အခန်း (၂၀၅-၂၀၈)
Vol. 13 Ch. 205-208
အပိုင်း၂၀၅ တောင်ပေါ်မှဘေးဒုက္ခ
ကောင်းဖန် အခန်းထဲဝင်လာပြီး သူ၏ပစ္စည်းများကိုအထဲမှာနေရာချလိုက်သည်။ သူ့ခရီးဆောင်အိတ်ကိုဖွင့်ပြီးတာနဲ့ အစိမ်းပုပ်ရောင်ပုံရိပ်တစ်ခုကချက်ချင်းပင်ထွက် လာသည်။
ဆီလီကအခန်းထဲတွင် စက်ဝိုင်းလိုလှည့်ပတ်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း ကောင်းဖန်၏ခေါင်းပေါ်သို့ကျလာတော့သည်။
သို့သော်, သူကဒီတစ်ကြိမ်တော့ ကောင်းဖန်၏ခေါင်းပေါ်၌နေလို့မရတော့ပေ၊ ကောင်းဖန်က သူ့လက်တစ်ဖက်ကိုသုံး၍ ခေါင်းပေါ်သို့နေမည့်ဆီလီကိုတားလိုက်ပြီး ဖြည်းညင်းစွာခေါင်းယမ်းလိုက်ကာပြောလိုက်သည်, “မရဘူး၊ ငါတို့ကအပြင်မှာ”
ဆီလီက မှားယွင်းသလိုခံစားလိုက်ရသည်၊ သူ၏ဘဝဲလက်များကို လိမ်ယှက်လိုက်ပြီး လေထဲတွင်လှည့်နေသည်။
ကောင်းဖန်က ဒီကောင်လေးကို အနှောက်အယှက်မပေးချင်တော့ပေ၊ အခန်းကိုအရင် ရှင်းချင်သည်။
ဒီဟာကိုဆောက်ပြီးကတည်းက ဘယ်သူမှဒီအခန်းမှာမနေရသေးပေ, ပြီးနောက်အများစုအီလက်ထရောနစ်ပစ္စည်းများကိုလည်း ပလက်စတစ်အုပ်ထားသည်၊ ၎င်းတို့အားလုံးအသစ်တွေဖြစ်သည်။
သူအကုန်လုံးပြီးသွားပြီးနောက် ကောင်းဖန်က သူ့သားရဲတွေကိုပြန်ခေါ်ဖို့ကျောင်းသို့ ပြန်သွားလိုက်သည်။
သားရဲများကိုကြိုက်သလိုဝင်လိုက်ထွက်လိုက်လုပ်ရန်အတွက်ခွင့်မပြုပေ၊ ကျောင်းသို့သွားလိုသောသားရဲတိုင်းသည် ၎င်းတို့၏တည်နေရာများကို အချိန်တိုင်းမြင်စေနိုင်ရန် အထူးပြုလုပ်ထားသည့် ခြေရာခံပစ္စည်းများကို ဝတ်ဆင်ရမည်ဖြစ်သည်။
ခြေရာခံပစ္စည်းသည် ကျောင်းမှထွက်လျှင်ဖယ်ရှားနိုင်သော်လည်း ထိုကိရိယာကို ကျောင်းကွင်းထဲတွင်တော့ ဝတ်ဆင်ရမည်ဖြစ်သည်၊ စက်ပစ္စည်းပျောက်ဆုံးပါက ကျောင်းသို့ချက်ချင်းသတိပေးရမည်ဖြစ်သည်၊ မဟုတ်လျှင်ကြီးလေးသောအပြစ်ဒဏ်ကို ချမှတ်ခံရမည်ဖြစ်သည်။
ဒါကကိုယ်ပိုင်သားရဲမရှိသောကျောင်းသားများကို ကာကွယ်ပေးတာဖြစ်သည်၊ ၎င်းက သိုးအုပ်ကိုဝံပုလွေများနှင့်အတူထားသလိုဖြစ်နေသည်၊ ဝံပုလွေများပေါ်တွင်တော့ ကန့်သတ်ချက်များရှိနေသည်။
ကျောင်းသားသစ်များအတွက် မှတ်ပုံတင်ခြင်းလက်စွဲစာအုပ်နှင့်အတူ လက်ရာမြောက်သောသိပ်မထူသည့် လက်ဖဝါးအရွယ်စာအုပ်များလည်းပါရှိသည်။
ကောင်းဖန်က ကျောင်းသားသစ်များအတွက်စာအုပ်ကိုဖွင့်လိုက်တော့, ကျောင်းစည်းကမ်းများကို အသေးစိပ်မိတ်ဆက်ထားသည်ကိုတွေ့လိုက်ရသည်။
ညနေပိုင်းတွင်တော့, အနီရောင်အင်္ကျီနှင့်လူငယ်က ကောင်းဖန်၏တံခါးကိုခေါက်လိုက်သည်။
“ဟယ်လို, မင်းကကောင်းဖန်လား?” လူငယ်သူ့လက်ထဲတွင်ကိုင်ထားသောနာမည် စာရင်းကိုငုံ့ကြည့်လိုက်သည်။
“ဟုတ်ကဲ့,ကျွန်တော်ပါ”
“ကိုယ်ကကျိုးဇယ်, မင်းရဲ့အကြံပေး၊ မနက်ဖြန်နေ့လည်စာသင်ခန်း၄၀၄မှာစုကြမယ်၊ အတန်းထဲကလူတွေအားလုံးအတူတူရှိမှာမလို့ ငါတို့အားလုံးတစ်ယောက်နဲ့ တစ်ယောက်သိအောင်လုပ်လို့ရတယ်၊ ဒါကအခန်းကမက်ဆေ့ပို့တဲ့အဖွဲ့ဘဲ၊ မင်းကိုယ်တိုင်အဖွဲ့ထဲကိုဝင်ဖို့ သတိရဦးနော်, ဒါမှသတိပေးချက်တွေဆိုရင်သိမှာ” ကျိုးဇဲ့က ကောင်းဖန်ကိုစကားပြောရင်း လုပ်ငန်းလိပ်စာကဒ်ပေးလိုက်သည်၊ ကဒ်ပေါ်တွင်တော့စာလုံးများပါသည်, “သားရဲလေ့ကျင့်သူအခန်း၄” နှင့်အောက်တွင် အဖွဲ့၏နံပါတ်များပါရှိသည်။
ကောင်းဖန်ကအံ့ဩနေသည်၊ သူကကျိုးဇယ်လက်ထဲမှကဒ်ကို ယူလိုက်သည်၊ အဖွဲ့ရဲ့ စကားပြောအဖွဲ့အတွက် ကဒ်ကလိုအပ်လို့လား?
ကျိုးဇဲ့ထွက်သွားသည်နှင့်ကောင်းဖန်က သူ့ဖုန်းကိုထုတ်လိုက်ပြီး ဆိုရှယ်မီဒီယာတွင် အဖွဲ့ကိုရှာလိုက်ပြီး ခဏနေတော့၎င်းထဲကိုဝင်လိုက်သည်။ စကားပြောခန်းက အသက်ဝင်နေသည်။ လူတွေကအရာအားလုံးကို ထိုနေရာတွင်တင်ကြသည်။
ကောင်းဖန်ကလျင်မြန်စွာဘဲ သူ့ဖုန်းကိုကြည့်လိုက်သည်၊ ခဏလောက်ကြည့်နေပြီး နောက်, စကားပြောခန်းထဲမှဆွေးနွေးမှုသဘောသဘာဝသည် အထက်တန်းကျောင်းမှ စကားပြောခန်းများနှင့်သိပ်မကွာခြားကြောင်း သူသိလိုက်သည်၊ ၎င်းကအနည်းငယ် ပျင်းစရာကောင်းတာကိုတွေ့တာကြောင့်, သူကသမ်းဝေလိုက်ပြီး ထိုဆော့ဖ်ဝဲကို ပိတ်လိုက်သည်။
သူကခေါင်းယမ်းလိုက်ပြီး, အိပ်ရာပေါ်တွင်အိပ်နေသောဆီလီကိုကောက်ယူလိုက် သည်။ အဘိုးက သူပြန်လာပြီးထမင်းစားမှာကို ခုထိစောင့်နေလောက်သေးတယ်။
…
ကောင်းဖန်ကျောင်းစတက်တာတစ်ပတ်ရှိပြီဖြစ်သည်၊ ပထမညအပြင်စနေ,တနင်္ဂနွေ ကြားရက်တွေကို ကျောင်းမှာအိပ်သည်၊သူကစနေ၊တနင်္ဂနွေနေ့တွေမှာသာ သူအိမ်ပြန်သည်။
တစ်ပတ်ကြာပြီးနောက်၊ ကောင်းဖန်ကသူ၏အတန်းဖော်များဖြင့် ရင်းနှီးလာခဲ့သည်၊ အချို့သောနာမည်များကိုခေါ်နိုင်နေပြီဖြစ်ပြီး ကျန်သောသူများ၏မျက်နှာကိုလည်း မှတ်မိပြီဖြစ်သည်။
ယွိကျိုးတက္ကသိုလ်ကိုတက်နိုင်ခဲ့တဲ့သားရဲလေ့ကျင့်သူတွေက အားမနည်းပေ၊ သူတို့တွင် အနည်းဆုံးအဆင့်၁၅ထိပ်တန်းအဆင့်ရှိသည့်သားရဲရှိရမည်ဖြစ်သည်။
သူတို့ထဲမှအချို့၏သားရဲများသည် ကွန်မန်ဒါအဆင့်သို့တောင ်ရောက်နေပြီဖြစ်သည်။
ထိုကွန်မန်ဒါအဆင့်သားရဲများထဲ၌, ကောင်းဖန်သည် ဒုတိယအကြိမ်စာမေးပွဲ၌ တချို့လူများကိုသတိထားမိသည်၊ သို့သော် သူသတိမထားမိသော တချို့လူများလည်းရှိသည်၊ နွေရာသီအားလပ်ရက်များတွင် သူတို့သည်ကွန်မန်ဒါအဆင့်ကိုရောက်ရှိခဲ့တာ ဖြစ်နိုင်သည်ဟုသူခန့်မှန်းမိသည်။
ထိုနှစ်တွင်သားရဲလေ့ကျင့်သူအတန်းလေးခုရှိပြီး အတန်းတစ်ခုစီတွင်လူ၂၀ ဝန်းကျင်ရှိသည်၊ ဆိုလိုသည်မှာသားရဲလေ့ကျင့်ပေးသူကျောင်းသား၈၀ခန့်သာရှိသည်၊ အထီးကျန်နေသည့်သားရဲပျိုးထောင်သူတစ်ခန်းပါဝင်ပါကလည်း, သားရဲလေ့ကျင့်သူ မေဂျာသည်တစ်ရာအောက်နည်းနေဆဲဖြစ်သည်၊ သေချာတာပေါ့, ဒါကအဘက်ဘက်မှ လူဦးရေကျဆင်းနေမှုကြောင့်လည်းဖြစ်နိုင်သည်။
နောက်ဆုံးတွင်,သားရဲလေ့ကျင့်သူများအတွက် လေ့လာရန်စာအုပ်ကို ထုတ်ပေးပြီးဖြစ်သည်၊ ကျောင်းသားအားလုံး၎င်းကိုရကြသည်။
ပြဌာန်းစာအုပ်သည် ကောင်းဖန်မျှော်လင့်ထားသည်နှင့်ကွဲပြားလှသည်။ သူက ပြဌာန်းစာအုပ်သည် အရင်ဖြစ်ရိုးဖြစ်စဉ်အတိုင်းဖြစ်လိမ့်မည်ဟုထင်ခဲ့သည်၊ သို့သော်, သူ့လက်နှင့်၎င်းကိုကောက်ကိုင်လိုက်သောအခါတွင် ၎င်းတို့ကမည်မျှပင်လေးလံကြောင်း, မည်မျှပင်အတွင်းကျကျဖြစ်ကြောင်းသိလိုက်ရသည်။
“သားရဲများကျယ်ပြန့်စွာစုစည်းမှု ၈ကြိမ်မြောက်,ဓာတ်ပုံအရောင်ဖြင့်တည်းဖြတ် ထုတ်ဝေခြင်း”, “သားရဲစိတ်ပညာ” “ကွင်းပြင်မှဘေးအန္တရာယ်လွတ်မြောက်ခြင်း လမ်းညွှန်” “အပင်သားရဲများခွဲခြားခြင်းလက်စွဲ” “ဟွားရှားနယ်ပယ်၏ပထဝီ အနေအထား” “ယွိကျိုးသားရဲများ၏တိကျသောပမာဏ…”
ဒီစာအုပ်အထူကြီးကိုကြည့်ပြီး လာယူတဲ့ကျောင်းသားတိုင်းအံ့ဩနေတော့သည်။
ဘာလို့ သူတို့အထက်တန်းကျောင်းကစာအုပ်တွေထက်တောင် ပိုထူနေရတာလဲ?
သားရဲလေ့ကျင့်ပေးသူဖြစ်လာရင် သူတို့ရဲ့စာကျက်ရခြင်းကိုရပ်နိုင်ရမှာမဟုတ်ဘူး လား?
“မင်းတို့တွေသားရဲလေ့ကျင့်သူဖြစ်လာကြတာနဲ့ဘဲ စာလေ့လာရမှာကိုရပ်တန့်နိုင်မယ် လို့ထင်နေကြတာလား?” အကြံပေးကျိုးဇယ်က သူ့ခေါင်းကိုယမ်း၍သက်ပြင်းချလိုက်သည်။ “အဲ့လိုအတွေးအခေါ်တွေကမှားတယ်နော်၊ ငါတို့ကအမြဲတမ်းသင်ကြားဖို့ အတွက်ရုန်းကန်နေရဦးမှာဘဲ။ မင်းတို့ကတစ်ဘဝလုံးစာမတတ်တဲ့သားရဲလေ့ကျင့်သူ တွေဖြစ်သွားချင်ကြတာလား?”
“အရေးကြီးဆုံးအရာက ဒါတွေဟာလေ့လာရမယ့်အချက်အလက်တွေကြည့်ဘဲ၊ သေချာတာပေါ့, အကယ်၍မင်းတို့က အခြေစိုက်မြို့ရဲ့အနီးအနားသစ်တောတွေမှာဘဲ လှည့်လည်နေတဲ့သားရဲလေ့ကျင့်သူအဖြစ်သာဖြစ်ချင်တယ်ဆိုရင်တော့ ဒါတွေကိုလေ့လာစရာမလိုဘူး၊ ဒါပေမယ့် အကယ်၍မင်းတို့ကိုယ်တိုင်တိုးတက်ချင်တယ်ဆိုရင်တော့ ဒါတွေအားလုံးမှာကျွမ်းကျင်နေဖို့လိုတယ်၊ ဒါတွေအားလုံးက အချိန်အများစုမှာအသုံးမဝင်ပေမယ့် အရေးကြီးတဲ့အချိန်တွေမှာတော့ မင်းတို့အသက်ကိုကာကွယ်နိုင်တယ်”
“ငါကနောက်နေတယ်လို့တော့မထင်ကြနဲ့၊ အကယ်၍ မင်းတို့ကတောရိုင်းထဲမှာ သားရဲနဲ့တွေ့ရင် မင်းတို့ကသူတို့ရဲ့အလေ့အကျင့်တွေကိုမသိ, စွမ်းရည်ကိုမသိ, အားနည်းချက်ကိုမသိဆိုလို့ကတော့ မင်းတို့ကတိုက်ပွဲမှာတစ်ဝက်ရှုံးနေပြီ”
ကောင်းဖန်က အကြံပေးသူ၏အတွေးအခေါ်တွေကို အလွန်နှစ်သက်မိသည်၊ အကယ်၍ကျောင်းက သူ့ကိုမခိုင်းရင်တောင် သူကထိုစာအုပ်များကိုဖတ်မိမှာဖြစ်သည်၊ ဥပမာအားဖြင့်, သူသည်သားရဲများ၏စုစည်းမှု ပထမတစ်ကြိမ်မှရှစ်ကြိမ်မြောက် ထုတ်ဝေမှုအထိ ဆယ်ကြိမ်ထက်မနည်းဖတ်ခဲ့ပြီးဖြစ်သည်၊ စာအုပ်ထဲက အချက်အလက်တွေကိုမှတ်ထားပြီးအလွတ်ရွတ်ပြနိုင်သည်။
ကောင်းဖန်က “ကွင်းပြင်မှဘေးအန္တရာယ်လွတ်မြောက်ခြင်းလမ်းညွှန်” ကိုလည်း အလွန်ကြိုက်သည်၊ အလွန်ကျော်ကြားသည့်စူးစမ်းရှာဖွေသူဖြစ်သည့်စာအုပ် ရေးသားသူထံမှပညာအမြောက်အများရောက်ရှိခဲ့သည်၊ ကံမကောင်းစွာဖြင့် သူကလေ့လာရေးခရီးမှာအဆိပ်မိသွားပြီး လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ဆုံးပါးသွားခဲ့သည်။ ဒီအချက်လောက်နဲ့တင်တော့ သူ၏ကျွမ်းကျင်မှုများကိုယူမသွားနိုင်ပေ။
ထိုစူးစမ်းရှာဖွေသူသည်တောရိုင်းထဲတွင် ကြီးမားပြီးပြင်းထန်သောအဆိပ်တစ်မျိုးကို ကြုံတွေ့ခဲ့ရသောကြောင့် သေဆုံးသွားခဲ့တာဖြစ်သည်၊ သူ၏လေ့လာမှုနယ်ပယ် ကျွမ်းကျင်မှုအားနည်းတာနှင့်ဘာမှမဆိုင်ပေ။
ထိုစာအုပ်များကိုလေ့လာရင်းအချိန်ဖြုန်းခြင်းအပြင်, သားရဲလေ့ကျင့်သူကျောင်းသားများကို ကျန်သည့်အခြားပြင်းထန်သောနေ့စဉ်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခွင့်ပြုခဲ့သည်၊ ၎င်းတို့ကိုဌာနမှ အနည်းငယ်ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပေးသည်၊ ကောင်းဖန်ကတော့ သူတို့လုပ်ချင်တာလုပ်ရန်အတွက် ချန်ထားပေးသည်လို့ခံစားရသည်။
သူတို့ကထိုသို့လုပ်ခြင်းသည် သားရဲလေ့ကျင့်သူများကို ဘယ်လိုသင်ပေးရမယ်မှန်း မသိလို့ထည့်ထားတယ်လို့ ကောင်းဖန်တစ်ခါတစ်ရံထင်မိသည်။
“ကောင်းဖန်, မင်းငါနဲ့ကျောင်းသားအသင်းအဖွဲ့ထဲမှာပါချင်လား? သူတို့မှာလစဉ် လုပ်ရမယ့်အလုပ်တွေရှိတယ်၊ အဲ့တာက ငါတို့အတွက်ကောင်းမွန်တဲ့လေ့ကျင့်ရေး တစ်ခုဘဲ” သူနှင့်အတော်အတန်ရင်းနှီးသည့်အတန်းဖော်တစ်ဦးက ကောင်းဖန်ကို မေးလိုက်သည်။
“ကျောင်းသားအသင်းအဖွဲ့က ဘာတွေလုပ်ရတာလဲ?” ကောင်းဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။
“စစ်ဆေးမှုတွေကလူတွေကိုသန်မာစေတယ်” ကောင်လေးက မြန်မြန်ပြောလိုက်သည်၊ “အရင်တာဝန်က ပဲနီရုက္ခဗေဒဥယျာဉ်သွားတဲ့လမ်းကြောင်းကိုရှင်းဖို့ဘဲလေ။ ဥယျာဉ်ကပုံမှန်သန့်ရှင်းရေးမလုပ်တာကြောင့် အဆင့်နိမ့်သစ်ပင်ပန်းမန်အမျိုးအစား သားရဲများထိုနေရာတွင်ပေါ်လာတတ်ကြသည်၊ ဆိုလိုတာကကွာ,အဲ့မှာအန္တရာယ်မရှိတဲ့ သားရဲတွေကိုတိုက်ခိုက်ပြီးတော့အခမဲ့လေ့ကျင့်နိုင်တဲ့နေရာဘဲ၊ အရမ်းကောင်းတဲ့ လေ့ကျင့်မှုဘဲလေ၊ ဘယ်လိုလဲ,မင်းငါနဲ့ကျောင်းသားအသင်းအဖွဲ့မှာပါချင်လား?”
ကောင်းဖန်ကသူပြောတာကိုနားထောင်ပြီးနောက်တိတ်ဆိတ်နေသည်၊ ဒီလိုဆို လူတွေက အခမဲ့သန့်ရှင်းရေးလုပ်ဖို့ကူညီပေးရုံမဟုတ်ဘူးလား?
ဒီလူသစ်လေးတွေကလှည့်စားရတာလွယ်လွန်းတယ်။
ကောင်းဖန်က သူ၏ဝါသနာကိုခံစားသိရှိတာကြောင့် သူ၏စစ်ရေးပြခြင်းကိုတော့ မိုးရွာမချစေချင်ပေ၊ နောက်ဆုံးတော့,ကျောင်းသားအသင်းအဖွဲ့မှာပါဝင်သည် အသစ်လေးတွေအတွက် အိမ်မက်တွေမျှဝေခြင်းဖြစ်သည်၊ “ငါ့ကျောင်းသားအသင်းအဖွဲ့မှာပါဖို့အချိန်မရှိဘူး, ဒါပေမယ့် မင်းတကယ်သွားချင်တယ်ဆိုရင်တော့မင်းသွားပြီး ပါသင့်တယ်။”
…
ယွိကျိုးအခြေစိုက်မြို့မှမိုင်သုံးရာတွင် သေးငယ်သောပျားအုံပုံသဏ္ဍာန်ရှိသည့် အနက်ရောင်တောင်တန်းငယ်သည် ပြင်းထန်စွာလှုပ်ခတ်သွားခဲ့သည်၊ တောင်ခြေရင်းရှိ လှိုဏ်ဂူများမှာမှောင်မိုက်သောမြူခိုးများအဖြစ်ပေါ်လာပြီး တောင်ကြီးသည်၎င်းတို့ကို မှုတ်ထုတ်လိုက်သကဲ့သို့ပင်ဖြစ်နေသည်။ တောင်တန်းများကြားတွင်ကျယ်လောင်စွာ အော်ဟစ်နေသောအသံများထွက်လာပြီး တောင်ထိပ်တစ်လျှောက်ပြန့်ကျဲနေသော ဂူပေါက်များမှအတန်ကြာအောင် မရပ်မနားထွက်ပေါ်လာတော့သည်။
***
အပိုင်း၂၀၆ မြို့တွင်းမာရှယ်လော
တောင်ပေါ်တွင်, များစွာသောသားရဲအမဲလိုက်သူများသည် ကိရိယာတန်ဆာပလာများ ဖြင့်တောထဲတွင်လမ်းလျှောက်နေကြသည်၊ သူတို့သည်အလွန်တန်ဖိုးကြီးသော သားရဲအင်္ဂါအစိတ်အပိုင်းများပါသည့် ကားထွက်နေသောအိတ်များကို သူတို့၏ကျောပေါ်၌တင်လာကြသည်။
သူတို့အောက်ရှိမြေပြင်ကရုတ်တရက်တုန်ခါလာတော့သည်၊ အဖွဲ့ထဲရှိသားရဲများက စိတ်မသက်မသာဖြင့်အော်ဟစ်ကြသည်။
“ဘာဖြစ်တာလဲ, ပိုင်ပိုင်?” သားရဲအမဲလိုက်သူတစ်ယောက်ကရပ်လိုက်ပြီး သူ့ခေါင်းကိုလှည့်၍ဘေးမှကြောင်ဖြူကိုပွတ်သတ်ပေးလိုက်သည်၊ ကြီးမားသော ကြောင်ကြီးကသူ့ခေါင်းကိုလှည့်လိုက်ပြီး, သူ၏နီလာကဲ့သို့ပြာလဲ့နေသော မျက်လုံးများကထိတ်လန့်နေပြီး စိုးရိမ်မှုတို့ဖြင့်ပြည့်နေသည်။
“သွား, ငါတို့မြန်မြန်သွားဖို့လိုတယ်”, ကြောင်ကြီးကစိုးရိမ်လျက်မြန်မြန်ပြောလိုက် သည်။
များစွာသော သားရဲအမဲလိုက်သူများ၏နှလုံးများသည် လှိုက်ခုန်သွားတော့သည်၊ ပိုင်ပိုင်ကအရင်ကလည်း ထိုကဲ့သို့တစ်ပုံစံတည်းပြုမူခဲ့သည်၊ တစ်ခါတုန်းက, ဒဏ္ဍာရီလာအဆင့်သားရဲက သူတို့ပေါ်မှဖြတ်သွားခဲ့သောကြောင့်ဖြစ်သည်၊ ကံကောင်းစွာနဲ့ဘဲ, ဒဏ္ဍာရီလာအဆင့်သားရဲကသူတို့ကိုသတိမထားမိခြင်း, ဒါမှမဟုတ်လည်းသူတို့ကိုဂရုမစိုက်တာဘဲဖြစ်သည်။
လူတစ်ဦးသည် သေးငယ်သောအင်းဆက်ကောင်ပေါ်သို့ ဘာအကြောင်းမှမရှိဘဲ နင်းမိသွားသောအကြောင်းပြချက်နဲ့တောင်တူသည်။ ထိုအင်းဆက်ကောင်က လူ၏ခြေထောက်ပေါ်သို့တက်လာလျှင် ထိုလူကခါချပြီးနောက် သတ်ပစ်လိုက်မည်ဖြစ်သည်။
“ငါတို့ဒီနေရာကနေမြန်မြန်ထွက်သွားဖို့လိုတယ်၊ အရင်ဆုံးယွိကျိုးမြို့ကိုပြန်သွားစို့” အဖွဲ့ထဲမှအဖွဲ့သားတစ်ယောက်က ချက်ချင်းထပြောလိုက်သည်။
သူတို့လှည့်လိုက်သည်နှင့် အောက်ရှိမြေကြီးကလှုပ်ခါသွားသည်၊ မြေကြီးက ကြည့်ရသည်မှာလည်သွားပုံရသည်!
မြေကြီးကလှည်သွားသည်နှင့်, သူတို့ထဲမှအနည်းငယ်နှင့်သားရဲများသည် လေထဲသို့လွင့်ထွက်သွားကြတော့သည်။
ထို့နောက် အရမ်းအံ့ဩထိတ်လန့်ဖွယ်ရာတစ်စုံတစ်ခုအား တွေ့လိုက်ရသည်…
…
“လူဒါဇင်ရှိတဲ့သားရဲအမဲလိုက်သူတွေက ယွိကျိုးအရှေ့မြောက်ပိုင်းကတောင်တွေနဲ့ သစ်တောတွေထဲမှာပျောက်ဆုံးနေတယ်”အထက်ပိုင်းရဲအရာရှိဝတ်စုံနှင့်လူကြီးက မျက်မှောင်ကြုတ်လိုက်သည်၊ သူကယွိကျိုးမြို့ရဲစခန်းတွင်ဖြစ်သည်။
“အဲ့လောက်များတဲ့သားရဲအမဲလိုက်သူအရေအတွက်က ရိုးရိုးတန်းတန်းအခြေအနေနဲ့ တော့ပျောက်သွားမှာမဟုတ်ဘူး” နောက်ထပ်အထက်ပိုင်းရဲအရာရှိတစ်ဦးက ထောက်ပြလိုက်သည်။
သူကစားပွဲကိုညင်သာစွာပုတ်လိုက်ပြီး “ချက်ချင်းစစ်ဆေးဖို့လူအချို့လွှတ်လိုက်၊ ဒါ့အပြင် ငါတို့ယွိကျိုးမြို့အရှေ့မြောက်ဘက်ကိုလည်း ပိတ်ထားဖို့လိုသေးတယ်၊ အဝင်အထွက်တွေကိုပိတ်ထားလိုက်”
သူပြောပြီးနောက်တွင်,အစည်းအဝေးကပြီးဆုံးသွားတော့သည်။
ထိုကဲ့သို့ကိစ္စမျိုးဖြစ်ပျက်သည်မှာပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ထိုကဲ့သို့အရာများ သည် သားရဲများ၏အရေအတွက်တိုးမြင့်လာသောအခါ သို့မဟုတ် အင်အားကြီး၍ စွမ်းအားပြည့်ဝသောသားရဲများ ယွိကျိုးမြို့ဝန်းကျင်သို့ပြောင်းရွှေ့လာသောအခါများတွင် ဖြစ်တတ်သည်။
…
အားလပ်ရက်ဖြစ်သောကြောင့် ကောင်းဖန်အိမ်သို့ပြန်ရောက်နေခြင်းဖြစ်သည်၊ အဘိုးက ညစာစားပွဲစားပွဲတွင်ထိုင်နေပြီဖြစ်ပြီး ပွသောအဖြူရောင်အင်္ကျီကိုဝတ်ဆင် ထားသည်၊ သူ့ခေါင်းကိုငုံ့ကာစွပ်ပြုတ်ကိုသောက်လိုက်ပြီးနောက်, သူ့ပါးစပ်ကို လက်သုတ်ပုဝါဖြင့်သုတ်လိုက်သည်။ “ဒီအတောအတွင်းမြို့ထဲကနေမထွက်နဲ့၊ မြို့ပြင်မှာမလုံခြုံဘူး”
ကောင်းဖန်က သူ့တူဖြင့်အသားဖတ်ကိုယူပြီးပါးစပ်ထဲသို့ထည့်လိုက်သည်၊ သူ့ပါးစပ်ထဲတွင်အသား၏အရည်များထွက်လာသလိုခံစားလိုက်ရသည်၊ သူကအသားကိုတစ်ခါတည်းမျိုချလိုက်ပြီး, ဘာတွေဖြစ်သွားလဲဆိုတာကို မသေမချာ ဖြစ်နေသည်။
အဲ့တာကိုအဘိုးက အပေါ်ယံမျှသာပြောလိုက်ခြင်းဖြစ်ပေမယ့် ကောင်းဖန်က သူပြောတာကိုခေါင်းထဲမှတ်လိုက်သည်၊ သူကမြို့အပြင်ဘက်ကို ဘာကိစ္စဘဲဖြစ်ဖြစ် သွားမည်မဟုတ်ပါ။
“သားရဲအမဲလိုက်သူအများကြီး မြို့အပြင်ဘက်မှာမကြာသေးခင်ကမှ ပျောက်သွားကြတာ၊ အရေအတွက်ကပိုပြီးများလာတယ်… စစ်တပ်ကစစ်ဆေးဖို့အဖွဲ့တွေလွှတ်လိုက်ပေမယ့် တချို့ကပျောက်နေတုန်းဘဲ၊ အခြေအနေက တော်တော်လေးအန္တရာယ်များလို့ သတိထားဖို့လိုတယ်” ကျီဟန့်ဝူက ကောင်းဖန်စားနေတာကိုကြည့်ရင်းဖြေးဖြေးချင်း ပြောလိုက်သည်။
“ဟုတ်ကဲ့” ကောင်းဖန်ကခေါင်းညိတ်လိုက်သည်။
ဒါကသူတို့ထိုကိစ္စအကြောင်းပြောသည့်အရာအားလုံးဖြစ်သည်၊ ကောင်းဖန်က ထိုအခြေအနေကိုစိတ်ထဲထားမနေဘဲ နေ,နေကျအတိုင်းနေမည်…
သုံးရက်ကြာပြီးနောက် ထိုသတင်းကမြို့အတွင်းသို့ပျံ့နှံ့သွားတော့သည်။ ယွိကျိုးမြို့သည်အဆင့်ငါးမာရှယ်လောကိုထုတ်ပြန်ထားသည်၊ ဘယ်သူမှခွင့်ပြုချက် မရှိဘဲဝင်ထွက်သွားလာခြင်းပြုလို့မရပေ။ မြို့ကမြင့်မားသောသတိပေးချက်ရှိသည့် စနစ်အတွင်းသို့ဝင်နေပြီဖြစ်သည်၊၊
ချက်ချင်းဘဲ တစ်မြို့လုံးမှာရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။ လမ်းကြားများ, လမ်းထောင့်များအားလုံးတွင် လူများကပြောဆိုနေကြသည်၊ မရေမတွက်နိုင်သော လူများကထိုကိစ္စကိုဆွေးနွေးနေကြသည်။
သတင်းတွေထွက်လာပြီးတာနှင့် အများအားဖြင့် အရမ်းစည်ကားသောလမ်းများတွင် တိတ်ဆိတ်သွားတော့သည်၊ လူအများစုကအိမ်တွင်နေနေကြပြီး, အပြင်ထွက်ဖို့လိုအပ်တဲ့အခါတွင် မြန်မြန်သွားဖို့ကြိုးစားကြသည်။
မြို့ပြင်များရှိစက်ရုံအများအပြားကိုလည်း ပိတ်လိုက်ကြသည်၊ အလုပ်ပြန်မစခင်တွင် ရဲများ၏သတိပေးချက်များကို စောင့်ဆိုင်းရမည်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနဲ့ကတော့ တောင်ပိုင်းကောင်းကင်အဖွဲ့၏စက်ရုံများကတော့ ပုံမှန်အတိုင်းလည်ပတ်နေပါသည်၊ သာမန်နှင့်ကွဲပြားချက်မှာ စက်ရုံအလုပ်သမားများ သည်အချိန်ပိုလုပ်အားခရရှိခြင်းဖြစ်သည်။
ကပ်ဆိုးကြီးကာလအတွင်း ပြဌာန်းထားသည်ဟုဆိုနိုင်သော်လည်း ၎င်းကိုစ၍ တည်ထောင်ထားကတည်းက အဆင့်ငါးမာရှယ်လောကိုသတ်မှတ်မထားပေ။
လူတွေက ကပ်ဆိုးကြီးကြောင့်ဖြစ်ရတဲ့နာကျင်မှုတွေကို မေ့ပျောက်ဖို့နှစ်များစွာ အချိန်ယူရပေမယ့် ဒီအဖြစ်အပျက်ကနာကျင်မှုရဲ့အမှတ်ရစရာများကိုပြန်၍ ထပ်၍ပေါ်ပေါက်လာစေသည်။ လူအများစုကအလွယ်တကူကြောက်တတ်ကြသည်။ မြို့ထဲတွင်ရှိသောလေထုက တင်းမာမှုအဖြစ်သို့ပြောင်းသွားသည်၊ မငြိမ်သက်မှုများ မဖြစ်ပွားစေရန်အတွက် မြို့မရဲစခန်းများမှလှည့်ကင်းများ တိုးမြင့်ဆောင်ရွက်ကြသည်။
“ဝန်ထမ်းများ၏စိုးရိမ်ပူပန်မှုတွေကိုဖြေဖျောက်ဖို့ ဒီအခြေအနေမှာနဂါးဖြူကိုလိုအပ်လား?” ကောင်းဖန်က မျက်မှောင်ကျုံ့လိုက်သည်၊ တောင်ပိုင်းကောင်းကင်အဖွဲ့၏ ဌာနရုံးချုပ်ကိုမော့ကြည့်လိုက်သည်၊ နဂါးဖြူသည်အဆောက်အဦး၏ထိပ်တွင်ရှိနေပြီး ၎င်း၏အမြီးကအဆောက်အဦးမှကျနေကာ ယိမ်းထိုးနေသည်။
နဂါးဖြူ၏လည်ဆံမွှေးများသည် လေထဲတွင်လွင့်နေသည်၊ ၎င်း၏အဝါရောင်သူငယ်အိမ်များက ဦးတည်ချက်အားလုံးကိုလိုက်ကြည့်နေသည်၊ နဂါးဖြူ၏တည်ရှိမှုကိုသတိပြုမိသောကြောင့် မြို့တွင်းရှိလက်ရှိအခြေအနေနှင့်ပတ်သတ်၍ စိုးရိမ်နေသော အဖွဲ့၏ဝန်ထမ်းအချို့မှာ စိတ်အေးသွားကြသည်။
ပြတင်းပေါက်၏အပြင်ဘက်တွင် မိုးရွာနေသည်၊ မိုးကပို၍သဲသထက်သဲလာပေမယ့် အဘိုးကအိမ်ကိုပြန်မရောက်သေးပေ၊ တကယ်ဆို ဒီအချိန်မှာအဘိုးကအိမ်ကို ပြန်ရောက်သင့်နေပြီဖြစ်သည်။
ကောင်းဖန်က ဒုတိယထပ်လသာဆောင်တွင်ရပ်နေပြီး ကုမ္ပဏီအဆောက်အဦးရှိသည့် ဦးတည်ရာဘက်သို့ကြည့်နေလိုက်သည်၊ သူရပ်နေသည့်နေရာမှအဆောက်အဦး၏ ပထမထပ်ကိုမြင်တွေ့နိုင်သည်၊ အကယ်၍နဂါးဖြူသည် အဆောက်အဦး၏ထိပ်တွင် ရှိနေသောအချက်ကြောင့်သာမဟုတ်လျှင် ကောင်းဖန်ကသူ့အဘိုးအားဖုန်းခေါ်ပြီး စစ်ဆေးမိမည်ဖြစ်သည်။
အစည်းအဝေးမှာရောက်နေလို့များလား…
သူကစိုးရိမ်မှုများနှင့်အတူထပ်၍ကြည့်လိုက်သည်။ ထို့နောက်ကောင်းဖန်ကဧည့်ခန်းထဲ သို့ပြန်သွားကာတီဗွီကိုပြောင်းလိုက်သည်။
ယွိကျိုးပြည်တွင်းရုပ်မြင်သံကြားဌာနသည် မာရှယ်လောအကြောင်း သတင်းတင်ပြခြင်းမရှိသေးပေ။ ဖျော်ဖြေရေးအစီအစဉ်များ သို့မဟုတ် သာမန်လူများ၏ဘဝအကြောင်းကို ပြသနေခြင်းဖြစ်သည်၊ ကောင်းဖန်က ဖလိမ်မီ၏နူးညံ့ချောမွေ့သောအမွှေးများကို ညင်သာစွာတို့ထိရင်း တီဗွီကိုအမှုမဲ့အမှတ်မဲ့ကြည့်နေသည်။
ကောင်းဖန် ရုတ်တရက်တံခါးဖွင့်သံကိုကြားလိုက်ရသည်၊ သူကဆိုဖာပေါ်မှ ထလိုက်ပြီး အဘိုးကထီးအမည်းနှင့်အတူဝင်လာတာကို တွေ့လိုက်သည်။
“အဘိုး, ပြန်လာပြီကိုး” ကောင်းဖန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အဘိုး၏ရာထူးဂုဏ်ဒြပ်ကိုသိရခြင်းမှာ သူ့ကိုမပျော်မရွှင်ဖြစ်စေသည်၊ ထိုအစား, ၎င်းကသူ၏စိတ်ကိုဝန်လေးစေသည်။
သူသည်ဆွေမျိုးများကို မြို့၏အကာအကွယ်ပေးသူများအဖြစ် ဘယ်တော့မှမလိုချင်ခဲ့ပေ၊ သူတို့ကိုသူရဲကောင်းများအဖြစ်လိုလားခြင်းမရှိပါ။
အကာအကွယ်ပေးသူများနှင့်သူရဲကောင်းများသည် ကောင်းမွန်သောအမြင်ရှိကြသည်။
သို့သော်, သူတို့ကအန္တရာယ်များသောဘဝများဖြင့်နေရခြင်းဖြစ်သည်။
ကောင်းဖန်က သူသည်တစ်ကိုယ်ကောင်းဆန်ပြီး သဘောထားကျဉ်းမြောင်းကာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကောင်းမွန်တဲ့အကြံဉာဏ်များမရှိသည့်လူဖြစ်သည်။
သူကတတ်နိုင်ရင်တော့ သူတစ်ပါးကိုကူညီဖို့ဆန္ဒရှိပေမယ့် ဒါကသူ့အတိုင်းအတာနဲ့ မကိုက်ညီရင်တော့ သူ့ကိုယ်သူကူညီဖို့အတွက် တွန်းအားပေးနေမှာမဟုတ်ပေ။
“မင်းဦးလေးလျိုရဲ့ ဂျဖာလူကာက ဧကရာဇ်အဆင့်ကိုတက်သွားပြီ၊ ငါကနည်းနည်းလေး ကူညီပေးနေတာ” ကျီဟန့်ဝူကပြုံးလိုက်သည်၊ “မိုးကြိုးနတ်ဘုရားခရုလည်းအတူတူ တိုးမြင့်သွားတာဘဲ၊ အဲ့ကောင်က ကွန်မန်ဒါအဆင့်အထွတ်အထိပ်ကိုရောက်သွားပြီ၊ ဒီတစ်ကြိမ်တော့ ဧကရာဇ်အဆင့်ကိုဖြတ်ကျော်နိုင်သင့်တာ”
“အဲ့တာအောင်မြင်ခဲ့လား?”
“ဖြစ်ခဲ့တယ်၊ အရိပ်ဂျဖာလူကာရဲ့ပြောင်းလဲမှုကအတော်လေးကြီးတယ်၊ မင်းဆို သူ့ကိုသတိထားမိမှာတောင်မဟုတ်ဘူး၊” ကျီဟန့်ဝူကရယ်လိုက်သည်။
“အဘိုး, မာရှယ်လောရဲ့အကြောင်းပြချက်ကဘာလဲ?” ကောင်းဖန်က သတိရှိစွာဖြင့် မေးလိုက်သည်၊ သူကတီဗွီကနေဘာအချက်အလက်မှမသိရပေ, ဒါပေမယ့်အဘိုးကတော့ တစ်ခုခုသိနိုင်သည်။
“အဲ့တာကသားရဲအမျိုးအစားအသစ်တစ်ခုဘဲ…” ကျီဟန့်ဝူက ခေါင်းကိုယမ်းလိုက်သည် “အဲ့တာကသားရဲအမျိုးအစားအသစ်၊ ဒီပြဿနာကိုရင်ဆိုင်နေရတာက ယွိကျိုးမှာရှိတဲ့အဘိုးတို့တင်မကဘူး။ ကမ္ဘာတစ်ဝှမ်းလုံးကလက္ခဏာတွေပြောင်းလဲနေတာ။ သားရဲတွေကသူတို့ရဲ့ရည်ရွယ်ချက်တွေကိုစပြီးသတိထားမိလာလိမ့်မယ်”
“သားရဲအမျိုးအစားသစ်?” ကောင်းဖန်ကယခင်ရှာဖွေမတွေ့ရှိခဲ့သောသားရဲအမျိုး အစားအသစ်ကိုပုံဖော်၍မရနိုင်ဖြစ်နေသည်။
***
အပိုင်း၂၀၇ စိတ်ဝိညာဉ်တောင်
“အရင်တုန်းကဒဏ္ဍာရီတွေကို လုံးဝအခြေအမြစ်မရှိဘူးလို့ ယူဆတဲ့ပညာရှင်တွေရှိတယ်၊ တစ်ချို့ပညာရှင်တွေကတော့ ရှေးခတ်ကရှေးရိုးစဉ်လာတွေကို စပြီးသုတေသနလုပ်နေကြပြီ။” ကျီဟန့်ဝူက ရယ်လိုက်သည်။
“သူတို့ရဲ့တွေးပုံတွေးနည်း သဘောထားတွေက မှန်ကန်တယ်လို့မင်းထင်လား?”
“ငါ့တော့မသိဘူး” ကျီဟန့်ဝူက ရယ်လိုက်သည်၊ “ဒါပေမယ့် ပေါ်လာတဲ့သားရဲတွေက သာမန်ထက်အတော်လေး…”
ကောင်းဖန်ကသူ့အဘိုးကိုကြည့်လိုက်သည်။
“ငါတို့ သူ့ကို သားရဲစိတ်ဝိဉာဉ်တောင်လို့ခေါ်တယ်၊ တစ်ချို့ပညာရှင်တွေကတော့ တောင်နတ်ဘုရားလို့ပေးချင်ပေမယ့် တခြားသူတွေကသဘောမတူကြဘူးလေ၊ ကောင်းမွန်တဲ့အကြောင်းပြချက်မရှိဘဲနဲ့တော့ နတ်ဘုရားဆိုတဲ့စကားကိုဘယ်သားရဲမှ မပေးသင့်ဘူး”
“စိတ်ဝိဉာဉ်တောင်” ကောင်းဖန်က သူ့ကိုယ်သူတီးတိုးရေရွတ်လိုက်သည်။
“ဟုတ်တယ်၊ ထိပ်တန်းသားရဲလေ့ကျင့်တစ်ဦးကသွားပြီး သားရဲရဲ့ပုံသဏ္ဍာန်ကို ဓာတ်ပုံသွားရိုက်လာခဲ့တယ်၊ သူ့ခန္ဓာကိုယ်ကတောင်ပုံစံမျိုးဘဲ၊ အသက်ရှိနေတဲ့တောင်၊ အမှန်အတိုင်းပြောရရင်, ဒါကိုယုံဖို့ခက်တယ်” ကျီဟန့်ဝူက ညည်းညူလိုက်သည်။
အသက်ရှိနေတဲ့တောင်? ကောင်းဖန်ရဲ့နှလုံးကနစ်မြုပ်သွားတော့သည်။ သူခေါင်းထဲမှာ ပထမဆုံးပေါ်လာတဲ့ပုံရိပ်ကတော့ မြင့်မားတဲ့တောင်ကြီးက လှိုင်းလုံးကြီးတစ်ခုလို ယွိကျိုးမြို့ဆီသို့ဦးတည်လာတဲ့ပုံကြီးဖြစ်သည်။
အကယ်၍ ကြီးမားတဲ့တောင်ကြီးကတကယ်ကိုယွိကျိုးမြို့အားချေမှုန်းလိုက်လျှင် ရလဒ်ကကြီးမားလှသည့်ကပ်ဘေးကြီးဖြစ်သွားလိမ့်မည်။
“အဲ့မှာ စိတ်ဝိဉာဉ်တောင်တစ်ခုထက်ပိုတဲ့ဓာတ်ပုံတွေကိုလည်းရိုက်ခဲ့တယ်၊” ကျီဟန့်ဝူကပြောလိုက်သည်။
တစ်ခုထက်ပိုတယ်! ကောင်းဖန်ကလေများကိုပြင်းစွာရှုရှိုက်လိုက်မိသည်။
“ဟုတ်တယ်, ကံကောင်းစွာနဲ့ဘဲ,စိတ်ဝိဉာဉ်တောင်တွေရဲ့ပျမ်းမျှအရွယ်အစားက သိပ်ပြီးမကြီးလှဘူး၊ အကြီးဆုံးတစ်ခုကပေ၁,၀၀၀ထိမြင့်တယ်၊ အဲ့တာက တကယ့်တောင်ထက်တော့ကြီးတဲ့တောင်ကြီးဘဲ”
အိုး,ဒါကတော်သေးတယ်၊ ကောင်းဖန်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်၊ စိတ်ဝိဉာဉ်တောင်များ၏အရွယ်အစားသည် ကောင်းဖန်စိတ်ကူးထားသည်ထက် တော့သေးပေမယ့်, ထိုသို့ဆိုရင်တောင် ထိုမျှအရွယ်အစားရှိသောသားရဲတစ်ကောင်သည် ဧကရာဇ်အဆင့်သားရဲများအတွက်တော့ လက်တစ်ဆုပ်စာပင်ဖြစ်သည်။
“ဒါ့အပြင်,သူ့တို့ရဲ့အရွယ်အစားကြောင့်သူတို့ကအရမ်းနှေးတာဖြစ်ကောင်းဖြစ်နိုင် တယ်၊ ဒါပေမယ့်,သူတို့ရဲ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှာတော့ပြင်းထန်တဲ့ သတ်ဖြတ်နိုင်စွမ်းတွေရှိတယ်၊ သားရဲအမဲလိုက်သူတွေက အဲ့ကောင်တွေ သာမန်တောင်အဖြစ် အသွင်ပြောင်းဖုံးကွယ်နေတုန်း တောင်တွေထဲမှာ လမ်းလျှောက်သွားမိတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လို့ ငါတို့သံသယရှိတယ်”
“မင်းစိုးရိမ်နေစရာမလိုပါဘူး၊ အကယ်၍ကောင်းကင်ကြီးပြိုကျလာရင်တောင် ငါမင်းကိုကာကွယ်ပေးမှာပါ။ ဒီစိတ်ဝိဉာဉ်တောင်တွေက ငါတို့လူသားတွေအပေါ်မှာ ဘာအညိုးအတေးမှမထားလောက်ပါဘူး၊ သူတို့ကရိုးရိုးရှင်းရှင်းဘဲဉာဏ်ထက်မြက်မှု တစ်ချို့ရထားရင်, အကယ်၍သူတို့ကဉာဏ်ရှိရင် ဆိုလိုတာက ငါတို့ကသူတို့နဲ့ညှိနှိုင်းလို့ ရနိုင်တယ်၊ အကယ်၍,လိုအပ်မယ်ဆိုရင် စစ်တပ်ကဒုံးကျည်တွေကိုတော့သုံးဖို့ မလိုပါဘူး၊ ရိုးရှင်းတဲ့ပေါက်ကွဲမှု ဒါမှမဟုတ် အပေါ်ကနေဗုံးကျဲတာတို့နဲ့အဲ့ဒီတောင်တွေကို ဖောက်ခွဲလို့ရတယ်” ကျီဟန့်ဝူက ကောင်းဖန်ကို သက်တောင့်သက်သာဖြစ်စေရန် ပြောလိုက်သည်။
“အဘိုး, စိတ်ဝိဉာဉ်တောင်တွေရဲ့ပုံတွေအဘိုးမှာရှိလား?”
“ဓာတ်ပုံလား? အဘိုးမှာတစ်ခုမှတော့မရှိဘူး၊ အကယ်၍မင်းလိုချင်ရင် အဘိုး တစ်ယောက်ယောက်ကို ယူလာခိုင်းလိုက်မယ်လေ”
“ဟုတ်ကဲ့” ကောင်းဖန် အနည်းငယ်စိတ်ပျက်သွားသည်၊ သူကဒီနေ့မှာ ထိုစိတ်ဝိဉာဉ်တောင်တွေရဲ့ဓာတ်ပုံတွေကို မြင်နိုင်လောက်တယ်လို့သူတွေးမိလိုက်သေး သည်။
“အဘိုး, စိတ်ဝိဉာဉ်တောင်သားရဲတွေက ဘာသားရဲအမျိုးအစားလဲ? သူတို့ကဒြပ်စင် အမျိုးအစားတွေလား?”
“မဟုတ်ဘူး၊ သူတို့ကသဘာဝအမျိုးအစားဘဲ၊ သာမန်ကမ္ဘာကနေအသက်ရှင်မှုရလာပြီး သဘာဝအမျိုးအစားတွေအဖြစ် ခွဲခြားသတ်မှတ်ထားတာကို သူတို့ကိုယ်သူတို့သိတယ်၊ တစ်ချို့သားရဲတွေကတော့ နွယ်လိုမျိုးပေါ့။ သူတို့ကိုလည်းသဘာဝအမျိုးအစားအဖြစ် သတ်မှတ်ထားတာလေ”
မာရှယ်လော၏အကြောင်းအရင်းကိုသိပြီးနောက် စိတ်အေးရမည့်အစား ကောင်းဖန်က ပိုပြီးစိုးရိမ်လာသည်။
ကမ္ဘာကြီး၏ပြောင်းလဲမှုကမြန်လွန်းသည်၊ အကယ်၍ကမ္ဘာပေါ်ရှိသက်ရှိသတ္တဝါတိုင်း၏ ပြောင်းလဲမှုကိုလိုက်မမှီပါက ၎င်းတို့သည် သူ့အသက်အတွက် အန္တရာယ်ဖြစ်စေမည် ဖြစ်သည်။
ကောင်းဖန်ထိုအရာကိုတွေးလိုက်သည်နှင့် ခံစားချက်ကအရေးတကြီးဖြစ်နေ သလိုခံစားလိုက်ရသည်၊ သူ၏ကြီးထွားမှုနှုန်းက နှေးကွေးသလိုလည်းခံစားရသည်။
တာ့ဇီနှင့်အခြားသူများအတွက် ကောင်းမွန်သည့်အစားအသောက်များ လေ့ကျင့်မှုအတွက် အသုံးပြုသည့်ပတ်ဝန်းကျင်များစီစဉ်ပေးနေသော်လည်း ကောင်းဖန်ကတစ်ခုခု ပျောက်ဆုံးနေသလိုခံစားနေရသည်။
ကောင်းဖန်ကအပေါ်ထပ်ကိုတက်၍ အိပ်ရာဝင်ဖို့ပြင်ဆင်နေချိန်တွင် သူ့အဘိုးက အနောက်ကနေပြောလိုက်သည်, “အိုးဟုတ်သား၊ မင်းငါ့ကိုဂရုတစိုက်ရှာခိုင်းထားတဲ့ ပစ္စည်းလေ၊ ငါဝမ်ဇိုင်းရွှေလနဲ့ပတ်သတ်တဲ့သတင်းတစ်ချို့ကြားရတယ်၊ အဘိုးနဲ့အတူ အလုပ်လုပ်တဲ့ရှန်းရှီကုမ္ပဏီက အဲ့တာကိုရခဲ့တာ၊ သူတို့ကလဲလှယ်ဖို့သဘောတူပြီး ရက်အနည်းငယ်အတွင်းပို့ပေးလိမ့်မယ်”
“ဟုတ်ကဲ့” ကောင်းဖန်ကခေါင်းညိတ်လိုက်ပြီးနောက် အပေါ်ထပ်ကိုတက်သွားပြီး သူ့အိပ်ခန်းတံခါးကိုပိတ်လိုက်သည်။
အဘိုးက တားမြစ်မှော်ကျောက်တုံးကို သူ့အားကူညီ၍ရရှိရန်ကြိုးစားတုန်းကလည်း အောင်မြင်ခဲ့သည်၊ ဝမ်ဇိုင်းရွှေလသည် ဒမ်ဘီ၏ဒဏ္ဍာရီလာအဆင့်သို့တိုးမြင့်ရန်အတွက် လိုအပ်သည့်ပစ္စည်းများထဲမှ တစ်ခုဖြစ်ကာ ၎င်းကိုလည်းမကြာသေးခင်ရတော့မည် ဖြစ်သည်။
ပြီးတော့ အဘိုးကသူ့ရဲ့သွေးနီးဆွေမျိုးဖြစ်ကာ သူ့အားကူညီခြင်းသည်မည်သည့်အရာကိုမှတောင်းဆိုခြင်း သို့မဟုတ် တစ်စုံတစ်ရာကိုမျှော်မှန်းခြင်းကြောင့်မဟုတ်ကြောင်း သူသိသော်လည်း သူ့အကူအညီအတွက်ပြန်မပေးဆပ်နိုင်ခြင်းအတွက် စိုးရွံ့နေဆဲဖြစ် သည်၊ သူသည်မျှော့တစ်ကောင်လိုခံစားနေရသည်။
ငါအခုထိအရမ်းစိတ်ခံစားလွယ်တာဘဲ။
ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်သည်။ အခြေအနေအပြောင်းအလဲက ကောင်းဖန်ကို လုံးလုံးနှိုးဆော်လိုက်သည်၊ အရင်ကတော့ သူတစ်ယောက်တည်းနေခဲ့တုန်းက သူ့ကိုယ်သူသိပ်ပြီးဂရုမစိုက်တာသဘာဝကျပေမယ့် အခုတော့မတူတော့ချေ၊ သူ့အဘိုးက သူ့ကိုထောက်ခံအားပေးသည့်အတွက် သူအရမ်းကြီးစိုးရိမ်နေစရာမလိုပေ။
အကယ်၍ ကောင်းဖန်ကအားလုံးကိုအပြည့်အဝနားမလည်ရင်တောင်, အဘိုးက ဘာကိုလုပ်ရမလဲဆိုတာသိသည်၊ သူလုပ်ရမယ့်တစ်ခုတည်းသောအရာက သူ၏ကုန်ချောပစ္စည်းများကိုလွှဲပေးပြီး ကျန်တဲ့အရာတွေကို ကျွမ်းကျင်သူတွေအား ကိုင်တွယ်ခွင့်ပေးလိုက်မည်။
သူလုပ်ချင်တာကိုလုပ်နိုင်သည်။ ဓာတ်ခွဲခန်း၏အအေးခန်းထဲတွင် သိမ်းဆည်းထားသော ပစ္စည်းအများအပြားရှိပြီး ဆေးဝါးအမျိုးအစားများစွာပြုလုပ်ရန်လည်း လုံလောက်သည်။
ကောင်းဖန် သူ့ကုတ်အင်္ကျီကိုဝတ်လိုက်ပြီး သူ၏အိပ်ခန်းတံခါးကိုဖွင့်လိုက်ကာ အောက်သို့ဆင်းသွားလိုက်သည်၊ စင်္ကြံတစ်လျောက်ဖြတ်လာပြီးနောက် ထီးထားသည့် နေရာမှထီးကိုယူလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်၊ မိုးကအပြင်ဘက်တွင်ရွာနေ သည်။
အောက်ထပ်တွင်အိပ်နေသောတာ့ဇီကရုတ်တရက်သူ့သခင်ကသူ့ရှေ့ရောက်လာသည် အားခံစားမိသွားသည်။ ၎င်းက ကောင်းဖန်ဆီသို့သူ့ခေါင်းကိုမော့ကာ လျှောက်သွားလိုက်ပြီး သူ့သခင်က ဒီအချိန်ကြီးကျမှ ဘယ်ကိုသွားမလို့လဲဆိုတာကိုသိချင်နေသည်။
ဘာကြောင့်လဲဆိုတော့…. သခင်ကတိတ်တိတ်လေး သူ့ကိုအရသာရှိတဲ့အစားအစာ တစ်ချို့ဆီကိုစားဖို့ခေါ်သွားမလို့လားဘဲ?!
တာ့ဇီက ရုတ်တရက်အားအင်အပြည့်ဖြစ်သွားပြီး ၎င်း၏အိပ်စက်ခြင်းကိုလျင်မြန်စွာဘဲ မေ့လျော့သွားတော့သည်။
“အပြင်မှာမိုးအရမ်းရွာနေတာ၊ မင်းပြန်အိပ်သင့်တယ်နော်” ကောင်းဖန်က သူ့ခေါင်းကို ငုံ့လိုက်ပြီးတာ့ဇီကိုကြည့်လိုက်ကာ ညင်သာစွာရယ်လိုက်သည်။
တာ့ဇီက မြန်မြန်ဘဲသူ့ခေါင်းကိုယမ်းလိုက်သည်၊ “သွားမယ်၊ မင်းနဲ့သွားမယ်”
ကောင်းဖန်က တာ့ဇီ၏ညင်သာသောအသံကိုကြားလိုက်ရသောအခါ, သူ့နှလုံးသားက နူးညံ့သွားတော့သည်၊ တာ့ဇီကသူ့ကိုဂရုအစိုက်ဆုံးဘဲ၊ ပြီးတော့သူကလည်းငါ့ရဲ့ ပထမဆုံးကိုယ်ပိုင်သားရဲဘဲကို။
ကောင်းဖန်ကဒူးထောက်လိုက်ပြီး ညင်သာစွာဖြင့် တာ့ဇီ၏ခေါင်းကိုပုတ်လိုက်သည်၊ “ကောင်းပြီ၊ အတူတူသွားကြတာပေါ့”
တာ့ဇီကစိတ်လှုပ်ရှားစွာဖြင့် သူ၏ဦးမျှင်များကို ဘေးပတ်လည်သို့ဝှေ့ယမ်းလိုက်သည်၊ ၎င်းကစိတ်အားထက်သန်စွာဖြင့် ကောင်းဖန်၏နောက်မှလိုက်တော့သည်။
တာ့ဇီ၏နှလုံးသားထဲမှမီးတောက်ကလေးသည် သူ၏နောက်ကျောကိုမိုးများက ရိုက်ခတ်မှုကြောင့် ကွယ်ပျောက်သွားတော့သည်။
…
တာ့ဇီက ဓာတ်ခွဲခန်းထဲတွင် အလုပ်များနေသောကောင်းဖန်ကိုကြည့်နေရင်း, တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရကာ ထောင့်တစ်ထောင့်ကိုသွားပြီး ခွေနေလိုက် သည်။
ကောင်းဖန်,မင်းပြောင်းလဲသွားပြီ၊ မင်းကအရသာရှိတဲ့တစ်ခုခုစားဖို့အတွက်ခေါ်ထုတ်ခဲ့တာမဟုတ်ဘူးဘဲ။
ကောင်းဖန်သည် ငါးခုမြောက်ရောစပ်ထားသည့်အရာကိုငုံ့ကြည့်လိုက်သည်၊ သူက၎င်းကိုဂရုတစိုက်သိုလှောင်ထားလိုက်ပြီးတံဆိပ်တပ်လိုက်သည်၊ သူကဘောပင်ကိုသုံးပြီး ဂရုတစိုက်ဖြင့် ဖော်မြူလာအချိုးနှင့်သတိထားသင့်သည့်အရာများကို မှတ်စုစာအုပ်ဖြင့်ချရေးကာမှတ်ထားသည်။
ဓာတ်ခွဲခန်းထဲတွင် ပစ္စည်းအများအပြားမရှိပေ၊ သူက ဓာတုပစ္စည်းငါးမျိုးကိုသာ ရောစပ်နိုင်သည်။ ပစ္စည်းတွေပိုရရင် အဘိုးကိုပေးမယ်၊ သူတစ်ခါတည်းနဲ့အများကြီး ပေးလိုက်လျှင် သူသေချာပေါက်ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ကောင်းဖန်ကဗီလာသို့ပြန်သွားလိုက်ပြီး ဧည့်ခန်းထဲတွင် ဓာတုပစ္စည်းများပါဝင်သောသေတ္တာကို ချထားလိုက်ပြီးနောက် နံရံတွင်ချိတ်ထားသောနာရီကိုကြည့်လိုက်သည်။ မနက်နှစ်နာရီထိုးပြီဖြစ်၍ သူသမ်းဝေနေပြီဖြစ်တာကြောင့်ပြန်အိပ်လိုက်သည်။
နောက်တစ်နေ့ အတန်းထဲ၌ရှိနေချိန်တွင် ကောင်းဖန်၏ဖုန်းက မြည်လာသည်။ သူကအောက်ကိုငုံ့ပြီးစာကိုဖတ်ကြည့်လိုက်သည်၊ အဘိုးကသူ့ဆီကိုဓာတ်ပုံတစ်ပုံပို့ ထားတာဖြစ်သည်။
ကောင်းဖန်ကလက်ခံသည်ကိုနှိပ်လိုက်သည်နှင့် ဒေါင်းလုတ်ဘားသည်စတင် လုပ်ဆောင်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်အတွင်းမှာတင်, ပုံကကျယ်လာသည်၊ အစပိုင်းမှာတော့ပုံကမှုန်ဝါးနေ ပေမယ့် နောက်ပိုင်းမှာတော့ရှင်းလင်းလာသည်။
ကောင်းဖန်သည်ပုံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါတွင် သူအော်ဟစ်လု မတတ်ပင်ဖြစ်သွားသည်။
သေစမ်း…
ဓာတ်ပုံထဲတွင် အနက်ရောင်နက်မှောင်နေသောတောင်ကုန်းအချို့သည် တောင်ကြားများကြားထဲတွင်ရှိနေသည်၊ တောင်ကုန်းများ၏မျက်နှာပြင်သည် များပြားသောဂူပေါက် များဖြင့်ပြန့်ကျဲနေပြီး ကျို့တို့ကျဲတည်းရှိနေသည်။
ကောင်းဖန်ကဒီထူးဆန်းသောဂူကိုတစ်ချက်တည်းကြည့်ရုံဖြင့် သတိထားမိသည်။
သူတောထဲကိုသွားတုန်းက သူမြင်ခဲ့တဲ့ သားရဲတွေကိုဆွဲဆောင်သော တောင်တစ်ခုဖြစ်နေသည်။
***
အပိုင်း၂၀၈ အစင်းလေး- ချစ်မိသွားပြီ
ကောင်းဖန်ကသူ့ဖုန်းထဲကပုံကိုကြည့်လိုက်သည်၊ ဒေတာစာတန်းများက တဖြည်းဖြည်း ပေါ်လာတော့သည်…
[မကောင်းဆိုးဝါးအမည်] - စိတ်ဝိဉာဉ်တောင်
[မကောင်းဆိုးဝါးအဆင့်] - အဆင့်၄၈(ဧကရာဇ်)
[မကောင်းဆိုးဝါးအဆင့်အတန်း] - သာမန်အဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] - သဘာဝ, မြေကြီး, ကျောက်တုံး
[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-မြေကြီးထိန်းချုပ်နိုင်စွမ်းအဆင့်၄
[မကောင်းဆိုးဝါးအခြေအနေ]-အနည်းငယ်ဒဏ်ရာ(စိတ်တို)
[မကောင်းဆိုးဝါးအားနည်းချက်]-၁-စိတ်ဝိဉာဉ်တောင်နှလုံးသည်၎င်းအသက်၏ အရင်းအမြစ်ဖြစ်သည်၊ ၂-နှေးကွေးစွာရွေ့လျားခြင်း
[အထူးအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ]-….
ဒါကအဆင့်၄၈ ဧကရာဇ်အဆင့်အတန်းသားရဲပေါ့။
ကောင်းဖန်က အတော်လေးဒုက္ခရောက်သလိုခံစားလိုက်ရသည်၊ အဘိုးပြောပြချက်အရ တစ်ခုထက်ပိုသောစိတ်ဝိဉာဉ်တောင်သည် ယွိကျိုးမြို့အနီးတွင်ရှိနေတာဖြစ်သည်၊ ကောင်းဖန်က ယွိကျိုး၏အရွယ်အစားနှင့် သူတို့တကယ်စုံစမ်းနိုင်သည့်သေးငယ်သော နေရာကိုတွေးကြည့်မိသည်။
ယွိကျိုးက ထောင်ပေါင်းများစွာသောတောင်တွေဖြင့် ပြည့်နေသောနေရာဖြစ်သည်…
ကောင်းဖန်ကိုပိုစိတ်ရှုပ်စေသည်က သူအရင်က ဒီတောင်၏အသွင်အပြင်ကို မမြင်ဘူးတာဖြစ်သည်။
သူက၎င်းတို့ကိုအခုမှသာမြင်နိုင်ခဲ့ပြီး ကောင်းဖန်သည်သူ၏စွမ်းရည်ကို သံသယဖြစ်စေခဲ့သည်။
တစ်ချို့တစ်လေကိုတွေးတောပြီးနောက် ကောင်းဖန်က အဆုံးသတ်ကိုရောက်ပြီ ဖြစ်သည်၊ စိတ်ဝိဉာဉ်တောင်ကိုသူတွေ့တုန်းက ၎င်းသည် ကြီးထွားမှု၏အစပိုင်းအဆင့်တွင်သာရှိပြီး ၎င်း၏ကြီးထွားမှုက မပြီးဆုံးသေးတာဖြစ်နိုင်သည်။
ဓာတ်ပုံများကိုကြည့်လိုက်ရာ ထောင့်အမျိုးမျိုးမှရိုက်ထားသော စိတ်ဝိဉာဉ်တောင်များ၏အခြားဓာတ်ပုံများကို တွေ့ရသော်လည်း ၎င်းတို့၏အရွယ်အစားမှာခုနကပုံ၏ အရွယ်အစားထက်သေးငယ်သွားသည်။ ၎င်းတို့သည်ပထမစိတ်ဝိဉာဉ်တောင်ထက် နိမ့်သောအဆင့်ရှိသည်။
ကောင်းဖန် ဖုန်းကိုပိတ်လိုက်ပြီးဟောပြောချက်များကို ပြန်၍နားထောင်လိုက်သည်။
ကောင်းဖန်၏ဘေးတွင်ထိုင်နေသောသူကစပ်စုချင်နေသည်၊ သူကကောင်းဖန်၏ တံတောင်ဆစ်ကိုဘောပင်ထိပ်အားသုံး၍ထိုးလိုက်သည်, “ညီအကို, မင်းကြည့်နေတဲ့တောင်က အတော်လေးကောင်းတာဘဲ၊ အဲ့တာကဘယ်မှာလဲ?”
ကောင်းဖန်က စိတ်ဝိဉာဉ်တောင်နှင့်ပတ်သတ်သည့်သတင်းများကို ဆင်ဆာလုပ်ထားလားဆိုတာကိုမသေချာသောကြောင့်, သူကထုတ်ဖော်ပြောဖို့အတွက်တွန့်ဆုတ်နေသည်၊ ထိုကောင်လေးကို မရေရာသောအဖြေမျိုးကိုသာပေးလိုက်သည်။
ကောင်းဖန်၏အင်တင်တင်ဖြစ်နေမှုကို သဘောပေါက်သွားပုံရကာ, ထိုလူငယ်က ကောင်းဖန်၏လက်မောင်းကိုဆက်၍ ဘောပင်ထိပ်ဖျားဖြင့်ထိုးလိုက်သည်၊ “အရမ်းကြီးတွန့်တိုမနေစမ်းပါနဲ့ကွာ၊ ငါကဓာတ်ပုံရိုက်ရတာကိုကြိုက်တယ်၊ ငါက မကောင်းဆိုးဝါးသားရဲတွေနဲ့ကိုယ်ပိုင်သားရဲတွေကို ဓာတ်ပုံရိုက်ရတာကြိုက်တယ်။ ပြီးတော့အဲ့ဒီနောက်ခံနေရာက အတော်လေးကောင်းတယ်လို့ထင်တယ်၊ ငါ့သားရဲတွေအတွက် ဓာတ်ပုံနှစ်ပုံလောက်ရိုက်ဖို့အဲ့ကိုသွားဖို့ပြင်ဆင်ရမယ်”
စိတ်ဝိဉာဉ်တောင်ရဲ့ထိပ်ကိုသွားပြီးဓာတ်ပုံသွားရိုက်ဦးမယ်?
ကောင်းဖန်ကထိုလူငယ်ကိုထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်, “ဒီသတင်းကို မင်းမကြာခင်မြင်ရပါလိမ့်မယ်၊ အကယ်၍ မင်းသွားချင်သေးတယ် ဆိုရင်တော့လည်း, သွားနိုင်တယ်။”
လူငယ်ကအလွန်စိတ်ရှုပ်သွားတော့သည်။
စာသင်ပြီးနောက် ကောင်းဖန်သည် သူ၏စာအုပ်များအားလုံးကို သူ၏လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး အတန်းထဲရှိလူအုပ်ထဲမှထွက်လာတော့သည်။
ကောင်းဖန်အပေါ်ရှိလူနှစ်ယောက်က စိတ်ဝင်တစားဖြင့် စကားစမြည်ပြောနေတာကို ကြားလိုက်ရသည်။ “ထုန်လီ မင်းတစ်နေ့ကဝယ်တဲ့သွေးသားသတ်ဆေးရဲ့ အကျိုးသက်ရောက်မှုကဘယ်လိုနေလဲ?၊ မင်းရဲ့အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ရော တိုးမြင့်သွားလား?”
“ဆေးကအံ့ဩစရာဘဲကွ၊ ငါ့ရဲ့အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်က အဲ့တာကိုလုပ်ပြီးကတည်းက အတော်လေးကိုပြောင်းလဲသွားတာ၊ အရောင်က သွေးနီရောင်ပြောင်းသွားပြီး အဲ့ကောင်ရဲ့သန်မာမှုက အများကြီးတိုးမြင့်သွားတယ်၊ တစ်ခုတည်းသောအားနည်းချက်ကတော့ အဲ့ကောင်ရဲ့ဒေါသကပိုပြီးကြီးလာတယ်ကွ၊ ဒီရက်ပိုင်းအတွင်းမှာ အဲ့ကောင်ကငါ့အမိန့်ကိုသိပ်ပြီးမနာခံဘူး၊ ဆေးရဲ့နောက်ဆက်တွဲ ဆိုးကျိုးကဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ဘူး”
ဟောပြောပို့ချသောအခန်း၏အနောက်ဘက်နှင့်ခပ်လှမ်းလှမ်းအကွာတွင် ကျယ်ဝန်းသောနေရာလွတ်တစ်ခုရှိသည်၊ ကိုယ်ပိုင်သားရဲအများအပြားသည်ထိုနေရာ တွင်ရပ်နေကြသည်၊ သခင်များ၏အမိန့်အတိုင်းငြိမ်ဝပ်စွာဖြင့်မြေပြင်ပေါ်တွင် လှဲအိပ်နေကြသည်၊ ရံဖန်ရံခါတွင် စပ်စုတတ်သောသားရဲအချို့သည်အနီးအနားရှိ အခြားသောသားရဲများကိုနမ်းရှုံ့ရှုရှိုက်ရင်း သွားလာနေကြသည်။
အစင်းလေးသည်၎င်းအနားယူရာနေရာတွင်တိတ်တဆိတ်နေရာယူထားကာ ၎င်း၏သခင်လာခေါ်ချိန်ကိုစောင့်နေသည်၊ အစင်းလေးသည်ယခုအခါတွင်လော်ရီကား လောက်ပင်ကြီးနေပြီဖြစ်သည်၊ ၎င်း၏အနက်ညိုရောင်ခန္ဓာကိုယ်က်ဘေးပတ်လည်ရှိ နေရောင်ခြည်အားလုံးကိုဝါးမျိုပစ်လိုက်ပုံရသည်၊ ၎င်းကသူ၏ခြေထောက်များကို ကြတ်ခြေခတ်ပုံစံဖြင့် သူ့ခေါင်း၏အရှေ့တွင်ထားပြီးသူ့ဦးခေါင်းကိုဒိုင်းဖြင့်ကာကွယ် ထားသလိုလုပ်ထားသည်၊ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကအသက်ရှုလိုက်သည်နှင့် တအိအိလှုပ်နေသည်။ အစင်းလေး၏မျိုးစိတ်ဖြစ်သော, မြေကြီးဒိုင်းကာပင့်ကူသည် လူသားတို့မသိရသေးသောမျိုးစိတ်ဖြစ်သည်၊ ၎င်းကရှာဖွေတွေ့ရှိမှုမရှိသေးသော သားရဲအသစ်တစ်မျိုးဟုယူဆကြသည်။
အစင်းလေးသည်၎င်း၏ပြင်ပသွင်ပြင်ကိုကြည့်ရုံဖြင့်အရှုပ်အထွေးများမရှိကြောင်း လူတိုင်းသိနိုင်သည်၊ ၎င်းသည်ကျစ်လျစ်သောအနက်ရောင်ခြေချောင်းများသည် မြေကြီးပေါ်၌ချွန်ထက်သောလှံတံကဲ့သို့ပင်ဖြစ်နေသည်၊ ဆူးထစ်များက ၎င်း၏အဆစ်များမှထွက်နေသည်၊ ၎င်း၏ထူထဲသောသံချပ်ကာသည် ၎င်း၏ပျော့ပြာင်းမှုအချို့ကို ဆုံးရှုံးစေသော်လည်း ၎င်းသည်တိုးမြှင့်ထားသော ကာကွယ်ရေးနေရာများကြောင့် နှိမ်နှင်းနိုင်ခဲ့သည်၊ အစွမ်းထက်သော အရှိန်အဝါကိုပေးနေသည်၊ ၎င်းနှင့်ဆယ့်ငါးပေအကွာအထိပင် မည်သည့်သားရဲမျှမလာရဲကြပေ။
ကောင်းဖန်က ပို၍နီးကပ်လာသည်နှင့်အမျှ အစင်းလေးသည်ရုပ်ထုတစ်ခုကဲ့သို့ရပ်နေသည်၊ ကောင်းဖန်ကပို၍နီးကပ်လာသောအခါ သူကပါးလျသောတအီအီမြည်သံကို ဒိုင်း၏ဘေးဘက်မှကြားလိုက်ရသည်…
ဒီပျင်းရိနေတဲ့ငပျင်းကတော့အိပ်ပျော်နေပြန်ပြီ! ကောင်းဖန်ကအစင်းလေး၏ဒိုင်းကဲ့သို့သော ရှေ့ခြေများကိုရယ်ကာရိုက်လိုက်သည်၊ “ငါအတန်းပြီးပြီ၊ အိပ်နေတာတော်လိုက်တော့”
အစင်းလေးကတုန်းလာပြီး ၎င်း၏ရှေ့ခြေများကိုတဖြည်းဖြည်းချင်းရွေ့လိုက်သည်၊ ၎င်း၏သွေးနီရောင်မျက်လုံးများက အပြည့်အဝမပွင့်သေးပေ။ ၎င်းကသိသိသာသာကို အပြည့်အဝမနိုးသေးပေ၊ ၎င်းကသူ၏မျက်စံများကိုဖြေးညင်းစွာဖြင့်လှိမ့်လိုက်ပြီး ၎င်း၏သခင်ကသူ့ရှေ့တွင်ရပ်နေတာကိုသတိထားမိသွားသည်။
ပျော်ရွှင်စွာဖြင့် ၎င်းကရှေ့သို့နှစ်လှမ်းလှမ်းလိုက်ပြီး ၎င်း၏ခေါင်းကိုအဆက်မပြတ် ကောင်းဖန်၏ခန္ဓာကိုယ်ဖြင့် ပွတ်သပ်နေလိုက်သည်၊ ၎င်းက သူ၏မိဘများကအဖက်ခံချင်၍ ချစ်ဖို့ကောင်းအောင်သရုပ်ဆောင်နေသော ကလေးတစ်ယောက်လိုဖြစ်နေသည်။
“ကောင်းပြီ,ကောင်းပြီ, ချစ်ဖို့ကောင်းအောင်လုပ်နေတာတွေတော်လိုက်တော့၊ မင်းကကြီးတဲ့ပင့်ကူကြီးတောင်ဖြစ်နေပြီ, မင်းကချစ်ဖို့ကောင်းအောင်သရုပ်ဆောင်နေ တာလူတွေရယ်မှာကိုဂရုမစိုက်ဘူးလား?” ကောင်းဖန်က ပေါ့ပေါ့ပါးပါးဖြင့် အစင်းလေး၏ကြီးမားသောခေါင်းကို ပုတ်လေးလိုက်သည်။
“ဒီပင့်ကူက နင်ပိုင်တာလား?” စူးစမ်းချင်စိတ်ဖြင့်မေးမြန်းသံတစ်သံက ဘေးမှထွက်ပေါ်လာသည်။
ကောင်းဖန်ကသူ့ခေါင်းကိုလှည့်ကာကြည့်လိုက်တော့ မြင်းမြှီးပုံစံစည်းထားသော မိန်းကလေးကိုတွေ့လိုက်ရသည်။ သူမကအနီရောင်ပန်းပုံစံစကပ်ကိုဝတ်ဆင်ထားပြီး အစင်းလေးကိုလေ့လာနေသည်။
“ဟုတ်တယ်,ငါ့ဟာ” ကောင်းဖန်ကပြန်ပြောလိုက်သည်၊ “အဲ့တာဘာကိစ္စရှိနေလို့လဲ”
“အဲ့တာ ပင့်ကူအမလား,အထီးလား?” မိန်းကလေးကတုန့်ဆိုင်းစွာဖြင့်မေးလိုက်သည်။
“အိုး…” ဒီမေးခွန်းကိုငါဘယ်လိုဖြေရမလဲမသိဘူး။
ရုတ်တရက် ကောင်းဖန်ကပြန်မဖြေနိုင်ဖြစ်နေတော့သည်၊ ဘာကြောင့်လဲဆိုတော့, အစင်လေးက အထီးလား အမလားဆိုတာမသေချာသောကြောင့်ဖြစ်သည်။ ဒါပေမယ့်, ၎င်းကရှက်တတ်တာကြောင့် ပင့်ကူအထီးဖြစ်နိုင်သည်, ဘာကြောင့်လဲဆိုတော့, ပင့်ကူအမများသည် အထီးတွေထက်ပိုပြီး ဒေါသကြီးသောကြောင့်ဖြစ်သည်။
အတွေးအချို့ကိုတွေးတောပြီးနောက်, ကောင်းဖန်ကပြုံးလိုက်သည်၊ “မင်းဘာလို့ မခန့်မှန်းကြည့်တာလဲ?”
မိန်းကလေးက အနည်းငယ်စိတ်ပျက်သွားသည်၊ ဘာလို့ဒီလူကဒီလိုမျိုးစကားပြော ရတာလဲ?
“ငါ့ရဲ့ကိုယ်ပိုင်သားရဲ ဝံပုလွေဖြူပင့်ကူ ပုလဲလေးကအမလေ၊ သူမကမကြာသေးခင်က …heatဝင်ထားတာ၊ အကယ်၍နင့်ရဲ့ဟာကပင့်ကူအထီးဆိုလို့ရှိရင်…” မိန်းကလေး၏ အသံကတိုးသထက်တိုးလာသည်၊ မိန်းကလေးတစ်ဦးကထိုသို့စကားမျိုးပြောရန် မသင့်တော်သလိုဖြစ်နေသည်။
“ဆောရီး, မင်းအခုပြောတာတွေအတွက်တောင်းပန်ပါတယ်၊ ဘာကြောင့်လဲဆိုတော့, ငါ့သားရဲရဲ့လိင်ဖြစ်တည်မှုကို ငါကိုယ်တိုင်မသေချာဘူး၊ ငါကသာမန်အားဖြင့် ဒီလိုဟာတွေအတွက် သိပ်ပြီးအာရုံမစိုက်တတ်ဘူး၊” ကောင်းဖန်ကစကားပြောပြီးနောက်, သူကသွေးစာချုပ်ဖြင့် မိန်းကလေး၏အတွေးကို အစင်းလေးအားပြန်ပြောပြပေးသည်။
အစင်းလေးကကြားလိုက်သည်နှင့် သူ့မျက်လုံးများက မီးလုံးများကဲ့သို့ တောက်ပလာတော့သည်၊ ကောင်းဖန်၏စကားများကိုနားထောင်ပြီးသောအခါတွင် အစင်းလေးသည် ကြမ်းတမ်းစွာဖြင့်အော်ဟစ်တော့သည်၊ “ငါကအထီး! ငါကအထီး!”
သူကကောင်းဖန်ကို ၎င်း၏ခြေထောက်များဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ၎င်း၏မျက်လုံးရှစ်လုံးဖြင့် ကောင်းဖန်ကို သနားစရာကောင်းစွာနှင့်ကြည့်နေသည်၊ “သခင်,သခင်, ကျေးဇူးပြုပြီး ငါကအထီးဆိုတာကိုပြောပေးပါဦး”
“တကယ်လား? ငါဘာလို့ဒါကိုလုံးဝမယုံနိုင်သေးရတာလဲ?” သူကအစင်းလေးကို စလိုက်သည်၊ သူကမယုံသလိုဟန်ဆောင်နေခဲ့သည်။
“ငါမင်းကိုပြမယ်”
သူစကားပြောပြီးနောက်အစင်လေးကမြေပြင်ပေါ်တွင်လှဲချလိုက်ပြီး သူ့ကိုယ်သူသက်သေပြလိုက်သည်၊ ကောင်းဖန်က အစင်းလေးသည် သူ့ဖင်သူလှန်ပြနေတာကိုတွေ့တော့ တစ်ချက်ကန်ပစ်လိုက်သည်၊ “ရှုပ်နေတာတော်လိုက်တော့၊ ငါကပြောပြီးသွားပြီ”
မိန်းကလေးကကောင်းဖန်စကားပြောပြီးတာကို နားထောင်ပြီးနောက်တွင် အဝေးမှပင့်ကူဖြူကြီးတစ်ကောင်ကိုထိုးပြပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စွာဖြင့်ပြောလိုက်သည်၊ “အဲ့တာကပုလဲ”
ကောင်းဖန်ကတစ်ချက်ကြည့်လိုက်သည်၊ ၆၅ပေအကွာတွင်ရပ်နေသော အချင်းဆယ့်သုံးပေနှင့် အမြင့်ခုနှစ်ပေခန့်ရှိသည့်ပင့်ကူဖြူကြီးကို တွေ့လိုက်သည်၊ သူမ၏လည်ပင်းနှင့်နောက်ကျောတွင် အမွှေးအဖြူများရှိသည်၊ သူမ၏အပြာရောင် မျက်လုံးများက နွေးထွေးမှုအပြည့်ရှိနေပြီး သူမ၏ခြေဖဝါးများသည်လည်း ချောမွေ့ကာ ဝိုင်းစက်နေသည်၊ သူမသည်သာမန်ပင့်ကူတစ်ကောင်လိုမျိုးကြောက်စရာတော့ မကောင်းပေ၊ ထို့ထက် သူမတွင်အလှတစ်ခုတော့ရှိသည်။
အစင်းလေးကပင့်ကူမကိုတွေ့လိုက်တော့, သူ့မျက်လုံးများကို သူမပေါ်မှခွာမရတော့ပေ၊ “ကောင်းဖန်, ငါချစ်မိသွားပြီလို့ထင်တယ်”
ကောင်းဖန်က နောက်တစ်ကြိမ်ပြန်တွေ့မည့်အကြောင်း ခဏလောက်ပြောလိုက်သည်။ ကောင်းဖန်က အစင်လေးကိုအဝေးသို့ဆွဲထုတ်သွားလိုက်သည်၊ “ငါ့ကိုအရှက်ခွဲမနေနဲ့, သူမကမင်းခန္ဓာကိုယ်ကိုဘဲလိုချင်တာ, မင်းကချစ်တောင်နေပြီ”
“သူမကသေချာပေါက်ငါ့ကိုကြိုက်တယ်” အစင်လေးက ကျယ်လောင်စွာပြောလိုက်သည်။
“ဒါကမင်းဘက်ကတစ်ဖက်သတ်တွေးနေတာလေ” ကောင်းဖန်ကတည်ငြိမ်စွာ ပြောလိုက်သည်။
“အဲ့တာတွေကြောင့် မင်းကတစ်ယောက်တည်းဖြစ်နေတာ”
လေထုက ရုတ်တရက် ဆိုးဝါးသောအခြေအနေသို့ပြောင်းသွားသည်။ အရှေ့မှလျှောက်နေသောကောင်းဖန်က ရုတ်တရက်ရပ်လိုက်သည်၊ သူ့ခေါင်းကို လှည့်လိုက်ပြီး ရှုံတွနေသောအပြုံးကသူ့မျက်နှာတွင်ပေါ်လာသည်၊ အစင်းလေးက မြင်လိုက်သောအခါတွင်သူ့သွေးများကအေးစက်သွားတော့သည်။
***
စာစဉ် ၁၃ ပြီး၏။