အခန်း (၁၈၁-၁၈၄)
Vol. 12 Ch. 181-184
အပိုင်း၁၈၁ အမှောင်ဒိုဒါနွယ်ပင်
ကြီးမားသောပိုးဟပ်များ၏စူးရှသောအသံများက မီးလောင်ကျွမ်းမှုကြောင့်မြေအောက် ပိုက်လိုင်းတစ်လျှောက်တွင်ပြည့်နှက်နေသည်၊ ဖရိုဖရဲဖြစ်နေသည့်အော်သံများသည် သူတို့၏ခေါင်းဆောင်၏အော်သံအောက်မှာပင်နစ်မြုပ်နေရသည်…
မီးများကပြင်းထန်စွာလောင်ကျွမ်းသွားပြီး, မီးခိုးများကထူထပ်သောကြောင့်တိုင်များကိုပင် ဖုံးလွှမ်းသွားတော့သည်၊ ကောင်းဖန်ကသူ့နှာခေါင်းကိုဖုံးလိုက်ပြီး, နောက်ကိုဆုတ် ကာချောင်းဆိုးလိုက်သည်၊
ဒီမီးများကတကယ်ကိုပြင်းထန်သည်, ပြီးတော့လေထဲရှိအောက်စီဂျင်များကိုပါ လောင်ကျွမ်းသွားပုံရတာကြောင့် အသက်ရှုခက်ခဲစေသည်။
ကောင်းဖန်သည်အခြားပိုးဟပ်များကိုစိတ်အားထက်သန်စွာအမိန့်ပေးနေသော အခြားကြီးမားသောပိုးဟပ်များထက် နှစ်ဆကြီးသည့်ပိုးဟပ်တစ်ကောင်ကိုတွေ့လိုက် သည်၊ ၎င်းသည်သူတို့၏ခေါင်းဆောင်ဖြစ်မည်ဟုသူထင်သည်။
ကောင်းဖန်၏မျက်လုံးများကတောက်ပလာတော့သည်၊ “အစင်းလေး!” ဒီကြီးတဲ့ပိုးဟပ် ကအဆင့်၁၈မှာဘဲရှိတာ, သူ့အဆင့်အတန်းကအထူးအဆင့်ဘဲရှိတယ်၊
အစင်းလေးကပိုးဟပ်များအပေါ်၎င်း၏ခေါင်းဖြတ်သည့်နည်းဗျူဟာကို အပြည့်အဝသုံး၍အကောင်အထည့်ဖော်နိုင်စွမ်းရှိသည်၊
အစင်းလေးသည်၎င်း၏ခြေသည်းများကိုပေါ့တန်စွာခါလိုက်ပြီး ဒေါသထွက်စွာဖြင့် တိုင်ကီလိုမျိုးပိုးဟပ်တွေဆီသို့တည့်တည့်သွားလိုက်သည်၊
လမ်းတစ်လျှောက်ရှိကြီးမားသောပိုးဟပ်များအားလုံးကို အစင်းလေး၏မာကျောသောအပြင်အခွံဖြင့်ပစ်ချလိုက်သည်၊ ၎င်း၏ခြေသည်းများကမြောက်လာပြီး ဘေးတိုက်,တိုက်ချလိုက်ကာ ကြီးမားသောပိုးဟပ်များကိုလွင့်ထွက်သွားစေသည်၊ အခြားအနည်းစု ကသူတို့ခြေထောက်တွေကိုတင်းကြပ်စွာဖြင့်တတ်နိုင်သလောက်ကွေးထားကြပြီး အမြင့်သို့ခုန်တက်ကြသည်၊
မီးကြောင့်အနည်းငယ်လောင်ကျွမ်းသွားသော်လည်း အများအပြားမှာငြိမ်ဝပ်စွာရှိနေ ဆဲဖြစ်တာကြောင့် သူတို့ကအစင်းလေးဝင်လာတာကိုမြင်သောအခါ, သူတို့ကချက်ချင်း လှုံဆော်မှုတွေဖြစ်ကာ အရှေ့သို့ပြင်းထန်စွာဖြင့်ပြေးလာကြတော့သည်၊
သူတို့ကမိုးစက်များကဲ့သို့ဦးတည်ရွေ့လျားလာကြပြီး အစင်းလေး၏အခွံကိုထိကာ, ပလုံးပထွေးသံများထွက်ပေါ်လာတော့သည်၊
အလွန်ပြင်းထန်ပြီးအဆက်မပြတ်တိုက်ခိုက်မှုများသည် အစင်လေး၏မာကျောသောအခွံပေါ်တွင် အသေးအဖွဲဖြစ်သော အဖြူရောင်အမှတ်များကိုချန်ထားခဲ့သည်၊ ကြီးမားသောပိုးဟပ်များက ထိုနည်းလမ်းကိုသုံးခြင်းသည်ငြီးငွေ့စရာကောင်းပြီး, ရိုးရှင်းပြီးပါးစပ်များဖြင့်ဆုတ်ဖြဲနေပြီး, သေးငယ်ချွန်ထက်သည့်ခြေသည်းများဖြင့် တိုက်ခိုက်နေသည်၊
ပြီးပြည့်စုံသောအဆင့်အတန်းအုပ်ချုပ်သူအဆင့်သားရဲ၏ခုခံမှုက ကြီးမားသောပိုးဟပ် များ၏အဖွဲ့လိုက်တိုက်ခိုက်မှုကိုလုံးဝကိုစိတ်ထိခိုက်စေသည်၊
…(မသိ)
အကယ်၍တစ်ယောက်ခုခံမှုကိုမချိုးဖျက်နိုင်ခဲ့လျှင်, သူတို့ဘယ်တော့မှအန္တာရယ်ပြုဖို့ အကြောင်းတွေဖြစ်လာမှာမဟုတ်တော့ဘူး၊
ကျောက်တုံးများကိုရေစက်များဖြင့်ချိုးဖျက်ရာတွင်လည်း အတိုင်းအတာတစ်ခုအထိ လိုအပ်ပါသည်၊
အသက်ရှုရခက်လာသည်ကိုခံစားမိလိုက်တာကြောင့်ကောင်းဖန်မျက်မှောင်ကြုတ် လိုက်သည်၊ကြယ်တာရာရွေ့ပြောင်းခြင်းကလည်းပျက်စီးမှုမှလမ်းကြောင်းပြောင်းပေး သော်လည်း,အသက်ရှုမဝသောကြောင့်ပျက်စီးမှုလမ်းကြောင်းကိုတော့ပြောင်းသွား အောင်တော့မလုပ်နိုင်ပါ၊ မြေအောက်မြောင်းသည်လေဝင်လေထွက်အထောက်အကူ များရှိသော်လည်းအချိန်တိုအတွင်းအောက်ဆီဂျင်ဆုံးရှုံးမှုသည်အစားထိုးနိုင်သည့် အရာမဟုတ်ပေ်။
နောက်ကိုဆုတ်လိုက်ပြီး တိုက်ခိုက်နေမှုနှင့်ဝေးကွာသည့်နေရာတွင်ထားလိုက်သည်။
အစင်းလေးသည် အလွန်ကြီးမားသောပိုးဟပ်ခေါင်းဆောင်၏ရှေ့သို့ ပြေးသွားလိုက်ပြီး, ကြီးမားသည့်ပိုးဟပ်ရှိသည့်သံကြိုးများပတ်လည်တွင် ၎င်း၏ပင့်ကူခြေချောင်းများကိုပြင်းထန်စွာမြှောက်လိုက်ကာ အလယ်တွင်ပိုးဟပ်ကိုလှောင်အိမ်တစ်ခုလို ပိတ်ချလိုက်သည်၊
ကြီးမားသောပိုးဟပ်ကြီးသည်မည်မျှပင်ခက်ခက်ခဲခဲကြိုးပမ်းပါစေ, ၎င်းသည် အစင်းလေး၏ချုပ်ကိုင်မှုမှမလွတ်နိုင်ပေ။
၎င်း၏ခေါင်းကိုငုံ့လိုက်ပြီးအစင်းလေး၏အမြှီးပိုင်းနှင့်ပါးစပ်ဖျားသည် ပင့်ကူပိုးအများ အပြားထွက်လာသည်၊ တိုတောင်းသောအကွာအဝေးတွင်တော့ရှောင်ရှားရန်နည်းလမ်း မရှိပေ။
နောက်ဆုံးတော့, အစင်းလေးကအကြင်နာကင်းမဲ့စွာဖြင့်ကြီးမားသောပိုးဟပ် ခေါင်းဆောင်၏ခေါင်းကိုကိုက်ချပစ်လိုက်သည်၊
ကြီးမားသောပိုးဟပ်၏ကုစားနိုင်သောစွမ်းရည်သည်ပုံမှန်မဟုတ် အစွမ်းထက်သော် လည်း, သူတို့၏ဖြတ်လတ်ခြင်းများဖြင့် အတော်လေးလက်မလျော့သော်လည်း, သူတို့၏ခေါင်းဆုံးရှုံးခြင်းသည်သေဆုံးသွားခြင်းဖြစ်သည်၊
သူတို့၏ခေါင်းဆောင်မရှိဘဲ, ကျန်သောကြီးမားသည့်ပိုးဟပ်များ၏စိတ်ဓာတ်များသည် ကျဆင်းသွားပြီး, သူတို့အသက်များအတွက်ပြေးကြတော့သည်၊
ကြည့်ရသည်မှာ, ကြီးမားသောပိုးဟပ်များသည်စက်ရုံ၏မတော်တဆဖြစ်ရသည့် အကြောင်းအရင်းဖြစ်ပုံရသည်၊ ဘာကြောင့်ကြီးမားသည့်ပိုးဟပ်များကသတ္ထုစပ်တံခါး ကိုပတ်လည်ပိတ်ထားသည်ကိုအဖြေရှာ၍မရပါ၊ ရေများကတံခါးမှထွက်လာသည်နှင့် သူတို့ကအစုလိုက်အပြုံလိုက်တံခါးဆီသို့သွားပြီး ရေဆန်ကိုမျက်မှာမူကာလှုပ်ရှားကြ သည်၊
အရေအတွက်အများကြီးထိုနေရာတွင်ရှိသည်၊ သူတို့ထဲကတစ်ကောင်နှစ်ကောင် လောက်ကတံခါးဆီသို့တိုက်ဆိုင်စွာပင်ပြေးသွားသည်၊
ကောင်းဖန်ကဘာတွေဖြစ်နေလဲဆိုတာကို စိတ်ကူးမကြည့်နိုင်ပေ၊
အစင်းလေးကရုတ်တရက်စူးဝါးကျယ်လောင်စွာဖြင့်အော်လိုက်ပြီးသူ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာပြင်းစွာနာကျင်လာရသည်၊ထို့နောက်၎င်းကနံရံကိုအဆက်မပြတ် ထုနေတော့သည်၊
“ဘာဖြစ်နေတာလဲအစင်းလေး?” ကောင်းဖန်ကအမြန်မေးလိုက်သည်၊
ကြောက်ရွံ့မှုအပြည့်ဖြင့်, အစင်းလေးကပြောလိုက်သည်, “တစ်ခုခုကငါ့ပါးစပ်ထဲမှာ လှုပ်နေတယ်, အဲ့တာလှုပ်နေတယ်, လှုပ်နေတယ်၊”
အဲ့ဒီပိုးဟပ်ရဲ့ခေါင်းက အဆင့်မြင့်အဖြစ်ကိုပြောင်းသွားတာလား? ကောင်းဖန်အံ့ဩ သွားသည်၊
အစင်းလေးသည်ကသိကအောက်ဖြစ်ပေမယ့်, ကောင်းဖန်ကကောင်းဖန်က အစင်းလေးပါးစပ်ထဲမှခေါင်းကိုရှင်းလင်းစွာမြင်နေရပြီး,သန်ကောင်အုပ်လိုက်က လူးလွန့်နေသည်၊
[မကောင်းဆိုးဝါးအမည်]-အမှောင်ဒိုဒါနွယ်ပင်(ကပ်ပါးကောင်ခန္ဓာကိုယ်)
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၉
[မကောင်းဆိုးဝါးအဆင့်အတန်း]-ပြီးပြည့်စုံသောအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-အမှောင်
[မကောင်းဆိုးဝါးဝါသနာ]-သတ္ထုစားခြင်း
[မကောင်းဆိုးဝါးအားနည်းချက်]-နေရောင်ကိုမုန်းခြင်း
[ကပ်ပါးကောင်ထူးခြားသည့်ပင်ကိုလက္ခဏာများ]-အာဟာရအဖြစ်လက်ခံကောင်၏ အရေပြားအောက်ရှိအဆီနှင့်သွေးများကိုစုပ်ယူသည်၊ လက်ခံကောင်အားသူတို့၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုကိုပြန်လည်ရယူရန်နှင့် ၎င်းတို့၏အတွင်းဒဏ်ရာများကို ပြုပြင်ရန်နှင့်၎င်းတို့၏အရေပြားအပြင်ဘက်ခုခံစွမ်းအားများကိုဖြစ်မြောက်စေသည်၊
နောက်ထပ်ကပ်ပါးပင်အမျိုးအစားဘဲ၊
ကောင်းဖန်၏မျက်နှာကရှုံ့တွသွားတော့သည်၊
ဒီကပ်ပါးပင်၏အဆင့်အတန်းမှာအတော်လေးကောင်းပြီး,၎င်း၏သန်မာမှုစွမ်းရည်က လည်သိပ်မဆိုးလှပေ၊
လက်ခံကောင်၏ ကာယကြံ့ခိုင်မှုကိုပြန်လည်ရယူခြင်းသည်တိုက်ခိုက်မှုတွင် ဆက်လက်တိုက်ခိုက်နိုင်စွမ်းကိုတိုးမြှင့်စေခြင်းနှင့်ညီမျှသည်၊ အတွင်းပိုင်းအနာကို ကုစားခြင်းသည်လည်းကုစားခြင်းအာနိသင်တစ်ခုအဖြစ်ယူဆလို့ရသည်၊ ပြင်ပခံစစ်စွမ်းအားကိုအဆင့်မြှင့်တင်ခြင်းသည် တိုက်ခိုက်ရေးစွမ်းအားကိုတိုက်ရိုက် တိုးမြှင့်စေခြင်းဖြစ်သည်၊
အားလုံးထဲကမှ, ဒီစွမ်းရည်တွေကအတော်လေးအသုံးဝင်သည်၊
“ဒီကိုလာ,ဖလိမ်မီ,” ထိုအချိန်အရေးတကြီးလုပ်ဆောင်ရမည့်အရာမှာ အစင်းလေး၏ ပါးစပ်မှ အမှောင်ဒိုဒါနွယ်ကိုဖယ်ရှားရန်ဖြစ်သည်၊
အစင်းလေး၏ခုခံမှုစွမ်းရည်သည်ကောင်းမွန်သော်လည်း၎င်းကသူ၏ပြင်ပအခွံပိုင်းသာ ဖြစ်သည်၊
အတွေ့အကြုံမရှိသေးသောဖလိမ်မီကရောက်လာခဲ့သည်၊ ကောင်းဖန်ကဖလိမ်မီကို ကြည့်ကာသက်ပြင်းချလိုက်သည်, “တောင်းပန်ပါတယ်”
ဖလိမ်မီနှလုံးသားအောက်ခြေမှထိတ်လန့်ကြောက်ရွံ့ဖွယ်ခံစားချက်များထွက်ပေါ် လာသည်။
ကောင်းဖန်သည်ဖလိမ်မီရဲ့ခေါင်းကိုပုတ်ပြီးအကူအညီမဲ့နေသည်၊ “မင်းကအရမ်းငယ်သေးတယ်,မင်းမှာတာဝန်တွေအများကြီးရှိတယ်…”
ဖလိမ်မီကသူ့သခင်ကိုကြည့်လိုက်သည်,သခင်၏အမူအရာကဘာကြောင့်ကြောက်စရာ ကောင်းတယ်ဆိုတာကိုအံ့ဩနေသည်၊
နောက်ဒီမြင်ကွင်းကတာ့ဇီ၏မျက်လုံးများကိုပြူးစေသည်၊ တိုက်ရိုက်ကြည့်ရန်မလိုဘဲ ခေါင်းကိုလှည့်ကာမျက်လုံးသေးသေးလေးဖြင့်လျှို့ဝှက်စွာဖြင့်ကြည့်လိုက်သည်၊
…(မသိ)
နောက်ဆုံး,ဖလိမ်မီ၏နှုတ်သီးသည်အစင်းလေး၏ပါးစပ်ထဲတွင်တွန့်လိမ်နေသော အနက်ရောင်အမျှင်များကိုဆွဲယူကာဆွဲထုတ်လိုက်သည်၊
အစင်းလေး၏ပါးစပ်မှထွက်သွားပြီးနောက်,ဖလိမ်မီက အနက်ရောင်အမျှင်များကို မြေပြင်ပေါ်သို့ထွေးထုတ်လိုက်ပြီးနံရံကိုမှီလျက်မျက်နှာကြီးစိမ်းကာအန်နေတော့သည်၊
မြင်သူကြားသူဘယ်သူမဆို ဖလိမ်မီ၏အသံနှင့်လှုပ်ရှားမှုများနှင့်ရက်စက်ကြမ်းကြုတ် မှုကိုခံစားရလိမ့်မည်၊ “အဟွတ်,အစင်းလေး, မင်းပါးစပ်ကိုရေနဲ့ဆေးတဲ့အလေ့အကျင့် မရှိဘူးဆိုရင်ငါတို့တွေ့မယ်” ကောင်းဖန်ကအစင်းလေးကိုဆူလိုက်သည်၊
အစင်းလေးကစိတ်ထိလိုက်စွာဖြင့်အော်လိုက်သည်၊
ကောင်းဖန်ကနှစ်ကြိမ်ချောင်းဆိုးလိုက်သည်, ဖလိမ်မီတစ်ဦးသာထိုကဲ့သို့ စွမ်းရည်ရှိတာကြောင့်ယခုပင်သူ၏ဟာသဉာဏ်ကဆုံးရှုံးသွားတော့သည်။
အမှောင်ဒိုဒါနွယ်ပင်သည်မြေပြင်ပေါ်တွင်ပစ်ချခံထားရပြီး, အနက်ရောင်ပဲစေ့များနှင့် ရှုပ်ထွေးနေသောဆံပင်လိပ်များနှင့်တူသည်၊
အစပိုင်းမှာတော့ အမှောင်ဒိုဒါနွယ်သည်မြေပြင်ပေါ်တွင်တွန့်လိမ်နေပြီး, နောက်၎င်းက သတိကြီးကြီးဖြင့်လွတ်မြောက်သွားတော့သည်၊ ကောင်းဖန်ကအဲ့တာကို မမြင်ချင်ယောင်ဆောင်ပြီး သားရဲတွေကိုလည်းလျစ်လျူရှုဖို့ပြောလိုက်သည်၊
အမှောင်ဒိုဒါနွယ်သည်အဝေးသို့ရောက်သွားအခါမှသာ ကောင်းဖန်သည်၎င်းတို့ကို အမှီလိုက်ရန်အတွက်အချက်ပြလိုက်သည်၊ တာ့ဇီ၏စူးရှသောအနံ့ခံနိုင်စွမ်းဖြင့် ခန့်မှန်းခြေလမ်းကြောင်းသည်အမှတ်အသားဖြင့်အရမ်းတော့မဝေးနိုင်ပါ၊
သူတို့ကလမ်းတစ်လျှောက်တွင်အခြားသောသားရဲများနှင့်တွေ့ဆုံခဲ့သော်လည်း ၎င်းတို့၏အဆင့်များသည်မမြင့်ဘဲသာမန်အဆင့်အတန်းသာဖြစ်သည်၊ ကောင်းဖန်ကသူတို့နှင့်သွားမရှုပ်ပေ၊ ဒီသားရဲတွေကိုသူတို့ဘာသာရှောင်ပြေးဖို့ အတွက်တာ့ဇီ၏အသက်ရှုထုတ်မှုတစ်ခုသာလိုသည်၊
နာရီဝက်လောက်လမ်းလျှောက်ပြီးနောက်, မြောင်း၏ဘယ်နှင့်ညာကိုလှည့်ကာ, စီးဆင်းနေသည့်ရေသံကိုကြားရသည်၊
အသံကကျယ်သထက်ကျယ်လာသည်၊ မြေအောက်ရေသည်သူတို့၏ရှေ့တစ်နေရာ တွင်စုံသွားပုံရသည်၊ ရေများသည်နေရာများစွာမှစီးဆင်းလာပြီးဒီအခန်းတွင်စုဆုံသည်, ဘာကြောင့်လဲဆိုတော့,လျင်မြန်စွာစီးဆင်းခြင်းကြောင့်,ရေဝဲပုံလေးများဖြစ်လာသည်၊
ထို့အပြင်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် နံစော်နေသည့်အနံ့များထွက်လာသည်။
***
အပိုင်း၁၈၂ အမှောင်ဒိုဒါနွယ်ပင် ၂
နေရာသည်စက်ဝိုင်းပုံဖြစ်နေသောမြေအောက်နေရာလပ်ဖြစ်ပြီး ၎င်းအနီးတစ်ဝိုက်တွင် အခြားလမ်းကြောင်းများကို ဦးတည်သွားသောလမ်းကြောင်းများဖြစ်သည်၊ ညစ်ညမ်းသောရေများအတွင်းအတောမသတ်နိုင်စီးဆင်းနေသောအမှိုက်များက တခြားလိုင်းမှစီးနေပြီး, စူးရှသောအနံ့ဆိုးများကိုဖြစ်စေသည်၊
ကောင်းဖန်ကအစပိုင်းတွင်တော့အနံ့ကိုအရမ်းရွံ့ရှာနေခဲ့သော်လည်း ခဏကြာသော အခါကျင့်သားရလာခဲ့သည်၊ ထိုအနံ့ကအနည်းငယ်ပြင်းထန်သည်ဟုသူတွေးနေမိသည်၊
ကောင်းဖန်သည် သူနှင့်အတူကပ်လျက်သူ၏သားရဲများဖြင့်အတူပေါ်လာသည်၊
တာ့ဇီ၏ဦးမျှင်များသည်ဘယ်နှင့်ညာယိမ်းယိုင်လှုပ်ရှားနေကာ သွေးစာချုပ်ကိုသုံး၍ သူ၏အတွေးများကိုကောင်းဖန်ထံသို့ပို့လွှတ်လိုက်သည်၊ “သခင်, အဲ့တာဒီမှာ, အနံ့ကဒီနေရမှာပျောက်သွားပြီ”
“သူတို့ကရေမြောင်းကိုမသုံးခဲ့ကြဘူးလား?”
“မသုံးဘူး” တာ့ဇီကအတည်ပြုခြင်းဖြင့်ခေါင်းယမ်းလိုက်သည်၊
ကောင်းဖန်ကဖြေးညင်းစွာဖြင့်ခေါင်းညိတ်လိုက်သည်၊ အမှောင်ဒိုဒါနွယ်က အပင်ဖြစ်သည်, ဒါကြောင့်၎င်းကဆင့်ကဲပြောင်းလဲပြီးလျှင်,၎င်းကမြေအောက် အခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင်နေသည်, ဒါပေမယ့်သူကရေအောက် တွင်တော့မဖြစ်သင့်ပေ၊ ကောင်းဖန်ကသူ၏ဓာတ်မီးကိုထိုးကြည့်လိုက်ပြီးလမ်းကြောင်း အမျိုးမျိုးကိုထိုးကြည့်လိုက်သည်၊
ထောင့်တစ်ခု၏ကြားတွင်, အနည်းငယ်ကြီးသောအနက်ရောင်နွယ်သည် ဘာအရိပ်အယောင်မှမကျန်စေဘဲထောင့်အတွင်းတွင်နက်ရှိုင်းစွာပုန်းအောင်းရန် ကြိုးစားရင်းနောက်သို့ တဖြည်းဖြည်းကျုံ့လိုက်သည်။
“မင်းကိုတွေ့ပြီ” ကောင်းဖန်ကတည်တည်ငြိမ်ငြိမ်ပြောလိုက်သည်၊ သူ၏အသံက မြောင်းထဲတွင်ပဲ့တင်ထပ်နေသည်၊ ပြင်းထန်သောအလင်းရောင်က ထောင့်တည့်တည့် ကိုထိုးပြလိုက်သည်၊ အနက်ရောင်နွယ်ကတဖြည်းဖြည်းလှုပ်နေကာ ရုတ်တရက်တောင့်တင်းသွားပြီးနောက်,၎င်းကစပါးကြီးမြွေတစ်ကောင်လို အမြန်လှုပ်ရှားလိုက်ပြီးရေထဲသို့လွတ်မြောက်ရန်သွားလိုသည်၊
ဖလိမ်မီကမီးတိုင်ကဲ့သို့နှုတ်သီးမှမီးများသည်အနက်ရောင်နွယ်လွတ်မြောက်ရန် ကြိုးစားရာတွင်ဦးတည်သည့်ဖြတ်သွားရမည့်လမ်းကြောင်းကိုခန့်မှန်းကာမှုတ်ထုတ် လိုက်သည်၊
အနက်ရောင်နွယ်ပင်သည်မြေပြင်တွင်ရပ်နေရင်းအလွန်ကြောက်နေပြီးနောက်, ဘေးဘက်သို့လှည့်လိုက်ကာ လွတ်မြောက်ရန်အတွက်နောက်ထပ်လမ်းကြောင်းတစ်ခု သို့သွားလိုက်သည်၊
တာ့ဇီသည်ထိုနေရာသို့ပြေးထွက်သွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်၊ ပြီးတော့ နွယ်ပင်တွေကမြန်သည်, သို့ပေမယ့်တာ့ဇီထက်တော့နှေးနေဆဲဖြစ်သည်၊
လှိုင်းထလာသောအသံကရုတ်တရက်ရေစီးကြောင်းရေထဲမှထွက်ပေါ်လာသည်၊ နောက်တော့, ချက်ချင်းပင်ရေများစင်ထွက်လာပြီးကြီးမားသည့်အနက်ရောင်ကြွက်ကြီး တစ်ကောင်ကရေစီးကြောင်းထဲမှခုန်ထွက်လာသည်၊ ၎င်းကတောက်ပြောင်ကြီးမား သောအနက်ရောင်ကြွက်ကြီးဖြစ်ပြီး,အနည်းဆုံးဆယ်ပေရှည်လျားသည်၊
ကြီးမားသောအနက်ရောင်ကြွက်ကြီးသည်ခုန်လာပြီးတာ့ဇီထဲသို့သူကိုယ်သူ ပစ်မဝင်ခင်တွင်သူ၏ပါးစပ်ကိုဖွင့်ကာ၎င်း၏ဓားကဲ့သို့ချွန်ထက်သည့်သွားတွေကိုထုတ်ပြလာသည်၊
တာ့ဇီကသူ၏ခြေလှမ်းများကိုမရပ်တန့်ပေ၊ ၎င်း၏ချွန်ထက်သောခြေသည်းတစ်ချောင်း စီကိုမြေပြင်ပေါ်တွင်မြဲမြံစွာကုပ်တွယ်ထားပြီး,၎င်းကဘေးဘက်သို့ရွှေ့လိုက်ကာ, အင်အားပြည့်ဝနေသည့်အရှိန်အဝါတစ်ခုက၎င်း၏အကြည့်ဖြင့်ထွက်ပေါ်လာသည်၊ ၎င်းကသူ၏ဓားမြှောင်နှင့်တူသောသွားများကိုအပြင်သို့ဆန့်ထုတ်လိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်၊ ထို့နောက်၎င်းတို့ကိုအပြီးသတ်ရန်လျင်မြန်စွာသွား လိုက်သည်၊
ကြီးမားသောသားရဲနှစ်ကောင်သည် အတူတူတိုက်မိသွားသည်၊ တာ့ဇီကထိုးသွင်းလိုက် ပြီးနောက်သို့ပြန်ဆုတ်လိုက်သည်၊ ကြီးမားသောကြွက်၏ပါးတွင်ထိုးဖောက်ကိုက်ခံရလု နီးပါးဖြစ်သွားပြီး သွေးများက၎င်း၏အနာမှစီးကျလာသည်၊
ကြီးမားသောကြွက်၏ရှေ့သွားများဖြင့်တာ့ဇီ၏နောက်ကျောက်ကိုရိုက်မိလိုက်ပြီး, တာ့ဇီ၏အခွံမှအတွင်းဘက်သို့ခွက်ဝင်ပြီး ထိုခွက်နေသောနေရာမှပတ်လည်တွင် အက်ကြောင်းများဖြစ်လာသည်၊
သို့ပေမယ့်, ကြွက်ကြီးသည်တာ့ဇီကိုကိုက်ခြင်းကြောင့် ပြင်းထန်စွာနာကျင်သွားတော့ သည်၊ နာလွန်းလို့မျက်ရည်များပင်ထွက်လုမတတ်ဖြစ်နေသည်၊ ၎င်းကသူ့ရှေ့သွားကို ကိုင်ကာအော်ငိုလုနီးပါးပင်ဖြစ်နေသည်၊
တာ့ဇီ၏ခန္ဓာကိုယ်ပေါ်တွင်မီးပွားတစ်ခုလက်သွားပြီးကြွက်ကြီးကိုတွန်းထုတ်လိုက် သည်၊ ကြီးမားသောကြွက်ကတောက်ပသောခရမ်းရောင်အလင်းကိုထုတ်လွှတ်နေ သည့်သူ၏အရှေ့မှကင်းခြေများသည်ရုတ်တရက်တစ်ခုခုအဖြစ်သို့ပြောင်းသွားသည်ကို ခံစားလိုက်ရသည်၊ မှောင်မဲနေသောမြေအောက်နေရာတွင်, အလင်းရောင်က အတော်လေးကိုတောက်ပနေသည်၊
ကြီးမားသောအနက်ရောင်ကြွက်သည်ထိုကဲ့သို့အလင်းကိုဒီမှောင်မဲနေသည့်နေရာတွင်နေခဲ့သည့်သူ့ဘဝတစ်လျှောက်လုံးတစ်ခါမှမခံစားခဲ့ဘူးတာကြောင့် ထိုအလင်းက သူ့မျက်လုံးကိုကန်းလုနီးပါးဖြစ်စေသည်၊
၎င်းကအရမ်းကြောက်ရွံ့ပြီး မြေပြင်မှခုနှစ်ပေရှစ်ပေလောက်ခုန်လွှားလိုက်သည်၊
ထို့နောက်၎င်းကလှည့လိုက်ပြီး လွတ်မြောက်ရန်ကြိုးစားသည်၊ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးမားသောကြွက်၏ခေါင်းတွင်ရှိသောအနက်ရောင်အမျှင်များရှိနေပါစေ, ၎င်းကအလုပ်မဖြစ်ပေ၊
ဒီသားရဲကအမှောင်ဒိုဒါနွယ်၏လက်ခံကောင်ဖြစ်လာတာဖြစ်လာဖွယ်ရှိသည်၊ သို့သော် လက်ရှိကပ်ပါးကောင်၏ဆက်နွယ်မှုအမျိုးအစားသည် သဟဇီဝဖြစ်ဆင်နှင့်တူသည်၊ ဆိုလိုသည်ကအမှောင်ဒိုဒါနွယ်သည်လက်ခံကောင်အားအတင်းအကြပ်အမိန့်ပေးလို့ မရပေ၊
ဒါကြောင့်ဒီကြွက်နက်ကြီးကကိုယ်ပိုင်အတွေးရှိပြီး အန္တရာယ်ကြုံတဲ့အခါတွင် ကြောက်လန့်သွားခြင်းဖြစ်သည်၊ ၎င်းသည်လွတ်မြောက်ပြီး, အရမ်းကိုအန္တရာယ်ကြီး တာဖြစ်လာတဲ့အခါ, အခုလက်ရှိဖြစ်သလိုမျိုးအခြေအနေနှင့်တစ်ထပ်တည်းဖြစ်လိမ့် မည်၊
ဘယ်လိုဘဲဖြစ်ဖြစ်, ဒါကလည်းကောင်းပါတယ်, ကောင်းဖန်ကဒီအမှောင်ဒိုဒါပင်ရဲ့ စွမ်းရည်ကိုဘဲလိုချင်တာ, သူ့ရဲ့အတွေးမဟုတ်ဘူး၊ ၎င်းကသူလိုချင်နေတဲ့ကပ်ပါး ကောင်အမျိုးအစားသားရဲဖြစ်သည်၊
တာ့ဇီကဖမ်းမိပြီးဖြစ်ကာ,၎င်း၏ချွန်ထက်ပြီးသန်မာသောခြေချောင်းများဖြင့် သံချောင်းအတန်းလိုက်ကဲ့သို့အမှောင်ဒိုဒါနွယ်ပင်ကိုခိုင်မာစွာဖြင့်တားထားသည်၊
အဆုံးမှာတော့, ၎င်းကသေနေသောမြွေတစ်ကောင်လိုနောက်သို့တစ်ရွတ်တိုက် ဆွဲခံလိုက်ရသည်၊ ဒိုဒါပင်ကကောင်းဖန်ကိုတွေ့သောအခါ, ၎င်းကပြန်ပြီးတိုက်ခိုက်ရန် သူ့ကိုယ်သူကောင်းဖန်၏ခန္ဓာကိုယ်အားရစ်ပတ်ရန်ကိုးစားလိုက်ပေမယ့်, သားရဲများဆီမှများစွာသောသင်ခန်းစာများကိုပေးခံလိုက်ရသည်၊ နောက်ဆုံးတွင်တော့, ၎င်းကမြေကြီးပေါ်တွင်လဲလျောင်းနေရင်းသူ၏ကံကြမ္မာကိုလက်ခံလိုက်ပုံရသည်၊
ကောင်းဖန်သည်ဒီသားရဲများ၏အထူးသွင်ပြင်လက္ခဏာကိုသတိထားမိပြီး,၎င်းတို့က ခေါင်းလောင်းကိုခိုးချိန်တွင်သူတို့နားတွေကိုအုပ်ထားသလိုဖြစ်နေသည်၊ ကုန်ကုန်ပြောရရင်, သူတို့ကတခြားသူတွေသတိမပြုနိုင်ဘူးလို့တွေးပြီး သူတို့ကိုယ်သူတို့ကြောင်းကျိုးမမြင်နိုင်တော့တာဖြစ်သည်၊
အမှောင်ဒိုဒါနွယ်သည် အစင်းလေး၏ကျောပေါ်သို့တင်ခံလိုက်ရသည်၊
မြေအောက်မှတစ်စုံတစ်ခုကိုရယူနိုင်ခြင်းသည်ကောင်းမွန်တဲ့ရလဒ်ဖြစ်သည်၊
အမှောင်ဒိုဒါပင်သည်အစင်းလေး၏ခန္ဓာကိုယ်ပေါ်တွင်သူ၏နွယ်များကိုသတိရှိစွာ ယမ်းနေပြီး, အစင်းလေး၏အခွံအတွင်းသို့ခိုးဝင်ရန်လုပ်နေသည်၊ ကံမကောင်းစွာနဲ့, ဆိုးရွားတဲ့အခြေအနေရောက်နေပြီဆိုတာတောင်မှ, သူ၏အပြုအမူကအဆင်မပြေပေ။
ထို့နောက်အစင်းလေးကရပ်လိုက်ပြီး မြေပြင်ပေါ်တွင်နှစ်ကြိမ်လောက်လှိမ့်လိုက်သည်၊
အမှောင်ဒိုဒါသည်လေးတွဲ့နေတော့ကာ ကြည့်ရတာအားနည်းနေသည်၊
ကောင်းဖန်ကလှည့်လိုက်ပြီး, မြောင်းထဲမှထွက်ရန်ရည်ရွယ်လိုက်သည်၊ ရုတ်တရက် ဟိန်းသံတစ်ခုကသူ၏နောက်မှထွက်ပေါ်လာသည်၊ ထရပ်ကားတစ်စီးက ရေနုတ်မြောင်းကိုဖြတ်၍မောင်းနှင်နေသလိုဖြစ်နေသောကြောင့်ကောင်းဖန်၏မျက်နှာကတွန့်သွားတော့သည်၊ အသံကတဖြည်းဖြည်းနီးကပ်လာပြီးကျယ်သထက်ကျယ်လာ သည်၊
ကောင်းဖန်ကသူ့ခေါင်းကိုငုံ့လိုက်သည်၊ ၎င်းကသူ၏ခြေထောက်အောက်တွင် အပြာရောင်သန်းနေသည်၊ အနက်ရောင်အရိပ်ကသူ့၏ခြေထောက်အောက်တွင် တစ်စုံတစ်ယောက်ကဖုန်းဓာတ်မီးကိုဖွင့်၍သူ့နောက်ကျောပေါ်ကိုထိုးကာ ပုံရိပ်ကျလာသလိုမျိုးကြီးလာသည်၊၊
ထိုနေရာကရုတ်တရက်တိတ်ဆိတ်သွားတော့သည်၊ ကောင်းဖန်၏ခြေလှမ်းများသာ ကျန်နေခဲ့သည်၊ ခပ်မှိန်မှိန်လျင်မြန်စွာရွေ့လျားနေသောအသံကသူ့နောက်မှထွက်ပေါ် လာပြီး, ဝါးတစ်ဝါးပုံရိပ်ကခြိမ်းခြောက်နေသည်၊
ကောင်းဖန်၏အမူအရာကလေးနက်ခြင်းသို့ပြောင်းသွားတော့သည်၊
“ပါး?” အသံကသံသယဖြစ်စရာကောင်းစွာကောင်းဖန်၏အနောက်မှလာသည်၊
“ဘော့စ်, အနောက်မှာအကောင်ကြီးကြီးရှိတယ်၊” တာ့ဇီကထိတ်ထိတ်ပျာပျာဖြစ်နေ သောလေသံဖြင့်ပြောသည်၊
ကောင်းဖန်ကလှည့်လိုက်ပြီး,သူ၏နောက်တွင် မြောင်းတစ်ခုလုံးပြည့်လုနီးပါးအလွန် ကြီးမားသည့်ပုံရိပ်ကရှိနေသည်၊အလင်း၏ရောင်စဉ်တန်းများက၎င်း၏ခန္ဓာကိုယ် ပတ်လည်တွင်မြွေကဲ့သို့ဖြစ်နေပြီး, လေထဲသို့ထိုးဖောက်ဝင်ရောက်ကာရှုးရှုးရှဲရှဲဖြင့် ဆူညံ့သံများပြုလုပ်နေသည်၊
သူ့ရှေ့မှာမြင်ရတဲ့အလင်းများသည် ထိုလျှပ်စီးမီးတောက်လေးများကထွက်ပေါ်လာ ခြင်းဖြစ်သည်၊ သူကအောက်ဘက်မှထူထပ်သောခြေသည်းများက၎င်း၏ အောက်မှဝါးတဝါးထိုးထွက်နေသည်၊
ကြီးမားသောသားရဲကြီးတွင်မဆိုးသွမ်းဘဲ, ကောင်းဖန်ကိုစိတ်ရှုပ်ထွေးစေသောအရာ တစ်ခုရှိနေသလိုမျိုးစူးစိုက်ကြည့်နေသည်၊
သားရဲ၏ပါးစပ်မှအော်မြည်နေသောအသံတစ်ခုကထွက်လာသည်၊ လျှပ်စစ်မီးများမှ တောက်ပသည့်မီးများကြောင့် ထိုကြီးမားသောသားရဲ၏နောက်ကျောတွင်အခွံတစ်ခု ရှိတာကိုမှုန်ဝါးဝါးမြင်လိုက်ရသည်၊
အဆုံးမှာတော့,သားရဲကတဖြည်းဖြည်းချင်းပြန်လှည့်သွားပြီး, ကောင်းဖန်ကိုတိုက်ခိုက် မှုဖြင့်မစတင်ခဲ့ပေ၊
ကောင်းဖန်ကသူ့နဖူးမှချွေးများကိုသုတ်လိုက်သည်၊
၎င်းကအရမ်းကြောက်စရာကောင်းသည်၊ သားရဲကယခုအဆင့်၃၉ဖြစ်သည်၊ အကယ်၍ သူတို့တကယ်တိုက်လျှင်, ကောင်းဖန်တို့အဖွဲ့ကသေချာပေါက်၎င်းကိုရှုံးနိမ့်အောင် လုပ်နိုင်မည်မဟုတ်ပေ၊ ဒီလိုမျိုးကျဉ်းမြောင်းပြီးအကန့်အသတ်ရှိသည့်နေရာတွင်, သူတို့ကလုပ်နိုင်တာကလွတ်မြောက်အောင်လုပ်ဖို့ဘဲဖြစ်သည်၊
ဘာလို့မြောင်းထဲမှာဒီလိုကြောက်ဖို့ကောင်းတဲ့သားရဲရှိနေတာလဲ?
ကောင်းဖန်က တုန်လှုပ်နေပြီးမတည်ငြိမ်ဖြစ်နေဆဲဖြစ်သည်၊ ၎င်းကဆံပင်ရွှေရောင် နှင့်လူမိုက်နှစ်ယောက်မူလတန်းကျောင်းသို့ပိုက်ဆံယူရန်သွားပြီးနောက်, အတန်းတံခါးကိုဖွင့်လိုက်သောအခါကြွက်သားတွေနှင့်ပြည့်ဝနေပြီး, လက်မောင်းများတွင်တက်တူးများထိုးပြီးခုံတွင်ထိုင်နေသူများကိုတွေ့လိုက်ရသလို ဖြစ်နေသည်၊
ခဏလေး, ကောင်းဖန်ရုတ်တရက်သူ့အဘိုး၏ကိုယ်ပိုင်သားရဲတစ်ကောင်က မြောင်းထဲမယ်နေတယ်ဆိုတာကိုသတိရသွားသည်၊ ဖြစ်နိုင်တာကအဲ့သားရဲလားဘဲ၊
သူတို့မြေပြင်ပေါ်သို့ပြန်ရောက်သို့,ကောင်းဖန်ကအမှောင်ဒိုဒါပင်ကိုလေ့ကျင့်ရေးကွင်း သို့ခေါ်လာခဲ့သည်၊ ထို့နောက်, သူကရေပိုက်ကိုဆွဲကာ, ထိုကောင်ကိုချိန်၍ဆေးကြော လိုက်သည်၊
အဆက်မပြတ်ဆေးကြောမှုအောက်တွင် အမှောင်ဒိုဒါ၏ခန္ဓာကိုယ်မှအနံ့အသက်နှင့် မှောင်မည်းနေသောအကြွင်းအကျန်များက ဆက်၍ထွက်လာသည်၊ တဖြည်းဖြည်းနှင့် အမှောင်ဒိုဒါပင်ကပိုပြီးတောက်ပလာသည်၊
သန့်ရှင်းပြီးနောက်, ၂၅ပေရှည်သည့်မီးခိုးရောင်နွယ်သည် ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသည်၊ နွယ်တွင် များစွာသောကိုင်းများရှိပြီး, ထိုကိုင်းများတစ်လျှောက်တွင် စိမ်းနက်နက်အသီးများရှိသည်၊ အသီး၏မျက်နှာပြင်ပေါ်တွင်တော့ရှုပ်ထွေးနေသည့် အနက်ရောင်အကွက်များဖြင့်ဖုံးထားသည်၊ ဒါကဒိုဒါပင်၏မူလပုံစံပင်ဖြစ်သည်၊
***
အပိုင်း၁၈၃
“မင်းငါဘာပြောနေလဲဆိုတာနားလည်လား?” ကောင်းဖန်ကပြောလိုက်သည်၊
အမှောင်ဒိုဒါနွယ်သည်မသိနားမလည်စွာဖြင့်တစ်နေရာထဲတွင်တွားသွားကာသွားနေခဲ့ သည်၊ ဘေးပတ်လည်ရှိသစ်ပင်များနှင့်ချုံပုတ်များက၎င်းကိုကောင်းကောင်းဆွဲဆောင် နေတာကြောင့်,၎င်းကထိုအရာများထံကိုသွားရန်လှုပ်ရှားလိုက်သော်လည်း, သူကအနည်းငယ်လောက်သွားလိုက်တာနဲ့, ဒမ်ဘီဆီကနေပြန်ဆွဲခံလာရသည်၊
ထို့နောက်၎င်း၏ခန္ဓာကိုယ်မှအသီးသည်ပြုတ်ထွက်သွားပြီး ဒမ်ဘီ၏ခန္ဓာကိုယ်ပေါ် တွင်ပေါက်ထွက်သွားကာအသီးအတွင်းမှထွက်လာသောအနက်ရောင်အမျှင်များအဖြစ် သို့ထွက်လာကာသွေးနှင့်အဆီအနှစ်များကိုစုပ်ယူရန်ဒမ်ဘီ၏အရိုးများဆီသို့ လျင်မြန်စွာတွယ်ကပ်သွားတော့သည်၊
ကံမကောင်းစွာဖြင့် ဒမ်ဘီသည်အရိုးစုတစ်ခုသာဖြစ်သည်၊
ထိုအခြေအနေမျိုးကိုပထမဆုံးကြုံးတွေ့ရတာကြောင့် အမျှင်များကရှုပ်ထွေးနေတော့သည်၊
အဆီတွေဘယ်မှာလဲ? ပြီးတော့သွေးတွေကော? ဘယ်လိုဘဲမင်းကဆင်းရဲနေပါစေ အနည်းဆုံးတော့ငါ့ကိုအသားလေးတော့ပေးလေ!
အမျှင်များကတစ်စုံတစ်ခုကိုပြင်းပြင်းထန်ထန်ရှာဖွေနေခြင်းမှ ကျဆုံးသွားတော့သည်၊
နောက်ဆုံးတော့သွေးကြောတွေကိုတွေ့လိုက်သည်၊ ထူထဲသောအရိုးများကို မဖောက်နိုင်သောကြောင့်သွေးကြောမျှင်များကနောက်ဆုံးရွေးချယ်စရာတစ်ခုပင် ဖြစ်သည်၊ သွေးကြောမျှင်များသည် သွေးကြောများနှင့်ဆင်တူလှသည်၊
ဒါပေမယ့်, သွေးကြောမျှင်များကိုပွတ်သတ်နေခြင်းဖြင့်, ၎င်းကဒမ်ဘီကိုကလိထိုးနေ သလိုဖြစ်နေသည်၊ သူ၏လက်ဖဝါးများကိုဖြန့်ကာဒမ်ဘီကပြင်းထန်စွာဖြင့်ရိုက်ချလိုက် သည်၊
ဖတ်!
နွယ်မျှင်များသည်ပြားပြားကပ်ထားသောအသားပြားများအဖြစ်သို့ ပြောင်းသွားတော့သည်၊
နောက်ဆုံးတွင်အမှောင်ဒိုဒါနွယ်သည်ထွက်ပြေးရန်စိတ်ကူးကိုစွန့်လွှတ်လိုက်ပုံရသည်၊ ၎င်းသည်သူ့ကိုယ်သူရှုပ်ပွနေသောအမျှင်များအဖြစ်သို့စုစည်းလိုက်သည်၊
ကောင်းဖန်ကမျက်မှောင်ကြုတ်ပြီးခဏလောက်စကားစမြည်ပြောလိုက်သည်၊ သူ့ကိုယ်သူစကားပြောနေပုံဘဲဖြစ်နေပြီး အမှောင်ဒိုဒါနွယ်ကလုံးဝနားလည်လားဆိုတာ ကိုတော့ဘယ်သူမှမသိပေ၊ မည်သို့ပင်ဖြစ်စေ, ကောင်းဖန်က၎င်းနှင့်ဆက်သွယ်ရန် လုပ်နေမှုကိုပြန်တုံ့ပြန်မှုမရှိဘဲ, ဒါမှမဟုတ် ၎င်းကနှောက်ယှက်ရန်ကိုပင် ရိုးရိုးရှင်းရှင်း ပျင်းရိနေခြင်းဖြစ်နိုင်သည်၊
ကောင်းဖန်ကအချိန်တိုလေးအတွင်းမှာတော့၎င်းကိုယဉ်ကျေးရန်လုပ်ဖို့အတွက်မရမှန်း သူသိသည်, ဒါကြောင့်ကောင်းဖန်ကတစ်စုံတစ်ယောက်ကိုကျည်ကာမှန်ဖန်သေတ္တာ ယူရန်အတွက်ခိုင်းလိုက်ပြီးနောက်, အမှောင်ဒိုဒါနွယ်ကိုထိုထဲသို့ပစ်ထည့်လိုက်ကာ, ဘာမြေဆီမှထည့်မပေးဘဲ၎င်းကိုဘာနေရောင်ခြည်မှမရှိသည့်မြေအောက်ခန်းထဲတွင် ပိတ်ထားလိုက်သည်၊
သူကဒီခွေးကောင်လေးအချိန်တစ်ချို့အစာငတ်တဲ့အထိတော့ခေါင်းမာနိုင်မယ်မထင် ဘူးလို့သူယုံတယ်၊
ကောင်းဖန်ကတောက်တိုမယ်ရအလုပ်လေးတွေလုပ်ပြီးတဲ့နောက်, သူကအိမ်ကိုပြန်လာပြီး သူ့ခန္ဓာကိုယ်ထဲကထူးဆန်းတဲ့အနံ့တွေကိုဆေးကြောဖို့အတွက် ရေချိုးလိုက်သည်၊
မြေအောက်ပြဿနာဖြေရှင်းပြီးနောက် စက်ရုံသည်လုပ်ငန်းပြန်လည်စတင်ခဲ့သည်၊
နောက်တစ်နေ့တွင်ကောင်းဖန်သည် ကုမ္ပဏီ၏ဌာနချုပ်ရုံးထံမှလွှဲပြောင်းအမိန့်ကို လက်ခံရရှိခဲ့သည်၊ ကောင်းဖန်သည်ဤရက်သတ္တပတ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန်သဘောထားကြီးစွာဖြင့် အလုပ်တွေလုပ်ကိုင်ခဲ့သည်၊လူ့စွမ်းအား အရင်းအမြစ်ဌာနက သူ့ကိုဌာနချုပ်ရုံးအားလွှဲပေးခဲ့ပေမယ့်သူရဲ့ရာထူးခန့်အပ်ခြင်းနှင့် တာဝန်များ,ထိုထဲကဘာကိုမှထုတ်ဖော်ပြောခြင်းမရှိသေးပေ၊
တခြားဝန်ထမ်းများအားလုံးကသတင်းကိုလက်ခံရရှိပြီးနောက် အံ့ဩကုန်ကြသည်၊
ကောင်းဖန်ကသူ့ခုံကို သူပိုင်သမျှကိုထုပ်သိမ်းရန်အတွက်ပြန်သွားလိုက်သည်, ပြီးတော့ သူ့မှာကဘာမှသိမ်းစရာအရမ်းမရှိဘူးလေ…
သူလျှောက်လာတာကိုမြင်တော့တခြားကုမ္ပဏီဝန်ထမ်းများ၏မျက်နှာတွင် ဖတ်လို့မရတဲ့အမူအရာတွေရှိနေသည်၊
ဝမ်လျန့်ကမျက်ရည်ကျသွားတော့သည်၊ ခေါင်းဆောင်ကောင်းကိုပြောင်းသွားသော် လည်းသူကတော့ဒီနေရာမှာဘဲငြိနေဆဲဖြစ်သည်၊
ပြီးတော့သူကလူသားအရင်းမြစ်ဌာန၏ခေါင်းဆောင်အဖြစ်တိုးမြှင့်ပေးခြင်းခံလိုက်ရ သော်လည်း, သူကခါးသီးနေဆဲဖြစ်သည်၊ သူကကောင်းဖန်နောက်ကိုဆက်၍လိုက်ချင် နေသည်၊
နေ့ခင်းနှစ်နာရီတောင်ရှိနေပြီးဖြစ်ကာ ကောင်းဖန်ကဌာနချုပ်ကိုရောက်သွားပြီးဖြစ် သည်၊ အဘိုးကြီးကျီကသူ့ရုံးခန်းထဲမှာ အချိန်အတော်ကြာအောင်စောင့်နေတဲ့ အမြင့်ဆုံးထပ်သို့တိုက်ရိုက်သွားလိုက်သည်၊
“အဘိုး, ဒါကအရမ်းမြင့်တဲ့ရာထူးမဟုတ်ဘူးလား?” ကောင်းဖန်ကအကူအညီမဲ့စွာဖြင့် ပြောလိုက်သည်၊
သူကဒီလောက်မြန်မယ်မှန်းမတွေးမိဘူး၊ သူကလအနည်းငယ်လောက်နေရဦးမယ်လို့ တွေးမိပေမယ့်, အခုတော့ဒါကလတောင်မကြာဘူး…
ကောင်းဖန်ကမကျေမနပ်ပြောဖို့အတွက်ပင်အင်အားမရှိတော့ပေ၊ ဒါကနည်းနည်းတော့…
“ဟားဟား, ဒါကကိစ္စမရှိပါဘူး; တကယ်တော့အကုန်လုံးသိတာဘဲ,” ကျီဟန့်ဝူကပြောလိုက်သည်, “ပြီးတော့ဘယ်သူမှ မရဘူး လို့ပြောရဲမှာလဲ”
မင်းကပျော်နေပြီဘဲ၊ အဘိုးကထိုစကားကိုပြောပြီးကတည်းက, ကောင်းဖန်ကဘာပြော နိုင်ဦးမှာဘဲ?
“မင်းရဲ့ဓာတ်ခွဲခန်းကပြီးသွားပြီ၊ အကောင်းဆုံးပစ္စည်းတွေထည့်ပေးထားပြီးတော့ စက်ပစ္စည်းတွေအားလုံးလည်းပြင်ဆင်ပြီးပြီ၊ သွားကြည့်ရအောင်, အဘိုးမင်းကို လိုက်ပို့ပေးမယ်” သူကတက်တက်ကြွကြွလုပ်ဆောင်သူတစ်ဦးဖြစ်သည်၊ ကျီဟန့်ဝူကကြိုတင်မျှော်လင့်စွာဖြင့်လျင်မြန်စွာထလိုက်သည်, ကြည့်ရတာသူက ကောင်းဖန်ထက်ပိုပြီးစိတ်လှုပ်ရှားနေပုံရသည်၊
သူက သူ့မြေးရဲ့အံ့ဩနေတဲ့အမူအရာကိုကြည့်ဖို့မစောင့်နိုင်တော့ဘူး၊
သူတို့ကုမ္ပဏီအဆောက်အဦးကနေထွက်လာပြီးနောက်, ကျီဟန့်ဝူကကောင်းဖန်ကို ကုမ္ပဏီ၏အနောက်ပေါက်ဆီသို့ခေါ်သွားသည်, ဒါပေမယ့်သူတို့ဝေးလာတာနဲ့အမျှ တစ်ခုခုတော့မှားနေပြီဆိုတာကို ကောင်းဖန်ခံစားလိုက်ရသည်၊ ဒါကဗီလာကိုသွားတဲ့ လမ်းမဟုတ်ဘူးလား?
လမ်းတစ်လျှောက်တွင်ဝန်ထမ်းများအားလုံးက ကျီဟန့်ဝူကိုတွေ့သောအခါနှုတ်ဆက်ကြသည်၊ အဲ့ဒီကလူအားလုံးကသူ့အဘိုးကိုသိပုံရသည်၊
စက်ရုံများ,အဆောင်များနှင့် သုတေသနခန်းများကိုဖြတ်သန်းသွားလာနေကြသည်၊
လမ်းလျှောက်လေလေကောင်းဖန်ကပိုထူးဆန်းလေလေဖြစ်နေသည်၊ ၎င်းကကုမ္ပဏီ၏အပြင်ဘက်နေရာတွင်ဖြစ်သည်၊ သူကရှေ့ဆက်ဝေးဝေးသွားနေခြင်း ကသူ့ကိုအဘိုး၏အိမ်ဆီသို့ခေါ်သွားမှာကိုသတိရလိုက်သည်!
အဘိုးက ဓာတ်ခွဲခန်းကိုဗီလာမှာဆောက်ခဲ့တာလား? ကောင်းဖန်ကသင်္ကာမကင်းဖြစ် နေသည်၊
ကောင်းဖန်သည်ဗီလာဆီသို့ဦးဆောင်သွားလိုက်သည်၊ ကြည့်ရတာတကယ်ဗီလာထဲမှာ ရှိပုံဘဲလို့ ကောင်းဖန်တွေးလိုက်သည်၊
အဘိုးကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်, “မင်းဒီမှာခဏလောက်စောင့်ဦး၊ အဘိုး အပေါ်ထပ်ကိုသွားပြီးသော့တွေယူလိုက်ဦးမယ်”
သူသော့ကိုဆွဲယူလာပြီးနောက်, အဘိုးကကောင်းဖန်ကိုဦးဆောင်ကာရေကန်ကို ဖြတ်သွား၍အနောက်မှာရှိတဲ့တောင်ဆီသို့လျှောက်သွားလိုက်သည်၊ တောက်ဆုံးသူကဂူတစ်ခုရှေ့တွင်ရပ်လိုက်သည်၊
သူကကောင်းဖန်အားသော့ကိုပေးလိုက်သည်၊ “မင်းအောက်ကိုဆင်းသွားပြီး ကိုယ့်ဘာသာသွားကြည့်ချည်၊ ဒီအိုနေတဲ့အရိုးတွေကမင်းနဲ့ဝေးဝေးမလိုက်နိုင်တော့ဘူး”
ကောင်းဖန်ကအဘိုးဆီမှသော့ကိုယူလိုက်ပြီး,ဂူကိုကြည့်လိုက်သည်၊ ၎င်းကဂူတစ်ခု ဖြစ်သည်, ဒါပေမယ့်တကယ်တော့၎င်းကမှောင်မည်းမနေပါ၊ ယှဉ်ကြည့်ရရင်, ဝင်ပေါက်ကအရမ်းကိုကောင်းမွန်စွာတောက်ပနေသည်၊ ဂူ၏အရှေ့ရှိမြေကြီးသည် ရှင်းလင်းနေပြီးပြန့်ပြူးနေသည်,ဒါပေမယ့်တာရာပုံအနည်းငယ်တော့ရှိသည်၊
အတွင်းထဲသို့သွားလိုက်တော့, ကောင်းဖန်၏ခြေလှမ်းအသံတွေသာကျန်နေခဲ့သည်၊
သူကဘေးပတ်လည်သို့ကြည့်လိုက်ပြီးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်၊ အတွင်းနံရံများပေါ်တွင် သံမဏိကွင်းများစွာကိုတပ်ဆင်ထားပြီး၎င်းတို့အပေါ်တွင် ဘိလပ်မြေများလောင်းထားသည်၊
အတွင်းထဲသို့ပိုပြီးဝေးဝေးသွားသောအခါ, သူ့ခေါင်းအပေါ်မှမီးများဖြည်းဖြည်းချင်း ပေါ်လာသည်နှင့်အမျှပိုပြီးအလင်းကအားနည်းလာသည်၊ ခြေလှမ်းဒါဇင်လောက် ဝေးဝေးလျှောက်လာကာ,ကွေ့လိုက်ပြီးနောက်ကောင်းဖန်ကရပ်တန့်သွားတော့သည်၊
ပိတ်ထားသောသတ္ထုတံခါးကသူ၏မျက်လုံးရှေ့တွင်ရှိနေသည်၊ ဂိတ်၏အပြင်ဘက်တွင် အဖြူရောင်မီးချောင်းများရှိနေသည်၊ ကောင်းဖန်ကရှေ့သို့ရွေ့လိုက်ပြီးနောက်, ရုတ်တရက်ရပ်လိုက်သည်၊ သူကသံသယဖြစ်စွာဖြင့်ရောက်သွားပြီးနောက်, အေးလာတဲ့အထိအတွေ့ကိုခံစားလိုက်ရသည်၊
ထိုနေရာမှာတကယ်တော့မှန်ပြင်အပိုင်းလေးတစ်ခုရှိသည်၊
သူကအံ့ဩသွားသည်၊ သူကအထဲသို့ဝင်သွားလုနီးပါးပင်ဖြစ်သွားသည်၊
ထိုနေရာတွင်သူကလက်ဗွေရာကိုထည့်လိုက်ပြီး, အနီရောင်လှိုင်းငယ်လေးများပေါ်လာ ကာ, ကျောက်တုံးတစ်တုံးကရေကန်ထဲသို့ပြုတ်ကျသွားသလိုပင်ဖြစ်သွားသည်၊
ထို့နောက်လှိုင်းလေးများကဆက်၍ကြီးလာသည်၊ နောက်ဆုံးတွင်, အစိမ်းရောင် အလင်းကမှန်ပြင်တွင်ပေါ်လာပြီး, ဖြောင့်တန်းသောလိုင်းကအထက်မှအောက်သို့ ဆင်းသွားသည်၊ အစိမ်းရောင်လိုင်းတစ်လျှောက်တွင်, မှန်တံခါးကတဖြည်းဖြည်း အလယ်မှနှစ်ဘက်သို့တစ်ဘက်ချင်းစီပွင့်သွားတော့သည်၊ မှန်တကယ်ကတဖြည်းဖြည်းပွင့်လာသည်၊
ကောင်းဖန်ကဒီလိုမြင့်မားတဲ့နည်းပညာကိုအံ့ဩစွာနှင့်ကြည့်နေသည်၊
ဒါကအရမ်းကိုမိုက်တာဘဲ၊
သူကအထဲကိုဝင်သွားပြီးနောက်,မှန်တခါးကတဖြည်းဖြည်းပိတ်သွားတော့သည်၊ သတ္ထုဂိတ်၏အလယ်တွင်သိသာပေါ်လွင်သောသော့ပေါက်ရှိသည်၊ ကောင်းဖန်က သော့ကိုထည့်လိုက်ပြီး သော့ကသူ့အလိုလိုလည်သွားသည်၊ ဂျိမ်း..
သတ္ထုတံခါးသည်တဖြည်းဖြည်းပွင့်သွားသည်၊
ကောင်းဖန်ကအတွင်းပိုင်းကိုရှင်းလင်းစွာမြင်လိုက်ရပြီးနောက်, သူ၏နှလုံးသားက တင်းကြပ်လာတော့သည်၊
အတွင်းပိုင်းအခန်းတစ်ခုလုံးကအဖြူရောင်ဖြစ်သည်၊ သတ္ထုတံခါးပွင့်သွားသည့်အခိုက် , အခန်းအတွင်းမှအလင်းများကအတူတကွလင်းထိန်လာကြသည်၊
အဖြူရောင်အရိပ်မဲ့မီးအိမ်ကတောက်ပစွာဖြင့် ဓာတ်ခွဲခန်းထဲတွင်ထွန်းလင်းနေသည်၊ ဒီအခန်းသည်ဧည့်ခန်းနှင့်တူသည့်အခန်းဖြစ်သည်၊ ကောင်းဖန်သည်ကော်ဖီစက်, သားရေဆိုဖာ,ပရိုဂျက်တာနှင့်အခြားအဆင်တန်ဆာများကိုပင်တွေ့နိုင်သည်၊
အခန်းနှစ်ဘက်တွင်ကောင်းဖန်ရောက်သွားပြီးကောင်းဖန်ကအတွင်းပိုင်းသို့ကြည့်လိုက် သည်၊ ဒီဂူဓာတ်ခွဲခန်းက အတော်လေးကြီးသည်, ထိုနေရာတွင်အဓိကထိန်းချုပ်ခန်း, လက်တွေ့စမ်းသပ်ခန်း, အအေးခန်းနှင့်အခြားသောအလုံပိတ်အခန်းများပါရှိသည်၊
အလုံပိတ်အခန်းများကိုသားရဲများသော့ခတ်ရန်အတွက် အကြမ်းဖျင်းအားဖြင့်သုံးကြ ပြီးသုတေသနတွင်အသုံးပြုသောသားရဲများအားလုံးကိုအလုံပိတ်အခန်းများ အတွင်းတွင်သော့ခတ်ကာသိမ်းထားသည်၊
ဓာတ်ခွဲခန်းရှိပစ္စည်းအများအပြားသည်ကောင်းဖန်တီဗွီ သို့မဟုတ် မဂ္ဂဇင်းများတွင် တွေ့မြင်ခဲ့ရသောအရာများဖြစ်ပြီး ယခုတွင်တော့၎င်းတို့အားလုံးသည်သူ့ရှေ့တွင် လက်တွေ့ရောက်လာပြီဖြစ်သည်၊
ကောင်းဖန်သည်အနီးစပ်ဆုံးခန့်မှန်းချက်ကိုပြုလုပ်ခဲ့သည်၊ အနည်းဆုံး ကျယ်ပြန့်များပြားသည့်ဓာတ်ခွဲခန်းနှင့်ယှဉ်လျှင် ဓာတ်ခွဲခန်းကသိပ်မကြီးပေ, ၎င်းကမျက်နှာပြင်ဧရိယာနည်းပါးနေဆဲဖြစ်သည်၊
သို့သော်ကောင်းဖန်သည်ဒီဓာတ်ခွဲခန်းအတွက်မည်သည့်လက်ထောက်ကိုမှ စုဆောင်းရန်မရည်ရွယ်ထားပေ၊ သူကလုံလောက်သည်၊
သူ၏လက်ချောင်းများကပစ္စည်းများ၏မျက်နှာပြင်ပေါ်သို့ထိတွေ့နေသည်၊ သူ့စိတ်ထဲတွင်တော့ကောင်းဖန်သည်နောက်ထပ်အစမ်းသပ်ခံစစ်ဆေးမှုအတွက် ဆုံးဖြတ်ပြီးဖြစ်သည်၊
ကောင်းဖန်ကစိတ်ထဲတွင်များစွာသောစမ်းသပ်မှုကိုတွေ့ခဲ့သော်လည်း, ဒီအချိန်တွင် တော့, သူကတစ်ယောက်ထဲဖြစ်တာကြောင့်, သူကရှည်ရှည်ဝေးဝေးမကြည့်ပေ၊ အခုသူကတောင်ပိုင်းကောင်းကင်အဖွဲ့ရှိသဖြင့် သူ၏စိတ်ကူးအများအပြားက လက်တွေ့ဖြစ်လာသည်။
ပြီးတော့တောင်ပိုင်းကောင်းကင်အဖွဲ့ကလည်းကောင်းဖန်ကိုပံ့ပိုးပေးဖို့အင်အားရှိသည်။
***
အပိုင်း၁၈၄
“ဘယ်လိုလဲ? မင်းဓာတ်ခွဲခန်းကိုကျေနပ်ရဲ့လား? အကယ်၍မင်းမကြိုက်ဘူးဆိုရင်, ငါတို့နောက်တစ်ခုဆောက်နိုင်တယ်၊” ကျီဟန့်ဝူက ဂူထဲမှလမ်းလျှောက်ထွက်လာတဲ့ သူ့မြေးကိုကြည့်ရင်း, သူ့မျက်လုံးများမှနူးညံ့သိမ်မွေ့သောခံစားချက်တွေထွက်ပေါ် လာသည်၊
“ကျနော်အရမ်းကျေနပ်ပါတယ်” အဘိုးကဓာတ်ခွဲခန်းပြင်ဆင်မှုကိုအဆုံးစွန်တွန်းအား ပေးထားတာကြောင့်,သူကဘယ်လိုလုပ်မကျေနပ်ဘဲနေမည်နည်း?
နောက်တော့, ကောင်းဖန်ကသူ့အဘိုးကို သူမြင်ရလေ့ရှိတဲ့သားရဲတွေအများအပြားရဲ့ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတွေကိုလမ်းကြောင်းတွေကိုပိုင်ဆိုင်ထားကြောင်းပြောပြ လိုက်သည်၊ ၎င်းတို့အားလုံးကိုသူ၏အတိတ်ရှာဖွေမှုများတွင်တွေ့ရှိခဲ့သည်၊
ဒီသားရဲတွေကထိုအချိန်ကအတွေ့အများဆုံးသားရဲများဖြစ်သည်၊ ထို့အပြင်၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်နည်းလမ်းများသည်အတော်လေးလွယ်ကူသည်၊ လူတစ်ဦးက စမ်းသပ်နေဆဲဆေးတစ်မျိုးကိုတိုက်ရိုက်ဖန်တီးနိုင်ပြီး, အကယ်၍သူတို့က အဆင့်မှီဆေးဝါးပစ္စည်းများကိုထုတ်နိုင်ခဲ့လျှင်, လူတစ်ယောက်ကအများအပြား ပြုလုပ်ကာ ၎င်းတို့၏နာမည်တက်လာချိန်တွင် ၎င်းကိုရောင်းချမှုများစွာပြုလုပ်နိုင် သည်၊
ကျီဟန့်ဝူကသူ့ကိုတကယ်မယုံပေ, ၎င်းကတည်ငြိမ်သည့်သားရဲဆင့်ကဲဖြစ်စဉ်ပစ္စည်း ကို ဖန်တီးရန်မလွယ်ပေ, ကောင်းဖန်က သားရဲအမျိုးအစားများစွာအတွက် ဆင့်ကဲပြောင်းလဲမှုအေးဂျင့်ကိုဖန်တီးနိုင်သည်ဟု ပြောခဲ့ဖူးသည်၊
သို့သော်အကြောင်းပြချက်မရှိဘဲသူ့မြေး၏စကားများကို အပြည့်အဝယုံကြည်လိုက် သည်၊
ကျီဟန့်ဝူက ခဏလောက်တိတ်ဆိတ်သွားသည်၊
“တကယ်လား? ငါ့မြေးကတအားတော်တာဘဲ! တကယ့်ဉာဏ်ကြီးရှင်ဘဲ!ငါအရမ်း ပျော်တာဘဲ, ဟားဟား” ကျီဟန့်ဝူကသူ၏ချီးကျူးမှုတို့ဖြင့်ပြည့်နေမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ကောင်းဖန်၏ပုခုံးကိုပြင်းထန်စွာပုတ်လိုက်သည်၊
ကောင်းဖန်က ရှက်ရွံ့စွာရယ်နေသောကျီဟန့်ဝူကိုမကျေမနပ်ဖြင့်ကြည့်လိုက်သည်၊
အဘိုး, အဘိုးကသရုပ်ဆောင်အလုပ်နဲ့လိုက်ဖက်မှာဘဲ၊ ဖြစ်နိုင်ရင်ဦးလေးလျိုဆီကနေ သွားသင်သင့်တယ်?
ထိုအချိန်တွင်သတင်းစာဖတ်နေသောဦးလေးလျိုကရုတ်တရက်နှာချေလိုက်သည်၊
ကောင်းဖန်ကသက်ပြင်းချလိုက်သည်၊ ကြည့်ရတာအဓိကအချက်ဖြစ်ဖို့ သူလိုချင်တဲ့ရလဒ်ကိုထုတ်ဖို့လိုသေးတယ်နဲ့တူတယ်။
ဒီစမ်းသပ်ချက်မှာလိုအပ်တဲ့သားရဲတွေကသိပ်ဈေးမကြီးပါ၊ သူက၎င်းတို့ကိုဈေးမှ အချိန်မရွေးဝယ်နိုင်သည်၊ တစ်ခုတည်းသောအချက်မှာ ချန်အန်းပတ်ဝန်းကျင်ဒေသ များတွင်နေထိုင်ကြသောသတ္တဝါများသည် ယွိကျိုးမြို့အနီးတစ်ဝိုက်ဒေသများတွင် ရှားပါးလာခြင်းဖြစ်သည်၊
ဒါကကောင်းဖန်ကြိုမမြင်မိတဲ့အချက်ဖြစ်တာကြောင့်, သူမှားသွားသည်၊
ပစ္စည်းကရှားပါးလာသောအခါ, ၎င်းကပိုပြီးတန်ဖိုးရှိလာသည်၊ လိုအပ်သော ပစ္စည်းများနှင့်သားရဲများအတွက်ဈေးနှုန်းသည် ချန်အန်းမြို့၏ဈေးနှုန်းထက် အနည်းငယ်မြင့်မားသည်၊
ပစ္စည်းများအားလုံးကိုစုစည်းလိုက်သောအခါ ကောင်းဖန်သည်ပစ္စည်းများကိုစတင် ပေါင်းစပ်လိုက်သည်၊ recoderကိုဘေးတွင်ထားပြီး စ၍မှတ်တမ်းတင်လိုက်ပြီး နောက်,ဓာတ်ကူပစ္စည်းများပြုလုပ်ရန်ပြင်ဆင်ရာတွင် အလွန်ရှုပ်ထွေးသောပစ္စည်းများ ကိုဆက်၍မလုပ်ဆောင်မှီ ကောင်းဖန်သည်အဖြူရောင်အင်္ကျီတစ်ထည်နှင့် အဖြူရောင်လက်အိတ်တစ်စုံ ကိုဝတ်ဆင်လိုက်သည်၊
သိပ်မကြာခင်တွင်ဘဲ, အနည်းငယ်သောဓာတ်စမ်းပစ္စည်းများပြီးသွားပြီဖြစ်သည်၊
ကောင်းဖန်ကဓာတ်စမ်းပစ္စည်းတစ်မျိုးကိုထုတ်လုပ်ပြီးတိုင်း သူသည်မှတ်တမ်းတင် ထားခြင်းကိုရပ်လိုက်သည်, ပြီးနောက်၎င်းကိုပြန်၍စတင်မည်ဖြစ်ကာ ဓာတ်စမ်းပစ္စည်းတိုင်း၏ပြင်ဆင်မှုဗွီဒီယိုများကို တစ်ခုနှင့်တစ်ခုသိခြားမှတ်တမ်းတင် ခြင်းဖြစ်သည်၊
“အဘိုး, ဓာတ်စမ်းပစ္စည်းတွေအဆင်သင့်ဖြစ်နေပါပြီ၊ ဒီကိုလာပြီးစစ်ဆေးကြည့်ပါဦး” ကောင်းဖန်ကအဘိုးကျီကိုဖုန်းခေါ်ကာပြောလိုက်သည်၊
အဘိုးကြီးကျီကအမြန်ရောက်လာခဲ့သည်၊ သူ့နောက်မှာတော့ လူကြီးပိုင်းတစ်ယောက် နှင့်လူလတ်ပိုင်းတစ်ယောက်ပါလာသည်၊သူတို့နှစ်ဦးလုံးသည်ဓာတ်ခွဲခန်းအင်္ကျီလဲရန် ပင်အချိန်မရှိခဲ့ပါ၊
“ဥက္ကဌကျီ, ကျနော့်ရဲ့စမ်းသပ်မှုကတစ်ဝက်တစ်ပျက်ဘဲရှိသေးတာ” လူလတ်ပိုင်း အရွယ်နှင့်တစ်ယောက်ကသက်ပြင်းချလိုက်ပြီး သူ၏ခါးသီးသောခံစားချက်များကို အနည်းငယ်ပြလိုက်ပြီးကျီဟန့်ဝူကိုကြည့်လိုက်သည်၊
ပြီးတော့ထိုစကားလုံးများကသူ့အဘိုးကိုတိုက်ရိုက်ပြောတာဖြစ်ပေမယ့်, ကောင်းဖန်က သူ့ကိုကြားစေရန်အတွက်ပြောမှန်းသိသည်၊
ဒီအကြောင်းကိုလာခဲ့တဲ့တစ်လျှောက်မှာဘာလို့မပြောခဲ့တာလဲ? အဲ့ဒီအစား, ကောင်းဖန်၏ဓာတ်ခွဲခန်းကိုရောက်တဲ့အထိသူ့ပါးစပ်ကိုဖွင့်ကာသူပြောချင်တာအတွက်သူ့ဘေးမှာရပ်စောင့်နေခဲ့သည်၊
ကောင်းဖန်ကသူ့နှလုံးသားထဲတွင်ပြုံးလိုက်သည်၊
“ဒီလ နှစ်ဆယ်ရာခိုင်နှုန်းစမ်းသပ်မှုဘတ်ဂျတ်တိုးလာတယ်” ကျီဟန့်ဝူကပြောလိုက် သည်၊
လူလတ်ပိုင်းတစ်ယောက်ကပျော်ရွှင်စွာဖြင့်ကြည့်လိုက်ပြီး, ခါးသီးမှုနှင့်ဝမ်းနည်းမှုတို့ သည်မည်သည့်နေရာတွင်မှမတွေ့ရတော့ပေ၊ “ဥက္ကဌကျီကအတော်လေးအမြော်အမြင် ရှိပါတယ်၊”
“ဖန်လေး, ဒီနှစ်ယောက်က အဘိုးတို့ကုမ္ပဏီကအဆင့်မြင့်သားရဲပျိုးထောင်သူတွေဘဲ၊ ထုန်ယိမြောင်နဲ့ ရွှီဟေးမင်” ကျီဟန့်ဝူကကောင်းဖန်ကိုပြုံးပြီးနှုတ်ဆက်ပေးလိုက်သည်၊
ထုန်ယိမြောင်သည်လူကြီးလူကောင်းဖြစ်သည်၊ သူကတက်ကြွမှုတို့ဖြင့်ပြည့်နေသည်၊
ရွှီဟေးမင်သည်သည် လူလတ်ပိုင်းတစ်ယောက်၏နာမည်ဖြစ်သည်၊ သူ့ခေါင်းထိပ်က အနည်းငယ်ပြောင်နေပုံရပြီး အဆောက်အဦးထဲကအရောင်တောက်တောက်အောက် မှာပို၍တောင်တောက်ပနေပုံရသည်၊
တကယ်တော့, သူကထိပ်ပြောင်တဲ့ထိပ်တန်းသုတေသီတစ်ဦးဖြစ်သည်!
ကောင်းဖန်မျက်ခွံကတွန့်သွားတော့သည်၊ သူကရွှီဟေးမင်ကိုမရီမပြုံးခပ်တည်တည်နှင့် ဂရုတစိုက်ကြည့်နေသည်၊
“ဒါကငါ့မြေးလေးကောင်းဖန်, အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူလေ!” ကျီဟန့်ဝူကထိုစကားလုံးသုံးလုံး “အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူ” ကိုပြောလိုက်သည်နှင့်, သူ၏အသံကခြွင်းချက်ဖြစ်သွားကာကျယ်သွားပြီး, သူ့မျက်နှာကအနည်းငယ်နီနေသည်၊
သူတို့နှစ်ယောက်လုံးက အကူအညီမဲ့စွာဖြင့်ကောင်းဖန်ကိုအကြိမ်အနည်းငယ်လောက် ထပ်ကြည့်လိုက်သည်၊ ဒီကလေးလေးကအရမ်းငယ်သေးသလိုဘဲ၊ ဘယ်လိုဘဲဖြစ်ဖြစ်, သူကကြည့်ရတာအသက်နှစ်ဆယ်မကျော်သေးပုံဘဲ၊ အသက်နှစ်ဆယ်မကျော်တဲ့ အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူပေါ့။
ထန်ယိမြောင်နှင့်ရွှီဟေးမင်တို့က အတွင်းပိုင်းကိုသဘောကျကြသည်၊ အစပိုင်းက, သူတို့ကအထင်အမြင်သေးပေမယ့်, အခုတော့ အထင်သေးခြင်းတို့သည် လုံးဝကို ပျောက်သွားပြီဖြစ်သည်၊
သူတို့နှစ်ယောက်လုံးကအစောပိုင်းကတည်းကသုတေသီများဖြစ်သည်၊ ကပ်ဆိုးကြီး မတိုင်ခင်ကသူတို့ကတိရိစ္ဆာန်ဗေဒပညာရပ်တွင်သုသေတီများဖြစ်ပြီး, ၎င်းတို့ကြားတွင် နှစ်ပေါင်းများစွာသုတေသနအတွေ့အကြုံများရှိကြသည်၊ ထို့ကြောင့်သူတို့သည် ဒီကိစ္စနှင့်ပတ်သတ်၍အလွန်အလေးထားမှုကမြန်သည်၊ တစ်ဖက်ကတိရိစ္ဆာန်, တစ်ဖက်ကသားရဲ,သူတို့ကအခြေခံအားဖြင့် တူညီသောအင်္ဂါရပ်များစွာရှိပါသည်၊
အခြားတစ်ဖက်တွင်, ကောင်းဖန်သည်ငယ်ရွယ်သော်လည်း သက်ဆိုင်ရာအသိပညာကို စနစ်တကျကြိုတင်လေ့လာထားသော်လည်း အကန့်အသတ်ရှိနေဆဲဖြစ်တာကြောင့်, အရည်အချင်းရှိရုံမျှသာဖြစ်သည်၊
တူညီသောအလုပ်အကိုင်ရှိသူများသည်ပို၍ထူးချွန်သူများကိုအမြဲတန်ဖိုးထားလေ့ရှိ သည်၊
“ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့သားရဲပျိုးထောင်သူဖြစ်ဖို့ဆိုတာက!” ထန်ယိမြောင်ကချီးကျူး လိုက်သည်၊
“ဟားဟားဟား, အဲ့လောက်လည်းမဟုတ်ပါဘူး၊ ဒီကလေးရဲ့အရည်အချင်းကတကယ်တော့သာမန်ပါဘဲ၊ မင်းတို့သူ့ကိုချီးကျူးနေတာရပ်လိုက်တော့, မဟုတ်ရင်ဒီကလေးက စိတ်ကြီးဝင်သွားလိမ့်မယ်”ကျီဟန့်ဝူကကျယ်လောင်ရယ်လိုက်သည်၊ သူကတခြားသူ တွေထက်ပိုပျော်နေပုံရသည်၊
ရွှီဟေးမင်ရဲ့နှလုံးကတင်းကြပ်သွားတော့သည်၊ သူကဥက္ကဌကျီကိုအကြိမ်အနည်းငယ်လောက်မကြည့်ဘဲမနေနိုင်ပေ၊ ဒါကသူသိခဲ့တဲ့ဥက္ကဌကျီလား…?
ဥက္ကဌကျီလက်အောက်တွင်လက်အောက်ငယ်သားတစ်ဦးဖြင့် စတင်လုပ်ကိုင်ကတည်းက ဥက္ကဌကျီသည် ဒီလိုမျိုးပျော်ရွှင်ရယ်မောနေခြင်းကိုတစ်ခါမှမမြင်ခဲ့ဘူးပေ၊
သူကမတူတဲ့ဥက္ကဌတစ်ယောက်ကိုတွေ့ပြီလို့တောင်ထင်နေတာ၊
“လိုက်ခဲ့ပါ” ကောင်းဖန်ကဓာတ်ခွဲခန်းကိုဦးဆောင်သွားလိုက်သည်၊ ဓာတ်ခွဲခန်းစားပွဲ ပေါ်တွင်ဓာတ်စမ်းပစ္စည်းပုလင်းတစ်လုံးရှိသည်၊
ကောင်းဖန်ကခဏလောက်တုံ့ဆိုင်းနေပြီးနောက်, သူကအနီရောင်ဓာတ်စမ်းပစ္စည်း ကိုယူလိုက်သည်၊ ဓာတ်စမ်းပစ္စည်းကလုံးဝကိုနီရဲနေပြီးကြည့်ရသည်မှာပြစ်နေပြီး အရည်မပျော်နိုင်သောသွေးရည်ကြည်နှင့်တူသည်၊
ပထမဆုံးစမ်းသပ်ချက်၊ ထုံးစံအတိုင်းသူက ၎င်းတို့အားထူးထူးခြားခြားလေးနက်သော ထင်မြင်ချက်ထားခဲ့သည်စမ်းသပ်ချက်တစ်ခုကိုပေးချင်သည်၊
ဓာတ်ခွဲခန်းမှထွက်လာပြီးနောက်, ထန်ယိမြောင်ကနောက်ဆုံးထွက်လာသူဖြစ်ကာ, ကျန်ရှိနေသောစင်ပေါ်ရှိဓာတ်စမ်းပစ္စည်းပုလင်းများကိုစူးစိုက်ကြည့်လိုက်သည်၊ ထို့နောက်သူကပြုံးလိုက်ကာ, တံခါးကိုပိတ်လိုက်သည်၊
“ကျနော်ကဒါကို ဘလက်ဒီဘတ်ချာလို့ခေါ်တယ်၊” ကောင်းဖန်ကသူ့လက်ထဲက ပစ္စည်းကိုမိတ်ဆက်ပေးပြီးတခြားသူတွေကိုရှင်းရှင်းလင်းလင်းပြောပြသည်၊ “ဒီဆေးပစ္စည်းမှာ အဓိကပါဝင်ပစ္စည်းတွေကတော့, သွေးသစ်သီး, ရွှေမျှင်မှိုနှင့် ပင့်ကူနက်မှော်တွေရဲ့အတွင်းအင်္ဂါတွေပါတယ်၊”
ကောင်းဖန်က အခြားပစ္စည်းများကိုအတိုချုံးပြောပြသည်၊
သားရဲများပါဝင်သောအခန်းသို့ရောက်ရှိလာကြသည်၊ ကောင်းဖန်သည်မှန်ပြတင်း ပေါက်ခြားထားသောညွှန်ပြလိုက်သည်, “ဘလက်ဒီဘတ်ချာစမ်းသပ်မှုအတွက် စမ်းသပ်မှုအစမ်းသပ်ခံက မျောက်ဝံအမျိုးအစားသားရဲဖြစ်တဲ့အနက်ရောင်မာန်ဟုန် ပြင်းကင်းကောင်ပါ”
အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည်အခန်း၏အလယ်တွင်ငြိမ်သက်စွာ အိပ်နေသည်၊ သူကမလှုပ်ရှားဘဲဝမ်းဗိုက်ကိုအပေါ်ဘက်သို့မျက်နှာမူထားသည်၊ တစ်ခါတစ်ရံဗိုက်ကိုညင်သာစွာပွတ်သပ်ရင်းအလွန်ပျင်းရိပုံရပြီး ပြတင်းပေါက်ကနေ သူ့ကိုကြည့်နေသူတွေကိုသတိမထားမိပေ၊ သူကနှာခေါင်းကိုအေးအေးဆေးဆေး ကိုင်လိုက်ပြီးပြတင်းပေါက်ဘက်သို့ပေါ့ပေါ့တန်တန်တိုးလာသည်၊
ထို့နောက်၎င်းကသူ့ဗိုက်ကိုကိုင်ကာကြမ်းပြင်ပေါ်တွင်လူးလဲကာလှောင်ပြောင် ရယ်မောလိုက်သည်၊
ကောင်းဖန်ကအခန်းတံခါးဘေးရှိအနီရောင်ခလုတ်ကို တည်ငြိမ်စွာဖြင့်နှိပ်လိုက်သည်၊ ထို့နောက်ချက်ချင်းပင်အခန်းထိပ်မှ, များစွာသောပြွန်နှုတ်သီးများထွက်လာပြီး ဖောက်ခနဲထွက်လာကာ များပြားသောမေ့ဆေးများကိုအခန်းအတွင်းသို့ဖြန်းလိုက် သည်၊
စက္ကန့်အနည်းငယ်ကြာပြီးနောက် အနက်ရောင်မာန်ဟုန်ပြင်းကင်ကောင်၏ ရယ်သံသည်အိပ်ပျော်သွားသည်နှင့်အမျှ အသံပိုပျော့လာသည်၊
နောက်ထပ်ငါးမိနစ်အကြာတွင် ကောင်းဖန်သည်ထုံဆေးဖြန်းမှုကို အိတ်ဇောစက်မှ လေဝင်လေထွက်ကောင်းကြောင်းအတည်ပြုသောအခါတွင် သူသည်တံခါးကိုဖွင့်ပြီး အခန်းထဲသို့ဝင်သွားသည်၊
သူသည်အနက်ရောင်မာန်ဟုန်ပြင်း၏သွေးလွှတ်ကြောထဲသို့ဓာတ်ပစ္စည်းများကို ထိုးသွင်းခဲ့သည်၊
ထို့နောက်, ကောင်းဖန်ကအခန်းထဲကထွက်လာတော့သည်၊
အခန်းထဲတွင်, အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည်မြေပြင်ပေါ်တွင် လဲလျောင်းနေမှုမှစတင်တွန့်လိမ်လာသည်၊ အစပိုင်းမှာ, ၎င်း၏လက်မောင်းများက တုန်ခါသွားပြီး,အကြောဆွဲသလိုဖြစ်သွားပြီးနောက်, ထိုတုန်ခါမှုကပို၍ပြင်းထန်လာ ကာမကြာခဏဆိုသလိုပြင်းထန်လာသည်၊
“ဟမ်?” ကျီဟန့်ဝူကတစ်မူထူးခြားသောသဘာဝဖြစ်စဉ်ကိုပထမဆုံးရှာတွေ့သူဖြစ် သည်၊
ပဲစေ့လောက်ရှိသောသွေးစက်က အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်၏အမွှေး များဖြင့်ဖုံးအုပ်မထားသော မြင်သာသောအရေပြားပေါ်တွင်ပေါ်လာသည်၊ ထိုအစက်က ပေါက်ထွက်သွားပြီး သွေးမြူအခိုးအငွေ့များထွက်လာကာ အနက်ရောင်မာန်ဟုန်ပြင်း ကင်းကောင်၏ဘေးပတ်လည်တွင်ပေါ်လာတော့သည်၊
အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်၏ကြွက်သားများသည် ရူးသွပ်နေသလိုမျိုး ဆက်၍ဆန့်တငင်ငင်ဖြစ်နေချိန်တွင် သွေးမြူအခိုးအငွေ့များကလည်းပို၍ပို၍ ထူထပ်လာသည်၊ ကြီးမားသောစပါးကြီးမြွေကဝဲလိုမျိုး လှုပ်နေသည့်၎င်း၏အရေပြား အောက်တွင်ဖြစ်လာသည်၊ ၎င်းကအလွန်ဆိုးရွားပြီးထူးဆန်းပုံရသည်။