အခန်း (၂၀၉-၂၁၂)
Vol. 14 Ch. 209-212
အပိုင်း၂၀၉ သခင်ကိုစော်ကားသူ၏ပြစ်ဒဏ်
“မင်းနောက်တစ်ခေါက်လောက်ထပ်ပြောပါ့လား? ငါသေချာမကြားလိုက်ရလို့” ကောင်းဖန်က ညင်သာစွာဖြင့်ပြောလိုက်သည်။
အစင်းလေး၏အခြေအနေရှုပ်ထွေးမှုကပိုပြီးကြီးလာသည်၊ သူကကောင်းဖန်ကို အလွန်သတိကြီးစွာဖြင့်ကြည့်လိုက်သည်။
“အစင်းလေး, အကယ်၍မင်းအဲ့တာကိုလုပ်မယ်ဆိုရင် မင်းချစ်တဲ့သခင်ကိုဆုံးရှုံးလိုက် ရမယ်ဆိုတာမင်းသိလား?” ကောင်းဖန်ကဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူကသူ့ကိုယ်သူလက်သီးဆုပ်၍ လက်သီးဖြင့်ထိုးလိုက်သည်။
အစင်းလေးသည်ရုတ်တရက်သူ့မျက်နှာကိုတစ်ခုခုနှင့်ထိုးခံလိုက်ရပြီးနာကျင်မှုကို ခံစားလိုက်ရသည်။
သူတို့ကထိုညတွင်ဗီလာသို့ပြန်လာခဲ့ကြသည်၊ ကောင်းဖန်က သူ့သားရဲတွေအကုန်လုံးကိုစုလိုက်ပြီးပြောလိုက်သည်။ “ငါတို့ဒီညအစည်းအဝေးလုပ်ဖို့ရှိတယ်”
တာ့ဇီက ကောင်းဖန်၏ဘေးတွင်နာခံစွာဖြင့်ထိုင်နေသည်၊ ဒမ်ဘီက သူ့လက်များကို ရင်ဘတ်ရှေ့၌ကြတ်ခြေခတ်လုပ်ထားပြီး ကင်းကောင်တစ်ကောင်လိုကြည့်နေသည်၊ ဖလိမ်မီက ၎င်း၏မီးတောက်များကို ချွင်းချန်ထား၍နိုးထခြင်းဖြင့်လေထဲတွင်ပျံဝဲနေသည်၊ ဂိုဒီက အခန်း၏အလယ်တွင်ရပ်နေသောအစင်းလေးကို စူးစိုက်ကြည့်နေသည်…
ဖလုပ်!ဖလုပ်! ဆီလီကကောင်းဖန်၏ခေါင်းပေါ်တွင်ရပ်နေပြီး ၎င်း၏ဘဝဲလက်များကို မြှောက်ကာ ၎င်း၏သခင်က အစင်းလေအကြောင်းကို ထုတ်ဖော်ပြောဆိုမည်အား ကူညီပေးနေသည်။ သေချာတာပေါ့, ၎င်း၏သစ်သီးဖျော်ရည်က ၎င်း၏လက်ထဲတွင် ရှိနေလျှင်တော့ပိုပြီးသင့်တော်လိမ့်မည်။
အစင်းလေးကအခန်းအလယ်တွင်ထိုင်နေပြီး, သူဘာမှားသွားမှန်းမသိဘဲရိုးသားစွာဖြင့် ကြည့်နေသည်။
ဒါကမသင့်တော်ဘူး၊ ငါကပင့်ကူငယ်လေးတစ်ကောင်ဘဲလေ၊ မင်းတို့ကငါ့ကိုဘာလို့ ဒီလိုဆက်ဆံနေကြတာလဲ?
“ဒီနေ့ နေ့လည်တုန်း၊ မင်းတို့သူငယ်ချင်းထဲကတစ်ယောက်ဖြစ်တဲ့အစင်းလေးက, သူ့သခင်ကိုလိင်မှုကိစ္စအတွက်နဲ့ အလေးမထားသလိုလုပ်ခဲ့တယ်၊ သူကတကယ်ကို, ပင့်ကူမတစ်ကောင်အတွက်နဲ့ငါ့ကိုစော်ကားတယ်!” ကောင်းဖန်က ခါးသီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
တာ့ဇီက အစင်းလေးကိုအံ့ဩစွာဖြင့်ကြည့်လိုက်သည်။ မင်းဒီလိုလုပ်လိမ့်မယ်လို့ တွေးတောင်မတွေးကြည့်မိဘူး၊ မင်းကသခင်ကိုပင့်ကူမတစ်ကောင်အတွက်နဲ့ စော်ကားခဲ့တယ်ပေါ့? အစင်းလေး မင်းအရမ်းကြောက်ဖို့ကောင်းတာဘဲ၊ မင်းကပင့်ကူမအတွက်နဲ့ ဘာလို့သခင်ကိုစော်ကားတာလဲ?
ဖလိမ်မီကသရော်လိုက်သည်၊ သေချာတာပေါ့, အဲ့ကောင်ကငတုံးပင့်ကူလေ၊ သူက ငါ့နဲ့အတူအချစ်ဆုံးအိမ်မွေးတိရိစ္ဆာန်ဖြစ်ဖို့ယှဉ်ပြိုင်တဲ့နေရာမှာ အခွင့်အရေးနည်းသွား လိမ့်မယ်။
အစင်းလေးက အတွေးအမြင်ပညာရေးအားလက်ခံပြီးသွားတဲ့နောက်, ကောင်းဖန်က အစင်လေးကို “ကောင်းမွန်သောတပည့်နှင့် ကလေးဖြစ်လာစေမည့်စံနှုန်းများ” ဆိုသည့်အကြောင်းကို အလွတ်ကျက်ခိုင်းခြင်းဖြင့် အစင်းလေးအားအပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်က အစင်းလေးစကားမပြောနိုင်သည်ကို သတိရသွားသောအခါ အားလုံးကို မှတ်ဉာဏ်ထဲတွင်အလွတ်ချရေးရန်ဆုံးဖြတ်လိုက်သည်။
တစ်နာရီအကြာတွင် ကောင်းဖန်သည် နေဝင်ချိန်ကိုခံစားရင်း အဘိုးဖြစ်သူနှင့်အတူ ရေကန်အစပ်ရှိသဲသောင်ပြင်ခုံတန်းလေးပေါ်တွင်ထိုင်နေခဲ့သည်။ သူတို့နှင့် ပေသုံးဆယ်အကွာသဲသောင်ပြင်ပေါ်တွင် ကြီးမားသောအနက်ရောင်ပင့်ကူကြီးတစ်ကောင်သည် စိတ်ပင်ပန်းစွာဖြင့် လျင်မြန်စွာစာရေးနေသည်၊ သူသည်ရံဖန်ရံခါတွင် ဒေါသတကြီးငြီးတွားပြီး သူ့ရှေ့ရှိခြေသည်းများကိုရိုက်ပုတ်နေသည်။
ဘာတွေတုန်းဟ! ဘာလို့မှတ်မိဖို့ခက်ရတာလဲ၊ ဒီလိုအလွယ်တကူဖော်ပြနိုင်တဲ့ဟာက ဘာလို့စကားတွေအများကြီးလိုနေတာတုန်း?
အစင်းလေးက ဝိရီယစိုက်ထုတ်ကာဖြင့် လေ့လာနေတော့သည်။
…
“ကမ္ဘာသစ်မဟာမိတ်အစိုးရက စိတ်ဝိဉာဉ်တောင်တွေနဲ့ တွေ့ဆုံးညှိနှိုင်းဖို့ကိုယ်စားလှယ် အနည်းငယ်ကိုစေလွှတ်လိုက်တယ်” ကျီဟန့်ဝူက လက်ဖက်ရည်သောက်ရင်း နေဝင်ချိန်ကိုကြည့်ကာတိုးတိုးလေးပြောလိုက်သည်။
“အဲ့ဒီစိတ်ဝိဉာဉ်တောင်တွေက လူသားတွေကိုစတင်တိုက်ခိုက်ရတဲ့အကြောင်းအရင်းက လူတွေကသစ်တောတွေရဲ့ဟန်ချက်ညီမှုတွေကို ဖျက်စီးနေတာကြောင့် နာခံမှုမရှိတဲ့ လူသားတွေကိုဖယ်ရှားပစ်ချင်ကြတယ်တဲ့” ကျီဟန့်ဝူက တိုးညှင်းစွာပြောလိုက်သည်။
ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်၊ “သစ်တောတွေရဲ့ဟန်ချက်ညီမှုကို ဖျက်စီးတယ်? အဲ့တာဘာကြောင့်လဲဆိုတော့ လူတွေကသဘာဝပေါက်ပင်တွေကို ခုတ်လှဲလိုက်ကြလို့လား? အဲ့တာကတော့မမှန်ဘူး၊ ကပ်ဆိုးကြီးပြီးကတည်းကဆိုရင်, ကျွန်တော်တို့လူတွေရဲ့သစ်ပင်ခုတ်လှဲမှုနှုန်းက သစ်ပင်တွေကြီးထွားမှုနှုန်းထက် အတော်လေးကိုကြန့်ကြာတယ်၊ ဒါကဘယ်လိုအကြောင်းပြချက်ကြီးလဲ?”
“စိတ်ဝိဉာဉ်တောင်ဆိုလိုတဲ့ ဟန်ချက်ညီမှုကိုဖျက်စီးတယ်ဆိုတာက ငါတို့သားရဲတွေကို သတ်တာကိုပြောတာဘဲ၊ ထေ့ငေါ့စရာကတော့, စိတ်ဝိဉာဉ်တောင်ကို ငါတို့စေလွှတ်လိုက်တဲ့အဖွဲ့တွေက ပမာဏများတဲ့သားရဲအလောင်းတွေကို စိတ်ဝိဉာဉ်တောင်တွေရဲ့ ခန္ဓာကိုယ်တွေပေါ်မှာရှာတွေ့ခဲ့လို့ဘဲ”
“ဟ” ကောင်းဖန်ကမရယ်ဘဲမနေနိုင်တော့ပေ၊ သူ့လက်ထဲကဖျော်ရည်အချို့က သူ့လက်ပေါ်မှလျှံကျကုန်တော့သည်။
“သစ်သီးဖျော်ရည်,သစ်သီးဖျော်ရည်” ဆီလီက ကောင်းဖန်ခေါင်းပေါ်ကနေဆင်းပြီး သူ့လက်ပေါ်သို့ဆင်းသက်သွားကာ၊ ၎င်း၏ဘဝဲလက်များကိုသုံး၍သစ်သီးဖျော်ရည်များ ကိုယူလိုက်သည်၊ ၎င်းကအရမ်းကိုကျေနပ်နေပုံရသည်၊ ၎င်း၏လည်ချောင်းမှ အရမ်းကိုကျေနပ်နေတာကြောင့် ဂလုဆိုသည့်အသံပင်ထွက်လာတော့သည်။
“အဲ့မှာနှစ်ခွဖြစ်နေတဲ့စံနှုန်းရှိနေတာဘဲ” ကောင်းဖန်ကရယ်မိတော့သည်၊ ထိုစိတ်ဝိဉာဉ်တောင်တို့သည် အတော်လေးစိတ်ဝင်စားစရာကောင်းသည်။
“သူတို့အဖွဲ့က အတော်လေးအသိမရှိဘဲနဲ့အနေအထိုင်မတတ်တဲ့သတ္တဝါတွေဘဲ၊ ယွိကျိုးမြို့တစ်ခုလုံးအတွက်တော့ ဘယ်သားရဲကိုမှမသတ်ဖို့မဖြစ်နိုင်ဘူး၊ ဒီတောင်တွေ ပြန်ဆုတ်ရင်တော့ကောင်းတာပါ့၊ ဒါပေမယ့် သူတို့ကဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့….” ကျီဟန့်ဝူက အနည်းငယ်ပြုံးလိုက်သည်။
“အဘိုးက သူတို့ပြန်ဆုတ်မယ်လို့ထင်လား?”
“အဲဒီ့စိတ်ဝိဉာဉ်တောင်တွေကသိပ်ပြီးဉာဏ်မကောင်းဘူး၊ သူတို့ကဉာဏ်ကောင်းတဲ့ လူတွေနဲ့တော့မယှဉ်နိုင်ဘူးလေ၊ အကယ်၍ငါတို့မှာကောင်းမွန်တဲ့ဗျူဟာရှိရင်၊ သူတို့သေချာပေါက်_”
“အဘိုး, အဘိုးဖုန်းမြည်နေတယ်” ကောင်းဖန်က သူ့ကိုသတိပေးလိုက်သည်။
“အိုကေ” ကျီဟန့်ဝူကသူ့ခေါင်းကိုညိတ်လိုက်ပြီး သူ့ဘေးတွင်ရှိသောဖုန်းကိုကောက်ယူ လိုက်သည်။
“ဟယ်လို၊ ဆွေးနွေးပွဲမှာရလဒ်တစ်ချို့ထွက်လာပြီလား?”
“ကျီဟန့်ဝူ, အဲ့မှာ….”
ကျီဟန့်ဝူက ဖုန်းမှတစ်ဆင့်သတင်းကြားပြီးနောက် တိတ်ဆိတ်နေတော့သည်။
“အဘိုး,အဘိုး?” ကောင်းဖန်ကသူ့အဘိုးကိုခဏခဏခေါ်လိုက်သည်။
ကျီဟန့်ဝူက ဖုန်းကိုဖြေးညင်းစွာချလိုက်သည်၊ သူကအတော်လေးတည်ငြိမ်နေသည်။
“ရလဒ်ကဘာတဲ့လဲ? စိတ်ဝိဉာဉ်တောင်တွေအကြောင်းလား?” ကောင်းဖန်က စိတ်ဝင်တစားမေးလိုက်သည်။
“အခြေအနေတွေက ထိန်းချုပ်မှုအောက်မှာဘဲ၊ မင်းအေးအေးဆေးဆေးနားနိုင်တယ်” ကျီဟန့်ဝူက ခေါင်းညိတ်လိုက်ပြီးမတ်တပ်ရပ်လိုက်သည်၊ “အဘိုးနားနေခန်းကိုသွားဖို့ လိုတယ်”
“အဘိုး, လမ်းမှားနေတယ်၊ နားနေခန်းကအနောက်မှာလေ” ကောင်းဖန်ကအော်လိုက်သည်။
“အဘိုးသိတယ်၊ လူအိုကြီးတွေက မကြာခဏလမ်းလျှောက်ပေးဖို့လိုတယ်လေ၊ ကုမ္ပဏီဌာနချုပ်က ရေအိမ်ဝင်မလို့၊ မင်းဒီမှာနေခဲ့ပြီးဘယ်မှမရွေ့နဲ့” ကျီဟန့်ဝူက နောက်လှည့်ကြည့်ခြင်းမရှိဘဲ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
ရုတ်တရက်,ကောင်းဖန်သည်နဂါးအော်သံကိုကြားလိုက်ရသည်၊ သူကြည့်လိုက်တော့, လေထဲတွင်ပျံဝဲနေသည့်တိမ်တွေကိုသာမြင်ရသည်၊ ထိုနေရာတွင်ဘာမှမရှိပေ။
သူတစ်ခုခုကြားလိုက်တာဘဲဖြစ်နိုင်ပါတယ်။
အဘိုးရေအိမ်ထဲတွင်ရှိနေသည်မှာ ကြာနေပြီဖြစ်သည်၊ ကောင်းဖန်က အချိန်ကို ကြည့်လိုက်သည်၊ မိနစ်၄၀ရှိပြီဖြစ်သည်၊ ကောင်းဖန်က သူ့အသက်အရွယ်ကြောင့် အခြားအရာတွေကြန့်ကြာနေသည်လားဆိုတာကို တွေးနေမိသည်။
နောက်ထပ်နာရီဝက်လောက်ကြာတော့, ကောင်းကင်ကမှောင်မည်းလာသည်၊ ယခုမှသာအဘိုးသည် ကောင်းဖန်ဆီသို့ ဖြည်းညှင်းစွာပြန်လျှောက်လာသည်။
“ကုမ္ပဏီမှာပြဿနာတစ်ချို့ရှိနေလို့ ကြာနေတာ” အဘိုးကအေးအေးဆေးဆေး ထိုင်ပြီး လက်ဖက်ရည်တစ်ခွက်ကို တစ်ကျိုက်တည်း အကုန်သောက်လိုက်သည်။
ကောင်းဖန်ကသိပ်ပြီးစဉ်းစားမနေပေ၊ သူကလှည့်ကြည့်ပြီး အဘိုးကိုမေးလိုက်သည်၊ “အဘိုး, အဘိုးလိုချင်တဲ့ တော်ဝင်တောင်ဝံပုလွေငှက်အုပ်စုအတွက် ပြင်ဆင်မှုတွေ ပြီးပြီလား?”
ကျီဟန့်ဝူကခဏလောက်စဉ်းစားလိုက်ပြီးနောက်, “တော်ဝင်တောင်ဝံပုလွေငှက်အုပ်စုအတွက်ပြင်ဆင်မှုတွေက ပြီးလုနီးပါးဘဲ၊ အဲ့တာကငါတို့လူအင်အားနည်းနေတယ်။ ငါတစ်စုံတစ်ယောက်ကို တောင်ဝံပုလွေငှက်ဘုရင်ဆီကနေ အကူအညီယူဖို့အတွက် အမိန့်ပေးထားတယ်၊ အဲ့နောက်ဘုရင်က အသန်မာဆုံးတောင်ဝံပုလွေငှက်ကိုသူတို့ရဲ့အုပ်စုအတွက် ထိန်းချုပ်မှုပေးလိမ့်မယ်၊ ဒါပြီးလို့,အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ကိုစောင့်ရှောက်ပြီးထိန်းချုပ်နိုင်လိမ့်မယ်”
တောင်ဝံပုလွေငှက်တွေက ဝါစဉ်ရှိသည့်မျိုးစိပ်တွေဖြစ်ကြသည်၊ တောင်ထိပ်တွင် ဝံပုလွေငှက်ဘုရင်ရှိသည်၊ နောက်တစ်ခုကတော့၊ ထိုအုပ်စုထဲတွင် အပြင်းထန်ဆုံး တောင်ဝံပုလွေငှက်တွေရှိကြပြီး ၎င်းတို့ကတောင်ဝံပုလွေဘုရင်၏အမိန့်ကိုနာခံကြသည်။
တောင်ဝံပုလွေငှက်များကို ယဉ်ပါးအောင်မွေးမြူရန်အတွက် ကြိုးပမ်းအားထုတ်၍ရနိုင်သည်၊ အဲ့ဒီမှာပြဿနာအကြီးကြီးတစ်ခုသာရှိသည်, ပြီးတော့ ကြီးမားတဲ့စားချင်စိတ်လည်းရှိသည်၊ သူတို့ကအများကြီးစားပေမယ့် သိပ်ပြီးတော့မသန်မာပေ။
အချိန်တွေအများကြီးသုံးပြီး အရင်းအမြစ်များကို အခြားသားရဲများထံဖြုန်းတီးလိုက်ခြင်းက တွက်ခြေကိုက်သည်။
ဒါပေမယ့်,အခြေအနေကမတူဘူးဖြစ်သည်၊ တော်ဝင်ဆေးဝါးကိုသောက်သုံးပြီးနောက် ၎င်းတို့၏အစားစားချင်စိတ်သည် အနည်းငယ်ပို၍ကြီးထွားလာနိုင်သော်လည်း ၎င်းတို့၏ခွန်အားမှာလည်း သိသိသာသာကြီးထွားလာမည်ဖြစ်သည်။
အကယ်၍လူသည် ထိုပျံသန်းနိုင်သောအမျိုးအစားသားရဲများကို ကောင်းစွာကိုင်တွယ်နိုင်ပါက ၎င်းတို့သည် ကောင်းကင်ကိုလွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်သည်။
…
ယွိကျိုးမြို့အပြင်ဘက်ရှိတစ်နေရာတွင်, သစ်ပင်တစ်ဝက်လောက်ပျက်စီးသွားပြီဖြစ်သည်။ ၎င်းကနေရာတိုင်းတွင်ပျက်စီးတော့မည့်လက္ခဏာဖြစ်သည်၊ ၎င်းကဧရိယာတစ်ခုလုံး မယုံနိုင်လောက်အောင်ရွှံများဖြင့် ပေပွသည်မှာ မိုးကြိုးမုန်တိုင်းရိုက်ခတ်ခံထား ရသလိုပင်ဖြစ်နေသည်၊ မြေပြင်ပေါ်ရှိအပေါက်များက ဗွက်အိုင်များအဖြစ်ပြောင်းနေပြီ ဖြစ်သည်။
ပျက်စီးနေသောဧရိယာ၏အလယ်တွင် အက်ကွဲနေသောကျောက်တုံးနက်ကြီးများဖြင့် ပြည့်နေသည်၊ အနက်ရောင်ကျောက်တုံးများက ဆိုးဝါးသောလေထုကိုပေးစွမ်းနေသည်။
ကွဲနေသောကျောက်တုံး၏အတွင်းထဲတွင် အနီရောင်တစ်စွန်းတစ်စရှိသောလက္ခဏာ ရှိနေသည်။
အော်ဟစ်နေသောငှက်များ၏အသံက လေထဲတွင်ပြည့်နေသည်၊ ကြီးမားသောခဲရောင်ငှက်သည် ကုန်းပေါ်ကပ်လာပြီး များစွာသောလူများက ၎င်း၏နောက်ကျောမှခုန်ဆင်းလာကြသည်။ သူတို့ကထိုဧရိယာတစ်ဝိုက်တွင် ဓာတ်ပုံများရိုက်ကြပြီး ကျောက်တုံးနမူနာများကိုကောက်ယူကြသည်။
တစ်စုံတစ်ခုကိုရှာဖွေရန် ကိရိယာကိုသုံးသောသူတစ်ဦးက ရှာဖွေမှုကိုရပ်၍ပြောလိုက်သည်။ “စိတ်ဝိဉာဉ်တောင်ရဲ့အမြုတေက ဖယ်ထုတ်ခံလိုက်ရပြီ”
“မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ စိတ်ဝိဉာဉ်တောင်ရဲ့နမူနာတစ်ချို့ကိုယူလိုက်”
လူအုပ်စုအဖွဲ့က လျင်မြန်စွာဖြင့်ယူပြီးနောက် ငှက်ပေါ်သို့တက်ပြီး ထိုဧရိယာမှပြန်သွားတော့သည်။
***
အခန်း ၂၁၀ ၃ စက္ကန့်
“မစ္စတာကျီက စိတ်ဝိညာဉ်တောင်ကို လွန်ခဲ့တဲ့ တစ်နာရီက စွမ်းအားပြင်းတဲ့ မိုးကြိုးတိုက်ကွက်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်.. သူက ကျုပ်တို့ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့တယ်.. အဲဒီအတွက် ကျုပ်တို့ ဆွေးနွေးမှုတွေ လုပ်မှာဖြစ်တယ်.. ဘယ်တော့မှ လက်မလျှော့ဘူး.. ဒါက ကျုပ်တို့ရဲ့ ဥပဒေပဲ..စိတ်ဝိညာဉ်တောင်ကို တစ်ချက်တည်းနဲ့ အလဲထိုးခဲ့တဲ့ အချိန်မှာ မစ္စတာကျီက လူသားတွေရဲ့ စွမ်းအင်ကို ပြသခဲ့ပြီးပြီ” စစ်တပ်ညီလာခံစားပွဲတွင် ထိုင်နေသည့် အထက်တန်း အရာရှိက ပြောလိုက်သည်။
“မစ္စတာကျီက စိတ်ဝိညာဉ်တောင်တွေရဲ့ သောင်းကျန်းမှုကို သည်းမခံနိုင်တော့လို့ ရှေ့ထွက်လာပြီး ကူညီပေးတာပဲ”
“မစ္စတာကျီက ကျုပ်တို့ကို ဂရုစိုက်တယ်ဆိုတာ တကယ်သေချာတယ်”
“အဲဒီစိတ်ဝိညာဉ်တောင်တွေက ခေါင်းဆက်မာနေဦးမယ် ဆိုရင်တော့ ကျုပ်တို့အကြောင်း ပြရသေးတာပေါ့”
စိတ်ဝိညာဉ်တောင်များသည် သူတို့ထဲမှ တစ်ကောင်မရှိတော့သည်နှင့် ချက်ချင်း ခံစားမိတတ်ကြသည်။ သူတို့သည် အလွန်စိတ်ခံစားလွယ်သူများလည်း ဖြစ်ကြသည်။
သို့သော် စိတ်ဝိညာဉ်တောင်အနည်းငယ်ကသာ လက်တုံ့ပြန်တတ်ကြပြီး အများစုကတော့ ကြောက်တတ်ကြသည်။
သူတို့ အသိစိတ်ကပ်သွားသည့် အချိန်မှာတော့ သူတို့တွင် ကြီးမားသောစွမ်းအင်များ ပိုင်ဆိုင်ထားသည်ကို သဘောပေါက်သွားခဲ့ကြသည်။ သူတို့သည် အနီးအနားတွင် ရှိသော သက်ရှိများအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဒေါသထွက်လာကြသည်။
သူတို့သည် တောင်ဘုရင်များ ဖြစ်သောကြောင့် သူတို့အားလုံးသည် စွမ်းအင်ကြီးမားကြသည်ဟု တွေးနေခဲ့ကြသည်။
သို့သော် သူတို့၏ အဖွဲ့ထဲမှ တစ်ကောင်သေသွားပြီဆိုသည့် သတင်းကို ရုတ်တရတ် ရရှိလိုက်သည်။
ထိုသို့ဖြင့် စိတ်ဝိညာဉ်တောင်များသည် သွေးပျက် ထိတ်လန့်လာကြသည်။ သူတို့သည် ဘာမှ မတွေးနိုင်တော့ပေ။
ထိုသို့ဖြင့် ယွိကျိုးမြို့သည် ဆက်လက်လာမည့် ညှိနှိုင်းမှုများတွင် အသာစီးရသွားခဲ့သည်။
…
ကောင်းဖန်သည် အစင်းလေးကို ပင့်ကူမလေးအကြောင်း ကတိပေးထားသောကြောင့် ထိုကတိကို မဖျက်ချင်ပေ။
“သွားရအောင်.. မင်းကို ခေါ်သွားပေးမယ်” ကောင်းဖန်က သူနိုးသည်နှင့် အစင်းလေးကို ပြောလိုက်သည်။ ထို့နောက် အစင်းလေးကို ကျောင်းခေါ်သွားလိုက်သည်။
သူစထွက်လိုက်သောအခါ သူ၏ ကိုယ်ပိုင်သားရဲများသည် သူ့ဆီပြေးလာကြသည်။
“မင်းတို့ဘာလုပ်နေကြတာလဲ” ကောင်းဖန်က မေးလိုက်သည်။
သို့သော် ကိုယ်ပိုင်သားရဲများသည် ကောင်းဖန်ကို ဘာမှမပြောပဲ တောက်ပနေသော မျက်လုံးများနှင့်သာ စိုက်ကြည့်နေကြသည်။
ကောင်းဖန်သည် ဘာပြန်ပြောရမှန်း မသိတော့ပေ။ “လုပ်ချင်တာလုပ်ကြတော့”
၂ နာရီကြာသောအခါ ကောင်းဖန်သည် မြင်းမှီးဆံပင်ချည်ထားသော မိန်းကလေးနှင့် ချိန်းထားသော နေရာသို့ရောက်သွားသည်။ သူသည် ဂိုဒေါင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ကျွန်တော်တို့က ကိုယ်ပိုင်သားရဲ ၂ ကောင်ကိုပဲ သားဖောက်နိုင်အောင် မိတ်လိုက်ဖို့ လုပ်တာပါ.. ဒီလိုနေရာကြီးမှာ တွေ့ဖို့လိုလို့လား.. တစ်ခုခု ဒုစရိုက်မှု ကျူးလွန်ရတော့မှာ ကျနေတာပဲ”
မိန်းကလေးက အနည်းငယ် ရှက်ရွံ့စွာဖြင့် လှည့်ကြည့်လိုက်သည်။ “အရမ်းမတွေးပါနဲ့.. ဒီလိုဟာမျိုးက ဒီလို နေရာမျိုးမှာ လုပ်ရမယ်လို့ ထင်သွားလို့ပါ”
“ထားလိုက်ပါတော့” ကောင်းဖန်သည် ပြောစရာစကား မရှိတော့ချေ။
စက္ကန့် ၃၀ ခန့်ကြာသောအခါ အစင်းလေး၏ တစ်ကိုယ်လုံးသည် တောင့်တင်းလာသည်။ သူသည် ပတ်ပတ်လည်နံရံကြားမှ သူ့ကို ပြူတစ် ပြူတစ် ချောင်းနေသော ခေါင်းများကို စိတ်မသက်သာစွာ ကြည့်လိုက်သည်။ “မင်း.. မင်းတို့ ငါ့ကို မကြည့်နေလို့ မရဘူးလား.. အထူးသဖြင့် ဟိုကောင်ဂိုဒီ”
အစင်းလေး၏ အရှေ့တစ်ကိုက်လောက်တွင် အဝါရောင်ဘဲကြီးသည် ဆောင့်ကြောင့်ထိုင်နေသည်။ သူသည် အရှေ့ကို ယိုင်လျက် လည်ပင်းကြီးကို ဆန့်ကာ အစင်းလေးကို စိုက်ကြည့်နေသည်။
“မင်းက ဘာလုပ်ဖို့ စဉ်းစားနေတာလဲ.. ဒီလောက် နီးနီးကပ်ကပ် လာထိုင်ကြည့်နေပြီးတော့လေ.. မင်းကိုယ်ပေါ်က အမွှေးတွေသာ ပြောင်နေအောင် သွားရိတ်စမ်းပါ” အစင်းလေးသည် ရူးမတတ် ဖြစ်နေသည်။
အစင်းလေးသည် ခြေတစ်ချောင်းကို ထုတ်လိုက်ကာ အရှေ့ကို တစ်ချက်ကန်ထုတ်လိုက်သည်။ ထိုအခါ အဝါရောင် အမွှေးပွကုတ်သည် ဂိုဒီကိုယ်ပေါ်မှ ပြုတ်ကျလာကာ အောက်မှ ပြောင်နေသော အသားများ ပေါ်လာသည်။
ဂိုဒီသည် တစ်ချက်အော်လိုက်သည်။ ထို့နောက် ပါးကြီး ၂ ဖက် တုန်ကာ ပြန်လှည့်ပြေးသွားသည်။
တာ့ဇီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “မြန်မြန်လုပ်ပါ.. ၃ စက္ကန့်လောက်ပဲ ကြာမယ့် ကိစ္စကို”
“၃ စက္ကန့်..” ဆစ်လီသည် အစင်းလေးကို အံ့ဩတကြီးနှင့် စပ်စုစွာ ပြူးကြည့်လိုက်သည်။
“ငါကတော့ ၃ စက္ကန့်တော့ မဟုတ်ပါဘူးဟ” အစင်းလေး၏ တစ်ကိုယ်လုံး အမွှေးများ ထောင်တက်သွားသည်။
နောက်ဆုံးတော့ အစင်းလေးသည် သူ့ဘေးပတ်ပတ်လည်တွင် အဖြူရောင် ပင့်ကူမျှင်ထား ဖြန့်ကျက်ပိတ်လိုက်သောကြောင့် ကျန်သော သားရဲများသည် သူတို့ မြင်ချင်သည်ကို မမြင်ရတော့ပေ။ အပြင်ဘက်မှနေ၍ ဘာမှကို မမြင်ရတော့ချေ။
ဖလိမ်မီသည် တံတွေးတစ်ချက်ထွေးလိုက်သည်။
“အသုံးမကျတဲ့ ပင့်ကူ”
“သူရဲဘောကြောင်တဲ့ကောင်”
ကိုယ်ပိုင်သားရဲများသည် မကျေမချမ်းပြောပြီး ထွက်သွားကြသည်။
နာရီ၀က်ခန့် အကြာတွင်တော့ ပင့်ကူမျှင်များသည် ပျောက်ကွယ်လာပြီး အစင်းလေး ထွက်လာသည်။ သူ့ကျောကုန်းပေါ်တွင် အဖြူရောင် ပင့်ကူမလေးတစ်ကောင် ပါလာသည်။ ပင့်ကူမ၏ အပြာရောင် မျက်လုံးသည် အနီရောင်သို့ ပြောင်းသွားသည်။ သူသည် အစင်းလေး၏ အနက်ရောင် ကျောခွံကို ကိုက်ထားသည်။
ကောင်းဖန်သည် မျက်လုံးတစ်ချက် မှေးကာကြည့်လိုက်သည်။
ဖလိမ်မီက ထိုအခြင်းအရာကို မြင်သောအခါ နောက်ကို တစ်ချက်ဆုတ်သွားသည်။
ကောင်းဖန်သည် တိရစ္ဆာန်လောကတွင် ပင့်ကူများသည် မိတ်လိုက်ပြီးနောက် ပင့်ကူမက ပင့်ကူထီးကို ပြန်စားတတ်သည်ဟု ကြားဖူးသည်။ အနီးအနားတွင် လုံလောက်သော အာဟာရ မရှိပါက ပင့်ကူထီးက ပင့်ကူမအတွက် အာဟာရအဖြစ် ဖြည့်ဆည်းပေးရသည်။
ကောင်းဖန်သည် ထိုပင့်ကူမကို အတွေးအခေါ် မြင့်မားမည်ဟု ထင်ထားခဲ့မိသည်။ ယခုလို ပြုမူမည်ဟု မထင်မိချေ။
ကောင်းဖန်သည် ခေါင်းကို စိတ်ပျက်စွာ ခါယမ်းလိုက်သည်။ ထိုကိစ္စကို မိန်းကလေးက ရည်ရွယ်ချက် ရှိရှိလုပ်သလား သေချာမသိသော်လည်း ကောင်းဖန်ကတော့ သူမ၏ ကိုယ်ပိုင်သားရဲ၏ အပြုအမူကို သဘောမကျပါချေ။
အစင်းလေး၏ ကျောပေါ်မှ ပင့်ကူမ၏ ပါးစပ်တွင် သွေးများပေကျံနေသည်။ အစင်းလေး၏ ကျောသည် ထင်ထားတာထက် မာသောကြောင့် သူက အစင်းလေးကို ကိုက်သောအခါ သွားများ ပဲ့ထွက်နေခြင်း ဖြစ်သည်။ သွေးများသည် သူမပါးစပ်တွင်းမှ စီးကျနေသည်။ အစင်းလေးသည် ပင့်ကူမကို စိတ်မရှည်ဖြစ်လာသောကြောင့် ကျွမ်းပစ်ကာ ရုတ်တရတ် ကျောပေါ်မှ ခါချလိုက်သည်။
ထိုအခါ အစင်းလေး၏ ကြီးမားသော ကိုယ်လုံးကြီးသည် ပင့်ကူမ ပေါ်ကို ပိသွားပြီး ပင့်ကူမသည် မလှုပ်နိုင် ဖြစ်သွားသည်။ အစင်းလေးသည် ဒေါသထွက်နေပြီး အစင်းလေးကျောကို ကိုက်ထားသော ပင့်ကူမသည် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ထို့နောက် အနီရောင်မျက်လုံးများ ပျောက်သွားပြီး အစင်းလေးကို ကြောက်လန့်စွာ ကြည့်လိုက်ကာ တောင်းပန်နေတော့သည်။
“ဟာ.. ရှင့်ရဲ သားရဲက ဘာလုပ်တာလဲ” မိန်းကလေးက အော်ပြောလိုက်သည်။ သူမသည် သူ့ကိုယ်သူ နစ်နာသူပုံစံနှင့် အစင်းလေးကို ကြည့်ကာ ဒေါသထွက်နေသည်။
ကောင်းဖန်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး အစင်းလေးကို လက်ပြလိုက်သည်။ “ တော်တော့ အစင်းလေး သွားရအောင်”
အစင်းလေးသည် ပင့်ကူမကို ခြိမ်းခြောက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ထကာ ထွက်သွားလိုက်သည်။
…
“ဒါကတော့ ကျုပ်တို့ လေ့ကျင့်ထားတဲ့ တော်၀င်တောင်ဝံပုလွေ ငှက်စစ်တပ်ပါ.. အဆင့်အတန်း တော်တော်လေး မြင့်ကြပါတယ်” အဖြူရောင် ကုတ်နှင့် မျက်မှန်တပ်ထားသော သူက ကျီဟန့်ဝူကို ကွင်းပြင်ကျယ်ထဲတွင် ရှင်းပြနေသည်။
ကွင်းထဲတွင် ရွှေရောင်နှင့် အနက်ရောင်များပါ၀င်သော ကော်ဇောပျံတစ်ခု ရှိနေပြီး ဘေးတွင် ကြီးမားသော သံသေတ္တာတစ်လုံး ပိတ်လျက်သား ရှိနေသည်။
ကော်ဇောကို အနီးကပ်ကြည့်လျှင်တော့ လူတစ်ယောက် အရပ်လောက် ရှိသော ရွှေရောင်အမွှေးရှိ စာကလေးများနှင့် ပြုလုပ်ထားသည်ကို တွေ့ရနိုင်သည်။
ကြီးမားသော စာငှက်များတွင် သူတို့၏ မျက်လုံးတစ်ဝိုက်၌ အမည်းရောင် အရစ်များ ရှိကြပြီး အတောင်ပံတွင် အမည်းရောင် အမွှေးများ ရှိကြသည်။
တော်၀င်တောင်ငှက် တစ်ကောင်က တစ်ချက် အော်မြည်လိုက်သည်။
သူတို့ထဲတွင် ထူးထူးခြားခြား ၂ ပေလောက်ပိုကြီးသော ငှက်တစ်ကောက်ရှိသည်။ သူသည် အုပ်စုထဲမှ ခွဲထွက်ပျံသန်းလိုက်ပြီး အမည်းရောင်ရှပ်နှင့် လူငယ်တစ်ယောက် ရှေ့တွင် ရိုသေစွာ ဆင်းသက်လိုက်သည်။
ထိုငှက်သည် အခြားငှက်များထက် ကြီးရုံသာမက ခေါင်းပေါ်တွင်လည်း သရဖူပုံစံလို အမောက်တစ်ခု ရှိနေသည်။
ကျီဟန့်ဝူသည် စစ်တမ်းကောက်သူများကို ကြည့်ကာပြောလိုက်သည်။ “သူတို့ရဲ့ တိုက်ပွဲထိရောက်မှုကို စမ်းသပ်ကြည့်ရအောင်”
စစ်တမ်းကောက်သူက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများသည် တက်ကြွနေသည်။ “ဥက္ကဌကျီ.. ဒီငှက်တွေရဲ့ အစွမ်းက တကယ်ကို ကောင်းမွန်လှပါတယ်.. ကျွန်တော်ကတော့..”
သူသည် စကားပြောနေရင်း သူ့လက်ထောက်ကို လှောင်အိမ်အား ဖွင့်ခိုင်းလိုက်သည်။
အလုံပိတ်ထားသော သံသေတ္တာကြီးသည် တဖြည်းဖြည်း ပွင့်လာပြီး ဟိန်းသံတစ်ခု ထွက်လာသည်။ ထို့နောက် ၁၀ ပေ မြင့်ပြီး ပေ ၂၀ ရှည်သော တော၀က်ကြီးတစ်ကောင် ထွက်လာသည်။ တော၀က်ကြီး၏ အစွယ်သည် သူ၏ အပေါ်နှုတ်ခမ်းဆီမှ တိုးထွက်နေသည်။ သူ့ပုံစံသည် ကြောက်ခမန်းလိလိ ဖြစ်သည်။
မြေကြီးသည် သူလမ်းလျှောက်လိုက်တိုင်း သိမ့်သိမ့်တုန်သွားသည်။
သူသည် ကွန်မန်ဒါအဆင့် သားရဲ ဖြစ်သည်။ ပုံမှန်အားဖြင့် တောင်ဝံပုလွေငှက်များသည် ထိုအဆင့်ရှိသော သားရဲကို တိုက်ခိုက်လေ့ မရှိပေ။ သူတို့ အကောင်ရေနည်းနေမှာ သို့မဟုတ် ဗိုက်ဆာနေမှသာ တိုက်ခိုက်ကြမည် ဖြစ်သည်။
ငှက်တစ်ကောင်က ထအော်လိုက်ပြီး မရေတွက်နိုင်သော ငှက်များသည် လေထဲသို့ ထပျံလိုက်ကြကာ ငှက်အော်သံများ ဆူညံသွားသည်။
ငှက်တစ်ကောင်သည် အော်မြည်ကာ တောင်ပံများကို ခတ်လျက် တော၀က်ဆီသို့ တစ်ဟုန်ထိုး ပျံလိုက်သည်။
သူ့ပုံစံသည် အချက်ပြလိုက်သလို ဖြစ်ကာ ကျန်သော ငှက်များသည် တော၀က်ကို ဝိုင်းလိုက်ကြသည်။
တော၀က်၏ အသားများ ပဲ့ထွက်ကာ သနားစရာ အော်သံကို သနားစရာ ကြားနေရသည်။
၁၀ မိနစ်ခန့်ကြာသောအခါ ငှက်များသည် လေထဲသို့ပျံတက်လိုက်ကြသည်။ မြေပြင်တွင်တော့ သွေးများနှင့် အရိုးများသာ အချို့သော အသားစများနှင့် ကျန်ခဲ့တော့သည်။
“ဒါက သူတို့အစွမ်း အကုန်မဟုတ်သေးပါဘူး.. ဒီငှက်တွေက တော်၀င်ဆေးဝါးကို ဆက်စားနေရမယ်ဆိုရင် သူတို့ရဲ့ ခွန်အားက ပိုကြီးလာမှာပါ.. ဒီဆေးကို တီထွင်ခဲ့တဲ့သူက ဘယ်သူလဲတော့ မသိပေမယ့် တကယ့်ဉာဏ်ကြီးရှင်ပါပဲ” စစ်တမ်းကောက်သူက လေးစားနေသည့် လေသံဖြင့် ပြောလိုက်သည်။
***
အပိုင်း၂၁၁ ချန်ကျန့်မင်
ဟီးဟီး၊ သေချာတာပေါ့၊ ငါ့မြေးကဉာဏ်ကြီးရှင်ဘဲ။ ကျီဟန့်ဝူက ကောင်းဖန်ကို ဘာစကားမှမပြောဘဲပြုံးကာ ကြည့်နေသည်။
ညပိုင်းသို့ရောက်သည်နှင့် ကောင်းဖန်သည် သူ၏ကိုယ်ပိုင်သားရဲများကို စ၍လေ့ကျင့်တော့သည်။
လေ့ကျင့်ရေးကွင်းလယ်တွင် ဒမ်ဘီနှင့်ဂိုဒီတို့သည် တိုက်ခိုက်ရန်အတွက်ပြင်ဆင်နေကြသည်။ ၎င်း၏အာဟာရပြည့်ဝသောအစားအစာကြောင့် ဂိုဒီ၏အဆင့်သည် ဆယ့်သုံးအထိအောင်မြင်စွာတိုးမြင့်လာခဲ့သည်။
အဝါရောင်အမွှေးများဖုံးလွှမ်းလျက်, ဂိုဒီသည် ၎င်း၏လမ်းကြောင်းဖြစ်သည့်ကွင်းလယ်ကို ဖြေးညင်းစွာလျှောက်လာပြီး ၎င်း၏အဝါရောင်အမွှေးဂျက်ကတ်ကိုဖယ်လိုက်ကာ, ထုံးကျောက်ကဲ့သို့ဖြူသောအသားအရေနှင့် ဖောင်းကားနေပြီး ကောင်းမွန်သော ကြွက်သားစိုင်းများကိုပေါ်လွင်စေသည်၊ သူ့အရေအပြားပေါ်ရှိအပြာရောင်ပုံစံကွက်များ သည်အသက်ဝင်နေသကဲ့သို့အရောင်အသွေးများစီးဝင်နေကြသည်။ ၎င်း၏အတောင်များကို ညင်သာစွာခတ်လိုက်ခြင်းဖြင့် ၎င်း၏ကြွက်သားများနှင့်အရိုးများသည် အားအင်ပြည့်ဝလှသောအသံများထွက်ပေါ်လာတော့သည်။
ဂိုဒီကအသက်ရှုလိုက်ပြီးနောက်, ဘယ်ကမှန်းမသိထွက်လာသည့် သစ်သားလည်ဆွဲကို ထုတ်ကာလည်ပင်းမှာဝတ်ထားလိုက်သည်၊
“ခဏလေး, အဲ့လည်ဆွဲကဘယ်ကရလာတာလဲ?” ကောင်းဖန်က ရုတ်တရက်မေးလိုက်သည်၊ ဒီမှာတစ်ခုခုမှားနေသလိုဘဲ။
“ငါပါ၊ ငါ့အထင်ဂိုဒီရဲ့စိတ်နေစိတ်ထားက သိပ်မဆိုးလှဘူး, ပြီးတော့အဲ့ကောင်က လည်ဆွဲဝတ်ထားရင်ပိုကြည့်ကောင်းမယ်လို့ထင်လို့, သူ့ကိုတစ်ခုပေးထားတာ၊ ဘဲလေးက ကြည့်ရတာအဲ့တာကိုကြိုက်တယ်ထင်ပါ့” ကျီဟန့်ဝူက ရယ်ကာပြောလိုက်သည်။
ဂိုဒီကယက်ကန်ယက်ကန်ဖြင့် ရှေ့သို့တစ်လှမ်းတိုးလာပြီး ၎င်း၏ဘယ်ဘက်တောင်ပံကိုဖြန့်လိုက်သည်။ ၎င်း၏တောင်ပံထိပ်သည် ပြေသာစွာဖြင့်အပေါ်သို့ကော့တက်နေသည်။
၎င်း၏ညာဘက်အတောင်ပံကို ၎င်း၏နောက်ဘက်တွင် ထောင့်ဖြတ်ဖြန့်ထားသည်၊ ၎င်း၏ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ကာ, ၎င်းကသူ၏မျက်ခုံးများကိုမျက်မှောင်ကြုတ်၍ ဒမ်ဘီကိုလေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
တကယ်အတည်ကြီးလားဟ!
“ဂတ်!” ညာဘက်ခြေထောက်ကိုမြေပြင်သို့ချထားစဉ် ဂိုဒီ၏ဘဲကြွက်သားများက တုန်ခါသွားတော့သည်၊ နောက်အခိုက်အတန့်တွင် ၎င်းသည်သေးငယ်သော အဖြူရောင်လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ပြောင်းသွားပြီး ဒမ်ဘီဆီသို့ပြေးသွားတော့သည်။
၇၂၀ဒီဂရီလှည့်ပြီးနောက် လေထဲသို့ခုန်ဝင်လိုက်ပြီး ဂိုဒီသည်၎င်း၏ညာတောင်ပံကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ဒမ်ဘီကိုထိုးရန်ဆင်းချသွားသည်!
ဖတ်! ဒမ်ဘီကယင်ရိုက်သလို လက်ဖဝါးဖြင့်ပေါ့ပေါ့ပါးပါးဖြင့် ဂိုဒီအားအဝေးသို့ ရိုက်လိုက်သည်။
ဂိုဒီကနောက်သို့လျင်မြန်သောအရှိန်ဖြင့်ပျံထွက်သွားသည်။
ဂိုဒီ၏ပင်ကိုစွမ်းရည်ဖြစ်သည့် မျက်နှာပြင်စွမ်းရည်သည်အစပျိုးခံရမည့်ဖြစ်နိုင်ခြေ အချို့သာရှိပြီး ၎င်းသည်၁၀၀%အောင်မြင်မှုနှုန်းတစ်စုံတစ်ခုမရှိနိုင်ပေ။ ဒီတစ်ကြိမ်မှာ တော့, ၎င်းကရှင်းလင်းစွာဖြင့်အစပျိုးရာနေရာကိုမထိမိပုံရသည်။
လက်မလျှော့ဘဲ, ဂိုဒီသည်ခြေဖဝါးအားပွတ်ဆွဲလိုက်ကာ ဒမ်ဘီဆီသို့ဒေါသထွက်စွာဖြင့် ယက်ကန်ယက်ယန်အပြေးအလွှားသွားတော့သည်။ နောက်တစ်ကြိမ် ၎င်းကဒမ်ဘီကိုတစ်ချက်ကန်ခံလိုက်ရပြီး ပျံထွက်သွားစေပြန်သည်။
ဒီဖြစ်စဉ်တစ်ခုလုံးတွင်, ဒမ်ဘီကအားအများကြီးမသုံးဘဲ ပျံထွက်သွားစေရန်မျှသာ သုံးလိုက်သည်။
ထိုကန်ချက်ပြီးသွားပြီးနောက်, ဂိုဒီ၏စွမ်းရည်သည် နောက်ဆုံးတော့အသက်ဝင်လာသည်၊ ခရမ်းရောင်အလင်းတန်းက ဂိုဒီ၏ခန္ဓာကိုယ်မှထွက်လာပြီး အရွယ်အစား အနည်းငယ်ကြီးလာသည်။
အစပိုင်းမှစ၍, ဒမ်ဘီနောက်ဆုတ်နေခဲ့သည်, မဟုတ်လျှင်ခွန်အားအပြည့်ပါသည့် ဒမ်ဘီ၏လက်သီးတစ်ချက်က ဂိုဒီကိုသင်္ချိုင်းဆီသို့ကောင်းကောင်းပို့ပေးနိုင်သည်။
ထို့ကြောင့် ဆယ်မိနစ်ကျော်ကြာတိုက်ခိုက်ပြီးနောက် ဂိုဒီ၏အမြင့်သည်တဖြည်းဖြည်း ဒမ်ဘီနှင့်နီးကပ်လာသည်။ ဂိုဒီ၏အကြမ်းခံပြီးသန်မာမှုက အနည်းငယ်ပေါက်ကွဲလာကာ ဒမ်ဘီအားဆန့်ကျင်ရန်အကြိမ်အနည်းငယ်လောက်ကြာအောင်ထိန်းပေးသည်။
ကောင်းဖန်ကတိတ်တဆိတ်ဖြင့်ခေါင်းယမ်းလိုက်သည်။ ဂိုဒီ၏အဆင့်ကလက်ရှိတွင် အတော်လေးနိမ့်သည်၊ ရန်သူအားဆန့်ကျင်မည်ဆိုလျှင် ဂိုဒီသည်၎င်း၏စွမ်းရည်များကို အသက်သွင်းရန် အခွင့်အရေးမရခင်တွင်ပင်ပြီးဆုံးသွားလိမ့်မည်၊ အခြားသောသားရဲများ ကဒမ်ဘီကဲ့သို့နောက်ဆုတ်ပေးမည်မဟုတ်ပေ။
အကယ်၍အနာဂါတ်မှာသာ, ဂိုဒီ၏စွမ်းရည်ကိုမကြာခဏသုံးလာခဲ့ပါက, အခြားသူများသည် ထိုစွမ်းရည်နှင့်အသားတကျရှိလာပြီး တန်ပြန်တိုက်ရန်အခွင့်အရေးယူမှုများကို ရှာဖွေကြလိမ့်မည်။
သေချာတာပေါ့, ဒါကဂိုဒီ၏အဆင့်သည်အရမ်းနိမ့်တာကြောင့် အဆင့်မြင့်သော သားရဲတွေက ၎င်းကိုမခြွင်းမချန်ခြေမှုန်းပစ်လိမ့်မည်။
နာရီဝက်ကြာပြီးနောက်၊ ဂိုဒီ၏ခန္ဓာကိုယ်အရွယ်အစားသည် မိုးပျံပူဖောင်းလိုမျိုး ၂၅ပေကျော်မြင့်လာသည်။ ထို့နောက်ကောင်းဖန်က ၎င်း၏ခန္ဓာကိုယ်အရွယ်အစား တိုးလာမှုသည် ၎င်း၏လက်ရှိခန္ဓာကိုယ်အရွယ်အစား၏အချိုးအစားပေါ် အခြေခံပြီး အဆက်မပြတ်တိုးလာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဥပမာအားဖြင့်, စွမ်းရည်၏ပထမအသက်သွင်းခြင်းသည် ဂိုဒီ၏အစောပိုင်းကိုယ်ထည် အရွယ်အစားကို သတ်မှတ်ထားသောအတိုင်းအတာတစ်ခုဖြင့် တိုးမြင့်ခွင့်ပြုပါက, ဒုတိယအသက်သွင်းခြင်းသည်လည်း အတိုင်းအတာတစ်ခုအနေဖြင့်တိုးလာစေမည် ဖြစ်ပြီး, ၎င်းသည်တတိယမြောက်အသက်သွင်းခြင်းအတွက်လည်း အတူတူပင် ဖြစ်လိမ့်မည်။
၎င်းသည်သင်္ချာဂဏန်းဆိုင်ရာတိုးတက်မှုဖြစ်ပြီး ကိန်းဂဏန်းဆိုင်ရာတစ်ခုတည်းတင် မဟုတ်ဘူး အဓိပ္ပါယ်ရှိစေသည်၊ ၎င်း၏ကြီးထွားမှုကန့်သတ်ချက်တစ်စုံတစ်ရာမရှိဘဲ, ထိုစွမ်းရည်ကအရမ်းကိုများနေလိမ့်မည်။
အဆုံးမှာတော့,ဂိုဒီကတကယ်တော့ တိုက်ခိုက်မှုမှာအရသာတွေ့နေသည်၊ ၎င်းသည် အရင်ကဒီလောက်ကြီးထိမကြီးဘူးပေ၊ ပေ၃၀ရှည်လျားသောဂိုဒီကစူးစမ်းချင်စိတ်ဖြင့် ၎င်း၏ခြေထောက်အောက်ရှိကမ္ဘာကြီးကိုငုံ့ကြည့်လိုက်သည်၊ “ဂတ်!” ဒီကမ္ဘာကြီးက စိတ်ဝင်စားစရာကောင်းသားဘဲ! ငါဆက်ပြီးကြီးလာရင်, ကမ္ဘာကြီးကလည်း သေးသထက်သေးလာလိမ့်မယ်!
…
နောက်တစ်နေ့အတန်းရောက်သောအခါ ကောင်းဖန်ကစာသင်ခန်းထဲသို့အလျင်အမြန် လျှောက်လာသည်။ ကထိကမရောက်သေးပေမယ့် စာသင်ခန်းကပြည့်လုနီးပါးဖြစ်နေပြီဖြစ်သည်၊ ဒီကထိက၏အတန်းကအလွန်ရေပန်းစားလှသည်။
ကောင်းဖန် ဝမ်းနည်းသွားတော့သည်၊ ၎င်းကစိတ်ကြိုက်ဘာသာဖြစ်ပြီး သူအရမ်းကြိုက်သည်၊ ဘာထိုင်ခုံမှမကျန်ခဲ့လောက်အောင်ကံမကောင်းဖြစ်နေတာ တော့မလား?
ကောင်းဖန်သည် စာသင်ခန်းကိုဝေ့ဝဲကြည့်ပြီးတဲ့နောက်, နောက်ဆုံးတွင်တော့, ဘယ်ဘက်ခြမ်းအတန်းနောက်ဘက်ရှိ ထိုင်ခုံအလွတ်တစ်ခုကိုတွေ့လိုက်ပြီး ထိုထိုင်ခုံနေရာကိုသွားလိုက်သည်။
ထိုင်ခုံမှာထိုင်ချပြီးထိုင်ခုံဖင်တောင်မပူသေးခင်တွင် သူ့ဘေးမှတစ်စုံတစ်ယောက်က အေးစက်စွာပြောလိုက်သည်, “ဒီမှာတစ်ယောက်က အစကတည်းကထိုင်ပြီးသား, တခြားထိုင်ခုံသွားရှာချည်”
တစ်စုံတစ်ယောက်ကဒီမှာရှိနေပြီးသား?
ကောင်းဖန် ထိုင်ခုံကိုငုံ့ကြည့်လိုက်ပေမယ့် ဘာမှမရှိပေ၊ တစ်စုံတစ်ယောက် ပိုင်ဆိုင်သည့်တခြားဘာအရာ, ဘာစာအုပ်မှမရှိပေ။
ခဏစဉ်းစားပြီးနောက်, ကောင်းဖန်ကထရပ်လိုက်သည်။
ကောင်းဖန်ကနာခံစွာဖြင့် သူ့ခြေရင်းသို့လာရပ်မည်ကိုကြည့်ရင်း ထိုလူကပြုံးလိုက်သည်။
ကောင်းဖန်က ဘာမှမရှိသည့်ထိုင်ခုံကိုစိုက်ကြည့်လိုက်ပြီးနောက် အော်လိုက်သည်, “ထွက်သွားစမ်း!”
ထိုသို့ဖြင့်, သူ၏နောက်ပိုင်းဖြင့်ပြန်ထိုင်ချလိုက်ပြီး အနီရောင်အင်္ကျီနှင့်ကောင်လေးကို ကြည့်၍ပြုံးကာပြောလိုက်သည်, “အိုကေ, အခုဒီမှာဘယ်သူမှမရှိတော့ဘူး”
အနီရောင်ရှပ်အင်္ကျီနှင့်ကောင်လေးက သူ၏လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ့မျက်နှာကဖြူဖျော့လာသည်၊ သူ့ပတ်လည်ကလူတွေက သူ့ကိုကြည့်ပြီး ရယ်နေသည်ဟုခံစားလိုက်ရသည်၊ ချန်ကျန့်မင်သည် ဒီလိုမျိုးအရင်ကဘယ်တုန်းကမှ မခံစားဘူးပေ။ သူကလှည့်ကာ ကောင်းဖန်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်၊ “မင်းလိုငရှုပ်လေးကများ, မင်းကငါနဲ့လာကစားနေတာလား?”
ကောင်းဖန်က တခစ်ခစ်ရယ်လိုက်သည်၊ “ဦးရာလူစနစ်ဘဲ၊ ဒီမှာဘယ်သူမှတခြားသူအတွက် ထိုင်ခုံကိုဦးပေးထားတာမျိုးမရှိဘူး၊ နောက်ကျလွန်းတဲ့အတွက်လည်း တခြားသူကိုအပြစ်တင်လို့မရဘူး၊ မင်းတကယ်ကောင်းတဲ့လူနဲ့ကစားချင်ရင်, မင်းရဲ့ ကိုယ်ပိုင်ထိုင်ခုံကို မင်းသူငယ်ချင်းလာရင်လက်လျော့လိုက်လေ။”
“!@#*%, ငါမင်းကိုသတ်မယ်!” ထိုလူကအတော်လေးဒေါသထွက်နေပြီဖြစ်ပြီး, ရုတ်တရက်အနောက်သို့လှမ်းအော်လိုက်သည်။
အုတ်အော်သောင်းနင်းဖြစ်နေမှုကအတော်လေးကျယ်ပြီး, အတန်းထဲမှလူတော်တော် များများကသူ့ကိုရှင်းလင်းစွာကြားရသည်၊ ကထိကရောက်လာတာတောင်မှ, မကူညီနိုင်ဘဲ, ကြည့်နေရသည်။
လူအများ၏အာရုံစိုက်မှုဖြင့် ထိုရှပ်အင်္ကျီအနီနှင့်ကောင်လေးသည် ယုံကြည်မှုတိုးလာပုံရသည်၊ “မင်းကိုသုံးစက္ကန့်ပေးမယ်၊ ထွက်သွားမလား, မဟုတ်ရင် ငါမင်းကိုဒီကျောင်းမှာ အသက်မဆက်နိုင်ဖို့အတွက်သေချာအောင်လုပ်ပေးရမလား”
ထိုအချိန်တွင်, ချင်ကျန့်မင်သည် အားနည်းသောတည်ရှိမှုလေးကို သေစေနိုင်သော ဆန္ဒဖြင့်ငုံ့ကြည့်နေသည့် တန်ခိုးကြီးသောနတ်ဘုရားတစ်ပါးကဲ့သို့ခံစားလိုက်ရသည်။
“ရှပ်အင်္ကျီအနီဝတ်ထားတဲ့လူက ချန်ကျန့်မင်မလား?” အတန်းထဲမှတစ်ယောက်က တီးတိုးပြောလိုက်သည်။
“သူ့မိသားစုကကျင်းနန်ကမဟုတ်ဘူးလား? သူ့မိသားစုကအဲ့မှာအတော်လေး အင်အားကြီးတယ်လို့ကြားတယ်”
သို့ပေမယ့်တစ်ချိန်တည်းမှာပင် ကြားသောကောလဟာလများကိုကြားခဲ့ရသူများသည် ၎င်းတို့၏မျက်နှာများ၌ထူးဆန်းသောအမူအရာများပေါ်လာကြတော့သည်၊ ကောင်းဖန်သည်လည်း အရေးပါသောပုဂ္ဂိုလ်တစ်ဦး၏မြေးဟူသည့်နောက်ခံကိုလည်း တစ်နည်းနည်းဖြင့်သိခဲ့ရသည်။
သာမန်အားဖြင့် ကောင်းဖန်သည် ကျောင်းအတွင်း၌ခပ်လျှိုလျှိုနေသောကြောင့် အများစုက၎င်း၏အကြောင်းကို သိပ်မသိကြပေ၊ ဒါပေမယ့် သိတဲ့သူအနည်းငယ်တောင် ပေါ့ပေါ့တန်တန်ဖြင့်ပြောမထွက်ကြပေ။
“လူတွေကမင်းကိုကောင်းကောင်းမွန်မွန်ပြောနေတဲ့အခါ, မင်းကဘာလို့နားမထောင်တာလဲ? ငါ့ကိုသုံးစက္ကန့်ဘဲပေး,အာ?” ကောင်းဖန်က အေးစက်စွာဖြင့်ပြုံးလိုက်ပြီး, ထရပ်လိုက်ကာ, ချန်ကျန့်မင်၏ဆံပင်မှဆွဲလျက် အပြင်ဘက်သို့ထွက်လာသည်။
“လွှတ်စမ်း, ငါ့ကိုလွှတ်စမ်း!” ချန်ကျန့်မင်က အတန်းထဲမှဆွဲထုတ်ခံရမှုကြောင့် အော်တော့သည်၊ ကောင်းဖန်၏ကြီးမားသောလက်များက သူ့ခေါင်းပေါ်တွင်သံများကဲ့သို့စွဲမြဲစွာဆုပ်ကိုင်ထားသည်။
ထိုသို့ဖြင့်, ကောင်းဖန်ကဦးဆောင်ကာ ချန်ကျန့်မင်ကိုအနောက်တံခါးကနေခေါ်သွားတော့သည်၊ သူတို့ထွက်ခါနီးမှာဘဲ ကောင်းဖန်ကပြန်၍လှည့်ကြည့်သည်၊ သူကပြုံးရွှင်စွာဖြင့် စင်မြင့်ပေါ်ရှိကထိကကိုပြောလိုက်သည်, “ကျေးဇူးပြုပြီး အခန်းထဲကိုသွားနှင့်ပါ, ဆရာ”
အစင်းလေး၊ ဒမ်ဘီ၊ တာ့ဇီနှင့်အခြားသောသူ၏သားရဲများထံမှ သူ့ဆီသို့ပြန်၍ပို့ပေးသောစွမ်းအားကြောင့် ကောင်းဖန်၏ကာယကြံ့ခိုင်မှုသည် ချန်ကျန့်မင်ယှဉ်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။
သူကခွေးတစ်ကောင်ကိုကြိုးနှင့်ဆွဲသလိုမျိုး ကောင်းဖန်က ချန်ကျန့်မင်ကိုအိမ်သာထဲ ဆွဲခေါ်သွားသည်။
အထဲတွင်တော့, ကောင်းဖန်က ချန်ကျန့်မင်ကိုကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး မလှုပ်နိုင်အောင်သူ့ရင်ဘတ်အားညာခြေထောက်ဖြင့် နင်းထားလိုက်သည်၊ ကောင်းဖန်ကအောက်သို့ငုံ့ပြီး သူ့ဖုန်းကိုချန်ကျန့်မင်၏မျက်နှာပေါ်သို့ပစ်ချလိုက်သည်၊ ထို့နောက်ကောင်းဖန်ကအေးစက်စွာပြောလိုက်သည်, “ငါကောင်းဖန်က မင်းကိုအနိုင်ကျင့်နေတယ်လို့တော့ ပြောပေးမှာမဟုတ်ဘူး၊ ဖုန်းကအဲ့မှာ ၊ မင်းသိတဲ့လူတွေအကုန်လုံးအခုချက်ချင်းဆက်လိုက်”
***
အပိုင်း၂၁၂ ပြဿနာကို ဖြေရှင်းခြင်း
ကောင်းဖန်က ကောင်းယန်အိုက်(Water Margin ဝတ္ထုထဲက နောက်ခံကိုသုံးပြီး ထောင်လွှားသည့် ဗီလိန်ဇာတ်ကောင်ပါ) မဟုတ်ပေ၊ သူကသူ၏နောက်ခံအချက်အလက်တွေကိုသုံးပြီး သူ၏အတန်းဖော်တွေကိုအနိုင်ကျင့်မည်မဟုတ်ပေ၊ ဒါပေမယ့် သူအနိုင်ကျင့်ခံရရင်တော့ ဒီလိုကိစ္စမျိုးကိုအပြုံးလေးနဲ့လျှော်ချလိုက်တာကတော့ သူ့ပုံစံမဟုတ်ပေ။
ချန်ကျန့်မင်ကအရူးမဟုတ်ပါ၊ ကောင်းဖန်၏အလေးမထားဘဲ ယုံကြည်မှုအပြည့်ရှိနေတာကိုမြင်ကတည်းက, သူ့အတွက်ဖြီးလုံးတွေလုပ်နေတာ မဟုတ်ကြောင်းရှင်းလင်းနေပြီဖြစ်သည်၊ ဒါပေမယ့်နောက်ဆုံးတော့,သူကလည်း သွေးဆူနေသောလူငယ် တစ်ယောက်ဖြစ်နေသည်။ အရှက်တရားနှင့်ဒေါသတို့သည်မီးတောင်ကဲ့သို့သူ့နှလုံးထဲ တွင်ပေါက်ကွဲနေပြီဖြစ်သည်။
ကောင်းဖန်ကို အပြင်းအထန်စိုက်ကြည့်ရင်း သူ့မျက်နှာမှာ မုန်လာဥနီကဲ့သို့နီရဲလာပြီ ဖြစ်သည်။
မင်းစောင့်နေလိုက်, ငါမင်းကိုအနိုင်မယူနိုင်ရင်ငါမင်းကိုရှုံးတာဝန်ခံလိုက်မယ်။ အကယ်၍မဟုတ်ဘဲ ဩဇာအာဏာရှိသလိုလာသရုပ်ဆောင်လို့ကတော့, မင်းမွေးလာရတာကိုနောင်တရအောင်ငါလုပ်ပြမယ်။
ထို ကောင်း ဆိုတဲ့ကောင်က ဒီလောက်မောက်မာစွာပြုမူနေခြင်းအတွက်သူသည် ထိုနေရာ၌အသိအမှတ်ပြုနိုင်လောက်သည့် နောက်ခံရှိနိုင်သည်၊ ပြီးတော့ကျင်းနန်ရှိ သူ့မိသားစုကလည်း အင်အားအချို့ရှိပေမယ့် ဒီဒေသကိုရောက်ပြီး သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကတော့ အချိန်ကြာဦးမည်ဖြစ်သည်၊ ချန်ကျန့်မင်ကတဖြည်းဖြည်းတည်ငြိမ်လာတော့သည်။
ဒီလူကိုကိုင်တွယ်ဖြေရှင်းဖို့ သူ့နယ်ပယ်မှာရှိတဲ့သူ့ဩဇာအာဏာကိုအသုံးချရမယ်။
ချန်ကျန့်မင်သည်ဖုန်းကိုကောက်ကိုင်လိုက်ကာ ခဏကြာအောင်ကြည့်နေလိုက်ပြီးနောက် မျက်နှာနီမြန်းကာ “မင်း…”
“ ‘မင်း’ ဘာကိုဆိုလိုတာလဲ? မြန်မြန်ဖုန်းခေါ်လိုက်လေ” ကောင်းဖန်ကအေးစက်စွာပြုံးလိုက်ပြီး သူ၏ညာဘက်ခြေထောက်ကိုအားထပ်ထည့်လိုက်ပြီးနောက် ချန်ကျန့်မင်ချောင်းဆိုးစေရန်ပင် ဖိအားပေးလိုက်သည်။
ချန်ကျန့်မင်က သူ့ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး ဒေါသဖြင့်အော်လိုက်သည်, “မင်းငါ့အတွက်ဖုန်းလော့ခ်ဖြည်ပေးရဦးမှာလေ!” ကောင်းဖန်က ကြက်သေသေသွားသည်။ ကြည့်ရတာ သူဖုန်းလျှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပေးဖို့ မေ့သွားတာဖြစ်မည်။
သူကလည်ချောင်းကိုရှင်းလိုက်ပြီး, ချန်ကျန့်မင်၏မျက်နှာအား နောက်တစ်ချက်ရိုက်လိုက်သည်၊ “မင်းကဖုန်းတောင်လော့မဖြည်တတ်ဘူးလား! မင်းဘာကောင်းတာရှိလဲ? မင်းကိုယ်ပိုင်ဖုန်းကိုသုံးလေ!”
မခြွင်းမချန်ကိုမှားယွင်းနေသောကြောင့်,ချန်ကျန့်မင်ကတိတ်တဆိတ်ကျိန်ဆဲလိုက်ပြီး သူ့ဖုန်းကိုထုတ်လိုက်သည်။
သူ့ဖုန်းကိုပွတ်လိုက်ပြီးနောက်, ယွိကျိုးမြို့ရှိကုမ္ပဏီတွင် သူ့မိသားစုနှင့်အတူတူအလုပ်လုပ်သည့်သူဌေးကိုအရင်ဆုံးဖုန်းဆက်လိုက်သည်။ အိမ်မှထွက်လာပြီးနောက် သူ့အဖေကထိုနံပါတ်ကိုပေးကာ, သဲကြီးမဲကြီးအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။
ဖုန်းမကိုင်ခင်၌ဖုန်းကသုံးကြိမ်လောက်မြည်နေသည်။
“ကျိုးရွှမ်ဟူပါ, ဘာကိစ္စများလဲမသိဘူး?”
“ဦးလေးကျိုး, ကျွန်တော်ချန်ကျန့်မင်ပါ၊ ကျွန်တော့်အဖေကချင်ဆန်းမောက်၊ ကျွန်တော်ဦးလေးဖုန်းကိုယွိကျိုးမလာခင်သူ့ဆီကရခဲ့တာ” ချန်ကျန့်မင်က သနားစရာကောင်းစွာဖြင့်ပြောလိုက်သည်။
တစ်ဖက်တွင်ခဏမျှတိတ်ဆိတ်သွားပြီးနောက်, တချို့အတွေးများဖြင့်ထိုသူကပြောလိုက်သည်, “အိုး, ရှောင်ချန်လား ယွိကျိုးရောက်ပြီးနောက်ပိုင်း ဘာလို့ဦးလေးကျိုးကို ဖုန်းခေါ်ဖို့အရမ်းကြာနေရတာလဲ? ဦးလေး ဒီညစားသောက်ပွဲစီစဉ်ထားလိုက်မယ်။ ညစာအတွက်ဒီကိုလာချင်လား?”
ချန်ကျန့်မင်က သူ၏လည်ချောင်းကိုရှင်းလိုက်သည်၊ “အကယ်၍ဦးလေးစိတ်မရှိဘူးဆိုရင်, ဦးလေးကျိုး ကျွန်တော်ညစာလာစားဖို့ပြင်လိုက်လို့ရပါတယ်၊”
“ဟားဟား သေချာတာပေါ့၊ ငါ့ရဲ့အတွင်းရေးမှူးကိုလိပ်စာမင်းဆီပို့ပေးလိုက်မယ်”
“ဦးလေးကျိုး, ကျွန်တော်အခုနည်းနည်းပြဿနာတက်နေလို့၊ ကျွန်တော် ကောင်းဖန်လို့ခေါ်တဲ့သူနဲ့ အငြင်းပွားစရာလေးဖြစ်နေတာ…”
“ကောင်းဖန်?”
“အင်း ဟုတ်တယ်။ ဦးလေးကျိုးသူ့ကိုသိလား?” ချန်ကျန့်မင်၏နှလုံးသားထဲတွင် အနည်းငယ်တုံ့ဆိုင်းမှုကိုခံစားလိုက်ရသည်။
“အကယ်၍ငါမှတ်မိတာမမှားဘူးဆိုရင်,မင်းအဖေပြောတာ မင်းကယွိကျိုးတက္ကသိုလ်မှာ ကျောင်းတက်နေတယ်လို့ပြောတယ်မလား?”
“အင်း,ဟုတ်တယ်” ချန်ကျန့်မင်က ဦးလေးကျိုး၏အသံ အနည်းငယ်ပြောင်းသွားသလို ခံစားလိုက်ရသည်၊ ဖြစ်နိုင်တာ, သူ ‘ကောင်း’မျိုးရိုးနဲ့လူကိုသိနေတာလား?
“အိုး, မင်းအစောပိုင်းကဘာပြောလိုက်တာလဲ?”
ချန်ကျန့်မင် စိတ်မသက်မသာဖြစ်နေကာပြောလိုက်သည်, “ကျွန်တော်သူနဲ့ အငြင်းပွားစရာလေးဖြစ်…”
“မဟုတ်ဘူး, အဲ့တာမဟုတ်ဘူး၊ အဲ့မတိုင်ခင်ဟာ။”
ခဏလောက်ရပ်သွားပြီးနောက်ချန်ကျန့်မင်ကပြောလိုက်သည်, “ဦးလေးကျိုးစိတ်မရှိဘူးဆိုရင် ဒီနေ့ညစာအတွက်ပြင်လိုက်လို့ရပါတယ်လား?”
“အမ်း, တကယ်တော့ ဒီနေ့ညစာစားပွဲအတွက် သိပ်ပြီးအဆင်မပြေလောက်တော့ဘူး၊ နောက်ထပ်ရက်ပြောင်းပြီးစီစဉ်လိုက်ရအောင်” ထိုသို့ဖြင့် ဖုန်းလိုင်းပြတ်တောက်သွားပြီး, အလုပ်များနေပါသည်ဆိုသော အသံတစ်ခုသာကျန်နေတော့သည်…
ဖုန်းလိုင်းခေါ်ဆိုမှုပြီးသွားသောအခြားတစ်ဖက်တွင်, ချန်ကျန့်မင်ကစိတ်ရှုပ်ထွေးသွားသည့်မျက်နှာဖြင့် ကြောင်အစွာဖုန်းစရင်ကိုစိုက်ကြည့်နေမိသည်။
ချန်ကျန့်မင်သည် သူ့နှလုံးက အပြင်းအထန်ခုန်ပေါက်နေသည်ဟု ခံစားလိုက်ရသည်။ သူယွိကျိုးက လူအနည်းငယ်ကိုသိပေမယ့် သူတို့ကဆိုးသွမ်းသောလူများသာဖြစ်သည်၊ စစ်မှန်သောစွမ်းအားရှိသည်မှာ ကျိုးရွှမ်ဟူဖြစ်သည်၊ သူ့အဖေက ကျိုးရွှမ်ဟူနှင့်နေ့တိုင်းစကားပြောလျှင် သူစကားတွေကအရမ်းလေးစားပုံပေါက်သည်။
တစ်ဖက်လူက သူ့နာမည်ကိုကြားရုံနှင့်ဖုန်းချလိုက်ရင် ကောင်းဖန်ကဘယ်လိုလူများလဲ? တစ်ချိန်တည်းမှာပင်, ချန်ကျန့်မင်၏နှလုံးသားက ခုန်ပေါက်သွားတော့သည်၊ သူသည် တခြားသူများကိုဖိနှိပ်ရန်အတွက် သူ၏ကိုယ်ပိုင်နောက်ခံအားအလွန်အမင်းကိုအသုံးပြုခဲ့သည်။
အတိတ်တုန်းက၊ သူ၏မြို့ဟောင်းကိုပြန်ရောက်တိုင်း ထိုနည်းလမ်းကအကြိမ်တိုင်းလိုလိုအလုပ်ဖြစ်ခဲ့သည်။ အိမ်ပြန်ရောက်တော့ သူနေထိုင်ခဲ့သည့်အခြေစိုက်မြို့က အလယ်အလတ်အဆင့်အတန်းဖြစ်နေပြီး သူ့မိသားစုကတစ်မြို့လုံး၏ကုန်စည်စီးဆင်းမှုကို အခြေခံအားဖြင့်ချုပ်ကိုင်ထားပြီး ထိုမှသားရဲများ၏ရောင်းဝယ်ဖောက်ကားမှုလည်းရှိသည်၊ သူ၏မိသားစုသည် တရားဝင်နှင့်မှောင်ခိုဈေးကွက်လုပ်ဖော်ကိုင်ဖက်များနှင့်လည်းအဆက်အဆံရှိသည်။ သူအထက်တန်းကျောင်းတက်တုန်းကတော့ သူလုပ်ချင်တာမှန်သမျှလုပ်ဖို့ သူ့မိသားစု၏အခွင့်အာဏာကိုအားကိုးပြီး စိန်ခေါ်ထားသည့်လူတစ်ယောက်ဖြစ်သည်၊ ယွိကျိုးတက္ကသိုလ်သို့မရောက်မှီ သူ့အဖေကသူ့ကိုဒီမှာပြဿနာမဖြစ်စေရန်ပြောခဲ့သည်၊ တက္ကသိုလ်ရောက်ပြီးမှ သူ၏ဒေါသကိုစ၍ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအခိုက်အတန့်မှာတင်, ချန်ကျန့်မင်၏ဖုန်းကရုတ်တရက်မြည်လာသည်၊ ဖုန်းတွင် ရေးထားသောနာမည်ကတော့ “ညီအကိုမောက်” ဖြစ်သည်။
ဖုန်းကိုကိုင်လိုက်တော့, သူ့အဖေ၏အသံအက်အက်ကိုကြားလိုက်ရသည်၊ “မင်းကျောင်းမှာပြဿနာရှာနေတာလား?”
“မလုပ်ပါဘူး….”ချန်ကျန့်မင်ကပုံမှန်အတိုင်းပြောပေမယ့် စကားတစ်ဝက်ကို မျိုချလိုက်သည်၊ “…အရမ်းပြဿနာဖြစ်နေတယ်။
“မင်းပြဿနာရှာတဲ့ကျောင်းသားနာမည်က ကောင်းဖန်လို့ခေါ်တာလား?” တစ်ဖက်တွင် သူ့အဖေ၏အသံကပိုပြီးနက်နဲလာသလိုဖြစ်လာသည်။
“ဟုတ်တယ်” ငြီးငြူသည့်အသံဖြင့်ချန်ကျန့်မင်ကပြောလိုက်သည်၊ ကျွန်တော်ကပြဿနာ ရှာတာမဟုတ်တော့ဘူးဗျ, သူကကျွန်တော့်အပေါ်မှာ အခုခြေလှမ်းထားတာ။
“အခု ချက်ချင်းတောင်းပန်လိုက်၊ ငါချက်ချင်းယွိကျိုးကိုလာခဲ့မယ်၊” သူ့အဖေ၏အသံကအနည်းငယ်အားနည်းနေပုံပေါက်သည်၊ “မင်းအသက်က၁၉တောင်ရောက်နေပြီ၊ မင်းလုပ်ရပ်တွေရဲ့အကျိုးဆက်တွေကို ပိုသတိထားသင့်တယ်”
အများအားဖြင့် အပေါ်စီးကပြုမူပြောဆိုတတ်သောချန်ကျန့်မင်က တိတ်ဆိတ်နေသည်၊ ဒါကသူ့အဖေသူ့ကိုဒီလိုမျိုးပြောလာတာ ပထမဆုံးအကြိမ်ဖြစ်သည်၊ အရင်တုန်းက သူအမှားလုပ်မိတဲ့အခါတိုင်းသူ့အဖေကသူ့ကို တုတ်တို့ ခါးပါတ်တို့နှင့်တင်ပါးကို ကောင်းကောင်းရိုက်၍ဆုံးမတတ်သည်။ ရုတ်တရက် သူ့အဖေကအသက်ငါးဆယ်ပြည့်တော့မည်ဆိုတာကို နားလည်လိုက်သည်။
ဖုန်းကိုချပြီးနောက်, ချန်ကျန့်မင်က သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီးပြောလိုက်သည်, “ငါတောင်း-တောင်းပန်ပါတယ်”
ကောင်းဖန်ကပြုံးလိုက်သည်၊ “အနာဂါတ်မှာ, !@#*%မင်းဒီလိုပေါ့ပေါ့တန်တန်စကားတွေ ပြောဦးမှာလား?”
သူ့အဖေက သူ့ကိုတောင်းပန်ဖို့ပြောထားပြီးသားဖြစ်သည်၊ သူ့နောက်ခံရှိသည့် လူတစ်ယောက်အတွက်ဘယ်သူမဆိုလုပ်ပိုင်ခွင့်ဖြင့်ခြိမ်းခြောက်နိုင်သည်ကို ကောင်းကောင်းသိသည်၊ ချန်ကျန့်မင်က လျင်မြန်စွာဖြင့်သူ့ခေါင်းကိုယမ်းလိုက်သည်။
ကြောက်ရွံ့နေသောငှက်ကလေးတစ်ကောင်လို တိတ်ဆိတ်နေသောချန်ကျန့်မင်ကို တွေ့သောအခါ, ကောင်းဖန်က ဆက်ဖို့အတွက်စိတ်မဝင်စားတော့ပေ။ အရိုးသားဆုံးပြောရလျှင် ကောင်းဖန်သည် ရက်စက်ပြီးကြောက်ဖို့ကောင်းတဲ့စရိုက်မရှိပေ။ အစောပိုင်းချန်ကျန့်မင်လုပ်ခဲ့တဲ့အပြုအမူတွေက ကောင်းဖန်၏နာကျင်ရသောအပိုင်းကို ထိမိသွားသောကြောင့်ဖြစ်သည်။
ကောင်းဖန်သည်သူ၏ညာဖက်ခြေထောက်ကိုမြှောက်လိုက်ပြီး အိမ်သာထဲမှထွက်လိုက်သည်၊ “ကောင်းပြီလေ၊ မင်းရဲ့အမှားတွေကိုနားလည်သွားတဲ့အတွက် ဒီကိစ္စကို ဖြေရှင်းပြီးပြီလို့မှတ်လိုက်တော့”
ကိစ္စရပ်တွေကို တစ်ချက်တည်းဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်သည်၊ ၎င်းကိုကြည့်ခြင်းအားဖြင့် ချန်ကျန့်မင်သည် သူ့အတွက်ဒုက္ခပေးတော့မည်မဟုတ်ပေ၊ ဒီလိုပြဿနာတွေကိုတစ်ကြိမ်တည်းနဲ့ ရှင်းရှင်းလင်းလင်းဖြေရှင်းရမည်ဖြစ်သည်။ သားဖြစ်သူက သူ့အဖေနဲ့ပတ်သတ်တဲ့ကိစ္စမျိုးဆိုရင် စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းလိမ့်မည်။
အခန်းထဲသို့ပြန်ရောက်သောအခါ, ကောင်းဖန်ဝင်လာစဉ်၌ဆွေးနွေးနေသောအသံများက ရုတ်တရက်ရပ်တန့်သွားသည်။ လူတိုင်းနီးပါးက ကောင်းဖန်ကိုစိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေကြသည်၊ ကောင်းဖန်သည် ရှေ့ဆုံးတန်းတွင်ရင်းနှီးသောမျက်နှာနှစ်ခုဖြစ်သည့် ကျွင်းမော့ယီနှင့်မြင်းမြီးကေမိန်းကလေးကိုတွေ့လိုက်ရသည်။
ကျွင်းမော့ယီကတော့ခါတိုင်းလိုတင်းမာနေသောပုံဖြစ်နေပြီး သူ့ကိုအေးဆေးစွာဖြင့် စိုက်ကြည့်နေသည်။
တစ်ဖက်ရှိမြင်းမြီးကေမိန်းကလေး၏မျက်လုံးများက သူ့ကိုရှောင်နေပုံရသည်။
ချန်ကျန့်မင်သည် သားရဲလေ့ကျင့်သူမေဂျာတွင် အာဏာအရှိဆုံးမဟုတ်သော်လည်း သူသည် အလွန်တက်ကြွပြီး ကျောင်းသားလှုပ်ရှားမှုများတွင်ပါဝင်သည်၊ ထို့အပြင် သူသည် မကြာခဏလူအများအား အစားအသောက်ပိုင်းတွင် သဘောထားကြီးစွာ ကျွေးမွေးတတ်ပြီး နောက်ခံရှိသူဖြစ်ကြောင်းရှင်းလင်းလှသည်။
အတန်းထဲရှိလူတစ်ချို့က ကောင်းဖန်ကို “အမှားပြုလုပ်၍မရသူ”ဟူ၍တိတ်တဆိတ် တံဆိပ်ခတ်လိုက်ကြသည်။
ကောင်းဖန်ကဘယ်သူဆိုတာကိုသိတဲ့လူအနည်းစုအတွက် သူတို့ ချန်ကျန့်မင်ကို တိတ်တဆိတ်ဆုတောင်းပေးလိုက်ကြသည်။
ထိုနေ့ညတွင်ကျောင်းပြီးလို့ စားသောက်ဆိုင်၏သီးသန့်ခန်းမှာ လူအုပ်လိုက်ကြီးထိုင်နေကြသည်။ ထိုသူတို့သည် သားရဲလေ့ကျင့်သူမေဂျာ၏လက်ရှိအသုတ်အတွက် ကျောင်းသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည်။