အခန်း (၁၈၉-၁၉၂)
Vol. 12 Ch. 189-192
အပိုင်း၁၈၉ ပြောင်းလဲမှု
ဒမ်ဘီသည် ၎င်း၏သမီးထံမှအားပေးစကားကိုကြားလိုက်ရသည်နှင့် ပိုပိုပြီး အမိုက်စားတွေထုတ်ပြလာတော့သည်။ သူအတိုက်ခံလိုက်ရတိုင်း တဖန်ပြထကာ ဆက်လိုက်တိုက်ခိုက်သည်။
၎င်း၏လက်သီးချက်တိုင်း ကန်ချက်တိုင်းမှာ လေထုကိုခွင်းကာ အသံများပင်ထွက်လာပြီး တိုက်ခိုက်နှုန်းသည်လဲ ဝိုးတဝါးသာမြင်နိုင်လောက်သည်အထိ မြန်ဆန်လှသည်။
ဒါက လေ့ကျင့်ရုံသာဖြစ်တာကြောင့် နဂါးဖြူသည် ၎င်း၏ခွန်အားကို ဖိနှိပ်ထားကာ ဒမ်ဘီကို အပျင်းပြေရုံသာ ကစားပေးနေသည်။
အစင်းလေးသည်တော့ လျှပ်စီးတိုက်ခိုက်မှုတစ်ခုကြောင့် ခြေထောက်များ ထုံကျဉ်သွားကာ မပျော်မရွှင်နှင့် သခင်ဖြစ်သူဘက်ကို လှည့်ကြည့်လာသည်။ အစင်းလေးက မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကောင်းဖန်ကိုပြောလိုက်သေးသည်။ “ကျွန်တော်က မြွေကြီးရဲ့ အားနည်းချက်ကိုရှာနေတာပါ။” အစင်းလေးသည် ယခင်က နဂါးတစ်ကောင်ကို မမြင်ခဲ့ဖူးတာကြောင့် နဂါးဖြူကို ခြေထောက်များပါသည့်မြွေကြီးအဖြစ် မှတ်ယူထားသည်။
၎င်း၏စကားဆုံးသည်နှင့် အစင်းလေးက တဖန် နဂါးဖြူကို စိုက်ကြည့််လိုက်ပြန်သည်။
ကောင်းဖန်လဲ အစင်းလေးကိုကြည့်မနေတော့ဘဲ တာ့ဇီနှင့်ဖလိမ်မီတို့ကို သင်ကြားပေးနေသည့် မိုးကြိုးနတ်ဘုရားခရုဘက်ကို ကြည့်လိုက်သည်။
သဘာဝချင်းဆင်တူသည့် သားရဲများဖြစ်တာကြောင့် သူတို့ချင်းဆက်သွယ်ရာတွင် ပို၍လွယ်ကူနေသည်။
မိုးကြိုးနတ်ဘုရားခရု၏ရှေ့တွင် လက်သီးအရွယ် လျှပ်စီးဘောလုံးငါးလုံးက လေထဲမျောလွင့်တည်ရှိနေသည်။ ငွေဖြူရောင်လျှပ်စီးဘောလုံးများသည် မိုးကြိုးနတ်ဘုရားခရု၏အလိုအတိုင်း ပြိုးပြိုးပြက်ပြက် လှုပ်ရှားနေကြကာ စက်ဝိုင်းသဏ္ဍာန်ရွေ့လျားနေကြသည်။ ၎င်းတို့သည် ရံဖန်ရံခါ စက်လုံးပုံ၊ လေးထောင့်ပုံ၊ တြိဂံပုံနှင့် ပိရမစ်ပုံများအဖြစ် အမျိုးမျိုးအသွင်ပြောင်းလဲနေသေးသည်။
အထူးသဖြင့် လျှပ်စီးဘောလုံးငါးလုံးသည် အတူတကွရွေ့လျားနေခြင်းဖြစ်တာကြောင့် မိုးကြိုးနတ်ဘုရားခရုက ၎င်းတို့အားလုံးကို တပြိုင်နက်ထိန်းချုပ်နေခြင်းဟု ဆိုလိုပေသည်။
တကယ်ကို ကြောက်စရာကောင်းလှတဲ့စွမ်းရည်ပဲ။
တာ့ဇီဆိုလျှင် လျှပ်စီးများကို တဖြောင့်တည်းသာ ပစ်တတ်တာကြောင့် ယခုမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်လို့နေသည်။
ဒီလိုနည်းနဲ့လဲ လုပ်လို့ရတာပေါ့…
တာ့ဇီမှာ ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် သိမ်ငယ်စိတ်ပင်ဝင်လာတော့သည်။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး…. တာ့ဇီ ခေါင်းကိုခါယမ်းပစ်လိုက်သည်။ ဒါက အဓိကမဟုတ်သေးဘူး။
တာ့ဇီ အတွေးတွေထဲနစ်မြုပ်နေသည်ကို ကောင်းဖန်မြင်ကာ တာ့ဇီရင့်ကျက်လာနေပြီဟု တွေးမိသွားသည်။ တာ့ဇီက ကြီးလာလေ ပိုပြီးရင့်ကျက်လာခဲ့လေပင်။
“တကယ်တော့ ဒါက မင်းထင်သလောကြီး မရှုပ်ထွေးပါဘူး။ မင်းမှာလဲ ငါ့လိုစွမ်းရည်မျိုးရှိတာပဲ။ ဒီတော့ ငါလုပ်နိုင်တာမျိုး မင်းလဲလုပ်နိုင်တာပေါ့။”
တာ့ဇီမှာ ပြောစရာစကားများ ပျောက်ရှနေကာ မိုးကြိုးနတ်ဘုရားခရုကိုသာ စိုက်ကြည့်ပြီး ပြန်ပြောလိုက်သည်။ “မင်းက အရမ်းအင်အားကြီးတယ်လေ။ ငါ…ငါကတော့ မင်းလောက်အင်အားမရှိဘူး။”
“ငါအခု ပြနေတဲ့စွမ်းရည်က ငါ မင်းအဆင့်မှာပဲရှိတုန်းက လုပ်နိုင်နေတဲ့စွမ်းရည်မျိုးပဲ။” မိုးကြိုးနတ်ဘုရားခရုက အေးအေးလူလူပင်ပြောလိုက်သည်။ မိုးကြိုးနတ်ဘုရားခရု၏စကားပြောသံထဲမှာကိုက မိုးကြိုးသံများကိုကြားနေရကာ လေထုသည်လဲ လျှပ်စီးကြောင့် လွန်စွာလှုပ်ရှားလာသလို လျှပ်စီးဘောလုံးများကလဲ ဆက်လက်ပေါ်ပေါက်လာသည်။
လေထဲတွင် လျှပ်စီးဘောလုံး အနည်းဆုံးတစ်ထောင်လောက်အထိပြည့်နှက်သွားခဲ့သည်။ ၎င်းတို့သည် ညအချိန်မှကြယ်များနှယ် လင်းလက်နေပြီး တစ်လုံးနှင့်တစ်လုံးသည်လဲ လျှပ်စီးကြောင်းများဖြင့် ဆက်သွယ်နေကာ ပင့်ကူကွန်ရက်တစ်ခုနှယ်ထင်ရသည်။
“ဒါကမှ ငါ့ရဲ့စွမ်းအားအစစ်အမှန်ပဲ။”
တာ့ဇီတံတွေးပင်မြိုချမိတော့သည်။ ၎င်းမှာ မနာလိုမှုရော သင်ယူလိုစိတ်ပါ တပြိုင်နက်ခံစားနေရပြီး သူလဲ တစ်နေ့ ဒီလိုအဆင့်အထိရောက်နိုင်မလား တွေးနေသည်။
“မင်းရိုးရိုးရှင်းရှင်းလေးပဲ ဆုပ်ကိုင်ဖို့လိုတာပါ။ ဒီစမ်းသပ်မှုကိုအောင်ဖို့ မင်းလျှပ်စီးဘောလုံးငါးလုံးကို ထိန်းချုပ်နိုင်ရမယ်လို့ သတ်မှတ်လိုက်မယ်။”
မိုးကြိုးနတ်ဘုရား၏စကားကို တာ့ဇီခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ရှုပ်နေခဲ့သည်။
“ဒါက မင်းထင်သလောက်ကြီး မခက်ပါဘူး။ ငါတို့အတွက် လျှပ်စီးကိုထိန်းချုပ်တယ်ဆိုတာ သဘာဝစွမ်းရည်တစ်မျိုးပဲ။ မင်းရဲ့ခြေထောက်တွေအများကြီးနဲ့ လမ်းလျှောက်နိုင်နေသလို ပေါ့ လေ့ကျင့်လိုက်တာနဲ့ လုပ်နိုင်သွားလိမ့်မယ်။ ဒါပေမယ့် မင်းဘေးကငှက်ကျတော့ ခြေထောက်ပေါင်းတစ်ရာလောက်နဲ့ လမ်းလျှောက်ဖို့မဖြစ်နိုင်ဘူးလေ။”
ထိုစကားက ဖလိမ်မီ၏ရင်ထဲ ကျည်ဆံတစ်ခုလို ထိုးစိုက်သွားတော့သည်။
အနားမှာလေ့ကျင့်နေသည့် ဖလိမ်မီမှာ နှလုံးသားထဲကနေကို ထိုနှစ်ကောင်ကို ကျိန်ဆဲနေတော့သည်။ သူမှာ ခြေချောင်းတွေအများကြီးရှိတာ ငါနဲ့ဘာဆိုင်နေလို့တုန်း!?
ဖလိမ်မီသည် နှုတ်သီးကိုဖွင့်ကာ မီးတောက်များပစ်လွှတ်လိုက်တော့သည်။ သို့သော်လည် ၎င်း၏မီးတောက်များသည် ယခင်လို ဖြောင့်ဖြောင့်တန်းတန်းထွက်မလာဘဲ ရှေ့တွင်စုစည်းသွားကာ ကြီးမားသည့်မီးဘောလုံးကြီးတစ်လုံး ဖြစ်သွားခဲ့သည်။
၎င်းသည်သူ၏ပထမဆုံးစမ်းသပ်မှုတွင်မီးလုံးတစ်လုံးဖန်တီးလိုက်သည်၊
မိုးကြိုးနတ်ဘုရားခရုတောင်ပင်အံ့ဩသွားသည်၊ သူကမအောင်မြင်ခင်အကြိမ် အနည်းငယ်လောက်ကြိုးစားခဲ့ရပေမယ့် ဒီခြေတစ်ချောင်းငှက်ကတော့သူ့ရဲ့ပထမဆုံး ကြိုးစားမှုမှာတောင်လုပ်နိုင်ခဲ့သည်၊
တာ့ဇီသည်ဖလိမ်မီကိုမနာလိုစွာဖြင့်ကြည့်လိုက်သည်၊ ဟမ့်!ဒီခြေတစ်ဖက်တည်းနဲ့ ကောင်တောင်လုပ်နိုင်သေးတာဘဲ၊ ငါကသေချာပေါက်သူ့ထက်သာရမှာပေါ့!
တာ့ဇီကသူ၏မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှစွမ်းအင်ကိုခံစားနိုင်ရန် ကြိုးစားလိုက်သည်၊
စွမ်းအင်ဖျော့ဖျော့ကသူ၏ခန္ဓာကိုယ်ထဲမှစီးဆင်းလာသည်၊ ဟုတ်ပြီ!ဒါငါ့ရဲ့စွမ်းအင်ဘဲ!
တာ့ဇီကချက်ချင်းပင်စွမ်းအားနှင့်ခံစားမှုတို့အတူတူပါဝင်လာတော့သည်၊ သူက၎င်းတို့ ကိုအတူတကွတွန်းထုတ်ရန်အလွန်ကြိုးစားလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ကိုစက်ဝိုင်းပုံစံ လှည့်လိုက်သည်၊
တာ့ဇီကတဖြည်းဖြည်းပို၍ပို၍စိတ်ပြေလက်ပျောက်ဖြစ်သွားပြီးပိုပြီးတည်ငြိမ်လာ သည်၊ နောက်တစ်ဆင့်ကတော့သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကိုဖြေလျှော့တဲ့ပုံစံနဲ့ လွှတ်ပေးဖို့ဘဲဖြစ်သည်၊
တာ့ဇီသည်ထိုစွမ်းအားကိုဖြည်းညင်းစွာထိန်းချုပ်ထားသောနည်းလမ်းဖြင့်တွန်းထုတ် လိုက်သည်၊
“ပူ…”
လေလည်လိုက်မှုကတေးသွားလေးဖြင့်ရှည်လျားစွာထွက်လာသည်၊
တာ့ဇီ၏မျက်နှာအမူအရာကတင်းကြပ်သွားပြီး မျက်လုံးနှစ်ဖက်ကိုထိတ်လန့်စွာဖြင့် မှိတ်လိုက်သည်၊
ဖလိမ်မီကတာ့ဇီကိုလှောင်ပြောင်သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်၊ ဒီငတုံး ကင်းခြေများကတော့၊ သူကတာ့ဇီကိုသူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်အဖြစ်မြင်ခဲ့ဖူးသော် လည်းအခုတော့၎င်းကဘယ်သူ့ကိုမှခြိမ်းခြောက်နိုင်ပုံမရပေ၊
…
လဝက်လောက်ကြာပြီးနောက်, နွေဦးအားလပ်ရက်တစ်ဝက်ကိုဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်၊
ကျယ်လောင်သောပေါက်ကွဲမှုအသံက ရေကန်ဘေးမှပေါ်ပေါက်လာတော့သည်၊
ပေ၅၀ရှည်လျားသောအရိုးစုကြီးတစ်ခုသည်ကသုတ်ကရုတ်ဖြင့်မြေပြင်ပေါ်တွင် ပြေးနေသည်၊ သူကကြီးမားသောရေထုထည်ကြီးကသူ့ပေါ်ကိုကျလာပြီးရိုက်ခတ် လာမှာကြောက်တာကြောင့်ရှောင်တိမ်းနေရသည်၊
ရေကသိပ်သည်းပြီး ကျောင်ဆောင်ထက်ပို၍လေးလံသည်၊ ၎င်းကတစ်စက္ကန့်ကို ပေရာချီနှုန်းနှင့်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်၊ ထိုသို့ကျလာသောရေကြောင့် ကျလာသောနေရာများတွင် အပေါက်များဖြစ်ပေါ်လာသည်၊
ဒမ်ဘီကပြင်းထန်သောခုခံမှုရှိကာ, သူကဒီရေကိုမထိဝံ့ပေ၊ သူထိမှန်ရင်သူ့စည်းချက် ပြတ်သွားပြီး ရေဗုံးတွေပိုထိမှန်နိုင်သည်၊
ရံဖန်ရံခါတွင်နဂါး၏အမြီးမှဖန်တီးထားသောလေပြင်းများ၏ ခိုး၍တိုက်ခိုက်မှုသည် ရေ၏တိုက်ခိုက်မှုနှင့်အတူလိုက်ပါလာသေးသည်၊
ဒမ်ဘီ၏ရင်ဘတ်ရှိသွေးပြန်ကြောများကရူးသွပ်စွာညှစ်နေသည်၊ သူကနဂါးအမြီးကို ရှောင်ရန်ကျောပြင်ကိုကုန်းလိုက်ပြီးနောက် သူ၏လက်သီးများကိုမြေပြင်သို့ရိုက်၍ ပြန်ကန်ထွက်အားဖြင့် ရေနဂါးဖြူ၏ဗိုက်ကိုထိုးလိုက်သည်၊
ထိုအဖြစ်အပျက်က အသက်ရှုမှုခဏလေးအတွင်းမှာတင် ဖြစ်ပေါ်သွားခဲ့တာဖြစ်သည်၊
ထိုးချက်ကိုပစ်လွှတ်ပြီးတဲ့နောက်, ဒမ်ဘီကပြန်ကန်ထွက်မှုအားကိုအသုံးပြု၍ လေထဲတွင်၃၆၀ဒီဂရီလှည့်လိုက်သည်၊ ထို့နောက်မြေပြင်ပေါ်သို့ပြန်ကျသွားသည်၊ သူ့နောက်တွင်ရပ်နေသောအစင်းလေးရဲ့တုန့်ပြန်မှုကအနည်းငယ်နှေးကွေးသွားသည်၊ အစင်းလေးသည်ပျော်ရွှင်ကာ၎င်း၏ခြေသည်းများကိုဝှေ့ယမ်းပြနေသည်၊ တိုက်ပွဲကပြီးသွားပြီလား?
နဂါးဖြူကလေထဲတွင်၎င်း၏ထိန်းချုပ်ထားသောရေစွမ်းအင်ကိုရပ်တန့်လိုက်ပြီး, သူ၏အမြီးကိုကွေးလိုက်ကာတည်ငြိမ်စွာနှင့်ပြောလိုက်သည်, “မဆိုးဘူး၊ မင်းရဲ့တုံ့ပြန်မှုနဲ့မြန်နှုန်းကသတ်မှတ်ထားတဲ့စံနှုန်းတစ်ခုကိုရောက်သွားပြီ၊ ငါအခုသုံးနေတဲ့ရေထိန်းချုပ်နိုင်မှုစွမ်းရည်က အုပ်ချုပ်သူအဆင့်ရေအမျိုးအစားသားရဲ အများစုရဲ့အဆင့်မှာဘဲ၊ ဒီလိုအခြေအနေအောက်မှာသူတို့နဲ့အလုံအလောက်နီးစပ်နိုင် ရင်တိုက်ပွဲတစ်ဝက်ကိုအောင်နိုင်ပြီလို့ဆိုလိုတာဘဲ”
“မင်းအတွက်ကတော့…” ရေနဂါးဖြူကသူ၏အကြည့်ကိုအစင်းလေးဆီသို့ပြောင်း လိုက်သည်၊
အစင်းလေးကသူ့ရင်ဘတ်ကိုကော့လိုက်ပြီး သူ၏ခြေသည်းများကိုထုတ်ပြလိုက်သည်၊
“မင်းကခုခံမှုအမျိုးအစားဖြစ်နေကတည်းက, တိုက်ခိုက်မှုတွေကိုခံနိုင်ရည်ရှိဖို့ဘဲ လိုတာ”
တစ်ဖက်မှာလည်း, ဖလိမ်မီကရေကန်အပေါ်တွင်ဝဲပျံနေသည်၊ ၎င်းဘေးပတ်လည်တွင် တော့မီးဘောလုံး၁၀လုံးရှိသည်၊ ရံဖန်ရံခါတွင်မီးလုံးသည်ရေကန်ထဲသို့ကျသွားပြီး ပေဒါဇင်အနည်းငယ်မြင့်သောလှိုင်းလုံးများကိုဖြစ်ပေါ်စေသည့်ပေါက်ကွဲသံများ ထွက်ပေါ်လာသည်၊
ကန်အစပ်တွင်,တာ့ဇီ၏ဦးမျှင်နှစ်ခုသည်တင်းကျပ်နေပြီး, ၎င်း၏ခန္ဓာကိုယ်က လေးပုံသဏ္ဍာန်ကွေးညွတ်နေသည်၊ ပင်ပေါင်ဘောလုံးအရွယ်ရှိသော လျှပ်စီးဘောလုံးလေးလုံးသည်၎င်း၏ဦးမျှင်ရှေ့တွင်တောက်ပနေသည်၊ ၎င်းတို့က တစ်ချိန်မဟုတ်တစ်ချိန်ပျောက်ကွယ်သွားမလိုဖြစ်နေသည်၊
“မင်းလဝက်လောက်အတွင်းမှာ သင်ယူနိုင်ခဲ့တာအတော်လေးအံ့ဩစရာဘဲ” မိုးကြိုးနတ်ဘုရားခရုကတာ့ဇီကိုချီးကျူးလိုက်သည်၊
ရေကန်တစ်ဖက်တွင်ကျီဟန့်ဝူနှင့်ကောင်းဖန်သည်ဘေးချင်းယှဉ်ရပ်နေကြပြီး, ကောင်းကင်မှာပျံသန်းနေတဲ့ဖလိမ်မီကိုကြည့်နေကြသည်၊ “မင်းတကယ်တောထဲကို သွားချင်တာလား?”
“ဟုတ်ကဲ့, ကျနော်သွားချင်တယ်, ပြီးတော့ဘယ်လိုမျိုးလဲဆိုတာကြည့်ချင်တယ်၊ စိတ်အေးအေးထားပါအဘိုး, ကျနော်ကအပြင်ဘက်လောက်ကဘဲလေ့လာမှာပါ၊ အတွင်းထဲကိုမသွားပါဘူး” ကောင်းဖန်ကခေါင်းညိတ်လိုက်သည်၊
***
အပိုင်း၁၉၀ ခရီးစတင်ခြင်း
“ဒါကမင်းအတွက်” အဘိုးကျီကအနက်ရောင်ပလတ်စတစ်အိတ်ကိုကိုသူ့အိတ်ကပ် ထဲမှထုတ်ယူလိုက်သည်၊အိတ်ပုံစံအရ၎င်းသည်မှတ်စုစာအုပ်သို့မဟုတ်ဖုန်းလိုမျိုး တစ်ခုခုဖြစ်ကြောင်းသူခန့်မှန်းနိုင်သည်၊
ကောင်းဖန်က၎င်းကိုယူလိုက်ပြီး အဘိုးကျီ၏ရှေ့တွင်ဖွင့်လိုက်သည်၊ အိတ်ထဲတွင် ဝါညိုရောင်သန်းနေသောမြေပုံသည်ကြမ်းထော်နေပြီး, ၎င်းကိုဘာနှင့်ပြုလုပ်ထားမှန်း မသိပေ၊ တက်ဘလက်တစ်လုံးနှင့် ရှင်းလင်းတိကျသောသံလိုက်အိမ်မြောင်လည်း ပါဝင်သည်၊
“ဒီတက်ဘလက်ကဆိုလာအားသွင်းစနစ်ဘဲ၊ မြေပုံရဲ့အီလက်ထရွန်နစ်စနစ်လည်း ပါတယ်၊ အချက်ပြမှုတစ်ခုရှိရင်မင်းဖုန်းလည်းခေါ်လို့ရတယ်…၊ ငါမင်းကိုမြေပုံနဲ့ သံလိုက်အိမ်မြောင်ဘယ်လိုသုံးလဲဆိုတာနောက်နေ့မှသင်ပေးမယ်၊ ဒါကယွိကျိုး မြေပြင်အခြေအနေကိုပြထားတဲ့အတွင်းပိုင်းဒေသတွေရဲ့မြေပုံဘဲ၊ ပြီးတော့ အန္တရာယ်ရှိတဲ့နေရာတွေကိုလည်းပြတယ်၊ မင်းအဲ့တာကိုမကြာခဏအားကိုးရမှာဘဲ”
“မင်းမှာပျံသန်းသားရဲအမျိုးအစားရှိတာကြောင့် မင်းကတခြားသားရဲလေ့ကျင့်သူတွေ ထက်လေ့လာရေးခရီးမှာပိုပြီးအကာအကွယ်ရှိလိမ့်မယ်…အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတတ်ဖို့အတွက်သင်ယူဖို့လိုတယ်၊ ငါဒီမှာရှိနေသရွေ့ မင်းရဲ့အကာအကွယ်အဖြစ်အဘိုးကအမြဲတမ်းရှိနေမှာ၊ ကိုယ်လုပ်ချင်တာမှန်သမျှကို ယုံကြည်မှုအပြည့်နဲ့လုပ်” ကျီဟန့်ဝူ၏ထုံးစံအတိုင်းတင်းမာနေသောစိတ်နေစိတ်ထား သည်ရုတ်တရက်ပျော့ပြောင်းသွားပုံရသည်၊ သူ့မျက်နှာတွင်နွေးထွေးသောအပြုံးတစ်ခု ပေါ်လာသည်၊
ကောင်းဖန်ကခေါင်းကိုလှည့်ကာသူ့အဘိုးကိုမော့ကြည့်လိုက်သည်၊ သူ့အဘိုးက ငွေဖြူရောင်ဆံပင်များကိုသပ်သပ်ရပ်ရပ်လှန်သိမ်းထားသည်၊
ကောင်းဖန်သည် ထိုသူ၏ဆံပင်ကအရင်အချိန်များတွင်အနက်ရောင်တွေဖြစ်ခဲ့ကြောင်း သတိရမိသွားသည်၊
“ဟုတ်ကဲ့” ကောင်းဖန်ကပြောလိုက်သည်၊
ဆီလီသည်လွန်ခဲ့သည့်လဝက်တွင်အုပ်ချုပ်သူအဆင့်သို့တိုးမြှင့်သွားခြင်းသည်အလွန် ကောင်းမွန်သည်၊ ၎င်း၏နေရာလပ်စွမ်းအင်သည်, ထရပ်ကားများသပ်ဆောင်သော ကွန်တိန်နာများကဲ့သို့ပင်ကြီးနေပြီဖြစ်သည်၊ အရည်အသွေးဆိုင်ရာပြောင်းလဲမှုသည် နောက်ဆုံးတွင်သူရေတွက်ထားသည့်အတိုင်းဖြစ်လာပြီဖြစ်သည်၊ အခုတော့ ကောင်းဖန်ဖြစ်ချင်သည့်အရာရွေ့လျားဂိုဒေါင်တစ်ခုဖြစ်လာခဲ့သည်၊
နေရာလပ်နေရာများတွင် အစားအသောက်,ဆေးဝါး, ရွက်ဖျင်တဲ,နှင့်တောရိုင်းထဲတွင် အသက်ရှင်ရန်မရှိမဖြစ်လိုအပ်သောပစ္စည်းအစုံအလင်ထည့်ပြီးနောက် ကောင်းဖန်က အဘိုးကျီကိုဝှေ့ယမ်းပြကာ လှည့်ပြီးအဝေးသို့လှမ်းကာထွက်လာခဲ့တော့သည်၊
ကျီဟန့်ဝူကကောင်းဖန်၏နောက်ကျောကိုကြည့်နေသည်၊ သူကကောင်းဖန်ကို နောက်တစ်ခေါက်လှည့်ချင်စေချင်ပေမယ့် သူဘာပြောရမှန်းမသိဘူးဖြစ်နေသည်၊ အဆုံးမှာတော့သူသည်တိုးတိုးလေးသာသက်ပြင်းချလိုက်ကာ လှည့်ထွက်သွားတော့ သည်၊
…
ကောင်းဖန်ကမြေပုံကိုဖွင့်ပြီးသူဘယ်မှာရှိလဲဆိုတာကိုစူးစမ်းကြည့်လိုက်သည်၊
“ငါအခုဆိုရင်ဒီနေရာမှာရှိသင့်တယ်…”ကောင်းဖန်ကမျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူရေရွတ်လိုက်သည်၊
ကပ်ဆိုးကြီးမတိုင်ခင်တွင်, ယွိကျိုးမြို့သည်တောင်များကြားတွင်တည်ရှိသောကြောင့် တောင်ပေါ်မြို့ဟုအမည်ပြောင်ပေးထားသည်၊၎င်းကကပ်ဆိုးကြီးပြီးနောက် ဆက်လက် ပြောင်းလဲသွားတော့သည်၊ တောင်တွေကပိုမြင့်လာပြီးပို၍တောင်ခမ်းနားလာသည်၊ ဆိတ်ငြိမ်ပြီးရင်းဆိတ်ငြိမ်သောနေရာဖြစ်လာခဲ့သည်၊
မြေပုံပေါ်၌,ယွိကျိုးမြို့သည်အလယ်ဗဟိုတွင်တည်ရှိသည်၊ အလယ်ဗဟိုတွင် ယွိကျိုးနှင့်အတူမြေပုံစာရွက်ထောင့်ဆုံးအထိချဲ့ကြည့်လိုက်သည်၊ ထိပ်ပိုင်းတော်တော် များများတွင်သားရဲတွေရဲ့ပုံတူတွေနှင့်၎င်းသားရဲများ၏ဖော်ပြချက်များကိုပါ ပြထားသည်၊
အနီရောင်စက်ဝိုင်းများသည် မြေပုံ၏သေချာသောနေရာများတွင်ချဆွဲထားပြီး, ထိုစက်ဝိုင်းများအတွင်းတွင်အနီရောင်ကြက်ခြေခတ်များခြစ်ထားသည်၊ ၎င်းတို့သည် ဧကရာဇ်အဆင့်ရှိသောသားရဲတစ်ကောင်ရှိနေခြင်းကိုအမှတ်အသားပြုထားခြင်းဖြစ်သသည်၊
အနီရောင်ကြတ်ခြေခတ်များသည် ဧကရာဇ်အဆင့်သားရဲများပုံမှန်ပေါ်လာနေကျ နေရာများဖြစ်သည်၊
ကောင်းဖန်သည်မြေပုံကိုကြည့်ရင်းခေါင်းကိုက်နေတော့သည်…မြေပုံပေါ်တွင်အနီ အဝိုင်းများသည်အလွန်များပြားနေပြီး ၎င်းတို့သည်အလွန်နီးကပ်စွာဖြင့်တည်ရှိသည်၊ တစ်ချက်ကြည့်လိုက်သည်နှင့် အနည်းဆုံးဆယ်ကောင်လောက်ရှိနိုင်သည်၊
ကောင်းဖန်သည်မြေပုံကိုသေချာဂရုတစိုက်စကန်ဖတ်နေသည်၊ လွန်ခဲ့တဲ့တစ်ပတ်ခန့် ကကောင်းဖန်သည်ဒေတာအချက်အလက်ဇယားတွင် စိတ်ဝင်စားဖွယ်ကောင်းသော အင်္ဂါရပ်အသစ်များကိုရှာတွေ့ခဲ့သည်၊ အကယ်၍သူကအချို့သောပစ္စည်းများကိုသာ အာရုံစူးစိုက်ထားလျှင် ပစ္စည်းများဘယ်ကလာလဲဆိုတာကိုလေ့လာနိုင်မည်ဖြစ်သည်၊
သို့သော်သူသည်အရင်ကထိုသို့စွမ်းရည်မျိုးကိုမပိုင်ဆိုင်ဖူးဘူးဆိုတာကိုသတိရသွား သည်၊
ကောင်းဖန်နားမလည်နိုင်ဖြစ်နေတော့သည်၊ ဒေတာအချက်အလက်နှင့်အတူစွမ်းရည် အသစ်ကိုအသုံးပြုခွင့်ရစေသည့်သူ၏စိတ်စွမ်းအင်ခွန်အားသည်တိုးတက်လာသည်ဟု သူယူဆခဲ့သည်၊ သူ၏စိတ်ဝိဉာဉ်ခွန်အားများတိုးလာသည်နှင့်အမျှသူ၏ဒေတာအချက် အလက်စွမ်းအင်သည်လည်းထိုနည်း၎င်းပင်ဖြစ်သည်၊
ထိပ်တန်းအဆင့်အုပ်ချုပ်သူအဆင့်အတန်းသားရဲဖြစ်သည့်ဆီလီအပြင်ကောင်းဖန်၏ အခြားသားရဲများသည် ပြီးပြည့်စုံသောအဆင့်အုပ်ချုပ်သူအဆင့်အတန်းသားရဲများဖြစ် ကြသည်၊
ထိုအချိန်တွင်ကောင်းဖန်၏အဓိကပန်းတိုင်သည် အစင်းလေးနှင့်တာ့ဇီတို့ကို ထူးခြားအဆင့်အတန်းအထိမြှင့်တင်ထားရန်ဖြစ်ပြီး ၎င်းတို့၏ထူးခြားသည့်သွင်ပြင် လက္ခဏာများကိုနိုးကြားလာစေရန်ဖြစ်သည်၊
“အစင်းလေးက ထူးခြားအဆင့်ကိုမြှင့်တင်ရန်အတွက် မြေကြီးဝိဉာဉ်အမြုတေကို မျိုချပြီးနောက် အနက်ရောင်မြေကြီးမှာ၇၂နာရီအိပ်ရမယ်၊ အဲ့နောက်ကျရင် မြေကြီးဒိုင်းကာပင့်ကူအဖြစ်ပြောင်းသွားလိမ့်မယ်” ကောင်းဖန်ကမြေပုံကိုဆက်ကြည့် နေလိုက်သည်၊ သူကမြေကြီးဝိဉာဉ်အမြုတေရှိမည့်နေရာကို ရှာရန်ကြိုးစားနေပါသည်၊
မြေကြီးဝိဉာဉ်အမြုတေ, မြေကြီးဝိဉာဉ်အမြုတေ…
ဒီမှာ,ဒီမှာ,နဲ့ဒီမှာ ထိုနေရာသုံးခုတွင် မြေကြီးဝိဉာဉ်အမြုတေရှိရန်သင့်တော်သည့် အခြေအနေများရှိသည်၊
အချိန်အတော်ကြာစဉ်းစားပြီးနောက်ကောင်းဖန်သည်သူနှင့်အနီးဆုံးနေရာသို့ သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်၊
“ဖြေးဖြေးသွား! ဖလိမ်မီ, ဖြေးဖြေးပျံဟ!
“တာ့ဇီ! အဝေးကြီးမပြေးနဲ့,ပြီးတော့ အဲ့တာအနံ့နံတဲ့အသီးတွေ, မင်းစားလို့မရဘူး!”
“အစင်းလေး! မြန်မြန်ထစမ်း၊ အဲ့တာကသာမန်သံတောဝက်ထီးဘဲ,နတ်ဘုရား အမျိုးအစားတောဝက်ထီးမဟုတ်ဘူး! မင်းသူ့ရှေ့မှာဒူးမထောက်တာကောင်းမယ်!”
ခရီးတစ်လျှောက်လုံး,ကောင်းဖန်သည်၎င်းတို့တစ်ဦးစီကိုပြုစုစောင့်ရှောက်ရန် များစွာကြိုးစားအားထုတ်ခဲ့ရသည်၊ သူတို့အဖေလိုရော,သူတို့အမေလိုရောပါခံစားနေရ ပြီးအလွန်ကိုပင်ပန်းနေသည်၊ သားရဲတစ်ကောင်ချင်းစီကသူတို့ကိုယ်ပိုင်စဉ်းစားဉာဏ် ရှိသည်၊ သူတို့အသက်ကြီးလာသည်နှင့်အမျှ သူတို့၏ကိုယ်ရည်ကိုယ်သွေးများလည်း ပိုပြီးတက်ကြွလာသည်၊ အရင်ကလိုလှည့်ပတ်ပြီး ချစ်ဖို့ကောင်းအောင်သရုပ်ဆောင် နေမှာမဟုတ်ပေ၊ ဒါပေမယ့်ကောင်းဖန်ကတော့သူတို့ဆက်ပြီးလှည့်ပတ်ချစ်စရာ ကောင်းတဲ့ပုံစံမျိုးကိုပိုပြီးသဘောကျသည်…
နေ့တစ်ဝက်လောက်ခရီးသွားပြီးနောက်, သုံးမိုင်ထက်ပိုပြီးမသွားတော့ပေ၊
ကောင်းဖန်ကသူ့နဖူးပေါ်မှချွေးများအားသုတ်လိုက်သည်၊ အကယ်၍သူတို့ဒီလိုသာ သွားနေမယ်ဆိုလျှင်,သူတို့လိုရာခရီးကိုဘယ်အချိန်ရောက်မယ်ဆိုတာသူမသိတော့ချေ၊
ကံကောင်းစွာနဲ့ဘဲသစ်ပင်တွေကရှည်ပြီးအရွက်များကကြီးသည်၊ နေရောင်တွေက သစ်ပင်တွေနှင့်သစ်ရွက်များမှပိတ်ကာခြင်းခံရပြီး, လေကလည်းအေးသည်၊
အများအားဖြင့်ဒီလိုအေးမြတဲ့ပတ်ဝန်းကျင်မှာခြင်တွေအများကြီးရှိလိမ့်မည်၊ ဒါပေမယ့်, ဒီနေရာပတ်လည်တွင်ဘာခြင်မှမရှိပေ၊ ကောင်းဖန်ကအရင်ကဒီလိုမရှိဘူးလို့ထင်သည်၊
ဖလပ်,ဖလပ်,ဖလပ်
အတောင်ပံခတ်နေသည့်အသံက ခပ်ခွာခွာနေရာမှထွက်ပေါ်လာသည်၊
တောအပေါ်မှပျံသန်းနေသည့်ဖလိမ်မီက, ကောင်းဖန်ကိုသွေးစာချုပ်မှတစ်ဆင့်ပြော လိုက်သည်, “သခင်, အဲ့နေရာမှာခြင်တွေအများကြီးဘဲ၊အရမ်းကြီးတဲ့ခြင်တွေအများ ကြီးဘဲ!”
အရမ်းကြီးတဲ့ခြင်တွေအများကြီး? ကောင်းဖန်ကသူ့နှလုံးပြင်းထန်စွာခုန်သွားသလို ခံစားလိုက်ရသည်၊ သူကအစောပိုင်းတုန်းကခြင်အကြောင်းတွေးမိလိုက်လို့ ဂြိုလ်ဆိုး ဝင်တာလားဟ?
ထိုနေရာတွင်များပြားသောခြင်အုပ်ရှိသည်၊ ၎င်းတို့သည်ကိုင်တွယ်ရန်ပို၍ခက်ခဲသော သားရဲများထဲမှအချို့ဖြစ်သည်၊ အစောတုန်းကခြင်တွေကိုအမှတ်တမဲ့တွေးခဲ့ပေမယ့် ခြင်တွေကိုတကယ်တော့မရှိစေချင်ခဲ့ပေ၊
မှောင်မိုက်သောတောထဲတွင် ထိပ်ပိုင်း၌တစ်ခုနှင့်တစ်ခုထပ်နေသောထူထဲသည့် ပင်စည်များနှင့် ထူထပ်သောချုံပုတ်များပြည့်နေသည်၊ အသံများထွက်နေသည့် နေရာမှသာခြင်များရှိသည့်နေရာကိုခန့်မှန်းနိုင်တော့သည်။
“ဖလိမ်မီ, အရင်ဆုံးအောက်ကိုဆင်းခဲ့ဦး” ကောင်းဖန်ကဖလိမ်မီကိုအမိန့်ပေးလိုက် သည်။
ဖလိမ်မီကသစ်ပင်ထိပ်ဖျားကိုထိုးဖောက်၍ကောင်းဖန်၏ဘေးသို့ဆင်းသက်လိုက်သည်၊ ၎င်းကဘေးဘက်သို့လှည့်လိုက်ပြီး ခြင်များရှိနေသောနေရာကိုအလွန်စူးစိုက်ကြည့်နေ သည်၊
ထို့နောက်ဖလိမ်မီက၎င်း၏နှုတ်သီးကိုဟလိုက်သည်၊ အဝါရောင်မီးတောက်များက ၎င်း၏လည်ချောင်းထဲမှထွက်လာပြီဖြစ်သည်၊
“ဒီလိုလုပ်ဖို့မလိုအပ်ဘူး” ကောင်းဖန်ကညင်သာစွာဖြင့်ဖလိမ်မီ၏နောက်ကျောကို ပွတ်ပေးကာပြောလိုက်သည်၊
ခရစ်,ခရစ်,ခရစ်
ဖလိမ်မီက မီးတောက်များကိုပြန်မျိုချလိုက်ရသည်၊ ဖလိမ်မီကမကြာသေးမီက ကြိုးပမ်းအားထုတ်မှုကြောင့်အပြင်းအထန်ကြီးထွားခဲ့သည်၊ ၎င်းက၆ပေနှင့်တစ်ဝက် ရှည်ပြီးမြေပြင်ပေါ်တွင်ရပ်နေသည်၊ ကောင်းဖန်ကသူ၏ခြေထောက်ကိုမတ်တပ်ရပ် လိုက်ပြီး သူ၏လက်ကိုဆန့်ထုတ်ကာဖလိမ်မီ၏ခေါင်းကိုပွတ်ပေးလိုက်သည်၊
“ဒီလိုသားရဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ငါတို့ကဉာဏ်ကောင်းဖို့လိုတယ်” ကောင်းဖန်က တစ်ပေခွဲခန့်မြင့်သောရနံ့အိတ်ကိုခရီးဆောင်နေရာလပ်မှထုတ်လိုက်သည်။
“ဒါကကပ်ဆိုးကြီးပြီးတဲ့နောက်,ခရမ်းရွှေရောင် လာဗင်ဒါ၊ ဗြိစ္ဆာရွှေနေကြာ ၊ ရှောက်ချိုသီးကြီးနဲ့လိမ္မော်ဂျက်စမင်အပါအဝင် တယ်လိုစမာကိုဒါတာနဲ့လုပ်ထားပြီး ပေါင်းစပ်ထားတာ၊ သူတို့ကအထူးခြင်နိုင်ဆေးဖြစ်အောင်ရောနှောထားတာလေ” ကောင်းဖန်ကရနံ့အိတ်ကိုမြှောက်လိုက်ပြီး မတူညီသောပန်းများ၏ပြင်းထန်သော ရနံ့သည်ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားတော့သည်၊
“အခုကတော့, အံ့ဖွယ်ဖြစ်ရပ်ကိုမျက်မြင်တွေ့ရမယ့်အချိန်ဘဲ”
အလှမ်းကွာသောနေရာတွင်, သံနက်ခြင်ကြီးသည်အဝေးမှထူးဆန်းသည့်အနံ့ကို ရုတ်တရက်အနံ့ခံမိသွားသည်၊ ကြီးမားသောသံနက်ခြင်သည်သူရသည့်အနံ့အသက် ကြောင့်မူးမေ့လုနီးပါးဖြစ်နေတော့သည်၊
၎င်း၏အတောင်ပံများကပြင်းထန်စွာလှုပ်ခါနေပြီး ၎င်း၏အရိုးများကဒီအနံ့ကြောင့် ကျိုးလုနီးပါးဖြစ်နေတော့သည်၊
“ဘလပ်” အော့အန်လိုက်ပြီးနောက် ကြီးမားသောသံနက်ခြင်သည်လျင်မြန်စွာနှင့် လှည့်ထွက်သွားတော့သည်၊
ကြီးမားသောသံနက်ခြင်ကအဖွဲ့ကိုဦးဆောင်သူဖြစ်သည်၊ ၎င်း၏ပျံသန်းမှုဦးတည်ချက် မှာအခြားသောခြင်သားရဲများလိုက်နာရမည့်ဦးတည်ချက်ဖြစ်သည်၊
ခြင်တွေရဲ့အသံတွေတဖြည်းဖြည်းပျောက်ကွယ်သွားသည်၊ ကောင်းဖန်ကပြုံးပြီး ရောစပ်ထားသောရနံ့အိတ်ကိုအဝေးသို့ဖယ်ထုတ်လိုက်သည်၊ သူ့ကိုကြည်ညိုတဲ့ မျက်လုံးတွေနဲ့ကြည့်နေတဲ့သူ့သားရဲတွေကိုပြန်ကြည့်လိုက်ပြီး, ပြောလိုက်သည်, “ဒါကလွယ်ပါတယ်, လွယ်ကူပြီးရိုးစင်းတယ်”
***
အပိုင်း၁၉၁
“ဒီနှုန်းအတိုင်းဆိုရင်, ငါတို့ပန်းတိုင်ရောက်ဖို့တစ်ပတ်လောက်လမ်းလျှောက်ရလိမ့်မယ်” ခြင်များကိုမောင်းထုတ်ပြီးနောက် ကောင်းဖန်ကသူ၏သားရဲများကိုပြောလိုက် သည်၊ “ဒါကတောရိုင်း၊ မင်းတို့အားလုံးအခုပိုကောင်းကောင်းနေတာအဆင်ပြေလိမ့် မယ်!”
သူကသူ့ရဲ့သားရဲတွေကိုဆုံးမပြီးနောက် ကောင်းဖန်က လေးထောင့်ပုံစံအမွှေးနု စောင်လေးကို ဆီလီ၏ကိုယ်ပိုင်နေရာလပ်မှထုတ်လိုက်သည်၊ စောင်၏ထောင့်လေး ထောင့်တွင် ကြိုးအပိုင်းအစလေးများပါကာ, ကောင်းဖန်ကကြိုးများကိုအစင်းလေး၏ ခြေထောက်ပတ်လည်တွင်ချည်လိုက်သည်၊ ကြိုးများသည်ပါးလွှာတာကြောင့် သားရဲ၏လှုပ်ရှားမှုများကိုအဟန့်အတားဖြစ်စေမည်မဟုတ်ပေ၊
ထို့နောက်ကောင်းဖန်သည်အစင်းလေးပေါ်သို့တက်လိုက်ပြီး သူသက်တောင့်သက်သာ နှင့်ထိုင်လို့မရမချင်းသူ့ရဲ့အနောက်ပိုင်းကို အနည်းငယ်ရွေ့လိုက်သည်၊
“ဒမ်ဘီ, တာ့ဇီကိုမင်းခါးမှာပတ်ထားလိုက်၊ ငါတို့ဒီညတစ်ညအိပ်ဖို့အတွက် နေစရာလိုက်ရှာရမယ်”
သူ့အမိန့်ကိုကြားပြီးနောက်, သားရဲများကသူတို့၏အရှိန်ကိုတင်လိုက်ကြသည်၊
ပထမတော့ ကောင်းဖန်က အစင်းလေးကိုစီးရတာလှုပ်ရှားမှုအနည်းငယ်ရှိခဲ့သည်၊ ခဏအကြာမှာတော့သူကနေသားကျသွားတော့သည်၊
လမ်းတစ်လျှောက်တွင် သူတို့သည်ထိုနေရာရှိသားရဲနှစ်ကောင်ကိုထိတ်လန့်သွားစေ သည်၊ သိုသော်လည်းကောင်ဖန်တို့အဖွဲ့သည် လျင်မြန်စွာသွားလာနေကြပြီး ထိုသားရဲများကိုအစင်းလေး၏အရှိန်အဝါအားခံစားမိစေတာကြောင့် ရလဒ်ကတော့ ကောင်းဖန်တို့အဖွဲ့ကို သူတို့၏ပိုင်နက်ထဲသို့ပေးဝင်လိုက်တော့သည်၊
ပြင်းထန်သောလေက ကောင်းဖန်၏မျက်နှာကို ရိုက်ခတ်နေသည်၊ မျက်လုံးကို မှေးကျဉ်း၍ သူဖြတ်လာသောရှုခင်းများကိုကြည့်နေသည်၊
သူတို့၏ရှေ့တွင် စမ်းချောင်းတစ်ခုရှိသည်၊ ရေညှိကျောက်တုံးနှစ်တုံးသည်စမ်းချောင်း အလယ်မှထိုးထွက်နေသည်၊ အစင်းလေးက စမ်းချောင်းထဲဆင်းချိန်တွင် ကောင်းဖန်ကရုတ်တရက် အနက်ရောင် အရိပ်တစ်ခုကို သူ့မျက်လုံးထောင့်မှ တွေ့လိုက်သည်၊
နောက်တစ်စက္ကန့်တွင် သူကလေထဲသို့မြှောက်တက်သွားသလိုခံစားလိုက်ရသည်၊
၎င်းသည် တစ်စုံယောက်က သူ့ရင်ဘတ်သို့ထိုးချလိုက်ပြီးပျံထွက်သွားစေသလိုပင် ဖြစ်သည်၊
အဲ့တာကသိပ်တော့မနာပေ၊ ကောင်းဖန်သည် ရေထဲသို့ဗွမ်းကနဲကျသွားပြီးမှ သူ့ကိုဘာကတိုက်ခိုက်လိုက်မှန်းမြင်တာဖြစ်သည်၊
အနက်ရောင်အတုံးတစ်တုံးသည် ဂျယ်လီကဲ့သို့သူ့ရင်ဘတ်တွင်ကပ်နေသည်၊ ခဏလောက်တော့သူကဘာလဲဆိုတာကိုမပြောနိုင်ဘဲဖြစ်နေသည်၊
ဒမ်ဘီကပြေးလာကာ ဘာမှန်းမသိသည့်အရာကိုရင်ဘတ်မှဆွဲခွာလိုက်သည်၊ ထို့နောက် ကောင်းဖန်ကတိုက်ခိုက်သူအားရှင်းရှင်းလင်းလင်းမြင်နိုင်သွားသည်၊
[မကောင်းဆိုးဝါးအမည်] - တောင်မျှော့
[မကောင်းဆိုးဝါးအဆင့်] - အဆင့်၁၂(ထိပ်တန်းအဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း] - သာမန်အဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] - ရေစွမ်းရည်
[မကောင်းဆိုးဝါးအားနည်းချက်] - ၁-လျှပ်စီးတိုက်ခိုက်ခြင်း၊၂-ဆားအခြေခံပစ္စည်းများ
ကောင်းဖန်သည် ထိုသားရဲကြောင့်အစင်းလေး၏နောက်ကျောကိုရိုက်ပုတ်သလို ဖြစ်သွားသည်၊ သူကဘေးဘက်သို့ပတ်ကြည့်လိုက်သည်၊
ရေထဲတွင်ကြည်လင်တောက်ပနေသော များပြားသောအရာများက သူတို့ကိုလှည့်ပတ် နေသည်၊
“ဒီကနေထွက်သွားကြရအောင်”, ကောင်းဖန်က ဒမ်ဘီ၏နောက်ကျောဘက်သို့ ကုပ်တွယ်တက်လိုက်သည်၊ အကုန်လုံးကစမ်းချောင်းကနေ လျင်မြန်စွာထွက်လာကြ သည်၊
တောင်မျှော့အချို့သည် ရေထဲမှထွက်ပြီးနောက်မှတောင်တာ့ဇီ, အစင်းလေးနှင့်ဒမ်ဘီ တို့ထံ၌ကပ်တွယ်နေဆဲဖြစ်သည်၊
လျှပ်စီးများပေါက်ထွက်သဖြင့်တာ့ဇီသည် သူ့နောက်ကျောမှမျှော့များကို ပြာများဖြစ်အောင် လျှော့တိုက်ချလိုက်သည်၊
ဒမ်ဘီကမျှော့ကို သူ့လက်ထဲမှမြေပြင်ပေါ်သို့ ဗတ်ခနဲပြစ်ချလိုက်သည်၊ စေးကပ်ကာ ဖောက်ထွင်းမြင်နိုင်သောအရည်များဖြင့်ဖုံးထားပြီး ၎င်းကတွန့်လိမ်နေသေးသည်၊ ၎င်းက အရေပြားကကြည့်ရတာကြမ်းထော်နေပုံရသည်၊
မျှော့ကရေထဲမှထွက်လာသော ငါးတစ်ကောင်လိုဖြစ်နေသည်၊ ၎င်းကစ၍ရေက မည်သည့်နေရာတွင်ရှိသည်ကိုရှာပြီးနောက် စမ်းချောင်းဆီသို့အပြင်းအထန်တွားသွား သွားတော့သည်၊
ချောင်း၏အစွန်းများပေါ်တွင် မျှော့များသည်အပုံလိုက်ရှိနေသေးသည်၊ ၎င်းတို့၏ ခန္ဓာကိုယ်များကရေထဲသို့ရောက်နေသည့်အချိန်တွင်ကြည်လင်နေပေမယ့်, ရေထဲမှ ထွက်လိုက်လျှင်၎င်းတို့၏ခန္ဓာကိုယ်ကချက်ချင်းပင်အနက်ရောင်သို့ပြောင်းသွားတော့ သည်၊ ဘယ်လိုဘဲဖြစ်ဖြစ, ၎င်းတို့အားလုံးသည်စမ်းချောင်းထဲမှမခွာနိုင်ကြပေ၊ အနည်းငယ်သောမျှော့များသည်အနောက်သို့တွန့်၍ပြန်မဆုတ်ခင် စိုစွတ်သောမြေစာ အနည်းငယ်နှင့်ထိမိလိုက်ပါက သေခြင်းသို့ရောက်သွားမည်ပင်ထင်ရသည်၊
ထိုထူးဆန်းသောဖြစ်စဉ်ကိုမြင်ပြီးနောက်ကောင်းဖန်၏ခေါင်းထဲတွင်အတွေးတစ်ခု ပေါ်လာသည်၊ သူတက်ပလက်ကိုထုတ်လိုက်သည်၊ ၎င်းတွင်အချက်ပြဘားတစ်ခုရှိနေ သည်၊
ကောင်းဖန်ကသူ့လက်ရှိတည်နေရာကိုသတ်မှတ်လိုက်ပြီး ‘save’ကိုမနှိပ်ခင် အကြိမ်အနည်းငယ်လောက်နှိပ်နေလိုက်သေးသည်၊
သူ့တက်ပလက်ကိုပြန်ထားလိုက်ပြီးနောက်, ကောင်းဖန်ကနောက်တစ်ကြိမ် အစင်းလေးကိုခွထိုင်ကာပြောလိုက်သည်, “သွားစို့”
နောက်ထပ်နှစ်မိုင်လောက်တောကိုဖြတ်ကာ ခရီးထပ်သွားပြီးနောက်, နောက်ထပ် အနက်ရောင်ပုံစံသည်သူတို့ရှေ့တွင်ပေါ်လာသည်၊ ကေင်းဖန်ကရုတ်တရက် သူထိုင်နေခြင်းမှဆွဲသလိုခံစားလိုက်ရသည်၊ သူ့ဘေးပတ်လည်ရှိအကုန်လုံးက မှောင်မည်းနေပြီး, စူးရှသောအနံ့တစ်ခုကပြင်းထန်စွာသူ့နှာခေါင်းထဲသို့တိုးဝင် လာသည်၊ သူ့ကိုပြုတ်ကျလုနီးပါးဖြစ်သွားစေသည်၊
ဒမ်ဘီသည်သူ့အတွက်အရိုက်ခံရလုနီးပါးဖြစ်သွားသည်၊ ရွံ့စရာကောင်းသော တကျွတ်ကျွတ်ဝါးနေသံက ၎င်း၏အရိုးများမှထွက်ပေါ်လာသည်၊ ထို့နောက်ဒမ်ဘီက ၎င်း၏ညာဘက်ခြေထောက်ကိုမြေကြီးဖြင့်ရိုက်ချလိုက်ပြီး ၎င်း၏ဘယ်ဘက်လက်ကို လွှဲလိုက်ပြီးတွန်းထုတ်လိုက်သည်၊
သူတို့ကိုတိုက်ခိုက်ခဲ့သော မုန်တိုင်းခြင်္သေ့ကသစ်ပင်တစ်ပင်ပေါ်သို့ပျံတက်သွား သည်၊ ထိုအခိုက်အတန့်မှာပင်, ကောင်းဖန်ကမြေကြီးပေါ်သို့ပြုတ်ကျသွားပြန်သည်၊
ဒေါသထွက်နေသောဒမ်ဘီသည် အားသုံးပြီးထိခိုက်မှုတစ်စုံတစ်ရာဖြစ်အောင်မလုပ်မှီ မုန်တိုင်းခြင်္သေ့သည်လျင်မြန်စွာဖြင့်ထလိုက်ကာအရိပ်အတွင်းသို့တိုးဝင်သွား သည်၊
[မကောင်းဆိုးဝါးအမည်] - မုန်တိုင်းခြင်္သေ့
[မကောင်းဆိုးဝါးအဆင့်] - အဆင့်၂၆
[မကောင်းဆိုးဝါးအဆင့်အတန်း] - အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်] - လေ
အရှိန်ကိုအထူးပြုသောသားရဲများမရှိပေ၊ ဒမ်ဘီ၏အထူးထူးခြားချက်မှာအနီးကပ် လှုပ်ရှားမှုများဆက်တိုက်ထွက်ပေါ်ခြင်းဖြစ်သည်၊…? (မသိ)
ဖလိမ်မီက နောက်ကနေလိုက်ချင်ပေမယ့် သစ်တောသည်အလွန်အန္တရာယ်များလှသည်၊ ကောင်းဖန်သည် ဖလိမ်မီကို တောထဲရှိခြင်္သေ့နက်အား သူ့ဘာသာသူလိုက်ရန် ခွင့်မပြုရဲပေ၊
ကောင်းဖန်သည် လေခြင်္သေ့ပျောက်ကွယ်သွားသည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး မြေပြင်ပေါ်သို့ခြေဆောင့်လိုက်သည်၊ “ငါ မင်းကိုဖမ်းမမိစေနဲ့,ခြင်္သေ့ရေ၊ နောက်တစ်ချိန် ငါတို့တွေ့ရင်, ငါသေချာပေါက်မင်းကိုသေချာပေါက်အပြစ်ပေးမယ်”
ထို့နောက်သူကအစင်းလေးပေါ်တွင်စီးပြီး, သူ၏အဖွဲ့နှင့်အတူသူတို့၏ဦးတည်ရာသို့ ဆက်၍သွားကြသည်၊
နေမင်းကြီးသည် တဖြည်းဖြည်းအနောက်ဘက်သို့နစ်မြုပ်သွားပြီး အပူချိန်လည်း သိသိသာသာကျဆင်းသွားသည်၊
“နောက်ထပ်ဆယ်မိနစ်လောက် ဆက်သွားရအောင်၊ ပြီးမှနားဖို့တစ်နေရာရှာကြစို့”, ကောင်းဖန်ကသူ့သားရဲတွေကို အားပေးစကားပြောလိုက်သည်၊
ရုတ်တရက်သူတို့ရှေ့မှာ နောက်ထပ်အနက်ရောင်ပုံစံတစ်ခုပေါ်လာပြန်သည်၊ ကောင်းဖန်ကစိတ်ဖိစီးသွားပြီး သူ့ခေါင်းကိုငုံ့လိုက်သည်၊ အနက်ရောင်အရိပ်က သူနားသို့အရမ်းနီးကပ်စွာရွေ့လျားလာသည်၊ ကောင်းဖန်ကနောက်ထပ်တစ်ကြိမ် ထိုင်နေရာမှပစ်လဲကျသွားပြန်သည်၊
အစင်းလေးကရပ်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့်ပတ်ဝန်းကျင်ကိုကြည့်နေသည်၊
ငါ့သခင်ကိုကိုယ်ထိလက်ရောက်လက်သွားတဲ့ကောင်က ဘယ်ပျောက်သွားပြန်ပြီတုန်း?
ကောင်းဖန်သည်ပြန်ထလိုက်ပြီး, ဒေါသများတောက်လောင်နေတော့သည်၊ ဒါက တတိယအကြိမ်ဘဲ!
တတိယအကြိမ်!
သေစမ်း, ငါကပစ်မှတ်ဖြစ်နေတာဘဲ၊ သူတို့ကငါဒီအဖွဲ့ထဲမှာအားအနည်းဆုံးလို့ထင် နေကြတာလား?
ကောင်းဖန်က သူ၏သည်းခံမှုတွေဆုံးရှုံးသွားတော့သည်၊
အခုသူတို့ကအလယ်တွင် ကြီးမားသောထန်းပင်ကြီးတစ်ပင်ရှိပြီး ဘေးဘက်တွင် ပြောင်ရှင်းနေသောနေရာ၌ရပ်နေကြခြင်းဖြစ်သည်၊
ကောင်းဖန်၏မျက်လုံးများက ထန်းပင်ပေါ်သို့စိုက်ကြည့်နေသည်၊ သူ့နှုတ်ခမ်းများက အေးစက်သောအပြုံးတစ်ခုပေါ်လာပြီးကွေးညွတ်သွားတော့သည်၊
ဆိုတော့, မင်းကကစားရတာကြိုက်တယ်ပေါ့? အဲ့တာကိုဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလဲဆိုတာကြည့်ရအောင်၊
ကောင်းဖန်က သူ့သားရဲတွေကိုခေါ်လိုက်ပြီး တာ့ဇီနှင့်ဖလိမ်မီကို သူတို့၏သွေးစာချုပ်မှတစ်ဆင့် အမိန့်ပေးလိုက်သည်၊
“အဲ့ကောင်ကိုမီးရှို့လိုက်”
ဖလိမ်မီ၏မျက်လုံးကအပေါ်ကို မော့ကြည့်လိုက်သည်၊ ၎င်းကကောင်းကင်ပေါ်သို့ ပျံတက်သွားပြးအတောင်ပံများတစ်ဝိုက်ရှိလေများသည် သိသိသာသာထင်ယောင် ထင်မှားဖြစ်သွားစေသည်၊ စက္ကန့်အနည်းငယ်ကြာပြီးနောက်, မီးတောက်များက ပါးလွှာသောလေထုတွင်ပေါ်လာပြီး မီးလုံးများအဖြစ်သို့ ပြောင်းလဲသွားကာလေထဲတွင် ဝှေ့ဝဲနေတော့သည်၊
လှည့်ပတ်နေသောမီးလုံးများသည် အုန်းပင်ဆီသို့တိုးဝင်သွားတော့သည်၊
ဘုန်း,ဘုန်း,ဘုန်း…
မီးလုံးများသည်သစ်ပင်ကိုထိမှန်သောကြောင့်အရွက်များမီးလောင်ကျွမ်းလာတော့ သည်၊ တစ်ချိန်လုံးမလှုပ်မယှက်ဖြစ်နေသောထန်းပင်သည်၌ရုတ်တရက်ပင်စည်, အကိုင်းအခက်, အရွက်မှားပြင်းထန်စွာလှုပ်ခါလာတော့သည်၊
[မကောင်းဆိုးဝါးအမည်] - ရွှေရောင်ထန်းပင်ဝိဉာဉ်
[မကောင်းဆိုးဝါးအဆင့်] - အဆင့်၂၉(ကွန်မန်ဒါအဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း] - သာမန်အဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] - သစ်သား
[မကောင်းဆိုးဝါးအားနည်းချက်] - ၁-မီး၊၂-လျှပ်စီး
လျှပ်စီးဘောလုံးများသည် တာ့ဇီ၏နှဖူးပေါ်မှ ထွက်ပေါ်လာတော့သည်၊
သစ်ပင်ဝိဉာဉ်သည် ယခုအခါတွင် မီးတောက်များဖုံးလွှမ်းနေပြီဖြစ်သည်၊ အသိပြန်ဝင် လာသော်လည်း၎င်းကသစ်ပင်တစ်ပင်သာဖြစ်နေသည်၊
ရွှေရောင်ထန်းပင်ဝိဉာဉ်သည်မီးနှင့်လျှပ်စီးအောက်၌နာကျင်စွာအော်ဟစ်နေသည်၊ နောက်ဆုံးတွင်တော့,ဘာမှမရှိတော့အောင်တစ်ငွေ့ငွေ့လောင်ကျွမ်းကာ ပြာအဖြစ်သို့ ရောက်သွားတော့သည်၊
***
အခန်း ၁၉၂ တွဲဖက်သစ်
များပြားလှသော ပြာမှုန့်များသည် မြေပြင်တွင် ပြန့်ကျဲနေသည်။ ထိုအပေါ်သို့ ကောင်းဖန် လျှောက်သွားသည့်အခါ အပူချိန်ကိုပင် ခံစားနေရသေးသည်။
သူသည် ပြာပုံပေါ်တွင် လျှောက်နေရင်း တစ်နေရာတွငိ အစိုင်အခဲတစ်ခုကို ခံစားမိလိုက်သောကြောင့် လက်ဖြင့် ဆွဲထုတ်လိုက်သည်။
ထိုအရာသည် ရွှေရောင်ထန်းပင်၏ အမြုတေကျောက် ဖြစ်ပြီး ဘဲငန်းဥ တစ်လုံးလောက် ကြီးကာ တောက်ပသော အစိမ်းရောင် အလင်းတန်း ထွက်ပေါ်နေသည်
သားရဲ အမြုတေများတွင် အလွန်မြင့်မားသော ဓာတ်စွမ်းအင်များ ပါ၀င်ပြီး ထိုစွမ်းအင်များသည် တစ်ခုနှင့် တစ်ခု ပေါင်းစည်းခြင်း မရှိကြပေ။
ထို့ကြောင့် ထိုအမြုတေများသည် ဓာတ်စွမ်းအင် တိုက်ခိုက်မှုအပေါ် သက်ရောက်ခြင်း မရှိပေ။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့်သာ ဖြိုခွင်းနိုင်သည်။
ကောင်းဖန်လက်ထဲမှ အမြုတေသည် အပင်အမျိုးအစား ကွန်မန်ဒါအဆင့်သားရဲ၏ အမြုတေဖြစ်သည်။ သူ၏ တန်ဖိုးချည်းပင် ထောင်ချီရနိုင်သည်။
ထို့ကြောင့် ပိုက်ဆံလိုသူများသည် ထိုကျောက်များကို ရှာဖွေရောင်းစားကြလေ့ရှိသည်။ ပုံမှန်အားဖြင့်တော့ သားရဲလေ့ကျင့်သူများသည် ထိုကျောက်များနှင့် အခြားပစ္စည်းများကို အလဲအလှယ် လုပ်လေ့ရှိသည်။
မကြာမီ ကောင်းဖန်သည် ဂူရှိသော တောင်တစ်လုံးကို ရှာတွေ့ခဲ့သည်။ ပြောရလျှင်တော့ တောင်၏ အတွင်းဘက်ကို ၁၇ ပေခန့် အက်ကွဲနေသော နေရာသာ ဖြစ်သည်။
တကယ်တော့ ထိုနေရာသည် အက်ဒမန်ဘဲများ၏ အသိုက်ဖြစ်ခဲ့သည်။ ယခုတော့ကောင်းဖန်၏ နေရာဖြစ်တော့မည်ပင်။
ဘဲတစ်ကောင်သည် ခြေထောက်ကို ဆောင့်ကာ အသိုက်တွင်းမှ ဒေါသတကြီး ထွက်လာသည်။
ဒါက ငါ့အိမ်ဟ.. ငါ့အိမ်..
ဓားပြကောင်စုတ်တွေ..
ကောင်းဖန်သည် ဘဲထံသို့ စိတ်မရှည်စွာ လက်ပြရင်း ပြောလိုက်သည်။ “မင်းနေရာကို တစ်ရက်ပဲ ငှားမှာပါ.. ဒေါသထွက်စရာ မလိုပါဘူး.. ငါ့ကိုယ်ပိုင်သားရဲတွေ ဗိုက်ဆာမလာခင် မင်းမြန်မြန် ထွက်သွားတာကောင်းမယ်”
ဘဲသည် မျက်လုံးပြူးသွားပြီး ကောင်းဖန် ချိန်းခြောက်မှုကို မထီမဲ့မြင် ပြုလိုက်သည်။ သူသည် လည်ပင်းကို ဆန့်လိုက်ပြီး ကျယ်လောင်စွာ အသံပြုလိုက်သည်။
ကောင်းဖန်သည် ထိုဘဲ၏ တဂတ်ဂတ် အော်မြည်သံသည် ပုံမှန် မဟုတ်ကြောင်း သတိပြုမိလိုက်ပြီး ပုံမှန်ဘဲတစ်ကောင်အော်သည့်အသံကို လိုက်အော်ကြည့်လိုက်သည်။
ဘဲကလည်း ကောင်းဖန်အော်သံဖြင့် လိုက်အော်ကြည့်လိုက်သည်။
ထိုအခါမှ သူသည် ဉာဏ်အလင်းပွင့်သွားသလို တွေတွေကြီး ရပ်နေတော့သည်။
ငါ့ဘဲသံထက် ဒီကောင့်အသံက ပိုပြီး သဘာ၀ကျနေပါလား.
ဒီနေရာမှာ ဘဲအစစ်က ဘယ်သူလဲ.. သူက တွေးလိုက်သည်။ ထို့နောက် ဂူနားသို့ သတိကြီးစွာဖြင့် ကပ်သွားသည်။
သူသည် ကောင်းဖန်ကို စိုက်ကြည့်နေသည်။
ထိုဘဲ၏ သွေးပူတတ်ပုံ၊ ခေါင်းမာပုံတို့ကို ကြည့်ခြင်းအားဖြင့် လူသားတော့ စားရသေးပုံ မပေါ်ချေ။
ကောင်းဖန်သည် ထိုဘဲသူ့ကို သေချာမြင်ရအောင် ဂူထဲမှ ထွက်ပြလိုက်သည်။ သို့သော်သူသည် သိပ်တော့ ဂရုမစိုက်ပါချေ။ သူသည် သူ့၏ ကိုယ်ပိုင်သားရဲများကို သတိဖြင့် နေဖို့သာ ပြောထားပြီး အိပ်ရာကို ထုတ်ကာ တစ်ညတာ နားဖို့ ပြင်လိုက်သည်။
ကောင်းဖန်က ဆီလီ၏ကိုယ်ထဲမှ အိပ်ရာကို ထုတ်လိုက်သောအခါ ဘဲသည် မျက်လုံးများ ကျွတ်ထွက်တော့မတတ် အံ့ဩစွာ ကြည့်လိုက်သည်။
သူသည် ဆီလီကို ကြည့်လိုက် ကောင်းဖန်ကို ကြည့်လိုက်ဖြင့် မျက်လုံးပြူးနေသည်။
ဖလိန်မီကတော့ ထိုအူကြောင်ကြောင် သတ္တဝါကို ကြည့်ရင်း အူတက်နေသည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။ ဒန်ဘီကတော့ တစ်ညလုံး ဂူရှေ့တွင် စောင့်ပေးခဲ့ပြီး မနက်ရောက်သောအခါ ဂူထဲ၀င်သွားသည်။
ထို့နောက် အိပ်ရာစွပ်ကို ပုတ်ပြီး ကောင်းဖန်ကို နှိုးလိုက်သည်။
ကောင်းဖန်က နိုးလာပြီး သန်းဝေလိုက်သည်။ ထို့နောက် လက်ကောက်၀တ်မှ နာရီကို ကြည့်လိုက်သောအခါ မနက် ၅ နာရီခွဲသာ ရှိသေးသည်။
ထို့နောက် သူသည် အိပ်ရာထဲ ပြန်ခွေ၀င်သွားသည်။ ၁၀ မိနစ်ခန့်ကြာသောအခါမှ သူသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ အိပ်ရာဇစ်ကို ဆွဲဖွင့်လိုက်သည်။
ဂူအပြင်ဘက်တွင် ဘဲကြီးသည် ဂူအ၀င်၀ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူသည် တစ်ညလုံး မျက်တောင်ပင် ခတ်ပုံမရချေ။
ကောင်းဖန်ထွက်လာသော အခါမှ ဘဲကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သေချာကြည့်နေပြန်သည်။
လုပ်တော့မယ်.. လုပ်တော့မယ်..
ကောင်းဖန်က အိပ်ရာကို ဆီလီ၏ ကိုယ်ထဲတွင် ပြန်ထည့်လိုက်သောအခါ ဘဲကြီးသည် သေချာကြည့်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး ယမ်းခါနေသည်။
သူသည် ခြေကို ဆောင့်လိုက်ပြီး အမြီးကိုပင် ယမ်းလိုက်သေးသည်။
ကောင်းဖန်သည် ဆားအနည်းငယ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ရေကိုငုံ လိုက်သည်။ ထို့နောက် ဘဲဆီသို့ လျှောက်သွားပြီး သူ့ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် ဆားရည်ကို ပြတ်ထွေးထုတ်ပြီး ပြောလိုက်သည်။ “ကြည့်နေလည်း ဘာမှမထူးဘူး.. မင်းဘာမှ နားလည်မှာ မဟုတ်ဘူး”
ဘဲသည် ကောင်းဖန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ကောင်းဖန်က သူ့ကို တစ်ချက်ပြုံးကြည့်လိုက်ပြီး သူ့ကိုယ်ပိုင်သားရဲများကို ပြောလိုက်သည်။ “သွားရအောင် ဒီနေ့ ငါတို့သွားချင်တဲ့နေရာကို ရောက်တော့မှာ*
သူသည် ဘဲကိုလည်း လှည့်ပြောလိုက်သည်။ “ငတုံးကောင်.. နောက်ဆို လူတွေကို ဒီလောက် မြန်မြန် မချဉ်းကပ်နဲ့.. အသတ်ခံရနိုင်တယ်ကွ”
ဘဲသည် တကယ်ကိုပင် အကြောက်အလန့် မရှိပေ။ သူသည် ကောင်းဖန်ကို မြင်သော်လည်း ထွက်မပြေးသည့်အပြင် ချဉ်းကပ်၍တောင်ရသည် မဟုတ်ပါလား။
…
“သခင်.. ဗိုက်ဆာတယ်.. ဘဲသားစားချင်တယ်” အစင်းလေး က ပြောလိုက်သည်။
“ဗိုက်ဆာတယ်.. ဘဲသားစားမယ်.. ဘဲသား” တာ့ဇီက ပြောလိုက်သည်။
“မင်းတို့အားလုံးကို ဒန်ဘီက သယ်ထားရတာလေ.. ဗိုက်ဆာတယ်တောင် အသံထွက်ရဲသေးတယ်” ကောင်းဖန်က ပြောလိုက်သည်။
“နင်လည်း အစင်းလေးကို စီးနေတာပဲ” တာ့ဇီက ပြန်ပြောလိုက်သည်။
ကောင်းဖန်သည် နောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ လူတစ်ယောက် အရပ်ခန့်ရှိသော ခံစားချက်မဲ့နေသည့် အဝါရောင်ဘဲသည် သူတို့နောက်သို့ အူယားဖားယား ပြေးလိုက်လာသည်။
ကောင်းဖန် လှည့်ကြည့်လိုက်သည်ကို တွေ့သောအခါ ဘဲသည် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး တဂတ်ဂတ် အော်ပြောနေသည်။
သွေးစာချုပ်မရှိသောကြောင့် ကောင်းဖန်သည် ဘဲဘာပြောနေလဲ နားမလည်ပေ။
သူသည် ဘဲက သူ့ဆီက ဘာလိုချင်နေလဲ သိချင်နေမိသည်။
“သခင်.. သူကနင့်ကို ခေါ်နေတာ” ဖလိန်မီက ရုတ်တရတ် ထပြောလိုက်သည်။
“မင်းက နားလည်လို့လား” ကောင်းဖန်က ဖလိန်မီကို အံ့ဩတကြီး မေးလိုက်သည်။
“ငါက ငှက်ဘာသာစကားမှာ အဆင့် ၈ ရှိတယ်လေ” ဖလိန်မီကို ရင်ကိုကော့ပြီး ပြောလိုက်သည်။
“သူက ဘာတဲ့လဲ..” ကောင်းဖန်က မေးလိုက်သည်။
“သူက ပြောတယ် ငါ့ကိုစောင့်ဦးလေ ဘဲရေ.။ ငါ့ကို စောင့်ဦးတဲ့.။ ကောင်းဖန် နင်က ဘဲတော့မဟုတ်ပါဘူးမလား”
“ပေါက်ကရတွေ ဟုတ်စရာလားဟ”
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဒုက္ခတော့ ရောက်ပြီ ဖြစ်သည်။ ထိုဘဲက ငါ့ကို တကယ်ဘဲလို့ ထင်နေတာလား.. ဘာဖြစ်လို့လဲ.. ငါညက သူ့ဘဲသံကိုပဲ မှန်အောင် ပြောပြပေးလိုက်တာလေ။
ဘဲသည် အတောင်ပံကို ခတ်ကာ အသေပြေးလာနေသောကြောင့် ဟပ်ထိုးလိုက်ကာ လဲကျတော့မလို ဖြစ်နေသည်။ သူသည် စအော်လိုက်သည့် အချိန်မှာတော့ ဟန်ချက်ပျက်သွားပြီ ဖြစ်သည်။
ဘဲ၏ တောင်ပံများသည် လိပ်သွားပြီး မြက်ခင်းပြင်ပေါ်သို့ တလိမ့်လိမ့် ပြုတ်ကျသွားသည်။
ဘဲ၏ ခေါင်းပေါ်တွင် အမှိုက်သရိုက်များဖြင့် ရှုပ်ပွသွားသည်။
အိုး.. ဒီထူးဆန်းတဲ့ ဘဲကတော့ ကျန်ခဲ့ပြီ.။ ငါ့ကို သူစိတ်၀င်စားတာ မဟုတ်မှန်း ငါသိပါတယ်..
ဘဲသည် မြက်ခင်းထဲသို့ ခေါင်းစိုက်သွားပြီး တစ်ကိုယ်လုံးနာကျင်နေသည်။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ ဗလာဖြစ်နေသည်။
နောက်တော့ သူသည် ရုတ်တရတ် သတိရသွားပြန်သည်။
အာ.. ဟုတ်တယ်.. ဟိုဘဲ.. သူသည် ကောင်းဖန်၏ မျက်နှာကို ချက်ချင်း ပြန်မြင်ယောင်သွားပြီး ခေါင်းကို မော့လိုက်သည်။
ဖလိန်မီကတော့ ဘဲ၏ စကားကို ကောင်းဖန်အား ဘာသာပြန်ပေးရန် တက်ကြွနေသည်။
“ပါးစပ်ပိတ်ထား.. ဘာမှ ဘာသာမပြန်ပြနဲ့” ကောင်းဖန်သည် ဖလိန်မီ၏ နှုတ်သီးကို လက်တစ်ဖက်ဖြင့် ပိတ်ကိုင်ထားသည်။
“ဘာလို့ငါ့နောက် လိုက်လာတာလဲ?”
“ဂတ် ဂတ် ဂတ်”
“ငါ့ဆီက ဘာလိုချင်လို့လဲ”
“ဂတ် ဂတ် ဂတ်”
“မင်းဒါပဲ ပြောတတ်တာလား*
“ဂတ် ဂတ် ဂတ်”
“…”
“ကဲ.. ငါ့ကို ဘာသာပြန်ပေးတော့” ကောင်းဖန်က လွှတ်ပေးပြီး ပြောလိုက်သည်။
ဖလိန်မီက ချက်ချင်း ဘာသာပြန်ပြလိုက်သည်။ “သူကပြောတယ်.. ဘဲကြီးရေတဲ့.. ငါ့ကို ဒီလို ထားမသွားမှာ သိပါတယ်တဲ့”
ဖလိန်မီ၏ ဘာသာပြန်ပေးမှုကြောင့် လူတစ်ယောက်နှင့် ဘဲတစ်ကောင်ကြား စကားဝိုင်းသည် အဆင်ပြေချောမွေ့နေသည်။
သူတို့စကားဝိုင်းအရ ထိုဘဲကို သူ့မိဘများက စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သူတစ်ကောင်တည်း တောနက်ထဲတွင် နေခဲ့ရကြောင်း သိလိုက်ရသည်။
သို့သော် ကောင်းဖန်သည် ထိုကဲ့သို့ ဘာမှ မသိသောကောင်က ဒီလိုနေရာတွင် ဒီလောက်ကြာကြာ ဘယ်လိုနေလာလဲ သိချင်နေခဲ့လေသည်။
***
စာစဉ် ၁၂ ပြီး၏။