← Chapters

အခန်း (၁၉၃-၁၉၆)

Vol. 13 Ch. 193-196

အခန်း (၁၉၃-၁၉၆)

Vol. 13 Ch. 193-196

အခန်း ၁၉၃ ထူးဆန်းသောတောင်

ဒီဘဲက တောထဲမှာ ခက်ခဲခဲ့မှာတော့ အမှန်ပဲ။

ကောင်းဖန်သည် တွေး၍ မတတ်တော့သဖြင့် သားရဲဖော်ပြချက်ကို ဖတ်ကြည့်လိုက်သည်။

[သားရဲအမည်] - အက်ဒမန်ဘဲ

[သားရဲအဆင့်] - အဆင့် ၁၀

[သားရဲစွမ်းရည်] - ကောင်းမွန်

[ထူးခြားလက္ခဏာများ] - ဂွီစွမ်းအင်

သက်ရောက်မှု - သူအတိုက်ခိုက်ခံရသောအခါ အချိန်တစ်ခုထိ ခန္ဓာကိုယ်က ကြီးသွားတတ်သည်။ သူ၏ ခွန်အား၊ ခုခံမှာ အရှိန်တို့သည်လည်း တစ်ချိန်တည်းတွင် မြင့်တက်လာသည်။

[သားရဲ၏ လက်ရှိအဆင့်] - ကျန်းမာ (မောပန်းနေ)

ဒါကြောင့် သူဒီလောက် အသက်ရှည်နေတာကိုး.. မဟုတ်ရင် သူ့ပုံစံနဲ့က လွယ်မှာ မဟုတ်ဘူး..

ကောင်းဖန်သည် ကံကောင်းသည်ဟု တွေးလိုက်မိသည်။

“ငါက ဘဲမဟုတ်ဘူးလို့ ပြောလိုက်။ သူများတွေ ထက် နည်းနည်းလေး ပိုချောတဲ့ လူသားကောင်လေးလို့။ ပြီးတော့ ငါက လူသား‌ဖြစ်နေတာကိုလည်း သူ့အတွက် ‌အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ငါတို့နဲ့ လိုက်လာလို့ ရတယ်လို့” ကောင်းဖန်က ဖလိမ်မီကို ပြောလိုက်သည်။

ဖလိမ်မီသည် ကောင်းဖန်စကားကို အနည်းငယ်တော့ အံ့ဩသွားသည်။ သို့သော် ဘဲကိုတော့ စိတ်မပါ လက်မပါနှင့် ဘာသာပြန်ပေးလိုက်သည်။

ဘဲသည် ဖလိမ်မီစကားကို ကြားပြီး အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ကောင်းဖန်ကို မရေမရာ ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူသည် တစ်ကိုယ်လုံးကို ယမ်းခါပြီး အော်လိုက်သည်။ “ဂွပ် ဂွပ်”

“ဂတ် ဂတ် ပါဆို” ကောင်းဖန်က ပြင်ပေးလိုက်ပြန်သည်။

ထိုအခါ ဘဲကြီးသည် အလွန်ပျော်ရွှင်သွားသည်။ “ဂတ် ဂတ်”

ကောင်းဖန်သည် ထိုဘဲ၏ စိတ်ထဲတွင် ဘာတွေတွေးနေလဲ မသိတော့ချေ။ ထိုသို့ဖြင့် သူ့အဖွဲ့တွင် ဘဲတစ်ကောင် တိုးလာခဲ့သည်။

သူ့စွမ်းရည်သည် အနည်းငယ် မြင့်သော်လည အဆင့်ကတော့ ၁၀ ပဲ ရှိသေးလေရာ အခြားသားရဲများလောက်တော့ အဆင့်တက်မြန်ပုံ မပေါ်ပေ။

သူသည် ခေါင်းကလည်း မာသေးသည်။ တစ်ဖွဲ့လုံးတွင် သူသည် ‌အနှေးဆုံး ဖြစ်သော်လည်း ဘယ်သူ့အကူအညီမှ မယူပေ။

ဘဲကြီးသည် သူတို့အုပ်စုနောက်တွင် ပျော်ရွှင်ခုန်ပေါက်စွာ လိုက်ပါလာတော့သည်။

တစ်ခါတစ်ရံတော့ ဟိုနမ်း သည်ရှုံ့နှင့် တွေ့ကရာ ကောက်စားသေးသည်။

သစ်ပင်ပေါ်မှ မိတ်လိုက်နေသော ကြောင်မည်းတစ်ကောင်သည် ဘဲကြီးကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သူသည် တည်ငြိမ်စွာဖြင့် ခံစားချက်မဲ့စွာ ကြည့်နေသည်။ ဘယ်လို သတ္တဝါက ဒီလို ရုပ်မျိုး ဖြစ်နေရတာပါလိမ့်.. ကြောင်သည် အံ့ဩသလို ကြည့်နေသည်။

သူ့အောက်မှ ကြောင်မလေးသည် တစ်ချက်အသံပြုလိုက်သည်။ သူမသည် မိတ်လိုက်ခြင်းကို အနှောင့်အယှက် ဖြစ်သွားပုံဖြင့် ဒေါသထွက်သွားသည်။

ကြောင်ထီးသည် သူ့လက်ဖြင့် ကြောင်မကို ဖိလိုက်သည်။ “ရှူး.. တိုးတိုးနေ.. ဟိုဘဲက ငါ့ကို ကြည့်နေတယ်.. သူ့အကြည့်က ကြက်သီးထစရာကြီး.. တစ်ခါမှ ဒီလိုမခံစားမိဖူးဘူး..”

ထိုအခါ ကြောင်မက ကြောင်ထီးကို တစ်ချက် ဖြတ်ရိုက်လိုက်ပြီး ထွက်သွားသည်။ “သွားတော့ ရှင့်ရဲ့ အဖိုးတန်ဘဲနဲ့ပဲ နေလိုက်တော့”

ထိုသို့ပြောပြီး ကြောင်မသည် တောထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားကာ ကြောင်ထီးက မြေပြင်ပေါ် ဘုတ်ခနဲ ကျသွားသည်။

ကြောင်ထီးသည် ချက်ချင်း လှည့်ကြည့်လိုက်သောအခါ ဘဲက မရှိတော့ချေ။

ထောင့်တစ်နေရာတွင် ယုန်တစ်ကောင်သည် မြေတွင်းတစ်ခုကို ပျော်ရွှင်စွာ တူးနေစဉ် သူ့ကို တစ်ခုခုက စိုက်ကြည့်နေသည်ဟု ခံစားမိလိုက်သည်။

ယုန်သည် သစ်ပင်များကြားမှ တစ်ခုခုက ကြည့်နေသည်ဟု ခံစားနေရသောကြောင့် နောက်လှည့်ကြည့်လိုက်သည်။ ထိုအခါ မျက်တောင်ပင် မခတ်ပဲ အသက်မဲ့သော မျက်လုံးကြီးဖြင့် ကြည့်နေသော ခေါင်းကြီးကို တွေ့လိုက်ရသည်။

ထိုခေါင်းသည် ဘဲကြီး၏ ခေါင်းဖြစ်သည်။

ထိုအခါ ယုန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး တွင်းကို ဆက်တူးလိုက်သည်။

သို့သော် ဘဲ၏ အကြည့်သည် သူ့ကို နောက်ကျောမလုံ ဖြစ်လာစေသည်။ အစကတော့ ယုန်သည် ဂရုမစိုက်ပဲ နေသေးသော်လည်း ကြာတော့ မခံစားနိုင်တော့ပေ။

သူသည် အနောက်ကို လှည့်လိုက်ပြီး ယုန်ကို တစ်ချက် ပစ်ကန်ထည့်လိုက်သည်။

ဘဲသည် ခြေကားယား လက်ကားယားဖြင့် လဲကျသွားသည်။ ထို့နောက် ခရမ်းရောင် အလင်းတန်းသည် သူ့ကိုယ်ပေါ်တွင် ဖြတ်ပြေးသွားသည်။ ချက်ချင်းပင် သူ့ကိုယ်ကြီးသည် လေပူဖောင်းလို ကြီးမားလာသည်။

ယုန်သည် အလွန်အံ့ဩသွားပြီး ထိုနေရာမှ ချက်ချင်း ထွက်ပြေးသွားသည်

“သူက ဒီတိုင်းရပ်နေတာ.. ‌တွေတွေကြီး ‌စိုက်ကြည့်နေတာပဲ.. ကြည့်ရတာ ဒန်ဘီဆိုတဲ့ နာမည်ကို သူ့ကို ပေးရမယ်ထင်တယ်” အစင်းလေးက တာ့ဇီကို ခပ်တိုးတိုး ပြောလိုက်သည်။

ပေ ၃၀ အကွာတွင် ဘဲသည် မြေပြင်ပေါ်တွင် ကိုးယို့ကားယားပုံစံဖြင့် ဆောင့်ကြောင့် ထိုင်နေသည်။ သူ၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ပုရွတ်ဆိတ်တန်းကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေသည်။

တာ့ဇီသည် သူ့ကို ကြည့်လိုက်သည်။ သူသည် ဘဲစိတ်ထဲတွင် ဘာတွေတွေးနေလဲ မသိတော့ပေ။ ထို့နောက် အကြည့်ကို လွှဲကာ “အစာကျွေး” ဟု ပြောလိုက်သည်။

…

“မြေဝိဉာဉ်အမြုတေက တောင်တွေရဲ့ လှိုဏ်ဂူနက်နက်တွေထဲမှာ ဖြစ်ပေါ်တတ်တယ်” ကောင်းဖန်က ရေရွတ်လိုက်သည်။

သူ့ရှေ့တွင် ပေ ၂၀၀၀ မြင့်သော တောင်ကြီး ရှိနေသည်။ အမဲရောင် ကျောက်နံရံများသည် တောက်ပနေပြီး ထူးဆန်းသော ဂူများက အတွင်းတွင် ရှိနေသည်။

အပင်များသည် တောင်ပေါ်ဒေသတွင် ပေါက်ရောက်ခဲလှသည်။ အချို့သော အလေ့ကျပေါက်ပင်များသာ ထိုကဲ့သို့ ကြမ်းတမ်းသော နေရာတွင် ရှင်သန်နိုင်ကြသည်။ အဝေးမှကြည့်လျှင် တောင်ကြီးသည် အပေါက်များဖြင့် ပြည့်နေသော ပျားအုံကြီးနှင့်ပင်‌ တူနေသည်။

ထိုတောင်ကြီးသည် ဘယ်လိုကြည့်ကြည့် သာမာန်ပုံစံသာ ဖြစ်သည်။ မြေဝိဉာဉ်အမြုတေ ရှိနေမည့်နေရာဟုလည်း မထင်ရပေ။ ကောင်းဖန်သည် ခေါင်းကို ရမ်းလိုက်သည်။

သူသည် လှည့်ထွက်တော့မည်ဟု ဟန်ပြင်လိုက်စဉ်တွင် တောနက်ထဲမှ ခြေသံများကို ရုတ်တရတ် ကြားလိုက်ရသည်။ ‌အဝေးမှ အပင်များသည်လည်း တစ်ချိန်တည်းမှာပင် လှုပ်ခါသွားသည်။

ကောင်းဖန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ သားရဲများကို ပြန်ဆုတ်နေရန် ပြောလိုက်သည်။

အနီရောင် အလင်းလုံးများသည် သစ်ပင်များ ကြားထဲမှ ထွက်ပေါ်လာပြီး ထူးဆန်းသည့် တောင်ဆီသို့ ရောက်သွားကြသည်။ အရိပ်များသည် ထိုအလင်းလုံးထဲတွင် ရှိနေသည်။

ဂူများသည် နီးလာလေလေ ပိုကြီးလာလေ ပုံစံမျိုး ခံစားနေရသည်။

ကောင်းဖန်သည် တောင်ခြေတွင် ၆၅ ပေခန့်မြင့်သော ‌ဂူ ၂ လုံးကို တွေ့လိုက်ရသည်။

ထို့နောက်တွင်တော့ ဘာလှုပ်ရှားမှုမှ မရှိတော့ပေ။

၁၀ မိနစ်ခန့်ကြာသောအခါ သားရဲတစ်ကောင်သည် တောင်ဆီသို့ အခြားနေရာတစ်ခုမှ လာနေသည်။ ထိုသို့ဖြင့် လာနေကြသော သားရဲများတွင် စွမ်းအားအကြီးဆုံးမှာ အဆင့် ၃၀ လောက်ဖြစ်ပြီး အနိမ့်ဆုံးမှာ လက်ရွေးဆင်အဆင့်လောက် ဖြစ်သည်။

ထူးဆန်းသော တောင်သည် လာသမျှ သားရဲတိုင်းကိုတော့ လက်ခံပုံပေါ်သည်။

ထိုစဉ် ကောင်းဖန်နားတွင် တောက်လျှောက်ကပ်နေသော ဆီလီသည် ရုတ်တရတ်ထကာ ထူးဆန်းသော တောင်ဘက်သို့ လွင့်သွားသည်။

ကောင်းဖန်သည် ဆီလီကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး သူ့ကိုယ်ထဲမှ အအေးအချို့ကို ထုတ်လိုက်သည်။

ထိုအခါမှ ဆီလီသည် အသိစိတ်၀င်သလို ဖြစ်လာပြီး အအေးကို ပျော်ရွှင်စွာ ယူသောက်လိုက်သည်။

“မင်းခုနက ဘာဖြစ်သွားတာလဲ.. ဘာလို့ ရုတ်တရတ်ကြီး တောင်ဘက်ကို ထပျံတာလဲ” ဖလိမ်မီက မေးလိုက်သည်။

ဆီလီက ခေါင်းကို တစ်ချက် ကုတ်လိုက်သည်။ “မသိဘူး.. ရုတ်တရတ် တောင်ထဲမှာ အရသာရှိတဲ့ သောက်စရာတွေ ရှိမယ်လို့ ထင်သွားလို့”

“သခင်.. အဲဒီမှာ ငါးတွေ အများကြီးပဲ” ဖလိမ်မီသည် ရုတ်တရတ်တောင်ကို ညွှန်ပြပြီး ပြောလိုက်သည်။

“အဲဒီမှာ ယင်စွမ်းအင် သစ်ကတိုး အပ်တွေလည်း ရှိတယ်” ဒန်ဘီကလည်း ဇဝေဇဝါ ပြောလိုက်သည်။

“အဲဒီမှာ အစင်းလေးတွေ အများကြီးပဲ” တာ့ဇီကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အစင်းလေးက တာ့ဇီကို စိုက်ကြည့်လိုက်သည်။ တာ့ဇီကတော့ မပြောသင့်တာကို ပြောလိုက်မိပုံနှင့် ပါးစပ်ကို အမြန်ပိတ်လိုက်ကာ အစင်းလေးထံမှ အမြန်အကြည့်လွှဲလိုက်သည်။

***

အပိုင်း၁၉၄ ဆူညံလွန်းသည့်အဖွဲ့

အစင်းလေးကသူကြားလိုက်တာကိုမယုံနိုင်ဖြစ်နေတော့သည်၊ ငါကမင်းကိုအမြဲတမ်း အကိုကြီးတစ်ယောက်လို့တွေးထားခဲ့တာ…မင်းကတော့ငါ့ကို….

တာ့ဇီ၎င်း၏ခြေချောင်းလေးများထဲမှတစ်ချောင်းကို အစင်းလေး၏ပါးစပ်ထံသို့ မြှောက်လိုက်သည်၊

“ဒီမှာ! မင်းဒါကိုယူနိုင်တယ်” တာ့ဇီက အစင်းလေး၏ပါးစပ်ထဲသို့ မထည့်မှီသူ၏ ခြေချောင်းလေးများကို နောက်ဆုံးအနေနှင့်ကြည့်လိုက်သည်၊

အစင်းလေး၏မျက်လုံးများက စိတ်ရှုပ်ထွေးခြင်းများဖြင့်အလင်းရောင်မှိန်မှိန်ထွက်လာ သည်၊ တာ့ဇီ၏စရိုက်က သူ့ကိုရှုပ်ထွေးစေသည်၊ ဘယ်တစ်ဖက်ခြမ်းကတာ့ဇီရဲ့ အမှန်တကယ်လဲ?

အစင်းလေး၏ဦးနှောက်သေးသေးလေးက ဒီကင်းခြေများအား အဖြေရှာရန်ရုန်းကန်နေ သည်၊

အဆုံးမှာတော့,အစင်းလေးက တာ့ဇီ၏ဘယ်ခြေချောင်းကိုမှမစားဖို့ဆုံးဖြတ်ချက်ချ လိုက်သည်၊ သူ၏အတွေ့အကြုံအရ, တာ့ဇီကအာဃာတထားတတ်သည့်ကင်းခြေများ ဖြစ်သည်၊

၎င်း၏ခြေချောင်းတစ်ချောင်း အမှန်တကယ်စုတ်ပြဲသွားပါက တာ့ဇီကသူ့ကို သေချာပေါက်အချိန်အကြာကြီးဆန့်ကျင်နေလောက်သည်၊

အများကြီးစဉ်းစားပြီးတဲ့နောက်, ဒီတောင်ကတခြားသားရဲတွေကိုဆွဲဆောင်ညို့ယူ နေတယ်ဆိုတာ ကောင်းဖန်သဘောပေါက်လိုက်သည်၊

အခုဆိုပိုပြီးသတိရှိလာပြီဖြစ်သည်၊ သူက၎င်း၏ထူးဆန်းထွေလာများကိုဖြေရှင်းဖို့ စိတ်မဝင်စားပေ၊ ဒီလိုသံသယဖြစ်ဖွယ်အရာတွေကိုဖြေရှင်းဖို့ အခြားသူတွေကိုဘဲ ထားခဲ့တော့မည်၊

ကောင်းဖန်က သူ့သားရဲတွေကိုဦးဆောင်ကာ တောင်၏အဝေးသို့ ထွက်သွားလိုက်သည်၊ ထို့နောက်, သူကိုတောင်ပေါ်သို့ဆက်၍ လျှောက်သွားစေရန် လှုံ့ဆော်မှုတစ်ခုကို ဖမ်းဆုပ်မိလိုက်သည်၊ သူကရုတ်တရက်သူလိုအင်ဆန္ဒနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ရုတ်တရက်ခံစားလိုက်ရသည်၊

တောင်ကြီးက ငါ့ကိုသွေးဆောင်ဖို့ ကြိုးစားနေတယ်,ကောင်းဖန်တွေးလိုက်မိသည်၊ ဒမ်ဘီ၏အရိုးပေါ်တက်လိုက်ပြီး တခြားသူတွေကိုပြောလိုက်သည်, “သွားကြစို့”

တစ်စုံတစ်ခုက တောင်တွင်းနက်ကြီးထဲမှ သူ၏အတွေးများကို လွှမ်းမိုးရန်ကြိုးစားနေသည်မှာ သေချာသည်၊ ကောင်းဖန်က သူကိုယ်တိုင်နှင့် တောင်တစ်တောင်ကြားတွင် အကွာအဝေးတစ်ခုခြားရန်ဆုံးဖြတ်လိုက်သည်၊

သူကသူ့နောက်ဘက်ရှိတောင်ကို အဝေးတွင်ထားခဲ့ပြီးနောက် ကောင်းဖန်က ၎င်းကို ပြန်ကြည့်ကာသက်ပြင်းချလိုက်သည်၊ ရုတ်တရက်ထူးဆန်းသောအတွေးတစ်ခုက သူ့ဆီသို့ရောက်ရှိလာသည်၊ ဒီတောင်ကြီးကတကယ်ကို….

ကောင်းဖန်က မြေကြီးဝိဉာဉ်အမြုတေအများအပြားကို ရှာတွေ့နိုင်မည်ဟုထင်သည့် နေရာသုံးခုကို မြေပုံတွင် အမှတ်အသားပြုလိုက်သည်၊ ပထမနေရာသည် အလွန်ကို အရိပ်ကျလောက်သည်၊ မြေကြီးဝိဉာဉ်အမြုတေတွေကို ရှာတွေ့နိုင်မည့်ပုံမပေါ်ပေ၊ သို့သော်၎င်းကပြဿနာမဟုတ်ပါ၊ ကောင်းဖန်သည်အခြားနေရာနှစ်ခုကိုရှာဖွေရန် အတွက်စိတ်ရှည်ရှည်ထားဆဲဖြစ်သည်၊

သုံးရက်ကြာပြီးနောက်, သူတို့ကဒုတိယနေရာသို့ရောက်လာကြသည်၊

၎င်းကမြေကြီးဝိဉာဉ်အမြုတေများဖွဲ့စည်းရန်အတွက် အလွန်အထောက်အကူဖြစ်စေသည့် တောင်ထူထပ်သောနေရာဖြစ်သည်၊ သို့သော်ထိုနေရာရှိမြေဆီလွှာသည် မြေဩဇာကောင်းမှုမလုံလောက်ပါ။ နေရာတစ်ခုလုံးက ဘာမှမရှိတဲ့အခွံသက်သက်သာ ဖြစ်သည်၊

“ငါတကယ်ဘဲကံမကောင်းတာလား?” ကောင်းဖန် သက်ပြင်းရှည်ကြီးချကာပြော လိုက်သည်၊

တောင်ကုန်းသေးသေးလေးကို ကျော်ဖြတ်လာပြီးနောက်, ကောင်းဖန်က ကျောက်သစ်တောရှေ့တွင်သူ့ကိုယ်သူရပ်နေသည်ကိုတွေ့လိုက်ရသည်။ ခဲဖြူရောင် ကျောက်တုံးများက မြေပြင်တွင် ဖရိုဖရဲဖြင့်ထိုးထွက်နေသည်၊ ကျောက်တုံးများကြားရှိ အက်ကွဲကြောင်းများတွင် အကြမ်းခံသောဖန်းပင်ကဲ့သို့အပင်များပေါက်နေသည်၊

လွန်ခဲ့သည့်ရက်အတွင်း ကောင်းဖန်တစ်စုံတစ်ရာသိရှိခဲ့ရပါက, သူ့ရှေ့မှာရှိသည့် ကျောက်တောအုပ်ကဲ့သို့ ထူးခြားသည်မြေပြင်တွင် သားရဲများပုန်းအောင်းလေ့ရှိ လောက်မည်၊

မြေမျက်နှာသွင်ပြင်က ထူးဆန်းလေလေ သားရဲတွေကိုပိုတွေ့လေလေဖြစ်သည်၊

ယခုကောင်းဖန်၏ အဓိကဦးစားပေးမှာ အစင်းလေး၏ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သည့်ပါဝင်ပစ္စည်းများရှာဖွေရန်ဖြစ်သည်၊ အခြားသောအရာအားလုံးသည် ဒုတိယဖြစ် သည်၊ တခြားသားရဲများကိုသတ်၍ ရလာသောသလင်းကျောက်များသည် ထိုအချိန်တွင် ကောင်းဖန်အတွက်များစွာအဓိပ္ပါယ်မရှိပါ၊

အခုသူကတောင်ပိုင်းကောင်းကင်အဖွဲ့မှတစ်ဆင့် သူတီထွင်ခဲ့သောဆေးဝါးများကို ရောင်းချခြင်းမှ ကိန်းဂဏန်းအလွန်ကြီးမားသောငွေပမာဏကို ရနေပြီဖြစ်သည်၊ ပိုက်ဆံနှင့်ဝယ်လို့ရတဲ့ဘယ်အရာမဆို ဒီအချိန်မှာ သူ့အတွက်တူညီတဲ့တန်ဖိုးကို ဆုပ်ကိုင်ထားပြီးဖြစ်သည်၊

ရုတ်တရက်, ကောင်းဖန်မာသောသံလိုအရာတစ်ခုခုမှထိရိုက်သည့်အသံကိုကြားလိုက် ရသည်၊ ထိုအသံသည်ကျောက်သစ်တောမှပြတ်သားစွာနှင့်စည်းချက်ညီစွာပဲ့တင်ထွက် နေသည်၊

ခဲရောင်ကင်းမြီးကောက်သည် ကျောက်သစ်တောထဲမှ ထွက်လာသည်။ ၎င်း၏အရောင်က ဘေးဘက်ကခဲရောင်ကျောက်တုံးများနှင့်တူညီလုနီးပါးရှိသည်၊ ၎င်းကခြိမ်းခြောက် နေသည့် တရှုးရှုးမြည်နေသောအသံကို ထုတ်လွှတ်နေပြီး, ၎င်း၏ထူထဲသော အမြီးကိုမရပ်မနားဝှေ့ယမ်းနေသည်၊

ကျောက်ဘဲက ၎င်းကိုကြောက်ရွံ့မှုကင်းမဲ့စွာနှင့် ‘ဂတ်’ဟုအော်ကာပြန်ပက်လိုက်သည်၊

ကင်းမြီးကောက်ကပြင်းထန်စွာနှင့်ဘဲဆီသို့ဆတ်ကနဲတိုးဝင်သွားသည်၊ တာ့ဇီက,အော်ဟစ်လိုက်ပြီးသူ၏မျက်လုံးများက အန္တရာယ်ကြီးစွာတောက်ပနေသည်၊ သူကကျောက်ဘဲကို ၎င်း၏ညီအကိုအသစ်အဖြစ် လက်ခံလိုက်ပြီဖြစ်သည်၊ သူ့ညီအကိုတွေကိုအနိုင်ကျင့်တဲ့ကောင်မှန်သမျှ, ၎င်းကိုတုံ့ပြန်ချက်ပေးမည်ဖြစ်သည်၊

ကောင်းဖန်ကဘာမှမလုပ်ခင်တာ့ဇီကိုလက်ပြလိုက်သည်၊ အကြားများပါရှိသည့် ကျောက်ကင်းမြီးကောက်သည်အဆင့်၁၃သာရှိသေးသည်၊ ၎င်းကကျောက်ဘဲထက် အဆင့်သုံးဆင့်ပိုမြင့်ပြီး ၎င်းကသာမန်အဆင့်သားရဲသာဖြစ်သည်၊ကောင်းဖန်က ဒီဘဲကဘယ်လောက်ထိသန်မာလည်းဆိုတာသိချင်သည်။

၁၀မိနစ်ကျော်သွားပြီဖြစ်သည်၊

ကင်းမြီးကောက်နှင့်ဘဲ, ၎င်းတို့နှစ်ကောင်စလုံးဒေါသတကြီးနှင့်ဆယ်မိနစ်ခန့် တစ်ယောက်ကိုတစ်ယောက်အော်လိုက်ငေါက်လိုက်လုပ်နေကြသည်၊ သူတို့အချင်းချင်း တစ်ယောက်ကဘာပြောနေကြမှန်းမသိကြပေ၊ သို့သော်သူတို့နှစ်ယောက်လုံးကတော့ ကြည့်ရတာသူတို့ရဲ့ဘဝကြီးတွေအတွက်တိုက်ခိုက်နေကြပုံပင်ဖြစ်နေသည်၊

ဖလိမ်မီကအော်လိုက်သည်၊ ဒီနှစ်ကောင်ရဲ့အအော်ပြိုင်တဲ့ပွဲကဘယ်လောက်တောင် ကြာနေဦးမှာလဲ?

“သွားကြစို့ကွာ” ကောင်းဖန်ကခေါင်းယမ်းကာပြောလိုက်သည်၊

ကျောက်ဘဲကလှည့်ပြီး ကင်းမြီးကောက်ကို ‘ဂတ်’နဲ့အော်ကာအနီးသို့ကပ်မလာစေရန် သတိပေးနေတာဖြစ်သည်၊

အစင်းကျားကျောက်ကင်းမြီးကောက်သည်သည်ပြင်းထန်စွာဖြင့်သူ၏အမြီးညှပ်ကြီးကို တယမ်းယမ်းလုပ်နေသည်၊

လမ်းပေါ်တွင်တော့,ကောင်းဖန်က ကျောက်ဘဲကိုထူးဆန်းသည့်အကြည့်နှင့်ကြည့် လိုက်သည်၊ “မင်းဒီမြေပေါ်မှာဘယ်လောက်ကြာကြာရှင်သန်နေနိုင်ခဲ့တာလဲ”

“ဂတ်,ဂတ်?” ကျောက်ဘဲကသူ့ခေါင်းကို ကောင်းဖန်ဘက်သို့စောင်းလိုက်ကာ ကောင်းဖန်ပြောတာကို နားမလည်သလိုဖြစ်နေသည်၊

“မေ့လိုက်တော့” ကောင်းဖန်ကပြောလိုက်သည်၊ မကြာမီ ဒါမှမဟုတ် နောက်ပိုင်းမှာ ဒီမေးခွန်းအတွက်အဖြေကသူ့အလိုလိုပေါ်လာပါလိမ့်မယ်၊

သူတို့အဖွဲ့၏ရှေ့တွင်မြင့်မားသောစိမ်းလန်းစိုပြေနေသောတောင်ကြီးရှိသည်၊ တောင်ကြီးတွင်အပင်မျိုးစုံပေါက်ရောက်နေတဲ့တောင်ကုန်းငယ်လေးတစ်ခုကဝိုင်းပတ် ထားသည်၊

ကောင်းဖန်၏မျက်လုံးများကထိုတောင်ကုန်းငယ်လေးပေါ်ကိုစိုက်ကြည့်နေသည်၊

“အဲ့ကိုသွားကြစို့” ကောင်းဖန်ကပြောလိုက်သည်၊ “အကုန်လုံးသတိထားပြီးနေကြ”

လမ်းတစ်လျှောက်တွင်တာ့ဇီကအလွယ်တကူဖယ်ရှားနိုင်သည့် အဆင့်နိမ့်အင်းဆက် နှစ်ကောင်ကိုတွေံခဲ့သည်၊

သူတို့တွေနောက်ဆုံးတခြားတောင်ကုန်းများထက်ကြီးသည့် တောင်ခြေသို့ရောက်သွား ကြသည်၊

တောင်၏ပတ်လည်သို့အကြိမ်ပေါင်းများစွာလှည့်ပတ်ပြီးနောက်ကောင်းဖန်သည် အနောက်ဘက်တွင်ဂူငယ်လေးတစ်ခုကိုတွေ့လိုက်သည်၊ ဂူကနှစ်ပေလောက်သာ မြင့် သည်၊ အစင်းလေး,ဒမ်ဘီ, နှင့်ဖလိမ်မီတို့သည်မဝင်နိုင်ဘဲ, တာ့ဇီနှင့်အစင်းလေးတို့က ထိုထဲသို့ထိုးဖောက်ဝင်ရောက်နိုင်သည်၊ ကောင်းဖန်လည်းထိုထဲသို့တွားသွား၍သွား လိုက်သည်၊ ဒါပေမယ့်သူအထဲမှာပိတ်မိသွားမှာတော့ကြောက်သည်၊

“တာ့ဇီ, မင်းဂူထဲကိုဝင်ကြည့်လို့ရမလား?” ကောင်းဖန်က မေးလိုက်သည်။

ခဏလေးအတွင်းမှာပင်, တုံ့ဆိုင်းမှုမရှိဘဲတာ့ဇီကစတင်၍ဂူအပေါက်ထဲသို့တွားသွား ကာသွားလိုက်သည်၊

“သတိထား၊ အဲ့မှာသားရဲတစ်ကောင်နဲ့တွေ့ရင် မြန်မြန်ထွက်လာခဲ့၊ မင်းကိုယ်မင်း တွန်းအားမပေးနဲ့” ကောင်းဖန်ကသတိပေးလိုက်သည်၊

တာ့ဇီက စိတ်မရှည်စွာဖြင့် သူ၏ခြေချောင်းများကို လှုပ်ယမ်းလိုက်သည်၊ ကောင်းဖန်က တစ်နေ့တစ်နေ့ပိုပြီးတတွတ်တွတ်ပြောလာသလိုဘဲ။

ကောင်းဖန်က တာ့ဇီဂူထဲသို့စ၍ဝင်သွားကတည်းက တောင့်တင်းနေသည်၊

ကပ်ဆိုးကြီးမစခင်က ကောင်းဖန်သည် ဘယ်တုန်းကမှ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်မှ မရှိဖူးပေ၊ ထိုအချိန်က, လူသားများသည် တိရိစ္ဆာန်များနှင့် မည်ကဲ့သို့ဆက်သွယ်နိုင်သည်ကို စိတ်ကူးကြည့်ရန်ကခက်ခဲလှသည်၊

ကောင်းဖန်ကခါးသီးစွာပြုံးလိုက်သည်၊ သူအခုတော့တိရစ္ဆာန်နှင့်လူအကြားက ဆက်ဆံရေးကိုနားလည်သွားပြီဖြစ်သည်၊

ဆယ်မိနစ်ကြာပြီးနောက်, တာ့ဇီ၏အသံကို ကောင်းဖန်၏ခေါင်းထဲ၌ကြားလိုက်ရသည်၊

“ကောင်းဖန်, ငါကြွက်ကြီးတစ်ကောင်ကိုသတ်ခဲ့တယ်”, ၎င်းကပျော်ရွှင်အားရစွာဖြင့် သူ့သခင်ကချီးကျူးမှာကို မျှော်လင့်နေသည်၊

“အကယ်၍ တခြားသားရဲတွေနဲ့တွေ့ရင် ဘာမှမလုပ်ပါနဲ့လို့ငါပြောထားတယ် မဟုတ်ဘူးလား? မင်းကကိုက်ရုံတင်မဟုတ်ဘဲ ဝါးစားပစ်ရင်ဘယ်လိုလုပ်မလဲ?

“ကြွက်ကအရင်စတာ” တာ့ဇီက ပြန်ပြောသည်။

ကြွက်ကိုသတ်ပြီးနောက် သူ၏ကောင်းမွန်သောအလုပ်အတွက် ကောင်းဖန်က သူ့အား ချီးကျူးမည်ဟုအစကထင်ခဲ့သည်၊ ဒါထက်တာ့ဇီရခဲ့တာက သူ့သခင်ရဲ့ဒေါသထွက်ခြင်း သာဖြစ်သည်၊ သူလုပ်ခဲ့တာတွေအတွက် စိတ်မကောင်းသလိုတောင်ခံစားရသည်၊

“ကောင်းပြီ, ကြွက်ကစတာပေါ့၊ ဆက်လုပ်ထား၊ မြေကြီးဒြပ်စင်အနံ့အသက်မျိုး မင်းတစ်ခုခုခံစားမိတာမျိုးရှိလား?” ကောင်းဖန်နှစ်သိမ့်ပေးလိုက်သည်။

ခဏလောက်ကြာတော့, တာ့ဇီ၏အသံကိုခေါင်းထဲ၌ကြားလိုက်ရသည်၊ “ကောင်းဖန်. ငါတွေ့ပြီ!”

***

အပိုင်း၁၉၅ ခွန်အားနှင့်ကိုယ်အလေးချိန်ကြား ဆက်သွယ်ချက်

“တော်တယ်!” ကောင်းဖန်က အံ့အားသင့်စွာပြောလိုက်သည်၊

တာ့ဇီက ပုန်ကန်လိုသောအဆင့်သို့ ရောက်သွားပုံရသည်၊ ၎င်း၏ပင်ကိုယ်စရိုက်သည် မကြာသေးခင်ကမှ ပိုပြီးနက်ရှိုင်းလာပုံရသည်၊ တာ့ဇီအသက်ကြီးလာသည်နှင့်အမျှ ၎င်း၏ကိုယ်ပိုင်ခံစားချက်များနှင့် ပို၍လွတ်လပ်လိုစိတ်များ ပိုမိပြင်းထန်လာသည်၊

ဆယ်ကျော်သက်များနှင့် သားရဲများသည် ဒီပြောင်းလဲမှုများထဲသို့ ကွာခြားသော အကြောင်းအရင်းအမျိုးမျိုးနှင့်ဝင်လာကြခြင်းဖြစ်သည်၊ လူသားဆယ်ကျော်သက်များ သည်သူတို့၏ကိုယ်ပိုင်တည်ရှိမှုကို အပြင်ဘက်ကမ္ဘာကြီးတွင် သက်သေပြရန်အတွက် မိဘများကိုပုန်ကန်ကြခြင်းဖြစ်သည်၊

တစ်ဖက်မှာလည်း, သားရဲများသည်၎င်းတို့၏သခင်များထံမှ လျစ်လျူရှုခံရမည်ကို စိုးရိမ်သောကြောင့် သူတို့၏တည်ရှိမှုကို သက်သေပြရန် ထိုပြောင်းလဲမှုထဲသို့ ဝင်ရောက်ကြခြင်းဖြစ်သည်။

ဒီတစ်ခုကတော့ လူသားတွေနဲ့သားရဲတွေကြားထဲမှာ ကွာခြားသောအရာဖြစ်သည်၊

“မင်းအဲ့တာကိုအပြင်ထုတ်လာနိုင်လား?” ကောင်းဖန်ကမေးလိုက်သည်၊

သူ၏သခင်က ချီးကျူးသည့်အတွက်ကြောင့် ပျော်ရွှင်နေပြီး တာ့ဇီကပြန်ပြောလိုက်သည်, “ကိစ္စမရှိပါဘူး”

ဆယ်မိနစ်ကြာပြီးနောက်, ကောင်းဖန်သည် သူတို့၏သွေးစာချုပ်မှတစ်ဆင့် တာ့ဇီ၏အနည်းငယ် ထိတ်လန့်ကြောက်ရွံ့မှုဖြတ်သွားခြင်းကို သတိထားမိလိုက်သည်၊

နာရီဝက်ကျော်သွားပြီးဖြစ်သည်၊ တာ့ဇီ၏အထိတ်တလန့်ဖြစ်နေမှုက ပြင်းထန်လာပြီး နောက်ဆုံးတော့, ၎င်းကဒေါသထွက်ခြင်းအဖြစ်သို့ ပြောင်းသွားတော့သည်၊ “သေစမ်း,သေစမ်း!” တာ့ဇီက ကျိန်ဆဲလိုက်သည်၊

“ဘာဖြစ်တာလဲ?” ကောင်းဖန်က မျက်မှောင်ကြုတ်ကာမေးလိုက်သည်၊

တာ့ဇီက အစပိုင်းတွင်ဖြေရမှာကိုတွန့်ဆုတ်နေသည်၊ ထို့နောက်၎င်းကပြန်ပြောလိုက် သည်, “ငါမထွက်နိုင်တော့ဘူး”

ထွက်ရမယ့်လမ်းကိုမသိတာလား?

ကောင်းဖန်က ကြက်သေသေနေတော့သည်၊ သူကကင်းခြေများအား ဆုံးရှုံးရမှာကို စ၍စိုးရိမ်ပူပန်လာတော့သည်။

ကောင်းဖန်က ဒမ်ဘီကိုဂူ၏အပြင်ဘက်ဝင်ပေါက်မှမြေပြင်ကို ခြေဆောင့်ဖို့အမိန့်ပေး လိုက်ပြီး,အထူးသဖြင့်မြေပြင်ပေါ်ရှိတုန်ခါမှုကိုဆတ်ဆတ်ထိမခံဖြစ်သည့်တာ့ဇီကို တုန်ခါမှုပေးစေလိုက်သည်၊

ဆယ်မိနစ်ကြာတုန်ခါမှုကိုအာရုံခံပြီးနောက် ဂူထဲမှထွက်လာသောတာ့ဇီ၏မျက်လုံးများက စူးရှတောက်ပနေတော့သည်၊

တာ့ဇီကဂူထဲမှ ဘာကိုမျှကိုင်၍မလာခဲ့သောကြောင့် ကောင်းဖန်ကမေးလိုက်သည်, “မြေကြီးဒြပ်စင်စွမ်းအင်ကိုထုတ်ပေးတဲ့ဟာဘယ်မှာလဲ?”

“စကွီး?” အစင်းလေးကတာ့ဇီကိုမျှော်လင့်ချက်များဖြင့်ကြည့်လိုက်သည်၊ သူ၏အကိုကြီးက ဂူထဲမှထုတ်လာမည့်အရာသည် သူ့အားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အထောက်အကူဖြစ်မည်ကိုသူသိသည်၊

တာ့ဇီသည် ပါးစပ်ကိုဖွင့်လိုက်ပြီး စ၍ပျို့တက်သည့်အသံထွက်လာစေသည်၊

မိနစ်ဝက်လောက်ကြာပြီးနောက်, အကြွေစေ့အရွယ်ရှိပြီးသိပ်မကြီးသည့်အဝါရောင် အရာတစ်ခုကတာ့ဇီပါးစပ်ထဲမှထွက်လာတော့သည်၊ ၎င်းကစေးကပ်နေသောအရည် များဖြင့် ကျလာတော့သည်၊

ကောင်းဖန်က ၎င်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက်တာ့ဇီကို ကြည့်လိုက်သည်၊

အစင်းလေးက ထိုအရာနှင့်ပတ်သတ်ပြီးအနည်းငယ်ရှုပ်ထွေးနေသည်၊ ၎င်းကသူ၏ သခင်သည် ထိုအရာတွေကိုမြိုချရမည်ဟု ပြောခဲ့ဖူးတာကိုသတိရသွားသည်၊

ဘယ်လိုလုပ်တစ်စုံတစ်ယောက်က ဒီလိုအရာမျိုးကိုမျိုချနိုင်မှာလဲ?

အစင်းလေးက ထိတ်လန့်စပြုလာသည်၊ မြေပြင်တွင်အပေါက်တစ်ခုကိုသဲကြီးမဲကြီး တူးပြီးသူ့ခေါင်းကိုတွင်းထဲသို့ထည့်လိုက်သည်။

တာ့ဇီထွေးထုတ်လိုက်တဲ့အရာကြီးက အကြွေစေ့လောက်ကြီးသည်၊ အနီးကပ်ကြည့် သောအခါတွင် ၎င်း၏မျက်နှာပြင်သည်မညီမညာဖြစ်နေကြောင်း ကောင်းဖန်တွေ့လိုက် သည်၊ ၎င်းပေါ်တွင်အနုစိတ်ထားသောထွင်ထုထားမှုသည် ရှုပ်ထွေးပြီးအသည်းပုံ ပုံစံလေးဖြစ်နေသည်၊

[ပစ္စည်းအမည်] - သေးငယ်သောအကြေးခွံမြေကြီးဝိဉာဉ်အမြုတေ

[ပစ္စည်းအကျိုးသက်ရောက်မှု] - မြေကြီးဒြပ်စင်စွမ်းအင်ကြွယ်ဝပြီး, ၎င်း၏စွမ်းအင်သည် မြေကြီးအမျိုးအစားသားရဲများကို ဆင့်ကဲပြောင်းလဲပေးနိုင်သည်၊

၎င်းသည်သေးငယ်သောမြေကြီးဝိဉာဉ်အမြုတေသာဖြစ်သည်၊

ကောင်းဖန်သည် ၎င်းကိုအသုံးပြုရန် ချီတုံချတုံဖြစ်နေပုံရသည်၊ ဒါတကယ်ကိုအလုပ်ဖြစ် မှာလားဘဲ?

သူကအစင်းလေးသည် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲရန် မြေကြီးဝိဉာဉ်အမြုတေတစ်ခုသာတည်းသာ လိုအပ်သည်ကို သူဖတ်ဖူးတာမှတ်မိသည်၊ မြေကြီးဝိဉာဉ်အမြုတေက ဘယ်လောက်ကြီးရမယ်လို့တော့ပြောထားတာမရှိပေ၊

နက်ပြာရောင်မြေဆီလွှာက ရှာဖွေရန်လွယ်ကူသည်၊ ယင်နှင့်မြေကြီးဒြပ်စင်များ ကြွယ်ဝသောနေရာများတွင် ရှာဖွေရန်အခွင့်အလမ်းပိုများသည်၊ နက်ပြာရောင် မြေဆီလွှာတွင်လည်း တစ်မူထူးခြားသောအနံ့အသက်ရှိသည်။ ထုံးစံအတိုင်း သားရဲများသည်ထိုအနံ့ကိုမေ့၍မရနိုင်ပေ။

ကောင်းဖန်သည် မြေဆီလွှာ၏အနံ့ခံသည် သူရင်းနှီးနေသည့်အနံ့လားဆိုတာမသိဘူး ဖြစ်နေသည်၊ သို့သော်, အစပိုင်းသူအနံ့ခံကြည့်တော့, စိုစွတ်ပျော့ဖတ်သော မြေကြီးထဲမှာစတင်ပေါက်နေသောမြက်နုနံ့လေးလို့သူထင်သည်၊

သူသည်ဓာတ်ခွဲခန်းထဲတွင်မြေဆီလွှာနမူနာကိုအနံခံဖူးရုံသာရှိသည်၊

“သွားကြစို့” နက်ပြာရောင်မြေဆီလွှာကိုရှာတွေ့နိုင်သေးသည်လို့ ယူဆထားသည့် တခြားနေရာများလည်းရှိသေးသည်၊ သူသည်သူ့သားရဲများကိုခေါ်၍ လာရာလမ်း အတိုင်းပြန်ခေါ်လာခဲ့သည်၊

ကောင်းဖန်လှည့်ကြည့်လိုက်တော့သစ်ပင်နှစ်ပင်က ပြင်းထန်စွာလှုပ်ခါနေသည်ကို တွေ့လိုက်ရသည်၊ အညိုရောင်ဝံပုလွေနှင့်တူသည့် သတ္တဝါတစ်ကောင်က အပင်နိမ့်လေးထဲမှ ထွက်လာပြီး ကောင်းဖန်နှင့်မျက်လုံးချင်းစုံမိသွားသည်၊ ၎င်းကခဏလောက်အံ့ဩနေပြီးနောက် ၎င်းကပြန်လှည့်ကာခုန်ပေါက်ကာ အဝေးသို့ပြေးထွက်သွားတော့သည်၊

သူတို့က နက်ပြာရောင်မြေဆီလွှာကိုရှာဖွေရာတွင် မည်သည့်အန္တရာယ်မှမကြုံတွေ့ခဲ့ ကြပေ။ နောက်ဆုံးတော့, သူတို့ခြေလှမ်းပြန်လှည့်၍ဝင်ခဲ့သည့်ပထမဆုံးနေရာတွင် ၎င်းကိုတွေ့လိုက်ရသည်၊ အစင်းလေး၏သန်မာသောခြေထောက်များက နက်ပြာရောင် မြေဆီလွှာကိုဖော်ထုတ်ရန်၎င်း၏အောက်ခြေရှိမြေစာကိုဘေးဘက်သို့တူးထုတ်လိုက် သည်၊ အနံ့စူးရှသောမြက်နံ့သည်မြေဆီလွှာထဲမှလေနှင့်အတူပါလာသည်၊

ကောင်းဖန်က မြေကြီးဝိဉာဉ်အမြုတေကိုယူလိုက်ပြီး အစင်းလေးအားပေးပြီးနှာခေါင်းကို ဖိကာမြေကြီးနားမှထွက်သွားခဲ့သည်၊

“အဲ့မှာလဲလိုက်၊ မင်းအနားမှာသုံးရက်လောက်စောင့်ပေးမယ်” ကောင်းဖန်က ပြောလိုက်သည်၊ သူကအစင်းလေးဆင့်ကဲပြောင်းလဲခြင်းမတိုင်ခင် သုံးရက်စောင့်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်၊

အစင်းလေးက နာခံကာ မြေကြီးဝိဉာဉ်အမြုတေကိုမျိုချ၍နက်ပြာရောင်မြေကြီးပေါ်တွင်လှဲကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်၊

ကောင်းဖန်က တခြားသူတွေကိုပြောလိုက်သည်, “ငါတို့ဒီမှာရပ်နေပြီးအစင်းလေးကို ကြည့်နေမယ်”

သူကမြေပြင်ပေါ်ရှိသစ်ရွက်ခြောက်များကို ရှင်းလင်းလှဲကျင်းပြီး သူ၏တဲကိုထုတ်လိုက် သည်၊

ကောင်းဖန်က သူ၏တဲထဲရှိအိပ်ရာထဲတွင်လှဲနေတုန်း, တာ့ဇီ၏ခေါင်းက အတွင်းဘက်သို့တိုးဝင်လာပြီး သူ၏ဦးမျှင်နှစ်ချောင်းကိုမလုံမလဲနှင့် ဝှေ့ယမ်းနေသည်၊

“ဘာဖြစ်တာလဲ?”

တာ့ဇီကစ၍ ကောင်းဖန်၏ဘောင်းဘီကို ၎င်း၏လက်သည်းများဖြင့်ဆွဲတော့သည်၊ ၎င်းကသူ၏အမြီးကိုလည်း ခွေးတစ်ကောင်လိုလွှဲယမ်းနေတော့သည်၊

“မင်းဗိုက်ထပ်ဆာပြန်ပြီလား?!” ကောင်းဖန် အံ့ဩစွာဖြင့်ပြောလိုက်သည်၊

တာ့ဇီက စိတ်အားထက်သန်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊

“ငါနှစ်နာရီအကြာလောက်တုန်းကမှ မင်းကိုကြက်ကင်ပေးထားတာလေ?” ကောင်းဖန် သက်ပြင်းချကာပြောလိုက်သည်၊

“ဗိုက်ဆာတယ်!ဗိုက်ဆာတယ်!” တာ့ဇီ၏အသံက ကောင်းဖန်၏ခေါင်းထဲတွင် ထပ်တလဲလဲဖြစ်နေသည်၊

“မင်းအမြဲတမ်းစဉ်းစားနေတာက အစားအသောက်ကြီးဘဲ!”ကောင်းဖန်က ဒေါသတကြီး ပြောလိုက်သည်၊ “ငါမင်းကိုမေးပါရစေအုံး, ဒမ်ဘီကမင်းစားသလောက်စားလား?”

“ဟင့်အင်း”, တာ့ဇီက သူခေါင်းကိုငုံ့လိုက်ကာပြောလိုက်သည်၊

“ဒမ်ဘီကပိန်လား?”

တာ့ဇီကဒမ်ဘီ၏အရိုးပုံရိပ်ကိုကြည့်ပြီး စဉ်းစားနေသည်၊ “အင်း”

“ဒါဆို,ဒမ်ဘီကသန်မာလား?”

“ဒမ်ဘီသန်မာတဲ့အကြောင်းအရင်းက သူကအစာသိပ်မစားလို့ဘဲ!”

“ဒါပေမယ့်,ဒါပေမယ့်…” တာ့ဇီကသူ့သခင်၏နည်းလမ်းကို ချေပလိုသည်၊

“ဘာဒါပေမယ့်မှမရှိဘူး၊ ငါမင်းကိုထပ်မေးမယ်, ဖလိမ်မီကဝလား?”

“အင်း! သူကဝတုတ်!” တာ့ဇီကစိတ်လှုပ်ရှားစွာဖြင့်ဖြေလိုက်သည်၊

“ဖလိမ်မီကသန်မာလား?”

ဖလိမ်မီနှင့်အမြဲတမ်းသဘောထားမတိုက်ဆိုင်ခြင်းများဖြစ်ခဲ့သော်လည်းတာ့ဇီက မဆိုင်းမတွပင်ဖြေလိုက်သည် “သူကသန်မာတယ်!”

“ဖလိမ်မီက သန်မာတဲ့အတွက်အရမ်းစားလို့ရတယ်!” ကောင်းဖန်က ခပ်တိုးတိုးပြော လိုက်သည်၊ သူကတာ့ဇီ၏ခေါင်းကို နှစ်ကြိမ်ခေါက်လိုက်သည်၊

တာ့ဇီက စကားမပြောဘဲကျန်နေခဲ့တော့သည်၊

“နောက်ဆုံးမေးခွန်းဘဲ၊ အစင်းလေးကဝလား?”

ဒီတစ်ကြိမ်တော့,တာ့ဇီကချက်ချင်းအဖြေမပေးနိုင်ဖြစ်နေတော့သည်၊ ဂရုတစိုက် စဉ်းစားပြီးနောက်,သူကပြန်ပြောလိုက်သည်, “ဟုတ်တယ်သူကဂဏန်းတစ်ကောင်လိုဘဲဝတယ်”

“ဒါဆိုပြောစမ်း, အစင်းလေးက သန်မာလား?”

တာ့ဇီသည်ပစ်မှတ်လေ့ကျင့်ရာတွင်သာ ကောင်းမွန်ပြီး ၎င်း၏သခင်ကိုလှည့်ပတ်သယ်ဆောင်သွားသောဝနေသည့်ပင့်ကူအကြောင်းကို စတင်စဉ်းစားလိုက်သည်။ “ဟင့်အင်း,သူကအားနည်းတယ်!”

“ဟမ်,သူကဝတယ်၊ ဘာလို့လဲဆိုတော့ဝလို့လေ၊ ပြီးတော့မင်း, မင်းကအစားအသောက် အကြောင်းမေးဖို့သတ္တိတွေရှိတယ်ပေါ့? သွား,အခုပေါင်နည်းနည်းကျအောင်လုပ်ချည်!” ကောင်းဖန်က တာ့ဇီကိုတဲထဲမှကန်ထုတ်လိုက်သည်၊

သခင်၏တဲထဲမှအလွန်ရက်စက်စွာမောင်းထုတ်ခံလိုက်ရသောတာ့ဇီသည်အေးစက် သောလေ၏တိုက်ခိုက်မှုကြောင့်တုန်လှုပ်သွားတော့သည်၊

***

အပိုင်း၁၉၆ GUI-Power

တာ့ဇီသည် ကောင်းဖန်၏တဲထဲမှထွက်လာပြီးနောက် ခြေထောက်တစ်ချောင်းဖြင့် သစ်ကိုင်းတစ်ခုပေါ်တွင်ရပ်နေသော ဖလိမ်မီကို တွေ့လိုက်ရသည်၊ ကြိုးကြာကောင်က သူ၏နှုတ်သီးကိုသုံး၍ သစ်ပင်အပေါက်ထဲရှိအင်းဆက်များကို ဆွဲထုတ်နေသည်၊

ထိုနေရာတွင် မှတ်သားစရာအချက်မှာဗီဇပြောင်းလဲမှုများကြုံတွေ့ခဲ့ရသော်လည်း အချို့သောသားရဲများသည် အရွယ်အစားမှာကြီးမားသောပြောင်းလဲမှုများကို မတွေ့ရသည့်အချက်ပင်ဖြစ်သည်၊

အထူးသဖြင့်အင်းဆက်ပိုးမွှားများသည် အရွယ်အစားအားဖြင့် များစွာပြောင်းလဲသွားခြင်း မရှိပေ၊

ဖလိမ်မီက အစာရှာနေစဉ်တွင်၎င်း၏မျက်လုံးများကို သစ်ပင်အပေါက်ထဲသို့အားစိုက် ကြည့်နေကာရှာဖွေနေသည်၊ ရုတ်တရက်,အောက်တွင်ရှိသောကင်းခြေများသည် ရယ်သံကိုထုတ်လွှင့်လိုက်သည်၊ “စားနေတုန်းဘဲလား,အာ,ဖက်တီး?”

ဖလိမ်မီက တာ့ဇီကို ကြည့်ပြီးအံ့ဩနေသည်၊

တစ်ခုခုတိုက်ခိုက်ခံရသလိုခံစားလိုက်ရသဖြင့်, ဖလိမ်မီက အဝေးသို့ထွက်သွားသည့် ကင်းခြေများ၏နောက်ကျောကိုငုံ့ကာလိုက်ကြည့်နေသည်၊

ညရောက်တော့, အဝေးကသစ်ပင်များဆီမှငွေရောင်ကျောပိုးနားသန်တစ်ကောင်ထွက် လာသည်၊ ၎င်း၏နောက်ကျောတွင် အမြစ်များနှင့်အပင်ငယ်များကို သယ်ထားသည်၊ ၎င်းကသူ၏သားရဲတွင်းကို တခြားတစ်ကောင်ကလက်ရှိသိမ်းပိုက်ထားမှန်း သူမြင်လိုက်သည်၊

ထိတ်လန့်စွာဖြင့်, ၎င်းကသူ၏နောက်ကျောဘက်ရှိဝန်ထုပ်ကို ခါချလိုက်ပြီး သုတ်သီးသုတ်ပြာဖြင့် လျင်မြန်စွာ ၎င်း၏သားရဲတွင်းဆီသို့ ပြေးသွားတော့သည်၊ ဒီလိုမျိုး စိုစွတ်ပြီးမှောင်မိုက်သောနေရာက ရှာဖွေဖို့မလွယ်ပေ၊ ထိုနေရာကနေဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ၊

အများစုသောသားရဲတွေက ၎င်းတို့၏ပိုင်နက်များကိုတွေ့သောအခါတွင်, သူတို့၏ပိုင်နက်ကိုကျူးကျော်သူများက ကျူးကျော်လာတာကို တွေ့သောအခါ သူတို့ကအတော်လေးပိုင်စိုးပိုင်နင်းဖြစ်လာတတ်ကြသည်၊

ထိုအခိုက်အတန့်မှာတွင်, ကျောက်ဘဲသည် အနီးနားရှိသစ်ပင်၏အခေါင်းပေါက်ကို ကောင်အစွာဖြင့်ငေးကြည့်နေရင်း, ရုတ်တရက်၎င်း၏နောက်ဘက်မှ စူးရှနာကျင်သော နာကျင်မှုကိုခံစားလိုက်ရသည်၊

၎င်း၏တုန်လှုပ်မှုမရှိသောအကျိုးသက်ရောက်မှုသည် ချက်ချင်းပင်ခလုတ်နှိပ်မိသလို ဖြစ်သွားသည်၊ ခရမ်းရောင်အလင်းတန်းက ၎င်း၏ခန္ဓာကိုယ်မှကျယ်ပြန့်ကာထွက်လာ သည်၊

လှည့်ကြည့်လိုက်တော့, ၎င်းကဆယ်ပေရှည်လျားသောငွေရောင်ကျောပိုးနားသန်သည် ပြင်းထန်စွာဖြင့် ၎င်း၏နောက်ကျောကို ကိုက်ပစ်လိုက်တာဖြစ်သည်၊ ပိုးနားသန်သည် ဘဲ၏အမြီးမှအမွှေးတစ်ချို့ကို ဆွဲလိုက်သည်၊ ယခုတွင်အနည်းငယ်သောအဝါရောင် အမွှေးများသည် ပိုးနားသန်၏ပါးစပ်တွင် ကပ်နေတော့သည်၊

“ဂတ်?” ကျောက်ဘဲကထူးဆန်းစွာဖြင့် မေးလိုက်သည်၊ ဘာလို့ငါ့ကိုကိုက်တာလဲဟ?

ပိုးနားသန်ကောင်သည် ၎င်းကိုလျစ်လျူရှုလိုက်ပြီး ၎င်း၏အစွယ်များကိုဘဲ၏ဖင်ကြားထဲသို့ ပိုမိုနစ်ဝင်ကာကိုက်လိုက်သည်၊ နောက်ထပ်ခရမ်းရောင်အလင်းတန်းတစ်ခုသည်, ကျောက်ဘဲ၏ခန္ဓာကိုယ်ကိုပိုပြီးကိုက်လိုက်သည့်အခါတွင် ပိုပြီးကျယ်ပြန့်လာသည်၊

ပိုးနားသန်ကို ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ပြီးနောက်, ဘဲကအဝေးသို့ကန်ထုတ်လိုက် သည်၊

၎င်း၏ခန္ဓာကိုယ်က နှစ်ဆကျယ်ပြန့်လာပေမယ့်, ကျောက်ဘဲက ပိုးနားသန်ထက်တော့ သေးနေဆဲဖြစ်သည်၊ ၎င်း၏သာမန်အရွယ်အစားသည်ငါးပေပတ်လည်ရှည်လျားသည်၊ အခု,၎င်းကခုနှစ်ပေရှည်လာပြီဖြစ်သည်၊

ပိုးနားသန်ကောင်သည် ၎င်း၏ပါးစပ်ကိုကျယ်ကျယ်ဟလိုက်ပြီး အနီရောင်အခိုးအငွေ့များကိုထုတ်လိုက်သည်၊ ကျောက်ဘဲသည် ၎င်း၏မျက်လုံးနှင့်အနီရောင်အငွေ့များ ထိမိသောအခါတွင် နာကျင်မှုကြောင့်အော်လိုက်သည်၊ မျက်ရည်များကသူ၏မျက်လုံးများထဲမှ ထွက်ကျလာတော့သည်၊

ပိုးနားသန်က ပြုံးဖြဲဖြဲလုပ်လိုက်ကာဂုဏ်ယူဝမ်းမြောက်နေသည်၊ ထိုပိုးနားသန်ရန်သူ၏ ဒီတိုက်ခိုက်မှုကိုခံရသည့်သားကောင် ဘယ်နှကောင်များ ကျဆုံးသွားပြီမှန်း ဘဲကစဉ်းစား၍မရနိုင်ဖြစ်နေသည်၊

ဒီလိုစပ်ရှားရှားဖြစ်သောပြင်းထန်သည့်အငွေ့တိုက်ခိုက်မှုကြောင့် ဘယ်သူမဆိုမျက်လုံးကွယ်သည့်အကျိုးသက်ရောက်မှုတော့ရှိသည်၊ ပိုးနားသန်၏ကိုက်ခဲမှုကိုခံရသည့် ရန်သူတိုင်းသည် ထိုတိုက်ခိုက်မှုနှင့်ထိတွေ့ရမည်ဖြစ်သည်၊

ကျောက်ဘဲ၏ထင်ရှားသည့်မျက်နှာပြင်စွမ်းရည်GUI-Powerစွမ်းအင်သည်တိုက်ခိုက် ခံရချိန်တွင်၎င်း၏ခန္ဓာကိုယ်ကပြန့်ကားလာသည်၊ ၎င်း၏ကိုယ်ပိုင်အင်အား,ခုခံမှု, အမြန်နှုန်းနှင့်အခြားအရာများသည်လည်း သိသိသာသာတိုးလာမည်ဖြစ်သည်၊

ပိုးနားသန်၏အနီရောင်အခိုးအငွေ့များသည် တစ်ကြိမ်သာတိုက်ခိုက်ပါက၎င်း၏ တုန်လှုပ်မှုမရှိအကျိုးသက်ရောက်မှုသည် တစ်ကြိမ်သာအသက်ဝင်လာမည်ဖြစ်သည်၊

သို့သော်လည်း အငွေ့သည်ကျောက်ဘဲကို ဆက်တိုက်နာကျင်စေသည်၊ နှစ်စက္ကန့်တိုင်းတွင် အနီရောင်အခိုးအငွေ့ကျန်ရှိနေသေးပါက ၎င်း၏မျက်လုံးသည်နာကျင်နေဦးမည် ဖြစ်သည်၊

ထို့နောက်, ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုဖြစ်ပေါ်တော့သည်၊

ပိုးနားသန်၏ရှေ့တွင်ရှိသောကျောက်ဘဲသည် အသက်ရှုသည့်အခါတိုင်း၎င်း၏ ခန္ဓာကိုယ်ကပြန့်ကားလာသည်၊

ပိုးနားသန်သည် ခေါင်းကိုမော့ကာကြည့်လိုက်တော့ ၎င်း၏ရင်ဘတ်ကိုပင်မမြင်နိုင် ဖြစ်နေတော့သည်၊

၎င်း၏မျက်တောင်တစ်ခတ်တွင်, သူမြင်ရသည့်တစ်ခုတည်းသောအရာကဘဲ၏ ခြေထောက်များဖြစ်သည်။

ခရမ်းရောင်အလင်းတန်းက မရပ်မနားဖြစ်နေသည်၊ ဘဲကပေ၂၀လောက်ထိရှည်လာပြီး, ၎င်း၏ကြီးထွားလာမှုက ရပ်တန့်သွားမည့်ပုံမပြပေ၊

“ဂတ်!” ဘဲ၏ ‘ဂတ်’ဟုအော်မြည်သည့်အသံက ကျယ်လောင်စွာဖြင့် တောထဲတွင် ပဲ့တင်ထပ်နေတော့သည်၊

၂၃ပေရှည်လျားသည့်အဝါရောင်ဘဲတစ်ကောင်သည် တောအုပ်၏အလယ်တွင် ရပ်နေသည်၊ ၎င်းကကြီးထွားလာသည်နှင့်အမျှ, အနီရောင်အခိုးအငွေ့များ၏အစပိုင်း သက်ရောက်မှုများသည်အကျိုးသက်ရောက်မှုလျော့နည်းလာသည်၊

နောက်ဆုံးတွင်ကျောက်ဘဲ၏ကြီးထွားမှုသည် ရပ်တန့်သွားတော့သည်၊

ထိုကဲ့သို့ထကြွမှုကြီးကအထိတ်တလန့်ဖြစ်သွားပြီးနောက်, ကောင်းဖန်သည် သူ၏ တဲထဲမှထွက်လာပြီး၂၃ပေရှည်လျားပြီး ပိုးနားသန်ကိုခြိမ်းခြောက်နေသည့် ဘဲတာဝါတိုင်ကြီးကိုတွေ့လိုက်ရသည်၊

ကောင်းဖန်က နောက်ဆုံးတော့ ဘာကြောင့်ဒီလိုစိတ်ဓာတ်ပျော့ညံ့တဲ့ဘဲက သူကိုယ်ပိုင်အသက်ရှင်နေထိုင်မှုကြာနေလဲဆိုတဲ့အကြောင်းကိုနားလည်သွားပြီဖြစ် သည်၊

ပထမဆုံး, ဘဲ၏ထင်ရှားသည့်မျက်နှာပြင်စွမ်းရည်သည် ၎င်း၏ခန္ဓာကိုယ်အရွယ်အစားကို အတိုင်းအတာတစ်ခုအထိတိုးချဲ့နိုင်ရန်ခွင့်ပြုသည်ဟု ယူဆလိုက်ပြီး ထိုအကျိုးသက်ရောက်မှုသည်အလွှာလိုက်တော့မဖြစ်နိုင်ပေ၊

သူဘယ်လောက်တောင်မှားခဲ့လဲဆိုတာအခုတော့နားလည်သွားပြီဖြစ်သည်၊

ထင်ရှားသည့်မျက်နှာပြင်စွမ်းရည်ဖြစ်သည့်တစ်ခုတည်းသော အကျိုးသက်ရောက်မှုသည် ကောင်းဖန်မြင်ဖူးသည့်ပထမဆုံးတုန်လှုပ်ခြင်းမရှိသည့် သက်ရောက်မှုစွမ်းအင် ဖြစ်သည်၊ သူသည် အသုံးမဝင်သောစွမ်းရည်တစ်ခုဟု ထင်ခဲ့သည်၊ အမှန်တကယ်တော့, ၎င်းသည်အခြားသူများထက်သာလွန်သော စွမ်းရည်တစ်ခုပင်ဖြစ်သည်၊

အမှန်တော့, ကံကြမ္မာကထုံထိုင်းသူများကို မျက်နှာသာပေးပုံရသည်၊

ကျောက်ဘဲသည်မည်မျှပင် ငြီးငွေ့စရာကောင်းပြီးသဘောကောင်းနေပါစေ, ၎င်းကဒေါသထွက်နေဆဲဖြစ်သည်၊

အနီရောင်အခိုးအငွေ့များနှင့် အချိန်ကြာကြီးနှိပ်စက်ခံရပြီးတဲ့နောက်, ကျောက်ဘဲက အတော်လေးဒေါသထွက်နေတာဖြစ်သည်၊ ၎င်းကသူ၏ခြေထောက်ကို မြှောက်လိုက်ပြီး ၎င်း၏ခြေဖဝါးကို ကြောက်စရာကောင်းလောက်အောင် မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။

ပိုးနားသန်သည် ပြေးရန်ကြိုးစားပေမယ့် အရိပ်ကသူ့အပေါ်သို့ကျရောက်လာပြီး, ဘဲ၏ခြေဖဝါးကမကြာခင်တွင် သူ့ပေါ်သို့ကျလာတော့သည်၊

ဂျွတ်!

၎င်းကမြေပြင်ပေါ်တွင် အချိုးခံလိုက်ရပြီဖြစ်သည်၊

ဘဲကသူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး နက်ရှိုင်းသောဖိသည့်အရာကြီးကို လုပ်လိုက်သည်၊ ထိုအထဲတွင်, ပိုးနားသန်၏ခန္ဓာကိုယ်သည် လွန့်လူးနေပြီး,လွတ်မြောက်ရန် ရုန်းကန်နေသည်။ သို့သော်,ဘဲ၏ခြေထောက်ကန ောက်တစ်ကြိမ်ထပ်ကျလာတော့ သည်!

နောက်ဆုံးတော့, ကျောက်ဘဲသည် ပိုးနားသန်ကို အသက်ရှင်လျက်နှင့်မြိုချလိုက်သည်၊

နာရီဝက်ကြာပြီးနောက်, ဘဲ၏ခန္ဓာကိုယ်သည်ပြန်၍သာမန်အရွယ်အစားအဖြစ်သို့ ကျုံ့သွားပြီဖြစ်သည်၊

တာ့ဇီက တံတွေးမျိုချလိုက်ပြီး သူ့ဆီကိုလျှောက်လာတဲ့ဘဲကိုမြင်တဲ့အခါလှည့်၍ အဝေးသို့ထွက်ပြေးတော့သည်၊

ကောင်းဖန်က ထိုအရာကြောင့်သဘောကျနေပြီး, သူထိုဘဲနှင့်သွေးစာချုပ်ချုပ်ဆိုရန် တွေးလိုက်သည်၊ သူကထိုဘဲကိုခေါ်လိုက်သည်၊

ကျောက်ဘဲသည် ယက်ကန်ယက်ကန်နှင့်ကောင်းဖန်ဆီသို့လာကာ, ၎င်း၏ခေါင်းသည် အပေါ်အောက်လှုပ်ခါနေသည်။

ကောင်းဖန်သည် သူ၏တဲထဲသို့ခေါ်လိုက်ပြီး သူ၏သွေးဖောက်သည့်ကိရိယာကိုထုတ်ယူ လိုက်သည်၊ သူ၏ညာလက်ကိုဘဲခေါင်းပေါ်တွင်တင်လိုက်တော့ ကောင်းဖန်၏ခေါင်းထဲသို့ မှုန်ဝါးသည့်အသိစိတ်တစ်ခုစိမ့်ဝင်လာသလိုခံစားလိုက်ရသည်၊

ကောင်းဖန်သည် ၎င်း၏စိတ်စွမ်းအင်နေရာလပ်တွင် ကျောက်ဘဲနှင့်ဆက်သွယ်နေပြီ ဖြစ်သည်၊

ဘဲလေး၏အသိဉာဏ်သည် ကလေးတစ်ယောက်လိုမျိုး အားနည်းသွားတော့သည်၊ ၎င်းကထောင့်တစ်ခုတွင် တစ်ခုခုကိုစူးစိုက်မကြည့်ခင် ကောင်းဖန်ကိုသတိရှိစွာဖြင့် ခဏလောက်အပေါ်အောက်ကြည့်လိုက်သည်၊

အသက်ရှိနေသည့်သတ္တဝါများ၏စိတ်နေရာသည် ၎င်း၏ခံစားမှုများအထွဋ်အထိပ်သို့ လွှမ်းမိုးသည့်နေရာဖြစ်ပြီး အတွေးများကလည်း အတက်ကြွဆုံးနေရာဖြစ်သည်၊

သူ၏ခံစားချက်များအားလုံးကို ထိုနေရာမှာထုတ်ဖော်သည်၊

ကျောက်ဘဲ၏စိတ်ခံစားမှုရောင်စဉ်ကို အရောင်စုံနေသောသကြားလုံးများဖြင့်ဖော်ပြသည်၊ ပျော်ရွှင်နေသည့်ခံစားမှုက ၎င်း၏စိတ်နေရာထဲတွင် အပြည့်အဝ ပွင့်လန်းနေသည်၊

ထိုတွင်သစ်ပင်တစ်ပင်က, ရုတ်တရက်ငှက်တောင်ပံအညှောင့်လေးထွက်လာသည့်, ဘဲ၏ခြေထောက်အောက်ရှိမြက်များသည် ၎င်းနှင့်အချိန်မရွေးပျော်ရွှင်စွာစကားစမြည် ပြောနိုင်ကြသည်၊

ရုတ်တရက်, ကောင်းဖန်က ကျောက်ဘဲ၏ကမ္ဘာသည် တဖြည်းဖြည်းမှောင်မိုက်လာပြီး, နောက်ဆုံး၎င်း၏ပတ်လည်တွင်မှုန်မှိုင်းသောခဲရောင်သို့ပြောင်းသွားသည်ကိုသတိထား မိလိုက်သည်၊

ထို့နောက်, ကျောက်ဘဲနှစ်ကောင်က အခြားတစ်နေရာတွင် ညင်သာစွာဖြင့် တစ်ကောင်နှင့်တစ်ကောင်တီးတိုးပြောဆိုနေသည်ကိုသူကြားလိုက်ရသည်၊

အကြောင်းအမျိုးမျိုးကြောင့်,ကောင်းဖန်က ၎င်းတို့ပြောနေတာကို နားလည်လိုက်သည်။

***

All Chapters