အခန်း (၁၇၃-၁၇၆)
Vol. 11 Ch. 173-176
အပိုင်း၁၇၃
ဒမ်ဘီကခေါင်းကိုဖြည်းညင်းစွာလှည့်ကြည့်လိုက်သည်၊ တောင့်တင်းနေသောအရိုးများ ၏ကျယ်လောင်သော တကျွတ်ကျွတ်မြည်နေသံများထွက်ပေါ်လာသည်၊
သူ့ခေါင်းကလက်မတိုင်းလှည့်သွားတော့, သူ၏လည်ပင်းရှိအရိုးကဗြောက်အိုးများကဲ့သို့ အသံများပေးနေသည်၊ ဒမ်ဘီ၏တဖြည်းဖြည်းတောက်လောင်နေသောဝိဉာဉ် မီးတောက်သည်အေးစက်သွားတော့သည်၊
ထိုအချိန်မှာပင်, ကမ္ဘာကြီးကရပ်တန့်သွားသလိုပင်၊
သူ၏နာမည်အတိုင်း, ဒမ်ဘီကရူးသွပ်စွာနှင့် သူ့ခေါင်းကိုဘေးပတ်လည်သို့ဖြည်းညင်းစွာ လှည့်လိုက်ပြီး အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်လိုက်သည်၊
ဒမ်ဘီ၏မျက်အိမ်အတွင်းမှဝိဉာဉ်မီးတောက်သည် ရုတ်တရက်အတွင်းပိုင်းသို့ကျုံဝင် သွားပြီး နောက်အခိုက်အတန့်တွင်အပြင်သို့ပေါက်ကွဲထွက်လာသည်၊
မီးတောက်ကသူ၏မျက်အိမ်ထဲတွင်ပြင်းထန်စွာဖြင့်တောက်လောင်နေပြီး, သူ၏ သွေးကြောမျှင်နှလုံးက ရင်ဘတ်အပေါက်မှထွက်ကျလာတော့မလို စ၍ သွေးရူးသွေးတန်းဖြင့်ခုန်လှုပ်နေသည်၊
ဂါး!!!
အလွန်ကျယ်လောင်သောဟိန်းဟောက်သံတောတွင်းနက်ထဲတွင်အထပ်ထပ်ပဲ့တင် ထွက်နေသည်၊
ဒမ်ဘီသည်သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး, သူ၏ညာဘက်ခြေထောက်ကိုအားစိုက်၍ နေရာချလိုက်သည်၊ ဖုန်နှင့်သဲများက လေထဲတွင်ပျံဝဲသွားကြပြီး, သစ်ရွက်များက သစ်ပင်အထက်မှကြွေကျလာကြသည်၊ အနက်ရောင်အရိပ်ကကြွေကျနေသော သစ်ရွက်များကြားမှဖြတ်၍ အရိပ်၏နောက်တွင်သစ်ရွက်တွေကို တိုက်ခိုက်လာသည့် လေပြင်းများထွက်လာသည်၊
ဒမ်ဘီသည်ခြေထောက်တစ်လှမ်းချင်းစီ ၇မီတာ,၈မီတာလောက်ဖြတ်ကျော်ခဲ့သည်၊
သူမအဆင်ပြေမှာပါ, သူမအဆင်ပြေမှာပါ!
ဒမ်ဘီ၏ရင်ဘတ်သည်အပေါက်သည် လေအရှိန်ပြင်းဖြတ်သွားသောအခါ ဝီစီသံလို ထွက်ပေါ်လာသည်၊
…
၎င်းတို့ကတော့ လူဒါဇင်လောက်ပါသည့်သားရဲအမဲလိုက်အဖွဲ့ဖြစ်သည်၊ သူတို့က လက်နက်အပြည့်အစုံဖြင့်, ဦးထုပ်များဆောင်းထားကာ ရိုင်ဖယ်သေနတ်များကို သူတို့၏လက်ထဲတွင်ကိုင်ထားသည်၊
သူတို့၏အနီးတွင်,အကျွမ်းတဝင်သားရဲများသည်ထူထပ်သောသစ်ပင်များကြား၌ သွက်လက်စွာပြေးလွှားနေကြသည်၊ ထိုအကျွမ်းတဝင်သားရဲများသည်အဓိကအားဖြင့် ကေးနိုင်းအမဲလိုက်ခွေးအမျိုးအစားများဖြစ်သည်၊ ထိုခွေးများသည်အလွန်စူးရှသော အနံ့ခံအာရုံရှိပြီး ၎င်းတို့၏သွက်လက်မှု,လိုက်လျောညီထွေဖြစ်မှုနှင့် သူတို့၏သခင်များ အပေါ်၌သစ္စာစောင့်သိမှုတို့အတူ ၎င်းတို့ကတွေ့နေကျအမျိုးအစားများထဲမှဖြစ်သည်၊
ဟွားရှားနယ်မြေများသည် ကပ်ဆိုးကြီးမတိုင်မီကကဲ့သို့သေနတ်ကိုင်ခွင့်ကို တင်းကျပ် စွာဖြင့်ထိန်းချုပ်ထားဆဲဖြစ်သော်လည်း, တင်းကျပ်စွာနှင့်ကြပ်မတ်မှုတော့မရှိပေ၊ အချို့သောကြိုးစားအားထုတ်မှုတို့ဖြင့်, မှန်ကန်သောလမ်းကြောင်းကိုဖြတ်၍, ၎င်းက ရိုးရှင်းသော အမဲလိုက်ရိုင်ဖယ်ကဲ့သို့ခြောက်လုံးပြူးသေနတ်များကိုတော့ရနိုင်သေး သည်၊
“အကိုကြီးလီ, ဒီမြစ်နီလူဝံတွေကိုဖမ်းဖို့ ကျနော်တို့ဘာလိုဒီလိုဒုက္ခတွေခံနေတာလဲ? သူတို့ကတန်ဖိုးကြီးတဲ့သားရဲတွေလည်းမဟုတ်ဘဲနဲ့” အဖွဲ့ထဲမှသန်မာသော အဖွဲ့ဝင်တစ်ယောက်ကမေးလိုက်သည်၊
အကိုကြီးလီက ဒီသားရဲအမဲလိုက်အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်၊ သူကရိုင်ဖယ်သေနတ် ထဲကိုကျည်ဆံတွေတစ်တောင့်ပြီးတစ်တောင့်ထည့်လိုက်ရင်း ပြောလိုက်သည်, “ကျိုးမိသားစုရဲ့မစ္စကျိုးကမကြာသေးခင်ကမှ မြစ်နီလူဝံနှလုံးကိုခံတွင်းတွေ့လာခဲ့တယ်တဲ့, ပြီးတော့ဒါကြောင့်ဘဲ သူတို့ကသားရဲအတွက်ဈေးမြင့်လိုက်တယ်လေ၊ သူတို့ဈေးကွက် ငွေကြေးကသုံးဆတောင်ဖြစ်သွားပြီ”
ကျိုးမိသားစု! သန်မာတဲ့လူကဒါကိုကြားပြီးနောက် နောက်ကိုဆုတ်သွားပြီးနှစ်သက်သဘောကျခြင်းက သူ၏မျက်လုံးထဲတွင်ဖြတ်ပြေးသွားသည်၊
လီကျိုးမြို့သည် သေးငယ်တဲ့အခြေစိုက်မြို့ဖြစ်သည်၊ ထိုနေရာတွင်အင်အားကြီးသော စီးပွားရေးလုပ်ငန်းအနည်းငယ်သာရှိပြီး ၎င်းတို့ထဲမှတစ်ခုမှာကျိုးမိသားစုဖြစ်သည်၊ ဒါပေမယ့် ဒါတွေကသားရဲအမဲလိုက်သူတွေနဲ့တော့ ဘာမှမဆိုင်ပါဘူး၊ သူတို့အတွက် အရေးကြီးဆုံးကတော့သုံးဆဈေးဖြစ်သည်၊
လူဝံနီတွေကိုအမဲလိုက်ဖို့ အကိုကြီးလီကသူတို့ကိုခေါ်လာတာအံ့ဩစရာမရှိတော့ပါဘူး၊ ထိုအချိန်တွင် ထိုမြစ်နီလူဝံများသည်သူတို့၏မျက်လုံးထဲတွင်မြစ်နီလူဝံများမဟုတ် တော့ ငွေအိတ်များရွေ့လျားကာအသက်ရှင်နေသလိုဖြစ်နေသည်။
အစောပိုင်းတိုက်ခိုက်မှုတွင်, မြစ်နီလူဝံများကတုံ့ပြန်မှုမရှိခဲ့ပေ၊
ထိပ်တန်းအဆင့်သားရဲနှင့်အထက်သည်သာ ခြောက်လုံးပြူးသေနတ်များကိုပြင်းထန်စွာခုခံနိုင်စွမ်းရှိပြီး အုပ်ချုပ်သူအဆင့်သားရဲများသည်ပုံမှန်အားဖြင့်ခုခံနိုင်စွမ်းရှိသည်၊ ဒါပေမယ့်သာမန်အဆင့်သားရဲတစ်ကောင်အတွက်တော့သေနတ်တွေကအလွန် အန္တရာယ်များသည်၊ ကြောက်စရာကောင်းသောသားရဲဖြစ်သည့်ကျားလိုမျိုး ဒါမှမဟုတ် ကျားသစ်တို့ကလူတွေကိုအမဲလိုက်နိုင်သည်, ဒါပေမယ့်အချက်အချာဖြစ်သည့်နေရာကို သေနတ်တစ်ချက်တည်းဖြင့်ပစ်ကာသတ်ပစ်နိုင်သည်၊
အကိုကြီးလီကအဝေးမှထွက်ပြေးလာသောလူဝံမတစ်ကောင်အားသူ့ခေါင်းကိုမြှင့်ကာ ကြည့်နေသည်၊ သူမ၏အမွှေးများကချောမွတ်ပြီး တောက်ပြောင်နေသည်၊ တစ်ချက်ကြည့်ရုံနှင့် သူမ၏နှလုံးကဈေးကောင်းရနိုင်သည်၊
သူ၏သေနတ်ကိုမြှောက်လိုက်ပြီး, မြင်ကွင်းများကိုဖြတ်ကျော်၍…
ဒိုင်း!
ပစ်လိုက်တာကလွဲသွားသည်၊ ကျည်ဆန်သည်မြစ်နီလူဝံမလေး၏ ၅မီတာ၆မီတာ အကွာမြေပြင်တွင်နစ်ဝင်သွားသည်၊
အကိုလီသည် မြစ်နီလူဝံတစ်ကောင်၏လှုပ်ရှားမှုကိုလိုက်၍ မြင်ကွင်းများကိုဖြတ်၍ စိုက်ကြည့်ရင်းနောက်ထပ်ကျည်ကိုထည့်ရန်ပစ်ရန်ချိန်လိုက်သည်၊
ဒါကအမဲလိုက်နေသလိုခံစားရတယ်, ဂိမ်းဆော့ရတာနဲ့ပိုတူတယ်၊
၎င်းတို့ကသဲနီမြစ်ကမ်းစပ်ရှိသာမန်အဆင့်သားရဲအစုအဝေးမျှသာဖြစ်သည်၊ လက်တွေ့အားဖြင့် ထိုနေရာတွင်မည်သည့်အားကောင်းသည့်သားရဲမျှ ပြေးဝင်လာရန်မရှိသောကြောင့် ရင်ဆိုင်ရန်စိတ်ပူနေစရာမလိုတော့ပေ….
ရုတ်တရက်သူ့နောက်ဘက်တောထဲမှအော်သံကြားလိုက်သည်၊ ပြင်းထန်သောခြေသံများ၏လေးလံသောအရှိန်ကိုသူခံစားနေရသည်၊ ဒီလိုသောင်းကျန်းနေမှုကြောင့် ထိုသားရဲကသေချာပေါက်မသေးနိုင်ဘူး၊ ၎င်းကသေနတ်သံများကြောင့်ရောက်လာခြင်း ဖြစ်လောက်မည်။
အကိုကြီးလီ၏မျက်နှာကမည်းမှောင်သွားတော့သည်၊
သူကသူ၏ကိုယ်ပိုင်သားရဲဖြစ်သည့် သံကျောပြင်ဝံပုလွေသားရဲဆီသို့သွားလိုက်ပြီး, သူတို့နောက်မှပြေးလာသည့်သားရဲကိုရပ်ရန်အချက်ပြခဲ့သည်၊ တစ်ချိန်တည်းမှာပင်, သူကရိုင်ဖယ်သေနတ်ကိုကျောပေါ်သို့လှန်တင်လိုက်ကာ အနီးဆုံးရှိသစ်ပင်ကြီးဆီသို့ ချက်ချင်းပြေးသွားလိုက်သည်၊ သူ၏သွက်လက်သောခန္ဓာကိုယ်ဖြင့်လှုပ်ရှားလိုက်ကာ သစ်ကိုင်းတစ်ခုပေါ်သို့တက်သွားလိုက်သည်၊
သားရဲအများစုသည်သစ်ပင်များပေါ်သို့မတက်နိုင်ကြပေ,ပြီးနောက် သစ်ရွက်များကလည်းမြင်ရခြင်းမှကာဆီးပေးသည်၊ အကိုလီကဂရုတစိုက်ဖြင့် သူ့ခေါင်းကိုပြူကြည့်ပြီး သူ၏သံကျောပြင်ဝံပုလွေပြေးလာသည့်ဦးတည်ရာဘက်ကို ဂရုတစိုက်ကြည့်လိုက်သည်၊
ရုတ်တရက်, သူ၏သွေးစာချုပ်ကိုဖြတ်၍, သူ၏သံကျောပြင်ဝံပုလွေ၏ကြီးမားသော ကြောက်ရွံ့မှုကိုခံစားလိုက်ရပြီး, ထို့နောက်တွင်တော့, သူအဆက်အသွယ်ပြတ်တောက် သွားသည်၊
အကိုကြီးလီ၏သူငယ်အိမ်များကျုံ့သွားကာ သူကလျင်မြန်စွာဖြင့်မြင့်မြင့်တက်လိုက် သည်၊
အဖွဲ့ဝင်များသည် အနီးအနားရှိသစ်ပင်ပေါ်သို့ချက်ချင်းတက်ကာ သတိရှိနေကြသည်၊
ထိုသူအားလုံးက တောတွင်ကျက်စားနေကြသောဝါရင့်အမဲလိုက်သူများဖြစ်သည်၊ သူတို့အချိန်တန်လျှင်ဘာလုပ်ရမည်ကိုသိပြီး သားကောင်ကိုအမဲလိုက်သည့်အခါတွင် လောဘကိုအရှုံးမပေးဘဲနေကြသောလောဘကြီးသူများသည်အမြဲတမ်းသေဆုံးသွား ရသည်၊
အနက်ရောင်ပုံရိပ်ကသူတို့နောက်ဘက်ရှိတောထဲမှပြေးလာသည်၊ ပုံရိပ်က မြေပြင်ပေါ်သို့ခိုင်မာစွာခြေချလိုက်သည်၊
ဂရက်!
၎င်းကသစ်ရွက်များကြောင့်ချော်သွားပြီး နောက်ဆုံးတွင်ခေါင်းဆောင်လီ၏သစ်ပင် အောက်၌ရပ်လိုက်သည်၊
သံကျောပြင်ဝံပုလွေ၏ခြေထောက်များအားလုံးကကျိုးနေပြီဖြစ်သည်၊ ၎င်း၏ခေါင်းက ကွေးနေပြီး၁၈၀ဒီဂရီလည်နေကာနောက်ဘက်သို့မျက်နှာမူနေသည်၊ မျက်လုံးများကပြူးနေပြီး သစ်ပင်ပေါ်တက်နေသော ခေါင်းဆောင်လီကိုကြည့်နေသည်၊ သူ့ပါးစပ်ထဲမှ သွေးများစိမ့်ထွက်နေသည်၊
ကျိုးပဲ့စုတ်ပြတ်နေသောအရုပ်နှင့်တူသည်၊ အရိုးအဆစ်အချို့ကပေါက်ထွက်နေပြီး ဒဏ်ရာများမှလည်းသွေးများအဆက်မပြတ်ထွက်နေသည်၊
တောတွင်း၌ အငွေ့အသက်ကချက်ချင်းပင်ငြိမ်ကျသွားတော့သည်၊
သံကျောပြင်ဝံပုလွေသည် အဖွဲ့အတွက်အရင်းနှီးဆုံးအကျွမ်းတဝင်သားရဲဖြစ်သည်၊ ထိပ်တန်းအဆင့်ရှိသားရဲများကြားတွင်ပင် ၎င်းကအလွန်အစွမ်းထက်သည်ဟုယူဆလို့ ရသည်၊
သံကျောပြင်ဝံပုလွေ၏ သနားစရာကောင်းသောမြင်ကွင်းကိုမြင်လိုက်ရသည့် အဖွဲ့ဝင် များအားလုံးသည်၎င်းတို့၏အရိုးများအတွင်းတွင်အေးစိမ့်သွားကြသည်၊
ထွားကျိုင်းသောပုံရိပ်ကသစ်ပင်များကိုတွန်းဖယ်လိုက်သည်၊ ၎င်း၏ပြင်းထန်နေသာနှလုံးသည် ဒရမ်တစ်ခုလိုပြင်းထန်စွာခုန်နေသည်၊ ဒမ်ဘီ၏အသွင်ပြင်ကိုရှင်းရှင်းလင်းလင်းမြင်ရသောအခါ အဖွဲ့ဝင်များအားလုံးကအံ့အားသင့်သွားကြသည်၊ လီကျိုးမှာ ဘယ်အချိန်ကတည်းကဖုတ်ကောင်အမျိုးအစားသားရဲရှိနေတာလဲ?
ဒမ်ဘီ၏ပြင်းထန်သောအရှိန်အဝါက အတုအယောင်တော့မဟုတ်ပေ၊ ဒါကသေချာ ပေါက်ကိုအုပ်ချုပ်သူအဆင့်သားရဲဘဲ!
အဖွဲ့ဝင်များအားလုံးကဝမ်းနည်းနေတော့သည်၊ အုပ်ချုပ်သူအဆင့်သားရဲဆီသို့ ပြေးသွားလောက်မိတဲ့အထိသူတို့ကံကဘယ်လောက်တောင်ဆိုးသနည်း? အခုအချိန် တော့သားရဲကသူတို့ကိုသတိမထားမိဖို့ ဒါမှမဟုတ် သစ်ပင်ပေါ်မတက်နိုင်ဖို့ဘဲ ဆုတောင်းရမှာဘဲ၊
ဒမ်ဘီသည်လှည့်ပတ်ကြည့်ပြီးနောက် အသံတစ်သံမျှမထွက်ဘဲရှေ့သို့လျှောက်သွားလိုက်သည်၊ ဒမ်ဘီကဘာမှမပြောပေ, သစ်ပင်ပေါ်မှလူများကလည်းအတူတူပင်ဖြစ် သည်, အနည်းဆုံးသားရဲတွေကတော့သစ်ပင်အောက်တွင်ရှိနေကြသည်၊
သေးငယ်သောမြစ်နီလူဝံမလေးသည် တောက်ပနေသောမျက်လုံးများဖြင့် ချဉ်းကပ်လာသောဒမ်ဘီကိုကြည့်ရင်းတုန်လှုပ်နေသည်၊ လူဝံမလေး၏လက်မောင်း တွင်ကွဲအက်နေသောအရေခွံတွေရှိသည်၊ တစ်ခုခုကိုအနံ့ခံနေသလိုမျိုး လူဝံမလေးက တရှုံ့ရှုံ့နမ်းရင်းဒမ်ဘီကိုခေါင်းစောင်းကာကြည့်လိုက်သည်၊ သူတွေးထားသလောက် လည်းကြောက်ဖို့မကောင်းပါဘူး၊
ဒမ်ဘီက လူဝံမလေးကိုခါးကိုင်း၍ကောက်ချီလိုက်ပြီး သူ့ပုခုံးပေါ်သို့ညင်သာစွာတင် ပေးလိုက်သည်၊
မြစ်နီလူဝံအချို့က ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး မြစ်နီလူဝံမလေးကိုကာကွယ် ရန်ရှေ့သို့ပြေးလာကြသည်၊
ဒမ်ဘီက အသံနိမ့်နိမ့်ဖြင့်ဟိန်းလိုက်သည်၊
အားအပြည့်ဖြစ်နေသောမြစ်နီလူဝံများအားလုံးသည် ၎င်းတို့၏လမ်းကြောင်းပေါ်၌ ရပ်လိုက်၍ကြောက်လန့်သံသယဝင်ကာ ဒမ်ဘီကို၎င်းတို့၏မျက်လုံးများဖြင့် မယုံနိုင်စွာစိုက်ကြည့်နေသည်၊
ထိုအခိုက်အတန့်တွင် အစင်းလေးသည်အမြင့်မှခုန်ချကာမြေပြင်ပေါ်သို့ဆင်းလိုက် သည်၊ ကောင်းဖန်ကအစင်းလေးကျောပေါ်၌ထိုင်နေသည်၊
အစင်းလေးဆီမှ အုပ်ချုပ်သူအဆင့်အရိပ်အယောင်ကိုပြနေတာကြောင့်သစ်ပင်ပေါ် တက်နေသောလူများ၏မျက်နှာများကဖြူဖျော့သွားတော့သည်၊ ဒါပေမယ့်လည်း အစင်းလေး၏နောက်ဘက်တွင်ထိုင်နေသောကောင်းဖန်ကိုတွေ့လိုက်သောအခါ ရုတ်တရက်ရှင်သန်လိုစိတ်ပေါ်လာကြသည်၊
“ညီအကို, ငါတို့ကိုကယ်ပါဦး” ခေါင်းဆောင်လီက ကောင်းဖန်ကိုကသုတ်ကရုတ်ဖြင့် ကောင်းဖန်ကိုကူညီရန်အချက်ပြလိုက်သည်၊
***
အပိုင်း၁၇၄
ခေါင်းဆောင်လီ၏အသနားခံမှုကိုကြားသောအခါ , ကောင်းဖန်ကအဓိပ္ပါယ်ပြည့်နေ သည့်အပြုံးကိုပြုံးလိုက်သည်၊
“ငါတို့ကိုကယ်ပါဦး, ညီအကို?” ဆောရီး, ကျနော်ကခင်ဗျားခေါ်နေတဲ့အကိုကြီး မဟုတ်ဘူး၊
ထိုအပြုံးက ခေါင်းဆောင်လီကိုဆိုရွားသောကြိုတင်သတိပေးချက်ဖြစ်နေသည်၊
ဒမ်ဘီက ကောင်းဖန်ဆီသို့တည့်တည့်လျှောက်သွားလိုက်သည်၊
ခေါင်းဆောင်လီသည် အဖြစ်အပျက်ကိုစိုက်ကြည့်နေရင်းမျက်တောင်တောင် မခတ်နိုင်ပေ၊
ဒမ်ဘီကဒူးထောက်ချလိုက်ပြီး, သေးငယ်သောမြစ်နီလူဝံမလေးကို သခင်၏ရှေ့မြေပြင် ပေါ်တွင်နူးညံ့စွာချထားလိုက်သည်၊ ထို့နောက်,သူ၏ကြီးမားသောလက်ကြီးဖြင့် မြစ်နီလူဝံမလေးကိုညင်သာစွာပွတ်သပ်ပေးလိုက်သည်၊ မြစ်နီလူဝံအမိန့်စကားကိုသုံး၍ သူကပြောလိုက်သည်, “မကြောက်နဲ့နော်, ပါးပါးကမင်းကိုကာကွယ်ပေးမယ်”
မြစ်နီလူဝံမလေး၏မျက်လုံးများကပြူးကျယ်သွားတော့သည်၊ ပါးပါး? အရိုးစုလား? သူမသက်အသက်နှစ်ကြိမ်ပြင်းပြင်းရှုလိုက်ပြီးနောက်, သူမ၏မျက်လုံးများကိုမှိတ်လိုက် သည်၊
သနားစရာကောင်းတဲ့ကလေးလေး…
ကောင်းဖန်က ထိုမြစ်နီလူဝံလေးသည်ဒီလိုကိစ္စမျိုးတွေကို နားလည်ဖို့အချိန်တစ်ခုလို တယ်ဆိုတာကိုနားလည်သည်၊
ခေါင်းဆောင်လီကထိုဖြစ်ရပ်ကိုမြင်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်၊
သူတို့ကတစ်ဖက်တည်းမှာဘဲ!
လေထဲတွင်,ဖလိမ်မီကသူ၏အတောင်များကိုတဖျတ်ဖျတ်ခတ်ကာ, အုပ်ချုပ်သူအဆင့် အရှိန်အဝါကိုဖုံးကွယ်ထားခြင်းမရှိဘဲ သူတို့၏ခေါင်းပေါ်တွင်ပျံသန်းနေသည်၊ အနီးတွင် ရှိသောသားရဲတွေအားလုံးကိုမောင်းထုတ်လိုက်သည်၊
သင်္ဘောသားလူကြီးပြောသည့်အတိုင်း အမှန်ပင်ဖြစ်သည်၊ သဲနီမြစ်ကမ်းပါး တစ်လျှောက်တွင်အုပ်ချုပ်သူအဆင့်သားရဲများအလွန်ရှားပါးသည်၊
ဒမ်ဘီသည်မြေပြင်ပေါ်ရှိ သံကျောပြင်ဝံပုလွေထံသို့ခြေလှမ်းကြီးများဖြင့်လှမ်းလာ သည်၊ ခေါင်းဆောင်လီ၏သစ်ပင်အောက်တွင်ရှိသောကြောင့်သူကခေါင်းဆောင်လီနှင့် နီးကပ်လာသည်၊
ခေါင်းဆောင်လီကသူ့နှာခေါင်းကိုအုပ်လိုက်ပြီး အသက်ကိုဖြေးဖြေးရှု၍ ဒမ်ဘီကိုပင် မကြည့်ရဲတော့ပေ၊
သနားစရာဘဲ…
သူ့မှာနှလုံးခုန်သံပါမရှိပါမှ ၎င်းကထူးခြားမည်မဟုတ်ပေ၊ သူ၏သွေးကြောမျှင်နှလုံးဖြင့် ခုန်နေသောနှလုံးသားနှင့်အသက်ရှိသောသတ္တဝါများသည်ဒမ်ဘီဆီမှမပုန်းအောင်းနိုင် ပါ။
ခေါင်းဆောင်လီ၏အနေအထားကလက်ရှိမြေပြင်မှ ၁၂မီတာအကွာအဝေးလောက်ရှိ သည်၊ ကပ်ဆိုးကြီးပြီးနောက်, သစ်ပင်များသည်အရင်ကထက်ကြီးမားလာပြီး, သန်မာလာသည်၊ အခြေစိုက်မြို့၏ပတ်လည်တွင်, လေးမီတာ,ငါးမီတာရှည်သော သစ်ပင်များသည်နေရာအနှံ့တွင်ရှိသည်၊
ဒမ်ဘီက ကြမ်းတမ်းလှသည့်လက်သီးတစ်ချက်ကိုသစ်ပင် ပင်စည်ကိုထိုးချလိုက်သည်၊
အရွယ်ရောက်ပြီးသားလူနှစ်ယောက်ဖက်ထားလို့ရသည့်သစ်ပင်သည်ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်၊
သစ်ပင်ထိပ်မှသစ်ရွက်များကကြွေကျလာသည်၊
ခေါင်းဆောင်လီသည်သစ်ပင်ပေါ်တွင်လှုပ်ခါလုနီးပါးဖြစ်သွားပြီး သူ၏အကိုင်းအခက် ကိုအလိုလိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်သည်၊ ကြောက်ရွံ့စွာနှင့်တံတွေးမျိုချ လိုက်ရင်း ခေါင်းဆောင်လီ၏နဖူးပေါ်တွင်ချွေးများစီးကျလာသည်၊ ဒီအရိုးစုကြီးက သစ်ပင်ပေါ်ကိုတက်မလာနိုင်ပါစေနဲ့လို့ဘဲဆုတောင်းပါသည်၊
ဒမ်ဘီကခေါင်းကိုမော့လိုက်သည်၊ သူ၏အမြင်အာရုံသည်အရွက်များကိုဖြတ်၍ ခေါင်းဆောင်လီ၏ခန္ဓာကိုယ်ပေါ်သို့ရောက်သွားသည်၊
ဒေါသတကြီးအော်ဟစ်လိုက်၏၊ သစ်ပင်ပေါ်တက်ဖို့လား? သေချာပေါက်တက်နိုင်တာ ပေါ့၊
ဒါပေမယ့်ငါအဲ့လိုလုပ်စရာမလိုဘူး၊ ငါကမင်းကိုကြောက်အောင်လုပ်ဖို့ဘဲလိုတာ, ပြီးတော့ နောင်တရအောင်လို့!
ဒမ်ဘီ၏ဘယ်နှင့်ညာလက်သီးက သစ်ပင်ပင်စည်ကိုမမောနိုင်မပန်းနိုင်တိုက်ခိုက်နေ သည်၊ ဒမ်ဘီ၏လက်သီးထိပ်တွင်ချွန်ထက်သောအရိုးများသည်ပင်ပင်အခေါက်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သစ်ပင်၏ပင်စည်ကိုကြေမွစေပြီး သစ်စများလွင့်စင်လာ သည်၊
သစ်ပင်ကလှုပ်ပြီး ပြိုလဲတော့မည့်ပုံဖြစ်နေသည်၊
ထိုသို့သောစိတ်ပိုင်းဆိုင်ရာညှင်းဆဲမှုက ခေါင်းဆောင်လီအတွက်ပိုဆိုးစေသည်၊
ငါမင်းကိုဓားတစ်ချောင်းနဲ့ဘဲအဆုံးသတ်စေချင်တယ်၊
တကျွတ်ကျွတ်မြည်သံကြီးနှင့်အတူသစ်ပင်ကြီးကမြေပြင်ပေါ်သို့ကျိုးကြေမှုနှင့်အတူ ပြိုလဲသွားတော့သည်၊ အကိုင်းအခက်များသည်တစ်ခုနှင့်တစ်ခု ရောထွေးသွားပြီး ကွဲအက်သံများထွက်ပေါ်လာသည်၊
ခေါင်းဆောင်လီသည်သူ၏ရင်ဘတ်ဖြင့်ပြင်းထန်စွာရိုက်ခတ်ခံရမှုကိုခံစားလိုက်ရသည်၊
ရိုက်ခတ်မှုကြောင့် သူ့နှလုံးကကွဲကြေလုနီးပါးဖြစ်သွားသည်၊ပြုတ်ကျသည့် ဒဏ်ရာ ကြောင့်နံရိုးများတွင်ပြင်းထန်သောနာကျင်မှုကိုခံစားနေရသည်၊
တုံ့ပြန်ဖို့အချိန်မရသေးခင်မှာပင် သူ့လည်ပင်း၌တင်းကြပ်မှုကိုခံစားလိုက်ရသည်၊ အေးစက်သောလက်ကြီးတစ်ခုက သူ့လည်ပင်းကိုဆုပ်ကိုင်ထားပြီး နောက်အခိုက်အတန့်တွင်သူ့ခြေထောက်ကမြေပြင်နှင့်ကင်းကွာသွားသလိုခံစားလိုက်ရပြီးလေထဲသို့မြောက်သွားတော့သည်၊
ခေါင်းဆောင်လီက ဒမ်ဘီ၏မျက်လုံးကိုတည့်တည့်ကြည့်လိုက်သည်၊ ဤမျှနီးကပ်စွာ တည်ရှိနေသော ဖုတ်ကောင်အမျိုးအစားသားရဲနှင့်မျက်လုံးချင်းဆံနေသည့်အချိန်မှာ ပထမဆုံးအကြိမ်ဖြစ်သည်၊ သေခြင်းတရားသည်လူတိုင်းနောက်ဆုံးတွေ့ကြုံရမည့် အဆုံးသတ်ဆိုသောအချက်ကြောင့်သေခြင်းဆီသို့ရောက်မည့်ပကတိအကြောက်တရား သည်အမြဲတမ်းရှိသည်၊
ခေါင်းဆောင်လီကိုကိုင်ဆွဲထားသောဒမ်ဘီသည် အလယ်ပိုင်းနေရာသို့ခေါ်သွားတော့ သည်၊ သေဆုံးနေသောမြစ်နီလူဝံများသည်မြေပြင်ပေါ်တွင်လဲလျောင်းနေပြီး ၎င်းတို့၏ အလောင်းများသည်အေးစက်နေသောအငွေ့အသက်ကိုပေးသည်၊
ဒဏ်ရာရနေသောမြစ်နီလူဝံများသည် ထိတ်လန့်တကြားဖြင့်သစ်ပင်အကိုင်းအခက် များကိုတွယ်ကပ်ကာ ၎င်းတို့၏မျက်လုံးများထဲတွင်ကြောက်ရွံ့မှုများပြည့်နှက်နေသည်၊
ဝုန်း!
ခေါင်းဆောင်လီသည် သေဆုံးနေသောအလောင်း၏ဘေးတွင် ဒမ်ဘီထံမှပြင်းထန်စွာပစ်ချခြင်းခံလိုက်ရသည်၊ ခေါင်းဆောင်လီသည်ဦးခေါင်းနှင့်မြေပြင်ကိုထိကာ မူးဝေသွားတော့သည်၊ အာရုံပြန်ရလာသောအခါ မြစ်နီလူဝံတစ်ကောင်နှင့် မျက်နှာချင်းဆိုင်တွေ့သောအခါ မမှိတ်မသေသောမျက်လုံးများဖြင့်စိုက်ကြည့်နေမိ သည်၊
ခေါင်းဆောင်လီလိုလူကသေခြင်းတရားများစွာကိုမြင်ဖူးသည့်တောင် သူ့ဆံပင်ကို အဆုံးထိထောင်အောင်လုပ်မပေးနိုင်ပါ၊
ဘာမှမရှိစွာရှင်းလင်းနေမှုတွင်, နောက်ဆုံးကျန်ခဲ့သည်မှာ ဒမ်ဘီ၏တိတ်ဆိတ်နေ သောပုံရိပ်ဖြစ်သည်၊
ထို့နောက်, ဒမ်ဘီသည်ဒီတစ်ကြိမ်တွင်၎င်းတို့အားတိုးမတိုက်ဘဲ သစ်ပင်တိုင်းစေ့ တက်ကာသားရဲအမဲလိုက်အဖွဲ့ရှိ အယောက်တိုင်းကိုအမှိုက်လိုပစ်မချဘဲ တစ်ယောက်ချင်းစီလိုက်ဖမ်းခဲ့သည်၊
အစင်းလေးသည်ဖြည်းညင်းစွာဖြင့်တွားသွားလိုက်ပြီး ၎င်း၏ပင့်ကူပိုးကိုဖြန့်ချလိုက်ပြီး အကျဉ်းသားအားလုံးကိုနေရာချလိုက်သည်၊
ထိုအချိန်တွင်ခေါင်းဆောင်လီသည် ဒမ်ဘီကကောင်းဖန်၏အကျွမ်းတဝင်ဖြစ်သည်ကို နားမလည်နိုင်ဖြစ်နေသည်၊ နှပ်ချေးတွေမျက်ရည်တွေပြည့်နေသောမျက်နှာဖြင့် ခေါင်းဆောင်လီက “ငါ့ကိုသနားပါ, ကျေးဇူးပြုပြီးငါ့ကိုသနားပါ၊ အမေက၇၀ရှိပြီ, အဖေက၇၂နှစ်၊ ငါ့ရဲ့အသက်ကြီးတဲ့အကိုနဲ့ ညီငယ်နှစ်ယောက်လုံးကကပ်ဆိုးကြီးမှာ သေသွားပြီ၊ အခုအချိန်မိသားစုထဲမှာငါတစ်ယောက်တည်းရှိတယ်၊ ငါမရှိရင်ငါ့မိဘတွေ နဲ့ငါ့ရဲ့၁၂အရွယ်ကလေးက ငတ်ပြီးသေကြလိမ့်မယ်၊”
“ငါတို့အားလုံးကလူသားတွေပါ, ငါတို့ကိုမသတ်ပါနဲ့၊ ငါတို့မင်းအတွက်ဘာမဆိုလုပ်ပေး မယ်၊ မင်းရဲ့ကျွန်ဖြစ်ဆိုလည်းရတယ်”
“ကျေးဇူးပြုပြီး, သနားပေးပါ၊”
ဖမ်းမိထားသောအဖွဲ့ဝင်များကအားလုံးပူးပေါင်းပြီးတောင်းဆိုကြသည်၊
ကောင်းဖန်ကတိတ်ဆိတ်နေသည်၊
ကောင်းဖန်၏တိတ်ဆိတ်ခြင်းမှတစ်စုံတစ်ရာက ခေါင်းဆောင်လီ၏မျက်လုံးများတွင် မျှော်လင့်ချက်အလင်းများတောက်လာသည်၊ “သတ်တာကဥပဒေနဲ့မညီဘူး ညီအကို, ငါတို့မင်းအတွက်ဘာမဆိုလုပ်ပေးမယ်၊ အခုကစပြီးငါတို့ကမင်းရဲ့ကျွန်ဘဲ၊ မင်းကငါတို့ကိုသတ်လို့ပြောရင်တောင်, ငါတို့မျက်တောင်တစ်ချက်မခတ် တုံ့ဆိုင်းမနေဘဲသတ်ပေးမယ်”
တစ်ချိန်တည်းမှာပင်ခေါင်းဆောင်လီကသူကိုယ်သူခါးခါးသီးသီးတီးတိုးကျိန်ဆဲလိုက် သည်, “မင်းရဲ့ဘဝမှာ တစ်သက်လုံးမင်းကပိုင်မနေဘူး၊ အဆုံးထိပြီးအောင်စောင့်, အခွင့်အရေးရှာပြီးငါ့ကို မင်းရဲ့သေဆုံးခြင်းအတွက်တောင်းပန်ရလိမ့်မယ်”
ဒီလူအုပ်ကသူ့ကိုအန္တရာယ်ပြုဖို့ကြံစည်နေတာကိုမြင်တော့ ကောင်းဖန်ကရုတ်တရက် ပြုံးလိုက်သည်၊ “ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ?”
“ငါ့နာမည်လီဖုန်းရှုပါ” ခေါင်းဆောင်လီကပြုံးပြလိုက်သည်၊
“ခေါင်းဆောင်လီ ခင်ဗျားဘာလို့ဒီမြစ်နီလူဝံတွေကိုသတ်ရတာလဲ?”
ခေါင်းဆောင်လီကအံ့ဩသွားတော့သည်၊ မင်းကဒါတွေအားလုံးကိုမြစ်နီလူဝံတွေ အတွက်လုပ်နေတာပေါ့? မင်းကစိတ်ရောဂါဖြစ်နေတာဘဲဖြစ်ရမယ်! ဒီမျောက်အုပ် အတွက်နဲ့!
“ဘာကြောင့်လဲဆိုတော့ ကျိုးမိသားစုရဲ့ဒုတိယသမီးမှာရွှေကျားသစ်နက်ရှိတယ်, အဲ့ကောင်ကမြစ်နီလူဝံတွေရဲ့အစိတ်အပိုင်းတွေကိုစားရတာကြိုက်တယ်, အထူးသဖြင့် နှလုံးကိုပေါ့၊ မိသားစုကအဲ့တာကိုဝယ်ဖို့အတွက်ဈေးမြှင့်လိုက်တယ်, မဟုတ်ရင် ငါတို့ကဒီကိုအမဲလိုက်ဖို့ဘယ်လာမလဲ၊” ခေါင်းဆောင်လီကနူးညံ့စွာနှင့်ပြောလိုက် သည်၊
ဆိုတော့, ဒါကြောင့်ပေါ့။
ကောင်းဖန်ကခေါင်းညိတ်လိုက်သည်, အခုတော့သူအကြောင်းပြချက်ကိုနားလည်သွား ပြီ၊ ခေါင်းဆောင်လီကကိစ္စမရှိဘူး, အကယ်၍သူကမူရင်းပြဿနာကိုဂရုမစိုက်ရင် မနက်ဖြန်မှာ ခေါင်းဆောင်ကျိုးတို့, ခေါင်းဆောင်ဝမ်တို့ကလူဝံတွေကိုအမဲလိုက်ဖို့ လာကြလိ့မ်မယ်။
“ဒမ်ဘီ, မင်းအဆင်ပြေသလို ဂရုစိုက်ပေးလိုက်၊ ငါတို့မင်းကိုမြစ်နားကစောင့်နေမယ်” ကောင်းဖန်ကညွှန်ကြားလိုက်သည်၊ ထို့နောက်သူကအစင်းလေးတို့ကိုထွက်ခွာရန် ပြောလိုက်ပြီး အစင်းလေး၏ခေါင်းကိုပုတ်လိုက်သည်၊
ခေါင်းဆောင်လီ၏မျက်နှာကဖြူဖျော့သွားသည်၊ “မင်းအဲ့လိုလုပ်လို့မရဘူး! ငါမင်းကို အကုန်ပြောပြတယ်လေ! မင်းကစကားမတည်ဘူး!”
ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်သည်၊ “ခေါင်းဆောင်လီ, ခင်ဗျားကလူကြီးဖြစ်နေ ပါပြီ၊ အရွယ်ရောက်ပြီးသူတွေရဲ့ကမ္ဘာမှာမှန်တယ်မှားတယ်မရှိဘူးဆိုတာခင်ဗျား သိထားသင့်တယ်၊ ဒီလိုမှန်တယ်မှားတယ်ငြင်းခုန်နေရမှာက ကလေးတွေပါ၊ ခင်ဗျားဒီလောက်တောင်ကြီးနေပြီ ဘာကိုမရိုးမရွဖြစ်နေတာတုန်း?”
ခေါင်းဆောင်လီ၏မျက်လုံးများကစိတ်ပျက်အားငယ်မှုကိုပြကာ, မုန်းတီးမှုအဖြစ်သို့ ပြောင်းသွားပြီး နောက်ဆုံးတွင်တော့ နာကျည်းရွံ့ရှာသွားတော့သည်၊
ဒမ်ဘီကတိုက်ရိုက်သူကိုယ်တိုင်မလုပ်ဘဲအနီးအနားရှိသစ်ပင်များမှ လူဝံများအားလုံး ကိုဆင်းရန်စုရုံးသည်။
မြစ်နီလူဝံများသည်အကြာကြီးတုံ့ဆိုင်းနေပြီး တစ်ကောင်နှင့်တစ်ကောင်ကြည့်နေ ကြသည်၊ နောက်ဆုံးတွင်ရဲရင့်သောမြစ်နီလူဝံနှစ်ကောင်က သစ်ပင်ပေါ်မှမြေပြင်သို့ ဆင်းလာကာဒမ်ဘီနားသို့ဂရုတစိုက်ချဉ်းကပ်လာကြသည်၊
ဒမ်ဘီသည်အမဲလိုက်သူများ၏ရိုင်ဖယ်သေနတ်များကိုစုလိုက်ပြီးချိုးခြေလိုက်သည်၊ ထို့နောက်ပင့်ကူပိုးဖြင့်ချည်နှောင်ထားပြီး အမဲလိုက်သူများကိုလက်ညိုးထိုးကာ အမိန့်အနည်းငယ်ပေးလိုက်သည်၊
ထို့နောက်ဒမ်ဘီကလှည့်မကြည့်ဘဲထွက်သွားတော့သည်၊ သူကဒီမြစ်နီလူဝံများ၏ ဘုရင်မဟုတ်တော့ပေ၊ သူတို့သည်အနာဂါတ်တွင်လုပ်ဆောင်ရန်အတွက် ကိုယ့်အားကိုယ်ကိုးကြရမည်ဖြစ်သည်၊
ဒမ်ဘီသည်အဝေးသို့ရောက်သွားပြီးနောက် မြစ်နီလူဝံများသည်တစ်ကောင်နှင့် တစ်ကောင်ကြည့်လိုက်ကြသည်၊ ခဏတိတ်ဆိတ်သွားပြီးနောက် အမဲလိုက်သူများ လက်ချက်ကြောင့်ဒဏ်ရာရထားသောလူဝံများသည်လည်းတောင့်မထားနိုင်တော့ပေ၊ သူတို့၏အမူအရာများက ဒေါသအဖြစ်သို့ပြောင်းသွားပြီးအစွယ်များကိုထုတ်ပြကာ ခေါင်းဆောင်လီနှင့်သူ့လူတွေအနီးသို့ကပ်သွားတော့သည်…
***
အပိုင်း၁၇၅ သဲနီငါးကြင်းသွေးနဂါး
(စာရေးသူအမှာစာ: အဓိကဇာတ်ကောင်က သားရဲတွေကဘက်ရပ်တည်တာမဟုတ် သလို, သူကလူသားတွေကိုဆန့်ကျင်နေတာလည်းမဟုတ်ပါဘူး, သူကရှုပ်ထွေး မနေဘူး၊ အဲ့အချိန်မှာဘဲ, အဓိကဇာတ်ဆောင်က အရမ်းရှုပ်ထွေးအောင်တွေးမနေဘူး၊ သူကဒမ်ဘီဘက်မှာဘဲရပ်တည်ခဲ့တာ။
အကယ်၍ငါကအဓိကကာရိုက်တာက လူတွေကိုသတ်နေတာကနေ ဒမ်ဘီကိုတား လိုက်ရင်, အကုန်လုံးကကြိုက်ကြပါ့မလား? ငါကြောက်မိတယ်, လူတွေကငါ့ကို ဆူပူတာတွေပိုများလာမှာကြောက်တယ်။
ရန်သူအားလုံးကိုပြတ်ပြတ်သားသားနဲ့ရှင်းလိုက်တဲ့ဇာတ်ကောင်မျိုးအများအပြားက နှစ်သက်ကြတယ်၊ သူတို့အကြောင်းရေးရတာကိုသဘောကျတယ်၊ ဦးနှောက်စွမ်းအား နည်းနည်းလိုအပ်ပြီး, ရိုးရှင်းပြင်းထန်တယ်၊ ဒါပေမယ့်, ဇာတ်လမ်းကဘယ်လိုပုံစံနဲ့ တိုးတက်နေလည်းဆိုရင် ကောင်းဖန်ကအဲ့လိုကာရိုက်တာမျိုးပြောင်းသွားဖို့ကအကျိုး အကြောင်းမသင့်ဘူး၊ ဒါကရုတ်တရက်ဖြစ်လွန်းတယ်၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲ တာကလုပ်ငန်းစဉ်တစ်ခုလိုဘဲ အချိန်လိုအပ်တယ်။
အသက်ကြီးလာတာနဲ့အမျှကမ္ဘာပေါ်မှာရှိတဲ့လူတွေက သူတို့ကိုယ်ရည်ကိုယ်သွေးနဲ့ အမြင်တွေပြောင်းလဲလာမှာဖြစ်တယ်။
ငါဒီသင်ခန်းစာကနေသင်ယူပါ့မယ်၊ အနာဂါတ်မှာ, ဒီလိုမျိုးဇာတ်ကြောင်းတွေကို ရှောင်ပြီးအတတ်နိုင်ဆုံး ကြိုးစားပြီးငါ့ရဲ့သားရဲငယ်လေးတွေအကြောင်းကို ရိုးရိုးလေး ရေးပါ့မယ်)
…
မြစ်ကမ်းနံဘေးတွင်ရပ်နေရင်းသူ့အနောက်ကထွက်လာတဲ့ မရေမရာအော်သံတွေကို ကောင်းဖန်ရဲ့အမူအရာတွေကတည်ငြိမ်သွားပြန်သည်၊ တည်ငြိမ်အောင်ခက်ခဲစွာ ကြိုးစားရုန်းကန်နေရသော်လည်း ထိုအချိန်တွင်ကောင်းဖန်၏နှလုံးခုန်က အလွန်မြန်နေဆဲဖြစ်သည်။
မြစ်ကမ်းဘေးမှာရပ်နေတဲ့ကောင်းဖန်ကရေထဲက ရောင်ပြန်ဟပ်နေမှုကိုကြည့်ရန် ခေါင်းငုံ့ထားလိုက်သည်၊ နီညိုရောင်ရေတွေကက သူ့မျက်မှာတွင်သွေးကဲ့သို့ ရောင်ပြန်ဟပ်မှုကိုအရောင်တင်စေပြီး နတ်ဆိုးကဲ့သို့သူ့ကိုကြမ်းတမ်းစေသည်။
သူ့လက်တွေကိုဆန့်ထုတ်လိုက်တဲ့အခါ, သူ့လက်ဝါးတွေကသွေးတွေကဲ့သို့နီရဲနေသည်၊ ရေတွေစီးကျပြီးလှိုင်းထတဲ့အခါသူ့လက်တွေက ပုံပျက်သွားတော့သည်။
ကောင်းဖန်ရုတ်တရက်နားလည်သွားတော့သည်၊
အစမှအဆုံးအထိ ကောင်းတဲ့လူဆိုပြီးတွေးလို့မရပေ၊
အစောပိုင်း သူဒမ်ဘီကိုပြန်သွားရန်တားလို့ရသည်၊ သူကအမိန့်ပေးလျှင်ဒမ်ဘီက နာခံမည်ဆိုတာသူယုံကြည်သည်၊
ဒါပေမယ့်သူဒမ်ဘီကိုမတားခဲ့ပေ၊
ဘာကြောင့်လဲဆိုတော့သူကတခြားတစ်ဖက်ကအကြောင်းပြချက်တွေထက် တစ်ဖက်ကဂရုစိုက်ပေးတဲ့သူတွေနဲ့အတူနေချင်လို့ဖြစ်သည်၊
သူ့နောက်မှ,ဒမ်ဘီ၏ခြေသံကိုကြားလိုက်ရသည်၊ မြစ်ကမ်းတစ်လျှောက် အပင်တွေက တုန်ခါသွားပြီး ဒမ်ဘီ၏ကြီးမားသောခြေလှမ်းများဖြင့်ချဉ်းကပ်လာစဉ်တွင် ကျူပင်များကဘေးဘက်သို့ဖယ်သွားတော့သည်၊
ဒမ်ဘီတွင် သွေးထွက်နေသည့်လက္ခဏာဘာညာမရှိပေ၊ ထို့နောက်, ဒမ်ဘီက သူ့ခံစားချက်တွေကိုထည့်စဉ်းစားပေးပြီး ထိုလူတွေကိုသူ့လက်နဲ့မသတ်ခဲ့ဘူးဆိုတာ သူသိလိုက်သည်၊
ကောင်းဖန်ကသက်ပြင်းရှည်ကြီးချလိုက်သည်၊
“အဲ့ဒီကျိုးမိသားစု” ကောင်းဖန်က သူ့မျက်လုံးများကိုအဝေးသို့အကြည့်ပို့ထားသည်၊
ကျိုးမိသားစုကဒီဟာတွေအားလုံးရဲ့ဇစ်မြစ်ဖြစ်သည်, သို့သော်ကျိုးမိသားစုကိုဆန့်ကျင် ဖို့အတွက်ကယခုကဲ့သို့ပြဿနာများကိုဖြေရှင်းသလိုမျိုး ရိုးရိုးရှင်းရှင်းအကြမ်းနည်းသုံးလို့မရပေ၊ကြီးမားသောအနှောက်အယှက်ကိုဖြစ်စေခြင်းသည် ကြီးမားသော အကျိုးဆက်များကိုဖြစ်စေသည်၊
ထို့ပြင်ဒမ်ဘီ၏အဖိုးတန်သမီးကလည်း ထိတ်လန့်တုန်လှုပ်ရုံမျှသာဖြစ်ပြီး ထိခိုက် ဒဏ်ရာမရှိပေ၊ ထို့ကြောင့်လွန်ကဲမှုနည်းသောစဉ်းစားတွေးခေါ်မှုအတွက်က နေရာလွတ်ရှိသေးသည်၊
ကောင်းဖန်သည်အစင်းလေး၏နောက်ကျောတွင်ရှိသော သေးငယ်သည့် လူဝံမလေး၏ခေါင်းကို ဖြေးညင်းစွာပုတ်လိုက်သည်၊
လူဝံမလေးသည်အရမ်းမကြီးပေ, 1.3နှင့်1.4မီတာသာရှည်ကာ ရှည်လျားသွယ်လျသော လက်များနှင့်တောက်ပပြောင်လက်နေသောအမွှေးများရှိသည်၊ သူမကသတိလစ်နေဆဲ ဖြစ်သည်၊
ဒမ်ဘီကသူ့သမီးကိုကြည့်လိုက်ပြီးနောက် သူမခံနိုင်တော့ဘဲ အစင်းလေး၏ နောက်ကျောဘက်မှ သူသမီးကိုမချီလိုက်သည်၊ သူ၏လုပ်ငန်းစဉ်တစ်လျှောက်တွင်, သူကအလွန်ဂရုစိုက်ပြီး, ကမ္ဘာကြီး၏ရတနာတစ်ခုကိုသယ်ဆောင်ထားသကဲ့သို့ ဖြစ်နေသည်၊
တစ်နာရီဝန်းကျင်လောက်စောင့်ပြီးနောက်, သားရဲသင်္ဘောသည်အထက်ဘက်မှ ရွက်လွှင့်လာခဲ့သည်၊
သင်္ဘောသားဟောင်းလူကြီးသည် ၎င်း၏သင်္ဘောကိုမြစ်ကမ်းစပ်တွင်ကျောက်ချပြီး သစ်သားပျဉ်ကိုသင်္ဘောကုန်းပတ်ပေါ်မှတွန်းချပေးသည်၊
ကောင်းဖန်, ဒမ်ဘီနှင့်အခြားသူများသည်သင်္ဘောပေါ်သို့အမြန်တက်ကြသည်၊
သင်္ဘောပေါ်တွင်ထိုင်ရင်း ကောင်းဖန်သည်မြစ်၏မျက်နှာပြင်ကိုစိုက်ကြည့်ကာ မြစ်ကို ဖြတ်၍တိုက်ခတ်လာသောလေပြင်းများကသူ့ဆံပင်များကိုရှုပ်ပွစေသည်၊
လီကျိုးသို့ပြန်လာပြီးနောက်ကောင်းဖန်သည်မြစ်နီလူဝံများနှင့် ကျိုးမိသားစုအကြောင်းကိုသူ့အဘိုးအားပြောပြလိုက်သည်၊ ကောင်းဖန်ကဒီလိုအခြေအနေမျိုးနှင့်ပတ်သတ်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုရိုးရှင်းစွာဖြင့် အလေးထားခဲ့သည်၊ သူ့အဘိုးကို ကိုင်တွယ်ခွင့်ပေးပြီး အနာဂါတ်မှာဒီလိုအခြေအနေမျိုးတွေကို ဘယ်လိုကိုင်တွယ်ရမည် ဆိုတာသင်ယူနိုင်မယ်လို့တွေးသည်၊
ဇာတ်ကြောင်းကိုကြားပြီးနောက်, သူ့အဘိုးကချက်ချင်းပင် မြစ်နီလူဝံအုပ်ကိုဖမ်း၍ လှောင်အိမ်တွင်စောင့်ရှောက်ထားရန်အမိန့်ပေးလိုက်သည်၊ ထို့နောက်, ဒမ်ဘီသည် မြစ်နီလူဝံအုပ်စုတစ်စုအတွက်သာ စိတ်ပူခဲ့သည်၊ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော သဘောထားကွဲလွဲမှုများကိုရှောင်နိုင်ပြီး, ဒမ်ဘီ၏အကျိုးအတွက်လည်းကာကွယ် ပေးသည်။
ခေါင်းဆောင်လီနှင့်ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ အဘိုး၏ထင်မြင်ချက်မှရိုးရှင်း သည်, “မင်းနောင်တရလား?”
ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်ပြီးနောက်, ခေါင်းကိုညိတ်လိုက်သည်၊ “ကျနော်မသိဘူး”
အဘိုးကလုံးဝစိတ်ထဲမထားဘဲတောက်ပစွာရယ်မောလိုက်ပြီး, “ဒါဆိုမေးခွန်းပြောင်း ရအောင်၊ အကယ်၍ ဒီလိုမျိုးထပ်ပြီးလုပ်ရဦးမယ်ဆိုရင်, မင်းရဲ့သားရဲကိုတားမှာလား?”
ဒီတစ်ကြိမ်တော့, ကောင်းဖန်ကပြတ်သားစွာနှင့်ဖြေလိုက်သည်၊ “ကျနော်မလုပ်ဘူး”
ကောင်းဖန်၏နှလုံးထဲတွင်, ဒမ်ဘီကသူ့သားရဲသာလျှင်မဟုတ်, သူကသူငယ်ချင်း, သူ၏အဖော်ဖြစ်သည်၊
သူ့သူငယ်ချင်း၏အချစ်ဆုံးသူတစ်ယောက်က အန္တရာယ်ဖြစ်နေလျှင်, သူက “ဒီလက်နက်ကိုမင်းလက်ထဲကချလိုက်”လို့ပြောဖို့အတွက်ခက်ခဲသည်၊
“ဒါကမင်းအတွက်အဖြေမှန်လား?” အဘိုးကရယ်လိုက်သည်, “ကောင်လေး, မင်းက လူလိမ်ဘဲ”
ကောင်းဖန်ကပြောစရာစကားပျောက်ရှသွားတော့သည်၊ ဒါကအဘိုးရဲ့မြေးကိုဒီလို စကားနဲ့ထုတ်ဖော်ပြောလိုက်တာပေါ့?
“ကိုယ့်ယုံကြည်ချက်ကိုစွဲစွဲမြဲမြဲကိုင်ပြီး ကိုယ်လုပ်ချင်တာကိုယ်လုပ်ပါ၊ ပြင်ပကမ္ဘာမှာ ဆိုရင်, အနည်းငယ်ပိုပြီးရက်စက်တဲ့စိတ်နဲ့ဆိုရင် မင်းကလွှမ်းမိုးခံနေရလောက်ပြီ၊ ငါကမင်းရှုံးတာထက်, တခြားသူတွေရှုံးတာပိုကြိုက်တယ်” ကျီဟန့်ဝူကအလေးအနက်ဖြင့်သူ့မြေးကိုအကြံဉာဏ်ပေးသည်၊
သူ့အဘိုး၏စကားကိုကြားတဲ့အခါ, ကောင်းဖန်ကရုတ်တရက်သူ့ရဲ့ပင်ကိုစရိုက်က ဘယ်ကရတယ်ဆိုတာကိုသဘောပေါက်သွားတော့သည်၊
ဖုန်းကိုချပြီးနောက်, ကျီဟန့်ဝူက သူ့ဘေးတွင်ထိုင်နေသောဦးလေးလျိုကိုပြုံးပြလိုက် သည်၊ “ဒီမြေးကလေးရဲ့စိတ်ကတော့ ဟောင်းနေတဲ့သစ်တုံးကြီးထဲက ချပ်ပြားတစ်ချပ် ဘဲ”
ဦးလေးလျိုကမျက်လုံးပြူးသွားသည်၊ “မင်းမျက်နှာပေါ်ကအပြုံးကြီးလည်းကြည့်လိုက်ဦး၊ မင်းကအရမ်းစိတ်သဘောထားကောင်းနေတဲ့ပုံနဲ့ပြောနေပြန်ပြီ”
“မင်းဘာသိလို့လဲ? သူငါ့ကိုသဘောကျတာက ကောင်းတာပေါ့ဟ၊ သူကဘယ်သွားသွား အရှုံးပေးမှာမဟုတ်ဘူး” ကျီဟန့်ဝူကဝမ်းသာအားရဖြင့်ရယ်မောလိုက်သည်၊
ဒမ်ဘီ၏ကိစ္စများပြေလည်သွားသဖြင့် ကောင်းဖန်သည်ယွိကျိုးသို့ပြန်သွားရန်ပြင်ဆင်ရမည်ဖြစ်သည်၊ ဒါပေမယ့်သင်္ဘောသားလူကြီးပြောခဲ့သည့် ဂဏန်းဘုရင်ကိုသူစိတ်ဝင် စားနေသည်၊
တိုက်ဆိုင်စွာပင်, ငါးကြင်းနီဘုရင်အတွက်ယစ်ပူဇော်ရန်အတွက် ရက်အနည်းငယ်သာ လိုတော့သည်၊ ထို့ကြောင့်ကောင်းဖန်သည်ဤဒဏ္ဍာရီဆန်သော ငါးကြင်းနီဘုရင်ကို ကြည့်ရန်လီကျိုးတွင်ဆက်လက်နေထိုင်နေခဲ့သည်၊ပြီးတော့ animeထဲကသားရဲတွေနဲ့ တူလားဆိုတာကြည့်ရမည်ဖြစ်သည်၊
အခန်းထဲမှာတော့, သေးငယ်တဲ့မြစ်နီလူဝံမလေးက ဖြည်းညင်းစွာနှင့်သတိပြန်လည်လာသည်၊
အားအင်ချည့်နဲ့စွာဖြင့်သူမမျက်လုံးတွေကိုဖွင့်လိုက်တော့, စိမ်းသက်နေသည့် ပတ်ဝန်းကျင်တွင်သူမရောက်နေတာကိုတွေ့လိုက်ရသည်၊ သူမ၏ပထမဆုံး တုန့်ပြန်မှု ကတော့ထိတ်လန့်တကြားအော်ဟစ်လိုက်ခြင်းဖြစ်သည်၊
ထို့နောက်အသံကြားသဖြင့်ဒမ်ဘီကအခန်းထဲသို့ဝင်လာသည်၊ သူမက ဒမ်ဘီကိုမြင် သည်နှင့်သူမ၏အသံကတဖြည်းဖြည်းပျော့လာတော့သည်၊
ဒမ်ဘီကလူဝံငယ်လေး၏ဘေးတွင်ထိုင်ကာ မြစ်နီလူဝံစကားဖြင့်သူ့သမီးအား နှစ်သိမ့်ပေးနေသည်၊ သူမကအစပိုင်းကတော့ထိတ်လန့်သွားပြီး ယုံရခက်နေသည်၊ ထို့နောက်မှာတော့ သံသယဖြစ်မှုတွေကတဖြည်းဖြည်းပြောင်းလဲလာတော့သည်၊
နောက်ရက်အနည်းငယ်ကြာတော့လူဝံငယ်လေးသည် ဒမ်ဘီသွားရာနောက်ကို အရိပ်လိုမျိုး လိုက်နေတော့သည်၊ သူဘယ်သွားသွားသူနှင့်အတူရှိသည်၊ သူမ၏လက်တွေက ဒမ်ဘီ၏လည်ပင်းတွင်ရစ်ပတ်ထားသည်၊
ထိုရက်အနည်းငယ်အတွင်းမှာ ကျောက်ကျင်းလျန်သည်လည်း ကောင်းဖန်ကိုရှာရန် ရောက်လာသည်၊ သူကကောင်းဖန်အတွက် မိန်းကလေးများရှာဖွေပေးရန်ဆက်၍ ကြိုးစားခဲ့သည်၊ သို့သော်လည်းဝမ်းနည်းစရာမှာ ကောင်းဖန်ကထိုအရာတွေကို စိတ်မဝင်စားဘဲရိုးရိုးရှင်းရှင်းငြင်းဆိုခဲ့သည်၊
နံနက်ခင်းတွင်အဝတ်အစားလဲပြီးနောက် ကောင်းဖန်သည်အစင်းလေးပေါ်တွင်တက်စီးပြီး ကျန်သောသူ၏သားရဲများကိုခေါ်ကာ သဲနီမြစ်တစ်လျှောက်ရေစုန်အတိုင်းသွား လိုက်သည်၊ သူတို့ရေစုန်အတိုင်းသွားတော့, သဲနီမြစ်သည်ပို၍ကျယ်ပြန့်လာပြီး တဖြည်းဖြည်းချင်းစီးဆင်းသွားသည်၊ သေချာတာပေါ့, ရေကတော့ပိုနက်လာတယ်၊
မြစ်ကမ်းတစ်လျှောက်တွင်ဘတ်စ်ကားကြီးများနှင့် ကားသေးအမြောက်အများရှိသည်၊ အချို့သောသူများသည် ငါးကြင်းနီကိုရိုးရိုးရှင်းရှင်းကြည့်ချင်ကြသောခရီးသွားများဖြစ်ကြသော်လည်း ယဇ်ပူဇော်ရန်ပြင်ဆင်နေကြသည့်ဧည့်သည်များပိုများသည်၊
ယဇ်ပူဇော်မှုအားလုံးကို အထူးပြုပုဂ္ဂိုလ်များကစီစစ်ပြီးမှတ်တမ်းတင်ခဲ့သည်၊ လှူဒါန်းမှုအဆင့်ကိုဆုံးဖြတ်ရန် ယဇ်ကောင်၏အဆင့်နှင့်အဆင့်ကိုအသုံးပြုထားသည်၊
နောက်ဆုံးတော့, ငါးကြင်းနီဘုရင်ကချီးမြှင့်သောအကြေးခွံအရေအတွက်နှင့် လူတစ်ဦးချင်းစီ၏ပံ့ပိုးကူညီမှုအဆင့်အလိုက်အကြေးခွံများကိုခွဲပေးသည်၊ ထိုအရာသည်ပွဲကိုစီမံခန့်ခွဲရန်အတော်လေးတရားမျှတသည့်နည်းလမ်းတစ်ခုဟု ထင်ရသည်၊ နောက်ဆုံးတွင် ငါးကြင်းနီဘုရင်သည်ပျံကျဈေးသည်လိုမျိုးလုပ်ဆောင်လို့ မရဘဲ ယဇ်ပူဇော်ခြင်းအတွက်၎င်း၏အကြေးခွံများကို တစ်ခုပြီးတစ်ခုသာလဲလှယ်နိုင် သည်၊
ဧကရာဇ်အဆင့်သားရဲအနေဖြင့် ထိုသို့ပြုလုပ်ရန်အတွက်အချိန်မရှိသလို, ပိုပြီး အရေးကြီးသည်က, သူကစိတ်မရှည်ပေ၊
မကြာခင်မှာဘဲ, ယဇ်ပူဇော်ရန်အတွက်အချိန်ကျရောက်လာပြီဖြစ်သည်၊ ကြီးမားသော ရေဝဲကမြစ်၏အလယ်တွင်ပေါ်လာသည်၊ ရေဝဲ၏အလယ်တွင်, ကြီးမားသော အနီရောင်ပုံရိပ်ကဖြေးညင်းစွာပေါ်ထွက်လာသည်၊
၎င်း၏အနီရောင်ကျောပြင်က သေးငယ်သောကုန်းတက်လေးတစ်ခုလိုပင်ဖြစ်နေသည်၊ ၎င်း၏နီညိုရောင်ကျောပြင်ရှိဆူးတောင်က မျက်နှာပြင်ကိုခွဲထွက်လာကာ, တောက်ပ သောအနီရောင်အကြေးခွံများက မှန်များကဲ့သို့ချောမွေ့တောက်ပြောင်နေသည်၊ မြင်ကွင်းတစ်ခုလုံးက မြစ်လယ်မှာကျွန်းသေးသေးလေးတစ်ခုပေါ်လာသလိုပင်ဖြစ် သည်၊
[မကောင်းဆိုးဝါးအမည်]-သဲနီငါးကြင်းသွေးနဂါး
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၄၄ (ဧကရာဇ်အဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-ရေ
[မကောင်းဆိုးဝါးကျွမ်းကျင်မှု]-ရေထိန်းချုပ်နိုင်ခြင်းအဆင့်၃, မာကြောသောအကြေးခွံ အဆင့်၂
သဲနီငါးကြင်းသွေးနဂါး၏မျက်လုံးများက အရမ်းတောက်ပသည်၊ ရေမျက်နှာပြင်ပေါ်တက်လာပြီး ပထမဆုံးလုပ်တာကတော့ မြစ်ကမ်းပါးယံတွေကိုကြည့်ဖို့ဖြစ်သည်၊ ၎င်း၏ ပါးစပ်သည် “ဂူလူး,ဂူလူး”ဖြင့်တပွက်ပွက်မြည်နေသည့်အသံကိုပြုလုပ်နေသည်၊
ကမ်းပါးယံပေါ်မှလူများကလျင်မြန်စွာဖြင့်ပြင်ဆင်ထားသည့် ယဇ်ကောင်များကို ကမန်းကတန်းပြကြသည်၊
ယဇ်ပူဇော်ကောင်များကိုမြင်လိုက်ရသဖြင့်, သဲနီငါးကြင်းသွေးနဂါး၏မျက်လုံးများသည် မီးမောင်းနှစ်ခုကဲ့သို့ပိုမိုတောက်ပလာသည်၊
၎င်းကသူ၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်သည်၊ ယဇ်ပူဇော်ပွဲများပတ်လည်တွင် ရေများသည် တိုင်နှစ်တိုင်ကိုရစ်ပတ်လာပြီးမြစ်ရေများကမျက်နှာပြင်ပေါ်သို့ပေါက် ထွက်လာသည်၊ ထိုကဲ့သို့ပင် ယဇ်ပူဇော်မှုများကိုမြစ်ရေထဲသို့ဆွဲငင်သွားတော့သည်၊
ကောင်းဖန်သည်၎င်း၏ကျွမ်းကျင်မှုကိုပြသသည့်ဧကရာဇ်အဆင့်သားရဲမျိုးကို ပထမဆုံးတွေ့မြင်ဖူးတာဖြစ်သည်၊ ရေအပေါ်ထိန်းချုပ်မှုအဆင့်သည် ကောင်းဖန်၏အူအတွင်းထဲ ထိတုန်လှုပ်သွားခဲ့သည်၊ ဒဏ္ဍာရီထဲကနတ်ဆိုးတွေလိုပင်၊
ပါးစပ်ကိုကျယ်လောင်စွာဖွင့်လိုက်ပြီး, (သဲနီငါးကြင်းသွေးနဂါးရဲ့ပါးစပ်က တကယ်ကိုကျယ်ပါတယ်) ၎င်းကသူ၏ဗိုက်ထဲသို့ယဇ်ကောင်များအားလုံးကိုမြိုချလိုက် သည်၊
ဒီတစ်ခါပေးဆပ်မှုအတွက် အရမ်းကျေနပ်နေသလိုမျိုး သဲနီငါးကြင်းသွေးနဂါးက လူတွေလိုမျိုးခေါင်းညိတ်လိုက်သည်၊
၎င်းသည်၎င်း၏ပါးစပ်မှကြီးမားသောပူဖောင်းကိုမှုတ်ထုတ်ပြီးနောက် မြစ်၏နက်သည့်နေရာသို့ဆင်းသွားတော့သည်၊ ပူဖောင်းများကရေမျက်နှာပြင်ပေါ်တွင်ပေါလောပေါ်နေပြီး နောက်ဆုံးတွင် ကျယ်လောင်သောလေသံနှင့်အတူမြစ်ကမ်းပါးသို့ဖြည်းညင်းစွာ ရောက်လာကြသည်၊ အနီရောင်ဖျော့ဖျော့အကြေးခွံတန်းများကိုမြစ်ကမ်းပါးယံပေါ်တွင် သေသပ်စွာစီတန်းထားသည်၊
သင်္ဘောသားများနှင့် စီးပွားရေးသမားများ၏မျက်နှာများသည်ပြုံးပျော်နေပြီး, ကြည့်ရတာ ဒီတစ်ခါပြန်ပို့သည်ကအတော်ကောင်းသည်ထင်သည်၊
ဆိုတော့, ဒါကဧကရာဇ်အဆင့်သားရဲပေါ့၊
သဲနီငါးကြင်းသွေးနဂါးအပေါ်တွင်ကြောက်ရွံ့မှုနှင့်လေးစားမှုတို့ကို မြင်တွေ့ရပြီး ယခုသူတို့ရရှိထားသောကြောင့်ကြည်နူးနေသည့်ပုံစံကိုတွေ့ရသည့်အခါတွင် ကောင်းဖန်သည်နောက်ဆုံးတွင်ဧကရာဇ်အဆင့်သားရဲများအကြောင်းကိုပိုမိုနက်ရှိုင်း စွာနားလည်လာတော့သည်၊
ဒါဆိုအဘိုးရဲ့ဧကရာဇ်အဆင့်သားရဲကဘယ်လိုသားရဲမျိုးဖြစ်မလဲ? ကောင်းဖန်က ယွိကျိုးသို့အမြန်ပြန်ချင်နေပြီဖြစ်သည်၊
ရိုင်းသောဧကရာဇ်အဆင့်သားရဲကိုအနီးကပ်မတွေ့နိုင်ပေမယ့်, အနည်းဆုံးမိသားစုပိုင် ဖြစ်သည့်သားရဲကိုတော့ထိနိုင်သည်မဟုတ်ပါလား?
***
အပိုင်း၁၇၆ ရေနဂါးဖြူ
ကောင်းဖန်ကယွိကျိုးသို့ပြန်ရောက်ချိန်တွင် နောက်နေ့တောင်ရောက်နေပြီဖြစ်သည်၊
ကြောက်မက်ဖွယ်ပင့်ကူမသည် လွန်ခဲ့တဲ့တစ်ပတ်က ယွိကျိုးမြို့ကိုလေယာဉ်ဖြင့် ရောက်ပြီးဖြစ်သည်၊ အဘိုးကအလွန်ပျော်ရွှင်နေပုံရပြီး ကောင်းဖန်ကကောင်းမွန်တဲ့ အပေးအယူကိုချီးကျူးခဲ့သည်၊
အဘိုး၏အိမ်တွင်ရေကန်ငယ်တစ်ခုရှိသည်၊ ၎င်းကသိပ်မကြီးသလိုကြည့်ရတာသဘာဝ မဟုတ်ဘဲလူလုပ်ဖြစ်ပုံရသည်၊
ရေကန်ဘေးသည်ဖွင့်ထားပြီး အတားအဆီးမရှိ,လေကလည်းသန့်ရှင်းပြီးလန်းဆန်း သည်၊ အဆုံးမရှိသောအပြာရောင်ကောင်းကင်အဖြူရောင်တိမ်တိုက်တို့က ရေကန်၏မျက်နှာပြင်ပေါ်တွင်ရောင်ပြန်ဟပ်နေသည်၊ မျက်နှာပြင်ကတည်ငြိမ်နေပြီး လှိုင်းဂရက်တစ်ခုလေးတောင်မရှိဘဲ, ၎င်းကနက်ရှိုင်းစွာအိပ်ငိုက်နေသလိုမျိုးပင်ဖြစ်နေ သည်၊
ရေကန်ဘေးရှိမြက်ခင်းပြင်တစ်လျှောက်တွင်ခုံတန်းလေးတွေရှိသည်၊ ငါးမျှားတံများကို ရေကန်ဘေးတွင်ချထားပြီး, ငါးစာပါသောငါးမျှားချိတ်ကိုရေကန်အောက်ဘက်သို့ ချထားသည်၊
ဒီမြင်ကွင်းသည် တစ်ချိန်တည်းတွင်အလွန်ကျေနပ်စရာကောင်းပြီး အေးချမ်းလှသည်၊
ထိုမျှလှပသောရေကန်ကသူ့မိသားစုကပိုင်တာဖြစ်သောကြောင့် ကောင်းဖန်ကရေကူး ဘောင်းဘီကိုအိပ်ခန်းထဲထိတောင်ပြန်မလဲနိုင်တော့ပေ၊ အခုလိုပူပြင်းသောနွေရာသီ တွင်ရေချိုးဖို့အတွက်ရေကန်မှာရေစိမ်တာက အရမ်းသက်တောင့်သက်သာဖြစ်မှာ သေချာသည်၊
ကောင်းဖန်သည်ရေကန်ထဲသို့ပျော်ရွှင်စွာခုန်ဆင်းလိုက်တော့ အေးမြတဲ့ရေအိုင်မှ ရေတွေကသူ့ကိုရစ်ပတ်လိုက်သည်၊
ထို့နောက်, ကောင်းဖန်ကရေမျက်နှာပြင်မှသူ့ကိုယ်သူ မြင့်သထက်မြင့်, မြင့်သထက်မြင့်ဖြစ်လာတာကို တွေ့လိုက်ရသည်၊
ထွက်သွားစမ်း!?
ကောင်းဖန်ကရုတ်တရက်သူ့ဘေးသို့ကြည့်လိုက်သည်, ဒါပေမယ့်သူကမလှုပ်နိုင်တာ ကိုတွေ့လိုက်ရသည်၊ သူအောက်ကိုငုံ့ကြည့်လိုက်ပြီးနောက် ရှင်းလင်းနေသော ရေကန်၏ရေသည်ကြိုးတစ်ချောင်းလိုမျိုးပြောင်းသွားပြီး သူ့ကိုတင်းကြပ်စွာဖြင့် ချည်နှောင်လိုက်သည်၊ ရေအတွင်းမှကြိုးသည် ရေကန်၏မျက်နှာပြင်မှတက်လာပြီး ကောင်းကောင်အထက်သို့ဆွဲခေါ်သွားသည်၊
ပြင်းထန်သောအလေးချိန်ကသူ့ကိုပတ်ရံထားပြီး ကောင်းဖန်ကခဏလောက်အံ့အား သင့်သွားသည်၊
ရေကန်ကအသက်ဝင်လာတာလား?
ကောင်းဖန်ကကျယ်လောင်စွာအော်လိုက်သည်, “ဖလိမ်မီ,ဖလိမ်မီ”
သူကရေကန်မှအထက်တွင် ပေ၄၀ ဒါမှမဟုတ် ၅၀လောက်မြင့်နေပြီမှန်း သူတွေ့လိုက် သည်၊ အကယ်၍သူသာဒီလိုအမြင့်ကပြုတ်ကျလို့ကတော့, ကွန်ကရစ်ပေါ်ပြုတ်ကျတာ ထက်အများကြီးကွာခြားမှာမဟုတ်ပေ၊
အကယ်၍သွေးစာချုပ်ကြောင့် အနာတရမဖြစ်ဘဲပေါ်လာရင်တောင်, အဲ့တာကတော့ နာနေဦးမှာဖြစ်သည်!
ဗီလာ၏အတွင်းထဲတွင်တော့, ဖလိမ်မီကအချက်ပြမှုကိုရရှိပြီး ပျံထွက်လာသည်၊ ၎င်းကကြောက်ရွံ့မှုတို့နှင့် ရေကန်၏အောက်ဖက်သို့ကြည့်လိုက်ပြီးနောက်, ကြောက်ရွံ့မှုကိုကျော်လွှားကာ ကောင်းဖန်ဆီသို့ရဲရင့်စွာဖြင့်ပျံသွားလိုက်သည်၊
“နဂါးဖြူ!” ဗီလာ၏ဒုတိယထပ်တွင်, ကျီဟန့်ဝူကအိမ်ဝရန်တာမှထွက်၍ရေကန် ဦးတည်ရာဘက်သို့ကြည့်ကာ သူ့ခေါင်းကိုယမ်းပြသည်၊ “သူကမင်းရဲ့သခင်လေးဘဲ, ညင်ညင်သာသာပဲဆော့။”
ထို့နောက်ကောင်းဖန်သည်သူ၏အထက်သို့တက်နေခြင်းက ဖြေးဖြေးချင်းနိမ့်သွား တော့သည်၊ သူ၏အောက်တွင်တော့, ရေတွေကကန်ထဲသို့ပြန်ကျသွားသည်၊ ထိုအချိန်တွင်, ဖလိမ်မီသည်ကောင်းဖန်ဘက်သို့ပျံသန်းသွားပြီဖြစ်သည်၊ ကောင်းဖန် သည်ဖလိမ်မီ၏ခြေထောက်ကိုဆုပ်ကိုင်လိုက်ပြီး စက်မဲ့လေယာဉ်ဖလိမ်မီကိုစီးကာ ရေကန်ဘေးသို့ဘေးကင်းစွာနှင့်ရောက်သွားတော့သည်၊
တုန်ယင်စွာဖြင့်ကောင်းဖန်က လှည့်လိုက်ပြီး, ရေကန်၏နက်ရှိုင်းသောအပိုင်းသို့ ကြည့်လိုက်သည်၊
တည်ငြိမ်နေသောရေကန်ကရုတ်တရက်တပွက်ပွက်မြည်လာပြီးကြီးမားသော အနက်ရောင်အရာကြီးကဖြေးညင်းစွာဖြင့်မျက်နှာပြင်ပေါ်သို့ရောက်လာသည်၊
မြွေကြီးလား?!
ဒီလိုမျိုးမြွေကြီးတစ်ကောင်က သူရေကူးနေတဲ့ရေကန်အောက်မှာပုန်းနေမှန်းသိလိုက် တာကြောင့်ကောင်းဖန်၏ပါးစပ်ထောင့်စွန်းတွေကတွန့်လိမ်သွားသည်၊ သူ့ကြည့်ရတာ မီတာတစ်ထောင်လောက်ရှည်သည့်ပုံရသည်၊
ဒါပေမယ့်ချက်ချင်းဆိုသလိုဘဲ ကောင်းဖန်ကသူဒီထက်ပိုပြီးမမှားနိုင်ဘူးဆိုတာသိလိုက် သည်၊ ဒါကမြွေကြီးမဟုတ်ဘူး၊
နှင်းဖြူရောင်ခေါင်းက ရေမျက်နှာပြင်ပေါ်မှပေါ်ပေါက်လာပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုကရေကန်ထဲတွင်ဝှက်ထားဆဲဖြစ်သည်၊ ရေများက၎င်း၏ ခေါင်းဘေးဘက်မှတစက်စက်ကျနေပြီး,၎င်း၏လည်ဆံမွှေးများသည် ၎င်း၏လည်ပင်း နှစ်ဖက်တွင်ကပ်နေသည်၊ ကြီးမားသောရေစက်များကကျလာသည်၊ ၎င်း၏နှာခေါင်းကို ပွလိုက်ကာနှာမှုတ်လိုက်တော့အခိုးအငွေ့များထွက်လာသည်၊ လည်ပင်းမှာကပ်နေ သောလည်ဆံမွှေးကရုတ်တရက်ယမ်းလိုက်တော့အမှုန်အမွှားများကလေထဲတွင် ဖြန်းကနဲဖြစ်သွားသည်၊ လည်ဆံမွှေးများသည်လေထဲတွင်လွင့်မျောကာချောမွေ့သော အသွင်အပြင်ကိုပြန်လည်ရရှိလာသည်၊
ရေကန်အောက်တွင် ပုန်းနေသည့်သတ္တဝါမှာ ရေနဂါးဖြစ်ကြောင်းထင်ရှားသည်၊
ကောင်းဖန်ကမနေ့ကသူပြောခဲ့တဲ့စကားတွေကိုသတိရသွားပြီး မေးရိုးတွေအောက်သို့ ပြုတ်ကျသွားတော့သည်၊ အဘိုးမှာတကယ်ကိုနဂါးတစ်ကောင်ရှိနေတာဘဲ၊
၎င်းကရေနေနဂါးဖြစ်နေသော်လည်း, ၎င်းကနဂါးဖြစ်နေဆဲဟုမှတ်ယူနိုင်သည်၊
ကောင်းဖန်ကရုတ်တရက်ဟွားရှား၏ရှည်လျားသောသမိုင်းကြောင်းမှဆင်းသက်လာ သည့်ဒဏ္ဍာရီမျိုးစုံကိုတွေးမိသွားသည်၊ ယခုသူကရေနဂါးတစ်ကောင်ကိုတွေ့လိုက် ရတော့ သရဲတွေ, နတ်သမီးတွေ,ဖီးနစ်တွေ,ချီလင်တွေနဲ့တခြားသတ္တဝါတွေက ဒဏ္ဍာရီသာမဟုတ်ဟုဆိုလိုသည်လား?
ထိုသို့သောအယူအဆကြောင့် ကောင်းဖန်သည်ယခုထိရူးကြောင်ကြောင်ဖြစ်နေသော ဖလိမ်မီကိုကြည့်လိုက်သည်၊ ဖလိမ်မီကဘာမှသတိမထားမိဘဲလက်ရှိတွင် ရေကန်ဘေးခုံတန်းတွင်နေကာ စားပွဲပေါ်မှသစ်သီးများကိုစားနေသည်၊
ရှေးအရင်ချိန်တွေတုန်းက, ကြိုးကြာငှက်ကဲ့သို့ငှက်မျိုးရှိပြီး, ခြေထောက်တစ်ဖက်, အနီရောင်အမှတ်အသားများ, အစိမ်းရောင်ခန္ဓာကိုယ်,နှင့်အဖြူရောင်နှုတ်သီး၊ ၎င်း၏နာမည်ကပိုင်ဖုန်း၊ ၎င်း၏နာမည်သည်၎င်း၏နာမည်ဖြင့်တူညီပြီး, ၎င်းပေါ်လာ သည့်နေရာတွင်ထူးဆန်းသောမီးလောင်မှုများဖြစ်ပွားခဲ့သည်၊
၎င်း၏ပုံစံကကြိုးကြာလို, ၎င်း၏ခြေထောက်တစ်ဖက်,ပြီးတော့သူကမီးမှုတ်နိုင်တယ်၊ ဖလိမ်မီကဒဏ္ဍာရီထဲက ဒဏ္ဍာရီလာငှက်နှင့်ဆင်တူနေပြီးဖြစ်သည်၊
ဒါပေမယ့်… ဒဏ္ဍာရီထဲက, ပိုင်ဖုန်းကဒီလောက်မဝလောက်ဘူးမလား, ဟုတ်တယ်မလား?
ကောင်းဖန်ကဒုတိယတစ်ကြိမ်ဖလိမ်မီကိုကြည့်လိုက်သည်၊
ဖလိမ်မီကသူ့သခင်သူ့ကိုကြည့်နေတာကိုသတိထားမိသွားသည်၊ ကောင်းဖန်က ထူးဆန်းသည့်အကြည့်ကိုပေးနေသောကြောင့်ဖလိမ်မီကကောင်းဖန်ကိုဒေါသတကြီး စိုက်ကြည့်ကာကျယ်လောင်စွာအော်လိုက်သည်၊
ဘာကိုကြည့်နေတာလဲ? ငါကဝတုတ်ကောင်ဘဲ!
အဲ့တော့ ဘာဖြစ်လဲ!
မင်းကငါဝတာကိုမကြိုက်ဘူးလား?
ကောင်းဖန်ကဘာမှကိုပြန်မပြောတော့ပေ၊ဖက်တီးကိုအနှောက်အယှက်မပေးဘဲ အဝေးကိုသာကြည့်လိုက်သည်၊
သူ့ရဲ့သားရဲတွေကနေ့စဉ်နဲ့အမျှပိုပြီးသဘောထားကြီးလာကြသည်၊
ဖလိမ်မီသည် လက်ရှိတွင်ဒဏ္ဍာရီလာငှက်ပိုင်ဖုန်းနှင့် တော်တော်လေးဝေးနေသေး သော်လည်း၎င်းသည်ထိုလမ်းကြောင်းအတိုင်းပြောင်းလဲနေပုံရသည်၊
သူလှည့်ကြည့်လိုက်တော့ ရေကန်ထဲမှနဂါးကြီးက ရေကန်းစပ်မှတက်လာပြီး သတိမထားမိစွာဖြင့်လှဲလျောင်းနေတာကိုတွေ့လိုက်ရသည်၊ ၎င်း၏ခန္ဓာကိုယ်တစ်ဝက် သည်ရေကန်စပ်တွင်ရှိပြီး နောက်ခန္ဓာကိုယ်တစ်ဝက်ကရေအောက်တွင်ရှိသည်၊ မြေပြင်ပေါ်၌ပျင်းရိစွာဖြင့်လူးလိမ့်နေသည်၊
၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးနှင့်,ရေမျက်နှာပြင်ပေါ်တွင်ရှိနေသောအစိတ်အပိုင်းများသည် ကြည့်လိုက်လျှင်ကြောက်ဖို့ကောင်းလှသည်၊ ဒါပေမယ့် ၎င်း၏လှုပ်ရှားမှုများ ကကောင်းဖန်အတွက်စိတ်လှုပ်ရှားစရာကောင်းလှသည်၊ ဆန့်ထုတ်ပြီး ပွတ်ပစ်လိုက် ချင်စိတ်ကတားမရအောင်ဖြစ်နေသည်၊
သူအရင်ကရေနဂါးကိုတစ်ခါမှမထိတွေ့ဖူးပေ၊ ရေနဂါးကိုထိဖူးသောကမ္ဘာပေါ်ရှိ လူအရေအတွက်ကိုလည်းလက်တစ်ဖက်တည်းဖြင့်ရေတွက်နိုင်လောက်သည်၊
[မကောင်းဆိုးဝါးအမည်]-ရေနဂါးဖြူ
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၅၀(ဧကရာဇ်အဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံခြင်းအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်]-တိမ်/ရေ
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ချစ်စရာကောင်းအောင်သရုပ်ဆောင်နေခြင်း)
[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-ရေထိန်းချုပ်ခြင်းအဆင့်၄, တိမ်ထိန်းချုပ်ခြင်း အဆင့်၄,မာကျောသောအကြေးခွံအဆင့်၃
[ထူးခြားသောစရိုက်လက္ခဏာများ]-တိမ်လမ်းလျှောက်ခြင်း, မိုးသံချပ်ကာ (သက်ရောက်မှု၁တုန်လှုပ်မှုမရှိသောကျွမ်းကျင်မှုများ- တိမ်များ,မြူများ သို့မဟုတ် တိမ်အမျိုးအစားပတ်ဝန်းကျင်တွင်ရေနဂါး၏လျင်မြန်မှုနှင့်အရှိန်သည်ကောင်းမွန်စွာ တိုးတက်သည်၊
သက်ရောက်မှု၂ တုန်လှုပ်မှုမရှိသောကျွမ်းကျင်မှုများ-ရေကန်များ,မြစ်များ, မုန်တိုင်း များ,သို့မဟုတ် ရေအစုအဝေးနှင့်ရေအမျိုးအစားပတ်ဝန်းကျင်များတွင် ရေနဂါး၏ အကြေးခွံများနှင့်လက်သည်းများသည်ပို၍မာကျောလာပြီးပို၍စွမ်းအားပြည့်လာသည်၊)
မှတ်ချက်;အကျိုးသက်ရောက်မှုများကိုထပ်စုစည်းနိုင်သည်၊
[ထူးခြားအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ]-၁-စစ်မှန်သောသွေးဆင့်ကဲဖြစ်စဉ်, ၂_ကပ်ဘေးဆင့်ကဲဖြစ်စဉ်, ၃-ရေအမျိုးအစားဆင့်ကဲဖြစ်စဉ်…
ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများစွာမရှိခဲ့သော်လည်း စုစုပေါင်းဆင့်ကဲဖြစ်စဉ်ငါးခုရှိ သည်၊ သားရဲ၏အဆင့်တိုးလာသည်နှင့်အမျှဆင့်ကဲဖြစ်စဉ်အရေအတွက်လျော့နည်း လာမည်ဖြစ်ကြောင်းကောင်းဖန်သဘောပေါက်လိုက်သည်၊
ထိုသို့ဖြစ်သော်ငြားလည်း ဆင့်ကဲဖြစ်စဉ်ငါးမျိုးမှာ အတော်အတန်ထည့်သွင်းစဉ်းစား နိုင်သေးသည်၊
ကောင်းဖန်ကဒေတာဇယားတွင်ဖော်ပြထားသောလမ်းကြောင်းများမှလွဲ၍ အခြားသောဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများရှိနိုင်ခြေကိုလည်းထည့်၍စဉ်းစားခဲ့သည်၊
သို့သော်ထိုအရာများကိုလက်တွေ့ကျကျမစဉ်းစားမှီသူသွားရမည့်လမ်းကြောင်းမှာ အတော်လေးဝေးကွာလွန်းသေးသည်၊
ကောင်းဖန်သည်ဆင့်ကဲဖြစ်စဉ်ငါးမျိုးစီအတွက်လိုအပ်သောပစ္စည်းများကိုမှတ်သားရန် သတိထားလိုက်ပြီးနောက်, အခွင့်အရေးရသောအခါအချက်အလက်များကို အဘိုးအား လွှဲပြောင်းပေးရန်ပြင်ဆင်မည်ဖြစ်သည်၊
ရေနဂါးဖြူသည်ကောင်းဖန်တွေ့ဆုံဖူးသောသားရဲများထဲတွင် အဆင့်အမြင့်ဆုံးဖြစ် သည်၊ကောင်းဖန်သည်မဟာမိတ်လုပ်ထားသောလူဖြစ်တာကြောင့် ရေနဂါးဖြူသည်၎င်း၏အသွင်အပြင်ကိုအပြည့်အဝထိန်းထားသည်၊ ဒီအချိန်မှာတော့ ၎င်းကနူးညံ့ပုံရသည်၊
ဒီသားရဲ၏ထူးခြားသောစရိုက်လက္ခဏာထဲတွင် အကုန်လုံးကတုန့်လှုပ်မှုမရှိသော ကျွမ်းကျင်မှုများဖြစ်ပြီး, တစ်ခုမှာ၎င်း၏အရှိန်နှင့်သွက်လက်မှုကိုတိုးမြှင့်ပေးခြင်း, နောက်တစ်ခုကတော့ ၎င်း၏အကြေးခွံများနှင့်လက်သည်းများ၏မာကျောမှုစွမ်းအား ကိုတိုးမြှင့်စေခြင်းတို့ဖြစ်သည်၊
ဆိုလိုသည်မှာ,ရေနဂါးဖြူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များသည်လုံးဝကိုကြောက်စရာ ကောင်းလှသည်၊
ကောင်းဖန်ကဆက်လက်လုပ်ဆောင်ရန်ရည်ရွယ်သည်၊ သူက၎င်းသတိမထားမိသည့် အချိန်တွင်နဂါးကိုထိရန်အတွက်ရှေ့သို့လက်မအနည်းငယ်လောက်ရွေ့လိုက်သည်၊
နှစ်ခုစလုံးတွင်,နဂါးသွေးများပါဝင်တာကြောင့်, ရေနဂါးဖြူသည်သေချာပေါက်ကို သဲနီဂဏန်းသွေးနဂါးကိုအဆင့်နှင့်စွမ်းရည်များနှစ်ခုလုံးဖြင့်ဖိနှိပ်နိုင်မည်ဖြစ်သည်၊
သူနီးကပ်လာသည်နှင့်အမျှ ရေနဂါးဖြူသည်မြက်ခင်းပြင်ပေါ်တွင် ပျင်းရိစွာဖြင့် ဖြဲကားနေရင်းရုတ်တရက်မျက်လုံးဖွင့်ကာလှည့်ကြည့်လိုက်သည်၊ ကြီးမားသော နဂါးမျက်လုံးများသည်ကောင်းဖန်ကိုတိုက်ရိုက်စိုက်ကြည့်နေပြီး သူ၏လျှို့ဝှက်စွာ ဆန့်တန်းထားသောလက်များကလေထဲတွင်ကို့ရို့ကားရားဖြစ်နေတော့သည်၊
ထိုအခိုက်အတန့်တွင်အကြံဉာဏ်တစ်ခုရလာပြီး ကောင်းဖန်သည်ဆွဲဆန့်သလိုမျိုး သူ၏ညာလက်ကိုဆန့်ထုတ်လိုက်သည်၊
သူကနဂါးဖြူကိုနောင်တများစွာဖြင့်ကြည့်လိုက်သည်၊ ကြည့်ရတာအခုနဂါးကိုပွတ်ဖို့ အခွင့်အရေးမရှိသေးဘူးနဲ့တူတယ်၊
***
စာစဉ် ၁၁ ပြီး၏။