← Chapters

အခန်း (၁၉၇-၂၀၀)

Vol. 13 Ch. 197-200

အခန်း (၁၉၇-၂၀၀)

Vol. 13 Ch. 197-200

အပိုင်း၁၉၇ မြေကြီးဒိုင်းပင့်ကူ

“အဲ့တာငါတို့ကလေးလား?” ဘယ်ဘက်တွင်ရှိနေသော ကျောက်ဘဲက မေးလိုက်သည်၊

“အေး,ဟုတ်တယ်၊ သူ့မျက်လုံးကြီးတွေ ဘယ်လောက်တောင်ကြီးလဲ ကြည့်လိုက်ပါဦး” ညာဘက်တွင်ရှိနေသောကျောက်ဘဲက ခေါင်းညိတ်ကာပြောလိုက်သည်၊

ထို့နောက်၎င်းတို့၏မျက်နှာက ကြောက်စရာတစ်ခုခုကိုတွေ့မြင်လိုက်ရသလိုမျိုး အေးခဲသွားတော့သည်၊

လူ၏မျက်လုံးဖြင့်ကြည့်လျှင်ပင် ၎င်းတို့၏မျက်နှာ၌ဘယ်လောက်တောင်ကြောက်ရွံ့ နေလဲဆိုတာပြောနိုင်သည်၊

“သူ့မှာခြေချောင်းငါးချောင်းရှိတယ်! ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ အရာလဲ!” ဘယ်ဘက်တွင်ရှိနေသောကျောက်ဘဲက အော်ကာပြောလိုက်သည်။

ညာဘက်တွင်ရှိနေသောကျောက်ဘဲ၏မျက်လုံးများက ပြူးကျယ်လာကာ, ဒေါသထွက်၍စတင်အော်မြည်တော့သည်။

ထို့နောက်,ထိုနှစ်ကောင်ကတစ်ဂတ်ဂတ်နှင့်စ၍အော်မြည်ကြတော့သည်၊ ဘယ်ဘက်တွင်ရှိနေသောဘဲက သူတို့၏မွေးကင်းစလေးကိုစွန့်ပစ်ချင်ပေမယ့်, ညာဘက်တွင်ရှိနေသောဘဲကခေါင်းမာစွာနှင့်ငြင်းဆိုနေသည်၊

လဝက်လောက်ကြာတော့, ဘဲကလေး၏ညီကိုမောင်နှမများကိုဉပေါက်တော့သည်၊

မွေးချင်းဘဲများကလည်း ပထမဘဲကလေးကိုစိတ်ဖိစီးစေမှုမှအပ သက်သာရာရစေခြင်း မရှိခဲ့ပါ၊

တကယ်တော့ ဒါကထူးထူးခြားခြားခြေငါးချောင်းဖြစ်နေတာသာဖြစ်သည်၊ သူ၏ညီ, ညီမများကျန်ရစ်သည့်စားကြွင်းစားကျန်တွေကိုသာ များသောအားဖြင့်စားခိုင်းလေ့ရှိ သည်၊

တစ်ခါတလေတွင် စားစရာတောင်မရပေ၊ ဒါကသူ့မိဘတွေ တချို့အချိန်တွေ၌ အစာအလုံအလောက်ရှာမရတာ သာမန်ပင်ဖြစ်သည်၊ အရွယ်ရောက်လာသောဘဲများသည် မိသားစုကျောရိုးအတွက် လုပ်ဆောင်နိုင်စေရန် လုံလောက်သောအာဟာရရှိရန်လိုအပ် သည်၊

ထို့ကြောင့်, ခြေငါးချောင်းရှိသောဘဲလေးသည် တစ်ခါတစ်ရံ၎င်း၏တွင်းထဲ၌ ရက်ပေါင်းများစွာ အစာငတ်ခဲ့ရသည်။

ထိပ်တန်းသားရဲများနှင့်မတူဘဲ, အဆင့်နိမ့်သားရဲများဖြစ်သည့်ကျောက်ဘဲများသည် အစာအတွက် တစ်ချိန်လုံးစိုးရိမ်ပူပန်နေရသည်။

၎င်းတို့က သင့်လျော်သောအစာအာဟာရ ရရှိမှသာ သန်မာပြီး ကျန်းမာကာကြီးထွားလာ နိုင်မည်ဖြစ်သည်၊၊

တစ်နေ့တွင်,ကျောက်ဘဲမွေးချင်းရှစ်ကောင်သည် နှစ်ပေရှည်လျားသည့်ငါးကို တစ်ကောင်နှင့်တစ်ကောင်ဝေမျှကြသည်။

၎င်းကကြီးထွားနေဆဲလို့မှတ်ယူရတာကြောင့် ကျောက်ဘဲရှိကောင်အတွက်တော့ ၎င်းကမလုံလောက်ပေ။

ပုံပျက်ပန်းပျက်ဖြစ်နေသောဘဲလေးအား တွန်းထုတ်ကာ၎င်းတို့စားသောက်နေတာကိုသာ ကြည့်နေခိုင်းသည်၊ သူတို့ပြီးသွားလို့ငါးရိုးလေးတွေ ချန်ထားခဲ့ဖို့တော့ ကြင်နာကြ ပေလိမ့်မည်။

ဘယ်လိုဘဲဖြစ်ဖြစ်, ၎င်းကအရင်နေ့တွေတုန်းကထက် ပိုကြီးသည့်ငါးဖြစ်သည်၊ သူက အခုအတော်လေးဗိုက်ဆာနေပြီဖြစ်သည်၊

သတိရှိစွာဖြင့်, သူ၏မွေးချင်းများနားသို့ချဉ်းကပ်သွားပြီးနောက်, သူ့ကိုတစ်ကိုက်လောက်တော့ ကိုက်ခိုင်းစေဖို့မျှော်လင့်သည်။

“နည်းနည်းလေးတောင်တိုးမလာနဲ့!” ဘဲတစ်ကောင်က သူကပ်လာတာကိုမြင်သည်နှင့် အဝေးသို့ကန်ထုတ်လိုက်သည်။

“အထူးအဆန်းကောင်,နောက်ဆုတ်စမ်း” နောက်ထပ်ဘဲတစ်ကောင်က ထပ်ကန်လိုက် သည်။

ရုတ်တရက်,ခရမ်းရောင်လျှပ်စီးက ၎င်း၏ခန္ဓာကိုယ်မှဖြတ်သန်းလာသည်။

အရွယ်ရောက်ပြီးဘဲနှစ်ကောင်အိမ်ပြန်ရောက်တော့ ဘဲအမွှေးများသည်ပြန့်ကျဲနေပြီး ၎င်းတို့၏ကလေးများသည် ထောင့်တစ်နေရာတွင်တုန်ယင်နေကြတာကိုမြင်လိုက်ရ သည်။ ဂူ၏အလယ်တွင်တော့ကျောက်ဘဲတစ်ကောင်သည် ငါးတစ်ကောင်လုံးကို ကိုက်စားနေပြီးသူ့ကိုယ်သူပျော်ရွှင်နေပုံရသည်၊၊

၎င်းကတော့ ခြေငါးချောင်းရှိသည့်ထူးဆန်းသည့်ဘဲဖြစ်သည်။

တခြားဘဲများသည် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုနှင့် အကြမ်းဖက်မှုများအကြောင်းကို သူတို့၏မိဘအားပြောပြကြသည်။ မိဘများ၏မျက်နှာက မှောင်မည်းနေတော့သည်။

ထို့နောက်ခြေငါးချောင်းရှိသောဘဲလေးကို ၎င်းတို့၏အိမ်မှနှင်ထုတ်လိုက်ကြသည်။ သူ၏ငယ်စဉ်ဘဝက မစရသေးခင်ပင် အဆုံးသတ်နေပြီဖြစ်သည်။

ထိုကဲ့သို့စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့်ကလေးများကို မိဘများက မွေးပြီးချင်းပင် စွန့်ပစ်ချင်ကြသည်။

၎င်းတို့ထဲမှအနည်းစုကိုစွန့်ပစ်လိုက်ကြပြီး သေရန်အတွက် နှင်ထုတ်လိုက်ကြသည်။ အနည်းငယ်သောအရေအတွက်လောက်သာ ကြမ်းတမ်းသောတောရိုင်းထဲတွင် အသက်ရှင်နေထိုင်ရန်စီမံနိုင်ကြသည်။

ထိုထူးဆန်းသောဘဲကလေး၏ကလေးဘဝသည် ထိုအချိန်၌ပင်ပြီးဆုံးသွားခဲ့ပုံရသည်၊

အမှန်တော့,၎င်း၏ကလေးဘဝက မပြီးဆုံးသေးချေ၊ ၎င်း၏မွေးရာပါစွမ်းအားကို ကျေးဇူးတင်ရမည်, ၎င်းသည်အန္တရာယ်နှင့်ပက်ပင်းကြုံရတိုင်းကျော်လွှားနိုင်ခဲ့သည်။

ကောင်းဖန်က ကျောက်ဘဲကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သူ၏တုန်လှုပ်ခြင်းမရှိသော သက်ရောက်မှုစွမ်းအင်ကိုအကြိမ်ပေါင်းများစွာ မပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကောင်းဖန် တွက်ချက်မိသည်။ မဟုတ်လျှင်, ၎င်းကသူ၏ထိန်းချုပ်မှု ကနေ လွတ်သွားလိမ့်မည်ဖြစ်သည်။

ဒါက ၎င်းသည်ဘာလို့ ‘ဂွက်’ဆိုသည့်အသံကိုအော်ရတာလဲဆိုတဲ့အကြောင်း၏ ရှင်းပြချက်ပင်ဖြစ်သည်၊ ၎င်းကသူ၏မိဘတွေဆီကနေ ဘယ်လိုအော်ရမလဲဆိုတာကို မသင်ခဲ့ရတာဖြစ်ကောင်းဖြစ်နိုင်သည်။

ကောင်းဖန်က တကယ့်ဘဲတစ်ကောင်သည်‘ဂတ်’လို့အော်ရမည်ကို သင်ပေးပြီးတဲ့နောက် ၎င်းကဘာကြောင့်မှန်းမသိကောင်းဖန်၏နောက်သို့စ၍လိုက်လာခြင်းဖြစ်သည်။

ကောင်းဖန်က ဒါနှင့်ပတ်သတ်ပြီးရယ်ရမလားငိုရမလားပင်မသိတော့ပေ။

၎င်း၏မိဘများထံမှပစ်ပယ်ခံရပြီးနောက်,၎င်းကထိရှလွယ်ပြီး အနည်းငယ်မတည်မငြိမ် ဖြစ်ခြင်းလည်းဖြစ်သည်။

မှတ်ဉာဏ်များကွယ်ပျောက်သွားပြီးနောက်, သွေးစာချုပ်သည်တဖြည်းဖြည်း လောင်ကျွမ်းသွားပြီးဘဲ၏စိတ်ထဲရှိနေရာလပ်တွင်ပျောက်ကွယ်သွားတော့သည်။

ဘယ်သူကမှ၎င်း၏ဇာတ်လမ်းကို အခုထိစိတ်ရှည်ရှည်နှင့်နားထောင်ပေးသူမရှိခဲ့ဖူးပေ။

ကောင်းဖန်က ကျောက်ဘဲကိုတစ်ချက်ကြည့်လိုက်သည်။ သူက၎င်းနှင့်သန်မာသော ဆက်နွယ်မှုကိုပြုလုပ်ပြီးဖြစ်သည်။

“ငါမင်းကို ဂိုဒီလို့ခေါ်မယ်, မင်းရဲ့အမွှေးတွေက အဝါရောင်ဖြစ်နေလို့လေ” ကောင်းဖန်က ပြောလိုက်သည်။

ဘဲက၎င်းကိုမငြင်းပယ်ပေ၊ ကြည့်ရသည်မှာ ၎င်းကသူ့ကိုမည်မည်ရရပြန်ဖြေဖို့အတွက် ပျင်းရိနေပုံရသည်။ ကောင်းဖန်နှင့်သွေးစာချုပ်ချုပ်လိုက်ခြင်းသည် သူ့အတွက်တော့ ကြီးကြီးမားမားကိစ္စမဟုတ်ပေ၊

ထို့နောက်,ကျောက်ဘဲက ယက်ကန်ယက်ကန်ဖြင့် တဲထဲမှထွက်သွားတော့သည်၊

သုံးရက်ကြာပြီးနောက်, ငိုက်မျဉ်းနေသော ကောင်းဖန်၏အတွင်းစိတ်တစ်နေရာသည် နိုးထလာခဲ့သည်၊

သူ့ခြေဖဝါးအောက်တွင်မြေကြီးကရုတ်ချည်းတုန်ခါနေပြီး တစ်ခုခုထွက်လာတော့မလို ဖြစ်နေသည်။

ကောင်းဖန်က သူ့တဲထဲမှထွက်လာပြီး,သူ့အောက်ကမြေကြီးတွေ ဖောင်းပွလာတာကို တွေ့လိုက်ရသည်၊ သူ့အောက်တွင်ကြီးမားသောအက်ကြောင်းများ ပေါ်လာသည်၊ အက်ကွဲကြောင်းများစ၍ပျံ့နှံ့လာပြီးနောက် အနက်ရောင်ဒိုင်းကဲ့သို့အစွယ်တစ်ခုက မြေကြီးမှဗြုန်းကနေပေါက်ထွက်လာသည်။

နောက်ထပ်အစွယ်တစ်ခုကလည်း ခဏအကြာတွင်ထွက်ပေါ်လာသည်၊ အစွယ်နှစ်ခုလုံးကတွဲကြည့်လိုက်လျှင် ဘဲဥပုံစံဒိုင်းကာဖြစ်နေသည်၊ အစွယ်နှစ်ခု၏အဆုံးတွင်ချွန်ထက်နေပြီး အလယ်တွင်ပြန့်ကားနေသည်၊ ၎င်းတို့ကအောက်သို့ကွေးကောက်နေပုံလည်းရသည်။

ကြီးမားသောပင့်ကူတစ်ကောင်သည် မြေပြင်အောက်မှ၎င်း၏ခြေအစွယ်များ ထွက်လာပြီးနောက်တွင် ပေါ်ထွက်လာခဲ့သည်။

၎င်း၏အနက်ရောင်နှင့်အစိမ်းရောင်ရောယှက်နေသည့် နောက်ကျောသည် သတ္ထုအလင်းများတဖျတ်ဖျတ်လက်နေသည်၊ ယခင်ကဲ့သို့ပုံစံနီးပါးဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်သည် သုံးပုံတစ်ပုံခန့်ကြီးထွားလာခဲ့သည်၊

ချွန်ထက်ပြီးသေးငယ်သောဆူးအထစ်များသည် ၎င်း၏ခြေထောက်အဆစ်များကြားထဲမှ ထွက်ပေါ်လာသည်။

အစင်းလေးသည် စိတ်လှုပ်ရှားစွာနှင့်၎င်း၏ခြေနှစ်ဖက်ကိုတိုက်လိုက်ပြီး လတ်ဆတ်သောလေကိုရှုရှိုက်လိုက်သည်၊

[မကောင်းဆိုးဝါးအမည်] - မြေကြီးဒိုင်းပင့်ကူ

[မကောင်းဆိုးဝါးအဆင့်အတန်း] - ထင်ရှားခြင်းအဆင့်

[မကောင်းဆိုးဝါးအဆင့်] -အဆင့်၂၅(ကွန်မန်ဒါအဆင့်)

[မကောင်းဆိုးဝါးစွမ်းရည်] - မြေကြီး

[ထင်ရှားသည့်သွင်ပြင်လက္ခဏာများ] - မြေကြီးဝိဉာဉ်(မြေကြီးဝိဉာဉ်အမြုတေသည် ၎င်း၏နှလုံးတွင်အစားထိုးထားပြီး, ၎င်း၏နှီးနွယ်မှုဖြစ်သည့်မြေကြီးဒြပ်စင်က တိုးမြင့်လာပြီး ၎င်း၏စွမ်းရည်နှင့်အခြားသောဒြပ်စင်များ ပေါင်းစပ်ခြင်းအတွက် ဆုံးရှုံးစေသည်)

တုန်လှုပ်ခြင်းမရှိသောသက်ရောက်မှု၁ - မြေကြီးထိန်းချုပ်ခြင်းအဆင့်+၁

တုပ်လှုပ်ခြင်းမရှိသောသက်ရောက်မှု၂ - ၎င်းသည်မြေကြီး၏ခိုင်မြဲသောကာကွယ်မှု အောက်တွင်ရှိသည်၊ ၎င်းကမြေဆီလွှာမြေပြင်ပေါ်တွင်ရပ်နေသ၍, ၎င်းသည်မြေကြီး စွမ်းအင်ကို စုပ်ယူနိုင်ပြီး မြေကြီးဒြပ်စင်ဒိုင်းကာကို ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ပုံစံဖွဲ့နိုင်သည်၊ ဒိုင်း၏ခုခံမှုစွမ်းရည်သည် ၎င်း၏မြေကြီးထိန်းချုပ်မှုစွမ်းရည်အဆင့် နှင့်ဆုံးဖြတ်မည်ဖြစ်သည်။

[မကောင်းဆိုးဝါးတတ်ကျွမ်းမှု] - မြေကြီးထိန်းချုပ်ခြင်းအဆင့်၂

[မကောင်းဆိုးဝါးလက်ရှိအခြေအနေ] - ကျန်းမာ(ပျော်ရွှင်)

အစင်းလေးသည် နောက်ဆုံးတော့ အသစ်ဖြစ်သည့်စွမ်းရည်ကိုတိုးမြင့်ကာရရှိသွားပြီ ဖြစ်သည်၊ ကောင်းဖန်က စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။ တောင်ပေါ် တွင်ပြီးမြောက်လုပ်မည့်ရည်မှန်းချက်ပန်းတိုင်က အောင်မြင်သွားပြီဖြစ်သည်။

“လာခဲ့, ပြန်ကြစို့”

***

အပိုင်း၁၉၈ တားမြစ်မှော်ကျောက်တုံး (ရေ)

ကောင်းဖန်သည် တောထဲသို့ သူ၏သားရဲငါးကောင်နှင့်အတူ ဝင်လာခဲ့သည်၊ အခုတော့, သူကသားရဲခြောက်ကောင်နှင့်ပြန်ထွက်လာပြီဖြစ်သည်၊

ကောင်းဖန်က သူ့အဖွဲ့နှင့်ဝေး၍ အနောက်ဘက်တွင် ယက်ကန်ယက်ကန်လမ်းလျှောက်နေသောကျောက်ဘဲကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်၊

ဘယ်သူကမှ ၎င်းနှင့်ပတ်သတ်ပြီး သိပ်မတွေးကြပေ၊ နောက်တော့, ဘယ်အရာက အမှန်တကယ်ကျွမ်းကျင်စွာလုပ်နိုင်တာမှန်း ဘယ်သူမှမသိကြပေ။

ကောင်းဖန်တစ်ယောက်တည်းသာ ၎င်း၏စစ်မှန်သောအရည်အချင်းကိုသိသည်၊

ထို့နောက် သူသည်တောထဲ၌အနည်းငယ်ကြာကြာနေခြင်းဖြင့် ပိုမိုအားကောင်းသော သတ္တဝါများနှင့်ရင်ဆိုင်ရနိုင်မလားဆိုတာ သိချင်လာသည်၊ အများကြီးတွေးပြီးနောက်, ကောင်းဖန် ထိုအကြံကိုပယ်ချလိုက်သည်၊

တာ့ဇီနှင့်တခြားသူတွေကဂရုစိုက်ရန်အတွက် အတော်လေးအထောက်အကူဖြစ်နေပြီ ဖြစ်သည်၊ ကောင်းဖန်သည် ရုပ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်နိုင်စွမ်းမရှိဟုတော့ မထင်ပေ၊

သူသွားလေရာနေရာတိုင်းကို ကြီးမားသောသားရဲအဖွဲ့လိုက်အားခေါ်သွားရန် မဖြစ်နိုင် ပေ။

ထိုသို့ဖြစ်ခဲ့လျှင်,မိုင်အကွာအဝေးမှလူများသည် သူနှင့်သူ၏သားရဲအုပ်လိုက်ကြီးသည် ဖုန်မှုန့်အလုံးအရင်းနှင့်လာတာကိုမြင်လျှင်အော်လိမ့်မည်, “အဲ့တာသူဘဲ, သားရဲတွေ အများကြီးနဲ့သူ!သူထပ်လာပြန်ပြီ!”

နောက်ဆုံးသူတို့ယွိကျိုးမြို့အစွန်သို့ရောက်ပြီးနောက်, ကောင်းဖန်သည် နေကာမျက်မှန်နှင့်တရုတ်ရိုးရာဝတ်စုံအစုံလိုက်ကို ဝတ်ဆင်ထားပြီးမြစ်ကမ်းစပ်တွင် ငါးဖမ်းနေသော သူ့အဘိုးကိုတွေ့လိုက်သည်၊ ရေမျက်နှာပြင်တွင် ဂယက်ထနေမှုများကတစ်ခုတည်းပင် မဟုတ်ပေ။

“မင်းပြန်လာပြီ”, သူ့အဘိုးက နေကာမျက်မှန်ကိုချွတ်လိုက်ပြီး ငါးမျှားတံကိုအဝေးမှာ ထားလိုက်ကာပြောလိုက်သည်၊ သူကမတ်တပ်ရပ်လိုက်ပြီး ကောင်းဖန်ကို ပြောလိုက် သည်, “သွားကြစို့၊ ငါမင်းအကြိုက်ဆုံးကြက်စွပ်ပြုတ်ချက်ကျွေးမယ်”

ကောင်းဖန်က ရေထဲတွင်ကူးနေသောငါးဖမ်းခြင်းထဲမှ ငါးနှစ်ကောင်ကိုကြည့်လိုက်သည်၊

“အဘိုးငါးအချို့ဖမ်းထားတာ ကျွန်တော်မြင်တယ်နော်”

“ကောင်းပြီလေ, ငါ့ငါးမျှားစကေးက တိုးတက်လာတယ်” ကျီဟန့်ဝူက ပြုံးကာပြော လိုက်သည်။ သူကကောင်းဖန်၏အဖွဲ့ကိုကြည့်လိုက်တော့ ရုတ်တရက်ကျောက်ဘဲနှင့် အသစ်တိုးမြင့်ထားသောအစင်းလေးကိုတွေ့လိုက်သည်၊

လူကြီး၏အမူအရာက အနည်းငယ်ပြောင်းသွားသည်၊ သို့သော်,သူကဘာမှမပြောပေ။

ကောင်းဖန်ပုခုံးပေါ်တွင်ပျံဝဲနေသော ဆီလီသည် ကျီဟန့်ဝူ၏တိုပြီးခဲရောင်ဖြစ်နေသော ဆံပင်ကိုသတိထားမိသွားပြီး ၎င်း၏မျက်လုံးများက တောက်ပသွားတော့သည်၊ ထိုလူကြီး၏ခေါင်းပေါ်တွင်ထိုင်ရလျှင် အတော်လေးသက်တောင့်သက်သာရှိလောက်သည်ဟု ၎င်းကတွေးမိလိုက်သည်။

သူကဦးထုပ်အဖြစ် ဘယ်သူကိုမှမဝတ်ခဲ့တာကြာပြီဖြစ်သည်၊

ကျီဟန့်ဝူ၏မျက်လုံးများသည်ဆီလီကသူ့ဆီကိုပျံဝဲလာတာမြင်သည်နှင့်သတိပေး လိုက်သည်၊ ဆီလီကလေထဲတွင် တောင့်ခဲသွားပြီးနောက်, လေထဲတွင်စက်ဝိုင်းပုံ ပျံဝဲနေကာ ကောင်းဖန်၏ခေါင်းပေါ်သို့ပလုတ်ခနဲကျသွားတော့သည်။

ကောင်းဖန်က အပေါ်ကိုလက်လှမ်းလိုက်ပြီးနောက် ဆီလီ၏အေးပြီးဆန့်ကျုံ့နိုင်သည့် ပါးလွှာသောခန္ဓာကိုယ်ကိုထိလိုက်သည်၊

“အဘိုး,ဆေးတွေရောင်းတာဘယ်လိုလဲ?” ကောင်းဖန်က ကျီဟန့်ဝူနှင့်အတူ ဘေးချင်းယှဉ်၍လမ်းလျှောက်လာကာ အိမ်ဘက်သို့ပြန်လာတော့သည်။

ကျီဟန့်ဝူက ကောင်းဖန်ကို အကြိမ်အနည်းငယ်လောက်ကြည့်လိုက်သည်၊ သူ့ခန္ဓာကိုယ်ကမဖော်ပြနိုင်သောလေနှင့်အတူ အခုချွေးနံ့ထွက်လာပြီဖြစ်သည်၊ လူအိုကြီးက သူ့ကိုယ်သူပြုံးလိုက်သည်၊ ကောင်းဖန်သည် တောထဲရှိချိန်တွင်သူ့အတွက်ပိုကောင်းအောင်ပြောင်းလဲလာပြီဖြစ်သည်၊

“မဆိုးပါဘူး၊ သွေးဆေးတွေက အတော်လေးရောင်းရတယ်၊ ပြီးခဲ့တဲ့ဆယ့်ငါးရက်အတွင်း သူတို့ထဲကတစ်ရာကျော်ကိုရောင်းပြီးသွားပြီ၊ မြေကြီးဆေးကိုလည်းတစ်ရာကျော်ရောင်းပြီးပြီ၊ အဲ့နှစ်ခုလုံးက ကောင်းမွန်တဲ့သုံးသပ်ချက်တွေရှိတာကြောင့် လာမယ့်ရက်တွေအတွင်းမှာ အဲ့နှစ်မျိုးကို ပိုပြီးရောင်းချနိုင်မယ်လို့ထင်တယ်၊ ရေနံဓာတ်ငွေ့ဆေးကရ ောင်းမကောင်းတာတော့မဟုတ်ပေမယ့်, ဈေးတူတဲ့ တခြားဆေးတွေနဲ့ယှဉ်ရင်တော့ အတော်လေးရောင်းရပါတယ်…”

“ဆေးလေးမျိုးလုံးအတွက်တော့ မူပိုင်ခွင့်လျှောက်ထားပြီးပြီ၊ မင်းအဲ့တာတွေကို ထွင်ခဲ့သူဖြစ်တာကြောင့် သားရဲပျိုးထောင်သူဌာနခွဲက မင်းကိုသားရဲပျိုးထောင်သူ လိုင်စင်ကတ်ပြားကိုလျှောက်ဖို့ဖိတ်ထားတယ်၊ မင်းလျှောက်ချင်လား?” ကျီဟန့်ဝူက မေးလိုက်သည်၊

“ဟင့်အင်း”, ကောင်းဖန်ကပြောလိုက်သည်၊

“ဒါဆိုလည်းကောင်းပြီလေ, ငါသူတို့ကိုအသိပေးလိုက်မယ်” ကျီဟန့်ဝူကရယ်ကာ ပြောလိုက်သည်၊

ညစာစားပြီးနောက်, ကောင်းဖန်က သူ၏သားရဲတစ်ကောင်ချင်းစီတိုင်း၏စွမ်းရည်ကို စစ်ဆေးကြည့်သည်၊ တာ့ဇီသည် အဆင့်အမြင့်ဆုံးသားရဲမဟုတ်တော့ပေ၊ ထိုခေါင်းစီးက အဆင့်၂၆ဖြစ်သည့်ဖလိမ်မီက ပိုင်ဆိုင်သွားပြီဖြစ်ပြီး, ၎င်းသည်ဧကရာဇ်အဆင့်အထိ အရှိန်အဟုန်ဖြင့်ဆက်လက်ကြီးထွားမည်ဖြစ်သည်၊

ဖလိမ်မီ၏အောက်တွင် အဆင့်၂၅ရှိသည့်ဒမ်ဘီ, တာ့ဇီနှင့်အစင်းလေးတို့ဖြစ်သည်၊ ဖလိမ်မီ,ဒမ်ဘီနှင့်အစင်းလေးတို့အားလုံးတွင် ၎င်းတို့၏ထူးခြားသည့်စွမ်းအင်များရှိကြသည်၊ ကိုယ်ပိုင်ထူးခြားသည့်စွမ်းရည်မရှိသည့် တာ့ဇီတစ်ဦးတည်းသာ ယခုအခါတွင် တခြားသုံးယောက်ထက်အားနည်းနေသည်၊

ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်၊ တာ့ဇီက သူ၏ပထမဆုံးကိုယ်ပိုင်သားရဲ ဖြစ်သည်၊ ကောင်းဖန်သည် အခုကစပြီး အဆင့်မြှင့်တင်ရန်အတွက် ကြိုးစားအားထုတ်ရန် အတွက်အာရုံစိုက်ရမည်ဟု သူစဉ်းစားနေချိန်တွင် ၎င်း၏ဦးမျှင်နှစ်ခုကိုအကြိမ် အနည်းငယ်ဖိညှစ်လိုက်သည်၊

ဆီလီသည် အခုတွင်အဆင့်၂၂သာရှိသေးသည်၊ ၎င်းသည်အခြားသူများကဲ့သို့လျင်မြန်စွာ မကြီးထွားနိုင်တော့ဘဲ နေရာလပ်အမျိုးအစားအစားအစာများကိုရရှိရန်အတွက်လည်း ခက်ခဲသောကြောင့်ဖြစ်သည်၊

အဆင့်၁၀ဂိုဒီသည် သားရဲရာထူးအဆင့်ဆင့်တွင်အောက်ဆုံး၌ဖြစ်သည်၊ ကောင်းဖန်က ကျောက်ဘဲကိုရေကန်ထဲတွင် ၎င်း၏ရောင်ပြန်ဟပ်မှုကိုငေးမောနေသည့် ကျောက်ဘဲကိုတစ်ချက်ကြည့်လိုက်သည်၊

ကျောက်ဘဲသည် ကြီးမားသောစွမ်းရည်ရှိသည်၊ ၎င်း၏သန်မာသောအရိုးများနှင့်အသားများသည် ၎င်း၏တုန်လှုပ်မှုမရှိခြင်းစွမ်းရည်ကို ကောင်းမွန်စွာဖြည့်စွက်ပေးသည်၊

ကောင်းဖန်သည် ၎င်းအတွက်ကိုယ်ပိုင်အစီအစဉ်ရှိသည်၊ ဒဏ္ဍာရီလာအဆင့်အထိ သားရဲတစ်ကောင်ကိုမြှင့်တင်ဖို့ကူညီရန် လိုအပ်သောပါဝင်ပစ္စည်းများသည် အလွန်ရှားပါးလှသည်၊ ထို့အပြင်,သားရဲများအဆင့်မြင့်လေ ပါဝင်ပစ္စည်းပို၍လိုအပ်လေဖြစ်သည်၊

ကျောက်ဘဲသည် အခုတွင်အဆင့်၁၀, သာမန်အဆင့်အတန်းသားရဲတစ်ကောင်သာ ဖြစ်သည်၊

အကယ်၍သူ့ကိုဒဏ္ဍာရီလာအဆင့် သို့မဟုတ် မြင့်အောင်မြှင့်တင်ပေးဖို့ကူညီပေးနိုင် လောက်လား?

သူသည်ကျောက်ဘဲကို ဒဏ္ဍာရီလာအဆင့်သို့ရောက်ရှိစေရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများအားလုံးကို မှတ်သားလိုက်သည်၊ နောက်နေ့ကျရင်သူ့အဘိုးကိုမေးရ မည်၊

ရုတ်တရက်,ကောင်းဖန်သည် ရေကန်မှစူးရှသည့်အော်သံကိုကြားရသည်၊ သူကလှည့်ကြည့်လိုက်တော့ ကျောက်ဘဲသည် ၎င်း၏တောင်ပံများကိုတက်ကြွစွာနှင့် တဖျပ်ဖျပ်နှင့်တစ်ခုခုကိုအလွန်အံ့အားသင့်နေသလိုမျိုး တဖျပ်ဖျပ်နှင့်တောင်ပံခတ်နေတာကိုမြင်လိုက်သည်။

…

“အတန်းကနှစ်ရက်နေရင်စမှာ၊ ကျောင်းကိုကားနဲ့လိုက်ပို့ဖို့လိုသေးလား?” ကျီဟန့်ဝူက မေးလိုက်သည်၊ ရေကန်ဘေးတွင် ကောင်းဖန်နှင့်သူက ဖြေးဖြေးမှန်မှန်ပြေးရင်း မေးလိုက်ခြင်းဖြစ်သည်၊

“ဒါကကျောင်းလေးပဲလေ၊ ဇာချဲ့နေစရာမလိုပါဘူးအဘိုးရဲ့” ကောင်းဖန်က ပြောလိုက်သည်၊

“ဒါဆိုလည်းကောင်းပြီလေ၊ စာရင်းသွင်းပြီးသွားရင် ညစာစားဖို့အိမ်ကိုသေချာပြန်လာနော်၊ အဘိုးအိမ်မှာစောင့်နေမယ်” ကျီဟန့်ဝူက ပြောလိုက်သည်၊ တက္ကသိုလ်တက်ခြင်းသည် ဒီနေ့ခေတ်လူတို့၏ဘဝတွင် အရေးကြီးတော့သည်တော့မဟုတ်ပါ၊ သို့သော်, သူ့မြေးသည် စာရင်သွင်းကျောင်းအပ်ရန်အတွက် အမြဲမျှော်လင့်ထားမှန်းသူသိသည်၊

ကျီဟန့်ဝူသည် အချို့သောအရာများက တစ်စုံတစ်ယောက်၏မျှော်လင့်ချက်နှင့် မကိုက်ညီမှန်းသိသည်၊ ကောင်းဖန်သည် သဘောပေါက်လာစေရန်အတွက် သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသားဘဝကိုတွေ့ကြုံရမည်ဖြစ်သည်၊

“စကားမစပ်, မြေးတောင်းထားတဲ့ပါဝင်ပစ္စည်းတွေအကြောင်းအဘိုးမေးပြီးပြီ၊ သူတို့အချို့ထဲက ခဲသတ္ထု ဒါမှမဟုတ် နှစ်ခုလောက်ရှိတယ်၊ ဒါပြီးရင်, မြေးလိုအပ်တဲ့ အချက်အလက်တွေကို အဘိုးပေးမယ်။”

“ဟုတ်ကဲ့”

မနက်ခင်းပြေးပြီးနောက်, ကောင်းဖန်က ပြန်လာပြီး ရေချိုးလိုက်သည်။ သူ့အဖိုးက မနက်စာပန်းကန်ပြားဘေးမှာစာရွက်တစ်ရွက်ကို စားပွဲပေါ်တင်ပေးလိုက်သည်၊ နို့တစ်ခွက်ထည့်ထားသည့်ဖန်ခွက်၏အောက်တွင် လည်းစာရွက်တစ်ရွက်ရှိသည်၊ “အဘိုးကုမ္ပဏီကိုသွားဖို့လိုနေလို့၊ ဒီမှာမနက်စာနဲ့ မင်းလိုတဲ့အချက်အလက်တွေနော်”

ကောင်းဖန်က သူ့အဘိုး၏မည်းနက်နေသော စာလုံးများကိုကြည့်ကာ ပြုံးလိုက်သည်၊

သူ့မနက်စာစားပြီးနောက်, ကောင်းဖန် စာရွက်အပိုင်းလေးကိုဖွင့်လိုက်ပြီး ဘာရေးထားလည်းဆိုတာဖတ်လိုက်သည်၊ “ရေငုပ်သမားတွေက ရှီဟိုင်းရေကန်အောက်မှာ အမည်မသိတောက်ပတဲ့အရာတစ်ခုကိုရှာတွေ့ခဲ့ပြီး ကြီးမားတဲ့ငါးကြင်းအစုအဝေးကဆွဲငင်လာတဲ့…”

ကောင်းကင်မှရိုက်ယူထားပုံရသည့်ဓာတ်ပုံနှစ်ခုပေါ်တွင် ပုံအချို့ပါရှိပြီး အချို့မှာမှုန်ဝါး နေသည်၊ ကောင်းဖန်သည် ပထမပုံအားမျက်စိကိုမှေးကာကြည့်လိုက်တော့, စာကြောင်းလိုင်းများက သူ၏မျက်လုံးထဲတွင်ပေါ်လာသည်။

[ပစ္စည်းအမည်] - တားမြစ်မှော်ကျောက်တုံး (ရေ)

“ဒါဘဲ”, ကောင်းဖန်က အသက်ပြင်းပြင်းရှူမိသွားရသည်။

***

အပိုင်း၁၉၉ တံခါးနက်ရှင်အဖွဲ့

ရှီဟိုင်းရေကန်သည် ဟွားရှားဒေသရှိ ရှီဟိုင်းပြည်နယ်တွင်တည်ရှိသည်၊

၎င်းသည် ထိုဒေသရှိအကြီးဆုံးရေငန်အိုင်လည်းဖြစ်သည်၊ တာ့ထုန်တောင်, ရီယွဲ့တောင်နှင့် တောင်ပိုင်းရှီဟိုင်းတောင်တို့ဝန်းရံထားပြီး ဟွားရှားဒေသ၏အနောက်မြောက်ဘက်တွင် နေထားတကျနေရာယူထားသော ချင်းထန်မြို့ပတ်ဝန်းကျင်နယ်မြေဘက်တွင် တည်ရှိသည်၊

ကောင်းဖန်က ထိုအရာတွေကိုအားလုံးသိသည်၊ ကပ်ဆိုးကြီးမတိုင်ခင်ငါးကြင်း အမျိုးအစားအချို့သည် ရေကန်တွေထဲတွင် နေထိုင်ခဲ့ကြောင်းသူသိသည်၊

ကပ်ဆိုးကြီးပြီးနောက်ငါးများသည် ရေကန်၏ကြီးဆိုးသူများဖြစ်လာသည်အထိ လျင်မြန်စွာတိုးပွားလာခဲ့သည်၊

ထိုငါးများသည် ကုန်းနေရေနေငါးကြင်း,တောင်ပံပါငါးကြင်း, ခရမ်းရောင်ကျောပြင် ငါးကြင်းနှင့်ဧရာမငါးကြင်းဟူ၍ တခြားမျိုးစိတ်များအဖြစ်သို့တဖြည်းဖြည်းပြောင်းလဲ သွားသည်များလည်းရှိသည်၊

ငါးကြင်းများ၏ ထိုကဲ့သို့ကွဲပြားသောအမျိုးအစားများအားလုံးသည် ၎င်းတို့၏ကိုယ်ပိုင် တိုးမြင့်ပြောင်းလဲမှုနည်းလမ်းများက တခြားသူများထက်သာလွန်ကြောင်း သက်သေပြရန်စဉ်ဆက်မပြတ်ရုန်းကန်နေကြသည်၊

တားမြစ်မှော်ကျောက်တုံးသည် ကျောက်ဘဲကိုဒဏ္ဍာရီလာအဆင့်အတန်းသို့ရောက်ရန်နှင့် ကြောက်မက်ဖွယ်ကျောက်ဘဲအဖြစ်သို့တိုးမြင့်ရန်အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းဖြစ်သည်၊

ကျောက်ဘဲအတွက်လိုအပ်သောတခြားသောပါဝင်ပစ္စည်းများသည် ရှားပါးသော်လည်း ဈေးကွက်တွင်တော့ရှာဖွေနိုင်သည်၊ တားမြစ်မှော်ကျောက်တုံးသည် ရှာဖွေရန်အတွက် အရမ်းခက်ခဲသည်၊ ဒါပေမယ့်ကံကြမ္မာက ကောင်းဖန်ဘက်တွင်ရှိနေပုံရသည်၊

တားမြစ်မှော်ကျောက်တုံးအမျိုးအစားများအားလုံးရှိသည်၊ သီအိုရီအရ, တည်ရှိနေသောဒြပ်စင်များကို ၎င်းတို့ထဲတွင်ထိန်းချုပ်ထားနိုင်သည်၊၊

ဒြပ်စင်တစ်ခု၏တားမြစ်ထားသောမှော်ကျောက်တုံးသည် တူညီသောဒြပ်စင်၏ အရာဝတ္ထုနှင့်တခြားဒြပ်စင်များအပြင် အခြားဒြပ်စင်များကိုလည်း အတိုင်းအတာတစ်ခု အထိတွန်းလှန်နိုင်မည်ဖြစ်သည်၊

သူ့မှာအဲ့တာရှိကိုရှိရမယ်!

ကောင်းဖန် သူ့နှုတ်ခမ်းကိုသပ်လိုက်သည်၊ ၎င်းကဒဏ္ဍာရီလာအဆင့်ထိရောက်လျှင်, ကျောက်ဘဲသည် သားရဲ၏ဒုတိယအကျိုးသက်ရောက်မှုနှိုးထလာမည်ဖြစ်သည်၊

ထိုအချိန်မှာပင်, ဖုန်းကမြည်လာတော့သည်၊ သူ့အဘိုးကဆက်တာဖြစ်သည်၊

“အဲ့တာမင်းလိုတဲ့ပါဝင်ပစ္စည်းလား?”

“အာ,အဲ့တာဟုတ်တယ်၊ ကျေးဇူးပါအဘိုး” ကောင်းဖန်က ခေါင်းညိတ်ကာပြောလိုက် သည်၊

“ဒါဆိုကောင်းတာပေါ့၊ အဘိုးတစ်‌ယောက်ယောက်ကိုယူဖို့အတွက် လွှတ်လိုက်မယ်၊ မင်းက အိမ်မှာဘဲနေလိုက်တော့နော်” သူ့အဘိုးကဖုန်းမချခင်ပြောသွားလိုက်သေး သည်၊

ထိုအချိန်မှာပင်, ကောင်းဖန်တစ်စုံတစ်ခုကိုသက်တောင့်သက်သာမဖြစ်သလို ခံစားလိုက်ရသည်၊

(…မသိ…)

တစ်ခါတစ်ရံ ကောင်းဖန်သည် သူနှင့်တူသောအရာများကိုရှာဖွေနေသောအခြားသူများကိုလည်း သတိထားရသည်၊ အကယ်၍သူကအလုံအလောက်ဂရုစိုက်မှုမရှိရင်, များစွာသောလူများ၏ဒေါသထွက်ခြင်းကို ခံရမည်ဖြစ်သည်၊

ဒါဆိုသူဘာလို့ဒါအတွက်နဲ့အရမ်းစိတ်လှုပ်ရှားနေတာလဲ?

…

ထောင်ချီနေသောလူများက ရှီဟိုင်းရေကန်၏ဘေးတွင် မညီညာသောအဖွဲ့များဖြင့် စုရုံးနေကြသည်၊အဖွဲ့ကြီးများတွင်၁၀ယောက်ထက်ပိုပြီး အဖွဲ့ငယ်များတွင်နှစ်ယောက်, သုံးယောက်လောက်သာပါသည်၊

ရှီဟိုင်းရေကန်သည် အတော်လေးကျယ်ပြန့်သည်၊ ကပ်ဆိုးကြီးမတိုင်ခင်တုန်းက, ၎င်း၏အကျယ်အဝန်းသည် စတုရန်းပတ်လည်၁,၇၀၀ရှိပြီး ထိုက်ရေကန်၏နှစ်ဆလောက်ရှိသည်၊

ကပ်ဆိုးကြီးပြီးသွားတဲ့နောက်, ရှီဟိုင်းရေကန်၏မျက်နှာပြင်ဧရိယာသည် အတော်လေး ကျယ်ပြန့်လာတာဖြစ်သည်၊ ၎င်းကယခုဆိုလျှင် ပင်လယ်လောက်တောင်ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သည်၊

ရေကန်၏စိမ်းပြာရောင်မျက်နှာပြင်ပေါ်တွင် ညင်သာသည့်လေညင်းလေးက တိုက်ခိုက်သွားတာကြောင့် လှိုင်းဂယက်ကလေးများပေါ်လာတော့သည်၊

“ချန်းလောင်အာ? မင်းကဆေးဝါးဖော်စပ်တဲ့အလုပ်ထဲမှာမလား? မင်းဒီမှာဘာလုပ် နေတာလဲ?” အနီရောင်ဆံပင်နှင့်မိန်းမကြီးတစ်ယောက်က ရေကန်ဘေးတွင်ရပ်နေသည်၊ သားရေဂျက်ကတ်ကိုဝတ်ဆင်ထားပြီး, သူမ၏နှုတ်ခမ်းပေါ်တွင်အပြုံးတစ်ခုဖြင့် စီးကရက်ကိုတည်ငြိမ်စွာသောက်လိုက်ပြီး, သူမ၏မျက်လုံးများကိုတော့ဓားရှည် တစ်ချောင်းလိုဖြစ်အောင်ပိတ်လိုက်သည်၊

“ထားလိုက်တော့”, သိပ်မဝေးသောနေရာတွင်ရှိနေသည့်လူကြီးက ရိုးရိုးတန်းတန်းဖြင့် သူမကိုလက်ယမ်းပြလိုက်သည်၊ သူကဆံပင်တိုတိုနှင့်နှုတ်ခမ်းမွှေးပါးပါးဖြင့် ကြည့်ကောင်းသောလူကြီးဖြစ်သည်၊ “ဒီမှာလူတွေအားလုံးကတူတူတွေဘဲ၊ တစ်ယောက်အချိန်တစ်ယောက်မဖြုန်းကြပါနဲ့”

ဆံပင်နီနှင့်အမျိုးသမီးကရယ်လိုက်ကာ သာမန်ကာလျှံကာဖြင့် စီးကရက်ကိုမြေပြင်ပေါ်သို့ ပစ်လိုက်ပြီးနောက်, သူမဒေါက်ဖိနပ်၏ဒေါက်ခွာဖြင့်၎င်းပေါ်သို့ဖိလိုက်သည်၊

“အခုအကုန်လုံးဒီကိုရောက်သင့်နေပြီနော်” သူမကပြောလိုက်သည်။ ကုန်တင်ကားကြီး တစ်စီးသည် လမ်းဘေးတွင်ရပ်သွားပြီး လူနှစ်ယောက်က ကားပေါ်မှခုန်ဆင်းလာကြသည်၊ သူတို့ထဲကတစ်ယောက်က, အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရကာ အနက်ရောင်လက်တို ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည်၊ သူ၏လက်မောင်းရှိနဂါးတက်တူးက နားရွက်အခြေထိ ရောက်နေသည်၊ ထိုလူကိုကောင်းဟန်ဟုခေါ်ပြီး သူကတံခါးနက်ရှင်အကြေးခွံဌာနခွဲ အဖွဲ့၏ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ကြီးတစ်ခုလုံး၏ကိုယ်စားလှယ်လည်းဖြစ်သည်။

“တံခါးနက်ရှင်အဖွဲ့က ရှီဟိုင်းရေကန်ထဲက စိတ်ရှုပ်စရာကောင်းတဲ့ငါးတွေကို ရှင်းပေးရင်မဟာမိတ်ဒေါ်လာသန်းသုံးရာနဲ့ ကွန်မန်ဒါအဆင့်သားရဲ ကျောက်သလင်းကိုသုံးခုကိုပေးမယ်။ ဒီအရာကိုရနိုင်တဲ့ပါဝင်ကြိုးစားအားထုတ်ခဲ့တဲ့ သူ/သူမအတွက်ကို လျော်ကြေးပေးမယ်” ကောင်းဟန်က အေးစက်စွာဖြင့်ပြောလိုက်သည်၊

ထိုလူပြောတဲ့စကားကိုကြားတော့ လူတိုင်း၏မျက်လုံးများက တောက်ပလာကြတော့ သည်၊

ထိုအခိုက်အတန့်တွင်လူတိုင်း၏စိတ်ထဲ၌ ဘယ်လိုဘဲဖြစ်ဖြစ်ထိုစိတ်ရှုပ်စရာကောင်းတဲ့ ရေကန်ထဲရှိငါးတွေကို ဈေးအလွန်တန်ဖိုးကြီးပေးကာဝယ်ယူခြင်းအား ဘယ်သူကမှ သံသယမဝင်ကြပေ။

သို့သော်, ဘာအတွက်သုံးမယ်မှန်းမသိပေမယ့်,အထူးသဖြင့်ဓာတ်ခွဲခန်းကမပိုင်သော ထိုရေကန်အောက်ခြေရှိကျောက်စရစ်ခဲများထက်ပင် ထိုအရာတွေကတန်ဖိုးနည်းသည်။

မဟာမိတ်ဒေါ်သာသန်းသုံးရာနှင့်ကွန်မန်ဒါအဆင့်ကျောက်သလင်းသုံးခုသည် ထိုသူများအတွက်တော့ အလွန်ကြီးမားသောကိန်းဂဏန်းပင်ဖြစ်သည်၊

၎င်းကရေကန်ထဲမှရှားပါး၍အဖိုးတန်သောအရာဝတ္ထုတစ်ခုကို ပြန်၍ရယူရန်အတွက် သူတို့သည်ငွေအမြောက်အများပေးဆောင်ရန်သာ လိုအပ်သောကြောင့် ၎င်းသည် တံခါးနက်ရှင်အဖွဲ့အတွက်အလွန်အကျိုးအမြတ်ရှိသော သဘောတူညီချက်တစ်ခုဖြစ်သည်၊

တံခါးနက်ရှင်အဖွဲ့အခြေစိုက်ရာချင်းထန်မြို့အနီးတွင် ထိုအရာအားတွေ့ရှိတာဖြစ်သောကြောင့်သူတို့ရမှဖြစ်သည်၊

ရှီဟိုင်းရေကန်၏အရှေ့မြောက်အရပ်တွင်,ကြီးမားသောလှိုင်းလုံးကြီးများသည် မျက်နှာပြင်ပေါ်တွင်ဖောင်းပွလာသည်၊ ကြီးမားသောငါးကဲ့သို့ပုံရိပ်မည်းများသည် ရေကန်ထဲမှကူးခတ်လာသည်ကိုတွေ့လိုက်ရသည်။

“ဘုရားရေ, ဒီလိုဟာတွေကအဲ့ထဲမှာဘယ်လောက်တောက်လဲဟ?” သင်္ဘောကုန်းပတ်ပေါ်တွင် ထိုအနက်ရောင်ရေဝဲလိုမျိုးစုပြုံနေသည့်အရာကို သားရဲလေ့ကျင့်သူတစ်ယောက်ကကြည့်ကာ ပြောလိုက်သည်၊

“ရေကန်ထဲမှာ ငါးကြင်းတွေအစုလိုက်အပြုံလိုက်ပြန့်ပွားနေတာဘဲ!” သူ့ဘေးမှတစ်ယောက်က ပြောလိုက်သည်၊ ရှီဟိုင်းရေကန်တွင်ငါးကြင်းအများအပြား နေထိုင်ကြောင်းကို သူတို့အမြဲသိနေခဲ့သည်၊ ငါးကြင်းများပေါက်ခြင်းသည် ဘယ်လောက်တောင်မှဆိုးရွားသည်ကိုခုအချိန်အထိမသိခဲ့ကြပေ။

ရေထဲတွင်အနက်ရောင်အရိပ်များသည် လျှံတက်လာပြီးရေကန်တစ်ခုလုံး မဲမှောင်သွားတော့သည်၊ တစ်ခါတစ်ရံတွင် ငါးကြင်းကြီးတစ်ကောင်သည်ရေထဲမှခုန်တက်လာတာကြောင့် များပြားသောရေများစင်မှုနှင့်အတူကန်ထဲသို့ပြန်ငုပ်မသွားမှီ လှေကိုလည်း တိုက်သွားသေးသည်၊

“မေ့လိုက်တော့, ပြန်လှည့်ကြစို့၊ ဆုကိုရဖို့ရေကန်အောက်ခြေထဲကနေ ဆွဲထုတ်နိုင်တောင်မှ အဲ့တာကအသက်ရှင်အောင်လုပ်နိုင်မှာမဟုတ်ဘူး… တစ်ခုတည်းသော နည်းလမ်းကတော့ ပျံသန်းအမျိုးအစားသားရဲနဲ့ဘဲဖြစ်နိုင်မယ်”

“ငါတော့ ပျံသန်းအမျိုးအစားသားရဲတွေကလည်း သိပ်ပြီးအသုံးမဝင်လောက်ဘူးလို့ ထင်တယ်” သားရဲလေ့ကျင့်သူတစ်ယောက်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်၊ ထို့နောက်သူကအဝေးတွင်ရှိသော ရီယွဲ့တောင်ကို ညွှန်ပြလိုက်သည်၊

ရီယွဲ့တောင်တွင် တောင်ထိပ်နှစ်ခုရှိသည်၊ ဘယ်ဘက်ရှိတောင်ထိပ်သည် ယင်ကိုကိုယ်စားပြုပြီး ညာဘက်ကတောင်ထိပ်သည်ယန်ကိုကိုယ်စားပြုသည်၊

ရီယွဲ့တောင်သည် တကယ်တန်းတွင် တိဗက်နယ်မြေဘက်သို့ဖြတ်ဝင်ခြင်းဖြစ်သည်၊ ၎င်းကိုတခြားနာမည်များအဖြစ်, “ရှီဟိုင်းလွှာတွန့်မျက်နှာပြင်” နှင့် “မြက်ခင်းပြင်သို့ တံခါးများ”ဟူ၍လည်းသိကြသည်၊ မုတ်သုံဒေသနှင့်မုတ်သံမဟုတ်သောဒေသများကြား တွင်နယ်နိမိတ်ချင်းထိစပ်နေသောဟွမ်တုနှင့် တီဗက်တန်ကုန်ပြင်မြင့်အကြားတွင်လည်း တည်ရှိသည်၊ မွေးမြူရေးနယ်ပယ်ဒေသသည် တောင်၏တစ်ဖက်တွင်တည်ရှိပြီး စိုက်ပျိုးရေးနယ်ပယ်ဒေသသည် တခြားတစ်ဖက်တွင်တည်ရှိသည်၊

နှစ်ပေါင်းများစွာတစ်လျှောက်တွင် နာမည်များစွာရရှိခဲ့သောတောင်သည် ကပ်ဆိုးကြီးပြီးနောက်တွင် ပို၍နက်နဲသိမ့်မွေ့သောလျှို့ဝှက်ဆန်းကြယ်သည့်လေထုကို ရရှိခဲ့သည်၊

ရုတ်တရက်,အမွှေးအနက်ရောင်ငှက်အုပ်တစ်အုပ်သည် ရီယွဲ့တောင်မှခုန်ဆင်းလာသည်၊ ရှေ့ဆုံးတွင်ရှိသောငှက်သည် ခရီးသည်တင်လေယာဉ်နှင့်တူသည်၊ ၎င်း၏အတောင်အဆုံးဘက်တွင်အဖြူရောင်ဖြစ်ပြီး, နောက်တစ်ဖက်အဆုံးတွင် အနက်ရောင်ဖြစ်သည်၊ ၎င်း၏မျက်လုံးများကရွှေနီရောင်တောက်ပြီးစူးရှနေသည်၊

“ဒါကရီယွဲ့တောင်ရဲ့ရွှေငန်းဘုရင်ဘဲ!” လှေပေါ်ကတစ်ယောက်က ကြီးမားသောငှက်ကို သတိထားမိသွားပြီးအော်လိုက်သည်၊ “ချီး, ခုဘဲဒီနေရာကနေထွက်သွားရအောင်, ဘယ်လောက်ဘဲမဟာမိတ်ဒေါ်လာသန်းသုံးရာဖြစ်နေပါစေ, ငါ့လည်ပင်းတော့ အဆုံးရှုံးမခံနိုင်ဘူး။”

***

အပိုင်း၂၀၀ အစီအစဉ်အတိုင်းပဲ

အရှေ့တွင်ပျံသန်းနေသည့်ရွှေငန်းဘုရင်သည် ရုတ်တရက်လှည့်လိုက်ပြီး သူ၏အတောင်များဖြင့် နောက်ဘက်ရှိငန်းတစ်ကောင်ကိုရိုက်လိုက်သည်၊ သင်္ဘောပေါ်မှ လူများသည်ထိုငန်းအရှိန်လျော့သွားတာကိုမြင်လိုက်ပြီး ငန်းအုပ်လိုက်သည်သူတို့ကိုယ် သူတို့သင့်လျော်သည့် Vပုံစံအဖြစ်ပြန်၍ပြင်ဆင်ကြသည်၊

အခြားသင်္ဘောပေါ်ရှိသားရဲလေ့ကျင့်သူများသည် ရီယွဲ့တောင်ရှိအာဏာရှိသူအုပ်လိုက်က ရေကန်ဆီသို့ပျံသန်းလာတာကို တွေ့လိုက်ကြသည်၊

ရွှေငန်းအုပ်လိုက်သည် ချင်းထန်မြို့တွင် အတော်လေးဆိုးသောဂုဏ်သတင်းရှိကြသည်၊ ၎င်းတို့ကဆိုးရွားစွာဒေါသကြီးလာကြတာကြောင့် ၎င်းတို့၏ဆင့်ကဲဖြစ်စဉ်တွင် ဘာတွေမှန်းသွားမှန်း ဘယ်သူမှမသိကြပေ၊ထိုငှက်များသည် တစ်စုံတစ်ယောက်က အနည်းငယ်လေးစိတ်ဆိုးသွားအောင်ပြုလုပ်မိတာနှင့် ၎င်းတို့ကတိုက်ခိုက်ကြတာဖြစ်သည်၊ ထို့အပြင်၎င်းတို့ကမြေပြင်ပေါ်တွင် သူတို့ကိုစိတ်ဆိုးစေသည့်အာရုံတစ်ခုခုတွေ့မိလျှင် အတောလေးစူးစမ်းချင်လာသည့်ငှက်အမျိုးအစားဖြစ်သည်၊ ထိုငှက်တွေ၏ စိတ်ဝင်စားမှုပျောက်ကွယ်သွားတဲ့အထိ ရေကန်ထဲမှာပုန်းနေလျှင်တောင် ၎င်းတို့ထံမှ ထွက်မပြေးနိုင်ပေ။

ကောင်းဟန်က ထိုသတ္တဝါများရောက်ရှိလာခြင်းနှင့်ပတ်သတ်ပြီး စိတ်ညစ်နေပုံမပေါ်ပေ၊ ထိုအစား,သူကအတော်လေးပျော်ရွှင်နေပုံရသည်၊ ဆိုလိုသည်မှာ ရေကန်အောက်ခြေတွင်ရှိသောဘယ်အရာမဆို အတော်လေးတန်ဖိုးကြီးလှသည်။

ဘယ်သားရဲလေ့ကျင့်သူမဆိုကောင်းဟန်ပေးသောဆုကြေးငွေသည် သူ့အတွက်ပြန်ရတော့မည်က သူ့စိတ်ထဲတွင်ဖြတ်ပြေးနေတော့သည်၊ သူတို့ထဲကအချို့က ဒီရိုင်းဆိုင်းသောသတ္တဝါများအတွက်ဗျူဟာနှင့်ပတ်သတ်သည့်စဉ်းစားမှုများသည် ပို၍ကောက်ကျစ်နိုင်သည်၊

လူသားများ၏တီထွင်မှုသည် အစွမ်းထက်ဆုံးအရာတစ်ခုဖြစ်သည်၊

ကောင်းဟန်သည် သူ့မုတ်ဆိတ်ကိုပွတ်သတ်လိုက်သည်၊ အရာအားလုံးကသူ့လက်ထဲ မှာလို့ခံစားနေရသည်၊

သေးငယ်သောခရမ်းကျောပြင်နှင့်ငါးကြင်းသည် ရွှေရောင်ငါးဆူးတောင်များဖြင့် တားမြစ်မှော်ကျောက်တုံးဘေးတွင် ကူးလူးနေပြီး၎င်းက တစ်မူထူးခြားသောခံစားမှုကို ပေးစွမ်းနေသည်၊ ၎င်းကကံကြမ္မာဘဲလို့၎င်းကတွေးလိုက်သည်၊

၎င်း၏မိခင်သည် ထူးဆန်းသောအသီးကိုမျိုချခြင်းကြောင့် အလွန်အစွမ်းထက်ကြောင်း သူကြားသည်၊ သူမက များပြားသောအရေအတွက်ရှိသည့် ခရမ်းကျောပြင်ငါးကြင်းများကို မွေးဖွားပေးခဲ့သည်၊ ငါလည်းအမေ့လိုမျိုးစွမ်းအားမြင့်တဲ့ကလေးတွေမွေးချင်တယ်! ငါးကလေးကတွေးလိုက်သည်၊

သိပ်မဝေးသည့်အကွာအဝေးတွင် ပေ၃၀ရှည်သည့်ခရမ်းကျောပြင်ငါးကြင်းနှစ်ကောင်၏ ကြီးမားသည့်ပုံရိပ်တွေကို သတိထားမိသည်။

“အကြီးကောင်,နောက်ဆုတ်၊ ဒါငါတို့ပိုင်နက်” သူတို့ထဲမှတစ်ကောင်က သတိပေးလိုက် သည်၊

ပေသုံးရာအကွာတွင် ကြီးမားသောငါးကြင်းတစ်ကောင်က ကူးခတ်နေသည်၊ ၎င်းထံမှ အသံအက်အက်ထွက်ပေါ်လာသည်၊ “ဘယ်သူကနောက်ဆုတ်ဖို့ပြောတာလဲ? မင်းလျှာကိုသတိထား, မဟုတ်ရင်မင်းတစ်ကိုယ်လုံးမျိုပစ်မှာ”

စကားပြောသည့်ခရမ်းကျောပြင်ငါးသည် အားစိုက်ကာကြီးမားသည့်ငါးကြင်းကိုကြည့် လိုက်သည်။ ထို့နောက်၎င်းကကြီးမားသောငါးကြင်းကောင်၏အငယ်ကောင်ဖြစ်သည်ကို သတိထားမိသောအခါခိုက်ခိုက်တုန်သွားတော့သည်၊

ရှီဟိုင်းရေကန်တွင်နေထိုင်သော ငါးကြင်းမျိုးနွယ်စုတိုင်းတွင်၎င်းတို့၏ ခေါင်းဆောင် တစ်ဦးစီရှိကြသည်၊ မျိုးနွယ်စုတစ်ခုစီကိုများစွာသောအခွဲများဖြင့်ထားရာ, အလှည့်ကျလက်ထောက်ခေါင်းဆောင်တွေမှ အုပ်ချုပ်သည်။

ဘာလို့ အကြီးဆုံးငါးကြင်းအောက်က လက်ထောက်ခေါင်းဆောင်က ဒီလမ်းကြောင်း အတိုင်းလာတာလဲ?

ခရမ်းကျောပြင်ငါးကြင်းသည် “ဒီထပ်ပိုပြီးအနားမကပ်နဲ့၊ ငါတို့နောက်ကခေါင်းဆောင်မှာ အချစ်ဆုံးသမီးလေးပါတယ်၊ အကယ်၍မင်းတို့ဆူးတောင်တွေနဲ့သူမကိုထိကြည့် ငါတို့ဘုရင်ကအရမ်းဒေါသထွက်လိမ့်မယ်၊”

ငါးကြင်းကြီးသည် တားမြစ်မှော်ကျောက်တုံးဘေးတွင်ကူးခတ်နေသော ခရမ်းကျောပြင်ငါးကြင်းလေးကို ရယ်မောကာကြည့်လိုက်သည်၊

ဒီငါးကြင်းပေါက်စကဘာဖြစ်နေနေ ဂရုမစိုက်ဘူး၊ ကျားသားပေါက်ကိုစားခြင်းရဲ့ အကျိုးဆက်ကို ဝက်ဝံကဂရုစိုက်ပြီး ကြောက်နေမယ်ထင်နေလား?

သေချာပေါက်မဖြစ်ဘူးပေါ့။

အခွင့်အရေးရရင်ကျားကလည်း ဝက်ဝံရဲ့ကလေးကိုအလားတူဘဲပြုမူလိမ့်မည်၊ သားရဲများအားလုံးသည် အသက်ရှင်ကျန်ရစ်ဖို့အတွက်အံကိုက်ဖြစ်သည့်ရိုးရှင်းသော တွေးခေါ်နိုင်စွမ်းဖြင့်သာမောင်းနှင်နေသည်။

“ပြေး!” ခရမ်းကျောပြင်ငါးကြင်းတစ်ကောင်ကအော်လိုက်သည်၊ သူတို့အရှေ့တွင်ရှိသော ကြီးမားသည့်ငါးကြင်းသည်ယခုတွင် သူတို့ဆီသို့ပြေးလာပြီဖြစ်သည်၊

“ခရမ်းကျောပြင်ငါးကြင်းခေါင်းဆောင်က အမျိုးအစားအများအပြားကိုသတ်ဖြတ် ခဲ့ပြီးပြီ၊ ဒီနေ့မှာ သူ့သမီးရဲ့သွေးနဲ့သူကျူးလွန်တဲ့အမှားတွေအတွက် ငါကပေးဆပ်ခိုင်းပြမယ်!” ကြီးမားသောငါးကြင်းက ခရမ်းကျောပြင်ငါးကြင်းလေးအား ၎င်း၏ပါးစပ်ကို ဖွင့်ကာချွန်ထက်သည့်သွားများကိုလှစ်ပြလိုက်သည်၊

တချို့သောခရမ်းကျောပြင်ငါးကြင်းများသည် ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေတော့ သည်၊ သို့ထိတိုင်, ၎င်းတို့သည်၎င်းတို့နောက်ကွယ်မှ ခရမ်းကျောပြင်ငါးကြင်းလေးကို အော်ဟစ်နေစဉ်မှာဘဲ ကြီးမားသောငါးကြင်းကြီးတစ်ဝိုက်တွင် ၎င်းတို့၏ဖွဲ့စည်းထားပုံကိုတော့ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

မကြာမီတွင်ရေအောက်ဝဲတစ်ခုအတွင်းတွင်ပိတ်မိတော့မည့် ငါးကြင်းကြီးဘေးတွင် ရေစီးကြောင်းများကစီးဆင်းနေသည်၊

“မင်းကမျက်စိနောက်စရာဘဲ! မင်းရဲ့ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်တွေကအကုန်မှား နေတာ!!!” ကြီးမားသောငါးကြင်းကြီးက အော်လိုက်သည်၊ ထို့နောက်,ရေအများအပြားကိုမြိုချလိုက်ပြီး, ၎င်း၏ပါးဟပ်နှင့်ကြွက်သားများသည် အပြင်းအထန်ပြန့်ကားလာတော့သည်၊

၎င်း၏ကြွက်သားများသည် လှိုင်းလုံးကြီးများကဲ့သို့တအိအိလှုပ်လာသည်၊ ၎င်း၏သွေးကြောများသည် ၎င်း၏အရေပြားအောက်တွင် တီကောင်များကဲ့သို့တွန့်လိမ်နေသည်၊

“ရက်စက်ကြမ်းတမ်းတဲ့ခွန်အားက ဒီကမ္ဘာမှာအရေးကြီးဆုံးအရာဘဲ!” ၎င်းကအော်ဟစ် လိုက်သည်၊ ၎င်း၏မိုးခြိမ်းသံလိုအော်ဟစ်သံသည် ရေဝဲ၏ပထမဆုံးအလွှာကို ကျိုးပျက် သွားစေသည်!

ထို့နောက်ကြီးမားသောငါးကြင်းသည် ၎င်း၏အမြီးကိုလွှဲယမ်းလိုက်ပြီး ကျန်ရှိနေသော ရေဝဲ၏အလွှာများကိုထိုးဖောက်လိုက်သည်၊ အနက်ရောင်အရိပ်တစ်ခုသည် ခရမ်းကျောပြင်ငါးကြင်းကိုလွှမ်းမိုးသွားပြီး ကြောက်စိတ်များလွှမ်းသွားစေသည်၊

ခရမ်းကျောပြင်ငါးကြင်းလေး ထွက်ပြေးတာကိုတွေ့ပြီးနောက်, ကြီးမားသောငါးကြင်းကြီးသည် ၎င်း၏ကြီးမားသောခေါင်းကိုငုံ့လိုက်ပြီး တားမြစ်မှော်ကျောက်တုံးဆီသို့ တဟုန်ထိုးပြေးတော့သည်၊

တားမြစ်မှော်ကျောက်တုံးသည် အခြားအရာဝတ္ထုများနှင့်တူညီသည့်ဒြပ်စင်ကို ကိုယ်တိုင်တွန်းလှန်နိုင်သည်၊ တားမြစ်မှော်ကျောက်တုံး၏ပင်ကိုစွမ်းရည်သည် ရေဒြပ်စင်ဖြစ်သောကြောင့် ၎င်းသည် ပတ်လည်ရှိရေအားလုံးကိုတွန်းလှန်ပြီး ရေကန်၏ အောက်ခြေရှိခြောက်သွေ့သောနေရာတွင် ပိုင်းဖြတ်လိုက်သည်၊

သို့သော်ကြီးမားသောငါးကြင်းကြီးသည် ဒြပ်စင်များ၏စွမ်းအားထက် ၎င်း၏ကြွက်သားများအပေါ်တွင် ပိုပြီးမှီခိုလာသည်၊ တားမြစ်မှော်ကျောက်တုံးသည် ၎င်းအပေါ်တွင် နည်းနည်းမျှသက်ရောက်ခြင်းရှိမည်မဟုတ်ပေ၊

ငါးကြင်းကြီးသည် မှော်ကျောက်တုံးကိုမျိုချလိုက်ပြီးချက်ချင်းပင် ဖြစ်ပွားရာနေရာမှ ထွက်ခွာသွားသည်၊

တားမြစ်မှော်ကျောက်တုံးသည် ငါးကြင်း၏ပါးစပ်ထဲသို့ရောက်သွားသောအခါတွင် ရေကန်သည်မှောင်မဲလာတော့သည်၊

ရွှေငန်းဘုရင်က အော်ဟစ်လိုက်ပြီးလေထဲတွင်စက်ဝိုင်းပုံစံလှည့်ပတ်နေသည်၊ ရေကန်အောက်ရှိတောက်ပနေသောကျောက်တုံးက ပျောက်ကွယ်သွားတော့သည်၊

၎င်းကသူ့အတောင်များကိုဆွဲနုတ်လိုက်သည်၊ တဖြည်းဖြည်း, လေကစ၍၎င်း၏ ဘေးတွင်စုပြုံလာတော့သည်၊ နောက်တစ်စက္ကန့်မှာပင်, ၎င်းကချွန်ထက်သော ဘရိတ်ဓားများကဲ့သို့ကောင်းကင်ထက်မှထိုးဆင်းလာကာ အသံတစ်ခုဖြင့်ပေါက်ကွဲစေသည်၊

ဘုန်း!

ပေသုံးဆယ်မြင့်သောရေများသည် လေထဲသို့မြောက်တက်လာတော့သည်၊

လှိုင်းဂယက်များသည်ငှက်၏ဝင်ရောက်ရာနေရာမှရေကန်မျက်နှာပြင်ကိုဖြတ်၍ စတင်ထွက်ပေါ်လာသည်။

ထွက်ပြေးလာသောငါးကြင်းကြီးသည် တစ်စုံတစ်ယောက်ကဓားနှင့်ထိုးသလိုမျိုး သူ့နောက်ကျောမှစူးရှနာကျင်မှုကိုရုတ်တရက်ခံစားလိုက်ရသည်၊ ရေကန်ထဲတွင် နာကျင်စွာတွန့်လိမ်နေတော့သည်။

ကြီးမားသောငါးကြင်း၏နောက်ကျောတွင် နက်ရှိုင်းသောဒဏ်ရာရှိနေပြီး သွေးများက ဒလဟောစီးကျနေသည်။

ထို့နောက်, ကြီးမားသောငါးကြင်းသည် ရေကန်၏အနက်ပိုင်းတွင် ပျောက်ကွယ်သွားတော့သည်၊

ကမ်းစပ်ပေါ်တွင်,ကောင်းဟန်ကဒ ေါသထွက်နေတော့သည်၊ “ချီးနဲ့မှဘဲ, အဲ့တာ ဘယ်မှာလဲ? ဘယ်မှာလဲ?!”

“အကိုကောင်း, ကျွန်တော်တော့ ငါးကြင်းကြီးကမျိုသွားပြီလို့ထင်တယ်နော်”

“အဲ့သွေးထွက်နေတဲ့ငါးကဘယ်မှာလဲ?!”

“…အဲ့တာမရှိတော့ဘူး”

“မင်းကဒီမှာဘာကြောင့်ရပ်နေတာလဲ? အဲ့ငါးကိုဖမ်းကြလေ!”

ကြီးမားသောငါးကြင်း၏လက်ထောက်ခေါင်းဆောင်သည် မျိုးစိတ်အုပ်စုကြီးတစ်ခု အဖြစ်ပေါင်းစပ်နိုင်ခဲ့သည်၊ မှော်ကျောက်တုံးကို ဘယ်သူကမျိုချလိုက်သည်ကို သူ,မပြောနိုင်ပေ။

လက်ထောက်ခေါင်းဆောင်သည် တိတ်တဆိတ်ဖြင့် တခြားသောကြီးမားသည့်ငါးကြင်း နားသို့ချဉ်းကပ်လိုက်သည်၊ သူတို့နှစ်ကောင်က ပါးစပ်ကိုဖိကပ်လိုက်ကြသည်၊

တခြားသောကြီးမားသည့်ငါးကြင်းသည် ဒီအဖြစ်အပျက်ကြောင့်အံ့ဩနေတော့သည်၊

လက်ထောက်ခေါင်းဆောင်သည် ‘ပါးစပ်ချင်းပါးစပ်ချင်းထိကပ်မှု’ကိုပြုလုပ်ပြီးနောက် အခြားသောငါးကြင်းကြီးသည်တစ်ဖက်စွန်းမှထွက်လာကာငါးအုပ်ကိုဖြတ်ပြီးနောက် ကူးခတ်သွားတော့သည်၊ ထို့နောက်, မှောင်မဲနေသောရေကန်အောက်တွင် ပျောက်ကွယ်သွားတော့သည်၊

နာရီဝက်လောက်ကြာပြီးနောက်, လက်ထောက်ခေါင်းဆောင်၏ခေါင်းသည် တုန်ခါလာတော့သည်၊ ၎င်း၏အမြင်ကဝေဝါးလာတော့သည်၊ ၎င်းနောက်ကျော၏နာကျင်မှုက အတော်လေးကိုညှင်းဆဲနေသည်! ၎င်းက ငါးကြင်းကိုဓားတစ်ချောင်းဖြင့်ထိုးလိုက် သလိုပင်ဖြစ်နေသည်၊

ရှီဟိုင်းရေကန်၏ကမ်းစပ်တွင် ယခုအခါ၌ရုန်းရင်းဆန်ခတ်ဖြစ်နေပြီဖြစ်သည်၊ လူတိုင်းသည်ရေကန်အခြေမှ ဆုလဒ်ကိုရယူရန် မိမိတို့ဘာသာပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်သည်၊ သို့ပေမယ့်, ၎င်းကရုတ်တရက်ကြီးပျောက်ကွယ်သွားတော့သည်၊

“အဲ့တာသေချာပေါက်လက်ထောင်ခေါင်းဆောင်ငါးကြင်းမျိုသွားတာဘဲ၊ စိတ်မပူပါနဲ့, အကိုကောင်း, ကျွန်တော်တို့အကို့အတွက်အဲ့ငါးကိုဖမ်းပေးပါ့မယ်,” ကောင်းဟန်၏လက်အောက်က တစ်ယောက်ကသူ့ရင်ဘတ်ကိုကော့ကာ ပြောလိုက်သည်၊

ရေကန်၏တစ်ဖက်ခြမ်းတွင်တော့, ကြီးမားသောငါးကြင်းသည် ရုတ်တရက်ရေထဲမှ ပေါ်ထွက်လာသည်၊ တိမ်ကွက်ပုံစံအင်္ကျီမျိုးဝတ်ထားသောလူနှစ်ယောက်က ကန်စပ်နားတွင်ရပ်နေကြသည်၊ “အဲ့တာကိုသွားယူလိုက်”, သူတို့ထဲမှတစ်ယောက်က ပြောလိုက်သည်၊ “ပြီးတော့,နံပါတ်သုံး, နောက်တစ်ကြိမ်မင်းဒီလိုဟာတွေကို ထိန်းချုပ်မယ်ဆိုရင်, မင်းရဲ့ဒရမ်မာတွေကိုနည်းနည်းလျော့ဦး၊ မင်းရဲ့သုံးပြီးသားစကားတွေကို နားထောင်ရတာငါရှက်တယ်”

“ဟဲ” ဆံပင်နီတိုတိုနှင့်ကောင်လေးက ပြုံးဖြဲဖြဲလုပ်လိုက်သည်၊

ကြီးမားသောငါးကြင်း၏သူငယ်အိမ်သည် ကျိုးနွံမှုဖြင့်ပြူးကျယ်နေကာ ၎င်း၏ပါးစပ်ကို ဖွင့်လိုက်သည်၊ အပြာရောင်အလင်းက ၎င်း၏ပါးစပ်အတွင်းမှဖြာထွက်နေသည်၊

တစ်ယောက်ချက်ချင်းပင်အပြာရောင်ကျောက်တုံးကို ငါး၏ပါးစပ်ထဲမှယူလိုက်ပြီး သေတ္တာထဲသို့ထည့်လိုက်သည်၊

အပြာရောင်အလင်းသည် သေတ္တာပိတ်လိုက်သည်နှင့်ပျောက်ကွယ်သွားတော့သည်၊

“သွားကြစို့၊ ဒီကလူတွေကြိုက်သလောက်ကျောက်တုံးကိုရှာနေပါစေ” သူတို့ထဲက တစ်ယောက်ကပြောလိုက်ပြီး ရေကန်တစ်ဖက်ခြမ်းမှနစ်နာသွားသောလူအုပ်ကြီးကို ကြည့်လိုက်သည်၊ သူတို့ကတိမ်တိုက်ငှက်များ၏နောက်ကျောပေါ်တွင် သူတို့၏ လုံခြုံရေးခါးပတ်များကိုပတ်ထားသည်၊

အင်အားပြည့်ဝစွာဖြင့် ၎င်းတို့၏အတောင်များကိုခတ်ကာ တိမ်တိုက်ငှက်များသည်, လေထဲသို့ပျံသန်းသွားတော့သည်၊ မကြာခင်တွင်,၎င်းတို့၏ပုံရိပ်ကကောင်းကင်ထဲ၌ မှေးမှိန်သွားတော့သည်။

***

All Chapters