← Chapters

အခန်း (၁၇၇-၁၈၀)

Vol. 12 Ch. 177-200

အခန်း (၁၇၇-၁၈၀)

Vol. 12 Ch. 177-200

အပိုင်း၁၇၇ တိုင်းတာခြင်းဂျယ်လီငါး

ထို့နောက်, နဂါး၏ကြီးမားသောခြေသည်းအရိပ်က ကောင်းဖန်၏အပေါ်မှထွက်ပေါ်လာ သည်၊ ထိုခြေသည်းကြီးကသူ့ခေါင်းကိုထိလိုက်သောအခါ, သူ့ဦးရေပြားကို သတ္ထုတုံး အတုံးအခဲကြီးတစ်ခုဖြင့်ပုတ်မိလိုက်သလိုခံစားလိုက်ရသည်၊

ထိုကဲ့သို့ပုတ်အပြီးတွင်, ကောင်းဖန်ဦးရေပြားကအနည်းငယ်နာသွားသလိုခံစားလိုက်ရ ပြီး, သူ့ခန္ဓာကိုယ်ကရွေ့လျားဖို့အတွက်မေ့နေခဲ့သည်၊

ငါ…ငါ့ခေါင်းကိုနဂါးကပုတ်လိုက်တာလား?

ထိုအချိန်မှာဘဲ, ကောင်းဖန်ဘေးဘက်သို့လှည့်ပတ်ကြည့်လိုက်တော့, နဂါးဖြူကသူ့ ခြေသည်းတွေကိုပြန်ရုတ်သွားပြီး တိတ်ဆိတ်စွာဖြင့်ရေကန်ထဲသို့ပြန်ဆင်းသွားကာ ရေကန်၏မျက်နှာပြင်တွင်တော့ လှိုင်းအနည်းငယ်လောက်သာကျန်နေခဲ့တော့သည်၊

ဗီလာသို့ပြန်ရောက်ပြီးနောက်, ကောင်းဖန်သည်သူ၏အဘိုးကိုဆင့်ကဲဖြစ်စဉ်လမ်းစဉ် များနှင့် နဂါးဖြူအတွက်လိုအပ်သောပစ္စည်းများအားလုံးကို သူ့အဘိုးအားပြောပြလိုက်ပြီး သူ့အဘိုးကပါဝင်သောပစ္စည်းများအားလုံးကိုမှတ်ထားလိုက်သည်၊ ပြီးတော့ အချို့သောနာမည်များကသူ့အတွက်အတော်လေးစိမ်းသက်နေပေမယ့်, သူကတော့ သူ့အိတ်ကပ်ထဲကမှတ်စုစာအုပ်အသေးလေးကိုထုတ်ကာအကုန်ချရေးထားပြီး မှတ်ထားဆဲဖြစ်သည်။

“အိုး, ဟုတ်သား၊ မင်းငါ့အတွက်ကူပြီးရှာပေးစေချင်တဲ့ပစ္စည်းအများစုကိုရှာတွေ့ပြီ၊ ဒါပေမယ့်မင်းရဲ့သားရဲတွေကိုမြှင့်တင်ချင်ရင် ကုမ္ပဏီမှာရှိတဲ့အဆင့်မြင့် သားရဲပျိုးထောင်သူတွေကိုရှာနိုင်တယ်၊ သူတို့နဲ့ဆွေးနွေးတာက မင်းကိုယ်ပိုင် စမ်းသပ်တာထက်ပိုပြီးတော့ ကောင်းတာပေါ့” အဘိုးကပြောလိုက်သည်၊

ကောင်းဖန်ထိုအဆင့်မြင့်သားရဲနှစ်ယောက်ထက် မည်မျှပင်သာလွန်ကြောင်းကိုတော့ မငြင်းခုံတော့ပေ၊ ပြောရမယ်ဆိုရင်တော့သူ့မှာသက်သေပြဖို့မရှိဘူးလေ၊ ဓာတ်ခွဲခန်းရလဒ်များရောက်တဲ့အထိစောင့်ခြင်းက အကောင်းဆုံးဖြစ်သည်၊ အဲ့တာက စကားလုံးတွေထက်ပိုပြီးထိရောက်သည်၊

ကောင်းဖန်သူ့အဘိုးလက်ထဲမှလှမ်း၍ယူလိုက်ပြီးနောက် စာရင်းပါသောပစ္စည်းများကို စစ်ဆေးနေသည်၊ လက်တွေ့တွင် ငွေနှင့်ဝယ်ယူလို့ရသည့်ပစ္စည်းအားလုံးရှိသည်၊ ကျန်ပစ္စည်းတွေကတော့ အလွန်ရှားပါးသောကြောင့် ၎င်းတို့အတွက်ဈေးကွက်မရှိ သလောက်ပင် သို့မဟုတ် ငွေတစ်ခုတည်းဖြင့်ဝယ်ယူ၍မရနိုင်ပေ၊

ငွေသည်အရာရာတိုင်းကိုမရနိုင်မှန်း ကောင်းဖန်ပထမဆုံးသဘောပေါက်လိုက်သည်၊ တချို့အရာတွေကအရမ်းတန်ဖိုးကြီးတာကြောင့် သူတို့ဝယ်ယူ၍မရနိုင်ပေ, သားရဲသလင်းကျောက်ဖြင့်တောင်ဝယ်ယူ၍မရနိုင်ပေ၊ ၎င်းကရိုးရှင်းသည်, ဘာကြောင့်လဲဆိုတော့၎င်းတို့ကိုဘယ်သူမှမရောင်းသောကြောင့် သို့မဟုတ် ၎င်းတို့က ဈေးကွက်မှာတင်ကိုမရှိလို့လား။

ဒါပေမယ့်ဘယ်နည်းနဲ့မဆို ဆီလီကိုပြီးပြည့်စုံတဲ့အဆင့်အထိမြှင့်တင်ဖို့လိုအပ်တဲ့ပစ္စည်းတွေစုထားသည်၊ ဆိုလိုသည်မှာဆီလီကအုပ်ချုပ်သူအဆင့်ကိုကျော်ဖြတ်ဖို့အတွက် အခွင့်အရေးရသွားပြီဖြစ်သည်၊

ကောင်းဖန်ကဆုံးဖြတ်ချက်ချလိုက်သည်၊ ဆီလီကယခုဆိုအဆင့်၂၀ဖြစ်ပြီး, ၎င်း၏ကိုယ်ပိုင်နေရာလပ်သည် ရေခဲသေတ္တာလောက်တော့ကြီးနေပြီဖြစ်သည်၊ အကယ်၍သူ့ကိုအုပ်ချုပ်သူအဆင့်ထိတိုးမြှင့်ဖို့စီစဉ်နိုင်ခဲ့လျှင်, ကိုယ်ပိုင်နေရာလပ်သည် သေချာပေါက်မိုးပျံပူဖောင်းလောက်ထိတော့ဖြစ်သွားမည် ဖြစ်သည်၊ ထိုအချိန်တွင်တော့, ၎င်းကသယ်ဆောင်ရလွယ်ကူသည့်ဂိုဒေါင်အသေးစား လေးတစ်ခုကဲ့သို့ဖြစ်လိမ့်မည်၊

ဆီလီ၏အဆင့်ကိုမြှင့်တင်ရန်အတွက်နည်းလမ်းများသည်မရှုပ်ထွေးပေ။ ကောင်းဖန်က ကုမ္ပဏီ၏တခြားကိုယ်ပိုင်ဓာတ်ခွဲခန်းတစ်ခုကိုငှားလိုက်ပြီး လိုအပ်သောပစ္စည်းများကို ပြင်ဆင်ရန်အတွက် နေ့တစ်ဝက်ခန့်သူတစ်ယောက်တည်းအလုပ်များနေခဲ့သည်၊

ကောင်းဖန်သည်သူ့လက်ထဲတွင် နီညိုရောင်စမ်းသပ်သွေးရည်ကြည်ကိုကြည့်လိုက် သည်၊ ဓာတ်ခွဲခန်းအတွင်းရှိမီးရောင်များသည်၎င်းကိုဖြတ်၍ကြည်လင်နေပြီး အလွန် ကောင်းသောအရောင်ဖြစ်သည်၊ကောင်းဖန်သည်ပျော်ရည်ဖြင့်ရေကိုရောစပ်ပြီးနောက် ဆီလီကိုထိုထဲသို့ပျံလာခိုင်းလိုက်သည်၊

နောက်ဆုံးတစ်ခေါက်, အစိမ်းရောင်သွေးရည်ကြည်ကဆီလီကိုလက်ရှိ ကျောက်စိမ်းရောင်အဖြစ်သို့ပြောင်းသွားစေသည်၊ ဒီတစ်ကြိမ်တော့, ဒီအနီရောင် သွေးရည်ကြည်ကဆီလီကိုအရောင်ပြောင်းပေးနိုင်လိမ့်မည်လို့ကောင်းဖန်မျှော်လင့် သည်၊

သွေးရည်ကြည်သတ္ထုဖန်ပုလင်းထဲထည့်လိုက်သည်၊ နီညိုရောင်ကတဖြည်းဖြည်းပျံ့နှံ့ သွားပြီးပန်းသီးစိမ်း၏အနံ့သင်းပျံ့ကာလေထဲတွင်မွှေးပျံ့နေသောအနံ့ထွက်ပေါ်လာ သည်၊

ကောင်းဖန်၏သတိပေးချက်တစ်စုံတရာပင်မလိုဘဲ, ဆီလီကထိုအသီးနံ့ထွက်နေသည် ကိုအနံ့ရသွားပြီး ၎င်း၏မျက်လုံးများကချက်ချင်းတောက်ပလာခဲ့သည်၊ ကမန်းကတန်း ဖြင့်ခုန်ဆင်းကာအရည်များကိုအလုပ်ကြီးကြီးသောက်ချလိုက်သည်၊

၎င်း၏ကျောက်စိမ်းရောင်အရေပြားကဖြေးညင်းစွာဖြင့်ဝိုင်ဖြင့်ဆေးဆိုးထားသလိုမျိုး အနီရောင်အလွှာဖုံးကွယ်ထားသည်၊

ကောင်းဖန်ကဝမ်းသာသွားတော့သည်၊ သူ့နည်းလမ်းကတကယ်ကိုအလုပ်ဖြစ်ခဲ့သည်၊

နာရီဝက်ကြာပြီးနောက်, ဖန်ပုလင်းထဲရှိအရည်များကတဖြည်းဖြည်းကြည်လင်လာသည်၊ ဆီလီသည်ဖန်ပုလင်းထဲမှဖြည်းညှင်းစွာပျံထွက်လာတော့ ကောင်းဖန်၏ အမူအရာ ကမဲမှောင်သွားတော့သည်၊ အရောင်ကပိုပြီးအနက်ဘက်ပါတဲ့ အစိမ်းရင့်ရောင်ပြောင်းသွားတော့သည်၊

ဒါပေမယ့် အစိမ်းရင့်က ကျောက်စိမ်းရောင်ထက်တော့ပိုကောင်းသေးသည်၊

အနည်းဆုံး အားနည်းသောအလင်းရောင်ရှိသည့်အခြေအနေက, ကြည့်ရသည်မှာ အနက်ရောင်ကဲ့သို့ပင်ဖြစ်သည်၊

[မကောင်းဆိုးဝါးအမည်]-တိုင်းတာခြင်းဂျယ်လီငါး

[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်]-အဆင့်၂၀

[မကောင်းဆိုးဝါးစွမ်းရည်]-၁-နေရာလပ်စွမ်းရည်,၂-သစ်သားစွမ်းအင်

[မကောင်းဆိုးဝါးအားနည်းချက်]-၁-လျှပ်စီးအမျိုးအစား,၂-ရေခဲအမျိုးအစား, ၃- ငါးကိုကြောက်ခြင်း

အဆင့်တိုးမြှင့်သွားပြီးနောက်, ဆီလီသည်လေထဲတွင်တိတ်တဆိတ်ပျံဝဲလာသည်၊ ၎င်းကထိုနေရာတွင်ခဏလောက်တန့်နေပြီး, အံ့ဩနေသည်၊ ထို့နောက်အေးဆေးစွာ ဖြင့်ကောင်းဖန်၏ခေါင်းပေါ်သို့ပျံဝဲလာပြီး ဖျော်ရည်အနည်းငယ်ကိုထုတ်လိုက်ကာ လုပ်နေကျအတိုင်းပဲသောက်နေလိုက်သည်၊

ထို့နောက်, ကောင်းဖန်ကတာ့ဇီနှင့်အစင်းလေးကိုပြီးပြည့်စုံသောအဆင့်အတန်းသို့ မြှင့်တင်ရန်ပစ္စည်းများကိုပြင်ဆင်နေသည်၊ အဆင့်များက သူတို့ရောက်နေသော အုပ်ချုပ်သူအဆင့်မှတစ်ဆင့်လျော့သွားပြီး, ယခုတွင်သူတို့က ပြီးပြည့်စုံသော အဆင့်အတန်းသို့ပြန်ရောက်သွားပြီဖြစ်သည်၊

ကျန်တာတွေအားလုံးက ထင်ရှားခြင်းအဆင့်အတန်းသို့မြှင့်တင်ဖို့အတွက် ပစ္စည်းများ ဖြစ်သည်၊ ပစ္စည်းများသည်ရှားပါးပြီး အဓိကပါဝင်ပစ္စည်းအချို့ကိုမရရှိနိုင်သေးသော် လည်း အနည်းဆုံးတော့၎င်းတို့ကိုစုဆောင်းရန်စနိုင်ပြီဖြစ်သည်၊

…

ကပ်ဆိုးကြီးပြီးနောက်, အာဖရိကတိုက်တွင် ပိုပြီးရှေးကျကာကြမ်းတမ်းလာသည်၊ ၎င်းကရိုင်းစိုင်းကြမ်းတမ်းသည့်တောတွင်းအနံ့အသက်များဖြင့်ပြည့်နေပြီး, လူနေမြို့များကရှားပါးသည်၊မြို့များသည်မြေပြန့်နေရာများတွင်စုဝေးနေကြသည်၊

တစ်ခုပြီးတစ်ခု, သူတို့သည်အာဖရိကတစ်ဝှမ်းလုံးမှ ထူးခြားသောဒြပ်စင်များဖြင့် ပြည့်နေသောဧရာမမြေပြန့်ပုံစံကြီးမားသောမြို့များအဖြစ်ပြုလုပ်ခဲ့ကြသည်၊ အဆောက်အအုံများ၏နံရံများက အရောင်စုံနေသောလက်ဖြင့်ရေးခြစ်ထားသည့်ပုံစံ များဖြင့်ဖုံးအုပ်ထားသည်၊

အာဖရိကတောင်ပိုင်းရှိအဓိကမြို့သည်လူဆာကာဖြစ်သည်၊ ၎င်းသည်ကမ္ဘာ့အကြီးဆုံး ကြေးနီတင်ပို့သူဖြစ်ပြီး, ၎င်းကထို့ကြောင့်ပင်ကြေးနီမြို့ဟူ၍လူသိများသည်၊

ထိုနေရာတွင်များပြားသောကြေးနီမိုင်းတွင်းများရှိပြီးလူဆာကာနှင့်နီးကာ များပြားသောမြို့များ၏အဆောက်အအုံများကကြေးနီဖြင့်ပြုလုပ်ထားပြီး သူတို့က နေရောင်အောက်တွင်တောက်ပနေသည်၊

လူဆာကာအခြေစိုက်မြို့၏မိုင်၅၀၀တွင်ဖွင့်ဟထားသောနေရာကွက်လပ်ရှိသည်၊ ၎င်းတို့သည်လူဆာကာမြောက်ပိုင်းနယ်စပ်၏လွင်ပြင်များဖြစ်ပြီး၎င်းတို့ကို ခေါင်းဖြူပျားအုပ်ကြီးကသိမ်းပိုက်ထားသည်၊ ခြင်္သေ့များနှင့်ကျားများပင်လျှင် ပေါ့ပေါ့ဆဆမဝင်နိုင်ပေ, အကြောင်းမှာ၎င်းသည်တောရိုင်းတိရိစ္ဆာန်များကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိသောတိရိစ္ဆာန်မျိုးနွယ်စုဖြစ်သောကြောင့်ဖြစ်သည်၊

ပွင့်လင်းလွင်ပြင်အလယ်တွင်အထက်မှအောက်သို့ဒေါင်လိုက်မျဉ်းစောင်းကဲ့သို့ အက်ကြောင်းတစ်ခု ရုတ်တရက်ကွဲထွက်သွားသည်၊

အက်ကြောင်းသည်ထူထဲသောဆံချည်မျှင်လောက်သာဖြစ်ပေမယ့်, ၎င်းထဲမှ လွင့်စင်ပပျောက်ခြင်းမရှိသောထူထဲသည့်အနက်ရောင်တိမ်မြူများကထွက်ပေါ်လာ သည်၊ အနက်ရောင်မြူများကပိုပြီးပြင်းထန်လာကာ အပြင်သို့ကမူးရှုးတိုးဖြင့် ထွက်ပေါ်လာတော့သည်၊

လူဆာကာအခြေစိုက်မြို့တွင်, အဆောက်အဦးတစ်ခု၏အနီရောင်သတိပေးချက်မီး သည်ရုတ်တရက်လင်းလာသည်၊ ထိုအဆောက်အဦးသည်မြို့လယ်ခေါင်၏ တောင်ဘက်၌တည်ဆောက်ထားပြီးသေးငယ်ပြီးမြေနိမ့်ပိုင်းမှတိုက်လေးဖြစ်သည်၊

“မြန်မြန်! ဘာဖြစ်တာတုန်းသွားကြည့်ချည်ဦး!”

“အခုဘယ်ဧရိယာမှာလဲ?”

တိုက်လေးထဲတွင်ဆူဆူညံညံဖြစ်လာတော့သည်၊

“ စွမ်းအားမြင့်ကြားကွက်လပ်တုံ့ပြန်မှု! ဗိုက်သားဖြူတီကောင်ကတုန်လှုပ်နေတယ် အနီးအနားမှာစွမ်းအင်မြင့်မားတဲ့တုံ့ပြန်မှုဖြစ်နေတာဘဲ!အဲ့တာက ကြားကွက်လပ် အက်ကွဲကြောင်းကဖြစ်နိုင်တယ်၊”

အသားဖြင့်ကပ်နေသောတိုက်ခိုက်ရေးဝတ်စုံအနက်ကိုတင်းကျပ်စွာဝတ်ဆင်ထားသော စစ်သားကအပေါ်ထပ်သို့လျင်မြန်စွာတက်လာပြီး,ရုံးခန်းထဲသို့ကမန်းကတန်းဝင်လာခဲ့ သည်၊

“အာကေး” စစ်ယူနီဖောင်းဝတ်ထားသောထွားကျိုင်းသည့်တပ်မှူးချုပ်က ရုံးခန်း၏ ထောင့်တွင်ထိုင်နေသောလူမည်းလူငယ်ကိုစကားပြောလိုက်သည်၊

ငယ်ရွယ်တဲ့လူမည်းကောင်လေးကသူ့ခေါင်းကိုမော့လိုက်ပြီး, ကိုင်ထားသည့်ဂိမ်းစက် ကိုဖယ်ကာပျင်းရိစွာဖြင့်ရပ်လိုက်သည်၊ “အာကေး, အချိန်မရွေးအဆင်သင့်ပါဘဲ!

လူငယ်လေးက၁.၉မီတာရှည်ပြီးမတ်မတ်ရပ်နေကာ, သူ၏သန်မာထွားကျိုင်းသော ပုံစံကသူ၏ယူနီဖောင်းချုပ်ရိုးများကိုတင်းကြပ်နေသည်၊

“ ဗိုက်သားဖြူတီကောင်ကိုခေါ်ပြီး ပစ်မှတ်တည်နေရာကိုစစ်ဆေးကြည့်….ပြီးတော့ ဂရုစိုက်ဦး”

“ဟုတ်ကဲ့,” အာကေးကပြုံးကာ ညီညာပြီးတောက်ပနေတဲ့သူ့သွားဖြူဖြူတွေကိုလှစ်ပြ လိုက်သည်၊

…

“အိုး,သေစမ်း” လေထဲတွင်အနီရောင်သိမ်းငှက်အပေါ်၌ အာကေးက အောက်ရှိလွင်ပြင် များကိုမကျေမနပ်ဖြင့်ငုံ့ကြည့်နေသည်၊

မြေကြီးက အနက်ရောင်ဆိုးဆေးများဖြင့်လုံးလုံးလျားလျားဆေးဆိုးထားသလိုမျိုး လေထုထဲတွင်နက်မှောင်နေသည့်မြူများဖြင့်ဖုံးကွယ်ခံထားရသည်၊ အနက်ရောင် မြူခိုးတွေထဲမှဘာကိုမှမမြင်နိုင်သလို အပြင်မှကြည့်လျှင်လည်းဘာမှမမြင်နိုင်ပေ၊

အာကေးသည်သူနှင့် သားရဲ၏ပျံသန်းမှုအမြင့်ပေကိုနိမ့်လိုက်သည်၊ အနက်ရောင်မြူ များသည်သူ့အလိုလိုအသက်ရှိနေပုံရပြီး, ပါးလွှာမသွားဘဲထူထပ်စွာဖြင့်စုပုံလာသည်၊ ထိုအစား, အပြင်ဘက်သို့တဖြည်းဖြည်းပျံ့နှံ့သွားသည်၊

သူကအဆိပ်ရှိခြင်း သို့မဟုတ် တခြားတစ်စုံတစ်ရာကိုသိရှိရန်အတွက်တော့မြူမည်း များဖြင့်ထိတွေ့ရန်စိတ်မဝင်စားပေ၊ ဒါကသုတေသီတွေရဲ့အလုပ်ဖြစ်သည်၊

ရုတ်တရက်, အနက်ရောင်မြူခိုးအတွင်းမှအသံတချို့ထွက်ပေါ်လာသည်၊

အာကေး၏အမူအရာကပြောင်းသွားတော့သည်၊ သူနှင့်သိမ်းငှက်သည်မြင့်မားစွာ ပျံသန်းနေသဖြင့်သူ့အောက်ရှိမြူလိုးများကိုကြည့်ကာထိတ်လန့်တကြားကြည့်လိုက် သည်၊ ဆူညံသံကပိုနီးကပ်လာပြီး မြက်ခင်းပြင်ပေါ်မှမြင်းခွာသံများကိုကြားနေရသည်၊

***

အပိုင်း၁၇၈

အာကေးက သိမ်းငှက်၏ခေါင်းကိုပုတ်ကာပြောလိုက်သည်, “မြင့်မြင့်ပျံ”

ဘာမှန်းမသိသောအကြောင်းပြချက်တစ်ခုကြောင့်သူ့နှလုံးထဲတွင်အန္တရာယ်၏ကြိုတင် သတိပေးချက်ကိုခံစားလိုက်ရသည်၊

သိမ်းငှက်သည်အမြင့်သို့ပျံသန်းရန်၎င်း၏အတောင်ပံများကိုခတ်လိုက်သည်၊ ရုတ်တရက်သူတို့အောက်ကခွာသံများကပို၍ကျယ်လာပြီးသူတို့နှင့်ပို၍နီးကပ်လာ သည်၊

မကောင်းတော့ဘူး!

အာကေး၏မျက်စံများကရုတ်တရက်ကျုံ့သွားတော့သည်၊

သူ၏မျက်လုံးထဲတွင်မှောင်မဲနေသောမြူခိုးထဲမှထွက်ပေါ်လာသောအနက်ရောင် အရိပ်တစ်ခုသည်လျှပ်စီးလိုမျိုးခုန်ထွက်လာပြီး သူ့မျက်လုံးရှေ့တွင်ကြီးသထက်ကြီး လာသည်၊

ဂါး!!! သတ္တဝါ၏အလွန်ကျယ်လောင်သောမြည်ဟိန်းသံကြီးကနက်ရှိုင်းသော ငရဲမှနတ်ဆိုးကြီးထွက်ပေါ်လာသကဲ့သို့ပင်ဖြစ်နေသည်၊

အနက်ရောင်ဓားသွားကအရာအားလုံးကိုဖြတ်တောက်ပစ်သည်၊

“မဟုတ်ဘူး!”

လေထဲတွင်, လူနှင့်သိမ်းငှက်တို့သည်အလယ်မှနှစ်ပိုင်းဖြတ်ခံလိုက်ရသည်၊ အတွင်းရှိ အစိတ်အပိုင်းများနှင့်သွေးများကမိုးများကဲ့သို့ဖြာကျလာသည်၊

မြေပြင်ပေါ်သို့မှောင်မဲနေသောခန္ဓာကိုယ်ပုံစံသည် ခိုင်မာစွာဆင်းသက်လိုက်ပြီး ပျင်းရိနေသည့်အသံတိမ်တိမ်တစ်မျိုးထွက်ပေါ်လာသည်၊

၎င်း၏ခန္ဓာကိုယ်ကပိန်ပါးပြီးတင်းမာသည်၊ သူ့တွင်လူကဲ့သို့ကိုယ်ပိုင်းရှိသော်လည်း ၎င်း၏အောက်ပိုင်းသည်မြင်းပုံစံရှိကာအနောက်တိုင်းဒဏ္ဍာရီထဲမှသတ္တဝါနှင့်ဆင်တူ လှသည်၊ ဒါပေမယ့်၎င်း၏ခေါင်းကလူနှင့်တော့ကွာခြားသည်၊ ၎င်းကခေါင်းက ထူးခြားစွာဖြင့်ရိုးရိုးစင်းစင်းပေါ့ပါးပြီး, ဘေးဘက်ကနေဆိုလျှင်၎င်းကမြည်းတစ်ကောင် ၏ခေါင်းနှင့်ဆင်တူလှသည်၊

၎င်း၏ခန္ဓာကိုယ်ဘေးပတ်လည်တွင် ပါးလွှာသောအနက်ရောင်မြူခိုးများဝန်းရံနေ သည်၊ အနက်ရောင်မြူများ၏အောက်တွင်, ၎င်း၏ခန္ဓာကိုယ်ကအရိပ်လိုမျိုးဖြစ်နေပြီး, အတွင်းရောအပြင်မှာပါအရောင်မှိန်နေသည်၊အနက်ရောင်မြူခိုးများကိုဖြတ်၍ , သွေးနီရောင်မျက်လုံးတစ်စုံကတောက်ပနေတာကိုတွေ့နိုင်သည်၊ အောက်သို့ဦးတည် ထားသည့်၎င်း၏ဘယ်လက်၌သုံးမီတာရှည်ပြီးအစွန်းများတွင်လွှသွားပုံစံရှိသောဓား တစ်လက်ဖြစ်သည်၊ သားရဲကထိုဓားကိုထောင့်ဖြတ်ကိုင်ကာမြေပြင်ကိုတရွတ်တိုက် ဆွဲသွားသည်၊

သားရဲကမြူခိုးများ၏ဘေးတွင်ရပ်နေပြီး, ၎င်း၏ခန္ဓာကိုယ်နှင့်မျက်နှာသည်စ၍ မြင်ကွင်းမှမှိန်မှိန်သွားပြန်သည်၊ သူ့နောက်မှမြူခိုးမဲများက၎င်း၏ပတ်လည်တွင် လွှမ်းခြုံသွားပြီး, ၎င်းကိုအပြည့်အဝဝါးမြိုသွားတော့သည်၊

အနက်ရောင်မြူခိုးတွေဆီမှ သံကြိုးသံတွေထွက်ပေါ်လာပြီးမြင်းခွာသံများက မြေပြင်ကိုထွက်ပေါ်လာသည်…

တီဗွီတွင်တော့, ကမ္ဘာ့သတင်းကထုတ်လွှင့်နေသည်၊ လူဆာကာတွင် စွမ်းအင်မြင့်မား သောတုံ့ပြန်မှုတွေ့ကြုံခဲ့ရသည်၊ သတင်းတွင် အသက်ဝင်နေသောအက်ကွဲကြောင်း သည်ထိုနေရာတွင်ပေါ်နေပြီး, လူဆာကာသည်ကမ္ဘာတစ်ဝှမ်းလုံးမှသားရဲလေ့ကျင့်သူ များမြို့သို့ဦးတည်လာကြရန်အတွက်နွေးထွေးစွာကြိုဆိုခဲ့သည်၊

“အဘိုး, အဲ့ဒီကြားကွက်လပ်အက်ကွဲကြောင်းပေါ်လာတာက တစ်ခုခုပြင်းထန်တာ ဖြစ်တော့မယ်လို့သုံးသပ်တာလား? ဘာလို့တစ်ခုခုကအရမ်းကောင်းနေတယ်လို့ထင် နေတာလဲမသိဘူး…”ကောင်းဖန်ကမျက်တောင်ခတ်လိုက်သည်၊ ဒီအခြေအနေကို သူတကယ်နားမလည်ဖြစ်နေသည်၊

ကျီဟန့်ဝူကပေါ့ပေါ့ပါးပါးဖြင့်ပြောလိုက်သည်, “ကမ္ဘာပေါ်မှာ ကြားကွက်လပ်အက်ကွဲ ကြောင်းတွေအများအပြားရှိတယ်, ဒါပေမယ့် အက်ကွဲကြောင်းအမျိုးအစားအများကြီး ရှိတယ်”

“အများကြီးကွဲပြားနေတာတွေထဲကမှ, အဓိကကျတဲ့ကွဲပြားမှုကကြားကွက်လပ် အက်ကွဲကြောင်းဟာ ယာယီ ဒါမှမဟုတ် အမြဲတမ်းဆိုတာမျိုးဘဲ၊ မင်းကနာမည်ကို ကြားတာနဲ့ဘာအမျိုးအစားလဲဆိုတာကို အဖြေရှာနိုင်သလောက်ဘဲ၊ ယာယီကြားကွက်လပ်အက်ကွဲကြောင်းက ကပ်ဆိုးကြီးအစပိုင်းအချိန်ကာလမှာတစ်ခါ ပေါ်လာခဲ့တယ်,ပြီးတော့ အဲ့ထဲကနေ ဒီနှစ်နှစ်အတွင်းဘာလက္ခဏာမှမပြခဲ့ဘူး။” ကျီဟန့်ဝူကသူ့ခေါင်းကိုယမ်းလိုက်သည်၊ “ဒါပေမယ့်, အမြဲတမ်းကြားကွက်လပ် အက်ကွဲကြောင်းကတော့အများကြီးမရှိဘူး၊ အခုထိတော့, အခုလက်ရှိဟာအပါအဝင် သုံးခုဘဲရှာတွေ့ထားတာ”

ထို့ကြောင့်အမြဲတမ်းကြားကွက်လပ်အက်ကွဲကြောင်းများက အလွန်ရှားပါးသည်၊

“ကြားကွက်လပ်အက်ကွဲကြောင်းတွေမှာ အရမ်းကိုစွမ်းအားမြင့်လွန်းတဲ့ သတ္တဝါတွေဖြတ်မသွားနိုင်ဖို့အတွက်သူတို့ရဲ့ကန့်သတ်ချက်ရှိတယ်၊ အကယ်၍, မင်းကကမ္ဘာကြီးကိုအခန်းတစ်ခုအဖြစ်နဲ့, အဲ့နောက်ကြားကွက်လပ်အက်ကွဲကြောင်း ကအခန်းနှစ်ခုကိုဆက်သွယ်ထားတဲ့သေးငယ်တဲ့အပေါက်လို့သတ်မှတ်ကြည့်လိုက်”

“သေးငယ်တဲ့အပေါက်? ဘာလို့တံခါးမဖြစ်ရတာလဲ?” ကောင်းဖန်ကအံ့ဩသွားသည်၊

“တံခါးပေါက်က ကြိုပြီးခန့်မှန်းနိုင်တယ်၊ အကယ်၍တံခါးကအခန်းထဲကသတ္တဝါ အတွက်လုပ်ထားတာဆိုရင်, အဲ့နောက်တော့သူတို့ကဘာအခက်အခဲမှမရှိဘဲနဲ့ အဲ့ကနေထွက်သွားလို့ရတယ်၊ သတ္တဝါတွေအားလုံးကအဲ့တာကိုဖြတ်သွားနိုင်တယ်၊ ဒါပေမယ့်ကြားကွက်လပ်အက်ကွဲကြောင်း, တစ်ဖက်မှာကအကန့်အသတ်နဲ့၊ အရမ်းကို သန်မာတဲ့သတ္တဝါကအဲ့ကနေဖြတ်မသွားနိုင်ဘူး, ပြီးတော့သေးငယ်တဲ့ပိုးမွှားတွေ လောက်သာအဲ့အပေါက်ကနေဖျစ်ညစ်ထွက်နိုင်တယ်”

“သေချာတာပေါ့, ကြားကွက်လပ်အက်ကွဲကြောင်းကအန္တရာယ်များနေဆဲဘဲ, ဒါပေမယ့်ကမ္ဘာကြီးရဲ့ဘယ်အစိတ်အပိုင်းကအန္တရာယ်မများဘဲနေလို့လဲ?” ကျီဟန့်ဝူက သူ့ခေါင်းကိုယမ်းလိုက်သည်၊ “ကြားကွက်လပ်အက်ကွဲကြောင်းတွေကသားရဲအသစ် တွေကိုဆိုလိုတာပြီးတော့ ပိုအရေးကြီးတာကတခြားကမ္ဘာကသားရဲတွေဘဲ၊ အသစ်အဆန်းတွေကအမြဲတမ်းလူကြိုက်များတယ်၊ ဒါကိုနားလည်သင့်တယ်, ဒီလိုစဉ်းစားတွေးခေါ်နိုင်မှုကမင်းဘယ်ကိုသွားသွားအတူတူဘဲ” ကျီဟန့်ဝူက ဤနောက်ဆုံးအချက်ကိုပြောသောအခါအတော်လေးစိတ်လှုပ်ရှားသွားသည်၊

…

ကောင်းဖန်သည်ပိုင်ယဲ့ခရိုင်သို့ပြန်လာပြီးတစ်ပတ်ကြာနေခဲ့သည်၊ တောင်ပိုင်းကောင်းကင် အဖွဲ့၏ပိုင်ယဲ့ခရိုင်ဌာနခွဲဝန်ထမ်းခေါ်ယူခြင်းအတွက် အချိန်ကျရောက်လာပြီဖြစ်သည်၊

ဒီနေ့,မနက်အစောကြီးတွင်, ကောင်းဖန်ကရုံးအဆောက်အဦးသို့ရောက်နှင့်ပြီဖြစ် သည်၊ပလာဇာ၏အပြင်ဘက်တွင်,လူများပြည့်နေပြီးရုံးခန်းကလည်းအတော်လေး စည်ကားနေသည်၊ စုဆောင်းရေးခန်းမအပြင်ဘက်တွင်ဟိုနေ့ကပေတေနေသူ အရေအတွက်ထက်နောက်နေ့တွင်တော့လျော့ကျသွားပြီဖြစ်သည်၊

ဘာလို့လူတွေအရမ်းများနေတာလဲ? ကောင်းဖန်ကအံ့ဩနေတော့သည်၊

ဝမ်လျန့်ကလူအတော်အသင့်လောက်ရှိတယ်လို့သူ့ကိုပြောခဲ့ပေမယ့် ဒီလောက်များ မယ်လို့တော့မမျှော်လင့်ထားပေ၊

“ခေါင်းဆောင်ကောင်းဖန်မင်းရောက်လာပြီပဲ” တခြားတစ်ယောက်နှင့်စကားပြောနေ သောဝမ်လျန့်ကကောင်းဖန်ကိုမြင်လိုက်သည်နှင့် တခြားတစ်ယောက်ကိုထားခဲ့ကာ လျင်မြန်စွာဖြင့်ပြေးလာတော့သည်၊

ဝမ်လျန့်၏မျက်နှာကတောက်ပေသောအပြုံးများဖြင့်ပြည့်လျှံနေသည်၊ ကောင်းဖန်က ဒီမှာအဲ့လောက်ပျော်ဖို့လိုလို့လားလို့ပင် တွေးမိလိုက်သည်။

“အဲ့တာဘယ်သူလဲ? အဲ့ကလေးကြည့်ရတာအရမ်းငယ်သလိုဘဲ” အပြာရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားသောလူကြီးတစ်ယောက်ကသူ့ဘေးတွင်ရပ်နေသောလူကိုပြောလိုက် သည်၊သူကစကားပြောပြီးသည်နှင့်နှုတ်ခမ်းကိုတွန့်လိုက်သည်၊

“မသိဘူး၊ ငါထင်တာတော့, အရေးကြီးတဲ့တစ်ယောက်ယောက်ဖြစ်မှာပေါ့” ဘေးနားရှိ ဆံပင်တိုတိုနှင့်လူကြီးတစ်ဦးကသက်ပြင်းချကာပြန်ဖြေလိုက်သည်၊ သူ့မျက်လုံးတွင်‌ တော့လေးစားမှုအရိပ်အယောင်တို့ဖြင့်ပြည့်နေသည်၊

ဝမ်လျန့်ကလူသစ်စုဆောင်းခြင်းအတွက်တာဝန်ရှိသောကြောင့် ဒီအလားအလာ ကောင်းသောလျှောက်ထားသူများအတွက် သူသည် ၎င်းတို့အထင်ကြီးစေရန်အတွက် လိုအပ်သောအရေးကြီးပုဂ္ဂိုလ်ဖြစ်သည်၊ ဒါပေမယ့်,အခုတော့ဒီအရေးကြီးသည့် ပုဂ္ဂိုလ်ကသူတို့၏သားတွေထက်ပင်ငယ်သောထိုလူငယ်လေးကိုအရမ်းကိုလေးစား သမှုဖြင့်ပြောနေသည်၊

ဒီလို သူတို့မျှော်လင့်ထားသလိုမျိုးနှင့်ဤမျှဆန့်ကျင်နေသောကွဲလွဲမှုသည်သူတို့အား လုံးလုံးလျားလျားကိုအငြင်းပွားစေသည်၊ ကောင်းဖန်ကထိုအရာတွေကိုတစ်ခုမှ မသိပေမယ့် အနီးအနားတွင်ရပ်နေသောလူများကပေးနေကြသည့်အကြည့်များကနေ နည်းနည်းတော့ခံစားရသည်၊

စုဆောင်းရေးလုပ်ငန်းစဉ်သည်အလွန်လျင်မြန်စွာစတင်ခဲ့သည်၊ လျှောက်ထားသူများ သည်လူတန်းအလိုက်နာပါတ်များကိုရပြီးနောက်တစ်ယောက်ချင်းစီ အင်တာဗျူးစတင် သည်၊ ဝမ်လျန့်ကဲ့သို့ကျွမ်းကျင်သောဝါရင့်လူတစ်ဦး၏အကူအညီဖြင့် နေ့တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ကောင်းဖန်သည်လုပ်ငန်းစဉ်ကိုရှင်းရှင်းလင်းလင်းနားလည်သွား တော့သည်၊

စုဆောင်းရေးလုပ်ငန်းစဉ်သည်စုစုပေါင်းသုံးရက်ကြာမြင့်သည်၊ နာရီအနည်းငယ်ကြာ ပြီးနောက်ကောင်းဖန်သည်ထိုအရာများကမည်သို့လုပ်ဆောင်သည်ကိုနားလည်လာ ခဲ့သည်၊ အစပိုင်းမှာတော့စိတ်ဝင်စားဖို့ကောင်းပေမယ့်သိပ်မကြာခင်မှာဘဲ၎င်းတို့က ခြောက်သွေ့သွားတော့သည်၊

အရည်အချင်းအချို့ကိုမြင်နိုင်သည်ဟုသူတွေးထားသော်လည်းခဏကြာ နားထောင်နေလိုက်ပြီးနောက်ကောင်းဖန်စိတ်ပျက်သွားတော့သည်၊ တချို့အတွေးများ တွေးပြီးနောက်ဘာကြောင့်ဒီလိုအရာတွေဖြစ်နေရတာလဲဆိုတာကိုသဘောပေါက် နားလည်သွားသည်၊

သူခဏနေနားတော့မည်ဟုကျန်သူများကိုပြောပြီးနောက် ကောင်းဖန်သည်စုဆောင်း ရေးခန်းမှထွက်သွားတော့သည်၊

ဒီအလုပ်ကသားရဲပျိုးထောင်သူဖြစ်တဲ့သူ့အလုပ်လိုပင်ဖြစ်သည်၊ သူ့ကိုယ်ပိုင်သားရဲ တွေကိုမြှင့်တင်ပေးပြီး, တာ့ဇီနှင့်ကျန်တဲ့သူတွေကိုအားကောင်းအောင်လုပ်တာက သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်သည်၊

ကောင်းဖန်သည် သူ့အတွက်အရေးကြီးသောအရာများကိုမေ့မည်မဟုတ်ပါ၊

သူလေ့ကျင့်ရေးကွင်းကိုရောက်တော့, သေးငယ်သောပုံရိပ်လေးကတော့အလုပ်စလုပ် နေပြီဖြစ်သည်၊

“မင်းကဒီကိုအစောကြီးရောက်နေတာဘဲ”, ကောင်းဖန်ကပြုံးကာပြောလိုက်သည်၊ စကားပြောပြီးနောက်, သူကလေ့ကျင့်ရေးကွင်းရှိလုံခြုံသောနေရာ၌ကြီးမားသော ခရမ်းရောင်တောင်းကြီးကိုဆွဲထုတ်လိုက်သည်၊ အထဲမှာတော့အဖြူရောင်ပန်းကန်ပြား တွေကိုထုတ်လိုက်သည်၊

လီကျွင်းစုန်ကသူ့နှုတ်ခမ်းကိုအနည်းငယ်စူလိုက်ပြီးနောက် ကောင်းဖန်ကိုပြန်ပြုံးပြ လိုက်သည်, သူ့နှဖူးတွင်တော့ချွေးများကစီးကျနေသည်၊

ကောင်းဖန်က သာမန်ကာလျှံကာဖြင့်လေဝဲပန်းကန်ပြားကိုထုတ်ယူလိုက်ပြီး, သူ၏လက်ကောက်ဝတ်ကိုပွတ်သပ်ကာ လေးတွဲ့သောအကွေ့တစ်ခုလုပ်လိုက်ပြီး လေထဲသို့ပစ်ထုတ်လိုက်သည်၊

ကောင်းဖန်၏နောက်တွင်ရပ်နေသောဖလိမ်မီကထင်ထားသည့်အတိုင်းတုံ့ပြန်လိုက် သည်၊ ၎င်းကသူ၏နှုတ်သီးကိုဖွင့်လိုက်ပြီးမီးလုံးတစ်လုံးကိုထုတ်လိုက်သည်၊ ထို့နောက် ရပ်တန့်ခြင်းမရှိဘဲ, နောက်ထပ်မီးတောက်ဘောလုံးကိုထုတ်လိုက်သည်၊ နှစ်ခါဆက်တိုက် မီးလုံးတွေ!

မီးတောက်လုံးနှစ်ခုစလုံးသည်ပျံဝဲနေသောပန်းကန်ပြားနှစ်ချပ်ကိုထိုးဖောက်သွား တော့သည်၊ ပထမတစ်လုံးကပန်းကန်ပြားဖြင့်ထိမိသွားပြီးနောက်ပေါက်ကွဲသွားကာ, အနီရောင်မီးတောက်များပျံ့ကျဲသွားသည်၊ ဓာတ်ပြားသည်ဦးတည်ချက်ပြောင်းခါနီး တွင်ဒုတိယမီးလုံးကပစ်မှတ်သို့ရောက်နေပြီဖြစ်သည်၊

ပျံဝဲနေသောပန်းကန်ပြားက ဘတ်တံဖြင့်ထိသည့်ဘေ့စ်ဘောလိုမျိုး လွင့်ထွက်သွားတော့သည်၊၎င်းကနံရံဖြင့်ပြင်းထန်စွာတိုက်မိပြီးမြေပြင်ပေါ်သို့ကျကာ ကွေးသွားပြီး ပုံပန်းကအချိုးမကျဖြစ်သွားသည်၊

ဖလိမ်မီ၏မီးတောက်များသည်ယခင်အပတ်ကတည်းကသိသိသာသာပိုပြီးအားကောင်း လာသည်၊ ဒါပေမယ့်ကောင်းဖန်ဝမ်းသာအားရဖြစ်စေတာကတော့ သူရဲ့လေ့ကျင့်မှု ရလဒ်တွေထင်ရှားသောကြောင့်ဖြစ်သည်၊ ယခုတွင်တော့, မီးလုံးနှစ်လုံးဆက်တိုက် ပစ်နိုင်ခြင်းသည်သူ့အတွက်မခက်ခဲတော့ပေ၊

ကောင်းဖန်၏လေ့ကျင့်ရေးအချိန်ပြီးဆုံးချိန်တွင် ကောင်းကင်ကမှောင်မဲနေပြီဖြစ်သည်၊ နွေရာသီမှာ ကျွမ်းကျင်တဲ့မီးအမျိုးအစားနဲ့လေ့ကျင့်မှုကနှိပ်စက်မှုပုံစံအသစ်တစ်မျိုး ဖြစ်တာကိုမှတ်ထားလိုက်သည်၊

မီးအမျိုးအစားသားရဲများမှာသဘာဝအားဖြင့် မြင့်မားသောခန္ဓာကိုယ်အပူချိန်ရှိကြပြီး ၎င်းတို့၏မီးအမျိုးအစားစွမ်းရည်များကို လေ့ကျင့်သင်ကြားပေးရာတွင် မကြာခဏ ဆိုသလိုမီးလုံးများထွေးထုတ်ခြင်းလည်းပါဝင်သည်၊ သူတို့၏မီးစွမ်းရည်ကိုခဏ လောက်လေ့ကျင့်ပေးရင်တောင်အရမ်းပူလောင်နေတာဖြစ်သည်၊

ကောင်းဖန်၏ရှပ်အင်္ကျီကချွေးများဖြင့်စိုရွှဲနေပြီးသူ၏ခန္ဓာကိုယ်တွင်ကပ်နေကာ, ဆံပင်များကလည်းနှဖူးတွင်ကပ်နေသည်၊

***

အပိုင်း၁၇၉ မြေအောက်သားရဲ

လူသစ်စုဆောင်းမှုသည် သုံးရက်အတွင်းပြီးဆုံးမည်ဖြစ်သည်၊ ဒီတစ်ခေါက်မှာတော့ ကလေးတွေအများကြီးစုဆောင်းမိသည်၊ ကပ်ဆိုးကြီးကစလို့ကလေးအလုပ်သမားတွေကို လူ့အသိုင်းအဝိုင်းကမျက်မှောင်ကျုံ့ခြင်းမရှိကြတော့ပေ၊

ကပ်ဆိုးကြီးတွင် မိဘမရှိသောကလေးများအများကြီးကျန်နေခဲ့သည်၊ ကမ္ဘာသစ် မဟာမိတ်အစိုးရသည်ဒီကလေးများအတွက် ငွေကြေးအကူအညီပေးခဲ့သော်လည်း ကလေးလုပ်သားများသည်ဒီကမ္ဘာပေါ်တွင်တော့ရှိနေဆဲဖြစ်သည်၊

ဒီမိဘမဲ့ကလေးများကို သောင်းကျန်သောဆိုးသွမ်းသောလူငယ်များအဖြစ် သတ်မှတ်ကြ သည်, တကယ်တော့,အစိုးရ၏အမြင်ကတော့ကလေးအလုပ်သမားများကို ကောင်းမွန်သည့်အရာလို့ထင်ကြသည်၊ ဒီမိဘမဲ့ကလေးတွေအားလုံးကို တည်ငြိမ်တဲ့ အလုပ်တွေပေးရင် အရူးလုပ်ဖို့အချိန်ရှိမှာမဟုတ်ဘူး၊၊

ဘယ်လိုဘဲဖြစ်ဖြစ်, ကလေးတွေကလူကြီးများထက်ရုပ်ပိုင်းဆိုင်ရာအရည်အချင်း နည်းပါးသည်၊ ကုမ္ပဏီအများစုနှင့်အခြား အကျိုးအမြတ်အတွက်သာစိတ်ထားပြီး ငယ်ရွယ်သောအလုပ်သမားများကိုအားနည်းချက်အဖြစ်သာထားသောကြောင့် အရွယ်မရောက်သေးသူများကိုအလုပ်ခန့်မည်မဟုတ်ပေ၊

ကောင်းဖန်၏ကုမ္ပဏီမှလူအများစုသည်ရိုးရှင်းပြီး သဘောထားကြီးသည်ဟုယူဆရ သည်၊

“ဒီတစ်ခေါက်အလားအလာရှိတဲ့အရည်အချင်းတွေရှိရင် ကျနော့်ကိုပြောပြပါ၊” ကောင်းဖန်ကဝမ်လျန့်ကိုအမိန့်ပေးလိုက်သည်၊

“သေချာတာပေါ့, ငါတခြားအရာတွေထက်အရည်အချင်းကိုဘဲကြည့်မှာပါ!” ဝမ်လျန့်ကပြန်ပြောလိုက်သည်၊

…

တောင်ပိုင်းကောင်းကင်အမှတ်၇စက်ရုံတွင်, မျက်နှာအုပ်ဝတ်ဆင်ထားသော အလုပ်သမားများသည်၎င်းတို့ပတ်ဝန်းကျင်ရှိစက်ယန္တရားများ၏သတ္ထုသံများကို နားထောင်ရင်းပင်ပန်းခဲ့ကြသည်၊

အနက်ရောင်အငွေ့များကိုစက်ရုံမှလေထဲသို့ထုတ်လွှင့်သည်၊ ထူထဲပြီး,အနက်ရောင် တိမ်တစ်ခုသည်စက်ရုံ၏အပေါ်တွင်လှည့်ပတ်နေပြီး အနက်ရောင်ရေသွယ်မြောင်းများကသူ့အလိုလိုစုပ်ယူသွားသည်၊ အလဟသဖြစ်နေသောအရည်များကို မြေအောက် မိလ္လာစနစ်ဖြင့်ကြီးမားသောရေနုတ်မြောင်းပိုက်ကြီးနှစ်ခုဖြင့်စွန့်ပစ်သည်၊

ကပ်ဆိုးကြီးစတင်၍ကမ္ဘာပေါ်ရှိလက်ရှိအပင်များနှင့်သက်ရှိများအားလုံးသည် ပိုပြီး မာကျောလာကာ၎င်းတို့၏အမြစ်များမှတစ်ဆင့်ဓာတုညစ်ညမ်းမှုအမျိုးမျိုးကို စုပ်ယူ နိုင်စွမ်းရှိသည်၊ အချို့အပင်များသည်ထိုအညစ်အကြေးများမှအာဟာရများရကြသည်၊

သတ္ထုစပ်ပိုက်အပေါက်မှ အညစ်အကြေးရည်များသည်တရှုးရှုးဖြင့်စီးသွားပြီး ချက်ချင်းပင် မြေအောက်ရှိမိလ္လာအညစ်အကြေးစနစ်ဖြင့် မြောင်းသို့လှိမ့်ဝင်လာတော့သည်၊

နေ့လည်စာစားပြီးနောက်, ကောင်းဖန်ကစက်ရုံသို့သွားတော့ အပြင်ဘက်တွင် လူနှစ်ယောက်တိုးကပ်ကာတိတ်တိတ်ဆိတ်ဆိတ်စကားပြောနေသည်ကိုတွေ့လိုက်ရ သည်၊

“ဘာဖြစ်လို့လဲ” ကောင်းဖန်ကအလုပ်သမားတစ်ယောက်ကိုမေးလိုက်သည်၊

အလုပ်သမားကကောင်းဖန်၏နာမည်ပြားကိုမြင်သွားပြီး လျင်မြန်စွာဖြင့်ပြောလိုက် သည်, “သားရဲတစ်ကောင်ရုတ်တရက်စက်ရုံထဲမှာပေါ်လာလို့၊ အဲ့တာကအလုပ်သမား အများကြီးကိုသတ်ပစ်လိုက်တယ်၊ လုံခြုံရေးကြီးကြပ်သူတွေက သူ့လူတွေကို ဖယ်ထုတ်ဖို့လွှတ်လိုက်ပါတယ်”

စက်ရုံမှာသားရဲတစ်ကောင်ရှိနေတာလား? ကောင်းဖန်သည်သူ့နားကိုသူမယုံနိုင်ဖြစ်နေသည်၊ စက်ရုံပတ်လည်တွင် တံတိုင်းမြင့်များဖြင့်ဆောက်လုပ်ထားသည်၊ စောင့်ကြည့် ကင်မရာများကိုနေရာတိုင်းတွင်တပ်ဆင်ထားသည်၊ ဘယ်သူမှမသိဘဲသားရဲ တစ်ကောင်ဝင်မလာနိုင်ပေ၊

ထို့နောက်, အလုပ်သမားကသားရဲပုံစံကဘယ်လိုလဲဆိုတာကို တကယ်မသိဘူးလို့ ပြောသည်၊ သူကကထိုအကြောင်းကိုတခြားသူများထံမှသာကြားတာဖြစ်သည်၊

ခဏလောက်စဉ်းစားပြီးနောက် ကောင်းဖန်က သူ့သားရဲတွေကိုစက်ရုံထဲသို့ခေါ်သွား ဖို့ဆုံးဖြတ်လိုက်သည်၊ အလုပ်သမားများသည်ကောင်ဖန်၏အဖွဲ့ကိုဖြတ်ခွင့်ပြုရန် လျင်မြန်စွာဖြင့်ဘေးဖယ်ပေးလိုက်ကြသည်၊

လုံခြုံရေးယူနီဖောင်းဝတ်ဆင်ထားသောတစ်ယောက်သည် စက်ရုံအဝင်ဝတွင် ဝင်တိုက်မိသည်၊ အတောင်လေးစုံကျောက်စိမ်းနတ်ဆိုးရှိခိုးကောင်သည် သူ၏အနောက်မှနီးကပ်စွာလိုက်လာသည်၊

ထိုလူကရုတ်တရက်ကောင်းဖန်မှန်းသတိထားမိသွားသည်၊ ဘယ်သူကဒီလို ကောင်ဆိုးလေးကိုလွှတ်လိုက်တာလဲ? သူကတိတ်တိတ်လေးကျိန်ဆဲလိုက်သည်၊

“ကြီးကြပ်ရေးမှုးကျန်း, ခင်ဗျားသားရဲကိုရှာတွေ့လား?”

“အင်း, ဒါပေမယ့်အဲ့တာတွေကကိုင်တွယ်ရခက်တဲ့ကောင်တွေဘဲ၊ အဲ့ကောင်တွေက မြေအောက်မိလ္လာစနစ်ကနေပြေးလာကြတာ”, ကြီးကြပ်ရေမှုးကျန်းကသက်ပြင်းချရင်း ပြောလိုက်သည်၊

မိလ္လာစနစ်? မိလ္လာစနစ်ကနေစက်ရုံထဲကိုသားရဲတစ်ကောင်က ဘယ်လိုဝင်လာတာလဲ? ကောင်းဖန်ကတွေးလိုက်သည်၊

“မြေအောက်ခုခံရေးတပ်ဆင်ထားတာကပျက်သွားပြီလား?” ကောင်းဖန်ကမေးလိုက် သည်၊ အဲ့တာကအမြန်ဖြေရှင်းဖို့လိုအပ်နေပြီဖြစ်သည်၊ မဟုတ်ရင်,တခြားသော သားရဲများကလုံခြုံရေးကျိုးပျက်သွားတာကိုအခွင့်ကောင်းယူပြီး မိလ္လာစနစ်ကနေ စက်ရုံထဲကိုဝင်လာလိမ့်မယ်၊

“ခေါင်းဆောင်ကောင်း, ခုခံရေးစီမံချက်နေရာတွေကမိလ္လာထဲမယ်မရှိပါဘူး, အဲ့ထက် သတ္ထုစပ်အပေါက်ကနေပြီးစက်ရုံရဲ့အညစ်အကြေးတွေကိုစွန့်ပစ်တာပါ” ကျိုးဝူလို့ အမည်ရတဲ့လူကထောင့်တွင်ရပ်နေပြီး, ကြီးကြပ်ရေးမှူးကျိုးကိုအားရဝမ်းသာ နေသောအရိပ်အမွက်များဖြင့်စိုက်ကြည့်နေသည်၊

“မြေအောက်ရေဖိအားက တခြားသားရဲတွေစက်ရုံထဲကိုမဝင်အောင်တားဆီးဖို့အတွက် လုံလောက်သင့်တယ်” ကြီးကြပ်ရေးမှုးကျန်းကကို့ရို့ကားရားဖြင့်ပြောလိုက်ပြီး, ကျိုးဝူအားတိတ်တဆိတ်ကျိန်ဆဲလိုက်သည်၊ ကျိုးဝူကသူ၏ရာထူးအားအချိန်အကြာကြီး မျက်စိကျနေသည်ကိုသူသိသည်, ထိုသူကဒီနေ့နလန်မထူနိုင်အောင်ရှုံးနိမ့်ခြင်းအတွက် ပျော်ရွှင်စွာအပြစ်တင်နေလိမ့်မည်၊

ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်၊ သူကဒီနှစ်ယောက်ကြားဘာဘဲဖြစ်ဖြစ် ဂရုမစိုက်ပေ၊ သူသိတာကစက်ရုံတွင်လုံခြုံရေးကျိုးပျက်မှုတစ်ခုဖြစ်သွားပြီး အလုပ်သမားအများအပြားသေဆုံးကာ စက်ရုံ၏လုပ်ငန်းဆောင်တာနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်၊

ကောင်းဖန်သည်ယနေ့အလုပ်သမားများတက်ရောက်မှုနှင့်ပတ်သတ်၍ ၎င်း၏ အထက်ပိုင်းအရာရှိများကိုမကြာခင်တွင်တင်ပြရမည်ဖြစ်သည်၊ ဘယ်လိုဘဲဖြစ်ဖြစ်, သူတို့နောက်တစ်ခုလုပ်ဖို့ဆုံးဖြတ်တာက သူတို့အပေါ်မှမူတည်သည်၊

ထို့နောက်ကောင်းဖန်သည်သားရဲပျောက်သွားသောနေရာကိုလျှောက်သွားခဲ့သည်၊ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင်ပေါက်ပြဲနေသောအပေါက်တစ်ခုမှ မနှစ်မြို့ဖွယ်ကောင်း သောအနံ့ကလေနှင့်အတူပါလာသည်၊

တာ့ဇီကသုတ်သီးသုတ်ပြာပြေးသွားပြီး သူ့ခေါင်းကိုအပေါက်အတွင်းသို့သတိရှိစွာဖြင့် ခေါင်းပြူကြည့်လိုက်သည်၊ ကောင်းဖန်ကအနီးအနားတွင်သားရဲကပုန်းအောင်းနေမည်ကိုကြောက်သောကြောင့် နောက်ကိုဆုတ်ဖို့အမိန့်ပေးလိုက်သည်၊

တာ့ဇီကမပျော်ရွှင်စွာဖြင့်ကောင်းဖန်ကိုနှာမှုတ်ပြသည်၊ “အန္တရာယ်မရှိဘူး, ဘာမှကို အန္တရာယ်မရှိဘူး”

ခဏလောက်တွေးပြီးနောက်, ကောင်းဖန်ကမိလ္လာစနစ်တွင် ဧကရာဇ်အဆင့်သားရဲမရှိဟုယုံကြည်လာသည်၊ ထို့အပြင်သူ့အဘိုးတွင် ထိုနေရာ၌နေထိုင်သောသားရဲရှိတာကို သူသတိရသွားသည်၊ ဟိုအရင်တုန်းကအန္တရာယ်ရှိနိုင်ခြေရှိသောသားရဲများအားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်၊

“ငါသွားပြီးကြည့်လိုက်မယ်” ကောင်းဖန်ကပြောလိုက်ပြီး, သူ့သားရဲတွေအားလုံးကို သူ့ဘေးသို့ဆင့်ခေါ်လိုက်သည်၊

ကြီးကြပ်ရေးမှုးကျန်းကလျင်မြန်စွာဖြင့်တားလိုက်သည်၊ “ဒီပြဿနာကိုငါတို့နဲ့ထားလိုက်တာအကောင်းဆုံးဘဲနော်…”

“ခင်ဗျားရဲ့နတ်ဆိုးရှိခိုးကောင်ကအလုပ်ကိုအပြတ်ဖြတ်နိုင်မယ်လို့တော့ မထင်ဘူးနော်”ကောင်းဖန်ကသူ့ခေါင်းကိုယမ်းကာပြောလိုက်သည်၊ နတ်ဆိုးရှိခိုးကောင်ကစိုစွတ်ပြီးမှောင်မိုက်တဲ့နေရာတွေမှာဆိုတိုက်ခိုက်ရန်အတွက် အတိအကျကို မသင့်တော်ပေ၊

ကောင်းဖန်သည်ကြီးကြပ်ရေးမှူးကျန်းကို သူ့သားရဲကိုခေါ်ကာအပေါက်အတွင်းသို့ ဝင်ရန်အတွက်အကြံပေးဖို့ကြိုးစားလိုက်သည်၊ သို့ပေမယ့်, သူ့စကားများက ထိုလူ၏မာနကိုထိခိုက်သွားစေသည်၊

သူကစက်ရုံ၏လုံခြုံရေးကြီးကြပ်ရေးမှုးဖြစ်သည်၊ စက်ရုံ၏လုံခြုံရေးကသူ့တာဝန်ဖြစ် သည်၊ အခုကတော့ လူသားအရင်းမြစ်အကြီးအကဲကသူ့အတွက်အလုပ်လုပ်ပေးနေသည်၊

“စိတ်မပူပါနဲ့, ငါ့အကျွမ်းတဝင်သားရဲကိုငါယုံတယ်၊ ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးအစားတွေနဲ့နေသားတကျရှိတယ်, ဟုတ်တယ်မလား?” ကြီးကြပ်ရေးမှုးကျန်းက သူ့ရဲ့အတောင်လေးခုနတ်ဆိုးရှိခိုးကောင်ကိုပြောလိုက်သည်၊

နတ်ဆိုးရှိခိုးကောင်ကသူ့ခေါင်းကိုယမ်းလိုက်သည်၊ မင်းစကား, ငါ့စကားမဟုတ်ဘူး၊

“သားရဲတွေအားလုံးမှာ, သူတို့ရဲ့ကန့်သတ်ချက်တွေရှိတယ်၊ အတောင်လေးခုနတ်ဆိုးရှိခိုးကောင်တွေက အများအားဖြင့်ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့နေရာတွေကိုပိုကြိုက်တယ်၊ ဒါ့အပြင်စက်ရုံမှာအမိန့်တွေကိုထိန်းချုပ်ဖို့ခင်ဗျားကိုလိုသေးတယ်” ကောင်းဖန်က ပြောလိုက်သည်၊

ကြီးကြပ်ရေးမှုးကျန်းကသူ့စကားများကြောင့်ခဏလောက်တန့်သွားတော့သည်၊ ကောင်းဖန်ကသူ့ကိုအမှန်တကယ်ကူညီပေးလိမ့်မည်ဟုသူလုံးဝမထင်မှတ်ခဲ့ပေ၊

ထို့နောက်သူကသက်ပြင်းတစ်ချက်ချလိုက်ပြီး “ခေါင်းဆောင်ကောင်း သတိထားပါ၊ အဲ့ကောင်ကအဆင့်မြင့်တဲ့သားရဲမျိုးမဟုတ်ပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကသွက်လက် ပြီးနံရံတွေပေါ်မှာလည်းတွယ်တက်နိုင်တယ်၊ မင်းအဲ့အောက်ကိုရောက်သွားရင်, နောက်ဘက်ကိုလျှောက်သွားလိုက်ပြီးရင် သတ္ထုစပ်အပေါက်ကိုရောက်လိမ့်မယ်…” ကြီးကြပ်ရေးမှုးကျန်းကပြောလိုက်သည်၊

ကောင်းဖန်သည်ကြီးကြပ်ရေးမှုးကိုစိတ်အားထက်သန်စွာဖြင့်ကူညီရန်မဆုံးဖြတ်ခဲ့ပေ၊ အစင်းလေးနှင့်တာ့ဇီသည်ထိုကဲ့သို့စိုစွတ်ပြီးမှောင်မဲနေသောနေရာတွင်တိုက်ခိုက်ဖို့ အတွက်ပိုသင့်တော်သည်ဟု သူကရိုးရိုးရှင်းရှင်းတွေးခဲ့တာပင်ဖြစ်သည်၊ မြို့ပြဒေသ အများစုတွင်နေထိုင်သည့်တောရိုင်းတိရိစ္ဆာန်များမရှိသောကြောင့်ကောင်းဖန်၏ အုပ်ချုပ်သူအဆင့်သားရဲနှစ်ကောင်လုံး ထိုနေရာတွင်ရှိနေသမျှကို ကိုင်တွယ်ဖြေရှင်း မည်ဖြစ်သည်၊

ကြီးကြပ်ရေးမှုးကျန်းကိုလက်ဝှေ့ယမ်းပြပြီးနောက်, ကောင်းဖန်ကအစင်းလေး, တာ့ဇီနှင့်ဖလိမ်မီကိုခေါ်ကာတွင်းထဲသို့ဝင်သွားသည်၊

အေးစက်နေတဲ့ကွန်ကရစ်ကြမ်းပြင်ပေါ်ကိုခုန်ချလိုက်သည်၊ သူတို့ပတ်လည်ရှိ နံရံများကစိုစွတ်နေပြီးအုတ်ကြားအက်များမှရေများစီးလာသည်၊ ကြီးကြပ်ရေးမှုးကျန်း ကပေးထားသည့်ဓာတ်မီးကိုဖွင့်လိုက်ပြီး ကောင်းဖန်သည်အနောက်ဘက်သို့ လမ်းလျှောက်လာခဲ့သည်၊

***

အပိုင်း၁၈၀ ပိုးဟပ်ကြီးများ

ပိုနက်လေလေအနံ့အသက်က ပိုဆိုးလာလေပင်။

ဓါတ်မီး၏အလင်းမှလွဲ၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် မှောင်မိုက်လို့နေသည်။ မြေအောက်လှိုဏ်ခေါင်းများသည် ကျယ်ဝန်းပြီး ကောင်းဖန်တွေးထားသည်ထက်ပင် ပိုကြီးလှသည်။ နံရံများကို အုတ်ချပ်များဖြင့်ကာရံထားကာ တချို့နေရာများမှာတော့ ကျိုးပျက်နေပြီး အောက်ဘက်ရှိကျောက်သားနံရံများက ပေါ်ထွက်နေသည်။

တာ့ဇီနှင့်အစင်းလေး၏မာကျောသောလက်သည်းချွန်များမှာ လမ်းလျှောက်လာသည့်တစ်လျှောက် မြေပြင်ကိုခပ်ပြင်းပြင်းထိခတ်မိပြီး အဝေးသို့ပင် ပြတ်သားသည့်ခြေသံများ ပဲ့တင်ထပ်လို့နေစေသည်။ ဒါပေါ့ ထိုသို့တည်ငြိမ်လှသည့် ခြေသံတွေကြား ဖလိမ်မီက ရံဖန်ရံခါ ခုန်ပေါက်ကာ အသံမျိုးစုံထွက်နေစေပြန်သည်။

ဆယ်မိနစ်ကျော်လောက်လျှောက်ပြီးချိန်မှာတော့ တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားသည့် ကြီးမားလှသောသတ္တုစပ်တံခါးကြီးရှိရာသို့ ရောက်ရှိသွားခဲ့သည်။ ဓါတ်မီးမှအလင်းရောင်က တံခါးပေါ်သို့ထိုးလိုက်ချိန်မှာ မှုန်မှိုင်းမှိုင်းသတ္တုစပ်၏အရောင်ကို ပိုမြင်သာစေခဲ့သည်။

ရုတ်တရက်ဆိုသလို တာ့ဇီက ခေါင်းကိုထောင်မတ်လိုက်ကာ တစ်ချိန်တည်းလိုလိုမှာပဲ အစင်းလေးသည်လဲ သူ့ခေါင်းကိုထောင်လိုက်ပြီး ပါးစပ်မှခြိမ်းခြောက်လိုသည့်အသံများ ထုတ်လွှတ်နေသည်။

ချက်ချင်းဆိုသလို ကောင်းဖန်လဲ ဓါတ်မီးကိုသူ့အပေါ်ဘက်သို့ ပင့်ထိုးလိုက်သည်။ အနက်ရောင်အဆင်းရှိပြီး ကြက်သွေးရောင်အခွံများနှင့် ဧရာမပိုးဟပ်နှစ်ကောင်သည် သတ္တုစပ်တံခါးကြီး၏အပေါ်ဘောင်တစ်လျှောက် တိတ်တဆိတ်တွားသွားနေကြသည်။ ရုတ်တရက်ကြီး အလင်းတန်းတစ်ခုက သူတို့ပေါ်ကျရောက်လာတာကြောင့် နှစ်ကောင်သား တောင့်ခဲသွားကြလေသည်။

သူတို့နှစ်ကောင်က နည်းနည်းလေးပင်မလှုပ်ပဲ ကြောင်တောင်တောင်ငြိမ်ရပ်နေကြသည်။ ရှေ့ကိုဆက်သွားလို့လဲမကောင်း ပြန်လှည့်လို့လဲ မကောင်းသည့်အခြေအနေပင်။ ခဏတာတုံ့ဆိုင်းနေကြပြီးနောက်မှာတော့ ၎င်းတို့က သိမ်းဆည်းထားသည့်အတောင်ပံများကို ဖြန့်ကာ ကြိမ်ဖန်များစွာခတ်ရင်း ကောင်းဖန်ဆီသို့လှိုင်းများပို့လွှတ်လိုက်ကြသည်။

အစင်းလေးကတော့ မြန်မြန်ဆန်ဆန်ပင်တုံ့ပြန်လှုပ်ရှားလိုက်သည်။ ၎င်း၏ခေါင်းကိုမော့ကာ ပါးစပ်ကိုဖွင့်ဟလိုက်ပြီး စေကပ်သည့် အဖြူရောင်ပင့်ကူမျှင်များကို ထုတ်လွှတ်လိုက်သည်။

ပင့်ကူမျှင်များကို အရူးအမူးထွေးထုတ်နေတာကြောင့် ပိုးဟပ်ပျံများသည်လဲ အချိန်မီမရှောင်တိမ်းနိုင်တော့ဘဲ မျက်နှာသို့တိုက်ရိုက်ပင်မှန်ကာ ခေါင်းကငြိသွားတော့သည်။ ထို့နောက် ကြီးမားသောပေါက်ကွဲသံနှင့်အတူ ၎င်းတို့သည် နံရံသို့ပစ်ထုတ်ခံလိုက်ရပြီး နံရံတွင် ခိုင်ခိုင်မာမာကပ်ငြိလို့နေတော့သည်။

ပင့်ကူမျှင်များ၏သက်ရောက်မှုသည် အလွန်အားကောင်းလှပြီး စေးကပ်ကာငြိတွယ်နေစေသည်။ ပိုးဟပ်ကြီးများဘယ်လောက်ပဲ ရုန်းကန်နေပါစေ အသုံးမဝင်လှပေ။

တာ့ဇီကတော့ အော်ဟစ်လိုက်ပြီး ၎င်းဦးမျှင်အစုံကို လေထဲသို့ပိုမြှင့်လိုက်သည်။ ၎င်းတို့သည် မျဉ်းဖြောင့်နှစ်ကြောင်းလိုဖြစ်သွားသည်နှင့် ကြားမှာ ခရမ်းရောင်လျှပ်စီးများပေါ်ထွက်လာတော့သည်။

လျှပ်စီးများက တဖြည်းဖြည်းသိပ်သည်းလာကာ စက္ကန့်ပိုင်းအတွင်းမှာပဲ စီးကူးသံများက ကျယ်လောင်လာပြီး ပေါက်ကွဲသံများထွက်ပေါ်လာစေသည်။

နောက်ဆုံးမှာတော့ ၎င်း၏စုစည်းမှုအတိုင်းအတာသို့ရောက်သွားကာ ဦးမျှင်နှစ်ခုကြားမှ လျှပ်စီးသည် လျှပ်စီးကြောင်းတစ်ခုလို တိုးထွက်လာတော့သည်။ ခရမ်းရောင်လျှပ်စီးက ပိုးဟပ်တစ်ကောင်ကို ထိမှန်သွားခဲ့သည်။ ပစ်မှတ်ကိုထိမှန်ပြီးသည်နှင့် ခရမ်းရောင်လျှပ်စီးသည် ပိုးဟပ်၏တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားကာ အသားထဲသို့စိမ့်ဝင်သွားသည်။

ပိုးဟပ်သည် လျှပ်စီးကြောင့် တုန်ခါသွားပြီးနောက် အဖြူရောင်ပူးဖောင်းများကို ရူးရူးမိုက်မိုက်အန်ထုတ်တော့သည်။

ခဏအကြာမှာပဲ ပိုးဟပ်လဲ ရုန်းကန်လှုပ်ရှားခြင်းမရှိတော့ပေ။ သူ့တစ်ကိုယ်လုံးက ပြာအဖြစ်သို့ပြောင်းလဲသွားကာ အစားအသောက်ကြော်သည့်အနံ့မျိုးပင် ပျံ့လွင့်လာသည်။ ပိုးဟပ်တွေက မြောင်းထဲအမြဲနေတာကြောင့် သူတို့တစ်ကိုယ်လုံးအဆီအနှစ်တွေနဲ့ပြည့်နေတာမျိုးလဲ ဖြစ်နိုင်သည်။ သူတို့ရဲ့အတောင်ပံတွေကတောင်မှ အဆီပြန်နေကာ အလင်းရောင်အောက်မှာ ဝိုးတဝါးလင်းလက်နေသည်။

အစင်းလေးသည် လျှပ်စီးကြောင့်ကြွပ်ရွသွားသည့် ပိုးဟပ်ကိုကြည့်နေကာ တံတွေးမြိုချနေလေသည်။ ၎င်းက လူသားတစ်ယောက်လိုမတ်တပ်ရပ်လိုက်ကာ ပိုးဟပ်များတွဲလွဲကျနေသည့်နံရံထိပ်သို့ လျှောက်သွားသည်။ ၎င်း၏ထက်ရှသည့်ခြေသည်းများက သတ္တုချိတ်ကောက်လိုမျိုး ကျောက်နံရံထဲသို့ ထိုးဖောက်ချိတ်တွယ်နေသည်။ အစင်းလေး၏ခြေသည်းများသည် ပင့်ကူမျှင်များနှင့် ငြိတွယ်နေခြင်းမရှိဘဲ သပ်ရပ်စွာဖြတ်တောက်နိုင်သည့် ထူးခြားသည့်စွမ်းရည်မျိုးရှိသည်။

အလင်းတစ်ပြတ်နှင့်ပင် အနက်ရောင်ပင့်ကူခြေသည်းက ပင့်ကူအိမ်မှပိုးဟပ်ကို အလွယ်တကူလွတ်မြောက်သွားစေသည်။

ထိုဟိုးဟပ်သည် လျှစ်စီးကြောင့် မီးသွေးတုံးလိုလောင်ကျွမ်းသွားခဲ့သော်လည်း ချက်ချင်းဆိုသလို အတောင်ပံများခတ်ကာ ဆူဆူညံညံအော်ဟစ်ပြီး ပျံထွက်သွားသည်။

ပိုးဟပ်များကို ပါးစပ်ထဲပစ်ထည့်ဖို့ပြင်ထားသည့်အစင်းလေးခဗျာ လန့်ဖြန့်ကာတောင့်ခဲသွားတော့သည်။ ၎င်း၏ရှေ့ခြေနှစ်ချောင်းမှာ လေထဲတွင်ကားယားကြီးဖြစ်နေကာ ပျံပြေးသွားသည့် ပိုးဟပ်ကို ၎င်း၏မျက်လုံးရှစ်လုံးဖြင့် ကြောင်တောင်တောင်လိုက်ကြည့်နေမိသည်။

ဖလိမ်မီ၏မျက်လုံးများကတော့ တောက်ပနေခဲ့သည်။ ပျံနေတယ်! ပျံနေတယ်!

၎င်းက ချက်ချင်းဆိုသလို ပါးစပ်ကိုဟကာ မီးတောက်တန်းကြီးနှစ်တန်းမှုတ်ထုတ်လိုက်တော့သည်။

ဘုန်း!!

ပိုးဟပ်ကကြမ်းပြင်ပေါ်သို့ချိနဲ့စွာနှင့်ပြုတ်ကျလာသည်၊ မီးတောက်များက ၎င်း၏ ခန္ဓာကိုယ်တွင်ပြင်းထန်စွာဖြင့်တောက်လောင်နေဆဲဖြစ်ပြီး, အဆုံးတွင်တော့, ၎င်းကိုအနက်ရောင်မီးသွေးခဲအဖြစ်သို့ပြောင်းပြစ်လိုက်သည်၊

ဟမ်, ပိုးကောင်အသေးလေး၊ ဖလိမ်မီကသူ့ခေါင်းကိုဂုဏ်ယူစွာဖြင့်မြှောက်လိုက်ပြီး နောက်,သူ့အတောင်ကို၎င်း၏ခါးဘေးတွင်အောင်ပွဲခံစွာဖြင့်ခေါက်သိမ်းထားသည်၊

အဲ့ကောင်ကကြွပ်ရွနေတဲ့အထိလျှပ်စီးနဲ့လောင်ပြီးသွားပြီမဟုတ်ဘူးလား…? ဘာလို့ အဲ့ကောင်ကအသက်ပြန်ရှင်လာတာတုန်း?

အစင်းလေး၏သေးငယ်တဲ့ဦးနှောက်စွမ်းရည်သည် ဒီအံ့ဖွယ်ဖြစ်ရပ်ကိုနားလည်ရန် မလုံလောက်ပါ၊ ထို့နောက်အစင်းလေးသည်၎င်း၏ဦးခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက် ပြီးပင့်ကူအိမ်ထဲတွင်မိနေသောတခြားကြီးမားသည့်ပိုးဟပ်ကိုသံသယဖြစ်စွာနှင့် စိုက်ကြည့်နေသည်၊

ဒီတစ်ကောင်လည်းအသက်မရှင်နိုင်လောက်တော့ဘူးမလား, ဟုတ်တယ်မလား?

အစင်းလေးကပိုးဟပ်ကိုအသေးစိတ်စစ်ဆေးရန်၎င်း၏ဦးခေါင်းကိုရှေ့သို့ရွှေ့လိုက် သည်၊ မျက်လုံးရှစ်လုံးသည်ပိုးကောင်၏တစ်လက်မမှမလွတ်ဘဲစစ်ဆေးကြည့်နေသည်၊

ကြီးမားသောပိုးဟပ်သည် ၎င်း၏နှလုံးသားထဲတွင် လုံးဝကိုစိတ်ပျက်အားငယ်သွားသလို ခံစားလိုက်ရသည်၊ သူ၏အဖော်ကလွတ်မြောက်သွားပြီဖြစ်သော်လည်း သူက ယခုအထိပင့်ကူအိမ်ထဲတွင်ပိတ်နေမိဆဲဖြစ်သည်၊ အခုတော့သူကလှုပ်ပင်မလှုပ်ရဲပေ, သူကသေသလိုဘဲကစားနိုင်တော့မည်၊

ဖတ်.

အစင်းလေးကသူ့ရဲ့ဘယ်ဘက်လက်ကိုမြှောက်လိုက်ပြီး ကြီးမားသောပိုးဟပ်၏ခေါင်း ကိုပုတ်လိုက်သည်၊ ကြီးမားသောပိုးဟပ်၏မျက်လုံးများသည်အရောင်အဆင်းကင်းမဲ့ ပြီး,အစင်းလေးက၎င်းကိုမည်သို့စနေ, ပုတ်နေပါစေ,ဘာမှဖြစ်လာမည်မဟုတ်ပေ၊

အစင်းလေးကပျော်ရွှင်သွားတော့သည်၊ ဒါကသေနေတာကောင်းတယ်, အစင်းလေးကသေနေတဲ့အကောင်ကိုစားရတာကြိုက်သည်,အသက်ရှင်နေတာ မကြိုက်ဘူး၊

ပွတ်ချ်!တစ်ကိုက်တည်းနှင့်ပင် ကြီးမားသောပိုးဟပ်၏ခေါင်းကပျောက်ကွယ်သွားတော့သည်၊

ပိုးဟပ်နှစ်ကောင်သည်စက်ရုံထဲသို့အရင်ကခိုးဝင်ခဲ့ဖူးသောသားရဲများဖြစ်နိုင်သည်၊

ကောင်းဖန်ကအခုတော့ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားပြီဖြစ်သည်၊ ကြီးမား သောသတ္ထုစပ်အပေါက်က စက်ရုံမှအညစ်အကြေးများစွန့်ပစ်ရန်အတွက် ဖွင့်ပေးတာဖြစ်နိုင်ပြီး, သာမန်အားဖြင့် သတ္ထုစပ်အပေါက်ကတင်းတင်းကြပ်ကြပ်ကိုပိတ်ထားတာ ဖြစ်သည်၊ သားရဲနှစ်ကောင်က၎င်းကိုဖွင့်လိုက်ပြီးစွန့်ပစ်တဲ့အချိန်သတ္ထုစပ်အပေါက်မှ တစ်ဆင့် ဝင်လာတာဖြစ်သည်၊

ကောင်းဖန်ကအနည်းငယ်အံ့ဩနေသည်၊ ပိုးဟပ်နှစ်ကောင်ကရေအများကြီးကို ခံနိုင်ရည်ရှိပြီးတံခါးကိုဖြတ်သွားရန်အတွက် ရေစီးကြောင်းအတိုင်းဆန့်ကျင်သွားကြ သည်? ဘယ်အရာက ဒီပိုးဟပ်နှစ်ကောင်ကိုအရမ်းစိတ်ပိုင်းဖြတ်သွားအောင်လုပ်လိုက် တာလဲ?

ကောင်းဖန်ကရှေ့ကိုသွားပြီး သတ္ထုစပ်တံခါးပေါ်တွင်သော့ခတ်ထားခြင်းကိုဖွင့်လိုက်သည်၊ သူကအဖုံးကိုလှန်၍ဖွင့်လိုက်ပြီး ဒီဂျစ်တယ်တံခါးကိုလျှို့ဝှက်နံပါတ်ရိုက်မထည့် ခင်ဖွင့်လိုက်သည်၊ သတ္ထုစပ်တံခါးသည်စူးရှသောမြည်သံတစ်ခုထွက်လာပြီး ဖြည်းညင်းစွာပွင့်လာသည်၊

စက်တံခါးဖွင့်သံအောက်တွင် ပစ္စည်းများအားလုံးကတစ်ခုနှင့်တစ်ခုပွတ်တိုက်နေသော ဆူညံသံများကိုကြားလိုက်ရသည်၊ ကောင်းဖန်အသံကိုနားထောင်ရန်သူ့ခေါင်းကို ဘေးဘက်လှည့်လိုက်သောအခါ ပွတ်တိုက်သံများပျောက်ကွယ်သွားတော့သည်၊

တံခါး၏အလယ်ဗဟိုရှိကွာဟချက်သည်တဖြည်းဖြည်းကျယ်လာသည်၊ ထိုဟနေသော တံခါးကိုဖြတ်၍, ကောင်းဖန်က အမှောင်ထဲတွင်အနီရောင်အစက်အများကြီးကို တွေ့လိုက်ရသည်။

နမိတ်မကောင်းသောခံစားချက်များကောင်းဖန်၏နှလုံးထဲတွင်ဖြစ်ပေါ်လာသည်၊

ထိုပွင့်နေသောနေရာဆီသို့သူကလက်နှိပ်ဓာတ်မီးဖြင့်ထိုးလိုက်သည်။ မည်းနက်နေတာ၊ ပိုးဟပ်သားလောင်းများသည် ကြမ်းပြင်နှင့်မြောင်းနံရံများ,မျက်နှာကျက်ပေါ်၌ပင် တစ်ကောင်နှင့်တစ်ကောင်တွန်းထိုးသကဲ့သို့ဖြစ်နေသည််။

တံခါးဖွင့်လိုက်ပေမယ့်, ဘယ်သားရဲမှသူတို့ဆီကိုပြေးဝင်မလာပေ်။ တာ့ဇီနှင့်သူ့အဖွဲ့၏ အရှိန်အဝါသည် အင်းဆက်ကောင်များ၏သတိရှိနေခြင်းကိုပိုတိုးစေသည်။

တိုးသောအော်သံတစ်ခုကရုတ်တရက်သားရဲတွေနောက်မှထွက်ပေါ်လာသည်။

ပိုးဟပ်ကောင်များအုပ်စုကခဏလောက်တုန်လှုပ်သွားပြီးနောက် မဆိုင်းမတွဘဲ ရပ်သွားကြပြန်သည်၊ ရက်စက်ကြမ်းကြုတ်စွာဖြင့်အုပ်စုလိုက်ရှေ့သို့တိုးလာတော့ သည်။

“ဖလိမ်မီ” ကောင်းဖန်ကပြောလိုက်ပြီးနောက်, တာ့ဇီနှင့်ကျန်သူများကနောက်သို့ နှစ်လှမ်းဆုတ်လိုက်ကြသည်။

ဘုန်း!

အထိန်းအကွပ်မဲ့စွာဖြင့်ပစ်ထုတ်လိုက်သည်ကမီးတောက်ထွက်စေသည့်လက်နက် လိုမျိုးပြင်းထန်သောမီးတောက်ကသူ၏ပါးစပ်မှထွက်လာသည်။

မြောင်းကသိပ်မကျယ်ပေ၊ ထို့အပြင်၎င်းသည်ဖြောင့်တန်းနေသောလမ်းကြောင်း ကြောင့်၎င်းတို့ရှေ့မှပိုးဟပ်များသည်မီးကိုရှောင်လွှဲဖို့နည်းလမ်းမရှိပေ်။

မီးတောက်များသည်ပိုးဟပ်အုပ်လိုက်ကြီးကိုဖုံးလွှမ်းသွားသည်၊ ပုံမှန်အားဖြင့်, ၎င်းတို့ကမြေအောက်ပတ်ဝန်းကျင်တွင်နေကြတာကြောင့် အလျှံအပယ်ရှိသော အရာနှစ်ခုရှိသည်; ညစ်ညမ်းသောရေနှင့် မြေအောက်အဆီများပင်ဖြစ်သည််။ ထိုပိုးဟပ်များသည်စားကြွင်းစားကျန်များကိုကြိုက်နှစ်သက်ကြသောကြောင့်, သူတို့က သဘာဝအားဖြင့်သူတို့၏ခန္ဓာကိုယ်ပေါ်တွင်အဆီများဖြင့်စုနေသည်။

ထုံးစံအတိုင်းဆီက တခြားသောသားရဲများတိုက်ခိုက်မှုကို ဆန့်ကျင်ခုခံနိုင်သော်လည်း, အခုတော့, ၎င်းကပစ္စည်းကသူတို့ကိုဖျက်စီးဖို့ဖြစ်နေသည်၊

မီးတောက်ကချက်ချင်းပင်မြေအောက်မြောင်းတစ်ခုလုံးကိုဝါးမြိုသွားတော့သည်။

ကြီးမားသောပိုးဟပ်များသည် နာကျင်မှုကြောင့်အသံများတအီအီထွက်နေကာ, နေရာအနှံ့သို့လွင့်ထွက်သွားကြသည်၊ သူတို့ကသူတို့အသက်အတွက်ပင်ပြေးရတော့ မည်ဖြစ်သည်။

All Chapters