← Chapters

အခန်း (၂၀၁-၂၀၄)

Vol. 13 Ch. 201-204

အခန်း (၂၀၁-၂၀၄)

Vol. 13 Ch. 201-204

အပိုင်း၂၀၁ ငါသန်တော့သန်မာလာပါတယ်၊ ဒါပေမယ့်…

ကျီဟန့်ဝူက အိမ်ရောက်တော့ စိတ်ရွှင်နေသည်၊ ရေကန်ဘေးတွင် သူရဲ့ကိုယ်ပိုင်သားရဲတွေကို လေ့ကျင့်ပေးနေတဲ့ကောင်းဖန်ကိုကြည့်လိုက်သည်၊ သူကနှစ်ကြိမ်ချောင်းဆိုးလိုက်ပြီး ကောင်းဖန်ဆီသို့လျှောက်သွားလိုက်သည်၊

“ရှောင်ဖန်, အဘိုးက ဘာအံ့ဩစေတဲ့အရာရလာလဲဆိုတာမှန်းကြည့်စမ်း?” ကျီဟန့်ဝူက လျှို့ဝှက်သောအပြုံးဖြင့်ပြောလိုက်သည်။

ကောင်းဖန်က နှစ်စက္ကန့်လောက်တွေးပြီးနောက်ပြောလိုက်သည်၊ “တားမြစ်မှော်ကျောက်တုံး?”

ကျီဟန့်ဝူရပ်တန့်သွားသည်၊

ငါဒီကလေးကိုဘာမှမပြောသင့်ဘူးဆိုတာသိလိုက်သင့်တယ်! ဘာလို့ကိုယ့်အဘိုးကို ခဏလောက်မပျော်ရွှင်ခိုင်းရတာလဲ!

ကောင်းဖန်က တိတ်တဆိတ်ရယ်နေတာကိုသူကမြင်တော့ ကောင်းဖန်ခေါင်းကို မပျော်ရွှင်စွာနှင့်ရိုက်လိုက်သည်၊

ဘယ်လိုတောင်ဆိုးတဲ့ကောင်လေးလဲ။

“အဘိုးမလုပ်နိုင်တာမရှိဘူးဆိုတာ ကျွန်တော်သိတယ်လေ” ကောင်းဖန်ကသူ့အဘိုးကို ပြုံးပြလိုက်ပြီးလက်မထောင်ပြလိုက်သည်၊

“ဟားဟား”ကျီဟန့်ဝူက ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး, “မင်းလိုချင်တဲ့ဟာကို လာကြည့်ဦး” ကျီဟန့်ဝူက သူ့နောက်တွင်ဖွက်ထားသောအနက်ရောင်အိတ်ကို ကောင်းဖန်အားပေးလိုက်သည်၊

ကောင်းဖန်က အိတ်ကိုယူလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် သေတ္တာကိုဖွင့်ကြည့်လိုက်သည်၊

အညိုရောင်သေတ္တာက သစ်သားတစ်မျိုးမျိုးဖြင့်ပြုလုပ်ထားပုံရသည်။ ကျောက်စိမ်းလိုမျိုးနွေးနေသလိုခံစားရပြီး သစ်သားအနံ့လေးကိုလည်းရနေသေးသည်၊

ကျောက်ဘဲ၏ဆင့်ကဲဖြစ်စဉ်အတွက်လိုအပ်သောအခြားပစ္စည်းများကိုအစောပိုင်း ရက်အနည်းငယ်လောက်ကစုဆောင်ပြီးဖြစ်ကာဓာတ်ခွဲခန်း၏အအေးခန်းထဲတွင် ထည့်ထားသည်။

ကျောက်ဘဲ၏ဆင့်ကဲမြင့်တင်ခြင်းကိုစဉ်းစားနေရင်း ကောင်းဖန်ဒီတိုင်းထိုင်မနေနိုင် တော့ပေ၊ သူကရေကန်ထဲတွင်ရေကူးနေသော ကျောက်ဘဲကို ချက်ချင်းခေါ်လိုက်သည်၊

ရေကန်ထဲရှိကျောက်ဘဲက ကောင်းဖန်အော်သံကိုကြားသည်နှင့် လျင်မြန်စွာထပျံတော့သည်၊ တစ်ချိန်တည်းမှာပင် ၎င်းက တဂတ်ဂတ်ဖြင့် ဆူညံသံကိုလည်းပြုလုပ်နေသေးသည်။

ဖလိမ်မီက ထိုအခွင့်အရေးကိုအရယူကာ ဘာသာပြန်ပေးလိုက်သည်၊ “ဘဲကပြောတယ်, မင်းနောက်ဆုံးတော့ ငါ့ကိုမေးပြီပေါ့တဲ့ ငါ….”

“ပိတ်စမ်း” ကောင်းဖန်ကဖလိမ်မီ၏နှုတ်သီးကို ဖိချလိုက်သည်၊ “ငါအခုမင်းဘာသာပြန် ပေးတာမလိုအပ်သေးဘူး”

“အဘိုး,ကျွန်တော်ဒီကျောက်ဘဲရဲ့အဆင့်ကို တိုးမြင့်ပေးဖို့ပြင်ဆင်နေတယ်၊ အဘိုးလာပြီး ကြည့်ချင်လား?” ကောင်းဖန်က သူ့အဘိုးကိုပြုံးကာ ပြောလိုက်သည်၊

သူ့အရည်အချင်းတွေကို တခြားလူတွေဆီထုတ်ပြဖို့အဆင်မပြေပေမယ့် သူ့ဆွေမျိုးကို ပြန်ပြီးမျှဝေတာကတော့ အဆင်ပြေသည်၊

ကျီဟန့်ဝူ၏အမူအရာက အလွန်စိတ်ဝင်စားနေကြောင်းပြသနေသည်၊ “သွားစို့, မင်းဒီဘဲရဲ့အဆင့်အတန်းကို ဘယ်လိုမြှင့်မလဲဆိုတာ အဘိုးကြည့်ချင်တယ်”

ကျောက်ဘဲသည် ဓာတ်ခွဲခန်းထဲတွင်ရပ်နေသည်၊ ဓာတ်ခွဲခန်းအတွင်းမှာရှိတဲ့အရာ အားလုံးကိုစိတ်ဝင်စားနေသည်၊

နောက်ဆုံးစမ်းသပ်မှုမှစပြီးကျီဟန့်ဝူသည် ကောင်းဖန်ဓာတ်ခွဲခန်းအတွက် ထောက်ပံ့ငွေအချို့ကိုခွဲဝေပေးခဲ့သည်၊

အစကတော့ ကောင်းဖန်ရဲ့ဝါသနာတစ်ခုလို့သူထင်ခဲ့သည်၊ သို့သော်ကောင်းဖန်၏ စွမ်းရည်ကိုသိရှိပြီးအခါတွင် သူသည်ကုမ္ပဏီ၏အရင်းအမြစ်များကို ထောက်ပံ့ငွေအဖြစ် အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်၊ တိကျသည့်ပမာဏထဲမှလေးပုံတစ်ပုံကို ဓာတ်ခွဲခန်းအား ထောက်ပံ့ငွေအဖြစ်ပေးမည်၊ သေချာပေါက်တော့,ကောင်းဖန်နှင့်ကျီဟန့်ဝူကဘဲ တိကျသောပမာဏကိုသိသည်၊

သားရဲတစ်ကောင်၏အဆင့်အတန်းကို ဆုံးဖြတ်ရန်အတွက်လည်း ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်များကို ကောင်းဖန်၏ဓာတ်ခွဲခန်းထဲတွင် ထားထားသည်၊

ကောင်းဖန်က သူ့လက်ဗွေရာထည့်ပြီးရေဒါဖတ်ရန် လက်ချောင်းကိုဖိလိုက်သည်၊ သူက ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်အပိုင်းအစနှစ်ခုကို အံဆွဲထဲမှထုတ်လိုက်ပြီး ကျောက်ဘဲ၏အဆင့်အတန်းကို စစ်ကြည့်လိုက်သည်၊

ကျောက်ဘဲ၏သွေးတစ်စက်သည် ဝိဉာဉ်ကျောက်တုံးပေါ်တွင် ကျသွားပြီးကျောက်ဘဲက အနက်ရောင်ကျောက်တုံးကိုစူးစိုက်ကြည့်နေသည်၊

ချက်ချင်းပင်, ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်၌ခရမ်းရောင်အလင်းတန်းပေါ် လာသည်၊

ကျီဟန့်ဝူက အနည်းငယ်အံ့ဩသွားသည်၊ ထူးဆန်းသောအသွင်ရှိသည့်ကျောက်ဘဲကို သူမကြည့်ဘဲမနေနိုင်တော့ပေ၊ ထူးခြားအဆင့်အတန်းသားရဲဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ?

ထို့နောက်ကျီဟန့်ဝူက တစ်ခုခုကိုတွေးမိသွားသည်၊ ၎င်းကလက်ရှိထင်ရှားခြင်းအဆင့် အတန်းသားရဲဖြစ်သည်၊ ရှောင်ဖန်က ၎င်း၏အဆင့်အတန်းကိုမြှင့်တင်ချင်သည်၊ ဆိုလိုတာက ဒဏ္ဍာရီလာအဆင့်အတန်းကိုတိုးမြှင့်မယ်လို့ဆိုလိုတာလား?

ကျီဟန့်ဝူ အလွန်အံ့အားသင့်နေတော့သည်။ ဒဏ္ဍာရီလာအဆင့်အတန်းထိ အောင်မြင်စွာတိုးမြင့်ပေးဖူးသူတစ်ယောက်၏ သာဓကအကြောင်းကို တစ်ခါမှမကြားခဲ့ဖူးပေ။

သေချာပေါက်တော့, အောင်မြင်စွာမထုတ်နိုင်သေးသော ကိစ္စများရှိမလားဆိုတာတော့ သူမသေချာပေ၊ ဘယ်လိုဘဲဖြစ်ဖြစ်,ကျီဟန့်ဝူသည် သူ၏ကိုယ်ပိုင်အဆက်အသွယ်များထဲတွင်တော့ ထိုကဲ့သို့အောင်မြင်သည့်ကိစ္စရပ်မျိုးကို တစ်ခါမှမကြားဖူးပေ။

ထိုအချိန်မှာပင်, သူကကောင်းဖန်၏လက်တွေ့စမ်းသပ်နေမှုကို စူးစိုက်စွာဖြင့်ကြည့်နေ လိုက်သည်၊ သေချာတာပေါ့, သူမြေးရဲ့ဝါသနာကို သူကပံ့ပိုးပေးရမယ်လေ။

ကျီဟန့်ဝူက လက်မထောင်ပြလိုက်ပြီး ကောင်းဖန်၏ပုခုံးကိုပုတ်လိုက်သည်၊ “ကံကောင်းပါစေကွာ၊ အဘိုးက မင်းအောင်မြင်မယ်လို့ယုံကြည်တယ်”

ကောင်းဖန်ကရယ်လိုက်သည်၊ “ကျွန်တော်လည်းအောင်မြင်မယ်လို့ယုံကြည်ပါတယ်”

ထို့နောက်,ကောင်းဖန် စ၍ဓာတ်ပစ္စည်းများကိုပြင်ဆင်တော့သည်၊ ကောင်းဖန်သည် အနည်းငယ်သောပုံမှန်ဓာတ်ပစ္စည်းများကိုရောလိုက်ပြီး အပူပေးလိုက်သည်၊ ထို့နောက်,အောင်မြင်စွာရောစပ်ပြီးသော ဓာတ်ပစ္စည်းကိုသူ့ဘေးရှိစင်ပေါ်တွင် တင်ထားလိုက်သည်၊ ကောင်းဖန်၏အမူအရာက အလေးအနက်ဖြစ်နေသည်။

ကျီဟန့်ဝူက သူ့မြေးသည်အရမ်းကိုအလေးအနက်ဖြစ်နေတာကိုတွေ့ရတော့ စိတ်ဝင်စားနေတော့သည်၊

၎င်းက အရွယ်ရောက်ပြီးသားလူ၏ကြီးလွန်းတဲ့အဝတ်အစားတွေကို ကလေးတစ်ယောက်က ဝတ်ဖို့ကြိုးစားနေသလိုမျိုး မြင်နေရသလိုဖြစ်နေတာကြောင့် ရယ်မိတော့သည်၊

ဓာတ်ပစ္စည်းများကိုရောစပ်ခြင်းသည်မြန်သောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်, အရာအားလုံးသည်မိနစ်၂၀ထက်မပိုပေ။

ကောင်းဖန်သည် သူ့နှဖူးမှချွေးများကိုသုတ်လိုက်ပြီး သူ့မျက်နှာကတော့အလွန်အမင်း‌ လေးနက်ကာတည်ငြိမ်နေသည်၊

အခြားပစ္စည်းများကို သုံးစွဲနိုင်သော်လည်း တားမြစ်မှော်ကျောက်တုံးကတော့ တစ်ခုသာ ရှိသည်၊ သူကျရှုံးဖို့အတွက်မဖြစ်နိုင်ပါ။

ကျီဟန့်ဝူ၏အပြုံးက ကောင်းဖန်၏အလေးအနက်အမူအရာကိုမြင်တော့ မှိန်ဖျော့သွားတော့သည်၊ ကောင်းဖန်က စမ်းသပ်မှုကိုစိတ်အားထက်သန်စွာဖြင့်ပြုလုပ်နေသည်ကို သူသတိပြုမိသည်။

ကိုယ့်အလုပ်အပေါ်ကိုအာရုံစူးစိုက်နိုင်တဲ့လူတွေက လေးစားစရာကောင်းသည်။

နောက်ဆုံးအဆင့်မှာ တားမြစ်မှော်ကျောက်တုံးကို အရောအနှောထဲသို့ထည့်လိုက်သည်၊ ရေခဲပြာရောင် တားမြစ်မှော်ကျောက်တုံးသည် အရောအနှောထဲသို့မြုပ်သွားသည်နှင့်အရောင်လည်း မှိန်သွားတော့သည်၊ နောက်ဆုံး,ကျောက်တုံးကစ၍ ပြောင်းလဲသွားတော့သည်၊

အစပိုင်းအစိမ်းရောင်ရှိသောဓာတ်ပစ္စည်းသည် အသစ်အဖြစ်သို့ပြောင်းသွားသည်၊ ၎င်းကယခုတွင်သမုဒ္ဒရာအပြာရောင်ဖြစ်နေပြီဖြစ်သည်။

ကောင်းဖန်က သူ့လက်ကိုဓာတ်ပစ္စည်းထဲသို့ ထည့်လိုက်သည်၊ ၎င်းကသူ့လိုသည့် အတိုင်းပျစ်နေသောအခါတွင်မှ, သူကကျောက်ဘဲကိုခေါ်လိုက်သည်။

၎င်း၏ပါးစပ်ထဲတွင်ရော်ဘာပြားလေးရှိသည်၊ ၎င်းကကောင်းဖန်ဆီသို့ယက်ကန်ယက်ကန်ဖြင့် လျှောက်လာပြီး, ကောင်းဖန်က ၎င်းပါးစပ်ထဲမှထိုရော်ဘာဘဲလေးကိုဆွဲထုတ် လိုက်သည်။ ကျောက်ဘဲက ရုတ်တရက်စိုးရိမ်သွားတော့သည်၊ “ငါ့ဟာ,ငါ့ဟာ”

ကောင်းဖန်က သူ့လက်ကိုညွှန်ပြလိုက်ပြီး ၎င်းကိုနူးညံ့စွာဖြင့်လှုပ်ယမ်းလိုက်သည်, “ဒါကိုသောက်လိုက်, ဒါဆို ဒီဘဲကမင်းရဲ့ဟာပဲ။”

ကျောက်ဘဲသည် ကောင်းဖန်၏လက်ထဲမှဓာတ်ပစ္စည်းကို မျိုချရန်မစောင့်နိုင်တော့ပေ၊ ၎င်းကဖန်ပုလင်းတစ်ခုလုံးကိုတောင်မှ မျိုချလိုက်သည်၊

“ခဏလေး, ငါကအထဲမှာရှိတဲ့အရည်ကိုဘဲမျိုချခိုင်းတာလေ၊ ငါမင်းကိုဖန်ပုလင်းတစ်ခု လုံးမျိုချဖို့ပြောတာမဟုတ်ဘူး” ကောင်းဖန် အံ့အားသင့်မှုသာကျန်နေတော့သည်။

ကျောက်ဘဲသည် ရော်ဘာဘဲလေးကို ကောင်းဖန်၏လက်ထဲမှပြန်ယူလိုက်သည်၊ ၎င်းကဒုတိယခြေလှမ်းမလှမ်းခင်မှာဘဲ, ကြမ်းပြင်ပေါ်သို့မှောက်ကျသွားသည်။

ကျောက်ဘဲသည် ကြမ်းပြင်ပေါ်တွင် စ၍တွန့်လိမ်လာတော့သည်၊ ဆိုလိုသည်က, ၎င်း၏အဝါရောင်အမွှေးများက အရေလဲတော့သည်၊ အဝါရောင်ရောင်အမွှေးတစ်ခုပြီး တစ်ခုကျလာသည်၊ ၎င်း၏နှုတ်သီးက ပြောင်းလဲလာတော့သည်၊ ၎င်းကပို၍တိုလာပြီး ထူလာသည်၊ အဝေးမှကြည့်လျှင်နှုတ်ခမ်းကြီးတစ်ခုလုံးက ဖူးယောင်နီမြန်းနေသလို ဖြစ်နေသည်။

“ဒါကဒဏ္ဍာရီထဲကလိုမျိုး, ငါကထိပ်ပြောင်ပေမယ့် ပိုပြီးခွန်အားကြီးလာတယ်ဆိုတာလား?” ကောင်းဖန်ကသူ့မေးစေ့ကိုထိလိုက်ပြီး ကျောက်ဘဲ၏ပြောင်းလဲမှုမသင်္ကာမှုဖြင့် ကြည့်နေလိုက်သည်။

မိနစ်အနည်းငယ်အတွင်းတွင်, ကျောက်ဘဲ၏အမွှေးများအားလုံးက ကျွတ်ကုန်ပြီး, အဖြူရောင်အသားအရေလေးကိုသာ ချန်ခဲ့တော့သည်။

ဒီကျောက်ဘဲလေးက ဒီလောက်ချစ်စရာကောင်းလာမယ်မှန်း ဘယ်သူကသိမှာလဲ၊ ၎င်း၏အသားအရေက အရမ်းကိုနူးညံ့သွားသည်။

ကောင်းဖန်ကအလွန်အံ့အားသင့်နေတော့သည်၊ သူကလျင်မြန်စွာဘဲဖုန်းကိုထုတ်လိုက်ပြီး လျှို့ဝှက်စွာဖြင့်ဓာတ်ပုံအနည်းငယ်ကိုရိုက်လိုက်သည်၊

သူ့သားရဲကြီးလာသည့်အခါတွင်, ဒီဟာတွေအကုန်လုံးက ၎င်း၏မှောင်မိုက်နေသော အတိတ်ဖြစ်နေတော့မည်ဖြစ်သည်။

နောက်ပိုင်းတွင်,ဖျော့သော,အပြာရောင်သည် ကျောက်ဘဲ၏အဖြူရောင်အရေပြားပေါ်တွင် စ၍ပေါ်လာတော့သည်။

ပိုပြီးများသောစာများသည်အကုန်ပေါ်လာသည်၊ သူတို့က၎င်း၏ပြောင်နေသောခေါင်းပေါ်တွင် ပေါ်လာပြီး, ၎င်း၏အရသာရှိမည့်အသားပြည့်သောရင်ဘတ်နှင့် ၎င်း၏အတောင်ပံများ၌အဆီ, အရေပြားက ပေါ်လာသည်၊

ခဏလေးနေပါဦး, သူဘာတွေကိုအာရုံစိုက်မိနေတာလဲ? ကောင်းဖန်ကသူ့ခေါင်းကို ယမ်းလိုက်သည်၊

သူ ကျောက်ဘဲကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါတွင် ၎င်း၏အရေပြားပေါ်ရှိ အပြာရောင်စာများသည် အသက်ဝင်လာသည်ကိုတွေ့လိုက်ရသည်၊ စာများကအပြာရောင်အလင်းတောက်ပစွာဖြင့်ကောက်ကြောင်းများချိတ်ဆက် သွားတော့သည်။

ကချာ, ကချာ။

အရာဝတ္ထုများတိုက်မိသည့်အသံက ကျောက်ဘဲ၏ခန္ဓာကိုယ်ထဲမှ ကြားလာသည်၊ ၎င်းက သူ၏အရိုးများပေါက်ကွဲသွားခြင်းဖြစ်နိုင်သည်၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိတင်းကြပ်လာပြီး လှပသောလိုင်းများကစ၍ပေါ်လာကာ ၎င်းခန္ဓာကိုယ်ကကြီးလာသည်။

“ဂတ်…” သတိလစ်နေသောကျောက်ဘဲက ညင်သာစွာဖြင့်အသံတိုးတိုးပြုလိုက်သည်။

“သနားစရာကောင်းတဲ့ဘဲလေး, စပြီးသန်မာလာပြန်တော့, အမွှေးတွေကမရှိတော့ပြန် ဘူး” ကောင်းဖန်က သနားစရာကောင်းစွာဖြင့် မြေပြင်ပေါ်တွင်လှဲနေသောကျောက်ဘဲကိုကြည့်လိုက်သည်၊ သူကနိုးလာရင်တော့ သူ့ရဲ့ပြောင်းလဲသွားမှုကိုလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။

“ဘာလို့သူ့အမွှေးတွေအကုန်လုံးပြောင်သွားတာတုန်း?” ဖုန်းပြောဖို့ထွက်သွား သောကျီဟန့်ဝူက အမွှေးပြောင်နေသောဘဲကိုတွေ့သောအခါမေးလိုက်သည်။

“ဒါကပုံမှန်တုန့်ပြန်မှုပါဘဲ” ကောင်းဖန်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

ကျီဟန့်ဝူကအတွေးများဖြင့်ခေါင်းညိတ်လိုက်သည်။

***

အပိုင်း၂၀၂ ကြောက်မက်ဖွယ်ကျောက်ဘဲ

နာရီဝက်အတွင်းတွင် ကျောက်ဘဲ၏အမြင့်သည် ကောင်းဖန်နှင့်တူညီသည့်ဦးခေါင်းအထိ ကြီးထွားလာတာဖြစ်သည်၊

၎င်း၏ခန္ဓာကိုယ်ရှိကြွက်သားများသည် အထူးသဖြင့်ကောင်းမွန်စွာပေါ်လွင်နေသည်၊ ၎င်း၏ရင်ဘတ်နှင့်နောက်ကျောဘက်ကြွက်သားများသည် စူဖောင်းနေသည်၊ အတောင်ပံရှိကြွက်သားများသည် အထူးသိသာမြင်သာလှသည်၊ ၎င်း၏ကြွက်သားများသည် ပေါက်ကွဲထွက်လာတော့မလိုပင် မယုံနိုင်စရာကောင်းလှသည်။

အပြာရောင်အကွက်များက ၎င်း၏ခန္ဓာကိုယ်လက်မချင်းစီတိုင်းကို ဖုံးအုပ်ထားသည်၊ ၎င်းကအသက်ရှုလိုက်တိုင်း,ထိုအပြာရောင်အကွက်များက အသက်ရှိနေသလိုဖြစ်နေ သည်။

“ဆင့်ကဲဖြစ်စဉ်အောင်မြင်ခြင်း”

[မကောင်းဆိုးဝါးအမည်] - ကြောက်မက်ဖွယ်ကျောက်ဘဲ

[မကောင်းဆိုးဝါးအဆင့်အတန်း] - ဒဏ္ဍာရီလာအဆင့်အတန်း

[မကောင်းဆိုးဝါးအဆင့်] - အဆင့်၁၀

[မကောင်းဆိုးဝါးစွမ်းရည်] - ရွှေ

[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(အိပ်မောကျ)

[မကောင်းဆိုးဝါးအားနည်းချက်] : ၁-ထျန်းရှုကျောက်တုံး၏ဆန့်ကျင်ခြင်းဆိုးယုတ်မှုသည် ကျောက်ဘဲကိုပိုပြီးပျက်စီးစေသည်၊ ၂-ကျောက်ဘဲသည်ဒြပ်စင်စွမ်းရည်ကို အသုံးမပြုနိုင်ပေ။

[အံ့ဖွယ်အဆင့်အတန်းသို့တိုးမြှင့်ရန်အတွက်လိုအပ်ချက်များ] : ဆင့်ကဲမြှင့်တင်ခြင်း အကြောင်းနှစ်မျိုး: ၁-အံ့ဖွယ်ခုခံမှုကျောက်ဘဲ,ကြောက်မက်ဖွယ်တောဘဲ။

ဒီတော့ဒဏ္ဍာရီလာအဆင့်ပြီးရင် အံ့ဖွယ်အဆင့်ဖြစ်သည်၊ ကောင်းဖန်က အံ့ဖွယ်အဆင့်သို့တိုးမြှင့်ရန်လိုအပ်သည့်ပစ္စည်းများကိုကြည့်လိုက်ပြီးနောက်, သူ့မျက်လုံးကို ဖြည်းညင်းစွာဖြင့်ပိတ်လိုက်သည်၊ သူကပစ္စည်းထုတ်ကုန်တွေကိုကြည့်ရုံနဲ့တင် ခေါင်းကိုက်လာသည်၊ မြေကြီးကိုဖောက်ဖျက်၍ ၎င်းတို့ကိုရရန်သွားလျှင်တောင် ပြဿနာရှိနိုင်သည်။

ကောင်းဖန်သည် ကျောက်ဘဲအိပ်ပျော်နေသည့်အခွင့်အရေးကိုယူကာ သွေးထုတ်ယူရန် သွေးဖောက်ကိရိယာကိုထုတ်လိုက်သည်၊

သွေးစုဆောင်းမှုကိရိယာဖြင့် ၎င်းထဲသို့တွန်းဖိသွင်းဖို့ကြိုးစားပြီးနောက် ၎င်းကပြန်ကန်ထွက်လာသည်၊ ၎င်းကရာဘာထဲသို့ထိုးသွင်းနေရသလိုခံစားရသည်၊ သူကဘဲ၏အရေပြားထဲကိုအောင်မြင်စွာဖိသွင်းနိုင်ဖို့ အတော်လေးကြိုးစားပြီးထိုးကြည့်လိုက်ရသည်။

သွေးများက ပတ္တမြားလိုမျိုးရဲရဲနီနေပြီး ၎င်းတို့ကိုဖြေးညင်းစွာဖြင့်စုပ်ထုတ်လိုက်သည်၊

ကောင်းဖန်က ထိုသွေးများကိုအနီးကပ်မကြည့်ဘဲမနေနိုင်ပေ၊ ဘာကြောင့်ဖလိမ်မီနဲ့ ကျန်တဲ့သားရဲတွေရဲ့သွေးတွေက ဂိုဒီလိုအဆန်းတကျယ်ဖြစ်မနေတာလဲ?

ကောင်းဖန်သည် ထင်ရှားခြင်းအဆင့်အတန်း ကွန်မန်ဒါအဆင့်မြေကြီးဒိုင်းကာပင့်ကူသည် သေချာသည့်ရှုထောင့်မှကြည့်မည်ဆိုလျှင်, ကြောက်မက်ဖွယ်ကျောက်ဘဲနှင့် တူညီသည့်အမျိုးအစားတွင်ရှိနိုင်သည်ဟု တွေးလိုက်သည်၊ ဘာကြောင့်လဲဆိုတော့, ကြောက်မက်ဖွယ်ကျောက်ဘဲ၏အဆင့်အတန်းသည် ကွန်မန်ဒါအဆင့်သို့တိုးမြင့်လိုက်သည်နှင့် အလိုလျောက် ထင်ရှားခြင်းအဆင့်အတန်းသို့ကျသွားမည်ဖြစ်သည်၊

“ဒါကတော့သိပ်မဟုတ်ဘူး” ကောင်းဖန် မျက်မှောင်ကြုတ်လိုက်သည်၊

သူ့ရဲ့အရင်အတွေ့အကြုံများအရ, ကွန်မန်ဒါအဆင့်သားရဲကိုမြင့်သည့်အဆင့်သို့ တိုးမြှင့်လိုက်လျှင်, ၎င်းတို့ကအလိုလျောက်ကိုအဆင့်အတန်းက အောက်ကျသွားမှာ ဖြစ်သည်၊ သို့သော် အတွေ့အကြုံမရှိသေးသည့်သားရဲများနှင့်ယှဉ်ကြည့်လျှင်, ၎င်းကသူတို့၏မူလအဆင့်သို့ ပြန်လည်ရောက်ရှိရန်ပို၍လွယ်ကူပါသည်။

အဆင့်အတန်းတိုင်းမှာ အထူးအဆင့်သတ်မှတ်ချက်တွေရှိလား? အကယ်၍သားရဲ၏ အဆင့်အတန်းကလျော့ကျသွားရင်တောင်, အရင်ကထိုအဆင့်ထိသို့မရောက်ဖူးသေးသော သားရဲများနှင့်နှိုင်းယှဉ်ကြည့်လျှင် ၎င်းတို့အတွက်ထိုအခြေအနေသို့ပြန်လည်‌ရောက်ရှိရန် လွယ်ကူမည်ဖြစ်သည်။

ကောင်းဖန် သူ၏နားထင်ကိုနှိပ်လိုက်သည်၊ ဒါကတွေအားလုံးကမှန်းဆချက်တွေပါဘဲ၊

ကောင်းဖန်က သွေးကိုဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်ပေါ်သို့ချလိုက်သည်၊ ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်၏အနက်ရှိုင်းဆုံးအပိုင်းတွင် အနီရောင်အဖြစ် စတင်ပြောင်းလဲလာသည်၊ အနီရောင်က ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက် တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်၊ နောက်ဆုံးတော့,ကျောက်တုံးက အနီရောင်အဖြစ်သို့ လွှမ်းမိုးခံလိုက်ရတော့သည်၊ ကျောက်တုံးတစ်ခုလုံးက တောက်ပနေသည်၊

ကောင်းဖန်၏ဘေးတွင်ရပ်နေသော ကျီဟန့်ဝူက ထိုအဖြစ်အပျက်ကိုမြင်လိုက်သည်၊ သူ့မျက်လုံးထဲတွင် အံ့အားသင့်နေမှုများကိုမဖုံးကွယ်နိုင်တော့ပေ။

သူတကယ်ကြီးကိုအောင်မြင်သွားတာဘဲ!

သူ့မြေးကကမ္ဘာပေါ်မှဘယ်သူမှမအောင်မြင်နိုင်သေးတဲ့အရာကို တကယ်ကြီးအောင်မြင် သွားတာဘဲ!

ကျီဟန့်ဝူက သူ့မျက်လုံးကိုမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင်ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်၊ သူကဝိဉာဉ်သလင်းမီးတောင်ထွက် ကျောက်ရှေ့သို့သွားလိုက်ပြီး ကောင်းဖန်ကို အမျိုးမျိုးပြောင်းလဲနေသောစိတ်ခံစားချက်များဖြင့်ကြည့်လိုက်သည်၊

“ ငါတို့ဒီကိစ္စကို အဘိုးနဲ့မင်းကြားမှာလဲသိမ်းထားကြစို့၊ မင်းကအများတကာရှေ့မှာဆိုရင် ဒီဘဲကိုမင်းရလာကတည်းက ဒဏ္ဍာရီလာအဆင့်လို့ပြောရမယ်၊ နားလည်လား?” ကျီဟန့်ဝူက ကောင်းဖန်ကိုတည်ကြည်လေးနက်စွာဖြင့် သတိပေးလိုက်သည်၊

ကောင်းဖန်က အဲ့လောက်တော့တုံးအမနေပါ။ သူ့အောင်မြင်မှုကိုသီးသန့်အောင်ပွဲခံတာက လုံလောက်သည်၊ အကယ်၍ဒီသတင်သားထွက်သွားလျှင် အကျိုးအမြတ်ထက် ဒုက္ခရောက်ဖို့ဘဲဖြစ်လာလိမ့်မည်။

“နားလည်ပါတယ်, အဘိုး”

ကျီဟန့်ဝူက ထိုအကြောင်းကို အကြိမ်ကြိမ်သတိပေးလိုက်သည်။ ကောင်းဖန်က နားလည်ကြောင်းသေချာပြီးမှ နားပူနားဆာလုပ်နေခြင်းမှရပ်လိုက်သည်၊

ကျီဟန့်ဝူက ကောင်းဖန်စကားပြောခါနီးဖြတ်ပြောလိုက်သည်, “ကောင်းပြီ၊ မင်းမှာကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေရှိတယ်ဆိုတာ အဘိုးသိတယ်၊ မင်းအဲ့တာတွေကို ငါနဲ့မျှဝေပေးဖို့မလိုအပ်ပါဘူး၊ ငါလည်းအဲ့တာတွေကြားရဖို့စိတ်ဝင်စားနေမှာမဟုတ်ဘူး၊ ဒီလူအိုကြီးက မင်းကိုသူ့သားရဲတွေမြှင့်တင်ပေးဖို့အတွက်တော့ လက်လွှဲတာဝန် ပေးရမှာဘဲ” ထို့နောက်သူက လက်နှစ်ဖက်ကိုနောက်ကျောဘက်တွင်ပစ်ထားကာ, သီချင်းလေးညည်းရင်းလမ်းလျှောက်ထွက်သွားတော့သည်၊

ဓာတ်ခွဲခန်းမှထွက်သည်နှင့်,ကျီဟန့်ဝူ၏မျက်လုံးများကစ၍စိုစွတ်လာပေမယ့်, သူကမျက်ရည်မကျအောင်ထိန်းလိုက်သည်၊

ချင်းချန်, မင်းဒါကိုကောင်ကင်ပေါ်ကနေမြင်နေရလား? မင်းရဲ့သားကသူ့စွမ်းရည်တွေကို စပြနေပြီဆိုတာမင်းမြင်လား?

အကယ်၍အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်, ငါသေချာပေါက်မင်းရဲ့ ဆုံးဖြတ်ချက်တွေကိုလေးစားခဲ့မှာပါ။

မင်းအေးအေးဆေးဆေးအနားယူလို့ရတယ်၊ ရှောင်ဖန်က မင်းရဲ့သားဘဲ, ဒါ့အပြင်သူက ငါ့မြေးလည်းဖြစ်နေသေးတယ်၊ ငါသေချာပေါက်သူ့ကိုစောင့်ရှောက်မှာပါ၊

ထိုစကားလုံးတွေက သူ့အတွေးတွေနှင့်အတူသက်ပြင်းရှည်ကြီးချကာထွက်လာသည်၊ ၎င်းတို့အားလုံးလေထဲတွင် ပျောက်ဆုံးသွားကြသည်၊

…

အဘိုးထွက်သွားပြီးနောက် ဆယ်မိနစ်အကြာတွင် ကြောက်မက်ဖွယ်ကျောက်ဘဲသည် တဖြည်းဖြည်းချင်းနိုးလာတော့သည်၊

ကြမ်းပြင်ပေါ်ကနေအလျင်အမြန်ထပြီး ဘာဖြစ်နေလဲဆိုတာအဖြေရှာလိုက်သည်၊

ဘာလို့ဒီလောက်တောင်အေးနေတာတုန်း? ကြောက်မက်ဖွယ်ကျောက်ဘဲက အောက်ကိုငုံ့ကြည့်လိုက်တော ့ပြန့်ကျဲနေသောဘဲမွှေးများက ိုကြမ်းပြင်ပေါ်၌မြင်လိုက်ရသည်၊

ဒီအမွှေးတွေကို အတော်လေးရင်းနှီးနေသည်၊ ရင်းနှီးတဲ့အရောင်,ရင်းနှီးတဲ့ပုံစံ။

“မင်းနိုးလာပြီဘဲ” ဘဲက ရင်းနှီးသည့်အသံကိုတစ်ဖက်မှကြားလိုက်ရသည်၊

ကြောက်မက်ဖွယ်ကြောက်ဘဲက လှည့်ကြည့်လိုက်တော့ ပဟေဠိဆန်စွာပြုံးနေသည့် ကောင်းဖန်ကိုမြင်လိုက်ရသည်၊

“ဂတ်?”

“ငါ့အထင် မင်းက ပိုချောလာသလိုဘဲ”

ကံမကောင်းစွာနဲ့ဘဲ,ကျောက်ဘဲသည် တာ့ဇီနှင့်တခြားသူများကဲ့သို့မဟုတ်ပေ။ ၎င်းက ကောင်းဖန်၏ထူးခြားနေသော သရုပ်ဆောင်နေမှုကို သတိမထားမိဘဲဖြစ်နေသည်။

“ငါကအမြဲတမ်းချောနေတာဘဲကို” ကြောက်မက်ဖွယ်ကျောက်ဘဲ သဘာဝကျကျဖြင့် ပြန်ဖြေလိုက်သည်၊ ထို့နောက်၎င်းက သူ၏အတောင်တွေကိုဖြန့်လိုက်ပြီး ခေါင်းပေါ်မှရှိသောအမွှေးတွေကိုသပ်လိုက်သည်၊

သူ့ခေါင်းကိုထိကြည့်တဲ့အခါ,ပြောင်နေသောအသားကြောင့် တစ်ခုခုမှားနေတယ်ဆိုတာ သတိထားမိသွားသည်၊ ဒီထိတွေ့မှုကနည်းနည်းမှားနေသလိုဘဲ။

ကြောက်မက်ဖွယ်ကျောက်ဘဲက သူ့ခေါင်းကိုခါလိုက်ပြီး တံခါးအပြင်ဘက်သို့လျှောက် လာလိုက်သည်။

၎င်းကမှန်ကိုဖြတ်လျှောက်လာပြီးနောက်, မတော်တဆဖြင့် ၎င်း၏ထင်ဟပ်နေမှုကို တွေ့လိုက်ရသည်၊ ၎င်း၏ခန္ဓာကိုယ်က ထူးဆန်းသောအပြာရောင်အကွက်များဖြင့်ဖြစ်နေပြီး ရုပ်ဆိုးသော ခေါင်းပြောင်ပြောင်အကောင်ကိုတွေ့လိုက်ရသည်၊

“ဂတ်,ဂတ်,ဂတ်” ဒီလိုသေချာပေါက်ကိုရုပ်ဆိုးနေတဲ့အကောင်ကိုတခါမှမမြင်ဖူးပါဘူး၊

ကျောက်ဘဲက စ၍အော်ဟစ်ရယ်လိုက်သည်၊ ဘယ်လိုလုပ်ဒီမှာရုပ်ဆိုးတဲ့ဘဲတစ်ကောင် ရှိနေရတာလဲ?

ကျောက်ဘဲ၏ရယ်မောနေမှုက သူလုံးဝမရယ်နိုင်တော့သည်အထိပိုပြီးအားနည်း သထက်အားနည်းလာသည်။

ငါ့အထင်ဒီဘဲရုပ်ဆိုးက….ငါလား?

အေးစက်နေသောလေက ဓာတ်ခွဲခန်းကိုဖြတ်တိုက်သွားပြီး ကျောက်ဘဲ၏ခန္ဓာကိုယ်က ကြက်သီးများထသွားတော့သည်။

“ဂတ်!!!”

…

ကောင်းဖန်ကအရှေ့သို့လျှောက်သွားလိုက်သည်၊ သူ့အနောက်တွင်အမွှေးမဲ့၍ ကောင်းမွန်သောကြွက်သားများရှိသည့်အပြာရောင်ဘဲတစ်ကောင်ရှိနေသည်၊

အမွှေးမဲ့ဘဲက ကောင်းဖန်ထံသို့ရံဖန်ရံခါအပြေးသွားသွားပြီး ကိုက်တတ်သည်၊ သို့သော် ထိုကိုက်ခံရမှု၏သက်ရောက်မှုက တာ့ဇီထံသို့ရောက်သွားသည်၊

အိပ်နေသောတာ့ဇီက ရုတ်တရက်နိုးလာသည်၊ ၎င်းကလျင်မြန်စွာဖြင့်သူ့တွင်းထဲမှ တွားသွားထွက်လာကာဘေးပတ်လည်သို့ကြည့်လိုက်သည်၊ ဘယ်သူတုန်း? ဘယ်ကောင်ငါ့ကိုရိုက်လိုက်တာလဲ။?

“ငါ့ကိုရိုက်တာရပ်လိုက်တော့လို့မင်းကိုပြောပြီးသားနော်။ မင်းခေါင်းပြောင်တာက ငါနဲ့ဘာမှမဆိုင်ဘူးလေ…ဟုတ်တယ်မလား? ကောင်းဖန်ကဂိုဒီကိုချော့ရန်ကြိုးစား လိုက်သည်၊

ဟမ်…ငါ့ခန္ဓာကိုယ်မှာဘာအမွှေးမှကျန်မနေဘူးလေ၊ ဂိုဒီဆိုတဲ့နာမည်နဲ့လိုက်တော့မှာ မဟုတ်ဘူးလေ။

“ဂတ်!” ဂိုဒီကကောင်းဖန်ကိုဒေါသထွက်စွာဖြင့်ပြန်ပြောလိုက်သည်၊

“အိုကေ ကောင်းပြီ၊ မင်းကိုဂိုဒီလို့ဆက်ခေါ်လို့ရတယ်၊ ဒီနာမည်ကမင်းအမွှေးတွေ ရှိနေတုန်းအမှတ်တရအနေနဲ့ဖြစ်လိမ့်မယ်” ကောင်းဖန်ကပြောပြီးနောက် မနေနိုင်မထိုင်နိုင်ရယ်လိုက်သည်၊

သူတို့ကရေကန်ဘေးသို့လာလိုက်ကြသည်၊ လေထဲတွင်ပျံဝဲကာလေ့ကျင့်နေသော ဖလိမ်မီက အမှတ်တမဲ့ဖြင့်ကောင်းဖန်၏နောက်၌လမ်းလျှောက်လာနေသော ဂိုဒီကိုမြင်လိုက်သည်၊

ရေကန်နားတွင် ရုတ်တရက်အလွန်တက်ကြွလာတော့သည်၊

သားရဲအဖွဲ့လိုက်ကဂိုဒီ၏ဘေးသို့အတူတူရောက်လာကြပြီး သူတို့ကတိရစ္ဆာန်ရုံထဲက မျောက်ကိုကြည့်နေသလို စိုက်ကြည့်နေကြသည်၊

ဂိုဒီကမြေပြင်ပေါ်တွင်ဒေါသထွက်စွာဖြင့်ထိုင်နေပြီး , ဘယ်သူ့ကိုမှဘာမှမပြောပေ။

တစ်နာရီကြာပြီးနောက်, ကောင်းဖန်က ဂိုဒီကိုရှုံးနိမ့်သွားသော ခြေနီဝံပုလွေခွေးကို ကြည့်လိုက်သည်၊ ၎င်းကသာမန်အဆင့်သားရဲဖြစ်သည့်အလျှောက် ဂိုဒီသည်အဆင့် ၁၀မြင့်သောသားရဲတစ်ကောင်ကိုတိုက်ခိုက်နေသည့်အတွက် ကောင်းဖန်ကို အံ့ဩစေသည်၊

တိုက်ပွဲ၏နောက်ပိုင်းအခြေအနေက လုံးဝတစ်ဖက်သတ်ဖြစ်နေသည်၊ ခြေနီဝံပုလွေခွေးက ခုခံရန်နည်းလမ်းမရှိပေ၊ တိုက်မိတိုင်းပို၍ကြီးလာသောဆယ့်သုံးပေမြင့်သည့်ဘဲတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါဝံပုလွေခွေး၏ခြေသည်းဖြင့်တိုက်ခိုက်မှုက ဘဲ၏ခန္ဓာကိုယ်ပေါ်တွင်ခြစ်ရာလေးတွေသာ ထင်ကျန်စေသည်၊

တိုက်ပွဲကအချိန်တစ်ဝက်မပြည့်ခင်မှာတင်ပြီးဆုံးသွားသည်၊

အဆုံးမှာတော့, ဝံပုလွေခွေးသည် တအီအီပြုလုပ်ကာလှည့်ပြီး အမြှီးကိုခြေထောက်များ ကြားထဲညှပ်ကာအဝေးသို့ပြေးတော့သည်။

***

အခန်း ၂၀၃ သတင်းပို့ခြင်း

ဂိုဒီတစ်ကောင်သန်မာလာရသည့် အကြောင်းရင်း များစွာရှိသည်။ အဆင့်မြှင့်ပြီးနောက် သန်မာလာခြင်းကြောင့် ဖြစ်နိုင်သလို သူ့တွင် ထူးခြားသော ဝိသေသလက္ခဏာများ ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ နောက်ဆုံးအကြောင်းရင်းကတော့ ဒဏ္ဍာရီအဆင့် (လျှို့ဝှက်စွမ်းအင်)ကို အဆင့်မြှင့်ပြီးနောက် ရရှိလာသော စွမ်းရည်ကြောင့်လည်း ဖြစ်နိုင်သည်။

[လျှို့ဝှက်စွမ်းအင်] - လျှို့ဝှက် နည်းလမ်းများ။ ဓာတ်စွမ်းအင် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ထိုစွမ်းရည်၏ သက်ရောက်မှုသည် အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ် သက်ရောက်မှုရှိသည်။

သက်ရောက်မှု ၁ - ဓာတ်စွမ်းအင် အမျိုးအစားများကို ခံနိုင်ရည် မြင့်မားသည်။ ရေအမျိုးအစားကိုလည်း ခံနိုင်ရည်စွမ်း မြင့်မားသည်။

သက်ရောက်မှု ၂ - လျှို့ဝှက်တိုက်ကွက်များသည် အသုံးပြုသည့်အခါ ယာယီ အစွမ်းပြနိုင်သည်။ ကိုယ်၏ ဘေးတွင် လေဟာနယ် စက်၀န်းတစ်ခု ပေါ်ပေါက်လာပြီး စက်၀န်းအနီးအနားမှ ဓာတ်စွမ်းအင် သက်ရောက်မှုများအားလုံးကို ပယ်ဖျက်နိုင်သည်။ စက်၀န်းအတွင်းတွင်လည်း ပယ်ဖျက်နိုင်သည်။

ကောင်းဖန်နားလည်သလောက် ပထမသက်ရောက်မှုသည် ဂိုဒီ၏ ခံနိုင်ရည်စွမ်းကို မြင့်မားစေသည်။ ဒုတိယသက်ရောက်မှုသည် သူ့ကိုယ်ဘေးတွင် စက်၀န်းတစ်ခုကို ဖြစ်ပေါ်စေသည်။ ဒါဆိုရင် သူက ၀င်လာသမျှစွမ်းအင်တွေကို ပယ်ဖျက်နိုင်တယ်ပေါ့..

သို့သော် အချို့သားရဲများသည် နဂိုထဲက ကိုယ်ထဲတွင် မြင့်မားသော ဓာတ်စွမ်းအင်များ ရှိသောကြောင့် အခြားသော ဓာတ်စွမ်းအင်များကို မှီခိုစရာ မလိုပေ။ လေထုထဲမှ ဓာတ်စွမ်းအင်များသည် သူတို့ စွမ်းအင်ကို တိုးချဲ့ပေးဖို့ ကူညီ‌ရုံလောက်သာ ရှိသည်။

တကယ့် စွမ်းအင်သက်ရောက်မှုကိုတော့ တိုက်ပွဲတွင် အသုံးပြုမှသာ တွေ့မြင်နိုင်ပေသည်။

ကွန်မန်ဒါအဆင့်သားရဲများသည် သူတို့လုပ်နိုင်စွမ်းထက် ကျော်လွန်သော ဓာတ်စွမ်းအင်များကို မထိန်းချုပ်နိုင်ကြချေ။ သူတို့သည် တိုက်ပွဲတွင် သူတို့ကိုယ်တွင်းမှ ကြွက်သားများကိုသာ မှီခိုတိုက်ခိုက်ရသည်။ အနီးကပ်တိုက်ပွဲများတွင်သာ ဓာတ်စွမ်းအင်အနည်းငယ်ကို ထုတ်သုံး၍ ရသည်။

လက်သည်းနီဝုံပုလွေသည် မီးအမျိုးအစား ဖြစ်သည်။ သူသည် သူ၏ လက်သည်းနှင့် ထိတွေ့တိုက်ခိုက်သမျှ အရာအားလုံးကို လောင်ကျွမ်းသွားအောင် လုပ်နိုင်စွမ်း ရှိသည်။

သို့သော် ကောင်းဖန်သည် ဂိုဒီတစ်ကောင်ကို လောင်ကျွမ်းဖူးသည့် အရိပ်အယောင် မမြင်ရချေ။ ဂိုဒီသည် သူ့အပေါ် မီးတိုက်ခိုက်မှု သက်ရောက်ခြင်း ရှိပုံမရချေ။

ဘဲကတုံးက သူတိုက်ခိုက်ခံရလေ ပိုစွမ်းအင်ကြီးလေ ဖြစ်ပြီး ဓာတ်စွမ်းအင် တိုက်ခိုက်မှုကပါ မတိုးတော့‌တာလား..

ကောင်းဖန်က ခေါင်းကို ရမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ၃ ရက် ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကောင်းဖန်သည်လည်း တက္ကသိုလ် စတက်ရတော့မည် ဖြစ်သည်။

…

ယွိကျိုးတက္ကသိုလ်၊ မြို့ထဲကောလိပ် ဌာနခွဲ။

ဌာနခွဲတက္ကသိုလ်ဟု ခေါ်သော်လည်း တကယ်တော့ အဓိကတက္ကသိုလ်ထက်ပင် ကျောင်းသားပိုများလေသည်။

ယွိကျိုးတက္ကသိုလ်၏ ဌာနခွဲများသည် အလွန်ပင် များပြားလှသည်။

ထိုနေ့သည် ယွိကျိုးတက္ကသိုလ်ကျောင်းသားအသစ်များ စတင်စာရင်းသွင်းရသော နှစ်ဖြစ်သည်။

ကြီးမားသော ကျောင်းကားကြီးများသည် ကျောင်းသားသစ်များကို လိုက်ကြိုပြီး ကျောင်း၀င်းအပြင်တွင် ပါကင်ထိုးလိုက်ကြသည်။ ကျောင်းကား တံခါးကြီးများ ပွင့်လာသောအခါ မရေတွက်နိုင်သော ကျောင်းသားများသည် အိတ်များကိုယ်စီနှင့် ထွက်လာကြသည်။

ကျောင်းကားများမှ ထွက်လာကြသော ကျောင်းသားများသည် ယွိကျိုးတက္ကသိုလ်ကို ရင်သပ်ရှုမောစွာ ကြည့်လိုက်ကြသည်။

ကျောင်းကားကြီးများ၏ အောက်ခြေတွင် ထည့်ထားသော ခရီးဆောင်သေတ္တာများကို ကျောင်းသားများအား လက်ဆင့်ကမ်းပေးလိုက်ကြသည်။ ကျောင်းကားများဘေးတွင်တော့ လုပ်အားပေး ၀တ်စုံ၀တ်ထားသော လူကြီးတစ်ယောက်သည် ထီးတစ်ချောင်းဆောင်းလျက် ရေများ လိုက်ဝေပေးနေသည်။ ပတ်၀န်းကျင်သည် အလွန်ပင် သက်၀င်လှုပ်ရှားနေသည်။

ကျောင်းစာသင်နှစ်တစ်ခု စတင်နေပြီ မဟုတ်ပါလား။ စီနီယာများသည်လည်း ကျောင်းကို စောစောလာပြီး ကျောင်းသားသစ်များကို ကြိုဆိုပွဲလုပ်ဖို့ စီစဉ်နေကြသည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲများသည် ရင်ဖိုဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသော တက္ကသိုလ်များ၏ ရိုးရာတစ်ခု ဖြစ်သည်ပင်။

အချို့သော စီနီယာများသည် ချစ်စရာ ဂျူနီယာလေးများကို သေချာရွေးတတ်ကြသေးသည်။ သူတို့သည် အနောက်ကပင် လိုက်ကာ ရောတတ်ကြသည်။ “ဟေး အသစ်လေး.. ‌မင်းက ကျောင်းသူသစ်ဆိုတော့ မသိသေးတာတွေ အများကြီး ရှိဦးမှာပေါ။. ယွိကျိုးတက္ကသိုလ်ကြီးက အကြီးကြီးပဲဆိုတော့ မရင်းနှီးသေးရင် လမ်းပျောက်နေလိမ့်မယ်။ စာရင်းပေးမယ့် နေရာကို လိုက်ပို့ပေးမယ်လေ။”

သူတို့သည် ထိုကဲ့သို့ စကားများလိုက်ပြောပြ မိန်းကလေး ဂျူနီယာလေးများကို လိုက်ကပ်လေ့ ရှိကြသည်။ တချို့ဆိုလျှင် ပြိုင်လိုက်ကြသည်များပင် ရှိသည်။ ဂျူနီယာလေးများ၏ အချစ်ကိုရဖို့ အကောင်းဆုံးကြိုးစားကြသည်။

ထိုသို့ဖြင့် ဂျူနီယာလေးများ၏ အသိအမှတ်ပြုခြင်းကို ခံရသူသည် ရင်ကော့ ခေါင်းမော့သွားကြတော့သည်။

သူတို့သည် ပထမဆုံး နေ့တွင်တော့ မိန်းကလေး ဂျူနီယာများကို ကျောင်းကို ရောက်သည့် အချိန်မှစ၍ စာရင်းသွင်းချိန် ပြီးဆုံးသည်အထိ သူ့ထက်ငါ အပြိုင်ပို့ဆောင်ပေးကြသည်။

တချို့သည် ထိုသို့ လုပ်ပေးကြရင်းဖြင့်ပင် ဖုန်းနံပါတ်ပါ ရလိုက်ကြသေးသည်။

များသောအားဖြင့်တော့ မိန်းကလေး ဂျူနီယာများသည် တော်ရုံတန်ရုံ ထိုကဲ့သို့ ပေးလေ့မရှိပါချေ။ သူတို့၏ ‌တက္ကသိုလ်ဘ၀တစ်လျှောက်လုံး သက်ရောက်မှု ရှိသွားနိုင်သည် မဟုတ်ပါလား။

“ဟယ်လို ဂျူနီယာလေး” စာရင်းသွင်းတာ ကူညီပေးရမလား?” စီနီယာတစ်ချို့သည် အမည်းရောင် ဆံပင်နှင့် မိန်းကလေး‌တစ်ယောက် အမည်းရောင် ၂ ထပ် အင်္ကျီလေး၀တ်ကာ ဘောင်းဘီရှည်လေး ၀တ်ထားသော မိန်းကလေးကို တွေ့သောအခါ ‌အပြေးအလွှား မိတ်ဆက်လိုက်ကြသည်။

သူတို့ အနားရောက်သွားသောအခါ မိန်းကလေး၏သွင်ပြင်ကို ပို၍ပင် နီးကပ်စွာ မြင်လိုက်ရသည်။ သူမသည် အေးစက်စွာနှင့် အလွန်ပင် လှပသည်။

“သားရဲလေ့ကျင့်သူ ဌာနအတွက် ဘယ်မှာ စာရင်းသွင်းရမလဲရှင့်” ထိုမိန်းကလေးက သူ့ဘေးနားမှ သူများကို မေးလိုက်သည်။

သားရဲလေ့ကျင့်သူဌာန.. သူမက သားရဲလေ့ကျင့်သူ ကျောင်းသူလား..

စီနီယာကျောင်းသားများသည် အနည်းငယ် အေးစက်သွားသည်။ သူတို့သည် မိန်းကလေး၏ နောက်ကို သတိထားကြည့်လိုက်ကြသည်။ အနောက်တွင် သားရဲတွေ့ မတွေ့မိချေ။

သားရဲလေ့ကျင့်သူဌာနသည် ယွိကျိုး တက္ကသိုလ်တွင် ထူးခြားသော ဌာနဖြစ်သည်။ ထိုဌာနတွင် မေဂျာ ၂ ခုရှိသည်။ တစ်ခုက သားရဲလေ့ကျင့်ခြင်း ဖြစ်ပြီး တစ်ခုက သားဖောက်ခြင်း ဖြစ်သည်။

သားရဲလေ့ကျင့်ခြင်းမေဂျာသည် အထူးမေဂျာဖြစ်ပြီး ယွိကျိုးတက္ကသိုလ်တွင် အသစ်ဖွဲ့စည်းထားသော ဌာနဖြစ်သည်။ ထိုဌာနသည် စစ်တပ်နှင့် အစိုးရတို့၏ လက်အောက်တွင် တိုက်ရိုက်ရှိသည်။

ထိုဌာနတွင် မိန်းကလေးဦးရေထက် ယောင်္ကျားလေး ဦးရေကတော့ ပိုများသည်။

သေချာတာကတော့ သားရဲလေ့ကျင့်သူများသည် တိုက်ပွဲ၀င်ဖို့ ဖြစ်လာမည့် သူများ ဖြစ်သောကြောင့် လျှော့တွက်၍တော့ မရပေ။ တခြားမေဂျာမှ ကျောင်းသားများသည်လည်း သားရဲလေ့ကျင့်သူ မေဂျာမှ ကျောင်းသားများကို သဘောကျကြသည်။

ကျောင်းတွင် ထိုဌာနမှ ရုတ်ရုတ်သဲသဲ အဖြစ်ဆုံး ဖြစ်သည့်အတွက် ပုံမှန်ဌာနမှ ကျောင်းသားများသည် ထိုကျောင်းသားများကို လေးစားသမှုဖြင့် ခပ်ခွာခွာတော့ နေကြသည်။

“အဟမ်း.. ပို့ပေးရမှာပေါ့” သတ္တိရှိသော စီနီယာတစ်ယောက်က ထိုသို့ပြောပြီး ရှေ့က လျှောက်သွားသည်။ တခြား စီနီယာကျောင်းသားများကတော့ နောက်ဆုတ်လိုက်ကြသည်။

“ဘယ်လမ်းက သွားရမလဲသာ ပြောပါ။ ကျွန်မ ဘာသာ သွားလိုက်ပါမယ်” ကျွင်းမော့ယီက ပြောလိုက်သည်။

စီနီယာကျောင်းသားသည် ထိုအခါမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သားရဲလေ့ကျင့်သူဌာနကို လမ်းညွှန်ပေးလိုက်သည်။ ထို့နောက် သူသည် နောက်သို့ ပြန်လှည့်လိုက်ကာ နောက်ထပ် ဂျူနီယာကိုလိုက်ရှာလိုက်ပြန်သည်။

ကောင်းဖန်ကတော့ အပေါ်ပိုင်းတွင် ဂရပ်ဖစ်ပုံပါသော တီရှပ်ကို ၀တ်ဆင်လျက် ဆံပင်ကို သပ်သပ်ရပ်ရပ် လုပ်ထားကာ နားကြပ်ကို တပ်ထားပြီး ကားပေါ်က ဆင်းလိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာပင် သူ့အရပ်တစ်၀က်ခန့်ရှိသော လက်ဆွဲသေတ္တာကို ယူပြီး ၀င်သွားလိုက်သည်။

ဧည့်ကြိုစားပွဲတွင် ထိုင်နေသော စီနီယာ မိန်းကလေးအချို့သည် ကောင်းဖန်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက် သွားကြသည်။ သူ့ပုံစံသည် ဂျူနီယာ ချောချောသန့်သန့်လေး ဖြစ်နေသည် မဟုတ်ပါလား။ သူ့တို့သည် အချင်းချင်း တွတ်ထိုးကာ ပြောနေလိုက်ကြသည်။ သူတို့၏ လတ်ဆတ်သော ရယ်သံများသည် တက္ကသိုလ်နှင့် လိုက်ဖက်နေသည်။

ကောင်းဖန်သည် ကျောင်းထဲတွင် တဲရောင်စုံများကို အတန်းလိုက်မြင်နေရသည်။ တဲများပေါ်တွင် မေဂျာများကို ရေးသားထားပြီး လူများ ပြည့်ကြပ်လျက်ရှိသည်။ ကောင်းဖန်သည် သားရဲလေ့ကျင့်သူဌာနကို ရှာမတွေ့ ဖြစ်နေသည်။

“ဂျူနီယာလေး.. ဘယ်မေဂျာကလဲ” တောက်ပ နွေးထွေးသော အသံတစ်ခုက ကောင်းဖန်ဘေးမှ ထွက်ပေါ်လာသည်။

ကောင်းဖန်က ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါ ၆ ပေခွဲလောက် ရှည်ပြီး ကောင်းဖန်ထက် ခေါင်းတစ်လုံးလောက် မြင့်နေသော သူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ပုံစံသည် နွားသိုးကြီး တစ်ကောင်လို ဖြစ်နေသည်။ သူသည် အပြုံးတစ်ခုဖြင့် လျှောက်လာပြီး ကောင်းဖန်အိတ်ကို ကူသယ်ပေးဖို့ ပြင်လိုက်သည်။

သို့သော် ကောင်းဖန်က အိတ်ကို သူ့ဘာသာ သယ်ချင်သောကြောင့် ယဉ်ကျစွာပင် ငြင်းလိုက်သည်။

“ဟယ်လို စီနီယာ.. ကျွန်တော်က သားရဲလေ့ကျင့်သူ ဌာနက ကျောင်းသားသစ်ပါ”

နျိုတိသည် အားနည်းပုံရသော ကောင်းဖန်ကို တစ်ချက် ကြည့်လိုက်သည်။ ကောင်းဖန်သည် သိပ်မပုသော်လည်း အနည်းငယ် ပိန်ပါးသည်။ သူ့ပုံစံသည် သားရဲလေ့ကျင့်သူ ကျောင်းသားနှင့် မတူချေ။

“အစ်ကိုက စာရင်းကိုင် မေဂျာကပါ။ သားရဲလေ့ကျင့်သူဌာနကို စာရင်းပေးရတဲ့ နေရာက ဒီမှာ မဟုတ်ဘူး။ အစ်ကို လိုက်ပို့ပေးမယ်” သူသည် ရှေ့က လျှောက်သွားလိုက်သည်။ သူတို့သည် ၁၀ မိနစ်ခန့်ကြာအောင် ကွေ့ဝိုက်သွားနေရသည်။ ထို့နောက် သစ်ပင်များ၀န်းရံထားသော ကွင်းပြင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုကွင်းပြင်တွင် ဘာတွေဖြစ်နေလဲ သေချာ မမြင်ရချေ။ သက်ရှိများ၏ အသံကိုသာ ကြားနေရပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေပုံပေါ်သည်။

***

အပိုင်း၂၀၄ ယွီကျိုးမှကြယ်ပွင့်လေးယောက်

“ဒါကငါတို့ရဲ့ရှေ့တည့်တည့်မှာဘဲ၊ မင်းသွားလိုက်, ကိုယ်အတူတူမလိုက်တော့ဘူး” နျိုတိကပြုံးလိုက်သည်၊ သူပြောချင်တာတစ်ခုခုရှိပေမယ့်, သူမပြောနိုင်ဘူး။

ကောင်းဖန်က နျိုတိကိုလမ်းပြပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြရန်အတွက် ခေါင်းညိတ်လိုက်သည်။

သူကွင်းပြင်ဘက်သို့လျှောက်လာရင်း, ကောင်းဖန်ကလူတစ်ခုစုဝေးနေသည်ကို တွေ့လိုက်ရသည်၊ သူတို့ကကျောင်းသားအဖြစ်စာရင်းသွင်းရန်ရောက်ရှိနေသည့် လေးနက်သောကျောင်းသားတွေ၏အသွင်အပြင်နှင့်ကွဲပြားသည်၊ ကွန်ပြူတာများ, စာရင်းသွင်းဖောင်များနှင့်အခြားသောပစ္စည်းများရှိသော်လည်း ထိုနေရာမှလူများကတော့ ထိုင်ဘဲထိုင်နေကြသည်၊ သူတို့ထဲကအများစုကစကားပြောနေကာကြည့်ရတာ အတော်လေးသက်တောင့်သက်သာဖြစ်နေပုံရသည်၊ သားရဲအနည်းငယ်က ကွင်းပြင်တွင်ဆော့ကစားနေကြသည်။

သူတို့ထဲကတစ်ယောက်ကကောင်းဖန်ကိုတွေ့တော့ထိုသူက, “နောက်ထပ်ကျောင်းသားသစ်တစ်ယောက်၊ စကားပြောနေကြတာရပ်လိုက်တော့”

ကောင်းဖန်ကလျှောက်လာတော့,ဒါဇင်များစွာသောမျက်လုံးများကသူ့ကိုစိုက်ကြည့်နေသလိုခံစားရသည်။

“ညီလေး, မင်းကဘာအထူးပြုလဲ? သားရဲလေ့ကျင့်သူ ဒါမှမဟုတ် သားရဲပျိုးထောင်သူ?” အဖြူရောင်ဆံပင်နှင့်လူငယ်က သူ့မျက်နှာတွင်အပြုံးဖြင့်ကောင်းဖန်ကို မေးလိုက်သည်၊ သူကကောင်းဖန်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်၊

“သားရဲလေ့ကျင့်သူပါ”

“အိုး….”

ကောင်းဖန်သည်လူတစ်ဝက်လောက်က သူ့ကိုကြည့်နေတာရပ်သွားသလို ခံစားလိုက်က်ရသည်။

သဘောထားပြောင်းလဲမှုကအတော်လေးထင်ရှားသည်။

“ဒီကိုလာပြီးစာရင်းသွင်းလိုက်၊ မင်းရဲ့စာမေးပွဲဝင်ခွင့်လက်မှတ်ပါလား?”

“ဟုတ်ကဲ့” ကောင်းဖန်ကစာမေးကွဲဝင်ခွင့်လက်မှတ်ကိုထုတ်လိုက်သည်။ လူကြီးတစ်ယောက်က ယူလိုက်ကာစက်ဖြင့် စကန်ဖတ်လိုက်ပြီး ကွန်ပျူတာက လျင်မြန်စွာဖြင့်ကောင်းဖန်၏ အချက်အလက်ကိုဖတ်လိုက်သည်။

အမည် - ကောင်းဖန်

အသက် - ၁၈နှစ်ခွဲ

စာမေးပွဲရလဒ် - ချန်အန်းမြို့တွင်ပထမအကြိမ်ဖြေဆိုသည့်စာမေးပွဲ၌အမှတ် အများဆုံးရသူ၊ ဟွားရှားနယ်ပယ်တွင် ဒုတိယအကြိမ်စာမေးပွဲ၌အဆင့်၁၁ရှိသည်၊

ဒေတာတွင် ရိုးရှင်းပြီးတိုက်ရိုက်ဖော်ပြထားသည်၊

အမည်,အသက်နှင့် စာမေးပွဲရလဒ်များကို တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်၊

ကွန်ပျူတာနောက်တွင်ထိုင်နေသောလူကြီးက ရုတ်တရက်စက္ကန့်အနည်းငယ်လောက် အသက်ရှုရပ်တန့်လိုက်သည်၊ သူကအစပိုင်းက ကောင်းဖန်ကို ဘယ်သူမှန်းမသိသေးပေ။

သူကအရေးကြီးတဲ့တစ်ယောက်ဖြစ်သည်ကိုတော့ သိလိုက်သည်။

ဒါကဟွားရှားနယ်ပယ်တွင် အဆင့်၁၁အရာရှိလောင်းဖြစ်ပြီး ချန်အန်းမြို့တွင်အမှတ် အများဆုံးဖြစ်သည်။

လူနှစ်ယောက်ကကောင်းဖန်ကိုဂရုတစိုက်ကြည့်လိုက်သည်၊ စာရင်းသွင်းသည့်နေရာတွင် တာဝန်ကျသောလူကြီးက ရုတ်တရက်အံ့ဩသွားတော့သည်၊ သူကသူ့နဖူးကိုရိုက်ပြီး ကောင်းဖန်ကိုညွှန်ပြကာပြောလိုက်သည်, “ငါအခုမှတ်မိပြီ၊ လေလွင့်သူ၊ မင်းကအဲ့ဒီလေလွင့်သူဘဲ!”

ကောင်းဖန်၏မျက်နှာပေါ်ကအပြုံးကရုတ်တရက်အေးခဲသွားတော့သည်။

ဘာလေလွင့်သူလဲ?!

လေလွင့်သူဆိုတာက ကျွန်တော့်ရဲ့တုံးအပြီးပျင်းရိတဲ့သားရဲတွေလေ! ကျွန်တော်က အဲ့ကောင်တွေရဲ့လှုပ်ရှားမှုအတွက်တာဝန်ရှိသူဘဲ။

ထိုလူကြီးကသူအနည်းငယ်ရိုင်းပျသွားမှန်းသတိထားမိသွားသည်၊ သူကမြန်မြန် တောင်းပန်လိုက်သည်၊ “တောင်းပန်ပါတယ်ကွာ, ငါနည်းနည်းလေးအံ့ဩသွားလို့”

စာမေးပွဲအတွက်စာရင်းသွင်းပေးနေသော နောက်ထပ်လူတစ်ဦးက လှည့်ကြည့်ကာ မေးလိုက်သည်, “ဘာတွေဖြစ်နေတာလဲ?”

“နောက်ထပ်နတ်ဘုရားတစ်ပါးက ယွိကျိုးတက္ကသိုလ်ကို ရောက်လာပြန်ပြီလေ၊ ဒုတိယ အကြိမ်စာမေးပွဲတုန်းကအဆင့်၁၁နဲ့ဝင်ရောက်လာတဲ့အရာရှိလောင်းလေး၊ ငါတို့ရဲ့ ဒုတိယနှစ်ကျောင်းသားအများစုတောင် သူ့ကိုရိုက်ချနိုင်မှာမဟုတ်ဘူး”

“သူက မင်ကောနဲ့ သူ့လူဆိုးဂိုဏ်းကို စိန်ခေါ်နိုင်မယ်လို့ထင်လား?”

“အမ်, ငါ့တော့ မင်းအများကြီးတွေးမိနေပြီလို့ထင်တယ်နော်”

“ငါကအခုပြောနေတာမဟုတ်ဘူးလေ၊ ငါက နောက်သုံးလေးနှစ်လောက်နေရင်ပြောတာ”

“ဟုန်မင်ကောနဲ့တခြားလူအားလုံးကဘွဲ့ရတော့မှာလေ, ငတုံးရဲ့”

အဝေးကိုလျှောက်သွားကြသောလူများကအကုန်ပြန်လာကြပြီးကောင်းဖန်ကို အလေးအနက်ဖြင့်စူးစိုက်ကြည့်လာကြသည်။

နောက်ဆုံးတော့သူကအဆင့်၁၁ဖြစ်နေသည်၊ ဆိုလိုသည်မှာ ဒါကအဆင့်နိမ့်နေတာမျိုး မဟုတ်ပေ။

ကံမကောင်းစွာနဲ့ဘဲ အဆင့်၄ရှိသော မိန်းကလေးတစ်ဦးက ခုနကမှစာရင်းလာသွင်းထားသောကြောင့် သူတို့အတွက်တော ့ကြီးကြီးမားမားတုန်လှုပ်စရာမဟုတ်တော့ပေ၊ ထိုအရာက တုန်လှုပ်စရာဖြစ်လို့ အချိန်တိုလေးအတွင်းမှာ ထပ်ပြီးတုန်လှုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

“အိုး,ဟုတ်သား၊ ခုနကလာတဲ့ကျောင်းသားသစ်ကလည်း ချန်အန်းကဘဲမလား? ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ, ကြယ်နှစ်ပွင့်က ချန်အန်းကနေယွိကျိုးကို ရောက်လာတယ်ဆိုတော့” ဘေးတွင်ရှိနေသောလူကရယ်ကာပြောလိုက်သည်။

ချန်အန်းကနောက်ထပ်လူတစ်ယောက်? ကောင်းဖန်နှလုံးတုန်သွားတော့သည်။

“တဆိတ်လောက်ဗျ၊ အဲ့ကျောင်းသားနာမည်ဘယ်သူလဲမေးလို့ရမလား?”

ထိုလူကရယ်မောကာဖြင့်ပြန်ဖြေလိုက်သည်, “မင်းတို့နှစ်ယောက်က တစ်နေရာတည်းကလာတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြမှာကို ငါမေ့သွားတယ်ကွာ၊ သူ့နာမည်ကကျွင်းမော့ယီလေ၊ သူ့ရဲ့ပင်ကိုယ်စရိုက်က အတော်လေးအေးစက်စက်နိုင်တယ်၊ မင်းသူ့ကိုသိတယ်မဟုတ်လား?”

ကျွင်းမော့ယီ၊ ကောင်းဖန်က ကြီးမားသောအန်ဒါကွန်ဒါမြွေကြီးကို သူ့မှတ်ဉာဏ်ထဲတွင် သတိရလိုက်သည်။

“ကျွန်တော်သူ့ကိုအရင်က တွေ့ဖူးတယ်၊” ကောင်းဖန်ကပြုံးလိုက်သည်။

စာရင်းသွင်းမှုပြီးဆုံးသွားတော့, နောက်ထပ်ဒုတိယနှစ်မှသားရဲလေ့ကျင့်သူစီနီယာက သူ့ကိုအိပ်ဆောင်သို့ခေါ်လာသည်၊ အိပ်ဆောင်တွေက ကျောင်းနှင့်အနည်းငယ် အလှမ်းဝေးသောကြောင့် သူတို့ကထိုနေရာသို့ရောက်ရန်ကားစီးရသည်။

“အစပိုင်းမှာတော့, ကျောင်းနဲ့အိပ်ဆောင်တွေကို ဖျက်စီးပစ်မှာကြောက်လို့ ကျောင်းက တခြားနေရာမှာနောက်ထပ်အိပ်ဆောင်တွေကိုဆောက်ပေးကြတယ်လေ၊ သူတို့ဘက်ကကြည့်မယ်ဆိုရင်လည်း,သားရဲတွေအားလုံးက ကြမ်းကြုတ်ကြတာကိုး, ဒါပေမယ့် သူတို့ကဖြေးဖြေးချင်းသားရဲတွေရဲ့သဘာဝကို သင်ယူဖို့လိုတယ်လေ, ဒါကြောင့် သူတို့က သားရဲတွေကို ကျောင်းရဲ့တခြားဧရိယာဝင်လမ်းကို ခွင့်ပြုခဲ့တယ်လေ၊ ဒါပေမယ့် သားရဲတွေကိုခွင့်မပြုတဲ့နေရာတွေ အများကြီးရှိပါသေးတယ်”

ကောင်းဖန်ကတိတ်ဆိတ်စွာနားထောင်နေသည်။

စီနီယာ၏စကားများခြင်းက ပေါ်လာတော့သည်၊ သူက ကောင်းဖန်ပြန်တုံ့ပြန်လားဆိုတာကို ဂရုမစိုက်ပေ၊ ခရီးတစ်လျှောက်တွင်, သူကပျော်ရွှင်စွာနှင့်ယွိကျိုးတက္ကသိုလ်၏ ကောင်းမွန်သောအကြောင်းများကို ဇာတ်လမ်းများကို ဝေမျှနေတော့သည်။

ဘာကြောင့်လဲဆိုတော့ သွေးစာချုပ်ချုပ်ဆိုသည့်အသက်နှင့် ကောလိပ်တက်ရမယ့် အသက်နှစ်ခုစလုံးသည်၁၈နှစ်တွင်ဖြစ်နေသောကြောင့်, သန်မာပြီးစိတ်အားထက်သန် သောငယ်ရွယ်သူများက သန်မာသောသားရဲလေ့ကျင့်သူများဖြစ်လာနိုင်ခြေရှိသည်။

အားလပ်ချိန်များလွန်းသောကျောင်းသားအချို့သည် ယွိကျိုးတက္ကသိုလ်မှ သားရဲလေ့ကျင့်သူများကို နာမည်ပြောင်ပေးကြသည်၊ အချို့သောနာမည်များကတော့ အတော်လေးအရည်အချင်းရှိသည့်ပုံပေါ်သည်။

သေချာတာပေါ့, ထိုနာမည်တွေကိုကျောင်းထဲမှာဘဲသုံးတာဖြစ်သည်၊ အကယ်၍ အပြင်ဘက်မှာသာသုံးကြည့်ပါက, လူအများစုသည် ထိုပေးထားသည့်နာမည်များကို သဘောတူကြမည်မဟုတ်ပေ။

သို့သော်, ထိုအတွက်ချွင်းချက်လေးယောက်တော့ရှိသည်၊

ထိုလေးယောက်က ယွိကျိုးမြို့ရှိသားရဲလေ့ကျင့်သူများထဲမှာ အတော်ဆုံးများဖြစ်ကြသည်။ ယွိကျိုးမြို့မှာရှိတဲ့တက္ကသိုလ်ကမဟုတ်သော ကျောင်းသားများတောင် သူတို့ဘယ်သူတွေလဲဆိုတာသိကြသည်။

သူတို့၏စွမ်းရည်များနှင့် ကျော်ကြားမှုသည်တက္ကသိုလ်ရဲ့ကန့်သတ်ချက်တွေကိုပင် ကျော်လွန်သည်။

ထိုလေးဦးအနက် နှစ်ဦးသည် ယွိကျိုးတက္ကသိုလ်မှဖြစ်သည်၊ တစ်ယောက်ကတော့ သူ့ရဲ့စီနီယာနှစ်ကြီးသမားထဲမှ ရွှယ်မင်ဖြစ်ပြီး, နောက်တစ်ယောက်ကတော့ဂျူနီယာ ကျောင်းသားလင်းရှင်းရုန်ဖြစ်သည်၊ သူတို့နှစ်ယောက်လုံးက သားရဲလေ့ကျင့်သူမေဂျာဖြစ်ပေမယ့် သူတို့နှစ်ယောက်လုံးက သားရဲလေ့ကျင့်သူဌာနထူထောင်ပြီး‌နောက် ထိုနေရာသို့ပြောင်းသွားကြသည်။

“ရွှယ်မင်က ယွိကျိုးအခြေစိုက်အကြံပေးအဖွဲ့ရဲ့ အမြဲတမ်းဂုဏ်ထူးဆောင်အဖွဲ့ဝင်လေ၊ သူကသာမန်အားဖြင့် ကျောင်းနဲ့ထပ်ပြီးမသက်ဆိုင်တော့ဘူး၊ လင်ရှင်းရုန်ကလည်း မကြာခဏတောင် ကျောင်းမှာပေါ်မလာတတ်ဘူး၊ သူမက ကမ္ဘာ့အမျိုးသမီး အမဲလိုက်သူလေ၊ သူမက ယွိကျိုးအနီးတဝိုက်မှာရှိတဲ့နေရာတွေကိုရှာဖွေနေတာကြောင့် အချိန်အများစုကယွိကျိုးမှာရှိမနေတတ်ဘူး” ထိုလူနှစ်ယောက်ကို ပြောတဲ့အခါစီနီယာကအရမ်းဂုဏ်ယူနေပုံရသည်။

သူတို့စကားပြောနေကြရင်းပင်, အဖြူရောင်ခြံစည်းရိုးခတ်ထားသည့် အုတ်နီဖြင့်ဆောက်ထားသော နှစ်ထပ်တိုက်ဘန်ဂလိုလေး၏ရှေ့သို့ ရောက်လာကြသည်၊ အစိမ်းရောင်ဘော့စတွန်သစ်ကပ်ပင်က ခြံစည်းရိုးပေါ်သို့တွယ်တက်နေသည်။

“ဒါတွေအားလုံးက တစ်ယောက်အိပ်ခန်းတွေကြည့်ဘဲ၊ တစ်ယောက်ကိုတစ်ခန်း၊ အဲ့မှာနေရာအကျယ်သိပ်မရှိပေမယ့်လို့, ကောင်းမွန်တဲ့ပရိဘောဂတွေနဲ့လေအေးပေး စက်,ရေခဲသေတ္တာတို့တော့ပါပါတယ်။ အဲ့တာတွေက ဥက္ကဌမစ္စတာကျီကနေ ယွိကျိုးတက္ကသိုလ်ကို ထောက်ပံ့ပေးထားတာတွေလေ။

“မစ္စတာကျီ?” ကောင်းဖန်ကအနည်းငယ်အံ့ဩသွားသည်၊ ထိုနောက်ဆုံးနာမည်သည် လူအများစုသိပ်မရှိကြပေ။

“ဟုတ်တယ်၊ ကျီဟန့်ဝူ, တောင်ပိုင်းကောင်းကင်အဖွဲ့ရဲ့ဒါရိုက်တာလေ၊ ငါတို့ကတော့ သူ့ကိုမစ္စတာကျီလို့ဘဲခေါ်တယ်၊ မစ္စတာကျီက ယွိကျိုးမြို့ကို စောင့်ကြပ်ကြည့်ရှု ပေးတယ်လေ၊ ယွိကျိုးမြို့က အကြိမ်အနည်းငယ်လောက် သားရဲတွေရဲ့ကျူးကျော်ရန် ကျရောက်ခဲ့ပေမယ့်, အကုန်လုံးကိုမစ္စတာကျီက ကောင်းမွန်တဲ့မြေလွှာပြောင်းလဲမှုတွေနဲ့တိုက်ထုတ်ပေးခဲ့တာလေ၊ ကပ်ဆိုးကြီးအစကတည်းက ငါတို့ကတောင်တွေဝိုင်းနေပြီး သားရဲအများအပြားလည်းရှိခဲ့တယ်၊ အကယ်၍မစ္စတာကျီသာမရှိရင်, သေချာပေါက်အခုထိဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့အသက်ရှင်နေရမှာမဟုတ်ဘူး” စီနီယာကနောက်ကြောင်းပြန်ပြောပြသည်။

ကောင်းဖန်ကတိတ်ဆိတ်နေသည်၊ သူ့ရဲ့ရိုးရှင်းလှတဲ့အဘိုးဆီမှာ, လျှို့ဝှက်ဇာတ်ကြောင်းတွေ အများကြီးရှိနေတယ်ဆိုတာ အခုတော့သူသတိထားမိသွားပြီဖြစ်သည်။

All Chapters