပွားရေးကိုဘယ်လိုလုပ်ရန်အတွက်ကို ဘယ်တုန်းကမှမသင်ခဲ့ဘူးပေ၊ အကယ်၍စီးပွားရေးသဘောတူညီချက်များကို့ရို့ကားယားဖြစ်သွားမည်ဆိုလျှင် ကုမ္ပဏီ၏ဝင်ငွေအားလုံးကိုဆုံးရှုံးသွားမှကြောက်သည်၊

ကျောက်ကျားလျန်သည်ကောင်းဖန်ပြောတာကိုကြားတဲ့အခါ ကျယ်လောင်စွာဖြင့် ရယ်လိုက်သည်၊ “မင်းကတကယ်ကိုစဉ်းစားဉာဏ်သုံးပြီးပြောတာဘဲ, သခင်လေးကောင်း၊ ကျနော်တို့ကဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ပစ္စည်းတွေကို ပညာရှင်တွေဆီမှာထားခဲ့ရမှာပေါ့” သူကကောင်းဖန်ကိုမျက်လုံးမှိတ်ပြလိုက်ပြီး ပြောလိုက်သည်, “ ကိုယ်ပိုင်ပျော်ရွှင်မှုတွေနဲ့သွားကြတာ့ပေါ့”

ထို့နောက်ကောင်းဖန်က ကျောက်ကျားလျန်ကိုမေးလိုက်သည်, “အိုး, ညီအကိုကျောက် မြစ်နီလူဝံတွေအတူနေတဲ့ သဲနီမြစ်ဧရိယာကိုသိလား?”

မြစ်နီလူဝံတွေ? ဒီကလေးကပြိုင်ဘက်ကင်းအတွေ့အကြုံတွေရှိတာဘဲ၊

ကျောက်ကျားလျန်ကအံ့ဩနေတော့သည်၊ မေးခွန်းကသူ့ကိုအကျပ်ရိုက်စေသည်၊

လီကျိုးအနီးတဝိုက်ကအကောင်းဆုံးအဆင့်မြင့်နေရာတွေ ဒါမှမဟုတ် ဘယ်နေရာတွေ မှာအလှဆုံးမိန်းကလေးတွေရှိလဲဆိုတာမေးရင်တော့ သူ့မှာအဖြေအားလုံးရှိသည်၊ ပွင့်ပွင့်လင်းလင်းပြောရရင်လူတွေက သူ့ကိုလီကျိုး၏ပြည့်တန်ဆာကိုယ်စားလှယ်လို့ တောင်ခေါ်ကြသည်၊

ဒါပေမယ့် ဒီကောင်လေးကျမှ ဘာလို့ရုပ်ဆိုးဆိုးသားရဲတွေအကြောင်းကိုမေးတာတုန်း...

အကျပ်ရိုက်နေသော ကျောက်ကျားလျန်ကလှည့်၍လက်ကိုဝှေ့ယမ်းလိုက်သည်၊ ချက်ချင်းဘဲအဖြူရောင်ဝတ်စံနှင့်အမျိုးသမီးအတွင်းရေးမှူးတစ်ယောက်က လျှောက်လာသည်၊

“မြစ်နီလူဝံတွေက သဲနီမြစ်ဧရိယာရဲ့ဘယ်နေရာမှာနေကြတာလဲ?”

ခဏလောက်ရပ်နေပြီးမှ အတွင်းရေးမှူးကပြောလာသည်, “သဲနီမြစ်လယ် တစ်လျှောက်တောအုပ်နေရာကွက်လပ်နှစ်ခုမှာ မြစ်နီလူဝံတွေစုဝေးတဲ့နေရာတွေ အများကြီးရှိတယ်၊ အကယ်၍ မြစ်နီလူဝံကိုလိုချင်ရင် သားရဲဖမ်းဆီးရေးအေဂျင်စီကို ဆက်သွယ်လို့ရပါတယ်၊”

ကျောက်ကျားလျန်ကကောင်းဖန်ကိုအကြံဉာဏ်ပေးလိုက်သည်, “မင်းလီကျိုးနယ်ပယ် တစ်ဝိုက်ဧရိယာမှာဘယ်လိုအကူအညီမျိုးဘဲလိုလို, ငါ့ရဲ့ချင်ချွန်းကုမ္ပဏီမှာ သင့်လျော်တဲ့အရှိန်အဝါသက်ရောက်မှုတွေရှိတယ်”

ကောင်းဖန်ကခေါင်းကိုခါလိုက်သည်၊ “ဒီလိုမျိုးဒုက္ခခံစရာမလိုပါဘူး, ကျေးဇူးပါ” ထို့နောက်, သူကဒမ်ဘီနဲ့ကျန်သောသူများနှင့်အတူလေဆိပ်သို့ထွက်ခွာသွားကြပြီး, ကျောက်ကျားလျန်နှင့်ကုမ္ပဏီရှုပ်ထွေးစရာများကိုချန်ထားခဲ့သည်၊

သူကဒီမှာသဘောတူညီမှုလုပ်မယ်လို့ထင်နေခဲ့တာ? ဒီကောင်ကငါ့ထက်တောင်ပိုပြီး စိတ်မချရဘူးလို့ဘာလို့ခံစားနေရတာပါလိမ့်?”

သဲနီမြစ်ကချွမ်ရှုပြည်နယ် နယ်နမိတ်အတွင်းရှိလီကျိုးမြို့အပြင်ဘက်ဧရိယာကို ဖြတ်သွားခဲ့သည်၊ ၎င်းတွင်အနီရောင်နှုန်းရွှံ့အများအပြားရှိတာကြောင့် ၎င်း၏ရေများ သည်အနီရောင်ဖြစ်နေခြင်းဖြစ်သည်၊

ကပ်ဆိုးကြီးပြီးနောက်,အနီရောင်နှုန်းမြေများသည်အသွင်ပြောင်းသွားခဲ့သည်၊ အခုဆို သဲနီနှလုံးလို့ခေါ်တဲ့ရှားပါးပစ္စည်းတစ်မျိုးကို အနီရောင်နှုန်းမြေအများအပြားရှိသည့် နေရာမှထုတ်ယူနိုင်ခဲ့သည်၊

သင်္ဘောကြီးတစ်စီးကိုငှား၍ ကောင်းဖန်သည်မြစ်တစ်လျှောက်ရွက်လွှင့်လာခဲ့သည်၊

သဲနီမြစ်ကမ်းပါးများသည်မြစ်၏အခြားတစ်ဖက်တွင်နိမ့်ကျနေပြီးကြီးမားသော သင်္ဘောပေါ်မှသစ်တော၏ထူထပ်ကျယ်ပြန့်သောနေရာများကိုမကြာခဏတွေ့မြင်ရ သည်၊ မြစ်ရေပြင်ပေါ်တွင် သင်္ဘောအကြီး,အငယ်များရွက်လွှင့်နေကြသည်၊ နီညိုရောင်ရှိသောမြစ်ရေသည်အတော်လေးနောက်ကျိနေသည်၊

“ဦးလေး, သားရဲတွေကမြစ်အောက်ဘက်မှာရှိလား?” ကောင်းဖန်ကမသေချာစွာဖြင့် မေးလိုက်သည်၊ ဒီသင်္ဘောတွေက အလွန်ရဲတင်းပုံပေါက်သည်၊ မြစ်ကမ်းတစ်လျှောက် ရဲဝင့်စွာရွက်လွှင့်နေသည့် တစ်ဒါဇင်ကျော်ကျော်လောက်ရှိသောသင်္ဘောငယ်များကို တွေ့မြင်ရသည်၊

“သေချာတာပေါ့,ဘာလို့မရှိရမှာလဲ?” သင်္ဘောသားလူကြီးကရယ်လိုက်သည်၊ “ဒါပေမယ့်စိတ်မပူပါနဲ့, ငါတို့သင်္ဘောတွေအားလုံးမှာငါးကြင်းနီဘုရင်ရဲ့အကြေးခွံ တစ်ခုအောက်ခြေမှာကပ်ထားကြတယ်၊ ငါတို့ကဘယ်သားရဲတွေကိုမှမတိုက်ခိုက်ရင် သူတို့ကလည်းငါတို့ကိုမတိုက်ခိုက်ဘူး”

ငါးကြင်းနီဘုရင်?

ကောင်းဖန်ကလေးနက်စွာမေးလိုက်သည်, “သားရဲတစ်ကောင်လား?”

“မဟုတ်ဘူး, ဒါပေမယ့်သူ့ရဲ့ဂုဏ်အခေါ်အဝေါ်ကကို ငါးကြင်းနီဘုရင်,ငါတို့အပေါ်မှာ ကောင်းတယ်၊ ငါတို့လုပ်စရာလိုတာက သားရဲတချို့ကိုဆက်သပြီးနောက်ပိုင်း, ဆုအနေနဲ့ငါတို့ကအကြေးခွံတစ်ခုပြန်ရတယ်၊ အဲ့ဒီအကြေးခွံတွေကငါတို့မြစ်ကြောင်း တစ်လျှောက်ရွက်လွှင့်နေချိန်သားရဲတွေရဲ့တိုက်ခိုက်မှုကနေကာကွယ်ပေးတယ်”

ကောင်းဖန်သည်ထိုကဲ့သို့သောကိစ္စကိုပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်၊ ဒီသတင်းကိုသူဘာလို့မကြားဘူးတာပါလိမ့်?

ထိုသို့သောအပြုအမူများသည်…လူတို့၏ရှေးဒဏ္ဍာရီများမှ တောတောင် ဒါမှမဟုတ် မြစ်စောင့်နတ်များကိုတင်းတိမ်စေရန်ဆက်သမှုများကဲ့သို့ ကွာခြားပုံမပေါ်ပေ၊

***

အပိုင်း၁၇၂ ဒီမှာဆို သူမလွတ်လပ်တယ်

“အဲ့ဒီအကြေးခွံရဲ့အစွမ်းအကျိုးသက်ရောက်မှုသက်တမ်းက အကန့်အသတ်မရှိလား?” ကောင်းဖန်ကနောက်ထပ်ထပ်မေးလိုက်သည်၊

“သေချာပေါက်မဟုတ်ဘူးပေါ့၊ အကြေးခွံက ငါးကြင်းနီဘုရင်ရဲ့အနံ့ကိုပေးတာကြောင့် သားရဲတွေကိုတွန်းလှန်နိုင်တယ်၊ အချိန်ကြာကြာအသုံးပြုပြီးရင် အနံ့ကတော့သဘာဝအတိုင်းပဲ တဖြည်းဖြည်းမှိန်ဖျော့သွားလိမ့်မယ်” သင်္ဘောသားလူကြီးကအမှန်အတိုင်း ရှင်းပြသည်၊ “ငါတို့ကသားရဲအများကြီးကိုဆက်သဖို့မလိုအပ်ဘူး, ပြီးတော့ အကြေးခွံ တစ်ခုကတစ်နှစ်အထိအသုံးခံတယ်၊”

ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊ ဒီငါးကြင်းနီဘုရင်ကလှပပြီးဉာဏ်ကောင်းတယ်၊ လက်ဆောင်ရယူနည်းကိုလည်းသိတယ်၊ အဲ့နည်းနဲ့အစာလိုက်စားဖို့အတွက်နေ့တိုင်း မောပန်းနေစရာမလိုတော့ဘူးလေ၊ လူတွေကတော့သဘာဝအတိုင်းအစားအသောက် တွေပေးနေဦးမှာဖြစ်သည်၊ ၎င်းပြန်လုပ်ပေးတာကတော့ သူမလိုအပ်တော့တဲ့အကြေးခွံ တွေကိုပေးခြင်းဖြစ်သည်၊

အခုတော့, ကောင်းဖန်မဟာမိတ်အစိုးရကို ဘာကြောင့်ထိုသတင်းမျိုးအားလူသိရှင်ကြားမပြုလုပ်ရသလဲဆိုတာကို အနည်းနဲ့အများနားလည်လာသည်၊ မဟာမိတ်ဖွဲ့မှုအောက်တွင်ပင်အစိုးရသည် ၎င်း၏နိုင်ငံသားများကိုကာကွယ်နိုင်စွမ်းမရှိသည့်အပြင် အကာအကွယ်အတွက်နတ်ဆိုးများကိုပင် ကိုးကွယ်ဆည်းကပ်ကြောင်းကို ကျယ်ပြန့်စွာ သိရှိလာပါကအစိုးရ၏ဂုဏ်သိက္ခာအတွက်မကောင်းပေ။

ဒါပေမယ့်အခြေစိုက်မြို့တစ်ခု၏လုံခြုံရေးထိန်းသိမ်းဖို့အတွက် သူတို့မှာကိုယ်ပိုင်သားရဲ ဒါမှမဟုတ် အနည်းဆုံးဧကရာဇ်အဆင့်သားရဲတစ်ကောင်လိုအပ်သည်၊

သူကိုယ်တိုင်လည်းလူသားတစ်ဦးအနေနှင့်မကူညီနိုင်ဘဲ တိတ်ဆိတ်နေရသည်၊

သူအရင်ရောက်ဖူးတဲ့နေရာတွေမှာ, ယွိကျိုးနဲ့ချန်အန်းနှစ်နေရာလုံးက နေရာကို ကာကွယ်ဖို့အတွက်အကောင်းဆုံးလူသား သားရဲလေ့ကျင့်သူတွေရှိသည်၊ ထို့ကြောင့် ပတ်ဝန်းကျင်သစ်တောများမှသားရဲများကျူးကျော်ဝင်ရောက်မှုကိုကြောက်ရွံ့နေရန် မလိုအပ်ပေ၊

ဒါပေမယ့်မြို့ငယ်လေးမှာတော့ ထိုကဲ့သို့မဖြစ်နိုင်ပေ၊

“သူဌေး, ကျနော်တို့ရောက်ပြီ”၊ သင်္ဘောသားလူကြီးက ဖြေးညင်းစွာဖြင့်မြစ်ကမ်းပါးယံ ဘက်တွင်သင်္ဘောကိုကမ်းကပ်လိုက်သည်၊ မြစ်ရေများကတက်လာပြီးကမ်းစပ်တွင် တဖြည်းဖြည်းကျဆင်းသွားကြသည်၊ မသဲကွဲသောရေထဲတွင်, နူးညံ့သည့်အစိမ်းရောင် အခွံဖြင့်လိပ်သည် ရေတိမ်သောနေရာတွင်လှဲနေသည်၊

သင်္ဘောကိုမြင်သောအခါ, ၎င်း၏ပုံစံကကြောက်ပုံမရပေ၊ ထိုအစား,၎င်းကသတိကြီးစွာ သင်္ဘောကိုနှာတရှုပ်ရှုပ်ဖြင့်နမ်းကာ ချဉ်းကပ်လာသည်၊ ထို့နောက်, ကြောက်မက်ဖွယ် အနံ့တစ်ခုခုကိုရလိုက်တာကြောင့်, ၎င်း၏သေးငယ်သောမျက်လုံးများဖြင့်စောင်းကြည့် ၍သူ၏လိပ်ခေါင်းကိုပြန်ရုတ်လိုက်ကာ, နက်ရှိုင်းသည့်မြစ်ရေထဲသို့သူ့ခန္ဓာကိုယ်လှည့် ကာဝင်သွားတော့သည်၊

“မင်းဒီနေရာနဲ့ ရင်းနှီးလား?” ကောင်းဖန်ကဒမ်ဘီကိုမေးလိုက်သည်၊ အကယ်၍ဒမ်ဘီ ကဒီနေရာမှာအရင်ကနေဖူးလျှင်, သူကပတ်လည်ရှိနေရာကိုမှတ်မိသင့်သည်၊၊

ဒမ်ဘီသည်သင်္ဘောခန်းထဲမှငုံ့ကာထွက်လာသည်၊ ကုန်းပတ်ပေါ်မှခြေတစ်လှမ်းချင်း တိုးလိုက်တိုင်းစူးရှရှအသံထွက်လာသည်၊ ဒမ်ဘီသည်ပတ်လှည်ကိုလှမ်းကြည့်ပြီး နောက်ကုန်းပတ်ပေါ်မှခုန်ဆင်းကာမြစ်ကမ်းစပ်တွင်ဆင်းလိုက်သည်၊စိုစွတ်သော မြေပြင်ပေါ်တွင်လျှောက်လှမ်းရင်းသူ၏ငွေဖြူရောင်ခြေချောင်းများက ရွှံ့ထဲသို့နစ်မြုပ် သွားသည်၊

ဒမ်ဘီကအောက်ကိုငုံ့ကြည့်ကာရွှံ့ကိုလက်နှစ်ဖက်ဖြင့်ကုန်းယူလိုက်သည်၊ စိုစွတ်သော ရွှံ့များကသူ့လက်ချောင်းများမှတဆင့်တဖြည်းဖြည်းစိမ့်ဝင်လာသည်၊

ဒမ်ဘီ၏ဝိဉာဉ်မီးတောက်သည်သူ့မျက်လုံးအိမ်ထဲတွင် တောက်လောင်လာတော့သည်၊ ထိုအချိန်တွင်သူသည်ဒီရင်းနှီးသောမြစ်ကမ်းနံဘေးတွင်ဆော့ကစားနေသေးသည့် လွန်ခဲ့သည့်တစ်နှစ်ပြန်ရောက်သွားသလိုခံစားလိုက်ရသည်၊

ကြီးမားသောပိုက်ကွန်ကြီးသည် အပေါ်မှပြုတ်ကျလာခဲ့ပြီး ချွန်ထက်သောချိတ်များက သူ၏သားမွှေးများပေါ်တွင် တင်းတင်းကြပ်ကြပ်ချည်နှောင်ထားသည်၊ အသန်မာဆုံး သားရဲဖြစ်တာကြောင့်ဒမ်ဘီကအမဲလိုက်သူများအမြင်တွင်တန်ဖိုးကြီးသော သားကောင်ဖြစ်လာပြီး ကုန်ကျစရိတ်ပေါင်းများစွာဖြင့်ပင်ဖမ်းစီးခဲ့ကြသည်၊

ဒမ်ဘီဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏မိသားစုကိုမြစ်ကမ်းစပ်မှထွက်ခွာပြီး ထူထပ်သောတောနက်ထဲသို့ပြေးရန်သတိပေးခဲ့သည်။

သူ့၏ကိုယ်ပိုင်မျက်လုံးများဖြင့်ပင် သုံးနှစ်သားသမီးလေးကိုသယ်ကာသူမအမေက တောအုပ်အတွင်းသို့ဝင်ပြေးသွားသည်ကိုတွေ့မြင်လိုက်ရသည်၊ သူမသူ့ကိုသတိရသေး လားဆိုတာဘယ်သူကသိမှာလဲ။

ဒမ်ဘီကဖြည်းဖြည်းချင်းထရပ်လိုက်ပြီး,ရွှံ့များထဲမှသူ၏ခြေထောက်ရိုးများကိုဆွဲထုတ် လိုက်သည်၊ ခြေလှမ်းတိုင်းတွင်သဲနွံအကွက်ကြီးတစ်ကွက်စီပေါ်လာသည်၊

ခြေလှမ်းတစ်လှမ်းချင်းစီ, ဒမ်ဘီကတောအုပ်ထဲသို့ပြတ်သားစွာဖြင့်လျှောက်သွား လိုက်သည်၊

ကောင်းဖန်ကသင်္ဘောသားကိုငွေပေးချေလိုက်ပြီးနောက် ပြန်ခေါ်ဖို့အချိန်ကိုစီစဉ်နေသည်၊ နောက်တော့ကမ်းခြေပေါ်သို့ ကျန်တဲ့သူ့သားရဲတွေကိုခေါ်လိုက်သည်၊

၁၀မိနစ်လောက်လမ်းလျှောက်ပြီးနောက် ဒမ်ဘီသည်ထူထပ်သောသစ်ပင်ကြီးတစ်ပင် အောက်တွင်ရပ်သွားသည်၊

ဒါကထူထပ်သောသစ်ပင်များရှိသောတောအုပ်ဖြစ်သည်၊ ထူထဲသောသစ်ပင်တစ်ပင် ချင်းစီတိုင်း၏ပင်စည်ကြီးများသည် မြေပြင်မှမြွေကြီးများကဲ့သိုထိုးထွက်နေပြီး, လိမ်ပတ်နေကာကောင်းကင်ကိုကာရံထားသည်၊ ထူထပ်သောသစ်ပင်များက နေရောင်ခြည်ကိုဖုံးအုပ်ထားသဖြင့်တောအုပ်ထဲတွင် အလင်းရောင်ကမှေးမှိန်နေသည်၊

သစ်ပင်၏အကိုင်းအခက်များတွင်ထင်ရှားသောအမှတ်အသားများရှိနေသည်၊ ဒမ်ဘီက အပေါ်ကိုတက်လိုက်ပြီးနောက် အမှတ်များကိုထိုးပြကာညင်သာစွာပြေးသွားသည်၊

ဒမ်ဘီသည်စိုးရိမ်ပူပန်နေပြီးသစ်ပင်သစ်ကိုင်းပေါ်မှ မသက်သာစွာဖြင့်ခုန်ဆင်းသွားသည်၊

“ကောင်းပြီ, သူတို့တခြားနေရာကိုပြောင်းသွားတာဖြစ်မယ်” ကောင်းဖန်ကနှစ်သိမ့် လိုက်သည်၊ “သေချာပြန်ရှာကြည့်ပါဦး, သူတို့မသွားခင်ချန်ခဲ့တဲ့ခြေရာတွေရှိဦးမှာပါ”

ဒမ်ဘီကခေါင်းညိတ်လိုက်သည်၊ အမှတ်အသားများကလွန်ခဲ့တာလအနည်းငယ် လောက်ကကျန်ရစ်ခဲ့ပုံရသည်၊ ဒီတောထဲတွင်လအနည်းငယ်ကြာသည့်အချိန်သည် သားရဲတစ်ကောင်၏ကျန်ရစ်ခဲ့သောခြေရာများကိုဖျက်ပစ်နိုင်သည်၊ သို့သော်ဒမ်ဘီ သည်မြစ်နီလူဝံဖြစ်သည်၊ မြစ်နီလူဝံသည်မြစ်နီလူဝံများ၏အလေ့အကျင့်များနှင့် ရင်းနှီးသည်၊

သူ့သခင်ဆီမှနှစ်သိမ့်သည့်စကားများကြားရသည့်အခါဒမ်ဘီသည်ကြာကြာနားမနေ တော့ပေ၊ သူ့ကိုယ်သူပြန်ထလိုက်ပြီး သူ့မိသားစုချန်ထားခဲ့သောခြေရာများကိုဆက်၍ ရှာသည်၊

မြစ်နီလူဝံအုပ်စုသည်၎င်းတို့၏မူလနေရာမှထွက်ခွာသွားဖွယ်ရှိသော်လည်း ၎င်းတို့ သည်သဲနီမြစ်ဧရိယာတစ်လျှောက်တွင်နေထိုင်နေကြဆဲဖြစ်သည်၊ ဒါအတွက်ကြောင့်, ဒမ်ဘီကအရမ်းသေချာနေခြင်းဖြစ်သည်, ဘာကြောင့်လဲဆိုတော့,ဒီဧရိယာတစ်ခုတည်း ကသာလျှင်သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်နှင့် အစားအစာများကိုပေထား သောကြောင့်ဖြစ်သည်၊

သူတို့ရှာဖွေနေစဉ်,မြစ်နီလူဝံအုပ်စုတစ်စုကဖြတ်ကျော်၍ပြေးသွားကြသည်၊ ဒမ်ဘီ သည်ဝမ်းနည်းစွာဖြင့်ထွက်မသွားခင်တွင်, နာရီဝက်လောက်ဂရုတစိုက်စိုက်ကြည့်နေ သေးသည်၊ ဒါကသူ့ရဲ့မိသားစုမဟုတ်ဘူး, ဒီထဲမှာသူရင်းနှီးတဲ့မျက်နှာတစ်ခုမှမရှိဘူး၊

သူ့မိသားစုကလုံးလုံးလျားလျားဖျက်စီးခံခဲ့ရတာမဟုတ်ဘူးဆိုလျှင် အဖွဲ့ကဘယ်ကိုဘဲ သွားနေပါစေ အနည်းဆုံးရင်းနှီးတဲ့မျက်နှာအနည်းငယ်လောက်ကိုတော့ ရှာတွေ့သင့်ပါ တယ်၊

ပင်ပန်းနွမ်းနယ်မှုကိုမခံစားရသလိုမျိုး ဒမ်ဘီသည်သစ်တောထဲတွင်ဆက်၍လျှောက် သွားခဲ့သည်၊ သူတို့ရှေ့တွင်မြစ်နီလူဝံများ၏အသံများထွက်လာသည်၊

ဒမ်ဘီကရုတ်တရက်သတိရှိရှိဖြစ်သွားပြီးလျင်မြန်စွာဖြင့်လျှောက်သွားလိုက်သည်၊ အရှေ့ဘက်တွင်အမြင့်ပေလေးဆယ်ကျော်သာရှိသောချောက်ကမ်းပါးတစ်ခုရှိသည်၊ ချောက်ကမ်းပါးအောက်တွင်သစ်တောများထူထပ်စွာပေါက်ရောက်နေသော မြေကွက် တစ်ကွက်ရှိသည်၊များပြားသောနွယ်ပင်များက ချောက်ကမ်းပါးပေါ်မှဆင်းကျနေသည်၊

သစ်ကိုင်းများကြားတွင်မြစ်နီလူဝံအနည်းငယ်ဆော့ကစားနေကြသည်၊

ဒမ်ဘီကရုတ်တရက်အေးခဲသွားသည်၊ သူကမြစ်နီလူဝံအုပ်စုကိုစူးစိုက်ကြည့်နေသည်၊

ကောင်းဖန်သည်ဒမ်ဘီ၏စိတ်ခံစားချက်များမြင့်နေသည်ကို အရင်ကတစ်ခါမှမမြင်ဖူးခဲ့ပေ၊

သူ၏ရင်ဘတ်တွင်, သွေးကြောမျှင်နှလုံးသည်အရူးအမူးခုန်နေကာ ထပ်ခါတလဲလဲ ကျုံဝင်သွားသည်၊ သူ၏အရိုးများကြားရှိသွေးချည်မျှင်များကိုထိန်းလိုက်ပြီး သူ၏အရိုး များအားလုံးကိုတင်းကြပ်စွာပတ်ထားသည်၊

ကောင်းဖန်သည်ဒမ်ဘီ၏အရိုးများက စိတ်ခံစားမှု၏ဖိစီးမှုကြောင့် ကွဲထွက်သွားမလား တောင်ထင်ရသည်၊

“အဲ့ကိုသွားပြီးသွားကြည့်ချင်လား?”

ဒမ်ဘီကသွားချင်စိတ်ရှိသော်လည်း, နောက်တော့သူ၏အရိုးစုခန္ဓာကိုယ်ကိုငုံ့ကြည့် လိုက်ပြီးနှုတ်ဆိတ်သွားတော့သည်၊

“သွားကြည့်လေ, နောက်ဆုံးသူတို့ကမင်းမိသားစုဝင်တွေဘဲကို၊ မင်းကမျိုးနွယ်စုရဲ့ ဘုရင်လို့အရင်ကမပြောခဲ့ဘူးလား?” ကောင်းဖန်ကဒမ်ဘီကိုအားပေးလိုက်သည်၊

ဒမ်ဘီသည်သူ၏လက်များကိုခါယမ်းလိုက်သည်၊ “မသွားဘူး!မသွားဘူး!”

သူ့အသံကထိတ်လန့်တုန်လှုပ်သွားပြီး‌ ကောင်းဖန်သူ့ကိုဘယ်လိုဘဲဆွဲဆောင်ဖို့ ကြိုးစားပါစေအလုပ်မဖြစ်ပေ၊ သူ၏မျက်လုံးအတွင်းမှမျက်လုံးအတွင်းထဲတွင်, ရှင်းလင်းနေသောအပြာရောင်အလင်းကတောက်လာပြီး, ကြည့်လိုက်တော့ မျက်ရည်များထွက်ကျလာပုံရသည်၊

ကောင်းဖန်ကဒမ်ဘီငိုတာကိုပထမဆုံးမြင်ဖူးတာဖြစ်သည်၊

အရိုးစုကမျက်ရည်ကျလာနိုင်လိမ့်မည်လို့မထင်ခဲ့ပေ၊

ဒမ်ဘီသည်သစ်ပင်အခေါက်ကြီးများကိုလက်ကြီးများဖြင့်တင်းကြပ်စွာဆုပ်ကိုင်ထားပြီး သစ်ပင်ကြီးနောက်တွင်ပုန်းနေလိုက်သည်၊ သူကခေါင်းကိုဂရုတစိုက်ထုတ်လိုက်ပြီး အုပ်စုအတွင်းရှိ လူဝံငယ်လေးကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်၊

ဒမ်ဘီကမိန်းမောတွေဝေနေသည်၊

သူမကပျော်ရွှင်နေပြီး ထိုအရာကလုံလောက်ပါသည်၊

အဖေကအသုံးမကျတာပါ၊ မင်းသုံးလသားအရွယ်မှာအဖေ့ကိုဖမ်းမိသွားပြီး မင်းကိုကာကွယ်ဖို့ရှိမနေခဲ့ဘူး၊

ဒါပေမယ့်…..အဖေကမင်းကိုချစ်နေတုန်းပါဘဲ၊

ဒမ်ဘီ၏မျက်နှာတွင်အသားမရှိသောကြောင့်ပြုံးမပြနိုင်တော့ပေ၊

ထိုအစား,သူ့ကအဝေးမှစူးစိုက်ကြည့်ရင်း အရူးတစ်ယောက်ကိုပါးစပ်ကြီးပွင့်လျက် ဖြစ်နေသည်၊

ကောင်းဖန်ကဒမ်ဘီကိုမနှောက်ယှက်ဘဲ ဒီလိုလှပသောတွေ့ဆုံမှုကိုတိတ်တဆိတ် ခံစားခွင့်ပေးခဲ့သည်၊

နောက်ဆုံးတွင်ဒမ်ဘီသည်သည်းမခံနိုင်တော့ဘဲ သစ်ပင်အားကိုင်ထားမှုကိုလွှတ်ချ လိုက်သည်၊သူကသစ်ပင်၏နောက်တွင်ဂရုတစိုက်ပုန်းနေသဖြင့်သူ့ကိုမတွေ့ရပေ၊

“ငါတို့ဒီအတိုင်းထွက်သွားတော့မှာလား?” ကောင်းဖန်ကအံ့ဩသွားသည်၊

ဒမ်ဘီကအားတက်သရောခေါင်းညိတ်ပြသည်၊

“မင်းရဲ့သမီးကိုပြန်မခေါ်ချင်ဘူးလား? စိတ်မပူပါနဲ့၊ ငါသူမကိုအကောင်းဆုံးဘဝကိုပေး မှာပါ” ကောင်းဖန်ကဒမ်ဘီကိုကတိပေးလိုက်သည်၊

ဒမ်ဘီကတုန်လှုပ်သွားပေမယ့်နောက်ဆုံးမှာတော့ သူကခေါင်းကိုပြင်းပြင်းထန်ထန်ခါ လိုက်သည်၊ “ငါနဲ့ဆိုရင်သူလွတ်လပ်မှာမဟုတ်ဘူး၊ ဒီမှာကလွတ်လွတ်လပ်လပ် ရှိတယ်”

ကောင်းဖန်ကရုတ်တရက်သူ့နှလုံးတင်းကြပ်သွားသလိုခံစားလိုက်ရသည်၊ သူကရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားသည်၊

သူ့သခင်ကိုလေးနက်စွာကြည့်နေရင်းဒမ်ဘီ၏ကြီးမားသောလက်ကကောင်းဖန်၏ ပုခုံးကိုညင်သာစွာပွတ်ပေးလိုက်သည်, “ဒါပေမယ့်သခင်နဲ့ဆိုရင်တော့ ငါ…ငါအရမ်းပျော်ပါတယ်!”

ကောင်းဖန်ကသူ့နှလုံးသားထဲတွင်နွေးထွေးသွားသလိုခံစားလိုက်ရသည်၊

သူ့သမီးအဆင်ပြေနေကြောင်းသေချာသွားပြီးနောက်,ဒမ်ဘီသည်အလွန်ကျေနပ်နေပြီ ဖြစ်သည်၊ သူကလှည့်ကြည့်ပြီးကောင်းဖန်နှင့်ကျန်သောသူများဖြင့်ထွက်သွားလိုက် သည်၊

အစင်းလေး၏စိတ်ခံစားချက်လည်းထိလိုက်သွားပုံရသည်၊ တစ်ခုခုကိုသတိရနေသလို မျိုးအနည်းငယ်စိတ်မချမ်းမသာဖြစ်နေသည်၊

ဒိုင်း!

သူတို့နောက်မှသေနတ်သံထွက်ပေါ်လာသည်။

သေနတ်သံသည်တောအုပ်တစ်လျှောက်ပဲ့တင်ထပ်ကာနာကျင်နေသော လူဝံများ၏ အသံကိုကြားနေရသည်၊

ခေါင်းငိုက်စိုက်ကျနေသောဒမ်ဘီက ရုတ်တရက်အေးခဲသွားတော့သည်၊

All Chapters